ဆွာရက်ဇ် ပွဲကစားခွင့် လေးလပိတ်ပင်ခံရ


  အီတလီနောက်တန်းလူ ချီလီနီကို ကိုက်ခဲ့ခြင်းအတွက် ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်မှာ ဘောလုံးကစားခြင်းမှ လေးလပိတ်ပင်ခြင်းပြစ်ဒဏ်နှင့်အတူ နိုင်ငံအသင်းအတွက် ကိုးပွဲပယ်နှင့် ပေါင် ၆၅,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရသည်။ ထို့ကြောင့် ဆွာရက်ဇ်မှာ လီဗာပူးအသင်းအတွက်လည်း အောက်တိုဘာလကုန်အထိ ပါဝင်ကစားနိုင်မည် မဟုတ်ပေ။

ဆွာရက်ဇ်နှင့်ဥရုဂွေးအသင်းသည် ပြစ်ဒဏ်အတွက်အယူခံပိုင်ခွင့်ရှိသော်လည်း ပွဲပယ်ပြစ်ဒဏ်မှာ ရှုံးထွက် ၁၆ သင်းအဆင့်တွင်  ကိုလံဘီယာနှင့်ပွဲမှစတင်၍ ကျခံရမည်ဖြစ်ပြီး ထိုပွဲတွင်ပါဝင်ကစားခွင့်ရမည်မဟုတ်ပေ။ လူးဝစ္စဆွာရက်ဇ်(၂၇)နှစ်မှာ ကစားသမားမပီသသောလုပ်ရပ်အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ဖီဖာ၏စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယခုပိတ်ပင်မှု ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဆွာရက်ဇ်က ချီလီနီကိုကိုက်ခဲ့ခြင်းမှာ ကမ္ဘာ့ဖလားအုပ်စု(D) တွင် ဥရုဂွေးက အီတလီကိုအနိုင်ရသောပွဲတွင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲတွင် ဥရုဂွေးကအနိုင်ရရှိပြီး နောက်ဆုံး ၁၆ သင်း အဆင့်သို့တက်ရောက်နိုင်ခဲ့သည်။ ၎င်းတို့၏ဆုံးဖြတ်ချက်ကို ကစားသမားနှင့် ဥရုဂွေးဘောလုံးအဖွဲ့ချုပ်သို့ အကြောင်းကြားပြီးဖြစ်သည်ဟု ဖီဖာက ပြောကြားသည်။

ယင်းသို့သော အပြုအမူမျိုးမှာ သည်းခံနိုင်စရာမရှိကြောင်းနှင့် အထူးသဖြင့်လူသန်းပေါင်းများစွာ က ကွင်းအတွင်းရှိအကျော်အမော်များကိုကြည့်ရှုနေချိန်တွင်ဖြစ်ကြောင်း ဖီဖာစည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကလော်ဒီယိုဆူလ်ဆာက ပြောကြားသည်။          

Ref: BBC
7day daily

အပြည့်အစုံသို့ »

အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဖတ်ပြီး ရွံရှာမိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ္ဋ်မှ ပြော



Written By မြင့်မြင့်စိုး

ရန်ကုန်၊ မဇ္ဈိမ။ ။ စာရေးဆရာ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် အဓမ္မကျင့်မှုများ ပိုမိုဖြစ်ပေါ်အောင် တွန်းအားပေး နေသည်ဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက်သည်။

ယင်းစာအုပ်မျိုး ထပ်မံထွက်ရှိခြင်း မရှိစေရန်အတွက် စာရေးဆရာများနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းကောင်စီများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆောင်ရွက်နိုင်ရန် လိုအပ်နေသည်ဟု ဦးရဲထွဋ်က ထပ်မံပြော ဆိုလိုက်သည်။

