ဘီယာဗိုက်ကို လျော့ချပေးမယ့် နည်းလမ်း (၅) သွယ်


အရက် အလွန်အကျွံ သောက်ရတာကို နှစ်ခြိုက်တတ်တဲ့ သူတွေအတွက်တော့ အခုချက်ချင်း မဟုတ်ရင်တောင် နောက်ပိုင်း ဗိုက်ရွှဲတဲ့ြ ပသနာဖြစ်လာစေမှာ သေချာပါတယ်။ အထူးသဖြင့် အားကစားလုပ်ဖို့ လည်း အချိန်မရှိ၊ ခန္ဓာကိုယ် ထိန်းသိမ်းမှုလေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုရင်ပေါ့။ သာမန်အားဖြင့် သင့်ဝမ်းဗိုက်ထဲမှာ အဆီတွေတက်လာဖို့ဆိုရင် ကယ်လိုရီများများစားစားတောင် မလိုအပ်ပါဘူး။ ဗိုက်အဆီတက်မလာစေချင်ဘူးဆိုရင်တော့ အားကစားကို အသေအချာလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။


အဲဒီ ဘီယာဗိုက်ကို အန္တရာယ်မဖြစ်ရအောင် အောက်က အချက်(၅)ချက်ကို လိုက်လုပ်ကြည့်ပါ။

လိုအပ်တာထက်ပိုမသောက်သုံးသင့်ပါ။

၁၂ အောင်စ ဘီယာပုလင်းတစ်လုံးမှာရှိတဲ့ ကယ်လိုရီ ၁၅၀ ပမာဏကို လျော့ချဖို့ အကောင်းဆုံးဖြေရှင်းနည်းနဲ့ သက်သေအထောက်အထားကောင်းတစ်ခုက ဘီယာကို အလွန်အကျွံ မသောက်ဖို့ပါပဲ။ အကြောင်းရင်းကတော့ အေးအေးလေးနဲ့ အရသာရှိတဲ့ အဲ့ဒီဘီယာကိုသောက်လိုက်တဲ့အခါမှာ သင့်အသည်းက မခံနိုင်ဖြစ်ပြီး အားနည်းစေပါတယ်။ အဆီဓာတ်ကို အာနိသင်အဖြစ် ပြောင်းနိုင်စွမ်း ပိုနည်းစေပါတယ်။ ဒါကြောင့် သင့်ရဲ့ချက်နားတ၀ိုက်ကို ပိုထွက်နေအောင် တွန်းထုတ်ပေးပါတယ်။

ကယ်လိုရီပမာဏကို စဉ်းစားချင့်ချိန်ပါ။

သင်နေ့တိုင်းစားသုံးတဲ့ ကယ်လိုရီပမာဏကို သိရှိဖို့အရေးကြီးပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနေတာကြောင့် မတူကွဲပြားတဲ့ alcohol ပါတဲ့ အရည်တွေကို အကြမ်းဖျင်းလောက်တော့ ခန့်မှန်းတတ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ဒီဘီယာဗိုက်ကို လျော့ချဖို့ အကောင်းဆုံးနည်းက ကန့်သတ်ချက်ထားပြီး ဘီယာနှစ်လုံးတည်းနဲ့ ကယ်လိုရီပမာဏကို လျော့ချပြီးသောက်ရပါမယ်။

ကယ်လိုရီ အနည်းငယ်သာပါတဲ့ ဘီယာကိုပြောင်းသောက်ပါ။

ပုလင်းအရေအတွက် မဟုတ်ဘဲ ကယ်လိုရီပမာဏကိုသာ လျော့ချပါ။ အဲဒီဗိုက်ကို ၀ိတ်လျာ့ဖို့ ဘီယာကို အဆက်ဖြတ်စရာမလိုပါဘူး။ ဒါပေမဲ့ ကယ်လိုရီ ၈၀ ကနေ ၁၀၀ ကြား ပါဝင်တဲ့ ဘီယာအပျော့စားကို စတင်ပြောင်းသောက်နိုင်ပါတယ်။

