တောင်ငူ အစာအဆိပ်သင့်မှု ဒီးဒိုအချိုရည် အပါအဝင် အစားအသောက်အားလုံး ဓာတ်ခွဲစစ်မည်



ရန်ကုန်၊ မေ ၂၀

တောင်ငူမြို့နယ် ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ ကလေးဂေဟာတွင် ဖြစ်ပွားသော လူ ၇၀ ခန့် အစာအဆိပ်သင့်မှုအတွက် ဒီးဒိုအချိုရည် အပါအဝင် အစားအသောက် အားလုံးကို ရန်ကုန်မြို့ အမျိုးသား ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည် ဖြစ်ကြောင်း တောင်ငူ ပြည်သူ့ဆေးရုံကြီး၏ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက The Voice သို့ ပြောကြားသည်။

မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အစာအဆိပ် သင့်မှုကြောင့် ကလေးနှင့် လူကြီး ၆၈ ဦးတို့ မူးဝေ အော့အန်သော လက္ခဏာများဖြစ်ကာ
တောင်ငူ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ပြီး မေလ ၂၀ ရက်နေ့တွင် ကလေးငယ်အားလုံး အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဆန်ပြားသုပ်နှင့် ဒီးဒိုအချိုရည် စားသောက်ပြီး နောက်ပိုင်း အစာအဆိပ်သင့် လက္ခဏာ ဖြစ်ပွားခဲ့သည့်အတွက် ဆန်ပြားသုပ်အတွင်း ပါဝင်သော အစားအသောက် နမူနာများ၊ ရေနှင့် အစားအသောက် စီစဉ်သူများ၏ လက်သန့်ရှင်းမှု အခြေအနေကို ဓာတ်ခွဲစစ်ဆေးမည် ဖြစ်ကြောင်း၊ ယင်းအပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က စစ်ဆေးပြီးသော ဒီးဒို အချိုရည်ကိုလည်း ပြန်စစ်ဆေးပေးရန် စီစဉ်ထားကြောင်း ဒေါက်တာ သီတာစိုးက ပြောဆိုသည်။

မေလ ၂၀ ရက်နေ့တွင် ကလေးငယ် ကိုးဦးနှင့် လူကြီး ၁၃ ဦးသာ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူနေကြောင်း တောင်ငူမြို့နယ် ဆေးရုံထံမှ သိရသည်။
ယခုနှစ် ဖေဖော်ဝါရီ လကုန်ခန့်က တစ်လီတာ ဒီးဒိုအချိုရည်ဘူး တစ်ဘူးတွင် မှိုခြောက်သိန်း ပါဝင်ကြောင်း သမဝါယမ ဓာတ်ခွဲခန်းတွင် စစ်ဆေးတွေ့ရှိ ခဲ့သည့်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ဈေးကွက်အတွင်း ဒီးဒိုအချိုရည်များ စစ်ဆေးခဲ့သော်လည်း အန္တရာယ်ရှိ ပစ္စည်းများ မတွေ့ရှိရကြောင်း FDA ဓာတ်ခွဲခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

တောင်ငူမြို့တွင်ပင် မေလဆန်းပိုင်းက အလှူကကျွေးသော ဒံပေါက် စားမိသည့်အတွက် ကလေးသူငယ်ကိုးဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့ ဇေယျာသီရိ မိဘမဲ့ဂေဟာ အစာအဆိပ်သင့်မှုသည် တစ်လအတွင်း ဒုတိယအကြိမ်မြောက် အဆိပ်သင့်မှု ဖြစ်သည်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက အိုအိရှိ အာလူးကြော်နှင့် DeeDo အအေးဘူးတို့ကို ဓာတ်ခွဲ စစ်ဆေးရန် သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းသို့ ဖေဖော်ဝါရီ ၂၁ ရက်က ပို့ခဲ့ရာ အာလူးကြော်တွင် Present Chemical Analysis Results တွင် Acid Volue ၅ ဒသမ ၂၇၉ နှင့် DeeDo တစ်လီတာဘူး တစ်ဘူးတွင် မှိုပါဝင်မှု ခြောက်သိန်း တွေ့ရှိခဲ့သည်။

The Voice Weekly

Photo From DVB TV News


တစ်ကတ်ကို ၁၅၀၀၊ ဆင်းကတ် ၁၀ သန်း တယ်လီနောရောင်းတော့မည်





တယ်လီနောမြန်မာက ဝန်ကြီးဌာနဆီကနေ ဆင်းကတ် ၁၀သန်း ဝယ်ယူထားတယ်လို့ တယ်လီနောရဲ့စီအီးအိုပီတာဖားဘာ့ဂ်ျ ကဆိုသည်။တယ်လီနောမြန်မာရဲ့စီအီးအိုပီတာဖားဘာ့ဂ်ျက” လက်ရှိမှာ ဆင်းကတ်နံပါတ် ၁၀ သန်း regulator ဆီက ဝယ်ထား ပြီးသား၊ အဲဒီ ၁၀ သန်းနဲ့စဖြန့်မယ်၊ဝယ်ယူနှုန်းပေါ်မူတည်ပြီး လိုသလောက် ထပ်ထပ်ဝယ်သွားမယ် လို့” ပြောသည်။

တယ်လီနောမြန်မာဟာ ဖေဖော်ဝါရီလအတွင်းမိုဘိုင်းအော်ပရေတာ လုပ်ပိုင်ခွင့်လိုင်စင်ရရှိခဲ့ပြီး ရှစ်လအကြာ မှာ ဆင်းကတ် စရောင်းမယ်လို့ကတိပြုထားသည်။

ရန်ကုန်၊မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ ရဲ့မြို့ကြီးအတော်များများမှာ စတင်ရောင်းချမှာဖြစ်သည်။ရောင်းချသည့်အထဲတွင် မပါဝင်သေးသည့်မြို့နယ်တွေက တယ်လီနောနက်ဝပ်ခ်မရှိသေး တာကြောင့် ဆင်းကတ်ကို လတ်တလောအသုံးပြုနိုင်မှာ မဟုတ်သေးဘူးလို့ဆိုသည်။

လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ တာဝါတိုင် ၂၀၀၀ ပတ်ဝန်းကျင်ရှိနေပြီး တယ်လီနောကတော့ တစ်နှစ်အတွင်း တာဝါတိုင် ၂၀၀၀ ကျော်ရဖို့ လုပ်ဆောင်နေတာဖြစ်သည်။

လက်ရှိ ရန်ကုန်နဲ့မန္တလေးမှာဒေတာစင်တာနှစ်ခုထားရှိပြီး ချိတ်ဆက် လုပ်ကိုင်နေသလို အနည်းဆုံး ဆင်းကတ် ၁၀ သန်း ဝန်ဆောင်
ပေးနိုင်တဲ့ ဒေတာစင်တာနှစ်ခုကို စက်ပစ္စည်းအသစ်တွေနဲ့ တိုးချဲ့မယ် လို့သိရသည်။

တယ်လီနောမြန်မာရဲ့ ဆင်းကတ်တွေကို တယ်လီနော အမှတ်တံဆိပ်နဲ့ရောင်းချပေးမှာဖြစ်ပြီး လတ်တလောမှာ
ဖြန့်ချိရေးကိုယ်စားလှယ် ၆၀ ဦးခန့်အပ်ထားပြီး လက်လီဆိုင်လေး
တွေကတော့ ဘယ်ဆင်းကတ်ကိုမဆိုရောင်းချခွင့်ရှိတယ်လို့သိရသည်။

ဆင်းကတ်တစ်ကတ်ကို ကျပ် ၁၅၀၀ နဲ့ရောင်းချပေးမှာဖြစ်ပြီး မှတ်ပုံတင်မရှိသူတွကို ရောင်းချပေးမယ့် ပုံစံ ကိုတော့ မစီစဉ်ရသေးဘူးလို့တယ်လီနော စီအီးအိုကဆိုသည်။

SkyNet TV Browser

ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ကြောင်း ယူဆမှုများရှိ



ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုးအဖြစ် သိပ္ပံပညာရှင်များက ယူဆလာခဲ့ကြောင်း သိရှိရသည်။ ရောဂါပိုးမွှား ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကင်ဆာအမျိုးအစား အနည်းငယ် ရှိသော်လည်း ယင်းတို့အနက် ဆီးကြိတ်ကင်ဆာကို ယခင်က ထည့်သွင်းမထားခဲ့ချေ။ သို့သော်လည်း ဗြိတိန်နိုင်ငံ၊ ကင်ဆာသုတေသန ဌာနမှ ပညာရှင်များက ယခုအခါ ဆီးကြိတ်ကင်ဆာသည်လည်း လူအချင်းချင်း ကူးစက်နိုင်သည့် ကင်ဆာမျိုးနွယ် တစ်ခုအဖြစ် ယူဆသင့်သည့် အလားအလာမျိုး ရှိနေကြောင်း ယုံကြည်လာခဲ့သည်။

သို့သော်လည်း ယင်းအချက်ကို အခိုင်အမာ ယုံကြည်ရန်မှာမူ စောလွန်းနေသေးကြောင်းလည်း ၎င်းတို့က ဝန်ခံခဲ့သည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် လူသားများ၏ ဆီးကြိတ်ဆဲလ်များကို ဓာတ်ခွဲစမ်းသပ်ကြည့်ခဲ့ကြသည်။ ၎င်းတို့သည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် Trichomoniasis ရောဂါပိုးသည် ဆီးကြိတ်မှ ကင်ဆာဆဲလ်များ တိုးပွားလာမှုကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ အဆိုပါ သုတေသန ရလဒ်ကို အမျိုးသား သိပ္ပံအကယ်ဒမီက ထုတ်ဝေသော ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ဓာတ်ခွဲခန်း သီအိုရီများအရ ဆီးကြိတ်ကင်ဆာ ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါပိုးများနှင့်အတူ ဖွံ့ဖြိုး ဖြစ်ပေါ်နိုင်သည်ဟု ယူဆစရာ ရှိနေသော်လည်း လက်တွေ့အားဖြင့်မူ ယင်းအချက်ကို အတည်ပြုနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ကမ္ဘာပေါ်တွင် Trichomoniasis ကူးစက်သူ အရေအတွက် (၂၇၅)သန်းမျှ ရှိနေပြီး ယင်းသည် ဗိုင်းရပ်စ်မဆန်သည့် သာမန် လိင်မှတစ်ဆင့် ကူးစက်ဝင်ရောက်သော ပိုးမွှားတစ်မျိုးအဖြစ် သတ်မှတ်ခံထားရသည်။ ဆီးကြိတ်ကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို Trichomoniasisက အားပေးနိုင်သည် ဆိုသည့်တိုင် ယင်းအခြေအနေသည် အမြဲတမ်း မှန်ကန်နေသည်ဟု ယူဆနိုင်ရန် လက်ဆုပ်လက်ကိုင် အထောက်အထား မရှိသေးချေ။

(၂၀၀၉)ခုနှစ်ကလည်း Trichomoniasisသည် ဆီးကြိတ်ကင်ဆာနှင့် ဆက်စပ်နိုင်ကြောင်း သုတေသန စစ်တမ်းတစ်ခု ထွက်ပေါ်ခဲ့သေးပြီး ယင်းရောဂါပိုး ကူးစက်ခံရသူ အမျိုးသားများ၏ ဆီးလမ်းကြောင်းတွင် အကြိတ်အဖုများ ဖြစ်နိုင်ခြေ မြင့်တက်လာကြောင်း တွေ့ရှိခဲ့သည်။ ဆီးကြိတ်ကင်ဆာသည် အသက်(၇၀)အထက် အမျိုးသားများတွင် အဖြစ်များပြီး မျိုးရိုးလိုက်တတ်သည့် ကင်ဆာတစ်မျိုးအဖြစ်လည်း သတ်မှတ်ခံထားရကြောင်း သိရှိရသည်။

Planet Myanmar Network

ခုံသုံးလုံး ပုံပြင်(၁)




တစ်ခါသော် ပညာရှင် တစ်ဦးက လူအများ အတွက် အသုံးဝင် အကျိုး ရှိနိုင်သော ထိုင်ခုံ သုံးလုံးကို တီထွင် မှုပြုခဲ့လေသည်။
၁။ ကျန်းမာရေးခုံ
၂။ ခွန်အားဗလခုံ
၃။ ဥာဏ်ပညာခုံ

ထိုထိုင်ခုံသုံးလုံးမှာ သူ့နေရာ နှင့် သူအသုံးဝင်ပေလိမ့်မည်။

နံပါတ်တစ်ခုံက ကျန်းမာရေး မကောင်းသူများ တိုးတက်ကောင်းမွန် စေရန်ရည်ရွယ်သည်။

နံပါတ်နှစ်ထိုင်ခုံက ခွန်အား နည်းသူများကို ပြည့်စုံ လုံလောက် သော ခွန်အား များဖြည့်တင်းပေးနိုင် ပါသည်။

နံပါတ်သုံးထိုင်ခုံက လူတို့၏ ဥာဏ်ပညာကို ပို၍ တိုးတက်ကောင်း မွန်ရန်ဖြစ်ပါသည်။

နှစ်ရှည်လများ ထိုင်ခုံသုံးလုံးကို ပြုလုပ်၍ ပြီးစီးခြင်းကိုရလေသည်။

ထုံးစံအတိုင်း ထိုင်ခုံဖွင့်ပွဲကို ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ရန် အတွက် ရေမြေ့သနင်းပြည့်ရှင်မင်း ကိုယ်တိုင်ကြွရောက်လာလေသည်။
ဖဲကြိုးကို စက်ခလုတ်နှိပ်ချင် ယောင်ဆောင်၍ လက်ဖြင့် ဆွဲဖြတ် သည်။
တွေ့ပါပြီ ထိုင်ခုံ သုံးလုံး..
ထိုင်ခုံများက ဘာမျှ ထူးခြားမှု မရှိ။ သာမန်သစ်သားခုံများသာ။
ပြည့်ရှင်မင်းက ထိုင်ခုံသုံးလုံး အား မျက်မှောင်ကြုတ်ကြည့်ပြီး..
“ထိုင်ခုံက ဘာမှလည်း မထူး ခြားပါလား”
ပြည့်ရှင်၏အမေးကို ပညာရှင် က..
“မှန်ပါ ထိုင်ခုံ များမှာ ကြည့်ရ သည်သာ မထူးခြားသော်လည်း အစွမ်းကား ဧရာမကြီးမားပါသည် ဘုရား။ စမ်းကြည့်တော်မူပါ”
ပြည့်ရှင်မင်းက မသင်္ကာသော် လည်း ခေါင်းတညိတ်ညိတ်လုပ်ရင်း
“ဟုတ်ရင် ဟုတ်ပေါ့ကွာ”
ဆိုကာ ခပ်တည်တည်နှင့် ထိုင် ခုံသုံးလုံးဆီ လျှောက်သွားသည်။ ကြွရောက်လာကြသော မင်းပရိသတ် အပေါင်း ကလည်း ငေးမောနေကြ သည်။
“ထိုင်မယ်နော်”
ဘုရင်ကြီးက ပညာရှင်ထံခွင့် တောင်းသည်။ ပညာရှင်က ရိုကျိုးစွာ ခေါင်းညိတ်ပြီး..
“ဟုတ်ကဲ့။ ထိုင်ပါခင်ဗျ။ ထိုင် ကြည့်ပါ”
ဘုရင်ကြီးက ထိုင်ခုံသုံးလုံးကို လှည့်ကြည့်ရင်း ဘယ်ထိုင်ခုံက စထိုင် ရနိုးနိုးဖြစ်နေရာ ပထမဆုံး ကျန်းမာ ရေးထိုင်ခုံသို့ ထိုင်ချလိုက်သည်။
“ဟာ”
ဘုရင်ကြီး၏ မျက်နှာမှာ ကျေ နပ်မှုဖြင့် ဝင်းလက်လာသည်။ နောက် ထိုင်ခုံမှ ထလာပြီး..
“ကြည့်စမ်း မနက်ကငါ့ခြေ ထောက် ကျဉ်နေတာ အခုမကျဉ် တော့ဘူး။ နောက် ပြီး ငါ့နှလုံးခုန် သံ လည်း ပုံမှန်ပြန် ဖြစ်ပြီ။ငါ့မျက် လုံးလည်းမမှုန်တော့ဘူး။ ဟေး… ငါကျန်းမာရေး ကောင်းပြီကွ။နွား နို့သောက်စရာ မလိုတော့ ဘူး”
“ဟေး”
ဘုရင်ကြီး၏ စကားကို ပြည်သူ များ အားပေးကြသည်။
ကျန်းမာရေး ကောင်းသွားသော ဘုရင်က ပညာရှင်၏ ပခုံးကိုသွားပုတ် ပြီး..
“တော်တယ်၊ မောင်မင်းဆု တော်လာဘ်တော် ချီးမြှင့်ရမယ်”
ဆိုကာ
“နောက်ထိုင် ခုံတွေကကော ဒီလိုစွမ်းရဲ့ လားမောင်မင်း”
ပညာရှင်က
“ရှင်ဘုရင်ကြီး ကိုယ်တိုင်ပဲ စမ်းကြည့်ပါခင်ဗျ”

ဘုရင်ကြီးက ခေါင်းတညိတ် ညိတ်လုပ်ရင်း ထိုင်ခုံများ ဆီပြန်သွား သည်။ ပြီးနောက် ခုံနှစ်ခုံကို ဟိုခုံဝင် ထိုင်ရနိုး၊ ဒီခုံ ဝင်ထိုင်ရနိုး ချီတုံချတုံ ဖြစ်နေသည်။ ပြီးမှ မျက်စိ မှိတ်၍ ခုံတစ်လုံးပေါ် ထိုင်ချလိုက်သည်။
“ဟာ”
ဘုရင်ကြီး၏ အာမေဋိတ်သံ။ ပြီးနောက် မျက်နှာကြီး ဝင်းပပြီး
“ငါခွန်အားတွေ တိုးလာပြီ။ ခွန် အားတွေ တိုးလာပြီ။ ကြည့်စမ်း။ ငါ့လက်မောင်းကို ကငါဆယ့်ရှစ်နှစ် သားတုန်းကလိုပဲကြည့်စမ်းကြည့် စမ်း”
ဘုရင်းကြီးက သူ့လက်မောင်းကို ပင့်ပြသည်။
“ဟေး”
ပြည်သူများက အားပေးကြ ပြန်သည်။ ဘုရင်ကြီးက ပေါ့ပါးလန်း ဆန်းစွာ ပညာရှင်နားသွားပြီး
“မောင်မင်းတော်လွန်းသွားပြီ။ ဆုတော် လာဘ်တော် ချီးမြှင့်ရမယ်။ကဲ နောက်ဆုံး ထိုင်ခုံတစ်လုံးကဘာလဲ။
“ဥာဏ်ပညာ ခုံပါဘုရား”
ဘုရင်ကြီး ခေါင်းညိတ် ပြီး..
“ဥာဏ်ပညာခုံ ဟုတ်လား၊ ကဲ ထိုင်ကြည့်တာပေါ့”
ဆိုကာ နောက်ဆုံးခုံပေါ်ဝင် ထိုင်လိုက်သည်။
“ဟာ”
ဘုရင်ကြီး အာမေဋိတ်သံ။ ပြည် သူများက သူ့အား ဘာမြွက်ကြား လေမလဲဟု နားစွင့်နေသည်။ ဘုရင် ကြီးနှုတ်က ထွက်လာသည်က..
“ဘာမှမထူးဘူး”
ထိုစကားကြားတော့ ပညာရှင် ပျာတောက်သွားတယ်။
ခုံဆီသွားပြီး ချွတ်ယွင်းချက်များ ရှာကြည့်သည်။ ချွတ်ယွင်းမှု ဘာကိုမျှ မတွေ့ရ။ သေချာအောင် အထပ်ထပ် စစ်ဆေးသည်။ လုံးဝပြည့်စုံမှ
“တစ်ခါလောက်ပြန် ထိုင်ကြည့် ပါ အရှင်မင်းကြီး”
ဘုရင်ကြီးက ပြန်ဝင်ထိုင်သည်။
“အဲ”
ဘုရင်ကြီး မျက်လုံးပြူးသွား သည်။ နောက် ကြောင်တောင်တောင် နှင့် ပညာရှင်ကို ပြန်ကြည့်ပြီး
“ဘာမှပြောင်းမသွားဘူး”
ပညာရှင် ပျာပျာသလဲဖြစ်သွား ၏။ သူ့ခုံ၏ မှားယွင်းမှုများ ရှာသည်။ ပြင်သည်။ ပြန်ပြီး သေချာမှ..
“ပြန်ထိုင်ကြည့်ပါအရှင်”
ဘုရင်ကြီး ပြန်ထိုင်ကြည့်သည်။ ခေါင်းကို ယမ်းခါကာ
“ထူးပါဘူးဟာ”
ပညာရှင်ခုံကို အထပ်ထပ်ပြန် စစ်သည်။ ချွတ်ယွင်းချက် မတွေ့ရ။ နောက်မှ အဖြေရှာတွေ့ပြီး ဘုရင် ကြီး၏ ခေါင်းကိုဆွဲ ယူကြည့်လိုက် သည်။ ဘုရင်ကြီး၏ ဦးခေါင်း ကို အသေအချာကြည့်ပြီးမှ သက်ပြင်းချ ကာ ဤသို့လျှောက်၏။
“လေးမြတ်သော ရေမြေ့သခင် ဘုရင်ကြီးခင်ဗျာ။ ဤခုံများမှာ မစွမ်း မဟုတ်။ စွမ်းပါသည်။ ကျန်းမာရေး မကောင်းသူကို ကောင်းစေ၏။ မသန် သူကိုလည်း ဤခုံက စွမ်းစေပါ ၏”
“ဒါဖြင့် ဟိုခုံကကော စွမ်းလို့ လား၊ ဘာမှမစွမ်းဘဲ”
ဘုရင်ကြီး၏ ဖြတ်ပြောသော စကားကို ပညာရှင်က..

