လေးနှစ်အရွယ် မိန်းကလေး သားမယားကျင့်ခံရ


တိုးဝေအောင်   |   Tuesday, 25 February 2014

သုံးခွမြို့နယ်မြို့နယ်တွင် မိဘအုပ်ထိန်းမှုအောက်ရှိ လေးနှစ်အရွယ် မိန်းကလေး သားမယားပြုကျင့်
ခံရသည်ဆိုကာ တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကဖြစ်ပွားခဲ့သည်။

သုံးခွမြို့နယ်နေ အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် ပဲခင်း အတွင်းပဲများခူး ဆွတ်ခဲ့ပြီး
တဲသို့ပြန်လာစဉ် သမီးဖြစ်သူက ဆီးသွား၍ မရကြောင်းပြောပြသဖြင့် မိန်းမကိုယ်ကို ကြည့်ရှုရာ
ရောင်နေသည်ကိုတွေ့ရသဖြင့် မေးမြန်းခဲ့သည်။

သမီးဖြစ်သူပြော ပြချက်အရ မိခင်ဖြစ်သူ ပဲခူးရန်သွားစဉ် ယာယီတဲအတွင်းနေခဲ့သူ လေးနှစ်အရွယ်
မိန်းကလေးထံ ရွှေညဏ်ပတုတ်ကျေးရွာနေ နေ၀င်း (၃၈ နှစ်)ရောက်လာပြီး သားမယားပြုကျင့်ခဲ့
ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

သုံးခွမြို့မ ရဲစခန်းက(ပ)၅၈/၁၄ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဆက်သွယ်မည့် တံတားတစ်စင်း ထပ်မံဆောက်လုပ်မည်


မော်လမြိုင်၊ ဖေဖော်ဝါရီ၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာ အုပ်စုမှ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်သို့ ဆက်သွယ်ပေးမည့် နတ်ကြီး-ဖာပွန် သံကူကွန်ကရစ် တံတားတစ်စင်း ထပ်မံဆောက်လုပ်ရန် ပြည်နယ် ဘဏ္ဍာငွေမှ ကျပ်သန်း ၁၅၀၀ အသုံးပြုမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောကြားသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၄ ခုနှစ် တွင် တံတားကြီးစီမံကိန်း သုံးခုရှိပြီး၊ ကရင်ပြည်နယ်ကို ဆက်သွယ်မည့် အတ္ထရံမြစ်ကူး (ချောင်းနှစ်ခွ)တံတားနှင့် နတ်ကြီး-ဖာပွန်တံတား နှစ်စင်းအတွက် ပြည်နယ် ဘဏ္ဍာငွေ စုစုပေါင်းကျပ် သန်း ၆၀၀၀ ကုန်ကျမည်ဟု ၄င်းကဆိုသည်။

ဘီးလင်းမြို့ပေါ်နှင့် မိုင် ၂၀ ကျော် ကွာဝေးကြောင်း ယင်းကားလမ်းပေါ်တွင် မဲလံဆံတော်ရှင်စေတီ တည်ရှိသဖြင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုကောင်းမွန်လာ နိုင်ကြောင်း မဲလံဒေသခံ ဦးစောဟင်နရီက ပြောဆိုသည်။

နတ်ကြီး-ဖာပွန် တံတားနှစ်စင်းကို ၂၀၁၄ ခုနှစ်လယ်ပိုင်းတွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်းနှင့် ယင်းတံတားနှစ်စင်း အတွက် ငွေလုံလောက်မှု မရှိပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဘတ်ဂျက်မှ ထပ်မံတောင်းခံမည် ဖြစ်ကြောင်းနှင့် နတ်ကြီး-ဖာပွန် တံတား ဆောက်လုပ်မှုနှင့် တစ်ပြိုင်တည်း ဘီးလင်း- နတ်ကြီး ကျေးရွာလမ်းကို ကျောက်ခင်း၊ ကတ္တရာလမ်း ဖောက်လုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ပြောဆိုသည်။

ယခုတွင် ကရင်ပြည်နယ်ဘက်သို့ ဆက်သွယ်နိုင်ရန် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ရှိ ဇာသပြင်တံတားနှင့် သထုံမြို့နယ် ဘက်မှ ဆက်သွယ်သည့် သံလွင်မြစ်ကူး တံတားနှစ်စင်းသာ ရှိသည်။

The Voice Weekly

ချင်းတွင်းမြစ်ကြောင်း ပြုပြင်ရန် ကျပ်သန်းလေးရာခန့် တောင်းခံ


မုံရွာ၊ ဖေဖော်ဝါရီ ၂၄

နွေရာသီ ရေနည်းချိန်ကာလ များတွင် ရေကြောင်းကျပ်တည်းသည့် ချင်းတွင်းမြစ်အတွင်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၃၈၆ ဒသမ ၆၄သန်း ထည့်သွင်း တောင်းခံရေးဆွဲထားကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက ပြောကြားသည်။

"ရေနည်းချိန် ကာလမှာ ချင်းတွင်းမြစ် ရေကြောင်းကျပ်တည်း ၃၇ နေရာ ရှိပါတယ်။ အဲဒီထဲမှာ ရေကြောင်း အကျပ်တည်းဆုံး နေရာ ရှစ်နေရာလောက် ရှိပါတယ်။ ဒီနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ မုံရွာဆိပ်ကမ်း ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်း၊ ချင်းတွင်း တံတားအနီး အလုံရေလမ်း ကောင်းမွန်ရေးလုပ်ငန်းနဲ့ မင်းကင်းဆိပ်ကမ်း ရေလမ်း ကောင်းမွန်ရေး သောင်တူးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု၎င်းက ဆက်လက်ပြောဆိုသည်။

၅၀၇ မိုင်ခန့်ရှည်သော ချင်းတွင်းမြစ်ရိုး တစ်လျှောက် ရေနည်းချိန်တွင် အမြန်ယာဉ်နှင့် မော်တော်များ သွားလာရန် ခက်ခဲသည့် အကျပ်တည်းဆုံး နေရာများမှာ ဟုမ္မလင်းမြို့ အောက်ဘက်၊ ဖောင်းပြင်မြို့ အောက်ဘက်၊ မော်လိုက်မြို့ အောက်ဘက်၊ ကလေးဝမြို့အထက်၊ မင်းကင်းမြို့ အောက်ဘက်နှင့် ကနီမြို့အောက်ဘက် များမှာ အဆိုးရွားဆုံး နေရာများဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာန စာရင်းဇယားများ အရ သိရသည်။

"ရေနည်းချိန်မှာ သောင်တင်တယ် ဆိုတာ မော်တော်တွေက သတ်မှတ်ကုန် တန်ချိန်ထက် ပိုတင်လို့ သောင်တင်တာ။ ပန်ကာတွေနဲ့ အင်ဂျင်အား ရုန်းရတော့ ရေလမ်းကြောင်းတွေ မကြာခဏ ပျက်ပါ တယ်။ နှစ်တိုင်းလည်း ရေနည်းချိန်မှာ ရေစူးမှတ်တွေ သတ်မှတ်ပေးပေမယ့် လိုက်နာမှု အားနည်းတယ်" ဟုတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ချင်းတွင်းမြစ် ရေနည်းချိန်သည် နိုဝင်ဘာလ ၁၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိဖြစ်ပြီး မုံရွာမြို့အနီးတွင် သတ်မှတ်ထားသည့် ရေနည်းမှတ်မှာ ၁၁၀ စင်တီမီတာ (လေးပေနီးပါး)ဖြစ်ပြီး၊ ၂၀၁၀ ပြည့်နှစ်က အဆိုးရွားဆုံးအဖြစ် ၁၈ စင်တီမီတာ (ပေဝက်ကျော်) အထိ ကျဆင်းခဲ့ကြောင်း၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ နှင့် လက်ရှိ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ များတွင်လည်း မုံရွာမြို့အနီး ချင်းတွင်းမြစ်ရေသည် ရေနည်းမှတ်အောက်တွင်သာ ရှိခဲ့ကြောင်း ယင်းဌာန၏ မှတ်တမ်းများအရ သိရသည်။

The Voice Weekly

မိုင်းပျဉ်းမှ နတ်ကိုးကွယ်သည့် လားဟူတိုင်းရင်းသား ၈၀၀ ကျော် ဗုဒ္ဓဘာသာပြောင်း


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့ရှိ ကျေးရွာဆယ်ရွာမှ မိရိုးဖလာ နတ်ကိုးကွယ်သည့် လားဟူ တိုင်းရင်းသား ၈၀၀ ကျော်သည် ဖေဖော်ဝါရီ တတိယပတ်အတွင်း ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီး တိုင်းရင်းသား ၁၀၀ မှာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း မန္တလေးမြို့၊ အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့နှင့် သာသနာပြု ဗဟိုကျောင်း ဆရာတော်ထံမှ သိရသည်။

ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟို ကျောင်းတွင် ငါးကြိမ်မြောက် ဗုဒ္ဓအဆုံးအမ ခံယူပွဲနှင့် ရှင်ပြုအလှူပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပရာ ဆင်မောင်းကျေးရွာ အုပ်စု၊ ပါခမ်း ကျေးရွာအုပ်စု၊ ထန်ယျန်းကျေးရွာ အုပ်စုနှင့် ယန်းမိုင် ကျေးရွာအုပ်စုတို့မှ ကျေးရွာ ဆယ်ရွာရှိ လားဟူတိုင်းရင်းသား အိမ်ထောင်စု ၁၄၈ စု၊ လူဦးရေ ၈၁၂ ဦးသည် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီး ၄င်းတို့၏ သားယောက်ျား ၁၀၀ ဦးကို သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်း ဖြစ်ကြောင်း မြို့နယ်ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဆရာတော် ဘဒ္ဒန္တသီရိဓမ္မ (တောင်ငူ) က မိန့်ကြားသည်။

"ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်ဒေသက တိုင်းရင်းသားတွေကို သူတို့ရဲ့ ဆန္ဒအရ ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲနဲ့ ရှင်ပြုအလှူပွဲကို ကျင်းပနိုင်ခဲ့တာ ငါးကြိမ်ရှိသွားပြီ။ ဒီငါးကြိမ်စလုံးကို မန္တလေး အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့ကပဲ အကျွေးအမွေး ကုန်ကျစရိတ်တွေ အပြင် အိမ်ထောင်စုအလိုက် ကြေးဘုရား ဆင်းတုတော်တွေပါ လှူပေးတယ်။ အခု အကြိမ်က ဗုဒ္ဓဘာသာကို ခံယူတဲ့ဦးရေ အများဆုံးပဲ" ဟု ဆရာတော်က မိန့်ဆိုသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ၏ သာသနာပြုလုပ်ငန်း များကို အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့ဝင်များနှင့် စေတနာရှင်များ၏ ထည့်ဝင် လှူဒါန်းငွေ များဖြင့် ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယခုအကြိမ်၌ နားပေါလောကျေးရွာ စာသင်ကျောင်း ဆောက်လုပ်ရန် အလှူငွေ ၁၅ သိန်းနှင့် ပါခမ်းကျေးရွာ ရေကန်ဆောက်လုပ်ရန် အလှူငွေ ခုနစ်သိန်း အပါအဝင် စုစုပေါင်း ကုန်ကျငွေ သိန်း ၇၀ ခန့်ရှိကြောင်း မန္တလေးမြို့ အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။

"ဒီတစ်ကြိမ်ကတော့ လူအစည်ကားဆုံးပဲ။ တောင်ပေါ်ဒေသက ကိုယ့်လူမျိုးတွေ အသိဉာဏ် ပွင့်လင်းလာအောင် လုပ်ဆောင်ပေးတဲ့ ဆရာတော်ရဲ့ကျေးဇူးက ကြီးလှပါတယ်။ အရင်နှစ်တွေက ကိုရင်ဝတ်ခဲ့တဲ့ သူတွေကိုလည်း စာဝါလိုက်နိုင်အောင်လို့ မန္တလေးအထိ ဆရာတော်က ပို့ပေးတယ်။ ကျောင်းမှာလည်း ယဉ်ကျေးလိမ္မာ သင်တန်းအပြင် ကွန်ပျူတာသင်တန်းနဲ့ အင်္ဂလိပ်စကားပြော သင်တန်းကိုပါ အခမဲ့ သင်ပေးတယ်" ဟု ယုံကြည်မှုအရ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲခဲ့ပြီး ဆရာတော်၏ သာသနာပြု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘာသာပြန်အဖြစ် လိုက်ပါကူညီ ဆောင်ရွက်ပေး နေသော လားဟူတိုင်းရင်းသူ ဒေါ်အဲနာက ဆိုသည်။

မိုင်းပျဉ်းမြို့နယ် အတွင်းရှိ ဘာသာခြား လားဟူတိုင်းရင်းသား များကို ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဆရာတော်၏ ဟောပြောစည်းရုံးနိုင်ခဲ့မှုကြောင့် ပထမအကြိမ်တွင် ၄၀၀ ဦး၊ ဒုတိယ အကြိမ်တွင် ၆၁၅ ဦး၊ တတိယအကြိမ်တွင် ၇၁၀ ဦး၊ စတုတ္ထအကြိမ်တွင် ၄၆၆ ဦးနှင့် ပဉ္စမအကြိမ်တွင် ၈၁၂ ဦးတို့အား ဗုဒ္ဓဘာသာ အဆုံးအမ ခံယူပွဲများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ယင်းမြို့နယ် သာသနာရေး ဦးစီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့နယ် ဆယ်မြို့နယ်တွင် ၁၉၉၄ ခုနှစ်မှ လက်ရှိအချိန်ထိ ဗုဒ္ဓဘာသာ အဆုံးအမ ခံယူခဲ့သည့် အကြိမ်ပေါင်း ၃၀ ကျော်ရှိပြီး အာခါ၊ လားဟူနှင့် လီရှောတိုင်းရင်းသား ၃၇,၄၀၀ ခန့်သည် ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခဲ့ပြီး ဖြစ်ကြောင်း ပြည်နယ် သာသနာရေးမှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ရေမခြားကုန်းမခြားစပိဘုတ်ကား



ကုန်းနှင့်ရေပြင်ကို ယာဉ်တစ်စီးကိုသာ အသုံးပြု၍ အရှိန်နှုန်းမြန်စွာဖြင့် လိုသလိုမောင်းနှင်နိုင်ရန်မှာ သာမန် အလုပ်တစ်ခု၊သို့မဟုတ် သာမန်ယာဉ်မျိုးတော့ ဖြစ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ကုန်းနှင့်ရေပြင်သည် သွားလာ မှုပိုင်းဆိုင်ရာတွင် ဆန့်ကျင်ဘက် အကြောင်းအရာတွင် ရှိနေသော်ကြောင့်ပင် ဖြစ်ပါသည်။

သို့သော် ယခုအခါတွင် Humdinga အဖွဲ့အစည်းအနေဖြင့် အတားအဆီးမဲ့စွာဖြင့် ကုန်းရေနှစ်သွယ်ကို သွားလာနိုင်မည့် ယာဉ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ Humdinga မှ တီထွင်လိုက်သော ယခုယာဉ် သည် ကုန်းနှင့်ရေပြင်ကို ပြောင်းလဲမောင်းနှင်ရန်အတွက် အချိန်စက္ကန့်ပိုင်းသာ လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ယာဉ်အနေဖြင့် ကုန်နှင့် ခရီးသည်အချို့ကိုလည်း တင်ဆောင်နိုင်သည်ဟု သိရှိရပါသည်။

Humdinga သည် ပို့ဆောင်ရေးပိုင်းဆိုင်ရာတွင် ယာဉ်များကို ဘက်စုံအသုံးပြုနိုင်ရန် အတွက် တည်ဆောက်ခြင်း အပိုင်းတွင် နှစ် ၂၀ ကျော်ခန့် တီထွင်ကြံဆနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုကုန်းရေနှစ်သွယ်သွားယာဉ်ကို တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်သည့် Gibbs အဖွဲ့အစည်းမှ ဒီဇိုင်းပိုင်းဆိုင်ရာကို တာဝန်ယူခဲ့ကြောင်း လည်း သိရှိရ ပါသည်။ ကုန်းရေနှစ်သွယ်သွားယာဉ်အနေဖြင့် ကုန်းပေါ်တွင် မြန်နှုန်းမြင့်စွာဖြင့် မောင်းနှင်နိုင်ယုံသာမက ရေပြင်တွင်လည်း 50km/h နှုန်းဖြင့် မောင်းနှင်နိုင်မည် ဖြစ်သည်။

ယခုယာဉ်အနေဖြင့် အရေးပေါ်ကယ်တင်ခြင်းများ၊ အရေးပေါ်ဆေးဝါးသယ်ယူခြင်းများ၊ အရေးပေါ် လူပို့ဆောင်ခြင်းများ အစရှိသည်ဖြင့် အရေးပေါ်ကိစ္စဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် ကုန်းနှင့်ရေ ပိုင်းခြားထားသော ဒေသများတွင် အသုံးပြုနိုင်ရန်လည်း ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရေနှင့်ကုန်းမြေ သည် သီးခြားခွဲထားခြင်း ခံရသောအခြေအနေကို ယခုယာဉ်ကို အသုံးပြုကာ ကျော်လွန်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ထို့အပြင် Humdinga အနေဖြင့် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများတွင်လည်း ထောက်ပံ့ ကူညီပေးနိုင်အောင် လုပ်ဆောင်လျက်ရှိသည်ဟုလည်း သိရှိရပါသည်။

----------------------------------------------------------------------------------
ပြန်ဆိုသူ-World Wide
TechSpace Journal

နွားလှည်းကြိတ်မိ၍လူတစ်ဦးသေဆုံးမှု သန်လျင်မြို့ နယ်တွင်ဖြစ်ပွား


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
နွားလှည်းကြိတ်မိ၍လူတစ်ဦးသေဆုံးမှုသန်လျင်မြို့ နယ်တွင်ဖြစ်ပွားခဲ့ကြောင်းရဲတိုင်းရုံးမှသိရသည်။
ဖေဖော်ဝါရီ ၂၄ ရက် ၀၁း၁၅ အချိန် ဒုရဲအုပ်ကျော်ညွှန့် (သပြေရဲကင်းစခန်း၊သန်လျင်)
စခန်းမှုးတာဝန်ထန်းဆောင်နေစဉ်သန်လျင်မြို့ နယ် ပုဂံကျေးရွာ၊ကွင်းအမှတ်(၇၂၀/ဘီ)ဦးပိုင်အမှတ်(၇၂)ရှိဦးနိုင်ဝင်းဧ။်လယ်ကွက်အတွင်းတွင် နွားလှည်းကြိတ်သေဆုံးနေကြာင်းသတင်းအရသွားရောက်
စစ်ဆေးရာ သေဆုံးသူမှာ ဦးရဲအောင်(၅၁)နှစ် ပုဂံကျေးရွာသန်လျင်မြို့ နယ်နေသူဖြစ်ပြီး၎င်းသည်ပဲစင်းငုံခြွေလှေ့ စက်
တပ်ဆင်ထားသောနွားလှည်းအားမောင်းရာ ၂၃.၂.၁၄ နေ့  ည၂၃း၃၀ အချိန် တွင်နွားလှည်းပေါ်မှပြုတ်ကျပြီးနွားလှည်းကြိတ်မိသဖြင့် ဦးရဲအောင်တွင် ၀ဲချိုစောင်း ပေါက်ပြဲ၊ယာမျက်လုံးဘေးပွန်း၊ယာပေါင်ရင်းဖူးရောင်၊
ယာဒူးပွန်းဒဏ်ရာတို့ ဖြင့်သေဆုံးကြောင်းသိရသည်။
ယင်းသေဆုံးမှုကြောင့်နွားလှည်းအားပေါ့ဆစွာမောင်းနှင်သူ ဦးရဲအောင်အားသန်လျင် မမစ(ပ)၁၂၀/၁၄၊ပြစ်မှုပုဒ်မ-၃၀၄-က ဖြင့်အရေးယူထားကြောင်းသိရသည်
။ဇေဝေယံ

Popular Myanmar News Journal

တရုတ်ကုမ္ပဏီအဆောက်အဦ မီးရှို့မှုဖြင့် အလုပ်သမား ၁၇ ဦး တရားစွဲခံရ

ဓာတ်ငွေ့ပိုက်လိုင်း

ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းက စီအန်ပီစီ တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီပိုင် အဆောက်အဦ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး အလုပ်သမား ၁၇ ဦး တရားစွဲခံခဲ့ရပါတယ်။

အမ်းမြို့နယ်ရဲစခန်းမှာ ၁ လနီးပါး ချုပ်နှောင်ထားတဲ့ အလုပ်သမား ၁၇ ဦးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရုံးထုတ်ပြီး တရားစွဲလိုက်တာလို့ အလုပ်သမားတွေဘက်ကနေပြီး လျှောက်လဲချက်ပေးမယ့် ရှေ့နေ ဦးအေးကျော်သန်းက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က သူတို့ကို ချုပ်ရက်စေ့လို့ ရုံးကို စွဲတင်တာ။ ကျနော်တို့ကလည်း ရှေ့နေကိုယ်စားလှယ်လွှဲစာ ပါဝါတင်တာပေါ့။ မနေ့က တရားစွဲတင်တာ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၂ ရယ်၊ ၄၃၆ ပြီးတော့ ၁၁၄၊ ၄၅၂ က အကြံအစည်တခုခုနဲ့ အဆောက်အဦထဲဝင်မှု၊ ၄၃၆ က မီးရှို့မှု၊ ၁၁၄ က အကြောင်းအရာတခုကို လူအများနဲ့လုပ်တယ်ဆိုပြီး စွပ်စွဲထားတဲ့ဟာပါ။”

