ထိုင်းအာဏာသိမ်းပြီး အခြေအနေ သတင်းသုံးသပ်ချက်


ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်ကစလို့ ထိုင်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ ကာဖျုးအမိန့်ကိုပါ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တဲ့အတွက် ထိုင်းနိုင်ငံတ၀န်း အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ဘယ်လိုအခက်အခဲတွေ စတင် တွေ့ကြုံနေကြရပါပြီ။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ ညဘက် အလုပ်ဆင်းကြရတဲ့ အလုပ်သမားတွေ စတင် အခက်တွေ့နေကြပါပြီ။

မဲဆောက်မြို့က မက်ပ်ဖောင်ဒေးရှင်း အလုပ်သမားကျန်းမာရေးနဲ့ ပညာပေးအဖွဲ့ တာဝန်ခံ ကိုအေးက ခုလို ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ညဘက်လုပ်တဲ့ လုပ်သားတွေ အခက်အခဲ ကြုံမယ်။ တချို့အိမ်တွေဆိုရင် ညဈေးမှာ ကုန်ထမ်းတယ်။ ဒီလို အမျိုးအလုပ်သမားတွေက ညဘက်အလုပ်မထွက်ရရင် နေ့ဘက်မှာ ၀င်ငွေလည်းမရှိ ဘာအလုပ်မှ မရှိဘူးဖြစ်နေမယ်။ ဒါပေမယ့် စက်ရုံအလုပ်သမားတွေက နေ့တနေ့လုံးရှိနေတယ်ဆိုတော့ သူတို့အတွက် အခက်အခဲတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် သူတို့ ပုံမှန်ဝင်ငွေ တွက်ရင်တော့ ရာခိုင်နှုန်း ၂၀ လောက် လျော့သွားမယ်လို့ ထင်တယ်။ ”

ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း ညမထွက်အမိန့် ကာလတာရှည်ထုတ်ပြန်ရင် မြန်မာအလုပ်သမားတွေတင်မကဘဲ ထိုင်းအလုပ်ရှင်တွေပါ နစ်နာမှုတွေ ဖြစ်ပေါ်လာမယ်လို့ သုံးသပ် ပြောကြားပါတယ်။

“အလုပ်သမားတွေအတွက်ရော အလုပ်ရှင်တွေအတွက်ရော နိုင်ငံသားတွေအတွက်ရော အများကြီး အခက်အခဲဖြစ်ပေါ်လာနိုင်ပါတယ်။ သူ့နိုင်ငံသားတွေ အခက်အခဲဖြစ်နေတယ်ဆိုရင် အဲ့ဒီ အကျိုးဆက်က ကျနော်တို့ကိုလည်း သက်ရောက်လာမှာပါ။ သူ့နိုင်ငံသား လုပ်ငန်းရှင်များကို မှီခိုပြီးတော့မှ ကျနော်တို့ဘ၀ကို ရပ်တည်နေရတဲ့အတွက်ကြောင့် သူ့နိုင်ငံသား အလုပ်ရှင်တွေ ကိုယ်တိုင် အလုပ်လုပ်ရတဲ့ အနေအထားမျိုးမှာ ကန့်သတ်မှုတွေ ချုပ်ချယ်မှုတွေ များလာမယ်ဆိုရင် အဲဒီအခက်အခဲ အကျိုးကျေးဇူးက ကျနော်တို့ဘက်ကိုပါ တိုက်ရိုက်လှည့်လာမှာ ဖြစ်ပါတယ်။”

ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့တော် အခြေအနေရော စစ်အုပ်ချုပ်ရေး နဲ့ ညမထွက်ရအမိန့်အောက်မှာ ဘယ်လို ရှိပါသလဲ၊ ဘန်ကောက်မှာ နှစ်ပေါင်းများစွာ နေထိုင်နေတဲ့ ကိုဇော်မင်းကတော့ ပုံမှန်အတိုင်းပဲ သွားလာနေကြပါတယ်လို့ ပြောပါတယ်။

“ပုံမှန်ပါပဲ။ ကျနော်တို့ ဧရိယာထဲမှာ ဘာမှ မဖြစ်ပါဘူး။ တခုတော့ ရှိတာပေါ့။ မနေ့က စတယ်ဆိုတော့ ၁၀ နာရီမထိုးခင် ကသုတ်ကရိုက် အိမ်ပြန်ကြတယ်။ စားသောက်ဆိုင်တွေ ဘားတွေ တီးဝိုင်းရှိတဲ့ စားသောက်ဆိုင်တွေ အဲဒါတွေက အစောကြီး ပိတ်ကြတယ်။ ၉ နာရီလောက် ပိတ်သွားတယ်။ အစိုးရအနေနဲ့ ညမထွက်ရအမိန့်ကို ရေရှည် မထုတ်နိုင်ဘူး သူတို့ စီးပွားရေး ထိခိုက်သွားမယ်။ စစ်တပ်က ဆက်ထိန်းသွားမယ်လို့ မြင်တယ်။ ညမထွက်ရ အမိန့်ကိုတော့ မကြာခင် ရုပ်သိမ်းလိမ့်မယ်လို့ ထင်တယ်။”

ထိုင်းနိုင်ငံမှာနေတဲ့ အလွတ်တန်းသတင်းစာဆရာ ဦးဇင်လင်းကတော့ ဒီတကြိမ် စစ်တပ်အာဏာ သိမ်းတာဟာ အရင်အကြိမ်တွေထက် ပိုပြီး ရှုတ်ထွေးတယ်လို့ သုံးသပ်ပါတယ်။

“ဒီကိစ္စမှာ တပ်ကလည်း ၆ လကြာ စောင့်ကြည့်နေတာ ရှိတယ်။ အခုလည်းပဲ ပထမ မာရှယ်လော ထုတ်တယ်။ ပြီးတော့ အတိုက်အခံ အုပ်စုတွေကို ခေါ်ပြီး တွေ့ဆုံပေးတယ်။ အဖြေတခု ထွက်မလားလို့ စေ့စပ်ညှိနှိုင်းခိုင်းတယ်။ ဒါပေမယ့် နှစ်ဖက် စလုံးက သူတို့ ဆုပ်ကိုင်ထားတဲ့ အခြေခံတွေကို မရုပ်သိမ်းဘူး။ ဆူထစ်တို့ ဘက်ကလည်းပဲ လက်ရှိ ယာယီအစိုးရဆိုတာလည်း လုံးဝ နုတ်ထွက်ပေးရေးကို တောင်းတယ်။ တဖက်ကလည်း လုံးဝ နုတ်မထွက်နိုင်ဘူးဆိုတာ မျိုး ဖြစ်နေတယ်။ ညှိနှိုင်းမရတဲ့ အနေအထားမျိုးမှာ လက်ရှိ စစ်ဦးစီးချုပ်က မာရှယ်လောကနေ အာဏာသိမ်းတယ်ဆိုတာ ပြောင်းပြီး ကြေညာလိုက်တာ တွေ့ရတယ်။ အခြေအနေကတော့ အရင် ၂၀၀၆ ထက် ရှုတ်ထွေးပြင်းထန်သွားတဲ့ သဘောရှိတယ်။ ၂၀၀၆ တုန်းကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိစ္စပါပဲ။ ဒီတုန်းကလည်း ဘာပဲပြောပြော အခုနဲ့ အခြေခံ အချက်အလက်တွေ တူတာပေါ့လေ။ အခုလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလည်း ပြင်ရမယ့် အနေအထားမျိုးအထိ ရောက်သွားတာပါပဲ။ အခုကိစ္စမှာ နည်းနည်းထူးခြားတာက ဘုရင့်အရိုက်အရာ ဆက်ခံရေး ကိစ္စတွေနဲ့ ပတ်သက်လို့ပါ၊ နောက်ကြောင်းမှာ ရှုတ်ထွေးမှုတွေ ဖြစ်လာတွေ့ရတယ်။ ဒါကြောင့်မို့လို့ တပ်ကတော့ အခြေအနေအားလုံးကို ထိန်းသိမ်းနိုင်အောင် ၀င်ပြီးအာဏာသိမ်းလိုက်တယ်လို့ ကျနော်တို့ အကြမ်းဖျင်းအားဖြင့် လက်လှမ်းမီသလောက် လေ့လာလို့ သိတယ်ပေါ့လေ။”

DVB Burmese

ချင်းမိုင်မြို့မှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အနေနဲ့ ဖယောင်းတိုင်ထွန်း ချီတက်ဆန္ဒပြ


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာတော့ မေလ ၂၃ ရက်နေ့ညက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပြည်သူတွေ ဖယောင်းတိုင်ထွန်း ချီတက်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။

Chiang Maiဆန္ဒပြသူတွေဟာ ဆိုင်းဘုတ်တွေနဲ့ အာဏာသိမ်း ထိုင်းစစ်တပ်ကို အော်ဟစ်ရှုတ်ချခဲ့ကြပြီး လမ်းမတလျှောက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေကြပေမယ့် ထိုင်းကာကွယ်ရေးဦးစီးချုပ် ပရာယုပ်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပြုပြင် ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောဆိုပြီး ဘယ်လောက်ကြာတဲ့ အထိ အာဏာသိမ်းထားမယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။

ရွေးကောက်ပွဲတွေမကျင်းပခင် အရင်ပြုလုပ်မယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေမှာ ကူညီကြဖို့ အရပ်ဖက်အစိုးရ၀န်ထမ်းတွေကိုလည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့ ပါတယ်။

ချင်းမိုင်မြို့ဟာ ၀န်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ယင်လပ်တို့ရဲ့ ဇာတိမြေ နဲ့ ထောက်ခံသူတွေရဲ့ အမာခံဒေသဖြစ်ပါတယ်။

DVB Burmese

အစိုးရ ကယ် ပါ မြတ်ဆရာတွေ ညှာတာ ပါ



ဖြစ်နေတာကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရွာက ကျူရှင်ယဉ် ကျေးမှုအကြောင်းလေးကို ပြောချင်ပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နေလို့လဲလို့မေးရင် အသက်ငါးနှစ်ပြည့်ပြီးစ သူငယ်တန်းကလေးတွေကအစ ကျောင်းပြင်ပကျူရှင်ကျောင်းကို တက်နေရတယ်။ ဒါက သူ့အရပ်နဲ့ သူ့ဇာတ်လိုကိုဖြစ်နေတာပါ။ ကိုယ့်သားသမီး ကို စာတတ်စေချင်တဲ့ မိဘတွေရဲ့ စိတ်စေတနာကတော့ အံ့မခန်းပါပဲ။

ဆိုးတာကတော့ အဲဒီကျူရှင်ဝိုင်းလေးတွေကို အဓိက သင်ကြားပေးနေတာက ရွာအရှေ့ပိုင်းက အထက်တန်း ကျောင်းခွဲက ဆရာ၊ဆရာမတွေကိုယ်တိုင် ဖြစ်နေတာပါ ပဲ။ သူတို့သင်တဲ့ကျူရှင်ဝိုင်းကိုမှ
မတက်ရင် ကျောင်းခန်းအတွင်း
မျက်နှာငယ်ရတဲ့အဖြစ်မျိုးကိုလည်း ဘယ်မိဘကမှ အလို မရှိကြပါပကော။ ဒါကြောင့် သူတို့က အစိုးရဝန်ထမ်း ကျောင်းဆရာတွေသင်ကြားတဲ့ ပြင်ပကျူရှင်ဝိုင်းကိုတက် ဖြစ်ခဲ့ရတာပါ။

မန္တလေးတိုင်း သာစည်မြို့နယ် သာဂရရွာဆိုရင် အဲဒီ အနီးနားပတ်ဝန်းကျင်က ရွာတိုင်းသတိပြုမိကြပါတယ်။ ရွာ က အိမ်ခြေတော်တော်များတယ်။ ရွာသူရွာသားတွေထဲမှာ ဘွဲ့ရပညာတတ်၊ ဆယ်တန်းအောင် တော်တော်များပါ တယ်။ တချို့များ ဘွဲ့ရတာတောင် ရွာမှာတင် ဆိတ်ကျောင်း၊ နွားကျောင်းအလုပ်ကို လုပ်နေကြတုန်း။ တချို့လည်း မိဘ လက်ငုတ်လက်ရင်း တောင်သူအလုပ်လုပ်ကြတယ်ဗျ။

သတင်းသမားကလည်းဖြစ်၊ စပ်စပ်စုစုကလည်းနေ တတ်တော့ တစ်နှစ်တစ်ခေါက်ရွာပြန်ရောက်တာနဲ့ သတင်း ဖြစ်လောက်တဲ့ အကြောင်းအရာတွေစုပြုံပြီး ကျွန်တော့်ဆီ ရောက်လာတော့တာပဲ။ တချို့အကြောင်းတွေများဆိုရင် ရေးလို့ပင်မကောင်းပါဘူး။ ရွာလယ်လမ်းမကြီး၊ လှည်း လမ်းကြောင်းနေရာမှာ လမ်းဘေးအိမ်တွေက ကျလာတဲ့ ရေတွေကြောင့် ဗွက်ထနေတာကအစ ရွာကျောင်းမှာ ကျောင်းသားတွေအတွက် စာသင်ခုံမလောက်ငတာအဆုံး ပေါ့ဗျာ။

လာမယ့်နှစ်ဆိုရင် ဆယ်တန်းတက်ရတော့မယ့် ကျွန် တော့်ညီမဝမ်းကွဲလေးအကြောင်း တွေးပူနေရတဲ့ ကျွန် တော့်ဒေါ်လေးကပဲ စပြောရတော့မှာပဲ။ ကိုးတန်းအောင် ပြီးတဲ့အခုအချိန်အထိ သူ့သမီးက စာလိုက်နိုင်တယ်တဲ့။ ရွာကျောင်းကသာ ကောင်းကောင်းသင်ပေးရင် အပြင်မှာ ကျူရှင်တက်စရာလိုမှာမဟုတ်ဘူးလို့ သူကယုံကြည်တယ်။ ဒါပေမဲ့ အပြင်ကျူရှင်ကတော့ မထားလို့ကိုမဖြစ်တဲ့အခြေ အနေဖြစ်လို့ ထားရဦးမှာတဲ့။ ဘာလို့လဲမေးတော့ ကျောင်း ကဆရာမတွေက စာမသင်ကြလို့တဲ့။ ဘာလို့ မသင်လဲ မေးတော့ သူတို့က အပြင်ကျူရှင်ဝိုင်းမှာသင်တာတဲ့။ သူ တို့သင်တဲ့ကျူရှင်ကိုမတက်ရင် ကျောင်းမှာ မျက်နှာမရ ဘူးတဲ့။ နားလည်အောင်လည်း သင်မပေးဘူးတဲ့။

သာဂရရွာက စာသင်ကျောင်းက မကြာသေးခင်နှစ် ကမှ အထက်တန်းကျောင်းခွဲဖြစ်တာပါ။ ကျွန်တော်တို့ ကျောင်းသားဘဝကဆိုရင် တွဲဖက်အထက်တန်းကျောင်း အဆင့်ပဲရှိသေးတာ။ ရွာအနောက်ဘက်ခပ်ယွန်းယွန်းက ဟံဇားဆိုတဲ့မြို့ကျောင်းရဲ့ ကျောင်းခွဲသဘောမျိုးပေါ့။ အဲဒီ တုန်းက ကျွန်တော်တို့ရွာကျောင်းမှာ ကိုးတန်း၊ ဆယ်တန်း အတွက် အပြင်က တက္ကသိုလ်ဘွဲ့ရပြီးသား၊ စာသင်ဝါသနာ ပါတဲ့သူကို ငှားရမ်းပြီး သင်ပေးခဲ့တာပေါ့။ အခု အထက် တန်းကျောင်းခွဲဖြစ်ပြီဆိုတော့ အဲဒီလို ဆရာငှားရပြီးသင် ရတဲ့သဘောမျိုးမဟုတ်တော့ဘူး။ တိုးတက်လာတယ်ဆို ရမှာပေါ့။ နှစ်ကာလကလည်း ဆယ်စုနှစ်တစ်ဝက်လောက် ရှိပြီကိုး။

ဒါပေမဲ့ ကျူရှင်ဝိုင်းတွေတိုးပွားလာတာကတော့ မရှု မလှပါပဲ။ ကျူရှင်ဆိုတဲ့ ဝေါဟာရကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ကြလဲတော့ ကျွန်တော်လည်း သိပ်နားမလည်ပါဘူး။ သို့သော် ကျူရှင်ရဲ့အကျိုးသက်ရောက်မှုတွေကတော့ တော် တော်ကို ပြင်းရှပါတယ်။ တချို့ကျောင်းသား၊ ကျောင်းသူ လေးတွေဆိုရင် ကျောင်းတက်ရတဲ့စရိတ်ထက်ပဲ ကျူရှင် စရိတ်မတတ်နိုင်လို့ ကျောင်းတက်ဖို့ကို မစဉ်းစားနိုင်တော့ တဲ့ အဖြစ်မျိုးရှိပါတယ်။
ကျူရှင်ဆိုတာ ကျောင်းသားတွေအတွက် အထောက် အပံ့ပေးရာ စာသင်ဝိုင်း၊ စာကျက်ဝိုင်းလေးပဲဖြစ်သင့်ပါ တယ်။ ကျူရှင်သင်တာကို အပြစ်ဖို့ပြောဆိုနေတာ မဟုတ် ပါဘူး။ စာမလိုက်နိုင်တဲ့ကလေးတွေအတွက် ကျူရှင်တွေ ရှိသင့်ပါတယ်။ ဒါပေမဲ့ အစိုးရဝန်ထမ်းဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ကျူရှင်ပြပြီး ငွေရှာနေတာတော့ မကောင်း ဘူးလို့ပဲ မြင်ပါတယ်။

သာဂရရွာမှာဆိုရင် ကိုးတန်း၊ ဆယ်တန်း ကျောင်း သား၊ ကျောင်းသူတွေကို စာသင်ပေးနေတဲ့ ကျူရှင်ဝိုင်း သုံးခုထက်မနည်းရှိပါတယ်။ သူငယ်တန်း၊ တစ်တန်း၊ နှစ် တန်း၊ မူကြိုကအစ ကျူရှင်ရှိပါတယ်။ တော်တော်များများ က အစိုးရဝန်ထမ်းကျောင်းဆရာ၊ ဆရာမတွေကိုယ်တိုင် သင်ကြားနေကြတာပါ။ သူတို့ကျူရှင်ဝိုင်းတွေကို မတက် တဲ့ ကလေးများဆိုရင် ကျောင်းခန်းထဲမှာ နေရာကောင်း ကောင်းမပေးဘူး၊ မျက်နှာသာမပေးဘူး စသည်ဖြင့်ပြော ဆိုမှုများရှိလို့ သာစည်မြို့နယ်ပညာရေးမှူးရုံးကတောင် ခေါ်ယူစစ်ဆေးခဲ့ရတဲ့ သာဓကတွေလည်း ရှေ့မှာရှိခဲ့ပါ တယ်။

အခုကျူရှင်အကြောင်းကိုတော့ ရွာမှာ လက်ရဲ၊ ဇက် ရဲ၊ ပါးစပ်ရဲတဲ့ ကာလသားခေါင်းဆောင် တစ်ယောက် အတွက် အကြံအိုက်နေတဲ့အခြေအနေပါ။ သူက ပြောပါ တယ်။ 'သူ့အရပ်နဲ့ သူ့ဇာတ်လိုကို ဖြစ်နေတာ၊ ဘယ်ကို တိုင်ရမှန်းမသိလို့။' ကျွန်တော်လည်း အားပေးစကားပြော ခဲ့ပါတယ်။ ''သူ့အရပ်နဲ့သူ့ဇာတ်ဆိုပေမယ့် ဇာတ်မကောင်း ရင်တော့ ဖျက်ပစ်ရမှာပဲ''လို့။ ပြောမယ့်သာ ပြောခဲ့ရတာ ကျွန်တော်အားကိုးမယ့် ပညာရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိကြီးတွေကရော အလေးတယူဖြေရှင်းပေးပါ့မလား ဆိုတာ သံသယဖြစ်မိပါတယ်။

