ရန်ကုန်မြို့လယ် ကောင်တွင် ငွေကျပ် ၁ဝ သိန်း လုယက်မှု ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်၌ ယမန်နေ့ ညနေပိုင်းက လိုင်စင်ရ အပေါင်ဆိုင် တစ်ဆိုင်တွင် ငွေကျပ် ၁ဝ သိန်း လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်ပွားပုံမှာ ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီခန့်က မမေသန္တာစုသည် ပန်းဘဲတန်း မြို့နယ် (၂) ရပ်ကွက်ရှိ ဝှာရှင် အပေါင်ဆိုင်တွင် မမျိုးသန္တာ၊ မချောကေသီတို့နှင့် အတူ ရှိနေစဉ် အသက် ၄ဝ နှစ်ခန့် ရှိ အမျိုးသား နှစ်ဦးရောက် ရှိလာကာ ရွှေထည်ပေါင် လိုကြောင်းပြောပြီး ရွှေဟန်းချိန်းနှင့် ဆွဲကြိုးတို့ကို ပေးသဖြင့် မှတ်ကျောက် တိုက်ကြည့်ရာ ရွှေအစစ်များ ဖြစ်ကြောင်း တွေ့ ရ၍ ငွေကျပ် ၁၃ သိန်းနှင့် အပေါင်ခံရန် သဘောတူ ခဲ့ကြပြီး ဆွဲကြိုးကို ယူ၍ ငွေကျပ် ၁၃ သိန်းကို ပေးအပ်ခဲ့ရာ ၄င်းတို့က ကောင်တာပေါ်တွင် ငွေများ ရေတွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရေတွက်နေစဉ် အမျိုးသား တစ်ဦး၏ လက်ကိုင်ဖုန်း မြည်လာပြီး ငွေကျပ် ၁၅ သိန်းရမှ ပေါင်မည်ဖြစ် ကြောင်း ပြန်လည် ပြောဆိုပြီး ရွှေဟန်းချိန်နှင့် ဆွဲကြိုးတို့ကို ပြန်တောင်းသဖြင့် ပေး လိုက်ပြီးနောက် ထိုလူများက အားနာ၍ ငွေကျပ် ၁၃ သိန်းဖြင့်သာ ပေါင်တော့မည် ဖြစ်ကြောင်း ပြောဆို၍ ရွှေဟန်းချိန်းနှင့် ဆွဲကြိုးကို ပေးအပ် ခဲ့သောကြောင့် ထပ်မံချိန်တွယ် ကြည့်ရာ အလေးချိန်နှင့် ပုံစံတူသော်လည်း မှတ်ကျောက် တိုက်ကြည့်သည့် အခါတွင် အတုများ ဖြစ်နေကြောင်း တွေ့ရှိချိန်တွင် ၄င်းတို့နှစ်ဦးသည် ကောင်တာပေါ်ရှိ ငွေကျပ် ၁၃ သိန်း အနက် ငွေကျပ် ၁ဝ သိန်းကို လုယူထွက်ပြေး သွားသဖြင့် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းပြီး လိုက်လံ ဖမ်းဆီးခဲ့ရာ အဆိုပါ အမျိုးသား နှစ်ဦးအနက် တစ်ဦးကို ရန်ကုန်ဆေး ရုံကြီး ရှေ့တွင် ပြည်သူ များက ဝိုင်းဝန်း ဖမ်းဆီးပေးသဖြင့် ရမိခဲ့သည်။ ဖမ်းဆီး ရမိခဲ့သူမှာ အောင်ဇော်မြင့် ၃၈ နှစ် (ဘ)ဦးဌေးအောင် ဒဂုံမြို့ သစ် (အရှေ့ပိုင်း) မြို့နယ်နေသူဖြစ်ပြီး ထွက်ပြေး လွတ်မြောက်သွား သူမှာ အောင်သူ (စုံစမ်းဆဲ) ၇/အရှေ့ ရပ်ကွက် သာကေတ မြို့နယ် နေသူတို့ ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။ ထိုသို့လုယက်မှု ကျူးလွန်ခဲ့သူ အောင်ဇော်မြင့်နှင့် အောင်သူတို့ နှစ်ဦးကို ပန်းဘဲ တန်း မြို့မ ရဲစခန်းက(ပ) ၂ဝ၂/ ၂ဝ၁၃၊ ပုဒ်မ ၃၉၂ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိပြီး ထွက်ပြေးလျက် ရှိသော တရားခံ အောင်သူကို ဖမ်းဆီးနိုင်ရန်နှင့် လုယူ သွားသော ငွေကျပ် ၁ဝ သိန်း ပြန်လည် သိမ်းဆည်းနိုင်ရန် တိုင်း/ခရိုင် အထူး တပ်ဖွဲ့ဝင်များက အပူတပြင်း စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ကံထူး
မြ၀တီ

