တောင်းပန်မှကျေအေးမယ် . . . ရွှေသီး



ရွှေသီးရေ . . .ငါတော့ ဒီတစ်ပတ် ပုဒ်မ ၄၃၆ပြင်ဆင်ရေး အတွက် လက်မှတ်သွားထိုးဖြစ်တယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီပုဒ်မပြင်ဆင်ရေး လုံးဝလက်မှတ်ထိုး ဆန္ဒပြုသင့်တယ်လို့ယုံကြည်လို့ပဲ။ ငါက အဲဒီလိုပြောတော့ ဦးလေးက အင်န်အယ်လ်ဒီကလားလို့တော့မမေးနဲ့။ နိုးပဲဟေ့ကောင်ရေ။ အခြေခံဥပဒေပြင်မယ်ဆိုရင် အင်န်အယ်လ်ဒီက လုပ်မှမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးက ပြင်ချင်ရင် လက်မှတ်ထိုးပါဆိုလည်း ငါကတော့ အပြေးလေးသွားထိုးလိုက်မှာပဲ။ အဲ ဒါပေမဲ့ ကန့်ကွက်မဲကိုထောက်ခံမဲတော့မဖြစ်စေနဲ့ပေါ့နော်။ ဟဲဟဲ . . . သူတို့က ဒါမျိုးကျွမ်းတယ်ပြောလို့။

ပြောရဦးမယ်။ ပုဒ်မ ၄၃၆ ပြင်ချင်လို့ လက်မှတ်သွားထိုးတာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဆို သွားကိုမထိုးဘူး။ အဘ ကြောင့်ငါကသွားထိုးတာကွ။ အဘ လို့ခေါ်ရတာက တပ်ထဲက သူငယ်ချင်းတစ်ယောက်က ငါ့ကို သင်ပေးထားတယ်။ တပ်ထဲကလူ တွေရော၊ တပ်ထွက်တွေရော အဘလေးတို့၊ အဘတို့ခေါ်ရင် လွှတ်ကြိုက်ဆိုပဲ။ အသက်အရွယ်ကိုကြည့်မနေနဲ့။ အဘသာလုပ်လိုက် အိုကေတယ်တဲ့။

ဒီလိုကွာ အင်န်အယ်လ်ဒီ ရွေးကောက်ပွဲဝင်တော့ အခြေခံ ဥပဒေကိုပြင်မယ်ဆိုပြီး အတိ အလင်းကြေညာဝင်လာတာ။ ပြည်သူတွေကလည်းယုံတာပေါ့။ ဒါကြောင့်လည်း ၂၀၁၂ ကြား ဖြတ်မှာ မဲဝိုင်းပေးကြတာသူများ တွေတောင် မျက်စိဆံပင်မွေးစူး တယ်။ ဟော . . .လွှတ်တော်ထဲလည်းရောက်ရော အာဏာရပါတီကြီးက ဖွဲ့စည်းပုံပြင်ဖို့အရင်တင်တာ။ အင်န်အယ်လ်ဒီတွေ လေးလံနှေးကွေးပုံများပြောပါတယ်။ ဟိုမှာသူတို့ဆွဲထားတာ မှားမှန်းသိလို့ သူတို့အရင်ပြင်မယ်ဆိုပြီး အားကြိုးမာန်တက်လုပ်ပြီးချိန်ကျမှ ဖွဲ့စည်းပုံပြင်ဖို့ဆိုပြီး ၈၈ နဲ့ပေါင်း နိုင်ငံအနှံ့ဟောပြောပွဲတွေလုပ်တော့အုတ်အော် သောင်းတင်းတွေ ဖြစ်ကုန်ရောပေါ့။ နှလုံးစက်ထည့်ထားရတဲ့ သမ္မတကြီးကိုမှအားမနာ။ သူ့ခမျာ ဆူဆူပူပူဖြစ်မှာစိုးလို့ ကြိုပြောရှာတယ်။ဒီလိုတွေ ရုတ်ရုတ်သဲသဲဖြစ်လာတော့ တို့အဘက ဟိုနေ့က အင် တာဗျူးတစ်ခုမှာ ကြိတ်မနိုင်ခဲမရထပြောရတော့တာပေါ့။