သူတို့ကို မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း အရာရှိ ဦးမျိုးထွဋ်ဝင်းက တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပြီး လာမယ့်မတ်လ ၁၀ ရက်နေ့မှာ တရားလိုဘက်ကနေ စတင်စစ်ဆေးဖို့ ရှိနေတာပါ။

လောလောဆယ် အမှုမစစ်ရသေးတဲ့အတွက် အမှုသွားအမှုလာ ဘာမှ မပြောနိုင်သေးကြောင်း၊ ဒါပေမယ့် တရားဥပဒေကြောင်းအရ အတတ်နိုင်ဆုံး ကာကွယ်ပေးသွားကြမယ်လို့ အလုပ်သမားတွေရဲ့ ရှေ့နေက ဆက်ပြောပါတယ်။

စီအန်ပီစီ ကုမ္ပဏီဟာ ရခိုင်ပြည်နယ် ကျောက်ဖြူက ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ တရုတ်ပြည်ကို တင်ပို့ဖို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပေးနေတဲ့ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ညက စစ်တွေ ရန်ကုန်သွားလမ်းပေါ်မှာရှိတဲ့ အန်းမြို့နယ်က ဓာတ်ငွေ့ပို့လွှတ်ရုံတခုမှာ ကုမ္ပဏီက တရုတ်အလုပ်သမားနဲ့ မြန်မာအလုပ်သမားတွေကြား အချင်းများပြီး မီးရှို့မှုဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြာင့် ဓာတ်ငွေ့လှောင်ကန်နဲ့ ၂ ထပ် အဆောက်အဆောက်အဦတခု ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၁၇၀၀ ဆုံးရှုံးခဲ့တယ်လို့ အန်းမြို့နယ်ရဲစခန်းက ခန့်မှန်းထားပါတယ်။

တရားစွဲဆိုခံထားရသူအများစုဟာ ချင်းတိုင်းရင်းသား လက်လုပ်လက်စား အလုပ်သမားတွေ ဖြစ်တဲ့အတွက် ဦးအေးကျော်သန်း အပါအ၀င် အခြားရှေ့နေ ၃ ဦးက စေတနာဝန်ထမ်းအနေနဲ့ အခကြေးငွေမယူဘဲ ကူညီဆောင်ရွက်ပေးနေပါတယ်။

DVB Burmese

ဖားကန့်တွင်တွေ့သည့်ကျောက် ကျောက်စိမ်းမဟုတ်ဟု ပြည်နယ်အစိုးရပြော

ရေမဆေးကျောက်ရှာနေသူများ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တွေ့ရှိခဲ့တဲ့ ၃၅ တန်ကျော် ကျောက်ဟာ အဖိုးတန်ထိုက်တန်တဲ့ ကျောက်စိမ်းတုံးမဟုတ်ဘဲ ရိုးရိုးကျောက်တုံးကြီးသာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရက ပြောပါတယ်။

လူအများစိတ်ဝင်စားနေကြတဲ့ ဖားကန့်မှာ မကြာသေးခင်ကတွေ့တဲ့ ၃၇ တန်ကျော် အလေးချိန်စီးတဲ့ ကျောက်ဟာ ကနဦးပိုင်း ပြောဆိုနေကြသလို ကျောက်စိမ်းမဟုတ်ဘဲ ရိုးရိုးကျောက်ဖြစ်နေတာ တွေ့ရှိတယ်လို့ ပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီး ဦးအောင်နိုင်က ဒီဗွီဘီကို ပြောပ့ါတယ်။
“ကျောက်က မူလက အလုံးအတိုင်းမကွဲအောင် ကျနော်တို့ ရွှေ့ကြတာပေါ့။ အခုက ရွှေ့ရင်းနဲ့ ကွဲသွားတော့၊ မူလကလည်း ဒီကျောက်ကို မရွှေ့ခင်မှာ ကျောက်မျက်က တာဝန်ရှိတဲ့သူနဲ့ ဓာတ်ခွဲကြည့်တော့ သူက ကျောက်စိမ်းအမျိုးမဟုတ်ဘူးပေါ့နော်။ အဲလိုတော့ အကြမ်းဖျင်း အဖြေထွက်ထားတယ်။ ကျောက်စိမ်းရဲ့ သဘာဝက ဒီလိုနဲ့ပဲ ကျောက်မျက်လောကမှာ အရောင်းအ၀ယ်ဖြစ်နေကြတာပဲ။ ထင်ကြေး၊ မှန်းဆချက်နဲ့ပေါ့။ အထဲမှာ ကျောက်စိမ်းအသား တည်နေမလားဆိုပြီး။ ဟိုနေ့က နေရာရွှေ့တော့ အက်ကြောင်းကလည်း သုံးခုလောက်ပါတော့၊ ကျောက်ကလည်း အမျိုးမဟုတ်တဲ့သဘောရှိတော့ ကွဲသွားတာပေါ့။ ရိုးရိုးကျောက်သားပဲပေါ့။”

ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝေခါမှော်လုပ်ကွက်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ကြီးမားတဲ့ ကျောက်စိမ်းတုံးတွေ့ခဲ့တာလို့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီကျောက်တုံးကြီးဟာ အကျယ် ၉ ပေ ၁၀ လက်မ၊ အမြင့် ၁၃ ပေ၊ လုံးပတ် ၃၃ ပေ ရှိပြီး ကျောက်မျက်ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်လောကမှာ မကွဲသေးတဲ့ ကျောက်ကို အတွင်းမှာ ကျောက်ပွင့်လေမလားလို့ မှန်းဆချက်တွေနဲ့ ကျပ်သိန်းပေါင်း ၁ သောင်း၊ ၂ သောင်း စသဖြင့် အရောင်းအ၀ယ်လုပ်တဲ့ အစဉ်အလာရှိပြီး အခုတော့ ကွဲသွားပြီဖြစ်လို့ သာမန်ကျောက်တုံးအဖြစ်သာ ရှိတော့မယ်လို့ ဆိုပါတယ်။

အခုတော့ ကျောက်စိမ်းမဟုတ်မှန်းသိပြီဖြစ်ပေမယ့် ကောလာဟလတွေ မဖြစ်ရအောင် အဲဒီကျောက်တုံးကို ပြသထားဖို့ စီစဉ်နေတယ်လို့ ဦးအောင်နိုင်က ရှင်းပြပါတယ်။

“ကျောက်ကကွဲသွားတော့ အထဲမှာလည်း ဘာမှမရှိဘူး။ ဒါပေမယ့် ဒါက မူလက တပ်လုံခြုံရေးတွေနဲ့ ထိန်းသိမ်းထားတော့၊ ဒါကိုလည်း အဖွဲ့စုံနဲ့ ရပ်မိရပ်ဖတွေ၊ အုပ်ချုပ်ရေး တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အထောက်အကူပြုအဖွဲ့တွေနဲ့ မှတ်တမ်းတွေရိုက်ပြီး စနစ်တကျနဲ့ တည်ထားဖို့၊ အဲဒါလေးတော့ ဆောင်ရွက်ထားပါတယ်။ မီဒီယာတို့၊ စာစောင်တွေထဲမှာလည်း အသံတွေထွက်နေတော့ သံသယဖြစ်မှာစိုးလို့ပါ။ တော်ကြာနေ ကျောက်ကို မူလက ကောင်းနေတယ်လို့ အသံထွက်ပြီးမှ အစားထိုးပြီး လဲလိုက်တယ်တို့၊ ဘာတို့ ဖြစ်လာမှာစိုးလို့လေ။”

ဒီကျောက်တုံး တွေ့ရှိစက လုံခြုံရေးတိုးမြှင့်ပြီး အနားက ကျောက်လုပ်ကွက်တွေကို ပိတ်ပင်ခဲ့တာကြောင့် အခက်ကြုံရတဲ့ လုပ်သားတွေလည်း အခုတော့ လုပ်ငန်းခွင် ပြန်ဝင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကျောက်တုံးဟာ တန်ဖိုးမဲ့သွားပြီလားလို့ ဖားကန့်ဒေသခံ မြို့မိမြို့ဖတဦးကို မေးကြည့်တဲ့အခါ တန်ဖိုးမဲ့သွားပြီလို့ ကံသေကံမ မပြောနိုင်ကြောင်း ပြောပါတယ်။

ဒီကျောက်ကို စတင်တွေ့ခဲ့တဲ့ ရေမဆေးကျောက်တူးသမား ကိုအောင်နိုင်ဝင်းကိုလည်း အစိုးရတပ်က ခေါ်ယူထိန်းသိမ်းထားတာသိရပြီး နောက်ဆက်တွဲသတင်းကို မသိနိုင်သေးပါဘူး။

ကချင်ပြည်နယ် ဖားကန့်ဒေသဟာ ကျောက်စိမ်းထွက်ရှိရာဒေသအဖြစ် နာမည်ကြီးပြီး ဒေသခံတွေနဲ့အတူ မြန်မာပြည်အနယ်နယ်အရပ်ရပ်ကပါ သောင်းနဲ့ချီတဲ့လူတွေ ကျောက်တူးလုပ်ငန်းကို လာရောက်လုပ်ကိုင်နေကြပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ နယ်မြေမတည်ငြိမ်မှုနဲ့ သဘာဝဘေးအန္တရာယ် တားဆီးရေး အတွက် သတ္တုတွင်းဝန်ကြီးဌာနက အဲဒီနှစ် မေလက စပြီး ကျောက်တူးဖော်ခွင့်ကို ပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျောက်တူးလုပ်ငန်းကတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။

DVB Burmese

ရိုဟင်ဂျာ မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံဖို့ မြန်မာက ပေါ်လစီ ချထားတယ်လို့ ဆို


ဦးရဲထွဋ်ကတော့ တဘက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ဆို

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံဖို့ အစိုးရက ပေါ်လစီ ချမှတ် ထားပြီး အဲဒီအတိုင်း အာဏာပိုင်တွေက ကျင့်သုံး ဆောင်ရွက်နေတယ် ဆိုတဲ့ သက်သေ အထောက်အထားတွေ ရထားကြောင်း Fortify Rights လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့က ပြောပါတယ်။

သူတို့ရထားတဲ့ အစိုးရရဲ့ အမိန့်ကြေငြာချက်တွေ၊ ရုံးတွင်းစာတွေကို အခြေခံပြီး အစိုးရဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ရိုဟင်ဂျာတွေရဲ့ အခြခံ လူ့အခွင့်အရေးတွေကို မူဝါဒချပြီး ချိုးဖောက်လာတာ ဖြစ်တယ်လို့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ ကလေး ၂ ဦးထက် ပိုယူရင် ပြည်နယ် အစိုးရက ပြစ်ဒဏ်ပေးတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေရဲ့ အိမ်ထောင်ပြုမှု၊ ခရီးသွားလာမှု တွေကိုလည်း အစိုးရက ထိန်းချုပ် ထားတယ်လို့ Fortify Rights လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့က ပြောပါတယ်။

ပြည်ထောင်စု အစိုးရဝန်ကြီးတွေရဲ့ မကြာသေးခင်က လွှတ်တော်မှာ ပြောကြားချက်တွေ ကလည်း ရိုဟင်ဂျာတွေကို ခွဲခြားဖိနှိပ်တဲ့ မူဝါဒကို ထောက်ခံတဲ့ သဘောတွေ့ရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ ကလေးမွေးဖွားမှုနှုန်း အဆမတန် မြင့်မားနေတာကြောင့် မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ တနေ့မှာ လူနည်းစု ဖြစ်ကောင်း ဖြစ်သွားနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကတော့ Fortify Rights ရဲ့ ထုတ်ပြန်ချက်ဟာ အကျိုးအကြောင်း မခိုင်လုံတဲ့ တဘက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

တရားမဝင် ခိုးဝင်လာသူတွေကို စိစစ်ဖို့လိုတဲ့ အတွက် တကြောင်း၊ ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေမှာ အခြအနေတွေကို ပိုဆိုးမလာအောင် ထိန်းချုပ်တဲ့အနေနဲ့ နှစ်ဖက်စလုံးကို သွားလာမှု ကန့်သတ်ရတာမျိုးက တကြောင်း ရှိပေမယ့် လိုအပ်တာထက်ပိုပြီး သီးခြား ခွဲခြားပြီး လုပ်ကိုင်တာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

BBC Burmese

အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်း



       မနေ့က စာတွေလိုက်ဖက်ရင်းနဲ့ သြစတေးလျဘုန်းတော်ကြီး အရှင်ဗြဟ္မ၀ံသရဲ့ ဆောင်းပါးလေးတွေကို ဖတ်ဖြစ်တယ်။ အဲထဲမှာ ဆုံးဖြတ်ချက်ချတာနဲ့ပတ်သတ်ပြီး အိုင်ဒီယာတစ်ခု သဘောကျလို့ မျှဝေချင်ပါတယ်။ တကယ်တော့ လူတိုင်းမှာ ပြဿ နာပေါင်း သောင်းခြောက်ထောင် တစ်ခုပြီးတစ်ခု ပေါ်နေတာပါပဲ။ အဲလို ပြဿနာပေါ်လာတဲ့အခါမှာ ဖြေရှင်းဖို့နည်းလမ်းတွေ များ စွာရှိပါတယ်။ ထိုနည်းတွေထဲကမှ သင့်တော်မယ့်နည်းလမ်းကို ရွေးချယ်ဖို့အတွက် ဆုံးဖြတ်ချက်ဟာ အရေးကြီးပါ တယ်။ ပြဿနာနဲ့ ကိုက်ညီမယ့် ဆုံးဖြတ်ချက်ချရမှာပေါ့။ ဆုံးဖြတ်ချက်မှားသွားရင် ပြဿနာပိုကြီးနိုင်ပါတယ်။
       အချို့ကတော့ ပြဿနာကြုံတဲ့အခါ သူများရဲ့ ဆုံးဖြတ်ချက်ကို မျော်လင့်ကြတယ်။ ကိုယ်တိုင် မဆုံးဖြတ်တတ်ကြဘူး။
ဆရာတော်ပြောထားတဲ့ ဥပမာလေးကတော့......
       “သင် ဘက်စ်ကားလမ်းဆုံရောက်တဲ့အခါ၊ ကိုယ်သွားမယ့်နေရာကို ရောက်နိုင်မယ့် လိုင်းကားကိုလည်း သေချာမသိရ တဲ့အခါမျိုးမှာ လမ်းဘေးကို ခဏကပ်ပြီး လာမယ့်ကားတွေကို စောင့်နေလိုက်ပါ။ မကြာခင် လိုင်းကားတွေ လာပါလိမ့်မယ်။ လိုင်းကားရှေ့မှာ သူတို့ရဲ့ ဦးတည်ချက်နေရာတွေကို ရေးထားပါတယ်။ အဲဒါကို ကြည့်ပြီး ကိုယ်သွားမယ့်နေရာနဲ့ ကိုက်လား ကြည့်ရမယ်။ ကိုယ်သွားမယ့်နေရာနဲ့ ကိုက်ညီရင် တက်စီးသွားလိုက်ပါ။ မကိုက်ညီရင် နောက်ကားစောင့်ပေါ့။
       အလားတူပါပဲ၊ ဆုံးဖြတ်ချက်တစ်ခု ချတဲ့အခါ၊ ဘယ်လို ဆုံးဖြတ်ချက်မျိုးချရမလဲဆိုတာ မသေချာတဲ့အခါမျိုးမှာ ခဏလေး ဘရိတ်အုပ်ပြီး စောင့်နေလိုက်ပါ။ မကြာခင် ဖြေရှင်းချက်တစ်ခု ပေါ်လာပါလိမ့်မယ်။ ဖြေရှင်းချက်တိုင်းမှာ ဦးတည်ချက်ဆိုတာ ရှိပါတယ်။ ပေါ်လာတဲ့ ဖြေရှင်းချက်ဟာ ကိုယ့်အခတ်အခဲကို ပြေလည်စေမယ့် ဦးတည်ချက်ပါဝင်လားဆိုတာ စဉ်းစားရမယ်။ ကိုယ့်ဦးတည်ချက်နဲ့ကိုက်ညီတယ်ဆိုရင် ရဲရဲဆုံးဖြတ်ပြီး လုပ်ဆောင်လိုက်ပါ။ မကိုက်ညီဘူးဆိုရင်တော့ အခြား ဖြေရှင်း ချက်တွေ ထပ်ပြီး စဉ်းစားချဉ်းကပ်ရမှာပေါ့။ ကိုယ်သည်းခံပြီး စောင့်နိုင်သလောက်စောင့်ပါ။ အကောင်းဆုံးအဖြေတစ်ခု ပေါ်လာပါလိမ့် မယ်။”
       ဒါကြောင့် ပြဿနာကြုံရင် စိတ်ဓာတ်မကျပါနဲ့။ ဖြေရှင်းဖို့နည်းလမ်းတွေ၊ ပြဿနာချဉ်းကပ်နည်းတွေ အများကြီးရှိပါတယ်။ ကိုယ်နဲ့သင်တော်မယ့် နည်းလမ်းကိုရွေးပြီး ဆုံးဖြတ်ချက်ချလိုက်ပါ။ ဒါဆို ပြေလည်သွားပါလိမ့်မယ်။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အင်ဒိုနီးရှား တောင်ပြိုမှုကြောင့် လူ ၁၁ ဦးသေဆုံး၊ ၂ ဦး ပျောက်ဆုံး


ဂျာကာတာ ဖေဖော်ဝါရီ ၂၅

အင်ဒိုနီးရှား နိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသဖြစ်တဲ့ ပါပူဝါ နယူးဂီနီ ပြည်နယ် အရှေ့ပိုင်းမှာ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်များ ပြိုကျပြီး လူပေါင်း ၁၁ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံး လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားခဲ့ပါတယ်။
တောင်ပြိုမှုကြောင့် ၎င်းပြည်နယ်မှာရှိတဲ့ ဂျာရာပူဝါမြို့ အစိတ်အပိုင်း တော်တော်များများကို ထိခိုက်စေခဲ့ တယ်လို့ အမျိုးသား သဘာဝ ဘေးအန္တရာယ် တားဆီးရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို နူဂရိုဟိုက ဆိုပါတယ်။

ဂျာရာပူဝါမှာရှိတဲ့ မြို့ငယ် ၅ မြို့ရဲ့ အဆောက်အအုံ များအနက် နေအိမ်ပေါင်း ၁၅ လုံးမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး နောက်ထပ်နေအိမ် အလုံး ၄၀ မှာတော့ အနည်းငယ် ယိုယွင်း ပျက်စီးခဲ့ကြောင်း မစ္စတာ ဆူတိုပိုက ဆက်လက် ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံရှိ ကျွန်းစုငယ်များ အတွင်း မိုးတွင်းကာလမှာ ၆ လတိုင်တိုင် ရှိခဲ့ပြီး တောင်ပြိုမှုများနဲ့ ရေလွှမ်းမိုးမှုများမှာ ဆက်တိုက် ပေါ်ပေါက်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဂျာကာတာ မြို့တော်မှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၆ သောင်းကျော်မှာ နေအိမ်စွန့်ခွာ ထွက်ပြေးလျက်ရှိကြောင်း သိရပါတယ်။

AFP
MOI Webportal Myanmar

မြင်သမျှ ကြားသမျှ




နွေရာသီရောက်ရင် အရူးဧည့်သည်လာပြီ

နွေရာသီရောက်ရင် လူတိုင်းရဲ့ စိတ်တွေ ဖောက်ဖောက်လာတယ် ပြော ရမှာပဲ။ မနှစ်က အပူချိန် (၄၃) ပတ်ချာ လည်လောက်နဲ့ နေခဲ့ရတာ ကိုပြန်တွေး ပြီးရင် ပူနေမိ လိမ့်ကြမယ်။ နွေရာသီရဲ့ ထုံးစံအတိုင်း ‘မီး’ကို အဓိကလက်ညှိုး ထိုးပြောကြတော့ မှာပါပဲ။ ဘယ်နေရာ မှာမီးလောင်လို့၊ ဘယ်ဈေးတော့ ပြာ ကျသွားလို့ စသည်ဖြင့် သီတင်းကျွတ်ပုံ မှန်ကြားရတဲ့ အပြင် လူတိုင်းနှုတ်ဖျား ကြားရမှာကတော့ လျှပ်စစ်မီးပါပဲ။

လျှပ်စစ်မီးဆိုလိုက်တာနဲ့ ”ပိုနေ တာပဲ ဘာလုပ်ရမှာလဲ ရောင်းရမှာပေါ့” ဆိုတဲ့ စကားကိုလည်း ပြန်ကြားမိကြမှာပါ။

