မလေးရှား အာဏာပိုင်တွေ ပျောက်ဆုံးနေတဲ့ လေယာဉ် MH370 နဲ့ ပါတ်သက်တဲ့ အမှန်တရားတွေကို ဖုံးကွယ်ထားတယ်လို့ အားလုံးကယုံကြည်နေ


လေယာဉ်ဟာ စထွက်ပြီး မကြာခင်မှာပဲ နောက်ပြန်ကွေ့ခဲ့ကာ ထိုင်း နဲ့ မလေးရှား နယ်စပ်တစ်လျှောက် အနိမ့်ပျံန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေ ထွက်ပေါ်လာခဲ့တယ်။ (အနိမ့်ပျံတယ်ဆိုတာ ရေဒါဖမ်းမမိအောင်ပါ)

အခုအချိန်မှာ ခရီးသည်တွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်မှု အဆင့်ကနေ ဒေါသအဆင့်ကို ပြောင်းလဲလာနေပြီး တရုတ်လူမျိုး ဆွေမျိုးတွေက မလေးရှား လေကြောင်းလိုင်း တာဝန်ရှိသူတွေကို သတင်းစာရှင်းလင်းပွဲအတွင်း ရေပုလင်းနဲ့ ပေါက်ခဲ့သည်အထိ အဖြစ်ဆိုးခဲ့ပါပြီ...

နှာဗူးလေယာဉ်မှူးကြီး နောက်ဆုံး ပြောခဲ့တဲ့ စကားလုံးကိုလည်း အားလုံး သိအောင် ဖွင့်ချခဲ့ပါပြီ။

လေယာဉ်တက်ချိန် သူ နောက်ဆုံးပြောခဲ့တာက "All right, good night " ပါတဲ့...

http://www.dailymail.co.uk/news/article-2578914/Nine-fresh-witnesses-place-missing-jet-near-Thailand-despite-Malaysia-military-moving-search-area-west.html#ixzz2vkGBCcy2

လေယဉ်ပျောက်ဆုံးနေမှုမှာ လေးကြောင်းလိုင်းနဲ့  အစိုးရတာဝန်ရှိသူတွေရဲ့ပယောဂ မကင်းဘူးလို့  သံသယရှိနေကြပါပြီ ဒါကြောင့် ရှင်းလွင်းပွဲမှာပဲ
ရေဗူးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်. လေယဉ်ပိုင်းလော့တွေရဲ့ အရှုပ်ဇာတ်လမ်းတွေ ပေါက်ပေါက်လာပီး မကြာခင်မှာပဲ အခုလိုဖြစ်လာခဲ့တာပါ
နိုင်ငံတကာကလည်း ဒီကိစ္စအပေါ် ထူးဆန်းအဲ့သြောမှုနဲ့ အတူ တာဝန်ရှိသူတွေကို
သံသယဖြစ်မိကြောင်း CNN သတင်းတွေမှာထုတ်လွှင်နေပါတယ်

Dawnmanhon

ဒေါ်အောင်ဆန်းစုကြည် ဖောင်ဒေးရှင်း Suu Foundation မှ မိန့် ခွန်း (ရုပ်/သံ)အစအဆုံး





ကြေးအိုးဆီချက်


ဆီချက်များထဲမှာ ကျွန်မအနှစ်သက်ဆုံးက ကြေးအိုးဆီချက်ပါပဲ။ ငရုပ်ကောင်း အနံ့အရသာပူပူလေး အပြင်ကြက်သားလုံး၊ ငါးဆုပ်လုံးများနဲ့ အင်မတန်အရသာရှိသော ဆီချက်တစ်ပွဲဆိုရင်လည်းမမှားပါဘူး။


ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ၀က်သား  - ၁၅၀ ဂရမ်
ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
ဆန်ကြာဇံ
ငါးဆုပ်လုံး
ငုံးဥ
ကြက်သွန်ဖြူ
ဆီ
ကြက်ပြုပ်ရည်
မုန်ညှင်းအနည်းငယ်


ပြုလုပ်နည်း

ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
ကြက်ရိုးများအား အချိုရည်ထွက်အောင်တည်ကာ ကြက်ပြုပ်ရည် လုပ်ထားပြီး ဆူပွက်အောင်မီးပေါ်တွင်တင်ထားပါ
ကြာဇံကို ရေစိမ်ထားပါ။
အသားကို ပဲငံပျာရည်၊ နှမ်းဆီ၊ ငရုပ်ကောင်း အနည်းငယ်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ အလုံးသေးသေးများလုံးထားလိုက်ပါ။
ငါးဆုပ်လုံးများကို လည်း အသင့်ပြင်ထားပါ။
စားကာနီးအသင့်ဖြစ်မှ ကြာဇံ၊ ငါးဆုပ်၊ ကြက်သားလုံးနှင့် မုန်ညှင်းများအား တစ်ခုချင်းစီ ကြက်ပြုပ်ရည်ထဲတွင် ထည့်ပြုပ်ပါ။
ထို့နောက် ပွဲပြင်မည့် ပန်းကန်ထဲထည့်ကာ ငရုပ်ကောင်း၊ ဆီချက်၊ ပဲငံပျာရည်၊ ကြက်သားမှုန့်နှင့်ရောနယ်လိုက်ပါ။
ကြက်သွန်ဖြူ ဆီချက်ဖတ်များများ၊ ကြက်သွန်မိတ်များဖြူးကာ သုံးဆောင်ပါ။

EVY's Kitchen

AIDS ရဲ့ ဂယက် (၁)


AIDS ဟာ ရောဂါတစ်ခု အနေနဲ့ ဒီရေသဖွယ် ပြန့်ပွားလာခဲ့ပြီး လူမှုရေး အပိုင်းမှာလည်း တွေးခေါ်မှုနဲ့ စိတ်ဓာတ်ကို ထိခိုက်မဂရှိခဲ့တယ် ဆိုတာ သိရပါပြီ။ ဒါပမေယ့် ဒါလောက်နဲ့ AIDS ရဲ့ လှိုင်းဂယက်ဟာ မဆုံးသေးဘူး။ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းနဲ့ လူနေမှု စနစ်တစ်တခုလုံးကို အဘက်ဘက်က ထိနေပြီဆိုတာ တဖြည်းဖြည်း သိလာရတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ကြီးမားကျယ်ဝန်းလာတဲ့ ဝဲသြဃစက်ဝိုင်းလို အရှိန်မသတ်ဘဲ အချိန်ကြာမြင့်လေ သူမှ တစ်ဆင့် ထုတ်ပေးလိုက်တဲ့ ပြဿနာတွေက ကြီးထွားလေ ဖြစ်နေပြီ။ ဒါကြောင့် AIDS ဟာ လူသားတွေရဲ့ အနာဂတ်ကို ဓားပြတိုက် ယူလိုက်တဲ့ ရောဂါလို့ ခေါ်ရမှာ ဖြစ်နေပြီ။

AIDS ရဲ့ ဂယက်ကြောင့် ထွက်ပေါ်လာတဲ့ ကိစ္စရပ်တွေထဲမှာ ပထမဦးဆုံး တတ်လာတဲ့ ကိစ္စကတော့ “AIDS ဘယ်က စသလဲ” ဆိုတာပဲ ဖစ်တယ်။ အရင် မဖြစ်ဘူးသေးတဲ့ ရောဂါတစ်ခု ပေါ်ပေါက်လာရင် ဒီရောဂါရဲ့ ဒဏ်ချက်ကို သက်သာအောင် လုပ်ရာမှာရော၊ ရောဂါ ကာကွယ်ရေး လုပ်ဆောင်ချက်တွေမှာရော ဒီရောဂါ အစဖော်ထုတ်ရေး ကိစ္စဟာ သိပ်အရေးကြီးတာတော့ မဟုတ်ပါဘူး။ AIDS မှာ လောလောဆယ် တကယ်စူးစိုက်ပြီး လုပ်ရမှာကတော့ ရောဂါ မပြန့်ပွားရေးပါ။ ဒါပေမယ့် AIDS အစရှာတဲ့ ကိစ္စက မထင်မှတ်ဘဲ အငြင်းပွားရတဲ့ အရေးအခင်း ဖြစ်လာရတယ်။

အကြောင်းကတော့ “သူ့ကြောင့်” “ငါ့ကြောင့်” ဆိုပြီး အပြစ်ဖို့ ချင်တဲ့ သဘောတွေနဲ့ နိုင်ငံရေး သဘောတွေ ရောလာတာကြောင့်ပဲ။ ဘယ်တိုင်းပြည် ဘယ်လူမျိုးတွေက စပြီး ကမ္ဘာကြီးကို ဒီရောဂါ အမွေဆိုးကြီး ပေးခဲ့သလဲဆိုတဲ့ ပြဿနာ တက်ခဲ့တယ်။ AIDS ရောဂါရဲ့ သမိုင်းကို ကြည့်ရင် ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာအကြောင်း တွေကြောင့် ပြဿနာဟာ အခုထိ ခက်ခဲနက်နဲပြီး ကိုင်တွယ်ရ ချက်နေအောင် ဖန်တီးနေတယ်ဆိုတာ တွေ့ရတယ်။ ဒါကတော့ လူတွေဟာ AIDS နဲ့ ပတ်သက်လာရင် ပထမ မရှိဘူးလို့ ပြင်းကွယ်လိုက်တယ်။

ငြင်းလို့မရလောက်တဲ့အခါကျတော့ ဘယ်သူဘယ်ဝါကြောင့်ဆိုပြီး အပြစ်ဖို့လို့ရမယ့် အုပ်စုအပေါ် အပြစ်တင်လိုက်ပြီး ဘာဃာတတွေ ထားလာကြတယ်။ ဒါကြောင့်လည်း အာရှနိုင်ငံသားတွေက အနောက်နိုင်ငံသား (ကမ္ဘာလှည့်ခရီးသည်) တွေကြောင့်လို့ ဆိုတယ်။ ဥရောပမှာတော့ အာဖရိကက လူတွေရဲ့ အပြစ်တဲ့၊ နောက် ပြည့်တန်ဆာတွေ၊ ဂေးတွေ စသည်ဖြင့် အပေါ်ပုံချကြတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံရေးတောင် ထိပါးလာတယ်။ တချို့နိုင်ငံတွေက AIDS ဆေးစစ်ပြီး မရှိဘူးလို့ ပြနိုင်မှ သူတို့နိုင်ငံကို ဝင်နိုင်မယ်။ တချို့ကလည်း တာတိုအမြင်နဲ့ တဇွတ်ထိုးပြောဆို အကြံပြုတာတွေ ရှိတယ်။

ဥပမာ AIDS ဗိုင်းရပ်စ်ပိုး မရှိကြောင်း လက်မှတ် လူတွေ ကိုင်ဆောင်ရမယ်၊ AIDS ပိုးရှိနေသူတွေကို ဆေးမင်ကြောင်ထိုးပြီး အမှတ်တံဆိပ် ခတ်နှိပ် ထားရမယ်။ AIDS ပိုးရှိသူဟာ အိမ်ထောင်မပြုရ၊ အလုပ်မလုပ်ရ၊ ခရီးသွားခြင်း မပြုရလို့ ဥပဒေနဲ့ တားမယ် စသည်ဖြင့် ဖြစ်လာကြတယ်။ ဒါတွေက လက်တွေ့ရဲ့ အပြင်ဘက် ဟိုဘက်အစွန်း ရောက်နေတဲ့ ကန့်သတ်ချက်တွေဆိုတော့ ဘယ်လုပ်လို့ ရမှာလဲ။ တကယ် ထိရောက်မှုလည်း မရှိနိုင်ဘူးဆိုတာ AIDS အကြောင်း အစစ်အမှန် သိပြီးလူတွေ အတွက်တော့ ရှင်းနေတာပဲ။ ဆစ်ဖလစ်တုန်းကလည်း ဒါမျိုး ကြုံခဲ့ဖူးပါပြီ။

AIDS ရောဂါ အစရှာပုံတော်ကို ဆက်ကြရရင် စာတွေ့သဘောနဲ့ ပြောရင်တော့ ရောဂါ အရင်းခံအစကို ရှာမယ်ဆိုရင် ပထမဦးဆုံးသော လူနာ ဘယ်မှာလဲဆိုတာ ရှာလို့ ရရမယ်။ ဒါက စိတ်ရှည်လက်ရှည်နဲ့ နောက်ကြောင်းပြန်ကောက်ပြီး တစ်ဆင့်စီ တစ်ဆင့်စီ တစ်လှမ်းချင်း နောက်ပြန်ဆုတ်ပြီး ရှာရမှာ။ ရောဂါက ဘယ်လို ကူးစက်တယ်ဆိုတာကို သိရင် ဒီလို လုပ်လို့ ရမယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ သိပ်မလွယ်ဘူး။ ဒီလို AIDS ရောဂါကို ရှာဖို့လုပ်ရာမှာ ပထမဦးဆုံး ကသိကအောက် ဖြစ်သွားရတဲ့ ကိစ္စကတော့ အမေရိကန်ရှိ CDC ခေါ် ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက ထုတ်တဲ့ ကြောညာချက်တစ်ခုထဲမှာ ဟေတီကျွန်းသားတွေကို စွပ်စွဲ အပြစ်ဖို့နေပုံ ရနေတယ်။ အဲဒီ ကြေညာချက်ထဲမှာ ၁၉၈၂ ခုနှစ်မှာ အမေရိကန်မှာ လူ ၁၀၀ လောက် သေပြီး လူ ၂၀၀ ကျော်လောက် ရောဂါ ဖြစ်နေတဲ့ ရောဂါအသစ်အဆန်း AIDS ပေါ်နေတဲ့ အထဲမှာ ဟေတီကျွန်းသား ၃၄ ဦးမှာ ဒီရောဂါတွေ့ထားတယ်။

သူတို့ဟာလည်း အခြားရောဂါတွေ့ထားတဲ့ လူနာတွေလို “ဂေး” မဟုတ်ကြဘူး။ မူးယစ်ဆေးလည်း မထိုးလို့ဆိုတော့ ဒီဟေတီနိုင်ငံသားတွေ ကများ ရောဂါစတာလားဆိုတဲ့ ထင်မြင်ချက်မျိုး ပါနေတယ်။ ၁၉၈၃ မှ ဒါဟာ မဟုတ်နိုင်ဘူးလို့ ဟေတီက ဆရာဝန်တွေက စောဒက တက်ကြတယ်။ ဒီအချိန်က AIDS ရောဂါ ရှိနေသူပေါင်းရဲ့ ၆% လောက်သာ ဟေတီကျွန်းသားတွေ ဖြစ်နေတာ။ ဒါတော့ ဘယ်အုပ်စုကမဆို ဒီလောက်နည်းတဲ့ ရာနှုန်းတော့ ဖြစ်နိုင်တာပဲ။ ဘာကြောင့် ဟေတီကျွန်းသားတွေကိုမှ ကွက်ပြီး မီးမောင်း ထိုးပြနေကြတာလဲ။ ဟေတီလူနာတွေဟာ သူတို့ “ဂေး” ဖြစ်ကြတယ်။ မူးယစ်ဆေး ထိုးတယ်ဆိုတာကို လွယ်လွယ်ကူကူနဲ့ မပြောတတ်ကြဘူး။ ဒါကတော့ သူတို့ရဲ့ စရိုက်ပဲ။

ဒီတော့ သုတေသီတွေက ဒီလိုနေရာမျိုးမှာ လူတွေဓလေ့အကြောင်း ကောင်းကောင်းနားလည်ပြီး ဒီလို အရာမျိုး မေးတဲ့နေရာမှာ သိမ်မွေ့နူးညံ့စွာ ဌာနေစရိုက်နဲ့ ဘောင်ဝင်စွာ ကိုင်တွယ် ဆက်ဆံပြီး အဖြေမှန်ရအောင် လုပ်ဖို့ လိုတယ်လို့ ဆိုတယ်။ မေလ ၁၉၈၅ မှာတော့ CDC က ဟေတီသားတွေကို AIDS အထူးတလည်ပိုဖြစ်တဲ့ အုပ်စုအဖြစ်မှ ပယ်ဖျက်ပါတယ်။ သူတို့ဟာ အခြားသူတွေထက် AIDS အန္တရာယ် ပိုရှိတယ်လို့ မယူဆနိုင်ဘူးလို့ CDC က ပြန်ပြင်ပြီး ပြောရတယ်။ ဒါပေမယ့် ဒီအတွင်းမှာတော့ ဒဏ်ခတ်ခြင်းတော့ ခံလိုက်ရပြီ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIV Information for Myanmar

မလေးရှား၏ မပွင့်လင်းမှုများကြောင့် ပိုမိုရှုပ်ထွေးလာသည့် လေယာဉ်ပျောက်ဆုံးမှုကြီး




ပျောက်ဆုံးနေသော မလေးရှား ခရီးသည်တင် လေယာဉ်ကို ရှာဖွေနေမှုသည် မလေးရှား စစ်ဘက်ဆိုင်ရာ အာဏာပိုင်များ၏ မပွင့်လင်းမှုနှင့်အတူ ပိုမိုရှုပ်ထွေး ခက်ခဲလာနေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ယခုအခါ မလေးရှားမှ တရုတ်နိုင်ငံဘက်သို့ ဦးတည်ပြီး အရှေ့မြောက်ဘက်သို့ ပျံသန်းသွားသော လေယာဉ်သည် အဆိုပါ လမ်းကြောင်းအတိုင်း ဦးတည်ခဲ့ခြင်း ဟုတ်မဟုတ် ကြီးမားသော သံသယများ ဖြစ်တည်လာခဲ့သည်။ လေယာဉ်သည် ပင်လယ်ပြင်ပေါ်တွင် ပြန်ကွေ့ကာ မလေးရှားနိုင်ငံ လေပိုင်နက်ကို ဖြတ်ကျော်ပြီး အနောက်ဘက်ယွန်းယွန်းသို့ ပျံသန်းသွားသည်ဟု သတင်းများပျံ့နှံ့ခဲ့သည်။ ထိုကိစ္စကို သတင်းထောက်များက မလေးရှားလေတပ်ကို မေးမြန်းသော်လည်း မာလက်ကာ ရေလက်ကြားဘက် လေယာဉ်ဦးလှည့်သွားသည် ဆိုခြင်းကို လေတပ်က ငြင်းဆိုခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းသွားပြီး လူပေါင်း(၂၃၉)ဦး တင်ဆောင်သွားသော လေယာဉ်သည် စနေနေ့ကတည်းက ထူးဆန်းစွာဖြင့် သတင်းအစအန ပျောက်ကွယ်နေဆဲ ဖြစ်သည်။ မလေးရှား အာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် လေယာဉ်ထံမှ နောက်ဆုံးရရှိသည့် အဆက်အသွယ် စကားကို အတည်ပြု ထုတ်ပြန်ခဲ့သည်။ ယင်းမှာ အခြေအနေအားလုံး အေးဆေးကြောင်း သတင်းပို့သည့် “All Right, Roger That”ဆိုသော စကားစုသာ ဖြစ်သည်။ မလေးရှား လေကြောင်းပို့ဆောင်ရေး အာဏာပိုင်များက မိမိတို့သည် မလေးရှားနှင့် ဗီယက်နမ် လေပိုင်နက် နယ်နိမိတ်သို့ အရောက်တွင် လေယာဉ်ကို ထိန်းသိမ်းလမ်းညွှန်ပေးမည့် တာဝန်ကို ဟိုချီမင်းရှိ ဗီယက်နမ် အာဏာပိုင်များထံ လက်လွှဲပေးလိုက်ပြီးဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နောက်ထပ် မိနစ်ပိုင်းအကြာတွင် လေယာဉ်မှာ လုံးဝ အဆက်ပြတ် ပျောက်ကွယ်သွားသည်။

ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာသော သတင်းအချို့တွင် လေယာဉ်သည် အနောက်ဘက်သို့ ဦးလှည့်ပျံသန်းသွားသည်ကို လေတပ်ရေဒါများက ခြေရာခံ ဖမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။ သို့သော်လည်း မလေးရှားလေတပ် အကြီးအကဲ ဗိုလ်ချုပ် ရော့ဇီဒေါ့ဒ်က “ကျွန်တော်တို့ အဲဒီလို မကြေညာခဲ့ပါဘူး”ဟု ငြင်းချက်ထုတ်ခဲ့သည်။ မျက်စိလည်စရာ ကောင်းသည်မှာ ၎င်းက “လေတပ်အနေနဲ့ လေယာဉ်က အနောက်ဘက်ကို ပြန်ကွေ့လာတယ် ဆိုတာကို အပြတ်ငြင်းတာမျိုးတော့ မပြောချင်ဘူး”ဟု နောက်ဆက်တွဲ မှတ်ချက်ပေးသွားခြင်း ဖြစ်သည်။ အဆိုပါ မတင်မကျ ပြောစကားမျိုးသည် လေယာဉ်ပေါ် ပါသွားသူများကို စိတ်ပူသောကရောက်နေသည့် မိသားစုများကို ဒေါသထွက်စေခဲ့ကြောင်းလည်း သိရသည်။

မည်သို့ပင်ဖြစ်စေ ရှာဖွေမှုများကမူ အရှိန်မြှင့် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အစောပိုင်းက လေယာဉ်ကို မလေးရှားနှင့် ဗီယက်နမ်ကြား ရေပြင်တွင် အဓိက ရှာဖွေနေသော်လည်း ယခုအခါ မူလလမ်းကြောင်းနှင့် လုံးဝ မပတ်သက်သည့် မလေးရှား အနောက်ဘက်ကမ်းခြေတွင်ပါ ရှာဖွေမှု ကွန်ရက်ကို ဖြန့်ကျက်လိုက်ရသည်။ ဗုဒ္ဓဟူးနေ့တွင် ရှာဖွေရေး လုပ်ငန်းများကို စတုရန်းကီလိုမီတာ (၉၂၀၀၀)ထိ ကျယ်ပြန့်သည့် ရေပြင်ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သတင်းများက ဆိုသည်။ မလေးရှား အာဏာပိုင်များသည် တမျှော်တခေါ် ဝေးလံသည့် အိန္ဒိယ နိုင်ငံနှင့်ပင် ဆက်သွယ်ကာ အန်ဒမန်ပင်လယ်တွင် လေယာဉ်ကို ကူညီရှာဖွေပေးပါရန် ပန်ကြား အကူအညီ တောင်းခဲ့ကြသည်။
ဗီယက်နမ်မှ ကယ်ဆယ်ရေး တပ်ဖွဲ့များက နယူးဇီလန်ရှိ ရေနံတူးဖော်ရေး မျှော်စင်အလုပ်သမား တစ်ဦးထံမှ မီးလောင်နေသည့် အစိတ်အပိုင်းတစ်ခုခုကို တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့မှုကို ရရှိထားသည်ဟု ကြေညာသည်။ သို့သော်လည်း ဗန်တော်န် အရှေ့တောင်ဘက်ရှိ အဆိုပါအရာဝတ္ထု တည်နေရာသို့ မသွားရောက်နိုင်သေးကြောင်းလည်း ဗီယက်နမ် ရေတပ်က ဆိုသည်။ လက်ရှိအချိန်တွင် ရှာဖွေရေးကဏ္ဍ၌ သင်္ဘော(၄၂)စင်း၊ လေယာဉ်(၃၉)စင်းက စုပေါင်းပါဝင် လုပ်ဆောင်နေဆဲ ဖြစ်သည်။ ထိုအတောအတွင်း တရုတ်နိုင်ငံက မလေးရှား အစိုးရအား လေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် တောင်းဆိုလိုက်ကြောင်းလည်း သိရှိရသည်။
“ဒီကိစ္စမှာ တရုတ်အစိုးရက ခုထက်ပိုပြီး ပါဝင်ဆောင်ရွက်လာသင့်ပါပြီ။ ဒီလေယာဉ်မှာ တရုတ်နိုင်ငံသားတွေ အများဆုံး လိုက်ပါသွားတာပါ”ဟု သမီးဖြစ်သူ လေယာဉ်နှင့်အတူ ပါသွားသည့် ဇန်ဆိုသော အမျိုးသား တစ်ဦးက သောကကြီးစွာဖြင့် ပြောကြားခဲ့သည်။ တရုတ်အာဏာပိုင်များက မိမိတို့သည် လုပ်ပိုင်ခွင့်အတွင်းမှ အစွမ်းကုန် ကြိုးစားနေကြောင်း ပြောဆိုထားသည်။ MH370 ခရီးစဉ်တွင် လိုက်ပါသွားသူ အားလုံးအနက် (၃)ပုံ(၂)ပုံမျှသည် တရုတ်နှင့် ထိုင်ဝမ် နိုင်ငံသားများ ဖြစ်ကြသည်။ လက်ရှိအချိန်ထိ လေယာဉ်၏ ကံကြမ္မာသည် ပျက်ကျခြင်းလော၊ ပြန်ပေးဆွဲခံရခြင်းလော မကွဲပြားသေးဘဲ မလေးရှား၏ လုပ်ဆောင်ပုံ မပွင့်လင်းမှုများကြောင့်လည်း ပိုမို၍ အခြေအနေ ရှုပ်ထွေးနေခြင်းဟု သတင်းများက သုံးသပ်ဖော်ပြသွားခဲ့သည်။

Planet


ကြက်သားကြော်ဆီချက်


နောက်ဆီချက်တစ်မျိုးကတော့ ကြက်သားကြော်ဆီချက်ပါ။ ကြက်ဥခေါက်ဆွဲအမျှင်ကို အသုံးပြုထားပြီး ရိုးရိုးကြက်သားပြုပ်အစား ကြက်သားကြော်နဲ့ အစားထိုးထားတာပါ။

ပါဝင်ပစ္စည်းများကြက်ပေါင်သား အရိုးလွတ်တစ်ခုကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်းဆားလက်ဖက်ရည် ဇွန်း တစ်ဇွန်းကြက်ဥခေါက်ဆွဲအသေး ၂၅၀ ဂရမ်ကြက်ဥ ၁ လုံးဂျုံမှုန့်စားပွဲဇွန်း ၂ ဇွန်း + ဆော်ဒါ လက်ဖက်ရည်ဇွန်း ၈ ပုံတစ်ပုံကြက်သွန်ဖြူဆီ
ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်
ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်းခရုဆီလက်ဖက်ရည်တစ်ဇွန်းကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်းဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါအသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ ကြက်ဥ၊ ဂျုံမှုန့်လူးကာ ကြွပ်နေအောင် ကြော်ကာ ဆီစစ်ထားပါ။ ရသာသော ကြက်သားကြော်အား လက်တစ်လုံးခန့်အထူရအောင်လှီးထားလိုက်ပါ။ခေါက်ဆွဲ ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ (ခေါက်ဆွဲတစ်ပွဲစားကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။လှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ဆီချက်များ ဆမ်းကာ တွဲဖက်သုံးဆောင်ပါ

EVY's Kitchen

မလှိုင်မြို့တွင် သောက်ရေတွင်း၌ ရေငင်စဉ် ပြုတ်ကျသေဆုံး


မလှိုင်မြို့ အမှတ်(၈)ရပ်ကွက် ရပ်ကွက်ကြီး(၁)ရှိ ထန်းပင်ကောက် ကန်မြောက်ဘက်ရှိ သောက်ရေတွင်း အတွင်း၌ လူတစ်ဦးပြုတ်ကျသေဆုံး နေကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူးအောင်ရွှေ၊ တပ်သားဝင်ဇော်ဦး၊ သက်သေဦးစိုးလွင်၊ ရာအိမ်မှူး ဦးကျော်စန်းတို့နှင့်အတူ မတ် ၉ ရက် ည ၈ နာရီခန့်က သွားရောက်စစ်ဆေးရာ တွင်းအနက်ပေ ၁၀၀ ကျော်ခန့်၊ ရေအနက် နှစ်ပေခန့်ရှိ သောက်ရေတွင်း၌ လူတစ်ဦးပြုတ်ကျ သေဆုံး နေသည်ကို တွေ့ရပြီး မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးအောင်ကျော်လင်း၊ တပ်ကြပ် ငြိမ်းချမ်းထွန်းတို့က ရေတွင်းအတွင်းသို့ ဆင်း၍ဆယ်ယူခဲ့ရာ ည ၉ နာရီ မိနစ် ၂၀ ခန့်တွင် ဆယ်ယူရရှိခဲ့ပြီး သေဆုံးသူမှာ မိုးကျော်သူ(ခ) အငယ်လေး (၃၉) နှစ် ရေရောင်းသူ မြို့ဦးကွက်သစ် ရပ်ကွက်(၂) မလှိုင်မြို့နေသူဖြစ်ကြောင်း၊ သောက်ရေတွင်း အတွင်း၌ ရေငင်စဉ် ပြုတ်ကျပြီး ရေတွင်းနံရံနှင့်ရိုက်မိ၍ (ဝဲ) ဦးခေါင်းအရေပြားပေါက်ပြဲ ပွင့်ထွက် ဒဏ်ရာတစ်ချက်၊ ဝဲပါးပွန်းခြစ်ဒဏ်ရာ၊ ဝဲမေးပွန်းခြစ်ဒဏ်ရာတို့ ရရှိကာ သေဆုံးနေကြောင်းနှင့် ၎င်းသည် အတက်ရောဂါရှိပြီး စိတ်ဝေဒနာရှင် ဖြစ်ကြောင်းသိရသဖြင့် မလှိုင်မြို့မရဲစခန်းက အမှုဖွင့်စုံစမ်းလျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar

နိုင်ငံခြားသူတစ်ဦးထံမှပစ္စည်းများ အကြမ်းဖက်လုယူမှုဖြစ်ပွား


ငွေဆောင် မတ် ၁၁

(၁၀.၃.၂၀၁၄) ရက်နေ့၊ ည(၂၁း၁၀) နာရီခန့်တွင် ငွေဆောင်ဟိုတယ်ဇုန် ပုလဲငွေဆောင် ဟိုတယ်၌ တည်းခိုသော ပိုလန်နိုင်ငံသူ Ms. KATARZYNA JOANNA (၃၇ နှစ်) ၊ PP-1723880 , V-No.76082107043 သည် ကမ်းခြေတွင် လမ်းလျှောက်လျက် ချစ်သူများကျွန်းဘက်မှပြန်လာစဉ် Silver View Hotel အနီးကမ်းခြေအရောက် နောက်မှ လိုက်ပါ လာသူ အမည်မသိလူနှစ်ဦးမှ တွန်းလှဲ၍ မျက်နှာအားလက်သီးနှင့်ထိုးကာ ၄င်းလွယ်ထားသော ဘေးလွယ်အိတ် အပြာရောင်အား လုယူထွက်ပြေးခဲ့ကြောင်း၊ ၄င်းအိတ်ထဲတွင် မြန်မာကျပ်ငွေ ငါးသောင်းခန့်၊ ID Card တစ်ခု၊ Credit Card တစ်ခု၊ Samsung I-pad (၇ လက်မ)ဖုန်းတစ်လုံး ပါဝင်သွားကြောင်း၊ နီးစပ်ရာ Silver View Hotel မန်နေဂျာနှင့် ၀န်ထမ်းများအား ချက်ချင်းအကူအညီတောင်းခံရာမှ အချင်းဖြစ်နေရာကို သိရှိရခြင်းဖြစ်ပြီး နိုင်ငံခြားသူ အနေဖြင့် မျက်နှာနှာတံပေါ်တွင် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ၀ဲမျက်လုံးအောက်တွင် ညိုမဲဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် တည်းခိုရာ ပုလဲငွေဆောင်ဟိုတယ်မှတစ်ဆင့် ဆေးရုံသို့ ပေးပို့ကုသမှု ခံယူခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်လျှင် ဖြစ်ချင်း သက်ဆိုင်ရာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့သို့ ချက်ချင်းသတင်းပို့ အကူအညီရယူခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar

အချိန်တစ်လမကြာမီ အသားအရေ ကြည်လင်တောက်ပလာစေမည့် နည်း၂၈ခု


အသားအရေဆိုတာ ညတွင်းချင်း ပြောင်းလဲမသွားပါဘူး။ အသားအရေကြည်လင်လှပမှုမရှိလို့ ဆိုပြီးလည်း စိတ်ဓာတ်မကျပါနဲ့။ အသားအရေ ကြည်လင်တောက်ပလာစေဖို့အတွက် နေ့တိုင်း နည်းနည်းချင်း ပြောင်းလဲ ထိန်းသိမ်းမှုတွေ လုပ်ပေးဖို့လိုပါတယ်။ အောက်ပါနည်းလမ်းတွေကို တစ်ရက်မှာ အနည်းဆုံးတစ်နည်း ကျင့်သုံးလိုက်နာမယ်ဆိုရင် အသားအရေက ရက် ၃၀ မတိုင်ခင် သိသိသာသာ ကြည်လင်လှပလာမှာ ဖြစ်ပါတယ်။

(၁) အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ

အသားအရေ ကြည်လင်ဝင်းပလိုသူတွေ လုပ်သင့်တဲ့နည်းပါ။ ဒါပေမယ့် လူအများစုက ဒီနည်းလမ်းကို မေ့လျော့နေတတ်ပါတယ်။ အရေပြား အထူးကုဆရာဝန်က သင့်အသားအရေ အပြစ်အနာအဆာတွေကို ပြုပြင်ကုသပေးမှာဖြစ်သလို နောက်ထပ်အရေပြားပြဿနာတွေ မဖြစ်စေဖို့နဲ့ အသားအရေကြည်လင်လှပနေစေဖို့ရာအတွက် သင့်တော်တဲ့ အကြံဥာဏ်တွေကို ပေးမှာဖြစ်ပါတယ်။ အရေပြားအထူးကု ဆရာဝန်ဆီကို သွားပြတာက သင့်အသားအရေ အလှအပအတွက် လုပ်သင့်တဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။

(၂) အယ်ကိုဟောသုတ်ထားသည့် ဂွမ်းစဖြင့် ဖုန်းကို သန့်စင်ပါ

ဒီနေ့ခေတ် လူအများစုဟာ ဖုန်းကို အချိန်အများကြီးပေးပြီး ပြောတတ်ကြပေမယ့် ဖုန်းကိုတော့ ပုံမှန်သန့်ရှင်းစင်ကြယ်မှု မလုပ်ဖြစ်ကြပါဘူး။ ဒါကြေင့် ညစ်ပတ်နေတဲ့ ဖုန်းနဲ့ ပြောတဲ့အခါ မျက်နှာအသားအရေကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဖုန်းကြောင့် အသားအရေ အပြစ်အနာအဆာ မဖြစ်လွယ်စေဖို့ အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစနဲ့ ဖုန်းမျက်နှာပြင်ကို မကြာခဏ သန့်စင်ပေးပါ။

(၃) ခေါင်းလျှော်ပြီးမှ မျက်နှာသစ်ပါ

ရေချိုးခေါင်းလျှော်ရင်း မျက်နှာသစ်မယ်ဆိုရင် အရင်ဆုံး ခေါင်းလျှော်လိုက်ပါ။ ပြီးမှ မျက်နှာသန့်စင်ဆေး လိမ်းပြီး မျက်နှာသစ်လိုက်ပါ။ ဒိနည်းလမ်းဟာ မျက်နှာအရေပြားပေါ်မှာ ရှမ်ပူနဲ့ ကွန်ဒီရှင်နာ အကြွင်းအကျန်တွေ မကပ်ငြိစေတဲ့နည်းဖြစ်ပါတယ်။ မျက်နှာ အရေပြား ပေါ် ရှမ်ပူနဲ့ ကွန်ဒီရှင်နာတွေ ကပ်ငြိနေရင် အသားအရေကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်ပါတယ်။

(၄) လုပ်နေကျအကျင့်တစ်ခုရှောင်ရှားပါ

မျက်နှာပေါ် လက်ချောင်းနဲ့ လက်တွေတင်ပြီး ပွတ်သပ်တတ်တဲ့ အကျင့်ဆိုးကို ရှောင်ပါ။ သင့်လက်ပေါ်က ဘက်တီးရီးယားတွေကြောင့် အသားအရေ အပြစ်အနာအဆာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မဆေးကြောရသေးတဲ့ သင့်လက်တွေနဲ့ မျက်နှာပေါ် မအုပ်မိပါစေနဲ့။

(၅) ဆလီးစလစ်အက်စစ်ပါသော မျက်နှာသန့်စင်ဆေးသုံးပါ

အသားအရေကြည်လင်စေမယ့် မျက်နှာသန့်စင်ဆေးအမျိုးအစားကို ရွေးချယ်အသုံးပြုမယ် ဆိုရင် ဆလီးဆလစ်အက်စစ်ပါဝင်တဲ့ သန့်စင်ဆေးကို ရွေးချယ်သုံးစွဲပါ။ ဆလီးစလစ် အက်စစ်က မျက်နှာအရေပြား ဆဲလ်သေတွေကို ကြွေကျစေပြီး ချွေးပေါက်ကျယ်တာကို သိသိသာသာ လျော့ကျစေပါတယ်။

(၆) နူးညံ့သော မျက်နှာသုတ်ပ၀ါဖြင့် အရေပြားကို ခြောက်သွေ့အောင်သန့်စင်ပါ

မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို နူးညံ့တဲ့ မျက်နှာသစ်ပုဝါနဲ့ ခြောက်အောင် သုတ်ပေးပါ။ တချို့ မျက်နှာသုတ်ပုဝါတွေက ကြမ်းတမ်းပြီး အသားအရေကို သေးငယ်တဲ့ပြတ်ရှ ထိခိုက်ရာ တွေ ဖြစ်စေနိုင်သလို အရေပြားထဲကို ဘက်တီးရီးယားပိုးတွေ ၀င်လွယ်စေပါတယ်။

(၇) အပြစ်အနာအဆာများကို ဖုံးအုပ်ပါ

နေ့ဘက်အတွင်း သင့်မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးအုပ်ထားရင် သင့်ကို အလှမပျက ကြည့်ကောင်းစေပါတယ်။ သင့်မျက်နှာအပြစ်အနာအဆာတွေကို ဖုံးအုပ်နိုင်တဲ့ မိတ်ကပ်အမျိုးအစားကို စနစ်တကျ ရွေးချယ်တတ်ရင် ၀က်ခြံအဖုအပိမ့်တွေကိုပါ အနာကျက်
စေနိုင်ပါတယ်။

(၈) နေ့ဘက်တွင် ရက်တီနောအလှကုန်ကို ထိန်းချုပ်သုံးပါ

နေ့ဘက်မှာ နေရောင်ခြည်ကြောင့် ရက်တီနောအလှကုန်တွေရဲ့ အာနိသင် ပျက်ပြယ်မှု ဖြစ်တတ်တဲ့အတွက် နေ့ဘက်မှာ ထိန်းချုပ်အသုံးပြုပါ။