ရေများများသောက်ပေးပါ။

ရေဓာတ်မရှုံးဆုံးရအောင် ဘီယာတစ်ခွက်သောက်တိုင်း အနည်းဆုံးရေတစ်ခွက်လောက် သောက်ပေးရတာလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းဟာ ဗိုက်ဝစေရုံသာမက  အသည်းကိုအစာချေဖျက်ရာမှာရော၊ အစာကို အာဟာရအဖြစ်ကို ပြောင်းစေရာမှာပါ အလုပ်ဖြစ်တဲ့ နည်းပါ။ အကျိုးဆက်အနေနဲ့ကတော့ ဘီယာလျော့သောက်ချင်စိတ်ဖြစ်လာမှာပေါ့။

နှလုံးကို အလုပ်လုပ်ပါစေ။

ခပ်သွက်သွပ်က်လေး လမ်းလျှောက်ရာကနေတဖြည်းဖြည်း အရှိန်မြင့်တင်ပေးပါ။ ဒါမှမဟုတ် ခြေလမ်းကျဲကျဲ လှမ်းပေးခြင်းအားဖြင့်လည်း နှလုံးကိုကျန်းမာစေတယ်ဆိုတာ သိထားပါ။ ဒီလိုလေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်းဟာ ၀မ်းဗိုက်အတွင်းမှာရှိတဲ့ အဆီတွေကို လျော့ချပေးပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

လူ့သားရေနဲ့ ဖုံးထားတဲ့ စာအုပ်



ဒီစာအုပ်ကို သေချာစွာ ကြည့်ကြည့်လိုက်ပါ။ ပုံမှန်ပဲလား။ ကောင်းပြီ။ သေချာအောင် နောက်တစ်ခေါက် ထပ်ကြည့်လိုက်ပါ။ အကြောင်းကတော့ ဒီစာအုပ်ကို လူ့အရေပြား( လူသားရေ)နဲ့ ဖုံးထားလို့ပါပဲ။

မယုံမကြည် မဖြစ်ကြပါနဲ့။ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ကိုယ်တိုင် ဒီစာအုပ်ကို ဖုံးထားတဲ့ အရာဟာ လူ့အရေအပြား ဖြစ်တယ်လို့ ချွင်းချက်မရှိ သက်သေထူထားပါတယ်။ အသေးစိတ်ပြောရရင်တော့ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးရဲ့ ကျောဘက်က အရေပြားကို အသုံးပြုထားခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသမီးဟာ လေဖြတ်ပြီး သေဆုံးခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။ သူမရဲ့ မိသားစုက သေချာစွာ ဖြေရှင်းချက် မပေးထားတာကြောင့် အခုလို မသေချာမရေရာတဲ့ အခြေအနေဖြစ်ခဲ့ရတယ်လို့ အဆိုပါ စာအုပ်ရှိရာ ဟားဗတ်စာကြည့်တိုက်မှ စာအုပ်ထိန်းသိမ်းသူ တစ်ဦးကပြောပါတယ်။

သတင်းကောင်းတစ်ခုကတော့ စာအုပ်ဟာ ရာစုနှစ်များစွာ ကြာပြီဖြစ်တဲ့ Des destinees de l’ame လို့ အမည်ရတဲ့ စာအုပ်ဖြစ်ကြောင်း သိရတဲ့ အတွက် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ၁၈၀၀ ပြည့်နှစ်များက စာအုပ်ဖြစ်ပြီး အဲဒီအချိန်က ရာဇ၀တ်သားတွေရဲ့ အရေပြားနဲ့ စာအုပ်ဖုံးခြင်း ခေတ်စားနေတဲ့ ကာလဖြစ်တယ်လို့ ယုံကြည်လက်ခံနိုင်ဖွယ် ရှိတဲ့ ခေတ်ဖြစ်ပါတယ်။ အဲဒီ အလေ့အထကို anthropodermic bibliopegy လို့ ခေါ်ပြီး လူ့အရေပြားနဲ့ စာအုပ်ဖုံးခြင်းလို့ ဆီလျော်အောင် ပြန်ဆိုချင်ပါတယ်။