အင်န်အယ်လ်ဒီက မရောင် ရာဆီလူးတာတဲ့။ အင်န်အယ်လ် ဒီက လူထုကိုစည်းရုံးပေမယ့် လူ ထုက စိတ်မဝင်စားဘူးတဲ့။ ကိုယ့် အလုပ်နဲ့ကိုယ်တဲ့။ ဟုတ်လိုက် လေရွှေသီးရာ။ အားအားယား ယား လယ်ကွင်းတွေ၊ ဘောလုံး ကွင်းတွေထဲသွားပြီး လူတစ်သိန်း၊ နှစ်သိန်း ဘာလုပ်မှာလဲကွာ။ တို့ အဘတို့သာ စိတ်ဝင်စားတာ။ သြော်. . .  တိုင်းပြည်အတွက် မတော်မတဲ့တာတွေ မြင်ရင်ပြော ဖို့ပေါ့။

အဘကဆက်ပြောတယ်။ ဒေါ်စုက တပ်မတော်ကိုဝေဖန်နေ တာ သူပေါ်ပြူလာဖြစ်အောင်လုပ် တာတဲ့။ ဒါလည်းအဘမှန်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နာမည်မှာ အောင်ဆန်းသာမပါ ရင် လူမသိ၊ သူမသိ။ ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌကြီးပြောဖူးသလို ဗိုလ်ချုပ် သမီးဆိုလို့ မမြင်ဖူးလို့သွားကြည့် ကြတာ။ ကိုယ်တိုင်က ဘာအရည် အချင်းမှရှိတာမဟုတ်ဘူး။ ဗိုက် မှာလည်းသေနတ်ဒဏ်ရာမရှိ။ အဘလည်းအခေါ်မခံဖူး။ သရေ စည်သူတို့၊ အဂ္ဂသီရိတို့လည်းမရ ဖူးဘဲနဲ့ လူတွင်ကျယ်လုပ်ချင် တယ်။ ဒါမျိုးကျ အဘဆီမှာသင် ရမှာ။ အဘတို့များ တစ်လုံးဆို တစ်လုံးပဲ။ ဘူးလက်ဆိုတာနဲ့ တင် တစ်နိုင်ငံလုံးဟိုးဟိုးကျော်။ ထောက်လှမ်းရေးကြောင့် တပ် မတော်နာမည်ပျက်တာတို့၊ အင်န်အယ်လ်ဒီမှာ ဒေါ်စုကလွဲရင် တစ်ယောက်မှသုံးမရဘူး ဆိုတာမျိုးတွေနဲ့ လွှတ်တော်မင်းသားကြီးဖြစ်လာတာ ဒေါ်စုတို့များညံ့ပါ့ရွှေသီးရာ။

နောက်. . . ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ဖို့ ကျွန်တော်မမြင်ဘူးတဲ့။ အင်း . . . အနာဂတ်ကိုကြိုမြင်တဲ့ အနာဂတံသဉာဏ်ဆိုတာ တော်ရုံလူရတာမှတ်လို့။ ‘‘သမ္မတဖြစ်ဖို့ တစ်ချိန်မှာနိုင်ငံခြားသား ကိုမယူတာကောင်းမယ်ဆိုပြီး တော့’’ဆိုပဲ။ ဒေါ်စုတို့များအနာ ဂတ်ကိုမတွေးတတ်၊ မခေါ်တတ်နဲ့ ကဲခုမှဒုက္ခလှလှတွေ့ပြီမဟုတ် လား။ ပုဒ်မ ၅၉(စ)ဆိုတာပြင်ဖို့လွယ်တာမှတ်လို့။ အမျိုးဘာသာ သာသနာနဲ့ရအောင် မနည်းချိတ် ထားရတာ။

