ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် ရုံးခန်း၊ အိမ်ခန်း၊ ဆိုင်ခန်း၊ ဟိုတယ်များပါဝင်မည့် Dagon City 1 ဘက်စုံသုံး လူနေရပ်ဝန်းကြီး တည်ဆောက်မည်


Dagon City 1 တည်ဆောက်ရေးလုပ်ငန်းခွင်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်

ရန်ကုန်မြို့၏ အချက်အချာအကျဆုံး နေရာတစ်ခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် အဆင့်မြင့်ရုံးခန်းများ၊ လူနေအိမ်ခန်းများ၊ နာမည်ရှိအမှတ်တံဆိပ်များ၏ ဆိုင်ခန်းများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ပါဝင်မည့် Dagon City 1 ဘက်စုံသုံးလူနေရပ်ဝန်းကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ Dagon City 1 စီမံကိန်းကို ဟောင်ကောင်၊ ကိုရီးယား၊ အင်္ဂလန်တို့မှ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်သော Marga Group နှင့် မြန်မာနိုင်ငံမှ သုခရတနာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်သည်။

စီမံကိန်းတည်ရှိရာနေရာမှာ ယခင်မော်တော်ယာဉ်တပ်မှ လူနေလိုင်းခန်းများတည်ရှိရာ ဦးထောင်ဘိုအ၀ိုင်းတွင်ရှိပြီး ရွှေတိဂုံစေတီ၊ ရန်ကုန်တိရစ္ဆာန်ရုံတို့နှင့် မနီးမဝေးတွင်တည်ရှိသဖြင့် ရန်ကုန်မြို့၏ အချက်အချာအကျဆုံးနေရာတွင် ပါဝင်လျက်ရှိသည်။

Dagon City 1 စီမံကိန်းတွင် စတုရန်း ပေ ၆၀၀ ကျော်မှ ၂၀၀၀ ကျော်ရှိ ပုံစံမျိုးစုံ  ရှစ်ထပ်လူနေအဆောက်အအုံများ၊ Pent-houses များ ပါဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေးနှင့် အပန်းဖြေရေးတို့အတွက် အားကစားစင်တာ၊ ရေကူးကန်၊ စားသောက်ဆိုင်နှင့် Indoor Golf တို့ပါဝင်မည်ဟု သိရသည်။

“Dagon City 1 ဆောက်လုပ်ရေးကြောင့် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါင်း ၅၀၀၀ ကျော်ဖန်တီးပေးပြီး ကမ္ဘာလှည့်ခရီးသွားမြှင့်တင်ပေးနိုင်ခြင်း၊ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းတွေ ၀င်ငွေတိုးပွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးပွားလာခြင်း၊ ပြည်တွင်းစီးပွားရေးကို အထောက်အကူပေးခြင်း စတဲ့ရလဒ်တွေရရှိဖို့ မျှော်လင့်ထားပါတယ်” ဟု Marga ၏ ဒါရိုက်တာ မစ္စတာဂျွန်ဘားနက်စ်ကဆိုသည်။

အဆိုပါစီမံကိန်းတွင် ပါဝင်မည့် အဆောက်အအုံများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံအမြင့် သတ်မှတ်ချက်စည်းမျဉ်းအရ ရှစ်ထပ်အဆောက်အအုံများကိုသာ ဆောက်လုပ်သွားမည်ဟုဆိုသည်။

အဆောက်အအုံစီမံကိန်းကို BOT စနစ်ဖြင့်သာ ဆောက်လုပ်မည်ဖြစ်သော်လည်း အာမခံချက်ရှိမည်ဟု Marga မှ တာဝန်ရှိသူများက ပြောကြားသည်။

Dagon City 1 စီမံကိန်းအတွက် တင်ပြထားသော ရင်းနှီးမြှုပ်နှံငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြစ်ပြီး Marga Group မှ ရာခိုင်နှုန်း ၇၀ နှင့် ပါတနာကုမ္ပဏီဖြစ်သည့် သုခရတနာမှ ရာခိုင်နှုန်း ၃၀ ပိုင်ဆိုင်သွားမည်ဖြစ်သည်။