ရာဇာမင်း ခရီးသည်တင်ယာဉ်အား မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါသုံးဦးကို ဖမ်းမိ

ရာဇာမင်း ခရီးသည်တင်ယာဉ်အား မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါသုံးဦးကို အခင်းဖြစ်ပွားပြီး တစ်လကျော် အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သို့သော် ယင်းဖြစ်စဉ်အတွက် ဖမ်းဆီးရန် နှစ်ဦးကျန်ရှိ နေသေးသည့်အပြင် ဓားပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ငွေထည်၊ ရွှေထည် စုစုပေါင်းတန်ဖိုး ကျပ် ၄၄၈၇၀၀၀ အား သိမ်းဆည်းနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့ ဇွန် ၈ ရက် ညပိုင်းတွင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသော ခရီးသည်များအနက် ခရီးသည်ငါးဦးမှ မျက်နှာဖုံးစွပ် သေနတ်ကိုင် ဓားပြတိုက်ခဲ့သည့်အပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်များအရ သိရသည်။
ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးချိန်အတွင်း အခင်းဖြစ်ပြီး တစ်ရက်အကြာတွင် သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာ အနီးရှိ ရာဘာခြံ လုပ်သားများအား အမည်မသိ လူလေးဦးမှ ခေါ်ယူ၍ လမ်းပြခိုင်းခဲ့ကြောင်း၊ အမည်မသိ လူလေးဦးအနက်မှ ၀င်းဗိုလ်ဆိုသူ ပါဝင်ခဲ့ပြီး ဖားပိုင်ကုန်းကျေးရွာသို့ သွားသည့်လမ်းအတိုင်း လမ်းပြပေးခဲ့ကြောင်း ရဲစစ်ချက်အရ သိရသည်။
ယင်းနောက် စစ်ဆေးရေးအဖွဲ့သည် ၀င်းဗိုလ်၏ ဓာတ်ပုံအား ဆက်စပ်နယ်မြေ ရဲစခန်းများသို့ ပေးပို့ခြင်း၊ အခင်းဖြစ်စဉ်က ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအား ဓာတ်ပုံပြသခြင်း၊ ၀င်းဗိုလ်နေထိုင် သွားလာတတ်သော နေရာများသို့ စုံစမ်းဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၇ ရက်တွင် ၀င်းဗိုလ်မှ ဖုန်းနံပါတ် ၀၈၈၁၄၆၂၅၃၃ မှ သထုံမြို့နယ် စခန်းကြီးကျေးရွာနေ ဒေါ်ရွှေဇင်ရွှေဆိုင်ရှိ အငှားဖုန်းမှတစ်ဆင့် ၎င်းရွာနေ ဒေါ်ခင်အုန်းမြင့်ထံ ဖုန်းဆက်ခဲ့ကြောင်း သတင်းရရှိခဲ့၍ ယင်းဖုန်းနံပါတ်ကို စုံစမ်းရာမှတစ်ဆင့် ၀င်းဗိုလ်မှာ မြ၀တီမြို့နယ်၊ ထိကော်ထောကျေးရွာ အနီးရှိ ၈၁၇ ကျေးရွာတွင် ရှိနေကြောင်း သိခဲ့ရသည်။
ထို့နောက် မြ၀တီခရိုင် ရဲတပ်ဖွဲ့နှင့် နယ်မြေခံ တပ်သားများ၊ နယ်ခြားစောင့်တပ်များမှ ဇူလိုင် ၈ ရက်တွင် ၀င်းဗိုလ်အား ၀ိုင်းဝန်းဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်အား ဖမ်းဆီးခဲ့ပြီးနောက် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ထို့နောက်ဝင်းဗိုလ်အား စစ်ဆေးရာတွင် ၎င်းကိုယ်တိုင် ဓားပြတိုက်မှုဖြစ်စဉ်တွင် ခေါင်းဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရပြီး ဆက်စပ်ပါဝင်သူ ဇော်ဂိတ်၊ အောင်ထူး၊ မောင်ငယ်တို့အား ဇူလိုင် ၁၃ ရက်တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဓားပြတိုက်မှု ဖြစ်စဉ်အား ခေါင်းဆောင်ခဲ့သည့် ၀င်းဗိုလ်ဆိုသူမှာ အလုပ်အကိုင် အတည်တကျ မရှိဘဲ မိန်းမ ၃/၄ ဦး ယူထားကြောင်းနှင့် လွန်ခဲ့သော နှစ်နှစ်ခန့်က ဘုန်းကြီးဝတ်ဖြင့် မြ၀တီဘက်သို့ ထွက်သွားခဲ့ရာမှ ပြန်လာခဲ့သူဖြစ်ကြောင်း သိရသည်။

