ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ


နေပြည်တော်၊ မတ် ၃

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန် ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ရိုးလေး ကျေးရွာနေ မဆောင်းနှင်းအေး(၂၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် နေအိမ်ရှေ့မှ ခင်ပွန်းဖြစ်သူ၏ အမည်အား အော်ခေါ်သံကြား သဖြင့်သွားရောက်ကြည့်ရှုရာ ခြေရင်းအိမ်နေ ဦးညွန့်ရွှေနှင့် အတူ အမည်မသိအမျိုးသား (၃)ဦးနှင့် အမျိုး သမီး(၁)ဦး တို့အားတွေ့ရှိရပြီး လှိုင်သာယာ အမှတ်(၂) ရဲစခန်းမှ ရဲများဖြစ်ကြောင်းပြော ဆို ကာ နေအိမ်ပေါ်သို့တက်လာစဉ် ဦးညွန့်ရွှေမှာ ၎င်း၏နေအိမ် ဘက်သို့ပြန် သွားခဲ့သည်။ အဆိုပါအမည်မသိလူများမှ မဆောင်းနှင်းအေး ၏မောင်ဖြစ်သူ အောင်ကိုကိုသန်းနှင့် သူငယ်ချင်း ဖြစ်သူ အား မူးယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင်ဖမ်းထားကြောင်း၊ အမှုမဖွင့် လိုက ငွေကျပ်(၅) သိန်းပေး ရန်နှင့် မပေးပါကဒုက္ခရောက် လိမ့်မည်ဖြစ်ကြောင်းပြော သဖြင့် ငွေပေးရန် အိပ်ခန်းအတွင်းရှိ ကျွန်း သေတ္တာ ထဲတွင်သိမ်းဆည်း ထားသော ငွေနှင့်ရွှေထည် ပစ္စည်းများ ပါရှိသည့် အိတ်ကိုယူနေစဉ် အမျိုးသား တစ်ဦးမှ အိတ်အတွင်း ရှိငွေကျပ်(၃၄၄၅၀၀ဝိ/-)နှင့်ရွှေထည်ပစ္စည်း(၆)မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၇၃၄၀၀၀ဝိ/-) တို့အားယူဆောင်ကာ ထွက်ပြေးသွားကြသဖြင့် အရေး ယူပေးရန်တိုင်တန်းခဲ့ရာ တက်သစ် နယ်မြေ ရဲစခန်း (ပ)၁၃၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၂/၁၇၀ ဖြင့် အမှုဖွင့် လှစ်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ မဆောင်း နှင်းအေး၏ အစ်ကိုဝမ်းကွဲတော်စပ်သည့် သီဟအောင်သည် မရီးဖြစ်သူ မင်္ဂလာဒုံမြို့နယ်၊ မြသီတာ ရပ်ကွက်နေ မစိုးစိုးအောင်၏ ၀၉၃၁၈____ လက်ကိုင်ဖုန်းအား ငှါးရမ်း ကိုင်ဆောင်ခဲ့ကြောင်း၊ မစိုးစိုးအောင်၏ နေ အိမ်သို့ နေပြည်တော်တွင် နေထိုင်သည့် ဖခင်ဖြစ်သူ ဦးမြင့်အောင်၊ မောင်ဖြစ်သူ စိုးမြင့်အောင်၊ အစ်မဖြစ်သူ မသန္တာစိုးနှင့်၎င်း၏ ခင်ပွန်းဖြစ်သူသက်ပိုင်တို့ လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် အခင်းဖြစ်ပွား ချိန်၌ ပြစ်မှုကျူးလွန်သူများ ထံသို့ ပြင်ပမှဖုန်းခေါ်ဆိုမှု(၁)ကြိမ်ဝင်လာကြောင်း စုံစမ်းသိရှိရသဖြင့် ၀၉၃၁၈_____နံပါတ်၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများအားစစ်ဆေးခဲ့ရာ အခင်းဖြစ် ချိန်တွင် ဦးမြင့်အောင်၏ ဖုန်းနံပါတ် ၀၉၄၂၈_____သို့ ဆက်သွယ် ထားကြောင်းနှင့် သီဟအောင်လက်ရှိကိုင်ဆောင်သည့်ဖုန်းမှာ ၀၉၄၂၀_____ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သို့ဖြစ်၍ မြင့်အောင်နှင့် သီဟအောင်တို့ ကိုင်ဆောင်သည့်ဖုန်းများ၏ တည်နေ ရာအား ဖုန်းမှတ် တမ်းများဖြင့်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများဖြစ်သည့် နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်နေ မြင့်အောင်(၅၇)နှစ်၊ သမီးဖြစ်သူ သန္တာစိုး(ခ)မေစိုး(၂၇)နှစ်နှင့် ခင်ပွန်းဖြစ်သူ သက်ပိုင်(ခ) ကျော်ဇင်မင်း (၂၃)နှစ်တို့(၃)ဦးအား ၁-၁-၂၀၁၄ရက်နေ့ ၁၄၃၀ အချိန်တွင် ကျောက် ဆည်မြို့နယ်၊ ဇရပ်ဖြူ ကျေးရွာနေ ဦးသန်းထွန်း၏နေအိမ်၌တိမ်းရှောင်နေစဉ် ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ၂၃-၁၂-၂၀၁၃ ရက်နေ့တွင် သီဟအောင်မှ ဖုန်းဆက်ခေါ်သဖြင့် ယောက္ခမ ဖြစ်သူ မြင့်အောင်၊ သန္တာစိုး၊ သက်ပိုင်နှင့်စိုးမြင့်အောင်တို့(၄)ဦး နေပြည်တော်မှရန်ကုန်သို့ ရထားဖြင့် ထွက်လာ ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ မြသီတာရပ်ကွက်ရှိ သမီးဖြစ်သူ စိုးစိုးအောင်၏နေအိမ်၌တည်းခိုခဲ့ကြောင်း၊ ၂၄-၁၂-၂၀၁၃ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ဝေပုလ္လလမ်း၌ သီဟအောင်နှင့် တွေ့ဆုံခဲ့ကြောင်း၊ သီဟအောင်မှ ထန်းတပင်မြို့နယ်၊ ရိုးလေးရွာနေ ၎င်း၏ညီမဝမ်း ကွဲတော်စပ်သူ ဆောင်းနှင်းအေး ထံမှ မောင်ဖြစ်သူ အောင်ကိုကိုသန်း(ခ)အကြင်နာအပ်နှံထားသည့်ငွေများအား အောင်ကိုကိုသန်း (ခ)အကြင်နာ ရဲစခန်းတွင် အဖမ်းခံရသဖြင့် အမှုကိစ္စဆောင်ရွက်ရန် ငွေများယူခိုင်း၍လာယူခြင်းဖြစ်သည်ဟု ပြောဆိုကာ ငွေများကို ယူလာခဲ့ရန်ရှင်းပြခဲ့ကြောင်း၊ ည ၁၁ နာရီ ကျော်အချိန်ခန့်တွင် သီဟအောင်နှင့် စိုးမြင့်အောင်တို့က အိမ်ရှေ့ လမ်းမပေါ် တွင်စောင့်နေခဲ့ပြီး မြင့်အောင်၊ သက်ပိုင်နှင့် သန္တာစိုးတို့(၃) ဦးမှ ဆောင်းနှင်းအေး၏ နေအိမ်သို့ ဝင်ရောက်ခဲ့ရာ အိမ်မှားနေ၍ အနီးရှိနေ အိမ်မှ အမျိုးသားတစ်ဦးက ဆောင်းနှင်းအေး၏နေအိမ်အား လိုက်ပြခဲ့ပြီး ပြန်သွားကြောင်း၊ ဆောင်းနှင်းအေး၏ နေအိမ်အတွင်းသို့ ရောက်သောအခါ သီဟအောင်မှာ ကြား ထားသည့် အတိုင်းပြော ဆိုကာ ငွေနှင့်ရွှေထည်ပစ္စည်းထည့်ထားသည့် အိတ်အား လုယူကာ ထွက်ပြေး လာခဲ့ကြောင်း၊ ရရှိသောငွေများအနက် သီဟအောင်မှ ငွေကျပ်(၁၀)သိန်းနှင့် စိုးမြင့်အောင်မှ ငွေကျပ်(၁၀) သိန်းယူခဲ့ပြီး လှိုင်သာယာတွင်နေခဲ့ကြောင်း၊ ကျန်ပစ္စည်း များအား မြင့်အောင်မှ ယူကာ မြင့်အောင်၊ သက်ပိုင်နှင့် သန္တာစိုးတို့(၃)ဦး နေပြည်တော် သို့ကားငှားပြန်ခဲ့ပြီး မြင့်အောင်က သက်ပိုင်နှင့် သန္တာစိုး တို့အား ငွေကျပ် (၂၃၀၀၀ဝ/-)ပေးခဲ့ကြောင်း၊ ၁-၁-၂၀၁၄ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ဇရပ်ဖြူကျေးရွာရှိ ဦးသန်းထွန်း ၏ခြံသို့ သွားရောက်တိမ်းရှောင်နေစဉ် မြင့်အောင်၊ သက်ပိုင်(ခ)ကျော်ဇင်မင်းနှင့် သန္တာစိုး(ခ)မေစိုးတို့(၃)ဦး ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အမှုနှင့်ပတ်သက်၍ မြင့်အောင်၊ သက်ပိုင်(ခ)ကျော်ဇင်မင်းနှင့် သန္တာစိုး(ခ)မေစိုးတို့ထံမှ ပါဆုံးသွားသောရွှေထည် ပစ္စည်း(၆)မျိုး၊ ပြစ်မှု ကျူးလွန်ရာမှရရှိသောငွေများဖြင့်ဝယ်ယူထားသော ရွှေထည် ပစ္စည်း(၅)မျိုး၊ ၀၉၄၂၈______ နံပါတ်ပါ Lညေိ Rသလနမ အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေကျပ် (၇၄၀၀၀ဝိ/-)တို့အား ပြန်လည် သိမ်းဆည်း ရမိခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသော သီဟအောင်နှင့်စိုးမြင့်အောင် (ခ)နိုင်နိုင် တို့(၂) ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ၃၁-၁-၂၀၁၄ ရက်နေ့တွင် ပြစ်မှု ကျုးလွန် သူများဖြစ်သည့် မြင့်အောင်၊ သက်ပိုင်(ခ)ကျော်ဇင်မင်း၊ သန္တာစိုး(ခ)မေစိုးနှင့် ပြစ်မှုကျုးလွန် ရာမှရရှိသော ငွေများအား သိလျက်နှင့် အတူသုံးစွဲ ခဲ့သူ မြင့်အောင်၏ဇနီးဖြစ်သူ မပြုံး(၄၅)နှစ် တို့အား ပြစ်မှုပုဒ်မ ၃၉၅/ ၁၇၀/၄၁၁ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ပြစ်မှုကြီး အမှတ်(၁၆/၂၀၁၄)ဖြင့် လက်ခံ စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

