ငရုတ်သီးစားခြင်းကြောင့် အသက်ရှည်စေနိုင်ဟု သိပ္ပံပညာရှင်များ ပြောကြား


ခန္ဓာကိုယ်မှာ နာကျင်မှုကို အာရုံခံနိုင်စွမ်းအား ဟန့်တားခြင်းက အသက်ရှည်စေကြောင်း၊ ငရုတ်သီးမှာပါဝင်တဲ့ Capsaicin့ ဒြပ်ပေါင်းက နာကျင်မှုအာရုံခံပရိုတိန်း TRVPI  ကို ဟန့်တားပေးကြောင်း၊ ဒါကြောင့်မို့ ငရုတ်သီးတောင့်တွေနဲ့ ငရုတ်သီး ပါဝင်တဲ့ အစပ်ဟင်းတွေ ပုံမှန်စားသုံးခြင်းဖြင့် အသက်ရှည်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့တယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီအင်ဒရူးဒီလင်းနဲ့ သုတေသီတွေက ကြွက်တွေကို TRVPI ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ် လုပ်နိုင်အောင် မျိုးရိုးဗီဇပြုပြင်ပြီး အဲဒီလေ့လာမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
TRVPI  ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ်လုပ်နိုင်တဲ့ အဲဒီကြွက်တွေဟာ ထူးထူးခြားခြား အသက်ရှည်ကြောင်း ၊ တခြားပုံမှန်ကြွက်တွေထက် ၁၄ ရာခိုင်နှုန်းပိုပြီး အသက်ရှည်တဲ့အပြင် ပိုမိုကျန်းမာကြောင်း၊ ကင်ဆာရောဂါ ဖြစ်ပွားမှုလျော့နည်းပြီး အသက်အရွယ်ကြောင့် မှတ်ဉာဏ် စွမ်းရည်ကျဆင်းမှုနှုန်း လျော့နည်းကြောင်း၊ ဒါ့အပြင် ပုံမှန်ထက် ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်စရာ မလိုဘဲ အဆီပိုတွေကို လောင်ကျွမ်းစေ နိုင်ကြောင်းနဲ့ အသက်အရွယ်အိုမင်းလာတဲ့တိုင် ခန္ဓာကိုယ်တွင်း သကြားဓာတ် ချေဖျက်နိုင်စွမ်းအပါအ၀င် ဇီဝရုပ်ဖြစ်စဉ်ဟာ အသက်ငယ် စဉ်ကလို ကောင်းမွန်နေတုန်းဖြစ်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့တယ်။
သို့ဖြစ်ရာ ခန္ဓာကိုယ်မှာ နာကျင်မှု အာရုံခံနိုင်စွမ်းကို ဟန့်တားခြင်းက လူတွေမှာ နာကျင်မှုသက်သာစေရုံမက အသက်ရှည်ကျန်းမာစေပြီး၊ အထူးသဖြင့် ဆီးချိုရောဂါနဲ့ အ၀လွန်မှုတို့ကို ကုသရာမှာ အလွန်အသုံးဝင် နိုင်ကြောင်း ဆဲလ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာမှုမှာ ပါမောက္ခ သုတေသီဒီလင်းက ပြောကြားခဲ့တယ်။
ညွန့်လွင် (စက်မှုတက္ကသိုလ်)

Health Updates Journal

အပြည့်အစုံသို့ »

