ပြောတာပဲ - ဇော်သက်ထွေး


ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီး က မြေသိမ်းယာသိမ်းကိစ္စတွေမှာ ပြည်သူတွေ နစ်နာဆုံးရှုံးမှုမရှိအောင် လုပ်ရမယ်လို့ပြောပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း ဒဒမိဘပြည်သူများ ခင်ဗျားဒဒ ဆိုပြီး ရိုသေကျိုးနွံစွာနဲ့ တိုင်းပြည်ကို မိန့်ခွန်းပြောလေ့ရှိပါ တယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တပ်မတော်ဟာ အတတ်နိုင်ဆုံး စိတ် ရှည်သည်းခံပြီး ဆောင်ရွက်နေတယ် လို့ နိုင်ငံတကာကို ပြောခဲ့ပါတယ်။ ဒါပေမယ့်လွှတ်တော်ကိုယ်စားလှယ် တွေထဲက ၁၆၀ ကျော်ဟာ လွှတ်တော် သက်တမ်း ၃ နှစ်အတွင်း ဘာမေးခွန်း မှ မမေးခဲ့ပါဘူး။ အစိုးရအဖွဲ့အတွင်းမှာ လည်း အကျင့်ပျက်ခြစားမှုကြောင့် အရေးယူခံရတဲ့ဝန်ကြီးမရှိပါဘူး။ လက်ရှိ အာဏာရထားတဲ့ ပါတီထဲက ပုဂ္ဂိုလ်တစ်ချို့ဟာ ပြုပြင်ပြောင်းလဲရေး တွေကို ခုခံဖို့အတွက် အရင်အစိုးရရဲ့ လက်ရာအတိုင်း ဗြောင်ကျကျလှုပ်ရှား နေဆဲပါပဲ။

ရာသီဥတုကပူတယ်။ ပြည်သူ တွေက ဆင်းရဲတယ်။ ဘတ်စ်ကားကြီး တွေက နိုင်ငံတော်ပိုင်လမ်းပေါ်မှာ စိတ်ထင် သလိုမောင်းနေကြတယ်။ ရုပ်ရှင်တွေကလည်း မကောင်းဘူး။ သရုပ်ဆောင်တွေက အခန်းတစ်ခန်း ထဲမှာစုရပ်ပြီး စကားတွေပဲပြောနေ ကြတယ်။ ပြဇာတ်သာသာပဲ။ ဟာသ ကားတွေပဲများနေပြီး အတွေးအခေါ် တွေက မြင့်မားမလာတော့ဘူး။ အရင် တုန်းက ရုပ်ရှင်သမားတွေ ပြောနေကျ စကားကြီးနှစ်ခွန်းရှိပါတယ်။ အဲဒါ ကတော့ ဒဒကျွန်တော်တို့ဆီက စက် ပစ္စည်းတွေ ခေတ်မမှီတော့လို့ဒဒ၊ ဒဒကျွန်တော်တို့ရဲ့ ဆင်ဆာမူဝါဒ တင်းကြပ်လွန်းလို့ဒဒ ဆိုပြီး မြန်မာ ဇာတ်ကားတွေအရည်းအသွေးကျဆင်း တာကို ဆင်ခြေပေးလေ့ရှိပါတယ်။ အခုဆင်ဆာလည်းမကြပ်တော့ပါဘူး။ စက်တွေလည်း ထိုက်သင့်သလောက် ရှိလာပါပြီ။ ဒါပေမယ့်ဇာတ်ကားတွေ ကတော့နာမည်တွေကရော၊ အတွေး အခေါ်တွေကရော၊ အောက်တန်းကျ တုန်းပါပဲ။

မြန်မာ့လက်ရွေးစင်ဘောလုံး အ သင်းကလည်း ပွဲတိုင်းရှုံးနေတယ်။ လ စာဖြတ်တောက်ခြင်းခံရတဲ့ ဘောလုံး သမားတွေရဲ့ခြေစွမ်းကလည်း ကောင်း မလာတော့ဘူး။ ဘောလုံး အကယ်ဒမီ မှာရှိတဲ့ကျောင်းသားလေးတွေကလည်း ဆယ်တန်းအောင်အောင် မဖြေနိုင် ဘူး။ ကစားသမားတွေရဲ့ အပြုအမူ တွေဟာ ကြမ်းတမ်းရိုင်းစိုင်းတယ်လို့ မီဒီယာတွေက မှတ်ချက်ပြုတယ်။ ဒါ့ကြောင့် မြန်မာနေရှင်နယ်လိဂ်ကို လည်း ပရိသတ်တွေ လာမကြည့်တော့ ဘူး။ ယာဉ်ကြောပိတ်ဆို့နေတာ လမ်း တွေချည်းကိုပဲ အပြစ်ပြောလို့မရ၊ ကား တင်သွင်းခွင့်ပေးတာချည်းပဲ အပြစ် ပြောလို့မရ၊ လိုင်းနှစ်လိုင်းကို ခွမောင်း တဲ့မော်တော်ကားတွေ ညာဘက်ယာဉ် ကြောကဘယ်ဘက်ယာဉ်ကြောအထိ ပြောင်းပြီးမောင်းချင်တဲ့ ဒရိုင်ဘာတွေ ဘယ်သူ့ကားကိုမှ အလျှော့မပေးလို တဲ့ မြန်မာ့စိတ်ဓာတ်တွေက မီးပွိုင့်မှာ တစ်နေတယ်။

မြန်မာ့ပညာရေးအဆင့်အတန်း က နှစ် ၃၀ အတွင်း လုံးဝပျက်စီး သွားပြီး ကလေးတွေကလည်း လောက နီတိဆိုတာကို မသိတော့ပါဘူး။ တိုင်း ပြည်ချစ်စိတ်နဲ့ ကိုယ့်အားကိုယ်ကိုးလို စိတ်တွေ နည်းပါးပြီး အချောင်ရတဲ့ အခွင့်အရေးတွေကို မက်မောလာကြ တယ်။ သစ်ထုတ်လုပ်ရေးက ဒီနှစ် ဧပြီမတိုင်ခင် သစ်အားလုံးကို ခုတ်နေ တယ်။ မြန်မာပြည်ရဲ့သစ်တောဧရိယာ က စာရွက်ထဲမှာ ၁၉ ရာခိုင်နှုန်းပဲ ကျန်တော့တယ်ဆိုပေမယ့် သစ်တော တွေကို ကာကွယ်တားဆီးနေတဲ့ တော အုပ်ကြီးတွေကို ခြုံအုပ်ကြီးတွေလို ပြောင်ပြီးခေါ်နေကြပြီ။ တလောက ပလပ်စတစ်အိတ်တွေဟာ မြေဆီလွှာ ပျက်သုဉ်းတယ်ဆိုပြီး ကြပ်ကြပ်အိတ် အစား စက္ကူအိတ်တွေကို အစားထိုးဖို့ ပလတ်စတစ်လုပ်ငန်းရှင်တွေကို ခေါ် ပြောခဲ့ပေမယ့် နောက်ဆုံးတော့ ဒုံရင်း က ဒုံရင်းပါပဲ။ ဧရာဝတီမြစ်ကို လမ်း လျှောက်ကူးလို့ရပြီး ပန်းလှိုင်မြစ်ကို တော့ မြေပုံထဲက ဖျက်ပစ်လို့ရပါပြီ။ 

ရွာသူရွာသားတွေက လယ်မြေ တွေ အသိမ်းခံရလို့ မလေးရှားကိုသွား ပြီး အလုပ်လုပ်ကြရတယ်။ တံငါသည် တွေက ငါးတွေကို ဘက်ထရီနဲ့ရှော့ တိုက်ပြီး ဖမ်းတယ်။ ပညာရေးဝန်ထမ်း ဆရာမတွေက အိမ်မှာကျူရှင်သင် တယ်။ ရှေ့နေတွေက တရားသူကြီး တွေအတွက် အမှုပွဲစားလုပ်ပေးပြီး တရားဥပဒေကို ဖျက်ဆီးတယ်။ ဂေါပကတွေက စီးပွားရေးလေလံပစ် တတ်ကြပြီး ကျောင်းဆရာတွေက ချဲဒိုင်လုပ်တတ်တယ်။ အထူးကု တွေကလူနာတစ်ယောက်ကို ငါးမိနစ် ပဲကြည့်တာ ဘယ်သူမှမပြောရဲဘူး။ ဆရာဝန်ကြီးက ဆွေးနွေးပညာပေး တယ်ဆိုတာ မြန်မာ့အသံကရေဒီယို ဇာတ်လမ်းထဲမှာပဲရှိတယ်။ အထူးကု ဆေးခန်းတွေကလည်း ဆရာဝန်ကြီး တွေကိုအလိုလိုက်နေရပုံပါပဲ။ သတင်း ထောက်တွေက ဂျာနယ်ရောင်းကောင်း ဖို့အတွက် စာနယ်ဇင်းကျင့်ဝတ်တွေ ချိုးဖောက်နေကြပြီး ပြည်ထဲရေးက လည်း ကျွံလာတဲ့ သတင်းသမားတွေ ကို သင်ခန်းစာပေးချင်နေတယ်။ ယာဉ် တိုက်မှုတွေကြောင့် မနှစ်က လူပေါင်း ၃၅၀၀ သေဆုံးခဲ့ပေမယ့် ဆိုက်ကား သမားတွေက ဆိုင်ကယ်တက္ကစီ ဆွဲ နေကြပြီ။ တပ်မတော်ရဲ့ကာကွယ်ရေး အသုံးစရိတ်ကို လွှတ်တော်က လျှော့ချ လိုက်ပေမယ့် အရာရှိစစ်သည် ၃၀၀၀ ကတော့ နှစ်စဉ်တိုးပွားနေပါတယ်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ် ဆိုတဲ့ ဆောင်ပုဒ်က လူတွေရယ်စရာ ပျက်လုံးဖြစ်ခဲ့ပေမယ့် မြန်မာ့ကင်ဆာ အမျိုးမျိုး ကမ္ဘာမှာ တိုးစေရမည်ဆိုတဲ့ ဆောင်ပုဒ်ကတော့ တစ်နှစ်ထက်တစ်နှစ် ပိုပြီးမှန်ကန်လာပါတယ်။ ကမ္ဘာ့ကင်ဆာ အဖြစ်ဆုံးနိုင်ငံတွေထဲမှာ မြန်မာက အဆင့် ၃ ချိတ်သတဲ့။ ဒီနှစ်ပိုင်းမှာ ရွှေဆိုင်အတော်များများ လုယက်ခံ ရပြီး ရဲတွေက တရားခံတိုင်းကို မဖမ်း နိုင်ခဲ့ပါဘူး။

ပြည်သူတွေ မကြည်ညိုတဲ့ ခရိုနီ တွေက သူတို့ရှင်သန်မှုအတွက် အတိုက် အခံ နိုင်ငံရေးပါတီတွေရဲ့ လူမှုရေး လှုပ်ရှားမှုတွေမှာ ငွေတွေလှူနေပေ မယ့် နောက်ထပ်အခွင့်အရေးတွေမရ တော့လို့ဝမ်းနည်းနေပါတယ်။ အတွင်း သိတွေကတော့ နောက်ထပ် အခွင့်အ ရေးတွေ မရတော့ဘူးဆိုတာ ဘယ်သူ ပြောလဲလို့ဆိုပါတယ်။ အာဏာရှင် အစိုးရလက်ထက်က ကရုဏာကြီး ချင်ယောင်ဆောင်ထားတဲ့ အမျိုးသမီး ပရဟိတအဖွဲ့အစည်းတွေကလည်း အခုတော့လူမှုရေးမလုပ်ကြတော့ဘူး။ အနုပညာသမားတွေကတော့ လူမှု ဂုဏ်ထူးဆောင်လက်မှတ်ရဖို့ နာရေး ကူညီမှုအသင်းက လူသေတွေကို သင်္ဂြိုဟ်ပေးနေပေမယ့် အနုပညာ လောကအတွင်း မူးယစ်ဆေးသုံးစွဲမှု ကတော့ အရင်အတိုင်းပါပဲ။ လူငယ် တွေကြားထဲမှာ လက်ဖက်ရည် သောက်တဲ့သူနည်းလာပြီး အရက် သောက်တဲ့သူ များလာပေမယ့် ဘယ် စတိုးဆိုင်ကမှ ၁၈ နှစ်အောက် အရက် မ၀ယ်ရလို့ ကြေညာချက်မထုတ်သေး ပါဘူး။ ဘယ်အရက်ကောင်တာမှ လည်း အချိန်ပိုင်းနဲ့ ရောင်းမယ်ဆိုတာ မျိုး မရှိပါဘူး။ အရက်ကုမ္ပဏီတွေ သိန်းပေါင်းသောင်းချီ ချမ်းသာလာ ပေမယ့် အသည်းကင်ဆာနဲ့ သေတဲ့သူ တွေကလည်း သိန်းပေါင်းသောင်းချီနဲ့ အပြိုင် ချီတက်လာပါပြီ။ မြန်မာနိုင်ငံ သားတွေအားလုံးဟာ ပင်လယ်၊ တော တောင်၊ သစ်ပင်၊ ကျေး ငှက်တိရစ္ဆာန် တွေကို ချစ်ပုံမရတဲ့အတွက် တိုင်းပြည် ရဲ့ သဘာဝပတ်ဝန်းကျင်က အဆိုးဝါး ဆုံးအခြေအနေကို ရောက်ရှိလာ ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ အိမ်ထောင်ပြုမှုနှုန်း ကျလာသလို အိမ်ထောင်ကွဲမှုနှုန်းကလည်း မြင့်တက်ခဲ့တဲ့အတွက် ဖခင်မဲ့ကလေး ဦးရေကလည်း ပိုပြီးတိုးပွားလာပါ တယ်။ ဆင်ဆာမဲ့အပြာဗွီဒီယိုခွေတွေ ဟာ လမ်းဆုံလမ်းခွနဲ့ လက်ဖက်ရည် ဆိုင်တွေမှာ ပေါ်ပေါ်တင်တင်ရောင်း ချနေပေမယ့် ဖမ်းဆီးမယ့်သူ မရှိသေး ပါဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဖတ်လို့ ကောင်းအောင် ရေးထားတဲ့ စာအုပ်ထဲက စာသားတစ်ခုသာ ဖြစ် ပါတယ်။ ဒီအပြာခွေတွေရဲ့ ရိုက်ခတ် မှုကြောင့် အသိဉာဏ်ချို့တဲ့တဲ့ ဗုဒ္ဓ ဘာသာကျေးလက်တွေမှာ ကိုယ့်သား သမီးတွေကို အဓမ္မကျင့်ကြံတဲ့အမှု မျိုးတွေ မကြားစဖူး ပေါ်ပေါက်လာ ပါတယ်။ မြန်မာပြည်ရဲ့သူဌေးအား လုံးက အာဏာပိုင်တွေကို လာဘ်ထိုး ဖို့လက်မနှေးပေမယ့် အခွန်ရှောင်ဖို့ကျ တော့ ညီတူညာတူ ယိမ်းကနေကြ တယ်။ ဆေးတက္ကသိုလ်က မွေးထုတ် ပေးလိုက်တဲ့ ဆရာဝန်တွေက စာပေ လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်း ကျောင်းပြုကြပြီး စစ်ဗိုလ်တွေက စီးပွားရေးလုပ်တယ်။ လယ်သမားတွေ က ဆန္ဒပြနည်း တတ်မြောက်သွားပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မကြာခဏ ခွင့်ယူတတ်တယ်။ တရား သူကြီးတွေက ငွေတိုးပေးပြီး ဗိုလ်ချုပ် ကတော်တွေက လုံးချင်းအိမ်တွေ ငှား စားကြတယ်။ စာရေးမတွေက ညွှန် ကြားရေးမှူးရဲ့ အငယ်အနှောင်းဖြစ် သွားပြီး ရပ်ကွက်ထဲက ကောင်မလေး တစ်ယောက်ပျောက်ပြီးပြန်ပေါ်လာ ရင် ဂျာနယ်လစ်ဖြစ်နေတတ်တယ်။ 

လွှတ်တော်က ဥပဒေတွေအမျိုးမျိုး ပြဌာန်းနေပေမယ့် ကိုယ်စားလှယ်တွေ က သူ့မဲဆန္ဒနယ်မြေတွေဆီကိုလည်း မသွားကြပါဘူး။ နိုင်ငံရေးယဉ်ကျေးမှု သစ်ဖြစ်လာပြီလို့ သမ္မတကြီးကပြော ပေမယ့် အဖွဲ့အစည်းတွေနဲ့ အတွေး အခေါ်တွေကတော့အဟောင်းတွေ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်း ရေးမရသေးပေမယ့် လက်နက်ကိုင်အဖွဲ့ တွေကတော့ မော်တော်ကားပါမစ်ရ သွားပါပြီ။ လွှတ်တော်နဲ့အစိုးရအဖွဲ့ ရန်ဖြစ်နေပေမယ့် ချမ်းသာပုံခြင်းက တော့ အတူတူပါပဲ။ 

အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ ကမ္ဘောဒီးယားခြင်းအဖွဲ့ကို ရွှေ တံဆိပ်ရစေရမယ်လို့ ကတိပေး ဖိတ်ခေါ်ခဲ့ပြီး နောက်ဆုံးတော့ မြန်မာ တွေက ကတိဖျက်ခဲ့တယ်။ နိုင်ငံတော် သမ္မတကြီးကြေးကြော်ခဲ့တဲ့ ဆင်းရဲသား မွဲတေမှုတိုက်ဖျက်ရေးက မအောင်မြင် ဘဲ ပြည်သူတွေခမျာ နွားနို့တောင် မသောက်နိုင်ပါဘူး။ အစိုးရ၀န်ကြီးတွေ သုံးနှစ်အတွင်းပြောတဲ့ မိန့်ခွန်းတွေက မြန်မာပြည်သမိုင်းမှာ ထာဝရတွင်ကျန် ရစ်ခဲ့ပါပြီ။ ပြည်သူတွေ ထမင်းတစ်နပ် လျှော့စားပါ။ ဖယောင်းတိုင်ထွန်းပြီး နေပါ။ တရုတ်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါ။ လိုအပ်ရင် ပါး အရိုက်ခံပါ။ ကလေးတွေအတွက် အားကစားကွင်းတွေ ပျောက်ကွယ် သွားပြီး စည်ပင်သာယာနဲ့ အဆင်ပြေ တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေ အတွက်ဈေးတွေဖြစ်လာတယ်။ ကျေး လက်မှာ ယောက်ျားတွေ ပြည်ပသွား အလုပ်လုပ်နေလို့ မိန်းမတွေက လယ် ထွန်နေကြတယ်။ အမျိုးသား အစွန်း ရောက်တွေက လူတွေကို စည်းရုံးဖို့ ဘာသာရေးကို ခုတုံးလုပ်တယ်။ ဗုဒ္ဓ ဘာသာကိုကိုးကွယ်ယုံကြည်ကြပေ မယ့် လောဘ၊ ဒေါသ၊ မောဟတွေ ကတော့ ကြောက်ခမန်းလိလိပဲ။

တိုင်းပြည်မှာတော့ သဘာဝ ဓာတ်ငွေ့တွေရှိသေးတယ်လို့ပြောတာ ပဲ။ ရေနံတွေရှိသေးတယ်လို့ပြောတာ ပဲ။ ကျွန်းသစ်တွေရှိသေးတယ်လို့ ပြောတာပဲ။ ကျောက်စိမ်းတွေရှိသေး တယ်လို့ပြောတာပဲ။

ဂုဏ်သိက္ခာတွေရှိသေးတယ်လို့ ပြောတာပဲ။

ပြောတာပဲ...........