" အဲဒီ စာအုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ ပထမအခန်း ဖတ်ပြီးတော့ ရွံရှာလို့ ဆက်မဖတ် ဖြစ်တော့ ပါဘူး။ အဲဒီ စာအုပ်ဘက်ကနေ အခု ကာကွယ်ပြီး ပြောဆိုနေတဲ့ သူတွေရှိပါတယ်။ အဲဒီ သူတွေကို စကားနှစ်ခွန်း ပြောချင်ပါတယ်။ တစ်ခွန်းက သူတို့ ကိုယ်တိုင် သူတို့အိမ်ရှေ့ စားပွဲပေါ် တင်ထားပြီး သူတို့ရဲ့သားသမီး မြေးမြစ် တွေကို လွတ်လွတ်လပ်လပ် ဖတ်ခွင့်ပြုနိုင်တဲ့အခြေအနေရှိလား။ သူ့ကို ကာကွယ်ပေးနေတဲ့ စာရေးဆရာ ကြီးတွေအနေနဲ့ သူတို့ စာအုပ်ကို အောင်ရင်ငြိမ်းရဲ့စာအုပ်နဲ့ တစ်တန်းထဲထားပြီး ရောင်းနိုင်မလား ဆိုတာကို စဉ်းစားစေချင်တယ်" ဟု ၎င်းက ပြောသည်။

ယခင်က ယခုလို စာအုပ်မျိုးသည် ခိုးချောင်ခိုးဝှက်ဝယ် ခိုးချောင်ခိုးဝှက် ဖတ်ရသည့် စာအုပ်မျိုးဖြစ်ပြီး ယခုလို လွတ်လွတ်လပ်လပ် ဆိုင်ပေါ်များ၌ ဝယ်ယူ ဖတ်ရှုခွင့် ရရှိခြင်းသည် မုဒိမ်းမှုများ ပိုမိုဖြစ်အောင် တွန်းအား ပေးနေခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ပုံနှိပ်ထုတ်ဝေသူများအသင်း၊ စာနယ်ဇင်းနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များ အနေဖြင့် ယင်းစာပေမျိုးကို ထုတ်ဝေ ဖြန့်ချိခြင်း ပြုသင့်မသင့်ကို သေချာစွာ စဉ်းစား ဆုံးဖြတ် သင့်သည်ဟု ၄င်းကပြောသည်။

အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် လူအဖွဲ့အစည်း တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်ခြင်းကြောင့် ဥပဒေကြောင်း တစ်ခုတည်းနှင့် သာမက အဖွဲ့အစည်း အားလုံးအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းသင့်သည်ဟု ဦးရဲထွဋ်က သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

" အဲဒီစာအုပ်နဲ့ ပတ်သက်ပြီး မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနက ကျွန်တော်တို့ ကို အကြောင်းကြား ထားပါတယ်။ အရင်ဆုံး အောင်ရင်ငြိမ်းရဲ့ စာအုပ်က တရားဝင်ထုတ်တဲ့ စာအုပ်ဟုတ်မဟုတ်ကို အရင်ကြည့်စေ ချင်ပါတယ်။ အဲဒီစာအုပ်မှာ ထုတ်ဝေသူ နာမည်လည်း မပါသလို ပုံနှိပ်စက် အမည်လည်း မပါဘူး။ အဲဒါတွေမပါရင် တရားဝင် ထုတ်တယ်လို့ပြောလို့မရဘူး။ ကျွန်တော် တို့က ထုတ်ဝေသူ မပါတဲ့ စာအုပ်ကို မှတ်ချက်ပေးလို့မရဘူး။ အဲဒီစာအုပ်က ပြည်သူလူထု ကြားထဲ ထုတ်ဝေသင့်တဲ့ စာအုပ် မဟုတ်ဘူး။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေနဲ့လည်း ငြိစွန်းနေတယ်" ဟု မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းမှ ဒုတိယ ဥက္ကဌ ဦးမျိုးအောင်က ပြောသည်။

မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂအသင်း ဥက္ကဌ ဦးထက်မြက်ကလည်း ၏ ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ် နှင့် ပတ်သက်ပြီး အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်သည့် စာအုပ်ဖြစ်ခြင်းကြောင့် ယင်းစာပေမျိုးကို မြန်မာနိုင်ငံ စာရေးဆရာများ အသင်းသမဂ္ဂမှ လက်မခံကြောင်းနှင့် ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်စာရေးသူ အောင်ရင်ငြိမ်းသည် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းသမဂ္ဂတွင် အသင်းဝင်တစ်ဦး မဟုတ်ကြောင်းပြောခဲ့သည်။

