ဘာများ ဖြစ်သွားမှာမို့လို့လဲကွယ်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာနေသော မိသားစုဝင်တစ်စုအား ဧပြီလအတွင်းက တွေ့ရစဉ်

(၁) သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနဲ့ ကားကလေးတစ်စီးနဲ့ တစ်ယောက်က မောင်း နောက်တစ်ယောက်နံဘေးက  ထိုင်လို့ ကားတွေကလည်း ဒီကနေ့ မဟာရန်ကုန်ရဲ့ သရုပ်သကန်ကို အပီအပြင်ဖော်လို့ ကျပ်လို့။

“ဟာ ကျော်သွားပြီ လမ်းကျော်သွားပြီ”

ပြောပြောဆိုဆိုဘဲ ကားကို ဘရိတ်အုတ်“ဂ”ငယ်ကွေ့ပြန်ကွေ့ဖို့ တစ်ဖက်ယာဉ်ကြောကို ခေါင်းတစ်စောင်းထိုးပြီး ရပ်တယ်။ ဘယ်ကွေ့မယ့် အချက်ပြမီးက ဖွင့်လိုက် ပိတ်လိုက်နဲ့။

ရုတ်တရက် ရပ်လိုက်တဲ့နေရာက မျဉ်းသေကြောမှာ ဖြတ်သန်းခွင့်မရှိတဲ့နေရာမှာ နောက်က ကားတွေရပ်ပြီး ဟွန်းတွေတီးကြသလို ရှေ့ကလာတဲ့ ကားတွေလည်း မောင်းမရတော့ပါ။ ကားတစ်စီး စည်းကမ်းမဲ့စွာ ရုတ်တရက်ကိုးလို့ ကန့်လန့် ရပ်လိုက်တာနဲ့ ယာဉ်ကြောလေးကြောမှာ နှစ်ကြော မောင်းမရတော့ဘူးဖြစ်သွားပြီ။

မီးအချက်ပြ အရှိန်လျှော့ပြီး ဖြည်းဖြည်းမောင်းသွား ကားကွေ့လို့ရတဲ့ မျဉ်းပြတ်နေရာကျမှ ကိုယ့်ယာဉ်ကြောထဲမှာ သပ်သပ်ရပ်ရပ်ကလေး ခဏရပ်ပြီးစောင့်ရင် မကောင်းဘူးလား သူငယ်ချင်းရယ်။

အဲဒီလိုလေး စည်းနဲ့ကမ်းနဲ့ တခြားကားတွေကိုလည်း ကိုယ်ချင်းစာစိတ်ကလေး နဲ့မောင်းရင် ဘာများဖြစ်သွားမှာမို့လို့လဲ။

(၂)    ဒီရက်ပိုင်းမှာ ဟိုတယ်အခန်းတွေ လူဝင်နည်းတယ်။ ဒီတော့ အခန်းရှင်းရတာ နည်းတယ်။ ၀တ္တရားအရ အခန်းတံခါးကို ခေါက်တယ်။

“အခန်း သန့်ရှင်းရေးလုပ်မလို့ပါရှင်”

ဘာမှ ထူးသံမကြားရဘူး။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တယ်။ အခန်းထဲမှာ ကစားစရာတွေရယ်၊ စားစရာတွေရယ်၊ အ၀တ်တွေရယ်၊ စာအုပ်တွေရယ်ပွလို့။ ခြောက်နှစ် ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ရယ်၊ ၁၅၊ ၁၆ အရွယ် မိန်းကလေးတစ်ယောက်ရယ် မောင်နှမနှစ်ယောက် တည်းခိုတဲ့အခန်းလေး။ မနက်ခင်းကတောင် အဲဒီက လေးလေး ဘောလုံးတစ်လုံးနဲ့ ဟိုတယ်နံဘေးမှာ ကစားနေတာ တွေ့သေးတယ်။

မောင်လေးနဲ့ဆို အရွယ်တူလောက်ရှိမှာပေါ့။ စဉ်းစားရင်း ဖတဆိုးမောင်လေးနဲ့ အဖေကို သတိရမိတယ်။ သူတို့ ဒုက္ခသည်စခန်းမှာ ဘယ်လိုများနေကြပါလိမ့်။ အစားအသောက်မှ အဆင်ပြေကြရဲ့လား။ မောင်လေးကော စာသင်ရရဲ့လား။ ဒီအခန်းက  ကလေးလေးလို လွတ်လွတ်လပ်လပ်ပျော်ရွှင်စွာ ကစားနိုင်မှာ မဟုတ်တာတော့ သေချာတယ်။ အဖေကတော့ ကောင်းကင်ဘုံမှာ အေးဆေးနေရောပေါ့။ မိုင်းထိတဲ့ဒဏ်ရာက သွေးထွက်လွန်ပြီး အဖေဆုံးခဲ့တာ မောင်လေးတစ်သက် နီးပါးလေ။