နောက်တစ်ခုက ‘‘မိုးသီးဇွန် ပြောသလိုပေါ့တဲ့။ အရေးအခင်း ကာလက ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ကြိုးမဲ့လေတံခွန်၊ ကြိုးပြတ်ပြီးရောက်လာတဲ့အနေ အထားမှာ ဒိုင်းဆိုသမ္မတဖြစ်ချင် တယ်ဆိုရင်’’တဲ့ (အင်း ဒါတော့ အဘကိုတိုးတိုးပြောရမယ်။ အဘ ကလည်း ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)ကြိုးမဲ့လေတံခွန်ဆို ပြီး မိုးသီးဇွန်ပြောခဲ့တာမဟုတ် ဘူး။ မိုးသီးဇွန်(သို့မဟုတ်) ကြိုးမဲ့ လေတံခွန်ဆိုပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူးမိုးဟိန်းနဲ့ တွဲဖက် အတွင်းရေးမှူးရဲနိုင်အောင်တို့ စာတမ်းထုတ်တာ။ အဘမသိဘဲ စွတ်ပြောနေ။ တော်ကြာ သူရိယ နေဝန်းကနေ ဆော်နေဦးမယ်၊ရှူး)

အဘကပြောသေးတယ်။ လူထုက ၈၈ လိုမအတော့ဘူး။ မြှောက်ပေးရင်လည်းမလုပ်တော့ ဘူးတဲ့။ ဟုတ်ပါ့အဘရာ၊ တပ်မ တော်က မအအောင်သမိုင်းကို ညက်နေအောင်ကိုသင်ပေးလိုက်တာ။ နောက်တစ်ခါစစ်တပ်က အာဏာသိမ်းရင် ဧရာဝတီဆိုတာ တကယ့်ကိုရာဇဝင်ထဲကသတို့သမီးဖြစ်ပြီး သစ်တောဆိုသည်မှာ အမေဇုန်တောကြီးအတွင်း ပေါက်ရောက်သောအရာဖြစ်သည်လို့ ကလေးတွေသမိုင်းကိုကျက်ရ လိမ့်မယ်ဆိုတာ လူထုကသိသွား ပြီမဟုတ်လား။

တို့အဘကို တစ်ခုတော့ သတိပေးရဦးမယ် ရွှေသီးရေ။ အဘတို့ပါတီက သူရဦးအောင်ကို ဆိုတာ သိပ်ယုံရတာမဟုတ်ဘူး။ ဟိုနေ့ကပဲ သူကပြောသတဲ့။ ဖွဲ့ စည်းပုံပြင်ဖို့ တိုင်းရင်းသားတွေ နိုင်ငံရေးပါတီတွေသာမက နိုင်ငံ တကာကပါ တောင်းဆိုနေတာမို့ အုပ်ချုပ်ရေးမဏ္ဍိုင်က မျက်ကွယ် ပြုရင် နိုင်ငံရေးအကျပ်အတည်း ဆီ ဦးတည်သွားမယ်ဆိုပဲ။ အဘ နဲ့များကွာပါ့။ အဘကတော့ အကျပ်အတည်းတစ်ခုမဟုတ်ဘူး တဲ့။ ဘာတဲ့ဘိုလိုပေါ်လတီကယ် ခရစ်ဇစ်မဟုတ်ဘူးလို့တောင် ပြောလိုက်သေးတယ်။ အဲဒီသူရ ဦးအောင်ကိုကပြောသေးတယ်။ ပါတီအဖွဲ့အစည်းတိုင်းမှာ စုန်း ပြူးဆိုတဲ့ကိုယ်ကျိုးစီးပွားဦးစား ပေးသူတွေရှိနေမှာပဲ။ ဒီလိုရှိနေ လို့လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူ့ဆန္ဒကို ခေါင်းမာမာနဲ့ ဆန့်ကျင်နေတာတဲ့။ လာလာချည်သေး ပြည်သူ့ဆန္ဒဆိုတာ သွေးဆေးနာမည်ဟာကို။ ဒီလူကတော့ ပါတီထဲက အများမိုးခါးရေ သောက် နေတာမသောက်ဘဲ ဒေါ်အောင်ဆန်းစုကြည်လေသံ လိုက်နေပြီ။ အဘတို့ကြည့်ကျက် ပြောကြဦးလို့ပေါ့။

