သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်သည့် နည်းလမ်းများ


ဝါကျွတ်ကာလ ရောက်ပြီမို့ မင်္ဂလာ ဆောင်မယ့်သူတွေ ဝမ်းသာနေကြ သလို အကြောင်းကြောင့် ကလေး မရနိုင်တဲ့သူ တွေဟာလည်း စိတ်မချမ်းမသာ ဖြစ်နေကြရမှာ အမှန်ပါပဲ။ ကလေးရရှိဖို့

အတွက်လည်း ဖန်ပြွန် သန္ဓေသားနည်း အပါအဝင် နည်းမျိုးစုံနဲ့ ကြိုးစား နေတယ်လို့ သိရပါတယ်။ ဖန်ပြွန် သန္ဓေသားနည်းနဲ့ ကလေး ရရှိအောင် မပြုလုပ်ခင်မှာ သဘာဝအတိုင်း ကလေးရရှိဖို့ ကြိုးစား နိုင်အောင် နည်းလမ်း ကောင်းလေး တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ ကလေး လိုချင်တဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ အတူတူ နေကြပေမယ့် တစ်နှစ်အတွင်း ကလေး မရရှိနိုင်ခဲ့ရင် မျိုးမအောင်ဘူးလို့ သတ်မှတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ရှိတဲ့ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ မျိုးမအောင်ဘူးလို့ သိရပါတယ်။ သဘာဝ နည်းအတိုင်း ကိုယ်ဝန် ရရှိနိုင်ဖို့ လင်မယား နှစ်ဦး စလုံးမှာ တာဝန်ရှိပြီး အောက်ပါ အချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။

၁) ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း

ကလေး ရရှိနိုင်ဖို့ မိမိမှာ ရှိတဲ့ ရောဂါရဲ့ အခြေအနေ တွေနဲ့ မိမိ အသုံးပြုနေတဲ့ ဆေးဝါး တွေပေါ်မှာ နားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေသေချာချာ စစ်ဆေးမှု ပြုလုပ် ရပါမယ်။

၂) မမျိုးဥကြွေချိန်ကို သိရှိခြင်း

သဘာဝ နည်းလမ်းအတိုင်း ကိုယ်ဝန်ရရှိနိုင်ဖို့ အမျိုးသမီး တစ်ယောက် အနေနဲ့ ဓမ္မတာ စက်ဝန်း အကြောင်းကို နားလည်ပြီး မျိုးဥကြွေတဲ့ အချိန်ကို သိရှိဖို့ အလွန် အရေးကြီးပါတယ်။ မမျိုးဥ ကြွေတာဟာ ပုံမှန်အားဖြင့် ဓမ္မတာ စတင် ပေါ်ပေါက်တဲ့ ပထမနေ့ရက်မှ ရေတွက် မယ်ဆိုရင် ၁၄ရက် မြောက်နေ့မှာ ဖြစ်လေ့ရှိတာမို့ ဇနီးမောင်နှံ အနေနဲ့ ဓမ္မတာ စတင် ပေါ်ပေါက်တဲ့နေ့မှ ရေတွက်ရင် ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ကြားမှာ လိင် ဆက်ဆံမှု ပြုလုပ်ရင် သဘာဝအတိုင်း ကလေးရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ အမျိုးသမီးတွေရဲ့ ဓမ္မတာစက် ဝန်းဟာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနား တတ်တာမို့ မမျိုးဥကြွေချိန်ကို တိတိကျကျ တွက်ချက်နိုင်ဖို့ မမျိုးဥ ကြွေချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အောက်ပါ လက္ခဏာ တွေကိုလည်း သိထား သင့်ပါတယ်။

၁။ ပြက္ခဒိန်မှာ မိမိဓမ္မတာ စတင်လာတဲ့ နေ့ရက်ကို မှတ်သားထားပါ။ ဒီလို ပြုလုပ်တာကြောင့် ကလေး ရရှိနိုင်ဖို့ လိင် ဆက်ဆံမှု ပြုလုပ်သင့်တဲ့ အကောင်းဆုံး ရက်ကို ရွေးချယ် နိုင်မှာပါ။

၂။မိန်းမကိုယ်မှ ဆင်းလာတဲ့ အဖြူရည်ကို စစ်ဆေးပါ။ မမျိုးဥကြွေချိန်မှာ အဖြူရည်ဟာ ပျစ်ချွဲချွဲ မဟုတ်ဘဲ အကြည်ရောင် ဖြစ်နေပြီး ပုံမှန်ထက် အဖြူ ပိုဆင်း တတ်ပါတယ်။

၃။မိန်းမကိုယ် အတွင်းကို စမ်းသပ် ကြည့်ပါ။ မမျိုးဥကြွေချိန်မှာ သားအိမ် ခေါင်းဝဟာ ပုံမှန်ထက် ပိုပျော့ ပျောင်းပြီး ကျယ်နေတတ်ပါတယ်။

၎။ဝမ်းဗိုက် အောက်ပိုင်းမှာ ရုတ်တရက် စူးပြီး အောင့်တတ်ပါတယ်။ ဝမ်းဗိုက်မှာ စူးပြီး နာကျင်တာ ဒါမှမဟုတ် ဘောင်းဘီမှာ သွေးအနည်းငယ် စွန်းနေတာဟာ မမျိုးဥကြွေတဲ့ လက္ခဏာပါ။

၅။ခေါင်းကိုက်တာ၊ လေပွတာ၊ ရင်သား နာကျင်တာ တွေဟာလည်း မမျိုးဥ ကြွေတဲ့ လက္ခဏာ တွေပါ။

၃) Sex အရည်အသွေး ကောင်းမွန်ခြင်း

Sex အရည်အသွေး ကောင်းမွန် တာဟာလည်း ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ Sex နဲ့လုပ်နေစဉ်မှာ မိန်းမကိုယ်မှ ချောဆီ ဆင်းလာတာဟာလည်း ကလေးရနိုင်ဖို့ အခြေအနေ ပိုများပါတယ်။ ရောက်အောင် ကူးခပ်ဖို့ အကူအညီ ပေးနိုင်လို့ပါ။ ဒါကြောင့် စိတ်ကျေနပ်မှု ရအောင် အချိန်ပေးပြီး Sex ကိစ္စ ပြုလုပ် ရပါမယ်။ ဒါ့အပြင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို နားလည်ရပါမယ်။ လိင်ဆက်ဆံမှုဟာ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား ပြောင်းပြန် အနေအထား (ဥပမာ အမျိုးသမီးက အပေါ်ရောက်နေတာမျိုး) မပြုလုပ် ရပါဘူး။ အမျိုး သမီးက အိပ်လျက် အနေအထားဖြစ်ပြီး တင်ပါးအောက်မှာ ခေါင်းအုံး ခုထားတာဟာ သုက်ပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက် နိုင်တဲ့ အကောင်းဆုံး အနေအထားပါ။

၎) Sex လုပ်အပြီး ခန္ဓာကိုယ် အနေအထား မှန်ကန်အောင် နေခြင်း

သားအိမ်ထဲမှာ ရောက်နှင့်ပြီးသား သုက်ပိုးတွေ အပြင်ကို ပြန်မထွက်သွားဖို့ Sex လုပ်အပြီးမှာ ခန္ဓာကိုယ်ရဲ့ အနေအထား မှန်ကန်ဖို့ဟာလည်း အရေးကြီး ပါတယ်။ လိင်ဆက်ဆံမှု ပြုလုပ်ပြီးပြီးချင်း အိပ်ရာထဲမှာ လဲလျောင်းနေပါ။ ပြုလုပ်ပြီး မိနစ် ၃၀ အတွင်း အိမ်သာကို မသွားဖို့လည်း အရေးကြီးပါတယ်။

၅) ကပ်ပယ်အိတ်ကို အေးအောင်ထားခြင်း

ကလေးရနိုင်ဖို့ အမျိုးသား အနေနဲ့လည်း မိမိရဲ့ သုက်ပိုး အရေအတွက်နဲ့ အရည်အသွေး ကောင်းမွန်ဖို့ လိုအပ်ပါ တယ်။အတွင်းခံ ဘောင်းဘီ ကျပ်ကျပ် ဝတ်မယ့်အစား လေဝင် လေထွက် ကောင်းမွန်နိုင်တဲ့ Boxerဘောင်းဘီ တွေကို ဝတ်ပေးတာကြောင့် သုက်ပိုးတွေ ပျက်စီးမှု မရှိနိုင်အောင် ကာကွယ်နိုင်ပါတယ်။ အဲဒီ ဘောင်းဘီ တွေဟာ ကပ်ပယ်အိတ် အတွင်း အပူချိန် လွန်ကဲမှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် သုက်ပိုးတွေ မပျက်စီးနိုင်လို့ပါ။ ဒါ့အပြင် သုက်ပိုး အရေအတွက် ပုံမှန်ထွက်ရှိအောင် အမျိုးသား တစ်ယောက်အနေနဲ့ သုံးရက်တစ်ကြိမ် သုက်လွှတ်သင့်ပါတယ်။

၆) ကျန်းမာရေးနှင့် ညီညွတ်သော ဘဝ နေထိုင်မှုရှိခြင်း

အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးစလုံး အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင်မှု ပုံစံရရှိတာဟာလည်း ကလေး ရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆေးလိပ် ဖြတ်ပါ။ အရက် မသောက်ပါနဲ့။ အပြည့်အဝ အနားယူပါ။ သကြား၊ ဂျုံဖြူနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုရည်၊ ကဖင်း၊ အယ်လ်ကိုဟော၊ ထပ်ပြန်ကြော် ဆီတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုမှုန့်၊ ဆိုးဆေးနဲ့ ဆေးသကြားတွေကို ရှောင်ရပါမယ်။ ဒါ့အပြင် ပဲပိစပ်ထုတ် ကုန်တွေဟာ ဟော်မုန်းညီညွတ်မှုကို အနှောင့်အယှက်ပေးပြီး သိုင်းရွိုက် အကျိတ်ရဲ့ လုပ်ငန်း ဆောင်တာကို ချိုးနှိမ်တတ် တာကြောင့် များများ မစားသင့်ပါဘူး။ မျိုးရိုး ဗီဇပြုပြင်ထားတဲ့ အစားအစာတွေ ကိုလည်း ရှောင်သင့် ပါတယ်။ သင်စားတဲ့ အစားအစာတွေဟာ အာဟာရတန်ဖိုး မြင့်မားသင့်ပါတယ်။ ကယ်လိုရီပါဝင်မှု များပြီး အာဟာရ တန်ဖိုးနည်းတဲ့ အစားအစာတွေဟာ ကလေးရလိုသူတွေနဲ့ မသင့်တော်လှပါဘူး။ တချို့ လူတွေက ကလေးရဖို့အတွက် တိရစ္ဆာန်မှ ရရှိတဲ့ အဆီနဲ့ ကိုလက်စထရောများတဲ့ အစာတွေကို ရှောင်ခိုင်း တတ်ကြပါတယ်။ အမှန်မှာတော့ ကိုလက်စထရော အသင့်အတင့်ဟာ ခန္ဓာကိုယ်မှ အဆီတွေကို ချေဖျက်ဖို့နဲ့ လိင်ဟော်မုန်း ထုတ်လုပ်ဖို့ အပါအဝင် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အများစုအတွက် လိုအပ်ပါတယ်။

၇) စိတ်ဖိစီးမှုနည်းသော ဘဝကို ရရှိခြင်း

ကလေးရရှိနိုင်ဖို့ နောက်ဆုံးအချက် အနေနဲ့ စိတ်ဖိစီးမှု နည်းပါးတဲ့ ဘဝကို ရရှိဖို့ပါပဲ။ စိတ်ဖိစီးမှုနဲ့ ကိုယ်ဝန် ရရှိတာဟာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိပေမယ့် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းက စနစ်တွေ အားနည်း သွားတဲ့အတွက် ခန္ဓာကိုယ် လုပ်ငန်းတွေလည်း လျော့ကျ သွားပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟော်မုန်း တွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက် အစိတ်အပိုင်းကို ထိခိုက် နိုင်ပါတယ်။ အမျိုးသမီးတွေမှာ မမျိုးဥ ထွက်ရှိလာဖို့နဲ့ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း အဆင့်အတွက် ဟော်မုန်းတွေကို ဦးနှောက်မှ ထိန်း ချုပ်ထားပါတယ်။ စိတ်ဖိစီးမှု များလွန်းနေရင် ဓမ္မတာ စက်ဝန်း အတွင်း မမျိုးဥကြွေချိန် နောက်ကျတာ၊ ဒါမှမဟုတ် မမျိုးဥ လုံးဝ မကြွေတာတွေ ဖြစ်တတ်ပါတယ်။ Stress Induced Anovulation လို့ ခေါ်ပါတယ်။


မြ၀တီ

ငါးလောင်းပြိုင်လူသတ်မှု ယခင်စစ်အစိုးရ တာဝန်ရှိသူများနှင့် ပတ်သက်ဆက်နွှယ်မှုများ မတွေ့ရဟု ဒုဝန်ကြီးပြောကြား


ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ။ ။ ဆက်လက် စစ်ဆေးနေသော ငါးလောင်းပြိုင် လူ သတ်မှုမှ ရရှိထားသည့် သက် သေအထောက်အထား သဲလွန်စ များမှာ ယခင်စစ်အစိုးရမှ တာ ဝန်ရှိသူများနှင့် ပတ်သက် ဆက် နွှယ်မှုများ မတွေ့ရကြောင်း ပြည် ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ထုတ်ဖော်ပြောကြားလိုက်သည်။

နေပြည်တော်ရှိ Myanmar International Convention Center တွင် နိုဝင်ဘာ ၂၅ရက်က ဆူဇူကီးကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် မြန်မာ အစိုးရ သို့ ဆူဇူကီး ရဲတပ်ဖွဲ့ သုံးဆိုင်ကယ်များ ပေးအပ်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ၏ သီးသန့်တွေ့ ဆုံမေးမြန်းမှုကို ယခုကဲ့သို့ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူး ချုပ်ကျော်ကျော် ထွန်းက ''ကျွန်တော်တို့ရရှိထားတဲ့ အချက်အလက်တွေအရ အရင်အစိုးရနဲ့ ဒီအမှုပတ်သက်မှုရှိတယ် ဆိုတဲ့အချက်အလက် သဲလွန်စ တွေ မတွေ့ရဘူး။ ငါးလောင်း ပြိုင်လူသတ်မှုမှာ အရင်အစိုးရ ပါဝင်ပတ်သက် တယ်ဆို ပြီး သိတဲ့ သူရှိရင်လဲ ကျွန်တော်တို့ကိုပြော ကြပါ။ ဒီငါးလောင်းပြိုင်မှုနဲ့ပတ် သက်ပြီး ဆက်စပ်မိပြီးရရှိထားတဲ့ တခို့်သဲလြန္စေတြရိွသလို တခို့် ခက်ခဲနေတဲ့အပိုင်းတွေလဲရှိတယ်။ မှုခင်းနဲ့ပတ်သက်ပြီး စုံစမ်းဖော် ထုတ်နေတဲ့ကာလမှာ ထုတ်ဖော် ပြောလိုက်ရင် တရားခံအပါအဝင် တရားခံနဲ့ ပတ်သက်တဲ့သူတွေ ထွက်ပြေးတာတို့၊ လွတ်မြောက် သွားတာတို့တွေ ဖြစ်မှာစိုးလို့ပါ။ တခြားဘာကိစ္စမှတော့ မရှိဘူး''ဟု ပြောသည်။

အဆိုပါ ငါးလောင်းပြိုင် လူ သတ်မှုကို ယခုအခါ စီအိုင်ဒီမှစစ် ဆေးလျက်ရှိကြောင်း သိရသည်။ စီအိုင်ဒီမှ ဒုရဲမှူးကြီးတစ်ဦး က ငါးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်ပြီး ''ကျွန်တော်တို့အ နေနဲ့ကတော့ ငါးလောင်းပြိုင်လူ သတ်မှုကို ကြိုးစားပြီး စစ်ဆေး နေဆဲပါ။ လက်ရှိလုပ်ဆောင်နေ ပါတယ်။ အမှုမပိတ်ပါဘူး။ အမှု တွေရဲ့သဘောက တစ်ခါတလေ ကြာတတ်တာတွေ ရှိတယ်လေ။တခိျု့နိုင်ငံကမှုခင်းတွေဆိုရင် ၁၀ နှစ် ၁၅နှစ်ကြာမှ မိတာတွေလဲ ရှိတာပဲ''ဟု ပြောသည်။

၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ သော အဆိုပါလူသတ်မှုတွင် လူ သတ်သမားက သေနတ်အသုံး ပြုကာ လူသတ်မှုကျူးလွန်ခဲ့သော ကြောင့် မိုးကုတ်သူဌေးကြီး ဦးမြ မောင်နှင့်ဇနီး၊ သမီးနှစ်ဦးနှင့် အိမ် ဖော်တစ်ဦးတို့ စိမ်းလဲ့ကန်သာ လမ်းရှိ နေအိမ် တွင် သေ ဆုံးခဲ့ ကြောင်း သိရသည်။

ကျော်မြတ်ဇံ

Yangon Media Group

ထိုင်းနိုင်ငံမှ ဆန္ဒပြပွဲများ၏ ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်


နိုဝင်ဘာ ၂၇။

နိုဝင်ဘာ ၂၆ရက်က ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးက
အစိုးရ ဆန့်ကျင်းရေး လှုပ်ရှားမှုများ ပြုလုပ်နေသူများ၏ ခေါင်းဆောင် ဆူသပ်တောင်ဆူဘန်ကို ၀န်ကြီးဌာနများနှင့် အစိုးရ၏ အေဂျင်စီ အဆောက်အဦများကို သိမ်းပိုက်၊ ပိတ်ဆို့မှုများအတွက် ဖမ်းဝရမ်းထုတ်လိုက်ကြောင်းသိရသည်။

ဆူသပ်သည် နိုဝင်ဘာ ၂၅၇က်က နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် စီးပွားရေးဝန်ကြီးဌာနနှစ်ခု၏ ၀န်းအတွင်းသို့ လူနှစ် ယောက်နှင့် အထက်ရှိသော အရေအတွက်နှင့်အတူ ခွင့်ပြုချက်မရဘဲ အတင်းဝင်ရောက်ခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁၅ နှင့်
၃၆၃ တို့နှင့် ငြိစွန်း နေသည်ဟု ဆိုသည်။ ဒီမိုကရက်တစ်ပါတီဝင် ဆူသက်သည် အင်္ဂါနေ့က ကန့်ကွက် သူများကို ၀န်ကြီးဌာနအားလုံး ၀င်စီးနင်းထားရမည်ဟု တိုက်တွန်းခဲ့သည့်အတိုင်း လူအများကလည်း သူ၏ဦးဆောင်မှု နောက် လိုက်ခဲ့ကြသည်။

ယခု ၀ရမ်းထုတ်ခြင်းသည် ဆူသက်ပ်ကိုယ်တိုင် ရပ်တန်းက
ရပ်နိုင်ရန် သို့တည်းမဟုတ် ဖမ်းဆီးအရေးယူနိုင်ရန် ရည်ရွယ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသော်လည်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သော
ဆူသပ်က သူ့ကိုအရေးယူမည်ကို လည်း မကြောက်သလို၊
ရဲများထံသို့ သွားရောက်အညံ့ခံမည်လည်း မဟုတ်ဟု ဆိုသည်။

