မောင်းသူမဲ့ လေယာဉ်နဲ့ ပီဇာမုန့် ပို့ဆောင်




အမေရိကန်နိုင်ငံရဲ့အကြီးဆုံးအွန်လိုင်းကနေ ပစ္စည်းတွေ ရောင်းချတဲ့ Amazon ကုမ္ပဏီဟာ မောင်းသူမဲ့လေယာဉ်တွေနဲ့ ပစ္စည်းတွေကို   အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ဖို့ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ကြားပြီးတဲ့ နောက်ပိုင်းမှာ အိန်္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ပီဇာမုန့်ဆိုင် တစ်ဆိုင်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ ဖောက်သည်တွေဆီကို အိမ်အရောက်ပို့ဆောင်ပေးဖို့ ၀န်ဆောင်မှု အစီအစဉ်ကို စတင်စမ်းသပ်မှု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ ပေါင်(၁၁၀၀)တန်ဖိုးရှိ မောင်းသူမဲ့ လေယာဉ်ကိုဝယ်ယူပြီး (၁ ဒသမ ၅) ကီလိုမီတာ အကွာအဝေးရှိတဲ့နေရာကို ပီဇာမုန့် ပို့ဆောင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပါတယ်။

                တကယ်လို့ ဒီနည်းသာ အဆင်ပြေခဲ့မယ်ဆိုပါက အနာဂတ်မှာ အသုံးပြုသွားဖို့ ရည်မှန်းထားပါတယ်။ စားသုံးသူတွေဟာ မှာယူထားတဲ့ ပီဇာမုန့်တွေကို လတ်လတ်ဆတ်ဆတ် စားသုံးနိုင်မှာ ဖြစ်တဲ့အပြင် ပီဇာမုန့်ပို့ဆောင်ရာမှာလည်း လမ်းခရီးမှာကားပိတ်ဆို့မှုတွေ ဘေးကနေရှောင်လွှဲနိုင် မှာ ဖြစ်တာမို့ အချိန်တိုအတွင်း စားသောက်နိုင်တဲ့ အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။  မွမ်ဘိုင်းမြို့ရှိဖရန့်ဆက်စ္စကို ပီဇာဆိုင်ဟာ မောင်းသူမဲ့လေယာဉ် နဲ့ မုန့်ပို့မှုလုပ်ငန်းကို စတင်စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီဆိုင်ရဲ့ အမှုဆောင်ချုပ် မီခေးလ်ရာဂျာနီက ဒီစမ်းသပ်မှုကိုပြီးခဲ့တဲ့ မေ(၁၁) ရက်က စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ် အမျိုးအစားကတော့ Four-Rotor  ဖြစ်ပြီးလာမယ့် ငါးနှစ်အတွင်းမှာ အကောင်းဆုံးဖြစ်အောင် ပြုလုပ် သွားဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ နည်းပညာဆိုင်ရာ အခက်အခဲတွေ တွေ့ကြုံနေရဆဲဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ်ဟာ အများဆုံး (၈) ကီလိုမီတာအထိသာ သွားရောက်နိုင်ပါတယ်။ ဒါ့အပြင် မောင်းသူမဲ့လေယာဉ်ကို ပေ (၄၀၀)ထက်ပိုပြီး မောင်းလို့မရတဲ့ တားမြစ်ချက်ကြောင့် ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ အခက်အခဲတွေများစွာ ရှိနေရတယ်လို့ သိရပါတယ်။

အေသင်အောင်
messenger

အပြည့်အစုံသို့ »

အသားအနာခံပြီး ထူးခြားတဲ့ စွန့်စားမှု ပြုလုပ်ခဲ့တဲ့ စုံတွဲ





ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာရှိတဲ့ စုံတွဲတစ်တွဲဟာ အသားအနာခံပြီး ထူးခြားတဲ့ စွန့်စားမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက် (၂၃)နှစ် အရွယ်ရှိ မာရီယာနဲ့ အသက် (၂၄)နှစ် အရွယ်ရှိ ပက်ဗလိုတို့ဟာ သူတို့ရဲ့ကျောပြင်ပေါ်မှာ ချိတ်နှစ်ခုကို ဖောက်ပြီး ကြိုးတန်းနဲ့ ချိတ်ဆွဲကာ (၅၅၀)မီတာ ကွာဝေးတဲ့ နေရာကို ဖြတ်သန်းပြခဲ့ခြင်း ဖြစ်ပါတယ်။