ရုရှား ပိုင်ဆိုင်မှုတန်ဖိုး ဈေးနှုန်းတွေ ကျဆင်း


ယူကရိန်း နိုင်ငံဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ကိုင်တွယ်မှုအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ တုံ့ပြန်မှုအဖြစ် မော်စကိုမြို့က ဒီကနေ့မနက် အရောင်းအဝယ် တွေမှာ ရုရှား စီးပွားရေးရာ ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးဈေးနှုန်းတွေ ကျဆင်းကုန်ပါတယ်။

ဒေါ်လာနဲ့ ယူရိုငွေတွေနဲ့ နှိုင်းယှဉ်ရင် ရုရှား ရူဘယ်ငွေ တန်ဖိုးဟာ အရင်ကထက် အနိမ့်ဆုံး တန်ဖိုး ဖြစ်သွားခဲ့ပါတယ်။

စတော့ရှယ်ရာ နှုန်းတွေလည်း တစ်ကြိမ်မှာဆို ၁၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားပြီး ရုရှားရဲ့ အကြီးဆုံး ကုမ္မဏီကြီးတွေ အထိနာခဲ့ရပါတယ်။

ရုရှား ဗဟိုဘဏ်က သူတို့ရဲ့ အဓိက ချေးငွေ အတိုးနှုန်းကို ၁ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ခဲ့ပါတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ရုရှားရဲ့ လုပ်ဆောင်ခဲ့မှုတွေကြောင့် ရုရှားအပေါ် စီးပွားရေးအရ အထီးကျန်ဖြစ်အောင် ပြင်ဆင်နေတယ်လို့ အမေရိကန်က ပြီးခဲ့တဲ့ တနဂင်္နွေနေ့က သတိပေးခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

