ဟေမန္တတစ္ဆေနှင့် နွေကန္တာခရီးသည်များ


မြို့ပန်းကလေးများက အရောင်အသွေးစုံ ပွင့်ဖူးကာ အလှချင်းပြိုင်နေသည်။ တည်ငြိမ် နေတဲ့ ဆည်ရေပြင်မှအေးမြမြတိုက်ခတ်လိုက်သည့်လေ ညင်းနုနုကလည်း ဆည်းဆာညနေခင်းရဲ့အလှကိုညှို့ ယူဖမ်းစားနေသည်။ လာရောက်သူတို့အဖို့ ရိုးတွင်းခြင် ဆီထိအောင်စိမ့်ဝင်ကာ အေးချမ်းသာယာမှုတစ်ခုကို ပေးစွမ်းနိုင်သော ထိုနေရာသည်ကား ရန်ကုန်မြို့ သန်လျင် မြို့နယ်မှ ဇာမဏီအင်းရေလှောင်တမံပင်။

အဝါရောင်ရေပုံး နှစ်လုံးကိုဘေးမှာထားကာ မအေးရီတစ်ယောက် သောကစိတ်တွေကိုရင်မှာ ပိုက် လျက် သူမစိုက်ပျိုးထားသော မေမြို့ပန်းခင်းလေးကို ငေးကြည့်နေသည်။ ပန်းကလေးများကလည်း လေတိုက် တိုင်းဘယ်ညာယိမ်းနွဲ့ကာ ကကြိုးသစ်များ ဖြင့်သူမကို ကပြနေကြသည်။

ခင်ပွန်းဖြစ်သူကိုဝင်းနိုင်ဦးကလည်း ဝါးရုံ တောထဲတွင် မလုံတလုံဝှက်ထားသော ပစ္စည်းများကို အတိတ်မေ့နေသူပမာ စောင့်ကြည့်နေလေရဲ့။ ငါးနှစ် အရွယ် သူတို့၏သားကလေးက ဆယ်ပေပတ်လည်ဝါး အိမ်ပေါ်တွင်ထိုင်လျက် ထရံပေါ်တွင်ကပ်ထားသော ဇီးထုပ်ပါ မင်းသားမင်းသမီးပုံများကိုနှမြောတသဖြစ် ကာ တစ်ခုချင်းစီလိုက်ခွာနေသည်။

''ပန်းခင်းလေးတွေကိုထားခဲ့ရမှာလဲအခက် သူတို့ကချက်ချင်းလာဖျက်မှာလား ရောင်းလို့ရတဲ့အထိ စောင့်နေချင်တယ်'' ဟုမအေးရီက မငြိမ်းမချမ်းဖြစ်နေ ရသည့်သူမ၏ဘဝကို စတင်ပြောသည်။

ဇာမဏီရေလှောင်တမံတွင် မအေးရီတို့ မိသား စုအပါအဝင် အိမ်ထောင်စုပေါင်း ၂ဝဝဝခန့် အခြေချနေ ထိုင်ကြောင်း၊ ထိုမိသားစုဝင်များကို မြို့နယ်အုပ်ချုပ်ရေး အဖွဲ့မှ သုံးကြိမ်၊ ဆည်မြောင်းဦးစီးဌာနမှသုံးကြိမ် စုစု ပေါင်းခြောက်ကြိမ်တိတိ စာထုတ်ပြီးထွက်ခွာပေးဖို့အ မိန့်ထုတ်ပြန်ထားကြောင်း ဇာမဏီရေလှောင်တမံတွင် ဝင်ရောက်နေထိုင်သူ ဦးစောမိုရှေကပြောသည်။

ထိုအမိန့်စာအရ ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးသတ်ထွက်ပေးရန်အမိန့်ထုတ်ပြန်တောင်းဆိုထား သည့်အတွက် ဇာမဏီရေလှောင်တမံသားအားလုံးကို ဖေ ဖော်ဝါရီ ၁၂ ရက်ကတည်းက အပြတ်လာရောက်ရှင်း မည်ဟု သတင်းတစ်ခုယင်းတို့ဆီကို ရောက်ရှိလာသည်။

ရောက်ရှိလာသော ထိုသတင်းအကြောင်းကို ကြားရသောအခါ ဇာမဏီရေလှောင်တမံသားများသည် မိုးကောင်းကင်ကြီးတစ်ခုလုံးပြိုကျသကဲ့သို့မိမိတို့၏နေအိမ်ပေါ်မှအထုပ်ကလေးကိုယ်စီဖြင့် နောက်ဖေးဝါး ရုံတောထဲသို့ ပြောင်းရွှေ့ကာအိပ်စက်ကြရသည်။

''ဖျက်ရင်အိမ်ပေါ်က ပစ္စည်းတွေကိုယူလို့ မရတော့ဘူးတဲ့...ပြန်ပြောရင်ထောင်သုံးနှစ်ကျမယ် လို့ပြောတယ်''ဟု အိမ်ပေါ်ကရှိသမျှပစ္စည်းများကို ဘေး နားကမြက်ခင်းပေါ်တွင် ရွှေ့ပြောင်းထားသူ ဦးမောင် မြင့်ကပြောသည်။

တချို့သော နေအိမ်များသည်လည်း အထီး ကျန်ကာ တိတ်ဆိတ်နေကြသည်။ အိမ်ထဲတွင်လည်း ဗလာနတ္ထိ ပိုင်ရှင်များမရှိတော့ပေ။ အိမ်ပိုင်ရှင်များက တော့ အင်အားသုံးနှိမ်နင်းလာမည်ကိုစိုးရွံ့သည့်အတွက် ဆွေမျိုးရှိရာနီးစပ်ရာသို့ ရွှေ့ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။

''သွားဆိုရင်တော့လဲ သွားရမှာပေါ့လေ။ ဘယ် ကိုသွားရမယ်ဆိုရင် ဘယ်ကိုမှသွားစရာမရှိဘူး။ နေလာ ခဲ့တာလဲကြာခဲ့ပြီဆိုတော့ ဘာလုပ်ရမလဲ''ဟု မအေးရီက သူမ၏နေရေးကိုတွေးပူလျက် ရင်ဖွင့်ပြောကြားသည်။