Eleven

ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းကို အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်



အိန္ဒိယရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံ (Photo:AFP)

ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ တစ်နေရာဖြစ်သော ဗုဒ္ဓဂယာ ၀င်းအတွင်း ဗုံးဖောက်ခွဲမှုများအတွက် စုံစမ်းစစ်ဆေးနေသော အိန္ဒိယရဲတပ်ဖွဲ့က ဗုံးခွဲမှုအတွက် သံသယရှိခံရသူ၏ ပုံကြမ်းကို ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး ဗုံးခွဲသူများကို ဖမ်းဆီးရမိရန်အတွက် သတင်းပေးသူကို ရူပီးတစ်သန်း (ဒေါ်လာ ၁၆၉၀၀) ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဇူလိုင် ၇ ရက်က ဗုဒ္ဓဂယာတွင် ဗုံး ၁၀ လုံးကွဲခဲ့ပြီး ဘုန်းကြီးနှစ်ပါး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် လူသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီက ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ ပထမတစ်ပုံသည် မျက်နှာဖုံးစွပ်ထားသော အမျိုးသား တစ်ဦး၏ ပုံဖြစ်ပြီး ဒုတိယတစ်ပုံမှာ အမွေးအမှင် ရိတ်ထားသော သန့်ရှင်းနေသည့် မျက်နှာနှင့်ပုံ ဖြစ်သည်။ ဗုံးခွဲသူဟု သံသယရှိခံရသူသည် သင်္ကန်းဝတ်ဆင်ထားကြောင်း စုံစမ်းစစ်ဆေးရေး အေဂျင်စီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာ မှတ်တမ်းများကို လေ့လာခဲ့ပြီး လူတစ်ဦးကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခဲ့သည်။ သို့သော်လည်း စွဲချက်တစ်စုံတစ်ရာ တင်ခဲ့ခြင်း မရှိပေ။
ယင်းဗုံးဖောက်ခွဲမှုများအတွက် တာဝန်ရှိကြောင်း မည်သူတစ်ဦး တစ်ယောက်ကမျှ ၀န်ခံထားခြင်း မရှိပေ။ သို့သော်လည်း အစ္စလာမ္မစ် စစ်သွေးကြွများသည် မြန်မာနိုင်ငံတွင် မွတ်စလင်များကို အကြမ်းဖက်မှုများအတွက် ကလဲ့စားချေရန် ဗုဒ္ဓဂယာကို ပစ်မှတ်ထားနိုင်ကြောင်း ထောက်လှမ်းရေး သတင်းများ ရရှိထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref:AFP
Eleven

iPhone 5 ကြောင့် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှုကို Apple စုံစမ်းမည်


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အသက်(၂၃)နှစ်ရှိ အမျိုးသမီးတစ်ဦး iPhoneကြောင့်ဟု ယူဆရသော အခြေအနေကြောင့် ဓာတ်လိုက်သေဆုံးကြောင်း စွပ်စွဲမှုများ ကျယ်ပြန့်လာသည့်နောက် မိမိတို့၏ ထုတ်ကုန်နှင့် ပတ်သက်ပြီး အမေရိကန် နည်းပညာ လုပ်ငန်းကြီးက စီစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်/
Appleကုမ္ပဏီသည် iPhone 5ကြောင့် အမျိုးသမီးတစ်ဦး ဓာတ်လိုက် သေဆုံးကြောင်း သတင်းများအပေါ် အသေးစိတ် စုံစမ်းမှု စတင်လုပ်ဆောင်နေကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အသက်(၂၃)နှစ်ရှိ အမျိုးသမီးတစ်ဦး iPhoneကြောင့်ဟု ယူဆရသော အခြေအနေကြောင့် ဓာတ်လိုက်သေဆုံးကြောင်း စွပ်စွဲမှုများ ကျယ်ပြန့်လာသည့်နောက် မိမိတို့၏ ထုတ်ကုန်နှင့် ပတ်သက်ပြီး အမေရိကန် နည်းပညာ လုပ်ငန်းကြီးက စီစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ သေဆုံးသူ အမျိုးသမီး မာအိုလွန်း၏ အစ်ကိုဖြစ်သူက မိမိတို့ မိသားစုသည် မာက အားသွင်းထားစဉ် ဖုန်းဖြေဆိုရန် ကိုင်လိုက်ရာမှ ဓာတ်လိုက်သွားခြင်းဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ရှီဂျီအန်းတွင် ဖြစ်ပွားသော မှုခင်းအတွက် ရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့က သေဆုံးမှု ဖြစ်စဉ်သည် ဖုန်းတစ်လုံးကြောင့်ဆိုသော မှတ်ချက်ပေးမှုမျိုး ပြုလုပ်မထားချေ။ မာ၏ အစ်မဖြစ်သူက တရုတ် Micro-Blogging ဝက်ဘ်ဆိုက်ဖြစ်သော Sina Weiboတွင် ပြီးခဲ့သည့် သီတင်းပတ် သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး "ကျွန်မ အနေနဲ့ Appleက ဒီကိစ္စကို ဖြေရှင်းချက်တစ်ခု ပေးဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ လူအားလုံးလည်း ဖုန်းအားသွင်းထားတုန်း အသုံးပြုတာမျိုးကို ရှောင်ကြဉ်ကြဖို့ မျှော်လင့်ပါတယ်"ဟု ရေးသားခဲ့သည်။

