နာရေးကူညီမှုအသင်းရဲ့ဂုဏ်ထူးဆောင်အသင်းသား ဖြစ်လာနိုင်တဲ့ သင်ဇာဝင့်ကျော်



ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် မေလ ၂၂ ရက်နေ့က နာရေး ကူညီမှု အသင်း (ရန်ကုန်)မှာ လုပ်အားဒါန ပေးဆပ်မှုပြုခဲ့ကြောင်း သိရသည်။ ၄င်းသည် အဆိုပါနေ့ က ဒဂုံမြို့သစ် အရှေ့ပိုင်းနေ ကွယ်လွန်သူ ဦးမြမန်း အသက် (၈၇)နှစ် ၏ ဈာပနလမ်းကြောင်းကို ကူညီဖေးမ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု ဈာပန လမ်းကြောင်း များသို့ သင်ဇာဝင့်ကျော်၏ လိုက်ပါပေးဆပ် ဆောင်ရွက် မှုများမှာ သင်္ကြန် မတိုင်မီ မတ်လ ကတည်း ကစတင်ခဲ့ပြီး တစ်လလျှင် နှစ်ရက်မျှ ပုံမှန် လာရောက် လုပ်အားဒါနပြုလေ့ရှိကြောင်း နာရေး ကူညီမှု
အသင်း (ရန်ကုန်)က ဆိုပါသည်။

နာရေး ကူညီမှုအသင်း (ရန်ကုန်)၌ ရုပ်ရှင်၊ဂီတ နယ်မှ အနုပညာရှင်များ လာရောက် လုပ်အားပေး လုပ်ဆောင်လေ့ ရှိပြီး ဂုဏ်ထူး ဆောင် အသင်းသား များအဖြစ် ဂီတ အနုပညာရှင်များ ထဲမှ ဦးရဲလွင်၊ ဆောင်းဦးလှိုင်၊ ကိုသားထွေး တို့အား သတ်မှတ်ထားကြောင်း သိရသည့်အတွက် ရုပ်ရှင်အနုပညာရှင် များထဲမှလည်း ဂုဏ်ထူးဆောင် အသင်းသား အဖြစ် ဂုဏ် ပြု သတ်မှတ်ရန် ရှိ၊ မရှိကို နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ ဆက်သွယ်မေး မြန်းရာ ဥက္ကဋ္ဌ ဦးကျော်သူက “သင်ဇာဝင့်ကျော် အနေဖြင့် အခု လို ပုံမှန်လုပ် အားပေး
ပေးဆပ်မှု ရှိမယ် ဆိုရင်တော့ ဂုဏ်ထူးဆောင်အသင်းသား အဖြစ် သတ်မှတ်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုဖြေကြားပါသည်။

ခိုင်ဝေလွင်


Popular Journal

အပြည့်အစုံသို့ »

မိန်းမငယ်တစ်ဦး ပါးစပ်မှအမြှုပ်ထွက် သေဆုံးမှု အဖြေမသိရသေး




သန်လျင်မြို့နယ်အတွင်း (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပါးစပ်မှ အမြှုပ်များ ထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၄ရက်၊ ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ သန်လျင်မြို့နယ်၊ သောက်တော်တွင်းရပ်ကွက်၌ နေထိုင်သူ အမျိုးသမီးငယ်သည် ၎င်း၏ ခင်ပွန်း ဖြစ်သူကို ရုတ်တရက်မူးသည်ဟုပြောဆိုကာ နေအိမ်အိပ်ခန်းအတွင်း လဲကျကာ ပါးစပ်မှအမြှုပ်များ ထွက်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

သေဆုံးသူ၏ခင်ပွန်းမှာ ၎င်း၏ဇနီးအဆိပ်သင့်သည်ဟုထင်၍ ကန်စွန်းရွက်များကိုချေပြီး ကန်စွန်းရွက်အရည် တိုက်ခဲ့သော်လည်း ထူးခြားမှုမရှိဘဲ သေဆုံးသွားခဲ့ခြင်းကြောင့် သေဆုံးသူကို သန်လျင်ဆေးရုံသို့ ပို့ဆောင် ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ဒု-ရဲမှူးဇော်မင်း၏ တရားလိုပြု တိုင်တန်းမှုကို သန်လျင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂၆/၁၄) ဖြင့် အမှု ဖွင့်ပြီး စစ်ဆေးလျက်ရှိသည်။

