ယူကရိန်းဆန္ဒမဲရလဒ် ရုရှလိုလားသူတွေအနိုင်ရ

ကိုယ်ပိုင်အုပ်ချုပ်ခွင့် မဲရလဒ် ရေတွက်

ယူကရိန်း နိုင်ငံ ကနေ ခွဲထွက်ရေး အတွက် ယူကရိန်း အရှေ့ဘက် ခြမ်း က ရုရှ ထောက်ခံသူ တွေ ရဲ့ လူထုဆန္ဒ ခံယူတဲ့ မဲပေးပွဲ ကတော့ ပြီးသွား ပါပြီ။ မဲဆန္ဒရှင် တွေ အနေနဲ့ လည်း မဲ သာ ထည့်လိုက်ကြတယ်။ မရေရာသူတွေ လည်း ရှိကြပါတယ်။

မဲရလဒ် အဖြေရဲ့ အတိမ် အနက် နဲ့ အနာဂတ် ကို သိသူတွေ ရှိသလို၊ ဝေဝါး ထွေပြား နေသူတွေ လည်း ရှိကြပါတယ်။ ဒီလို သူတွေ ထဲမှာ ဒေါ့နက်စ်မြို့ခံ က ဆိုရင် သူစိတ်မချမ်းမြေ့ ဖြစ်နေတာကို ပြောပြ ရာမှာ ဆန္ဒခံယူပွဲ မဲ သာ ထည့်လိုက်တယ်၊ သူ တို့ နယ်မြေမှာ ဘာတွေ ဖြစ်နေသလည်း ဆိုတာ ကို အေးအေးဆေးဆေး ရှင်းမပြ တတ်အောင် ဖြစ်ပြီး၊ မဲထည့် ရတဲ့ ရည်ရွယ်ချက် က ဒီဒေသ မှာ တည်ငြိမ်တာ ကို လိုချင်လို့၊ ဒါမှဘဲ ငြိမ်းချမ်းရေး ရပြီး၊ ဘယ်သူမှ မနှောက်ယှက်တဲ့ ဘဝ ရောက်မယ် လို့ ထင်တဲ့ အကြောင်း ပြောပါတယ်။

ဒေါနက်စ်ပြည်နယ် မှာ မဲ အရေအတွက် ၈၉ ရာခိုင်နှုန်း နဲ့ အနိုင်ရသွားပေမဲ့၊ ယူကရိန်း နိုင်ငံခြားရေး ဌာန မှ သံအမတ် အိုလက်ဇန်းဒါး ရှားဘား ကလည်း၊ ဒီရွေးကောက်ပွဲ ဟာ တရားမဝင်တဲ့ အကြောင်း၊ လေ့လာစောင့်ကြည့်သူ လည်း မရှိသလို၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် ထောက်ခံတယ်၊ မထောက်ခံဘူး ဆို တဲ့ မဲ စနစ် ပုံစံဖြစ်လို့ တချို့မဲ တွေ ဆိုရင်၊ အရင်နေ့ တွေ ကတည်း က ထောက်ခံ ပြီးသား မဲ တွေ ပါလို့ ရှင်းပြပါတယ်။

ရုရှဘက် ယိမ်းသူတွေ ကတော့၊ သမ္မတ ပူတင် အုပ်ချုပ်တဲ့ရုရှ မှာပဲ အေးအေးချမ်းချမ်းနေချင်တယ်၊ ဒါပေမဲ့ ဒီမဲပေးပြီးရုံ၊ အနိုင်ရရုံနဲ့ အလိုလို ရုရှ လက်အောက်တော့ ရောက်မသွားနိုင်သေးပါဘူး၊ နောက် ၆ လ၊ တနှစ်လောက် ကြာမှ ဖြစ်နိုင်မှာပါ လို့ ပြောသူတွေ လည်းရှိနေကြပါတယ်။

bbc burmese
အပြည့်အစုံသို့ »

