စည်းကမ်းမဲ့ ယာဉ်များကို ယာဉ်ထိန်း Facebook စာမျက်နှာတွင် တရားဝင် တိုင်ကြားနိုင်


ရန်ကုန်၊ မေ ၃၀

စည်းကမ်းမဲ့ ယာဉ်များကို လူမှုကွန်ရက် မီဒီယာတစ်ခု ဖြစ်သည့် Facebook စာမျက်တွင် တရားဝင် တိုင်ကြားနိုင်မည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။

တိုင်ကြားနိုင်သည့် အဆိုပါ Facebook စာမျက်ကို “ယာဉ်စည်းကမ်း ထိန်းသိမ်းရေး” ဟု အမည်ပေးထားပြီး လာမည့် ရက်ပိုင်းအတွင်း တိုင်ကြားနိုင်စေရန် စီစဉ်လျက် ရှိကြောင်း၊ Email လိပ်စာမှာ [email protected] ဖြစ်ကြောင်း၊ အဆိုပါ စာမျက်နှာတွင် ယာဉ်ထိန်းရဲနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ လုပ်ဆောင်ချက်များကို ဖော်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ယာဉ်တိုက်မှုဖြစ်တဲ့ နေရာတိုင်း ယာဉ်ထိန်းရဲ မရှိနိုင်တော့ ပြည်သူလူထုကို ပူးပေါင်း ပါဝင်စေချင်တာပါ။ Facebook စာမျက်နှာပေါ်က “စည်းမဲ့ကမ်းမဲ့ မော်တော်ကားများ” စာမျက်နှာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတဲ့ ကားတွေကြောင့် ပြည်သူတွေ နစ်နာမှု ရှိနေလို့ တရားဝင် တိုင်ကြားနိုင်အောင် လုပ်လိုက်တာ” ဟု ၎င်းကဆိုသည်။

ပြည်သူများက တိုင်ကြားသည့်အခါ ယာဉ်အမှတ်နှင့် စည်းကမ်း ချိုးဖောက်ပုံကို ပေါ်လွင်စေသည့် မှတ်တမ်း ဓာတ်ပုံ အထောက်အထားများ ပါရှိရန် လိုကြောင်း အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

“ဓာတ်ပုံတွေကို သိမ်းထားပြီး မှတ်သားဖမ်းဆီး လုပ်သွားမှာပါ။ ဒဏ်ငွေကတော့ ၁၅၀၀ ပါ။ လတ်တလော ယာဉ်တိုက်မှု ပုံတွေကို နီးစပ်ရာ ယာဉ်ထိန်းစခန်းတွေက စစ်ဆေးနိုင်ဖို့ အကြောင်းကြားသွားမယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တရားဝင် တိုင်ကြားနိုင်သည့် Facebook စာမျက်နှာ ပြုလုပ်ခြင်းမှာ ပြည်သူများအတွက် အထူးကောင်းမွန်ကြောင်း “စည်းမဲ့ကမ်းမဲ့ မော်တော်ကားများ” စာမျက်နှာကို Like ပြုလုပ်ထားသူ Distinct Trading ကားတင်သွင်း ရောင်းချသည့် ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွဋ်ထိပ်က ဆိုသည်။

“တစ်ဖက်က ပွင့်လင်းလာတဲ့အပေါ် အကျိုးရှိရှိ အသုံးချနိုင်ရင် ပြည်သူအတွက် အထောက်အကူ ဖြစ်စေမှာပါ။ ဌာနဆိုင်ရာက တရားဝင် ပေ့ဆိုတော့ အရင် ရင်ဖွင့်သလို ဆဲဆို တိုင်ကြားမဲ့အစား အချက်အလက် စုံစုံလင်လင် တိုင်ကြားနိုင်ရင် ပိုအကျိုးရှိနိုင်မယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly

အပြည့်အစုံသို့ »

တန်ရာတန်ကြေး - ဟာသ


စကားတတ်တဲ့ ကြက်တူရွေးတစ်ကောင် ရှိတယ်
ခုရက်ပိုင်း ဘာဖြစ်တယ်မသိဘူး အစာကျွေးတဲ့

သခင်ရဲ့လက်ကိုလည်းဆိတ်လွှတ်တယ်
ဧည့်သည်လာရင်လည်း မပြန်မခြင်း ဆဲဆိုနေတယ်

ဒါနဲ့ တိရိစ္ဆာန်ဆေးကုဆရာဝန်ကို သွားပြကြည့်တာ
ဆရာက စမ်းသပ်စစ်ဆေးကြည့်ပြီးတော့ ပြောတယ်… …