စာရေးဆရာ အောင်ရင်ငြိမ်း၏ ကိုယ်ပိုင်စာမျက်နှာ ဖေ့ဘွတ်ပေါ်တွင် ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်နှင့် ပတ်သက်ပြီး "ကျွန်တော့်အလုပ်က ကဗျာရေး ဝတ္ထုအက်ဆေး ဆောင်းပါးရေး။ အဲဒီလို ကိုယ် ယုံကြည်လို့ တစ်သက်စာ ရွေးချယ်ထားတဲ့ စာပေအလုပ်အပြင် အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ်လည်း စာပေလောကနဲ့ ဆက်စပ်တဲ့ အလုပ်တွေဖြစ်တဲ့ အယ်ဒီတာ ပရုဖ်ဖတ်သူ သတင်းထောက် စာအုပ်ဟောင်းရောင်းသမား အလုပ်တွေကို လုပ်ခဲ့ဖူးပါတယ်။ကိုယ်ပိုင် အားလပ်ချိန်တွေ ပရဟိတကျောင်းတစ်ကျောင်းမှာ Grade- 10 & 11 တွေကို အင်္ဂလိပ်စာ သင်ပေးတာ ကတော့ အသက်မွေးဝမ်းကျောင်း အလုပ်မဟုတ်ဘဲ ပရဟိတ အလုပ်လုပ်တာ ဖြစ်ပါတယ်။ အခု ရိုမန်းဘော့ထ်တွေရဲ့ နောက်ဆက်တွဲ ပြသနာတွေ အဖြစ် ကျွန်တော့် စာအုပ်ဟာ အစိုးရရဲ့ နောက်ကွယ် ကြိုးကိုင်မှုနဲ့ ပုဒ်မ ၄၃၆ လှုပ်ရှားမှုကို အာရုံလွှဲပြောင်းဖို့ အစီအစဉ်တကျ ပေါ်ထွက်လာတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတဲ့ ကိုယ်လိုရာ ဆွဲတွေးမှန်းဆချက်တွေ ထွက်ပေါ် လာတယ်လို့ သိရပါတယ်။ ကျွန်တော်ပြောတဲ့ အမှောင်ခေတ် အလွန် အရူးခေတ်ရဲ့ ရယ်မောစရာ အကောင်းဆုံး ဟာသပြက်လုံး တစ်ခုပါပဲ။ ဒါဟာ ကျွန်တော့်ကို လုပ်ကြံ တိုက်ခိုက်မှု အသစ်တစ်ခု ဖန်တီးလိုက်တာလို့လည်း ယူဆမိပါတယ်။" ဟု ရေးသား ဖော်ပြထားသည်။

စာရေးသူ အောင်ရင်ငြိမ်းကို မဇ္ဈိမသတင်းစာမှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိုင်ဆောင်သည့် တယ်လီဖုန်း ပိတ်ထားခြင်းကြောင့် ဆက်သွယ်မှု မရရှိခဲ့ပေ။ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရာဇသတ်ကြီးပုဒ်မ ၂၉၂၊ ၂၉၃ ညစ်ညမ်း စာပေရေးသား ထုတ်ဝေမှုနှင့် တရားစွဲဆို အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

အောင်ရင်ငြိမ်း၏ စာအုပ်ကို ၂ဝ၁၄ ခုနှစ်ဇွန်လတွင် လူငယ်တစ်ယောက်စာပေမှ ပထမဆုံး အကြိမ် ရိုက်နှိပ်ကာ ပင်လယ်သစ် စာပေမှ မြန်မာတစ်နိုင်ငံလုံးသို့ တစ်အုပ်လျှင် ၂၅ဝဝ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်ဝေဖြန့်ချိခဲ့ခြင်းဖြစ်သည်။


Mizzima Burmese

အပြည့်အစုံသို့ »

အေးဆေး သစ္စာရှိပြီး ရိုးသားမှုနှင့် အနစ်နာ ခံနိုင်သည့် ယောင်္ကျားပီသသူကို လိုအပ်သည်ဟု ယုသန္တာတင်ဆို



တက်သစ်စ အဆိုတော်လည်းဖြစ် မင်းသားလည်း လုပ်နေသည့်သူနှင့် ချစ်ကြိုက်နေသည့် အချစ်ရေး သည် အေးဆေးနေပြီး သစ္စာရှိမှု၊ ရိုးသားမှုနှင့် အနစ်နာခံနိုင်ပြီး ယောက်ျား ပီသမှု ရှိသူလိုအပ်သည်ဟု သရုပ်ဆောင် ယုသန္တာတင်က ၎င်း၏ ချစ်သူအကြောင်းကို ပွင့်လင်းစွာပြောပြသည်။

