လယ်မြေပြဿနာများ ရှေ့လမကုန် မီ ဖြေရှင်းဖို့ သူရဦးရွှေမန်းပြော



ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေပြဿနာတွေကို လာမယ့် မေလထဲမှာ အပြီးသတ်ဖြေရှင်းပေးကြ ဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ညွန်ကြားခဲ့တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေက ဒီနေ့ ပြော ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြို့တော်ခန်းမမှာ သူရဦးရွှေမန်းနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် အဲဒီလို ညွှန်ကြားခဲ့တာဖြစ်ကြောင်း  တွေ့ဆုံပွဲကိုတက်ရောက်ခဲ့ တဲ့ လယ်သမားအရေး ကူညီဆောင်ရွက်သူ ဦးထွန်းထွန်းဦးက ပြောပါတယ်။

“‘ဒီလယ်ယာမြေကိစ္စတွေကို မေလအတွင်းမှာ ဖြေရှင်းပေးဖို့ သူကနှုတ်မိန့်ပေးသွားတယ်ပေါ့နော်၊ ဧရာဝတီတိုင်းမှာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကလည်း တရားဝင်ခန့်အပ်ထားတဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် လယ်စီတွေပေါ့နော်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ညွှန်ကြားတဲ့ဥပဒေတွေနဲ့အညီ မဆောင်ရွက်ဘဲနဲ့ သူတို့က အချိန်ဆွဲတာ ကြန့်ကြာအောင်လုပ်နေတာ၊ ပြဿနာတွေလုပ်နေတဲ့အတွက် ဧရာဝတီတိုင်းအတွင်းမှာ လယ်ယာမြေ ပြဿနာတွေ အနှံ့အပြားဖြစ်ပေါ်နေတယ်၊ တရားစွဲပြီး ထောင်ချခံရတဲ့ လယ်သမားတွေ အများကြီးရှိတယ်”

ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေပြဿနာတွေကို ဒီနေ့ တွေ့ဆုံပွဲမှာမတင်ပြဖို့ လယ်သမားအရေး ဆောင်ရွက် သူတွေကို တိုင်းအစိုးရအဖွဲ့က သတိပေးခဲ့ပြီး အဲဒီပြဿနာတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူဖြေ ရှင်းပေးမယ်လို့လည်း ပြောထားကြောင်း သိရပါတယ်။

ဒီနေ့ တွေ့ဆုံပွဲမှာ တိုင်းအစိုးရတာဝန်ရှိသူတွေက ဧရာဝတီတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ တယ်လီဖုန်းလိုင်းကိစ္စတွေကို တင်ပြကြတယ်လို့လည်း သိရပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က မွန်ပြည်နယ် သထုံမြို့မှာ ဒေသခံတွေ၊ မွန်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သလို ဧပြီလ ၂၆ ရက်နေ့ကလည်း ကရင်ပြည်နယ် ဘားအံမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA

အပြည့်အစုံသို့ »

တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေ ပြော


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာကျင်းပနေတဲ့ ဧပြီလ ၂၈၊ ၂၀၁၄ ခုနှစ် NCCT အစည်းအဝေး။ (ဓာတ်ပုံ-အောင်မိုးမြင့်၊)


တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ပူးပေါင်းထားတဲ့ “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) ကနေ တနိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးရဖို့ လက်ရှိအခြေအနေနဲ့ မဖြစ်နိုင်သေးကြောင်း မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေရဲ့အခြေခံ ရပ်တည်ချက် ကွာခြားမှု များနေကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ NCCT ရဲ့ စည်း ၂ ရက်ကြာ စည်းဝေးပွဲ ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီလ ဧပြီလအတွင်းမှာပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ “တနိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့” (NCCT) ရဲ့ ကိုယ်စားလှယ်တို့ ၂ ဘက် တွေ့ဆုံညှိနှိုင်းမှုတွေအပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Single Text) မူကြမ်းတစ်စောင်ဖြစ်မြောက်ရေး မူကြမ်းကို သဘောတူခဲ့ကြတာပါ။

နောက်ထပ်အစည်းအဝေးမကျင်းပနိုင်ခင် ကချင်၊ ရှမ်းနဲ့ ပလောင် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်လာခဲ့တာကြောင့် ကန့်ကွက်မှုတွေရှိခဲ့ပြီး တနိုင်ငံလုံးအပစ်ရပ်စဲရေးအတွက် တိုင်းရင်းသားတွေအပေါ် လက်နက်နဲ့ ဖိအားပေးတဲ့ အနေအထားမျိုးကို လက်မခံနိုင်တဲ့အကြောင်း တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောလာခဲ့ကြပါတယ်။
အဲဒီလို အခြေအနေတွေ ဖြစ်နေတဲ့အတွက် မြန်မာအစိုးရနဲ့ နောက်ထပ်ဆွေးနွေးပွဲဟာ ကြန့်ကြာနေအုံးမှာဖြစ်ပြီး လက်ရှိအနေအထားအရ NCCT အနေနဲ့ တနိုင်ငံလုံးအပစ်ရပ်စဲရေးအကောင်အထည်ဖော်နိုင်ရေးမှာ အချိန်ယူဖို့လိုလိမ့်အုံးမယ်လို့ NCCT အဖွဲ့ရဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