တကယ်တော့ ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကြီးကမှ  အဘတို့ ရဲ့ တကယ့်မိတ်ဆွေစစ် မိတ်ဆွေမှန်ကွ။ ပါတီကလူတွေစကားပြောရင် ဟိုလူပြောရယ်စရာဖြစ် ဒီလူပြောရယ်စရာဖြစ်နေ လို့ နယ်ကျော်မစည်းရုံးနဲ့လို့ တား မြစ်တာကိုများ ဒေါ်စုကြောင့်လေး ဘာလေးနဲ့။ ခုလည်းကြည့်လေ။ တပ်မတော်သားကိုယ်စားလှယ် တွေ အာဏာမက်မောလို့၊ အထူး အခွင့်အရေးမက်မောလို့၊ နေရာ မက်မောလို့လုပ်နေတာမဟုတ် ဘူးဆိုတာကို သက်သေထူလိုက် ပါလို့ ကျွန်မကတိုက်တွန်းချင်ပါ တယ်။ တိုက်တွန်းတယ်ဆိုတဲ့ စကားဟာ တစ်နည်းအားဖြင့်ပြော ရင် စိန်ခေါ်မှုလို့လည်းပြောလို့ရ ပါတယ်။ ကျွန်မစိန်ခေါ်ပါတယ်’’ တဲ့။ ဒါပြောစရာလား။ စိန်ခေါ် စရာလား။ သက်သေထူစရာလား ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖောင်းသွားပြီ။ ပြန်တောင်းပန် ခိုင်းအဘ။ ပြန်တောင်းပန်မှကျေ အေးလိုက်။ ဘယ့်နှယ်ဇလွန်မှာ အောက်ခြေပါတီကလူတွေ သူ့ဘာသာသူ အမျိုးဘာသာသာ သနာစကားလေးလုပ်တဲ့ဟာကို ဘာသာရေးကို နိုင်ငံရေးမှာအလွဲသုံးစားပြုတာကို ရွေးကောက်ပွဲကော်မရှင်က မသိချင်ယောင်ဆောင်နေတယ် ဘာညာနဲ့ပြောကြတယ်။ ကျောင်းမှန်ကန်မှန်သိအောင်ပြန်တောင်းပန်ခိုင်းလိုက်။

‘‘တပ်မတော်သားကိုယ်စား လှယ်တွေ အာဏာမက်မောလို့၊ အထူးအခွင့်အရေးမက်မောလို့၊ နေရာမက်မောလို့လုပ်နေတာ မဟုတ်ဘူး’’ ဆိုသည်ကို သက်သေထူခိုင်းမိခြင်းအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ကိုကျော်လွန်မိသည်ဟုဆိုပါ၍ နောင်အခါ ဟုတ်တယ်ဆိုတာကိုသာ သက်သေထူခိုင်းပါမည် ဆိုပြီး တရားဝင်စာနဲ့ပေနဲ့ တောင်းပန်ခိုင်းလိုက်။ ဒါမှ ဒီအမျိုးသမီးမှတ်မှာ။ နောက်တစ်ခါအဘဦးလှဆွေ ပြောသလို ပေါ် ပြူလာဖြစ်အောင် မပုတ်ခတ်ရဲတော့မှာကွ။

7DayDaily

အပြည့်အစုံသို့ »

အနာရွတ် မဖြစ်အောင် ကာကွယ်နည်းများ



အနာရွတ် တွေက ကြည့်ရ ဆိုးပါတယ်။

အထူးသဖြင့် ဘောင်းဘီ တိုတို ဝတ်တဲ့ ဆယ်ကျော်သက် လေးတွေ သတိထားပါ။ အနာရွတ် အသေးဆုံး ဖြစ်အောင် သို့မဟုတ် အနာရွတ် ပျောက်အောင် အောက်ပါအတိုင်း လိုက်နာပါ-