Appleက "ဒီကြေကွဲစရာ အဖြစ်အပျက်အကြောင်း ကြားသိရတော့ ကျွန်တော်တို့ အလေးအနက် ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်သိမ့်စကားကိုလည်း မာမိသားစု သိရှိစေချင်ပါတယ်။ ဒီကိစ္စအပေါ် အပြည့်အဝ စုံစမ်းစစ်ဆေးမှာ ဖြစ်သလို တာဝန်ရှိသူတွေနဲ့လည်း ဒီအတွက် ပူးပေါင်း လုပ်ဆောင်ပါမယ်"ဟု ကြေညာခဲ့သည်။ မာသည် တောင်တရုတ် လေကြောင်းလိုင်းမှ လေယာဉ်မယ် တစ်ဦးဖြစ်ပြီး ဩဂုတ်လတွင် လက်ထပ်ရန် စီစဉ်ထားကြောင်း သတင်းများက ဆိုသည်။ သူမ၏ အစ်မဖြစ်သူက မာသည် တရုတ်နိုင်ငံတွင် စတင်ရောင်းချပြီး မကြာမီ အချိန်အတွင်းမှာပင် iPhone 5တစ်လုံးကို ဝယ်ယူခဲ့ကြောင်း ရှင်းပြခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် မာသည် ဖုန်းကို iPhone 5၏ မူရင်းပါရှိသော အားသွင်းကိရိယာဖြင့်ပင် ဓာတ်အားသွင်းထားကြောင်းလည်း သူမက ဆိုသည်။ တရုတ် စားသုံးသူများ အဖွဲ့ချုပ်က (၂၀၁၀)ပြည့်နှစ်တွင် အမျိုးသား တစ်ဦးသည် မူရင်းဖုန်းဟန်းဆက်၏ အားသွင်းစက် မဟုတ်သော ကိရိယာနှင့် အားသွင်းရင်း ဖုန်းပြောရာမှ ဓာတ်လိုက် သေဆုံးဖူးကြောင်း ဖော်ထုတ်ခဲ့သည်။

ဗြိတိန်မှ ပရော်ဖက်ဆာ ဝီလ်စတီးဝပ်က "ဖုန်းတစ်လုံးကို အားသွင်းနေတုန်း အသုံးပြုတယ် ဆိုရင်တောင် လုံးဝဥဿုံ ဘေးကင်းတယ်ဆိုတဲ့ အာမခံချက်မျိုးတော့ ရှိသင့်တယ်။ တစ်ချက် စဉ်းစားရမှာက ဖုန်းအားသွင်းရင် 5V ဗို့အားအောက်လောက်ပဲ ရှိတတ်တာပါ။ အန္တရာယ် ဖြစ်နိုင်လောက်တဲ့ စံနှုန်းနဲ့ တိုင်းတာရင် သိပ်ကို နည်းပါတယ်။ ဒါတောင် ပြဿနာ မဖြစ်အောင် မစီမံနိုင်ဘူး ဆိုတာမျိုးကတော့ သဘာဝ မကျပါဘူး။ ဒါပေမဲ့ ဖုန်းအသုံးပြုသူတွေ ဘက်ကလည်း ရေချိုးခန်းလို နေရာမျိုးမှာ၊ နောက်ပြီး ကိုယ်က ရေစိုနေချိန်မျိုးမှာ အားသွင်းနေတဲ့ ဖုန်းကိုတော့ မသုံးသင့်ဘူး။ ရေက ဖုန်းကြိုးကနေတစ်ဆင့် ပလပ်ပေါက်ထဲ စီးဝင်သွားနိုင်တာကြောင့်ပါ"ဟု ပြောကြားသွားသည်။