အမျိုးသာလုံခြုံရေးကောင်စီမှ အထွေထွေအတွင်းရေးမှူး ပါရာဒိရန် ပန်တန်နာတာဘက်က လွန်ခဲ့သော နှစ်နှစ်က ဒီမိုကရတ်တစ်ပါတီ အုပ်ချုပ်စဉ်က ဒုတိယ -၀န်ကြီးချုပ်ဖြစ်ခဲ့သူ ဆူသပ်ကို ဒီဇင်ဘာ ၁၂ရက်မတိုင်မီ အစီရင်ခံစာ တင်ခြင်းမရှိလျှင် သူ့အပေါ်စွဲချက်များသည် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ပြင်းထန်းသွားမည်ဟု
ဆိုသည်။

အစိုးရဆန့်ကျင်သူများသည် စိုက်ပျိုးရေး ၀န်ကြီးဌာနနှင် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနမျာကိုလည်း လူအုပ်ဖြင့် ပိတ်ထားကြသည်။
Ref: Al jazeera

The Myanma Age

အိန္ဒိယတွင် သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားကို သတ်မှုဖြင့် မိဘနှစ်ပါး ထောင်ဒဏ်တစ်သက်ကျ


နိုဝင်ဘာ ၂၇။

နိုဝင်ဘာ ၂၅ရက်က အိန္ဒိယတရားရုံးက ၁၄နှစ်အရွယ်
သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားတို့ကို သတ်ဖြတ်မှုနှင့် မိဘ နှစ်ပါးကို ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။ ငါးနှစ်တာကြာခဲ့သည်အမှုသည် နိုင်ငံ၏ သတင်းလောကတွင် အလွန်ရေပန်းစားသော အဖြစ်အပျက် ဖြစ်သွားခဲ့သည်။

နယူးဒေလီမြို့ နွိုင်ဒါဆင်ခြေဖုံးအရပ်မှ ရာဂျက်ရှ်နှင့်နူပါ တယ်ဝါ ဇနီးမောင်နှံသည် စီရင်ချက်ချသည့်နေက မျက်ရည်ဝိုင်းခဲ့ရပြီး သူတို့၏ စီရင်ချက်အတွက် အယူခံဝင်သွားမည်ဟု ဆိုသည်။ တရားခံရှေ့နေ ရေဘက်ကာဂျွန်က ယခုအမှုတွင် ဖြစ်စဉ် တစ်လျှောက်လုံးသည် မှားယွင်းမှုများနှင့် ပြည့်နှက်နေခဲ့ကြောင်း၊ တရားရုံးသည် ပတ်ဝန်းကျင်မှ အခြေအမြစ် မရှိသော ထွက်ချက်များကို အခြေခံကာ စီရင်ချက် ချခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၆၇က်တွင် မီဒီယာများကို ပြောပြခဲ့သည်။

ယခုဇနီးမောင်နှံနှစ်ဦးသည် နေအိမ်မှ ရေချိုးခန်းအတွင်း သမီးဖြစ်သူ အာရုရှီသည် လည်ပင်းပြတ်ရှ ဒဏ်ရာနှင့် သေဆုံးနေသည်ကို တွေ့ရပြီး သံသယနှင့်စောင့်ကြည့်ခံ ခဲ့ရသည်။ ထိုစဉ်က ရဲများက ပျောက်ဆုံးနေသော နီပေါလူမျိုး အစေခံအမျိုးသား၏ လက်ချက်ဖြစ်မည်ဟုသာ ကြေညာခဲ့သည်။ သို့သော် နောက်တစ်ရက်တွင် အာရုရှီ၏ အခန်းထပ်ခိုးလွှာတွင် အိမ်စေ၏အလောင်ကို တွေ့ရှိခဲ့သဖြင့် နှစ်ဦးစလုံးမှာ အသတ်ခံရခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

ထိုအချိန်မှစကာ နှစ်လောင်းပြိုင်လူသတ်မှုသည် ပြည်တွင်း
မီဒီယာများတွင် ကြေကွဲဖွယ် ချစ်ဇာတ်လမ်းတစ်ပုဒ် အသွင် ဖြစ်လာသည်အထိ ရေပန်းစားလာခဲ့သည်။ ရဲများနှင့် ရှေ့နေများကလည်း ထင်မြင်သုံးသပ်ချက်အမျိုးမျိုးကို အပြိုင်အဆိုင် ဖွင့်ဟခဲ့ကြသဖြင့် တစ်နိုင်ငံလုံးက ထိုအမှုကို စိတ်ဝင်စားခဲ့ကြသည်။

ယခုအမှုအတွက် စုံစမ်းစစ်ဆေးရေးဗြူရိုမှ ဆွဲချရှေ့နေများက သေဒဏ်အထိပင် တောင်းဆိုခဲ့ကြသည်။
ရှေ့နေ နာရက်ယာဒေ့ဗ်က အမှုသည် အလွန်ရက်စက်သော
ဖြစ်တောင့်ဖြစ်ခဲ အမှုမျိုးဖြစ်သဖြင့် အမြင့်ဆုံး ပြစ်ဒဏ်နှင့်သာ ထိုက်တန်သည်ဟု ဆိုခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ အသတ်ခံရသူနှစ်ဦးသည် ဂေါက်ရိုက်တံနှင့် အရင်အရိုက်ခံရပြီးမှ လည်အလှီးခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ရဲများက အမှုအတွက် အခြား သံသယရှိသူများစွာကို စစ်ဆေးနေခဲ့ရာမှ အမှုမှာ ကြန့်ကြာသွားပြီး ၂၀၁၁ခုနှစ်တွင် စုံစမ်းစစ်ဆေးမှုများ အသစ် ပြန်လည်စတင်ခဲ့ရသည်။

ယခုတရားခံနှစ်ဦးသည် သက်သေဖျောက်ဖျက်မှုနှင့် ထောင်ဒဏ်
ငါးနှစ်လည်း ကျခံရမည်ဟု စီရင်ချက် ချခဲ့သည်။
Ref: AP

The Myanma Age

မီးနီဖြတ်မောင်းသည့် ယာဉ်မှ အခြားယာဉ်တစ်စီးအားတိုက်မိ လူသေဆုံးမှုဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၂၇

၂၆.၁၁.၂၀၁၃ရက်နေ့ ၂၂၄၅အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ခွန်ချိုဦး (ဘ)ဦးမောင်နိုင်၊(၅)ရပ်ကွက်၊သာကေတမြို့နယ်နေသူမောင်းနှင်လာသော ၆က/---- မစ်ဆူဘီရှီဖူဆိုအစိမ်း/အနီရောင် သစ်လုံးတင်ယာဉ်သည် သုဝဏ္ဏမီးပွိုင့်အရောက် မီးနီအားဖြတ်သန်းမောင်းနှင်စဉ် ဝေဇယန္တာလမ်းအတိုင်း အနောက်မှအရှေ့ သို့ ယာဉ်မောင်း ဦးဝင်းရွှေ (ဘ)ဦးခင်မောင်၊ (၁)ရပ်ကွက်၊ သာကေတမြို့နယ်နေသူ
မောင်းနှင်လာသော BB/---- ဖီဒါခဲရောင် ယာဉ်အားတိုက်မိသဖြင့် ယာဉ်(၂)စီးပျက်စီးပြီး ဦးဝင်းရွှေတွင် ၀ဲမျက်ခုံးပေါက်ပြဲ၊ ရင်ဘတ်ဖူးယောင် ဒဏ်ရာများရရှိပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ကုသစဉ် သေဆုံးသွားခဲ့သဖြင့် မီးနီဖြတ်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ခွန်ချိုဦးအား သုဝဏ္ဏနယ်မြေရဲစခန်း ယာဉ်(ပ)၃၂/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အိုင်ဖုန်းသူခိုးက ပိုင်ရှင်ထံ ဖုန်းနံပါတ်များ လက်ရေးနှင့်ပြန်ပို့ပေး


ဘေဂျင်း၊ နိုဝင်ဘာ ၂၆

ဖုန်းသူခိုး တစ်ယောက်သည် မိမိခိုးယူထားသော အိုင်ဖုန်းထဲမှ ဖုန်းနံပါတ်များကို လက်ရေးနှင့် ၁၁ မျက်နှာတိတိ ကူးယူပြီး ပိုင်ရှင်ထံ ပို့ပေးသည့် အဖြစ်အပျက်တစ...်ခု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဇောင်ဘင်း ဆိုသူသည် တက္ကစီကား စပ်တူငှားစီးရာမှ သူ့ထံက အိုင်ဖုန်းကို အခြား တစ်ယောက်က နှိုက်သွားပြီးနောက် ယခုကဲ့သို့ ဖုန်းနံပါတ်များကို ကူးပြီး ပို့ပေးခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဇောင်သည် သူ့အိုင်ဖုန်းထဲတွင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေါင်း ၁၀၀၀ ခန့်ကို မှတ်သားထားပြီး ထိုနံပါတ်များကို အခြား တစ်နေရာရာတွင် သိမ်းဆည်းထားခြင်းလည်း မရှိပေ။ သူက မိမိအနေနှင့် ဖုန်း ပျောက်ခြင်းထက် သိမ်းဆည်းထားသည့် အချက်အလက်များ ဆုံးရှုံးမှုကို ပိုပြီး စိတ်ပျက်မိကြောင်း သတင်းအဖွဲ့သို့ ပြောကြားသည်။

ဇောင်က သူ့အနေနှင့် အခိုးခံရသည့် ဖုန်းထံစာပို့ကာ မိမိအနေနှင့် တက္ကစီကား အတူငှားစီးစဉ်က ဖုန်းခိုးသွားသည်ကို သိကြောင်း၊ မဖြစ်မနေ ရအောင်ပြန်ရှာမည် ဖြစ်ကြောင်းကို စာပေးပို့ခဲ့သည်။ ထို့ပြင် မိမိထံ အောက်ပါလိပ်စာအတိုင်း ချက်ချင်း ပြန်ပို့ပေးရန် တောင်းဆိုရာ၌ ဖုန်းပြန်မလာဘဲ၊ လက်ရေးစာ တစ်ထပ်ကြီး ရောက်ရှိလာခြင်း ဖြစ်သည်။

သူခိုးက အွန်လိုင်းပေါ်တွင် ထိုသို့ အရေးကြီးသည့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြန်လည်ပေးပို့ခြင်း အပေါ်တွင် ထောက်ခံသူများ ရှိနေကြသည်။

တရုတ်နိုင်ငံအတွင်း Twitter ကဲ့သို့ အသုံးပြုနိုင်သည့် ဆိုရှယ်ကွန်ရက် Weibo တွင် လုပ်ငန်း ကိုယ့်ကိုယ်ကျင့်တရားကို နားလည်ပြီး ယခုကဲ့သို့ ဖုန်းနံပါတ်များ ရေးပို့ပေးလိုက်သည့် သူခိုးကို ခွင့်လွှတ်ပေးရန် တောင်းပန်ထားကြောင်း တွေ့ရသည်။

The Voice Weekly

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်


ဆယ်ကျော်သက် အရွယ်တွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်သူများသည် မိမိကိုယ်ကိုယ် အားရကျေနပ်မှု လျော့နည်းခြင်း၊ စိတ်ဖိစီးခြင်းနှင့် သောကစိတ်များခြ...င်းစသော အခြေအနေများ ကြုံလာတတ်ကြောင်း သိရှိရ

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်
လူငယ်များ အလွန်အကျွံ လေ့ကျင့်ခန်း လုပ်ခြင်းသည် လုံးဝလေ့ကျင့်ခန်း မလုပ်ခြင်းကဲ့သို့ပင် ကျန်းမာရေးကို သက်ရောက် ထိခိုက်စေနိုင်ကြောင်း ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် သင့်တင့်မျှတသော ပမာဏထက် မကျော်လွန်သင့်ကြောင်း သုတေသီများက ပြောဆိုခဲ့သလို လေ့လာတွေ့ရှိချက်များအရ ဆယ်ကျော်သက် အရွယ်တွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်သူများသည် မိမိကိုယ်ကိုယ် အားရကျေနပ်မှု လျော့နည်းခြင်း၊ စိတ်ဖိစီးခြင်းနှင့် သောကစိတ်များ ခြင်းစသော အခြေအနေများ ကြုံလာတတ်ကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံမှ သုတေသီများသည် ဆယ်ကျော်သက်အရွယ် လူငယ်များ၏ နေ့စဉ် ပုံမှန် လူနေမှုဘဝကို အုပ်စု(၃)ခု ခွဲခြား၍ လေ့လာခဲ့သည်။

ယင်းအုပ်စုများတွင် လေ့ကျင့်ခန်း လုံးဝမလုပ်သူများ၊ တစ်ပတ်လျှင် (၃)နာရီခွဲအောက် ကိုယ်လက်လှုပ်ရှားမှု ပြုသူများ၊ တစ်ပတ်လျှင် (၁၇)နာရီခွဲအထက် လေ့ကျင့်ခန်း ပြုလုပ်သူများ ခွဲခြားသတ်မှတ်ထားသည်။ အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု အချိန်ကွဲပြားမှုများကို အနုစိတ် ဆက်လက်လေ့လာပြီးနောက် လေ့ကျင့်ခန်း များများလုပ်တိုင်း ကျန်းမာရေး မကောင်းနိုင်ကြောင်း ပညာရှင်များက အဖြေထုတ် တွေ့ရှိလာခဲ့သည်။ ၎င်းတို့က တစ်ပတ်လျှင် (၁၄)နာရီမျှ ပုံမှန်လေ့ကျင့်ခန်းယူသော လူငယ်များ၏ ကျန်းမာရေး ညွှန်ကိန်းသည် အကောင်းဆုံး ဖြစ်နေကြောင်း မှတ်ချက်ပြုခဲ့ကြသည်။

တစ်ပတ်လျှင် (၁၇)နာရီခွဲအထက် လေ့ကျင့်ခန်း ပြုလုပ်သည့် အမျိုးသားငယ်၊ အမျိုးသမီးငယ်များတွင် လေ့ကျင့်ခန်း လုံးဝမလုပ်သူများကဲ့သို့ပင် ဆိုးကျိုးသက်ရောက်မှု တစ်ခုခု ရှိနေတတ်ကြောင်း ပညာရှင်များက ဆိုသည်။ ဥပမာအားဖြင့် ပုံမှန်လေ့ကျင့်ခန်း ယူခြင်းသည် စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာကြံ့ခိုင်မှုအတွက် ကောင်းကျိုး ဖြစ်တည်စေကာ စိတ်ဖိစီးမှုကို လျော့ကျစေတတ်သော်လည်း အလွန်အကျွံ လေ့ကျင့်ခန်း ပြုလုပ်ပါကမူ ဆန့်ကျင်ဘက် အကျိုးသက်ရောက်သလို ကျန်းမာရေး ပြဿနာများ ဖြစ်လာစေတတ်ကြောင်း သိရှိရသည်။

Planet Myanmar Network

မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်


အမေရိကန် သန်းကြွယ်သူဌေးမလေးအဖြစ် စတင်လူသိများလာသော Reality TVစတားသည် (၂၀၀၁)ခုနှစ်က အဆိုပါ ဗီဒီယိုကို ချစ်သူဟောင်း ရစ်ခ်ဆာလမွန်နှင့် ရိုက်ကူးခဲ...့ခြင်း ဖြစ်သည်

မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်
သူမ၏ မဖွယ်မရာ ဗီဒီယိုကို အင်တာနက်တွင် တရားမဝင် ရောင်းချနေသည့် ဆလိုဗေးနီးယား ဝက်ဘ်ဆိုက်တစ်ခုကို ပဲရစ်ဟီလ်တန်က တရားစွဲဆို လိုက်ကြောင်း သိရှိရသည်။ အသက်(၃၂)နှစ်ရှိ ပဲရစ်သည် သူမ၏ နာမည်ကျော် 1 Night in Paris လိင်မှုဗီဒီယိုကို ရိုက်ကူးခဲ့ပြီးနောက် မူပိုင်ခွင့် ပြဿနာများနှင့် မကြာခဏ ကြုံခဲ့ရပြီး ဖြစ်သည်။ ParisHiltonPornVideos.comဟု အမည်ပေးထားသည့် ဝက်ဘ်ဆိုက်တစ်ခုက ယင်းဗီဒီယိုကို ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး ပဲရစ်၏ ဥပဒေရေးရာ အဖွဲ့က တရားဝင် ကန့်ကွက်မှု ပြုလုပ်ထားပြီး ဖြစ်သည်။

ထို့အပြင် အဆိုပါဝက်ဘ်ဆိုက်ကို တရားရေးအရ ရင်ဆိုင်ရန်လည်း လုပ်ဆောင်ပြီးဖြစ်ကြောင်း သတင်းများက ဆိုသည်။ အမေရိကန် သန်းကြွယ်သူဌေးမလေးအဖြစ် စတင်လူသိများလာသော Reality TVစတားသည် (၂၀၀၁)ခုနှစ်က အဆိုပါ ဗီဒီယိုကို ချစ်သူဟောင်း ရစ်ခ်ဆာလမွန်နှင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် သူမက အဆိုပါဗီဒီယိုကို တရားဝင် ခွင့်ပြုချက် မရှိဘဲ ရောင်းချနေသည့် ဝက်ဘ်ဆိုက်ကို ပိတ်ပစ်ရန်နှင့် ဝက်ဘ်ဆိုက်အမည်ကို သူမပိုင်အဖြစ် လွှဲပေးရန် တရားရုံးသို့ တောင်းဆိုထားကြောင်း သိရသည်။

ပဲရစ်၏ ဗီဒီယိုကို (၂၀၀၄)ခုနှစ်၊ ဇွန်လက Red Light District Video၏ တာဝန်ယူ ဖြန့်ချီခဲ့သည်။ အဆိုပါ ဗီဒီယိုကို အနီအောက် ရောင်ခြည်သုံး ညကြည့်ကင်မရာဖြင့် ရိုက်ယူထားပြီး ပဲရစ်၏ ဆဲလ်ဖုန်း မြည်လာချိန်တွင် အဆုံးသတ်သွားသည်ကို မှတ်တမ်းတင်ထားသည်။ (၆၂)မိနစ် ကြာမြင့်သည့် ဗီဒီယိုကို Vivid Entertainmentက မူပိုင်ခွင့် ဝယ်ယူထားခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ပေး​ဆပ်​သူ​တွေ​အ​တွက် ​သ​မ္မ​တ ​ဖြစ်​ချင်​တယ်​လို့ ​ဆစ်​ဒ​နီ​ရောက် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ထပ်​မံ​ပြော​ကြား


ဩ​စ​တြေး​လျ​နိုင်​ငံ​ကို ​ပ​ထ​မ​ဆုံး ​အ​ကြိမ် ​အ​လည်​အ​ပတ်​ရောက်​ရှိ​နေ​တဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​တိုင်း​ပြည်​အ​တွက် ​လို​အပ်​မယ့် ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့​မူဝါ​ဒ​တွေ​ကို​အ​ကောင်​ထည်​ဖော်​လို​တဲ့ ​အ​တွက် ​သ​မ္မ​တ ​လုပ်​လို​တယ်​လို့ ​ပြော​ကြား​လိုက်​ပါ​တယ်။

