ဤသတင်း အတိုင်းဆို မလေးစစ်တပ်မှာ တာဝန်မကင်း ဖြစ်မည်


(ဘဲလားလေဘာတီ)

လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက မလေးရှားကနေ တရုတ်ကို ထွက်ခွာသွားတဲ့ မလေးရှား လေကြောင်းမှ MH370 ဟာ ယနေ့အထိ ပျောက်ဆုံးနေလျက်ပါ။ ပျောက်တဲ့နေ့က စပြီး ယနေ့အထိ ဂမ္ဘီရဆန်နေပြီး သဲလွန်စ ဘာမှမရဘဲ ဖြစ်နေကြဆဲ။ ခရီးသည် ၂၃၉ ဦးနဲ့ လေယာဉ် တစ်စင်းလုံး ပျောက်သွားပြီး အမေရိကန် အပါအဝင် နိုင်ငံပေါင်း များစွာက ရေကြောင်း လေကြောင်းကနေ ရှာပုံတော် ဖွင့်နေကြဆဲပါ။

ဗေဒင် ဆရာတွေကလည်း တစ်ဖုံ၊ ပညာရှင်တွေကလည်း တစ်သွယ် မိမိတို့ရဲ့ထင်မြင် ယူဆချက်တွေကို ရှေ့တန်းတင် လာကြရာမှာ ပထမဆုံး အားလုံးက Passport အတုနဲ့ နှစ်ယောက် ပါသွားတယ် ဆိုတာကို အခြေခံပြီး လေယာဉ်တော့ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲသွားပြီလို့ ထင်မြင်ခဲ့ကြသလို ပေါက်ကွဲသွားပြီလို့ ဆိုလာကြပြန်တော့လည်း အကြမ်းဖက်သမားတွေ လက်ချက်ပဲလို့ ထင်ကြေး ပေးလာခဲ့ကြ ပါတယ်။
ဒီတော့ MH370 ရဲ့ ကံကြမ္မာဟာ ပြန်ပေးဆွဲ ခံရတာနဲ့ ပေါက်ကွဲသွားပြီ ဆိုတဲ့ မျဉ်းပြိုင်ပေါ်မှာပဲ ရှိနေခဲ့ရာမှာ လွန်ခဲ့တဲ့ ရက်တွေက တရုတ် Satellite ကနေ ရိုက်ယူပေးတဲ့ ပင်လယ်ရေပြင်က အပိုင်းအစတွေက ပေါက်ကွဲ သွားပြီဆိုတဲ့ သက်သေ၊ သဲလွန်စလို့ လက်ခံရမယ့် အခြေအနေမှာပဲ မလေးဝန်ကြီးက ဒါ MH370 နဲ့ ဘာမှ မပတ်သက်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဒီတော့ MH370 အပေါ် မျှော်လင့်ချက် ဆက်ထား လာနိုင်ကြသလို မလေးဝန်ကြီး ကတော့ သူတို့ လေယာဉ်ကို ပြန်ပေးဆွဲ ခံရတယ်လို့ပဲ တရားသေ တွက်ထားပါတယ်။ အဖွဲ့အစည်း တစ်ခုမှာ ထင်မြင်ချက် ကိုယ်စီနဲ့ နေလာခဲ့ရာက ပေါက်ကွဲသွားပြီ အဆိုဘက်ကို လိုက်လို့ နိုင်ငံပေါင်းစုံက တရုတ်ပင်လယ် တစ်ကြောမှာ လေကြောင်း ရေကြောင်းကနေ ရှာပုံတော် ဖွင့်နေချိန်မှာပဲ အမေရိကန်က တစ်ခါ အိန္ဒိယ သမုဒ္ဒရာထဲကို ရှာရမယ်လို့ ရှာပုံတော် ဧရိယာကို တိုးချဲ့လာခဲ့ပြီး အမေရိကန် စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေကို အိန္ဒိယ သမုဒ္ဒရာထဲကို စေလွှတ်ခဲ့ပါတယ်။

သို့ပေမယ့် ဒီရှာပုံတော်တွေကို မလေးရှားဝန်ကြီး အားရ ကျေနပ်မှုမျိုးကို မပြခဲ့ပါဘူး။ ဘာလို့လဲဆို သူက သူတို့ လေယာဉ်ပျံက အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲ သွားတာပဲလို့ တထစ်ချ ယုံကြည်ထားလို့ပါပဲ။
ဖြစ်ချင်တော့ ဒီအချိန်မှာပဲ မလေးရှား စစ်တပ်ရဲ့ Radar က လေယာဉ်ရဲ့သဲလွန်စကို ရှာတွေ့ပြီလို့ March 15th မှာ နောက်ထပ် Latest News အနေနဲ့ သတင်း စာမျက်နှာတွေပေါ် တင်လာခဲ့ကြပါတယ်။

မလေးစစ်တပ်ရဲ့ အဆိုကတော့ သူတို့ စစ်တပ် Radar မှာ MH370 ဟာ ပုံမှန်ပဲ ကွေ့ပြီး မလေး ကျွန်းဆွယ်ကို ဖြတ်လို့ လေယာဉ်ဟာ အိန္ဒိယ ပင်လယ်မှာ ရှိနေတဲ့ Andaman Islands အက်ဒမင်န် ကျွန်းဆီ ဦးတည် ပျံသန်းနေတယ်လို့ ဆိုပါတယ်။ ဒီလေကြောင်းလမ်းက လေယာဉ်တွေ အရှေ့အလယ်ပိုင်းကို ပျံသန်းတဲ့ လေကြောင်း လမ်းမလည်း ဖြစ်တယ်လို့ မလေး စစ်တပ်က Reuter သတင်းဌာနကို ပြောခဲ့ပြန်ပါတယ်။

မလေးစစ်တပ်က ဒီလို ပြောလိုက်တော့ မလေး စစ်တပ်မှာ လုံးဝ တာဝန်မကင်း ဖြစ်သွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ MH370 က Ground Station နဲ့ အဆက်အသွယ် ပြတ်သွားပြီဆိုရင် အချက် နှစ်ချက်ပဲ ရှိပါတယ်။

ပထမအချက် Signal Box ပျက်စီးလောက်အောင် ကြီးမားတဲ့ ပေါက်ကွဲမှု လေယာဉ်မှာ ပေါက်ကွဲခဲ့လို့ အထူးသဖြင့် လေယာဉ်ဦးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ ဖြစ်နိုင်ပါတယ်။ ယင်း Signal Box က တော်ရုံနဲ့ မပျက်စီးနိုင်သလို တခြား လေယာဉ် အလယ်နဲ့ ပဲ့ပိုင်းမှာ ပေါက်ကွဲတာတောင် မပျက်စီးနိုင်ဘဲ သူ့အလုပ် သူ လုပ်နေတတ်ပါတယ်။

ဒုတိယ အချက်ကတော့ လေယာဉ် ပြန်ပေးဆွဲလို့ Hijack ခေါင်းဆောင်က ၎င်း Signal Box ကို ပိတ်ထားလို့ပဲ ဆိုတာ သေချာနေပါတယ်။ နောက်ဆုံးပေါ် Radar တွေမှာ Signal Box on ထားရင် ဖြတ်သန်းသွားတဲ့ လေယာဉ်တိုင်းရဲ့ ID က Radar မှာ ပေါ်ပြီး Flashing ပြပါတယ်။ အကယ်၍ Signal Box ကို ပိတ်ထားလိုက်ရင်တော့ မြေပြင်က Radar တွေမှာ ၎င်းလေယာဉ်ရဲ့ ID မပေါ်နိုင်တော့ပါဘူး။ အဲဒီလို ID မပေါ်တဲ့ ယာဉ်တစ်စင်းက မိမိ လေပိုင်နက်ထဲကို ဖြတ်သန်းရင် သက်ဆိုင်ရာ လေတပ်ကနေ ချက်ချင်း ထလိုက်ရပါတယ်။ ဒီတော့ အားလုံးနဲ့ အဆက်အသွယ် ပြတ်နေတဲ့ MH370 ကလည်း မလေးစစ်တပ် Radar မှာ MH370 ရဲ့ ID မပေါ်ဘဲ Unknown ID အနေအထားနဲ့ပဲ ဖြတ်သန်းခဲ့မှာ ဧကန် ဖြစ်ပါတယ်။

ဒီတော့ မလေးစစ်တပ်ကို ဒီနေရာမှာ မေးစရာ နှစ်ချက် ရှိပါတယ်။ ပထမအချက်က Signal Box ကို Off လုပ်ထားပြီး ID မပေါ်ဘဲ Radar မှာ တွေ့လိုက်တဲ့ လေယာဉ်ကို MH 370 ပါလို့ ဘယ်လို ပြောနိုင်လဲ ဆိုတာရယ်၊ နောက်တစ်ချက် မိမိပိုင်နက်ထဲမှာ ID မပါဘဲ Unknown Object တစ်ခု ဖြတ်သန်းသွားတာကို Radar မှာ ပေါ်နေရဲ့သားနဲ့ ဘာကြောင့် စစ်လေယာဉ်ပျံက ချက်ချင်း ထမလိုက်ခဲ့ကြတာလဲ ဆိုတဲ့ အချက် နှစ်ချက်ကို မေးနိုင်ပါတယ်။ ဒီလို မေးရင် မလေး စစ်တပ်က ဖြေရခက်လိမ့်မယ်။ ထားပါတော့။ နောက်ပြီး အကြမ်းဖက်သမားက လေယာဉ်ကို Signal Box ပိတ်ပြီး Unknown ID နဲ့ ဘယ်နိုင်ငံရဲ့ လေပိုင်နက်တွေကို ဖြတ်သန်းလို့ ရမှာလဲ။ ထားပါတော့။ နိုင်ငံတွေ လေပိုင်နက် အဝင်မှာ Signal Box ကို ဖွင့်မောင်းတယ်ထား Radar တွေမှာ MH370 ID ပေါ်လာရင် ဒီလောက် ဟိုးလေးတကျော် ဖြစ်နေတဲ့ MH370 ကို ဘယ်နိုင်ငံက ပျံသန်းခွင့် ပေးမလဲ ဖမ်းတော့မှာပေါ့။
ဒီတော့ နောက်ဆုံး စစ်တပ်က ပေးလာတဲ့ အထက်ပါ သတင်းအရ ဆိုရင် မလေး စစ်တပ်မှာ အထူး တာဝန်မကင်း ဖြစ်သွားမှာတော့ သေချာပါတယ်။

အထက်ပါ သတင်းကြောင့် ယနေ့ MH370 ပြဿနာမှာ လက်ရှိ ပေါက်ကွဲတယ်လို့ ယူဆချက်တွေဘက်က အားတွေ နည်းလာသလို ဖြစ်သွားပြီး မလေးဝန်ကြီးရဲ့ အစကတည်းက ပြန်ပေးဆွဲ ခံရတယ်လို့ ထင်ထားတဲ့ ထင်ကြေးအတွက် အားတွေနဲ့ မျှော်လင့်ချက်ဘက် ရောင်ခြည်သန်းလာနေပြီ။ တကယ်ပဲ MH370 က မလေးကျွန်းဆွယ် ပေါ်ကနေ ဖြတ်သန်းသွားခဲ့တယ် ဆိုရင် စစ်တပ်မှာ တာဝန်မကင်းဆုံးလည်း ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ချက် ဒီမလေးစစ်တပ် Radar ရဲ့ သက်သေက ခိုင်မာနိုင်မလား။ ဖြစ်နိုင်မလား ဆိုတာကို ပြန်လည် သုံးသပ်မယ် ဆိုရင် မဖြစ်နိုင်ဖို့ များနေပါတယ်။ ဘာကြောင့်လဲ ဆိုရင် မလေးရှားက Islam နိုင်ငံ ဖြစ်နေတာမို့ အကြမ်းဖက် သမားတွေဘက်က Hijack လုပ်ဖို့ အကြောင်း သိပ်မရှိနိုင်ပါဘူး။ နောက်ပြီး Hijack လုပ်ထားရင်လည်း ပြန်ပေး ခေါင်းဆောင်တွေမှာ တစ်ခုခုကို တောင်းဆိုရမှာ ဖြစ်တာမို့ ယခုလို တစ်ပတ်ကိုးသီတင်း ရေငုံနေစရာတော့ မရှိပါဘူး။ သူတို့ကိုယ်တိုင် ဆက်သွယ်လာရမှာပါပဲ။

မည်သို့ပင် ဖြစ်စေ MH370 ပျောက်ဆုံးနေတာ တစ်ပတ်ကျော်သွားသည့်တိုင် ယနေ့အထိတော့ အထက်ဖော်ပြပါ အတိုင်း ထင်မြင် ယူဆချက်များ ကြားမှာ အားလုံး Confuse ဖြစ်နေကြရင်း ခေတ်မီ တိုးတက်လှတဲ့ Satellite Communication တွေ၊ Radar တွေ မြေပြင်မှာ တစ်ပေ ပတ်လည်အတွင်း ဘာရှိတယ်လို့ အဖြေရှာလို့ ဓာတ်ပုံ ရိုက်ယူနိုင်သလို မြေအောက် သယံဇာတကို သော်မှ ရှာဖွေနိုင်စွမ်း ရှိတဲ့ အာကာသ Satellite တွေ ရှိနေပါလျက်နဲ့တောင် အကြောင်းတရားပါ ကံကြမ္မာရဲ့ ရိုက်ချက်ကိုတော့ ဘယ်လိုမှ ကြိုတင် ကာကွယ်နိုင်စွမ်း မရှိသလို ကယ်ဆယ်ရေး အတွက်ကိုလည်း ဘယ်လိုမှ အချိန်မီ လုပ်ပေးလို့ မရအောင် အရာရာတိုင်းက ကံကြမ္မာ မှိုင်းမိလို့ လက်မှိုင်ချ သွားကြပြီပဲ မဟုတ်ပါလား။

အားလုံးရဲ့ထင်မြင်ချက်အတိုင်း လွဲလို့ MH370 ခရီးသည်နဲ့ Crew တွေ အားလုံး ဘေးမသီ ရန်မခလို့ ဂမ္ဘီရဆန်ဆန် ပြန်လာလို့ အံ့ဖွယ် တစ်ပါး ဖြစ်ပါစေသော်။

ဘဲလား လေဘာတီ (March 15, 2014 @4:47 Pm)
MISSING MH370: Radar data suggests plane flown deliberately toward Andaman
KUALA LUMPUR: Military radar-tracking evidence suggests a Malaysia Airlines jetliner missing for nearly a week was deliberately flown across the Malay peninsula towards the Andaman Islands, sources familiar with the investigation told Reuters on Friday.
Latest - New Straits Times http://www.nst.com.my/latest/font-color-red-missing-mh370-font-radar-data-suggests-plane-flown-deliberately-toward-andaman-1.512761#commentsForm-748765#ixzz2w0dPKjTv

The Voice Weekly

ကျောက်ကပ်ရောဂါ အတွက် အထူးပင် ကောင်းတဲ့ နံနံပင် ပြုတ်ရည်


နံနံပင်က ကျောက်ကပ်ရောဂါ အတွက် အထူးပင် ကောင်းမွန်တယ်လို့ သိရပါတယ်။ ရောဂါဖြစ်နေရင်လည်း
ကုသပေးနိုင် ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါ ဖြစ်နေသူတွေ အတွက် နည်းလမ်းကောင်းလေးမို့
မျှဝေ လိုက်ရပါတယ်။
အသုံးပြုပုံ
နံနံပင် ၁၅ ပင်လောက်ကို သန့်ရှင်းစွာ ဆေးကြောလိုက်ပါ။ ထို့နောက် ဖန်ခွက် တစ်ခွက်စာ ရေနွေးကြိုပါ။
ထိုကြိုထားတဲ့ ရေနွေးအိုထဲကို နံနံပင်ကို နုတ်နုတ်စင်းပြီး ထည့်လိုက်ပါ။ ပြီးနောက် အရွက်များကိုဖယ်ကာ
အရည်များကို အအေးခံပြီး သောက်သုံးပေးပါ။ ကျောက်ကပ်ရောဂါကို ကာကွယ်လိုသူတွေ အနေနဲ့
တစ်ပတ်မှ တစ်ကြိမ်လောက် မှီဝဲပေးပါ။ ကျောက်ကပ်ရောဂါ ဖြစ်နေတယ်ဆိုရင်တော့ နေ့တိုင်း
မှီဝဲသင့်ပါတယ်။
အခြားသူများကို Share လုပ်၍ ပြန်လည် မျှဝေလိုက်ပါနော်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )

ကျန်းမာရေးအတွက် ဆီးသွားခြင်း၏ သိကောင်းစရာများ


မကြာခဏ ဆီးမသွားပါနှင့်

မကြာခဏ ဆီးသွားလွန်းတာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်းတတ်ပါတယ်။ ဆီးမကြာခဏ သွားတတ်တဲ့ အမျိုးသမီး တွေဟာ ဆီးကုန်စင်အောင် မစွန့်ထုတ်နိုင်တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင် ခြေ မြင့်မားပါတယ်။

လက်ဖျက်ရည်ကြမ်း သောက်ပါ

ဘရက်ဘယ်ရီ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံး ရင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနဲ့ ဝေဒနာကြာချိန်ကို လျော့ကျသွားနိုင် ပါတယ်။ ပြဿနာ စဖြစ်ဖြစ်ချင်း ပုံမှန်သောက်သွားရင် အကျိုးသက်ရောက်မှု ကောင်းမွန်တယ်လို့ ဆိုပါတယ်။

အတင်းမညှစ်ပါနှင့်

ဆီးသွားချင်စိတ် ပေါက်လာလို့ အိမ်သာသွားပေမယ့် အိမ်သာရောက်မှ ဆီးမထွက်ရင် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာဖြစ်နိုင်ပါတယ်။ ဆီးအိမ်နဲ့ ကျောက်ကပ်တွင်းသို့ ရောဂါပိုးပျံ့နှံ့ရင် ရောဂါပိုဆိုးနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေပါ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာကြောင့် ဆီးလမ်းကြောင်းတွင်း ပိုးဝင်နိုင်ခြေ မြင့်မား သလို သွေးဖိအားလည်း မြင့်တက်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက် တာကြောင့် ချောင်းဆိုးနိုင်ပြီး ချောင်းဆိုးတာကြောင့် ဆီးထိန်းရခက်ခဲတဲ့ ပြဿနာဖြစ်တတ် ပါတယ်။ ဆေးလိပ်သောက်တာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေလည်း မြင့်မားပြီး ဒီဖြစ်နိုင်ခြေဟာ ဆေးလိပ်ဖြတ်ပြီး နှစ်ပေါင်း များစွာကြာတဲ့ အထိ ဆက်လက်တည်ရှိ နေပါတယ်။