“ခင်ဗျားကြက်တူရွေးက အထီး၊ မိတ်လိုက်ချင်နေတာဗျ”

“ဟုတ်လား ဆရာ”

“ဟုတ်တယ်၊ အတော်ပဲဗျ ကျနော့်မှာလည်း ချစ်စရာကောင်းတဲ့ ကြက်တူရွေးအမလေး ရှိတယ်”

“ဟုတ်ကဲ့ ဆရာ”

“ဒါပေမယ့် မိတ်လိုက်ခ ၁၅ ဒေါ်လာတော့ ပေးရမယ်”

၁၅ ဒေါ်လာပေးရမှာဆိုတော့ ပိုင်ရှင်က အင်တင်တင်လုပ်နေတယ်
ဒီတော့ သူ့ကြက်တူရွေးက စိတ်မရှည်ဘူးထင်ပါရဲ့ ထအော်တယ်… …

“လုပ်လေ လုပ်လေ လုပ်လေ”

ကြာရင်ပိုဆိုးမှာ စိုးလို့ ၁၅ ဒေါ်လာပေးလိုက်တယ်
ဒါနဲ့ သူ့ကို ကြက်တူရွေးမ လှောင်အိမ်ထဲထည့်ပြီး လိုက်ကာနဲ့ကာပေးလိုက်တယ်
ချက်ခြင်းပါပဲ ကြက်တူရွေးမ ငယ်သံပါအောင်အော်ပြီး လှောင်အိမ်ထဲကနေ အမွေးအတောင်တွေ လွင့်စင်ထွက်လာတယ်

ဆရာဝန်လည်း ဘုရားတပြီး လိုက်ကာကို ဆွဲဖယ်ကြည့်လိုက်တော့
ကိုယ့်အကောင်က ကြက်တူရွေးမကို လှောင်အိမ်ကြမ်းပြင်မှာ ချနင်းထားပြီး အမွေးတွေ ဆွဲနုတ်နေတာကိုး
ဆရာဝန်က အော်တာပေါ့… …

“ဟာ ဒီအမျိုးယုတ်ကောင် ဘာလုပ်တာလဲဟ”

ဒီတော့ ကြက်တူရွေးက ပြန်ပြောတယ်… …

“၁၅ ဒေါ်လာနဲ့တန်အောင် ခင်ဗျားကောင်မကို မိတ်မလိုက်ခင် ကိုယ်လုံးတီးချွတ်နေတာလေ” တဲ့။

” Oိာန် ”

====================

Credit: thanlayko

အပြည့်အစုံသို့ »

ဈေးသည်နှင့်ဈေးဆစ်သူ - ဟာသ


ဒီနေ့တော့.. မစားရတာကြာပီဖြစ်တဲ့ ကြက်သားဟင်းလေး ချက်စားမယ်ဆိုပြီး.. ဈေးထဲကို ဟင်းဝယ်ထွက်လာခဲ့တယ်။

ဈေးထဲရောက်တော့.. ကြက်သားရောင်းတဲ့ ဆိုင်ရှေ့မှာ ရပ်လိုက်ပြီး…

” အမကြီး.. ဒါ.. ဘယ်ဈေးလဲ..ငှင်..!!! ”

” အောင်မင်္ဂလာဈေးလေ..”

” အွင်..! ဒါတော့ သိတာပေါ့ဂျ.. ကြက်သားဈေးကို..မေးတာ..! ”

” အာ့ဆိုလည်း.. ကြက်သား ဘယ်ဈေးလဲ.. မေးပေါ့ဟဲ့..! တစ်ပိသာကို..၆၀၀၀ ဈေး..! ”

” အားပါး..ဈေးကလည်း.. ကြီးပါ့..! ”

” သြော်ဟယ်.. သူ့ခမျာ နင်ဟင်းအဖြစ်စားဖို့ အနစ်နာခံပြီး.. အသက်တောင် အသေခံပေးထားရတာ..လေ..။ တန်ပါတယ်..ဟဲ့. ! ”

” အွင်..ဟွတ်ကဲ့ပါဗျာ..ကျနော်တော့ အမကြီး ဘော်ဒီထဲမှာ မျောသွားပီးဗျာ..”

” ဘာ..ပြော..ဒယ်..!!! ”

” အဲ..မှားလို့.. တော်ကီထဲမှာ မျောသွားဒယ်.. ပြောထှာ..အဟီး..”