ကမ္ဘာ့ပထမဆုံး အဲယားကွန်းနဲ့ ဖုံးပိတ်ပေးတဲ့ မြို့


ဘယ်နိုင်ငံမှာ ရှိလိမ့်မလဲ ဆိုတာကို ခန့်မှန်း သိရှိ ကြမှာပါ။ ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ အနီးမှာ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ထူးခြားချက်က တစ်မြို့လုံးကို အဲယားကွန်း ဖန်လုံအိမ်ထဲ ဖုံးအုပ် ထားပြီး ကမ္ဘာ့ ပထမဆုံး အဲယားကွန်း ဖုံးပိတ် ထားတဲ့ မြို့ အဖြစ် စံချိန်တင်စေမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ အမြင့်ဆုံး မိုးမျော်တိုက်ကလည်း ယူအေအီးမှာ ရှိသလို ကမ္ဘာ့ အကြီးဆုံး ရှော့ပင်စင်တာကိုလည်း အဲယားကွန်း အလုံပိတ်တဲ့ မြို့ထဲမှာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ စတုရန်းပေ ၄၈ သန်း ဧရိယာ ကျယ်တဲ့ ယင်းမြို့မှာ တိုက်တာ အဆောက် အအုံများ အပြင် ကားလမ်းမ ကြီးတွေကိုပါ အဲယား ကွန်း လေအေးပေး စနစ် တပ်ဆင် ဖန်လုံအိမ်ထဲမှာ ထည့်သွင်းထား မှာ ဖြစ်ပါ တယ်။ ပူပြင်းထဲ နွေရာသီ မှာ ဖုံးအုပ် ထားပေးပြီး ဆောင်းရာသီ ရောက်ရင်တော့ အပြင်လေ ရဖို့ အတွက် ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ရှော့ပင် စင်တာ ကြီး တစ်ခုနဲ့ နေအိမ် ရုံးခမ်း တိုက်တာ အဆောက်အအုံပေါင်း ၁၀၀ ကျော် ပါဝင်ပြီး ပန်းခြံ နဲ့ အပန်းဖြေ စရာ နေရာ မျိုးစုံလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက် ကတော့ ကမ္ဘာလှည့်ခရီးသည် များကို စွဲဆောင် နိုင်တဲ့ နေရာ တစ်ခု ဖြစ်ရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ တစ်နှစ်ကို လည်ပတ်သူ ၁ သန်း ကျော် လာရောက် စေဖို့ အတွက် ခန့်မှန်းထား ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

ရှားရှားပါးပါး တရုတ်မနဲ့ ညားတဲ့ ဗိုလ်ချုပ်


 ဆရာကြီးမောင်ထူး ...

          မောင်ရင်ကော်ပရာ ဘဝတုံးက ဒို့တပ်ကိုရောက် လာတဲ့ဗိုလ်လေးကို မှတ်မိသေးလား ဒုဗိုလ်ဘဝမှာတင် ဂွင်မှန်သမျှ မလွတ်တန်းလိုက်ရိုက်နေလို့  သူ့ထက်စီနီယာတွေတောင် လက်ဖျားခါရတဲ့ ဗိုလ်လေးလေ၊ ဘာတဲ့သူ့နာမည်က ဗိုလ်ငွေသိမ်း ဆိုလားဘာလား၊ ပထမတော့ နောက်နေကြတယ် ထင်နေတာ တကယ်နာမည်အရင်းကိုက ငွေသိမ်းတဲ့၊ ငွေမြင်ရင် သူ့အိတ် ထဲ ဖမ်းသိမ်းတတ်တာ ဒို့တပ်ရင်းတစ်ခုလုံး ကလေးကအစသိနေတော့ သူ့မြင်ရင် အိမ်ထောင်သည်လိုင်းက မိန်းမတွေရောကလေးတွေရော ကွယ်ရာမှာပြောပြီး ရယ်နေကြရတဲ့ တစ်ယောက်လေ။    

          ရာထူးတက်ပြီးတပ်ပြောင်းသွားတော့ နောက်တပ်ရင်းမှာ နည်မည်တစ်လုံးထပ်ရသေးတယ်။ ဗိုလ်မှူး သူရငွေသိမ်းတဲ့၊ မဲသ ဝေါနဲ့ စီစီဝမ်တာပန်၊ မောင်ဖိုးကေနဲ့ ဝမ်ခစခန်းတွေကိုတက်သိမ်းလို့ ရခဲ့တာတော့မဟုတ်ဘူး၊ တပ်ရင်းမှူးကတော်ဆီက ဘာ အခွင့်အရေးရမလဲ၊ ဌာနချုပ်တပ်ခွဲအပြင် ဘယ်တပ်ခွဲက ဝင်ငွေကောင်းသလဲ၊ မော်တော်ယာဉ် တပ်ခွဲကိုင်ရင်OK မှာလား။ တပ် ထောက်စတိုကိုင်ရင် အူစိုမှာလား အမြဲတမ်းတွေးတောကြံဆပြီး သူရဖို့အကွက်ကို အမြဲချောင်းနေလို့ တပ်ကကွယ်ရာမှာပေးထားတဲ့ဘွဲ့၊ သူရဖို့ဘဲ စဉ်းစားပြီး၊ သူများကိုပြန်ပေးဖို့မစဉ်းစားတတ်လို့ သူရငွေသိမ်းဆိုတဲ့ဘွဲ့ကိုရခဲ့တာဆိုဘဲ။

