အရေပြားပေါ်မှာအကြောပြတ်တဲ့အရာတွေကြောင့် စိတ်ညစ်နေသလား


18.3.2014

ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် ဗိုက်မှာ အကြောပြတ်တဲ့အရေး အကြောင်းတွေ ပေါ်လာလေ့ရှိပါ တယ်။ အဓိကဖြစ်စေတဲ့အကြောင်းက တော့ မျိုးရိုးဗီဇက အဓိကပါဝင်ပါ တယ်။ လူတိုင်းလူတိုင်းကလည်း အရေးအကြောင်းပေါ်ပုံခြင်း မတူကြ ပါဘူး။ သင့်ရဲ့အသားအရောင်ကို လိုက်ပြီး ပန်းရောင်၊ နီညို၊ အညိုက နေ အညိုမှောင်မှောင်ထိဖြစ်နိုင်ပြီး အချိန်ကြာလာတဲ့အခါ အဖြူရောင် အကြောင်းတွေပဲ ကျန်ခဲ့နိုင်ပါတယ်။

အဲဒီလိုအရေးအကြောင်းတွေ ပြလာပြီဆိုရင် စောစောကုနိုင်လေ ကောင်းလေပါပဲ။ လေ့လာသူများ ကတော့ အစပျိုးချိန်မှာ ကုသရင် ကုသမှုကို တုံ့ပြန်မှုအကောင်းဆုံး ဖြစ်ကြောင်း ပြောတယ်။ ကုသမှုမှာ အရေးကြီးဆုံးကတော့ ရေဓာတ်ထိန်း ထားနိုင်ဖို့ပါပဲ။ အရေပြားမှာ ရေဓာတ် ပြည့်ဝနေမှသာ ပျော့ပျောင်းပြီး ဆွဲ ဆန့်မှုဒဏ်ကို ခံနိုင်ရည်ရရှိမှာ ဖြစ်ပါ တယ်။ ကိုကိုးထောပတ်သို့မဟုတ် Shea ပင်မှရသောအဆီပါဝင်သည့် Moisturizer ကို တစ်ရက်သုံးကြိမ် မှ လေးကြိမ်ထိ ရင်သား၊ ၀မ်းဗိုက်၊ ပေါင်နဲ့တင်ပါးထဲသို့ စိမ့်ဝင်သွားသည် အထိ ညင်သာစွာ နှိပ်နယ်ပြီး လိမ်း ပေးသင့်ပါတယ်။ ဂျုံစေ့အတွင်း ဗီဇ မှ ထုတ်ယူထားသောအဆီသည် တိကျသောအချက်အလက်များမရှိ သော်လည်း အကြောပြတ်မှုကို သက် သာစေတယ်လိုဆိုတယ်။ ဂလိုင်ကော လစ် အက်ဆစ်ကလည်း ကော်လာ ဂျင်ပိုများလာစေပြီး အရေပြားကို ကျုံ့ဆန်နိုင်မှု ပိုကောင်းစေကာ အကြောပြတ်မှုကို သက်သာစေပါ တယ်။ ဗီတာမင် C ကလည်း ကော် လာဂျင်ပိုထွက်စေပြီး အကြောပြတ်မှု ကို သက်သာစေတဲ့နည်းတစ်ခုဖြစ်ပါ တယ်။

ဂလိုင်ကောလစ်အက်ဆစ်နဲ့ တွဲသုံးရင် ပိုကောင်းပါတယ်။ ဗီတာ မင် C သောက်မယ်ဆိုရင်တော့ 500mg ကို တစ်ရက်သုံးကြိမ်သောက် သင့်ပါတယ်။ retinoid (ရက်တီနွိုက်) ပါသောဆေးများ-ယင်းဆေးများက လည်း ကော်လာဂျင်ပိုများစေပြီး သက်သာစေပါတယ်။ ရက်တီနွိုက်ပါ တဲ့ဆေးအချို့ကတော့ ရက်တီနော၊ ထရီ တီနွိုင်း၊ ရီနိုဗာ၊ ဒစ်ဖာရင်စတာ တွေဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ တော့ ယင်းဆေးများသုံးခြင်းကို ရှောင် သင့်ပါတယ်။ လေဆာကုထုံး - ယင်း နည်းကတော့ အသုံးများလျက်ရှိပြီး ယင်းက နောက်ကျသောအဆင့်များ ဖြစ်သည့်ဖြူသွားသောအချိန်၌ပင် ပျောက်ကင်းစေနိုင်ပါတယ်။