“အရှင်မင်းကြီး အမှန်ဆိုရသော် ထိုင်ခုံကလည်း စွမ်းပါသည်။ သို့သော် ခုံများ၏ ထုံးစံအရ ဥာဏ်ပညာ အနည်းငယ် ရှိသူကိုသာ ဥာဏ်ပညာပို တိုးပွားအောင် ပြုလုပ် ၍ရပါသည်။ အရှင်မင်းကြီး ကဲ့သို့ ဥာဏ်ပညာလုံးဝ မရှိသူကို ဥာဏ်ပညာ တိုးပွားပေးရန် မည်သည့် မည်သို့သော ထိုင်ခုံအရှိန် အဝါဖြင့် ပေးစွမ်း၍ မရနိုင်ခြင်း ပင် ဖြစ်ပေလေတော့၏”

”မီးရှို့ပစ်လိုက်”

ပညာရှင်၏ စကား မှန်ပေလိမ့်မည်။ ပြည်သူတွေ အတွက် အသုံးဝင်နိုင်သော ထိုင်ခုံ သုံးလုံးမှာ ဥာဏ် ပညာမရှိသော ဘုရင်ကြောင့် မီး လောင်တိုက် အသွင်းခံ လိုက် ရလေ တော့သတည်း။

အကြည်တော်

Popular Journal

ချောင်းဆိုးနေသူ များအတွက် နည်းလမ်းကောင်း




ချောင်းဆိုးနေသူတွေ အတွက် တကယ်ကို ကောင်းမွန်ပြီး ငွေကြေး အကုန်အကျ သက်သာစေတဲ့ နည်းလမ်းလေး တစ်ခုမို့ မျှဝေပေးလိုက် ရဖြင်းပင် ဖြစ်ပါတယ်။

အသုံးပြုပုံလေးကတော့

နနွင်းမှုန့် အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်မှ စားပေးခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ် ကြွက်သားတွေကို သန်မှာစေပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်ချပေးခြင်း စည်ပင်သာယာကိုင်တွယ်သည့်မူ ပယ်ဖျက်မည်



အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်ချထားပေးခြင်းအတွက် လိုအပ်သော လုပ်ငန်းစဉ်များကို ရန်ကုန်စည်ပင်ကသာ စိစစ်ခြင်းမူကို ပယ်ဖျက်တော့ မည်ဟု သတင်းရရှိသည်။

လက်ရှိတွင် လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် တာဝန်ယူနိုင်မည့် အဖွဲ့အစည်း များ ဖွဲ့စည်းဆောင်ရွက်ခွင့်ပေးရန် စီစဉ်နေပြီး ယင်းအတွက် ရန်ကုန်စည်ပင်မှ တာ ဝန်ရှိသူများက အင်ဂျင်နီယာအသင်း၊ အင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု သိရသည်။

စစ်ဆေးရေးအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာများကို အဆိုပါ အသင်းများ၏ အကူအညီရယူ၍ ရွေးချယ်ကာ ရန်ကုန်စည်ပင်မှ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်း၊ စစ်ဆေးရေး အဖွဲ့များ
ဖွဲ့စည်းပေးခြင်းဖြင့် တာဝန်ယူဆောင်ရွက်စေမည်ဟု အင်ဂျင်နီယာဌာန အဆောက်အအုံမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တာဝန်ခွဲဝေဆောင်ရွက်ခြင်းဖြင့် ပါမစ်ချထားပေးမှု မြန်ဆန်ခြင်း၊ ဌာနနှင့်ပြည်သူများကြား လာဘ်ပေးလာဘ်ယူကိစ္စများ ကင်းရှင်းခြင်း၊ အဆောက် အအုံများ၏ အရည်အသွေး ပိုမိုစိတ်ချရခြင်းကဲ့သို့သော အကျိုးဆက်များ ရှိနိုင်မည် ဟု မျှော်မှန်းကြောင်း ၎င်းကဆိုသည်။ စင်ကာပူနိုင်ငံတွင်လည်း ပါမစ်ချထားပေးခြင်း အတွက်

ယင်းကဲ့သို့သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်ဟု အထက်ပါအရာရှိက ဆက်ပြောသည်။ လက်ရှိတွင် ရန်ကုန်စည်ပင်ကသာ ကိုင်တွယ်ဆောင်ရွက်နေရာ လာရောက် တင်ပြသောဒီဇိုင်းများမှာ ခွင့်ပြုပုံစံနှင့်ကွဲလွဲ၍ ပြန်လည်ရေးဆွဲခိုင်းရသည့်အခါ အချိန်ကြန့်ကြာမှုများ ကြုံကြိုက်နေရကြောင်း ၎င်းကပြောသည်။

မိသားစု အဆောက် အအုံများအတွက် ပိုင်ဆိုင်မှုမှန်ကန်ပါက
၂၁ ရက်၊ အထပ်မြင့်များအတွက် ၄၅ ရက်အတွင်းပါမစ်ချထားပေးမှု ကို ဆောင်ရွက်ပေးမည် ဆိုသော်လည်း ဒီဇိုင်းတင်ပြ ရာတွင်
ခွင့်ပြုပုံစံနှင့် ကွဲလွဲမှုများကြောင့် ပြန်လည်ရေးဆွဲစေခိုင်းရ၍ သတ်မှတ်
ချက်ထက်ပိုမိုကြန့်ကြာနေသည်ဟု အထက်ပါစည်ပင်အရာရှိ
က ပြောသည်။

ဝေမာထွန်း

Popular Myanmar News Journal

ရေးမြို့နယ်တွင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ




၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော
M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊

M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊

ကာဘိုင်ကျည်ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ ၇.၆၂ ကျည်(၇)တောင့်၊ 38 Special စတီးရောင်ကျည်(၄)တောင့်၊ 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 38 စတီးရောင်ကျည်(၄)တောင့်၊

ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ ၉ မမကျည်(၁၀)တောင့်၊ ၉ မမကျည်ခွံ(၁)ခု၊ ကိုးလုံးကျည်(၃)တောင့်၊ လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊ ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊

USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁)ခု၊ ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊

ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေခဲ့သော အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး




အောင်ဟိန်းခိုင် ၊ မေ ၂၁ (ref: Mirror)
မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေမှုကြောင့် အမျိုးသမီးတစ်ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ၎င်းအမှုတွင် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုး ကန်ဒယ်လီရီးယား ဟာ ၃ နှစ်အရွယ်ကလေးမလေးကို အိမ်သာထိုင်ခုံပေါ်သို့အတင်းအကြပ် ထိုင် ခိုင်းပြီး မစင်များကို အတင်းအကျပ်ပြန်လည်စားခိုင်းစေခဲ့ပါတယ်။

ရေချိုးနေစဉ်တွင်း မိမိစွန့်ခဲ့မိသည့် မစင်များကို အတင်းအကျပ်ပြန်လည်စားခိုင်းခြင်း ခံခဲ့ရတဲ့ ၃ နှစ်အရွယ်ကလေးမလေး၏ ဖခင်ဖြစ်သူ၏ ရည်းစားဖြစ်သူ ကန်ဒယ်လီရီယား တစ်ယောက် ယခုအချိန်မှာတော့ ကလေးသူငယ် ညှင်းပန်းနှိပ်စက် မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားပြီဟု ဒေသခံတီဗီသတင်းဌာန KNXV ကပြောပါတယ်။

ကလေးငယ်၏အမည်နှင့် မည်သူမည်ဝါဖြစ်သူကို မီဒီယာများက ထုတ်ဖော်ပြသခြင်းမရှိခဲ့ပေမယ့် ၎င်းကလေးမလေးဟာ ဖခင်ဖြစ်သူ၏ အိမ်သို့ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက သွားရောက်နေထိုင်ခဲ့ခြင်းဖြစ်ကာ ဖခင်၏ရည်စားဖြစ်သူရဲ့ အနှိပ်အစက်များကိုခံနေခဲ့ရသူဖြစ်ပါတယ်။

ဆေးရုံတွင်ဆေးကုသမှု ခံယူနေရတဲ့ ကလေးမရဲ့အခြေအနေဟာ မှုခင်းဆရာဝန်များ၏ပြောကြားချက်အရ ခန္ဓာကိုယ်ရဲ့ နံဘေး ၊ ကျော ၊ ရင်ဘတ် နှင့် ခြေထောက်တို့မှာ အတွင်းကျေဒဏ်ရာများရရှိထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ကလေးမလေးဟာ ကန်ဒယ်လီရီးယားရဲ့ အနှိပ်အစက်တွေကို တော်တော်ခံထားရနိုင်တယ်ဟု ပြောပါတယ်။

ကလေးမလေးရဲ့ အမွှာမောင်နှစ်မတစ်ဦးနှင့် ၅ နှစ်အရွယ်အစ်ကိုဖြစ်သူတို့ကလည်း ကန်ဒယ်လီရီးယား ဟာ ၎င်း ကလေးမလေးကို အတင်းအကြပ် မစင်များကို စားစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကိုပြောကြားထားပါတယ်။

ကလေးတွေရဲ့ ဖခင်ဖြစ်သူ လုပ်ငန်းခွင်သို့သွားရောက်နေစဉ် ကလေးများကို ထိန်းကျောင်းပေးခဲ့တဲ့ ကန်ဒယ်လီရီးယား ကတော့ သူမအနေနဲ့ ကလေးငယ်များကို အတင်းအကြပ် စေခိုင်းမှုများမပြုလုပ်ခဲ့ပါဘူးဟု ငြင်းဆိုထားသော်လည်း ရဲတပ်ဖွဲ့ကတော့ သူမကို အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဗြောင်လိမ်ဗြောင်စား သတင်းများ



(တိုးမောင်)

ကျွန်တော် မကြာသေးမီက ပဲခူးတိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးရွှေမော်ဓော ဘုရားပေါ်ကို ဘုရားတက်ဖူးပုံနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွှေသာလျောင်း ဘုရားဖူးပုံ နှစ်ခုကို နှိုင်းယှဉ်ပြီး ရေးမိပါတယ်။ စကတည်းက နှိုင်းယှဉ်ပြောမိတာကို တောင်းပန်ပြီးသား။ မိတ်ဆွေတွေက မနှိုင်းသင့်တာ နှိုင်းရမလား ဆိုပြီး ဖုန်းနဲ့ အပြစ်တင်ကြတယ်။ ကျွန်တော်ကတော့ ရိုးသားစွာ ယှဉ်ပြမိတာကို မှားရင် ခွင့်လွှတ်ဖို့ တောင်းပန်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။

ကိစ္စက ပြီးသွားပြီလို့ ထင်နေချိန်မှ မေလ ၁၆ ရက်နေ့ထုတ် နိုင်ငံတော်ပိုင် သတင်းစာတွေကနေ ကဆုန်လပြည့် ဝန်ကြီးချုပ်နဲ့အဖွဲ့ ညောင်ရေသွန်းလောင်းတာကို သတင်းမှားနဲ့ တုံ့ပြန်ပြီး ပြည်သူကို ထပ်စော်ကားတော့ ဒီတစ်ကြိမ်မှာ ပြည်သူ့နားရွက်ကို တံတွေးဆွတ်ရုံသာမက ပြည်သူ့မျက်နှာကို မီဒီယာက တစ်ဆင့် တံတွေးနဲ့ ဝိုင်းထွေးလာတဲ့အတွက် မခံချင်စိတ်နဲ့ ထပ်ရေးမိပါတယ်။

ဒီနေရာမှ အဲဒီနိုင်ငံပိုင် သတင်းစာကနေ ဖော်ပြထားတဲ့ ဂေါပက အတွင်းရေးမှူး ဦးကြည်ဝင်း ဆိုသူရဲ့ ပြောကြားချက်ကို ထပ်လောင်း တင်ပြလိုပါတယ်။
“ဝန်ကြီးချုပ်တို့က ကားပါကင်မှာ ရပ်ပြီး စေတီရင်ပြင်တော်ကို ခြေလျင် ပတ်တက်တာပါ။ ဒီနှစ် ဝန်ကြီးတွေရော၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တော်တော်များများ လာကြပါတယ်။

အဲဒါကြောင့် ကားများသွားပြီး တန်းစီသလို ဖြစ်သွားတာပါ။ ဝန်ကြီးချုပ်ကား ပြန်အဆင်းမှာ ရှင်လောင်း လှည့်လာတာကို တွေ့လို့ ဦးစားပေးလိုက်တော့ ကားတွေက တန်းစီသလို ဖြစ်သွားတာပါ။ သက်ကြီးရွယ်အို လမ်းမလျှောက်နိုင်တဲ့ သူတွေကိုလည်း ဂေါပကရုံးရှေ့မှာ ကားခဏ ရပ်နားထားဖို့ ခွင့်ပြုပေးထားတာ ရှိပါတယ်။ ကားတွေက ကျောက်ပန်းတောင်း ဓမ္မာရုံရှေ့မှာ ကားကျပ်နေလို့ ဒီလိုဖြစ်သွားတာပါ။

ကျန်အချိန်တွေမှာ ကားမဝင်ရ ဆိုပြီး ပိတ်ထားပါတယ်။ ဒါပေမဲ့ ဂေါပကကို သတင်းပို့တဲ့အခါ ဥပမာ အရေးကြီးတဲ့ နိုင်ငံခြားဧည့်သည်တွေ လာမယ် ဆိုရင်လည်း ခွင့်ပြုပေးထားပါတယ်။ ကားနဲ့ စေတီရင်ပြင်အထိ တက်တယ်လို့ အင်တာနက်မှာ ပျံ့နှံ့နေတာ တကယ်ကို ကြားလို့ မကောင်းပါဘူး။ အကြောင်းအရာကို သေချာမသိတဲ့ ပြည်သူတွေက အထင်လွဲကြမှာပေါ့။

ဒီလို မဟုတ်မမှန် လုပ်ကြံ ပြောကြတာကို ရပ်တန်းက ရပ်စေချင်ပါတယ်” တဲ့ဗျာ။ ကဲ ဘုရားဂေါပကပါ ပြည်သူကို စစ်လေသံနဲ့ ခြိမ်းခြောက်လာတာ ကြားလို့မှ တော်သေးရဲ့လား။

ပြီးတော့ သတင်းမှာ “မြောက်ဘက်မုခ်မှ ဝန်ကြီးချုပ်နှင့်အဖွဲ့ စတင် တက်ရောက်လာစဉ်” ဆိုပြီးတော့ ကော်ဇောနီပေါ်ကို လျှောက်လာတဲ့ တိုင်းဝန်ကြီးချုပ်ကို ဓာတ်ပုံနဲ့တကွ ဝါဒဖြန့်ပြီး ရှေ့နေ လိုက်ပေးထားတာလည်း တွေ့ရတယ်။

ဒီနေရာမှာ မေးစရာ ဖြစ်လာတာက ကဆုန်လပြည့်နေ့က Facebook ပေါ်မှာ တက်လာတဲ့ ဘုရားရင်ပြင်တော်ပေါ်က ကားတန်းကြီးဟာ လုပ်ကြံတာလား။ ဝန်ကြီးချုပ်ကို သိက္ခာချချင်လို့ Photoshop နဲ့ ဖြတ်ညှပ်ကပ် လုပ်ပြီး ဖန်တီး တင်ထားတာလား မေးစရာ ဖြစ်လာတယ်။ မျက်မြင်သက်သေတွေ၊ ဓာတ်ပုံတွေ ရိုက်ပြီး မှတ်တမ်းတင်ထားသူတွေဟာ အလကား ပြည်သူတွေ။ လုပ်ကြံသူတွေ။

ရပ်တန်းက ရပ်ရင်ရပ် မရပ်ရင် တစ်ခုခုအရေးယူတာ ခံရတော့မယ့်သူတွေ အလိုလို ဖြစ်သွားပြီပေါ့။ ဒီခေတ်ဟာ ဆိုရှယ်ကွန်ရက်ခေတ်။ ပြည်သူ့သတင်းသမားခေတ် ဆိုတာကို မေ့နေပုံ ရပါတယ်။
သတင်းသမားတွေ အဖာကောင်းတာကို ပြောရဦးမယ်။ ဒီဝန်ကြီးချုပ်ပဲ ပဲခူးရေကြီး ရပ်ကွက်တစ်ခုမှာ ရေဘေး ဒုက္ခသည်တွေကို လိုက်ကြည့်တော့ လှေပေါ်မှာ အမြိန့်သားထိုင်ပြီး ဘေးက တွန်းပေးတာကို ခံနေတာ နောက်တစ်နေ့မှာ အင်တာနက်ပေါ် တက်လာပြန်တယ်။

ဒါကိုလည်း ဝန်ကြီးက ရေထဲမှာ လမ်းလျှောက်ပြီး လိုက်ကြည့်တာပါ ဆိုတာကို နောက်နေ့တွေမှာ သတင်းထဲ ပြန်ထည့်ပြီး ပုဆိုးလေး မထားတဲ့ ဝန်ကြီးချုပ်ပုံကို ပြန်ထည့်ပြန်တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ အတူ ပြည်သူတွေကို အဖြစ်မှန်အတိုင်း ပြောသင့် ပြောထိုက်တာတွေ မပြော၊ တင်ပြသင့်တာတွေကို မတင်ပြလို့ ဆိုရှယ်ကွန်ရက်လို့ ခေါ်တဲ့ Facebook လို နေရာတွေဟာ သတင်းဖြန့်ချိမှု အကောင်းဆုံး၊ လူကြိုက်အများဆုံး ဖြစ်လာခဲ့ရတာပါ။
သတင်းသမား တစ်ယောက်ရဲ့ တာဝန်ဟာ အဖြစ်မှန်ကို တင်ပြနိုင်ရမယ်။ အစိုးရနဲ့ ပြည်သူကြားမှာ ပေါင်းကူးပေးနိုင်သူ ဖြစ်ရမယ်။

အကြောင်းခြင်းရာသစ်တွေကို လူထုဆီ အသိပေး တင်ပြနိုင်ရမယ်။ လူတွေကို ပညာပေးဖို့၊ ဖျော်ဖြေဖို့၊ ရှင်းလင်းတင်ပြဖို့ တာဝန်ယူရမယ်။ လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုပြီး မှတ်သားဖူးပါတယ်။ သတင်းသမားတွေဟာ သတင်းမှန်ကို သတင်းမှားလို့ ဖာထေး ပြောဆိုခွင့် မရှိဘူး။ ပြင်ဆင်ခွင့် မရှိဘူး။ သတင်းသမား ကျင့်ဝတ် ဆိုတာလောက်ကိုတော့ နားလည်သင့်ပါတယ်။