          ဒို့တပ်ထဲမှာက လူနပ်ချမ်းသာတွေများတော့ အဲဒီလိုစီးပွားရေးနားလည်တဲ့ ဗိုလ်လေးတွေကရာထူး အတက်မြန်တယ်ကွ၊ မောင်ရင်တို့အခြားအဆင့်တွေ ကျတော့ ဖင်ကျွတ်တက်အောင်လုပ်လဲ တပ်ကြပ်ကြီး ဘဝနဲ့အရိုးထုတ်ရမှာ - ကံသိပ်ကောင်းရင် မောင်ရင့် လက်မောင်းမှာ ကြယ်ပွင့်ပြူးပြူးကြီးတပ်ပြီး၊ အာရ်အက်စ်အိုင်၊ စီကျူ၊ အာကျူ အရာခံဗိုလ်ကြီး ဘဝနဲ့ ဇာတ်သိမ်းရမှာ မဟုတ်ဘူးလား၊ သူတို့ကျတော့ ဗိုလ်ချုပ်တွေဘာတွေတက်ဖြစ်တာမြန်လိုက်တာ မပြောနဲ့တော့၊ မောင်ရင်သိတဲ့ ဒီဗိုလ်လေးက အ ခု ဗိုလ်ချုပ် ငွေသိမ်းဖြစ်သွားပြီမောင်ရေ့...။ ဘာဂွင်တွေမိနေသလဲတော့မသိပါဘူး၊ ငါရုတ်တရက်တွေ့လိုက်ရတာကတော့ တ ရုတ်မကြီးနဲ့ ငြိမ့်နေတယ်ကွ။

ဆရာကြီးမောင်ထူးရေ...

          ဘာမှားသွားလဲတော့ မသိပါဘူးကွာ. အဲဒီ ဗိုလ်ချုပ်က စစ်တပ်မှာနေပြီး ဦးပိုင်တွေဘာတွေကိုင်လိုက်ရရင် ဒီထက်မကထော မှာကြိမ်းသေတယ်။ အခုတော့ဘယ်လိုကဘယ်လို တရုတ်မနဲ့ ညားသွားတာလဲမသိဘူး၊ တရုတ်မနဲ့ညားတယ်ဆိုလို့ အကြီး အကျယ်ကြီး မစဉ်းစားနဲ့၊ မျိုးစောင့်ဥပဒေတွေဘာတွေဆွဲဖို့ ဗိုလ်ချုပ်ဟောင်းတွေ ခါးတောင်းကျိုက်ပြီး ကြိုးစားနေချိန်မှာ ဗိုလ် ငွေသိမ်း အဲဒီလောက်တော့ မအသေးဘူး။ တရုတ်မအကြောင်းကို ပြီးမှရှင်းပြမယ်။ အဲဒီဗိုလ်ချုပ်က တပ်ထဲမှာနေပြီး ဘီလျံနာဖြစ်ချင် နေတာ၊ လိုင်းအဝင်ကမတတ်တော့ စားရဝါးရမဲ့နေရာတွေကို လာဘ်မထိုးနိုင်လို့လားမသိဘူး၊ ဗိုလ်ချုပ်ဖြစ်မှ ဂွင်ကောင်းမဲ့နေရာတွေ မရတော့ဘူး၊ ထင်ပါရဲ့။

          တပ်မှာနေတုန်းကဌာနချုပ်တပ်ခွဲကိုင်တော့ ဘယ်သွားသွား FAWကားပေါ်ကမဆင်းဘူး၊ မင်္ဂလာဆောင်သွားသွား၊ အသုဘ ပို့ပို့၊ သူ့ကလေးတွေ ကျောင်းသွား၊ သူ့မိန်းမဈေးသွား FAW ကားဘဲ၊ အဲဒီ အထုံပါလာလို့လားမသိဘူး၊ ဗိုလ်ချုပ်ဖြစ်တော့လဲ သူ များကို LEXUS မစီးနိုင်လို့ဘဲ တရုတ်ကထုတ်တဲ့ မြန်မာစတေရှင် ဝက်ဂွန်ကြီးတကားကားနဲ့ သွားလာနေရဲ့။