” ဟွင်း..ဒါဆို.. ဘယ်လောက်သား ယူမတုန်း…! ”

” အွင်း…တစ်ပိသာကို ၆၀၀၀ ဆိုတော့… ၁၀ သားကို ၆၀၀..ပေါ့..။
အာ့ဆို..၅ ကျပ်သားပေးဗျာ..! ”

” ဘာ..!!!! ဒါ..ရွှေရောင်းနေတာ မဟုတ်ဘူး.. ဟင်းသားရောင်းနေတာ.. အနည်းဆုံး ၁၀ သားပဲရောင်းတယ်”

” ငင်..အေးပါဗျာ.. အာ့ဆိုလည်း..၁၀ သားပေါ့.. ဒါနဲ့.. ရေတော့ မထိုးထားပါဘူးနော်..! ”

” နင်တောင်.. အသက်ရှင်ဖို့အတွက်.. ရေသောက်သေးတယ် မဟုတ်လား..အေး..အဲ့လိုပဲ.. သူလည်းသောက်တော့.. ရေပါမှာပဲ..ဆန်းသလား..ဟဲ့..! ”

” ငင့်..! အွင်းပါဗျာ..!!! ”

ဒီနေ့..ငချဉ်ကံမကောင်းပါ..

credit: FM Radio

အပြည့်အစုံသို့ »

သတင်းတိုများ - Breaking News


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာစစ်တပ်က ပစ်လိုက်လို့ ဘင်္ဂလားစစ်သားတစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကြောင့်
အပိုဆောင်းတပ်ဖွဲ့တွေကို စုစည်းပြင်ဆင်ထားဖို့ ဘင်္ဂလားလွှတ်တော်က ဖိအားပေးနေပါပြီ။ (မဇ္ဈိမ)


ကလောမြို့နယ် ဘော်ဆိုင်းသတ္တုတွင်း ကုမ္ပဏီတစ်ခုမှ တရုတ်နိုင်ငံသား ဝန်ထမ်း၁၃ဦးကို ဗီဇာဖောက်ဖျက်မှုဖြင့် တစ်ဦး ကျပ်နှစ်သိန်းစီ
ဒဏ်ဆောင်ရန် အမိန့်ချ။ (မဇ္ဈိမ)


ချန်ပီယံလိဂ် ၀င်ခွင့်မရခဲ့သောကြောင့် မန်ယူအသင်းသည် ယင်းတို့၏ ကာလရှည်ပြစ်မှတ်ဖြစ်သည့် ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီ၏ ငြင်းပယ်ခြင်းကို
ခံခဲ့ရသည်။ မဇ္ဈိမ


အောက်တိုဘာလတွင် ခင်လှိုင်နှင့် ဒိန်းဒေါင် ဦးစီးသည့် ဟာသ လူရွှင်တော် အငြိမ့် ဖျော်ဖြေပွဲ ကို ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ပြုလုပ်မည်။ မဇ္ဈိမ


သရုပ်ဆောင် ခင်လှိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးမည့် Return Of #Tattoo ဗီဒီယိုဇာတ်ကားကို သားဖြစ်သူ အပါအဝင် ပြင်ပက တက်တူး ထိုးထားသူများနှင့် တစ်လကြာ ရိုက်ကူးမည်။ မဇ္ဈိမ


ရှမ်းမြောက်၊ ကွတ်ခိုင်မြို့တွင် စစ်သား၏ အဓမ္မပြုခြင်းကို ခံရသည့်၁၄နှစ်အရွယ် အမျိုးသမီး၏ မိဘများကို မေ၂၇ရက်က ဗျူဟာမှူးကိုယ်တိုင်
လာရောက်တောင်းပန် (မဇ္ဈိမ)


မြန်မာ့ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်မလှည့်ကသေနတ်တချက်မဖောက်ရဘဲ လုပ်ဖော်ကိုင်ဖက်သစ်ရလိုက်ခြင်းဟု အိုဘားမားပြော
(မဇ္ဈိမ)


ထိုင်းရောက်မြန်မာများ ဗီဇာဝင်ရာတွင် ဗီဇာကြေးနှစ်ဆပိုပေးနေရ၍မြန်မာအလုပ်သမားရေးဝန်ကြီးဌာနက မေ၃၀ရက်၌ ထိုင်းတွင်ဆွေးနွေးမည်။ (မဇ္ဈိမ)


ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ပေါင်ဒဏ်ရာကြောင့်ကမ္ဘာ့ဖလားအတွက် ပြင်ဆင်နေသည့် ပေါ်တူဂီ အသင်းနှင့်
ပူးတွဲလေ့ကျင့်နိုင်ခြင်း မရှိသေးပေ။ မဇ္ဈိမ


