လမ်းလျှောက် ရခိုင်သံဃာတော် ငါးပါး သံတွဲကို ရောက်ရှိ


ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ဖြူမြို့မှာ ကျင်းပပြုလုပ်မယ့် ရခိုင်အမျိုးသား ညီလာခံမှာ တက်ရောက်ဆွေးနွေးဖို့  သံဃာတော် ငါးပါးဟာ ဂွမြို့ကနေ  မိုင် ၂ဝဝ ကျော်ဝေးတဲ့ ကျောက်ဖြူမြို့ကို လမ်းလျှောက်ကြွချီနေရာမှာ ဒီကနေ့ သံတွဲမြို့နယ် ထဲကို ရောက်ရှိ လာကြပါတယ်။

အခုလို ညီလာခံတက်ဖို့ လမ်းလျှောက်ကြွချီရတဲ့ ရည်ရွယ် ချက်နဲ့ပတ်သက်ပြီး လမ်းလျှောက်ကြွနေတဲ့ ဆရာတော် အရှင်ရက္ခဝံသ က RFA ကိုအခုလိုမိန့်ပါတယ်။

"ဦးဇင်း လမ်းလျှောက်နေတဲ့ ရည်ရွယ်ချက်ကတော့ လမ်းတစ်လျှောက်လုံး ပြည်သူလူထုတွေနဲ့တွေ့မယ်၊ ပြည်သူလူထုတွေထဲမှာ ဘာတွေခံစားချက်ရှိလဲ ဥပမာ မီးရရှိရေး၊ ရေရရှိရေး အဲ့ဒါပြည်သူလူထုတွေရဲ့ အခတ်အခဲကို ပြည်သူလူထုတွေနဲ့ ထိတွေ့ ပြီးတော့ သူတို့ဆီက သင်ပေးလိုက်တဲ့ဟာကို ဦးဇင်းက ညီလာခံမှာ တင်ပြမယ်ပေါ့၊ ရည်ရွယ်ချက်ကတော့ အဲ့ဒါပါ"

ဂွမြို့ကနေ သံတွဲမြို့ကို လမ်းခရီးခဲ့တဲ့အချိန်အတွင်း လျှပ်စစ်မီးရရှိဖို့နဲ့ သောက်သုံးရေရရှိဖို့အတွက် နယ်ဒေသတွေပြည်သူတွေက ဆရာတော်တွေကိုလျှောက်ထားခဲ့ပြီး အဲဒီကိစ္စတွေကို ရခိုင်အမျိုးသား ညီလာခံမှာ တင်ပြသွားမယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ရခိုင်အမျိုးသားညီလာခံကို လာမယ့် ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မကွေးစာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ရက္ခဝံသဟာ မြောက်ဒဂုံစာသင်တိုက်တွေက သံဃာတော်တွေနဲ့အတူ ဧပြီလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် ဂွမြို့ကနေ စတင်လမ်းလျှောက်ကြွချီနေတာဖြစ်ပြီး လမ်းခရီးတစ်လျှောက်က ဒေသခံတွေပူးပေါင်းပါဝင်တာကြောင့် အခုဆိုရင် လူ၁ဝဝ နီးပါး ရှိသွားပြီးလို့လည်းသိရပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

မလေးရှားပျောက်ဆုံးလေယာဉ် ရှာဖွေမှု စိန်ခေါ်မှုတွေ ရှိနေဟု ပညာရှင်တွေ ပြော


ပျောက်ဆုံးမလေးရှားလေယာဉ် MH 370 ကို ရှာဖွေမှုဟာ ရေအောက်သွားယာဉ် ဘလူးဖင်းကို စေလွှတ်ရှာဖွေနေပေမယ့် စိန်ခေါ်မှုတွေ ကျန်နေတုံးပဲလို့ ပညာရှင်တွေက ဧပြီလ ၁၆ ရက်နေ့က ပြောပါတယ်။

ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းကတော့ မောင်းသူမဲ့ ရေငုပ်စက်ရုပ်ကို ဒုတိယအကြိမ် စေလွှတ်ခဲ့တာပါ။ ပထမအကြိမ် စေလွှတ်မှုကတော့ ၆ နာရီအကြာမှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီရှာဖွေမှုတွေက စက်ရုပ်ရဲ့ အသံလှိုင်းကနေတဆင့် ရေအောက်အရာဝတ်ထုတွေရဲ့ တည်နေရာကို ရှာဖွေတဲ့ ကိရိယာ ဆိုနာဓာတ်မှန်ရိုက်ကူးမှု စနစ်ကတဆင့် ပျောက်ဆုံး လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေကို ရှာဖို့ ကူညီနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဆိုနာနည်းပညာ အကဲခတ် ပညာရှင် ခရစ် စော်ဂီိယိုဗန်နီကတော့ တကယ်လို့ ဘောလုံးကွင်း ဒါမှ မဟုတ် သူ့ထက်ပိုကြီးတဲ့ကွင်းထဲ လုံးဝအမှောင်ထဲမှာ လက်နှိပ်ဓာတ်မီးတလက်နဲ့ သွားပြီး သော့ပျောက်ရှာတယ် ဆိုပါစို့ ခင်ဗျားလုပ်နိုင်သမျှက လမ်တလျှောက် ငုံ့ရှာသွားဖို့ပဲ ဒီအလုပ်ကတော့ နောက်ထပ် ၁၂နာရီ မတိုင်မီ ဘာပုံရိပ်ကိုမှ မမြင်နိုင်တဲ့ ကိစ္စပဲလို့ ပြောပါတယ်။