အဆိုပါ စာအုပ်ကိုတော့ ပြင်သစ် ၀တ္တုစာရေးဆရာ Arsene Houssaye ရေးသားထာခြင်း ဖြစ်ပြီး လူ့စိတ်ဝိဉာဉ်များပေါ်မှာ တရားထိုင်ခြင်း အက်ဆေး ပေါင်းချုပ် ဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်ထဲမှာတော့ စာရေးဆရာက ဘာကြောင့် အမျိုးသမီး အရေပြားနဲ့ စာအုပ်ကို ဖုံးရန် ဆုံးဖြတ်ခဲ့တယ်ဆိုတာ ရေးသားထားပါတယ်။

သေချာကြည့်မယ်ဆိုရင် အရေပြားပေါ်က ချွေးပေါက်လေးတွေကို လွယ်လွယ်ကူကူ ခွဲခြားနိုင်ပါလိမ့်မယ်လို့  စာရေးသူ Mr Houssaye ကရေးသားထားပါတယ်။ ဒါ့အပြင် လူတွေရဲ့ စိတ်ဝိဉာဉ် အကြောင်း ရေးထားတဲ့ စာအုပ်ကို ဖုံးဖို့အတွက် လူ့အရေပြားပဲ သုံးဖို့ သင့်တော်ပါလိမ့်မယ်လို့ ရေးထားပါသေးတယ်။

အခြား စာအုပ်နှစ်အုပ်ကိုလည်း ထပ်မံ စစ်ဆေးခဲ့ပြီး သိုးသားရေနဲ့ ဖုံးအုပ်ထားတယ်လို့ သိရပါတယ်။ သိပ္ပံပညာရှင်များဟာ peptide mass fingerprinting လို့ ခေါ်တဲ့ နည်းလမ်းကို အသုံးပြုပြီး အဆိုပါ စာအုပ်ဟာ လူ့အရေပြားကနေ ပြုလုပ်ထားခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

Credit: World Myanmar News

အပြည့်အစုံသို့ »

မလေးရှားလေယာဉ် ယူကရိန်းသူပုန်တွေ မှားပစ်ချခဲ့ပုံရ



ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မလေးရှားနိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ကို
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခဲ့တဲ့ ဖြစ်စဉ်မှာ ရုရှားနိုင်ငံက တိုက်ရိုက် ပါဝင်ပတ်


သက်နေတယ်ဆိုတဲ့ အထောက်အထား သူတို့ထံမှာ မရှိဘူးလို့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ပြောဆိုပါတယ်။

ပေါ့ပေါ့တန်တန် သင်တန်းတက်ထားတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက မှားယွင်း ပစ်ခတ်ခဲ့ပုံ ရတယ်လို့လည်း ပြောဆိုပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဖြစ်ပျက်နဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိတွေက အင်္ဂါနေ့ ၀ါရှင်တန်ဒီစီ မြို့တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အခုလို ပဏာမ စုံစမ်းတွေ့ရှိချက်တွေကို ရှင်းပြသူတွေက သူတို့ရဲ့ နာမည်တွေကို ထုတ်ဖော်မပြောကြဖို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက် တင်ဆောင်လာတဲ့ လေယာဉ်ကြီးကို ခွဲထွက်ရေးသူပုန်တွေက ရုရှားနိုင်ငံလုပ် မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်တဲ့ SA-11 မစ်ဇိုင်းဒုံးနဲ့ ပစ်ချခဲ့ပုံရကြောင်း သူတို့က ပြောပါတယ်။ လေယာဉ်ပေါ်ပါသူတွေထဲမှာ အသက်ရှင်ကျန်ရစ်သူ တယောက်မှ မရှိပါဘူး။

