အမျိုးသမီး အဆိုရှင် လူရွှင်တော် ၅ ဦး တင်ဆက်မှု ရိုင်းသည်ဟု ဝေဖန်ခံရ



ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအနုပညာဖျော်ဖြေပွဲ နောက်ဆုံးနေ့တွင်ပါဝင်သော အမျိုးသမီးလူငယ်အဆိုရှင်ငါးဦး၏ လူရွှင်တော်အဖြစ် ဖျော်ဖြေတင်ဆက်မှုအစီအစဉ်ကို ကြိုက်နှစ်သက်သူများရှိသလို ၎င်းတို့၏ အမှုအရာများနှင့်ပတ်သက်၍ ဝေဖန်သူများလည်းရှိခဲ့သည်။

စန္ဒီမြင့်လွင်၊ နန်းသူဇာ၊ နန်းမြတ်ဖြိုးသင်း၊ မိစန္ဒီ၊ Bobby Soxer တို့က လူရွင်တော်အဖြစ် တင်ဆက်ခြင်းဖြစ်ပြီး ပြက်လုံးများကို သီချင်းများဖြင့် သီဆိုတင်ဆက်သည့် အစီအစဉ်တွင် အင်တာနက်နှေးသည့်ကိစ္စ၊ မီတာခတိုးတောင်းသည့်ကိစ္စ၊ လမ်းမကောင်းသည့်ကိစ္စ၊ ပါးရိုက်သည့်ကိစ္စ၊ လာဘ်ပေးလာဘ်ယူကိစ္စများကို တင်ဆက်ပေးခဲ့ရာ ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြသည်။

ထို့အပြင် ရုပ်သံလိုင်းအချို့တွင် ထုတ်လွှင့်လျက်ရှိသော အစီအစဉ်များကို သရော်သည့်ပုံစံဖြင့် တင်ဆက်ခဲ့သော ဗြဲလျန်းကော်လက်ရှင်အစီအစဉ်၊ အကြော်သည်အကယ်ဒမီအစီအစဉ်များကိုလည်း ပရိသတ်များအားပေးခဲ့ကြသည်။

နောက်ဆုံးတင်ဆက်သည့် အကြော်သည်အကယ်ဒမီအစီအစဉ်တင်ဆက်မှုကို သဘောကျသော်လည်း သရုပ်ဆောင်သွားသည့် အမူအရာအချို့မှာ မိန်းကလေးများအနေဖြင့် မသင့်တော်ကြောင်း အမျိုးသမီးပရိသတ်တစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။

‘‘အစ်မတို့နဲ့ အသက်ကွာလို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ လူငယ်အချင်းချင်းအတွက်ဆို ဘာမှမဖြစ်ပေမယ့် တချို့စကားလုံးတွေနဲ့ အမူအရာတွေက နည်းနည်းရိုင်းတယ်လို့ထင်တယ်’’ဟု တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုခဲ့သည့် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

၎င်းတို့၏ ဖျော်ဖြေမှုအစီအစဉ်နှင့်အတူ တင်မောင်ဆန်းမင်းဝင်းက ကပြဖျော်ဖြေပြီး မေတင်မောင်ဆန်းမင်းဝင်း၊ မေကဗျာနှင့် ဆန်းသစ်လတို့ကလည်း ထိုင်းရိုးရာအကများဖြင့် တင်ဆက်ကပြခဲ့သည်။

‘‘ဒီပွဲကြည့်ရတာ တော်တော်တန်တယ်။ ရယ်လည်းရယ်ရတယ်။ ပိုက်ဆံကလည်း ၀င်ကြေးပဲကုန်တယ်’’ဟု ကမာရွတ်မြို့နယ်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအနုပညာဖျော်ဖြေပွဲကို မတ်လ ၂၈ ရက်မှ ၃၀ ရက်အထိ ပြည်သူ့ရင်ပြင်၌ အခမဲ့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံမှ အနုပညာရှင်တစ်ရာကျော် ပါဝင်ဖျော်ဖြေပေးခဲ့သည်။
7Day News

အပြည့်အစုံသို့ »

မြန်မာနိုင်ငံရှိ လူဦးရေစာရင်း သြဂုတ်လတွင် ထုတ်ပြန်မည်



ရန်ကုန်၊ မေ ၇

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုက ရရှိသည့် မြန်မာနိုင်ငံ၏ လူဦးရေစာရင်းကို လာမည့် သြဂုတ်လတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

မြန်မာနိုင်ငံရှိ လူဦးရေစာရင်း၊ အမျိုးသား၊ အမျိုးသမီးဦးရေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ လူဦးရေ၊ မြို့နယ်ရှိ လူဦးရေများ စာရင်းကို ထုတ်ပြန်သွားမည် ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိသည့် အချက်အလက်များကို ၂၀၁၅ ခုနှစ် မေလတွင် အပြီးသတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်တွင် နောက်ဆုံး ကောက်ယူခဲ့ပြီး ယင်းအချိန်က လုံခြုံရေး အခြေအနေကြောင့် ကျေးရွာ အုပ်စုပေါင်း ၉၄၂ စု လူဦးရေအားဖြင့် ၁ ဒသမ ၁၇ သန်းကို မကောက်ယူနိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေး အခြေအနေကြောင့် ကချင်ပြည်နယ်ရှိ ကေအိုင်အေ ထိန်းချုပ်နယ်မြေရှိ ကျေးရွာအုပ်စု ၂၅ စု၊ ကျေးရွာအားဖြင့် ၉၇ ရွာသာ ကျန်ရှိခဲ့ကြောင်း ဦးခင်ရီက ထပ်မံ ပြောကြားသည်။

