သွားတိုက်ဆေးနှင့်နေရောင်ကာခရင်မ်အချို့က သုက်ပိုးကို ပျက်စီးစေနိုင်



No. 118
ဒိန်းမတ်နှင့် ဂျာမာန်နိုင်ငံမှ သိပံ္ပပညာရှင်များက သုက်ပိုးများအား ပျက်စီးစေပြီး မျိုးပွားမှုအား အနှောင့်အယှက်ဖြစ်စေသည့် ဓာတု ပစ္စည်းများအားတွေ့ရှိခဲ့ကြပြီး ယင်းတို့ထဲမှ အချို့ပစ္စည်းများမှာ တစ်ကိုယ်ရေသုံးပစ္စည်းများ အစားအသောက်များတွင် ပါဝင်နေကြောင်း တွေ့ရသည်။ အထူးသဖြင့်  နေရောင်ခြည်ကာခရင်မ်များတွင် ပါလေ့ရှိသော 4-methyl benzylidene camphor (4-MBL)ာနှင့် သွားတိုက်ဆေးများတွင် ပါလေ့ရှိသော ဘက်တီးရီးယားများကိုသေစေသည့်ပစ္စည်း Triclosan  တို့က သုက်ပိုးများအား ပျက်စီးစေကြောင်း တွေ့ရသည်။ ထို့ပြင် စားသောက်ကုန်များ၊ ဆေးဆိုး ပန်းရိုက်ခြင်းများ၊  ကျန်းမာရေး သန့်စင်ပစ္စည်းများ၊ အရုပ်၊ အလှကုန် နှင့်ကော်ဘူးတို့တွင်ပါဝင်သော ဓာတုပစ္စည်းပေါင်း ၉၆မျိုးခန့် ရှိသေး ကြောင်းပြောကြားခဲ့သည်။ ယင်းဓာတုပစ္စည်းများက သုက်ပိုးတွင် ကယ်လ်ဆီယမ်ပမာဏကို တိုးပွားစေပြီး မမျိုးဥ၏ကာကွယ်ထားသော အလွှာအား ထိုးဖောက်ရာတွင် အခက်အခဲဖြစ်စေကြောင်း  တွေ့ရသည်။ ယခုတွေ့ရှိမှုကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ ပါဝင်ရမည့်ပစ္စည်းများအား နိုင်ငံတကာစည်းကမ်းနှင့် အညီချမှတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဖိုးသောကြာ
ref:Medindia

Health Updates Journal

အပြည့်အစုံသို့ »

အရပ်ပုသောအမျိုးသားများ အသက်ပိုရှည်


No. 118
အရပ်ပုခြင်းသည် အသက်ရှည် စေကြောင်း လေ့လာမှုတစ်ခုကဆိုသည်။
Kuakim Honolulu Heart Program (HHP)     နှင့် Kuakini Honolulu-Asia Aging Study (HAAS)  မှ သုတေသနအဖွဲ့၏လေ့လာမှုအရ ဂျပန်အမျိုးသားများ တွင် အရပ်ပုခြင်းနှင့် အသက်ရှည် ခြင်းတို့ ဆက်စပ်နေကြောင်းသိရ သည်။
““သုတေသနမှာ ပါဝင်တဲ့သူတွေကို ငါးပေနှစ်လက်မနှင့်အောက်၊ ငါး ပေလေးလက်မနှင့်အထက်ဆိုပြီး နှစ်ဖွဲ့ခွဲခဲ့ပါတယ်။ ငါးပေနှစ်အောက် အရပ်ပုသူတွေဟာ အသက်အရှည်ဆုံးဆိုတာ တွေ့ရပါတယ်။ အရပ်ရှည်လေ၊ အသက်တိုလေဆိုတာလည်း တွေ့ရပါတယ်”” ဟု သုတေသီ Bradley Willcox  ကဆိုသည်။
အရပ်ပုသည့် အမျိုးသားများတွင် FOXO3  ဟုအမည်ရသည့် မျိုးဗီဇပစ္စည်းတစ်ခုပါဝင်ပြီး ၎င်း၏အာနိသင်ကြောင့် ဖွံ့ဖြိုးစအရွယ်တွင် လူကောင်သေးကာ အသက်ရှည်စေသည်ဟုသိရသည်။ အရပ်ပုသည့်အမျိုးသားများသည် သွေးတွင်းအင်ဆူလင် ဟော်မုန်းပမာဏ လျော့နည်းလေ့ရှိပြီး ကင်ဆာလည်း အဖြစ်နည်းသည်ဟုသိရသည်။
““ခန္ဓာကိုယ်အရွယ်အစားဟာ ဒီမျိုးဗီဇပစ္စည်းနှင့် ဆက်စပ်နေတယ်ဆိုတာ ယခုလေ့လာမှုအရ ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်”” ဟု Dr. Willcox  က ထပ်လောင်းပြောကြားသည်။
အထက်ပါ သုတေသနကို PLOSONE   ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။
သီဟ
Ref:ANI