ဦးသိန်းစိန်အစိုးရတက်လာပြီးကတည်းက အစိုးရ ဝန်ထမ်းကျောင်းဆရာ၊ ဆရာမတွေကို ကျောင်းပြင်ပကျူ ရှင်မသင်ဖို့ ပြောဆိုတားမြစ်မှုတွေရှိခဲ့တယ်ဆိုတာ မှန် သောစကားပါ။ ဒီစကားဟာ အောက်ခြေကျေးလက်အ ဆင့်မပြောနဲ့၊ မြို့နယ်အဆင့်မှာတော့ အာဏာစက်သက် ရောက်မှုမရှိခဲ့ဘူးဆိုတာလည်း မှန်သောစကားဖြစ်ပါလိမ့် မယ်။ ဘာကြောင့် အစိုးရဝန်ထမ်းကျောင်းဆရာ၊ ဆရာမ တွေ ကိုယ်တိုင်ကျောင်းပြင်ပမှာ ကျူရှင်သင်နေကြတာလဲ၊ ပိုက်ဆံရှာနေကြတာလဲလို့မေးရင် အဖြေဘယ်လိုရှိပါ့မလဲ။
အားလုံး တညီတညွတ်တည်းဖြေကြမှာကတော့ သူ တို့ရတဲ့လစာနည်းလို့၊ မလောက်ငလို့ဆိုတာပဲ ဖြစ်ပါလိမ့် မယ်။ ကျောင်းသားတွေကို စာပိုတတ်စေချင်လို့ ဆိုတာ တော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် ပဲ ကျောင်းသားတွေကို တစ်နှစ်ပတ်လုံး၊ သတ်မှတ်ထားတဲ့ သင်ရိုးကုန်အောင် သင်ခွင့်ရတယ်မဟုတ်လား။

အစိုးရကပေးတဲ့လစာမလောက်ငရင်လည်း ကိုယ့် ရဲ့ ကိုယ်ကျင့်တရားကိုတော့ အပျက်မခံဖို့အတွက် မြတ် သောဆရာတွေအနေနဲ့ သတိချပ်စေချင်ပါတယ်။ အခုလို ဆိုတာ ကျွန်တော်တို့သာဂရရွာကျောင်းဆရာ၊ ဆရာမတွေ တင်မကပါဘူး၊ တစ်နိုင်ငံလုံးမှာ ဒီအတိုင်းဖြစ်နေတဲ့ဆရာ၊ ဆရာမတွေအတွက် တိုက်တွန်းရခြင်းဖြစ်ပါတယ်။ လျှာ ပေါ်မြက်ပေါက်ပါစေ၊ ကျောင်းသားဆီကတော့ လက်ဖြန့် မတောင်းဘူးဆိုတဲ့ စိတ်ထားမျိုးရှိတဲ့ ကျွန်တော့် ဆရာ တစ်ယောက်လည်းကြုံဖူးပါတယ်။ သူ့လိုဆရာမျိုးတွေအ တွက်တော့ အခုလိုပြောဆိုရေးသားမိတာ များစွာ စိတ် မကောင်းပါဘူး။
ဒီကိစ္စဟာ ဟိုအရင်တုန်းက စေတနာ၊ ဝါသနာ၊ အနစ် နာဆိုတဲ့ နာသုံးနာလည်း ဘယ်ရောက်သွားကုန်ပြီလဲလို့ မေးစရာဖြစ်လာတယ်။ ကျောင်းဆရာ၊ ဆရာမတွေကိုယ် တိုင် ကိုယ့်ကိုအားကိုးလို့လာတဲ့ တပည့်တွေထံကပိုက်ဆံ တောင်း၊ အမြတ်ရှာနေတဲ့ သဘောရောက်နေပါပြီ။ ဓားမပြ ပေမယ့် ဆရာ့မျက်နှာကို ကြည့်နေရတဲ့ ကျောင်းသားတွေ က တုတ်ပြရင်လည်း ကြောက်ပါတယ်။ မျက်လုံးပြူးပြရင် လည်း ကြောက်ပါတယ်လို့ဆိုရင် အလွန်အကြူးတင်စား ရာမကျပါဘူး။ ဒီသဘောပဲရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရပညာရေးဝန်ကြီးဌာနအနေ နဲ့ ပညာရေးအဆင့်အတန်းတိုးတက်ရေးအတွက် အမျိုး သားအဆင့် ပညာရေးမူဝါဒတွေရေးဆွဲနေသလိုမျိုး လက် တွေ့မှာ ဖြေရှင်းလို့ရမယ့် အစိုးရဝန်ထမ်းကျောင်းဆရာ၊ ဆရာမတွေကို ကျောင်းပြင်ပကျူရှင်သင်ပြနေတာတွေကိုတော့ ဦးစားပေးစဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ ဘာ လို့လဲဆိုတော့ အခုပဲ အစိုးရကျောင်းတွေ ပြန်ဖွင့်တော့ မှာပါ။ ဒီယဉ်ကျေးမှုတစ်ခုလိုဖြစ်နေတဲ့ ဒီကျူရှင်ဆိုတာ ကြီးကို နိုင်ငံ့သားကောင်း၊ ကလေးငယ်များအားလုံး ရင်ဆိုင် ကြုံတွေ့ရတော့မှာပါ။ အစိုးရ ကယ်ပါ။ မြတ်ဆရာများက ကိုယ့်တပည့်များအပေါ် ညှာတာပါ။ သူတို့လေးတွေက ဖြူစင်ကြပါတယ်။ သူတို့လေးတွေကလည်း နောင်တစ်ချိန် ကျောင်းဆရာ၊ ဆရာမဖြစ်မလာဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ သူတို့လေးတွေကို အတုယူမမှားစေချင်ပါဘူး။

အခုလို ပြောဆိုနေတာ ကိုယ့်ကို စာသင်ပေးဖူးတဲ့ ကျေးဇူးကိုမှမထောက်ဘဲ၊ ပြောရက်ဆိုရက်တယ်လို့ မမြင် စေချင်ပါဘူး။ ကိုယ့်ဆရာသမားတွေကို ထာဝရမြတ်သော ဆရာတွေပဲ ဖြစ်စေချင်တဲ့သဘောပါ။

မောင်သာစည် - ရေးသည်။ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ် (၁၉)

တိုင်းရင်းသားတွေ တင်ပြတဲ့ ဖက်ဒရယ်မူ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ လက်ခံ



ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲ။ 
( Photo Credit to U Nyo Ohn Myint's FB)




တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက တင်ပြလာတဲ့ ဖက်ဒရယ်ပြည်ထောင်စုမူကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က လက်ခံပြီး သမ္မတ ဦးသိန်းစိန်ကို ဆက်လက်တင်ပြဖို့ သဘောတူညီခဲ့ကြောင်း တိုင်းရင်းသားခေါင်းဆောင် တစ်ဦးကပြောကြားလိုက်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အချောသတ်ရေးဆွဲဖို့ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ မေလ (၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့ထိ သုံးရက်ကြာဆွေးနွေးခဲ့ကြတာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ဖို့အတွက် သဘောတူ စာချုပ် မူကြမ်းအချက်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။ အဲ့ဒီ့မှာ အဓိက ဆွေးနွေး သဘောတူခဲ့တဲ့ အချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဆွေးနွေးတာကတော့ အခန်း(၇) ခန်း အကုန်လုံးပေါ့နော်။ အခန်း(၇)ခန်း ဆိုတာက နိဒါန်းကအစ နောက်ပြီးတော့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး မှာ သဘောထားမယ့် အခြေခံမူ၊ တပြည်လုံး အပစ်အခတ်ရပ်စဲတဲ့  အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စ၊ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ အကုန်လုံးပေါ့လေနော်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမူ အာမခံချက်၊ နောက်ပြီးတော့ အထွေထွေ လုပ်ဆောင်ရမယ့်အချက် အကုန်လုံးတော့ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။

ဆွေးနွေးတဲ့နေရာမှာကျတော့ ကျနော်တို့ ပထမ ရလာတဲ့ မူကြမ်းအပေါ်မှာ မူတည်ပြီးတော့ နှစ်ဖက်စလုံးကနေပြီးတော့ ပြန်လှန်သုံးသပ်ရမယ်ဆိုတဲ့ စာကြောင်းတွေ၊ အကြောင်းအရာတွေ၊ စကားလုံးတွေကို အကုန်ပြန်ပြီးတော့ သုံးသပ်တော့ ကျနော်တို့ နှစ်ဖက်စလုံးက ဘုံသဘောတူ ထားပြီး ဖြစ်တဲ့ ရေးသားမှုတွေ၊ အချက်အလက်တွေ သဘောတူညီတာ ရှိခဲ့ပါတယ်။"

မေး။   ။ ဟုတ်ကဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာ ဖက်ဒရယ် အနစ်သာရ အတိုင်းပေါ့နော်။ ပြည်ထောင်စု ဖွဲ့စည်းဖို့ ဆိုတဲ့ ကိစ္စကို အစိုးရဘက်ကလည်း သဘောတူခဲ့တယ် ဆိုတဲ့ သတင်း ထွက်နေပါတယ်။ အဲ့တာရော ဟုတ် မဟုတ် သိချင်လို့ပါရှင့်။

" ကျနော်တို့ တင်ပြတာကတော့ ဖက်ဒရယ်အနစ်သာရဖြစ်တဲ့ ဒီမိုကရေစီ အမျိုးသားတန်းတူ အခွင့်အရေး တင်ပြခွင့်ဆိုတဲ့ စကားလုံးတွေကို ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ ဒါ ဖက်ဒရယ်နဲ့ ကျနော်တို့ ဖက်ဒရယ် မသုံးနိုင်ဘူးဆိုတဲ့ အင်္ဂလိပ်စကားလုံးဖြစ်နေတော့ အနှစ်သာရပါတဲ့ စကားလုံး ကို သုံးဖို့။ ဆိုတာကတော့ သဘောတူတာနဲ့ သူက လက်ခံပြီးတော့ အထက်ကို တင်ပြမယ်ဆိုတဲ့ သဘောကို ရောက်တယ်လေ။ လုံးဝ ငြင်းပယ်တာတော့ မဟုတ်ဘူးနော်။ "

မေး။   ။ နောက်တခုက ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းဖို့ဆိုတဲ့ ကိစ္စအပေါ်မှာရော ဘယ်လို ဆွေးနွေးညှိနှိုင်းခဲ့ကြလဲရှင့်။

"ကျနော်တို့ တင်ပြခဲ့တာကတော့ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စတို့၊ လုံခြုံရေးဆိုင်ရာ ကိစ္စတို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ပြောမယ်။ အဲ့တာ သဘောလေနော်။ အဲ့တာတွေတော့ ကျနော်တို့ တင်ပြဆွေးနွေးတာ ရှိပါတယ်။"

ဧပြီလတုန်းက ဆွေးနွေးခဲ့တဲ့ ပထမမူကြမ်းမှာ ပါတဲ့ အခန်း(၇)ခန်းကို အခုဆွေးနွေးပွဲမှာ ထပ်မံ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ထူးခြားချက် အနေနဲ့တော့ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့ကြ့ပီးတော့ ဒီ ဒုတိယ မူကြမ်းကို ဆက်လက် အတည်ပြုနိုင်တဲ့အတွက် တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ပြောခွင့်ရ ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

" အယ် တချို့တော့ ရှိနိုင်ပါတယ်။ ဒါက နှစ်ဖက်ခေါင်းဆောင်တွေ က ပေါင်းပြီးတော့ ဖြေရှင်းဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဆွေးနွေးပွဲ ကို ရောက်လာတဲ့သူတွေအနေနဲ့က ဆွေးနွေးရင်း၊ ဆွေးနွေးရင်းနဲ့ ပိုနီးစပ်တဲ့ လမ်းကြောင်းတွေ ရှာနိုင်ပေမဲ့ ဆွေးနွေးပွဲကို ရောက်မလာတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ ဘက်မှာတော့ ဒါကို ပြန်ပြီးတော့ သုံးသပ်ဖို့ ရှိမယ်ထင်ပါတယ်။ ဒါကလဲ ကျနော်တို့ ကျော်လွှားရမှာ တချက်ပဲ။  ကျနော်တို့ အားလုံးကတော့ နောက်တစ်ကြိမ်ဆွေးနွေးပွဲမှာ အားလုံးနီးပါးလောက်ကို ပြီးပြတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။"

မေလ ၂၁ရက်နေ့ကနေပြီးတော့ မေလ ၂၃ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီက ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ခဲ့ပါတယ်။ နောက်ပြီးတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့ကတော့ ဒုတိယအဖွဲ့ခေါင်းဆောင် နံပတ်တစ် ဖဒိုစောကွယ်ထူးဝင်းက ဦးဆောင်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

VOA

iPhone App Store မှာ ထိပ်ဆုံးရောက်လာတဲ့ ဆေးခြောက်ဂိမ်း Weed Firm ကို Apple ဖယ်ရှားပစ်




Angel on 2014-05-24 13:10    
App Store မှာ ထိပ်ဆုံးနေရာရောက်လာတဲ့ Weed Firm ဂိမ်းကို Apple ဟာ မကြာသေးမီက ဖယ်ရှားလိုက်ပါပြီ။ ဒီဂိမ်းမှာ ကစားသူဟာ Mr.Ted Growing လို့ ခေါ်တဲ့ ဇာတ်ကောင်ကို ကိုင်တွယ်ရမှာဖြစ်ပြီး ဆေးခြောက်ပင်တွေစိုက်ပျိုး၊ မူးယစ်ဆေးဝယ်သူတွေနဲ့ ဆက်ဆံ၊ ရဲတွေလူဆိုးတွေကို လာဘ်ထိုးပြီး ကိုယ့်ရဲ့ ဆေးခြောက်လုပ်ငန်းကို အဆင့်မြှင့်ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Weed Firm ဂိမ်းဟာ App Store ရဲ့ အမျိုးအစားအတန်းအားလုံးမှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂါနေ့ က Apple ဟာ ဒီဂိမ်းကို သူ့ ရဲ့ App Store ကနေဖယ်ရှားလိုက်ပါတယ်။

Apple ဟာ Weed Firm အလားတူ Herb Converter ဆိုတဲ့ ဂိမ်းကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။

ဒါပေမယ့် Weed Strains 3D၊ Weed Tycoon နဲ့ Weed Memory Game တို့ လို ဆေးခြောက် အခြေပြုဂိမ်းတွေ App Store မှာ လက်ရှိ အများအပြားကျန်ရှိနေပါသေးတယ်။

ဂိမ်း developer Manitoba က သူတို့ ဝက်ဘ်ဆိုဒ်မှာ Apple ရဲ့ ဖယ်ထုတ်မှုကို အခုလို အကြောင်းပြန်ခဲ့ပါတယ်။

“ Apple App Store မှာ ဒီဂိမ်းကို ခင်ဗျားတို့ ထပ်မမြင်ရတော့ဘူးဆိုတာ သတိပြုမိတာနဲ့ ဒါဟာ Apple ရဲ့ ဆုံးဖြတ်ချက်ပါလို့ ခင်ဗျားတို့ သိစေချင်ပါတယ်။ ကျွန်တော်တို့ ကြောင့်မဟုတ်ပါဘူး။”

“ ဂိမ်းနဲ့ ပတ်သက်ပြီး ပြဿနာကတော့ ဒါက အရမ်းကောင်းနေလို့ ပါပဲ” လို့ သရော်ပြီး ပြောခဲ့ပါတယ်။

ဒီဂိမ်းကို Google ရဲ့ Play Store ကနေလည်း ပိတ်ပင်ခံခဲ့ရပြီး Google ကတော့ ဒီဂိမ်းဟာ ပြဿနာတစ်ခု ဖြစ်လို့ ပိတ်ပင်ခဲ့တာမဟုတ်ဘူးလို့ အကြောင်းပြခဲ့ပါတယ်။

Apple ဟာ ဒီလိုမူးယစ်ဆေးဝါးဂိမ်းတွေမှာတင် သည်းသည်းလှုပ်ဖြစ်နေတာမဟုတ်ပါဘူး။ နာမည်ကြီးပုဂ္ဂိုလ် အကြောင်း၊  ဟိုဖော်ဒီဖော်ဂိမ်းတွေ နဲ့ ဓာတ်ရောင်ခြည်စမ်းသပ်တဲ့ Application တွေကိုပါ ပိတ်ပင်ခဲ့ဖူးပါတယ်။



Ref: Dailymail.co.uk
trend myanmar

ယခုနှစ်အတွင်း ကျွန်းသစ်တန်ချိန် ခြောက်သောင်း ထုတ်လုပ်မည်



မြန်မာ့ကျွန်းသစ် ထုတ်လုပ်မှုတန်ပမာဏကို ယခု နှစ်အတွင်း တန်ချိန်ခြောက်သောင်း
အထိသာ ခုတ်လှဲ သွားမည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ဘဏ္ဍာနှစ် ကကျွန်းသစ်ကိုတန် တစ်သိန်း ခုနစ်သောင်းကျော်အထိ ခုတ်လှဲခဲ့ပြီး ယခု နှစ်မှစ၍ တန်ချိန်ခြောက်သောင်း အထိသာ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ပြည်ပသို့ သစ်လုံးတင်
ပို့မှု ရပ်ဆိုင်း ခဲ့ရသည်အထိ သစ်တောများ ပြုန်းတီးမှု အဆမတန် များပြားလျက်ရှိပြီး တရားမဝင်သစ်ခိုးထုတ်မှုများ မြင့်တက်နေခြင်းတို့ကြောင့် လျှော့ချခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

ခုတ်လှဲမှုမှရရှိသော သစ်များကို မြန်မာ့သစ်လုပ်ငန်းပိုင် သစ်စက် များနှင့် ပြည်တွင်း သစ်လုပ်ငန်းရှင်တို့ကိုသာ အိတ်ဖွင့်တင် ဒါစ နစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း
မြန်မာ့ သစ်လုပ် ငန်းသစ် အခြေခံစက်မှုဌာနမှ ဒုအထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။

''ကျွန်တော်တို့ဆီက သစ်စက်ပေါင်းသုံးဆယ် လောက် ရှိတယ်။ သူတို့ကို
လည်း လည်ပတ်နိုင်အောင် ကုန်ကြမ်းဖြည့်ပေးနေတယ်'' ဟု ၎င်းက
ပြောသည်။ ဆက်လက်၍ သဘာဝကပတ်ဝန်းကျင် ပညာရှင် ဦးအုန်းက
သစ်တောပြုန်း တီးမှုနှင့် ပတ်သက်၍ ''သစ်ကို ကြိုရောင်းထားတာတွေ
လုပ်တယ်။

ဒီတော့ အလျင် မီအောင် ခုတ်ပေးနေရတယ်။ ခုတ်တဲ့သူတွေက ပြန် စိုက်မယ်ဆိုလို့ မြေနေရာပေးတယ်။ ပြန်မစိုက်ကြဘူး'' ဟု ထောက်ပြသည်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်နှင့် အခြားသစ်များ အပါအဝင် စုစုပေါင်း
တင်ပို့ရောင်း ချငွေ ဒေါ်လာ ၉၄၇ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ
သိရသည်။

အောင်ဇော်ထူး

Popular Myanmar News Journal

တရုတ်လုံခြုံရေး အကြီးအကဲဟောင်းတဦးနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကို သေဒဏ်ချမှတ်


တရုတ်နိုင်ငံရဲ့ ထိပ်တန်းလုံခြုံရေး အကြီးအကဲဟောင်းတဦးနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးကို ဟူပေပြည်နယ်၊ တရားရုံးတရုံးက မေလ ၂၃ ရက်နေ့က သေဒဏ်စီရင်ချက်ချခဲ့ပါတယ်။

သေဒဏ်စီရင်ချက်အချခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် လီယူဟန်းဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုဟောင်းနဲ့ ထိပ်တန်းလုံခြုံရေးအကြီးအကဲဟောင်း ကျိုးရိုခန်းရဲ့ မိသားစုနဲ့နီးစပ်ခဲ့ပြီး ၁၉၉၃ ခုနှစ်က လူဆိုးဂိုဏ်တခုကို ဖွဲ့စည်းပြီး လူသတ်မှုအပါအ၀င် အခြားရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့မှုစွဲချက်တွေနဲ့ မနှစ်က အဖမ်းခံခဲ့ရပါတယ်။

အခြားအဖွဲ့ဝင် ၃၆ ဦးလည်း ထောင်ဒဏ် ၁၁ နှစ်ကနေ သေဒဏ်အပြစ်ပေးခံကြရပြီး လီယူဟန်ရဲ့ညီတဦးဖြစ်တဲ့ လီယူရော်လည်း သေဒဏ်စီရင်ချက်ချခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ လက်ရှိ တရုတ်သမတ ဇီဂျင်းဖိန် တက်လာပြီးနောက်ပိုင်း တရုတ်ထိပ်တန်းခေါင်းဆောင်တဦးနဲ့ ပတ်သက်တဲ့သူတွေကို အပြစ်ဒဏ်စီရင်တာလည်း ဖြစ်ပါတယ်။

အငြိမ်းစားတရုတ်လုံခြုံရေးအကြီးအကဲဟောင်း ကျိုးရိုခန်း နဲ့ လီယူဟန်ရဲ့ရာဇ၀တ်မှု ဆက်စပ်မှုကို နိုင်ငံပိုင်သတင်းဌာနက အတိအလင်းပြောဆိုတာမရှိပေမယ့် ကျိုးရိုခန်း စီချွမ်းပြည်နယ်ကွန်မြူနစ် ပါတီ အကြီးအကဲဖြစ်ခဲ့တဲ့ချိန်မှာ လီယူဟန်ရဲ့ သြဇာအရှိန်အ၀ါလည်း တက်လာခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။