မစ်ဇိုင်းဒုံးပျံ ပစ်ခတ်လိုက်ချိန်မှာ ရုရှားနိုင်ငံဘက်က တာဝန်ရှိသူတဦးတယောက် ရှိနေ မနေဆိုတာကို သူတို့မသိဘူးလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ပစ်ခတ်နိုင်တဲ့ အနေအထားမျိုး ရရှိအောင် ရုရှားက ဖန်တီးပေးထားတယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်တာကာလအတွင်း အမေရိကန်ပြည်ထောင်စု၊ ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေက ရုရှားနိုင်ငံဟာ အခုလို လေယာဉ်ကို ပစ်ချနိုင်စွမ်းရှိတဲ့ ဒုံးပျံလွှတ်စဉ်ကို ထောက်ပံ့ပေးခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

VOA(မြန်မာပိုင်း)

အပြည့်အစုံသို့ »

လှိုင်မြို့နယ် ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြားသို့ အငှားယာဉ်တစ်စီး အရှိန်လွန် ထိုးကျ


ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား အငှားယာဉ် အရှိန်လွန်ကာ ထိုးကျစဉ်(ဓာတ်ပုံ-တင့်ဇော်ထူး)

လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ် ချောင်းဝဆိပ်ကမ်းအနီးအငှား ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၂ရက် နံနက်၆နာရီတွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ် ဘုရင့်နောင်ဘက်မှ လှိုင်မြို့နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ဆလွန်းအငှားယာဉ်တစ်စီးသည် ချောင်းဝဆိပ်ကမ်းအနီးလမ်းကွေ့သို့ ကွေ့စဉ် အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျသွားခဲ့ကြောင်း သိရသည်။

“ကံကောင်းတယ်လို့ ပြောရမယ်။ အောက်မှာက ထမင်းဆိုင်လေးရှိတယ်။သစ်ပင်ခံနေလို့၊ ပြုတ်မကျတာ။ မနက်ပိုင်းလည်းဖြစ်နေတော့ ဆိုင်ထဲမှာ လူကသိပ်မရှိဘူး။ ကားပေါ်ပါလာတဲ့နှစ်ယောက်လည်း သိပ်ဒဏ်ရာမရဘူး။ ယာဉ်မောင်းနဲ့ မိန်းကလေး တစ်ယောက် ပါလာတာ” ဟုဖြစ်စဉ်ကို ကိုယ်တွေ့မြင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်း ဘယ်သူဘယ်ဝါဆိုတာတော့ မသိသေးဘူး။ ထွက်ပြေးသွားကြတယ်။လင်မယားနှစ်ယောက်လို့တော့ သိထားတယ်။ ဒဏ်ရာအပြင်းအထန် မရကြဘူးလို့ အနီးကလူတွေပြောပြချက်အရ သိရတယ်။ ယာဉ်မောင်း ဘယ်သူဆိုတာ စုံစမ်းပြီး ဥပဒေအရ အရေးယူသွားမှာပါ” ဟု ယာဉ်မှုစစ်ရဲအုပ်နိုင်ထွန်းလင်း၏ ပြောကြားချက်အရ သိရသည်။

Eleven Media

အပြည့်အစုံသို့ »

ရန်ကင်းမြို့နယ်၌ ပခုံးချင်းတိုက်မိသည့်သူအား ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့် အမျိုးသားကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ချမှတ်


လူသတ်မှုကျူးလွန်ခဲ့သည့် အမျိုးသား (ထီးဆောင်းထားသူ)အား တရားရုံးအတွင်းမှ ထွက်ခွာလာသည်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ်

ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက ပခုံးချင်း ၀င်တိုက်မိသည့်သူအား အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့်အမှုကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းအမှုဖြစ်စဉ်အား ယခုလအတွင်း နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များကို စစ်ဆေးပြီးနောက် ဇူလိုင်၂၂ ရက်မွန်းလွဲ ၁ နာရီတွင် အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက်တရားသူကြီး (၄) က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားခံ ချစ်ပို (၂၂) နှစ်မှာ ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ခြင်းမဟုတ်ဟု တရားရုံး၌ ထွက်ဆိုခဲ့သော်လည်း တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များ၊ သေဆုံးသူ၏ ဒဏ်ရာများနှင့် သိမ်းဆည်းရမိခဲ့သည့် ဓားအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်။ ထို့အပြင် လူသတ်ရန်သင့်မသင့်ကို ချစ်ပိုမှာ ဆုံးဖြတ်ရန် အချိန်ရှိသော်လည်း သေဆုံးသူ လဲကျနေစဉ် နေအိမ်သို့ ဓားပြန်ယူပြီး နာရီဝက်အကြာတွင် ထပ်မံလာရောက်ကာ သေဆုံးသူအား အဆက်မပြတ် ခုတ်နေခြင်းတို့မှာ ပုဒ်မ ၃၀၂(၁) (ခ)အရ ကျူးလွန်ကြောင်း ထင်ရှားသဖြင့် သေဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း လက်ရှိနိုင်ငံတော်မှာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသည့်အတွက် တရားဥပဒေစိုးမိုးရေးမှာ အရေးကြီးကြောင်း ရပ်ကွက်နေပြည်သူလူထုမှလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိုးရိမ်ထိန်လန့်မှုများ ရှိနေသောကြောင့် ယင်းအမိန့်ကို ချမှတ်ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်တရားသူကြီး (၄)က အမိန့်ချမှတ်ရာတွင် ပြောကြားခဲ့သည်။

သို့သော် သေဒဏ်အမိန့်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အတည်ပြုမှသာ အတည်ဖြစ်မည်ဖြစ်ကာ အမိန့်အတွက် အယူခံဝင်မှုကို ၇ ရက်အတွင်း တရားခံဖြစ်သူမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းနိုင်ကြောင်း တရားသူကြီးက တရားခွင်၌ ပြောကြားခဲ့သည်။

အမိန့်ချမှတ်ပြီးနောက် တရားခံချစ်ပိုမှာ မိဘဖြစ်သူနှင့် နာရီဝက်ကြာ တွေ့ဆုံခွင့်တောင်းခံခဲ့ပြီး ၎င်းအတွက် မိသားစုဝင်များက အယူခံဝင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

အမှုဖြစ်ပွားခဲ့ပုံမှာ ယင်းရပ်ကွက်နေ ကျူးလွန်သူချစ်ပိုက သေဆုံးသူအမျိုးသား မျိုးမင်းဦးနှင့် ပခုံးချင်းတိုက်မိရင်း စကားများရာမှ မျိုးမင်းဦးအား အရက်ပုလင်းဖြင့် ဦးစွာရိုက်ခဲ့ပြီး အရက်ပုလင်းကွဲဖြင့် ရင်ဝကိုထိုးခဲ့ကြောင်း သိရသည်။ ယင်းနောက် ချစ်ပိုက မျိုးမင်းဦး၏ ဦးခေါင်းအား ဓားဖြင့် ပြတ်လုနီးပါး ဖြစ်သည်အထိ ထပ်မံခုတ်ဖြတ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုချက်များအရ သိရသည်။

ထို့အပြင် ချစ်ပိုမှာ ၎င်းအသက် ၁၆ နှစ်အရွယ်တုန်းကလည်း ကိုးတန်းကျောင်းသားတစ်ဦးကို ရန်ကင်းမြို့နယ် မိုးကောင်းလမ်း၌ ဓားဖြင့်ထိုးသတ်ခဲ့မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ဖူးကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ အဆိုပါ ခေါင်းပြတ်လုနီးပါးသတ်ခဲ့သည့် လူသတ်မှုကို ရန်ကင်းမြို့နယ်နေ ပြည်သူများက ရှုတ်ချကြောင်းနှင့် ကျူးလွန်သူအား တရားဥပဒေအရ ပြင်းထန်စွာ အရေးယူပေးပါရန် ဆန္ဒပြတောင်းဆိုမှုကို လူဦးရေ ၅၀၀၀ ခန့်ဖြင့် ပြီးခဲ့သည့် မတ် ၂၈ ရက်က ပြုလုပ်ခဲ့ဖူးသည်။

Eleven Media

အပြည့်အစုံသို့ »

