ခရမ်းချဉ်သီးကို စားမယ်ဆိုရင်


နွေရာသီကို ရောက်လာတာနဲ့ ဝမ်းတွင်းကို အေးစေနိုင်တဲ့ အစားအစာတွေကို မှီဝဲပေးဖို့ မပေးပါနှဲ့။
ဝမ်းတွင်းကို အေးစေတဲ့ အစားအစာတွေထဲကမှ ခရမ်းချဉ်သီးမှ ရရှိတဲ့ ကျန်းမာရး အကျိုးကျေးဇူးတွေကို
ရေးသား လိုက်ရပါတယ်။

(၁) သွေးဖိအားကို ထိန်းပေးပါတယ်။

(၂) ၇င်သားကင်ဆာ အတွက် အထူးပင်ကောင်းမွန်ပါတယ်။

(၃) အသားအရေကို ကြည်လင်တောက်ပြောင် လာစေနိုင်ပါတယ်။

(၄) ခန္ဓာကိုယ်အတွက် ခွန်အားကိုလည်း ပေးပါတယ်။

(၅) ကိုလက်စရောဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ကြက်ဥ သံပုရာသီးနှင့် ဝက်ခြံပျောက်အောင် ကုမယ်


အလွန်ကောင်းတဲ့ နည်းလေးမို့ မျှဝေလိုက်ရပါတယ်။

အသုံးပြုပုံလေးကတော့

ကြက်ဥ ၁ လုံး၏ အနှစ်ထဲကို သံပုရာသီး ၁ ခြမ်းညှစ် ထည့်ပါ။ ပြီးနောက် သမအောင် ခလောက်လိုက်ပါ။ ထို့နောက် မျက်နှာနှင့်လည်ပင်း အနှံ့လိမ်းပါ။ မိနစ် ၂၀ ခန့်ထားပါ။

ရေဖြင့်ဆေးကြောပါ။ ထိုနည်းအတိုင်း ၁ ပတ် ၁ ခါပြုလုပ်ပါက သင့်မျက်နှာ ဝက်ခြံကင်းပြီး ချောမွေ့သော အသားအရည်ကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

Rahema Bebe
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

တရားနာကြတယ် ဆိုတာ . . .


တုံးနေတဲ့ မိမိရဲ့အသိစိတ်ကလေးကို တရားကျောက်ပျဉ်ပေါ်တင်ပြီး ထက်နေအောင် သွေးပေးတာပါ။
မနက်အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အတွင်း အာရုံမျိုးစုံ၊ ဟုတ်တဲ့အာရုံရော, မဟုတ်တဲ့အာရုံရော,
ခုတ်ထစ်နေတဲ့ ဟောဒီအသိစိတ်ကလေးဟာ အာရုံမျိုးတွေ စုံလာတော့ တုံးသွားတယ်၊ တုံးနေတတ်တယ်။
...
အသိစိတ်တုံးနေချိန်မှာ လက်တစ်ကမ်းမှာ ကုသိုလ်ဖြစ်ခွင့်တွေ တန်းစီနေပေမယ့် ကုသိုလ်မဖြစ်လိုက်ပဲ
လက်လွှတ်လိုက်ရတာတွေ အများကြီး။
လက်ထဲမှာ ကုသိုလ်ထုပ်ကြီးတွေ ကိုင်ထားရက်သားနဲ့ ကုသိုလ်ထုပ်မှန်း မသိလိုက်ဖူး။
လက်လွှတ်ဆုံးရှုံးရတာတွေ အများကြီး။

ဒါကြောင့် မိမိအသိစိတ်ကို တရားကျောက်ပျဉ်ပေါ်တင်ပြီးမှ တရားနာကြားခြင်း၊ တရားနှလုံးသွင်းခြင်း၊
တရားဆင်ခြင်ခြင်းဖြင့် ထက်နေအောင် သွေးပေးတာ။

တရားနာကြတယ်ဆိုတာ အာရုံမျိုးစုံနဲ့ ရောပြီးနေတဲ့ စိတ်ကလေးကို
"ကိုယ်ပိုင်အလုပ် စတော့မယ်။ စိတ်ကလေး ကိုယ့်နေရာ ကိုယ်နေပါ"လို့
နေရာချပေးတာလည်း ဖြစ်ပါတယ်။