လွှတ်တော်အထက်တွင် တပ်မတော်ရှိနေ၍ ပုဒ်မ ၄၃၆ကို ပြင်လိုခြင်းဖြစ်ဟုဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် မီဒီယာများကိုပြော။ မဇ္ဈိမ

အပြည့်အစုံသို့ »

တိုင်းပြည်ရဲ့ ပြဿ နာတွေ ဖြေရှင်းပြီးရင် စစ်တပ်က တပ်နေရာပြန်မည်ဟု ထိုင်းစစ်တပ်ပြော


ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးက အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအတွက် အနည်းဆုံး ၁ နှစ်လောက်ကြာနိုင်ပြီး အဲ့ဒါနောက်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ မေလ ၃၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ဘယ်လိုမှ ရှေ့ဆက်မသွားနိုင်တော့တဲ့ ပြဿနာတွေကို ဖြေရှင်းပြီးရင် စစ်တပ်က စစ်တပ်နေရာပြန်မှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

မေလ ၃၀ ရက်နေ့က ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ထိုင်းစစ်တပ်က အချိန်၁နှစ်နဲ့ ၃ လ အချိန်ယူဖို့ သတ်မှတ်ထားပြီး ပထမ ၃ လက အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့အချိန်ကာလ ၁ နှစ်မှာ ကြားဖြတ်အစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်နှစ်ခုပြီးစီးရင် ရွေးကောက်ပွဲကို ကျင်းပပေးပြီး စစ်တပ်က မူလနေရာကို ပြန်မှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီကာလအတွင်း ဆန္ဒပြတောင်းဆိုမှုတွေကို လက်ခံမှာမဟုတ်ဘူးလို့လည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က သတိပေးပါတယ်။

မေလ ၂၂ ရက်နေ့က ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့အပြီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံရဲ့ အထင်ကရပညာရှင်တချို့ကို ထိန်းသိမ်းခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုမလုပ်ဖို့ သတိပေးတားမြစ်မှုတွေလုပ်ပြီး ရက်သတ္တပတ် ၁ ပတ်အတွင်း ထိန်းသိမ်းခံရသူ ၃၀၀ လောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မေ ၃၀ ရက်နေ့ကတော့ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပွားတဲ့ ဘန်ကောက်မြို့က အဓိကလမ်းဆုံတခုကို ဆန္ဒပြပွဲတွေမဖြစ်အောင် ၂ ရက်ဆက် ပိတ်ဆို့တားမြစ်ခဲ့ပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

ကမ္ဘာ့ဖလား အုပ်စု(ဃ) သုံးသပ်ချက်


၂၀၁၄ခုနှစ် ကမ္ဘာ့ဖလား အုပ်စုတွင်း သုံးသပ်ချက်တွေ တင်ဆက်ပေးနေရာမှာ ဒီနေ့တော့ အုပ်စု(ဃ) သုံးသပ်ချက် တင်ဆက်ပေးပါမယ်။

ဒီအုပ်စုမှာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းကြီးတွေ မြန်မာပရိသတ်အကြိုက် အင်္ဂလန်အသင်းတို့ ပါဝင်နေတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့အုပ်စုလို့ ပြောရမှာပါ။

အသင်းလိုက်နာမည်ကြီးပြီး အရှိန်အ၀ါရှိတဲ့ ဥရုဂွေး၊ အီတလီတို့နဲ့အတူ အင်္ဂလန်နဲ့ ကော့စတာရီကာ အသင်းတို့ အုပ်စု (ဃ)မှာ ပါဝင်နေပြီး အုပ်စုအနေအထားအရ အင်္ဂလန်အသင်း အုပ်စုတက်ဖို့ မလွယ်ဘူးလို့ အိုလံပစ်အားကစားဂျာနယ် အယ်ဒီတာ ကိုဟိန်းသန့်က ပြောပါတယ်။

“အင်္ဂလန်အသင်း လက်ရှိအနေအထားနဲ့ဆိုရင် အင်္ဂလန် အုပ်စု တက်ဖို့ နည်းနည်းခက်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအုပ်စုမှာ အီတလီက မထင်မှတ်တွေ လုပ်ပြတတ်တဲ့ အတွေ့အကြုံများ တယ်။ နောက် ကစားသမား ပိုင်းကျတော့ အီတလီရဲ့ ကစားသမားအင်အား နည်းနည်းတောင့်တယ်။ အင်္ဂလန်ကျတော့ ဒီနှစ်ရွေးထားတဲ့ လူတွေက များသောအားဖြင့် လူငယ်တွေ များတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာဆိုရင် အတွေ့အကြုံရှိတဲ့သူဆိုလို့ ရိုနီ တယောက်ပဲ ပါတယ်။ ကျန်တဲ့ ကစားသမားတွေက လူငယ်တွေများတော့ အတွေ့အကြုံရှိတဲ့ ဥရုဂွေး၊ အီတလီ အဲဒီ ၂ သင်းကို ကျော်ဖို့ သိပ်မလွယ်လှဘူး။”