မေး။   ။ အခုလောလောဆယ်အခြေအနေမှာပေါ့နော်-တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ဖြစ်နိုင်တဲ့အခြေအနေ ရှိလား။

ဖြေ။    ။ လောလောဆယ်တော့ ဖြစ်နိုင်တဲ့ အနေအထားမရှိသေးဘူး၊ တော်တော်လေးကို အချိန်ယူဖို့ လိုအုံးမယ်။ ဘာကြောင့်လဲဆိုတော့ ကြည့်ရတာ အခြေခံရပ်တည်ချက်ခြင်းက ကွာခြားမှုများနေတယ်လို့ ပြောရမယ်။

မေး။   ။ အဓိကကွာခြားချက်တွေက ဘာတွေများလဲ။

ဖြေ။    ။ ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေမှာ အစိုးရဘက်က အန်ကယ်လ်တို့ တင်ပြအပိုင်းမှာ ဖက်ဒရယ်မူကိုလည်း လက်မခံဘူး၊ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုလည်း လက်မခံဘူး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း လက်မခံဘူး၊ နောက်ပြီးတော့မှ တဘက်က ကာကွယ်ရေးဦးစီးချုပ်က လက်ရှိ ဥပဒေတွေကို ပြည့်ပြည့်ဝဝ လက်ခံရမယ်ဆိုတဲ့အပိုင်းရယ်၊ နောက် ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်ခံပြီးတော့မှ အဲဒီဘောင်ထဲကပဲ ပြင်ဆင်သွားရမယ်ဆိုတဲ့အပိုင်းရယ်၊ ဒါတွေကို ပြောထားတော့ အန်ကယ်လ်တို့အနေနဲ့ ဒါကိုလက်ခံဖို့ဆိုတာတော့ မလွယ်ဘူးလေ။

မေး။   ။ အခုလိုအခြေအနေမျိုးမှာ နှစ်ဘက်က မူကြမ်းကိုဆွေးနွေးနေတယ်။ တော်တော်လေးတော့ အဆင်ပြေနေပြီလို့လည်း ပြောနေတယ်ဆိုတော့ တကယ်အဆင်ပြေတယ်ဆိုတဲ့အချက်တွေကရော ဘာအချက်တွေဖြစ်မလဲ။

ဖြေ။    ။ အပေါ်ယံကလေးတွေပါ။အမှန်ကတော့ အဆင်ပြေတယ်ဆိုတာကတော့ အများကြီးတော့-- ဒါပေမဲ့ အပေါ်ယံလေးအဆင်ပြေနေရုံနဲ့တော့ မပြီးလောက်ပါဘူး။

မေး။    ။ အဲဒီတော့ ကချင်ဒေသတို့၊ ရှမ်းတို့ဘက်မှာ တိုက်ပွဲတွေကကော ရပ်ပါပြီလား။

ဖြေ။    ။ တော်တော်လေးငြိမ်သွားတယ်လို့တော့ ပြောရမယ်။

မေး။   ။ ဒီဟာက NCCT ဘက်ကပြောဆိုချက်တွေ၊ ကြေညာချက်တွေထွက်တဲ့အပေါ်မှာ ဒါကို မူတည်လား။

ဖြေ။    ။ အဲဒါတော့ မပြောတတ်ဘူး၊ ဒါက အစိုးရပေါ်မှာမူတည်တယ်လေ။ အန်ကယ်လ်တို့ကတော့ ဒါကတဘက်က ကိုယ့်အဖွဲ့ဝင်တွေ အချင်းချင်းကြားမှာတော့ စာနာပြီးတော့ ပြောရမှာပေါ့။ တဘက်က သူတို့ (ကချင်၊ ရှမ်း) ကိုတိုက်တာလည်း ကျနော်တို့ကို အားလုံးကို တိုက်တာနဲ့ ဆက်စပ်မှု ရှိတယ်။

မေး။   ။ ..ဆိုတော့ ဒီအခြေအနေပေါ်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ဖို့ ဒီလိုအဖွဲ့အစည်းတွေက ဘယ်လိုများ ပြင်ဆင်ကြမလဲ။

ဖြေ။    ။ အန်ကယ်လ်တို့က တချို့အရေးကြီးတဲ့ဟာတွေကို အန်ကယ်လ်တို့ NCCT အနေနဲ့လည်း မဆုံးဖြတ်နိုင်ဘူး၊ မူပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတာပါ။ အဲဒီတော့ အန်ကယ်လ်တို့လည်း လိုအပ်ရင်လိုအပ်သလိုပေါ့ဗျာ- အဖွဲ့အစည်းပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင်များနဲ့ ပြန်လည်ညှိနှိုင်းဖို့တော့ လိုမယ်။

ဧပြီလ ၅ ရက်နေ့ကနေ၊ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီး နှစ်ဘက် ပူးတွဲကြေညာချက်မှာ နှစ်ဘက် ကိုယ်စားလှယ်အားလုံးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံး ပေါ်ပေါက်လာအောင် ဆက်လက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

 ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCCT အဖွဲ့ဝင်တွေရဲ့ အခု အစည်းအဝေးကို မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားခြင်း မရှိကြောင်းလည်း နိုင်ဟံသာက ပြောပါတယ်။ အဖွဲ့ဝင်အချင်းချင်း ဆွေးနွေးပွဲသာဖြစ်ပြီး ဆွေးနွေးပွဲကာလ ၂ ရက်ခန့်ကြာမယ်လို့လည်း သူက ပြောခဲ့ပါတယ်။

VOA

အပြည့်အစုံသို့ »

အိပ်နေစဉ် ဘာလို့ ဘီလူးစီး တာလဲ



ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးတယ်ဆိုတာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေ လက်တွေလှုပ်မရ၊ အော်မရပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ခေါ်တဲ့ အခြေအနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့ လန့်သွားလောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။
Sleep Paralysis ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါ တယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါလောက်ပဲကြုံ တတ်ပါတယ်။ RISP ကတော့ ခဏခဏ ပြန်ဖြစ်နေတာပါ။ မြန်မာလိုပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်။

ဘီလူးစီးတာ ဘာဖြစ်လို့ဖြစ်ရတာလဲ ဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဒါပေမယ့် လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီ သဘောတရားအရပဲ ရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့်ခွဲပါတယ်။ အဲဒီတစ်ဆင့်ခြင်းဆီမှာကိုပဲသူနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့တုန့်ပြန်မှုတွေရှိပါတယ်။ တစ်ညတာအိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေ အလှည့်ကျဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။ အလွယ်ပြောရရင်တော့ NREM ဆိုတာက အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝအိပ်ပျော်သွားတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ REM အချိန်မှာ လူတွေပာာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာ ဆိုပေမယ့်လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ်ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီး ထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ရှိပါတယ်။ အိပ်မက်ထဲမှာ ဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိပါလိမ့်မယ်။ အဲဒီတော့ အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်း အပြင်မှာလျှောက် မဖြစ်နေအောင် ဦးနှောက်က REM အဆင့် လူတွေ အိပ်မက်မက်ပြီဆိုရင် အိပ်မက်ထဲကအတိုင်း အပြင်မှာ လိုက်မလုပ်နိုင်အောင် လူထိန်းချုပ်လို့ရတဲ့ ကြွက်သားတွေကို လုံးဝမလှုပ်တော့အောင် လှမ်းပိတ်ထား လိုက်ပါတယ်။ ပြီးတော့မှနိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်က ထိန်းချုပ်ထား တာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ရအောင်လုပ်ပါတယ်။ ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေ ရာမှာ လူကိုယ်တိုင်ထိန်းနိုင်တဲ့ကြွက်သားတွေကိုသာ သေအောင်လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူး စီးတဲ့ အချိန်မှာ မအော်နိုင်မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာလိုမျိုး အရေးကြီးတဲ့ ကြွက်သားတွေ ကတော့ ပုံမှန်အလုပ်ဆက်လုပ်ပါတယ်။

အဲလိုဘီလူးစီးတယ်ဆိုတဲ့ အခြေအနေဖြစ်ပေါ်ရတာကတော့ ခုနကပြောထားတဲ့ REM အဆင့်ကနေ မလျော့ဘဲ ဦးနှောက်ကထိန်းချုပ်ထားတာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံ မှားယွင်းတာကြောင့် နိုးသွားပြီး လူရဲ့သိစိတ်ပြန်ဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က အိပ်နေတယ်လို့ပဲ ဆက်သတ်မှတ် ထားပြီး REM အဆင့်မှာပဲဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက် မက်နေသလို၊ တကယ်ဖြစ်နေသလိုခံစားရပါတယ်။နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင်ဖြစ်ခါ အတော်ကြီး ကိုစိတ်ဒုက္ခရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။ ဆိုလိုချင်တာက အပြင်က လူတစ်ယောက် ယောက်မနှိုးမခြင်း၊ REM အဆင့်မကုန်သွားမခြင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက် ကတော့ ဘီလူးစီးတဲ့အချိန်မှာ လူတွေပာာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက် ဖွယ်ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာ ခံစား မိနေပါတယ်။ အဲဒါကလည်း သိစိတ်ရှိနေတဲ့ REM အဆင့်ရဲ့နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ဘာသာပြန် တာ လွန်ကဲပြီး ဒီအခြေအနေပာာ အသက်အန္တရာယ်ထိရှိလာနိုင်တယ် အရမ်းကြောက်ဖို့ကောင်းတယ် လို့ နောက်ဆက်တွဲ ဘာသာပြန်ပါတယ်။ အဲဒါကြောင့် ဘီလူးစီးခံရတဲ့ လူတွေပာာ အဲလိုလှုပ်လို့မရတဲ့ အခြေအနေတစ်ရပ်မှာ အင်မတန်ကိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံ ခံစားခဲ့ရတယ်လို့ ထင်ပြီး နိုးလာရင်တောင်ကြောက်စိတ်မပြယ်ဖြစ်နေတတ်ပါတယ်။