Planet

ဂျက်စတင် ဘီဘာက DJ ကို တံတွေးနှင့်ထွေးဟုဆို


ဂျက်စတင် ဘီဘာအနေဖြင့် နိုက်ကလပ် တစ်ခုထဲတွင် DJကို တံတွေးနှင့် ထွေးခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။ ကနေဒါ ဆယ်ကျော်သက် Popဂီတ ကြယ်ပွင့်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အရက်ဘား တစ်ခုတွင် လူတစ်ဦးနှင့် အချင်းများခဲ့ကြောင်း ကောလာဟလများလည်း ပျံ့နှံ့နေသည်။ ဘီဘာကို ထိုသူက ဓာတ်ပုံရိုက်ရာမှ အချင်းများခဲ့ပြီး ပြဿနာ ကြီးထွားသွားခြင်းဟု သိရသည်။ "အဲဒီတော့ ဘီဘာက ကျွန်တော့်အဖေကို၊ ကျွန်တော့်အမေကို မဖွယ်မရာ ပြောတယ်။ ကျွန်တော့်ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း တိုင်းထွာတယ်။ ပြီးတော့ မျက်နှာကိုပါ တံတွေးနဲ့ လှမ်းထွေးတယ်"ဟု ကိုလံဘတ်စ်ရှိ ပန်းခြံလမ်းမှ Socail Room ကလပ်တွင် DJအဖြစ် လုပ်ကိုင်သူက ပြောကြားခဲ့သည်။

၎င်းက "ဘီဘာရဲ့ လူနှစ်ယောက်က ကျွန်တော့်နားကို ကပ်လာတယ်။ ပြီးတော့ ကျွန်တော်က ဘီဘာကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားတယ်လို့လည်း စွပ်စွဲတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ယင်းက ဘီဘာသည် ကလပ်အတွင်းသို့ ရောက်ရှိခဲ့သည်ကို ဘီဘာက စိုးရိမ်နေဟန်ရှိပြီး ဘီဘာ့အသက်မှာ (၁၉)နှစ်၊ ကလပ်တွင် ထားရှိသော အသက်ကန့်သတ်ချက်မှာ (၂၁)နှစ်အထက် ဖြစ်နေကြောင်းလည်း ရှင်းပြခဲ့သည်။

ဘီဘာ၏ ကိုယ်ရံတော် တစ်ဦးက မိမိ၏ ဖုန်းကို ဆွဲလုကာ ဓာတ်ပုံကို ရှာဖွေသော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့ဟုလည်း ယင်းက ဆိုသည်။ ဘီဘာသည် မကြာသေးမီက ရိုင်းပြသော အပြုအမူများအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူလည်း ဖြစ်သည်။ ၎င်းသည် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ကို ဆဲရေးခဲ့သလို လူသွားလမ်းပေါ်ရှိ အမှိုက်ပုံးတစ်ခုကို အပေါ့သွားနေသည့် ဓာတ်ပုံများကြောင့်လည်း နာမည်ပျက်စရာ ဖြစ်လာခဲ့သည်။
Planet

ပြည်ထောင်စုလမ်းမကြီး၌ ပရိတ်ရွတ်


ရွှေတြိဂံဒေသ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၆၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေး အသင်းဝင်များသည် သံဃာတော်များကို ပင့်ဖိတ်၍ ယာဉ်အန္တရာယ် အများဆုံး ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ ပြည်ထောင်စု လမ်းမကြီးပေါ်၌ ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံးမှ ဒုရဲမှူး အောင်လွင်က ပြောကြားသည်။

ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုများ ဖြစ်နေ၍ ယာဉ်အန္တရာယ် ထပ်မံမဖြစ်စေရန်နှင့် သေဆုံးသွားသူများ ကျွတ်လွတ်စေရန် သံဃာတော်များ ပင့်ဖိတ်ပြီး ပရိတ်ရွတ်ဆိုခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် ယာဉ်အန္တရာယ် ဖြစ်ပွားနေမှုများ လျော့နည်းလာစေရန် အတွက် လမ်းဝဲယာ တစ်လျှောက်ရှိ တိုင်းရင်းသားကျေးရွာ များသို့ ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့ရက်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောမှုများ လုပ်ဆောင်ပေးလျက် ရှိကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

"အရင်ကဆိုရင် ဘယ်သူမှ ဆိုင်ကယ်စီးဦးထုပ် မဆောင်းကြဘူး။ အခုဆို မြို့သွားရင် ဦးထုပ်မဆောင်းလို့ ဒဏ်ရိုက် ခံခဲ့ရလို့ရယ်၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားပြီး မတော်တဆ အက်ဆီးဒင့် ဖြစ်ခဲ့ရင် အသက်အန္တရာယ် မဖြစ်နိုင်တော့မှန်း သိသွားလို့ရယ် ကြောင့် လူတိုင်း
ဆိုင်ကယ်စီးဦးထုပ် ဆောင်းတတ်နေပြီ" ဟု ယင်းလမ်းမကြီးဘေးရှိ ယန်းခကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါလုက ဆိုသည်။

