ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်



လာမယ့်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ပဲ မဲဆွယ်စည်းရုံးခွင့် ရှိမှာဖြစ်ပြီးတော့ တခြားပုဂ္ဂိုလ်တွေက သူ့အတွက် မဲဆွယ်ပေးတာမျိုး လုပ်ဆောင်ခွင့်မပေးတဲ့ ညွှန်ကြားချက် တစောင်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း သူ့ရဲ့ ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့ပါသေးတယ်။

အခုလို ရွေးကောက်ပွဲကော်မရှင်က ပြောဆိုမှုအပေါ်မှာ အတိုက်အခံပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အခြားပါတီတွေက ဘယ်လို သဘောထားကြပါသလဲ။ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ဒီ ၂၀၁၄ မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ သက်ဆိုင်ရာ ကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ်မှာ သက်ဆိုင်ရာ ကိုယ်စားလှယ် ကိုယ်တိုင်ကပဲ မဲဆွယ်ရမယ်ဆိုတဲ့အချက်ကို ကန့်သတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးသောင်းလှိုင် က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“ဥက္ကဌကြီးကတော့ သူက ဒီ Campaign နဲ့ပတ်သက်လို့ပေါ့ သူ အဲ့ဒီမှာပြောတဲ့ဥစ္စာကတော့ လောလောဆယ်ဆယ် သူ အကြမ်းမျဉ်းပေါ့နော် ကျနော်တို့ ကော်မရှင်က ဒီလိုဒီလို ဆောင်ရွက်မယ်ဆိုတဲ့သဘော၊ အဲ့ဒါနဲ့ပတ်သက်လို့ရှိရင် လက်ရှိ Election Campaign နဲ့ပတ်သက်တဲ့ စာ ထပ်ထွက်စရာရှိတယ်။ အဓိကတော့ ညွှန်ကြားချက်ပေါ့နော်။ လောလောဆယ်မှာတော့ မထွက်သေးဘူးပေါ့နော်။ သူက အဲ့ဒီအပေါ်မှာလည်း ဟိုဒင်းဖြစ်တယ်။ နောက်တခါ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဖို့ရှိတယ်။ ဒါပေမဲ့ အဓိကပြောချင်တာကတော့ဗျာ ဟို Election Campaign ကတော့ ဟို ကာယကံရှင်က မဲဆွယ်စည်းရုံးတာ ပိုပြီးတော့ သင့်မြတ်တယ်ပေါ့နော်။ အဲ့ဒါတော့ ဥက္ကဌကြီးက ဒီခရီးစဉ်ထဲမှာသွားရင်းနဲ့ သူ ကျနော်တို့ ကော်မရှင်အနေနဲ့ လှည့်ရင်းနဲ့ ဒါကို နှုတ်အားဖြင့်တော့ ထုတ်ပြောတာပေါ့နော်။”

ဒီအချက်နဲ့ ပတ်သက်ပြီးတော့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း ဧပြီလ ၇ ရက်နေ့တုန်းက ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောခဲ့ပါသေးတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အခုလို ကန့်သတ်မယ့်အချက်ဟာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေကို ကန့်သတ်မယ့်သဘော ရှိနေတယ်လို့လည်း အများက ရှုမြင်ကြပါတယ်။

ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်အရဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုမျိုး NLD ပါတီ အမတ်လောင်းတွေအတွက် လှည့်လည် မဲဆွယ်စည်းရုံးခွင့် ရတော့မှာ မဟုတ်ပါဘူးလို့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်အချို့က သုံးသပ်နေကြပါတယ်။

ဒီအချက်နဲ့ မဲဆွယ်စည်းရုံးမှုကို ပြောင်ပြောင်တင်းတင်း ကန့်သတ်မယ်ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံက ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိဘူးတဲ့ ကန့်သတ်မှုမျိုး ဖြစ်လာမယ်လို့ ရှုမြင်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း ဖြစ်ပါတယ်။