     ဒို့တပ်ထဲမှာ စစ်ဆင်ရေးသွားတဲ့ကားတွေမှတ်မိလားFAW-UANBANနဲ့ AEROLOX

 တရုတ်က သွင်းလာတဲ့ကားအစီးရေ (၅ဝဝဝဝ)လောက် မော် တော်ယာဉ် ဌာနမှာ ဘယ်နေရာကြည့်ကြည့် တရုတ်က မစစောင့်ရှောက်ကြည့်ရှု့အကြွေးပေးထား တယ်ဆိုဘဲ၊ တပ်ထဲရောက်လာကာစ ဆေးကအသစ်၊ နံပါတ်ကအသစ်နဲ့ တရုတ်က စောင့်မကြည့်ရှု့ မစလို့ တရုတ်ကမစတဲ့ ကားဆိုပြီး အထင်ကြီးနေတုန်း၊ တစ်လ လောက်နေတော့ စက်နိုးလို့မရ၊ စပယ်ယာပတ်စ်လဲ မရှိ၊ ပြင်ဖို့ကလဲခက်၊ မော်တော် ယာဉ်မှူးတွေ ခေါင်းကိုက်ရလို့ တရုတ်က အချွန်နဲ့မထားတယ်ဆိုပြီး 'တရုတ်မ'ကား ဆိုပြီး လူတွေနှာခေါင်းရှုံ့ကြတယ်လေ။

          တရုတ်ကစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တော့ ကားကအစ၊ တံတားသံ ဘောင်အဆုံး၊ လမ်းကြိတ်စက်အလယ်၊ အကုန်လုပ်ရောင်းတာ၊ သူ့ရဲ့ အပိုင်ဈေးကွက်က ဒို့ ရွှေဗမာတွေ၊ တရုတ်ဆိုင်ကယ်၊ တရုတ်ကား၊ တရုတ်လေယာဉ်၊ ဒို့မြန်မာပြည်မှာလက် ညှိုးထိုးမလွဲ တရုတ်ပစ္စည်း၊ တရုတ်စက်တွေများလွန်းလို့ တရုတ်စက်ကို တစ်ရက်စုတ် ဆိုပြီး နောက်ပြောင်ခေါ်ကြတဲ့အထိဘဲ၊ သူတို့ရဲ့ဝယ်လက်၊ ဖားက BURMA ARMYဘဲပေါ့။ မှော်ဘီ ၅ဝ၁ လေတပ်စခန်းက အုပ်ခွဲတပ်ကြပ်ကြီး တစ်ယောက်ပြောပြတယ် ဆရာကြီးရဲ့၊ တရုတ်တိုက်လေယာဉ် ဝယ်လာ လာချင်း ဂိုဒေါင်ထဲကထုတ်ပြီးစမ်းပျံကြည့် တာ ပက်လက်ကြီးတက်သွားပြီး ပြုတ်ကျလို့ ဂိုဒေါင်ထဲပြန်ထည့်ပြီး ပြင်နေရဆိုဘဲ၊ တရုတ်က အဲဒီလိုကိုမတာ။

          ငယ်ငယ်ထဲက အစားသန်တဲ့ ဗိုလ်ချုပ်/သူများ တွေသိန်းသောင်းချီထောနေကြပြီးLANDCRUISER တွေစီးနေတဲ့ အချိန်မှာ စက်မှု (၂)ကထုတ်တဲ့ မြန်မာ စတေရှင် ဝက်ဂွန်တရုတ်ကားကြီးကိုဘာရည်ရွယ် ချက်နဲ့ စီးနေတာလဲမသိဘူး။ ဗိုလ်ချုပ်ဖြစ်မှအာရ ကေ မရတော့တာလား။ အဂတိလိုက်စားမှုတိုက်ဖျက်မယ်ထင်လို့ ဆင်းရဲချင်ယောင် ဆောင်နေတာလား၊ သေသေချာချာတော့မသိဘူး ဆရာကြီးရှေCYGNUSတွေ LEXUS တွေ အပြိုင်စီးနေကြတဲ့ ဗိုလ်ချုပ်တွေကြားထဲမှာ တရုတ်ကထုတ်တဲ့ကား၊ တရုတ်က မထားတဲ့ ကားကြီးနဲ့သူ့ကိုတွေ့ရတာ သိပ်မနိပ်ဘူးကွ၊ တပ်ကထွက်မှ ကား အကောင်းစားစီးမယ်နဲ့တူတယ်၊ လောလောဆယ်တော့ တရုတ်မနဲ့ညားနေတယ် ဆရာကြီး....။