ယခင် အစဉ်အဆက် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့် “ဝ” ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့ပြီး ယင်းအပြင် မိုင်းလား၊ ကိုးကန့် စသည့် ဒေသများတွင်ပါ ကောက်ယူ ရရှိခဲ့ကြောင်းနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေမှအပ ကျန်တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်းကောက်ရန် လူမျိုးအတွက် အသုံးပြုသည့် သင်္ကေတ (Code) သတ်မှတ်ရာတွင် လူမျိုး သတ်မှတ်ချက် မှားယွင်းမှု၊ လွဲချော်နေမှု၊ မျိုးနွယ်စု အမည်များ ဖောင်းပွနေမှု၊ မျိုးနွယ်စု တစ်ခုတည်းကို ဒေသန္တရ အခေါ်များဖြင့် နှစ်ကြိမ်၊ သုံးကြိမ် ဖော်ပြမှု၊ မျိုးနွယ်စု နှစ်ခုကို တစ်ခုတည်း အဖြစ် သတ်မှတ်ထားမှု၊ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးစာရင်းကို အခြေခံကာ ကောက်ယူခဲ့သဖြင့် မျိုးနွယ်စုများ ကျန်ရစ်ခဲ့မှု စသည့် ပြဿနာများကို သန်းခေါင်စာရင်း ရလဒ်များ ထုတ်ပြန်ပြီးနောက်တွင် ဆက်လက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ထံမှ သိရှိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူခဲ့ပြီး အဆိုပါ စာရင်းကောက်ယူရန် စာရင်းကောက် တစ်သိန်းခန့်၊ စာရင်းစစ် ၂၀,၀၀၀ ခန့် အသုံးပြုခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာထားသည်။

The Voice Weekly

အပြည့်အစုံသို့ »

မန္တလေးတွင် လူငယ်များ တုတ်၊ ဓားများ ကိုင်၍ ရဲပါမချန် ရန်စပြီး ရမ်းကားသောင်းကျန်းနေ



မန္တလေးမြို့တော်အတွင်း ညပိုင်းအချိန်တွင် လူငယ်အချို့ အုပ်စုဖြင့် တုတ်၊ ဓားများကိုင်ကာရမ်းကား သည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေပြီး မေလ ၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် မန္တလေးခရိုင် ချမ်းအေးသာ စံမြို့နယ် ၃၃ လမ်း၊ ၇၃ x ၇၄ လမ်းကြားတွင် ညအချိန်တာဝန်ကျ လုံခြုံရေးရဲတပ်သား နှစ်ဦး ကို အော် ဟစ်ရန်စကာခဲများဖြင့်ပစ်ပေါက်ထွက်ပြေးသွားကြောင်း မန္တလေးမြို့ အမှတ်(၈) မြို့မရဲတပ်ဖွဲ့စခန်း တာဝန် ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် နှစ်ရက်ခန့်ကလည်း ယင်းသို့ ရန်စနေပြီး မေလ ၆ ရက်နေ့ နံနက် ၁ နာရီခန့်က ရဲတပ်သားနှစ်ဦးကို ၁၅ ဦးခန့်ပါသည့် လူငယ်အုပ်စုတစ်စုက ခဲများဖြင့် ပစ်ပေါက်ကြောင်း၊ယင်းဖြစ်သည့်နေရာသို့အခြားရဲတပ်ဖွဲ့ဝင်များထပ်မံရောက်ရှိလာချိန်တွင် ယင်းလူငယ်များ မရှိတော့ သဖြင့် တရားခံများကို စုံစမ်းလျက်ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။ "ဂိမ်းဆိုင်က ကွန်နက်ရှင်ကျသွားလို့ ၃၃ လမ်းဘက်က လက်ဖက်ရည် ဆိုင်ကို သူငယ်ချင်းတွေ သွား ထိုင်ဖြစ်ကြတယ်။ နံနက်အစောပိုင်း ၁ နာရီ ပတ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ် လူငယ်တွေ အုပ်စု လိုက်ပဲသူတို့လက်ထဲမှာတုတ်၊ဓားတချို့ကိုင်ထားပြီး ဆိုင်ကယ်တွေနဲ့ဆိုင်ရှေ့ကဖြတ် သွားကြတာ မြင် လိုက်ရတယ်"ဟု ယင်းနေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့်က လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် အဆိုပါလူငယ်များ ကို မျက်မြင် တွေ့မြင်လိုက်ရသူ မန္တလေးမြို့ဒေသခံ ဦးသော်ဇင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းကလည်း မန္တလေးမြို့ကျုံးဘေးတွင် လူငယ်အဖွဲ့တစ်ဖွဲ့ ဓားများဖြင့် လိုက်လံ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ရမ်းကားသည့်အဖွဲ့များ ထပ်မံပေါ်ပေါက်လာခြင်း ဖြစ် ကာ ဒေ သခံ ပြည်သူများ အထိတ်တလန့် မဖြစ်ပွားစေရန် အတွက် အဆိုပါလူငယ်အဖွဲ့ကို အမြန်ဆုံးဖမ်းဆီး အပြစ်ပေးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်၌ ညပိုင်းအချိန် စားသောက်ဆိုင်ရှေ့တွင် ရပ်ထားသည့် ကားမှန်များကို အမည်မသိ လူငယ်အုပ်စုတစ်စုက ခဲဖြင့် ပစ်ပေါက်ခြင်းနှင့် ကားမှန် ရိုက်ခွဲမှုများ ဖြစ်ပွားနေပြီး မန္တလေးတက္ကသိုလ် အနီး မဟာအောင်မြေ မြို့နယ်ရှိ စားသောက်ဆိုင် နှစ်ဆိုင်တွင် ရပ်ထားသော မော်တော်ယာဉ်ကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၁နာရီခန့်က အမည်မသိ လူငယ်တစ်စုက ကားမှန်ကို ခဲဖြင့်ပစ်ပေါက်ကာ ရိုက်ခွဲ ဖျက်ဆီးထားသည်ကို တွေ့ရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
The Voice Weekly