ကျော်စိုးမိုး
Mizzima - News in Burmese

အပြည့်အစုံသို့ »

မြွေမြွေချင်း ခြေမြင်လို့ သူ့အဖေက ဂစ်ကို မင်္ဂလာဆောင် မဖိတ်တာလား




မန်ယူ လက်ထောက်နည်းပြ ဂစ်ရဲ့ ဖခင်ဖြစ်သူ ဒန်နီဝီလ်ဆင်ဟာ မကြာခင် မင်္ဂလာဆောင်တော့မှာဖြစ်ပြီး အဲဒီမင်္ဂလာဆောင်မှာ ဂစ်ကို မဖိတ်ဘူးလို့ ဆိုပါတယ်။ မဖိတ်ရတဲ့ အကြောင်းရင်းက ဂစ်နဲ့ နာတာရှာတို့ရဲ့ လူမှုရေးဖောက်ပြန်မှု ဇာတ်လမ်းကြောင့်ပါပဲ။ မန်ယူ သက်တော်ရှည် ကစားသမား ဂစ်ဟာ ညီဖြစ်သူ ရိုဒရီရဲ့ ဇနီး နာတာရှာနဲ့ ဖောက်ပြန်ခဲ့ပြီး သူတို့ရဲ့ ဇာတ်လမ်းက (၈)နှစ်ကြာမြင့်ခဲ့ပါတယ်တဲ့။ ဂစ်ဟာ ဇနီးသည် မီးဖွားနေချိန်မှာ နာတာရှာနဲ့ ဖောက်ပြန်ခဲ့တာပါ။

ဒီအကြောင်းဟာ ပြီးခဲ့တဲ့(၃)နှစ်လောက်က တော်တော်ရေပန်းစားတဲ့
ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့ပြီး ဒန်နီဝီလ်ဆင်ရဲ့ မင်္ဂလာဆောင်နဲ့အတူ တစ်ကျော့ပြန် ပေါ်ထွက်လာခဲ့တာပါ။ ဂစ်အနေနဲ့ သူ့အမှားသူ နောင်တရပြီး ညီဖြစ်သူ ရိုဒရီကို မတောင်းပန်ဘူးဆိုရင် သူ့ရဲ့ မင်္ဂလာဆောင်မှာ တက်ရောက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဒန်နီဝီလ်ဆင်က ပြောပါတယ်။ တစ်ချို့တွေကတော့ ဒန်နီဝီလ်ဆင်က မြွေမြွေချင်း ခြေမြင်တာပါတဲ့။

@z (ရိုးရာလေး)

အပြည့်အစုံသို့ »

ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဘုရင်အတည်ပြုချက်ရယူ



ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် Prayuth Chan-ocha ထိုင်းဘုရင့်ပန်းချီကားချပ်ရှေ့မှာ စစ်ကောင်စီအကြီးအကဲရာထူးကို ထောက်ခံမှု ရယူစဉ်။


ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က တိုင်းပြည်ကို စီမံခန့်ခွဲမယ့် စစ်ကောင်စီ အကြီးအကဲ ရာထူးကို ဘုရင့်ရဲ့ တရားဝင် ထောက်ခံမှုနဲ့ ရယူခဲ့တာလို့ ပြောလိုက်ပါတယ်။

"ကျေးဇူးပြုပြီး စိတ်အေးအေး ထားကြပါ။ ဒါဟာ စစ်တပ်ကောင်းစားဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ထိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာ နဲ့ အကျိုးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လိုမှ ၀င်မပါလို့ မဖြစ်လို့ပါ။ တိုက်ခိုက်မှုတွေ ရပ်ပြီး စေ့စပ်ညှိနှိုင်း အဖြေရှာရေး လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။" လို့ ဗိုလ်ချုပ်ကြီး Prayuth Chan –ocha ပြောသွားတာပါ။