ဒီလိုဦးနှောက်က ဘာသာပြန်မှားယွင်းတာပာာ ဦးနှောက်ကို အောက်ဆီဂျင်သိပ်မရောက်တဲ့ အခြေ အနေတွေ ဥပမာ လေ၀င်လေထွက် မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့ အခန်းထဲမှာ အိပ်တာမျိုးဆိုရင် ပိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ အဲဒါက အလွန်ပြင်းထန် သွားတတ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့ သိနေပေမယ့်လည်း အသက်ရှူကြပ်တဲ့အထိ၊ အသက်ရှူလို့ မရတဲ့အခြေအနေထိဖြစ်လာပါတယ်(ကျနော်တစ်ခါဖြစ်ဖူးပါတယ် အိပ်မက်မက်ရင်း အသက်ရှူကြပ်လာ တာ။ တော်သေးတယ် မသေသွားလို့။) ဘီလူးစီးခြင်း (Sleep paralysis)ပာာ အသက် အန္တရာယ်ဖြစ် လောက်အောင်ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာ မမေ့နိုင်အောင် ကြောက်မက်ဖွယ်ကောင်းခဲ့ပါတယ်။ ဘီလူးစီးတာပာာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန် မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့ သူတွေ၊ အရမ်းကို ပင်ပန်းနွမ်း နယ်နေတဲ့ သူတွေ၊ ဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။

ဒီနေရာမှာတော့ မြန်မာတွေအရင်တည်းက ယူဆလာတဲ့အချက်က အတော်မှန်နေတာတွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက်မအိပ်နဲ့လို့ ပြောခဲ့တာက အခု သိပ္ပံနည်းကျရှင်းတဲ့ အခါမှာလည်း အင်မတန်မှန်နေပါတယ်။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဒာကိုယ် အနေ အထားကြောင့် လျှာဒါမှမပာုတ် အာခေါင်ပျော့တို့ရဲ့ဖိအားကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ပြီး လေသိပ် မ၀င်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ် လာနိုင်တယ်လို့ ဆိုပါတယ်။

ပုံမှန်အိပ်တာ၊ လေ၀င်လေထွက်ကောင်းအောင် လုပ်တာနဲ့ အိပ်ရာကုတင် သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်း အိပ်မယ်ဆိုရင် Sleep Paralysis ကို ကာကွယ်နိုင်ပါတယ်။

Dr. သူရိန်လှိုင်ဝင်း
ရွှေအိမ်စည် စာကြည့်တိုက်

အပြည့်အစုံသို့ »

မေလ(၁)ရက်တွင် အလုပ်သမားတစ်ထောင် ဆူးလေ၌ ဆန္ဒပြမည်


ရန်ကုန်၊ ဧပြီ ၂၈။

မေလ ၁ရက်၊ အလုပ်သမားနေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌  နံနက်၁၁နာရီမှ နေ့လည် (၂)နာရီထိ အလုပ်သမား
တစ်ထောင်ခန့်က အလုပ်သမားအခွင်းအရေး များတောင်းဆိုဆန္ဒပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား
သမဂ္ဂများကွန်ရက်မှ ကိုနန္ဒာစစ်အောင်က ပြောသည်။

“တစ်နေ့ အလုပ်ချိန် ၈နာရီသတ်မှတ်ပေးဖို့နဲ့ တစ်ရက်လုပ်ခ အနည်းဆုံး ၅ဝဝဝ၊ ၆ဝဝဝ ရရှိဖို့ပါ၊ ပြီးတော့ အခုအလုပ်သမား
အများစုက နေ့စားလရှင်းဖြစ်နေတယ်၊ သူတို့ကို လစာပေးစနစ် ကျင့်သုံးဖို့နဲ့ အလုပ်သမားတွေကို တစ်ဖက်သတ် အလုပ်မထုတ်ဖို့
တောင်းဆို သွားမှာပါ ” ဟု ၎င်းက ပြောသည်။

ဆန္ဒပြပွဲတွင် ရန်ကုန်မြို့အနီးရှိ စက်မှုဇုန် အသီသီးမှအလုပ်သမားများ ပါဝင်ဆန္ဒထုတ်ဖော် မည်ဖြစ်ပြီး၊ အများစုမှာလှိုင်သာယာ
စက်မှုဇုန်မှ ဖြစ်ကြောင်းသိရသည်။ အလုပ်သမားအခွင့်အရေးများအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ ပုဒ်မ၄၃၆၊၅၉(စ)၊ ပုဒ်မ၂၁၆၊၄၁၈အပြင်၆(ခ)၊၇(ခ)၊၆၀(ခ)စသည့်ပုဒ်မများ ပြင်ဆင်ရေးအတွက်လည်း ထည့်သွင်းတောင်းဆို သွားမည်ဖြစ်ပြီး
ဒီမိုကရက်တစ်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ပါဝင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆန္ဒပြပွဲအတွက်
ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ဧပြီ ၂၄ရက်က ခွင့်ပြုမိန့် တောင်းခံထားပြီး ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ဆန္ဒပြသွားမည်
ဟု ကိုနန္ဒာစစ်အောင်က ဆက်လက် ပြောသည်။

ချမ်းမင်းဟန်

ဓာတ်ပုံ-သီဟသစ်

The Myanma Age

အပြည့်အစုံသို့ »

