ငွေကြေးများဖေါသီစွာသုံးစွဲနေသူဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်


ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊
အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊
ပေါက်ကုန်းရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရရှိသော ဆေးသုတ် သည့်ကျပန်းအလုပ်ကိုလုပ်ကိုင်နေရာမှ ဆက်လက်
လုပ်ကိုင်ခြင်းမရှိတော့ဘဲ စားသောက်ဆိုင်များတွင် အမေရိကန်ဒေါ်လာများအားကိုင်ဆောင်သုံးစွဲခြင်း၊ လက်ကိုင်ဖုန်းများဝယ်ယူခြင်းစသည့် ငွေကြေးများ
ဖောသီစွာသုံးစွဲလျက်ရှိကြောင်းသတင်းရရှိမသင်္ကာသဖြင့်
စောင့်ကြည့်စုံစမ်းလျက်ရှိစဉ် ကော့ကရိတ် မြို့သို့တိမ်းရှောင်သွားကြောင်းသတင်းအရ
လိုက်လံဖမ်းဆီးခဲ့ရာ၂၁.၆.၂၀၁၃ရက်နေ့တွင်ကော့ကရိတ်မြို့၊ (၆)ရပ်ကွက်ရှိ ရတနာပုံစားသောက် ဆိုင်တွင်
ဖမ်းဆီးရမိခဲ့ပါသည်။


၎င်းအား စစ်ဆေးရာ၂၀၁၃ခုနှစ် ဧပြီလအတွင်း၌ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာတွင်
ဆေးသုတ်သည့်အလုပ်အားလုပ်ကိုင်နေစဉ်အတွင်းကထမင်းစား နားချိန်များတွင် အပေါ်ထပ်ရှိတိုက်ခန်းများသို့ တက်ရောက်
လေ့လာနေခဲ့ရာမှ အခန်းတစ်ခန်းတွင်လူနေထိုင်ခြင်းမရှိကြောင်း
သိရသောကြောင့် ၂၀၁၃ ခုနှစ် မေလအတွင်း နေ့လည်ပိုင်းတွင် အဆိုပါအခန်းသို့ နောက်ဘက်အရေးပေါ်လှေခါးမှ
တက်ရောက်ကာ ရေချိုးခန်းပြူတင်းပေါက်သံပန်း တွင်တပ်ဆင်ထားသောမူလီများအား ၀က်အူလှည့်ဖြင့်ဖြုတ်၍ ၀င်ရောက်ခဲ့ကြောင်း၊

အိပ်ခန်းအတွင်းရှိ LEECO အမျိုးအစား
မီးခံသေတ္တာအား ၎င်း၏နေအိမ်သို့ခိုးယူသယ်ဆောင်သွားပြီး
သံဖြတ်လွှဖြင့် တိုက်ဖြတ်ကာ မီးခံသေတ္တာအတွင်းရှိ မြန်မာငွေ၊ အမေရိကန်ဒေါ်လာနှင့် ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းတန်ဘိုး ကျပ်(၂၀၅၂၅၀၀၀)ခန့်အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီး

သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိသဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၄၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လူသုံးများ အင်္ဂလိပ်စာ အတိုကောက်နှင့် မူရင်း အဓိပ္ပါယ်များ


ADIDAS- All Day I Dream AboutSports
AUDI-Auto Union Deutschland Ingolstadt
BMW- Baverian Motor Works
AMW- Asian Motor Works
GOOGLE- Global Organization Of Oriented Group Language of Earth
CNN-IBN- Cable News Network-Indian Broadcasting Network
VVS Laxman- Vengipurapu Venkata Sai Laxman
APJ Abdul Kalam- Avul Pakir Jainulabdeen Abdul Kalam
MDH(Massala)- Mahashian Di Hatti
ISCON- International Society for Krishna Consciousness
LASER- Light Amplification by Stimulated Emission of Radiation
i.e- id est (that is)
INTEL- Integrated Electronics
CMYK- Cyan Magenta Yellow Kinda(Black)
JPEG- Joint Photography Expert Group
EMI- Equated Monthly Instalments
WIPRO- Western Indian Products
DNA- Deoxy-ribo Nucleic Acid
CBI- Central Bureau of Investigation
CAT- Common Admissiom Test
ATM- Automated Teller Machine
ISI- Indian Standard Institute
IPI- International Press Institute
AT&T- American telegraphic and Telephone Co. Ltd.
ICICI- Industrial Credit and Investment Corporation of India
IDBI- Industrial Development Bank of India
FBI- Federal Bureau of Investigation
HDFC- Housing Development Finance Corporation
VIRUS- Vital Information Resources Under Siege
OBC- Other Backward Classes
MPEG- Motion Picture Experts Groups
NAAC- National Assesment and Accreditation
PSLV- Polar Satelite Launch Vehicle
RADAR- Radio Detecting and Ranging
RDX- Research Department Explosive
MRF- Madras Rubber Factory
LML- Lohia Machines Limited
STD- Subscriber Trunk Dialling
TOEFL- Test of English as a Foreign Language
SENSEX- Sensitivity Index(of share price)
URL- Uniform Resource Locator
TVS- T.V Sundaram(Co-Founder)
BBC-British Broadcasting Corporation

.
Aung Kham (TSJ team)

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်


သြစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲဝင်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေးတစ်ဦးဖြစ်တဲ့ Jamie က အသက်မရှင်နိုင်တော့ပါဘူးတဲ့ ။ မိခင်ဟာ သူမ နားကို သူမ မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily ကတော့ ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေရှိပါတယ် ။ သူမအကို Jamie ကတော့မွေးစကတည်းက မိနစ်နှစ်ဆယ်လောက်အသက်ကယ်ခဲ့ရတယ် ။

ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို စိတ်မကောင်းစရာသတင်းကိုပြောဖို့အခြေအနေဖြစ်လာပါပြီ ။ မိခင် Kate ဟာ သူ့ကလေးငယ်တစ်ယောက်ဆုံးတယ်ဆိုတဲ့သတင်းကိုလက်မခံနိုင်ပါဘူး ။ သူက မိခင်တစ်ယောက်အနေနဲ့ ခေါင်းကိုတွင်တွင်ခါတယ် ။ ပြီးတော့မျက်ရည်တွေ တွင်တွင်စီးကျတယ် ။ သားငယ်လေးကို အနှီးနဲ့လုံခြုံစွာထုပ်ပြီး သူပွေ့ချီလိုက်တယ် ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေးထားတယ် ။ ရှိုက်ကြီးတငင်ငိုပါတယ် ။

မိခင်ရောဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကိုဘယ်လိုခေါ်ကြောင်းနဲ့သူ့မှာ ညီမတစ်ဦးရှိကြောင်းကို တတွတ်တွတ်ပြောဆိုနေတယ် ။ “ သားမရှိပဲ ညီမလေးဘယ်လို ဆက်လက်ရှင်သန်နေထိုင်မလဲ .. သားမရှိပဲအဖေနဲ့အမေရောဘယ်လိုဆက်လက်ရှင်သန်နေထိုင်မလဲ မိသားစုဆိုတာ ဟာ အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက သားဖြစ်သူကိုကြည့်ပြီးငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ ဒီလိုနဲ့ပွေ့ချီထားခဲ့တာ ၂ နာရီတိုင်ကြာမင့်ခဲ့တယ် ။ ကလေးငယ်အသက်ပြန်မရှူလာခင်အထိပေါ့ ။

ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက်လုံးဝမရှိခဲ့ဘူး ။ ၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက်ကလေးငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ တဖြည်းဖြည်းပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီးမိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရပါပြီ ။ ကလေးငယ်က ကောင်းမွန်စွာ အသက်ရှူနေပါပြီ ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံးပွင့်လာတယ် သူ့မျက်လုံးတွေက မိခင်ကိုကြည့်နေတယ် ။

ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင်ခဲ့ရပါတယ် ။

===========================

မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့အတည်ပြုထားတဲ့ ကလေးငယ်ကို အသက်ပြင်ရှင်စေနိုင်ခဲ့တယ်လို့ပဲထင်ပါတယ် ။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ ဆေးလောကတစ်ခုလုံး အံ့သြတုန်လှုပ်သွားအောင်စွမ်းဆောင်နိုင်ခဲ့တယ် ။

မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။

( သက်တန့်ချို )

အီးယူအခွန် အထူးသက်သာခွင့်ရေထွက်လုပ်ငန်းရှင်များမခံစားရသေး


အီးယူ၏ အခွန်အထူးသက်သာခွင့် (GSP) ကိုရေထွက်လုပ်ငန်းရှင်များ ယနေ့ အထိအကျိုးခံစားမှု မရရှိသေးကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

အီးယူနိုင်ငံများက အခွန်အထူး သက်သာခွင့် (GSP) ကို ဇွန် ၁၂ ရက် နေ့တွင် ပေးခဲ့ပြီး ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့သူများအနေဖြင့် ရက်ပေါင်း ၂ဝ ဝန်းကျင်ကြာသည်အထိ ယခင် အခွန်နှုန်းထားအတိုင်း ရေထွက်ကုန် ပစ္စည်း ဝယ်ယူသည့်နိုင်ငံမှ ပေးနေရ ကြောင်းသိရသည်။

အဏ္ဏဝါဒေဝီ အအေးခန်းစက်ရုံမှ ဒေါ်တိုးနန္ဒာတင်က ''အီးယူက GSP ပေးတယ်ဆိုတာ စာရွက်ပေါ်မှာပဲရှိသေးတယ်။ တကယ်တမ်းဘာမှ ရသေးတာ မဟုတ်ဘူး။ GSP မရသေးရင်တော့ ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်သေး ဘူး''ဟု ပြောသည်။

အီးယူနိုင်ငံများသို့ ရေထွက်ပစ္စည်း တင်ပို့မည်ဆိုပါကဝယ်ယူသည့်နိုင်ငံ အခွန်ပေးဆောင်ပြီး ဝယ်ယူရကြောင်း၊ ကုန်ကြမ်းအတိုင်းတင်ပို့ပါက အခွန် ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပြုပြင်ထုတ်လုပ် ပြီး တင်ပို့ပါက အခွန် ၂ဝ ရာခိုင်နှုန်း ပေးရကြောင်း အီးယူလုပ်ငန်းကော်မတီ မှသိရသည်။

အီးယူလုပ်ငန်းကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက '' GSP ခံစားခွင့်အခု ထိမရသေးတာက အီးယူ ၂၇ နိုင်ငံက ပါလီမန်တွေအကုန်လုံး လက်ခံဖို့အ တွက် အချိန်ယူနေသေးတယ်လို့ ကြား ပါတယ်။ ဟိုဘက်က ဆိပ်ကမ်းအာဏာ ပိုင်ကလည်း သူတို့ဆီကို ဘာညွှန်ကြား ချက်မှ မရသေးတဲ့အတွက် အခွန်ကို အရင်အတိုင်းကောက်ခံနေ တယ်လို့ ပြောတယ်''ဟု ပြောသည်။

ရေထွက်ကုန်ပစ္စည်းထုတ်လုပ် တင်ပို့ ရောင်းချသည့် အအေးခန်းစက် ရုံ ၁၃ ရုံမှာ EU Approval ရရှိထား ပြီးဖြစ်သော်လည်း စက်ရုံ ၅ ရုံခန့်ကသာ ရေထွက်ကုန်ပစ္စည်း တင်ပို့ကြောင်း၊ ယခုအချိန်တွင် ငါးကုန်ကြမ်းရရှိမှုနည်းပါးခြင်းကြောင့် တင်ပို့မှုလျော့ကျသွား ကြောင်း GFTI အအေးခန်းစက်ရုံမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးညွန့်က ပြောသည်။

''အီးယူနိုင်ငံက Buyer တွေ ကျွန်တော်တို့ဆီက ရေထွက်ပစ္စည်းဝယ် ရင်အခွန်ပေးနေရတော့ ဝယ်ယူမှုအတိုင်း အတာဟာသူများနိုင်ငံတွေလောက် မရဘူး။ ကျွန်တော်တို့များများ တင်ပို့ နိုင်မှ နိုင်ငံခြားဝင်ငွေရရှိမှုဟာလည်း တိုးလာမယ်''ဟု ရေထွက်ပစ္စည်း ထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
EU Approval ရရှိပြီး တင်ပို့မှု မရှိသော စက်ရုံများမှာ အီးယူဈေးကွက် မဟုတ်ဘဲ အခြားဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ထက်ထက်မိုးမြင့်
Popular Myanmar News Journal

မန္တလေး ဝတ္တကမြေကိစ္စ ဘယ်သူတွေ ဘယ်လို ပတ်သက်နေလဲ

မန္တလေးမြို့က ဆုတောင်းပြည့်ဘုရားပိုင် မြေကွက်ကိစ္စမှာ သတင်းမီဒီယာများတွင် လူသိများသည့် ဆရာတော်တပါးနှင့် အထင်ကရ နာမည်ကြီး ဆရာတော်တော်တချို့က ၀ိန့်စိန်ရွှေဆိုင်ထံမှ လာဘ်ယူကာ သာသနာ့မြေကို တရားမမှုတွင် ၀ိန့်စိန်ပိုင်မြေအဖြစ် အမိန့်ဒီဂရီ ချမှတ်အောင်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်း၊ အဆိုပါကိစ္စ သာသနာ့မြေပြန်လည် ရရှိဖို့ အမျိုးသားလွှတ်တော်သို့ တိုင်ကြားထားတဲ့ စာတစောင်ကို ဧရာဝတီက လက်ခံရရှိထားပါတယ်။

မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ် ၂၄ လမ်းx ၈၄ လမ်းထောင့်၊ အကွက်အမှတ် ၅၉၀၊ ဦးပိုင်အမှတ် ( ၄၆/က- ၁ နှင့် ၄၆/က-၂ ) မြေကွက်နှင့် အဆိုပါ မြေကွက်ပေါ်ရှိ အဆောက်အဦတို့ကို ဘုရားအမ၊ ကျောင်း အမကြီး ဒေါ်နှင်းမေက စာချုပ်အမှတ် ( ၂၀၇၉/ ၂၀၀၂ ) ဖြင့် ဆုတောင်းပြည့် ဘုရားအား လှူဒါန်းခဲ့ပါ တယ်။

အဆိုပါ လှူဒါန်းမှု မပြုခင် အရောင်းအ၀ယ် ပြုလုပ်ခဲ့ရာ စရံငွေပျက်ကွက်လို့ အရောင်းအ၀ယ် မဖြစ်ခဲ့တော့ ပဲ ဒေါ်နှင်းမေ မကွယ်လွန်ခင်က ဆုတောင်းပြည့်ဘုရားကို လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ တိုင်ကြားစာက ဆိုပါတယ်။

အဆိုပါကိစ္စအပေါ် အရောင်းအ၀ယ်မဖြစ်ခဲ့တဲ့ စာချုပ်နဲ့ တရားမမှု ရှင်ဆိုင်ခံခဲ့ရတဲ့ ဆုတောင်းပြည့် ဘုရား ဂေါပကအဖွဲ့ အနေနဲ့ သာသနာ့မြေဖြစ်နေပြီဖြစ်တဲ့ အဆိုပါ မြေကွက်ကို သာသနာ့မြေ အဖြစ် ပြန် လည်ရရှိရေး တရားရုံးက မှားယွင်း အမိန့်ချခဲ့တဲ့အပေါ် ပြန်လည်ပြင်ဆင် အမိန့်ချဖို့ အမျိုးသား လွှတ်တော် ကို တိုင်ကြားထားတာပါ။

အဆိုပါ တရားမမှုဖြစ်စဉ်မှာ ၀ိန့်စိန် ရွှေဆိုင်က တရားသူကြီးတွေနဲ့ နာမည်ကြီး ဆရာတော်တချို့ကို လာဘ်ထိုးပြီး အမှုနိုင် အောင် လုပ်ကာ ဆုတောင်းပြည့် ဘုရားမြေကွက်ကို အပိုင်သိမ်းထားတယ်လို့ စာပေးပို့သူက ဆိုထားပါတယ်။

ဗုဒ္ဓဘာသာ ရဟန်းတော်တပါးအနေနဲ့ လာဘ်စားလျှင်ဖြစ်ဖြစ်၊ မှားယွင်း ဆုံးဖြတ်တာဖြစ်ဖြစ် ဘယ်လို အပြစ် ထိုက်မှု ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ဆရာတော်ကြီးတပါးက ကူဋဝိနိစ္ဆယော -လဉ္ဇဂ္ဂါဟော သဗ္ဗေသံပါရာဇိကမေဝ ပါဠိတော်မှာပါရှိကြောင်း၊ မှားယွင်းဆုံးဖြတ် တာရယ် လာဘ်စားတာရယ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးအနေနဲ့ ပါရာဇိက အပြစ် သင့်တယ်လို့ မိန့်ကြားပါတယ်။

"ဒီလို မတော်တရော်လာဘ်စားမှုတွေဟာ သာသနာတော်ကိုသံဃာတော်တွေကိုယ်တိုင်ဖျက်စီးတာပါပဲ
ထိပ်ဆုံး သံဃာအဖွဲ့အစည်းအထိ ဒီဖြစ်ရပ်တွေရှိနေတာ မကြာခဏ သတင်းတွေထွက်ပါတယ်" လို့ အဆိုပါ ဆရာတော်က ဧရာဝတီကို မိန့်ကြားပါတယ်။

ပေးပို့လာတဲ့ တိုင်ကြားစာကို အောက်မှာ အပြည့်အစုံ ဖော်ပြပေးလိုက်ပါတယ်။





အိမ့်သံစဉ် ~
ဧရာဝတီ

ကိုယ်ဝန်ဆောင် သေဆုံးခဲ့မှု လက်ထောက်ဆရာဝန် ပြောင်းရွှေ့ခံရ

ရွှေတောင် ၊ ဇူလိုင် ၎

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံ တွင် မေလ ၇ ရက်နေ့က ကိုယ်ဝန်သည် မယုဇာလှိုင် သေဆုံးမှုနှင့် ပတ်သက်၍ တိုင်းကျန်းမာရေးဦးစီးဌာနက လက်ထောက် ဆရာဝန် ဒေါက်တာယူသိန်းနိုင်ကို တိုက်နယ်ဆေးရုံ တစ်ခုသို့ ခေတ္တပြောင်းရွှေ့ တာဝန်ချထားကြောင်း ရွှေတောင် မြို့နယ် ပြည်သူ့ဆေးရုံထံမှ စုံစမ်းသိရှိရသည်။

မယုဇာလှိုင် သေဆုံးခဲ့သည့်ညက တာဝန်ကျခဲ့သည့် လက်ထောက် ဆရာဝန်နှင့်အတူ အထက်တန်း သူနာပြုနှစ်ဦးလည်း ရွှေ့ပြောင်း ခံခဲ့ရကြောင်း အဆိုပါဆေးရုံ တာဝန်ရှိသူတဦးက ပြောကြားသည်။

တိုင်းကျန်းမာရေးဦးစီးဌာနက ဖွဲ့စည်းပေးသော ပြည် မြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဦးဆောင်ပါဝင်သည့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့က မေလ ၂၉ ရက်နေ့တွင် လာရောက် စစ်ဆေးခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“စစ်ဆေးတွေ့ရှိချက်တွေကို တိုင်းကျန်းမာရေးဦးစီးဌာနကို တင်ထားပါတယ်။ အထက်က သုံးသပ်ပြီးတော့မှ လိုသလို ဆုံးဖြတ်ဆောင်ရွက်ပါလိမ့်မယ်” ဟု စစ်ဆေးမှု့များ ပြုလုပ်ခဲ့သည့် စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ပြည်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးတင့်ရွှန်းက ပြောကြားသည်။

