ကိုယ့်ရေးကိုယ်တာ ကိစ္စမို့ပါ - ဟာသ



အမတ်တစ်ယောက်ဟာ အားလပ်ရက်အပန်းဖြေအဖြစ် သူ့ဇနီးနဲ့အတူ ကမ်းခြေဟိုတယ်မှာ
အနားယူနေပါတယ်။ ညနေခင်းရောက်တော့ ဟိုတယ်ရဲ့ ၁၁ ထပ် သူ့အခန်းကနေ
ဧည့်ကြိုကောင်တာဆီကို အလျင်စလိုဖုန်းခေါ် နေပါတယ်။
”ဒီမှာ ကျုပ်မိန်းမနဲ့ ကျုပ်စကားများနေလို့ ဒီလို မြန်မြန်လာပေးပါ။
ဟိုတယ်ပြတင်းပေါက်ကနေ ခုန်ဆင်းချမယ် လို့လည်း ပြောနေတယ်”
ဟိုတယ်မန်နေဂျာက ပြောပါတယ်။
”ကျွန်တော့်အနေနဲ့ လူကြီးမင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမှာ
မပါချင်ဘူးခင်ဗျာ။ ဟိုတယ်နဲ့ ဟိုတယ် ဝန်ထမ်းတွေဟာ ဒီလိုကိစ္စမျိုးမှာ
ဝင်ရောက်စွက်ဖက်ဖို့ ဝတ္တရားမရှိပါဘူး”
အဲဒီအခါ စိတ်ဆိုးတကြီးနဲ့ အမတ်မင်းက ထပ်ပြောလိုက်ပါတယ်။
”သောက်ကျိုးနဲ၊ ဒါ ကိုယ်ရေးကိုယ်တာ ကိစ္စ။ ဟုတ်လား။ ဒီမှာ
သောက်ရေးမပါတဲ့ ပြတင်းပေါက်က မပွင့်ဘူးကွ။ အဲဒါ ဟိုတယ်က
မြန်မြန်လာလုပ်ပေးရမယ့် ကိစ္စမဟုတ်ဘူးလားကွ ဟေ ”

ရဲစတိုင်း

The Myanma Age

အပြည့်အစုံသို့ »

Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ


ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။ ပျို့-အန်နယိ၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏ ဆီးသွားမယ်၊ မောပမ်းမယ်၊ သွေးအနည်းငယ် ဆင်းနိုင်တယ်၊ အားအင်ပြည့်ပြီး အလေးချိန် တိုးလာမယ်။ အနေအထိုင် ခက်ခဲလာမယ်။ အရေပြား ပြောင်းလဲမှုတွေရှိမယ်၊ သွင်ပြင်လက္ခဏာများ နဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာမယ်။

မိခင်လောင်းမှာ အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြား အန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။ ကလေးကိုလဲ မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓါတ်-ဆားဓါတ် ခန်းခြောက်တာ ဖြစ်နိုင်တယ်။ ကိုယ်အလေးချိန် ကျမယ်။ Alkalosis (အယ်လ်ကာလီ) ဓါတ်များတာ နဲ့ Hypokalemia (ပိုဆက်ဆီယမ်) နည်းတာတွေ ဖြစ်မယ်။ ဆေးကုဘို့လိုပြီ။

ဘာလို့ဖြစ်သလဲ-
အနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။ (အီစထိုဂျင်) ဟော်မုန်း များလာလို့ထင်ကြတယ်။ အရင်ကထက် အဆ ၁ဝဝ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအခြာ ဒါကြောင့်လို့ မပြောနိုင်ပါ။ သကြားဓါတ်နည်းလို့လဲ ထင်တယ်။ ကလေးဆီ အချင်းကတဆင့်ပို့ပေးရလို့ နည်းတာ။ (ပရိုဂျက်စတီရုန်း) များလာလို့ သားအိမ်ကြွက်သားတွေ လျှော့လာစေသလို အစာအိမ် ကြွက်သားကိုလဲ အဲလိုလျှော့စေမလား ထင်ရတယ်။ HCG ဟော်မုန်း များတာလဲ စဉ်းစားတယ်။ အသဲ (အင်ဇိုင်းမ်) များလာကြောင့်လားလဲ စဉ်းစားတယ်။ ကာကွယ်စနစ်အနေနဲ့လဲ စဉ်းစားတယ်။ အထဲကကလေးကို မအေစားတဲ့ထဲပါတဲ့ အဆိပ်အတောက်တွေရန်ကနေ အကာကွယ်ပေးတာလား စဉ်းစားလာတယ်။ ပျို့တာ-အန်တာမဖြစ်တဲ့ ကိုယ်ဝန်က ပိုပျက်ကျတတ်တယ်လို့ ထင်တယ်။ မိခင်ကိုလဲ တနည်းတလမ်းနဲ့ ကာကွယ်တာလဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရင် ခုခံစနစ်အား နည်းလာတယ်။ မသင့်တာကို အန်ပြစ်တဲ့သဘော ဖြစ်မလား ယူဆတယ်။