ဒီဟိုတယ်မှာ အလုပ်ကလေး အခြေတည်မိသွားရင် အမေတို့ကိုခေါ်မယ်။ တောကြား၊ တောင်ကြားမှာ မြင်မြင်ရာကြောက်နေရတဲ့ ဒုက္ခသည်ဘ၀နဲ့စာရင် ဒီမှာအများကြီးအဆင်ပြေမှာ။ နောက်ပြီး မောင်လေးကိုလည်း ကျောင်းထားပေးရမယ်။

မောင်လေးကို သတိရစွာနဲ့ အခန်းသန့်ရှင်းရေးလုပ်ရင်း ဝေါ့ကင်းရှူးလေး ညစ်ပတ်နေတာတွေ့တယ်။ အို မနက်က ဒီအခန်းက ကလေးလေး ဒီအခန်းက မောင်လေး ဘောလုံးကစားရင်း ပေနေတာနေမှာပေါ့။ ဝေါ့ကင်းရှူးလေးကို တယုတယကိုင်ပြီး သေသေချာချာသန့်ရှင်းရေး လုပ်ပေးလိုက်တယ်။

“ကလင်၊ ကလင်”အခန်းထဲက ဖုန်း မြည်လာတယ်။“သူငယ်ချင်း မပြီးသေးဘူးလား။ အခန်းလည်း ဘာမှမများဘဲနဲ့”

“အေးပါဟယ်၊ ငါ ငါ့မောင်လေးရဲ့ ဝေါ့ကင်းရှူးလေး ညစ်ပတ်နေလို့ သန့်ရှင်းပေးနေတာ” “နင့်မောင်လေးက နင့်အမေနဲ့ တောမှာဆို” “သြော် ဟုတ်တယ်ဟဲ့။ ဒါက ဒီအခန်းမှာ တည်းတဲ့ ကလေးလေးရဲ့ ဖိနပ်ဟ” “ပြီးရော ထမင်းစား နောက်ကျနေဦးမယ်”

ထမင်းစားနောက်ကျတော့ ဘာဖြစ်လဲ နော့။ စေတနာထားပြီး သေသေချာချာလုပ် တာ။ အခန်းရှင်းတဲ့တာဝန်ထဲမှာ မပါတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၃)    “ချောကလက်တောင့်တွေ ကျန်နေသေးတယ်။ သိမ်းလိုက်ဦးမယ်”

ချာ့ကလက်ဘူးကတော့ ဖောက်ပြီးသားပေမယ့် မစားရသေးတဲ့ ချောကလက်တောင့်တွေက အသစ်အတိုင်းရယ်။ သိသားပဲ တမင်တားထားတဲ့ ဟာကို။

“သိမ်းမနေပါနဲ့ မိန်းမရယ်။ ဟိုတယ်က အခန်းရှင်းတဲ့ကလေးတွေ စားကြပါစေ။ နောက်ပြီး အဲဒါတွေ စားပြီးရင် မင်းဂျင် (Gym) ထပ်သွားနေရဦးမယ်။

ဟုတ်တယ်လေး။ နှမြောစိတ်နဲ့ အတင်းစားမှာနဲ့ စာရင် ဒီကကလေးတွေ စားဖို့ထား ပေးခဲ့လိုက်တော့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၄)    မူလတန်းကျောင်းကလေးရဲ့ ဆရာ၊ ဆရာမများ နားနေခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ နားနေခန်းဆိုပေမဲ့ ခါးလောက်အမြင့် ၀ါးထရံကာထားတာဆိုတော့ စာသင်ခန်းကလေးကို အလွယ်တကူမြင်ရပါတယ်။
အို ဒီကလေး နေ့လယ်ထမင်းစားချိန်မှာ အပြင်မထွက် မုန့်မစားအခန်းထဲမှာ စာဖတ်နေတာများပါ ပကောလား။