ဆီအရောင် ကြည်လင်ပါစေ

သင့်ဆီးအရောင် ကြည်လင်ပြီး အရောင်ဖျော့တော့ဖို့အတွက် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ဆီးအရောင်ရင့်နေတာ၊ ဒါမှမဟုတ် ဆီးအနည် ထိုင်တာဟာ ရေဓာတ် မလုံလောက်တဲ့ လက္ခဏာဖြစ်တာမို့ ရေများများ သောက်ပေးပါ။

အောက်ပါ အစာများကို ရှောင်ပါ

ကော်ဖီ၊ အရက်၊ အစပ်စာ၊ အချဉ်အရသာရှိတဲ့အသီးနဲ့ ချောကလက်တွေဟာ ဆီးအိမ်ပြဿနာဖြစ်ဖို့ လှုံ့ဆော်နိုင်ပြီး ဆီးအနည်ထိုင်စေနိုင်ပါတယ်။

Sex လုပ်ပြီးမှာ ဆီးသွားပါ

လိင်ဆက်ဆံမှု ပြုလုပ်စဉ်မှာ ဘက်တီးရီးယား ပိုးတွေဟာ ဆီးထွက်ပြွန် အတွင်း ဝင်ရောက်နိုင်ပါတယ်။ လိင်ဆက်ဆံ အပြီးမှာ ဆီးသွားလိုက် တာကြောင့် ရောဂါပိုးတွေကို သန့်စင်လိုက်သလို ဖြစ်သွားပြီး ရောဂါပိုးမဝင် ရောက် နိုင်အောင် ကာကွယ်နိုင်ပါတယ်။

သန့်ရှင်းရေးလုပ်ပါ

မိန်းမကိုယ်နေရာကို သန့်ရှင်းရေးလုပ်ရင် အရှေ့မှအနောက်သို့ ပြုလုပ်သွား ရပါမယ်။ ဒါမှ စအိုမှ ဘက်တီးရီးယားပိုးတွေ ပျံ့နှံ့မှုမရှိအောင် ကာကွယ်နိုင် မှာပါ။

လေ့ကျင့်ပါ

ဆီးသွားစဉ်မှာ ဆီးသွားလိုက်၊ ရပ်လိုက် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သားအိမ် ကွင်းကြွက်သားတွေ တင်းရင်းပြီး သန်မာလာနိုင်ပါတယ်။ အလွန်အကျွံမပြု လုပ်ပါနဲ့။ ကြွက်သားသန်မာဖို့ တစ်နေ့ သုံးကြိမ်ပြုလုပ်ရင် လုံလောက်ပါတယ်။

အမြှပ်ထသော အရည်များကို ရှောင်ပါ

အမြှုပ်ထတဲ့ အရည်တွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာ ဖြစ်အောင် လှုံ့ ဆော်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပြဿနာမဖြစ်အောင် ရိုးရိုးရေသာ သောက်သုံးပါ။

ဆီအိမ်ရောင်ရမ်းခြင်းအတွက် ခရင်မ်ဘယ်ရီ ဖျော်ရည်သောက်ပါ

ခရင်မ်ဘယ်ရီ ဖျော်ရည်ကို ပုံမှန်သောက်သူတွေဟာ ဆီးအိမ်ရောင်ရမ်း တာကြောင့် ဖြစ်တဲ့ဝေဒနာတွေကို သက်သာနိုင်ပါတယ်။ ဆီးထဲမှာ ပါဝင်တဲ့ အက်စစ်ပမာဏကို ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။

ဘလူးဘယ်ရီသီး စားပါ

ကျန်းမာရေး ကောင်းမွန်စေနိုင်တဲ့ ဘလူးဘယ်ရီမှာ ဘက်တီးရီးယား တွေကို သေ စေနိုင်တဲ့ အန်သိုစိုင်ယာနိုက်တွေ များစွာပါဝင်ပါတယ်။ ဆီးလမ်းကြောင်း တွင်း ဝင်ရောက်နိုင်တဲ့ အီးကိုလိုင်ရောဂါပိုး ကိုလည်း သေစေနိုင်တာမို့ ဆီးလမ်းကြောင်း ရောဂါပိုး ဝင်ရောက်တာအတွက် အလွန်ထိရောက်မှု ရှိပါတယ်။

မသန်စွမ်း ကျောင်းသားများ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေမှုအား ကယားပြည်နယ် ဝန်ကြီးချုပ် ကြည့်ရှု အားပေး


လွိုင်ကော် မတ် ၁၅

မြန်မာ တစ်နိုင်ငံလုံးတွင် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြရာ ကယား ပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန အနေဖြင့် လွိုင်ကော်မြို့တွင် ငါးခု၊ ဒီးမော့ဆိုမြို့တွင် နှစ်ခု၊ ဖရူဆိုမြို့တွင် တစ်ခု၊ ဘော်လခဲမြို့တွင် တစ်ခု၊ ဖားဆောင်းမြို့တွင် တစ်ခု စုစုပေါင်း ၁ဝ ခု၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၉၈၁ ဦး ရှိကြောင်း သိရသည်။ ကယားပြည်နယ်တွင် ကျင်းပလျက် ရှိသော တက္ကသိုလ်ဝင် စာမေးပွဲ၌ မသန်စွမ်း ကျောင်းသား၊ ကျောင်းသူ အမျိုးသား တစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း လေးဦး ဝင်ရောက် ဖြေဆိုရာ ၎င်းတို့အနက် လက်နှစ်ဖက်မပါ၊ ခြေတစ်ဖက်သာ ပါရှိသူ မနော်ဒါးခူမှာ ၎င်း၏ ခြေတစ်ဖက်ဖြင့် ကောင်းမွန်စွာ ဖြေဆိုနေသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ ကယားပြည်နယ် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆို နေမှုကို ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဦး ခင်မောင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယမန်နေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့ရှိ စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

အောင်ထွန်းလေး

သားသတ်သမား


ကျွန်တော်က သားသတ်သမား..။ လုပ်တာက သားသတ်တဲ့အလုပ်..။ ငယ်စဉ်ကတည်းက အကောင်ငယ်လေးတွေကို သတ်ရာမှာ ကျွန်တော် ၀ါသနာထုံခဲ့သည်။ အကောင်ငယ်လေးတွေ သွေးသံရဲရဲ နှင့် မြင်ရလျှင် ကျွန်တော့်မှာ ပျော်လို့မဆုံး..။ မိဘနှစ်ပါး ငယ်စဉ်ကတည်းက ဆုံးပါးသွား တာကြောင့် ကိုယ့်ဝမ်းစာအတွက် ဒီသားသတ်ရုံမှာ အလုပ်လုပ်လာခဲ့တာ အခုဆိုရင် ဒီမြို့ထဲမှာ သားသတ်မယ် ဆိုရင် ကျွန်တော် မပါလျှင် မပြီးသလောက်..။ ဒီ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသည်။ ကျွန်တော် လုပ်ချင်တာနဲ့ လုပ်နေရတာနဲ့ ဆန္ဒနဲ့လက်တွေ့ တစ်ထပ်တည်းချသည်ဟု ကျွန်တော်ထင်မိသည်။
နွားတွေ..၊ ၀က်တွေ သတ်ရတာ ကျွန်တော့် အတွက်တော့ သာမာန်အလုပ်သာ ဖြစ်သည့်အတွက် ဘာခံစားမှုမှ မရှိ..။ သူတို့တွေက ကိုယ်ချွတ်ပေးမှ ဒီဘ၀က ကျွတ်ကြရတာလေ..။ ဒီ့အတွက် သူတို့တွေ ကျွန်တော့်ကို တောင် ကျေးဇူးတင်သင့်သေးသည်။

"ဒီကောင်ကြီးကို တစ်ပိသာ အတွဲတွေ လုပ်ထားလိုက်.."

ဝက်တစ်ကောင်ကို သတ်ပြီး ရောင်းချဖို့အတွက် တပည့်တွေကို ခေါ်ပြီး အတွဲခိုင်းလိုက်သည်။ ဒီနေ့တော့ ၀က် ၂ကောင်နှင့် နွားတစ်ကောင် ပေါ်ဖို့ရှိသည်။ အခုထိ ၀က်နှစ်ကောင် ပေါ်လို့ ပြီးသွားပြီ..။ နွားတစ်ကောင် ပေါ်ဖို့သာ ကျန်တော့်သည်။ နွားတစ်ကောင် ပေါ်ရတာ မခက်..။ ကြိုးတုတ်ပြီး လည်ပင်းမှာ ရှိတဲ့ သွေးကြောလှီးချ လိုက်ရင် ပြီးပီ..။ ၀က်တွေက တစ်ခါတစ်လေ အရမ်းအော်လွန်းသည်။ ပြီးတော့ သူတို့ရဲ့ နှလုံးကို ဓါးနဲ့ထိုးရတာ နည်းနည်းခက်သည်။ နှလုံးနေရာတွေက ၀က်တစ်ကောင်နဲ့ တစ်ကောင် မတူ..။ ဒါမျိုးက လုပ်သက်ရှိမှသာ သိပြီး တစ်ချက်တည်းနဲ့ ကိစ္စပြီးနိုင်သည်။

"ကဲ… ကျန်တဲ့ကောင်ကို ဆွဲခဲ့တော့…"

ကျန်တဲ့နွားတစ်ကောင်ကိုပေါ်ဖို့ တပည့်တွေကို လှမ်းသတိပေးလိုက်သည်။ ကျန်တဲ့ တစ်ကောင်ကို မြန်မြန် ပေါ်ပြီး အိမ်မှာ ကိုယ်ဝန် နေ့စေ့လစေ့ နှင့် ဇနီးသည်ထံ အမြန်ပြန်ရအုံးမည်။ သားဦးမို့ အတွေ့အကြုံမရှိပဲ ကြောက်နေရှာသော ဇနီးသည်နားမှာ ပြန်ပြီး အချိန်ပေးပြီး အားပေးနေဖို့လိုသည်လေ..။

"ဆရာ.. အခုပေါ်မယ့် အကောင်က ဇီးကြီးနဲ့…"

"ဟင်…."

"ဟုတ်တယ်ဆရာ.. ကျွန်တော်တို့ ဒီကောင်မ မွေးပြီးမှပဲ ပေါ်လိုက်ရအောင်.."

"မင်းက ဆရာလား..ငါက ဆရာလား.."

"ဒါပေမယ့်… ဒီကောင်မက နက်ဖန် သဘက်ခါလောက်ဆို မွေးတောင် မွေးတော့မှာ ဆရာ.."

"တိတ်… ဆွဲခေါ်လာခဲ့…. ဘာဇီးရှိရှိ… ငါဒီနေ့ ဈေးထဲ အမဲဖြန့်ပေးဖို့ ကတိပေးထားတယ်…"

"ဆရာ..စဉ်းစား…."

"ငါ စကားနှစ်ခါ မပြောဘူး ဆိုတာ မင်းသိတယ်နော်…"

"ဟုတ်…"

စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားသော တပည့်ကို ကြည့်ရင်း စိတ်တိုမိသည်။ အလိုလိုနေရင်း သနားဖို့လောက် စဉ်းစားနေတဲ့ကောင်..။ တိုးတက်မယ့်ကောင်မဟုတ်ဘူး..။ စီးပွားရေး လုပ်ရတာ ကတိက အရေးကြီးသည်။ ကတိပျက်ရင် နောင် ဘယ်ဖောက်သည်မှ ရမည် မဟုတ်..။
အသံတွေကြားရတာတော့ ဟိုနွားမကို တော်တော် ဆွဲထုတ်နေရသည် ထင်သည်။

"ဟိုကောင်တွေ သွားကူလိုက်အုံး… ဟိုဂရုဏာရှင်ကြီးကို.."

ခဏကြာတော့ လူလေးယောက်လောက် အတင်း ၀ိုင်းဆွဲလာတဲ့ နွားမကိုတွေ့လိုက်ရသည်။

"တော်တော်ကို ဆွဲထုတ်လာရတယ် ဆရာ.. ဇီးနဲ့ မို့လို့ ဇီးဇောကပ်နေလားမသိဘူး.."

"မသိရင်မှတ်ထား…. အဲ့ဒါ သေမှာ ကြောက်လို့ ဖြစ်နေတာ…ခုချိန်မှာ သူ့ကလေးတောင် သူသတိရမှာ မဟုတ်ဘူး.."

ကျွန်တော် နွားမကို တစ်ချက်ကြည့်လိုက်သည်။ သူမမျက်ဝန်းမှာ မျက်ရည်တွေ ရှိနေသည်။ သူ့မျက်ဝန်းတွေက ကျွန်တော့်ကို အသနားခံတဲ့ အကြည့်..။ ခဏလေး နေဖို့ အချိန်ပေးပါအုံးဆိုတဲ့ အကြည့်…။ အို… သေခါနီး နွားတိုင်း မျက်ရည်ကျနေတာပဲလေ.. အထူးအဆန်းမှ မဟုတ်တာ..

ကျွန်တော် လုပ်နေကျအတိုင်း သူ့လှည်ပင်းက သွေးကြောတွေပေါ် ကျွန်တော့် ဓါးသွားနဲ့ ခုတ်ဖြတ်လိုက်သည်။ တပွက်ပွက်ထွက်လာသောသွေး.. တစ်ဆန့်ဆန့် ဖြစ်နေသော ခေါင်း.. ရုန်းကန်နေသော ခြေလက်များ.. မြင်နေကျ မြင်ကွင်းဖြစ်သည့်အတွက် ကျွန်တော့် အတွက်တော့ အထူးအဆန်းမဟုတ်…။ ထိုအချိန်မှာပင်…. ထူးဆန်းတာ တစ်ခုက ဖြစ်လာသည်။

"ဟာ… ဒီကောင်မ ကလေးပါ မွေးပီဟေ့..ဒုက္ခပဲ"

"ဟင်…"

တစ်ဆန့်ဆန့် အသက်ငင်နေသော နွားမမှ ကလေးမွေးတာ ကျွန်တော့်ဘ၀တွင် ပထမဆုံး မြင်တွေ့ဖူးချင်းဖြစ် သည့် အတွက် အံ့သြထူးဆန်းစွာပင် ကြည့်နေမိသည်။ မွေးဖွားလာသော နွားပေါက်လေးမှာ ကံကောင်းထောက်မ စွာ အသက်ရှိသေးသည်။ နွားပေါက်လေး မွေးဖွားပြီးသည်နှင့် လှုပ်ရှား ရုန်းကန်နေသော နွားမကြီး ခန္ဒာကိုယ် တစ်ခုလုံး ငြိမ်ကျသွားသည်။

"ကဲ..ကဲ.. ဒီကံကောင်းလေးကို..ခြံထဲပြန်ယူသွားလိုက်.."

"ဆရာ..ဆရာ.. လာကြည့်ပါအုံး.."

"ဘာဖြစ်လို့လဲ.."

"နွားပေါက်လေးက သူ့အမေ နွားမကြီး နို့ကိုစို့နေတယ်…"

"ဟင်…."

မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်နင့်စရာကောင်းလှသလို ဒီမြင်ကွင်းကိုလည်း ကျွန်တော့် စိတ်ထဲကနေ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မည်မဟုတ်..။ ကျွန်တော် ကိုယ်တိုင် ကျွန်တော့် လက်နဲ့ ပေါ်ခဲ့တဲ့ အသက်မရှိတော့တဲ့ နွားမကြီးရဲ့ နွားကို အားရပါးရ စို့နေရှာသော နွားပေါက်လေး…။

"ဆရာ.. ဆရာ့ အမျိုးသမီး…ဗိုက်နာနေလို့တဲ့...အကြောင်းကြားခိုင်းလိုက်လို့…မွေးတော့မယ်ထင်တယ်…"

"ဟင်…."

ကျွန်တော် မြင်နေတဲ့မြင်ကွင်းသည်ချက်ချင်းပင် ပြောင်းလဲသွားသည်။ သေဆုံးနေတဲ့ နွားမကြီးနဲ့
နွားပေါက်လေးနေရာမှာ ကျွန်တော့် ဇနီးသည်နဲ့ မွေးဖွားလာမည့် ကလေးငယ်လေးကို မြင်ယောင်မိသည်။ အသက်မရှိတော့တဲ့ မိခင်ရဲ့ နို့ရည်သောက်သုံးနေတဲ့ ကလေးငယ်လေး….

"ဘုရား..ဘုရား…"

လက်ထဲမှာ ကိုင်ထားတဲ့ ဓါးကို လွတ်ချမိလိုက်သည်။

"ငါ ဘာတွေ လုပ်လိုက်တာလဲ…"

"ငါ…ငါ…. မလုပ်သင့်တာကို လုပ်လိုက်မိပြီ…"

သူများအလှည့်တုန်းက မစဉ်းပဲ လုပ်ခဲ့ပြီး ကိုယ့်အလှည့်ကျတော့ ဘယ်လိုခံစားရမလဲ ကျွန်တော် မတွေးကြည့်ရဲတော့..။ ကျွန်တော် ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ ငါ..ငါ…. ဒီသားသတ် အလုပ်ကို တစ်သက်လုံး စွန့်လွှတ်လိုက်ပြီး အခုချိန်ကစပြီး တစ်ခြား အလုပ်နဲ့ ငါအသက်မွေးတော့မယ်..။ ငါ တစ်သက်လုံး ဘယ်သူ့ အသက်မှ မသတ်တော့ဘူး..။

ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်း အိမ်ကို ကျွန်တော် အမြန်ပြန်ပြေးသည်။ လမ်းတစ်လျှောက်လုံး ကျွန်တော့် ပါးစပ်ကနေ တောက်လျှောက် ရွတ်နေမိသည်က..