အိုဘားမားနှင့် တွေ့ဆုံခဲ့တဲ့ မြန်မာလူငယ်တွေ ဘာတွေပြောကြသလဲ


Written by ဥာဏ်လှိုင်လင်း၊ စုမြတ်ဝေ

ရန်ကုန်၊ မဇ္ဈိမ။ ။ အမေရိကန်သမ္မတ အိုဘားမားသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Town Hall Meeting၌ ဧပြီ ၂၇ ရက်၊ ဒေသစံတော်ချိန် ညနေ ၄ နာရီမှစပြီး အာဆီယံ လူငယ်များနှင့် နှစ်နာရီခန့် တွေ့ဆုံခဲ့ရာတွင် မြန်မာလူငယ် ၁၀ဦးလည်း ပါဝင်သည်။


တွေ့ဆုံပွဲတွင် သမ္မတအိုဘားမားက အွန်လိုင်းတွင် ကြိုတင်မေးမြန်းခွင့်ပြုထားသည့် မေးခွန်းများထဲမှ ၂ ခုနှင့် တက်ရောက်လာသူ များထဲမှ လူငယ် ၆ ဦးကို ရွေးချယ်၍ သဘောထားပြန်ကြားခဲ့သည်။

ယင်းတွင် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သည့် ကိုစောထက်ခန့်၏ အွန်လိုင်းမှ မေးခွန်း တစ်ခုလည်းပါဝင်ခဲ့သည်။

တွေ့ဆုံပွဲသို့ အာဆီယံ ၁၀ နိုင်ငံမှ ရွေးချယ်ထားသည့် လူငယ် ၁၀၃ ဦးခန့် အပါအ၀င် မလေးရှားကျောင်းသားလူငယ်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခွင့်ရခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ
ရောက် မြန်မာလူငယ် ၁၀ ဦးထဲမှ အချို့နှင့် မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ပြီး ယင်းတို့၏ သဘောထားမှတ်ချက်အချို့နှင့် မြန်မာ လူငယ်တစ်ဦး၏ မေးခွန်းအပေါ် သမ္မတ အိုဘားမား ပြန်လည် ဖြေကြားခဲ့သည်ထဲမှ အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ကိုသက်ဆွေဝင်း (ဒါရိုက်တာ၊ လူငယ်နှင့် လူမှု သဟဇာတဖြစ်ရေးစင်တာ)

“အမေရိကန်သမ္မတနဲ့ တွေ့ဆုံခွင့်ကို အာဆီယံလူငယ်တွေ အကောင်းဆုံး အသုံးမချနိုင်ခဲ့ပါဘူး။ အဖိုးတန်အခွင့်အရေး ဆုံးရှုံးခဲ့ရ တယ်။ မေးခွင့်ရတဲ့သူတွေက ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းအများစုပဲ မေးခဲ့ကြတယ်။ အာဆီယံဒေသတွင်းက သန်းပေါင်းများစွာ
သော ပြည်သူတွေကို ကိုယ်စားပြုတဲ့ မေးခွန်းမျိုး မပါဘူး၊ နောက်ဆုံးမေးတဲ့ ထိုင်းက လူငယ်က ခင်ဗျားနောင်တရဖူးလားလို့မေး
တော့၊ အိုဘားမားက ခင်ဗျားကို မေးခွင့်ပြုခဲ့တာကို နောင်တ အရဆုံးပဲလို့စပြောတယ်၊ ပြီးမှ နောက်တာပါ ဆိုပြီးပြောတယ်”

ကိုမင်းကိုကို (နတ်မောက်စင်တာ)

အိုဘားမားပြောသွားတဲ့ မိန့်ခွန်းတွေမှာရော နောက်ပြီးတော့ သူပြောသွားတဲ့ အဖြေတွေထဲမှာရော အားလုံးမှာ ကျွန်တော်တို့
မြန်မာနိုင်ငံကို အရမ်းကို ဦးစားပေးပြီးတော့ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း အာဆီယံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးထဲမှာ ပါဝင်တယ်
ပေါ့။ မြန်မာနိုင်ငံမှာ အခုလောလောဆယ် ပြုပြင်ပြောင်းလဲမှုတွေကလည်း တိုးတက်မှုတွေရှိတယ်။ အဲတော့ မြန်မာနိုင်ငံကို အတုယူရမယ်ဆိုတာမျိုးလည်း ထည့်ပြောသွားပါတယ်။ နောက် အာဆီယံနိုင်ငံမှာရှိတဲ့ လူငယ်တွေအနေနဲ့လည်း ကျွန်တော်တို့
မြန်မာနိုင်ငံပေါ်မှာ ပိုပြီးတော့ စိတ်ဝင်စားမှုလည်း ရှိလာတယ်။ နောက်ပြီး အိုးဘားမားအနေနဲ့ ဥပမာ ဒေါ်အောင်ဆန်းစုကြည်
ပေါ်မှာ ထပ်ခါတလဲလဲ နှစ်ခါ၊သုံးခါ ချီးမွမ်းပြောသွားတာတွေလည်းရှိပါတယ်။

မသက်မွန်မြတ်သိမ်း

မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးသွားခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်။ ကိုယ်တိုင်တွေ့ပြီး မေးခွန်းတွေ မေးခွင့်ရမယ်ဆိုတဲ့အတွက် စိတ်လဲလှုပ်ရှားမိတယ်။ တကယ် မေးခွန်းမေးခွင့်ရတဲ့အချိန်မှာ ကိုယ်တိုင် မပါဝင်ပေမယ့် မြန်မာနိုင်ငံက မေးခွန်းတစ်ခု အရွေးခံရလို့ ပျော်ပါတယ်။
ကိုစောထက်ခန့်၏ မေးခွန်း