ဆစ်​ဒ​နီ ​အော်​ပ​ရာ​ဟော့​စ်​ကို ​ရောက်​ရှိ​လာ​တဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​ဩ​စ​တြေး​လျ​ရောက် ​မြန်​မာ​အ​သိုင်း​အ၀န်း​က ​စည်​တော်​တီး ​ကြို​ဆို​တဲ့ ​အ​သံ​တွေ​ကို ​ကြား​ခဲ့​ရ​တာ​ပါ။

ဒီ​အ​ခမ်း​အ​နား​မှာ ​ဆစ်​ဒ​နီ ​တ​က္က​သိုလ်​နဲ့ ​နည်း​ပ​ညာ​တ​က္က​သိုလ်​တို့​က ​ဂုဏ်​ထူး​ဆောင် ​ဒေါက်​တာ ​ဘွဲ့​ပေး​အပ်​ခဲ့ ​သ​လို  ​သူ​ရဲ့ ​သ​မ္မ​တ ​ဖြစ်​လို​တယ်​လို့ ​ပြော​ဆို​ချက်​နဲ့ ​ပတ်​သက်​ပြီး ​မေး​မြန်း​ချက်​ကို ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ခု​လို ​ဖြေ​ကြား​သွား​ခဲ့​တာ​ဖြစ်​ပါ​တယ်။

သ​မ္မ​တ​ဖြစ်​ချင်​တဲ့​အ​ကြောင်း​က​တော့ ​အ​ရမ်း​ကို ​ရိုး​ရှင်း​ပါ​တယ်။ ​သ​မ​တ​ဖြစ်​မှ ​ကျ​မ​တို့​ရဲ့​ပါ​တီ​အ​နေ​နဲ့ ​တိုင်း​ပြည်​အ​တွက် ​လို​အပ်​မယ်​လို့​ထင်​တဲ့ ​မူဝါ​ဒ​တွေ​ကို ​အ​ကောင်​အ​ထည်​ဖော်​နိုင်​မှာ​ဖြစ်​ပါ​တယ်။ ​ဒါ့​ပြင် ​မြန်​မာ​ရဲ့ ​ဒီ​မို​က​ရေ​စီ​ရေး ​အ​တွက်   ​အ​သက်​နဲ့​ဘ၀​တွေ​အ​ပါ​အ၀င် ​အ​ရာ​အား​လုံး​ကို ​ပေး​ဆပ်​ခဲ့​တဲ့​သူ​တွေ ​အ​တွက်​လည်း ​သ​မ္မ​တ ​ဖြစ်​ချင် ​တာ​ဖြစ်​တယ်​လို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က​ပြော​သွား ​တာ​ပါ။

သူ့​ကို ​သ​မ္မ​တ​မ​ဖြစ်​အောင် ​ပိတ်​ပင်​တား​ဆီး​ထား​တဲ့ ​အ​ခြေ​ခံ  ​ဥ​ပ​ဒေ​ကို ​ကန့်​ကွက်​ကြောင်း​နဲ့ ​ဘယ်​အ​ခြေ​ခံ​ဥ​ပ​ဒေ​က​မှ ​လူ​တ​ဦး​တစ်​ယောက်​ထဲ​ကို​ရည်၇ွယ်​ပြီး ​မ​ရေး​ဆွဲ​သင့်​ကြောင်း​ပြော​ကြား ​သွား​ပါ​တယ်။

တ​ခါ ​သူ့​ရဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​နေ​နဲ့​  ၂၀၁၂ ​ခု​နှစ် ​ကြား​ဖြတ်ေ​ရွး​ကောက်​ပွဲ​ကို ၀င်​ရောက် ​ယှ​ဉ်​ပြိုင်​ရာ​မှာ ​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​ရေး​၊ ​ပြည်​တွင်း ​ငြိမ်း​ချမ်း​ရေး​၊ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး ​စ​တဲ့ ​အ​ချက် ၃ ​ခု ​မူဝါ​ဒ​လမ်း​စ​ဉ်​ပေါ်​မှာ ​မူ​တည်​ပြီး​  ​မူ​တည်​ပြီး​တော့ေ​ရွး​ကောက်​ပွဲ ​ယှ​ဉ်​ပြိုင်​ခဲ့​တာ ​ဖြစ်​ပါ​တဲ့​အ​ကြောင်း​  ​လက်​ရှိ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ဟာ ​မြန်​မာ​နိုင်​ငံ​ကို ​စစ်​မှန်​တဲ့ ​ဒီ​မို​က​ရေ​စီ ​တိုင်း​ပြည်​မ​ဖြစ်​အောင် ​တား​မြစ်​ထား​သ​လို ​အ​ခြေ​ခံ ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​အ​တွက် ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ်​က​သာ ​ဆုံး​ဖြတ်​နိုင်​တယ်​လို့ ​လည်း ​ပြော​ကြား​သွား​ပါ​တယ်။

အ​ခြေ​ခံ ​ဥ​ပ​ဒေ​ကို  ​ပြင်​ဆင်​ဖို့ ​အ​တွက်ေ​ရွး​ချယ်​မ​ခံ​ထား​ရ​တဲ့ ​လူ​တ​ဦး​တ​ယောက်​ရဲ့ ​ဆ​န္ဒ​နဲ့ ​ထိန်း​ချုပ်​ထား​တဲ့​အ​တွက် ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​က ​ဒီ​မို​က​ရေ​စီ​ကျ​တယ်​လို့ ​ဘယ်​လို ​ပြော​နိုင်​မှာ​လဲ​လို့​လည်း​  ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​နိုင်​ဖို့​  ​လွှတ်​တော်​ထဲ​မှာေ​ရွး​ချယ်​ခံ​စ​ရာ​မ​လို​ဘဲ ​ရောက်​နေ​တဲ့ ​စစ်​တပ်​ကိုယ်​စား​လှယ် ​အ​နည်း​တ​ဦး​ရဲ့ ​ထောက်​ခံ​မှု​လို​အပ်​နေ​တာ​ကို ​ရည်​ညွန်း​ပြီး ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။

ကျ​မ​ရဲ့​ပြည်​သူ​တွေ​ကို  ​ငြိမ်ဝပ်​ပိ​ပြား​မ​နေ​စေ​ချင်​သ​လို ​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ဆို​တဲ့ ​လုံ​ခြုံ​မှု ​အောက်​မှာ ​ဦး​မော့​နေ ​စေ​ချင်​တယ်​လို့​လည်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ကြား​သွား​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ  ​ဒီ​ဇင်​ဘာ​လ ၁ ​ရက်​နေ့ ​မဲလ်​ဘုန်း​မြို့​မှာ ​ကျင်း​ပ​မယ့်​  ​က​မ္ဘာ့ ​အေ​အိုင်​ဒီ​အက်စ်​နေ့ ​အ​ထိမ်း​အ​မှတ် ​အ​ခမ်း​အ​နား​မှာ ​တက်​ရောက်​မိန့်​ခွန်း​ပြော​ဖို့​ရှိ​ပြီး​  ​ဩ​စ​တေး​လျ​မှာ ​ကျင်း​ပ​ဖို့​ရှိ​တဲ့ ​အ​ကြိမ် ၂၀ ​မြောက် ​နိုင်​ငံ​တ​ကာ  ​အေ​အိုင်​ဒီ​အက်စ် ​ညီ​လာ​ခံ ၂၀၁၄ ​ကို ​ဖွင့်​လှစ်​ပေး​မှာ​ဖြစ်​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​ကို ​ဒီ​ဇင်​ဘာ ၂ ​ရက်​နေ့​မှာ ​ပြန်​လည်​ရောက်​ရှိ​လာ​မှာ ​ဖြစ်​တဲ့​အ​ကြောင်း ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ်​က ​ထုတ်​ပြန်​ထား​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ

မန္တလေးတိုင်းအနီးဝန်းကျင်ရှိ လယ်ယာမြေနှင့် ရွာမြေများ အရောင်းအ၀ယ်သွက်


အိမ်ခြံမြေစံနှုန်းများ သတ်မှတ်ထုတ်ပြန်ပြီးနောက် မန္တလေးမြို့ပေါ်ရှိ အိမ်ခြံမြေများ အရောင်းအ၀ယ် ရပ်တန့်သွားသော်လည်း မြို့အနီးရှိ လယ်ယာမြေနှင့် ရွာမြေများ အရောင်းအ၀ယ်သွက်နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့အနီးရှိ ဧရာဝတီမြစ်ကမ်းမှ ရှမ်းလေးကျွန်း၊ ကျောက်ဆည်မြို့နယ်၊ တံတားဦးမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လယ်ယာမြေများနှင့် ရွာမြေများ အရောင်းအ၀ယ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
““အခုတော့ အရပ်ကတိနဲ့ စာချုပ်ပြီး အရောင်းအ၀ယ်လုပ်လို့ရတဲ့ လယ်ယာမြေတွေ၊ ရွာမြေတွေပဲ အဓိက အရောင်းအ၀ယ် ဖြစ်နေတယ်။ မြို့ပေါ်က အိမ်ခြံမြေတွေကတော့ လောလောဆယ် အရောင်းအ၀ယ်ရပ်နေတယ်””ဟု မန္တလေးမြို့မှ  အိမ်ခြံမြေအကျိုးဆောင် ဦးမောင်မောင်ဦးက ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ယာယီမှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးမှု ရပ်ဆိုင်ထားသကဲ့သို့ အရောင်းအ၀ယ်ဖြစ်လျှင် သတ်မှတ် စံနှုန်းအတိုင်း အခွန်ဆောင်ရမည်ဖြစ်၍ လတ်တလောတွင် မန္တလေးမြို့ပေါ်ရှိ အိမ်၊ ခြံ၊ မြေများ အရောင်းအ၀ယ်မဖြစ်ဘဲ မြို့ပေါ်ဈေးကွက်ထက် မြို့အနီးဝန်းကျင်ရှိ လယ်ယာမြေနှင့် ရွာမြေများ အရောင်းအ၀ယ်ဖြစ်နေသည်ဟု ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်ကပြောသည်။

အခွန်ဆောင်ရန်မလိုဘဲ အရပ်ကတိစာချုပ်ဖြင့် ၀ယ်ယူနိုင်ခြင်း၊ ကွန်တိန်နာဆိပ်ကမ်း ဆောက်လုပ်မည့် သတင်းများကြောင့် မန္တလေးမြို့အနီး ဧရာဝတီမြစ်ကမ်း ရှမ်းလေးကျွန်းမှ မြေများ အဓိကအရောင်းအ၀ယ် ဖြစ်နေကြောင်း၊ ယခုရက်ပိုင်းအတွင်းမြို့ပေါ်မှ လာရောက်ဝယ်ယူသူ များပြားနေပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ရှမ်းလေးကျွန်းတွင် အရောင်းအ၀ယ်လုပ်နေသူ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။

““ရှမ်းလေးကျွန်းနဲ့ ရွှေကြက်ယက်ကြားက မြေတွေ အများဆုံးအရောင်းအ၀ယ်ဖြစ်တယ်။ တစ်ဧက ကျပ်သိန်းငါးရာကနေ ထောင်ကျော်အထိ ဈေးရှိတယ်။ အားလုံးကတော့ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ””ဟု အထက်ပါအိမ်ခြံမြေအကျိုးဆောင်ကပြောသည်။

ကျောက်ဆည်၊ တံတားဦးမြို့နယ်အတွင်းရှိ လမ်းမဘေးမြေကွက်များ အရောင်းအ၀ယ်သွက်နေပြီး၊ ယင်းမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ လွန်ခဲ့သော နှစ်များကတည်းက အရောင်းအ၀ယ်ဖြစ်နေကာ ယခုရက်ပိုင်း အရောင်းအ၀ယ်ပိုသွက်နေသည်ဟု  ဒေသခံအိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

ပြင်ဦးလွင် မြို့နယ်တွင်လည်း ကော်ဖီခြံမြေနှင့် သစ်တောမြေများမှ လွဲ၍ လယ်ယာမြေနှင့် ရွာမြေများ အရောင်းအ၀ယ်သွက်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက် က အိမ်ခြံမြေဈေးစံနှုန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းစံသတ်မှတ်ချက်နှုန်းများမှာ ပြင်ပဈေးကွက်အတွင်း အရောင်းအ၀ယ်ဖြစ်နေသည့် ပေါက်ဈေးများနီးပါး သတ်မှတ်ထား၍ အခွန်ဆောင်ရန် အခက်တွေ့ပြီး မြို့ပေါ်မှ ဂရန်မြေများထက် မြို့အနီးပတ်ဝန်းကျင်ရှိ လယ်ယာမြေနှင့် ရွာမြေများ အရောင်းအ၀ယ်သွက်လာကြောင်း မန္တလေးမြို့ အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

7day Daily

ပန်းတနော်ခနွဲကဘိုလယ်သမားများ ရိတ်သိမ်းချိန်ကျမှ တားဆီးခံရ


ရန်ကုန်၊ နိုဝင်ဘာ-၂၆

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာအုပ်စု ခနွဲ ကဘိုကျေးရွာရှိ လယ်သမားများမှာဖိုးလမင်းကုမ္ပဏီမှ ပြန်ပေးထားသော လယ်မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုး ထားသော စပါးခင်းများသည် ရိတ် သိမ်းချိန် ကျရောက်မှ မြို့နယ်မြို့စာရင်း နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ နိုဝင်ဘာ ၁၀ ရက်က လယ်သမားများကို စပါးမရိတ်သိမ်းရန် တားဆီးမှုများ ရှိနေသောကြောင့် ဒေသခံလယ်သမား များမှာ အခက်တွေ့နေ ရကြောင်း တောင်သူလယ်သမားနှင့် ရေလုပ်သား သမဂ္ဂဥက္ကဋ္ဌ ဦးသိန်းဝင်းက နိုဝင်ဘာ ၂၆ ရက်က စံတော်ချိန်သို့ ပြောဆိုသည်။

" ၂၀၁၂ ခုနှစ် စက်တင်ဘာလပိုင်းက လယ်သမားတွေကို စာတွေ
ထုတ်ပြီး လယ်တွေ ပြန်ပေးခဲ့တယ်။ ဒီလယ်တွေ လယ်သမားတွေ ပိုင်ပါ တယ်ဆိုပြီး နှုတ်ကတိတွေလည်းပေးခဲ့တယ်။ အိုးအိမ်ဦးစီးဌာနကလည်း ဘယ်သူ့ဘယ်သူကို ပြန်ပေးမယ်။ ဘယ်သူဘယ်သူတွေကိုတော့ စိစစ်ရ မယ်ဆိုတာ လုပ်ထားတယ်။ အခု သူတို့ ပြန်ပေးထားတဲ့ လယ်တွေကို မြေစာ ရင်းက တာဝန်ရှိသူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆင်းတားထားတယ်။ အဲဒီအတွက် လယ်သမားတွေကလည်း ကြောက်နေရတယ် " ဟု ၎င်းကပြောသည်။

တားဆီးခံရသော လယ်သမား များမှာ ခနွဲကဘိုကျေးရွာ၊ ထိန်ကုန်း ကျေးရွာနှင့် ပြလင်းကျေးရွာတို့မှ လယ်သမားများဖြစ်ကြောင်း၊ အဆိုပါလယ်သမားများမှာ ဖိုးလမင်းကုမ္ပဏီက သိမ်းယူထားသော လယ်မြေဧက ၂၈၀၀ ထဲကမှ ဧက ၁၀၀ မှာ ကုမ္ပဏီက အကောင်အထည် ဖော်ထားသဖြင့် ကျန်လယ်မြေများကို လယ်သမားများ အတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာလက ပြန်လည် လုပ်ပိုင် ခွင့်ပြုထား သော်လည်း မြို့နယ်မြေစာရင်းနှင့် ကျေး ရွာအုပ်ချုပ်ရေးမှူးတို့က ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကုမ္ပဏီပိုင်မြေဟု ဆိုကာ ရိတ်သိမ်းချိန်တန်သည့် စပါး ခင်းများကို ရိတ်သိမ်းခြင်းမပြုကြရန် လယ်သမားများကို တားဆီးထားခြင်း ဖြစ်ကြောင်း ၎င်းကပင် ရှင်းပြသည်။

" ကျွန်တော်တို့က ဘယ်လိုမှမျှော် လင့်ချက်ထားလို့မရတော့ဘူး။ ဆူးလေ ဘုရားမှာလာပြီး ဆန္ဒပြရမလိုဖြစ်နေပြီ။ အခု ခနွဲကဘိုကျေးရွာက လယ်သမား ၁၅ ဦး အတားခံထားရတယ်။ ဖမ်းဆီး တရားစွဲထားတဲ့ လယ်သမားတွေက လည်းရှိလို့ လယ်သမားတွေကလည်း ဘာမှမလုပ်ရဲကြဘူး " ဟု လယ်သမား တစ်ဦးဖြစ်သော ဦးသိန်းလွင်ဦးက ပြောဆိုသည်။

အဆိုကျေးရွာများအတွင်းရှိ လယ်သမားဦးရေ ၂၀ ကျော်မှာ ပုဒ်မ-၄၄၇ နှင့် ပုဒ်မ-၄၂၇ တို့ဖြင့် တရားစွဲခံထားရမှုများ ရှိနေကြောင်း၊ လက်ရှိ စပါးမရိတ်သိမ်းရန် တားဆီးခံထားရသော လယ်သမားများမှာ တရားစွဲခံရမည်ကို စိုးရိမ်သောကြောင့် ရိတ်သိမ်းချိန်တန်သည့် စပါးများကို ၀င် ရောက်ရိတ်သိမ်းလုပ်ကိုင်ရန် ကြောက်ရွံ့ နေကြကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

သူရကျော် - စံတော်ချိန် နေ့စဉ်သတင်းစာ

သာကေတတွင် ဓာတ်ဆီပိုက်လိုင်း အဖောက်ခံရ


ရန်ကုန်၊ နိုဝင်ဘာ ၂၆

သန်လျင်မြို့နယ် ရေနံချက်စက်ရုံမှ သာကေတမြို့နယ် ရေနံ သိုလှောင်ဖြန့်ဖြူးရေး ဌာနခွဲသို့ ဓာတ်ဆီများ ပို့လွှတ်သည့် ပိုက်လိုင်း သွယ်တန်းထားသော လမ်းခုလတ်နေရာ ဖြစ်သည့် သန်လျင်တံတား တိုင်အမှတ် ၁၈ အောက်တွင် ဓာတ်ဆီပိုက် လိုင်းဖောက်၍ ဓာတ်ဆီများ ခိုးယူခံရမှုတစ်ခု နိုဝင်ဘာလ ၂၅ ရက် နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတ...ပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