စာကြိုးစားတာ လက်ခံနိုင်ပေမဲ့ ထမင်းချိုင့်မပါတာ လက်ခံနိုင်ပေမဲ့ ဒီလိုပဲကြည့်ပြီး အမှတ်တရနဲ့ နေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့တဲ့ ကိုယ့် ကိုယ်ကိုယ်တော့ လက်မခံချင်တော့ပါ ဘူး။

ထမင်းစားတာကို ရပ်လိုက်တယ်။ မ၀သေးပေမဲ့ အဆာတော့ပြေသွားခဲ့ပြီ။ ချိုင့်ထဲမှာ ထမင်းကတစ်ဝက်ရယ်၊ ငါးဆုပ်ကြော်လေးရယ်။ ကန်စွန်းရွက်လေးရယ် ကျန်နေသေးတယ်။ စာသင်ခန်းလေးတွေဆီ ပြန်ခဲ့တယ်။

“သားရေ ရော့ ဆရာမထမင်းချိုင့်၊ အကျန်မဟုတ်ဘူးနော်။ ဆရာမသပ်သပ် စားထားတာ အခန်းတွေ”

ကျောင်းသားလေး ခေါင်းခါတယ်။ သူ့ကို ဘာမှပြောခွင့်မပေးဘဲ ပြောလိုက်တယ်။

“သားစားပြီးရင် ဆရာမတို့ ပန်းကန်ဆေးတဲ့နေရာမှာ ဆပ်ပြာနဲ့သေသေချာချာ ဆေးပေးဟုတ်လား။ ထမင်းလုံးတွေ ပွမနေစေနဲ့”

ကျောင်းသားလေးရဲ့ မျက်လုံးလေးတွေ ၀င်းလက်သွားတယ်။ ဟုတ်တယ်လေ။ စားရမှာ ရဲသွားတယ်။ ဆရာမရဲ့ ထမင်းချိုင့်လေး ပြောင်လက်နေအောင် ဆေးပေးမယ်။

ချမ်းသာတာ ဆင်းရဲတာမဟုတ်ပါဘူးကွယ်။ လိုအပ်တဲ့ သူကို ကိုယ့်မှာရှိတာ မျှဝေကူညီလိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၅) မြို့ကလေးရဲ့ ဘုရားပွဲမှာ လူတွေ စည်ကားလှတယ်။ အပျော်အပါး ရှားပါးတဲ့နေရာ ဆိုတော့ ဘုရားပွဲကို မျှော်ကြ။ ဘုရားပွဲမှာ ပျော်ကြတာ မဆန်းလှပါဘူး။ ဒီဘက်ခေတ်ရောက်လာတော့ ဟိုအရင်ခေတ်က တိုးတိတ်တိတ် ဘုံဆိုင်လေးတွေ ပျောက်သွားပြီး တံဆိပ်ကြီးကြီးနဲ့ ဘီယာဆိုင်တွေပေါ်လာတာ အရက်တွေဖောချင်း သောချင်းရလာတာ။

ဘုရားပွဲမှာ စောင်ထုပ်ကို ညာပခုံးမှာထမ်းပြီး လျှောက်လာတဲ့ လူငယ်တစ်ယောက် နဲ့ တခြားလူရွယ်တစ်ယောက် ပခုံးချင်းတိုက် မိတယ်။

“ဟေ့ကောင် လူတစ်ယောက်လုံး မမြင်ဘူးလား”

“မတော်လို့ဖြစ်တာဗျာ။ ဒီမှာစောင်ထုပ်ကြီးနဲ့ မတွေ့ဘူးလား”

“လူကို တမင်ဝင်တိုက်ပြီးတော့မှများ မင်းက”

“ခင်ဗျားကြီး မူးပြီးလာရမ်းမနေနဲ့”

“ရမ်းတော့ ဘာလုပ်ချင်သလဲ။ ကဲကွာ”

ဘုရားပွဲခန်းမျာ အကျည်းတန်တဲ့ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့တယ်။

အစ်ကိုရေ မတော်လို့ တိုက်မိတာပါ။ စိတ်မရှိပါနဲ့နော်ဆိုတဲ့ လူငယ်ရဲ့စကားအဆုံး အေးပါကွာ ညီလေးရာ။ မင်းက အလေးအပင်ကြီးနဲ့လာတာ။ ငါကရှောင်ရမှာကွ ဆိုတာမျိုးဆိုရန် ဘယ်လောက်လှမလဲဗျာ။ ပြေပြေလည်လည်နဲ့ နားလည်မှုရှိစွာ ပြောဆိုဆက်ဆံကြတော့ ဘာများဖြစ်သွားမှာ မို့လို့လဲ။