ပြည်မြန်မာ



အပြည့်အစုံသို့ »

စင်ကာပူသွားမည့်သူများ သတိထားပါ



ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာ အကူအညီတောင်းတဲ့လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေးလိုက်ပေမယ့် စင
်ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။

မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူမှာကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာကြီးပါတယ်။

ကျွန်တော့အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ်ခတ်ခံရပြီး ရဲစခန်းရောက်သွားပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊ ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက်လာနိုင်တာပါ။

စင်ကာပူအထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွားပါလိမ့်မယ်။

လူကြုံထည့်ပေးလိုက်ပါရစေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေးတာဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီးလိုဟာတွေ ၀ှက်ပြီးထည့်ပေးလိုက်တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ သတိထားကြပါ။

ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီးတစ်ယောက်ရှိတယ်လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန်လေဆိပ်က သန့်ရှင်းရေးဝန်ထမ်းများအဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့အသိက ဆိုပါတယ်။ သူ့ကိုလည်း အဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေးလိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေတုန်းပါပဲ။

ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီးထည့်ပေးလိုက်တာကို တရားမ၀င်လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် စင်ကာပူသွားမယ့်လူများကသာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င်ပစ္စည်းမဟုတ်တဲ့အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက်တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူလက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော်ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။

စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံထည့်ပေးပါရစေဆိုတာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက်ကုန်တာ မနည်းဘူးလို့ သိရပါတယ်။

Myanmar Online News

အပြည့်အစုံသို့ »

ဘာပဲပြောပြော အဖြစ်များလို့ အသုံးဝင်တဲ့နည်းလေးပါ - ကြို့ထိုးတာ ရပ်တန့်အောင်


18.3.2014

သင်ဟာ အလုပ် အတွက် Interview ဖြေ နေစဉ် ဒါမှ မဟုတ် Meeting အခန်း ထဲဝင် နေစဉ်မှာ ကြို့ထိုးနေတာ မရပ်မနားဖြစ်နေရင် အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။

(၁) လျှာထုတ်လိုက်ပါ လေကို ကြာကြာရှူသွင်းနေစဉ်မှာ လျှာကို အပြင်ထုတ်နိုင်သလောက် ထုတ် လိုက်ပါ။ အသံအိုးတစ်ခုနဲ့တစ်ခုကြားက အပေါက်တွေကို လှုံ့ဆော်သလိုဖြစ်သွား ပြီးကြို့ထိုးတာသက်သာသွားနိုင်ပါတယ်။

(၂) သကြားအနည်းငယ် စားပါ သင်ရဲ့လျှာနောက်ဘက်ကို သကြား အနည်းငယ်ဖြူးလိုက်ပါ။ သကြားမှုန့်တွေ က သင့်လည်ချောင်းအတွင်းမှ အာရုံ ကြောတွေကို လှုံ့ဆော်ပေးတာကြောင့် ဝမ်းဗိုက်အတွင်း ကန့်လန့်ကြွာကက်သား (Diaphragm) တွေ Relax ရရှိစေနိုင်တဲ့ အတွက် ကြို့ထိုးတာ သက်သာသွားနိုင် ပါတယ်။

Yoyarlay

အပြည့်အစုံသို့ »

ပျောက်ဆုံးလေယာဉ်ကို ကူညီရှာဖွေရန် အသင့်ဟု ပါကစ္စတန်ပြော


ပါကစ္စတန်နိုင်ငံဟာ မလေးရှား ပျောက်ဆုံးလေယာဉ် MH 370 ကို ရှာဖွေရေးအတွက် ကူညီဖို့ အဆင်သင့်ပဲလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ တက်စ်နင် အဲစ်လန်က မတ် ၁၇ ရက်နေ့က ပြောပါတယ်။