“အခုတော့ အရင်ကနဲ့ မတူတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အများကြီး ပြောင်းလဲသွားတယ်လို့ ထင်တယ်။ အရင်ကလို ကလေး သိပ်မဆန်တော့ဘူး။”ဟု ၎င်း ကပြောသည်။

သရုပ်ဆောင် ယုသန္တာတင်နှင့် ချစ်ကြိုက်နေသည့် ချစ်သူသည် လက်ရှိ အနုပညာလောကတွင် အနုပညာ အလုပ်များကို လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ၎င်း၏ မိဘများသည် အနုပညာ အလုပ်တွင် အောင်မြင် ကျော်ကြားစေလိုသည့် သူများဖြစ်သည်။

ယုသန္တာတင်သည် ဇူလိုင်၁ရက်တွင် ဒါရိုက်တာဟိန်းစိုး ရိုက်ကူးမည့် အိမ်ထောင်ရှင်များ အားကိုးရာ ဇာတ်ကားတွင် အမျိုးသားက ပိုက်ဆံရှိခြင်းကြောင့် ၎င်း ကိုငွေဖြင့် သိမ်းပိုက်ခဲ့ပြီး ယုသန္တာတင် အနေဖြင့်လည်း အိမ်ထောင်ရေး ဖောက်ပြန်သည့် အမျိုးသမီးနေရာက ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

သရုပ်ဆောင် ယုသန္တာတင်သည် ဗီဒီယို ဇာတ်ကား ၄ဝ ကျော်နှင့်ကြော်ငြာ၂ဝကျော်ကို ရိုက်ကူး ခဲ့သူဖြစ်ပြီး၂ဝ၁၁ ခုနှစ်တွင် အနုပညာပျိုးခင်းမှ တင်သည့် မင်းသမီး သုံးယောက်ထဲမှ တစ်ဦးဖြစ်ကာ၂ဝ၁၅ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည်ဖြစ်သည်.။

Mizzima Burmese

အပြည့်အစုံသို့ »

ဂျီအက်စ်အမ်ဖုန်းများ ညသန်းခေါင်တွင် လိုင်းပြတ်တောက်မှုများဖြစ်နေ



ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ ညသန်းခေါင်ယံအချိန်တွင် ဖုန်းလိုင်းပြတ်တောက်မှု ညစဉ်ဖြစ်နေသည်ဟု ဖုန်းသုံးစွဲသူများထံမှ သိရသည်။ ယင်းသို့ ဖြစ်ပေါ်နေခြင်းသည် ယခုလ တတိယအပတ်မှ စ၍ ဖြစ်ပေါ် နေခြင်းဖြစ်ပြီး ရန်ကုန်မြို့အပြင် အခြား နယ်မြို့များပါ ဖြစ်နေကြောင်း သိရသည်။

”အရင်ကဖြစ်လား မဖြစ်လားဆိုတာတော့ သတိမထားမိဘူး။ အခုရက်ပိုင်းမှ သတိထားမိတယ်။ ကမ္ဘာ့ဖလားကြည့်ဖို့ သူငယ်ချင်းကို ဖုန်းဆက်မှဖုန်း လိုင်းပျောက်နေတယ်။ မှတ်မှတ်ရရ နှစ်ညဆက်တိုက်  ညသန်းခေါင်ယံအချိန်မှာဖြစ်နေတာပါ” ဟုပုစွန်တောင်မြို့နယ် မှဖုန်းသုံးစွဲသူ ကိုချစ်ကိုက ပြောသည်။ယင်းသို့ ဖြစ်မှုသည် မိနစ်အနည်း ငယ်မျှဖြစ်သော်လည်း တစ်ခါတစ်ရံတွင် နာရီနှင့်ကြာသည်အထိ ဖြစ်နေကြောင်း ကွမ်းခြံကုန်းမြို့နယ်မှ ဖုန်းသုံးစွဲသူ ကိုမင်းသူကလည်း ပြောသည်။ ”အရေးကြီးလို့ အိမ်ကို ညဘက်ဖုန်းဆက်တာ တိုင်တောင်မပေါ်ဘူး”ဟု ၎င်းက ပြောသည်။