ဇော်သက်ထွေး
Tomorrow Journal 

ရှဉ့်နဲ့မှားပြီး လေသေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ဆုရ-မျိုးကောင်းမျိုးသန့် ကြောင်လေး




သီဟနိုင် on 2014-02-28 11:51    


ဆုရ-မျိုးကောင်းမျိုးသန့် ကြောင်လေးဟာ ရှဉ်နဲ့မှားပြီး လေသေနတ်နဲ့ ခေါင်းကို အပစ်ခံခဲ့ရပါတယ်။ ဦးခေါင်းခွံကို ထုတ်ချင်းပေါက် ပြီး ခေါင်းအတွင်းဘက် အနောက်နားထိ ၀င်ရောက်သွားခဲ့တာပါ။  အဲ့ဒီ့နောက်မှာတော့ ဗြိတိန် တိရိစ္ဆာန်ညှင်းပန်းမှု တားဆီးရေး တော်ဝင်အသင်း (RSPCA)က စုံစမ်းစစ်ဆေးရေး လုပ်ခဲ့ပါတယ်။

ဘင်္ဂလားအနွယ်ဖွား နှင်းကျားသစ်မျိုးဖြစ်တဲ့ ၅နှစ်သား ကြောင်လေး Karlovရှိနေခဲ့တဲ့ နေရာဟာ ရှဉ့်တွေ၊ ပိုမွှားကောင်တွေ ပေါတဲ့အတွက် မှားယွင်းပြီး အပစ်ခတ်ခံခဲ့ရတာပါလို့ ယုံကြည်ကြပါတယ်။

ကြောင်လေး Karlovဟာ နေ့လည် ၃နာရီလောက်မှာ ဦးခေါင်းခွံထိအောင် ပစ်ခတ်ခံလိုက်ရပြီးတဲ့နောက် တိမွေးကု ဆရာဝန်ရဲ့အိမ်ကို ပြေးဝင်သွားခဲ့ပါတယ်။ အဲ့ဒီ့ တိမွေးကု ဆရာဝန်ကပဲ သူ့အသက်ကို ကယ်တင်လိုက်တာပါ။ Karlovဟာ အသက်တော့ ချမ်းသာရာ ရခဲ့ပေမဲ့ ညာမျက်လုံး ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကြောင်ကို မှားယွင်းပစ်ခဲ့သူကတော့ ကြောင်ပိုင်ရှင် Martin Clark ဆိုသူ ကိုယ်တိုင်ပါပဲ။ မှားယွင်းပစ်ခတ်ခဲ့ပြီးနောက်မှာ Broxtowe Borough ကောင်စီကို ဆက်သွယ်ခဲ့ကြောင်း၊ Karlov ကြောင်လေးဟာ ကြောင်ရှိုးပွဲမှာ ဆုရထားသူဖြစ်ပြီး စတာလင်ပေါင် ၁၅၀၀ တန်ဖိုးရှိကြောင်း၊ ဒီလိုမျိုး နောက်တစ်ခါ မဖြစ်စေရပါဘူး ဆိုတဲ့ အကြောင်းတွေကို ပြောပြခဲ့တယ်။

“သူဟာ ကျွန်တော်တို့မိသားစု၊ ကျွန်တော်တို့ ကလေး။ သူအသက်ရှင်ပေမဲ့ ညာဘက်မျက်လုံးဆုံးသွားရတော့ ကျွန်တော်တို့ ရင်ကွဲရပါတယ်။ မျက်လုံးတစ်ဖက်တည်းရှိပေမဲ့ ပြိုင်ပွဲတွေ သူကြိုးစားပြီး ဆက်ပြိုင်နိုင်ဦးမှာပါ။ ဘင်္ဂလားအနွယ်ဖွား ကြောင်တွေက ခွေးထက်သေးပေမဲ့ ကြောင်တွေထက်လဲကြီးတယ်။ ဈေးကောင်းတယ်။ ချစ်စရာလည်း အရမ်းကောင်းတယ်။ သူ့လိုကြောင်မျိုးလေး အစားထိုးမရနိုင်ပါတော့ဘူးဗျာ။” လို့ Martin Clark ကပြောပါတယ်။
Trend

အလုပ်ခွင်မှာ ပြောင်းလဲသုံးစွဲသင့်တဲ့ စကား ငါးခွန်း



ထက်ဆု on 2014-02-28 11:37    
          ကျွန်ုပ်တို့ အလုပ်ခွင်ရောက်တဲ့အခါ တစ်စုံတစ်ခုကို ပြန်လည်တုံ့ပြန် မပြောဆိုခင် အမြဲတမ်း နှစ်ခါပြန်လောက် စဉ်းစားသင့်ပါတယ်။ ဒါပမေယ့်လည်း ကိုယ့်ကိုယ်ကို ဒီလို ဆန်းစစ်ထိန်းချုပ်ဖို့ဆိုတာ ပြောသလောက်တော့ မလွယ်ပါဘူး။

          ဒီတော့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် (သို့) စီနီယာတွေနဲ့ ဆက်ဆံတဲ့အခါ မှန်ကန်တဲ့ စကားအသုံးအနှုန်း ရွေးချယ်မှု ငါးမျိုးကို ပြောပြချင်ပါတယ်။

(၁)     Say “In my experience” instead of “I think”

          ကိစ္စတစ်ခုကို သုံးသပ်ခိုင်းတဲ့အခါ “ကျွန်တော့်အထင်တော့” လို့မသုံးနှုန်းဘဲ “ကျွန်တော့်ရဲ့ အတွေ့အကြုံတွေအရ ဆိုရင်တော့” ဆိုပြီး သုံးနှုန်းပါ။ ဒါကတစ်ဖက်သားရဲ့ အတွေ့အခေါ်ကို သင့်အထင်နဲ့ တဖက်သတ်ကြီး တန်ဖိုးမဲ့ရာ မရောက်စေဘဲ သင့်အတွေ့အကြုံတွေကို အခြေခံပြီး ပြောတာကြောင့် ခိုင်မာတယ်လို့ ယူဆလို့ရပါတယ်။

(၂)     Say “Unfortunately my plate is full right now” instead of an outright “No”

          အထူးသဖြင့် မင်းရဲ့ စီနီယာက အလုပ်ပိုတွေမင်းဆီ သယ်ဆောင်လာတဲ့အခါမှာပေါ့ “မလုပ်နိုင်ဘူး” လို့ တခွန်းတည်းပြောလိုက်မယ့်အစား “ဟာဗျာ ။ ဒီနေ့မှပဲ ကျွန်တော့်မှာလည်း အလုပ်တွေက ပြည့်နေတယ်”  လို့ ပြောင်းလဲသုံးစွဲလိုက်ပါ။ ယတိပြတ်ငြင်းလိုက်လို့ သင့်ကို အမြင်စောင်းသွားမှာထက် စာရင်တော့ ဒီစကားက လှည့်ကွက်လေးတစ်ခုပေါ့။

(၃)     Say “Thanks but no thanks” instead of “I dislike/hate”

          တစ်စုံတစ်ယောက်ရဲ့ အထင်အမြင်ကို  အမြဲတမ်းတောင်းခံလေ့ရှိတဲ့ လူတွေဟာ အလုပ်မှာဆိုရင် ပိုဆိုးပါတယ်။ သင့်ကိုလည်း ဒါကိုဘယ်လိုထင်လဲလို့ မေးလာတဲ့အခါ သင်မနှစ်သက်တာကို တိုက်ရိုက် မပြောချင်ရင် “ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း မဖြစ်သေးဘူး” လို့ ပြောင်းလဲ သုံးနှုန်းကြည့်ပါ။

(၄)     Say “Interesting” instead of “What the hell!”

          တစ်ခါတလေ မထင်မှတ်ဘဲ၊ ရည်ရွယ်ချက်မရှိပဲနဲ့ “ဒါဘာကြီးလဲ” လို့ လွှတ်ခနဲထွက်သွားမိတတ် ပါတယ်။ အဲဒီအစားတော့ “စိတ်ဝင်စားဖို့တော့ကောင်းပါတယ်” ဆိုတာမျိုးလေး ပြောင်းသုံးကြည့်ပါ။ အဲဒီ စကားလုံးမှာ စော်ကားမော်ကား ပြုလိုတဲ့ သဘောထားတွေ မပါဝင်ဘူးဆိုတာ ထင်ရှားစေပါတယ်။

(၅)     Say “I’m not exactly sure but I can give it a try” instead of “It’s not my job”

          သင်နဲ့ မဆိုင်တဲ့ အလုပ်တစ်ခုကို လာပေးတဲ့အခါ “ဒါကျွန်တော့် အပိုင်းမဟုတ်ဘူး။ ကျွန်တော့် အလုပ်မဟုတ်ဘူး” လို့ ပြောမယ့်အစား “သိပ်တော့မသေချာဘူး ။ ဒါပေမယ့် ကျွန်တော် ကြိုးစားကြည့်ပေး မယ်လို့” ဆိုလိုက်တာက သူ့အတွက် စိတ်ကျေနပ်မှု ရစေပါတယ်။ တကယ်လို့ သင်မစွမ်းဆောင်နိုင် ခဲ့ရင်လည်း ဒါဟာ နဂိုကတည်းက သင့်အပိုင်းမဟုတ်မှန်း ကြိုပြောထားပြီးသားပဲလေ။

          ငယ်ပေါင်းကြီးဖော်တွေ မဟုတ်တဲ့ အလုပ်ခွင်က လူတွေနဲ့ စကားပြောရာမှာ မိသားစုလိုမဟုတ်ဘဲ သတိထားဖို့တော့လိုပါတယ်။ ဒီအသုံးအနှုန်းလေးတွေ ပြောင်းသုံးကြည့်ရင်တော့ အလုပ်ခွင်မှာ အားလုံးနဲ့ အဆင်ပြေပြီး စီနီယာတွေကလည်း ချစ်ကြမှာပေါ့။

Ref:mensxp.com
Trend

သူ ကိုယ့်ကိုစိတ်ဝင်စားနေလားဆိုတာ သိစေမယ့် အချက် ၅ချက်




မေသော် on 2014-02-28 15:12    
ကောင်လေးနဲ့ ကောင်မလေး တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေပေမယ့် ကောင်လေးက ဖွင့်မပြောဘူး။ အဲ့ဒီတော့ ကောင်မလေးလည်း ငါ့ကိုချစ်နေတာရော ဟုတ်ပါ့မလားလို့ တွေးမိကောင်း တွေးမိလာလိမ့်မယ်။ ကောင်မလေးက စပြီးဖွင့်ဟဖို့ မဖြစ်နိုင်တာကြောင့် ကောင်လေးရဲ့ အပြူအမူနဲ့ အရိပ်အမြွက်တွေကို ကြည့်ပြီး အဖြေထုတ်ရတော့မယ်ဆိုရင် ခုပြောပြပေးမယ့် အရိပ်အမြွက်၊ အပြုအမူလေးတွေနဲ့ ယှဉ်ပြီး စဉ်းစားဆုံးဖြတ်ကြည့်လိုက်တော့နော်။

၁။ကိုယ့်ဆီကို ဖုန်း sms တွေ ပို့နေမယ်ဆိုရင်

ကောင်လေးက ကိုယ့်ဆီကို အနည်းဆုံး တစ်နေ့ကို sms တစ်စောင်၊ ဒါမှမဟုတ် နှစ်စောင် အကြောင်းအရာ ကြီးကြီးမားမားမရှိဘဲ ပို့နေမယ်ဆိုရင် ဒါဟာ သင့်ကို သူစိတ်ဝင်စားနေတာ သေချာပါပြီ။

၂။ကိုယ့်ဆီကို အကြောင်းမရှိ အကြောင်းရှာပြီး ဖုန်းခေါ်မယ်ဆိုရင်

သူနဲ့ကိုယ်က အလုပ်အတူတူမို့ ခန့်မှန်းလို့မရဖြစ်နေရင် သူပြောတဲ့ စကားအကြောင်းအရာတွေကို ဆန်းစစ်ကြည့်ပါ။ အလုပ်နဲ့ မပတ်သက်တာမျိုးတွေ၊ တစ်ခုနဲ့တစ်ခု မတူညီတဲ့အကြောင်းအရာမျိုးတွေကို ရှာဖွေပြောနေပြီဆိုရင်တော့ ဒါလည်း သူကိုယ့်ကိုစိတ်ဝင်စားနေတဲ့အတွက် ကြိုးစားအားထုတ်မှု တစ်ခုပါပဲ။

၃။ကိုယ်နဲ့တွေ့ချိန်တိုင်း ကိုယ့်ကို အကြံဥာဏ်တောင်းခံတတ်သူဆိုရင်

ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်၊ အလုပ်အတွက်၊ ကျောင်းအတွက် စသဖြင့် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ အကြံဥာဏ်မျိုးတွေ ကိုယ့်ဆီက တောင်းခံတတ်တဲ့သူ ဆိုရင်လည်း ဒါဟာ ထည့်တွက်ရမယ့် အချက်တစ်ချက်ပါပဲ။

၎။ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်နက်ခ်ဝက်တွေမှာ ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပို့စ်လုပ်ထားရင်

တစ်ခါတစ်လေ သူနဲ့ကိုယ်ပြောမိတဲ့စကားလေးတွေကို သူ့ဖေ့စ်ဘွခ်စာမျက်နှာမှာ မြင်လိုက်ရပြီဆိုရင်တော့ သူ့စိတ်ထဲမှာ ကိုယ်ရှိနေပြီဆိုတာ သေချာပါတယ်။

၅။ကိုယ့်အကြောင်းတွေကို ကိုယ့်သူငယ်ချင်းတွေဆီက မေးမြန်းနေပြီဆိုရင်

ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအ၀ိုင်းမှာ ကိုယ်ဘယ်လိုဆိုတာမျိုး မသိမသာ စုံစမ်းမေးမြန်းနေပြီဆိုရင် သူဟာ ကိုယ့်ကိုစိတ်ဝင်စားနေလို့ပါပဲ။

ကဲ ဒီအချက်အလက်လေးတွေနဲ့ ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေးက ကိုယ့်ကိုပြုမူနေမယ်ဆိုရင်တော့ သူလည်း ကိုယ့်အပေါ် စိတ်ဝင်စားနေပြီလို့သာ မှတ်လိုက်တော့နော်။

Ref:.zergnet.com
Trend

ဆော်ဒီအာရေဗျရောက် မြန်မာမွတ်စလင်တစ်ဦး ဇနီးနှင့် သားသမီး လေးဦးကို မီးဖိုချောင်သုံး ဓားဖြင့် ထိုးသတ်


ဆ်ာဒီအာရေဗျနိုင်ငံ သို့ ရောက် ရှိနေသော မြန်မာနိုင်ငံမှ မွတ်စလင်တစ်ဦးသည် ၎င်း၏ ဇနီးနှင့်သားသမီးလေးဦးကို မီးဖိုချောင် သုံးဓားဖြင့် ထိုးသတ်ခဲ့ပြီး ထိုသို့သတ်ဖြတ်ရခြင်းမှာ ၎င်းတို့အား ချစ်ခင်ခြင်းကြောင့်ဖြစ်သည် ဟု ပြောကြား ခဲ့ကြောင်း Emirates 24/7 သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။
ရှေးရိုးဆန်သော ပင်လယ်ကွေ့နိုင်ငံ ဆော်ဒီအာရေဗျတွင် ယခုဖြစ်ပွားခဲ့သော မှုခင်းကြောင့် လူအများကြား ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။ ယခုဖြစ်ရပ်မှာ ဗုဒ္ဓဟူးနေ့ အရုဏ်ဦးအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏တိုက်ခန်းကျဉ်းလေးတွင် မိသားစုအားလုံး သွေးအိုင်ထဲ၌ လဲကျသေဆုံးလျက်ရှိသည်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ ရှိခဲ့သည်။
အသက် ၄၂ နှစ်အရွယ် Abu Al Kalam က ၎င်းသည် အသက် ၃ဝနှစ် အရွယ်ဇနီး အပါအဝင်၊ အသက် ကိုးလမှ ခြောက်နှစ်အထိရှိသော သမီးလေးဦးအား ဓားဖြင့် လည်ပင်းအားလှီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့အား သတ်ဖြတ်ပြီးနောက် Abu Al Kalam သည် ဆော်ဒီနိုင်ငံသား အလုပ်ရှင်ကိုဖုန်းဆက်၍ မှုခင်းအကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် ၎င်းသည် ဆုတောင်းရန်အတွက် မက္ကာအနီးရှိ မဟာဝတ်ကျောင်းတော်သို့ သွားရောက်ပြီး ဝတ်ကျောင်းတော်တွင် နာရီပေါင်းများစွာ နေထိုင်ခဲ့ပြီးမှ ရဲတပ်ဖွဲ့ထံသို့ လာရောက်အဖမ်းခံခဲ့သည်ဟု သိရသည်။
မိသားစုအား သတ်ဖြတ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ၎င်းကထွက်ဆိုရာတွင် နောက်ထပ် ရက်အနည်းငယ်အတွင်း၌ ၎င်းအနေဖြင့် သေဆုံးသွားမည်ဖြစ်သည်ဟု အာရုံရနေခဲ့ပြီး ၎င်း၏မိသားစုအား စိတ်ဆင်းရဲ ကိုယ်ဆင်းရဲမထားခဲ့လိုသောကြောင့် ယခုလို ၎င်းနှင့်အတူ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ၎င်း၏မိသားစုအား အလွန်ချစ်ခင်သောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိ ရသည်။
Credit: EMG

ပန်းခြွေမုန်တိုင်း သတိထား




================

ကျွန်မတို့ မြန်မာနိုင်ငံဟာ သူ့ကျွန် ဘဝ ရောက်ခဲ့ကြတာ ကိုယ်တွေ့ကြုံခဲ့ရ သူ ဘိုးဘေးတွေ မရှိတော့ပေမယ့် သမိုင်း ကြောင်း သင်ကြားဖူး သူရော၊ လက်ဆင့် ကမ်း သမိုင်းကြောင်းတွေကြောင့် သိသူ အများအပြား ရှိပါတယ်။ ဗိုလ်ချုပ်အောင် ဆန်း ခေါင်းဆောင်သော အာဇာနည် များက အသက်ပေး စတေးခဲ့ပြီး သူ့ကျွန် ဘဝက လွတ်မြောက်အောင် ကြိုးပမ်းခဲ့ ပြီး လွတ်လပ်ရေး ရယူခဲ့ပါတယ်။

နောက်တစ်ကြိမ် သူ့ကျွန်ဘဝမ ရောက်အောင် သန်း ၆ဝသော ပြည် သူများက အသက်ပေး ကာကွယ်ရမှာ မြန်မာပြည်သား တိုင်းရဲ့ တာဝန်များပင် ဖြစ်ပါတယ်။ သို့သော် ယခုအချိန် မှာ တိုင်းပြည်ရဲ့ သယံဇာတ လူသား အရင်း အမြစ်တွေပါ ဆုံးရှုံးနေရတဲ့ အတွက် နှ မြောစရာ အလွန်ကောင်းပါတယ်။ ကျွန်မ ဒီဇင်ဘာလ တွင် မူဆယ် သို့ သွားရောက်ခဲ့ရာ တွေ့မြင်ခဲ့ရတဲ့ မြင် ကွင်းများက ဝမ်းသာရမှာလား၊ ဝမ်း နည်းရ မှာလားတောင် မတွေးတတ်ခဲ့ ပါဘူး။ ကျွန်မတို့ နိုင်ငံက ထွက်သော ကုန် ပစ္စည်းများကို ကုန်သည်ကြီး၊ ကုန်သည်လေးများက ရောင်း ဝယ် ဖောက် ကားနေကြတာ စုံလှပါတယ်။ အခွန် ဆောင်ပြီး ရောင်းသလို၊ အခွန်မ ဆောင်ဘဲ ရောင်းတဲ့ ပစ္စည်း လည်းပါ မယ်ထင်ပါ တယ်။ ရေထွက်ကုန် များဖြစ် သော ပုစွန်၊ ငါးသလောက်၊ ကကတစ်၊ ငါးကြင်းဖြူ၊ ကဏန်း၊ ငါးရှဥ့်၊ ပြည်ကြီး ငါး၊ တောက်တဲ့ နဲ့ ရေထွက် ပစ္စည်းအမျိုး မျိုးဟာ နိုင်ငံကူး လက်မှတ်မရှိ၊ ဗီဇာမရှိ ဘဲ တစ်လမ်းလုံး တိုးတိုးဝှေ့ လိုက်ရသ ဖြင့် နိုင်ငံခြား မရောက်မီ လမ်းခုလတ်မှာ သေတဲ့ သတ္တဝါ များလည်း ရှိပါ တယ်။ အဲ ဒီအသေကောင် များကို စွန့်ပစ် ရသဖြင့် တချို့နေရာများမှာ အနံ့အသက် မ ကောင်းပေ။ ကြိုးစား ပမ်းစား ရောင်းဖို့ ယူသွားသော်လည်း အရည်အသွေး မမီ ဟု ဆိုကာ ဈေးနှိမ်ပြီး ဝယ်တဲ့ သူလည်း ရှိပြန်သေးတယ်။ ဝယ်လက် မရှိ ပြန်ရင်လည်း သက်ရှိ သတ္တဝါတွေကို ပြန်သယ် စရိတ်နဲ့ ခရီးစရိတ်၊ စားစရိတ်က ရှိသေး တော့ နောက်ဆုံး ရရာဈေး နဲ့ အရှုံးခံပြီး ရောင်းချ ရသလို၊ သတ္တဝါများ သေကျေ ပျက်စီး ကုန်၍ တွေ့ရာနေရာမှာ စွန့်ပစ် ခဲ့ရတာလည်း မနည်းပါ။ ဒါကြောင့် လည်း မူဆယ်ရောက်ခါနီး လမ်းမှာ အနံ့ အသက်များ ရတာပဲလို့ တွေးမိပါတယ်။