စီမံကိန်းတွင်ပါဝင်မည့် လူနေတိုက်ခန်းပေါင်းနှင့် ဈေးနှုန်းများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

Dagon City 1 ၏ ပထမဆင့်အနေဖြင့် Residential Towers 1 မှ 4 ကို ၂၀၁၄ ခုနှစ် အကုန်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နွဲ့ယဉ်အေး၊ သန်းထိုက်အောင်
News Eleven

အပြည့်အစုံသို့ »

အလွန်အမင်း ရုပ်ချောတာကြောင့် အနိုင်ကျင့်ခံရတဲ့ ရုရှားကျောင်းသူ (ရုပ်သံ)

အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသူများထဲက တစ်ဦးဖြစ်သူ Olga

ရုပ်ရည် ချောမောလှပလွန်းသူတိုင်း လူချစ်လူခင် ပေါလိမ့်မယ်လို့ မထင် လိုက်ပါနဲ့။ အဲဒီ ရုပ်ရည်ကြောင့်ပဲ မုဒိတာ မပွားနိုင်ဘဲ မနာလိုသူတွေ ရှိနိုင်ပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကတော့ ရုရှားနိုင်ငံမှာ ရုပ်ချောလွန်းသူ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို သူမရဲ့ အတန်းဖော်တွေက ရိုက်နှက်ပြီး ရွှံရည်သောက်ခိုင်းခဲ့ပါတယ်။

ရုရှား အနောက်ပိုင်း Ural တောင်တန်းတွေမှာ ရှိတဲ့ Korkino က စာသင်ကျောင်းမှာ တက်ရောက်နေသူ Viada Kholod အမည်ရ အသက် ၁၃ နှစ်ရှိ ကျောင်းသူတစ်ဦးကို ကျောင်းတူ အမျိုးသမီး ၄ ဦး အဖွဲ့က တိုက်ခိုက်နှိပ်စက်ထားသမျှကို ရုပ်သံရိုက်ကူးထားပါတယ်။

ရုပ်သံထဲမှာတော့ သူမကို ရိုက်နှက်ပြီး ရွှံဗွက်တွေနဲ့ ညစ်ပတ်နေတဲ့ လမ်းပေါ်မှာ လဲခိုင်ပြီးနောက် အဲဒီ ညီနံ့ဟောင်နေတဲ့ ရေဆိုးတွေကို သောက်ခိုင်းတာကို တွေ့ရပါလိမ့်မယ်။

အဲဒီ အဖြစ်အပျက်ကို ရိုက်ကူးခဲ့သူတွေက ကျောင်းသားနှစ်ဦး ဖြစ်ပြီး အဆိုပါ ရုပ်သံကို ရုရှား လူမှုကွန်ယက်တစ်ခု ဖြစ်တဲ့ VKontakte မှာ တင်ထားခဲ့ပါတယ်။ အဆိုပါ ရုပ်သံကို သူမတို့ကျောင်းက ဆရာတွေ မြင်ပြီးနောက်မှာတော့ သူမကို အုပ်စုဖွဲ့ နှိပ်စက် ခဲ့သူတွေကို အပြစ်မပေးခဲ့ပေမယ့် သူမထံ တောင်းပန်ဖို့ ဖိအားတော့ ပေးခဲ့တယ်လို့ သိရပါတယ်။


