လက်ဗီးယားမှ ဈေးဝယ်စင်တာကြီးတစ်ခု၏ အမိုးပြိုကျ၍ လူပေါင်း ဒါဇင်နှင့်ချီကာ သေဆုံး


နိုဝင်ဘာ ၂၃။

လက်ဗီးယားနိုင်ငံ မြို့တော် ရီဂါမှ မက်ဆီမာအမည်ရှိ ဈေးဝယ်စင်တာကြီးတစ်ခုမှ အမိုးပြိုကျခဲ့သဖြင့် လူပေါင်း ၄၅ဦးသေဆုံးပြီး ဒါဇင်နှင့်ချီသော လူများ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

နိုဝင်ဘာ ၂၁ရက် ဒေသစံတော်ချိန် ညနေ၆နာရီခန့်က အမိုးပြိုကျချိန်တွင် ဈေးဝယ်သူ အများအပြားနှင့် စည်ကားနေသည့် အချိန်ဖြစ်သည်။

အလုပ်မှ အိမ်ပြန်လာသူများ ဈေးဝယ်လေ့ရှိသည့် အချိန်ဖြစ်၍ ယခုကဲ့သို့ အဖိတ်အဆင် များရခြင်းဖြစ်သည်။

ပြိုကျသည့် အမိုးပျက်အောက်တွင် ပိတ်မိနေသော သူများလည်း ရှိနေသေးသည်။ အရေအတွက် မည်မျှ ပိတ်မိနေသည်ကို မသိရသော်လည်း ပိတ်မိသူများနှင့် ပတ်သတ်သူ ၂၅ဦးကမူ အပျက်အစီးနားတွင် စောင့်နေကြသဖြင့် အမိုးပိနေသူပေါင်းမှာ ၂၅ဦးနှင့် အထက်ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

မက်ဆီမာမှ တာဝန်ရှိသူတစ်ဦးက ၀န်ထမ်းငါးဦး ထိခိုက်မှုရှိခဲ့ပြီး နှစ်ဦးကို ဆေးရုံတင်နိုင်ခဲ့သော်လည်း ကျန်သုံးဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ရဲများက ယခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ဒေသတွင်းမီဒီယာများကမူ အလုပ်သမားများသည် ဈေးဝယ်စင်တာ ခေါင်မိုးပေါ်တွင် ဥယျာဉ်တစ်ခု တည်ဆောက်နေ ခဲ့သည်ဟု ဆိုသည်။

မက်ဆီတာ စင်တာသည် မီတာ၅၀၀ ပတ်လည် အကျယ်ရှိပြီး ၂၀၁၁ခုနှစ်က စတင်ဖွင့်လှစ်ချိန်တွင် ပိသုကာဆုပင် ရခဲ့သော အဆောက်အဦဖြစ်သည်။

ဥရောပတိုက်၏ အရှေ့မြောက်ဖျားတွင် ရှိသော လက်ဗီယားနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း မြင့်လျှင်မြန်စွာ မြင့်တတ်ခဲ့ပြီး လာမည့်နှစ်တွင် ဥရောပဇုံထဲတွင် ပါဝင်ခွင့် ရမည့် နိုင်ငံဖြစ်သည်။

Ref: Al jazeera
The Myanma Age

နှင်းခူအတွက် အိမ်တွင်းဆေးနည်းများ


နှင်းခူဆိုတာ အရေပြား ရောင်ရမ်းတဲ့ အခြေနေတစ်ရပ်ပါ။
လက္ခဏာအနေနဲ့ အရေပြားနီးမြန်းတာ ၊ရောင်တာ ၊ ယားတာ ၊ ခြောက်တာနဲ့ အဖက်တွေလန်တာတို့ ဖြစ်တတ်သလို ပြင်းထန်တဲ့ ပိုးဝင်မှုကြောင့် အရည်ကြည် စိမ့်ထွက်တာနဲ့ သွေးထွက်တာတို့ ဖြစ်တတ်ပါတယ် ။ နှင်းခူ ဖြစ်ရင် သက်သာစေဖို့ အိမ်တွင်း ကုသနည်းတစ်မျိုးကိုလိုက်နာသင့်ပါတယ်။

၁။ ဂျုံမှုန့်သုံးပြီး ရေချိုးပါ ။
နှင်းခူကြောင့် ယားယံနေရင် ဂျုံမှုန့်အကြမ်းကိုသုံးပြီး ရေချိုးလိုက်ပါ။
အရေပြားရောင်ရမ်းမှုနဲ့ ယာယံမှုကို သက်သာစေပါတယ်။
ဂျုံမှုန့်ထည့်ထားတဲ့ ရေနဲ့ ချိုးတာကြောင့် အယားပြေစေရုံမက အရေးပြားကို စိုပြေစေပါတယ် ။

၂။ ပင်လယ်ဆားဖြင့် ရေချိုးပါ ။
ပင်လယ်ဆားဟာ အကောင်းဆုံးအရေပြား ကြေး(ဂျီး)ချွတ်ပစ္စည်းတစ်မျိုးပါ။
အရေပြား ဆဲလ်သေတွေကို ကင်းကွာစေရုံမက အရေပြားဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။
ပင်လယ်ဆားမှာပါတဲ့ မရှိမဖြစ် သတ္တုဓာတ်တွေက အရေပြား ရောင်ရမ်းမှုကိုကျစေပြီး စိုပြေစေပါတယ်။
သုံးရမယ့် နည်းက ပင်လယ်ဆားနဲ့ ရေကိုရောပြီး နှင်းခူနာကိုလိမ်းပေးရမှာပါ။
ပြီးမှရေချိုးလိုက်ပါ ။

၃။ သံလွင်ဆီ သုံးပါ ။
ဗီတာမင်အီး များစွာပါဝင်တဲ့ သံလွင်ဆီဟာ နှင်းခူလက္ခဏာကို သက်သာစေပြီး ၊ အစိုဓာတ်ကိုပြန်ထိန်းပေးကာ အရေပြား ခြောက်သွေ့ တာနဲ့ အက်ကွဲတာကို သက်သာစေပါတယ် ။
ရေချိုးပြီးချိန်မှာ သံလွင်ဆီကို နှင်းခူနာပေါ်ချက်ချင်းလိမ်းပေးရမှာ
ဖြစ်ပါတယ် ။

၎။ လက်ဖက်ဆီကို လိမ်းပါ ။
လက်ဖက်ဆီမှာ တာပင်နွိုက်ပါဝင်တာကြောင့် အရေပြားရောင်ရမ်းမှုနဲ့
ယားယံမှုကို အမြန်သက်သာစေပါတယ် ။ ကြိတ်ခြေထားတဲ့ လက်ဖက်ရွက်ကိုလဲ လိမ်းပေးနိုင်ပါတယ် ။

၅။ နှမ်းကြတ်စေ့ဆီကို သုံးပါ ။
နှမ်းကြတ်စေ့ဆီမှာ အိုမီဂါ ၃ဖက်တီး အက်စစ်များစွာ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အရေပြားကို ကျန်းမာစိုပြေပါတယ် ။

(နှင်းခူနာ ရှိသူတိုင်း အမြန်သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ...။)

ကျန်းမာရေးအတွက် အသုံးဝင် ဆေးမြီးတိုများ

ဝင်ကြေးအခမဲ့ဖြင့်ကျင်းပမည့် တွံတေး သိန်းတန် ၁၅နှစ်ပြည့် ကွယ်လွန်ခြင်း အမှတ်တရဖျော်ဖြေပွဲ


့မြန်မာ ပြည်သူပြည်သားများ၏ နှလုံးသားတွင် တသသစွဲကျန်ရစ် သော ပြည်သူချစ် အနုပညာရှင် ဟူသည် မှာလက်ချိုးရေ၍ ရပေသည်။ ထိုအထဲ တွင်မှ တစ်ခေတ် တစ်ခါ က အခြေခံ လူတန်းစားဘက်မှ ကိုယ်စား ပြုတေး သီချင်းများစွာ အပြင် မြန်မာသံစဉ် စစ် စစ်များကို ဖန်တီး ဖော်ကျူးခဲ့သော တေးသံရှင်ကြီး တွံတေး သိန်းတန် ၏ ကွယ်လွန်ခြင်း ၁၅နှစ်ပြည့် အထိမ်း အမှတ် ပွဲကြီးကို နိုဝင်ဘာလ ၂၃ရက် နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ကွင်း အမှတ်၂ တွင် ဝင်ကြေး အခမဲ့ဖြင့် ကျင်းပ ပြု လုပ်တော့မည်ဖြစ်သည်။

ထို့အပြင် တွံတေးသိန်းတန် ပုံတူကြေးသွန်းရုပ် ကိုလည်း အဆိုပါပွဲအပြီး တွံတေးမြို့ မှာ သွား ရောက်ထားရှိမည့်အစီအစဉ် လည်း ရှိကြောင်း သိရသည်။ ထိုအစီ အစဉ်များ အတွက် စာနယ်ဇင်း ရှင်း လင်းပွဲကို နိုဝင်ဘာလ ၁၃ရက် နေ့၊ မွန်းလွဲ ၁ နာရီ အချိန်က Orchid City Hotel တွင် ကျင်းပပြုလုပ်ခဲ့ သည်။

ယခု ကျင်းပမည့် တွံတေး သိန်း တန်ကွယ်လွန်ခြင်း ၁၅နှစ်ပြည့် အထိမ်း အမှတ်ပွဲကို တွံတေး သိန်းတန်သား သမီးများ ဖြစ်ကြသော သားကြီး စိုင်းမြတ်သူ၊ သန်းသန်းနိုင် ၊ ချယ်ရီသိန်းတန်၊ ဝင်းပပသိန်းတန် တို့ မောင်နှမ များက စီစဉ်ဆောင်ရွက် ကြခြင်း ဖြစ်ပြီး၊ သရုပ်ဆောင် ကျော်ထူးကလည်း ပါဝင် ကူညီပေးထားကြောင်း သိရ သည်။ အဆိုပါ ပွဲတွင် ပါဝင်ကူညီ ပတ်သက်ဖြစ်ပုံနှင့် ပတ်သက်၍ သရုပ် ဆောင်ကျော်ထူး က “ကျွန်တော်က တွံတေး ဦးသိန်းတန်၊ ပန်တျာကြည် လင် တို့ ဇာတ်အဖွဲ့ ထဲမှာ ပညာသင် အဖြစ် လိုက်ဖူးတယ်။ ခင်ပွန်းကြီး ဆယ်ပါးထဲမှာ တစ်ပါး အပါအဝင် ဖြစ်တဲ့ အတွက် ကျေးဇူးဆပ်တဲ့ သဘော လည်းရောက်အောင် လိုအပ်တဲ့ တစ် ထောင့် တစ်နေ ရာကနေ ပါဝင် ကူညီပေးတာပါ။

ကျွန်တော့် အနေနဲ့ ရုပ်ရှင် အသိုင်းအဝိုင်းက တတ်နိုင်သမျှ ပါဝင် ပေးဖို့ ဖိတ်ပေးတယ်။ ပြီးတော့ တခြား လိုအပ် တဲ့ နေ ရာတွေ မှာလည်း နိုင် သလောက် ကူညီပါတယ်။ ဝင်ကြေး အခမဲ့ ဆိုတာကတော့ တွံတေး သိန်း တန်နဲ့ ပတ်သက်ပြီး သူ့သားသမီး တွေ က လုပ်စား သွားတယ်ဆိုတာမို့ ဖြစ်မှာစိုး လို့ပါ။ ဒီပွဲမှာ ဆိုမယ့် အဆိုတော်တွေ အကုန်လုံးက ဦးသိန်းတန် သီချင်း တွေပဲ ဆိုကြမယ်။ ရုပ်ရှင် အသိုင်း အဝိုင်းက သူတွေက တေးသရုပ်ဖော် အနေနဲ့ ပါဝင်အားဖြည့် ကြမယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး အများကြီး မျှော် လင့်ထားတာ မျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ စိတ်မကောင်းတာ တစ်ခုက တွံတေး သိန်းတန် အတွက် ဒီပွဲမှာ ဘယ်တီဗီချန်နယ် ကမှ လာရိုက်တာမျိုး မရှိဘူး။

နယ်တွေမှာ ရှိတဲ့ သူ့ပရိသတ် တွေလည်း တွံတေးသိန်းတန် ကို ပြန် ခံစားချင်မှာပဲ။ ဘယ်ချန်နယ်ကမှ မရိုက် မလွှင့်တဲ့ အတွက် သူတို့ လည်း ကြည့် လို့မရဘူး။ ရိုက်ကူးရေး မရှိတော့ စပွန် ဆာလည်း တောင်းလို့ မရတော့ သူတို့ မိသားစု အခက်အခဲ ဖြစ်နေကြ တယ်။ မြန်မာနိုင်ငံ က အထင်ကရ ပုဂ္ဂိုလ် တစ်ဦး ရဲ့ပွဲမှာ ပါဝင် ပတ်သက်ရတဲ့ အတွက် ဂုဏ်ယူ ဝမ်းသာပါ တယ်” ဟု ပြောသည်။ ထိုပွဲကြီး ကျင်းပဖြစ်ပုံနှင့် ပတ်သက်၍ တွံတေးသိန်းတန် ၏ သား အကြီးဖြစ်သူ စိုင်းမြတ်သူ ကလည်း “ကျွန်တော်တို့ အရင် ကတော့ အကြောင်း အမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ဘူး။ အခုတော့ ကျွန်တော့် သူငယ်ချင်း ကိုကျော် ထူးတို့က စေတနာ အပြည့် နဲ့ ကူညီပေး တဲ့အတွက် အခက်အခဲ ကြားထဲကနေ လုပ်ဖြစ်တာပါ။

ဖေဖေ ၁၅နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ပြည်သူ့ရင်ပြင်ကွင်း အမှတ်၂မှာ မြန်မာသံ တေးသံရှင် များနဲ့အတူ ရုပ်ရှင် သရုပ်ဆောင် ညီ၊ ညီမ များကလည်း ဝိုင်းဝန်းကူညီ ကြမှာပါ။ ဖေဖေ့ သီချင်းတွေကို အမှတ် တရ သီဆိုကြရင်း ပြည်သူ အားလုံးကို အခ မဲ့ဖျော်ဖြေ သွားမှာပါ”ဟု ပြောသည်။ တွံတေးသိန်းတန် ၏ အမှတ်တရ ရုပ်တုကိုမူ မန္တလေးမြို့ တွင် ထုလုပ် လျက်ရှိပြီး တွံတေးသိန်းတန် ဖျော်ဖြေပွဲ အပြီး တစ်ပတ်ခန့် အကြာတွင် တွံတေးမြို့၌ သွားရောက် စိုက်ထူမည် ဖြစ်ကြောင်းလည်း သိရသည်။

ရဲရဲ
Popular Journal

Gems of English Conversation ( 20 )