DVB Burmese

နှစ်နာရီအတွင်း အွန်လိုင်းကြည်ရူသူ (၃) သန်းနီးပါး ရှိခဲ့တဲ့ Smartisan T1 စမတ်ဖုန်း




တရုတ် ဖုန်း ထုတ်လုပ်သူ ကုမ္ပဏီ ရဲ့ စမတ်ဖုန်း Smartisan T1 ပါ။ ထို ဖုန်းထဲမှာ အရင်ဖုန်းတွေထက် ထူခြားမူတွေများသွာပါဝင်နေပါတယ်။
Smartisan ဆိုတာ စမတ်ဖုန်း နဲ့ Artisan ဆိုတဲ့ ( လက်မူပညာသည်) စမတ်လက်လုပ်ဖုန်းလို့ အဓိပ္ပာယ်နဲ့ ပေးထားခဲ့တာ ဖြစ်ပါတယ်။
android အခြေခံ Smartisan OS စမတ်ဖုန်းဖြစ်ကာ သူရဲ့ မျက်နှာပြင်ပိုင်းက အထူခြားဆုံးကတော့ သစ်သား ပုံစံဖြစ်တဲ့ UI ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ ကိုယ်ပိုင် ဖန်တီးမူ ဟတ်ဝဲလ် ဖုန်းလို့သိရကာ အွန်လိုင်းမှာ တင်ခဲ့တဲ့ (၂) နာရီ အတွင်း ကြည့်ရူသူ 2.74 သန်းနီးပါး ရှိခဲ့ပြီး လူ (၅၀၀၀ ) အတွက်သာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ပုံမှန် Flagship ဖုန်းတစ်လုံးရဲ့ Spec များ ဖြစ်သောလည်း တစ်ခြားထူးခြားမူတွေ များစွာ ရှိနေပါတယ်။ ( သို့ပေမဲ့ ဈေးနှုန်း သက်သာတာမျိုးတော့ မဟုတ်ပါဘူး ) ဆက်ပြီး လေ့လာကြည့်ရအောင်ပါ။

ဒီနေ့တွေမျာ ထွက်ရှိခဲ့တဲ့ အခြား စမတ်ဖုန်းတွေလိုပဲ 5-inch မျက်နှာပြင် ၊ ( 1080p IPS display) နဲ့ အရှေ့ ရော အနောက်ရောမှာ
Gorilla Glass 3 ( US Glass ကို ) သုံးထားပါတယ်။ စွမ်းအားပြည့်ဝလှတဲ့ 2.5GHz quad-core Snapdragon 801 နဲ့ RAM 2GB ကို သုံးထားတာကို တွေ့နိင်ပါတယ်။ အတွင်း သိုလှောင်မူကတော့ 16GB or 32GB ကို ရရှိနိင်ပြီး 2,570mAh ဘတ္တရီ နဲ့ အသံ ဆူညံမူ ကိုဖယ်ရှားနိင်တဲ့ မိုက်ခရ်ုလ်ဖုန်းကိုထည့်သွင်းပေးထားပါတယ်။ဝိုင်ယာလစ်အနေနဲ့ နောက်ဆုံးထွက် အကောင်းမွန်ဆုံးလိုင်း 802.11ac WiFi အထိ စွမ်းဆောင်ပေးနိင်ပြီး bluetooth 4.0, နဲ့ အခြား အစိတ်အပိုင်းများစွာ ပြည့်စုံစွာပါဝင်ထားပါတယ်။
၂၀၁၄ ၊ ဂျူလိုင်မှာ 3G ဗားရှင်းကို ( $480) ဖြင့် အရင် ဦးဆုံး ရရှိမှာ ဖြစ်ပြီး 4G အတွက်ကတော့ $560 နဲ့ နှစ်ကုန်လောက်မှာ ရရှိပါမယ်။

ထူးခြားမူများ

UI ကို စိတ်ကြိုက် အရွယ်အစား၊ ပုံသဏ္ဍာန်များကို စိတ်ကြိုက် ပြောင်းနိင်ပြီး အသံအတိုးအလျော့ ခလုတ်အပြင် ဖုန်း အရောင်မှိန်ခြင်း ၊ လင်းခြင်းတို့အတွက် ခလုတ်ကို ( ဖုန်းရဲ့ ဘယ်ဘက် ) ဘေးဘက်မှာ ပါဝင်စေခဲ့ပါတယ်။ အထူကတော့ မသေးပါဘူး။ 167 ဂရမ်အလေးချိန် ရှိကာ သူရဲ့ အပြင်ပိုင်း ထူးခြားမူက အရောင်တွေ တောက်ကာ မြင်သူတွေရဲ့ မျက်လုံးထဲမှာ တကယ်ကို အထင်ကြီးစရာ ဖြစ်စေပါတယ်။ ဖုန်းရဲ့ အနောက်ပိုင်း ကာဗာ Lock အပိုင်းမှာ iPhone 4 နဲ့ ဆင်တူနေတာကိုလည်း တွေ့ရပါတယ်။ အနောက်ဘက် ဖွဲ့စည်းမူမှာ ကျစ်လစ်လှပပြီး SIM ကဒ်ကို ရှင်းရှင်းလင်းလင်း နဲ့ သတ်သတ် ထည့်ထားနိင်အောင် လုပ်ပေးထားတာကို တွေ့ရပါတယ်။
ကင်မရာ ပိုင်းမှာတော့ 13 megapixel ရှိကာ Selfie အတွက် 5 megapixel ဖြစ်ပါတယ်။ ကင်မရာရဲ့ night view မှာ (၆) ချက် ဆက်တိုက် ရိုက်ပေးပြီး
ပုံတွေကို တည်ငြိမ် စေပါတယ်။ အရှည်လိုက် မြင်ကွင်းတွေ အတွက် Panorama mood မှာလည်း ၁၈၀ ဒီဂရီကနေ ၃၆၀ ဒီဂရီ အထိ ခွင့်ပြုထားပြီး အလွန် သုံးရတာ အဆင်ပြေတာကို တွေ့ရပါတယ်။
သို့ပေမဲ့ အခုထိတော့ သူတို့ နိင်ငံရဲ့ အပြင်ဖက်မှာ ရောင်းချဖို့ အစီအစဉ်မရှိသေးကြောင်း သိရပါတယ်။

Aung Heine ...

Smart Pro Journal

HPV Vaccine for Ca Cx သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး



မိန်းကလေးတွေအတွက် သားအိမ်ခေါင်းကင်ဆာအကြောင်း သိချင်ပါတယ်ဆရာ။ ကာကွယ်ဆေးကို ဘယ်အချိန်မှာ ထိုးသင့်တယ် ဘယ်မှာထိုးရမယ်ဆိုတာ သိချင်ပါတယ်ဆရာ။

သားအိမ်အဝ (ခေါင်း) ကင်ဆာ ကာကွယ်ဆေးကို ဝ-၂-၆ ဆိုတဲ့ ဖေါ်မြူလာအတိုင်း ထိုးပါတယ်။ ဒုတိယဆေးကို ပဌမတခါပြီးနောက် ၂ လမှာထိုးပါ။ ပဌမတခါပြီးနောက် ၆ လမှာ တတိယဆေးထိုးပါ။

• အမေရိကားမှာ နှစ်တိုင်း အမျိုးသမီးပေါင်း ၁၂ဝဝဝ ယောက်မှာ သားအိမ်အဝကင်ဆာ တွေ့နေပြီး၊ ၄ဝဝဝ လောက် သေဆုံးကြရတယ်။ မျိုးပွါးနိုင်တဲ့အရွယ်ရှိ မိန်းမ၊ ယောက်ျား ၁% မှာ လိင်လမ်းကြွက်နို့ရှိကြတယ်။
• သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး (၂) မျိုးရှိတယ်။ ကင်ဆာကိုဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးတယ်။ Cervarix ဆိုတာကို Bivalent vaccine လို့ခေါ်ပြီး၊ Gardasil ကို Quadrivalent vaccine လို့ ခေါ်တယ်။
• Gardasil ကာကွယ်ဆေးဟာ လိင်လမ်းမှာပေါက်တဲ့ ကြွက်နို့ကိုလဲ ကာကွယ်နိုင်တယ်။ ဒါ့ပြင် စအို-ကင်ဆာ၊ မိန်းမကိုယ်-ကင်ဆာ၊ မွေးလမ်းကြောင်း-ကင်ဆာတွေကိုလဲ ကာကွယ်နိုင်တယ်။ ကာကွယ်ဆေး ၂ မျိုးလုံးက ၆ လအတွင်းမှာ ၃ ခါထိုးရတယ်။
• Genital HPV ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံရာကနေ အရေပြားချင်းထိတွေ့မိလို့ ကူးစက်တယ်။ အတော်များများမှာ တချိန်မှာ ဒီပိုးဝင်တာခံရပေမဲ့ ပိုးရှိနေမှန်းမသိကြတာဘူး။ ငယ်ရွယ်သူတွေမှာ ပိုများကြတယ်။ ပိုးအမျိုးအစားပေါင်း ၄ဝ လောက်ရှိတယ်။ အများစုကတော့ ရောဂါမရစေပါ။ ကူးစက်လာလဲ သူ့ဖါသူ ပျောက်သွားနိုင်တယ်။ တချို့အမျိုးအစား တွေကနေ မိန်းမသားအိမ်အဝ၊ ယောက်ျားလိင်တံ၊ မွေးလမ်းကြောင်း၊ မိန်းမကိုယ်၊ အာခေါင်နေရာတွေမှာ ကင်ဆာ ဖြစ်စေနိုင်တယ်။ တချို့အမျိုးအစားတွေက ယောက်ျားရောမိန်းမပါ လိင်လမ်းကြွက်နို့ ဖြစ်စေနိုင်တယ်။ အသက်ကို ရန်မရှာပါ။ ဒါပေမဲ့ စိတ်မသန့်ဖြစ်နေမယ်။ ကုသရတာလဲခက်တယ်။
• မိန်းကလေးတွေ အသက် ၁၁-၁၂-၁၃ နှစ်မှာ ထိုးသင့်ကြတယ်။ မထိုးရသေးရင်လဲ ၂၆ နှစ်အထိ ထိုးနိုင်တယ်။ အငယ်ဆုံး ၉ နှစ်သမီးတွေထိုးနိုင်တယ်။ လိင်ကိစ္စနဲ့လုံးဝ မပတ်သက်ခင်မှာ ထိုးရတာ ဖြစ်တယ်။
• ၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေတာပါ။
• ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေး မထိုးသေဘဲ နေသင့်တယ်။ ကာကွယ်ဆေးက ကိုယ်ဝန်ကို ထိခိုက်စေတာ မတွေ့ရသေးပေမဲ့ သုတေသနတွေက မပြည့်စုံသေးပါ။ ကိုယ်ဝန်ဆောင်နေမှန်းမသိဘဲ ကာကွယ်ဆေး ထိုးမိရင်လဲ ကိုယ်ဝန်ကျဖျက်ပြစ်ဘို့ မလိုအပ်ပါ။ ဆက်ထိုးရမဲ့ ဆေးကိုတော့ ကလေးမွေးပြီးမှ ထိုးသင့်တယ်။
• ကာကွယ်ဆေးမထိုးခင် သားအိမ်အဝကင်ဆာရှိ-မရှိစစ်တဲ့ Pap test ရော၊ HPV test ပါ စစ်ကြည့်ဘို့မလိုအပ်ပါ။ ဒါပေမဲ့ ဆေးထိုးထားလဲ ဆေးက အကုန်လုံးကို ကာကွယ်နိုင်တာမဟုတ်လို့ သားအိမ်အဝကင်ဆာရှိ-မရှိဆိုတာကို စစ်ဘို့တော့ လိုအပ်ပါမယ်။
• ပိုးဝင်ထားပြီးအမျိုးသမီးတွေက ရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်။ ပိုးကိုရော ရောဂါကိုပါ ကာကွယ်ဆေးက ပျောက်အောင် လုပ်မပေးနိုင်ပါ။
• သုတေသနတွေ ဆက်လုပ်နေပါတယ်။ ဆေး ၃ လုံးထိုးထားပြီးရင် ၆ နှစ်အထိကာကွယ်တာ သေခြာတယ်။ ဒိနောက်လဲ ကာကွယ်နိုင်စွမ်း မလျှော့သေးပါ။
• တခြားလိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါ။
• ကာကွယ်ဆေး ၁ လုံးတည်း၊ ၂ လုံးတည်းထိုးရင် ကာကွယ်ပေးနိုင်မှု နည်းလို့ ၃ လုံးပြည့်အောင်ထိုးပါ။
• အမေရိကားမှာ ၂ဝ၁၂ အထိ စုစုပေါင်။ ၄၆ သန်းကျော်ကို ထိုးထားပြီးပြီ။ စိတ်ချရပါတယ်။ ဆေးတလုံးကို ဒေါ်လာ ၁၃ဝ ကျတယ်။
• ဆေးထိုးပြီး ၁၅ မိနစ်ကြာနားနေသင့်တယ်။
• Gardasil ကာကွယ်ဆေးကို ယောက်ျားလေးတွေ ၉-၂၆ နှစ်ကိုထိုးလဲ စိတ်ချရတယ်။ တချို့နိုင်ငံတွေမှာ ၁၁-၁၂ နှစ်သားလေးတွေကို ၃ ခါပြည့်အောင်ထိုးစေတယ်။

ဒေါက်တာတင့်ဆွေ

တစ်နေ့ ၂၀၀၀ ကျပ်ဖြင့် ဘ၀ရပ်တည်ရေး လုံလောက်သလား (အခြေခံ လူတန်းစားအလွှာမှ ရင်တွင်းစကားများ)


ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားခန်းမမှာလုပ်ခဲ့တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘ၀မြင့်တင်ရေး အခမ်းအနားတွင် ဒုသမ္မတဦးဥာဏ်ထွန်းက ပြည်သူများအနေဖြင့် တစ်နေ့ ၂၀၀၀ ကျပ်ရရှိလျှင် ဘ၀ရပ် တည်ရေး လုံလောက်သည်ဟု ပြောဆိုခဲ့သော သတင်းတစ်ပုဒ်ထွက်ပေါ်လာသည်။

အဆိုပါစကားအပေါ် ၂ ရက်အတွင်းမှာပင် ပြည်သူများအကြား ပျံ့နှံ့ခဲ့ပြီး အမှန်တကယ်ပင် တစ်နေ့ ၂၀၀၀ ကျပ် နှင့် လူတစ်ယောက် စားဝတ်နေရေးကို ရပ်တည်၍မလောက်ငဟုလည်း အခြေခံလူ တန်းစားများက တုံ့ပြန်ဝေဖန်မှုများ လုပ်ခဲ့သည်။

ရန်ကုန်မြို့တွင်းတွင် နေ့စဉ်ဝင်ငွေ ရရေးရှာဖွေစားသောက်နေရသော လူထု လူတန်းစားအလွှာအသီးသီးမှာ ပြည်သူများ အနေဖြင့် ဒုသမ္မတပြောသလို တစ်နေ့ ၂၀၀၀ နှင့် လောက်ငပါသလားဆိုသော အချက်ကို စောင့်ကြည့်သတင်းဂျာနယ် အဖွဲ့သားများအနေဖြင့် ကွင်းဆင်းမေးမြန်းမှုများ လုပ်ခဲ့ပါသည်။
…. …. …

ဦးမျိုးသိန်း(ပန်းဆိုးတန်း-ဆိပ်ကမ်းသစ်သီးဆိုင်)
—- — — —-
အနည်းဆုံး အိမ်ရဲ့အသုံးစရိတ်က ၆၀၀၀ လောက်ရှိမှ လောက်မှာပါ။ ကလေး မုန့်ဖိုး အနည်းဆုံး ၅၀၀ ပေးရပါတယ်။ ဆီ၊ ဆန်၊ ဆားရှိပြီးသား။ အိမ်ကမိသားစု များတော့ ပိုကုန်တာပေါ့။ မိသားစု ၁၂ ယောက်ရှိတော့ အားလုံးနီးပါးအလုပ်လုပ်မှ အိမ်စရိတ် ကာမိပါတယ်။

ကိုထွန်းနောင်လွင်(အနှေးယာဉ် လုပ်သား-၃၈ လမ်း)
—- — — —-
တစ်နေ့ကို ၂၀၀၀ မလောက်ပါဘူး။ အနည်းဆုံး ၅၀၀၀ ကျော်ကျော် ၆၀၀၀ လောက်ရမှဖြစ်မှာပါ။ မိသားစု ၄ ယောက် ရှိတယ်။ ကလေးကျောင်းစရိတ်ရှိတဲ့ အတွက် မလောက်ဘူး။ ကျောင်းစရိတ် မပေးရရင်တော့ တစ်နေ့ ၃၀၀၀၊ ၄၀၀၀ လောက်ရှိရင် လောက်ပါတယ်။

ဒေါ်ခင်ကြူ (ခေါင်းရွက်ဗျက်ထိုး ဈေးသည်)
—- — — —-
ဟင်းသီးဟင်းရွက်၊ အသားငါးဝယ် တာ ၂၀၀၀ လောက်ကျတယ်။ ထား။ ဆန်ဖိုး နဲ့ဆိုရင် တစ်နေ့ ၅၀၀၀ လောက်ကုန် တယ်။ မိသားစုကလည်းများတော့ တစ်နေ့ ၇၀၀၀၊ ၈၀၀၀ လောက်ရမှ လုံလောက်မှာပါ။ တစ်နေ့ ၂၀၀၀ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။

ကိုမျိုးဝင်း (ဂွေးချိုသီးရောင်း- ပန်းဆိုးတန်းခုံးတံတား)
—- — — —-
တစ်နေ့ ၂၀၀၀ ကတော့ ဘယ် လောက်မလဲ။ မိသားစုစားဝတ်နေရေးက တော့ ၅၀၀၀ လောက်မှရမှာ။ ၅၀၀၀ ဆိုတာ အနည်းဆုံးနော်။ ၅၀၀၀ အောက် ဆင်းသွားရင် မိသားစုစားလို့မရဘူး။ ကလေး ၂ ယောက်ရဲ့ ကျောင်းစရိတ်ရှိ တယ်။ ဘယ်လိုမှအဆင်မပြေဘူး။ ဒါတောင် ၅၀၀၀ ဆိုတာ စားဖို့နဲ့ ကျောင်း စရိတ်အတွက်ပဲ။ အိမ်ငှားခပါဆိုရင် ၇၀၀၀၊ ၈၀၀၀ လောက်မှ အဆင်ပြေမှာပါ။

မစီစီအောင်(ကုန်စိမ်းသည်)
—- — — —-
မလောက်ဘူး၊ လုံးဝမလောက်ဘူး။ ကလေးမုန့်ဖို့ တစ်နေ့ ၃၀၀၀ ရှိပါတယ်။ မိသားစုကလည်းများတော့ တစ်နေ့ကို ၈၀၀၀ လောက်ရမှာ အဆင်ပြေမှာပါ။

ကိုထိန်လင်း(ကွမ်းယာဆိုင်- ၃၈ လမ်း)
—- — — —-
ကလေးကျောင်းစရိတ်နဲ့ စားရေး သောက်ရေးက တစ်နေ့ ၂၀၀၀ ရရုံနဲ့ မလောက်ဘူး။ တစ်ခါတလေ ဈေးဖိုးတင် ၃၀၀၀ လောက်ကုန်တယ်။ အိမ်ငှားခနဲ့ ဆိုရင် ဘယ်လိုနည်းနဲ့မှ မလောက်ဘူး။ အိမ်ငှားခတွေက ဈေးတက်တယ်။ တစ်လ ကို ၁၂၀,၀၀၀ ရှိတယ်။ အဲဒီမှာပဲ တစ်နေ့ ကို ၃၅၀၀ ဖြစ်နေတယ်။ မိသားစုက ၄ ယောက်ရှိတယ်။ ၈၀၀၀၊ ၁၀၀၀၀ ဆိုရင် တော့ လောက်ပါတယ်။

မသင်းသင်းကြည်(ပြည်မြို့ခရီးသည်တစ်ဦး)
—- — — —-
နိုင်ငံတော်ဒုသမ္မတ ဦးဥာဏ်ထွန်းကြောင့် တစ်ရက် ၂၀၀၀ ကျော်ရုံနဲ့ လောက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဆီတစ်ပုလင်းဝယ်ရင်တောင် ၁၅၀၀ ဖြစ်နေတယ်။ ဟင်းဝယ်ရင်အနည်းဆုံးဈေးဖိုး ၁၅၀၀ ကျပ်ဖြစ်နေတယ်။ ၀က်သားဆိုင်မှာ အရိုးဝက်သားတောင် အနည်းဆုံး ၁၀၀၀ ပေးရတာ။ ကျွန်မမှာ ကလေးက ၃ ယောက်ရှိတယ်။ အနည်းဆုံးတစ်ယောက်ကို မုန့်ဖိုး ၃၀၀ ကျပ်ပေးမှ အဆင်ပြေတာ။ အိမ်ရဲ့အသုံးစရိတ်ကလည်း ၅၀၀၀ ကျပ်ရှိမှဖြစ်ပါတယ်။ ဒါတောင် ချွေတာသုံးတာပဲ ရှိသေးတာ။