အဲဒီလို နှိပ်စက်ခဲ့တဲ့ သူတွေကတော့ Viada ရဲ့ အတန်းဖော်တွေ ဖြစ်ကြတဲ့ Olga Guseva ( ၁၆ နှစ်) ၊Lyubov Goloborodko (၁၄ နှစ်)၊ Sasha Rattsova (၁၅ နှစ်) နဲ့ Ekatirina Streltsova (၁၅နှစ်) တို့ ဖြစ်ကြပါတယ်။ သူမတို့ ပြောဆိုချက်အရ Viada ဟာ သူမတို့ ထဲက တစ်ယောက်သော သူရဲ့ မိဘတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာကြောင့် ဘယ်သူမှ အခြား တစ်စုံတစ်ဦးရဲ့ မိဘနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုပိုင်ခွင့် မရှိကြောင်းကို နမူနာ ပညာပေး ဆုံးမရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Viada ကတော့ အဲဒါ မှန်ကန်ခြင်း မရှိဘဲ VKontakete ဟာ သူမရဲ့ ဆွေမျိုးတစ်ယောက်နဲ့ ပတ်သက်ပြီး လိပ်ပြာမလုံတာကြောင့် ဖြစ်တယ်လို့ ပြန်လည် ချေပထားပါတယ်။ ဒါ့အပြင် Olga ဟာ သူမရဲ့ ရုပ်ရည်နဲ့ ပတ်သက်ပြီး အလွန် မနာလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အကြောင်းကတော့ Olga ရဲ့ ချစ်သူဟာ သူမကို ငေးမော ကြည့်ရှုလေ့ ရှိတဲ့ အတွက်လို့ ပြောပါတယ်။

Viada ကို တိုက်ခိုက်ခဲ့သူတွေရဲ့ တောင်းပန်ပြီး နောက်မှာတော့ Viada ဟာ တစ်ကျောင်းလုံးရှေ့မှာ သူမကို အနိုင်ကျင် နှိပ်စက်မှုတွေကို ပါးစပ်ကနေ ထုတ်ဖော် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူမက အရမ်း သတ္တိရှိတယ်။ သူမကို အနိုင်ကျင့် နှိပ်စက်သူတွေကို ရင်ဆိုင်ရဲသူ ဖြစ်တယ်လို့ ပြောပါတယ်။

World Myanmar News
ref: dailymail.co.uk

အပြည့်အစုံသို့ »

ဦးဆန်းဆင့်အား အရေးယူမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး အဖွဲ့များ ဖွဲ့စည်းထား ထိုက်သင့်သော အချိန်တွင် သတင်း ထုတ်ပြန်ပေးမည်ဟု ပြည်ထဲရေးဒုဝန်ကြီးပြော


ပြည်ထဲရေးဒုတိယ  ရဲမှူး ချုပ်ကျော်ကျော်ထွန်း ပြည်သူ့လွှတ်တော်တွင် ရှင်းလင်းနေစဉ်။ ဓာတ်ပုံ – MNA

သာသနာ ရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်အ မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသ တင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့ စည်းထားပြီး၊ ထိုက်သင့် သော အချိန် တွင် သတင်းထုတ်ပြန်ပေးသွား မည်  ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ န ဒုတိယဝန်ကြီးရဲမှူးချုပ်ကျော် ကျော်ထွန်းမှ ပြောသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ် တော်ဒသမပုံမှန်အစည်းအဝေး(၁၇) ရက်မြောက်နေ့အစီအစဉ်ခေတ္တနား ချိန်တွင် သတင်းထောက် များမေးမြန်း ရာ ယင်းသို့ ပြော ကြား ခဲ့ခြင်းဖြစ် သည်။  ဒုတိယဝန်ကြီးမှ ”ဦးဆန်းဆင့်  ကိစ္စနဲ့ပတ်သက် လို့ကတော့ လော လောဆယ်ဘာကိစ္စနဲ့မှ ထုတ်ဖော် ပြောကြားလို့မ ရသေး ပါဘူး” ဟု သတင်း ထောက်များအား ပြောကြား ခဲ့သည်။