မင်းတုန်းမင်းကြီးတောင် ငါမကောင်းရင် ငါ့ကိုရေးလို့ ခွင့်ပြုပေးခဲ့သေးတာ။ ဒါတောင် ပဒေသရာဇ်ခေတ်။ ဒီမိုကရေစီခေတ်ကျမှ ငါ့အဘ မကောင်းတာကို ငါကောင်းအောင် ပြန်ရေးမယ်ဆိုရင် သတင်းအပေါ် သစ္စာဖောက်၊ ပြည်သူကို ဗြောင်လိမ်ဇာတ် ခင်းတာပဲ ဖြစ်တော့မယ်။

ဝန်ကြီးက မှားသွားတယ် ဆိုရင်လည်း (ပြည်သူကို အလေးထားပြီး လေးစားတဲ့သူမျိုး ဖြစ်ရင်) မှားသွားပါတယ်လို့ တောင်းပန်လိုက်တာနဲ့ ပြီးသွားနိုင်တဲ့ ကိစ္စကို ကြားကနေပြီး ဂေါပကတွေနဲ့ သတင်းစာတွေကနေ အမှားတွေပါ ဆိုပြီး ထုတ်ပြန်နေတာကတော့ ဝန်ကြီးကိုယ်စား ပြည်သူ့မျက်နှာကို တံတွေးနဲ့ လာထွေးနေသလို ခံစားရပါတယ်။

ဒါမှမဟုတ် ဘာမှ မဖြေရှင်းဘဲ (မြန်မာပြည်ရဲ့ ထုံးစံအတိုင်း) ဒီအတိုင်း နေလိုက်လည်း ဖြစ်တာကို အစိုးရဘက်တော်သား မီဒီယာနဲ့ ဂေါပကတွေကို ဓားစာခံလုပ်ပြီး ပြည်သူကို စော်ကားမှုတွေတော့ မလုပ်သင့်ဘူး ထင်ပါတယ်။
(တိုးမောင်)
(ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပြီး The Voice ၏ အာဘော်မဟုတ်ပါ)

The Voice Weekly


စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လမ်းချော်မှုဖြစ်ပွား




စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လမ်းချော်မှုဖြစ်ပွား ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိ

ရန်ကုန် မေ ၂၁

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်က စင်ကာပူမှ ရန်ကုန်မြို့သို့ ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်း Airbus A -330 လယာဉ်အမျိုးအစား လေယာဉ်အမှတ် 9V

အ၀ါရောင်အဆင့်ရှိ မုန်တိုင်းငယ် နှစ်ရက်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ ဦးတည်နိုင်




ဇာဏီထွဏ်း

ရန်ကုန်၊ မဇ္ဈိမ။ ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်
ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ရာ မုန်တိုင်းငယ်မှာ အ၀ါရောင် အဆင့်သာရှိသော်လည်း
နောက်နှစ်ရက်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဦးတည်နိုင်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက
မေလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

“ကမ်းနီး၊ ကမ်းဝေး သင်္ဘောတွေကိုတော့ မုန်တိုင်းအန္တရာယ် အသိပြောထားပါတယ်” ဟု အဆိုပါ ဌာန တာဝန်ရှိသူတစ်ဦးက
မဇ္ဈိမကို ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

မုန်တိုင်းအရှိန်ကြောင့် မေလ ၂၁ ရက် ညနေမှ နောင်သုံးရက်အတွင်း ပဲခူးတိုင်းတွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊
တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းမည်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်၊
ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းကျပြီး လှိုင်းကြီးပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်- မြေပြင်လေသည်
တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသခံ ဦးသန်းထွန်းက မုန်တိုင်းသတင်းနှင့် ပတ်သက်၍ “ မုန်တိုင်းသတင်း တော့ကြားတယ်၊ သေချာတော့
မသိသေးဘူး။ အခုတော့ ရာသီဥတုက သာသာယာယာပဲ၊ အပူချိန်တော့မြင့်တယ်။ ကမ်းနီးကမ်းဝေး ငါးဖမ်းတဲ့သူတွေကို သတိပေး
ကြေငြာချက်တော့မကြားသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း အတွင်းသို့ ၀င်ရောက်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊
အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင်
လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငယ် တစ်ခု ဖြစ်လာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင်ဦးထွန်းလွင်က မေလ ၂၀ ရက်နေ့က ခန့်မှန်းခဲ့သည်။

Mizzima - News in Burmese

အမေးကမ္ဘာ တွေးစရာ


မေး။ ကမ္ဘာ့ ပထမဆုံးတင့်ကားကို တီထွင်တာ ဘယ်နိုင်ငံလဲ၊ ဘယ်သူလဲ၊
ဘယ်အချိန်က ထွင်ခဲ့တာလဲ၊ ဘယ်လို အလုပ်လုပ်သလဲ။

ဖြေ။ မြန်မာပြည်မှာ တပင်ရွှေထီးက တောင်ငူခေတ်ဦး အေဒီ ၁၇ ရာစုဝန်းကျင်မှာ
ထွင်ခဲ့တာပါ။ ဆင်ပေါ် အမြောက် တင်ပြီး ပစ်တယ်ခင်ဗျ။ သည်တင့်ကားက
တောင်ပေါ်လည်းတက်နိုင်၊ တောလည်းတိုးနိုင်ပြီး မောင်းဖို့ဓာတ်ဆီလည်း
ထည့်စရာ မလိုဘူး။ ဆင်က သွားရင်းလာရင်း သူ့အစာသူ ရှာစားတယ်။

မေး။ ကမ္ဘာ့ ပထမဆုံးဝိုင်ယာလက်စ် တက္ကနိုလိုဂျီကို ဘယ်နိုင်ငံက
စသုံးခဲ့လဲ။ ဘယ်တုန်းက စလဲ။ ဘယ်လို အလုပ်လုပ်လဲ။
ဖြေ။ မြန်မာနိုင်ငံပါပဲ။ ပျူခေတ်ကတည်းကပါ။ ရန်သူလာရင် စည်တီးပြီး
အချက်ပေးရင်း ဆည်ချိုးချတဲ့နေရာမှာ သုံးခဲ့ပါတယ်။

မေး။ တယ်စွမ်းတဲ့မြန်မာတွေပဲ။ ကဲ သည်မြန်မာတွေ ခုဘာလုပ်လို့ ဘာဖြစ်နေလဲ။
ဖြေ။ ဆရာရော ခုဘာလုပ်နေလဲ။

မေး။ မေးတာ မဖြေဘဲ မင်းဘာစကား ပြောတာလဲ။ မင်း စော်ကားတာလား။ မင်း
မိုက်ရိုင်းလှချည်လား။

ရဲစတိုင်း
The Myanma Age

LG မှ လူနှင့် အပြန်အလှန် စကားပြော ပေးနိုင်သော ရေခဲသေတ္တာနှင့် မီးဖိုကို စတင် မိတ်ဆက်


ဆုမြတ်

LG ၏ စကားပြော ပေးနိုင်သော ၀န်ဆောင်မှုသစ် က ပိုင်ရှင်များ အနေဖြင့် ရေခဲသေတ္တာ အတွင်းရှိ ပစ္စည်းများကို သိနိုင်သလို ကုမ္ပဏီ မှနေပြီး အိမ်တွင်း အသုံးအဆောင် ကို လှမ်းထိန်းချုပ် နိုင်မည်ဖြစ်သည်။

အဆိုပါ နည်းပညာ ကို တောင်ကိုရီးယားတွင် သာ အသုံးပြု လို့ရနိုင် ဦးမည်ဖြစ်သော် လည်း LG အနေဖြင့် အမေရိကန်နှင့် တခြားသော နိုင်ငံ ဈေးကွက်များ ကိုပါ ချဲ့ထွင်နိုင်ရန် စီ စဉ်လျက် ရှိသည်ဟု လည်း သိရသည်။

Samsung ကလည်း ခေတ်မီ အိမ်သုံး ပစ္စည်း ၀န်ဆောင်မှုများ ပါဝင်သည့် လေအေးစက်၊ ရေခဲ သေတ္တာနှင့် အ၀တ် လျှော်စက်များကို ထုတ်လုပ် ရောင်းချ ခဲ့ပြီးဖြစ်သည်။သို့သော် ကျွမ်းကျင်သူများ ကမူ အဆိုပါ အသုံးအဆောင်များ သည် ၀င်ငွေကောင်း သည့် သုံးစွဲသူများ ကိုသာ စွဲဆောင် နိုင်စွမ်းရှိသည် ဟု ဆိုသည်။

LG ၏ Homechat အသုံး အဆောင်များ သည် သုံးစွဲသူများ ကို အာရှတလွှား ရေပန်းစား နေသည့် application တစ်ခုဖြစ်သည့် Line မှတဆင့် ဆက်သွယ် ပြောဆိုမည် ဖြစ်သည်။ အဆိုပါ ပစ္စည်းများကို ပင် ကိုယ်သံဖြင့် တောင်းဆိုမှုများ ကို နားလည်နိုင်ရန် ဒီဇိုင်း ပြုလုပ်ထား ကြောင်းလည်း သိရသည်။ရေခဲ သေတ္တာ၏ မျက်နှာကျက် တွင် ကင်မရာ တပ်ဆင် ထားသောကြောင့် ရေခဲသေတ္တာ စင်ပေါ်ရှိ ပစ္စည်းများ ကို ဓာတ်ပုံ ရိုက်ယူ နိုင်သည်။ရေခဲ သေတ္တာတွင် ရှုထောင်စုံ ကြည့်နိုင် သည့် ကင်မရာ တပ်ဆင် ထားသော ကြောင့် ရေခဲသေတ္တာ တံခါး အဖွင့် အပိတ် လုပ်တိုင်း စင်ပေါ်ရှိ ပစ္စည်း များကို ဓာတ်ပုံ ရိုက်ယူ နိုင်သည်။

ထို့ကြောင့် ယင်းက နောက်ဆုံး ရိုက်ယူ ထားသော ဓာတ်ပုံကို ပေးပို့ပေးခြင်း နည်းဖြင့် ပိုင်ရှင် သည် ဈေးဝယ် ထွက်စဉ် ၀ယ်ရန်ပစ္စည်း မေ့မမေ့ကို စစ်ဆေး နိုင်မည်ဖြစ် သည်။ ထို့ပြင် ရေခဲသေတ္တာ၏ Freshness Tracker ဆော့ဝဲလ်က သက်တမ်း ကုန်ဆုံးရက် ကျော်လွန် နေသော ပစ္စည်းများ ရှိမရှိ သတိပေး နိုင်မည် ဟုလည်း သိရသည်။

သို့သော် အဆိုပါ နည်းပညာကို သုံးရန် အတွက် ပိုင်ရှင်က ရေခဲ သေတ္တာတွင်း ပစ္စည်းထည့် ကတည်း က ပစ္စည်း တစ်ခုချင်းစီ၏ အကြောင်း ကို အသေးစိတ် ရိုက်ထည့် ထားပေးရန် လိုအပ်ကြောင်း သိရသည်။

အ၀တ်လျှော်စက် ကလည်း အ၀တ်စလျှော် တော့ဟု မက်ဆေ့ခ်ျ တစ်စောင်ပို့ပြီး အဝေးက နေခိုင်းစေ နိုင်သည် ဟု သိရသည်။

မီးဖိုကို လည်း ဟင်းလျာ အတွက် အကြံပြုချက်များ မေးမြန်း နိုင်ပြီး ရွေးချယ် ထားသော အစား အသောက် များအတွက် လိုအပ်သော အပူချိန်ကို ချိန်ညှိပေးရန် ခိုင်းစေနိုင် သည်ဟု လည်း သိရသည်။

သို့သော် အိမ်သုံးပစ္စည်းများ ကို အဝေးကနေ ထိန်းချုပ် နိုင်လေ လေ တစ်ပါးသူက ၀င်ရောက်ပြီး နောက်ပြောင် ကျီစားသည်မျိုး ဒုက္ခ ပေးခြင်းမျိုး လုပ်နိုင်မှုများ လာလေ လေ ဖြစ်သည်။

Source: BBC
The Messenger

တောလိုက်ရာမှ သားကောင်နှင့်မှားယွင်းပစ်ခတ်မိ၍ သေဆုံး


နေပြည်တော်၊ မေ ၂၁
၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ နားတုံကျေးရွာအရှေ့ဘက်တောထဲတွင် လူတစ်ဦး တူမီးသေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းအရ နမ့်စန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၎င်းကျေးရွာနေ စိုင်းစန္တာ(၃၅)နှစ်အား လက်ပြင်အောက်ဘေးတည့်တည့်၌ တူမီးသေနတ် ဒဏ်ရာ(၁)ချက်ရရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိရသည်။ စစ်ဆေးချက်အရ စိုင်းစန္တာသည် တစ်ရွာတည်းနေ စိုင်းကုန(၃၀)နှစ်နှင့်အတူ မေလ ၁၉ ရက်နေ့ ည ၈ နာရီခွဲအချိန်က တောလိုက်ရန်ထွက်ခွာသွားခဲ့ပြီး ည ၁၁ နာရီအချိန်တွင် စိုင်းကုနမှ စိုင်းစန္တာအား သားကောင်နှင့်မှားယွင်းပစ်ခတ်မိ၍ သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် စိုင်းကုနအား နမ့်စန်မြို့မရဲစခန်း(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထာကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

Mercedes-Benz ရဲ့ ကိုယ်ပျောက်ကား


ဖောက်သည်တွေရဲ့ စိတ်ဝင်စားမှုကို ခံယူချင်ယုံသက်သက်နဲ့ Mercedes-Benz ဟာ ပတ်ဝန်းကျင်နဲ့  သိပ်လိုက်လျောညီထွေဖြစ်မှာမဟုတ်တဲ့ ကိုယ်ပျောက်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ LED မီးလုံးတွေ အသုံးပြု ထားတဲ့ ဒီကားဟာ မာစီးဒီးစ်ရဲ့ ပထမဆုံး ကိုယ်ပျောက်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဒီမော်တော်ကားရဲ့ မောင်းသူဘက်ခြမ်းမှာ LED မီးလုံးတွေကို အပြည့်တပ်ဆင်ထားပါတယ်။ တဖက်ခြမ်းမှာ တပ်ဆင်ထားတဲ့ Canon EOS 5D Mark 2 ဒီဂျစ်တယ် SLR ကင်မရာက ကားရဲ့ တစ်ဖက်ခြမ်း ( ခရီးသည်ဘက်ခြမ်း) မှာ ရှိတဲ့ မြင်ကွင်းကို ဗီဒီယိုရိုက်ကူးပြီး မောင်းသူဘက်ခြမ်းမှာ တပ်ဆင်ထားတဲ့ LED တွေကနေ တဆင့် ပြန်လည်ပြသပါတယ်။ ဒီနည်းစနစ်က တစ်ဖက်က ကြည့်ရတဲ့ လမ်းသွားလမ်းလာတွေအဖို့ ထုတ်ချင်းဖောက်မြင်နေရသလို ဖြစ်ပြီး ကားကို အမြင်အာရုံမှာ မတွေ့ နိုင်တော့ဘဲ ကိုယ်ပျောက်စေတာပါ။ ဒီ ကိုယ်ပျောက်ကားဟာ မိုင်ပေါင်း ၂၅၀ အကွာအဝေးအထိ မောင်းနှင်နိုင်ပြီး မြင်းကောင်ရေ ၁၃၄ ကောင်အားရှိတဲ့ လျှပ်စစ်အင်ဂျင် တစ်လုံး တပ်ဆင် ထားပါတယ်။

Ref: Flixxy.com


သုတ်ထဲတွင် ချို့ယွင်းမှုရှိပြီး မျိုးမအောင်သော ယောင်္ကျားများ ငယ်ငယ်နဲ့ သေဆုံးနိုင်ခြေရှိ


သုက်ထဲမှာ ချို့ယွင်းချက်ရှိတာကြောင့် မျိုးမအောင်တဲ့ အမျိုးသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးဖို့ အန္တရာယ် အရမ်းများကြောင်း လေ့လာမှုသစ်တစ်ရပ်က ထုတ်ဖော်လိုက်ပါတယ်။

သုက်ထဲမှာ ပုံမှန်မဟုတ်တာ နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုတဲ့ အမျိုးသားတွေဟာ ရှစ်နှစ်ကျော်အချိန်ကာလအတွင်း သေဆုံးနိုင်ဖွယ်အလားအလာဟာ ပုံမှန်သုက်ရှိတဲ့ အမျိုးသားတွေထက် နှစ်ဆပိုများတယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

“ဆေးလိပ်သောက်တာ နဲ့ အ၀လွန်တာဟာ လူတစ်ယောက်ရဲ့ သေဆုံးနိုင်ဖွယ်အလားအလာကို နှစ်ဆမြင့်တက်စေပြီး၊ ဒီနှစ်မျိုးစလုံးကို လူတွေက အာရုံစိုက်ကြတယ်။ ဒါပေမဲ့ အမျိုးသားမျိုးမအောင်မှု ဟာလည်း ထိုနည်းတူ သေဆုံးနိုင်ဖွယ်အလားအလာကို နှစ်ဆမြင့်တက်စေတယ် ဆိုတာကို ကျွန်တော်တို့ ဒီမှာ တွေ့မြင်နေရတယ်။” လို့ Stanford တက္ကသိုလ်က မျိုးပွားအင်္ဂါ ရောဂါဗေဒ တွဲဖက်ပါမောက္ခ၊ လေ့လာမှုရဲ့ ဦးဆောင်စာတမ်းပြုသူ ဒေါက်တာ Michael Eisenbergက ပြောခဲ့ပါတယ်။

Ref:dailymail.co.uk
Trend Myanmar

ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ဇာတ်ကားတွေကို ပရိသတ် ဘာကြောင့် ကြိုက်ရလဲ


ပရိသတ် အကြိုက် ဇာတ်ကား များကို ဖန်တီး ရိုက်ကူးပေးတဲ့ ဒါရိုက်တာ များထဲက တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းကို ယနေ့ ရုပ်ရှင်လောက၊ ဗီဒီယိုလောကထဲ က ဖြစ်စဉ် များနှင့် ပတ်သက်ပြီး မေးကြည့်တော့…

“အခု အဓိကကတော့ မြန်မာ နိုင်ငံမှာ ဇာတ်ကားပေါင်း တစ် ထောင် ထွက် တယ်။ ဇာတ်ကားပေါင်း တစ်ထောင် အတွက် ဇာတ်လမ်း ပေါင်း တစ်ထောင် ဆိုတဲ့ ကုန်ကြမ်း က မရှိတဲ့ အပေါ်မှာ ရိုက်ကြတော့ ဆင်တူတာတွေ၊ အရင်ကားတွေ ပြန် ရိုက်၊ ကော်ပီတွေ ကူးဖြစ်လာမှာပဲ။ ကား တစ်ထောင်ပြည့်အောင် ဘယ် သူကမှ မဖန်တီးနိုင်ဘူး။ လုပ်ယူ ဖန်တီးရင် လည်း ဘယ်လိုမှ ကောင်း မှာမဟုတ်ဘူး။ ဒါကို ရုပ်ရှင် ဥပဒေ ရေးဆွဲတဲ့ အခါမှာ ထည့်သွင်း ရေးဆွဲ ဖို့ ပြောပေမယ့် ဘယ်သူမှ လက်မခံ ဘူး။ ငါ တို့လောကသားတွေ က တကယ်ပဲ တိုးတက်ချင် စိတ်မရှိ တော့ဘူးလား။ တကယ်ပဲ ငတ်နေကြ ပြီလား။ ပရိသတ် မျက်နှာကို မ ထောက်တော့ဘူးလား။ ကျွန်တော် လည်း မှီငြမ်း ကားရိုက်ပါတယ်။ ကွဲ ထွက်အောင် ကြိုးစားပြီး အချိန်ယူ ပြင်ဆင် တတ်ပါတယ်။ အဓိက ကတော့ ဈေးကွက်နောက် ကို လိုက်စရာ မလိုဘူး။ ပရိသတ် အကြိုက် လည်း ရိုက် စရာမလိုဘူး။ အနုပညာ ကို ကောင်း အောင်ရိုက်ရင် ပရိသတ်က ကြိုက်မှာ ပဲ။ အရင်က ကားအရေ အတွက် ဒီ လောက် မထွက်တော့ ဒီလောက် မပြော ကြဘူးပေါ့။ ကုန်ကြမ်းလည်း မရှားဘူးပေါ့” လို့ ပြောပြပါတယ်။

ဒါရိုက်တာ ဝိုင်းကားတွေမှာ ပရိသတ် တွေကြိုက်ကြတယ်၊ ဘာကြောင့်လို့ ထင်လဲလို့ မေး ကြည့်တော့..