ကိုမောင်မောင်အေး (တက္ကစီယာဉ်မောင်း)
—- — — —-
နိုင်ငံတော်ဒုသမ္မတပြောတဲ့ တစ်ရက် ၂၀၀၀ ကျော်ရုံနဲ့ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အနည်းဆုံး ထမင်းကြော်အိမ်မှာ ကြော်ပြီး ကော်ဖီအိမ်မှာသောက်ရင်တောင် ၁၅၀၀ ကျပ်လောက်ကုန်နေတာ။ အိမ်မှာ မိသားစု ၅ ယောက်ရှိတယ်။ ကလေး ၃ ယောက်ကို မုန့်ဖိုးပေးရင်တောင် အနည်း ဆုံး ၁၀၀၀ ကျပ်ပဲ။ ဆီ၊ ဆန်၊ ဆားအပါအ၀င် ဈေးဖိုးအနည်းဆုံး ၅၀၀၀ ကျပ် ကျော်မှ မိန်းမမျက်နှာကြည်တာ။ တစ်ခါတလေ ဈေးဖိုး ၅၀၀၀ ကျပ်ပေးရင် ရှင် ဈေးသွားဝယ်ကြည့်ဦးလို့တောင် ပြောခံရတာ။

ကိုသိန်းဇော်ဦး(ထီအရောင်းသမား)
—- — — —-
”၂၀၀၀ နဲ့ မလောက်ဘူး။ ကလေး မုန့်ဖိုးတင် တစ်နေ့ကို ၅၀၀ လောက်ပေး ရတယ်။ မိသားစုက ၄ ယောက်ရှိပါတယ်။ တစ်နေ့ကို ၅၀၀၀ လောက်ရမှ လောက်မှာပါ”

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ခေါင်းဆောင်ကောင်း



လွန်လေပြီးသော အခါက တိုင်းပြည်တစ်ပြည်မှာ အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ ဘုရင်ကြီးတစ်ပါး အုပ်ချုပ်သတဲ့ ..
ဘုရင်ကြီးဟာ တိုင်းသူပြည်သားတွေအပေါ် သားသမီးနဲ့မခြား ချစ်ခင်စောင့်ရှောက်တဲ့အတွက် ..
တိုင်းသူပြည်သားတွေကလည်း .. ဘုရင်ကြီးကို လေးစားချစ်ခင်ကြတယ် …
ဒီလိုနဲ့ .. တစ်နှစ်မှာတော့ မိုးလေ၀သအခြေအနေတွေပျက်စီးယိုယွင်းလာတဲ့အတွက် ..
ဘုရင်ကြီးရဲ့ တိုင်းပြည်မှာ .. ဆန်ရေစပါးရှားပါးပြတ်လပ်မှုနဲ့ကြုံတွေ့ရပါတော့တယ် …
အဲဒီအခါမှာမှာ ဘေးနားက တိုင်းပြည်တွေရဲ့ ရန်စောင်ခြင်းကိုလည်း ခံရပြီး တိုင်းပြည်အတွင်းမှာလည်း ..
ခိုးဆိုးလုယက်မှုတွေနဲ့ မငြိမ်မသက်ဖြစ်မှုအခြေအနေတွေဖြစ်ပေါ်လာပါတော့တယ် …

ဒီလိုနဲ့ ..
တစ်ညမှာ သူခိုးတစ်ယောက်ဟာ ဘုရင်ကြီးရဲ့ အိမ်ခန်းထဲ နန်းတော်အဆောင်ထဲကို ခိုးဝင်ပါတော့တယ် …
ဘုရင်ကြီးမအိပ်သေးမှန်းတွေ့တော့ သူခိုးဟာ … ဘုရင်ကြီးအိပ်ဆောင်အပေါ်ထပ်က သစ်သားတန်းပေါ် ပုန်းခိုနေသတဲ့ ..
ဘုရင်ကြီးက သူခိုး ကပ်နေမှန်းသတိထားမိပါတယ် .. သူတစ်ချက် ပြောလိုက်တာနဲ့ဘေးနားကအစောင့်တွေဝင်လာပြီး ..
သူခိုးကို သုတ်သင်ပစ်လိုက်ကြမှာပါ .. ဒါပေမယ့် ဥာဏ်ပညာကြီးတဲ့ဘုရင်ကြီးကအဲဒီလိုနည်းနဲ့မရှင်းပဲ ပထမဆုံး သူ့သားတော်လေးကိုခေါ်လိုက်ပါတယ်
“ သားရေ .. အဖေ့ဆီလာပါဦး ”
တစ်ဖက်အခန်းမှာ နေတဲ့သားဖြစ်သူက ဖခင်ဘုရင်ကြီးဆီရောက်လာပါတယ် ..
“ ချစ်သား …အဖေပြောတာနားထောင်ပါ ..
လူတစ်ယောက်အနေနဲ့ ဖြောင့်မှန်သော အလုပ်ကို လုပ်ရတယ် .. ခိုင်မာတဲ့ ယုံကြည်ချက်ကို လက်ကိုင်ထား၇တယ် ..
လူ့ဘ၀တလျှောက်လုံးမှာ ကောင်းတာတွေချည်းမလုပ်နိုင်တောင် မကောင်းတာတွေကိုနည်းနိုင်သမျှ နည်းအောင် ..
ကြံစည်အားထုတ်ရတယ် အဖေ့အမြင်ကတော့ ဆိုးသွမ်းတဲ့ လုပ်ရပ်တွေလုပ်နေတဲ့လူတိုင်းမှာ .. ဆိုးသွမ်းတဲ့စိတ်တွေရှိချင်မှရှိမှာပါ ..
တခါတလေ အခြေအနေအကြောင်းကြောင်းကြောင့်လုပ်နေရတာတွေလည်းရှိတတ်တယ် .. ”
ဘုရင်ကြီးက သူ့သားကိုပြောသလိုလိုနဲ့ ထုပ်တန်းပေါ်က သူခိုးကြားအောင်လို့ အသံကိုထပ်မြှင့်ပြီးပြောလိုက်တယ် …
“ ချစ်သား .. သေချာမှတ်ထားပါ လူတစ်ယောက်ဟာ သူ့စည်းစိမ်ဥစ္စာတွေ ပျက်စီးကုန်ဆုံးသွားခဲ့ရင်တောင် ..
သူ့ယုံကြည်ချက် နဲ့သူ့ရပ်တည်မှုအပေါ် ဘယ်တော့မှ သစ္စာမမဲ့ရဘူး မစွန့်လွှတ်ရဘူး ”

သားဖြစ်သူကိုပြောနေတဲ့ ဖခင်ဘုရင်ကြီးရဲ့ စကားတွေကိုကြားပြီးထုပ်တန်းပေါ်ကသူခိုးဟာ နောင်တကြီးစွာရနေခဲ့တယ် ..
ပြီါ်တော့သူ့ကိုယ်သူလည်းရှက်လာခဲ့တယ် .. ဒါကြောင့် သူခိုးဟာ ထုပ်တန်းပေါ်က ဆင်းပြီး ဘုရင်ကြီးရှေ့မှာ ဒူးထောက်ခစားလိုက်ပါတယ်
“ ကျွန်တော် .. အလွန်ပဲဝမ်းနည်းမိပါတယ် … ဒါပေမယ့် ကျွန်တော်လုပ်သမျှ စားနပ်ရိက္ခာ ပြတ်လပ်လွန်းအားကြီးလို့ ကြံမိကြံရာ ကြံစည်မိခြင်းသာဖြစ်ပါတယ် ”
ဘုရင်ကြီးဟာ သူခိုးကို ခွင့်လွှတ်ပေးခဲ့ပါတယ် …ပြီးတော့ အ၀တ်အစားနဲ့စားစရာအချို့ပေးပြီး ပြန်လွှတ်ပေးခဲ့တယ် …။

==================

အေဒီ ၂၅ -၂၂၀ တုန်းက အနောက်ဖက် ဟန်တိုင်းပြည်က Chen Shi လို့ခေါ်တဲ့ ဘုရင်ကြီးဖြစ်ပါတယ် ။ ဒီပုံပြင်လေးကပေးတဲ့ အတွေးတချို့ကတော့

- ခေါင်းဆောင်ကောင်းမည်သည် လမ်းမှားရောက်နေတဲ့ လက်အောက်ငယ်သားတွေကို လမ်းမှန်ရောင်အောင်ပြုပြင်ဆုံးမပေးနိုင်ရမယ်
- လူ့ဘ၀မှာ အဆိုးဆုံးအခြေအနေတွေနဲ့ကြုံတွေ့နေရတာတောင်မှ ကိုယ့်ယုံကြည်ချက် /ရိုးသားမှု သစ္စာတရားကို ဘယ်တော့မှ မဖျောက်ပစ်ရဘူး
- အမှန်တွေ အများကြီးမလုပ်နိုင်သေးတောင် အမှားတွေကိုနည်းသထက်နည်းအောင်လုပ်ရမယ်

သက်တန့်ချို

မိန်းကလေးအတွက် ဘဝဒဿန (သို့) ကျွန်မဖတ်ဖို့



(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့ မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်း လိုက်ပါ။ သင့်အသက် အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်း လိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည် တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ် နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူ မဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု…..စတဲ့စာအုပ်တွေ။ ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

(၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။ ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။ အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမန်၊ သာမန်စိတ်ကိုမွေးပါ။

(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။ ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။ အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်တောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။

(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။ သင့်မှာ ဗဟုသုတမရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။ အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။ ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။ ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။

(၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်းလခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။

(၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။ အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။ သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။ တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။ အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင်ချစ်နေရတာထက်စာရင် ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။


Nine Nine Sanay

နင်းပြားဘဝများကြားက ဆိုက်ကား ပရဟိတ


”ဆိုက်ကား အခမဲ့စီး နိုင်ပါတယ်ခင်ဗျာ”
ထိုစကားကို ရုတ်တရက်ကြားလျှင်ပင် အံ့သြသွားမည်ထင်သည်။ ငါးဆယ်၊ တစ်ရာတန် ဘတ်စ်ကားများကိုပင် အကြွေမပါသည့်အခါ အလကားစီးရခြင်းနှင့်တန်အောင် အပြောအဆိုခံရတတ်သော မြို့ကြီးပြကြီးတွင် ထိုစကားက အံ့သြစရာဖြစ်သွားနိုင်ပါသည်။သို့သော် သေချာအာရုံစိုက်၍ ဆက်နားထောင်မိပါက ရှင်းလင်းသွား မည်ဖြစ် သည်။
”တရားနာလာသူတွေကို ကုသိုလ်ပြုတာပါ။ အခမဲ့ စီးနိုင်ပါတယ်ခင်ဗျာ”
ကဆုန်လပြည့်နေ့ မဟာသန္တိသုခကျောင်းမှ တရားနာပြန်လာကြသူများအား အပေါက်ဝမှ လူတစ်စုကဆီးကြိုကာ ခေါ်နေခြင်းဖြစ် သည်။”ကျွန်တော်ဒီ အသင်းလေးဖြစ်ပေါ် ဖို့ တော်တော်စည်းရုံးရတယ်။ အခု တော်တော်ပီတိဖြစ်ရတယ်”ဟု ဓမ္မဒါန အနှေးယာဉ်အခမဲ့ပို့ဆောင်ရေးအသင်း စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ဦးဖိုးချစ် က ပြော သည်။
၎င်းတို့အသင်းမှ ဆိုက်ကားအစီး ၇ဝ ကျော်ဖြင့် တာမွေ မြို့နယ်အတွင်း ပြုလုပ်သောတရားပွဲများတွင် ဝေယျာဝစ္စကိစ္စများ ပြုလုပ်ပေးသည့်အပြင် တရားနာပြန်သူများအား ဆိုက်ကားများဖြင့် အခမဲ့လိုက်ပါပို့ဆောင်ပေးနေသော အနှေးယာဉ်လုပ်သားများဖြင့် ဖွဲ့စည်းထားသည့် ပရဟိတအသင်းဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင် ဖွဲ့စည်းခဲ့ကာ အနှေးယာဉ်လုပ်သား ၂ဝ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါအသင်းဝင် ၇ဝ ကျော်အထိ ပါဝင်လာခဲ့ပြီဖြစ်သည်။
”စဖွဲ့တုန်းကတော့ တော်တော်ခက်ခဲတာဗျ။ ယုံကြည်မှု နည်းတာရယ်၊ နောက်ပြီး အနှေးယာဉ်လုပ်သားဆိုတော့ ဝင်ငွေနည်းကြတာရယ်ကြောင့် သိပ်စိတ်မဝင်စားကြဘူး။ ကျွန်တော်တို့ကလည်း အတင်းစည်းရုံးလို့ မရဘူးလေ။ သူတို့ဝမ်းစာက ရှိသေးတယ်။ သူတို့စိတ်ဝင်စားမှပဲ ဝင်ဖို့ပြောရတာ”ဟု အသင်း၏ ဒုဥက္ကဋ္ဌ(ယာယီ) ဦးဖိုးချစ်က
ပြောသည်။
အသင်း၏ရည်ရွယ်ချက်မှာ သာသနာတော်ပြန့်ပွားရေးအတွက် အဓိကထားလုပ်ဆောင်ပြီး တရားနာသူများ စိတ်ချမ်းသာစွာနှင့် တရားနာနိုင်လျှင် တရားနာသူများ တိုးပွား လာမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်စတင်ဖွဲ့စည်းခဲ့ကာ လိုက်လံပို့ဆောင် သူများထံမှ အခကြေးငွေ လုံးဝယူခြင်းမရှိဘဲ ဆိုက်ကားကို ဖြည်းဖြည်းမှန်မှန်နင်းပေးရန်၊ ဆိုက်ကားစီးသူများ စိတ်ချမ်း သာစေရန်၊ လိုရာခရီးအား ရောင်အောင်ပို့ပေးရန်၊ တရားပွဲသို့ လာရာတွင် အရက်သေစာသောက်စားခြင်း မပြုရန်၊ ညစ်ညမ်း ရိုင်းစိုင်းသော စကားများကို ပြောဆိုခြင်းမပြုရန်စသည့် စည်း ကမ်းချက်များ ထုတ်ထားကြောင်း အသင်း၏ ယာယီ ဥက္ကဋ္ဌ ဦးသန်းထိုက်က ပြောသည်။
”ဒီတစ်ခေါက် တရားနာရတာ အဆင်ပြေတယ်လို့ တခြားလူကို ပြောရင် နောက်တစ်ယောက်ကပါ တရားနာဖို့ စိတ်ပါလာမယ်။ ဒီလိုပဲ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ တရား နာပရိသတ်ကတိုးလာရင် သာသနာပြန့်ပွားလာမယ်။ ဒီရည် ရွယ်ချက်ပါပဲ”ဟု ဦးသန်းထိုက်က ဆိုသည်။ အသင်းစဖွဲ့စဉ် မိမိတို့ ကိုယ်ပိုင် ပိုက်ဆံဖြင့်နှိုးဆော်စာများ ရိုက်နှိပ်ခြင်း၊ ဆိုက်ကားဂိတ်များတွင် လိုက်လံဝေငှခြင်း၊ နံရံ များတွင် ကပ်ခြင်းများဖြင့် စည်းရုံးခဲ့ပြီး အသင်းဝင်များမှာလည်း တစ်ဦးချင်းစည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဦးဖိုးချစ်က ဆိုသည်။ မိမိတို့ အနှေးယာဉ်လုပ်သားများမှာ ဝင်ငွေနည်းခြင်း ကြောင့်အချိန်မပေးနိုင်ခြင်း၊ ထို့အပြင် ပင်ပန်းသည့်အလုပ်ဖြစ် သောကြောင့် အသင်းဖွဲ့ရန် ယုံကြည်မှုနည်းခဲ့သော်လည်း တခြားမြို့နယ်မှ အသင်းဖွဲ့ ဖွဲ့စည်းထားသူတစ်ဦးက နည်း လမ်းများနှင့် အားပေးမှုများကြောင့်သာအသင်းဖွဲ့ဖို့ အင်တိုက် အားတိုက် လုပ်ေ ဆာင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုဖိုးချစ်က ဆက်ပြောသည်။
အသင်း၏ ယာယီဥက္ကဋ္ဌ ဦးသန်းထိုက်က အသင်းစဖွဲ့စဉ် ဝင်ငွေနည်းသောသူများ၏ အသင်းအဖွဲ့ဖြစ်သောကြောင့် ရန်ပုံငွေမရှိခြင်း၊ နေရာအတည် တကျမရှိခြင်း များကြောင့် လက်ဖက်ရည်ဆိုင်တွင် အစည်းအဝေးပွဲများ၊ အသင်းလုပ် ဆောင်ချက်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပြီး မိမိလက်ဖက် ရည်ဖိုး မိမိဘာသာရှင်းကာ အစည်း အဝေးတက်စေခဲ့သော ကြောင့် အသင်းဝင်များသည် အမှန်တကယ်စိတ်ပါပြီး ဓမ္မဒါန ဝေယျာဝစ္စကိစ္စများတွင် အားကြိုးမာန်တက် လုပ်ဆောင်နိုင် မည့်သူများဖြစ်သည်ဟု ယုံကြည်ကြောင်း ဆိုသည်။
”တော်ရုံစိတ်နဲ့မလွယ်ဘူး။ ဟိုတစ်လောက တရားပွဲ ဆိုရင် ငါးရက်ဆက်တိုက်လုပ်တာ။ ငါးရက်လုံး အားတက် သရော ကူညီကြတယ်။ ငြိုငြင်မှုမရှိကြဘူး။ ဆိုက်ကား သမား တစ်ယောက်က ငါးရက်ဆက်တိုက်အလုပ်ပျက်ခံပြီး ကူညီနိုင်ဖို့ ဆိုတာ တော်တော်ခက်ခဲမယ်။ စားဝတ်နေရေးကရှိသေးတာ ကိုး။ အသင်းရေရှည် တည် တံ့နိုင်ဖို့ ကျွန်တော်တို့ စည်းစည်း  လုံးလုံးနဲ့ ကြိုးစားလုပ်ဆောင်သွားမှာပါ”ဟု ဦးသန်းထိုက်က ပြောသည်။
အသင်းအတွက် အလှူငွေ လိုက်လံကောက်ခံခြင်းမျိုး မရှိဘဲ အသင်းဝင်များထဲမှ တစ်လလျှင် ၁ဝဝဝ ကျပ် ကောက် ခံပြီး အသင်းအတွက် တူညီဝတ်စုံများနှင့် လိုအပ် သည့်နေရာ များတွင် အသုံးပြုကြောင်း ယာယီဒုဥက္ကဋ္ဌ ဦးဖိုးချစ်က ပြော သည်။ ၎င်းတို့ စဖွဲ့စဉ် တူညီဝတ်စုံမရှိသောကြောင့် တရားနာ လာသူများ အဆင်ပြေစေရန် အမှတ် အသားအဖြစ်ဆိုက်ကား များတွင် သာသနာ့အလံများ လွှင့်ထားခြင်း၊ မိမိတွင်ရှိသည့် အင်္ကျီအဖြူများကို  ဝတ်ဆင်လာစေခြင်းများဖြင့် ရန်ပုံငွေအ ခက်အခဲကို ဖြေရှင်း ခဲ့ရကြောင်း ဦးဖိုးချစ်က ဆိုသည်။ စေတနာရှိ၍ လှူလိုသူများကိုလည်း အသင်းက လက်ခံ ပေးပြီး ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဓမ္မဒါနကုသိုလ်ဖြစ် အနှေးယာဉ် အခမဲ့ပို့ဆောင်ရေး အသင်းအတွက် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး၊ ၁၊ ၂၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ စည်းကမ်းထိန်းသိမ်းရေး စသည့် ကဏ္ဍအသီးသီးဖြင့် စည်းစနစ်တကျ ဖွဲ့စည်းထားပြီး အသင်း၏ လုပ်ဆောင်ချက်များမှာ ဝါတွင်းကာလတွင် ဥပုသ် သီလ ဆောက်တည်နေကြသောယောဂီများ၊ သူတော်စင်သူ တော်ကောင်းများ၊ ဥပုသ်သတင်းဆောက်တည်အပြီး စိတ် လက် ပေါ့ပါးသက်သာစွာ အိမ်ပြန်နိုင်ရန်၊ ဝါပကာလ ဓမ္မပူဇာ တရားပွဲများတွင် တရား နာယူ လိုကြသော သူတော်စင်သူတော် ကောင်းများ၊ ယောဂီများအား စိတ်အေးချမ်းသာစွာဖြင့် တရား နာယူကုသိုလ် ဘာဝနာပွားများနိုင်ရန်၊ အနှေးယာဉ် လုပ်သား များ၊ တစ် ဦးနှင့်တစ်ဦး ချစ်ကြည်စွာပေါင်းသင်းဆက်ဆံ၍ စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိရန်၊ အသင်းဝင် အနှေးယာဉ်လုပ်သားများ၏ သာရေး နာရေး ကိစ္စ အဝဝတို့အား စုပေါင်းကူညီဆောင်ရွက်ပေးနိုင်ရန်တို့ဖြစ် ကြောင်း အသင်း၏ ဖွဲ့စည်းပုံဇယားများအရ သိရသည်။
”ကျွန်တော်ဆိုရင် ဒီအသင်းကို ဝင်ချင်လွန်းလို့ ဆိုက် ကား အပိုင်ဝယ်လိုက်တာ။ အစကအငှားဆိုတော့ ည ၈ နာရီ ဆိုရင် ပြန်အပ်ရတာ။ တရားပွဲတွေရှိရင် အဆင် မပြေတော့ဘူး။ ကိုယ်ပိုင်ဆိုတော့ ဘယ်အချိန်လိုက်ပို့ပို့ အဆင်ပြေတယ်”ဟု အသင်းဝင် ကိုကျော်ဇင်လတ်က ပြောသည်။
အနှေးယာဉ်လုပ်သားများတွင် အရက်သောက်စားသူများ၊ လောင်းကစားဝါသနာထုံသူများကြောင့် ငွေကြေးသုံးစွဲမှု မြင့်တက်ပြီး ဆိုက်ကားငှားရမ်းစရိတ်များ မပေးနိုင်ခြင်း၊ အိမ် စရိတ်ထောက်ပံ့နိုင်ခြင်းမရှိဘဲ မိသားစုနှင့် စကားများခြင်းများ မကြာခဏ ဖြစ်ပေါ်သောကြောင့် အသင်းမှ ထိန်းညှိခြင်းများ လုပ်ဆောင်ပေးခြင်း၊ အသင်းရန်ပုံငွေထဲမှ မိသားစု ပြန်လည် ထူထောင်ရန် စိုက်ထုတ်ချေးပေးခြင်းနှင့် လမ်းမှန်ပြန်ရောက် စေရန် ကူညီဆောင်ရွက်ပေးခြင်းများအပြင် အသင်းဝင်များ၊ အသင်းဝင်များ၏ မိသားစုများ အတွက် ကျန်းမာရေး၊ နာရေး ကိစ္စများအတွက်လည်း ကူညီပေးနိုင်ရေးမှာလည်း အသင်း၏ ရည်ရွယ်ချက်ပင်ဖြစ်ကြောင်း အသင်းဝင် ကိုမောင်မောင်က ပြောသည်။
အသက် ၃၆ နှစ်အရွယ် ကိုဝင်းထွန်းကလည်း ”ကျွန် တော်ဆို ဒီအသင်းမဝင်ခင်က ညနေ ၅ နာရီထိုးတာနဲ့ အရက် ဆိုင်ရောက်နေတော့တာ။ တစ်ရက်ကို သုံးလေးထောင် ဝင်ပေ မယ့် အိမ်ကို ၂၅ဝဝ လောက်ပဲပေးတာ။ ကျန်တာ အရက် သောက်တယ်။ အသင်းလည်းဝင်ရော တရားလည်းနာဖြစ် တယ်။ အိမ်ကိုအပ်တဲ့ပိုက်ဆံကလည်း ပိုလာ တယ်။ ကုသိုလ် လုပ်ရတာ ပျော်လည်းပျော်တယ်”ဟု ပြောသည်။
အသင်း၏ ဘုတ်အဖွဲ့ဝင်များအား အသင်းသားများထဲမှ စိတ်ကြိုက်ရွေးချယ်ပေးရပြီး မဲအများဆုံးပေးခံရသူများကိုသာ ဥက္ကဋ္ဌ၊ ဘုတ်အဖွဲ့ဝင်များအဖြစ် သတ်မှတ်ကြသည်။ အသင်း ၏ ဥက္ကဋ္ဌမှာပိုမိုအနစ်နာခံရသူသာဖြစ်ပြီး ငွေကြေး ပိုမိုစိုက် ထုတ်နိုင်သူ၊ အသင်းအတွက် အချိန်ပေးနိုင်သူ၊ အသင်း၏  ဝေယျာဝစ္စကိစ္စများနှင့် တရားပွဲများရှိပါက စီမံခန့်ခွဲပေးခြင်းနှင့် အသင်းသားများ စည်းလုံးညီညွတ်ရေးအတွက် ထိန်းညှိပေးနိုင် သူကိုသာ ဦးစားပေးရွေးချယ်ခြင်းဖြစ်ကြောင်း အသင်းသားများ ကို ဆိုသည်။
လက်ရှိဘုတ်အဖွဲ့ဝင်များမှာ အသင်းဝင်ဦးရေ နည်းစဉ်က ရွေးချယ်ခဲ့သူများဖြစ်ပြီး လက်ရှိတွင် အသင်းဝင် များမှာအထိုက်အလျောက် များပြားလာပြီဖြစ်သောကြောင့် အ သစ်ပြန်လည်ရွေးချယ်မည်ဖြစ်ပြီး လက်ရှိဘုတ်အဖွဲ့မှာ ယာယီဘုတ်အဖွဲ့အဖြစ်သာ လုပ်ဆောင်နေကြောင်း လက်ရှိ ဥက္ကဋ္ဌ ဦးသန်းထိုက်က ပြောသည်။ ”အသင်း ရေ ရှည် တည်တံ့နိုင်ဖို့ဆိုတာကလည်း ရန်ပုံ ငွေက အဓိကပဲ။ စေတနာပါလို့ လှူဒါန်းရင်တော့ လက်ခံလိုက် မယ်။ အလှူငွေမရတော့လည်း အသင်းသားတွေက တတ်နိုင် သေ လာက် ထည့်ဝင်တဲ့အလှူငွေနဲ့ ရေရှည်ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်”ဟု အသင်းယာယီဥက္ကဋ္ဌ ဦးသန်းထိုက်က ပြောသည်။
တာမွေမြို့နယ်တွင် ဆိုက်ကားဂိတ်ပေါင်း ၃ဝဝ ကျော် ရှိပြီး ဆိုက်ကားအစီးရေ ၁ဝဝဝ ကျော်ရှိသော်လည်း အသင်း ဝင် ၇ဝ ကျော်မှာ နည်းနေသေးပြီး မိမိတို့အသင်းမှာ ဘဝတူ အချင်းချင်း ကူညီရိုင်းပင်းလိုသောစိတ်နှင့် မိသားစု အခက် အခဲများဖြစ်သည့် ကျန်းမာရေး၊ နာရေးအခက်အခဲများအပြင် အရက်သေစာ သောက်စား သူ၊ လောင်း ကစား ဝါသနာထုံသူ များကို အသင်းသားများက ဖေးမပြုပြင် ဖြေရှင်းပေးရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အသင်းသားများနှင့်အတူ စည်း စည်းလုံးလုံး လုပ်ဆောင် လိုသူ များကို လက်တွဲပါဝင်ရန် ဖိတ် ခေါ်ကြောင်း အသင်းဒုဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောသည်။
အသင်းဥက္ကဋ္ဌ ဦးသန်းထိုက်က ”ကျွန်တော်တို့ ရည်ရွယ် ချက်တွေ ကောင်းတဲ့အတွက် ဒီအသင်းလေး ရေရှည်တည်တံ့ဖို့ မျှော်လင့်တယ်။ ဆိုက်ကားသမား ဆိုရင် သောက် စားမူးရူးနေတာမျိုးမဟုတ်ဘဲ အများအကျိုးကို သယ်ပိုးတဲ့သူတွေလည်း အများကြီးရှိတယ်ဆိုတာ ပြောချင်ပါတယ်”။
ဖိုးလပြည့်