ကျောပြင်မှာ ချိတ်နှစ်ခုကို ထိုးဖောက်ခဲ့တာမို့ ဒဏ်ရာရရှိခဲ့တဲ့ မြင်ကွင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ တစ်ချက်မှ တုန်လှုပ်သွားခြင်း မရှိပါဘူး။ ခန္ဓာကိုယ် အလေးချိန်ကို အရေပြားပေါ်မှာ ချိတ်ဆွဲသွားတဲ့ ချိတ်နှစ်ခုက ထိန်းသိမ်းထားရတာ ဖြစ်တာမို့ တစ်ချက်လွဲ ချော်သွားတာနဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ စွန့်စားခန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။


messenger news journal

အပြည့်အစုံသို့ »

အမတ်များ လွှတ်တော်အစည်းအဝေးတက်ရန် နေပြည်တော် အမြန်လမ်းမှ မသွားရဲဟုဆို



ကျော်စွာဝင်း| တနင်္လာနေ့၊ မေလ ၂၆ ရက် ၂၀၁၄ ခုနှစ်

ယာဉ်မတော်တဆမှုများ မြင့်မားနေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းကို အသုံးပြု၍လွှတ်တော်အစည်းအဝေးသွားတက်ရန် စိုးရိမ်ပူပန်မှုရှိနေသည်ဟု လွှတ်တော်အမတ်အချို့က မဇ္ဈိမကို ပြောသည်။

“စိုးရိမ်မှုတင်မဟုတ်ဘူး။ စိတ်ထဲမှာ ချောက်ချားမှုတောင်ဖြစ်နေလို့ အမြန်လမ်းကို သွားချင်စိတ်ကို မရှိဘူး ဖြစ်နေတယ်” ဟု အလုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ပြောသည်။ ယခုလွှတ်တော် အစည်းအဝေးတွင်လည်း အမြန်လမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

မေလ ၂၈ရက်တွင် ဒသမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုနေပြည်တော်တွင် ပြန်လည် ကျင်းပမည်ဖြစ်သည်။

စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်ကျော်ကာလအတွင်းယာဉ်မတော် တဆမှုများကြောင့် လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည်။

“ဘုရားစာရွတ်ပြီးတော့သွားရမှာပဲ။နည်းနည်းတော့ စိုးရိမ်မှုတွေရှိပါတယ်။ လမ်းနဲ့ချည်းပဲ ဆိုင်တယ်မထင် ပါဘူး။ မောင်းတဲ့သူနဲ့ ရာခိုင်နှုန်းတော်တော်များများဆိုင်တဲ့သဘောရှိတယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

အမြန်လမ်း ယာဉ်မတော်တဆမှုကြောင့် လူအများဆုံးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်သည့် မေ ၁၂ ရက် ရာဇာမင်း အဝေးပြေးယာဉ် မတော်တဆမှုအပြီး အမတ်တို့ ပိုမိုစိုးရိမ်နေခြင်းဖြစ်သည်အဆိုပါမတော်တဆမှုကြောင့် ခရီးသည် ၁၆ ဦး သေဆုံးခဲ့ပြီး ၂၄ဦး ဒဏ်ရာ ရရှိခဲ့သည်။ ကျပ်သန်းပေါင်း ကိုးသိန်းကျော် ကုန်ကျခဲ့သည့် လမ်းမကြီးသည် အင်္ဂါရပ်နှင့် မပြည့်စုံသေးဟု တာဝန်ရှိသူတို့ ၀န်ခံထားကြသည်။


Mizzima Burmese 

အပြည့်အစုံသို့ »

အာဂျီတီနားနိင်ငံတွင် ကမ္ဘာ့အကြီးမားသော ဒိုင်နိုဆော တွေ့ရှိ




တွေ့ရှိရသမျှ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲမှာတော့ အကြီးမားဆုံး ဒိုင်နိုဆော ပါပဲ။ ထို ဒိုင်နိုဆော မျိုးအသစ်ဟာအမြင့်အားဖြင့် ၆၅ပေ နဲ့ ၁၃၀ အရှည်ရှိကာ အလေးချိန် ၇၇ တန် (ပေါင် 155,000) ရှိမယ်လို့ ယုံကြည်ရပါတယ်။