I have nothing to say.
ငါ့ဘက်ကတော့ပြောစရာမရှိပါဘူး။

I'm always awake.
ငါအမြဲနိုးထနေတယ်။

I honour you.
ငါမင်းကိုဂုဏ်ယူတယ်။

I know it.
ငါသိသားပဲ။

I told you before.
ငါပြောသားပဲ။

You didn't listen to me.
ငါပြောတာမှနားမထောင်တာကိုး။

Like I said.
ငါပြောသလိုပဲ။

I'm on a leave.
ငါခွင့်ယူထားတယ်နော်။

I couldn't take time off.
ငါကခွင့်မရဘူးလေ။

I feel bad about it.
ငါအားနာတယ်ကွာ။

I could work out.
ငါအစွမ်းပြနိုင်ပါတယ်ကွ။

I was lucky enough.
ငါသိပ်ကံကောင်းတယ်ကွာ။

I can't resist.
ငါမနေနိုင်ဘူး၊မထိမ်းနိုင်ဘူး။

I catch cold.
ငါအအေးမိနေတယ်။

Neither am I.
ငါလည်းမဟုတ်ပါဘူး။

I'm too, me too.
ငါလည်းအတူတူပေါ့။

I'm not good at it.
ငါကမတော်ပါဘူးကွာ။

Well,I'm all right.
ငါကတော့ကောင်းပါတယ်။

I have no right to tell that.
ငါကတော့ပြောခွင့်မရှိဘူး။

Drop me a line.
ငါ့ဆီစာရေးပါဦး။

I'm thinking.
ငါစဉ်စားနေတုန်း။

You're not upset with me.
ငါ့ကိုစိတ်မပျက်ပါဘူးနော်။

I'm not able to do it.
ငါမလုပ်နိုင်ဘူး။

I'm reluctant.
ငါသိပ်ဆန္ဒမရှိလှဘူး။

I want my hair cut.
ငါဆံပင်ညှပ်ချင်တယ်။

I'm a good loser.
ငါကအရှုံးကိုအပြုံးနဲ့ရင်ဆိုင်တတ်သူပါ။

I get thirsty.
ငါရေဆာတယ်။

So am I. So do I.
ငါလည်းအလားတူပါ။

Can't I do anything for you?
ငါဘာမှလုပ်ပေးလို့မရတော့ဘူးလား။

I would do that.
ငါလုပ်ဖြစ်ချင်လုပ်ဖြစ်မှာပါ

I'll get you.
ငါမင်းဆီလာမယ်။

I used to do that.
ငါလုပ်ခဲ့ဖူးတယ်။

I'm used to it.
ငါလုပ်နေကျပဲ။

Just right for me.
ငါနဲ့ဆိုအတော်ပဲ။

I won't believe it.
ငါတော့မယုံတော့ဘူး။

မေတတ္တာဖြင့်
မင်းမြတ်အာကာ
23.11.2013
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

'အကြွားသန်သည့် မြန်မာခရိုနီ' ဟု ဖော်ပြခံရသူ ဦးတေဇ


ယနေ့ထုတ် သူရိယနေဝန်းဂျာနယ် အတွဲ ၁ အမှတ် ၅ မျက်နှာဖုံးပါ ကလောင်ရှင် ထောင်သူရဲ ဘအုပ်၏ 'ဦးတေဇနှင့် စိန်စီသောညများ' ဆောင်းပါးတိုကြောင့် ကမ္ဘာကျော် Forbes မဂ္ဂဇင်းက 'အကြွားသန်သည့် မြန်မာခရိုနီ' ဟု ဖော်ပြခံရသူ တေဇက ဂျာနယ် CEO မိုးဟိန်းအားလည်းကောင်း၊ ၄င်းအား ပုတ်ခတ်ရေးသားသော အခြားဂျာနယ်များကိုပါ ဥပဒေဘောင်အတွင်းမှ တုန့်ပြန်သွားမည်ဟု U Tay Za ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါဆောင်းပါးတိုသည် ပြီးခဲ့သော ရက်သတ္တပတ်က ထွက်ပေါ်ခဲ့သော မိုးဟိန်းအားတိုက်ခိုက်ရေးသားထားသော ပစ်စာကို တန်ပြန်လှောင်ပြောင် ရေးသားထားခြင်းဖြစ်သည်။

မိုးဟိန်းသည် အတွင်းရေး အရှုပ်တော်ပုံများကြောင့် ရပ်စဲသွားပြီးဖြစ်သော သူရိယအလင်းဂျာနယ်၏ CEO ဖြစ်ပြီး ၄င်းဂျာနယ်စာမျက်နှာများတွင်လည်း တေဇ အပါအဝင် အခြားသော နာမည်ကျော် 'အကြီးစား သူဌေး' များအား အပြင်းအထန် တိုက်ခိုက်ရေးသားခဲ့သည်။

ခရိုနီဆန့်ကျင်ရေး ဇောင်းပေးရေးသားခဲ့သော သူရိယအလင်း(ရပ်စဲ)နှင့် သူရိယနေဝန်းဂျာနယ်တွင် Max Myanmar ဇော်ဇော်နှင့် ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် အောင်ကိုဝင်းတို့ ၂ ဦးကိုမှု ရေးသားဖော်ပြခြင်း မရှိသဖြင့် ၄င်းတို့နှင့် မိုးဟိန်း ပတ်သက်မှုရှိနိုင်သည်ဆိုသော ယူဆချက်များ ထွက်ပေါ်လျှက်ရှိရာ အောင်ကိုဝင်းနှင့် မိုးဟိန်း မည်သို့မှ ပတ်သက်မှုမရှိကြောင်း ပြည်တွင်းထုတ်ဂျာနယ် တစ်စောင်တွင် အောင်ကိုဝင်းနှင့် နီးစပ်သူတစ်ဦးက ဖြေရှင်းပြောကြားခဲ့သည်။

အဆိုပါ Facebook အသိပေးချက်တွင် တေဇက မိုးဟိန်းသည် ၄င်းအား စိန်ခေါ်မှုပြုသည်ဟု ဖော်ပြထားသဖြင့် ကလောင်ရှင်ထောင်သူရဲဘအုပ်နှင့် မိုးဟိန်း တစ်ဦးတည်းဖြစ်းကြောင်း အတည်ပြုရန် လိုအပ်မည်ဖြစ်ပေသည်။

မှုရင်း အသိပေးချက်ကို ဖတ်ရှုနိုင်ရန် အောက်တွင် ဖော်ပြလိုက်ရပါသည်။

----- --- ----- --- -----

ယနေ့ထုတ် သူရိယနေဝန်း အပတ်စဉ်ဂျာနယ်မျက်နှာဖုံးဆောင်းပါးအဖွင့်မှာ ဂျာနယ်အယ်ဒီတာချုပ် မိုးဟိန်းက မိမိနာမည်တပ်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာကို ဖတ်မိပြီး မိမိအံ့သြမိပါတယ်။ အံ့သြမိတယ် ဆိုတဲ့အချက်မှာ မီဒီယာလုပ်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်က သူတည်ထောင်ထားတဲ့ အဝါရောင်စာမျက်နှာထက်မှာ မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ်ဆိုတာပါ။

မိမိဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF တွေကနေ သူရဲကောင်းမှတ်တမ်းဝင်အဖြစ် အကြိမ်ကြိမ်ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့ သီရိပျံချီ ဦးမြင့်ဆွေ (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း တပ်မတော်မိသားစုဝင် ယောက်ျားပီသစွာဖြင့် အမိမြေအတွက် ပေးဆပ်ခဲ့ကြသော စစ်သားကောင်းများ ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။

မိမိမှာလည်း ရဟတ်ယဉ်ပျက်ကျပြီး သေရွာပြန်ဖြစ်သည့်အတွက် နောက်တစ်ခေါက် ထပ်သေရမှာ မကြောက်တတ်သူဆိုတာကိုလည်း သတိပြုမိပုံမပေါ်ပါ။

ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက်လည်း လူကြီးလူကောင်းပီသစွာ ဥပဒေဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင်အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကားရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်။

တစ်ဆက်တည်းမှာပဲ အဆင့်မရှိသော မီဒီယာစာစောင်တချို့ မှ စော်ကားရေးသားထားသော မိမိရဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဒီလုပ်ငန်းတွေကို မိမိမတိုင်ခင် ယခင်လုပ်ခဲ့သူများ၊ မိမိနဲ့ တချိန်တည်းလုပ်ကိုင်ခဲ့သော ကုမ္ဗဏီများ အခြေအနေနှင့် အကျိုးအမြတ်၊ ယခုခေတ်လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့် လုပ်ပိုင်ခွင့်ရရှိသည့်အခြေအနေများကို မြန်မာပြည်သူ ပြည်သားများ၏ အနာဂါတ် လှပ တိုးတက်စေရေးအတွက် မိမိရိုးသားမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ကမ္ဘာသို့တင်ပြသွားပါမယ်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဘရာဇီးမှ အေးခဲ အမဲသားနှင့် ကြက်သားများ တင်သွင်းရန် စီစဉ်


ရန်ကုန် ၊ နိုဝင်ဘာ ၂၂။ ။ ဘရာဇီး နိုင်ငံမှ အေးခဲအမဲသားနှင့်ကြက် သားများ မြန်မာနိုင်ငံသို့တင်သွင်းရန်စီစဉ်လျက်ရှိကြောင်း မွေးမြူ ရေး၊ ရေလုပ် ငန်းနှင့်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းသို့တင်သွင်းနိုင်ရေး အတွက် ဘရာဇီးနိုင်ငံအမဲသား ပြည်ပတင်ပို့သူများ အသင်းနှင့် ကြက်သား တင်ပို့သူများအသင်း မှ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူများနှင့် လာရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင် မြတ်ဦးက ''သူတို့အနေနဲ့ အေးခဲ အမဲသားနဲ့ ကြက်သားတွေကို ဒီ မှာလာပြီးတော့ ရောင်းချင်လို့ စကားလာပြောတဲ့ အဆင့်ပဲရှိပါ သေးတယ်။ ဌာနအနေနဲ့ကတော့ ခွင့်ပြုမယ်၊ မပြုဘူးဆိုတာမဆုံး ဖြတ်ပါဘူး။ တင်သွင်းခွင့်ရရင် တော့ အဲဒီအသားတွေကိုစားသုံး ရန်သင့်မသင့်၊ ကျန်းမာရေးနဲ့ညီ ညွတ်မှုရှိမရှိ စစ်ဆေးပေးဖို့ပဲ ရှိ ပါတယ်''ဟု ဆိုသည်။
လက်ရှိ ပြည်တွင်းမွေးမြူ ရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မား နေမှုကြောင့် ကုန်ဈေးနှုန်းကြီး မြင့်နေသဖြင့် အိမ်နီးချင်းနိုင်ငံ များမှ အေးခဲအသားများ တရား မဝင် ဝင်ရောက်မှုများရှိနေ ကြောင်း ပြည်တွင်းလုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။

ပြည်တွင်းမွေးမြူရေး လုပ် ငန်းရှင်တစ်ဦးက ''အေးခဲအသား တွေ ပြည်တွင်းကိုတင်သွင်းမယ် ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေ အတွက် အများကြီးထိခိုက်မှုရှိ နိုင်ပါတယ်။ ဒီမှာရှိတဲ့ဟိုတယ်တွေ သုံးဖို့အတွက် တင်သွင်းချင်တယ် လို့ ကြားတယ်။ အဲဒါနဲ့ပတ်သက် ပြီး ဟိုတယ်တွေလိုချင်တဲ့အရည် အသွေးနဲ့ အမဲသားရော၊ ကြက် သားပါ ဒီမှာ ထုတ်ပေးနိုင်ပါ တယ်''ဟု ဆိုသည်။
လက်ရှိတွင် ပြည်တွင်းနယ် စပ်ဒေသများမှတစ်ဆင့် အေးခဲ အမဲသားနှင့်ကြက်သားများ ဖမ်း ဆီးရမိကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များအရ သိရ သည်။
Yangon Media Group
အာကာစိုး

တရုတ်နိုင်ငံသား နှစ်ဦး သိန်းနှစ်ရာတန်စိန်ပွင့် ခိုးယူ


23.11.2013

တရုတ်နိုင်ငံသား နှစ်ဦးသည် ကျပ်သိန်းနှစ်ရာတန်ဖိုးရှိ စိန်နှစ်ပွင့်အား ခိုးယူမှုတစ်ခု နိုဝင်ဘာ၂၂ရက် နံနက် ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှသိရသည်။

ဖြစ်စဉ်မှာ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ နေလ၀န်း ရတနာပစ္စည်းဆိုတွင် မသင်းပွင့်လှိုင်နှင့် မသိမ့်သိမ့်ဇွန်တို့မှ ဆိုင်ခင်းကျင်း ရောင်းချနေစဉ် တရုတ် လူမျိုးအမျိုးသား နှစ်ဦးတို့မှ အဆိုပါစိန်နှစ်ပွင့်အား ၀ယ်ယူရန် ဈေးမေးကြည့်ရှုနေကြပြီး ဈေးမတည့်သဖြင့် ၎င်းတို့နှစ်ဦး မှာ ပြန်သွားခဲ့ကြောင်း ထို့နောက်တွင် စိန်အလွတ်နှစ်ပွင့်ထည့်ထားသည့်ဘူးအား ဖွင့်ကြည့်ရာ မတွေ့တော့သဖြင့် ဆိုင်ပိုင်ရှင်ဒေါ်မိုးမိုးမှ ပန်းပဲတန်းရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ၎င်းရုံးမှသိရသည်။

အမှုအား ပန်းပဲတန်းမမစ(ပ) ၃၈၁/၁၃ ပြစ်မှုပုဒ်မ- ၃၈၀ဖြင့်
အမှုဖွင့်ပြီး၊ အမှုစစ်ဒုရဲအုပ်နှင့် စစမရဲအုပ်တို့အဖွဲ့သည်
မင်္ဂလာဒုံလေဆိပ်သို့ သွားရောက်စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းတို
့နှစ်ဦးအား မင်္ဂလာဒုံလေဆိပ် လေကြောင်း ရဲတပ်ဖွဲ့ခွဲမှူးရုံးတွင်
တွေ့ရှိရပြီး Mr.lou Xian Chun ၏ ပိုက်ဆံအိတ်အတွင်းမှ စိန်နှစ်ပွင့်အား ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။အဆိုပါအမှုအား ခိုးမှုအတိုင်းဆောင်ရွက်မှာ ဖြစ်ပြီး သံရုံးနှင့်ဆက်သွယ်ကာ ၎င်းတို့၏နိုင်ငံသို့ ပြန်လည် ပို့ဆောင် အရေးယူစေမည်ဖြစ်ကြောင်း စခန်းမှူးက ပြောကြားသည်။

ရေးသားသူ- ဝေဖြိုး၊ ဇော်ရဲထွဋ်
People Power

အသက် ၇နှစ်အရွယ် မြန်မာကလေးတစ်ဦးကို မက်သာဖက်တမင်းဆေးပြား တစ်သောင်းခန့်နှင့်အတူ တွေ့ရှိ


ဘန်ကောက် နိုဝင်ဘာ ၂၃
ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားဂိတ်တစ်ခုတွင် ငိုကြွေးနေသော အသက်၇နှစ်အရွယ် မြန်မာလူမျိုး ကလေးတစ်ဦး၏ ကျောပိုးအိတ်ထဲတွင် မက်သာဖက်တမင်းစိတ်ကြွဆေးပြားတစ်သောင်းခန့် တွေ့ရှိခဲ့သည်ဟု ဘန်ကောက်ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။ အဆိုပါကလေးကို မြန်မာနယ်စပ်အနီးKanchanaburi ခရိုင် Thong Pha Phum အရပ်တွင် ရဲတပ်ဖွဲ့က ကြာသာပတေးနေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ရဲအရာရှိတွေက ကလေးဆီသွားပြီး ဘာဖြစ်လဲ မေးတယ် ဒါပေမဲ့ ကလေးက ထိုင်းစကား မတတ်ဘူး ဟု ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှုး Amnuay Pongsawatက အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။ကလေးငယ်က သူသည် ကရင်ပြည်နယ် ဘုရားသုံးဆူခရိုင်တွင် နေထိုင်သူဖြစ်ပြီး ဦးလေးအပါအ၀င် အခြားသူ ၃ဦးဖြင့် ခရီးထွက်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဘာသာပြန်မှ တဆင့် ပြောပြသည်။
် ဆေးပြားများကို ကလေးငယ်၏ ကျောပိုးအိတ်အတွင်း ကလေးပေါင်ဒါမှုံ ၂ဗူးနှင့် အတူ ပလတ်စတစ်အိတ်ငယ် ၅၀ အတွင်းမှ တွေ့ရှိခဲ့ခြင်းဟု သိရသည်။ ဒါဟာ ကလေးငယ်တွေကို အသုံးပြုပြီး မူးယစ်ဆေးဝါးသယ်ယူမှုကို ဖမ်းဆီးမိခဲ့တာပါ ဟု ၄င်းက ပြောသည်။ ရဲတပ်ဖွဲ့က ကလေးငယ်ကို ဦးလေးတော်စပ်သူက ထားပစ်ခြင်း ဖြစ်မည်ဟု ယုံကြည်ထားသည်။ kyl - ref;AFP
Popular Myanmar News Journal