နိုင်ငံရေး ဆန္ဒပြပွဲတွေ နောက်တကြိမ် ပြန်ပြီး ထကြွလာရင် အင်အားသုံးဖို့ကလွဲလို့ တခြား ရွေးစရာမရှိဘူးလို့လည်း ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ပြောပါတယ်။ တနင်္ဂနွေနေ့က နိုင်ငံတ၀ှမ်းမှာ ဆန္ဒပြသူတွေနဲ့ စစ်တပ်ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် မစ္စတာ ပရာရွတ်က ခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ထိန်းသိမ်းခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်န၀ပ်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိမရှိ ဆိုတာကိုတော့ အခုချိန်ထိ အတိအကျမသိရသေးပါဘူး။ အလားတူ အတိုက်အခံခေါင်းဆောင် ဆူသက်ပ် သောင်ဆူဘန်ကိုလည်း အမာခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။

မစ္စတာ ပရာရွတ် ၀န်ကြီးချုပ်အဖြစ် ကြေညာခဲ့ပြီး နောက်တနေ့ စနေနေ့မှာ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အမတ်တချို့ ပါဝင်တဲ့ လွှတ်တော်ကိုလည်း စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ ရွေးကောက်ပွဲတွေ အတတ်နိုင်ဆုံး အမြန်ဆုံး ကျင်းပပေးသွားမယ်လို့ မစ္စတာ ပရာရွတ် က ပြောခဲ့ပေမယ့် ဘယ်တော့လဲ ဆိုတာကိုတော့ သူက ပြောမသွားခဲ့ပါဘူး။  တိုင်းပြည် အာဏာသိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို နိုင်ငံတကာကတော့ ပြစ်တင်ဝေဖန်နေကြပါတယ်။

VOA

အပြည့်အစုံသို့ »

တပ်မတော်ကို စိန်ခေါ်ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ကော်မရှင်သတိပေး

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းတွင်ပြုလုပ်သော အခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))




အခြေခံဥပဒေပြင်ဆင် ရေးအတွက် လူထုဟောပြောပွဲ များ ပြုလုပ်ရာတွင် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် တပ်မ တော်ကို စိန်ခေါ်ပြောဆိုမှုများ သည် အခြေခံဥပဒေက ခွင့်ပြု ထားသည့် အတိုင်းအတာကို ကျော်လွန်နေသည့်အတွက် သတိ ပြုဆောင်ရွက်ရန် လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစု ကြည်အား သတိပေးအကြောင်း ကြားစာပေးပို့လိုက်သည်။

လွှတ်တော်အတွင်း တပ်မ တော်သားကိုယ်စားလှယ်များပါ ၀င်နေခြင်းသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပါဝင်နေရ ခြင်းဖြစ်ပြီး မေလ ၁၈ရက်က မန္တ လေးမြို့တွင် ပြုလုပ်ခဲ့သည့်လူထု ဟောပြောပွဲတွင်ဒေါ်အောင်ဆန်း  စုကြည်က တပ်မတော်ကို စိန်ခေါ် သည့် အသုံးအနှုန်းများ သုံးနှုန်း ပြောဆိုခြင်းသည်အခြေခံဥပဒေမှ ခွင့်ပြုထားသည့်ဘောင်ကိုကျော် လွန်ရာရောက်ကြောင်း မေလ ၂၂ ရက် ရက်စွဲဖြင့် ပေးပို့သည့်သတိ ပေးအကြောင်းကြားစာတွင်ဖော် ပြထားသည်။

‘‘ရွေးကောက်ပွဲကော်မရှင် က ဒီလိုအကြောင်းကြားစာတွေပို့ တာ သူ့အလုပ်သူမလုပ်ဘူးလို့ မြင်တယ်။ ကော်မရှင်ဆိုတာ ရွေး ကောက်ပွဲတွေကို တရားမျှတ အောင် လုပ်ပေးဖို့တာဝန်ပဲရှိပါ တယ်။ ဒီလိုကိစ္စတွေကို လိုက်ပါ နေရင် ပါတီတိုင်းမှာ ဒီလိုကိစ္စ တွေရှိနေနိုင်တာပဲ။ အခုက အာ ဏာပိုင်အဖွဲ့အစည်းလိုကျင့်သုံး တာမျိုးဖြစ်နေတယ်’’ဟု လူထုဆန္ဒခံယူပွဲများကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ဟောပြော လက်မှတ်ရေးထိုးပွဲ များပြုလုပ်နေသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦး ဖြစ်သူဦးမြအေးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံ တော်၏ ဥပဒေများကိုလိုက်နာပါ မည်ဟု လွှတ်တော်အတွင်းကတိသစ္စာပြုထားသူလည်းဖြစ်ကြောင်း အကြောင်းကြားစာတွင် ပါရှိ သည်။