ဆက်လက်ပြီး သတင်းထောက် များမှ ယင်းကိစ္စနှင့်ပတ်သက်ပြီး မည်သို့ ဆက်လက်အရေးယူ သွားမည်၊ မည်သို့ဆောင်ရွက် သွားရန် အစီအ စဉ်ရှိသည်ကို မေးမြန်ခဲ့ ရာ တွင်လည်း ဒုတိယဝန်ကြီးမှ မိမိအနေဖြင့် ယခု အချိန်တွင် ထုတ်ဖော်ပြောကြားခွင့် မရှိသေးကြောင်း ပြောကြားသွားသ ဖြင့် သတင်းထောက်မှ မည်သည့် အ ချိန် အခါတွင် ထုတ်ဖော်ပြောကြား ရန်ရှိသလဲ ဟုမေးမြန်ရာ ”ဦးဆန်းဆင့် နှင့်ပတ်သက်ပြီး သက်ဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းတာ ရှိပါတယ်၊ သူတို့ ထိုက် သင့်တဲ့ အချိန် ရောက်ရင် ထုတ်ပြန်မှာပါ၊ ဦးရဲထွဋ် တို့လဲ ပါပါတယ်၊ ရဲချုပ်တို့လဲ ပါပါ တယ်၊ သူတို့ဖွဲစည်းထားတဲ့ အဖွဲ့အ စည်းရှိပါတယ်၊ သူတို့ အချိန်တန် ရင် ထုတ်ပြန် ပေးမှာပါ၊ ဟိုတစ်နေ့က လဲ ဦးရဲထွဋ်လဲ ဖြေသင့် သလောက် တော့ ဖြေပြီးပြီ ပဲ”ဟု ပြောကြားခဲ့ သည်။

M P
[--Democracy today Daily Newspaper--]

အပြည့်အစုံသို့ »

နောက်ဆုံးအထိ ဇွဲမလျှော့သူ


နောက်ဆုံးအထိ မလျော့တဲ့ဇွဲနဲ့ ကြံ့ကြံ့ခံနိုင်တဲ့လူကို ပြပါဆိုရင် Abraham Lincoln ကို ပြရပါလိမ့်မယ်။ လင်ကွန်းဟာ ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့ပြီး အသက်ရှင်နေခဲ့သမျှ ကာလပတ်လုံးမှာလည်း ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ရွေးကောက်ပွဲမှာ (၈)ကြိမ်ပါဝင် ရွေးကောက်ခဲ့လည်း (၈)ကြိမ်စလုံး အရွေးမခံခဲ့ရသလို စီးပွားရေ နှစ်ခါလုပ်တာ နှစ်ခါစလုံး အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။ စိတ်ကျဝေဒနာ အကြီးအကျယ် တစ်ကြိမ်ခံစားခဲ့ရတယ်။ လက်လွှတ်တဲ့ အခြေအနေထိရောက်ခဲ့လည်း သူရဲ့မလျော့တဲ့ဇွဲနဲ့ လက်မလွှတ်၊ အရှုံးမပေးခဲ့လို့ပဲ သူဟာ အမေရိကန်ရဲ့အအောင်မြင်ဆုံးသော သမ္မတဖြစ်လာခဲ့တယ်။

အောက်ပါအချက်အလက်တွေက သူ အိမ်ဖြူတော်မရောက်ခင် သူ့ရဲ့ကိုယ်ရေးမှတ်တမ်းအကျဉ်းဖြစ်ပါတယ်။

၁၈၁၆ခုနှစ်.... သူ့မိသားစုတွေ နေအိမ်မှမောင်းထုတ်ခံရ၊ မိသားစုအတွက် အလုပ်လုပ်ခဲ့ရ

၁၈၁၈ခုနှစ်.... မိခင်ကွယ်လွန်

၁၈၃၁ခုနှစ်.... စီးပွါးရေးဆုံးရှုံး

၁၈၃၂ခုနှစ်....လွှတ်တော်အမတ် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်ခဲ့

၁၈၃၂ခုနှစ်....အလုပ်လက်မဲ့ဖြစ်၊ ဥပဒေကျောင်းတက်ဖို့ ကြိုးစားခဲ့သော်လည်း ၀င်ခွင့်မရခဲ့

၁၈၃၃ခုနှစ်....မိတ်ဆွေထံ ငွေချေးပြီး စီးပွါးလုပ်၊ မအောင်မြင်၊ ထိုချေးငွေကို ၁၆နှစ်ကြာအောင် ဆပ်ခဲ့ရ