အာရုံမျိုးစုံတွေထဲမှာ ပြေးလွှားနေရတဲ့ ညစ်နွမ်းပေကျံနေသော စိတ်ကလေးကို တရားရေစင်ရေအေးဖြင့် သန့်စင်သွားအောင်
ဆေးကြောပွတ်တိုက် သုတ်သင်ရှင်းလင်းပေးခြင်းလည်း ဖြစ်ပါတယ်။

( ယောဆရာတော်ဘုရားကြီး )

အပြည့်အစုံသို့ »

အရှိန်မထိန်းဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများဝင်တိုက်


နေပြည်တော်၊ မတ် ၁၆

၂၀၁၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၆/၅-၆)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာနေ ကျော်သူ(၂၅)နှစ် မောင်းနှင်လာသော ၁င/xxxx တိုယိုတာကိုရိုလာဗင်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများအားဝင်ရောက်တိုက်မိပြီး လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုကြောင့် ကျော်သူတွင် ယာတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မိတ္ထီလာမြို့နေ ဇေယျာဝင်း(၃၁)နှစ်တွင် ယာခြေဖမိုးဖူးရောင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ၁င/xxxxယာဉ်မှာ ၀ဲ/ယာရှေ့ဘီးပေါက်/ ရှေ့လေကာမှန်ကွဲ/ခေါင်းပိုင်းပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်သူအား ပြင်စည်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပြည့်အစုံသို့ »

ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် ယာဉ်တိမ်းမှောက်


နေပြည်တော်၊ မတ် ၁၆

၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန်္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၁၇/၄)အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ မော်လမြိုင်မြို့နယ်၊ သိမ်ကုန်းဘိုးကုန်းရပ်ကွက်နေ စိုင်းတင့်အောင်နိုင်(၃၇)နှစ် မောင်းနှင်သော ၈ဇ/xxxx လိုက်ထရပ်အ၀ါရောင်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေး ဘာရီယာတုံးများအားတိုက်မိ၍ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာ ရပ်တန့်သွားကြောင်း စစ်ဆေး တွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါရှိသူ(၂)ဦးအနက် စိုင်းတင့်အောင်နိုင်တွင် နှုတ်ခမ်း ယာဘက်ကွဲ၊ ရင်ဘက်အောင့်၊ ၀ဲခြေဖမိုးပွန်း၊ ယာဒူးခေါင်းပွန်းပဲ့ဒဏ်ရာနှင့် ဘားအံမြို့နယ်၊ မင်းခေါင်ရပ်နေ ကိုစိုးသိန်း(၂၈)နှစ်တွင် ၀ဲဘက်နံအောင့်ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ ၈ဇ/xxxx လိုက်ထရပ်အ၀ါရောင်ယာဉ်မှာ ဦးခေါင်းပိုင်းပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ယာတံခါးပိန်ချိုင့်၊ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုင်းတင့်အောင်နိုင်အား သာဂရအမြန်လမ်းရဲစခန်းယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း စစ်ဆေးတွေ့ရှိရသည်။

ရဲဇာနည်

အပြည့်အစုံသို့ »

ပဲခူးမြို့တွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဟောပြောပွဲကျင်းပမည်


ပဲခူးမြို့ ရွှေမောဓေါ ဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မ ဗိမ္မာန် တွင်(၂၄.၃.၂၀၁၄) တနင်္လာနေ့ နေ့လည် (၁၂း၀၀)အချိနမှ ညနေ (၄း၀၀)အချိန်ထိ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးဟောပြောပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ
ငြိမ်းချမ်းရေးလိုလား သောမည်သည့်ဘာသာဝင်မဆို လာရောက်လေ့လာနိုင်ရန် ပဲခူးမြို့နေရာအနှံ့တွင် မြေစိုက်ပိုစတာများ စိုက်ထူထားကြောင်းသတင်းရရှိပါသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

အပြည့်အစုံသို့ »

အမေရိကန်နဲ့အိန္ဒိယလေယာဉ်တွေ မြန်မာ့လေပိုင်နက်ထဲ မလေးရှားလေယာဉ်ရှာဖွေ


မလေးရှားလေကြောင်းလိုင်း ပျံသန်းရာလမ်းကြောင်းနဲ့ ရေဒါက ပျောက်သွားတဲ့ နောက်ဆုံးနေရာ။