ရခိုင်အဖွဲ့ တိုက်ခိုက်ခံရမှု မြန်မာတဦးအား မလေးရှားရဲဖမ်းဆီး



ရခိုင်ခေါင်းဆောင်များဖြစ်ကြတဲ့ ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ မလေးရှာမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာစဉ်။ (ရခိုင် CJFB)

ပြီးခဲ့တဲ့လတုန်းက မလေးရှားနိုင်ငံကို  မြန်မာပြည်က ရောက်ရှိခဲ့တဲ့ ရခိုင်ခေါင်းဆောင်တွေကို သေနက်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူ မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထားပြီဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေး နောက်ဆက်တွဲ စုံစမ်းဖော်ထုတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မလေးရှားရဲချုပ်က သတင်းမီဒီယာကိုပြောပါတယ်။ မလေးရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်ပေးနေတဲ့အပေါ် ကျေနပ်အားရမှုရှိပါတယ်လို့လည်း မလေးရှားသွားစဉ်က တိုက်ခိုက်ခံခဲ့ရသူများအနက် တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကလည်း ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က မလေးရှားနိုင်ငံ Bukit Bingtan မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင်အဖွဲ့ကို  သေနက်နဲ့ပစ်ခတ်လုပ်ကြံမှုမှာ ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိပြီလို့ အမှုကို စုံစမ်းထောက်လှမ်းနေတဲ့ မလေးရှားရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ ရဲချုပ် Tan Sri Khalid Abu Bakar က လုပ်ကြံမှုနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို လတ်တလောမှာပဲ ဖမ်းဆီးလိုက်နိုင်တာလို့ သတင်းမီဒီယာတွေကိုပြောဆိုပါတယ်။ ဒီဖမ်းဆီးမှုအပြီး အမည်မဖော်သေးတဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားအချို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်လက် စုံစမ်းထောက်လှမ်းဖော်ထုတ်နေတယ်လို့ မလေးရှားရဲတာဝန်ရှိသူတွေက ပြောပါတယ်။

မလေးရှားရဲတာဝန်ရှိသူတွေဘက်က အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်နေမှုနဲ့ပတ်သက်လို့ မလေးရှားသွားစဉ်က တိုက်ခိုက်ခံခဲ့ရသူများအနက် တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကလည်း အမှုနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းမှုတွေကို ကြားသိရပေမယ့် ဖမ်းဆီးထားတဲ့မြန်မာနိုင်ငံသားနဲ့ပတ်သက်လို့ သတင်းအတိအကျမသိရသေးဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“စစ်ဆေးနေတာကိုတော့ confirm လုပ်ပါတယ်။ ကျနော်တို့နဲ့ဆက်သွယ်ပြီးကာမှ အခုနက ဖမ်းထားတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်လို့ ရခိုင်လား၊ သို့မဟုတ် ဗမာတိုင်းရင်းသားလား၊ သို့မဟုတ် တခြားတိုင်းရင်းသားလားပေါ့၊ သို့မဟုတ် ဗမာမဟုတ်တဲ့ တခြားပုဂ္ဂိုလ်များလားဆိုတာ ကျနော်တို့ Confirm လုပ်ပါမယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ က စလို့ မလေးရှားရောက် ရခိုင်လူမူအဖွဲ့အစည်းတွေရဲ့ ဖိတ်ကြားချက်နဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်  ဦးအေးသာအောင်နဲ့ ရခိုင်လူမူကွန်ယက်က တာဝန်ရှိသူတွေ မလေးရှားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီခွဲခန့်မှာ မလေးရှားနိုင်ငံ Jalan Alor အရပ် Low Yat ပလာဇာကအပြန်မှာ ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်တို့ စီးနင်းလာတဲ့ မော်တော်ကားကို  အမည်မသိ ဆိုင်ကယ်စီးလူတချို့က နောက်ကနေလိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတာခံခဲ့ရတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံတွင်းမှာ ရခိုင်ခေါင်းဆောင်အဖွဲ့ ပစ်ခတ်လုပ်ကြံခံရပြီးနောက်မှာတော့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မလေးရှား ရဲလုံခြုံရေးတာဝန်ရှိသူတွေက သူတို့အဖွဲ့ကို အထူးလုံခြုံရေးယူထားပေးပြီး လေဆိပ်အထိ လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ အမှုဖွင့်ထားပြီးနောက် မလေးရှားနိုင်ငံနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေပူးပေါင်းပြီး အမှုမှန် ပေါ်ပေါက်ရေး မလေးရှား-မြန်မာနှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မှုတွေကို အားရကျေနပ်မိပါတယ်လို့လည်း ဒေါက်တာအေးမောင်ကပြောပါတယ်။