ကန်ဇွန်းဥ နှင့် ကင်ဆာရောဂါ


အစာလဲဆေး ဆေးလဲအစာ

ကန်ဇွန်းဥဟာ အာဟာရပေါကြွယ်ဝတယ်။ ဗီတာမင် စီ နှင့် အေ ပိုများတယ်။
အမြဲတမ်းစားပေးရင် ခန္ဓာကိုယ်ကို ကျန်းမာစေပြီး အသက်ရှည်စေတယ် ။
ကန်ဇွန်းဥမှာ ဖိုင်ဘာအမျှင်များပြားစွာ ပါဝင်လို့ အစာအိမ်နှင့် အူအတွင်း
ရွေ့ လျားမှုကို မြှင့်တင်ပေးတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်။
လိပ်ခေါင်းရောဂါ နှင့် စအိုကွဲနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
အူမကြီးကင်ဆာ နဲ့ စအိုပြွန်ကင်ဆာရောဂါတို့ကို ကာကွယ်ပေးရာမှာ အကျိုးပြုတယ်။

အနောက်နိုင်ငံ သုတေသနပြုချက်အရ ဟော်မုန်းအတုလို့ခေါ်နိုင်တဲ့ ဓာတ်တွေပါဝင်လို့ ရင်သားကင်ဆာ နဲ့ အူမကြီးကင်ဆာတို့ကို ထိန်းချုပ်နိုင်တယ်ဆိုပါတယ်။ထို့ပြင် ဝတဲ့လူတွေ အဆီချဖို့ ကန်ဇွန်းဥကိုစားသုံးနိုင်ပါတယ်။အရိုးအဆစ်များ ၊ သွေးကြောများဝန်းကျင်မှာ ဒုက္ခပေးတဲ့ ရောဂါကိုလည်း ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ် ။
ကန်ဇွန်းဥကို ပူနွေးစဉ် စားသုံးသင့်ပါတယ် ။စားတဲ့နေရာမှာလဲ ဆီနဲ့တို့စားသင့်ပါတယ် ။ကန်ဇွန်းဥမှာပါတဲ့ ဓာတ်အချို့ ဟာ ဆီမှာ ပျော်လွယ်ပြီး အစာအိမ်က စုပ်ယူမှု အားကောင်းစေလို့ဖြစ်ပါတယ် ။
အစာအိမ်အချဉ်ပေါက်သူတွေကတော့ ကန်ဇွန်းဥက အစာအိမ်ထဲမှာ အက်စစ်လို ဖြစ်ပေါ်စေလို့ ရှောင်ကြဉ်သင့်ပါတယ် ။ကန်ဇွန်းဥအခွံမှာ အမည်းစက် ပွင့်နေရင် ၊ အညှောင့်ပေါက်နေရင် မစားသင့်ပါ ။
အဆိပ်တက်ပါသည် ။

ကျန်းမာရေးအတွက် အသုံးဝင် ဆေးမြီးတိုများ

မူဝါဒ အပြောင်းအလဲ လုပ်မည့် သတင်းများကြောင့် ဂျပန်ကားများ ဈေးကျ


ရန်ကုန်၊ နိုဝင်ဘာ ၂၂

အရောင်းအဝယ် နည်းပါးလာခြင်းနှင့် အတူ ၂၀၁၄ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်မည်ဟူသော သတင်းများကြောင့် ဂျပန် လေလံဈေးကွက်အတွင်း အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် မော်တော်ယာဉ်များ ကျပ် ၁၀ သိန်းခန့် (ယန်း တစ်သိန်းခန့်) ဈေးကျ သွားကြောင်း လေလံဈေးကွက် အတွင်းမှ သိရသည်။

နိုဝင်ဘာလလယ်မှ စ၍ ဈေးနှုန်း ကျဆင်းလာခြင်း ဖြစ်ပြီး လေလံဆွဲသူ နည်းပါးလာခြင်းကြောင့် ဈေးဆက်လက် ကျဆင်းနိုင်ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ပွဲစားအချို့က ပြောကြားသည်။
“ဝယ်ရောင်းတွေရော၊ နိုင်ငံခြားက တိုက်ရိုက် ကားဝယ်စီးတဲ့ သူတွေရော လက်တွန့် နေကြတဲ့အတွက် လေလံဆွဲသူ နည်းပြီးတော့ ဈေးတွေ ကျလာတယ်။ ဒါပေမဲ့ ပြည်တွင်း ဈေးကွက်ထဲမှာတော့ ပွိုင့် ၃ (၁၃၀၀ စီစီ) ကားတွေက စလစ်ကားတွေထက်စာရင် ပိုရောင်းရတယ်” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ပြောဆိုသည်။

ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဆိပ်ကမ်းရောက် မော်တော်ယာဉ် တန်ဖိုး (CIF) ပေါ်မူတည်၍ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“ကားဈေးက သူတို့ ဆိပ်ကမ်းအရောက် တန်ဖိုးဖြတ်တဲ့ (CIF) အပေါ်မှာ မူတည်တယ်။ သူထက်ဝက်ကျရင် ကားဈေးလည်း ထက်ဝက် လိုက်ကျမှာပဲ။ သူတက်ရင် လိုက်တက်မယ်။ ဒါပေမဲ့ အတက်ထက် ကျဖို့ ပိုများပါတယ်” ဟု ဦးအေးကျော်က ရှင်းပြသည်။

ရောင်းမထွက်သည့် မော်တော်ယာဉ်များမှာ ရန်ကုန်မြို့တော်ရှိ ယာဉ်ရပ်နား စခန်းများအတွင်း ပြည့်နှက်လျက် ရှိသည့်အတွက် မော်တော်ယာဉ် တစ်စီးလျှင် ယခင်ကထက် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းခန့်အထိ ထိုးကျနေခြင်း ဖြစ်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်း ဦးထွန်းထွန်းက ပြောဆိုသည်။

ဆိပ်ကမ်းအရောက် မော်တော်ယာဉ် တန်ဖိုး (CIF) များကို ၂၀၁၄ ခုနှစ်အတွင်း ထပ်မံ ပြောင်းလဲဦးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly

ကပ္ပလီပ်လယ်ပြင်တောင်ပိုင်း မလေးရေလက်ကြားအတွင်းတွင် မုန်တိုင်းငယ်တစ်ခု စဖြစ်နေပါပြီ။


(၂၂-၁၁-၂၀၁၃)ရက်နေ့မှာ ရေစကြိုမှာ စာပေဟောပြောဖို့ရောက်နေပါတယ်။ တစ်ရက်လွတ်သွားပါတယ်။ ဒါပေမယ့် မသွားခင်ကတည်းက မုန်တိုင်း ဖြစ်တော့မယ် ဆိုတာကိုတော့ သတိထားမိနေပါတယ်။

လက်ရှိအခြေအနေတွေကတော့
(၁) ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း မလေးရေလက်ကြားအတွင်းတွင် မုန်တိုင်းငယ် တစ်ခု စဖြစ်နေပါပြီ။ အားလုံးသော မိုးလေ၀သဂြိုဟ်တုတွေက မုန်တိုင်းငယ်တစ်ခု လို့ ဖေါ်ပြနေကြပါပြီ။ အနောက်မြောက်ယွန်းယွန်းကိုဘဲ ရွေ့ပါလိမ့်မယ်။

(၂) (28-33) knots လေတိုက်ရင် မုန်တိုင်းငယ်လို့သတ်မှတ်တာကြောင့်
အခုမုန်တိုင်းငယ်အဆင့် စရောက်နေပါပြီ ။
Tropical Cyclone Formation Alert- Depression
Date: 22-11-2013
Time: 0600 UTC(12:30 MST)
Position: Near 6.1°N. 99/1 °E
Movement: West at 8 knots
Maximum sustained winds: 25-30 knots

(၃) ရခိုင်ပြည်နယ်၊ မွန် နဲက တနင်္သာရီတိုင်းတို့တွင်တိမ်များ ခပ်ပါးပါး ဖုံးအုပ်နေ ပါတယ်။

မြန်မာနိုင်ငံအတွက်တော့ လက်ရှိနေရာဟာတောင်ဖက်ကျနေပါတယ်။ နောက်ပိုငးမှာ အရေးကြီးလာနှိုင်တာမို့ နှိုးဆော်ခြင်းအဆင့်(ALERT LEVEL) သတ်မှတ်ပါတယ်။

ဒေါက်တာထွန်းလွင်

BREAKING NEWS: (11/23/2013 - 2:18 PM)


ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ NLD မေတ္တာရပ်

မြန်မာ့ကမ်းလွန်ရေနံ ၁၉ကွက် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ ၄ဝအနက် Petronas, Total နှင့် PTTEP ကုမ္ပဏီ လုပ်ခွင့်ရနိုင်ဖွယ်များ

ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးမှ အီတာလျံထိုင်းကုမ္ပဏီ မပါဝင်တော့၊ ထိုင်း-မြန်မာ နှစ်နိုင်ငံသာ ဦးဆောင်မည်

ကြေးနီစီမံကိန်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြသူ ဒီငြိမ်းလင်းနှင့် မိုးဃ်းသွေးအပါအဝင် ၆ဦးကို အလုံတရားရုံး ထောင်တစ်လချမှတ်
Kamayut Media

မန္တလေး မြို့ရှိ ဗလီများအတွင်းမှ လက်နက် များကို လက်ဝယ်ထားရှိ သူများအား အမှုဖွင့် အရေးယူ


မန္တလေး ၊ နိုဝင်ဘာ ၂၂  ။       ။ မန္တလေး မြို့ရှိ ဗလီများအတွင်းမှ လက်နက် များကို နေအိမ်ဂိုဒေါင်များအတွင်း သို့ရွှေ့ပြောင်း၍ တရားမဝင်လက် ဝယ်ထားရှိထားသူနှစ်ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အ မှုဖွင့်အရေးယူလိုက်ပြီဖြစ်ရာ မ သင်္ကာဖြစ် ဖွယ်ရာသတင်းများ ရရှိသည့်ဗလီများအား စစ်ဆေး မှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုသိမ်းဆည်းရမိထား သော လက်နက်ပစ္စည်းများမှာ ပြီးခဲ့သည့် မိတ္ထီလာပဋိပက္ခဖြစ်စဉ် ဖြစ်ပွား နေစဉ်တွင် ဘာသာခြားများက ဗလီများအတွင်း ထားရှိထားသည် ဖြစ်ရာ ဖြစ်စဉ်ပြီးနောက်တွင် နေ အိမ်သို့ ပြောင်းရွှေ့သိမ်းဆည်း ထားခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီးရမိရာတွင် ပြင်ပကောလာဟလများ ထွက် ပေါ်နေသကဲ့သို့ ယမ်းအင်အား သုံးဖောက်ခွဲပစ္စည်းများ တစ်စုံ တစ်ရာမပါဝင်ဘဲ ခိုင်လုံသော သတင်းရရှိမှုကြောင့်သာ သက် သေများနှင့်အတူ သွားရောက် ကာ စစ်ဆေးသိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဇော်မင်းဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။

''မိတ္ထီလာဖြစ်စဉ် ဖြစ်နေ တုန်းက အဲဒီဂယက်က မန္တလေး ဘက်ကိုကူးစက်လာရင် ခုခံကာ ကွယ်ဖို့အတွက်ဆိုပြီး သူတို့က ဒီလက်နက်တွေကိုပြုလုပ်ခဲ့တာ လို့ ထွက်ဆိုထားပါတယ်။ ကျွန် တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ကတော့ လက်နက်တွေ တရားမဝင်ရှိနေ တယ်လို့ ခိုင်လုံတဲ့သတင်းရတယ် ဆိုရင် ဘယ်ဘာသာရယ်လို့တော့ မခွဲခြားဘဲ မှုခင်းကြိုတင်ကာကွယ် ရေးအဖြစ် သွားရောက်ရှာဖွေဖမ်း ဆီးသွားမှာဖြစ်ပါတယ်''ဟု ယင်း က ဆက်လက်ပြောသည်။

လက်နက်ပစ္စည်းများ ဖမ်း ဆီးရမိမှုဖြစ်စဉ်မှာ နိုဝင်ဘာ၂၀ ရက် ည၁၂နာရီခွဲတွင် ချမ်းအေး သာဇံမြို့နယ် ချမ်းအေးသာဇံအ လယ်ရပ်ကွက် ၂ရလမ်းနှင့် ၂၈ လမ်းကြား ၈၃လမ်းနှင့် ၈၄လမ်း ကြား ကြယ်တိုက်ဝင်းအတွင်းရှိ မြောက်ဘက် တိုက်တန်း၊ ပထမ ထပ်နေ ဆန်းဝင်း(ခ)ဆိုင်ယဒ် အလီ ၃ရနှစ် မူဆလင် ဈေး ရောင်း၏နေအိမ်အား မြို့နယ် ရဲမှူးအုန်းခင် ဦးဆောင်သည့်အ ဖွဲ့က သတင်းအရသက်သေများ နှင့်အတူ ဝင်ရောက်ရှာဖွေရာတွင် နေအိမ်တိုက်ခန်း ရှေ့ရှိ ဂိုဒေါင် အတွင်းမှ အရိုးအသွား ၅ပေ၆ လက်မရှိ သံပိုက်လုံးရိုးတပ်လျက် နှစ်ခွချွန် ခက်ရင်းခွရှစ်ချောင်း၊ အရိုးအသွား ၅ပေ၃လက်မခန့် ရှိ ဝါးရိုးတပ်လျက်နှစ်ခွ ချွန်ခက် ရင်းခွလေးချောင်း၊ အရိုးအသွား ၅ပေ၃လက်မခန့်ရှိ သစ်သားရိုး တပ်လျက် အသွားချွန် လှံတစ် ချောင်း၊ အရိုးအသွား ၃ပေ ၄ လက်မခန့်ရှိ ကြေးနှင့်သစ်သား ရောထားသည့် လက်ကိုင်ရိုးတပ် အနက်ရောင်သစ်သားဓားအိမ်ပါ ဓားဦးချွန်တစ်ချောင်း၊ အရိုးအ သွားနှစ်ပေခန့်ရှိ ဝါးလက်ကိုင် ရိုးတပ် ဓားဦးတုံး သုံးချောင်း၊ ဓား ဦးချွန်တစ်ချောင်း၊ အရိုးအသွား တစ်ပေခွဲခန့်ရှိ ဝါးလက်ကိုင်ရိုး တပ်ဓားဦးချွန်နှစ်ချောင်း၊ ပုလင်း ကွဲများနှင့် သံစများရောထားပြီး ဓာတ်ဆီစိမ်ထားသည့် နှစ်ပြည် ခန့်အားထည့်ထားသည့် ပီနံအိတ် တစ်လုံးနှင့် အစိမ်းရောင် ကော်ဇ လုံတစ်လုံး၊ ပုလင်းကွဲများနှင့်သံစ များ ရောထောင်းရာတွင်အသုံး ပြုသော သံဖြင့်ပြုလုပ်ထားသည့် ငရုတ်ဆုံတစ်ခုတို့ကို တရားမဝင် လက်ဝယ်ထားရှိကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဆန်းဝင်း(ခ)ဆိုင် ယဒ်အလီကို ချမ်းအေး သာဇံမြို့မ ရဲစခန်းတွင် (ပ)၄၉၂/၂၀၁၃၊ လက် နက်ပုဒ်မ-၁၉(က)အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။

