ရေထဲကျသော ဖုန်းကို ပြန်ကယ်ဖို့


ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။

ပါဝင်မဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစိုဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။

သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊ ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာ ဖြစ်ပါတယ်။

အောင်ခမ်း (www.smart.com.mm)

Ref;Smart Pro Journal
အပြည့်အစုံသို့ »

Child health problems linked to father's age ကလေးကျန်းမာရေးနဲ့ ဖခင်အသက် ဆက်စပ်မှုရှိ



ကျောင်းသားအရွယ်ကလေးတွေကို လေ့လာဆန်းစစ်မှု အသစ်တခု လုပ်ရာကန တွေ့ရှိချက်အရ ‘ဖခင်ဟာ အသက်ကြီးနေရင် ကလေးတွေမှာ မွေးရာပါရောဂါတွေ ပိုများပါတယ်’။

အမေရိကန် Indiana University အင်ဒီယာနာတက္ကသိုလ်နဲ့ ဆွီဒင် Karolinska Institute ကာရိုလင်စကာ အင်စတီကျု တွေကနေ ပူးတွဲပြီး ကလေးပေါင်း ၂့၆ သန်းကို လေ့လာတာပါ။

ဒါပေမဲ့ အသက်ကြီးဖခင်ကနေရနိုင်တဲ့အကျိုးကျေးဇူးတွေက ပိုများတယ်လို့လဲ ကျွမ်းကျင်သူတွေက ထပ်ဖြည့်ပါတယ်။

အသက် ၄၅ နှစ်ရှိသူဖခင်တွေနဲ့ ၂၄ နှစ်ရှိတဲ့ ဖခင်တွေကနေ မွေးလာကြတဲ့ ကလေးတွေကို နှိုင်းယှဉ်လေ့တာဖြစ်ပါတယ်။
• Autism ဆက်ဆံရေးနဲ့ စကားပြောစွမ်းရည်နည်းတာ ၃ ဆများတယ်။
• Attention deficit hyperactivity disorder (ADHD) ပတ်ဝန်းကျင်ကို သတိမမူတဲ့ရောဂါ ၁၃ ဆများတယ်။
• Schizophrenia စကစ်ဇိုဖရီးနီးယားရောဂါ ၂ ဆများတယ်။
• Bipolar disorder စိတ်နှစ်ခွရောဂါ ၂၅ ဆများတယ်။
• Suicide attempts ကိုယ့်ကိုယ်ကို သတ်သေချင်တာ ၂ ဆခွဲများတယ်။
• Substance abuse problems မူးယစ်ဆေးသုံးစွဲမှု ၂ ဆခွဲများတယ်။

ဖခင်အသက် ဘယ်လောက်ကြီးလာရင် အဲလိုဖြစ်သလဲ မပြောနိုင်ပါ။ ကြီးလေများလေဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်မှုဟာ အလွန်ရှားပါးတဲ့ရောဂါတွေသာဖြစ်တာကို သတိပြုရပါမယ်။ ဖခင်ကြီးလို့ ဒါတွေဖြစ်တာလို့ မပြောနိုင်ပါ။

ဒေါက်တာ ဂျိမ်းစ် မက်ကာဘေ ပြောတာက လေ့လာမှုတခုထဲနဲ့တော့ ဖခင်က အသက်ကြီးလို့ ကလေးမယူတော့ဘူးလို့ မဆုံးဖြတ်သင့်ပါတဲ့။ အသက်ရတဲ့ အဖေတွေကနေ ဆက်ဆံရေးပိုကောင်းတာ၊ ဝင်ငွေပိုတာမျိုးရှိလို့ ခြုံလိုက်ရင် ပိုသင့်တယ်လို့လဲ ဆိုလိုက်ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၄
အပြည့်အစုံသို့ »

ပျံသန်းနေသော ၀ိုင်ယာလစ် Mouse




Bat လို့ခေါ်တွင်ပြီး လေပေါ် ပျံသန်းနေသော
ဝိုင်ယာလစ် မောက်စ်တစ်မျိုးကို KIBARDIN ၀က်လ်ဆိုဒ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

ထိုသို့ Mouse pad ပေါ်တွင် မောက်စ်ကို လွှင့်မျှော်နေအောင် သံလိုက်စက်ကွင်း ဖြင့်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ထုတ်လုပ်ရတဲ့ ရည်ရွှယ်ချက်