နှစ်ရှည် သရဲ


သရဲဆိုတာ တစ်ကယ်ရှိပါတယ်..။ ကျွန်တော် လေ့လာ မှတ်သားဖူးသမျှ ပြောရရင် ဒီဘ၀ ဒီခန္ဓာမရှိတော့ဘူး ဆိုတာနဲ့ နောက်ဘ၀တစ်ခုမှာ နောက်ခန္ဓာတစ်ခုအဖြစ် ချက်ချင်း ပေါ်ပေါက်လာ ပါတယ်..။ အဲ့ဒီမှာ ကိုယ်ပြုထားတဲ့ ကံအရ ကောင်းတဲ့ဘုံဘ၀ရောက်သွားသူတွေရှိသလို အ၀ီစိ၊ ငရဲ မှာ ခန္ဓာ သွားဖြစ်ရသူတွေလည်း ရှိပါတယ်..။ ငရဲမကျလောက်အောင် ၀ဠ်ကံမကြီးသူတွေအဖို့တော့ လူတွေထက် တစ်ဆင့်နိမ့်တဲ့ ပြိတ္တာလို့ဆိုရမယ့် သရဲ၊ နာနာဘာဝ ဖြစ်သွားရပါတယ်..။ အချိန်တန်လို့ ကျွတ်ချိန်တန်ရင် အဲ့ဒီဘ၀က ကျွတ်မှာ ဖြစ်ပြီး ကျွတ်ချိန်မတန်သေးရင်တော့ ကျန်ခဲ့တဲ့ မိသားစုက ဘယ်လောက်ပဲ ကောင်းမှုကုသိုလ်လုပ်လုပ် သာဓုမခေါ်နိုင်ပဲ ကျွတ်လွတ်အုံးမှာ မဟုတ်ပါဘူး..။
ကျွန်တော်အခုပြောမယ့် အကြောင်းကတော့ ကျွတ်ချိန်မတန်သေးတဲ့ သရဲတစ်ကောင်နဲ့ တွေ့ခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်..။ တစ်နေ့ နယ်က အမျိုးတွေ အိမ်ကိုလာလည်ကြတယ်..။ အဲ့ဒီမှာ ၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ပါလာတယ်..။ ကျွန်တော်နဲ့ဆို တူ တစ်ဝမ်းကွဲလောက် တော်မှာပေါ့..။ နေ့လည်ပိုင်း မြို့ထဲမှာ လည်စရာ ပတ်စရာတွေ ရှိတဲ့ လိုက်ပို့ပေးလိုက်ပြီး ည ၈း၀၀ လောက်မှာ အိမ်မှာ ညစာစားပြီး အိမ်ရှေ့ ဘုရားစင်ရှေ့မှာ သူတို့အိပ်ဖို့အတွက် အိပ်ယာပြင်ပေးလိုက်တယ်..။ ဒီလိုနဲ့ စကားစမြည် ပြောဆိုရင်း ည၁၂း၀၀ ကျော်သွားတယ်..။ ကလေးကတော့ အိပ်နေပြီ..။  ကျွန်တော်တို့တွေသာ စကားပြောကောင်းကောင်းနဲ့ ပြောနေကြတာ..။ ခဏကြာတော့ ကလေးက ရုတ်တရက် လန့်နိုးလာတယ်..။ ပြီးတော့ အော်ငိုပါလေ ရော..။ ပြီးတော့ ကျွန်တော့်အခန်းထဲကို လက်ညှိုးထိုးပြီး ကြောက်တယ်..၊ ကြောက်တယ်..၊ ဆိုပြီး အော်ငိုပါလေရော..။ ဘယ်လိုမှလည်း ချော့လို့မရဘူး..။
အဲ့ဒါ အမျိုးတွေက အိမ်မှာ ဘာတွေ ဖြစ်ဖူးလည်း၊ ဘာညာမေးတာပေါ့..။ ကျွန်တော်တို့ ဒီအိမ်ကို ပြောင်းလာတာ ၁၀ နှစ်ကျော်ပြီ ဘာအရိပ်အယောင်မှ မတွေ့ဖူးကြောင်း၊ အရင်မိသားစုဆီကလည်း ဘာအသံမှ မကြားခဲ့ရကြောင်း ပြန်ပြောပြတော့ပေါ့..။ ကလေးကတော့ အရမ်းကြောက်နေတဲ့ ပုံပဲ..။ တုန်တောင် တုန်နေတယ်..။ ကျွန်တော်လည်း ကလေး အကြောက်ပြေအောင်…
"သားသား..၊ ဒီမှာကြည့်..၊ ဦးဦးအခန်းထဲ ဘာမှ မရှိဘူး..၊ ဦးဦးဝင်ပြမယ်.." ဆိုပြီး အခန်းထဲဝင်ပြလိုက်တယ်..။ အခန်းက မီးပိတ်ထားတော့ မှောင်မဲနေတယ်..။ ကျွန်တော် ၀င်ဝင်လိုက်ချင်းပဲ ကြက်သီးတွေ အပြင်လိုက်ထလာပြီး ကျောတစ်ခုလုံးအေးစိမ့်သွားတယ်..။ ကျွန်တော့် အခန်းထဲကို ကျွန်တော် ၀င်နေကျ..။ ဒါမျိုး တစ်ခါမှမဖြစ်ဖူးဘူး..။ ကျွန်တော်လည်း မီးခလုပ်ကို စမ်းပြီး မီးဖွင့်လိုက်တယ်..။
