မြန်မာနိုင်ငံမှ ရွှေချောင်းများသယ်လာသူ ဘင်္ဂလားဒေ့ရှ်တွင် အဖမ်းခံရ


စစ်တကောင်း၊ မေ ၇

ဘင်္ဂလားဒေ့ရှ်ငွေကြေး တာကာ သုံးသန်းခန့် (မြန်မာငွေသိန်းပေါင်း ၃၇၀ ကျော်) တန်ဖိုးရှိသော ရွှေချောင်း ခြောက်ချောင်းနှင့် တွေ့ရသော မြန်မာနိုင်ငံသားတစ်ဦးကို အင်္ဂါနေ့ စောစောပိုင်းတွင် စစ်တကောင်းမြို့ရှိ ရှား အမာနတ်တံတားဒေသမှ ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဖမ်းဆီးခံရသူမှာ မြန်မာနိုင်ငံ၊ မောင် တောမြို့၊ (၅) ရပ်ကွက်မှ ဟာစုမီယဉ်၏သား မိုဟာမက်ဆာလမ် (၄၀)နှစ် ဖြစ်သည်ဟု ဆိုသည်။

ဘာကိုဂျီယာရဲစခန်းမှ ကြီးကြပ်သူ ရဲအရာရှိ မိုဟာမက်မိုဆင်က ဆာလမ်သည် ရှားအမာနတ်တံတားဒေသ တွင် မသင်္ကာဖွယ် ဟိုဟိုသည်သည် လျှောက်နေစဉ် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်းအား ရှာဖွေသည့်အခါ စီးလာသည့် ဖိနပ်အတွင်း သေချာစွာထည့်ယူလာသော ရွှေချောင်း ခြောက်ချောင်း ကို တွေ့ရသည်ဟု ရဲက ပြောသည်။

စစ်ဆေးမေးမြန်းသည့်အခါ မြန်မာနိုင်ငံမှ လူတစ်ဦးက ၎င်းအား ထိုရွှေချောင်းများကို သူ့အားပေးလိုက်ပြီး ရှာ အမာနတ် တံတားသို့ သယ်ဆောင်သွားရန်နှင့် ထိုတံတားတွင် တစ်စုံတစ်ဦးက သူ့အား လာတွေ့မည်ဟု ပြောကြောင်းသိရသည်ဟု ရဲ တပ်ဖွဲ့ကဆိုသည်။

ဆာလမ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ တဲခ်နတ်ဖ်ဆိပ်ကမ်းမှတစ်ဆင့် မေ ၂ ရက်တွင် ၀င်ရောက်ခဲ့ သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

သည်ဆန်း ဒေးလီး
Mizzima Burmese 

အပြည့်အစုံသို့ »

သုံးနှစ်အရွယ် ကလေးတစ်ဦးက မိခင်၏သေနတ်ဖြင့် မိမိ၏ဦးခေါင်းကို ပစ်ခတ်


ဝစ်ကွန်စင်၊ မေ ၇

အမေရိကန်နိုင်ငံမြောက်ပိုင်း၊ ၀စ်ကွန်စင်ပြည်နယ်၊ မီဝေါကီးမြို့ရှိ အသက် သုံးနှစ်အရွယ် ကလေးငယ် ယောက်ျားလေး တစ်ဦးသည် မိခင်ဖြစ်သူ၏ ကားဒစ်ရှ်ဘုတ်အတွင်းမှတွေ့ရှိသည့် သေနတ်ဖြင့် မိမိကိုယ် ကိုယ် ပစ်ခတ်ခဲ့ခြင်းကြောင့် မေလ ၅ ရက်က ၎င်းမှာစိုးရိမ်ဖွယ်ရာ အခြေအနေတွင်ရှိသည်ဟု သိရသည်။