အပြည့်အစုံသို့ »

တစ်လုတ်စားဖူး သူ့ကျေးဇူး အရူးကလွဲရင် သိတတ်ရမယ်


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ”လူ ဦးရေစာရင်း” ဆိုတာကြီး ကိုတော့ ကောက် ပြီးသွားရင် ဘာဆက်လုပ်ကြ ဦးမလဲဆို တာ စိတ်ဝင်စားတဲ့ သူတွေလည်း ရှိသ လို၊ လုံးဝ စိတ် မဝင်စားတဲ့ သူတွေလည်း ရှိကြပါလိမ့်မယ်။ လူတော်တော် များများ ဟာ ကိုယ့်မိသားစုရဲ့ နေရေး ထိုင်ရေး နဲ့ စားနပ် ရိက္ခာ ကိစ္စ ပူပန် ရုန်းကန်လှုပ်ရှား အလုပ်တွေ များနေ ကြရတော့၊ ကိုယ့်ဆီ ကိုလာပြီး စာရင်းတွေ ကောက်တာကို တာဝန် ဝတ္တရား တစ်ခု လိုပဲ သဘောထား ပြီး မေးသမျှ ဖြေလိုက်ကြ ရုံပါပဲ။ နိုင်ငံ တစ်နိုင်ငံရဲ့ လူဦးရေ တိုးပွားမှု ကိစ္စဟာ အဲဒီ့နိုင်ငံရဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှုနဲ့ အဓိက ဆက်စပ်နေတယ် ဆိုတာ ကျွန် တော် တို့နိုင်ငံက အနှိမ်ခံ၊ အနှင်ခံ၊ နယ် နှင်ခံ၊ နင်းပြား လူတန်းစား ဘဝ ရောက် သထက် ရောက်နေကြ ရပြီဖြစ်တဲ့ ကျေး ဇူးရှင် တောင်သူ လယ်သမား အများစု သိစေချင် ပါတယ်။ ကျွန်တော် တို့ မြန်မာ နိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေး က ရရှိတဲ့ ဆန်စပါး ကို အဓိကထားပြီး ပြည်ပပို့ကုန် လုပ်လို့ ဝင်ငွေ ရှာနေတဲ့ နိုင်ငံလည်းဖြစ် တော့ တောင်သူ လယ်သမားတွေ ရဲ့ လယ်ယာမြေတွေဟာ သိပ် အရေး ကြီးနေ ပါတယ်။ ကျွန်တော်ပြောချင် တာက ဒီလို အဓိက ကျတဲ့ တောင်သူ လယ်သမား အများစု ရဲ့ ”အသားကျပြီးသား” လယ်ယာမြေကောင်း၊ လယ် ယာမြေဟောင်း ဘိုး ဘွား ပိုင်တွေကို အကြောင်း အမျိုးမျိုး ပြပြီး အစိုးရ ဆိုတဲ့ လူတန်းစားက သိမ်း ယူမသွားကြဖို့ဖြစ်ပါတယ်။
ဒီနေရာ မှာတော့ အမေရိကန်ပြည် ထောင်စုမှာ ကျွန်တော် နေထိုင်ခဲ့တုန်းက စာကြည့်တိုက် တစ်ခုမှာ ဖတ်ခဲ့ရဖူးတဲ့ ဆောင်းပါးပေါင်းချုပ် တစ်အုပ်မှာ စာ ရေးဆရာ နဲ့ ပညာရှင် သုတေသန သမား တစ်ယောက်ဖြစ်တဲ့ Malthus မောလ် သပ်စ်ရဲ့ လူဦးရေ စာရင်းကောက်ယူ ရေးနဲ့ ပတ်သက်တဲ့၊ အတွေးအခေါ်၊ အမြော်အမြင်၊ အယူ အဆလေး တချို့ကို ကျွန်တော် မှတ်သား ထားခဲ့သမျှ ပြန်ပြော ချင်ပါတယ်။ သူဆိုလိုတာ ကတော့ နိုင်ငံ တစ်နိုင်ငံမှာ လူဦးရေ ဆိုတာ တိုးပွားနှုန်း ရှိသလို လျော့ပါး သွားနှုန်း လည်း ရှိမယ်။ လူဦးရေ ဆိုတာ စားသောက်နိုင်မှု အပေါ် မှာ မူတည်တယ်။ ထုတ်ကုန်မှာ လည်း မူတည်တယ်။ လူဦးရေ တိုးလာပြီ ဆိုရင် အဲဒီ့နိုင်ငံ ရဲ့ တောင်သူ လယ်သမားတွေ က သီးနှံတွေကို ပိုပြီး အထွက်တိုးအောင် စိုက်ပျိုးကြ ရတော့မယ်။ အကောင်းဆုံး လယ်ယာမြေတွေ ကို ထွန်ယက်ကြရ မယ်။ လယ်ယာမြေညံ့ ဖျင်းသွား ရင် သီး နှံကောင်းတွေ ရတော့မှာ မဟုတ်ဘူး။ ဒါ ကြောင့် လူဦးရေ တိုးပွားလာတဲ့ တိုင်း ပြည်တိုင်းမှာ စက်ရုံ အလုပ်ရုံကို ဦးစား ပေးတဲ့ တိုင်းပြည်က စက်ရုံ အလုပ်ရုံတွေ၊ စက်ကိရိယာ ပစ္စည်း တိုးတက်ကောင်း မွန်ဖို့နဲ့၊ အလုပ်သမားတွေ ရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ပိုပြီး ဂရုစိုက်မြှင့်တင် ပေးဖို့ လိုအပ်သလို၊ လယ်ယာ စိုက်ပျိုး ရေးကို အခြေခံ တဲ့နိုင်ငံတွေ ကလည်း ကိုယ့်တိုင်းပြည် က လယ်သမား၊ ယာသ မားတွေရဲ့ အခွင့်အရေး ကို ပိုပြီး ဂရု စိုက်ဆောင်ရွက် ပေးကြရမှာ အဲဒီ့နိုင်ငံ၊ အဲဒီ့ တိုင်းပြည် မှာရှိတဲ့ အုပ်ချုပ်သူလူ တန်းစား အစိုးရတွေရဲ့ အဓိက တာဝန် ဝတ္တရား သာဖြစ်တယ်လို့  ပညာရှင် မောလ်သပ်စ် ကရေးပါတယ်။