အလားတူပင် စစ်ဆေးရေး အဖွဲ့များသည် အဆိုပါဝင်းအတွင်း ရှိ တိုက်ခန်း၁၂နေ သိန်းတန်(ခ) ရှရီ ၂၉နှစ် မူဆလင် ကုန်မာ ပစ္စည်းအရောင်းဆိုင်၏ နေအိမ် ကို ဆက်လက်ရှာဖွေရာတွင် ဓား ဦးတုံးသုံးချောင်း၊ ၅လက်မခွဲ ခန့်ရှိ သံချောင်း များအား ပြား၍ ဂျင်ကလိပုံစံပြုလုပ်ရန် ပြင်ဆင် ထားသည့် ထိပ်ပြားချွန်၍ချိတ် များပါဝင်သော သံချောင်း၆၀၀ ခန့်အားထည့်ထားသည့် ပီနံအိတ် တို့ကိုတွေ့ရှိရသဖြင့် ၎င်းကိုလည်း ချမ်းအေးသာဇံ မြို့မရဲစခန်းတွင် (ပ) ၄၉၃/၂၀၁၃ လက်နက် ပုဒ်မ ၁၉(က)အရ အမှုဖွင့်ဖမ်းဆီးအ ရေးယူထားကြောင်း သိရသည်။

ခွန်စိုင်းအောင်

မြန်မာပြည်သားအားလုံး၏ကျေးဇူးကြောင့် ဆုရရှိခဲ့သည်ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၃။

ထိုင်းနိုင်ငံဘန်ကောက်တွင် ကျင်းပပြုလုပ်ခဲ့သော Miss Grand International 2013 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ဆုလေးဆု ရရှိခဲ့သော ထားထက်ထက်က မြန်မာပြည်သူပြည်သားအားလုံး ကျေးဇူးကြောင့် ဆုရရှိခဲ့ပါသည်ဟု ပြောသည်။

“မြန်မာပြည်သူပြည်သူပြည်သားတွေ အကုန်လုံးက အားတတ်သရောနဲ့နေ့တိုင်း သတိတရနဲ့ ရှိသမျှလင့်တိုင်းမှာ ၀င်ပြီးတော့ မဲပေးခဲ့ကြတယ်။ ဖုန်းတွေလည်း အပျက်ခံပြီး မောက်စ်တွေလည်း အပျက်ခံပြီးတော့ အားပေးခဲ့ကြတာ အဲဒီ့အတွက် ဒီလိုမျိုးဆုတွေ အများကြီးရလာခဲ့တယ် ။ အားပေးတဲ့ မက်စ်ဆေ့ဂ်ျတွေ ကော်မန့်တွေတွေ့ရတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အရမ်းရှိလာတယ်။ ပြိုင်တဲ့ ပွဲတိုင်းမှာ အကောင်းဆုံး အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်နိုင်ခဲ့တယ် ကျေးဇူးတင်ဂါရ၀ ပြုပါတယ်လို့ ” ထားထက်ထက် ကပြောသည်။

Miss Grand International 2013 ပြိုင်ပွဲတွင် ထားထက်ထက်သည် Miss Popular Vote ဆု အမေရိကန်ဒေါ်လာ ဆုကြေး ၃ ထောင် ၊ T-Pageant ၀က်ဆိုဒ်မှ ချီးမြှင့်သော People Choice Award ဆု၊ The Beauty Concept ၀က်ဆိုဒ်မှ ချီးမြှင့်သော People Choice Award ဆု၊ Global Beauties မှ ချီးမြှင့်သော Favourite Poll Winner စသည့် ဆုလေးဆုကို ရရှိခဲ့ပါသည်။

မြန်မာရိုးရာ ယွန်းဆွမ်းအုပ်ကို သယ်ဆောင်သွားပြီး လေလံတင်ခြင်းနှင့် ပတ်သက်ပြီး ထားထက်ထက်က “အဲဒါ အလှူ သီးသန့်ပွဲလေး တစ်ခုပေါ့ ။ ယူသွားတယ် ဆိုတာကလည်း အလှူတန်း တစ်ခုအနေနဲ့ လှူလိုက်တယ်။
ဟိုမှာ သူတို့ ကြိုက်တဲ့ ပစ္စည်းတွေကို ရွေးချယ် ပြီး ၀ယ်ကြတယ်။ နောက်ပြီးတော့ မှ သူတို့ အလှူလုပ်မယ် အဲဒါကို ပြန်ပြီး
အကြောင်းကြားပေးမယ်ပြေလို့ ပြောပါတယ်။ ခုတော့ မသိရသေးပါဘူး” ဟုပြောသည်။

ထားထက်ထက်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ပြန်လည်ရောက်ရှိလာပြီး ရှေ့ဆက်အနုပညာ လုပ်ငန်းများနှင့် Miss Grand International ပြိုင်ပွဲမှရရှိသော ဆုကြေးများနှင့်ပက်သက်၍ သီးသန့်
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြောဆိုသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ရွှေထွဋ်

The Myanma Age

လက်ပံတောင်းတောင်အရေး ဆန္ဒပြသူ ခြောက်ဦးကို ကြည့်မြင်တိုင် တရားရုံး ပြစ်ဒဏ်ထပ်ချ


ရန်ကုန်၊ နိုဝင်ဘာ ၂၂

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကန့်ကွက် ဆန္ဒပြမှုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားသည့် ဦးမိုဃ်းသွေး အပါအဝင် ခြောက်ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ထပ်ချလိုက်ကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုအတွက် ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ခေါင်းဆောင်ခဲ့သည့် Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့မှ ဒီငြိမ်းလင်း အပါအဝင် ခြောက်ဦးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားပြီး ဖြစ်သော်လည်း ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တစ်လ ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပြစ်ဒဏ် နှစ်ရပ်ကို တစ်ပေါင်းတည်း ကျခံရမည် ဖြစ်ကြောင်း ကြည့်မြင်တိုင် မြို့နယ် တရားသူကြီးက ယနေ့ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

Generation Wave မှ ကိုမိုဃ်းသွေး အပါအဝင် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးအတွက် ရန်ကုန်မြို့တော်ရှိ တရုတ်သံရုံးသို့ လမ်းလျှောက် ဆန္ဒပြမှု ဦးဆောင်သူ ခြောက်ဦးသည် လမ်းလျှောက် ဆန္ဒပြရာတွင် ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် အလုံမြို့နယ်တို့ကို ခွင့်ပြုချက်မဲ့ စီတန်း လှည့်လည်ခဲ့သဖြင့် အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့များက ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများကို အလုံမြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထပ်မံရုံးထုတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။
“ပုဒ်မ ၁၈ ဆိုတာ မရှိသင့်တဲ့ကိစ္စ ဖြစ်တယ်။ ရှိခဲ့ရင်လည်း ပြင်သင့်တယ်။ အသွင်ကူးပြောင်းရေးလို့ ပြောနေတဲ့ ဒီမိုကရေစီ နိုင်ငံကို သွားနေတဲ့ နိုင်ငံမှာ မရှိသင့်တော့တဲ့ ကိစ္စဖြစ်တယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပေးပြီး သက်ဆိုင်ရာက စည်းနဲ့ကမ်းနဲ့ ထိန်းသိမ်းသင့်တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ရုံးတာဝန်ခံ ဖြစ်သူ ဦးသက်ဦးက ဆိုသည်။

လက်ရှိတွင် ပုဒ် ၁၈ အပါအဝင် အခြားနိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆိုခြင်း ခံရသော တက်ကြွလှုပ်ရှားသူများ (Activists) နှင့် နိုင်ငံရေးသမားပေါင်း ၂၀၀ ကျော်ခန့် ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ခန့်မှန်းထားသည်။
The Voice Weekly

၂၀၁၄ နှစ်ကုန်ပိုင်းမှသာ ဝန်ဆောင်မှု စတင်နိုင်မည်ဟု တယ်လီနောဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၂

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလိုင်စင် ထုတ်ပေးရေး နှောင့်နှေးနေ မှုကြောင့် ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ခန့်မှန်းထားသည်ထက် နောက်ကျ၍ ၂၀၁၄ ခုနှစ် တတိယသုံးလပတ် (နှစ်ကုန်ပိုင်း) မှသာ စတင်နိုင်ဖွယ် ရှိကြောင်း နော်ဝေအခြေစိုက် တယ်လီနော၏ အမှုဆောင် အရာရှိချုပ် Mr.Jon Fredrik Basksaas ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် လိုင်စင်ကိစ္စ အပြီးသတ်ရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသော်လည်း ထို့ထက် နောက်ကျဖွယ် ရှိသည်ဟု ခန့်မှန်းထားကြောင်း ၎င်းကဆိုသည်။
“တယ်လီနောက ရေရှည် ရင်းနှီးမြှုပ်နှံမယ့်သူ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ နောက်ထပ် လပိုင်းလောက် စောင့်ရတယ်ဆိုတာ ကျွန်တော်တို့အတွက် အခက်အခဲ မရှိပါဘူး” ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ဆိုသည်။

ဥပဒေထွက်ရှိချိန် နောက်ကျသည့်အတွက် လိုင်စင်ချပေးရန် နှောင့်နှေးနေခြင်း ဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီများ အခွင့်အရေးရရန် အချိန်ဆွဲခြင်း မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သို့သော် MPT ဖုန်း သုံးစွဲသူ အများစုကမူ ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများမှာ စိတ်ပျက်ဖွယ်ကောင်းပြီး နိုင်ငံတကာ ကုမ္ပဏီများ ဝင်လာပါက ယှဉ်ပြိုင်နိုင်ဖွယ် မရှိခြင်းကြောင့် လိုင်စင်ချပေးရေးကို အချိန်ဆွဲသည်ဟု ယူဆနေကြသည်။

မြန်မာအစိုးရက ကတိပေးထားသည့် အချိန်ထက် အမြဲနောက်ကျနေမှုမှာ နိုင်ငံတကာ ကုမ္ပဏီများဘက်မှ ကြည့်ပါက စိတ်ပျက်ဖွယ်ကိစ္စ ဖြစ်ကြောင်း၊ တိုင်းပြည် ဂုဏ်သိက္ခာနှင့် သက်ဆိုင်သဖြင့် ကတိကို အလွယ်မပေးဘဲ ပေးပြီးလျှင်လည်း ကတိအတိုင်း လုပ်ဆောင်သင့်ကြောင်း အိုင်တီပညာရှင်များက ထောက်ပြကြသည်။
The Voice Weekly

သန်လျင်တွင် ၁၀၀၀ တန် အတုများ မိ


Saturday, November 23, 2013

သန် လျင် ဆိုင်ကယ်ကယ်ရီသမားထံ မှတစ်ထောင်တန်ငွေစက္ကူအတုများတွေ့ရှိခဲ့သည့်အမှုကို စီ အိုင်ဒီမှ ကိုင်တွယ်စစ်ဆေးနေ ကြောင်း သိရသည်။ ဆိုင်ကယ်ကယ်ရီမောင်း သူ သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာ တွင် နေထိုင်သည့် ဦးလှကျော်သည် ဆိုင်ကယ်ငှားသူတစ် ဦးထံမှ တစ်ထောင်တန်ရှစ်ရွက် ရရှိပြီးနောက် အဆိုပါတစ်ထောင် တန်တချို့ကိုကြည့်ရှုရာ နံပါတ် အက္ခရာတချို့မှာ တူညီနေကြောင်း တွေ့ရသဖြင့် သန်လျင်မြို့နယ် ဘုရားကုန်း ကျေး ရွာအုပ်ချုပ် ရေးမှူးရုံးသို့အကြောင်းကြားခဲ့ သောကြောင့် သက်ဆိုင်ရာတာ ဝန်ရှိသူများရှေ့မှောက်တွင် တစ်ထောင်တန်များကိုစစ်ဆေးခဲ့ရာ အက္ခရာနှင့် နံပါတ်တူ တစ်ထောင် တန်ရှစ်ရွက်ကိုတွေ့ရှိသောကြောင့် ဆက်လက်စစ်ဆေးပြီး ဆိုင်ကယ် ငှားစီးသူ အောင်ဇော်ဇော်နေအိမ် သို့သွားရောက်ရှာဖွေရာ ငွေစက္ကူ အတုများမတွေ့ရှိခဲ့ကြောင်း သိ ရသည်။

နိုဝင်ဘာ၁၉ရက်က ဖြစ်ပွား ခဲ့သော ယင်းငွေစက္ကူအတုကိစ္စ ကို ဖြစ်ရပ်မှန်ပေါ်ပေါက်စေရန်အ တွက် အင်းစိန်စီအိုင်ဒီမှကိုင်တွယ် နေကြောင်း စီအိုင်ဒီမှအဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ ယင်းက ''လောလောဆယ် ဆိုင်ကယ်ကယ်ရီ မောင်းတဲ့ သူနဲ့ ငှားစီးတဲ့သူတွေကို စစ်ဆေးနေ တယ်။ တရားခံနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေ ဆက်လက်ရှာဖွေ နေပါတယ်''ဟုပြောသည်။ သန်လျင်မြို့နယ်အုပ်ချုပ် ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ''အရင်ဆုံးတာဝန်ရှိသူတွေကို စ စစ်ဆေးတာ။ ဆိုင်ကယ် ငှားစီး တဲ့သူအိမ်မှာလဲ ရဲတွေနဲ့ ရှာတာ ဘာမှမတွေ့ဘူး။ စီအိုင်ဒီကကိုင် ပြီဆိုတော့ အမှုမှန်ပေါ်မှာပါ''ဟု ပြောသည်။

ကျော်စွာ
The Yangon Times

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုနှင့် နိုင်ငံရေး ပါတီများ၏ ချင်းမိုင်တွေ့ဆုံပွဲ၌ ပြည်ထောင်စု တပ်မတော် အရေးကိစ္စ အကျေအလည် ဆွေးနွေးနိုင်ခဲ့