ကယ်ဗင်ဒိုနေးအမည်ရှိ ၎င်းကလေးငယ်တို့ မိသားစုသည် ပြီးခဲ့သည့် မေလ ၃ ရက်က ဈေးဝယ်ရာမှ ပြန် လာပြီးနောက်ပိုင်း ယခုလိုဖြစ်ရပ် ဖြစ်ပွားခြင်းဖြစ်သည်ဟု WITI သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားသည့်ရက်က လူကြီးများ အလုပ်ရှုပ်နေသည့်အချိန်တွင် ကယ်ဗင်မှာ ၎င်းသေနတ်ကိုရရှိခဲ့ပြီး မိမိ၏ဦးခေါင်းကို ကိုယ်တိုင်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရဲအရာရှိများမှာလည်း ယင်းအမှုကိစ္စနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ပြီး ၎င်းပစ်ခတ်မှု မှာ ၀မ်းနည်းစရာကောင်းသော မတော်တဆ ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်ဟု ယူဆရသည်။ ထို့ပြင် ယင်း အမှုနှင့်ပတ်သက်၍ ယခုအချိန်တွင် ဖမ်းဆီးမှုများ မရှိသေးပေ။

၎င်းကလေးငယ်၏ အဒေါ်ဖြစ်သူ ဘရစ်တနီပီတာဆစ်က WISN ရေဒီယိုသတင်းဌာနသို့ ပြောကြားရာ တွင် အခင်းဖြစ်ပွားသည့်နေ့က သူမနှင့် ကလေးငယ်၏ မိခင်ဖြစ်သူတို့မှာ ၎င်းတို့၏ အိမ်အတွင်းသို့ ရုပ်မြင် သံကြားစက်တစ်လုံးကို ရွှေ့နေကြသည့်အချိန်တွင် သေနတ်သံကို ကြားခဲ့ရသည်ဟု ပြောသည်။

သူမက ၎င်းသေနတ်သံမှာ ကယ်ဗင် ကားဆီသို့သွား၍ ကစားစရာ သေနတ်ဖြင့် ဆော့နေသည်ဟု ထင် မြင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

“ကလေးကတော့ အဲဒါကို ကစားစရာလို့ ထင်ခဲ့မှာပါ။ ဒါပေမဲ့ မတော်တဆမှုကတော့ ဖြစ်ပွားခဲပါတယ်။ ဒါဟာ ဂရုစိုက်ဖို့လိုအပ်တဲ့ အရေးကြီးမတော်တဆမှု တစ်ရပ်ပါ” ဟု ကလေးငယ်က အဘွားဖြစ်သူ ဂျိန်း ထရစ်ပလက်က အဆိုပါ ရေဒီယိုသတင်းဌာသို့ ပြောသည်။

ထို့အပြင် အခင်းဖြစ်ပွားချိန်တွင် အိမ်နီးချင်းများမှာလည်း ကူညီရန်အတွက် အပြေးအလွှား ရောက်ရှိခဲ့ကြ သည်ဟု အဘွားဖြစ်သူက ဆိုသည်။ ထို့ပြင် သူမ၏ သမီးဖြစ်သူမှာ လွန်ခဲ့သည့် သုံးနှစ်ခန့်က သူမ၏ကား ကို လူဆိုးများက လုယက်ယူဆောင်မှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ ကားထဲတွင် လက်နက်ကို ယူ ဆောင် သွားနေရခြင်းဖြစ်သည်ဟု ဆိုသည်။

သည် ဟာဖင်တန်ပို့စ်
Mizzima Burmese

အပြည့်အစုံသို့ »