၁၈၃၄ခုနှစ်... လွှတ်တော်အမတ် ၀င်ရောက်ရွေးချယ်၊ အောင်မြင်

၁၈၃၅ခုနှစ်....လက်ထပ်ခါနီး စေ့စပ်ထားသောသတိုးသမီးလောင်း ကွယ်လွန်၊ ရင်ကွဲနာကျ

၁၈၃၆ခုနှစ်....စိတ်ကျရောဂါခံစား၊ ဆေးရုံတွင် (၆)လကြာ ကုသခဲ့

၁၈၃၈ခုနှစ်....လွှတ်တော်အမတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ၀င်ရောက်ရွေးချယ်၊ မအောင်မြင်

၁၈၄၀ခုနှစ်....ရွေးကောက်ပွဲတွင်ပါဝင် ရွေးချယ်ခဲ့၊ မအောင်မြင်

၁၈၄၃ခုနှစ်....ပါရီမန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ရွေးချယ်၊ မအောင်မြင်

၁၈၄၆ခုနှစ်....နောက်ထပ်တစ်ကြိမ် ၀င်ရောက် ရွေးချယ်၊ ရွေးချယ်ခြင်းခံရ

၁၈၄၈ခုနှစ်... လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် ၀င်ရောက် ရွေးချယ်၊ မအောင်မြင်ပြန်

၁၈၄၉ခုနှစ်... ကိုယ့်ရပ် ကိုယ်ငှာနတွင် အမှုထမ်းရန် အလုပ်လျှောက်ခဲ့သော်လည်း ငြင်းဆိုခံရ

၁၈၅၄ခုနှစ်...အမေရိကန်၏ အထက်လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ရွေးချယ်၊ မအောင်မြင်

၁၈၅၆ခုနှစ်...အမေရိကန်ပြည်သူ့သမ္မတနိုင်ငံ၏ ဒုတိယ ဥက္ကဌအဖြစ် ပါဝင်ရွေးချယ်၊ သို့သော် မဲအစောင် (၁၀၀)ပင် မပြည့်ခဲ့

၁၈၅၈ခုနှစ်...အထက်လွှတ်တော်အဖြစ် ၀င်ရောက်ရွေးချယ်ပြန်၊ မအောင်မြင်

၁၈၆၀ခုနှစ်... အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံရ

လျှောက်ခဲ့တဲ့လမ်းက ရွံ့နွံ့တွေ အထပ်ထပ်ပါပဲ။ ခြေတစ်ဘက်က ချော်လဲရင် ကျန်ခြေတစ်ဘက်ကလဲ လိုက်ယိုင်တယ်။ ဒါပေမဲ့ အသက်၀၀ ရှုပြီး ကိုယ့်ကို အသိပေးလိုက်တယ်။ “ဒါဟာ ခြေချော်ရုံ သက်သက်ပဲ။ ပြန်မထနိုင်စရာ အကြောင်း လုံးဝမရှိဘူး” လို့.....

နိုင်းနိုင်းစနေ (Thursday, November 01, 2007)

အပြည့်အစုံသို့ »

ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိ မည်သည့်နေရာတွင် ထားသည်ကိုပင် မိသားစု သိခွင့်မရ


ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်း ခံထားရသူ သာသနာရေးဝန်ကြီးဟောင်း  ဦးဆန်းဆင့်နှင့်အတူ ဖမ်းဆီး စစ်ဆေးခံနေ ရသည့် ၎င်း၏ ကိုယ်ရေးအရာရှိ ဦးအောင် သူမင်းကို မည်သည့်နေရာ၌ ထိန်းသိမ်းထား သည်ကိုပင် မိသားစုများ သိခွင့်မရသေးဟု ကာယကံရှင်တို့က မဇ္ဈိမကို အတည်ပြုသည်။