(၆) ကမ္ဘာကျော်ကုန်တိုက်ကြီးတစ်ခုရဲ့ ဂေါက်ပစ္စည်း အရောင်းဆိုင်ကြီး တစ်ခုမှာပါ။ တံဆိပ်တစ်မျိုးတည်းကိုပဲ သီးသန့်ရောင်းတာဖြစ်ပြီး ဂေါက်တုတ်တွေကလည်း ဈေးကြီးလှပါတယ်။

“ဘော့စ် နောက်ဆုံးထွက်တဲ့ မော်ဒယ်တွေရောက်နေပြီ။ Limited Edition နော်”

အရောင်းမန်နေဂျာ မိန်းကလေးက လှိုက်လှဲပျူငှာစွာ ခရီးဦးကြိုပြုတယ်။ ၀ယ်နေ့ကျ ဖောက်သည်ပေကိုး။

“ဒီတုတ်က အရှေ့တောင်အာရှမှာ တစ်စုံပဲရှိတာ”

မိန်းကလေးက သိပ်မပြောရသေးဘူး။  ကိုယ့်ဆရာက ၀ယ်ချင်နေပြီ။ သိတာပေါ့ ဆရာတပည့်ပေါင်းခဲ့တာ နှစ်တွေက မနည်းတော့တာ။ သူဌေးကြီး သားသမီးတွေ တစ်ဖက်၊ အခုမြေးတောင်ရနေပြီလေ။

ဒီတစ်ခေါက် ခရီးမထွက်ခင်ရွာမှာ ဧရာဝတီမြစ်ရေတိုးလို့ ကမ်းပါးပြိုပြီး ရွာဦးကျောင်းနဲ့ စာသင်ကျောင်းရေထဲပါသွားတာ သတိရမိတယ်။ အဲဒီအတွက် ဆရာက ငါးသောင်း လှူခဲ့သေးတယ်။

“ဟေ့ကောင် ငါမေးနေတာမကြားဘူးလား။ ဒေါ်လာငါးသောင်းတဲ့ ဘယ်လိုနေလဲ”

“ခင်ဗျားဒေါ်လာငါးသောင်း၊ သိန်းငါး ရာနီးပါး။ အဲဒါဆိုရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအသစ်ပြန်ဆောက်ဖို့ လောက်တယ်ဆရာ။

“ဟာ ဒီကောင် ငါမေးနေတာ ဒီဂေါက်တုတ် ၀ယ်သွားပြီး ရန်ကုန်မှာ ရိုက်ရင် ကွင်းကလူတွေ ဘယ်လိုအထင်ကြီးမလဲ။ ဘာလဲမေးတာ။ တော်တော် နောက်ဆို မင်းကို နိုင်ငံခြား အဖော်မခေါ်တော့ဘူး”

ဆရာသမား မခေါ်တော့လည်း မလိုက်ရရုံပဲပေါ့ဗျာ။ သူ့အိမ်မှာ စတိုခန်းအပြည့် အကောင်းစားဂေါက်တုတ်တွေရှိတာ အသိဆုံး။ အရမ်းချမ်းသာမှန်း လူတွေသိပြီးသား သူတစ်ယောက်အတွက် ဒါတွေဝယ်သုံးပြီး ချမ်းသာကြောင်းပြဖို့ လိုသေးလို့လား။ ကြွားစရာလိုသေးလို့လား။ အဲဒါတွေ မ၀ယ်ဘဲနဲ့ ရွာကဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအတွက် လှူတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၇)    နေထိုင်စားသောက်ဖို့အတွက်
    သင့်မှာ အလုံအလောက်ရှိခဲ့ပြီးရင်လည်း
    ပိုလျှံတာနည်းနည်းလောက်တော့
    ခွဲဝေမျှခြမ်းပေးကမ်းသင့်ပါတယ် တဲ့