ဒါ့အပြင် ရေအောင်တောင်တွေနဲ့ တောင်ကြားတွေဟာ ဆိုနာစကင်က အပျက်အစီးတွေကို မထောက်လှမ်းနိုင်အောင် ပိတ်ဆို့ထားနိုင်သေးတယ်လို့ ပညာရှင်က ဆက်ပြောပါတယ်။ တကယ်လို့ ရေအောက်သွားယာဉ်က တခုခုကို ထောက်လှမ်းနိုင်တယ်ဆိုရင်တောင် တည်နေရာ နဲ့ အတည်ပြုမှုအတွက် နောက်ထပ်အချိန်တွေပိုယူရ လိမ့်ဦးမယ်လို့ ပညာရှင် ရော့ဒ်နေ သွမ်ပဆင်က ပြောပါတယ်။

ရေအနက် မီတာငါးဆယ်မှာ အလင်းရောင်ရှိသေးလို့ ရှေ့တမီတာအကွာမှာ တခုခု ဘယ်နားမှာ ရှိတယ်ဆိုတာ ကျနော်တို့ သိတယ်။ အဝေးထိန်း မောင်းသူမဲ့ယာဉ်ကို လွှတ်လိုက်ရင် အဲဒါကို ရှာဖို့ ၄ နာရီကြာတယ် ဒါအများကြီး ပိုရိုးရှင်းတဲ့ ကိစ္စပါလို့ သူက ပြောပါတယ်။ လောလောဆယ်တော့ အိနိယသမုဒ္ဒရာ တောင်ပိုင်းမှာ လေယာဉ် ၁၄စီးက ပျောက်ဆုံးလေယာဉ်ရဲ့ အပိုင်းအစတွေကို ရှာနေဆဲပါ။ စုံစမ်းစစ်ဆေးသူတွေနဲ့ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကတော့ ဒီလေယာဉ်ဟာ ရာသက်ပန် ပျောက်မနေနိုင်ဘူးလို့ ယုံကြည်ကြပါတယ်။

မတ်လ ၈ ရက်နေ့က ခရီးသည်နဲ့ အမှုထမ်း ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ MH 370 လေယာဉ်ဟာ မလေးရှားမြို့တော် ကွာလာလမ်ပူကနေ တရုတ်မြို့တော် ပေကျင်းကို အသွား တမင်သက်သက် လမ်းကြောင်းပြောင်းခံရပြီး ပျောက်ဆုံး နေခဲ့ပါတယ်။

DVB

အပြည့်အစုံသို့ »

စာကျက်နေစဉ် မအိပ်ငိုက်ရန် နည်းလမ်းကောင်း




ကျောင်းသူများ အတွက် နည်းကောင်းကောင်း တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဖူကျင်းမှ အသက် ၂၁ အရွယ်ကျောင်းသူလေးဟာ စာကျက်နေစဉ် အိပ်မငိုက်စေရန် ဆံပင်များကို ကလစ်များဖြင့် ညှပ်ကာ ဆွဲထားကြောင်း သိရပါတယ်။ သူတစ်ယောက်တည်း ပဲ ၎င်းနည်းလမ်းကို အသုံးပြုခြင်း မဟုတ်ဘဲ သူမ၏ အခန်းပေါ်များပါ ၎င်းနည်းလမ်းများကို အသုံးပြုတယ်လို့ သိရပါတယ်။

၎င်းနည်းလမ်းနှင့် ပက်သက်ပြီး သူမက ခုလိုပြောပါတယ်။ " ကျွန်မဟာ အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်ချင်ပါတယ်။ ဒါကြောင့် စာကျက်နေစဉ် အိပ်မငိုက်ရန် ဒီနည်းလမ်းကို သုံးလိုက်တာပါ " ဆိုပါတယ်။

ဒါကြောင့် အောင်မြင်ရန် အလိုရှိသော ကျောင်းသူလေးများ ၎င်းနည်းလမ်းကို အသုံးပြုပြီး စာကျက်ကြည့်ပါ။ ပုံမှာ ကြည့်ပြီး လုပ်ကြည့်နိုင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