Popular Myanmar

အကြမ်းဖက်လူသတ်မှုတွင် ပါဝင်ပတ်သက်သည့် တပ်မတော်သားသုံးဦးကို အရေးယူရန် ဆန္ဒပြ



ပုံစာ- ပြည်မြို့ နဝဒေးတံတားအောက် လူသတ်မှုတွင် ပါဝင်ပတ်သက်သူ စစ်သားသုံးဦးကို ဖမ်းဆီးအရေးယူခြင်း ပြုလုပ်ရန် ပြည်မြို့ခံ ၂၀၀ကျော်က မေလ ၂၃ရက် နံနက်က ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- ရေခဲ၊ပြည်)

ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့န၀ဒေးတံတားအောက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည့်
တပ်မတော်သားသုံးဦးကို ဥပဒေအရ စစ်ဆေးအရေးယူမှုများ ပြုလုပ်ရန် ပြည်မြို့ခံ နှစ်ရာကျော်က မေလ ၂၃ရက်တွင် လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့သည်။

၂၀၁၃ခုနှစ် ဧပြီလ(၂၃)ရက် ည(၉)နာရီခွဲ အချိန်က ပြည်မြို့ န၀ဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစား စုံတွဲတစ်တွဲကို အကြမ်းဖက်သမား သုံးဦးက ပစ္စည်းလုယက်ကာ လူသတ်သည့် အမှုတွင် ပါဝင်သူများမှာ ပြည် ခလရ ၇၅မှ စစ်သားများဖြစ်သည်ဟုဆိုကာ ထိုသူများအား အရေးယူပေးရန် ဆန္ဒပြ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လုယက်မှုဖြစ်ပွားစဉ် အကြမ်းဖက်သမားများ လက်ချက်ဖြင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ချစ်သူ ကောင်းမလေးမှာလည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရပြီး သူမ၏ လက်စွပ်ကိုလည်း လုယူသွားခဲ့သည်။

“ဒီအမှုက ပေါ်နေရဲ့သားနဲ့ အပြစ်မပေးဘူးဆိုတာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ ပြလိုက်တာပဲ၊ စစ်တပ်က တရားဥပဒေရဲ့ အထက်မှာ ရောက်နေတယ်။ ဒီနေ့ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်က တရားဥပဒေရဲ့အထက်မှာ စစ်တပ် အစိုးရ ပြည်သူ ဘယ်သူမှ မရှိစေရဘူး။ ဥပဒေရဲ့ အထက်မှာ ဥပဒေဘဲရှိရမယ်” ဟု
ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးဝင်းလှိုင်က ပြောသည်။

၎င်းဖြစ်ရပ် ဖြစ်ပွားပြီးချိန်တွင် ဆင်စုရပ်ကွက်နေ လူထုက ၀ိုင်းဝန်းရှာဖွေရာ တံတားအလွန် သောင်ပြင်နှင့် တဆက်တည်း ကမ်းပါးရံကိုင်းတောထဲတွင် ပုန်းခိုနေသူ (ခလရ၇၅)မှ စစ်သားသုံးဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ရာ နှစ်ဦးဖမ်းမိပြီး တစ်ဦးလွတ်သွားခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်း အချုပ်၌ ချုပ်ထားသည် ဟုဆိုကာ ယခုအချိန်အထိ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးပေ။

တပ်မတော်သားသုံးဦးကို စစ်ဆေးအရေးယူမှုများ မပြုလုပ်ပါက ဆန္ဒဖော်ထုတ်ပွဲများ တစ်လ တစ်ကြိမ် (သို့) အခါအားလျော်စွာ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဦးဆောင်သူ ကိုဝင်းလှိုင်က ပြောသည်။

ယခုဆန္ဒဖော်ထုတ်ပွဲအား ရဲတပ်ဖွဲ့မှ တရားဝင်ခွင့်ပြုချက်ပေးခဲ့ပြီး ခွင့်ပြုချက်မရပါကလည်း ဆန္ဒဖော်ထုတ်သွားမည်ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးဝင်းလှိုင်ကဆိုသည်။

ဆန္ဒဖော်ထုတ်သူများသည် မေလ ၂၃ရက် နံနက်၉နာရီက ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် စုဝေးကာ ဗိုလ်ချုပ်လမ်း၊ ရွှေတစ်ချောင်းလမ်း အတိုင်း ချီတက်ခဲ့ပြီး သေဆုံးသူ ကိုဇော်မင်းဦး နေထိုင်ခဲ့သော တရုပ်စုရပ်ကွက် မင်းတပ်လမ်းထိပ်တွင် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်ရွှေတစ်ချောင်းလမ်းအတိုင်း ဆက်လက်ချီတက်ခဲ့ပြီး လမ်းမတော်လမ်းမှ ဗိုလ်ချုပ်ကျောက်ရုပ် ရှေ့သို့ ပြန်လည်ချီတက်ကာ ဆန္ဒဖော်ထုတ်မှုကို ရပ်နားခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် “တရားဥပဒေ စိုးမိုးရေး ဒို့အရေး” “ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရေး ဒို့အရေး” “ဥပဒေအထက်မှာရှိသူများ အလိုမရှိ” “အမှန်တရား
ဖျောက်ဖျက်သူများ အလိုမရှိ” “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူး” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်။


Mizzima Burmese

မိုးအေးအေးထဲမှာ ချဉ်ချဉ်စပ်စပ် ကချင်ကြက်ဥထောင်း လုပ်စားကြမလား


ကချင်ရိုးရာ ကြက်ဥထောင်းလုပ်နည်းကို သိချင်လား။ အစားအသောက် ချက်ပြုတ်တာ ဝါသနာပါသူတွေ၊ မိုးဦးရာသီမှာ မိသားစုနဲ့ နွေးနွေးထွေးထွေး ဝိုင်းဖွဲ့စားသောက်နိုင်မယ့် ကြက်ဥထောင်းလုပ်နည်းကို Finger Food Garden ဆိုင်ဖွင့်ထားတဲ့ မဟယ်လင်ကိုယ်တိုင်က နည်းပေးလမ်းပြ လုပ်ပေးမှာပါ။

ကချင်ကြက်ဥထောင်းအတွက် ကြက်ဥနှစ်လုံး၊ ချင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ကချင်ဟင်းခတ်မှုန့်၊ ဆား၊ ဆီအနည်းငယ်နဲ့ သံပရာသီးတစ်လုံးတော့ လိုပါတယ်။ ကြက်ဥကို အနှစ်ကျက်အောင် မပြုတ်ဘဲ ခပ်ပျော့ပျော့အနေအထားရအောင် ရေပွက်ပွက်ဆူအောင်တည်ပြီး ရှာလကာရည် ၃-၄စက်လောက် ထည့်ပြီး ပြုတ်ပါတဲ့။ ရေအေးအေးထဲပြောင်းထည့်ပြီးမှာ အခွံခွာပါလို့ မဟယ်လင်က ဆိုပါတယ်။

ကြက်ဥအကာနဲ့အနှစ်ကို သက်သက်ဖယ်ပြီးရင် ဆုံထဲမှာ ချင်း၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်ညက်လေး ထောင်ထားပြီးမှ နံနံပင်နဲ့ ဖက်ဖယ်ရွက်ကို ထည့်ထောင်းရမယ်လို့ ပြောပါတယ်။ ပြီးမှ ဆားနဲ့ ကြက်ဥအကာကို ထည့်၊ အရာသာမှုန့်ထည့်ပြီးမှ ကြက်ဥအနှစ်ကိုထောင်းရမယ်၊ နောက်မှ ဆီစိမ်းလေးထည့်ပေးပါလို့ နည်းလမ်းပြပါတယ်။

သံပုရာသီးညှစ်ပြီးရင်တော့ စိမ့်ပြီးစပ်တဲ့ ကချင်ကြက်ဥထောင်းလေး ရပါပြီ။ ကချင် ကြက်ဥထောင်းက ချဉ်ချဉ် စပ်စပ်လေးမို့ မိန်းကလေးတွေ ပိုကြိုက်ပါတယ်လို့ ပြောလာသူက သဲသဲပါ။ သံပုရာသီလေးညှစ်ပြီး စားရတာ ပိုပြီး အရသာထူးပါတယ်လို့ ဆိုပါတယ်။

Kamayut Media

ကွာခြားမှု အနီးအဝေး



သက္ကရာဇ် ၂၀၉၉ ခုနှစ် ငရဲပြည်မှာပေါ့ကွယ်။ အိုစမာဘင်လာဒင်။ ဆက်ဒမ်ဟူစိန်။ဟစ်တလာ။ ဂဒါဖီနဲ့ မြန်မာပြည်ကို ၁၉၈၈ နောက်ပိုင်း
ေ ချောက်ထဲကျမှာစိုး၍ကယ်တင်ခဲ့သူဆိုလား…ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ရောက်နေပါတယ်။တစ်နေ့….ငရဲမင်းက သူတို့ ကို နည်းနည်းသနားသွားလို့ …
“ဟေ့..ဟိုကောင်တွေ… မင်းတို့ အိမ်ကို ဖုန်း ခေါ်ချင်သလား။ကြိုက်သလောက်ပြောကြ …ပြီးရင်ကျသလောက်ရှင်း” ဆိုပြီး
ဖုန်းဆက်ခွင့်ပေးလိုက်တယ်။

အိုစမာကစပြီးသူ့ မိန်းမတွေဆီကို ဖုန်းဆက်တယ်။ ၃မိနစ်ကြာသွားတယ်။  ဒေါ်လာ၃၀ကျတယ်။ ထုတ်ရှင်းလိုက်တယ်။
ဆက်ဒမ်ဟူစိန်လည်း အိမ်ကိုအလွမ်းသည်တာ ၄ မိနစ်ကြာတယ်။ ဒေါ်လာ၄၀ ကျသင့်လို့ ရှင်းလိုက်တယ်။ ဟစ်တလာလည်း ဂျာမနီကို
လှမ်းဆက်တာ ၅ မိနစ်ဆိုတော့ ဒေါ်လာ ၅၀ရှင်းရပြန်ရော။ကဒါဖီလည်း သူ့မြေးကိုဆက်တာ ၄ မိနစ်ကျော်လို့ ၄၅ဒေါ်လာရှင်းရတယ်။

နောက်ဆုံးမှ မြန်မာပြည်က ပုဂ္ဂိုလ်ကြီးက သူ့ အိမ်ကိုဆက်တယ်။ ဇနီးနဲ့ ဖုန်းအီတာ (၁)နာရီ။ သမီးနဲ့ ပြောတာ (၁) နာရီ။  ဟို…မော်တော်ပီကယ်ကို
တီးတဲ့မြေးနဲ့ပြောတာ အီစီကလီသူငယ်ပြန်တာ (၃)နာရီတောင်ကြာတယ်။စုစုပေါင်းဖုန်းပြောချိန် (၅)နာရီကြာသွားတော့ ငရဲရောက်ဖော်ရောက်ဖက်တွေက
စိတ်ဝင်စားတာပေါ့ ။ ဒီကောင်တော့ ဖုန်းဖိုးနဲ့ နာပြီဆိုပြီး။ပုဂ္ဂိုလ်ကြီးက ငရဲမင်းကို ဘယ်လောက်ကျလည်း မေးတော့ ၁ဒေါ်လာ ကျတယ်တဲ့။
အဲ့ဒီမှာ ဘင်လာဒင်တို့၊ ဟစ်တလာတို့ အုပ်စုက တင်းပါလေရော။ “ကျုပ်တို့ မိနစ်ပိုင်းလေးဆက်တာ၊ကျတော့ ဒေါ်လာ၃၀၊၄၀ ကျတယ်။
ဒီကောင်ကြီး ၅နာရီဆက်တာကျတော့ ၁ ဒေါ်လာပဲကျတယ်။ မတရားဘူး။ ဒါကိုရှင်းပါ” ဆိုပြီး ဆူပူကြတာပေါ့။

“အဲ့ဒီမှာငရဲမင်းက မင်းတို့ တွေ ဘာကြောင်နေတာလဲ။ မင်းတို့ ခေါ်တာ OVER SEAလေ။ သူခေါ်တာ LOCAL CALL ကွ။ သူ့ အိမ်က
တစ်မိသားစုလုံး ဟိုဖက်ခန်းမှာတင်ရှိတယ်တဲ့”

ရဲစတိုင်း

The Myanma Age

ကိုယ့်ကလေး အနိုင်ကျင့်ခံရမှုကို မိဘတစ်ယောက်အနေနဲ့ ဘယ်လိုကာကွယ်မလဲ




ကလေးတွေရဲ့လောကမှာ ကလေးချင်း အနိုင်ကျင့်မှုဆိုတာ ရှိတာပါပဲ။ ဒါကို မိဘတစ်ယောက်အနေနဲ့ ဘာမှမတတ်နိုင်ဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်ကလေးကို အနိုင်ကျင့်မခံရအောင် ရှောင်ကြည်ဉ်ဖို့၊ အနိုင်ကျင့်ခံရမှုကိုတားဆီးဖို့ မိဘတစ်ယောက် အနေနဲ့ ပါးပါးနပ်နပ်ကူညီနိုင်ပါတယ်။

