မိုးနည်းဒေသက ရွာကလေး စက်ရေတွင်းအလှူရှင် လိုအပ်နေလို့ပါ ( အယ်ဒီတာ့ ထံ ပေးစာ )


အယ်ဒီတာခင်ဗျား

ကျွန်တော်တို့ရွာလေးက မကွေး တိုင်းဒေသကြီး မြိုင်မြို့နယ်ထဲမှာ တည် ရှိပြီး အိမ်ခြေ ၃၇ဝ ၊ လူဦးရေ ၁၇ဝဝ ကျော်ရှိတဲ့ ရွာဖြစ်ပြီး သရက်ကန်ရွာ လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ရွာလေးက ပခုက္ကူမြို့နဲ့ ၂၆ မိုင်၊ မြိုင်မြို့နဲ့ ၁၂ မိုင် ဝေးပြီး ပခုက္ကူ-ကျောက်ခွက် ရေနံမြေ သွားကားလမ်းမကြီးရဲ့ ဗဟိုချက် မှာ တည်ရှိနေတာဖြစ်ပါတယ်။ ကျွန်တော် တို့ရွာမှာ ရေကန်ရှိပေမယ့် ဒီနှစ်မိုးဦး မကောင်း၊ မိုးနှောင်းရေကလည်း ရေ မစုနိုင်လို့ သောက်ရေ အတွက် အခက် အခဲဖြစ်ကြရတယ်။ ရွာမှာစက်ရေတွင်း တစ်တွင်းသာရှိပြီး အိမ်ခြေ ၄ဝဝ နီးပါး က ဒီရေတွင်းကိုမှီခိုနေရတာကြောင့် သောက်သုံးရေ ရှားပါးမှုနဲ့ ရင်ဆိုင်နေရ ပါတယ်ခင်ဗျာ။ အခုရှိနေတဲ့ စက်ရေ တွင်းက လည်း ရေ ငန်တွင်းဖြစ်နေတာ ကြောင့်အဝီစိတွင်းလို့ခေါ်တဲ့ စက်ရေ တွင်းတစ်တွင်း ကျေးရွာအတွက် လိုအပ် နေလို့ အစိုးရကပဲဖြစ်ဖြစ်၊ လူမှုရေး အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် စက်ရေ တွင်းလှူချင်တဲ့ ထာဝရရေကုသိုလ်ရှင် များရှိခဲ့ရင် ကုသိုလ်ပြုပေးကြဖို့နဲ့ အယ် ဒီတာကတစ်ဆင့် နှိုးဆော်ပေး ဖို့ မေတ္တာ ရပ်ခံပါတယ်ခင်ဗျား။ ရေကုသိုလ် လှူ ဒါန်းလိုသူများရှိပါက ဖုန်း ဝ၉-၄၇၂၂ ဝ၇၁၂ နဲ့ ဝ၉၄ဝ၁၅ဝ၁၂ဝ၁ သို့ ဆက် သွယ်ပေးစေလို ပါတယ်ခင်ဗျား။

ဦးထင်ကျော်(ပခုက္ကူ)
Popular Myanmar News Journal

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ သဘော ဆန္ဒအတိုင်း ပြင်ဆင် သင့်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ပြော


ရည်မွန် ၊ ဟေမာန်
ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ။ ။ ဒီမိုက ရေစီစနစ် အားကောင်း ရန် ဖော် ဆောင် ရာတွင် မြန်မာ့ဓလေ့၊ လူမျိုး၊ စရိုက်နှင့် ဆီလျော်သည့် ဒီမိုကရေစီလမ်းကြောင်း အတိုင်း သွားရန် လိုအပ်ပြီး ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် ပတ်သက် ပြီး ပြည်သူ့သဘောဆန္ဒအတိုင်း သာ ပြင်ဆင်သင့်ကြောင်း နိုင်ငံ တော်ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်က ရန်ကုန်တိုင်းမ်သတင်းစာ ၏မေးမြန်းမှုအပေါ် ဖြေကြားခဲ့ သည်။

''ဒီမိုကရေစီစနစ်ကို ပြောင်း လဲတဲ့နေရာမှာ အမေရိကန်ပုံစံ မျိုးလဲယူလို့ မရဘူး။ အင်္ဂလိပ်ပုံ စံမျိုးလဲယူလို့မရဘူး။ အီးယူပုံစံ မျိုးလဲယူလို့ မရဘူး။ မြန်မာနိုင်ငံ ရဲ့ဓလေ့စရိုက်၊ လူမျိုးနဲ့ ဆီလျော် တဲ့ ဒီမိုကရေစီ လမ်းကြောင်းနဲ့ သွားဖို့ကောင်းတယ်။ မြန်မာနိုင်ငံ ဟာ ခေတ်နောက် ကျနေပြီ။ ဒါကြောင့် တစ်ဆင့်ပြီး တစ်ဆင့် သွားရမယ်''ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေး နှင့်ပတ်သက်၍ သဘောထားကွဲ လွဲနေမှုများအပေါ် ဦးခင်ညွန့် က''ပြင်ဆင်သင့်တာတွေ ပြင် ဆင်ရမယ်။ ပြည်သူတွေရဲ့ လိုလား ချက်အရ ပြည်သူ့ဆန္ဒအတိုင်း ပြင်ဆင် သင့်တာတွေ ပြင်ဆင် ရမယ်''ဟု ပြောကြားခဲ့သည်။
Yangon Media Group

ရန်ကုန် နည်းပညာတက္ကသိုလ်သို့ ကျပ်သိန်း ၃၀၀ နီးပါး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့


ရန်ကုန်၊ နိုဝင်ဘာ ၂၉

ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် Topcon Corporation နှင့် Topcon အမှတ်တံဆိပ် မြေတိုင်းပစ္စည်းများ ကုမ္ပဏီက ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ ကျပ်သိန်း ၂၇၀ ကျော် တန်ဖိုးရှိ သင်ထောက်ကူပြု ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း အဆိုပါ တက္ကသိုလ်၏ မြို့ပြ အင်ဂျင်နီယာဌာနမှ ပါမောက္ခဌာနမှူး ဦးဉာဏ်မြင့်ကျော်က ပြောကြားသည်။

လှူဒါန်းထားသော သင်ထောက်ကူ ပစ္စည်းများကို Topcon ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဖြန့်ချိရေး ကိုယ်စားလှယ် Concordia International Co., Ltd. က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တစ်ဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ပစ္စည်းများကို ဆောက်လုပ်ရေး လုပ်ငန်းများ၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများအပြင် အခြားမည်သည့် တိုင်းတာမှုမဆို အသုံးပြုနိုင်ပြီး ထောက်ပံ့ထားသော ပစ္စည်းများမှာ Topcon အမှတ် တံဆိပ် Easy Station(ES-105) သုံးလုံးနှင့် Digital Level 2LS Orion ငါးလုံးတို့ ဖြစ်ကြောင်း ဦးဉာဏ်မြင့်ကျော်က ဆိုသည်။
“ဒီပစ္စည်းတွေက ကျောင်းသားတွေအတွက် စာသင်တဲ့ နေရာမှာရော၊ လက်တွေ့ ကွင်းဆင်း စစ်ဆေးတဲ့ နေရာမှာရော အသုံးတည့်တယ်” ဟု ၎င်းကပြောကြားသည်။

ဂျပန် Topcon ကုမ္ပဏီသည် ၁၉၉၆ ခုနှစ်တွင် ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ထောက်ပံ့ခြင်း ဖြစ်သည်။

The Voice Weekly

Samsung Galaxy S5 ကို ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်ဖွယ်ရှိ


Samsung ကုမ္ပဏီသည် Samsung Galaxy S5 ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဗီယက်နမ်၌ စတင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ကိုရီးယား ဝက်ဘ်ဆိုက် ET News က ဖော်ပြသွားခဲ့သည်။

ထုတ်လုပ်မှုကို နွေဦးတွင် စတင်သွားမည် ဖြစ်ပြီး နွေရာသီအမီ ထွက်ရှိနိုင်ရန် အရှိန်မြှင့် လုပ်ဆောင်သွားမည် ဟုသိရသည်။

အစောပိုင်းတွင် Galaxy S5 ဖုန်းများအား အလုံးရေ ရှစ်သိန်းမှ တစ်သန်း အထိ စတင် ထုတ်လုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တိုး၍ထုတ်လုပ် သွားမည်ဟု ET News ကဖော်ပြခဲ့သည်။

Samsung ၏ Galaxy S5 သည် ကွေးနိုင် ဆန့်နိုင်သော မျက်နှာပြင်၊ သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားသော ဗားရှင်းနှင့် ပုံမှန် မျက်နှာပြင်၊ ပလက်စတစ် ကိုယ်ထည် ဗားရှင်းဟူ၍ ဗားရှင်းနှစ်မျိုး ဖြင့် ထုတ်လုပ်သွားဖွယ် ရှိကြောင်း သိရသည်။

Samsung ၏ Galaxy S5 တွင် 16 megapixels ကင်မရာနှင့် RAM 3GB တို့ ပါဝင်လာမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဘက်ထရီ 4,000 mAh လည်း တပ်ဆင် အသုံးပြုထားကာ Android version Kitkat 4.4 ဖြင့် ထွက်လာဖွယ်ရှိကြောင်း ET News ဖော်ပြခဲ့သည်။

Galaxy S5 တွင် Samsung ၏ နည်းပညာအသစ် optical image stabilization (OIS) ပါဝင်လာနိုင်သောကြောင့် ဧပြီလအထိ ထွက်ပေါ်လာနိုင်ဖွယ် မရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ခန့်မှန်းခဲ့ကြသည်။

Ref: TheInquirer
Internet Journal

ငါးရက်ကြာပျောက်သွားသော ကျောင်းသားအလောင်း မြစ်အတွင်း၌တွေ့


ပြည်မြို့တွင် နေအိမ်မှ  ငါးရက်အကြာ ပျောက်ဆုံးသွားသော ကျောင်းသားတစ်ဦးကို နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီခန့်တွင် ကြံခင်းမြို့နယ်၊ ဆိပ်သာမြို့ရဲကင်းအနီး ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်း၌ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူမှာ  ပြည် အထက (၅)မှ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေက ကျောင်းမှပြန်လာကာ ညနေ ၄ နာရီခန့်တွင် မိခင်ဖြစ်သူအား မုန့်သွားဝယ်မည်ဟုခွင့်တောင်းကာ ဆိုင်ကယ်ဖြင့် အပြင်ထွက်သွားခဲ့ရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း  မိဘများထံမှ သိရသည်။

မိဘများက လိုက်လံရှာဖွေရင်း လူပျောက်တိုင်ကြားခဲ့ရာ န၀ဒေးတံတား ကားလမ်းပေါ် တံတားတိုင်အမှတ်(၉)နေရာတွင် ၎င်းလူငယ်စီးသွားသော ဆိုင်ကယ်နှင့် ဖိနပ်ကို စတင်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
““ကလေးက ကျောင်းကပြန်လာပြီး သူ့အမေကိုပြောတယ်။ ကျောင်းမှာ မြန်မာစာကနေ အင်္ဂလိပ်စာပြောင်းတဲ့အချိန်၊ သူက ပန်းချီဆွဲနေတုန်း ဆရာမရောက်လာပြီး သိမ်းတယ်။ သူကလိုက်တောင်းပန်ပြီး တောင်းပေမယ့် နင့်မိဘတွေခေါ်ခဲ့လို့ ဆရာမကပြောလိုက်တယ်လို့ ဆိုတယ်။ သူ့ အမေက နင့်အဖေလည်း ခရီးသွားရာကပြန်ရောက်နေပြီ။ နင့်အဖေကိုခေါ်သွားလို့ ပြန်ပြောခဲ့တယ်။ အဲဒါနဲ့ သူ့ညီမလေးနဲ့တောင် ဆော့နေသေးတယ်။ ခဏကြာမှာ သူ့အမေဆီခွင့်တောင်းပြီး မုန့်ဝယ်ထွက်သွားရာကနေ ပျောက်သွားတာ””ဟု ကျောင်းသား၏ ဖခင်ဖြစ်သူက ပြောသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး အထက(၅)ပြည်မြိ့ရှိ သက်ဆိုင်ရာဆရာမများအား သွားရောက်မေးမြန်းခဲ့ရာ ယင်းကျောင်းသားမှာ ကျောင်းတွင်းပြဿနာမရှိဖူးကြောင်း ဖြေကြားသည်။ အင်္ဂလိပ်စာဆရာမက““အဲဒီကလေးရဲ့ မိဘတွေကို ခေါ်ခိုင်းတာမျိုးမရှိပါဘူး။ ပန်းချီဆွဲနေတာလည်းမတွေ့ဘူး။ ရည်းစားစာရေးတာတော့တွေ့ပေမယ့် စာသင်ချိန်ဖြစ်နေတဲ့အတွက် ဖမ်းဆီးတာမျိုးမလုပ်ဘဲ စာဆက်သင်ခဲ့ပါတယ်”” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောင်းသား၏ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ရကြောင်း၊ တံတားပေါ်မှခုန်ချသည်ဟု ယူဆရပြီး ကြံခင်းမြို့နယ်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၃ အရ အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း န၀ဒေးတံတားရဲကင်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

7 Day Daily

အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီစိုးသူ ရဲ့ မွေးနေ့


ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့က အကယ်ဒမီ ပြေတီဦးရဲ့ မွေးနေ့ ဖြစ်ပါတယ် ။ မွေးနေ့မှ စပြီး နောင်နှစ်ပေါင်းများစွာတိုင် သာယာပျော်ရွှင်သော မိသားစု ဘ၀ ကို ပိုင်ဆိုင်ကာ အောင်မြင်မှု များ ရရှိပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင် ပါစေလို့ ပေါ်ပြူလာ ဂျာနယ်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။


ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့က အကယ်ဒမီစိုးသူ ရဲ့ မွေးနေ့ ဖြစ်ပါတယ် ။ မွေးနေ့မှ စပြီး နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှု များ ရရှိပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင် ပါစေလို့ ပေါ်ပြူလာ ဂျာနယ်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။

Popular Myanmar News Journal

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမ၀င် သစ်မှောင်ခိုတင်ပို့မှုများ ရှိနေ


မြန်မာနိုင်ငံမှ တရားမ၀င်သစ်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မှောင်ခိုတင်ပို့မှုများ ရှိနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။ ယင်းသို့တင်ပို့ရာတွင် စက်လှေများဖြင့် တင်ပို့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ရေတပ်မှ နိုဝင်ဘာ ၂၇ ရက်က သစ်မှောင်ခို စက်လှေတစ်စီးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် စိန့်မာတင်ကျွန်းမှ တစ်မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု မော်တော်ဘုတ်ပေါ်မှ ဖမ်းမိသည့် သစ်တန်ဖိုးမှာ ကာလပေါက်ဈေး ဘင်္ဂလား တာကာငွေ သန်း ၁၀၀ ကျော်ဖိုးခန့် ရှိကြောင်းနှင့် ဖမ်းဆီးရမိသူ ၁၀ဦးကို ဘင်္ဂလားဒေရှ် ရေတပ်မှ တက်ကနက် ရဲစခန်းသို့ လွဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်မှစ၍ သစ်အလုံးလိုက် တင်ပို့မှုကို တားမြစ်သွားမည် ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း နယ်သာလန် အခြေစိုက်Transnational Institute က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြ . .

ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် မြန်မာမှ မှောင်ခိုတင်သွင်းသည့် ဆန်၊ သစ်နှင့် နွားများအား ဖမ်းဆီးခြင်းမရှိဘဲ လက်ခံဝယ်ယူနေခြင်းကြောင့် မှောင်ခိုလမ်းဖြင့် ဒေသအာဏာပိုင်များအား လာဘ်ပေးလာဘ်ယူလုပ်ကာ သစ်ခိုးထုတ် တင်ပို့ခဲ့ကြပြီး နယ်စပ် မေယုတောင်တန်းနှင့် ရခိုင်ရိုးမတွင် သစ်များ ရှားပါးမှု ရင်ဆိုင်လာရပြီ ဖြစ်ကြောင်းလည်း သိရသည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်ဆပ်ကမ်းတွင် ရောက်ရှိနေသည့် သစ်ဘုတ်၊ ဆန်ဘုတ်နှင့် နွားဘုတ်များမှာ ရခိုင်ပဋိပက္ခ မဖြစ်ပွားမီကတည်းက အ၀င်ရှိခဲ့ကြောင်းနှင့် လွန်ခဲ့သည့် နှစ်မှစ၍ စက်လှေအ၀င်နည်းပါးခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှလည်း ဖမ်းဆီးမှုများ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဘင်္ဂလားဒေ့ရှ်သို့ သစ်မှောင်ခို တင်ပို့မှုများမှာ မောင်တောခရိုင်အတွင်း မေယုကြိုဝိုင်းမှ သစ်များအား နတ်မြစ်ဖြတ်ကာ တင်ပို့မှုများ၊ ရခိုင်ရိုးမမှ မှောင်ခိုခိုးထုတ်လာသည့် သစ်များအား လှေဖြင့်တင်ပို့မှုများ အထူးများပြားခဲ့ကြောင်းနှင့် အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း သစ်မှောင်ခိုထုတ်ယူမှု ပိုမိုများပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သစ်မာ ၁၃၅၅၂၂၇ တန် ထုတ်လုပ်ခဲ့ပြီး၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် ၇၈၇၆၀၀ တန်သာ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း၊ ကျွန်းသစ်ကိုလည်း ယခင်နှစ်ထက် တန် ၈၀၀၀၀ လျှော့ချကာ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကျွန်းသစ် ၁၈၆၆၅၀ တန် ထုတ်လုပ်ရန် လျာထားသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။

ယင်းအပြင် ၂၀၁၄ ခုနှစ်မှစ၍ သစ်အလုံးလိုက် တင်ပို့မှုကို တားမြစ်သွားမည် ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း နယ်သာလန် အခြေစိုက်Transnational Institute က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

Eleven Media Group

မြန်မာလုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်းသင်တန်း EU ပို့ချမည်


ရန်ကုန်၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂက လုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကိုယ်စားပြု၍ မြန်မာလုံထိန်းများကို သင်တန်း ပို့ချနေသည့် ဥရောပသမဂ္ဂ လူ့အဖွဲ့အစည်းဆိုင်ရာ မူဝါဒ ချမှတ်ရေး ကျွမ်းကျင်သူ David Hamilton က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ စီမံကိန်းအရ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လေးစားလိုက်နာ၍ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လူထုအခြေခံ ယုံကြည် စိတ်ချရသော ရဲတပ်ဖွဲ့အဖြစ် ရပ်တည် နိုင်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ဆိုသည်။
“လူ့အခွင့်အရေးကို ဦးစားပေးပြီး ခေတ်မီရဲတပ်ဖွဲ့ ဖြစ်ဖို့အတွက် အချိန်ယူ လုပ်ဆောင်ရမှာပါ။ ရဲတပ်ဖွဲ့အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆတိုးပြီး လုပ်ဆောင်နေပါတယ်” ဟု ရဲမှူးချုပ် သူရဘိုနီက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

အထူးသဖြင့် ပဋိပက္ခနှင့် အဓိကရုန်းများကို ကိုင်တွယ် ဖြေရှင်းရာတွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အကာအကွယ် ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံများမှ ကျွမ်းကျင် ရဲအရာရှိများက သင်တန်းများ ပို့ချပေးခြင်း ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
“လက်ပံတောင်းနဲ့ မိတ္ထီလာမြို့နယ်တွေမှာ မကြာမီက ဖြစ်ပွားခဲ့တဲ့ အဓိကရုန်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပဋိပက္ခ ကိုင်တွယ် ဖြေရှင်းမှု နည်းလမ်းတွေ ပြောင်းလဲဖို့ လိုနေပြီဆိုတာ သက်သေပြလိုက်တာပဲ” ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်း ကာလသည် ၁၈ လ ကြာမြင့်မည် ဖြစ်ပြီး ဥရောပ သမဂ္ဂက ယူရိုငွေ ၁၀ သန်း (မြန်မာ ကျပ်ငွေ ၁၃ ဒသမ ၂ ဘီလီယံ) ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

မြန်မာ့ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေးအတွက် ဥရောပသမဂ္ဂ နိုင်ငံများက အကူအညီ ပေးရန် ပြီးခဲ့သည့် လအတွင်းက ဥရောပသမဂ္ဂ နိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ်ခရီး သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို ထားသည်။

အဆိုပါ တောင်းဆိုချက်အရ ဥရောပ သမဂ္ဂက နိုဝင်ဘာလ အစောပိုင်းမှ စတင်ကာ မြန်မာ့ရဲတပ်ဖွဲ့မှ လုံထိန်း ၄၀၀ ကျော်ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပဋိပက္ခနှင့် အဓိကရုန်း ဖြေရှင်းနည်း သင်တန်း ပို့ချပြီး ဖြစ်ကြောင်း မစ္စတာရိုလန် ကိုဘီယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“အခု အီးယူက အဓိက လေ့ကျင့်ပေးတဲ့ လူစုလူဝေး ထိန်သိမ်း နည်းတွေထဲမှာ Sea Games ပွဲအတွက် တိုက်ရိုက် အသုံးပြုနိုင်တဲ့ လေ့ကျင့်နည်းတွေပါ ဝင်ပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဘိုနီက ဆိုသည်။

သင်တန်း ပို့ချရာတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ ဝါရင့် ရဲအရာရှိကြီးများက ဦးဆောင်၍ ဆန္ဒပြ ပြည်သူများ၏ ဒီမိုကရေစီ အခွင်ရေးကို မည်သို့ ကာကွယ်ရမည်၊ လူ့အဖွဲ့အစည်းများ အတွင်း ဖြစ်ပွား လေ့ ရှိသည့် ဘာသာရေးနှင့် လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ၊ အကြမ်းဖက်မှု များကို မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည်တို့ကို သရုပ်ပြ သင်ကြားပေးကြောင်း သင်တန်း တာဝန်ရှိသူများက ပြောဆိုသည်။

The Voice Weekly

ဝေဟင် ပိုင်နက်သစ် တရုတ်တိုက် လေယာဉ်တွေ စေလွှတ်


ဗွီအိုအေ (မြန်မာပိုင်း)
29.11.2013

အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ တရုတ်နိုင်ငံဘက်က အသစ်ကြေညာ သတ်မှတ်လိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုန်ကို ကင်းလှည့်စောင့်ရှောက်ဖို့ အတွက် စစ်လေယာဉ်တွေကို စေလွှတ်လိုက်တယ်လို့ တရုတ်စစ်တပ်က ကြာသာပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံဘက်ကသတ်မှတ်လိုက်တဲ့ အဲဒီဇုန်အတွင်း ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေက စစ်လေယာဉ်တွေလွှတ်ပြီး တရုတ်အစိုးရကို စိန်ခေါ်လိုက်ပြီးနာရီ အနည်းငယ်အကြာမှာ တရုတ်နိုင်ငံက အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

တရုတ်စစ်တပ် ပြောခွင့်ပုဂ္ဂိုလ် ရဲ့အဆိုအရ - ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး၊ တရုတ်နိုင်ငံက သူတို့ပိုင်တယ်ဆိုပြီး အငြင်းပွားနေတဲ့ ကျွန်းတွေကို လေကြောင်းကနေ ကာကွယ်ထိန်းချုပ်ဖို့အတွက် တိုက်လေယာဉ်တွေနဲ့ ကြိုတင် သတိပေးတဲ့လေယာဉ်တွေ ကို စေလွှတ်ထားတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းအေဂျင်စီက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ တုံ့ပြန်လိုက်တဲ့အတွက် ဂျပန်နိုင်ငံက ဆန်ကကုလို့ခေါ်ပြီး တရုတ်နိုင်ငံမှာ ဒိုင်အိုယုလို့ခေါ်တဲ့ ကျွန်းတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့ စိုးရိမ်စရာအခြေအနေတိုးလာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြေငြာလိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုံကို ဂျပန်၊ အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေက အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ ပါတယ်။ ဂျပန်နိုင်ငံကို ကာကွယ်ဖို့ သဘောတူစာချုပ်အရ အမေရိကန်က အခုသီတင်းပတ်အစောပိုင်းမှာ သူ့ရဲ့ B52 ဗုံးကြဲလေယာဉ် ၂ စင်းကို အဲဒီကျွန်းပေါ်ဖြတ်ပျံပြီး သူ့ရဲ့ ရပ်တည်ချက်ကိုပြသခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီဇုန်ထဲကို ဖြတ်ပျံတဲ့ ဘယ်လေယာဉ်မဆို သူတို့ဘယ်နိုင်ငံကဖြစ်တယ်၊ ပြီးတော့တရုတ်အစိုးရရဲ့ အမိန့်ကို နာခံရမယ်ဆိုပြီး သတိပေးမှုထွက်ပေါ်ခဲ့ပြီး ၂ ရက်အကြာမှာ လက်နက်မပါတဲ့ အမေရိကန်စစ်လေယာဉ်တွေ ပျံသန်းခဲ့တာဖြစ်ပါတယ်။

ဝေဟင်ပိုင်နက်သစ်တွင်းက တရုတ်တိုက်လေယာဉ်။

VOA Burmese News

ခပ်စပ်စပ် ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ်


ခပ်စပ်စပ် ဟင်းတွေ စားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့

စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိ လာရပါပြီ။

ငရုတ်သီးမှာ အဓိက အားဖြင့် ပါဝင်တဲ့ အပူဓာတ် တစ်မျိုးဟာ သွေးတိုးခြင်း အပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေဖျက်နိုင်တဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှုကိုပါ ထိထိ ရောက်ရောက် ကာကွယ် နိုင်ဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ်က လေ့လာမှုကို ဦးဆောင် ခဲ့သူ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ ပူစပ်ခြင်းကို ဖြစ်ပေါ် စေကာ သွေးအတွင်း အဆီဓာတ်များ ပြားမှုကိုလဲ ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။

ကျွန်တော်တို့ လေ့လာ ခဲ့ကြရာမှာ ဟမ်းစတား လေးတွေကို အုပ်စု(၂) စုခွဲ ခဲ့ပြီး capsaicinoids ဓာတ်ပါဝင်တဲ့ အစားအသောက်၊ မပါဝင် အစားအသောက် ဆိုပြီး ခွဲခြား ကျွေးခဲ့ ပါတယ်။

တွေ့ရှိခဲ့ရတဲ့ ရလဒ်ကတော့ အထက်မှာ ဖော်ပြ ခဲ့သလို သွေးအတွင်း အဆီဓာတ် ပါဝင်မှု နှုန်းတွေက သိသိသာသာကို ကွာခြား နေပါတယ်"လို့ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

အောင်မျိုးသန့်

မြ၀တီ

ဂွေးတောက်ရွက် အသုံးဝင်ပုံ


အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။ အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။ ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။ အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။ ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

မြ၀တီ

ပင်တဂွန်နှင့် နာဆာကို ဟက်ခဲ့သူ


Jonathan James လို့အမည်ရတဲ့ လူငယ်တစ်ဦးပါ။ ပင်တဂွန်စစ်ဌာနချုပ်က ကွန်ပြူတာတွေကိုဟက်ခဲ့ပြီး နာဆာက ဆာဗာကွန်ပြူတာကိုပါ ၂၁ ရက် Down သွားအောင် ဟက်သွားခဲ့သူ ဖြစ်ပါတယ်။ အဲ့တုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ နေထိုင်ပြီး အထက်တန်းကျောင်းသားဘဝမှာတင် ကျောင်းက ကွန်ပြူတာလုံခြုံရေး စနစ်တွေကို ဖျက်ဆီးမှုကြောင့် လူသတိထားခံလာရသူ ဖြစ်ပါတယ်။ ဗာဂျီနီးယား ပြည်နယ်က ပင်တဂွန်စစ်ဌာနချုပ်အခွဲ သုတေသနစစ်စခန်း တစ်ခုက ကွန်ပြူတာပေါင်းမြောက်များစွာကို ၁၉၉၉ ခုနှစ် အောက်တိုဘာလက စဟက်ပါတယ်။ သူ့ကြိုးစားမှုကြောင့် စစ်တပ်က ကွန်ပြူတာ များ ပျက်ဆီးခဲ့ပြီး နောက်ထပ်ခြေလှမ်းအနေနဲ့ နာဆာက ဂြိုလ်တုထိန်းချုပ် ကွန်ပြူတာ ဆာဗာကို လှမ်း Hack ပါတယ်။

Backdoor ကိုအသုံးပြုပြီး လုံခြုံရေးအတားအဆီးအားလုံးကို bypass လုပ်သွားတာပါ။ နောက်တော့ ကွန်ပြူတာပေါင်း ရာကျော် လျှို့ ဝှက်ကုဒ်နံပါတ်များ ပျောက်ဆုံးရပြီး ကမ္ဘာ့အပြင်ရောက်နေတဲ့ ဂြိုလ်တု နဲ့အကာသ စခန်းများကို ထိန်းချုပ်ရန် အခက်အခဲများ ဖြစ်စေပါတော့တယ်။ ယင်းအတွက် အဖြေရှာဖို့နာဆာတို့ ၃ ပတ်အချိန်ယူလိုက်ရပြီး ပြုပြင်မှုအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၁၀၀၀ ကုန်ကျခဲ့ပါတယ်။ Server Down တဲ့ ၂၁ ရက်အတွင်း ဆုံးရှုံးရတဲ့ ငွေကြေး ပမာဏ မပါရှိသေးပါဘူး။

ဒါနဲ့ IP Source ကိုရအေင်ယူပြီး ဖလော်ရီဒါက ၁၅ နှစ်သား james ကို ကွန်မန်ဒိုများ ဝင်စီးပါတောတယ်။ ၆ လ အချုပ်ထဲ နေခဲ့ရပြီး အိမ်အကျယ်ချုပ်ကို နှစ်နဲ့ချီချ ပါတယ်။ ယင်းအတွက် ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်တဲ Jonathan James ဟာ တရားရုံးတော်ချိန်းဆိုချက်ကို ၂၀၀၈ ခုနှစ်မှာ နောက်တစ်ခါ ထပ်သွားရမှာ ဖြစ်ပါတယ်။ ကြားထဲ ကာလမှာ သူဟာ အမြဲစောင့်ကြည့်ခံရပါတယ်။ ကွန်ပြူတာကိုလည်း ဘယ်အကြောင်းအမျိုးမျိုးနဲ့မှ အသုံးပြုခွင့် မပေးပါဘူး။ သို့ပေမယ့် စောင်ကြည့်ကာလမှာတင် James ဟာ ဝါသနာကို မစွန့်လွတ်ပြီး Hacking ကို ဆက်လိုက်စားပါတယ်။

အမေရိကန်က နာမည်ကြီးဟက်ကာများနဲ့ ပူးပေါင်းမိလာပြီး ဟက်ကာ လောကမှာ အချင်းများစရာများ ဖြစ်လာပါတယ်။ ဒီလိုနဲ့ Hacking နဲ့ပက် သက်လို့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး စိတ်ကျရောဂါဝေဒနာ ခံစားလာရပြီး ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်နေ့မှာ သေဆုံးနေတဲ့ Jonathan James ကိုတွေ့ရှိခဲ့ပါတယ်။