မကြာမီ သူမ၏မလှမ်းမကမ်းဘေးနားအိမ် သို့ ထော်လာဂျီတစ်စီးထိုးရပ်လာသည်။ အနီးရှိကျိုက် ခေါက်ဘုရားပွဲမှ ဘောက်သံများကြောင့် ထော်လာဂျီ၏ အင်ဂျင်အော်သံမှာ သိပ်မကြားလိုက်ရ။ အိမ်ပိုင်ရှင်များ က သူတို့အိမ်သုံးပစ္စည်းများကိုအနီအဝါ ဆေးရောင်ခြယ် သထားသောစောင်ထူများဖြင့် ထုပ်ပိုးကာ ထော်လာဂျီ ပေါ်ကို လက်ဆင့်ကမ်းတင်နေကြသည်။ တစ်အိမ်လုံး ပစ္စည်းများက တစ်စီးစာပင် မပြည့်တပြည့် မောင်းထွက် သွားသည်။ အိမ်ကလေးမှာတော့ ဘုရားစင်ကလေး ကျန်ပြီး အထီးကျန်ဆန်လိုက်တာ။

ယင်းတို့အထဲတွင် လွန်ခဲ့သောမိုးတွင်းကာလ ကမှ ရေတပ်သဘောင်္ကျင်းတပ်မှ ဂျီအီးနေ့စားအလုပ် သမားအိမ်ထောင်စု ၅၁စုကလည်း ထိုနေရာတွင်ရောက် ရှိနေကြသည်။ သူမတို့၏ အမျိုးသားများသည် ကိုကိုးကျွန်း တပ်တည်ဆောက်ရေးတွင်နေ့စားဆောက် လုပ်ရေးလုပ်သားအဖြစ်သွားရောက်လုပ်ကိုင်နေသည့် အတွက် လတ်တလောပြောင်းရွှေ့ဖို့အရေး မဖြစ်နိုင် ကြောင်း ယင်းအမျိုးသမီးအုပ်စုကဆိုသည်။

''ကျွန်မတို့ သေမယ့်ရက်ကိုစောင့်မနေရဘူး။ ဖျက်မယ့်ရက်ကိုစောင့်နေရတယ်။ ဒီအထဲမှာယောက်ျား ဆိုလို့ လေဖြတ်နေတဲ့ လူကြီးပိုင်းနှစ်ယောက်ပဲရှိတယ်'' ဟု အိမ်ဖျက်လာမည်ကိုစိုးရိမ်နေသည့်မအေးမြင့်ဟန် ကပြောသည်။

ဇာမဏီရေလှောင်တမံတွင် ယခင်ဆည်မ ဆောက်လုပ်ခင်ကတည်းက ပြည်သူတချို့နေထိုင်လာ ခဲ့ကြရာ ၁၉၉၄ ခုနှစ်ခန့်တွင် ဆည်တည်ဆောက်ခဲ့ပြီး တချို့သောအိမ်ထောင်စုများကို မြေနေရာအစား ပြန် ပေးခဲ့ကြောင်း၊ မအေးရီတို့မိသားစုအပါအဝင် အိမ်ထောင် စုတချို့သည် အိမ်ထောင်စုစာရင်းမလုပ်နိုင်သည့်အတွက် မြေနေရာအစားပေးသည့်အထဲတွင် မပါဘဲကျန် ရှိနေခဲ့ရာ ယင်းနေရာ၌ပင်ယခုအထိဆက်နေထိုင်ခဲ့ ခြင်းဖြစ်သည်။

''အဲဒီတုန်းက အိမ်ထောင်စုစာရင်းတစ်ခု လုပ်ဖို့ သုံးထောင်တောင်းတယ်။ သုံးထောင်မပေးနိုင်လို့ ကျန်ခဲ့ရတာ'' ဟု ဇာမဏီဆည်တွင်အစဉ်အဆက်နေခဲ့ ရပုံကို ပြန်ပြောပြသည်။

လက်ရှိအချိန်တွင် ယင်းတို့ကို ဘုရားကုန်းက ကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာအမည်ဖြင့် အိမ်ထောင် စုစာရင်းများတွင် ထည့်သွင်းထားသည်။ ယင်းတို့ကို ဖယ်ရှားနှင်ထုတ်လိုက်သည့်အခါ နိုင်ငံ တော်အစိုးရ၏ အနာဂတ်စီမံကိန်းတစ်ခုဖြစ်သည့် သန်းခေါင်စာရင်း ကောက်ခံရေးသည် မည်မျှမှန်ကန်မည်။ မည်မျှတိကျသေ ချာမည်ဆိုသော အကြောင်းအရာများသည်လည်း ခေါင်း ခဲစဉ်းစားရမယ့်ပြဿနာတစ်ခုဖြစ်လာနိုင်ကြောင်း ပြည် သူတချို့ကသုံးသပ်ပြောကြားလာခဲ့လာကြသည်။

အစိုးရအနေဖြင့်ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်မှ ဧပြီလ ၁ဝ ရက်အတွင်း ၁၂ ရက်ကြာကောက်ယူနိုင်ရေးကို ကြိုးစား အားထုတ်နေသည်။ ထိုသန်းခေါင်စာရင်းကောက်ယူ ခြင်းသည် လက်ရှိအစိုးရတစ်ခုတည်းအတွက် ကောက်ယူ ခြင်းမျိုးမဟုတ်ဘဲ ဖြစ်ပေါ်လာမယ့်အစိုးရတိုင်းအတွက် ကောက်ခံခြင်းဖြစ်ကြောင်း သန်းခေါင်စာရင်းကောက်ခံ ရေးအဖွဲ့ဝင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးဒေါ်ခိုင်ခိုင်စိုးက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ပြောသည်။

''ကျူးကျော်အတွက်တော့ သီးသန့်ကောက် ယူသွားမှာမဟုတ်ဘူး။ သူတို့ရွှေ့ပြောင်းနေထိုင်ကြ တယ်ဆိုပေမယ့် စာရင်းကောက်တဲ့အခါတစ်နေရာမှာ တော့ရှိနေမှာပါ'' ဟု ဒေါ်ခိုင်ခိုင်စိုးကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မှန်မှန် ကန်ကန်ဖြစ်ပေါ်လာရေးသည် ပြည်သူအားလုံးနှင့် သက် ဆိုင်သည့်အတွက် မေးခွန်းများကိုမှန်မှန်ကန်ကန်ဖြေ ကြားရန်လိုအပ်ကြောင်း၊ (၁)အိမ်ထောင်စုလူဦးရေ၊ (၂) အဖွဲ့အစည်းလူဦးရေ၊ (၃) အိမ်ခြေရာမဲ့လူဦးရေစ သည့်ခေါင်းစဉ်များဖြင့်သာ ကောက်ယူသွားမည်ဖြစ် ကြောင်း၊ ကျူးကျော်များသည်အိမ်ခြေရာမဲ့ လူဦးရေ ခေါင်းစဉ်အောက်တွင်ပါဝင်နေသည့်အတွက် ယင်းတို့ အတွက် သီးသန့်ကောက်ယူရန် အစီအစဉ်မရှိကြောင်း ဒေါ်ခိုင်ခိုင်စိုးက ဆက်လက်ပြောကြားသည်။