သန်လျင် ရေနံချက်စက်ရုံမှ သာကေတ ရေနံသိုလှောင် ဖြန့်ဖြူးရေး ဌာနသို့ ဓာတ်ဆီပို့လွှတ်သည့် ဆီပိုက်လိုင်း နှစ်ခုရှိပြီး ဓာတ်ဆီပိုက်လိုင်းမှာ အချင်း ၁၀ လက်မခန့် အရွယ်ရှိပြီး ဒီဇယ်ပိုက်မှာ အချင်း ၁၄ လက်မခန့် အရွယ်ရှိကြောင်း အဆိုပါ ပိုက်လိုင်းနှစ်ခုကို သန်လျင်တံတား ပေါ်မှတစ်ဆင့် သာကေတမြို့နယ် သိုလှောင် ဖြန့်ဖြူးရေး ဌာနသို့ ဆက်သွယ်ထားကြောင်း အဆိုပါ အဖောက်ခံရသည့် ပိုက်လိုင်းအနီး နေထိုင်သည့် အမှတ် ၁၀ တောင် ရပ်ကွက် အုပ်ချုပ်ရေးရုံး အဖွဲ့ဝင် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
"တံတားပေါ်က ကြည့်ရင် အဖောက်ခံရတဲ့ ဓာတ်ဆီပိုက်လိုင်း နားမှာ ခရာပင် တွေက ခါးလောက်ရှိတယ်။ ရုတ်တရက် ကြည့်ရင် မမြင်ရဘူး။ ခုအဖောက်ခံရတဲ့ နေရာ တိုင်အမှတ် ၁၈ တံတားပေါ်မှာ ရဲကင်းရှိတယ်၊ ဖြစ်တဲ့နေရာနဲ့ မလှမ်းမကမ်း တံတားအဆင်းမှာ တံတားမီးအဖွင့် အပိတ် လုပ်တဲ့ လျှပ်စစ်ရုံး ရှိတယ်" ဟု ၄င်းက ရှင်းပြသည်။

ဓာတ်ဆီပိုက်လိုင်း အဖောက်ခံရမှုကို သာကေတမြို့နယ် ရေနံ သိုလှောင်ဖြန့်ဖြူးရေး ဌာနခွဲထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် ပိုက်လိုင်းများ၏ လုံခြုံရေးအရ ပြောကြားခွင့် မရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားသည်။

ဓာတ်ဆီ ထုတ်ယူရာတွင် အရှည် သုံးလက်မခန့်ရှိ ဝါးဆို့ တစ်ခု၊ အရှည် ပေ ၂၀၀ ခန့်ရှိသော အစိမ်းရောင် ပလတ်စတစ်ပိုက်၊ ပေ ၁၀၀ ခန့်ရှိ အဝါရောင် ပလတ်စတစ်ပိုက်၊ ကားချိုင့်တစ်ခု အပါအဝင် ဆီထုတ် ဘရက်ကက် တစ်စုံ၊ ပိုက်ဆက်သုံးခု၊ ဆီထည့်ရန် ပလတ်စတစ်အိတ် စွပ်ထားသော ပီနံအိတ် ၄၈ လုံး၊ ဓာတ်ဆီ ငါးဂါလန် ထည့်သွင်းထားသည့် ပီနံအိတ် နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး မည်သူ့ကိုမှ ဖမ်းမိခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ပိုက်လိုင်း အဖောက်ခံရမှုကို (ပ) ၈၃၅/၁၃၊ ပုဒ်မ ပပက ၆ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သာကေတ မြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

အခြေခံဥပဒေပြင်ရေး ကာချုပ်ပေါ်မှာ မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ ကိုက်ညီအောင် ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆန္ဒသဘောထားပေါ်မှာ အဓိကမူတည်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့Opera House မှာ ကျင်းပတဲ့ တက္ကသိုလ် ၃ ခုပေါင်း ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဒေါ်အောင်ဆန်ုးစုကြည်က ပြောကြားခဲ့တာပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်မှာ ထောက်ခံချက် ၇၅ ရာခိုင်နှုန်း အထက်ရှိရမှာဖြစ်တဲ့အတွက် အနည်းဆုံး ရဲရင့်တဲ့တပ်မတော်သားတစ်ဦးက ပါဝင်ထောက်ခံဖို့လိုကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ် စေလွှတ်တာဖြစ်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ကသာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလက်ခံရင် အဲဒီတပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ထောက်ခံမှာဖြစ်ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် NLD ပါတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ်အနှံ့ လူထုသဘောထားဆန္ဒတွေကို ကောက်ယူနေကြောင်းနဲ့ ပြည်သူ ၈၀ ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆန္ဒရှိကြတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအခမ်းအနားမှာ ဆစ်ဒနီတက္ကသိုလ် နှစ်ခုကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပါတယ်။

RFA Burmese

ကာချုပ်ခရီးစဉ်ရှိ၍ ထားဝယ်မြေသိမ်းခံလယ်သမားများ ဆန္ဒပြခွင့်မရ


သိမ်းဆည်းခံ လယ်ယာမြေများအတွက် ထားဝယ်လယ်သမားများ ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာသို့ တင်ပြရာတွင် ခွင့်ပြုချက်မရရှိကြောင်း လယ်သမားအဖွဲ့အစည်းထံမှ သတင်းရရှိသည်။

အဆိုပါနေ့များတွင် ထားဝယ်ဘုရားကြီးပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်မှ သိမ်းဆည်းခံလယ်သမားများ ဆန္ဒထုတ်ဖော်ရန် သတ်မှတ်ထားသော ဒီဇင်ဘာ ၄ ရက်သည် ပုဒ်မ (၈)၊ ပုဒ်မ ခွဲ(င)ပါ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်စည်းကမ်းချက်တွင်ပါရှိသည့် အခမ်းအနားကြီးများနှင့် တိုက်ဆိုင်နေခြင်း၊ တပ်မတော်အကြီးအကဲ ရောက်ရှိမည့်ကာလဖြစ်ခြင်းတို့ကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထားဝယ်ဒေသတွင် သိမ်းဆည်းခံ လယ်ယာမြေများအတွက် ခံစားခွင့်များ ပြန်လည်ရရှိရန် တောင်သူလယ်သမားများသည် နိုဝင်ဘာ ၁၁ ရက်၌ ထားဝယ်မြို့အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သော်လည်း တာဝန်ရှိသူများက တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသည့်အတွက် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ရန်  နိုဝင်ဘာ ၂၅ ရက်က ခွင့်ပြုချက်တောင်းခံခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက လျှောက်လွှာကို လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရန် တစ်ပတ် ကြိုတင်ခွင့်ပြုချက်တောင်းခံရသောကြောင့် လယ်သမားအဖွဲ့အစည်းက နိုဝင်ဘာ ၂၂ ရက်က သွားရောက်လျှောက်ထားသော်လည်း တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းမရှိသောကြောင့် ရက်ရွှေ့လျှောက်ထားရခြင်းဖြစ်သည်ဟု ဆိုသည်။

““လာမယ့်လထဲမှာဆိုရင် လုပ်ရမယ့်ရက်က မရှိတော့ဘူး။ ဆီးဂိမ်းကာလရောက်လာပြီ။ ဇန်န၀ါရီလမှ ခွင့်ပြုချက်ရမယ်ဆိုရင် လယ်တွေထဲမှာက ဆောက်လုပ်ရေးလုပ်ငန်းတွေက တော်တော်လေးပြီးနေတော့မှာ သူတို့က စီမံကိန်းတွေကို နားထားမှာမဟုတ်ဘူး”” ဟု ဦးဆောင်သူ ဒေါ်ရီရီထွေးက ပြောသည်။

ဆန္ဒပြရာတွင် ကိုင်ဆောင်သော ဆိုင်းဘုတ်များတွင် တပ်မတော်၏စီမံကိန်းများကို ချက်ချင်းရပ်ဆိုသည့် စာသားများကို အသုံးမပြုရန် တားမြစ်ထားသည်ဟု ဆိုသည်။
““ကျွန်မတို့မှာက လယ်သမားတွေသာ မဟုတ်ဘူး။ အဲဒီတပ်တွေကသိမ်းထားတဲ့ ဥယျာဉ်ခြံမြေပိုင်ရှင်တွေပါ ပါတယ်။ ကျွန်မတို့လိုအပ်တာက အစိုးရ၊ တပ်နဲ့ ကုမ္ပဏီတွေအတွက် သိမ်းထားတဲ့ နေရာတွေအားလုံးကို ဆက်လက်အကောင်အထည်ဖော်နေတာတွေ ရပ်ထားပြီး ပြည်သူတွေရဲ့ နစ်နာမှုတွေကို ညှိနှိုင်းပေးစေချင်တာ”” ဟု လယ်သိမ်းခံထားရသူ ဒေါ်ရွှေစင်ယုက ပြောသည်။

7day Daily

အိန္ဒိယတွင် ကျောင်းသားပေါင်း ၄၀၀ကျော်ခန့် အစာအဆိပ်သင့်


နိုဝင်ဘာ ၂၇။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသား ၄၀၀ကျော်ခန့်သည် နေ့လည် စာအဖြစ် ကိတ်မုန့်တစ်မျိုးကို ကျွေးခဲ့ရာမှ အစာအဆိပ်သင့် ခဲ့ကြသဖြင့် ဆေးရုံသို့ပို့ခဲ့ရကြောင်း ဟိန္ဒူစတန်ဒီတိုင်းမ်း သတင်းစာတွင် နိုဝင်ဘာ ၂၆ရက်က ရေးသားခဲ့သည်။
နိုဝင်ဘာ ၂၅ရက်က အန်ဂျူမန်နျူမန်အစ္စလမ်အာဒုကျောင်းရှိ တစ်တန်းမှ ရှစ်တန်းအထိသော ကျောင်းသားများသည် နေ့လည်စာစားပြီးချိန်တွင် မသက်မသာ ခံစားရကြောင်း ဆရာများကို ပြောပြကြသည်။ ကျောင်းသာအချို့မှာ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်းများဖြစ်လာသည့်အတွက် သူတို့ကို ဆေးရုံသို့ ခေါ်ဆောင်သွားကြခြင်းဖြစ်သည်။ ယခုဖြစ်ရပ်သည် ဘီဟာပြည်နယ်အရှေ့ပိုင်းတွင်မှ စာသင်ကျောင်းတစ်ကျောင်းတွင် နေ့လည်စာကြောင့် ကျောင်းသား ၂၃ဦး အစာအဆိပ်သင့်ပြီး လေးလအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မွန်ဘိုင်းကျောင်းမှ ကျောင်းအုပ် အင်အမ်မယ်လိခ်က ကျောင်းသားများကို နီးစပ်ရာဆေးရုံသို့ ချက်ချင်းပို့ပေးခဲ့ရကြောင်း သတင်းစာကို ပြောပြခဲသည်။ ဆရာဝန် အုခါရက်အန်ဂာချက်ကာက ထိုနေ့ကတည်းက ကျောင်းသားအများစုမှာ ပြန်လည်ကောင်းမွန်သွားခဲ့ကြောင်း၊ မည်သည့်ကလေးမှ စိုးရိပ်စရာ အခြေအနေမျိုး မရှိကြောင်းဆိုသည်။ ကျောင်းသား ၁၂၀ခန့်ကို ဆေးရုံတင်ထားခဲ့သည်။
Ref: HT
The Myanma Age

မြန်အောင်- ဟသာင်္တ အဝေးပြေးလမ်းရှိ လမ်းပြတ်အား ပြုပြင်ပေးရန် ဒေသခံများလိုလား


မြန်အောင်- ဟသာင်္တ အဝေးပြေးလမ်း မြန်အောင်မြို့နယ် ပေကုန်းကျေးရွာနှင့် ကွမ်းခြံကုန်းကျေးရွာကြားတွင် ရေမြောင်းဖောက်လုပ်ရန် ချန်ထားသော လမ်းပြတ်နှစ် ခုမှာ အရှည်လေးပေနီးပါးခန့်ရှိပြီး အဆိုပါ လမ်းပြတ်များကြောင့် ဆိုင်ကယ်ဇက်ခေါက်ကာမှောက်ခြင်း၊ ဒဏ်ရာများရခြင်း၊ သေဆုံးသည်အထိ ဖြစ်လျက် ရှိကြောင်း သိရသည်။
သက်ဆိုင်ရာမှ ထိုလမ်းပြတ်နှစ်ခုအား အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန် ဒေသခံများကလိုလားလျက်ရှိသည်။
The Mirror Daily

ဘင်္ဂလားဒေ့ရှ်တွင် ရွေးကောက်ပွဲကျင်းပမည့်ရက် မရွှေ့ပေး၍ အကြမ်းဖက် ကန့်ကွက်သူတို့ လမ်းပေါ်ထွက်လာ


နိုဝင်ဘာ ၂၇။

ဘင်္ဂလားဒေ့ရှ်တွင် ဆန့်ကျင်ဘက်ပါတီများက ကန့်ကွက်
နေသည့်ကြားမှအထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်ကို
နောက်မဆုတ်ဘဲ ဇန်န၀ါရီ ၅ရက်တွင်ကျင်းပ မည်ဟု ကြေညာခဲ့သဖြင့် မကျေနပ်ကြသောပြည်သူများက ရထားလမ်း၊ ကားလမ်းများကို ၀ိုင်းဝန်းပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြသည်။

ရွေးကောက်ပွဲကော်မရင်က ရှေ့လ၅ရက်နေ့တွင် မဲပေးစေမည်ဟူသောကြေညာချက် ထွက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) က ဆက်သွယ်ရေး
လမ်ကြောင်းများ ၄၈နာရီကြာမြင့်မည့် ပိတ်ဆို့ဆန္ဒပြပွဲ
လုပ်ရန် နိုဝင်ဘာ ၂၆တွင် ကြေညာခဲ့သည်။ လက်ရှိအစိုးရကို ဆန့်ကျင်နေသည့် မဟာမိတ် ပါတီ ၁၈ခု ကလည်း ကန့်ကွက်ပွဲတွင် ပါဝင်လာကြသည်။

ကန့်ကွက်သူများက ရွေးကောက်ပွဲရက်ကို ရွှေ့ပေးရန်နှင့် လက်ရှိအာဏာရထားသော ၀န်ကြီးချုပ် Sheikh Hasina ရှိနေသ၍ ရွေးကောက်ပွဲကို မကျင်းပလိုကြကြောင်းဆိုသည်။ အတိုက်အခံအများစုသည် သူမကိုရာထူးမှ နှုတ်ထွက် စေလိုကြပြီး သန့်ရှင်းသော အိမ်စောင့်အစိုးရ အောက်တွင်သာ မဲပေးလိုကြသည်ဟု ဆိုကြသည်။

နိုဝင်ဘာ ၂၅ရက် နိုင်ငံတစ်ဝန်း အကြမ်းဖက် အုံကြွမှုများလာချိန်
နောက်တစ်နေ့တွင် ရွေးကောက်ပွဲ ကော်မတီဥက္ကဌ ကာဇီရာခိဘူဒင်အာမက်က ပါလီမန်နေရာ ၃၀၀အတွက် အစီအစဉ်သစ်ကို ကြေညာလိုက်ရာ ပါတီအများစုမှာ မကျေမနပ် ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ ကူလ်နာပြည်နယ်အလယ်ပိုင် ရက်ခ်ျဟာရီမြောက်ပိုင်းတွင် ရာချီသော ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် အနည်းဆုံး လူ၃၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Channel 24 က ကြေညာခဲ့သည်။

မျက်မြင်သက်သေများနှင့် ရဲများကို ကန့်ကွက်သူများသည် ကားအစီးအနည်းဆုံးတစ်ရာခန့်ကို မီးရှိုခဲ့ကြောင်းနှင့် ဒါကာအနောက်မြောက်ဖျားရှိ ဟာဘီဂျန်ခိုင်မှ ရဲစခန်း
တစ်ခုကိုလည်း တိုက်ခိုက်ရန် ကြံရွယ်ခဲ့ကြကြောင်း
ပြောကြသည်။

Ref; Reuters
The Myanma Age

ရခိုင်တွင် မိန်းကလေးငယ်နှစ်ဦး အသတ်ခံရမှု တစ်ပတ်ကျော် ကြာသည်အထိ မဖော်ထုတ်နိုင်


ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ် တို့တွင် ဖြစ်ပွားခဲ့သည့် ရခိုင်တိုင်းရင်းသူ ကလေးငယ်နှစ်ဦး အသတ်ခံရမှု တရားခံများကို ရက်သတ္တ တစ်ပတ်ကျော် ကြာမြင့်လာ သည်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင် များထံမှ သိရှိရသည်။

ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာမှ အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ လူကိုးဦးကို အဆိုပါမြို့နယ်ရှိ အပေါက်ဝ ရဲတပ်ဖွဲ့စခန်းက စစ်ဆေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။
"မုဒိမ်းကျင့်ခံရပြီး အသတ်ခံရသည့် အနေအထားပါ" ဟု ၄င်းက ဆိုသည်။

အလားတူ ပေါက်တောမြို့နယ် စိုးမဲကျီကျေးရွာတွင် အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က အသတ်ခံရမှုနှင့် ပတ်သက်၍လည်း သံသယရှိသူ များကို စစ်ဆေးနေ သော်လည်း ပြစ်မှုကျူးလွန်သူ များကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျရှိသူတစ်ဦးက ဆိုသည်။
"အရာရှိတွေက စိုးမဲကျီသွားပြီး စစ်ဆေးနေတယ်။ မရောက်လာကြသေးဘူး" ဟု နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီတွင် မေးမြန်းမှုကို ၄င်းက ပြန်လည် ဖြေကြားသည်။

အဆိုပါ ငါးနှစ်အရွယ် မိန်းကလေးသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၆ နာရီ ဝန်းကျင်တွင် ပျောက်ဆုံးသွားပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အိမ်နှင့် နှစ်ဖာလုံ ခန့်ဝေးသည့် စမ်းချောင်းအနီးတွင် ငယ်ထိပ် ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ သိရှိရသည်။

ကျောက်တော်မြို့နယ်မှ မိန်းကလေးငယ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးသွားပြီး နောက်တစ်နေ့တွင် ရွာပြင် စပါးခင်းတွင် ဦးခေါင်း၊ ပါးတို့တွင် ဒဏ်ရာများ အပြင် အဓမ္မ ပြုကျင့်ခံရသည့် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များ ထံမှ သိရှိရသည်။
The Voice Weekly

ဆီးဂိမ်းတွင် ပါဝင်မည့် ဒေါ်အောင်ဆန်းစုကြည်၏မြင်း ကျန်းမာရေးချို့ယွင်း


နေပြည်တော်၊ နိုဝင်ဘာ ၂၇။

အိပ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီအား
ကစားနည်း တွင်ဝင်ရောက်ယှဉ်ပြိုင်စေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်မှဒေါ်အောင်ဆန်းစုကြည်၏
မြန်မာအလှအမည်ရှိ မြင်းသည် ကျန်းမာရေးချို့ယွင်း
မှုဖြစ်နေကြောင်း မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာအလှမြင်းကျန်းမာရေးချို့ယွင်းမှု သည်အဆိုပါမြင်း၏
ယခင်ကရရှိခဲ့သောဒဏ်ရာကြောင့်သာဖြစ်ပြီး ယခုတစ်ကြိမ်
ဖြစ်နေမှုသည် ဒဏ်ရာအဟောင်းကြောင့်သာဖြစ်ကြောင်း
မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ တာဝန်ရှိသူ မခင်နှင်းပွင့်ပြုံးက
ပြောသည်။

“ခြေထောက်နားမှာ အရင်တုန်းကဖြစ်ခဲ့တဲ့ဒဏ်ရာဟောင်းက တစ်ချက်တစ်ချက်ပြန်ပြီးတော့ နာနေတဲ့ပုံစံမျိုးပါ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမျိုးမရှိပါဘူး” ဟု မခင်နှင်းပွင့်ပြုံးကဆိုသည်။
ယင်းကဲ့သို့ မြန်မာအလှသည် ခြေထောက်နာကျင်မှုဝေဒနာအား
ခံစားနေရသော်လည်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီးအားကစား အလှစီး၌ အသုံးပြုသွားရန်ရှိကြောင်း သိရသည်။