ဖုန်းလိုင်းပြတ်တောက်မှုတွင် ဂျီ ဖုန်းအမျိုးအစားတစ်ခုသာဖြစ်ခဲ့ပြီးအခြား CDMA, MEC, WCDMA  ဖုန်းများမဖြစ်ကြောင်း၊ ဂျီဖုန်းတွင် ငါးသိန်း၊ နှစ်သိန်းနှင့် တစ်ထောင့် ငါးရာတန်ဖုန်းများအားလုံး လိုင်းပြတ်ခဲ့ကြောင်း သုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။ည ”အင်တာနက်သုံးမလို့ လိုင်းဖွင့်တာ။ Network  မရှိဘူးဆိုတာပဲ ပြနေတယ်။ တစ်ညလည်းမဟုတ်ဘူး။ ညတိုင်းတစ်နာရီကျော်ရင်ဖြစ်နေပါတယ်” ဟု ကမာရွတ်မြို့နယ် ပုဂ္ဂလိကဆေးရုံတစ်ရုံမှ ဖုန်းသုံးစွဲသူ မသီရိက ပြောသည်။

ယင်းသို့ ဖြစ်နေမှုများမှာ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ တာဝါတိုင်မှပါဝါသေခြင်း၊ ချို့ယွင်းချက်များဖြစ်ပေါ်ခြင်းအပြင် ဖုန်းဟန်းဆက်များ ချို့ယွင်း မှုကြောင့် လည်း ဖြစ်နိုင်ကြောင်း၊ လတ်တလောအနေဖြင့် ဖုန်းလိုင်းပြင်ဆင်နေခြင်းများကြောင့်လည်း အလားတူ ဖြစ်ရပ်များရှိနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာ နမှအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။ ”ဖုန်းလိုင်းတွေ ကောင်းဖို့အတွက် ဂျပန်နဲ့ ပူးပေါင်းပြီးလုပ်နေပါတယ်။ စက်ပစ္စည်းအစားထိုးလဲလှယ်တာမျိုးတော့ မဟုတ် ဘူး။ စစ်ဆေးမှုတွေ လုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။ မိုဘိုင်းဖုန်းသုံးစွဲသူများမှာ တစ်ဦးနှင့်တစ်ဦး ဖုန်းပြောနေစဉ်မှာပင် ဖုန်းလိုင်းပြုတ်ကျခြင်း၊ ခေါ်ဆို၍ မရခြင်း များ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်အထိ ယင်းပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

PN -052

popular journal

အပြည့်အစုံသို့ »

မဟာသန္တိသုခကျောင်းကို ပီနန်ဆရာ တော်ကြီးအား ပြန်လည်အပ်နှင်းပါက ဆရာတော်အရှင်ဆန္ဒာဓိက ကျပ်သိန်း ၃ဝဝ လှူဒါန်းသွားမည်



မဟာသန္တိသုခကျောင်းကို ပီနန်ဆရာတော်ကြီးအား ပြန်လည်အပ်နှင်းပါက ကျောင်းတော်ကြီးအား ပြန်လည်ပြုပြင်ရာတွင်အသုံးပြုရန် ဆရာ တော်အရှင်ဆန္ဒာဓိကမှ ကျပ် သိန်း ၃ဝဝ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ပီနန်ဆရာတော်မှာ ကမ္ဘာအနှံ့လှည့်လည်သာသနာပြုနေသော ဆရာတော်တစ်ပါးဖြစ်ပြီး ၎င်းလက်အောက်တွင် မဟာသန္တိသုခကျောင်းတော်မှာများစွာ တိုးတက်လာ မြှာ ဖစ်ပြီး ပညာတတ်သံဃာတော်များလည်းများစွာ ပေါ်ထွန်းလာနိုင်ကြောင်း ထို့ကြောင့် ကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဘုရားထံ ပြန်လည်အပ်နှံ မည်ဆိုပါ က ငွေကျပ်သိန်း ၃ဝဝ လှူဒါန်းမည်ဖြစ်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကမှ ဇွန်လ ၂ဝ ရက်နေ့ NLD  ရုံးချုပ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပါဝင်လက် မှတ်ရေး ထိုး အပြီးတွင် မိန့်ကြားသည်။