တချို့ စီးပွားရေး မဖွံ့ဖြိုးသေးတဲ့ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်နိုင်ငံတွေ မှာတော့ လူဦးရေ တိုးပွားမှု ကိစ္စကို ကန့် သတ်ချက် ရှိလာတယ်။ အိမ်ထောင်ရှင် တွေ ရဲ့ ကလေးမွေးဖွားမှု ဦးရေကို ကန့် သတ်တာပါ။ ဒါကိုတော့ ပညာရှင် စာ ရေးဆရာ မောလ်သပ်စ် က “Moral Restraint” လို့ခေါ်ပါတယ်။ နိုင်ငံ ရဲ့ စီး ပွားရေး၊ လူမှုရေး၊ ပညာရေး ၊ ကျန်းမာ ရေး အသုံးစရိတ်တွေ တစ်စထက် တစ်စ ပို သုံးစွဲနိုင်လောက်အောင် တဖြည်းဖြည်း ဘတ်ဂျက်ငွေ တိုးမြှင့် လာနိုင်ခဲ့ရင် စော စောတုန်း ကသူပြောခဲ့ တဲ့ အိမ်ထောင် သည်တွေ အပိုင်းကဏ္ဍမှာ သားသမီးမွေး ဖွားမှု ဦးရေကန့်သတ်မှု “Moral Rest-raint” ကိုလည်း ဖြေလျှော့မှုပေး သွား နိုင်ပြီလို့ ဆိုပါတယ်။ သူက ဘာ ဆက် ရေးခဲ့လဲ ဆိုရင် တကယ်လို့ နိုင်ငံတစ် နိုင်ငံမှာ လူဦးရေက နည်းပါးနေတယ်။ “Moral Rest-raint” ဖြစ်နေတယ် ဆိုရင် လည်း တစ်ဖက်မှာ တိုင်းပြည်ရဲ့ ကုန် ထုတ် လုပ်မှုပိုင်း အတွက် အလုပ်သမား ဦးရေ က ထပ်တူ အချိုးကျ နည်းပါး သွားနိုင်ပါ တယ်တဲ့။ ဥပမာ အားဖြင့် သူရေးထား တဲ့ထဲမှာ တစ်ချိန်တုန်း က ၁၉ ရာစု နှစ် အပိုင်း အခြားတွေရဲ့ ဗြိတိန်နိုင်ငံက လူ ဦးရေ စာရင်း ကိစ္စလည်း ပါဝင်ပါတယ်။ ဗြိတိန်က သူ့နိုင်ငံ လူဦးရေ တိုးပွားလာ တာကို စက်မှုလုပ်ငန်း တိုးတက် ထွန်း ကားမှုနဲ့ နှိုင်းယူ ချိန်ဆပြီး စက်မှုလက်မှု တိုင်းပြည် Manufacturing Country ဖြစ်လာအောင် အစိုးရ ပိုင်းက ဝီရိယ၊ လုံ့လစိုက်ထုတ် အလုပ်တွေ ပိုလုပ်ခဲ့ရတဲ့ အကြောင်းရေး ထားပါတယ်။ ကိုယ့်တိုင်း ပြည်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်း အရည် အသွေး ကောင်းသထက် ကောင်းအောင်၊ လူဦးရေ တိုးတက်လာတဲ့ လုပ်အားနဲ့ ဖန် တီး သွားနိုင်သလို နိုင်ငံတကာ ဈေးကွက် International Market ကိုလည်း မျက်နှာပန်းလှလှ ထိုးဖောက် ဝင်ရောက် နိုင်တဲ့အကြောင်း ပညာရှင် မောလ် သပ်စ် က ထောက်ပြရေးသား ထားပါတယ်။ တိုင်းပြည်ရဲ့ တိုးတက်လာတဲ့ လူ ဦးရေထဲမှာ အတတ်ပညာရှင် နဲ့ အသိ ပညာရှင်တွေ လည်း ပါဝင်လာပြီ ဆိုတော့ ဒီလို ပညာရှင်တွေ ကို အစိုးရပိုင်းက ကိုယ့်နိုင်ငံမှာ မပျော်ပိုက်ဘဲ တခြား ပြည်ပနိုင်ငံတွေကို သွားပြီး အလုပ်မလုပ် ဖို့၊ အကောင်းဆုံး အခွင့်အရေး၊ အခွင့် အလမ်းတွေ ပေးပြီး စည်းရုံးနိုင် ရမယ်လို့ ပညာရှင်က ပညာပေး ရေးသားထားပါ တယ်။ သူက ဘာကို ဥပမာပြလဲ ဆိုရင် ၁၈၈ဝ ပြည့်နှစ်က ၁၉ဝဝ ပြည့်နှစ် ကာ လအတော အတွင်းမှာ အီတလီနိုင်ငံ ထဲ ကနေပြီး တခြား တိုင်းပြည်တွေ ကို ထွက် ခွာသွားကြတဲ့ လူဦးရေ အထွက်နှုန်းဟာ သိသိသာသာ များပြားခဲ့ဖူးတာ ကို ဥပမာ ပြထားပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျ တော့ ပညာရှင် တချို့ဟာ ကိုယ့်ပြည် တွင်းမှာ ကိုယ်တတ်ထားတဲ့ ”ပညာ” ကို အသုံးချခွင့် ပြည့်ပြည့်ဝဝ မရလို့၊ တခြား မှာသွား ပြီး အောက်ခြေသိမ်း အလုပ် တွေနဲ့ငွေ တန်ဖိုးအရ ကိုယ့်ဘဝကို နှိမ့်ချ ပြီး ဝမ်းစာဖွေ ရှာနေကြရတာ တွေ့ကြ၊ မြင်ကြ ရမှာဖြစ်ပါတယ်။ ကိုယ့်ပြည်တွင်း မှာ လုပ်ကိုင် စားကြမယ် ဆိုပြန်တော့ လည်း ဟိုး…ဒီကေဘီအေ နယ်မြေ ဆုံစည်းမြိုင်ကို ကြေကွဲဝမ်းနည်းမှု များ စွာနဲ့ မိသားစုပေါင်း များစွာ ကိုယ့် အထုပ်လေးတွေ ကိုယ်ပိုက်လို့ က တိုက် ကရိုက်၊ ကစဥ့် ကလျားပြောင်းရွှေ့သွား ရရှာတဲ့၊ တကယ့် ဓားမဦးချတောင်သူ လယ်သမားတွေရဲ့ ဘဝဟာ ရင်နာရင် နင့်ဖွယ်ရာ အတိ ဖြစ်ခဲ့ရပါတယ်။
ကျွန်တော် ဖတ်ရှုလေ့လာခဲ့ရတဲ့ ပညာရှင် စာရေးဆရာ Malthus ရဲ့ စာအုပ်လေးထဲမှာ စိတ်ဝင်စားစရာ အ ကောင်းဆုံး အချက်တစ်ချက် ကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒါ ကတော့ သူတို့ရဲ့ အနောက်နိုင်ငံမှာ လယ်သမား မိသားစု တစ်စု ဆိုပါတော့။ အဲဒီ့မိသားစုကို သက် ဆိုင်ရာ အစိုးရက လူဦးရေ စာရင်းကောက် ယူလိုက်တဲ့ အခါ လူဦးရေ စာရင်းကများ ပြီး မိသားစုရဲ့ စားဝတ်နေရေးက ဝင်ငွေ နဲ့ထွက်ငွေ မမျှတဘဲ ကျပ်တည်းဆင်းရဲ နေတယ် ဆိုပါတော့။ အဲဒါကို သူတို့ နိုင်ငံရဲ့ အစိုးရက စနစ် တစ်ခုနဲ့ ဖြေရှင်း ပေးတယ်။ အဲဒီစနစ်က မိသားစု များတဲ့ တောင်သူ လယ်သမားတွေက လစာငွေ ထောက်ပံ့ ဖြည့်ဆည်းပေးတဲ့ စနစ်ပါ။ မိသားစု ပိုပြီးများတဲ့ လယ် သမားတွေ ဆိုရင် လစာငွေလည်း ပိုပြီးအထောက် အပံ့ရကြတဲ့ စနစ် ဖြစ်ပါတယ်။ အဲဒီစနစ် ကြောင့် တောင်သူ လယ်သမားတွေဟာ ကိုယ့်လယ်မြေ၊ ကိုယ့် အိမ်ရာမှာ၊ အိုး မကွာ၊ အိမ်မကွာဘဲ ကိုယ့်လယ်ယာ လုပ် ငန်းကို ပိုပြီး ကျန်းမာ ရွှင်လန်းစွာ လုပ် ကိုင်နိုင်ကြသလို၊ ကိုယ့်မှာ ရှိရင်းစွဲ စပါး သီးနှံရောင်းချ လို့ရတဲ့ ငွေအပြင် အစိုးရ က ထောက်ပံ့တဲ့ လစာငွေကိုလည်း အပို အလျှံရကြတဲ့ အတွက် စားဝတ်နေရေး သက်သာချောင်ချိမှု ပိုပြီး ရရှိနိုင်ခဲ့ကြ တယ်လို့ သိလိုက် ရပါတယ်။ သူတို့အ တွက် အစိုးရ က ကျင့်သုံး လုပ်ဆောင်ပေး ခဲ့တဲ့ စနစ်ကိုတော့ ဗဟုသုတ ရနိုင်ဖို့ ပြောပြရမယ်ဆိုရင် “Speenhamland System” စပင်းဟမ်းမ်လန်းဒ် စနစ်” လို့ ခေါ်ကြပါတယ်။
ဒါကြောင့် ကျွန်တော်ပြောချင် တာက ဘာမှ ဘဝမှာ မျှော်လင့်ချက် ရောင်ခြည်ရယ် လို့ ကြီးကြီးမားမား မရှိ ရှာကြသေးတဲ့ ကျွန်တော် တို့နိုင်ငံရဲ့ အဓိက ကျေးဇူး ရှင် တောင်သူ လယ်သ မား၊ မိသားစုတွေ အပေါ်မှာ ဘယ်လို အစိုးရမျိုးက ပဲဖြစ်ပါစေ၊ နိုင် ထက်က လူ ညှဉ်းပန်းနှိပ်စက် လို့ သူတို့ရဲ့ ဇာတိမြေနဲ့ ဝေးသ ထက် ဝေးအောင်၊ နယ်နှင်တဲ့ လုပ်ရပ်မျိုးတွေကို ရပ်တန်းက အမြန်ဆုံးရပ် ပြီး စိတ်ရောလူပါ ကျဉ်းကျပ်နေကြ ရတဲ့ သူတို့ဘဝ အတွက် ကောင်းမွန်တဲ့ ထွက် ပေါက်လေးတွေ ဖန်တီးပေးဖို့ပါပဲဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ဆောင်းဝင်းလတ်
Popular Myanmar