“အဲ့ဒါကတော့ ကျနော်တို့ ဒီမြန်မာနိုင်ငံ သမိုင်းမှာ အစဉ်အလာ လုံးဝ မရှိဘူး အဲ့ဒါ။ ဒီစကားကြားရတာ ကျနော့်အတွက်တော့ အထူးအဆန်းပဲ။ ဘာလို့လဲဆိုတော့ ၄၈ လွတ်လပ်ရေးရပြီးရော၊ တောက်လျှောက်လုပ်လာတဲ့ ပါလီမန်ရွေးကောက်ပွဲတွေ တောက်လျှောက်ရှိတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ၄၇ မှာလုပ်တယ်။ နောက်ပြီးတော့တခါ လွတ်လပ်ရေး ရပြီးတော့လည်း ဖ.ဆ.ပ.လ အစိုးရလက်ထက်မှာ ၅၂ ခုနှစ်မှာ တခါ လုပ်တယ်။ ၅၆ ခုနှစ်မှာ တခါလုပ်တယ်။ နောက်ပြီးတော့ ၁၉၆၀ မှာလည်း ရွေးကောက်ပွဲလုပ်တယ်။ ၉၀ ခုနှစ်မှာလည်း လုပ်တယ်။ တခါမှ အဲ့လိုကန့်သတ်တာမျိုး မရှိဘူး။ အဲ့လိုကန့်သတ်တာဟာ သဘာဝမကျဘူးလို့ ကျနော် မြင်တာပဲ။ ဒါကတော့ အစဉ်အလာကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီ တခုနိုင်ဖို့ဆိုတာက သူ့ခေါင်းဆောင်က အဓိကပဲလေ။ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်တာကိုး။ ဟိုတုန်းကလည်း သန့်ရှင်း ဖ.ဆ.ပ.လ ဦးနုကို ကြိုက်လို့ တပြည်လုံး မဲ ပေးတာပဲ။ 90 Election မှာလည်း ဒေါ်စုကို ကြိုက်လို့ ပေးတာပဲ။ ကျနော်တို့ 2010 မှာလည်း ကျနော်တို့ဝင်တာ ခမောက်ဝင်တာ။ ဒေါ်စုအရှိန်နဲ့ နိုင်တာပဲလေ။ ဒါကတော့ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်မှာပေါ့ဗျာ။ ပါတီရဲ့မူဝါဒကိုလည်း ကြိုက်မယ်။ ခေါင်းဆောင်ကိုလည်း ကြိုက်ရမှာပေါ့။ ခေါင်းဆောင်က အဓိက Main ပဲလေ။”

ပါတီပိုင်းက ဟောပြောသလို၊ ကိုယ်စားလှယ်လောင်းကလည်း ဟောပြောခွင့်ရှိမှသာ ပါတီမူဝါဒတွေကို  ပြည်သူသိအောင် ချပြနိုင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဒု ခေါင်းဆောင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ အေးမောင် က ရှုမြင်သုံးသပ်ပါတယ်။

“မဲဆွယ်စည်းရုံးတာကတော့ နှစ်ပိုင်းရှိတာပေါ့လေ။ ပါတီအပိုင်းဆိုတာ ရှိတယ်ဗျ။ နောက် ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်တဲ့အပိုင်း ရှိမှာပေါ့။ အဲတော့ မဲဆန္ဒနယ် တခုကို သတ်မှတ်တာက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သလို၊ သက်ဆိုင်ရာ ပြိုင်တဲ့ပါတီကလည်း သတ်မှတ်ပေးရတာကိုး။ ဒီမဲဆန္ဒနယ်မှာ ဘယ်လွှတ်တော်ကိုယ်စားလှယ်လောင်းက ၀င်ပြိုင်တယ်ဆိုတာမျိုး၊ အဲတော့ ပါတီပိုင်းက ဆွေးနွေးပိုင်ခွင့် ပြည်သူလူထုကို တင်ပြပိုင်ခွင့်ကတော့ ရှိတယ်။ ဟုတ်ပြီနော်။ ပါတီပိုင်းက မပါဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ မဖြစ်လာနိုင်ဘူး။ မဟုတ်ရင် တသီးပုဂ္ဂလဖြစ်သွားမှာပေါ့။ အဲတော့ ပါတီပိုင်းကို မေ့ထားခဲ့လို့ မရဘူး။”