"အောင်မလေးဗျ…"
ကျွန်တော့်စာကြည့်စားပွဲမှာ ကျွန်တော့်ကို မျက်လုံးပြူးပြီး စိုက်ကြည့်နေတဲ့ ကျွန်တော့်အရွယ် ကောင်လေး တစ်ယောက်ကို တွေ့လိုက်ရတယ်..။ တွေ့ရတယ်ဆိုတာ လုံးဝ အရှင်းကြီး မဟုတ်ပေမယ့် ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ သူ့ခန္ဓာကိုယ်ကို အခိုးအငွေ့လိုမျိုး ဖောက်ထွင်းမြင် နေရပါတယ်..။ သူ ၀တ်ထားတဲ့ အ၀တ်အစားက ရှမ်းတိုင်းရင်းသား အ၀တ်အစား ။ သူ့မျက်နှာမှာ သွေးမရှိ ဖြူဖတ်ဖြူရော် ဖြစ်နေပေမယ့် ပြုံးနေတယ်ဆိုတာ သူ့နှုတ်ခမ်းတွေက သိသာ တယ်..။
ကျွန်တော် ယောင်ပြီး မီးခလုပ်ကို ချက်ချင်းပြန်ပိတ်လိုက်မိတယ်.။ မှောင်သွားတော့ ချက်ချင်း ကြောက်စိတ်ဝင်လာပြီး မီးခလုပ်ကို ချက်ချင်း ပြန်ဖွင့်လိုက်တယ်..။ ထိုင်ခုံပေါ်မှာ ဘယ်သူမှ မရှိတော့ဘူး..။ ကျွန်တော်လည်း စိတ်ထင်တာဖြစ်မှာပါဆိုပြီး အခန်းထဲက ပြန်ထွက်ဖို့ လှည့်ထွက် လိုက်တယ်..။ အဲ့ဒီမှာ.. ကျွန်တော့်နောက်မှာ ကပ်ပြီးရပ်နေတဲ့ အခိုးအငွေ့ ပုံသဏ္ဍာန်သူ့ကို ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံးနဲ့ တိုက်မိသလို ဖြစ်သွားတယ်..။ သူက ကျွန်တော့်နောက်ရောက် နေတာကိုး..။ ကျွန်တော် ကြောက်စိတ်က ငယ်ထိပ်ရောက်သွားပြီး ကျွန်တော် မူးမေ့လဲကျသွားခဲ့တယ်..။
ကျွန်တော် သတိရလာတော့ အိမ်မှာ ဘုန်းကြီး နှစ်ပါးရောက်နေပြီး ကျွန်တော့်ကို မိုးပြီးကြည့်နေတယ်..။ ပြီးတော့ ဘယ်လိုနေလဲလို့ မေးတယ်..။ ကျွန်တော် ဘာဖြစ်သွားခဲ့တာလဲလို့ မေးတော့… မနေ့ညက ကျွန်တော် အခန်းထဲဝင်ပြီး လဲကျသွားခဲ့တယ်တဲ့..။ ပြီးတော့ ချက်ချင်းပဲ ကျွန်တော် ပြန်ထ လာပြီး ကလေးဆီကို ပြေးလာတယ်တဲ့..။ ပြီးတော့ ကလေးကိုချီပြီး တော်တော် ပျော်နေတယ်တဲ့..။ ပျော်လွန်းလို့ ငိုတောင် ငိုတယ်တဲ့..။ ဒီကလေးက သူကျွတ်အောင် ချွတ်ပေးမယ့်ကလေး..။ သူ့ကို ကုသိုလ်လုပ် အမျှဝေပေးမယ့်ကလေး..။ သူဒီကလေးကို စောင့်နေရတာ တော်တော်ကြာနေပြီ. ဖြစ်ကြောင်း သူဒီဘ၀က လွတ်ချင်ပြီဆိုတဲ့အကြောင်းကို ကျွန်တော့်အသံ မဟုတ်တဲ့ ရှမ်းဘာသာ စကားနဲ့ပြောတော့တာပဲ..။ ကလေးကတော့ ကြောက်လန့်ပြီး တစ်ချိန်လုံး အော်ငိုနေတာပေါ့..။ နောက်ဆုံး ကလေးရဲ့ပါးကိုနမ်းပြီး ကလေးကို ဂရုစိုက်ဖို့နဲ့ ရေနဲ့ ဝေးဝေးနေဖို့ပြောပြီး လဲကျသွားတယ်လို့ ပြန်လည်သိရပါတယ်..။