“ကျွန်တော့် ကားတွေက ကား တိုင်းနီးပါး ပိုက်ဆံ ရတယ်ဆိုတာက ပရိသတ် ကြိုက်တဲ့ အနုပညာ ပါလို့ပဲ။ အစ်ကိုလည်း ပရိသတ် ကြိုက်တဲ့ အနု ပညာ မပါရင် ဒီရေ အတိုင်းပဲ ဆက် သွားမှာပဲ။ အခု ဗီဒီယို လောကမှာ ကိုယ့်ကိုယ် ကိုယ် ရိုက်တာ အနုပညာ တစ်ရပ်လို့ မခံစားဘူး။ ငတ်လို့ရိုက် တာ လို့ပဲ ခံစားရတယ်။ ဒါကြောင့် ဇာတ်လမ်းတွဲ ရိုက်မှာပါ။ အမှန် တရား အတွက် အမုန်းခံ သင့်ရင် ခံရ မှာပဲ။ ဘယ်နိုင်ငံမှာ ၇ ရက်နဲ့ ဇာတ် ကားတစ်ကား ရိုက်ဖူးလဲ။ ကိုယ့်လုပ် ရပ် မှန်လား၊ မှားလား ဆိုတာ အခု ပရိသတ်တွေ ဒဏ်ခတ်တာ ခံနေရပြီ။ ကိုရီးယားက နှစ်ပေါင်း ၃ဝ ကျော် ဒီဇာတ်လမ်းတွဲ ကို ကြိုးစားလာတယ်။ ကျွန်တော် တို့လည်း ကြိုးစား ဖို့လို တယ်။ ဒါပေမဲ့ ရုပ်ရှင် နဲ့ဗီဒီယိုမှာ ဗီဒီယိုကတော့ ဆင်ဆာ လွတ်လပ်ခွင့် အောက်မှာ သွားပေမယ့် ရုပ်ရှင်တွေ ကတော့ ဆင်ဆာ လွတ်လပ်ခွင့် အောက်မှာ မသွားသေးပါဘူး။ အချိန် တွေ အကြာကြီး စောင့်နေရ တုန်းပါ ပဲ။ မာယာပရောဂျက် ဆို လည်း နှစ်နဲ့ချီပြီး စောင့်ရတာပါ” လို့ ပြောပြခဲ့ပါတယ်။

ပညာပေး ဇာတ်ဝင်ခန်း တချို့နဲ့ ဆင်ဆာ လွတ်လပ်ခွင့်အပေါ် ပြည်သူ ပရိသတ်တွေ ရဲ့ ဝေဖန်မှုကို ဘယ်လို သုံးသပ်ပါသလဲ လို့ မေးကြည့်တော့

“ဥပမာ- မိန်းကလေးတွေ အရက် သောက်တာကို ဆင်ဆာမပေး ဘူး။ ယောက်ျားလေး တွေကို ပေး တယ်။ အစ်ကို ထောက်ပြချင်တာ က ယောက်ျား ဆိုတာ ဘုရားဆု ပန်တာ တောင် ရနိုင်တယ်။ သူကပိုပြီး မသောက် ရဘူး။ မှန်မှန်ကန်ကန် နေရမယ်။ ဒါကိုကြည့်ရင် ဆင်ဆာ ပေး မှာလား။ ယဉ်ကျေးမှု အရဖြတ်ပေမယ့် သေချာ စဉ်းစား သင့်တယ်။ မိန်းကလေး တွေ ကိုပိတ်ရင် ယောက်ျားလေးတွေ လည်း ပိတ်သင့်တာပေါ့။ ကျွန်တော် ကိုယ်တိုင် လွတ်လပ်ခွင့် ပေးထားတဲ့ ဒီဆင်ဆာကို ဘယ်သူမှ အသုံး မချ တတ်သေး ဘူး” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular Journal

ရန်ကုန်မှာ နေ့ ခင်းကြောင်တောင် ကားလုမှုဖြစ်ပေါ်


မေလ ၂၁ရက်နေ့ ၊ ၂၀၁၄ခုနှစ်

ဓါတ်ပုံထဲမှ တီးရှပ် ခဲရောင်နှင့် ပုဂ္ဂိုလ်မှာ Taxi သမားထံမှာ ကားကို လုပြေးလာသူဖြစ်ပါသည်။

ဆန္ဒပြပွဲများကြောင့် ကမ္ဘာ့ဖလားပွဲ ပျက်စီးမည်ကို ပီလီ စိုးရိမ်


ဇွန်လ ဘရာဇီးလ်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲဟာ ဆန္ဒပြပွဲတွေကြောင့် ပျက်စီးသွားမှာကို စိုးရိမ်တယ်လို့ ဘရာဇီလ်း ဂန္တ၀င် ကစားသမား ပီလီက ပြောဆိုလိုက်ပါတယ်။

ကမ္ဘာဖလား လက်ခံကျင်းပဖို့ အတွက် မြင့်မားတဲ့ ကုန်ကျစရိတ်ကြောင့် လူအတော်များများက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဘောလုံးကွင်းတွေအစား ကျောင်းတွေ ဆေးရုံတွေ ဆောက်လုပ်ပေးဖို့ လူတွေက တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဆန္ဒပြတဲ့သူတွေကို ကိုယ်ချင်းစာသလို နိုင်ငံခြားသား အတော်များများက ဆန္ဒပြပွဲကြောင့် ဘရာဇီးလ် ခရီးစဉ်ကို ပယ်ဖျက်နိုင်တဲ့ အတွက် တိုင်းပြည်အတွက် နစ်နာတယ်လို့ဆိုပါတယ်။

ပီလီဟာ ကမ္ဘာဖလား ကျင်းပရေး ကော်မတီရဲ့ အထူးအကြံပေး ဖြစ်ပြီး ဘရာဇီးလ်မှာ တချို့ဘောလုံးကွင်းတွေ ဆောက်လုပ်မပြီးတာကို စိုးရိမ်နေပါတယ်။

DVB Burmese 

မြန်မာနိုင်ငံတွင် စိတ်ကြွဆေးပြား ဖမ်းဆီးရရှိမှ ၁၀ ဆတက်


မြန်မာနိုင်ငံမှာ  မူးယစ်ဆေးဝါးနှစ်မျိုး  ဖမ်းဆီးရမှု  အလွန်အမင်းမြင့်တက်နေတာကြောင့် မူးယစ်ဆေးဝါးပပျောက်ရေးကို အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

မြန်မာပြည်မှာ ယာဘလို့ခေါ်တဲ့ စိတ်ကြွမူးယစ်ဆေးနဲ့ အိုက်စ်လို့ ခေါ်တဲ့ မူးယစ်ဆေး ဖမ်းဆီးရရှိမှု အရေအတွက်ဟာ အဆပေါင်းများစွာ တက်လာတယ်လို့ UNODC ရဲ့ မြန်မာပြည်ဆိုင်ရာ အစီအစဉ်ညှိနှိုင်းရေးမှူး ဦးထွန်းနေစိုးက ပြောပါတယ်။

“ရေခဲဆိုရင် ၂၀၁၂ နဲ့ ၁၃ ကြားမှာ ၁၃ ဆလောက် တတ်လာတယ်။ ပြီးတော့ ၂၀၁၂ မှာ မြန်မာနိုင်ငံမှာ ဖမ်းဆီးမိတဲ့ အရေအတွက်က မြန်မာနိုင်ငံမှာ ရေခဲဖမ်းမိရတဲ့ သမိုင်းတလျှောက်မှာ အမြင့်ဆုံးဖြစ်တယ်။ နောက်တခုက ရာဘ။ ဆေးပြားဖမ်းမိရတဲ့အရေအတွက်က ၂၀၁၀ ကနေဆိုရင် ၉ ဆလောက် တတ်လာတယ်။ ၂ သန်းကျော်ကနေ ၁၈ သန်းလောက် တက်လာတယ်။”

မြန်မာပြည်မှာ ၂၀၁၁ လောက်ကစပြီး စိတ်ကြွမူးယစ်ဆေး သုံးစွဲသူ သိသိသာသာ များပြားလာပြီး အရှေတောင်အာရှမှာ ယာဘနဲ့ ရေခဲဆေး ၂ ခုစလုံးရဲ့ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော် ရှိတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း နယ်စပ်ကနေ မူးယစ်ဆေးတွေ မကြာခန ဖမ်းဆီးရရှိနေပြီး ထိုင်းသတင်းတွေအဆိုအရ မြန်မာပြည်လမ်းကြောင်းဘက်က လာတယ်လို့ ညွှန်းဆိုနေကြပါတယ်။

ဒီနှစ်ထုတ် UNODC အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ စိတ်ကြွမူးယစ်ဆေး ထုတ်လုပ်ရာမှာ သုံးတဲ့  ထိန်းချုပ်ဓာတုဗေဒပစ္စည်း ဖမ်းဆီးရရှိမှုအရေအတွက် သိသိသာသာ တိုးမြင့်လာတယ်လို့ ရေးထားပါတယ်။ အာရှနှင့်မြောက်အမေရိကတို့မှာ စိတ်ကြွမူးယစ်ဆေး ဖမ်းဆီးရရှိမှု  စံချိန်တင်မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာပြည် အပါအ၀င် အာရှတိုက်မှာ စိတ်ကြွရူးသွပ်ဆေးများ အဲ့ဒီလို အဆက်မပြတ်ပျံ့နှံ့လာမှုက လူငယ် အများစုရှိတဲ့ လူမှုဝန်းကျင်ရှိ ကျန်းမာရေးစနစ်နဲ့ တရားစီရင်ရေးစနစ်တို့ကို တိုးပြီး စိန်ခေါ် လာနေတယ်လို့  သတိပေးထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဘိန်းအများဆုံးစိုက်တဲ့ နာမည်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပြီး နိုင်ငံသားတွေအကြား မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်နေပါတယ်။

DVB Burmese 

မန်ယူနည်းပြသစ် ကစားသမားသစ်ဝယ်ယူရန် ပေါင်သန်း ၂၀၀ အသုံးပြုခွင့်ရ


မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းက နည်းပြသစ် လူးဝစ် ဗန်ဂေါလ်ဟာ တနှစ် လစာငွေ ပေါင် ၆ သန်း ရရှိမှာ ဖြစ်သလို အသင်းအတွက် ကစားသမား ၀ယ်ယူဖို့ ပေါင် သန်း ၂၀၀ အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဗန်ဂေါလ် ဂျာမန် လက်ရွေးစင် ခံစစ်မှုး မတ်စ်ဟမ်မဲလ်စ်၊  ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ တိုနီခရူးစ်၊ အာယန်ရော်ဘန်နှင့် တိုက်စစ်မှူး မာရီယို မန်ဇူကစ်နဲ့ ဘာစီလိုနာက ဆက်စ်ဖာ ဘရီဂတ်စ်တို့ကို ကမ်းလှမ်းနိုင်တယ်လို့လည်း သတင်းတွေက ရေးပါတယ်။

သူကို မန်နေဂျာ အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် မန်ချက်စတာ ယူနိုက်တက် အသင်းက ဂိုးသမားဟောင်း ရှမိုက်ကယ်နဲ့ ဗန်ဒါးဆားတို့က ချီးကျူးလိုက်ပါတယ်။

DVB Burmese 

မန္တလေး လျှပ်စစ်ဝန်ထမ်းအိမ်ရာ လူသတ်မှု ရှစ်လကျော်ကြာအထိ အမှုမှန်မပေါ်


မန္တလေး၊ မေ ၂၀

မန္တလေးမြို့တော်တွင် လူသတ်မှု အပါအဝင် ခိုးမှု၊ လုယက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် အနုကြမ်းစီး လူသတ်မှုနှင့် ပတ်သက်၍ ရှစ်လကျော်ကြာသည်အထိ အမှုမှန် မပေါ်ပေါက်သဖြင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး စီမံရေးရာဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ စီမံရေးရာဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးမြသောင်းက The Voice သို့ ပြောကြားသည်။

“ရှစ်လကြာပြီ အခုထိမပေါ်ဘူး။ ဒီအပတ်အတွင်း လျှပ်စစ်ဝန်ကြီးကိုရော၊ နယ်စပ်လုံခြုံရေး ဝန်ကြီးကိုရော ထပ်တိုင်ကြားဖို့ အစီအစဉ် ရှိတယ်။ အခုဟာက တိုင်းရုံးအတွင်းမှာရှိတဲ့ ဝန်ထမ်းအိမ်ရာတွေမှာ လူတွေက ကြောက်ကြောက်လန့်လန့် နေထိုင်နေရတယ်။ လုံခြုံရေး ၂၄ နာရီပေးထားရတယ်၊ CCTV လေးလုံး တပ်ထားရတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံးဝင်းအတွင်းရှိ အရာရှိ ဝန်ထမ်းအိမ်ရာ လေးထပ်တိုက် အဆောက်အအုံ အခန်းအမှတ် (ဘီ-၈)ရှိ လက်ထောက် အင်ဂျင်နီယာ ဒေါ်မိုးသူဇာ၏ အခန်းတွင် အိမ်အကူဖြစ်သူ ဒေါ်အေးလေး အသက် ၆၃ နှစ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့၌ လည်ပင်းညှပ်ရိုး၊ ရင်ညွန့်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ငွေကျပ်ငါးသိန်း၊ ရွှေတစ်ကျပ်သား ဆွဲကြိုးတစ်ကုံး၊ စိန်ဆွဲသီးတစ်လုံး၊ စိန်လက်စွပ်တစ်ကွင်း၊ ပုလဲနားကပ်တစ်စုံ၊ ကလေးလက်စွပ် တစ်ကွင်း ပျောက်ဆုံးခဲ့ကြောင်း ယင်းအိမ်တွင် နေထိုင်သူ ဒေါ်မိုးသူဇာ၏ ဖခင်ဦးမြမောင်က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့တွင် အမှုဖွင့်ခဲ့သော်လည်း မေလ ၂၀ ရက်နေ့တိုင် အမှုမှန် ပေါ်ပေါက်မှု မရှိသဖြင့် အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၏ လုံခြုံရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များ ၂၄ နာရီချထား ဆောင်ရွက်နေရသဖြင့် အမှုမှန် အမြန်ပေါ်ပေါက်စေရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ထံသို့ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ထပ်မံရှင်းပြသည်။

ယင်းနှင့်ပတ်သက်ပြီး သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားသော အမှတ် (၈) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါအမှုကို ဆက်လက်စုံစမ်း ဖော်ထုတ်နေဆဲ ဖြစ်ကြောင်း စခန်းတာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားသည်။

The Voice Weekly

ကျောက်ဆည်မြို့နယ်တွင် ဖယောင်းတိုင်မီးမှ မီးလောင်မှုဖြစ်ပွား၊ ၆နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး


ကျောက်ဆည်၊ မေ ၂၁
ကျောက်ဆည်မြို့နယ်၊ တောင်နံသာရပ်ကွက်တွင် မေလ (၂၀) ရက် ည (၉း၂၇) နာရီတွင် ဖယောင်းတိုင်မီး ဆော့ရာ ခြင်ထောင်မီးစွဲမှုမှတဆင့် နေအိမ်မီးလောင်သောကြောင့် မချောစုလင်း အသက် (၆) နှစ်အရွယ်

မိကျောင်းကန်သပိတ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်သဖြင့် ဆန္ဒဖော်ထုတ်


နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်သည့် ခေါင်းဆောင် ဦးစိန်သန်းကို ဖမ်းဝရမ်း
ထုတ်ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် လသာစည်ပင်တရားသူကြီးရုံးရှေ့တွင် သပိတ်စခန်းဖွင့်လှစ်သူများက
လူအင်အား ၈၀ ခန့်ဖြင့် မေ ၂၁ ရက်၊ နံနက်က ဆန္ဒဖော်ထုတ်လိုက်ကြသည်။

မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် ဆူးလေ မြို့တော်ခန်းမှရှေ့မှ စတင်ကာ မဟာဗန္ဓုလလမ်းအတိုင်း
လမ်းလျှောက်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

သပိတ်စခန်း ဖွင့်လှစ်ထားသည့်နေရာတွင် တဲထိုးပြီး အဆောက်အဦ ဆောက်သည့်အတွက် သပိတ်ခေါင်းဆောင်
ဦးစိန်သန်းကို စည်ပင်ဥပဒေအရ ပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုထားပြီး ရုံးချိန်းကို မေ ၂၁ရက် ပေးထားသော်လည်း
ယင်းမတိုင်မီ ဦးစိန်သန်းကို ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု ကာယံရှင်ကိုယ်တိုင်က ဆိုသည်။

"ကျန်းမာရေးမကောင်းလို့ ဆေးရုံကြီးက ဆေးစာနဲ့ ခွင့်သွားတင်ထားတယ်။ တရားသူကြီး ဒေါ်ဌေးဌေးဝင်းက
၂၁ ရက်နေ့ ရုံးချိန်းပေးတယ်။ ပေးပြီးမှ ဘယ်လိုဖြစ်လဲမသိဘူး ကျောက်တံတားရဲစခန်းက ရုံးချိန်းပျက်ကွက်မှုနဲ့
ဖမ်းဝရမ်းထုတ်ခဲ့တယ်”ဟု ဆိုသည်။

ဦးစိန်သန်းသည် လသာစည်ပင်တရားရုံးသို့ မေ ၂၁ ရက်ရုံးချိန်းတွင် သွားရောက်ခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လွတ်ခဲ့ကာ
မေ ၂၉ ရက်တွင် ၎င်းကို ရုံးချိန်း ပြန်ခေါ်ထားသည်။

“တရားရုံးကနေပြီး ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်ကို လည်းကောင်း မချမှတ်ရသေးဘူး။ သက်သေစစ်ပြီးမှ
ပြစ်ဒဏ်တစ်ခုပေးမယ်။ အခုရုံးချိန်းမှာ ခံဝန်နဲ့ပဲ ပြန်လွှတ်လိုက်တာ။ ဖမ်းဝရမ်းထုတ်တာကို ရုတ်သိမ်းပေးခဲ့တယ်” ဟု
ဦးစိန်သန်းက ဆိုသည်။

ဒေါ်စောစန္ဒာက “ရုံးချိန်းမပျက်ဘူး။ တရားရုံးကို ခေါင်းဆောင် ကျန်းမာရေးမကောင်းလို့ ခွင့်သွားသွားတင်တယ်။
အခု ရုံးချိန်းပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်တော့ မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာ ”ဟု ပြောသည်။

မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် တူညီဝတ်စုံများဝတ်ဆင်ပြီး လမ်းလျှေက်ခဲ့ရာ လသာနှင့် ပန်းဘဲတန်းရဲစခန်းမှ
ခွင့်ပြုချက်ယူရန် လမ်းတွင်သတိပေးခဲ့သည်။

မိကျောင်းကန်သပိတ်စခန်း တတိယအကြိမ် ဖွင့်လှစ်ခြင်းကို မတ်လ ၂၄ ရက်က မဟာဗန္ဓုလပန်းခြံဘေး၊
ရန်ကုန်တရားရုံးရှေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ယခုချိန်အထိ ဖွင့်လှစ်ထားသည်မှာ ၃လ ခန့်ရှိပြီး ဖြစ်သည်။