မလေးရှားအာဏာပိုင်တွေ က ရေဒါနဲ့ လေကြောင်းထိန်းချုပ်ရေး သတင်းအချက် အလက်တွေ မျှဝေဖို့ တောင်းဆိုချက်ကို ပါကစ္စတန် အစိုးရက လက်ခံရရှိထားတယ်လို့ သူက ပြောပါတယ်။

ပါကစ္စတန် အရပ်ဘက်အာဏာပိုင်တွေနဲ့ လေတပ် ကတော့ ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်တဲ့ ဘာကိုမှ သူတို့ရဲ့ရေဒါပေါ်မှာ ထောက်လှမ်းရရှိမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲစ်လန်က “တကယ်လို့ အခွင့်မရှိတဲ့ ပျံသန်းမှုက ကျမတို့ ပိုင်နက်ထဲကို ရောက်လာခဲ့ရင် အရေးပေါ် ကြေညာချက် ထွက်လာမယ်၊ လေတပ်ဂျက်လေယာဉ်တွေ ပျံတက်ပြီး တားမြစ်မယ်၊ စိန်ခေါ်မယ်၊ ပြီးရင် ဘယ်ကလာပြီး ဘယ်ကို သွားမယ်ဆိုတာ မေးမြန်းမယ်၊ တော်တော်လေး တပ်လှန့်ထားပါတယ်။ ကျမတို့ ဘာသတင်းအချက်အလက်မှ မရရှိဘူး” လို့ ပြောပါတယ်။

ပါကစ္စတန်က ရေဒါသတင်းအချက်အလက် မျှဝေဖို့ တောင်းဆိုချက်ကို လက်ခံ ရရှိထားပေမယ့် ရှာဖွေရေး ကူညီဖို့တော့ တောင်းဆိုမှု မရှိဘူး။ ဒါပေမယ့် အစိုးရကတော့ ကူညီဖို့ အသင့်ပဲလို့ သူက ဆက်ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ကတာ့ လေယာဉ်ဟာ သူဦးတည်ရာ လမ်းကနေ သွေဖည်မောင်းနှင်ခံရပြီး ရေဒါပေါ်က ပျောက်သွားခဲ့ပြီးတဲ့နောက် နာရီနဲ့ ချီ ဆက်လက်ပျံသန်းနေခဲ့တယ်လို့ မတ် ၁၅ ရက်နေ့က ပြောပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

မလေးရှား နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းအတွေ့အကြုံ ပြဇာတ်


မလေးရှားအကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရသူတွေရဲ့ နှိပ်စက်ခံရသူတွေ အကြောင်း သရုပ်ဖော်ထားတဲ့ ပြဇာတ်တပုဒ်အတွက် ဇာတ်လမ်းတပုဒ်ပါ။ ဒါဟာ နာမည်ကျော် နိုင်ငံရေးလှုပ်ရှားသူ ဟီရှာမူဒင် ရာအိစ်ရဲ့ ဖန်တီးမှုလည်း ဖြစ်ပါတယ်။

ဟီရှာမူဒင် ရာအိစ်က “ဒီစိတ်ကူးက နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရဲ့ စုပေါင်း အမှတ်တရတွေကနေ ဖြစ်လာ တာပါ။ ပြည်တွင်းလုံခြုံရေးအက်ဥပဒေ (အိုင်အက်စ်အေ) အကျဉ်းသားတွေရဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ဖွဲ့စည်း ထားတာပါ။ ပေးချင်တဲ့အချက်ကတော့ အမှုမစစ်ဆေးဘဲ ဖမ်းဆီး ထိန်းသိမ်းထားတာဟာ မှားယွင်းတယ်ဆိုတာပါပဲ။ ဒါ လူ့အခွင့်အရေး ချိုးဖောက်မှု တခုပါပဲ” လို့ ပြောပါတယ်။

