ဝမ်ပေါင်ကုမ္ပဏီ လခတိုးပေးရေး မြန်မာဘွဲ့ရ ၂၀၀ ကျော် ဆန္ဒဖော်ထုတ်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှာ သင်တန်းတက်နေသူ ဒေသခံဘွဲ့ရ ၂၃၃ ဦးက လစာတိုးရရှိရေးအတွက် ဒီကနေ့ မနက်ပိုင်းက ၀မ်ပေါင်ကုမ္ပဏီကို လမ်းလျှောက် ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံဘွဲ့ရ ၂၃၃ဦးကို သင်တန်း ၅ လတက်စေပြီးတဲ့နောက် လစာတစ်လကို အမေရိကန်ဒေါ်လာ ၁၂၀ ပေးတာကို ဒေသခံတွေက  ၂၄၀ တိုးတောင်းခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုချက်ကို ပြီးခဲ့တဲ့မတ်လ ၂၉ရက်နေ့က တစ်ကြိမ် ကုမ္ပဏီကငြင်းပယ်ခဲ့ပြီး ဧပြီလ ၅ရက်နေ့ လစာထုတ်ပေးချိန်မှာလည်း အလုပ်သမားတစ်ဦးခြင်းကို လစာနဲ့အတူ ငြင်းပယ်တဲ့ စာတစ်စောင်စီပေးခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားတစ်ဦးဖြစ်တဲ့ ဖေါင်းဝသာရွာသား ကိုသန်းလွင်က သတ္တုတွင်းလုပ်သားအနေနဲ့ မိမိတို့ရရှိတဲ့လစာဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းလွန်းတယ်လို့ ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကို  လစာတိုးပေးဖို့ နောက်ထပ် သင်တန်း ၁၈ လ တက်ပြီးတဲ့နောက်မှ စာမေးပွဲဖြေဆိုအောင်မြင်ရင် အမေရိကန် ဒေါ်လ ၁၈၀ ပေးမယ်လို့ ပြောဆိုထားသလို လုပ်သက် ၂ နှစ်ပြည့်ချိန်မှာ စာမေးပွဲဖြေဆိုပြီးမှ လစာတိုးပေးမယ်လို့လည်း ပြောဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းဆန္ဒပြပွဲကို မုံရွာတဘက်ကမ်း ညောင်ပင်ကြီးဆိပ်ကနေ ရန်ကုန်ပြည်လမ်းမအထိ လမ်းလျောက်ဆန္ဒပြထုတ်ဖေါ်တာဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒပြတာလို့ သိရပါတယ်။ ဆန္ဒထုတ်ဖေါ်တာကို  မနက်ဖြန်မှာလည်း ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

အချိန်နဲ့ နေရာ


“ ပြက္ခဒိန်တွေပေါ်ကို ကျွန်မခဏခဏ ရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မက အချိန်မှန်တတ်တဲ့သူ မဟုတ်ပါဘူးတဲ့”။ အဲဒီစကားကိုပြောခဲ့တဲ့သူက ကမ္ဘာကျော်ရုပ်ရှင် မင်းသမီး “မာရီလင်မွန်ရိုး” ပါ။ သူပြောတဲ့ အတိုင်းပါပဲ။ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး ဖြစ်နေပေမယ့် အချိန်ကိုမလေးစားခဲ့သလို ဖရိုဖရဲဆန်ခဲ့တဲ့ သူ့ဘ၀ဟာ တိုတောင်းခဲ့တယ်ဆိုတာကို အားလုံးအသိပါပဲ။

ကျွန်တော်တို့ လူသားတွေကရော အချိန်တွေကို အကျိုးရှိစွာ အသုံးချခဲ့ကြလားဆိုရင် အားမရစွာနဲ့ဘဲ ဖြေကြရမှာပါ။ တစ်ခါတလေ ကျွန်တော်တို့ ကိုယ်ပိုင်သိသိသာသာရော၊ မသိမသာရော အချိန်တွေကို ဖြုန်းတီးခဲ့ကြပါတယ်။ တစ်ခါတလေမှာ ပတ်ဝန်းကျင်က ကိုယ့်အချိန်တွေကို ယူဖြုန်းသွားတဲ့အခါမှာ အကြိမ်ရေများရင် များလာသလို အချိန်ကို တန်ဖိုးထား နားလည်သူတွေအတွက် အများကြီးနစ်နာဆုံးရှုံးမှုတွေ ဖြစ်စေတာပါပဲ။

