ကာချုပ်ရဲ့ Facebook
ပို့စ်တင်ချိန်
- 2/27/2014 09:43:00 AM
~
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ Facebook fan page မှာ ပရိသတ် လေးသောင်းဝန်းကျင် ရှိနေပါပြီ။
-
လိပ်စာက https://www.facebook.com/seniorgeneralminaunghlaing
ဒီ fan page အစပြုခဲ့တာ လွန်ခဲ့တဲ့ ၃ လ ခန့်က ဖြစ်ပါတယ်။
ကနေ့ခေတ်မှာ အွန်လိုင်းစာဖတ်သူအများအပြားက စစ်ရေး နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ စမတ်ဖုန်းသုံးပြီး အွန်လိုင်းဝင်သူ တနေ့တခြားများပြားလာတယ် ဆိုတော့ fan page ထားရှိခြင်းက အင်မတန်ကောင်းတဲ့ စိတ်ကူးပါ။
fan page က စည်းရုံးရေးလုပ်ငန်းတွေအတွက် အတော်လေး အထောက်အကူပြုပါလိမ့်မယ်။
ဒီစာမျက်နှာမှာ ကာချုပ်ရဲ့ လှုပ်ရှားမှုတချို့၊ ကာချုပ်ရဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်များကို ဖော်ပြထားတာပါ။
လေ့လာလိုသူ စောင့်ကြည့်လိုသူတွေအတွက် အလွန် အဆင်ပြေတဲ့ စာမျက်နှာ ဖြစ်ပါလိမ့်မယ်။
ကာချုပ်ရဲ့ ခရီးရှည် ခရီးတိုတွေအကြောင်း ပုံမှန် ဆက်လက် ဖော်ပြသွားမယ် ဆိုရင် လအနည်းငယ်အတွင်း ပရိသတ် တသိန်းကျော်သွားမှာပဲလို့ ယူဆရပါတယ်။
အင်ဒိုနီးရှား
The Irrawaddy
.jpg)
.jpg)