(၉) သကြားရှောင်ပါ
နေ့စဉ် သင် စားသောက်နေကျ အစာထဲမှာ သကြားကို တတ်နိုင်သမျှ ရှောင်ပါ။ အများစုအနေနဲ့ သကြားကို ရှောင်တဲ့အတွက် မျက်နှာအသားအရေ ချက်ချင်းကြည်လင် လာတာကို တွေ့ရတတ်ပါတယ်။

(၁၀) တစ်လတစ်ကြိမ်ကြီးမားသော ၀က်ခြံဖုပေါက်နေလျှင် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်

တစ်လတစ်ကြိမ်ကြီးမားသော ၀က်ခြံဖုက မေးရိုးနေရာတစ်ဝိုက်ပေါက်နေရင် ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ လစဉ်ရာသီလာခါနီးမှာ ဆားကဲတဲ့ အစားအသောက် တွေကို လျှော့စားပါ။ ရေများများသောက်ပြီး အိပ်ရေး၀၀ အိပ်စက်အနားယူပေးပါ။

(၁၁) မျက်နှာလိမ်းဆီဖြင့် အစိုဓာတ်ထိန်းပါ

မျက်နှာအသားအရေ စိုပြည်အောင် ထိန်းသိမ်းနေချိန်မှာ အဆီတစ်မျိုးမျိုး(ဥပမာ- သံလွင်ဆီ၊ ဗက်ဆလင်းအလှဆီ)ကို လိမ်းတာအကောင်းဆုံးပါ။ ဒါမှသာ ဆီကြည်အပိုတွေ မထွက်ရှိစေဘဲ အသားအရေ စိုပြည်နူးညံ့နေမှာ ဖြစ်ပါတယ်။

(၁၂) မိတ်ကပ်ဘရပ်ရှ်များကို တစ်ပတ်တစ်ကြိမ် ဆေးကြောပါ

မိတ်ကပ်ဘရပ်ရှ်များကို ဆေးကြောသန့်စင်ဖို့ မေ့လျော့နေပါသလား။ မိတ်ကပ်ဘရပ်ရှ်တွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးတွေက သင့်မျက်နှာပေါ်မှာ ကပ်ငြိရင်း အဖုအပိမ့်တွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ် မိတ်ကပ်ဘရပ်ရှ်တွေကို သန့်စင်ပေးသင့်ပါတယ်။

(၁၃) မျက်နှာသစ်ပြီးတိုင်း တိုနာလိမ်းပါ

မျက်နှာသစ်ပြီးတဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေ ကင်းစင်မသွားစေဖို့နဲ့ ချွေးပေါက် ကျဉ်းကာ သန့်ရှင်းစင်ကြယ်နေစေဖို့ တိုနာလိမ်းသင့်ပါတယ်။

(၁၄) စိမ်းစိုသော အသီးအနှံများထည့်စားပါ

အသားအရေ ကြည်လင်သန့်စင်စေဖို့ရာအတွက် နေ့စဉ်စားသောက်တဲ့ အစာထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကို ထည့်စဉ်းစားပေးရပါမယ်။

(၁၅) တစ်ပတ်တစ်ကြိမ် ခေါင်းအုံးစွပ်လျှော်ဖွတ်ပါ

တစ်ပတ်မှာ တစ်ကြိမ်ခန့် ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းကိုလျှော်ဖွတ်ပေးပါ။ ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းမှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေရင် သင့်မျက်နှာအသားအရေကို အပြစ် အနာအဆာ ထင်လွယ်စေနိုင်ပါတယ်။

(၁၆) အရေပြားနီမြန်းမှုကိုလျှော့ချပါ

အရေပြားနီမြန်းမှုဖြစ်နေရင် ရေခဲတုံးကပ်တဲ့နည်း ဒါမှမဟုတ် ရေခဲရေဖျန်းတဲ့နည်းနဲ့ အရေပြား နီမြန်းမှုကို လျှော့ချပါ။ နီမြန်းနေတဲ့ ၀က်ခြံအဖုတွေပေါ် ရေခဲကပ်ပေးပါ။

(၁၇) ဆံစပ်တစ်လျှောက် အဖုအပိမ့်ပေါက်လျှင် ရှမ်ပူပြောင်းသုံးပါ

ဆံစပ်နဲ့ ဆံပင် ထိတွေ့နေတဲ့ အရေပြားပေါ်မှာ အဖုအပိမ့်တွေ ပေါက်နေရင် ခေါင်းလျှော်ရည်နဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်တဲ့အတွက် တခြားဖော်မြူလာနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးပါ။

(၁၈) မျက်နှာအသားအရေကို ကြေးချွတ်ပါ

တစ်လမှာ အနည်းဆုံး တစ်ကြိမ်ခန့် မျက်နှာအသားအရေကို ကြေးချွတ်ပေးပါ။ ရှောက်သီး၊ သံပရာသီး၊ ရှလကာရည်အစရှိတဲ့ ကြေးချွတ်ပစ္စည်းတွေ သုံးပြီး မျက်နှာ အသားအရေကို သန့်စင်အောင် ကြေးချွတ်ပေးနိုင်ပါတယ်။

(၁၉) အက်စ်ပရင်နှင့်ပေါင်းတင်ပါ

ဝက်ခြံအဖုအကြီးတွေ ပေါက်နေရင် အက်စ်ပရင် ၅-၈ပြားကို ကြိတ်ခြေပြီး ရေနဲ့ ဆေးပျစ်အောင် ဖျော်ကာ ၀က်ခြံအဖုအပိမ့်တွေပေါ်မှာ သုတ်လိမ်းပေးပါ။ တစ်ညတာအတွင်း အဖုအရွယ်အစား သိသိသာသာ လျော့ပါးသက်သာသွားပါလိမ့်မယ်။

(၂၀) ချွေးပေါက်များကို သန့်စင်ပါ

ချွေးပေါက်ထဲမှာ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန် အစရှိတဲ့ အညစ်အကြေးတွေ ပိတ်ဆို့နေနိင် တာကြောင့် တစ်ပတ်မှာ နှစ်ကြိမ်ခန့် သန့်စင်ဆေးကြောပေးသင့်ပါတယ်။

(၂၁) ရာသီတိုင်း နေကာခရင်မ်လိမ်းပါ

နွေရာသီမှာတင်မက ဆောင်းတွင်းကာလနဲ့ မိုးရာသိတွေမှာပါ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။ သင့်မျက်နှာအတွက် ၀က်ညခံ အဖုအပိမ့်မဖြစ်လွယ်တဲ့ နေကာခရင်မ် အမျိုးအစားကို ရွေးချယ်လိမ်းသင့်ပါတယ်။

(၂၂) အိပ်ရေး၀၀ အိပ်စက်အနားယူပါ

ညဘက်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ရုံသာမက အသားအရေ အပြစ်အနာအဆာတွေကိုလည်း ကင်းစင် သက်သာသွားစေပါတယ်။

(၂၃) တစ်ပတ်တစ်ကြိမ်ပေါင်းတင်ပါ

မျက်နှာအသားအရေ ကြည်လင်လှပစေဖို့ တစ်ပတ်မှာတစ်ကြိမ်ခန့် မျက်နှာသန့်စင်စေတဲ့ ပေါင်းတင်ကပ်ခွာ( Skin Clearing Mask) ကိုသုံးပြီး ပေါင်းတင်ပေးသင့်ပါတယ်။

(၂၄) တစ်နေ့တာအတွင်း ရေများများသောက်ပါ

ရေများများ သောက်တာကြောင့် တစ်နေ့တာအတွင်း စိတ်ရောကိုယ်ပါ လန်းဆန်းစေသလို အသားအရေကိုလည်း ကြည်လင်ဝင်းပစေပါတယ်။

(၂၅) မိတ်ကပ်မဖျက်ဘဲ အိပ်ရာမ၀င်ရ

မိတ်ကပ်တွေကို သန့်စင်ဆေးကြောမှု မလုပ်ဘဲ အိပ်ရာမ၀င်သင့်ပါဘူး။ ဒါကို စည်းမျဉ်း တစ်ရပ်လို လိုက်နာပါ။ အထူးသဖြင့် မျက်နှာကို အနည်းဆုံး စနိုးတာဝါနဲ့ သန့်စင်ပြီမှ အိပ်ရာဝင်သင့်ပါတယ်။

(၂၆) တစ်ပတ်သုံးကြိမ် လေ့ကျင့်ခန်းလုပ်ပါ

တစ်ပတ်မှာ အနည်းဆုံးသုံးကြိမ်ခန့် လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်တွင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ရုံသာမက ချွေးထွက်ကာ အသားအရေကိုလည်း ဟန်ချက်ညီညီ လှပကြည့်ကောင်းစေပါတယ်။

(၂၇) သင့်ခန္ဒာကိုယ်ကိုလည်း မေ့လျော့မထားပါနှင့်

ရေချိုးပြီး အရေပြားကို ခြောက်သွေ့အောင် သုတ်ပြီးချိန်မှာ တစ်ကိုယ်လုံးကို ဘော်ဒီလိုးရှင်း လိမ်းပေးပါ။ ခန္ဒာကိုယ်အသားအရေကို စိုပြည်နူးညံ့ချောမွေ့စေပါတယ်။

(၂၈) အသားအရေ ထိန်းသိမ်းမှုကို ဆက်လက်လုပ်ဆောင်ပါ

အထက်က အသားအရေ ထိန်းသိမ်းနည်းတွေကို လုပ်ဆောင်ရင်း အသားအရေက သိသိသာသာ ကြည့်ကောင်းလာတယ်ဆိုရင် သင်လိုချင်တဲ့ အတိုင်းအတာအထိ မြင်တွေ့ရစေဖို့ အသားအရေကို ဆက်လက် ထိန်းသိမ်းသွားသင့်ပါတယ်။

မှတ်ချက်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလထုတ် အာရောဂျံမဂ္ဂဇင်း အတွဲ(၂၅၉) မှ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)ရေးသားသော ဆောင်းပါးအား ကောက်နုတ်တင်ပြသည်။

MOI Webportal Myanmar

ဆံသားကျွတ်ခြင်း ကင်းအောင် ပျိုမဒီတို့ ထိန်းသိမ်းစေချင်


မြင့်မြင့်စိုး

အမျိုးသမီးတိုင်း ဆံကေသာနဲ့ ပတ်သက်ရင် အမြတ်တနိုး ထားတတ်ကြပါတယ်။ သရုပ်ဆောင် အိချောပို ဟာ သူမရဲ့ဆံကေသာကို မြတ်နိုးလွန်းလို့ ဆံပင်ကို ဆေးမဆိုးဘဲ အနက်ရောင်သာ ထားရှိသူ တစ်ဦးပါ။ ဆံကေသာလှဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ ဆံပင်မကျွတ်အောင် ဘယ်လို ထိန်းသိမ်းမလဲဆိုတာနဲ့ ပတ်သက်ပြီး အိချောပို သိချင်တဲ့မေးခွန်းတွေကို အရေပြားဆရာဝန် ဒေါက်တာသောင်းညွန့်ရွှေ (မော်လမြိုင် အရေပြားဆေးခန်း)ကို မေးခဲ့ပါတယ်။

ဆံပင် ကျွတ်ခြင်း၊ ပြတ်ခြင်းတို့ ဘာကြောင့် ဖြစ်ရတာပါလဲ။

ဆံပင်ကျွတ်ခြင်းမှာ အရေပြား (သို့) ဦးရေပြားထဲရှိ အမွေးအိတ်ပျက်စီးသွားလို့ ဖြစ်ရခြင်းပါ။ ဆံပင်ပြတ် ထွက်ရခြင်းမှာ မွေးရာပါ ချို့ယွင်းချက်များကြောင့် သော်လည်းကောင်း၊ အခြားသော အကြောင်းအရာများ ကြောင့်သော်လည်းကောင်း၊ ဆံပင်များ ဖွဲ့စည်းတည်ဆောက်မှု ချို့ယွင်းပျက်စီးသွားရာမှ ဆံပင်အလျား တစ်လျှောက် တစ်နေရာရာမှ ပြတ်ထွက်သွားခြင်း ဖြစ်ပါတယ်။

ဆံပင်ကျွတ်တာ ဘယ်နှမျိုး ရှိပါသလဲ။

ဆံပင်ကျွတ်ခြင်းကို အကြမ်းအားဖြင့် ဦးရေပြားတစ်ပြင်လုံး ဒါမှမဟုတ် ဦးခေါင်းတစ်ခုလုံးမှ နေရာဖြန့် ကြက်ကျွတ်ခြင်းနဲ့ နေရာကွက်ကျွတ်ခြင်းဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။

တစ်ခေါင်းလုံး ဆံပင်ဘာကြောင့် ကျွတ်တာလဲ။

အပြင်းအထန်ဖျားနာခြင်း၊ ခွဲစိတ်ကုသမှုခံရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သွေးထွက်လွန်ခြင်းနဲ့ စိတ်ထိ ခိုက်မှုတို့ကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ လည်ပင်းကြီးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ အသည်းရောဂါ များကြောင့်လည်း ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတချို့ ကိုယ်ဝန်ရှိနေချိန်မှာ ဆံပင်ကျွတ် တတ်ကြပြီး တချို့က ၀မှာစိုးရိမ်ပြီး အစားအသောက် အလွန်အကျွံရှောင်ခြင်းတို့ကြောင့် ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ပါတယ်။ ကင်ဆာဆေးနဲ့ ဓာတ်ကင်ခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

ဆံပင်ကျွတ်တာကို ကုသလို့ရပါသလား။

ဦးခေါင်းတစ်ခုလုံး နေရာဖြန့််ပြီး ဆံပင်ကျွတ်တာက အကြောင်းရင်းမြစ်ရှိပြီး အဲဒါကို ကုသပေးရင်တော့ အလိုအလျောက် ဆံပင်ပြန်ပေါက်လာနိုင်ပါတယ်။ မျိုးရိုးဗီဇအလိုက် ခေါင်းပြောင်ခြင်းကိုတော့ စားဆေး၊ ဆံပင်အစားထိုးကုသမှုနဲ့ ကုသနိုင်ပါတယ်။

Mizzima Burmese

မုံရွာတွင် တက္ကသိုလ်နှစ်ခုမှ ကျောင်းသားများ ချိန်းဆိုရန်ပွဲဖြစ်


ကိုတိုးကြီး

မုံရွာမြို့ ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ကျောင်းသားများနှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများသည် ယခု လ ၁၀ ရက် နံနက် ၉နာရီအချိန်က အောင်သာကျေးရွာ နှင့် မိုးညှင်းသံမ္ဗုဒ္ဓေဘုရားသို့ ဆက်သွယ်ဖောက် လုပ်ထားသည့် ကားလမ်းဘေး ကန် တော်ဦးစေတီအနီးတွင် ချိန်းဆို၍ ရန်ပွဲ ဖြစ်ခဲ့သည်ဟု မုံရွာခရိုင် ဒုစရိုက်မှု အထူး နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင်က မတ် ၁၁ တွင် မဇ္ဈိမကိုပြောသည်။

ယခုလ ၁၀ ရက် နံနက် ၉ နာရီအချိန် က ၀ိဇ္ဇာ/သိပ္ပံကျောင်းသား မောင်စည်သူ အပါအ၀င် လူငယ် ၁၅ ဦး သည် ကားတစ်စီး၊ ဆိုင်ကယ်ခြောက်စီးဖြင့် မုံရွာနည်းပညာ တက္ကသိုလ်ကျောင်းမှ Civil (မြို့ပြ) ဒုတိယ နှစ်ကျောင်းသား မောင်ဇေယျာဦး၏ တယ်လီဖုန်းဖြင့် ချိန်းဆိုချက်အရ သွားရောက်ခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆို ထားသည်။

ထို့နောက် မုံရွာတက္ကသိုလ်ကျောင်းသား မောင်စည်သူ အပါအ၀င်လူငယ် ၁၅ ဦးနှင့် မုံရွာ နည်းပညာ တက္ကသိုလ်ကျောင်းသား မောင်ဇေယျာဦး အပါအ၀င် လူငယ် ၁၀ဦးတို့သည် အဆိုပါနေရာ၌ ရန်ပွဲဖြစ်ခဲ့ သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ၀ိဇ္ဇာ/သိပ္ပံကျောင်းသား မောင်စည်သူ အသက်(၁၇)နှစ်၊ ဘူမိဗေဒ ပထမနှစ်ကျောင်းသားဆိုသူ မှာ ဦးခေါင်း ၀ဲဘက် ချိုစောင်းတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် အတွင်းလူနာအဖြစ် ဆေးဝါး ကုသမှု ခံယူလိုက်ရသည်။

ထို့ပြင် မောင်စည်သူ၏ ကားမှာ ရှေ့နောက်မှန်များ ကွဲကြေပျက်စီးခဲ့သည်ဟု ရဲစခန်းသို့ တိုင်ကြားခဲ့သည် ဟု ရဲဌာနက ဆိုသည်။

ထို့ကြောင့် မုံရွာမြို့မရဲစခန်းမှူး ဒု-ရဲမှူး ကျော်ကျော်ညွန့်က မုံရွာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီးထံသို့ အဆိုပါဖြစ်စဉ်အား ဆက်သွယ် အကြောင်းကြားထားသည်ဟု ရဲဌာန က ဆိုသည်။

Mizzima Burmese

ဓာတ်ပုံများကို အခမဲ့အသုံးပြုနိုင်ရန် Getty Images စီစဉ်


ကမ္ဘာ့အကြီးဆုံး ဓာတ်ပုံဝန်ဆောင်မှုဖြစ်သည့် Getty Images သည်၎င်း၏ ဓာတ်ပုံများတွင် ပါဝင်သောရေစာကို ဖြုတ်ချရန်စီစဉ်နေပြီး openembed ကြောင့် အသုံးပြုသူများအနေဖြင့် Getty Images ပေါ်မှမည်သည့် ဓာတ်ပုံကိုမဆို ၎င်းတို့၏ blog များနှင့် social media များပေါ်တွင်ဝေမျှနိုင်မည်ဟုသိရသည်။ အဆိုပါဝန်ဆောင်မှုသည် credit ပြုလုပ်သူနှင့်အတူ ဓာတ်ပုံအောက်ခြေတွင် ပူးတွဲဖော်ပြပေးပြီး လိုင်စင်ရယူထားသော စာမျက်နှာဖြင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်သည် ကုမ္ပဏီအတွက် အန္တရာယ်ရှိပြီး ဗားရှင်းသစ်များ screenshot ရိုက်ကူးရ လွယ်သောကြောင့် လိုင်စင်မရှိသည့် ဗားရှင်းများဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်။ Getty Images ၏စီးပွားရေး အမှုဆောင် Craig Peters က ယခုအခါ Getty image ကိုရယူလိုပါက ရိုးရှင်းသောရေစာ မပါသည့်ဓာတ်ပုံကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ customer ဆိုက်များထဲမှ တစ်ခုသို့သွားရောက်၍ right click နှိပ်သကဲ့သို့ပင်ဖြစ်ကြောင်း၊ သို့မဟုတ် Google Image search နှင့် Bing Image search သို့သွားရောက်ရယူ နိုင်မည်ဖြစ်ကြောင်း မိမိတို့သည်နေရာတိုင်းတွင်ရှိနေကြောင်း ပြောဆိုခဲ့သည်။

ယခုအစီအစဉ်သည် social ဝက်ဘ်ဆိုက်များပေါ်တွင် တိုက်ရိုက်ဝေမျှခြင်း ကဲ့သို့ဖြစ်ပြီး embed-code များနှင့်ရင်းနှီးသော WordPress နှင့်အတူ Twitter နှင့် Tumblr ပေါ်တွင် ဝေမျှခြင်းကဲ့သို့မျိုးဖြစ်သည်။ Peters က Web publisher များတွင်တရားဝင် အခမဲ့အသုံးပြုနိုင်သည့် ဓာတ်ပုံများကို အသုံးပြုလာပါက Getty နှင့်ဓာတ်ပုံဆရာများအတွက် အမြတ်အစွန်းများ ရရှိနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