၎င်းတို့ နိုင်ငံမှထွက်သော အရည် အသွေးမမီ အရောအနှော ပစ္စည်းများ၊ စားသုံးရန် မသင့်သော ပစ္စည်းများ ကိုမူ မြန်မာပြည်သူများက မြိန်ရေ ရှက်ရေ စားသောက် ပြီး ရောဂါဘယ ထူပြောသူ များလည်း အများကြီးရှိပါတယ်။ ”ဘယ် သူသေသေ ငတေမာရင် ပြီးရော” ဆိုတဲ့ စိတ်ဓာတ် များပင် ဖြစ်တော့တယ်။ သူ တို့နိုင်ငံ အတွက် ကုန်ပစ္စည်း များကိုတော့ ကောင်းပေ့ ညွန့်ပေ့ ပစ္စည်းမျိုးကိုသာ ဝယ်ကြတာပါ။ ဒီတော့ မြန်မာပြည်သူ ပြည်သားများ ဂုတ်သွေး စုပ်ခြင်း အမျိုး မျိုးခံနေ ရခြင်း အပေါ် အဖြေတစ်ခု ရှာ သင့်ပါပြီ။

ကျွန်မတို့ အဖွဲ့ မူဆယ်မှာ တစ်ည အိပ်ပြီး နောက်တစ်နေ့ ကျယ်ဂေါင် (ယူ နန်ပြည်နယ်) မြို့ထဲဝင်ရန် ဂိတ်မှာ တန်း စီ အစစ်ဆေးခံပြီး သူတို့နိုင်ငံက ကားကို စီး (ငှားစီး တာဖြစ်တယ်) ပြီး လျှောက် လည်တော့ လမ်းဘေး ဝဲယာမှာ တုံးလုံး လှဲထားတဲ့ ပိန္နဲပင် များကို အများအပြား တွေ့ ရသလို မြန်မာနိုင်ငံမှ ထွက်သော သစ်ပင်ပန်းမန် အချို့ တွေ့ရတယ်။ ဒါ့ အပြင် ကျွန်း၊ ပျဉ်းကတိုး၊ သစ်လုံးများ ဘယ်လို ပုံစံနဲ့ ရောက်ပြီး အများအပြား တွေ့နေရပါသလဲ။ စောစောက တွေ့တဲ့ ပိန္နဲပင် တစ်ပင်ရဲ့ အရွယ် အစားက လုံး ပတ် သုံးပေပတ်လည်၊ နှစ်ပေပတ်လည်၊ အမြင့်က ပေနှစ်ဆယ် အစိတ်လောက် ရှိ တယ်။ အရင်းဘက်က အမြစ်အုံ ကို ဂုံနီ အိတ်အပါး နဲ့ ပတ်ထား တယ်။ ဆောင်း ကာလ ဆိုသော် လည်း နေပူပူမှာ ဒီအ ပင်တွေ ဘာလုပ် မှာလဲဟု ကျယ်ဂေါင်မှာ နေတဲ့ ဦးမောင်ကြီးကိုမေးတော့

”ပြန်စိုက်မှာလေ၊ မြန်မာပြည်က ဝယ်ထားတာ။ ဒီအရောက် တစ်ပင်ကို ဆယ်သိန်းလောက်ရတယ်”။

ဦးမောင်ကြီး အပြောကြောင့် ကျွန်မ အံ့သြ ရပါပြီ။ ဒီလိုကြီးတဲ့ အပင် တွေ ရှင်အောင် ဘယ်လို စိုက်မှာလဲလို့ တွေးမိပါတယ်။ အရင် တစ်ခေါက်လာ တုန်းက ဘေးဝဲယာ မှာ စိုက်ထားတဲ့ စက္ကူ ပန်းပင်နဲ့ အခြားပန်းပင်များ လုံးဝ မတွေ့တော့ပါ။ အပင်တွေ ရှင်ပါ့မလား၊ ဘာကြောင့် လမ်းဘေးမှာ ပိန္နဲပင်တွေ စိုက်ရသလဲ လို့ မေးကြည့်တော့

”ယူနန်မြို့တော်ဝန် တစ်ယောက် ပြောင်းသွားပြီလေ၊ အခု မြို့တော်ဝန်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေး ထားတယ်။ ပိန္နဲပင်ဟာ အောက်စီ ဂျင် ထုတ်ပြီး ကာဗွန် ဒိုင်အောက်ဆိုဒ်ဓာတ် ကို စုပ်တယ် အစ်မ၊ ဘယ်လိုရှင်အောင် စိုက်သလဲ ဆိုရင် အစ်မရှေ့နားမှာတွေ့ပါ လိမ့်မယ်”။

တကယ်ပါပဲ၊ လမ်းဘေးတချို့ နေရာတွေမှာ ပိန္နဲပင်တွေ စိုက်ထားပါပြီ။ စိုက်ပုံ ကလည်း ထူးခြားပါတယ်။ အောက် ခြေ မလှုပ်အောင် သံတန်းများ နဲ့ထောက် ထားပြီး အဖျားပိုင်းကို အညွန့်အဖူး အရိပ်ရအောင် ထီးလိုမျိုး အကာအရံ တစ် ခုကို သေသေချာချာ ချည်နှောင် အုပ်မိုး ထားတယ်။ ပိန္နဲပင် တစ်ပင်ကို ဆေးပု လင်း သုံးပု လင်းလောက် ချိတ်ထားတယ်။ လူမမာ တစ်ယောက်ကို ဆေး သွင်းထားသလိုပါပဲ။ အမြစ် အားဆေး က အရင်းဘက်မှာ။ အပင်အားဆေး၊ အရွက်အတက် ထွက်ဆေးများ က လည်း လူတစ်ယောက်ရဲ့ လက်မှာ ချိတ်သလို ချိတ်ထားတယ်။

”တစ်လလောက်မှာ အညွန့်ထပ် ထွက်ရင် ပုလင်းတွေ အမိုးတွေကို အကုန်ဖြုတ်မှာ အစ်မရဲ့။ ပထမဆုံး စိုက်တဲ့ အပင်တွေ သီးတောင်နေပြီ။ အစ်မ ကြည့်သွား၊ ကျွန်တော် ပြမယ်”

အံ့သြလောက်ပါရဲ့၊ ကျွန်မတို့က ထိုင်းနိုင်ငံက ထွက်တဲ့ ပိန္နဲပင်ကို အားရ ပါးရ စိုက်နေကြတဲ့ အချိန်မှာ တရုတ်နိုင် ငံသားများက လူသား အရင်းအမြစ် ကို အသက် ရှည်ရာ ရှည်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးများ လုပ်လို့ အားကျ မိပါရဲ့။ ကိုယ့်နိုင်ငံက ထွက်တဲ့ ပစ္စည်း များ မည်မျှ အာနိသင် စွမ်းအား ရှိတာကို ဂရုမပြုမိကြပါ။ ဝမ်းနည်း စရာ ကောင်း လှပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း အိမ်မှာစိုက်ထားတဲ့ ပိန္နဲပင်နှစ်ပင်ကို ခုတ် ပြီး ထိုင်းနိုင်ငံမှ ထွက်သော ပိန္နဲပင် ပုလေး နှစ်ပင် စိုက်ထားခဲ့တယ်။ ခုတ်ပစ် လိုက်တဲ့ ပိန္နဲပင်များဟာ အမွှာသေးပေမယ့် ချိုအိနေပါတယ်။ ထိုင်း ပိန္နဲသီးများ က အမွှာကြီးပြီး အသားထူကာ အမြင် လှနေတော့ မက်မောမိတာ အမှန် ပါ။ ပေါ်ခါ စက ကောင်းပေမယ့် ယခု မြန် မာပြည်တွင် စိုက်ပျိုးပြီး ရောင်းချ ကြရာ အမြင် လှပေမယ့် အချိုပေါ့ပြီး မြန်မာပိ န္နဲသီးလောက် အရသာ မရှိတော့ပါ။ ရေ မြေကြောင့်လား၊ နည်း စနစ်ကြောင့်လား တွေးတော စရာ ဖြစ်ပါတယ်။

ကျွန်မတို့ အမိမြေဟာ ရတနာသိုက်ကြီး တစ်ခု ဖြစ်နေတာ လူသား တိုင်း အသိပါ။ သို့သော် ထုတ်မသုံးတတ် တော့ မြေ အရင်းအမြစ်၊ ရေ အရင်းအ မြစ်၊ သစ်တော ထွက် များ ဆုံးရှုံးနေတာ နှမြောစရာကောင်း လှတယ်။

မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ဘုရား၏ တရားတော်ထဲတွင် ”ရေကန် ကြီး၏ အလယ်တွင် ဖူးပွင့်နေသော ကြာ ပန်းမှ ဝတ်ရည်၏ အရသာကို ရေကန်ထဲ မှဖား သည် မစားသုံးတတ်ဘဲ အဝေးမှ လာသော ပျားများကသာ စားသုံးသကဲ့ သို့ မြန်မာပြည်မှ ပေါ်ထွက် လာသော ဝိပဿနာ တရား၏ အရသာကို မြန်မာ ဗုဒ္ဓဘာသာ အများစုက မခံစားတတ် သော် လည်း နိုင်ငံခြား၊ ဘာသာခြားမှ ဗုဒ္ဓဘာသာ ဖြစ်လာ သူများက ခံစား တတ်ကြ၏” ဟု ဟောကြား ထားပါတယ်။ ကျွန်မ တို့ ပြည်သူ များလည်း ထိုကဲ့သို့ ဖြစ်နေပြီလားဟု တွေးမိပါတယ်။ ပို၍ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တစ်ချက် က အခုအချိန် လူသား အရင်းအမြစ်များ ဆုံးရှုံး လာနေပြီ။ လူ အချင်းချင်း ခေါင်းပုံ ဖြတ်ရုံမက ပို့စရာကုန် ရှားလာပြီ ထင်ပါ ရဲ့။ လူသားများ ကိုပင် ကုန်ပစ္စည်းတစ် မျိုးသဖွယ် လူကုန်ကူးမှု များက အမျိုး သားကောင်း အမျိုး သမီးကောင်း များကို မညှာမတာ မက်လုံးပေးပြီး ကုန်ကူးလာ ကြပြန်ပြီ။ ငွေကြေး၊ ရွှေ အမြောက်အ မြားရမယ် ဆိုတဲ့ မက်လုံးပေးတဲ့ ပွဲစားတွေ ကြောင့် တရုတ် လူမျိုး များ ငွေဝယ်မယား ဖြစ် သူက ဖြစ်သလို၊ အနှိပ်ခန်း၊ မာဆတ် ခန်း၊ စားသောက်ဆိုင် ပြည့်တန်ဆာအ ခန်းရောက် သူတွေလည်း ယူနန်ပြည် နယ်ရဲ့ ကျေးရွာများ တင်မက တရုတ် ပြည်မကြီးသို့ ရောက်နေပြီ ဟုသိရတော့ စိတ်မကောင်း ဖြစ်မိပါ တယ်။ စဉ်းစားစ ရာတစ်ခုက လူသား (မိန်းမများ)ဟာ ကလေး ထုတ်တဲ့ စက်ရုံ တစ်ရုံ မဟုတ်ဘဲ ကလေးမွေးဖွားဖို့ အတွက် သူတစ်ပါး နိုင်ငံမှာ မျက်နှာငယ်စွာ နေရခြင်း အ ပေါ် ဘာကြောင့် နိုင်နိုင်နင်းနင်း မနှိပ် ကွပ်ပါသလဲဟု တွေးမိပါတယ်။

လူမှောင်ခို များဟာ နယ်စပ်ကနေ တစ်ဆင့် ရောင်းစား ကြပါတယ်။ အများ ဆုံးက မူဆယ် နယ်စပ်၊ မြဝတီနယ်စပ် များမှာ လူမှောင်ခို များရဲ့ ဈေးကွက်စီး ပွားရေးက အခွန်ဆောင်စရာ မလိုဘဲ ဈေးပြိုင် စနစ်ဖြင့် ရောင်း ချနေလေတော့ အနာဂတ်အတွက် ရင်လေးမိပါတယ်။ သိလျက်နဲ့ သွားသူ ရှိသလို နားမလည် ဘဲ အဆွယ်ကောင်း လို့ ရောင်းစား ခံရ သူများ အများအပြား ရှိနေပါတယ်။

ခုတစ်ခါ ဟောင်ကောင်မှ အိမ် အကူများ ခေါ်ဖို့ အတွက် အေးဂျင့်များ ကို ကမ်းလှမ်း နေပြန်ပြီ။ မက်လောက် အောင်ပေးထားတဲ့ ငွေကြေးေ ကြာင့် ကျေကျေနပ်နပ် သွားကြမှာ မြင်ယောင် ပါသေးတယ်။ ကောင်းတဲ့ အိမ်ရောက်ရင် တော်ပါသေးရဲ့၊ မကောင်းတဲ့ အိမ်ရောက် ရင် နှိပ်စက်မှာ စိုးရိမ်ရပါတယ်။ ဒါ ထက် ပိုဆိုးတာက မိန်းမ သားမို့ စော် ကားမှာကိုလည်း စဉ်းစားသင့်ပါတယ်။ သာဓက တစ်ခု ပြောချင်ပါတယ်။ ကျွန်မ တူမလေး တစ်ယောက် အမေရိကန်နိုင်ငံ မှာ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ် တစ်ခု လုပ်ပါတယ်။ ဆိုင်ရှင် လင်မယား က ဗီယက်နမ် လူမျိုးပါ။ တူမလေးနဲ့အ တူ အခြားနိုင်ငံသူ သုံးလေးဦး ပါပါတယ်။ အရှေ့တိုင်း သူတွေပါပဲ။ လစာ လည်း ကောင်းတော့ တူမလေးက အလွန်ဝမ်း သာနေပါတယ်။ အလုပ်စ ဝင်ပြီး လေး ရက်မြောက်နေ့မှာ ဆိုင်ရှင် ရဲ့ဇနီးက တူမလေးကို ဒီည သူ့ယောက်ျား နဲ့ အိပ် ရမယ် လို့ ပြောပါလေရော။ ဒီတော့ တူမလေးက အလွန် အံ့သြသွားပါတယ်။ မထင်မှတ်တဲ့ စကား ကြားရလို့ပါပဲ။ တူမလေးက ဒေါသ ထွက်ပြီး မလုပ်နိုင် ကြောင်း ၊ ကျောင်း လာတက်ပြီး အချိန် ပိုင်း အလုပ်သာ လုပ်ချင်ကြောင်း၊ မိဘ များက မြန်မာနိုင်ငံမှာ ချမ်းသာသူ ဖြစ်လို့ သူ့ဘဝကို ငွေနဲ့မလဲ လိုကြောင်း ပြန်ပြောတော့ တစ်ခါ တည်း အလုပ်ထုတ် လိုက်ပါတယ်။ ပြီးတော့ ဆိုင်ရှင် အမျိုး သမီးက ပြောသေးတယ်။ အခြား ဝန် ထမ်းတွေက သူ့ယောက်ျားရဲ့ အလို လိုက်လို့ အခုလို မြဲနေပြီး လစာ ပိုကောင်း တယ်လို့ ဆိုပါတယ်။ တူမလေး ဖုန်းဆက် ပြောပြတော့ အားလုံး ရင်တမမနဲ့ နား ထောင်ရပါတယ်။ တူမလေးက ပညာလို ချင်လို့ သာသွားတာ သူ့အပျိုစင် ဘဝကို ဘာနဲ့မှ မလဲနိုင်ဘူးဆိုလို့ စိတ်အေးရ ပါတယ်။ (ခုတော့ မြန်မာလူမျိုး၊ အင် ဂျင်နီယာ တစ်ဦးနဲ့ လက်ထပ် သွားပါပြီ)။ ဖတ်ကောင်းအောင် လုပ်ကြံပြောတာ မ ဟုတ်ပါဘူး။ တကယ့်ဖြစ်ရပ်မှန်ပါ။

ဒါကြောင့် နိုင်ငံရပ်ခြားမှာ အိမ် အကူ လုပ်ချင်သူများအတွက် တူမလေး လို စိတ်ဓာတ် ခိုင်မာဖို့ လိုပါတယ်။ ဖြစ် နိုင်ရင် စက်ရုံ၊ အလုပ်ရုံ များမှာ တစ်စု တစ်ဝေးတည်း သွားလုပ်သင့်ပါတယ်။ ဒီသတင်း ဖတ်ပြီးကတည်းက ကျွန်မတို့ မြန်မာ အမျိုးသမီးများ ရောင်းစားခံရပြီး ဘဝပျက်သူတွေ ရှိသလို ကျွန်ဘဝရောက် ကြဦးမှာ လားလို့ တွေးမိရင်း၊ ဆင်ခြင် စဉ်းစားပြီးမှ သွားဖို့ ဆုံးဖြတ်စေချင်ပါ တယ်။ မိဝေးဖဝေး တစ်ယောက်တည်း အလုပ်သွား လုပ်ရမှာကိုပါ ထည့်စဉ်းစား စေချင်ပါတယ်။ ဝန်ဆောင်မှု စရိတ်က လည်း နည်းမှာ မဟုတ်ဘူး။ ရတဲ့ငွေ ကြေးနဲ့ ဒုက္ခရောက် ရတာနဲ့ မကာမိဖြစ် နေရင် မိအေးနှစ်ခါနာ ဖြစ်ပါလိမ့်မယ်။

ကျွန်မတို့ ပြည်တွင်းက အိမ်အကူ များတောင် နှလုံးသားမရှိတဲ့အိမ်၊ ရက် စက်ကြမ်းကြုတ်တဲ့ အိမ်ရောက် သွားရင် နှိပ်စက်ခံရတဲ့ သာဓကများစွာ ရှိပါတယ်။ မီးပူနဲ့ထိုး၊ ကြက်မွေး တံမြက်စည်း နဲ့ရိုက်၊ ရေနွေးပူနဲ့လောင်း၊ လူသေအောင် နှိပ် စက်ကြတဲ့အပြင် အိမ်ရှင် အမျိုးသားများ ရဲ့ အသွေးအသား စုပ်ယူခြင်း ခံရတဲ့လူ တွေလည်း မကြာ ခဏ စာမျက်နှာပေါ် မှာ ဖတ်နေရပါတယ်။

ကျွန်မအိမ် မှာလည်း အိမ်အကူ ကောင်မလေး ရှိပါတယ်။ သူရတဲ့ လစာ ထဲက မိဘတွေဆီ ပို့ပြီး ကျန်တာကို စု ပေးပြီး၊ ရွှေတိုရွှေစလေး များ လုပ်ပေးပါ တယ်။ ကျွန်မ အနေ နဲ့ ကိုယ်ချင်းစာစိတ် နဲ့ ဆက်ဆံပြီး အိမ်စေအိမ်ဖော် ဆိုတာ ဘယ်တော့မှ မပြောခဲ့ဘူး။ မွေးစားသမီး လို့သာ ပြောဆို မိတ်ဆက်ပေးပါတယ်။ ညတိုင်း ဘုရား ရှိခိုးမေတ္တာ ပို့ခိုင်းပါတယ်။ ပဋ္ဌာန်းလည်း သင်ပေးပါတယ်။

ဘုရားရှိခိုးပြီးတိုင်း ကောင်မလေး က ကျွန်မတို့ ဇနီးမောင်နှံ ကို ရှိခိုးပြီးမှ အိပ်တယ်။ ကျွန်မ သူ့ကို ဆုပြန်ပေးပါ တယ်။

”ရှေ့ဆက် ရမယ့် ဘဝခရီးဖြောင့် ဖြူးပါစေ။ အန်တီတို့ အိမ်မှာပဲ သမီး သံသရာကြွေးတွေ အမြန်ဆုံး ကျေပါစေ” လို့ ဆုပေးပါတယ်။ ပြီးတော့ ပေးတဲ့ဆု နဲ့ ပြည့်ပါစေ သားလို့ ပြန်ပြောလေလို့ ပြောတော့…