ရေချိုးခန်းထဲမှာ သေနတ်တစ်လက်နဲ့ ကိုယ့်ခေါင်းကိုယ်ပစ်ပြီး လုပ်ကြံ ခဲ့တာ ဖြစ်ပါတယ်။ စာလည်းချန်ခဲ့ပါတယ်။ သူချန်ထားတဲ့ စာမှာ သူအစွပ်စွဲခံရတဲ့ Hacking အမှုတစ်ခုပါဝင်ပါတယ်။ စပါမားကတ် Network တစ်ခုကို ဟက်ကာများ Hack ထားတဲ့အမှုတစ်ခုပါ။ သူပါဝင်တယ်ဆိုတဲ့အချက် မဟုတ်ကြောင်း တရားမျှတမှုဟူသည့်အချက်အပေါ်မှာ သူအယုံအကြည် မရှိတော့ကြေင်း ဘာညာနဲ့ စာတစ်စောင်ချန်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီတော့ အသက် ၁၅ နှစ်အရွယ်မှာတင် ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာကို Hack နိုင်တယ်။ သိုပေမယ့် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့တဲ့ James ဟာ ကမ္ဘာ့ Hacker လောကမှာ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်တစ်ခု အဖြစ် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။
..
Ref: wiki
အောင်ခမ်း ( smart.com.mm ) 

ဒိုင်နိုဆောတွေ ပေါ်ခါစက ကမ္ဘာဦး သတ္တ၀ါတွေ စုပေါင်း အိမ်သာအဖြစ် အသုံးပြုခဲ့


ဒိုင်နိုဆောတွေ ပေါ်ခါစက ကမ္ဘာဦး သတ္တ၀ါတွေ စုပေါင်း အိမ်သာအဖြစ် အသုံးပြုခဲ့တဲ့ နေရာတစ်ခုကို အာဂျင်တီးနားနိုင်ငံမှာ သုတေသီတွေက ရှာဖွေတွေ.ရှိခဲ့ပါတယ်။

နှစ်ပေါင်း သန်း ၂၄၀ လောက် ကြာပြီ ဖြစ်တဲ့ ဒီနေရာဟာ ကမ္ဘာ့ပထမဦးဆုံး အများသုံး အိမ်သာ အဖြစ် မှတ်တမ်းဝင်သွားပြီလို. ဒီသုတေသီတွေက ပြောနေကြပါတယ်။

ခုတွေ.ရှိတဲ့ တိရစ္ဆာန်တွေ စုပေါင်း အညစ်အကြေး စွန်.ရာ နေရာမှာ ကြံ့လို ပုံသဏ္ဍန်ရှိတဲ့ Megaherbivores ကောင်တွေရဲ. ထောင်နဲ.ချီတဲ့ မစင်တုံးတွေ ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ်နဲ. တွေ.ရတယ်လို. သူတို.က ရှင်းပြပါတယ်။

ဒါဟာ ကမ္ဘာဦး တွားသွား သတ္တ၀ါတွေ အညစ်အကြေးစွန်.ရာ နေရာကို မျှဝေ အသုံးပြုခဲ့တဲ့ ပထမဆုံး အထောက်အထား ဖြစ်ပါတယ်။

ကျောက်ဖြစ်နေတဲ့ ကမ္ဘာဦးခေတ်က မစင်တွေထဲမှာ သမိုင်းမတင်မီခေတ်က အစားအသောက်၊ ရောဂါဘယနဲ. သစ်ပင် ပန်းပင်တွေ အကြောင်း ကို လေ့လာနိုင်တယ်လို. သုတေသန ပြုလုပ်နေတဲ့ သိပ္ပံ ပညာရှင်တွေရဲ. အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

BBC Burmese

မြန်မာ့အပြောင်းအလဲ တရုတ်ကြီးစိုးမှုက ရုန်းထွက်ရာမှ ဖြစ်ပေါ်ဟုဆို


ဧရာဝတီ| November 29, 2013

ဦးနေ၀င်းအလွန် မြန်မာစစ်ခေါင်းဆောင်တွေကတော့ အမေရိကန်နဲ့ ဆက်ဆံရေး ပုံမှန်အခြေအနေက ပျက်ယွင်းသွားပြီးနောက်မှာ အိမ်နီးချင်း တရုတ်ကို အားကိုးဆက်ဆံမှုတွေ လုပ်ခဲ့တာပါ

မြန်မာနိုင်ငံတွင် စစ်အစိုးရမှ အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းပေးပြီး အပြောင်းအလဲများ ဖြစ်ထွန်းလာခြင်းသည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုနှင့် တရုတ်ကြီးစိုးမှုက ရုန်းထွက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလ်လစ်တနာက ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ ဧရာဝတီသတင်းဌာန ရုံးခွဲတွင် အယ်ဒီတာများ၊ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘာတေးလ်လစ်တနာက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပထ၀ီဝင်အနေအထားရ အလွန်အချက်အချာ ကျသော တည်နေရာ အနေအထားရှိပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားနေခြင်းမှာလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေတို့ကြောင့် မဟုတ်ဘဲ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံ တို့ကြောင့်ဖြစ်ကြောင်း၊ အမေရိကန်တွင် ပြုလုပ်ခဲ့သော မြန်မာ့အရေးနှင့် ပတ်သက်သည့် ဖိုရမ်တခုသို့ ဖိတ်ကြားခံခဲ့ရပြီး ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အကြောင်း တစုံတရာမျှ မပါဝင်ဘဲ အဓိကအားဖြင့် တရုတ်နိုင်ငံ၊ မြောက်ကိုရီးယား နိုင်ငံတို့နှင့် စပ်လျဉ်းသော သတင်း အချက်အလက်များကိုသာ ဦးစားပေး ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သတင်းစာဆရာ ဘာတေးလ် လစ်တနာက ပြောသည်။

အမေရိကန် အစိုးရက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ထူထောင်ရာတွင် တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့က မြန်မာနိုင်ငံ အပေါ် လွှမ်းမိုးမှု ရှိသွားမည်ကို စိုးရိမ်လျက်ရှိပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရန် တောင်ကိုရီးယားနိုင်ငံကို ကြားခံ ညှိနှိုင်း ပေးမည့် နိုင်ငံအဖြစ် စဉ်းစား သုံးသပ်ခဲ့ပုံရှိကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ၂၀၁၁ ခုနှစ်တွင် အမေရိကန် နှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေး ပြန်လည်ထူထောင်ရာ၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ မလာရောက်မီ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ခရီးတထောက် ရပ်နားခဲ့ကြောင်း ၎င်းက ဆိုသည်။

“အမေရိကန်က မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ဝင်ပြီးနောက်ပိုင်းမှာ ကြားခံမလိုတော့ဘူး ဆိုတာကို သူတို့သိလာတယ်၊ အမေရိကန်က တရုတ်နဲ့ မြောက်ကိုရီးယားကို အရမ်းသတိထားတယ်၊ သူတို့ မြန်မာနိုင်ငံကို ဝင်လာတယ် ဆိုတာ ဒီမိုကရေစီကြောင့်လည်း မဟုတ်ဘူး၊ လူ့အခွင့်အရေး ကြောင့်လည်း မဟုတ်ဘူး၊ တရုတ်နဲ့မြောက်ကိုရီးယား ကြောင့်လို့ မြင်တယ်” ဟု ဘာတေးလ် လစ်တနာက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ အင်အားကြီးနိုင်ငံလည်းဖြစ်သည့် တရုတ်နိုင်ငံက သမ္မတဦးသိန်းစိန် အစိုးရလက်ထက် တရုတ်ကုမ္ပဏီက ဆောင်ရွက်နေသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခံရလိုက်ပြီးနောက် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု ပုံစံပြောင်းလဲလာပြီး အတိုက်အခံ နိုင်ငံရေးအင်အားစုများနှင့် ထိတွေ့ ဆက်ဆံသည့် မူဝါဒကို သုံးလာကြောင်း ၎င်းက သုံးသပ်သည်။

တရုတ်နိုင်ငံသည် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ချည်းကပ်လာသည့်အပြင်၊ ၈၈ မျိုးဆက် ကျောင်းသားများ ကိုလည်း ချဉ်းကပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရေးပါတီများနှင့် ထိတွေ့မှုရှိလာပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို တရုတ်နိုင်ငံသို့ လည်ပတ်ရန် ဖိတ်ကြားခဲ့မှုကို ကြည့်ခြင်းအားဖြင့် တရုတ်သည် မြန်မာနိုင်ငံမှ လူထုထောက်ခံမှုရှိသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ချဉ်းကပ်ခြင်းဖြင့် လူထု အမြင်ပြောင်းလဲလာစေရန် လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း ဘာတေးလ် လစ်တနာက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လတ်တလော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး လုပ်ဆောင်မှုများရှိနေရာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိက ကျသော အချက်များကို ပြင်ဆင်နိုင်မည်ဟု မထင်မြင်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲများ ကျင်းပရမည်ဖြစ်ရာ လက်ရှိတွင် ပြင်ဆင်နိုင်မည့် အလားအလာ နည်းပါးကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီသော်လည်း ၂၀၁၅ ရွေးကောက်ပွဲအပြီး နောက်ပိုင်း တွင်လည်း အာဏာသိမ်းမှု ပြုလုပ်မည်ဟု မထင်မြင်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်နိုင်သည်ဆိုသော ပြောဆိုမှုများသည်လည်း မှန်းဆချက်များသာ ဖြစ်လိမ့်မည်ဟု ထင်မြင်ကြောင်း ဘာတေးလ် လစ်တနာက ဆိုသည်။

စာရေးဆရာ၊ သတင်းစာဆရာ ဘာတေးလ်လစ်တနာသည် နှစ်ပေါင်း ၄၀ ကျော်ကြာအောင် အာရှရေးရာ သတင်း၊ ဆောင်းပါးနှင့် စာအုပ်များ ရေးသားခဲ့သူဖြစ်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူတဦးဖြစ်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ လက်ထက်၊ စစ်အစိုးရလက်ထက်တို့တွင် မြန်မာနိုင်ငံပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံခဲ့ရသူ နိုင်ငံခြား သတင်းစာ ဆရာတဦးဖြစ်သည်။

ဧရာဝတီ Myanmar News

ဝမ်ပေါင် ကုမ္မဏီမှ မြန်မာ အမျိုးသမီး ၀န်ထမ်းတစ်ဦး လက်သန်းကြွယ်တစ်ချောင်း ကိုက်ဖြတ်ခံရ


သတင်း ၊ ကိုတိုးကြီး
နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး နယ်မြေရဲစခန်းတွင် ယခုလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က ယာဘက်လက်သန်းကြွယ်တစ်ချောင်း ကိုက်ဖြတ်ခံရသည့် အမျိုးသမီးတစ်ဦးမှ အမှုဖွင့်ရန် လာရောက် တိုင်တန်းခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
အဆိုပါ နယ်မြေရဲစခန်းသို့ အမှုဖွင့်ရန် လာရောက်တိုင်တန်းခဲ့သူမှာ ညောင်ပင်ကြီး ၊ နှင်းတောရပ်ကွက်နေ အသက် မ .... အသက်(၃၅)နှစ်အရွယ်ရှိ ၀မ်ပေါင် ကုမ္မဏီ၏ လျှပ်စစ်ဌာန ၀န်ထမ်းတစ်ဦး ဆိုသူဖြစ်သည်။

ကိုတိုး ချင်းတွင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ တက္ကသိုလ်နှစ်ခုမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ ချီးမြှင့်အပ်နှင်း


နေပြည်တော် နိုဝင်ဘာ ၂၉

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ Mae Fah Luang တက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorable Doctoral Degree in Public Administration ) နှင့် Naresuan တက္ကသိုလ်မှ ပြည်သူ့ရေးရာ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in Political Science) ချီးမြှင့် အပ်နှင်းသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်းမည့် တက္ကသိုလ်နှစ်ခုတို့မှ တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌများ၊ အဓိပတိများ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တော တက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် Mae Fah Luang တက္ကသိုလ် အဓိပတိ ဒေါက်တာ ဗန်ချိုင်စိရိ ချန်န က ဂုဏ်ပြုအမှာ စကား ပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တက္ကသိုလ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆမ်ပေါင်ချိုစီ က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့် အပ်နှင်းသည်။

Yangon Media Group

သားမောင်းနှင်သည့် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသောမိခင် ကားကြိတ်သေဆုံး


Friday, 29 November 2013

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျွန်းကုန်းကျေးရွာ လမ်းဝတွင် နိုဝင်ဘာ ၂၆ ရက် နံနက် ၇ နာရီ ကျော်က ကျိုက်မရောမြို့နယ် ကော့ပနာ ကျေးရွာ ဘက်မှ
တရနာ ကျေးရွာဘက်သို့ လှိုင်လှိုင်စိုး ၂၁ နှစ်(ဘ) ဦးစိုးသန်း မောင်းနှင်ပြီး နောက်မှ မိခင်ဖြစ်သူ ဒေါ်ခင်အုန်းမြင့် ၄၈ နှစ် လိုက်ပါလာသည့် ဟွန်ဒါအယ်လ်ဖာဝေ့ ခဲရောင်ဆိုင်ကယ် (လိုင်စင်မဲ့)သည် အရှိန်ဖြင့် ထိုးရပ်စဉ် ဒေါ်ခင်အုန်းမြင့် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့ရာ ဆိုင်ကယ်နောက် မှ မောင်မောင်လေး(အသက်စိစစ်ဆဲ) (ဘ)ဦးအေးမွန် မောင်းနှင်လာသည့် တိုက်ဂါး အဖြူရောင် ယာဉ်အမှတ် ၃ခ/---မှ ကြိတ်မိ၍ ဒေါ်ခင်အုန်းမြင့်မှာ ဦးခေါင်းနောက်စေ့ ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ် မောင်းနှင်သူ လှိုင်လှိုင်စိုးနှင့် မော်တော်ယာဉ်မောင်း မောင်မောင်လေးတို့ နှစ်ဦးအား ကျိုက်မရောမြို့ မြို့မရဲစခန်းမှ ယင်းနေ့ ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင် (ပ) သတင်းချက် အမှတ် ၃၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၄-ကအရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။

မြ၀တီ

အမေရိကန် အခြေစိုက် Chevrolet ကားကုမ္ပဏီ ရန်ကုန်တွင် ဒီဇင်ဘာ လဆန်းပိုင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ


Friday, 29 November 2013

ကမ္ဘာကျော် ကားကုမ္ပဏီ တစ်ခုဖြစ်သည့် အမေရိကန် အခြေစိုက် Chevrolet ကုမ္ပဏီ အနေဖြင့် ဒီဇင်ဘာ လဆန်းပိုင်းတွင် ရန်ကုန်၌ကားအရောင်းပြခန်းများ၊ ဝန်ဆောင်မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သည့ှ်၃ စင်တာ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း AA Medical Products Ltdမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ကားကုမ္ပဏီ အနေဖြင့် အမေရိကန် အခြေစိုက် General Motor၏ ကုမ္ပဏီ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် Chevrolet ကားများ ဖြန့်ဖြူး ရောင်းချရန်နှင့် ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် Pacific Alpine Ltd.နှင့် သဘောတူညီချက် ရထားကြောင်း သိရသည်။

ထို့အပြင် Pacific Alpine နှင့် Pacific-AA Motor တို့ကို စင်ကာပူ အခြေစိုက် AlpineGroup နှင့် မြန်မာနိုင်ငံ AA Medical တို့ အကျိုးတူ ပူးပေါင်းခြင်း ဖြစ်ကြောင်း သိရသည်။

Chevrolet သည GM ၏ ကားအမှတ်တံဆိပ် တစ်ခုဖြစ်ပြီး ၁၉၁၁ ခုနှစ်တွင် အမေရိကန် နိုင်ငံ Detroit မြို့တွင် တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၄ဝ ကျော်တွင် လုပ် ငန်းများ ဆောင်ရွက်လျက် ရှိရာတစ်နှစ်လျှင် လူစီးကား အမျိုးမျိုးနှင့် ကုန်တင်ယာဉ် လေးသန်းကျော်ရောင်းချလျက် ရှိကြောင်း သိရသည်။

Chevrolet ကားအရောင်းပြခန်းကို ဒီဇင်ဘာလဆန်းပိုင်း တွင် ရန်ကုန်မြို့ရှိ ဓမ္မစေတီလမ်းစင်ကာပူ သံရုံးအနီး၌ အရောင်းပြခန်း၊ ဝန်ဆောင်မှု စင်တာနှင့် ယာဉ်အပိုပစ္စည်း ပါဝင်သော S3 စင်တာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