-စိုးထက်
Ref: TheVerge
Internet Journal

Android တွေကို pattern lock နှင့် passward မေ့သွားရုံမကပဲ google account တောင်းတာကို အဆင်ပြေစေမယ့် ဆော့ဝဲ


Android တွေကို pattern lock , passward မေ့သွားရုံ မကပဲ google account တောင်းနေတဲ့ အခြေအနေမှာ လုပ်ပေးနိုင်တဲ့ software လေးဖြစ်ပါတယ်။ ဒီ software လေးကလူတွေတော်တော် များများသိပြီး သားဖြစ်ပါတယ်။ တရုတ် software လေးဖြစ်ပြီး အခု update ထက်ထွက် ထပ်မံ ထွက်ရှိလို့ လာပြန်ပါပြီ။

အရင်က ထက်ပိုပြီးကောင်း လာသလို ပိုပြီးလည်း အဆင်ပြေသွား ပါတယ်။ lock ဖြည်ဖို့တော့ awmif USB Debugging on ထားဖို့နဲ့ Root လုပ်ထားဖို့တော့ လိုအပ်ပါတယ်။ Root မလုပ်ရသေး ရင်တောင် အနည်းဆုံး USB Debugging on ပေးထားရင်တော့ အဆင်ပြေ ပါတယ်။ USB Debugging on ထားရင်ဖုန်းထဲကို ၀င်ကြည့်လို့ရပါတယ်။ Root လုပ်လို့လဲရပါတယ် ... ဒီလောက်ကောင်းတဲ့ software လေးကို မသိသေးသူေ တွအတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။

သိပြီးသား သူတွေကတော့ update version လိုအပ်မယ် ဆိုရင်တော့ ယူလိုက်ပါ။ Shuame software လေးကိုတော့ အောင်ပါလင့်တွင် ယူနိုင်ပါတယ်။

http://www.tusfiles.net/wyvbr5exubof

Smart Pro Journal

ဘဝ အမောတွေ ပြေ စေဖို့ ပျော်လိုက်ကြစို့


ပြီးခဲ့တဲ့ လကုန်ပိုင်းက ယူကျုပေါ် ရောက်လာပြီး ခေတ်စားနေတဲ့ ပျော်စရာ မြန်မာ ၂၀၁၄ ရုပ်/သံတခု ပါ။

မြန်မာနိုင်ငံမှာ စိတ်လှုပ်ရှားစရာ တခုခုဖြစ်နေတာကြောင့် လူတွေ အခုလို ပျော်ရွှင်မှု တွေ ရှိနေပြီဆိုတာ သရုပ်ဖော် တင်ပြထားတဲ့ အစီအစဉ်ကောင်းလေး တခုပါ။

ဒီရုပ်/သံထဲက အတိုင်း မြန်မာတွေ တကယ်ပျော်ပျော်ရွှင်ရွှင်နေကြရတော့မှာလား၊ တကယ်ပျော်ရွှင်ရ တဲ့ မြန်မာပြည်ဖြစ်မလား ဆိုတာ စောင့်ကြည့်နေစဉ်အတွင် ဒီဗီဒီယိုကတော့ သင့်ကို ပျော်ရွှင်မှု တခု ရိုက်ခတ်သွားမယ်လို့ မျှော်လင့်ပါတယ်။
ဘဝအမောတွေ ပြေစေဖို့ သူတို့နဲ့ အတူပျော်လိုက်ကြစို့...




အိမ့်သံစဉ် ~


The Irrawaddy

အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် မသန်စွမ်း ဟစ်ဟော့အကပညာရှင်


ဗီနွတ် တာကွတ်ဟာ မွေးလာကတည်းက ခြေထောက်မပါပဲ မွေးလာတဲ့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် ဟစ်ဟော့အကပညာရှင် ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက နာမည်ကျော် “India’s Got Talent” အိန္ဒိယရဲ့ စွမ်းဆောင်မှုများ ဆိုတဲ့ စွမ်းရည်ပြ ရုပ်သံလိုင်းတခုမှာ ပါဝင်ခွင့်ရခဲ့ပြီး အိန္ဒိယနိုင်ငံမှာ တဟုန်ထိုး နာမည်ကျော် လူသိ များလာခဲ့ပါတယ်။

India_Limbless_Dancer_web_140308_672မသန်စွမ်းလူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်တဲ့ အကသင်တန်းကျောင်း တခုကိုလည်း သူကိုယ်တိုင် ဖွင့်လှစ်ထားပါတယ်။

မဟာဝိဒရာလာယာအကနဲ့ ဂီတသင်တန်းကျောင်းဟာ နယူးဒေလီမြို့ရဲ့ မြို့ပတ် အမြန်ရထား ဘူတာရုံတခုနားမှာ ရှိပါတယ်။ ကျောင်းသားအချို့ကို သင်တန်းကြေး မယူဘူးလို့ ကျောင်းကို ပူးတွဲထူထောင်သူ တဦးဖြစ်တဲ့ ခရစ်နာ ဘတ်ရှုမာတာရီ ကဆိုပါတယ်။

“မသန်စွမ်းကလေးတွေနဲ့ ဆင်းရဲတဲ့မိသားစုက လာတဲ့ကလေးတွေဆို ဒီကျောင်းက သင်တန်းကြေး မယူပါဘူး။ ပိုက်ဆံပေးနိုင်တဲ့သူတွေကိုပဲ သင်တန်းကြေး ကောက်ခံပါတယ်။”

အသက် ၂၁ နှစ် အရွယ် လူငယ် ပရာမွတ်ဟာ ကလေးဘ၀မှာ ပိုလီယိုဖြစ်ခဲ့ပါတယ်။ သူဟာ ပိုလီယိုရောဂါ ဖြစ်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ပုံစံနဲ့ ဘယ်လိုကရမလဲဆိုတာ ဒီသင်တန်းမှာ လာသင်တာဖြစ်ပါတယ်။

“လူတွေကထင်ကြတယ်။ ကျနော်က မသန်စွမ်းဆိုတော့ ကျနော့်ဘ၀မှာ ကျနော် လုပ်နိုင်တာ မရှိတော့ဘူးပေါ့။ တကယ်တော့ ဒါတွေက အကောင်းမမြင်တာပါ။ ကျနော်ကတော့ ကိုယ်လက်အင်္ဂါ မသန်စွမ်းပေမယ့်၊ ကိုယ့်ကိုယ်ကိုယ်တော့ ဂုဏ်ယူပါတယ်။ ကျနော်ရဲ့ အားနည်းချက်ကနေ အားသာချက်ကို ပြောင်းယူတယ်။ တကယ် ကချင်ရင်၊ တကယ် ကချင်တဲ့ နှလုံးသားရှိဖို့ပဲ အရင်လိုပါတယ်။ ခြေထောက်ဆိုတာ နောက်မှပါ။ ဗီနွတ်က သူ့ရဲ့ သန်စွမ်းတဲ့ လက်တွေနဲ့ ကပုံကနည်းတွေကို ပြသပါတယ်။”
ဒီအကသင်တန်းကျောင်းကို ထူထောင်ခဲ့သူ အသက် ၂၆ နှစ်အရွယ် ဗီနွတ်က “ကျနော်ဟာ မွေးကတည်းက ခြေထောက် မပါခဲ့ပါဘူး။ ဒါကြောင့် ကျနော့် မိသားစုတွေက ကျနော့်ရဲ့ အနာဂတ်အတွက် အတော်ကို ပူပန်ခဲ့ကြပါတယ်။ ဘုရားက အကုန်လုံး အဆင်ပြေအောင် မပေးပေမယ့် ပေးတဲ့အရာကျတော့လည်း တကယ်ကို စွမ်းဆောင်နိုင်အောင် ပေးပါတယ်။ တခုပဲ ရှိပါတယ်။ အဲဒီ ဘုရားပေးတဲ့အရာကို တွေ့အောင်ရှာနိုင်ဖို့ပဲ” လို့ ပြောပါတယ်။

ဗီနွတ်ဟာ ငယ်ငယ်လေးကတည်းက အက၀ါသနာပါခဲ့ပါတယ်။ ပြီးတော့ အရင်က မိုဘိုင်းဖုန်းပြင်သူ တယောက်လည်း လုပ်ခဲ့ပါသေးတယ်။ အဲဒီမှာ သူငယ်ချင်းတွေက စွမ်းရည်ပြ တီဗွီရှိုးမှာ ၀င်ပါ ကြည့်ပါလားလို့ တိုက်တွန်းခဲ့ကြပါတယ်။ အဲဒီကစပြီး သူ့ဘ၀ ပြောင်းလဲတော့တာပါပဲ။ ၂၀၁၀ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ စွမ်းရည်ပြပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲအဆင့်ထိ ရောက်ခဲ့ပါတယ်။ အဲဒီကတည်းကစပြီး ခြေထောက်မဲ့ ဘရိတ်အကသမားဆိုပြီး လူသိများလာခဲ့ပါတယ်။

ဗီနွတ်က “ကျနော်ကိုယ်ကျနော် ခြေထောက် မပါသူတယောက်လို့ တခါမှ မယူဆပါဘူး။ ကျနော်မှာ ခြေထောက် မရှိပေမယ့် ကျနော့်လက်တွေ ရှိတာပဲ။ အရင်က ကျနော် အားကစားတွေမှာ တော်တော် စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်း ကျနော် တဖြည်းဖြည်းနဲ့ အကဘက်ကို စိတ်ပါလာပါတယ်။ ဒါနဲ့ တီဗွီကပွဲမှာ ဟစ်ဟော့ အကသမားအဖြစ် ၀င်ပြိုင်ဖြစ်တာပါ။ နောက် ကျနော် တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့လိုနေရာတွေက တကယ့်ရှိုးပွဲတွေမှာလည်း ပါခဲ့ပါတယ်” လို့ ပြောပါတယ်။

သူဟာ တောင်ကိုရီးယားတို့၊ ထိုင်ဝမ်တို့လို နိုင်ငံတွေက တီဗွီရှိုးတွေမှာလည်း သွားရောက် ပြသခဲ့ပါတယ်။ အဲဒီမှာ သူကျော်ကြားလာပြီး ဒီနိုင်ငံက သတင်းစာတို့၊ ရုပ်မြင်သံကြားတို့မှာ ထိပ်တန်းက ပါတော့တာပါပဲ။

၂၀၁၃ မှာ တခြား မသန်စွမ်းကလေးတွေကို အကသင်ဖို့ သူ့ရဲ့ ကိုယ်ပိုင်သင်တန်း ကျောင်းတခုကို ထူထောင် ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီမှာ အက ၀ါသနာပါသူတယောက်ဖြစ်တဲ့ သူ့ရဲ့ချစ်သူ ရတ်ကရှာနဲ့ စပြီး ဆုံတွေ့ခဲ့ပါတယ်။

ရတ်ကရှာက “ကျမတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုစခဲ့လဲတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ဒီကျောင်းမှာပဲ ပထမဆုံး သူနဲ့ ဆုံတွေ့တယ်။ အဲဒီအချိန်ကတည်းက သူ တီဗွီမှာ တော်တော် နာမည်ကြီးနေပါပြီ။ အဲ့ဒီအချိန်ကတည်းက ကျမလည်း သူ့ရဲ့ပရိသတ်တဦးပါ။ အဲဒါနဲ့ ကျမလည်း သူ့ရဲ့သင်တန်းကျောင်းမှာ လာတက်ဖြစ်ပါတယ်။ သင်တန်းကျောင်းမှာ သူဟာ ဘယ်သူ့ကိုမှ အားမကိုးတာ တွေ့ရတယ်။ ပြီးတော့ သင်တန်းသားတွေကို ကူညီတယ်။ အဲဒီလို တဖက်သားကိုကူညီတဲ့ သူ့ရဲ့ သဘောထားကို ကျမ ချစ်တာ” လို့ ပြောပါတယ်။

အိန္ဒိယ ပုဂ္ဂလိကရုပ်မြင်သံကြားလိုင်းတလိုင်းက သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို သိသွားပြီး သူတို့နှစ်ယောက်အတွက် လက်ထပ်ပွဲကို တိုက်ရိုက်ထုတ်လွင့်ဖို့ စီစဉ်ပါတော့တယ်။ သူတို့ရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေအားလုံး သူတို့ရဲ့လက်ထပ်ပွဲကို တက်ရောက်ချီးမြှင့်ခဲ့ကြတာ သူတို့တောင် အံ့သြခဲ့ကြတယ်။ ပထမတော့ နှစ်ဖက်မိဘတွေက သူတို့လက်ထပ်ဖို့ကို သဘောမတူခဲ့ကြပါဘူး။

“သူဘယ်သွားသွား၊ ကျမအမြဲလိုက်တယ်။ ကျမ မပါပဲနဲ့ သူ့ကို ဘယ်မှ သွားခွင့် မပြုပါဘူး” လို့ ရတ်ကရှာက ပြောပါတယ်။

ဗီနွတ်က “ဒါမှ အချစ်စစ်လို့ ခေါ်တာ၊ အိမ်သာ သွားရင်တောင် တယောက်တည်း သွားခွင့်မပြုဘူး” လို့ ပြောပါတယ်။ အခုတော့ အကတီဗွီလိုင်းမှာ သူတို့စုံတွဲနှစ်ဦး အတူပါဝင်နေကြပါပြီ။

သူ့အကသင်တန်းကျောင်းမှာ ဆိုရင် ကျောင်းသား ၈၀ မှာ ၂၀ ၀န်းကျင်ဟာ မသန်စွမ်းတွေ ဖြစ်တယ်လို့ ဗွီနွတ်က ပြောပါတယ်။
“မသန်စွမ်းကလေးတွေကို စွမ်းသလောက်ကူညီပေးနိုင်ဖို့ အိန္ဒိယမသန်စွမ်းသူများရဲ့ စွမ်းရည်ရှာဖွေရေး ရန်ပုံငွေအဖွဲ့ကို ထူထောင်ထားပါတယ်။ သူတို့ကို မသန်စွမ်းသူတွေလို့ ကျနော် မခေါ်ပါဘူး။ သူတို့ကို ထူးခြားစွမ်းရည်တွေကို ပိုင်ဆိုင်တဲ့ ကလေးတွေလို့ပဲ ခေါ်ပါတယ်။”

ဒီကျောင်းမှာ ဟစ်ဟော့အက နဲ့ အနောက်တိုင်းအက သင်ချင်လို့ လာတက်တဲ့ ကျောင်းသားသစ် နေ့တိုင်း ရှိပါတယ်။

တနေ့မှာ အကပညာရှင် တယောက်ဖြစ်ဖို့ ရည်မှန်းထားတဲ့ အသက် ၁၄ နှစ်အရွယ် ချေတညာကလည်း “သူတို့ကတာကို ကြည့်ဖူးပါတယ်။ သူတို့ ကတဲ့ပုံစံကို ကြိုက်လို့ သူတို့ဆီမှာ လာသင်တာပါ” လို့ ပြောပါတယ်။

ဂျစဗင်းဒါ ဆီးဟဂလ်က အာရှဒေသသတင်းအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

DVB

ထိုင်းဘုရင်ဟောင်း အုတ်ဂူ တူးဖော်ရေး မန္တလေး စည်ပင် တားမြစ်


လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင်ဟောင်း၏ ဂူတူးဖော်ရှာဖွေနေသည့် အခြေအနေကိုတွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

အမရပူရ တောင်သမန် အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင့် အုတ်ဂူ တူးဖော်ရေး လုပ်ငန်းများကို မန္တလေး တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ ရပ်ဆိုင်းရန် အကြောင်း ကြားလာကြောင်း သိရသည်။

ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူ တူးဖော်နေသည့် ပရ၀ုဏ် အတွင်းမှ အဆောက်အအုံများ ဖျက်သိမ်း ပေးပါရန် ဆိုသည့် အကြောင်း ကြားစာကို မန္တလေးတိုင်း စည်ပင် သာယာရေးမှ မတ် ၁၀ ရက် က ပေးပို့လာကြောင်း ထိုင်း ရှေးဟောင်း သုတေသန တူးဖော်ရေး တာဝန်ခံ မစ်ကီဟတ်က ပြောသည်။

“စာထဲမှာ အဆောက် အအုံများ ဖျက်ပေးရန် ဆိုပေမယ့်၊ အမရပူရ မြို့နယ် အုပ်ချုပ်ရေးမှူး ပြောတာက လုပ်ငန်းတွေပါ ရပ်ဆိုင်းပေးဖို့ ပြောတယ်၊ သဘောကတော့ ဆက်လက် ထိန်းသိမ်းခွင့် မပေးတော့တဲ့ ပုံဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်း ဘုရင့်ဂူ တူးဖော်ရေး လုပ်ငန်းကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက စတင်ပြီး မစ်ကီဟတ် အပါအ၀င် လွတ်လပ်သည့် ထိုင်း- မြန်မာ သမိုင်းနှင့် ရှေးဟောင်း သုတေသန ဆိုင်ရာ ၀ါသနာရှင်များ ပူးပေါင်းပြီး ရေသဖန်းပွင့် ချစ်ကြည်ရေး အဖွဲ့ ဖွဲ့၍ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ခွင့်ပြုချက်ဖြင့် တူးဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။

တူးဖော်ရာတွင် အရှေ့မြောက်ဘက် အရန် စေတီတိုင် အတွင်းမှ အရိုးများ ထည့်ထားသည့် ကြာဖူး ပုံသဏ္ဌာန် မှန်စီ ရွှေချ သပိတ် တလုံးနှင့် ပန်းချီ ရေးဆွဲထားသည့် မှန်ချပ်များ တွေ့ရပြီးနောက် တူးဖော်ရေး လုပ်ငန်းများ အဆုံးသတ် ခဲ့ရသည်ဟု မစ်ကီဟတ်က ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်းနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့က အဆိုပါ သဖန်းပွင့် အဖွဲ့ ဆောင်ရွက်မှုနှင့် ပတ်သက်၍ လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိ တူးဖော် ဆောင်ရွက်ထားမှု အခြေအနေနှင့် ပတ်သက်ပြီး ကွင်းဆင်း သုတေသန တူးဖော်မှု နည်းလမ်းများ အရ စနစ် တကျ ပြုလုပ်ထားသည်ကို မတွေ့ရဘဲ ကွင်းဆင်း လေ့လာ တူးဖော်မှု အစီရင်ခံစာ အားနည်းမှု ရှိကြောင်း၊ တွေ့ရှိချက်များကို သိပ္ပံ နည်းကျ DNA တိုက်ဆိုင် စစ်ဆေးပြီးမှ ရလဒ်ကို ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ သမိုင်း ဖြစ်စဉ် ရက်စွဲများနှင့် ထိုင်းနိုင်ငံ ဆိုင်ရာ သမိုင်း ဖြစ်စဉ် ရက်စွဲများ နှစ်ဘက် တိုက်ဆိုင် သုတေသန ပြုလုပ်ပြီး တူညီမှုရှိမှသာ ပထမအဆင့် လက်ခံနိုင်မည် ဖြစ်သည့်အတွက် လက်ရှိ တူးဖော်ရေး လုပ်ငန်း ဆောင် ရွက် နေသော ရေသဖန်းပွင့် ချစ်ကြည်ရေး အဖွဲ့မှ သုတေသန ပြုမှုအား ယာယီအားဖြင့် လက်မခံနိုင်ကြောင်း ထိုင်းယဉ်ကျေးမှု ၀န်ကြီး ဌာနက ဘန်ကောက်မြို့တွင် မကြာသေးခင်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန် ပြောဆိုသည်။