ကြောင်ဘာသာစကားကိုကျွမ်းကျင်စွာပြောနိုင်တယ်လို့ဆိုတဲ့လူ


Louis Denyer ဆိုသူဟာ တိရိစ္ဆာန်တွေရဲ့ပါတ်ဝန်းကျင်မှာကြီးပြင်းခဲ့ပြီးသူတို့ရဲ့
အပြုအမူတွေကိုလေ့လာပြီးနောက်မှာ ကြောင်ဘာသာစကားကို ကျွမ်းကျင်
စွာပြောဆိုနိုင်ပြီလို့ဆိုပါတယ်။



သူ့ကိုယ်သူ ကြောင်လူသားလို့ခေါ်တဲ့ ၂၉ နှစ်အရွယ် Louis ဟာတိရိစ္ဆာန်
ရဲ့ခန္ဓာကိုယ်ဘာသာစကားကိုဖတ်၊ မျက်တောင်နှေးနှေးခတ်ပြီးဆက်သွယ်စကားပြောတာဖြစ်ပါတယ်။

မှတ်တမ်းဗီဒီယိုစီးရီးတွေကြည့်ပြီး ကြောင်တွေနဲ့ဆက်သွယ်နည်းကို သင်ယူခဲ့တဲ့ Mr Denyer က ‘ကြောင်ကို နှေးနှေး မျက်တောင်မခတ်ပြခင်ကျွန်တော့်ကိုကျွန်တော်အလွယ်တ
ကူထိခိုက်ဒဏ်ရာရနိုင်တဲ့အနေအထားနဲ့နေပေးရပါတယ်။ ဆယ်ကြိမ်မှာ ကိုးကြိမ်သူတို့ မျက်တောင်ပြန်ခတ်ပြပါတယ်။

ဒါဟာ သူတို့ကသင့်ကိုယုံကြည်ဖို့ဆန္ဒရှိနေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်’ လို့ပြောပါတယ်။

‘ကျွန်တော်က ကြောင်တစ်ကောင်ရဲ့ပြသနာတွေကိုဖြေရှင်းနိုင်တဲ့ ဗဟုသုတရှိတယ်လို့ အလွန်ပဲယုံကြည်မှုရှိပါတယ်။ ဘယ်အရာကကြောင်တွေကိုသန်းတွယ်စေသလဲဆိုတာခင်ဗျားလေ့လာရပါမယ်’ လို့ပြောပါတယ်။

Denyer ဟာကြောင်တွေနဲ့အတူကြီးပြင်းလာတာဖြစ်ပြီး သူ့ရဲ့သူမတူတဲ့ဆက်နွယ်မှုက ပြသနာရှိတဲ့တိရိစ္ဆာန်တွေရဲ့ပိုင်ရှင်တွေကို ကူညီပေးနိုင်မယ်လို့ယုံကြည်နေပါတယ်။

သူကအခုအခါမှာ ကြောင်အပြုအမူဆိုင်ရာကျွမ်းကျင်သူလုပ်ငန်းကိုထူထောင်ပြီး သူ့ရဲ့ဝန်ဆောင်မှုတွေကိုပေးနေတာဖြစ်ပါတယ်။

‘ကျွန်တော်က ကြောင်တွေရဲ့အသက်ကိုကယ်ဖို့ဖြစ်ပါတယ်။ ဒါက ကျွန်တော်လုပ်နေတဲ့အရာတစ်ခုလုံးရဲ့ ရည်ရွယ်ချက်ပါ။ မမျှမတဆက်ဆံခံနေရတဲ့ကြောင်တွေ၊ အပြုအမူမှားယွင်းပြီး အပြစ်ပေးခံနေရတဲ့ကြောင်ပြသနာတွေအများကြီးရှိတယ်လို့ခံစားရပါတယ်’ လို့သူကပြောပါတယ်။

Ref:dailymail.co.uk
Treand Myanmar

အပြည့်အစုံသို့ »

မြန်မာပြည်ဖွားဘောလိဝုဒ် မင်းသမီး လိုင်လာခမ်း တိုက်ဆိုင်မှုရှိလျှင် ရိုက်ကူးအပြီး အိန္ဒိယ၌ လုပ်ကြံခံရ


တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံမှ ဘောလိဝုဒ်မင်းသမီး လိုင်လာခမ်းသည်၎င်း၏မိသားစုများနှင့် အတူ ၂ဝ၁၁ခုနှစ်တွင်မွမ်ဘိုင်းမြို့အနီး၌ သေနတ်ဖြင့် ပစ်သတ်ခံ ရသည်ဟု www.alibaba.comတွင် ပထွေးဖြစ်သူက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
လိုင်လာခမ်းနှင့် မိသားစုများသည် ၂ဝ၁၁ခုနှစ် ဖေဖော်ဝါရီ ၇ရက်မှ စတင်ပြီး ၎င်းတို့နေထိုင်ရာ တိုက်ခန်းမှ ပျောက်ဆုံးခဲ့ပြီး ၎င်းတို့ကို ပထွေးဖြစ်သူ ပါဗက်ဇ်တက်ခ် က နာရှစ်ခ်ခရိုင် လယ်တဲဆီသို့ ခေါ်ဆောင် သွားခဲ့သည်ဟု မွမ်ဘိုင်းရဲတပ်ဖွဲ့က လိုင်လာ၏ ဆဲလ်ဖုန်း မှတ်တမ်းမှ တစ်ဆင့် နောက်ဆုံး ခြေရာခံမိပြီး ယင်းလယ်တဲ ကိုလည်း မီးရှို့ခြင်း ခံရသည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကို လိုင်လာ၏ ဖခင်နာဒီပါတဲလ်က မါမ်ဘိုင်းရဲတပ်ဖွဲ့ကို အမှုဖွင့် တိုင်ကြားခဲ့ ခြင်းဖြစ်သည်။ ယင်းအပြင် ကက်ရှ် ဒေသရှိ ပါပက်ဇ်ပိုင် စတိုးဆိုင်တွင် လိုင်လာ၏ SUVကားကို တွေ့ရှိပြီး နောက်တွင် ပါပက်ဇ်ကို ဂျစ်မူးနှင့် ကက်ရှ်မီးယား ရဲတပ်ဖွဲ့က ဇွန်၂၁ရက်တွင် ဖမ်းဆီးခဲ့သည်။ ပါဇ်သည် လိုင်လာ၏ မိခင်ဖြစ်သူ၏ တတိယမြောက် ခင်ပွန်းဖြစ်ပြီး ပေါင်းသင်း နေထိုင်နေသူတစ်ဦးဖြစ်သည်။

ယင်းဖြစ်စဉ်တွင် လိုင်လာ၏ ချစ်သူနှင့်အတူ အမျိုးသား သုံးဦးကိုလည်း ပစ်သတ်ခဲ့သည်ဟု လိုင်လာနှင့် ၎င်း၏ ဆွေမျိုးများ ပျောက်ဆုံးပြီး ၁၁လအကြာ တွင် ပါပက်ဇ်က ဂျမ်မူရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ လိုင်လာကို ပစ်သတ်ရခြင်းသည် လိုင်လာနှင့် မိခင်ဖြစ်သူတို့ ပိုင်ဆိုင်သည့် တိုက်ခန်းများနှင့် ပစ္စည်း ဥစ္စာများကို ရယူလိုခြင်းကြောင့်ဖြစ်သည်။

လိုင်လာခမ်းသည် ၂ဝဝ၈ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Wafa ရုပ်ရှင် ဇာတ်ကားတွင် မင်းသားဂျက်ရှ်ခမ်နာနှင့် အတူ တွဲဖက် သရုပ်ဆောင် ထားသည်။ ရုပ်ရှင် ထုတ်လုပ်သူ ရာက်ရှ်ဆာဝပ်နှင့် အကြမ်းဖက် သမားများ ချိတ်ဆက်မှု ရှိမရှိနှင့် ၎င်း၏ ငွေကြေးသုံးစွဲ ခြင်းကိုလည်း မဟာရက်ရှ်ထရာ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ၏ မေးမြန်းမှုကို ခံခဲ့ရသည်။

Mizzima News Daily

အပြည့်အစုံသို့ »