Health Updates Journal

အပြည့်အစုံသို့ »

ပုဒ်မ ၄၃၆ ပြင်ရေး တပ်မတော်သားများကို ဦးတည်ဟောပြောချက်သည် ဘောင်ကျော်နေဟု ရွေးကောက်ပွဲကော်မရှင် သတိပေး





ရန်ကုန်၊ မဇ္ဈိမ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တပ်မတော်သားများနှင့် ပတ်သက်၍
စိန်ခေါ်ဟောပြောခြင်းသည် ဘောင်ကျော်ရာ ရောက်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူ၍ မေလ
၂၂ရက်က သတိပေးစာ ပေးပို့ ထားသည်။

ယင်းစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် ဟောပြောခဲ့သည့် "ကျွနိုပ်တို့တွေဟာ
အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာ မက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့စကားဟာ တစ်နည်းအားဖြင့် ပြောရရင် စိန်ခေါ်မှုလို့လဲ ပြောလို့ ရပါတယ်။ ကျွန်မ စိန်ခေါ်တယ်" စသဖြင့် ပြောခဲ့ခြင်းသည် အခြေခံ
ဥပဒေက ခွင့်ပြုထားသည့် ဘောင်ကို ကျော်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယူဆကာ သတိပေးခြင်းလည်း ဖြစ်သည်။

မဇ္ဈိမသတင်းဌာန

အပြည့်အစုံသို့ »

Hunger Games ရုပ်ရှင်ကား လက်ထောက်ဒါရိုက်တာရဲ့သားက ကယ်လီဖိုးနီးယားမှာ လူခြောက်ဦးကို သတ်ဖြတ်




The Hunger Games ဇာတ်ကားတွေရဲ့ လက်ထောက်ဒါရိုက်တာဖြစ်သူ Peter Rodger ရဲ့ သား Elliot Rodger ဟာ သောကြာနေ့ ညက ကယ်လီဖိုးနီးယားမှာ လူခြောက်ဦးကို ရက်ရက်စက်စက်ပစ်သတ်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် Elliot ဟာ ဒီသတ်ဖြတ်မှုကို မစတင်ခင် နာရီပိုင်းအလိုမှာ သူ့ ရဲ့မိဘနဲ့  စိတ်ကျန်းမာရေးဆရာဝန် အပါအ၀င် လူ အမြောက်အများကို စာမျက်နှာ ၁၄၀ ပါတဲ့ ဖိုင်တစ်ခုကို အီးမေးလ်ကနေ တဆင့်ပေးပို့ ခဲ့ပါတယ်။

အမေဖြစ်သူ Lichin Rodger ဟာ ဒီအီးမေးလ်ကို ရရချင်း သူ့ သားရဲ့ Youtube ချန်နယ်ကို သွားကြည့်တဲ့ အခါမှာတော့ “လက်တုံ့ ပြန်ခြင်း” လို့ နာမည်တပ်ထားတဲ့ ဗီဒီယိုဖိုင်အသစ်တစ်ခုကို တွေ့ ရှိခဲ့ပြီး Santa Barbara မှာ ရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က မိန်းကလေးအဆောင်တစ်ခုမှာ မိန်းကလေးတွေကို သတ်ဖြတ်မယ့် သားရဲ့အကြံအစည်ကို သိရှိခဲ့ရပါတယ်။

CNN သတင်းဌာနအဆိုအရ Mrs.Rodger ဟာ ဒီဗီဒီယိုကို ကြည့်ပြီးပြီးချင်း ကွာထားတဲ့ခင်ပွန်းဖြစ်သူ Peter Rodger ကို သတိပေးပြီး ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ လင်မယားနှစ်ယောက်ဟာ Los Angeles ကနေ Santa Barbara ကို ထွက်လာပြီး သားရှာပုံတော်ဖွင့်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပါပြီ။ Santa Barbara သွားနေတဲ့ လမ်းမှာတင် ဒီပစ်ခတ်မှုအကြောင်း ကြားလိုက်ရပါတော့တယ်။