ထိုင်းယဉ်ကျေးမှု ၀န်ကြီး ဌာန၏ သုံးသပ် ပြောဆိုချက်များ ထွက်ပေါ် လာပြီးနောက် ယခုကဲ့သို့ မန္တလေးတိုင်း စည်ပင် သာယာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၏ တားမြစ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မန္တလေး စည်ပင်သာယာရေး သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တဦးက “သူတို့မှာ တိကျကျ တင်ပြတဲ့ အထောက်အထား တွေ သက်ဆိုင်ရာကို တင်ပြမှု ညှိနှိုင်းမှု မရှိဘူး၊ အဲဒီအတွက် ကျနော်တို့ သက်ဆိုင်ရာကပဲ ထိန်းသိမ်းဖို့ လုပ်ဆောင်တာပါ”ဟု ဆိုသည်။

ထိုင်းဘုရင်ဂူကို မန္တလေးတိုင်း ဒေသကြီး အစိုးရနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသနတို့နှင့် ပူးပေါင်းပြီး လတ်တလော ဆက်လက် ထိန်းသိမ်းသွားမည်ဟု အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။

လင်းဇင်းကုန်း သင်္ချိုင်းမြေသည် မန္တလေးတိုင်း စည်ပင်သာယာ၏ ထိန်းသိမ်း စောင့်ရှောက်မှု ဧရိယာ အတွင်းတွင် ရှိပြီး ယခုအခါ သင်္ချိုင်း ဖျက်သိမ်း၍ ပန်းခြံနှင့် ရေပေးရေး ဌာနတခု တည်ဆောက် နေကြောင်း၊ အများ ထင်မြင်ယူဆ နေ သကဲ့သို့ မြို့ကွက် ရိုက်ပြီး မြေနေရာ ရောင်းစားမည် မဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် မစ်ကီဟတ်က ထိုင်းဘုရင် အုတ်ဂူ တူးဖော်မှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းမှုများ လုပ်ဆောင် နိုင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ဧရာဝတီသို့ ပြောသည်။

အယုဒ္ဓယ ဘုရင်ဟောင်း ဥတွန်ပုံ၏ အုတ်ဂူ တူးဖော်ရေး လုပ်ငန်းများတွင် မြန်မာ အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသနဌာနက ပါဝင်ဆောင်ရွက်ခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။

ထိုင်းဘုရင့်ဂူ တူးဖော်ရေးနှင့် ပတ်သက်ပြီး ထိုင်းယဉ်ကျေးမှု ၀န်ကြီးဌာနက ယခုအခါ မြန်မာ အစိုးရ ယဉ်ကျေးမှု ၀န်ကြီး ဌာနကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် လိုလားလျက် ရှိကြောင်း သိရသည်။

ကုန်းဘောင်ခေတ် ၁၇၆၇ ခုနှစ်တွင် ဆင်ဖြူရှင်မင်း လက်ထက်က အယုဒ္ဓယသို့ သွားရောက် စစ်ပြုရာ အဆိုပါ ထိုင်း ဘုရင် ဟောင်း မင်းသားကြီး ဥတွန်ပုံကို ရဟန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သည်ဟု သမိုင်း မှတ်တမ်း များတွင် ဖော်ပြထားသည်။

 ဧရာဝတီ

အပြောအဆို သတိပြုရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို သူရဦးရွှေမန်း သတိပေး


နေပြည်တော်၊ မတ် ၁၁

လွှတ်တော် အစည်းအဝေးများအတွင်း ဝင်ရောက် ဆွေးနွေးစဉ် အပြောအဆို သတိပြုရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကို သတိပေး ပြောဆိုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

မတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဝင်ရောက် ဆွေးနွေးစဉ် ၎င်းကယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်သည်။

ဒေါ်တင်နွယ်ဦးက ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး “အခွန်ထမ်းတွေ အနေနဲ့ အခွန်ပညာရှင်တွေ မဟုတ်လို့ ဥပဒေကို ရှင်းလင်းစွာ နားလည် သဘောပေါက်ပြီးတော့ ကိုယ်တိုင် စည်းကြပ်မှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ အခု အခွန်များ သဘောကလည်း စည်းကြပ်တဲ့ သူကလည်း စာရင်းကို နားမလည်ဘူး၊ လာဘ်စားဖို့ပဲ နားလည်တယ်၊ အခွန်ထမ်းတဲ့ သူကလည်း စာရင်းနားမလည်ဘူး၊ ကိုယ့်စာရင်းကိုယ် ဘာရှိလို့ရှိမှန်း မသိဘူး၊ အဲဒါကြောင့် တိုင်းပြည်က အများကြီး နစ်နာတယ” ဟု ပြောဆို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဆွေးနွေး ပြောကြားမှုများသည် မလိုအပ်သည့်စကား၊ အထင်မှားစေသည့် စကားဖြစ်သဖြင့် လွှတ်တော်က တရားဝင် သတိပေးပါကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆို တားမြစ်ခဲ့သည်။

ယင်းသို့ ပြောဆိုမှုသည် စေတနာနှင့် ပြောဆိုခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အစွန်းမလွတ် ဖြစ်နေခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်စရာ ဖြစ်နေကြောင်း နာယကကြီး သူရဦးရွှေမန်းက ထပ်လောင်း ပြောကြားသည်။

“မနေ့ကလည်း အခုလိုပဲ၊ တိုင်းရင်းသားတွေကို ထိခိုက်တဲ့ အတွက်ကြောင့် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက ထပြီး ကန့်ကွက်ခဲ့တယ်။ အခုလည်း ခုနက ပြောလိုက်တဲ့ စကားကို ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်စရာတွေ ဖြစ်ပါတယ်၊ စေတနာကို လေးစားပါတယ်၊ ဒါပေမဲ့ မိမိရဲ့ အပြောအဆိုကိုလည်း သတိပြုဖို့ လိုပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး မတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ များတွင် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေး အတည်ပြုစဉ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးတို့၏ တင်ပြ ဆွေးနွေးမှုများအပေါ် ဒေါ်တင်နွယ်ဦးက မကြာခဏ ကန့်ကွက် ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

The Voice Weekly

ဒဏ္ဍာရီများစွာမြှုပ်နှံထားတဲ့ ပျောက်ကွယ်နေသောနှလုံးသား


ကမ္ဘာကျော် အသည်းနှလုံးပုံရေကန်ကြီးမှာ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းချက်ကြောင့် အကြီးမားဆုံးစိန်ခေါ်ချက် ကြုံနေရပြီဖြစ်သည်
-----------------
ရေးသားသူ- ကိုစိုင်း

‘‘လမ်းပန်းဆက်သွယ်ရေးကခက်တော့ ဒီလမ်းကို ပြည်ပကနေ ရိဒ်ရေအိုင်ကို လာလည်တဲ့သူနည်းတယ်’’ဟု မြန်မာစကားကို ကြိုးစားပမ်းစားနှင့် ပြည်မက မြန်မာတစ်ဦး နားလည်အောင် ပြောပြနေသူကတော့ ရိဒ်ခေါ်ဒါရ်မြို့နယ်နေ ဒေသခံချင်းတိုင်းရင်းသားကြီး ကပူးကြီးထန်ပီးဖြစ်သည်။

တောင်ပေါ်သားတို့ထုံးစံအတိုင်း အသားအရေကခပ်ညိုညို ကိုယ်ဟန်တောင့်တောင့်တင်းတင်းရှိသူ ထန်ပီးသည် အသက်အရွယ်(၅၀)နီးပါးရှိနေပြီဖြစ်သော်လည်း အမြင့်ပေထောင်ကျော်မြင့်သော တောင်အောက်မှ ဂေါ်ဖီထုပ်များကို တောင်ပေါ်အထိ ထမ်းတင်နေနိုင်ဆဲ။ သူက ရိဒ်ခေါဒါရ်မြို့နယ်တွင် ငယ်ငယ်ကတည်းက ဘယ်မှမပြောင်းမရွှေ့ဘဲ နေထိုင်လာခဲ့သူ။ သို့သော်လည်း မြန်မာစကားကိုတော့ လည်လည်ဝယ်ဝယ်ပြောနိုင်သည်။ မြန်မာစကားကို ထိုကဲ့သို့ပြောနိုင်သည်မှာ သူငယ်စဉ်က ရိဒ်ခေါဒါရ်မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် စာသင်ကြားခဲ့ရ၍ဖြစ်သည်ဟု သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောပြနေသေးသည်။

ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိသည်။ ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိသော်လည်း တစ်နှစ်လျှင် ခြောက်လကျော်သာ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်သော လမ်းမပေါ်တွင်တည်ရှိနေခြင်းကလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေမှုကို ဖော်ပြနေသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေး။ ဒါက တောင်တန်းသားတွေ သိထားသော မြို့အနေအထား။ ပြည်မသားတွေအတွက်တော့ ရိဒ်ခေါဒါရ်မြို့ဆိုတာ အသိဉာဏ်ထဲမှာ ရှိလိမ့်မည်မဟုတ်။ ဒါပေမဲ့ ရိဒ်ရေအိုင်ဟုအမည်ရသော ကမ္ဘာကျော်အသည်းနှလုံးပုံ ရေအိုင်ကြီးကိုတော့ ချစ်သူများ၏ ၀ိညာဉ်များဆုံစည်းရာ ရေအိုင်ကြီးအဖြစ် လူတိုင်းသိနေကြသည်။ ဘယ်မှာရှိနေတယ်ဆိုတာကတော့ လူတိုင်းသိနိုင်ကြလိမ့်မည်မဟုတ်။ ဒဏ္ဍာရီထဲကလား၊ အခြားနိုင်ငံကလားဆိုတာ ဝေခွဲမရဖြစ်နေကြမည်သာ။

‘‘လပြည့်ညတွေဆိုရင် ရိဒ်ရေအိုင်ထဲက နဂါးကြီိးတစ်ကောင် ကန်ရေပြင်ထဲကနေထွက်လာပြီး ကန်ထဲမှာ ရေကစားနေလေ့ရှိတယ်’’ဟု ရိဒ်ရေအိုင်၏ ပါးစပ်ရာဇဝင်များထဲမှ ပြောစမှတ်များသော စကားလုံးအချို့ကို ရိဒ်ရေအိုင်ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ချင်းတိုင်းရင်းသားကြီး ကပူကြီးထန်စေးကပြောသည်။

ရိဒ်ရေအိုင်ဆိုတာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်ထဲတွင်တည်ရှိပြီး အိုင်၏ဧရိယာအကျယ်အဝန်း ၈၃၂ ဧက ရှိသည်။ ထို့အပြင် ချင်းတိုင်းရင်းသားတို့အတွက် ညအိပ်ရာဝင်ဒဏ္ဍာရီပုံပြင်မြောက်မြားစွာ မြှုပ်နှံထားသော အိုင်တစ်ခုလည်းဖြစ်ပါသည်။

အရှေ့ဘက်တောင်တန်းကြီးသည် အသည်းနှလုံးပုံ၏အောက်ခြေ အချွန်ပိုင်းသဏ္ဌာန်တည်ရှိပြီး အနောက်ဘက်တောင်တန်းကြီးကတော့ ကန်ဘက်ကိုချွန်ထွက်နေကာ အသည်းနှလုံးပုံ၏ အပေါ်ပိုင်းချိုင့်ဝှမ်းပုံသဏ္ဌာန်။ ချင်းတောင်တန်းကြီးက သဘာဝအတိုင်း အသည်းနှလုံးပုံရေးဆွဲထားသော သဘာဝပန်းချီကားတစ်ချပ်။ ရိဒ်ရေအိုင်ကြီး စတင်တည်ရှိသောနှစ်ကို မည်သူမျှ တပ်အပ်သေချာမပြောနိုင်သော်လည်း အိန္ဒိယနိုင်ငံနေ မိဇိုးလူမျိုးတို့၏ နှစ်စဉ်ဘိုးဘွားဝိညာဉ်များ လာရောက်ကန်တော့ရာ ဒေသ။ မိမိအိမ်၏ စီးပွားလာဘ်လာဘရွှင်စေရန် ရိဒ်ရေအိုင်ထဲရှိ ဘိုးဘွားများ၏ဝိညာဉ်များကို လာရောက်ကန်တော့ အကူအညီတောင်းခံရာ လူသားများ၏ ဘဝအမောများကို ကူညီဖြေရှင်းပေးနေသည့် နှလုံးသားတစ်ခု။

‘‘သူတို့ရဲ့အယူအဆက ဒီအိုင်ထဲမှာ သေဆုံးသွားပြီဖြစ်တဲ့ သူတို့ရဲ့ဘိုးဘွားဝိညာဉ်တွေရှိတယ်။ သူတို့ကို နှစ်စဉ်လာရောက်ကန်တော့ခြင်းဖြင့် စီးပွားလာဘ်လာဘရွှင်တယ်ဆိုပြီး ကားလမ်းတွေကောင်းတဲ့အချိန် ဒီဇင်ဘာကနေ ဧပြီလအထိ လာရောက်ကန်တော့ကြတာတွေ ပြုလုပ်ကြတယ်’’ဟု ရေအိုင်ကြီးဘေးတွင်နေထိုင်သော
ကပူးကြီးထန်စေးကပြောသည်။

ရိဒ်ရေအိုင်ကို မြန်မာ-အိန္ဒိယ နယ်မြေပိုင်းခြားမှု သဘာဝအမှတ်အသားတစ်ခုဖြစ်သော တီအိုချောင်းကြီးက ရစ်ခွေစီးဆင်းလျက်ရှိသည်။ ရိဒ်ရေအိုင်သည် တဖြည်းဖြည်း ရေနည်းခန်းခြောက်လာလျက်ရှိရာ ယခုဆိုလျှင် ၁၅ ပေခန့် နိမ့်ဆင်းသွားပြီဟု ရိဒ်ရေအိုင်ပတ်ဝန်းကျင်နေ တောင်တန်းသားတို့က ဆိုကြသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ အကြောင်းရင်းတော့ရှိရမည်ဟု ပညာရှင်တို့က လေ့လာစူးစမ်းမှုများ ပြုလုပ်လာခဲ့ရာ အိုင်၏ရေနည်းခြင်း အဓိကအကြောင်းရင်းမှာ အိုင်၏ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များ ပြုန်းတီးလာသောကြောင့်ဖြစ်သည်ဟု ထောက်ပြကြသည်။

ရိဒ်ရေအိုင်ပတ်ဝန်းကျင်တွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးထားမှုကို မြင်တွေ့နိုင်သည်။ တောင်ယာစိုက်ပျိုးကြသည်ဆိုသည့်အတိုင်း အိုင်၏ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များ ခုတ်လှဲကြရာမှ စတင်ဖြစ်ပေါ်လာကြသည်ဟု သုံးသပ်ကြသည်။

ရေအိုင်၏ပတ်ဝန်းကျင်တွင် မတာခြံစည်းရိုးပင်ခေါ် သစ်ပင်ငယ်များ ပေါက်ရောက်နေပြီး အဆိုပါအပင်များသည် ရိဒ်ရေအိုင်အတွင်း အနည်ပို့ချမှုနည်းအောင် သဘာဝကပေးထားသော အကောင်းဆုံးလက်ဆောင်တစ်ခု ဖြစ်သည်။ ထိုအပင်များကို ဒေသခံတိုင်းရင်းသားတို့က ခုတ်လှဲကြသောအခါ မိုးရာသီတောင်ပေါ်မှ ရေများစီးကျလာချိန် ရေနှင့်အတူမျောပါလာမည့် အမှိုက်သရိုက်များကို စစ်ယူထားနိုင်မှု အားနည်းလာသည်။ ထိုအပင်များ ခုတ်ယူလိုက်သောအခါ ကန်အတွင်း အနည်ကျမှုများလာခဲ့ပြီး အိုင်၏ရေဝပ်ဧရိယာ တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့သည်။

ရိဒ်ရေအိုင်အကြောင်း လေ့လာစာတမ်းပြုစုနေသူ ရုက္ခဗေဒဌာနမှ ဒေါက်တာတစ်ဦးက ‘‘ကုန်းမြင့်ကနေ ရေစပ်ရောက်တဲ့အထိ ၄၃ ပေလောက်မှာ မတာခြံစည်းရိုးပင်ရှိတယ်။ မတာခြံစည်းရိုးပင်နောက်မှာ ဗေဒါကိုင်းပင်တွေရှိတယ်။ သူတို့က ကျွန်းမျောပုံသဏ္ဌာန်တည်ရှိနေပြီး ရေအောက်ကြမ်းပြင်ပေါ် အနည်ကျမှုကို သူ့နည်းသူ့ဟန်နဲ့ ကာကွယ်ပေးနေတယ်။ ဒီအပင်တွေကို ခုတ်လိုက်တဲ့အခါကျတော့ ရေအိုင်ထဲကို အပေါ်ကရေစီးကျလာတဲ့အခါ အနည်တွေကိုစစ်ချရမယ့် အမြစ်တွေက နည်းသွားပြီး ရေအိုင် တဖြည်းဖြည်း ရေတိမ်လာရခြင်းဖြစ်တယ်’’ဟု ၎င်း၏တွေ့ရှိချက်ကို ပြောပြသည်။

ရိဒ်ရေအိုင်၏အောက်ခြေသည် ကန်အပေါ်ရေပြင်ထက် အပူချိန်လျော့နည်းတတ်သောသဘောရှိပြီး ရေအိုင်၏အောက်ခြေအပူချိန်သည် သုညဒီဂရီဆဲလ်စီးယပ်စ်ရှိနေသောအခါ အပေါ်ရေပြင်အပူချိန်က ၄ ဒီဂရီဆဲလ်စီးယပ်စ် ရှိနေတတ်သည်။ ထို့ကြောင့် ရာသီဥတုအေးသည့်ကာလဖြစ်သော ဒီဇင်ဘာအတွင်း အိုင်၏ရေပြင်သည် အနီရောင်အဖြစ် ပြောင်းလဲသွားတတ်ခြင်းကို ဒေသခံတိုင်းရင်းသားများက အိုင်အတွင်းနေထိုင်သော နဂါးလူးသောကြောင့်ဖြစ်သည်ဟု ပြောကြသည်။ သို့သော် ရိဒ်ရေအိုင်အကြောင်းလေ့လာနေသူ ကထိကဦးကျော်လင်းက အိုင်၏အောက်ခြေ ရေပြင်အေးလာသောအခါ အောက်ခြေရှိအနည်များက အပေါ်ပိုင်းရေအပူချိန်ရှိရာသို့ တက်လာခဲ့ပြီး အိုင်၏ရေပြင် နောက်ကျိရခြင်းဖြစ်သည်ဟု သူ၏လေ့လာတွေ့ရှိချက်ထဲမှ အချို့ကိုသုံးသပ်ပြသည်။

သို့သော် အသည်းနှလုံးပုံ ရိဒ်ရေအိုင်ကြီး ရေနည်းခန်းခြောက်လာခြင်းသည် လူသားတို့အတွက် စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်နေသည်ဆိုသည်ကိုတော့ တောင်ယာစိုက်တိုင်းရင်းသားတို့ ခဏမေ့လျော့နေခဲ့ကြသည်။