လက်ပံတောင်း တနှစ်ပြည့် ရန်ကုန်တွင် တရုတ်အလံ မီးရှို့ဆန္ဒပြ

တရုတ်အလံမီးရှို့ ဆန္ဒပြနေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်က ဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြမှုများကို အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့မှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် တရုတ်နိုင်ငံတော်အလံကို မီးရှို့ဆန္ဒပြကြကြောင်း သိရှိရသည်။

ယနေ့ နေ့လယ် ၂ နာရီမှ စတင်ပြီး ဒေါ်နော်အုန်းလှ၊ ဦးအောင်စိုး အပါအ၀င် တက်ကြွလှုပ်ရှားသူများ ၃၀ ခန့်က ရန်ကုန်မြို့တော်ခန်းမနားမှ စတင်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြ ချီတက် လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ပြီး ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးနားအထိ ချီတက်ဆန္ဒပြခဲ့ကြောင်း၊ သို့ရာတွင် ရဲတပ်ဖွဲ့က တရုတ်သံရုံးရှေ့တွင် သံဆူးကြိုး ဘယ်ရီရာများ ချထားပြီး လုံခြုံရေး တင်းကျပ်စွာ ချထားပြီး တရုတ်သံရုံးရှေ့အထိ ဆန္ဒပြသူများကို ၀င်ခွင့်မပြု ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒပြသူများသည် သက်ဆိုင်ရာ အာဏာပိုင်များရှေ့တွင် တရုတ်နိုင်ငံတော်အလံကို မီးရှို့ဆန္ဒပြခဲ့ပြီး “လက်ပံ တောင်း မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန်´´၊ “၀မ်ပေါင်ကုမ္ပဏီ ငါတို့နိုင်ငံက ချက်ချင်းထွက်´´ ဆိုသော ပိုစတာများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

“မြန်မာပြည်ရဲ့ သယံဇာတတွေကို တရုတ်တွေက သိမ်းနေလို့ အခုလို ဆန္ဒပြတာ´´ ဟု ဆန္ဒပြသူတဦး က ပြောဆိုသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မုံရွာမြို့ ကြေးနီတောင်စီမံကိန်းတွင် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေသော သံဃာတော်များနှင့် ဒေသခံများကို ရဲတပ်ဖွဲ့က မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး သံဃာတော်များနှင့် ဒေသခံများစွာ မီးလောင်ဒဏ်ရာများရရှိခဲ့ကြသည်။

(တေဇလှိုင် ပူးပေါင်းရေးသားသည်)

ဧရာဝတီ Myanmar News
သာလွန်ဇောင်းထက်| November 29, 2013

ထိုင်း၌ အဖမ်းခံထားရသည့် မြန်မာ မိန်းကလေးများလွတ်ရေး သံရုံး ကူညီ


ထိုင်းနိုင်ငံတွင် လိင်ဖျော်ဖြေရေး လုပ်ကိုင်နေမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် အသက် ၁၈ နှစ်အောက် မြန်မာ မိန်းကလေး ၁၃ ဦးကို ပြန်လွှတ်ပေးရေး အတွက် မြန်မာ အစိုးရ တာဝန်ရှိသူများ ယမန်နေ့က သွားရောက် တွေ့ဆုံ ကူညီကြောင်း သိရသည်။

အမျိုးသမီးများကို ထိန်းသိမ်းထားသည့် ပထုံဌာနီမြို့ရှိ ကလေးထိန်းသိမ်းရေး စခန်းတွင် ထိုင်းနိုင်ငံ လူမှု့ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံ ခြုံရေး ၀န်ကြီးဌာန အကြီးအကဲ ပ၀ီနာ ဟောင်စကူးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းတို့က တွေ့ဆုံခဲ့ ကြောင်း မြန်မာ သံရုံးမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးကျော်ကျော်လွင်က ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများသည် ရှမ်းပြည်နယ် ဒေသခံများ ဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စားသောက်ဆိုင် တဆိုင်တွင် ထိုင်း အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“တနှစ်လောက် ကြာနေပြီ၊ နောက် သူ့တို့မိဘတွေက တွေ့ခွင့်မရဘူးဆိုတော့ ကျနော်တို့ကို အကူအညီလာတောင်းလို့ သွားပြော ပေးတာ”ဟု ဦးကျော်ကျော်လွင်က ဆက်ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ဝင်း ဦးဆောင်၍ ဦးကျော်ကျော်လွင်၊ ကိုမိုးနိုင်အောင်နှင့် ဦးထွန်း အေး တို့ လိုက်ပါသွားပြီး ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများကိုလည်း တွေ့ခွင့်ရကြောင်း သိရသည်။

“ကောင်မလေးတွေကို သူတို့က စားသောက်ဆိုင်ကနေ ဖမ်းလာတဲ့အတွက် အဲဒီစားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ သက်သေတွေကို ကြိုတင် ထွက်ချက်ယူပြီးသွားရင် မကြာခင် ပြန်လွှတ်ပေးပါမယ်လို့ ထိုင်းအကြီးအကဲ ပ၀ီနာ ဟောင်စကူး က ပြောပါတယ်”ဟု ဦးကျော်ကျော်လွင်က ရှင်းပြသည်။

ပြန်လွှတ်ပေးမည့် ကာလကိုမူ အဆိုပါ ထိုင်းအကြီးအကဲက ပြောကြားခြင်း မရှိသော်လည်း အဖမ်းခံထားရသည့် အမျိုးသမီးများက အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ရေး အတွက် ကူညီရန် တောင်းဆိုသည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပြောကြားချက်အရ ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား ၃၄၀၀ ခန့်ရှိပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် မြန်မာ အစိုးရက ကြိုးပမ်းနေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ အနေနှင့် ထိုင်းဘုရင်နှင့် မိဖုရားတို့၏ မွေးနေ့များတွင် ထိုင်းနိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျခံနေရ သူများကို ပြစ်ဒဏ်များ လျှော့ပေါ့ပေးခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို့ ရှိသကဲ့သို့ မြန်မာ အစိုးရကလည်း ပစ်ဒဏ်ချခံ ထားရ သည့် ထိုင်းနိုင်ငံသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။

ထိုင်း ဘုရင်နှင့် မိဖုရားများ၏ မွေးနေ့များသည် ဒီဇင်ဘာ ၅ ရက်နှင့် သြဂုတ်လ ၁၂ ရက်နေ့တို့ဖြစ်သည်။ မြန်မာနိုင်ငံ သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များအရ ပြန်လွှတ်ပေးခဲ့သော ထိုင်းနိုင်ငံသား အကျဉ်းသား အမျိုးသမီးနှင့် အမျိုးသား ၁၀၂ ဦးတို့ကို လွှတ်ပေးပြီး ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်တွင် နယ်မြေ ကျူးကျော်မှုဖြင့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ဖမ်း ဆီး၍ ထောင်ဒဏ်ချမှတ်ခဲ့ရာ အားလုံးနီးပါးကို မြန်မာအစိုးရက ပြန်လွှတ်ပေးခဲ့သည်။


ထိုင်း နိုင်ငံ ကန်ချန ဘူရီမြို့တွင် ယမန်နှစ် စက်တင်ဘာလ အတွင်း ထိုင်းအာဏာပိုင်များ ကယ်တင်ခဲ့သော လိင်ဖျော်ဖြေရေး လုပ်ငန်း၌ ရောင်းစားခံရသည့် မြန်မာ မိန်းကလေးများ (ဓာတ်ပုံ – dailynews.co.th)

ဧရာဝတီ Myanmar News
သန်းထိုက်ဦး| November 29, 2013

မြန်မာ့ မီးရထားလမ်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် ဂျပန်မှ ယန်းငွေ ၅၃၂၇ သန်းကူညီ


(နိရဉ္စရာ – ၃၀ နိုဝင်္ဘာလ ၂၀၁၃)

ဂျပန်နိုင်ငံမှ မြန်မာ့မီးရထားလမ်းများ ပြုပြင်ထိန်းသိန်းရေး အတွက် ဂျပန် ယန်းငွေ သန်းပေါင်း (၅၃၂၇) သန်း ထောက်ပံ့ ကူညီလိုက်ကြောင်း တရုတ် သတင်းဌာန ဆင်ဟွာ ( Xinhua) ၏ သတင်း တစ်ပုဒ်ကို  ဘင်္ဂလာဒေခ်ျ့ Newage သတင်းစာတွင်  ဖေါ်ပြသည်။

၎င်းယန်းငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ  ၅၃ ဒဿမ ၂၇၀ သန်းဖြင့် ညီမျှကြောင်း သတင်းက ဆိုသည်။

မြန်မာနိုင်ငံရှိ မီးရထားလမ်းများ ခေတ်မှီ တိုးတက်လာရေး အတွက် ထိန်းသိမ်းပြုပြင်နိုင်ရန် ရည်ရွယ်ပြီး ယန်းငွေ (၅၃၂၇) သန်း ပမာဏနှင့် ညီမျှသော ခေတ်မှီ ပစ္စည်းကရိယာများအား  မြန်မာနိုင်ငံသို့ ပို့ဆောင် လိုက်ပြီ ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြသည်။

မြန်မာအစိုးရမှ မြန်မာ ရထား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျပန် အစိုးရထံနှင့် တခြား ကုမ္ပဏီများထံမှ အကူအညီတောင်းခံပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှ Japan International Transport Institution မှ ယင်းအကူအညီအား ပေးအပ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂျပန် အစိုးရမှ ၂၀၁၃ ခုနှစ်အတွင်း မြန်မာ့ရထား လုပ်ငန်း အတွက်  စီမံကိန်း (၁၁) ကို အကောင် အထည်ဖေါ်ဆောင်ရွက် ပေးနေပြီး  ပထမဆုံး အနေဖြင့် ရန်ကုန်- မန္တလေး ရထားလမ်း၏ ကီလိုမီတာ ၂၆၅ ရှည်လျားသည့် ရန်ကုန်-တောင်ငူ လမ်းပိုင်းကို ပထမဆုံး ပြုပြင် တည်ဆောက်နေသည်ဟု ဆိုသည်။

၎င်းနောက် ကီလိုမီ ၁၇၂ အရှည်ရှိသော တောင်ငူ- ရမည်းသင်း လမ်းပိုင်းကို ပြုပြင် တည်ဆောက်မည် ဖြစ်ပြီး တတိယပိုင်း အနေဖြင့် ကီလိုမီ ၁၇၇ အရှည်ရှိသော ရမည်းသင်း- မန္တလေး လမ်းပိုင်းကို ပြုပြင်သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားဝန်ကြီး ဦးသန်းဌေး၏ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။

တခြား ဂျပန် မီးရထား ကုမ္ပဏီ တစ်ခုဖြစ်သည့် The East Japan Railway Company Ltd မှလည်း မြန်မာရထား လုပ်ငန်း ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီသွားရန် အာမခံထားသည်ဟု သိရသည်။
narinjara burmese news

အဝေးပြေးဝင်းအတွင်း လူခေါ်ပွဲစားများအချင်းချင်း ပြဿနာဖြစ်မှုကြောင့် ခရီးသည်များစိတ်ပျက်


ဇင်မျိုးထက်

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ။ ။ အောင် မင်္ဂလာအဝေးပြေးကားဝင်းတွင် လူခေါ်ပွဲစားအချင်းချင်း ခရီး သည်များကို ခေါ်ဆောင်ရာတွင် အဝေ မတည့်မှုကြောင့် ပြဿနာ မကြာခဏဖြစ်သဖြင့် ခရီးသည် များ စိတ်အနှောင့်အယှက်များ ဖြစ်ကြရကြောင်း သိရသည်။

''ပွဲစားတစ်ဦးက ခရီးသည် တွေကို ကားဂိတ်တွေဆီခေါ်သွား ရင် ကျန်တဲ့တစ်ဦးက ငါအရင် ပြောထားတာ။ ဒါငါ့လူ။ မင်းခေါ် မသွားနဲ့ စတဲ့ပြဿနာတွေ ခုနောက် ပိုင်း ဖြစ်လာတယ်။ ကျွန်မတို့လဲ ဘယ်သူနဲ့ လိုက်ရမှန်းမသိဘူး။ စိတ်ညစ်တယ်''ဟု ခရီးသည် တစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ပွဲစားအချင်းချင်း မကြာခဏ ပြဿနာများဖြစ်နေ သောကြောင့် ခရီးသည်များ စိတ် နှောင့်အယှက်များ ဖြစ်ကြရပြီး ယင်းကိစ္စများကို တာဝန်ရှိသူများ က စနစ်တကျ ဆောင်ရွက်ပေး စေလိုကြောင်း ခရီးသည်များက ပြောသည်။

အဝေးပြေးကားဝင်းအတွင်း လူခေါ်ပွဲစားများ တွေ့ရှိက အရေး ယူမည်ဟု သက်ဆိုင်ရာမှ တရား ဝင် ထုတ်ပြန်ထားသည့်အတွက် အဆိုပါအဝေးပြေး ဝင်းထဲရှိ လုံခြုံ ရေးရဲများသည် နံနက် ၃နာရီခန့်မှ စတင် ကင်းလှည့်မှု များရှိသော်လည်း ပွဲစားများထံမှ တစ်ဦးလျှင် ကျပ် ၅၀၀ ကောက်ယူမှု များရှိပြီး မပေး သည့်ပွဲစားများကို ဖမ်းဆီးခြိမ်း ခြောက်မှုများ ရှိကာ ငွေပေးမှ ပြန် လွှတ်ပေးကြောင်း ကားဝင်းထဲရှိ အထမ်းသမားတစ်ဦးက ဆိုသည်။

အဝေးပြေးကားဂိတ်တွင် ခရီးသည်ကို သွားမည့်ကားဂိတ် သို့ ပို့ဆောင်ပေးသောပွဲစားများ၊ တက္ကစီပွဲစားများနှင့် အထုပ်အပိုး ထမ်းသည့်ပွဲစားများ စသည့်ပွဲစား သုံးမျိုးရှိကြောင်း အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှ သိရသည်။

Yangon Media Group

Auto World Vol 2 Issue 45


The Hot News Journal PDF Vol 4 No 168


ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် The Reporter News Journal Issue 48


ဘီလ်ဂိတ်ကြီး ဘယ်လိုအိမ်နဲ့နေသလဲ ကြည့်ကြရအောင်

ပုံမှာ မြင်တွေ့နေရ တာကတော့ ဘီလ်ဂိတ်ပိုင်ဆိုင်တဲ့ အိမ်ကြီး ရခိုင်ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ဂုဏ်ပုဒ်ကို နှစ်အတော်ကြာ ရယူပြီး ယနေ့တိုင်လည်း ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲမှာ ပါဝင်နေသေးတဲ့ ဘီလ်ဂိတ်တစ်ယောက် ဘယ်လိုအိမ်နဲ့ ဘယ်လို နေတယ်ဆိုတာ သူ့ကိုသိတဲ့လူတိုင်းလိုလို စိတ်ဝင်စားကြမှာပါ။  

Mansion လို့ခေါ်တဲ့ ယင်း အိမ်အမျိုးအားဟာ လူပေါင်းမြောက်များစွာ နေနိုင်ပြီး နန်းတော်တစ်ခုနီးပါး သားနာတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
 သက္ကရာဇ် ၂၀၀၉ ခုနှစ်မှာ အိမ်အတွက် ဆောင်ရတဲ့ အခွန်က ၁.၀၆၃ တောင် ရှိသွားပါတယ်။
ယင်း အခွန်ကြောင့်မို့ ဘီလ်ဂိတ်ရဲ့  နေအိမ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄၇.၅ သန်း အထက်မှာ ရှိကြောင်း ဖော်ပြခြင်း တစ်မျိုး ဖြစ်ပါတယ်။