မြန်မာနိုင်ငံမှာသာမက အာဆီယံတလွှားမှာ ရှိနေတဲ့ မတူကွဲပြားတဲ့ ယှဉ်ပြိုင်မှုတွေ၊ ဘာသာစကားတွေ၊ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေချိန်မှာ နောင်လာမယ့်မျိုးဆက်တွေရဲ့ ခေါင်းဆောင်တွေ အတွက် သမ္မတ အိုဘားမားရဲ့ အားပေးစကားက ဘာဖြစ်မလဲ။

သမ္မတ အိုဘားမား ပြန်လည်ဖြေကြားချက်ထဲမှအချို့-

“ဆင်းရဲဒုက္ခတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေရဲ့ အကြီးမားဆုံး ရင်းမြစ်တစ်ခုက ကိုယ်နဲ့ မတူတဲ့ လူတွေကို ကွဲပြားခြားနားစွာ ဆက်ဆံနေမှုပဲ”

“မြန်မာနိုင်ငံဟာ လွန်စွာမှပင် ရဲရင့်လှတဲ့ လုပ်ငန်းစဉ်ကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်”

“လူမျိုးရေးအမှတ်သရုပ်တွေကို နိုင်ငံရေးထဲ သွတ်သွင်းကြမယ်ဆိုရင် မြန်မာနိုင်ငံကို လမ်းကြောင်းအမှားပေါ် ဆွဲချသွားစေနိုင်တဲ့ ပဋိပက္ခတွေကို ကျွန်တော်တို့ စမြင်နေရပြီ။ ဒါဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲ မဟုတ်ပါဘူး”

“နေ့စဉ်ဘ၀တွေနဲ့ ဆန့်ကျင်ပြီးတော့ ရဲရဲဝံ့ဝံ့ပြောဆိုရတာတွေ ရှိရမယ်၊ တစ်ပြိုင်နက်တည်းမှာလည်း ခေါင်းဆောင်တစ်ယောက် အနေနဲ့ ထွက်ပေါ်လာပြီဆိုရင်တော့ အဲဒီကွဲပြားခြားနာတဲ့သူတွေကို တစ်စုတစည်း တည်းဖြစ်အောင် ဆောင်ရွက်နိုင်တဲ့

နိုင်ငံရေးမျိုး ဖြစ်သင့်တယ်။ ဒါဟာ လက်ရှိမျိုးဆက်အတွက် အရေးကြီးဆုံးအရာပဲ”

“ကျွန်တော်တို့ဟာ တရားဥပဒေရှေ့မှောက်မှာ လူတိုင်းကို ညီတူညီမျှဆက်ဆံခြင်း၊ လူတိုင်းကို လေးစားခြင်းဆိုတဲ့ တူညီတဲ့ အမြင်ရှိကိုရှိရမယ်။ ဒါဟာ ခင်ဗျားတို့အားလုံး ဆုပ်ကိုင်ထားတဲ့ ခံယူချက်တစ်ခု ဖြစ်ရမယ်”

Mizzima Burmese


အပြည့်အစုံသို့ »

Pharrell Williams ရဲ့ နံပါတ် ၁ ချိတ်နေတဲ့ ‘Happy’ သီချင်းကို ကြိုက်တယ်လို့ Facebook ပေါ်မှာ တင်ပြီးချင်း ကားတိုက်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးပရိသတ်


သီဟနိုင်

မြောက်ကယ်ရိုလိုင်းနား မှာနေထိုင်တဲ့ အသက် ၃၂နှစ်အရွယ် အမျိုးသမီးဟာ selfieဓာတ်ပုံတွေ နဲ့ Pharrell Williams ရဲ့ သီချင်းကို နားထောင်နေရင်း ပျော်နေတဲ့အကြောင်း facebook update တင်နေတုန်း သူမမောင်းလာတဲ့ကားနဲ့ ကုန်တင်ကားကြီး ခေါင်းချင်းဆိုင်တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။

Pharrell Williams ရဲ့ billboard နံပါတ် ၁ချိတ်နေတဲ့ ‘Happy’ သီချင်းဟာ သူမကို ပျော်ရွှင်စေကြောင်း ‘The happy song makes me HAPPY!’ ဆိုပြီး facebookမှာ သူမ တင်ခဲ့တာပါ။ သူမရဲ့ နာမည်ကတော့ Courtney Sanford လို့ခေါ်ပါတယ်။