          ဟိုဝန်ကြီးတစ်ပါးပြောသလို တရုတ်က ကျေးဇူးရှင်ဆိုတော့ တရုတ်ကားတွေကို ပြည်သူတွေကို ဂျင်းထည့်ပြီးရောင်းဖို့လုပ်တာ ပြည်သူက ဆေးဖော်ကြောဖက်တောင် မလုပ်တော့ ကိုယ့်တပ်ကို ပြန်နင်းပြီး ဗိုလ်ချုပ်တွေကို မဝယ်မနေရခိုင်းတာလဲ ဖြစ်နိုင် တာဘဲ၊ ခိုးရာပါပစ္စည်းတွေကို ပေါ်တင်ဇော်ခင်လုပ်ပြီး ပြောင်ပြောင်တင်းတင်းကိုင်တွယ် သုံးစွဲနေတဲ့ ခေတ်ကြီးမှာ အလွန်ငွေမက်တဲ့ ဗိုလ်ချုပ်ငွေသိမ်း တစ်ယောက်တရုတ်မ ကြီးစီးပြီးတွေ့တွေ့နေရတာ အရမ်းရယ်ချင်လွန်းလို့ ဆရာကြီးကို ပြောပြချင်နေတာ    'တရုတ်မနဲ့ညားတဲ့ဗိုလ်ချုပ်' လို့။

  သင့်ရဲဘော်
အရမ်းသန်းညွန့်

ပြည်သူ့ဆန္ဒ္ဒဂျာနယ်အတွဲ(၂)အမှတ်စဉ်(၈)

အပြည့်အစုံသို့ »

ဆယ်တန်းပြန်ဖြေမဲ့ ရွှေမှုန်ရတီက အောင်မအောင်ကတော့ ကံတရားပါပဲတဲ့



အနုပညာအလုပ်တွေကို စွမ်းစွမ်းတမံ ကြိုးစားအားထုတ်မှုအပြင် သူမဆီလာသမျှ ကာရိုက်တာတွေကို အလွဲအချော် တစ်စက်ကလေးမျှမရှိစေပဲ အရွယ်နဲ့မလိုက်တဲ့ အနုပညာဖန်တီးမှုတွေနဲ့ ပေးဆပ်နေခဲ့တဲ့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ချွတ်ချော်ကျရှုံးခဲ့တဲ့  ရွှေမှုန်ရတီက သူမရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး “ရွှေမှုန် ဆယ်တန်းကို ပြန်ဖြေမှာပါ။ နောင်နှစ်မှာ အောင်မအောင်ကတော့ ကံတရားပေါ့နော်။ ရွှေမှုန်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ”လို့ ဆိုပါတယ်။

ရွှေမှုန်ရတီအနေနဲ့ ခုလက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်းကိုလည်း သူမက “ခုကိုမြင့်မြတ် ၊ ဦးညွှန့်မြန်မာညီညီအောင်တို့နဲ့ ဖန်စီကားလေး ရိုက်နေတယ်ပေါ့နော်။ ကာရိုက်တာကတော့ မထူးခြားဘူး။ ဖန်စီလူငယ် ရိုမန့်စ်လေးပဲ။ ဒီတိုင်းရိုးရိုးလေးပါပဲ။  ရုံတင်ကားတွေ အနေနဲ့ကတော့ ရှေ့မှာ အန်ကယ်လေးတို့နဲ့နို့ဘီလူးဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ထားတယ်။ ဒရာမာလေးပါပဲ။ အဲ့ကားထဲမှာ ရွှေမှုန်က ကိုဇေရဲထက်ရဲ့ရည်းစားနေရာကပါ။ ဒီ၂၀၁၄ ထဲမှာ ရုပ်ရှင်ကားကြီးအနေနဲ့လည်း ရွှေမှုန် ၆ကား လက်ခံထားပါတယ်။ ကာရိုက်တာတွေကတော့ မျိုးစုံပါပဲ”တဲ့။

Trend Myanmar

အပြည့်အစုံသို့ »

ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ


လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ်ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးကသေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှည်းကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေပဲ မဟုတ်ပါလား...

အားလုံးသိပြီးဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်နိုင်မလဲ၊ ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ...

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်တယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရတယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ၊ အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား။

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြတယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ -- He Quan- Feng (何權峰) (စိတ်ပညာ)

နိုင်းနိုင်းစနေ (Saturday, November 28, 2009)

အပြည့်အစုံသို့ »

တော်ပါသေးရဲ့__ဆြာရယ် - ဟာသ




တိုက် ၂လွှာမှာနေတဲ့ အမျိုးသမီးတစ်ဦး အခန့် မသင့်ဘဲ ခြေထောက်ကျိုးသွားရာ

ဆရာဝန် က

သူမ၏ ခြေထောက်အား ကျောက်ပတ်တီး စီးပေးပြီးနောက် သူမအား လှေကားများ မတက်ရန်ပြောကြားပြီး...

၇ လအကြာ မှာ ကျောက်ပတ်တီးကို ဖယ်ရှားပေးလိုက်သော အခါ-

အမျိုးသမီး ။ ။ " ဒါဆို ကျွန်မ လှေကားတက်လို့ ရပြီပေါ့ "

ဆရာဝန် ။ ။ " ရပါပြီ ခင်ဗျာ "

အမျိုးသမီး ။ ။ " အမလေး... တော်ပါသေးရဲ့ဆရာရယ်၊ ကျွန်မတို့ တိုက်က ဓာတ်လှေကားမရှိတော့လေ "

" ကျွန်မ ရေပိုက်ကြီးကို ဖက်တက်ရတာ မောလှပြီ "

" Oိာန် "

__ #Aung_Lay.@ ( မချိုမချဉ်ဟာသများ ) :D


အပြည့်အစုံသို့ »

အနုပညာလောကထဲမှာ စိတ်ထားမမှန်တဲ့သူတွေ အများကြီးပဲလို့ဆိုတဲ့ မေမြင့်မိုရ်

 
MRTV-4ရဲ့ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ပန်းနုသွေးဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသမီး တစ်ဦးဖြစ်တဲ့ မေမြင့်မိုရ်ကို အနုပညာအတွေ့အကြုံတွေ၊ ပြီးတော့ မိုးရာသီနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်တွေကို မေးဖြစ်ခဲ့တာကတော့

မေမြင့်မိုရ်ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြောပြပေးပါအုံး။

ညီမလတ်တလောမှာ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်နေပါတယ်။ အဲဒီ့မှာညီမက ဘုရင့်မိဖုရားနေရာကနေ သရုပ်ဆောင်ရမှာပါ။ ညီမရိုက်ချင်နေတဲ့ ဇာတ်ရုပ်ပုံစံပါပဲ။ ကိုရီးယား ရာဇဝင်ကားတွေမှာဆို ခေတ်သစ်နဲ့ခေတ်ဟောင်းရောပြီးရိုက်တဲ့ကားတွေရှိတယ်။ မြန်မာနိုင်ငံ မှာလည်း ကိုယ့်ရဲ့မြန်မာရာဇဝင်ဇာတ်လမ်းမျိုး ရိုက်ရမယ်ဆိုတော့ အရမ်းမိုက်ပါတယ်။ ဝမ်းသာ ပါတယ်။ ပျော်လည်းပျော်ရွှင်မိတယ်။ ဒီဇာတ်ကားထဲမှာ မိဖုရားလုပ်ရမယ် ဆိုတော့ ကာရိုက်တာ ပိုင်းနဲ့ ပတ်သက်ပြီး ကိုယ့်အတွက် ခက်ခဲတယ် လို့တော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က အမြဲတမ်း ဇာတ်ရုပ်တွေအပေါ်မှာ အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။

မှော်ကျောက်စာရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေစဉ်အတွင်းမှာရော တစ်ခြားရိုက်ကူးရေးတွေ လက်ခံထားတာ ရှိသလား။