UNFC နှင့်နိုင်ငံရေး ပါတီများ၏ ချင်းမိုင်တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်
တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်ပြည်တွင်း နိုင်ငံရေး ပါတီများ၏ နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်သော ထိုင်းနိုင်ငံ ချင်းမိုင်တွေ့ဆုံပွဲ၌ ပြည်ထောင်စု တပ်မတော် အရေးကိစ္စကို အကျေအလည် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
''ပထမပိုင်းမှာတော့ ကျွန်တော်တို့ မိတ်ဆက်ကြတယ်။ နောက် UNFC က သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်မှုတွေကို ပြောတယ်။ ပြီးတော့ အပြန်အလှန် ဆွေးနွေးကြတယ်။ ကျွန်တော်က လိုင်ဇာဘုံသဘောထား ရပ်တည်ချက် အခြေခံမူ ၁-၄ မှာပါတဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းကို ဖွင့်ဆိုချက် ရှင်းရှင်းလင်းလင်း သိရဖို့မေးတယ်။ အဲဒါကို ဗိုလ်ချုပ်ဂွမ်မော် ပြန်ဖြေခဲ့တာ သိပ်ကောင်းတယ်'' ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က The Daily Eleven သို့ ပြောကြားသည်။
ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော ဖြေရှင်းချက်ကို ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်း ကိုယ်စားပြု အနေဖြင့် မဟုတ်ဘဲ တစ်သီးပုဂ္ဂလ သဘောထား အနေဖြင့် ဖြေကြားခဲ့ခြင်းဖြစ်ပြီး ယင်းဖြေကြားချက်ကို အများစုက သဘောကျခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြေကြားရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဘုံသဘောထား ရပ်တည်ချက်တွင် ပါဝင်သည့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းကိစ္စသည် တပ်မတော်ကို အသစ်ပြန်လည် ဖွဲ့စည်းရန်အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စုနှင့် ကိုက်ညီသော ဖက်ဒရယ် တပ်မတော်၌ တိုင်းရင်းသား လူမျိုးများ ပိုမိုပါဝင် လာစေရေးနှင့် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကိုလည်း တိုင်းရင်းသား လူမျိုးအလိုက် အလှည့်ကျ တာဝန်ထမ်းဆောင် စေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။
''ဒီကိုလာတုန်းကတော့ ကြားခဲ့တာတွေ ရှိတာပေါ့။ တပ်မတော်ပိုင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီးမရှင်းမလင်း ရှိတာတွေ၊ ဗိုလ်ချုပ်ဂွမ်မော် ဒီနေ့ရှင်းပြတော့ ဒါတွေက ဘာမှကြောက်စရာ စိုးရိမ်စရာ မရှိတဲ့ ကိစ္စတွေပါ။ အခုလို သိသွားတော့ နောက်ဆို ဒါကြီးကို သံသယ ဖြစ်နေစရာ မလိုတော့ဘူး။ ဒီနေ့ ဒီပြည်ထောင်စု တပ်မတော်ဆိုတဲ့ ကိစ္စလေး ပြေလည်သွားတာ အင်မတန်မှ ကောင်းပါတယ်။ သူတို့တွေက တိုင်းပြည်အတွက် အများကြီး ကြိုးစားခဲ့ကြတယ်။ ကျွန်မတို့ကလည်း သူတို့အပေါ် လေးစားမှုရှိတယ်။ သူတို့ကလည်း ကျွန်မတို့ကို လေးစားမှုရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အသွားအပြန်၊ အပြန်အလှန် လေးစားမှုက အင်မတန် အရေးကြီးပါတယ်။ ကျွန်မတို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေထဲမှာ နောက်ထပ်ခြေလှမ်းတွေ အများကြီး ရှိလာမှာပါ။ အကျိုးရလဒ်က အများကြီး ဖြစ်ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်နန်းခင်ထွေးမြင့်က သတင်းထောက်များကို ဆိုသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသား အရေးကို စိတ်မ၀င်စားခြင်း မဟုတ်ဘဲ အမြဲစောင့်ကြည့် ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
''ဒီနေ့ကတော့ အမြင်ချင်း ဖလှယ်ကြတာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီတွေများတယ်။ ကျွန်တော်တို့ဆီက ဒုတိယ ဥက္ကဋ္ဌ(၁)က ကြိုဆိုတယ်။ နောက်ပြီး အတွင်းရေးမှူးက တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်တယ် ဆိုတာကို ရှင်းပြတယ်။ ခံစားချက်တွေပေါ့။ ဟိုဘက်ကလာတဲ့ တိုင်းရင်းသား တွေကလည်း သူတို့အထဲမှာနေတဲ့ လူတွေကလည်း ခံစားချက်တွေ ရှိပါတယ်ဆိုပြီး အပြိုင်အဆိုင် ပြောကြတာပေါ့။ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးတယ်။ နောက် ဘယ်လိုတွေ့မယ်။ ဘယ်လိုပူးပေါင်းမယ် အဲဒါတွေ ဆွေးနွေးဖြစ်ပါတယ်'' ဟု UNFC တွဲဖက် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းမှ နိုင်ငံရေး ပါတီများသည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် UNFC နှင့် တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တွေ့ဆုံခဲ့ကာ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) နှင့် မြန်မာနိုင်ငံ နယ်စပ်အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (WLB) အဖွဲ့နှင့်လည်း ဆက်လက် တွေ့ဆုံရန်ရှိကာ နိုဝင်ဘာ ၂၃ ရက်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် မူလကပြည်တွင်း နိုင်ငံရေးပါတီ ၁၂ ခုကို ဖိတ်ကြားထားသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်ပါနိုင်ခြင်းမရှိဘဲ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီများမှ ကိုယ်စားလှယ်များသာ ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွားရောက်နိုင်ခဲ့သည်။
နိုင်ငံရေးပါတီများ၏ ထိုင်းနိုင်ငံခရီးစဉ်သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။

ယခုနှစ်နွေရာသီ၌ ၁၆၈၈ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်မည်ဖြစ်၍ ဓာတ်အား ၃၇၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုဆို


ယခုနှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ၁၆၈၈ မဂ္ဂါဝပ်ခန့်သာ ရှိမည်ဖြစ်၍ ဓာတ်အားလိုအပ်ချက်မှာ ၃၇၂ မဂ္ဂါဝပ် ရှိနေရာ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်က သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည့် ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသား လျှပ်စစ်မီး ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ''အခုနှစ်နွေမှာ ဓာတ်အားထုတ်လုပ်နိုင်မှုက ၁၆၈၈ မဂ္ဂါဝပ်ရှိမယ်။ သုံးစွဲလိုမှု ၀န်အားက ၂၀၆၀ မဂ္ဂါဝပ်လောက် ရှိမယ်။ ဒါကြောင့် ၃၇၂ မဂ္ဂ၀ပ်လောက် လိုအပ်မယ်။ ၂၀၁၄ ခုနှစ် မှာဆိုရင်လည်း ထုတ်လုပ်နိုင်မှုက ၂၂၁၂ မဂ္ဂါဝပ်လောက်ရှိမယ်။ သုံးစွဲလိုမှု ၀န်အားက မဂ္ဂါဝပ် ၂၃၇၀ ရှိမယ်ဆိုရင် ဓာတ်အား လိုအပ်ချက်က ၁၅၈ မဂ္ဂါဝပ်လောက် လိုဦးမယ်။ ဒီလိုဓာတ်အား လိုအပ်ချက်တွေ ပြည့်မီဖို့ ပြည်တွင်း ပြည်ပက ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး Gas Engine တွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်သွားမှာပါ'' ဟု ပြောကြားသည်။
ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများ၏ ချေးငွေ အကူအညီများဖြင့် ဆောင်ရွက်မည့် ADB &JY Distribution Improvement Project,World Bank ၏ သထုံမြို့တွင်တည် ဆောက်နေသော Gas Turbine Project,JICA ၏ ရန်ကုန်မြို့ရှိ စက်ရုံနှင့် ဓာတ်အားခွဲရုံ ပြုပြင်မွမ်းမံသည့် Project များသည် ရေရှည် ကောင်းမွန်သော်လည်း ကြာမြင့်မည် ဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ်မတိုင်မီတွင် လိုအပ်နေမည့် မဂ္ဂါဝပ် ၃၀၀ အတွက် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ယခုရေးဆွဲနေသည့် စီမံချက်တွင် ထည့်သွင်း ရေးဆွဲပေးရန် တိုက်တွန်းပါကြောင်း ဦးခင်မောင်စိုးက ပြောကြားသည်။
''လက်ရှိတွင် တစ်နိုင်လုံးရှိ အိမ်ထောင်စု စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ လျှပ်စစ်မီး သုံးစွဲနိုင်သေးပါတယ်။ ရခိုင်၊ ရှမ်း၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်း ဒေသကြီး မြောက်ပိုင်း၊ ကချင်ပြည်နယ် မြောက်ပိုင်း ဒေသများတွင် လျှပ်စစ်စနစ် ဖြန့်ဖြူးနိုင်ခြင်း မရှိသေးပါဘူး။ အဲဒီလိုနေရာတွေမှာ ပုဂ္ဂလိက မီးစက်တွေနဲ့ ဆိုတော့ ဓာတ်အားသုံးစွဲခက ကျပ် ၈၀၀ လောက်အထိ ဖြစ်နေတာတွေ ရှိတယ်'' ဟု ဦးခင်မောင်စိုးက ဆိုသည်။
လက်ရှိတွင် တစ်နိုင်လုံးရှိ အိမ်ထောင်စု စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ လျှပ်စစ်မီး သုံးစွဲနိုင်သေးပါတယ်။ ရခိုင်၊ ရှမ်း၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်း ဒေသကြီး မြောက်ပိုင်း၊ ကချင်ပြည်နယ် မြောက်ပိုင်း ဒေသများတွင် လျှပ်စစ်စနစ် ဖြန့်ဖြူးနိုင်ခြင်း မရှိသေးပါဘူး...

လက်ရှိတွင် တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုမှာ ၄၈၆၂ ရွာသာ ရှိသေးကြောင်း၊ အခြားနည်းလမ်းများ ဖြစ်သည့် အသေးစားရေအား၊ ဒီဇယ်၊ စပါးခွံ၊ ဇီဝ လောင်စာများဖြင့် လျှပ်စစ်သုံးစွဲမှုသည် ၁၈၂၃၁ ရွာရှိကြောင်း၊ ထို့အတွက် လျှပ်စစ်သုံးစွဲနိုင်မှုမှာ ရွာပေါင်း ၂၃၁၁၃ ရွာဖြစ်သည့် အတွက် တစ်နိုင်ငံလုံးရှိ ကျေးရွာစုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး သုံးစွဲလျက် ရှိကြောင်း သိရသည်။
ယခင်က လျှပ်စစ်ကဏ္ဍ အတွက် နှစ် ၃၀ လျှပ်စစ်မဟာဗျူဟာ ရေးဆွဲခဲ့ကြောင်း၊ ကာလတို ငါးနှစ်စီမံကိန်း ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ခဲ့သည့် စီမံကိန်း အချို့သည် အချိန်မီ အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် စီမံကိန်း ရည်မှန်းချက်များ မပြည့်မီဘဲ ကွာဟချက်များ ရှိနေသည့်အတွက် အနည်းငယ်ပြန်လည် ပြင်ဆင်ရေးဆွဲရန် လိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
ယခင်က တရုတ်ကုမ္ပဏီ ဖြစ်သည့် China Three Gorges ကုမ္ပဏီ အကူအညီဖြင့် ၂၀၁၁ -၂၀၁၂ ခုနှစ်တွင် Myanmar Power System Planning ကို ရေးဆွဲခဲ့ကြောင်း၊ လက်ရှိတွင် JICA အကူအညီဖြင့် Electricity Master Plan ကို ရေးဆွဲလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ''ကျေးလက်မီးလင်းရေး စီမံကိန်း ရေးဆွဲရာမှာ အရေးကြီးတာက အခုဘယ်နေရာ ရောက်နေလဲ။ အဓိက စိန်ခေါ်မှုတွေက ဘာတွေလဲ။ ဒါတွေသိဖို့လိုတယ်။ စိန်ခေါ်မှုတွေ အနေနဲ့ကတော့ ရန်ပုံငွေ အကန့်အသတ် ရှိနေတယ်။ အခြေခံ အဆောက်အအုံတွေ၊ လူအင်အား ကန့်သတ်ချက်တွေ စသည်ဖြင့်ပေါ့။ အောင်မြင်ဖို့ တွန်းအားတွေ အနေနဲ့က ကျေးလက်ဒေသ မီးလင်းရေးကို နိုင်ငံတော်ကလည်း ဦးစားပေးအနေနဲ့ သတ်မှတ်ထားတယ်။ ကျေးလက်မီးလင်းရေး၊ ရေရရှိရေးကို အစိုးရက အလေးထားတဲ့အတွက် အောင်မြင်မယ့် တွန်းအားတွေပါပဲ။ ကျေးလက်ဒေသ မီးလင်းရေးက အစိုးရ တစ်ခုတည်း ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ပုဂ္ဂလိက ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံနိုင်ဖို့ ဖိတ်ခေါ်နေခြင်းလည်း ဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်လာမှ ကျေးလက်မီးလင်းရေးက ပိုမိုမြန်ဆန် ထိရောက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အကူအညီ တွေကိုလည်း ပိုမိုဖိတ်ခေါ်ဖို့ လိုအပ်နေပါသေးတယ်'' ဟု အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အသက်အရွယ်အလိုက် အာဟာရ အခြေအနေ လေ့လာခြင်းကို တစ်နိုင်ငံလုံးတွင် စတင်လုပ်ဆောင်


အခြေခံပညာ မူလတန်းအရွယ် ကလေးငယ်များအား ဗီတာမင်ဆေးပြားများ တိုက်ကျွေးနေစဉ်
အသက်အုပ်စုအလိုက် အာဟာရ အခြေအနေ လေ့လာခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ဆောင်နေပြီး အာဟာရချို့တဲ့မှု မြင့်မားနေသည့် ဒေသများတွင် ဦးစားပေး လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား အာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနမှ သိရသည်။
အာဟာရ အခြေအနေနှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ်ရာတွင် အစာစားသုံးမှု များကိုပါ ထည့်သွင်းလေ့လာ သွားမည်ဖြစ်ပြီး လက်ရှိတွင် ချင်းပြည်နယ် အတွင်းရှိ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များ၊ မကွေးတိုင်း ဒေသကြီး ချောက်နှင့် ရေစကြို မြို့နယ်များတွင် အာဟာရ အခြေအနေများကို စောင့်ကြပ်ဖော်ထုတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် အမျိုးသား အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနမှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ အတွင်းရှိ အာဟာရချို့တဲ့မှု ရာခိုင်နှုန်း မြင့်မားနေသည့် မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်ရှိ မြို့နယ်များနှင့် ကချင်ပြည်နယ်ရှိ ယာယီစခန်းများတွင် ငါးနှစ်အောက် ကလေးငယ်များ၏ အစားအစာနှင့် အာဟာရ အခြေအနေကို ကွင်းဆင်းလေ့လာ ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ကမ္ဘာ့အာဟာရ မြှင့်တင်ရေး လှုပ်ရှားမှု (Scaling Up Nutrition, SUN) နိုင်ငံများတွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ယခုနှစ် မေလအတွင်းက ၀င်ရောက်ခဲ့ပြီး ဖြစ်သည်။
ကမ္ဘာ့အာဟာရ မြှင့်တင်ခြင်း လုပ်ငန်းသည် ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်များ အာဟာရ အခြေအနေ တိုးတက်ကောင်းမွန်လာရန် လှုပ်ရှားဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု တစ်ရပ်ဖြစ်ပြီး ယင်းလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ကမ္ဘာ့အာဟာရ မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသိပညာပေး စည်းရုံးမှု၊ အရင်းအမြစ် စုဆောင်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှု ကော်မတီများ ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အဆင့် အနေဖြင့် အကြံပြုချက် ခြောက်ချက်ကို ချမှတ်ခဲ့ကြောင်းလည်း သိရသည်။
ကမ္ဘာ့အာဟာရ မြှင့်တင်ခြင်းလုပ်ငန်း လှုပ်ရှားမှုတွင် မြန်မာနိုင်ငံမှ ပါဝင်ရေးအတွက် ပထမအဆင့် အနေဖြင့် နိုင်ငံ၏ အာဟာရ အခြေအနေ၊ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စီမံချက်များနှင့် နည်းဗျူဟာများအား ကနဦးစစ်တမ်း ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအဆင့် အနေဖြင့် အာဟာရ မြှင့်တင်ခြင်းလုပ်ငန်း လှုပ်ရှားမှုနှင့် လိုက်လျောညီထွေရှိသည့် မြန်မာနိုင်ငံ အစားအစာနှင့် အာဟာရဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ် ရေးဆွဲထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက်ကလေး စုစုပေါင်း၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း (ကလေးသူငယ် ၂ ဒသမ ၅ သန်း) မှာ ကာလကြာရှည် ခံစားရသည့် အာဟာရချို့တဲ့မှု ဖြစ်နေပြီး ယင်းတို့အနက်မှ ၈ ရာခိုင်နှုန်းမှာ ပြင်းထန်အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးနေရကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) မှ ထုတ်ပြန်ချက်အရ သိရသည်။

သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား RCSS ၏ ထောက်ခံချက်ဖြင့် နိုင်/စစ် ကော်မတီမှ စစ်ဆေးနေပြီး ပါဂျောင် လူသတ်မှုကို CID က စတင်စစ်ဆေး


သာယာဝတီ အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသည့် သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား ၎င်း၏ မိခင်အဖွဲ့အစည်းဖြစ်သည့် RCSS ၏ ထောက်ခံချက်ဖြင့် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ စစ်ဆေးနေသော်လည်း တစ်ပြိုင်နက်တည်း မြန်မာပြည် မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်ပြီး သံချောင်းအား သာယာဝတီ ထောင်အတွင်း CID တပ်ဖွဲ့က လွန်ခဲ့သည့် နှစ်လခန့်က စစ်ဆေးခဲ့ပြီး သက်ဆိုင်သူများကိုလည်း ထပ်မံမေးမြန်း စုံစမ်းနေကြောင်း မေးမြန်းခံရသူများထံမှ သိရသည်။
မေးမြန်းစုံစမ်း ခံခဲ့ရသည့် မြောက်ပိုင်းမှ ပြန်လည် ရောက်ရှိလာသော ကိုသိန်းထွန်းက ''CID ရုံးမှာပဲ ကျွန်တော်တို့ အဖွဲ့တွေကို အမှုအသွားအလာကို မေးတာပါ။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကိုပေါ့နော်။ ဥပဒေ လမ်းကြောင်းအရ ဘယ်လောက် အရေးယူနိုင်မလဲ ဆိုတာကို စောင့်ကြည့်နေပါတယ်။ သူတို့က ရာဇ၀တ်မှုကို ကျူးလွန်ခဲ့တာပါ။ သူတို့ ကျူးလွန်ခဲ့တဲ့အတိုင်း အရေးယူ စေချင်ပါတယ်။ ကိုထွန်းအောင်ကျော် အမေကလည်း တိုင်ချက်ဖွင့်ထားတယ်။ တချို့က သမ္မတဆီကို စာတင်ထားတယ်။ အခုလည်း သမ္မတရဲ့ ညွှန်ကြားချက်အရ လာရောက် မေးမြန်းတဲ့အကြောင်း သူတို့ကပြောတယ်။ နောက်ထပ်လည်း ကျွန်တော်တို့ မြောက်ပိုင်းပြန်တွေ စုပြီးစာထပ်တင်ဖို့ ရှိပါတယ်။ အရေးယူမှု အနေနဲ့ကတော့ ကျွန်တော်တို့ ထင်သလောက် မပေါက်ဘူး ဖြစ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဲဒီတုန်းက ရိုက်ကူးထားတဲ့ ဗီဒီယို အခွေတွေလည်း ရှိနေပါတယ်။ သက်သေခံ အမျိုးမျိုးလည်း ရှိနေတယ်။ ဒါပေမဲ့ သူတို့ဘက်က ဘယ်လိုယူဆလို့လဲတော့ မသိဘူး။ အမှုက ကြန့်ကြာနေသလို ဖြစ်နေတယ်'' ဟု ကိုသိန်းထွန်းက ပြောကြားသည်။
ထိုအမှုတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဦးညီညီကျော်က မျက်မြင်သက်သေ ဖြစ်နိုင်သူများကို မေးမြန်းစုံစမ်း ခဲ့ခြင်းဖြစ်ပြီး အဖြစ်အပျက် မှန်ကန်ကြောင်း လာရောက်မေးမြန်း ခဲ့ခြင်းဖြစ်ပြီး ၎င်းက ဆက်လက်၍ ''ဒီကိစ္စဟာ သာမန်လူသတ်မှုတစ်ခု မဟုတ်ပါဘူး။ သမိုင်းဖြတ်သန်းမှုမှာ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ ဒီနေ့ ဒီမိုကရေစီ အပြောင်းအလဲမှာရော၊ ငြိမ်းချမ်းရေး ကိစ္စတွေမှာပါ ဒီကိစ္စဟာ မဖြေရှင်းလို့ မရတော့ပါဘူး။ ဒီကိစ္စမှာ ကျွန်တော်တို့ အနေနဲ့ အမှန်တရား ပေါ်ပေါက်ရေးကို အလေးထားပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စကို ရဲစခန်းတစ်ခုမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပေမယ့် CID လို အထူးအဖွဲ့တွေက ဆောင်ရွက်လာတာ ဖြစ်တယ်။ ဒါကြောင့် သာမန်အမှုတွေလို လျစ်လျူရှုမယ်လို့တော့ မထင်ပါဘူး။ ဒီအပေါ်မှာ မျှော်လင့်ချက် ရှိပါတယ်'' ဟု ဖြေကြားသည်။
ထို့ပြင် ကိုထွန်းအောင်ကျော်တို့ မိသားစု အနေနှင့် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စကြောင့် မိသားစု ရပ်တည်ရေး အတွက်ပါ ခက်ခဲခဲ့သည့် အကြောင်း ပြောကြားသည်။ ထို့အပြင် ယခုတစ်ခေါက်တွင် သမ္မတက ပေးအပ်မည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာနိုင်ကြောင်းနှင့် ထိုသို့ ပါဝင်လာရန်အတွက် နိုင်စစ်ကော်မတီတွင် စစ်ဆေးနေကြောင်း ပြောကြားလိုက်ပြီး ထိုသို့ပါဝင် လာပါကလည်း ယခုကိစ္စတွင် ထပ်မံရင်ဆိုင်ရမည် ဖြစ်ကြောင်းကိုလည်း ဦးညီညီကျော်က ပြောကြားသည်။
သံချောင်းခေါ် စ၀်ခွန်ကျော်အား နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီတွင် စိစစ်နေသည်မှာ မှန်ကန်သည်ဟုလည်း နိုင်/ စစ် ကော်မတီဝင် ကိုရဲအောင်က အတည်ပြု ပြောကြားသည်။
ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားအချင်းချင်း စွပ်စွဲသတ်ဖြတ်မှုကို CID မှ ကိုင်တွယ်ဖြေရှင်း နေမှုအား အတည်ပြုရန် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

လာမည့် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင်သာ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲ ကော်ရှင်ဥက္ကဋ္ဌ ပြောကြား


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အချိန်စော၍ ကျင်းပမည် မဟုတ်ဘဲ ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင်သာ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန်အတွက် နည်းဥပဒေကို ပြင်ဆင်လျက် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော မဟာဗျူဟာ စီမံချက်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ကော်မရှင်ဥက္ကဋ္ဌက သတင်းထောက်များကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲကို အချိန်စော၍ ကျင်းပမည်ဟု သတင်းထွက် နေခြင်းမှာ မှန်ပါသလားဟူသော သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အပေါ် ''မဟုတ်ပါဘူး။ ၂၀၁၅ နှောင်းပိုင်ဖြစ်မှာပေါ့'' ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြန်လည်ဖြေကြားခဲ့သည်။
ထို့အတူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ တစ်ခုဖြစ်ရန် အတွက်လည်း မဟာဗျူဟာ စီမံချက်ကို ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်းနှင့် ကျင်းပပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများ၏ အားနည်းချက်များ ထပ်မံမဖြစ်ပေါ် စေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲလျက် ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
နည်းဥပဒေတွင် ကြိုတင်မဲများနှင့် ပတ်သက်၍ နံနက် ၆ နာရီနောက်ပိုင်းမှ ရောက်လာသော မဲများကို ပယ်မဲအဖြစ် သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးငွေကို ငါးသိန်းမှ လျှော့ချခြင်း စသည်တို့ကို ကော်မရှင်အနေဖြင့် စီစဉ်ထားကြောင်းနှင့် နိုင်ငံရေးပါတီများကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

စက်မှုဝန်ကြီးဌာနမှ လုပ်ငန်း၊ မြေကွက်များ ငှားရမ်းရာတွင် ၀န်ကြီးတစ်ဦးနှင့် တစ်ဦးကြား ငှားရမ်းခ သတ်မှတ်မှု ငါးဆနီးပါးအထိ ကွာဟပြီး ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာ


ယခုအစိုးရ လက်ထက်၌ပင် စက်မှုဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့် အောက်ရှိ အများပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ စက်ရုံများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းရာတွင် ယခင် ပြည်ထောင်စု ၀န်ကြီးနှင့် ယခု ပြည်ထောင်စု ၀န်ကြီးလက်ထက် ငှားရမ်းခ သတ်မှတ်ရာ၌ ယခင်ပြည်ထောင်စုဝန်ကြီး လက်ထက်က စံနှုန်းသတ်မှတ်ချက် မရှိဘဲ ငှားရမ်းခဲ့၍ ငှားခ အချို့မှာ ရသင့်သည်ထက် ငါးဆနီးပါး လျှော့နည်း ရရှိသည့်အတွက် ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
စက်မှု ၀န်ကြီးဌာန၏ ယခင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က ပြည်သူပိုင် စက်ရုံ၊ မြေကွက်အချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါမခေါ်ဘဲ ငှားရမ်းခဲ့သည့် ငှားရမ်းခများနှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း ၀န်ကြီးများ လက်ထက်တွင် တင်ဒါခေါ်ယူပြီးမှ ငှားရမ်းခဲ့သည့် ငှားရမ်းခများ ကွာဟကာ နစ်နာခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။
ဥပမာအားဖြင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က စစ်တောင်းစက္ကူ စက်ရုံအား ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်းရာတွင် ငှားရမ်းခအဖြစ် တစ်နှစ်ကျပ် ၂၁၆ သန်းသာ ရရှိခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း တာဝန်ယူသည့် ပြည်ထောင်စု ၀န်ကြီးများ လက်ထက်တွင် ရေနီစက္ကူစက်ရုံအား တင်ဒါခေါ်ယူပြီး ငှားရမ်းရာတွင် တစ်နှစ်ကျပ်သန်း ၉၅၀ အထိ ရရှိခဲ့ကြောင်း၊ အဆိုပါ ငှားရမ်းခ နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ယခင်ဝန်ကြီးနှင့် ယခုဝန်ကြီးများ လက်ထက် ငှားရမ်းခနှုန်းထား များစွာကွာဟ၍ ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာခဲ့ကြောင်း သိရသည်။
စစ်တောင်းနှင့် ရေနီစက္ကူစက်ရုံ နှစ်ရုံ မတူညီသော်လည်း စစ်တောင်းစက္ကူ စက်ရုံနှင့် စက်ရုံပိုင် မြေများကို ရေနီစက္ကူ စက်ရုံကဲ့သို့ တင်ဒါခေါ်ယူကာ ငှားရမ်းခဲ့ပါက ၂၁၆ သန်းထက် များစွာပိုရမည်မှာ မလွဲမသွေ ဖြစ်သည်ဟုလည်း လုပ်ငန်းရှင်များက ဆိုသည်။
၎င်းအပြင် ရွှေသံလွင်မှ တစ်နှစ် ကျပ် ၂၁၆ သန်းဖြင့် ငှားရမ်းစဉ်က ခုနစ်လစာ ငှားရမ်းခကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က ကင်းလွတ်ခွင့် ပေးခဲ့သည့်အတွက် နစ်နာခဲ့ရသော်လည်း နောက်ပိုင်းပြည်ထောင်စု ၀န်ကြီးများ လက်ထက်တွင် အလုံးစုံ ကင်းလွတ်ခွင့် မပြုခဲ့ကြောင်း (စုံစမ်းသိရသည့် အချက်အရသာ)၊ ထို့အတွက် ပြည်သူ့ဘဏ္ဍာငွေ နစ်နာစေမည့် ကင်းလွတ်ခွင့်ပေးသည့် အပိုင်းတွင်လည်း ၀န်ကြီးတစ်ဦးနှင့် တစ်ဦးကြား ကွာခြားကြောင်း သိရသည်။
၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်း အုတ်စက်ရုံကိုလည်း Mother Industrial (Mother Trading နှင့် ကုမ္ပဏီ တူညီသည်ဟု သိရ) ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ်သန်း ၂၂၀ ၀န်းကျင်တည်းဖြင့် စာချုပ်ငှားရမ်းခဲ့ကြောင်း၊ တစ်ဧကလျှင် တစ်လငှားရမ်းခနှုန်းမှာ ကျပ် ၇၄၀၀၀ သာ ရခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း တာဝန်ယူခဲ့သော ပြည်ထောင်စု ၀န်ကြီးများ လက်ထက်၌ Mother Industrial ကုမ္ပဏီနှင့် ပြန်လည်ပြင်ဆင် စာချုပ်ရန် စီစဉ်ရာတွင် ၂၃၇ ဧကထဲမှ ဧက ၉၀ ကျော်တည်းကိုပင် တစ်နှစ်လျှင် ကျပ် သန်း ၃၂၀ ၀န်းကျင်အထိ ဈေးသတ်မှတ် ချုပ်ဆိုရန် စီစဉ်ခဲ့ကြကြောင်း (ပြန်ပြင်ချုပ်ဆိုမှုကို ထုတ်ပြန်ခြင်းမပြု)၊ ထို့အတွက် စာချုပ်ပြင်ချုပ်ရန် စီစဉ်ခဲ့သည့် ဈေးအရ ယခင်ဝန်ကြီး လက်ထက်ကထက် လေးဆကျော်အထိ ပိုမိုမြင့်တက် ခဲ့သည်ဟု သိရသည်။
တညင်းကုန်း အုတ်စက်ရုံနှင့် ဆက်စပ်မြေပေါ်တွင် တည်ဆောက်ထားပြီး လမ်းမကြီးပေါ်တွင် ရှိသော တစ်ခန်းလျှင် ၃၆ x ၁၂ ပေ ကျယ်ဝန်းသည့် ဆိုင်ခန်းအခန်း ၂၀ ကိုလည်း တစ်ခန်းလျှင် ကျပ် ၃၃၀၀၀၀ ကျော်တည်းဖြင့် စာချုပ်ကာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က Mother Industrial သို့ပင် လွှဲပြောင်းရောင်းချခဲ့ရာ ကာလပေါက်ဈေးထက် များစွာနည်းပါး၍ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်းပေါင်းများစွာ နစ်နာခဲ့သည်။ (စာချုပ်ပြန်ပြင်ချုပ် မချုပ် မထုတ်ပြန်)။
၎င်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က ၂၄ ဧကကျော် ကျယ်ဝန်းသည့် သစ်ဆိမ့်ဆီ အလုပ်ရုံကို စိန်ရွှေထိပ်တန်း ကုမ္ပဏီသို့ တစ်နှစ်ကျပ် ၂၁ သန်းကျော်တည်းဖြင့် လည်းကောင်း၊ ရန်ကုန် ကျိုက်ဝိုင်းရှိ ၂ ဒသမ ၄ ဧကကျော် ကျယ်ဝန်းသည့် သံထည်သစ်သားထည် အလုပ်ရုံကိုလည်း Mother Trading ကုမ္ပဏီသို့ တစ်နှစ်ကျပ် ၁၈ သန်းဖြင့် လည်းကောင်း၊ ပလတ်စတစ် စက်ရုံအမှတ် (၁) (မရမ်းကုန်း၊ မှော်ဘီတို့တွင်ရှိသော စက်ရုံခွဲများပါ အပါအ၀င်) ကို Mother Trading ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ်သန်း ၂၉၀ တည်းဖြင့်လည်းကောင်း ငှားရမ်းခွင့် ပေးခဲ့ခြင်းများကို ကာလပေါက်ဈေးဖြင့် ဖြစ်စေ၊ ယခုနောက်ပိုင်း ပြည်ထောင်စု ၀န်ကြီးများ တင်ဒါခေါ် ငှားရမ်းသည့် စက်ရုံငှားခ ဈေးများဖြင့်ဖြစ်စေ နှိုင်းယှဉ်လျှင်လည်း ယခင်လက်ထက်က ရရှိသည့် ငှားရမ်းခမှာ များစွာနည်းပါးနေကြောင်း သိရသည်။
ယခုနောက်ပိုင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ လက်ထက်တွင်မူ ၁ ဧက ၀န်းကျင်သာ ကျယ်ဝန်းသည့် လှိုင်မြို့နယ်ရှိ LED မီးသီးစက်ရုံ တစ်ရုံတည်း ငှားရမ်းခသည်ပင် တစ်နှစ် ကျပ် ၄၃၂ သန်း၊ မြစ်သားနှင့် ပျော်ဘွယ်အထည်စက်ရုံ နှစ်ရုံငှားရမ်းခမှာလည်း တစ်နှစ် ကျပ် ၉၁၄ သန်းကျော်အထိ ရရှိခဲ့ကြရာ ယခင်ဝန်ကြီး လက်ထက်က ငှားရမ်းခထက် များစွာပိုမို ရရှိလာသည်မှာ ထင်ရှားသည်။
စက်မှုဝန်ကြီးဌာန တစ်ခုတည်း၌ပင် ၀န်ကြီးတစ်ဦးနှင့် တစ်ဦးကြား ငှားရမ်းရောင်းချသည့် ဈေးများမတူညီခဲ့၍ ပြည်သူပိုင်မြေကွက်၊ လုပ်ငန်း၊ စက်ရုံများမှ ပြည်သူများအတွက် ပြန်ရမည့် ဘဏ္ဍာငွေ များစွာဆုံးရှုံး နစ်နာခဲ့မှု ရှိရာ ၀န်ကြီးဌာနများ အားလုံးဆိုလျှင် ပြည်သူ့ဘဏ္ဍာ မည်မျှနစ်နာမည်ကို တွက်ဆနိုင်ကြောင်း၊ နစ်နာမှု ရှိနေသည့် စာချုပ်များကိုလည်း ပြန်လည်ပြင်ဆင် ချုပ်ဆိုသင့်ကြောင်း၊ သို့မှသာ အများပြည်သူအတွက် ပြန်လည်အသုံးချမည့် ဘဏ္ဍာငွေ ပိုမိုရရှိမည် ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းလက်ထက် တာဝန်ယူစဉ်က စာချုပ်ငှားရမ်းခဲ့သည့် စက်ရုံအချို့နှင့် ငှားရမ်းခ (ကျပ်သန်း)
စက်ရုံအမည်ငှားရမ်းခွင့်ရသူတစ်နှစ်ငှားရမ်းခ
စစ်တောင်းစက္ကူစက်ရုံရွှေသံလွင်ကုမ္ပဏီ၂၁၆
ပလပ်စတစ်စက်ရုံအမှတ်(၁)Mother Trading၂၉၀
မရမ်းကုန်၊ မှော်ဘီစက်ရုံခွဲများပါ ပါဝင်
ဖော့ကန်ဆိပ်ကမ်းမြေ(၂၃.၂၉၀ ဧက)Mother Trading၈၂.၉၄
တညင်းကုန်းအုတ်စက်ရုံ(၂၃၇ ဧက)Mother Industrial၂၂၀ ၀န်းကျင်
အုတ်စက်ရုံမြေရှိ ၃၆x၁၂ ပေကျယ်Mother Industrial၆.၇၃၃
ဆိုင်ခန်း အခန်း(၂၀)(တစ်ခန်းလျှင် ၃၃၆၆၅၃ ကျပ်ဖြင့် အပြတ်ရောင်း)
သံထည်သစ်ထားထည်(ကျိုက်ဝိုင်း၂.၄ဧက)Mother Trading၁၈
သစ်ဆိမ့်ဆီအလုပ်ရုံ(ဆိပ်ဖြူ)စိန်ရွှေထိပ်တန်း၂၁.၆
ခရမ့်ရော်ဘာစက်ရုံSupreme White Gold၈၂.၈၂၈
ဆပ်ပြာစက်ရုံ(မန္တလေး)တော်ဝင်ဟိန်း၁၂၀
ဆပ်ပြာစက်ရုံ(မကွေး)စိန်ရွှေထိပ်တန်း၁၀၈
ဆပ်ပြာစက်ရုံ(ရမည်းသင်း)Green Myanmar Dragon၁၀၈
ဖိနပ်စက်ရုံ(ကျောက်ဆည်)Reva Co.,Ltd၆၀
ဖိနပ်စက်ရုံ(ဖော့ကန်)Reva Co.,Ltd၆၀
မကွေးအချိုရည်နှင့်ရေခဲစက်ရုံဂရိတ်မြန်မာ၁၈
ဒိုက်ဦးကော်မှုန့်စက်ရုံFortune International၁၂၀
စကျင်ကျောက်ပြားစက်ရုံ(မတ္တရာ)First Pacific၄၈
ဓာတုဗေဒပစ္စည်းစက်ရုံ(လှိုင်)ကျော်သာကုမ္ပဏီ၃၉.၆
ကြွေရည်စိမ်ပစ္စည်းစက်ရုံ(မရမ်းကုန်း)မြင့်ဝေ ၀မင်းကုမ္ပဏီ၁၅၀
ပလပ်စတစ်ပစ္စည်းစက်ရုံ(သန်လျင်)ဟိန်းရွှေကမ္ဘာ၂၁.၇၄၄