''အစိုးရအနေနဲ့ လူနေအိမ်တွေ၊ အိမ်ရာမဲ့ တွေကို ဖယ်ခိုင်းတဲ့အခါမှာ ကလေးတွေစာမေးပွဲရှိနေ တဲ့ကိစ္စကိုလဲ ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်။ ဒီလို လုပ်လိုက်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ ဆိုတာ အဖြေရှာတတ်ဖို့လိုတယ်''ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်က သုံးသပ်ပြော ကြားသည်။

ဇာမဏီအင်းရေလှောင်တမံ၏ ကျူးကျော် တဲအိမ်ကလေးများသည်တိတ်ဆိတ်ကာ အထီးကျန်ဘဝ ဖြင့်ပိုင်ရှင်မဲ့ဖြစ်နေရပြီ။ ဒေါ်လှရီတစ်ယောက်သူမ တယုတယစိုက်ပျိုးထားသည့်ပန်းခင်းကလေးကို ကြည့် ကာအနာဂတ်အရေးတွေးပူနေလေဟန်ရှိသည်။

''မနေ့ကသူတို့လာဖျက်မယ်ဆိုတော့ အိမ် ပေါ် မအိပ်ရဲဘူး။ ဟိုနားဆင်းအိပ်ခဲ့ရတာ ဒီနေ့တော့ သားလေးအိပ်ဖို့ နေရာတစ်ခုလုပ်ရဦးမယ်'' ဟု သုန်မှုန်သော မျက်နှာဖြင့် သူမ၏အမျိုးသားရှိရာဘက်သို့ လှည့်ကြည့် ကာ ညည်းပြော ပြောသည်။ နှင်းရည်စိုရွှဲတပို့တွဲလ၏ အေးစက်ညများကတော့ ဇာမဏီရွာလေးကို ညတစ္ဆေတစ် ကောင်လို ခြောက်လန့်နေလေသည်။

The Flower News Journal VOL 10 , NO.10

မင်းအောင်ခိုင်
Yangon Media Group


အပြည့်အစုံသို့ »

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်


အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်း ရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။
ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာ တွေကို စားသုံး တာကြောင့် အဝလွန်တဲ့ အတွက် ဖြစ်နိုင်တဲ့ အသည်းရောဂါ ဆိုင်ရာ လက္ခဏာ တွေကို လျှော့ချ နိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည် ကြပါတယ်။ အဝလွန်တာကြောင့် အသည်း အဆီဖုံး ရောဂါ ဖြစ်ပေါ်တတ်ပါ တယ်။ အသည်းမှာ အဆီတွေစုကာ အတာကြောင့် မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါဖြစ်ကာ Cirrhosis ခေါ်တဲ့ အသည်းမှာ အမာရွတ် ဖြစ်ပေါ် ပါတယ်။ အဲဒီ ရောဂါကြောင့် အသည်း အလုပ် မလုပ်နိုင်တာနဲ့ အသည်း ကင်ဆာ ဖြစ်တတ် ပါတယ်။လေ့လာမှု တွေအရ ဗီတာမင် E ဟာ အဝလွန် တာကြောင့် ဖြစ်တဲ့ အသည်း အဆီဖုံး ရောဂါ ဝေဒနာတွေကို သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် E မှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမား ရောဂါအပါ အဝင် ရောဂါမျိုးစုံကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အသက်ကြီး သူတစ် ယောက်အတွက် ဗီတာမင် E နေ့စဉ် လိုအပ်ချက် ပမာဏဟာ လေးမီလီဂရမ် ဖြစ်ပါတယ်။ ပဲပိစပ်၊ ပြောင်းဖူးနဲ့ သံလွင်ဆီမှာ ဗီတာမင်တွေ အမြင်မားဆုံး ပါဝင်ပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေ မှာလည်း ဗီတာမင် E အမြောက်အမြား ပါဝင်ပါတယ်။ အားဖြည့်ထားတဲ့ ကွေကာနဲ့ အစိမ်းရောင် ဟင်းရွက်မှာလည်း ဗီတာ မင် E များစွာ ပါဝင်တယ်လို့ သိရပါတယ်။
ဒေါက်တာခင်မိုးမိုး

အပြည့်အစုံသို့ »

အိပ်ရေး မ၀ရင် ဒါတွေ ဖြစ်တတ် သည်



           တစ်ရက် ကို ၂၄ နာရီ၊ တစ်ပတ် ကို ၇ ရက် မပြတ် တမ်း လည်ပတ် လုပ်ကိုင် နေသော ယနေ့ ကမ္ဘာကြီးမှာ လူတွေ အိပ်ရေး မ၀ခြင်းသည် အဓိက လူမှု ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်လာသည်။ လေ့လာမှု စစ်တမ်းများ အရ ၁၉၄၀ ပြည့်နှစ်များ တစ်ဝိုက်က ကမ္ဘာ့ လူသားများ ပျမ်းမျှ အိပ်စက် ချိန်သည် ၈ နာရီရှိ ခဲ့ရာမှ ယခုအခါ ၆ ဒသမ ၈ နာရီခန့် သာ ရှိတော့ ကြောင်း သိရသည်။ လူ တစ်ယောက် ကျန်းမာဖို့ အိပ်ချိန် ၇ နာရီမှ ၉ နာရီ ကြားရှိဖို့လို သည်ဟု ယေဘုယျ သတ်မှတ် ထားသည်။

          အမေရိကန် နိုင်ငံတွင် ကောက်ယူ ထားသော Gallup စစ်တမ်း အရ အမေရိကန် နိုင်ငံသား ၄၀ ရာခိုင်နှုန်း နီးပါး သည် တစ်ရက် ကို အိပ်ချိန် ၇ နာရီထက် နည်းနေ ကြောင်း သိရသည်။ ခန့််မှန်းခြေ အားဖြင့် အမေရိကန် နိုင်ငံသား သန်း ၇၀ လောက် အိပ်ရေး မ၀ခြင်း ဆိုင်ရာ ပြဿနာများ ဖြစ်ပွား နေကြသည်။ အခြား ကမ္ဘာ့နိုင်ငံများ တွင်လည်း အလား တူပြဿနာ များ ဖြစ်ပွား နေသည်။

          အိပ်ရေး ၀ဖို့လိုတာ လူတိုင်း သိကြ သည်။ အိပ်ရေး မ၀ရင် ဘာတွေဖြစ် လာနိုင်လဲပါ သိထားကြရင် အိပ်ရေး ၀အောင် အိပ်ဖို့ ပိုဂရုစိုက် ဖြစ် လာမည် ဖြစ်သော ကြောင့် ယခု ဆောင်းပါး တွင် ဖော်ပြ သွားမည်ဖြစ် သည်။