၁။ အနာကို သန့်ရှင်းပါစေ

ကုတ်ခြစ်ဒဏ်ရာ အနာဖြစ်ဖြစ် ချင်းရေ အေးအေးကို သုံးပြီး အနာ တစ်ဝိုက် ဆေးကြော သန့်စင်ပါ။

၂။ ပတ်တီး ပါးပါးလေး စီးပေးပါ။

အနာကို လေဝင်လေထွက် ကောင်းစေရန်နှင့် အစိုဓာတ် ရှိအောင် ပတ်တီး ပါးပါးပါးသာ အုပ်ပေးပါ။ ကသိကအောက် ဖြစ်စေ တတ်တဲ့၊ ဒုက္ခပေးမယ့် အရာများ မထည့်ရ။ မကပ်ရ။

၃။ အနာဖေးကို မခွာပစ်ပါနှင့်။

အနာကျက် ခါနီးလျှင် အနာဖေး တက်လာ ပါလိမ့်မယ်။ ၄င်းကို လက်ယားပြီး မခွာချ လိုက်ပါနှင့်။ အနာဖေး ဆိုတာ အနာကျက်ရန် ခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မှု တစ်ခု သာဖြစ်တယ်။ အကယ်၍ အနာ မကျက်မီ သွားခွာချ လိုက်ပါက သွေးစိမ့်တဲ့ နေရာမှ ပိုးဝင်ရောက် နိုင်ပါတယ်။ အနာရွတ်လည်း ပိုကြီးထွား စေနိုင်ပါ တယ်။

မြ၀တီ

အပြည့်အစုံသို့ »

1876 Call Center မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မည်


တယ်လီဖုန်းကနေ ၀န်ဆောင်မှုပေးနေတဲ့ 1876 Call Center ဟာ မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အကြားအာရုံ ချို့ယွင်းသူ၊ အမြင်အာရုံ ချို့ယွင်းသူနဲ့ ကိုယ်အင်္ဂါ ချို့ယွင်းသူတွေဟာ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ဆီမှာ အလုပ်သွားရောက် လျှောက်ထားနိုင်ပြီး အလုပ်ခန့်အပ်မယ့်သူတွေကို မသန်စွမ်းအဖွဲ့နဲ့ ကောလ်စင်တာ ပူးပေါင်း ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

အခြေခံလစာ ကျပ် ၇ သောင်း ပေးမှာ ဖြစ်ပြီး အလုပ်ခန့်အပ်ရေး ဆိုင်ရာ သဘောတူ စာချုပ်တခုကို မသန်စွမ်းအသင်းနဲ့ ကောလ်စင်တာတို့ ဇူလိုင်လဆန်းပိုင်းမှာ စာချုပ်ချုပ်သွားမယ်လို့ 1876 Call Center ဖြေကြားသူက ပြောပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် မရောင်းရန် သတိပေး


နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက် ရောင်းချနေကြတာတွေဟာ ဥပဒေကို ဖောက်ဖျက်နေကြတာ ဖြစ်လို့ ရောင်းချမှု အားလုံးရပ်တန့်ကြပါ ဆိုတဲ့ သတိပေး နှိုးဆော်မှုတခု ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါတယ်။

ဖော်ပြချက်ထဲမှာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက်တွေ မြန်မာနိုင်ငံထဲ နည်းအမျိုးမျိုးနဲ့ ၀င်ရောက်နေကြောင်း၊ အဲဒီအတွက် ပြည်တွင်းမှာ တရားဝင် အခွန်ဆောင်ပြီး ထုတ်လုပ်နေတဲ့ အရက်၊ ဘီယာနဲ့ စီးကရက်လုပ်ငန်းရှင်တွေ နစ်နာနေတဲ့ အကြောင်း ဖော်ပြထားပါတယ်။

အစိုးရဟာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားဆဲ ဖြစ်ပြီး လေဆိပ် အခွန်လွတ်ဆိုင်နဲ့ နိုင်ငံခြားသားတွေ တည်းခိုတဲ့ဟိုတယ်တွေမှာပဲ ရောင်းဖို့ တင်သွင်းခွင့်ပေးထားပါတယ်။

လောလောဆယ် ရန်ကုန်နဲ့ မြန်မာနိုင်ငံ အနှံ့အပြား ကုန်တိုက်၊ စတိုးဆိုင်၊ လစ်ကွာဟောက်စ်နဲ့ စတိုးဆိုင်တွေမှာ ရောင်းချနေတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် အားလုံးဟာ တရားမ၀င် မှောင်ခိုတင်သွင်းလာတာတွေချည်း ဖြစ်ပါတယ်။


DVB Burmese

အပြည့်အစုံသို့ »

Ooredoo မှ ဆင်းမ်ကတ်များ ချထားပေးရန် ယခင်ကတိပေးထားခဲ့သည့် ကာလအတွင်း ရရှိနိုင်တော့မည်မဟုတ်



2.6.2014

Ooredoo Myanmar သည် အော်ပရေတာလိုင်စင် ရရှိစဉ်က ခြောက်လအတွင်း ပြည်သူလူထုကို မိုဘိုင်းဆင်းမ်ကတ် ရောင်းချပေးမည်ဟု ကတိပေးခဲ့သော်လည်း ယခုအခါ ပေးအပ်ထားသည့် ကတိအတိုင်း ခြောက်လအတွင်း မိုဘိုင်းဖုန်းလိုင်းများ ချထားပေးနိုင်တော့မည် မဟုတ်ဟု သိရသည်။



Ooredoo သည် မြန်မာအစိုးရထံမှာ ဆက်သွယ်ရေးအော်ပရေတာလိုင်စင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့၌ စတင်ရရှိခဲ့ခြင်းဖြစ်သည်။ လိုင်စင်စတင်ရရှိစဉ်က Ooredoo သည် အစိုးရ အဆင့်မြင့်အရာရှိကြီးများရှေ့၌ ပြည်သူလူထုကို ၆ လအတွင်း မိုဘိုင်းဆင်းမ်ကတ်များ ချထားပေးမည်ဟု ကတိပေးပြောကြားခဲ့သည်။



မတ်လ ၂၅ ရက်နေ့၌ Ooredoo သည် အထူးသတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့၏ ဆင်းမ်ကတ်များကို ၂၀၁၄ ခုနှစ်၏ တတိယလေးလပတ်အတွင်းမှ ချထားပေးနိုင်တော့မည်ဟု သတင်းထောက်များကို အသိပေးပြောကြားခဲ့သည်။ ထို့အပြင် ဈေးနှုန်းအနေဖြင့် ၁၅၀၀ ကျပ်အောက်ဖြစ်ရမည်ဟု ကတိပေးပြောကြားထားသည့် Ooredoo သည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဟု တရားဝင် ကြေညာခဲ့သည်။



လိုင်စင်ရရှိစဉ်က ခြောက်လအတွင်း မိုဘိုင်းဆင်းမ်ကတ်ချထားပေးမည်ဟု ကတိပေးခဲ့သည့် Ooredoo သည် ငါးနှစ်အတွင်း Voice နှင့် Data ကို မြန်မာနိုင်ငံ၏ ၈၀ ရာခိုင်နှုန်းကျော်သို့ ၎င်း၏ ကွန်ရက်လွှမ်းခြုံရမည်ဟုလည်း ကြွေးကြော်ခဲ့သည်။ ဒါ့အပြင် လုပ်ငန်းနယ်ပယ်၌ ငါးနှစ်အတွင်း မြန်မာလုပ်သား ၉၀ ရာခိုင်နှုန်းကျော်ကို ခန့်အပ်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။