ဘယ်လိုကုသမလဲ
ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလဲ မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
• အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
• အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလဲ စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလဲ အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
• စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
• သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
• သံပရာ၊ ရှောက်သီး၊ လိမ်မော်သီးတွေက အကျိုးများစေတယ်။ Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။
• အန်ရင် ရေခဲငုံပါ။
• တခါစားရင် နဲနဲချင်းစားပါ။ တမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။ မနက် မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊
အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊ • ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။
• Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလဲသုံးနိုင်တယ်။
• Salty potato chips အာလူးချစ်ပ် စားနိုင်တယ်။ Preggie Pops lollipops ငုံထားပါ။
• သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills သံဓါတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။
• (ဗီတာမင် ဘီ ၆) 50 mg သောက်ပါ။
• ဆားဓါတ် ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလဲ အန်ရင် Ringer Lactate drip သွင်းပါ။

ကိုယ်ဝန်ရင့်လာရင် ဖြစ်တတ်တာတွေအတွက် -
• ခါးနာရင် အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ၊ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲရင် ခါးမတ်မတ် ထိုင်ပါ။ အိပ်ရင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ရင် ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာရင် (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားရင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ရင် မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ရင် တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• သွေးပြန်ကြောထုံးရင် ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ရင် ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမယ်၊ နာမယ်၊ တင်းမယ်။ ထိပ်ဖျား အရောင် ရင့်လာမယ်။ ထိပ်ဖျားဝင်နေရင် ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမယ်။ ရင်သားတွင် အလုံး-အကျိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅% မှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။
• ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။
• ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။
• Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။
• Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။
• ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။
• တရုပ်အပ်စိုက်နည်းမှာ Acupuncture point P6 နေရာမယ် စိုက်ပေးရတယ်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း
• ကိုယ်ဝန် ၁% မှာ ဖြစ်တယ်။ တချို့နေရာမှာ ၂ဝဝ မှာ ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။
• ကိုယ်ဝန်ဖျက်ပေးရတဲ့ အထိဆိုးသူရှိတယ်။
• ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိပပမသိပါ။
• ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% လောက်ဘဲ ဆက်ရှိနေတတ်တယ်။
• အန်တာ ကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲလာနိုင်တယ်။
• အနားယူခိုင်းပါ။ အစာကို နည်းနည်းနဲ့ အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကြွေးသင့်ပြီး အဆီနဲ့အစပ် လျော့သင့်သည်။
• Normal saline or Lactated Ringer solution သွင်းပေးဘို့ လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမယ်။ Zofran (Ondansetron) ဆေးကို အမေရိကားမှာ အများဆုံးသုံးတယ်။ မရသေးရင် Methylprednisolone IV ဆေးပေးမယ်။ ကိုယ်ဝန် ၁ဝ ပတ် ထက်စောရင်တော့ မပေးဘူး။ အင်္ဂလန်မှာ Promethazine နဲ့ Metoclopramide, Prochlorperazine တွေသုံးတယ်။

ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေး၊ သတိနဲ့ပေးရမဲ့ဆေးတွေကတော့ –
Vitamin A (များရင်)၊ Aspirin, Ibuprofen အကိုက်အခဲပျောက်ဆေးတွေ၊ Azithromycin, Erythromycin, Clarithromycin, Furazolidone ပိုးသေဆေးတွေ၊ Prednisolone ပရက်နီဆိုလုံးဆေးတွေက လူသိများတယ်။ Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica, Cinchona, Cotton root bark, Feverfew, Ginseng, Golden seal, Juniper, Kava kava, Licorice, Meadow saffron, Pennyroyal, Poke root, Rue, Sage, Senna, Tansy, White peony, Wormwood, Yarrow, Yellow dock တိုင်းရင်းဆေး အမျိုးအစားတွေ ဖြစ်တယ်။ ဆရာဝန်သုံး Isotretinoin, Etretinate, Phenytoin, Carbamezapine, Ergotamine, Methysergide, Zithromax, Zmax, Zathrin ဆေးတွေလဲပါတယ်။

Credit : Dr. တင့်ဆွေ



အပြည့်အစုံသို့ »

ယူသင့်သောမိန်းမ (၁၀) မျိုး


၁. အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့သန့်ရှင်းသော မိန်းမ
၂. မိဘအား ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီး ကိုယ့်ထက်အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အငယ်များအား အရာရာနားလည်ထိန်းကျောင်းပေးတတ်သော မိန်းမ

၃. ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မ၀င်စားတတ်.. ကိုယ်နဲ့တွေ့မှ
အိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်သော မိန်းမ

၎. အရာရာကို လွယ်လွယ်မယုံ ဥာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမ
ထိုအသိဥာဏ်အတွေ့အကြုံ လောကအမြင်များကိုလဲ သားသမီးများအား
သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ

၅. ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..ယောကျာ်းဖြစ်သူရဲ့
အလုပ်အကိုင် အဆင့်အတန်း ရာထူးဂုဏ်ရှိန်ဝါနဲ့ အညီ လိုက်လျောညီစွာ
နေထိုင် ပြုမူတတ်ပြီး .. ဘယ်ဘ၀ရောက်ရောက် ပေါင်းသင်းမည့် မိန်းမ