“မြင်းတွေဒဏ်ရာရတဲ့အခါမှာ ကျွန်မတို့ ဆီမှာ မြင်းဆေးခန်းတွေ
ဖွင့်ထားတယ်၊ မြင်းတွေကို နိုင်ငံခြားကဆေးနဲ့ ကုပေးတာလည်း
ရှိတယ်။ မြန်မာနည်းမြန်မာဟန်နဲ့ ဆေးကုပေးတာလည်းရှိတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကထပ် လောင်းပြောဆိုသည်။

အလှစီး မြင်းစီးပြိုင်ပွဲ၌ဝင်ယောက်ယှဉ်ပြိုင်စေရန်အတွက်
နိုင်ငံခြားမြင်းနှင့် မြန်မာမြင်း လက်ရွှေးစဉ် ၂၈ ကောင်အား
လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ယင်း ၂၈ ကောင်ထဲတွင်
မြန်မာ့အလှအမည်ရှိ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ
ဒေါ်အောင်ဆန်းစုကြည်မြင်းသည်လူများနှင့် ယဉ်ပါးမှုရှိကြောင်း မြင်းထိမ်းများထံမှ သိရသည်။
“သူရဲ့မြင်းကအားလုံးနဲ့ ယှဉ်လိုက်ရင် တော်တော်လေးလဲ ကြည့်လို့ ကောင်းတယ်၊ လူတွေနဲ့ လည်း တော်တော်လေး
ယဉ်ပါးတယ် သူရဲ့မြင်း က တော်တော်လေးလဲ အဆင်ပြေတယ်လို့ မြင်းထိမ်းကလည်း ပြောတယ်” ဟုမခင်နှင်းပွင့်ပြုံးကပြောကြားသည်။

(၂၇) ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲ
မြင်းစီးပြိုင်ပွဲအား ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ
နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ မြင်းစီးအားကစားကွင်း
ယှဉ်ပြိုင်သွားရန်ရှိသည်။

နှင်းနွယ်
The Myanma Age

အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ (၁)


ဆေးသမား
မရွံရ၊ လူနာဖြစ် မရှက်ရဘူးတဲ့။ စအိုနဲ့ရော လိင်နဲ့ပါ ပတ်သက်တာမို့ ရွံစရာ-ရှက်စရာ ဆိုတာလေး
တခု ရေးပါရစေ။
ကြားဘူးတယ်
မဟုတ်လား၊ မဏိပူ (ကသည်း) ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ် ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်း
ချက်တယ်။ ၀ိုင်းထဲကို ဘယ်သူမှ မ၀င်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အ၀တ်စီးတယ်။
အက်ႍေတာ့ မ၀တ္ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က
(ရိုင်းတယ် ပြောတော့ဗျာ)၊ ၀မ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။
မေးချင်တာက ၀မ်းသွားတဲ့ (ဖင်) ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။
စအိုကနေ၀င်တဲ့
ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ
ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ၀မ်းလျော၊ ၀မ်းပျက်၊ ၀မ်းကိုက်၊ ကာလ၀မ်း၊ အူရောင်ငန်းဖျား၊
အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ်၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊
ပါးစပ်ထဲကို တနည်းနည်းနဲ့ ၀င်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ”၀င်”တာတွေ
ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။
ခန္ဓာဗေဒဆိုတာ
ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ
ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့စာအုပ်က Gray's Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒ
ပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့ တာဝန်ဝတ္တရားကို An excretory
organ or an eliminative channel အညစ်အကြေး စွန့်ထုတ် ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။
ဝမ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ ထမ်းဆောင်နေရပါတယ်။
ကျား-ကျား
လိင်တူ ဆက်ဆံတယ်ဆိုတာ AIDS ရဲ့သမိုင်းနောက်ခံပါ။ နောက် ဘီပိုးကလဲ တစခန်းထလာတော့ ပြောဘို့-ရေးဘို့
လိုလာပါတော့တယ်။ (ဂေး)အကြောင်း မဟုတ်ပါ။ ကျား-ကျား ဖြစ်ဖြစ်၊ ကျား-မဖြစ်ဖြစ် စအိုလမ်း
အသုံးပြုပြီး ဆက်ဆံတာ၊ တဲ့တဲ့ပြောပါရစေ၊ (အေနယ်လ်-ဆက်စ်)ပေါ့။ Dangers of anal sex
စအိုကနေ လိင်ဆက်ဆံတာရဲ့ အန္တရာယ်တွေကို ရေးခွင့်ပြုပါခင်ဗျား။
စအိုရဲ့မွေးရာပါအလုပ်ကို
ပဌမ နားလည်သင့်ပါတယ်။ သူ့အထက်က Rectum အစာဟောင်း အိမ်ထဲမှာ မစင်(၀မ်း)တွေ ပြည့်လာတာနဲ့
ဝမ်းသွားချင်စိတ် ဖြစ်လာပြီး၊ စအိုနံရံတွေက ကျယ်လာပါတယ်။ အစာဟောင်းအိမ်က အပေါ်ကနေ အောက်ဆီ
ဦးတည်တဲ့လှုပ်ရှားမှု Peristaltic waves အရ မစင်(၀မ်း)တွေဟာ စအိုထဲဝင်လာချိန် အထိန်းကြွက်သား
အ၀ိုင်းတွေက လျော့ဖွင့်လိုက်လို့ ၀မ်းသွားခြင်း ဖြစ်လာတာပါ။ “စအိုထဲကို အပြင်ကနေ ထိုးသွင်းတာကို
လက်ခံရမဲ့ အစီအမံဆိုတာ လုံးဝမရှိပါ။”
နှစ်ပေါင်း
၄၀၀၀ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု) ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဘူးတဲ့ အထောက်အထားတွေ၊
နောက်ပြီး ၂ ရာစုက ရှိခဲ့တဲ့ (အာဂျန်တာ) လှိုင်ဂူက ရုပ်တုတွေ၊ တခါ ဟိန္ဒူဘုရားတဆူဖြစ်တဲ့
သျှီဗား ရဲ့တံခါးမှူး မြင့်မြတ်သော နွားလား နန္ဒီကနေ သူ့သခင်(ဘုရား) နဲ့ ဒုတိယ မယား
(ပါရ်ဗသီ)တို့ရဲ့ ချစ်ကြွမ်းဝင်ကြပုံ (နည်းအစုံစုံ) တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား
လူအများအကျိုးငှာ ဖေါက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ)ကျမ်း
ဆိုတာတွေ ကြည့်ရင် လိင်ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်။
ဆန်းတာတွေ ရှေးကတည်းကရှိလို့ ဆန်းတာ ဘာဆန်းတာမှတ်လို့၊ လုပ်သာလုပ်၊ စမ်းချင်စမ်းလို့
အားမပေးလိုပါ။ ဆက်ဖတ်ပါခင်ဗျား။
Anal
sex ဟာ အများထင်သလို အန္တရာယ်မရှိ မဟုတ်ပါ။ စအိုထဲမှာ ဖုံးထားတဲ့ အပေါ်ဖုံးအလွှာဟာ သာမန်
အရေပြားလို မဟုတ်ဘူး လူ့အရေပြားဆိုတာက Kerotinized လုပ်တားတာ။ (ကရတင်)ဆိုတဲ့ ပိုခိုင်မာတဲ့
(တစ်ရှူး)နဲ့ ဖုံးနေတာ၊ စအိုထဲမှာ အဲဒါ မရှိဘူး။ နောက်ပြီး စအိုမှာ (စဖင်တာ)ဆိုတဲ့
ကြွက်သားဝိုင်းရှိတယ်။ နှစ်ထပ်တောင် ရှိတာ၊ အပြင်ကောင်က စိတ်ကနေ ထိန်းနိုင်ပြီး၊ အထဲဝိုင်းကတော့
ထိန်းမရဘူး။ သူတို့က ၀မ်းသွား-လေလည် အ၀င် အထွက်ကို ထိန်းပေးတာ။ တကယ်လို့ တစုံတခုက စအိုကို
လာထိတာနဲ့ လူ့ကိုယ်ခန္ဓာရဲ့ သဘောဝအရ (စဖင်တာ)က ပိုပြီး တင်းတောင့် ပိတ်ဆို့တဲ့ တုံ့ပြန်မှု
လုပ်ပါမယ်။ Reflex ခေါ်တယ်။
ဒါ့ကြောင့်
မာတာနဲ့ ထိုးမိရင် စုတ်ပြဲသွားနိုင်တယ်။ တကယ်လို့ အလိုမတူသူ ဖြစ်နေရင် ပိုဆိုးမှာပါ။
အရေပြားလွှာ ၃ ထပ်ရှိတဲ့ မိန်းမကိုယ်နဲ့ မတူတာက ၁ ထပ်တဲရှိတဲ့ စအိုဟာ ဆန့်နိုင်ကြုံ့နိုင်စွမ်း
အတော်နည်းပါတယ်။ သဘာဝအရလည်း မဆက်ဆံမီ မိန်းမကိုယ်က ထွက်လာရတဲ့ အရည်ဟာ အဆင်ပြေအလွန်းလို့
Honorably discharge လို့တောင် ခေါ်သေးတယ်။
လိင်ဆက်ဆံတဲ့အခါ
တခါတလေ လိင်တံရဲ့ အရေပြားကလည်း ပွန်းပဲ့သွားတတ်တယ်။ အဲဒီနည်းနဲ့လိင်ဆံဘို့
Lubrication ချောဆီ သုံးရတယ်။ KY Jelly (KY Sexual Lubricant) က ပေါ်ပြူလာ အဖြစ်ဆုံးပါ။
သူက တခါသုံး မလာပါ။ တခါသုံး မဟုတ်တာ မှန်သမျှ စိတ်မချရတာ သိမှာပါ။ Jelly သုံးပေမဲ့
နဲနေရင်၊ ဒါမှမဟုတ် အလျင်အမြန် ထိုးသွင်းရင် သေခြာပေါက် စအို စုတ်ပြဲ ပါလိမ့်မယ်။ စုတ်ပြဲတာက
သွေးထွက်ချင်မှ ထွက်ပါမယ်။ သေးသေးလေး ဖြစ်အုံးတော့ အင်မတိ အင်မတန် သေးငယ်လွန်းလှတဲ့
ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေအတွက်ကတော့ (ဆူပါ-ဟိုင်းဝေး) ဖြစ်နေမယ်။
အဲဒီကနေ
ပိုးဝင်လို့ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အသဲရောင်ဘီ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ
(ရှန်ကာ၊ ကြွက်နို့၊ ဖတ်းဂတ်စ်၊ ဂနိုးရီးယား) နဲ့ HIV တို့ ဖြစ်ကြပါတယ်။ စအိုဘေးက အရေပြားမှာ
ပိုးရှိရင် ယားနာဆိုတာလဲ ကူးနိုင်ပြန်ပါသေးတယ်။ နောက်တချက် ယောက်ျားဆီးပြွန်ကပဲ
Urine ဆီးရော Semen သုတ်အရင်ထွက်တဲ့ အရည်ချွဲရော၊ Sperm သုတ်ရည်ရော ထွက်ရတယ်။ ဒါ့ကြောင့်
ဆီးလမ်းရောဂါပိုးကလဲ စအိုထဲ ၀င်နိုင်ပြန်ရော။ စအိုကင်ဆာ ကိုတော့ ဖြစ်နိုင်ခြေစာရင်းလောက်သာ
ထည့်ပါမယ်။
Annal
canal အရှည်က 2.5 to 4 cm သာ ရှိတာမို့ စအိုအထဲကို ဘယ်လောက်ပဲ ၀မ်း မရှိအောင် လုပ်ထားပါစေ
ဘာထည့်ထည့် ပေကျံလာမှာပါ။ စအိုနဲ့ ထိပြီးသားအရာကို အမျိုးသမီးရဲ့ ဆီးလမ်းအ၀နဲ့ မထိပါမှ
ဆီးလမ်းပိုး ၀င်တာ မဖြစ်မှာပါ။ မိန်းမကိုယ်အ၀ကို တဆက်တည်း ပြန်သုံးရင် ပိုးဝင်နိုင်တယ်။
ပါးစပ်ဆိုတာတော့ ပြောမနေနဲ့ပေါ့။ ဆိုတော့ မတိုင်ခင်ရော၊ ကြားထဲမှာရော၊ ကိစ္စပြီးချိန်မှာရော
ဘယ်လောက် ကရိကထများလိုက်သလဲ။ သာယာမှုနဲ့ မျှပါသလား။ တပ်မက်မှုကြောင့်ဖြစ်လာတဲ့ လိင်ဆက်ဆံမှုက
ရလိုတာဟာ သာယာမှု၊ ကျေနပ်မှု နဲ့ ပြည့်ဝမှု မဟုတ်ပါလော။
လိင်ဆက်ဆံတာဟာ
နှစ်ဦးနှစ်ဖက်ကိစ္စပါ။ အသက်လည်းပြည့်ပါမှ နှစ်ဦးသဘောတူဆိုပါမှ Rape မဖြစ်မှာ။ နှစ်ဦး
သဘောတူ ဆိုရာမှာ (နည်း)ပိုင်း၊ (အနေအထား)ပိုင်း၊ အချိန်ပိုင်းတွေမှာပါ နှစ်ဦးသဘောတူမှ
ပြည့်စုံပါလိမ့်မယ်။ တဦးသဘောမတူတာကို တဦးက နည်းလည်မှုပေးဘို့ လိုမှာပါ။ မဟုတ်ရင် တချို့တိုင်းပြည်တွေမှာ
ဥပဒေက ခွင့်မပြုပါ။ တကယ်လို့ ယောက်ျားနဲ့ မိန်းမ စအိုလိင်ဆက်ဆံနည်း သုံးမယ်ဆိုရင် ယောက်ျားဖြစ်သူဟာ
Physiological and Psychological nature of the practice ဇီဝကမ္မဗေဒ အရရော စိတ်ပညာအရပါ
နားလည်ဘို့ လိုမှာပါ။
စိတ်ပိုင်းဆိုင်ရာလဲ
ထည့်ဆွေးနွေးရအောင်။ သဘာဝအားဖြင့် ကျား-မ လိင်ဆက်ဆံတယ်ဆိုတာ ဆက်ဆံချင်စိတ် ဖြစ်ပေါ်လာတာနဲ့
အမျိုးသမီးဟာ ယောက်ျားရဲ့ ကြီးစိုးလွှမ်းမိုးမှုကို Submission or Surrender စိတ်လိုလက်ရ
နာခံလိုက်တာ ဖြစ်ပါတယ်။ မိန်းမရဲ့စအိုကို ဆက်ဆံချင်သူ ယောက်ျားမျိုးကတော့ ဒီလို လွှမ်းမိုးချင်စိတ်
Domination ထက် ကဲပါတယ်။ စိတ်ပညာအလိုအရ အဲလို ယောက်ျားသားတွေဟာ Male domination
complex ကျားလွှမ်းမိုးစိတ်ကဲမှု၊ Sexual deficiency complex လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊
Low self-esteem မိမိကိုယ်ကိုယ် အထင်ရောက်မှု၊ Demeaning attitude towards women မိန်းမသားနဲ့ပတ်သက်ရင်
အမြင်ကွဲလွဲမှု တခုခု ရှိနေတတ်ပြီး၊ မေတ္တာ-ချစ်တာ အားနည်းသူ ဖြစ်နေတတ်ပါသတဲ့။
နည်းအဆန်း
စမ်းသူများ (ကွန်ဒွန်)သုတတော့ ရှိမယ်ထင်ပါတယ်။ ရှိအုံးတော့ (အေနယ်)နည်း သုံးရင် ပိုခိုင်မာတဲ့
(စပယ်ရှယ်-ကွန်ဒွန်) သုံးသင့်တယ်လို့ ဆိုပါတယ်။ အမေရိကမှာ အရေးပေါ်ဌာန တခုကိုလာတဲ့ စအိုထဲ
ပစ္စည်းတခုခု (Foreign body) ၀င်လို့ လာသူတွေထဲမယ် ၇၈%ဟာ စအိုလိင်ကိစ္စကြောင့် ဖြစ်ရပါသတဲ့။
သိတဲ့အတိုင်း
လိင်ဆက်ဆံက (အင်နာဂျီ) အတော် ကုန်တာပါ။ စအိုထဲ ထိုးသွင်း-ဆွဲထုတ်တာက ပိုပြီး (အင်နာဂျီ)
သုံးပါတယ်။ နှစ်ယောက်လုံးက ကျန်းမာရေး ဒေါင်ဒေါင်မည်ရပါမယ်။
နောက်ဆက်တွဲက
စအိုလိင်ဆက်ဆံတာ များလာတာနဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုထိန်းကြွက်သားတွေ
အားနည်းလာမယ်။ ၀မ်းထိန်းရတာ၊ လေထိန်းရတာ အားနည်းလာမယ်။ ၀မ်းသွားမမှန်ဖြစ်လာမယ်။
Kegel exercises လေ့ကျင့်ခန်း အလုပ်ခိုင်းယူရပါလိမ့်မယ်။ လူကြားသူကြား သွားတိုင်း
(ဒိုင်ပါ)တမျိုးကို အမြဲအပိုဝတ်ထားရပါတော့တယ်။
သိပ္ပံအရ
ပြောပြော၊ သဘာဝအရ ဆိုဆို၊ ဆင်ခြင်တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာ သာဖြစ်ပြီး
မိန်းမကိုယ် (မွေးလမ်းကြောင်း)လို ထိုးသွင်းရမဲ့ဒွါရ မဟုတ်တာ သေခြာပါတယ်။ သဘာဝတရားနဲ့
ဆန့်ကျင်တာ နောက်တခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့ လားရာကို ပြောင်းပြန် လုပ်မိတာပါ။
ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို Environment သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် နဲ့ Organic မပြုမပြင်
အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင် ပြောနေကြပြီး၊ သဘာဝမကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကြတော့
ပိုဆိုးဆိုး လာနေတာဟာ အဆီအငေါ် မတည့်ဘူး ထင်ပါတယ်။
စအိုလိင်ဆက်ဆံနည်း
ဥရောပကစတယ် ဆိုပါတယ်။ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ် ကတည်းကပါတဲ့။ အာဖရိက မှာတော့
ဒါကို Taboo လို့ ယူဆပါတယ်။ မလုပ်သင့်ဘူးလို့ မှတ်ယူတာမျိုးပေါ့။ ဒါပေမဲ့ ကနေ့ခေတ်မှာ
အာဖရိက နွယ်ဖွါး အမေရိကန်များမှာ ခေတ်စားလှပါတယ်။ သိတဲ့အတိုင်း အမေရိကားမှာ သူတို့တတွေရဲ့
အဆင့်အတန်းဟာ ဘာလဲလို့။ ကြားချင် ကြားဘူးမယ် သီချင်းထဲ ထည့်စပ်ကြတာ။ သူတို့တတွေပါဘဲ။
"Lick it till your tongue turn doo doo brown" "Da Butt"
"Baby Got Back" နောက် မှတ်သားဘို့ ကောင်းတာတခုက အကျဉ်းစခန်းတွေမှာ အသုံးချစရာ
စအိုသာရှိလို့ ထောင်ကလာတဲ့ ဇာတ်လမ်းလို့လဲ ဆိုနိုင်ပါ သေးတယ်။
ကမ္ဘာကျော်
ရေမွှေးကို ဂျာမနီ Cologne ကနေ ထုတ်တာ မဟုတ်ပါလား။ Jovan Musk ဆိုတာ ၁၉၇၃ ကစ ထုတ်တယ်။
သမင် တမျိုးကရတဲ့ ယောက်ျားသားတွေရဲ့ အနံ့ရှိတယ်ဆိုပြီး၊ လိင်ဆွဲဆောင်မှုအတွက် ရေမွှေးလုပ်
ထုတ်တာဖြစ်ပါတယ်။ ရောင်းကောင်းလို့ ကျားသုံး-မသုံး နှစ်မျိုးလုံး ထုတ်ပါတယ်။ ဆိုချင်တာက
လိင်ဆက်ဆံရေးမှာ အနံ့ရဲ့ အရေးပါတာကိုပါ။ အမျိုးသမီးများရဲ ယောနိကနေ Pheromones ဆိုတာ
အလိုလို ထုတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ပါ။ စအိုမှာ အဲဒီအစွမ်းက
ဗလာနတ္ထိ မရှိပါ။ မစင်နံ့သာ ရှိပါတယ်။
လူကြီးတွေက
ဆုံးမတယ် အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းနဲ့တဲ့။ ဆရာဝန်က အကြံပေးချင်တယ် အညစ်အကြေးကို
အသစ်ကလေး မထင်နဲ့လို့။