အဲ့ဒါနဲ့ ဘုန်းကြီးနှစ်ပါးပင့်ပြီး အိမ်ကိုခေါ်လာ ကလေးကို ပရိတ်ရေတိုက်ပြီး၊ ကျွန်တော့်ခေါင်းကိုလည်း ပရိတ်ရေစွတ်၊ ပရိတ်ကြိုးတွေစွဲပေးပါတယ်..။ ကျွန်တော် နေလာတဲ့ ၁၀နှစ်ကျော်ကာလအတွင်း သူရဲ့ အရိပ်အယောင်တစ်ခါမှ မတွေ့ဖူးပါ..။ ဘယ်ကတည်းက ၀ဠ်ကြွေးခံနေရတဲ့ နာနာဘာဝလည်း မသိပါဘူး..၊ အဲ့ဒီအဖြစ်အပျက် ဖြစ်ပျက်ပြီးနောက်ပိုင်းလည်း သူ့ရဲ့အရိပ်အယောင်ကို အိမ်ထဲမှာ ခုချိန်ထိ မတွေ့ရတော့ပါကြောင်း……..။

အောင်ထွန်းဦး
အပြည့်အစုံသို့ »

SimCard ပျက်၊ ပျောက် လျှောက်ထားရာတွင်ကတ်ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကိုရပ်ဆိုင်းထားရှိ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူ အကျိုးတူပူးပေါင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC Tes) ၏ ကတ်ပျက်၊ကတ်ပျောက်များ လျှောက်ထားခြင်းကို လက်ခံလျှက်ရှိသော်လည်း ကတ်ပြန်လည်ထုတ်မပေးနိုင်သေးကြောင်းမြန်မာ့ ဆက်သွယ်ရေးမှတစ်ဆင့်သိရှိရသည်။
’’ ၃၁ နဲ့စတဲ့ MEC Tel Sim Card တွေကိုတော့ အခုပျက်၊ ပျောက် လျှောက်ထားတဲ့ Sim card တွေ ကိုတော့ မထုတ်ပေးသေးပါဘူး။ ဟိုဘက်က Sim card တွေမရသေးလို့ပါ’’ ဟုဆက်သွယ်ရေးနှင့်သ တင်းအချက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ သည်။
၂၀၁၃ ခုနှစ် ဧပြီကာလမှ အစပြု၍ငွေကျပ် (၁၅၀၀) တန် တန်ဖိုးနည်း CDMA 800 MHz (MEC Tel) Sim card များကိုသက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ CDMA 800 MHz (MEC Tel) Sim card ပျက်၊ ပျောက်များကို သက်ဆိုင်ရာတိုင်း နှင့်ပြည်နယ်ဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးရုံးများတွင်ပြန်လည်လျှေက်ထားရမည်ဖြစ်သည်။ ၀န် ဆောင်ခအနေဖြင့် CDMA 800 MHz (MEC Tel) Sim card အပျက်ပြန်လည်လျှောက်ထားပါက၀န် ဆောင်ခအနေဖြင့် စာရွက်စာတမ်းကြေးသာကျသင့်မည်ဖြစ်ပြီး SimCard ပျောက် ပြန်လည်လျှောက် ထားပါက ငွေကျပ် (၂) သောင်းနှင့်တကွစာရွက်စာတမ်းများသာကျသင့်မည်ဖြစ်သည်။
’’၂၀၁၄ ခုနှစ်မေ (၁၄) (၁၅) ရက်နေ့လောက် Sim Card ပြန်ထုတ်ပေးမယ်လို့ ကြားပါတယ်။ ဧပြီလ လယ်ပိုင်းကတည်းက စပြီး Sim Card ပျက်တော့ဒီမှာကတ်ဝယ်သွားပြီး ပျက်၊ ပျောက်ဖြစ်တဲ့အခါလာ လျှောက်လို့ချက်ချင်းမရတဲ့အပြင် အခုက ဘယ်အချိန်ပြန်ရမယ်လို့ အတိအကျ မပြောတော့ သိပ်အ ဆင်မပြေပါဘူး’’ ဟုဧရာဝတီတိုင်းမှတစ်ဆင့်ကတ်ပျောက်လာရောက်လျှောက်ထားသူ ကိုသီဟကျော် မှပြောကြားခဲ့သည်
အောင်ရဲကျော်