"မိန်းမ ဘာမှ မဖြစ်ပါစေနဲ့… ကလေးလည်း ဘာမှ မဖြစ်ပါစေနဲ့ ဘုရား…"

ဆရာအောင်ထွန်းဦး

တရားရုံးညွှန်ကြားချက်ကို မလိုက်နာသဖြင့် Chris Brown ထောင်ကျ


Sunday, March 16, 2014

နာမည်ကျော် အဆိုတော် ခရစ်ဘရောင်း တစ်ယောက် တရားရုံးရဲ့ ညွှန်ကြားချက်အတိုင်း မနေထိုင်တဲ့အတွက် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

အခုလို ထောင်ဒဏ်ချမှတ် မခံရမီက ခရစ်ဘရောင်းဟာ ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ပြန်လည် ပြုပြင်ရေး စင်တာမှာ လေးလကြာ နေထိုင်ဖို့အတွက် တရားရုံးရဲ့ ညွှန်ကြားခြင်းကို ခံထားရပါတယ်။

အဲဒီလို ပြန်လည် ပြုပြင်ရေးစင်တာမှာ နေထိုင်နေစဉ်အတွင်းမှာ ခရစ်ဘရောင်းဟာ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် တရားရုံးက သူ့ကို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ခရစ်ဘရောင်းဟာ ပြုပြင်ရေး စင်တာမှာ နေရမယ့် လေးလတာကို ယခုအခါမှာတော့ ထောင်ထဲမှာ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။

ခရစ်ဘရောင်းဟာ သူ့ရဲ့ချစ်သူဟောင်းဖြစ်တဲ့ ရီဟားနားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်း အပါအဝင် ဒေါသအလျောက် သူတစ်ပါးကို ကိုယ်ထိလက်ရောက် စော်ကားတဲ့ အပြုအမူတွေ ပြုလုပ်လေ့ ရှိတဲ့အတွက် ပြန်လည် ပြုပြင်ရေးစင်တာမှာ ကုသမှုခံယူဖို့ မကြာခဏ ညွှန်ကြားခံရလေ့ရှိသူ ဖြစ်ပါတယ်။

The Voice Weekly

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အား လူသတ်သမား တစ်ဦး အဖြစ် ဗင်နီဇွဲလား နိုင်ငံခြားရေး ၀န်ကြီး စွပ်စွဲ ပြောဆို


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ သည် ဗင်နီဇွဲလား နိုင်ငံ တွင်း အကြမ်းဖက် မှုများ ဖြစ်ပွား အောင် လှုံ့ဆော်နေ သူဖြစ် သောကြောင့် ၎င်း ကို လူသတ် သမား ဟု ခေါ်ဆို ရမည် ဖြစ်ကြောင်း ဗင်နီ ဇွဲလား နိုင်ငံခြားရေး ၀န်ကြီး အဲလိယက်စ် ဟောင်ဝါ က စွပ်စွဲ ပြောဆို ခဲ့သည်။

ဗင်နီဇွဲလားအစိုးရသည် ကိုယ့်နိုင်ငံ သားများအပေါ် အကြမ်းဖက် တိုက်ပွဲဆင်နွှဲ နေကြောင်း ကယ်ရီ က ပြောဆိုခဲ့ခြင်းကို ဟောက်ဝါကတုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဗင်နီဇွဲလား နိုင်ငံတွင်း ဆူပူ အုံကြွ မှုများ ဖြစ်ပွား လာ အောင် အမေရိကန်ကလှုံ့ဆော်နေ ကြောင်း ဗင်နီဇွဲလားအစိုးရက မကြာခဏ စွပ်စွဲခဲ့သည်။ မစ္စတာ ကယ် ရီရေ၊ ခင်ဗျားကို တစ် ကမ္ဘာ လုံးရှေ့မှာ ပြစ်တင် ရှုတ်ချ လိုက် ပါတယ်၊ ဗင်နီဇွဲလား မှာ အကြမ်းဖက် မှုတွေဖြစ် အောင် ခင်ဗျားလုပ်နေပါတယ်၊ အကြမ်းဖက်မှုကို တစ်ကမ္ဘာ လုံးက ဆန့်ကျင် ရှုတ်ချ ပါတယ်၊ ဒါ့ အပြင် ဗင်နီဇွဲ လားနိုင်ငံသား တွေကို သတ် ဖြတ်သူ အဖြစ် ခင်ဗျားကို ရှုတ်ချ လိုက်ပါတယ်”” ဟု ဟောင်ဝါက ပြောဆို ခဲ့ သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောခွင့်ရှိသူ မေရီ ဟာ့ဖ်က ဗင်နီဇွဲလား နိုင်ငံခြားရေး ၀န်ကြီး ၏မှတ်ချက်စကားနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုခြင်းမပြုခဲ့ သော် လည်း ဗင်နီဇွဲလားအစိုးရသည် ဆန္ဒပြမှုများ နှင့် ပတ်သက်ပြီး အမှန်တရားကိုမပြောခဲ့ ကြောင်း ပြောဆိုခဲ့သည်။ ဗင်နီဇွဲလားတွင် ဆန္ဒပြသူများသေဆုံး နေ ခြင်း နှင့်ပတ်သက်ပြီး အစိုးရက တာဝန် ခံလာရန် အမေရိကန်နိုင်ငံများအဖွဲ့(OAS) နှင့် အိမ်နီးချင်းနိုင်ငံများက တောင်းဆိုသင့် ကြောင်း ကယ်ရီက ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။အမေရိကန် လွှတ်တော်အမတ်များ သည်လည်း ဗင်နီဇွဲလားအစိုးရအား အရေး ယူပိတ်ဆို့မှုများပြုလုပ်ရန် စီစဉ်နေပြီဖြစ် သည်။

ဗင်နီဇွဲလားရှိ လက်ရှိဆူပူအုံကြွမှုများ သည် မဲရီဒါနှင့်တာချီရာပြည်နယ်များရှိ ကျောင်း သားများက ဒေ သ လုံခြုံရေးပိုမိုတောင်းဆိုမှု များ မှ တစ်ဆင့် ဆန္ဒပြ မှုများ တစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့ခြင်းဖြစ်သည်။ ယင်း နောက်တွင် အတိုက်အခံများသည် နိုင်ငံတွင်းအခြေခံစား သောက်ကုန်များ ပြတ်လပ်နေခြင်း၊ ငွေကြေး ဖောင်းပွ မှုမြင့်မားနေခြင်းနှင့်အကြမ်းဖက်မှု များမြင့်တက်နေခြင်းတို့ကို အစိုးရကဖြေရှင်း ပေးရန် တောင်းဆိုသည့် အနေ ဖြင့် လမ်းမပေါ် ထွက်ချီတက်ဆ်္ဒပြမှုများကို ပြုလုပ်ခဲ့ကြ သည်။ ဗင်နီဇွဲလား နိုင်ငံ တွင်း အကြမ်းဖက်မှု များ ကြောင့် လူ ၂၈ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Source:BBC
Messenger News Journal

ရိုက်ကွင်း ဒါရိုက်တာတချို့ အပြုအမူကြောင့် သရုပ်ဆောင်သစ်များ ကြောက်ရွံ့နေ


မြင့်မြင့်စိုး

မြန်မာဗီဒီယို ရုပ်ရှင်ရိုက်ကွင်းများတွင် ရိုက်ကွင်းတစ်ခုလုံးကို ဦးဆောင်ကာ ရိုက်ကူးနေသည့် ဒါရိုက်တာ များထဲမှ တချို့သောဒါရိုက်တာများသည် ၎င်းတို့ ပိုင်ဆိုင်ထားသည့် ဂုဏ်သိက္ခာကို ကောင်းစွာမထိန်းသိမ်း ကြဘဲ ပါဝင်သရုပ်ဆောင်နေကြသည့် သရုပ်ဆောင်အသစ်များကို ကိုယ်ထိလက်ရောက် ထိကပါးရိကပါး ပြုမူကာ ပြုလုပ်လာကြသည်ကို ၎င်းတို့၏ ရိုက်ကွင်းများတွင် တွေ့ရှိနေရသည်။

“ဒီကိစ္စက ဒါရိုက်တာတွေအားလုံးကို ထိခိုက်စေတဲ့ကိစ္စပဲ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ချင်ကြတာ မှန်ပေ မယ့် အဓိကနဲ့ သာမညကို ခွဲခြားတတ်ဖို့ လိုတယ်။ ရိုက်ကွင်းဘုရင်လို့ ခံယူပြီး ရှေးခေတ်ကဘုရင်တွေလို မျိုး ခံစားစံစားနေရင်တော့ ကိုယ်ဖန်တီး ပုံဖော်နေတဲ့ ဇာတ်ကားကောင်းတစ်ကား ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး။

အဲဒီတော့ ဒါရိုက်တာအားလုံးရဲ့ ဂုဏ်သိက္ခာကို ဖျက်ပစ်မယ့် အဲဒီလိုလူစားမျိုးတွေကို ဒါရိုက်တာအလုပ် လုပ်မစားဖို့ဘဲ မေတ္တာရပ်ခံချင်ပါတယ်”ဟု ဒါရိုက်တာ ပန်းချီစိုးမိုးက သုံးသပ်ပြောကြားခဲ့သည်။

၎င်းဒါရိုက်တာများသည် ယင်းရိုက်ကွင်းပေါ်တွင် အရက်သေစာများ သောက်စားကာ အလုပ်လုပ်နေကြ ခြင်းကြောင့် ယခုကဲ့သို့ အမှားများ ပါဝင်လာခြင်းဖြစ်သည်ဟု ယင်းဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင် ကြသည့် သရုပ်ဆောင်သစ်များနှင့် ၎င်းတို့၏ မိခင်များက ပြောကြခြင်း ဖြစ်သည်။ ရိုက်ကွင်းပေါ်တွင် ယခု လိုအရက်သေစာ သောက်စားပြီး ပြောဆိုဆက်ဆံကာ အလုပ်လုပ်ရာတွင် သရုပ်ဆောင်အသစ်များအနေ ဖြင့် ၎င်းတို့၏ အနုပညာအလုပ်များ ထိခိုက်မည်စိုးရိမ်ကြသဖြင့် တချို့သည် မပြောကြသည်များ ရှိသည်။ပြန်လည်ပြောဆိုပါက ၎င်းတို့ကို အလုပ်မပေးကြသည်များလည်း ရှိသည်ဟု ပြောဆို ရင်ဖွင့်ကြသည်။

“ဒီလို ဒါရိုက်တာတွေကကို နန်းဆု ကြားပဲကြားဖူးတယ်။ ကိုယ်တိုင်မကြုံခဲ့ရပါဘူး။ ဒါရိုက်တာရဲ့စကားကို နားထောင်ရမယ်ဆိုတာ မှန်ပေမယ့် ဇာတ်ကားနဲ့ သက်ဆိုင်တာပဲ ဆိုင်တယ်လေ။ ကိုယ်ရေး ကိုယ်တာနဲ့ မဆိုင်ပါဘူး။ ဒါရိုက်တာ တချို့ သောက်စားကြတာ မှန်ပေမယ့် အလုပ်ကို မလစ်ဟင်းသင့်သလို အလုပ်နဲ့ သာသက်ဆိုင်တဲ့ ပြောဆိုဆက်ဆံ ဆုံးမမှုကို လုပ်သင့်ပါတယ်” ဟု နန်းဆုရတီစိုးက ပြောသည်။

“သမီး ဗီစီဒီတစ်ခုအတွက် ရိုက်ကူးပေးတော့ အဲဒီဒါရိုက်တာက ရိုက်ကွင်းမှာ အရက်လည်း မူးနေတယ်။ အရက်ဝိုင်းထောင်ပြီး ရိုက်နေတာ။ နောက် ဟိုကိုင် ဒီကိုင်နဲ့ ရိသဲ့သဲ့ပါ။ မိဘတွေကလည်း ကြည့်နေကြ တယ်။ အရမ်းလွန်လာရင်တော့ ပြောတော့မှာ။ ကိုယ်က ပြောပြန်ရင်လည်း လက်ခံထားတာကြောင့် အခက်တွေ့စေပါတယ်” ဟု တက်သစ်စ မင်းသမီးတစ်ဦးက ကန်တော်မင်္ဂလာ ပန်းခြံထဲတွင် ရိုက်ကူးခဲ့ သည်ကို ပြောသည်။

ယင်းသို့ ပြုမူဆက်ဆံလာကြခြင်းကြောင့် မျိုးဆက်သစ် အနုပညာရှင်များအနေဖြင့် ၎င်းတို့၏ အနုပညာ လုပ်ငန်းများ ရှေ့ဆက်လုပ်ကိုင်နိုင်ကြရန် ကြောက်ရွံ့မှုများရှိသလို တချို့သည် အနုပညာလောကမှ ထွက် ခွာသွားကြသူများလည်း ရှိသည်။ ယခုလို ဒါရိုက်တာတချို့ ပြုမူခြင်းများသည် နာမည်ရ အနုပညာရှင်များကို ပြုလုပ်ခြင်းများ မရှိကြောင်း သရုပ်ဆောင်သစ်တချို့က ရင်ဖွင့်ပြောဆိုလာကြခြင်း ဖြစ်သည်။

OE

ငွေစာရင်းကိစ္စ မုံရွာတက္ကသိုလ် ဝန်ထမ်းများ ရန်ပွဲဖြစ်မှု ခုံအဖွဲ့ဖွဲ့၍ စစ်ဆေးမည်ဟုဆို


မုံရွာနာရီစင်

မုံရွာ၊ မဇ္ဈိမ။            ။ စစ်ကိုင်းတိုင်၊ မုံရွာမြို့၊ မုံရွာ တက္ကသိုလ်ကျောင်းဝင်းအတွင်း တက္ကသိုလ်၏ စီမံ/ဘဏ္ဍာဌာနရှိ ရုံးခန်းမတွင် ယခုလ ၁၂ ရက် နံနက် ၁၁ နာရီခွဲအချိန်က ဌာနဆိုင်ရာ ငွေစာရင်းများ ရှင်းရာမှ ဝန်ထမ်းများ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းကို တက္ကသိုလ်က ခုံရုံးဖွဲ့၍ စစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်ဟု မုံရွာမြို့နယ်ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မတ်လ ၁၅ ရက်တွင် ပြောသည်။

ဖြစ်စဉ်မှာ မုံရွာ တက္ကသိုလ် စီမံ/ ဘဏ္ဍာဌာနတွင် ရုံးလုပ်ငန်းများဆောင်ရွက်နေကြသည့် စီမံ /ဘဏ္ဍာ ဌာနမှူး(ဌာနခွဲ မှူး)နှင့် လက်ထောက် ဌာနစုမှူး တို့သည် ဌာနဆိုင်ရာ ငွေစာရင်းများ ပြုစုကြရာမှ စကားများ၍ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တက္ကသိုလ်မှ မျက်မြင်ဖြစ်သူ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် ဌာနစုမှူးအမျိုးသမီးတွင် ဦးခေါင်းနောက်စေ့ ဘယ်ဖက်ခြမ်းနှင့် ပခုံးပြတ်ရှဒဏ်ရာများ ရရှိခဲ့ သည်ဟု ၎င်း ဆေးဝါးကုသမှု ခံယူနေသည့် ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူ၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လာပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိတော့ဟု အထက်ပါ ဝန်ထမ်းကဆိုသည်။

အဆိုပါ ဌာနတွင်း ခိုက်ရန်ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်လှိုင်မိုးနှင့် အဖွဲ့သည် မုံရွာ တက္ကသိုလ် သို့သွားရောက်ပြီး တာဝန်ခံ ပါမောက္ခချုပ်နှင့် တွေ့ဆုံခဲ့ရာ ဖြစ်ပွားမှုသည် သာမန်ရုံးတွင်း ပြဿနာ ဖြစ်သည့်အတွက် ထိုသူတို့ကို ခုံဖွဲ့၍ စစ်ဆေး ဆောင်ရွက်က အရေးယူသွားမည် ဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့သည်ဟု ဆိုသည်။

Mizzima Burmese

ဟားခါး၌ မီးလောင်မှုဖြစ်ပွား



ဟားခါး မတ် ၁၆

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၌ မတ် ၁၆ ရက် ည ရ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက် အိမ် အမှတ်(၂၅၆)၊ နှစ်ထပ်သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ်တစ်လုံးဆုံးရှုံးပြီး တန်ဖိုးကျပ် တစ်သိန်းခန့် ဆုံးရှုံးကြောင်း ပြည်နယ် မီးသတ် ဦးစီးမှူး ၏ ပြောကြား ချက်အရ သိရသည်။

အဆိုပါ မီးလောင်ရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ပြည်သူ ၃၀ ဦးကျော်က မီးသတ်ကားနှစ်စီးဖြင့် ၀ိုင်းဝန်းငြိမ်း သတ်ရာ အခြားလူနေအိမ်များသို့ ကူးစက်ခြင်း မရှိဘဲ ည ၈ နာရီ ခန့်တွင် မီးညွန့်ကျိုးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်သေဆုံးခြင်း မရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်အား သက်ဆိုင် ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

ပုခုံးချင်း တိုက်မိရာက စကားများရန်ဖြစ်ပြီး လည်ပင်းကို ဓါးဖြင့် ခုတ်သတ်


ရန်ကုန်၊၊ မဇ္ဈိမ။            ။ ရန်ကင်းမြို့ အမျိုးသားတစ်ဦး ဓါးဖြင့် ခုတ်သတ်ခံရမှုတစ်ခု မတ်လ ၁၅ ရက် ညက ဖြစ်ပွားခဲ့သဖြင့် မြို့နယ်ရဲစခန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက်၊ လူငယ်မေတ္တာလမ်း၊ အမှတ် (၃၂၅)နေ အသတ်ခံရသူ၏ ယောက်က္ခမတော်စပ်သူ ဒေါ်နီနီ (၅၁)နှစ်က အမှုဖွင့် တိုင်တန်းထားသည်။