၆. မာန်မာန မတက်.. ကြွားဝါးလိုခြင်း အလျဉ်းမရှိ.. ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ

၇. အချက်အပြုတ် အိမ်သန့်ရှင်းရေး .. မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု
သားသမီးများအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု .. စသဖြင့် အခြေခံ မယားဝတ်တရားများအား
ကျေပွန်စွာ ထမ်းဆောင်နိုင်သော မိန်းမ

၈. ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ

၉. အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် .. အိမ်အလည်အပတ်များခြင်း
အင်တာနက်တွင် အလေလိုက်ခြင်း .. အချစ်ဝထုတွေ ဖတ်ခြင်း ..ရုပ်ရှင်ကားတွေ
ထိုင်ကြည့်ခြင်း… စသည်တို့တွင် လိုတာထက်ပိုရု စိတ်ပါဝင်စားမှု မရှိသော မိန်းမ

၁၀. ကိုယ်တစ်ဦးတည်းသာ အရမ်းချစ်သော မိန်းမ

Credit: ဆရာကြယ်

အပြည့်အစုံသို့ »

သေးပန်းလိုက်ရာကနေ ဓာတ်လိုက်သွားတဲ့ ခွေးလေး


သခင်နဲ့ အတူ ညနေလေညှင်းခံရင်း လမ်းလျှောက်ထွက်လာတဲ့ စကမ်ပီအလှခွေးလေး တစ်ကောင်ရဲ့ ကံမကောင်းချက်ကတော့ သြချလောက်ပါတယ်။ အသက် ၂ နှစ်အရွယ် သာရှိတဲ့ အဖြူရောင်အမွှေးစုတ်ဖွား စကမ်မီအထီးလေးက အသက် ၆၈ နှစ်အရွယ်ရှိ သခင်ဖြစ်သူ အားနက် ၀ီးရက်နဲ့အတူ ၀စ်ရှိုင်းယားမြို့တော် စွင်ဒေါင်းလမ်းတလျှောက် လမ်းလျှောက်လာစဉ်မှာ စကမ်ပီလေးက ယခင်သူလုပ်နေကျအတိုင်း မြက်ခင်းပြင် လမ်းတလျှောက် ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ လမ်းမီးတိုင်မှာ မစင်စွန့် (သေးပန်း) လိုက်လေရဲ့။

စကမ်ပီလေး တစ်ကိုယ်လုံး (ဘရိတ်ဒန့်) ကသလို တုန်ခါပြီးတော့ သုံးမီတာအကွာ မြက်ခင်းပြင် ကိုလွင့်ထွက်သွားပါလေတော့တယ်။ အို သူဘာဖြစ်သွားတာပါလဲ။ သူ့ကိုယ်လည်း ဘာဖြစ်သွားမှန်းလည်း မသိတော့ပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ အကြော ဆဲလ်တွေ အားလုံးပြတ်တောက်သွားပြီလား တောင်မှတ်ရပါတယ်။ တစ်ကိုယ်လုံး လည်း တုန်ခါနေတာလည်း မရပ်တော့ပါဘူး။ သေချာပါပြီ စကမ်ပီလေး ဓာတ်လိုက် သွားတာပါ။
သခင်ဖြစ်တဲ့ ၀ီးရက်က သူ့ရဲ့ ခွေးလေးကို သတိထားပြီးကြည့်လိုက်တော့ စကမ်ပီရဲ့ တစ်ကိုယ်လုံးတုန်သွားတာကို ပဲမြင်ပါတယ်။ သူ့ရဲ့ ခွေးလေး ဓာတ်တိုင်မှာ သေးပန်း လိုက်တာက ဘာဖြစ်လို့ ဒီလောက်တောင်ဖြစ်သွားရတာလဲလို့ သူလည်း စဉ်းစားပါ တယ်။ ခွေးကို ကြည့်လိုက်တော့လည်း တော်တော်လည်း ကြောက်ရွံ့တုန်လှုပ်နေတဲ့ ပုံပေါက်သွားပါတယ်။ အတော်လေးလည်း အဖြေရှာရခက်နေပါတယ်။

ဝီးရက်က လျှပ် စစ်အင်ဂျင်နီယာတစ်ယောက်ပီပီ အရင်ဦးဆုံး စဉ်းစားလိုက်မိသွားတာက သူ့ရဲ့ ခွေးလေး သေးပန်းလိုက်တဲ့ ဓာတ်တိုင်ကိုပါ။ အဲ့ဒီ မီးဓာတ်တိုင်က အခိုးငွေ့နည်းနည်းထွက် နေတာကို တွေ့ပါတယ်။ ဟုတ်ပါပြီ စကမ်ပီလေး ဓာတ်လိုက်သွားတာပါ။

