အိမ်ခြံမြေ တစ်ကြိမ်ထက် ပိုမိုဝယ်ယူမှုတိုင်း သတ်မှတ်အခွန် ၃၀ ရာခိုင်နှုန်းဖြင့် ပေးဆောင်ရမည်


အိမ်ခြံမြေ တစ်ကြိမ်ထက် ပိုမိုဝယ်ယူမှု အကြိမ်တိုင်းတွင် သက်သာခွင့်များရရှိတော့မည်မဟုတ်ဘဲ သတ်မှတ်အခွန် ၃၀ ရာခိုင်နှုန်းဖြင့်သာ ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ၀င်ငွေခွန်ဥပဒေပါ ခံစားခွင့်များကို တစ်ကြိမ်ထက်ပိုမို ရယူခြင်းမရှိစေရန် အိမ်ခြံမြေ၀ယ်ယူမှုကို စိစစ်မည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်လဆန်းပိုင်း၌ စတင်ဆောင်ရွက်မည်ဟု ပြည်တွင်း အခွန်များဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အိမ်ခြံမြေ၀ယ်ယူရာတွင် ဥပဒေပါ ခံစားခွင့်များကို ကျော်လွန်ရယူခြင်း မရှိစေရန် အိမ်ခြံမြေ၀ယ်ယူမှုများကို စိစစ်နိုင်မည့် ဆော့ဝဲပရိုဂရမ်ရေးဆွဲလျက်ရှိပြီး မေလကုန်ပိုင်းတွင် ပြီးစီးမည်ဟု ၎င်းက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက “ ဥပဒေပါခံစားခွင့်တွေကို အိမ်ခြံမြေ၀ယ်ယူသူ အနေနဲ့ တစ်ကြိမ်သာခံစားခွင့်ရမယ်။ ဒီနေ့မှာ မြေကွက်တစ်ကွက်ဝယ်ပြီး နောက်နေ့မှာ တစ်ကွက်သွား ၀ယ်ရင်ခံစားခွင့်နဲ့ အကျုံးမ၀င်တော့ဘူး။ ဒါကို စိစစ်လို့ရအောင် ပရိုဂရမ်တစ်ခုရေးဆွဲထားတယ်။ ဇွန်လ ဆန်းကစပြီးလည်ပတ်ဖို့ရှိတယ်” ဟု ပြောသည်။

အဆိုပါအစီအစဉ်သည် ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာအကျုံးဝင်မည်ဖြစ်သည့်အတွက် အိမ်ခြံ မြေ ၀ယ်ယူမှုကို စိစစ်မည့် ပရိုဂရမ်ရေးဆွဲပြီးချိန်တွင် ဧပြီလမှစတင်ကာ အိမ်ခြံမြေ၀ယ်ယူထားမှုများကို စာရင်းသွင်းသတ်မှတ်သွားမည်ဖြစ်ပြီး စည်းကြပ်မှုမှကင်းလွတ်နေသော ၀င်ငွေဖြင့် အိမ်ခြံမြေ၀ယ်ယူသူ သည် တစ်ကြိမ်သာ ဥပဒေပါခံစားခွင့်အားရရှိမည်ဖြစ်ကာ နောက်ထပ်တစ်ကြိမ်ဝယ် ယူပါကခံစားခွင့် အကျုံးဝင်တော့မည် မဟုတ်သည့်အတွက် တစ်ကြိမ်ထက်ပိုမို ၀ယ်ယူထားခြင်းရှိ/မရှိ ကိုစိစစ်သွားမည်ဟု ၎င်းက ဆက်လက် ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက “ မြေကွက်တစ်ကွက်ကို မိမိနေထိုင်ဖို့ ၀ယ်မယ့်သူ ဟာ ၀ယ်လိုက်ရောင်းလိုက်မလုပ်ပါဘူး။ စည်းကြပ်မှုကင်းလွတ်နေတဲ့ ၀င်ငွေနဲ့ နောက်တစ်ခါထပ်ဝယ် မယ်ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းနဲ့ပဲ အခွန်ထမ်းရမှာဖြစ်တယ်” ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်သည့် ၀င်ငွေခွန်ဥပဒေအရ စည်းကြပ်မှုမှ ကင်းလွတ်နေသောဝင်ငွေ (ယခင် ၀င်ငွေရ လမ်းမဖော်ပြနိုင်သည့် ၀င်ငွေဟုခေါ်ဝေါ်သည် ) များကို တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ အထိ ကို အခွန်သုံးရာခိုင်နှုန်း၊ ကျပ် သိန်း ၅၀၀မှ ကျပ်သိန်း ၁,၅၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁,၅၀၀ မှ ကျပ်သိန်း ၃,၀၀၀ အထိအခွန် ၂၀ ရာခိုင်နှုန်းအထိ သက်သာခွင့်ပေးထားပြီး ကျပ်သိန်း ၃၀၀၀ အထက်ကို အခွန် ၃၀ ရာခိုင်နှုန်းအထိပေးဆောင်ရန် အတည်ပြုထားသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း၏ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က “ တစ်ကြိမ်ပဲဝယ်ခွင့် ရှိတော့ နှစ်ကြိမ်ဝယ်လို့မရဘူးလေ။ အိမ်ခြံမြေ၀ယ်ရောင်းကြတဲ့အပေါ်မှာတော့ သက်ရောက်မှုတော့ ရှိမှာမဟုတ်ပါဘူး” ဟု ပြောသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် စတင်မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တိုင်းအချင်း ချင်းချိတ်ဆက်ကာ ၀ယ်ယူမှုများကိုစိစစ်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိသည်။