၁။ လူရော စိတ်ပါ ရီတီတီ ဝေတေတေ။

          အိပ်ရေး မ၀သည့် အခါ လူက ရီတီတီ ဝေတေတေ နဲ့ ဘာလုပ်လုပ် လေးကန် ထိုင်းမှိုင်းသည်။ ထိုသို့ ဖြစ်နေချိန် တွင် စိတ်ကသိက အောက် ဖြစ်စရာ ကြုံရသည့် အခါ ပုံမှန်ထက် ကသိကအောက် ဒဏ်လည်း ပိုခံရသည်။ အစ္စရေး သုတေသန ပညာရှင်များသည် ဆေးကျောင်းသား များ နှင့် စမ်းကြည့် ထားသည်။ အိပ်ရေး ၀နေချိန် အပြု အမူ နှင့် အိပ်ရေး မ၀ချိန် အပြုအမူ များကို နှိုင်းယှဉ် စစ် ဆေးသည်။ ဆေးကျောင်းသား များကို လုပ်စရာ အလုပ် များ ပေးလိုက် သည်။ လုပ်နေစဉ် အတွင်း အနှောင့် အယှက် လေးများ ပေးကြည့် သည်။ အိပ်ရေးဝ နေချိန်တွင် အနှောင့်အယှက် ကို ပုံမှန် အတိုင်း တုံ့ပြန် ဖြတ်သန်း ကြသော် လည်း အိပ်ရေး မ၀ ဖြစ်နေချိန်တွင် ကား အနှောင့် အယှက် တွေ့သည့်အခါ ဒေါသ ထွက်ခြင်း၊ စိတ်ပျက် ခြင်း၊ အလုပ်ဆက် မလုပ် တော့ခြင်း၊ အမှား အမှား အယွင်း ယွင်းတွေ လုပ်ခြင်းများ ထိ ဖြစ်ကုန်ကြသည်။

၂။ ခေါင်းမူး ခေါင်းကိုက်။

          အိပ်ရေး မ၀ရင် ဘာကြောင့် ခေါင်းမူး ခေါင်းကိုက် ဖြစ်လဲ သိပ္ပံ ပညာရှင်များ ယခုထိ တိကျသော သက်သေ မထောက်ပြ နိုင်သေး။ အိပ်ရေး မ၀သည့် အခါ ဦးနှောက် အတွင်း မာဂျရင်းဓာတ် တက်လာ တာတော့ တွေ့ရှိထား သည်။ မာဂျရင်း သည် ခေါင်းမူး ခေါင်းကိုက် ခံစားချက် ပေါ်စေသော ဓာတ်ဖြစ်သည်။ မည်သည့် လှုံ့ဆော် မှုက  မာဂျရင်း တိုးလာအောင် လုပ်ကြောင်း ကိုကား လေ့လာ ဆဲဖြစ်သည်။ လက်တွေ့ သုတေသနများ အရ ညဘက် အိပ်ရေးမ၀သူ (၆၀) ရာခိုင်နှုန်း နီးပါး မနက် နိုးရင် ခေါင်းတွေအုံ၊ ခေါင်းတွေ ကိုက်နေ တတ်သည်။

၃။ သိမှတ် လေ့လာနိုင်စွမ်း ကျဆင်း စေသည်။

          အိပ်ရေး မ၀ခြင်း သည် ဦးနှောက် မှတ်ဉာဏ် အလုပ် လုပ်နိုင်စွမ်း ကို ကျဆင်း စေသည်။ မှတ်သား နိုင်စွမ်း ကိုလည်း ထိခိုက် သည်။ ပထမ တစ်ရက်တွင် လေ့လာ မှတ်သား ထားသည်များကို နောက် တစ်ရက်တွင် မှတ်မိ နိုင်စွမ်း ပြန် စစ်ဆေးရာ ညမှာ အိပ်ရေး ၀အောင် အိပ်ထားသူများ အများဆုံး မှတ်မိကြပြီး အိပ်ရေး မ၀သူများ သည် ပြန်မှတ်မိမှု အနည်းဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ကျောင်းသား လူငယ်များ မှတ်သား နိုင်စွမ်း၊ လေ့လာ သင်ယူ နိုင်စွမ်း မြင့်မားလိုပါ ကလည်း အိပ်ရေးဝ အောင် အိပ်ဖို့ လိုကြောင်း သုတေသန ပေါင်းများစွာက လမ်းညွှန် ထားပြီး ဖြစ်သည်။

၎။ ၀လာ တတ်သည်။

          အိပ်ရေး မ၀သည့် အခါ ခန္ဓာကိုယ် တွင်း ဟိုမုန်းမျှ ခြေပျက် တတ်သည်။ ထိုအခါ စားချင် သောက်ချင် စိတ် ပိုဖြစ်တတ် သည်။ ကယ်လိုရီ များများ အစားအစာ များကို ပိုတောင့် တသည်။ စိတ်ကို အလို လိုက်ပြီး မတရား စားချင် လာသည်။ ထိုအပြုအမူ သည် လူကို ကျိန်းသေ ၀ိတ် တက်စေမည်။ အိပ်ရေးဝ အောင် အိပ်ပါမှ ဟိုမုန်းမျှ ခြေ ပြန်ရှိ လာကာ ကျန်းမာသော စားသောက်မှု ပုံစံ ပြန်ဖြစ် လာမည်။

၅။ အမြင် အာရုံပါ ထိခိုက်သည်။

          အိပ်ရေးမ၀ သည့်အခါ အမြင် မပြတ် သားတာများ ပါ ဖြစ်တတ် သည်။ ကြည့်လိုက်ရင် လှိုင်းတွေ ထနေ သည်။ နှစ်ထပ် သုံးထပ် ဖြစ်နေသည်။ ငြိမ်နေသော အရာသည် ပင် လှုပ်နေသည်ဟု မြင်တတ် သည်။ မအိပ်ရ ဘဲ ကြာကြာ နေရလေ ထိုပြဿနာ ကြီး လာလေဖြစ် သည်။ သတင်းကောင်း ကား အိပ်ရေး ၀အောင် အိပ်လိုက် လျှင် ထိုပြဿနာ များ ပျောက်ကင်း သွားခြင်းဖြစ်သည်။