ရွှေတောင်မြို့နယ် ဆေးရုံတွင် မေလ၆ရက်နေ့ ညနေပိုင်းက ကလေးမီးဖွားရန် ဆေးရုံတက်ခဲ့သော မယုဇာလှိုင်သည် ရေမြွာပေါက်ပြီးနောက် အသက်ရှူရ ခက်ခဲပြီး မောဟိုက်မှုကြောင့် တာဝန်ကျ ဆရာမများကို အကြိမ်ကြိမ် ခေါ်ခဲ့သော်လည်း ဖြစ်ရိုးဖြစ်စဉ်ဟု ပြောဆိုခဲ့ပြီး အရေးပေါ် အခြေအနေရောက်မှ အောက်ဆီဂျင် ပေးသော်လည်း မျက်ဖြူလန်ကာ သေဆုံး ခဲ့ရကြောင်း၊ သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုများ ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်၍ မိခင်ရောကလေးပါ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သေဆုံးသူ မိသားစုက ပြောကြားခဲ့သည်။

သေဆုံးသူ၏ ရေမြွာရေသည် သွေးပြန်ကြောမှတစ်ဆင့် နှလုံးနှင့် အဆုတ်တို့၏ သွေးကြောများတွင် ပိတ်ဆို့ခဲ့၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုရောဂါသည် သွေးကြောတွင် ပိတ်ဆို့ပြီးမှ ရောဂါလက္ခဏာ ပြပြီးခြင်း ချက်ချင်းသေဆုံးနိုင်သော ရောဂါဖြစ်ကြောင်း လက်ထောက် ဆရာဝန် ဒေါက်တာ ယူသိန်းနိုင်ကလည်း ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

သရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက်လက်ဝယ် တွေ့ရှိမှုဖြင့် ဖမ်းဆီး


တောင်ငူ၊ ဇူလိုင် ၎

သရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက်များ လက်ဝယ်တွေ့ရှိမှုဖြင့် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၃ နာရီက ဖမ်းဆီးခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ရဲတိုက်ကို ရဲအရာရှိများက လာရောက်စစ်ဆေးခဲ့ရာ ၎င်း၏ ကျောပိုးအိတ် အတွင်းမှ ဆေးခြောက် တစ်ကျပ်သားခန့်ကို တွေ့ရှိခဲ့ကြောင်း အဆိုပါရဲ စခန်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

“ရဲတိုက်ကို ဆေးရုံမှာ သွေးစစ်နေတာကို တစ်မြို့လုံးက လူတွေသွားကြည့်ကြတယ်။ ရဲစခန်းဝင်းထဲမှာလည်း လူတွေအပြည့်ပဲ” ဟု ကျောက်တံခါးမြို့ခံ တစ်ဦးက ပြောကြားသည်။

ရဲတိုက်သည် တောင်ကြီးကို မော်တော်ဆိုင်ကယ်ဖြင့် သွားမည်ဟု ကြားသိရပြီး ကျောက်တံခါးမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တွင် အမူအရာများ မမှန်သဖြင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာတွင် ဆေးခြောက်များ တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆေးခြောက် လက်ဝယ်တွေ့ရှိမှုဖြင့် သရုပ်ဆောင်ရဲတိုက်ကို မ-ယ-ပ-၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

သရုပ်ဆောင်ရဲတိုက်သည် မေလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗိုလ်တထောင်မြို့နယ် စိန့်မေရီကာသီဒြယ် ဘုရားကျောင်းဝင်း အတွင်း ဝင်ရောက်ကာ ဆိုင်းဘုတ်ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်မှုများကြောင့် သာသနာ ညှိုးနွမ်းစေမှု (ပုဒ်မ၂၉၅ - က) ဖြင့် အမှုဖွင့်ခံရပြီး ရဲတိုက်က တောင်းပန်သဖြင့် တရားလိုအဖြစ် တိုင်ကြားခဲ့သူ စိန့်မေရီကာသီဒြယ် ဘုရားကျောင်း ဥက္ကဋ္ဌက အမှုကြေအေးပေးခဲ့ပြီး ဗိုလ်တထောင်မြို့နယ် တရားရုံးက ကျပ်ငါးသိန်းဖြင့် ခံဝန်ကတိထိုးကာ အာမခံပေးခဲ့သည်။

The Voice Weekly

ပျောက်ဆုံးသွားတဲ့ ဘ၀ လမ်းဆုံ



အလုပ်လာခေါ်တဲ့ ကားရောက်လာလို့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အလုပ်သမားတွေ (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)

ကျနော်ရောက်နေတဲ့ ထိုင်းနိုင်ငံက ချင်းမိုင်မြို့မှာ အလုပ်သွားရင် နေ့တိုင်းလိုလို လမ်းဆုံ မီးပွိုင့် တခုရှိတဲ့ လမ်းတလမ်းကပဲ သွားဖြစ်ပါတယ်။ ဒီလမ်းဆုံ မီးပွိုင့်ကို ရောက်လာပြီ ဆိုရင် ချင်းမိုင်မြို့ထဲကို ရောက်တော့မယ်ဆိုတဲ့ အမှတ်အသား တခုလိုပါပဲ၊ စိတ်ထဲမှာ အလိုလို သိလာတယ်။ မီးပွိုင့်ကို ကျော်ရင်ပဲ မြို့ထဲအ၀င်ဝက ကျုံးနဲ့ မြို့ရိုးတွေကို မြင်နေရပြီ။

အရပ်လေးမျက်နှာကနေ ဒီလမ်းဆုံမီးပွိုင့်မှာ ဖြတ်သန်းသွားလာ နေကြသလို၊ တချို့ကြတော့လည်း တယောက်နဲ့တယောက် တွေ့ဆုံဖို့ နေရာလို့များ သတ်မှတ်ထားသလိုပဲ။ ဟိုမှာတစု ဒီမှာတစုနဲ့ ဒီမြင်ကွင်းတွေကတော့ ကျနော်နေ့စဉ် မြင်တွေ့နေတဲ့ မြင်ကွင်း တွေ လို့ ပြောရမှာပါ။

မီးပွိုင့်ဆိုတာ မြို့အင်္ဂါနဲ့ အညီ လမ်းဆုံလမ်းခွတွေမှာ ယာဉ်တိုက်မှုတွေမဖြစ်အောင် အ၀ါရောင် အနီရောင် အစိမ်းရောင် အရောင် သုံးမျိုးနဲ့ လမ်းသွားလမ်းလာတွေ ယာဉ်မောင်းတွေ လိုက်နာရမယ့် အချက်ပေးစနစ် သတ်မှတ်ထားတဲ့ နေရာ မဟုတ်လား။

ဒီမီးပွိုင့်ကို ချင်းမိုင်မြို့သားတွေ အခေါ်အရ “စီယဲ့ ခမ်ထိရမ်”လို့ ပြောလိုက်ရင်ပဲ ကားသမားတွေအစ လူတော်တော်များများက သိနေကြပါတယ်။ လွယ်လွယ် ပြောရမယ်ဆိုရင်တော့ မီးပွိုင့်တခုပါ။ လူတွေကတော့ သာမန်အားဖြင့် ယာဉ်စည်းကမ်းအတွက် လမ်းဆုံတွေမှာ ထားတဲ့ မီးပွိုင့်လို့ပဲ မြင်ကြမှာပါ။

ဒါပေမယ့် ဒီမီးပွိုင့်နဲ့ အသက်မွေးနေရသူတွေ အများကြီးပါ။ အဓိကကတော့ အခုနက ဟိုတစု ဒီတစုဆိုတဲ့ လူတွေပါ။ တနေ့ ၀မ်းစာ ကို ဒီမီးပွိုင့်မှာပဲ ရှာကြသလို ဒီမီးပွိုင့်က သူတို့ ရဲ့ အလုပ်ရုံဝင်းကြီးလို့လည်း တင်စားထားကြပါတယ်။ သူတို့တွေက မြန်မာပြည်က လာတဲ့ မြန်မာနိုင်ငံသားတွေပါပဲ။ အဲဒီနေရာမှာ ထိုင်းနိုင်ငံသားတွေကတော့ မရှိသလောက် ဆိုရမလို နည်းပါးပါတယ်။ ထိုင်းတွေက ပင်ပန်းတဲ့ အလုပ်တွေ အောက်ခြေသိမ်း အလုပ်တွေ ကျပန်းအလုပ်တွေကို မလုပ်ချင်ကြပါဘူး။

အလုပ်စောင့်နေတဲ့ မြန်မာပြည်သား တယောက်က“ကျနော်တို့ကတော့ မနက်မိုးလင်းတိုင်း ဒီမှာပဲ လာလာစောင့်တယ်။ တခြား အလုပ်တွေလုပ်ဖို့က ကျနော်တို့မှာ အလုပ်သမား လက်မှတ်မရှိဘူး။ ဒီမှာက အလုပ်လာခေါ်တဲ့ သူဌေးလာရင် လိုက်သွားတယ်။ အလုပ်မရတဲ့နေ့က မရှိသလောက်ဘဲ။ သူဌေးတယောက် မဟုတ်ရင် တယောက် လာနေတာပဲ” ဆိုပြီး မောင်းလာတဲ့ ကားတန်းကို အလုပ်လာခေါ်တဲ့ ကားတွေများလားဆိုတဲ့ မျှော်လင့်ချက် မျက်ဝန်းနဲ့ ကြည့်ရင်း ကျနော့်ကို ပြောပြပါတယ်။

ဒီမီးပွိုင့်အနီးဝန်းကျင်မှာ နေထိုင်တဲ့ သူတွေ ပြောပြချက်အရ လွန်ခဲ့တဲ့ နှစ် ၂၀ ၀န်းကျင်က စတယ်လို့ ပြောရမှာပါ။ မြန်မာ အလုပ် သမားတစုက စပြီး အလုပ်လာခေါ်မယ့် အလုပ်ရှင်ကို ဒီမီးပွိုင့်မှာ စောင့်နေကြတယ်။ အလုပ်ရှင်တွေကလည်း အဲဒီနေရာ လာပြီး အလုပ်သမားတွေကို ခေါ်သွားတယ်။ ညနေ အလုပ်သိမ်းတော့လည်း အလုပ်ရှင်က ဒီမီးပွိုင့်ကိုပဲ ပြန်ပို့ပေးတယ်။ ရက် ကနေ လ၊ လကနေ နှစ်ဖြစ်လာပြီး ကြာလာတော့လည်း ပုံမှန် အလုပ်မရှိကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် တနေ့စာ အလုပ်ရဖို့ နေရာလေး ဖြစ်လာပါတော့တယ်။

မနက်လင်းလာရင် ဒီမီးပွိုင့်ကို လာမယ်။ အလုပ်ရှင်တွေကို စောင့်မယ်။ ထိုင်း အလုပ်ရှင်တွေကလည်း လုပ်ခ သက်သာတဲ့ အလုပ် သမား တွေရဖို့ ဒီမီးပွိုင့်ကို လာတာပါ။ အဲဒီက မြန်မာအလုပ်သမား အများစုမှာ ထိုင်းအစိုးရ ထုတ်ပေးတဲ့ တရားဝင်အလုပ် လုပ် ပိုင်ခွင့် အလုပ်သမားလက်မှတ် မရှိကြတော့ ထိုင်း အလုပ်သမားတယောက် ရတဲ့ ပုံမှန်လုပ်ခနဲ့ စာရင် ထက်ဝက်လောက်ကို လျော့ပါတယ်။ သူတို့မှာ အလုပ်သမားလက်မှတ် လုပ်မယ်ဆိုရင် သူတို့ရတဲ့ နေ့တွက်ခ ၀င်ငွေလေးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အလုပ်သမား လက်မှတ်အတွက် ကုန်ကျစရိတ်က တနှစ်စာကို ဘတ် ၆၀၀၀ ၀န်းကျင် ပေးဆောင်ရတာပါ။ ဆိုတော့ နေ့စဉ်ဝင်
ငွေလေးရဖို့ကို ဒီမီးပွိုင့်ကိုပဲ အားကိုးကြရတာပေါ့။ အဲဒီတုန်း က နေ့စား တရက်လုပ်ခ ဘတ် ၁၂၀ ပဲ ရကြတယ်လို့ ဆိုပါတယ်။

အခုအချိန်မျိုးမှာတော့ အလုပ်ရှင်ကားတစီး ၀င်လာပြီဆိုရင် အဖွဲ့လိုက်ဖြစ်ဖြစ် တယောက်ချင်းဖြစ်ဖြစ် အရင်ဆုံး အလုပ်ရှင်နဲ့ ဈေးညှိမယ်။ အလုပ်ရတဲ့နေ့ဆိုရင် လုပ်ခ ဘတ်ငွေ ၂၅၀ ကနေ ၃၅၀ အထိ ရကြပါတယ်။ အရင်နှစ်တွေကဆိုရင် တနေ့လုပ်ခက ၂၀၀ ပဲ ရကြသေးတာပါ။ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင့်လပ်တက်လာပြီးတဲ့နောက် ထိုင်း အခြေခံအလုပ်သမား တယောက် တနေ့လုပ်ခ ဘတ်ငွေ ၃၀၀ တရားဝင် သတ်မှတ်ပေးလိုက်တာကြောင့် အခုလို မြန်မာအလုပ်သမားတွေပါ တရက်လုပ်ခ ဘတ်ငွေ ၂၅၀ ကနေ ၃၅၀ အထိ ရရှိလာကြတာပါ။ တချို့နေ့ တွေမှာတော့ အလုပ်ရတဲ့ သူ ရသလို မရတဲ့ သူတွေလည်း အလုပ်မရဘဲ အိမ်ပြန်ကြရတယ်။ ပုံမှန်အလုပ်မရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဒီလိုပဲ သူတို့ရဲ့ နေ့စဉ်ဘ၀ကို ဖြတ်သန်းနေကြတာပါ။

“မန့ကဆို အလုပ်မရဘူး။ သူဌေးက ပိုက်ဆံပေးတာ အရမ်းနည်းတယ်။ မကိုက်ဘူး။ အလုပ်မရတော့ အိမ်ပြန်တယ်။ ရတဲ့သူတွေလည်း ရကြတယ်။ တခါတလေ သူဌေးက ပိုက်ဆံမပေးတာလည်း ရှိတယ်၊ မြန်မာပြည်သားမို့လို့ သက်သက်မယ့် နိုင်စားတာ”လို့ အဲဒီနေ့က အလုပ်မရခဲ့တဲ့အကြောင်း အလုပ်သမားတယောက်က ပြောပြပါတယ်။ တချို့ထိုင်းအလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တာ ကို ခံရတာလည်း ရှိနေပါလားလို့ သိခဲ့ရတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်က ထိုင်းနိုင်ငံမှာ ရေးလွှမ်းမိုးမှု ဖြစ်ခဲ့တာကြောင့် အလုပ်တော်တော်များများ လနဲ့ချီပြီး ရပ် ဆိုင်း ခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားပြီး အလုပ်အကိုင်တွေပါ ရှားပါးတဲ့ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ ကြ တယ်။ ချင်းမိုင် မြို့မှာလည်း ပုဂ္ဂိလပိုင်စက်ရုံတွေ အချိန်အတော်ကြာ လည်ပတ်မှုမရှိတာကြောင့် ထိုင်းနိုင်ငံသားတွေ အပါအ၀င် မြန်မာ အလုပ်သမား အလုပ် လက်မဲ့တွေ များခဲ့ရပါတယ်။

အဲဒီအချိန်ကစပြီး နေ့စားအလုပ်တွေ ကျပန်းအလုပ်တွေကို ထိုင်းလူမျိုးတွေပါ ကူးပြောင်းလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ် ၂၀ ၀န်း ကျင် အထိ မြန်မာနိုင်ငံသားတွေ အများဆုံး အလုပ်စောင့်တဲ့ ဒီမီးပွိုင့်လမ်းဆုံမှာ ထိုင်းလူမျိုးတွေအပါအ၀င် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဟာ လမ်းလေးဘက် လေးလံလုံးမှာ အလုပ်ရဖို့ စောင့်ဆိုင်းရတဲ့ နေရာအဖြစ် ရောက်ရှိ သွားပါတော့တယ်။

အလုပ်လာစောင့်တဲ့ သူတွေ တနေ့ထက်တနေ့ များလာတာကြောင့် နေ့တိုင်း အလုပ်ရဖို့ ခက်ခဲလာတယ်လို့ မြန်မာအလုပ်စမား တွေက ပြောပြကြတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းမှာပဲ ဒီမီးပွိုင့်မှာ မမြင်တွေ့ဘူးတဲ့ မြင်ကွင်းတွေ မကြားဘူးခဲ့တဲ့ သတင်းတွေ နေ့စဉ်လိုလို ကြားရပါတယ်။ အလုပ်ရှင် ကားတစီးလာရင် အလုပ်ရဖို့ အတွက် သူ့ထက် ငါ အလုအယက် ပြောဆိုကြမယ်။ အခန့်မသင့်ရင် စကားများ ပြဿနာတွေတက်ကြပြီး အုပ်စုလိုက် ရန်တွေ ဖြစ်ကြ နောက်ဆုံး ထိုင်းလုံခြုံရေး ရဲတွေ လာရောက်ဖမ်းဆီးတဲ့ အဆင့် အထိ ဖြစ်လာပါတော့တယ်။
အခုလို ကျပန်းအလုပ်ရဖို့တောင် အဆင်မပြေတဲ့ အချိန်မှာ မထင်မှတ်ဘဲ လမ်းသရဲဆန်တဲ့ ထိုင်းလူငယ်တစုက ထိုင်း အခေါ် ရာဘ စိတ်ကြွဆေး ရောင်းဝယ် ဖောက်ကားဖို့ တာစူလာကြပြန်ပါတယ်။ သမာအာဇီဝနဲ့ အလုပ်လာရှာတဲ့ သူတွေထဲ စိတ်ကြွဆေး ရောင်း တဲ့ သူတွေက တစထက် တစ များလာခဲ့ ပါတယ်။ နောက်ပိုင်း ဆေးရောင်းတဲ့ သူတွေထဲမှာ မြန်မာတွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ပဲ လမ်းဆုံမီးပွိုင့်ဟာ တဖြည်းဖြည်းနဲ့ ရာဇ၀တ်သားကောင်တွေရဲ့ စားကျက်မြေ နေရာအဖြစ် ပြောင်းလဲသွားခဲ့ရ ပါတယ်။

တချိန်က မြန်မာအလုပ်သမားတွေ ထမင်းချိုင့်ကိုယ်စီနဲ့ မနက်တိုင်း အလုပ်ရဖို့ စောင့်ဆိုင်းနေရတဲ့ လမ်းဆုံမီးပွိုင့်က တဖြည်းဖြည်း နဲ့ ကျီးလန့်စာ စား အခြေအနေ ရောက်သွားခဲ့ပါတယ်။ အလုပ်သမား လက်မှတ် မရှိတာကြောင့် ဘယ်နေ့ ရဲ ဖမ်းမလဲဆိုတဲ့ စိုးရိမ် စိတ်နဲ့ အလုပ်ရှင်ကို မျှော်ကြရသလို ရဲဝင်နေတယ်လို့ ကြားလိုက်ပြီ ဆိုရင်ပဲ ပြေးကြ လွှားကြနဲ့ လမ်းဆုံမီးပွိုင့်မှာ ပြေးသူ ပြေး လိုက် သူ လိုက်နဲ့ အကျည်းတန် စေခဲ့တဲ့ မြင်ကွင်းတွေလည်း မြင်တွေ့ခဲ့ပါတယ်။

“ရဲဝင်တာကတော့ အခုရက်ပိုင်း နေ့တိုင်းလိုလိုပဲ။ သူတို့က အယောက် ၂၀ လောက်ရှိမယ် အရပ်ဝတ်တွေနဲ့ လာတာ။ ကျနော် ကတော့ ပြေးတော့ လွတ်သွားတယ်။ ကျနော့်သူငယ်ချင်း ၃ ယောက်ပါသွားတယ်။ အဲဒါ ပြန်လည်း မရွေးနိုင်ဘူး။ ကျနော်တို့မှာ နေ့စားအလုပ်ရဖို့က ဒီမီးပွိုင့်ကိုပဲ အားကိုးရတာ။ အခုလို နေ့တိုင်းသာ ရဲဝင်နေရင် ကျနော်တို့ ဘယ်လို ထမင်းစားရတော့မလဲ။ ကျနော်တို့မှာ မိသားစုနဲ့”လို့ ဒီမီးပွိုင့်မှာ ထိုင်းရဲတွေလာဖမ်းတုန်း ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အလုပ်သမားတယောက်က ပြောပြပါတယ်။