Ooredoo အနေဖြင့် ၎င်းတို့ မိုဘိုင်းဆင်းမ်ကတ်များ ချထားပေးရန် တတိယလေးလပတ်အတွင်းဟု ပြင်ဆင်ပြောဆိုခဲ့သော်လည်း ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သည့် Telenor Myanmar သည် ပေးအပ်ထားသည့် ကတိအတိုင်း မိုဘိုင်းဆင်းမ်ကတ်များ ချထားပေးရန် ကွန်ရက်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်တိုက်လုပ်ကိုင်ဆောင်ရွက်နေသည်ဟု ယခုလ ၅ ရက်နေ့က မီဒီယာများနှင့် တွေ့စဉ်ပြောကြားခဲ့သည်။ Telenor သည် ၎င်း၏ ကတိအရ စက်တင်ဘာလအတွင်း မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချပေးရမည်ဖြစ်သည်။

Internet Journal


အပြည့်အစုံသို့ »

တောင်ကိုရီးယား ခရစ်ယာန် သာသနာပြု တစ်ဦးအား သူလျှိုမှုဖြင့် မြောက်ကိုရီးယားက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်ချမှတ်


   တောင်ကိုရီးယား နိုင်ငံသား ခရစ်ယာန်သာသနာပြု တစ်ဦးအား သူလျှို လုပ်မှုဖြင့်
 အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်ကျခံရန် ပြစ်ဒဏ် ချမှတ် ခဲ့ကြောင်း မြောက်
ကိုရီးယား နိုင်ငံပိုင် မီဒီယာက စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။

                တောင်ကိုရီးယားတွင် ကင်မ်ဂျွန် -၀ူးဟု ခေါ်ဆိုပြီး မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ကင်မ်ဂျွန်အက်ခ်ဟု ခေါ်ဆိုခဲ့သည့် ခရစ် ယာန် သာသနာပြုအား သေဒဏ် ချမှတ်ပေးရန် မြောက်ကိုရီးယား အမှုစစ် အရာရှိများက တရားရုံးသို့ တိုက်တွန်း ပြောဆိုခဲ့သည်။   သို့သော် ကင်မ်သည် မြောက်ကိုရီးယား နိုင်ငံပြိုကွဲအောင် လုပ်ဆောင်မှု၊ သူလျှိုလုပ်မှု၊ နိုင်ငံအစိုးရ ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများ လုပ်ဆောင်မှုနှင့် မြောက်ကိုရီးယား နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုများ ကျူးလွန်မိ ခဲ့ကြောင်း ၀န်ခံခဲ့သည့် အတွက် သေဒဏ်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သို့ ပြောင်းလဲ ကျခံခဲ့ရခြင်း ဖြစ်သည်။

                တောင်ကိုရီးယားနိုင်ငံသား ခရစ်ယာန် သာသနာပြုသည် မြောက်ကိုရီးယား နိုင်ငံတွင်း ဘာသာရေးနှင့် ဆန့်ကျင်သော ပြစ်မှုများကျူးလွန်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ၏ မဟာ ခေါင်းဆောင်ကြီးအား ပြည်ပတွင်နာမည် ဖျက်ရန် ကြိုးပမ်းခဲ့ကာ မြောက်ကိုရီးယား နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်ပြီး အစိုးရ ဆန့်ကျင်ရေး ၀ါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြောင်း KCNA က ပြောဆိုခဲ့သည်။

                 မြောက်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အသိအမှတ်ပြု ထားသော်လည်း လက်တွေ့ တွင်မူ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်မရှိဘဲ အစိုးရ နှင့် ပတ်သက်သော အဖွဲ့အစည်းများသည်သာ ဘာသာရေး အရ လှုပ်ရှားလုပ်ဆောင်မှု ရှိနေ သည်။