ညီမပန်းနုသွေးSeason-2ရိုက်ဖို့က ဇူလိုင်၉ရက်နေ့မှာရှိမယ်။ ဒီဗီဒီကားရိုက်ဖို့ ရှိပါတယ်။  ပြီးတော့ ကြော်ငြာ၊ အလင်းရောင်ရဲ့ MTV အတွက် မေမြို့မှာ ရိုက်ပေးဖို့ရှိပါတယ်။ နောက်ပြီး ဗီဒီယိုကား တစ်ကား ရိုက်ဖို့ ရှိပါတယ်။

မေမြင့်မိုရ် ရိုက်ထားပြီးတဲ့ ဗီဒီယိုဇာတ်ကားအရေအတွက် ပြောပြပေးပါအုံး။

 ညီမရိုက်ထားပြီးသွားတာကတော့ ၁၅ကားလောက်ရှိပါပြီ။ အဲဒီ့ထဲမှာမှ သုံးကားလောက်ပဲ ထွက်သေးတယ်။

အဲဒီ့၁၅ကားမှာ ညီမလေး မေမြင့်မိုရ်အနေနဲ့ ခေါင်းဆောင်မင်းသမီးနေရာပဲလား။

အရင်တုန်းက ကားတွေမှာ အပြိုင်ပုံစံမျိုးပါပဲ။ အခုနောက်ပိုင်းမှာတော့ ခေါင်းဆောင်မင်းသမီးနေရာကပဲ သရုပ်ဆောင်ရတာ များပါတယ်။

ခေါင်းဆောင်မင်းသမီးနေရာကနေ ရိုက်ခွင့်ရလာခဲ့ပြီဆိုတော့ စိတ်ခံစားချက်လေး ပြောပြပါအုံး။

 အရမ်းပျော်ပါတယ်။ ညီမကတော့ ဇာတ်ညွှန်းတစ်ခုရပြီဆိုရင် ညီမနဲ့လိုက်မယ့် ကာရိုက်တာမျိုးပဲဖြစ်ဖြစ်၊ ညီမနဲ့မလိုက်တဲ့ကာရိုက်တာမျိုးဆိုပေမယ့်လည်း ညီမဘက်က အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။ အခက်အခဲတွေ၊ အတိုက်အခံတွေနဲ့ အများကြီးတွေ့ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ညီမက ကိုယ့်ကိုကိုယ်ယုံကြည်မှု အမြဲရှိတယ်။ ပြီးတော့ညီမရဲ့ ကံကိုကအရင်ကတည်းက အလုပ်တစ်ခုအခက်အခဲတွေရှိမှ ပိုပြီးအောင်မြင်တတ်တယ်။ ကိုယ်လုပ်လိုက်တဲ့အလုပ်က ပိုအောင်မြင်လေလေပိုခက်ခဲလေဆိုတော့ ညီမကအဲဒီလိုအခက်အခဲတွေ ရှိတာကိုအရမ်းပျော်တယ်။

အနုပညာအလုပ်တွေပိုလုပ်ခွင့်ရလာသူတစ်ယောက်ဆိုတော့ ကိုယ့်အတွက်လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားတယ်လို့မြင်မိသလား။

အလုပ်တွေကိုပဲပိုလုပ်ဖြစ်တာပေါ့။ အပြင်တွေသိပ်မသွားဖြစ်ဘူး။ သူငယ်ချင်းလည်းအများကြီးမရှိဘူး။ အလုပ်မရှိတဲ့ရက်တွေမှာဆိုလည်း အိမ်ထဲမှာပဲနေဖြစ်ပါတယ်။

မေမြင့်မိုရ်အတွက် ခက်ခဲတဲ့ဇာတ်ရုပ်က ဘယ်လိုမျိုးဖြစ်မလဲ။

 ညီမအခုဆိုရင်ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်လာရတယ်ဆိုတော့ ဆက်တိုက်ရိုက်လာရလေ ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရတာများလေလေပဲဆိုတော့ ညီမဘက်ကဘယ်လိုပြောရမလဲ အမြဲကြိုးစားနေတယ်ပေါ့။ ကိုယ်သရုပ်မဆောင်ရသေးတဲ့ အချိန်တွေမှာဆိုရင် သူများတွေသရုပ်ဆောင်တာတွေကို လေ့လာဖြစ်တယ်။ ရုပ်ရှင်တွေကြည့်ပြီး လေ့လာတယ်ဆိုတော့ ညီမဘက်ကအမြဲအတွေ့အကြုံတွေက ရနေတယ်ဆိုတော့ အများကြီးပြင်ဆင်ထားနိုင်တာပေါ့။