သူလည်း ခွေးလေးအတွက် အသက်အန္တရာယ်ကိုလည်း အတော်စိုးရိမ်ပြီးတော့ ခွေးလေးကို အသေအချာ ပြန်ကြည့်ရှုလိုက်ပါတယ်။ အပြင်ပန်းကတော့ ဘာမှမဖြစ်ပါဘူး။ အတွင်းကလီစာ တွေကရော ဘာတွေများဖြစ်သွားနိုင်သလဲ။ ဒီတော့သူလည်း တိရစ္ဆာန် ဆရာဝန်ဆီကို သွားပြလိုက်တော့ ခွေးလေးဘာမှမဖြစ်ဘူးလို့ ဆရာဝန်က ဆိုပါတယ်။

“ ကျွန်တော့ ခွေးလေးအတွက် အတော့ကို စိုးရိမ်သွားတယ်။ သူ့ကို ကျွန်တော်က အရမ်းချစ်တာလေ။ ဒီ လမ်းမီးဓာတ်တိုင်တွေက ၀ါယာတွေပေါက်နေတော့ ရှော့ခ် ဖြစ်ပြီး ဓာတ်လိုက်တော့တာပေါ့။ ဗို့အား ၂၄၀ ရှိ အားက လူတွေတောင် သေစေ နိုင်တယ်လေ ဒါကြောင့် ကျွန်တော် စကမ်ပီလေးကို စိတ်ပူသွားတာပါ။ ကံကောင်းတာ က သူဘာမှ မဖြစ်တာသွားတာပါ။ ကျွန်တော့ရဲ့ ခွေးလေးအတွက် ထိခိုက်နစ်နာကြေး အတွက်ကို စွင်ဒေါင်း ကောင်စီကို အကြောင်းကြား တောင်းခံသွားမှာပါ။ ဒီလိုမျိုး မဆင် မခြင်ဘဲ ပြန်လည် မပြုမပြင်ဘူးဆိုရင် လူတွေအတွက် အသက်အန္တရာယ်ရှိလာနိုင်ပါ တယ်” လို့ သူကပြောပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


အပြည့်အစုံသို့ »

ငါ သူတော်ကောင်းဖြစ်ပြီလား



သူတော်ကောင်းစစ်စစ်ဖြစ်ချင်ရင် သူတော်တာ၊ မတော်တာ
ကြည့်ဖို့မလိုဘူး၊ ကိုယ်ကောင်း၊ မကောင်းကိုပဲ ကြည့်ဖို့
လိုတယ်၊ တကယ့်သူတော်ကောင်းဆိုတာ ကိုယ်ကောင်း
ဖို့က အဓိကကျတယ်၊ သူတော်မှ ကိုယ်ကောင်းမယ်
ဆိုရင်တော့ သူတော်ကောင်းစစ်စစ် မဖြစ်နိုင်သေးဘူး။

`သင်ကောင်းလျှင် ကျွန်ုမဆိုးပါ´ ဆိုတဲ့ စာတမ်းကလေးဟာ
တစ်ချိန်က တော်တော်ခေတ်စားခဲ့တယ်၊ ဟိုအိမ် ဒီအိမ်
ဟိုဆိုင် ဒီဆိုင် နေရာတိုင်းလိုလိုမှာ ချိတ်ထား၊ ကပ်ထားတာ
တွေ့ရဖူးတယ်။ သဘောကျလို့ ကိုယ့်အယူအဆ ကိုယ့်
သဘောထားနဲ့ တိုင်ဆိုင်လို့ အမြတ်တနိုးကပ်ထားကြတာ
ဖြစ်မှာပေါ့။ ဒါ ကိုယ့်စိတ်ကို ထုတ်ပြနေတာပဲ၊
ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတာပဲ၊ ဒီအဆိုအမိန့်ဟာ
မှန်သလိုလိုရှိပေမယ့် တကယ်တော့ သိပ်မမှန်သေးဘူး။

သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတော့ သင်မကောင်းလျှင်
ကျွန်ုပ်ဆိုးမယ်ပေါ့၊ မင်းကောင်းရင် ငါကောင်းမယ်၊
မင်းဆိုးရင် ငါဆိုးမယ်၊ မင်းက ပါးရိုက်ရင် ငါက နားကိုက်မယ်၊
အိုးရွဲ့ရင် စလောင်းရွဲ့မယ်၊ ဒီ အဓိပ္ပါယ်ပဲ။ ဒါဟာ တကယ့်
သူတော်ကောင်းတို့ရဲ့ သဘောထားမဟုတ်ဘူး၊ သာမန်အဆင့်က
သဘောထားပဲ။

ကိုယ့်ပါးရိုက်တာ၊ ကိုယ့်လက်သီးနဲ့ထိုးတာ ဒီအတိုင်းပဲ ခေါင်းငုံ့
ခံနေရမှာလားဆိုတော့ အဲဒီအဆင့် အဲဒီသဘောထားမျိုး
ပြောတာမဟုတ်ဘူး၊ လောကထဲမှာ တစ်ခါတစ်ခါ ဆွေဂုဏ်မျိုးဂုဏ်
ဓနဂုဏ်အပြင် မိုက်ဂုဏ် ဆိုတာမျိုးလည်း လိုအပ်တဲ့အခါ ရှိ
သေးတာပဲ၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတယ်
ဆိုတာမျိုးလည်း လိုအပ်သေးတာပဲ။