တဖြည်းဖြည်းနဲ့ မြန်မာ အလုပ်သမားတွေအတွက် ဒီမီးပွိုင့်မှာ အလုပ်ရဖို့ အခွင့်အလမ်းတွေ နည်းသထက် နည်းပါးလာခဲ့ပါတယ်။ ၂၀၁၂ ခု နှစ်ဝက်ကတည်းက နေ့တိုင်းလိုလို ရဲဝင်ဖမ်းနေတော့ အလုပ်သမားတွေ မသွားဝံ့တော့ဘဲ တိမ်းရှောင်နေကြတယ်။

မြန်မာတယောက် ကို ဖမ်းမိရင် ထိုင်း ဘတ်ငွေ ၆၀၀၀ အထက် ပေးဆောင်ရတာပါ။ မပေးနိုင်ရင် အချုပ်ထဲမှာ ကာလအတန်ကြာ ဖမ်းဆီးထားပြီး မြန်မာ ပြည် နယ်စပ်ကို ပို့ လိုက်တယ်။ ထိုင်းရဲတွေက မြန်မာတယောက်ကို မြင်လိုက်ပြီဆိုရင်ပဲ ပိုက်ဆံ ထုတ်စက် လို သဘော ထားကြတယ်လို့ မြန်မာ အလုပ်သမားတွေက ပြောဆိုကြပါတယ်။

၂၁၀၂ ခုနှစ်ကုန်ပိုင်းမှာတော့ မြန်မာအလုပ်သမားတွေဟာ တကယ်ပဲ ဒီမီးပွိုင့်ကို စွန့်ခွာရတော့မယ့် အခြေစိုက်ရောက်လာခဲ့ ပါတယ်။  အဲဒါက အောက်တိုဘာလ အစောပိုင်းမှာ ချင်းမိုင်မြို့တော်ဝန်က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒီလမ်းဆုံ မီးပွိုင့်ကို မြို့အင်္ဂါနဲ့ကိုက်ညီမှုမရှိဘူး။ ဒီလမ်းက ချင်းမိုင်မြို့ရဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းလည်းဖြစ်တယ်။ အခုလို ဒီလမ်းဆုံမှာ လမ်းဘေးတလျှောက် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေရဲ့ ပုံရိပ်တွေဟာ မြို့ကို သရုပ်ပျက်စေတယ်ဆိုပြီး မည်သူ တဦးတယောက်မှ  အလုပ် စောင့်ခွင့်မရှိဘူးလို့ ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။


လာခေါ်တဲ့ အလုပ်ရှင်ကားနဲ့ လိုက်သွားကြမယ့် မြန်မာပြည်သား အလုပ်သမားတွေ (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)
အလုပ်သမားတွေ အလုပ်စောင့်ဖို့အတွက်ကိုတော့ ချင်းမိုင်က မြို့အပြင်တနေရာကို သတ်မှတ်ပေးတယ်လို့လည်း ကြေညာချက် ထဲမှာ ထည့်သွင်းထားပါတယ်။

မြို့တော်ဝန်ရဲ့ ထုတ်ပြန်ချက်အပြီး ရက်ပိုင်းမှာပဲ အာဏာပိုင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေက စောင့်ကြည့်တာတွေနဲ့ လမ်းသန့်ရှင်း ရေး တွေ လုပ်လာကြပါတော့တယ်။

ဒီမီးပွိုင့်မှာ ၀မ်းစာအတွက် အပူအပင်ကြားထဲကနေ အလုပ် စောင့်မျှော်ရတာတွေ အဆုံးသတ်သွားပြီလား…။

မကြာခင်မှာပဲ မီးပွိုင့် ၀န်းကျင်ကို အသွင်သစ်နဲ့ မြင်နေရပါပြီ။ အရင်လို မစည်ကားပေမယ့် အရင်မြင်ကွင်း အဟောင်းတွေကိုတော့ ဆက်ပြီး မြင်တွေ့နေရတုန်းပါ။ ကွာခြားသွားတာကတော့ မြန်မာနိုင်ငံသားနေရာမှာ ထိုင်းလူမျိုးတွေက ပြောင်းလဲ ယူလိုက်တာပဲ ဖြစ်ပါတယ်။ ၏

ဒီမီးပွိုင့်မှာ ပုံမှန်အလုပ်စောင့်တတ်တဲ့ မြန်မာပြည်သား တဦးက“ချင်းမိုင်လဝကက ပြောတာ ဒီနေရာမှာ ဘယ်သူမှ အလုပ်မစောင့် ရဘူး။ အလုပ်ဆောင့်တဲ့ နေရာမဟုတ်ဘူးပေါ့။ ဆိုင်းဘုတ် တွေလည်း ကပ်ထားတယ်။ အခုဆို ဗမာပြည်သားတွေ မလာရဲတော့ ဘူး။ ဈေးတွေမှာ လှည်းတွန်း ဈေးရောင် အလုပ်တွေပဲ လုပ်ကြတော့တယ်။ ထိုင်းတွေက သက်သက်မဲ့ညစ်တာ။ သူတို့ဘဲ စောင့် မယ်။ ဗမာတွေကို အလုပ်မရစေချင်လို့လေ။ ရဲတွေနဲ့ ညှိပြီး ဒီမီးပွိုင့်ကို ပိတ်လိုက်တာ။ အခု သူတို့ကြတော့ သွားသွားစောင့်ကြ တာပဲ။ ဘာရဲမှ မဖမ်းပါလား”လို့ ပြောပြပါတယ်။

တိုင်းတပါးမှာ တရားမ၀င် အလုပ်သမားအဖြစ် ဘယ်လိုသွားလာ နေထိုင် ရပ်တည်နေရတာလဲ ဆိုတာ ကာယကံရှင်တွေ အသိဆုံး ပါ။ ထိုင်း တနိုင်ငံလုံးက သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသား တရားမ၀င်အလုပ်သမားတွေကို နေ့စဉ်ရှာဖွေ ဖမ်းဆီးနေတာလည်း ထိုင်း နိုင်ငံရဲ့ တည်ဆဲဥပဒေ အရလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာအလုပ်သမားတွေ ကိုယ့်နေရပ်ကို ပြန်ဖို့ဆိုတာက သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လို ဖြစ်နေပါတယ်။ မိခင်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေဆဲ ဖြစ်သလို နေ့စဉ်ဝမ်းစာအတွက် ရုန်းကန်နေရတဲ့ အခြေအနေတွေကနေ မလွတ်မြောက်နိုင်သေးသရွေ့ အခုလို တိုင်းတပါးရောက် မြန်မာအလုပ်သမားတွေဟာ ရေကြည်ရာ မြက်နုရာ လုပ်ကိုင် စားသောက် နေကြရတဲ့ သံသရာထဲမှာ တ၀ဲဝဲ လည်နေရဦးမှာပဲ ဖြစ်ပါတယ်။     ။

ဆောင်းပါး

ပျောက်ဆုံးသွားတဲ့ ဘ၀ လမ်းဆုံ

စောထူးစေး၊ ဇူလိုင် ၅ ၊ ၂၀၁၃

ကျနော်ရောက်နေတဲ့ ထိုင်းနိုင်ငံက ချင်းမိုင်မြို့မှာ အလုပ်သွားရင် နေ့တိုင်းလိုလို လမ်းဆုံ မီးပွိုင့် တခုရှိတဲ့ လမ်းတလမ်းကပဲ သွားဖြစ်ပါတယ်။ ဒီလမ်းဆုံ မီးပွိုင့်ကို ရောက်လာပြီ ဆိုရင် ချင်းမိုင်မြို့ထဲကို ရောက်တော့မယ်ဆိုတဲ့ အမှတ်အသား တခုလိုပါပဲ၊ စိတ်ထဲမှာ အလိုလို သိလာတယ်။ မီးပွိုင့်ကို ကျော်ရင်ပဲ မြို့ထဲအ၀င်ဝက ကျုံးနဲ့ မြို့ရိုးတွေကို မြင်နေရပြီ။

အရပ်လေးမျက်နှာကနေ ဒီလမ်းဆုံမီးပွိုင့်မှာ ဖြတ်သန်းသွားလာ နေကြသလို၊ တချို့ကြတော့လည်း တယောက်နဲ့တယောက် တွေ့ဆုံဖို့ နေရာလို့များ သတ်မှတ်ထားသလိုပဲ။ ဟိုမှာတစု ဒီမှာတစုနဲ့ ဒီမြင်ကွင်းတွေကတော့ ကျနော်နေ့စဉ် မြင်တွေ့နေတဲ့ မြင်ကွင်း တွေ လို့ ပြောရမှာပါ။
         
မီးပွိုင့်ဆိုတာ မြို့အင်္ဂါနဲ့ အညီ လမ်းဆုံလမ်းခွတွေမှာ ယာဉ်တိုက်မှုတွေမဖြစ်အောင် အ၀ါရောင် အနီရောင် အစိမ်းရောင် အရောင် သုံးမျိုးနဲ့ လမ်းသွားလမ်းလာတွေ ယာဉ်မောင်းတွေ လိုက်နာရမယ့် အချက်ပေးစနစ် သတ်မှတ်ထားတဲ့ နေရာ မဟုတ်လား။
         
ဒီမီးပွိုင့်ကို ချင်းမိုင်မြို့သားတွေ အခေါ်အရ “စီယဲ့ ခမ်ထိရမ်”လို့ ပြောလိုက်ရင်ပဲ ကားသမားတွေအစ လူတော်တော်များများက သိနေကြပါတယ်။ လွယ်လွယ် ပြောရမယ်ဆိုရင်တော့ မီးပွိုင့်တခုပါ။ လူတွေကတော့ သာမန်အားဖြင့် ယာဉ်စည်းကမ်းအတွက် လမ်းဆုံတွေမှာ ထားတဲ့ မီးပွိုင့်လို့ပဲ မြင်ကြမှာပါ။
         
ဒါပေမယ့် ဒီမီးပွိုင့်နဲ့ အသက်မွေးနေရသူတွေ အများကြီးပါ။ အဓိကကတော့ အခုနက ဟိုတစု ဒီတစုဆိုတဲ့ လူတွေပါ။ တနေ့ ၀မ်းစာ ကို ဒီမီးပွိုင့်မှာပဲ ရှာကြသလို ဒီမီးပွိုင့်က သူတို့ ရဲ့ အလုပ်ရုံဝင်းကြီးလို့လည်း တင်စားထားကြပါတယ်။ သူတို့တွေက မြန်မာပြည်က လာတဲ့ မြန်မာနိုင်ငံသားတွေပါပဲ။ အဲဒီနေရာမှာ ထိုင်းနိုင်ငံသားတွေကတော့ မရှိသလောက် ဆိုရမလို နည်းပါးပါတယ်။ ထိုင်းတွေက ပင်ပန်းတဲ့ အလုပ်တွေ အောက်ခြေသိမ်း အလုပ်တွေ ကျပန်းအလုပ်တွေကို မလုပ်ချင်ကြပါဘူး။

အလုပ်စောင့်နေတဲ့ မြန်မာပြည်သား တယောက်က“ကျနော်တို့ကတော့ မနက်မိုးလင်းတိုင်း ဒီမှာပဲ လာလာစောင့်တယ်။ တခြား အလုပ်တွေလုပ်ဖို့က ကျနော်တို့မှာ အလုပ်သမား လက်မှတ်မရှိဘူး။ ဒီမှာက အလုပ်လာခေါ်တဲ့ သူဌေးလာရင် လိုက်သွားတယ်။ အလုပ်မရတဲ့နေ့က မရှိသလောက်ဘဲ။ သူဌေးတယောက် မဟုတ်ရင် တယောက် လာနေတာပဲ” ဆိုပြီး မောင်းလာတဲ့ ကားတန်းကို အလုပ်လာခေါ်တဲ့ ကားတွေများလားဆိုတဲ့ မျှော်လင့်ချက် မျက်ဝန်းနဲ့ ကြည့်ရင်း ကျနော့်ကို ပြောပြပါတယ်။

ဒီမီးပွိုင့်အနီးဝန်းကျင်မှာ နေထိုင်တဲ့ သူတွေ ပြောပြချက်အရ လွန်ခဲ့တဲ့ နှစ် ၂၀ ၀န်းကျင်က စတယ်လို့ ပြောရမှာပါ။ မြန်မာ အလုပ် သမားတစုက စပြီး အလုပ်လာခေါ်မယ့် အလုပ်ရှင်ကို ဒီမီးပွိုင့်မှာ စောင့်နေကြတယ်။ အလုပ်ရှင်တွေကလည်း အဲဒီနေရာ လာပြီး အလုပ်သမားတွေကို ခေါ်သွားတယ်။ ညနေ အလုပ်သိမ်းတော့လည်း အလုပ်ရှင်က ဒီမီးပွိုင့်ကိုပဲ ပြန်ပို့ပေးတယ်။ ရက် ကနေ လ၊ လကနေ နှစ်ဖြစ်လာပြီး ကြာလာတော့လည်း ပုံမှန် အလုပ်မရှိကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် တနေ့စာ အလုပ်ရဖို့ နေရာလေး ဖြစ်လာပါတော့တယ်။

မနက်လင်းလာရင် ဒီမီးပွိုင့်ကို လာမယ်။ အလုပ်ရှင်တွေကို စောင့်မယ်။ ထိုင်း အလုပ်ရှင်တွေကလည်း လုပ်ခ သက်သာတဲ့ အလုပ် သမား တွေရဖို့ ဒီမီးပွိုင့်ကို လာတာပါ။ အဲဒီက မြန်မာအလုပ်သမား အများစုမှာ ထိုင်းအစိုးရ ထုတ်ပေးတဲ့ တရားဝင်အလုပ် လုပ် ပိုင်ခွင့် အလုပ်သမားလက်မှတ် မရှိကြတော့ ထိုင်း အလုပ်သမားတယောက် ရတဲ့ ပုံမှန်လုပ်ခနဲ့ စာရင် ထက်ဝက်လောက်ကို လျော့ပါတယ်။ သူတို့မှာ အလုပ်သမားလက်မှတ် လုပ်မယ်ဆိုရင် သူတို့ရတဲ့ နေ့တွက်ခ ၀င်ငွေလေးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အလုပ်သမား လက်မှတ်အတွက် ကုန်ကျစရိတ်က တနှစ်စာကို ဘတ် ၆၀၀၀ ၀န်းကျင် ပေးဆောင်ရတာပါ။ ဆိုတော့ နေ့စဉ်ဝင်
ငွေလေးရဖို့ကို ဒီမီးပွိုင့်ကိုပဲ အားကိုးကြရတာပေါ့။ အဲဒီတုန်း က နေ့စား တရက်လုပ်ခ ဘတ် ၁၂၀ ပဲ ရကြတယ်လို့ ဆိုပါတယ်။

အခုအချိန်မျိုးမှာတော့ အလုပ်ရှင်ကားတစီး ၀င်လာပြီဆိုရင် အဖွဲ့လိုက်ဖြစ်ဖြစ် တယောက်ချင်းဖြစ်ဖြစ် အရင်ဆုံး အလုပ်ရှင်နဲ့ ဈေးညှိမယ်။ အလုပ်ရတဲ့နေ့ဆိုရင် လုပ်ခ ဘတ်ငွေ ၂၅၀ ကနေ ၃၅၀ အထိ ရကြပါတယ်။ အရင်နှစ်တွေကဆိုရင် တနေ့လုပ်ခက ၂၀၀ ပဲ ရကြသေးတာပါ။ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင့်လပ်တက်လာပြီးတဲ့နောက် ထိုင်း အခြေခံအလုပ်သမား တယောက် တနေ့လုပ်ခ ဘတ်ငွေ ၃၀၀ တရားဝင် သတ်မှတ်ပေးလိုက်တာကြောင့် အခုလို မြန်မာအလုပ်သမားတွေပါ တရက်လုပ်ခ ဘတ်ငွေ ၂၅၀ ကနေ ၃၅၀ အထိ ရရှိလာကြတာပါ။ တချို့နေ့ တွေမှာတော့ အလုပ်ရတဲ့ သူ ရသလို မရတဲ့ သူတွေလည်း အလုပ်မရဘဲ အိမ်ပြန်ကြရတယ်။ ပုံမှန်အလုပ်မရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဒီလိုပဲ သူတို့ရဲ့ နေ့စဉ်ဘ၀ကို ဖြတ်သန်းနေကြတာပါ။

“မန့ကဆို အလုပ်မရဘူး။ သူဌေးက ပိုက်ဆံပေးတာ အရမ်းနည်းတယ်။ မကိုက်ဘူး။ အလုပ်မရတော့ အိမ်ပြန်တယ်။ ရတဲ့သူတွေလည်း ရကြတယ်။ တခါတလေ သူဌေးက ပိုက်ဆံမပေးတာလည်း ရှိတယ်၊ မြန်မာပြည်သားမို့လို့ သက်သက်မယ့် နိုင်စားတာ”လို့ အဲဒီနေ့က အလုပ်မရခဲ့တဲ့အကြောင်း အလုပ်သမားတယောက်က ပြောပြပါတယ်။ တချို့ထိုင်းအလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တာ ကို ခံရတာလည်း ရှိနေပါလားလို့ သိခဲ့ရတယ်။
         
လွန်ခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်က ထိုင်းနိုင်ငံမှာ ရေးလွှမ်းမိုးမှု ဖြစ်ခဲ့တာကြောင့် အလုပ်တော်တော်များများ လနဲ့ချီပြီး ရပ် ဆိုင်း ခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားပြီး အလုပ်အကိုင်တွေပါ ရှားပါးတဲ့ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ ကြ တယ်။ ချင်းမိုင် မြို့မှာလည်း ပုဂ္ဂိလပိုင်စက်ရုံတွေ အချိန်အတော်ကြာ လည်ပတ်မှုမရှိတာကြောင့် ထိုင်းနိုင်ငံသားတွေ အပါအ၀င် မြန်မာ အလုပ်သမား အလုပ် လက်မဲ့တွေ များခဲ့ရပါတယ်။
         
အဲဒီအချိန်ကစပြီး နေ့စားအလုပ်တွေ ကျပန်းအလုပ်တွေကို ထိုင်းလူမျိုးတွေပါ ကူးပြောင်းလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ် ၂၀ ၀န်း ကျင် အထိ မြန်မာနိုင်ငံသားတွေ အများဆုံး အလုပ်စောင့်တဲ့ ဒီမီးပွိုင့်လမ်းဆုံမှာ ထိုင်းလူမျိုးတွေအပါအ၀င် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဟာ လမ်းလေးဘက် လေးလံလုံးမှာ အလုပ်ရဖို့ စောင့်ဆိုင်းရတဲ့ နေရာအဖြစ် ရောက်ရှိ သွားပါတော့တယ်။

အလုပ်လာစောင့်တဲ့ သူတွေ တနေ့ထက်တနေ့ များလာတာကြောင့် နေ့တိုင်း အလုပ်ရဖို့ ခက်ခဲလာတယ်လို့ မြန်မာအလုပ်စမား တွေက ပြောပြကြတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းမှာပဲ ဒီမီးပွိုင့်မှာ မမြင်တွေ့ဘူးတဲ့ မြင်ကွင်းတွေ မကြားဘူးခဲ့တဲ့ သတင်းတွေ နေ့စဉ်လိုလို ကြားရပါတယ်။ အလုပ်ရှင် ကားတစီးလာရင် အလုပ်ရဖို့ အတွက် သူ့ထက် ငါ အလုအယက် ပြောဆိုကြမယ်။ အခန့်မသင့်ရင် စကားများ ပြဿနာတွေတက်ကြပြီး အုပ်စုလိုက် ရန်တွေ ဖြစ်ကြ နောက်ဆုံး ထိုင်းလုံခြုံရေး ရဲတွေ လာရောက်ဖမ်းဆီးတဲ့ အဆင့် အထိ ဖြစ်လာပါတော့တယ်။
အခုလို ကျပန်းအလုပ်ရဖို့တောင် အဆင်မပြေတဲ့ အချိန်မှာ မထင်မှတ်ဘဲ လမ်းသရဲဆန်တဲ့ ထိုင်းလူငယ်တစုက ထိုင်း အခေါ် ရာဘ စိတ်ကြွဆေး ရောင်းဝယ် ဖောက်ကားဖို့ တာစူလာကြပြန်ပါတယ်။ သမာအာဇီဝနဲ့ အလုပ်လာရှာတဲ့ သူတွေထဲ စိတ်ကြွဆေး ရောင်း တဲ့ သူတွေက တစထက် တစ များလာခဲ့ ပါတယ်။ နောက်ပိုင်း ဆေးရောင်းတဲ့ သူတွေထဲမှာ မြန်မာတွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ပဲ လမ်းဆုံမီးပွိုင့်ဟာ တဖြည်းဖြည်းနဲ့ ရာဇ၀တ်သားကောင်တွေရဲ့ စားကျက်မြေ နေရာအဖြစ် ပြောင်းလဲသွားခဲ့ရ ပါတယ်။