Mizzima Burmese 

ကမ္ဘာ့ဖလားမပြီးမချင်း ကစားသမားသစ်ခေါ်မည်မဟုတ်ဟု မော်ရင်ဟိုပြော


အင်္ဂလန် ပရီးမီးယားလိဂ်က ချယ်ဆီးလ် ဘောလုံးအသင်း မန်နေဂျာ ဂျိုဆေးမော်ရင်ဟိုကတော့ ကမ္ဘာဖလား မပြီးမချင်း ကစားသမားတဦးတယောက်မှ လတ်မှတ်ရေးထိုးစာချုပ်ချုပ် ခေါ်ဆိုသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မော်ရင်ဟိုက အသင်းရဲ့ လက်ရှိ ရှေ့တန်း တိုက်စစ်မှူးတွေရဲ့ ကျဆင်းနေတဲ့ ဂိုးသွင်း စွမ်းရည်ကြောင့် ရှေ့တန်း တိုက်စစ်မှူးတဦးကို ဈေးကွက်မှာ ရှာဖွေဖို့ လိုတယ်ဆိုတာ အစောပိုင်းတုန်းက ၀န်ခံပြောဆိုထားပါတယ်။

ကမ္ဘာဖလားမှာ အသင်းတခုရဲ့ တုံ့ပြန်မှုနဲ့ တခုခုဖြစ်တာကို လူတွေက စောင့်နေမယ်လို့ ထင်မြင်ကြောင်းနဲ့ ချယ်ဆီးလ်အသင်းရဲ့ အခြေခံ တည်ဆောက်ပုံ ကတော့ အတူတူဖြစ်နေမှာဖြစ်ပြီး ရာသီရဲ့ ရာလဒ်အပေါ်အခြေခံပြီး ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ဖို့ မလိုဘူးလို့ သူက ပြောပါတယ်။

ချယ်ဆီးလ်အသင်းဟာ အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို တနှစ် စာချုပ် လက်မှတ်ရေးထိုးခဲ့ပေမယ့် နောက်ခံလူ အက်ရှ်လေကိုးကိုတော့ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိဘဲ ရာသီသစ်အတွက် အစီအစဉ်တွေကို စတင်နေပါတယ်။

အက်ရှ်လေကိုးကလည်း စာချုပ်သစ် ကမ်းလှမ်းခြင်းမရှိတဲ့အတွက် ချဲလ်ဆီး အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေသလို ပြင်သစ် မိုနာကို၊ စပိန် ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်က လီဗာပူးလ်အသင်းတို့က သူ့ကို ရရှိရေး ကြိုးပမ်းနေတယ်လို့ သတင်းတွေက ရေးပါတယ်။

ဒါ့အပြင် အသက် ၃၆ နှစ်အရွယ် ချယ်ဆီးလ်ကွင်းလယ်လူ လမ်းပတ်ကလည်း အသင်းမှာ ဆက်ရှိရေး မရှိရေး ဆုံးဖြတ်ချက်မချရသေးဘဲ ကမ္ဘာဖလားကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

DVB Burmese 

အချစ်ရေးကို လျှို့ဝှက်ထားသည့် ရဲရင့်အောင်နှင့်တွေ့ဆုံခြင်း


မိုးသူ

ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ပါးစပ်ဖျားပေါ်မှာ တမ်းတမ်းစွဲဖြစ်နေတဲ့ လွမ်းလွန်းလို့သေနိုင်တယ် ဆိုတဲ့ ကောင်ချောလေးကို မိန်းကလေးတွေ သဘောကျ နှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်။ အခုလည်း မင်းသမီးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ် ဆိုပြီးထွက်ပေါ် လာတဲ့အပြင် သူ့ရဲ့အချစ်ရေးကိုလည်း လျှို့ဝှက်ထားတယ် လို့သိရတာမို့မဇ္စျိမက တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

မေး ။ ။ အချစ်ရေးနဲ့ ပတ်သက်ပြီးလျှို့ဝှက်ထားတယ်ဆို......
ဖြေ ။ ။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် လျှို့ဝှက်ထားတာတော့ရှိပါတယ်။

မေး ။ ။ မင်းသမီးတစ်လက်နဲ့ နာမည်ထွက်နေတာက အမှန်ဘဲလား။
ဖြေ ။ ။ မင်းသမီးတစ်လက်နဲ့ နာမည်ထွက်နေတာက ဒီလိုပါ။ မဂ္ဂဇင်းတစ်ခုမှာ ဓာတ်ပုံရိုက်ဖို့ အတွက် အဲဒီနေ့ ကို ကျွန်တော်က အားပေး ထားတယ်။ သူကလည်း အားတယ်။ အဲဒီနေ့ကို ဓာတ်ပုံရိုက်တယ်။ ရိုက်နေရင်းနဲ့မှ ကျွန်တော့်ကို ဓာတ်ပုံရိုက်ချင်တယ် ဆိုပြီးနောက်ထပ် မဂ္ဂဇင်းတစ်ခုက ထပ်ကမ်းလှမ်းတယ်။ အဲဒီနေ့ကိုလည်း သူနဲ့ဘဲ ထပ်ချိန်းလိုက်မိတယ်။ နောက်တစ်ခု ကိုလည်းအဲဒီလိုဘဲ။ အဲဒီတော့ သုံးခုကိုတစ်ရက်ထဲ မှာရိုက်လိုက်မိတယ်။ အဲဒီဟာတွေကလည်း ချစ်သူများနေ့ အတွက်ကာဗာ ဖြစ်နေတယ်။ အဲဒါကို ပရိတ်သတ်တွေက လိုက်တယ်လို့ ပြောကြတယ်။ ဒါပါဘဲ။

မေး ။ ။ ဖေ့ဘုတ်မှာ ရေးထားတဲ့ စတေးတပ်က.........။
ဖြေ ။ ။ ဖေ့ဘုတ်မှာ ရေးထားတဲ့ ကိုယ်တစ်ပင်ထဲရင်ထဲကနွယ်က သီချင်းပါးစပ်ထဲ စွဲနေလို့ ရေးထားတာပါ။ ဘာမှမဟုတ်ပါဘူး။

မေး ။ ။ ဒါဆိုရင် နှစ်ယောက်စလုံးမှ ဘာမှမပတ်သက်ဘူးလို့ ပြောချင်တာလား။
ဖြေ ။ ။ အဲဒီလိုဖြေလိုက်ရမလား။ (ရယ်လျက်) အင်းဟုတ်တယ်။ အေးအေးဆေးဆေး လို့ဘဲပြောချင်ပါတယ်။ ကျွန်တော်က အချစ်ကြီးတဲ့ လူတွေထဲမှာ ပါပါတယ်။

မေး ။ ။ တစ်ခြား လျှို့ဝှက်ထား တာကော ရှိသေးလား။
ဖြေ ။ ။ တစ်ခြားလျှို့ဝှက် ထားတာကတော့ကျွန်တော် တစ်ကိုယ်တော် အခွေလုပ်နေပါတယ်။အဲဒါကိုတော့ ပရိတ်သတ်တွေ သိပါတယ်။ အဲဒီအထဲမှာ ကျွန်တော် ထူးထူးခြားခြားလေး တွေလုပ်ပြချင် တာရှိတယ်။ အဲဒါကိုတော့ ပရိတ်သတ်တွေကို မပြောပြထားပါဘူး။ သီချင်းကတော့ ပေါ့ နဲ့ ဟစ်ဟော့ တွေပါမယ်။ ထူးထူးဆန်းဆန်း လုပ်ပြဖို့ စီစဉ်ထားပါတယ်။

မေး ။ ။ ဘယ်တော့လောက်ထွက်ဖြစ်မလဲ။
ဖြေ ။ ။ ဒီအခွေကို သြဂုတ်လထဲမှာ ထွက်ချင်ပါတယ်။ သြဂုတ်၁၈ရက်မှာ ထွက်ချင်တာက ကျွန်တော့် မွေးနေ့ ဖြစ်လို့ပါ။ မီအောင် လုပ်နေပါတယ်။ အတတ်နိုင်ဆုံးတော့ မြန်အောင်လုပ်မှာပါ။

မေး ။ ။ Audio အနေနဲ့ အရင်ထွက်မှာလား။
ဖြေ ။ ။ Audioအနေနဲ့ဘဲ ထွက်မှာပါ။ ခေါင်းစဉ်ကတော့ စဉ်းစားဆဲပါဘဲ။

မေး ။ ။ ထူးထူးခြားခြားလေးတွေလုပ်ပြမယ်ဆိုတာက ဘယ်မှာပါမှာလဲ။
ဖြေ ။ ။ ထူးထူးခြားခြား ကတော့ Audioထဲမှာ ဘဲဖြစ်မယ်ထင်တယ်။ သီချင်းခွေ၊ အခွေကာဗာပေါ် ၊ ဒါမှမဟုတ်လက်ဆောင် တစ်ခုခု ပေါ့။ ဒါပေမယ့် ကျွန်တော်ထင်တာ ကတော့ သီချင်းထဲမှာဘဲဖြစ်မယ် ထင် ပါတယ်။ မကြားဖူးတဲ့ သီချင်းတွေလိုမျိုးပေါ့။နောက်ပြီးတော့ သူကဒီလို အကြောင်းအရာ မျိုးတွေသီဆို ပါလားပေါ့၊ ပရိတ်သတ်တွေ ရင်ထဲမှာတစ်ခုခု ခံစားသွားရအောင်ပေါ့။ အဲဒီလိုမျိုး လုပ်ဖြစ်မှာပေါ့။

မေး ။ ။ တေးရေးတွေ ကကော ဘယ်သူတွေပါလဲ။
ဖြေ ။ ။ တေးရေးတွေ ကတော့လောလောဆယ် ကျွန်တော်တစ်ယောက်ထဲဘဲ ရေးနေပါတယ်။

မေး။ ။ ဘဝလက်တွဲဖော် အတွက် ဘယ်လိုလူမျိုးကို ရွေးချယ်မလဲ။
ဖြေ။ ။ ကျွန်တော့်ဘဝ လက်တွဲဖော်အတွက် ရွေးချယ်မယ်ဆိုရင် ၊ ကိုယ့်အပေါ် နားလည်ပေးရမယ်။ သစ္စာရှိ ရမယ်။သစ္စာရှိမယ် ဆိုရင် သူက ဘယ်လောက်ဘဲ ဆိုးဆိုးကိုယ်က နားလည်ခွင့်လွှတ်ပေး လို့ရပါတယ်။ သစ္စာရှိ တာက အဓိကပါဘဲ။ အရင်အချစ်ရေးနဲ့ ပတ်သက်ပြီး တော့ကတော့ အေးအေး ဆေးဆေး ဖြစ်သွားပါပြီ။

မေး ။ ။ ရွေးချယ်မယ့် မိန်းကလေးကကော အနုပညာ အသိုင်းအဝန်းကလား။ အပြင်ကလား။
ဖြေ ။ ။ ဒါက အကန့်အသတ်တော့ မရှိပါဘူး။ ကိုယ့်အပေါ် နားလည်ပေးမယ်ဆိုရင် သစ္စာရှိမယ် ဆိုရင်တော့ အပြင်ကဘဲဖြစ်ဖြစ် ၊ အထဲကဘဲဖြစ်ဖြစ် ကျွန်တော့်နဲ့ အဆင်ပြေမှာပါ။အခုလက်ရှိ ကတော့ တစ်ယောက်တည်းပါဘဲ။

Mizzima Burmese

ပုဂ္ဂိုလ်စွဲမရှိဘဲ မျှတစွာ ဒိုင်လုပ်နေဟု ဆုန်သင်းပါရ်ဆို


မေနှင်းကြည်

အိမ်မက်ဆုံရာ Season 9 တွင်ဒိုင်အဖြစ် ဆောင်ရွက်နေသည့် အဆိုတော်ဆုန်သင်းပါရ် ကပြိုင်ပွဲဝင်များကို အမှတ်ပေးသည့် အခါတွင် ပုဂ္ဂိုလ်စွဲမရှိပဲ မျှတစွာ အမှတ်ပေးလျက် ရှိသည်ဟု မဇ္စျိမသို့ ပြောကြား လိုက်သည်။

“အစ်မက အဆိုတော်ဆိုတော့ အသံကို အဓိကထားတယ်။ဒါပေမယ့် ကပြဖျော်ဖြေ တာမျိုးသိပ် မလုပ်တတ် ဘူး”ဟု ၎င်းကပြောသည်။

အဆိုတော် ဆုန်သင်းပါရ်သည် အဆိုတော် တစ်ယောက် ဖြစ်သော်လည်း ကပြဖျော်ဖြေမှု(Performance) နှင့် သီချင်းသီဆိုမှုဖြင့် လိုက်ဖက်ခြင်းကို ကြည့်ကာ အမှတ်များကို ပေးနေခြင်းဟုပြောသည်။

ယင်းသို့ အမှတ်ပေးရာတွင် အိမ်မက်ဆုံရာ မှချမှတ်ထားသည့် စည်းကမ်းချက် အမှတ်ပေးစည်းမျဉ်း နှင့် အညီ အမှတ်များကို ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အဆိုပြိုင်ပွဲ၊မော်ဒယ်ပြိုင်ပွဲများနှင့် တခြားသော ပြိုင်ပွဲများသည်လည်း အများအပြား ထွက်ပေါ်နေသော်လည်း ပြိုင်ပွဲတချို့တွင် ဒိုင်များသည် ပုဂ္ဂိုလ်စွဲပေးခြင်းများနှင့် ပြိုင်ပွဲဝင်တချို့၏ လာဘ်လာဘ လက်သိပ်ထိုးခြင်း များကြောင့် မမျှတသည့် ပြိုင်ပွဲများသည်လည်း ယနေ့ချိန်ထိ ရှိနေဆဲပင်ဖြစ်သည်။ အများအားဖြင့် တွေ့ရှိ ရခြင်း သည် မော်ဒယ်ရှိုးပွဲများ တွင်တွေ့ရများသည်ဟု ပြိုင်ပွဲ အများအပြားတွင် ဝင်ရောက် ယှဉ်ပြိုင်ကြ သူများကပြောသည်။

နိုင်ငံတကာတွင် အဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာတွင် အဆိုနှင့် အက တွဲဖက်လုပ်ပြီး ပြိုင်ပွဲဝင်များ အနေဖြင့် ယှဉ်ပြိုင်ကြသည်က များပြီး အိမ်မက်ဆုံရာပြိုင်ပွဲ သည်လည်း ယင်းကဲ့သို့ ကျင်းပပြုလုပ် လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ တွင်ယင်းပြိုင်ပွဲသည် အကအလှအပများနှင့် ဇာတ်လမ်းပုံစံများကို ဆင်ပြီး အဆိုဝါသနာရှင်များ ယှဉ်ပြိုင်လာကြသော်လည်း ပရိသတ် အများစု၏ ဝေဖန်ခြင်းကို ခံရသည့်ပြိုင်ပွဲ ဖြစ်လို့နေသည်။

အိမ်မက်ဆုံရာပြိုင်ပွဲတွင် ဒိုင်လုပ်နေသည့် အဆိုတော်ဆုန်သင်းပါရ်က ပြိုင်ပွဲများတွင် ရှေ့အဆိုတော်များ၏ သီချင်းများကို သိဆို ကြသော်လည်း ပြိုင်ပွဲပြီးစီး သွားပါက ကိုယ်ပိုင်သီချင်း များ ရှိရန် ကြိုးစားသင့် သည်ဟု ပြောသည်။

ယင်း အဆိုပြိုင်ပွဲတွင် အဆိုတော်များ၏ သီချင်းများကို အများအပြား သီဆိုလျက်ရှိရာ ရှေ့အဆိုတော်များ၏ ခွင့်ပြုချက်ကို မတောင်းခဲ့ခြင်းကြောင့် မျိုးဆက်သစ် အဆိုရှင်များကို တရားစွဲ ဆိုသည်အထိ ရှိခဲ့ကြသည်။

အဆိုတော် ဆုန်သင်းပါရ်သည် စတုတ္တ အယ်ဘမ်ဖြစ်သည့်“အသစ်” စီးရီးကို အမ်တီဗီ ထွက်ရှိ ရန် ချောင်းသာ၌ ဒါရိုက်တာလူမင်းခေါင်နှင့် သီချင်း၆ပုဒ် ကို ရိုက်ကူး ပြီးပြီဖြစ်သည်။

ဆုန်သင်းပါရ်သည် ၂ဝဝဝခုနှစ်တွင် ဂီတလောကသို့ဝင်ရောက်ခဲ့ပြီး ကိုယ်အကြောင်းနဲ့ကိုယ်၊ ဆက်ရန်၊ မင်းကို ၊ စတုတ္တစီးရီးဖြစ်သည့် “ အသစ်”အယ်ဘမ်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် Forever ထုတ်လုပ်ရေး မှ ထွက်ရှိ ခဲ့သူဖြစ်သည်။

အကြင်နာစစ်ရင် ၊ ကမ္ဘာကြီးကကျဉ်းတယ်ဆိုပေမယ့် နှင့် ချယ်ရီမြို့ စသည့် သီချင်းများသည် ဆုန်သင်းပါရ်၏ အအောင်မြင်ဆုံး သီချင်းများဖြစ်သည်။

Mizzima Burmese

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားသူကြီးက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင်

မေ ၂၀ ရက် ရုံးချိန်းအပြီး မီဒီယာအချို့၏မေးမြန်းမှုကို ဖြေကြားနေသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

ယခုနှစ် ဇန်န၀ါရီ ၂၅ ရက်က ယူနတီဂျာနယ်တွင် ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံသတင်း ဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူ ခရိုင်တရားသူကြီးက လက်ရှိတရားစွဲဆိုထားသော ပုဒ်မဖြင့် စွဲချက်တင်ရန် အမိန့်ချခဲ့သည်။

မေ ၂၀ ရက် (၁၀) ကြိမ်မြောက်ရုံးချိန်း ဒုတိယနေ့တွင် ပခုက္ကူခရိုင်တရားသူကြီး ဦးမောင်မောင်ဌေးက အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းသည် ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအတွင်းရှိ နိုင်ငံ၏ ကာကွယ်ရေးအစီအမံနယ်မြေအဖြစ် သတ်မှတ်ထားသော အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအတွင်းသို့ ၀င်ရောက်ကြည်ရှုသည့် ကိုစည်သူစိုး၊ ကိုရာဇာဦးတို့နှင့်အတူပြန်သွားပြီး ၎င်းကိုယ်တိုင်စက်ရုံအနီး ချဉ်းကပ်ခဲ့ခြင်း၊ ဂျာနယ်တိုက်တာဝန်အရှိဆုံးသူဖြစ်ခြင်းနှင့် သတင်းထုတ်ဖော်ပြခြင်းတို့သည် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ရှိသည့်အတွက် ရာဇ၀တ်မှု ပြစ်ဒဏ်စီရင်ထိုက်သည်ဖြစ်၍ ရုံးတော်မှစစ်ဆေးအပြစ်ပေးနိုင်ရန် တရားစွဲဆိုထားသော ပုဒ်မ ၃(၁)(က)/၉ ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့သည်။

စွပ်စွဲခံရသူငါးဦးစလုံးက မိမိတို့တွင် အပြစ်မရှိကြောင်း၊ မိမိတို့သည် သတင်းသမားဖြစ်ကြောင်း၊ သူလျှိုများမဟုတ်ကြောင်း၊ အများပြည်သူသိပိုင်ခွင့်အတွက် သတင်းရယူရေးသားခြင်းဖြစ်ကြောင်း၊ ပြည်သူနှင့် နိုင်ငံတော်အကျိုးအတွက် လယ်ယာမြေသိမ်းဆည်းခံရမှုများအား ဒေသခံများ၏ ပြောကြားချက်အရဖော်

ထုတ်ရေးသားခြင်းဖြစ်ကြောင်း . . .