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာမှာ ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ NLD  လွှတ်တော် ကိုယ်စားလှယ်လောင်း တွေအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ ခုမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်မှာကို စိုးရိမ်တဲ့အတွက် အခု ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်မှုတွေ လုပ်လာသလားလို့ လွှတ်တော်အမတ်တချို့က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးမှ ပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဟာဆိုရင် လွတ်လပ်လွန်း၍ တရားမမျှတသည့် ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်လို့တောင်
ပြောဆိုခဲ့ဖူးပါတယ်။

VOA

အပြည့်အစုံသို့ »

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ သမ္မတညွှန်ကြား


စစ်တွေမြို့ စုံစမ်းရေးကော်မရှင်ရဲ့ ဥက္ကဌ ဗိုလ်ချူပ်မောင်မောင် အုန်းပုံ
Photo: RFA
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေကြတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ NGO/ INGO အဖွဲ့တွေရဲ့လုပ်ငန်းတွေမှာ အစိုးရအနေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြဖို့ နိုင်ငံတော် သမ္မတက ဒီကနေ့ ညွန်ကြားလိုက်တယ်လို့ သိရပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာ UN အပါအ၀င် NGO/INGO အဖွဲ့တွေနဲ့ ဒေသခံတွေအကြား နောက် ထပ် ပြသနာမဖြစ်ပွားရအောင် အလေးထားဆောင်ရွက် သွားမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ လုံခြုံရေးတွေကိုလည်း အပြည့်အ၀ တာဝန်ယူသွားဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယ၀န်ကြီးလည်းဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့ စုံစမ်းရေးကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဗိုလ်ချူပ်မောင်မောင်အုန်းက RFA ကိုပြောပါတယ်၊

"ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများရဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများပေါ့ UN နဲ့ INGO အဖွဲ့အစည်းများနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့နိုင်ငံက ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမယ်၊ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးသွားမယ်၊ အနာဂတ်မှာလည်း ဒီလိုဖြစ်စဉ်တွေ မဖြစ်အောင်ပေါ့နော် ကျနော်တို့ ဆောင်ရွက်သွားရမယ်၊ ဒီပြဿနာတွေမဖြစ်အောင် ယနေ့ သမ္မတကြီးက ECC လို့ခေါ်တဲ့ emergency coordination center ဒါကိုလည်း junior level ဖွဲ့ပြီးတော့မှ ဒီကိစ္စတွေကို နောင်လုံးဝ လုံးဝ ကွင်းစကွင်းပိတ်မဖြစ်အောင်လို့ကို ဒီအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အဲလိုလေး လမ်းညွှန်ပါတယ်"

နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ညွန်ကြားချက်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ် မောင်မောင်အုန်း အပါအ၀င် ကော်မရှင်အဖွဲ့ဝင်တချို့နဲ့  မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Russel နဲ့ရော၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ပါ ဒီကနေ့ညနေပိုင်းက တွေ့ ဆုံဆွေးနွေးပြီး ရှင်းလင်းခဲ့ပါတယ်၊

မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက နိုင်ငံခြားသားဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ ရုံးနဲ့နေအိမ်များလုံခြုံရေးအပြင်  တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းခွင်လုံခြုံရေးတွေအတွက် ထိရောက်စွာ အကာအကွယ်ပေး ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချူပ်မောင်မောင်အုန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါ တယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်တွင်းက  ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ လုံခြုံ စိတ်ချစွာ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ ညှိနှိုင်းဆောင်ရွက်သွား မှာဖြစ်ပြီး ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီအစဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။


ဦးရဲထွဋ်နဲ့ မေးမြန်းချက်နားထောင်ရန်
ဗိုလ်ချူပ်မောင်မောင်အုန်းနဲ့ မေးမြန်းချက်နားထောင်ရန်

RFA

အပြည့်အစုံသို့ »