နွမ်းလျခြင်းမှာ အဖြေရှာ



ရံဖန်ရံခါ လူပင်ပန်းစိတ်ပင်ပန်းတဲ့အခါ နုံးချည့်မောနွမ်းတတ်ကြတာဓမ္မတာပါ။ ဒါပေမယ့် ရံဖန်ရံခါထက် ပိုလာပြီး ဒီလိုခံစားမှုမျိုးကို မကြာခဏဖြစ်နေ တတ်တယ်ဆိုရင်တော့ သတိပြုရမယ့် အနေအထားပါပဲ။
 -


ကြီးကြီးမားမား ရောဂါတခုခုရှိရင် လူကအလိုလို နုံးချည့်နွမ်းလျနေတတ်လေ့ရှိသလို တခါတလေမှာ သာမန် ကျန်းမာရေး ပြဿနာလေးတွေကလည်း လူကိုနွမ်းမောနုံးချည့်စေတတ်တာပါပဲ။

အူလမ်းကြောင်းဆိုင်ရာရောဂါ

ပေါင်မုန့်၊ ကိတ်မုန့်နဲ့ စီရီယယ်တွေမှာပါဝင်တဲ့ Gluten ဓာတ်ကို ခံနိုင်ရည်မရှိသူတွေမှာ ပြင်းထန်တဲ့ ဓာတ်ပြုတုံ့ပြန်မှု ဖြစ်တတ်ပါတယ်။ သာမန်ဝမ်းလျှောတာကအစ သွေးအားနည်းတာ၊ ကိုယ်အလေးချိန် ကျလာတာတွေနဲ့အတူ မောနုံးနေတတ်ပါတယ်။ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေပြုပြီး ကုသရတဲ့ရောဂါပါ။


သွေးအားနည်းရောဂါ

မောပန်းနွမ်းလျမှုနဲ့ပတ်သက်ရင်အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ရောဂါက သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါပါပဲ။ ယောင်္ကျားတွေနဲ့  သွေးဆုံးပြီးမိန်းမတွေ မှာ လူ ၂၀ ကို ၁ ယောက်လောက် ဖြစ်တတ်သလို ဓမ္မတာ လစဉ် လာနေသူ အမျိုးသမီးတွေမှာတော့ ပိုဖြစ်တတ်ပါတယ်။ ရာသီသွေး ဆင်းတာ များတတ်တဲ့ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ပိုပြီးဖြစ်နိုင်ပါတယ်။

နာတာရှည်နွမ်းလျခြင်း လက္ခဏာစု

ဒါကတော့ အနည်းဆုံး ၆ လလောက်အထိ ခံစားရတတ်ပြီး ပြင်းထန်တဲ့၊ ဒုက္ခိတတယောက်လိုပဲလို့ ညည်းတွားချင်ရအောင် စိတ်ညစ်ရတဲ့ရောဂါပါ။ လည်ချောင်းနာတာ၊ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်တာ၊ ခေါင်းကိုက်တာတွေ တွဲပြီးဖြစ်ပါတယ်။

အိပ်နေစဉ် အသက်ရှူရပ်သွားတတ်ခြင်း

အိပ်နေစဉ်မှာ လည်ချောင်းကျဉ်းတာ၊ ပိတ်တာကြောင့် အသက်ရှူရခက်ပြီး မကြာခဏ အနှောင့်အယှက်ဖြစ်ရတာမျိုးပါ။ ဟောက်သံ ကျယ်ကျယ်ထွက်ပြီး သွေးထဲမှာအောက်ဆီဂျင်လျော့သွားစေတဲ့ အခြေအနေပေါ့။ အသက်ရှူရခက်တော့ ခဏခဏ ပြန်နိုးရပြီး နောက်နေ့ အိပ်ရေးမ ဝနုံးချည့်နေတတ်တာမျိုးပါ။ အဝလွန်သူ သက်လတ်ပိုင်း အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အရက်သောက်၊ ဆေးလိပ်သောက်သူတွေ ဆိုရင်တော့ ပိုဆိုးစေတတ်ပါတယ်။

သိုင်းရွိုက်ဂလင်း စွမ်းအင်နည်းခြင်း

သိုင်းရွိုက်ဂလင်းက ဟော်မုန်းထုတ်လုပ်မှု ကျဆင်းတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ လူက မောပန်းနွမ်းလျလွယ်လာပါတယ်။ ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ကြွက်သားတွေ နာကျင် ကိုက်ခဲတတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီး အသက်ကြီးလေ ဆိုးလေပါပဲ။ ဒါကတော့ ဂရုတစိုက် ကုသမှုခံယူရမယ့်ရောဂါပါ။