ပြည်တွင်းလုံခြုံရေးအက်ဥပဒေ ခေါ် အိုင်အက်စ်အေဟာ စစ်ဆေးမေးမြန်းမှုမရှိ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခွင့်ပြုထားတာပါ။ နောက် ထိန်းသိမ်းခံရသူတချို့လည်း အကျဉ်းထောင်ထဲမှာ သေဆုံးကြရပါတယ်။ အဲဒီဥပဒေအောက်မှာ ရက်ပေါင်း ၅၀၀ လောက် ထိန်းသိမ်းခံခဲ့ရတဲ့ ကွာကီယာဆူးဟာ ၁၉၈၇ ခုနှစ်မှာ လူမျိုးရေးတင်းမာမှုတွေ လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲခံရတဲ့ တက်ကြွလှုပ်ရှားသူနဲ့ အတိုက်အခံ နိုင်ငံရေးသမား ၁၀၆ ယောက်တို့နဲအတူ အဖမ်းခံရတာပါ။

ကွာကီယာဆူးက “အဲဒီမှာ အိုင်အက်စ်အေဥပဒေအောက်မှာ ထိန်းသိမ်းခံရတဲ့ လူအများစုဟာ သူတို့ကို အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတာလို့ ယူဆလိုက်တာကြောင့် အစိုးရက အဲဒီ အပြစ်ထက်ပိုပြီး သူတို့ကို ပြစ်ဒဏ်ပေး ခံနေရတာပါပဲ” လို့ ပြောပါတယ်။

.သူဟာ ဒီပြဇာတ်ထဲမှာ ထည့်သွင်းရေးဖွဲ့ထားတဲ့ ဆွာရမ်လူ့အခွင့်အရေးအုပ်စုကို ဆက်လက် ထူထောင်ခဲ့ပါတယ်။ ဒီအုပ်စုဟာ ၂၀၁၂ ခုနှစ်မှာ ရုပ်သိမ်းလိုက်ရတဲ့ အိုင်အက်စ်အေ ဥပဒေ ဖျက်သိမ်းရေး ပါဝင်လှုပ်ရှားရာမှာ အဓိကအခန်းကဏ္ဍက လှုပ်ရှားခဲ့ပါတယ်။

ကွာကီယာဆူးက “ဘာလို့လဲဆိုတော့ ဒီ အိုင်အက်စ်အေဥပဒေအောက်မှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရလို့ ပြည်သူတွေကို ဒီလို အတွေ့အကြုံတွေ ထပ်ပြီး ဘယ်တော့မှ မကြုံတွေ့ မခံစားစေရဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် သူတို့တိုက်ပွဲဟာ သူတို့အကျိုးအတွက် လုပ်နေတာမဟုတ်ဘူးလို့ ပြောပါတယ်။ လူတွေကို အမှုတင် မစစ်ဆေးဘဲ ထိန်းသိမ်းထားခွင့်ရှိတဲ့ လုံခြုံရေးထိခိုက်မှု ဥပဒေနဲ့ ရာဇ၀တ်မှုကာကွယ်ရေး အက်ဥပဒေတွေကတော့ ရှိနေတုန်းပါပဲ။

ဆွာရမ်အဖွဲ့ ညှိနှိုင်းရေးမှူး အာမက် ဆယူးကီ အဗ္ဗဒ် ရာဇာတ်က “ဒီဥပဒေတွေအောက်မှာ လူတွေကို စစ်ဆေးမေးမြန်းခြင်း မရှိ ရဲကို ဖမ်းဆီးခွင့်jပုပေးထားတဲ့ အန္တရာယ်ရှိတဲ့ အက်ဥပဒေတွေ ကျနော်တို့ ကြုံနေရတာပါ။ ဒါကြောင့် ဒီပြဇာတ်ရုံထဲမှာ ကျနော်တို့ ပေးချင်တဲ့ သတင်းအချက်အလက်ကတော့ ဒီဥပဒေတွေကို ဖယ်ရှားလိုက်ပြီ ဆိုရင်လည်း ပြည်သူတွေ နားလည်နေရမယ်။ အိုင်အက်စ်အေဥပဒေနဲ့ အလားတူဖြစ်တဲ့ တခြားဥပဒေတွေနဲ့ ထိန်းသိမ်းခံနေရသူတွေအတွက် ကြိမ်ဒဏ် ဆိုတဲ့ အန္တရာယ်ကလည်း ရှိနေဦးမယ်” လို့ ပြောပါတယ်။