ကုန်ပစ္စည်း ထုတ်လုပ်ရတဲ့ တစ်ခုသောရည်ရွယ်ချက်ကတော့ ခေတ်နဲ့အပြိုင် ကွန်ပျူတာအသုံးများသူတွေမှာ ဖြစ်နိင်သော လက်မျက်ရိုး တစ်လျှောက်
ရောဂါလက္ခဏာများနဲ့ ပျဉ်းမျှလက်အာရုံကြော ညပ် ရောဂါများကို တားဆီးကာကွယ်ရန် အတွက် ဖြစ်ပါတယ်။ ထို လက်မျက်ရိုး ရောဂါ လက္ခဏာကတော့
လက်ရဲ့ ရွေ့လျားမူ၊ အာရုံခံစားမူတွေကို ထောက်ပံပေးထားတဲ့ လက်ကောက်ဝတ်ရှိအာရုံကြောပေါ်မှာ ဖိအား သက်ရောက်တဲ့ အခြေအနေတစ်မျိုးဖြစ်ပြီး
လက်ကောက်ဝတ် တဆစ်ဆစ်ဖြစ်စေခြင်း ကိုက်စေခြင်းနဲ့၊ လက်နဲ့ လက်ချောင်းများအားနည်းခြင်း၊ မလှုပ်ရှားနိင်စေခြင်းတို့ကို ဖြစ်စေနိင်ပါတယ်။

အဆိုပါ product အသစ်ဟာဆိုရင် အထက်ပါရောဂါတွေကို ကာကွယ်ရုံနိင်တင်မက ကြိုတင် တားဆီးနိင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ စမ်းသပ်နေဆဲ
အချိန်ကာလအတွင်းမှာသာရှိနေပါသေးတယ်။

အသေးစိတ်အချက်အလက်များ

စွမ်းအားထောက်ပံမူအပိုင်း: universal AC adapter,
input 100-240V, output 18V


လေပေါ်က အမြင့် : 0g - 40mm, 1000g- 10mm

အသုံးပြုမူ ပစ္စည်း : ABS ကလတ်စတစ်

အရောင် : အဖြူ (သို့) အမည်း

အတိုင်းအတာ
အရွှယ်အစားများ : W135mm x D145mm x H40mm

အလေးချိန် : 2000g

ထုတ်လုပ်မည့်နိင်ငံများ : နယ်သာလန် ၊ တရုတ်

_______________________________

Aung Heine ( Smart Pro Journal )
အပြည့်အစုံသို့ »

မိသားစုလိုက် ဖျော်ဖြေဖြစ်တဲ့ Tri Family Violin Group



အနုပညာ မိ သားစုအနေနဲ့ ဂျူးဂျူးကေ၊ နိုနို ကေနဲ့ အဖေဖြစ် သူ Mr.K တို့က တယောလေးတွေနဲ့ Tri Family Violin Group အဖွဲ့ အဖြစ် ဖျော်ဖြေလေ့ရှိ ပါတယ်။ ဒီလိုဂီတတူရိယာဖြစ်တဲ့ တယော ပညာကို စတင်သင်ယူဖြစ်ခဲ့တာ တွေနဲ့ ပတ်သက်ပြီး ဂျူးဂျူးကေ ကို မေးကြည့်တော့..

“တယောကိုစသင်ဖြစ် တာက အဖေက သူ့ပညာအမွေ ကိုပေးထားခဲ့ချင်တယ်။ ကိုယ့် ဘေးမှာ ဆရာတစ် ယောက် လည်းရှိနေတော့ အခွင့်အရေး တစ်ခုကို လက်ဆုပ် လက်ကိုင် ပြုသင့်တယ်လို့ထင်လို့ သင်ဖြစ် တာ။အစကတအားကြီးဝါသနာ ပါလို့တော့ မဟုတ်ဘူး။ သင်တဲ့အချိန်မှာ တအား ခက်ခဲတော့ ပင်ပန်းခဲ့ရ တယ်။နောက် တဖြည်း ဖြည်း ခင်တွယ်လာ တယ်။နှစ်သက်မြတ် နိုးလာတယ်။ လွန်ခဲ့ တဲ့ ၂ နှစ်လောက်က ဂျူးကေကို တယော တီးပေးဖို့ကုမ္ပဏီတစ် ခုက ကမ်းလှမ်း တယ်။ တယောက လူများ များနဲ့ဆို ပို မြိုင်တယ်ဆိုတော့ အဖေနဲ့ ညီမလေးပါ အားဖြည့်ခဲ့တာပါ။ အဲ ဒီမှာ ပရိသတ်တွေက အားပေးခဲ့ကြတဲ့ အတွက် နောက်ပွဲတွေ ဆက်ပြီး လုပ်ဖြစ်သွားတာပေါ့။