တချိန်က မြန်မာအလုပ်သမားတွေ ထမင်းချိုင့်ကိုယ်စီနဲ့ မနက်တိုင်း အလုပ်ရဖို့ စောင့်ဆိုင်းနေရတဲ့ လမ်းဆုံမီးပွိုင့်က တဖြည်းဖြည်း နဲ့ ကျီးလန့်စာ စား အခြေအနေ ရောက်သွားခဲ့ပါတယ်။ အလုပ်သမား လက်မှတ် မရှိတာကြောင့် ဘယ်နေ့ ရဲ ဖမ်းမလဲဆိုတဲ့ စိုးရိမ် စိတ်နဲ့ အလုပ်ရှင်ကို မျှော်ကြရသလို ရဲဝင်နေတယ်လို့ ကြားလိုက်ပြီ ဆိုရင်ပဲ ပြေးကြ လွှားကြနဲ့ လမ်းဆုံမီးပွိုင့်မှာ ပြေးသူ ပြေး လိုက် သူ လိုက်နဲ့ အကျည်းတန် စေခဲ့တဲ့ မြင်ကွင်းတွေလည်း မြင်တွေ့ခဲ့ပါတယ်။

“ရဲဝင်တာကတော့ အခုရက်ပိုင်း နေ့တိုင်းလိုလိုပဲ။ သူတို့က အယောက် ၂၀ လောက်ရှိမယ် အရပ်ဝတ်တွေနဲ့ လာတာ။ ကျနော် ကတော့ ပြေးတော့ လွတ်သွားတယ်။ ကျနော့်သူငယ်ချင်း ၃ ယောက်ပါသွားတယ်။ အဲဒါ ပြန်လည်း မရွေးနိုင်ဘူး။ ကျနော်တို့မှာ နေ့စားအလုပ်ရဖို့က ဒီမီးပွိုင့်ကိုပဲ အားကိုးရတာ။ အခုလို နေ့တိုင်းသာ ရဲဝင်နေရင် ကျနော်တို့ ဘယ်လို ထမင်းစားရတော့မလဲ။ ကျနော်တို့မှာ မိသားစုနဲ့”လို့ ဒီမီးပွိုင့်မှာ ထိုင်းရဲတွေလာဖမ်းတုန်း ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အလုပ်သမားတယောက်က ပြောပြပါတယ်။

တဖြည်းဖြည်းနဲ့ မြန်မာ အလုပ်သမားတွေအတွက် ဒီမီးပွိုင့်မှာ အလုပ်ရဖို့ အခွင့်အလမ်းတွေ နည်းသထက် နည်းပါးလာခဲ့ပါတယ်။ ၂၀၁၂ ခု နှစ်ဝက်ကတည်းက နေ့တိုင်းလိုလို ရဲဝင်ဖမ်းနေတော့ အလုပ်သမားတွေ မသွားဝံ့တော့ဘဲ တိမ်းရှောင်နေကြတယ်။

မြန်မာတယောက် ကို ဖမ်းမိရင် ထိုင်း ဘတ်ငွေ ၆၀၀၀ အထက် ပေးဆောင်ရတာပါ။ မပေးနိုင်ရင် အချုပ်ထဲမှာ ကာလအတန်ကြာ ဖမ်းဆီးထားပြီး မြန်မာ ပြည် နယ်စပ်ကို ပို့ လိုက်တယ်။ ထိုင်းရဲတွေက မြန်မာတယောက်ကို မြင်လိုက်ပြီဆိုရင်ပဲ ပိုက်ဆံ ထုတ်စက် လို သဘော ထားကြတယ်လို့ မြန်မာ အလုပ်သမားတွေက ပြောဆိုကြပါတယ်။

၂၁၀၂ ခုနှစ်ကုန်ပိုင်းမှာတော့ မြန်မာအလုပ်သမားတွေဟာ တကယ်ပဲ ဒီမီးပွိုင့်ကို စွန့်ခွာရတော့မယ့် အခြေစိုက်ရောက်လာခဲ့ ပါတယ်။  အဲဒါက အောက်တိုဘာလ အစောပိုင်းမှာ ချင်းမိုင်မြို့တော်ဝန်က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒီလမ်းဆုံ မီးပွိုင့်ကို မြို့အင်္ဂါနဲ့ကိုက်ညီမှုမရှိဘူး။ ဒီလမ်းက ချင်းမိုင်မြို့ရဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းလည်းဖြစ်တယ်။ အခုလို ဒီလမ်းဆုံမှာ လမ်းဘေးတလျှောက် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေရဲ့ ပုံရိပ်တွေဟာ မြို့ကို သရုပ်ပျက်စေတယ်ဆိုပြီး မည်သူ တဦးတယောက်မှ  အလုပ် စောင့်ခွင့်မရှိဘူးလို့ ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။

အလုပ်သမားတွေ အလုပ်စောင့်ဖို့အတွက်ကိုတော့ ချင်းမိုင်က မြို့အပြင်တနေရာကို သတ်မှတ်ပေးတယ်လို့လည်း ကြေညာချက် ထဲမှာ ထည့်သွင်းထားပါတယ်။

မြို့တော်ဝန်ရဲ့ ထုတ်ပြန်ချက်အပြီး ရက်ပိုင်းမှာပဲ အာဏာပိုင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေက စောင့်ကြည့်တာတွေနဲ့ လမ်းသန့်ရှင်း ရေး တွေ လုပ်လာကြပါတော့တယ်။

ဒီမီးပွိုင့်မှာ ၀မ်းစာအတွက် အပူအပင်ကြားထဲကနေ အလုပ် စောင့်မျှော်ရတာတွေ အဆုံးသတ်သွားပြီလား…။

မကြာခင်မှာပဲ မီးပွိုင့် ၀န်းကျင်ကို အသွင်သစ်နဲ့ မြင်နေရပါပြီ။ အရင်လို မစည်ကားပေမယ့် အရင်မြင်ကွင်း အဟောင်းတွေကိုတော့ ဆက်ပြီး မြင်တွေ့နေရတုန်းပါ။ ကွာခြားသွားတာကတော့ မြန်မာနိုင်ငံသားနေရာမှာ ထိုင်းလူမျိုးတွေက ပြောင်းလဲ ယူလိုက်တာပဲ ဖြစ်ပါတယ်။ ၏

ဒီမီးပွိုင့်မှာ ပုံမှန်အလုပ်စောင့်တတ်တဲ့ မြန်မာပြည်သား တဦးက“ချင်းမိုင်လဝကက ပြောတာ ဒီနေရာမှာ ဘယ်သူမှ အလုပ်မစောင့် ရဘူး။ အလုပ်ဆောင့်တဲ့ နေရာမဟုတ်ဘူးပေါ့။ ဆိုင်းဘုတ် တွေလည်း ကပ်ထားတယ်။ အခုဆို ဗမာပြည်သားတွေ မလာရဲတော့ ဘူး။ ဈေးတွေမှာ လှည်းတွန်း ဈေးရောင် အလုပ်တွေပဲ လုပ်ကြတော့တယ်။ ထိုင်းတွေက သက်သက်မဲ့ညစ်တာ။ သူတို့ဘဲ စောင့် မယ်။ ဗမာတွေကို အလုပ်မရစေချင်လို့လေ။ ရဲတွေနဲ့ ညှိပြီး ဒီမီးပွိုင့်ကို ပိတ်လိုက်တာ။ အခု သူတို့ကြတော့ သွားသွားစောင့်ကြ တာပဲ။ ဘာရဲမှ မဖမ်းပါလား”လို့ ပြောပြပါတယ်။

တိုင်းတပါးမှာ တရားမ၀င် အလုပ်သမားအဖြစ် ဘယ်လိုသွားလာ နေထိုင် ရပ်တည်နေရတာလဲ ဆိုတာ ကာယကံရှင်တွေ အသိဆုံး ပါ။ ထိုင်း တနိုင်ငံလုံးက သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသား တရားမ၀င်အလုပ်သမားတွေကို နေ့စဉ်ရှာဖွေ ဖမ်းဆီးနေတာလည်း ထိုင်း နိုင်ငံရဲ့ တည်ဆဲဥပဒေ အရလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာအလုပ်သမားတွေ ကိုယ့်နေရပ်ကို ပြန်ဖို့ဆိုတာက သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လို ဖြစ်နေပါတယ်။ မိခင်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေဆဲ ဖြစ်သလို နေ့စဉ်ဝမ်းစာအတွက် ရုန်းကန်နေရတဲ့ အခြေအနေတွေကနေ မလွတ်မြောက်နိုင်သေးသရွေ့ အခုလို တိုင်းတပါးရောက် မြန်မာအလုပ်သမားတွေဟာ ရေကြည်ရာ မြက်နုရာ လုပ်ကိုင် စားသောက် နေကြရတဲ့ သံသရာထဲမှာ တ၀ဲဝဲ လည်နေရဦးမှာပဲ ဖြစ်ပါတယ်။  ။

ဧရာဝတီ

အမှိုက်ပုံမှာ မသင်္ကာဖွယ်ရာဆေးဝါးများလာရောက်စွန့်ပစ်ထား

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကမူးယစ်ဆေးဝါးသယ်ယူ၊သိုလှောင်ရောင်း ချမှုများကိုရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။

ဒါ့ကြောင့်ဇူလိုင်လ (၃)ရက်နေ့က ပုသိမ်ကြီးမြို့ နယ်၊ကြာနီကန်သုဿန်အနီးမှာ အမှိုက်ပုံမှာ မူးယစ်ဆေးဝါးများကို လာရောက်စွန့်ပစ် မှုဖြစ်ပွားခဲ့ပါတယ်။

အမှိုက်ပုံမှာ မသင်္ကာဖွယ်ရာဆေးဝါးများလာရောက်စွန့်ပစ်ထားတယ်လို့သတင်းရတဲ့ အတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါ ဆေးရုံသုံးပစ္စည်းများ စွန့်ပစ်တဲ့နေရာမှာ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ ဆေးပြားများကိုစွန့်ပစ်မီးရှို့ဖျက်ဆီးထားတာတွေ့ရ ပါတယ်။

အဲဒီနေရာကို အသေးစိတ်ရှင်းလင်းတဲ့အခါ မီးမလောင်သေးတဲ့အက်ဖီဒရင်းအမှုန့်၁၅ ကီလိုပါ နှစ်ထုပ်၊ ၅ကီလိုပါ နှစ်ထုပ် စုစုပေါင်းကီလို၄၀၊ Solkuf ဆူဒိုအက်ဖီဒရင်း အာနိသင်ပါဆေးပြား ၃၅၂၀၀၀၊Coolact အမျိုးအစားဆူဒိုအက်ဖီ ဒရင်း ဆေးပြားဆယ်ပြားပါဆေးကတ် ၇၀၀၀ ကတ်၊ ဆေးပြားပေါင်းခုနှစ်သောင်း၊ ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရှာဖွေသိမ်းဆည်းခဲ့တဲ့ မူးယစ်ဆေးဝါးတန်ဖိုးဟာ သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိကြောင်း သိရပါတယ်။

News of Myanmar

ကော်ရှူခြင်း ကာကွယ်ရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပို့မည်


နေပြည်တော်၊ ဇူလိုင် ၎

လူငယ်များအကြား ဓလေ့စရိုက်တစ်ခု ဖြစ်လာသည့် ကော်ရှူ သုံးစွဲခြင်းကို တားဆီးရေးအတွက် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ များက အလေးထား ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထီးချိုင့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုးက လူငယ်အချို့ ကော်ရှူသုံးစွဲခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဥပဒေ ပေါ်ထွက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ် ရှိ မရှိ မေးမြန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက်ပါအတိုင်း ဖြည့်စွက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထီးချိုင့် မဲဆန္ဒနယ်မှ ဦးစိုးစိုး၏ မေးခွန်းသည် နိုင်ငံနှင့် နိုင်ငံသားများ အတွက် လွန်စွာ အရေးကြီးပြီး အလေးထားရမည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ အမျိုးသားရေး ကိစ္စရပ် တစ်ခုလည်း ဖြစ်ကြောင်း၊ ယင်းအတွက် ဤမေးခွန်းကို အခြေပြုကာ လွှတ်တော် ဥက္ကဋ္ဌအနေနှင့် နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ ရေးသားပေးပို့မည့်အပြင် အစိုးရအဖွဲ့ထံသို့လည်း အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကော်ရှူသုံးစွဲခြင်း ဓလေ့သည် ကျောင်းသား လူငယ်များအထိ ပျံ့နှံ့လာသောကြောင့် ဝန်ကြီးဌာနများ ၊ပြည်သူများနှင့် လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပြီး အဆိုပါ ကိစ္စရပ်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေတစ်ရပ် အမြန်ဆုံး ရေးဆွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆိုသည်။

ကော်ရှူခြင်း ဓလေ့မှာ လူငယ်များအကြား ပျံ့နှံ့နေသော်လည်း လူကြီးများ ကျယ်ကျယ်ပြန့်ပြန့် မသိရှိသေးကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာရေးနှင့် သက်ဆိုင်သည့်အတွက် ကျန်းမာရေး ပညာရှင်၊ ဓာတုဗေဒ ပညာရှင်များ ကိုယ်တိုင် လက်တွေ့ လေ့လာသင့်သည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်ရှူခြင်းမှာ အိမ်ခြေမဲ့ ကလေးများနှင့် လမ်းပျော် ကလေးများတွင် အဖြစ်များသည့်အတွက် ကျောင်းနေအရွယ် ကလေး ကျောင်းအပ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးများ စိတ်ဓာတ် ကျဆင်းသည့်အခါ ကော်ရှူပြီး မူးယစ်စေသည့်နည်းဖြင့် ဖြေရှင်းသည့်အတွက် စောင့်ကြည့် ကာကွယ်ရမည်ဖြစ်ကြောင်း ကော်ရှူသည့် ကလေးငယ်များအကြောင်း ကိုယ်တိုင် လေ့လာ ရေးသားခဲ့သည့် မန္တလေး ဆေးတက္ကသိုလ်မှ တတိယနှစ် ကျောင်းသူ မယဉ်ယဉ်နှောင်းက ပြောကြားသည်။

ကော်ရှူ သုံးစွဲမှု သတင်းရသည့် မြို့နယ်များတွင် ကျောင်းသားများ ကော်ရှူသုံးစွဲပါက ဆရာ၊ ဆရာမများက မိဘများကို ခေါ်ယူ တွေ့ဆုံကာ ဆွေးနွေး ညှိနှိုင်းခြင်း၊ ကျောင်းသားများအတွင်း ကင်းထောက်များ ထားရှိကာ စောင့်ကြပ် ကြည့်ရှုခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းများမှ တာဝန်ရှိသူများက ကော်ရှူသူများကို ခေါ်ယူ တွေ့ဆုံ ပညာပေး ဆုံးမခြင်း၊ သင်္ဘောဆေး ပစ္စည်း အရောင်းဆိုင်များက ပါဝင် ပူးပေါင်း ဆောင်ရွက်ခြင်း စသည့်တို့ကို လုပ်ဆောင်ခြင်းဖြင့် ထိန်းချုပ် နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆိုသည်။

The Voice Weekly

JXD S7300 Gamepad 2


MP-5 ပုံစံနဲ့ထွက်ရှိလာတဲ့ JXD Gamepad 2 ဟာဆိုရင် မျက်နာပြင်အကျယ်
၇ လက်မ နှင့် 5 point capacitive touch HD မျက်နှာပြင် ပုံစံနဲ့ ထွက်ရှိ လာပါတယ်။1.5GHz dual-core နှင့် ဘတ္ထရီကိုတာရှည်ခံနိုင်ရန်အတွက် lithium-polymer battery ကိုအသုံးပြု ပေးထားပါတယ်။

Andorid version 4.1.1 နဲ့ထွက်ရှိလာပြီး ရုပ်ထွက်ကောင်းမွန်စေဖို့အတွက်
LCD, 1024 x 600 pixel ကိုအသုံးပြုပေးထားပါတယ်။ဂိမ်းကစားရာမှာ
လွယ်ကူစေဖို့အတွက် touch screen အပြင် keypad လေးတွေကိုပါထည့်
သွင်းပေးထားပါတယ်။ဒါကြောင့် Physical buttons အနေနဲ့ကော
Virtual buttons အနေနဲ့ပါအသုံးပြုလို့ရစေမှာဖြစ်ပါတယ်။

Android game အမျိုးစားတွေကိုထည့်သွင်းကစားလို့ရမည့်အပြင် Keypads
နဲ့ကစားလို့ရတဲ့ PS1, N64, Arcade CP1/CP2/Neo-Geo, GBA, SFC, MD, FC များကိုပါထည့်သွင်းကစားလို့ရစေမှာဖြစ်ပါတယ်။

Viedo အမျိုးစားအနေနဲ့ RMVB, AVI, MPEG-4, ASP, DIVX, WMV, F4V, FLV အစရှိတဲ့ပုံစံတွေနဲ့ ကြည့်ရှုလို့ရမှာဖြစ်ပြီး Output အနေနဲ့ HDMI dual-screen display,1080P နဲ့ကြည့်ရှုလို့ရစေမှာဖြစ်ပါတယ်။

ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ရိုက်ကူးနိုင်ရန်အတွက် ရှေ့ကင်မရာ 0.3M ထည့်သွင်း
ပေးထားပါတယ်၊internal memory 8GB ဖြစ်ပြီး 32GB အထိအပိုထည့်သွင်း
အသုံးပြုလို့ရပါတယ်။

ထို့ပြင် အင်တာနက် Wifi အသုံးပြုလို့ရမည့်အပြင် ဘာသာစကားပေါင်း
၁၉ မျိုးကိုပါထည့်သွင်းပေးထားပါသေးတယ်။၁ နှစ်အာမခံပေးထားပြီး
ရောင်းချပေးမယ့်ဈေးနှုန်းက ၁၂၆ ဒေါ်လာဝန်းကျင်ရှိကြောင်းသိရပါတယ်။

Ref:techblog
Khun Nay(Tsj team)

ကမ္ဘာ့ပထမဆုံး အရက်ပမာဏတိုင်း စမတ်ဖုန်းသုံးကိရိယာ


အစ္စရေး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဘန်ဘာရွန် တီထွင်လိုက်သည့် ကမ္ဘာ့ပထမဆုံး အရက်ပမာဏတိုင်း စမတ်ဖုန်းသုံးကိရိယာ (‎#Smartphone ‎#Breathalyzer ‎#Alcohoot) ကို မိတ်ဆက်ပြသခဲ့သည်။ ဘာရွန် တီထွင်လိုက်သည့် ကိရိယာကို စမတ်ဖုန်းနှင့် ချိတ်ဆက်အသုံးပြုကာ သွေးထဲတွင် အရက်ပမာဏပါဝင်မှုအား ၁၀ စက္ကန့်အတွင်း တိုင်းတာသိရှိနိုင်မည်ဖြစ်သည်။


ဘာရွန်၏ ကိရိယာသည် အရွယ်အစားအားဖြင့် ‎#iPhone ၏ လေးပုံတစ်ပုံမျှဖြစ်ပြီး အရက်ပမာဏတိုင်းတာလိုပါက ဖုန်း၏ နားကြပ်ပေါက် (‎#audio ‎#port) တွင် အဆိုပါ ကိရိယာကို ချိတ်ဆက်ရမည် အသုံးပြုရမည် ဖြစ်သည်။ အရက်သောက်ထားသူ အနေဖြင့် ထိုကိရိယာတွင် လေမှုတ်သွင်းရမည်ဖြစ်ပြီး စမတ်ဖုန်းရှိ App က သွေးထဲရှိ အရက်ပမာဏကို တွက်ချက်ဖော်ပြပေးသည်။