                   မြောက်ကိုရီးယား အစိုးရသည် နိုင်ငံခြားသား သာသနာပြု ပုဂ်္ဂိုလ်များအား နိုင်ငံတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်ရန် ရည်ရွယ်ရှိ သူများအဖြစ် သတ်မှတ်ထားသည်။ တောင်ကိုရီးယား၏ ကိုရီးယားနှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာန သည် ကင်မ်အား ချက် ချင်းပြန် လွှတ်ပေးရန် ဖေဖော်ဝါရီတွင် စောတစ်စောင်ပေးပို့ပြီး တောင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားက လွှတ်ပေးမည်မဟုတ်ကြောင်း တုံ့ပြန်ပြော ဆိုခဲ့သည်။                

   Source:AFP

The Messenger News Daily


အပြည့်အစုံသို့ »

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ ဇွန် ၃ ရက်တွင် မျက်နှာစုံညီဆွေးနွေးမည်


လူသေဆုံးခဲ့သည်အထိ နှစ်နိုင်ငံ နယ်စပ်အကြား
 ပစ်ခတ် မှုများဖြစ်ပွားခဲ့ပြီးနောက် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်များ မျက်နှာ
စုံညီ ဆွေးနွေးပွဲ တစ်ခုကို ဇွန်လ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နှစ် ဖက်လုံခြုံရေး
အရာရှိများက ပြော ကြားသည်။


နှစ်နိုင်ငံ နယ်ခြားစောင့် တပ်များအကြား ဆွေးနွေးရန်အ တွက် ဘင်္ဂလားဒေ့ရှ်ဘက်မှကမ်း လှမ်းမှုကို ရရှိထားကြောင်း အ မှတ်(၄)ရဲတပ်ရင်းများ ကွပ်ကဲ ရေးအဖွဲ့မှ ရဲမှူးကြီးထွန်းဦးက ပြောသည်။

နှစ်နိုင်ငံ နယ်ခြားစောင့် တပ်များ၏ တပ်မှူးများအကြား တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ၏ ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအခြေ စိုက်အွန်လိုင်းသတင်းစာဖြစ် သည့် bdnews24.com က ဇွန် လ ၁ ရက်တွင် ရေးသားသည်။

နှစ်ဖက်အကြား ဆွေးနွေး မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ ဘဇား(သို့မဟုတ်) နတ်ကျောက် စာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ရဲမှူးကြီးထွန်းဦးက ပြောသည်။



ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်း တို့နယ်ခြားစောင့်တပ်ဖွဲ့အရာရှိ ဟု ပြောကြားထားသည့် တပ် ကြပ်မိုဟာမက်မီဇာနူးရာမန် သေ ဆုံးခဲ့သည့် မေလ ၂၈ ရက် တိုက် ပွဲအပြီး ခြောက်ရက်ကြာ ကျင်းပ မည့် ယင်းအစည်းအဝေးတွင် နှစ် နိုင်ငံ နယ်စပ်တိုက်ပွဲများအရေး၊ RSO ကိစ္စစသည်တို့ အဓိကလွှမ်း မိုးဖွယ်ရှိကြောင်း မြန်မာနယ်ခြား စောင့်တပ် အရာရှိများက ပြော ကြားသည်။

ကျဆုံးသွားသည့် တပ်ကြပ် မိုဟာမက် မီဇာနူးရာမန် ဆိုသူ အား မြန်မာဘက်က ဖမ်းဆီးသွား ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်က စွပ်စွဲထားချက်ကို မြန်မာ အစိုးရက မေလ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင်  ငြင်းဆိုထားသည်။

ဘင်္ဂလားဒေ့ရှ် ဘက်က နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိဟု ရည်ညွှန်းသောသူ သည် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့၏ ယူနီဖောင်းဝတ် ဆင်ထားသူများ မဟုတ်ဘဲ မြန်မာပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့ သည့် မသင်္ကာဖွယ် ပိုင်နက်ကျူး ကျော်လာသူသာဖြစ်ကြောင်း တုံ့ ပြန်သည်။

7 Day news Daily

အပြည့်အစုံသို့ »