အင်္ဂါဂြိုဟ်ပေါ်သို့ ဘက်တီးရီးယားများ ရောက်ရှိအသက်ရှင်နိုင်


ဝါရှင်တန်၊ မေ ၇

ကမ္ဘာပေါ်ရှိ ဘက်တီးရီးယားများသည် အင်္ဂါဂြိုဟ်ပေါ်သို့ အာကာသ ယာဉ်မှူးများနှင့်အတူ အလွယ်တကူ လိုက်ပါသွားနိုင်သည့်အပြင် အင်္ဂါဂြိုဟ်ပေါ်တွင် လျှင်လျှင်မြန်မြန် ပျံ့နှံ့နိုင်ကြောင်း အမေရိကန် ပြည်ထောင် စု ကယ်လီဖိုးနီးယားရှိ အမေရိကန် အာကာသအေဂျင်စီအဖွဲ့(NASA)၏ ဂျက်လေယာဉ် မောင်းနှင်မှုဆိုင် ရာ ဓာတ်ခွဲခန်းမှ သုတေသီများက ပြောကြားလိုက်သည်ဟု မေလ ၇ ရက်က ဗွီအိုအေ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

အခြားဂြိုဟ်များပေါ်သို့ သန့်စင်ထားသောပစ္စည်းများ မည်ကဲ့သို့ သယ်ဆောင်သွားရမည်နှင့် စပ်လျဉ်း၍ သု တေသနပြုနေသော သုတေသနအဖွဲ့ သုံးဖွဲ့က ကမ္ဘာပ်ါရှိ ဘက်တီးရီးယားအချို့သည် အန္တရာယ်ရှိသော နေရာများတွင် ကြံ့ကြံ့ခိုင် အသက်ရှည်နိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့ ကြသည်။

အင်္ဂါဂြိုဟ်သို့ အလည်အပတ် သွားရောက်မည့် ပထမဆုံး လူသားများသည် ဘက်တီးရီးယားများကို ကာ ကွယ်ရန်မှာ လက်တွေ့တွင် ဖြစ်နိုင်စွမ်းမရှိသည့်ကို သိပ္ပံပညာရှင်များက သိရှိထားသော်လည်း မည်သည့် ဘက်တီးရီးယာများအပေါ် အာရုံစူးစိုက်မှုနှင့်စပ်လျဉ်း၍ သိရှိခြင်း မရှိသေးပေ။

နိုင်ငံတကာ အာကာသစခန်းတွင် လုပ်ဆောင်သော စမ်းသပ်မှုရလဒ်များက အခွံဖြင့် ကာကွယ်ထားသော ဘက်တီးရီးယား အချို့သည် ပြင်းထန်သော အခြေအနေများတွင် ၎င်းတို့ကိုယ်ပိုင် ခွဲထွက်နိုင်ပြီး ခရမ်းလွန် ရောင်ခြည်သည်သာ အသေးစားသက်ရှိများအားလုံးကို သေစေနိုင်စွမ်းရှိသည်ကို ပြသနေသည်။

ဗွီအိုအေ
Mizzima Burmese

အပြည့်အစုံသို့ »

ထမင်းမချက်သည့်ကိစ္စ စကားများရာမှ ယောက်ျားက တုတ်ဖြင့်ရိုက် ဇနီးသေဆုံး


ဖြိုးဝေလင်း၊ ကျော်စိုးမိုး

အရက်မူးပြီးပြန်လာသည့် ခင်ပွန်းသည်က ညနေစာ ထမင်းမချက်ထားသော ဇနီးနှင့် စကားများရန်ဖြစ်ရာမှ ၀ါးတုတ်ဖြင့် ရိုက်နှက်မှုကြောင့် ဇနီးသည်သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု တိုက်ကြီးမြို့နယ်အတွင်း မေ ၆ ရက်၊ ည ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းထုတ်ပြန်ထားသည်။

တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်အတွင်း နေထိုင်သည့် ဦးယဉ်ထွေး(ခ)တင်ထွေး (၄၅)နှစ်သည် အရက်မူး ပြီးပြန်လာရာ နေအိမ်၌ရှိသော ဇနီးသည် မခန်းဌေး(၄၈)နှစ်သည် ညနေစာ ထမင်းမချက်ထားသည့် အတွက် ဇနီးသည်နှင့် စကားများ ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် ဦးယဉ်ထွေး(ခ)တင်ထွေးသည် ဇနီးဖြစ်သူအား ၀ါးတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်း အနောက် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာချိုစောင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်ရရှိကာ၏ သေဆုံးခဲ့ခြင်းဖြစ် ပြီး ဦးယဉ်ထွေး(ခ)တင်ထွေးသည် ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ယင်းအမှုနှင့်စပ်လျဉ်း၍ ဇနီးသည်အား သေသည်အထိရိုက်နှက်ခဲ့သည့် တရားခံ ဦးယဉ်ထွေး(ခ)တင်ထွေး အား အရေးယူပေးရန် တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်ရှိ ဆယ်အိမ်မှူးဖြစ်သူ ဦးမြင့်ကျော်၏ တရားလိုပြု တိုင်တန်းမှုအား တိုက်ကြီးမြို့မရဲစခန်းက(ပ) ၁၆၀/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး တရားခံကို ဖမ်း ဆီးစစ်ဆေးလျက် ရှိသည်။

Mizzima Burmese

အပြည့်အစုံသို့ »

သတိထားရမည့် သင်ခန်းစာတစ်ရပ်






ဘီဘီစီကလွင့်သွားတဲ့ သတင်းတပုဒ်ကို သတိရမိပါတယ် ။ သတင်းထောက်က မဲန်ဒဲလား ထောင်ကျနေစဉ်တုန်းက ရိုက်ခဲ့တဲ့ သတင်းတပုဒ်ကို မဲန်ဒဲလား ထောင်ကလွတ်လာပြီး မဲန်ဒဲလား သမ္မတ ဖြစ်ပြီးနောက်မှာ သူရိုက်ခဲ့တဲ့ သတင်းရဲ့ ၂၅ နှစ်လောက်ကြာတဲ့ အချိန် အဲ့ဒီနေရာကိုပြန်သွားပြီး အရင် ရိုက်ခဲ့တဲ့ နေရာမှာ ကင်မရာထားပြီး ပြန်ရိုက်ပြပါတယ် ။

လမ်းကျဉ်းလေး တခုကို ထိပ်ကနေ ရိုက်ပြထားတဲ့ ရိုက်ချက်ပါ ။ နှစ်ပေါင်း ၂၅ နှစ် ကျော်ကြာပေမဲ့ အိမ်တွေက အရင်အိမ်တွေပဲ ဖြစ်နေပြီ လမ်းထဲ မှာ ကလေးတွေ ဆော့ကစားနေတာ အဝတ်တွေ ကြိုးတန်းပြီး လှမ်းထားတာ ၊လူတွေက ကင်မရာကို ဝိုင်းအုံကြည့်နေကြတာ အရာအားလုံးနီးပါးဟာ အတူတူပဲ ဖြစ်နေတာကို ရိုက်ပြသွားပါတယ် ။

တောင်အာဖရိကမှာ လူနည်းစု လူဖြူတွေ ကြီးစိုးနေရာကနေ အစိုးရအဖွဲ.ဝင်တွေဟာ လူမဲတွေ သမ္မတ ဖြစ်အောင် မဲန်ဒဲလားရဲ့ ပါတီက စွမ်းဆောင်ခဲ့ပါတယ် ။ မဲန်ဒဲလားကိုလည်း ဒီမိုကရေစီရဲ့ ပြယုဒ် အဖြစ် တင်စားလာကြတဲ့ အထိပါပဲ ။