ဥပဒေ၏ မူသဘောအရ ဥပ ဒေတစ်ရပ်သည် ပြင်ဆင်၊ဖြည့် စွက်၊ ပယ်ဖျက်၊ ရုပ်သိမ်းခြင်းမ ပြုသေးမီ ဥပဒေအရအတည်ဖြစ် နေသေးသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ အားလုံး အာဏာတည်နေသေးသဖြင့် လေးစားလိုက်နာရန်လိုကြောင်း အကြောင်းကြားစာတွင် ဖော်ပြ သည်။

တည်ဆဲဥပဒေများနှင့်အညီ ဆွေးနွေးဟောပြောမှုများဖြစ်စေ ရန်တို့ကို သတိပြုဆောင်ရွက်ရန် လိုကြောင်းလည်း ဖော်ပြရေးသားထားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ဟောပြောတဲ့ နေရာနှစ်ခုလုံးကျွန် တော်လည်းပါတယ်။ သူပြောတာ ကိုလည်း ကျွန်တော် တလေးတ စားနားထောင်တယ်။ အဲဒီမှာ ပြောတာတွေက အခြေခံဥပဒေကို ချိုးဖောက်တာ တစ်ခုမှမပါဘူး။ အခြေခံဥပဒေကိုပြင်ဖို့ပဲ ပြော တာ။ ကျွန်တော်လည်း ဥပဒေသ မားပါပဲ’’ ဟု ဟောပြောပွဲများတွင် ပါဝင်ဟောပြောခဲ့သူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

ကော်မရှင်၏ ထုတ်ပြန်ချက် များကို မိမိအနေဖြင့် ဖတ်ရှုခြင်း မပြုရသေးကြောင်း၊ မှတ်ချက်ပေးလိုခြင်းမရှိသော်လည်း ဒေါ် အောင်ဆန်းစုကြည်မှာ အခြေခံဥ ပဒေကိုချိုးဖောက်ပြောဆိုခြင်းမရှိ ဟု မိမိအနေဖြင့် ပြောနိုင်ကြောင်း  ဦးဝင်းမြင့်ကဆိုသည်။

ရွေးကောက်ပွဲကော်မရှင် သည် ကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဌ)အရ နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေနှင့်အညီနိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ကြီး ကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတို့ ပြုရန်တာဝန်ရှိကြောင်း၊ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေရှင်းလင်း ဆွေးနွေးပွဲများ ပြုလုပ်ရာတွင်ပါ တီအနေဖြင့်ဖြစ်စေ၊ ပါတီဝင်တစ် ဦးချင်းအနေဖြင့်ဖြစ်စေ၊ မိမိတို့ ကတိသစ္စာပြုထားသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက် နာရန်နှင့် တည်ဆဲဥပဒေများနှင့် အညီ ဆွေးနွေးဟောပြောမှုများ ဖြစ်စေရန်တို့ကို သတိပြုဆောင် ရွက်ရန်လိုကြောင်း ဖော်ပြ ရေး သားထားသည်။


7day daily

အပြည့်အစုံသို့ »

စစ်တွေရှိ ဘင်္ဂါလီကျေးရွာတစ်ရွာတွင် လူသတ်မှုဖြစ်ပွား





စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် မေလ ၂၅ ရက်နံနက်က လူသတ်မှုတစ် ခုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သည့်အမျိုးသားကို ဒေသခံရွာသားများ က ၀ိုင်းဝန်းရိုက်နှက်ရန် ကြိုးစား သောကြောင့် လုံထိန်းရဲတပ်ဖွဲ့မှ အဆိုပါအမျိုးသားအား ဖမ်းဆီးကာ စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘လင်မယားချင်းစကားများ ပြီး ယောက်ျားက မိန်းမကို ဓားနဲ့ ငါးချက် ဆင့်ထိုးသွားခဲ့တာ။ မိန်းမဘက်က အမျိုးတွေက ၀ိုင်းရိုက်မယ်ဆိုတဲ့ သတင်းကြားလို့ အမြန်သွား ဖမ်းပြီး  မြို့မရဲစခန်းကို  လွှဲပေး လိုက်တာပါ။ ကျန်တာတော့ ရဲစ ခန်းနဲ့ပဲဆိုင်ပါတော့တယ်’’ဟု စစ် တွေမြို့ရှိ ဘင်္ဂါလီကျေးရွာများ တွင် လုံခြုံရေးတာဝန်ယူထား သည် အမှတ် (၃၂) လုံခြုံရေးရဲ တပ်ဖွဲ့ခွဲ့မှရဲအရာရှိတစ်ဦးက ပြောသည်။