၂၀၀၈ ခုနှစ် နာဂစ်အပြီးမှာ ကြားခဲ့ဖူးတဲ့ မျိုးချစ်မြန်မာရဲ့ သီချင်းသံလေးကြား ယောင်မိလာတယ်။ ဘ၀ရာထောင် သုံးမကုန်အောင် စုဆောင်းသိုမှီးထားတော့ရော တကယ်သုံးရမှာမို့လို့လား။ ဒီဘ၀ပါပဲ။ ဒီတစ်ဘ၀ဆိုတာတောင်မှ အခြေအနေပေးပါမှ။ မကျန်းမာလို့ အိပ်ရာထဲ ပက်လက်ဖြစ်နေချိန်မှာ အာရောဂျံကို ၀ယ်လို့မရဘူးလေ။ စက်တွေ ဆေးတွေအကူအညီနဲ့ အသက်ကို ဆွဲဆန့်လို့ ရတယ်ထား လူသိသူသိ၊ လူမသိသူမသိ ခံစားရတဲ့ ဝေဒနာကို ကိုယ်သာအသိဆုံးလေ။

လောဘတွေ အတ္တတွေလျှော့လိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲကွယ်။

eleven media group
အပြည့်အစုံသို့ »

မြေယာမဲ့များကို မြေပေးရန် စတင်စာရင်းကောက်နေပြီဟုဆို

သိမ်းဆည်းခံရမည့် မြေယာများအတွက် ဆန္ဒထုတ်ဖော်နေကြပုံ

လယ်ယာစိုက်ပျိုးရန်၊ မွေးမြူရေးလုပ်ငန်းလုပ်ရန် မြေနေရာလုံးဝမရှိသည့် မိသားစုများ နှင့် ၀န်ထမ်းများ၊ ပင်စင်စားများကို မြေနေရာပေးနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက လုပ်ကိုင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။

လယ်စိုက်ပျိုးရန် မြေယာလုံးဝမရှိသည့် မိသားစုများနှင့် မြေကြီးမရှိသည့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို လာမည့် တစ်နှစ်မှ နှစ်နှစ်အတွင်း မြေပေး နိုင်ရန် တိုင်းဒေသကြီးအစိုးရများက စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဦးစိုးသိန်းက မေလ ၁၁ ရက်တွင် မန္တလေးမြို့ ရွှေပြည်သာဟိုတယ်၌ ပြုလုပ်သည့် လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ပြောကြားသည်။

‘‘Landless Household (မြေပိုင်မရှိသူ မိသားစု)တွေကို မြို့နယ်အလိုက်၊ တိုင်းအလိုက်၊ ခရိုင်အလိုက် မြေတွေချပေးမယ်။ မိသားစုတစ်စုကို နှစ်ဧကဖြစ်ချင် ဖြစ်မယ်။ ငါးဧကဖြစ်ချင်ဖြစ်မယ်။ ပြန်တော့မရောင်းရဘူး။ အခု အစိုးရအဖွဲ့က စာရင်းစကောက်နေပြီ သူတို့မြန်မြန်လုပ်ရင် လုပ်သလို တစ်နှစ်၊ နှစ်နှစ်အတွင်း ပေးနိုင်မယ်’’ ဟု ဦးစိုးသိန်းက ပြောကြားသည်။

ထို့ပြင် နေစရာမရှိသေးသည့် ၀န်ထမ်းများ၊ ပင်စင်စားများအတွက်လည်း မန္တလေးမြို့ ရှိ လွတ်သည့်နေရာများ၌ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ပြီး အရစ်ကျစနစ်များဖြင့် ရောင်းချပေးနိုင်ရန်လည်း တိုင်းဒေသကြီး  အစိုးရအဖွဲ့က စီစဉ်နေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ဧရိယာအကျယ်အ၀န်းမှာ အရှေ့တောင် အာရှနိုင်ငံများထဲတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေမှာလည်း ၅၅ သန်းခန့်သာ ရှိသောကြောင့် လူတိုင်းကို မြေပေးနိုင်ကြောင်း မြန်မာနိုင်ငံတွင် မြေယာမဲ့ရှိစရာ အကြောင်းမရှိကြောင်း ၀န်ကြီးဦးစိုးသိန်းက ထည့်သွင်း ပြောကြားသည်။

လာမည့် ကာလများတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ဖွံ့ဖြိုးရေး၊ မြို့တော်ဖွံ့ဖြိုးရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံလူထုနှင့် တိုင်ပင်ပြီး ပူးပေါင်းလုပ်ကိုင်နိုင်မည့် အခြေအနေထိ ရောက်ရှိရန် ရည်ရွယ်ထားကြောင်း နိုင်ငံတော်သမ္မတရုံး  ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းက ယင်း ဖိုရမ်တွင်ပင် ထည့်သွင်းပြောကြားခဲ့သည်။