Myanmar Digital Life Journal
အပြည့်အစုံသို့ »

အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်ကောင်းသော်လည်း၊ ရလာဒ် မကောင်းနိုင်ဟုဆို (ရုပ်သံ)



အပြည့်အစုံသို့ »

လယ်ကွင်းအတွင်း နွားလှန်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံး


နေပြည်တော်၊ မေ ၁၁
၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုပြည်သူ့ ဆေးရုံသို့ မိုးကြိုးထိမှန်သေဆုံးသူတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ အုတ်ဖိုမြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အုတ်ဖိုမြို့နယ်၊ ရေငံကျေးရွာနေ မဖြူဖြူဝင်း(ခ) မိပုတ်(၃၂)နှစ်အား ရင်ဘတ်/လည်ပင်းညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။ စစ်ဆေးချက် အရ ယင်းနေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန် မဖြူဖြူဝင်း(ခ)မိပုတ်နှင့် သမီးဖြစ်သူ မသဲဖြူခိုင်(၁၂)နှစ်တို့ ၂ ဦး ရေငံကျေးရွာမြောက်ဘက်ရှိလယ်ကွင်းအတွင်း နွားလှန်နေစဉ် မိုးကြိုးပစ်ချမှုကြောင့် မဖြူဖြူဝင်း (ခ)မိပုတ်မှာ ရင်ဘတ်/လည်ပင်းညိုမဲဒဏ်ရာများရရှိပြီး လဲကျသတိမေ့သွားခဲ့ကြောင်း၊ ထို့နောက် ၎င်းင်းအား နေအိမ်သို့သယ်ယူလာစဉ် လမ်း၌သေဆုံးသွားခဲ့သဖြင့် အုတ်ဖိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး အုတ်ဖိုမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် 
အပြည့်အစုံသို့ »

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မအူပင်မြို့နယ်လူထုဟောပြောပွဲကြီး(အစ-အဆုံး)(ရုပ်-သံ)



မအူပင်မြို့မှာ မေလ ၁၀ရက်နေ့က အောင်မြင်စွာ ပြုလုပ်ပြီးခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ လူထုဟောပြောပွဲကြီးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တက်ရောက်လာသော ပြည်သူများက မေးခွန်းများ မေးမြန်းခဲ့ပြီး လူထုခေါင်းဆောင် က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်...

ယခု မူဘီဖိုင်သည် အဆိုပါ အမေးအဖြေ အစအဆုံးဖြစ်သည်... အင်တာနက်လိုင်းမကောင်းသူများလဲ ကြည့်ရှု့နိုင်စေရန် ရည်ရွယ်၍ မေးခွန်းမေးသူများ၏ လိုရင်းမေးခွန်းနှင့်မဆိုင်သော မိတ်ဖွဲ့စကားများကို ဖြတ်ချန်ထားခဲ့ပါသည်...