ထိန်းသိမ်းရန်မဆိုထားနှင့်၊ ရိဒ်ရေအိုင်ကို သွားရောက်လည်ပတ်ရာ ကားလမ်းကြောင်းကြီးဖြစ်သော တောင်တန်းပေါ်က လမ်းမကြီးက နွေရာသီတွင် ဖုံထူနေဆဲ၊ မိုးရာသီတွင် ရွှံ့နွံများနေဆဲ၊ တောင်ပြိုခြင်းများရှိနေဆဲ၊ ထို့ကြောင့် ခရီးသွားများလည်း သွားလာမှုနည်းပါးဆဲ။

ထိုအခြေအနေသည် ကမ္ဘာတွင် အသည်းနှလုံးပုံရိဒ်ရေအိုင်ဟု နာမည်ကြီးနေသော အိုင်ကြီးသို့ နှစ်စဉ်လာရောက်လည်ပတ်သူ ပြည်မသားမဆိုထားနှင့်၊ တောင်တန်းသားတို့ပင် လာရောက်လည်ပတ်ရန် အချိန်ယူစဉ်းစားရလျက်ရှိသော အနေအထားတွင် ရှိနေသေးသည်။

ထို့ကြောင့် ခရီးသွားလုပ်ငန်းမှ ပြည်နယ်၏ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာထားပေးနိုင်သည်ဟူသော မျှော်လင့်ချက်မှာ ရိဒ်ရေအိုင်ပေါ်တွင် ကျဆင်းနေသော နှင်းငွေ့များအလား ဝေဝါးနေဆဲဖြစ်သည်။ သို့သော် မိမိတို့လူမျိုးများ၏ ပိုင်ဆိုင်မှုနယ်နိမိတ်တွင် ရှိခဲ့ဖူးသည်ဟူသော သမိုင်းစာမျက်နှာနှင့် ရိဒ်ရေအိုင်၏ ဒဏ္ဍာရီဆန်ဆန် အိပ်ရာဝင်ပုံပြင်ကိုတော့ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဌာနေတိုင်းရင်းသားများကတော့ ရိဒ်ရေကန်ကို တန်ဖိုးထားကြသည်။ မိဇိုရမ်စာသင်ကျောင်းတွင် မူလတန်းကလေးငယ်များအတွက် ဗဟုသုတရဖွယ် ရိဒ်ရေအိုင်ကြီးအကြောင်း အော်ဟစ်ကျက်မှတ်နေသံ ရိဒ်ရေကန်ထက်ဝန်းကျင် တောင်တန်းများပေါ်တွင် လွင့်ပျံ့နေပါက အံ့သြဖွယ်ရှိမည် မဟုတ်ပေ။ ။

ဓာတ်ပုံ- ကိုစိုင်း

7Day News Journal

အမျိုးသမီးလစဉ်သုံးပစ္စည်းများနဲ့ ကင်ဆာရောဂါအန္တရာယ်


(အမျိုး သမီးထု တကိုယ်ရေးသန်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန်မျှဝေအသိပေးကြပါ)

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital(ခေါ်)ကင်ဆာဆေးရုံ မှ အမျိုးသမီးများအတွက် ကျမ္မာရေးအသိပေးနှိုး ဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။

အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ ဖြင့်
လာရောက်ကုသမှုခံနေကြတဲ့ အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍
ရောဂါရာဇ၀င်ကိုလေ့လာစမ်းစစ်တဲ့အခါမှာ၊ ထိုကင်ဆာဝေဒနာသည်အများစု ဟာ ဓမ္မတာရာသီလာတဲ့အခါ pad(ခေါ်)လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီမှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။
ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့
pad(ခေါ်)လစဉ်သုံးပစ္စည်း က အပြင်အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို
့စုပ်ယူထိန်းထားပေးလေ့ရှိပါတယ်။ pad တွေကို ဓာတုပစ္စည်းတွေနဲ
့ဖန်တီးပြုလုပ်ထားခြင်းကြောင့်သာ၊ အခုလို ရာသီသွေးရည်များနဲ့
့အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူုထိန်းထားနိုင်တာပါ။ ဒါပေမယ့်
အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့
ဓာတုပစ္စည်းများပျက်ပြယ်ကာ အထဲမှာစုပ်ယူထိန်းပေးထားတဲ့သွေးပုပ်များကို
ဓာတ်ပြောင်းလဲစေပြီး၊ အနီရောင်မှ အစိမ်းရောင်မှိုဖြစ်သွားပါတော့တယ်။
ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း
ကြောင်းတလျှောက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီးအိမ်နဲ့ 
သားအိမ်တို့  ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို
အတွင်းခံမှာအကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata
Cancer Hospital ကအကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း
အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။
၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို
အချိန်ကြာကြာသုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့ 
ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလလယ်အထိ ၅၆ ဦးရှိနေပါပြီတဲ့။

ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန်
့ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊
ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန်
့မျှဝေအသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်းအကြံပြုထားပါတယ်။

(ပေါက်ပေါက်…မျှဝေသည်)

အများပိုင်မြေတွေ ဘယ်ရောက်သွားပြီလဲ


ရေးသားသူ- သူရကျော်၊ ဇေနွေထွန်း၊ ယမင်း

ပုလဲမြို့သစ်ရပ်ကွက်သုံးခုထိပ်ရှိ မီးတားမြေဟုခေါ်သည့် အများပိုင်မြေလွတ်ထဲ၌ ယမန်နှစ်မှစတင်ကာ အုတ်တံတိုင်းခတ်၍ နာရေးကူညီမှုအသင်း တည်ဆောက်ထားသည်။ ထပ်မံ၍ အဆောက်အအုံဆောက်လုပ်ရန်အတွက်လည်း အကွက်ရိုက်နေကြသည်။

အဆိုပါမြို့သစ်အတွင်း၌ အကြီးမားဆုံး ကတ္တရာသိုလှောင်ရုံ (ဗဟို)ရှိ၍ ရပ်ကွက်နေပြည်သူများ၏ မီးဘေးအန္တရာယ် အကာအကွယ်ဖြစ်စေရန်အတွက် မြို့သစ်စတည်ကတည်းကရှိပြီး အဆိုပါမြေကွက်လပ်သည် အလျား ၇၅ ပေ × အနံ ပေ ၃၇၀၀ ကျော် ရှည်လျားကာ ရပ်ကွက်မီးဘေးလုံခြုံရေးအတွက် လွန်စွာအရေးကြီးသည်ဟု ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်းဦးရဲမြင့်ကဆိုသည်။

‘‘ရပ်ကွက်မှာ မီးတားမြေဆိုတာ ထားပေးရမှာ။ အခုလို အဆောက်အအုံတွေ ဆောက်ဖို့လုပ်လာကြတာဟာ ကျွန်တော်တို့ ရပ်ကွက်ထဲကလူတွေအတွက် အကြီးမားဆုံးအန္တရာယ်ပဲ။ လုံးဝလက်မခံနိုင်ဘူး’’ဟု အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ငါးနှစ်တာ တာဝန်ထမ်းဆောင်လာခဲ့သော ဦးရဲမြင့်ကဆိုပါသည်။

မီးတားမြေဆိုသည်မှာ မီးဘေးအန္တရာယ်ကြုံပါက ရပ်ကွက်တစ်ခုနှင့်တစ်ခု မီးမကူးစေရန်၊ မီးသတ်ကားများ အ၀င်အထွက်ပြုလုပ်နိုင်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ဒုက္ခသည်များခိုလှုံနိုင်ရန် ထားရှိသောမြေဖြစ်ပါသည်။

အများပြည်သူနှင့်သက်ဆိုင်နေသော အများပိုင်မြေထဲတွင် အဆိုပါမီးတားမြေလည်း တစ်ခုအပါအ၀င်ဖြစ်ကာ ယခုကဲ့သို့ အများပိုင်မြေများပေါ်၌ အဆောက်အအုံများ ဆောက်လုပ်လာခြင်းသည် နိုင်ငံတစ်ဝန်း အများအပြားရှိနေပြီး ရပ်ကွက်နေပြည်သူများမှလည်း ထောက်ခံသူမရှိ ကန့်ကွက်နေကြဆဲဖြစ်သည်။ ထို့အပြင် အများပိုင်မြေများပေါ်တွင် ခေတ္တ နေအိမ်၊ ဆိုင်ခန်း၊ ကားဝပ်ရှော့ စသဖြင့်ဆောက်ပြီး နှစ်ကြာရှည်လာသောအခါ သူပိုင်မြေလုပ်သွားသူများလည်း ရန်ကုန်မြို့အပါအ၀င် နိုင်ငံတစ်ဝန်းမနည်းပါ။

မြောက်ဥက္ကလာပမြို့နယ်၌လည်း နှစ်ငါးဆယ်သက်တမ်းရှိခဲ့သော မီးတားမြေကွက်ပေါ်တွင် ယခင်အစိုးရလက်ထက်က ဘောလုံးကွင်း၊ ထိုမှတစ်ဆင့် ကန်စွန်းခင်းဖြစ်သွားကာ ရေနုတ်မြောင်းပျောက်ကွယ်ပြီး လူနေအိမ်များဖြစ်လာကြောင်း မြို့သစ်စတည်ကတည်းက နေထိုင်လာသူတစ်ဦးကပြောသည်။

‘‘ဒီလိုမျိုး ဘောလုံးကွင်းတစ်ကွင်းစာမကတဲ့ မီးတားမြေက အခုကန်စွန်းခင်းတွေဖြစ်ပြီးတော့ မိုးတွင်းဆို ရေလျှံတဲ့ဒုက္ခကို တစ်ရပ်ကွက်လုံး ခံရတာပေါ့။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှလက်မခံနိုင်ဘူး’’ဟု ၎င်းကဆိုသည်။

ထို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မိုးတွင်းကာလတွင် ရပ်ကွက်အတွင်း ရေလျှံခြင်းများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပြီး အထက (၂)၊ အမက (၄) နှင့် အမက (၂၆) ကျောင်းနေရာများတွင် ရေနစ်မြုပ်၍ ကျောင်းပိတ်ရခြင်းများရှိခဲ့ကြောင်း ရပ်ကွက်သားများကပြောသည်။

မြို့ပြင်၌ရှိသည့် အများပိုင်မြေကွက်များတွင် ယင်းပြဿနာ အများဆုံးတွေ့နေရပြီး ပြဿနာအများစုမှာ မြေပွဲစားများက ခြယ်လှယ်လုပ်ကိုင်ခြင်းဖြစ်ကြောင်း
ပုလဲမြို့သစ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်ဝင်းက သုံးသပ်ပြောဆိုသည်။

‘‘မီးတားမြေကွက်တို့ဆိုတာက အများပိုင်မြေကွက်တွေပါ။ စည်ပင်သာယာက ပိုင်တယ်ဆိုရင်တောင် လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး နေရာချပေးတာတို့ မလုပ်သင့်ပါဘူး။ ခုဆို ရပ်ကွက်ထဲက အများပိုင်မြေတွေက စည်ပင်မြေလား၊ အိုးအိမ်မြေလားဆိုတာမရှင်းဘူး။ ဒီကိစ္စတွေ ကွဲကွဲပြားပြားသိရဖို့ လွှတ်တော်ထဲတင်သွားမယ်’’ဟု ၎င်းကဆိုသည်။

‘‘မီးတားမြေကွက်တွေရှိထားမယ်ဆိုရင် အရေးနဲ့အကြောင်းဆိုရင် မီးသတ်ကားတွေ အလွယ်တကူ ၀င်ထွက်သွားလာလို့ရတာပေါ့။ ခုနောက်ပိုင်း မီးသတ်ကန်တွေပိတ်ပြီး အိမ်ဆောက်လာတာ မီးသတ်ကားတွေဝင်ဖို့အတွက် လမ်းတွေမရှိတော့လို့ ဆုံးရှုံးမှုတချို့ ကြုံနေတာကိုတွေ့ရတယ်။ မီးသတ်ကန်တွေကိုပိတ်ပြီး အိမ်ဆောက်တာ အဆိုးဆုံးပဲ။ တစ်ခါဆို မီးလောင်လို့ ရေသွားယူတဲ့အခါ မီးသတ်ကန်ပျောက်နေတဲ့အတွက် မီးသတ်ကန်နေရာမှာဆောက်ထားတဲ့ အိမ်ကို တစ်ခြမ်းဖျက်ပြီး ရေသွယ်ယူရတဲ့အဖြစ်တွေ ကြုံရတယ်။ ဒီလိုအဟန့်အတားတွေ ရှိနေတာက ပြည်သူတွေအတွက် နစ်နာဆုံးရှုံးမှုပိုများတာပေါ့’’ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဗဟိုဌာနချုပ်)မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၀ ၀န်းကျင်ခန့်က ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် ချပေးထားသည့် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်၌လည်း လမ်းမြေနေရာ၌ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖြိုးစေတနာအမည်ရှိ ဆေးခန်းတစ်ခုကို ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

ထိုသို့ဖွင့်လှစ်ခဲ့ခြင်းမှာ ရပ်ကွက်ရှိ ပြည်သူများမှ တောင်းဆိုမှုကြောင့်ဖြစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဦးအောင်သိန်းလင်းတို့ကိုယ်တိုင် ဆေးခန်းကိုဖွင့်ခဲ့ကြောင်းနှင့် စည်ပင်က ဂရန်ချပေးထားကြောင်း ယင်းဆေးခန်းတာဝန်ခံ ဦးတေဇာဝင်းကဆိုသည်။

‘‘ဆေးခန်းနေရာက စည်ပင်မြေဖြစ်ပါတယ်။ စည်ပင်ကခွင့်ပြုထားလို့ အခုဂရန်လည်းရှိပါတယ်’’ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ထို့ပြင် အများပိုင်ဆိုင်သော အားကစားကွင်းနေရာကို ရာပြည့်ဈေးပြောင်းရန် စည်ပင်ကစီစဉ်မှုကို ရပ်ကွက်မှဝိုင်းကန့်ကွက်၍ အစီအစဉ်ပျက်သွားကြောင်း ဗိုလ်စိန်မှန်ရပ်ကွက်သားများက ပြောကြားသည်။

ပြီးခဲ့သည့် ၂၅ နှစ်တာကာလအတွင်း ဘောလုံးကွင်းနှင့် အားကစားကွင်း ရှစ်ကွင်းထက်မနည်းကို အဆောက်အအုံများ ဆောက်လုပ်ကာ အသွင်ပြောင်းလိုက်ကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းအဆောက်အအုံများ ဆောက်လုပ်ခြင်းမှ ကာကွယ်ရေးကော်မတီ (ယာယီ) အထွေထွေအတွင်းရေးမှူးဦးအေးမင်းကပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် တစ်ချိန်က ဈေးများ၊ ဘီယာဆိုင်များ၊ လူနေအဆောက်အအုံများဖြင့် အသွင်ပြောင်းခံရသည့် ဘောလုံးကွင်းများကို ယခင်အစိုးရနှင့်မတူသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ အစိုးရသစ်၏မူဝါဒအသစ်က ဘောလုံးကွင်း၊ အားကစားကွင်းများဖြစ်အောင် ပြုလုပ်ပေးခြင်းမျိုးမဟုတ်။ အထပ်မြင့်ကွန်ဒိုများ၊ ဆိုင်ခန်းများ၊ စက်သုံးဆီဆိုင်များ အသွင်ပြောင်းကာ ၎င်းတို့နှင့်နီးစပ်သည့် သူဌေးသူကြွယ်များထံ လက်ဆင့်ကမ်းခြင်းပင်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အများပိုင်အားကစားကွင်းများ ပျောက်ကွယ်လာရသည်။

ပန်းခြံ၊ အားကစားကွင်းများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ဖူးသူ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ‘‘ပန်းခြံလို၊ အားကစားကွင်းလို မြေနေရာမျိုးမှာ ဆိုင်းဘုတ်တွေတင်ပြီး ကိုယ်ကျိုးစီးပွားရှာတာတွေ ရှိလာတယ်။ ဒီလူတွေက ဘယ်လိုလုပ်စားရမလဲဆိုတာကို သက်ဆိုင်ရာကို နည်းအမျိုးမျိုးနဲ့ ပေါင်းတတ်သင်းတတ်တဲ့အတွက် အခုလက်ရှိ အစိုးရအနေနဲ့ ဒါတွေကိုဖြေရှင်းပေးသင့်တာပေါ့’’ဟု မှတ်ချက်ပြုသည်။

အများပြည်သူနှင့်သက်ဆိုင်သောမြေကို အများပိုင်မြေဟုခေါ်၍ လွန်ခဲ့သော နှစ် ၁၀၀၊ နှစ် ၂၀၀ ၀န်းကျင်ကတည်းက ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါမြေများကို မီးတားမြေ၊ သာသနာ့မြေ၊ ဗလီမြေ၊ အစိုးရမြေ၊ တပ်မြေ၊ အိုးအိမ်မြေ၊ ဘုရားမြေ၊ စည်ပင်သာယာမြေဟူ၍ ခွဲခြားသတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘စည်ပင်သာယာမြေပေါ်မှာ အဆောက်အအုံဆောက်လုပ်ခွင့်၊ လူနေခွင့်မရှိသလို မီးတားမြေပေါ်မှာလည်း အဆောက်အအုံတွေ လုပ်ခွင့်မရှိဘူး။ တကယ်လို့ ဆောက်မယ်ဆိုရင်တောင် ယာယီအနေနဲ့သာ လုပ်ခွင့်ရှိပါတယ်’’ဟု စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

အများပိုင်မြေများပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်လာခြင်းနှင့်ပတ်သက်၍ ‘‘အခုမြို့နယ်တွေမှာ အများပိုင်မြေတွေပေါ် အဖွဲ့အစည်းကပဲဖြစ်ဖြစ် ပါတီတွေကပဲဖြစ်ဖြစ် ဆောက်နေကြတယ်ဆိုတာက အဲဒီမြေက ပုဂ္ဂလိကမြေလား၊ အစိုးရမြေလား။ အဲဒါမျိုးရှိတယ်။ အစိုးရနေရာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲဖြစ်ဖြစ် ငှားရမ်းလုပ်နေကြတာဖြစ်နိုင်တယ်’’ဟု အထက်ပါအရာရှိကပင် ဆက်လက်ပြောကြားသည်။

ယခုအခါ အများပိုင်မြေများပေါ်၌ ရပ်ကွက်နေပြည်သူများက မြေနေရာချဲ့ယူခြင်း၊ အစိုးရပိုင်းက ပုဂ္ဂလိကများအား ဂရန်မြေချထားပေးခြင်းနှင့် လုပ်ငန်းရှင်များက အဆောက်အအုံများ ဆောက်လုပ်လာကြခြင်းကြောင့် အများပိုင်မြေနေရာများ ပျောက်ကွယ်လာကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့ကပြောသည်။

ရန်ကင်းမြို့နယ်အတွင်းရှိ တိုက်များရှေ့ အများပိုင်မြေကွက်လပ်များပေါ်၌ ကားပါကင်နေရာများယူထားခြင်း၊ ၀ပ်ရှော့များဆောက်လာခြင်းတို့ကြောင့် အများပိုင်မြေများ ပျောက်ဆုံးခဲ့ရကြောင်း ရန်ကင်းမြို့နယ်နေသူတစ်ဦးကပြောသည်။