7day daily
အပြည့်အစုံသို့ »

တပ်မတော်(ရေ)၏ ပထမဆုံး မြန်နှုန်းမြင့် တိုက်ရေယာဉ် ရေချ


မြန်မာ့တပ်မတော်(ရေ)အတွက် ပထမဆုံးဖြစ်သော မြန်နှုန်းမြင့်အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေချရန်ပြင်ဆင်နေသည်ကို တွေ့ရစဉ် (MYANMAR NAVY)
တပ်မတော်(ရေ)၏ ပထမဆုံး Torpedo Boat  ဖြစ်သော  မြန်နှုန်းမြင့် အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေတပ်သင်္ဘောကျင်း ဌာနချုပ်တွင် ရေချခဲ့ကြောင်း သတင်းရရှိသည်။

အခြားနိုင်ငံမှ ရေငုပ် သင်္ဘောများ မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာပါက တိုက်ဖျက်နိုင်ရန်အတွက် တပ်မတော် ရေ အင်ဂျင်နီယာများကိုယ်တိုင် တည်ဆောက်ခဲ့သည်ဟုဆိုပြီး သင်္ဘောကိုယ်ထည်ကို အလူမီနီယံဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

‘‘အရင်က ရေတပ်မှာ Torpedo Boat ကို သုံးခဲ့ဖူးပေမယ့် အခု စစ်ရေယာဉ်လောက် မြန်နှုန်းမမြင့်ဘူး။ နောက်ပြီး ဒုတိယကမ္ဘာစစ်လက်ကျန်တွေဖြစ်လို့ တပ်တော်ဝင်စာရင်းက ဖျက်လိုက်ပါပြီ။ ဒီစစ်ရေယာဉ်ကလည်း မြန်မာ့ရေတပ်အတွက် ကနဦးစမ်းသပ်ထုတ်လုပ်တာဖြစ်တဲ့အတွက် တိုက်ပွဲဝင်အနေအထားဖြစ်ဖို့ စမ်းသပ်မှုတွေ အဆင့်ဆင့်လုပ်ဖို့ လိုပါသေးတယ်’’ ဟု ၎င်းက ပြောသည်။

(Torpedo Boat) အမှတ် ၂၀၁ သည် အလျားပေ ၇၀ ရှည် ပြီး တစ်နာရီလျှင် ရေမိုင် ၃၅ မိုင် အထက် မောင်းနှင်နိုင်ကာ မြန်မာ့ ရေပိုင်နက်အတွင်း ကင်းလှည့်နေသည့် စစ်ရေယာဉ်အားလုံးထက် မြန်သည်ဟုဆိုသည်။

‘‘အလူမီနီယံကိုယ်ထည်ကိုသုံးပြီး ရေယာဉ်ကို ထောင့်ချိုးပုံစံ အများဆုံးသုံးထားတော့ ညရေဒါ နဲ့ ဖမ်းယူနိုင်မှု အားနည်းတယ်။ ကိုယ်ပျောက်ရေယာဉ် အသေးစားလေးပေါ့’’ ဟု ၎င်းက ပြောသည်။

တပ်မတော်(ရေ)သည် မကြာသေးမီက ပြည်တွင်းထုတ် သုံးစီးမြောက် ဖရီးဂိတ် စစ်ရေယာဉ်တစ်စီးကိုလည်း ရေချခဲ့သည်။

7day daily
အပြည့်အစုံသို့ »

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင်၏ စာမှုများကို ထုတ်ဝေဖြန်ချိလို့လျှင် ဖောင်ဒေးရှင်းမှ ခွင့်ပြုချက်ယူရမည်


အေးမြင်စန်း

ရန်ကုန်၊ မဇ္ဈိမ။ ။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ရေသားထားသောစာမူများကို ဖြန့်ချိအသုံးပြုလိုသူများ အနေဖြင့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ ခွင့်ပြုချက်ရရှိမှသာ ထုတ်ဝေဖြန့်ချိရမည်ဟု ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း (၁၄)ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကြေငြာချက်
ထုတ်ပြန်လိုက်သည်။

ဆရာကြီး၏ စာမူများ၊ အသံဖိုင်များနှင့် ရုပ်သံဖိုင်များမှ ရရှိလာသည့်ဝင်ငွေအားလုံးကို ဖောင်ဒေးရှင်းသို့ အပြီးအပိုင် လှူဒါန်းကြောင်းကို ဖောင်ဒေးရှင်း
ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် အတိအလင်း ကြေညာလိုက်ခြင်းဖြစ်သည်။