၆။ နှလုံး ဒုက်္ခပေးမည်။

          လေ့လာခံ သူများကို (၈၈) နာရီကြာ မအိပ်ခိုင်းဘဲ လေ့လာ စောင့်ကြည့်သည်။ ထိုသူများ သွေးတွေ သိပ်တိုး လာတာတွေ့ရသည်။ နှလုံး သည် ပုံမှန်လမ်းကြောင်း မှ သွေဖီ လာခြင်းဖြစ်သည်။ နောက်ထပ် လေ့လာမှု တစ်ခု တွင် လေ့လာ ခံသူများကို တစ်ည လေးနာရီသာ အိပ်ခိုင်း သည်။ ထိုသူများ နှလုံး အလုပ် လုပ်ပုံကို တစ်ည ရှစ်နာရီ အိပ်ရသူများနှင့် ယှဉ်ကြည့် သည်။ လေးနာရီ သမားများ နှလုံးတွေ တဒုတ်ဒုတ် ပိုခုန်ပြီး သွေးတွေ ပိုတိုး နေတာ တွေ့ရသည်။ ရှစ်နာရီ သမားများကား နှလုံးပုံမှန် အလုပ် လုပ်ပြီး မည်သည့် လက္ခဏာမျှ မပေါ်ပေါက်သည်ကို တွေ့ရသည်။ အခြား လေ့လာမှု တစ်ခုတွင်လည်း အိပ်ရေး မ၀သူများ ၌ C-reactive ပရိုတိန်း သည် ရှိသင့်သည် ထက် ပိုများနေ သည်ကို တွေ့ရသည်။ ထိုပရိုတိန်း သည် နှလုံး ပြဿနာ ဖြစ်စေသော အဓိက လက်သည် တစ်ခုဖြစ်သည်။

၇။ လေးတိ လေးကန်၊ နှေးတိနှေးကွေး။

          အိပ်ရေးမ၀ သည့်အခါ လူက ထိုင်းမှိုင်း လေးကန် ကာ တုံ့ပြန် နိုင်စွမ်း ကျဆင်းသည်။ West point စစ် တက္ကသိုလ် ဗိုလ်လောင်းများ နှင့် စမ်းသပ်မှု တစ်ခုပြုသည်။ အလျှင်အမြန် ဆုံးဖြတ်ချက် ချပြီး ချက်ချင်း လုပ်ရမည့် အလုပ်များ ကို လုပ်စေကာ စမ်းသပ် သည်။ အစု နှစ်စုခွဲ သည်။ နှစ်စုလုံး ကို အိပ်ရေးဝ သည့် အနေ အထားဖြင့် ပထမ တစ်ခေါက် လုပ်ခိုင်းသည်။ ရလဒ်များ ကို မှတ်တမ်း တင်သည်။ ထို့နောက် တစ်စုကို သာအိပ်ရေးဝ အောင် အိပ်ခိုင်းပြီး နောက် တစ်စုကို အိပ်ရေးပျက် အောင် လုပ် ထားသည်။ ဒုတိယ အကြိမ် စမ်းသပ် သည်တွင်ကား ပထမ အစု သည် ရလဒ် ပိုကောင်း လာသည့်တိုင် အိပ်ရေးပျက် သောအစုကား ရလဒ် ပိုဆိုးဝါး သွားသည်ကို တွေ့ရသည်။ တက္ကသိုလ် ကျောင်းသား များနှင့် လုပ်ထား သော အလား တူလေ့လာမှု တွင် လည်း အလားတူ ရလဒ် သာထွက်ကြောင်း တွေ့ရသည်။

၈။ ရောဂါကူးဖို့ ပိုလွယ်သည်။

          အိပ်ရေးမ၀ပါက ခန်္ဓာကိုယ် ခုခံအားစနစ်ပါ လေး လံထိုင်းမှိုင်းသဖြင့် ပြင်ပမှ ကူးစက်ရောဂါများ ပိုဝင် ရောက်ကြောင်း သုတေသနပေါင်းများစွာက ဖော်ပြထား ပြီးဖြစ်သည်။ နေ့စဉ်နဲ့အမျှ အိပ်ရေးပျက်သူကော တစ်ည နှစ်ညလောက် အိပ်ရေးပျက်သူပါ သူ့အတိုင်းအတာနဲ့သူ ခုခံအားစနစ် ကျဆင်းကြသည်။ အိပ်ရေးဝအောင် အိပ် ခြင်းသည် ခန်္ဓာကိုယ် ခုခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးခြင်းဖြစ်သည်။

၉။ စိတ် ဂနာမငြိမ်။

          စာတစ်ကြောင်း နှစ်ကြောင်းဖတ်ပြီး စိတ်က ဟို ရောက်ဒီရောက်၊ တစ်ခုခု ကြည့်နေတုန်း နောက်တစ်ခုစီ ဟိုခုန်ဒီခုန် ဖြစ်နေပါသလား။ ဒါဆို အိပ်ရေးမ၀လို့ ဆိုတာ သတိရပါ။ အိပ်ရေးမ၀ခြင်းကြောင့် ဦးနှောက် ထိုင်းမှိုင်းနေပါက အာရုံစိုက်ရသော အလုပ်မျိုး ကြာကြာ မလုပ်နိုင်။ အာရုံစိုက်နိုင်စွမ်းမြင့်မားပြီး ထက်မြက်သွက် လက်သော ဦးနှောက်ဖြစ်ဖို့ အိပ်ရေးဝအောင် အိပ်ခြင်း ထက် ပိုကောင်းသော ဆေးမရှိ။

၁၀။ ယာဉ်တိုက်မှု။

          မူးရင် မမောင်းနဲ့ မောင်းရင် မမူးနဲ့ကိုသာ လူသိ များသည်။ ငိုက်ရင် မမောင်းနဲ့ မောင်းရင် မငိုက်နဲ့ကို လူသိနည်းနေသေးသည်။ ယာဉ်တိုက်မှုများကို ဆန်းစစ် ကြည့်သည်တွင် မူးလို့ တိုက်ခြင်းနှင့် ငိုက်လို့ တိုက်ခြင်း ဆတူလောက်ကိုရှိသည်။ အထူးသဖြင့် အဝေးပြေးလမ်း များပေါ်တွင် ငိုက်လို့တိုက်ခြင်းသည် အကြီးဆုံးပြဿနာ ဖြစ်သည်။ ဖြစ်နိုင်သမျှ အိပ်ရေးဝအောင် အိပ်ပြီးမှ ကား မောင်းခြင်းသည် အန်္တရာယ်အကင်းဆုံးဖြစ်သည်။

၁၁။ လိင်စိတ်ပါ ကုန်ခမ်းသည်။

          အမျိုးသား ရော အမျိုးသမီးမှာ ပါ တက်စတို စထရုန်းဟိုမုန်း  သည် လိင်စိတ်ဖြစ်အောင် နှိုးဆွပေးသည်။ အိပ်စက်ခြင်း သည် တက်စတို စထရုန်းပမာဏ ကို မြင့်တက် စေပြီး အိပ်ပျက်ခြင်း က ကျဆင်း စေသည်။ အိပ်ပျက် ခြင်းကြောင့် အိပ်ရေးမ၀သည့် အခါ လိင် စိတ်ပါ ကုန်ခမ်း ကျဆင်း သည်ကို လူတိုင်း ကြုံဖူးကြ မည်။ အိပ်ရေး ၀ပါမှ လူကလန်းဆန်း ကာ လိင် စိတ်ပါ ပုံမှန်ရှိနေ သည်။ လိင် စိတ်ပုံမှန် ရှိခြင်းသည် ကျန်းမာသော လူတစ် ယောက် ၏ လက္ခဏာ တစ်ရပ်ဖြစ်ပြီး ကျန်းမာသော လိင် စိတ် ရှိခြင်းသည် လူကို စိတ်ကျခြင်းမှ လည်း ကာကွယ် ပေးသည်။