ယင်းနေ့ ည ၁ဝနာရီ ၄၅ မိနစ်အချိန်က အတူနေ သားမတ်ဖြစ်သူ မင်းမင်းဦး (၂၅)နှစ်မှာ ဓါးခုတ်ခံရသဖြင့် မေတ္တာရိပ်သာ လမ်းဘေးတွင် လဲနေကြောင်း တူမဖြစ်သူက လာရောက် ပြောပြသဖြင့် တရားလိုက သမီးဖြစ်သူ မတင်နွယ်ဝင်းကို သွားရောက် ကြည့်ရှုစေခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် မင်းမင်းဦးသည် ချစ်ပို (စုံစမ်းဆဲ)ဆိုသူနှင့် စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ခုတ်ခံရသဖြင့် လည်းပင်ပြတ်ရှဒဏ်ရာ (၁)ချက်၊ နောက်စေ့ပြတ်ရှ ဒဏ်ရာ(၂)ချက်၊ ယာလက်ပြင် ပြတ်ရှဒဏ်ရာ (၃)ချက်၊ ဝဲလက်မောင်း ပြတ်ရှဒဏ်ရာ (၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုထားသည်။

ပြစ်မှုကျူးလွန်သူမှာလည်း ထွက်ပြေးသွားသဖြင့် စုံစမ်းအရေးယူပေးရန် ယောက္ခမဖြစ်သူက အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ် သည်။

“ကျွန်တော်တို့ ပြစ်မှုကျူးလွန်သူကို မိထားပါပြီ။ အရက်မူးနေကြပြီး လမ်းသွားစဉ် ပခုံးချင်း တိုက်မိရာက ရန်ဖြစ်ခဲ့ကြတာပါ။ ဒီနောက် အိမ်က ဓါးပြန်ယူပြီး ခုတ်သတ်ခဲ့တယ်လို့လည်း ဝန်ခံထွက်ဆိုချက် ရရှိထားပါတယ်” ဟု ရန်ကင်းရဲစခန်းမှူး ဒုရဲမှူးဇော်ဇော်က ပြောသည်။

ထို့ပြင် သေဆုံးသူမှာ ခေါင်းဖြတ်သတ်ဖြတ် ခံရခြင်းမဟုတ်ဘဲ လည်ပင်းပြတ်လုနီးပါး ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ အမှုကို ရဲစခန်းက (ပ)၄၅/၂ဝ၁၄ ဖြင့် အမှုဖွင့်၍ တိုင်းတန်းခံထားရသည့် ချစ်ပိုဆိုသူကို လိုက်လံဖမ်းဆီးခဲ့ပြီး လက်ရှိတွင် လူသတ်မှု ပုဒ်မ ၃ဝ၂ ဖြင့် အရေးယူရန် စစ်ဆေးလျက်ရှိသည်။

Mizzima Burmese

မုဒိမ်းမူ အတွက် စစ်ဆေးခြင်း


မိန်းမ ကိုယ်အတွင်း သုက်ပိုး သို့မဟုတ် သုက်ရည်ရှိ နေခြင်းသည် မုဒိမ်းမှု အတွက် ခိုင်လုံသော သက်သေ ပြချက်ဖြစ်သည်။ သို့သော်လည်း မုဒိမ်းကျင့်သူအနေဖြင့် သုက်ရည်ထွက် ခြင်းမဖြစ်သည့်အမှုမျိုး ၃ မှုလျှင် ၁ မှု၌ တွေ့ရတတ်သည်။ ထို့ကြောင့် ဆေးဘက်ဆိုင်ရာ စမ်းသပ် စစ်ဆေးမှုက ထိခိုက်ဒဏ်ရာတစ်ခုခု ရှိနေခြင်း ကို ပြသနိုင်လျှင် အရေးကြီးသော အချိန်ဖြစ်လာသည်။ မုဒိမ်းကျင့်သည့် အမျိုးသား သုက်ရည်လွှတ်ခြင်းမပြု ဟု ထင်ပါက အမျိုးသမီးအနေဖြင့် ဆရာဝန်နှင့် ရဲအား ထိုအချက်ကို ပြောပြရန် အရေးကြီးသည်။

(၁) ပထမဦးစွာ အမျိုးသမီး၏ ခန္ဓာ ကိုယ်တစ်ခုလုံးအား အထွေထွေကြည့်ရှု စမ်းသပ်ခြင်းပြုလုပ်ရမည်။ အညို အမည်းစွဲခြင်း၊ နီရဲနေခြင်း၊ ပွန်းပဲ့စုတ် ပြဲဒဏ်ရာ၊ ထိတွေ့မှု၊ နာကျင်မှု စသည်တို့ကို ဆရာဝန်မှ ဖော်ပြပေးရ မှာဖြစ်သည်။

(၂) ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်း နှင့် အတွင်းပိုင်း စစ်ဆေးရမည်။ ထိခိုက်ဒဏ်ရာများ ရှိ၊ မရှိနှင့် မိန်းမ ကိုယ်မှထွက်သော အရည်များကို နမူနာပစ္စည်းယူရန်ဖြစ်သည်။ မိန်းမ ကိုယ်မှ အရည်ကို စစ်ဆေးခြင်းဖြင့် သုက်ပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင် သည်။ ထို့အပြင် ထိုမိန်းမကိုယ်အရည် ၏ ဓာတုဗေဒဖွဲ့စည်းမှု (Acdi Phosphitas) ရှိ၊ မရှိကို ဖော်ထုတ် ရန်ဖြစ်သည်။ ထိုဓာတု ပစ္စည်းများက သုက်ရည်ထဲတွင် တွေ့ရလေ့ရှိပြီး မိန်းမကိုယ်ထဲတွင် သုက်ရည်လွှတ်ခဲ့မှု ကို သက်သေပြနိုင်သည်။ သုက်ပိုးရှိ၊ မရှိကိုတော့ သက်သေမပြနိုင်ပါ။

(၃) မုဒိမ်း ကျင့်ခံရသည့် အမျိုးသမီး၏ စအိုနှင့် ပါးစပ် တို့ကိုလည်း စမ်းသပ် စစ်ဆေးရမည်။ မုဒိမ်းကျင့်သူ အနေဖြင့် ထိုနေရာများအား ထိခိုက်မှုဖြစ်စေခဲ့ ခြင်းရှိ၊ မရှိ သိရှိရန်ဖြစ်သည်။ HIV ပိုးရှိ၊ မရှိနှင့် ဆစ်ဖလစ် ကာလသား ရောဂါပိုးရှိ၊ မရှိ သွေးစစ်ဆေးခြင်းကို ပြုလုပ်ရန်လိုသည်။ HIV ကူးစက်ခံရ နိုင်ခြေ အခွင့်အလမ်းရှိပါက ဗိုင်းရပ်စ် ပိုးသတ်ဆေးများ သောက်ရန်လိုအပ် နိုင်သည်။

(၄) ဆရာဝန်က လိင်မှတစ်ဆင့် ကူး စက်တတ်သောရောဂါများ ကာကွယ် တားဆီးရန် ပဋိဇီဝဆေးများ ညွှန် ကောင်းညွှန်ပါလိမ့်မည်။ ဆစ်ဖလစ်နှင့် ဂနိုကဲ့သို့သော ရောဂါများဖြစ်သည်။

ကနောင်သားလေး

အမေရိကန်တွင် လိင်တူဆက်ဆံသည့် အမျိုးသမီး အချင်းချင်း အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု တစ်ခု သံသယ ဖြစ် ဖွယ် တွေ့ရှိ


အမေရိကန် ကျန်းမာရေး အာဏာပိုင် များသည် အမျိုးသမီး အချင်းချင်း ကြား ရှား ရှားပါးပါး အိပ်ခ်ျ အိုင်ဗွီ ကူးစက်မှု တစ်ခုကို သံသယ ဖြစ်ဖွယ် တွေ့ရှိ ခဲ့ရကြောင်း သိရ သည် ။

အမေရိကန်အစိုးရ၏ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟို ဌာန က အသက် ၄၆နှစ် အ ရွယ် ရှိ အမျိုးသမီးတစ်ဦး သည် တက္ကဆတ်မှ အိပ်ခ်ျအိုင်ဗွီပိုးရှိနေသူ အမျိုးသမီးတစ်ဦးနှင့် လိင်တူဆက်ဆံမှု ပြု လုပ်ခဲ့ပြီးနောက် ကူးစက်ခံခဲ့ရဖွယ်ရှိကြောင်း ဆိုသည်။ အမည်ထုတ်ပြန်ထားခြင်း မရှိသည့် ယင်း အမျိုးသမီးမှာ အတိတ်ကာလကလည်း လိင်တူ နေထိုင်ဆက်ဆံမှုများရှိခဲ့သော်လည်း ပြီးခဲ့သည့်ဆယ်နှစ်အတွင်း အိပ်ခ်ျအိုင်ဗွီ ကူး စက်မှုများ မရှိခဲ့ကြောင်း သိရသည်။ သူမ၏ လိင် ဆက်ဆံဖက် ၄၃ နှစ်အရွယ်အမျိုးသမီး မှာ မူ ၂၀၀၈ တွင် အိပ်ခ်ျအိုင်ဗွီဖြစ်နေကြောင်း တွေ့ရှိခဲ့ရပြီး ၎င်း မှာ တစ်ဦးထဲသော လိင် ဆက်ဆံဖက်ဖြစ်ကြောင်းဆိုသည်။

ထို့ပြင် ၎င်း အမျိုး သမီး သည် အခြား အိပ်ခ်ျအိုင်ဗွီ ကူးစက် နိုင်သည့် နည်းလမ်း များဖြစ်သော မူးယစ် ဆေး အကြောထဲ ထိုး သွင်းခြင်း၊ ခန္ဓာကိုယ်အစားထိုး ခွဲစိတ်ကုသ ခြင်းနှင့် ဆေးမှင်ကြောင်ထိုးခြင်း၊ လိင်ဆက် ဆံဖက်ပေါင်းများစွာဖြင့် အကာအကွယ် မပါဘဲ ဆက်ဆံခြင်းစသော အချက်များကို လည်း လုပ်ဆောင်ခြင်း မရှိ ကြောင်း ဆိုသည်။ထို့ကြောင့် ကူးစက်ရောဂါထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင် ပိုး ကူးစက် ခံရ သည့် ထိုအမျိုးသမီးသည် ၎င်း ၏ လိင်ဆက်ဆံဖက်နှင့် မျိုးဗီဇ ဖွဲ့စည်းပုံ ၉၈ ရာခိုင်နှုန်း နီးပါး တူညီနေ သော ကြောင့် လိင်တူ ချင်းဖြစ်သော်လည်း ကူးစက်ခံရခြင်းဖြစ်နိုင် ကြောင်းဆိုသည်။

အဆိုပါလိင်တူစုံတွဲကို ပညာရှင်များက ၂၀၁၂ တွင် စတင်တွေ့ ရှိမိပြီး နောက် လေ့လာ ခဲ့ကြခြင်း ဖြစ် သည်။ ထိုစုံတွဲက ၎င်း တို့သည် လုံခြုံစိတ်ချစွာ လိင်ဆက်ဆံနည်းများ အကြောင်း ကို လေ့လာမှုများမ ရှိခဲ့ သ လို ပုံမှန်လည်း အကာအကွယ် အတားအဆီး နည်းလမ်းများ မသုံးဘဲ ဆက်ဆံလေ့ရှိကြောင်း ၀န်ခံထား သည်။ ကူးစက်ရောဂါဌာန၏ အစီရင်ခံစာတွင် ဖိလစ်ပိုင်တွင်လည်း အမျိုးသမီး တစ်ဦးမှာ လိင်တူချင်းသာ ဆက်ဆံနေ ထိုင် လေ့ရှိပြီး မည်သည့်မူးယစ်ဆေးထိုးသွင်းမှုမှ မလုပ်ခဲ့ သော်လည်း အိပ်ခ်ျအိုင်ဗွီဖြစ်နေသည်ကို တွေ့ ခဲ့ရဖူး ကြောင်း ဆိုသည်။

Source: AFP
Messenger News Journal

ကြော်ငြာထား သည့် ကုန်ပစ္စည်း အရည်အသွေး အတိုင်း မပြည့်မီ ဘဲ ရောင်းချ လျှင် အရေးယူမည်


ကုန်ပစ္စည်း များကို ကြော်ငြာ ထား သည့် စံချိန် စံညွှန်း များ အတိုင်း အရည် အသွေး ပြည့်မီ ခြင်း မရှိဘဲ ရောင်းချ လျှင် တိုင်ကြား နိုင်ပြီး စာသုံးသူ ကာကွယ်ရေး ဥပဒေ ဖြင့် အရေး ယူ သွား မည် ဖြစ်ကြောင်း စီးပွား ရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာန စားသုံး သူ ရေးရာ ဌာနခွဲ ခေတ္တ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။

လက်ရှိအချိန်တွင် စားသုံးသူ နစ်နာ မှုများကို ဖြေရှင်းနိုင်ရန် အတွက် သက်ဆိုင်ရာ ရုံးများကို ဖွင့်လှစ် လျှက် ရှိပြီးတိုင်ကြားမှုများ ကို ဖြေရှင်းပေးလျှက်ရှိကြောင်း သိရသည်။ စံချိန်မမီတာက တစ်မျိုး၊ တကယ် တမ်း ဖော်ပြတာတစ်မျိုး၊ အဲဒါမျိုးကို လည်း ကြော်ငြာနဲ့ပတ်သက်တာတွေကို ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ နစ် နာတဲ့ ဟာတွေကို လက်ခံဖြေရှင်းပေးပါတယ်”” ဟု ၎င်း က ပြောသည်။ ယခုလ (၁၃) ရက် နေ့က စားသုံး သူ ကာ ကွယ် ရေးဥပဒေ မူကြမ်း ကို ပြည်ထောင်စု လွှတ်တော် က အတည်ပြုပြီး သမ္မတ ထံသို့ ပေးပို့ထား ကြောင်း သိရသည်။ သမ္မတလက် မှတ်ထိုးပြီး နည်းဥပဒေ အတည်ဖြစ် လာပါက ရက်ပေါင်း ကိုးဆယ် အတွင်း ဥပဒေထွက်ရှိ လာမည်ဖြစ်သည်။ တိုင်ကြားမှုများကို စစ်ဆေးပြီးစားသုံး သူများ အမှန် တကယ် နစ်နာ မှုရှိပါက လုပ်ငန်း လိုင်စင်ပိတ်သိမ်းနိုင်ပြီး၊ အသက်အ်္တရယ်စိုး ရိမ်ရသည့် အခြေအနေ အထိ သက်ရောက်ပါ က ထောင် ဒဏ် အထိချမှတ်နိုင်ကြောင်းသိရ သည်။ထို့အပြင် လူမှုအဖွဲ့အစည်းများနှင့် ပူး ပေါင်းကာ စားသုံးသူ အခွင့် အ ရေး များ ရရှိ အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ကိစ္စအား အမြန်ဆုံးအကောင် အထည်ဖော် သင့် ကြောင်း နှင့် ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း စားသုံးသူ ကာကွယ် ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ကျွန်တော်တို့ အနေနဲ့ကတော့ ဘယ် လောက်ကာကွယ်ပေးမလဲဆိုတာစောင့်ကြည့်ရ မှာပေါ့ ဟု ၎င်း က ဆိုသည်။

မြန်မာနိုင်ငံတွင် စာသုံးသူ နစ်နာမှု များနှင့်ပတ်သက်၍ ကာကွယ်ပေးသော ဥပဒေ များရှိပြီး လက် ရှိ တည်ဆဲ ဥပဒေများ အတွင်း ၌လည်း ကာကွယ်ထား ရှိမှု ရှိကြောင်း မြန်မာ နိုင်ငံစားသုံး သူ သမဂ္ဂ အဖွဲ့မှ ဦးကျော်ဖြူ က ပြောသည်။ စားသုံးသူများ၏ နစ်နာမှု များကို တိုင်းကြား နိုင်ရန် အတွက် ရုံးများ ကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရခိုင်၊ ကချင်၊ မွန်၊ ရှမ်းပြည်နယ်များ တွင် ဖွင့်လှစ်ထားပြီး တစ်ခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်းဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စားသုံးသူ ရေးရာ ဌာနမှ သိရ သည်။

Messenger News Journal

အိမ်ထောင်ရေး ဖောက်ပြန် သော ခင်ပွန်းက ရိုက်နှက် သော ဇနီးကို ဓားဖြင့် ထိုးသတ်


ခင်ပွန်း ဖြစ်သူ အိမ်ထောင်ရေး ဖောက် ပြန်သော ကြောင့် ဆဲဆို ရိုက်နှက် သည့် ဇနီး ကို ခင်ပွန်းဖြစ် သူ က ဓားဖြင့် ထိုးသတ်မှု တစ်ခု မတ်လ (၁၄) ရက်နေ့ ည က ဖြစ်ပွား ခဲ့ကြောင်း တောင်ဒဂုံ မြို့မ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦး က The Messenger သတင်းစာ သို့ ပြောသည်။

ယောက်ျား လုပ်တဲ့သူ နောက် ကောင် မလေးတစ်ယောက်နဲ့တွဲနေတာမြင်ရတော့ မိန်းမက ဆဲဆို ရိုက် နှက်တယ်။ အဲဒါကို ယောက်ျားဖြစ်သူက အရက်မူးပြီး သွေးဆူ နေတဲ့အချိန်ဆိုတော့ ဒေါသ ထွက်ပြီး ဓားနဲ့ ထိုး လိုက်တာပါ ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ သေဆုံးသူမ.....၊(၄၀) နှစ်မှာ တောင်ဒဂုံ မြို့နယ် ( ) ရပ် ကွက် အတွင်းနေထိုင်သူဖြစ် ပြီး ခင်ပွန်းဖြစ်သူက အရိုးအသွား ရှစ်လက်မ ခန့်ရှိ မီးဖိုချောင်သုံးဓားဖြင့် ထိုးခဲ့ခြင်း ဖြစ် ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မ..(၄၀) နှစ်၏ မိခင်ဖြစ်သူက တရားလို ပြု လုပ်တိုင် တန်းခဲ့ပြီး၊ တောင် ဒဂုံ မြို့မ ရဲစခန်းက(ပ) ၂၃၄/ ၁၄၊ ပြစ်မှု ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့် အရေး ယူခဲ့ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း တောင် ဒဂုံ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

Messenger News Journal

ဒေါ်အောင်ဆန်းစုကြည် ဘွဲတံဆိပ်တော်ရဆရာတော်များအားလှူဒါန်း (ဓာတ်ပုံများ)

အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည်နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိသာသနာ.မဟာဗိမာန်တော်ကြီး တွင်ကျင်းပသည်.သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင်. ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို.တက်ရောက်ပြီးန၀ကမ္မအလှူငွေ နှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းကုသိုလ်ပြု(်၁၅.၃.၂၀၁၄)