ပုံမှာတွေ့ရတဲ့ အရိုးကနေ ပေးထားတဲ့ အရွှယ်အစားအရ အလွန်ကြီးမားသော သတ္တ၀ါဖြစ်ကာ ကမ္ဘာ့မှာ လမ်းလျှောက်ခဲ့ကြတယ်လို့ သိရှိခဲ့ကြတဲ့ အကြီးမားဆုံးသတ္တ၀ါဟာ ဒိုင်နိုဆော ဖြစ်ပါတယ် လို့ သုတေသနပညာ၇ှင် Dr. Jose Luis Carballido နဲ့ Dr. Diego Pol ဟာ
BBC ကိုပြောပါတယ်။

ထို Titanosaur လို့ခေါ်တဲ့ အမြှီးရှည်၊ လည်ပင်ရှည် ခေါင်းသေးတဲ့ ဒိုင်နိုဆော့ မျိုးနွယ်ဝင် (Sauropoda) မျိုးနွယ်ထဲမှာပါတဲ့ အမျိုးအစားအုပ်စုကွဲတစ်ခုလို့ အလွန်ကြီးမားလှတဲ့ အရိုးကို ကြည့်ရခြင်းဖြစ် ယူဆနိင်ပါတယ်။ ထိုအသစ်တွေ့ထားတဲ့ ဒိုင်နိုဆော အရိုးရဲ့ အလေးချိန်အားဖြင့် (၇ တန်) ရှိပါတယ်။

ထို အမျိုးအစား ဒိုင်နိုဆော တွေဟာ မတ်တပ်ရပ် လည်ပင် ဆန့်လိုက်တဲ့ အခါ မီတာ ၂၀ လောက်ကို မြင့်ကြောင်းကို မတူညီတဲ့ ဒိုင်နိုဆောမျိုးနွယ် ကျောက်ဖြစ်ရုပ်ကြွင်း(၇)ခုကနေ သိရှိရခဲ့ပါတယ်။ ထို ကြီးမားလှတဲ့ အမျိုးအစားရှိတဲ့ တီတာနိုဆော တွေဟာ အပင်စား၊ အရွက်စားသတ္တ၀ါတွေနဲ့ နှစ်ပေါင်း တစ်ရာခန့်က Cretaceous
အပကိုင်းအခြားတောအုပ်တွေမှာ လိုက်ပါ ကျက်စားနေခဲကြတယ်လို့ ယုံကြည်ရပါတယ်။ ယခုလို ရှာဖွေတွေ့ရှိမူဟာ ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနအတွက် တကယ်မှန်ကန်တဲ့ အမှန်တရား ရတနာတစ်ခုပါပဲလို့ သုတေသနပညာရှင် Carballido ကပြောခဲ့ပါတယ်။

Aung Heine ...

Smart Pro Journal

အပြည့်အစုံသို့ »

ရည်းစားကိစ္စဖြင့် အုပ်စုဖွဲ့ရိုက်နှက်မှု လူငယ်တစ်ဦးသေဆုံး




ဖြိုးဝေလင်း

အရက်အတူထိုင်သောက်ရင်း ရည်းစားကိစ္စဖြင့် စကားများရာမှ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံးသွားသော ဖြစ်စဉ်တစ်ခု မေ ၂၃ရက်၊ ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ မောင်ရှိုင်းထက်(၁၉)နှစ်သည် သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ ချစ်ကို (၂၀)နှစ် အပါအ၀င် လူငါးဦးဖြင့် ပင်လုံခုံးတံတားအနီးတွင် အရက်အတူသောက်နေရာ ရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြပြီး ချစ်ကို အပါအ၀င် လူငါးဦးက သံပိုက်လုံးဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြသည်ဟု မြောက်ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ပြောသည်။