“ကျနော်တို့ကတော့ အားရပါတယ်။ ကျနော်တို့နိုင်ငံပြင်ပကလာတဲ့ အင်အားစုတွေက ဖြစ်စဉ်တစ်ခုကို ဖြစ်ပွားအောင် ဆောင်ရွက်တယ်လို့ သုံးသပ်ပါတယ်။ အဲဒါကြောင့် ဒီလိုဖြစ်စဉ်မျိုး သူတို့နိုင်ငံမှာ နောင်ဖြစ်လာမှာကို အင်မတန်စိုးရိမ်ပါတယ်။ အဲဒါကြောင့် တိတိကျကျ ဖော်ထုတ်ပြီးကာမှ လွှတ်တော်အမတ်ပဲဖြစ်ဖြစ်၊ တခြား သံတမန်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ လူမှုရေးအဖွဲ့အစည်းခေါင်းဆောင်တွေပဲဖြစ်ဖြစ် မလေးရှားကိုလာတဲ့အခါမှာ ဒါမျိုးမဖြစ်အောင် ဘယ်လိုစီစဉ်ရင်ကောင်းမလဲဆိုတာ သူတို့ Strategic ပီပီသသလေး ပုံဖော်နိုင်အောင် ကြိုးစားနေတယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် ကျေးဇူးလည်းတင်ပါတယ်။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း မူဆလင်နဲ့ဗုဒဘာသာ မတူကွဲပြားတဲ့ အုပ်စုတွေကြား ဘာသာရေးဆန်တဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ အခုလို မလေးရှားနိုင်ငံတွင်းမှာ တိုက်ခိုက်သတ်ဖြတ်မှုတချို့နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ မြန်မာသံရုံးကို တိုက်ခိုက်ရန်ကြံစည်မှုအပါအဝင် အကျဉ်းထောင်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။



မဆုမွန် (ဗွီအိုအေ)


အပြည့်အစုံသို့ »

ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ရုရှ ရာဇသံပေး



ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသမှာရှိတဲ့ ယူကရိန်း တပ်ဖွဲ့တွေကို အင်္ဂ࿿ါနေ့ မနက် အစောပိုင်း GMT ၃ နာရီ မတိုင်မီ လက်နက်ချဖို့ ရုရှားဘက်က ရာဇသံ ပေးလိုက်ပါတယ်။

ယူကရိန်းရဲ့ ယာယီ ဝန်ကြီးချုပ် Arseniy Yatsenyuk ကတော့ သူတို့ပိုင် ခရိုင်းမီးယားဒေသကို ဘယ်သူ့လက်ထဲမှ ထည့်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်း စစ်အခြေစိုက် စခန်းတွေကို ရပ်ရှားတပ်တွေ ဝိုင်းထားပြီး လမ်းတွေကိုလည်း ပိတ်ဆို့ထားကာ ခရိုင်းမီးယားဒေသကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားပါတယ်။

ခရိုင်းမီးယားရဲ့ အစွန်ဆုံးက ကူးတို့ဆိပ်ကမ်းမြို့ ဖြစ်တဲ့ Kerch ကို လည်း ရုရှား လိုလားတဲ့ လက်နက်ကိုင်တပ်တွေက ထိန်းချူပ်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

ဒါဖတ်ပြီးမှ လက်ပ်တော့ ၀ယ်ပါ

 -
ကွန်ပြူတာဝယ်မယ်။
အင်း… အသစ်လည်း ကိုင်ချင်တယ်၊ အသိတယောက် လျှော့ဈေးနဲ့ ရောင်းထုတ်မယ့် အဟောင်းလေးကိုပဲ ၀ယ်လိုက်ရမလား ဆိုတဲ့ မေးခွန်းမျိုး တချို့က မေးတတ်တယ်။
အဟောင်းဝယ်ကြတာက ငွေမလုံလောက်လို့မဟုတ်လား။