အခုဟာ ယေဘုယျကိစ္စ အဝဝနဲ့ဆိုင်တဲ့ အကောင်းအဆိုးကို
ပြောနေတာ၊ ဘယ်သူကောင်းတယ်၊ ဘယ်လောက်ကောင်းတယ်၊
ဘယ်သူဆိုးတယ်၊ ဘယ်လောက်ဆိုးတယ်၊ အချင်းချင်းတော့
သိကြတာပဲ၊ `သူဆိုးတာ သူ့အပိုင်း၊ သူမကောင်းတာ သူ့အပိုင်း၊
ကိုယ့်အပိုင်းက ကိုယ်ကောင်းနေဖို့ အရေးကြီးတယ်။´

မကောင်းမှန်းသိရင် မဆက်ဆံနဲ့၊ မပေါင်းသင်းနဲ့၊ ဝေးဝေးရှောင်၊
`တကယ်တော့ ကိုယ်ကောင်းတာ ကိုယ့်အတွက်ပါ၊ ကိုယ်ကောင်းတာ
သူ့အတွက် မသေချာပေမယ့် ကိုယ့်အတွက်ကတော့ သေချာတယ်။´

`ဘုရားအလောင်း မျောက်မင်းဟာ သူ့ခေါင်း ထုရိုက်သတ်တဲ့ မုဆိုး
တောထဲမှာ မျက်စိလည် ဒုက္ခရောက်နေတာကို သစ်တစ်ပင်က
တစ်ပင်ကူး၊ သူ့ခေါင်းကသွေးစက်နဲ့ လမ်းပြတော်မူခဲ့တယ်၊
ဘယ်လောက်တောင်ကောင်းတဲ့ သူတော်ကောင်းလဲ၊ ဒီလောက်
ကောင်းလို့ ဘုရားဖြစ်တာပဲ။´

သေချာတွေးကြည့်ရင် ကြက်သီးမွှေးညှင်း ထလောက်အောင်၊ မျက်ရည်
ကျလောက်အောင် ကြည်ညိုရပါတယ်၊ ငါ့တို့ရဲ့ ဘုရားအလောင်းတော်ဟာ
အဲဒီလောက်ကောင်းတဲ့ သူတော်ကောင်းကြီး။

ဘုရားတပည့် ငါတို့တတွေကော ဘယ်လောက်ကောင်းကြသလဲ၊
ဘယ်လောက် ကောင်းနိုင်သလဲ၊ ဘာတွေကောင်းကြသလဲ၊ ဘယ်သူ့
အပေါ် ဘယ်လောက်ကောင်းကြသလဲ၊ ဘာတွေကောင်းထားသလဲ၊
ဘာတစ်ခုမှ မျှော်လင့်ချက် မထားဘဲ ငါကောင်းထားတာ၊ ငါကောင်း
ခဲ့တာ ဘာတွေများ ရှိသလဲ၊ ငါ သူတော်ကောင်းဖြစ်ပြီလား၊
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပေါ့နော်။ ။

[ ဆရာတော် အရှင်သံဝရာလင်္ကာရ ]
(ဓမ္မပိယဆရာတော်)

Dhamma Dãna Source ► ဓမ္မဒါန ကိုလှိုင်တိုး

အပြည့်အစုံသို့ »

ဘန်ကောက်တွင် စစ်တပ်နှင့် ဆန္ဒပြသူများ လိုက်တမ်းပြေးတမ်း ကစားသည့်နှယ်ဖြစ်



ဘန်ကောက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ထောင်ဂဏန်းမျှထိ ဖြန့်ကျက်ထားပြီး သံချပ်ကာယာဉ်များက ၎င်းတို့ကို အကာအကွယ် ပေးထားသည်။ မည်သို့ပင်ဖြစ်စေ စစ်တပ်၏ အာဏာသိမ်းမှုကို မကျေမနပ် ဆန္ဒပြနေသူများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို စစ်သားများက လိုက်လံဖမ်းဆီးရန် အားထုတ်နေကြသည်။
ဘန်ကောက်တွင် စစ်တပ်နှင့် ဆန္ဒပြသူများ လိုက်တမ်းပြေးတမ်း ကစားသည့်နှယ်ဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် စစ်တပ်နှင့် ဆန္ဒပြသူများကြား ကြောင်နှင့်ကြွက် လိုက်တမ်းပြေးတမ်း ကစားသည့်နှယ် ဖြစ်နေကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့တွင် ဘန်ကောက်ရှိ အချက်အခြာ လမ်းမများပေါ်၌ အာဏာသိမ်း စစ်တပ်၏ တပ်ဖွဲ့ဝင်များ ဖြန့်ကျက် နေရာယူထားပြီး ဖြစ်သည်။ သို့သော်လည်း ဆန္ဒပြသူ လူနည်းစုက မြို့တော်၏ နေရာအချို့တွင် ကြိုကြားကြိုကြား ဖီဆန်မှုများ ရှိနေဆဲဟု ဆိုသည်။ ဘန်ကောက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ထောင်ဂဏန်းမျှထိ ဖြန့်ကျက်ထားပြီး သံချပ်ကာယာဉ်များက ၎င်းတို့ကို အကာအကွယ် ပေးထားသည်။ မည်သို့ပင်ဖြစ်စေ စစ်တပ်၏ အာဏာသိမ်းမှုကို မကျေမနပ် ဆန္ဒပြနေသူများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို စစ်သားများက လိုက်လံဖမ်းဆီးရန် အားထုတ်နေကြသည်။