ဆီးချိုရောဂါ

သွေးထဲမှာ သကြားဓာတ်များနေတဲ့ ဒီရောဂါမှာတော့ မောပန်းနုံးချည့်ခြင်းက အဓိက လက္ခဏာလို ဖြစ်နေတတ်ပါတယ်။ ရေငတ်လွန်တာ၊ ဆီး မကြာခဏ သွားတာ၊ ကိုယ်အလေးချိန် ကျဆင်းလာတာ တွေကြုံတွေ့ရပါလိမ့်မယ်။ ဂရုစိုက်ရမယ့် ရောဂါပါ။

အကျိတ်ရောင်ဖျား

ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်တတ်ပြီး အတွေ့ရများတဲ့ရောဂါတခုပါ။ အာသီးရောင်ပြီး အကျိတ်တွေပါ ရောင်တတ်ပါတယ်။ နာတာရှည် နုံးချည့် ပန်းလျနေတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ တွေ့ရတာများပါတယ်။ ပုံမှန်လေးပတ်ကနေ ခြောက်ပတ်လောက်မှာ ကျန်တဲ့လက္ခဏာတွေ ပျောက်သွားပေမယ့် လပေါင်းများစွာ နွမ်းလျနေတတ်ပါတယ်။

စိတ်ကျရောဂါ

ဝမ်းနည်းပူဆွေးတာ၊ စိတ်ဓာတ်ကျတာတွေ ကလည်း ကိုယ်တွင်းမှာ စွမ်းအင်တွေ ကုန်ခန်းစေပါတယ်။ တော်တော်နဲ့ အိပ်မပျော်တာ၊ အစောကြီးနိုးနေတာတွေဖြစ်ပြီး နေ့ပိုင်းတွေမှာ နုံးချည့်နေတတ်ပါတယ်။

ဆေးခန်းပြသင့်တဲ့ အခြေအနေများ

အိပ်ရေးဝပါလျက် နုံးချည့်နွမ်းလျနေရင်၊ စိတ်တွေရှုပ်ထွေးနေရင် ၊ မူးဝေနေရင်၊ အမြင်အာရုံဝေ၀ါးလာရင်၊ အကြောင်းမဲ့ ကိုယ်အလေးချိန် အတက်အကျဖြစ်လာရင်၊ အလုံးအကျိတ်တွေ ပေါ်လာရင်၊ ဝမ်းချုပ်ရင်၊ ခေါင်းကိုက်၊ အိပ်မပျော်၊ စိတ်ကျအစ ရှိတဲ့လက္ခဏာတွေ  တွေ့လာရင်တော့ ကျွမ်းကျင်သူ ဆရာဝန်ထံမှာ အကြံဥာဏ်ယူရပါလိမ့်မယ်။
 
 
ဒေါက်တာသက်ဦး
ဧရာဝတီ

အပြည့်အစုံသို့ »

ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်ကို သတင်းမေး




ဂျာမနီနဲ့ ပြင်သစ် ခရီးစဉ်မှာ နိုင်ငံခေါင်းဆောင်တွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

လူအတော်များများလည်း ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ သွားရောက်ကြိုဆို ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးစဉ်ကနေ ပြန်ရောက်တဲ့ နေ့မှာပဲ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အန်အယ်ဒီ နာယက အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို သွားရောက် သတင်းမေးခဲ့ပါတယ်။

ကျောက်ကပ်ပိုင်း ချွတ်ယွင်းမှု ခံစားနေရတဲ့ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၅ မိနစ်ကြာ စကားပြောခဲ့တယ်လို့ ဆေးရုံမှာ စောင့်နေသူတွေက ပြောပါတယ်။

BBC Burmese

အပြည့်အစုံသို့ »

သားအိမ်တွင်းဖြစ်တဲ့ စပျစ်သီးသန္ဓေဆိုင်ရာ ကင်ဆာ



မြန်မာနိုင်ငံမှာ စပျစ်သီးသန္ဓေရောဂါဆိုင်ရာ ကင်ဆာ ဖြစ်နှုန်းများနေပြီး၊ အသက်ဆုံးရှုံးတာတွေလည်း ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။

ဒီ စပျစ်သီးသန္ဓေရောဂါကို စမဖြစ်အောင် မကာကွယ်နိုင်ပေမယ့် ဒီရောဂါကြောင့် ကင်ဆာအဆင့် ရောက်မသွားအောင်၊ သေဆုံးမှုမရှိအောင် စစ်ဆေးကုသပြီး ကာကွယ်နိုင်ပါတယ်။

ဒီအကြောင်း ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

နားဆင်ရန်

VOA

အပြည့်အစုံသို့ »