ပြီးတော့ ရောင်းသူကို ယုံကြည်လို့။ ကိုယ်ကလည်း ကွန်ပြူတာအကြောင်း ဘာမှ မသိဘူးဆိုတဲ့ အဆင့်နားမှာ ရှိလို့။

ကွန်ပြူတာအဟောင်းက တလက်ကိုင်ဆို အိုကေဖွယ် ရှိတယ်။ အဲဒီ တလက်ကလည်း သိမ်သိမ်မွေ့မွေ့သုံးခဲ့မယ် ဆိုရင်ပေါ့။
ဝယ်မယ်ဆိုရင်တော့ တတ်ကျွမ်းသူတယောက်ရဲ့ အကူအညီနဲ့ စစ်ဆေးကြည့်တာ မမှားပါဘူး။

  ပိုက်ဆံ တတ်နိုင်မယ်၊ ဘတ်ဂျက် လုံလောက်တယ် ဆိုရင် အသစ် ၀ယ်သုံးတာ အကောင်းဆုံးပါပဲ။
ဝယ်မယ် ဆိုတော့ ဘာတံဆိပ် ၀ယ်မလဲ။ လီနိုဗို၊ ဆမ်ဆောင်း၊ အေစာ၊ ဆိုနီ၊ စည်သူလင်း… အဲ … စည်သူလင်း မပါဘူး…
တံဆိပ်တွေက အကုန်ကောင်းတာတွေချည်းပါပဲ။ ကောင်းလို့ ဈေးကွက်ထဲမှာ ရပ်တည်နေနိုင်တာပဲမဟုတ်လား။ ဘယ်သူကမှ ငါတို့ မကောင်းအောင် လုပ်လိုက်မယ်ဆိုပြီး အရူးမထပါဘူး။

အလေးချိန် နည်းနည်းစီးမယ်၊ RAM နည်းမယ်၊ ဘက်ထရီအား ရေရှည်မခံဘူး ဆိုရင် ဈေးသက်သာမယ်။
ပေါ့မယ် ပါးမယ်၊ RAM များမယ်၊ ဘက်ထရီ ကြာကြာခံမယ် ဆိုရင် ဈေးမသက်သာဘူး။ ဒါက အကြမ်း ပြောလိုက်တာ။

ကိုယ်က ဒီဇိုင်းကိစ္စအတွက်သုံးမယ်၊ ဗီဒီယိုဖိုင်တွေ အသံဖိုင်တွေ အများကြီးထည့်သိမ်း  တည်းဖြတ်မယ် ဆိုရင်တော့ RAM များများ ရှိတာ ၀ယ်သင့်တယ်။
အဲသလိုကွန်ပြူတာက အနည်းဆုံး ကျပ် လေးသိန်း ကုန်မယ်။

စာစီစာရိုက်လုပ် အင်တာနက်သုံး ဓာတ်ပုံတွေ သိမ်းတာလောက်ပဲ ဆိုရင်တော့ RAM နည်းလည်း ရပါတယ်။ ကျပ် သုံးသိန်းခွဲ လေးသိန်းလောက်တော့ ပေးရမယ်။

ကွန်ပြူတာဝယ်တာလည်း ကားဝယ်သလိုပါပဲ .... အပိုပစ္စည်း အလွယ်တကူ ၀ယ်လို့ရတဲ့ အမျိုးအစားကို ၀ယ်သင့်ပါတယ်။
မြန်မာပြည်မှာ ဘယ်တံဆိပ်က အပိုပစ္စည်း ၀ယ်ရလွယ်သလဲ ဆိုတာ ကွန်ပြူတာအရောင်းဆိုင်တွေက ကောင်းကောင်းသိတာမို့ သူတို့ကို မေးတာ မမှားပါဘူး။

ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်၊ အောက်ဘလောက်တို့မှာ လက်ပ်တော့ ရောင်းတဲ့ဆိုင် အများအပြားပါပဲ။ ပျက်ရင် အခမဲ့ ပြင်ပေးတဲ့ဆိုင်ေ

arrawaddy

အပြည့်အစုံသို့ »

ကူမင်းဘူတာရုံတွင်း တိုက်ခိုက်မှုမသင်္ကာသူအားလုံး တရုတ်ရဲဖမ်းမိ


ယူနန်ခရိုင်၊ ကူမင်းဘူတာရုံ လက်မှတ်ဂိတ်မှာ ထားခဲ့သော ခရီးသွားအိတ်တွေနားမှာ ရဲတပ်ဝင်များ လုံခြုံရေး ယူနေစဉ်။