“ဟိုအဖွဲ့က ရိုက်ပြီးထားခဲ့တာ။ သေတဲ့ကောင်လေးရဲ့ ညီဝမ်းခွဲက သတိလစ်ပြီး လဲနေတာတွေ့လို့ ခေါ်ပြီး ဆေးရုံပို့တဲ့အချိန်မှာ သေသွားတာ။ ဖြစ်တာက ပင်လုံတံတားထိပ်နားက ဘုရင့်နောင်လမ်းနဲ့ ရှုခင်းသာ လမ်းထောင့်မှာ ဖြစ်တာ” ဟု ဆိုသည်။

ရိုက်နှက်မှုကြောင့် မောင်ရှိုင်းထက်တွင် ဦးခေါင်း၊ နောက်စေ့ ပေါက်ပြဲဒဏ်ရာနှင့် ၀ဲ၊ ယာခြေထောက် ပေါက်ပြဲ ဒဏ်ရာများရရှိပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ လူသေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြသည့် ချစ်ကို အပါအ၀င် လေးဦးကို အရေးယူပေးပါရန် သေဆုံးသူနှင့် အဖိုးတော်စပ်သူ ဦးကျော်တင့်၏ တရားလိုပြု တိုင်တန်းချက်ကို ဒဂုံ မြောက်မြို့မရဲစခန်းက (ပ)၂၇၅/၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများကို စစ်ဆေးလျက် ရှိသည်။

ယခုလ ၁၀ ရက်ကလည်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းတံတားအဆင်းတွင် လူ ခြောက်ဦးက ၀ိုင်းဝန်း ရိုက်နှက်သဖြင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ် စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

Mizzima Burmese

အပြည့်အစုံသို့ »

အမှိုက်သိမ်းယာဉ်မှ လမ်းဘေး၌ရပ်ထားသော ထော်လာဂျီအမှိုက်သိမ်း ယာဉ်နှင့် သန့်ရှင်းရေးဝန်ထမ်း (၂)ဦးတို့အား တိုက်မိသဖြင့်သေဆုံး




ရန်ကုန်၊ မေ ၂၆

၂၆.၅.၂၀၁၄ရက်နေ့ ၀၄၀၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်း အတိုင်း ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ်ဘက်မှ မြို့တွင်းဘက်သို့ ယာဉ်မောင်း ရဲအောင် (၂၁)နှစ်၊ စည်ပင်ဝန်ထမ်း၊ (ဘ)ဦးမြင့်နိုင်
မောင်းနှင်လာသော ၇ခ/----၊ နစ်ဆန်းကင်တာအပြာရောင် အမှိုက်သိမ်းယာဉ်သည် ဆင်မင်းသင်္ကန်းတိုက်အရှေ့အရောက် ယာဘက်လမ်းစပ်တွင်ရပ်ထားသော ၉ဌ/---- ထော်လာဂျီ
အမှိုက်သိမ်းယာဉ်နှင့်ထော်လာဂျီယာဉ်နောက်တွင်ရပ်နေသူများ
ဖြစ်သည့် စည်ပင်သန့်ရှင်းရေးကြီး ကြပ်ရေးမှူး ဦးတင်ထွန်းအောင်နှင့် သန့်ရှင်းရေးလုပ်သား ကိုကျော်သန်းတို့အား တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့်ယာဉ်(၂)စီးပျက်စီးကာ ကိုကျော်သန်း
မှာ ရင်ဘတ်ဖူးရောင်၊ ပါစပ်သွေး ထွက်ဒဏ်ရာများရရှိ၍
မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံးသွားခဲ့ပြီး
ဦးတင်ထွန်းအောင်မှာ ၀မ်းဗိုက်ဖူးရောင်ဒဏ်ရာဖြင့် စံပြဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ရဲအောင် အား သုဝဏ္ဏနယ်မြေရဲစခန်းယာဉ် (ပ)၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉
ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
yangon police

အပြည့်အစုံသို့ »

အနုပညာဝါသနာပါတဲ့ ညီမဖြစ်သူ ငွေမှုံရတီ အကြောင်းပြောပြတဲ့ ရွှေမှုံရတီ



၈ တန်းကျောင်းသူအရွယ်ကနေ အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ ရွှေမှုံရတီက အခုအချိန်မှာ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိထားပြီဖြစ်ပါတယ်။ အခုဆိုရင် ညီမဖြစ်သူ ငွေမှုံရတီကလည်း အနုပညာဝါသနာပါတဲ့အတွက် အနုပညာအလုပ်တွေကို လုပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