သွေးထဲတွင် အရက်ပမာဏပါဝင်မှုကို ‎#App က နေ့အလိုက်၊ သီတင်းပတ်အလိုက် ဂရပ်ဖြင့် ဖော်ပြပေးသည်။ စမတ်ဖုန်းဖြင့် တွဲဖက်သုံးရသည့် အရက်ပမာဏတိုင်း ကိရိယာကို ၇၅ ဒေါ်လာ တန်ဖိုးသတ်မှတ်ထားကြောင်းနှင့် ဒေါ်လာ ၈၀၀ ခန့် ပေးရသည့် ရဲတပ်ဖွဲ့ဝင်များ အသုံးပြုသည့် အရက်ပမာဏတိုင်းကိရိယာထက် များစွာဈေးသက်သာကြောင်း အသက် ၂၄ နှစ်အရွယ် ဘာရွန်ကဆိုသည်။

Planet Myanmar Network

ကမ္ဘာ့ရွှေဈေး ပြန်တက်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးတက်

သုံးနှစ် အတွင်း စံချိန်တင် ဆက်တိုက် ကျဆင်းခဲ့သည့် ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက် လာခြင်းကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း တဖြည်းဖြည်း ပြန်လည် မြင့်တက် လာပြီး တစ်ကျပ်သားလျှင် ခြောက်သိန်း ကိုးသောင်းကျပ် ဝန်းကျင် အထိ ပြန်လည် မြင့်တက်နိုင်ကြောင်း ရွှေဈေးကွက် ကျွမ်းကျင်သူ အများစုက ခန့်မှန်းကြသည်။
ဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းနေပြီး ဈေးသင့်သောကြောင့် အဝယ်လိုက်လျက်ရှိကာ ယခု တစ်ပတ်အတွင်း ပြည်တွင်း ရွှေဈေးမှာ အတက်ဘက်သို့သာ ဦးတည်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောဆို သည်။
“ကမ္ဘာ့ဈေးလည်း ပြန်တက်တော့ ဒီမှာလည်း ဆက်တက်မယ်။ အမြင့်ဆုံး အခေါက်ရွှေ တစ်ကျပ်သား ကို ခြောက်သိန်း ကိုးသောင်းနဲ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၁၂၈၀ ဒေါ်လာလောက်အထိ တက်မယ်လို့ ထင်ပါတယ်” ဟု တိတ်ချိန်ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောကြားသည်။
“ကျွန်တော်တို့ ဆိုင်မှာတော့ အရောင်းအဝယ်က ပုံမှန်ပါ” ဟု ၎င်းက ဆိုသည်။ ဇူလိုင်လ ၁ ရက်နေ့က အဖွင့်ဈေးမှာ ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သား လျှင် ၆၈၃,၀၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၄၂ ဒေါ်လာဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ် သားလျှင် ၆၈၄,၀၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၆၅ ဒေါ်လာ ဖြစ်သည့် အတွက် ပြည်တွင်း ဈေးရော ကမ္ဘာ့ဈေးပါ ပြန်လည် မြင့် တက်နေခြင်း ဖြစ်ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

The Voice News


တောင်ငူခရိုင် ကလေး ၁၀၀ ကျော် သွေးလွန်တုပ်ကွေးဖြစ် သုံးဦးသေဆုံး


ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် လူ ၁၀၀ ကျော် သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံး ခဲ့ကြောင်း တောင်ငူခရိုင် ရောဂါပိုးမွှားမှ တစ်ဆင့် ကူးစက် တက်သော ပိုးမွှားနှိမ်နှင်းရေး အဖွဲ့ (ရ-ပ-က-န) က ထုတ်ပြန်သော အစီအရင် ခံစာအရ သိရှိ ရသည်။
တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ် တို့တွင် ဇွန်လပထမ ပတ်က သွေးလွန်တုပ်ကွေး ရောဂါဖြင့် ခရိုင်ဆေးရုံကြီးတွင် ကလေးငယ် ၁၀၀ ဦးကျော် တက်ရောက် ကုသခဲ့ပြီး ဇွန်လ ဒုတိယ ပတ်တွင် ဆေးရုံတက်ရောက် ကုသသူ လူနာ ၄၀ ခန့် ရှိခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် အဆိုပါရောဂါဖြင့် အသက်ငါးနှစ် အရွယ်၊ ရှစ်နှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်သုံးဦးတို့ သေဆုံးခဲ့ကြောင်း အဆိုပါ အစီအရင် ခံစာအရ သိရှိရသည်။
“တူမလေးကို ဆရာဝန်က သွေးလွန်တုပ်ကွေး သံသယရှိလို့ တောင်ငူဆေးရုံ တင်တာ ဆေးရုံထဲ ခြေချစရာ မရှိတော့ပါဘူး။ လူနာစောင့် ထိုင်ခုံတွေနဲ့တောင် ကလေးတွေကို ထားရတယ်” ဟု တောင်ငူမြို့နယ် ခပေါင်းကျေးရွာအုပ်စု ဆားကျင်းကျေးရွာတွင် နေထိုင် သူ ဒေါ်ချိုက ပြောကြားသည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းကြောင့် ဇွန်လအတွင်း အခြေခံပညာကျောင်းပေါင်း ၃၂ ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်စ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်ခင်မေသွင်က ပြောကြားသည်။

THE VOICE JOURNAL 

မျက်လုံးထဲ တက်တူးထိုးခြင်း


မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာလို့ လေ့လာရပါတယ်။
ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။
မျက်လုံးထဲမှာ တက်တူးထိုးစရာ နှစ်နေရာ ရှိပါတယ်။ Cornea လို့ခေါ်တဲ့ မျက်ကြည်လွှာနဲ့ Sclera လို့ခေါ်တဲ့ မျက်ဖြူသား ဖြစ်ပါတယ်။ ဒါကြော့င် မြန်လာလို လိုရင်းခေါ်မယ်ဆိုရင် မျက်စံတက်တူးနဲ့ မျက်ဖြူသား တက်တူး ဖြစ်ပါတယ်။
မျက်ကြည်လွှာ တက်တူးထိုးခြင်း
မျက်စံ အနက်တည့်တည့်မှာ ထိုးတဲ့ တက်တူးက Corneal tattooing ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက ရှိတာ ဖြစ်ပါတယ်။ အများစု ကတော့ ကျန်းမာရေး ကုထုံးအတွက် အသုံးပြုပြီး လေဆာမင်တံ နဲ့ ဖောက်ပြီး ထိုးပါတယ်။ မျက်ကြည်လွာမှာ တိမ်ဖုံးနေမှုများ၊ အဆင်းထင်နေမှုများ၊ ပုံပျက်နေမှုများကို ပြင်ဆင်ပေးတယ်လို့ ဆိုပါတယ်။ အခြားသော ကျန်းမာရေးရည်ရွယ်ချက်များနဲ့လည်း ထိုးပါတယ်။ မျက်လုံးနဲ့ ပက်သက်လို့ ဖြစ်ပွားတဲ့ ရောဂါတွေကို ကုဖို့အတွက် ဖြစ်ပြီး အမြင်ပြန်ကောင်း လာတဲ့ အကျိုးကျေးဇူးတွေ ရတယ်လို့ ဆိုပါတယ်။
နောက်ထပ်ရည်ရွယ်ချက်က အလှအပအတွက် ဖြစ်ပါတယ်။ အပြာရောင် လဲ့လဲ့သန်းတဲ့ မျက်ကြည်လွှာ ပိုင်ဆိုင်ရရှိဖို့အတွက် အပြာရောင် ဆေး တက်တူးထိုးကြပါတယ်။ အမြင်အာရုံကို မထိခိုက်ဘူးလို့ ဆိုပါတယ်။ အလှအပ အတွက် မျက်ကြည်လွှာ-မျက်စံအနက်မှာ တက်တူးထိုးတဲ့ အလေ့အထလည်း ရှိနေပါသေးတယ်။
Corneal tattooing မှာ အက်ဆီးဒန့် ဖြစ်တတ်ပါတယ်။ ဖြစ် လည်း ဖြစ် တတ်ကြပါတယ်။ အဆိုးဆုံး အက်ဆီးဒန့်ကတော့ အမြင်အာရုံ ဆုံးရှုံးရတဲ့ အဆင့်အထိ ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးထဲ တက်တူးထိုးခြင်းကို ကျန်းမာရေးအတွက် ဆိုရင် မျက်စိအထူးကု ဆရာဝန်တွေသာ နိုင်ငံတကာမှ ခွင့်ပြုချက်ရပြီး အလှအပအတွက်ကတော့ သာမန် တက်တူးဆရာများကို လိုင်စင်နဲ့ ခွင့်ပြုပေးထားတာ ရှိတယ်လို့ ဆိုပါတယ်။
မျက်ဖြူသားပေါ် တက်တူးထိုးခြင်း
နောက်ထပ် မျက်လုံးထဲ တက်တူးထိုးနည်းကတော့ မျက်ဖြူသားကို တက်တူးထိုးတဲ့ Scleral tattooing ဖြစ်ပါတယ်။ ဒါကတော့ Extreme Practice လို့ သတ်မှတ်ထားပါတယ်။ တရားဝင်ခွင့်ပြုထားမှု နည်းပါတယ်။ မျက်ဖြူသားတစ်ခုလုံးကို အပြာရောင်ခြယ်တာမျိုး၊ အနီရောင် ခြယ် တာမျိုးတို့ ဖြစ်ပါတယ်။  သူက မျက်လုံးနဲ့ တိုက်ရိုက်ဆက်ထားတဲ့ အာရုံကြောများကို ထိခိုက်လွယ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မျက်ဖြူသားပေါ် တက်တူးထိုးတဲ့ အလေ့အထကတော့ နည်းပါတယ်။ သို့ပေမယ့် တက်တူးရူးသွတ်သူများအတွက်ကတော့ မျက်ဖြူသားပေါ် တက်တူးထိုးခြင်းဟာလည်း အလှအပတစ်ခုလို့ပဲ မှတ်ယူပါတယ်။ အသဲပုံ ပုံစံ၊ နှင်းဆီပုံစံ၊ စာရေးထိုးခြင်း အစရှိသဖြင့်တို့ကို ပြုလုပ်ပါတယ်။
----
----
မျက်လုံးထဲ တက်တူးထိုးခြင်းက ကျန်းမာရေး လိုအပ်ချက်အတွက် ပြုလုပ်တာ ပဲ ကောင်းတယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ ဒါတောင် အပြည့် အဝ ကောင်းမွန်လာနိုင်တယ်လို့ ဆရာဝန်များ အာမ မခံထားပါဘူး။ ကံမကောင်းရင် အမြင် အာရုံ ဆုံးရှုံး ရနိုင်ပါတယ်။ မျက်ကပ်မှန် ရေပန်းစားလာတဲ့ ခေတ်ကြီးမှာ မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုကတော့ အတွေ့နည်းလာပါတယ်။ လုံးဝပျောက်ကွယ်သွား တာမျိုးတော့ မဖြစ်နိုင်သေးပါဘူး။ တက်တူး ထိုးတဲ့ ယဉ်ကျေးမှု ရှိနေသရွေ့ မျက်လုံးထဲ တက်တူးထိုးခြင်းကလည်း ဆက်လက် တည်ရှိနေအုံးမှာ ဖြစ်တယ်လို့ cosmetic ပညာရှင်တို့ ခန့်မှန်းထားပါတယ်။
------
Ref:wiki
အောင်ခမ်း (TSJ team)

လပတ်စာမေးပွဲ မဖြေနိုင်၍ ဆယ်တန်းကျောင်းသား ပိုးသတ်ဆေး သောက်သေဆုံး


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ် အုတ်ကျင်း ကျေးရွာတွင် ဇူလိုင် လ ၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က တက္ကသိုလ် ဝင်တန်း ကျောင်းသား တစ်ဦး လပတ်စာမေးပွဲ မဖြေဆိုနိုင်၍ ပိုးသတ် ဆေးသောက်ပြီး သေဆုံး ခဲ့ကြောင်း ဖြူးမြို့နယ် ရဲစခန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါ ကျောင်းသားသည် ဖြူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်းတွင် ပညာ သင်ကြားနေသူ ဖြစ်ပြီး ၎င်းအိမ်၏ ဘုရားစင်ရှေ့တွင် ပိုးသတ်ဆေး တစ်မျိုး (အမည်မသိ) ကိုသောက်၍ ပါးစပ်မှ ပိုးသတ်ဆေးနံ့များ ထွက်ကာ လူးလိမ့် နေသဖြင့် မိခင်နှင့် ကျေးရွာသား များက ဖြူးဆေးရုံသို့ တင်ပို့စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
“သား လပတ် စာမေးပွဲ မဖြေနိုင်လို့ အဆိပ် သောက်တယ်။ သားကို ခွင့်လွှတ်ပါ လို့လည်း ပြောသွားတယ်” ဟု သေဆုံး သူ၏မိခင် ဒေါ်ခင်လှက ရှင်းပြသည်။ အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၇/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိ ရသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂ ရက်နေ့အထိ တောင်ငူ ခရိုင်အတွင်း လူသေဆုံး မှုပေါင်း ၇၄ မှု ဖြစ်ပွား ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိ ရသည်။ 

မြောက်ဥက္ကလာပ ဗလီတွင် သံဃာတော်များကို ဆွမ်းကပ်

ဘာသာကြီးလေးခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ရည်ရွယ် ချက်ဖြင့် မြောက်ဥက္ကလာပ မြို့နယ် (၁) ရပ်ကွက်ရှိ အောင်ဝလ်စွန္နဂျာမေ ဗလီတွင် ဇူလိုင်လ ၃ ရက်နေ့က ကျင်းပသည့် ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ဗလီတာဝန်ရှိ သူများက သံဃာတော် ၁၅ ပါးကို ဆွမ်းကပ် ခဲ့ကြောင်း ယင်းဗလီ အတွင်းရေးမှူး ဦးထွန်းကျော်က ပြောကြားသည်။
“အစ္စလာမ် ဘာသာက သံဃာတော်တွေကို ဆွမ်းမကပ် ရဘူးလို့ မမိန့်ထား ပါဘူး။ ဗလီထဲမှာ ပထမဆုံး ဆွမ်းကပ် ဖူးတာပါ” ဟု ၎င်းက ရှင်းပြသည်။ မြောက်ဥက္ကလာ မြို့နယ်ရှိ အဓိက ဘာသာကြီးလေးခု ညီညွတ် သကဲ့သို့ တစ်နိုင်ငံလုံးရှိ မိမိယုံကြည်ရာ ကိုးကွယ်သော ဘာသာဝင် အားလုံးလည်း ညီညွတ် စေချင်ကြောင်း အစ္စလာမ် ဘာသာဝင် ဦးထွန်းကျော်က ပြောဆိုသည်။
ယင်းမြို့နယ်၏ ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပွဲသို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူ ဘာသာ၊ အစ္စလာမ် ဘာသာဝင် ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဘာသာများ အကြား ပဋိပက္ခ မဖြစ်စေရန် အဓိကရည်ရွယ် ပြောကြားခဲ့ကြောင်း ယင်းမြို့နယ်၏ ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့ဝင် ဦးဆန်နီက ပြောကြားသည်။
“ဘာသာေ တွအကြား ပဋိပက္ခ မဖြစ်ဖို့ ၊ ဖြစ်လာရင် တားဆီးဖို့ ၊ ရပ်ကွက်ပေါင်းစုံက တက်လာတဲ့ သတင်း အချက်အလက်တွေကို အာဏာပိုင်ကို အကြောင်းကြားပေးဖို့ ဖွဲ့ထားတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ယင်းဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ကို ၂၀၁၃ ခုနှစ် မေလပိုင်းက မြောက်ဥက္ကလာပမြို့နယ် ခန်းမ၌ ဘာသာကြီးလေးခုမှ ကော်မတီဝင် ၃၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းအခမ်းအနားသို့ ရွှေညဝါဆရာတော် တက်ရောက် ခဲ့သည်။ 

ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား


၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွှေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်စုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် စုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက စုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆင်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွှေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။
သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။
ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။
အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။
ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။
ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
----
Ref:Daily Mail
ရိုးရာလေး နည်းပညာ

လက်ရှိမြေယာ ဥပဒေကို (၈၈) အဖွဲ့မှ မေးခွန်းထုတ်


ရွှေဟင်္သာသတင်းဌာန. ၄ရက်နေ့ ဇူလိုင်လ ၂၀၁၃   —-  လက်ရှိ လွှတ်တော်တွင် ဆွေးနွေးနေသော “တောင်သူ လယ်သမား အကျိုးစီးပွား မြုင့်တင်ရေး ဥပဒေကြမ်း” သည် လယ်သမားများ၏ အကျိုး စီးပွားကို အကာအကွယ် ပေးနိုင်ရန် ရေးဆွဲ ထားခြင်းထက် အရင်းရှင်များ၏ အကျိုးစီးပွား များကိုသာ အဓိက ဦးစားပေးရေးဆွဲ ထားခြင်းသာ ဖြစ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆိုပါသည်။
“ဥပဒေ ကြမ်းကြီးကို ဖတ်လိုက်တဲ့ အခါမှာ လယ်သမား အကျိုးစီးပွားဆိုတာထက် အရောင်း အဝယ် ကိစ္စတွေ စက်မှု၊ ဘဏ်၊ ကုန်သည် လုပ်ငန်းရှင် တွေနဲ့ ပတ်သက် တာတွေရဲ့အကျိုး စီးပွားတွေကို မြုင့်တင်ဖို့ လုပ်နေ တာလားလို့ မေးခွန်း ထုတ်စရာတွေ အများကြီး ဖြစ်လာတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ လယ်ယာ စီးပွားနှင့် တောင်သူ လယ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးထွန်းမြင့်အောင် က ဆိုပါသည်။
ယင်းဥပဒေ မူကြမ်း တစ်စုံလုံးတွင် ချေးငွေ ကဏ္ဍနှင့် သက်ဆိုင်သည့်အပိုင်းသည်သာ လယ်သမားများ အတွက် အကျိုးရှိ စေနိုင်သည့် အပိုင်း ဖြစ်ပြီး ကျန်ကဏ္ဍ များမှာ အကျိုးပြုမှု မရှိကြောင်းလည်း ဆိုပါသည်။
၈၈ မျိုးဆက် ကျောင်းသားများသည် တောင်သူ လယ်သမားများ အကျိုးစီးပွား မြင့်တင်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ရှင်းလင်း တင်ပြပွဲကို ၄င်းတို့၏ သင်္ကကျွန်းမြို့နယ်ရှိ အဖွဲ့ရုံး၌ ကျင်းပရာ ဝေဖန်ပြောဆို သွားခြင်း ဖြစ်ပါသည်။ ၄င်းတို့ အနေဖြင့်  တောင်သူလယ်သမား အခွင့်အရေးများကို အကာအကွယ် ပေးသည့် ဥပဒေကိုသာ ပထမရေးဆွဲ အတည်ပြု သင့်ကြောင်း အကြံပြုခဲ့ပါသည်။
ထိုဥပဒေ မူကြမ်းကို ပထမ၌“တောင်သူလယ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေ” ဟု ခေါင်းစဉ် ဖြင့် နေပြည်တော်တွင် တစ်ကြိမ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UNFCCI) ရုံးတွင် တစ်ကြိမ် ဆွေးနွေး ခဲ့ကြပါသည်။ နေပြည်တော်တွင် ဆွေးနွေးစဉ် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်း စုကြည်တို့လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။
သို့သော် လုပ်ငန်းရှင်များသည် တောင်သူ လယ်သမားများ၌ အခွင့်အရေး ရှိနှင့်နေပြီး ဖြစ်ကြောင်း၊ ဤသို့ကြောင့် ၄င်းတို့၏ အကျိုး စီးပွားများကိုသာ မြုင့်တင်ရန် လိုအပ်ကြောင်း၊ စောဒက တက်ပြီး ၄င်းတို့ အကျိုးစီးပွားအား ဤဥပဒေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားလာခဲ့ ခြင်းဟု ဆိုပါသည်။
တောင်သူ လယ်သမားများနှင့် ပါတ်သက်သော ဥပဒေဖြစ်ခဲ့လျှင် တောင်သူ လယ်သမား ကိုယ်စားလှယ်များပါဝင် ရေးဆွဲရန် လိုအပ်လှပါသည်။ ဤဥပဒေ၌မူ တောင်သူလယ်သမားနှင့် ပါတ်သ်ကသော အကျိုးစီးပွား မဟုတ်သဖြင့် အစိုးရ ကိုယ်စားလှယ် များဖြင့်သာ ရေးဆွဲ ထားခြင်းဖြစ်သည်ဟုဆိုပါသည်။
“ဒီဥစ္စာက ရှင်းပါတယ်၊ တောင်သူ လယ်သမားတွေ အကျိုးစီးပွားအတွက် ပညာရှင်က ရေးဆွဲထားတဲ့ ဥပဒေကြမ်း မဟုတ်ဘူး ဆိုတာက လုံးဝ သိသာတယ်၊တောင်သူလယ်သမား ကိုယ်စားပြု ဆိုပြီး စီးပွားရေး လုပ်ငန်းရှင် တွေပဲပါတယ်၊သက်ဆိုင်သူ ကာယကံ ရှင်တွေ မပါပါဘူး၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မပါပါဘူး” ဟု ဦးထွန်းမြင့်အောင် က ပြောသည်။
ယခင်က ရှိခဲ့သည့် ”၁၉၆၃ ခုနှစ် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေ” သည်လည်း ၂ဝ၁၂ တွင် ပြဌာန်း ခဲ့သော လယ်ယာမြေ ဥပဒေ ပုဒ်မ ၄၃ (ဂ) ကြောင့် ရုပ်သိမ်း ခံလိုက် ရပြီးဖြစ်သည်။
လယ်သမား များကမူ ၄င်းတို့၏ အခွင့်အရေးကို အကာအကွယ် ပေးနိုင်သည့်လယ်သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်ရေး၊ သိမ်းဆည်းခံ မြေယာများ ပြည်လည် ရရှိရေးစသည် တို့ကို လိုလားလျက် ရှိနေပါသည်။
Written by  ရွှေဟင်္သာသတင်းဌာန