တရုတ်နိုင်ငံမှာ လူ ၂၉ ဦး သေဆုံးပြီး ၁၄၃ ဦး ဒဏ်ရာရသွားတဲ့ ဓားထိုးမှုတွေကို လုပ်ဆောင်သူတွေလို့ ယူဆရသူ ၃ ဦးကို ဖမ်းဆီးမိထားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Abdurehim Kurban ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ကလူတွေ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်တာလို့ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ နောက်ထပ် အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဓားထိုးတိုက်ခိုက်သူတွေဟာ မူဆလင်အများစုနေထိုင်တဲ့ ရှင်ဂျန်းဒေသက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ ဓားထိုးသူ ၄ ဦးကို ပစ်သတ်လိုက်ပြီး တစ်ဦးကို ဖမ်းဆီးမိလိုက်တယ်လို့ ရဲက ပြောပါတယ်။

မှုခင်းပုံတွေအရ သွေးပေလူးနေတဲ့ ရုပ်အလောင်းတွေ ကြမ်းပြင်မှာ ပြန့်ကျဲနေတာ တွေ့ရပါတယ်။ မျက်မြင်သက်သေတွေရဲ့ အပြောအရ ဝတ်စုံမည်း ဝတ်ဆင်ထားသူတွေက ရထားဘူတာရုံထဲ ပြေးဝင်ပြီး လူတွေကို ဓားနဲ့ထိုးတာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်ယူ ဝန်ခံပြောကြားမှု မရှိသလို ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတဲ့ ရည်ရွယ်ချက်လည်း မသိရပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

အပြည့်အစုံသို့ »

မြောက်ဥက္ကလာပရှိ ကျောင်းတိုက်တစ်ခု၌ မယ်သီလရှင်အား အဓမ္မပြုကျင့်မှု ဖြစ်ပွားဟု ဆို




 ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပရှိ သီလရှင်ကျောင်းတစ်ကျောင်း၌ အတူနေ သီလရှင်၏သားက အခြားမယ်သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ၂၄-၂-၂၀၁၄ ရက်တွင် မြောက်ဥက္ကလာပ ရဲစခန်းမှ သိရသည်။

ဖြစ်ပွားပုံမှာ ဒေါ်….. (၂၃)နှစ်၊ သာသနာဝင်အမှတ် ၁၂/ဥကမ (သီ) … သုခ၀တီကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်တွင် သီတင်းသုံးနေသူသည် ၂၂-၂-၂၀၁၄ ရက် နံနက် ၅ နာရီအချိန်၌ ၎င်းသီတင်းသုံးနေထိုင်သော ကျောင်းတိုက်အနောက်ဘက်ရှိ အိမ်သာသို့ အပေါ့သွားစဉ် ကျောင်း၌နေသော သီလရှင် ဒေါ်ကုသလ (ခ) ဒေါ်စန်းမြင့်၏သားဖြစ်သူ ဇော်မြင့်ရောက်ရှိလာပြီး ကျောင်းခေါင်းရင်းဘေးရှိ အုတ်တံတိုင်းကြားသို့ ဒေါ်….. အား ပါးစပ်ပိတ်၍ အတင်းဆွဲခေါ်သွားကာ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဆို၏။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “တရားခံကိုတော့ လိုက်လံစုံစမ်းဖမ်းဆီးနေတုန်းပဲရှိပါသေးတယ်။ အခု အဓမ္မပြုကျင့်ခံရသူ ဒေါ်….. ကို မြောက်ဥက္ကလာပဆေးရုံမှာ ဆေးစစ်မှုတွေပြုလုပ်နေပါတယ်”ဟု ပြောသည်။ ပြစ်မှုကျူးလွန်သည်ဟုဆိုသူ ဇော်မြင့်အား မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ)၁၄၀/၁၄၊ ပုဒ်မ ၃၇၆ ဖြင့် ၂၂-၂-၂၀၁၄ ရက်တွင် အမှုဖွင့်ထားကြောင်း သိရသည်။

မိုင်းစောလွင်

The Mirror Daily

အပြည့်အစုံသို့ »