ဒီ့အတွက် Chicago Tribune ၊ Huffington Post ၊ Men’s Health စတဲ့ မဂ္ဂဇင်းတွေမှာ ရေးသားနေပြီး ဆုရစာရေးဆရာ တစ်ဦးလည်းဖြစ်သူ Jim Higley ရဲ့ဆောင်းပါးလေးကို တိုတိုတုတ်တုတ် ဖော်ပြလိုက်ပါတယ်။

မိဘတော်တော်များများဟာ ကလေးချင်းအနိုင်ကျင့်မှုတစ်ခုမှာ “အနိုင်ကျင့်ခံရတဲ့သူ” နဲ့ “အနိုင်ကျင့်သူ” ဆိုပြီး နှစ်ခုပဲ ရှိမယ်လို့ထင်ကြပါတယ်။ တကယ်တော့ ကလေးချင်း အနိုင်ကျင့်မှုဖြစ်လာဖို့ “ဘေးကကြည့်သူ” ဆိုတာလည်း ပါပါတယ်။

မိဘတွေဟာ ငယ်ငယ်လေးကတည်းက အနိုင်ကျင့်မှုတစ်ခုကို မြင်ရရင် သင့်လျော်တဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်တတ်ဖို့ ကလေးတွေကို သင်ကြားပေးထားသင့်ပါတယ်။ ဒါဟာ တစ်ဖက်သားအပေါ် ကိုယ်ချင်းစာသနားတတ်တဲ့စိတ်ကို ခိုင်မာစေပြီး ဒီလိုအခြေအနေမျိုး ကိုယ်ကိုတိုင် ကြုံ့လာရင် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

အောက်ပါအချက်တွေကတော့ အနိုင်ကျင့်ခံရတာကို ဘေးကနေမြင်နေရတဲ့ ကလေးတစ်ယောက်အတွက် ဘယ်လို သင်ကြားသင့်တယ် ဆိုတဲ့အချက် တွေပါ

-အနိုင်ကျင့်ခံနေရတဲ့ ကလေးကို သူငယ်ချင်းဖွဲ့ခိုင်းပါ။

-အနိုင်ကျင့်ခံနေရတဲ့ ကလေးကို အကူအညီလိုမလို မေးရင်းနဲ့ သူ့ဘက်က ရှိပါ။

-အနိုင်ကျင့်နေတဲ့ ကလေးကိုရပ်ဖို့ပြောပါ။

-ရလာတဲ့အတွေ့အကြုံကို လူကြီးတွေကိုပြန်ပြောခိုင်းပါ။
အနိုင်ကျင့်ခံရခြင်းမှ သင့်ကလေးကိုကာကွယ်ခြင်း
ကလေးအတော်တော်များများက အနိုင်ကျင့်ခံရတဲ့အခါ ရှက်လို့ ပြန်မပြောတတ်ကြပါဘူး။ အနိုင်ကျင့်ခံရတယ်လို့ သင် သံသယရှိနေရင် ရိုက်နှက်အော်ဟစ် မေးမြန်းတာမျိုး မလုပ်သင့်ပါဘူး။ သင့်ကလေး အနိုင်ကျင့်ခံနေရပြီဆိုတာသိစေဖို့ ဒီလက္ခဏာလေးတွေ ထပ်ခါထပ်ခါ ဖြစ်လာရင် သတိထားပါ။

-ပွန်းပဲ့ရာများ

-မုန့်ဖိုးလို ပိုင်ဆိုင်မှုများ ပျောက်ဆုံးခြင်း

-ကျောင်းကနေ အိမ်ရောက်တာနဲ့ အလွန် ဆောင်လောင်နေခြင်း သို့မဟုတ် အိမ်သာထဲ အလျင်စလို တန်းသွားခြင်း

-ခေါင်း ခဏခဏကိုက်ခြင်း
အနိုင်ကျင့်ခံနေရတယ်လို့ သံသယရှိနေရင် ကလေးဖြစ်သူကိုပဲ တိုက်ရိုက် တန်းမေးပါ။ အနိုင်ကျင့်ခံရတာကိုများ မြင်ခဲ့လားဆိုတဲ့ မေးခွန်းမျိုးနဲ့စမေးပါ။
ဒီလိုအနိုင်ကျင့်ခံရအောင် ကိုယ်က ဘာတွေလုပ်ခဲ့လဲဆိုတာမျိုး မမေးပါနဲ့။ စာနာမှုပြပြီး အောက်ပါ အချက်တွေကိုရှာဖွေပါ။

-ဘယ်သူက အနိုင်ကျင့်တာလဲ။ အနိုင်ကျင့်တဲ့သူက တစ်ယောက်ထဲလား

-ဘယ်နေရာမှာ ဖြစ်တာလဲ

-အနိုင်ကျင့်ခံရတဲ့အခါ ခင်ဗျားကလေးက ဘယ်လိုတုံ့ပြန်သလဲ
အနိုင်ကျင့်ခံနေရတာ သေချာပြီဆိုရင်တော့ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ ကိုယ့်ကလေးကို သင်ပေးဖို့ လိုပါပြီ။ သူရွေးချယ်ရတော့မယ်ဆိုတာ သေချာပြောပြပါ။ သူ့ကို အနိုင်ကျင့်နေသူက သူထင်သလောက် မဟုတ်ဘူးဆိုတာ သေချာ ပြောပြပါ။ ကလေးတွေရဲ့ အပြုအမူနဲ့ပက်သက်ပြီး အထူးကျွမ်းကျင်သူ Michele Borba ပေးတဲ့နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပါ

-ငြိမ်ငြိမ်သက်သက်နေပါ

-မင်းလုပ်သလောက် ငါ့ပြန်လုပ်ဖို့ အသင့်ပဲဆိုတဲ့ အနေအထားမျိုး ထားပါ

-အနိုင်ကျင့်သူရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပါ

-အသံက တကယ်လုပ်လာရင် တကယ်ပြန်လုပ်မယ်ဆိုတဲ့ အသံမျိုးရှိပါ (မင်းကိုငါ ဘာလုပ်လို့လဲကွာဆိုတာမျိုးကတော့ အလုပ်မဖြစ်ပါဘူး)
ကလေးချင်းအနိုင်ကျင့်မှုဟာ မိဘတွေအတွက်တော့ တကယ်ဖြေရှင်းရခက်ပြီး မိဘကော ကလေးကော စိတ်ဆင်းရဲရတဲ့ ပြဿနာပါ။ သင် သေချာသင်ပေးလေလေ သင့်သားသမီးက အနိုင်ကျင့်သူတွေရဲ့ သားကောင်ဖြစ်ဖို့ နည်းလေလေပါပဲ။

သင့်သားသမီးက သားကောင်မဟုတ်ဘဲ တရားခံ ဖြစ်နေရင်လည်း ဆုံးမဖို့ ပိုအရေးကြီးပါတယ်။ ဒါကိုလည်း မမေ့ပါနဲ့ဦး....



Credit: ဖိုးသူတော်
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

လူတွေ ရုတ်တရက်အိပ်ပျော်ကုန်ကြတဲ့ ရုရှားနိုင်ငံက မြို့ဟောင်း






အလွန်ထူးဆန်းတဲ့အခြေအနေတစ်ခုကို ကာဇစတန်နိုင်ငံရဲ့ Kalachi ရွာဒေသတစ်ဝိုက်နဲ့ ရုရှားနိုင်ငံရဲ့ ဆိုဗီယက် လက်ကျန်မြို့ဟောင်း Krasnogorsk တို့မှာ ကြုံတွေ့နေရတယ် လို့ဆိုပါတယ်။

ဒီဒေသတစ်ဝိုက်မှာ နေထိုင်တဲ့လူတွေဟာ ဘာကြောင့် ရုတ်တရက် အိပ်ပျော်ကုန်ကြတယ်ဆိုတာကို ပညာရှင်တွေဟာ  အဖြေရှာမရဖြစ်နေပြီး ဒီလိုအိပ်ပြောတယ်ဆိုရင်လည်း ၆ ရက်လောက်ကြာတတ်တယ်လို့ ဆိုပါတယ်။

လျှို့ဝှက်သည်းဖို ဝတ္ထုတွေထဲကလိုဖြစ်နေတဲ့ ဒီအခြေအနေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ဘယ်သူမှ မသိသေးပါဘူး။

ဒီအခြေအနေဟာ တစ်ချိန်လုံးဖြစ်နေတာ မဟုတ်ဘဲ   လှိုင်းတွေလို တစ်ခုပြီးမှတစ်ခု လာတတ်တယ်လို့ဆိုပါတယ်။ ပထမဆုံးဖြစ်ခဲ့တာက မတ်လ ၂၀၁၃ မှာ ဖြစ်ပြီး မေလမှာ ထပ်မံ ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိ ၂၀၁၄ ခုနှစ်အတွင်းမှာလည်း သုံးကြိမ်ထက်မက ဖြစ်ခဲ့ပြီးပါပြီ။
ဒီဒေသဟာ  လူဦးရေသိပ်မများပေမဲ့ ဖြစ်လာပြီဆိုရင် လူပေါင်း ၄၀ ကနေ ၆၀ ထိ ခံစားရတယ်လို့ဆိုပါတယ်။

အနီးနားမှာရှိတဲ့ ယူရေနီယမ် သတ္တမိုင်းကြောင့် ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပြီး မြေ၊ ရေ၊ လေ၊ သွေး၊ ဆံပင်၊ လက်သည်း တို့အပါအဝင် ဒေသထွက် အရက်ကစလို့ ဓာတ်ရောင်ခြည်တွေထိ စမ်းသပ်မှုပေါင်း ၇၀၀၀နီးပါး ပြုလုပ်ခဲ့ပြီးပေမဲ့ ကျွမ်းကျင်သူတွေဟာ ခုချိန်ထိ အဖြေရှာမတွေ့သေးပါဘူး။
အသက် ၅၀ အရွယ် နွားနို့ထွက်ကုန် အလုပ်သမား Maria Felk ဟာ ဒီအခြေအနေကို  ခံစားခဲ့ရတဲ့ ပထမဆုံးလူတွေထဲက တစ်ယောက်ပါ။

“ပုံမှန်အတိုင်းပဲ ကျွန်မ နွားနို့ညစ်နေတာ။ မနက် အစောကြီးပေါ့။ နောက်တော့ ကျွန်မအိပ်ပျော်သွားကော။ ဘာမှ မမှတ်မိဘူး။ ကျွန်မ ပြန်နိုးလာတော့ ဆေးရုံပေါ်မှာ။ နာစ့်မက ကျွန်မကိုပြုံးပြီး ပြောတယ်။ အိပ်ပျော်နေတဲ့မင်းသမီးလေး ကြိုဆိုပါတယ်။ နောက်ဆုံးတော့ နိုးလာပြီပေါ့တဲ့။ ကျွန်မ ဘာမှတ်မိသေးလဲဆိုတော့ ဘာမှမမှတ်မိဘူး။ နှစ်ရက်နှစ်ည အိပ်ခဲ့တယ်” လို့ Maria Felk က ပြောပါတယ်။

ဒီအခြေအနေဟာ ဒေသခံတွေတင်မဟုတ်ပဲ  ဒီဒေသထဲ အလည်လာမိသူတွေကိုပါဖြစ်နေတယ် လို့ဆိုပါတယ်။
ဒီဒေသရဲ့ခရိုင်ဆရာဝန် Kabdrashit Almagambetov က  “လူနာတွေ နိုးလာရင် သူတို့က ဘာမှမမှတ်မိဘူး။ သူတို့ ဇာတ်လမ်း က တစ်ပုံစံတည်းတွေကြည့်ပဲ” လို့ဆိုပါတယ်.....

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ကျောင်းသူလေးတွေရဲ့ပေါင်တံဖြူ ဖြူ လေးတွေပေါ်မှာကြော်ငြာတဲ့ အမျိုးသမီးသုံးပစ္စည်း




အသားဖြူနုပြီး ပန်းနုရောင်သန်းနေတဲ့ တရုတ်ကျောင်းသူမလေးတွေရဲ့ ပေါင်တံက အခုဆိုရင် ကြော်ငြာစာမျက်နှာတစ်ခုဖြစ်သွားပါပြီတဲ့။ ဘယ်လို အထူးအဆန်းတွေပါလဲ။ တော်တော်လေးလည်းကြံကြံဖန်ဖန်လုပ်တတ်ပါရဲ့။

ဟုတ်ပါတယ်.... ကြော်ငြာလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်ကုမ္ပဏီတစ်ခုက တရုတ်ကျောင်းသူမလေး အယောက် ၁၀၀ ကျော် ရဲ့ ပေါင်ကို အမျိုးသမီးသုံး ပစ္စည်းကြော်ငြာဖို့ အခကြေးငွေနဲ့ ခေတ္တငှားလိုက် တာပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ဟူဘီးပြည်နယ် ၀ူဟန်မြို့တော်မှာရှိတဲ့ ဇောင်ဟန်စီးပွားရေးတက္ကသိုလ်နဲ့ ဥပဒေ ကောလိပ်တို့မှ ကျောင်းသူတွေကို အခကြေးငွေဖြင့် ငှားရမ်းပြီး ကြော်ငြာခိုင်း စေတာပါ။ အခြားကြော်ငြာလုပ်ငန်းတွေလိုပဲ ကြော်ငြာမယ့် ပစ္စည်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အားလုံးကို  လက်ကမ်းစာရွက် အပိုင်းအစပေါ်မှာရေး သား ထားပြီးတော့ အဲ့ဒီလက်ကမ်းစာရွက်ကို တူညီဝတ်စုံ၊စကတ်အတိုဝတ်ထားတဲ့ ကျောင်းသူတွေအား လုံးရဲ့ ပေါင်တံမှာ ကပ်စေကာ မြို့တွင်းလှည့်လည်ကြော်ငြာကြ တာပဲဖြစ်ပါတယ်။

ဒီလိုကြော်ငြာလို့ အများပြည်သူတွေကစိတ်ဝင်တစား ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ယူတာတို့၊ ကင်မရာရိုက်ယူတာတို့ကိုလည်း ခွင့်ပြုပေးရမယ်လို့ အငှားစာချုပ်စဉ်က တည်းက တစ်ခါတည်းသဘောတူပြီးသားဖြစ်ပါတယ်။

ကြော်ငြာတဲ့ကုမ္ပဏီရဲ့ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ ယူရမ်ကွမ်းက “ ကျွန်တော်တို့ရဲ့ ဒီလိုကြော်ငြာတာနဲ့ပတ်သက်ပြီးတော့ ကျောင်းသူကလေးမလေးတွေက သဘောတူ ခွင့်ပြုပြီးသားပါ။ ကြော်ငြာတာနဲ့ပတ်သက်လို့ ဘယ်လိုပဲစိတ်ဝင်တစားလေ့လာတာပဲဖြစ် ဖြစ်ကိုပေါ့။

ဒါက ရောင်းကုန်ပစ္စည်းအတွက် သိပ်ကို အရောင်းမြှင့်တင် ကြော်ငြာပေး ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ” လို့ပြောခဲ့တယ်။ အဲ့ဒီကြော်ငြာတဲ့နေရာမှာပါဝင်တဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦး ဖြစ်တဲ့ ရှီယူက “ ကျွန်မ ဒီလိုကြော်ငြာတဲ့ နေရာမှာ ဘယ်လိုမကောင်းတဲ့ကိစ္စမှ မတွေ့ပါဘူး။ ဒီလိုလုပ်လိုက်တဲ့အတွက် ပိုက်ဆံ လည်းဝင်မယ်။

 ကြော်ငြာတဲ့ ပစ္စည်းအတွက်လည်း ကောင်းမွန်တဲ့ရလာဒ် တစ်ခု ကိုလည်းရလာနိုင်တယ်။ ဒါကြောင့် ကျွန်မ စိတ်ဝင်စားပါတယ်” လို့သူမက ပြောပြတယ်။ တချို့သော ဝေဖန်တဲ့ ပြည်သူတွေကတော့ ဒါက သိပ်ကို အရှက်တရား မဲ့လွန်းတယ်။ ကျောင်းသူတွေ အနေနဲ့လည်း ကိုယ့်ကိုကိုယ်ပြန်ပြီး ဂုဏ်သိက္ခာချသလို ဖြစ်နေတယ်လို့ ရှုံ့ချပြောဆိုကြပါတယ်။


Credit: ဖိုးသူတော်
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ခွေးကိုက်ရင် ခွေးရှင်ကိုထောင်ချမယ်




ခွေးကိုက်ရင် ခွေးရှင်ကို ထောင်ချမယ့်ဥပဒေကို  အင်္ဂလန်နိုင်ငံမှာ အင်္ဂါနေ့က ပြဌန်းလိုက်ပါတယ်။
ကိုယ့်ခွေးကို မဆင်မခြင်လွှတ်ထားလို့  လူတစ်ယောက်ကို သေအောင်တိုက်ခိုက်ခဲ့တယ်ဆိုရင် ထော်ဒဏ် ၁၄နှစ်ထိကျခံရမှာ ဖြစ်ပြီး ဒဏ်ရာအနာတရ ဖြစ်ခဲ့တယ်ဆိုရင်တော့ ၂နှစ်ကနေ ၅နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။

 အင်္ဂလန်နိုင်ငံမှာ ခွေးကိုက်မှုတွေများပြားလာခဲ့ပြီး ယခုနှစ် အစောပိုင်းမှာ ခွေးကိုက်ခြင်းကြောင့် ကလေးနှစ်ဦး သေဆုံး ခဲ့ရပါတယ်။
ဒီခွေးဥပဒေမှာ မျက်မမြင်လမ်းပြခွေးလိုမျိုး တခြားခွေးတွေကို သွားကိုက်ရင်လည်း ပြစ်ဒဏ်မြောက်မှာဖြစ်ပြီး ပိုင်ရှင်ဟာ ထောင်ဒဏ် ၃နှစ်ထိ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“ခွေးကိုက်တာဟာ ခံရသူတွေနဲ့ မိသားစုတွေအပေါ် ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်။ ဒီတာဝန်ရှိသူတွေဟာ ပြင်းထန်တဲ့ပြစ်ဒဏ်တွေကို ရင်ဆိုင် သင့်တယ်ဆိုတာကတော့ မှန်ကန်ပါတယ်” လို့ တိရိစ္ဆာန်များ မွေးမြူထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီး Lord de Mauley က ပြောကြားခဲ့ပါတယ်။


ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Credit: ဖိုးသူတော်

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသော ရခိုင်ဒုက္ခသည်နှစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်

photo credit:Narinjara


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးကာ ရခိုင်ပြည်နယ် မောင်တောဒေသတွင် လာရောက် ခိုလုံနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ဒုက္ခသည် နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှ ဆရာတော် ဦးအာစရက မိန့်ကြားသည်။

လက်ရှိတွင် ၎င်းဒုက္ခသည်များအတွက် အမေရိကန် နိုင်ငံရောက် ရခိုင်သာရေး၊ နာရေးအသင်းမှ လှူဒါန်းထားသည့် ငွေကျပ် သိန်းနှစ်ဆယ်ဖြင့် ဒုက္ခသည်များကို စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနေရပြီး ဇွန်လမှစတင်ကာ တစ်လလျှင် ဆန်အိတ် ငါးရာဝန်းကျင် လိုအပ်မည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

၂၀၁၃ ခုနှစ်က ဒုက္ခသည် ၁၅၀၀ ကျော်ရှိခဲ့ရာ ယင်းကာလက တစ်လလျှင် ဆန်အိတ် ၃၀၀ ကျော်လိုအပ်ခဲ့ပြီး ယခုဒုက္ခသည် ၂၀၀၀ ကျော်ထိ မြင့်တက်လာသဖြင့် တစ်လလျှင် ဆန်အိန် ၅၀၀ ဝန်းကျင် လိုအပ်လာခြင်း ဖြစ်ကြောင်း ဆရာတော် ဦးအာစရက မိန့်ကြားသည်။

အစိုးရက ဒုက္ခသည်တစ်ဦးလျှင် တစ်လကို ငွေကျပ် တစ်သောင်းခွဲနှင့် ကမ္ဘာ့စားနပ်ရိက္ခာ ကူညီရေးအဖွဲ့ (WFP) က တစ်ဦးလျှင် တစ်လအတွက် ဆန်တပြည်ခွဲနှုန်း ကူညီခဲ့သော်လည်း လုံလောက်မှု မရှိခဲ့ကြောင်း၊ ယင်းအခြေအနေတွင် ယခုအစိုးရ၏ အကူအညီများကို လွန်ခဲ့သည့် လေးလခန့်မှ စတင်ရပ်ဆိုင်းခဲ့ကြောင်း ဒုက္ခသည်များထံမှ သိရှိရသည်။

“စိုက်ပျိုးချိန်ကျမှပဲ အစိုးရက ထုတ်ပေးဖို့ပြောတယ်” ဟု ဆရာတော် ဦးအာစရက မိန့်ကြားသည်။