”ကျေချင်ပါတယ် အန်တီ၊ ဆု တောင်းလည်း ပြည့်ချင်ပါတယ်။ ဒါပေ မဲ့ အမြန်ဆုံး ဆိုတာတော့ မဖြစ်ချင်သေး ဘူး။ အန်တီတို့ အိမ်က ပြန်ရင် သမီး အမေက သမီးကို တစ်နေရာ ပို့ဦးမှာပဲ။ ဒါကြောင့် အန်တီ တို့နဲ့ အိမ်ထောင် ကျတဲ့ အထိ သမီးကြွေးဆပ်ပါရစေ”တဲ့။

ကျွန်မ သနားလွန်းလို့ ဘာပြောရ မှန်းတောင် မသိတော့ပါဘူး။ ကလေးမ လေးက ကျွန်မကို တစ်ခါ တစ်ရံပြောတဲ့ စကားများက ကျွန်မ နားထဲက ဘယ် တော့မှ ထွက်မှာ မဟုတ်ပါဘူး။ သူမ ပြောတဲ့စကားက

”အန်တီရယ် အိမ်ဖော်လိုက်လုပ် ရတာ သမီးဆယ်နှစ်ကျော် ကတည်းက အိမ်ပေါင်းလည်း မနည်းတော့ဘူး။ သမီး ဟိုဘဝက သူများ အကြွေးတွေ ယူပြီး မဆပ်ခဲ့လို့ ခုဘဝ မှာ ကျွန်ခံရတာလား မသိဘူးနော်” တဲ့။

ဒါကြောင့် နိုင်ငံခေါင်းဆောင်ကြီး များရဲ့ အသက်သွေးနဲ့ ပေးဆပ်ပြီး ရယူ ခဲ့ကာ သူ့ကျွန်အဖြစ်မှ လွတ်မြောက် လာကြတဲ့ နိုင်ငံသားများဟာ တစ်ပါးသူ ရဲ့ ကျွန် ဘဝပြန် မရောက်အောင် ကာ ကွယ်ရမှာ လူသားတိုင်း မှာ တာဝန်ရှိပါ တယ်။ ထို့အတူ အမျိုးသမီး များလည်း ကိုယ့်နိုင်ငံမှာပဲ အေးအတူ ပူအမျှ လုပ် ကိုင် စားသောက်ပြီး တိုင်း တစ်ပါးမှာ အနိမ့်ဆုံး လူတန်းစား အဖြစ် အလုပ် မလုပ်စေချင်ပါ။ အိမ်အကူ ပဲခေါ်ခေါ်၊ အိမ်စေ ပဲခေါ်ခေါ်၊ အိမ်ဖော် လို့ပဲ ခေါ် ခေါ် တကယ်တမ်း ကျတော့ ”ကျွန်” လို့ ပဲ သတ်မှတ် ကြမှာပါ။ ဒါကြောင့် လော ကအကြွေး၊ သံသရာကြွေး မပါအောင် အခုဘဝမှာ ကြွေးကျေအောင် ဆပ်ကြ ပါဟု မေတ္တာရှင် ရွှေပြည်သာ၏ တရား စာအုပ်ထဲမှ စာသားလေးနဲ့ နိဂုံးချုပ် လိုက်ရပါတယ်။

နီနီနိုင် (သထုံ)
Popular Myanmar News Journal

ပုသိမ်ထောင်အတွက် မူကြိုကျောင်းဖွင့်






မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ထောင်တွင်းမူကြိုကျောင်းကို ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်ထောင်မှာ ကြာသပတေးနေ့က ဖွင့်လှစ်ခဲ့ပါတယ်။

အကျဉ်းကျအမျိုးသမီးများ၊ ထောင်ဝန်ထမ်းများရဲ့ကလေးတွေ အတွက် စာသင်ခန်း၊ ကစားကွင်းနဲ့ သင်ထောက်ကူပစ္စည်းတွေ ပါဝင်တဲ့ ဒီကျောင်းဖြစ်မြောက်ရေးအတွက် The Bridge of Life - ဘ၀ပေါင်းကူးတံတား အမည်ရှိတဲ့ ပြည်ပ NGO  တခုက   စီစဉ်ပေးခဲ့တာပါ။

အကျဉ်းထောင် ၄၄ ခု၊ အလုပ်ကြမ်းစခန်း   ၄၆ ခု ရှိတဲ့ မြန်မာပြည်မှာ ဒီလိုအဆင့်ရှိပြီးကောင်းမွန်တဲ့ ကျောင်းက ဒီတကျောင်းပဲ ရှိတယ်လို့   ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုးက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ကလေးတွေစာသင်တာတွေကတော့ အရင်ကတည်းက တနိုင်တပိုင်လုပ်ပါတယ်။ ဒါပေမယ့် သင်ထောက်ကူပစ္စည်းတွေနဲ့ ကစားကွင်းနဲ့ ကျောင်းဆောင်နဲ့ သီးသန့်မူကြိုကျောင်းရယ်လို့ အကျဉ်းဦးစီးဌာနမှာမရှိဖူးပါဘူး။ ဒါက ပထမဆုံးလို့ ပြောလို့ရပါတယ်”

 ၁၃၆ သိန်း ကုန်ကျတဲ့ ဒီကျောင်းဆောင်က   အကျဉ်းထောင်နဲ့ အနီးဆုံးနေရာမှာတည်ဆောက်ထားတာပါ။

ကလေး  ၅ ယောက်ကတော့ အကျဉ်းကျအမျိုးသမီးတချို့ရဲ့ ကလေးတွေဖြစ်တယ်၊ ၁၄ ယောက်က   ၀န်ထမ်းမိသားစုတွေရဲ့ ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။

  ကျောင်းဖွင့်ချိန်ကတော့ မနက် ၉ ကနေ  ညနေ ၃ အထိပါ။

“ကျမတို့ကလေးတွေကို နေ့ခင်းဘက်ဆို ဒီမူကြိုကျောင်းကို ပို့ထားပြီး ညပိုင်းကျတော့ ကျမဆီ ပြန်ခေါ်ထားတာပေါ့။
ကလေးအတွက် စားဖို့သောက်ဖို့ဘာမှထည့်ပေးစရာမလိုဘူး။ ကျောင်းလခလည်း ပေးစရာ မလိုပါဘူး။
အကုန်လုံးကျောင်းကပဲ တာဝန်ယူပေးပါတယ်။
အရင်တုန်းကတော့ မူကြိုမရှိတော့ ကလေးတွေကို တနေရာမှာစုပြီး စာသင်တာတော့ ရှိခဲ့တယ်။
အခုလို ကျောင်းအဖြစ်တော့ မရှိခဲ့ဘူး။ အခုလို မူကြိုကျောင်းလေးမှာ ကျမသားလေးကို ထားရတော့ အရမ်းဝမ်းသာပါတယ်” လို့ ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ မမိုးမိုးက ပြောပါတယ်။

မူကြိုကျောင်းလေးထဲကို သွားလေ့လာကြည့်တော့ အရုပ်တွေ၊ စက်ဘီးလေးတွေစီးပြီး ကလေးတွေလည်း ပျော်နေကြသလို အကျဉ်းကျ မိခင်တွေကလည်း သူတို့သားသမီးတွေရဲ့ အပြောင်းအလဲကို ကြည့်ပြီး ၀မ်းသာနေတာကို တွေ့ခဲ့ရပါတယ်။

အမျိုးသမီးတချို့က ကိုယ်ဝန်ဆောင်ကာလမှာ အထိန်းသိမ်းခံရတဲ့အတွက် သူတို့ရဲ့ ရင်သွေးတွေကို ထောင်ထဲမှာပဲ မျက်နှာမြင်ကြတာပါ။ မွေးလာတဲ့ ကလေးက မိခင်နဲ့အတူ အုတ်နံရံနဲ့သံတိုင်များကြား လပေါင်းများစွာ၊ တချို့ဆိုရင် နှစ်ပေါင်းများစွာ နေကြရတာပါ။

တခြားသော အကျဉ်းထောင်တွေမှာလည်း အခုလို ကလေးငယ်ကို သင်ယူစရာ၊ ပျော်ရွှင်စရာတွေ ပေးနိုင်တဲ့ ထောင်တွင်းမူကြိုကျောင်းလေးတွေ ပေါ်ပေါက်လာမယ်ဆိုရင် အပြစ်မရှိဘဲ မိခင်နဲ့အတူထောင်ထဲကိုလိုက်နေရတဲ့ကလေးငယ်တွေအတွက် ပညာရေးအခြေခံကောင်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။  - -

 အလှူရှင် Mr Edward Wayne Junior က ကျောင်းဆောင်ပေးအပ်ပွဲအခမ်းအနားမှာ ...
“အခုလို ကျနော်တို့ လှူဒါန်းနိုင်ခဲ့တာဟာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနဲ့
ဧရာဝတီတိုင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုးတို့ရဲ့ ကလေးတွေအပေါ်ထားတဲ့ စေတနာကြောင့်ပဲ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆလိုင်းသန့်စင်
The Irrawaddy

ဗီတာမင် စီရဲ့ အလှအပအပေါ် အကျိုးပြုပုံ ငါးချက်



ဗီတာမင်စီအကြောင်းကို အချိန်အနည်းငယ်ပေးပြီး ဖော်ပြပါဦးမယ်။ ဗီတာမင်စီဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက် ဘာကြောင့်များ အရေးတကြီးလိုအပ်ရတာလဲ။ အထူးသဖြင့်တော့ အန်တီအောက်ဆီးဒင့် ဓါတ်တွေက ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိနေအောင် ပူးကပ်ပေးထားတဲ့ ကော်လို ဂုဏ်သတ္တိနဲ့တူပါတယ်။
          ဒါပေမယ့်လည်း ဗီတာမင် C က ရေထဲမှာ ပျော်ဝင်နိုင်ပါတယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ သင့်ခန္ဓာကိုယ်ဟာ ဒီအရာကို တစုတဝေးတည်း တာရှည်ထိန်းသိမ်းမထားနိုင်ပါဘူး။ ဒါကြောင့် သူ့ကို နေ့စဉ် ပြန်လည်မှီဝဲပေးဖို့လိုပါတယ်။ ဗီတာမင်စီက အဓိက အကျိုးပြုတဲ့ အရာတွေကတော့ သင့်ရဲ့ ဆံပင် ၊ လက်သည်းနဲ့ အသားအရေတို့ပါပဲ။
(၁)     ဆံပင်ကို အကျိုးပြုခြင်း။
          ဆံပင်တွေ သန်စွမ်းပြီး ကျန်းမာဖို့အတွက်တော့ ဗီတာမင်စီက ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုပါ။ ဘယ်လိုအသုံးပြုမလဲဆိုတော့ ဗီတာမင်စီ ၊ မကျက်တကျက် ပြုထားတဲ့ အာလူး ၊ ဆီဖြူသီးခွက်တ၀က် ၊ စတော်ဘယ်ရီ သုံးလုံး နဲ့ ငရုတ်ပွအနီရောင်တို့ကို ရောပီး အနှစ်ကလေးတွေဖြစ်သွားတဲ့အထိ သမအောင် မွှေပါ။ ပြီးရင်တော့ ဆံပင်နဲ့ ဦးရေပြားပေါ်ကို ပေါင်းတင်သလို လိမ်းပြီး ဆယ့်ငါးမိနစ်ကနေ နှစ်ဆယ့်ငါးမိနစ် လောက်ကြာအောင် ထားပေးပါ။ ပြီးရင်တော့ ရေနွေးနဲ့ ဆေးချလိုက်ပါ။
(၂)     သင့်ကိုပိုပြီး အားပြည့်စေတယ်လို့ ထင်ရခြင်း။
          သင့်ရဲ့ စားသောက်မှုပုံစံမှာ ဗီတာမင်စီက သံဓါတ်ကိုအားဖြည့် စုတ်ယူပေးပါတယ်။ ဒါကြောင့် သင့်ကို အများအမြင်မှာ ပိုပြီး ကြံ့ခိုင်တဲ့ပုံ ပေါက်နေစေပြီး သင်ကိုယ်တိုင်လည်း အားအင်ပြည့်ဝနေတယ်လို့ ခံစားရနိုင်ပါတယ်။
(၃)     လက်သည်းရှည်နှုန်းမြန်စေခြင်း။
          ဗီတာမင်စီက ကျွန်ုပ်တို့ရဲ့ လက်သည်းကို သန်သန်စွမ်းစွမ်း ဖြောင့်ဖြောင့်မတ်မတ် ရှည်စေနိုင်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ အခြား ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ အရိုး ၊ တစ်သျှူးနဲ့ အသားအရေတို့ကိုပါ အားကောင်း စေပါတယ်။
(၄)     လက်စွယ်ငုတ်ခြင်းကို တားဆီးပေးခြင်း။
          ဘာကြောင့်လဲဆိုတော့ ဗီတာမင်စီက လက်သည်းတွေကို ခိုင်မာစေပြီး ကြီးထွားစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် လက်စွယ်ငုတ်ခြင်းကိုလည်း အလိုအလျောက် ကာကွယ်ပြီး ဖြစ်ပါတယ်။
(၅)     အိုးမင်းရင့်ရော်မှုလက္ခဏာများကို ကာကွယ်ပေးနိုင်ခြင်း။
          အသက်အလတ်ပိုင်း အရွယ်ရှိတဲ့ အမျိုးသမီးတွေဟာ ဗီတာမင်စီ နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ ၊ အရေပြား ခြောက်သွေ့ခြင်း ဖြစ်စဉ်တွေကို လျော့နည်း စေပါတယ်။
          ဗီတာမင်စီနဲ့ မျက်နှာပေါင်းတင်လိုတယ်ဆိုရင်တော့ ကီဝီသီးရယ် ၊ သင်္ဘောသီး တစ်ခွက်ရယ်ကို ရောပြီး မွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ ဆယ့်ငါးမိနစ်ကနေ မိနစ်နှစ်ဆယ်ထောက်အထိ ပေါင်းတင် ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။
Ref:womenhealthmag.com
Trend Myanmar


အချစ်ကို စိတ်နာပြီး ကိုယ့် ငယ်ပါကိုဖြတ်ခဲ့တဲ့ လူငယ် ၂ ဦး


ရုရှားနိုင်ငံ မော်စကိုမြို့တွင်နေထိုင်သော အသက် ၃၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးမှာ ဆန့် ကျင်ဘက် လိင်များကို စိတ်ကုန် သဖြင့် ၄င်း၏ ငယ်ပါအား ကတ်ကျေးတစ်လက်ဖြင့် ဖြတ် တောက် ဖယ်ရှား မှု ပြုလုပ်လိုက်ကြောင်း Pravda သတင်းဖော်ပြချက်အရ သိရသည်။

မိမိအနေဖြင့် မည်သည့် အမျိုသမီးနှင့်မျှ ဆက်ဆံမှု မပြုလိုသဖြင့် ကတ်ကျေးကိုအသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း၊ မိမိအော်ဟစ်သံကို ကြားရပြီးနောက် မိမိအားနီးရာဆေးရုံသို့ အချိန်မှီ တင်ပို့ခဲ့သည့် အိမ်နားနီးချင်းများကို ကျေးဇူး တင်ကြောင်း အဆိုပါအမည်မဖော်လိုသူ ကာယကံရှင်က ပြောကြားသည်။

အဆိုပါ ပုဂ္ဂိုလ်မှာ အန်ဒရီအမည်ရှိ ၄င်း၏ချစ်သူ မိန်းကလေးနှင့် စကားများ ရန်ဖြစ်ပြီးနောက် အထက်ပါအတိုင်း ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံတွင် မကြာသေးမီကလည်း စပါးတပ်စ် မော်စကို မသန်စွမ်းဘောလုံးအသင်းမှ ဘောလုံးသမား တဦးမှာ ကတ်ကျေးအသုံးပြုပြီး ဖယ်ရှားမှု ပြုလုပ်ခဲ့သေးသည်။

Daily Mail
Myanmar Forward

သာပေါင်းမှာ လယ်သမား ၁၄ ဦး ထောင်ချခံရ


ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာက တောင်သူ ၁၄ ယောက်ကို ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေမှာ ၀င်ရောက်စိုက်ပျိုးတဲ့အတွက် ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇၊ ကျော်နင်းမှုပုဒ်မ ၄၄၁ နဲ့ သာပေါင်းမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။

အစိုးရက သိမ်းဆည်းထားတဲ့ လယ်မြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်ပေးနေပြီကြားလို့ လယ်ပြန်လည်ရရှိဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြလျှောက်ထားပြီးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်နဲ့ ၀င်ရောက်လုပ်ကိုင်တာလို့ သပြေကျွန်းကျေးရွာက အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုဝင် ဒေါ်အေးမြိုင်က ပြောပါတယ်။

"၂ဝ၁၃၊ ၂ လပိုင်းက နိုင်ငံတော်ကိုပြန်ပြီးတော့ မြေစာရင်းတို့၊ အုပ်ချုပ်ရေးမှူးတို့ကို တင်ပြီးပြန်လျှောက်တောင်းတယ်၊ တောင်းတော့ ၆ လပိုင်း ၁၃ ရက်နေ့က သာပေါင်းမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရယ်၊ ရဲမှူးများရယ် ခေါ်ပြီးတော့ ဒီလူတွေကို  ယာယီလုပ်ဆောင်ပါ၊ ဘယ်သူ့ကိုမှ အပိုင်အဆိုင်မဟုတ်ဘူး၊ အပေါ်စီးကနေကျလာတော့မှ သူတို့ဆုံးဖြတ်ပေးမယ်လို့ အဲလိုအမိန့်ရှိတယ်၊ ပါးစပ်အမိန့်နဲ့ပဲပေါ့"

ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်က အဲ့ဒီကျေးရွာက လယ်ယာမြေ ဧက ၂၀၀လောက်ကို ရေနက်ကွင်း လယ်ယာမြေ စီမံကိန်းအတွက် ဧရာရွှေဝါကုမ္ပဏီက သိမ်းယူခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ၂၀၀၁ ခုနှစ်အထိ ကုမ္ပဏီနဲ့ လယ်သမားတွေ အကျိုးတူပူးပေါင်းလုပ်ကိုင်ရာကနေ ကုမ္ပဏီကိုပေးသွင်းရမယ့် အကြွေးမကျေလို့ဆိုပြီး အကျိုးတူလုပ်ပိုင်ခွင့်ကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီ အကျိုးတူလုပ်ခဲ့တဲ့ လယ်ယာမြေတွေကို ကုမ္ပဏီက တခြားဒေသခံတွေကို ပြန်ရောင်းချခဲ့ပြီး ကုမ္ပဏီက လယ်မြေတွေ ရောင်းချပေးခဲ့သူတွေက အခုလို လယ်သမားတွေကို တရားစွဲတာဖြစ်ပါတယ်။

ဒီအတောအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ပိတ်လိုက်တဲ့ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစိုးရက အဲဒီဆေးရုံ ၂ ခုကို ပိတ်လိုက်ပြီး မြို့နဲ့ဝေးတဲ့နေရာမှာ ကုတင် ၂၀၀ ဆံ့ ဆေးရုံအသစ်ကို ဖွင့်လိုက်တယ်လို့ သိရပါတယ်။ အခု အသစ်ဖွင့်လိုက်တဲ့ ဆေးရုံက မြို့နဲ့ဝေးတဲ့အတွက် သွားလာရခက်ခဲပြီး ကုန်ကျစရိတ်လည်းများတာကြောင့် အရင်ရှိခဲ့တဲ့ ဆေးရုံ ၂ ခုကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုရတာလို့ ဆန္ဒပြရာမှာပါဝင်သူတစ်ဦးဖြစ်တဲ့ လပွတ္တာမြို့ခံ ဦးကြည်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပိတ်လိုက်ပြီးတဲ့နောက် မြို့နဲ့ ၃မိုင်လောက်ဝေးတဲ့ သုံးမိုင်မြို့သစ်မှာ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးကို ဖွင့်လှစ်လိုက်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

RFA Burmese

ပြည်တွင်း၊ ပြည်ပဧည့်သည်များအတွက် ရွှေတိဂုံစေတီတော်သမိုင်း Audio Guide Application စီစဉ်