ဆက်သွယ်ရေးဥပဒေ အမျိုးသားလွှတ်တော်တွင် အတည်ပြု


မဇ္စျိမသတင်းဌာန. ၄ရက်နေ့ ဇူလိုင် ၂၀၁၃  —-  ဇူလိုင် ၂ ရက်က နေပြည်တော်တွင် ကျင်းပသော ပထမအကြိမ်၊ အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေမူကြမ်းကို အတည်ပြုလိုက် ပြီဖြစ်သည်။
ယင်းဥပဒေတွင် အခန်း ၃၇ ခန်းနှင့် အပိုဒ် ၈၉ ပိုဒ် ပါဝင်ပြီး ဥပဒေမူကြမ်းပါအပိုဒ်များအား ပြင်ဆင်ခြင်း၊
ဖြည့်စွက်ခြင်းများကို ဥပဒေကြမ်းကော်မတီက ပြုလုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဥပဒေမူကြမ်း အတည်ပြုခြင်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်း
ကော်မတီဝင် ဒေါ်ခင်ဝိုင်းကြည် က ”ဥပဒေကြမ်းကော်မတီအနေနဲ့ သုံးစွဲမယ့်ပြည်သူအတွက်ရော ဝင်ရောက် လာမယ့် လုပ်ငန်းရှင်တွေအတွက်ပါ မျှတတဲ့ ဥပဒေဖြစ်ဖို့ ကြိုးပမ်းထားကြပါတယ်။ နိုင်ငံ တကာကဝင်လာမယ့် လုပ်ငန်းရှင်တွေအနေနဲ့ တိကျတဲ့စည်းမျဉ်းတွေ ပါဝင်ပေမယ့် ချုပ်ကိုင်တဲ့ ဥပဒေမျိုးလည်း မဟုတ်ပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။
ဥပဒေကြမ်းကို ပြင်ဆင်ရာတွင် ဆက်သွယ်ရေးကဏ္ဍ၌ ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းများ အခွင့်အလမ်းတူစွာ၊ ပွင့်လင်းမြင်သာမှု ရှိစွာ ယှဉ်ပြိုင်နိုင်ရန် ပါဝင်ပြီး သုံးစွဲသူများကိုလည်း ထိုက်တန်သောဝန်ဆောင်မှု လုပ်ငန်းများ ပေးနိုင်ရန်အတွက် စသည့်အချက်များ ပါဝင်သည်။
ပြင်ဆင်ဖြည့်စွက်မှုများလည်း ပါဝင်ပြီး ပုဒ်မ-၈အဖြစ် ဖြည့်စွက်ရာတွင် ”အခွင့်အလမ်းတူမျှပြီး မြင်သာသည့် ယှဉ်ပြိုင်မှုများ ပေါ် ထွက်လာစေရန် ဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်
ရေးအတွက် ရွေးချယ်ခြင်းဆိုင်ရာမူဝါဒများ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းများကို အများ သိစေရန် ထုတ်ပြန်
ကြေညာပေးရမည်” ဟူ၍ ပါဝင်သည်။
ယင်းဥပဒေကို ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ဖြစ်သော်လည်း ပြည်သူ့ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်ရှိသေးကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
ယင်းဥပဒေမူကြမ်းကို ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက အများပြည်သူ လေ့လာနိုင်စေရန်
နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။ ယင်းသို့ဖော်ပြခဲ့ပြီးနောက်ပိုင်း ဥပဒေမူကြမ်းနှင့်ပတ်သက်၍
ပြည်တွင်းအိုင်တီ ပညာရှင်များ၊ လုပ်ငန်းရှင်များက ပြင်ဆင်ရန် လိုအပ်သည်များကို အကြံပေးထောက်ပြမှုများ ရှိခဲ့သည်။
ဥပဒေပြင်ဆင်ချက်များကို ဖတ်ရှုနိုင်ခြင်း မရှိသေး၍ မည်သည့်အချက်များကို ပြင်ထားသည်ကို မသိသော် လည်း ပညာရှင်များ ပြင် ဆင်စေလိုသည်ဟု ဖော်ပြထားသောအချက်များကို ပြင်ဆင်ပေးမည်ဆိုပါက အဆင်ပြေ မည်ဖြစ်သည်ဟုလည်း ပညာရှင်အများစုက ဆိုသည်။
ယင်းဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ပြည်တွင်းအိုင်တီပညာရှင်၊ လုပ်ငန်းရှင်များ၏ အမြင်များကိုလည်း မဇ္ဈိမက မေးမြန်းထား ပါသည်။
ဦးဇော်ဇော်မျိုးလွင် (အုပ်ချုပ်မှုဒါရိုက်တာ)
Myanmar Heartz Media and Business Solution
”အကြံပြုချက်တွေကို ပညာရှင်တွေက ပေးခဲ့တယ်။ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ပြန်ပြင်ကြတယ်။ ပြန်ပြင်တဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှမသိရတော့ဘူး။ ဥပဒေ ထွက်လာရင်လည်း ပြန်ပြင်တဲ့အချက်တွေက ဘာ တွေဖြစ်လာမလဲဆိုတာ မသိရသေးဘူး။ ဖြစ် သင့်တာက ဥပဒေတွေက အီလက်ထရွန်းနစ်နဲ့ ဥပဒေတို့၊ ဖိုင်ဘာဥပဒေ၊ e Commerce ဥပဒေတို့၊ နောက် အိုင်တီ Law ဆိုတဲ့ ပစ္စည်းမူပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ခွဲထုတ်ဖို့လိုတယ်။ အခု ဆက်သွယ်ရေးဥပဒေ ကြမ်းမှာတော့ အားလုံးကို တစ်စုတစ်စည်း တည်းချုပ်ထားတဲ့ အနေအထားလေး တွေ့တယ်။ ယေဘုယျ နည်းနည်းဆန်တယ်။ ပညာ ရှင်နဲ့ လုပ်ငန်းခွင်ထဲကသူတွေ သိပ်မနှစ်သက် ကြဘူး”။
ဦးရှိန်းသူအောင် (ဥက္ကဋ္ဌ)
RedLink ကုမ္ပဏီ
”ဥပဒေထွက်လာမှ လုပ်လို့ရမယ့်လုပ်ငန်း တွေက အများကြီးပဲ။ ဒီဥပဒေထွက်ပေါ်လာ ဖို့ မျှော်လင့်ပါတယ်။ အခုက မြန်မာ့ဆက် သွယ်ရေးတို့၊ ရတနာပုံတယ်လီပို့တို့လို အဖွဲ့အစည်းတွေလက်အောက်ကနေ အလုပ်လုပ်
နေရတယ်။ အခု Distribution တို့ ဘာတို့ လုပ်တဲ့သဘောလောက်ပဲရှိတယ်။ အရည်အသွေးကောင်းတဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ပြည်ပ အင်တာနက်ဆက်ကြောင်းတွေနဲ့ ချိတ်ဆက်ဖို့ အဲဒါတွေ အပါအဝင် လုပ်ငန်းတော်တော်များများတွေက ဥပဒေထွက် လာမှ လုပ်လို့ရလာမယ်”။
ကေဇင်ဦး၊ ချိုကို
Myanmar News Hub

ကုန်သွယ်မှုဆိုင်ရာ အခွန်သက်သာခွင့်ကြောင့် အီးယူနိုင်ငံများမှ မြန်မာ့ဆန် စတင်ဝယ်ယူနေ


ဂျပန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် မြန်မာ့ဆန်များကို သယ်ယူနေစဉ် (Photo:MAPCO)

ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အခွန်သက်သာခွင့်ကြောင့် အီးယူနိုင်ငံများမှ မြန်မာ့ဆန် စတင်ဝယ်ယူနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
အလားတူ ဂျပန်နိုင်ငံမှ မြန်မာ့ဒေသ မျိုးရင်း ဆန်စပါးများ ဖြစ်သော ဆင်းသွယ်လတ်၊ မှော်ဘီ-၂၊ အင်းမရဲဘော် ဆန်များကို တိုးမြှင့်ဝယ်ယူမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ ဆန်များတင်ပို့နေသည့် မြန်မာ့ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းထံမှ သတင်းရရှိသည်။
''ဂျပန်ဈေးကွက်ဟာ စစ်ဆေးမှုများပြီး တင်းကျပ်တဲ့ ဈေးကွက်တစ်ခုပါ။ အခု အဲဒီဈေးကွက်ကို တန် ၅၀၀၀ အောင်မြင်စွာ တင်ပို့နိုင်ခဲ့တဲ့အတွက် မြန်မာ့ဆန်ဟာ အလားအလာ ကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် အခုဆိုရင် အီးယူရဲ့ ကုန်သွယ်မှုဆိုင်ရာ အခွန်သက်သာခွင့်တွေကြောင့် မြန်မာ့ဆန်ကို အီးယူဈေးကွက်က စတင်ဝယ်ယူနေပါပြီ။ စပိန်၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီစတဲ့ နိုင်ငံတွေက ၂၅ မှတ်၊ ၁၅ မှတ်၊ ၅ မှတ် ဆန်တွေအပြင် ဆန်ကွဲတွေပါ ၀ယ်ယူနေပါတယ်။ မြန်မာ့ဆန် FOB ဈေးက တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၅၀ ဆိုရင် အခွန်သက်သာခွင့် အတွက် ဒေါ်လာ ၂၀၀ ပြန်ရမှာ ဖြစ်တဲ့အတွက် မြန်မာ့ဆန်ဈေးက ဒေါ်လာ ၁၅၀ နဲ့ ၀ယ်ရတဲ့ သဘောမျိုး ဖြစ်နေတယ်။ GSP အခွန် သက်သာခွင့်ကြောင့် အီးယူဈေးကွက်ကလည်း မြန်မာ့ဆန်ကို စတင်ဝယ်လာတာပါ'' ဟုလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသို့ ၄၅ နှစ်အတွင်း ပထမဦးဆုံး ပြန်လည်တင်ပို့ ရောင်းချသည့် မြန်မာ့ မြင့်ဆန် (ဆင်းသွယ်လတ်) တန်ချိန် ၅၀၀၀ ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် မြန်မာဆန်သည် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် ကောင်းမွန်ခြင်း၊ အရသာ ကောင်းမွန်ခြင်းနှင့် ဓာတုဗေဒ ဓာတ်ကြွင်း ကင်းစင်ခြင်းကြောင့် ပိုမိုတိုးမြှင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
''ပြည်ပဈေးကွက်ကို ဈေးကွက် ရှာဖွေတာတွေ တိုးချဲ့တင်ပို့နိုင်ဖို့ အတွက်က အလားအလာ ကောင်းလာပေမယ့် ပြည်တွင်းမှာ ဈေးကွက်ဝင် တန်းမြင့်ဆန်တွေ ထုတ်လုပ်နိုင်ဖို့က လိုအပ်နေပါသေးတယ်။ တန်းမြင့်ဆန်တွေ ကြိတ်ခွဲဖို့ လောလောဆယ်မှာ ပေါင်းဆန်စက် အလုံး ၂၀ က တချို့ စမ်းသပ်နေပြီ။ တချို့ကတော့ အခုမှ ပြည်ပက ရောက်ရုံပဲ ရှိနေသေးတယ်။ တောင်သူတွေဘက်က မျိုးကောင်းမျိုးသန့်တွေ ဈေးကွက်ဝင် ဆန်စပါး အမျိုးအစားတွေ ရွေးချယ်စိုက်ပျိုးနိုင်ဖို့ လိုအပ်နေပါသေးတယ်။ တောင်သူတွေ ဘက်ကလည်း ဘယ် စပါးမျိုးက ဈေးကွက်ဝင်တယ် ဆိုတာတွေ သိထားဖို့ လိုပါတယ်'' ဟုလည်း မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း (MAPCO) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့သွားရန် စီစဉ်ထားကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

From: EMG

ဖျားနာသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များထွက်ပြီး သေဆုံး


အမျိုးသမီးတစ်ဦးသည် ဖျားနာနေသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး သေဆုံးခဲ့မှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် မမော်မော်သန်းဖြစ်ပြီး သူမသည် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းရွာ တွင်နေထိုင် သူဖြစ်သည်ဟု ရဲဌာနက မှတ်တမ်းတွင် အတည်ပြုထားသည်။

မမော်မော်သန်းသည် အဖျားတက်နေသဖြင့် အမျိုးအမည်မသိသော ဆေးကို သောက်လိုက်ပြီး မကြာမီ ပါးစပ်မှ အမြှုပ် များ ထွက်လာကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို ရဲဌာနက မှတ်တမ်းတင် ထားသည်။

ထိုသို့ဖြစ်နေသည်ကို တွေ့ရှိသူများက ချက်ချင်းပင် မင်္ဂလာဒုံမြို့နယ် ပုလဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မမော်မော်သန်း သေဆုံးရခြင်း အကြောင်းရင်းမှန်ကို သိရှိရန် အလောင်းကို ဆေးရုံ၌ စစ်ဆေးလျှက်ရှိပြီး ရဲအုပ်မြင့်အောင်က အမှုကို တာဝန်ယူကိုင်တွယ်နေသည်ဟု ဆိုသည်။

မင်္ဂလာဒုံရဲစခန်းကလည်း အမှုကို သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ ဖြင့် ဖွင့်လှစ်ထားပြီး ဆက်လက်စုံစမ်း မှုများ လုပ်ဆောင်နေသည်။

ဇော်ဇော်ထွေး
by Mizzima - News in Burmese

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက်မှာ ၂၀၁၆ ခုနှစ်အထိ တစ်နှစ်လျှင် ဒေါ်လာသန်း နှစ်ထောင်သာ တန်သည်ဟုဆို

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက် မှာ ၂၀၁၆ ခုနှစ်အထိ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်သာ တန်မည်ဟု စင်ကာပူနိုင်ငံ၏ အကြီးဆုံး ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီကြီးဖြစ်သည့် DBS Vickers က ခန့်မှန်းလိုက်သည်။
အဆိုပါ ခန့်မှန်းချက်မှာ မြန်မာနိုင်ငံသား ဖုန်းသုံးသူ တစ်ဦးက တစ်လလျှင် အသုံးပြုမည့် ဖုန်းပြောခကို အမေရိကန် ဒေါ်လာ ငါးဒေါ်လာဖြင့်သာ အခြေတည်၍ တွက်ချက်ထားခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးကို ဖုန်းပျံ့နှံ့နှုန်း ၅၅ ရာခိုင်နှုန်းထားကာ တွက်ချက် ခန့်မှန်းထားခြင်းဖြစ်သည်။
သို့သော် တစ်နိုင်ငံလုံး ဖုန်းပျံ့နှံ့မှုနှုန်းမှာ ရာခိုင်နှုန်း ၇၀ အထိ တိုးတက်လာပါက မြန်မာ့ဆက်သွယ်ရေး ဈေးကွက်သည် ၂၀၁၆ အထိ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံအထိ တန်ကြေးရှိလာမည်ဟု ခန့်မှန်းထားသည်။
ဆက်သွယ်ရေး လိုင်စင်အတွက် တင်ဒါဆွဲသူတွေက ကျွန်တော်တို့ မျှော်မှန်းတာထက် ပိုပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ထင်ပါတယ်။ ပြန်ရမယ့် အကျိုးအမြတ်က ကြာရှည်စောင့်ရမှာ ဖြစ်သလို ကနဦးပိုင်းမှာ လုပ်ငန်းလည်ပတ်မှု စတင်ဖို့ ဆုံးရှုံးတာတွေကိုလည်း သည်းခံနိုင်ရမှာ ဖြစ်ပါတယ်...

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်ရရှိသည့် ကုမ္ပဏီနှစ်ခုမှ တစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီက ၁၅ နှစ်စာ လိုင်စင် သက်တမ်းအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုထားသည်။
''ဆက်သွယ်ရေး လိုင်စင်အတွက် တင်ဒါဆွဲသူတွေက ကျွန်တော်တို့ မျှော်မှန်းတာထက် ပိုပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ထင်ပါတယ်။ ပြန်ရမယ့် အကျိုးအမြတ်က ကြာရှည်စောင့်ရမှာ ဖြစ်သလို ကနဦးပိုင်းမှာ လုပ်ငန်းလည်ပတ်မှု စတင်ဖို့ ဆုံးရှုံးတာတွေကိုလည်း သည်းခံနိုင်ရမှာ ဖြစ်ပါတယ်'' ဟု DBS Vickers ၏ Equity Research မှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Tan Ai Teng က သုံးသပ်သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်ရရှိရန် ငွေကြေးမြောက်မြားစွာ ပေးခဲ့ရသည်ဟု အခြားသူများက စိုးရိမ်မှုများ ရှိနေသော်လည်း Ooredoo ကုမ္ပဏီကမူ လေးနှစ်အတွင်း လုပ်ငန်းစတင် နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ Telenor နှင့် Ooredoo ကုမ္ပဏီတို့ကို ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးနေသော စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် Nera Tel ကုမ္ပဏီ၏ ရှယ်ယာများကမှာ ဇွန် ၂၈ ရက်တွင် သုံးရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရသည်။

From: EMG

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်


မိခင်နှင့်အတူ တွေ့ရှိရသည့် ခြေလေးချောင်းပါ ကလေးငယ် (ဓာတ်ပုံ-ဧရာဝတီ ဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါ သုံးလခွဲအရွယ် ကလေးငယ်ကို ယခုလ ဒုတိယပတ် အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသ သွားမည်ဖြစ်ကြောင်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ခွဲစိတ်ကုသရန် အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။
ခြေထောက် လေးချောင်းပါ ကလေးငယ်အား ခွဲစိတ်ကုသရာတွင် ပိုနေသည့် ခြေထောက် နှစ်ချောင်းကို အဓိက ဖယ်ထုတ်မည်ဖြစ်ပြီး ခွဲစိတ်ကုသပြီး နောက်ပိုင်း လမ်းလျှောက်နိုင်ရန်၊ ကျင်ကြီးကျင်ငယ် သွားနိုင်ရန် ခွဲစိတ်မည် ဖြစ်ကြောင်း သိရသည်။
လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရ...