ဘာကြောင့်ရယ်တော့ မသိပါဘူး။ ကျွန်တော်တို့ဆီမှာက နွေရာသီမှာ မီး ပျက်တတ်တာက ရိုးရာ လိုကိုဖြစ်နေပါ ပြီ။ ဟိုးအရင်နှစ်တွေက ဆိုရင်တစ်ရက် ကိုရှစ်နာရီနှုန်းနဲ့ ပဲ ပေးခဲ့တာတွေ ရှိပါ တယ်။ ဒါတောင်မှ အပြည့်အဝ မဟုတ် ပါဘူး။ ဖုတ်ခနဲလာလိုက်၊ ဖုတ်ခနဲ ပျက်လိုက်နဲ့ အရူး ဧည့်သည်လို လာ လိုက်ပြန်လိုက် လုပ်တတ်တဲ့ လျှပ်စစ် မီး ကို ကြုံရဦးမှာပါ။

ဒီကြားထဲ ပုံမှန်မလာတဲ့သူ့ကို မီတာခ တိုးကောက်မယ် ဆိုတာမျိုး ထပ်ကြားပြန်ရင်လည်း မကျေမနပ်နဲ့ ဆန္ဒပြကြဦးမှာပါ။

ဘာပဲပြောပြော ဒီနှစ်နွေရာသီ မှာ လည်း ကျွန်တော်ပြောတဲ့ အရူးဧည့် သည်အတွက် ဆန္ဒထုတ်ဖော်ပွဲတွေ ကြုံ ရဦးမှာပါပဲ။ မယုံမရှိပါနဲ့ ဆိုင်းဘုတ် တောင် ကြိုရေးထားလို့ ရပါတယ်။

လေယာဉ်နဲ့ ရဟတ်ယာဉ် အိုစမာဘင်လာဒင်များ

ထူးထူးခြားခြား သီတင်းပါပဲ။ မြန်မာနိုင်ငံမှာ မည်သူမဆို လေယာဉ်နဲ့ ရဟတ်ယာဉ်ကို တင်သွင်းနိုင်ပါက တင်သွင်းခွင့် ပြုတယ်ဆိုတာပါပဲ။

ကားလမ်းပေါ်က ကားတွေတောင် တင်သွင်း ခွင့်ပြုလိုက်တာ နဲ့ ပိတ်လိုက် တဲ့ကားတွေ၊ တိုက်လိုက်တဲ့ ယာဉ်တိုက် မှုတွေ၊ နေ့စဉ်မှောက် လိုက်တဲ့ ကားတွေ၊ နေ့စဉ် အသက် ဆုံးနေ ရတဲ့ ခရီးသွား တွေ၊ မကြားချင်မှ အဆုံး မမြင်ချင်မှ အဆုံး။

ကဲ … အခု ဝယ်နိုင်ရင်ရဟတ်ယာဉ်တောင် ဝယ်လို့ရပြီတဲ့။

မဝယ်ဘူး မထင်နဲ့။ ဝယ်နိုင်သူတွေ ရှိတယ်။ ဝယ်ကြမှာပဲ။ ကဲ … ပိုက်ဆံ ရှိလို့ ဝယ်ပြီထား။ ဘယ်လို လူတွေ မောင်းမှာလဲ။ ဘယ်မှာ ဆင်းသက်ခွင့် ပြုမှာလဲ။ ဘယ် ဧရိယာ ကို ကန့်သတ်မှာလဲ။ ဘယ်လို အရည်အသွေးတွေ ကန့် သတ်မှာလဲ။

စားအုံးဆီ တင်သွင်းခွင့်ပြုတော့ ဆီမသန့် လို့ဖြစ်လာလိုက်တဲ့ ရောဂါ တွေ၊ ဓာတ်ဆီတွေ ခွင့်ပြုတော့လည်း များလိုက်တဲ့ ဓာတ်ဆီဆိုင်။

ကဲ … လေယာဉ်ရဟတ်ယာဉ် တွေ တင်သွင်းခွင့်ပြုတယ်တဲ့။

ကြိုတင်ပြီး ဥပဒေ မထုတ်၊ ဝင်လာတဲ့ ကုန်ပစ္စည်းကို စစ်ဆေးခြင်းမပြု၊ အရည်အသွေး စံနှုန်းကို အဓိကမထား ဘဲ ထုံးစံအတိုင်း တန်ဖိုးနည်း လေယာဉ် တွေပဲ ဆို ရင်တော့ မြန်မာပြည်မှာ အိုစ မာဘင်လာဒင် တွေ အများကြီးပေါ်လာ မှာ အသေအချာပါပဲ။

တော်ကြာ ဟိုအဆောက်အအုံ လေယာဉ် ဝင်တိုက်လို့၊ ဟိုတိုက်အိမ် ရဟတ်ယာဉ်ဝင် ကျုံးသွားလို့ဆိုတဲ့ သီ တင်း အသစ်အဆန်းတွေ ကြားရမှာ အမှန်ပါပဲ။

ထူးခြားသလိုများ ဖြစ်နေသလား။

အခု တလောဖြစ်နေတဲ့ မြေသိမ်း မှုတွေမှာ ထူးထူးခြားခြား သတိထားမိ တာရှိပါတယ်။ တစ်ခါက ဟောပြောပွဲ အနေနဲ့ ပင်လယ် ကမ်းခြေတစ်ခုကို ရောက်ခဲ့ပါတယ်။ အဲဒီ မှာလည်း ကမ်း ခြေမှာ မြေသိမ်းမှုတွေ သူတို့ပြောပြပါ တယ်။ ယဉ်ပါတယ်။

သူတို့က မြေသိမ်းတာ မဟုတ်ဘဲ အုန်းပင် ဝယ်တာပါတဲ့။ အုန်းပင်တစ် ပင် အပင်သေးရင် ငွေငါးရာ။ အလတ် ရှစ်ရာ၊ အကြီးတစ်ထောင့်နှစ်ရာပေး ပါသတဲ့။

အုန်းပင် တစ်ပင်ရဲ့ ဈေးဟာအုန်းသီး တစ်လုံးစာတောင် မရှိပါဘူး။ အုန်း ပင်ဝယ်တော့ အုန်းပင်အောက်က မြေ သူရတာပေါ့။ ထားပါတော့ ပြောချင် တာက သိမ်းပုံ သိမ်းနည်းစုံ ပါတယ်။ အဲ သိမ်းထားပြီး မြေခွန်ကို ကတော့အသိမ်းခံ ရတဲ့မြေရှင်က အခွန်ဆောင်နေရတုန်း ပါပဲ။ ကိုယ်လည်း အသိမ်းခံ ထားရတဲ့ ကိုယ့်မြေ။ မြေခွန် ကိုက အစ ကိုယ်က ပြန်ဆောင်နေ ရတာဆိုတော့ စဉ်းစား သာကြည့်။

ထားပါတော့။ မြေသိမ်းတဲ့ အထဲ မှာ အစိုးရ အဖွဲ့အစည်း ဝန်ကြီး ဌာနပိုင် မြေတွေ အမြောက်အမြား ပါရှိပါတယ်။ ဒါဟာ ဖြစ်နိုင်ပါတယ်။ ဘယ်သူ မှန်တယ်။ ဘယ်သူ မှားတယ် ဆိုတာမပြော လိုပါဘူး။ (မသိတာတွေ လည်းပါပါ တယ်)

ဒါပေမဲ့ မြေသိမ်းတဲ့ အထဲမှာ ဌာန ဆိုင်ရာ အဖွဲ့အစည်း မဟုတ်ဘဲ အကြံ ပေးတွေ ပါနေတာတော့ အံ့အားသင့် စရာပါ။ ဒါကြောင့် သူတို့တွေ ဘာများ ကပ်ပြီး အကြံတွေပေးနေ တယ်ဆိုတာ သိချင်နေ မိပြန်ပါတယ်။ ထူးခြားသလို များဖြစ်နေသလားလို့ပါ။

ပျောက်ဆုံးနေတဲ့စကားလုံး

စကား ဆိုတာက ပျောက်သွား တတ်ပါတယ်။ တချို့ စကားလုံးတွေ တောင် သုံးမရတော့ရင် ပျောက်သွား တော့တာပါပဲ။ ဥပမာ ”၄င်း” ဆိုတဲ့ စကားမျိုးပေါ့။ ”လည်းကောင်း” လို့ပဲ သုံးရတယ် ဆိုတဲ့အခါမှာ ”၄င်း”ဆိုတဲ့ စကားလုံးက ပျောက်သွားပါတယ်။

အမေရိကမှာ ဆိုရင်လည်း အဲဒီ လို ဘာသာစကား အသုံးအနှုန်းပျောက် ဆုံးမှုတွေ အများကြီး ကြုံနေရပါတယ်။ ဥပမာ “I Love You” ဆိုတဲ့အစား I ♥ U လို့ပဲ သုံးတော့ တာမျိုး။ For u ကို လည်း 4 U လို့ပဲ အလွယ် အသံထွက်နဲ့ သုံး လိုက်တာမျိုးတွေပါ။ ပြောရရင်တော့ အများကြီးပါ။ ထားပါတော့။

ကျွန်တော်တို့ဆီမှာလည်း တချို့ စကားတွေဟာ ရှိနေပါလျက် နဲ့ဘယ်သူ ကမှ သုံးစွဲတာမျိုး မတွေ့တော့ပါ။

ဆိုကြပါစို့။ လူတွေက ဘယ်လောက် ရိုင်းရိုင်း ဘယ်လောက်မှားမှား ပျောက်ဆုံးနေတဲ့ ဘာသာစကားကြောင့် မျက်နှာပြောင် တိုက်ပြီး ခပ်တည်တည် နေတာ ကို တွေ့နေ ရပါတယ်။ ဒီစကား ကို အသုံးပြုရမှန်း မေ့လျော့နေတဲ့ အတွက် သူတို့ ခမျာလည်း အူကြောင် ကြောင်နဲ့ ခပ်တည်တည် ကြီး မြင်နေရ တာပါ။ ဘယ်သူ ဘယ်လောက် မကျေ နပ်ပါစေ။ ဆန္ဒပဲပြပါစေ ဒီစကားမ သုံးဘူးဗျ။

အမှန်တော့ ဒီလိုခေတ်မှာ ဒီလို စကားမျိုးကို အခြေခံက အစဟိုး အထက်ထိ သုံးကိုသုံးသင့်တဲ့ စကားလုံး ပါ။ ဒါကို မေ့လျော့နေ လို့လားတော့ မသိပါဘူး။ ကျွန်တော့် တစ်သက် မှာ တောင်နှစ်ခါ သုံးခါ အပြင်ပိုမကြားဖူး ပါဘူး။

အဲဒီစကားကို ကြားသာကြားဖူးတာ။ ဘယ်နေရာမှာ ဘယ်သူကသုံး သွားတယ်ဆိုတာ မမှတ်မိပါဘူး။ အခြားနိုင်ငံတွေမှာ အမြဲတမ်းလှိုင်လှိုင် ကြား နေရပေ မယ့် ပြည်တွင်း မှာတော့ ကြားရခဲတဲ့ စကားလုံးပါ။

လွယ်လွယ်လေးပါ။ ဝန်ထမ်းများ ဆို ပိုဂွတ်သင့်တဲ့ စကားပါ။ အဲဒါက ”မိမိသဘောဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက် ခွင့်ပြုပါ” ဆိုတာလေးပါပဲ။ ခင်ဗျားတို့ရော ကြားဖူး ရဲ့လား….

အရှေ့ကိုပဲသွားကြမှာလား

အခုတလော မတော် မတည့်တွေ မြင်နေကြားနေရပါတယ်။

အိမ်ဘေးကပ်လျက် မှာ နာမည် ကြီး လူထု အားကိုးတဲ့ ပါတီကြီးရဲ့ ဆိုင်းဘုတ်ထောင်ပြီး ဘာလုပ်နေမှန်း မသိတာလည်း အံ့အား သင့်စရာပါပဲ။ ပါတီ ကတော့ အရှေ့ကို ဘယ်လောက် ဦး ဆောင်နေမှန်း မသိပေမယ့် အ နောက်မှာ ဖြစ်ပျက်နေတာက တစ်ခုခု ရှိရင် လမ်းပိတ်ပြီး ပွဲလုပ်တာလည်း သူတို့ပါပဲ။ ပွဲပြီးလို့ စာရင်းရှင်းရင် လည်း ပွက်လောညံ ကြတာလည်းသူတို့ ပါပဲ။

သူများကိုလည်းပြောနေရတယ်။ ”အပေါ်ကပဲ ကောင်းလို့ မဖြစ်ဘူး။ အောက်ပိုင်းလည်း ပြန်ကြည့်ဦး”ဆို တာ။

အခုဟာက အောက်ပိုင်းက အတော်လေး ပိုဆိုးပါတယ်။ ဘယ်လောက် အထိ ပိုဆိုးသလဲဆို သူတို့ လုပ်ပုံလေးပဲ ပြောပြမယ်။ အဲဒီ အပြုအမူလေး နား ထောင် ပြီး အောက်ပိုင်း မှာ ဘယ်လိုလူ တွေ ဘယ်လောက် မွှေနှောက်နေတယ် ဆိုတာ စဉ်းစားကြည့်။

”စာဥလိုသီချင်းမျိုးကို နိုင်ငံရေး စာသားတွေထည့်ပြီး ဆိုထားတယ်ဗျာ”

”မွေးမေကျေးဇူး ဆပ်ဖူးချင်တယ် သီချင်း” ”အလွမ်းမမပန်းမမကို ရွေး ကောက်ပွဲ စာသားသွပ်ထားတယ်ဗျာ”

ကျွန်တော် ဟာသပြောနေတာလို့ ထင်မယ်။ မဟုတ်ဘူး။ တကယ်ဗျ။ သီချင်းခွေနော်။ ဒါကြောင့်သတိပေး ချင်ပါတယ်။

အရှေ့ကိုပဲသွားနေရင်း နောက် မှာ သိက္ခာ ကျစရာတွေ အများကြီးကို လည်း သတိထားပါဦး။ ဒါနမူနာလေး တစ်ခုကိုပဲ ထုတ်ပြတာပါ။ အာဏာရ ပါတီမှ၊ အတိုက်အခံ ပါတီမှ မဟုတ်ပါဘူး၊ တခြားပါတီ ဆိုတာတွေကလည်း ဆိုင်းဘုတ်ထောင်ခွင့် ရတာနဲ့ အရင်က မလုပ်ရဲခဲ့လေသမျှ ကို အဆတိုး လုပ် ဆောင်နေတာတွေ မြင်ရ တဲ့၊ တွေ့ရတဲ့ ကိုးလို့ကန့်လန့် အများကြီးကျန်ပါ သေးတယ်။ ဒီတစ်ခု ရှိနေရုံ နဲ့ကုန် ကြမ်းက ဝေးဝေးမှာ ရှာစရာ မလိုဘူး ဖြစ်နေပြီ။

အကြည်တော်
Popular Myanmar News Journal 

ရေစကြိုမြို့တွင် မီးလောင်မှုဖြစ်ပွား


ရေစကြို - ဖေဖေါ်ဝါရီ - ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်၊ အမှတ်(၁)နယ်မြေ၊ ဇီးကျွန်း ရပ်ကွက်တွင် ဖေဖေါ်ဝါရီ (၂၅)ရက်၊ နံနက်(၀၄း၃၀)နာရီအချိန်က ကိုသက်မောင်မောင်၏နေအိမ်မှ စတင်မီးလောင်မှုကြောင့် တာဝန်ရှိ သူများနှင့်ပြည်သူများ ၀ိုင်းဝန်းငြိမ်း သတ်ကြရာ နံနက်(၀၄း၄၅)နာရီတွင် လုံးဝမီးငြိမ်း သတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခြင်း အတွက်လူနေအိမ်(၁၂)လုံး မီးလောင် ဆုံးရှုံး ခဲ့ရကာ လူနှင့် အိမ်မွေး တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရ သည်။

MOI Webportal Myanmar

အွန်လိုင်းပေါ်ကအမုန်းပွားဖွယ်စကား ပြင်ပ၌သက်ရောက်မှု ရှိမရှိ စစ်တမ်းကောက်ယူ


အွန်လိုင်းပေါ်တွင်ပျံနှံ့နေသည့် အမုန်းပွား ဖွယ်စကားများ အင်တာနက်အသုံးပြုမှုမရှိသူများအပေါ် သက်ရောက်မှု ရှိ၊ မရှိ စစ်တမ်း တစ်ခုကောက်ယူနေလျက်ရှိကြောင်း အဆိုပါ စစ်တမ်းကောက်ယူမှုပြုနေသည့် မြန်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်စီတီအဖွဲ့ (MIDO) မှ သိရသည်။

အင်တာနက်အသုံးပြုသူများကြား၌သာမက အင်တာနက်အသုံးပြုမှု မရှိသည့်နေရာများ သို့ပါသက်ရောက်ပျံ့နှံမှုများပြားလာခြင်း ရှိ၊ မရှိ သုတေသနပြုလုပ်ရန် စစ်တမ်းကောက်ယူခြင်း ဖြစ်သည်ဟု အထက်ပါအဖွဲ့မှ တာဝန်ရှိသူ မထိုက်ထိုက်အောင်က ပြောသည်။

''မြန်မာပြည်မှာ အင်တာနက်သုံးသူ နည်း တယ်ဆိုပေမယ့် အမုန်းပွားဖွယ်စကားတွေဟာ ပြန့်ပွားနှုန်း များပြားနေတယ်။ ဒါကို တိကျတဲ့ စစ်တမ်းတစ်ခုအနေနဲ့ရရှိဖို့ ဆောင်ရွက်နေတာပါ။ အတိအကျကိုတော့ စစ်တမ်းကထုတ်ပြန်တဲ့ အချက်အလက်ရမှ ပြောပြနိုင်ပါလိမ့်မယ်''ဟု ၎င်းက ဆိုသည်။

ယင်းအတွက် သုတေသနစစ်တမ်းကို အင်တာနက်အသုံးပြုသူများအကြား အွန်လိုင်းမှ တစ်ဆင့်ကောက်ယူခြင်းအပြင် အင်တာနက်အ သုံးမပြုသူများအတွက်ကိုမူ ကွင်းဆင်းစစ်တမ်း ကောက်ယူခြင်း၊မေးမြန်းခြင်းများပြုလုပ်နေကြောင်း မီဒိုအဖွဲ့၏ သုတေသနဌာနမှ သိရသည်။

သုတေသန စစ်တမ်းကောက်ယူမှုတွင် အင်တာနက်ပေါ်ရှိ အချက်အလက်များကို ဝေမျှသောဓလေ့အားလေ့လာကာ အင်တာနက် ကို အကျိုးရှိရှိအသုံးချနိုင်ရန်နှင့် အင်တာနက် ကြောင့်ဖြစ်ပေါ်လာနိုင်သော အနုတ်လက္ခဏာဆောင်သည့် အဖြစ်အပျက်များကို ကာကွယ်နိုင်ရန်နည်းလမ်းများကို ဖော်ထုတ်နိုင်ရန်အတွက်
ရည်ရွယ်ထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများအပေါ်တွင် အင်တာနက်၏ သက်ရောက်မှုများကိုလည်း စစ်တမ်းအနေနှင့် ဖော်ပြပေးနိုင်ရန်ဆောင်ရွက်သွားမည်ဟု သုတေသနဌာန၏တာဝန်ခံ မဖြူဖြူသီက ပြောသည်။

စစ်တမ်းကောက်ယူမှုတွင် နေရာ၊ ဒေသ၊ အသက်အရွယ်၊ ပညာအရည်အချင်းနှင့် လူမျိုး စသည်ဖြင့် သုတေသနလုပ်ငန်း၏ နမူနာပုံစံများအတိုင်း ဆောင်ရွက်မည်ဖြစ်၍ မြန်မာနိုင်ငံအတွင်း ရှိမည်သည့်ဒေသများထိ ကွင်းဆင်းဆောင်ရွက် သည်ကိုမူ တိကျစွာပြောဆိုရန် ခက်ခဲသေးသည်ဟု ၎င်းက ဆိုသည်။
သို့သော် ကွင်းဆင်းစစ်တမ်းကောက်ယူမှု တွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်လားရှိုး ဒေသများပါဝင်သည်ဟု မီဒိုအဖွဲ့၏ တာဝန်ရှိသူ
မထိုက်ထိုက်အောင်၏ပြောကြားချက်အရ သိရသည်။

အဆိုပါစစ်တမ်းကိုလာမည့် ဧပြီ(သို့မဟုတ်) မေလတွင် အပြီးသတ်နိုင်ရန်ရည်ရွယ်ထားပြီး လေ့လာမှုနှင့်ရလဒ်များကို အများပြည်သူများ ထံသို့ ချပြပေးသွားမည်ဖြစ်သည်။
စစ်တမ်းထွက်ရှိလာပါက အင်တာနက်၏ သက်ရောက်မှု အင်အားကြီးမားမှုအား တိကျစွာချပြနိုင်မည်ဖြစ်ပြီး ယင်းအခြေအနေအား
ကောင်း မွန်စွာထိန်းသိမ်းနိုင်မည့်ဥပဒေတစ်ရပ်ထွက်ပေါ်လာနိုင်ရန်လည်း ၎င်းစစ်တမ်းအနေဖြင့် ညွှန်ပြနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal

လေသင်တုန်း၏ လူသိနည်းသော ရှေ့ပြေးလက္ခဏာများ


လေသင်တုန်း၏ ရှေ့ပြေးလက္ခဏာများကို ပြည်သူများ သိရှိကြသည့်အခါ လေသင်တုန်းဖြတ်ခြင်းကို ကျော်လွှားဖို့ အလားအလာသည် ကြီးမားစွာ အားကောင်းလာပေသည်။ သို့ဖြစ်၍ အောက်ပါ သတိပေး လက္ခဏာများအား ပြည်သူများ မသိကျိုးကျွံ မပြုသင့်ပေ။
ခြေလက်စသည် ထုံကျဉ်ခြင်း
ပထမတွင် လက် သို့မဟုတ် ခြေချင်းဝတ်အောက် ထုံကျဉ်သည်ကို သတိပြုမိမည် ဖြစ်သည်။ ထို့နောက် လက်မောင်း၊ ခြေထောက်၊ မျက်နှာ သို့မဟုတ် ကိုယ်တစ်ခြမ်းလုံး ထုံကျဥမည် ဖြစ်သည်။ ထိုသို့မဖြစ်ဘဲ လက်ချောင်းကလေး အနည်းငယ်တွင် တစစ်စစ်ခံစားနေရခြင်းလည်း ဖြစ်နိုင်သည်။
“ ဥပမာပြောရရင် ခြေထောက်ပေါ်ထိုင်မိပြီး ပြန်ထတဲ့အခါ လူတိုင်း ခြေထောက်ထုံကျဉ်တတ်ကြတယ်။ ဒါပေမယ့် အမြင်အာရုံ အားနည်းသွားတာ၊ ထိခိုက်သွားတာမျိုးကို အခြားလက္ခဏာတွေ ကပ်ပါလာပြီ ဆိုရင်တော့ ဒီထုံကျဉ်မှုဟာ အရေးကြီးတဲ့ သတိပေးလက္ခဏာ ဖြစ်တာမို့ အရေးကြီးတယ်။ ဆရာဝန်နဲ့ တွေ့ပါ၊ ဆရာဝန်က လေသင်တုန်းရဲ့ ရှေ့ပြေးလက္ခဏာလားဆိုတာ ဖော်ထုတ်ပေးနိုင် ပါလိမ့်မယ် ” ဟု ဟောင်ကောင်ရှိ ဝေလမင်းသားဆေးရုံမှ ဦးနှောက်နှင့်အာရုံကြော ပါရဂူဒေါက်တာ ရစ်ချက်ကေးက ပြောသည်။ ထုံကျဉ်မှုသည် ဦးနှောက်တွင်း သွေးကြောရုတ်တရပ် ပိတ်ဆို့မှုကြောင့် ဖြစ်သည်ဆိုပါက မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း သို့မဟုတ် စကားပြောရာတွင် ဗလုံးဗထွေး ဖြစ်နေခြင်း ကဲ့သို့သော အခြားလက္ခဏာများ ကပ်ပါလာမြဲဖြစ်သည်။
ဆုတ်ကိုင်အား ပျောက်ဆုံးသွားခြင်း
လေဖြန်းခြင်းသည် မကြာခဏဆိုသလို တစ်စုံတစ်ယောက်၏ လက်ထဲမှ အရာတစ်ခုခု မမျှော်လင့်ဘဲ ပြုတ်ကျသွားခြင်းဖြင့် စတင်တတ်သည်။ ကွာလာလမ်ပူတွင် အသက် ၄၅နှစ်အရွယ် အိန္ဒိယအမျိုးသား တစ်ဦးသည် ညာလက်ဖြင့် ခွက်တစ်လုံး ကိုင်ထားစဉ် ရုတ်တရပ် ယာယီအားနည်းမှု ဖြစ်ပြီး ခွက်လွတ်ကျ သွားခဲ့သည်။ လွန်ခဲ့သော ခြောက်လခန့်ကလည်း အလားတူဖြစ်စဉ်မျိုး သူကြုံတွေ့ ခဲ့ရသည်။ သို့ရာတွင် ကြွက်တက်ခြင်း၏ အကျိုးဆက်ဟု သူထင်ခဲ့၏။ ငါးမိနစ် ကြာမြင့်ခဲ့သည့် အားနည်းမှု ဖြစ်စဉ် ဒုတိယအကြိမ ဖြစ်သည့်အခါ ဆရာဝန်ထံသို့ သူသွားသည်။ ဆရာဝန်က လိုအပ် သော စစ်ဆေးမှုများ ပြုလုပ်ပြီး သွေးကျဲဆေးများ ပေးလိုက်သည်။

စကားလုံးများ ဗလုံးဗထွေးဖြစ်ခြင်း
အချို့လူများသည် ယာယီအားဖြင့် စကားမပြောနိုင်။ အချို့သည် အဓိပာယ်မရှိသော အသံများ ထွက်နေသည်။ အချို့သည် ဘာပြောနေမှန်းမသိ။ အသက် ၆၀ နီးပါးအရွယ် သြစတြေးလျ အမျိုးသား တစ်ဦးသည် ဇနီးနှင့်အတူ ဟောင်ကောင်တွင် အားလပ်ရက် ရောက်ရှိနေစဉ် မနက်ခင်း တစ်ခုတွင် ဟိုတယ်မှမထွက်ခွာမီ ဇနီးသည်အား စကားပြောဖို့ ကြိုးစားခဲ့သည်။ စကားလုံးအလွဲများ ပါးစပ်က ထွက်သွားသည့် အခါ အခြေအနေကို သူ သတိထားမိသည်။ တက္ကစီခေါ်၍ ဆေးရုံသွားသည်။ ဆေးရုံက သူ့အား နှစ်ရက်ခန့် စောင့်ကြည့်ခဲ့သည်။ သွေးကျဲစေသည့် ဆေးများ ပေးလိုက်သည်။ စကား ဗလုံးဗထွေးဖြစ်ခြင်းသည် နာရီအနည်းငယ်အတွင်း ပျောက်ကင်းသွားသည်။
ရုတ်တရက် အမှောင်ကျသွားခြင်း
လေသင်တုန်းဖြတ်ခြင်း သို့မဟုတ် လေဖြန်းခြင်းဖြစ်စဉ်တွင် ဝေဒနာရှင်သည် တစ်စုံတစ်ယောက်က သူ့ရှေ့တွင် ခန်းဆီးစ ဆွဲကာလိုက်သလို အမြင်အာရုံရုတ်တရပ် မှောင်အတိကျသွားခြင်း၊ မှုန်ဝါးဝါး ဖြစ်သွားခြင်း ဖြစ်တတ်သည်။ အများအားဖြင့် မျက်စိတစ်ဖက်တည်းသာ ယာယီအားဖြင့် မမြင်ရခြင်း ဖြစ်တတ်သည်။ အခြားတစ်ဖက်သည် ပုံမှန်အတိုင်း ရှိနေတတ်၏။ သွေးကြော ပိတ်ဆို့နေသော နေရာ ပေါ်တွင် မူတည်ပြီး အမြင်အာရုံသည် မှုန်ဝါးဝါးဖြစ်ခြင်း သော်လည်းကောင်း၊ ပုံရိပ်နှစ်ထပ် ဖြစ်ခြင်း သော်လည်းကောင်း ဖြစ်နိုင်သည်။ ထိုမျက်စိရှိရာ မျက်နှာတစ်ခြမ်းသည် ရွဲ့သွားနိုင်၏။ ထို့နောက် တဖြည်းဖြည်း အမြင်အာရုံ ပုံမှန်ပြန်ဖြစ်သွားနိုင်သည်။
အသက် ၅၆ နှစ်အရွယ် မလေးရှား အမျိုးသားတစ်ဦးသည် အိမ်တွင် သတင်းစာဖတ်နေစဉ် ၄င်း၏ မျက်စိတစ်ဖက်ရှေ့တွင် ရုတ်တရက် လိုက်ကာတစ်ခု ကျလာသလို မမြင်ရပေ။ သူဆေးရုံသို့ ချက်ချင်း သွားသည်။ အက်စပရင်ဆေးကို တစ်နေ့တစ်လုံး သောက်ရန် ဆေးရုံက ညွှန်ကြားလိုက်သည်။ သူသည် ယခုထိ လေမဖြန်းတော့။
ခြေထောက်များ ဒယိမ်းဒယိုင်ဖြစ်ခြင်း
လမ်းလျှောက်ရာတွင် တုန်တုန်ယင်ယင် ဖြစ်နေခြင်း၊ ဒယိမ်းဒယိုင်ဖြစ်လျှက် တစ်ဖက်သို့ ဆွဲနေခြင်း သည် သွေးကြော ပိတ်ဆို့နေသည့် အရာတစ်ခုက ဦးနှောက်တွင်းရှိ ဟန်ချက်ထိန်း ယန္တရားကို သက်ရောက်မှု ဖြစ်နေကြောင်း ပြသည်။ လမ်းလျှောက်မှု အဆင်မပြေ ဖြစ်ခြင်းမတိုင်မီတွင် မူးမိုက်ခြင်း ဖြစ်တတ်၏။

အမြဲတမ်း ဆိုးဆိုးရွားရွား ခေါင်းကိုက်ခြင်း
ရုတ်တရက် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ ဖြစ်ခြင်းသည် ကိုယ်တွင်း သွေးယိုစီးမှုနှင့် ဆိုင်သော လေသင်တုနုး ဖြတ်ခြင်း၏ အထင်ရှားဆုံး အမှတ်လက္ခဏာဖြစ်သည်။ ခေါင်းတစ်ခုလုံး အဆက်မပြတ် ကိုက်ခဲနေခြင်းဖြစ်သည်။ ယင်းသည် ဦးခေါင်းတွင်း သွေးယိုနေခြင်းကြောင့် ဖြစ်သည်။ သွေးကြောမှ ပေါက်ထွက်သည့် သွေးများသည် ဦးခေါင်းခွံနှင့် ဦးနှောက်တစ်ရှူးကြားတွင် စုဖွဲ့နေခြင်းဖြစ်သည်။
ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ခေါင်းနောက်ခြမ်း အပြင်းအထန် ကိုက်ခဲခြင်း ဝေဒနာကို ခံစားခဲ့ရ၏။ ပထမတွင် ဆရာဝန်များက ထိုဝေဒနာကို စိတ်ဖိစီးမှု၏ ရလဒ်ဟု ယုံကြည် ခဲ့ကြသည်။ သို့ရာတွင် ဓာတ်မှန်က သွေးကြောပေါက်ခြင်းဟု ဖော်ပြခဲ့သည်။ ခွဲစိတ်ကုသမှု ချက်ချင်း ပြုလုပ်သည်။ ထိုသို့ဖြင့် အသက်အန္တရာယ် ရှိနိုင်သည့် လေသင်တုန်း ဖြတ်ခြင်းဘေးမှ ထိုပုဂ္ဂိုလ် လွတ်မြောက် သွားခဲ့သည်။
ထိုရှေ့ပြေး လက္ခဏာများ အနက် တစ်ခုခုကိုကို သင် သို့မဟုတ် သင်သိသူ တစ်စုံတစ်ယောက် ခံစား နေရသည် ဆိုလျှင် သင်ဘာလုပ်သင့်သလဲ။ ပထမဆုံး အနေဖြင့် ထိုလက္ခဏာများကို အလေးအနက် ထားဖို့ ဖြစ်သည်။ ထို အမှတ်လက္ခဏာများသည် အရေးမကြီးပုံရခြင်း သို့မဟုတ် ခဏအတွင်း ပျောက်ကင်းသွားခြင်း ဖြစ်တတ်သည့်တိုင် မပေါ့ဆသင့်ပေ။ Dr.Pereg က “မှားယွင်းတဲ့ သတိ ပေးမှုတွေ အကြိမ်များစွာ ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီ အမှတ်လက္ခဏာရဲ့ အကြောင်းကို ခင်ဗျား ရှင်းမပြနိုင်ဘူး ဆိုရင် အထူးကု ဆရာဝန်ဆီ သွားသင့်တယ်” ဟုပြောသည်။
ဒုတိယ အချက်မှာ အမြန်ဆုံး တစ်ခုခုလုပ်ရန်ဖြစ်သည်။ Dr.Ng က “စောင့်မနေနဲ့ ဆရာဝန်တစ်ဦးဆီ ချက်ချင်းသွားပါ” ဟုပြောသည်။ Dr. Thiravat ကမူ “ လေဖြန်းခြင်းဟာ လေသင်တုန်းဖြတ်ခြင်းရဲ့ ရှေ့ပြေး လက္ခဏာဆိုတာ ပြောဖို့ခက်တယ်။ ဒါကြောင့်မို့ လေဖြန်းခြင်းဝေဒနာ ခံစားရသူဟာ ဆေးကုသမှုဆိုင်ရာ တစ်ခုခု အမြန်ဆုံး ရယူသင့်တယ်။ အဲဒီလို လုပ်မထားရင် တကယ် လေသင်တုန်း ဖြတ်ခြင်းကို ခံစားရနိုင်တဲ့လမ်းကြောင်းပေါ် ရောက်သွားပါလိမ့်မယ်” ဟု ပြောသည်။
တတိယအချက်မှာ သင်ခံစားရသည့် လက္ခဏာများကို အသေးစိတ်ကျကျ ပြောပြရေး ဖြစ်သည်။ သင့်အမြင်အာရုံသည် မှုန်ဝါးဝါးဖြစ်ခဲ့သလား သို့မဟုတ် ပုံရိပ်နှစ်ထပ်ဖြစ်သလား။ စကား ရှင်းရှင်း လင်းလင်း ပြောနိုင်ပြီး နားမလည်ဘူးဖြစ်နေသလား…..စသည်။ “ဝေဒနာရှင်က ပိုပြီး တိတိကျကျ ပြောနိုင်လေ၊ ကျွန်တော်တို့ဘက်က မှန်ကန်တဲ့ ရောဂါအမည်တပ်ဖို့နဲ့ မှန်ကန်တဲ့ ကုသမှုဆောင်ရွက်ဖို့ ပိုပြီးလွယ်ကူလေ ဖြစ်တယ်” ဟု Dr. Ramani က ပြောသည်။
လေဖြန်းခြင်းဝေဒနာကို သင်ခံစားနေရပြီဆိုလျှင် လေသင်တုန်းဖြတ်ခြင်း ဝေဒနာတားဆီးရေးအတွက် ဆရာဝန်၏ အကြံပြုချက်များကို သေချာစွာ လိုက်နာပါ။ “ ငါ ကျန်းမာရေး ကောင်းနေတာပဲ” ဆိုပြီး မိမိဘာသာ စိတ်ချယုံကြည်လိုက်ဖို့ မကြိုးစားပါနှင့်။ အသက် ၆၄နှစ်ရှိ စင်ကာပူနိုင်ငံသား တစ်ဦးသည် ၄င်း၏ ညာဘက်ခြမ်း အားနည်းသလို ဖြစ်နေသဖြင့် ဆရာဝန်ကို ပြသခဲ့သည်။ ဆရာဝန်က လေဖြန်း နေခြင်းဖြစ်ကြောင်း ပြောသည်။ ဆရာဝန်၏ ဆေးကုသမှု ခံယူရေး အကြံပြုချက်ကို သူငြင်းဆိုခဲ့သည်။ သူကျန်းကျန်းမာမာ ရှိနေကြောင်း ဇွတ်ပြောနေသည်။ နှစ်ရက်အကြာတွင သူလေသင်တုန်း ဖြတ်သွား သည်။ ညာဘက်တစ်ခြမ်းလုံး သွက်ချာပါဒ ဖြစ်သွားသည်။ နှစ်လလောက် ဆေးရူံတက် လိုက်ရခြင်း ဖြစ်သည်။
Dr.Ng ကမူ အခုကဲ့သို့ ပြောသည်-
“ လေဖြန်းခြင်းဝေဒနာ ခံစားကြရပြီး လေသင်တုန်းဖြတ်ခြင်းဝေဒနာ မခံစားကြရအောင် လုပ်ဆောင်နိုင် ကြပါလျက်နဲ့ မလုပ်ခဲ့ကြသူတွေကို တွေ့ရတာ စိတ်မကောင်းစရာပါ” ဟူ၍။
မှတ်ချက်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာစာစောင် အတွဲ (၄၁)၊ အမှတ် (၁) မှ စိန်ဝင်းနွယ် ရေးသားသည့် ဆောင်းပါးအား ကောက်နုတ်ဖြော်ပပါသည်။

MOI Webportal Myanmar

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဂြိုဟ်တုအင်တာနက်စနစ် ထိန်းသိမ်း နိုင်မည့်လုပ်ငန်းရှင်များ တင်ဒါခေါ်ယူ


စ,ချိုကိုကို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၀န်ဆောင်မှုပေးနေသော ပြည်တွင်းဂြိုဟ်တုစနစ်အတွက် ထိန်းသိမ်း စောင့်ရှောက်နိုင်မည့်ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုသို့တင်ဒါခေါ်ယူရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိဝန်ဆောင်မှုပေးနေသော ပြည်တွင်း ဂြိုဟ်တုစနစ် (Ku- Band MPT Satellite Terminal) အတွက် လိုအပ်သော Ka-Ku Bandwidth 56 Mbps ကို လက်ရှိဝန်ဆောင်မှု ပြတ်တောက်မှုမရှိစေသော Solution ဖြင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းရှင် များကို ခေါ်ယူခြင်းဖြစ်သည်။

ဂြိုဟ်တုအင်တာနက်စနစ်ကို မြန်မာနိုင်ငံတွင် သီးသန့်နက်ဝပ်အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ၊ အစိုးရဌာနများနှင့် လူပုဂ်္ဂိုလ်အချို့ကသာ အသုံးပြု နေကြခြင်းဖြစ်သည်။

အဆိုပါဂြိုဟ်တုစနစ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး Ammaration Communication မှ အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က “ဂြိုဟ်တုအင်တာနက်စနစ်ကို သီးသန့်နက်ဝပ်အသုံးပြုချင်တဲ့ကုမ္ပဏီတွေ၊ ဘဏ်လုပ်ငန်း တွေ၊ အစိုးရဌာနတွေက အများစုသုံးကြတယ်။ တစ်ကိုယ်ရည်သုံးတဲ့သူတွေလည်းရှိတယ်။ ဂြိုဟ်တုစနစ်က ဆက်သွယ်ရေးကြန့်ကြာမှုလည်း မဖြစ်စေတဲ့အပြင် လုံခြုံမှုလည်း စိတ်ချရလို့ သီးသန့်နက်ဝပ်အဖြစ် သုံးတဲ့ သူများပါတယ်”ဟု ပြောသည်။

ဂြိုဟ်တုအင်တာနက်စနစ် Solution အတွက် လျှောက်ထားလိုသည့်လုပ်ငန်းရှင်များသည် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ရုံးချုပ်အခြေစိုက် ပြည်ပဆက်သွယ်ရေးစခန်း၊ (၈)မိုင်တွင် တင်ဒါပုံစံထုတ်ယူနိုင်ပြီး ဖေဖော် ၀ါရီ ၂၈ ရက်တွင် အဆိုပြုလွှာ တင်သွင်းရမည်ဖြစ်သည်။

Mizzima Burmese

မကွေးတွင် တစ်ရက်တည်း ယာဉ်တိုက်မှုလေးခုဖြစ်


မကွေး၊ ဖေဖော်ဝါရီ ၂၃

မကွေးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်က တစ်ရက်တည်း ယာဉ်တိုက်မှုလေးမှုဖြစ်ပွားကြောင်း မကွေးမြို့ ယာဉ်ထိန်းရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီ၂၁ ရက် နံနက် ၁၀ နာရီ ခွဲခန့်တွင် မကွေးမြို့လယ် ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံ မီးပွိုင့်၌ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲကားနှင့်မကွေးမြို့နယ် လယ်ကိုင်းရွာမှ လိုက်ထရပ်အပြာရောင်ကား တို့ တိုက်မိပြီး ယင်းမှတစ်ဆင့် လိုက်ထရပ်ကားသည် ပြည်တော်သာလမ်း မြောက်ဘက်ဘေး ပလက်ဖောင်းတွင် ဆွမ်းခံပြန်လာသည့် ကိုရင်လေးတစ်ပါးကို ဆက်လက်တိုက်မိခဲ့သည်ဟု ယာဉ်ထိန်းရဲ မှတ် တမ်းကဆိုသည်။

၎င်းနေ့ နံနက် ၁၁ နာရီခွဲခန့်တွင်ပင် မကွေးမြို့ မဲထီးလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၌ မဖြူဖြူဝင်း(၃၈)နှစ်၊ ဆုံရပ်ကွက်နေသူ၏ Honda Fit အဖြူရောင်ကားသည် ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင်လာစဉ် ပွင့်ဖြူမြို့နေထိုင်သူ ဦးဝင်းနိုင်မောင်းနှင်လာသည့် ထော်လာဂျီ (နံပါတ်မပါ) သည် မဲထီးလမ်းအရှေ့ဘက်မှ အနောက် ဘက်သို့သွားရာ ဗိုလ်ချုပ်လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်မှု ဖြစ်ခဲ့သည်။