တောင်တန်းဒေသ ဗဟိုသာသနာပြု ကျောင်းဆရာတော် ဘဒ္ဒန္တတေဇနိယ ဦးဆောင်သော သံဃာငါးပါးသည် ယင်း မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က အဆိုပါ ဗဟို သာသနာပြုကျောင်းမှ စတင်ကာ မော်တော်ယာဉ်များပေါ်မှ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် အသွားအပြန် ပရိတ်တရားတော်များ ရွတ်ဖတ် ခဲ့ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားရာ နေရာများ ဖြစ်သော မိုင်တိုင်အမှတ် ၄၈ တာ ကျောက်တံတား အနီးနှင့် မိုင်းဇင်းကျေးရွာ အနီးတွင် မြေသန့် ကမ္မဝါများ ရွတ်ဖတ်ခဲ့ကြောင်း ယင်း ဆရာတော်များထံမှ သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ဖြစ်ပွားသော ယာဉ်မတော်တဆမှုများမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၁၃မှု ဖြစ်ပွားခဲ့ပြီး ၁၄၃ ဦး ဒဏ်ရာရရှိကာ ၄၁ ဦး သေဆုံးကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ၁၅၁ မှုဖြစ်ပွား ခဲ့ပြီး ၂၄၈ ဦး ဒဏ်ရာရရှိကာ ၇၄ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး ၂၃၇ ဒဏ်ရာရရှိကာ ၇၁ ဦး သေဆုံး ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇန်လအထိ ၉၂ မှုဖြစ်ပွားခဲ့ပြီး ၁၈၂ ဦး ဒဏ်ရာရရှိကာ ၃၅ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့ အမှတ် (၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

Voice

ဆိုတေးရဲ့ လျှို့ဝှက်မိန်းမ ပေါ်လာပြီ


ကားအက်ဆီဒင့်ဖြစ်မှုကြောင့်မန္တလေးဆေးရုံတွင်တေးကုသမှုခံယူနေရသောတေးသံရှင်ဆိုတေး၏အခြေအနေမှာမသက်သာပါက
ထိုင်းနိုင်ငံရှိဆေးရုံ၌ဆေးကုသမှုခံယူနိုင်ရေးအတွက်၎င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream က တာဝန်ယူကုသပေးသွား
မည်ဖြစ်ကြောင်းပြောသည်။
၎င်းနှင့်ဆိုတေး(ခ)အောင်သက်ပိုင်တို.မှာ မြ၀တီမြို.တွင်တွေ.ဆုံချစ်ကြိုက်ကာထိုင်းနိုင်ငံ၊ဘန်ကောက်မြို.တွင်အတူပေါင်းသင်းနေ
ထိုင်ခဲ.ခြင်းဖြစ်ပြီးဇွန်လအတွင်းကဆိုတေးမှ၎င်း၏ဇနီးဆိုသူအား၎င်း၏မိသားစုဝင်များနှင့်တွေ.ဆုံပေးခဲ.ကြောင်း၊ထိုနောက်
ဇူလိုင်လ(၄)ရက်နေ.တွင် ၄င်းတို.နှစ်ဦးသည်ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ ၄င်းဇနီးဟုဆိုသောအမျိုးသမီးနှင့်အတူသွားရောက်နေထိုင်
ခဲ.ကြကြောင်း ၊ထို.နောက်ဆိုတေးသည် မြန်မာနိုင်ငံ၌၄င်းလက်ခံထားသောရှိုးပွဲရှိသည်ဟုဆိုကာ၎င်းမှ ဘန်ကောက်မှရန်ကုန်
သို.လေယာဉ်ဖြင့်လည်းကောင်း၊၄င်း၏အမျိုးသမီးဖြစ်သူကမဲဆောက်မှ ရန်ကုန်သို.လည်းကောင်းဇူလိုင်(၁၀)ရက်နေ.တွင်ရောက်ရှိ
ခဲ.ကြကြောင်း၊၄င်းနောက်ဆိုတေးမှ၎င်း၏အမျိုးသမီးဖြစ်သူအားရန်ကုန်ရှိဟိုတယ်တစ်ခုတွင်ခေတ္တထားခဲ.ကာပုဂံမြို.တွင်ရှိုးပွဲရှိ
သည်ဟုဆိုကာဇူလိုင်လ(၁၄)ရက်နေ.တွင်တောင်သာမြို.သိုရန်ကုန်-မန္တလေးအမြန်လမ်းမှသွားရောက်စဉ်ယာဉ်တိမ်းမှောက်မှုဖြစ်
ပွားခဲ.ခြင်းဖြစ်ကြောင်း ၄င်း၏အမျိုးသမီးဖြစ်သူဟုဆိုသူမချိုချို(ခ) Cream ကပြောသည်။