ဆိုလိုတာက ဒီမိုကရေစီ ဖြစ်စဉ်တခု ဖြစ်ထွန်းခဲ့တယ်ပေါ့ ။
ကျန်တဲ့ အရာတွေကရော ဘာတွေ ဆက်ဖြစ်လာသလဲ။ မဲန်ဒဲလားဟာ လူမဲ အစိုးရဖြစ်အောင် စွမ်းဆောင်ခဲ့တာကလွဲရင် နိုင်ငံက ထူးထူးခြားခြား ဘာမှ မပြောင်းလဲခဲ့ဘူးလို့ ဆိုပါတယ် ။ အထက်ကပြောခဲ့တဲ့ သတင်းသမား ရိုက်ပြတဲ့ ရိုက်ချက်လိုပဲ အရာရာဟာ အရင်ကနဲ့ ဘာမှ မထူးခြားသွားပါဘူး ။


ဒီနေရာမှာ သံဝေဂရစရာတွေ တွေ.လိုက်ရတာက ၊ လူဖြူ အာဏာရှင် အစိုးရကို တော်လှန်လို့ လူမဲ အစိုးရဖြစ်လာစေတယ် ။ လူမဲ အစိုးရဖြစ်ပေါ် လာပြီးတဲ့ နောက်မှာ တက်လာတဲ့ လူမဲ အစိုးရက သူတို့ တိုက်လို့ ဒီမိုကရေစီရတာပါဆိုပြီး ၊ စိတ်ကြီးဝင်လို့ သက်ဦးဆံပိုင်တွေလို သူတို့ကို သူတို့ စိတ်ကြီးတွေဝင်လာပါလေရော ။ မဲန်ဒဲလား လက်ထက်မှာ မြို.ပြနေ လူတွေ ဝင်ငွေကောင်းခဲ့ကြပေမဲ့ တောနေလူတန်းစားတွေက ကုန်ဈေးနှုံးရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရတယ်လို့ ဆိုပါတယ် ။ လူတွေမျှော်လင့်သလို ချက်ချင်း နိဗ္ဗာန်ဘုံပေါ်ရောက်သွားတဲ့ အဖြစ်ကိုတော့ မရခဲ့ပါဘူး ။ မဲန်ဒဲလား နောက်ဆက်ခံတဲ့ သမ္မတ ဇူးမားဟာ နိုင်ငံပိုင်ငွေ ဒေါ်လာ သန်း ၂၀ ကို သူ့ရဲ့နေအိမ်အတွက် သုံးစွဲခဲ့တယ်လို့ အငြင်းပွားဖွယ် ပြဿနာတက်ခဲ့ပါတယ် ။ သမ္မတက မဟုတ်ပါဘူး ငြင်းလိုက်ရုံနဲ့ နောက်ဆက်တွဲ ဘာမှ ဖြစ်မလာ တော့ပါဘူး ။ 
အခုတော့ တောနေလူတန်းစားတွေနဲ့ လူငယ်တွေက မဲန်ဒဲလားရဲ့ ပါတီ ANC ကို အာဏာရှင် အစိုးရ ၊ ဒီမိုကရေစီ မဆန်တဲ့ အစိုးရ ၊ ပြည်သူတွေနဲ့ လူငယ်တွေအတွက်ကို မစဉ်းစားတဲ့ အစိုးရဆိုပြီး ထောက်ခံမှုတွေ ကျဆင်းနေပါယ် ။ ၂၀၀၉ ခုနှစ်က ၆၅.၉% နဲ့ မဲနိုင်ခဲ့ပေမဲ့ အခုတကြီမ်မှာ တော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုကြပါတယ် ။ သို့သော်လည်း အချို. အကဲခတ်တွေကတော့ ANC က ၆၄% ထိ မဲရနိုင်တယ်လို့ ဆိုပါတယ် ။