ဒေါက်တာတင့်ဆွေ
HIV Information for Myanmar

မြေမြှုပ်မိုင်း ရှင်းလင်းရေးစင်တာ ထူထောင်ရန် အစိုးရစီစဉ်


ရန်ကုန်၊ နိုဝင်ဘာ ၂၆

တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲနိုင်ရေး လုပ်ဆောင်နေသော မြန်မာအစိုးရသည် ပြည်တွင်းစစ် ဖြစ်ပွားနေသော ဒေသများအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများ စတင်နိုင်ရန် မြေမြှုပ်မိုင်းရှင်းလင်းရေး စင်တာ ထူထောင်သွားမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာ လက်ထောက်အမှုဆောင် ညွှန်ကြားရေးမှူးဟောင်း ဦးနေမျိုးသူက ပြောကြားသည်။

ယင်းသို့ မြေမြှုပ်မိုင်းရှင်းလင်းရေး စင်တာ ထူထောင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ဆွေးနွေးလျက် ရှိသော်လည်း အသေးစိတ်ဆွေးနွေးမှု မပြုလုပ်ရ သေးသောကြောင့် မည်သည့်အချိန်တွင် စတင်နိုင်မည်ကို အတိအကျ မပြောနိုင်သေးကြောင်း ၄င်းကဆိုသည်။
"နှစ်ဖက်လုံး ငြိမ်းချမ်းရေးကို နောက်လုံးဝမဆုတ်ဘူးလို့ ယုံကြည်နိုင်တဲ့ အချိန်မှ မိုင်းရှင်းလင်းရေးကို စတင်နိုင် လိမ့်မယ်" ဟု ၄င်းကရှင်းပြသည်။

၂၀၁၃ ခုနှစ် စာရင်းဇယား များအရ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ဖြစ်ပွားရာ မြို့နယ်ပေါင်း ၅၃ ခုတွင် နှစ်ဖက်တပ်များက မြေမြှုပ်မိုင်းများ မြှုပ်ထားကြောင်း၊ ၁၉၉၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၃၉၁ ဦးနှင့် ထိခိုက် ဒဏ်ရာရှိသူ သုံးထောင်ကျော် ရှိကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့ LCM မှ သုတေသနပညာရှင် ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် (Yeshua Moser-Puangsuwan) က ပြောကြားသည်။

"မြန်မာနိုင်ငံမှာက မြေမြှုပ်မိုင်းကို ခံစစ်အနေနဲ့ အသုံးပြုတာ မဟုတ်ဘဲ၊ ရန်သူ လာတာကို အချက်ပေးတဲ့ နေရာမှာသုံးဖို့ နေရာတကာမှာ မိုင်းထောင်တာကို နှစ်ဖက်လုံးမှာ တွေ့နေရပါတယ်" ဟု
ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် ကဆိုသည်။

မြေမြှုပ်မိုင်းများ အသုံးပြုမှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု အမြင့်ဆုံး နိုင်ငံများမှာ အာဖဂန်နစ္စတန်နှင့် ကိုလံဘီယာ နိုင်ငံတို့ ဖြစ်ပြီး မြန်မာနိုင်ငံက တတိယ အဆင့်တွင် ရှိနေကြောင်း LCM ၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံက လက်မှတ် ရေးထိုးထားသော ကုလသမဂ္ဂ မြေမြှုပ်မိုင်း အသုံးမပြုရေး သဘောတူ စာချုပ်တွင် မြန်မာနိုင်ငံသည် လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း LCM မှ တာဝန်ရှိသူများက ပြောဆိုသည်။
The Voice Weekly

ဘင်္ဂါလီအရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက် ကန့်ကွက်ပွဲ ပြည်သူ့ရင်ပြင်တွင် လုပ်မည်


ရန်ကုန်၊ နိုဝင်ဘာ ၂၆

ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးရေး မြန်မာနိုင်ငံ အစိုးရကို တိုက်တွန်းရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်မြို့တော်ရှိ ပြည်သူ့ရင်ပြင်တွင် ဒီဇင်ဘာလ ၁ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းပွဲဖြစ်မြောက်ရေး အတွက် လုပ်ဆောင်နေသူ ဦးနောင်တော်လေး က ပြောကြားသည်။

ယင်းကန့်ကွက်ပွဲတွင် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက် များနှင့် ပတ်သက်၍ ဟောပြောပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းအပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာ များကိုလည်း ဟောပြောမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ဘင်္ဂါလီအရေး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ပွဲ ပြုလုပ်ရန် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ခွင့်ပြုချက် တောင်းခံထားပြီး ဖြစ်ကြောင်း ဦးနောင်တော်လေးက ဆက်လက် ပြောဆိုသည်။

ယင်းပွဲတွင် ဟောပြောမည့်သူ သုံးဦးနှင့် ဧည့်သည် အနေနှင့် ဟောပြောမည့်သူ နှစ်ဦးပါဝင်မည် ဖြစ်ကာ ရန်ကုန်တိုင်း အတွင်းရှိ ဘာသာရေးအဖွဲ့များ၊ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီ အချို့နှင့် အမျိုးသားရေးစိတ်ဓာတ် ရှိသူများကို ဖိတ်ကြားထားပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးများကိုလည်း ဖိတ်ကြားရန်ရှိကြောင်း ၄င်းက ပြောကြားသည်။

မြန်မာနိုင်ငံရှိ နိုင်ငံမဲ့ ရိုဟင်ဂျာ (ကုလသမဂ္ဂ၏ မူရင်းအသုံး) များကို နိုင်ငံသားဖြစ်ခွင့် ပေးရန် မြန်မာအစိုးရကို တိုက်တွန်းရေး ပါဝင်သည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ၏ (၆၈) ကြိမ်မြောက် အထွေထွေ ညီလာခံ တတိယအကြိမ် ကော်မတီ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ရေးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်းသာ ဆောင်ရွက် ပေးမည်ဟု တုံ့ပြန်ကန့်ကွက် ခဲ့ပြီး ရိုဟင်ဂျာ လူနည်းစု အသုံးအနှုန်း အပါအဝင် အစီရင်ခံစာ စာပိုဒ်များကို တရားဝင် ကန့်ကွက်ခဲ့သည်။
The Voice Weekly

လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင် ဒေသ ဖွံ့ဖြိုးရေး လုပ်နိုင်မည့် ဥပဒေကြမ်း သမ္မတ လက်မှတ်မထိုး


ရန်ကုန်၊ နိုဝင်ဘာ ၂၆

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ထားသော လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ရန် မဲဆန္ဒနယ် တစ်ခုလျှင် ငွေကျပ် သိန်းတစ်ထောင် အသုံးပြုနိုင်သည့် ပုဒ်မပါရှိသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးခြင်း မရှိဘဲ လွှတ်တော်သို့ ပြန်လည် ပေးပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပြီး နိုင်ငံတော် သမ္မတထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးခြင်း မရှိဘဲ သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသော်လည်း မည့်သည် အချက်များ ပါဝင်သည်ကို မသိရှိရသေးကြောင်း ဦးစောလှထွန်းက ဆိုသည်။

ယင်းဥပဒေကို နိုင်ငံတော် သမ္မတသို့ ပေးပို့ပြီးသည့် နောက်ပိုင်းတွင် ငွေသုံးစွဲရေး ကိစ္စများအတွက် လိုအပ်သည့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် စည်းမျဉ်း စည်းကမ်းများ ချထားမှုကို အမိန့်ကြော်ငြာစာ အမှတ် (၈၂/၂၀၁၃) နှင့် (၈၃/၂၀၁၃) တို့ ထုတ်ပြန်ခဲ့ပြီး ဖြစ်သောကြောင့် လုပ်ငန်း ဆောင်ရွက်ချက်များကို ထိန်းညှိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ဘတ်ဂျက်ဥပဒေမှာက အတည်ပြုပြီးသား ဖြစ်နေတော့ လုပ်ငန်းတွေတော့ ဆက်လုပ်လို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ၎င်းတို့၏ မဲဆန္ဒနယ်များတွင် စီမံကိန်းငွေ သုံးစွဲရေးအတွက် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာဒေသအလိုက် ကြိုတင် စီမံမှုများ ပြုလုပ်ထားပြီး ဖြစ်သောကြောင့် လိုအပ်ပါက ပြည်ထောင်စု လွှတ်တော်မှ အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သုံးသပ်သည်။

ယင်းဥပဒေကို အမြန်ပြဋ္ဌာန်းနိုင်ရန် ဥပဒေကြမ်း ကော်မတီက နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

မြန်မာပြည် ငွေစက္ကူမှာ ပုံထည့်မယ်ဆိုရင် ဘယ်သူ့ပုံထည့်မှာလဲ


[ Voice of the Day ]

မြန်မာပြည် ငွေစက္ကူမှာ ပုံထည့်မယ်ဆိုရင် ဘယ်သူ့ပုံထည့်မှာလဲ။ ဦးသိန်းစိန်ပုံ ထည့်မှာလား။ ဦးသိန်းစိန်ပုံနဲ့ ဆိုရင် ကန့်ကွက်တယ်။ လူပုံ ထည့်မယ်ဆိုရင် ဗိုလ်ချုပ်ပုံပဲ ထည့်ရမယ်။ အဓိက တိုင်းပြည်တစ်ခုမှာ ပုံတစ်ခုခု သုံးမယ်ဆိုရင်ဖြစ်စေ၊ တံဆိပ်ခေါင်း တစ်ခုခု သုံးမယ်ဆိုရင် ရုပ်တုတစ်ခုမှာ ဖြစ်စေ ထည့်တဲ့အခါ နိုင်ငံတစ်ခုလုံးက တညီတညွတ်တည်း သူရဲကောင်းလို့ သတ်မှတ်ထား တဲ့သူ၊ မြင့်မြတ်တဲ့သူ ဖြစ်ရမယ်။ တိုင်းပြည်တစ်ခုရဲ့ Icon ကို ရွေးရမှာပေါ့။ ပုံထည့်မယ်ဆိုရင် အစိုးရက ကြေညာ၊ ကျွန်တော်တို့ မဲပေးမယ်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူတွေကို တန်းစီပြီး လုပ်ပေါ့။ ဒါရှင်းရှင်းလေးပဲ။
(စံဇာဏီဘို)

နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် ပေါ်ပြူလာ သတင်းဂျာနယ်ပါ
“မြန်မာငွေ ဗိုလ်ချုပ်အောင်ဆန်း အစရှိသော အမျိုးသားခေါင်းဆောင်ကြီးများ ကျက်သရေဖြင့် တည်စေလိုသလား” ပြည်သူ့စကားမှ ကောက်နုတ်ချက်

The Voice Weekly

ရခိုင်ပြည်နယ်ရှိ အကူအညီ ပေးသူများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ရှိနေဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၆

လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဥရောပသမဂ္ဂ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်၏ အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့သည့် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် အကာအကွယ် ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Carl Sorensen က ခရီးစဉ်အပြီး နိုဝင်ဘာလ ၂၅ က ထုတ်ပြန်သော ကြေညာချက်တွင် ယင်းသို့ ပြောကြားထားခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ သွားရောက် ထောက်ပံ့တဲ့ အခါတွေမှာလည်း လုံခြုံရေးအရ အခက်အခဲတွေ အများကြီး ကြုံတွေ့ရပါတယ်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာ အပါအဝင် အခြားသော အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရန် ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းကြီးများ၏ အထောက်အပံ့ပေးရေး ဝန်ထမ်းများကို နှောင့်ယှက်မှုများ ကြုံတွေ့ရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ထောင်ပေါင်းများစွာသော ဒုက္ခသည်များအတွက် အစားအစာနှင့် အရေးပေါ် အထောက်အပံ့များကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက အချိန်မီ အထောက်အပံ့ ပေးနိုင်ရန် အတွက် အစိုးရ အရာရှိများက လုံခြုံရေး တိုးမြှင့်ပေးရန် လိုအပ်ကြောင်း Carl Sorensen က တိုက်တွန်း ပြောကြားထားသည်။

ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားသော အကူအညီပေးနေသည့် ဝန်ထမ်းများကို နှောင့်ယှက်သူ၊ ခြိမ်းခြောက်သူ၊ အန္တရာယ်ပြုသူများကို လျင်မြန် ပြတ်သားစွာ အရေးယူရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက် တစ်စောင်ကို နိုဝင်ဘာလ ၁၄ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် နိုင်ငံတကာ အဖွဲ့အစည်း များကို ဒေသခံ တိုင်းရင်းသားများက နှောင့်ယှက်ခြင်း မရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် အကူအညီပေးရာတွင် နိုင်ငံတကာမှ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပြီး ဒေသခံ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို သေချာ နားလည်ရန် လိုအပ်ကြောင်း ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က တုံ့ပြန် ပြောကြားသည်။

လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင်း အခြေအနေ များကို လေ့လာရန်အတွက် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် အကာအကွယ်ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Carl Sorensen က ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၁ အထိ သွားရောက် လေ့လာခဲ့သည်။

မစ္စတာ Carl Sorensen ၏ ခရီးစဉ် အပြီးတွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့ရန် အတွက် အမေရိကန်ဒေါ်လာ သုံးသန်း ထပ်မံ ထောက်ပံ့မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကော်မရှင်က ကြေညာခဲ့သည်။

The Voice Weekly

Laptop ဘက်ထရီ ကြာကြာသုံးနိုင်ဖို့


Laptop နဲ့ သုံးနေရတဲ့သူတွေအတွက် တစ်ခါတစ်လေမှာ
ကြိုးတပ်ပြီး အားသွင်းဖို့ အဆင်ပြေချင်မှပြေပါလိမ့်မယ်...
ကိုယ်လုပ်လက်စအလုပ်ကို ဘက်ထရီရဲ့ ကျန်တဲ့အားလေးနဲ့
ပြီးတဲ့အထိ အသုံးပြုသွားနိုင်ဖို့ လိုတယ်ဆိုရင်တော့
အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို
လုပ်ဆောင်ထားသင့်ပါတယ်... ဒီအချက်တွေဟာ သင့် laptop
battery ကို ကြာကြာသုံးနိုင်ဖို့အတွက် အလွန်ထိရောက်တဲ့
အခြေခံအချက်လေးတွေဖြစ်ပါတယ်...

၁) Screen Brightness ကို လျှော့ချထားပါ
သင်အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး သင့်
Laptop Screen ရဲ့ brightness ကို ချိန်ညှိအသုံးပြုဖို့လိုပါမယ်...
သင့် laptop ဟာ LED screen မဟုတ်ဘူးဆိုရင် back light ကို လျှော့ချလိုက်ခြင်းဟာ အားအကုန်ကို သိသိသာသာ သက်သာစေပါလိမ့်မယ်....

၂) Background program များကို ပိတ်ထားပါ
သင်မသိဘဲနဲ့ Window စနစ်ကနေ နောက်ကွယ်မှာ run နေတဲ့ background program အများကြီးရှိပါတယ်... user အများစုဟာ program တွေကို install လုပ်တဲ့အခါ စက်စဖွင့်တာနဲ့ အလိုအလျောက် run ဖို့ ခွင့်ပြုထားမိလိုက်တာ များပါတယ်.... ဒီလို program တွေကို task manager ကနေတစ်ဆင့် ပိတ်လိုက်ခြင်းဖြင့် သင့် laptop လုပ်နေရတဲ့အလုပ်ကို လျှော့ချပေးနိုင်သလို ဘက်ထရီကိုလည်း ကြာကြာသုံးနိုင်စေမှာဖြစ်ပါတယ်... ဖြစ်နိုင်မယ်ဆိုရင်တော့ သင်တကယ်သုံးမယ့် program တစ်ခုကိုပဲ ဖွင့်ပြီးသုံးဖို့ ကြိုးစားသင့်ပါတယ်...

၃) External Device များကို ဖယ်ရှားပါ
USB flash drive တွေ ဒါမှမဟုတ် external CD drive တွေဟာ သင့် ဘက်ထရီကနေ အားအများကြီးယူသုံးပါတယ်... ဒီ device တွေကို ဖယ်ထုတ်လိုက်ခြင်းအားဖြင့် သင့် laptop ဘက်ထရီကနေ စွမ်းအင်စီးထွက်မှု ကျဆင်းသွားမှာဖြစ်တဲ့အတွက် အချိန်အတော်ကြာအောင် ပိုမိုအသုံးပြုနိုင်ပါလိမ့်မယ်...

၎) CD drive ကို အသုံးမပြုပါနဲ့
Optical Disk drives တွေဟာ အားအတော်စားပါတယ်... ဒီ drive တွေဟာ သူတို့ကိုမသုံးတဲ့အချိန်မှာတောင် အားကို ဖြုန်းပစ်ပါတယ်... ဂိမ်းကစားတာမျိုး CD ထည့်ပြီးသုံးဖို့ရှိမယ်ဆိုရင် virtual drive software တစ်ခုခုကို install လုပ်ထားလိုက်ပါ... ဒါဆိုရင် optical drive ထဲက data တွေကို virtual drive အနေနဲ့ သိမ်းထားပြီးယူသုံးနိုင်ပါပြီ... Optical drive ကို အသုံးပြုတဲ့အချိန်ကို အတတ်နိုင်ဆုံး လျှော့ချခြင်းဟာ သင့်ဘက်ထရီကို ကြာရှည်သုံးစွဲဖို့ အထောက်အကူပြုပါလိမ့်မယ်...

၅) Hard disk ကို Defragment လုပ်ပါ
Defragment ပုံမှန်မလုပ်တဲ့ hard disk ဟာ data တွေအကို အသုံးပြုတဲ့အခါမှာ အလုပ်ပိုလုပ်ရပါတယ်... ဒါကြောင့် သင့် hard disk ကို defragment ပုံမှန်လုပ်ခြင်းအားဖြင့် hard disk ရဲ့ လည်ပတ်လုပ်ဆောင်မှုကို လျှော့ချပေးနိုင်ပါတယ်... hard disk အလုပ်လုပ်တာနည်းလေလေ သင့်ဘက်ထရီကိုလည်း အချိန်ကြာကြာဆွဲသုံးနိုင်လေလေဖြစ်ပါတယ်....