ကျွန်မ သူကားမှောက်တယ်လို.သတင်းကြားကြားချင်းမန္တလေးဆေးရုံကိုလိုက်သွားပေမဲ.သူမိသားစုတွေကကျွန်မကိုသူနဲ.တွေ.ခွင့်
မပေးခဲ.တဲ.အပြင်ကျွန်မတို.နှစ်ယောက်ရဲ.ကိစ္စကိုဘယ်သူမျမသိအောင်နေပေးဖို.သူ.အစ်ကိုကပြောခဲ.တယ်။နောက်ထပ်သိရတာက
သူနဲ.အတူပါသွားပြီးဆုံးသွားတဲ.မိန်းကလေးက အရင်ကျွန်မနဲ.စတွေ.စဉ်တုန်းကပါလာခဲ.ပေမဲ.သူကို.မေးကြည့်တော့သူကသူနဲ.
ဘာမှမပတ်သတ်ဘူးလို.ပြောခဲ.ပြီးကျွန်မကိုချစ်ရေးဆိုခဲ.လို.သူ.အချစ်ကိုလက်ခံခဲ.ပြီးအတူပေါင်းသင်းနေထိုင်ခဲ.တာ။နောက်ပြီးဒီ
ကိစ္စကိုသူမိသားစုတွေလည်းသိတယ်။အခုသတင်းတွေထွက်တော့သေဆုံးသွားတဲ.မိန်းကလေးကသူ.ဇနီးဆိုပြီးသတင်းတွေ
ထွက်နေတာနဲ.ကျွန်မအပေါ်သူမိသားစုကဆက်ဆံတာမကြိုက်လို. အခုလိုပြောရတာပါ။ဟု ၄င်းကဆိုသည်။

ထို.အပြင် မန္တလေးဆေးရုံသို.ဆိုတေး၏အခြေအနေအားကြည့်ရန်သွားရောက်စဉ် ၄င်း၏အကိုဖြစ်သူကိုဇာနည်ဆိုသူမှဆိုတေးနှင့်
ပတ်သတ်သောကိစ္စများအားအခြားမည်သူကိုမှမပြောရန်ပြောဆိုခဲ.သည်ဟုသူမကထပ်မံပြောသည်။

ကျွန်မအနေနဲ.ဆိုတေးကိုတကယ်ချစ်ခဲ.တာပါ။သူဘာသာကျွန်မအပေါ်ဘယ်လိုပဲလိမ်လိမ်ကျွန်မအနေနဲ.သူ.အပေါ်မှာစိတ်ဆိုးမိသ
လိုအရမ်းလည်းသနားမိတယ်။သူ.အပေါ်ထားတဲ.အချစ်တွေလည်းပျောက်သွားမှာမဟုတ်ပါဘူး။အခုမန္တလေးဆေး၇ုံမှာသူ.
အခြေအနေမကောင်းရင်ဘန်ကောက်ကဆေးရုံမှာသူရောဂါလုံးဝပျောက်ကင်းသွားတဲ.အထိဆေးကုပေးသွားဖို.အထိစီစဉ်ထား
တယ်ဟု၎င်းကထပ်လောင်းပြောသည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍တေးသံရှင်ဆိုတေး၏ဇနီးဖြစ်သူဟုဆိုသောမချိုချို(ခ)Cream၏ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပြီး
အသေးစိတ်သိရှိလိုပါက၄င်းအားဆက်သွယ်မေးမြန်းနိုင်ကြပါသည်။အထက်ပါသတင်းတွင်ဖောပြထားသောဓာတ်ပုံများမှာလည်း
ကာယကံရှင်၏သဘောတူခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ကြောင်းထပ်လောင်းအသိပေးအပ်ပါသည်။

တေးသံရှင်ဆိုတေးနှင့်၎င်း၏ဇနီးဆိုသော မချိုချို တို.ကားအက်ဆီဒင့်မဖြစ်မှီယခုနှစ်ဇူလိုင် လ
အတွင်းထိုင်းနိုင်ငံဘန်ကောက်တွင်အမှတ်တရရိုက်ကူးထားသောဓာတ်ပုံအချို.