ပုဂံလက်သစ်မှသည် ရန်ကုန်လက်သစ် ဖြစ်မလာစေဖို့

ဝန်ကြီးများရုံးအဆောက်အအုံကို အပေါ်စီးမှ မြင်တွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

အခုတစ်လော မြို့ထဲရောက်တိုင်း နှမြောစရာ၊ စိတ်ပျက်စရာ တွေပဲကြုံနေရတယ်။ စိတ်ပျက် မိတာက ရာသီဥတုပူပူမှာ ပိတ် ကျပ်နေတဲ့ ကားလမ်းတွေနဲ့ တရွေ့ရွေ့နဲ့သွားနေရတဲ့ ကားတွေကြောင့်။ နှမြောစရာဆိုတာက တစ်ချိန်က နယူးယောက်မြို့နဲ့ တောင် ရင်ပေါင်တန်းခဲ့တဲ့သက် တမ်းရင့် ရန်ကုန်မြို့ကြီးကိုပါပဲ။

ကျွန်မဟာ ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးခဲ့တဲ့သူ။ မွေးကတည်းက ရန်ကုန်ဆိုတာ မြန်မာနိုင်ငံရဲ့အချက်အချာအကျဆုံး မြို့တော်အနေနဲ့ သိခဲ့တယ်။ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အချိန်မှာပဲ ရန်ကုန်ရဲ့ဂုဏ်ပုဒ်တွေကို ပိုပိုနားလည်လာတယ်။ ရွှေတိဂုံစေတီကို နေ့စဉ်သွားရင်းလာရင်း ဖူးမြင်နိုင်တဲ့မြို့၊ မြစ်ကမ်းကိုမေးတင်ထားပြီး ဆိပ်ကမ်းအရှည်ကြီးရှိတဲ့မြို့။ မြို့ရဲ့တည်ဆောက်ပုံအရ မြစ်ရိုးတစ်လျှောက်တိုက်လာတဲ့ လေပြည် လေညင်းက တောင်မြောက်တန်းနေတဲ့ လမ်းတစ်လျှောက် ဝင်ရောက်နိုင်လို့ လေဝင်လေထွက် အလွန်ကောင်းတဲ့မြို့၊ သမိုင်းဝင် အဖြစ်အပျက်တွေကို  ခန္ဓာကိုယ်ထဲမှာ သိမ်းထုပ်ထားတဲ့အတွင်းဝန်ရုံးလိုနေရာတွေအများကြီးရှိ တဲ့မြို့၊ ယာဉ်မျိုးစုံသွားလာနေရုံမက လမ်းလျှောက်ပြီးလေ့လာ ကြည့်ရှုလို့ကောင်းတဲ့မြို့၊ ဒါမျိုး ထူးခြားမှုတွေနဲ့ပြည့်စုံနေတဲ့မြို့။

ရန်ကုန်မြို့ကြီးဟာ အခု တစ်လောတော့ ဒဏ်ရာတွေများ များလာတယ်။ သူရဲ့တန်ဖိုးတွေ ကျကျလာတယ်။ မြို့တစ်မြို့ရဲ့ အားသာချက်တစ်ခု ဖြစ်ခဲ့တဲ့ ပလက်ဖောင်းကျယ်ကြီးတွေဟာ ဖြိုဖျက်ခံရပြီး ပြန်ဆောက်လိုက် တဲ့ပလက်ဖောင်းတွေကျပြန်တော့ လူနှစ်ယောက်လက်တွဲလျှောက်ဖို့တောင်မကျယ်။ တချို့နေရာများကျ မြင့်လွန်းလို့ ဘေးနားမှာအုတ်နီခဲတွေခုခံပြီးမှ ပလက်ဖောင်းပေါ်တက်ရတာ တောင်ရှိသေး။ သက်ကြီးရွယ်အိုတွေများ ပလက်ဖောင်းပေါ် အတက်အဆင်းလုပ်ဖို့ရာ ဆရာအော်ပီကျယ်ကာတွန်းထဲကလို မီးသတ်ကားခေါ်ပြီး လှေကားထောင်ခိုင်းရမလိုပဲ။