ရဲတပ်ဖွဲ့က ဘန်ကောက်ရှိ အထင်ကရ ကုန်သွယ်ရေး ဗဟိုချက် နေရာများတွင် စုရုံးနေသည့် ဆန္ဒပြသူ အချို့ကို ဖမ်းဆီးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် စစ်တပ်အကြီးအကဲ ပယာရွတ်သ် ချန်အိုချာသည် မေလ(၂၂)ရက်နေ့က အာဏာသိမ်းခဲ့ပြီးနောက် လူ(၅)ဦးထက် စုရုံးခွင့်ကို တားဆီးပိတ်ပင်မိန့် ထုတ်ပြန်ထားသည်။ သို့တိုင်အောင် ထိုနေ့ရက်မှ အစပြုပြီး ဘန်ကောက်တွင် အတိုက်အခံ ဆန္ဒပြမှုများ ဖြစ်ပေါ်နေဆဲဟု သိရသည်။ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက မြို့လယ်ရှိ အရောင်းစင်တာကြီး တစ်ခုရှေ့တွင် လူပေါင်း(၂၀)ကျော်၊ (၃၀)မျှ စုရုံး ဆန္ဒပြခဲ့သေးကြောင်း AFPက ဖော်ပြခဲ့သည်။

လုံခြုံရေး အဖွဲ့ဝင်များသည် အဓိကရုဏ်း နှိမ်နင်းရေးဒိုင်းများကို တုတ်များဖြင့်ရိုက်ရင်း ညာသံပေးကာ ဆန္ဒပြသူများကို ခြိမ်းခြောက် လူစုခွဲခဲ့ကြသည်။ ၎င်းတို့၏ နောက်ဘက်တွင် ပစ်ခတ်ရန် အသင့်အနေအထား ရှိနေသည့် စက်သေနတ် တပ်ဆင်ထားသော Humvee ဂျစ်ကားတစ်စင်းက လိုက်ပါလာခဲ့သည်။ ဆန္ဒပြသူများသည် လက်ချောင်း(၃)ချောင်းဖြင့် အလေးပြုသည့် ပုံစံမျိုးလည်း ပြုလုပ်ပြကြသည်။ ယင်းသည် Hunger Games ဇာတ်ကားများ၌ အာဏာဖီဆန်သည့် အမူအယာ သင်္ကေတလည်း ဖြစ်သည်။ လက်ရှိတွင်မူ ဆန္ဒပြသူများသည် တစ်နေရာ၌ စုရုံးပြီး စစ်တပ်က လာရောက် ဖြိုခွဲသည့်အခါ အခြားနေရာသို့ ပြောင်းရွှေ့ပြီး ရွေ့လျားစနစ်ဖြင့် ဆန္ဒပြနေဆဲဟု သိရှိရသည်။

planet Myanmar Network


အပြည့်အစုံသို့ »

လူကြီးမင်း ဒုက္ခ ကင်းစေလိုသည်



‘‘လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်’’ ဟူသော အသံချိုချိုကို မြန်မာပြည်သူတိုင်းနီးပါး ကြားဖူးသည်။ ထိုအသံသည် ချိုသာသော်လည်း တယ်လီဖုန်းသုံးစွဲသူပြည်သူများအဖို့မှာ လူကြီးမင်းဟူသော အသံကို စတင်ကြားရရုံဖြင့် စိတ်ညစ်ကြရသည်။ ဆက်သွယ်မှု ဧရိယာပြင်ပသာမက ကမ္ဘာ့အပြင်သို့ပင် ရောက်စေကာမူ မြန်မာပြည်သူအဖို့မှာ လူကြီးမင်းခေါ်ခံရုံမှတစ်ပါး ထပ်မံရွေးချယ်နိုင်စရာမရှိကြပါ။ ဒါသည်ပင် မြန်မာပြည်၏ မြန်မာ့ဆက်သွယ်ရေး  အကြောင်းဖြစ်သည်။