ဆိုတေးကားမှောက်စဉ်ကမှတ်တမ်းတင်ရိုက်ကူးထားသောပုံအား ဆိုတေး၏အကိုမှ ဆိုတေး၏ဇနီးဆိုသူအားပြစဉ်







Thura Tun
ရဲရင့်ငယ်

မြောက်ဥက္ကလာပမှာ သံဃာတစ်ပါး အသတ်ခံရ


ရန်ကုန်၊ ဇူလိုင် ၁၇

၁၆.၇.၂၀၁၃ ရက်နေ့ ၁၇း၃၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်ရှိ ရတနာသိင်္ဂီကျောင်း တိုက်တွင် သံဃာတစ်ပါး သေဆုံးနေကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့နယ်
ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၄င်းကျောင်းတိုက်ဘေးရှိ အင်းရဲမင်္ဂလာစံကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးနန္ဒ(ခ)ဦးထွန်းဝင်း၊(၄၅)နှစ်၊ (၂၅)၀ါ၊ (ဘ)ဦးအုန်းမြ မှာ ရင်ဝထိုးသွင်းဒဏ်ရာ ၀မ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ၊ ၀ဲနားနောက်စုတ်ပြဲဒဏ်ရာ၊ ၀ဲလက်မောင်းစုတ်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး တရားခံအား စုံစမ်းရာ ရတနာသိင်္ဂီကျောင်းထိုင်ဆရာတော် ဦးကုမာရ(ခ)ဦးကျော်ရှင်၏ သားဖြစ်သူ ၀င်းမြင့်၊(၄၃)နှစ်၊(ဘုန်းကြီးကျောင်းနေသူ)ဖြစ်ကြောင်း သိရှိရသဖြင့် ထွက်ပေါက်များအား ပိတ်ဆို့လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ၂၀း၂၅ အချိန် ကျောင်းတိုက်၏ နောက်ကျော ဘက်ရှိ အထက(၅) စာသင်ကျောင်းဝင်း အတွင်းမှ ဖမ်းဆီးရမိသဖြင့် ၀င်းမြင့်အား မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၅၇၈/၂၀၁၃၊ပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။

Yangon Police

Youtube တွင် ဝန်ထမ်းများ ချောစီးနိုင်


ပုံမှာပြထားတာ ကလေးကစားကွင်းမဟုတ်ပါဘူး။ Youtube မှာထားပေး ထားတဲ့ လူကြီးကစားကွင်းပါ။

ချောစီးလို့ရအောင် ထားပေးတဲ့ Slide ပဲ ဖြစ်ပါတယ်။ သာမန်လှေကားကို အသုံးပြုပြီး အတက်အဆင်းပြုလုပ်သနိုင်သလို၊ ချောစီးလို့ရအောင်လည်း အမေရိကန်က Youtube ရုံးချုပ်မှာ ယခုလို ဖန်တီးပေးထားပါတယ်။ ယင်း Slide အပြင် အခြားသော ကိုယ်၊စိတ်အပန်းဖြေစရာများကို ထားရှိပေးထား ပါတယ်။

Google, Facebook နဲ့အခြားသော Enterprise အကြီးစား ကုမ္မဏီတွေမှာ ယခုလိုပဲ ထားရှိပေးထားပါတယ်။ သီချင်းဆိုရန် စတူဒီယို၊ စက်ဘီးနင်းစက်၊ အပြေးလေ့ကျင့်စက်၊ xbox ဂိမ်းစက်နဲ့ အခြားသော ပစ္စည်းအစုံအလင်ကို အပန်းဖြေစရာ ကစားကွင်းပမာ ထားရှိပေးထားကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)

တီကောင်


မြန်မာ့ဒီမိုခရေစီ ငယ်ပါသေးတယ်
ကျေးဇူးပြုပြီး ကလေးကို အနိုင်မကျင့်ကြပါနဲ့ ..

လူတစ်ယောက်ရဲ့နှလုံးသားက ဘာသာတရား
ရန်တိုက်လို့ ကောင်းသလားတော့ မမေးနဲ့
သူတပါးကိုဆွဲချမှ ငါအပေါ်ရောက်မယ်ဆိုရင်
နေပါစေ ငါအပေါ်မရောက်ချင်တော့ပါဘူး ..

ဘုရားရဲ့စကားအရ တစ်ကယ်ဆို
မင်းလည်းတီကောင် ငါလည်းတီကောင်
အဆောင်ယောင်တွေတောင်မပါ
အရင်ကမ္ဘာမှာ လုံးထွေးအတူနေခဲ့ကြဖူးတာပဲ ..

ဒါတွေအားလုံး
တစ်နေ့တော့ အဆင်ပြေသွားမှာပါလို့
ငါတို့ ယုံကြည်နေကြတယ်
ယုံကြည်မှုကို မဖျက်စီးကြေး ..

iBlogger (Myanmar CNN)

(ဤကဗျာကို ကူးယူဖော်ပြလိုပါက ဤစာမျက်နှာ၏ လိပ်စာ(link) ကိုပါ တစ်ပါတည်း ထည့်ပေးပါ။)

လွှတ်တော် - အမေးတခြား အဖြေတခြား