မြေထဲပင်လယ် လှေစီးပြေးဒုက္ခသည် ၄,၀၀၀ အီတလီကယ်တင်



ပြီးခဲ့တဲ့ ၂ ရက်အတွင်း မြေထဲပင်လယ်ထဲမှာ လှေစီးပြီးလာကြတဲ့
ရွှေ့ပြောင်းအလုပ်သမား ၄,၀၀၀ ကို ကယ်ဆယ်ခဲ့ရတယ်လို့ အီတလီနိုင်ငံက ပြောဆိုလိုက်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေအရေးနဲ့ ပတ်သက်လို့ ဥရောပနိုင်ငံတွေ အနေနဲ့ ကူညီလုပ်ဆောင်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လှေတွေ အမြဲမပြတ် ရောက်ရှိလာနေပြီး အခြေအနေဟာ ပိုပြီး ဆိုးရွားလာနေတယ်လို့ ပြည်ထဲရေးဝန်ကြီး Angelino Alfano က အီတလီ အစိုးရရုပ်မြင်သံကြားမှာ ဒီကနေ့ ပြောသွားပါတယ်။ ဥရောပသမဂ္ဂ အနေနဲ့ ပင်လယ်ပြင်မှာ စောင့်ကြပ်မှုတွေ ပိုလုပ်ဖို့ သူက တောင်းဆိုလိုက်ပြီး ဒီကိစ္စ ဟန့်တားနိုင်ဖို့အတွက် ဒေါ်လာ သန်း ထောင်ချီ အကုန်အကျခံ ဆောင်ရွက်မှုတွေဟာ ခုချိန်ထိတော့ အောင်မြင်မှု မရှိသေးဘူးလို့လည်း ပြောသွားပါတယ်။

မြောက်အာဖရိက နိုင်ငံတွေကနေ ပင်လယ်ဖြတ်ပြီး သက်စွန့်ဆံဖျား ဒီခရီးကို စီစဉ်ခဲ့သူတွေကိုလည်း မစ္စတာ Alfano က ပြစ်တင်လိုက်ပါတယ်။ အာဖရိက ဒေသတွေတွင်း စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ လွတ်မြောက်ဖို့အတွက် အာဖရိကနိုင်ငံတွေက လူထောင်ပေါင်းများစွာဟာ အီတလီကျွန်းတွေကနေတဆင့် သူတို့ရဲ့ အသက်တွေကို စွန့်ပြီး ဥရောပကို နှစ်စဉ် ၀င်ရောက် လာနေကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