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း နာယကဦးတင်ဦးက “အခုက ဦးဝင်းတင်အမှတ်တရဆိုပြီး ယူသွားကြတာရှိတော့ ကြားထဲမှာ ပျောက်ရှကုန်တာရှိတယ်။
ဦးဝင်းတင်ရဲ့ ဆန္ဒအရ ဖောင်ဒေးရှင်းကို လွှဲခဲ့တာကို ထိန်းသိမ်းပေးရမယ့် တာဝန်ရှိတယ်၊ သူ့ရဲ့နိုင်ငံရေးခံယူချက်တွေ ၊ တိုင်းပြည်နဲ့လူမျိုးအပေါ် နိုင်ငံရေးအကျဉ်းသားတွေ
အပေါ်ထားရှိတဲ့ အနစ်နာခံမှုတွေကို မပျောက်ပျက်အောင် စည်းကမ်းတကျ လေးထိန်းသိမ်းသွာဖို့ပါ” ဟုပြောသည်။

ဆရာကြီး၏စာမှုများ မူပိုင်ခွင့်၊ အသံဖိုင်နှင့်ရုပ်သံဆိုင်ရာ မူပိုင်ခွင်တို့ကို ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း အနေဖြင့် ဆက်လက် စီမံခန့်ခွဲသွားမည်ဖြစ်ပြီး အသုံးပြုလိုပါက ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ ဆရာကြီး၏ သက်ရှိထင်းရှားရှိစဉ်ကပင် စာမှုများမှရရှိသည့်ဝင်ငွေအားလုံးကို
ဖောင်ဒေးရှင်သို့ လှူဒါန်းခဲ့သည်။

"စာပေထုတ်ဝေချင်တယ်ဆိုရင် လေလံစနစ်နဲ့ဖိတ်ခေါ်ပြီး ဖြန့်ချိခွင့်ပြုသွားမှာပါ၊ ခွင့်ပြုချက်မရှိဘဲ ဖြန့်ချိထုတ်ဝေတာမျိုးတွေ့ရှိရင် တရားဥပဒေအရအရေးယူသွားမှာပါ" ဟု ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးအောင်သိန်းက ပြောသည်။

ဆရာကြီး သက်ရှိထင်ရှားရှိစဉ်ကပင် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို ထူထောင်၍ ၂၀၁၂ခုနှစ်မှစတင်ကာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အကျဉ်းသားဟောင်း မိသားစုများ၊ သားသမီးများ၏ ကျန်းမာရေး၊ ပညာရေးအစရှိသည့်တို့ကို ထောက်ပံ့ကူညီခဲ့သည်။ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၄၂၆ဦးတို့အတွက် ထောက်ပံ့ငွေ
ကျပ်၁၂၁၆သိန်းထောက်ပံ့ ပေးအပ်ပြီးဖြစ်သည်။

Mizzima Burmese
အပြည့်အစုံသို့ »

မြန်မာနိုင်ငံ၏ ပထမဦးဆုံး လိင်တူချစ်သူ ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်

ပြိုင်ပွဲဝင် ဓာတ်ပုံ

မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော လိင်တူချစ်သူ ဓာတ်ပုံပြပွဲ ပြိုင်ပွဲကို ရန်ကုန်မြို့ အမှတ် ၄ ပါရမီလမ်းက witness yangon documentary အနုပညာခန်းမမှာ ပြုလုပ်နေပါတယ်။

လိင်တူခြင်း ချစ်တဲ့သူတွေအတွက် အဓိကရည်ရွယ်ထားတဲ့ ဓာတ်ပုံပြပွဲပြိုင်ပွဲအဖြစ် မေလ ၁၁ နေ့ကနေ ၁၈ ရက်နေ့အထိ Witness Yangon Documentary အနုပညာခန်းမမှာ ကျင်းပနေတာပါ။

ဓာတ်ပုံပညာရှင်ပေါင်း ဆယ်ယောက် ရိုက်ကူးထားတဲ့ လိင်တူချစ်သူတွေရဲ့ ပုံလေးဆယ်ကျော်ကို အဲ့ဒီခန်းမမှာ ခင်းကျင်းပြသထားပါတယ်။