ဖေ့ဘွတ်ကလဲ မူဘီဖိုင်ကို မိနစ်နှစ်ဆယ်ထက်ကျော်ရင် ပို့စ် လုပ်ရန် လက်မခံတာကြောင့်လဲ ဖြစ်သလို၊ အဓိက ကျသော လူထုခေါင်းဆောင်၏ အဖြေများကို အဓိကထားကြည့်နိုင်ရန်လဲ ရည်ရွယ်ပါသည်...ကင်မရာ ရိုက်ကူးရေးအခက်အခဲကြောင့် မေးခွန်းမေးသူနေရာတွင် ဓါတ်ပုံကိုသာ ပြနိုင်ပြီး အမေစု၏ အဖြေကိုသာ မူဘီအဖြစ်ထည့်ထားပါတယ်...

ကျတော့်လိုပဲ မှတ်တမ်းမူဘီ ၀ါသနာပါသူများ၊ အမေစု စကားများ အစအဆုံးကို အတိအကျ ကြည့်ရှု့နားဆင်လိုသူများအတွက် ၀ါသနာအရ ရိုက်ကူးတင်ပြခြင်းဖြစ်ကြောင်းလဲ အသိပေးလိုပါသည်... ကျတော့် တစ်ယောက်တည်းအား မည်သူမဆို လွပ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ပါသည်...

ရိုက်ကူး-တည်းဖြတ် ... မောပြေ (ခ) ခွန်ခေါင်


အပြည့်အစုံသို့ »

ခရီးသည်တင်ယာဉ်မှ မျက်နှာချင်းဆိုင်မောင်းနှင်လာသော ယာဉ်နှင့် တိုက်မိပြီး ရပ်ထားသောယာဉ်နှင့် လူတို့အား ဆက်လက်တိုက်မိ သဖြင့် သေဆုံး ၊ ဒဏ်ရာရ


ရန်ကုန်၊ မေ ၁၁

၁၁.၅.၂၀၁၄ရက်နေ့ ၀၆၃၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊
(၁၁)ရပ်ကွက်၊ ပုဂံလမ်းအတိုင်း ၆ ကွေ့ ဘက်မှ ရွှေပေါက္ကံဘက်သို့ ယာဉ်မောင်း စိန်အောင် (၅၈)နှစ်၊ (ဘ)ဦးကုလားညို၊ (၂)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်နေသူမောင်းနှင်လာသော 5B—-
ဟီးနိုးဘတ်စ် (၄၃)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် (၄၃)
ကားဂိတ်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ
ယာဉ်မောင်း ကိုဇော်ဦး မောင်းနှင်လာသော ၉ခ—-လိုက်ထရပ်
ကိုယ်ပိုင်ယာဉ်ကိုတိုက်မိခဲ့ပြီး လမ်းစပ်၌ရပ်ထားသော 5B—ISUZU ခရီးသည်တင်ယာဉ်ကို ဆက်လက်တိုက်မိခဲ့ရာ ၎င်းယာဉ်၏
နောက်ပိုင်း၌ ရေတိုင်ကီအတွင်းရေဖြည့်နေသူ ယာဉ်နောက်လိုက် ကိုထွန်းအောင်ကျော် အားကြိတ်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်များပျက်စီးပြီး ကိုထွန်းအောင်ကျော်
တွင် ဦးနှောက်ပွင့်ထွက်၊ ၀ဲ/ယာခြေထောက်ပွန်း၊ ယာလက်ဖျံပွန်း
ဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ၉ခ—
ယာဉ်၏ခေါင်းခန်းတွင်လိုက်ပါစီးနင်းလာသူ မသန္တာဝင်းတွင်နဖူးပွန်း၊ ၀ဲဒူးနာကျင်ဒဏ်ရာများ ရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင်
ပြင်ပလူနာအဖြစ်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိန်အောင်
အား ရွှေပေါက္ကံနယ်မြေရဲစခန်းယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
အပြည့်အစုံသို့ »