” ညီမလေးက အဆိုတော် ဝါသနာပါတာ။ အသံကောင်းတော့ သီချင်းဆိုချင်နေတာလေ။ ရွှေမှုံတုန်းက မေမေက train လုပ်ပေးသလိုပဲ။ ညီမလေး ကို လုပ်ပေးနေတယ်။ အခု အဆိုသင်တန်းအနေနဲ့ IC ဦးကိုကိုလွင်ဆီမှာ တက်နေတယ်။ မော်ဒယ်သင်တန်းကို Star& Model International ဆရာဂျွန်လွင်ဆီမှာ တက်နေတယ်။ သူက အရပ်လည်းရှည်တယ်လေ။ ရွှေမှုံရဲ့ဆရာအရင်းဆီမှာပေါ့” လို့ ညီမဖြစ်သူနဲ့ ပတ်သက်ပြီး ရွှေမှုံရတီက ပြောပြပါတယ်။

လန်ဒန်မြို့ ဗုဒ္ဓဘာသာစင်တာ ဖြစ်မြောက်ရေး ရန်ပုံငွေပွဲတော်မှာလည်း ရွှေမှုံရတီနဲ့အတူ ငွေမှုံရတီက ပါဝင်သီဆိုဖျော်ဖြေ ခဲ့ဖူးပါတယ်။ ညီမဖြစ်သူအတွက် အကောင်းဆုံး ပံ့ပိုးသွားမယ်ဆိုတဲ့ ရွှေမှုံရတီက ” တတ်နိုင်သမျှတော့ ရွှေမှုံပံ့ပိုးပေးသွားမှာပါ။ တစ်ခုပဲ သူဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ဖြစ်အောင်လုပ်ပေါ့။ အကောင် ဆုံးကြိုးစားရမယ်ဆိုတာကိုတော့ သူ့ကိုပြောပြထားတယ်။ မလုပ်နိုင်ဘူးဆိုရင် အစထဲက မလုပ်နဲ့။ လုပ်ပြီးခါမှ ပေါ့ပေါ့ရွတ်ရွတ်လုပ်တာတွေ မလုပ်ဖို့ပေါ့။

သူက ကြိုးစားတော့ လုပ်ပေးရကျိုးနပ်တာပေါ့။ အခုနည်းနည်းငယ်သေးတယ်လေ။ ၁၃ နှစ်ပဲရှိတော့ ၁၅၊ ၁၆ နှစ်လောက်မှာ စီးရီးထုတ် ပေးဖို့ လုပ် မယ်။ ရွှေမှုံ ကိုယ် တိုင် သေသေချာချာလုပ်ပေးဖို့ စိတ်ကူးထားတယ်။ မေမေကတော့ သူ့ကို နောက်က ပံ့ပိုးပေးသလို ရွှေမှုံကလည်းကိုယ်ပံ့ပိုးပေးလို့ရတဲ့ အနုပညာပိုင်းနဲ့ ပတ်သက် တာတွေပံ့ပိုးပေးသွားမှာပါ။ အခုတော့သီချင်းဆိုတာကိုပွဲကြီးတွေဆို ၂ ယောက်တွဲ ဆိုတာတော့ လုပ်ဖြစ်နေပြီ။ ပရိသတ်အတွက် ရွှေမှုံ ကြိုးစားသ လိုပဲသူ့ကိုကြိုး စားစေချင်တယ်။ ပရိသတ်အားပေးရကျိုးနပ်အောင်၊ ပရိသတ်ဆိုတာ ဘယ်လိုတန်ဖိုးထားရတယ်။ ဘယ်လိုပေးဆပ် ရတယ်ဆိုတာ အကောင်းဆုံး သင်ပေးသွားမှာပါ။ အနုပညာလောကထဲကို ရောက်လာရင် အားပေးစေချင်ပါ တယ်။ ရွှေမှုံရော၊ အမေရော၊ အကောင်းဆုံးသင်ပေးမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Myanmar

အပြည့်အစုံသို့ »