နေ့လယ် ၁၂ နာရီခွဲခန့်တွင် မကွေးမြို့ ဖန်ခါးမြေဂေါက်ကွင်း ၀င်ပေါက်အနီး ဦးတင်ငွေ(၆၅)နှစ် မြင်သာ ရပ်ကွက်၊ မဲထီးလမ်းနေထိုင်သူက နောက်ပါတစ်ဦးကိုတင်၍ နတ်မောက်လမ်း အရှေ့အရပ်မှ အနောက် သို့ မောင်းလာစဉ် ဦးမြသိန်း(၃၈)နှစ်၊ မြင်သာရပ်ကွက်၊(၂၉)လမ်းတွင်နေသူနှင့် နောက်တွင် တစ်ဦး တင်ဆောင်လာ သောဆိုင်ကယ်တို့ ယာဉ်တိုက်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။

ည ၈ နာရီခွဲခန့်တွင် ကန်ပြားကျေးရွာ၊ ဓာတ်ဆီဆိုင်အနီး မြို့သစ်မြို့နယ် မကျီးထူးရွာမှ ရန်နိုင်စိုးစီးနင်း လာသည့် ဆိုင်ကယ်သည် နတ်မောက်လမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် ၎င်းလမ်းပေါ်၌ အရှေ့မှ အနောက်သို့ လမ်းလျှောက်လာသူ မကွေးမြို့နယ် မိကျောင်းရဲ ကျေးရွာမှ မောင်ထက် အောင်ဝင်း(၁၂)နှစ်ကို ၀င်ရောက်တိုက်မိကြောင်း ရဲမှတ်တမ်းတွင် ထုတ်ပြန်ထားသည်။

Mizzima Burmese

ရေဒီယိုနားဆင်နေစဉ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး



ရေဒီယို အင်တနာတိုင်ကို လက်တစ်ဖက်ဖြင့် ကိုင်လျက် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေ ဆုံးနေမှုတစ်ခု ဖေဖော်ဝါရီ ၂၃ ရက်က အရာတော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြို့နယ်ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၃ နာရီကျော်က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ လယ်တီရပ်ကွက်၊ အမှတ်(၁)တွင် အသက် (၆)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ရေဒီယိုနားဆင်နေရင်း ဓာတ်လိုက်သေဆုံးနေသည့်အတွက် ရာအိမ်မှူးဦးသန်းထွန်းဆိုသူက အရာတော်မြို့မရဲစခန်းသို့ အကြောင်းကြားလာရာ ရဲစခန်းမှူး ဒု-ရဲမှူး မြင့်လွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ရဲဌာန၏စစ်ဆေးချက်များအရ သေဆုံးသူ မ၀ိုင်းဝိုင်းသည် ယင်းနေ့မွန်းလွဲပိုင်းတွင် မိခင်ဖြစ်သူ မီးဖိုဆောင် အနီး၌ရှိနေစဉ် နေအိမ်ရှေ့ခန်းရှိ ထန်းလက်ကုလားထိုင်ပေါ်တွင် တရုတ်နိုင်ငံလုပ် KEWAI အမျိုးအစား ရေဒီယို၏ အင်တနာတိုင်ကို ယာဘက်လက်ဖြင့် ဆုပ်ကိုင်လျက် သေဆုံးနေခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်း တွင် ပါရှိသည်။ သေဆုံးသူသည် ရေဒီယိုကို လျှပ်စစ်မီးဖြင့် ချိတ်ဆက်နားဆင်နေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းလည်း ဒု-ရဲမှူး မြင့်လွင်နှင့်အဖွဲ့က စိစစ်တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ကလေးငယ်သေဆုံးမှုကို အရာတော်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၄ အရ အမှုရေးဖွင့်၍ မှုခင်းဆေးပညာများအရ ဆက်လက်ဆောင်ရွက်လျက်သည်။

ကိုတိုးကြီး
Mizzima - News in Burmese


ကျပ်သိန်း ၈၇၀ ကို လိမ်လည်ထားသည်ဟုဆိုကာ မြန်မာလုပ်ငန်းရှင်ကို ဂျပန်နိုင်ငံသားက အမှုဖွင့်


ဇော်ဇော်ထွေး

မြေ၀ယ်ရန် ပေးအပ်ထားသည့် ငွေကျပ်သိန်း ၈၇၀ ကို မြန်မာလုပ်ငန်းရှင်တစ်ဦးက လိမ်လည်သွားသည်ဟု ဆိုကာ ဂျပန်နိုင်ငံသားတစ်ဦးက အမှုဖွင့်တိုင်တန်းမှုကို ပုဇွန်တောင်ရဲစခန်းတွင် ဖေဖော်ဝါရီ ၂၃ ရက်၌ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါ အမှုကို ဂျပန်နိုင်ငံတိုကျိုမြို့တွင် နေထိုင်သည့် ပရိဘောဂအလှပြုပြင်ရေး လုပ်ငန်းလုပ်ကိုင်သူ Mr. OHI KENJI (၄၇)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

အဆိုပါ ဂျပန်နိုင်ငံသားသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိစဉ် မြန်မာနှင့် ဂျပန်ပူးပေါင်းကုမ္ပဏီတစ်ခုမှ တင်ဇော်ဝင်း (၄၇)နှစ်ဆိုသူနှင့် အကျိုးတူ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် လုပ်ငန်းအဆင်မပြေသဖြင့် တင်ဇော်ဝင်းက ရန်ကုန်မြို့ရှိ မြေကွက်များ ၀ယ်ယူထားရန်နှင့် နောင်တွင် ပြန်ရောင်းပါက အမြတ်ရမည်ဖြစ်ကြောင်း ပြောဆိုတိုက်တွန်းခဲ့ရာ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်တွင် သန်လျင်မြို့နယ် သီလ၀ါဆိပ်ကမ်း အနီးရှိ မြေကွက်များ ၀ယ်ယူရန်အတွက် ငွေကျပ်သိန်း ၈၇၀ကို တင်ဇော်ဝင်းထံ ပေးအပ်ခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

တင်ဇော်ဝင်းအမည်ဖြင့် မြေကွက်များဝယ်ယူခဲ့ရာ အမှန်တကယ်ဝယ်ယူခဲ့သည့် စာချုပ်အစစ်များကို မပေး ဘဲ မမှန်မကန် ရေးသွင်းထားသည့် စာချုပ်များကိုပေးပြီး ငွေများကို လိမ်လည်အသုံးပြုထားကြောင်း သိရှိခဲ့ရသည်ဟုလည်း ဆိုထားသည်။

ယင်းနောက်တွင် အဆိုပါမြေကွက်များကို အခြားသူတစ်ဦး၏ အမည်ဖြင့် လွှဲပြောင်းချုပ်ဆိုပေးရန် ပြောဆို သော်လည်း တင်ဇော်ဝင်းသည် ထွက်ပြေးတိမ်းရှောင်နေသဖြင့် အရေးယူပေးရန် အမှုဖွင့်တိုင်တန်းထားခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ပုဇွန်တောင် ရဲစခန်းက (ပ)၄၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီးငွေလိမ်လည်သူအဖြစ် စွပ်စွဲ တိုင်တန်းခံထားရသူကို စုံစမ်းရှာဖွေနေကာ ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၄၂၀ ဖြင့် တရားစွဲ အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Mizzima Burmese

အမျိုးသားကြီးတစ်ဦး ခေါ်ဆောင်ရာ လိုက်မိရာက အဓမ္မပြုကျင့်ခံရဟုအမှုဖွင့်


ဇော်ဇော်ထွေး

အမည်မသိ အမျိုးသားကြီးတစ်ဦး၏ ခေါ်ဆောင်ရာသို့ လိုက်ခဲ့မိရာ အဓမ္မပြု ကျင့်ခံလိုက်ရသည်ဟုဆို၍ တိုင်တန်းမှုတစ်ခုကို လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းက ဖေဖော်ဝါရီ ၂၃ တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နံနက် ၉ နာရီအချိန်က လှိုင်သာယာ (၆)ရပ်ကွက်ရှိ အဆောင်တစ်ခုတွင်နေထိုင်သည့် အထည် ချုပ်စက်ရုံတစ်ခုမှ အသက် (၁၇)နှစ်ရှိ အမျိုးသမီးသည် မိဘများနေထိုင်ရာ ထန်းတပင်မြို့နယ်သို့ သွားရန် ကားဂိတ်သို့ တစ်ဦးတည်းထွက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအချိန်တွင် အမည်မသိ၊ အသက် (၄၀)နှစ်ခန့်ရှိ လူမြင်မှတ်မိ အမျိုးသားတစ်ဦးက မိတ်ဆက်စကားပြော ပြီး ဆိုင်ကယ်နှင့် လိုက်ခဲ့ရန်နှင့် ဆိုင်ကယ်ကယ်ရီ ခပေးစရာမလိုကြောင်း ပြောသဖြင့် လိုက်ပါသွားခဲ့ သည်ဟု ကာယကံရှင်က ရဲတိုင်ရာတွင် ပြောပြထားသည်။

ထို့နောက် ဆိုင်ကယ်သမားက ပြစရာရှိသည်ဟု ပြောဆိုပြီး (၅)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုသို့ ခေါ်သွား ပြီး အခန်းတွင်းသို့ အရောက်တွင် ခုတင်ပေါ်သို့ တွန်းလှဲကာ သားမယားအဖြစ်တစ်ကြိမ်ပြုကျင့်လိုက်သည်ဟု ဆိုထားသည်။

ထို့ကြောင့် အဆိုပါ အမျိုးသားအား အရေးယူပေးရန် ကာယကံရှင် အထည်ချုပ်စက်ရုံအလုပ်သမက စွပ်စွဲ တိုင်တန်းထားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာရဲ စခန်းက (ပ)၂၂၇/၂၀၁၄ ဖြင့်အမှုဖွင့်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သံသယရှိသူ အသက် (၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်သွားမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

Mizzima Burmese

မြန်မာနိုင်ငံတွင် ပထမဆုံး ပိုလီတက္ကနစ်တက္ကသိုလ် တည်ထောင်မည်



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူများ အတွက် မြန်မာနိုင်ငံတွင် ပထမဆုံး ပိုလီတက္ကနစ် တက္ကသိုလ်ကို တောင်ကိုရီးယားနိုင်ငံ ပိုလီတက္ကနစ် တက္ကသိုလ်နှင့် ပူးပေါင်းပြီး ရန်ကုန်မြို့တွင် တည်ထောင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကိုကိုဦးက ပြောကြားသည်။

အဆိုပါတက္ကသိုလ် ဖွင့်လှစ်ရေးအတွက် တောင်ကိုရီးယား ပိုလီတက္ကနစ် တက္ကသိုလ်နှင့် နည်းပညာပိုင်းဆိုင်ရာ သဘောတူ လက်မှတ် ရေးထိုးထားပြီး နားလည်မှုစာချွန်လွှာ (MoU) အတွက် ဆက်လက်ညှိနှိုင်းထားကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတရုံးက MoU ရေးထိုးရန် ခွင့်ပြုထားသော်လည်း ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်အတွက် ဆွေးနွေး နေဆဲရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

"ဆက်လုပ်ရမှာတွေက အများကြီး။ သူတို့က Grants (ထောက်ပံ့ကြေး) ပေးရင်တော့ လွယ်တာပေါ့" ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောဆိုသည်။

နည်းပညာဆိုင်ရာ သဘောတူညီမှု အရ သင်ရိုးညွှန်းတမ်း ဘာသာရပ်များ ရွေးချယ်ခြင်းနှင့် တက္ကသိုလ်ဖွဲ့စည်းပုံ အနေအထား တို့အတွက် စတင်ဆွေးနွေးနေဆဲ ရှိသောကြောင့် အပြီးသတ် ဖွင့်လှစ်မည့်နှစ်ကို မခန့်မှန်းနိုင်ကြောင်း ၄င်း၏ ပြောကြားချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် အကြီးတန်း နည်းပညာကျွမ်းကျင် ပညာရှင်များထက် ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ပေးနိုင်သော အသက်မွေးဝမ်းကျောင်း သင်တန်းများ အရေးပေါ် လိုအပ်နေကြောင်း၊ လက်ရှိအချိန်တွင် နည်းပညာတက္ကသိုလ်များ အဆင့်မြှင့်တင်ရေး အတွက် ပညာသင်နှစ် ပြောင်းလဲပြီး နိုင်ငံတကာ တက္ကသိုလ်များနှင့် လွတ်လပ်စွာ ချိတ်ဆက်ခွင့် ပြုထားသော် လည်း ဒေသတွင်း နည်းပညာတက္ကသိုလ်များနှင့် ယှဉ်ပြိုင်ရန်အတွက် စိန်ခေါ်မှုများ ရှိနေကြောင်း ပြည်တွင်းအင်ဂျင်နီယာ အသိုင်းအဝိုင်းက သုံးသပ်သည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်အားလုံး ၆၁ ကျောင်း ရှိကြောင်း ၂၀၁၂ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

ခုနှစ်တန်းကျောင်းသူကို အဓမ္မပြုကျင့်ဟုဆိုကာ စာကျက်ဝိုင်းပိုင်ရှင် ကျောင်းဆရာကို အမှုဖွင့်


ကိုတိုးကြီး| အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။

ကလေး၊ မဇ္ဈိမ။ ။ စာကျက်ဝိုင်းဖွင့်ထားသည့် ကျောင်းဆရာတစ်ဦးက သတ္တမတန်း ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်မှု တစ်ခု စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့သည့်အတွက် ကလေးမြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၄ရက်က အမှုဖွင့် အရေးယူလျှက်ရှိသည်ဟု အဆိုပါရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အသက် ၁၃နှစ်အရွယ် သမီးဖြစ်သူကို မိခင်ဖြစ်သူက အဆိုပါ စာကျက်ဝိုင်း၌ အင်္ဂလိပ်စာကျက်ရန် အပ်ထားစဉ် ဖေဖော်ဝါရီလ ၂၃ရက် ညပိုင်းတွင် ဖြစ်ပွားကြောင်း တရားလိုဖြစ်သူ ကလေးငယ်မိခင် ကရဲစခန်းသို့ ထွက်ဆိုထားသည်။

ယခုလ ၂၃ ရက် ည ၉ နာရီ ၄၅ မိနစ်က အဆိုပါ စာကျက်ဝိုင်းပိုင်ရှင် အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာ ဆိုသူက သတ္တမ တန်းကျောင်းသူကို ဆိုင်ကယ်ဖြင့်တင်ခ်ါသွားပြီးနောက် ရွာထိပ်ရှိ ကုက္ကိုလ်ပင် အနီးချုံပုတ်ထဲတွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသူ၏ မိခင်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုထားသည်။

အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်ပြီး ကလေးမြို့မရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ် အမှတ် ၂/ ၂၀၁၄ ရဲစခန်း(ပ) ၇၆/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ စာကျက်ဝိုင်းပိုင်ရှင်ကျောင်းဆရာကို အမှုဖွင့် အရေးယူထားသည်။

Mizzima Burmese

ကုန်ကျစရိတ် မတတ်နိုင်သဖြင့် ကမ္ဘာ့ဖလားဖွင့်ပွဲ ရိုးရာခြင်းလုံး သရုပ်ပြနိုင်မည်မဟုတ် ဟုဆို



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် (၂၀)ကြိမ်မြောက် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို သွားရောက်၍ သရုပ်ပြကစားရန် ကုန်ကျစရိတ် ကျခံနိုင်ခြင်း မရှိသဖြင့် သွားရောက် သရုပ်ပြတော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားသည်။

မြန်မာ့ရိုးရာ ခြင်းလုံးလက်ရွေးစင် ကစားသမားရှစ်ဦးဖြင့် ယင်းဖွင့်ပွဲတွင် သရုပ်ပြကစားရန် စီစဉ်ခဲ့သော်လည်း အမေရိကန်ဒေါ်လာ သုံးသိန်းခန့် ကုန်ကျမည်ဖြစ်ရာ ယင်းကုန်ကျစရိတ်ကို အဖွဲ့ချုပ်ကသာ ကျခံရမည် ဖြစ်၍ သွားရောက်ပြသမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

ယင်းကြောင့် ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းကို LED ဘုတ်များတွင် ပရိုဂျက်တာ ဖြင့်သာ ပြသနိုင်တော့မည် ဖြစ်ကြောင်း ၄င်းကရှင်း ပြသည်။

လက်ရှိအချိန်၌ (၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲကျင်းပရေး ကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ရိုးရာ ခြင်းလုံးအားကစား နည်းကို အမျိုးသား ပြိုင်ပွဲသာ ကျင်းပရန် ဆုံးဖြတ်ခဲ့ရာ ဧပြီလတွင်ပြုလုပ်မည့် ဒုတိယအကြိမ် အစည်းအဝေး မတိုင်မီ အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံး ကျင်းပနိုင်ရေးအတွက် ဒေသတွင်း နိုင်ငံများကို စည်းရုံးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောဆိုသည်။

ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ ရိုးရာခြင်းလုံး၊ ထိုင်းနိုင်ငံမှ ပိုက်ကျော်ခြင်း၊ ဂျာမနီနိုင်ငံမှ Red Ball၊ အိုင်ယာလန် နိုင်ငံမှ Goalic Football တို့ကို မှတ်တမ်းဗီဒီယို အနေနှင့် ပြသရန် ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပရေး ကော်မတီက စီစဉ်ထားသည်။

မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်သည် အာရှချန်ပီယံရှစ် ရိုးရာခြင်းလုံး ပြိုင်ပွဲကို အောက်တိုဘာလတွင် အိမ်ရှင် အဖြစ်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး ခြင်းလုံးပြိုင်ပွဲကို မတ်လတွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။


The Voice Weekly 

ရိုဟင်ဂျာအပေါ် လူ့အခွင့်အရေး ချိုးဖောက်ဟု မြန်မာအစိုးရကို စွပ်စွဲ

အစီရင်ခံစာ မျက်နှာဖုံး

မြန်မာအစိုးရဆီကနေ ပေါက်ကြားလာတဲ့  အထောက်အထားတွေအရ မြန်မာနိုင်ငံမှာ  ရိုဟင်ဂျာ မွတ်စလင် လူနည်းစုတွေအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ တယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုက စွပ်စွဲပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို လွတ်လပ်စွာသွားလာခွင့်၊ လက်ထပ်ထိမ်းမြားခွင့်၊ ကလေး မွေးဖွားခွင့်နဲ့ တခြားနေ့စဉ်ဘ၀တွေအပေါ် တားမြစ်ပိတ်ပင်တာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပြင်းအထန် ကျူးလွန်နေတယ်လို့ Fortify Rights အဖွဲ့က ဒီကနေ့ စာမျက်နှာ ၇၉ မျက်နှာပါ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်တာပါ။

. ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေဟာ နိုင်ငံတကာ ဥပဒေအောက်မှာ အပြင်းထန်ဆုံး ရာဇ၀တ်မှု ဖြစ်တဲ့ Crimes against humanity လူသားအဖြစ်ရပ်တည်မှုကို ဆန့်ကျင်ချိုးဖောက်တဲ့ ရာဇ၀တ်မှု ကျူးလွန်တာ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ထောက်ပြဝေဖန်ထားပါတယ်။

ဒီအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မတ်သရူးစမစ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မတော်မတရား တားမြစ်ချက်တွေနဲ့ ပတ်သက်ပြီး လပေါင်း အတော်ကြာအောင် သုတေသန လုပ်နေသလို ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တားမြစ်ချက်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားကို ရတဲ့ အချိန်မှာ အံသြမိတယ်လို့  ပြောပါတယ်။

“ဒီမူဝါဒတွေ ဆက်ရှိနေတယ်ဆိုတာကို ကျနော်တို့ စိုးရိမ်ပူပန်မိပါတယ်၊ ဒီမတော်မတရားလုပ်ဆောင်မှုတွေဟာ ဆက်ပြီး ရှိနေဆဲပါ။”

ဒီအစီရင်ခံစာဟာ အစိုးရဆီကနေ ပေါက်ကြားလာတဲ့ အထောက်အထား ၁၂ ခု၊ ထိုင်းနဲ့ မြန်မာက ရိုဟင်ဂျာတွေကို မေးမြန်းပြီး လေ့လာဆန်းစစ်ရေးသားထားတယ်လို့လည်း ဆိုပါတယ်။

တိုင်းဒေသကြီးဆိုင်ရာ အမိန့် ၁/၂၀၀၅မှာ ရိုဟင်ဂျာတွေဟာ လက်ထပ်ဖို့ ခွင့်ပြုချက် လိုအပ်သလို ကလေးအရေအတွက်ကို ထိန်းချုပ်ခြင်းအားဖြင့်  မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ အစားအစာနဲ့ ခိုလှုံဖို့ နေအိမ်တွေလုံလောက်မှာ ဖြစ်တဲ့အတွက် ကလေး ၂ ယောက် မူဝါဒကို ချမှတ်ထားတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ စုံတွဲတွေဟာ လက်မထပ်ဘဲ အတူနေလို့ မရသလို လက်ထပ်ဖို့ ခွင့်ပြုချက်ကို ထုတ်ပေးဖို့ စဉ်းစားရာမှာလည်း အုပ်ချုပ်ရေးအဖွဲ့ ၁၀ ခုရဲ့ လိုအပ်ချက်တွေ ပါရမှာဖြစ်ပြီး လျှောက်ထားသူဟာ ငွေအမြောက်အမြား ပေးရနိုင်တယ်လို့လည်း အစီရင်ခံစာက ရေးပါတယ်။