အစိုးရဘက်ကတော့ ဒီဥပဒေတွေဟာ ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်ဦးမှု ရစေတဲ့ သြဇာအာဏာကို ရဲတပ်ဖွဲ့ကို ပေးအပ်ဖို့ လိုအပ်နေတုန်းပဲလို့ ယူဆ ထားပါတယ်။

ဒါပေမယ့် ဒီဥပဒေတွေဟာ နိုင်ငံရေးဖိနှိပ်မှုတွေ ဆက်ရှိနေတဲ့သဘောပဲလို့ ကွာကီယာဆူးက ပြောပါတယ်။

“ကျနော့်တဦးတည်းသဘော ပြောရရင်တော့ ဒါဟာ ၀ိုင်အဟောင်းကို ပုလင်းအသစ်ထဲ ပြောင်းထည့်လိုက်တာပါပဲ။  ဒါကြောင့် တကယ်တော့ စစ်ဆေးမေးမြန်းမှု မရှိပဲ ဖမ်းဆီး ထိန်းသိမ်းတာ မဖျက်သိမ်းသေးပါဘူး။”

ဒီလှုပ်ရှားမှုအစီအစဉ် တစိတ်တပိုင်းအနေနဲ့ ဒီပြဇာတ်ကို ပြည်ပနိုင်ငံတွေမှာလည်း သွားရောက် ပြသမယ်လို့ ဒါရိုက်တာ ဟီရှာမူဒင် ရာအိစ်က ပြောပါတယ်။

“ကျနော်တို့ ယူနိုက်တက်ကင်းဒမ်းကို ၁ လလောက် သွားဖို့ ရှိပါတယ်။ အစစ်ဆေး အမေးမြန်း မရှိ ဖမ်းဆီးနေတာကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုအနေနဲ့ ယူနိုက်တက် ကင်းဒမ်းက မလေးရှားမိသားစုတွေကို ဒီပြဇာတ် သွားကပြမှာပါ။ ကျနော်တို့က Amnesty International အဖွဲ့ရဲ့ ဧည့်သည်တော်အနေနဲ့ပေါ့ဗျာ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဖိုင်ဇယ်လ်မိုတာက မလေးရှားနိုင်ငံ ကီနီကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

လေယာဉ်ပျက်ကျ ပျောက်ဆုံးမှုများ


emg_opinions
(Written By - တက္ကသိုလ်မိုးဝါ)

မလေးရှားလေယာဉ်ပျံသန်းမှု အမှတ် ၃၇၀ (Flight 370) အစအနမကျန်အောင် ပဟေဠိဆန်စွာ ပျောက်ကွယ်သွားခဲ့မှုမျိုးမှာ ယခုမှဖြစ်ခဲ့ဖူးသည်မဟုတ်။

၂၀၀၃ ခုနှစ်တုန်းကလည်း ဘိုးအင်း ၇၂၇ တစ်စင်းသည် အင်ဂိုလာနိုင်ငံ၏မြို့တော် လူအန်ဒါ၌ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ဖူးသည်။ ယင်းလေယာဉ်သည် Quatro de Fevereiro အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၀၃ ခုနှစ် မေ ၂၅ ရက်တွင် ပျံတက်သွားပြီး လေယာဉ်၏ ရေဒီယိုဆက်သွယ်ရေးကိရိယာမှာလည်း အလုပ်ကောင်းစွာ မလုပ်ဟုဆိုသည်။

ယင်းလေယာဉ်ပေါ်တွင် အင်ဂျင်နီယာတစ်ဦးနှင့် အခြားခရီးသည်သုံးဦး လိုက်ပါခဲ့သည်ဟု သတင်းများအရ သိရသည်။ အဆိုပါလေယာဉ်အစိတ်အပိုင်းနှင့်တူသော အစအနများကိုပင် ယနေ့တိုင်ရှာဖွေမတွေ့ဘဲ ရှိနေလေသည်။