လောကမှာ အစားပြန်မရတဲ့အရာတွေဟာ “အချိန်နဲ့ မိဘ”ပါပဲတဲ့။ နောက်ပြန် မလှည့်တတ်တဲ့ အချိန်တွေကို အမိအရ ဖမ်းဆုပ်မယူခဲ့ဘူးဆိုရင် နောင်တတရားတွေ ရင်မှာပိုက်ရတော့မှာပါ။ လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဆိုတာ ကိုယ့်တွက်ကိန်းနဲ့ကိုယ် ရှိနေနိုင်ကြတာပါပဲ။ အဲဒီအတွက် မိမိကိုယ်တိုင် ကိုယ့်အချိန်ကိုယ် လေးစားတတ်မယ်ဆိုရင် သူတစ်ပါးရဲ့အချိန်ကိုလည်း လေးစားတတ်လာမှာပါ။

ဖိတ်စာတွေထဲမှာ အစည်းအဝေးပဲဖြစ်ဖြစ်၊ အခမ်းအနားတစ်ခုခုပဲဖြစ်ဖြစ် “ဘယ်နှစ်နာရီအရောက်ကြွပါ” ဆိုတာမျိုး ပါလေ့ရှိပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ နာရီအတိုင်း ရောက်အောင်လာတဲ့သူဆိုတာ ရှားပါတယ်။ နောက်တစ်ခုက သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတိအကျ ကျင်းပတဲ့ပွဲ၊ အခမ်းအနားဆိုတာကလည်း ရှားပါတယ်။ ဟိုလူစောင့်၊ ဒီလူစောင့်၊ ဟိုလူမလာသေးလို့၊ လူကြီးမလာသေးလို့ဆိုတဲ့ အကြောင်းအရာတွေက အချိန်ကို အတိအကျလိုက်နာသူတွေအတွက် များစွာစိတ်ပျက်စရာကြီးပါ။

မြန်မာပြည်က အခမ်းအနား၊ ပွဲတော်မျိုးစုံမှာ အချိန်ကိုလေးစားတတ်မှုက နိုင်ငံတကာကို မမီသေးဘူးလို့ ပြောရမှာပါပဲ။ အထူးသဖြင့် နိုင်ငံခြားသား တော်တော်များများဟာ အချိန်နဲ့ပတ်သက်လာရင် လေးစားမှုအပြည့် ရှိကြပါတယ်။ ဒီအချိန်စမယ်ဆိုရင် ဘယ်သူ့မျက်နှာမှ မထောက်တတ်ပါဘူး။ အတိအကျစတတ်၊ လုပ်ဆောင်တတ်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေလည်း အချိန်ကိုလေးစားတတ်မှု စံချိန်တွေကို မြှင့်တင်ကြရတော့မှာပါ။

“စက္ကန့်၊ မိနစ်၊ နာရီ” စသော အချိန်တိုလေးများကို ပေါင်းစည်းထားခြင်းသည်ပင် အသက်မည်၏။ ထို့ကြောင့် အသက်ကို တန်ဖိုးထားသောသူသည် အချိန်ကို တန်ဖိုးထားရမည်။ “ကုသိုလ်၊ ပညာ၊ ဥစ္စာ” သုံးမျိုးအနက် တစ်မျိုးမျိုးကို မျှမရဘဲ အချိန်ကိုဖြုန်းတီးသူများသည် မိမိအသက်ကို ဖြုန်းတီးသူများပင် ဖြစ်သည်ဟု မေတ္တာရှင်ဆရာတော် အရှင်ဇ၀နက အချိန်နှင့်ပတ်သက်၍ လေးစားမှုရရှိရန် ဆိုဆုံးမခဲ့ပါတယ်။

တကယ်တော့ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်သူများဟာ ဘ၀မှာ နေရာကောင်း၊ ဌာနကောင်း၊ အောင်မြင်မှုကောင်းတွေဆိုတဲ့ “နေရာ” တစ်ခုကိုရဖို့ မခဲယဉ်းပါဘူး။ အဲဒီအတွက် ပေးဆပ်မှုက အချိန်ကို အကျိုးရှိရှိ အသုံးပြုခဲ့ခြင်းပါပဲ။ ကျွန်တော်တို့တွေဟာ အစားထိုးမရတာ အချိန်ဖြစ်တယ်ဆိုတာကိုလည်း သိကြတာပါပဲ။ အချိန်ကို အကျိုးရှိရှိ အသုံးချကြရမယ်ဆိုတာကိုလည်း နားလည်တတ်ကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေအနေနဲ့ သိထားတဲ့အတိုင်း နားလည်ထားတဲ့အတိုင်း မကျင့်ကြံနိုင်ကြသေးပါဘူး။ အချိန်ကို အကျိုးရှိရှိ အသုံးမချနိုင်သေးကြပါဘူး။ အဲဒီအတွက် အကျိုးအပြစ်တွေက ကျွန်တော်တို့မှန်းထားတဲ့ “နေရာ” တစ်ခုကို မရောက်တော့တာ ပါပဲ။