National League for Democracy










ရန်ကုန်မြို့မှာ အမျိုးသမီးလမ်းလျှောက်ပွဲ ပြုလုပ်


မြန်မာအမျိုးသမီး ထောင်နဲ့ချီပါဝင်တဲ့ အမျိုးသမီးလမ်းလျှောက်ပွဲကို ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးများ ကျန်းမာကြံ့ခိုင်စေဖို့ ရည်ရွယ်ပြီး အခုလို စုပေါင်းလမ်းလျှောက်ခဲ့ကြတာ ဖြစ်တယ်လို့ လမ်းလျှောက်ပွဲကို သွားရောက် သတင်းရယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် လေးလေးမွန်က ပြောပါတယ်။

ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံက အမျိုးသမီး အရွယ်စုံ စုပေါင်းလမ်းလျှောက်ပွဲကို ကမာရွတ်မြို့နယ်၊ အင်းယားကန်ဘောင်၊ တံတားဖြူက စတင်ပြီး ပြည်သူ့ရင်ပြင်မှာ ပန်းဝင်ခဲ့ကြပါတယ်။

DVB Burmese

ဝက်စီးပြီး မြို့အနှံ့ လျှောက်သွားမယ်


တရုတ် နိုင်ငံ၊ ချောင်းတွင်းမြို့မှာ ရှိတဲ့ အသက် (၆၈) နှစ် အရွယ် လယ်သမား အဘိုး အို တစ်ဦး ဟာ ၀က်တစ်ကောင် ကို စီးနင်းပြီး မြို့ အနှံ့ လျှောက် သွား ခဲ့ပါတယ်။ အလေးချိန် ကီလို (၂၅၀) ခန့်ရှိပြီး သုံးပေ လောက် မြင့် တဲ့ ၀က်တစ်ကောင် ကို လူက စီးနင်း နေတဲ့ မြင် ကွင်း ဟာ အံ့အား သင့်စရာ ဖြစ်ခဲ့ ပါတယ်။ ဒီ လယ်သမားအဘိုးအိုဟာ ၀က်တွေနဲ့ နှစ်ပေါင်း (၃၀)နီးပါး ရင်းနှီးစွာ နေထိုင် လာခဲ့ တာမို့ ၀က်တွေရဲ့ စရိုက် လက္ခဏာကို ကောင်းစွာ သိရှိထားပါတယ်။ လည်ချောင်းနာဝေဒနာ ခံစားရပြီးတဲ့နောက် လယ်သမား အဘိုးအို ဟာ လမ်းကောင်းစွာ လျှောက်နိုင်ခြင်း မရှိတာမို့ ၀က်တွေကို အားပြုပြီး သွားလာ နေရတာ ဖြစ် ပါတယ်။ ၀က် တစ် ကောင်ကို စီးနင်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ လယ်သမား အဘိုး အို ဟာ တုတ်တစ်ချောင်း (သို့မ ဟုတ်) အစာ တစ်စုံကို ကိုင်ကာ ၀က်တွေကို ထိန်းကြောင်း ပြီး သွားလာခဲ့ပါတယ်။ မိုးရွာတဲ့ အချိန်မှာ လည်း ထီးဆောင်းပြီး သွားလာလေ့ရှိပါတယ်။ လယ်သမားအဘိုးအိုကို မြို့ရဲ့ နေရာ အနှံ အပြား မှာ ၀က်စီးပြီး သွား လာ နေတာကို အမြဲတမ်း တွေ့မြင်ရတယ်လို့ မြို့ခံတွေကဆိုခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ ၀က်သားစားသုံးမှု အများဆုံး ဒေသအဖြစ်သတ်မှတ်ခံထားရပြီး ကမ္ဘာ့ ဒေသ အနှံ့က ၀က်တွေရဲ့ထက်ဝက်ခန့်ကို စားသုံးလေ့ ရှိပါ တယ်။ အမေရိကန်အခြေစိုက် ၀က်သား ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဟာ ပြီးခဲ့တဲ့နှစ်မှာ တရုတ်နိုင်ငံကို ၀က်သား တင်ပို့ မှု ပြုလုပ်ခဲ့ရာ ပေါင် (၄ ဒသမ ၂) ဘီလီယံဝင်ငွေ ရရှိခဲ့တယ် လို့ သိရပါတယ်။ ၀က်တစ်ကောင်ရဲ့ ဈေး နှုန်း ဟာ မော်တော်ကားထက်နည်းနေတဲ့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလည်း အထောက် အကူဖြစ် စေ တာမို့ ၀က်ကို စီးတော်ယာဉ်အ ဖြစ် အသုံးချခဲ့တဲ့ လယ်သမားအဘိုးအိုရဲ့လုပ် ရပ်က ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

Messenger News Journal

ကိုယ်ဝန်ဆောင် မျောက်ဝံ တစ်ကောင် ကို လူသားတစ်ဦးလို မွေးဖွားပေးခဲ့


အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂို မှာရှိတဲ့ တိရိစ္ဆာန်ရုံ တစ်ခုမှာ ကိုယ်ဝန် ဆောင် မျောက်ဝံ တစ်ကောက် ဟာ ကလေး မွေးဖွားဖို့ အခက် အခဲရှိ နေတာမို့ လူသား တစ်ဦးလို မွေးဖွား ပေး ခဲ့တယ် လို့ သိရပါတယ်။ အ သက် (၁၈)နှစ် အရွယ်ရှိ လာမာနီ အမည်ရ မျောက်ဝံမကြီး ဟာ မွေးဖွားရာ မှာ အခက် အခဲရှိခဲ့လို့ အရေး ပေါ် ခွဲစိတ်ကုသမှုတွေ ပေးနိုင် ဖို့ သားဖွား မီး ယပ် ဆရာဝန်တွေရဲ့ အကူ အညီကို ရယူ ခဲ့ပါ တယ်။ လာမာနီ ကို တိရိစ္ဆာန် တွေ ကုသပေး တဲ့ ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပေမယ့် အသက် အန္တရာယ်မဖြစ်စေဖို့ တတ်ကျွမ်းတဲ့ ဆရာဝန် တွေကို အကူအညီ တောင်းခဲ့ရပါတယ်။ လာ မာနီရဲ့ ကလေးငယ်ဟာ (၄ ဒသမ ၆)ပေါင် ရှိပြီး နှစ်ဦး စလုံး အခြေအနေကောင်းတယ်လို့ သိရပါတယ်။ မျောက်ဝံတွေဟာ လူသားတွေ လို ကိုယ်ဝန် ဆောင်ပြီး (၈ ဒ သမ ၃)လကနေ ကိုးလအကြားမှာ မွေးဖွားလေ့ရှိပါတယ်။ လာ မာနီရဲ့ ကိုယ်အလေးချိန် ဟာ ပေါင် (၂၀၀) ကျော်ရှိတာမို့ မွေးဖွားရာမှာ အခက်အခဲ သိပ် မရှိခဲ့ပါဘူး။ ဒါပေမဲ့ မွေးဖွားတဲ့အခါ အန္တရာယ် မဖြစ်စေဖို့ ဆန်ဒီ ယေဂိုမြို့ ဆေးရုံးက ဆရာဝန် တွေကို အကူအညီတောင်းခံရခြင်း ဖြစ်ပါ တယ်။ လက်ရှိအချိန်မှာ လာမာနီနဲ့ ကလေး ငယ်ကို အထူးကြပ်မတ်ဆောင်မှာ ထားရှိ ထားပါတယ်။

Messenger News Journal

မိုးကုတ်ရွှေဆိုင်ဓားပြမှု အသုံးပြု သေနတ်များ လက်နက်ကိုင် အဖွဲ့ တစ်ခုမှ ငှားရမ်း ခဲ့ခြင်းဖြစ်ဟုဆို


မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရွှေဆိုင်နှစ်ဆိုင်သို့ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့ သည့် သေနတ်များမှာ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုမှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြစ်မှုကျူးလွန်သူများက ထွက်ဆို ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုအခါ ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယ ရှိသော မသင်္ကာဖွယ်ရာ လူ လေးဦးကို ဖမ်းဆီးရမိထားပြီး ၎င်းတို့ ကို စစ်ဆေး ရာတွင် ထွက်ဆိုချက်များ အရ ပြစ်မှုကျူးလွန်ခဲ့သည်ကို ၀န်ခံ ထွက်ဆိုထားကြောင်း၊ ပြစ်မှုကျူးလွန် စဉ်က စီးနင်းခဲ့သည့် ဆိုင်ကယ်များကို သိမ်းဆည်းရမိပြီးဖြစ်သော်လည်း အ သုံးပြုခဲ့သည့်သေနတ်များနှင့် လုယူ သွားသည့်ရွှေများကိုမူ ပြန်လည်မသိမ်း ဆည်းနိုင်သေးသောကြောင့် အမှုကို ခိုင်မာစွာတည်ဆောက်၍ တရားစွဲ ဆိုတင်ပို့နိုင်ရန်အတွက် အဓိကကျ သည့် သက်သေ ခံပစ္စည်းများကို ဆက် လက်ရှာဖွေလျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးဇော်မင်းဦးက ဒီမိုကရေစီ တူ ဒေးသို့ပြောသည်။

““အခုဖမ်းဆီးရမိထားတဲ့သူတွေ ရဲ့ ထွက်ဆိုချက်အရတော့ ပြစ်မှုကျူး လွန်ရာ မှာ သူတို့အပါအ၀င် ခုနစ်ဦး ဖြစ်ပြီး သေနတ်တွေကိုတော့ လက် နက်ကိုင်အဖွဲ့အစည်းတစ်ခုဆီကနေ ငှားလာတာလို့ သိရပါတယ်။ အခုလွတ် နေသေးတဲ့သူသုံးဦးကလဲ အဲဒီအဖွဲ့ အစည်းထဲကဖြစ်ပြီး လုယက်သွားတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ သေနတ်တွေ ကလဲ အဲဒီအဖွဲ့အစည်း ထဲမှာပဲရှိတယ် လို့ ပြောပါတယ် ။ လောလောဆယ် မှာ တော့ သက်သေခံပစ္စည်းအနေ နဲ့က တော့ ရွှေဆိုင်တစ်ဆိုင် ကိုရောင်းထား တဲ့လက်စွပ်နှစ်ကွင်းကို သွားရောက် သိမ်းဆည်းထားပြီး ဆိုင်ကနေ အရည် ကျိုထားတာကို တွေ့ရပါတယ်။ အခု လက်ရှိ အနေအထား အရတော့ အဲဒီ အဖွဲ့အစည်းထဲက သေနတ်တွေကို သက်သေခံပစ္စည်းအနေနဲ့ တောင်းဖို့ အတွက်ကတော့ အဆင်မပြေသေး တာကြောင့် အခုမိထားတဲ့သူတွေကိုပဲ အသေးစိတ်စစ်ဆေးမှုတွေ ထပ်လုပ် ဆောင်နေပါတယ်””ဟု ယင်းက ဆက် လက်ရှင်းပြသည်။

KSA [--Democracy today Daily Newspaper--]

ငရုတ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး


ဘယ်လောက်ပဲ ပူတယ်၊စပ်တယ် ပြောပြော ငရုတ်သီးက လူ့ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုနေတာကို ဘယ်သူမှ ငြင်းမရ ပါဘူး။

ငရုတ်သီးကို အရိုးအကျော် ရောဂါကုဆေးနဲ့ အရည်အပြား ယားနာ ပျောက်ဆေး တို့မှာ ထည့်သွင်း အသုံးပြုကြ ပါတယ်။ ငရုတ်သီး ပုံမှန် စားသုံးသူဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိတဲ့ဆဲလ်များကို အမြဲ တွန်းလှန်နေတာကြောင့် ကင်ဆာရောဂါကိုလည်း မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ ဆီးချိုရောဂါရှိသူများလည်း ပုံမှန် စားသုံးသင့်တဲ့ အစားအစာ အဖြစ် ပါဝင် ပါတယ်။ ငရုတ်သီးမှာ ဗစ်တာမင် စီ ကြွယ်ဝပြီး ကျန်းမာရေးအတွက် ပုံမှန်စားသုံးသင့်ကြောင်း ဆိုပါတယ်။

ကမ္ဘာမှာ အပူဆုံး၊ အစပ်ဆုံး ငရုတ်သီးအဖြစ် လက်ရှိ စံချိန်တင်ထားတာ ကတော့ ဖိလပိုင် နိုင်ငံမှ Siling labuyo လို့အမည်ရတဲ့ ငရုတ်သီး ဖြစ်ပါ တယ်။ မြန်မာပြည်မှာဆိုရင် ကုလားအော်သီး လို့ခေါ်တဲ့ ငရုတ်သီးနဲ့ မျိုးစိတ် နီးစပ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
International news for Myanmar

မင်းဘူးမြို့တွင် မီးလောင်မှုဖြစ်ပွား


မင်းဘူး မတ် ၁၅

မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် မတ်လ(၁၅)ရက်နေ့က သနပ်ခါးတောရပ်တွင်နေ ထိုင်သူ မောင်အောင်ခိုင်(ခ)ဖိုးနီသည် နေအိမ်တွင် တစ်ဦး တည်းရှိနေရာမှ ထမင်းချက်ပြုတ်စားသောက်ကာ မီးငြိမ်း သတ်ပြီး နေအိမ်အပြင်ဘက်သို့ ထွက်သွားစဉ် မီးကြွင်းမီးကျန်မှ တဆင့် နေလယ်(၃)နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ရာ (၁၅၃၀)ချိန်တွင် မီးငြိမ်း သွားခဲ့သည်။

မီးလောင်မှတွင် ၃ပင်၂ပင်မြေစိုက်ထရံကာ သွပ်မိုး ၀ါးကြမ်းခင်းတဲအိမ် တလုံး၊၁၂×၁၂ ပေ ပတ်လည် ၀ါးကြမ်းခင်းထရံကာ သက်ကယ်မိုး မြေစိုက်တဲ အိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၃၀၀၀၀ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွာ သုံးစွဲသူ မောင်အောင်ခိုင်(ခ)ဖိုးနီအား အရေးယူထားကြောင်းသိရှိရသည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ တာဝန်ရှိသူများရောက်ရှိကြပြီး မင်းဘူးမီး သတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်၃စီး မကွေးမှ မီးသတ်ယာဉ်၁စီး မန်းရေနံမြေမှ မီးသတ်ယာဉ်၁စီး မြို့နယ်စည်ပင်မှ မီးသတ်ယာဉ်၁စီးတို့ဖြင့် မီးငြိမ်း သတ်ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar

အမေရိကန် နှင့် ရုရှား ကရိုင်းမီးယား အရေး ဆွေးနွေး မှုများ မအောင်မြင်


အမေရိကန် နှင့် ရုရှား တို့သည် ကရိုင်း မီးယား အရေး နှင့် ပတ်သက်၍ ဆွေးနွေး မှုများ ကို သောကြာ နေ့ က ပြုလုပ် ခဲ့ရာ ကွဲပြား ခြားနား ချက်များ ကို မညှိနှိုင်း နိုင်ဘဲ ပျက်ခဲ့ ရကြောင်း သိရသည်။

တနင်္ဂနွေနေ့တွင် ကရိုင်းမီးယားဒေသ၌ ရုရှားနှင့် ပေါင်း စည်းရေး အတွက် ပြည်သူ့ ဆန္ဒခံယူပွဲပြု လုပ် ရန် ရှိနေစဉ် ကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှား နိုင်ငံခြား ရေးဝန်ကြီး လက်ဗ်ရော့ တို့သည် လန်ဒန် တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ သုံးနာရီခန့်ကြာ အောင် နှစ်နိုင်ငံ ၀န်ကြီး များဆွေးနွေး ခဲ့ကြ ပြီးနောက် ရုရှား ၀န်ကြီး လက်ဗ်ရော့က ရုရှား နှင့် အနောက်တိုင်းတို့သည် ယူကရိန်းအရေး နှင့် ပတ်သက် ၍ ဝေးကွာနေဆဲ ဖြစ် ကြောင်း ဆိုသည်။ ကျွန်တော် တို့မှာ အခြေ အနေ အပေါ်ကို ဘုံသဘော တူညီတဲ့ အမြင်မရှိခဲ့ပါ ဘူး။ ကွာခြား မှု တွေ ဆက်ရှိနေဆဲပါ”” ဟု ပြောခဲ့ သည်။ သို့သော် ၎င်း က ရုရှား သည် ရုရှား စကား ပြော သည့် လူဦးရေ နှစ် သန်း ခန့်  နေထိုင်ရာက ရိုင်းမီးယား ဒေသ ကို ကျူးကျော် ရန် ရည်ရွယ်ချက်မရှိကြောင်းဆိုသည်။ သို့ သော် မော်စကို သည် ၎င်း ၏ ယာယီ ထိန်းချုပ် မှု အောက် တွင် ခရိုင်းမီးယား ပြဿနာ ကို ဖြေ ရှင်းချင်ကြောင်းကိုမူ လက်ဗရော့က အရိပ် အမြွက်ပြောသည်။