”ပီနန်ဆရာတော်ကြီးကိုသာ အပ်နှင်းလိုက်ပါ။ သိန်း ၃ဝဝ လှူဒါန်းပါ့မယ်”ဟု ဆရာတော်က မိန့်ကြားသည်။  ထို့အပြင် သံဃာငါးသိန်းကို ကိုယ်စားပြုခြင်းကြောင့် သိမ်းယူ သည် ဟုဆိုသော် အဆိုပါ သံဃာငါးသိန်းအား မဲဆန္ဒလက်မှတ်ကောက်ခံခိုင်းပါက ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းမှာ ပီနန်ဆရာတော်ဘက်မှရှိနေမှာဖြစ်ပြီး လှူ ဒါန်းသူများမှာ ဘုရားရှင်လက်ထက် သံဃာတော်များ၊ လက်ရှိသံဃာတော်များ၊ နောင်ဖြစ်လာမည့်သံဃာတော်များအတွက်စသည့် သံဃာအားလုံးအတွက်ရည်းစူး၍ လှူဒါန်းခြင်း မည်ေ ကြာင်း၊ ကမ္ဘာတွင် ဗုဒ္ဓဘာသာပြန့်ပွားရေးဦးတည်ချက်သာ အဓိကကျကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကမှ ဆက်လက် မိန့်ကြားသည်။

ပီနန်ဆရာတော်ကြီးနှင့် နိုင်ငံတော် သံဃာမဟာနာယက(မဟန)ကြားအငြင်းပွားနေသော အဆိုပါ ကျောင်းတိုက်အား ယခုလ ၁၁ ရက် နေ့တွင် အာဏာပိုင်အဖွဲ့အစည်းမှ ဝင်ရောက်ချိတ်ပိတ်ခြင်းခံခဲ့ရပြီး အင်္ဂလန်ဆရာတော်အပါအဝင် သံဃာငါးပါးကိုလည်း သာသနာညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲစေကာ အမှုဖွင့်ခံခဲ့ရသည်။  အဆိုပါ သံဃာ ငါးပါးအား ဇွန် ၂ဝ ရက်နေ့က ပြုလုပ်သော ရုံးချိန်းတွင်အာမခံပေးခဲ့ပြီး ဇွန်၂၇ ရက်နေ့ချိန်းဆိုထားကာ ကျောင်းတိုက်ကြီးပြန်လည်ရရှိရေးအတွက် ဥပဒေဘောင် အတွင်းမှ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဆရာတော်များက မိန့်ကြားထားသည်။

ဖိုးလပြည့်

Popular News

အပြည့်အစုံသို့ »

ဆပ်ပြာခွက်များဖြင့် သယ်ဆောင်လာသည့် ဘိန်းဖြူဂရမ် ၄၀၀ ကျော် ဖမ်းမိ


လားရှိုးမြို့မှ ဇွန် ၂၄ ရက်၊ ညနေ ၃ နာရီတွင် ထွက်ခွာလာသည့် GI Group ယာဉ်ပေါ်တွင် စီးနင်းလာသည့် ခရီးသည် အမျိုးသမီး သုံးဦးထံမှ ဘိန်းဖြူဂရမ် ၄၀၀ ကျော် (တန်ဖိုး ၈၅ သိန်းကျော်ခန့်)ဖမ်းဆီးရမိခဲ့သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