ကိုယ့်ကိုယ်ကိုယ်လည်း ဒီလိုတီးခတ်နေရရင် ယုံကြည်မှုအပြည့်ရှိလာ တယ်။ ကိုယ်ဖန်တီး လိုက်တဲ့ အနုပညာကို ပရိသတ်က နှစ်သက် သဘောကျလို့ လက် ခုပ်သံတွေ ကြားရရင် အပင်ပန်းခံရပေမယ့် အမော ပြေသွားတယ်။ စေတနာအပြည့်အဝနဲ့ လုပ်တဲ့အတွက် ပရိသတ် မေတ္တာ ရောင်ပြန်ဟပ် တယ်လို့ ထင်ပါတယ်။ မိသားစု လိုက် အနုပညာအလုပ်နဲ့ ပရိသတ်ကို တင်ဆက်ခွင့်ရတဲ့ အတွက် အားလည်းပိုရှိတယ်။ ပျော်လည်းပျော်ပါတယ်” လို့ ပြောပါတယ်။

ညီမဖြစ်သူ နိုနို ကေကလည်းဒီအဖွဲ့ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး…

“မိသားစုလိုက်သမီးတို့ တတ် ကျွမ်းထားတဲ့ အနုပညာကို ဖျော်ဖြေ ခွင့် ရတာ တအားဝမ်း သာ ပီတိ ဖြစ်မိပါတယ်။ တယောကိုင်ပြီး စင် ပေါ်တက်တာနဲ့ ပိုယုံကြည် ချက်ရှိလာတယ်။ သမီးတို့အဖွဲ့ ရဲ့ အဓိကရည်ရွယ်ချက်က လည်း လာရောက်ကြည့်ရှု နား ဆင်ကြတဲ့သူတွေကိုစိတ်အပန်း ပြေစေချင်တာပါ။ ဒါကိုကြည့် ရတာကဘာနဲ့ မှမလဲနိုင်တဲ့ ခံစားချက်မျိုးဖြစ်ရပါတယ်။ ဂီတအသံ က လူကိုစိတ်အပန်းပြေစေတယ် လို့ ကြားဖူးတယ်လေ။ တယော ပညာကို အမွေပေးခဲ့တဲ့ ဖေဖေ့ကိုလည်းကျေးဇူး တင်ပါတယ်။ သင် ဆရာ၊မြင်ဆရာ၊ကြားဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

မေမွန်မောင်



Popular Journal

အပြည့်အစုံသို့ »

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ရည်ရွယ်ချက်ရှိဟု တောင်ကိုရီးယားပြော


မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ် ပြသထားသည့် ဒုံးကျည်များ (ဓာတ်ပုံ - ရိုက်တာ)

မြောက်ကိုရီးယားက တာတိုပစ် မစ်ဇိုင်းဒုံးကျည် ၄ စင်းကို တောင်ကိုရီးယားအရှေ့ဘက်က ပင်လယ်ထဲကို စမ်းသပ် ပစ်လွှတ်လိုက်လိုက်တာ တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လှုပ်ရှားမှု ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ပြောပါတယ်။


ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဒုံးကျည်စမ်းသပ်ရတဲ့ ရည်ရွယ်ချက်ကို မြောက်ကိုရီးယား ဘက်က အကြောင်းပြချက် မပေးခင်မှာ နောက်ထပ် စမ်းသပ်မှုတွေ ရှိလာနိုင်လို့ တောင်ကိုရီးယားတပ်တွေကို တပ်လှန့်ထားတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောခွင့်ရ ကင်မင်းဆွခ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၂ မိနစ် အချိန်မှာ တောင်ကိုရီးယားနယ်စပ်မြောက်ပိုင်း တောင်စောင်းတခုကနေ စမ်းသပ် ပစ်လွှတ်လိုက်တာလို့ ပြောပါတယ်။

ဒီလို စမ်းသပ်မှုဟာ ၂၀၀၉ ခုနှစ် နောက်ပိုင်း မြောက်ကိုရီးယားဘက်ရဲ့ ပထမဆုံး ဒုံးခွင်းဒုံး စမ်းသပ်မှု ဖြစ်တယ်လို့ ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူက ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အခု စမ်းသပ်မှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ နှစ်စဉ် ပုံမှန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်အပြီး ရက်ပိုင်းအတွင်းမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

နျူးကလီးယားလက်နက်နဲ့ စစ်ဆင်ရေးတွေကို ပြုလုပ်နိုင်တဲ့ ယူအက်ဘီ ၅၂ ဗုံးကြဲ လေယာဉ်ကို တောင်ကိုရီးယားလေပိုင်နက်မှာ ပျံသန်းခဲ့တာကို မြောက်ကိုရီးယားက ဒေါသထွက်နေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနကတော့ မြောက်ကိုရီးယားက စမ်းသပ်လိုက်တဲ့ ဒုံးခွင်းဒုံးဟာ ၁၂၅ မိုင် အဝေးကို ရောက်ပါတယ်။ ဒီအကွာအဝေးအရ ဆိုရင် တောင်ကိုရီးယားကို လှမ်းပစ်နိုင်ပေမယ့် ဂျပန်နိုင်ငံအထိ မရောက်နိုင်တဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

ထိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဆင့်ခေါ်


ထိုင်းနိုင်ငံမှာ အစိုးရ စပါးဝယ်ယူရေး အစီအစဉ် အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ ကြားနာဖို့ ကြားဖြတ်ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆင့်ခေါ်လိုက်ပါတယ်။

ယင်းလပ်အနေနဲ့ အပြစ်ရှိတယ်လို့ တွေ့ရှိရရင် ၀န်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ရပြီး နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရဖွယ် ရှိပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် (ဓာတ်ပုံ – ရိုက်တာ)

လောလောဆယ်မှာတော့ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းကို ခရီးထွက်နေပြီး အမှုကို ကြားနာဖို့ သူ့ရဲ့ကိုယ်စား ရှေ့နေ တယောက်ကို စေလွှတ်ထားပါတယ်။
ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၂ နာရီမှာ ယင်းလပ်ကို ထောက်ခံသူတွေက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဆောက်အဦရှေ့က လမ်းကို သံကြိုးတွေနဲ့ ပိတ်ဆို့ခဲ့ကြပါတယ်။

ယင်းလပ်ကို ဖြုတ်ချရင် ဒီမိုကရေစီကို ကာကွယ်တဲ့အနေနဲ့ အကြမ်းဖက်နည်းလမ်းလည်း လိုအပ်ရင် သုံးမယ်လို့ ခြိမ်းခြောက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ၀ီချိုင်းဝီ၀ုဒ်စီဝီးကတော့ စွပ်စွဲချက်ကို ၀န်ကြီးချုပ် ယင်းလပ်က လက်မခံရင်လည်း စုံစမ်းမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ယင်းလပ်အနေနဲ့ စွပ်စွဲချက်တွေကို အပြစ်မရှိကြောင်း သက်သေအထောက်အထားတွေကို ၁၅ ရက်အတွင်း တင်ပြခွင့်ရှိပါတယ်။

လယ်သမားတွေဆီက စပါးကို ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီ ၀ယ်တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကြောင့် ရွေးကောက်ပွဲမှာ ထောက်ခံမဲရဖို့ အထောက်အပံ့ ဖြစ်ခဲ့ပေမယ့် တိုင်းပြည်ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။

တချိန်တည်းမှာ အကျင့်ပျက် ခြစားမှုတွေလည်း ရှိတယ်လို့ စွပ်စွဲခံနေရပါတယ်။ လယ်သမား ၁ သန်းကျော်လည်း စပါးဖိုးငွေရဖို့ လနဲ့ချီပြီး စောင့်ဆိုင်းနေရပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

ကျပ် ၅၀ ဖြင့် ဖြန့်မည့် သတင်းစာ လာမည်


ဘဏ်ချေးငွေ ကျပ် သိန်းပေါင်း ၁ သောင်းရယူပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ဒီမိုကရေစီ တူဒေးသတင်းစာကို လာမယ့် မတ် ၁ ရက်နေ့ကစပြီး ထုတ်ဝေတော့မယ်လို့ မြန်မာနယူးနက်ဝပ်ခ် (အမ်အန်အန်) အမှုဆောင်အရာရှိချုပ် ဦးကိုကို(စက်မှု) က ပြောပါတယ်။

News Paper and Journalဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန် မြရိပ်ညိုဟိုတယ်မှာ လုပ်တဲ့ သတင်းစာ စတင် ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

သတင်းစာကို ၃၂ မျက်နှာ ထုတ်ဝေမှာ ဖြစ်ပြီး သာမန်ပြည်သူတွေ ဖတ်နိုင်အောင် ဖြန့်ဈေး တစောင် ကျပ် ၅၀၊ ရောင်းဈေး ၁ စောင် ကျပ် ၁၀၀ သတ်မှတ်သွားမယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် သတင်းစာရောင်းရငွေထဲက ၁ စောင် ၁၀ ကျပ်စီကို လူမှုရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့လည်း ကတိပြုပါတယ်။

လက်ရှိ နိုင်ငံပိုင် သတင်းစာနှုန်းထားဟာ ကိုယ်စားလှယ် ကျပ် ၅၀၊ လက်လီ ၁ စောင် ၁၀၀ ဖြစ်ပါတယ်။

ပုဂ္ဂလိကသတင်းစာတွေကတော့ ကျပ် ၁၀၀ ကနေ ၂၅၀ အကြား ရောင်းချနေပြီး အလဲဗင်း သတင်းစာကတော့ စောင်ရေ အများဆုံးဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။


DVB
အပြည့်အစုံသို့ »