၁၉၉၄ ကစလို့ လူဖြူလူမဲ တွဲရွေးကောက်ပွဲဝင်တာ ဒီအကြိမ်ဟာ ၅ ကြိမ်မြောက်ပါ ။ နှစ်ပေါင်း ၂၀ ကျော်ကာလမှာ နိုင်ငံတိုးတက်မှု ထင်သလောက် ရှေ.တန်းမရောက်နိုင်သေးပါဘူး ။ အာဖရိက နိုင်ငံတွေရဲ့ တိုးတက်မှု မြင့်မားလာခြင်းကြောင် တောင်အာဖရိက နိုင်ငံပါ တွဲလျက် မြင့်တက်လာတဲ့ အနေအထားတွေမှာပဲ ရှိနေပြီး ။ ထူးထူးခြားခြား ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ခြင်းတော့ မရှိပါဘူး ။

တော်လှန်ရေးသမားတွေ မှာ တူညီကြတဲ့ အချက်တွေက -

၁ ။ တော်လှန်ရေးသမားသည် တော်လှန်ရေးသာသိပြီး နိုင်ငံတခုကို စီမံခန့်ခွဲနိုင်စွမ်းမရှိခြင်း

၂ ။ တော်လှန်ရေး အောင်မြင်ပြီးသည့်အခါ သူတို့ကိုယ်တိုင် အာဏာရှင်တွေ ဖြစ်ကုန်ကြခြင်း

၃ ။ တော်လှန်ရေး ကာလအတွင်း အတူ ဒုက္ခခံခဲ့သူတွေကို သင့်တော်သူတွေထက် အုပ်ချုပ်ရေးမှာ နေရာပေးခြင်း

၎ ။ နိုင်ငံ အရေးထက် သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကို ပိုမို အာရုံစိုက်ခြင်းတွေကို တွေ.ရပါလိမ့်မယ် ။

ရဲသူရိန်မင်း

Myanmar Journal

အပြည့်အစုံသို့ »

ရေကန်လယ်က ရဲတိုက်



စကော့တလန် ရဲ့ ဂန္ဓဝင် အဆန်ဆုံး အခန်းနားဆုံး ရဲတိုက်ကြီး တစ်ခု အဖြစ် မှတ်တမ်းတင် အသိပြုထားပြီး သူ့ကို Caerlaverock Castle လို့ ခေါ် ပါတယ်။

၁၃ ရာစုက တည်ဆောက်ခဲ့ပြီး စကော့တလန်နဲ့ အင်္ဂလန်ကြား ခေတ် အဆက် ဆက် စစ်ပွဲမှာ ခံနိုင်ရည် ရှိခဲ့တဲ့ ခံတပ်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။ တည်ဆောက်တုန်းကတော့ ကူးသန်း ရောင်းဝယ်ရေးကို ထိန်းချုပ်ဖို့ ကြားခံ ထားရှိတဲ့ စင်တာ တစ်ခု အဖြစ်သာ ဖြစ်ပါတယ်။ ရာစုတွေ ပြောင်းလဲ လာတာနဲ့ အမျှ ပြန်လည် ပြင်ဆင် မွမ်းမံ မှုများ ပြုလုပ်ခဲ့ပေမယ့်ရှေး အမွေအနှစ် များကို ဆက်လက် ထိန်းသိမ်း ထားပေး ပါသေး တယ်။ သူ့ရဲ့ ထူးခြားချက် အနေနဲ့ ရေလယ်ခေါင်မှာ တြိဂံ ပုံသဏ္ဍာန် တည်ဆောက်ထားပေးခြင်း ဖြစ်ပါတယ်။

ယနေ့မှာတော့ စကော့တလန် ကျွန်းရဲ့ ကမ္ဘာလှည့်ခရီးသည် အလယ်များတဲ့ နေရာ တစ်ခု ဖြစ်လာခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

ကိုယ်သင်းနံ့လေးမွှေးစေဖို့ (ယောက်ျားများအတွက်အထူး)


လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိ ယုံကြည်မှု ရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။
ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။
ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိက အကြောင်းအရာ တွေလို့ လေ့လာတွေ့ရှိရပါတယ်။
ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့ စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။
ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ
- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။
- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။
- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။
- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။
By: Good Health

အပြည့်အစုံသို့ »