   စစ်တွေမြို့ရှိ သဲချောင်း ဘင်္ဂါလီကျေးရွာတွင်  နေထိုင် သော အမျိုးသားတစ်ဦးသည် လင်မယားချင်းစကားများ၍ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာသို့ သွားရောက်နေထိုင်နေသည့် ၎င်း၏ဇနီးကို မေလ ၂၅ ရက် နံနက်ကလာခေါ်စဉ်  ပြန်မလိုက်သောကြောင့်ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံထားကြောင်း စစ်တွေမြို့မရဲစခန်းမှ  အမှုစစ်ရဲအရာရှိကပြောသည်။

 အဆိုပါအမျိုးသားမှာ အသက် (၃၀) အရွယ်ရှိပြီး ၎င်းကို စစ်တွေမြို့မရဲစခန်းတွင် ပြစ်မှု ဥပဒေ ၃၀၂ ဖြင့်  အမှုဖွင့်စစ်ဆေး လျက်ရှိသည်။

7day daily

အပြည့်အစုံသို့ »

ဘီယာနဲ့ ချက်ပြုတ်ထားတဲ့ အသားဟင်းများက ကင်ဆာမှ ကာကွယ်ပေးနိုင်



No. 118
ဘီယာကို အသား၊ ငါးနယ်နှပ်ရာမှာ အသုံးပြုပြီး ကြော်လှော်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေဟာ ကင်ဆာရောဂါတွေကနေ ကာကွယ်ပေး နိုင်ကြောင်း  သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဘီယာ၊ ၀ိုင်တွေကို အချိန်တစ်ခု ပေးပြီး နယ်နှပ်ထားတဲ့ အသားတွေဟာ အချို့သောကင်ဆာဖြစ်စေတဲ့ carcinogen  တွေကို လျော့နည်းစေကြောင်း ယခုလေ့လာမှုမှာ ဖော်ပြထားပါတယ်။ စပိန်နိုင်ငံရှိ Vigo တက္ကသိုလ်နဲ့ ပေါ် တူဂီနိုင်ငံရှိ Porto တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ထားတဲ့ ဒီသုတေသနမှာ အယ်ကိုဟောမပါတဲ့ Pilsner  ဘီယာ အမျိုးအစားကိုအသုံးပြုပြီး ဟင်းလျာများကို နယ်နှပ်ထားခြင်းဟာ အူမကြီးကင်ဆာလို အစာအိမ်နဲ့  အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေကို ဖြစ်စေနိုင်တဲ့ (PAH,polycyclic arom- atic hydrocarbons) တွေကို ကိုယ်ခန္ဓာကနေ လျော့နည်းသွားစေတယ်လို့ သိရပါတယ်။ Pilsner  ဘီယာနဲ့ နယ်ထားတဲ့ ၀က်ကင်ရယ်၊ ရိုးရိုးဝက်ကင်ရယ်ကို နှိုင်းယှဉ်ခဲ့ရာမှာ ဘီယာနဲ့ နယ်ထားတဲ့ ၀က်ကင်ဟာ PAH  ကို နှစ်ဆလျော့ပါးစေတယ်လို့  တွေ့ရှိခဲ့ပါတယ်။
ဒီလေ့လာမှုကို  အမေရိကန် ဓာတုဗေဒ အစည်းအရုံးမှထုတ်ဝေတဲ့ Journal of Agricultural and Food Chemistry မှာ ဖော်ပြထားပါတယ်။
သက်နှင်း
ref;PTI

Health Updates Journal

အပြည့်အစုံသို့ »