သို့သော် တစ်ချိန်က ထိုလူ ကြီးမင်းခေါ်ဆိုသောဟူသည့် အ သံချိုချိုကို မြန်မာပြည်သူတိုင်း မ ကြားခဲ့ရပါ။ ကြားရနိုင်သူများမှာ လည်း အထက်တန်းလွှာ သူဌေး သူကြွယ်များနှင့် အာဏာရှိသူ မင်း စိုးရာဇာအသိုင်းအ၀ိုင်းအချို့သာ ဖြစ်ကြသည်။ ထိုအချိန်က ဖုန်း ဆင်းမ်ကတ် တစ်ကတ်တန်ဖိုး သည် အပြင်ပေါက်ဈေး အမေရိ ကန်ဒေါ်လာ သုံးထောင်မက တန်ဖိုးကြီးမားခဲ့သည်။ ဖုန်းဆင်းမ်ကတ် ခွဲတမ်းရရှိဖူးသူဝန်ထမ်း တစ်ဦးသည် ပြန်လည်ရောင်းချရာမှ မြို့စွန်တွင် မြေပိုင်အိမ်ပိုင်သည့် အခြေအနေအထိ သက်ရောက်မှုမျိုး တစ်ချိန်က ဖြစ်ပေါ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရ ဖြစ်ပေါ်လာပြီး ၂၀၁၃ ခုနှစ် ဧပြီ လနှောင်းပိုင်းမှသာလျှင် မြန်မာ ပြည်သူအချို့ ဈေးနှုန်းချိုသာစွာ ဖြင့် တယ်လီဖုန်း ငှားရမ်းကိုင် ဆောင်နိုင်ခဲ့ကြသည်။  မြန်မာ ပြည်သူတို့၏ ဖုန်းအိပ်မက်ကို သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့က အမှန်တကယ် ပုံဖော်ပေးနိုင်ခဲ့ သည်။ မိဘပြည်သူများ၏ ဖုန်း အိပ်မက်ကို ပုံဖော်ပေးနိုင်ရန် သမ္မတသည် ဆက်သွယ်ရေးဌာန ကို ခပ်ကြမ်းကြမ်းကိုင်တွယ် ဖြေ ရှင်းခဲ့ရသည်။ သို့သော် ယနေ့အ ချိန်ထိ သန်းပေါင်းများစွာသော လက်ကျန်ပြည်သူများကလည်း လူကြီးမင်းခေါ်ဆိုသော တယ်လီ ဖုန်းသံကို ကြားသိနိုင်ရန် နိုင်ငံအ နှံ့အပြားတွင် အိပ်မက်ပမာ စောင့် ဆိုင်းနေကြရဆဲဖြစ်သည်။

သမ္မတက စေတနာမေတ္တာ ဖြင့် ဖုန်းကတ်များကို ဈေးနှုန်းချို သာစွာ ရောင်းချပေးခဲ့မှုကြောင့် မိဘပြည်သူများ ယနေ့ထိတိုင် ရင်ခုန်စွာဖြင့် ဖုန်းဆင်းမ်ကတ်များ ကို ခွဲတမ်းကျမဲနှိုက်နေကြဆဲ ဖြစ် ၏။ မြန်မာ့ဆက်သွယ်ရေးဌာန ခေါ် MPT ၏ နည်းပညာပိုင်းဆိုင် ရာ အားနည်းမှုများနှင့် စီမံအုပ် ချုပ်မှု ညံ့ဖျင်းမှုများကြောင့် ပြည် သူတို့၏ ဖုန်းအိပ်မက်သည် မပြည့်ဝနိုင်သေးပါ။ ရောင်းလိုအားထက် ၀ယ်လိုအားပိုများနေသော မြန်မာပြည်ရှိ ဖုန်းဆင်းမ်ကတ်များကတော့ ယနေ့အချိန်ထိမှောင်ခိုဈေးကွက်တွင် ခေတ်စားဆဲဖြစ်သည်။

မြန်မာပြည်သူများအနေဖြင့် ပိုက်ဆံရှိလျှင် CDMA 450, CDMA 800, GSM 2G, 3G စသည်ဖြင့် မိမိစိတ်ကြိုက် ရွေး ချယ်ငှားရမ်းအသုံးပြုနိုင်သည့် အ ခွင့်အရေးများ ရှိသည်။ သို့သော် မည်သည့် နည်းပညာသုံးသည့် ဖုန်းကို ၀ယ်ယူသုံးစွဲစေကာမူ လိုင်းကျခြင်း၊ လိုင်းပျက်ခြင်းများ ကိုတော့ တူညီစွာ ခံစားကြရမှာ ပင်ဖြစ်သည်။ မြန်မာ့ဆက်သွယ် ရေးက WCDMA 3G ဖုန်းများကို ပြည်သူများလက်တွင်းသို့ ငှားရမ်း အသုံးပြုခွင့်ပေးခဲ့သော်လည်း 3G နှင့်ပတ်သက်သည့် ၀န်ဆောင်မှု မျိုးကိုတော့ ယနေ့အချိန်ထိ ပြည် သူများ မခံစား၊ မစံစားရသေးပါ။

