ခရိုင်းမီးယားဒေသ ယူကရိန်းနိုင်ငံက ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းခဲ့တဲ့ အထိမ်းအမှတ်ပွဲ ကျင်းပ

ပို့စ်တင်ချိန် - 3/22/2014 07:04:00 PM

ဓာတ်ပုံ - ရိုက်တာ

ခရိုင်းမီးယားဒေသ ယူကရိန်းနိုင်ငံကနေ ခွဲထွက်ပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေကို ဆင်ဖာရာပိုမြို့တော်မှာ မတ်လ ၂၁ ရက်နေ့က ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပါတယ်။

ခရိုင်းမီးယားဝန်ကြီးချုပ် ဆာဂျေ အာဆင်နော့ (Sergei Aksenov) က ခရိုင်မီယာလူထုကို မိန့်ခွန်းပြောကြားခဲ့ပြီး ပျော်ပွဲရွင်ပွဲတွေကို စနေနေ့အထိ ကျင်းပခဲ့ကြပါတယ်။ မော်စကိုမြို့မှာလည်း ပျော်ပွဲရွှင်ပွဲတွေကို ခရိုင်မီယာနဲ့ အချိန်ကိုက်ကျင်းပခဲ့ကြပါတယ်။

ခရိုင်းမီးယား ပျော်ပွဲရွှင်ပွဲတွေ ကျင်းပချိန်မှာပဲ ဥရောပလုံခြုံရေးးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က လေ့လာရေးအဖွဲ့ဟာ ရုရှားထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား တင်းမာမှုတွေဖြစ်နေတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ရောက်ရှိလာခဲ့ကြပါတယ်။
မတ် ၂၁ ရက်နေ့က မော်စကိုမြို့ အထက်လွှတ်တော်အမတ် ၁၅၅ ဦးတို့ဟာ ခရိုင်းမီးယားပူပေါင်းရေးအဆိုကို တညီတညွတ်ထဲ ထောက်ခံအတည်ပြုခဲ့ကြပြီး သမ္မတပူတင်က တရားဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဘရာဆယ်လ်မြို့မှာတော့ ယူကရိန်းနိုင်ငံ အီးယူနဲ့ ပူးပေါင်းရေးစာချုပ်ကို ယူကရိန်းဝန်ကြီးချုပ် ရက်ဆင်ညှပ် (Yatsenyuk) က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ယူကရိန်းဝန်ကြီးချုပ်က ယူကရိန်းနိုင်ငံ အီးယူအဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့နေ့ဟာ ယူကရိန်းနိုင်ငံအတွက်ရော၊ ဥရောပတိုက်တတိုက်လုံးအတွက်ပါ သမိုင်းဝင်နေ့ထူးနေ့မြတ် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

DVB Burmese