“ကြာသပတေးနေ့က အလုပ်သွားချိန်က စပြီး အခုထိ ဆက်သွယ်လို့လည်း မရဘူး။ ဖမ်းထားတယ်ပဲ နောက်ပိုင်းကြားတယ်။ ဘယ်မှာရောက်နေတယ်ဆိုတာလည်း မသိရဘူး။ စိတ်လည်းပူနေရတယ်။ အိမ်ကိုလာပြီးတော့ စစ်တယ်။ ရုံးကို ၀င်စစ်တဲ့နေ့မှာ၊ အန်တီ (ဦးဆန်းဆင့်၏ဇနီး)ကိုတော့ နေအိမ်အကျယ်ချုပ်ထားတယ်လို့ ကြားတယ်။ ဘယ်မှာ ထားမှန်းမသိတော့ စိတ်ပူနေရတာပေါ့”ဟု မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကမူ တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်အား ယခုလို ဖမ်းဆီးထိန်းသိမ်းခံရမှုမှာ မမှန်မကန်စွပ်စွဲခံရခြင်းဟု ယုံကြည်နေကြသည်။

“ပြည်သူအတွက် တကယ်အလုပ်လုပ်တဲ့ ပုဂ်္ဂိုလ်၊ ပါတီစွဲ ပုဂိ္ဂုလ်စွဲမရှိတဲ့ လူတစ်ယောက်၊ ပြည်သူလူထု အားကိုးယုံကြည်တဲ့ သူတစ်ယောက်ကို ဒီပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းတဲ့အပေါ်မှာ အံ့သြမိတယ်။ ပြည်သူအကျိုးကို သယ်ပိုးနိုင်တဲ့ အစိုးရအဖွဲ့ဝင်တစ်ယောက် မရှိတာ စိတ်မကောင်းဖြစ်မိတယ်။ မမှန်မကန် စွပ်စွဲခံရတယ်လို့ ယုံကြည်လို့ စိတ်မကောင်းဖြစ်မိတယ်”ဟု ရေကြည်မြို့နယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောသည်။

ပုသိမ်မြို့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးကလည်း “ဆက်သွယ်ရေးဝန်ကြီးတုန်းက အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ငွေကြေးအများကြီးလည်း မဟုတ်ဘဲ အခုလို လုပ်ဆောင်ခံရတာ မတရားဘူးလို့ မြင်တယ့်။ ဦးဆန်းဆင့်အပေါ်မှာ ဒီလိုလုပ်ဆောင်တာ ရိုးသားမှု မရှိဘူးလို့ မြင်တယ်။ အစိုးရအဖွဲ့က အခုထိ တိကျတဲ့ သတင်းထုတ်ပြန်တာမျိုးလည်း မတွေ့ရသေးဘူး”ဟု ပြောဆိုခဲ့သည်။

“မဖြစ်နိုင်လောက်တဲ့ အဖြစ်အပျက် တစ်ခုလို့ မြင်တယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူနဲ့အတူတူ တွဲလုပ်ဖူးတော့ သူ့စိတ်သူလုပ်ကိုင်ပုံတွေကို သိနေတယ်။ သူက ကြီးမားတဲ့ပြဿနာရှိလောက်အောင် လုပ်ဆောင်မယ့်သူမျိုး မဟုတ်ဘူး။ ကျွန်တော် ယုံကြည်တယ်။ ဦးဆန်းဆင့်ဟာ ဒီလိုလုပ်မယ့်သူ တစ်ယောက် မဟုတ်ဘူးလို့ ယုံကြည်ထားတယ်”ဟု လပွတ္တာမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

ဇွန်လ ၁၉ ရက်တွင် ဦးဆန်းဆင့်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၄၀၉/၁၀၉ ယုံကြည်အပ်နှံရေး အလွဲသုံးစားမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးလွင်က တရားလို ပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။ စစ်ဆေးခံရသူများထဲတွင် ဦးဆန်းဆင့်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိအပါအ၀င် စုစုပေါင်း ကိုးဦးအထိရှိသည်ဟု မိသားစုဝင်အချို့က ပြောသည်။