အသဲရောင် (စီ) ပိုးရှိနေသူနဲ့ နေရသူ မကူးစက်အောင် ဘာတွေရှောင်ရမလဲ



ဆရာ C ပိုးရှိတဲ့လူရဲ့ စားသောက်ဆိုင်မှာ စားရင် C ပိုးကူးနိုင်ပါလားခင်ဗျာ။

• စိတ်ထိခိုက်မှုဖြစ်ပါမယ်။ စိုးရိမ်စိတ်ကြီးပါမယ်။ သနားစိတ်ဖြစ်ပါမယ်။
• လူပေါင်းမြောက်များစွာမှာ (စီ) ပိုးရှိနေကြတာသိထားပါ။ အများစုဟာ သူလိုကိုယ်လို နေထိုင် လုပ်ကိုင် စားသောက်နေနိုင်ကြတာလဲသိထားပါ။ သူ့ဆီကနေ ကိုယ့်ကိုမကူးအောင်နေရာတာ မခက်လှပါ။ ဆေးကုနည်းတွေလဲ ပေါ်နေပါတယ်။
• ကြောက်စရာမကောင်းဘူးတော့ မဟုတ်ပါ။ ကာယကံရှင်ခင်မြာ စိတ်ပျက်အားငယ်နေမှအမှန်ပါ။
• သူပြောတာကို နားထောင်ပေးပါ။ ဆုံးဖြတ်ချက်တွေ ချမပေးပါနဲ့။ သနားညှာတာမှုထားပါ။ သီးခံစိတ်ရှည်ပေးပါ။ အတူရှိနေသူဟာ သူ့ကိုကူညီရာကျပါတယ်။ စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးပါ။
• (စီ) ပိုးဟာ အများဆုံး သွေးကနေကူးစက်ပါတယ်။ သွေးမှန်သမျှနဲ့ မထိပါစေနဲ့။ လူမှန်သမျှ တချိန်လုံး သွေးထွက်နေကြတာ မဟုတ်ပါ။ မုတ်ဆိတ်ရိတ်ဓါး၊ လက်သည်းညှပ်၊ ကပ်ကြေး၊ ဓါး၊ သွားတိုက်တံ သီးခြားသုံး၊ သီးခြားထားပါ။
• လးချင်းထိလို့ မကူးပါ။ နမ်းရှုံ့တာနဲ့လဲ မကူးပါ။
• ဆေးကုနေသူဟာ ဆေးမှန်မှန်စစ်နေရတယ်။ viral load ဗိုင်းရပ်အရေအတွက်သိနေအောင်စစ်နေမယ်။ ဆးကုသမှု ထိရောက်မှုကိုလဲ သိမယ်။ သွေးနီဥစစ်တာလဲလုပ်နေပါမယ်။
• ဆေးကုသမှုခံယူနေသူတိုင်း ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေရှိနိုင်တာသိထားပါ။ လူနာကို ဆေးဆက်ကုသမှု ခံယူဘို့ တိုက်တွန်း အားပေးပါ။
• မိသားစုတွင်း ကူးတာရှားပါတယ်။ အတူနေသူတွေမှာ (စီ) ပိုး ရှိ-မရှိစစ်ဆေးထားပါ။
• သွေးကိုကိုင်တွယ်ပြီး အလုပ်လုပ်နေရသူတွေမှာ ကူးစက်လာနိုင်ခြေပိုရှိတယ်။ သွားဆရာဝန်-ဆရာမ၊ ခွဲစိတ်ဆရာဝန်-ဆရာမ၊ သားဖွးခန်း ဆရာဝန်-ဆရာမ၊ သူနာပြု၊ ဓါတ်ခွဲခန်း။
• ကျန်းမာရေးစောင်ရှောက်ပေးသူတွေအတွက် ပုံမှန်သထားရမဲ့စာရင်းထဲမှာ သုက်ရည်၊ မိန်းမမွေးကြောင်းအရည်၊ အဆစ်ထဲကအရည်၊ ခါးရိုးမကြီးထဲကအရည်၊ အဆုပ်အတ်ဖုံးလွှာထဲကအရဘ်၊ ဝမ်းဗိုက်ခေါင်းထဲကအရည်နဲ့ ရေမြွာရည်တွေပါဝင်တယ်။
• ဒါပေမဲ့ ဝမ်း၊ ဆီး၊ နှပ်၊ ချွေး၊ မျက်ရည်၊ အန်ဖတ်၊ တံတွးတွေ မပါဝင်ပါ။

ဒေါက်တာတင့်ဆွေ
၉-၄-၂ဝ၁၄

အပြည့်အစုံသို့ »

အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် မုဆိုးမတစ်ဦး ထောင်ဒဏ် နှစ် ၃၀၀ နီးပါးကျခံရမည့် အခြေအနေဖြစ်ခဲ့



အိမ်ထောင်ရှိ အမျိုးသား တစ်ဦးနှင့် ဖောက်ပြန်မှုကြောင့် ထိုင်ဝမ် မုဆိုးမတစ်ဦး သည် သီအိုရီ အရထောင်ဒဏ် ၂၉၈ နှစ် ကျခံရမည့် အခြေအနေ ဖြစ်ခဲ့ကာ ထိုအငြင်း ပွား ဖွယ်ရာ အိမ်ထောင်ရေး ဖောက်ပြန်မှု ဥပဒေကို ပြန်လည် သုံးသပ်ရန် ကြိုးစား နေကြကြောင်း သိရှိရသည်။

အသက် ၅၆ နှစ် အရွယ် အိမ် ထောင်မရှိ အမျိုးသမီး တစ်ဦးသည် အိမ်ထောင်ရှိ အိမ်နီးချင်း တစ်ဦးနှင့် ၅ နှစ် တာမျှ ဖောက်ပြန်ခဲ့ကြပြီး ယခုအချိန် တွင် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေကန်ဒေါ်လာ ၂၄၃ဝဝ (ထိုင်ဝမ် ဒေါ်လာ ၇၃ဝဝဝဝ) ပေး ဆောင်ရမည်ဟု တရားရုံး တစ်ရုံးက အမိန့် ချမှတ်ခဲ့သည်ဟု သိရသည်။