၆) သင့်ဘက်ထရီကို ဂရုစိုက်ပါ
ဘက်ထရီတွေဟာ ပြုပြင်ထိန်းသိမ်းမှု အများကြီးလိုအပ်ပါတယ်.... ရိုးရိုးရှင်းရှင်းသာဖြစ်တဲ့ ဒီနည်းလမ်းလေးတွေကိုလိုက်နာလိုက်ရုံနဲ့ သင့်ဘက်ထရီရဲ့သက်တမ်းကို ပိုရှည်ကြာပါစေလိမ့်မယ်... ပထမဆုံး သင့်ဘက်ထရီကို အချိန်အကြာကြီးအားသွင်းထားတာမျိုး... အားသွင်းရင်း အသုံးပြုတာမျိုးကို ရှောင်ရပါမယ်... ဒီလိုမျိုးတွေလုပ်ဆောင်ခြင်းဟာ ဘက်ထရီအတွက် မကောင်းပါဘူး... ဘက်ထရီကို အားသွင်းမယ် ပြီးမှအသုံးပြုမယ်ဆိုတာမျိုးကသာ သင့်ဘက်ထရီကို ပုံမှန်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်...

၇) Standby အစား Hibernate မှာထားပါ
သင်အလုပ်လုပ်တာက ခဏနားမယ်ဆိုရင် Standby မှာ မထားဘဲ Hibernate မှာထားပါ... Standby mode ဟာ သင့်ဘက်ထရီကို ဆက်သုံးနေမှာဖြစ်ပါတယ်... လူအများစုဟာ ဒီ mode နှစ်ခုရဲ့ ခြားနားချက်ကို ကောင်းကောင်းမသိကြပါဘူး... ဒါကြောင့် အလုပ်ကို ချက်ချင်းပြန်စလို့ရတဲ့ Standby ကိုပဲ သုံးဖြစ်ကြတာများပါတယ်... Standby mode ကို မသုံးခြင်းအားဖြင့် သင့်ဘက်ထရီ သုံးနိုင်မယ့်အချိန်ကို ထပ်ပြီးဆွဲဆန့်ထားနိုင်ပါလိမ့်မယ်...

၈) Graphic ကို လျှော့သုံး
graphic များများတောင်းတဲ့ game တွေကို ကစားတာဟာ အချိန်အနည်းငယ်အတွင်း သင့်ဘက်ထရီကို မြန်မြန်ကုန်စေပါတယ်... ဒါကြောင့် ဂိမ်းကစားတဲ့အခါလည်း အနိမ့်ဆုံး setting တွေနဲ့ ကစားခြင်းဖြင့် သင့် laptop ဘက်ထရီကို ချွေတာနိုင်ပါတယ်...

၉) အသံတိုး
Laptop ရဲ့ speaker နဲ့ သီချင်းခဏခဏဖွင့်နားထောင်တာမျိုးမလုပ်ပါနဲ့.... Headphone ဒါမှမဟုတ် earphone တစ်ခုခုနဲ့ ချိတ်သုံးပါ... ဒီနည်းအားဖြင့် ဘက်ထရီကို ကြာကြာခံစေပါလိမ့်မယ်...

၁၀) မလိုအပ်ဘဲ WiFi နဲ့ Bluetooth မသုံးနဲ့
WiFi တို့ Bluetooth တို့ဟာ ဘက်ထရီက အားတော်တော်ဆွဲသုံးပါတယ်... သင့် laptop ဘက်ထရီကို ကြာကြာခံစေချင်ရင် မသုံးတဲ့အချိန်တိုင်း အဲ့ဒီ features တွေကို ပိတ်ထားဖို့ လိုပါလိမ့်မယ်...

၁၁) အပူလွန်တာကိုရှောင်
ဘက်ထရီတွေဟာ အေးတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးစွမ်းဆောင်ရည် ရှိကြပါတယ်... အပူလွန်ကဲမှုကတော့ ဘက်ထရီသက်တမ်းအပေါ် ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်... အလုပ်များများခိုင်းတဲ့အခါ ဘက်ထရီတွေက ပိုပူလာပါလိမ့်မယ်... ဒါကြောင့် laptop ကို ပန်ကာအောက်မှာ သုံးသင့်ပါတယ်... ဒါ့အပြင် laptop အတွင်းပိုင်းနဲ့ ဘက်ထရီတွေက အပူတွေကို အပြင်ပျံ့နှံ့သွားစေနိုင်တဲ့ cooling pad လေးတွေကိုလည်း သုံးနိုင်ပါတယ်... ဘက်ထရီသက်တမ်းကြာရှည်ဖို့အတွက် မဖြစ်မနေဆောင်ထားရမယ့် ပစ္စည်းတွေထဲမှာ laptop cooling pad လေးတွေလည်း အပါအဝင်ဖြစ်ပါတယ်...

နှိုင်းရင့်နွေ

ပထမဆုံးဇာတ်ကားမှာ အတတ်နိုင်ဆုံးကြိုးစားထားတယ်ဆိုတဲ့ နန်းခင်ဇေယျာ

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

သရုပ်ဆောင်အဖြစ် ပထမဆုံးအကြိမ် ပါဝင်သည့် ဗီဒီယိုဇာတ်ကားတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း အတတ်နိုင်ဆုံး ကြိုးစားသရုပ်ဆောင်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။

““အခက်အခဲက ကားလည်း တစ်ခါမှမရိုက်ဖူးဘူး။ ကင်မရာအယူအဆလည်း မသိဘူး။ ဒီကြားထဲမှာလည်း ကြော်ငြာပဲ ရိုက်ခဲ့တယ်။ ကြော်ငြာမှာကျတော့ သီချင်း Beat လေးအတိုင်း သွားရုံပဲ။ ဇာတ်ကားမှာကျတော့ ဒိုင်ယာလော့ခ်လည်း လိုတယ်။ မုဒ်တွေလည်း လိုတယ်။ ဒီကားမှာပါတဲ့ ကာရိုက်တာကအစ   ချိန်းပစ်လိုက်ရတာဆိုတော့ ကာရိုက်တာလုပ်ရတာ အခက်အခဲဖြစ်တယ်။ တိုင်းရင်းသူဆိုတော့ စကားပြောရတာ အခက်အခဲဖြစ်တယ်”” ဟု နန်းခင်ဇေယျာက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။
နိုဝင်ဘာလ ပထမပတ်တွင် စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးရက် ၁၀ ရက် ကြာခဲ့ကာ အတူပါဝင်သရုပ်ဆောင်သည့် ခန့်စည်သူနှင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်တို့ကလည်း ကူညီပေးကြောင်း ၎င်းက ပြောသည်။
ပထမဆုံးရိုက်ကူးသည့် ဇာတ်ကားဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းကို ရိုက်ကူးရန် အကြံပေးသော်လည်း ၎င်းအနေဖြင့် ““အက်တိုးပစ်အပျိုစင်”” ဇာတ်လမ်းကို ကြိုက်ကာ ပရိသတ်များအတွက် မက်ဆေ့ခ်ျပေးနိုင်သောကြောင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
““ခုခေတ်လူငယ်တွေမှာ ဖြစ်နေကြတဲ့ တားဆေးစားတာတွေ၊ ကိုယ်ဝန်ဖျက်ချတာတွေ အဲဒါတွေအတွက် မက်ဆေ့ခ်ျပေးထားတဲ့ ဇာတ်လေးပါ”” ဟု နန်းခင်ဇေယျာက ပြောသည်။
ထပ်မံ၍ ၎င်းနှင့်လိုက်ဖက်သည့် ဇာတ်ကားများရှိလျှင် ပါဝင်ရိုက်ကူးရန် အစီအစဉ်ရှိပြီး လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့် ကြော်ငြာများ၊ ပြက္ခဒိန်များ ရိုက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

7day Daily

အမျိုးသမီးများ နေ့စဉ် မိနစ် ၃၀ခန့် လမ်းလျှောက် ပေးလျှင် ရင်သားကင်ဆာ ဖြစ်ပွားမှုလျော့နိုင်


အမျိုးသမီးများ နေ့စဉ်လမ်းလျှောက် လေ့ကျင့်မှုပုံမှန်လုပ်ပေးခြင်း၊ ကိုယ်အလေးချိန်မများရန် ထိန်းသိမ်း နေထိုင်ခြင်းကို ပြုလုပ်ပေးခြင်း တို့သည် ရင်သား ကင်ဆာဖြစ်ပွား မှုနှုန်း လျော့ကျစေပါသည်။

အသက် ၁၈ နှစ်အရွယ် အမျိုးသမီးများသည် သာမန်ကိုယ်အလေးချိန်ထက် ၂၁ပေါင်မှ ပေါင်၃၀ အထိမြင့်မားနေ ပါက ရင်သားကင်ဆာ ဖြစ်ပွားနိုင်မှု ၄၀ရာခိုင်နှုန်းရှိတတ်သောကြောင့် သာမန်အလေးချိန်ထက် ငါးပေါင်ခန့်သာပိုမိုမြင့်တက် ရန်ထိန်းသိမ်းနေထိုင် စားသောက်သင့်ပါသည်။ သာမန်အလေးချိန်ထက် ပေါင်၇၀ခန့် ပိုမိုများပြားသူ အမျိုးသမီးများ၏ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုနှုန်းမှာ မြင့်မားတတ်လေ့ရှိရာ နေ့စဉ်မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးသည့်အကျင့်ကို ပုံမှန် ပြုလုပ်ပေးသင့်ပါသည်။ အ၀လွန်သော အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်မှု ၃၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိ ရှိတတ်ပြီး အ၀လွန်မှုနှင့် ကင်ဆာ ဖြစ်ပွားမှု ဆက်စပ်လျက်ရှိပါသည်။ အမျိုးသမီးများ အ၀လွန်မှုသည် ခန္ဓာကိုယ်အတွင်း အီစတိုဂျင် အနေအထားကိုမြင့်တက်စေကြောင်း၊ အီစတိုဂျင်သည် ရင်သားကင်ဆာဖြစ်ပွားမှုကို တွန်းအားပေးပါသည်။

ထို့ကြောင့် ကျန်းမာစွာ နေထိုင်ခြင်း၊ စားသောက်ခြင်းတို့က ရင်သား ကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးပြီး အမျိုးသမီးများသည် တစ်နေ့လျှင် မိနစ်၃၀ခန့် လမ်းလျှောက် ပေးပါက ရင်သား ကင်ဆာ ဖြစ်ပွားမှုနှုန်းကို ၂၀ရာခိုင်နှုန်း လျော့ကျနိုင်ပါသည်။ ထိုသို့နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း အဖြစ် လမ်းလျှောက်ခြင်းမှာ အိမ်မှု ကိစ္စနှင့် လုပ်ငန်းခွင်တွင် လုပ်ကိုင်ခြင်းတို့ မပါဝင်ပါ။ သီးခြား လုပ်ဆောင်ရမည် ဖြစ်ပါသည်။

မြ၀တီ

စွမ်းအင် ပြည့်ဝအာဟာရ ဖြစ်စေမည့် အစားအစာများ


(၁) ဘလက်ကော်ဖီ သောက်ပါ

ဘလက်ကော်ဖီဟာ ကယ်လိုရီမပါ ဝင်တဲ့  ကဖင်းဖြစ် တာကြောင့် အဆီကျ စေတဲ့အပြင် တစ်နေ့တာလုံးလန်းဆန်း စေပါတယ်။ ဒီအတိုင်းသောက်ရတာကို မနှစ်သက်ရင်တော့ ခရင်မ်တစ်မျိုးမျိုး ဒါမှမဟုတ် သကြားထည့်သောက်လို့ ရ ပါတယ်။

(၂) နံနက်စာကို ကြက်ဥဘဲ စားပါ

မနက်စာကို ပေါင်မုန့်တွေ၊ ကွေကာ အုတ်တွေ စားတာအပြင် တစ်နေ့တာလုံး စွမ်းအင်ပေးနိုင်တဲ့ ဥ အမျိုးမျိုးကိုလည်း စားရပါမယ်။ ကြက်ဥ ဒါမှမဟုတ် ဘဲဥ တစ်လုံးဟာ ကယ်လိုရီ ၇ဝ ယူနစ်နဲ့ အသားဓာတ် ၆ ဂရမ်ပါဝင်ပါတယ်။ ကြက်ဥ၊ ဘဲဥတွေဟာ ပုံစံမျိုးစုံလုပ်စားလို့ ရတဲ့အတွက် မငြီးမငွေ့စားနိုင်တဲ့ အစာ လည်းဖြစ်ပါတယ်။

(၃) ကျန်းမာရေးနှင့် ညီညွတ်သည့် အစာပြေစားပါ

အာလူးချောင်းကြော်တွေ၊ ဆီ ကြော်တွေ၊ အချိုများတဲ့မုန့်တွေကို အ ဆာပြေစာအဖြစ် စားမယ့်အစား သစ် သီး၊ ဟင်းသီးဟင်းရွက်၊ အခွံမာအစေ့အ ဆန်တွေနဲ့ ကစီဓာတ်ကြွယ်ဝတဲ့ သစ်ဥ သစ်ဖုတွေကို စားသင့်ပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ရန် မမေ့ပါနှင့်

 ကြွက်သားသန်မာချင်တာ၊ ကိုယ်အ လေးချိန်ကျချင်တာနဲ့ ကျန်းကျန်းမာမာ နေချင်ရင်တော့ လေကျင့်ခန်းလုပ်တာ ဟာ အကောင်းဆုံးပါပဲ။ အပြင်းအထန် မဟုတ်ရင်တောင် တစ်နေ့ကို မိနစ်နှစ် ဆယ်လောက် အချိန်ပေးပြီး လေ့ကျင့် ခန်းလုပ်ပေးတာဟာ ထူးခြားတဲ့အကျိုး ကျေးဇူးကိုရရှိစေမှာပါ။

(၅) အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝတဲ့အခါ ကိုယ်ခန္ဓာရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါ စိတ်ပါဝင်စားမှုနည်းပြီး လန်းဆန်မှုမရှိ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ် ရေးဝပြီး တတ်ကြွလန်းဆန်းအောင် မျှ တတဲ့အိပ်ချိန်ပေးသင့်ပါတယ်။

(၆) လက်ဖက်စိမ်းရည် သောက်ပါ

လက်ဖက်စိမ်းရည်ဟာ နှစ်ပေါင်း များစွာကတည်းက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အလေးချိန်ကျစေတဲ့နေရာ မှာ လူသိများပါတယ်။ အရိုးတွေကို အကျိုးပြုတဲ့အပြင် ဇီဝရုပ်ဖြစ်ပျက်မှုကို လည်းအားပေးပါတယ်။ အစာစားချင်စိတ် ကိုလည်း လျော့နည်းစေတာကြောင့် နေ့ တိုင်း ပုံမှန်တစ်ခွက် သောက်သင့်ပါတယ်။

(၇) လက်ဆတ်သော ဟင်းသီးဟင်းရွက် စားပါ

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ ဟာ တစ်နေ့ကို အနည်းဆုံး သုံးကြိမ်စား သင့်တဲ့ အစာတွေဖြစ်တယ်လို့ ကျွမ်းကျင် သူတွေက ဆိုပါတယ်။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကနေ လိုအပ်တဲ့အာဟာရ ပြည့်ပြည့်ဝဝ ရ နိုင်သလို အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးတိုးနဲ့ ကင်ဆာရောဂါအမျိုး မျိုးကနေလည်း ကာကွယ်ပေးပါတယ်။

(၈) ကယ်လိုများသော ဖျော်ရည်များ ရှောင်ပါ

အချိုရည်တွေ၊ အရက်နဲ့အခြား သောက်စရာတွေကို သောက်တော့မယ် ဆိုရင် ကယ်လိုရီပါဝင်မှုနည်းတဲ့ အမျိုး အစားကို ရွေးချယ်သင့်ပါတယ်။ ဆော်ဒါ သောက်သုံးတာက အာဟာရဓာတ် ပြည့်ဝစွာရရှိမှုကို တားဆီးတဲ့အပြင် ကို ကာကိုလာ ဆယ့်နှစ်အောင်စပါဝင် ဘူး တစ်ဘူးဟာလည်းကယ်လိုရီ ၁၄ဝ ယူနစ် ရှိတာကြောင့် ဒါတွေကို သောက်တော့ မယ်ဆိုရင် သတိထားဖို့တော့ လိုပါတယ်။

(၉) စားသည့် အနပ်တိုင်း အသားဓာတ် ပါဝင်ပါစေ

အသားဓာတ်( ပရိုတင်းဓာတ်) ဟာ နေ့စဉ် လိုအပ်တဲ့ အစာအာဟာရ ဖြစ်တာ ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးပြီး စွမ်းအင်ရရှိစေပါတယ်။ အသားဓာတ် ဟာ ဗိုက်ပြည့်တင်းနေစေတဲ့အပြင် ကိုယ် လက်လုပ်ရှားမှုအတွက် အရေးပါတာ ကြောင့် စားတဲ့ထမင်းအနပ်တိုင်းမှာ အသားတစ်မျိုးမျိုးတော့ ပါဝင်သင့်ပါတယ်။

အိဖြူ (ဆေးဝါးတက္ကသိုလ်)

By Good Health

တာမွေဈေးမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ


ရန်ကုန်၊ နိုဝင်ဘာ ၂၇

၂၆.၁၁.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း
အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း မင်းဦး (ဘ)ဦးအုန်းဟန်၊ သဇင်လမ်း၊ (၉)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်နေသူ မောင်းနှင်လာသော CC/-----ပရိုဘောက်(ငွေမင်ရောင်)ယာဉ်သည် တာမွေဈေးမှတ် တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ အမည်မသိနေရပ်လိပ်စာ(စုံစမ်းဆဲ)၊ အသက် (၆၀)နှစ်ခန့်(ဗမာ) အမျိုးသားတစ်ဦးအား တိုက်မိသဖြင့် ယာဂျိုစောင်းစုတ်ပြဲ၊ နဖူးယာဘက်ပွန်း၊ ယာပါးပွန်း၊ ယာမျက်လုံးဖူးယောင်၊ ယာခြေခုံပွန်း(သတိမရ)ဒဏ်ရများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ယာဉ်မဆင်မခြင်
မောင်းနှင်သူ မင်းဦးအား တာမွေမြို့မရဲစခန်းယာဉ် (ပ)၅၄/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်သူ တရားခံအားဖမ်းမိ


ကျောက်တံခါး နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုရဲစခန်း အပိုင်တွင် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က ဂျို့ချောင်းလေး ကျေးရွာအုပ်စု ဂျို့ချောင်းလေးကျေးရွာ ဘိုင်းဒါးချောင်းအနီး သဖန်းဆိပ် လယ်ထဲတွင် ဝင်းဆန်း (၃၁ နှစ်) နှင့် လှမြင့်(ခ) ပေါက်ကြီး (၅၀ နှစ်) အုတ်ဖိုကျေးရွာ ဝိုင်းကြီးအုပ်စုနေသူတို့ စကားများ ရန်ဖြစ်...ကြပြီး လှမြင့်(ခ) ပေါက်ကြီးက ဝင်းဆန်းအား ကိုင်းခုတ်ဓားဖြင့် လည်ပင်းကို ခုတ်လိုက်ရာ နေရာတွင် ပွဲချင်းပြီး သေဆုံး ခဲ့သဖြင့် လှမြင့်(ခ) ပေါက်ကြီးသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ထွက်ပြေး တိမ်းရှောင်သူ လှမြင့်(ခ) ပေါက်ကြီးအား အမြန်ဆုံးဖမ်းဆီး ရမိရေး အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းညွန့်၏ စီစဉ်ညွှန်ကြားမှုဖြင့် ဖဒိုရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ကျော်ဦး၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဇေယျာထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီက ကျောက်ကြီးမြို့နယ် မုန်းမြို့အနီး လယ်ထဲတွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