ဦးဆန်းဆင့်၏ မိသားစုဝင်များကို နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိထားသည်ကိုလည်း ၎င်းတို့နှင့် နီးစပ်သော မိသားစုဝင်အချို့က အတည်ပြုသည်။ ဦးဆန်းဆင့်သည် သာသနာရေးဝန်ကြီးတာဝန် မထမ်းဆောင်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အများပြည်သူ၏ နှစ်သက်မှုကို ခံယူနိုင်ခဲ့သည်။ ယင်းသို့ ဖမ်းဆီးခံရမှုကို ဧရာဝတီတိုင်းမှ ပြည်သူအချို့က ကန့်ကွက်ဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေသည်။

ပုဒ်မ ၄၀၉/၁၀၉ သည် ပြည်သူ့ ၀န်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးက ဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ပြစ်မှု မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားသည်ကို စစ်ဆေးတွေ့ရှိရပါက ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက် တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်။

Mizzima News Daily

အပြည့်အစုံသို့ »

အွန်လိုင်း၌ ပျံ့နှံ့နေသည့်ဓာတ်ပုံကိစ္စနှင့်ပတ်သက်၍ ကောင်းကြိုက်ဒံပေါက်ပိုင်ရှင် ရှင်းပြီ


ဖေ့ဘွတ်စ်လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် ပျံ့နှံ့နေသော ကောင်းကြိုက်ဒံပေါက်ဆိုင်နှင့် ပတ်သက်သည့် ဓာတ်ပုံများမှာ စွန့်ပစ်ပစ္စည်းများထားသည့်နေရာ  တစ်ခုကို ဓာတ်ပုံရိုက်ကာပုဂ္ဂိုလ်  ရေးအရတိုက်ခိုက်ခံရခြင်းသာဖြစ် သည်ဟုကောင်းကြိုက်ဒံပေါက်ဆိုင် ပိုင်ရှင်ဦးလှရွှေကတုံ့ပြန်ပြောကြား လိုက်သည်။

လွန်ခဲ့သည့်ရက်ပိုင်းက လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ဆိုင်ခန်းကန္နားများ၏ နောက်ကွယ် ကပုံရိပ်များဟူ၍ ကောင်းကြိုက် ဒံပေါက်အိုးများကို ရွံဗွက်ထဲတွင်  ပြန့်ကျဲနေကာကောင်းကြိုက်စာ တန်းပါကားများဖြင့် အတင်အချ ပြုလုပ်နေသည့်ပုံများထွက်ပေါ် လာခြင်းနှင့်ပတ်သက်၍ ၎င်းက  တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

““ရန်ကုန်မှာရေကြီးတဲ့နေ့တုန်း  က သမိုင်းလမ်းဆုံမှာလည်း ရေ တွေတက်ကုန်တယ်။ ကျွန်တော် တို့တစ်ဝင်းထဲမှာပဲ အလုပ်လုပ်တဲ့ သူတစ်ယောက်က မလိုလို့ဒါကို အမိအရ ဓာတ်ပုံခိုးရိုက်ပြီး တင် သွားတာပါ။ ကျွန်တော်တို့ အဲဒီနေရာကို စွန့်ပစ်ဖို့ထားတဲ့ ပစ္စည်းတွေထားတာပါ။ စည်ပင် က အမှိုက်တွေလာ မသိမ်းခင် အရိုက်ခံရတာပါ””ဟု ကောင်းကြိုက်   ဒံပေါက်ဆိုင်ပိုင်ရှင်ဦးလှရွှေက ပြောသည်။

ကောင်းကြိုက်ဒံပေါက်အနေ ဖြင့် သမိုင်းလမ်းဆုံအောင်ဓမ္မရိပ်  သာအတွင်းရှိနေရာတွင် အစား အသောက်ထုတ်လုပ်ခြင်းလုပ်ငန်း များကို ၇ နှစ်ခန့်ငှားရမ်းလုပ်ကိုင် ခဲ့သော်လည်း လက်ရှိတွင် အမှတ် ၁၀၇ ဆိပ်ကမ်းသာလမ်း၊ ဇုန် (၇)  လှိုင်သာယာစက်မှုဇုန်၌ပြောင်းလဲ ၍ ဒံပေါက်ချက်လုပ်လျက်ရှိကြောင်း  ကိုလည်း သိရသည်။