လူတိုင်း နားလည်ကြပါတယ်။ ဒါကို ကျွန်တော် တာဝန်ယူမှု အားလုံး နဲ့တွဲပြီး ပြော တာပါ ။ ခရိုင်းမီး ယား ဒေသဟာ ရုရှားအတွက် ပြင်သစ်အတွက် ကိုမိုရိုကျွန်းဆွယ်ကအရေး ကြီးသလို ၊ ဒါမှ မဟုတ် ဗြိတိန် အ တွက် ဖောက် ကလန်ကျွန်းက အရေးကြီး သလိုဖြစ်တာ တွေထက် အတိုင်းအဆအားဖြင့် ပိုပါတယ် ဟု ၎င်းက ပြောသည်။ သမ္မတပူတင်က ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အကြောင်း ကြားထားသည့် ကရိုင်းမီးယားပြည်သူ့ ဆန္ဒခံယူပွဲကိစ္စမှာ နိုင်ငံတကာ ဥပဒေစံနှုန်းများနှင့် ကုလသမဂ္ဂ သဘောတူစာချုပ် တို့နှင့် ကိုက်ညီ ကြောင်း ဆိုသည့် ထုတ်ပြန်ချက်ကို ကယ်ရီ နှင့်လက်ဗရော့ဆွေးနွေးပွဲအပြီးတွင် ကရင် မလင်က ချက် ခြင်း ထုတ်ပြန်ခဲ့သည်။ ကန် နိုင်ငံခြားရေး ၀န်ကြီးဂျွန်ကယ်ရီ က ဆွေးနွေး ပွဲမအောင်မြင်ခဲ့သော်လည်း ၎င်း တို့ ဆွေးနွေးမှုသည် အလွန်တိုက်ရိုက်ကျကျ နှင့် ပွင့်လင်းစွာပြောခဲ့ကြောင်း ဆိုသည် ။ ထို့ ပြင် ၎င်း က အမေရိကန် နှင့် အနောက်နိုင်ငံများ ၏ ရပ်တည်ချက်ဖြစ်သော ဆန္ဒခံယူပွဲကို အသိ အမှတ်မပြု သည့် အချက် ကိုလည်း အ တည် ပြု ခဲ့သည်။ ၎င်း က ကျွန်တော်တို့ကိုယ်တိုင် ရော နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ဒီဆန်္ဒခံ ယူပွဲရလဒ်ကို အသိအမှတ်ပြုသွားမှာ မဟုတ် ပါဘူး။ ပိတ်ဆို့မှုတွေ ရှိလာပါလိမ့်မယ်။ တုံ့ ပြန်မှုတွေ ရှိလာပါလိမ့်မယ် ဟု ဆန္ဒ ခံယူပွဲ ဖြစ်ပြီးပါက နောက်ဆက်တွဲ အခြေအနေနှင့် တုံ့ပြန်နိုင်မှု များကိုလည်း ပြောဆိုခဲ့သည်။

Source: AFP
Messenger News Journal

အယ်လ်ဂျာ ဇီးရား ရုပ်သံဌာန အား ပိတ်ပစ် ရန် ကာတာအား ဆော်ဒီ အာရေဗျ တောင်းဆို


ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ (GCC) အစည်း အဝေးပွဲ တွင် ဆော်ဒီ အာရေဗျ အစိုးရ က အယ်လ်ဂျာဇီးရား ရုပ်သံ ဌာန အား ပိတ်ပစ် ရန် ကာတာ အား တောင်းဆို ခဲ့သည်။ ပင်လယ် ကွေ့ ပူး ပေါင်း ဆောင်ရွက်ရေး ကောင်စီ အစည်း အဝေး ပွဲသို့ တက်ရောက် ခဲ့သူ တစ်ဦး နှင့် နီးစပ် သည့် သတင်းရင်း မြစ် တစ်ခု က ဆော်ဒီအာ ရေဗျ နိုင်ငံခြား ရေး ၀န်ကြီး ဆော့အယ် ဖိုင်ဆယ် က အယ်လ်ဂျာ ဇီရား ရုပ် သံဌာန ကို သာမက ဘရွတ် ကင်းစ်ဒို ဟာ စင်တာ နှင့် အာရပ် သုတေသန နှင့် မူဝါဒ လေ့လာ ရေး ဗဟို ဌာန တို့ကိုပါ ပိတ်သိမ်း ရန်တောင်း ဆို ခဲ့သည်ဟု သောကြာနေ့ က ပြောကြား ထား သည်။ မတ်လ ၅ ရက်နေ့ GCC အ စည်း အဝေး ပွဲတွင် တင်းမာမှု များ ဖြစ်ပွား အပြီးတွင် ဆော်ဒီ အာရေဗျ၊ ဘာရိန်း နှင့် ယူအေအီး နိုင်ငံ တို့ သည် ကာတာ မှ ၎င်း တို့၏ သံအမတ် များအား ပြန်လည် ခေါ်ယူ ခဲ့သည်။ ဆော်ဒီအား ရေဗျ၊ ဘာရိန်း နှင့် ယူအေ အီး တို့က ကာတာ သည် ၎င်း တို့ ပြည်တွင်း ရေးများ ကို ၀င်ရောက် စွက် ဖက်နေပြီး မူဆလင် ညီနောင် အ ဖွဲ့ ကို ထောက် ပံ့ နေသည် ဟု စွပ်စွဲ ထားကြသည်။ အထက်ပါ သတင်း ရင်းမြစ် က ဆော်ဒီ အာရေးဗျ နိုင်ငံခြား ရေး ၀န်ကြီး ၏ တောင်း ဆို မှု သည် ကာတာ နိုင်ငံ ၏ ပြည်တွင်းရေး အား ၀င်ရောက် စွက်ဖက် ခြင်း ဖြစ် ကြောင်း ပြန်လည် တုံ့ပြန် ထားသည် ဟု ဆိုထား သည်။ ကာတာ နိုင်ငံ သည် မူဆလင် ညီနောင် များ အဖွဲ့နှင့် ထိုအဖွဲ့ ၏ ပင်လယ်ကွေ့ နိုင်ငံ များ အတွင်း လှုပ်ရှား ဆောင်ရွက်မှု များကို ထောက်ခံ အားပေး သည့် နိုင်ငံ အ ဖြစ် ရှုမြင်ခံ ထားရ သည်။ မူဆလင် ညီနောင် များ အဖွဲ့၏ ဆောင်ရွက် မှုများ အား ပင်လယ် ကွေ့ နိုင်ငံ များ တွင် ပိတ်ပင် ထားသည်

Messenger News Journal

အခွန်ကြွေးကျန် ပေးဆောင်ရန် တိုက်တွန်း


အခွန်ပေးဖို့ ကျန်နေသေးသူများ မတ်လ ၃၁ ရက်နောက်ဆုံးထားပြီး အခွန်ကြွေးကျန်ပေးဆောင်ဖို့ သက်ဆိုင်ရာက ဒုတိယအကြိမ် ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

အမြတ်ခွန် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ဖို့ ကျန်ရှိနေသူများထံ နို့တစ်စာတွေ ပေးပို့ထားပြီးဖြစ်လို့ လာရောက်ပေးဆောင်ကြဖို့နဲ့ ပေးဆောင်ဖို့ ပျက်ကွက်ရင် ဥပဒေနဲ့ အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

DVB

နွေရာသီမှာ ရေခဲရေ လုံးဝမသောက်သင့်ပါ




အဘယ်ကြောင့် ရာသီဥတုနှင့် ခန္ဓာကိုယ်ဟာ ပြောင်းပြန်ဆက်စပ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ရာသီဥတုက အရမ်းပှုနေရင် ဝမ်းထဲမှာ အေးနေပါတယ်။
ရာသီဥတုက အရမ်းအေးနေတဲ့ အခါမှာတော့ ဝမ်းထဲမှာ ပှုနေပါတယ်။ ဒါကြောင့် ဆောင်းရာသီတွင် ဝမ်းထဲမှာ ပှုတဲ့ အတွက် အငွေ့များ ထွက်ရတာ ဖြစ်ပါတယ်။

ခုလိုနွေရာသီမှာ အပြင်နေပှုထဲက ပြန်လာချိန် ရေခဲရေသောက်ကြည့် လိုက်ပါ။ လည်ချောင်းနာလာပြီး ချွဲတွေတောင် ကျပ်လာ ပါလိမ့်မယ်။ ဒါထက်ဆိုးတာက
အပှုကန်ပြီး နေမကောင်းတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီ ရေခဲရေ သောက်ခြင်းကို ရှောင်ကျဉ်ပါလို့ သတိပေးလိုက် ရပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

မောင်းသူမဲ့ လေယာဉ်ဖြင့် အင်တာနက် WiFi ပေးနိုင်ရန် Facebook ကြံစည်




Facebookအနေဖြင့် အင်တာနက် ချိတ်ဆက်မှုလိုင်း မရှိသော နေရာဒေသများတွင် Wi-Fi ကွန်ရက် ဖြန့်ကျက်ပေးနိုင်မည့် ခြေလှမ်းသစ်ကို စတင်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ Googleက လေဘောလုံးကြီးများ လွှတ်တင်ကာ Wi-Fiဖြန့်ကျက်ပေးရန် စိတ်ကူးနေချိန်တွင် Facebookက နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်များ သုတေသနပြု ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုကို ဝယ်ယူရန် စိုင်းပြင်းလာခဲ့သည်။ Facebook၏ ခြေလှမ်းမှာ အာဖရိကကဲ့သို့ အင်တာနက် ချိတ်ဆက်မှုလိုင်း နည်းပါးသော ဒေသများတွင် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်များကို လွှတ်တင်ထားပြီး ယင်းမှတစ်ဆင့် Wi-Fiကွန်ရက်များ ထုတ်လွှင့်ပေးနေရန် ဖြစ်သည်။

Facebookသည် ယခုအခါ Titan Aerospace ကုမ္ပဏီကို ဒေါ်လာသန်း(၆၀) ဝန်းကျင်ဖြင့် သိမ်းသွင်းဝယ်ယူရန် ဆွေးနွေး စကားပြောနေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ သတင်းများကို Facebookက တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ လေ့လာသူများက အဆိုပါ ကောလာဟလသည် မှန်ကန်သည်ဟု ယူဆရလောက်ပြီး Facebook၏ တစ်ကမ္ဘာလုံး အင်တာနက်သုံးစွဲသူ တိုးပွားပြီး ၎င်းတို့ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်မှုများကို မြှင့်တင်သွားမည့် ရည်ရွယ်ချက်ကို အထောက်အပံ့ ပေးနိုင်လိမ့်မည်ဟု သုံးသပ်ခဲ့ကြသည်။ Titan Aerospaceသည် နေရောင်ခြည်ကို ခံယူကာ စွမ်းအင်ဖြည့်တင်းပြီး အမြင့်ပေပေါင်း မြောက်မြားစွာတွင် ပျံသန်းနိုင်သည့် လေယာဉ်များကို သုတေသနပြု စမ်းသပ်လျှက် ရှိသည်။
အဆိုပါ နည်းပညာအရ နေရောင်ခြည် ပြည့်ဝစွာ ရရှိသော ဒေသများတွင် မောင်းသူမဲ့ လေယာဉ်ကို လွှတ်တင်ထားပါက (၅)နှစ်မျှထိ ပြန်လည်အားဖြည့်စရာ မလိုဘဲ လေထဲဝဲပျံနေနိုင်မည် ဖြစ်သည်။ အကယ်၍ Facebookကသာ Titan Aerospaceကို ဝယ်ယူဖြစ်ခဲ့သည် ဆိုပါက အာဖရိက တစ်တိုက်လုံးတွင် လွှမ်းခြုံပြီး Wi-Fiကွန်ရက် ဖြန့်ကျက်ရန် မောင်းသူမဲ့လေယာဉ် အနည်းဆုံး (၁၁၀၀၀)မျှ ထုတ်လုပ်ရမည် ဖြစ်သည်။ Titan Aerospaceကို (၂၀၁၂)ခုနှစ်ကမှ စတင်တည်ထောင်ပြီး နယူးမက္ကစီကိုတွင် အခြေစိုက်ကြောင်း သိရှိရသည်။

Planet


ရန်ဖြစ်ရာမှ ဇနီးဖြစ်သူကခင်ပွန်းအား လည်ပင်းညှစ်သတ်



16-3-2014

လင်မယားအချင်းချင်းရန်ဖြစ်ပြီး နပန်းလုံးသတ်ပုတ်ရာမှဇနီး ဖြစ်သူကလင်ယောက်ျားဖြစ်သူအားလည်ပင်းညှစ်ခဲ့သဖြင့်လင်ယောက်ျား ဖြစ်သူသေဆုံးခဲ့မှု ယခုလ ၁၃ ရက် ည ၈ နာရီတွင် မြိတ်မြို့၌ ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးကမ်းရပ်အောင် ဇမ္ဗူ(၄)လမ်းတွင်နေထိုင်သူ မမိုးမိုးအေး (ခ)တင်တင်မိုး(၃၇နှစ်)နှင့် ၄င်း၏ခင်ပွန်းဖြစ်သူ မှတ်ကြီး(ခ)ကျော်နိုင်(၃၄နှစ်) ကျပန်းလုပ်ကိုင် သူတို့သည် စကားများရန်ဖြစ်ကြပြီး နပန်းလုံးသတ်ပုတ်ကြရာ မမိုးမိုးအေး (ခ)တင်တင်မိုးက ခင်ပွန်းဖြစ်သူမှတ်ကြီး(ခ) ကျော်နိုင်၏ လည်ပင်းကိုညှစ်ခဲ့သဖြင့် ကျော်နိုင်မှာသတိမေ့သွားပြီး မြိတ်ဆေးရုံ ကြီးသို့ တင်ပို့ကုသစဉ်ရရှိသောဒဏ်ရာများကြောင့် ည ၉ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်။

အဆိုပါခင်ပွန်းဖြစ်သူအား လည်ပင်းညှစ်၍ ဒဏ်ရာရစေသူမမိုး မိုးအေး(ခ)တင်တင်မိုးအား ဥပဒေအရအရေးယူပေးပါရန် ရာအိမ်မှူး ဦးကျော်မြင့်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြိတ်မြို့မရဲစခန်းက (ပ) ၁၉၁/၂ဝ၁၄ ၊ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားပြီးအမှုစစ်အဖြစ် ဒုရဲအုပ်အောင်မျိုးဝင်းမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

The Union Daily

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက် တရုတ်တောင်းဆို


ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ ပိုပြီး တိကျ အသေးစိတ်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပေးဖို့ တရုတ်အစိုးရက မတ်လ ၁၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇဲခ်က တပတ်ကျော်ကြာပျောက်ဆုံးနေခဲ့တဲ့ လေယာဉ်ဟာ အစီအစဉ်ရှိရှိ လမ်းကြောင်းပြောင်းတာ ခံခဲ့ရတယ်လို့ မတ်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့အပြီး ခုလိုတရုတ်အစိုးရက တောင်းဆို လိုက်တာပါ။

လေယာဉ်ပေါ်မှာတော့ တရုတ် ခရီးသည် ၁၅၄ယောက် တင်ဆောင်ထားပါတယ်။ စုစုပေါင်းလူ ၂၃၉ ယောက်ကို တင်ဆောင်ထားရင်း ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေတာ ဒုတိယရက်သတ်တပတ်ကို ရောက်လာပါပြီ။ မလေးရှားအရှေ့ပိုင်းက စီစဉ်ထားတဲ့ လေကြောင်းလမ်းအတိုင်း လေယာဉ်အပျက်အစီးကို ရှာဖွေမှုကို ရပ်ပြီး တခြားနေရာတွေကို ပြောင်းရွှေ့ရှာဖွေနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မလေးရှားအစိုးရက သတင်းအချက်အလက်တွေ ဆက်ပေးနေဖို့ မတ်လ ၁၅ ရက်နေ့က တိုက်တွန်းပါတယ်။ စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ တရုတ်နည်းပညာရှင်အဖွဲ့တဖွဲ့က လောလောဆယ် မလေးရှားကို သွားနေပြီ သက်ဆိုင်ရာ နိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုတွေ ဆက်လုပ်သွားမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ချင်ဂံက အစိုးရရုပ်သံ စီစီတီဗီကို ပြောပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ လေယာဉ်ကို လေယာဉ်မှူး ဒါမှမဟုတ် တွဲဖက်လေယာဉ်မှူး ဒါမှမဟုတ် လေကြောင်နားလည်ကျွမ်းကျင်သူ တစုံတယောက်က လေယာဉ်ကို မောင်းယူသွား တာဆိုတဲ့ ဖြစ်နိုင်ချေကို ဦးတည်ထားမှု ပိုတိုးလာနေပါတယ်။ ပျောက်ဆုံးလေယာဉ်နဲ့ ဂြိုလ်တုကြားနောက်ဆုံး ဆက်သွယ်မှုကို မလေးရှားစံတော်ချိန်မနက် ၈ နာရီ ၁၁ မိနစ်က ရထားတဲ့ သတင်းအချက်အလက် အသစ်တွေက ပြနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

အကဲခတ်မှုအရ လေယာဉ်ဟာ စင်္ကြန်လမ်း ၂ ခုထဲက တခုမှာ ရှိနေတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ကနေ ဆန့်ထွက်သွားတဲ့ မြောက်ဘက်စင်္ကြန်လမ်းအတိုင်း ကာဇက်စတန်နဲ့ တာ့မန်နစ်စတန် ကြား နယ်စပ်မှာ ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံကနေ ဆန့်ထွက်သွားတဲ့ တောင်ပိုင်းစင်္ကြန်လမ်း ကနေတဆင့် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းဆီကို ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

dvb

ဖုန်းအတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ စစ်မယ်



ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။

Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာ သိရှိ နိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ် ဖြစ်တယ် ဆိုတာကို သိနိုင်ဖို့ ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရ တတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Android အစစ်ကို အသုံးပြုထားတဲ့ ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ ဖုန်းတွေက ဘာတွေ ကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ ခွဲခြားလို့ မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားတာ ဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက် ဒီနည်းလမ်းလေးကို ပြောပြ လိုက်ပါတယ်။

အခုနောက်ပိုင်း ၀င်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့ တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ် မဟုတ်ကြောင်း ဘယ်လို စမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကို ရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက် ဒီနည်းနဲ့ စမ်းကြည့်လို့ ရပါတယ်။ Display ထဲမှာ Font Style ကို ရှာကြည့်လိုက်ပါ။ တွေ့ရင် အစစ်ဖြစ်ကြောင်း ယုံလို့ ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူး ပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝ အစစ်ဖြစ်တယ် ဆိုတာကို စမ်းကြည့်လို့ ရပါတယ်။ Setting ထဲကို ၀င်လိုက်ပါ။ About Phone ကို တွေ့ပါ လိမ့်မယ်။ Android Version 4.0.4 စသဖြင့် ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက် နှိပ်ကြည့်ပါ။

စက်ရုပ်ပုံလေး ပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြ ပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထား လိုက်ရင် စက်ရုပ်ပုံလေးတွေ ပြေးနေတာကို တွေ့ရ ပါလိမ့်မယ်။ Clone Handsets တွေမှာ အဲ့ဒီလိုဖြစ်အောင် မလုပ် နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ် ဟုတ်မဟုတ် စစ်ကြည့်လို့ ရနိုင်ပါတယ်။ အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာ ပြောပြထားတဲ့ အတွက် လုံလောက်ပြီး အဆင်ပြေကြမယ် ထင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်