၁၂။ မပျော်ရွှင်၊ စိတ်ကျ။

          လေ့လာမှု စစ်တမ်း တစ်ခုတွင် အလုပ်ခွင် ထဲမှ အမျိုးသမီး (၉၀၉) ဦး ပါဝင် သည်။ ၄င်း တို့ကို မပျော်ရွှင် စေသည့် နေ့စဉ် ဘ၀ အဖြစ်အပျက် များကို နေ့စဉ် မှတ်တမ်း ရေးသား စေသည်။ တစ်နှစ်ခန့် စောင့်ကြည့် လေ့လာပြီး နောက် မပျော်ရွှင် စေသော အကြောင်းရင်း များကို ခွဲခြား စိစစ်ကြည့် သည်။ ထိုအခါ အားလုံး မှာ တူနေသော မပျော်ရွှင် စေသည့် အချက်ကြီး နှစ်ချက် ထွက်လာသည်။ ပထမ တစ်ချက် ကား အိပ်ရေး မ၀ခြင်း သည် နေ့စဉ် ဘ၀ ပျော်ရွှင်မှု ကို အဖျက်ဆီးဆုံး ဟူ၍ဖြစ်သည်။ (နောက် တစ်ချက် ကား အလုပ်ထဲ မှာ အချိန်ကိုက်ပြီး အောင် လျှာထွက် မတတ် လုပ်ရခြင်း ဟု ဆိုသည်။)

၁၃။ သေဆုံး နိုင်ခြေ ပိုများ။

          အိပ်ရေး မ၀ခြင်း သည် ကျန်းမာရေး ပြဿနာ များစွာ ၏ အရင်းခံ အကြောင်းရင်းဖြစ်သည် ကား လေ့လာမှု စစ်တမ်း များစွာက ထောက်ပြ ထားပြီးဖြစ်သည်။ နှစ်ရှည် စောင့်ကြည့် လေ့လာမှုများ အရလည်း နေ့စဉ် ရက်ဆက် (၇) နာရီ (၈) နာရီထက် နည်းစွာ အိပ်စက် ရသူများကား ပုံမှန် အိပ်ရေးဝ သူများထက် စောစီးစွာ သေဆုံး နိုင်ခြေ ပိုများ ကြောင်း တွေ့ရသည်။ လူတိုင်း အချိန်တန် လျှင် သေဆုံးကြ ရမည်ဖြစ်သော် လည်း အိပ်ရေး မ၀ခြင်း ပြဿနာ ရေရှည် ကြုံရပါက ထိုသူများ သည် ပို၍စောစီးစွာ သေ ဆုံးနိုင်ခြေပို များကြောင်း လေ့လာမှု စစ်တမ်းများ က ထောက်ပြ နေကြသည်။

Ref: Horrible Things That Happen If You Don't Get Enough Sleep by BMC Immunology (Business Insider)

ကိုထိုက်
Messenger News Journal


အပြည့်အစုံသို့ »

ချောင်းသာကမ်းခြေ ဆိုင်ခန်း ၃၀၀ ကျော်ကို အာဏပိုင်တွေ ၀င်ရောက်ဖျက်ဆီး


ချောင်းသာကမ်းခြေနဲ့ စေတီပုံ
photo: Internet
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံ မြို့နယ်ခွဲ၊ ချောင်းသာကမ်းခြေတစ်လျှောက် ဈေးဆိုင် ခန်းငယ် ၃၀၀ နီးပါးလောက်ကို ဒီနေ့ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စည်ပင်နဲ့ တာဝန်ရှိသူတွေက ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ချောင်းသာကမ်းခြေက ဈေးဆိုင်ခန်းငယ်တွေ ဖယ်ရှားပေးဖို့ အရင်ကတည်းက အသိပေးပြီးသားလို့ သိရပါတယ်။ ဈေးသည်တွေက အစားထိုးနေရာချ ထားပေးဖို့ တောင်းဆိုပေမယ့် မရခဲ့ဘူး လို့ ချောင်းသာကမ်းခြေ ဈေးသည်တစ်ဦးဖြစ်သူ မနှင်းအိအိခိုင်က ပြောပါတယ်။

"မနေ့ကတော့ သူတို့ လော်စပီကာနဲ့ပေါ့နော် မနက်ဖြန်ဈေးမရောင်းနဲ့ ရောင်းတာတွေ့ရင် ပစ္စည်းတွေသိမ်းမယ်၊ ဒီကမ်းခြေမှာ ရောင်းပိုင် ခွင့်မရှိဘူးလို့ လာအော်သွားတယ်၊ အခုစနေ၊ တနင်္ဂနွေက ဧည့်သည်ကျတဲ့ရက်ဖြစ်နေတယ်၊ သူတို့က ဒီရက်လေးတွေပဲ ဧည့်သည်ကို ဈေးရောင်းစားနေရတာလေ၊ အဲတော့သူတို့လည်းထွက်တယ်၊ ထွက်တော့ဖမ်းတယ်ပေါ့၊ ဈေးမရောင်းနဲ့လို့ ပြောထားပေမယ့် ချောင်းသာကလူတွေက ကမ်းခြေက ဧည့်သည်တွေကိုပဲ မှီခိုပြီးရောင်းဝယ်စားနေရတာ၊ ကျမတို့ကို ဘယ်ပုံဘယ်နည်းရောင်းရမယ်ဆိုတာ စည်းကမ်းသတ်မှတ်ပေးပါဆိုပြီး ပြောပြတာ သူတို့ကလက်မခံဘူး၊ ပစ္စည်းတွေပါ အကုန်သိမ်း၊ ခုံတွေပါအကုန်သိမ်း၊ လုပ်စားစရာမရှိအောင် အဲလိုမျိုးဖြစ်နေကြတာ"

အဲ့ဒီဈေးသည်တွေဟာ ချောင်းသာကမ်းခြေမှာ ပင်လယ်စာနဲ့ ပင်လယ်ထွက်ပစ္စည်းတွေကို ရောင်းချနေ သူတွေ ဖြစ်ပါတယ်။