Mizzima Burmese

အပြည့်အစုံသို့ »

ယောက္ခမနှင့်စကားများပြီး သမက်ဖြစ်သူက နေအိမ်မီးရှို့


အလုပ်မှပြန်လာသည့် အမျိုးသားတစ်ဦးသည် နေအိမ်အတွင်း ဆဲဆိုနေသည့် သမက်နှင့် စကားများရာ သမက်ဖြစ်သူက နေအိမ်ကို မီးရှို့သည့် ဖြစ်စဉ်တစ်ခု မေ ၂၄ ရက်၊ ည ၇ နာရီခွဲအချိန်က မှော်ဘီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ မှော်ဘီမြို့နယ်၊ မြို့ချောင်း ကျေးရွာတွင် နေထိုင်သည့် ဦးမြင့်သိန်း(၅၇) နှစ်သည် အလုပ်မှ နေ အိမ်သို့ ပြန်လာစဉ် ၎င်း၏သမီးဖြစ်သူကို ညစ်ညမ်းစွာဆဲဆိုနေသည့် သမက်ဖြစ်သူ ရဲထွဋ် (၂၅) နှစ်ကို သွားရောက်ထိန်းသိမ်းရာမှ စကားများခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။

ယင်းသို့ ထိန်းသိမ်းပြောဆိုရာ သမက်ဖြစ်သူက ဆဲဆိုကြိမ်းမောင်း၍ အရိုးမပါသော ဓားဖြင့် ဝှေ့ရမ်းသဖြင့် ဦးမြင့်သိန်းက နောက်ဆုတ်ရှောင်ရှားစဉ် နေအိမ်ပေါ်သို့ ပြန်တက်သွားပြီး စောင်နှင့် အ၀တ်အစားများကို ထုပ်တန်းပေါ်သို့တင်ကာ မီးရှို့ခဲ့ခြင်း ဖြစ်သည်။

နေအိမ်ကိုမီးရှို့ကာ သမက်ဖြစ်သူရဲထွဋ်က ထွက်ပြေးတိမ်းရှောင်သွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ ရွာသားများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း ဓနိမိုး၊ ထရံကာ နေအိမ်တစ်ခုလုံး မီးလောင် ပျက်စီးသွားခဲ့ သည်။

မီးလောင်မှုကြောင့် ကျပ် ငါးသောင်းကျော်ဖိုး ဆုံးရှုံးသွားခဲ့ပြီး နေအိမ်ကိုမီးရှို့သူ ရဲထွဋ်ကို အရေးယူပေးပါ ရန် ဦးမြင့်သိန်း၏ တရားလိုပြုတိုင်တန်းချက်ကို မှော်ဘီမြို့မရဲစခန်းက (ပ)၂၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၃၆/ ၂၉၄/၅၀၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူကို စစ်ဆေးလျက်ရှိသည်။

Mizzima Burmese

အပြည့်အစုံသို့ »

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုးကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး လည်း ပြုလုပ်ကြပါ တယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာ ကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

 နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံး ချည့်ညောင်းညာမှု လျော့ကျစေပြီး လန်း ဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ်အနာ တို့ကို သက်သာစေတယ်လို့ ဗပကမလနိေ က မှတ်ချက်ပေးထားပါတယ်။

စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ် ဘူးသီးဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲလွန်ဝေဒနာကို လျော့ ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါ ကြောင့် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိအ မြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ် ကာလွိုက်တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျစေပါတယ်။ ဒါ ကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