မြန်မာပြည်ကလိင်တူ ချစ်သူတွေရဲ့ပုံတွေ အပါအ၀င် ဗီယက်နမ်က လိင်တူချစ်သူတွေရဲ့ပုံတွေကို ပါရိုက်ကူးထားတဲ့ နိုင်ငံခြားသူဓာတ်ပုံဆရာမတယောက်ရဲ့ ပုံတွေလည်း ပြသထားပါတယ်။

လိင်တူချစ်သူတွေရဲ့ ဂုဏ်ယူစရာအဖြစ်အပျက်တွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီဓာတ်ပုံပြပွဲပြိုင်ပွဲကိုလုပ်တာလို့ ပွဲစီစဉ်တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ပြပွဲဖွင့်တဲ့ရက်မှာ လာကြည့်ကြတဲ့ လိင်တူချစ်သူတွေများစွာရှိကြောင်း၊ ဒီလိုဖြစ်ရပ်တွေဟာ အထင်သေးရှုတ်ချစရာမဟုတ်ဘဲ ဂုဏ်ယူစရာဖြစ်ကြောင်း၊ လူသားချင်းဆိုတာ ပိုမိုနားလည်လာကြပြီဖြစ်ကြောင်း၊ ပြသထားတာတွေကို လာကြည့်တာက တိုးတက်မှုတခုဖြစ်လာကြောင်း ဆက်ပြောပါတယ်။

ဒီလိုပြပွဲမျိုးတွေ၊ ပညာပေးတာမျိုးတွေ လုပ်ခြင်းကြောင့် လိင်တူချစ်သူတွေကို ပိုမိုနားလည်လာနိုင်မယ်လို့လည်း ပြောပါတယ်။

မေလ ၁၁ နေ့မှာ လုပ်တဲ့ ဓာတ်ပုံပြိုင်ပွဲရဲ့ အဖွဲ့လိုက်ပြိုင်ပွဲမှာ ဟောင်စာရဲ့ လိင်တူချစ်သူနှစ်ယောက်ဖြစ်တဲ့ ကိုတင်ကိုနဲ့ ကိုမျိုးမင်ထက်တို့ရဲ့ နေထိုင်မှုပုံက ပထမဆုရရှိသွားပါတယ်။

ပန်းချီပြပွဲကို လာကြည့်တဲ့ သူတယောက်ကတော့ ဒီလိုပြပွဲမျိုး မြန်မာပြည်မှာ လုပ်နိုင်တာ ဂုဏ်ယူတယ်လို့ ပြောပါတယ်။

လိင်တူချစ်သူပေါ်မှာ မုန်းတီးမှုဆန့်ကျင်ရေးနေ့ဖြစ်တဲ့ မေလ ၁၇ ရက်နေ့မှာလည်း လိင်သူချစ်သူတွေကို အထင်အမြင်မသေးဖို့ လှုံ့ဆော်တာတွေနဲ့ လက်ကမ်းစာဆောင်ဝေတာတွေကို ပြည်သူ့ဥယျာဉ်မှာ လုပ်သွားမှာဖြစ်ပြီး အမေရိကန်စင်တာမှာလည်း လိင်တူချင်းချစ်ခြင်း ဆိုတဲ့အကြောင်းအရာပေါ်မှာ ဆွေးနွေးတာတွေ လုပ်ဖို့လည်း ရှိနေပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

အပြည့်အစုံသို့ »

ခိုးပြေးတော့မယ့် စိုင်းစိုင်းခမ်းလှိုင်


အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ဘယ်သူ့ကိုမှန်း မသိ လွမ်းဆွတ်နေမိတဲ့အကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
အပြည့်အစုံသို့ »

မိုင် ၁၉၇/၆ - ၁၉၇/၇ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း


(၁၂-၅-၂၀၁၄) ရက်နေ့ ညနေ(၆း၄၅)နာရီအချိန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း အပြန်လမ်း မိုင် ၁၉၇/၆-၁၉၇/၇ ကြားတွင် - Express မော်တော်ယာဉ် (ရာဇာမင်း နေပြည်တော်-ရန်ကုန် ယာဉ်လိုင်း)၊ ယာဉ်အမှတ် - ၅ဆ/၁၅၂၇၊ ယာဉ်မောင်း ဦးမင်းထက် မောင်းနှင်လာသောယာဉ်သည် လေပြင်းတိုက်၍ 
အပြည့်အစုံသို့ »