မေမြင့်မိုရ်ကဘယ်လိုဇာတ်ရုပ်မျိုးတွေကို ရိုက်ရတာသဘောကျလဲ။

ညီမမလုပ်ဘူးသေးတဲ့ ဇာတ်ရုပ်မျိုးတွေဆို အကုန်လုံးလုပ်ကြည့်ချင်တယ်။ ရိုက်ကြည့်ချင်ပါတယ်။ ညီမက ဒရာမာဘက်ကို ရိုက်ရတာ ပိုအားသန်တယ်လို့ ပြောလို့ရပါတယ်။

မေမြင့်မိုရ်အနုပညာလမ်းကြောင်းပေါ်မှာ တွေ့ကြုံလာရတာတွေရှိရင် ပြောပြပါအုံး။

ညီမဒီအလုပ်ကို စလုပ်ခဲ့စဉ်အချိန်မှာ ကတည်းက အတိုက်အခိုက်တွေ၊ အနှောင့်အယှက်တွေ အမျိုးမျိုးတွေ့ကြုံလာခဲ့ရပါတယ်။ စိတ်ထားမမှန်တဲ့သူတွေလည်း အများကြီးပါပဲ။ ဒါပေမယ့်ညီမဘက်ကတော့ တွေ့ရင် အမြဲစိတ်ကို မှန်အောင်နေထိုင်ပါတယ်။ ညီမရဲ့စိတ်ကိုက မာနမကြီးတတ်ပါဘူး။ ပျော်ပျော်ပဲနေတတ်ပါတယ်။ လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့ အခါမှာလည်း ရိုးရိုးရှင်းရှင်းနှင့် ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံတာပါ။

မိုးရာသီနဲ့ ပတ်သက်ပြီး စိတ်ခံစားချက်လေးပြောပြပေးပါအုံး။

 မိုးရွာရင်အိမ်ထဲမှာပဲနေရတာကို ကြိုက်တယ်။ တီဗီကြည့်ရင်း စောင်ခြုံပြီးကွေးနေရတာကို သဘောကျတယ်။ အိပ်ရာထဲရောက်ရင်မိုးသံကြားပြီး အိပ်ရတာကိုကြိုက်တယ်။ ဒါပေမယ့် မိုးရွာထဲမှာအပြင်သွားရတာကို မကြိုက်ဘူး။ ရွှံအရမ်းစင်တတ်လို့လေ။ ငယ်ငယ်ကတည်းက လမ်းလျှောက်ရင်အမြဲရွှံစင်တတ်တာ အခုကြီးလာတဲ့အထိပဲ။ မိုးရွာရင်ရှုတင်တွေ နားလိုက်ရတာ တွေရှိတော့ အလုပ်လုပ်ရတာတော့အနှောင့်အယှက်ဖြစ်ပါတယ်။ ညီမအပြင်သွားနေချိန်မှာ မိုးရွာရင်မကြိုက်ဘူး။

မိုးရာသီအမှတ်တရရှိရင်ပြောပြပေးပါအုံး။

 မိုးရာသီရောက်ချိန်ဆိုရင် ကျောင်းပြန်တက်ရတဲ့အချိန်ဆိုတော့ ငယ်ငယ်တုန်းကကျောင်းတက်ချိန် ကိုတွေးပြီးသတိရမိပါတယ်။

မိုးရာသီမှာဝတ်ဆင်တဲ့ဖက်ရှင်စတိုင်လ်ကရောဘယ်လိုမျိုးလဲ။

 ညီမကပေါ့ပေါ့ပါးပါးလေးပဲဝတ်ဖြစ်ပါတယ်။ ဘောင်းဘီတို၊တီရှပ်နဲ့ မှ အပေါ်ကရှပ်အင်္ကျီအရှည်ကြီး ထုတ်ဝတ်ရတာကိုသဘောကျတယ်။

Trend Myanmar

အပြည့်အစုံသို့ »