အရင်ကလည်း ချောင်းသာကားလမ်းတစ်လျှောက်မှာရှိတဲ့ ဆိုင်ခန်းတွေကို ဖယ်ရှားခိုင်းပြီး ဆိုင်ခန်းအသစ် တစ်ခန်းကို ကျပ်သုံးသိန်းနှုန်းနဲ့ ပြန်လည်နေရာချထားပေးခဲ့ပါတယ်။ အခု ဖျက်ဆီးခံရတဲ့ ဈေးသည်တွေဟာ ဆိုင်ခန်းခမတတ်နိုင်သူတွေလို့ ဆိုပါတယ်။

RFA

အပြည့်အစုံသို့ »

MH ၃၇၀ မလေးရှားလေယာဉ် ဗီယက်နမ်တောင်ဘက်စွန်းနား ပျက်ကျဖွယ်ရှိ



မလေးရှားလေကြောင်းလိုင်း အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Ahmad Jauhari Yahyain လေယာဉ်ပျောက်ဆုံးမှု သတင်းစာရှင်းလင်းပွဲ။ (မတ်လ ၈၊ ၂၀၁၄)


မလေးရှားလေကြောင်းလိုင်းရဲ့ လေယာဉ်ပျောက်သွားတဲ့နေရာနားမှာ ရေနံလောင်စာဆီကွက်ကြီး ၂ ခုကို ဗီယက်နမ်ရှာဖွေ ကယ်ဆယ်ရေး လေယာဉ်တွေက တွေ့ရှိခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့တောင်ဘက်စွန်းနားမှာတွေ့ရတဲ့ လောင်စာဆီကွက်ကြီး ၂ ခုရှိတဲ့နားကို ကယ်ဆယ်ရေးသင်္ဘောတွေကို စေလွှတ်ထားတယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။

၆ မိုင်ကနေပြီး ၉ မိုင်လောက် ရှိတယ်ဆိုတဲ့ ဆီကွက်ကြီးတွေကို တွေ့ရှိမှုဟာ မလေးရှားကနေ တရုတ်နိုင်ငံဆီ ပျံသန်းသွားစဉ် ပျောက်သွားတဲ့လေယာဉ်အတွက် နောက်ဆုံးရတဲ့သဲလွန်စကြီးဖြစ်ပါတယ်။

ကွာလာလာမ်ပူမြို့တော်ကနေ ဘေဂျင်းမြို့ဆီကို ပျံသန်းသွားတဲ့လေယာဉ်ပေါ်မှာ ခရီးသည်နဲ့လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ယောက် ပါသွားပါတယ်။

လေယာဉ်ပျံတဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့နေရာလို့ ဗီယက်နမ်တာဝန်ရှိသူတွေ ပြောတဲ့ ဗီယက်နမ်နိုင်ငံ၊ အနောက်တောင်ပိုင်း သောင်ချူးကျွန်း ( Tho Chu) ရဲ့ အနောက်တောင်ပိုင်း ကမ်းလွန် မိုင် ၁၅၀ လောက်မှာ အဓိက အာရုံစိုက်ပြီး နိုင်ငံစုံက ရှာဖွေရေးတွေကို လုပ်နေကြပါတယ်။

မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့က သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ပျောက်ဆုံးသွားတဲ့လေယာဉ်ကို ရှာဖွေနေကြတာပါ။

ကွာလာလာမ်ပူမြို့တော်ကနေ ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာထွက်ခွာသွားတဲ့ ခရီးစဉ် MH ၃၇၀ လေယာဉ်ဟာ ပျံတက်ပြီးတော့ တစ်နာရီလောက်အကြာမှာပဲ အဆက်အသွယ်အားလုံးပြတ်သွားတယ်လို့ မလေးရှားလေကြောင်းက ပြောပါတယ်။

ခရီးသည်တွေထဲမှာ တရုတ်လူမျိုး ၁၅၂ ယောက်၊ မလေးရှား ၃၈ ယောက်၊ အမေရိကန် ၄ ယောက်အပါအဝင် စုစုပေါင်း နိုင်ငံ ၁၄ ခုက
ခရီးသည်တွေဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ Facebook စာမျက်နှာမှာလည်း ဖော်ပြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အပြည့်အစုံသို့ »

စနေညပွဲစဉ်ရလဒ်များ-၁


ပရီးမီးယားလိဂ် ဘက်ခြမ်းမှာ အသင်းကြီးတွေ အောင်ပွဲခံနိုင်ခဲ့ သလို ဘွန်ဒက်စ်လီဂါမှာလည်း ဘိုင်ယန်မြူးနစ်၊ ရှော်လ်ကေးတို့လို အသင်းကြီးတွေ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ ဒါတင်မက အက်ဖ်အေဖလား ပွဲစဉ်မှာ အာဆင်နယ်က အဲဗာတန်ကို ပွဲချိန်နှောင်းပိုင်း သွင်းဂိုးတွေကြောင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး လီဂူး-၁မှာလည်း ပီအက်စ်ဂျီ (၃)ဂိုးပြတ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လာလီဂါမှာတော့ မက်ဆီ၊ နေမာ၊ ဖာဘရီဂတ်စ်တို့နဲ့ လူစုံခဲ့တဲ့ ဘာစီလိုနာ အဝေးကွင်း ရှုံးပွဲကြုံသွားခဲ့တာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရလဒ်များ

ဝက်စ်ဘရွန်း ၀-၃ မန်ယူ

ကာဒစ်ဖ် ၃-၁ ဖူလ်ဟမ်

ခရစ္စတယ်ပဲလေ့စ် ၀-၁ ဆောက်သမ်တန်

နောဝစ်ခ်ျ ၁-၁ စတုတ်စီးတီး

အက်ဖ်အေဖလား ကွာတားဖိုင်နယ်

အာဆင်နယ် ၄-၁ အဲဗာတန်

ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၂၄)ရလဒ်များ

ဟမ်းဘတ် ၁-၁ ဖရန့်ဖတ်

ဟန်နိုဗာ ၁-၁ လေဗာကူဆင်

ဝုဖ်ဘတ် ၁- ၆ ဘိုင်ယန်မြူးနစ်

ရှော်လ်ကေး ၄-၁ ဟော့ဖန်ဟိမ်း

စတုဂတ် ၂-၂ ဘရွန်ရှဝစ်

ဂလာဘတ် ၁-၂ အော့စ်ဘတ်

လာလီဂါပွဲစဉ်(၂၇)ရလဒ်

ဗယ်လာဒိုးလစ် ၁-၀ ဘာစီလိုနာ

လီဂူး-၁ ပွဲစဉ်(၂၈)ရလဒ်

ဘက်စတီးယား ၀-၃ ပီအက်စ်ဂျီ

@z (ရိုးရာလေး)

အပြည့်အစုံသို့ »