ဧပြီလတုန်းကလည်း လူသတ်တရားခံ Elliot ဟာ အခုလိုမျိုးဗီဒီယိုတွေကို Youtube မှာ တင်ခဲ့တဲ့အတွက် Santa Barbara စိတ်ကျန်းမာရေးဖုန်းလိုင်းကနေ အမျိုးသမီးတစ်ယောက်က ရဲတွေကို ဖုန်းဆက် အကြောင်းကြားပြီး ရဲခြောက်ယောက် သူ့ အိမ်ကို ၀င်ရောက် ရှာဖွေခဲ့ပေမယ့် သံသယဖြစ်စရာတစ်ခုမှ မတွေ့  ရှိခဲ့ဘူးလို့ ဆိုပါတယ်။

Elliot Rodger ဟာ ဒီသတ်ဖြတ်မှုမတိုင်ခင် လွန်ခဲ့တဲ့သုံးနှစ်တုန်းက Hunger Games ရုပ်ရှင်မိတ်ဆက်ပြပွဲမှာ ကော်ဇောနီပေါ် သူ့ ဖခင် လက်ထောက်ဒါရိုက်တာ Peter Rodger နဲ့ အတူ ပါလာခဲ့ပါသေးတယ်။ အခုတော့ Elliot ဟာ အမေရိကရဲ့ သွေးအေးလူသတ်သမားတစ်ဦးဖြစ်လာပါပြီ။ Elliot ဟာ တက္ကသိုလ်ကျောင်းဝင်း အတွင်း ညစာစားနေတဲ့ လူအုပ်ဘက်ကို သူ့ ရဲ့ MBW ကားနက်ပေါ်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး လူသုံးဦးသေဆုံးကာ လူ ၁၃ ဦးဒဏ်ရာရရှိစေခဲ့ပါတယ်။ Elliot ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူတွေဟာ  California ပြည်နယ် Santa Barbara  မြို့ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေဖြစ်ပြီး သူ့ ရဲ့ အခန်းဖော်နှစ်ဦးကို အတူနေအခန်းတွင်း သတ်ဖြတ်ခဲ့ကာ နောက်သားကောင်တစ်ဥိးဖြစ်သူ George Chen ၁၉ နှစ်ရဲ့ အလောင်းကိုတော့ သူမနေတော့တဲ့ တိုက်ခန်းတစ်ခုမှာ တွေ့ ခဲ့ပါတယ်။  Elliot ဟာ နောက်ဆုံးမှာတော့ သူ့ ရဲ့ BMW ကားထဲမှာပဲ ခေါင်းကို သေနတ်နဲ့ ပစ်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။

Elliot ဟာ အသက် ၂၂ နှစ်အရွယ်ထိ လူပျိုဘ၀မှာပဲ ရှိသေးပြီး မကြာသေးမီက မိန်းမတစ်ယောက်ရဲ့ ငြင်းဆန်ခြင်းကို ခံခဲ့ရတဲ့အပြင် သူ့ ရဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ညံ့ဖျင်းမှုကြောင့် မိန်းမတွေကို စိတ်အနာကြီးနာနေသူပါ။ သူတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ မိန်းမတွေကို ‘မနှစ်မြို့ စရာ တိရိစ္ဆာန်တွေ’ လို့  သမုတ်ထားပြီး သူ့ လို လူကြီးလူကောင်းဆန်တဲ့လူတစ်ယောက်ကို ငြင်းဆန်တဲ့အတွက် အပြစ်တင်ထား ပါသေးတယ်။

Ref: Dailymail.co.uk ,Telegraph.co.uk

Trend

အပြည့်အစုံသို့ »