ဒီနေရာမှာ ကျွန်တော်တို့ ကိုးကွယ်တဲ့ မြတ်ဗုဒ္ဓဟာ အချိန်တွေကိုဘယ်လို အသုံးချခဲ့တယ်ဆိုတာကို(တစ်ဘ၀သာသနာ)ဆိုတဲ့ စာအုပ်ထဲမှာ ကျမ်းပြုဆရာတော်က ဖော်ပြထားပါတယ်။ မြတ်ဗုဒ္ဓဟာ “၂၄” နာရီမှာ ၁ နာရီနဲ့ မိနစ်၂၀ မျှသာ ကျန်းမာရေးအကျိုးငှာ ချန်ထားပြီး ၂၂ နာရီနဲ့ မိနစ် ၄၀ လုံးလုံး မရပ်မနား အများအကျိုးဆောင်ရွက်ပါတယ် တဲ့။ အဲဒါကြောင့် တစ်နှစ်မှာ နာရီပေါင်း ၈၁၇၆ နာရီမျှ အလုပ်လုပ်တော်မူပြီး နောက်ဆုံးပရိနိဗ္ဗာန်စံသည့်တိုင်အောင် နာရီပေါင်း ၃၆၇၉၂၀ မျှ အလုပ် လုပ်သွားခဲ့ပါတယ်တဲ့။ အဲဒါကြောင့် မြတ်ဗုဒ္ဓဟာ “ကမ္ဘာ့သမိုင်း” မှာ မည်သူမျှမယှဉ်နိုင်တဲ့ (စံ)လွန်သော ပုဂ္ဂိုလ်ထူးတစ်ယောက် ဖြစ်ပါတယ်တဲ့။

ဘုရားဖြစ်တဲ့အချိန်မှာတောင် အချိန်ကိုတန်ဖိုးထားအသုံးချခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ပါရမီဖြည့်စဉ်အလောင်းတော်ဘ၀က မည်မျှအထိအချိန်ကို အကျိုးရှိရှိ အသုံးပြုခဲ့တယ်ဆိုတာ ပြောပြစရာမလိုတော့ပါဘူး။ ကျွန်တော်တို့အတွက် ရရှိခဲ့တဲ့ သင်ခန်းစာကတော့ အချိန်ကိုအကျိုးရှိရှိ အသုံးချမှသာလျှင် ကျွန်တော်တို့လိုချင်တဲ့ “နေရာ” ဆိုတာကို ရကြမှာပါ။ အဲဒီအတွက် ကျွန်တော်အပါအ၀င် အားလုံးသော နိုင်ငံသားတွေဟာ မိမိကိုယ်ပိုင်အချိန်ကို မဖြုန်းတီးဖို့လိုသလို သူတစ်ပါးအချိန်တွေကိုလည်း မခိုးမိစေဖို့ လိုအပ်ပါတယ်။

အချိန်ကိုအကျိုးရှိစွာ အသုံးပြုကြရမှာပါ။
news-eleven


အပြည့်အစုံသို့ »