Good Helath

အပြည့်အစုံသို့ »

ယူနတီဂျာနယ် သတင်းထောက်များကို ဆက်လက်စစ်ဆေး

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ -  Robert San Aung's)

နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့  ယူနတီဂျာနယ် သတင်းထောက်တွေကို ဒီနေ့ ဆက်လက်စစ်ဆေးနေပါတယ်။

လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဆောင်းပါးရေး သားဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ် သတင်းထောက်တွေကို  သက်ဆိုင်ရာက  နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့   မကွေးတိုင်း ပခုက္ကူခရိုင်တရားရုံးမှာ  ဆက်လက်စစ်ဆေးနေပါတယ်။

ဒီနေ့မှာတော့  အမှုဆောင်အယ်ဒီတာ ဦးတင်ဆန်း က ဓာတုစက်ရုံထဲကိုဝင်ခြင်းမရှိသလို ဓာတုစက်ရုံသတင်းနဲ့ ပတ်သက်ပြောဆိုထားတဲ့  အချက်တွေနဲ့ပတ်သက်ပြီး ဥပဒေအရာရှိနဲ့ အပြန်အလှန်မေးမြန်းခဲ့ကြတယ်လို့ တရားရုံးမှာရောက်နေတဲ့ တရားစွဲခံရသူတွေရဲ့  ရှေ့နေ ဦးဝါ၀င်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက ယူနီဂျာနယ်ပါ  “ဗိုလ်ချုပ်မှူးကြီးဟောင်း၊  တရုတ်ပညာရှင်နှင့် လက်ရှိ ကာ/ ချုပ်တို့၏  ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတု လက်နက်စက်ရုံ”  ဆိုတဲ့ ဆောင်းပါးနဲ့ စပ်လျဉ်းပြီး ဂျာနယ်အယ်ဒီတာနဲ့ သတင်းထောက် ၄ ဦးတို့ကို ဖမ်းဆီးတရားစွဲဆိုထားတာပါ။

သတင်းထောက်တွေဘက်ကတော့   ဒီဆောင်းပါးကို သူတို့တွေ ရေးသားထားခြင်းမရှိသလို အယ်ဒီတာက တည်းဖြတ်တာ ဖြစ်ပြီး အယ်ဒီတာနဲ့သာ သက်ဆိုင်ကြောင်း ပြောဆိုကြတယ်လို့ ဦးဝါ၀င်းမောင်က ပြောပါတယ်။

ယူနတီသတင်းထောက် ကိုရာဇာရဲ့အမျိုးသမီး မသိဂီထွန်းကလည်း  အယ်ဒီတာ  ဦးတင်ဆန်းက သူ့အမျိုးသားကို ခေါ်သွားတာဖြစ်ပြီး အယ်ဒီတာမှာသာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

တရားခံစစ်ဆေးခြင်း တရားခံပြသက်သေစစ်ဆေးပြီးတဲ့ အခါ လျှောက်လွဲချက်တင်တဲ့ အပိုင်းတွေပြီးရင်တော့ အမိန့်ချမယ်ဆိုရင် ဒီအမှုဟာ နောက်တလတွင်း ပြီးပြတ်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ၃ (၁) (က) ၉ နဲ့သာ အပြစ်ရှိကြောင်း  စီရင်ချက်ချမှတ်ခံရသူဟာ အမြင့်ဆုံး  ၁၄ နှစ်ထိ ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်လို့  ဥပဒေမှာ ပါရှိပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်




DVB Burmese

အပြည့်အစုံသို့ »

ဆန္ဒပြမှုများကို ဆက်လက်သည်းခံလိမ့်မည်မဟုတ်ဟု ထိုင်းစစ်အစိုးရ သတိပေး


မဇ္ဈိမသတင်းဌာန

စစ်တပ်အာဏာသိမ်းမှုကို မလိုလားသူများ၏ ဆန္ဒပြမှုများကို ဆက်လက် သည်းခံတော့မည်မဟုတ်ဟု ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်က မေလ ၂၆ရက် ညနေက သတိပေးကြေငြာလိုက်သည်ဟု အေဖက်ပီ သတင်းဌာနက ရေးသားထားသည်။

ထိုင်းနိုင်ငံအား ကစဥ့်ကလျား ဖြစ်စေခဲ့သော လပေါင်းများစွာဆန္ဒပြမှုများ နှင့် နိုင်ငံရေး အကြမ်းဖက်မှုများ ထပ်ဖြစ်မလာအောင် ကာကွယ်ရန် ထိုင်းစစ်အစိုးရအနေဖြင့်
ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြောခဲ့သည်။