ဥရုဂွေးက ဆွာရက်နဲ့ အီတလီက ဘာလော့တယ်လီတို့ စောင့်ကြည့်ရဖို့ရှိပြီး ဆွာရက်ကတော့ ဒဏ်ရာကြောင့် ပွဲဦးထွက်ပွဲ ကစားဖို့ မသေချာသေးပါဘူး။

ဇွန်လ ၁၄ ရက်မှာ ဒီအုပ်စုပွဲစဉ်တွေ စတင်မှာဖြစ်ပြီး ဥ

DVB Burmese

အပြည့်အစုံသို့ »

နိုင်ငံတကာရှိ ဒုက္ခ ရောက်နေသော မြန်မာများ နေရပ်ပြန်လို ပါက MAI အခမဲ့ ပို့ဆောင်ပေးမည်


ပြည်တွင်း ပြည်ပနိုင်ငံ အသီးသီးတွင် ဒုက္ခ ရောက်နေသော မြန်မာလူမျိုးများ နေရပ်ပြန်လို ပါက MAI လေကြောင်းလိုင်းမှ အခမဲ့ ပို့ဆောင်ပေး သွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ၀န်ဆောင်မှု ပေးရာတွင် အမှန်တကယ် အခက်အခဲ ရှိသူများ၊ အကျဉ်းထောင် များမှ လွတ်မြောက်လာ သူများကိုသာ အခမဲ့ ခေါ် ဆောင်ပေးသွားမည်ဖြစ်ပြီး၊ တရားဝင် အလုပ်လုပ်ကိုင်နေသည့် သူများကိုမူ ၀န် ဆောင်မှုပေးမည် မဟုတ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။

ဒီလိုဝန်ဆောင်မှုပေးတာ လူမျိုးရေး စိတ်ဓာတ်ကြောင့် MAI က တတ်နိုင်တဲ့ဘက် က ၀င်ရောက် ကူညီတာပါ၊ ဒီအစီအစဉ် အချိန် ကန့်သတ် ထားတာတွေ မရှိပါဘူး ဟု MAI လေကြောင်းလိုင်းမှ မန်နေဂျာဒေါ်အေးမရသာ ကပြောသည်။

MAI မှယမန်နှစ်အတွင်းက အိန်္ဒိယ၊ မလေးရှားနိုင်ငံတို့တွင် ဒုက်္ခရောက်နေသည့် မြန်မာ လူမျိုးများအား အခမဲ့ ပြန်လည် ခေါ်ဆောင်ရာတွင် (၁၀) ကြိမ်မြောက် ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင်မူ ယင်းနှစ် နိုင်ငံသာမက အခြားသော နိုင်ငံများတွင် ဒုက္ခရောက် နေသူ များကိုလည်း အဆိုပါ ၀န် ဆောင်မှုများ ထပ်မံ ကူညီပေးသွားမည်ဖြစ်သည်။

ပြည်ပ နိုင်ငံများမှ ပြန်လည် ခေါ်ဆောင်ရာတွင် ဒုက္ခရောက် နေသည့် မြန်မာလူမျိုး တစ်ထောင်ကျော်အား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ် ဆောင်ခဲ့ပြီး၊ ယင်းထဲတွင် အကျဉ်းထောင်မှ လွှတ်မြောက်လာသူ အများဆုံး ပါဝင်ကြောင်းသိရသည်။

ကိုယ့်လူမျိုး ပြည်ပမှာဒုက်္ခရောက်နေ တာတွေ အများကြီးရှိသေးတယ်။ တချို့ဆို ရင် လမ်းပေါ်အိပ်ရတဲ့သူတွေတောင် ရှိနေသေးတယ် အဲဒီ လိုလူတွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဒီကို ပြန်ခေါ်လာ ပေးသင့်တယ် ဟု MAI လေကြောင်းလိုင်းမှ ပြန်လည် ခေါ်ဆို လာသည့် မလေး အကျဉ်းထောင် မှ လွတ်မြောက်လာသူ ဦးကိုကိုကပြောသည်။ ယခုအခါ ပြည်ပ နိုင်ငံများတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာလူမျိုး ခြောက်သန်းကျော် ရှိပြီး၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် အများဆုံး လုပ်ကိုင်လျက် ရှိကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနမှ သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal

အပြည့်အစုံသို့ »