သူကြွယ်ကြီးနဲ့ မယားလေးယောက်


တစ်ခါတော့ အဖိုးအိုတစ်ဦးက သူ့မြေးတစ်ယောက်ကို ပုံပြင်တစ်ခုပြောပြပါသတဲ့။
တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထားတယ်။ လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ်။
၎ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ၀တ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့ ဂရုစိုက်တယ်။သူကဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှပြန်မလုပ်ပေးဘူး။
၃ ယောက်မြောက်မိန်းမကိုလဲ တော်တော်ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေပေးထားတယ်။ အလုပ်တွေကြိုးစားတယ်။ အဲဒီမိန်းမက သူ့အတွက် စီးပွားရေးလဲ တစ်ဖက်တစ်လမ်းလုပ်ပေးသေးတယ်။သူဌေးကြီးကတော့ အဲဒီမိန်းမက တစ်ခြားတစ်ယောက်နဲ့ပါသွားမှာကို အရမ်းစိုးရိမ်တယ်။
၂ ယောက်မြောက်မိန်းမကိုလဲ အလွန်ချစ်တယ်။သူက အတွေးအခေါ်ကောင်းတယ် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။တစ်ခါတစ်လေ သူဌေးကြီး စိတ်ဓါတ်ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူဖြစ်တယ်။
ပထမမိန်းမကိုတော့ သူသိပ်ကြည့်မရဘူး။ သူနဲ့အတူတူသွားလာနေတာကလွဲလို့ သူ့ကို ဘာမှမလုပ်ပေးနိုင်ဘူးလို့ထင်တယ်။ သူ့မိန်းမကတော့ သူ့ကိုအရမ်းချစ်တယ်။ဒါပေမယ့် သူကတော့ သိပ်ဂရုမစိုက်ဘူး။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူဌေးကြီးမှာ ရောဂါတစ်ခုရပါလေရော။ ဆရာဝန်ကလဲ မကြာခင်သေတော့မယ်လို့ပြောလိုက်တယ်။သူဌေးကြီး အိပ်ရာပေါ်လဲပြီ။ သူ့မိန်းမလေးယောက်က သူ့ကို ၀ိုင်းပြုစုကြတယ်။အဲဒါနဲ့ သူဌေးကြီးက လေးယောက်မြောက် မိန်းမကို မေးလိုက်တယ်။
” ငါသေရင် တမလွန်မှာ တစ်ယောက်ထဲ အဖော်မဲ့နေမယ် ရှင်မရေ မင်းငါနဲ့ တမလွန်ကိုလိုက်ခဲ့မလား ” လို့မေးလိုက်တယ်။
သူ့မိန်းမက သူ့နားကထွက်သွားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။
ဒါနဲ့ သုံးယောက်မြောက်မိန်းမကို မေးပြန်တယ်။” မရဘူး ငါ့ဘ၀က ဒီအချိန်မှာ ပျော်စရာကောင်းနေပြီ ရှင်သေရင် ကျွန်မက နောက်တစ်ယောက်ဆီ လိုက်သွားမှာပဲ ” လို့ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်။
နှစ်ယောက်မြောက် မိန်းမကို မေးပြန်တယ်။” စိတ်မကောင်းပါဘူး ငါနင်နဲ့အတူလိုက်မသေနိင်ဘူး ငါနင့်ကိုတော့ အုတ်ဂူအထိလိုက်ပို့ပါ့မယ်” သူဌေးကြီး လုံးဝစိတ်ထိခိုက်သွားတယ် ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်။
ပထမ မိန်းမကတော့ ” ကောင်းပြီ ကျွန်မလိုက်ခဲ့မယ်” လို့ဖြေလိုက်တယ်။
သူဌေးကြီးလဲ ပထမမိန်းမကို ၀မ်းသာအားရပွေ့ဖက်လိုက်တယ်။
ပုံပြင်လေးပြီးသွားတဲ့အခါ အဖိုးအိုက သူ့မြေးကို ရှင်းပြတယ်”
” ငါ့မြေး ဒီပုံပြင်ထဲက လေးယောက်မြောက်မိန်းမဆိုတာ တခြားမဟုတ်ဘူး ငါတို့ရဲ့ ခန္ဓာကိုယ်ပဲ။ငါတို့ဟာ ကိုယ့်ခန္ဓာကို အလှအပတွေဆင်၊မဖျားနာအောင် ဂရုစိုက်တာတောင်မှ သေရင်ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး
တတိယ မိန်းမကတော့ စီးပွားဥစ္စာကိုရည်ညွန်းတယ်။ ငါတို့ဘယ်လောက်ရှာခဲ့ရှာခဲ့ ငါတို့သေရင် ကိုယ့်သားသမီး၊အခြားလူတွေဆီပါသွားမယ်။ ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး။
ဒုတိယမိန်းမကတော့ ငါတို့မိသားစုတွေနဲ့ သူငယ်ချင်းတွေပဲ။ သူတို့က ငါတို့ကိုအရာအားလုံးမှာ ကူညီပေမယ့် ငါတို့သေတဲ့အခါ လိုက်ပဲပို့နိုင်မယ် သူတို့ကတော့ လိုက်နိုင်မှာမဟုတ်ဘူး။
ပထမမိန်းမကတော့ ငါတို့ရဲ့ ၀ိညာဉ် တစ်နည်းအားဖြင့်ပြောရရင် နာမ်ပဲ။ ငါတို့က သူ့ကို သတိမထားမိပေမယ့် သူကတော့ ငါတို့နဲ့အတူတူ သံသရာတစ်လျှောက်လုံး လိုက်ပါလာလိမ့်မယ်။ ”
မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်

အပြည့်အစုံသို့ »

နေရပ်ပြန် မြန်မာလုပ်သားများအား တင်ဆောင်လာသည့် ခရီးသည်ယာဉ် ဒေါနတောင်ပေါ်တွင် ချောက်ထဲကျ၊ လူငါးဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရ




ကိုရွှေသိန်း (မြ၀တီ)
ချောက်ထဲထိုးကျနေသော ခရီးသည်တင်ယာဉ်နှင့် ဒဏ်ရာရရှိသူများ ဆေးကုသမှုခံယူနေစဉ်.
နှစ်သစ်ကူးသင်္ကြန်ပွဲတော်အမီ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါစီးနင်းလာသော အိုအေစစ် မှန်လုံခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်သည် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း၌  ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းသွားသောကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

နယ်စပ်ကုန်သွယ်လမ်း ယာဉ်တန်း အဆင်းနေ့ဖြစ်သော ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် မြ၀တီမှခရီးသည် ၄၅ ဦး တင်ဆောင်လာသော မြ၀တီ -ဖြူး-တောင်ငူ ယာဉ်လိုင်းမှ အိုအေစစ်မှန်လုံခရီးသည် ပို့ဆောင်ရေး မှန်လုံယာဉ်သည် တရုတ်ဖြူ တောင်နှင့် အလယ်ဗိုလ်တဲကြား ၊ မိုင်တိုင် အမှတ် ၈၄/၈၅ အရောက်တွင် ဘရိတ်ပေါက်ပြီး လမ်း၏ဘယ်ဘက်ချောက်ထဲသို့ ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။

“ကားပေါ်ပါတဲ့ ခရီးသည်အများစုကတော့  တစ်ဖက်နိုင်ငံမှာ အလုပ်လုပ်ပြီး သင်္ကြန်ပြန်လာတာ များပါတယ်။ ခရီးသည်များနဲ့ အတူ ချောက်ထဲလိမ့်ဆင်းသွားတာ။ သေဆုံးသူနှစ်ယောက်နဲ့  ဒဏ်ရာရသူတစ်ဦးကိုတော့ မြ၀တီ နာရေးဥက္ကဋ္ဌကားနဲ့ တင်ပြီး ကော့ကရိတ်ကို သွားပို့ပါတယ်။ ကားထဲမှာ သုံးယောက် ညပ်နေတယ်။ ဆွဲထုတ်လို့ မရသေးပါဘူး” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသော  မြ၀တီ စေတနာလူမှုကူညီရေး အသင်းသား ကိုဝတုတ်က ညနေ ၃ နာရီ အချိန်က ပြောကြားသည်။

ချောက်ထဲသို့  ယာဉ်ထိုးဆင်းသွားခြင်းကြောင့် ဒဏ်ရာရရှိသောခရီးသည်များအား ခရီးသည်ကားများဖြင့်လည်းကောင်း၊ ကော့ကရိတ် လူနာတင်ကားဖြင့် လည်းကောင်း၊ မြ၀တီမြို့ စေတနာနာရေးကူညီမှုအသင်းကား နှစ်စီးဖြင့်လည်းကောင်း ကော့ကရိတ်ဆေးရုံ သို့ ကူညီပို့ဆောင်ပေးကာ အရေးပေါ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ညနေ ၃ နာရီကျော်သည်အထိ ချောက်ထဲမှ ကားအား လက်ရှိကရိန်းကားနှင့် ဆွဲတင်နိုင်ခြင်းမရှိ၍ ကော့ကရိတ်မှ သစ်ဆွဲသော ကရိန်းကားများအား တာဝန်ရှိသူများက ခေါ်ယူလျက်ရှိကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ မြ၀တီစေတနာ နာရေးကူညီမှုအသင်းမှ ဒေါက်တာကိုကိုအောင်၊ ဦးလှထွန်း၊ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းမှ သင်တန်းသား၄၀ ကျော်တို့ သွားရောက် ကူညီဆောင်ရွက်ခဲ့သလို ကော့ကရိတ်ဆေးရုံသို့ ရောက်ရှိနေသော လူနာများအား ကာ့ကရိတ်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ ကော့ကရိတ် ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ၀င်းကြီးရပ်ကွက်မှလူငယ်များ၊ ကော့ကရိတ်သွေး အကူညီပေးရေးအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

News Eleven

အပြည့်အစုံသို့ »

ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက် တို့ ကွာတားအဆင့်ကနေ လှည့်ပြန်ရပြီ




မနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွေအပြီးမှာ ဗိုလ်စွဲဖို့  ရေပန်းအစားဆုံး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်တို့  ကွာတားဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။