စက်ရုံအတွင်းသို့ ၀င်ရောက်ကြည်ရှုခဲ့သည့် ကိုစည်သူစိုး၊ ကိုရာဇာဦး၊ စက်ရုံအနီးမှ ဓာတ်ပုံရိုက်ကူးသည့် ကိုပိုင်သက်ကျော်နှင့် သတင်းရေးသားပေးပို့သူ ကိုလူမော်နိုင်တို့သည်လည်း နိုင်ငံ၏ ကာကွယ်ရေးအစီအမံနယ်မြေအဖြစ် သတ်မှတ်ထားသောအမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအတွင်းသို့ ၀င်ရောက်ကြည်ရှုခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ ချဉ်းကပ်ခြင်းနှင့် အားပေးကူညီခြင်း တို့ကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ရှိသည့်အတွက် ရာဇ၀တ်မှုပြစ်ဒဏ် စီရင်ထိုက်သည်ဖြစ်၍ ရုံးတော်မှ စစ်ဆေးအပြစ်ပေးနိုင်ရန် တရားစွဲဆိုထားသော ပုဒ်မ ၃ (၁) (က)/၉ ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့သည်။



မေ ၂၀ ရက် ရုံးချိန်းအပြီးတွင် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းတို့အား ပခုက္ကူခရိုင်တရားရုံးအတွင်းမှ ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ်

စွပ်စွဲခံရသူငါးဦးစလုံးက မိမိတို့တွင် အပြစ်မရှိကြောင်း၊ မိမိတို့သည် သတင်းသမားဖြစ်ကြောင်း၊ သူလျှိုများမဟုတ်ကြောင်း၊ အများပြည်သူသိပိုင်ခွင့်အတွက် သတင်းရယူရေးသားခြင်းဖြစ်ကြောင်း၊ ပြည်သူနှင့် နိုင်ငံတော်အကျိုးအတွက် လယ်ယာမြေသိမ်းဆည်းခံရမှုများအား ဒေသခံများ၏ ပြောကြားချက်အရ ဖော်ထုတ်ရေးသားခြင်းဖြစ်ကြောင်း၊ သတင်းထောက်များအား နိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုသည်မှာ ပြည်သူကိုရန်သူကဲ့သို့ သဘောထား၍ သတင်းလွတ်လပ်ခွင့်အား ပိတ်ပင်ခြင်းဖြစ်ကြောင်း ရုံးတော်သို့ ထုချေလျှောက်ထားခဲ့သည်။

ပခုက္ကူခရိုင်တရားသူကြီးကလည်း စွပ်စွဲခံရသူငါးဦးအား ယခုပုဒ်မဖြင့် စွဲချက်တင်သည်မှာ ပြစ်ဒဏ်ပေးရန် မဟုတ်သေးကြောင်း၊ ဦးတင်ဆန်းအပါအ၀င် သတင်းထောက်များသည် စက်ရုံးတွင်းသို့ ချဉ်းကပ်ခြင်း၊ ကျော်ဖြတ်ခြင်း၊ ၀င်ရောက်ကြည်ရှုခြင်း ၊ စစ်ဆေးခြင်း၊ သတင်းရေးသား ထုတ်ဝေခြင်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ရှိသည်ဟုယူဆ၍ မိမိအနေနှင့် စွဲချက်တင်ခြင်းဖြစ်ကြောင်း၊ စွပ်စွဲခံရသူများဘက်မှ ၎င်းအတွက် ပြန်လည်ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ချက်အား မကျေနပ်ပါက အထက်အဆင့်ဆင့်သို့ အယူခံဝင်နိုင်ကြောင်းလည်း ပြောကြားသည်။

“ပိုက်နက်တစ်ခုတည်းကို ၀င်တဲ့ပြဿ     နာပါ။ ကာကွယ်ရေးအစီအမံအရ ၁၉၂၃ ခုနှစ် ငြိပါတယ်ဆိုပြီး တလွဲတချော် ဘာသာပြန်ထားတဲ့ တရားဝင်မဟုတ်တဲ့ ဘာသာပြန်စာအုပ်ကို တရားရုံးနဲ့ နိုင်ငံတော်ဥပဒေ၀န်ထမ်းက ကိုးကားပြီး စွဲချက်ခဲ့တာ။ ဒီဥပဒေက ၁၉၂၃ ခုနှစ်မှာ အင်္ဂလိပ်လိုရေးခဲ့တဲ့ ဥပဒေ။ Any work of defence ကို သူတို့ကိုးကားတဲ့ ဘာသာပြန်စာအုပ်မှာကိုပဲ ပုဒ်မ ၃၊ ၁ မှာ ခံတပ်ဆိုပြီး ဘာသာပြန်တယ်။ ပုဒ်မ ၂ (၈)(က)မှာ ကာကွယ်ရေးအစီအမံဆိုပြီး ဘာသာပြန်တယ်။ ဥပဒေမှာ ဒီလိုအဓိပ္ပာယ်နှစ်ခုထွက်အောင် လုပ်လို့မရဘူး။ စကားတစ်လုံးဟာတစ်မျိုးပဲ အဓိပ္ပာယ်ထွက်ရမယ်။ အစီအမံဆိုတာက အပ်ချည်ကြိုးပဲတားတား၊ ၀ါးလုံးပဲချချ အဲဒါအစီအမံပဲ။ အဲဒီထဲဖြတ်တဲ့သူမှန်သမျှ အပြစ်ရှိသွားတယ်။ အင်္ဂလိပ်စကားလုံးမပြောင်းဘဲနဲ့ ခံတပ်လို့ ဘာသာပြန်၊ ကာကွယ်ရေးအစီအမံလို့လည်းပြန်ပြီး မြန်မာစကားလုံးနှစ်မျိုးပြောနေတာဟာ ဥပဒေကို ထွေပြားအောင်လုပ်ပြီးတော့ ဥပဒေမရေမရာနဲ့လူတွေကို အပြစ်ပေးလို့ရတယ်ဆိုပြီး အဖွဲ့အစည်းတစ်ခုက လုပ်နေသလား နိုင်ငံတော်က ဒီဘာသာပြန်ကို ဘယ်သူတာဝန်ယူသလဲ။ ဥပဒေဆိုတာ ဘာသာပြန်ချင်တိုင်း ပြန်မရဘူး။ အဓိပ္ပာယ်တိကျနေရတယ်။ ဒီလိုသာ ကြုံသလိုအပြစ်ပေးဖို့လုပ်နေရင် တိုင်းသူပြည်သားတွေဟာ လည်ပင်းစင်းပြီး ဓားခုတ်ခံလိုက်တာ ပိုကောင်းတဲ့ ဖြစ်စဉ်ရောက်နေပြီ။
တရားစီရင်ရေးသည် ဥပဒေတွေကို တလွဲတချော်ဘာသာပြန်တဲ့အချက်ဟာ အဆိုးဆုံးပါပဲ။ ဒီဘာသာပြန်စာအုပ်ကို ပြန်ထောင်စု မြန်မာနိုင်ငံရှေ့နေချုပ်ရုံးက ဘာသာပြန်ထားပေမယ့် တရားဥပဒေအတွက် ကိုးကားရန်မဟုတ်ဆိုတာ မရေးဘဲ တရားဝင်သုံးတော့ ဒါဟာဥပဒေအပေါ်မှာခွစီးပြီး လုပ်ချင် လုပ်နေတယ်ဆိုတာကို ဖော်ပြတဲ့အတွက် ဒီမြန်မာစကားလုံး ကာကွယ်ရေးအစီအမံ အတားအဆီးဆိုတာကြီးဟာ ဘာကိုပြောမှန်းမသိတဲ့ ဘာသာပြန်အမှားနဲ့ စွဲချက်တင်ခြင်း ဖြစ်ပေါ်လာတယ်လို့ပဲ နားလည်ပါတယ်” ဟု ဦးတင်ဆန်း၏ရှေ့နေ ဦးကျော်လင်းက ပြောကြားသည်။

“အမှုသည်တွေအပေါ်မှာ အပြစ်မရှိဘူးလို့ ယုံကြည်တယ်။ သူတို့က သတင်းသမားသက်သက် သတင်းလုပ်ငန်းကိုလုပ်တယ်။ လျှို့ဝှက်ချက်ဆိုတာကို ပေါက်ကြားဖို့ ဖွင့်ထုတ်ဖို့ ရည်ရွယ်ချက်မဟုတ်ဘူး။ ဒေသခံတွေပြောတဲ့ ဓာတုလက်နက်စက်ရုံ ဟုတ် မဟုတ်ဆိုတာကို ၀င်ခွင့်ရလို့၊ ခေါ်သွားတဲ့သူရှိလို့ လိုက်ပါသွားခြင်းပါ။ သူတို့သိတဲ့အတိုင်းလည်းရေးတယ်။ လျှို့ဝှက်ချက်ဥပဒေဆိုတဲ့ဟာကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဖို့လိုတယ်။ ပုဒ်မ ၂ (က)(ခ) မှာ သတ်မှတ်ထားတဲ့ စစ်နယ်မြေတို့ စစ်စခန်းတို့ တည်ဆောက်ထားတဲ့ နယ်မြေကို သွားလာလို့ရှိရင် ကျူးလွန်တယ်လို့ သတ်မှတ်တယ်။ အဲဒီကျူးလွန်တာဟာ လျှို့ဝှက်ဥပဒေအရ ကျူးလွန်တယ်လို့ ပြောလို့မရဘူး။ ပုဒ်မ ၂ (ဂ) မှာပြောထားတာက လျှို့ဝှက်နယ်မြေလို့ သတ်မှတ်ထားတဲ့နေရာဖြစ်မယ်ဆိုရင် နိုင်ငံတော်သမ္မတပြန်တမ်းနဲ့ ထုတ်ပြန်ပြီး အမိန့်ကြော်ငြာစာကို မြန်မာဘာသာ၊ ဒေသသုံးဘာသာစကားတို့နဲ့ ရေးသားပြီး အများမြင်သာတဲ့နေရာမှာ ကပ်ထားရမယ်။ အဲဒီလိုလုပ်မထားရင် လျှို့ဝှက်နယ်မြေလို့ သတ်မှတ်လို့မရဘူး။ လျှို့ဝှက်ဥပဒေနဲ့စွဲရင် ပုဒ်မ ၂ (ဂ) ဟာ အဓိကအသက်ပါဖို့လိုမယ်။ ကျွန်တော်ကလည်း အဲဒါကို ဖော်ထုတ်တယ်။ တစ်ဖက်ကပြောတာက ပုဒ်မ ၂ (က)(ခ) မှာ အစိုးရနယ်မြေ၊ စစ်စခန်းတည်ဆောက်တဲ့ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ၀င်ရောက်လို့ရှိရင် အရေးယူနိုင်တယ်။ ဒါပေမဲ့ လျှို့ဝှက်ဥပဒေနဲ့ အရေးယူရမယ်လို့ ပြဋ္ဌာန်းတာမဟုတ်ဘူး။ လျှို့ဝှက်ဥပဒေမှာ သုံးနှစ်ကနေ ၁၄ နှစ်ထိ ချနိုင်တဲ့ပုဒ်မတွေ အများကြီးရှိတယ်။ ပုဒ်မတွေကို သဲသဲကွဲကွဲ သိဖို့လိုတယ်။ အုပ်ချုပ်ရေးဒီနေ့ထိ သတင်းထုတ်ပြန်နေတာက လျှို့ဝှက်ချက်ရှိတဲ့နေရာမဟုတ်ဘူး။ စက်ရုံအလုပ်ရုံထဲကို ကျူးကျော်ဝင်ရောက်တဲ့အတွက် တရားစွဲတာဖြစ်တယ်ဆိုပြီး ပြောထားတယ်။ ဒီရုံးနဲ့ ပြီးပြတ်သွားမယ့် ကိစ္စမဟုတ်ပါဘူး။ ကြိုက်တဲ့အမိန့်ချပါစေ ရုံးကုန် ပေကုန် အထက်ထိ ဆက်တက်သွားပါမယ်” ဟု သတင်းထောက်လေးဦးတို့၏ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။

အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းဖော်ပြမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အဆိုပါစက်ရုံစီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ယခုနှစ် ဇန်န၀ါရီ ၃၀ ရက်၌ ပေါက်မြို့မရဲစခန်းတွင် (ပ)၈/၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁)(က)/၉ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁၄ ရက်မှ အမှုအား စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အမှုစစ်ဆေးစဉ်ကာလအတွင်း ရုံးပြောင်းလျှောက်ထားမှု တစ်ကြိမ်နှင့် ဦးတင်ဆန်းအတွက် အာမခံလျှောက်ထားမှု (၂)ကြိမ်တို့အား ပခုက္ကူခရိုင်တရားသူကြီးက ငြင်းပယ်ခဲ့ပြီး ယနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူများဘက်မှ လက်ရှိစွဲဆိုထားသောအမှုနှင့်ပတ်သက်၍ တရားခံပြသက်သေအဖြစ် ELEVEN MEDIA GROUP ၏ CEO ဒေါက်တာသန်းထွဋ်အောင် အပါအ၀င် ၁၀ ဦးအား ရုံးတော်သို့ တင်သွင်းထားကြောင်း သိရသည်။

သက်ထိန်ဝင်း
eleven media group

ဓမ္မတာချိန် အမျိုးသမီးတွေ တွေးလေ့ရှိတဲ့ အရာများ


အမျိုးသမီးတွေဟာ ဓမ္မတာရက်အတွင်းမှာ စိတ်အလိုမကျဖြစ်တာမျိုးတွေ၊ အကြောင်းမရှိ ၀မ်းနည်းတတ်တာမျိုးတွေ၊ အလုပ်မှာ အဆင်မပြေတာမျိုးတွေ ရှိတတ်ကြပါတယ်။ တစ်လမှာတစ်ခါ စိတ်ချုပ်တည်းမှုတွေ၊ နာကျင်ကိုက်ခဲမှုတွေ ကြုံတွေ့ရမြဲဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ရာသီလာချိန်ခံစားရဲ့ဖီလင်နဲ့ အတွေးတွေကတော့ တူညီနေတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဒီလိုခံစားမှုတွေ ရှိနေချိန် ဘေးနားက လူတွေရဲ့ နားလည်မှုနဲ့အားပေးမှုကို လိုအပ်ကြပါတယ်။ ဒီလိုအချိန်တွေမှာ သူတို့တွေးလေ့၊ ခံစားရလေ့ရှိတဲ့ အရာတွေကတော့

၁။ ကြည့် ဒီလိုနေ့မျိုးမှ ရာသီလာရသလား။ ခရီးသွားမယ့်ရက်နဲ့တော့ တိုက်ပါပြီ။

ခရီးတစ်ခုခုသွားတော့မယ်ဆို အဲ့ဒီရက်က ရာသီလာမယ့်အချိန်နဲ့မှ လွတ်ရဲ့လား။ ကွက်တိဖြစ်နေပြီလား ဆိုတာလည်း စဉ်းစားရတာအမောပါ။ ရက်တိုက်ပြီဆိုရင်တော့ အမျိုးသမီးတွေအတွက် စိတ်ပျက်ရပြီပေါ့။

၂။ရာသီလာရမယ့်နေ့ဖြစ်နေပြီ။ ရက်တွေနောက်ကျသွားတာလား ဒါမှမဟုတ် ကိုယ်ဝန်တွေ ဘာတွေများရှိနေပြီလား။

ရည်းစားချစ်သူရှိတဲ့သူ၊ ကိုယ့်ရည်းစားနဲ့အတူနေပြီးသွားတဲ့ မိန်းကလေးတွေရဲ့ ဆိုက်ကို ပါပဲ။ လာမယ့်ရက်ထက် နောက်ကျနေပြီဆို ခေါင်းခြောက်စရာကိစ္စတွေ ဖြစ်လာပြီပေါ့။

၃။ဗိုက်တွေ တစ်ချိန်လုံးအောင့်ပြီး နေလို့မကောင်းဘူး။ ဘယ်လိုလုပ်ရပါ့မလဲ။

သူငယ်ချင်းတွေနဲ့ ပါတီလား၊ နိုး မသွားနိုင်ပါဘူး။ မွေးနေ့ပွဲလား။ ဖြစ်နိုင်ရင် မလာပါရစေနဲ့။ ဗိုက်တွေက တစ်ချက်ချက်ထိုးအောင့်လာတာ မခံစားနိုင်ဘူး ဆိုတာမျိုးကလည်း အမျိုးသမီးတွေ ဓမ္မတာအတွင်း ခံစားရတဲ့ ဝေဒနာပေါ့။

၎။စားရတာလည်း ဘာမှအရသာမရှိတော့သလိုပါပဲလား။

တစ်ခုခုစားမိတိုင်းလည်း အရသာမရှိသလိုလို၊ စားချင်စိတ်မရှိသလိုလိုနဲ့ စိတ်ကအလိုလို ထိုင်းမှိုင်းနေတတ်ပါတယ်။

၅။ဘာဝတ်ဝတ် တစ်ခုမှ အဆင်မပြေဘူး။ ၀တ်စရာလည်း မရှိတော့ဘူး။

အပြင်သွားခါနီး ဘာအင်္ကျံဝတ်ရမှန်း မသိတာမျိုး၊ ၀တ်တိုင်းလည်း အဆင်ပြေတယ်လို့ မခံစားမိတာမျိုးတွေကြောင့် စိတ်ရှုပ်ရတာမျိုးတွေ ဖြစ်တတ်ပြန်ရော။

၆။ကြည့်လိုက်တိုင်းဇာတ်ကားတွေကလည်း စိတ်မကောင်းစရာချည်းပဲ။ ငိုပဲငိုနေရတော့တာပဲ။

ဓမ္မတာရက်အတွင်း မိန်းကလေးတွေဟာ စိတ်အားငယ်တာ၊ ၀မ်းနည်းနေတတ်တာမျိုးတွေ ဖြစ်နေတတ်တာမို့ အရင်တုန်းက အားငယ်စရာလို့ မခံစားမိတဲ့အရာတွေကိုတောင် ၀မ်းနည်းစရာလို့ မြင်နေတတ်ပါတယ်။

၇။GYM ဘယ်လို့သွားဆော့ရတော့မှာလဲ။

ဒီလိုအချိန်မှာ ဘယ်သူက လေ့ကျင့်ခန်းလုပ်ချင်မှာလဲနော်။

၈။ရာသီလာတာရပ်သွားပြီလို့ ထင်တာ ဟာ မပြီးသေးဘူး။ သေချင်တယ်။

ကိုယ်က ရာသီပြီးသွားပြီအမှတ်နဲ့ အေးဆေးနေလိုက်ကာမှ မပြီးသေးမှန်းသိသွားရလို့ စိတ်ပျက်သွားရတာမျိုးကလည်း အာရုံနောက်စရာတစ်မျိုးပါပဲ။

၉။ခုတော့ လွတ်လပ်သွားပြီ။ ပျော်စရာကြီး။

ဓမ္မတာပြီးသွားတဲ့အချိန် ခံစားရတဲ့ လွတ်လပ်ပျော်ရွှင်မှုဟာ အမျိုးသမီးတွေအတွက်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့အရာပါပဲ။

၁၀။ဟာ ရက်ကနီးလာပြီ။ ဆောင်စရာရှိတာတွေ ဘယ်သွားသွားယူသွားမှဖြစ်မယ်။

စိုးရိမ်ပူပန်စရာတွေထဲမှာ ရာသီလာခါနီး ဘယ်သွားသွား စိတ်မဖြောင့်တာမျိုးကလည်း တစ်ခုအပါအ၀င်ပေါ့။ ဘယ်သွားသွား အမျိုးသမီးသုံးပစ္စည်းတွေ ထည့်သယ်သယ်သွားနေရတာကိုက အာရုံနောက်စရာပေါ့။

Ref:womenshealthmag.com
Trend Myanmar

ကမ္ဘာ့အမြင့်ဆုံး တောင်နံရံ အတုကြီးပေါ်မှ လူစွန့်စားများ


ဆွစ်ဇာလန်နိုင်ငံ၊ ဘလီနီယိုရှိ အဆိုပါ ရေကာတာကြီးသည် ယခုအခါ တောင်တက်အားကစား ဝါသနာပါသူများအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး စိန်ခေါ်မှုကြီးလည်း ဖြစ်လာခဲ့