၂၀၀၉ ခုနှစ် ပြင်သစ်လေကြောင်းဆိုင်ရာ ပျံသန်းမှုအမှတ် ၄၄၇ (Flight 447) ( အဲဘတ်စ်အေ ၃၃၀ အမျိုးအစား) သည် ပါရီမြို့သို့သွားရန် ရီယိုဒီဂျနေရိုးမှ ထွက်ခွာခဲ့ရာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး နာရီအနည်းငယ်အကြာတွင် မြေပြင်ဗဟို ထိန်းချုပ်ဌာနသို့ ရေဒီယိုဖြင့် နောက်ဆုံးဆက်သွယ်မှု ပြုလုပ်လိုက်သေးသည်ဆိုသည်။ ယင်းမှာ ၂၀၀၉ ခုနှစ် မေ ၃၁ ရက်တွင်ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ပျက်သည့်နေရာမှာ အနီးဆုံးဆိပ်ကမ်းမှ သင်္ဘောဖြင့် သုံးရက်ခန့်သွားရသည့် ရေလမ်းခရီးဖြစ်၏။ နှစ်နှစ်ခန့်အကြာတွင်မှ လေယာဉ်၏ ကိုယ်ထည်နှင့် အစအနများအား သေဆုံးသူတို့၏ အလောင်းများနှင့်အတူ ရှာဖွေတွေ့ခဲ့သည်။ လေယာဉ်ပေါ်ပါလာသူ ၂၂၈ ယောက်စလုံး သေဆုံးခဲ့သည်ဆိုသည်။ ၂၀၁၂ ခုနှစ်တွင်မှ ပြင်သစ်အာဏာပိုင်တို့က အဆိုပါလေယာဉ် ပင်လယ်ထဲသို့ ထိုးဆင်းသွားရသည့် အကြောင်းရင်းမှာ ရေခဲပုံဆောင်ခဲလေးများက လေယာဉ်၏မြန်နှုန်း အလိုအလျောက်ထိန်းသည့်စနစ်အား နှောင့်ယှက်ဖျက်ဆီးလိုက်သောကြောင့်ဖြစ်သည်ဟု ကောက်ချက်ချခဲ့လေသည်။

၁၉၉၉ ခုနှစ်။ အီဂျစ်လေကြောင်း ပျံသန်းမှုအမှတ် ၉၉၀ (Flight 990) သည် ကောင်းကင်အမြင့်ပေ ၁၄၀၀၀ မှ ၃၆ စက္ကန့်အတွင်း မြေပြင်သို့ ထိုးစိုက်ဆင်းသွားခဲ့သည်။ ယင်းလေယာဉ်သည် ကိုင်ရိုမှ နယူးယောက်သို့အသွား အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ပျက်ကျသွားခြင်းဖြစ်သည်။ နောင်တွင် ၎င်းလေယာဉ်၏ အပိုင်းအစများအား ရှာဖွေတွေ့ရှိခဲ့သော်လည်း ခရီးသည်ပေါင်း ၂၁၇ ဦး သေဆုံးစေခဲ့သော ယင်း ၁၉၉၉ ခု အောက်တိုဘာလ၏ ပျက်ကျမှုဖြစ်စဉ်အကြောင်းရင်းကို ယနေ့တိုင် မရေမရာ မှန်းဆနေကြသေး၏။ လေယာဉ်မှူး၏ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုဟု ယူဆသူလည်းရှိသလို လေယာဉ်မောင်းခန်း၌ အပိုင်စီးရန် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ဖြစ်သည်ဟုလည်း ယူဆခဲ့ကြသည်။ အီဂျစ်အာဏာပိုင်တို့ကမူ လေယာဉ်စက်ချွတ်ယွင်းမှုကြောင့်ဟု အကြောင်းပြခဲ့သည်။

၁၉၉၆ ခုနှစ်။ TWA Transworld Atlantic Flight 800 ။ ပါရီမြို့သို့ ပျံသန်းမည့် ယင်းလေယာဉ်သည် နယူးယောက်မှ ပျံတက်လျှင်တက်ချင်း လေထဲ၌ ပေါက်ကွဲသွားခဲ့၍ လိုက်ပါသူ လူ ၂၃၀ အားလုံး သေဆုံးခဲ့သည်။

မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ အလင်းတန်းတစ်ခုနှင့် မီးလုံးကြီးတစ်ခုအား တွေ့လိုက်ရသည်ဆိုသည်။ အကြမ်းဖက်သမားများက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သံသယရှိခဲ့ကြသည်။ သက်ဆိုင်ရာအာဏာပိုင်တို့ကမူ လျှပ်စစ်ပတ်လမ်းတို (Short Circuit) တစ်ရပ်ကြောင့် လေယာဉ်ဆီကန်ကို လောင်ကျွမ်းပေါက်ကွဲစေခဲ့ခြင်းဖြစ်သည်ဟု မှတ်ချက်ချအတည်ပြုခဲ့သည်။ သို့ရာတွင် ဇာတ်ရှုပ်တစ်ခုအား မဖြေရှင်းနိုင်၍ အစိုးရက တစ်စုံတစ်ရာကို ဖုံးကွယ်နေခြင်းဖြစ်သည်ဟု အများက ထင်မြင်ယူဆခဲ့ကြ၏။

၁၉၄၇ ခုနှစ် ။ ဗြိတိသျှကြယ်မှုန့် (British Stardust) အမည်ရ လေယာဉ်တစ်စင်းသည် ဗျူနိုအေရီးစ်လေဆိပ်မှ ပျံတက်ပြီးနောက် အာဂျင်တီးနားတောင်တန်းများထဲသို့ စုံးစုံးမြုပ်ပျောက်ကွယ်သွားခဲ့သည်။ အနှစ် ၅၀ ကုန်လွန်ခဲ့သည့်တိုင် ဗြိတိသျှကြယ်မှုန့်အား ရှာမတွေ့နိုင်သေးသဖြင့် အခြားကမ္ဘာမှ ဂြိုဟ်သားတို့ ဖမ်းဆီးသွားသည်ဟု ဇာတ်လမ်းထွင် ပြောဆိုခဲ့ကြသည်။

သို့စေကာမူ ၂၀၀၀ ပြည့်နှစ်တွင် ရေခဲတုံးကြီးတစ်ခုထဲ နစ်မြုပ်နေသော လေယာဉ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းလေယာဉ်မပျက်မီ ပေးပို့လိုက်သော မော့စ်ကြေးနန်း သင်္ကေတစာလုံးမှာ STENDEC ဖြစ်ပြီး ယနေ့တိုင် ယင်းစာလုံး၏ ဆိုလိုရင်းအနက်ကို ဖော်ထုတ်မရသေးဟုဆိုသည်။

၁၉၄၂ ခုနှစ်။ ပျံသန်းရမည့်လမ်းကြောင်း သွေဖည်သွားသည့် ဗြိတိသျှ တိုက်လေယာဉ်တစ်စင်းသည် ၁၉၄၂ ခု ဇွန် ၂၈ ရက်တွင် အီဂျစ်ဆာဟာရ သဲကန္တရထဲသို့ ပျက်ကျသွားခဲ့၍ ယင်းကိုရှာဖွေမတွေ့တော့ချေ။ သို့ရာတွင် လွန်ခဲ့သောနှစ်အနည်းငယ်က ရေနံကုမ္ပဏီလုပ်သားတစ်ဦးက ၎င်းလေယာဉ်၏ ကိုယ်ထည်၊ တောင်ပံ၊ အမြီးပိုင်းနှင့် လေယာဉ်မောင်းခန်းရှိ စက်ကိရိယာများအားလုံး တွဲလျက်ရှိနေသေးသည်ကို တွေ့ခဲ့ရသည်ဟုဆိုသည်။

၁၉၃၇ ခုနှစ် ။ လေယာဉ်ပျံသန်းမှုတွင် စံချိန်ချိုးနေကျဖြစ်သူ အမျိုးသမီးလေယာဉ်မှူး အမီလျာအီးယားဟတ် (Amelia Earhart) ပျောက်ဆုံးသွားမှုဇာတ်လမ်းမှာ လေယာဉ်ဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုကိစ္စများအနက် အကျော်ကြားဆုံးအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပေသည်။