IT GARDEN

ထိုင်းလူမျိုးအသတ်ခံရမှုကြောင့် ဖူးခက်ရောက် မြန်မာလုပ်သားများ ညမထွက်ရအမိန့်နှင့် ရင်ဆိုင်ရ



ပါတုံး၊ မတ်-၁၅

ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် ဖူးခက်ပြည်နယ် ပါတုံးကမ်းခြေမြို့ရှိ မြန်မာအလုပ်သမားများမှာ ထိုင်းလူမျိုးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ညမထွက်ရအမိန့်ထုတ်ပြန်ခံထားရကြောင်း မတ် ၁၄ ရက် သတင်းများတွင် ဖော်ပြသည်။

ပါတုံးမြို့တွင်း၌ မတ် ၁၁ ရက်တွင် မြန်မာနိုင်ငံသား အုပ်စုတစ်စုက ထိုင်း အမျိုးသားတစ်ဦးကို ရန်ပြုတိုက်ခိုက်ခဲ့ပြီး နောက်ပါတုံးမြို့တွင်းရှိ
မြန်မာအလုပ်သမားများ ည ၁၀ နာရီနောက်ပိုင်း၎င်းတို့ နေထိုင်ရာ စခန်းပြင်ပသို့ ထွက်ပါက အဖမ်းခံရမည်ဖြစ်ကြောင်း ပါတုံးရဲတပ်ဖွဲ့ က ကြေညာထားသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် ထုံးစံအားဖြင့်အလုပ်သမားများ၏
နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်းထားတတ်ကြောင်း၊ သို့ဖြစ်ရာ ပါတုံးမြို့နေ မြန်မာအလုပ်သမားများ ည ၁၀ နာရီ နောက်ပိုင်း ၎င်းတို့၏ စခန်းပြင်ပသို့ ထွက်ခွာပါက နိုင်ငံကူးလက်မှတ်လက်ဝယ် မထားရှိမှုနှင့် ဖမ်းဆီးနိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်နိုင်ကြောင်း ပါတုံးမြို့
ရဲတပ်ဖွဲ့ က ပြောကြားသည်။

ပါတုံးရဲတပ်ဖွဲ့၏ အဆိုအရ မတ် ၁၁ ရက် နံနက်ပိုင်းက ဆာဇစ်ဖိုတုန်း အမည်ရှိ ထိုင်းအမျိုးသားတစ်ဦးကို မြန်မာနိုင်ငံသား ၁၁ ဦးတို့က ရန်ပြုတိုက်ခိုက်ခဲ့ရာ ထိုင်းအမျိုးသား သေဆုံးခဲ့ရကြောင်း သိရသည်။

သို့ရာတွင် လုံခြုံရေးကင်မရာ မှတ်တမ်းများကို အထောက်အထားပြု၍ သုံးရက်တိုင်တိုင် ရှာဖွေစုံစမ်းပြီးနောက် ပြစ်မှုကျူးလွန်သူအဖြစ်ယူဆ ရသူခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပါတုံးမြို့ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အရက်ဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့သည့် ရန်ပွဲတစ်ပွဲကိုအကြောင်းပြု၍
ပြန်လည်လက်စားချေလိုသဖြင့် သေဆုံးသူ ထိုင်းအမျိုးသားအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟူ၍ ဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမား များက ၀န်ခံထားကြကြောင်းရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။

ထိုင်းအမျိုးသား အသတ်ခံရမှုတွင် ပါဝင်ပတ်သက်ကြောင်း ယူဆရသူ အခြားမြန်မာနိုင်ငံသား ငါးဦးမှာ ဖူးခက်မှထွက်ခွာသွားပြီဟု ယူဆရကြောင်း ပါတုံးရဲတပ်ဖွဲ့က ပြောကြားသည်။တစ်ချိန်တည်း၌ပင် လိုအပ်သည့် ကာလအတိုင်းအတာတစ်ရပ်အထိ မြန်မာအလုပ်သမားများအပေါ် ညမထွက်ရအမိန့် ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပါတုံးမြို့ ရဲတပ်ဖွဲ့က ပြောကြားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အုတ်ခဲနှင့် လေယာဉ်ပျောက်ဆုံးမှု အရှုပ်တော်ပုံကြီး (သရော်စာ)



လေယာဉ်အကြီးကြီး လေထဲမှာ ဖျတ်ခနဲပျောက်သွားတာ ထူးဆန်းသည်။ ဒီကိစ္စ ရှော့ရှိသည်။ တစ်ကမ္ဘာလုံး အံ့သြတုန်လှုပ်ကုန်သည်။ ပျံသန်းရင်း ပျောက်သွားတာပဲ သိကြသည်။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှအဖြေရှာမရ။ သတင်းစာတွေမှာ ဒီကိစ္စ ပလူပျံလာသည်။

ပါသွားတာက လူနှစ်ရာကျော်။ တရုတ်တွေအများကြီးပါသည်။ အီရန်က နှစ်ကောင်လည်း ပါသည်ဟုဆိုသည်။ ပတ်စ်ပို့အတုဖြင့် လိုက်သွားသည်ဟု လည်း ဖော်ထုတ်ကြ သည်။ လေးငါးရက်ကျော်လာသည့်တိုင် လေယာဉ်ကြီးကို ရှာမတွေ့။ တစ်ကမ္ဘာလုံး လက်မှိုင်ချရ
သည်။ မိသားစုတွေ ငိုကြယိုကြသည်။ လူသားအားလုံး စာနာစိတ်ဖြင့် ဆုတောင်းပေးကြသည်။

မလေးရှားအစိုးရကတော့ လေယာဉ်ကြီးကို ပြန်ပေါ်လာစေရန် နတ်ဆရာတွေပင့်ချလာသည်။ မလေးရှားလေဆိပ်ထဲမှာ နတ်ဆရာတွေ အုန်းသီးနှစ်လုံးမြှောက်ပြီး ဥုံဖွ ဥုံဖွ ဂါထာရွတ်ကြသည်။ ဒါကိုမြင်တော့ မြန်မာတွေက ရယ်သည်။

မြန်မာလေယာဉ်များကို စပျံမှုမလုပ်ခင် လေယာဉ်ရှေ့မှာ ကန်တော့ပွဲအကြီးကြီးထိုးပြီး ပွဲပေးနေသည့် ဓာတ်ပုံကို ပြ၍ ကြွားကြသည်။

မလေးရှားလို “”အုန်းသီးနှစ်လုံးတောင်မလိုဘူး။ ငါတို့ မြန်မာတွေက တစ်လုံးတည်းနဲ့ ရတယ်။ အစကောင်းမှ အနှောင်းသေချာတာ။ ဟိုတစ်ခါ လေယာဉ် မတော်တဆဖြစ်တုန်းက ဆိုကြည့်ပါလား။ ကန်တော့ပွဲကြိုပေးထားလို့ လမ်းပေါ်မှာ သူ့ဘာသာဆိုင်ကယ်စီးနေတဲ့ ဦးပြားကိုပဲ ၀င်တိုက်မိတာ”"ဟု ဆိုသည်။

နောက်ဆက်တွဲစုံစမ်းမှုတွေအရ လေယာဉ်ကို နောက်ဆုံးဖုန်းခေါ်လို့ရခဲ့သည်ဟု တရုတ်နိုင်ငံသားတစ်ဦးက ပြောလာသည်။ ဖုန်းဝင်ပေမယ့် မကိုင်ဟု ဆိုသည်။ နောက်တော့ ဖုန်းအဆက်အသွယ်ပြတ်တောက်သွားသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလေယာဉ်ကြီး
မြန်မာနိုင်ငံထဲ ရောက်နေတာဖြစ်ရမည်ဟု မြန်မာတို့က ယူဆကြသည်။

“”ဒီနိုင်ငံရောက်နေလို့ သူတို့ဖုန်းတွေမမိတော့တာဖြစ်မယ်။ ဒီမှာက ကိုယ်တွေတောင် ဖုန်းလိုင်းက မိချင်တာမဟုတ်ဘူး”"ဟု စုံထောက်ဝတ္ထုများဖတ်လေ့ရှိသည့် ဆိုက်ကားဆရာတစ်ဦးက ၁၅၀၀ တန်ဖုန်းလေးကိုင်၍ သုံးသပ်သည်။

ဆူးလေဘုရားအနီး အပင်အောက်တွင် ဗေဒင်ဟောသည့် ဗေဒင်ဆရာတစ်ဦးက “”ဒီလေယာဉ်ကြီးကို အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲသွားတာဖြစ်ပါတယ်။ တစ်ယောက်မှမသေသေးပါဘူး”"ဟု ခပ်တည်တည်ဟောကိန်းထုတ်သည်။

ထိုအနီးအနားမှာ စာကလေးဗေဒင်လိုက်ဟောသည့် ကုလားမကြီးတစ်ဦးကတော့ “”ဒီလေယာဉ်ဟာ တွင်းနက်ကြီးထဲ ရောက်သွားတာဖြစ်ပါတယ်။ စကြ၀ဠာတွင်းနက်ကြီးထဲခဏရောက်သွားတဲ့အတွက် အချိန်တန်ရင် ပြန်ပေါ်လာမှာပါ”"ဟု ဖိုသီဖတ်သီ နိမိတ်ဖတ်သည်။ ငြင်းခုံကြရင်း ဗေဒင်ဆရာနှင့် ကုလားမကြီးတို့ ထ၍ နပန်းလုံးကုန်သည်။

နားစွန်နဖျားကြားလိုက်ရသည့် မြို့တော်စည်ပင်ဝန်ထမ်းတစ်ဦးကတော့ “”တွင်းနက်ကြီးကို ထုံးသွားသုတ်ဖို့ အထက်ကခိုင်းလာရင်တော့ ဒုက္ခပါပဲ”"ဟု စိုးရိမ်တွေးတောလျှက်ရှိသည်။
“”တွင်းနက်ကြီးထဲရောက်သွားတယ်ဆိုတော့ ကပ္ပလီမတွေကို ဖမ်းစစ်ရင်ကောင်းမလား”" ဟု အနားကဖြတ်သွားသည့် ရဲတစ်ဦးက စဉ်းစားသည်။ ထိုသို့ဖြင့် အမျိုးမျိုး မှတ်ချက်ပေးကြကုန်၏။

ဒီကိစ္စမှာ အမေရိကန်ထောက်လှမ်းရေးတွေလည်းပါလာသည်။ နိုင်ငံတကာမှ လေယာဉ်တွေ၊ သဘောင်္တွေ လေထဲမှာရော ရေထဲမှာရော ပိုက်စိတ်တိုက်ရှာဖွေကြသည်။ ဆီကွက်ကြီးတစ်ကွက်တွေ့သည်ဟု ဂြိုဟ်တုပေါ်မှာ တာဝန်ကျသူက လက်ညိုးလှမ်းထိုးပြသည်။
စစ်ကြည့်တော့ ရေနံသဘောင်္ာကဆီကွက်ဖြစ်နေသည်။

အပျက်အစီးတစ်စ တွေ့သည်ဟုလည်း ဆိုသည်။ သို့သော် လေယာဉ်မှမဟုတ်။ ဒီတော့ အားလုံး ခေါင်းစားကုန်သည်။ တချို့က လက်တို့. ခြေထောက်တို့ ပြောင်းစားကြသည်။ ဘယ်လိုပဲရှာရှာ လေယာဉ်ကြီးကို မတွေ့။ နတ်ဆရာတွေလည်း မကယ်နိုင်။ ဆူးလေက ဗေဒင်ဆရာလည်းမကယ်နိုင်။ စာကလေးဗေဒင်ကုလားမကြီးလည်း မကယ်နိုင်။

ဒီကြားထဲ ၂၀၁၁ ခုနှစ်တုန်းက လေယာဉ်မှူးနှစ်ယောက် လေယာဉ်မောင်းခန်းထဲ ကို ဆော်နှစ်ပွေခေါ်သွားဖူးသည်ဟူသည့် သတင်းကလည်း ထွက်လာသေး သည်။ လေယာဉ်မောင်းခန်းထဲမှာ လေယာဉ်မှူးနှစ်ယောက်နဲ့ ဆော်နှစ်ပွေ ဓာတ်ပုံတွဲရိုက်ထားသည့်ပုံကို ဖွကြသည်။

ဒီလိုနှင့် နောက်ဆုံးတော့ မြန်မာဝင်ပါလာတော့သည်။ အာဆီယံဥက္ကဌဂုဏ်ပုဒ်ဖြစ်သည့် တူကလေးကို ကိုင်လျှက် ရှာဖွေကူညီပေးသည်။ “”မင်းတို့ဆီမှာ မတွေ့ရင် ဒို့ဆီမှာ လာရှာလေ”"ဟုလည်း စပ်ဖြဲဖြဲနှင့် ပြောသည်။

နောက်ဆုံးစစ်ဆေးမှုတွေအရ …..
လေယာဉ်ကြီးက မူလလမ်းကြောင်းကို သွေဖည်၍ အက်ဒမန်ကျွန်းဖက်ကို မောင်းသွားသည်ဟု သတင်းထွက်လာသည်။ “”လေယာဉ်မှူး ခရီးထွက်ရင်း အက်ဒမန်ကျွန်းက အမျိုးတွေကို ၀င်နှုတ်ဆက်တာများလား”"ဟု တွေးကြပြန်သည်။

အဖြေကရှာမရ။ ဟိုဝန်ကြီးကို ခေါ်ပြီး နယ်လှည့်တန်းစီပါးရိုက်မေးမြန်းခိုင်းရင် အစအနပေါ်လာနိုင်သည်။ သို့ပေမယ့် သူတို့ကို ခေါ်လို့မဖြစ်။ တော်ကြာဖျာဝင်ခင်းနေရင် တမှောက်။ ဗိုက်ကြီးလှန်ပြပြီး သူရဘွဲ့ရခဲ့တယ်ဆိုတဲ့ လူကြီးက “”လေယဉ်ပြန်ရှာတွေ့သူက သူရဘွဲ့နဲ့ တန်တယ်လို့ထင်လား။ ကျုပ်ကတိုင်းပြည်အတွက်အသက်စွန့်ခဲ့လို့… ဘာညာကွိကွ”" နှင့် ထအော်နေရင်အခက်။

လက်ဝဲစာပေလေ့လာရေး အသင်းက ပြုစုထားတဲ့ မှတ်ချက်တွေအရ အမျိုးစောင့်ဆရာတော်ကြီးကလည်း “”လေယာဉ်ကြီး ဖတ်ကနဲ ပျောက်ကွယ်သွားသလို
အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ကွယ်သွားအောင်ထိန်းသိမ်းရမယ်လို့ သင်ခန်းစာရပါတယ်”"စသဖြင့် တရားဝင်ဟောလာနိုင်သည်။

ထို့ကြောင့် ဒီကိစ္စကို ၀င်ဖြေရှင်းမှ သင့်တော်မည်ဟု တွေးမိသော လော်ဘီအုတ်ခဲတစ်ယောက် ထုံးစံအတိုင်း ဆရာသခင် ပြည်သူ့သံချောင်းထံ ဖုန်းလှမ်းဆက်ရသည်။ ထုံးစံအတိုင်း ဆရာသခင်တစ်ယောက် အာလေးလျှာလေးနှင့် ရေချိန်ကိုက်နေချေပြီ။

“”သံချောင်းပါတီက ဒီကိစ္စကို ကိုင်တွယ်ရတော့မယ် သမ္မတလောင်းကြီး”" ဟု လော်ဘီအုတ်ခဲတင်ပြချက်ကို ဆရာသခင်က သဘောကျစွာ လက်ခံလျှက် အမိန့်ချမှတ်သည်။

ဆရာသခင်ပေးအပ်သည့် တာဝန်က “”ရေငန်ပိုင်ဦးရှင်ကြီးနှင့် အမေရေယာဉ်တို့နှစ်ဦးကို
ဖမ်းဆီးနှိပ်စက် စစ်ဆေးမေးမြန်းရန်”"ဟုဖြစ်လေ၏။

ထို့ကြောင့် အုတ်ခဲတစ်ယောက် ဦးရှင်ကြီးနှင့် အမေရေယာဉ်တို့ကို ရသည့်နည်းလမ်းဖြင့် ဆက်သွယ်ရတော့သည်။ အမေရေယာဉ်က ဒီကိစ္စကို ငြင်းသည်။

“”အမေနဲ့ ဘယ်လိုမှမပတ်သက်ပါ။ အမှန်တကယ်တာဝန်ရှိသူက မောင်ရှင်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ပိုင်နက် ရေငန်ပင်လယ်ပေါ်က ဖြတ်ပျံသွားတာလေ။ အမေ့အထင် သူပဲဝှက်ထားတာဖြစ်မယ်။ သူ့မိချောင်းကို တရုတ်ပြည်အပို့ခံရကတည်းက သူကတရုတ်ကို ငြိုးနေတာ။ ဒီကိစ္စမှာ အမေ့အနေနဲ့ မောင်ရှင်ကို သံသယ၀င်မိ တယ်”"ဟု ဘော်လီဘောပုတ်ကာ အချွန်နှင့် မလေ၏။

သို့ဖြစ်၍ လော်ဘီအုတ်ခဲ ဦးရှင်ကြီးထံ ရောက်ရပြန်သည်။ ဦးရှင်ကြီးကလည်း “”မလေးရှားလေယာဉ်ပျောက်မှုမှာ မိမိနဲ့ လုံးဝမပတ်သက်ပါ။ မိမိပိုင်နက်လည်း မဟုတ်သဖြင့်
ပွဲထိုး၍ မေးမြန်းခြင်း၊ အီးမေးလ်မှ မေးခွန်းပို့ခြင်းတို့ကို ပြန်လည်ဖြေကြားပေးမှာမဟုတ်ပါ။ မိမိစီးနေကျ မီးကျောင်းပင်လျှင် တရုတ်လက်စာမိသွား၍ မိမိမှာ လက်ပစ်ကူးနေရပါတယ်။ ကိုးကွယ်သူများအားလုံးကို လေးစားပါတယ်”"စသဖြင့် ခပ်တည်တည် ဘူးကွယ်လေ၏။