အစိုးရက အမျိုးဘာသာ သာသနာ ဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင် ဖွဲ့စည်း


ရန်ကုန်တိုင်း အင်းစိန်မြို့ တောရ တပ်ဦးကျောင်း၌ ကျင်းပသောအမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် မျိုးစောင့်ဥပဒေကို ထောက်ခံနေသည့် မြစေတီဆရာတော် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ဆရာတော်ကြီး၏ ပန်ကြားချက်နှင့်အညီ ဥပဒေများ ရေး ဆွဲပြဌာန်းရေးအတွက် ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ ယမန်နေ့က သ၀ဏ်လွှာ ပေးပို့ကြောင်း သတင်းရရှိသည်။

လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရည်တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ တို့ကို ပြည်ထောင်စု တရားလွှတ်တော် ချုပ်က ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနှင့် တလင် တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေတို့ကို အစိုးရက ကော်မရှင် တရပ်ဖွဲ့စည်းဆောင်ရွက်မည်ဟု လွှတ်တော်သို့ အသိပေးလာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။

“မဏ္ဍိုင်ကြီး ၃ ရပ်မှာ သူနဲ့ဆိုင်တဲ့ ဥပဒေကြမ်းတွေကို ခွဲယူတဲ့ သဘောပဲ၊ ကော်မရှင်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါမှာမဟုတ်ဘူး၊ အစိုးရကပဲ ဦးဆောင်လုပ်မှာ” ဟု ဦးဖေသန်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အစိုးရက ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင် တရပ် ဖွဲ့စည်း တာဝန် ပေးအပ်လိုက်ကြောင်း မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ရုံးကလည်း ထုတ်ပြန်ထားသည်။

အဆိုပါ ကော်မရှင်တွင် ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး က ဥက္ကဌ၊ ဦးဝင်းမြင့် လ၀က ဒု ၀န်ကြီး က ဒု ဥက္ကဌ၊ သာသနာရေး ဒု ၀န်ကြီး ဒေါက်တာ မောင်မောင်ဌေး က ဒု ဥက္ကဌ စသူတို့ဖြင့် ဦးဆောင် ဖွဲ့စည်းထားပြီး စုစုပေါင်း ၁၂ ဦး ပါဝင်သည်။

ရဟန်းရှင်လူ ပြည်သူများက နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြလာမှုအရ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေများ ပြဌာန်းနိုင်ရေးအတွက် ဥပဒေကြမ်းများ ရေးဆွဲခြင်းကို အစိုးရအဖွဲ့မှ ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု လွှတ်တော် နာယက က ပြန်ကြားလာပါသည်ဟုလည်း သမ္မတ ရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြေင့် ဘာသာရပ် ဆိုင်ရာ အတွေ့အကြုံရှိသော ပညာရှင်များဖြင့် ကော်မရှင် တရပ် ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိပ်မြား ခြင်းဆိုင်ရာ ဥပဒေ၊ တလင် တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်း ဥပဒေများ ပြဋ္ဌာန်းရခြင်းမှာ အမျိုးဘာသာ သာသနာနှင့် တိုင်းပြည်အကျိုးကို စောင့်ရှောက်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဖြစ် ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် နိုင်ငံတော် ဩဝါဒစရိယ ဆရာတော်လည်းဖြစ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၏ တင်ပြမှုနှင့် ရဟန်းရှင်လူ ပြည်သူ ၁၃ သိန်း ကျော် (လူဦးရေ ၁၃၃၅၆၀ဝ ဦး) က လက်မှတ်ရေးထိုး တင်ပြလာခြင်းကြောင့် ယခု ဥပဒေများကို လွှတ်တော်သို့ ပြဋ္ဌာန်းပေး ရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို မျိုးစောင့်ဥပဒေကို နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ဥပဒေပြုရန်ပေးပို့ခြင်းမှာ နိုင်ငံရေးအတွက် အသုံးချရန် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောကြားသည်။
ထိုသို့ ပေးပို့လာသည့်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပြန်လည် စိစစ်တင်ပြရန် လွှတ်တော်က တောင်းဆိုထားကြောင်း လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောဆိုသည်။

“သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပြန်တောင်းဆိုထားတယ်၊ ဒီမှာသူတို့မှာရှိတဲ့ ဥပဒေတွေကို ပြင်ဆင်တာလည်းရှိမယ်၊ အသစ်ဆွဲ တာလည်း ရှိမယ်၊ သူတို့က ဆောင်ရွက်လာပြီးလို့ တင်လာရင် လွှတ်တော်အနေနဲ့ သူ့လုပ်ထုံး လုပ်နည်းအတိုင်း ဆွေးနွေး အတည် ပြုသင့်ရင် ပြုမယ်၊ လွှတ်တော်အမတ်တွေက ဆွေးနွေးပေါ့၊ အဆင့်ဆင့်ဆွေးနွေးမှာပါ”ဟု ၎င်းက ပြောသည်။

လွှတ်တော်အနေဖြင့် မည်သည့် ဥပဒေမဆို လွှတ်တော်မူဝါဒ လုပ်ထုံးလုပ်နည်းအတိုင်း ဆွေးနွေးမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ဥပဒေ(၄)ခုနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများအပြင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီဌာန၊ နိုင်ငံခြားရေးဝန် ကြီးဌာနနှင့် လွှတ်တော်ရေးရာ ကော်မတီများသို့ပါ အကြံဉာဏ် တောင်းယူထားကြောင်း သူရဦးရွှေမန်း က ဆိုသည်။

“လွှတ်တော်အနေနဲ့က အမျိုးသား အကျိုးစီးပွား ထိခိုက်စေမယ့် ဥပဒေကလွဲရင် ကျန်တာကိုဆွေးနွေး အတည်ပြုပေးမယ်၊ ဒီဥပဒေ ကြောင့် နိုင်ငံမှာအခက်ခဲတွေ ဖြစ်လာနိုင်တယ်ဆိုပေမယ့် ဝန်ကြီးဌာနက အဲဒီလိုကြားထဲကတင်လာရင်လည်း ပြည်သူအကျိုးစီးပွားဖြစ်စေတာ၊ အမျိုးသား အကျိုးစီးပွားဖြစ်စေတယ်ဆို ဥပဒေပြုပေးမယ်၊ ပြည်သူအကျိုးစီးပွား ဖြစ်စေတာ၊ အမျိုးသားအကျိုးစီးပွားဖြစ် စေအောင်လည်း လွှတ်တော်အနေနဲ့ လုပ်ဆောင်ပေးမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ထက်နိုင်ဇော်နှင့် မေခ ပူးပေါင်း ရေးသားသည်။

ဧရာဝတီ

အပြည့်အစုံသို့ »