၁၉၃၇ ခုနှစ်တွင် အင်ဂျင်နှစ်လုံးတပ် Lockheed Electra လေယာဉ်ဖြင့် သူမသည် ကမ္ဘာကိုပတ်ရန် ဆန္ဒအလွန်ပြင်းပြခဲ့သည့် အားလျော်စွာ ခရီးစဉ်တစ်ခုလုံးအနက် မိုင် ၇၀၀၀ သာ ကျန်ရှိတော့သည်တွင် သူမက ပစိဖိတ်သမုဒ္ဒရာအလယ်ရှိ ဟောင်းလင်းကျွန်း (Howland Island) ပေါ်သို့ စွန့်စွန့်စားစား ဆင်းသက်ရန်ကြိုးပမ်းခဲ့ရာ မအောင်မြင်ဘဲ အသက်ဆုံးရှုံးခဲ့ရသည်။

ဒေါ်လာလေးသန်းကုန်ကျပြီး ပင်လယ်ပြင်အကျယ် စတုရန်းမိုင်ပေါင်း နှစ်သိန်းခွဲမျှ သူမအား ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

၂၀၁၄ ခုနှစ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ပေကျင်းသို့ ၈-၃-၂၀၁၄ နေ့က ပျံသန်းထွက်ခွာသွားခဲ့သော ဘိုးအင်း ၇၇၇ လေယာဉ်သည် တစ်နာရီခန့်အကြာ ပျောက်ဆုံးသွားခဲ့သည်။

ဤဆောင်းပါးရေးနေချိန်အထိ ( ၁၄- ၃-၂၀၁၄) ၎င်းလေယာဉ်နှင့်အတူ ခရီးသည် ၂၃၉ ဦး၏ ကံကြမ္မာကို မည်သို့မျှ ပြောဆိုခြင်း မပြုနိုင်သေး။ ယင်းအဖြစ်အပျက်သည် လေယာဉ်ပျံသန်းမှု ကျွမ်းကျင်သူ ပညာရှင်များနှင့် အစိုးရအာဏာပိုင်များအတွက် ခေါင်းခဲစရာ၊ ဦးနှောက်ရှုပ်ထွေးစရာ ပဟေဠိပုစ္ဆာတစ်ပုဒ်ပင် ဖြစ်နေပေသည်။

Eleven Media

အပြည့်အစုံသို့ »

တရားမ၀င်သစ်ဖမ်းရာတွင် ကူညီသူများကို ကျပ် သန်း ၁၁၀ ကျော်ပေးခဲ့



တရားမ၀င်သစ် ဖမ်းဆီးရမိနိုင်ရေးမှာ ပါဝင်ကူညီခဲ့သူ သတင်းပေး၊ သစ်တောဝန်ထမ်း၊ အရာရှိနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုကြေး ကျပ်ငွေ သန်း ၁၁၀ လောက် ပေးခဲ့ပြီး ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောပါတယ်။

မတ် ၁၇ ရက်နေ့က လုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သစ်တော ထိန်းသိမ်းရေး၊ သစ်မှောင်ခိုနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အ မတ်တွေက မေးမြန်း တာကို ဖြေကြားရင်း ခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ သစ်ဖမ်းဆီးရမိမှုတွေမှာ သတင်းပေးကို ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ၁၀ ရာခိုင်နှုန်း ခွဲပေးတဲ့အကြောင်း၊ ဒါကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က သစ်တောဝန်ထမ်းတွေကို ဆုကြေးငွေ ၉၅ သန်းကျော်၊ အထူးအရာရှိတွေကို ၇ သန်းကျော်၊ ရဲတပ်ဖွဲ့ကို ၈ သန်းကျော်နဲ့ တပ်မတော်သားတွေကို ကျပ်ငွေ ၅ သိန်းကျော် ခွဲဝေပေးခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

DVB Burmese

အပြည့်အစုံသို့ »