ပထမတစ်ကျော့က အိုးထရက်ဖို့ ဒ်မှာ ၁-၁ သရေရလဒ်သာ ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမနီမြေ အိမ်ကွင်းမှာ မန်ယူအသင်းကို ၃-၁ ဂိုးနဲ့ ပြန်လည်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အီဗရာက မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မန်ဇူကစ်က ချေပဂိုး ချက်ချင်းပြန်သွင်းယူခဲ့ကာ ၊ ပွဲချိန် ၆၈ မိနစ်မှာ သောမတ်စ်မူလာက ဒုတိယဂိုး၊ အာဂျန်ရော်ဘင်က တတိယဂိုးကို သွင်းယူပြီး ၃-၁ ဂိုးနဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၂ နဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်း ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

တစ်ဖက်ပွဲစဉ်အဖြစ် စပိန်ထိပ်သီး အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ ပွဲစဉ်မှာ အက်သလက်တီကို ကွင်းလယ် ကစားသမား ကိုကီရဲ့ ပွဲချိန် ၅ မိနစ်မှာ သွင်းယူခဲ့တဲ့ အစောဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၂-၁ ဂိုးနဲ့  အက်သလက်တီကိုတို့ ဆီမီးအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။ ပွဲချိန်နောက်ပိုင်းတစ်ပိုင်းလုံး ဘာစီလိုနာ အသင်းက ဖိကစားခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိလို့ ကွာတားအဆင့်ကနေ လက်ပြ နှုတ်ဆက်ခဲ့ရပါပြီ။

ဆီမီးဖိုင်နယ်အဆင့်မှာ ချယ်လ်ဆီး၊ရီးယဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကို တို့ တွေ့ ဆုံကြမှာ ဖြစ်ပြီး လာမယ့် သောကြာနေ့ ဧပြီလ ၁၁ ရက်နေ့ မှာ ဆွစ်ဇာလန်မှာ ရှိတဲ့ ယူအီးအက်ဖ်အေ ရုံးချုပ်မှာ မဲနှိုက် ရွေးချယ်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။



Ref: bbc.com

Trend Myanmar

အပြည့်အစုံသို့ »

ဦးဝင်းတင်ပြောပြတဲ့ မသေခင် တွေ့ချင်ရခြင်းအကြောင်း



ရန်နောင် (ဗိုလ်တထောင်)
ဧပြီ ၉၊ ၂၀၁၄

ဘဘ ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေက အကောင်းဘက်သို့ ရောက်ရှိနေသည်။
ဘဘဦးဝင်းတင်သည် သူ၏ ၈၄ နှစ်မြောက် မွေးနေ့ တွင် ရန်ကုန်အနောက်ပိုင်းရှိ GREEN CROSS ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူခဲ့ပါသည်။
ထိုဆေးရုံတွင် တက်ရောက်နေရာမှပိုမိုကြပ်မတ်ကုသမှုခံယူရန် ဝိတိုရိယဆေးရုံသို့ ပြောင်းရွှေ့ကုသရပြန်ပါသည်။
ဝိတိုရိယဆေးရုံတွင် ကုသစဉ် လိုအပ်ချက်အရ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်သို့ ထပ်မံ၍ ပြောင်းရွှေ့ကုသပေးရပါတော့သည်။
အထူးကြပ်မတ်ကုသဆောင် တွင်တက်ရောက်ကုသနေရကြောင်းသတင်းကြောင့် လူနာမေးလာသူများသည်လည်း ဆေးရုံကော်ရစ်ဒါ တွင် အမြဲ ရှိနေပါသည်။

ဘကြီးမိုးသည်လည်း သက်ကြီးပိုင်းဝင်လာပြီဖြစ်၍ အသွားအလာဆင်ခြင်ကိုလည်း အစားအသောက် ကဲ့သို့ ဆင်ခြင်နေရသူဖြစ်သည်။ ဘဘဦးဝင်းတင်နှင့် ဘကြီးမိုးသည် ပြောမနာ ဆိုမနာ မိတ်ဆွေသူငယ်ချင်းနှစ်ဦးဖြစ်ကြသည်။
ဘကြီးမိုးမှာ ရန်ကုန်ဆေးရုံကြီးသို့ လူနာ မေးသွားချင်သော်လည်း လှေကားဆယ့်လေးငါးထစ် တက်ရမည့်ဒဏ်မခံနိုင်ခြင်း၊ ကော်ရစ်ဒါ တွင် လမ်းလျှောက်ရာတွင် အတွဲပါမှ အဆင်ပြေခြင်း တို့ကြောင့် တော်ရုံနှင့် လူနာမေးမရောက်ဖြစ်ပေ။