အိမ်ဆောက်ဖို့အတွက် ၇ နှစ်ကြာမြင့်ခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ် က ၆၃ သန်း ရှိပါတယ်။ နောက်ပိုင်း ထပ်မံ ဖြည့်ဆည်းမှုများကြောင့် ကုန်ကျစရိတ် များရခြင်းဖြစ်ပါတယ်။

Nickname အနေနဲ့ Xanadu လို့ အိမ်ကို အမည်ပေးထား ပါတယ်။ အိုင်တီသမား တစ်ယောက်ရဲ့  နေအိမ် ဆိုတော့ အိုင်တီ ပစ္စည်းတွေနဲ့ တည်ဆောက်ထားမယ်လို့ ခန့်မှန်းလိုက်ရင် မမှားပါဘူး။
အားကစားကွင်း ရှိပြီး ရေကူးကန်တောင် မှ အောက် ကနေ သီချင်းသံ ကြားရအောင် System တပ်ဆင်ထား ပါတယ်။
အိမ်ရဲ့  တည်နေရာ ပြောဖို့ မေ့နေ ပါတယ်။ သူက ဝါရှင်တန်ပြည်နယ် Medina မြို့ က ဝါရှင်တန် ရေကန်ဘေးမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ရေကန်အသင့် ကြာအသင့်ဆိုတာ ဘီလ်ဂိတ်အိမ်ကို ပြောတာ ဖြစ်ပါလိမ့် မယ်။
စုစုပေါင်း ဧရိယာ အကျယ်အဝန်း ၆သောင်း၆ထောင် စတုရန်းအကျယ်အဝန်း ရှိတဲ့ အိမ်အပြင် ခြံအကျယ်ကလည်း မသေးပါဘူး။
 ရေကူးကန် အပြင် အလှမွေးငါးကန်ကြီးမှာထားရှိပြီး သူ့ဘေးမှာ ဧည့်ခန်းကျယ်ပါ လုပ်ထားတော့ ငါးပြတိုက် ရောက်နေသလို ပုံစံ ရှိပါတယ်။

အိမ်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေး စနစ်များက သတ္တဝါ အကောင်သေးသေးလေးကနေ အဝေး ကနေ သေနတ် ကျည်ဆံလာရင်အောင် အာရုံခံနိုင်တဲ့ ယန္တယားများ ရှိကြောင်း ဆို ပါတယ်။
အိမ်အထဲကို ဝင်လိုက်တာနဲ့ နင်းလိုက်တဲ့ ခြေခံပေါ်မူတည်ပြီး လာလည်သူကို သီချင်းနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။
ဥပမာ အေးဆေး ခြေလှမ်း လျှောက်လာသူဆိုရင် Classic song ဖွင့်ပြီး ခြေလှမ်းမြန်ပြီး ဖိအားများရင် rock music ကြားရမှာ ဖြစ်ပါတယ်။
အလင်းအမှောင် စနစ်များကအစ သေချာ လုပ်ထားပါတယ်။

ဒီထက် ဆန်းကြယ်တဲ့ အချက်အလက်တွေ ရှိနေပေမယ့် Bill Gate က မထုတ်ဖော်မပြောပြ ပါတယ်။
အကြောင်း ကတော့ သူ့ရဲ့  Privacy ကို လျှို့ ဝှက်ထားချင်လို့ ဖြစ်ပါတယ်။
သို့ပေမယ့် အပေါ်ယံ သမန်ကာ သျှံကာ ယခု ဖော်ပြတဲ့ အချက်အလက်ကတော့ လူတိုင်း သိပါတယ်။
ဘီလ်ဂိတ်ရဲ့  အိမ်ကြီး ရခိုင် ( Mansion ) ဟာ ကမ္ဘာ့ဈေးအကြီးဆုံး Mansion စာရင်းထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
.
Ref: wiki
www.house.com.mm က ဤ ဆောင်းပါးကို ကူညီ ပံ့ပိုးသည်။
ဧရာဝတီ Myanmar News

ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ်

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ (ဓာတ်ပုံ – ဧရာဝတီ)

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက် စုံစမ်းမေးမြန်းခဲ့ပါသည်။

“ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ် ဆိုရင် စစ်အစိုးရလက်ထက်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်တာကို ခံရမှာ မဟုတ်ဘူး။ ၅၉ (စ) ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

မေး။   ။ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ ပြောဆိုနေကြပြီ။ ဦးသိန်းစိန်ကလည်း သမ္မတ ထပ်လုပ်မလုပ်ဆိုတာ မသိသေးတော့ ဘုန်းဘုန်းအနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုသဘောထားရှိ ပါသလဲဘုရား။

ဖြေ။   ။ ၃ ယောက်စလုံး အရွေးခံမယ်ဆိုရင်တော့ ဦးဇင်းအနေနဲ့က သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တယ်။ သမ္မတကြီးက အရွေးမခံတော့ဘူး ဆိုရင်တော့ ဦးရွှေမန်းကို ရွေးချယ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားလို့တော့မဟုတ်ပါဘူး။ ဒေါ်စုမှာက အားသာချက်လည်းရှိသလို အားနည်းချက်လည်းရှိတယ်။ အားသာချက်ကတော့ ဘ၀တခုလုံးကို လူထုအတွက်စွန့် လွှတ်ပြီးတော့ ပေးဆပ်ထားတာ။ အဲဒီအချက်ကတော့ သမ္မတကြီးရော၊ ဦးရွှေမန်းတို့ပါ သူ့ကို မသာနိုင်ဘူး။ တော်လှန်ရေး ဆင်နွှဲခဲ့တယ်၊ တော်လှန်ရေးစိတ်ဓါတ် အပြည့်အ၀ ရှိတယ်။ တော်လှန်ရေးသမားကောင်းတယောက်ဖြစ်တယ်။ အဲဒီအတွက် ဒေါ်စုကို ဘယ်ခေတ်၊ ဘယ်အခါနဲ့မှ မတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်။

ဒါပေမယ့် ဒေါ်စုမှာက အုပ်ချုပ်ရေး အားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး။ သူသိတာက တော်လှန်ရေး လုပ်ဖို့လောက်၊ အစိုးရကို တိုက်ခိုက်ဖို့လောက်ပဲ သိတာလေ။ အဲဒါကြောင့် ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒိထက်ပိုပြီး ဖရိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒိထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။ ဒေါ်စုသာ ပြည်သူလူထုအပေါ်မှာ အထာ သိတယ်၊ မြန်မာပြည်အကြောင်းကို သိတယ်ဆိုလို့ရှိရင် သူတို့ ၃ ယောက် ထဲမှာ ဒေါ်စုကိုပဲ ရွေးချယ်မှာပေါ့။

မေး။   ။  ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့ပြီး သူ့သား ၂ ယောက်ဟာ နိုင်ငံခြားသားတွေဖြစ်တဲ့အတွက် တိုင်းပြည်ခေါင်းဆောင်ဖြစ်ခွင့်မရှိဘူးဆိုတဲ့အပေါ် ဘယ်လိုယူဆလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ သူ ဖွဲ့စည်းပုံကို ပြင်မယ် ဆိုတဲ့သတင်းကို နားစွင့်လိုက်တော့ သူ့ရဲ့မျိုးဆက်တွေအထိ မပါဘူး၊ သူတယောက်ထဲ သမ္မတဖြစ်ခွင့်ရတာလိုပေါ့။ သူ့အိမ်ထောင်က ပျက်စီးသွားတဲ့အတွက်ကြောင့်ပေါ့။ အဲဒါဆိုရင်တော့  သူ့ကို လိုလားပါတယ်။ သူ့နောက်ကနေ ပါလာတဲ့လူတွေ အကုန်လုံးကို ဥပမာဆိုရရင် တိုင်းရင်းသား မဟုတ်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူ အကုန်လုံးကို သမ္မတ ထလုပ်မယ်ဆိုရင်တော့ မကောင်းဘူးလေ။ တိုင်းရင်းသား မဟုတ်တဲ့သူတွေကို ၀င်လို့မရအောင် ကာကွယ်ထားနိုင်ပြီးတော့ တိုင်းရင်းသားဖြစ်သူတွေ မည်သူမဆို သမ္မတ ဖြစ်ခွင့်ပေးတဲ့ ပုံစံ ဆိုရင်တော့ ဒေါ်စုကိုလည်း လိုလားပါတယ်။

မေး။   ။   အခု သတင်းတခုထွက်နေတာက ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးအတွက် ဦးဇင်းရဲ့ တရားပွဲတွေမှာ ထည့်သွင်းဟော ကြားနေတယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးကို မဟောပါဘူး။ ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ် ဆိုရင် စစ်အစိုးရလက်ထက်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ (စ) ကိုလည်း ပြင်စရာ မလိုဘူး။ သမ္မတ လုပ်ဖို့ အလွယ်တကူပဲ။ အခုတော့ စောင့်လေမျိုးနွယ် တာဝန်ကို ပျက်ကွက်ခဲ့တဲ့အတွက် အမျိုးသမီးတွေရဲ့ အပုပ်ချတာလဲ ခံရတယ်၊ ကြံ့ခိုင်ရေးတွေရဲ့ လုပ်ကြံတာလည်း ခံရတယ်။ စစ်အစိုးရရဲ့ ထိုးနှက်တာလဲ ခံရတယ်။ လွှတ်တော်ထဲမှာလည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ကျားကုတ် ကျားခဲ ကြိုးစားနေရတယ်။ အဲဒီလောက်ပဲ ဟောပြောတာပါ။

ဦးဇင်းကတော့ အမျိုးဘာသာ သာသနာကို အကျိုးရှိရာရှိကြောင်း၊ တကယ် အားကိုးရမယ့် သမ္မတ ဆိုလို့ရှိရင် ဒေါ်စုကို လိုလားတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကိုလည်း လိုလားတယ်။ တကယ်လို့ အမျိုး ဘာသာ သာသနာအတွက် အဆိပ်အတောက် ဖြစ်နိုင်တယ်၊ အားကိုးလို့ မရဘူးဆိုရင်တော့ ဦးဇင်းတို့က ဘယ်သူမှ လက်မခံဘူးလေ။ အခု ပြည်သူတွေ လိုအပ်နေတာ ဒီ အမျိုးစောင့် ဥပဒေကိုပေါ့။ အခုဆို ပြည်သူ ၄ သန်းကျော်က လက်မှတ်ထိုးထားတယ်။ တချို့ လက်မှတ်ထိုးချင်သူတွေက ရှိသေးတယ်။ ဦးဇင်းတို့က အပူတပြင်း လုပ်လိုက်ရလို့။ ဒီလို ပြည်သူလူထုကို ဥပက္ခာပြုပြီးတော့ လွှတ်တော်အမတ်တွေဟာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်မပေးနိုင်ဘူး။ တကယ်လို့ ဒေါ်စုကသာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်ပေးနိုင်လို့ရှိရင် ဒေါ်စု သမ္မတ ဖြစ်ရေးကိုလည်း ကြိုးစားလို့ရတယ်၊ ဒေါ်စုကို ရုပ်ထုလုပ်ပြီး ကိုးကွယ်မယ်ဆိုရင်လည်း ကိုးကွယ်ရဲတယ်။

မေး။   ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်မှုနဲ့ ပက်သက်ပြီး ဥပမာပေးဟောတော့ တရားနာလာတဲ့ လူထုကရော ဘယ်လိုတုံ့ပြန်တာမျိုးတွေ၊ ဘယ်လိုပြောဆိုတာမျိုးတွေ ရှိပါသလဲ။

ဖြေ။   ။  ပါရာဒိုင်းက ရွေ့သွားပြီဗျ။ ရခိုင်အရေး ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ဒေါ်စုကို ပြည်သူလူထုက သိပ်ပြီးတော့ ကြည်ညိုလေးစားမှု အားနည်းသွားပြီ။ သိပ်ယုံကြည်မှု မရှိတော့ဘူး။ ဦးဇင်းပြောတာတွေကို အပြည့်အ၀ ထောက်ခံတယ်။

မေး။   ။ ဦးဇင်းက သံဃာတော်တပါးဖြစ်နေပြီးတော့မှ နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေး ဟောကြားနေတာ တွေကို တချို့က ဝေဖန်ကြတယ်။ အဲဒီအပေါ်မှာရော ဦးဇင်း ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ ဗုဒ္ဓတရားတော်နဲ့အညီ ဟောတာပဲလေ။ စောင့်လေမျိုးနွယ်ဆိုတာ ဘုရားဟောခဲ့တယ်၊ ဘုရားဟောတယ်ဆိုတာကို ခေတ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ နမူနာ ပြပြီး ဟောသွားတာပဲလေ။ တရားတော်နဲ့အညီ ဟောတာဖြစ်တဲ့အတွက်ကြောင့် သူတို့ဝေဖန် ပုတ်ခတ်တယ်ဆိုတာ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒအရ ဦးဇင်းတို့က ခွင့်လွှတ်လို့ရပါ တယ်။ ဦးဇင်းက အစိုးရကို လိုလားသူလည်း မဟုတ်ဘူး။ အစိုးရကို ဆန့်ကျင်သူလည်း မဟုတ်ဘူး။ NLD ကို လိုလားသူလည်း မဟုတ်၊ ဆန့်ကျင်သူလည်း မဟုတ်ဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် နောက်ဆုံးဗျာ အစ္စလမ်တွေနဲ့ ပူးပေါင်းဖို့တောင် ရည်ရွယ်ထားတဲ့သူပါ။ ဦးဇင်းကို တစုံတယောက်က ချုပ်ကိုင်ပြီးတော့ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမှာ ဒေါ်စုကို အလဲထိုးဖို့ဆိုပြီး ဦးဇင်းကို ဘယ်သူမှ ချုပ်ကိုင်တာလည်း မရှိပါဘူး။ စေခိုင်းတာလဲ မရှိဘူး။ ဦးဇင်း ခံယူချက်၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေအရပဲလေ။

မေး။   ။ တိုင်းပြည်က ဒီမိုကရေစီအပြောင်းအလဲ နုနယ်နေသေးတဲ့ ကာလမှာ လူမျိုးရေး၊ ဘာသာရေး တဖက်နဲ့တဖက် အပြန်အလှန် ပြောနေကြလို့ရှိရင် တိုင်းပြည်ရဲ့အရွေ့က ပြောင်းသွားနိုင်တယ်လို့ တချို့က ပြောနေကြတယ်။

ဖြေ။   ။  စိတ်ချပါ။ ဦးဇင်းတို့ လမ်းကြောင်းနဲ့ ဦးဇင်းတို့ သွားနေကြတာက ဒီမိုကရေစီကိုလည်း မထိခိုက်စေရဘူး၊ လူ့အခွင့်အရေးကိုလည်း မဆုံးရှုံးစေရဘူး၊ တရားဥပဒေ စိုးမိုးရေးကိုလည်း မထိခိုက်စေရပါဘူး။ ဦးဇင်းတို့က ပြည်သူလူထုနဲ့ အမြဲတမ်း ထိတွေ့နေရတာလေ။ ဘယ်နေရာပဲ သွားသွား၊ ဘာတွေပဲ လုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ ကြည့်တယ်။ အဲဒီဘောင်ထဲကနေပဲ သွားနေတာပါ။


အိမ့်သံစဉ်
ဧရာဝတီ Myanmar News

နိုင်ငံရေးအကျဉ်းသားတွေ အပြစ်ရှိခဲ့ကြတယ်လို့ ဦးခင်ညွှန့် ပြော

 ဦးမြတ်ခိုင်ရေးတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဦးခင်ညွှန်
(ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

အရင်စစ် အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား ဆိုသူတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်သား
တွေ သာ ဖြစ် ပြီး အပြစ်ရှိသူတွေ ဖြစ်တယ်လို့ တချိန်က အများပြည်သူ အလွန် ကြောက်ရွံ့ခဲ့ကြရတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဦးခင်ညွှန့်က ပြောလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရတယ်လို့ နိုင်ငံရေး အကျဉ်းသား
ဟောင်းတွေ ပြောဆိုနေကြတာကိုလည်း သူက လက်မခံ ပယ်ချလိုက်ပါသေးတယ်။