‘‘ခွင့်ပြုချက် ရ၊ မရတော့ မသိဘူး။ ဘယ်လိုနားလည်မှုတွေနဲ့ လုပ်နေကြလဲမသိဘူး။ လမ်းမတန်းနဲ့ဆို အများပိုင်မြေနေရာက အတွင်းဘက်ကျလို့ ဘယ်သူမှလည်းမမြင်ကြတော့ဘူး။ ဒီလိုနဲ့ အများပိုင်မြေဆိုတာ မရှိတော့ဘူး’’ဟု ၎င်းကပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရပ်ကွက်များ၌လည်း မြေစရိတ်ကြီးမြင့်မှုများကြောင့် မြေမ၀ယ်နိုင်သော၊ အိမ်ငှားမနေနိုင်သော ပျံကျလုပ်ကိုင်စားသောက်သူများအနေဖြင့် အများပိုင်လမ်းနှင့် ရေမြောင်းများကြားတွင် ဆိုင်ခန်းများသဖွယ် အဖီဆွဲကာနေထိုင်ကြရသည်။

‘‘လမ်းမနဲ့ ရေနုတ်မြောင်းနှုတ်ခမ်းကို ခွဆောက်ထားတာ။ အဲဒီလိုမျိုး ၁၅ အိမ်လောက်ရှိတယ်။ ပထမတော့ ဆိုင်ခန်းတွေဖွင့်ဖို့ဆိုပြီး ဆိုင်ခန်းဗန်းပြပြီး အဖီတွေဆွဲကြတာ။ နောက်တော့ လူနေအိမ်တွေဖြစ်သွားတယ်’’ဟု ယင်းမြို့နယ်တွင် ၁၅ နှစ်ကျော် နေထိုင်လာသူတစ်ဦးကပြောသည်။

အလားတူ ပုလဲမြို့သစ်ရှိ အမှတ်(၃)လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်ရှိ လမ်းနယ်မြေမှာ ပေ ၁၅၀ စီ သတ်မှတ်ထားသော်လည်း လက်ရှိတွင် လမ်းနယ်မြေများပေါ်၌ လက်ဖက်ရည်ဆိုင်၊ ပါတီရုံးခန်းအချို့နှင့် ဈေးဆိုင်ခန်းများ နေရာယူလာသည်ကို တွေ့နေရသည်။

‘‘ကိုယ်ကျိုးစီးပွားရှာနေကြတာက ၂၀၀၈ တွေ လက်ထက်က အခုထိပဲ။ ဒီလူတွေ ကြောက်ဖို့ကောင်းပါတယ်။ သမ္မတကလည်း လမ်းကြိုလမ်းကြားတွေအထိ မသွားဘူး။ အဲဒီအတွက် ဒါတွေကို ဘယ်သိမလဲ။ အဲဒီအတွက် အောက်မြေမှာက လက်ဝါးချင်းရိုက်ပြီးတော့ လုပ်ကြတာတော့ ဘယ်လောက်အထိ အချိန်ကြာကြာရှိနေမလဲဆိုတာပါပဲ’’ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမှတ်ချက်ပြုသည်။

‘‘ဘာအဖွဲ့အစည်း၊ ညာအဖွဲ့အစည်းတွေက စည်ပင်နဲ့ပေါင်းပြီးလုပ်ကြတာပဲ။ အများပိုင်မြေတွေပေါ်မှာ တင်ပြတော့လည်း အထက်ကိုတင်ပြရမယ်ဆိုတာကိုသာ ပြန်ဖြေကြတာပါ။ ဘယ်သူကမှ အတိအကျဆိုတာမရှိပါဘူး’’ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့၏ အကြီးမားဆုံး မီးတားမြေကွက်ဖြစ်သည့် ပုလဲမြို့သစ်ရှိ မီးတားမြေပေါ်တွင် ယခုအခါ ကုမ္ပဏီတစ်ခုက အဆောက်အအုံများ ဆောက်လုပ်နေခြင်းနှင့်ပတ်သက်၍ စလုပ်ကတည်းက ကန့်ကွက်ခဲ့သလို ရှေ့ဆက်ပြီး ကန့်ကွက်သွားကြမည်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

‘‘ဒီမီးတားမြေပေါ်မှာ အဆောက်အအုံတွေမလုပ်ဖို့အတွက် သမ္မတကြီးဆီ စာတင်ထားတယ်။ ဒါတောင် ဆက်လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့က ဆက်ပြီးကန့်ကွက်သွားမှာပဲ’’ဟု ဦးရဲမြင့်က မာန်အပြည့်ဖြင့်ပြောသည်။

စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးနေ၀င်း၏ လုံခြုံရေးယာဉ်၌ ယာဉ်မှူးအဖြစ် လုပ်ကိုင်ဖူးသူ အသက် ၈၀ အရွယ် အဘိုးအိုဦးရဲမြင့်က ‘‘အများပိုင်တဲ့မြေကွက်တွေပေါ် လုပ်ငန်းရှင်တွေက အာဏာပိုင်တွေနဲ့ပေါင်းပြီး နေရာယူလာတာ အခုခေတ်မှာ မရှိသင့်တော့ပါဘူး’’ဟု ဆိုသည်။

7Day News Journal

အပစ်အခတ်ရပ်စဲရေး အောင်မြင်လိမ့်မယ်ထင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကိုတော့ အစိုးရဘက်က စဉ်းစားဖို့လိုတယ်


ရက္ခိုင့်တပ်မတော် စစ်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးကျော်ဟန်နှင့် တွေ့ဆုံခြင်း

ရေးသားသူ- အောင်သူရ၊ အောင်ခိုင်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်၊ ပြည်ထောင်စုလွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ကိုယ်စားလှယ်က မတ်လ ၉ ရက်မှစတင်၍ ရန်ကုန်မြို့၌ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲအခြေအနေများ၊ ငြိမ်းချမ်းရေးဖြစ်စဉ် အလားအလာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တပ်မတော်ဘက်မှ ပါဝင်မှုအခန်းကဏ္ဍ၊ AA ၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်လာသော ရက္ခိုင့်တပ်မတော်(AA)မှ စစ်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးကျော်ဟန်နှင့် 7 Day News မှ သီးသန့်မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး- ပထမဆုံးအနေနဲ့ အခုဆွေးနွေးပွဲအခြေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အလားအလာများအပေါ် ဗိုလ်မှူးကြီးရဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ- ကျွန်တော်ရဲ့အမြင်ကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် လိုင်ဇာမှာ တိုင်းရင်းသားအဖွဲ့တွေ စတွေ့ခဲ့တယ်။ လိုင်ဇာရလဒ်အရ NCCTနဲ့ အစိုးရဘက် ပထမဆုံးမြစ်ကြီးနားမှာ တွေ့ခဲ့တယ်။ လိုင်ဇာသဘောတူညီချက်နဲ့ အစိုးရဘက်ကချပြတဲ့ မူ ၁၄ ချက်ကို မြစ်ကြီးနားမှာ ဆွေးနွေးခဲ့ကြတယ်။ အဲဒီကတစ်ဆင့် NCCT အဖွဲ့နဲ့ အစိုးရချင်းမှာ အလွတ်သဘောတွေ့တယ်။ အဲဒီမှာ သူတို့ဘက်ကချပြတဲ့ တချို့အချက်တွေရှိတယ်။ ပြီးတော့ လော်ခီးလာမှာ မူကြမ်းတစ်စောင်ထွက်လာတယ်။ အဲဒီလို အဆင့်ဆင့်ဆွေးနွေးခဲ့တာမှာ အခုတစ်စုံတစ်ရာတိုးတက်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။ မနေ့ကနဲ့ ဒီနေ့ဆွေးနွေးပွဲမှာ လွှတ်တော်ဘက်က ကိုယ်စားလှယ်တွေ၊ MPC ဘက်က၊ တပ်ဘက်ကရောပါလာတော့ အရင်ကဆို MPC နဲ့ပဲ ဆွေးနွေးရတယ်။ အခုတော့ အလုံးစုံဆွေးနွေးနိုင်တယ်။ ဒီတော့ ပိုပြီးတိုးတက်မှုရှိလာတယ်။ ဒီတစ်ခေါက်တွေ့ဆုံတာက ပိုပြီးတိုးတက်တယ်လို့ ပြောရပါမယ်။

မေး- AA က အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတော့ အခုတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုသဘောထားရပ်တည်ချက်ရှိပါသလဲ။

ဖြေ- AA အနေနဲ့ တိုင်းရင်းသားတွေအားလုံးနဲ့ ထပ်တူရှိပါတယ်။ ခွဲပြီးတော့ရပ်တည်လို့လည်း အခုအချိန်မှာမရပါဘူး။ ကျွန်တော်တို့ကတော့ ကျန်တိုင်းရင်းသားအားလုံးနဲ့ ရပ်တည်ချက်တူပါတယ်။ တိုင်းရင်းသားတွေဘက်က ချမှတ်ထားတဲ့ အပေါ်မှာပဲ ခိုင်ခိုင်မာမာရပ်တည်ပါတယ်။ ဒါကို အစိုးရနဲ့ ဆက်ညှိနှိုင်းရမှာပါ။

မေး- ဒီတစ်ခေါက်တွေ့ဆုံပွဲမှာ တပ်မတော်ဘက်က ပြောကြားချက်တွေကို တိုင်းရင်းသားတွေဘက်က အားရကျေနပ်မှုရှိတယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့သဘောထား ပါဝင်လာမှုအပေါ် ဘယ်လိုထင်မြင်ပါလဲ။

ဖြေ- ခုနကပြောခဲ့သလိုပါပဲ။ အရင်က MPC နဲ့ပဲ ဆွေးနွေးရတယ်။ အခုအလုံးစုံဆွေးနွေးနိုင်တယ်။ ဒီတော့ ပိုတိုးတက်ကျေနပ်မှုရှိပါတယ်။

မေး- အခုနှစ်ဖက်ပူးတွဲပြီး မူကြမ်းကိုရေးဆွဲမယ်။ လေးလပိုင်းမှာ နှစ်ဖက်ပြန်တွေ့မယ်လို့ သိရပါတယ်။ ရှေ့ဆက်မယ့်အခြေအနေကို ဗိုလ်မှူးကြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ- အစိုးရကချပြတဲ့ NCA မူကြမ်းနဲ့ NCCT ရဲ့မူကြမ်းကို အပြန်အလှန်ဆွေးနွေးကြပြီး ၉ ရက် ညနေပိုင်းက နှစ်ဖက်စလုံးပူးတွဲပြီး တစ်စောင်တည်းပူးတွဲရေးမယ်ပေါ့။ သဘောတူခဲ့ကြတယ်။ ဒီတော့ အကောင်းဆုံးလက္ခဏာမှာ ရှိပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေသွားဖို့၊ မူဘောင်တွေချဖို့ ရှေ့ဆက်ဆောင်ရွက်မဲ့ကိစ္စတွေ တော်တော်သဘောတူကြပါတယ်။ အခြေခံရပ်တည်ချက်တွေတူတော့ အကောင်းဆုံးတိုးတက်မှုတွေရှိတယ်လို့ပဲ မြင်ပါတယ်။

မေး- ရခိုင်အမျိုးသားအင်အားစုတွေ ပြည်သူတွေက လိုလားတောင်းဆိုနေကြပါတယ်။ AA အပါအ၀င် ရခိုင်လက်နက်ကိုင်အဖွဲ့တွေကို အစိုးရနဲ့ညှိပြီး ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်ပုံစံပဲဖြစ်ဖြစ် အခြေချဖို့ AA ရဲ့ သဘောထားကိုသိပါရစေ။

ဖြေ- ဒီနေ့အမျိုးသားလုံခြုံရေးပေါ့။ အစိုးရက ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ကလည်း လက်တွဲဆောင်ရွက်ချင်ပါတယ်။ ဖြစ်ချင်တာ၊ ရပ်တည်ချက်အတူတူပါပဲ။ လုပ်နည်းလုပ်ဟန်ကွဲတာတော့ရှိတာပေါ့။ ဒါကိုဆွေးနွေးညှိနှိုင်းရမှာပါ။ ဒီနေ့ ရခိုင်ပြည်နယ်မှာ တရားမ၀င်လူဦးရေ တိုးပွားမှုပြဿနာဟာ ရခိုင်တစ်ပြည်နယ်လုံးတင်မက တစ်နိုင်ငံလုံးရဲ့ပြဿနာ၊ ခြိမ်းခြောက်မှု၊ ဒါရခိုင်ပြည်ရဲ့ပြဿနာတင်မကပါဘူး။ ဒါကို အမျိုးသားလုံခြုံရေးကို နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့အညီ ဥပဒေနည်းလမ်းအရ တစ်နိုင်ငံလုံး ၀ိုင်းဝန်းပူးပေါင်းပြီး ဒေသလုံခြုံရေးကို ပါဝင်ဆောင်ရွက်ကြဖို့လိုပါတယ်။

မေး- ဟုတ်ကဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်း ထပ်မေးချင်ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါသလား။

ဖြေ- အပစ်အခတ်ရပ်စဲရေး အောင်မြင်လိမ့်မယ်ထင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကိုတော့ အစိုးရဘက်က စဉ်းစားဖို့လိုတယ်။ စစ်မှန်တဲ့ဖက်ဒရယ်စနစ်ပေါ်မှာ ရပ်တည်ချက်ရှိရင် အခြေခံရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ နှစ် (၆၀)ကျော် ပြည်တွင်းစစ်မှာ ဘယ်သူမှမအောင်နိုင်ဘူး။ ဘယ်သူမှမရှုံးဘူး။ တိုင်းပြည်ပဲ ချွတ်ခြုံကျသွားတယ်။ တိုင်းပြည်ကိုကောင်းစေချင်ရင် အားလုံးလက်ခံနိုင်မယ့်မူဘောင်ကို ချမှတ်ဖို့အရေးကြီးတယ်။ နှစ်ဖက်လက်ခံနိုင်တဲ့မူဘောင်ကို ချမှတ်နိုင်ရင် ကျွန်တော်တို့ အေးချမ်းဖွံ့ဖြိုးရုံသာမက ချက်ချင်းတိုးတက်လာမှာပါ။

မေး- ဟုတ်ကဲ့၊ ဗိုလ်မှူးကြီးတို့အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ- ဖြည့်စွက်ပြောချင်တာက ဒီနေ့ ငါ့မူ၊ သူ့မူဆိုတာထက် ကိုယ်ကိုင်စွဲထားတဲ့မူမှန်ပေမယ့် တိုင်းပြည်ကိုကြည့်ဖို့လိုတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ပဋိပက္ခတွေဖြစ်ပွားချိန်မှာ ဆုံးရှုံးခဲ့ရတဲ့ သယံဇာတအရင်းအမြစ်တွေ ဘယ်လောက်များပြီလဲ။ ကိုင်စွဲထားတဲ့မူက တစ်နိုင်ငံလုံး အေးအေးချမ်းချမ်း၊ အေးအတူပူအမျှဖြစ်ဖို့ အခြေခံဖို့ ဆွေးနွေးညှိနှိုင်းသွားဖို့ လိုတယ်လို့ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
7Day News Journal

နိုင်ငံခြား သတင်းထောက် နှစ်ဦး ဗီဇာ ငြင်းပယ်ခံရ


၂၀၁၃ ခုနှစ် စက်တင်ဘာလကုန် ပိုင်းက ရန်ကုန်မြို့၌ ပထမဆုံး အကြိမ် ပုံနှိပ် ထုတ်ဝေသည့် နိုင်ငံတကာ နာမည်ကြီး သတင်းစာ တစောင် ဖြစ်သော International Herald Tribune သတင်းစာကို တွေ့ရစဉ် (ဓာတ်ပုံ – စိုးဇေယျထွန်း / Reuters)

ရန်ကုန်မြို့တွင် East- West Center မှ ဦးစီးပြီး မတ်လ ၁၀ နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပနေသော ၂၀၁၄ ခုနှစ် နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံသို့ တက်ရောက်ရန် တိုင်းမ် မဂ္ဂဇင်း သတင်းထောက် မစ္စ ဟန်နာဘိခ်ျ နှင့် အယ်လ်ဂျာဇီးရာ သတင်း ထောက် မစ္စ ဗရွန်နီကာ ပက်ဒရိုဆာ တို့ကို မြန်မာ အစိုးရက ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့သည်။

သတင်း လွတ်လပ်ခွင့်ဆိုင်ရာ စိန်ခေါ်မှုများ ဆိုသည့် ခေါင်းစဉ်နှင့် နိုင်ငံတကာ သတင်းထောက်များ တက်ရောက်သည့် ရန်ကုန်မြို့က ညီလာခံသို့ မစ္စ ဟန်နာဘိခ်ျနှင့် မစ္စ ဗရွန်နီကာ တို့ကို ဖိတ်ကြားခဲ့၍ ၄င်းတို့က မြန်မာအစိုးရထံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားခဲ့ကြရာတွင် ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံရခြင်း ဖြစ်သည်။

တိုင်းမ် မဂ္ဂဇင်း သတင်းထောက် ဟန်နာဘိခ်ျက ၎င်းအား ဗီဇာ ငြင်းပယ်မှုနှင့်ပတ်သက်၍ မြန်မာတာဝန်ရှိများက လုံခြုံရေးအတွက် ဖြစ်သည်ဟု အကြောင်းပြချက်ပေးကြောင်း ဧရာဝတီ ကို ပြောသည်။

ဗီဇာ ငြင်းပယ်ခဲ့ရခြင်းမှာ ဟန်နာဘိခ်ျ နှင့် နိုင်ငံတကာ မီဒီယာ ညီလာခံအတွက် မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်လာနိုင်၍ ဖြစ်ကြောင်း သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။

“ပြန်ကြားရေး ၀န်ကြီးဌာန အမှုဆောင်အစည်းအဝေးမှာ အခုလို နိုင်ငံတကာ ကွန်ဖရင့်ကို ဟန်နာဘိခ်ျ လာရောက်မယ် ဆိုရင် သူ့အတွက်ရော၊ ကွန်ဖရင့်အတွက်ပါ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တယ်လို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ ပါတယ်”ဟု သူ က ဆိုသည်။

ဆက်လက်၍ ဦးရဲထွဋ်က “ဒါ့ကြောင့် သူ့ကို အခု မလာဖို့၊နောက် သင့်တော်တဲ့အချိန်မှာ မြန်မာနိုင်ငံကို လာရောက် သတင်း ယူဖို့၊ အဲဒီအခါကျရင် ကျနော့်ကို တွေ့ဆုံမေးမြန်းချင်တယ် ဆိုရင်လည်း လက်ခံဖြေကြားပေးပါ့မယ်လို့ အကြောင်းကြားခဲ့ပါတယ်”ဟု ပြောဆိုသည်။

ယခု ဗီဇာ ကိစ္စသည် ရခိုင်ပြည်နယ် ဒုချီးရားတန်း အကြမ်းဖက်မှုနှင့် မသက်ဆိုင်ကြောင်း၊ ယနေ့ ဒစ်ဂျစ်တယ်လ် ခေတ်တွင် မီဒီယာများကို ထိန်းချုပ်၍ မရနိုင်သည်ကို သိရှိကြောင်းလည်း ဦးရဲထွဋ်က Reuters သတင်းဌာနသို့ ပြောဆိုထားသည်။

မစ္စ ဟန်နာဘိခ်ျသည် ယမန်နှစ်က မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်ဒေသတချို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အခြေခံသည့် အကြမ်းဖက်မှုများဖြစ်ပွားချိန်က မန္တလေး မစိုးရိမ်တိုက်မှ ဆရာတော် ဦးဝီရသူနှင့် အင်တာဗျူးပြီး The Face of Buddhist Terror ဆိုသည့် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံး သတင်းဆောင်းပါး ရေးသားခဲ့သူ ဖြစ်သည်။