ယင်းကလေးငယ်အား ခွဲစိတ်ကုသရန် အတွက် မေ ၁၂ ရက်က ရှမ်းပြည်နယ်မှ ရန်ကင်း ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကလေးငယ်အား ခွဲစိတ်ရာတွင် လိုအပ်သည့် ခွဲစိတ်အထောက်အကူပြု စက်ကိရိယာ ပစ္စည်းများ၊ ကုန်ကျမည့် ကုန်ကျစရိတ်များ အားလုံးကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ပြီး လက်ရှိ မခွဲစိတ်မီ ကလေးငယ်နှင့် သူ၏မိသားစုအတွက် အထွေထွေ ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှပင် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သုံးလခွဲအရွယ် မွေးရာပါ ခြေထောက် လေးချောင်းပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ယင်းကလေးငယ်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့ တောင်ဘက်ရှိ ၄၅ မိုင် အကွာ ကျေးရွာတစ်ရွာတွင် အဖဦးခွန်စံဒွေး၊ အမိဒေါ်နန်းနောင်းနောင့်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ကာ မွေးချင်းလေးဦး ရှိကြောင်း သိရသည်။

From: EMG

ချိတ်ပိတ်ခံထားရသည့် ၀က်မှေးရွာဟောင်း ဘုန်းကြီးကျောင်း ယနေ့ ပြန်ဖွင့်မည်(သတင်း)


ဆားလင်းကြီး၊ ဇူလိုင် ၄ ရက်နေ့ ၂၃ နာရီ ၅၅ မိနစ်

ချင်းတွင်းမြစ်၏ တဘက်ကမ်းတွင်တည်ရှိသော ဆားလင်းကြီးမြို့နယ် ၀က်မှေးရွာဟောင်း၌ တည်ထား ကိုးကွယ်သော ရွာဦးဘုန်းတော်ကြီး ကျောင်းသည် ၂၀၁၁ ခုနှစ် ဒီဇင်္ဘာ ၅ ရက်နေ့ခန့်က သက်ဆိုင်ရာ အာဏာပိုင်များမှ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း နယ်မြေနှင့် ကင်းလွတ်ခြင်းမရှိဟုဆိုကာ ဘုန်းတော်ကြီး ကျောင်းအား ချိတ်ပိတ်ထားခဲ့သည်။

ယခုအခါ အဆိုပါ ချိတ်ပိတ်ခံ ဘုန်းတော်ကြီး ကျောင်းအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်မှ သံဃာတော် နှစ်ပါးသည် ယနေ့  ၅.၇.၂၀၁၃ ရက်နေ့တွင် ကြွရောက်တော်မူပြီး ကျောင်းထိုင်တော့မည်ဖြစ်ကြောင်း ကျောင်းအကျိုး တော်ဆောင် ဂေါပကအဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။

“ ဘုန်းကြီးကျောင်း ပြန်လည်ဖွင့်ဖို့ သက်ဆိုင်ရာကို သွားရောက်တင်ပြ ခဲ့ပါတယ်။ တာဝန်ခံပြီး ခွင့်ပြုတာမျိုးတော့ မရှိပါဘူး။ ကိုယ်းကွယ်ယုံကြည်မှု အတွက်လုပ်တာ ဖြစ်တာကြောင့် ခွင့်မပြုလည်း
လုပ်ရမှာဘဲ..” ဟု အဆိုပါ ဂေါပကမှ ပြော သည်။

ကျောင်းထိုင်မည့် သံဃာနှစ်ပါးသည် မနက်ဖန် နံနက် ၄ နာရီအချိန်ခန့်တွင် မန္တလေးမှ မုံရွာသို့ လိုင်ကားဖြင့်ကြွ ရောက်တော်မူလာပြီး ခရီးသည်တင်ယာဉ် ရပ်နားစခန်း(ကားလေးကွင်း)မှတဆင့်
ဝက်မှေးရွာဟောင်းသို့ ယာဉ်တန်းဖြင့် ကြွချီ တော်မူဖြစ်ကြောင်း သိရသည်။

စိုးမိုးမေ(မုံရွာ)

Myanmar News Now

ပြည်ပရောက် မြန်မာနိုင်ငံသားများ မှတ်ပုံတင် ပြန်လည် လျှောက်ထားနိုင်


ရန်ကုန်- ပြည်ပရောက် မြန်မာနိုင်ငံသားများကိုနိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုရန် နိုင်ငံသားစိစစ်ရေးကတ်များကို သက်ဆိုင်ရာနိုင်ငံရှိ သံရုံးများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ လိပ်မူပြီး ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကပြောသည်။

ယခင်က မှတ်ပုံတင်ရှိသော်လည်း နိုင်ငံခြားတွင် ကာလရှည်နေထိုင်စဉ် ပတ်စ်ပို့သက်တမ်းကုန်ဆုံးသူများ၊ ပတ်စ်ပို့မရှိသူများနှင့် နိုင်ငံခြားတွင် Travel Document ကိုင်ဆောင်ထားသူများသည် နိုင်ငံခြားသားအဖြစ် ခံယူမထားသော်လည်း အလိုအလျောက် မြန်မာနိုင်ငံသားအဖြစ်မှ ပျက်ပြယ်ပြီး မူလကိုင်ဆောင်ထားသော မှတ်ပုံတင်များမှာ တရားမ၀င်တော့ပေ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များအနေဖြင့် မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြား ပြန်လျှောက်ထားနိုင်ပြီး ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသူများလည်း လျှောက်ထားနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

မှတ်ပုံတင်လျှောက်ထားသူများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ အစိုးရအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်မည်ဖြစ်သည်။

“စိစစ်တဲ့အခါမှာ ရာဇ၀တ်မှုကျူးလွန်ခဲ့ရင်တော့ ပြစ်ဒဏ်ခံရမယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေရှိသလား ရှိခဲ့ရင်လည်း အခုကနိုင်ငံရေးလုပ်ခဲ့တာ ဘာပြဿနာမှမဖြစ်တော့ဘူး။ မှတ်တမ်းယူရုံပဲ”ဟု ဦးမောင်မောင်သန်းကပြောသည်။

လျှောက်ထားသူများကို ၀န်ကြီးဌာနက ပုံစံနှစ်မျိုးဖြင့် စိစစ်မည်ဖြစ်သည်။ ပထမတစ်မျိုးမှာ လူဝင်မှုကြီးကြပ်ရေးမှ ရပ်၊ ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့်ရှိ လ၀ကရုံးများတွင် လျှောက်ထားသူသည် မြန်မာနိုင်ငံတွင်နေထိုင်စဉ်က မွေးဖွားသည်မှ ထွက်ခွာသွား သည်အချိန်အထိ မည့်သည့်အရပ်ဒေသတွင်နေထိုင်သည့် သန်းခေါင်းစာရင်း၊ ပုံစံ(၁၀)လက်ရှိ မှတ်တမ်း/မှတ်တမ်းဟောင်းများကို စိစစ်ပြီး အခြားဝန်ကြီးဌာနများကို တင်ပြမည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာနေထိုင်စဉ် ရာဇ၀တ်မှုမှတ်တမ်းများကို စစ်ဆေးခြင်း၊ အခွန်တိမ်းရှောင်ကာ အစိုးရနှင့် ငွေကြေးကိစ္စမှုခင်းရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်များကို အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတွင် တင်ပြပြီး ယင်းအစည်းအဝေး ဆုံးဖြတ်ချက်က ရာဇ၀တ်မှုနှင့် အစိုးရနှင့် စီးပွားရေးအရှုပ်အရှင်းကင်းသူများကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်အသိ
အမှတ်ပြုနိုင်ငံသားစိစစ်ရေးကတ်ပြန်လည်ထုတ်ပေးရေး ထောက်ခံချက်ပေးပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ တင်ပြမည်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ထောက်ခံချက်ပေးခြင်းခံရသူများသည် နိုင်ငံခြားတွင်ရှိနေစဉ် ထိုင်နိုင်ငံသားအဖြစ် ခံယူထားသည့် လက်မှတ် သို့မဟုတ် Travel Document ကို သက်ဆိုင်သည့် နိုင်ငံသို့ ပြန်အပ်ရမည်ဖြစ်သည်။ အပ်နှံပြီးစီးကြောင်း စာနှင့်အတူ မြန်မာသံရုံးတွင် ပြည်တော်ပြန်ရန် CI(Certificate of Identificat -ion) ထုတ်ယူပြီးပြန်ခဲ့ရမည်ဖြစ်သည်။ ထိုမှသာ နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးမည်ဖြစ်သည်။

“စစ်ဆေးချိန် ဘယ်လောက်ကြာမယ်။ မကြာဘူးဆိုတာ အတိကျမပြောနိုင်ဘူး။ လုပ်ငန်းစဉ်က အဆင့်ဆင့်လုပ်ရတော့ ကြာမယ်”ဟု ဦးမောင်မောင်သန်းကပြောသည်။

ယခုလက်ရှိတွင် နိုင်ငံသားစိစစ်ရေးကတ်ပြန်လည်အသိအမှတ်ပြုလက်မှတ်လျှောက်ထားသူသည် ၅၆ ဦးရှိပြီး စိစစ်နေဆဲဖြစ်၍ ကတ်ပြားထုတ်မပေးရသေးချေ။

7Day News Journal

အီဂျစ်စစ်တပ်က ပထမဆုံး ဒီမိုကရေစီသမ္မတကို ဖြုတ်ချ၍ အာဏာသိမ်း


ကိုင်ရိုမြို့ နက်ဆာစီးတီးခရိုင်တွင် သမ္မတမော်စီကို ထောက်ခံသူများအား ၀ိုင်းရံထားသည့် စစ်ဘက်အထူးလုံခြုံရေး တပ်ဖွဲ့ဝင်များကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (Photo: AP)

ဇူလိုင် ၃ ရက်တွင် အစ္စလာမ္မစ်သမ္မတ မိုဟာမက်မော်စီကို အီဂျစ်စစ်တပ်က ဖြုတ်ချကာ သူနှင့် သူ့အား အထောက်အပံ့ပေးနေသည့် အဓိက ပုဂ္ဂိုလ်များကို ထိန်းသိမ်းလိုက်ပြီးနောက် အနောက်တိုင်း၏ အင်အားကြီး နိုင်ငံများက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန်နှင့် ဒီမိုကရေစီစနစ်သို့ အလျင်အမြန် ပြန်လည်ကူးပြောင်းရန် ပန်ကြားခဲ့သည်။
မော်စီကို နုတ်ထွက်ပေးရန် တောင်းဆိုသည့် အလွန်ကြီးမားသော ဆန္ဒပြပွဲများကို တုံ့ပြန်သည့် အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ပေးရခြင်း ဖြစ်ကြောင်း စစ်တပ်က အခိုင်အမာ ပြောကြားခဲ့သော်လည်း အနောက်အုပ်စုကမူ အီဂျစ်နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံရသည့် အီဂျစ်သမ္မတသည် အာဏာရပြီး တစ်နှစ်အကြာတွင် ဖြုတ်ချခံခဲ့ရသည့် အချက်အပေါ် စိတ်မသက်မသာ ဖြစ်လျက်ရှိသည်။
Muslim Brotherhood ပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးက စစ်တပ်သည် ဖြုတ်ချခံရသည့် သမ္မတကို ထိန်းသိမ်းထားပြီး သူ့အား အကူအညီပေးနေသည့် ထိပ်တန်းပုဂ္ဂိုလ် များစွာတို့ကို နေအိမ်အကျယ်ချုပ် ချထားကြောင်း ပြောကြားခဲ့သည်။
သီတင်းတစ်ပတ်အတွင်း လူသန်းပေါင်းများစွာတို့က လမ်းများပေါ်သို့ထွက်ကာ မော်စီ နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြရာ လူပေါင်း ၅၀ နီးပါး သေဆုံးခဲ့ရပြီးနောက် အီဂျစ်စစ်တပ်က မော်စီကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။



အာဏာသိမ်းခြင်းနှင့် ပတ်သက်သော စစ်တပ်၏ သဘောထား
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်ဖာတာအယ်လ်စီစီက အာဏာသိမ်းလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့ပြီးနောက် မော်စီအစိုးရအား ကန့်ကွက် ဆန္ဒပြသူ ထောင်ပေါင်းများစွာက ကိုင်ရိုမြို့ လမ်းမများပေါ်တွင် အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
မော်စီအစိုးရ လက်ထက်တွင် ရေးဆွဲထားသော အစ္စလာမ္မစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် ဆိုင်းငံ့ထားပြီး ရွေးကောက်ပွဲကို အစောဆုံး ကျင်းပပေးသွားမည်ဟု စီစီက ပြောကြားခဲ့သည်။
''အခုလို အာဏာသိမ်းလိုက်ပေမယ့် စစ်တပ်ကတော့ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေသွားမှာ ဖြစ်ပါတယ်'' ဟု စီစီက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အနောက်တိုင်း၌ ပညာသင်ကြားခဲ့သည့် အစ္စလာမ်ခေါင်းဆောင် မော်စီသည် ပြည်သူလူထု၏ ရည်မှန်းချက်များကို ဆောင်ကြဉ်းပေးနိုင်ခြင်း မရှိကြောင်းနှင့် အတိုက်အခံများနှင့် အာဏာခွဲဝေရေး အတွက် ဗိုလ်ချုပ်ကြီးများ၏ တောင်းဆိုချက်ကို ဆောင်ရွက်ပေးရန် ပျက်ကွက်ခဲ့ကြောင်း အယ်ဘ်ဒယ် အယ်လ်စီစီက ဇူလိုင် ၃ ရက်တွင် ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။
အီဂျစ်တရားသူကြီးချုပ် အယ်လ်လီမန်ဆာ ကြားဖြတ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
အီဂျစ်တရားသူကြီးချုပ် အယ်လ်လီမန်ဆာသည် ဇူလိုင် ၄ ရက်တွင် ကြားဖြတ် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ရွေးကောက်ပွဲသစ် မတိုင်မီအထိ နိုင်ငံကို အုပ်ချုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကိုမူ မသတ်မှတ်ရသေးပေ။ အသက် ၆၇ နှစ်အရွယ်ရှိ မန်ဆာသည် အီဂျစ်၏ အမြင့်ဆုံး တရားရုံးချုပ် အကြီးအကဲဖြစ်ပြီး အသွင်ကူးပြောင်းရေး အစီအစဉ်အရ ကြားဖြတ်သမ္မတ ရာထူးကို ရယူခဲ့ခြင်းဖြစ်သည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အယ်လ်စီစီက ကြေညာခဲ့သော လမ်းညွှန်မြေပုံတွင် သမ္မတဟောင်း ဟိုစနီမူဘာရက် ပြုတ်ကျခဲ့ပြီးနောက်ပိုင်း ပြဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရပ်ဆိုင်းပြီး ပြန်လည်ရေးဆွဲသွားရန်နှင့် ပါလီမန်နှင့် သမ္မတ ရွေးကောက်ပွဲများကို ထပ်မံကျင်းပသွားရန်တို့ ပါဝင်ခဲ့သည်။
အီဂျစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများ
အမေရိကန်
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မော်စီ ဖြုတ်ချခံရခြင်းအပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောကြားခဲ့ပြီး အရပ်သား အစိုးရကို အလျင်အမြန် ပြန်လည် ရွေးကောက်တင်မြှောက်ရန် တောင်းဆိုလိုက်သည်။

ကိုင်ရိုတက္ကသိုလ်သို့ သွားရာလမ်းတွင် တပ်စွဲထားသော အီဂျစ်တင့်ကားများကို ဇူလိုင် ၃ ရက်က တွေ့ရစဉ်
''အီဂျစ်နိုင်ငံရဲ့ အနာဂတ် အလုံးစုံကို အီဂျစ်ပြည်သူတွေကသာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် သမ္မတမော်စီကို ဖယ်ရှားဖို့နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရွှေ့ဆိုင်းဖို့ အီဂျစ်စစ်တပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်မိပါတယ်'' ဟု အိမ်ဖြူတော်အရေးပေါ် အစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် ကြေညာချက် တစ်ရပ်တွင် အိုဘားမားက ပြောကြားခဲ့သည်။ စစ်တပ်က တရားဝင် ရွေးကောက် တင်မြှောက်ထားသော ခေါင်းဆောင်ကို ဖြုတ်ချခဲ့ခြင်းကြောင့် အမေရိကန် အနေဖြင့် အီဂျစ်အား အကူအညီပေးရေး ကိစ္စနှင့်ပတ်သက်၍ ဥပဒေရေးရာ အချက်အလက်များကို ပြန်လည်သုံးသပ်ရန် အိုဘားမားက အမိန့်ပေးလိုက်သည်။ အမေရိကန် အစိုးရသည် မေလက အီဂျစ်စစ်တပ်ကို နှစ်စဉ်ထောက်ပံ့ကြေး ဒေါ်လာ ၁ ဒသမ ၃ ဘီလျံပေးရေးကို ထပ်မံအတည် ပြုထားခဲ့သည်။
ဇူလိုင် ၃ ရက်တွင် အမေရိကန် အစိုးရက ကိုင်ရိုမြို့ရှိ သူ၏ သံရုံးမှ ၀န်ထမ်းအများစုကို ရွှေ့ပြောင်းထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ဥရောပသမဂ္ဂ
ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကက်သရင်းအက်ရှတန်က သွေးထွက်သံယိုမှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဒီမိုကရေစီစနစ်သို့ အလျင်အမြန် ပြန်လည်ကူးပြောင်းရန် တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က အီဂျစ်ပြည်သူများ၏ ခံစားချက်ကို နားလည်ပါကြောင်း၊ သို့သော် စစ်တပ်၏ ပါဝင်စွက်ဖက်မှုအပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ မည်သည့် နိုင်ငံတွင်မဆို စစ်တပ်က နိုင်ငံရေးတွင် ၀င်ရောက် စွက်ဖက်လာပါက စိုးရိမ်စရာကောင်းကြောင်း ဘန်ကီမွန် အနေဖြင့် ယုံကြည်ထားသည်ဟု သူ၏ ပြောရေးဆိုခွင့်ရှိသူ အီဒူရာ ဒိုဒယ်ဘေးက ပြောကြားခဲ့သည်။
ဂျာမနီ
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂွီဒိုဝက်စ် တာဝယ်လီက မော်စီကို ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းမှုအား အီဂျစ်နိုင်ငံတွင် ဒီမိုကရေစီအတွက် အထင်ကရ နောက်ပြန်ဆုတ်သွားမှုကြီးဟု ခေါ်ဆိုခဲ့ပြီး ဆွေးနွေးညှိနှိုင်း မှုများနှင့် နိုင်ငံရေး အာမခံချက်များ ရရှိရေးကို ဆောင်ရွက်ကြရန် ပန်ကြားလိုက်သည်။ အေသင်မြို့သို့ ရောက်ရှိနေသော ဂျာမနီဝန်ကြီးက သတင်းထောက်များအား ပြောကြားရာတွင် ''ဒါဟာ အီဂျစ် ဒီမိုကရေစီ အတွက် အထင်ကရ နောက်ပြန်ဆုတ်မှုကြီးပါ။ အီဂျစ်နိုင်ငံ အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတိုင်း ပြန်သွားနိုင်ရေးဟာ အရေးကြီးဆုံးပါပဲ။ အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ ဆိုးဆိုးရွားရွား ထိခိုက်ခံရမယ်ဆိုရင် တကယ့်အန္တရာယ်ကြီး တစ်ရပ်ပါ'' ဟု ဆိုသည်။
ရုရှား
အီဂျစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ရုရှားနိုင်ငံက အီဂျစ်နိုင်ငံရေး အင်အားစုများ အားလုံးအား ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန်နှင့် အကြမ်းဖက်မှုများမှ ရှောင်ရှားရန် ဇူလိုင် ၄ ရက်က သတိပေးခဲ့သည်။ ရုရှား နိုင်ငံခြားရေး ၀န်ကြီးက ဒီမိုကရေစီ ဘောင်အတွင်း အကြမ်းမဖက်ဘဲ နိုင်ငံရေးနှင့် လူမှုစီးပွားရေး ပြဿနာများကို ဖြေရှင်းရေး ကြိုးပမ်းကြရန် ကြေညာချက်တစ်ရပ်၌ အီဂျစ်ပြည်သူများအား တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်
အီဂျစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက အီဂျစ်ပြည်သူများ၏ ရွေးချယ်မှုကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများ အမြန်ဆုံးပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက အီဂျစ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုများကို ရှောင်ရှားလျက် အငြင်းပွားမှုများကို စနစ်တကျ စေ့စပ်ညှိနှိုင်း ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