ဦးခင်ညွှန့်ဟာ သူကိုယ်တိုင် ဆိုင်းငံ့ ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခံရတာလည်း ဥပဒေကို ချိုးဖောက်တယ်လို့ အစိုးရက ယူဆ ပြီး အပြစ်ရှိတယ်လို့ သတ်မှတ်တာကိုလည်း သူက လိုက်နာခဲ့တယ်လို့ ဆိုပြန်ပါတယ်။

ဦးခင်ညွှန့်ဟာ အဲဒီစကားတွေကို ဦးမြတ်ခိုင်ရေးတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက် ပွဲမှာ ပြောလိုက်တာပါ။

၁၉၈၈ ခုနှစ်က သတ်ဖြတ်ခံခဲ့လို့ သေဆုံးသွားရသူတွေ၊ အကျဉ်းထောင်တွေထဲ မတရား နှိပ်စက်ခံရ လို့
သေဆုံး သွားခဲ့ရသူတွေ အတွက် စစ်ခေါင်းဆောင်တွေအနေနဲ့ တောင်းပန်သင့်တယ်လို့ လွန်ခဲ့တဲ့လက NLD ပါတီ ထိပ်တန်းခေါင်းဆောင် လည်း ဖြစ် ဝါရင့်သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင်က ဧရာဝတီနဲ့ အင်တာဗျူးမှာ တောင်းဆိုခဲ့ပါတယ်။

အဲဒီကိစ္စအပေါ် ဦးခင်ညွှန့်ရဲ့ မှတ်ချက်စကား သိလိုလို့ ဧရာဝတီက မေးတဲ့အခါ သူက “ကျနော်က ဘယ် သူ့ကို တောင်းပန်ရ မှာလဲ”တဲ့။

နိုင်ငံရေး မလုပ်ပါဘူးလို့ အကြိမ်ကြိမ်လူသိရှင်ကြားပြောပြီး တချိန်က စစ်အစိုးရ လုပ်ရပ်တွေကို အခုထိ ကာကွယ်ပြောဆိုနေပါတယ်

ဧရာဝတီ Myanmar News

ထိုင်းစစ်ဌာနချုပ် ဆန္ဒပြသူတွေ ၀င်ရောက်


ထိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်ဆန္ဒပြနေသူ ထိုင်းပြည်သူများ။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃)။
ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ ထိုင်းစစ်ဌာနချုပ် ကို ဆန္ဒပြသူ ၁ ထောင်ကျော် ၀င်ရောက်စီးနှင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ထိုင်းဝန်ကြီးချုပ် ရင်းလပ်ခ် ရှင်န၀ပ်ကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းတဲ့ ဆန္ဒပြမှုအတွင်း နောက်ဆုံးဆန္ဒပြမှုဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ထိုင်းစစ်တပ်ရဲ့ ၀င်းအတွင်းကို သောကြာနေ့မှာ အတင်းဝင်ရောက်ခဲ့ပြီး၊ အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းတဲ့ကိစ္စမှာ စစ်တပ်အနေနဲ့ ၀င်ရောက်ပူးပေါင်းဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အတိုက်အခံဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေကို ထပ်ပြီးတော့ တိုးချဲ့လုပ်ဆောင်လာနေတာဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် ရင်းလပ် မနုတ်ထွက်မချင်း ထိုင်းအစိုးရ၀န်ကြီးရုံးတွေကို သိမ်းယူသွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ကြပါတယ်။
ကြာသာပတေးနေ့က ထိုင်းလွှတ်တော်မှာပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရအပေါ် အယုံအကြည်မရှိဆိုတဲ့ မဲခွဲမှုအတွင်း ၀န်ကြီးချုပ်ရင်းလပ်ဟာ လုံလောက်တဲ့ ထောက်ခံမဲရရှိခဲ့ပါတယ်။

သူမကို ထောက်ခံသူ ၂၉၇ မဲ၊ ကန့်ကွက်သူ ၁၃၄ မဲရှိခဲ့ပါတယ်။ ၀န်ကြီးချုပ်ရင်းလပ်ကို အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီးတော့ အဲဒီလို မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ရင်းလပ်ကတော့ ရာထူးကနေ ဆင်းပေးဖို့ ငြင်းဆန်ခဲ့ပြီး၊ အခြေအနေကို ပြေလည်အောင် စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

VOA Burmese News

ထိုင်းရောက် ရှမ်းမိန်းကလေး ၁၃ ဦး ပြန်လွတ်ရေး


ထိုင်းနိုင်ငံ လူမှုကာကွယ်ရေး စခန်းမှာ တနှစ် ကျော် ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံ မှ ရှမ်း အမျိုးသမီးလေး ၁၃ ဦး ကို ပြန်လည် လွှတ်ပေးဖို့ ဘန်ကောက် မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ဝင်း က ထိုင်း လူမှုဖွံ့ဖြိုးရေး နဲ့ ဘဝ လုံခြုံရေး ဝန်ကြီး ကို သွားရောက် တွေ့ဆုံပြီး တောင်းဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရေး ကို အခြေခံပြီး ပြန်လွှတ်ပေးရေး အတွက် တောင်းဆိုရာမှာလည်း ဒီမိန်းကလေး တွေ အနက် ၁၈ နှစ်အောက် ၅ ဦးပါဝင် ပြီး၊ ၃ ဦး ကို တွေ့ခွင့် ရခဲ့ပုံ၊ သံအမတ်ကြီး က ဘီဘီစီ ကို ရှင်းပြပါတယ်။ ထိုင်း ဘက် ကလည်း ဒီမိန်းကလေး တွေ ဟာ စားသောက်ဆိုင် မှာ အလုပ်လုပ် ဖို့ ရောက်လာတယ် ဆိုပေမဲ့၊ ပြည့်တံဆာ အဖြစ် သူတို့ဆွေမျိုးတွေ ကဘဲ ရောင်းစားသွား လို့ ဒီလူကုန်ကူးမှု နောက်ကွယ် မှာ စီးပွားဖြစ် လုပ်ကိုင်နေတဲ့ ဂိုဏ်း တွေ ရှိတာ ကို ဖေါ်ထုတ်ချင် တဲ့ အတွက် ထိန်းသိမ်း ထားတာလို့ ပြောတဲ့ အကြောင်း သံအမတ်ကြီး က ပြောပါတယ်။

ဒီမိန်းကလေး တွေ ကို အမြန်ဆုံး ပြန်ပို့ ပေးမှာ ဖြစ်သလို၊ တရားခံ လည်းရှာမဲ့ အကြောင်း၊ ပြန်ပို့ တဲ့ လမ်းကြောင်းမှာလည်း လုံခြုံစွာ နဲ မိဖ ရပ်ထံ ပို့ဖို့ အစီအစဉ် လည်း ရှင်းပြပါတယ်။ သံအမတ်ကြီး ဘက် ကလည်း မြန်မာဘက်ခြမ်းမှာ နယ်စပ် ဖြတ်ကျော် လူကုန်ကူးမှု တားဆီး ထိန်းသိမ်းရေး အဖွဲ့လည်း ရှိပြီး ဖြစ်လို့၊ မြဝတီ မြို့ ကနေ လာရောက်ကြိုမဲ့ အကြောင်း ထိုင်း ဝန်ကြီး ကို ရှင်းပြခဲ့တာ ကို ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese

ခရီးသွားကဏ္ဍအတွက် လက်ရှိလုပ်ကိုင်နေသည့် Tourism Master Plan မှ အလုပ်အကိုင် တစ်သန်းခွဲခန့် ရရှိမည်




(ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို တွေ့ရစဉ်)
လက်ရှိလုပ်ကိုင်မည့် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (Tourism Master Plan) တွင် ခရီးသွားကဏ္ဍအတွက် အလုပ်အကိုင်တစ် သန်းခွဲခန့် ရရှိမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ ၂၀၁၂ ခုနှစ်အထိ ခရီးသွားလုပ်ငန်းများတွင် အလုပ်အကိုင်ရရှိမှုမှာ ၂၉၃၀၀၀ဦးခန့်သာ ရရှိထားကြောင်း၊ သို့သော် လက်ရှိရေးဆွဲ ပြီးစီးခဲ့ပြီးဖြစ်သော (Tourism Master Plan) ကို စတင် အကောင်အထည် ဖော်သည့်မှစပြီး ခုနှစ်နှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၄၉၀၀၀၀ ခန့်ကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"တစ်နိုင်ငံလုံးကိုခြုံပြီး လုပ်မယ့်စီမံကိန်းအတွက် အားလုံးအကောင်းဆုံး သက်ရောက်မှုရှိပါမယ်။ အဲဒီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ရေးဆွဲပြီးစီးခဲ့ပြီး စတင်အကောင်အထည် ဖော်နေပါပြီ"ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ပြောကြားသည်။

ခုနစ်နှစ်တာ ကြာမြင့်မည့် စီမံကိန်းဖြစ်သော Tourism Master Plan တွင် ပါဝင်သော ပရောဂျက် ၃၈ ခုအနက် တစ်ခုဖြစ်သော လူ့စွမ်းအား အရင်းအမြစ်စီမံကိန်းကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နော်ဝေအစိုးရတို့မှ ထောက်ပံ့မည့် ဒေါ်လာသန်း ၅၀၀ ခန့်ကုန်ကျသော ခုနစ်နှစ်ကြာ စီမံကိန်းအတွက် လက်ရှိတွင်ဒေါ်လာ ၂၁၅ ဒသမ ၆ သန်း ရရှိထားကြောင်း သိရသည်။

ယင်းစီမံကိန်း အဓိကပါဝင်မည့် မဟာဗျူဟာ ခြောက်ခုတွင် မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ထင်ရှားသော ခရီးသွားနေရာသစ်တစ်ခုအဖြစ် မြှင့်တင်ခြင်း၊ နိုင်ငံခြားသားများအတွက် အခြေခံအဆောက်အအုံ တိုးတက်လာရန်၊ အဆင့်အတန်း အရည်အသွေးမြင့်သော ခရီးစဉ်ဒေသများ တိုးတက်စေရန်၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းများရေးဆွဲရန်နှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရန်နှင့် အဖွဲ့အစည်းများ အင်အားတောင့်တင်းရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း ပြီးစီးသွားပါက နိုင်ငံခြားသား ခရီးသွားဧည့်သည်များထံမှ ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၀ ဘီလျံကျော်ထိ ရမည်ဖြစ်ကြောင်း Tourism Master Plan တွင် ဆက်လက် ဖော်ပြထားသည်။ ခရီးသွားများ၏ ၀န်ဆောင်မှုကို အဓိကတိုးမြှင့်မည့် ဒေသများမှာ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုးနှင့် ငပလီကမ်းခြေ၊ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့မှာလည်း Tourism Master Plan အရ အဆင့်မြှင့်တင်မှုတွင် ပါဝင်မည်ဖြစ်သည့်အပြင် ပူတာအို၊ မြိတ်ကျွန်းစု၊ နာဂလမ်း၊ နတ်မောက်တောင်နှင့် လွိုင်ကော်တို့ကိုလည်း အဆင်ပြေသွားရလွယ်သည့် ဒေသဖြစ်အောင် လုပ်ဆောင်မည်ဟုလည်း သိရသည်။


Eleven Media Group

လက်ပံတောင်း တောင်ကြားရှိ စေတီတော်ကို စိန်ဖူးတော်တင်ရန် သွားသည့် ဒေသခံလူထုအား လုံခြုံရေးအဖွဲ့မှ တားဆီးမှုကြောင့် အစီအစဉ်ပျက်ပြယ်ကာ စိန်ဖူးတော်အား အင်ကြင်းတောင် သပိတ်စခန်းသို့ ပင့်ဆောင်ခဲ့ရ


(စိန်ဖူးတော် တင်လှူရန် သွားရောက်သော သံဃာတော်များနှင့် ဒေသခံများအား လုံခြုံရေးတာဝန်ရှိသူများက တားဆီးနေစဉ်)
လက်ပံတောင်းတောင် တောင်ကြား ကျောင်းဟောင်းမှ စေတီတော်ကို စိန်ဖူးတော်တင်ရန် သွားသည့် ဒေသခံလူထုအား လုံခြုံရေးအဖွဲ့မှ တားဆီးခဲ့မှုကြောင့် တင်လှူပူဇော်မည့် အစီစဉ်ပျက်ပြယ်ကာ စိန်ဖူးတော်အား အင်ကြင်းတောင် သပိတ်စခန်းသို့ ပင့်ဆောင်ခဲ့ရကြောင်း သိရသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သော တောင်ကြားကျောင်းဟောင်းမှ စေတီတော်အား စိန်ဖူးတော်အသစ် တင်လှူပူဇော်ရန် သံဃာတော်များနှင့် ဒေသခံ ရွာသူရွာသားများက နိုဝင်ဘာ ၂၉ရက် နံနက် ၉ နာရီအချိန်က တုံရွာမှတစ်ဆင့် ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းအတိုင်း စေတီတော်ရှိရာသို့ ထွက်ရှိလာခဲ့ကြရာ ရွှေလှေတံတားအရောက်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက တာဆီးပိတ်ပင်ခဲ့ကြသည်။

"ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာအရ စိန်ဖူးတော်တစ်ခုတည်း တင်လို့မရပါဘူး။ ထီးတော်တွေ၊ စိန်ဖူးတော်တွေကို လူကြီးတွေကို အဆင့်ဆင့်တင်ပြပြီး တန်ခိုးကြီးဘုရားတွေမှာ ရင်ငွေ့တော် ခိုလှုံပြီးတော့မှ ဆရာတော် သံဃာတော်တွေရဲ့ ဦးဆောင်မှုနဲ့ သြ၀ါဒခံယူပြီး တင်ရပါတယ်။ ချက်ချင်းကြီး စိန်ဖူးတော် တင်တာမျိုးမရှိပါဘူး။ ဗုဒ္ဓဘာသာက ဒီလောက်လွယ်တာမျိုး မဖြစ်စေချင်လို့ အခုလိုတားမြစ်တာ ဖြစ်ပါတယ်"ဟု ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက ပြောကြားခဲ့သည်။

"ဦဇင်းတို့အနေနဲ့ သိမ်နဲ့စေတီ မပျက်စီးခင်လေးမှာ ဒါယကာ၊ ဒါယိကာမတွေနဲ့ အတူသွားရောက်ပြီး စိန်ဖူးတော်တင်လှူ ပူဇော်ချင်တဲ့ သဘောပဲရှိပါတယ်။ ဘုရားမှာလည်း လောလောဆယ် အက်ကွဲနေပြီ။ အခုလို ဘာသာ၊ သာသနာရေးလုပ်တဲ့ ကိစ္စကို အတားအဆီးတွေနဲ့ပိတ်ပြီး မလုပ်ဖို့ပြောတဲ့အပေါ်မှာတော့ စိတ်မကောင်းမပါဘူး"ဟု မုံရွာမြို့ ချမ်းသာကြီးကျောင်းတိုက်မှ ဆရာတော်က မိန့်ကြားပါသည်။

စိန်ဖူးတော်တင်လှူရေး အဖွဲ့ဖြစ်သည့် ဒေသခံများသည် ရွှေလှေတံတားထိပ်သို့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ရာ ယင်းကဲ့သို့ တားဆီးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲများနှင့် အပြန်အလှန် ပြောဆိုခဲ့ ညှိနှိုင်းခဲ့သော်လည်း စိန်ဖူးတော်တင်လှူ ပူဇော်မည့် အစီစဉ်အား လက်မခံခဲ့ခြင်းကြောင့် ၁၀နာရီ ၃၀မိနစ် အချိန်ခန့်တွင် ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းအတိုင်း ပြန်လည်ထွက်ခွာခဲ့ကြပြီး စိန်ဖူးတော်အား အင်ကြင်းတောင် သပိတ်စခန်းသို့ ပင့်ဆောင်ခဲ့ကြသည်။ စိန်ဖူးတော်တင်လှူရေး အစီစဉ်အား မိုးကြိုးပြင်တောင်ရွာ၊ မြောက်ရွာ၊ အလယ်ရွာ၊ ဆည်တည်း၊ ဇီးတော၊လယ်တီ၊ ကျောက်ဖြူတိုင်၊ တုံကျေးရွာအုပ်စုရှိ ကျေးရွာ ၅ရွာမှ ဒေသခံစုစုပေါင်း ၂၅၀ ၀န်းကျင်ခန့် ပါဝင်ခဲ့ကြကြောင်း သိရသည်။