Courtney Sanfordဟာ လမ်းကျပ်တဲ့ လမ်းမကြီးရဲ့ လမ်းလယ်ကြောကနေ မောင်းလာတုန်း အမှိုက်သိမ်းကားကြီးနဲ့ ခေါင်းချင်းဆိုင် တိုက်မိတာပါလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူမရဲ့ ဖုန်းကို ရဲတွေက စစ်ဆေးကြည့်တဲ့အခါ လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကပဲ အွန်လိုင်းမှာ ဓာတ်ပုံတွေ တင်ထားတာကို တွေ့ခဲ့ရပါတယ်။ သူမရဲ့ သူငယ်ချင်းတွေနဲ့ နောက်ဆုံး share ခဲ့တဲ့ စကားလုံးတွေကတော့ ‘The happy song makes me HAPPY!” ဆိုတာပါပဲ။ သူမရဲ့ သူငယ်ချင်းတွေပဲမြင်နိုင်အောင်တင်ခဲ့တဲ့ အဲ့ဒီ့ post ကို နံနက် ၈နာရီ ၃၃မိနစ်မှာ တင်ခဲ့တာဖြစ်ပြီး နောက်တစ်မိနစ်အကြာမှာပဲ ယာဉ်တိုက်မှုဖြစ်နေကြောင်း 911 က ဖုန်းလက်ခံရရှိခဲ့တာပါ။

Ref:dailymail.co.uk

Trend Myanmar

အပြည့်အစုံသို့ »

တာဝန် ယူတတ်သူတို့ရဲ့လေးစား အတုယူ ဖွယ်ရာ


တောင်ကိုရီးယား ဖယ်ရီသင်္ဘောနစ်မြုပ်နေစဉ်၊ ဓာတ်ပုံ- ရိုက်တာ

အွန်လိုင်း ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်တဲ့ အလွန် ၀မ်းနည်းကြေကွဲဖွယ် တောင်ကိုရီးယားက ကူးတို့ သင်္ဘော မှောက်ပြီး ပင်လယ်ထဲ နစ်မြုပ် သွားတဲ့ သတင်းနောက်ဆက်တွဲတွေထဲမှာ အလွန်စိတ်ဝင်စား
လေးစား အတုယူဖွယ်တွေ ဆက်တိုက်ဖြစ်ပေါ် ခဲ့ပါတယ်။


မြန်မာနိုင်ငံအတွက် အထူးခြားဆုံး သတင်းဖြစ်မယ်ထင်တာကတော့ လူ အနည်းဆုံး ၃၀၀ ကျော် သေ ဆုံးတာ၊ ဒါမှ မဟုတ် ပျောက်ဆုံးတဲ့ သင်္ဘောမှောက်တဲ့ ကိစ္စ တောင်ကိုးရီးယားအစိုးရရဲ့ တုံ့ပြန်မှု ကို
တောင်ကိုရီးယား နိုင်ငံသား တွေ က အတော်မကျေမနပ်ဖြစ်နေတောတွေ ပေါ်ထွက်ခဲ့ပြီး ၀န်ကြီးချုပ် ဖြစ်တဲ့ မစ္စတာ ချန်ဟွန်ဝွန်း က မနေ့တုန်းက ရာထူးက နုတ်ထွက်တဲ့အကြောင်း နိုင်ငံပိုင် ရုပ်/သံက ပြော သွားပါတယ်။

“အစိုးရအဖွဲ့မှာ ကျနော် ဆက်ရှိနေသေးမယ်ဆိုရင် ကျနော့်ကြောင့် အစိုးရအဖွဲ့ဟာ ၀န်ထုပ်ဝန်ပိုး
ဖြစ်နေမယ်” လို့ သူက ရဲရဲ ရင့်ရင့် ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာလည်း သမ္မတဆီကို သူက နုတ်ထွက်စာတင်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းတွေ က ဖော် ပြကြပါတယ်။

ဧပြီလ ၁၆ ရက်နေ့က တောင်ကိုရီးယား ကျောင်းသားတွေနဲ့ ဆရာတွေ ရာနဲ့ချီတင်ဆောင်သွားတဲ့ တန်ချိန် ၇ ထောင် လောက်ရှိတဲ့ ကူးတို့ သင်္ဘောဟာ အပန်းဖြေစခန်းတွေနဲ့ နာမည်ကြီးပြီး အလွန်လှပတဲ့ ဂျီဂျူးကျွန်း ကို သွားနေခိုက် တိမ်းမှောက်ပြီး ၂ နာရီ အကြာ နစ်မြုပ်သွားလို့ သင်္ဘောပေါ် လူပေါင်း ၃၀၀ လောက် ပါ သွားခဲ့ရပါတယ်။

သင်္ဘောနစ်မြုပ်နေချိန်မှာလည်း ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ တောင်ကိုရီးယား ကယ်ဆယ်ရေးအဖွဲ့တွေက အားသွန်ခွန် စိုက် ကြိုးစားကယ်ဆယ်ခဲ့ကြပါတယ်။ အခုထိလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ မပြီးသေး ဘူး လို့ ပြောရမှာပါ။

ဒါကြောင့် တောင်ကိုရီးယား ၀န်ကြီးချုပ် ချန်ဟွန်ဝန်းဟာ ကျောင်းသားအများစု သေဆုံး ( ပျောက်ဆုံး) ခဲ့ရတဲ့အဖြစ် ဆိုး အပေါ် အတော်စိတ်မကောင်းဖြစ်စွာနဲ့ အခင်းဖြစ်ကတည်းက အကြီးအကဲတဦးအနေနဲ့ ရာထူးကနုတ်ထွက်ချင်ခဲ့ တဲ့အကြောင်းလည်း ပြောပြီး တဖက်က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင် မှုတွေကိုလည်း ရာထူးက နုတ်ထွက် ခွင့် မရမီ လုပ်ဆောင်သွားချင်တယ်လို့လည်း ပြောပါတယ်။