တောင်တက်ခြင်းသည် စွန့်စားလိုသူများအတွက် စိန်ခေါ်မှု ပြည့်ဝအားကောင်းသည့် အားကစားနည်း တစ်ခုဖြစ်သည်။ သို့သော်လည်း ဒီဂါဒီလူဇုန် ရေကာတာကြီး၏ နံရံပေါ်တွင် ဖန်တီးထားသော တောင်တက်လမ်းအတုမှာမူ အလွန်အကျွံ မိုက်ရူးရဲဆန်ဆန် စွန့်စားနိုင်သူများအတွက်သာ ဖြစ်နိုင်ပေမည်။ ပေပေါင်း(၅၄၀)မြင့်မားသည့် ရေကာတာကြီး၏ နံရံမှာ အလွန်မတ်စောက်ပြီး ယင်း၏ ချောမွေ့သော မျက်နှာပြင်တွင် ကုတ်တွယ်တက်စရာ လက်ကိုင်ဘုလေးများကို တပ်ဆင်ပေးထားသည်။ ယင်းကို တစ်ဆင့်ချင်း အားပြုပြီး ထိပ်ဆုံးထိ တက်ရောက်ရခြင်း ဖြစ်သည်။


ဆွစ်ဇာလန်နိုင်ငံ၊ ဘလီနီယိုရှိ အဆိုပါ ရေကာတာကြီးသည် ယခုအခါ တောင်တက်အားကစား ဝါသနာပါသူများအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး စိန်ခေါ်မှုကြီးလည်း ဖြစ်လာခဲ့သည်။ တောင်တက်သမားများသည် အောက်ခြေမှ ပေ(၂၀)အမြင့်ထိ လှေကားထောင် တက်ရပြီး ထို့နောက်တွင်မူ လက်ကိုင်ဘုလေးများကိုသာ အားပြုပြီး ထိပ်ဆုံးနေရာထိ တွယ်တက်ရခြင်း ဖြစ်သည်။ တောင်တက်သမားများက ဒီဂါဒီလူဇုန်ကို ကမ္ဘာ့အမြင့်ဆုံး တောင်နံရံ အတုကြီးအဖြစ် တင်စားခေါ်ဝေါ်ကြသည်။

ထိပ်ဆုံးနေရာရှိ ဇွဲကောင်းကောင်း အရောက်တက်လှမ်းနိုင်သူများအတွက် အမောပြေစရာအဖြစ် အဲ့လ်ပ်တောင်တန်းကြီး၏ လှပသော ရှုခင်းများက စောင့်ကြိုနေမည် ဖြစ်သည်။ ဂျာမနီမှ အမျိုးသမီး တောင်တက်သမား တစ်ဦးဖြစ်သည့် အီလာနာ မားကက်စ်က “တက်ရတဲ့လမ်းက ချောချောမွေ့မွေ့နဲ့ ပျော်ဖို့ကောင်းပါတယ်။ ဒီခရီးစဉ်မှာ ကျွန်မအတွက် အမှတ်တရ အရှိဆုံးက စတက်တဲ့အချိန်နဲ့ ရေကာတာထိပ်ဆုံးထိ ရောက်သွားတဲ့ အချိန်တွေပါ။ အတက်လမ်းကို အစပြုဖို့တောင် လှေကားထောင်ရတဲ့ အခြေအနေဆိုတာ မမေ့နိုင်စရာပါပဲ”ဟု မှတ်ချက်ပြုခဲ့သည်။


သူမက “ထိပ်ဆုံးကို ရောက်သွားချိန်မှာတော့ ကိုယ့်လှုပ်ရှားမှုတိုင်းကို အသည်းတယားယား စောင့်ကြည့်နေတဲ့ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ပရိသတ်တွေကို မြင်ရပါလိမ့်မယ်။ ဒါဟာ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပါပဲ။ တောင်တက်သမား တစ်ယောက်အနေနဲ့ ကျွန်မဟာ ဝေးလံခေါင်သီပြီး လူသူအရောက်အပေါက် နည်းလွန်းတဲ့ နေရာတွေမှာပဲ တောင်တက်လေ့ ရှိပါတယ်။ လူတွေအများကြီး ကိုယ့်ကိုစောင့်ကြည့်နေတဲ့ နေရာမျိုးမှာ တောင်တက်ရတယ် ဆိုတာကတော့ ထူးခြားတဲ့ အတွေ့အကြုံ တစ်ခုပါပဲ”ဟုလည်း ပြောကြားသွားသည်။

planet

ဗိမ်္ဗိသာရမင်းကြီး ဘာကြောင့် ခြေဖ၀ါး ဓားခွဲခံရသလဲ


 ““ဗိမ်္ဗိသာရမင်းကြီး   ဘာကြောင့် ခြေဖ၀ါး ဓားခွဲခံရသလဲ””ဟု တိတိပပ သိချင်သူတို့က မေးမြန်းကြသည်။ ““ဗိမ်္ဗိ သာရမင်းကြီးသည် ရှေးအတိတ်ဘ၀ တစ်ခုက စေတီရင်ပြင်၌ ဖိနပ်စီးလျက် သွားခဲ့၏။ နေထိုင်ရန် ခင်းထားသော ဖျာသင်ဖြူးပေါ်၌လည်း ခြေမဆေးဘဲ နင်းခဲ့ဖူး၏။ ထိုမကောင်းမှု အကျိုးဆက် ကြောင့် ခြေဖ၀ါး ဓားခွဲခံရခြင်းဖြစ်သည်””ဟု သီလက်္ခန်္ဓ၀ဂ်္ဂအဋ္ဌကထာ (စာမျက်နှာ-၁၂၆) ၌ လာရှိပေသည်။ ဤစာပေလာ ဖြေဆိုချက်ကိုကြည့်၍ ဗိမ်္ဗိသာရမင်းကြီး ခြေဖ၀ါးဓားခွဲခံရခြင်းမှာ ကျောင်းဝိုင်း အတွင်း ဖိနပ်စီးခြင်းကြောင့်မဟုတ်ဟု ခံယူချင်ကြသည်။
အထက်ပါကျမ်းလာချက်၌ကျောင်း ၀ိုင်းအတွင်း မဟုတ်သော်လည်း “စေတီ (ဘုရား)ရင်ပြင်”ဟူသောအချက်နှင့် ဖိနပ်စီးထားခြင်း မဟုတ်သော်လည်း “ခြေမဆေးဘဲ ဖျာသင်ဖြူးပေါ်နင်းခြင်း”ဟူသောအချက်များကို အထူးသတိပြု ရန် ဖြစ်ပေ၏။ ဆက်လက်တင်ပြလိုသည် မှာ “ဘုရားဝိုင်း၊ ကျောင်းဝိုင်းအတွင်း ဖိနပ်စီးခြင်း”နှင့် ပတ်သက်၍ မိမိတို့ ဘာသာစဉ်းစားကြရန် အချက်ဖြစ်သည်။

သီလက္ခန္ဓ၀ဂ္ဂပါဠိတော် (စာမျက်နှာ -၄၇) ၌ ““အဇာတသတ်မင်း ဘုရားဖူး သွားသောအခါ ကျောင်းတော်အ၀င် တံခါးမုခ်၌ မိမိစီးနင်းသွားသည့် ဆင်ယာဉ် ထက်မှဆင်း၍ ခြေထောက်သက်သက် ဖြင့်သာသွားကြောင်း””ကို လည်းကောင်း၊ သုတ်မဟာဝဂ်္ဂပါဠိတော် (စာမျက်နှာ-၈၃) ၌ ““လီစ္ဆ၀ီမင်းများ ဘုရားဖူးသွားရာ၌ လည်း ကျောင်းတော်အ၀င်တံခါးမုခ်၌ မိမိတို့ စီးနင်းသွားသော ယာဉ်များမှဆင်း ၍ ခြေထောက်သက်သက်ဖြင့်သာသွား ကြောင်း””ကိုလည်းကောင်း တွေ့ရှိရပေ သည်။ (ဤအရာမျိုး အခြားများစွာရှိ သေး၏။)

ဓမ်္မပဒအဋ္ဌကထာ  (ပ၊၂၂၅)  ၌ ““ဘုရားရှင်နှင့် သက်တူရွယ်တူလည်းဖြစ်၊ အလွန်လည်းအကျွမ်းဝင်သော ပသေနဒီ ကောသလမင်းကြီးသည်  (နောက်ဆုံး အကြိမ်ဖြစ်ခဲ့သော) ဘုရားရှင်ထံ အဖူး မြော်သွားရောက်ခဲ့ရာတွင် “အလွန် အလေးပြုအပ်၊ ရိုသေအပ်သော မြတ်စွာ ဘုရား၏အထံတော်သို့ ပြန့်လွင့်သော သဘောရှိသော မင်း၏အသွင်အပြင်ဖြင့် မသွားသင့်”ဟူသော ရည်ရွယ်ချက်ဖြင့် ခြေနင်းနှင့်တကွသော  မင်းမြောက် တန်ဆာငါးပါးတို့ကို (ဗန္ဓုလစစ်သေနာ ပတိ၏တူ) ဒီဃကာရာယန စစ်သေနာ ပတီအား ပေးအပ်ခဲ့၍ ဂန္ဓကုဋီကျောင်း တော်သို့ ၀င်ရောက်ဖူးမြော်၏””ဟု လာ ရှိပေသည်။ဤသို့ ခတ္တိယဇာတ်ဖြစ်သော ဘုရားရှင်လက်ထက်က  မင်းများပင် ကျောင်းတိုက်အတွင်း၌ ဖိနပ်မစီးကြ ကြောင်း တွေ့ရှိရပေ၏။

ထိုမှတစ်ပါးလည်း ပါထိက၀ဂ်္ဂအဋ္ဌ ကထာ (စာမျက်နှာ-၂၁၇) စသည်တို့၌ အဂါရ၀တရား (၆) ပါးကို ဖွင့်ပြရာဝယ် ““ဘုရားရှင်၊ စေတီတော်မြင်လောက်ရာ အရပ်၌ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း၊ ရေချိုးခြင်း၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း တို့ကို ပြုခြင်းသည် ဘုရား၌ မရိုသေခြင်း၊ သတ္ထရိအဂါရ၀ မည်၏။ သံဃာအလယ် ၌ ဒူးနှစ်ဖက်ကို လက်ဖြင့်ဖွဲ့ပတ်၍ ထိုင် ခြင်း၊ ပခုံးနှစ်ဖက်ကိုခြုံခြင်း၊ ထီးဆောင်း ခြင်း၊ ဖိနပ်စီးခြင်းတို့သည် သံဃာတော်၌ မရိုသေခြင်း သံဃေအဂါရ၀ မည်၏””ဟု ဖွင့်ပြတော်မူ၏။

ပရိဝါအဋ္ဌကထာ (၁၅၂) ၌ ““စေတီ တော်ကိုလည်းကောင်း၊ ဗောဓိပင်ကို လည်းကောင်း ရှိမခိုး၊ စေတီရင်ပြင်၌ ထီး၊ ဖိနပ်နှင့်တကွသွား၏။ ထိုသူသည် ဘုရား ၌ မရိုသေသောသူမည်၏””ဟုလည်း ဖွင့် ပြပေသည်။ (ဤအချက်နှင့် ဗိမ်္ဗိသာရ မင်းကြီး ငြိသဖြင့် ခြေဖ၀ါးဓားခွဲခံရခြင်း ဖြစ်လေသည်။)

ထိုမှတစ်ပါးသည် စူဠ၀ါပါဠိတော် (၃၇၄) အာဂန္တုက=ဧည့်သည်ဝတ်ပြုရာ ၌ ““ဧည့်သည်ဖြစ်သော ရဟန်းသည် သူ တစ်ပါး၏ ကျောင်းတိုက် အာရာမ်သို့ ၀င် မည်ကြံလျှင် ကျောင်းတိုက် ဥပစာအနီး သို့ရောက်က ဖိနပ်ချွတ်၊ ထီးရုပ်၊ ခေါင်း ခြုံကိုဖွင့်၊ ခေါင်း၌တင်သော သင်္ကန်းကို ပခုံးသို့ချ၍ မဆောမလျင် သူတစ်ပါး ကျောင်းအာရာမ်သို့ ၀င်ရမည်””ဟု ပညတ်ထားတော်မူ၏။ (ဤအရာ၌ ငါတို့ လူဝတ်ကြောင်များနှင့်မဆိုင်ဟု မယူဆ သင့်၊ ရဟန်းတော်များမှာ ““အမြတ်ဖြစ် သောကြောင့်””ဒေသနာပဓာနပြု ဟော ထားခြင်းဖြစ်သည်။)

ဤဆိုခဲ့ပြီးအချက်များကို ပြန်သုံး သပ်ကြည့်လျှင် ဘုရားရှင်လက်ထက်က မင်းမျိုးဖြစ်သော ဘုရင်များပင် ကျောင်း တိုက်အ၀င်တံခါးမုခ်၌ မိမိတို့စီးနင်းခဲ့ သော ယာဉ်များမှဆင်းသက်၍ ခြေနင်း (ဖိနပ်)များကိုချွတ်ကာ ဘုရားရှင်ထံအဖူး မြော်ဝင်ရောက်ကြသည်ကိုလည်းကောင်း၊ ဘုရားရှင်၊ စေတီတော်မြင်လောက်ရာတို့ ၌လည်းကောင်း၊ စေတီရင်ပြင်၌လည်း ကောင်း၊ သံဃာအလယ်၌လည်းကောင်း၊ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း စသည်တို့ ကို ပြုခြင်းသည် ဘုရားရှင်၌ မရိုမသေ ခြင်း=သတ္ထရိအဂါရ၀၊ သံဃာတော်၌ မရိုသေခြင်း=သံဃေအဂါရ၀တို့မည်သည် ကိုလည်းကောင်း၊ဤအဂါရ၀ဖြစ်လောက် သော အရပ်မျိုး၌ ဖိနပ်စီးခဲ့မိခြင်းကြောင့် ဗိမ်္ဗိသာရမင်းကြီး ခြေဖ၀ါးဓားခွဲခံရသည် ကိုလည်းကောင်း၊ ဧည့်သည်ရဟန်းများ ကို သူတစ်ပါးကျောင်းတိုက် အာရာမ်သို့ ၀င်လျှင် ဖိနပ်ချွတ်၊ ထီးရုပ်၍ ၀င်ရမည် ဟု ဘုရားရှင်ပညတ်ထားသည်ကိုလည်း ကောင်း တွေ့ရှိရမည်ဖြစ်ပေ၏။

နောက်ဆုံးအနေဖြင့်အဘိဓဇမဟာ ရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော စကားရပ်ကို ဖော် ပြ၍ အဆုံးသတ်လိုပေသည်။ တစ်ခါက (နော်မံကျောင်းအုပ်ဟောင်း) ဒကာကြီး ဦးပန်းရည်သည် ဆရာတော်ကို သူ့အိမ် ဆွမ်းပင့်ကျွေး၍ ဤသို့လျှောက်ထားခဲ့ဖူး ၏။

ဦးပန်းရည် ။   ။ ဆရာတော်…ဘုရား ၀င်းထဲ ဖိနပ်မစီးရဘူးလို့ ဘယ်သူက အမိန့်ထုတ်တာတုန်း ဘုရာ့။

ဆရာတော် ။   ။ ကုသိုလ်စိတ်က အမိန့် ထုတ်တာ။

ဦးပန်းရည် ။   ။ ဘုရားဝင်းခတ်ထားတဲ့ ဘုရားလူကြီးတွေက အမိန့်ထုတ်တာ မဟုတ်ပါလားဘုရား။

ဆရာတော် ။   ။ မဟုတ်ပါဘူး။ ဒကာ ကြီးမှာ ဘုရားကို ရိုသေတဲ့ကုသိုလ်စိတ် ကိန်းအောင်းနေတုန်းဆိုရင် ဘုရားဝင်း ထဲရောက်ရောက်၊မရောက်ရောက်ဘုရား မြင်တဲ့နေရာကစပြီး ဖိနပ်ချွတ်ရမယ်။ ဘုရားကို မထေလေးစားပြုချင်တဲ့စိတ်၊ အကုသိုလ်စိတ်ကိန်းအောင်းနေရင်ဘုရား ၀င်းထဲမှာသာ မကဘူး။ ဘုရားပလ္လင်ပေါ် ထိ ဖိနပ်စီးရဲမှာပဲ။

ထိုအခါ ဒကာကြီးဦးပန်းရည်သည် ရယ်မောလျက် ““တပည့်တော်ဘုရားကို ရိုသေတဲ့ ကုသိုလ်စိတ်ရှိပါတယ်””ဘုရား ဟု လျှောက်ထားရလေတော့သတည်း။

ဗိုလ်ကလေးအရှင်ပဏ္ဍိတ

မော်ကျွန်းအရှင်ပဏ္ဍိတ

ဓမ္မာစရိယ,M.A,Dip in Eng.သီရိလင်္ကာ

Hot News Journal

တရုတ်နိုင်ငံပေါ်သို့ အာကာသမှကျလာသည့်အရာဝတ္ထုများ အာကာသအမှိုက်များသာဖြစ်ကြောင်း ပညာရှင်များပြောကြား


ပေကျင်း၊ မေ-၁၉

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်အတွင်း အာကာသကောင်းကင်ယံမှ ထိုးဆင်းကျရောက်ခဲ့သော အမျိုးအမည်
မသိ အရာဝတ္ထုများမှာအာကာသအမှိုက်များသာဖြစ်ကြောင်း တရုတ်
အစိးုရသတင်းမီဒီယာများက မေ ၁၈ ရက်တွင် သတင်းထုတ်
ပြန်ခဲ့ကြသည်။

ဆက်သွယ်ရေးဂြိုဟ်တုတစ်စင်း သယ်ဆောင်ထားသော ရုရှားဒုံးပျံယာဉ်တစ်စင်း အင်ဂျင်ချွတ်ယွင်းမှုကြောင့် မေ ၁၆ ရက်တွင် ကမ္ဘာမြေပေါ်သို့ ပျက်ကျခဲ့ရပြီးနောက် တရုတ်နိုင်ငံအတွင်းသို့ အာကာ
သ အမှိုက်များ ကျရောက်ခဲ့သည်ဟူသော သတင်းများထွက်ပေါ်
လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံ အရှေ့ဖျားဒေသနှင့် နယ်မြေချင်းထိစပ်လျက်ရှိသော ဟေလုံကျန်းပြည်နယ်မှ ဒေသခံများသည် ကောင်းကင်ယံမှ
ထိုးဆင်းလာသည့် အမျိုးအမည်မသိအရာဝတ္ထုများကိုမေ ၁၆
ရကက် တွေ့မြင်ခဲ့ကြရကြောင်း ဆင်ဟွာသတင်းဌာန၏အဆိုအရ
သိရသည်။

သို့ရာတွင် ကျွမ်းကျင်သူများ၏ လေ့လာစစ်ဆေးမှုများအရ ဟေလုံကျန်းပြည်နယ်မှဒေသခံများမြင်တွေ့ခဲ့ရသည့် အမျိုးအ
မည်မသိ အရာဝတ္ထုများမှာဒုံးပျံ ယာဉ်တစ်စင်းသို့မဟုတ် ဂြိုဟ်တု
တစ်စင်း၏အစိတ်အပိုင်းများဖြစ်ကြောင်း တရုတ်အာကာသပညာ
ရှင်က ပြောကြားသည်။

ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော အာကာသစခန်းမှ မေ ၁၆ ရက်တွင် လွှတ်တင်ခဲ့သော ရုရှား ပရိုတွန်ဒုံးပျံယာဉ်သည် ပစ်လွှတ်ပြီး ကိုးမိနစ်အကြာတွင်အင်ဂျင်ချွတ်ယွင်းမှုကြောင့် ကမ္ဘာပေါ်သို့ ပြန်လည်
ထိုးဆင်းခဲ့ရာ ဒုံးပျံယာဉ်ရော၊ သယ်ဆောင်ထားသည့်ဂြိုဟ်တုပါ လေထုလွှာအတွင်း မီးလောင်ပျက်စီးခဲ့ရသည်။