အပြည့်အစုံသို့ »

ထူးထူးခြားခြား ကာတွန်းအိတ်များ


Jump From Paper အိတ်ဒီဇိုင်းတွေကို ကြည့်ရတာ တကယ့်ဘဝအစစ်နဲ့ နည်းနည်းလေး ကင်းကွာသွားသလို ခံစားရပါတယ်။


 ဒီ 2D အိတ်တွေကို နှစ်ခါပြန်ကြည့်ပြီးတာတောင်မှာ တကယ့်အစစ်တွေမှ ဟုတ်ရဲ့လားလို့ မေးရမယ့်ပုံပါပဲ။
လျှပ်တပြက်ကြည့်လိုက်ရင် ဒီအိတ်တွေဟာ ဖိုတိုရှော့နဲ့ ထည့်ထားသလိုဖြစ်ပေမဲ့  ၁၀၀ရာခိုင်နှုန်း အိတ် စစ်စစ်တွေပါ။


ဒီ တမူထူးခြားတဲ့အိတ်တွေကို တိုင်ပေအခြေစိုက် ဒီဇိုင်နာ နှစ်ဦးဖြစ်တဲ့ Rika Lin နဲ့ Chay Su တို့က ပြုလုပ်ခဲ့တာဖြစ်ပြီး 2D ပန်းချီ ပုံစံပေါက်အောင် ဆင်ထားတာ လို့ဆိုပါတယ်။ တကယ်လည်း ပေါက်ပါတယ်။