လားရှိုးမြို့မှထွက်ခွာလာသည့် ယာဉ်ကို နောင်ချိုမြို့အ၀င် အေးရှားဝေါလ် တိုးဂိတ်အနီးမူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့များက ရှာဖွေရာ နံပါတ်(၃၉)တွင်လိုက်ပါ လာသည့် မခေါန်တောင်ထံမှ လိုင်ချီးသီးများထည့်ထားသည့်အိတ်အတွင်း အံဝှက် ပြုလုပ်၍ ကြွပ်ကြွပ်အိတ် အတွင်း ရောင်စုံ ဆပ်ပြာခွက် ၁၀ ခွက်ဖြင့် ထည့်လာသည့် ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ်ကို စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ခုံနံပါတ်၄၀ တွင် လိုက်ပါ လာသူ မဆိုင်းခေါန်ထံမှ အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ ရောင်စုံ ဆပ်ပြာ ခွက် ၁၁ ခွက်အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန်၁၂၁ ဂရမ်ကို ထပ်မံတွေ့ရှိခဲ့ပြီး ခုံနံပါတ်(၄၁)မှ မခေါင်းစေး၏ ခရီးဆောင်အိတ်အတွင်း ၌လည်း ရောင်စုံဆပ်ပြာခွက် ၂၂ ခွက် အတွင်းမှ ဘိန်းဖြူအလေးချိန် ၂၄၂ ဂရမ် ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဘိန်းဖြူများ သယ်ဆောင်လာသည့် အမျိုးသမီးသုံးဦးစလုံးမှာ တာမိုးညဲမြို့နယ် ခွဲ၊ မုံစီးကျေးရွာတွင် နေ ထိုင်သူများဖြစ်ပြီး ၎င်းင်းတို့ကို ဆက်လက်စစ်ဆေးရာ တာမိုးညဲ မြို့နယ်ခွဲ၊ ပန်းရန်ခါးကျေးရွာတွင်နေထိုင် သည့် တရုတ်အမျိုးသမီး မ၀ါမရွယ်က အခ ကြေးငွေပေး၍ မန္တလေးမြို့၊ ပြည့်ကြီးမျက်ရှင်ကားဝင်းသို့ သယ် ဆောင်ခိုင်းခြင်းဖြစ်သည်ဟု ရဲထံထွက်ဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘိန်းဖြူများ သယ်ဆောင်လာသူ အမျိုးသမီးသုံးဦးနှင့် ပို့ဆောင်ခိုင်းသူ အမျိုး သမီးတစ်ဦးကို နောင်ချိုမြို့မရဲစခန်းက မယ(ပ) ၅၂/၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ မယ(ပ)၅၁/၁၄၊ မူး/ စိတ်ပုဒ်မ၁၅/၁၉(က)/၂၁ ဖြင့်လည်း ကောင်း၊ မယ(ပ)၅၀/၁၄၊ မူး/စိတ် ပုဒ်မ ၁၅/ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားသည်။

Mizzima Burmese

အပြည့်အစုံသို့ »

ကမ္ဘာ အထက် မြင်ကွင်း တွေကို မီးပုံပျံဖြစ် စီးနင်း ကြည့်ရူနိင်


ယခု ဇွန်လထဲတွင် ကမ္ဘာ့ အထက် မြင်ကွင်းများကို မီးပုံပျံဖြင့် စီးနင်းကြည့်ရူနိင်စေရန် World view လုပ်ငန်းစုမှ စမ်းသပ်မူ တစ်ချို့ကို ပြုလုပ်ခဲ့ရာ အောင်မြင်စွာ ဖြင့် ခရီးသည်တွေ စီးနင်းနိင်လာတယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ အပတ်က နယူးမက်ဆီကိုတွင် ကမ္ဘာ့ အထက် မိုင် (၂၀) မှ စီးမျော လိုက်ပါနိင်မဲ့ စမ်းသပ်မူကို စတင်ပြုလုပ်ခဲ့ရာ ပြည့်စုံစွာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ CEO ရဲ့ ပြောကြားချက်အရ ကမ္ဘာ့မြေမှ ပေပေါင်း (၁သိန်း၂သောင်း) ကနေမိုးပျံပူဖောင်းကြီးကိုစီးကာ မြင့်မားတဲ့ပျံသန်းမူကို ကမ္ဘာ့မှတ်တမ်း တစ်ခုအနေနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

စီးနိင်မူတွင် ကုမ္ပဏီမှ ၀န်ထမ်း(၂)ယောက်၊ ခရီးသည် (၂)ယောက် စုစုပေါင်း (၈) ယောက်စီးနိင်လိုက်ပါနိင်မှာ ဖြစ်ပြီးတစ်ယောက်ကို ဒေါ်လာ ၇သောင်းခွဲဖြစ် အသွားကနေအပြန် အထိ ၂နာရီခန့် လိုက်ပါ စီးမျောနိင်မှာ ဖြစ်ပါတယ်။ စီးနိင်လိုက်ပါနိင်မဲ့ အခန်းမှာ ခရီးသည်များ လမ်းလျှောက်နိင်လောက်အောင် အတော်အတန် ကျယ်ဝန်းပြီး ကမ္ဘ့ာရဲ့ မြင်ကွင်းတွေနဲ့ ကွေးကောက်မူတွေကို မြင်ရမှာ ဖြစ်ပါတယ်။ ထိုအစီအစဉ်ကို ၂၀၁၆ အတွင်းတွင် စတင်ဖို့ အစီအစဉ် ရေးဆွဲလျက်ရှိပါတယ်။

Ref: mashable

smart pro journal

အပြည့်အစုံသို့ »