ဒါ့ပြင် ခွင့်ပြုချက်မရှိဘဲ မြို့နယ်အတွင်း ဒါမှမဟုတ် မြို့နယ် တခုကနေ တခု သွားလာဖို့ တားမြစ်ထားသလို ကြုံတောင်ကြုံခဲဆိုသလို ပြည်နယ်အပြင်ကို သွားလို့ရပြီး ခွင့်ပြုချက်ရဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။  ဒီအတွက် အရေးပေါ် အခြေအနေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒါတွေကို ချိုးဖောက်ရင် ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပြီး နှစ်ရှည်ထောင်ဒဏ် ဒါမှမဟုတ် ဒဏ်ငွေနဲ့ ဒီ၂ မျိုးစလုံး ချမှတ်ဖို့လည်း အစိုးရမူဝါဒမှာ ရေးထားတယ်လို့ ဆိုပါတယ်။

၁၉၉၃၊ ၂၀၀၅၊ ၂၀၀၈ ခုနှစ်တွေမှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းဒေသကြီးရဲ့ အမိန့်တွေမှာ ပြည်နယ် အဆင့်အစိုးရ အရာရှိတွေက လတ်မှတ်ရေးထိုးထားပြီး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရက ဌာနတွေကို မိတ္တူတွ ဖြန့်ဝေထားတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ အခုအစီရင်ခံစာထုတ်ပြန်တဲ့ အဖွဲ့တွေဟာ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ဖိအားပေး လုပ်ဆောင်တဲ့ အဖွဲ့တွေ ဖြစ်တဲ့အတွက် ထွက်လာတဲ့ အစီရင်ခံစာကို တန်ဖိုးထားစရာ မလိုဘူးလို့ ပြောပါတယ်။

“အဲဒီအဖွဲ့အစည်းက တသက်လုံး ဘင်္ဂါလီဘက်က လော်ဘီလုပ်လာတဲ့ အဖွဲ့ဖြစ်တဲ့အတွက် သူတို့ရဲ့ တဖက်သတ်ဆန်တဲ့ စွပ်စွဲချက်တွေကို ကျနော်တို့ မှတ်ချက်ပေးစရာ အကြောင်းလည်းမရှိဘူး၊ တန်ဖိုးလည်းမထားပါဘူး၊ အလေးလည်း မထားပါဘူး။”

ဒီအစီရင်ခံစာကို ထုတ်ပြန်တဲ့ Fortify Rights အဖွဲ့ကတော့ နိုင်ငံတကာနဲ့ မြန်မာက တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။

အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ ဒီအဖွဲ့ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာက လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်မှတ်တမ်းပြုစုနေတဲ့  လွတ်လပ်တဲ့အဖွဲ့အစည်းတခုဖြစ်ပြီး  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားနဲ့ ထင်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက အကြံပေး အဖြစ် ပါဝင်ပါတယ်။

DVB Burmese

ဘန်ကောက်တွင် အဆောက်အအုံပြိုကျ၊ သေဆုံးသူ ၁၁ ဦးတွင် မြန်မာ ၁ ဦး ပါဝင်


ဓာတ်ပုံ - ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံ ဘန်ကောက် ခရိုင် ဘန်ဖလီမြို့နယ်မှာ ဒီနေ့ နေ့လယ်ပိုင်းက ဆောက်လက်စ ၈ ထပ် အဆောက်အအုံ ပြိုကျခဲ့တဲ့အတွက် ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံကနေ လာရောက် အလုပ်လုပ်ကိုင်တဲ့ အထောက်အထားမယ့် မြန်မာအမျိုးသမီးတဦး ပါဝင်သလို မြန်မာအမျိုးသား ၁ ဦး ဒဏ်ရာ ရသွားတယ်လို့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။
ကျန်တဲ့သူတွေက ထိုင်းနဲ့ ကမောဒီးယား နိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက သေဆုံးသူဟာ ဘယ်ဒေသက ဘယ်သူဘယ်ဝါဆိုတာကို အတိအကျစုံစမ်းဖို့ကတော့ အထောက်အထားမဲ့ ဖြစ်နေတဲ့အတွက် အချိန်ယူ လိုက်လံစုံစမ်းယူရမယ်လို့ ပြောပါတယ်။

DVB Burmese

ရေစုပ်စက်ဖြင့် အိုင်ပက်ငါးဖမ်းသူ ဓာတ်လိုက်သေဆုံး


ဇော်ဇော်ထွေး

ရေအိုင်ထဲမှ ရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ပြီး ငါးဖမ်းရန် ပြင်ဆင်သူတစ်ဦး ရေစုပ်စက် မော်တာ ထိမိရာက ဓာတ်လိုက်သေဆုံးမှုတစ်ခု ဖေဖော်ဝါရီ ၂၃ ရက်ညက မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

သေဆုံးခဲ့သူမှာ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ဇေကမ္ဘာဥယျာဉ်ဝင်း၊ GGP ကတ္တူ စက်ရုံဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် စက်ရုံလုပ်သားဖြစ်သူ ဦးဖန်ချိ (၃၄)နှစ် ဖြစ်သည်ဟု မင်္ဂလာဒုံရဲတပ်ဖွဲ့က အတည်ပြုထားသည်။

သေဆုံးသူသည် နေထိုင်ရာ စက်ရုံဝင်းအတွင်းရှိ ရေကန်မှ ငါးများကို ဖမ်းဆီးရန် ရေစုပ်စက်ဖြင့်စုပ်ထုတ် စဉ် ရေစုပ်စက်မော်တာကို လက်ဖြင့် ကိုင်မိရာ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကနဦးအနေဖြင့် စုံစမ်းသိရှိထားသည်။

ယင်းသေဆုံးမှုကို ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးရန် အလောင်းကို ဆေးရုံသို့ ပို့အပ်ထားပြီး မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၄ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေး လျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်း၌ ဖေဖော်ဝါရီ ၂၃ ရက်အတွင်း လမ်းဘေးသေဆုံးမှုဖြစ်စဉ် ငါးမှုအထိ ဖြစ်ပွားထားပြီး အတက်ရောဂါဖြင့် သေဆုံးမှုနှစ်မှု၊ ရေနစ်သေဆုံးမှုတစ်မှု၊ ရထားတိုက်သေဆုံးမှုတစ်မှုနှင့် အားအင်ချိနဲ့၍ သေဆုံးရမှု တစ်မှုတို့ ပါဝင်ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

Mizzima Burmese

ဇွဲဖြင့် အောင်မြင်သည့်ဘ၀ကို ရယူ



ပန်းချီကား တစ်ချပ်သည် အရောင်ကို အခြေခံ၍ လှပမှု ရှိလာသည်။ တေးသီချင်း တစ်ပုဒ်သည် သံစဉ်ကို အခြေခံ၍ သာယာမှု ရှိလာသည်။ ထို့အတူလူ့ဘဝ သည်လည်း ဇွဲကို အခြေခံ၍ အောင်မြင်မှု နှင့် ပြည့်စုံသည့် သာယာ လှပသည့် ဘဝတစ်ခု ဖြစ်လာသည်။

ဇွဲကို အခြေခံ၍ ကြိုးစား အားထုတ် ကြသူများသည် အောင်မြင်မှုကို ရရှိကြသည်။ အောင်မြင်မှု နှင့် ကြံ့ခိုင်မှုမှာ ပန်းနှင့် ပင်စည် ပမာ အမြဲ ဒွန်တွဲ နေသည်။ ကြံ့ခိုင်မှု ပင်စည်မရှိဘဲ အောင်မြင်မှု ပန်း လန်းဆန်းစွာ ပွင့်လန်း နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ကြံ့ခိုင်ရန် တည်ဆောက် ကြရမည် ဖြစ်သည်။ ထို ကြံ့ခိုင်မှု သည် ဇွဲကို အခြေခံ သည်။

''မည်မျှ ဝေးသော ခရီး ဖြစ်ပါစေ။ ခြေတစ်လှမ်း ဖြင့် စတင် လျှောက်လှမ်း ရသည်'' ဟူသော တရုတ် လူမျိုးတို့ သုံးစွဲလေ့ ရှိသော စကားသည် ဇွဲရှိမှုကို ဖော်ညွှန်းသည်။ တရုတ်ပြည် မှ မဟာ တံတိုင်းကြီး သည် တရုတ်လူမျိုး တို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ မော်ကွန်း တစ်ခုအဖြစ် ယနေ့ တွေ့နေရဆဲ ဖြစ်သည်။

ဇွဲကောင်းသည့် အက်ဒီဆင်သည် လရောင် မရှိသော ညအမှောင် တွင် လျှပ်စစ် မီးရောင်ဖြင့် တောက်ပြောင် ထိန်လင်းရန် ကြိုးစား ခဲ့သည်။ အက်ဒီဆင် ၏ ကျေးဇူးကြောင့် ကမ္ဘာနှင့် အဝန်း လျှပ်စစ်မီးက အသုံးပြု နိုင်ခဲ့သည်။ သစ်ခုတ်သမား လင်ကွန်း သည် ဇွဲရှိသဖြင့် အမေရိကန် ပြည်ထောင်စု ၏ သမ္မတ ဖြစ်လာသည်။ ထိုသို့သော ဇွဲကောင်း၍ အောင်မြင် သူများကို သာဓက ထုတ်ပြလျှင် ဆုံးအံ့ မထင်ပေ။

စိတ်ပျက် အားလျှော့ သောသူ တို့၌ ဇွဲမတည်ပေ။ ''ငုပ်မိသဲတိုင်၊ တက်နိုင် ဖျားရောက်'' ဆိုသကဲ့ သို့ အလုပ် တစ်ခုကို ရေဆုံး၊ မြေဆုံး ဇွဲ ကောင်းကောင်း ဖြင့် လုပ်သူများသာ အောင်မြင်မှု ရရှိသည်။

လောကတွင် မည်သည့် နေရာ၊ မည်သည့် အလုပ် မဆို အတားအဆီး အခက်အခဲ ရှိတတ် စမြဲ ဖြစ်သည်။ ထို အတားအဆီး၊ အခက်အခဲကို ကြုံတွေ့၍ ရှုံးနိမ့်မှုနှင့် ရင်ဆိုင် ရပါကလည်း စိတ်ဓာတ် မကျရန် လိုသည်။ ''လှေခွက် ချည်းကျန် အလံမလှဲ'' သော စိတ်ဓာတ်ဖြင့် ဇွဲရှိရှိ ဆက်လက် ကြိုးစား၍ အောင်မြင်မှုကို ရယူ ရမည် ဖြစ်သည်။

ပညာသင်စဉ် ကာလ ကျောင်းသား၊ ကျောင်းသူ များသည် စာမေးပွဲတွင် ကောင်းစွာ မဖြေဆိုနိုင် ပါက စိတ်ဓာတ် ကျပြီး ထင်ရာ လုပ်တတ် ကြသည်။ စိတ်ဓာတ် ကျခြင်း၊ ဇွဲမရှိ ခြင်းသည် ပျော့ညံ့သူ တို့၏ လက္ခဏာ ဖြစ်သည်။ စာမေးပွဲတွင် ကောင်းစွာ ဖြေဆို နိုင်ရန် ကြိုတင် ကြိုးစား ကျက်မှတ် မှတ်သားခြင်း ဖြင့် ရင်ဆိုင် ရမည် ဖြစ်ပြီး မဖြေဆိုနိုင် ပါကလည်း စိတ်ဓာတ် မကျဘဲ အတွေ့အကြုံ သင်ခန်းစာ တစ်ခုအဖြစ် မှတ်ယူ၍ အောင်မြင်မှု ကို ဇွဲဖြင့် ကြိုးစား ရယူ ရမည် ဖြစ်သည်။

ဘဝတွင် အခက်အခဲ ဟူ၍ ရှိစမြဲ။ ပန်းကို လိုချင်လျှင် အပင်ကို ပျိုးရသည်။ အရိပ်ကို လိုချင်လျှင် နေပူဒဏ် ကို ရင်ဆိုင်ရမည်။ အောင်မြင်မှု ကို လိုချင်လျှင် ဇွဲ၊ လုံ့လ ကို ရင်းရမည် ဖြစ်သည်။ အပ်သွားရာ အပ်ချည် ပါသကဲ့သို့ ဇွဲရှိသူ နောက်သို့ အောင်မြင်မှု သည် ထပ်ကြပ်မကွာ လိုက်ပါလာ ပါမည်။

သို့ဖြစ်ရာ ဘဝ၏ အောင်မြင်မှုကို ရယူလိုသည့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်ခွင်၌ အလုပ်ဝင် နေကြသူများ စသည့် နေရာ ကဏ္ဍ အသီးသီးမှ လူအများ သည် ဇွဲကို အရင်းတည်၍ အောင်မြင်မှု နှင့် ပြည့်စုံသည့် သာယာ လှပသည့် ဘဝများကို တည်ဆောက် ရယူ သွားကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( ၂၅-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


The MYAWADY Daily

ယူနတီဂျာနယ်အမှု မတ် ၃ ရက် ရုံးချိန်းချိန်းဆို




နေဦးမောင် (ပခုက္ကူ)၊ပခုက္ကူ၊ ဖေဖော်ဝါရီ-၂၄

ယူနတီဂျာနယ်တွင် ဖော်ပြပါရှိသည့် လျှို့ဝှက်ဓာတုလက်နက်စက်ရုံ သတင်းနှင့်ပတ်သက်၍ တရားစွဲဆိုခဲ့သည့်အမှုအား ပခုက္ကူခရိုင်တရားရုံး၌
ဖေဖော်ဝါရီ ၂၄ ရက်နံနက်က စစ်ဆေးပြီး မတ် ၃ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်းသိရသည်။

" ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၂၄ ရက်ထိ ရုံးချိန်းချိန်းထားလို့လာကြားနာ တာပါ။ ဒီနေ့ရုံးချိန်းကနေ မတ် ၃ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။ အမှုရင်ဆိုင်နေရတဲ့သူတွေ ဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့
ရှေ့နေကြီးတွေကလည်း ဂျာနယ်တိုက်က ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်မှာ တည်ရှိတာဖြစ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကို အမှုပြောင်းရွှေ့ စစ်ဆေးပေးဖို့ လျှောက်ထားခဲ့တယ်လို့ သိရပါတယ် " ဟု တရားစွဲဆိုခံရသူ မိသားစုဝင်တစ်ဦးက ပြောပြသည်။

ဖေဖော်ဝါရီ ၂၄ ရက် ရုံးချိန်းတွင် အမှုရင်ဆိုင်နေရသူ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၊ သတင်းထောက်များဖြစ်သည့် ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုသဲရာဇာဦး၊ ကိုစည်သူစိုးတို့အား ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကိုနှင့်ပါတီခေါင်းဆောင်များက တွေ့ဆုံအားပေး
နှုတ်ဆက်ခဲ့ကြသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ဦးဝီရသူ လိုလား



ဦးဝီရသူက သူ အပါအဝင် မြန်မာပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြတယ်လို့ တနင်္လာနေ့က ဧရာဝတီကို မိန့်ကြားပါတယ်။

၂၀၁၃ ဇွန်လက ရန်ကုန်မြို့မှာ တွေ့ရတဲ့ ဦးဝီရသူနဲ့ သံဃာများ   (ဓာတ်ပုံ - ဂျေပိုင် / The Irrawaddy)
 - ဦးဝီရသူနဲ့ NLD ဦးဝင်းတင်တို့ တွေ့ဆုံပွဲအကြောင်း ဆက်သွယ် မေးမြန်း လျှောက်ထားစဉ်မှာ အဲဒီလို မိန့်ကြားလိုက်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဦးဝင်းတင် မန္တလေးရောက်စဉ် တွေ့ဆုံကြတာပါ။

ဦးဝင်းတင်နဲ့တွေ့ဆုံစဉ် ဆွေးနွေးတဲ့အကြောင်းအရာတွေထဲ  ... အခြေခံဥပဒေ ပုဒ်မ ၅၉ ပြင်ဆင်ရေး၊ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစရှိတာတွေ ပါဝင်တယ်လို့  မိန့်ကြားပါတယ်။

သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ ကိစ္စ ပြင်ရေးက ဒေါ်စုအတွက် ထောက်ခံတယ်။ ဒီနိုင်ငံမှာ နိုင်ငံခြားသား ဥပမာ တရုတ်၊ ကုလားတို့ သမ္မတဖြစ်လာမှာကို အင်မတန်စိုးရိမ်ပါတယ် လို့ မိန့်ကြားပါတယ်။

 မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး .... ဒီနိုင်ငံမှာ မျိုးစောင့်ဥပဒေ အလွန် လိုအပ်နေတယ်။ အမျိုးသမီးတွေက တခြားဘာသာတွေထဲ ဇွတ်အတင်း သွပ်သွင်းခံရမှာကို စိုးရိမ်ပါတယ် တဲ့။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဧရာဝတီပင်မစာမျက်နှာ
http://www.irrawaddy.org/burma/meeting-nld-cofounder-wirathu-cautions-suu-kyi-presidency.html မှာ မူရင်းသတင်းကို ဖတ်နိုင်ပါပြီ။

In Meeting With NLD Cofounder, Wirathu Cautions Against Suu Kyi Presidency ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်။

တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဦးဝင်းတင်ကိုလည်း ဆက်သွယ် မေးမြန်းထားပါတယ်။

မန္တလေးရောက်တုန်းမှာ ဆရာတော်က ဖိတ်တယ်၊ ဖိတ်တော့ ကျောင်းကို သွားတယ်၊ ဟိုရောက်တော့ ကျောင်းထဲမှာ ဒေါ်စုဓာတ်ပုံတွေ မိန့်ခွန်းတွေ ကပ်ထားတာ တွေ့ရတယ်။

ကျန်းမာရေးအရ ကျနော်က ထိုင်ခုံနဲ့ထိုင်ရတဲ့အတွက် နားလည်ဖို့ ခွင့်တောင်းတယ်၊ စကားပြောဖြစ်ကြတယ်၊  ဒေါ်စုကို သူ လေးစားတယ် ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်၊
  ၅၉ နဲ့ ပတ်သက်ပြီး ဒေါ်စု သမ္မတဖြစ်လာမှာကို သဘောတူတယ်။ သို့သော်လည်း ဒါပြင်ပြီးရင် တရုတ်၊ ကုလားတွေ သမ္မတဖြစ်လာမှာကို စိုးရိမ်တယ်။
NLD ပါတီထဲမှာ အရည်အချင်း မရှိတာတွေ တွေ့ရတယ်၊ ပြုပြင်ပြောင်းလဲရေးလုပ်သင့်ပြီလို့ အကြံပြု မိန့်ကြားတယ်။
NLD ကို ထောက်ခံလို့ ကျေးဇူးတင်တယ်၊  ပြုပြင်ပြောင်းလဲရေး ဆိုတာကတော့ လုပ်သင့်တယ်၊ သို့သော်လည်း အဆင့်ဆင့်သော ခေါင်းဆောင်တွေကတော့ ညီလာခံလုပ်ပြီး စနစ်တကျ တင်မြှောက်ထားကြတာဖြစ်တယ် လို့ ပြန်လျှောက်ထားလိုက်ပါတယ်။
မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဘာတွေများ ဆွေးနွေးကြပါသလဲ???  မျိုးစောင့်ဥပဒေကို လူတွေက ဘာကြောင့် မထောက်ခံကြသလဲ မသိဘူး လို့
ဦးဝီရသူက မှတ်ချက် မိန့်ကြားပေမယ့် ကျနော် ဒီကိစ္စကို ဆက် မပြောဘူး၊ ပြောလည်း အငြင်းပွားနေမှာပဲ လို့ ဦးဝင်းတင်က ရှင်းပြပါတယ်။

The Irrawaddy

ရဟတ်ယာဉ်ပျက်ကျစဉ် ကူညီခဲ့သောဒေသခံများအား ကျေးဇူးဆပ် ပူတာအို၌ စူဠာမဏိရေလယ်နတ်ကျွန်းစေတီ ထီးတော်တင်လှူပူဇော်



နန္ဒ၊ အောင်မြင်ရဲဇော်၊ ပူတာအို၊ ဖေဖော်ဝါရီ-၂၄

လွန်ခဲ့သောသုံးနှစ်က ကချင်ပြည်နယ် မဒွယ်ရေခဲတောင်တွင် ရဟတ်ယာဉ်
ပျက်ကျစဉ် ကူညီကယ်တင်ခဲ့သော ဒေသခံများကို ကျေးဇူးဆပ်သော အနေဖြင့် မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ဦးတေဇက ပူတာအိုမြို့နယ် အင်လွယ်ရံကျေးရွာ မလိခမြစ်လယ်၌ စူဠာမဏိ (မိန်းဟွေ့) ရေလယ်နတ် ကျွန်းစေတီတော်မြတ်ထီးတော်တင် အလှူတော်မင်္ဂလာအခမ်းအနားကို
ဖေဖော်ဝါရီ ၂၄ ရက် နံနက်က ပြုလုပ်ခဲ့သည်။