အင်္ဂါနေ့ (၈. ၄.၁၄ ) တွင် အပေါင်းအသင်းအချို့စောင်မမှုကြောင့် ဘကြီးမိုးတစ်ယောက် ဘဘဦးဝင်းတင်ဆီ လူနာမေး ရောက်ဖြစ်ခဲ့ပါတော့သည်။ သွားသည့်အခါ ဘဘဦးဝင်းတင်အား စောင့်ကြည့်ဂရုစိုက်ပေးနေသူ ဆရာ ၊ ဆရာမ များအတွက် ဘကြီးမိုးက မြီးရှည်ခေါက်ဆွဲ ၊ ရှမ်းခေါက်ဆွဲတို့ကို မောနင်းစတားမှ ဝယ်၍ သွားပြီးကျွေးမွေးခဲ့ပါသည်။ ဘကြီးမိုး ဆေးရုံသို့ရောက်သောအခါ ဦးဝင်းတင်ကို မှန်ပေါက်မှနေ၍ အတွင်းသို့ချောင်းကြည့်လိုက်ပါသည်။ ဆရာဝန်ကြီးများ စေတနာပါပါဖြင့် ဂရုစိုက်ကုသပေးနေသည်ကိုလည်း ဘကြီးမိုးတွေ့မြင်နေရပါသည်။ တခဏမျှကြာသော် ဘကြီးမိုး အထဲဝင်ကြည့်ပါဟုပြောသဖြင့် အထူးကြပ်မတ်ကုသဆောင်ရှိ အခန်းတွင်း ဝင်ရန် သတ်မှတ်ထားသော ဝတ်စုံနှင့် ဖိနပ်အား ဝတ်ဆင်ကာ ဘဘဦးဝင်းတင်ကို ဝင်ရောက်ကြည့်ရှုပါသည်။ ဦးဝင်းတင်က အခန်းတွင်း ပိုက်များတန်းလန်းဖြင့် ရှိနေသည်။

ဘဘဦးဝင်းတင်သည် ဘကြီးမိုးအားတွေ့သောအခါ ...
"အေး...ခင်ဗျားကို မသေခင်တွေ့ချင်နေတာဗျာ" ဟု ပြောလိုက်ပါသည်။
ထိုသို့ ပြောလိုက်သောအခါ ဘကြီးမိုး မျက်နှာကွက်ခနဲ ပျက်သွားသည်၊
ထို့နောက် စိတ်မကောင်းသော မျက်နှာဖြင့် ဘဘဦးဝင်းတင်ကို ဆက်ပြီး ကြည့်နေမိသည်ဟု ဆိုသည်။ ထို့နောက် ဒီလိုလည်း မဟုတ်သေးပါဘူး ဘာညာဖြင့် အားပေးစကားပြောရန် အနားသို့ ဘကြီးမိုးတိုးသွားသည်။ "ကျုပ်က ခင်ဗျားမသေခင် တွေ့ချင်တယ်လို့ပြောတာပါ။
တခြားမတွေးပါနဲ့" ဟူသော ဦးဝင်းတင်က ဆိုလိုက်တော့မှ ဘကြီးမိုး ရယ်နိုင်ပါတော့သည်။

ဘကြီးမိုးကို တွေ့သည်နှင့်မလွတ်တမ်းလက်ကိုဆုပ်ကိုင်ကာ စကားများ ရေပက်မဝင်ပြောနေပါတော့သည်။ ဆရာမများကလည်း လူနာအား မမောစေလိုသဖြင့် ဘကြီးမိုးကို ပြန်စေချင်သည့်ပုံရှိနေသည်။ ဘဘဦးဝင်းတင်ကလည်း သူ ပြန်လည် ထူထောင်လာကြောင်း ပြသချင်နေသည်။
ဘကြီးမိုးက ... ခင်ဗျားဟာ ဘာလဲဟဲ့လောကငရဲ ဦးဝင်းတင်အစစ်ပါပဲဗျာ။ ကျုပ်ကို ဒီလိုနောက်နိုင် ၊ ပြောင်နိုင် တာကို ဂုဏ်ယူပါတယ်ဗျာ ဟု မှတ်ချက်ပြုလိုက်သည်။
ဘဘဦးဝင်းတင်က ချောင်းဟန့်နေရပုံအကြောင်းကိုလည်း ပြောသေးသည် ဆို၏။
"ကျုပ် ... တနေ့ကို အဟမ်း အဟမ်း ထွီ ဆိုပြီး လုပ်တယ်ဗျ။ အဟမ်း အဟမ်းကတော့ ချောင်းဟန့်တာပေါ့ဗျာ၊ ထွီဆိုတာကတော့ စစ်အစိုးရကို ရွံလို့ဗျာ"

(ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှ လူကြီးနှစ်ဦး၏ အပြန်အလှန်ပြောစကားများအကြောင်းကို ဖောက်သည်ချလိုက်ပါသည်။)

ဘကြီးမိုး...ဒါရိုက်တာ စာရေးဆရာ မောင်မိုးသူ
KayToe Burma


Dawnmanhon

အပြည့်အစုံသို့ »

ကန်စွန်းရွက်ဖြင့် အသားအရေထိန်းသိမ်းနည်း



ကန်စွန်းရွက်ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အထောက်အကူဖြစ်စေရုံသာမက၊ အသားအရည်ကို ကောင်းမွန်သန့် ရှင်း စေလို့  ပျိုပျိုမေတို့  အတွက်အကောင်းဆုံးအဖော် မွန်ပါဘဲ။
(က) ၀က်ခြံစို၊ ၀က်ခြံခြောက်၊ ၀က်ခြံပုန်း၊ တင်းတိပ်၊ အမည်းစက် များနှင့် မျက်နှာအသားအရေ အရောင်မညီခြင်းများအတွက် စိတ်မပျက်ပါနှင့်။ ကန်စွန်းရွက်ကိုကြိတ်ချေပြီး၊ ထိုသတ္တုရည် တစ်မျိုး တည်းကိုသာ စိတ်ချလက်ချလိမ်းပေးခြင်းဖြင့် သက်သာလာစေနိုင်ပါတယ်။
(ခ) ပျားရည်စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် ကန်စွန်းရွက် သတ္တုရည် စားပွဲတင်ဇွန်း ၄-ဇွန်းကို သမေ အာင်ရောမွှေကာ ခြေလက်များကို လိုးရှင်းအဖြစ် နံက် နှင့် ည ပုံမှန်လိမ်းပေးခြင်းဖြင့် အသား အရေ ၀င်းလက်စိုပြေ တောက်ပလာစေနိုင်ပါတယ်။
(ဂ) ကန်စွန်းရွက် ကို အရည်ညှစ်၍ ခေါင်းဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းကာအရှည်မြန်စေပါတယ်။ ဒါ့ပြင်ဦးရေပြားကိုအေးမြစေ လို့ ၊ ဗောက်များ ကင်းစင်စေပါတယ်။
(ဃ) မီးဟပ်ခြင်း နှင့်မီးလောင်ဒဏ်ရာများအတွက် ကန်စွန်းရွက်သတ္တုရည်ကို သကြားနဲ့ ရောစပ် လိမ်းပေးခြင်းဖြင့် အပူ လောင်ခြင်းကို သက်သာစေကာ၊ အမာရွတ်မကျန် ပျောက်ကင်းစေနိုင်ပါတယ်။
မှတ်ချက်။ (က) များသောအားဖြင့် ကန်စွန်းပင်များကို စိုက်ခင်းထဲတွင် သဘာဝရေမှော် ကဲ့ သို့ စိုက်ပျိုးထားလေ့ရှိတာမို့ ၊ ကပ်ပါး ပိုးများပါလာတတ်၍ အသုံးမပြုမီ ရေများများဖြင့် စင်စင်ေ ဆးကြောသင့်ပါတယ်။ (ခ) ညှိးပျော့၍အ၀ါရောင်သန်းနေသော ကန်စွန်းရွက်များသည် မလတ် ဆတ်ဘဲ ကျန်းမာရေးအာနိသင်လဲ ပျက်ပြယ်စေလို့  အရွေးမမှားဘို့ လိုပါတယ်။

ခေတ်မီတိုးတက်လျှက်ရှိသော ယနေ့ ကမ္ဘာတွင် ကျန်းမာရေးအမြင်ရှိသူတိုင်းက၊ သစ်သီးဝလံနှ င့် ဟင်းသီးဟင်းရွက်များသည်၊ ကျန်းမာရေးအထောက်အကူပြု အာဟာရအစားအစာများအဖြစ်၊ အရေးပါပုံကိုသိမြင်လက်ခံလာကြပြီဖြစ်၏။
ထို့ ကြောင့် မိမိတို့  ပတ်ဝန်းကျင်တွင် ရာသီမရွေးရ ရှိနိုင်ကာ၊ ငွေကုန်သက်သာလွယ်ကူစွာချက်ပြုတ်နိုင်ပြီး၊ ခံတွင်းလဲမြိန်၊ ကျန်းမာရေးကိုလဲ များ စွာ အထောက်အကူပြုစေသည့် " ဆေးစွမ်းထက်မြက် ကန်စွန်းရွက် " ကို မီးဖိုချောင်သုံးဆေးဝါး အဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Myawady News

အပြည့်အစုံသို့ »