“ဆန္ဒပြသူတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ရပ်သင့်ပါပြီ။ ဘာကြောင့်လည်းဆိုတော့ အခုအခါမှာ ဥပဒေဟာ တင်းကျပ်လာပြီ ဖြစ်တဲ့အတွက် သူတို့နဲ့ သူတို့ရဲ့
မိသားစုဝင်တွေကို ထိခိုက်မှာ ဖြစ်လို့ပါ” ဟု ဆန္ဒပြသူများအား ဗိုလ်ချုပ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှုများ ဖြစ်ပွားနေကြသော ထိုင်းနိုင်ငံတွင် အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် ထိုင်းနိုင်ငံအား ဦးဆောင်ခွင့်ကို ထိုင်းဘုရင်က မေ ၂၆ရက်က တရားဝင် အတည်ပြုပေးခဲ့သည်။

စစ်အစိုးရခေါင်းဆောင်အဖြစ် ပြုလုပ်ခဲ့သော သူ၏ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်အကြီးအကဲ ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) က၊ ရွေးကောက်ပွဲများကို တတ်နိုင်သမျှ မြန်မြန်ကျင်းပပေးမည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း အချိန်စာရင်း အတိအကျ မရှိသေးပေ။ လူဦးရေ ၆၇ သန်းခန့်ရှိသော
ထိုင်းနိုင်ငံတွင် စစ်တပ်က ပြီးခဲ့သည့် မေလ ၂၂ရက်က အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

အပြောကြမ်းသော ထိုင်းကာကွယ်ရေးဦးစီးချုပ်သည် အရပ်ဘက် လွတ်လပ်ခွင့်အချို့ကို ပိတ်ပင်ခဲ့ပြီး၊ မီဒီယာ များကိုလည်း ကန့်သတ်ခဲ့ကာ၊ ညမထွက်ရ (ကာဖျူး) အမိန့်ကိုလည်း ထုတ်ပြန်ထားသည်။ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းလိုက်ပြီး၊ ဥပဒေများ ရေးဆွဲပြဌာန်းနိုင်သည့် အခွင့်အာဏာကိုလည်း အပြည့်အဝ ရယူထားသည်။

ကိုးကား- AFP
ဓာတ်ပုံ- EPA
Mizzima Burmese

အပြည့်အစုံသို့ »

ဘတ်စ်ကားပေါ်မှာ စပယ်ယာနဲ့ ခရီးသည် အမျိုး သမီးစကားများတာကို စပယ်ယာမှ ဆဲဆိုပုဆိုးလှန်ပြပြီး ၀င်ဆွဲတဲ့ ခရီးသည် အမျိုး သားတစ်ဦးကို ကားပေါ်မှ တွန်းချတဲ့ ဖြစ်ရပ် ယနေ့ ညမှာဖြစ်ပွါးခဲ့




Author ဇင်သော်

ယနေ့ည ၈း၄၅နာရီမှာ ယာဉ်အမှတ် ၃၂၇၀ အမှတ် ၁၂၄ လိုင်းကားပေါ်မှာ စပယ်ယာနဲ့ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီးတစ်ဦး နဲ့ စပယ်ယာ နှစ်ဦးတို့ အခြေအတင် စကားများတဲ့ အခါ စပယ်ယာက
အမျိုးသမီးကို ဆဲဆိုပြီးပုဆိုးလှန်ပြတဲ့အတွက် ၀င်ဆွဲတဲ့ သင်ဆွဲတဲ့ ခရီးအမျိုးသားကို ကားပေါ်မှ တွန်းချတဲ့အတွက် ကျန်တဲ့ကားပေါ်ပါလာတဲ့ ခရီးသည်တွေက မကျေမနပ်ဖြစ်ပြီး ၀ိုင်းဝန်းရိုက်နှက် တဲ့အတွက် စပယ်ယာ နှစ်ဦးထွက်ပြေးသွားပြီး လောလော ဆယ်ခရီးသည်တွေက အဲ့သည့်စပယ်ယာ နှစ်ဦးကို အရေးယူပေးဖို့ ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ခရီးသည်အမျိုးသမီးနဲ့ယာဉ်နောက်လိုက် (စပယ်ယာနှစ်ဦး)ဟာ မဟာမြေမှတ်တိုင်မှာ
အခြေအတင်စကားများတာဖြစ်ပြီးပုဆိုးလှန်ပြပြီး ဆဲဆိုတာ လုပ်တာပါ။ ၀ိုင်းဝန်းဖြန်ဖြေကြတဲ့ ခရီးသည်တွေ ထဲက ခရီးသည်အမျိုးသားတစ်ဦးကို ကားပေါ်က တွန်းချလို့ ယာဉ်ပေါ်ပါလာတဲ့ ခရီး
သည်တွေက စပယ်ယာနှစ်ဦးကို ၀ိုင်းပြီးပြန်ရိုက်ကြတဲ့ အတွက် ဟံသာဝတီအ၀ိုင်းနားမှာ စပယ်ယာ နှစ်ဦးက ထွက်ပြေးသွားတာပါ။