သတင်းအစရှာမရကြောင်းကို ဆရာသခင်ထံ ဖုန်းပြန်ဆက်ရာ ဆရာသခင်မှာ လွန်စွာဒေါသထွက်လှသည်ဖြစ်၍ ပိန်ညောင်ညောင်ကိုယ်လုံးကလေးပင် တဆတ်ဆတ်တုန်လေ၏။

ထို့နောက် “”ဒီကိစ္စကို ဘယ်ကောင်မှ မဖော်ထုတ်နိုင်ဘူးဆိုရင်
ငါကိုယ်တိုင်ဖော်ထုတ်မဟေ့။ အဲ့လေယာဉ်ရှာမရရင် လုံးဝသမ္မတမလုပ်တော့ဘူး။ သံချောင်းရဲ့ဘုန်း မိုးသို့ချုန်း၊ ပွေးပုန်းပေါင်မှာ မနေသာဟေ့”" ဟု အသံနက်ကြီးဖြင့် ကြုံးဝါးကာ ပန်းဆိုးတန်းဆိပ်ကမ်းမှတဆင့် ရန်ကုန်မြစ်ဝဖက်သို့ သမ္မာန်ကလေး တစွပ်စွပ်လှော်လျှက်
ဘီယာတစ်ဖာတင်ဆောင်၍ ထွက်ခွာသွားလေတော့သတည်း။

လွန်တာရှိ ၀န္ဒာမိပါအရပ်ကတို့….
လော်ဘီအုတ်ခဲ(သံချောင်းပါတီ)
The Voice Daily (Sunday)

အဘ ဥက္ကာကိုကို


နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောလွန်းကျင်းအား ဗြိတိန်စစ်သင်္ဘော တော်ပီဒိုဖြင့် မတော်တဆပစ်ခတ်မိ


ပလိုင်းမောက်၊ မတ်-၁၅

အင်္ဂလန်နိုင်ငံတောင်ပိုင်း၌ မတ် ၁၂ရက်ကပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်
မှုတစ်ရပ်အတွင်း ဗြိတိန်ရေတပ် စစ်သင်္ဘောတစ်စင်းသည် နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောများ အသုံးပြုသည့်လွန်းကျင်းကို တော်ပီဒိုဖြင့် မတော်တဆပစ်ခတ်မိခဲ့ကြောင်း မတ် ၁၅ရက်သတင်းများတွင် ဖော်ပြ
သည်။

ပလိုင်းမောက်မြို့ ဒီဗွန်ပတ်ရေတပ်ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သော
အဆိုပါမတော်တဆမှုကို စုံစမ်းစစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့်
စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ အိတ်ခ်ျအမ်အက်စ် အာဂါးလ် အမည်ရှိ ရေတပ်သင်္ဘောသည်လေ့ကျင့်မှုတစ်ရပ်အတွင်း အရှည်ကိုး
ပေရှိ သက်မဲ့တော်ပီဒိုတစ်စင်းကို ရေငုပ်သင်္ဘောလွန်းကျင်းဆီသို့ မတော်တဆပစ်ခတ်မိခဲ့ရာ လွန်းကျင်းလုံခြုံရေး စည်းရိုးအား ထိမှန် ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါ တော်ပီဒိုလက်နက်မှာ လေ့ကျင့်ရာတွင် အသုံးပြု
သည့်စမ်းသပ်လက်နက်ဖြစ်နေခြင်းကြောင့်ပေါက်ကွဲမှုမဖြစ်ခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်းမရှိခဲ့ကြောင်း ဗြိတိန်စစ်ဘက်ကပြောကြား
သည်။

တော်ပီဒိုမတော်တဆပစ်ခတ်မှုသည် ဗြိတိန်ရေတပ်နျူကလီးယား
စွမ်းအင်သုံး ရေငုပ်သင်္ဘောများအတွက်အလွန်အရေးပါသော ဒီဗွန်ပတ်ရေတပ်ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ယင်းကိစ္စကို အားချင်းစုံစမ်းစစ်ဆေးရန် ဗြိတိန်ရေတပ် အကြီးအကဲများက
ညွန်ကြား ချက်ထုတ်ပြန်ခဲ့ရသည်။

တော်ပီဒိုမတော်တဆပစ်လွှတ်မိခဲ့သော အိတ်ခ်ျအမ်အက်စ်အာဂါးလ်
စစ်သင်္ဘောသည် ဗြိတိန်ရေတပ်၏ သက်တမ်းအရှည်ဆုံး ဖရီးဂိတ်စစ်သင်္ဘောများထဲတွင် တစ်စင်းအပါအ၀င်ဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ယနေ့မနက် ၉ နာရီခွဲမှာ ရန်ကုန်မြို့ မှာရှိတဲ့ အင်းလျားကန်ဘောင် တံတားဖြူမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၆နှစ်မြောက် တံတားနီ အရေးအခင်း အောက်မေ့ဖွယ် အခမ်းအနား





Radio Australia - Myanmar

အမေရိကန် ဖျက်သင်္ဘော မဟာမိတ်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှု လုပ်မည်

ဓာတ်ပုံ - ရိုက်တာ

အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ယူအဲ့စ်အဲ့စ် ထရက်စ်တန်ဟာ ပင်လယ်နက်ထဲက မဟာမိတ်သင်္ဘောတွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ်လို့ တပ်မှူး အင်ဒရူးဘင်းက မတ်လ ၁၅ ရက်က ပြောပါတယ်။

ဘူလ်ဂေးရီးယား ဆိပ်ကမ်းမှာ ကျောက်ချထားတဲ့ ရေတပ်သား ၃၀၀ ပါဝင်တဲ့ ဖျက်သင်္ဘော ပေါ်မှာ သတင်းထောက်တွေကို ပြောတာပါ။
ရေကြောင်းစစ်ရေးလေ့ကျင့်မှုဟာ ခရိုင်းမီးယားဒေသတွင်း လတ်တလောအကြပ်အတည်းတွေ မဖြစ်ခင် အစောကြီးတည်းက စီမံထားခဲ့တာလို့လည်း သူက ထောက်ပြ ပြောဆိုပါတယ်။ ဒီလို ခရီးစဉ်တွေကို လပေါင်းအတော်များများ ကြိုတင် စီစဉ်ရတာလို့လည်း ပြောပါတယ်။

ရိုမေးနီးယားနိုင်ငံကို လည်ပတ်ရင်း ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယား ရေတပ်တွေနဲ့ အပြန်အလှန် ရေတပ် စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ဖို့စီစဉ်ထားတာလို့လည်း ပြောပါတယ်။ ယူအဲ့စ်အဲ့စ် ထရက်စ်တန်ဟာ အရင်အပတ်က ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယား သင်္ဘောတွေနဲ့အတူ ရုရှတပ်တွေနဲ့ မိုင် ရာနဲ့ချီ ဝေးတဲ့ နေရာမှာ လေ့ကျင့်ခန်းလုပ်ခဲ့တာပါ။

DVB Burmese

မိုးညှင်းမြို့ ဒီဂရီကောလိပ်အနီး ထန်းတပင်ရွာသားနှစ်ဦး မိုင်းထိ


၂၀၁၄ ၊ မတ်လ ၁၆ ရက်

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) မိုးညှင်းမြို့နယ်က ထန်းတပင်ရွာသား ရှမ်းနီတိုင်းရင်းသားများဖြစ်ကြတဲ့ ဦးအောင်မင်း အသက် (၄၂)နှစ်နှင့် မောင်ကျော်ဇင်အေး အသက် (၂၀)ကျော်တို့ နှစ်ဦးသည် မိုးညှင်းဒီဂရီကောလိပ်အနီး ကျောက်ဖြူတောင် နှစ်မြွှာဆုံနေရာတွင် မိုင်းထိမှန်၍ ရွာသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိသည်။

မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းအုပ်စု၊ ထန်းတပင်ရွာနေ ဦးအောင်မင်းသည် ၄င်းထန်းတပင်ရွာ၏ အရှေ့ဘက်၊ မိုးညှင်းဒီဂရီကောလိပ်အအနီး ၃ မိုင်ခန့်အကွာ ကျောက်ဖြူတောင် နှစ်မြွှာဆုံ၊ တူးလမ်းတွင် ၂၀၁၄ ၊ မတ်လ ၁၂ ရက်နေ့ ၁၂ နာရီကျော် အချိန်၌ ဟင်းကြင်းရွက်ခူးစဉ် မိုင်းထိမှန်၍ ရင်အုံ၊ ညာဘက်ပေါင်နှင့် ခြေသလုံးတို့တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထန်းတပင်ရွာ ဒေသခံ ဦးရန်ခင်က ပြောကြားသည်။

ပထမတစ်ယောက်ထိတဲ့ မောင်ကျော်ဇင်အေးကတော့ KIA က မိုင်းဖိုးတောင်းမှာ ကြောက်လို့ဆိုပြီး ဆိုင်ကယ်မှောက်တယ်ဆိုပြီးတော့ ဆေးရုံသွားသွားတက်လိုက်တာဗျ၊ သူက ထင်းခုတ်သွားရင်းနဲ့ သစ်ပင်လှဲတဲ့အခါကျတော့ သစ်ပင်ရဲ့ အကိုင်းအဖျားက မိုင်းကို သွားထိမိတာ၊ အဲဒီမှာ မိုင်းက ထကွဲရော၊ သူကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ကြီး မရလိုက်ဘူးဗျ၊ ဦးအောင်မင်းကတော့ ဟင်းကြင်းရွက် ခူးရင်းနဲ့ထိတာ၊ ဘယ်သူမှ မသွားရဲလို့ မိုင်းကွဲတဲ့ နေရာကနေ တောင်ခြေအထိ ထမ်းစဉ်နဲ့ ထမ်းခဲ့ရတာ၊ တောင်ခြေကနေ ဘိုးဘွားရိပ်သာအထိ ကားနဲ့ပို့၊ ဘိုးဘွားရိပ်သာကနေ ဆေးရုံကားနဲ့ ပြန်ပို့ပေးတာ၊ ဦးအောင်မင်းက “ငါတို့ လုပ်စားတဲ့နေရာကို မိုင်းထောင်တယ်ဆိုပြီး” KIA နာမည်တပ်ကာ သတိရတိုင်း ဆဲဆိုကြိမ်းမောင်းနေတယ်လို့ သွေးသုံးပုလင်း၊ ပိုက်ဆံတစ်သိန်းနဲ့ ဆေးရုံအထိ လိုက်ပါ ရှာဖွေ ကူညီပေးခဲ့သူ ခြံလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မိုးညှင်းမြို့ ဒီဂရီကောလိပ်နှင့် ၃ မိုင်ခန့်သာ ကွာဝေးသော အဆိုပါ ကျောက်ဖြူတောင် နှစ်မြွှာဆုံနေရာဒေသသည် ဟင်းကြင်း၊ ကန်ဇင်းစတဲ့ ဟင်းသီးဟင်းရွက်တွေကို ရွာသူ/သားများ အမြဲတန်း ရှာစားတဲ့ နေရာဖြစ်ပြီး KIA ထိန်းချုပ်နယ်မြေ မဟုတ်ပေမယ့် KIA က မိုင်းတွေ ထောင်ထားတယ်၊ တစ်ချို့နေရာတွေမှာ စာတောင်ကပ်ထားသေးတယ်၊ စစ်တပ်က တခါတလေ အရောင်ပြပြီး စစ်ကြောင်းထိုးတာလောက်ပဲ ရှိတယ်၊ အရောင်ပြပြီး ပြန်ပြန်သွားတယ်လို့ ခြံလုပ်ငန်းရှင်ကပဲ ဆက်ပြောသည်။

မိုင်းထိဒဏ်ရာ ပြင်းထန်သူ ဦးအောင်မင်းသည် မိုးညှင်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး အိမ်ခြေ (၁၅၀)ကျော်ခန့်ရှိသော မိုးညှင်းမြို့နယ်၊ ထန်းတပင်ရွာသည် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ကြတာလည်း ဖြစ်သည်။

ဧရာဝတီမြစ်ဖျားဆီက

မီးထလောင်နိုင်တဲ့ ကား ၉ သိန်းနီးပါး ဟွန်ဒါကားကုမ္ပဏီ ပြန်သိမ်း


ဓာတ်ပုံ - ရိုက်တာ

ဟွန်ဒါမော်တော်ကုမ္ပဏီဟာ မီးထလောင်နိုင်တဲ့ အော်ဒဲ့စီမော်ဒယ်လ်မီနီဗန် အမျိုးအစား ကားစီးရေ ကိုးသိန်း နီးပါးကို ပြန်သိမ်းနေတယ်လို့ အမေရိကန် အမျိုးသား ယဉ်ကြောဘေးကင်းရေး စီမံကွပ်ကဲမှုဌာန NHTSA က ကားပြန်ရုပ်သိမ်းမှုဆိုင်ရာ အကြောင်းကြားစာမှာ မတ်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။

အလာဘားမားပြည်နယ်မှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ကြား ထုတ်လုပ်ခဲ့တဲ့ အော်ဒဲ့စီ မီနီဗန်တွေမှာ ပါတဲ့ လောင်စာပန့် အစိတ်အပိုင်းက အက်ကွဲနိုင်ပြီး လောင်စာယိုစိမ့်နိုင်တာ ကြောင့် မီးလောင်မယ့်ဘေး တိုးလာလို့ ခုလို ပြန်သိမ်းတာလို့ ဟွန်ဒါက မတ်လ ၁၃ ရက်နေ့က ကြေညာခဲ့တာပါ။
လောလောဆယ်ထိတော့ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုမီးလောင်မှုနဲ့ ဒဏ်ရာရမှုမှ အစီရင်ခံတာ မရှိသေးဘူးလို့လည်း ကုမ္ပဏီက ပြောပါတယ်။ သက်ဆိုင်ရာ ပြင်ဆင်ရေး အစိတ်အပိုင်းတွေက နွေရာသီထိ မရနိုင်သေးဘူးလို့လည်း ဟွန်ဒါက ပြောပါတယ်။ ဒီကြားထဲမှာတော့ ဟွန်ဒါကုမ္ပဏီက ဧပြီလက စပြီး အကြောင်းကြားတဲ့ ဖောက်သည်တွေကို ကြားဖြတ် အရံပစ္စည်းတွေ ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

အက်ကွဲဖို့ ဖြစ်နိုင်ချေတွေကို စုံစမ်းစစ်ဆေးရာမှာ လောင်စာပန့်ရဲ့အဖုံးကို ကားဆေးရာမှာ သုံးတဲ့ ဓာတုပစည်းတွေထဲက အက်ဆစ်တွေ ဓာတ်မြေသြဇာထဲမှာ သုံးတဲ့ pH အဆင့်နည်းတဲ့ ပစ္စည်းတွေနဲ့ ဖုန်ထိန်းချုပ်ရေး ပစ္စည်းတွေ အပါအ၀င် ဓာတုပစ္စည်းအတော်များများနဲ့ စမ်းသပ်ခဲ့တယ်လို့ ဟွန်ဒါက ပြောပါတယ်။

လောင်စာပန့်ရဲ့ ပုံစံတွေကို ဂျပန်ကုမ္ပဏီ ဒန်ဆိုက အမေရိကန်နိုင်ငံထဲမှာ ထုတ်လုပ်ခဲ့တာလို့ ဟွန်ဒါက ဆိုပါတယ်။ အလာဘားမားပြည်နယ် လင်ကွန်းမြို့စက်ရုံကနေ ၂၀၀၄ ဇွန် ၂၃ ကနေ ၂၀၁၀ စက်တင်ဘာ ၄ ရက်နေ့ကြားက ထုတ်လုပ်ခဲ့တဲ့ ဗန်ကားတွေကို ပြန်သိမ်းတာလို့ ဟွန်ဒါက ပြောပါတယ်။

DVB Burmese

Burberry (Replica AAA Quality, Made in HK) အိတ်ကို March 19 အထိ Promotion ချပေးနေပါပြီ (158,400 Ks)






ယခုတစ်ခါ Elegant Online Shop (EOS) က အမျိုးသမီး လက်ကိုင်အိတ်များကို ၆သောင်းကျော်အထိ Discount ချကာရောင်းချပေးနေသောကြောင့် သတင်းဖတ်သူများ အခွင့်ကောင်းလေးနဲ့ လက်မလွတ်ရအောင် Myanmar CNN မှ တင်ဆက်ပေးလိုက်ရပါသည်။

ယခုလက်ရှိမှ ရန်ကုန်နှင့် မန္တလေးမြို့ရှိ မှာယူသူများကို အိမ်တိုင်ယာရောက် ပို့ဆောင်ပေးလျှက်ရှိပြီး။ ပစ္စည်းရောက်မှ ငွေပေးခြေရမည် ဖြစ်ပါသည်။

အခြားမြို့ကြီးများအတွက်တော့ ငွေကို ဘဏ်ကလွှဲကာမှာယူနိုင်ပါသည်ဟုသိရသည်။ ငွေလွှဲရောက်လျှင် သက်ဆိုင်ရာ အဝေးပြေးကားဂိတ်ကို ပို့ဆောင်ပေးသည်ဟု သိရသည်။

Burberry (Replica AAA Quality, Made in HK) လက်ကိုင်အိတ်ကို သဘောကျလို့ မှာယူမယ်ဆိုရင်တော့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ 09420123937 ဖြစ်ပြီး Viber မှလည်း ဆက်သွယ်မှာယူနိုင်သည်ဟု သိရသည်။ Viber နံပါတ်မှာလည်း အထက်ပါနံပါတ်နှင့် အတူတူပင်ဖြစ်သည်။

Burberry (Replica AAA Quality, Made in HK) အိတ်နှင့်ပတ်သတ်သော အချက်အလက်များကို အောက်ပါအတိုင်း သိရသည်။

မူလဈေးနှုန်း : 220,000 Ks
လျှော့ချထားသော ဈေးနှုန်း : 158,400 Ks
အရွယ် : 39x25x15 cm
အရောင် : ပုံပါအတိုင်း

Myanmar CNN
မှန်ကန်သော Promotion နှင့် Discount သတင်းများကို [email protected] သို့ ပေးပို့လာပါက။ အများပြည်သူများ အခွင့်ကောင်းလက်မလွတ်စေရန် ဖော်ပြပေးသွားပါမည်။