တာဝန်ယူမှုရှိတတ်တဲ့ တောင်ကိုရီးယား ၀န်ကြီးချုပ်ရဲ့ လေးစားဖွယ်ရာပါ။ ( မြန်မာနိုင်ငံမှာ ဒါမျိုး အိပ်မက် ပင် မမက်နိုင်သေးပါ)

တောင်ကိုရီးယားသမ္မတကတော့ ကယ်ဆယ်ရေး ကိစ္စတွေ မပြီးသတ်သေးတဲ့အတွက် သူ့ရဲ့ နုတ်ထွက်စာ ကို လက်ခံခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

 ဧပြီလ ၁၈ ရက်နေ့က သစ်ပင်တပင်မှာ သင်္ဘောပေါ် ကျောင်းသားတွေနဲ့ အတူ ပါသွားခဲ့ပြီး ကယ်ဆယ်ခံ ခဲ့ရတဲ့ ဒုတိယကျောင်းအုပ်ကြီးရဲ သူ့ကိုယ်သူ ခါးပတ်နဲ့ ဇွဲကြိုးချ သတ်သေထားတဲ့ အလောင်း ကို ရဲတွေ က တွေ့ခဲ့ရပါတယ်တဲ့။

တိမ်းမှောက်နစ်မြုပ်သွားတဲ့ သင်္ဘောပေါ် စီးနင်းလိုက်ပါသွားကြတဲ့ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေနဲ့ အတူ မိမိကိုယ် သေကြောင်း ကြံသွားတဲ့ ဒုတိယ ကျောင်းအုပ်ကြီး မစ္စတာ ခန်မင်ဂျူ လည်း အပါအ၀င်ပါဘဲ။

တကယ်တော့ သူဟာ သင်္ဘော နစ်မြုပ်နေစဉ်မှာ အခြား ကျောင်းသား၊ ကျောင်းသူတွေနဲ့ အတူ ပိတ် မိနေ ခဲ့ချိန် ကယ်ဆယ်ရေး အဖွဲ့တွေက သူနဲ့ အခြား ကျောင်းသား ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့လို့ အသက်ရှင် ခဲ့ သူ လည်းဖြစ်ပါတယ်။

 သူဟာ မသေဆုံးခင်က သင်္ဘောနစ်မြုပ်ချိန်က အခြေအနေတွေနဲ့ပတ်သက်ပြီး သူ့မိတ်ဆွေတွေကို သတင်း ပို့ပေးခဲ့ပါသေးတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။

ဒါပေမယ့် သူဟာ ကယ်ဆယ်ခံခဲ့ရလို့ အသက်ရှင်ခွင့် ရခဲ့ပေမယ့် အခုလို သူ့ကိုယ်သူ အဆုံး စီရင်သွား တာကတော့ သူ့ ကျောင်း သားတွေသေဆုံးသွားရတာအပေါ် အလွန်ဝမ်းနည်းလို့ဖြစ်ပါတယ်တဲ့။

သင်္ဘောပေါ် ပါသွားပြီး သေဆုံး ( ပျောက်ဆုံး) သွားရတဲ့ သူ့ကျောင်းသားတွေအတွက် အတော်ကြေကွဲ ခံစားရတဲ့ အကြောင်း ရေးသား ထားတဲ့ စာကိုလည်း သူ့ရဲ့ ပိုက်ဆံအိတ်ထဲက မှတ်တမ်းတခု မှာ ရေး ထားခဲ့တာကို ရဲတွေက တွေ့ခဲ့ရတယ်။

ဒီအပြင် ကျောင်းသား ကျောင်းသူတွေနဲ့ သင်္ဘောဝန်ထမ်းတွေထဲက ခေါင်းဆောင် စိတ်ဓာတ်ရှိသူတွေ ကလည်း ကျောင်းသားငယ်တွေကို အသက်ကယ် အ၀တ် ရရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အသက်ပေးပြီး လုပ်ဆောင် သွားတာတွေလည်း သတင်းတွေမှာ ဖတ်ရတယ်။

တာဝန်မဲ့တယ်လို့ ယူဆခံထားရတဲ့ အသက်ရှင်ပြီး လွတ်မြောက်လာတဲ့ သင်္ဘော ကပ္ပတိန်နဲ့ ၀န်ထမ်း တချို့ကိုတော့ အစိုးရက အရေးယူထားပါပြီ။

ဒီမှာ အဓိက သတိထားမိလိုက်တာက တောင်ကိုးရီးယားခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်နဲ့ တာဝန်ယူမှု ပါဘဲ။ ဒီလို စိတ်ဓာတ်နဲ့ တာဝန်ယူမှုတွေကပဲ တောင်ကိုရီးယားကို အခုလို ခေတ်မီ ဖွံ့ဖြိုးတိုးတက် တဲ့
နိုင်ငံကြီးအဖြစ် မောင်းနှင် နေတာလားဆိုတာ လေးစားအတုယူဖွယ် ဖြစ်ရပါတယ်။

လင်းသန့်
Irrawaddy

အပြည့်အစုံသို့ »