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (ရွှေပြည်သာ) က မဟာသိပ္ပံ ကျောင်းသား ကျောင်းသူ ၁၈ ဦး ရေးဆွဲထားသော ရွှေတိဂုံ စေတီတော်သမိုင်း ထည့်သွင်းထားသည့် Shwedagon Audio Guide Application ကို ပြည်တွင်း၊ ပြည်ပဧည့်သည့်များ သုံးစွဲရန် အခမဲ့ဖြန့်ချိရန် စီစဉ်နေကြောင်း အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲသူ ကျောင်းသူတစ်ဦးက The Voice သို့ပြောကြားသည်။

ရွှေတိဂုံ စေတီတော်ပေါ်ရှိ အထင်ကရနေရာ ၄၇ ခုကို ရှင်းလင်းထားသော အသံနှင့်စာများကို အဆိုပါ ဆော့ဖ်ဝဲတွင် ထည့်သွင်းမည် ဖြစ်ပြီး လက်ရှိတွင် အံ့ဖွယ်ကိုးခု ထည့်သွင်းပြီး ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

နောက်ဆုံးအဆင့် ရေးဆွဲပြီးပါက အဆိုပါ ဆော့ဖ်ဝဲကို ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းပြီး အများပြည်သူများ အလွယ်တကူ သုံးစွဲနိုင်ရန် ရွှေတိဂုံ စေတီတော်တွင် ဆော့ဖ်ဝဲ ကူးယူနိုင်သော နေရာများစီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကို လာရောက် သင်တန်း ပို့ချပေးနေသူ ထိုင်းနိုင်ငံ Stamford တက္ကသိုလ်နည်းပြ ဦးဖြိုးမင်းထွန်းက ပြောကြားသည်။

အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲမှုမှာ ယခုနှစ်အတွင်း ပြီးမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲသူများတွင် ပါဝင်သည့် ကျောင်းသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရွှေတိဂုံ စေတီတော်သမိုင်း Audio Guide ကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂၁ ရက်နေ့အထိ ခေါင်းစဉ်ခွဲများဖြင့် ယှဉ်ပြိုင်ရသည့် Application ရေးဆွဲမှု ပြိုင်ပွဲဝင် ကျောင်းသား ၁၈ ဦးကို ရေးဆွဲရန် တာဝန်ပေးထားခြင်း ဖြစ်သည်။

အဆိုပါ Application ကို Google Play သို့ ရောင်းချနိုင်သည် အထိ ရေးဆွဲနေကြောင်းလည်း ပြိုင်ပွဲဖွင့်ပွဲတွင် ထိုင်းနိုင်ငံ Sripatum တက္ကသိုလ်မှ လာရောက် သင်တန်းပို့ချသူ Dr. Pilastpung Subsermsri က ပြောကြားသည်။

The Voice

လိုင်းကျပ်မှုများကြောင့် မန္တလေး GSM ဆင်းမ်ကတ်ခွဲတမ်း ယာယီရပ်နား




မန္တလေး၊ ဖေဖော်ဝါရီ ၂၇

တန်ဖိုးနည်းဖုန်း ရရှိရန် တန်းစီစဉ် လူသေဆုံးမှု၊ ခိုက်ရန် ဖြစ်ပွားမှုများအထိ ဖြစ်ပေါ်ခဲ့သော မန္တလေးတိုင်းဒေသကြီး အတွင်း ဖေဖော်ဝါရီလအတွက် ချထားပေးမည့် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ် ခွဲတမ်းတွင် CDMA ဆင်းမ်ကတ် တစ်မျိုးတည်းသာ ပါဝင်ပြီး GSM မှာ လိုင်းကျပ်မည် ဖြစ်သဖြင့် ခွဲတမ်း ယာယီရပ်နားထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ GSM ဆင်းမ်ကတ်ခွဲတမ်းများ ယာယီ ရပ်နားထားမည် ဖြစ်ပြီး တာဝါတိုင်များ တည်ဆောက်မှု ပြီးစီးသည့်အခါ ထပ်မံချပေးမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ဖေဖော်ဝါရီလအတွက် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်ခွဲတမ်းမှာ CDMA ကတ် ၄၆,၀၀၀ ကျော်ရရှိပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်များ အလိုက် ခွဲတမ်းချပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

သက်ပြည့် ပင်စင်စားများအတွက် တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်များကို ဇန်နဝါရီလမှ စတင်ကာ ခွဲတမ်းဖြင့် ရောင်းချပေးခဲ့ရာ ဖေဖော်ဝါရီလအတွက် WCDMA ဆင်းမ်ကတ် ၅၃၀၀ ရရှိကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ထပ်မံသိရှိရသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တော်၌ တယ်လီဖုန်းလိုင်းများ ယခင်ထက်ကျပ်ကာ တစ်အိမ်တည်းအတွင်း ရှိနေပြီး ဖုန်းခေါ်ဆိုမှု မရရှိဘဲ အကြိမ်ကြိမ် ခေါ်ဆိုမှသာ ဖုန်းခေါ်ဆိုမှု ရရှိကြောင်း GSM ဖုန်း ကိုင်ဆောင်သူများက ပြောကြားသည်။

ယင်းကဲ့သို့ လိုင်းကျပ်မှုများသည် တာဝါတိုင် မလုံလောက်ခြင်း များကြောင့် ဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်လည် အဆင်ပြေသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ထပ်လောင်း ပြောကြားသည်။


The Voice Weekly

မောင်တော သရေကုန်ဘောင်ရွာတွင် အိမ်တစ်လုံး မီးလောင်


(နိရဉ္စရာ- ၂၈ ဖေဖေါ်ဝါရီလ ၂၀၁၄)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော သရေကုန်ဘောင် ဘင်္ဂလီရွာတွင် မီးလောင်မူ ဖြစ်ပွားရာ  အိမ်တစ်ဆောင် မီးထဲပါသွားကြောင်း သတင်း ရရှိသည်။

“ ညနေ ၅ နာရီကျော်ကျော်မှာ လောင်တာပါ။ အိမ်တစ်လုံးဘဲ မီးထဲပါသွားပါတယ်” ဟု မောင်တောခရိုင် တည်ငြိမ်ရေးနှင့် ပြန်လည် နေရာချထားရေး အတွင်းရေးမှူး ဥပဒေအရာရှိ ဦးမြင့်သန်းက နိရဉ္စရာသို့ ပြောသည်။

ယခု မီးလောင်သော သရေကုန်ဘောင် ဘင်္ဂလီရွာမှာ ယခင် ပြဿနာ ဖြစ်ပွားခဲ့သော ဒုချီးရားတန်း အနီးတွင် တည်ရှိကြောင်း သိရသည်။

“ လောင်တာကတော့ ပေါ့ဆမီးပါ။ တစ်လုံးတည်းပါ။ နောက်ထပ်ကူးစက် လောင်ကျွမ်းတာ မရှိပါဘူး” ဟု ဦးမြင့်သန်းက ဆိုသည်။

သို့သော်ဒေသအတွင်းမှ အစိုးရ တာဝန်ရှိသူများနှင့် ရခိုင်တိုင်းရင်းသားများမှာ ၎င်းမီးလောင်မူအား ယခင်စွပ်စွဲနေကျ အတိုင်း ရခိုင်များက မီးရှို့သည်ဟု စွပ်စွဲ ပြောဆိုလာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

Narinjara

ကားဘီးခွေသူခိုးကို ရှာနေတုန်း အပြစ်မဲ့သူ စားဖိုမှူးကို ၄လက်မ နက်တဲ့အထိ ကိုက်ထားခဲ့တဲ့ ရဲခွေး



ဗြိတိန်၊ မန်ချက်စတာ မြို့တွင်းဒေသ Longsight မှာ ရဲတွေဟာ သူခိုးရှာဖွေရေးလုပ်နေခဲ့ပါတယ်။ ကိုယ့်အိမ်ကိုယ်တက်တော့မယ့် အပြစ်မဲ့သူ Azmat Farooqဆိုသူကို ရဲခွေးက တိုက်ခိုက်ခဲ့ပါတယ်။ ဒဏ်ရာဟာ ၄လက်မ အနက်ရှိတယ်လို့ သိရပါတယ်။
Azmat Farooq ဆိုသူဟာ မန်ချက်စတာလေဆိပ် Marriottဟော်တယ် စားဖိုမှူးတစ်ယောက်ပါ။ ခွေးကိုက်ခဲခဲ့တဲ့ ဒဏ်ရာကြောင့် ဆေးရုံ ၄ရက်တက်ခဲ့ရပြီး “ကျွန်တော်တော့ သေတော့မယ်လို့ ထင်ခဲ့တာ။ဒဏ်ရာက သိပ်ကို အကြီးကြီးရယ်။ စစဖြစ်ခြင်းတော့ ဒေါသထွက်ခဲ့ပေမဲ့ ရဲတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုကိုတော့ အသိအမှတ်ပြုပါတယ်။ ကျွန်တော် ဘယ်လိုနေလဲကို လာမေးကြတယ်။ ကြည့်ရှု စစ်ဆေးပေးတယ်။ ရဲအရာရှိတစ်ယောက်ကလည်း ဆေးရုံမှာ လာတွေ့တယ်။” လို့ Azmat Farooq ကပြောခဲ့ပါတယ်။

အကြောင်းမရှိဘဲ အပြစ်မဲ့သူကို တိုက်ခိုက်ခဲ့တဲ့ ရဲခွေးကို စုံစမ်းစစ်ဆေးရေး၊ တိုက်ခိုက်ရေး စတဲ့ ရဲအလုပ်တွေ မလုပ်စေတော့ပါဘူး။ ဒီအမှုမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ ရဲအရာရှိတွေရဲ့ အပြုအမူ၊ စီမံခန့်ခွဲမှုတွေကိုလည်း ပြန်လည်သုံးသပ်နေပါတယ်။

Ref:dailymail.co.uk
Trend Myanmar

တရုတ်ပြည်မှာ လူနာက သတ်လို့ ဆရာဝန် သေဆုံး


ပြီးခဲ့တဲ့လက တရုတ်ပြည်မှာ ဆေးရုံက ပေးတဲ့ ဝန်ဆောင်မှုကို မကျေနပ်လို့ လူနာတစ်ယောက်က ဆရာဝန်ကို သတ်ဖြတ်တဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒီနေ့ မတိုင်ခင် တစ်ရက်ကလည်း တခြား ဆေးရုံတစ်ရုံမှာ အလားတူ ကိစ္စ ဖြစ်ခဲ့ပါသေးတယ်။ လူနာနဲ့ ဆရာဝန်ကြားက အခုလို ပဋိပက္ခတွေဟာ တရုတ်နိုင်ငံမှာ အလျင်အမြန် ကြီးထွားလာနေပါတယ်။ သတင်းဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။


BBC Burmese

ဟိုင်းလပ်ယာဉ်ငယ်များ ပြေးဆွဲခွင့် မတ် ၃၁ အထိ တိုးမြှင့်


ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ညွှန်ကြားမှု အရ မထသ အောက်ရှိ ဟိုင်းလပ်ယာဉ်များ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ပြေးဆွဲခြင်းကို မတ် ၃၁ ရက်အထိ တိုးမြှင့်ပြေးဆွဲခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ခရီးသွားပြည်သူများ အဆင်ပြေစေရေး၊ ယာဉ်ပိုင်ရှင် ယာဉ်လုပ်သားများ အခက်အခဲများ မရှိစေရေး အတွက် တိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း၊ ယခု သတ်မှတ်ချက်သည် ၄ ကြိမ်မြောက် ဖြစ်ကြောင်း၊ မထသ (ဗဟို) အောက်တွင် ဟိုင်းလပ်ယာဉ် အစီးရေမှာ စုစုပေါင်း ၈၁၈ စီး ရှိပြီး ဖေဖော်ဝါရီ ၂၇ ရက်အထိ အစား ထိုး မီနီဘတ်စ်များ ဝင်ရောက်ပြေးဆွဲ မှုမှာ ၁ဝ၁ စီးရှိပြီဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်) ဦးလွန်းမောင်


စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်) ဦးလွန်းမောင်
လွတ်လပ်သော ဘဝကို ပိုနှစ်သက်နေပြီဖြစ်သော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရန်ကုန်မှ မြိတ်၊ ထားဝယ်အထိသွားမည့် ခရီးသည်တင် ဘတ်စ်ကားခရီးသည်များနှင့် ဒရိုင်ဘာကို လှမ်းအော်နှုတ်ဆက်ပြီး ဆိုင်ထဲကို ပြန်ဝင်လာသော ဒေါ်မြမြစိန် သည် သူ၏ခွေးကလေးများကိုလည်း နှုတ်ဆက်သည်။ ထို့နောက် မိမိတို့၏ စားပွဲဝိုင်းဆီ လာပြီး စကားပြောရင်း “ ဒီခွေးကလေးတွေက တကောင်နဲ့တကောင် ညှာတာပြီး နောက်အကောင် စားဖို့အတွက် ချန်ပြီးစားတယ်။ လူတွေလို အကုန်မစားတတ်ဘူး။ သစ္စာလည်း အရမ်းရှိတယ်” ဟုဆိုကာ ခွေးကလေးများနှင့် ဆော့ကစားနေသည်။

လူရှင်းသွား၍ငွေသိမ်းကောင်တာမှ ဦးလွန်းမောင် (ယခင်က စာရင်းစစ်ချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် လွန်းမောင်) က စားပွဲဝိုင်းနားကိုကပ်လာပြီး အန်တီ ဒေါ်မြမြစိန်နဲ့အတူ ခွေးကလေးများကို ဆော့ကစား နေသည်။

လွန်ခဲ့သော ၁၀ မိနစ်ခန့်အထိ ခရီးသည် တင်ဘတ်စကား ၂ စီး ရပ်နားပြီး စားသောက်ကြသဖြင့်  “အောင် ပြည့်စုံ” စားသောက်ဆိုင်တွင် စားပွဲထိုးမိန်းကလေးများအလုပ် များနေခဲ့သည်။ ဦးလွန်းမောင် ရော ဇနီးဒေါ်မြမြစိန်ပါ ဟင်းခွက် များလိုက်ချပေးကာ စားပွဲထိုး ရသည်။

“သန့်ရှင်းရေးက အရေးကြီးတယ်။ ခရီးသည် တွေသွားဖို့ အိမ်သာကအစ သေသေချာချာသန့်ရှင်းအောင် လုပ်ထားပေးတယ်” ဟု ဦးလွန်းမောင်ကပြောသည်။ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် စားပွဲခုံတိုင်းတွင် အမှိုက် ပုံးထားပေးရန် လုပ်ဆောင်နေသည်ဟု သိရသည်။

နေ့စဉ်လာရောက် စားသောက်သည့် ခရီးသည် များကို ထမင်း၊ ဟင်းနှင့် ဘယ်လိုဝန်ဆောင်မူ ပေးရမလဲဟု ဦးလွန်းမောင်နှင့် သူ့ဇနီးတို့က နေ့စဉ် စဉ်းစားနေရသည်။ သူတို့၏ သားတော်မောင်က အောင်ပြည်စုံ ထမင်းဆိုင်နှင့် ပတ်သက်၍ “အစ်ကိုတို့ (ဆောင်းပါး) ရေးလိုက်တော့ လူပိုသိသွားတာပေါ့ ဗျာ” ဟုဆိုသည်။ ဧရာဝတီ သတင်းဌာန အင်္ဂလိပ် ပိုင်းတွင်ရော မြန်မာပိုင်းတွင်ပါ အငြိမ်း စားပေးခံရသော  ဗိုလ်ချုပ်လွန်းမောင် မွန်ပြည်နယ် ဘီးလင်းမြို့တွင် စားသောက်ဆိုင် ဖွင့်နေကြောင်း ဖော်ပြခဲ့သည်။

“သူတို့ (သမ္မတ ဦးသိန်း စိန်အစိုးရ) ကတော့ ၃ ခါ တောင် လာခေါ်တယ်” ဟု ဦးလွန်းမောင်က ပြောသည်။ စစ်စွပ်ကျယ်ကို ဝတ်ထားပြီး စားပွဲဝိုင်းများအကြား လူငယ်တဦးကဲ့သို့ ပြေးလွှားနေသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်က စကားကို လုပြောသည်။ “(သမ္မတရုံးဝန်ကြီး) ဦး အောင်မင်းကိုယ်တိုင်လာတယ်၊ ပြီးတော့ ကိုသန့်ရှင်း (သမ္မတရုံးဒုဝန်ကြီး) လည်း လိုက်လာသေးတယ်။ ပြန်မလာတော့ဘူးလို့ပြောလိုက်တယ်” ဟုဆိုသည်။

တပ်မတော်ဘက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့၏ဇနီးများ လာရောက်လည်ပတ်သွားသည် ဟုပြောပြသည်။ ခွေးကလေးများနှင့် ဆော့ကစားနေ သော ဒေါ်မြမြစိန်က “ဒီဘဝက ပိုလွတ်လပ်တယ်။ မပေးနိုင်တဲ့သူတွေ လာရင်လည်း ကျွေးလွှတ်လိုက် တာပဲ” ဟုဆိုသည်။ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် ရော သူ၏ဇနီးပါ နောက်ကြောင်းကို သိပ်ပြောချင်ပုံ မရ။ စာရင်းစစ်ချုပ်လုပ်ခဲ့သူ ဦးလွန်းမောင်ကမူ သူ သိထားသည်များကို တော်တော်နှင့်ပြောမည့်ပုံမပေါ်။ သို့သော် ဝန်ကြီးများ အကြီးအကျယ် လာဘ်စားခဲ့မှု များကို သူအသိဆုံးဖြစ်သည်။

ဦးလွန်းမောင်သည် နိုင်ငံတော် စာရင်းစစ်ချုပ် အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ် လွန်းမောင် ဘဝကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ဦးလွန်းမောင်အဖြစ် စာရင်းစစ်ချုပ်တာဝန်ကို ဆက် ယူခဲ့သည်။ လက်ရှိအစိုးရ လက်ထက်တွင် ၁ နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့၏ စာရင်းစစ်ချုပ် သက်တမ်း စုစုပေါင်း ၉ နှစ်ပြည့်ချိန် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က သူ့ကို အငြိမ်းစားပေးလိုက်သည်။

 ခွေးကလေးတွေက အချင်းချင်း ညှာတယ်လို့ ဆိုတဲ့ ဒေါ်မြမြစိန် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
ခွေးကလေးတွေက အချင်းချင်း ညှာတယ်လို့ ဆိုတဲ့ ဒေါ်မြမြစိန် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၂၀၁၅ – ၂၀၁၆ အရေးကြီးသည် ဆိုသည်ကို ဦးလွန်းမောင်က မေ့မထားပေ။ “မှတ်ကျောက်အတင် ခံမယ်၊ အစစ်ခံရဲတယ်ဆိုတဲ့သူတွေ အဲဒီမှာအစစ်ခံ ကြပေတော့” ဟု သူက ပန်းကန်ပြားတချပ်ကို သိမ်း လိုက်ရင်းဆိုသည်။ ဦးလွန်းမောင်သည် စကားကို အကြာကြီးရပ်မပြော၊ လှစ်ခနဲ မိမိတို့စားပွဲဆီ ကပ် လာလိုက်၊ စကားပြောလိုက်၊ တခြားစားပွဲဝိုင်းများဆီ ပြေးလိုက်နှင့် အလုပ်များနေသည်။

“ကိုယ်နဲ့ ကိုရွှေမန်း (ပြည်ထောင်စု လွှတ်တော် နာယက) သူငယ်ချင်းတွေကွ” ဟုလည်း ဆိုသည်။ “သူက Political Ambition ကြီးတယ်”ဟုမှတ်ချက် ပေးသည်။ သမ္မတ ဦးသိန်းစိန်နှင့် ပတ်သက်၍မူ “သမ္မတကတော့ ရိုးတယ်၊ သူ့မိသားစုကလည်း စီးပွားရေးထဲ မပါဘူး။ သူ့ကိုယုံလို့ ရပါတယ်” ဟု ဆိုသည်။

တပ်မတော် ထိပ်ပိုင်းအရာရှိကြီးများ အနားယူ ပြီးလျှင် စီးပွားရေးလုပ်ငန်းကြီးများ ဆက်လက် လုပ်ကိုင်ပြီး  အစုရှယ်ယာများ  ပါဝင်ထားကာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြသည်။ စစ်စွပ် ကျယ်ဝတ်ထားပြီး ကောင်တာထိုင်လေ့ရှိသော၊ တခါတရံ စားပွဲထိုးသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် မှာ အမြင်ဆန်းနေသည်။