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
အဆက်ဆက် တာဝန်ယူစဉ်က ပြန်လည်ပြင်ဆင် ချုပ်ဆိုငှားရမ်းခြင်းနှင့်
တင်ဒါခေါ်ယူပြီးမှ အသစ်ငှားရမ်းခြင်း ပြုခဲ့သည့် စက်ရုံအချို့နှင့် ငှားရမ်းခ (ကျပ်သန်း)
စက်ရုံကုမ္ပဏီတစ်နှစ်ငှားရမ်းခ
တညင်းကုန်းအုတ်စက်ရုံ(၉၀.၀၂၉ ဧက)Mother Industrial၃၂၀.၆၃
အမှတ်(၇)မြစ်သားအထည်CYT Industrial၃၃၆
အမှတ်(၈)ပျော်ဘွယ်အထည်CYT Industrial၅၇၈.၈
ရေနီစက္ကူစက်ရုံလက်ဝါးကုမ္ပဏီ၉၅၀
ကော့သောင်းဆီအုန်းခြံနှင့်စက်ရုံTanintharyi Plam Oil၁၃၀
ကြွေထည်စက်ရုံ(မော်လမြိုင်)Chords & Chain Myanmar၄၈
ကြွေထည်စက်ရုံ မော်လမြိုင်မြေလွတ်Chords & Chain Myanmar၃၆
မော်လမြိုင်အမှတ်(၄)အရက်ချက်စက်ရုံခွဲMandalay Golden Friend၆၀
LED မီးသီးစက်ရုံခွဲ(လှိုင်)Lighting Specialist(Krislite)၄၃၂
ကြွေရည်စိမ်ပစ္စည်းစက်ရုံခွဲ(လှိုင်)သိဒ္ခိထက်၃၆
စက်ဘီးစက်ရုံ(ကျောက်ဆည်)Win & Win၉၆
စက်ဘီးစက်ရုံခွဲ(ရန်ကုန်)Win & Win၂၈၈
အင်းစိန်နှင့် ပလိပ် အထည်စက်ရုံနှစ်ရုံPanda Textile၆၀၀
မှတ်ချက် ။   ။ Mother Industrial ကုမ္ပဏီမှ ငှားထားသည့် တညင်းကုန်း အုတ်စက်ရုံငှားခဈေးမှာ ယခင်စာချုပ်ဟောင်းကို ပြန်ပြင်ချုပ်ဆိုရန် ကနဦး စီစဉ်သည့် ဈေးနှုန်း ဖြစ်ပါသည်။
Eleven Media Group

တ​ရုတ်​နိုင်​ငံ​မှာ ​ရေ​နံ​ပိုက်​လိုင်း ​ပေါက်​ကွဲ​မှု​ကြောင့် ​လူ ၃၅ ​ဦး ​သေ​ဆုံး ၁၆၆ ​ဦး ​ဒဏ်​ရာ​ရ


တ​ရုတ်​နိုင်​ငံ ​အေ​ရှ့​ပိုင်း ​ရေ​နံ​ဆိပ်​ကမ်း​မြို့​ဖြစ်​တဲ့ ​ကွင်း​ဒေါင့် (Qingdao)​မြို့​မှာ ​နိုင်​ငံ​ပိုင် ​ရေ​နံ​ကု​မ္ပ​ဏီ​ကြီး​ဖြစ်​တဲ့ ​ဆိုင်​နို​ပက်​ရေ​နံ​ကော်​ပို​ရေး​ရှင်း (Sinopec)​ရဲ့ ​ရေ​နံ​ပိုက်​လိုင်း ​ပေါက်​ကွဲ​မှု​တ​ခု ​ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၂၂ ​ရက်  ​သော​ကြာ​နေ့​က ​ဖြစ်​ပွား​ခဲ့​ပါ​တယ်။

မြေ​အောက်​ပိုက်​လိုင်း ​ပေါက်​ကွဲ​ပြီး ​အ​ပေါ်​မှာ​ရှိ​တဲ့ ​လမ်း​မ​အ​ထိ ​ပေါက်​ထွက်​ခဲ့​တာ ​ဖြစ်​ပါ​တယ်။ ​ဆီ​ယို​စိမ့်​ပေါက်​က​နေ ​မီး​လောင်​ကျွမ်း​ပြီး ​ပေါက်​ကွဲ​မှု ​ဖြစ်​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။

နံ​နက် ၁၀ ​နာ​ရီ​ခွဲ​မှာ ​ပေါက်​ကွဲ​မှု ​ဖြစ်​ခဲ့​ပြီး ​ည ၁ ​နာ​ရီ​ကျ​မှ ​မီး​ငြိမ်း​သတ်​နိုင်​ခဲ့​တယ်​လို့ ​ဒေ​သ ​အာ​ဏာ​ပိုင်​တွေ ​က ​ဆို​ပါ​တယ်။

နိုင်​ငံ​ပိုင်​သ​တင်း​ဌာ​န ​စီ​စီ​တီ​ဗွီ​က​တော့ ​လူ ၃၅ ​ယောက် ​သေ​ဆုံး​ပြီး ၁၆၆ ​ယောက် ​ဒဏ်​ရာ​ရ​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။

ကွင်း​ဒေါင့်​မြို့​မှာ ​ရှိ​တဲ့ ​ဆီ​သို​လှောင်​ကန်​ကြီး​ဟာ ​တ​ရုတ်​နိုင်​ငံ​ရဲ့ ​အ​ကြီး​ဆုံး ​ဆီ​သို​လှောင် ​ကန်​တွေ​ထဲ​က ​တ​ခု​ဖြစ်​ပြီး ​အ​နည်း​ဆုံး ​အ​ကြီး​စား​ရေ​နံ​ချက်​စက်​ရုံ ၂ ​ခု​ကို ​ရေ​နံ​စိမ်း​တွေ ​တင်​ပို့ ​ပေး​နေ​တာ ​ဖြစ်​ပါ​တယ်။

ဒီ​ပေါက်​ကွဲ​မှု​နဲ့ ​ပတ်​သက်​ပြီး ​ဆိုင်​နို​ပက်​ဘက်​က ​တုန့်​ပြန်​မှု​တွေ ​မ​ရှိ​သေး​ပါ​ဘူး​။

တ​နေ့​ကို ​ဆီ​ပေ​ပါ ၂ ​သိန်း ၄ ​သောင်း ​ထုတ်​လုပ်​နေ​တဲ့ ​ဆိုင်​နို​ပက် ​ကွင်း​ဒေါင့်​  ​ရေ​နံ​ချက်​စက်​ရုံ​ရဲ့ ​ရေ​နံ​ထုတ်​လုပ်​မှု ​ကို ​ထိ​ခိုက်​မှု ​ရှိ၊ ​မ​ရှိ​ကို​လည်း ​မ​သိ​ရ​သေး​ပါ​ဘူး​။
DVB

ကျောက်ဖြူ တိုက်ခိုက်မူနှင့် ဆက်စပ်ပြီး လူ (၃) ဦး ဖမ်းဆီးခံရ


ကျောက်ဖြူမြို့ရှိ ဗလီ တစ်လုံးအား တိုက်ခိုက် ဖြိုဖျက်မူနှင့် ပတ်သက်ပြီး ပါဝင်သူများဟု သံသယ ဖြစ်ခံရသူ (၃)  ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု  သတင်း ရရှိသည်။

ထိုသို့ သို့ ဖမ်းဆီးလိုက်သည်ကို ကျောက်ဖြူရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသော်လည်း ဖမ်းဆီးခံရသူများ၏ အမည်နှင့် နေရပ်လိပ်စာကိုမူ ပြောဆိုရန် ငြင်းဆိုသည်။

“ သုံးဦး ဖမ်းတယ်ခင်ဗျား။ ကျွန်တော်က ဒီအမူကို ကိုင်ထားတဲ့ လူ မဟုတ်တဲ့ အတွက် ဘယ်သူတွေလည်းဆိုတာ ပြောပိုင်ခွင့် မရှိပါဘူး” ဟု ၎င်းရဲအရာရှိက ဆိုသည်။

ကျောက်ဖြူမြို့တွင် လွန်ခဲ့သော နိုဝင်္ဘာလ ၁၈ ရက်နေ့ ညနေက သဗ္ဗာန်ချောင်းရပ်ကွက်ရှိ အစောင့်အရှောက် မရှိသော ဗလီ တစ်လုံးအား အမည်မသိသူ တစ်စုမှ ၀င်ရောက်ဖြိုဖျက်ခဲ့ကြောင်း၊ သို့အတွက် ဗလီမှာ အနည်းငယ် ထိခိုက်ခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ပါဝင် ပတ်သက်သူများဟု သံသယ ရှိသူများကို ရဲက ဖမ်းဆီးခဲ့ကြောင်း ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

“ ဘေးက အဖီထိုးချထားတဲ့ ၀ါးကွပ်ပျစ်တွေ ပြိုကျသွားတယ်လို့ ကြားရပါတယ်။ သိပ်များများစားစားတော့ မဟုတ်ဘူးလို့ သိရတယ်။ ဖြစ်တာက ဒုက္ခသည် စခန်းက မွတ်ဆလင်တွေက အဲဒီ ဗလီမှာ ၀တ်ပြုခွင့် တောင်းတယ်လို့ သတင်းတွေ ထွက်လာတယ်။ သူတို့ကို မြို့တွင်းထဲကို ၀င်ခွင့်ပြုရင် မီးရှို့ တိုက်ခိုက်မူတွေ ထပ်ဖြစ်မယ် ဆိုပီး သူတို့ မ၀င်ရအောင် လူတစ်စုက သွားဖျက်ကြတယ်လို့ ကြားရပါတယ်” ဟု ယင်းက ဆိုသည်။