မြန်မာပြည်မြောက်ဖျား၌ကျင်းပသည့် အခမ်းအနားသို့ သာသနာရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ပူတာအိုဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်မောင်ဦး၊ဦးတေဇနှင့် ၎င်းင်း၏မိသားစုများ၊ မိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်များ၊ အနုပညာရှင်များတက်ရောက်ခဲ့ကြသည်။

"ကျွန်တော်တို့ ရဟတ်ယာဉ်ပျက်ကျစဉ်က ကူညီပေးခဲ့တဲ့ ကချင်ဒေသခံ
တွေကို အရမ်းကျေးဇူးတင်တဲ့အတွက် ကျေးဇူးဆပ်တာပါ။ ဒီစေတီတော်ကို လည်း သူတို့ရဲ့ လုပ်အားတွေနဲ့ပဲ တည်ခဲ့ရတာပါ။ နောက်ပြီး အဲဒီအချိန်တုန်း က ကူညီခဲ့ကြတဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးမောင်အေး(ငြိမ်း) နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ တပ်မတော်
(လေ)က တပ် မတော်သားတွေအပါအ၀င်အခြား ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ပါတယ် " ဟု ဦးတေဇက ပြောဆိုသည်။

အဆိုပါအခမ်းအနားသို့ မဒွယ်ရေခဲတောင်၌ ရဟတ်ယာဉ် မတော်တဆ
ဖြစ်စဉ်တွင်ပါဝင်ခဲ့သော ထူးကုမ္ပဏီများအုပ်စုဥက္ကဋ္ဌ ဦးတေဇ၊ရဟတ်ယာဉ် မှူး များဖြစ်ကြသော ကပ္ပတိန်မောင်မောင်သန်း၊ ကပ္ပတိန် စည်သူတင်ချိမ့်၊ ကိုဇေယျာထွန်းနှင့် မဂရေ့စ်တို့ တက်ရောက်ခဲ့ကြသည်။

နတ်ကျွန်းစေတီတော်သည် ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်
နှစ်ခုကြား မလိခမြစ်အလယ်တည့်တည့်ရှိ ၄၅ ပေခန့်မြင့်သော
ကျောက်ဆောင်၊ ကျောက်တုံးကြီး၏ ထိပ်တည့်တည့်၌ တည်ထား ကိုးကွယ်သော စေတီတော်မြတ်ဖြစ်သည်။


စံတော်ချိန် နေ့စဉ်သတင်းစာ

ကုမ္ပဏီပိုင်ငွေများခိုးယူသူကို ဖော်ထုတ်ဖမ်းဆီးအရေးယူ



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

၂၀.၂.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ရွှေဇမ္ဗူဒိပ်ဆောက်လုပ်ရေးကုမ္ပဏီရုံးခန်းရှိ
ငွေထည့်ဘီဒိုအတွင်း ကုမ္ပဏီပိုင်ငွေကျပ်(၁၀)သိန်းအား သော့ခတ်
သိမ်းထားခဲ့ရာ ၂၁.၂.၂၀၁၄ရက်နေ့ ၀၈၃၀အချိန်တွင် ရုံးခန်းအ၀င်တံခါး၊ အတွင်းခန်းအ၀င်တံခါးနှင့် ငွေထည့်ဘီဒိုသော့များ ပျက်စီးမှုမရှိဘဲ
ငွေကျပ်(၁၀)သိန်းအနက်(၈)သိန်းကျပ်မှာပျောက်ဆုံးနေ၍ ခိုးယူသူအား
ဖော်ထုတ်အရေးယူပေးရန် ကုမ္ပဏီလက်ထောက်ထွေထွေမန်နေဂျာ ဦးဌေးဇော်မှတိုင်တန်းသဖြင့် အလုံမြို့မရဲစခန်း(ပ) ၅၁/၂၀၁၄၊
ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ပြီး တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အလုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမှုမှတရားခံအား
ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ
၂၀.၂.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် အခင်းဖြစ်ကုမ္ပဏီရုံးခန်းသို့ အဆိုပါကုမ္ပဏီ၏ ဆောက်လုပ်ရေးဆိုဒ်မန်နေဂျာ မင်းမင်းဟိန်းမှာ လာရောက်ခဲ့ကြောင်းနှင့် ၎င်းအားမသင်္ကာဖွယ်အထောက်အထားများ
တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာမှ ၎င်းတွင်ရှိနေသော သော့များကို အသုံးပြုဝင်ရောက်ကာ ငွေထည့်ဘီဒိုအတွင်းမှငွေကျပ်(၈)သိန်းအားခိုးယူ
ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့ပေါ်ပေါက်သဖြင့် မင်းမင်းဟိန်းထံမှ ခိုးယူရရှိသောငွေများဖြင့် ၀ယ်ယူထားသော တက်ပလက်(၁)လုံး၊ လက်ဆွဲအိတ်(၁)လုံး၊
ကျောပိုးအိတ်(၁)လုံးနှင့် ကျန်ငွေ(၅၁၁၀၀၀)ကျပ်၊ ခိုယူရာတွင်အသုံးပြု ခဲ့သည့် သော့(၅)ချောင်းတို့အား ပြန်လည်သိမ်းဆည်းခဲ့ကာ အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဒေါ်လာ ကိုးသောင်းတန်၊ အလေးချိန် ဆယ်တန် ရှိတဲ့ သရက်သီး ရုပ်တုကြီး ထူးဆန်းစွာ ပျောက်ဆုံးသွား




Angel on 2014-02-25 12:11    
သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းပြည်နယ်၊ ဘိုဝင်မြို့ က ဒေါ်လာ ကိုးသောင်းတန် ၊အလေးချိန် ဆယ်တန်ကျော်ရှိတဲ့ သရက်သီး ရုပ်တုကြီးဟာ တင်္နလာနေ့ မနက်ဝေလီဝေလင်းအချိန်က ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။

ဘိုဝင်မြို့ ဟာ သြစတြေးလျရဲ့ သရက်သီးမြို့ တော်အဖြစ် ထင်ရှားပြီး ဒီကြီးမားလှတဲ့ သရက်သီးအရုပ်ကြီးကို ကမ္ဘာ့လှည့်ခရီးသည်ဆွဲဆောင်မှုအဖြစ် ထားရှိခဲ့တာပါ။ ပေသုံးဆယ်ကျော်မြင့်မားတဲ့ ဒီသရက်သီးကြီး ပျောက်ဆုံးနေကြောင်း ဘိုဝင်ကမ္ဘာလှည့်ခရီးသည်ကြီးကြပ်ရေးဌာနက တင်္နလာနေ့ မနက်အစောပိုင်းအချိန်က သိရှိခဲ့ရပါတယ်။

ဘိုဝင်ကမ္ဘာလှည့်ခရီးသည်ကြီးကြပ်ရေးဌာန အမှုဆောင်အရာရှိ ပေါလ်မက်လောလင်း ကို အလုပ်သမားတစ်ယောက်က ဒီအရုပ်ကြီး ပျောက်ဆုံးနေကြောင်း စတင်သတင်းပေးပို့ ခဲ့တာဖြစ်တယ်လို့  ဆိုပါတယ်။

“ ခရစ်စတင်းဆီက ဖုန်းဝင်လာတော့ ကျွန်တော့်ကို သူနောက်နေတယ်ထင်နေတာ။ သူက တကယ်ပြောနေတာဆိုတော့မှာ ကျွန်တော် အဲ့ကိုသွားပြီးကြည့်တော့မှ သရက်သီးအရုပ်ကြီး ပျောက်နေတာ သိရတာ” လို့ အေဘီစီ သတင်းဌာနကို ဖြေကြားထားပါတယ်။

CCTV ကင်မရာစစ်ဆေးချက်အရ ရွေ့ လျားကရိန်းစက်တစ်ခု ဒီသရက်သီးအရုပ်ဆီ နောက်ဆုတ်ဝင်လာတာကို တွေ့ ရှိရပြီး ဘယ်လို ပျောက်ဆုံးသွားလဲဆိုတာကိုတော့ မသိရှိရပါဘူး။

ဒီ ဒေါ်လာ ကိုးသောင်းတန် သရက်သီးရုပ်ကြီး ပျောက်ဆုံးသွားမှုကို ရဲစခန်းမှာ အခုထိအမှုဖွင့်ထားခြင်းမရှိဘူး လို့ သိရပါတယ်။ ဒီအကြောင်းကို ဒေသတွင်းအသံလွှင့်ဌာနက ထုတ်လွှင့်တင်ဆက်နေမှုကိုလည်း ရပ်ဆိုင်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: mirror
Trend

စကားလုံးမဲ့ နားလည်ကြစေဖို့ရာ



ထက်ဆု on 2014-02-25 14:32    
သူ့ရဲ့စိတ်ဝင်စားမှုကိုရယူချင်နေပါသလား။ ဘာစကားမှဖွင့်ဟ ပြောစရာမလိုဘဲ နားလည်မှုရယူနိုင်တဲ့ ဒီနည်းလေးတွေကို စမ်းကြည့်ပါ။

(၁)    ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အကြည့်တစ်ချက် စွမ်းအားကို လျှော့မတွက်နဲ့နော်။ တကယ်လို့သင်ကလဲ စိတ်ဝင်စားတယ်ဆိုရင်တော့ သူ့ရဲ့အကြည့်ကို မလွှဲဖယ်ပစ်ဘဲ (၃)စက္ကန့်စာလောက်ပြန်စိုက်ကြည့်လိုက်ပါ။ ပြီးရင်တော့ အကြည့်ကိုပြန်လွှဲလိုက်ပါ။ ဒါဆိုရင် သင်ကလဲစိတ်ဝင်စားနေကြောင်း သူရိပ်မိပါလိမ့်မယ်။ ဒီ့ထက်ပိုပြီး လေးလေးနက်နက်ခံစားမိနေတယ်ဆိုရင်တော့ အကြည့်လွှဲပြီးပြီးချင်း နောက်ထပ် (၁)စက္ကန့်စာလောက်ဖြစ်ဖြစ်ပြန်စိုက်ကြည့်လိုက်ပေါ့။

(၂)    နောက်တစ်နည်းကတော့ ဆံပင်ကိုလက်နဲ့ ဆတ်ကနဲပင့်သပ်ရင်း ကြည့်လိုက်တာပါပဲ။ ပုခုံးအနောက်ရောက်သွားတဲ့ ဆံနွယ်တွေက လည်တိုင်အလှကို မြင်သာအောင်လှစ်ဟပြလိုက်သလိုပါပဲ။ ဆံပင်နည်းနည်းလေးရှည်ဖို့တော့ လိုတာ ပေါ့နော်။ ဒါဟာ သူ့စိတ်ထဲမှာသင့်ရဲ့ပုံရိပ်ကို မှတ်မှတ်ထင်ထင် စွဲမြဲသွား စေမှာဖြစ်ပါတယ်။

(၃)    မိတ်ဆွေတွေဖြစ်နေပြီလား ။ ဒါဆိုရင်တော့ စကားစမြည်ပြောဆိုရာမှာဖြစ်စေ၊ သူ့ခံစားချက်တချို့ကို ရင်ဖွင့်ရာမှာဖြစ်စေ စိတ်ဝင်စားတဲ့အမူအရာမျိုးနဲ့ နားထောင်ပေးပါ။ သင်ဟာ သူပြောတဲ့အကြောင်းအရာအပေါ်မှာ စိတ်ဝင်စားမှုအပြည့် ရှိနေတယ်ဆိုတာ သူသိပါစေ။ ကြားဖြတ်ပြောခြင်းမပြုဘဲ သူစိတ်ဝင်စားတဲ့ အကြောင်းအရာ (သို့) ၀ါသနာဟာ မိမိယခင်ကတည်းက စိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်ကြောင်းဖော်ပြပါ။ တကယ်လို့ ကြပ်ညပ်နေတဲ့လူစုလူဝေးထဲ နှစ်ဦးသားပိတ်မိနေရင်တော့ သင့်ရဲ့ ဟန်ချက်ကိုမထိန်းနိုင်ပုံမျိုး သူ့အပေါ် အနည်းငယ် ယိုင်လိုက်ပါ။ ပြီးရင်တော့ “ဆောရီး”လို့ တစ်ခွန်းလောက်ပြန်ပြောဖို့ မမေ့ပါနဲ့။

(၄)    ပြုံးပါ။  သင့်ရဲ့ဖြူစင်တဲ့ သွားလေးတွေပေါ်အောင်ပြုံးပြပါ။ သာမန်အပြုအမူ ဖြစ်ပေမယ့် ဒါဟာ သူ့အပေါ် သင့်ရဲ့နွေးထွေးတဲ့သဘောထားနဲ့ ချဉ်းကပ်ဖို့ ခွင့်ပြုပေး နိုင်ကြောင်း ဖော်ပြနည်းတစ်မျိုးပါးပဲ ။ သင့်ရဲ့အပြုံးတစ်ချက်နဲ့ သူ့ကို အချိန်အတန် ကြာအောင် ငေးကြည့်စေနိုင်ရင် ဒါဟာသူ့ကို သင်ဖမ်းစားလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ သင့်ကို စကားစမြည်စပြီးပြောလာပါလိမ့်မယ်။

(၅)    ဟာသနှောတဲ့ရယ်စရာ အကြောင်းအရာမျိုးပြောနေတဲ့အခါမျိုးမှာ သဘောကျတဲ့ အမူအရာမျိုးနဲ့ သူ့လက်မောင်းကိုပုတ်လိုက်ပါ။ အနည်းငယ်ထိတွေ့လိုက်ခြင်းအားဖြင့် ယောက်ျားလေးများရဲ့ စိတ်ကိုနှိုးဆွလိုက်နိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ် စနောက်ခြင်းမျိုး မဟုတ်ဘဲ ညင်ညင်သာသာ ထိတွေ့လိုက်ခြင်းက ရိုးရိုးသူငယ်ချင်း နယ်ပယ်ထဲမှ သွေဖယ်သွားစေနိုင်ပါတယ်။

        ဒီအဆင့်လေးတွေကို အောင်မြင်စွာ ကျော်ဖြတ်လိုက်နိုင်ပြီဆိုရင်တော့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံမှုကို ဖွင့်ပြောစရာမလိုဘဲ တည်ဆောက်နိုင်မှာပါ။

Ref:Seventeen
Trend

ဘောလုံးပွဲတစ်ပွဲရဲ့ မိနစ်တိုင်းမှာ ဂိုးသွင်းသူအဖြစ် ခရစ္စတီယာနိုရော်နယ်ဒို စံချိန်သစ်ထပ်တင်




Angel on 2014-02-25 14:46    
ဘောလုံးအားကစားသမိုင်းမှာ စံချိန်ဟောင်းအများအပြားကို ရိုက်ချိုးခဲ့ပြီး ကိုယ်ပိုင်စံချိန်သစ် အများအပြားတင်နိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုဟာ အခုဆိုရင် စံချိန်သစ်တစ်ခုကို ထပ်မံတင်လိုက်နိုင်ပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အပါတ် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အက်သလက်တီကိုမက်ဒရစ်ကို ၀ - ၂ ဂိုးနဲ့  အနိုင်ယူခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ပွဲချိန် ၇ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ဘောလုံးပွဲတစ်ပွဲရဲ့ ပွဲချိန်မိနစ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပွဲချိန် ၁ မိနစ်၊၂မိနစ်၊ ၃ မိနစ်၊..ကနေ မိနစ် ၉၀ အထိ မိနစ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာတာပါ။ ရော်နယ်ဒိုဟာ ပွဲချိန်မိနစ် ၉၀ မှာ သွင်းဂိုး ၂၀ ရှိပြီး ၄၅ မိနစ် မှာ ၁၂ ဂိုးရှိပါတယ်။

၁ မိနစ်၊ ၇ မိနစ်၊ ၁၅ မိနစ်၊ ၁၇ မိနစ်၊ ၃၁ မိနစ်၊ ၄၀ မိနစ်၊ ၄၃ မိနစ်၊ ၅၃ မိနစ်၊ နဲ့ ၇၈ မိနစ်တို့ မှာတော့ ရော်နယ်ဒို က တစ်ဂိုးပဲ သွင်းယူထားခဲ့ပေမယ့် ဒီလို မိနစ်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ စံချိန်ကို ရဖို့ အတွက်တော့ ဘောလုံးလောကမှာ မဖြစ်နိုင်သလောက် ခက်ခဲမှာပါ။ ကစားသမားဘ၀ သွင်းဂိုး ၄၀၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ မကြာသေးခင်ကမှ ရွှေဘောလုံးဆုကို ရရှိထားသူဖြစ်ပြီး သူဟာ ဒီဆုနဲ့ ထိုက်တန်ကြောင်း အခုလို သက်သေပြနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြိုင်ဘက် ဘာစီလိုနာရဲ့ မက်ဆီကတော့ ရော်နယ်ဒိုရဲ့ စံချိန်ကို အမီလိုက်နိုင်ဖို့ ၁ မိနစ်၊ ၂မိနစ်၊ ၁၀ မိနစ်၊ ၁၄ မိနစ်၊ ၁၅မိနစ်၊ ၄၆ မိနစ် နဲ့ ၆၉ မိနစ်တို့ မှာ ဂိုးသွင်းယူဖို့ လိုပါသေးတယ်။

ပေါ်တူဂီနဲ့ ရီးယဲလ်မက်ဒရစ်ကစားသမားဟာ လာလီဂါမှာ ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား၊ လာလီဂါတစ်ရာသီမှာ အဝေးကွင်းဂိုး ၂၀ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား စတဲ့ စံချိန် အမြောက်အမြားကို တင်ထားနိုင်သူဖြစ်ပါတယ်။

Trend Myanmar

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၈) – ဗိုလ်ခင်ညွန့် အာဏာပြလာခြင်း



၁၉၉၄ ခုနှစ် စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံခဲ့ကြစဉ် (ဓာတ်ပုံ – Reuters)

၁၉၉၂ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် “ကျန်းမာရေးကြောင့်” အနားယူလိုက်ရပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့်အကြောင်း အစိုးရ အသံလွှင့်ဌာနက ကြေညာခဲ့တယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီး စောမောင်နားထောင်လိုက်ရပုံ မရဘူး။ ဒါကြောင့် နောက်တနေ့နံနက်မှာ သူ့ကိုဖယ်ရှားလိုက်ပြီဆိုတာကိုမသိဘဲ ရုံးသွားဖို့ ပြင်ဆင်ခဲ့တယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်းဟာ မကြာခင်မှာပဲ အိမ်ကို စစ်သားတွေ ပတ်ဝိုင်းထားပြီး သူ့ကို နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံထားရပြီဖြစ်ကြောင်း သတိပြုမိသွားတယ်။ ဒေါသအကြီးအကျယ် ထွက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်က သူ့ရဲ့ ကိုယ်ရေးအရာရှိတွေနဲ့ အိမ်သားတွေကို အော်ဟစ်ခေါ်ပြီး ဇနီးဖြစ်သူကို အလံပြဘုရားလမ်းမှာရှိတဲ့ စစ်ရုံးချုပ်ကို အမြန်ဆုံးသွားဖို့ စေလွှတ်လိုက်တယ်။ သူ့ဇနီးက ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ မျက်နှာချင်း ဆိုင် စကားပြောဖို့ တောင်းဆိုခဲ့ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ၊ ဗိုလ်ချုပ် ခင်ညွန့်တို့ကို ရန်တွေ့ကြိမ်းမောင်းခဲ့ပေမယ့် အကျိုးမထူးခဲ့ဘူး။ ဒီကိစ္စအားလုံးက အဲဒီအချိန်က စစ်ရုံးမှာ ရှိနေတဲ့ အငယ်တန်းအရာရှိတွေအတွက်တော့ ရယ်မောစရာဖြစ်ခဲ့ရတယ်။ ခုချိန်မှာ ဗိုလ်ချုပ်ကြီးသန်းရွှေက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာတဲ့အတွက် ဗေဒင်ဆရာ ဦးဥာဏ်ဇော်က တနေ့မှာ ဗိုလ်မှူးကြီးသန်းရွှေ မြန်မာနိုင်ငံကို မင်းလုပ်အုပ်ချုပ်ရမယ်ဆိုတဲ့ ဟောကိန်းဟာ မှန်သွားခဲ့ပါပြီ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကြားထဲက အာဏာအားပြိုင်မှုကတော့ လူမသိ သူမသိ ဆက်ပြီးရှိနေခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ နိုင်ငံကိုလက်ရှိအုပ်ချုပ် နေတဲ့အဖွဲ့ထဲမှာ ဦးနေဝင်းလိုမျိုး အလုံးစုံဩဇာ အာဏာ သက်ရောက်နိုင်သူ မရှိပါဘူး။ ဆုံးဖြတ်ချက် တွေကိုလည်း အဖွဲ့ဝင်တွေရဲ့ သဘောတူထောက်ခံမှုနဲ့ ပြုလုပ် နေရတယ်။ စစ်ရုံးမှာ အလုပ်လုပ်နေကြ တဲ့ အနေအထားကိုလည်း ဗိုလ်ချုပ်ကြီး သန်းရွှေ သိတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်တွေဟာ သူနဲ့ ခေတ်ပြိုင်တွေ၊ သူ့ထက် ဝါစဉ်ကြီးတဲ့သူတွေ ဖြစ်နေ တဲ့အတွက် သူ့ရဲ့အာဏာဟာ အခြေခိုင်မှုမရှိဘူးဆိုတာလည်း ရိပ်မိခဲ့တယ်။