“ကျွန်တော်တို့က လူတွေကို ရှုပ်ထွေးသွားအောင် လုပ်ရတာ ကြိုက်တယ်။ ဒီ့ထက်ပိုပြီးပြောရရင် ဒီအိတ်တွေက အစစ်တွေမှန်းလည်း သိသွားရော သူတို့ရယ်မှာကို ကျွန်တော်တို့က သဘောကျတယ်” လို့ Rika  နဲ့ Chay  တို့က ပြောကြားခဲ့ပါတယ်။

အိတ်က အပြားလို့ထင်ရပေမဲ့ အထဲမှာ တော်တော်ဆန့်ပြီး လက်ပ်တော့ ပါ ထည့်လို့ရတယ်လို့ဆိုပါတယ်။

ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အပြည့်အစုံသို့ »

ဘင်္ဂါလီ ကိုးသိန်းကျော် သန်းခေါင်စာရင်းကောက်ရန် ကျန်နေသေး


ဟိန်းကိုစိုး| ကြာသာပတေးနေ့၊ မေလ ၈ ရက် ၂၀၁၄ ခုနှစ်

ရခိုင်ပြည်နယ်တွင်း သန်းခေါင်စာရင်းကောက်ရန် ထပ်တိုးထားသည့်ကာလ တစ်လသာကျန်တော့သော်လည်း ကျန်ရှိ ဘင်္ဂါလီဦးရေ ၁၀ သိန်းကျော်တွင် ကိုးသိန်းကျော် ကောက်ရန်ကျန်နေသေးသည်ဟု မေလ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီက ပြောသည်။

မတ်လ ၃၀ ရက်မှ ဧပြီ ၁၀ ရက်အတွင်း ပြည်လုံးကျွတ်ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းတွင် ရခိုင်ပြည် နယ်နှင့် ကချင်ပြည်နယ်မှ မပါဝင်ခဲ့သူများအတွက် ထပ်မံကောက်ယူရန် ဧပြီ ၁၁ ရက်မှ စတင်၍ ရက်သတ္တ ပတ် ရှစ်ပတ် (နှစ်လ)အထိ တိုးမြှင့်ထားသည်။

“ကျွန်တော် ထပ်တိုးကာလအတွင်း ကျန်နေတဲ့ ဘင်္ဂါလီတွေကို အကောက်ခံဖို့ ညှိနှိုင်းပါဦးမယ်။ သန်ဘက် ခါလည်း ရခိုင်ကိုသွားပြီး အဲဒီကိစ္စကိုလည်း ထပ်လုပ်ပါဦးမယ်။ မေလနောက်ဆုံးရက်ထိ ကြိုးစားသွား မယ်”ဟု ဦးခင်ရီက ဆိုသည်။

လက်ရှိရခိုင်ပြည်နယ်အတွင်း စုစုပေါင်း ဘင်္ဂါလီဦးရေ ၁ ဒသမ ၀၅ သန်း (ဆယ်သိန်းငါးထောင်)ထိ ရှိနေ သည်ဟု ၂၀၁၂ ခုနှစ်အတွင်း ပြည်သူ့အင်အားဦးစီးဌာန၏ ကောက်ယူခဲ့သော စာရင်းများအရ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်နှင့် စစ်တွေ ခရိုင်ခရိုင် ငါးခုရှိသည့်အနက် ဘင်္ဂါလီ နှစ်သောင်းကျော်သာ ဘင်္ဂါလီအမည်ဖြင့် ထပ်တိုးကာလအတွင်း အကောက်ခံပြီးဖြစ်သည်။

အများစုသည် ကျောက်ဖြူနှင့် သံတွဲခရိုင်မှ ဘင်္ဂါလီများဖြစ်သည်ဟု သန်းခေါင်စာရင်း ဗဟိုကော်မရှင်ထံမှ သိရသည်။

ကချင်ပြည်နယ်တွင်လည်း ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) ထိန်းချုပ် နယ်မြေအတွင်း ရွာပေါင်း ၉၇ ရွာမှ လူဦး ရေ ၁,၀၀၀ ကျော် ကျန်ရှိနေသည်။ ကချင်ပြည်နယ်အတွင်း ကျန်ရှိနေသေးသည့် ကျေးရွာ များကို ကောက်ခံရန် ကေအိုင်အို နှင့် ဦးအောင်မင်းဦးဆောင်သည့် အစိုးရ အဖွဲ့တို့ မေလ ၁၃ ရက်တွင် တွေ့ဆုံစဉ် ထပ်မံတောင်းဆိုသွားရန် စီစဉ်ထားသည်ဟု ဦးခင်ရီက ဆိုသည်။

ယင်းမတိုင်မီအထိ အစိုးရဘက်မှ ကေအိုင်အိုသို့ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်း ကောက်ယူရန် သုံးကြိမ်တိုင် တောင်းဆိုထားပြီးသော်လည်း မည့်သည့်အကြောင်းပြန်ချက်မှ မရရှိသေးဟု ၎င်းကဆိုသည်။