မနန္ဒာချမ်း
16.03.2014

မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းစဉ် လမ်းခုလတ်မှာ ပျောက်ဆုံးသွားတဲ့ မလေးရှားခရီးသည်တင် လေယာဉ် ကို မြန်မာနိုင်ငံ လေပိုင်နက်ထဲထိပါ ဝင်ရောက်ရှာဖွေမှုတွေ နိုင်ငံတကာက စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ပျောက်ဆုံးနေတာ သီတင်း ၁ ပတ် ကျော်သွားပြီဖြစ်တဲ့ မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာထဲအထိ တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနဲ့ အမေရိကန် လေယာဉ်တွေကနေ မြန်မာလေပိုင်နက်ထဲ ဝင်ရောက်ရှာဖွေမှုတွေကို စနေနေ့က စတင်ခဲ့တာဖြစ်တယ်လို့ မြန်မာလေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ပြောဆိုပါ တယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းကတင်ပြပေးထားပါတယ်။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ Boeing 777 လေယာဉ်ဟာ ကွာလာလမ်ပူ လေဆိပ်ကနေ ထွက်ခွာပြီး ၁ နာရီအကြာမှာ - မတ်လ ၈ ရက် စနေနေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် သီတင်း ၁ ပတ်ကျော်ရှိသွားပြီ ဖြစ်တဲ့ ဒီလေယာဉ်ကို နိုင်ငံပေါင်း ၂၅ နိုင်ငံက ၀ိုင်းဝန်းရှာဖွေပေးနေတာမှာ မြန်မာနိုင်ငံကလည်း ပူးပေါင်း ဆောင်ရွက် တဲ့အနေနဲ့ မြန်မာလေပိုင်နက်၊ ရေပိုင်နက်တွေထဲမှာ ၀င်ရောက်ရှာဖွေခွင့် ပြုခဲ့ပါတယ်။ စနေနေ့ကတော့ ဘင်္ဂလား ပင်လယ်အော်မှာရှိတဲ့ မြန်မာလေပိုင်နက်ထဲကို အိန္ဒိယလေယာဉ်က စတင် ရှာဖွေမှုတွေ လုပ်ခဲ့ပြီး၊ ဒီကနေ့မှာတော့ အမေရိကန်လေယာဉ်က ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့  မြန်မာလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောပါတယ်။

“အိန္ဒိယ Air force က မနေ့တုန်းက မြန်မာလေပိုင်နက်ထဲမှာပေါ့နော်၊ ဘင်္ဂလားပင်လယ်အော်မှာ မနက် ၉ နာရီ၊ ၂၅ လောက်ကနေ ညနေ ၄ နာရီလောက်အထိ ရှာတယ်။ ဒီနေ့လည်း အမေရိကန်၊ ကွာလာလမ်ပူဆူပိုင်း ကနေတက်ပြီးတော့ P-8 ပေါ့နော်- အဲဒီလေယာဉ်ပျံကလည်း မြန်မာ့ လေပိုင်နက် ဘင်္ဂလားပင်လယ်အော်တဝိုက်မှာပေါ့နော်၊ ဝင်ရောက်ရှာဖွေတာရှိပါတယ်။ မနေ့ကမှစတာဗျ၊ ကျနော်တို့က ၇ ရက်ဆိုတော့ ၁၈ ရက်နေ့အထိ ခွင့်ပြုထားတယ်။ သူတို့တောင်းခံလာရင်လည်း ကျနော်တို့က ဆက်ပေးမှာပါဗျ။”