၎င်း စုံတွဲသည် များစွာသော မိုတယ်များတွင် ခရီးတို ၈၉၄ ကြိမ် သွားခဲ့သည်ဟု ဝန်ခံ ပြောဆိုခဲ့သောကြောင့် ထိုင်ဝမ် ဥပဒေအရ ဖောက်ပြန်မှု တစ်ကြိမ်လျှင် ၄ လ ထောင်ဒဏ် ချမှတ်နိုင်ပြီး သီအိုရီ အရ ထောင်ဒဏ် ၂၉၈ နှစ် ချမှတ်နိုင်သော်လည်း ဗဟို ချန်းဟွခရိုင် တရားရုံးမှ တရားသူကြီးများက လျှော့ပေါ့ ပြစ်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

အသက် ၅ဝ အရွယ် ဖောက်ပြန်သူ အမျိုးသားကိုမူ ၄င်း၏ ဇနီးသည် ကခွင့်လွှတ် ပေးရန် စဉ်းစားခဲ့ပြီး တရား စွဲဆိုမှုကို ရုပ်သိမ်း ခဲ့သောကြောင့် ပြစ်ဒဏ်မှ လွတ်ကင်း သက်သာမှု ရရှိခဲ့သည်။

ယင်းဖြစ်စဉ်က အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ခြင်း မှ ပယ်ဖျက်ပေးရန် တောင်းဆိုမှု များကို ဖြစ်စေခဲ့သည်။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်သည့် အာရှနိုင်ငံ အချို့တွင် ထိုင်ဝမ် ပါရှိပြီး ယခုကဲ့သို့ ကိစ္စတွင် အမျိုးသမီး ကသာ ပြစ်ဒဏ် ချမှတ်ခြင်း ခံရ သည့် အကြောင်းရင်း ကို မေးခွန်းထုတ်မှုများ ရှိလာသည်။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ခြင်းမှ ပယ်ဖျက်ရန် လူထု စစ်တမ်း ကောက်ခံမှု တစ်ခု အား ထိုင်ဝမ် တရားရေး ဌာနက ကျင်းပ ခဲ့ရာ ၇၇ ဒသမ ၃ ရာခိုင်နှုန်းက ”မပယ်ဖျက်ရန်” ဆန္ဒပြုခဲ့ကြသည်။

Ref: Oneline news:Asia
Popular Myanmar News

အပြည့်အစုံသို့ »

နာမည်ကျော် မာရီလင်မွန်ရိုး ရုပ်တု မွန်ရိုးရဲ့ ဇာတိမြို့ ကို ပြန်လည်ရောက်ရှိ





ချီကာဂိုနဲ့ ကယ်လီဖိုးနီးယားမှာ နာမည်ကျော် မာရီလင်မွန်ရိုး ရုပ်တု ကို သုံးနှစ်တာ ထားရှိခဲ့ပြီးနောက် သူမရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ ဟာမီလ်တန် မြို့ ကို ပြန်လည်သယ်ဆောင်ခဲ့ပါတယ်။

မနေ့ က မနက်က မွန်ရိုးရဲ့ ဇာတိမြေမှာ “Forever Marilyn” လို့ အမည်ပေးထားတဲ့ အမှတ်တရရုပ်ထု ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး လူဒါဇင်ပေါင်းများစွာက လာရောက်ကြိုဆိုခဲ့ကြပါတယ်။ ဒီရုပ်ထုကို မာရီလင်မွန်ရိုးရဲ့ ၁၉၅၅ ခုနှစ်က ရိုက်ခဲ့တဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းရဲ့ ပုံရိပ်ကို ထုဆစ်ထားတာ ဖြစ်ပြီး ၂၀၁၁ ခုနှစ်က ဟာမီလ်တန်မြို့ ရဲ့ ဂျွန်ဆင် အနုပညာအလုပ်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထရပ်ကားနှစ်စီးနဲ့ မာရီလင်မွန်ရိုးရဲ့ ရုပ်ထုကို နှစ်ပိုင်းခွဲသယ်လာတာဖြစ်ပါတယ်။

“Forever Marilyn” ရုပ်တုဟာ ၂၆ ပေအမြင့်ရှိပြီး ပေါင်ချိန် တစ်သောင်းရှစ်ထောင်နီးပါးရှိပါတယ်။ အခြေအုတ်မြစ်တင် ပေါင်ချိန် နှစ်သောင်းရှိပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၅၀ အထိ ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားတာပါ။