ဘင်္ဂလာဒေ့ရှ်ပြန် ဒုက္ခသည်များသည် ဘာသာစကားနှင့် နယ်မြေကျွမ်းကျင်မှု အားနည်းမှုကြောင့် အလုပ်အကိုင် ရရှိရန် ခက်ခဲကြောင်း၊ ၎င်းတို့ ကျွမ်းကျင်သည့် တောင်ယာ၊ သစ်၊ ထင်းခုတ် စသည့် အလုပ်များမှာလည်း လုပ်ငန်းရှင်များ တားမြစ်မှု၊ သစ်တောဌာနမှ တားမြစ်မှုများကြောင့် အခက်အခဲ ရှိနေကြောင်း ဗောဓိကုန်း ကျေးရွာနေ ဒုက္ခသည် မောင်ဘန်းနုက ပြောသည်။

၂၀၁၂ ခုနှစ်မှစတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုများသည် မောင်တောနယ်တွင် လူဦးရေ ၂၀၀၀ ကျော် ရှိလာပြီဖြစ်ပြီး ၎င်းတို့ကို အစိုးရက နေရာများ ချထားပေးလျက် ရှိကြောင်း၊ သို့သော်လည်း အလုပ်လက်မဲ့ ပြဿနာကို အစိုးရက မဖြေရှင်း နိုင်သေးကြောင်း ဒုက္ခသည်များထံမှ သိရှိသည်။

Credit: The  Voice Weekly                  


ပုဒ်မ ၄၃၆ သည် ဒီမိုကရေစီ အတွက် အဟန့်အတားဖြစ်သည်ကို တပ်မတော်သားများ နားလည်ရမည်ဟု ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပြော



၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ သည် ဒီမိုကရေစီ အတွက် အဟန့်အတား ဖြစ်သည်ကို တပ်မတော်သားများက နားလည်ရမည် ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက The Messenger သတင်းစာသို့ ပြောကြားသည်။၄၃၆ဆိုတာသူတို့ဟာသူတို့ ကာကွယ်နေ တာ၊ တပ်မတော်သားတွေ နားလည်ရမှာက ဒီဟာ ပြည်သူလူထု တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အဟန့်အတားကြီး ဖြစ်နေတာ၊သူတို့ကို ပြန်ထိ မလားဆိုပြီး၊ သူတို့ကို သူတို့ပြန်ကာကွယ်နေတာ၊ ပြင်ဆင်ဖို့ တပ်မတော်သားတွေ အများကြီးပါချင်ပါတယ်။ သို့သော် အမိန့်ပေး စနစ်အပေါ်က ရှိနေတော့ အပေါ်က လူကို အဓိကပြောတာ၊ ကာကွယ်ရေးဦးစီးချုပ် တို့လည်း နားလည်စေချင်ပါတယ် ဟု သူရဦးတင်ဦး က ပြောသည်။

တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ မဟုတ်ဘဲ ပြည်သူသည်သာ အမိ ပြည်သူသည်သာ အဖ ဖြစ်သောကြောင့် တပ်မတော်သည် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အတွက် ပါဝင်ရမည် ဖြစ်ကြောင်း၊ပုဒ်မ ၄၃၆ သည် အဟန့်အတားကြီး တစ်ခုဟူ၍ တပ်မတော်သားများက နားလည်ရမည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။ တပ်မတော် အနေဖြင့် ဒီမိုကရေစီကို လိုလားပါက အားလုံး ရင်ကြားစေ့နိုင်ရမည် ဖြစ်ကာ၊ အဂတိတရားကင်းရမည်ဖြစ် ကြောင်း၊ အကြမ်းဖက်မည် ဆိုပါက နောက်ထပ် နှစ်ပေါင်း (၆၀) ထပ်ကြာမည်ကို မလိုလားကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော်ထဲမှ ထွက်၍ ရွေးကောက်ပွဲ ၀င်ရောက်လိုပါက ၀င်နိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရ ဦးတင်ဦးက ဆက်လက် ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဖို့ လွှတ်တော်အမတ် နှစ်ဆယ် ရာခိုင်နှုန်းရှိရင် တင်လို့ရတယ်။ ဒါပေမဲ့ မထောက်ခံရင် အထမမြောက်ဘူးပေါ့။ (၇၅) ရာခိုင်နှုန်းဆိုတော့ အားလုံးလိုလို ထောက်ခံမှဖြစ်မှာ၊ တပ်မတော်သားတွေ မထောက်ခံရင် မဖြစ်ဘူး ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက The Messenger သတင်းစာသို့ ပြောသည်။

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လွှတ်တော်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ က ဆုံးဖြတ်လိုက် သော်လည်း ပြင်ဆင်ရန် အတည်ပြု ဆုံးဖြတ်နိုင်ရေးသည် တပ်မတော် အပေါ်တွင်သာ မူတည်ကြောင်း သိရသည်။ ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ရန်မဲခွဲ ဆုံးဖြတ်သည့်အချိန်တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်၏ ထောက်ခံ သဘော တူညီချက် ရရှိပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူရမည် ဖြစ်သဖြင့် အမှန်တကယ် ပြင်ဆင်နိုင်ရန် ခက်ခဲမည် ဖြစ်ကြောင်းလည်း သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal



စက်ရုံပင်မ၀င်ပေါက် ပိတ်ဆို့ထားသည့် လုပ်သား (၄၀)အား အရေးယူပေးရန် အလုပ်ရှင်က တိုင်ကြား



သိန်းကိုလွင်
အာရှနှင်းဆီ အထည်ချုပ်စက်ရုံ ပင်မ၀င်ပေါက်အား ပိတ်ဆို့ထားသည့် အလုပ်သမား (၄၀) ဦးအား  အရေးယူပေးရန် အလုပ်ရှင်မှ လှိုင်သာယာမြို့နယ် ရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရသည်။

                အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ညှိနှိုင်းဆွေးနွေးပွဲသို့ အလုပ်ရှင်လာရောက်မှု မရှိသည့် အကြောင်းပြချက်ဖြင့် အလုပ်သမားများက စက်ရုံအား ပိတ်ဆို့ထားခြင်းဖြစ်ပြီး လုပ်ခလစာတိုးမြှင့် ဖော်ထုတ်နေသည့် လုပ်သား (၄၀၀) ဦးနီးပါး အနက်မှ (၄၀) ဦးအား ရွေးချယ်တိုင်ကြား ထားခြင်း ဖြစ်သည်။

                 တရားမ၀င် ပိတ်ဆို့နေလို့ တိုင်တာပါ။ အလုပ်ကောင်းကောင်းမွန်မွန် လုပ်နေတဲ့ လုပ်သားတွေကို ထိခိုက်လို့ တိုင်တာဖြစ်တယ် ဟု အာရှ နှင်းဆီ အထည်ချုပ် ပိုင်ရှင်မှ အထူးအာဏာကုန် လွှဲအပ်ထားသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မြင့်က ပြောသည်။ အာရှနှင်းဆီ အထည်ချုပ် စက်ရုံတွင် အလုပ်ရှင် အလုပ်သမား အငြင်းပွားနေမှုအား ယမန်နေ့က စက်ရုံရှေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက် ညှိနှိုင်းသော်လည်း အလုပ်ရှင် အလုပ်သမား နှစ်ဖက်လုံးမှ အလျော့ပေးခြင်း မရှိ၍   ညှိနှိုင်းမှု မပြေလည်ခဲ့ကြောင်း  လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုး က The Messenger  သတင်းစာသို့ ပြောသည်။  

                 အလုပ်ရှင်ရော အလုပ်သမားရော တစ်ဖက်နဲ့ တစ်ဖက်ဘယ်သူမှ အလျော့မပေးဘူး။ တာဝန်ရှိတဲ့ သူအားလုံးက ပြေပြေလည်လည်ပဲဖြစ် သွားစေချင်တယ်။  အလုပ်ရှင်က အပေါက်ဝ ပိတ်ဆို့မှုနဲ့ တိုင်တာက သူတို့မှာ တိုင်ပိုင်ခွင့်ရှိတယ်။ အလုပ်သမားကို တရားစွဲ တဲ့ပုံစံဆိုရင်တော့ နှစ်ဦး နှစ်ဖက် ပိုနစ်နာနိုင်တယ် ဟု ၎င်း က ပြောသည်။ အာရှနှင်းဆီ အထည်ချုပ်စက်ရုံ လုပ်သား (၄၀) ဦးအား အရေးယူပေးရန် တိုင်ကြားမှုအား လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ မေးမြန်းရာ တာဝန်ချိန် ပြောင်းလဲထား၍ အသေးစိတ် သိရှိမှု မရှိဘဲ ဖြစ်စဉ် အလုံးစုံအား သိရှိလိုပါက ရဲစခန်းသို့ လာရောက် မေးမြန်း နိုင်ကြောင်း   လှိုင်သာယာမြို့နယ် ရဲစခန်းမှ တာဝန်မှူးက က The Messenger  သတင်းစာ သို့ပြောသည်။ ၂၀၁၄ ခုနှစ် မေလ (၇) ရက် နေ့ မှစတင်၍ လုပ်ခလစာ တိုးမြှင့်ပေးရန် အပါအ၀င် တောင်းဆိုချက် (၁၃) ချက် တောင်းဆိုနေသည့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုသည် ဥပဒေအရ သုံးကြိမ် တိတိ ညှိနှိုင်းဆွေးနွေးပြီး ဖြစ်သော်လည်း  ပြေလည်မှု မရသောကြောင့် ရန်ကုန်တိုင်း ခုံသမာဓိကောင်စီသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

The Messenger

လူသားချင်းစာနာမှုအတွက် သမ္မတ ဦးသိန်းစိန်ကို ကန် အမတ် မေတ္တာရပ်ခံ


အမေရိကန်အထက်လွှတ်တော် နိုင်ငံတကာဆက် ဆံရေးကော်မတီ ဥက္ကဌ ရောဘတ် မန်နန်ဒက်ဇ် (Robert Menendez) က မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေအပေါ် မတရားဖိနှိပ်ချုပ်ချယ်မှုတွေကို ရပ် ဆိုင်းပြီး နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအ ဖွဲ့တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ သူတို့လုပ်ငန်းတွေ ပြန် လည်စတင်နိုင်အောင် အမြန်ဆုံး ဆောင်ရွက်ပေး ဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံ လိုက်ပါတယ်။

မေလ ၂၁ ရက်နေ့စွဲနဲ့ ရေးသားပေးပို့လိုက်တဲ့ အဲဒီ စာမှာ အထက်လွှတ်တော် အမတ် မန်နန်ဒက်ဇ် က မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ မူစလင် အသိုင်းအဝန်းအကြားက ပြဿနာတွေနဲ့ ရခိုင်ပြည် နယ်က အခြေ အနေတွေကို ထည့်သွင်းဖေါ်ပြ ရင်း ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာခဲ့တာမှန်ပေမယ့် အဲဒီတိုး တက်မှုတွေ ဆက်လက်ဖြစ်ထွန်းရေးအတွက် အနှောက်အယှက်ဖြစ်စေနိုင်တဲ့ လူအခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ လေးနက်တဲ့ ပြဿနာတချို့ တည်ရှိနေတာကို သူ့အနေနဲ့ စိုးရိမ်ပူပန်မိပါကြောင်း ရေးသားထားပါတယ်။

တဆက်တည်းမှာပဲ ရိုဟင်ဂျာ ၁ သိန်းခွဲနီးပါး ဒုက္ခရောက်နေပုံ၊ နိုင်ငံတကာကူညီရေးအဖွဲ့တွေ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်နှင်ထုတ်ခံရပုံနဲ့ မြန်မာပြည်သူတွေထံ အကူအညီတွေရောက်ရှိရေးအတွက် အဟန့်အတား ဖြစ်နေ ပုံတွေကိုဖေါ်ပြကာ သမ္မတဦးသိန်းစိန်အနေနဲ့ အဆောတလျှင် အရေးယူဆောင်ရွက်ဖို့ အမေရိကန်အထက်လွတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌ က တိုက်တွန်းထားပါတယ်။

အဲဒီမေတ္တာရပ်ခံစာမိတ္တူတွေကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီး ဗိုလ်ချုပ်ခင်ရီနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ထံပေးပို့ခဲ့ကြောင်းလည်း သိရပါတယ်။

RFA Burmese

ပုသိမ်မြို့နယ်တွင် ကြွက်များရုတ်တရက် သေဆုံး၍ ပလိပ်ရောဂါအရေးပေါ် ကြိုတင်ကာကွယ်ရေးပြုလုပ်



ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင်ကြွက်များရုတ်တရက် သေဆုံးမှုဖြစ်ပွားခဲ့သောကြောင့် ပလိပ်ရောဂါကြိုတင်ကာကွယ် ရေးအတွက် နှစ်ဆယ့်လေးနာရီ ပတ်လုံး စောင့်ကြည့်ရေးလုပ်ငန်း များပြုလုပ်ထားသည်ဟု ပုသိမ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

မေလ ၂၂ ရက်နံနက်က ဧရာ ဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာ ကျေးရွာရှိလမ်းများ၊ အိမ်များတွင် ကြွက်ကောင်ရေစုစုပေါင်း ၄၀၀ ခန့် ရုတ်တရက်သေဆုံးမှုများ တွေ့ရှိရ၍ ကျေးရွာသူ၊ ရွာ သားများက မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေး မှူးရုံးများသို့ သတင်းပေးပို့ခဲ့ ကြသည်။

‘‘ဖြစ်ဖြစ်ချင်း ကျွန်တော်တို့ သွားတော့ အိမ်တစ်အိမ်မှာဆိုရင် ကြွက်ကောင်ရေ ၁၅၈ ကောင် လောက်သေတာ တွေ့တယ်။ ရွာထဲကိုသွားကြည့်တော့လည်း တခြားကြွက်သေကောင် ၂၀၀ လောက်ထပ်တွေ့တယ်။ အဲဒါနဲ့ ကြွက်သေတွေကို ကျင်းတူး၊ မဖောက်ထုံးနဲ့ဖျန်းပြီး မြေမြှုပ်ခဲ့ရ တယ်။ နောက်ထပ် ထပ်တွေ့ရင် လည်း လက်အိတ်နဲ့ကိုင်ဖို့၊ မြေ မြှုပ်ဖို့အတွက်လုပ်ပေးဖို့ အသိ ပညာပေးခဲ့တယ်’’ ဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးမှူးဦးသောင်းတင်က ပြော သည်။

ကြွက်များ ရုတ်တရက်သေ ဆုံးခြင်းမှာ ရှောပြာကျေးရွာ၌ သာမက အိုင်သပြု၊ ခမောက်စု၊ ညောင်ဝိုင်းစသည့်ကျေးရွာများ တွင်လည်း ဖြစ်ပွားနေကြောင်း၊ ကျုံပျော်မြို့နယ်အတွင်း အချို့ ကျေးရွာများ၌လည်း ယခုကဲ့သို့ ကြွက်များ ရုတ်တရက်သေဆုံးမှု များရှိနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မြို့နယ်ဆရာဝန် ကြီးဦးဆောင်၍ ရောဂါကူးစက်မှု အန္တရာယ်မှကာကွယ်ရန်အသိ ပညာပေးခြင်း၊ ရောဂါဖြစ်ပွားလာ ပါက ကုသနိုင်ရန် ဆေးဝါးများ ညွှန်ကြားပေးခြင်း၊နှစ်ဆယ့်လေးနာရီမပြတ်စောင့်ကြည့်ရန် ကျန်းမာရေးဝန်ထမ်းများအား ညွှန်ကြားမှုများ ပြုလုပ်ထားသည်ဟုဆိုသည်။

‘‘သဘာဝ ကြောင့်ပဲလား၊ အဆိပ်မိပြီး သေတာလားပေါ့။ ဒါမှမဟုတ်ကြွက်ကျ(ပလိပ်ရော ဂါ)ပြီးသေတာဆိုရင် ဒေသခံတွေ အတွက်စိုးရိမ်ရတယ်’’ဟု ပုသိမ် မြို့မှဆရာဝန်ဒေါက်တာပြည့်ဖြိုးကပြောသည်။

ကြွက်များယခုကဲ့သို့ ရုတ် တရက် သေဆုံးရခြင်းနှင့် ပတ် သက်၍ အကြောင်းရင်း သိရှိ နိုင်ရန် ရန်ကုန်မြို့အမျိုးသားကျန်း မာရေးဓာတ်ခွဲခန်း (NHL)သို့ပို့၍ စစ်ဆေးမှု ပြုလုပ်ထားကြောင်း၊ ပုသိမ်မြို့ရှိဓာတ်ခွဲခန်းတွင်လည်း ကြွက်သေကောင်နမူနာပို့၍စစ် ဆေးထားကြောင်းသတင်းရရှိ သည်။

‘‘ပုသိမ်ကဓာတ်ခွဲခန်းအဖြေ ကတော့ ကြွက်သေတွေရဲ့အတွင်း ပိုင်းကလီစာတွေမည်းပြီး သေနေတာ တွေ့တယ်။ အဆိပ်မိတယ်လို့ ထင်တယ်ပြောတယ်။ ဒါပေမဲ့ ရန်ကုန် NHL ကအဖြေအတိအကျ မသိရမချင်းစောင့်ကြည့်ရေး၊ ကာကွယ်ရေးတွေလုပ်ထားပါဦး မယ်’’ဟု ပုသိမ်မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါကျေးရွာအနီး ပတ် ဝန်းကျင်တွင် မိုးမရွာသည်မှာကြာ မြင့်နေပြီး ယခုရက်ပိုင်းတွင်မိုးရွာသွန်းမှုကြောင့် ပိုးသတ်ဆေး များဖျန်းထားသောလယ်ကွင်း များမှရေများကြောင့် ကြွက်များ အဆိပ်သင့်ခြင်းဖြစ်နိုင်ကြောင်း၊ ထို့အပြင် သေဆုံးသောကြွက် များမှာ အကောင်သေးများဖြစ်နေ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနကဆိုသည်။

ပလိပ်ရောဂါသည် ကူးစက် နှုန်းမြန်သော ဘက်တီးရီးယား ရောဂါပိုး အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်၏သွေး၊ အဆုတ်နှင့် ပြန်ရည်ကြော အကျိတ်တို့တွင် ကူးစက်ပျံ့နှံ့၍ အချိန်မီမကုသပါ က သေဆုံးမှုနှုန်းအလွန်မြန်သော ရောဂါဖြစ်သည်။

ရဲနောင်
7Day Daily

နားကျပ်ဖြင့် သီးချင်း အကျယ်ကြီး နားမထောင်သင့်



လူတွေ အတော်များများ ပြုလုပ်နေကြပါတယ်။ အဲဒါကတော့ နားကျပ်ဖြင့် သီးချင်း အကျယ်ကြီး နားထောင်ခြင်းပါ။

အဲဒီလို အကျယ်ကြီး နားထောင်တဲ့ အခါမှာ နားအတွင်း ပြင်းထန်သော တုန်ခါမှုတွေ ဖြစ်ပေါ်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင် တယ်လို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။ ဒါတင်မက သေးဘဲ လိင်ပိုင်ဆိုင်ရာကို ပါ ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် သီချင်းနားထောင်တဲ့ အခါမှာ နားအတွင် ပြင်းထန်သော တုန်ခါမှု မဖြစ်အောင် ပုံမှန် အသံလေးဖြစ်သာ နားထောင်ပါလို့ တိုက်တွန်းပါရစေ။

ကျော်လင်းနိုင် (ရိုးရာလေး)


ထိုင်းစစ်တပ်က ၀န်ကြီးချုပ်ဟောင်းယင်လက်ကို ထိန်းသိမ်း၊ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွား



(ထိုင်းဝန်ကြီးချုပ် ယင်လက်အား ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် မေ ၇ ရက်က တွေ့ရစဉ်)
အာဏာသိမ်းခဲ့သော ထိုင်းစစ်တပ်က ဖြုတ်ချခံ အစိုးရခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့ပြီးနောက် ဘန်ကောက်ရှိ စစ်ရုံးချုပ်သို့ သွားရောက်ခဲ့သော ၀န်ကြီးချုပ်ဟောင်း ယင်လက်နှင့် မိသားစုဝင်များ၊ ယင်လက်နေရာကို ဆက်ခံသူ ၀န်ကြီးချုပ် ဘွန်ဆောင်ပေဆန် အပါအ၀င် နိုင်ငံရေးသမား အမြောက်အမြား ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