ရှာဖွေနေတဲ့ နယ်မြေဧရိယာနဲ့ပတ်သက်လို့လည်း -

“ဘင်္ဂလားပင်လယ်အော် ရေပြင်ထဲမှာပဲ လေးနေရာပေးထားတယ်။ ကိုကိုးကျွန်းပတ်ဝန်းကျင်နဲ့၊ အိန္ဒိယဆိုလည်း နီကိုဘာကျွန်းပေါ့၊ ကျနော်တို့ဆိုလည်း ကိုကိုးကျွန်းပေါ့။ အဲဒီပတ်ဝန်းကျင်တဝိုက်ပဲ သူတို့ရှာပါတယ်။ မုတ္တမပင်လယ်ကွေ့နဲ့ ဘင်္ဂလားပင်လယ်အော်ဆိုတာ ဆက်စပ်နေတာကိုး၊ မုတ္တမကွေ့ ဆိုတာက ကိုကိုးကျွန်းဒိဘက်အောက်ပိုင်း မော်လမြိုင်ဘက်ကိုပေါ့နော်၊ သူတို့ကို Coordinate ပေးထားတာတော့ အဲဒီဘက်အထိပေးထားတယ်။ သူတို့ရှာတာတော့ အဲဒိအထိ မရောက်သေးပါဘူး။ ကျနော်တို့ ခွင့်ပြုထားတဲ့ ဧရိယာလေးပွိုင့်ရှိတယ်။ အဲဒီအတွင်းမှာ ခွင့်ပြထားတယ်။ တကယ်တန်းရှာတော့လည်း မနေ့က ဘာမှ ထူးထူးခြားခြားမတွေ့ပါဘူး။”

မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့် ဖွဲ့စည်းထားတဲ့ ရှာဖွေကယ်ဆယ်ရေးကော်မတီက အခုကိစ္စမှာ နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပြီး၊ လောလောဆယ် အခြေအနေထိတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သံသယရှိစရာ မတွေ့ရ သေးဘဲ တကယ်လို့ မြန်မာပိုင်နက်တွင်းမှာ တခုခုဖြစ်ခဲ့မယ်ဆိုရင်လည်း ကော်မတီအနေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှု တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးတင်နိုင်ထွန်း က ပြောခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံကနေ လေယာဉ်ဖြတ်သန်းသွားနိုင်ခြေရှိတဲ့ လမ်းကြောင်းတလျှောက်က နိုင်ငံတွေကို လေယာဉ်နဲ့ပတ်သက်တဲ့ သဲလွန်စတွေ ရနိုင်ဖို့ အတွက် ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ၊ ရေဒါကနေ ဖမ်းမိတဲ့ အချက်အလက်တွေကို ပေးဖို့ တောင်းခံထားတာပါ။ မြန်မာနိုင်ငံကိုတော့ အဲ့ဒီလို တောင်းခံလာတာမရှိသေးဘူးလို့ ဦးတင်နိုင်ထွန်း က ဆက်ပြောပါတယ်။

“တကယ်လို့ အကူအညီတောင်းတယ်ဆိုရင်လေ နိုင်ငံခြားရေး to နိုင်ငံခြားရေးပဲ၊ MOFA to MOFA ပဲ ဆက်သွယ်မှာပါဗျ၊ အခုအချိန်အထိတော့ MOFA (Ministry of Foreign Affairs) ကလည်း ကျနော်တို့ကို ဘာအကြောင်းမှ မပြောသေးဘူးခင်ဗျ။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့က အရပ်ဘက်ဝန်ထမ်းဆိုတော့ ကျနော်တို့ဆီမှာရှိတဲ့ ရေဒါတွေရဲ့ capability က Secondary ရေဒါပဲရှိတယ်။ သူက transponder ကို off လုပ်လိုက်တယ်လို့ ပြောတာကိုး၊ မလေးရှား MH370 ကလေ၊ Transponder မရတော့ဘူးဆိုရင် ကျနော်တို့ရဲ့ ရေဒါကတော့ ဖမ်းနိုင်တဲ့ capability မရှိဘူး။ သို့ပေမယ့်လည်း ကျနော်တို့ဆီမှာတော့  Military air force တို့၊ ဘာတို့မှာတော့  Primary radar တွေလေ၊ အဲဒီရေဒါတွေကတော့ မိတယ်၊ မမိဘူးဆိုတာ သူတို့ အကူအညီတောင်းခံလာတယ်၊ မလာဘူးဆိုတာလည်း ကျနော်တော့ မသိဘူးခင်ဗျ။”

မြန်မာလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ဖြစ်ပါတယ်။ အခုလို မြန်မာလေပိုင်နက်ထဲ နိုင်ငံတကာက ရှာဖွေရေးအစီအစဉ်တွေ စတင်လုပ်ဆောင်နေသလို၊ တရုတ်နိုင်ငံကလာတဲ့ သတင်းကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာလည်း မြန်မာရေတပ် သင်္ဘော ၃ စင်းဟာ နိုင်ငံတကာ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်ရှင်။

VOA Burmese News

အပြည့်အစုံသို့ »