Eleven Media Group


ရွှေဂုံတိုင် တံတား ပြီးစီး၍ ယာဉ်စမ်းသပ် မောင်းနှင်မည်

MOI Webportal Myanmar


ဒေါ်စုကို ဥပမာပေးပြီး မျိုးစောင့် တရားဟော




မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူရဲ့ အခု ရက်ပိုင်းအတွင်း မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ ဟောပြောခဲ့တဲ့ တရားတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာပေး ဟောသွားခဲ့တယ်လို့ သိရပါတယ်။

စောင့်လေ မျိုးနွယ် ဆိုတဲ့ တရားနဲ့ မညီခဲ့လို့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ စစ်အစိုးရ လက်ထက်က တိုက်ခိုက် ပြောဆိုခံခဲ့ရတာ ဖြစ်သလို သမ္မတ ရာထူး ယူဖို့ ကိစ္စမှာလည်း အခက်တွေ့နေရတာ ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

မျိုးစောင့် ဥပဒေကို ဖေါ်ဆောင်တဲ့ နေရာမှာ အမျိုးစောင့်ရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေနဲ့ အမျိုးမစောင့်ရင် ဖြစ်ပေါ်လာမယ့် မကောင်းကျိုးတွေကို ပိုင်းခြားပြီး ဟောပြောခဲ့တာလို့ ဦးဝီရသူက ဘီဘီစီကို မိန့်ပါတယ်။

ဦးဝီရသူအနေနဲ့ ဘာသာ မတူသူတွေ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို လက်ကိုင်ထားကြောင်း၊ လွတ်လပ်စွာ ထိမ်းမြား လက်ထပ်ခွင့် ဆိုတာ လူ့အခွင့်အရေး ဖြစ်ပြီး အမျိုးစောင့်ရေး ဆိုတာ အမျိုးသားရေး ဖြစ်တာမို့ လူ့အခွင့်အရေးနဲ့ အမျိုးသားရေးကို ခွဲခြား ပြချင်တဲ့ အတွက် အခုလို ဟောပြောခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ အားကောင်းပေမယ့် အုပ်ချုပ်ရေးမှာ အားနည်းတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ်လို့ လည်း ဦးဝီရသူက သူ့တရားတွေထဲမှာ ဟောပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လထုတ် ကမ္ဘာကျော် TIME မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဦးဝီရသူရဲ့ ဓာတ်ပုံနဲ့အတူ "The Face of Buddhist Terror" ဗုဒ္ဓဘာသာ အကြမ်းဖက်မှု တွေရဲ့ မျက်နှာစာက ပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့ပြီး ဦးဝီရသူ ဟောပြောတဲ့ တရား တွေကြောင့် ဘာသာ မတူသူတွေ ကြားမှာ အမုန်းတရားတွေ ပွားများ စေတယ်လို့ မဂ္ဂဇင်းထဲက ဆောင်းပါးမှာ ထောက်ပြ ထားပါတယ်။


( BBC Burmese )

Cymothoa exigua (လျှာစား isopods)


ကယ်လီဖိုးနီးယား ပင်လယ်ကွေ့က Cymothoa exigua တွေက ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်တွယ် နေပြီးနောက်မှာ လျှာကို စားပစ်လိုက်ပြီး ငါးရဲ့လျှာ နေရာမှာ သူတို့က အစားထိုး ၀င်နေလိုက် ပါတယ်။

ပုံပြင်လေး တစ်ပုဒ် အရင် ပြောပြမယ်။ ငါးတစ်ကောင်က ဘားတစ်ခု ထဲကို လာတယ် ဆိုပါစို့။ ဘားကောင်တာက လူက ဘာသောက် မလဲလို့ မေးလိုက်တယ်။ ဒါပေမဲ့ ငါးက ဘာမှ မပြောဘူး။ ဒါနဲ့ လူကြီးက ဟေ့ကောင် မင်းလျှာကို ကြောင်စား သွားသလား ဟေလို့ မေးလိုက်တယ်။ ငါး ကလဲ တစ်ရူးတစ်စ ယူပြီး ရေးပြ လိုက်တယ်။ မဟုတ်ဘူး။ တကယ်က isopod စားသွား တာတဲ့။ အိုကေ။ ဒီဟာသက ခင်ဗျား အတွက် အူ ကြောင်ကြောင် ဖြစ်ချင် ဖြစ်နေမယ်။ ဒါပေမဲ့ လျှာကိုစားတဲ့ isopod ဆိုတာကြီး ကတော့ ရယ်စရာ မကောင်း ဘူးလား။ ဟုတ်ပါတယ်။ ကယ် လီဖိုးနီးယား ပင်လယ်ကွေ့က Cymothoa exigua တွေက ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်နေပါတယ်။ သူတို့က ငါးရဲ့လျှာကို စားလိုက်ရုံ သာ မက နေရာအစား ၀င်ယူလိုက် ပါသေးတယ်။ အဲ့ဒီ သက်ရှိ လျှာကို ငါးက တကယ် အသုံးပြုလို့ ရပါတယ်။ အရင် လျှာအဟောင်း လိုပဲ အစာ တွေ ၀ါးတဲ့အခါ အာခေါင် ထိပ်က သွားသေး သေးလေး တွေနဲ့ အတူ အကူအညီ ပေးပါတယ်။

Cymothoa exigua
ဒီထူးဆန်းတဲ့ တိုက်ခိုက်မှုဟာ သတ္တ၀ါ လောက မှာတော့ အခုထိ သိသမျှ ထဲက တစ်ခုတည်းသော ဖြစ်ရပ် ဖြစ်ပါတယ်။ C. exigua တွေက တခြားငါး တွေရဲ့ လျှာတွေကိုလဲ တိုက်ခိုက် ပေမဲ့ ဒီနှင်းဆီရောင် snapper ငါးတစ်မျိုး ဆီမှာပဲ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုအဖြစ် နေ ထိုင်နိုင်တာ ဖြစ်ပါတယ်လို့ Arizona တက္ကသိုလ်က marine biologist Rick Brusca ကဆိုပါတယ်။ သူက တခြား လျှာစား isopods အ များကြီး ရှိတာတောင်မှ C. exigua ကပဲ အဲ့လို လုပ်နိုင်တာလို့ ထပ်မံ ပြောပါသေးတယ်။ တကယ်လို့များ အချစ်ပုံပြင် တစ်ပုဒ်ကို ယုံမယ် ဆိုရင် ပြောပြချင် ပါသေးတယ်။ ဒီ isopods တွေဟာ protandrous hermaphrodites တွေ ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့က ပထမ အထီး အဖြစ် မွေးလာပြီး နောက်တော့မှ အမအဖြစ် ပြောင်းသွား ပါတယ်။ ဒီမျက်လှည့်က C. exigua တွေငါးပါးဟပ်ထဲ ရောက်သွားမှ ဖြစ်တာ ပါ။ ပထမ ၀င်တဲ့ တစ်ကောင်က အမအဖြစ် အရင်ပြောင်း ပါတယ်။ ပြီးတော့ ပါးဟပ်ကနေ လည်ချောင်း ကတဆင့် တွားသွားလို့ လျှာမှာ တွယ်ကပ် နေ ပါတယ်။ အဲနောက်တစ်ကောင် ထပ်ရောက်လာ တဲ့အခါ သူမကို ကိုယ်ဝန်ပေးဖို့ အထီးဖြစ် သွားပါတယ်လို့ Brusca ကဆိုပါသေးတယ်။ ဒီအ မကောင်ဟာ လျှာမှာ သူမရဲ့ ခြေချောင်း အစုံပေါင်း များစွာနဲ့ တွယ်ကပ် ပါတယ်။ တစ်ခုခြင်း ဆီက ကင်းမြီးကောက်ရဲ့ အဆိပ်ဆူး တွေနဲ့ တူတဲ့ အာရုံကြော မကြီးတွေ ပါဝင် ပါတယ်။ ဒီနေရာမှာ သူမ နေလို့ မိတ်လိုက်ပြီး တဲ့အခါ ကျန်ရှိတဲ့ ဘ၀ သက်တမ်းကို snapper နဲ့အတူပဲ ကုန်ဆုံးစေ တော့မှာ ဖြစ်ပါတယ်။

Cymothoa exigua

သူမ ကြီးထွား လာတာ နဲ့အမျှ တခြား ကပ်ပါးကောင် တွေလိုပဲ ငါးရဲ့ လျှာပေါ်မှာ ကပ်လို့ သွေးစုပ် ယူပါတယ်။ Brusca ကအဲ့အကောင် တွေ မှာ မေးရိုးငါးခု ရှိပါတယ်။ အဲ့ဒီမေးရိုး တွေထဲက တစ်စုံဟာ stiletto နဲ့တူတဲ့ ကိရိယာ တွေလိုပါပဲ။ ရှည်လျားတဲ့ အပ်မျှင် လေးတွေ ဖြစ်ပြီး ငါးရဲ့ တစ်ရူးတွေကို နဲနဲလေး ဟနေစေ ပါတယ်။ တခြားဟာ တွေကတော့ အအေး သောက်တဲ့ ပိုက်တွေလို အဲ့နေရာ ကနေ သွေးတွေ စုပ်ယူ ပါတယ်။ ဒီလိုနဲ့ ကပ်ပါးကောင်ဟာ ငါးလျှာရဲ့ ဇီဝိန်ကို နှုတ်ယူ ပါတယ်။ အစကနေ အဆုံး ဖြေးဖြေးချင်း နောက်ဆုံး ကြွက်သား အငုတ်က လွဲလို့ ဘာမှ မကျန်တော့တဲ့ အထိပါ။ ဒီအငုတ် မှာတော့ သူမရဲ့ နောက်ဆုံး ခြေသုံး၊လေးစုံကို ကုပ်တွယ်ပြီး ငါးရဲ့လျှာ အဖြစ်ကို သိမ်းယူ လိုက်တာပါပဲ။ ဒီလိုနည်းနဲ့ isopod ကသူရဲ့ အိမ်ရှင်ငါးကို သူမ ကလေးတွေ ကြီးပြင်းတဲ့ အထိ အသက်ရှင် နေစေပါ တယ်လို့ Brusca ကဆိုပါ သေးတယ်။ ကလေးတွေ ကြီးလာတဲ့ အချိန်မှာတော့ လျှာက မရှိတော့ ပါဘူး။ သူမ တစ်ကောင်ထဲ သိမ်းဆည်းထားတဲ့ အာဟာရနဲ့ အသက်ရှင် ပါတယ်။ ကလေးတွေ ဘယ်လိုဖြစ် သွားသလဲ ဆိုတာ ကိုတော့ သိပ္ပံ ပညာရှင်တွေ တိတိကျကျ မသိသေး ပါဘူး။ Brusca ရဲ့အယူအဆ အရ အိမ်ရှင်ငါးက တခြားငါး တွေနဲ့ စုဝေး သွားလာနေတဲ့ အချိန်မှာ ကလေးတွေကို အပြင်ရောက် စေမယ်လို့ ဆိုပါတယ်။ ဒါမှ ပစ်မှတ်ငါး များများ ရမယ် မဟုတ်လား။

Cymothoa exigua

နောက်တစ်ခန်း ကတော့ တိုင်တန်းနစ် သဘောင်္ နစ်တဲ့ ဇာတ်ဝင်ခန်းနဲ့ တူပါတယ်။ isopod အမဟာ သူမရဲ့ မျိုးပွားတဲ့ ကိစ္စ ပြီးဆုံးချိန်မှာ ငါး ကို လွတ်ပြီး ထွက်ပြေး သလား၊ မျိုချလိုက် သလား ဆိုတာ မသေချာ သေးပေမဲ့ သူမက ငါးကို ထားခဲ့ပြီး ထွက်သွား ပါတယ်လို့ Brusca က ဆို ပါတယ်။ ကဲခင်ဗျားတို့ပဲ စဉ်းစားကြည့်။ လျှာ မရှိတဲ့ ငါးဘယ်လို အသက်ရှင် မလဲဗျာ။ ဒါက ကပ်ပါး လောကမှာ တကယ် ဖြစ်ပျက်တာပါ။ ငါး က isopod တွေကောင်းကျိုး အတွက် ဓားစားခံ ဖြစ်သွား တာပါ။ C.exigua ကဘာလို့ နှင်းဆီရောင် rose snapper တွေကိုပဲ ဒီလို လုပ် သလဲ ဆိုတာတော့ အခုထိ မသိသေးပါဘူး။ တခြားငါး တွေကိုတော့ အဲ့လို မလုပ်ဘဲ သူတို့ မျိုးပွားတဲ့ အလုပ်ကို ပြီးမြောက် စေပါတယ်။ ဒါက rose snapper ရဲ့လျှာက သူများထက် ပိုခံနိုင်ရည် နည်းနေလို့ ဖြစ်နိုင်တယ်လို့ Brusca ကပဲ ပြောပါတယ်။ တခြား ငါးတွေလို သွေးကြော ကောင်းကောင်း မရှိတာ ကြောင့်လည်း ဖြစ်နိုင်တာပဲလို့ သူက ဆိုပါတယ်။ ဒီမှာ သင်ယူ လေ့လာစရာ တွေကတော့ isopod အမတွေဟာ အစာ တင်မက သူမ ကလေးတွေ ကြီးထွားဖို့ အကာအရံလည်း လိုပါတယ်။ တခြား မျိုးစိတ် တွေလိုပဲ သူမကလည်း သူမ မျိုးဆက်ကို ချန်ခဲ့ရမှာ ဖြစ်ပါတယ်။ သူမရဲ့ mission accomplished ဖြစ်သွား ချိန်မှာ ဒီသဘောင်္ကို နှစ်မြှပ် လိုက်တာပါ။ ဟုတ်ပါတယ်။ ဒီသနားစရာ ကောင်းတဲ့ snapper လေးကိုပါ။ တခြား ကပ်ပါးကောင် တွေရဲ့ သားကောင် တွေလိုပါပဲ။ ဒါပေမဲ့ ပါးစပ် ဟောင်းလောင်းနဲ့ သက်တမ်း မစေ့ဘဲ သေရ တာလေး ကတော့ ဆိုးပါတယ်။

Myanmar Youth Media Club

ကားဝယ်လက်ရှားသောကြောင့် အရောင်းအ၀ယ်ကျဆင်း


ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရန်ကုန်မြို့ကားဈေးကွက်တွင် ကားဝယ်ယူနိုင်သူထက် ကားအစီးရေများပြားနေမှုကြောင့် ၀ယ်လက်ပျောက်ကာ ကားအရောင်းအ၀ယ် ကျ ဆင်းနေကြောင်း ပြည်တွင်းကား
ဈေးကွက်အတွင်းထံမှသိရသည်။

“လက်ရှိကားဈေးကွက်ထဲမှာတော့ အရောင်းအ၀ယ်
တော်တော်လေးပါးနေတယ်။ ဘာကြောင့်လဲဆိုတော့ ကားဝယ်နိုင်သူတွေရဲ့ လက်ထဲမှာ ကားတွေ ရောက်နေလို့
ပါပဲ။ အောက်ကားတွေလောက်ပဲ အရောင်းအ၀ယ်ဖြစ်နေပါ
တယ်”ဟု သိမ်ဖြူကားပွဲစားတန်းမှ ၀ါရင့်ကားဝယ်ရောင်း
ကိုဗစ်တာ ကပြောကြားသည်။