အဲ့သည့်ယာဉ်ပေါ်မှာပါသွားပြီး တိုက်ရိုက်သတင်းပို့နေတဲ့
မော်ဒန်ဂျာနယ်မှ အကြီးတန်းသတင်းထောက်ကိုဇင်သော်က “ထွက်ပြေးသွားတဲ့ စပယ်ယာနှစ်ဦး ကို မမိသေးဘူး ခရီးသည်တွေက မကျေနပ်ကြဘူး။ကားကို မီးရှို့မယ်ဘာ ညာဆိုပြောနေကြတယ်။

အခုတော့ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းနေတယ်။ ၁၂၄ ယာဉ်နောက်လိုက်တွေအရမ်းရိုင်းလို့ ခဏခဏ အခုလို ပြသနာတက်ရတယ်လို့ ခရီးသည်တွေက ပြောဆိုနေကြတယ်” လို့ တိုက်ရိုက်သတင်း
ပေးပို့ပါတယ်။

The Modern News Journal

အပြည့်အစုံသို့ »

နာရေးကူညီမှုအသင်းရဲ့ဂုဏ်ထူးဆောင်အသင်းသား ဖြစ်လာနိုင်တဲ့ သင်ဇာဝင့်ကျော်



ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် မေလ ၂၂ ရက်နေ့က နာရေး ကူညီမှု အသင်း (ရန်ကုန်)မှာ လုပ်အားဒါန ပေးဆပ်မှုပြုခဲ့ကြောင်း သိရသည်။ ၄င်းသည် အဆိုပါနေ့ က ဒဂုံမြို့သစ် အရှေ့ပိုင်းနေ ကွယ်လွန်သူ ဦးမြမန်း အသက် (၈၇)နှစ် ၏ ဈာပနလမ်းကြောင်းကို ကူညီဖေးမ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု ဈာပန လမ်းကြောင်း များသို့ သင်ဇာဝင့်ကျော်၏ လိုက်ပါပေးဆပ် ဆောင်ရွက် မှုများမှာ သင်္ကြန် မတိုင်မီ မတ်လ ကတည်း ကစတင်ခဲ့ပြီး တစ်လလျှင် နှစ်ရက်မျှ ပုံမှန် လာရောက် လုပ်အားဒါနပြုလေ့ရှိကြောင်း နာရေး ကူညီမှု
အသင်း (ရန်ကုန်)က ဆိုပါသည်။

နာရေး ကူညီမှုအသင်း (ရန်ကုန်)၌ ရုပ်ရှင်၊ဂီတ နယ်မှ အနုပညာရှင်များ လာရောက် လုပ်အားပေး လုပ်ဆောင်လေ့ ရှိပြီး ဂုဏ်ထူး ဆောင် အသင်းသား များအဖြစ် ဂီတ အနုပညာရှင်များ ထဲမှ ဦးရဲလွင်၊ ဆောင်းဦးလှိုင်၊ ကိုသားထွေး တို့အား သတ်မှတ်ထားကြောင်း သိရသည့်အတွက် ရုပ်ရှင်အနုပညာရှင် များထဲမှလည်း ဂုဏ်ထူးဆောင် အသင်းသား အဖြစ် ဂုဏ် ပြု သတ်မှတ်ရန် ရှိ၊ မရှိကို နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ ဆက်သွယ်မေး မြန်းရာ ဥက္ကဋ္ဌ ဦးကျော်သူက “သင်ဇာဝင့်ကျော် အနေဖြင့် အခု လို ပုံမှန်လုပ် အားပေး
ပေးဆပ်မှု ရှိမယ် ဆိုရင်တော့ ဂုဏ်ထူးဆောင်အသင်းသား အဖြစ် သတ်မှတ်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုဖြေကြားပါသည်။

ခိုင်ဝေလွင်


Popular Journal

အပြည့်အစုံသို့ »