ရာထူးမှ ဖယ်ရှားခံခဲ့ရသော အစိုးရမှအဖွဲ့ဝင်များ၊ ဖြူထိုင်းပါတီမှ ခေါင်းဆောင်များကို ဘန်ကောက်မြို့လယ်ရှိ ထိုင်းစစ်အသင်းတိုက်သို့ မေ ၂၃ ရက် ဒေသစံတော်ချိန်နံနက် ၁၀ နာရီတွင် သတင်းလာပို့ရန် စစ်တပ်က ညွှန်ကြားခဲ့သည်။ ထို့ပြင် ဖြုတ်ချခံအစိုးရ ခေါင်းဆောင်များ အပါအ၀င် ထင်ရှားသော ပုဂ္ဂိုလ် ၁၅၅ ဦးကို စစ်တပ်၏ ခွင့်ပြုချက်မရဘဲ ပြည်ပထွက်ခွာခွင့် တားမြစ်ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။ ၀န်ကြီးချုပ်ဟောင်း ယင်လက်သည် စစ်တပ်၏ ဆင့်ခေါ်မှုခံခဲ့ရပြီးနောက် ကိုယ်ပိုင်ကျည်ကာယာဉ်ဖြင့် ဘန်ကောက်ရှိ စစ်ဘက်အသင်းတိုက်သို့ မေ ၂၃ ရက်က လာရောက်ခဲ့ကြောင်း သိရသည်။

ယင်လက်၊ သူ၏ညီမနှင့် ခင်ပွန်းတို့ကို ထိန်းသိမ်းခံထားရကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ရိုက်တာက ဖော်ပြခဲ့သည်။ ယင်လက်ကို စစ်ဘက်ဆိုင်ရာ အသင်းတိုက်တွင် အချိန်အတော်အကြာ ထိန်းသိမ်းထားခဲ့ပြီးနောက် အခြားတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက အဓိကတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲမတိုင်ခင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ယခုအခါ ထိုင်းစစ်တပ်၏ အဆင့်မြင့်ဆုံး အရာရှိ ခြောက်ဦးကို နိုင်ငံအုပ်ချုပ်ရန်အတွက် ခန့်အပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင်ဒေသဆိုင်ရာ တပ်မှူးများကလည်း ပြည်နယ်အစိုးရများကို ကွပ်ကဲနေကြောင်း သိရသည်။

“ပြည်သူ့ဝန်ထမ်းအားလုံး နိုင်ငံကို ၀ိုင်းဝန်းကူညီကြဖို့ ကျွန်တော်လိုလားပါတယ်။ ရွေးကောက်ပွဲတွေ မတိုင်ခင် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကျွန်တော်တို့ ဆောင်ရွက်ရပါမယ်။ အခြေအနေ ငြိမ်းချမ်းရင် အာဏာကိုပြည်သူထံ ပြန်အပ်နှင်းဖို့ ကျွန်တော်တို့က အသင့်ပါပဲ” ဟု ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်။

အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြ

ထိုင်းစစ်တပ်က အာဏာကို ချုပ်ကိုင်မှု ပိုမိုတင်းကျပ်လာခဲ့ပြီး အရပ်ဘက်လွတ် လပ်မှုကို လျှော့ချထားခဲ့ကြောင့် ဘန်ကောက်တွင် မေ ၂၃ ရက်က ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လမ်းထွက်ဆန္ဒပြမှုများ ရှိခဲ့ပြီး ဘန်ကောက်မြို့လယ်တွင် မေ ၂၃ ရက်နေ့လယ်က စစ်သားများကို လှောင်ပြောင်အော်ဟစ်ခဲ့မှုများ၊ ထိပ်တိုက်တွေ့မှုများ ရှိခဲ့သည်။ ဆန္ဒပြသူများ စခန်းချနေရာများကို ရှင်းလင်းရန် စစ်တပ်က စစ်သားအများအပြား တပ်ဖြန့်ထားခဲ့သည်။ ဆန္ဒပြသူအချို့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကြွေးကြော်သံပိုစတာများ ကိုင်စွဲဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများကို စစ်သားများက ခေါ်ဆောင်သွားမှုအား မြင်တွေ့ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ သို့သော် ပဋိပက္ခများ မရှိခဲ့ကြောင်း သိရသည်။

နိုင်ငံခြား ရုပ်သံလုပ်ငန်းများ အပါအ၀င် ရုပ်သံနှင့်အသံလွှင့်ဌာန အားလုံးကို စစ်တပ်၏ ကြေညာချက်များကိုသာ ဆက်တိုက် ထုတ်လွှင့်ရန် ညွှန်ကြားထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြောင်းအရာများ ဖော်ပြသည့် လူမှုကွန်ရက်များကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း စစ်ဘက်က သတိပေးခဲ့သည်။

၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို ဖြုတ်ချခဲ့သော စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်း အတွင်း၌ ပိတ်မိနေခဲ့သည်။ ၂၀၀၆ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်တပ်သည် အာဏာကို တစ်နှစ်ကျော် ထိန်းချုပ်ခဲ့သည်။ ထိုနောက်ပိုင်းမှစပြီး သက်ဆင်မိသားစု ကျောထောက်နောက် ခံရှိသော အုပ်စုနှင့် စစ်တပ်နှင့် နီးနီးကပ်ကပ် ဆက်နွှယ်မှုရှိသော ဘန်ကောက်အခြေစိုက် တော်ဝင်ထောက်ခံသူ အုပ်စုတို့အကြား အာဏာလွန်ဆွဲနေခဲ့သည်။

Ref: AFP



Eleven Media Group

တပ်မတော်၏ ဒို့တာဝန် အရေးသုံးပါး အဓိပ္ပာယ် ဖွင့်ဆိုချက် ကျေနပ်လောက်ဖွယ် မရှိဟု NCCT ပြော



တပ်မတော်၏ ဒို့တာဝန် အရေးသုံးပါး အဓိပ္ပာယ်ဖွင့်ဆိုချက်သည် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) အနေဖြင့် ကျေနပ် လောက်ဖွယ် မရှိကြောင်း NCCT ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Messenger သတင်းစာသို့ ပြောသည်။

တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် တပ်မတော်မှ ဒို့တာဝန် အရေးသုံးပါးထည့်သွင်းမှုအား NCCT က ဖြေရှင်းချက် တောင်းခံခဲ့ခြင်းကြောင့် တပ်မတော် ကစာရွက်စာတမ်းနှင့်တကွ ယမန်နေ့က အစည်းအဝေးတွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။ အဓိပ္ပာယ် ရှင်းလင်းချက် ကို ကျွန်တော်တို့ကိုပေးတာ ဒို့တာဝန်အရေးသုံးပါး မကဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၆) မှာ ပါတဲ့ အခြေခံမူ ခြောက်ချက်စလုံးရဲ့ ရှင်းလင်းချက်ကို ကျွန်တော်တို့ ဖတ်ရတယ်။ ဒို့တာဝန် အရေးသုံးပါး ဖွင့်ဆိုချက် နေရာကတော့ ကျွန တော်တို့ လိုချင်တဲ့ ပုံစံနဲ့ အံဝင်ဂွင်ကျ မဟုတ်ဘူး ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်ပြောသည်။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၆)တွင် ပါဝင်သော အချက်ခြောက်ချက်တွင် နောက်ဆုံး အချက်ဖြစ်သော နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး ဆိုသည့် အချက် ကိုသာ အကျယ်တ၀င့် ရှင်းလင်းထားပြီး ကျန်အချက်များကို အကျယ်တ၀င့်ဖွင့်ဆိုခြင်းမရှိဘဲ လိုတိုရှင်းသာ ဖွင့်ဆိုထားကြောင်း NCCT ထံမှ သိရသည်။ ဒို့တာဝန် အရေးသုံးပါး ဖွင့်ဆိုချက် ကို ကျွန်တော်တို့ဘက် ကလည်း သပ်သပ်ဖွင့်ဆို ထားတာလည်းရှိတယ်။ အဲဒါကိုပေးလိုက်ပြီ ဟု ၎င်း က ဆက်လက် ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ယမန်နေ့ ကကျင်းပပြုလုပ်သော အစိုးရနှင့် NCCT တို့၏ တွေ့ဆုံပွဲတွင် တပ်မတော် ကိုယ်စားလှယ် များက၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေပုဒ်မ (၆)(က) ပြည်ထောင်စု မပြိုကွဲရေး (ခ) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ) အချုပ် အခြာအာဏာ တည် တံ့ခိုင်မြဲရေး၊ (ဃ) စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ (င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်ကပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည် စသည့် အချက်များကို စာရွက်စာတမ်းနှင့် တကွ တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal



စစ်ကိုင်းတိုင်းဒေသကြီးတွင် လမ်းလုပ်ငန်းများ လုပ်ကိုင်ရန် စင်ကာပူ ကုမ္ပဏီတစ်ခု ကမ်းလှမ်း



စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းလုပ်ငန်းများကို အဆင့်မြင့် နည်းပညာများဖြင့် လုပ်ကိုင် ဆောင်ရွက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကုမ္ပဏီ တစ်ခုမှက တိုင်းဒေသကြီး အစိုးရ အဖွဲ့ ထံသို့ လာရောက် ကမ်းလှမ်းထားကြောင်း တိုင်းဒေသကြီး စီမံကိန်းဝန်ကြီး ဌာနမှ သိရသည်။

အဆိုပါ စင်ကာပူ ကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လမ်းများကို အဆင့်မြင့် နည်းပညာများဖြင့် ဆောင်ရွက်မည့် စီမံကိန်း ရေးဆွဲထားပြီး၊ လာမည့် ဇွန်လအတွင်း စစ်တမ်း ကောက်ယူခြင်း၊ တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် ယခုလ (၂၀) ရက်နေ့ က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလောင်းတော်ကဿပ လမ်းပိုင်းကို အဓိကထား လုပ်ဆောင်သွားမယ်။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကတော့ ဘယ်ရင်းနှီးမြှုပ်နှံမှုကို မဆို ပြည်သူ့အတွက် အကျိုးရှိမယ်ထင်ရင် လက်ခံပေးပါ့မယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိန်မောင်း က ပြောသည်။

အဆိုပါ စင်ကာပူ ကုမ္ပဏီသည် မုံရွာမြို့တွင်လည်း ရေသန့် စက်ရုံ တည်ဆောက်၍ အကြီးစားရေပေးဝေမှု လုပ်ငန်းများကို လုပ်ကိုင်ရန် ကမ်းလှမ်းထားသည့် အပြင် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရန် အတွက်လည်း စိတ်ဝင်စားကြောင်း တိုင်းဒေသကြီးဝန်ကြီး က ဆက်ပြောသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal

ထိုင်းစတော့ရှယ်ယာ ပိတ်၍ နှစ်လုံးထီ လောင်းကစားသူများ အခက်တွေ့


(Paula Bronstein/Getty Images)
ထိုင်းနိုင်ငံတွင် စစ်တပ် က အာဏာသိမ်း၍ ထိုင်းစတော့ ရှယ်ယာဈေးကွက်များ ပိတ်ထား သောကြောင့်မေလ ၂၂ ရက် ညနေပိုင်းနှင့် ၂၃ ရက်တစ်ရက်လုံး မြန်မာနိုင်ငံတွင် နှစ်လုံးထီ ဂဏန်း မထွက်နိုင် ကြောင်း သတင်းရရှိသည်။

ထိုင်းစတော့ရှယ်ယာ ဈေး ကွက် ပိတ်လိုက်သောကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး အများစု တွင် နှစ်လုံးထီ ရပ်နားထားပြီး ပဲခူးတိုင်းဒေသကြီးတွင် အခြား လိုင်းတစ်လိုင်းဖြင့် နှစ်လုံးထီက စားခဲ့ကြသည်။ ထိုင်းစတော့ရှယ် ယာဈေးကွက်များရက်ကြာရှည် ပိတ်ထားမည်ဆိုပါက နှစ်လုံးထီ ထိုးသူများလက်ခံလျှင် အခြား နိုင်ငံစတော့ရှယ်ယာဈေးကွက် ဖြင့် နှစ်လုံးထီကစားသွားမည်ဖြစ် ကြောင်း မြန်မာနှစ်လုံးထီဒိုင် ကြီး များကပြောသည်။

မေလ ၂၂ ရက်တွင်ထိုင်း နိုင်ငံ စစ်တပ်မှ အာဏာသိမ်းမှုကြောင့် စတော့ရှယ်ယာေ ဈး ကွက်ကို ထိုနေ့ည ၄ နာရီတွင် ပိတ်ထားခဲ့သည်။ ထိုသို့ပိတ် ထားသောကြောင့် ထိုင်းနိုင်ငံ စတော့ရှယ်ယာဈေးကွက်မှ ကိန်း ဂဏန်းကို ယူကာ တရားမ၀င် လုပ်ကိုင်နေသော မြန်မာနှစ်လုံး ထီဒိုင်များမှာ ထိုနေ့ညနေတွင် နှစ်လုံးထီဂဏန်းမထွက်နိုင်ဘဲ ရပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုင်း နိုင်ငံစတော့ရှယ်ယာဈေးကွက် ဖြင့် နံနက်ပိုင်း နှစ်လုံးထီဂဏန်း နှင့် ညနေပိုင်း နှစ်လုံးထီဂဏန်းစသည်ဖြင့် နှစ်ကြိမ် ကစားကြ သည်။ မြန်မာနိုင်ငံတွင် အစိုးရက နှစ်လုံးထီနှင့် သုံးလုံးထီထိုးခြင်း ကို ခွင့်မပြုသော်လည်း နိုင်ငံတစ်ဝန်း နှစ်လုံး၊ သုံးလုံးထီ တရားမ၀င်ဈေးကွက်မှာ ကြီးမား သည်။ အစိုးရသစ်စတင်တာဝန် ယူသော ၂၀၁၁ နှင့် ၂၀၁၂ တွင် ယင်းလောင်းကစားမှုများကို ပိုမိုအရေးယူခဲ့သော်လည်း နောက် ပိုင်းတွင် ပုံမှန်ဖြစ်လာသည်။ နှစ် လုံး၊ သုံးလုံးထီဒိုင်နှင့် ရောင်းသူ များမှာ ဒေသခံရဲများအား လိုင်းကြေးပေးကာ လုပ်ကိုင်ကြ၍ လုံးဝပပျောက်ရန် မလွယ်ကူကြောင်း ကိုယ်တိုင်လုပ်ကိုင်နေသူများက ပြောသည်။

မေလ ၂၂ ရက် ညနေမှ စ၍ စတော့ရှယ်ယာ ဈေးကွက် ပိတ်လိုက်သောကြောင့် မြန်မာ နိုင်ငံရှိ အချို့မြို့များမှာ ညနေပိုင်း  နှစ်လုံးထီဂဏန်းထိုးထားသူများ ကို ဒိုင်များက ငွေပြန်လျော်ပေး ခဲ့သည်။ သို့သော် ပဲခူးမြို့ဒိုင်ကြီး များမှာ အင်တာနက်ဂဏန်းဟုဆို ကာ နှစ်လုံးထီဖွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘မနေ့က နေ့လယ်ဂဏန်း ထွက်တယ်။ ညနေ ၄ နာရီကျမှ ဈေးကွက်က ပိတ်သွားတာ။ ထိုး သားတွေကို ငွေပြန်ပေးခဲ့တယ်။ ထိုင်းစတော့ဈေးကွက် အကြာ ကြီးပိတ်ထားမယ်ဆိုရင် မလေး ရှားတို့၊ တရုတ်တို့ စတော့ဈေး ကွက်တွေနဲ့ ကစားဖို့ စိတ်ကူးထား ပါတယ်။ ထိုးသားတွေ သဘောတူရင်ပေါ့’’ဟု သန်လျင်မြို့ရှိ နှစ်လုံး ထီဒိုင်ကြီးတစ်ဦးကပြောသည်။

မြန်မာနှစ်လုံးထီဒိုင်ကြီးများ သည် ယခင်က ထိုင်းစတော့ဈေး ကွက်ကို ထိုင်းရုပ်သံလိုင်း ITV လိုင်းမှပြသသော စတော့ရှယ်ယာ ဈေးကွက်ဖြင့် နှစ်လုံးထီဂဏန်း ကစားခဲ့သော်လည်း ယခုနောက် ပိုင်းတွင် ထိုင်းနိုင်ငံအခြားရုပ်သံ လိုင်းဖြစ်သည့် MODERN NINE ရုပ်သံမှ ပြသသော စတော့ရှယ် ယာဈေးကွက်ဖြင့်သာ နှစ်လုံးထီ ကစားနေကြောင်း နှစ်လုံးထီဒိုင် ကြီးများကပြောသည်။

‘‘ဒိုင်ဆီမှာ စုထားတဲ့ ပိုက်ဆံ တွေ ပြန်ယူမယ့်အလှည့်မှာ ဂဏန်းက မထွက်တော့ ခွင်ပျက် တယ်။ စီးပွားဖြစ်ထိုးတဲ့သူတွေ အတွက် တော်တော်ဆိုးတယ်။ တခြားလိုင်းတွေနဲ့ ကစားလို့ ဂဏန်းယုံကြည်ရမယ်ဆိုရင် အ ကုန်လုံးလည်း ဆော့မယ်ဆိုရင် ဆော့ပါမယ်’’ ဟု ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ နှစ်လုံး ထီထိုးသူတစ်ဦးကပြောသည်။

ပဲခူးမြို့နှစ်လုံးထီဒိုင်ကြီးများ က ထိုင်းစတော့ဈေးကွက်ပိတ် လိုက်သောကြောင့် မေလ၂၂ ရက် ညနေပိုင်း နှစ်လုံးထီဂဏန်းကို အင် တာနက်ဂဏန်းဟုဆိုကာ ၁၁ ဂဏန်းဖြင့် အလျော်အစားလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

 ‘‘အင်တာနက်လိုင်းက လည်း ထိုင်းနိုင်ငံကလိုင်းပဲ။ သူ က အင်တာနက်ကနေကြည့်ပြီး လုပ်ရတာ။ ကျွန်တော်တို့ကတော့ အဲဒါနဲ့ အခု လောလောဆယ် အလျော်အစားလုပ်နေတယ်။ အဲ ဒီအင်တာနက်က ဒီနေ့ မနက် က ၆၂ ဂဏန်းထွက်တယ်။ ညနေက ၆၄ ပါ’’ဟု ပဲခူးမြို့နှစ်လုံးထီဒိုင် တစ်ဦးကပြောသည်။

‘‘မန္တလေးမှာလည်း ဒိုင်တွေ ပိတ်ထားကြတယ်။ လောလော ဆယ်စောင့်ကြည့်နေတယ်။ တစ် ခုခုနဲ့တော့ ထွက်နိုင်အောင် လုပ် မှာပါ’’ဟု မန္တလေးမြို့ရှိ နှစ်လုံး ထီဒိုင်တစ်ဦးကပြောသည်။

ထိုင်းစတော့ရှယ်ယာဈေး ကွက်ဖြင့် နှစ်လုံးထီကစားခြင်း မပြုမီ ၁၉၉၈ ခုနှစ်၌ တစ်လ၏ လဆန်း ၃ ရက်မှစ၍ ၉ ရက်အထိ ထွက်ရှိသော မြန်မာထီ နောက်ဆုံးဂဏန်းကိုယူ၍ တစ် လလျှင် ၇ ရက်သာ နှစ်လုံးထီ ကစားခဲ့ကြသည်။ ယခုနောက် ပိုင်းတွင် ထိုင်းစတော့ရှယ်ယာ ဈေးကွက်ဖြင့် စနေ၊ တနင်္ဂနွေ နှစ်ရက်သာနားပြီး တစ်နေ့နှစ် ကြိမ် နှစ်လုံးထီကစားနေကြခြင်း ဖြစ်သည်။

‘‘သုံးလုံးဂဏန်းက ရောင်း နေပြီ။ ရက်ကလည်း လိုသေး တော့ အချိန်မီပြန်ဖွင့်ပေးမလား လို့။ ဖွင့်မပေးရင်လည်း တချို့ဒိုင် တွေနဲ့ တိုင်ပင်ပြီးတော့ ထိုးသား တွေပြောပြီး တစ်ခုခုတော့ လုပ်ရ မှာပဲ။ ဂဏန်းထွက်အောင် လုပ်ရ မှာပေါ့’’ဟု သန်လျင်မြို့ရှိ နှစ်လုံး၊သုံးလုံးဒိုင်တစ်ဦးက သုံးလုံးထီ ထွက်ရက်ဖြစ်သော မေလကုန်အ ထိ ထိုင်းစတော့ရှယ်ယာ ဈေး ကွက် မဖွင့်လျှင် သုံးလုံးဂဏန်း ထွက်မည့် အစီအစဉ်ကို ပြော သည်။

စီးပွားရေးပညာရှင်များက နှစ်လုံး၊ သုံးလုံးထီကစားခြင်းမှာ တိုင်းပြည် စီးပွားရေး ပိုမိုကျပ် တည်းစေကြောင်း ပြောကြားထား သော်လည်း အခြေခံပြည်သူများ ကြားတွင် ထိုလောင်းကစားမှာ အလွန်ကျယ်ပြန့်စွာ ကစားနေကြ သည်။

Author: ငြိမ်းချမ်း / ရဲနိုင်
7day daily