မျက်ခွံမို့ခြင်းနှင့် မျက်ကွင်းညိုခြင်းအတွက် သဘာဝကုထုံးများ


၁) လိပ်ခေါင်းလိမ်းဆေး
မော်ဒယ်များနှင့်ကပြဖျော်ဖြေသူများသည် မျက်ရစ်ဖောင်းခြင်း၊ မျက်ရစ်တွဲကျခြင်းများအတွက် လိပ်ခေါင်းလိမ်းဆေးကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ ထိုဆေးသည် ဖောင်းအိတွဲကျနေသည့် မျက်ရစ်၊မျက်ခွံများတင်းရင်းစေပြီး အရေးအကြောင်းများကိုပါ လျော့ကျစေသည်။ လိမ်းဆေး၏အနံ့ပြင်းလွန်းပါက moisturizer ကရင်မ်နှင့်အနည်းငယ်ရောစပ်ပြီး အသုံးပြုပါ။
(၂) လက်ဖက်ရည်ထုပ်
လက်ဖက်ရည်တွင် tannin ဓါတ်များပါဝင်ပြီး ရေဆွဲယူနိုင်သည့် အာနိသင်ရှိရာ အချိန်များများစား စားပေး၍ အလှပြင်ချိန်မရသူ မော်ဒယ်များ၊ သရုပ်ဆောင်များအသုံးပြုလေ့ရှိကြသည်။ စက္ကူပတ်နှင့်လာသော လက်ဖက်ရည်ထုပ်နှစ်ထုပ်ကို ရေနွေးပူထဲနှစ်၍ စိုစွတ်စေပြီး ရေခဲ သေတ္တာထဲချက်ချင်းထည့်၍ အအေးခံပါ။ ထို့နောက်မျက်လုံးတစ်ဖက်စီပေါ် လက်ဖက်ရည်ထုပ်တစ်ခုစီ တင်ပြီး ငါးမိနစ်ခန့်ထားပါ။
(၃) ထောပတ်သီး
ပင်ပန်းမှုကြောင့် မျက်ကွင်းညို ခြင်းဖြစ်ပေါ်သည့်အခါ ဂရုတစိုက်မပြုပြင်လျှင် အချို့ပုဂ္ဂိုလ်များ၌ နှစ်ပေါင်းများစွာတိုင် မျက်ကွင်းညိုနေ တတ်သည်။ ထောပတ်သီးမှည့်ကို ခပ်ပါးပါးလှီးပြီး မျက်ကွင်းညိုနေသည့်နေရာများ၌ ကပ်ထားပေးပါ။
(၄) ဇွန်း
သတ္တုဇွန်းနှစ်ဇွန်းကို ရေအေး အေးထဲထည့်၍ မိနစ်အနည်းငယ်ခန့် စိမ်ထားပါ။ ထို့နောက်လဲလျောင်း၍ ဇွန်း၏ခုံးနေသောအပိုင်းကို မျက်ခွံ ပေါ် စက္ကန့် (၃၀) မှ စက္ကန့် (၆၀)အထိ တင်ထားပါ။ သတ္တု၏အအေး ဓါတ်သည် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို လန်းဆန်းစေနိုင် သည်။
(၅) သခွားသီး
မျက်လုံးတစ်ခုလုံးနီရဲမို့မောက်နေပါက သခွားသီးတစ်စိတ်စီကို မျက်လုံးပေါ်၌ မိနစ် (၃၀) ကြာတင် ပေးပါ။ သခွားသီး၏ အအေးဓါတ်နှင့် ရေဓါတ်ကြောင့်နီရဲနေသော မျက်လုံး များဖြူဝင်းလာစေသည်။

ဇော်ကို
Ref:RD
Health Updates Journal No. 93

အိပ်မပျော်စေရန် အနှောင့်အယှက်ပေးသည့် ရောဂါများ


စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် စိတ်ဖိစီးခြင်း
စိတ်ဖိစီးခြင်း၊ လုပ်ငန်းခွင်၊ မိသားစု၊ ကျောင်းပညာရေးအတွက် ပူပန်ခြင်းစသည်တို့သည် စိတ်တည် ငြိမ်မှုကို အနှောင့်အယှက် ဖြစ်စေသည်။ စိုးရိမ်စိတ်လွန်ကဲခြင်းသည်လည်း အိပ်မပျော်စေရန် အနှောင့်အယှက်ပေးနိုင်ပြီး ရံဖန်ရံခါ နာတာရှည်အိပ်မပျော်ရောဂါ (chronic insomnia)  ကိုပင်ဖြစ်စေသည်။

စိတ်ကျခြင်း
စိတ်ကျဝေဒနာသည်အိပ်ခြင်း အပေါ်ဝေဒနာနှစ်ခု သက်ရောက်နိုင်သည်။ တစ်ခါတရံအလွန်အမင်း အိပ်ငိုက်စေပြီးတစ်ခါတရံ အိပ်မပျော်ဘဲဖြစ်စေသည်။ ဦးနှောက်တွင်း ဓါတုပစ္စည်းမညီမျှခြင်းကြောင့် ဖြစ်စေ၊ စိတ်ပူပန်မှုများခြင်းကြောင့် ဖြစ်စေ အိပ်ငိုက်စေသလို အိပ်မပျော်ခြင်းကိုလည်း ဖြစ်စေတတ်သည်။
နာတာရှည်နာကျင်ကိုက်ခဲဝေဒနာ
သွေးလေးဘက်နာရောဂါ၊ အဆစ်ရောင်ရောဂါ၊ ကြွက်သားနာကျင်ကိုက်ခဲဝေဒနာနှင့် အခြားနာတာရှည်နာကျင် ကိုက်ခဲဝေဒနာများသည် အိပ်ရာဝင်ချိန်တွင် ပိုမိုဒုက္ခပေးတတ်ပြီး အိပ်မပျော်စေရန် နှောင့်ယှက်တတ်သည်။ ဘယ်ညာလူးလွန်.ရုံ၊ ကွေးဆန့်ရုံမျှဖြင့် နာကျင်လာတတ်သည်။

ရင်ကျပ်ရောဂါ
ရင်ကျပ်ရောဂါသည် ညဘက်ရောက်မှပိုဆိုးတတ်ပြီး အသက်ရှူစဉ် တရွှီးရွှီးမြည်ကာ ချောင်းများပင် ဆိုးတတ်သည်။

နှလုံးရောဂါ
နှလုံးမှသွေးများ ထိထိရောက်ရောက်မညှစ်နိုင်ဘဲ နှလုံးလုပ်ငန်းများ ကျဆင်းသည့်ရောဂါတွင် ရောဂါရှိသူတစ်ဦး လှဲလျောင်းလိုက်သည်နှင့် အဆုတ်တွင်သွေးများ အိုင်လာတတ်သည်။ ခေါင်းနှင့် ကိုယ်ကိုကြမ်းပြင်မှ ၄၅ဒီဂရီခန့် တစ်စောင်းလှဲခြင်းဖြင့် အမောဖောက်ပြီး အိပ်မပျော်ခြင်းမှကာ ကွယ်နိုင်သည်။

သိုင်းရွိုက်လုပ်ငန်းလွန်ကဲခြင်း
သိုင်းရွိုက်အကျိတ်၏ လုပ်ငန်းများလွန်ကဲပြီး သိုင်းရွိုက်ဟော်မုန်းပမာဏများပြားလာသည့်အခါ ညဘက်ချွေးထွက်လွန်ခြင်း၊ စိတ်ပူ ပန်မှုလွန်ကဲခြင်းကြောင့် အိပ်မပျော် ဘဲ ဖြစ်တတ်သည်။

သီဟ
Ref:Health Central
Health Updates Journal No. 93

သွေးတိုးရောဂါအား ကုသရာတွင် တရားဝင်လက်ခံထားသည့်ကုသနည်းသစ်


သိပံ္ပပညာရှင်များက သွေးတိုးရောဂါအား ကုသသည့်နည်းသစ် တစ်မျိုးအား တီထွင်ခဲ့ပြီး ယင်းနည်းသစ်မှာ သွေးတိုးရောဂါအား ကုသနိုင်ရုံမက သွေးတိုးရောဂါရှင်  သန်းပေါင်းများစွာ၏ ဘ၀နေထိုင်မှု အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်လေသည်။

သုံးနှစ်ကြာစမ်း သပ်ကုသမှုများ လုပ်ဆောင်ပြီးနောက် Monash University  မှ ဦးဆောင်လေ့လာခဲ့သည်။ ယင်းကုသနည်းအား သွေးတိုးရောဂါကုသရာတွင် တရားဝင်သုံးနိုင်မည့်ကုသနည်းအဖြစ် အသိအမှတ်ပြုခဲ့လေသည်။ ယင်းကုသနည်းသစ်အား Percutaneous renal sympathetic clernervation  ဟုခေါ်ပြီး အဓိပ္ပာယ်မှာ ကျောက်ကပ်တစ်ဝိုက်မှာ သွေးပေါင်ချိန်မြင့်တက်စေရန် ဦးနှောက်သို့ အချက်ပြမှုများပို့ဆောင်ပေးသည့် အာရုံကြောများအား  ဖျက်ဆီးပစ် သည့်နည်းပညာဟု အဓိပ္ပာယ်ရ သည်။

ယင်းနည်းအား ထုံဆေးဖြင့်သာလုပ်ဆောင်ရန်လိုအပ်ပြီး ဆီးပြန် (Catheter ) မှတစ်ဆင့် ရေဒီယို စွမ်းအင်ကြိမ်နှုန်းများအား လိုအပ်သောအာရုံကြောသို့ရောက်ရန်  ပို့ ဆောင်ပေးလေသည်။

ရလဒ်အားဖြင့် ကျောက်ကပ်သွေးကြောအား  ၀န်းရံထားသောအာရုံကြောများ ငြိမ် သက်သွားပြီး သွေးတိုးမှုကို သက်သာသွားစေလေသည်။

WHO   မှ ရလဒ်များအရ အသက် ၂၅နှစ် အထက် လူများ၏ ၄၀%ခန့်မှာ သွေးတိုးဖြစ်ပွားနေပြီး တစ်နှစ်လျှင် လူဦးရေ ၇.၅သန်းခန့် သွေးတိုး ရောဂါကြောင့် သေဆုံးလျက်ရှိကြောင်း သိရသည်။

ဖိုးသောကြာ
ref:Netdoctor.co.uk
Health Updates Journal No. 93

သမ္မတ ဦးသိန်းစိန်ရဲ့ အမျိုးသားနေ့ သဝဏ်လွှာ


ဒီကနေ့ ကျရောက်တဲ့ ၉၃ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ မှာ သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ တစောင် ပေးပို့ပါတယ်။

သဝဏ်လွှာ အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား-

၁၃၇၅ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်(၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင်) ကျရောက်သော
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ (၉၃)နှစ်မြောက် အမျိုးသားနေ့ အခါ သမယတွင် မြန်မာပြည်သူပြည် သား အပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး စည်းလုံး ညီညွတ်စွာဖြင့် ယနေ့ နိုင်ငံတော်က ဖော်
ဆောင် လျက်ရှိ သည့် ဒီမိုကရေစီ၏အနှစ်သာရကို အပြည့် အဝ ရရှိခံစားနိုင်ကြပါစေကြောင်း ဆုမွန်
ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။

မြန်မာနိုင်ငံသည် ၁၉ ရာစု နှောင်ပိုင်းတွင် ကိုလိုနီနယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပြီး နယ်ချဲ့တို့က ကိုလိုနီ အုပ်ချုပ်ရေး ယန္တရားနှင့် လိုက်လျော ညီထွေဖြစ်မည့် မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို ဖန်တီး စီမံခဲ့ကြသည်။

၁၉၂၀ ဒီဇင်ဘာလ (၁၂၈၂ ခု တန်ဆောင်မုန်းလ)တွင် ရန်ကုန် တက္ကသိုလ် အက်ဥပဒေသစ် ကို မြန်မာ
ပြည်သူပြည်သားများ၏ အလိုနှင့် ဆန့်ကျင်ပြီး နယ်ချဲ့အစိုးရ အတင်း အကျပ် ပြဋ္ဌာန်းခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ခြင်းကို ၁၉၂၀ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ (၁၂၈၂ခု တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင်ဆန့်ကျင် ကန့်ကွတ်ခဲ့ရာ ထိုနေ့ကို ဂုဏ်ပြုသော အားဖြင့် အမျိုးသား အောင်ပွဲနေ့ဟု သတ်မှတ်ခဲ့ သည်။

ယနေ့သည် အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး အမျိုးဂုဏ် ၊ ဇာတိဂုဏ်၊ မြင့်မား စေရန အတွက် အမျိုးသား ပညာရေး လှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့သည့် (၉၃)နှစ်မြောက် အမျိုးသားနေ့ ဖြစ်သည်။


နိုင်ငံသားတိုင်းသည် မျိုးချစ်စိတ်ဓာတ်မြင့်မားရေးနှင့် ပြည်ထောင်စု စိတ်ဓာတ် ခိုင်မြဲရေး အတွက် ခိုင်မာ သည့် ပညာရေးအခြေခံကောင်းများ ရရှိရန် လိုအပ်သည်။

ရင့်ကျက်ခိုင်မာသည့် အမျိုးသားစိတ်ဓာတ်ဖြင့် အမျိုးသားရေးကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ သည် ကို မြန်မာ့သမိုင်း ခေတ်အဆက်ဆက်တွင် သာဓကများ ရှိခဲ့ပြီးဖြစ်သည်။

မျက်မှောက်ခေတ် ဖြစ်သည့် အိုင်တီ ခေတ်တွင် ပြည်ပနိုင်ငံများမှ ထိုးဖောက်ဝင်ရောက်လာသည့် ယဉ်ကျေးမှုနှင့် အတွေး အခေါ်များ ကို ဝေဖန် သုံးသပ်ပြီး အမျိုးသားရေး စရိုက်လက္ခာဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းနိုင်ရေးသည် ခိုင်မာသည့် အမျိုးသား စိတ်ဓာတ်နှင့် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်များရှိရန် လိုအပ်ပေသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရေး အတွက် သိသာထင်ရှားသော နိုင်ငံ
ရေး၊ စီး ပွားရေး၊ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှု အခြေခံအုတ်မြစ်များကိုချမှတ်နိုင်ခဲ့ပြီး ပြုပြင် ပြောင်းလဲ မှုများ ကို အစွမ်းရှိသမျှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် လျက်ရှိ ပေသည်။

ထိုပြုပြင်ပြောင်းလဲမှုများတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများသည် အဓိကအခန်းကဏ္ဍ မှ ပါဝင်လျက်ရှိပေ သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေး ဖွံ့ဖြိုး တိုးတက်မှု အပေါ် လုံးဝအမှီသဟဲပြုလျက်ရှိရာ ပညာရေး ဖွံ့ဖြိုးမှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စီမံ ဆောင်ရွက် လျက်ရှိပေသည်။

နိုင်ငံတော်၏ အမျိုးသား ပညာရည်မြင့်မားရေး အတွက် လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပ ခဲ့ပါသည်။

ထိုဆွေးနွေးပွဲ ရလဒ်တစ်ခု အနေဖြင့် ပညာရေးမြှင့်တင်မှု အကောင်အ ထည်ဖော်ရေး ကော်မတီ၊ အထူး လုပ်ငန်း အဖွဲ့၊ အကြံပေးအဖွဲ့တို့ကိုဖွဲ့စည်းခဲ့ပြီး လုပ်ငန်းအဖွဲ့ ၁၈ ဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါသည်။

ထိုအဖွဲ့များသည် အမျိုးသား ပညာရေး မူဝါဒကို ညှိနှိုင်းရေးဆွဲ ကာ မိဘပြည်သူများ၊ ပညာရှင်များ၊ ပညာရေးနှင့် ပတ်သက်သူများ၊ မီဒီယာများ အားရှင်းလင်း တင်ပြကာ အကြံဉာဏ်များကို ကျယ်ကျယ်ပြန်
ပြန့် ရ ယူစုစည်းပြီး ချက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ခွဲခြား၍ လုပ်ငန်းစီမံချက်များ ရေးဆွဲ ဆောင်ရွက် လျက်ရှိပါသည်။

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အဓိက အရေးကြီးဆုံး အချက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ဖြစ်ပေသည်။ နိုင်ငံတော်အတွင်း လက်နက်ကိုင် တိုင်းရင်း သားများနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက် လျက်ရှိရာ အောင်မြင် မှုများ ရရှိနေပြီဖြစ်ပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်းလုံး နီးပါး လက်နက်ကိုင် ပဋိပက္ခများ တစ်စတစ်စချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး အသီးအပွင့်များကို ရရှိခံစားနေကြရပြီ ဖြစ်ပေသည်။

ယနေ့မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်နိုင်ရန် အတွက် ဒီမိုကရေစီ စနစ်ကို ခိုင်မာသည့် ရည်မှန်းချက်ဖြင့်ဖော်ဆောင်လျက်ရှိပေသည်။

ဒီမိုကရေစီစနစ်ကို စတင် ဖော်ဆောင်ရာ တွင်နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများမှစတင်ကာ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးတို့ကို ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာ့ နိုင်ငံရေးကို အသွင် ကူးပြောင်းရာတွင် ဗဟိုဦးစီးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်း လျက်ရှိသည်။ ပြည်သူ့အသံကို ပြည်သူ့ရေးရာ၊ စီမံခန့်ခွဲမှု ရေးရာများတွင် ကြားသိ ပါဝင်ဆောင်ရွက်ခွင့် ရရန်အတွက် ကနဦး ဆောင်ရွက်ရမည့် အဆင့်များကို ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်သည်။

နိုင်ငံတော်သမ္မတ၊ ပြည်သူတို့ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည့် လွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်တို့သည် အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေးနှင့် တရားစီရင်ရေးဖြစ်သည့် အဓိကမဏ္ဍိုင်ကြီး(၃)ရပ်ကို လက်ကိုင် ပြုလျက် ပြည်သူများနှင့် အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဆီသို့ တက်ညီ လက်ညီ ချီတက်ကြ မည်ဖြစ်သည်။

သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် ယနေ့ကျရောက်သည့် (၉၃)နှစ်မြောက် အမျိုး သားနေ့၏ ဦးတည်ချက်များဖြစ်သည့်
(၁) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊
(၂) အမျိုးသား ပညာရည်မြင့်မားရေး၊
(၃) နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး၊ (၄) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး တို့ကို အမျိုးသား စည်းလုံး ညီညွတ် အင်အားဖြင့် ကြိုးပမ်းဆောင် ရွက်သွားကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။ ။

ဧရာဝတီ Myanmar News