မေလ ၄ ရက်နေ့ မှာပြုလုပ်မယ့် အတိတ်ကိုပြန်လည်လွမ်းဆွတ်ခြင်း ပန်းပုပြပွဲမှာ မာရီလင်မွန်ရိုးရဲ့ ရုပ်တုကို အဓိကအနုပညာလက်ရာအဖြစ် ပြသဖို့ ရည်ရွယ်ထားတာလို့ သိရပါတယ်။

Ref: nj.com

အပြည့်အစုံသို့ »

လွန်ခဲ့သောအနှစ်နှစ်ဆယ်က တပည့်တွေနဲ့ထားရှိခဲ့တဲ့ကတိကိုတည်ခဲ့တဲ့ ကျောင်းဆရာကြီး





ကျောင်းဆရာကြီး တစ်ယောက်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သူရဲ့တပည့်တွေ အတွက် အံ့သြစရာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်တုန်းက Bert Fox Community အထက်တန်းကျောင်းက ကိုးတန်းအခန်းတစ်ခုမှာ ဆရာဖြစ်သူ Farrer ဟာ သူရဲ့တပည့်တွေကို သူတို့ရဲ့အနာဂတ်အကြောင်း ၁၀မျက်နှာစာ ရေးပေးဖို့ ပြောခဲ့ပြီး နောင်အနှစ်နှစ်ဆယ်မှာ ဒီစာတွေကို သူတို့ဆီပြန်ပို့ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

နောက်အနှစ်နှစ်ဆယ်ကြာတဲ့အခါမှာ ဆရာကြီးဟာသူ့ရဲ့ကတိအတိုင်း တပည့်တွေဆီကို စာတွေပြန်ပို့
ပေးခဲ့ပါတယ်။ ဆရာကြီးရဲ့လုပ်ရပ်အတွက် လူကြီးတွေဖြစ်နေပြီဖြစ်တဲ့ တပည့်တွေဟာ ဂုဏ်ယူဝမ်းမြောက်
ကျေးဇူးတင်ကြရတယ် လို့ဆိုပါတယ်။

တစ်ချိန်တုန်းက တပည့်ဖြစ်ခဲ့ပြီး ခုချိန်မှာ သူကိုယ်တိုင်လည်း ဆရာဖြစ်နေပြီဖြစ်တဲ့ Scott Fulton က “ကျွန်တော် တကယ် ဂုဏ်ယူကျေးဇူးတင်မိတယ်။ ဆရာ Farrerရဲ့လုပ်ရပ်က ကျွန်တော့်ကို အံ့သြစေခဲ့တယ်” လို့ CBC News ကို ပြောကြားခဲ့ပါတယ်။

စာသင်သက် နှစ်ပေါင်းလေးဆယ်အတွင်း သူကတိပေးခဲ့တဲ့ ဒီကျောင်းသားတွေကိုတော့ ဆရာကြီး Farrer က မမေ့ခဲ့ပါဘူး.....
တပည့်ဟောင်း တစ်ဦးဖြစ်တဲ့ ဒီဂျေသမား Anardiကတော့ လွန်ခဲ့တဲ့တစ်လလောက်က စာကိုရခဲ့သူ ဖြစ်ပါတယ်။ တခြားတပည့်တွေလိုမတူတဲ့ သူဟာ အဲ့အချိန်တုန်းက ကောင်မလေးတစ်ယောက်ကို အသည်းအသန် ကြိုက်နေမိတဲ့ အကြောင်းရေးခဲ့မိတယ်လို့ဆိုပါတယ်။ ခု ဒီကောင်မလေးဟာ သူ့ဇနီးဖြစ်နေပါပြီ။

“ကတိဆိုတဲ့ အသိကိုရဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်လိုအသေးဖွဲလေးတွေပဲ ဖြစ်နေပါစေပေါ့ဗျာ။ ကလေးတွေက ကျွန်တော် ဒါကို တန်ဖိုးထားတယ်ဆိုတာ သိသွားကြပါပြီ” လို့ ဆရာအို Farrer က CBC News ကိုပြောကြားခဲ့ပါတယ်။

Myawady News

အပြည့်အစုံသို့ »