အလားတူ အယ်လ်ဂျာဇီးရာ သတင်းထောက် မစ္စ ဗရွန်နီကာ ကိုလည်း ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့ပြီး မည်သည့် အကြောင်းပြ ချက်ဖြင့် ငြင်းပယ်သည်ကိုမူ မသိရှိရသေးပေ။

မစ္စ ဗရွန်နီကာသည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ သွားရောက်၍ သတင်းများပေးပို့ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သတင်းများကိုလည်း ပေးပို့ခဲ့သည်။

ထို့ကြောင့် မြန်မာစစ်အစိုးရက ၂၀၀၉ ခုနှစ်ကတည်းက ၄င်းအား ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ နာမည်ကြီး တိုင်းမ်မဂ္ဂဇင်းနှင့် အယ်လ်ဂျာဇီးရား သတင်းဌာနတို့၏ သတင်းထောက် ၂ ဦးအပြင် ယခင် ပြည်ပအခြေ စိုက်ရာက ပြည်တွင်း၌ ရုံးခန်းဖွင့်ကာ တရားဝင် မှတ်ပုံတင်ထားသည့် ဧရာဝတီအပါအ၀င် နိုင်ငံခြား သတင်းဋ္ဌာနများ၏သတင်း   ထောက်များအပေါ် ဗီဇာ ထိန်းချုပ် ကန့်သတ်မှုများ ရှိလာနေသကဲ့သို့ ပြည်တွင်း သတင်းမီဒီယာအပေါ်လည်း နည်းအမျိုးမျိုးဖြင့် ကန့်သတ် ထိန်းချုပ်မှုများလည်း ရှိလာနေသည်။

မြန်မာနိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ ထိန်းချုပ်ကန့်သတ်၊ ငြင်းပယ်ခြင်းနှင့် သတင်းမီဒီယာအပေါ် ထိန်းချုပ်ရန် ကြိုးစားလာမှုများသည် ပြုပြင်ပြောင်းလဲရေးများနှင့် ဒီမိုကရေစီ နိုင်ငံသို့ အသွင်ကူးပြောင်းနေသော လုပ်ငန်းစဉ်များအတွက် အဓိကအရေးပါသည့် သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် ကန့်သတ်မှုတခုဖြစ်ကြောင်းလည်း လေ့လာ သုံးသပ်သူများက ဝေဖန်ထောက်ပြနေကြသည်။

နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ (HRW) မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း သုတေသီ David Mathieson က “ မြန်မာနဲ့ နိုင်ငံတကာ သတင်းထောက်တွေရဲ့ စာနယ်ဇင်း ဗီဇာကို ထိန်းချုပ် ကန့်သတ် လိုက်ခြင်းကြောင့် အားလုံးက အကောင်း မြင်မျှော်လင့်ထားတဲ့ မီဒီယာ ပြုပြင်ပြောင်းလဲရေးမှာ ကောင်းလာ မလို လိုကနေ ပိုဆိုးပြီး မူလအနေအထား ပြန်ရောက်သွားသလို ထိခိုက်စေပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

စာနယ်ဇင်းသမားများ ကာကွယ်ရေးကော်မတီ(CPJ) ၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က လည်း ဗီဇာ ကန့်သတ်ချက် အသစ်များထုတ်ပြန်ခြင်းသည်  မြန်မာနိုင်ငံသို့ နိုင်ငံခြားသတင်းဌာနများ ၀င်ရောက်လာ ခြင်းကို မနှစ်ခြိုက်ကြောင်းနှင့် သတင်းများ၏ ဝေဖန်ထောက်ပြမှုကို တဖက်သတ်ဆုံးဖြတ်ချက်ဖြင့် အရေးယူမည်ဖြစ် ကြောင်း ပြသလိုက်ခြင်း ဖြစ် သည်ဟု ပြောသည်။

“အာဏာပိုင်တွေက ခေတ်နောက်ပြန်ဆွဲပြီး အရင် စစ်အစိုးရ လုပ်ခဲ့သလို အစိုးရကို အကောင်းရေးတဲ့ သတင်းဌာနတွေကို အခွင့်အရေးပေးပြီး သူတို့ကို ဝေဖန်တဲ့သူတွေကို အရေးယူတဲ့ သွေးခွဲအုပ်ချုပ်တဲ့ နည်းဗျူဟာတွေကို အသုံးပြုနေပုံရ ပါတယ်” ဟု Shawn Crispin က ပြောသည်။

ဆက်လက်ပြီး သူက “အထူးသဖြင့် မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ရုံးဖွင့်ပြီး နိုင်ငံခြားက လုပ်ငန်းတွေကို လျှော့ချခဲ့ ကြတဲ့ အရင်က နိုင်ငံ ပြင်ပရောက် သတင်းဌာနတွေဟာ ပစ်မှတ်ဖြစ်လာတဲ့အတွက် ကျနော်တို့ တကယ်ကို စိတ်ပူမိ ပါတယ်”ဟု လည်း ပြောဆိုသည်။

အမေရိကန် နိုင်ငံ ဟာဝိုင်ယီ ပြည်နယ် ဟိုနိုလူလူမြို့ အခြေစိုက် East West Center သည် အမေရိကန်နှင့် အာရှပစိဖိတ် ဒေသအကြား စုပေါင်းသင်ယူခြင်း၊ လေ့လာ သုတေသန ပြုခြင်း၊ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်း စသည့် အစီအစဉ်များ လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြု Jefferson Fellowships သတင်းစာပညာ ဖလှယ်ရေး အစီအစဉ်ကိုလည်း ဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်ပြီး East West Center ၏ မီဒီယာ အစီအစဉ်တွင် ဂျာနယ်လစ် ၂၂၀၀ ကျော် ပူးပေါင်း ပါဝင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်း အဖွဲ့ကို အမေရိကန် ကွန်ဂရက် က ၁၉၆၀ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇွန်လကုန်ပိုင်းက မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာရောက်ဖူးသည်။

ဧရာဝတီ

မင်္ဂလာဈေးအနီး တည်းခိုခန်းတွင် ဘိန်းဖြူ အကြောထဲထိုးသွင်းသည်ဟု ယူဆရသူ တစ်ဦးသေဆုံး


ဇော်ဇော်ထွေး| ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ မင်္ဂလာဈေးဝင်းအတွင်းရှိ တည်းခိုခန်းတစ်ခုတွင် ဘိန်းဖြူအကြောထဲထိုးသွင်းသည်ဟု ယူဆရသူ တစ်ဦး သေဆုံးနေမှု တစ်ခုကို မတ်လ ၁၁ ရက်တွင် မြို့နယ်ရဲခစန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၁၂ တွင် သတင်းထုတ်ပြန်သည်။

ယင်းနေ့ နံနက် ၁၁ နာရီက သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်းအတွင်းရှိ တည်းခိုခန်းတစ်ခုတွင် လူတစ်ဦး သေဆုံးသည်ဟု သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာ၊ ၅၆ ဘလောက်၊ (၁၅)လမ်းတွင် နေထိုင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးယူဆထားသည်။

၎င်းသည် တည်းခိုခန်းအတွင်း ကုတင်ပေါ်တွင် ပက်လက် အနေအထားဖြင့်
နှာခေါင်းမှ အမြုပ်များ ထွက်၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။

၎င်း၏ ဝဲဘက်လက်ခုံတွင် ဆေးထိုးအပ်အရာများ တွေ့ရှိရကာ အနီးတွင် အနီရောင်အဖုံးပိတ်လျက် အကြည်ရောင် ပလပ်စတစ်ဘူးငယ်အတွင်း ဘိန်းဖြူမှုန့်ဟု ယူဆရသည့် အဖြူမှုန့် (၀ ဒဿမ ၀၂) ဂရမ်ကိုလည်း တွေ့ရှိခဲ့သည်။

ထို့ပြင် ၁ စီစီ ဆေးထိုးအပ် အိတ်ခွံ(၂)ခု၊ အကြည်ရောင် ပလပ်စတစ်ဗူးခွံ အသေး (၅)ဗူး၊ ကျွဲရိုင်းပုလင်းများနှင့် သုံးပြီးသာ ဂွမ်းစတို့ကိုလည်း တွေ့ရှိထားသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

သေဆုံးသူ အလောင်းအတွင် အခြား ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် ဆေးရုံသို့ ရင်ခွဲစစ်ဆေးပေးရန် ပို့အပ်ရာ ပီအာရ် ၀၅၀ ဖြင့် လက်ခံထားသည်။

ယင်းသေဆုံးမှုကို ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးပေးရန် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန်းဝင်းက တရားလိုပြုလုပ် တိုင်တန်းထားသည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒုရဲမှူးသန်းဦး က စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

Mizzima Burmese

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုပြန်ဖြစ်


ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုတွေ ခုရက်ပိုင်းအတွင်း ပြန်ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ဌာနချုပ် ၀မ်ဟိုင်းကနေ ၁၅ မိုင်လောက် ကွာဝေးတဲ့ ပန်စယ်တောင်ကုန်းအနီးတ၀ိုက်မှာ မတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီကနေ နေ့ခင်း ၁၂ နာရီထိ နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

SSPPအစိုးရတပ်ဘက်က သူတို့သွားနေကျ လမ်းကြောင်းကနေ သွေဖည်ပြီး ၀င်ရောက်လာလို့ တိုက်ပွဲဖြစ်ရကြောင်းနဲ့ ပစ်ခတ်မှုကြောင့် အသေအပျောက်မရှိပေမယ့် ဒဏ်ရာရတာတွေ ရှိတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“နမ့်ပုတ်ရွာနဲ့ ကျေးသီးကြားမှာပေါ့။ ခါတိုင်းလည်း သူတို့လမ်းကြောင်းအတိုင်းသွားရင် ပြဿနာမရှိပါဘူး။ ခုက လမ်းကြောင်းအတိုင်း မသွားဘဲ ဖြန့်ခွဲပြီးတော့ သွားတယ်လေ။ တောထဲနင်းလာတော့ ပန်စယ်တောင်ကုန်းမှာရှိတဲ့ ကျနော်တို့တပ်နဲ့ တိုးတာပေါ့။ တိုက်ပွဲက ကြိုးကြားကြိုးကြားဖြစ်တာ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရရတာ မရှိပါဘူး။ သူတို့ဘက်ကတော့ ၄ – ၅ ယောက် ဒဏ်ရာရတယ်ပြောတယ်။ ဒါပေမယ့် အတိအကျတော့ မသိပါဘူး။”

ဒီပစ်ခတ်မှုမှာ အစိုးရဘက်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၂၄၇ တပ်ရင်းတပ်ဖွဲ့ အင်အား ၃၀ ကျော်နဲ့ ရှမ်းပြည်တပ်မတော်ဘက်ကတော့ ၀မ်ဟိုင်းလုံခြုံရေးတပ်က အင်အား ၃၀ ကျော်တို့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်း ၂ ပတ်လောက်ကလည်း နောင်ချိုမြို့နယ်၊ ဆီခူးကျေးရွာအုပ်စုထဲမှာ ခမရ ၅၀၁၊ ၅၀၂ လက်အောက်ခံ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောကိပိုင်းတပ်တွေအကြား ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အစိုးတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စတွေ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ်တွေကို ထိမှန်သွားတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ဆောက်လက်စ နမ့်ပန်ချောင်းတံတား လုံခြုံရေးအကြောင်းပြပြီး ရှမ်းတပ်တွေကို အစိုးရက နောက်ဆုတ်ခိုင်းခဲ့အတွက် တာ့ဆမ်ပူးစခန်းကို ဆုတ်ပေးခဲ့ရတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ပြည်ထောင်စုအဆင့်ထိ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားပေမယ့် တပ်ပိုင်းဆိုင်ရာ၊ နယ်မြေဆိုင်ရာကိစ္စတွေ မဆွေးနွေးနိုင်သေးဘဲ သွားလာလှုပ်ရှားနေတဲ့ နှစ်ဖက် တပ်တွေအချင်းချင်း ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရုံးကို ဆက်သွယ်ရာမေးမြန်းရာမှာ တိုင်းရင်းသားဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တာဝန်ခံဖြေကြားပေးမယ့်သူမရှိဘဲ ကာကွယ်ရေး ဦးစီးချုပ်နဲ့သာ သက်ဆိုင်တဲ့ကိစ္စဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

DVB Burmese

Instagram မှာ ဘီကီနီနဲ့ sexy ဓါတ်ပုံအများအပြား ရိုက်ကူးထားတဲ့ Nicki Minaj တစ်ယောက် စေ့စပ်တော့မှာလား

 
          Nicki Minaj တစ်ယောက် ဒီတစ်ပါတ်ထဲမှာတော့ မက္ကဆီကိုက Cabo San Lucas မှာ အချိန်အတော်များများ ဖြုန်းတီးခဲ့ပြီး selfies ဓါတ်ပုံအတော်များများလည်း Instagram ကို တင်နေခဲ့တာ တွေ့ရပါတယ်။ ဘီကီနီဝတ်ထားတဲ့ သူမရဲ့ ဓါတ်ပုံရိုက်ကူးမှုမှာ sexy ပို့စ်တွေ အများအပြားလည်း ပါဝင်နေပါတယ်။

          ဒါ့အပြင် ဓါတ်ပံတွေထဲက တစ်ခုမှာ သူမရဲ့ လက်မှာ လက်စွပ်တစ်ကွင်း ၀တ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။

          အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Nicki မှာ Safaree Samuels လို့ခေါ်တဲ့ အသက် ၃၂ နှစ်အရွယ် ရည်းစားတစ်ယောက်ရှိပါတယ်။ သူမတို့ရဲ့ ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အရင်အပတ်ထဲမှာ မင်္ဂလာဆောင်အသွင်အပြင်နဲ့ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

          သူတို့နှစ်ဦးအနေနဲ့ စေ့စပ်ဖို့ (ဒါမှမဟုတ်) လက်ထပ်ဖို့ အတည်ပြုမှုတွေတော့ မပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်။

          ပြီးခဲ့တဲ့ အပတ်တုန်းကပဲ သရုပ်ဆောင် မင်းသမီး Stacy Keibler နဲ့ သူ့ချစ်သူ Jared Pobre တို့ကလည်း မက္ကဆီကိုမှာ တိတ်တဆိတ် အခမ်းအနားလာကျင်းပတဲ့ သာဓကတွေကလည်း ရှိနေသေးတယ်လေ။

Ref:starpulse.com
Trend Myanmar

ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် ရေတံခွန်(၂)လမ်းမှာ မီးလောင်ကျွမ်းမှု (ဓာတ်ပုံ သတင်း)









ဧရာဝတီတိုင်း ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် ရေတံခွန်(၂)လမ်းမှာ မတ်လ(၁၂)ရက် နေ့လည် (၁း၄၅)နာရီက မီးဖို မီးကြွင်းမီးကျန်က စတင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် ငါးလုံးဆုံးရှုံးပြီး လူတစ်ဦး သေဆုံးခဲ့ကာ အရံမီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဘယ်ဘက်ခြေထောက် ဒဏ်ရာ ရရှိသွားပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ရေတံခွန်(၂)လမ်း အိမ်အမှတ်(၈၉၂) နေအိမ်မှာ အသက်(၈၃)နှစ်အရွယ် လေငန်းရောဂါ ခံစားနေရသူ ကျောင်းဆရာမအငြိမ်းစား ဒေါ်လှကြည် တစ်ဦးတည်းရှိနေစဉ်
စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် အနီးရှိ နေအိမ်
(၅)လုံး မီးဘေးသင့် ဆုံးရှုံးခဲ့ကာ စတင်လောင်ကျွမ်းသော နေအိမ်ရှိ
လေငန်းရောဂါ ခံစားနေရသူ ကျောင်းဆရာမအငြိမ်းစား ဒေါ်လှကြည်မှာ မီးလောင်စဉ်
တိမ်းရှောင်နိုင်ခြင်း မရှိဘဲ မီးလောင်ကျွမ်း သေဆုံးခဲ့ရပါတယ်။

ဟင်္သာတမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကား (၅)စီး ၊ အရံမီးသတ် တပ်ဖွဲ့ဝင်(၁ဝဝ)ခန့် လာရောက် ငြိမ်းသတ်ခဲ့ကာ
နေ့လည်(၂)နာရီလောက်မှာ မီးညွှန့်ကျိုးပြီး (၃)နာရီလောက်မှာ အပြီးသတ်
ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၅)စု လူဦးရေ ကျား(၁၁)ဦး၊ မ(၇)ဦး
စုစုပေါင်း (၁၈)ဦး မီးဘေးသင့်ခဲ့ပြီး သွပ်မိုး ပျဉ်ထောင်နေအိမ် (၂)လုံး၊ သွပ်မိုး ထရံကာ နေအိမ် (၃)လုံး ခန့်မှန်းတန်ကြေး (၂၄)သိန်းခန့် ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူတွေကို လယ်တီကွင်းရပ်ကွက် အမက(၃)
စာသင်ကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပါတယ်။

သတင်းဓာတ်ပုံ - ပြည့်ဖြိုး icj (ဟင်္သာတ)
DVB TV

ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် ရေတံခွန်(၂)လမ်းမှာ မီးလောင်ကျွမ်းမှု (video သတင်း)


ဧရာဝတီတိုင်း ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် ရေတံခွန်(၂)လမ်းမှာ မတ်လ(၁၂)ရက် နေ့လည် (၁း၄၅)နာရီက မီးဖို မီးကြွင်းမီးကျန်က စတင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် ငါးလုံးဆုံးရှုံးပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ရေတံခွန်(၂)လမ်း အိမ်အမှတ်(၈၉၂) နေအိမ်မှာ အသက်(၈၃)နှစ်အရွယ် လေငန်းရောဂါ ခံစားနေရသူ ကျောင်းဆရာမအငြိမ်းစား ဒေါ်လှကြည် တစ်ဦးတည်းရှိနေစဉ်
စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် အနီးရှိ နေအိမ်
(၅)လုံး မီးဘေးသင့် ဆုံးရှုံးခဲ့ကာ စတင်လောင်ကျွမ်းသော နေအိမ်ရှိ
လေငန်းရောဂါ ခံစားနေရသူ ကျောင်းဆရာမအငြိမ်းစား ဒေါ်လှကြည်မှာ မီးလောင်စဉ်
တိမ်းရှောင်နိုင်ခြင်း မရှိဘဲ မီးလောင်ကျွမ်း သေဆုံးခဲ့ရပါတယ်။

ဟင်္သာတမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကား (၅)စီး ၊ အရံမီးသတ် တပ်ဖွဲ့ဝင်(၁ဝဝ)ခန့် လာရောက် ငြိမ်းသတ်ခဲ့ကာ
နေ့လည်(၂)နာရီလောက်မှာ မီးညွှန့်ကျိုးပြီး (၃)နာရီလောက်မှာ အပြီးသတ်
ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၅)စု လူဦးရေ ကျား(၁၁)ဦး၊ မ(၇)ဦး
စုစုပေါင်း (၁၈)ဦး မီးဘေးသင့်ခဲ့ပြီး သွပ်မိုး ပျဉ်ထောင်နေအိမ် (၂)လုံး၊ သွပ်မိုး ထရံကာ နေအိမ် (၃)လုံး ခန့်မှန်းတန်ကြေး (၂၄)သိန်းခန့် ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူတွေကို လယ်တီကွင်းရပ်ကွက် အမက(၃)
စာသင်ကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပါတယ်။


ရိုက်ကူး - ပြည့်ဖြိုး icj (ဟင်္သာတ)
DVB TV