၎င်းဗလီမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်း ကျောက်ဖြူမြို့ သဗ္ဗာန်ချောင်း ရပ်ကွက်တွင် ကျန်ရှိခဲ့ကြောင်း၊ တနှစ်နီးပါး ရဲက တာဝန်ယူ စောင့်ရှောက်ခဲ့သော်လည်း လွန်ခဲ့သောလက အစောင့်အရှောက်များကို ရုတ်သိမ်းသွားခဲ့ကြောင်း၊ တစ်လကျော် အစောင့်အရှောက် မရှိဘဲ ရှိနေခဲ့ရာမှ ယခုလတွင် ထပ်မံ တိုက်ခိုက်မူ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီင်္းခံရသူ (၃) ဦးနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့မှ လူမူရေး လူပ်ရှား ဆောင်ရွက်နေသူ ဦးသန္တာမောင်အား နိရဉ္စရာက ဆက်သွယ် မေးကြည့်ရာ ဖမ်းဆီးခံရသူ (၃) ဦး ရှိသည်မှာ ဟုတ်မှန်ကြောင်း၊ သူတို့အထဲမှ မောင်လှပုမှာ တိုက်ခိုက်ရာတွင် ပါဝင်သူ မဟုတ်ဘဲ ပစ္စည်းအချို့ကို ၀င်ရောက် သယ်ယူစဉ် ဖမ်းဆီးခံရသူ ဖြစ်ကြောင်း ပြောကြားသည်။

ဖမ်းဆီးခံရသူ (၃) ဦးအား ယမန်နေ့က ရုံးထုတ်ခဲ့ပြီး ရမန်ယူကာ စစ်ဆေးရန် ကျောက်ဖြူထောင်ကို ပို့လိုက်သည်ဟု သိရသည်။
(နိရဉ္စရာ- ၂၃ နိုဝင်္ဘာလ ၂၀၁၃)

ရခိုင်ပြည်နယ် မူလတန်းကျောင်းများ အတွက် ဂျပန် အလှူရှင် တစ်ဦး ကန်ဒေါ်လာ ငါးသောင်း ကူညီ

ကျောင်းမရှိ၍ ဘုန်းကြီးကျောင်းအောက် စပါးတောင်း ဆရာနှင့် စာသင်ကြားနေရသော ရခိုင်မှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် အတွင်းရှိ မူလတန်းကျောင်းများ ပြန်လည် တည်ဆောက်ရန် အတွက် ဂျပန်နိုင်ငံမှ အလှူရှင် တစ်ဦးက အမေရိကန်ဒေါ်လာ ငါးသောင်း ကူညီလှူဒါန်းလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းအလှူငွေအား ဂျပန်နိုင်ငံ တိုကျိုမြို့နေ အလှူရှင် Mr.IKKA AKINARI ကိုယ်စား Mr.HAN JAEHTEOH က သပိတ်အိုင် သီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရမှ တဆင့် နိုဝင်္ဘာလ ၁၉ ရက်နေ့က လှူဒါန်းလိုက်ကြောင်း နိုဝင်္ဘာလ ၂၂ ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။

အလှုငွေ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူသာသနာ့ ဗိမာန်တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အခမ်းအနားတွင် အလှူရှင် ကိုယ်စား MR. HAN JAEHYEON က မြန်မာနိုင်ငံသည် အလွန် နှစ်သက်စရာ ကောင်းပြီး မြန်မာလူမျိုးတို့သည် ရိုးသားဖြူစင်ကြသဖြင့် ကလေးငယ်များ မူလတန်း ပညာရေး အဆင့် ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခုကို တည်ထောင် ရာတွင် ကလေးငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အရေးပါအရာရောက်သည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာရည်မြင့်မားမှ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှ ခရိုင်ပညာရေးမှူးရုံးကို တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)

သီတဂူဆရာတော်ကြီးအား အကူအညီနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် အတွက် နိရဉ္စရာက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုံးပိတ်ထားသည်ဟု အကြောင်းပြန်ပြီး ဆက်သွယ်၍ မရရှိခဲ့ပါ။

၎င်း အလှူရှင် Mr.IKKA AKINARI ယခင်ကလည်း စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးဒေသရှိ မူလတန်းကျောင်း အတွက် ကျပ်သိန်း ၅၀၀ နှင့် ဆေးရုံအတွက် ကျပ်သိန်း ၁၅၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခု အလှူငွေသည်  ရခိုင်ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
(နိရဉ္စရာ- ၂၃ နိုဝင်္ဘာ ၂၀၁၃)

သူရိယနေ၀န်းဂျာနယ်ကို ဦးတေဇ တရားစွဲမယ်


ဒီကနေ့ထုတ် သူရိယနေ၀န်း ဂျာနယ်မှာ အထင်ကရ လုပ်ငန်းရှင်ကြီး ဦးတေဇကို မျက်နှာဖုံးပုံတင်ထားတာ တွေ့ရပါတယ်။  ရန်ကုန်မှာတော့ စာဖတ်သူအများအပြား အဲဒီဂျာနယ်ကို ဒီမနက် ၀ယ်ဖတ်နေကြတာကိုလည်း တွေ့ရပါတယ်။


အထက် ဖော်ပြပါပုံကို ခပ်ကြီးကြီး တင်ထားတာ တွေ့ရပါတယ်။ ဂျာနယ် မဖတ်ဖြစ်သေးတဲ့အတွက် အတွင်းဘက်မှာ ဘာတွေ ရေးထားမှန်းတော့ မသိပါ။

ဦးတေဇကတော့ ဂျာနယ်ထဲ သူ့ကို စော်ကား ရေးသားထားတယ် လို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလေးတင် ရေးလိုက်ပါတယ်။ တရားစွဲမယ်လို့ ဆိုပါတယ်။  "မိမိကို ပုတ်ခတ်စော်ကားရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်" လို့လည်း ရေးထားပါတယ်။

 ယနေ့ထုတ် သူရိယနေဝန်း အပတ်စဉ်ဂျာနယ်မျက်နှာဖုံးဆောင်းပါးအဖွင့်မှာ ဂျာနယ်အယ်ဒီတာချုပ် မိုးဟိန်းက မိမိနာမည်တပ်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာကို ဖတ်မိပြီး မိမိအံ့သြမိပါတယ်။ အံ့သြမိတယ် ဆိုတဲ့အချက်မှာ မီဒီယာလုပ်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်က သူတည်ထောင်ထားတဲ့ အဝါရောင်စာမျက်နှာထက်မှာ မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ်ဆိုတာပါ။

မိမိဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF တွေကနေ သူရဲကောင်းမှတ်တမ်းဝင်အဖြစ် အကြိမ်ကြိမ်ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့ သီရိပျံချီ ဦးမြင့်ဆွေ (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း တပ်မတော်မိသားစုဝင် ယောက်ျားပီသစွာဖြင့် အမိမြေအတွက် ပေးဆပ်ခဲ့ကြသော စစ်သားကောင်းများ ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။

မိမိမှာလည်း ရဟတ်ယဉ်ပျက်ကျပြီး သေရွာပြန်ဖြစ်သည့်အတွက် နောက်တစ်ခေါက် ထပ်သေရမှာ မကြောက်တတ်သူဆိုတာကိုလည်း သတိပြုမိပုံမပေါ်ပါ။

ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက်လည်း လူကြီးလူကောင်းပီသစွာ ဥပဒေဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင်အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကားရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်။

တစ်ဆက်တည်းမှာပဲ အဆင့်မရှိသော မီဒီယာစာစောင်တချို့ မှ စော်ကားရေးသားထားသော မိမိရဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဒီလုပ်ငန်းတွေကို မိမိမတိုင်ခင် ယခင်လုပ်ခဲ့သူများ၊ မိမိနဲ့ တချိန်တည်းလုပ်ကိုင်ခဲ့သော ကုမ္ဗဏီများ အခြေအနေနှင့် အကျိုးအမြတ်၊ ယခုခေတ်လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့် လုပ်ပိုင်ခွင့်ရရှိသည့်အခြေအနေများကို မြန်မာပြည်သူ ပြည်သားများ၏ အနာဂါတ် လှပ တိုးတက်စေရေးအတွက် မိမိရိုးသားမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ကမ္ဘာသို့တင်ပြသွားပါမယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ... အခုလေးတင် သူရိယနေ၀န်းအကြောင်း စီးပွားရေးမှာ အမြဲတမ်းရန်သူမရှိ ဆိုပြီး ဒီဘလော့မှာ ရေးခဲ့ပါသေးတယ်။ ရှေ့တပတ်ထုတ် သူရိယနေ၀န်းမှာ ဦးတေဇရဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်ပြီး တခုခု ပါလာလေမလား ဆိုပြီး ဂျာနယ်ကို အလုအယက် ၀ယ်ဖတ်ကြဦးမယ်လို့ ယူဆရပါတယ်။

ဦးတေဇက တရားစွဲမယ်လို့ ဆိုရလောက်အောင် ဂျာနယ်ထဲ ဘာတွေ ရေးထားပါလိမ့် ဆိုတာကို သိလိုကြသူ အများအပြား ရှိမှာ ဖြစ်တဲ့အတွက် ဒီနေ့ထုတ်လည်း ထင်ထားတာထက် ပိုပြီး အရောင်းသွက်ဖွယ် ရှိပါတယ်။

Irrawaddy

စီးပွားရေးမှာ အမြဲတမ်းရန်သူမရှိ


နိုင်ငံရေးမှာ အမြဲတမ်းရန်သူ မရှိဘူးဆိုတဲ့ စကား ကြားဖူးတယ်။ ဒီမနက်တော့ စီးပွားရေးမှာလည်း အဲသလိုပဲ အမြဲတမ်းရန်သူမရှိသင့်ဘူး ဆိုတဲ့သဘော ဆင်ခြင်မိပါတယ်။

ရန်ကုန်  ၄၆ လမ်း စာနယ်ဇင်းဈေးကွက်ထဲက ဖြန့်ချိရေးဆိုင်တခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိုစတာကြီးတွေ ချိန်ဆွဲထားတာ တွေ့ခဲ့ရပါတယ်။

သူရိယနေဝန်းဂျာနယ်ကို မဖြန့်ဘူး မရောင်းဘူး ဆိုတဲ့ ပိုစတာတွေပါ။ အဲဒီဂျာနယ်က ပြဿနာဂျာနယ်လို့လည်း ဆိုထားတာပါ။


ဘာကြောင့် အဲဒီလို ကြေညာရတာလဲ၊ အငြင်းပွားဖွယ်ဂျာနယ် ဖြစ်နေတာကြောင့်လား၊ ဆိုင်ရှင်ကို မေးကြည့်ပါတယ်။
အဖြေကတော့ ... ဂျာနယ်က  သူတို့ဆီကို မှာထားသလောက် မရောက်ဘူး၊ တချို့ဆိုင်တွေကိုတော့ ရောက်တယ်၊ ဒါကြောင့် ဖြန့်ချိရေး လုပ်ကိုင်ရာမှာ အခက်အခဲ ရှိတယ်၊ ပြဿနာတက်တယ် လို့ ရှင်းပြပါတယ်။

ဈေးကွက်က အပြိုင်အဆိုင်သဘော ဖြစ်တာကြောင့် မှာထားသလောက် လာမပေးရင်ပြဿနာ တက်ပြီပေါ့၊ ဒီတော့ အဲသလို ကြေညာတာဟာ သဘာဝကျပါတယ်လေ လို့ တွေးမိပါတယ်။ ဧရာဝတီဘလော့မှာ ရေးဖို့ မေးခဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။


အဲ ... အဲဒီနေရာ ဒီကနေ့ စနေမနက် ရောက်တော့ ရာသီဥတု အပြောင်းအလဲဖြစ်နေပါပြီ။
ဟိုနေ့က ပြဿနာ .... ဆိုတဲ့ ပိုစတာများနေရာမှာ - စနေနေ့ထုတ် သူရိယနေဝန်းကို ကျပ် ၅ဝဝ နဲ့ အားပေးဝယ်ယူနိုင်ပြီလို့ ရေးထားတဲ့ ပိုစတာတွေက အစားထိုး နေရာယူနေပါတယ်။


အင်း...ဂျာနယ်တိုက် နဲ့ ဖြန့်ချိရေးဆိုင်တခုကြားမှာ တွေ့ဆုံဆွေးနွေး အဖြေရှာလိုက်နိုင်ပြီလို့ တွေးလိုက်မိပါတယ်။

ဒေါသသင့် ပဋိပက္ခဖြစ်တဲ့အခြေအနေကနေ ပြန်လည် ရင်ကြားစေ့သင့်မြတ်ရေးအခြေအနေကို အချိန်မရွေး ပြောင်းလဲနိုင်ပါလားလို့လည်းတွေးမိပါတယ်။
စီးပွားရေးမှာ အမြဲတမ်းရန်သူမရှိဘူးလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။

ဒီဂျာနယ်က ဟိုတလောကပဲ ၆၀၀/၇၀၀ နဲ့ ရောင်းနေတဲ့ ဂျာနယ်ပါ။ သူတပါးဂျာနယ်များထက် ၁၀၀/၂၀၀ ပိုတဲ့ ဂျာနယ်ပါ။
ရန်ကုန်မှာ ခုချိန်ထိလည်း အရောင်းသွက်နေပါတယ်။ ဈေးကတော့ ၅၀၀ ရောင်းတဲ့နေရာ ရှိသလို ၆၀၀ ရောင်းတဲ့နေရာ ရှိပါတယ်။

သူ ပစ်မှတ်ထားတဲ့ စာဖတ်ပရိသတ် ဘာကိုစိတ်ဝင်စားတယ် ဆိုတာလည်း သဘောပေါက်ပုံရပါတယ်။

အွန်လိုင်းပရိသတ်အတွက်တော့ ဒီဂျာနယ်မှာ စိတ်ဝင်စားစရာ သိပ်မရှိပါ။ ဂျာနယ်မှာ ခပ်ကြီးကြီးထည့်ထားတဲ့ပုံတွေကို အွန်လိုင်းမှာ မကြာခဏဆိုသလို မြင်ခဲ့ရပြီးဖြစ်လို့ပါ။
အွန်လိုင်းမသုံးတဲ့ပရိသတ်ကတော့ ဒီဂျာနယ်ကို ပိုပြီး စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။

Irrawaddy

ဖွဲ့စည်းပုံ ပြင်ရေး NLD ပါတီဥက္ကဋ္ဌ သမ္မတထံ စာပို့မည်


အခြေခံဥပဒေ ပြုပြင်ရေး သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်တို့ တွေ့ဆုံကြရန် သမ္မတ ဦးသိန်းစိန် ထံ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံစာ ပေးပို့မည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံတွင် အဓိက အကျဆုံးသော ကိစ္စရပ်တခုဖြစ်
ပြီး ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စေရန် သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်တို့ တွေ့ဆုံ
ဆွေးနွေးရေး  ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်အား စာဖြင့် မေတ္တာရပ်ခံရန် ယနေ့ အစည်း အဝေးက ဆုံးဖြတ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။



Irrawaddy