ရန်ကုန်မြို့ကားဈေးကွက်တွင် ကားအရောင်းအ၀ယ်
အေးနေခြင်းမှာ လွန်ခဲ့သော ၆လခန့်ကပင် အရောင်းအ၀ယ်
မရှိသလောက် နည်းပါးနေပြီး ယခုပွင့်လင်းရာသီဖြစ်သော တန်ဆောင်တိုင်ပွဲတော်အပြီးတွင် ကားရောင်း ရရန် ၀ယ်
ရောင်းများမှာ မျှော်လင့်နေကြသော်လည်း လက်ရှိအချိန်ထိ ၀ယ်ယူသူမရှိသလောက်နည်းပါးနေ ကြောင်း ရန်ကုန်မြို့ ကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“အန်ကယ်တို့အနေနဲ့ အရောင်းအ၀ယ်ပြန်ဖြစ်ဖို့တော့
မျှော်လင့်ထားတာပဲ။ အရောင်းအ၀ယ်ဖြစ်တဲ့ ရာသီလည်း
ရောက်လာပြီဆိုတော့လေ။ ဒါပေမယ့် ခက်တာတစ်ခုက ကားအရောင်းအ၀ယ်တော်တော်လေး ပါးနေတာသေးတယ်”ဟု မင်းရဲကျော်စွာယာဉ်ရပ်နားစခန်းမှ ၀ါရင့်ကားဝယ်ရောင်း ဦးမင်းဦးက ပြောကြားသည်။

ရေးသားသူ-ဇော်မျိုး
တည်းဖြတ်-နီတိုး
People power

ငှက်ပျောသီး မှ ရရှိသောအကျိုးကျေုးဇူးများ


(၁) စိတ်ကျရောဂါ ဖြစ်နိုင်ခြေတွေကို လျှော့ကျစေတယ်။

(၂) အူမကြီးရှိ အညစ်ကျေးတွေကိုဖယ်ရှားပေးတယ်
အူလမ်းကြောင်းကို သန့်ရှင်းစေတယ်။

(၃) သွေးအားကောင်းစေတဲ့အပြင် နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်တယ်။

(၄) အရိုးဆစ်တွေ ခိုင်မာစေတယ် သန်မာစေတယ်။

(၅) ငှက်ပျောသီစားခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ် လျှော့ကျစေတဲ့ အတွက် ဆေးလိပ်ဖြတ်တဲ့သူတွေအတွက်စားသုံးသင့်တယ်။

(၆) အမျိုးသားတွေအတွက် ဒူလာပိတ်၊ ဒူလာခြောက်၊ အမျိုးသမီတွေ အတွက် မီးယပ်ပိန် မီးယပ်ခြောက် ဖြစ်နိုင်ခြေတွေကိုလျှော့ကျ အောင် တားဆီးပေးတယ်။

(၇) ကိုယ်ခံအား ကောင်းမွန်စေတယ်။

(၈) အမျိုးသမီးတွေ သွေးဆင်းချိန်၊ ဓမ္မတာ လာချိန်တွင် ဖြစ်တတ်သော နာကျင်ကိုက်ခဲ ခြင်းကို သက်သာစေတယ်။

(၉) ဦးနှောက်ဥာဏ်ရေကောင်းမွန်ဖွံ့ဖြိုးစေတယ်။

(၁၀)ခန္ဓာကိုယ် အပူချိန်ကြောင့်ဖြစ်တတ်တဲ့ အပူကံခြင်း၊
ပြည်တည်နာဖြစ်ခြင်း အစရှိတဲ့ရောဂါ ဝေဒနာတွေ ငှက်ပျောသီးစား သုံးပေး
ရင် သက်သာ ပျောက်ကင်းစေတယ်။

စတဲ့ အကျိုးကျေးဇူးတွေ ငှက်ပျောသီးကနေရရှိစေပါတယ်။

Ref: General Knowledge
Zuri's Beauty Hub

သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းပါက စိန်ခေါ်မှု နှစ်ရပ်ဖြင့် ရင်ဆိုင်ရမည်


ရန်ကုန်၊ နိုဝင်ဘာ ၂၈

သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းပါက မြန်မာ့သစ်လုပ်ငန်း
စိန်ခေါ်မှုနှစ်ခုကို အဓိက ရင်ဆိုင်ရမည် ဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဌဦးဘာဘာချိုက
နိုဝင်ဘာလ ၂၈ ရက်ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင်
ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ သစ်နှင့် သစ်တောညီလာခံတွင်
ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၄ခုဧပြီလမှ စတင်ကာ သစ်အလုံးလိုက်တင်ပို့မှုအား အပြည့်အဝပိတ်ပင် သွားမည်
ဖြစ်ပြီး သစ် အချောတင်ပို့မှုကို သာခွင့်ပြုတော့မည်ဖြစ်ရာ
မြန်မာသစ်လုပ်ငန်းရှင်များအနေဖြင့် အသိ အမှတ်ပြုလက်မှတ် (Certificate)နှင့် တရားဝင် ဖြစ်မှု(Legality) ကဲ့သို့သော
ဈေးကွက်သစ်၏ လိုအပ် ချက်များနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံ
မှုများ၏ ယှဉ်ပြိုင်မှုမှာ အဓိကစိန်ခေါ်မှု နှစ်ခုဖြစ်လာမည်
ဖြစ်ကြောင်း ၎င်းကပြောသည်။

“မြန်မာသစ်တော တွေဟာ တစ်ခုမှ တရားဝင်မဖြစ်သေး
ပါဘူး” ဟု ဦးဘာဘာချိုက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သစ်အချောထည်ဈေးကွက်သစ်ဖြစ်လာမည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှာ ၎င်းတို့ထံတင်ပို့မည့် သစ်
အချောထည် ပစ္စည်းများမှာ တရားဝင်သစ်ဖြစ်မှသာ တင်
သွင်းခွင့်ပြုမည်ဟု မတ်လအတွင်းက ဥရောပ ပါလီမန်က ကန့်သတ်ခဲ့ကြောင်း မြန်မာနိုင်ငံ သစ်တောထောက်ခံချက်
ပြုရေး ကော်မတီမှ ဥက္ကဋ္ဌ ဦးရွှေကျော်က ဆိုသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုကြောင့် သစ်ထုတ်လုပ်
ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်
ဆောင်ရွက်ခြင်း အပြင် တခြားရှုထောင့်များစွာဖြင့် သုံးသပ်ကာ
EUက တရားဝင်သစ် ဖြစ်မှုအား သတ်မှတ်ကြောင်း နေပြည်တော် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မိုးက ရှင်းပြသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့တင်ပို့မည်ဆိုပါက တရားဝင် သစ်ဖြစ်ပါကလည်း Forest Law Enforcement Governance
and Trade- FLEGT ကဲ့သို့သော အသိအမှတ်ပြုလက်မှတ်များ လိုအပ် သေးကြောင်း၊ သစ်ထုတ် လုပ်ရာတွင် ပါဝင်သည့် အလုပ်သမားများ အား အလုပ်သမား အခွင့်အရေးနှင့်
ကာကွယ်မှုများ အပြည့်အဝပေး မှုရှိမရှိကိုလည်း ကြည့်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

“ဥရောပကို ပို့နိုင်ရင် ကျွန်တော်တို့က အကျိုးအမြတ်များများ
ရမယ်။ ဒါမှမဟုတ်ရင်တော့ သစ်တွေက တရုတ်နဲ့ အိန္ဒိယကိုပဲ
စီးဝင်သွား မှာပဲ” ဟု ဦးတင်မိုးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ရန် သစ်ထုတ်လုပ်မှုများကို လျော့ချတော့မည် ဖြစ်ပြီး ၂၀၁၃-
၂၀၁၄ ဘဏ္ဍာနှစ် တွင် ကျွန်းသစ်ထုတ်လုပ်မှု ၃၀၆၃၄၀ကုဗ
မီတာနှင့် သစ်မာ ထုတ်လုပ်မှု ၁၄၀၅၅၆၀ ကုဗမီတာ ရှိရာမှ
လာမည့် ဘဏ္ဍာနှစ်တွင် ကျွန်းသစ် ၁၀၈၁၂၀ကုဗမီတာနှင့်
သစ်မာ ၁၂၀၇၃၄၀ ကုဗမီတာသို့ လျော့ချသွားမည်ဖြစ်ကြောင်း
မြန်မာ့သစ်လုပ်ငန်းမှ မန်နေဂျာ ဒေါက်တာ ဦးခင်မောင်ဆင့်က
ပြောကြားသည်။

ရေးသားသူ-ဥာဏ်လင်းထက်
တည်းဖြတ်သူ-နီတိုး

Credit To >People power

Photo Credit To >Eleven Media Group

စစ်တပ်အပေါ်သဘောထားနဲ့ ပတ်သက်တဲ့ အမေး ကို ဒေါ်စု ဖြေကြားခြင်း

( Opera House - Sydney ၾသစေတးလ် )
မေး။ ။ ဒေါ်စုနဲ့ ဒေါ်စုအဖေတို့ရဲ့ သံယောဇဉ်ကိုလည်း ကျနော်စိတ်ဝင်စားမိပါတယ် ။ သူဆုံးတော့ ဒေါ်စုက (၂) နှစ်သမီးနော် ။ ဒါပေမယ့် ဒေါ်စုက သူ့အပေါ် သံယောဇဉ် ဒီနေ့အထိလည်း ရှိနေသေးတယ် ....ဒေါ်စု အိမ်မှာ ရုံးမှာ ချိတ်ထားတဲ့ သူ့ဓါတ်ပုံတွေအရပေါ့လေ ။ ဒီဆက်နွယ်မှုသံယောဇဉ်အကြောင်းကို လူကြီးတစ်ယောက်အမြင်နဲ့ပြောပြပေးပါလား ။


ဖြေ ။ ။ ကျမငယ်ငယ်တုန်းက အကြောင်းကိုပါ စပြောရမယ်ထင်တယ် .....ဖေဖေ့ကို ကျမ မေ့မသွားရလေအောင် မေမေက အသည်းအသန် ကြိုးစားခဲ့တယ် ။ အားလုံးထဲမှာ ကျမက ဖေ့ဖေ့ရဲ့ အချစ်ဆုံးကလေးပါ....အဲဒါကို လူတိုင်း သိပါတယ် ( ရယ်သံများ ) ။ ဖေ့ဖေ့အသည်းစွဲကလေးဖြစ်ကြောင်း ၊ အဖေက အချစ်ဆုံးဖြစ်ကြောင်းကိုလည်း ကျမကို အမြဲ ပြောပြခဲ့ကြတယ် ။ ဒီအသိက ကျမကို အကြီးအကျယ်အင်အား ဖြစ်စေခဲ့ပါတယ်.....ဖေ့ဖေ့ကို လုံးဝ မမှတ်မိလိုက်ဘူး ဆိုပေမယ့်ပေါ့လေ ။

အဖေ့ရဲ့ အသည်းစွဲကလေးဖြစ်တယ် ၊ အချစ်ဆုံးဖြစ်တယ် ဆိုတဲ့ ယုံကြည်ချက်ဟာ ကျမအတွက်တော့ တကယ့်ကို အင်အားအရင်းအမြစ်တစ်ခုပါဘဲ ။ ငါ့မှာ အဖေလုံးဝ မရှိဘူးလို့ ကျမထင်သွားမှာကို မေမေက မလိုလားခဲ့ဘူး ။ ဒီတော့ ကျမကြီးပြင်းလာတဲ့နှစ်တွေတလျှောက်ဟာ ဖေဖေ့ပုံရိပ်ဟာ သိပ်ကို သက်ဝင်ထင်ရှားရှိခဲ့တယ် ။ ဒီနေ့အထိ ဆိုပါတော့ ။

ဒါပေမယ့် အခုအချိန်မှာတော့ အဖေတစ်ယောက်အနေနဲ့သာ မဟုတ်ဘဲ ကျမရဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ပါ ဖေဖေဟာ သက်ဝင်ထင်ရှား ရှိနေဆဲပါဘဲ ။

မေး ။ ။ စစ်တပ်အပေါ်မှာ ဒေါ်စုက ချစ်ခင်တယ်ဆိုတဲ့အကြောင်းကို နည်းနည်းထပ် ရှုင်းပြပေးနိုင်မလား ။ ဘာလို့လည်းဆိုတော့ စစ်တပ်က ဒေါ်စု အပေါ် ပြုမူခဲ့တာတွေကို သိထားတဲ့ ကျနော်တို့အတွက် နားလည်ရခက်လို့ပါ ။

ဒေါ်စု ။ ။ ပထမဆုံးအနေနဲ့ပြောရရင် ဗမာ့တပ်မတော်ဆိုတာ (၁၉၄၁) မှာ ဖေဖေဖွဲ့စည်းခဲ့တာပါ ။ လွတ်လပ်ရေးအတွက် တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် ဆိုပြီး တည်ထောင်ခဲ့တာပါ ။ ဒီတော့ ဖေ့ဖေ့ကို တပ်မတော်ရဲ့ဖခင်အဖြစ် သတ်မှတ်ထားကြပါတယ် ။ ဒါက သူတို့အတွက်လည်း မေ့ဖို့ခက်တဲ့ ကိစ္စပါဘဲ ။ ဒီတော့ ကျမက စစ်အစိုးရအစား ဒီမိုကရေစီကို ပိုပြီး သဘောကျဆိုတာဟာ သူတို့အတွက် သိပ်ကျေနပ်စရာကောင်းတဲ့ ကိစ္စတော့ဟုတ်မယ်မထင်ပါဘူး ။

ဒါပေမယ့် ဒါက ကျမအနေနဲ့ စစ်တပ်ကို မချစ်ဘူး လို့ မဆိုလိုပါဘူး ။ ဖေ့ဖေ့ကို ချစ်သလိုမျိုးကို စစ်တပ်အပေါ်မှာ ချစ်ဖို့ ကျမကို သင်ကြားပေးခဲ့ကြတာပါ ။ ဖေဖေဟာ စစ်တပ်ကို တည်ထောင်ခဲ့သူဆိုတာကို ကျမ ဘယ်တော့မှ မမေ့ခဲ့ပါဘူး ။ တကယ်လည်း ကျန်ရှိနေသေးသမျ အဖေ့ဓါတ်ပုံတွေ အားလုံးဟာ စစ်ဝတ်စုံတွေနဲ့ ရိုက်ထားတာချည်းပါဘဲ ။

ဒီတော့ ကျမအနေနဲ့ ဖေ့ဖေ့ကို စစ်သားတစ်ယောက်အနေနဲ့ အမြဲစဉ်စားမိတယ် ။ စစ်တပ် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အမြဲတွေးမိခဲ့ပါတယ် ။ ဒါကြောင့်ဘဲ ကျမအနေနဲ့ စစ်တပ်အပေါ် မချစ်ခင်ဘဲနေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး ။ မေမေကလည်း စစ်သားတွေဆိုတာ ဖေ့ဖေ့ရဲ့သားတွေ ဖြစ်တယ် ၊ ဒါကြောင့် ကျမရဲ့ အစ်ကိုတွေ မောင်တွေ ဖြစ်တယ်လို့ အမြဲပြောလေ့ရှိခဲ့ပါတယ် ။ ကျမကို ဒီလို သင်ကြားပျိုးထောင်ပေးလိုက်ကြတာပါ ။

မေး။ ။ ဒါပေမယ့် ကိုယ့်ကို အန္တရာယ်တစ်ရပ်လို မြင်နေတဲ့ အဖွဲ့အစည်းတစ်ခုကို ချစ်ခင်ဖို့တာ ခက်ခဲသလား ။

ဖြေ ။ ။ ( ကျမဘက်က ခက်တာတွေ မခက်တာတွေထက် ) ပိုပြီး အရေးကြီးတာက သူတို့ဘက်က ကျမကို ချစ်ဖို့ပါဘဲ ( ရယ်သံများ ) ။ ကျမအတွက်တော့ သူတို့ကို ချစ်ဖို့ မခက်ပါဘူး ။ ဒီတော့သူတို့အတွက် ကျမကို ချစ်ခင်ဖို့ကိစ္စက ဒီထက် နည်းနည်းလေး ပိုလွယ်လာပါစေလို့ ကျမ မျှော်လင့်ပါတယ် ။

Credit : Spring Flowers