ဦးလွန်းမောင်သည် စာရင်းစစ်ချုပ်အဖြစ် နှစ် ပေါင်းများစွာ တာဝန်ယူခဲ့သဖြင့် တပ်မတော်ထဲမှ အတွင်းရေးနှင့် စီးပွားရေး လုပ်ငန်းများ၊ အစိုးရ ဝန်ကြီးဌာနများ၏ ခြစားမှုများကို များစွာသိထားသူ ဟု ထင်မြင်ချက်ပေးကြသည်။ ယခုမူ စာရင်းစာအုပ် များနှင့် ဝန်ကြီးဌာနများကို စာရင်းစစ်သူ မဟုတ် တော့။ “အောင်ပြည့်စုံ” စားသောက်ဆိုင်တွင် လာ ရောက်စားသောက်သူ ခရီးသွားဧည့်သည်များအတွက် ဆိုင် သန့်ရှင်းရေး၊  စားပွဲခုံနေရာ  သန့်ရှင်းရေး၊ ဟင်းလျာစီမံရေးများသာ နေ့စဉ်အလုပ်ဖြစ်နေသည်။

ခရီးသည်တင်ကားတစီး ထပ်မံဆိုက်ရောက် လာရာ ခရီးသည်များ ဆင်းလာကြသည်။ ဦးလွန်းမောင်နှင့် ဒေါ်မြမြစိန်ရော ဆိုင်ဝန်ထမ်းမိန်းကလေး များပါ အလုပ်များကြတော့မည်။

သစ္စာရှိသော၊ စားစရာကို အကုန်မစားဘဲ အဖော်အတွက် ချန်တတ်သည်ဆိုသော ခွေးကလေး များက ဆိုင်တွင်လာရောက်စားသောက်သူများကို မနှောင့်ယှက်ပါ။ သခင်များ အလုပ်များနေသည်ကို ကောင်တာနားတွင် ငြိမ်သက်၍ အလိုက်တသိစောင့် ကြည့်နေကြသည်။

ဧရာဝတီ

မြန်မာနိုင်ငံတောင်ပိုင်းတွင် ခရမ်းလွန်ရောင်ခြည် သင့်နိုင်


ဖော်ဝါရီ ၂၈ ရက်နေ့ မှ မတ် ၃ ရက်နေ့ အတွင်း  မြန်မာနိုင်ငံ တောင်ပိုင်း ရန်ကုန်မြို့ အပါအ၀င် မြစ်ဝကျွန်းပေါ် ဒေသများ၌ ခရမ်းလွန်ရောင်ခြည် သင့်နိုင်သည့် အခြေအနေ ရှိနေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ၎င်းဖေ့စ်ဘုတ် စာမျက်နှာမှ အသိပေးနှိုးဆော်ထားသည်။ ယင်း နေ့ရက်များတွင် မနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း နေရိပ်ထဲတွင် နေထိုင်ရန် လိုကြောင်း၊ အပြင်ထွက်လျှင် နေကာမျက်မှန်၊ လုံခြုံသည့် အ၀တ်အစားများ၊ အနားကျယ်ပြန့်သည့် ဦးထုတ်ဆောင်းရန်လိုကြောင်း နှိုးဆော်ထားသည်။ ခရမ်းလွန်ရောင်ခြည် သင့်မှုသည် လက်ရှိမှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ အပေါ်ရောက်ရှိနေပြီး၊ မြောက်ဘက်ဒေသများ ဖြစ်သည့် မြစ်ကြီးနား၊ ပူတာအိုမြို့များ အထိ ရွေ့လာမှာဖြစ်ကြောင်း၊ မေလ မိုးမကျမီအထိ ခရမ်းလွန်ရောင်ခြည်သင့်မှုကို သတိပြုကြရန်လိုကြောင်း သိရသည်။

ဧရာဝတီ

အိုဘားမားက Iron Man ဝတ်စုံ ထုတ်နေကြောင်း ဆို


အမေရိကန် သမ္မတ အိုဘားမားဟာ Iron Man ဝတ်ဆုံကို ကြိုးစားဖန်တီး နေကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

မိန့်ခွန်း တစ်ခုမှာ စနောက်တဲ့ သဘောနဲ့ ကျနော်တို့ Iron Man ဝတ်စုံကို ကာကွယ်ရေးမှာ အသုံးပြုဖို့အတွက် ဖန်တီးနေပါတယ်လို့ ပြောပြီး မဟုတ် ပါဘူးလို့ ထပ်ငြင်းပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံ စစ်အင်အားနဲ့ ကာကွယ်ရေးအတွက် အဆင့်မြင့် နည်းပညာ များ ကြိုးစား ဖန်တီးလျက် ရှိကြောင်း ဆက်လက် ဝန်ခံ သွား ပါတယ်။ ဒါကြောင့်မို့ အမေရိကန်ဟာ စစ်သး တစ်ဦးချင်းစီမှာ အသုံးပြုဖို့အတွက် ဝတ်ဆင်ဖို့ အတွက် Iron Man လို့ စက်ရုပ် ဝတ်စုံများ ဖန်တီးနေကြောင်း မီဒီယာများက အတည်ပြု ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/77pnVFLkUjM

Smart Pro Journal

ကမ္ဘာ့ အကြီးဆုံး အဝေးကြည့်မှန်ပြောင်း


ဘယ်လောက်ကြီး သလဲဆိုတာရင် ကြည့်တဲ့ မှန်ကပင် ၁၀.၄ မီတာ ရှိပါတယ်။ အဝေးကို ကြည့်မယ်ဆိုရင် ကမ္ဘာ၏ အနီအောက်(ရောင်ခြည်) ထိအောင် မြင်နိုင်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး အဝေးကြည့်မှန်ပြောင်းကြီးကို ဒေါ်လာ ၁၈၀ သန်း အကုန်အကျ ခံကာ စပိန်နိုင်ငံမှ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ နည်းပညာ ကတော့ အမေရိကန် နှင့် မက္ကစီကိုတို့မှ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

တောင်ပေါ်တောင်အောက် တွေကို ရှင်းလင်း ပြတ်သားစွာ မြင်နိုင်ပါတယ်။ အဝေးရှိ ကျွန်းတွေကိုလည်း မြင်နိုင်တဲ့ အပြင် လေထုညစ်ညမ်းမှု ရှိ မရှိကိုတောင် မြင်နိုင်တဲ့ အဝေးကြည့်မှန်ပြောင်း ဖြစ်ပါတယ်။

ဘာလို့ ဒီလောက်ကြီးတဲ့ အဝေးကြည့်မှန်ပြောင်းကို တည်ဆောက်ရသလဲ ဆိုတော့ နိုင်ငံပိုင်ကျွန်းများကို အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစောင့်ကျပ်နိုင်ခြင်း အခြားနေရာ ဒေသရှိ ပြဿနာများကို မှန်ပြောင်းဖြင့် ကြည့်ကာ ဖြေရှင်းပေးနိုင်အောင် ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူလူထု၏ ကျန်းမာရေးအတွက် လေထုညစ်ညမ်းမှုတွေကို ကြည့်ရှုပေးနိုင်ခြင်းရန် မုန်တိုင်းများ ကျရောက်ပါက အချိန်မှီပြန်ကြား ထုတ်လွှင့်ပေးနိုင်ခြင်းနှင့် အခြားသော အရာများအတွက် အကုန်အကျခံ ဆောင် ရွက်ပေးထားခြင်း ဖြစ်ပါတယ်။

Smart Pro Journal

ဒေါ်လာ ၁၂၀ တန် SanDisk 128GB microSD Card


အမေရိကန် မားတီးကော်ပိုးရေရှင်းတစ်ခု ဖြစ်တဲ့ SanDisk ကို ကျတော်တို့ အသုံးပြုနေကြဖြစ်တဲ့ ကင်မ၇ာ Memoryတွေ နဲ့ Micro
SD ကတ်တွေမှာ တော်တော်များများ တွေ့ဖူးကြမယ်ထင်ပါတယ်။

ယခု SanDisk က မိတ်ဆွေတို့ရဲ့ စမတ်ဖုန်းတွေ၊ တပ်ပတ်လတ်တွေ၊ ကင်မရာတွေ ဆီက မှတ်ဥာဏ်သိုလှောင်မူ စနစ်ကို မြင့်တင်ကာ နေရာ တော်တော်များများ ရရှိစေမဲ့ 128GB microSD ကို စီမံခဲ့ပါတယ်။ အရင်က အများဆုံး ဖြစ်ခဲ့တယ်ဆိုတဲ့ 64GB ရဲ့ နှစ်ဆမှတ်ဥာဏ်ကိုရရှိစေပြီး တစ်ကဒ်ထဲနဲ့တင် အလုပ်ဖြစ်စေမှာ ဖြစ်ပါတယ်။

ထူးခြားမူတွေအနေနဲ့ ရေစိုခံ၊ သံလိုက်၊ X- ray နဲ့ အခြား shock တွေကို ခုခံနိင်အောင် ပြုလုပ်ပေးထားတာကို တွေ့ရမှပါ။

Smart Pro Journal

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာ Z3


ကမ္ဘာ့ ပထမဆုံး ကွန်ပျူတာ Z3 ကို Konrad Zuse ဆိုသူက တီထွင်ခဲ့ ပါတယ်။ လွန်ခဲ့သော 1940 နှင့် 1945 ခုနှစ် အတွင်းမှာ United Kingdom နှင့် United States နိုင်ငံမှာ တီထွင်ပြု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက ယခုကဲသို့ မဟုတ်ဘဲအခန်းကျယ်ကြီး တစ်ခု အတွင်းမှာ ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းကွန်ပျူတာကို Z3 လို့လည်း ခေါ်ကြပါတယ်။

ထို Z3 လျှပ်စစ် ကွန်ပျူတာ ဒီဇိုင်းကို Konrad Zuse ဆိုသူက တီထွင်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့နောက် ပထမဆုံး ပရိုဂရမ်ကို စတင်ပြီး ရေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ၎င်းကွန်ပျူတာကို ၁၉၄၀ မှာ စတင်တီထွင်ခဲ့ပြီး ၁၉၄၁ မှာ အကုန်လုံး ပြီးသွား ပါတယ်။ သို့သော် ကမ္ဘာ့ပထမဆုံး ကွန်ပျူတာ Z3 သည် ၁၉၄၃ ခုနှစ် အရောက်မှာ ပျက်စီးသွားခဲ့ တယ်လို့ ဆိုပါတယ်။

ထို့ကြောင့် ၁၉၆၀ တွင် နောက်ထပ် ကွန်ပျူတာများကို တီထွင်တယ်လို့ သိရပါတယ်။

Smart Pro Journal

ပြစ်မှု၏မူသဘောတရား


ပြစ်မှုဆိုင်ရာဥပဒေ(Criminal Law)သည်အများနှင်သက်ဆိုင်
သောဥပဒေ(Public Law)တရပ်
ဖြစ်သလိုပြစ်မှု(Crime)သည်လည်း
နိုင်ငံတော်ကတားမြစ် ဟန့် တား
ထား၍ပြစ်ဒဏ်ထိုက်သည့်ပြုမူချက်
တစ်ရပ်မည်ပေသည်။ ကျူးလွန်
သည်ဟုဆိုရာ၌ ပြုလုပ်သင့်သည်
ကိုပျက်ကွက်ခြင်း(Omission)
လည်းအကျုံးဝင်ပေသည်။

ပြစ်မှုကျူးလွန်သည်ဟုဆိုရာ၌နိုင်ငံတော်ကပြဋ္ဌာန်းထားသောဥပဒေတစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်ခြင်း
ဖြစ်ပေရမည်။ သို့ မှသာသက်ဆိုင်
ရာအာဏာပိုင်များကအရေးယူပြီး
ပြစ်ဒဏ်စီရင်ပိုင်ခွင့်ရှိစေရမည်ဖြစ်သည်။
လူကျင့်ဝတ် ကိုယ်ကျင့်တရား
လူအကျင့်သိက္ခာချိုးဖောက်ရုံမျှဖြင့်
ပြစ်မှုတစ်ရပ်ကျူးလွန်သည်ဟုမဆိုသာချေ။နိုင်ငံတော်ကပြစ်မှုဟုသတ်
မှတ်ထားမှသာလျှင်ပြစ်မှုကျူးလွန်
ရာရောက်ပေသည်။ဥပမာ-ကျေးဇူးရှင်ကိုကျေးစွတ်ခြင်း လိမ်ပြောခြင်း အစားကျူးခြင်း မိဘ
ဆရာတို့ စကားမနာခံခြင်းမလိုက်နာခြင်းများတို့ သည်လူကိုယ်ကျင့်တရားဖောက်
ဖျက်ကျူးလွန်ရာရောက်သော်လည်းး
ပြစ်ဒဏ်ထိုက်မည်ကားမဟုတ်ချေ။
ရေနစ်သူအားမိမိကရေကူးတတါပါလျှက်မကယ်တင်ဘဲနေခြင်း အစား
အစာငတ်ပြတ်နေသူအားမိမိက
ကျွေမွေးနိုင်ပါလျှက်မျက်နှာလွဲခြင်း
များသည်လူကျင်ဝတ်သိက္ခာရှု
ထောင့်မှကြည့်လျှင်များစွာမလျော်
ကန်သည့်လုပ်ရပ်များဖြစ်စေကာမူ
ပြစ်မှုဥပဒေအရပြစ်ဒဏ်ဟူ၍သတ်မှတ်ထားခြင်းမရှိသေးပေ။ပြစ်ဒဏ်ထိုက်မည်လည်းမဟုတ်ချေ။ရုတ်တရက်ခိုက်ရန်ဒေါသဖြစ်ကြပြီးထိုးကြိတ်မိသူများနှင်ပျော်ရွင်ကခုန်ကြရာမှ
သူတပါးပြတင်းပေါက်ကိုချိုးဖျက်မိသူများ၏အပြစ်များမှာအထက်ပါလူမှုရေးပျက်ကွက်မှုများနှင်စာသော်မပြောပလောက်သော်ငြားလည်းပြစ်မှုဆိုင်ရာဥပဒေအရပြစ်ဒဏ်ထိုက်
မည်သာဖြစ်သည်။
ပြစ်မှုနှင့်တရားမနှစ်နာမှု(Tortှု)တို့ ကိုခွဲခြားနားလည်ရန်လည်းလိုအပ်
ပေသည်။ပြစ်မှုသည်တရားမနစ်နာမှုထက်ကြီးလေးသောကျူးလွန်မှု
မျိုးဖြစ်၍ပြစ်ဒဏ်ထိုက်ပြီးတရားမနစ်နာမှုများတွင်လျှော်ကြေးသာ
တောင်းဆိုနိုင်ခွင့်ရှိသည်။ပြစ်မှုများမှာလူအစည်းရုံး(သို့ မဟုတ်)ပြည်
သူအများအားထိခိုက်နစ်နာစေမှု
မျိုးဖြစ်၍တရားမနစ်နာမှုများမှာမူ
တစ်ဦးတစ်ယောက်သောသူ(သို့ 
မဟုတ်)ပုဂ္ဂလိကနစ်နာမှုမျိုးသာလျှငိ
ဖန်တီးပေါ်ပေါက်စေလေသည်။
ပြစ်မှုများမှာတစ်ကိုယ်ကောင်းဆန်
ပြီး ဘယ်သူသေသေငတေမ ပါပြီး
ရော သဘောနှင့်တစ်ချီတည်းအပွကြံ
သောကျူးလွန်မှုမျိုးဖြစ်တတ်ပေ
သည်။ဥပမာ-ဓါးပြတိုက်ခြင်း လိမ်ညာခြင်း သူတစ်ပါးဂုဏ်သိက္ခာကျဆင်းစေရန်အကြံဖြင်တမင်ရည်ရွယ်ပြောဆို
ခြင်းစော်ကားခြင်း ခါးပိုက်နှိုက်ခြင်း
မှောင်ခိုလုပ်ငန်းလုပ်ကိုင်ခြင်းတို့ 
ပင်ဖြစ်သည်။တရားမနစ်နာမှုများ
သည်ပြစ်မှုများတွင်အကျုံးဝင်သည်ဆိုသော်လည်းပြစ်မှုတိုင်းမှာမူတရားမနစ်နာမှုမဟုတ်ပေ။ လက်ရောက်ကျူးလွန်ခြင်း မတရားအကျဉ်းချခြင်း မတရားစွပ်စွဲ
ခြင်း အသရေဖျက်ခြင်းစသည်များ
သည်ပြစ်မှုအနေနှင့လည်းလျော်
ကြေးရလိုမှုစွဲဆိုနိုင်သည်။သို့ သော်
လိမ်လည်အတုလုပ်ခြင်း လက်မှတ်လိမ်ထိုးခြင်း မဟုတ်မမှန်သက်သေခံခြင်း အိမ်ထောင်ရှိလျက်နှင့်မရှိပါဟု လိမ်ညာလက်ထပ်ခြင်း(Bigamy)
လူသတ်မှုများသည်ပြစ်မှုများသာ
လျှင်ဖြစ်သည်။သာမန်ပူးပေါင်းကြံ
စည်ခြင်း မိမိကိုယ်ကျိုးအတွက်အသုံး
ပြုခြင်း ပုဂ္ဂလိကနှောက်ယှက်ငြိုငြင်
စေခြင်းမတရားပစ္စည်းသိမ်းယူခြင်းစသည်များမှာ တးရားမနစ်နာမှုများ
သာဖြစ်သည်။

ပြစ်မှုနှင့်တရားမနစ်နာမှုတို့ ၏အဓိခြားနားချက်များမှာ
၁။ ပြစ်မှုများမှာပြစ်မှုကြောင်းအရတရားစွဲဆိုနိုင်ပြီးတရားမနစ်နာမှုမှာ
တရားမကြောင်းအရသာလျှင်အ
ရေးယူနိုင်သည်။
၂။ပြစ်မှုများတွင်ထောင်ဒဏ် ငွေဒဏ်လိုအပ်သလိုချမှတ်နိုင်ပြီး
တရားမနစ်နာမှုတွင်လျော်ကြေးကိုသာလျှင်ချမှတ်စီရင်နိုင်သည်။
၃။ပြစ်မှုများတွင်တရားရုံးခွင်ပြုချက်
ဖြင့်သာလျှင်အမှုရုပ်သိမ်းနိုင်သည်။
တရားမနစ်နာမှုတွင်မိမိသဘောအရအချိန်မရွေးအမှုကိုရုပ်သိမ်းနိုင်
သည်။
၎။ပြစ်မှုများတွင်ပြစ်မှုဆိုင်ရာကျင့်
ထုံးဥပဒေကိုလိုက်နာရပြီးတရားမမှုများတွင်တရားမကျင့်ထုံးဥပဒေကိုလိုက်နာရသည်။
၅။ပြစ်မှုများတွင်ကာလစည်းကမ်းသတ်ချက်မရှိ တရားမနစ်နာမှုများ
တွင်ကာလစည်းကမ်းသတ်ဥပဒေအရကာလစည်းကမ်းသတ်မှတ်ချက်ရှိသည်။ပြစ်မှုများတွင်ကာလစည်းကမ်းသတ်မရှိခြင်းဆိုရိုးစကားတစ်ရပ်မှာ-
Nullum tempus occurit regi
=No time can prejudice the king or state
ဆိုရိုးစကားမှာ ဘုရင် သို့ မဟုတ်နိုင်ငံတော်ကအရေးယူခြင်းနှင့်ပတ်သက်၍အချိန်ကာလသတ်
မှတ်ချက်မရှိစေရ ဟုဆိုလိုပေသည်။

ပြစ်မှုဆိုင်ရာဥပဒေများနှင့်သက်
ဆိုင်သောဥပဒေဖြစ်ရကားဥပဒေနှင့်ဆန့် ကျင်သောပြုမူချက်တစ်ရပ်ကို
အခြေခံ၍တရားမကြောင်းဖြင့်အ
ရေးယူပိုင်ခွင့်မရှိချေ။ထိုအချက်နှင်ပတ်သက်သောဆိုရိုးစကားတစ်ရပ်
မှာ-Ex turpi causa non oritur
action=No right of action
arises from abase cause.