““အဲဒီနေရာကနေရာဟောင်း ပါ။ ပိတ်ထားတာကြာပါပြီ။ အဲဒီ နေရာက ခြံငှားရမ်းလုပ်နေရတဲ့ အတွက် လှိုင်သာယာစက်မှုဇုန်မှာ  ပြောင်းချက်တာတစ်လလောက် ရှိပါပြီ။ လက်ရှိစက်ရုံကိုလည်း လာကြည့်လို့ရပါတယ်””ဟု ဦးလှ ရွှေကဆက်ပြောသည်။

အဆိုပါဓာတ်ပုံများမှာ လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် အုတ်အော်သောင်းနင်းဖြစ်ခဲ့ကာ မြန်မာနိုင်ငံမှ အွန်လိုင်းသုံးစွဲသူ များမှ မျှဝေခြင်းများ ပြုလုပ်ခဲ့ကြ ပြီး၊ ကောင်းကြိုက်ဒံပေါက်ဆိုင် အပေါ်ဝေဖန်ဆဲဆိုသည့်စကား များ၊ ဘာသာရေးနှင့် ဆက်နွယ် ထိခိုက်စေသည့်စကားများဖြင့် မှတ်ချက်ပြုခဲ့ကြသည်ဟုဖေ့စ်ဘွတ်  သုံးစွဲသူများထံမှ သိရသည်။

ကောင်းကြိုက်ဒံပေါက်ဆိုင် များသည်ရန်ကုန်မြို့ရှိနာမည်ကြီး ဒံပေါက်ဆိုင်များအနက်တစ်ခု အပါအ၀င်ဖြစ်ပြီး လှိုင်သာယာ စက်မှုဇုန်တွင် ချက်လုပ်ကာဆိုင် ခွဲပေါင်း ၃၀ ခန့်မှ တစ်ဆင့်ဖြင့်ချိ  လျက်ရှိသည်ဟုသိရသည်။

ဇော်မျိုးဦး(မြစ်မခ)

အပြည့်အစုံသို့ »

တရုတ်နိုင်ငံမှာ ဒေသန္တရ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးကို လက်အောက်ငယ်သားက ကုန်းပိုးပြီး ရေအိုင်တခုကို ကျော်လွှား ချီပို့ပေးနေတဲ့ ပုံတွေ ထွက်ပေါ်လာခဲ့အပြီးမှာ အဲဒီ ဒေသန္တရ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။



ဂျန်ဇီ ပြည်နယ်မှာ မြစ်ရေလျှံမှုတွေ ဖြစ်ခဲ့စဉ် ကလေးငယ် ၃ဦး မြစ်ထဲမျောပါသွားခဲ့တာကို ကူရှာပေးဖို့ ရောက်ရှိလာတဲ့ အဲဒီပုဂ္ဂိုလ်ဟာ သူစီးလာတဲ့ သားရေ ရှူးဖိနပ် ရေစိုသွားမှာ စိုးရိမ်ခဲ့ပုံ ရပါတယ်။
အခုလို လက်အောက်ငယ်သားက ကုန်းပိုး ချီပို့ပေးရတာဟာ မလျော်ကန်တဲ့ လုပ်ရပ်အဖြစ် သူ့ရဲ့ အထက်အရာရှိတွေက ဆုံးဖြတ်ခဲ့ပြီး အခုလို အလုပ်ထုတ်လိုက်တာပါ။

အင်တာနက်ပေါ်မှာ အဲဒီ ဓာတ်ပုံတွေ ပျံ့နှံ့သွားအပြီးမှာ လူထုက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာ ဒေသန္တရ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို အင်တာနက်တွေပေါ်ကနေ ထောက်ပြ ဝေဖန်လေ့ ရှိပါတယ်။

BBC Burmese

အပြည့်အစုံသို့ »