ကျန်ရှိနေသေးသည့် ဘင်္ဂါလီများနှင့် ကချင်လူဦးရေအချို့ကို ထပ်တိုးကာလအတွင်း ပါဝင်နိုင်ရေးအတွက် ကျန်ရှိသူများကို ဆက်လက်မကောက်ဘဲ ချန်ရှိထားခြင်း၊ အခြားရင်းမြစ်များကို အသုံးပြု ကောက်ခံခြင်း၊ ကျန်ရှိနေသူများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် ကျန်ရှိသူအားလုံး၏ ၁၀ ရာခိုင်နှုန်းသို့ မဟုတ် ၂၀ ရာခိုင်နှုန်းသာ စစ်တမ်းအဖြစ် ကောက်ယူခြင်းစသည့် နည်းလမ်းလေးခုဖြင့် ဖြေရှင်းသွားရန် လျာထားသည်။ ထိုသို့ဖြေ ရှင်းရန် နိုင်ငံတကာ သန်းခေါင်စာရင်း အကြံပေးအဖွဲ့ ITAB နှင့် ပြည်တွင်း လူဦးရေပညာရှင်များ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူပြီးစီးသည့် ရှေ့ပြေးစာရင်းများကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ပေး သွားမည်ဖြစ် ပြီး ယင်းစာရင်းတွင် ကျန်ရှိနေသည့် ဘင်္ဂါလီစာရင်းနှင့် ကချင်ဦးရေစာရင်းများ ပါဝင်မည် မဟုတ်ဘဲ နောက်ဆုံးစာရင်းများ ကိုမူ ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်ပေးမည်ဟု ဦးခင်ရီက ပြောသည်။

Mizzima Burmese

အပြည့်အစုံသို့ »

မိဘများက ကလေးများကို ရိုက်နှက်၍ဆုံးမခြင်းသည် ဆိုးရွားသောအပြုအမူများကို ပိုဖြစ်စေနိုင်


အမေရိကန်သုတေသနတစ်ခုရဲ့ ဖော်ထုတ်ချက်အရ ကလေးများကို ရိုက်နှက်ခြင်းဟာ လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုလိုဖြစ်နေပြီး မိဘအများစုဟာ သူတို့ဝန်ခံတာထက် ဒါကို ပိုလုပ်လေ့ရှိတယ် လို့ဆိုပါတယ်။

ဒါပေမဲ့ ဒီသုတေသနအရ ကလေများကိုရိုက်နှက်ခြင်းဟာ ပြဿနာများကို မပြေလည်တဲ့အပြင် ကလေးအများစုက ၁၀မိနစ်အတွင်း လွဲမှားတဲ့အပြုအမူများကို ပြန်လည်ပြုလုပ်ကြတယ် လို့ဆိုပါတယ်။

Dallas  မြို့ Southern Methodist University က သုတေသနသမားတွေက  ဒီသုသေတနကို ပြုလုပ်ခဲ့တာဖြစ်ပြီး အသံဖမ်းစက်များကို အိမ်ပေါင်း ၃၃အိမ်မှာထားခဲ့တာ ဖြစ်ပါတယ်။ ခြောက်ရက်အတွင်း ကလေးတွေကိုရိုက်နှက်မှုဟာ ကွဲပြားတဲ့မိသားစုအမျိုမျိုးမှာ ၄၁ ခါဖြစ်ပွားခဲ့တယ် လို့ဆိုပါတယ်။

ဒီလိုရိုက်ခံရတဲ့ကလေး ၇၅ ရာခိုင်နှုန်းဟာ ၁၀မိနစ်အတွင်း မလျော်ကန်တဲ့ အပြုအမူတွေကို ပြန်လုပ်ကြတယ်လို့ဆိုပါတယ်။

သုတေသနရဲ့ခေါင်းဆောင် ဒေါက်တာ George Holden က Health Day ကိုပြောကြားရာမှာ “မိဘတွေက ကလေးတွေကို အသေးအဖွဲ့ လွဲမှားတာလေးတွေနဲ့လည်း ရိုက်နေကြတယ်။ အအော်ဆုံးမိဘတွေဟာ သူတို့ကလေးတွေကို ပိုရိုက်တတ်ကြတယ်”လို့ ဆိုပါတယ်။

“အလုပ်မဖြစ်ပါဘူး။ ဒါပေမဲ့ အဲ့ထက်ပိုတာက ရန်လိုတာမျိုး ဒါမှမဟုတ် စိုးရိမ်တာမျိုးနဲ့ စိတ်ကျတာမျိုးလို ပြဿနာတွေ ထွက်ပေါ်လာတာပါပဲ “လို့ ၄င်းကပြောကြားခဲ့ပါတယ်။
ယခင်လေ့လာမှုများအရ ရိုက်ခံရခြင်းကြောင့် ကလေးများဟာ ပိုမိုရန်လိုတတ်လာစေပြီး ဆိုးဝါးတဲ့အပြုအမူတွေ လုပ်တတ်လာတယ် လို့ဆိုပါတယ်။

Michigan တက္ကသိုလ်မှာ ယခင်နှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကလည်း ကလေးများကို ရိုက်လိုက်ခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ မကောင်းတဲ့အကျင့်တွေကို ဖြစ်လာစေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အပြည့်အစုံသို့ »