တစ်ချိန်က ကမ္ဘာ့မျက်နှာစာ မှာ cosmopolitan city အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ရန်ကုန်ရဲ့ အ နှစ်သာရထဲမှာ မြို့ထဲတစ်ခွင် ဘယ်နေရာမှာမဆို အေးအေးလူ လူ လမ်းလျှောက်သွားလာလို့ ရခြင်းဆိုတာလည်း တစ်ခုအပါအဝင်ပါ။ လမ်းဘေးပလက် ဖောင်းကြီးတွေများဆို ကျယ် ကျယ်ပြန့်ပြန့်နဲ့။ မုန့်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စာအုပ် ဆိုင်တွေနဲ့ ရန်ကုန်ကအသက်ဝင် ခဲ့ပါတယ်။ ပန်းဆိုးတန်းတောက် လျှောက်ဆို စာအုပ်အဟောင်း ဆိုင်၊ အသစ်ဆိုင်တန်းတွေ တရုတ်တန်း တောက်လျှောက်ဆို မုန့်ဆိုင်တန်းတွေ၊ မဂိုလမ်းလို့ အရင်ကခေါ်တဲ့ ရွှေဘုံသာလမ်း ဆို အိန္ဒိယ အစားအသောက်၊ အသုံးအဆောင်တွေ . . .ဈေးဆိုင် တွေ ဘယ်လောက်ပဲများပါစေ။ လူတွေလမ်းလျှောက်စရာနေရာ တော့ ကျန်နေသေးတာပဲ။ အခု ကော အရင်လိုလွတ်လွတ်လပ် လပ်လမ်းလျှောက်သွားလာလို့ရ သေးရဲ့လား။

အခုများတော့ ယာဉ်ကြော ရှုပ်ထွေးတာကိုလျှော့ချနိုင်ဖို့ မြို့ တော်စည်ပင်က ပလက်ဖောင်း တွေကိုဖဲ့ချ၊ ဖြိုချနဲ့ ပလက်ဖောင်း ကျဉ်းမြောင်းမြောင်းတွေပေါ်မှာ ဈေးသည်တွေနဲ့ လမ်းသွားလမ်း လာတွေခမျာ ထုပ်ဆီးတိုးနေရ တယ်။ လမ်းလျှောက်တဲ့လူတွေ မှာလည်း ဈေးဗန်းပဲတက်နင်းရ တော့မလို၊ ကားလမ်းမပေါ်တက် ပြီးပဲလမ်းလျှောက်ရတော့မလို။ ပလက်ဖောင်းမဆံ့လို့ လမ်းမပေါ် လမ်းတက်လျှောက်ရင်း ကား တိုက်ခံရတာ ဘယ်နှဦးများရှိမလဲ စာရင်းပြုစုချင်သေးတယ်။

 ဒီနည်းလမ်းဟာ ယာဉ် ကြောပိတ်ဆို့မှုကို အထောက် အကူဖြစ်တဲ့အပြင် လူတွေကို လည်းအသက်အန္တရာယ်ရှိတဲ့ စွန့်စားမှုတွေလုပ်ခိုင်း နေသလို ပဲဆိုတာ ပညာရှင်တွေ အကြိမ် ကြိမ်ထောက်ပြနေခဲ့ကြပေမယ့် ပလက်ဖောင်းတွေကတော့ ဖြိုချ ခံနေရတုန်းပဲ။

 ရန်ကုန်မြို့လယ်ဆိုတာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အချက်အချာကျတဲ့နေရာ။ ဒါပေ မဲ့ မြို့ကိုစီမံခန့်ခွဲမှုမကောင်းခဲ့ လေတော့ အဆောက်အအုံတွေ ဆိုတာ ဆောက်ချင်တဲ့နေရာမှာ ဆောက်ချင်တဲ့ပုံစံနဲ့ဆောက်နေ ကြတယ်။ ရွှေတိဂုံရဲ့မြင်ကွင်းဟာ အန္တရာယ်ရှိနေပြီ။ လူဦးရေ ပိုမို ထူထပ်သိပ်သည်းလာတာနဲ့အမျှ အခုခံစားနေရတဲ့ ယာဉ်ကြော ပိတ်ဆို့မှုသာမက ရေ၊ မီး ပြဿနာတွေ၊ သန့်ရှင်းမှုပြဿနာတွေကို မလွဲမသွေ ရင်ဆိုင်လာရတော့ မယ်။

ဆူးလေစေတီလို ရန်ကုန်ရဲ့ အမှတ်သင်္ကေတတွေဟာ ခေတ် မီမိုးမျှော်တိုက်ကြီးတွေရဲ့ အရိပ် မိုးခံနေရလို့ မြင်ကွင်းကမရှင်း လင်းတော့ဘူး။ ဗိသုကာလက်ရာ မြောက်လှတဲ့ လက်ကျန်အဆောက် အအုံတွေခမျာလည်း နှစ်ပေါင်း များစွာလျစ်လျူရှုပစ်ပယ်ထားခံခဲ့ရလို့ ပျက်စီးခဲ့ရတာနဲ့ ဘယ်တော့ များဖျက်ချခံရမလဲ၊ ဒါမှမဟုတ် ဘယ်ကြော်ငြာဘုတ်က လာကွယ်ပြီး အလှဖျက်မလဲ။ ဒါမှမဟုတ် ကွန်ပိုစစ်ပြားတွေနဲ့ပဲ ဖုံးအုပ်ခံရ လေမလား စိုးရိမ်နေရတဲ့ဘဝဖြစ် နေကြပြီ။ တန်ဖိုးမသိသူတွေ အတွက် နောင်ပြန်မရတော့တဲ့ အဖိုးတန်တွေကို လက်လွှတ်ခဲ့ရ တယ်။ လက်လွှတ်နေရတယ်။ နောက်ထပ် လက်လွှတ်ရလေဦး မလား။