အေအက်ဖ်ပီ
စံတော်ချိန် နေ့စဉ်သတင်းစာ 

၄၃၆ ပြင်ဆင်ရေး နိုင်ငံတကာမှလည်း လက်မှတ်ထိုးနိုင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်းဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး

အော်လန်ဒိုဘလွန်းက တေလာဆွစ်ဖ်ရဲ့ နောက်ဆုံးချစ်သူဖြစ်လေမလား


စံနဒီ ၊ရန်ကုန် ၊၂၀.၅.၂၀၁၄

မင်းသားချော အော်လန်ဒိုဘလွန်းဟာ မကြာသေးခင်ရက်ပိုင်းအတွင်း
ကမင်းသမီးငယ်လေး စလီနာဂွန်းမက်ဇ်နဲ့ ညဘက်ချိန်းတွေ့မှုလုပ်ခဲ့ဖူး
ပါတယ်။တေလာဆွစ်ဖ်ရဲ့ အရင်းအနှီးဆုံး သူငယ်ချင်း အဆိုတော် အက်ရှီရန်ကတော့ဗြိတိန်သရုပ်ဆောင် အော်လန်ဒိုဘလွန်းဟာ Red အဆိုကျော် တေလာဆွစ်ဖ်နဲ့ မှပိုပြီးလိုက်ဖက်ညီကြောင်း မေ ၁၇ ရက်က ယူအက်ဝီးကလီးကို ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

နာမည်ကြီး အမျိုးသားအဆိုတော်အက်ရှီရန်က အသက်၂၄နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကန်းထရီးဘုရင်မလေးတေလာဆွစ်ဖ်တစ်ယောက်တည်း
ဖြစ်နေတာကြာပြီမို့ ချစ်သူအသစ်ရစေချင်ပြီးအဲဒီ ချစ်သူဟာ အသက် ၃၇နှစ်အရွယ် ၀ါရင့်မင်းသားအော်လန်ဒိုဘလွန်းဖြစ်သင့်ကြောင်း
ဝေဖန် ပြောကြားခဲ့ပါတယ်။

တေလာဆွစ်ဖ်ကလည်း 'ကျွန်မအမြဲတမ်း ဖြစ်လေ့ဖြစ်ထရှိနေတဲ့
တွဲလိုက်၊ ပြတ်သွားလိုက်ပြဿ နာကို ဒီအချစ်ကစားပွဲတွေထဲက
ခဏ အနားယူလိုက်မှသာ ဖြေရှင်းနိုင်လိမ့်မယ်လို့ယူဆပါတယ်'
လို့ မနှစ်က In Style မဂ္ဂဇင်း မှာ ၀န်ခံပြောဆိုပါတယ်။ တေလာ
ဆွစ်ဖ်ဟာ၂၀၁၃ခုနှစ် ပထမဆုံးလမှာ One Direction အဖွဲ့ဝင်
ဟယ်ရီစတိုင်နဲ့ ခဏတာချစ်ကျွမ်းဝင်ပြီး လမ်းခွဲခဲ့ရပါတယ်။

အဲဒီမတိုင် ခင်ကလည်း ခဏခဏ အသည်းကွဲခဲ့ရတဲ့ အတွက်
အချစ်ကိစ္စတွေကနေ အနားယူပြီး အနုပညာအလုပ်ကိုသာ အာရုံစိုက်ခဲ့ကြောင်းဖော်ပြထားပါတယ်။

အက်ရှီရန်အပါအ၀င် အခြားသူငယ်ချင်းတွေနဲ့ အနုပညာအသိုင်း
အ၀ိုင်းက ချစ်သူထားဖို့အချိန် တန်ပြီဖြစ်တဲ့ တေလာဆွစ်ဖ်ကို မော်ဒယ်လ်မင်းသမီးချောမီရန်ဒါကားရ်ရဲ့ခင်ပွန်းဟောင်း ကမ္ဘာကျော်
မင်းသား အော်လန်ဒိုဘလွန်းနဲ့ နီးစပ်သွားစေချင်တဲ့
အတွက် သူငယ်ချင်းတွေ ရဲ့ပို့ဆောင်မှုကြောင့် သူတို့နှစ်ဦးနီးစပ်သွား
လေမလားဆိုပြီး ရာဟူးသတင်းဌာနက ဖော်ပြထားပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ 

ဆိုင်ကယ်သမားကို သတ်သည့် လူသတ်သမား မိပြီ


 သေဆုံးသူအား သယ်ယူနေပုံ

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့နယ်တွင် ရွှေတာချီခရီးသွားလုပ်ငန်းမှ ကျောနံပါတ် (၆၄၀) အင်္ကျီကို ၀တ်ဆင်၍ ခရီးသည်များအား ပို့ဆောင်ပေးနေသည့် အသက်(၂၄)နှစ်ရှိ မောင်လှိုင်မင်းထွန်းအား၂၀၁၄ခုနှစ် မေလ(၁၂)ရက်နေ့ ညနေပိုင်းက သတ်ကာ ဆိုင်ကယ်လုယူသွားသည့် လူသတ်သမားအား ရွှေတာချီခရီးသွားလုပ်ငန်းမှ အမှုဆောင်အဖွဲ့ဝင်များ၏  စွမ်းစွမ်းတမံ ဆောင်ရွက်မှုနှင့်အတူ သတင်းအချက်အလက် ဖြန့်ကျက်နိုင်မှု၊ ခြေရာခံနိုင်မှုတို့ကြောင့် ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၀)ရက် ညနေ(၃)နာရီခန့်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတောင်းရွာတွင် ဖမ်းဆီးရမိထားသည့် အတွက် ခိုလမ်မြို့မရဲစခန်း၌ အဆိုပါ တရားခံအား ဖမ်းဆီးထိန်းသိမ်းထားရှိပြီး တရားခံကို တာချီလိတ်မြို့မရဲစခန်းသို့ ဆက်လက်ခေါ်ဆောင်လာမှာဖြစ်ကြောင်း ရွှေတာချီခရီးသွားလုပ်ငန်းမှ အမှုဆောင်အဖွဲ့ဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာချက်အရ သိရှိရသည်။
 (သတင်းအား ဆက်လက်ဖော်ပြပါမည် )
သတင်း။ ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News

အနုပညာနဲ့ပတ်သက်ပြီး အမှတ်တရတစ်ခုတော့ ထားခဲ့မှာပါလို့ဆိုလာတဲ့ သင်ဇာဝင့်ကျော်


သင်ဇာဝင့်ကျော်က ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးတဲ့ “အပုန်း” ဇာတ်ကားကိုမြင့်မြတ်၊ ခင်လှိုင်တို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်
ကားမှာ အပုန်းတွေရဲ့ မော်ဒယ်နည်းပြဆရာမအဖြစ် သရုပ်ဆောင်ထားတဲ့ သင်ဇာဝင့်ကျော်က ” မော်ဒယ်နည်းပြဆရာမဆိုတော့ စမတ်ကျကျဝတ်စားလို့တော့ရတယ်။

ဒါပေမဲ့ အပြင်မှာက အခြောက် နည်းပြဆရာမဆိုတာ မရှိဘူးလေ။ အဲဒီတော့ ကိုယ်ဝတ်ချင်သလို ဝတ်လို့ရတာပေါ့။ ဖန်စီဖြစ်မယ့် ပုံစံလေးတွေပဲ ဝတ်ပါတယ်” လို့ ပြောပါတယ်။

သင်ဇာဝင့်ကျော်က ပရိသတ်ရင်ထဲပိုရောက်မယ့် ဒရာမာဇာတ်ကားတွေကို ရိုက်ရတာပိုကြိုက်ပြီး ဖန်စီဇာတ်ကားကတော့ တစ်ခါတလေပဲ ရိုက် တာကောင်းတယ် လို့ ပြော ပါတယ်။ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေက အနုပညာနဲ့ဆက်နွှယ်တဲ့ ဖက်ရှင် ကတ်တလောက်တွေ၊ အမှတ်တရစာအုပ်တွေ ထုတ်တာတွေ့ရတာကြောင့် သင်ဇာ ဝင့်ကျော်အနေနဲ့ကော အဲဒီလိုစိတ်ကူးတွေရှိလားလို့မေးတော့ ” စိတ်ကူးတော့ရှိပါတယ်။

ဒါပေမဲ့ဘာလဲဆိုတာအတိအကျမသိသေးတဲ့အချိန်မှာ အကောင်အထည် မေ ဖ်ာဖြစ်သေးတာပါ။ မှတ်တိုင်တစ်ခုတော့ ထားခဲ့မှာပါ။ အမှတ်တရတစ်ခုခုတော့ ထားခဲ့မှာပါ။ ဒါပေမဲ့ အဆင်သင့်မဖြစ်သေးဘူး” လို့ပြောပါတယ်။ သင်ဇာဝင့်ကျော် က ကလောမှာ ဇာတ်ကားသွားရိုက်ဖို့ ရှိပြီး ဟိန်းဝေယံနဲ့ ၂ကား၊ နေဒွေးနဲ့ တစ်ကားရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

ခေါင်ရမ်းပန်းနဲ့ ကလေးသရဲ


ကျွန်တော် ငယ်စဉ်ကတည်းက စိတ်ဝင်အစားဆုံးအရာက ခေါင်ရမ်းပန်းနဲ့ ကြောင်နက်…။ ငယ်ဘ၀ကတည်း လူကြီးတွေ ပြောတာကြားဖူးတယ်..။ လူသေခေါင်းမှာ ခေါင်ရမ်းပန်း  ပန်ပေးလိုက်ရင် အဲ့ဒီလူသေဟာ ဖုတ်ဝင်ပြီး သင်းချိုင်းကို တန်းတန်းမတ်မတ် လမ်းလျှောက်သွားတယ်လို့ ကြားဖူးတယ်..။ ရှေးတုန်းက အသုဘချကြရင်လည်း ဒီလိုပဲ ချတတ်ကြသတဲ့..။ နောက်တစ်ခုကတော့ ကြောင်နက်…။ ကြောင်နက် ဆိုတဲ့ နေရာမှာ ကြောင်က တစ်ကိုယ်လုံး မဲနက်နေရမယ်..။ သူရဲ့ မျက်လုံးအစ..။ တစ်ကိုယ်လုံးမဲနက်နေတဲ့ ကြောင်ကိုတော့ ကျွန်တော် တော်တော် များများ တွေ့ဖူးပါတယ်..။ ဒါပေမယ့် မျက်လုံးပါ မဲနက်နေတဲ့ ကြောင် ကတော့ ကျွန်တော့်တစ်သက် ၂ ခါပဲ မြင်ဖူးသေးတယ်..။ ရှားလဲ တော်တော်ရှားမယ့် အမျိုးပါပဲ..။ ရှေးလူကြီး တွေ ပြောကြတာတော့ တောထဲမှာပဲ နေတတ်ကြတဲ့..။ ထူးခြားတာက အဲ့ဒီလိုမျိုးကြောင်နက်တစ်ကောင်က လူသေအလောင်းတစ်ခုရဲ့ ဘယ်သူမှ စေခိုင်းချက်ကြောင့် မဟုတ်ပဲ ညာဘက်ကနေ ဘယ်ဘက်ကို ခုန်ကျော် လိုက်ပြီဆိုရင် အလောင်းကောင်ဟာ ဖုတ်ဝင်ပြီး အသက်ပြန်ရှင်လာတယ်လို့ လဲ ကြားဖူးပါတယ်..။ ဒီနေရာမှာ ပြောချင်တာက ကြောင်ကို အလောင်းကောင်ရဲ့ တစ်ဖက်ကနေ အစာနဲ့မျှားပြီး ခုန်ကျော်အောင် လုပ်တာမျိုးကို မဆိုလိုပါဘူး..။ ဒီအယူအဆကတော့ နိုင်ငံတော်တော်များများမှာ ပျံ့နှံ့ခဲ့သလို အချို့ဗွီဒီယိုကားတွေမှာလည်း ဒီဓလေ့ကို ထည့်သွင်းရိုက်ကူးကြတာ မြင်ဖူးကြမှာပါ…။ နိဒါန်းတောင် တော်တော် ရှည်သွားပြီ..။ ကျွန်တော် ပြောပြချင်တာက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ခေါင်ရမ်းပန်း တစ်ပွင့်နဲ့ ဒုက္ခရောက်ခဲ့ရတဲ့ ဇာတ်လမ်း လေး တစ်ပုဒ်ပါ..။ ကဲ…စပါပြီ…။

ကျွန်တော် သူ့ကို ဒီအကြောင်းတွေ ပြောပြတော့ သကောင့်သားက ရယ်တယ်ခင်ဗျ..။ ပြီးတော့ သူလက်တွေ့ စမ်းချင်တယ်တဲ့..။ ဒါနဲ့ လာမည့် တနင်္ဂနွေနေ့ အပုပ်ချိန် ညနေ (၅း၀၀) နာရီ သင်းချိုင်းမှာ စမ်းကြမယ်လို့ ကျွန်တော်တို့ တိုင်ပင်ထားလိုက်ကြတယ်..။ သင်းချိုင်းမှာဆိုတော့ ညဘက်တော့ မစမ်းရဲဘူးဗျို့..။ ဒါကြောင့် အပုပ်ချိန်ကို ရွေးလိုက်ရတာ..။ ပြောပြရအုံးမယ်..။ ကျွန်တော်တို့က သရဲအကြောင်းဆို စိတ်ဝင်စားပြီး သင်းချိုင်းကို ခဏခဏရောက်လွန်းလို့ အဲ့ဒီက သုဘရာဇာနဲ့တောင် မိတ်ဆွေတွေ ဖြစ်နေကြပြီ..။ အခုကိစ္စမှာ လည်း သူလည်း စိတ်ဝင်စားတာကြောင့် ပါမယ်ပေါ့ဗျာ..။ ပြီးရင် သူ့ကို ကိစ္စထူးထူး မထူးထူး ထုံးစံအတိုင်း အရက်ဖိုးတော့ ပေးခဲ့ရမှာပေါ့..။

စနေနေ့မှာ ကျွန်တော် အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ခရီးထွက်ခဲ့ရတယ်..။ ရန်ကုန်မှာ နှစ်ပတ်ကြာတယ်..။ ကျွန်တော်ပြန်လာတော့ ဟိုကောင် ဆေးရုံတက်နေရတယ်တဲ့..။ ကျွန်တော် ဆေးရုံကို လိုက်သွားတော့ သက်သာနေတဲ့ သူ့ပုံစံကိုတွေ့လို့ စိတ်သက်သာရာရခဲ့တယ်..။ ဒီကောင်ပြောပြတာက ကျွန်တော် မလာနိုင် မှန်း သိပေမယ့်လည်း စမ်းချင်တဲ့ စိတ်ကို မထိန်းနိုင်တာနဲ့ သူရယ်.. သူငယ်ချင်းတစ်ယောက်ရယ်.. အဲ့ဒီ တနင်္ဂနွေနေ့ ညနေ (၅း၀၀) နာရီမှာ သင်းချိုင်းကို ဆိုင်ကယ်နဲ့ထွက်ခဲ့ပါသတဲ့..။ လက်ထဲမှာတော့ ခေါင်ရမ်းပွင့် တစ်ပွင့်ကို ကိုင်လို့ပေါ့လေ..။

သင်းချိုင်းကိုရောက်ရင်ပဲ သုဘရာဇာဦးလေးက တံခါးလာဖွင့်ပေးတယ်..။ပြီးတော့ ကျွန်တော့်ကိုမေးတယ်တဲ့..။ ဒီကောင်က ကျွန်တော် ရန်ကုန်သွားနေလို့ မလာနိုင်ဘူးဆိုတော့ သူတို့ကို အတင်းပြန်နှင်ထုတ်တယ်ဆိုပဲ..။ နောက်ဆုံး ဒီကောင်တွေလည်း မရမကပြောပြီး မုန့်ဖိုးပိုပေးပါ့မယ် ဘာညာနဲ့ သဘောတူခဲ့ကြတာပေါ့..။ ဒီလိုနဲ့ ဇရပ်ထဲမှာ ဒီညနေကမှ လာပို့ထားတဲ့ ကလေး အလောင်း တစ်လောင်းရှိတယ်..။ နက်ဖန်ကြမှ မြေမြှပ်မှာ…။ စမ်းသပ်ချင်ရင် အဲ့ဒီအလောင်းကို စမ်းသပ်လို့ရတယ်ပေါ့…။ အခေါင်းက ကျကျနနကို လုပ်ထားတာ..။ ကနုတ်ပန်းတွေ ဘာတွေနဲ့…။

သူအခေါင်းကိုဖွင့်လိုက်တယ်..။ ကောင်လေးက ၀မ်းလျှောပြီး ဆုံးထားတာ ဆိုတော့ ပါးချောင် နားချောင်တွေ ကျနေပြီး အရိုးစုပုံစံဖြစ်နေပေမယ့် ချစ်စရာကောင်းတဲ့ မျက်နှာလေးကတော့ပေါ်လွင်နေတယ်..။ ပြီးတော့ ကောင်လေးရဲ့မျက်နှာမှာ သနပ်ခါးတွေ လိမ်းပေးထားတာလဲဖွေးလို့…။

သူ ကြာကြာမတွေးတောပဲ.. ကောင်လေးရဲ့ ဘယ်ဘက်နားကြားထဲကို ယူလာတဲ့ခေါင်ရမ်းပန်းထိုးပေးလိုက်တယ်..။ ခဏစောင့်ကြည့်တယ်..။ ထူးလာမလားပေါ့…။ ဘာမှ ထူးမလာဘူး..။ ၁၀ မိနစ် ကြာသွားလည်း ထူးမလာဘူး..။ ဒီလိုနဲ့ ဘာမှလည်းမထူးဘူး ကျွန်တော့်ကို ပြန်ပြောစရာ ရပြီဆိုပြီ ပြန်မယ် အလုပ်မှာ သင်းချိုင်းကုန်း ခြံဝင်း သံတံခါးခေါက်သံကို ကြားလိုက်တယ်..။ သူရယ်..၊ သူ့သူငယ်ချင်းရယ်..၊ သုဘရာဇာ ဦးလေးရယ်.. ဘယ်သူပါလိမ့်ဆိုပြီး သွားလိုက်ကြတယ်..။ ကလေးငယ် တစ်ယောက်…။ ရုပ်က မသဲကွဲ…။ သုဘရာဇာ  ဦးလေးက..

"ဟေ့ ကလေး..မိုးချုပ်တော့မယ်.. ဒီမှာ… ဘာလုပ်မလို့လဲ…"

"ကျွန်တော့်ကို ဒီကနေ ခေါ်နေလို့လာတာ.."

"မင်းက ဒီက ဘယ်သူမှမခေါ်ဘူး..။ မှန်းစမ်း..၊ ဘယ်ရပ်ကွက်ထဲကကလေးလည်း..၊ မိုးချုပ်တော့မယ်.. အိမ်ပြန်တော့" ဆိုပြီး မျက်နှာကို ဓါတ်မီးနဲ့ ထိုးလိုက်တာ…..

 လားး လားး… အဲ့ဒီကလေးက… သူတို့ခုနမှ ခေါင်ရမ်းပန်း ပန်ပေးလိုက်တဲ့ကလေးလေး..။ မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့…။ ဟုတ်ပါတယ်..။ သေချာကြည့်လိုက်မှ သူ့ဘယ်ဘက်နားရွက်ထက်မှာ ပန်းကြီးတစ်ပွင့်..။


ဒါသူ နောက်ဆုံးမှတ်မိပြီး ပြန်သတိရလာတော့ ဆေးရုံရောက်နေတာတဲ့..။ ဟိုတစ်ကောင်ကတော့ သတ္တိရှိပုံ ရတယ်..။ ဆေးရုံတက်ရလောက်အောင် ဘာမှ မဖြစ်လိုက်ပေမယ့် မန္တလေးမှာပဲနေတော့မယ်ဆိုပြီး ပြောင်းသွားလေရဲ့…။ ကျွန်တော်တော့ ဒီအဖြစ်အပျက်နဲ့ မကြုံလိုက်ရတာ ကံကောင်းတာလား ကံဆိုးတာလား မသိတော့ပါဘူးဗျာ…။

Credit: အောင်ထွန်းဦး