ဝန်ဆောင်မှုထူးခြားမကောင်း မွန်လှသည့်အပြင် မြန်မာ့ဆက် သွယ်ရေး၏ အင်တာနက်လိုင်း ဆက်သွယ်ရေးမှာလည်း နှေး ကွေးလွန်းခြင်းမှာ အများသိ နိုင်ငံတကာ စံချိန်မီဖြစ်သည်။ ဆင်းမ် ကတ်များကို ၁,၅၀၀ ကျပ်နှုန်းဖြင့် ချိုသာစွာ ရောင်းချပေးခဲ့သော် လည်း အင်တာနက်လိုင်းကြေးမှာ ၁၀,၀၀၀ ကျပ်ဖြစ်နေခြင်းသည် ပြည်သူများအတွင်း စဉ်းစားစရာ ဖြစ်ပေါ်စေသည်။ ထို့အပြင် ဆင်းမ်ကတ်ပျောက်ဆုံး၍ ထပ်မံ လျှောက်ထားလျှင် ၂၀,၀၀၀ ကျပ် ပြန်လည်ပေးဆောင်ရသည်။ မြန် မာ့ဆက်သွယ်ရေး၏ ၀န်ဆောင်မှု သည် ထူးဆန်းလှ၏။
အစိုးရတာဝန်ရှိသူအချို့က အာဆီယံဆီးဂိမ်းကာလ ဆက် သွယ်ရေးအင်တာနက်လိုင်းများ အထူးကောင်းမွန်စေရမည်ဟု ကတိပေး ပြောကြားခဲ့သည်။

သို့ သော် ထိုပုဂ္ဂိုလ်အချို့၏ ပြော ကြားချက်ကို အကောင်အထည် ဖော်မှုမှာ အင်တာနက်လိုင်းများ နည်းတူ နှေးကွေးနေဆဲဖြစ်သည်။ ယခုတစ်ဖန် အင်တာနက်လိုင်းကို မြန်နှုန်းမြင့်မားစေရန် 20GB ထပ်မံတိုးချဲ့မည်ဟု တာဝန်ရှိသူ များက ကြေညာထားပြန်သည်။ စိတ်ရှည်သည်းခံတတ်သော၊ ရွေး ချယ်စရာမရှိသော မြန်မာပြည်သူ များကတော့ MPT ကို ချစ်ခင် တွယ်တာကာ စောင့်မျှော်နေရဆဲ ဖြစ်သည်။

မိဘပြည်သူများ လိုလား တောင့်တချက်ကို အစဉ်မျှော်ကိုး တတ်သော သမ္မတကြီးက တိုင်း ပြည်၏ဆက်သွယ်ရေး အဆင်ပြေစေရန် အလို့ငှာ နိုင်ငံခြားကုမ္ပဏီနှစ်ခုကို တရားမျှတစွာရွေးချယ်အတည်ပြုပေးခဲ့သည်။ မြန်မာပြည်သူများအနေဖြင့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု အပြင် ပြည်တွင်းရှိ ရတနာပုံတယ်လီပို့ အပါအ၀င် MPT တို့၏ ဆက်သွယ်ရေး အပြိုင်ဝန်ဆောင်မှုကို မကြာမီ ခံစားရတော့မည် ဖြစ်သည်။

ထိုကဲ့သို့ ဆက်သွယ်ရေး ကဏ္ဍ အပြိုင်အဆိုင်ဖြစ်ပေါ်လာ တော့မည့်အချိန်တွင် ပြည်သူ့ငွေ ကို အသုံးပြုပြီး ပြည်သူကိုဝန် ဆောင်မှုပေးနေသော MPT အ နေဖြင့် အများထက် ၀န်ဆောင်မှု ပိုမိုကောင်းမွန်သင့်သည်။ မလေး ရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် မြန်မာပြည်မှ လုပ်သားများအား အသက်အာမခံပါဝင်သော ဆင်းမ် ကတ်များကို ရောင်းချဝန်ဆောင် မှု ပေးနေပုံများကို ပြည်သူ့ငွေကို အသုံးပြုပြီး ပြည်သူကို ၀န်ဆောင် မှုပေးသော မြန်မာ့ဆက်သွယ်ရေး အနေဖြင့် အတုယူလုပ်ဆောင် သင့်သည်။

နိုင်ငံတကာရှိ ဆင်းမ်ကတ် များတွင် အင်တာနက်လိုင်းကို ထပ်မံ ငွေသွင်းလျှောက်ထားရ ခြင်း၊ ကတ်ပျက်ပျောက်၍ ငွေ ထပ်ဆောင်းပေးသွင်းရခြင်း၊ အင် တာနက်လိုင်းများ နှေးကွေးပြတ် တောက်ခြင်းမျိုး ရှိ၊ မရှိ ပြည်သူ့ငွေဖြင့် ၀န်ဆောင်မှုပေးသော MPT အနေဖြင့် စုံစမ်းအတုယူ သင့်သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နေချိန်တွင် မြန်မာပြည်သူများအနေဖြင့် ခေတ်မီဝန်ဆောင်မှုမျိုးကိုသာ လိုလားတောင့်တနေကြသည်။ ‘လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်’ ဟူသော အသံကို မိဘပြည်သူများအနေဖြင့် ခဏခဏ မကြားလိုတော့ကြောင်းကို MPT အနေဖြင့် ပိုမိုသတိပြု ဆင်ခြင်သင့်သည်။

7day

အပြည့်အစုံသို့ »