နေ့စားလပေးအောင်စာရင်း သွားကြည့်သည့် မိန်းကလေး ကားကြိတ်ခံရ၍ သေဆုံး



ရေတာရှည်၊ မေ ၂၆
မေလ(၂၅)ရက်နေ့၊ နံနက်(၇း၄၅)နာရီအချိန်က ရေတာရှည်မြို့ မြောက်ဘက်၊ မယ်ဒက်ကယ် ဘုရားလမ်းနှင့် ရန်ကုန် မန္တလေး ကားလမ်းဆုံသည့် နေရာတွင် အမျိုးသမီးနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်က ကားလမ်းအတိုင်း မောင်းနှင်နေသော (၁၀)ဘီး ကုန်တင်ယာဉ်ကို ဝင်တိုက်ရာမှ ဆိုင်ကယ်အနောက်တွင် စီးနင်းလိုက်ပါလာသူ ကားကြိတ်ခံရ၍ သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ် ပညာရေးမှူးရုံးတွင်၊ နေ့စားလပေးစာမေးပွဲ အောင်စာရင်းကြည့်ရန် ဒိုးတန်းကျေးရွာတွင် နေထိုင်သည့် မ(----)(၂၃)နှစ် မောင်းနှင်ပြီး နောက်တွင်တစ်ရွာတည်းနေ မ(----) (၂၆)နှစ်၊ လိုက်ပါလာ သည့် ဆိုင်ကယ်သည် မယ်ဒက်ကယ်ဘုရား - ရေတာရှည် ကားလမ်းအတိုင်းမောင်းနှင်လာစဉ် ရန်ကုန် - မန္တလေးကား လမ်း မိုင်တိုင်အမှတ် (၁၉၂/၇)နှင့် (၁၉၃/၀)အကြား အရောက်တွင် ဝဲဘက်သို့ ချိုးကွေ့ရာ၌ ကားလမ်းအတိုင်း မြောက်မှတောင်သို့ ကျော်လှ(၃၅)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့ နေသူမောင်းနှင်လာသည့် အစိမ်းရောင် (၁၀)ဘီး ကုန်တင်ယာဉ်ကို ဝင်တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် မ(------)မှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ ကား၏နောက်ဘီးဖြင့် ကြိတ်မိပြီး ယာခြေထောက်ကျိုး၊ ခါးပွန်းပဲ့ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။ ဆိုင်ကယ်မောင်းနှင်သူ မ(-----)တွင် ယာလက်မောင်းနှင့် တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့၍ ရေတာရှည်မြို့မရဲစခန်း ယာဉ်(ပ) ၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

WHO မှ အရက်ကြောင့် အသက်ဆုံးရှုံးသူ ၁၀ စက္ကန့်တိုင်း တစ်ယောက်ရှိကြောင်း သတိပေး



No. 118
ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်း WHO  မှ အရက်ကြောင့် သေဆုံးသည့်နှုန်းမှာ ကမ္ဘာတစ်ဝန်း၌ တစ်နှစ်လျှင် ၃.၃ သန်း ခန့်ရှိပြီး ယင်းပမာဏမှာ AIDS ၊ တီဘီနှင့် အကြမ်းဖက်မှုတို့ကြောင့် သေဆုံးသည့်ပမာဏ အားလုံးပေါင်းသည်ထက်များနေကြောင်း ပြောကြားခဲ့သည်။ ယင်း ၃.၃သန်းအား ပြန်၍ တွက်ကြည့်ပါက ကမ္ဘာပေါ်၌ အရက်ကြောင့် သေဆုံးသူ ဆယ်စက္ကန့်လျှင် တစ်ယောက်နှုန်းရှိကြောင်း သိရသည်။ အရက်ကြောင့် သေဆုံးသူမှာ ၂၀၁၂ တွင် ၃.၃သန်းရှိခဲ့ပြီး  တစ်ကမ္ဘာလုံးသေဆုံးသည့် လူဦးရေ၏ ၅.၉%ရှိ(အမျိုးသား ၇.၆% နှင့် အမျိုးသမီး ၄%)ကြောင်းသိရသည်။ တစ်နှစ်လျှင် HIV  ကြောင့်  သေဆုံးသည့်ပမာဏမှာ ၂.၈% ရှိပြီး တီဘီ နှင့် သေဆုံးသည့်နှုန်းမှာ  ၁.၇%ရှိ၍ အခြားအကြမ်းဖက်မှုတို့ကြောင့် သေဆုံးသည့်နှုန်းမှာ ၀.၉% သာရှိ ကြောင်းတွေ့ရသည်။ တရုတ်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများတွင်
အရက်သောက်မှုပမာဏမှာ နည်းနေသေးသော်လည်း ကြွယ်ဝမှုပမာဏ မြင့်တက်လာသည်နှင့်အမျှ သောက်သုံးသည့်နှုန်းမှာလည်း မြင့်တက် လာကြောင်း တွေ့ရသည်။ အရက်သောက်ခြင်းက အသည်းရောဂါအပါအ၀င် တခြားသော ရောဂါပေါင်း ၂၀၀ ကျော်နှင့်ဆက်စပ်နေပြီး တီဘီ၊ HIV၊ နှင့် အခြားသော ကူးစက်ရောဂါများလည်း ကူးနိုင်ကြောင်း သိရသည်။ ကမ္ဘာတွင် လက်ရှိအရက် သောက်အများဆုံးနိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် အရက်ချည်း သက်သက် (Pure alcohal)  ၃၂ လီတာခန့်ပျှမ်းမျှသောက်ပြီး ယင်းနောက်မှာ ဥရောပ၊ ကနေဒါ၊ အမေရိ ကန်၊ သြစတေးလျနှင့်တောင်အာဖရိ ကတို့ အသီးသီးလိုက်ကြလေသည်။ ပျှမ်းမျှအားဖြင့် ကမ္ဘာ့တစ်ဝန်းတွင် လူတိုင်း ပျှမ်းမျှတစ်နှစ်လျှင် အရက်ချည်းသက်သက် ၁၇ လီတာသောက်ကြောင်း သိရသည်။ သို့သော်လည်း အရွယ်ရောက်ပြီးသော်လည်း အရက်အားလုံးဝမထိတွေ့ဖူးသူမှာ ထက်ဝက်ခန့်ရှိကြောင်း အားတက်ဖွယ် သိရသည်။
အပိန်လေး
ref:Medinidia