Ref:AFP
From: EMG

OSS အဖွဲ့မှ တရားဝင်သွင်းခွင့်ပေးထားသည့် Extra Cab ကားများကို Double Cab ဟုဆိုကာ ကညနမှ တားဆီးထား၍ တင်သွင်းသူများ အခက်ကြုံ


Double Cab ဟု တားဆီးခံရသည့် Extra Cab ကားတစ်စီးအား ဆိပ်ကမ်း၌ တွေ့ရစဉ်
ကညန ပါဝင်သည့် One Stop Services အဖွဲ့မှ တရားဝင် တင်သွင်းခွင့် ပေးထားသည့် Extra Cab ကားများကို Double Cab ဟုဆိုကာ ကညနမှ ပြန်လည် တားဆီးထားသည့်အတွက် ဆိပ်ကမ်းတွင် ထုတ်မရဘဲ တင်သွင်းသူများ အခက်အခဲမျိုးစုံ ကြုံနေရသည်ဟု သတင်းရရှိပါသည်။
လုပ်ငန်းသုံးယာဉ် တင်သွင်းသူများ အနေဖြင့် One Stop Services အဖွဲ့မှ သတ်မှတ်ပေးထားသည့် မော်ဒယ်အတိုင်း လုပ်ငန်းသုံးယာဉ် တစ်မျိုးဖြစ်သည့် Extra Cab အမျိုးအစားများအား တင်သွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ အဆိုပါ Extra Cab ကားခေါင်းစဉ်အောက်တွင် မထည့်ဘဲ Double Cab ခေါင်းစဉ်အောက်တွင် ထည့်သည်ဟုဆိုကာ ကန့်ကွက်ထားသည့် အတွက် ကားထုတ်မရသည်မှာ နှစ်လကျော်အထိ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ OSS အဖွဲ့မှ သတ်မှတ်ထားသည့် Pcik Up(2 Door), Extra Cab, Space Cab စာရင်းတွင် ဖော်ပြထားသည့် ၂၀၀၃ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့်ပြုထားသည့် Nissan Navara၊ ၂၀၀၃ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့်ပြုထားသည့် Ford Ranger၊ ၂၀၀၆ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့် ပြုထားသည် Toyota Hilux Vigo(Extra Cab) များအား ဖော်ပြထားသည့် မော်ဒယ်၊ သတ်မှတ်ထားသည့် ဈေးနှုန်း၊ တင်သွင်းရမည့် နိုင်ငံနှင့် တင်သွင်းရမည့် အမျိုးအစားများအတိုင်း လိုင်စင်လျှောက်ထား တင်သွင်းခဲ့ကြသည်။
လိုင်စင်လျှောက်ထား တင်သွင်းခဲ့သည့် အတိုင်း မော်ဒယ်၊ ဈေးနှုန်း၊ တင်သွင်းရမည့် နိုင်ငံ၊ ကားအမျိုးအစား ကွဲလွဲခြင်းမရှိဘဲ တင်သွင်းလာသော်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အခါတွင်မူ အဆိုပါကားများအား Extra Cab မဟုတ်ဟုဆိုကာ တားဆီးခဲ့ခြင်း ဖြစ်ကြောင်း တင်သွင်းသူများ၏ ပြောကြားချက်အရ သိရှိရသည်။
စီးပွားကူးသန်းနှင့် အကောက်ခွန်ဦးစီး ဌာနတို့ဘက်မှမူ နိုင်ငံတကာတွင် Extra Cab အဖြစ်သတ်မှတ် ထုတ်လုပ်ထားခြင်း၊ လုပ်ငန်းသုံးဖြစ်ခြင်း၊ ခွင့်ပြုပေးထားသည့် အချက်များနှင့် ကိုက်ညီခြင်းတို့ကြောင့် တင်သွင်းလာသည့် Extra Cab များအဖြစ်ဖြင့်သာ ခွင့်ပြုပေးရန် အသင့်ရှိနေပြီး ကညနမှသာ ကန့်သတ်ခြင်း ဖြစ်သည်ဟု ကားလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက''ဘယ်ကုန်စည်မဆို ခေတ်ကာလနဲ့လိုက်ပြီး သုံးတဲ့သူ အဆင်ပြေအောင် ကုမ္ပဏီတွေက ထုတ်ကြပါတယ်။ အခုလက်ရှိ သွင်းလာတဲ့ ကားတွေက Extra Cab အမျိုးအစား ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ခွင့်ပြုပေးဖို့ရှိတယ်။ ဒါပေမယ့် ဌာနသုံးခု ပေါင်းထားတဲ့ OSS ဖြစ်လို့ ဌာနတစ်ခုက ကန့်ကွက်ရင် ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဈေးနှုန်း၊ မော်ဒယ်၊ အမျိုးအစား၊ နိုင်ငံ အကုန်တိကျတဲ့ အတွက်လည်း လိုင်စင်ပေးတာပါ'' ဟု ပြောပြခဲ့သည်။

From: EMG

ညအခါအခွင့် မျှော်လင့်ကြသူများ


သဘာဝအလင်းကင်းကာ ညမီးအလင်း ဖျော့ဖျော့ ၊ အပင်ငယ်လေးတွေ အောက် က ရွှေအိုရောင်
အဆင်း မီးအလင်း ရောင်လေးတွေကြားမှာ အဆင် အသွေးစုံ၊ ကာလာစုံ၊ ဒီဇိုင်းစုံ၊ ဆံနွယ်အတို၊
အရှည်၊ အမွှေးအကြိုင်အနံ့ပေါင်း စုံနှင့် ဟိုတစ်စု၊ ဒီတစ်စု အဖွဲ့လိုက် တစ်မျိုး၊ တစ်ကိုယ်ရည်တစ်
ဖုံ၊ ကျော့ လို့၊ မော့လို့ ကူးချီသန်းချီနှင့် ဟန်ရေး ပြ လျှောက်လှမ်းနေကြသည်တို့မှာ စိတ်ဝင်စားစ
ရာကောင်းလှသည်။

"ဟိုမှာ ဟိုမှာ အဆင်လေးလာနေပြီ။ အမိုက်စားလေးနော်။ ဟမလေး ရင်ခုန် လိုက်တာ" လို့ဆို
လိုက်တဲ့စကားကြောင့် ဘေးဘီတ၀ိုက် မျက်စိကစား ကြည့်လိုက်တော့ ခန္ဓာကိုယ်သွယ်သွယ်
လျလျ၊ ဖြောင့်စင်းတဲ့ဆံပင်အရှည်နဲ့ ကြည်နူးရွှင်မြူးပြုံးပျော် နေကြတဲ့ မိန်းမလျာနှစ်ယောက်ကို
တွေ့လိုက်ရသည်။

မန္တလေးမြို့က ထိပ်တန်းဟိုတယ်ကြီးတစ်ခုရဲ့ရှေ့ မန္တလေးကျုံးမြို့ရိုး ကြီးဘေးမှာ ရှိုးပွဲတစ်ခုအလား
ထင်မှတ် မှားရလောက်အောင် အရောင်အသွေး စုံ၊ ဖက်ရှင်ဒီဇိုင်းအမိုက်စားတွေနှင့် အလှအပဟန်
ရေးပြသူကပြ၊ မျှော်သူကမျှော်၊ သူငယ်တွေနှင့် အကြည်ဆိုက် သူကဆိုက်နှင့် ညအမှောင်က တစ်
ဖြည်းဖြည်း ရင့်သထက်ရင့် မိုက် သထက်မိုက် လာနေပါသည်။

"ကျွန်မတို့ရဲ့ဘ၀တွေက နေ့ပိုင်းမှာ သာယာမှုမရှိပါဘူး။ 'ဂွမ်း'တဲ့အချိန်ပေါ့။ ကျွန်မတို့ဆို လှောင်
ချင်ပြောင်ချင် ကြတယ်လေ။ အခြောက်တွေနဲ့သိပ်ပြီး ရင်းရင်းနှီးနှီး မရှိတာလည်းပါမယ်။ ညနေခင်း
ရောက်ရင်တော့ တစ်နေကုန် ဘယ်လောက်ပင်ပန်းပင်ပန်း၊ မိတ်ကပ် လိမ်း၊ အ၀တ်အစားပြင်ဆင်
ပြီး ည အချိန် အပြင်ကို ထွက်ချင်နေပြီ။ ရင်ခုန် နေပြီပေါ့နော်။ နေ့လယ်ခင်းအချိန်တွေ ကိုအရမ်း
မုန်းတယ်"ဟု ပတ်ဝန်းကျင် ကို မျက်တောင်မခပ်စတမ်း သတိထားစောင့်ကြည့်ပြီး ကနွဲ့ကလျရင်
ဖွင့်လာ သူက မြန်မာစာအဓိကနှင့် ဘွဲ့ရထား သူ၊ မိတ်ကပ်ဖန်တီးရှင် နန်းရှေ့ရတီစိုး ပင်ဖြစ်သည်။

'အခြောက်'လို့ခေါ်ပါက သေ လောက်အောင် မနှစ်မြို့၊ 'ဂေး'လို့ခေါ် ပါမူ ဗိုလ်ဆန်သည့်အတွက်
ကျေနပ်ကြ ပြီး၊ မိန်းမလျာလို့ခေါ်ပါက အထူး တလည် ပီတိဖြစ်ကြရပါသတဲ့။ နာမည်အလိုက်
အဖျားစွပ်ခေါ်ပါကလည်း အများစုက ပို၍ပို၍ကြည်နူးကြရ ကြောင်း သူတို့ခံစားချက်များကို ရင်
ဖွင့် ပြောပြကြသည်။

မိန်းမလျာများတွင် လုံးလုံးလျားလျား ပွင့်သူများရှိသလို၊ မပွင့်တစ်ပွင့် (အပုန်း)များလည်းရှိသည်
ဆို၏။ မပွင့်တစ်ပွင့် မိန်းမလျာတွေက နေ့ဘက်မှာ သာမန်ယောက်ျား တစ် ယောက်အသွင် သွား
လာလှုပ်ရှားတတ် ပြီးညအခါကျမှ အမျိုးသမီး တစ်ယောက် အသွင် မိတ်ကပ်ခြယ်သ၊ ဖြီးလိမ်း ပြင်
ဆင်ကာ သွားလာလှုပ်ရှားတတ်ကြ သည်။

နေ့ဘက်မှာ ယောက်ျားတစ်ယောက် အသွင်ဖြင့် ရတနာပုံတက္ကသိုလ် ရူပဗေ ဒဘာသာ၊ ပထမနှစ်
တွင် ပညာသင်ပြီး ညပိုင်း၌ ပီဘိအမျိုးသမီးတစ်ယောက် အသွင်ပြင်ဆင်၍ ကျုံးဘေးတွင် စိတ်
လှုပ်ရှားခံစားဖို့ ပျော်စရာလာရှာတတ် သော 'ကြွေရုပ်'က"နေ့ခင်းဘက် ကျောင်းတက်တာကတော့
ယောက်ျား လေးတစ်ယောက်ပုံစံအတိုင်းပဲ။ ဘယ် လိုပဲ ယောက်ျားပုံစံဝတ်ဝတ် ရင်ထဲ အသည်း
ထဲမှာတော့ မိန်းကလေးတစ် ယောက်ထက်ကို နူးညံ့နေပါသေး တယ်။

"အခုဆိုရင် ကျုံးဘေးမှာ မိန်းမလျာ တွေ များလာသလို၊ သူငယ်လေးတွေ လည်း အလာများလာ
ကြတယ်။ ဒါတွေ က မိန်းမလျာတွေကိုချစ်တဲ့စိတ်၊ လက် ခံတဲ့စိတ်နဲ့ သူငယ်လေးတွေက လာနေ
ကြတာပါ"ဟု နဖူးပေါ်ဝဲကျလာသော ဆံပင်အရှည်ကို ဟန်ပါပါလက်ဖြင့်သပ်တင်ရင်း မခို့တရို့
အပြုံးလေးဖြင့် ရင်ဖွင့်ပြောပြရှာပါသည်။

ပျော်ရွှင်စရာကောင်းသည့် မိသားစု ဘ၀ရရှိရန် မဖြစ်နိုင်မှန်းသိသော် လည်း နောင်ဘ၀များတွင်
လည်း မိန်းမ လျာဘ၀ကိုသာ တပ်မက်လိုချင်မိ ကြောင်း မိန်းမလျာဘ၀ကို ဂုဏ်ယူစွာ ဖြင့် ကြွေ
ရုပ်ကလေးက ဆက်လက် ရင်ဖွင့်သည်။

မိန်းမလျာများမှာ ရုပ်ရည်ချောမောသူယောက်ျားလေးကို(အဆင်လေး)လို့ သုံးနှုန်းကြပြီး ရုပ်ရည်
ကြမ်းတမ်း ရုပ် ဆိုးသူကို (ရုက္ခစိုး)ဟူ၍ တင်စားခေါ် ဝေါ်သုံးစွဲကြကြောင်း သူက ရှင်းလင်း ပြော
ပြသည်။

မိန်းမလျာများ စုပေါင်းပြီး ညအချိန် အမှောင်ကိုအားပြု၍ ကျုံးဘေး၌ ပျော် ပျော်ရွှင်ရွှင် လာရောက်
စုစည်းရခြင်း သည် နေ့ဘက်၌ ပတ်ဝန်းကျင်နှင့် တစ်သားတည်းမရှိသေးသည့်အတွက် လွတ်လွတ်
လပ်လပ် နေထိုင်ပြီး ပျော် ရွှင်မှုရှာကြရန်ဖြစ်ကြောင်း သူတို့ ရင်တွင်းခံစားချက်များကို မိန်းမလျာ
များက တစ်ညီတစ်ညွတ်တည်း ဖွင့်ဟ ကြသည်။

"မိန်းမလျာတွေကို အထင်အမြင် မသေးအောင် အပြုအမူ၊ အပြောအဆို က အစသတိထားရတယ်။
နေ့လယ်ခင်း မှာလည်း မိန်းမလျာလိုပဲ ၀တ်တယ်။ငယ်ငယ်လေးကတည်းက မိန်းကလေး
တစ်ယောက်လိုပဲ ၀တ်ချင်နေခဲ့တာ။ စိတ်ကူးနဲ့ ဘ၀နဲ့တစ်ထပ်တည်းကျ တယ်လို့ပြောရမယ်"ဟု
မိတ်ကပ် ဖန်တီးရှင် ပိုးပိုးက သူ့ခံစားချက်ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းပြောပြ သည်။

သူ့ဘ၀တွင်လည်း နေ့ခင်းပိုင်းနှင့် ညပိုင်းအချိန်တို့ အလွန်ပင်ကွာခြား လှပြီး နေ့ပိုင်းအချိန်ထက်
ညပိုင်းအချိန် ကိုသာ လွန်စွာမှခုံမင်စွဲမက် တောင်းတ မိကြောင်း ဆက်လက်ရင်ဖွင့်သည်။ မိန်းမ
လျာလောကတွင် အပွင့်ဘ၀ ထက် အပုန်းဘ၀ဖြင့် သွားလာလှုပ်ရှား ခြင်းသည် လူမှုဆက်ဆံ
ရေးများ အတွက် ပိုမိုအဆင်ပြေသည်ဟု ယူဆ သည့်အတွက် အပုန်းဘ၀ဖြင့် လက်ရှိ ဖြတ်သန်း
နေသော အင်ဂျင်နီယာတစ် ယောက်ဖြစ်သူ 'နွယ်ပင်'က "ကျွန်တော့် မှာ အိမ်က သဘောတူတဲ့
သူလည်းရှိ တယ်။ မိန်းကလေးချစ်သူလည်းရှိသလို၊ မိန်းမလျာချစ်သူလည်းရှိတယ်။ ယောက်ျား
လေးချစ်သူလည်းရှိတယ်။လိုင်းကတော့စုံတယ်။ သုံးဘက်ချွန် တောင်မဟုတ်ဘူး၊ ချွန်လို့ရသမျှ
အကုန်ချွန်ပစ်လိုက်တယ်။ "မိသားစုဘ၀ကိုလိုချင်တဲ့အတွက် မိန်းမတော့ယူမယ်။ ယူတဲ့မိန်းမက
လည်း ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူ ပဲဖြစ်ရမယ်။ "ဘုန်းကြီးလူထွက်ပဲရှိတယ်။ မိန်းမ လျာလူ
ထွက်ဆိုတာ မရှိဘူးလေ။ ကိုယ့်ဘ၀က တခြားသူတွေနဲ့မတူ တော့ နားလည်ပေးနိုင်မယ့် မိန်းမ
ကိုပဲယူမယ်"ဟု ဘ၀ကိုပွင့်လင်းရိုးသားစွာ ရယ်ရယ်မောမောနှင့်ပင် ရင်ဖွင့်သည်။

ယခုကဲ့သို့ ကျုံးဘေးသို့လာရောက် ခြင်းသည် ငွေကြေးကိစ္စ၊ ယောက်ျား လေးများနှင့် ထွေလာ
ကေလာကိစ္စများ ကြောင့်လာခြင်းမဟုတ်ဘဲ လက်ရှိဖြတ် သန်းနေရသည့်ဘ၀အတွက် စိတ်
အပန်းဖြေရန်နှင့် မိမိအလှအပများကို ဖော်လှစ်ပြသချင်သည့်အတွက်ဖြစ် ကြောင်း နွယ်ပင်က
မရှက်တမ်းဖွင့်ဟ ပြောဆိုသည်။ မိန်းမလျာတို့၏ အလှအပများ ဖော် ထုတ်ပြသရခြင်းသည်
လွယ်လွယ်ကူကူမဟုတ်ဘဲ ရံဖန်ရံခါ "ရကောက်" (ရဲကိုကို)များ၏ ဖမ်းဆီးစစ်ဆေး မေးမြန်းခြင်း
များကိုလည်း ခံရတတ် ကြောင်း မျက်နှာအမူအယာ မာကျော သွားပြီး ခံစားမှုအတွေ့အကြုံများ
ကို ရှင်းလင်းပြောပြသည်။

ညအမှောင်ထုက ပိုလို့ပိုလို့ သိပ်သည်းလာသည်။ တစ်နေ့တာပင်ပန်းမှုတွေအတွက် ညဦးပိုင်း သုံး
လေးငါးနာရီ မျှ အပန်းဖြေစိတ်အပျော်ရှာကြသော မိန်းမလျာများလည်း အလျှိုအလျှို အိမ်ပြန်ကြ
လေပြီ။

အခြားနိုင်ငံများကဲ့သို့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းနှင့် မိန်းမလျာများ တစ်သားတည်းဖြစ်အောင်
အဖွဲ့ အစည်းအားဖြင့်သော်လည်းကောင်း၊ တစ်ဦးချင်းအားဖြင့်သော် လည်း ကောင်း ဆောင်ရွက်
နေကြသည်များ ရှိနေသော်လည်း အချိန် အထိုက် အလျောက်ယူရဦးမည်ဖြစ်သည့် အတွက်
လက်ရှိ၌ မိန်းမလျာများမှာ နေ့အလင်းကို ပုန်းရှောင်ပြီး ည အမှောင်ကို ပွေ့ဖက်ပျော်မွေ့ရန် ကြိုး
ပမ်းအားထုတ်နေကြရသည်သာဖြစ်ပါတော့သည်။

 ဆူးရဲနီ - မြန်မာတိုင်း(မ်)