မြို့တစ်မြို့ ဘယ်လောက် အောင်မြင်လဲဆိုတာဟာ တခြား မြို့တွေနဲ့မတူဘဲ ထူးခြားကွဲပြား နေတဲ့ သူမတူမှု (uniqueness) ဆိုတဲ့အချက်ပေါ်မှာလည်း မူတည် ပါတယ်။ ရန်ကုန်ဟာ ကိုလိုနီ ခေတ်ကတည်းကတည်ရှိခဲ့သလို စစ်ဒဏ်၊ ရာသီဥတုဒဏ်နဲ့ ငလျင် ဒဏ်တွေကို ကြံ့ကြံ့ခံခဲ့တဲ့ အဆောက်အအုံတွေနဲ့ မြို့အခင်း အကျင်းက အာရှတိုက်မှာတောင် ရှာရခက်ခဲအောင် ရှားပါးတဲ့မြင် ကွင်းပါ။ ကျွန်မတို့ကလေးဘဝ ကတည်းကတွေ့မြင်ခဲ့ရတဲ့ ရန်ကုန်ရဲ့ မြင်ကွင်းတွေပေါ့။ ဒီအဆောက် အအုံတွေ၊ မြင်ကွင်းတွေကို ကာ ကွယ်ခြင်းအားဖြင့် ရန်ကုန်ဆိုတဲ့ တန်ဖိုးကို ထိန်းသိမ်းနိုင်မှာဖြစ်ပါ တယ်။ ထိန်းသိမ်းတယ်လို့ပြော ရင် မြန်မာနိုင်ငံသမိုင်းမှာ အလွန် ကိုတော်ပြီး ရဲရင့်တဲ့သမိုင်းပညာ ရှင် ဒေါက်တာသန်းထွန်းရေးခဲ့တဲ့ ပုဂံလက်သစ်စာတမ်းကို သတိရ မိတယ်။ မြန်မာတွေရဲ့အသည်း နှလုံးအဖြစ် တန်ဖိုးထားရာ၊ ဘာ သာတရားအရ အထွတ်အမြတ် ထားရာ၊ ယဉ်ကျေးမှုရဲ့ဗဟိုချက်မ ဖြစ်သလို စီးပွားရေးလုပ်ငန်း အများအပြားက မှီခိုရတဲ့ ရှေး ဟောင်းမြို့တော်ပုဂံကို ခေတ်အ ဆက်ဆက်က ကုသိုလ်ရှင်တွေနဲ့ မင်းအဆက်ဆက် ‘ပြုပြင်မွမ်းမံ ခြင်း’က ရှေးဟောင်းလက်ရာတွေ ကို ဖျက်ဆီးသလို ဖြစ်ခဲ့တာ ကြောင့် ‘ရှေးပုဂံပျောက်ပြီး အမြင်ဆန်း ပုံသစ်ဖြစ်သွားရတယ်’ဆိုတဲ့ အကြောင်းကို ရဲရဲဝံ့ဝံ့ထောက် ပြဝေဖန်ပြီး စာတမ်းအစောင် စောင်ပြုစုခဲ့တယ်။

‘သူတို့ဖျက်လို့ပျက်ရတဲ့ ပစ္စည်းဟာ ဘယ်လောက်အဖိုး တန်တယ်ဆိုတာသူတို့ဂရုမစိုက် ပါ။ အများစုကအဟောင်းကို ဖယ်ပြီး အသစ်နဲ့လဲတာဟာ ဘုရားကြည်ညိုသပ္ပာယ်စရာပိုဖြစ်တယ်လို့ ယုံကြည်ပြီး ဒီလိုလုပ်တာကို ရဟန်းရှင်လူအများ သိပ်ပြီးဝမ်းမြောက်ဝမ်း သာသာဓုအနုမော ဒနာပြုကြပါတယ်’လို့ ရင်နာစရာ ကောင်းတဲ့ပုဂံရဲ့ဖြစ်ရပ်ကို ဖော် ညွှန်းခဲ့သူပါ။