ဒါပေမယ့် သူက နောက်ကွယ်မှာ လှုပ်ရှားမှုတွေ လုပ်နိုင်ခဲ့တယ်။ လစ်လပ်နေတဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ ဒု ဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်ခင်ညွန့် နဲ့ အစားထိုးလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို ပေးလိုက်ရင် စစ်တပ်ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်စီးစေမယ့်အပြင် နောက်ထပ် အာဏာသိမ်းမှု တခုတောင် ထပ်ဖြစ်လာနိုင်လို့ပါ။ ဗိုလ်ချုပ်ကြီး သန်းရွှေ နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေး အဖွဲ့ရဲ့ ထိပ်ဆုံးနေရာကို တက်လာပြီးတဲ့နောက် ကောင်းမှုကုသိုလ်လုပ်ဖို့လည်း မမေ့ခဲ့ ပါဘူး။ နတ် ဒေဝတာတွေကလည်း နိုင်ငံရေးရာထူးနေရာရောက် လာတဲ့သူ့ကို စောင်မခဲ့ကြပုံရတယ်။ သူ့ရဲ့ မဟာပြိုင် ဘက်ဟာ နံပါတ် ၂ နေရာနဲ့ မသင့်လျော်သူ ဖြစ်နေခဲ့တယ်။

မကြာခင်မှာပဲ စစ်အစိုးရက အခြေခံဥပဒေသစ် ရေးဆွဲဖို့အတွက် အမျိုးသားညီလာခံ ကျင်းပမှာ ဖြစ်တဲ့ အကြောင်း ကြေညာတယ်။ နိုင်ငံရေးအကျဉ်းသား အချို့ကိုလည်းလွှတ်ပေးပြီးတော့ ထိုင်း-မြန်မာ နယ်စပ်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေကိုလည်း ရပ်လိုက်တယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌသစ်အနေနဲ့ ဒီလိုလှည့်ကွက်တွေ သုံးလိုက် မယ်ဆိုရင် ချီးကျူးဂုဏ်ပြုခံရမယ်ဆိုတာ သူသိ တယ်။ ဒါက ပြည်တွင်းနဲ့နိုင်ငံတကာက ဝေဖန်မှုတွေ ကိုလမ်းလွှဲဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ စွဲစွဲမြဲမြဲ အသုံးပြုခဲ့တဲ့ နည်းဗျူဟာရဲ့ ရှေ့ပြေးတွေထဲက တခုပါ။

တချိန်တည်းမှာ စစ်အစိုးရ ထိပ်ပိုင်း ခေါင်း ဆောင် ဗိုလ်ချုပ်တွေက ၁၉၉၃ ခုနှစ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကို ဖွဲ့ စည်းလိုက်တယ်။ ရည်ရွယ်ချက်ကတော့ အရပ်သား ပြည်သူတွေကို နိုင်ငံရေး ဦးဆောင်မှုပေးနိုင်ဖို့နဲ့ စစ် ဗိုလ်ချုပ်တွေရဲ့ အတွေးအခေါ်တွေကို ပြည်သူတွေ စိတ်ထဲကို သွတ်သွင်းပြီးတော့ ပြည်တွင်းပြည်ပက ခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်ရေးအတွက် ရည် ရွယ် လုပ်ဆောင်နေတဲ့ စစ်အစိုးရရဲ့ ပြည်သူ့စစ်ပွဲ ဗျူဟာကို အကောင်အထည်ဖော်နိုင်ဖို့ လူထုအင်အားစုတခု ဖန်တီးရေးအတွက် ဖြစ်တယ်။

၁၉၉၀ နှစ်တွေထဲမှာ စစ်တပ် အပါအဝင် အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ၊ ဆရာတွေ အမြောက် အမြားကို ကြံ့ခိုင်ရေးအသင်းဝင်ဖို့ အတင်း အကျပ် ဖိအားပေးခဲ့တယ်။ လူမှုရေးအသင်းအဖွဲ့တခု အသွင်ကို ယူထားပေမယ့် တကယ်တော့ ကြံခိုင်ရေးအသင်းဟာ စစ်အစိုးရရဲ့ အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်ပြီး မူဝါဒတွေကလည်း အာဏာရစစ်အစိုးရရဲ့ မူဝါဒတွေကို ရောင်ပြန်ဟပ်တာပဲ ဖြစ်တယ်။ စစ်အစိုးရရဲ့ပုံရိပ်ကို ပြည်သူလူထုအမြင်မှာ မြှင့်တင်နိုင်ဖို့အတွက် အင်္ကျီအဖြူရောင်၊ လုံချည်အစိမ်းရောင် ဝတ်စုံဝတ်ထားတဲ့ ကြံ့ခိုင်ရေး အသင်းဝင်တွေကို အသုံးချခဲ့တယ်။ ဒီ လှုပ်ရှားမှုတွေ အကုန်လုံးဟာ စစ်ရုံးချုပ်မှာ သူ့ရဲ့ အာဏာကို စုစည်းဖို့လုပ်နေတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ဗျူဟာကို ဖော်ပြနေတာဖြစ်တယ်။

ဒါ့အပြင် အရပ်အသားအသွင်ယူထားတဲ့ အစိုးရတခုရှိပေမယ့် အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတခုကို ဗိုလ်ချုပ်ကြီး သန်းရွှေက ရေရှည်မျှော်ကြည့်နေတာ ကိုလည်း ညွှန် ပြနေပါတယ်။ ၁၉၉၃ ခုနှစ်အတွင်းမှာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာဏာတည်ဆောက်ပုံကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းပြီး အစိုးရအဖွဲ့ကိုလည်း တိုးချဲ့ခဲ့တယ်။ စစ်ထောက် လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ် ခင်ညွန့်နဲ့  ဒေသဆိုင်ရာ  စစ်တိုင်းမှူးတွေ  ဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘနဲ့ ဗိုလ်ချုပ် မြင့်အောင်တို့က တစောင်းစေးနှင့် မျက်ချေးလိုဖြစ်နေကြတဲ့အတွက် ထိန်းတဲ့ အနေနဲ့ သူတို့ကို ဝန်ကြီး ရာထူးခန့်ပြီး ရန်ကုန်ကို ခေါ်လိုက်တယ်။ ဗိုလ်ချုပ် ကြီး သန်းရွှေရဲ့ ပါးနပ်တဲ့ လှုပ်ရှားမှုတခုလို့ ဆိုနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုသစ္စာခံကြတဲ့ စစ်ရုံးကအရာရှိကြီးတွေကို လစ်လပ်တဲ့နေရာတွေမှာ ခန့်ထားနိုင်ဖို့အခွင့် အလမ်းရရှိသွားကြတယ်။

ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ နောက်ထပ် ဗျူဟာမြောက်ရွှေ့ကွက်တခုကို ၁၉၉၃ ခုနှစ် မတ်လမှာ ထပ်မံမြင်တွေ့ ရတယ်။ သူက နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေးအဖွဲ့ဝင် စစ်တိုင်းမှူးတယောက် ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး မောင်အေးကို လစ်လပ်နေဆဲ ဖြစ်တဲ့ နဝတ အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌနဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ခန့်အပ်လိုက်တယ်။ ဒုဗိုလ်ချုပ်ကြီး မောင်အေးက စစ်ကိုင်းတိုင်း ကန့်ဘလူမှာ မွေးဖွားခဲ့ပြီးတော့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁) မှာ တက်ရောက်ခဲ့သူပါ။ စစ်တက္ကသိုလ် မှာ ထူးချွန်တဲ့ ဗိုလ်လောင်းတယောက် မဖြစ်ခဲ့ပါဘူး။ စစ်ရေးကိုပဲစိတ်ဝင်စားပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ လောက်လည်း ဥာဏ်မများတဲ့ သူပါ။  နိုင်ငံရေးအကြောင်းကိုလည်း နားမလည်ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး သန်းရွှေအတွက် တော့ သစ္စာရှိပြီး အသုံးဝင်တဲ့ မဟာမိတ်တယောက်ဖြစ်ခဲ့တယ်။

စစ်တက္ကသိုလ် အပတ်စဉ် (၁) မှာ အတူတူ ကျောင်းဆင်းခဲ့ကြတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်ဘနဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်တို့ကလည်း ဒုဗိုလ်ချုပ်ကြီး မောင်အေး ကြည်းတပ်ဦးစီးချုပ် ဖြစ်လာတာ ဝမ်း မြောက်ခဲ့ကြတယ်။ သူ့ကို ခန့်အပ်လိုက်ခြင်းကြောင့် စစ်တိုင်းမှူးတွေကြားမှာ မြင့်တက်နေတဲ့ တင်းမာမှုတွေကို လျော့ကျသွားစေ ပြီးတော့ ဗိုလ်ချုပ် ခင်ညွန့် ကြီးပွားလာမှာကို မလိုလားကြတဲ့ ထိပ်တန်းအရာရှိ ကြီးတွေကိုလည်း ကျေနပ်စေခဲ့ တယ်။

ဒါပေမယ့် ကြိုတင်မျှော်လင့်ထားကြတဲ့အတိုင်း ပါပဲ၊ ဒုဗိုလ်ချုပ်ကြီး မောင်အေး စစ်ရုံးချုပ်ကိုရောက် လာပြီး မကြာခင် သူနဲ့ ဩဇာအလွန်ကြီးတဲ့ ထောက်လှမ်းရေး အကြီးအကဲရဲ့ကြားမှာ တင်းမာမှုအသစ် ပေါ်ပေါက် လာတော့တယ်။ ဒုဗိုလ်ချုပ်ကြီး မောင်အေးက သူ့ကိုယ်ပိုင် ထောက်လှမ်းရေးတပ်ဖွဲ့ ထူထောင်ခဲ့တယ်လို့ သိရတယ်။ ဗိုလ်ချုပ်ခင်ညွန့်နဲ့ သူ့ရဲ့ ကြီးထွားလာနေတဲ့ ထောက်လှမ်းရေးအဖွဲ့ကို တန်ပြန်နိုင်ဖို့အတွက် အနောက်နိုင်ငံတွေကနေ စွမ်းအားမြင့် ရေဒီယို ကြားဖြတ်စက်တွေကိုတောင် ဝယ်ယူခဲ့တယ်လို့ ဆိုတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးဂိုဏ်းနဲ့ ဒု ဗိုလ်ချုပ်ကြီး မောင်အေးဦးဆောင်တဲ့ စစ်တပ်ဂိုဏ်းတို့ရဲ့ ခါးခါးသီးသီး တိုက်ခိုက်မှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့် နေခဲ့ရတယ်။ နှစ်ဖက်လုံးက ပေးပို့လာတဲ့ နိုင်ငံရေးအရ သွေးထိုးတဲ့ အစီရင်ခံစာတွေကိုလည်း လက်ခံတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုံးခန်းကို ဒေါသကြီးပြီးနှုတ်သီးကောင်းတဲ့ ကုန်သွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းကြည် ရောက်လာပြီး သူတို့က “မင်းသား” လို့ခေါ်တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်အကြောင်းပြောပြီး တိုင်ပါတယ်။

အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်တတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်က မိတ်ကပ်လိမ်း၊ ရေမွှေးဆွတ် တတ်ပြီး မျက်နှာ ကိုလည်း မှန်မှန် အနှိပ်ခံတယ်လို့ ကောလာဟလတွေ စစ်ရုံးက ထွက်ခဲ့တာလည်းရှိတယ်။ ဗိုလ်ချုပ် ခင်ညွန့်က လည်း သူ့ရဲ့ရန်သူတွေကိုသိပါတယ်။ တုံ့ပြန်တိုက်ခိုက်ဖို့ကိုတော့ သူတို့နဲ့ မတူတဲ့ ချဉ်းကပ်မှုကို ရွေးချယ်ခဲ့ တယ်။ သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုံးခန်းကို သွားခဲပါတယ်။ ဒါပေမယ့် အမြဲတမ်း တလေးတစား ဆက်ဆံပြီး ရန်သူတော်တွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုဗိုလ်ချုပ်ကြီး ကျော်ဘနဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်အောင် တို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကို သက်သေပြနိုင်ဖို့ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ်။ ဝန်ကြီးဌာန တွေမှာ မြှုပ်နှံထားတဲ့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ ထောက်လှမ်းရေးတွေကလည်း ကုန်သွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဘနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒုဗိုလ်ချုပ်ကြီး မြင့်အောင်တို့ရဲ့ အတွင်းကျတဲ့ သတင်းအချက်အလက်တွေကို အောင်အောင်မြင်မြင် ရယူစုဆောင်းနိုင်ခဲ့တယ်။

“လွတ်လပ်ရေး ခေတ်လွန် မြန်မာအစိုးရများအတွင်းမှ အာဏာနှင့် ဂိုဏ်းကွဲမှု အကျပ်အတည်း များ” အမည်ရှိတဲ့ စာတမ်းမှာ ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်က “အရေးပါတဲ့ နေရာက သတင်း အရင်း အမြစ်တွေရဲ့ အဆိုအရ ဗိုလ်ချုပ်ခင်ညွန့်က ဝန်ကြီးတွေ၊ စစ်တိုင်းမှူးတွေရဲ့ အကျင့်ပျက်ခြစားမှု လုပ်ရပ် တွေအကြောင်းကို ဗိုလ်ချုပ်မှူးကြီးစောမောင် နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နှစ်ယောက်လုံးဆီကို အရင်က တည်းက အစီရင်ခံစာတွေ တင်ပြခဲ့ပေမယ့် ဘာအရေးယူမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် အစိုးရအဖွဲ့ အတွင်း အကျင့် ပျက်ခြစားမှုကို လျှော့ချဖို့လိုအပ်တဲ့ အကြောင်း ပြောတဲ့အချိန်မှာ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်က အစိုးရအဖွဲ့ ထဲမှာ ဘယ်သူမှ အကျင့်ပျက် ခြစားမှုနဲ့ မလွတ်ကင်းဘူးလို့ နောက်သလို ပြောင်သလိုနဲ့ မလေးမစား ပြောခဲ့တဲ့ အတွက် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ ဒေါသတကြီးနဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်ကို လက်ဖက်ရည်ခွက်နဲ့ ပစ်ပေါက် ခဲ့တဲ့အထိဖြစ်ပြီး နောက်ပိုင်းကျမှ အရေးယူတဲ့ကိစ္စတွေ ပေါ်လာတယ်။ ဘယ်သူမှ မလွတ်ဘူးဆိုတော့ ဗိုလ်ချုပ် မှူးကြီး သန်းရွှေကိုယ်တိုင် ပါနေသလို ဖြစ်နေလို့ပါ” လို့ရေးသားခဲ့ပါတယ်။

ဗိုလ်ချုပ် ခင်ညွန့်နဲ့ သူရဲ့ထောက်လှမ်းရေးအဖွဲ့က တင်ပြတဲ့ အစီရင်ခံစာတွေအားလုံးကို မြင်ခဲ့ပြီး ဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ခင်ညွန့်ကို မယုံကြည်သေးပါဘူး။ ဒါကြောင့် ထောက်လှမ်းရေး အကြီးအကဲရဲ့ အတွင်းစက်ဝိုင်းထဲကို သူ့ လူတယောက်ထည့်ဖို့ စီစဉ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ စစ်ရုံးချုပ်အတွင်း အပြန်အလှန်စောင့်ကြည့်ထိန်းညှိ ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဗိုလ်မှူးကြီး ကျော်ဝင်းကို စစ် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံးရဲ့ ဒုညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ အဓိကတာဝန် ကတော့ ဗိုလ်ချုပ် ခင်ညွန့်ကို အနီးကပ် စောင့်ကြည့်ဖို့ပါပဲ။

မျက်မှန်တပ်သူ တယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး ကျော်ဝင်းဟာ စစ်ထဲမဝင်ခင် ၁၉၆၀ နှစ်တွေတုန်းက ရန်ကုန် တက္ကသိုလ်မှာ စိတ်ပညာ အဓိကနဲ့ တက် ရောက် သင်ကြားခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှတ် (၈၈) ခြေမြန်တပ်မမှူး လုပ်ခဲ့စဉ်က သူ့လက်အောက်မှာ တာဝန်ထမ်းခဲ့ဖူးသူဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောကျနှစ်ခြိုက်သူ တယောက်လည်းဖြစ်ပြီးတော့ နှစ်ပေါင်းများစွာ အနီးကပ် ရှိနေခဲ့သူတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌဖြစ်လာတဲ့ ၁၉၉၂ ခုနှစ်မှာ ဗိုလ်မှူးကြီး ကျော်ဝင်းက မန္တလေးမှာရှိတဲ့ အမှတ် (၁) စစ် ထောက်လှမ်းရေးတပ်မှာ ဗိုလ်မှူး အဖြစ်နဲ့ ရှိနေပြီးတော့ ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ ထိပ်တန်းနေရာတွေကို အလျင်မြန်ဆုံးရောက်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရောက်နေတဲ့သူပါ။

စကားညင်ညင်သာသာ ပြောတတ်တဲ့ ထောက်လှမ်းရေးအရာရှိက အင်္ဂလိပ်စကားကို ကျွမ်းကျွမ်း ကျင်ကျင် ပြောနိုင်သလို အနုပညာ ဝါသနာပါသူ တယောက်လည်းဖြစ်တယ်။ ပုံဆွဲတာ၊ ပန်းချီရေးတာနဲ့ ဓာတ်ပုံပညာတွေ ကိုလည်း စိတ်ဝင်စားပါတယ်။ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုတောင် စာအုပ်အဖြစ် ထုတ်ဝေခဲ့သေးတယ်။ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေက ဌာနတွင်းအာဏာကို စုစည်းဖို့ကြိုးစားနေစဉ် မှာ ရည်မှန်းချက်ကြီးတဲ့ ဗိုလ်ချုပ် ခင်ညွန့်က အားသွန် ခွန်စိုက် အလုပ်တွေ လုပ်ပြနေတာကြောင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက သူ့ကို မြန်မာ နိုင်ငံမှာအာဏာအရှိဆုံးသူအဖြစ် ဆက်လက်ယူဆကြတယ်။

၁၉၉၄ ခုနှစ်မှာ အမေရိကန်ကွန်ဂရက်အမတ် Bill Richardson  မြန်မာနိုင်ငံကို ရောက်လာပြီး ထိန်းသိမ်းခံထား ရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာမှာလည်း နေရာတကာ ပါတတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်က သူ့အခန်းကဏ္ဍကို သာသာထိုးထိုး လုပ်ပြခဲ့ပုံပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး တဲ့နောက် အမေရိကန် လွှတ်တော်အမတ်က ဘန်ကောက်မြို့မှာ ကြေညာ ချက်တစောင် ထုတ်ပြန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ချီးမွမ်းပြောဆိုခဲ့ပြီး ဗိုလ်ချုပ် ခင်ညွန့်ကိုလည်း လက်တွေ့ကျပြီး ဟန်မဆောင်တတ်သူ တယောက်လို့ ပြောခဲ့တယ်။

ဆက်လက်ပြီးတော့ သူက စစ်အစိုးရ မျက်ခုံး ပင့်လောက်စရာ စကားတခွန်း ပြောခဲ့ပါသေးတယ်။ “မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဗိုလ်ချုပ် ခင်ညွန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးက ဆုံးဖြတ်မယ်လို့ ကျနော်ထင်ပါတယ်” လို့ သူက ပြောလိုက်တယ်။ ဒီတွေ့ဆုံမှုကို ဗိုလ်ချုပ် ခင်ညွန့်က စီစဉ်ခဲ့တယ်လို့ ယူဆနိုင်စရာရှိပေမယ့် တကယ်တော့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေက ခွင့်ပြုလို့သာ ဖြစ်လာခဲ့ရတယ်ဆိုတာ ကို Richardson သတိမမူခဲ့မိဘူး။ ဒါက လမ်းလွဲမှု တွေဖြစ်စေဖို့နဲ့ မရေရာမှုတွေ ဖန်တီးနိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သေသေချာချာ အကွက်ချစီစဉ်တတ်တဲ့ ပရိယာယ်တွေထဲက တခုပဲဖြစ်တယ်။ အမေရိကန် ကွန်ဂရက် အမတ်ဟာ ဘက်မှားပြီး လောင်းကြေး တင်မိပြီ။ သူ့ရဲ့စကားက ဗိုလ်ချုပ်ခင်ညွန့်ကို ဖမ်းဆီးဖို့ ဝရမ်းစာပေါ်မှာ လက်မှတ်ထိုးပေးလိုက်သလိုပါ။

ဧရာဝတီ