Health Updates Journal

အပြည့်အစုံသို့ »

မန္တလေးမြို့လယ်ကောင် ပြိုင်ကားပေါ်မှဆင်း၍ ဓားခုတ်မှုတရားခံ ရှစ်လအကြာတွင် ဖမ်းမိ



မန္တလေး၊ မေ ၂၅

မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် မန္တလေး တက္ကသိုလ်အနီး ၇၃ လမ်း၊ ဗန်းမော်တိုက် လမ်းကြားတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ခဲရောင် ပြိုင်ကားပေါ်မှဆင်း၍ ဆိုင်ကယ်မောင်းသူကို ဓားဖြင့်ခုတ်သည်ဟု တိုင်ကြားခံရသူကို ရှစ်လအကြာ မေလတတိယ အပတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်မောင်ရီက ပြောကြားသည်။

ကျူးလွန်သည်ဟု တိုင်ကြားခံရသူ နှစ်ဦးသည် အသက် ၃၀ နှစ်ခန့် အမျိုးသားများဖြစ်ပြီး ကားရှေ့တွင် ဆိုင်ကယ်ရပ်သည့် ကိစ္စဖြင့် စကားများကာ ဒေါသအလျောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဓားဖြင့်ခုတ်သူမှာ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့သို့ ထွက်ပြေး တိမ်းရှောင်ရာမှ မန္တလေးသို့ ပြန်ရောက်စဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးက ထပ်မံပြောကြားသည်။
“ဆိုင်ကယ်က ကားနဲ့အလွတ်ကြီး ရပ်ထားပေးတာ။ အဲဒါကို မင်းဘာဖြစ်လို့ ငါတို့သွားမယ့်လမ်းကို ပိတ်ရပ်တာလဲဆိုပြီး စဖြစ်ကြတာ” ဟု အဆိုပါအမှုကို မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ ကျူးလွန်သူဟု ယူဆရသူများကို ၂၀၁၄ ခုနှစ် မေလတတိယ ပတ်အတွင်းတွင် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အမှတ် (၉) ရဲစခန်းက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသော်လည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် အကြောင်းလာခြင်း မရှိသေးကြောင်း မေလ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က မဟာအောင်မြေမြို့နယ် ဗန်းမော်တိုက် လမ်းကြားတွင် ရပ်ထားသော ပြိုင်ကားခဲရောင်သည် ထွက်မည် ပြုလုပ်စဉ် သမီးရည်းစားစုံတွဲ စီးလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံသဖြင့် ဆိုင်ကယ်က ရပ်ထားပေးရာ ကားပေါ်ရှိ အမျိုးသားတစ်ဦးက ဆိုင်ကယ် မောင်းနှင်သူကို ဓားဖြင့်ခုတ်ရာ ယာလက်ကောက်ဝတ်တွင် ဒဏ်ရာ ရှိသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဓားဖြင့်ခုတ်သူဟု တိုင်ကြားခံရသူနှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟု တိုင်ကြားခံရသူတို့ကို မဟာအောင်မြေ မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၆၈၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်ပြီး ကျူးလွန်သူများကို တရားရုံး စွဲတင်ရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ ထပ်မံ စုံစမ်းသိရှိရသည်။

The Voice Weekly

အပြည့်အစုံသို့ »