  ၁၉၉၅ ကရေးသားခဲ့တဲ့ ဒီစာတမ်းဟာ အခုလက်ရှိအနေ အထားတွေကိုပါ ထင်ဟပ်နေဆဲ ပဲ။ တစ်လောက နိုင်ငံရဲ့ဝန်ကြီး ချုပ်ဟောင်းတစ်ယောက်ကိုယ် တိုင်က ဘုရားမှန်ရင်ရွှေရှိရမယ်။ ဟောင်းနေရင် ပြင်ရမယ်လို့ ရုပ်သံအင်တာဗျူးတစ်ခုမှာဖြေ သွားတာတွေ့ကတည်းက ပုဂံ လက်ရာတွေရဲ့ကံကြမ္မာဟာ ဒီလိုတလွဲဆံပင်ကောင်းစီမံခန့်ခွဲမှုတွေကို ဘယ်ထောက်ထိနစ်မွန်း ခံခဲ့ရလေသလဲ။ဒီလိုလွဲမှားတဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေက ပုဂံတင်မက ရန်ကုန်မြို့ကလက်ရာတွေအပါအဝင်နိုင်ငံအနှံ့ပြားက သမိုင်းအမွေအနှစ်တွေကိုဘယ်လောက်ထိပွန်းပဲ့ပျက်စီးစေခဲ့ပြီလဲ။

ဖွံ့ဖြိုးတိုးတက်မှုလှိုင်းတံပိုး ထဲမှာ အလိုက်သင့်စီးမျောရင်း ပြောင်းလဲလာနေတဲ့ရန်ကုန်မြို့မှာနဂိုကတည်းက ပိုင်ဆိုင်ခဲ့တဲ့တန် ဖိုးတွေကို ဒီလှိုင်းတံပိုးတွေကြား မှာ နစ်မြုပ်ဆုံးရှုံးရတော့မလားဆို တာ စိုးရိမ်စရာပါ။ အခုအချိန်မှာ စင်ကာပူတို့၊ ဟောင်ကောင်တို့ လိုမြို့တွေမရနိုင်တော့တဲ့ တန်ဖိုး နဲ့အလှအပတွေကို ပိုင်ဆိုင်ထား ဆဲ ရန်ကုန်မြို့။ အဲဒီတန်ဖိုးတွေ ကို မပျက်စီးစေဘဲ အကျိုးရှိရှိ အသုံးချမယ်ဆိုရင် အဲဒီမြို့တွေ ထက်သာတဲ့ မြို့ပြတစ်ခုဖန်တီး နိုင်မယ့်အခြေခံတွေကို ပိုင်ဆိုင် ထားဆဲဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ ထိန်းသိမ်းမှု (conservation) ဟာ ဖွံ့ဖြိုးတိုး တက်မှု (development) ကို အရောင်တင်ပေးမယ့် အရာဆိုတာကိုနားလည်ပြီး အသုံးချနိုင်ဖို့လိုပါတယ်။

ပုဂံနဲ့နှိုင်းယှဉ်ပြောရမယ်ဆို ယနေ့ကစလို့ ရှေ့ဆက်ပြုလုပ် မယ့် ‘ပြုပြင်မွမ်းမံမှု’တွေ၊‘ထိန်း သိမ်းမှု’ မှာမူလလက်ရာမပျက် ဖို့ဟာ အသက်တမျှအရေးကြီးပြီး ဒါမှသာ ကျွန်မတို့ရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ပုဂံအစစ်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်သလို ဒါကိုနမူနာယူပြီးနိုင်ငံရဲ့ အချက်အချာ ရန်ကုန်မှာလည်းဒီလိုအမှားမျိုးတွေ ထပ်မမှားကြ ဖို့ဆိုတာတွေကိုရှင်းပြဖို့ ဒေါက်တာသန်းထွန်း နောက် တစ်ယောက်လိုနေပြီလား။ ဆုံးပါးသွားပြီဖြစ်တဲ့ သမိုင်းပညာ ရှင်ကြီးဒေါက်တာသန်းထွန်းက တာဝန်ကျေခဲ့ပြီ။ အခု သက်ရှိ ထင်ရှားရှိနေတဲ့ ပညာရှင်တွေ လည်း တတ်နိုင်သမျှထောက်ပြ သတိပေးနေကြပြီ။ တာဝန်ရှိသူ တွေအနေနဲ့ ကိုယ့်လက်ထဲကမြို့၊ အားလုံးချစ်တဲ့မြို့၊ တစ်မူထူးခြား လှပတဲ့မြို့ရဲ့တန်ဖိုးကို ချမပစ်ကြ ပါနဲ့။ တန်ဖိုးတက်အောင်လုပ်နိုင် မယ့်နည်းလမ်းတွေက လက်တစ် ကမ်းမှာပါ။ ပုဂံလက်သစ်လိုမျိုး ရန်ကုန်လက်သစ်မဖြစ်ဖို့ ကာကွယ်နိုင်မယ့်အချိန်တွေ သိပ်မကျန်တော့ပါဘူး။။

Author: နေခြည်ဦး
7Day News Journal

အပြည့်အစုံသို့ »