မတရားမမှန်ကန်သောအချက်ကို
အခြေခံ၍တရားစွဲဆိုပိုင်ခွင့်မရှိဟုဆိုလိုပေသည်။
ဥပမာဆိုသော် အရှုံးအနိုင်လောင်းကစားရာမှရှုံသောသူက ငွေစက္ကူအတုပေးခဲ့သော်
ထိုငွေစက္ကူအတုရသောကြောင့်နစ်နာပါသည်ဟုတရားစွဲဆိုပိုင်ခွင့်မရှိချေအကြောင်းမှာဥပဒေနှင့်ဆန့်ကျင်
သောလောင်းကစားမှုမှပေါ်ပေါက်
လာသောကြောင့်ဖြစ်သည်

ဥပဒေ သုတ

AIDS နှင့် မြန်မာ (၅)


အမေရိကန်ပြည် အနောက်ဘက်ကမ်းရိုးရှိ နာမည်ကြီး အမေရိကန်မြို့တော် ဆန်ဖရန်ဆစ္စကိုမြို့ကြီးရဲ့ အလယ် ဒုစရိုက်တွေ များလှပါတယ်ဆိုတဲ့ အဲလစ်လမ်း ညအချိန် မှောင်ရိပ်ကျတဲ့ နေရာမှာ အမျိုးသမီးငယ်တစ်ဦးကို အရပ်ဝတ်ရဲက ရပ်မေးပြီး “လူသွားပလက်ဖောင်း ပိတ်ဆို့မှု” ဆိုကာ စွဲချက်ပြုလိုက်တယ်။ သူရဲ့ ရာဇဝတ်မှု မှတ်တမ်းကတော့ ထူးခြားတယ်လို့ ခေါ်ရမှာပါ။ သူ့အသက်က ၃၄ နှစ်၊ အမည်က “စစ်(လ)ဗားနား” ၅ နှစ်အတွင်း ၃၂ ကြိမ် အဖမ်းခံထား ရတယ်။ ခိုးမှု၊ ဓားပြမှုပါတယ်။ ဒီနေရာကို “ကျွမ်းပြီး” လုပ်ရည်ဝနေသူ ရဲအနေနဲ့တော့ သူ့ကို ကြည့်လိုက်တာနဲ့ သူ့လက်မှာ အညိုမည်းစက် အပ်ရာကလေးတွေ တွေ့လိုက်တယ်။ သူ့ကို ဆေးရုံခေါ်သွားပြီး ရဲတွေက AIDS ရှိမရှိ စစ်ပါလို့ ဆိုတယ်။ အဲဒီတုန်းက AIDS စစ်နည်း အခွင့် လိုက်စင်မရသေးလို့ စစ်ပေးလို့ မရသေးဘူးလို့ ဆေးရုံက ပြောတယ်။

ဒါနဲ့ပဲ သူ့ကို ပြန်လွတ်လိုက်ရတယ်။ သူရဲ့ အဖော်ယောက်ျားလည်းဖြစ်၊ အထိန်းလည်း ဖြစ်တဲ့ “တိုနီ”ဆီ ပြန်သွားတယ်။ သူ ဒီဘဝကို ဘယ်လို ရောက်လာသလဲ၊ သူဟာ ဆန်ဖရန်ဆစ္စကို ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ မိကောင်းဖကောင်း မျိုးနွယ်ဖြစ်တဲ့ အီတာလျံ မိသားစုက သမီးငယ်ဖြစ်တယ်။ ၁၉၆၈ ခုနှစ် “ကာတိုလစ်” အထက်တန်းကျောင်းက အထက်တန်းအောင်ခဲ့တယ်။ အဲဒီအခါတုန်းကတော့ ဒီလို အရွယ်သူတွေ ထုံးစံအတိုင်း ငယ်ရွယ်သူပီပီ သူ့ရဲ့ရှေ့ရေးနဲ့ ကမ္ဘာကြီး တစ်ခုလုံးအပေါ် မျှော်လင့်ချက် အားထားချက်ကြီးတွေ အပြည်နဲ့ ဖြစ်တယ်။ ကိုယ့်အပေါ်ကိုယ် ယုံကြည်မှုတွေ သိပ်ထားခဲ့တဲ့ အချိန်ပေါ့။ ငါ လူကြီးဘဝကို ဝင်နေပြီ၊ လွတ်လပ်စွာ ငါ့ဘဝ ငါဖန်တီးလို့ ရတော့မယ်ဆိုပြီး စိတ်မာန်တက်နေချိန်၊ သာယာတဲ့ ရှေ့ဘဝကို မျှော်လင့်နေတာ။

ဒါပေမယ့် သူမက်ခဲ့တဲ့ အိမ်မက်ကြီးဟာ တကယ်ဖြစ်မလာဘူး။ အလုပ်လည်း ရုတ်တရက်မရဘူး။ ဒီအချိန်မှာ “တိုနီ” နဲ့ စတွေ့ပြီး ဆေးတေါ စလုပ်တော့တာပဲ။ တိုနီနဲ့ ကလေး တစ်ယောက်ရတယ်။ စားဝတ်နေရေးကလည်း ကြပ်တည်း၊ အထူးသဖြင့် ကတော့ ဟီးရိုးအင်း (ဆေး) အတွက် ငွေလိုနေတော့ နောက်ဆုံး အလွယ်ငွေရှာနည်းဘက်ကို စစ်(လ)ဗားနား လှည့်တော့တာပဲ။ တိုနီကလည်း အားပေးတယ်။ ငွေကလည်း ရပါတယ်။ ဒီလိုနေရာကနေ AIDS အကြောင်း ကြားလာတယ်။ ဆေးထိုးအပ်တစ်ချောင်းတည်းကို အတူတူ တစ်လှည့်စီသုံးရင် ရနိုင်ကြောင်း သိလာရတယ်။ ဒါပေမယ့် နောက်ကျသွားပြီ၊ တိုနီမှာ AIDS ရောဂါ စနေပြီ။ သူဒါနဲ့ပဲ ဆေးရုံတက်ရတယ်။ ဒါပေမယ့် သူ့နေမှုစရိုက်ကိုတော့ တိုနီက မပြောင်းဘူး။ ပြောင်းလို့လည်း မရတော့ဘူး၊ ဆေးကစွဲနေပြီကိုး။

သူ့ရဲ့ “မိတ်ဆွေကောင်းကြီး” တွေကလည်း တိုနီကို ဆေးခိုးယူလာပြီး ပေးကြတယ်။ အားလုံး အပ်အတူတူ သုံးကြသေးတယ်။ အခုလည်း တိုနီ နေလို့မကောင်းဘူး၊ သူတို့ ၂ ယောက်နေတဲ့ ခပ်စုတ်စုတ် ဟိုတယ်ခန်းထဲက အိပ်ယာထဲမှာ လဲနေတယ်။ ဒီတော့ စစ်(လ)ဗားနား ဘာလုပ်မလဲ။ ရှည်ရှည်ဝေးဝေးတော့ အတွေးနိုင်သေးဘူး။ ဒီညအတွက် ပြောရမယ်ဆိုရင်တော့ သူ “အလုပ်” ထွက် လုပ်ရမှာပဲ။ တိုနီကမှ အလုပ်မလုပ်နိုင်တာ၊ တိုနီကလည်း စစ်(လ)ဗားနားကို အလုပ်ဆက်လုပ်နေစေ ချင်တာပဲ။ ဒါမှ သူဟီးရိုးအင်းအတွက် ငွေရမှာကိုး။ “ဟုတ်တယ် သူတို့ တီဗွီမှာပြောတာ မှန်တယ်။

ဒီဆေးစွဲတယ်ဆိုတဲ့ ကိစ္စဟာ ဝင်လို့တော့ ရတယ်။ ထွက်လို့မရတဲ့ ကိစ္စ”လို့ စစ်(လ)ဗားနားက စိတ်ပျက်စွာနဲ့ မှတ်ချက်ချလိုက်တယ်။ သူလည်း AIDS ရောဂါ ပြန့်ပွားမှာ စိုးပါတယ်၊ မလိုလားပါဘူး။ အဲဒီအချိန်မှာ သူ့ဂလင်းအကြိတ်တွေ ကြီးနေပြီ။ ညအိပ်ရင်လည်း ချွေးတွေထွက်ထွက်နေလို့ အိပ်ကောင်းခြင်း မအိပ်ရဘူး။ တစ်နေ့လုံး အချိန်မပြတ် နုံးချည့်ချည့်နဲ့ မောနေတယ်။ သူ့မှာ AIDS အစပျိုးနေပြီ။ ဒါဖြင့် ဘာကြောင့် ဒီည ဒီအလုပ်လုပ်ဦးမှာလဲ။ သူ့အတွက် အခြားငွေရှာတဲ့နည်း မရှိဘူး၊ မသိဘူး၊ ဒါကြောင့်ပဲ။

ဒီမှာ စဉ်းစားစရာက လူတွေဟာ ပြည့်တန်ဆာတွေအပေါ် ဘယ်လိုမြင်သလဲ။ အများကတော့ ဒုစရိုက်ကောင်တွေ၊ ယုတ်မာသူတွေ၊ “လူကောင်း”တွေကို ဖျက်ဆီးနေသူတွေလို့ ဆိုကြတတ်တယ်။ ဒါဟာ တကယ်ပဲလား။ ဖြောင့်မတ် မှန်ကန်တဲ့ ဖြစ်ရပ်မှန်လို့ ယုံကြည်သလား။ အကြောင်းအရာ တစ်ခုပေါ်မှာ ထင်မြင်ယူဆချက်ကို အတည်တကျ အဆုံးအဖြတ် မပေးခင် ဒီအကြောင်းအရာရဲ့ အရင်းခံ သဘောသဘာဝ ကုန်စင်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ အပေါ်ယံသာ မြင်ပြီး ကောက်ချက်ချလိုက်ရင် မမှန်တတ်ပါဘူး။ ပြည့်တန်ဆာ ဘဝကို နှစ်ခြိုက်လို့ သူတို့ကိုယ်တိုင် သဘောအလျောက်ရွေးပြီး လုပ်တဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် အခု ကမ္ဘာပေါ်ရှိ ပြည့်တန်ဆာအများစု ကတော့ ဆင်းရဲခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အရင်းအနှီး မရှိခြင်း စသည့် ဘယချို့တဲ့မှုကို အရင်းခံပြီး ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်ပြတ်ဘေးကို ရင်ဆိုင်နေရတာကြောင့် သူတကာ စက်ဆုပ်လှတဲ့ နိမ့်ကျလွန်းတဲ့ ဘဝကို ရောက်ကြရတာပါ။

အခြားအလုပ်သာ ရှိရင် လူ့အဖွဲ့အစည်းကလည်း ဖေးဖေးမမနဲ့ သူတို့အပေါ် ကရုဏာသက်မှု နားလည်မှုနဲ့ ဆက်ဆံမည်ဆိုရင် ဒီပြည့်တန်ဆာတွေ အများကြီး ရှိပါတယ်။ သိကြတဲ့အတိုင်း ဒီအလုပ်လုပ်တဲ့ ကာယကံရှင်တွေရတဲ့ ဝင်ငွေဟာ သူတို့ကို ထိန်းချုပ်ထားပြီး ခေါင်းပုံဖြတ် မတရားလုပ်နေသူတွေရတာနဲ့ မမျှတပါဘူး။ ဒါကြောင့် အချို့တိုင်းပြည်တွေမှာ ဒီအလုပ် မလုပ်ရအောင် သူတို့အတွက် အခြားအလုပ်တွေ ဖန်တီးပေးပါလို့ တောင်းဆိုလာတာတွေ ရှိနေပြီ။ ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ ဆန္ဒပြကြစဉ်က အစိုးရတွေဟာ ကမ္ဘာလှည့် ခရီးသည်တွေ ထိုင်းကို လာချင်အောင် မြှူဆွယ်ရေးအတွက် သုံးတဲ့ငွေရဲ့ ၂၀ ပုံ ၁ ပုံသာ AIDS ကာကွယ်ရေးအတွက် သုံးတယ်လို့ စွပ်စွဲကြတယ်။ ထိုင်းနိုင်ငံလောက် ပြည့်တန်ဆာ ပြဿနာ မတတ်သေးတဲ့ မြန်မာအတွက် မှတ်သားလေ့လာနာယူဖွယ် သင်ခန်းစာတွေလို့ ဆိုရင် မမှားဘူး ထင်တယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIV Information for Myanmar

ထိုင်းနိုင်ငံတွင် ကျောင်းသားများတင်ဆောင်လာသော မော်တော်ကား တိမ်းမှောက်မှုဖြစ်ပွား၊ အနည်းဆုံး ၁၅ ဦး သေဆုံး


ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈

ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် ဒီကနေ့နံနက်ပိုင်းက ကျောင်းသားများတင်ဆောင်လာသည့် ကားတစ်စင်းနှင့် ကုန်တင်ယာဉ်တစ်စင်းတို့ တိုက်မိရာ ကားပေါ်တွင် လိုက်ပါလာသည့် ကလေးငယ် ၁၃ ဦးနှင့် ဆရာမ ၂ ဦး အပါအ၀င် ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ ၃၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒုတိယရဲမှူးကြီး Aunkarn Thamvijarn က တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့သည်။ ကားဘရိတ်ချို့ယွင်းမှု (သို့မဟုတ်) ကားမောင်းသူမှ အိပ်ငိုက်မှု တစ်ခုခုကြောင့် ယခုကဲသို့ ဖြစ်ပွားခဲ့ခြင်းဟု ၎င်းက ပြောဆိုခဲ့သည်။

ကျောင်းသားများမှာ အသက် ၁၀ နှစ်မှ ၁၄ နှစ် အရွယ်များဖြစ်ကြပြီး၊ နိုင်ငံ အနောက်မြောက်ပိုင်းရှိ Nakhon Ratchasima ဒေသမှ Pattaya မြို့သို့ သွားလာစဉ် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သိရသည်။

MOI Webportal Myanmar

စနိုက်ပါ ကျည်ဆန် သယ်ဆောင်လာသော ပြင်သစ်နိုင်ငံသားကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ


28-2-2014

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီလ ၂၆ ရက် ည ၇ နာရီခန့်က စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ Jet Star လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါလာသော၊ ကျည်ဆန်များ သယ်ဆောင်လာသော ပြင်သစ်နိုင်ငံသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ပြင်သစ်နိုင်ငံသား Mr.Briano Florent Jean Marine ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ ခရီးဆောင် လက်ဆွဲအိတ်ကို X-Ray စက်ဖြင့် စစ်ဆေးရာမှ 7mm Remington Mag ကျည်ခုနစ်တောင့်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျည်ဆန်တွေမိတဲ့ ပြင်သစ်နိုင်ငံသားက အလည်ဗီဇာနဲ့ လာတာ။ ခွင့်ပြုချက် မရှိဘဲ ကျည်ဆန် ကိုင်ဆောင်ပြီး ဝင်လာတာကြောင့် ပြင်သစ်သံရုံးကို သတင်းပေးပို့ထားပြီး ရဲတပ်ဖွဲ့က လတ်တလော စစ်ဆေးနေတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေကြောင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ခွင့်ပြုချက်မရှိဘဲ ကျည်ဆန်များ ယူဆောင်လာသော ပြင်သစ်နိုင်ငံသားကို မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၁၀၁/၁၄၊ ၁၈၇၈ ခုနှစ် လက်နက် ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

၃၅ တန်ရှိ ကျောက်စိမ်းတုံး သက်နုကျောက်စိမ်းဟု အတည်ပြု


ဟိန်းကိုစိုး

ကချင်ပြည်နယ် ဖားကန့်တွင်တွေ့ရှိထားသော ၃၅ တန်အလေးချိန်ရှိ ကျောက်တုံးသည် သက်နုကျောက် စိမ်းတုံးဖြစ်သည်ဟု သတ္တုတွင်းဦးစီးဌာန၊ ကျောက်စိမ်းတူးဖော်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ယင်းကျောက်စိမ်းတုံးကို ဖားကန့် ရတနာမြေ မြစိမ်းရောင်ခြယ် သ/မအသင်း ဝှေခေါမှော်လုပ်ကွက်အမှတ် (၁၀)တွင် ဖေဖော်ဝါရီလ ၉ ရက်က တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ရာ ၎င်းကို သက်ဆိုင်ရာကုမ္ပဏီကသာ စီမံခန့် ခွဲသွားမည်ဖြစ်သည်။

“လုံးခင်းမှာဆို လမ်းဘေးမှာတောင် ကျောက်စိမ်းတွေ တွေ့နိုင်တယ်။ ဒီဟာက သက်တမ်းနုကျောက်စိမ်း တုံး၊ အဖိုးမတန်ဘူး လို့လဲ ပြောရခက်တယ်။ တန် ၃,၀၀၀ ကျောက်စိမ်းတုံးတောင်မှ
ကျောက်စိမ်းပါချင်မှပါ တာတွေ ရှိတယ်။ ဒီဟာကိုလည်း ဓာတ်ခွဲနေတယ်။ ဘယ်လိုပါဝင်မလဲဆိုတာ အခုပြောလို့မရသေးဘူး”ဟု ဦးသက်နိုင်က ဆိုသည်။

အဆိုပါကျောက်စိမ်းတုံးတွင် အယ်ဘိုး၊ အမ်ပီဖိုး ပါဝင်မှုများပြားသည်ဟု ဆိုသည်။ ၎င်းကျောက်စိမ်းတုံးကို ဖေဖော်ဝါရီ ၂၂ ရက်တွင် လုံးခင်းရှိ ကျောက်စိမ်းတူးဖော်ရေးဌာနအတွင်းသို့ ပြောင်းရွှေ့ထားသည်။

Mizzima Burmese

မိမိခွေးတို့ တွေးနေတာကို ဘာသာပြန်ပေးမယ့် စက်


ဆွီဒင်နိုင်ငံက နည်းပညာ ရှင်များက စက်ပစ္စည်း တစ်မျိုး တီထွင်ဖို့ အတွက် ကြိုးစား နေပါတယ်။ အဲ့ဒါကတော့ မိမိတို့ အိမ်မွေးခွေး များ ပြောချင်နေ တာ၊ တွေးနေ တာ ကို ဘာသာပြန်ပေးမယ့် စက် ဖြစ်ပါတယ်။

ခွေးရဲ့ ဦးနှောပတ်လည်မှာ ဝတ်ဆင်ထားပေး ရုံပါပဲ။ ဗိုက်ဆာတယ်။ မကြိုက်ဘူး။ လှတယ် အစရှိသဖြင့် ခွေးက ပြောချင်ပြီး တွေးနေတဲ့ စကား များကို ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင် စက်က စပီကာ ကနေ အသံ ထွက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တစ်ကမ္ဘာလုံးက ခွေးပိုင်ရှင်များ ဝယ်ယူ အသုံးပြု နိုင် မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
International news for Myanmar

ပြည်တွင်း၊ ပြည်ပဧည့်သည်များအတွက် ရွှေတိဂုံစေတီတော်သမိုင်း Audio Guide Application စီစဉ်


Friday, February 28, 2014

ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (ရွှေပြည်သာ) က မဟာသိပ္ပံ ကျောင်းသား ကျောင်းသူ ၁၈ ဦး ရေးဆွဲထားသော ရွှေတိဂုံ စေတီတော်သမိုင်း ထည့်သွင်းထားသည့် Shwedagon Audio Guide Application ကို ပြည်တွင်း၊ ပြည်ပဧည့်သည့်များ သုံးစွဲရန် အခမဲ့ဖြန့်ချိရန် စီစဉ်နေကြောင်း အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲသူ ကျောင်းသူတစ်ဦးက The Voice သို့ပြောကြားသည်။

ရွှေတိဂုံ စေတီတော်ပေါ်ရှိ အထင်ကရနေရာ ၄၇ ခုကို ရှင်းလင်းထားသော အသံနှင့်စာများကို အဆိုပါ ဆော့ဖ်ဝဲတွင် ထည့်သွင်းမည် ဖြစ်ပြီး လက်ရှိတွင် အံ့ဖွယ်ကိုးခု ထည့်သွင်းပြီး ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

နောက်ဆုံးအဆင့် ရေးဆွဲပြီးပါက အဆိုပါ ဆော့ဖ်ဝဲကို ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းပြီး အများပြည်သူများ အလွယ်တကူ သုံးစွဲနိုင်ရန် ရွှေတိဂုံ စေတီတော်တွင် ဆော့ဖ်ဝဲ ကူးယူနိုင်သော နေရာများစီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကို လာရောက် သင်တန်း ပို့ချပေးနေသူ ထိုင်းနိုင်ငံ Stamford တက္ကသိုလ်နည်းပြ ဦးဖြိုးမင်းထွန်းက ပြောကြားသည်။

အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲမှုမှာ ယခုနှစ်အတွင်း ပြီးမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲသူများတွင် ပါဝင်သည့် ကျောင်းသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရွှေတိဂုံ စေတီတော်သမိုင်း Audio Guide ကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂၁ ရက်နေ့အထိ ခေါင်းစဉ်ခွဲများဖြင့် ယှဉ်ပြိုင်ရသည့် Application ရေးဆွဲမှု ပြိုင်ပွဲဝင် ကျောင်းသား ၁၈ ဦးကို ရေးဆွဲရန် တာဝန်ပေးထားခြင်း ဖြစ်သည်။

အဆိုပါ Application ကို Google Play သို့ ရောင်းချနိုင်သည် အထိ ရေးဆွဲနေကြောင်းလည်း ပြိုင်ပွဲဖွင့်ပွဲတွင် ထိုင်းနိုင်ငံ Sripatum တက္ကသိုလ်မှ လာရောက် သင်တန်းပို့ချသူ Dr. Pilastpung Subsermsri က ပြောကြားသည်။

The Voice Weekly

ဘီယာစက်ရုံ တစ်ရုံ ခွင့်ပြုတော့မည်


ဝင်းကိုကိုလတ်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဘီယာစက်ရုံနှစ်ရုံကို ခွင့်ပြုပေးရန်ရှိသည့်အနက် တစ်ရုံကို မကြာမီ ခွင့်ပြုပေးသွားမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင် ဦးက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် မဇ္ဈိမကိုပြောသည်။

ဦးအောင်နိုင်ဦးက “ပေးမယ်ဆိုရင် (ဘီယာစက်ရုံခွင့်ပြုချက်) နှစ်ရုံလောက်ပေးဖို့ စဉ်းစားနေတယ်။ စိစစ် နေတယ်။ ပေးသင့်တဲ့အချိန်ရောက်ရင် တစ်ရုံလောက်ကိုတော့ အရင်စိစစ်ပြီးပေးဖို့ရှိပါတယ်” ဟု ပြော သည်။

ဘီယာစက်ရုံတစ်ခုကို ခွင့်ပြုပေးရန် စိစစ်ခြင်းမှာ နောက်ဆုံးအဆင့်သို့ရောက်ရှိနေသည်ဟု ဦးအောင်နိုင်ဦး က ပြောကြားခဲ့သော်လည်း ခွင့်ပြုချက်ချထားပေးမည့် အချိန်အတိအကျကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

ဘီယာစက်ရုံတစ်ရုံကို ခွင့်ပြုမည်ဆိုသောကြောင့် ဘီယာစက်ရုံတည်ဆောက်ခွင့်ရရန်တင်ပြထားသည့် ကုမ္ပဏီအချို့မှာ ပြင်ဆင်မှုများပြုလုပ်နေကြောင်းသိရသည်။

“ချထားပေးရင် ပြည်တွင်းကုမ္ပဏီကိုပဲ ချထားပေးမှာပါ” ဟု ဦးအောင်နိုင်ဦးက ဖြည့်စွက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဘီယာသောက်သုံးမှုမှာ လူတစ်ဦးလျှင် တစ်ရက်ငါးလီတာခန့်ဖြစ်ပြီး ပြည်တွင်း ထုတ်လုပ်မှုမှာ လီတာသန်း ၂၀ ခန့်သာရှိသည့်အတွက် လိုအပ်သည့်ပမာဏမှာ မှောင်ခိုဈေးကွက်မှ ၀င် ရောက်နေခြင်းဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

၎င်းက “မှောင်ခိုဈေးကွက်က၀င်တော့ အရည်အသွေးထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ သောက်သုံးသူတွေကို ထိခိုက်ပါတယ်” ဟု ပြောသည်။

ဘီယာထုတ်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်လျာထားခြင်းမှာ ကြီးမားနေသည့် ဘီယာမှောင်ခိုဈေးကွက်ကို ဟန့်တားရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အဆိုပါ လုပ်ငန်းများအပေါ် အခြားသောနိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကိုပေးသည့် အခွန်အခဆိုင်ရာ လျှော့ပေါ့ပေးခြင်းမျိုးကို လုံးဝပေးမည်မဟုတ်ကြောင်း ဦးအောင် နိုင်ဦးက ဒီဇင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးခွဲတွင် ကျင်းပသော သတင်း စာရှင်းလင်းပွဲ၌ ပြောကြားခဲ့ဖူးသည်။

၎င်းအပြင် 2015 AFTA (အာဆီယံ လွတ်လပ်သောကုန်သွယ်မှု) စတင်သည့် အချိန်တွင် အခြားနိုင်ငံများမှ ဘီယာများလည်း မြန်မာနိုင်ငံသို့ ၀င်ရောက်လာတော့မည်ဖြစ်ရာ ပြည်ပမှဘီယာများဝင်ရောက်လာမှုမရှိ သေးစဉ် ပြည်တွင်းဘီယာစက်ရုံများက ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်နိုင်ရန်လိုအပ် သည်ဟုလည်း ဦးအောင်နိုင်ဦးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ မြောက်ဥက္ကလာပ မြို့နယ်ရှိ လှိုင်းသစ်ဘီယာဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်မော်က“ပြည်တွင်းဈေးကွက်ကို ၀င်မယ်ဆိုရင်တော့ လက်ရှိဘီယာတွေနဲ့ အရည်အသွေးတူပြီး၊ လက်ရှိဈေးကွက်ထဲမှာရှိတဲ့ ဘီယာတွေထက် ဈေးနိမ့်ရင် ပို ကောင်းပါတယ်။ အခုဆို Chang က ဈေးနိမ့်ပြီး ပြည်တွင်းဈေးကွက်ထဲ ၀င်ရောက်နေပါပြီ။ ဘီယာတွေ များလာရင်တော့ ပိုပြီးရွေးချယ်လို့ရတာပေါ့”ဟု ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ဘီယာထုတ်လုပ် သည့် ပြည်တွင်းကုမ္ပဏီခြောက်ခုရှိနေကာ Carlsberg, Heineken နှင့် Chang စသည့် ပြည်ပမှဘီယာများကိုလည်း ပြည်သွင်းသို့ တရားဝင် တင်သွင်းဖြန့်ချိခွင့်ပေးထားကြောင်း သိရသည်။

Mizzima Burmese

ဗင်နီဇွဲလားအစိုးရ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ထပ်မံဖြစ်ပွား


ဓာတ်ပုံ-ရိုက်တာ

ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့ အရှေ့ပိုင်း လူကုန်ထံရပ်ကွက်မှာ အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေနဲ့ လုံခြုံရေးတပ်တွေအကြားမှာ ထိပ်တိုက် တွေ့နေတုန်းပါပဲ။

လွန်ခဲ့တဲ့ ၂ ပတ်အတွင်း မြင်နေရတဲ့ ပုံစံအတိုင်းပဲ ဆန္ဒပြသမားတွေက ခြောက်လမ်းသွား အဝေးပြေးလမ်းကို ပိတ်ဖို့ ကြိုးစားတာကို လုံခြုံရေးတပ်တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး တားဆီး လူစုခွဲခဲ့ပါတယ်။
တိုင်းပြည်ထဲမှာ ငွေကြေးဖောင်းပွမှု၊ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်မှုနဲ့ အတိုက်အခံတွေကို အစိုးရက နှိပ်ကွပ်တာ၊ ရာဇ၀တ်မှုတွေ တိုးပွားလာနေတာကို မကျေနပ်လို့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး လုံခြုံရေးတပ်တွေ ထိပ်တိုက်တွေ့မှုအတွင်း အခုအထိ လူ ၅၀ ကျော်သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

လူပေါင်း ၁၅၀ လည်း ဒဏ်ရာရခဲ့ပြီး ၅၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ရတယ်လို့ အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။

DVB Burmese

ရွှေတောင်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့မှာ သောက်သုံးရေ မသန့်တဲ့အတွက် ရပ်ကွက်အတွင်း နေထိုင်သူတွေ အများအပြား ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့က စက်ရုံဝန်ထမ်းတွေနေတဲ့ ၂ ရပ်ကွက်မှာ ၂ ရက် အတွင်း ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ ကလေး ၆ ယောက်အပါအ၀င် ၄၉ ယောက် ရှိလာတယ်လို့ ရွှေတောင်မြို့ ကျန်းမာရေးရုံးက ပြောပါတယ်။

အဲဒီရပ်ကွက်က ရေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးတဲ့အခါ အပြင်းစားတော့ မဟုတ်ဘူးလို့ သိရကြောင်း ရွှေတောင်မြို့ ကျန်းမာရေးရုံး သူနာပြုဆရာမ ဒေါ်အေးမြင့်က ပြောပါတယ်။
“အခု ၁ ရက် ၂ ရက်အတွင်းမှာပဲ ဖြစ်တာပါ။ ရေမသန့်လို့ ပြောပါတယ်။ သူတို့အပေါ်က လာတဲ့ရေပါ။ သူတို့ဝန်ထမ်းတွေ သောက်တဲ့ရေပေါ့။ နည်းနည်း မသန့်လို့တဲ့ ပြောတာပဲ။ အလှူအိမ်တခုမှာ ၀င်စားလို့ အစုလိုက် အပြုံလိုက်ဖြစ်တယ်ဆို အလှူအိမ်က ဟင်းကြောင့် မုန့်ကြောင့်လို့ သတ်မှတ်တာလေ။ အစားအသောက်က မတူဘူး။ ရေက ဒီရေပဲ သောက်တာ ဆိုတော့ ရေလို့ပဲ သတ်မှတ်တယ်တဲ့။”

ဆေးရုံတက်ရတဲ့ထိ ပြင်းထန်တာ မရှိပေမယ့် ရပ်မသွားသေးဘဲ ဆက်လက် ဖြစ်နေတဲ့အတွက် မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအဖွဲ့တွေ၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသမီးရေးရာ အဖွဲ့တွေ ပေါင်းပြီး ရပ်ကွက် ၂ အတွင်း ပိုးသတ်ဆေးဖျန်းပေးနေပါတယ်။

ရွှေတောင်မြို့ အမျိုးသမီးရေးရာအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါ်ရင်ကြွေ က “အန်တီတို့က မယကရုံးမှာ သန်းခေါင်စာရင်းအတွက် အစည်းအဝေး သွားတာလေ။ အစည်းအဝေးသွားရင်းနဲ့ မြို့နယ်ကနေ ပြီးတော့ အရေးပေါ်ပေါ့။ ဒီမှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတယ် ဆိုပြီးတော့ လာပြောတာနဲ့ အန်တီတို့ အားချင်းပဲ ချက်ချင်းပဲ သိတာ ၁၂ နာရီလောက်သိတယ်။ ၁ နာရီခွဲမှာ ဒီအစီအစဉ်ကို စလုပ်လိုက်တာပဲ” လို့ ပြောပါတယ်။

အခု ဖြစ်ပွားနေတဲ့ ရပ်ကွက်ဟာ ရွှေတောင်မြို့ပေါ်မဟုတ်ပဲ ချည်မျှင်နဲ့ အထည်စက်ရုံ ၀န်ထမ်းရပ်ကွက်ဖြစ်တဲ့ စံပြနဲ့ အောင်မြင်သာရပ်ကွက်တွေမှာ ဖြစ်နေပြီး အဲဒီနေရာမှာ စက်ရုံ ရေစစ်ကန်ကနေတဆင့် ရေပေးဝေနေတာပါ။

DVB Burmese

ကျူးကျော်များကို နေရာချပေးရန် စနစ်တကျ ပြင်ဆင်နေ

သမီးလေးကျေးရွာ ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်

ကျူးကျော်မြေနေရာတွေမှာ နေထိုင်သူတွေကို စာရင်းကောက်ခံနေသလို သူတို့ကို နေရာ ချပေးနိုင်မယ့် နေရာတွေကိုလည်း ရှာဖွေနေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရန်ကုန်တိုင်းလွှတ်တော်ရုံးမှာ လုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာ ကျူးကျော်နေထိုင်သူပေါင်း ၅ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။
ဒီ လူတွေ ကျူးကျော်ဖြစ်ရတဲ့အကြောင်းအရင်းဟာ အလုပ်အကိုင်နဲ့ အခွင့်အလမ်း မရှိလို့
နေရာ ရွှေ့ပြောင်းရင်း ဖြစ်ရတာမို့၊ သူတို့ကိစ္စ ဖြေရှင်းရင် အလုပ်အကိုင် အခွင့်အလမ်းပြဿနာကို အဓိကထား ဖြေရှင်းနိုင်မှ ရမယ်လို့ သူက ဆိုပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ နေရာတွေမှာ သွားချထားပေးလိုက်ရင် နေရာ ရောင်းစားပြီး နောက်တနေရာမှာ ကျူးကျော်ပြန်ဖြစ်နေဦးမှာပဲလို့ သူက မှတ်ချက်ပေးပါတယ်။

DVB Burmese

ချင်းမျိုးနွယ်စုကနေ ပယ်ဖျက်ပေးရန် နာဂလူမျိုးများ တောင်းဆု


နာဂလူမျိုးဟာ သီးခြားလူမျိုးဖြစ်တဲ့အတွက် အစိုးရအနေနဲ့ သီးခြားမျိုးနွယ် အဖြစ်သတ်မှတ် ထုတ်ပြန်ပေးဖို့နဲ့ ၂၀၁၄ သန်းခေါင်စာရင်းမှာ နာဂလူမျိုးကို ချင်မျိုးနွယ်စုထဲ ထည့်သွင်း ထားတာကနေ ပယ်ဖျက်ပေးဖို့ နာဂလူမျိုးတွေက တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ သမိုင်းအစဉ်အဆက်အရ နာဂ လူမျိုးဟာ သူ့ရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေနဲ့ ရှိလာခဲ့တဲ့ လူမျိုးဖြစ်တဲ့ အားလျော်စွာ ကျနော်တို့က သန်းခေါင်စာရင်းကောက်ခံမှုမှာ အစိုးရက အသုံးပြုမယ့် ကုတ်စနစ်ကို ပြန်ကြည့်တဲ့အခါမှာ သူက ချင်းမျိုးနွယ်စုအောက်မှာ ထည့်သွင်း ကောက်ခံသွားမှာ ကျနော် မြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နာဂ လူမျိုးဟာ သီးခြားမျိုးနွယ်စု ဖြစ်တဲ့ အားလျော်စွာ သီးခြား မျိုးနွယ်စုအနေနဲ့ အစိုးရက ထုတ်ပြန်ပေးဖို့ရယ်။ နောက်တချက်က ကုတ်စနစ်ကို အခြေခံပြီး ကောက်ခံမယ့် သန်းခေါင်စာရင်းထဲမှာ နာဂကို စာရင်းထဲမှာ ထည့်သွင်းကောက်ခံမယ့် အရာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေခြင်း ဖြစ်တယ်။”

နာဂလူမျိုးဟာ သီခြားလူမျိုးတမျိုးဖြစ်ပြီး မျိုးနွယ်စုကြီး ၇ မျိုးနဲ့ မျိုးနွယ်စုငယ် ၁၀၀ ကျော်ရှိတယ်လို့ လည်း သူက ပြောပါတယ်။

ဒီမျိုးနွယ်စုတွေကို လာမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ထည့်သွင်းထားခြင်းမရှိဘဲ နာဂမျိုးနွယ်စုထဲက တန်ကွန်နဲ့ သူ့ရဲ့ အောက်မှာရှိတဲ့ မရိင်နဲ့ အနန်တဲ့ မျိုးနွယ်စုတွေကို ချင်းလူမျိုးအောက်မှာ သီးခြားကုတ် နံပါတ်နဲ့ ဖော်ပြခံထားရတယ်လို့ ဦးနော်အောင်ဆန်းက ပြောပါတယ်။

“နာဂမှာ မျိုးနွယ်စုအငယ် ၁၀၀ ကျော်ရှိပါတယ်။ သို့သော်လည်းပဲ အဓိက အုပ်စုကြီးအနေနဲ့ ၇ မျိုးရှိပါတယ်။ အခု ဒီ ၇ မျိုးက လက်ရှိ ကောက်ခံမယ့် စာရင်းထဲမှာ မပါဝင်ပါဘူး။ အဲဒီမှာ နာဂ မျိုးနွယ်စုကြီးဖြစ်တဲ့ တန်ကွန် လို့ခေါ်တဲ့ မျိုးနွယ်စုကိုတော့ ထည့်သွားထားတာ တွေ့ရတယ်။ တန်ကွန်ရဲ့ အောက်မှာ ရှိတဲ့ မလင်နဲ့ အနန် ဆိုတဲ့ မျိုးနွယ်စုတွေကို နာဂ ရဲ့ မျိုးနွယ်စုက ခွဲထွက်ပြီးတော့ သီးသန့် ကုဒ်နံပတ်တွေ ပြန်ဖော်ပြထားတယ်။ ဒီလို ဖော်ပြတဲ့အခါမှာ အပိုင်း ၂ ပိုင်း ရှိတယ်။ နံပတ် ၁ က နာဂ ကို ချင်းထဲမှာ ထည့်ထားတဲ့အပြင် နာဂ အောက်ထဲမှာ ရှိတဲ့ မျိုးနွယ်စုတွေကိုပါ ထပ်ပြီးတော့ ချင်းမျိုးနွယ်စုထဲမှာ ပြန်ပြီး ထည့်သွင်းဖော်ပြခြင်းကို ခံထားရပါတယ်။ ဘယ်လိုမျိုးတောင်းဆိုချင်လဲဆိုတော့ သန်းခေါင်စာရင်းကောက်ယူပြီးတဲ့ နောက်ပိုင်းမှာ ကုဒ်စနစ်ကို အခြေမခံပဲနဲ့ နာဂဟာ သီးခြားလူမျိုးဖြစ်တယ်ဆိုတာ နိုင်ငံတော်က အသိအမှတ်ပြုပြီးတော့ သီးခြားမျိုးနွယ်အနေနဲ့ ဖော်ပြပေးဖို့ ဖြစ်ပါတယ်။”

နာဂလူမျိုးဟာ ချင်းမျိုးနွယ်စုမဟုတ်ဘူးလို့ ပြောဆိုတဲ့အပေါ် ချင်းလူမျိုးရဲ့သဘောထားကို မေးမြန်းရာမှာတော့ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီရဲ့ ညှိနှိုင်းရေးမှူး ဆလိုင်း အိုက်ဇက်ခင်က အခုလို ဖြေပါတယ်။

“ပထ၀ီအနေအထားရသော်လည်းကောင်း၊ ကျနော်တို့ရဲ့ ကိုးကွယ် ယုံကြည်မှုအရသော် လည်းကောင်း၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ နေပုံထိုင်ပုံ ယဉ်ကျေးမှု နောက်ခံ အရသော် လည်းကောင်း တော်တော်လေးနီးစပ်တဲ့အခါကျတော့ တချို့က ချင်းနဲ့ နာဂ အတူတူပဲလို့ ထင်ကြတာတွေ ရှိတယ်။ အရင်တုန်းက တောက်လျှောက် ချင်းနဲ့ နာဂ ပေါင်းထားတဲ့ အတွက်ကြောင့်မို့လို့ ချင်းနဲ့ နာဂ က တူတယ်လို့ ထင်မြင်ယူဆတဲ့ အနေအထား ရှိပါလိမ့်မယ်။ သို့သော် ကျနော်တို့ ယနေ့ ခေါင်းဆောင်ပိုင်းအနေနဲ့ကတော့ နာဂသည် နာဂပဲ ချင်းက ချင်းပဲလို့ အဲဒီလို လက်ခံထားပါတယ်။ အဲဒီလို လက်ခံထားတဲ့အတွက်ကြောင့်မို့လို့လည်း နိုင်ငံတော် သမ္မတကြီးဆီကို သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး တင်ပြတဲ့စာထဲမှာလည်း နာဂဟာ ချင်းမျိုးနွယ်စု မဟုတ်ဘူးဆိုတာကို ဖော်ပြထားပြီးသား ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ချက်ကို ပြင်ဆင်ပေးဖို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်ကို ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူအပြီးမှာ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရ ဗဟိုသန်းခေါင်စာရင်းကော်မတီနဲ့ တိုင်းရင်း သားတွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေး သဘောတူညီမှု ရခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ထုတ်ပြန်တဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မတီရဲ့ကြေညာ ချက်မှာတော့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး သတ်မှတ်ချက်ဟာ အမှန်လို့ တရားသေ ဆုပ်ကိုင် ထားခြင်း မဟုတ်ဘဲ သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းစဉ် အပြီးမှာ တိုင်းရင်းသားတွေရဲ့ အကြံပြုချက်တွေကိုယူပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

DVB Burmese