ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ခြင်း ဆိုင်ရာ ဥပဒေ အဆို ကန့်ကွက်ခံရ


ပြည်သူ့လွှတ်တော် (ဓာတ်ပုံ – ဧရာဝတီ)
ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ လက်ထပ်ခြင်း ဆိုင်ရာနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အခြေခံပညာ အထက်တန်း ကျောင်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးရန် အဆိုတရပ် ပြည်သူ့ လွှတ်တော်၌ တင်သွင်းရာ ကန့်ကွက်ခြင်းခံ ရကြောင်း သိရသည်။

“၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာအမျိုးသမီးများ သိရှိနိုင် စေရန်အတွက် အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း” အဆိုကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက တင်သွင်းခဲ့ရာ ကန့်ကွက်သူများ ရှိသည့်အတွက် မှတ်တမ်း အဖြစ်သာထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

မြန်မာ အမျိုးသမီးများ လက်ထပ်ခြင်းဆိုင်ရာ ဥပဒေ ၁/၉၈ ပြဌာန်းပြီး ဖြစ်သော်လည်း သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော် နှင့် အညီ ဗုဒ္ဓဘာသာ အမျိုးသမီးငယ်များ ပိုမိုသိရှိ နားလည်စေရန် အတွက် အထက်တန်း ကျောင်းသင်ခန်းစာများတွင် သင် ကြားပေးရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း အဆိုရှင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး က ဧရာဝတီ ကို ပြောသည်။

“အဓိက ယဉ်ကျေးမှုကို ပိုမိုသိရှိ နားလည်လာအောင်၊ စည်းကမ်းရှိလာအောင်၊ ကိုယ်ကျင့်တရား ကောင်းအောင်ပေါ့၊ စည်း ကမ်းလည်း မရှိ၊ ယဉ်ကျေးမှုလည်း နားမလည်၊ မထိန်းသိမ်းဘူးဆိုရင် တဖြည်းဖြည်း လူမျိုးပါ ပျောက်သွားနိုင်တယ်ဆိုပြီး ကျမ က အဆိုတင်တာပါ”ဟု ၎င်းက ပြောဆိုသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဖြေဆိုရာတွင် အထက်တန်း အဆင့်၌ သင်ကြားပါက ကျောင်း သားများအတွက် လေးလံမည် ဖြစ်ကြောင်း၊ တက္ကသိုလ် အဆင့်တွင် ဥပဒေ ဘာသာရပ်၌ သင်ကြားပေးထားကြောင်း ဖြေဆို ခဲ့သည်။ ထို့အတူ ပညာရေး ၀န်ကြီးဌာန ဒု ၀န်ကြီးကလည်း မှတ်တမ်းအနေဖြင့်သာ ထားရှိရန် ဖြေဆိုခဲ့သည်။

ထိုလက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအဆိုသည် ဗုဒ္ဓဘာသာ အမျိုးသမီးများ အတွက် သီးသန့်ဖြစ်နေသည်ဟု ဆိုကာ ခရစ် ယာန် ဘာသာဝင် အမျိုးသမီး ကိုယ်စားလှယ် တဦး နှင့် ဦးသိန်းညွှန့် အပါအ၀င် ကိုယ်စားလှယ် တချို့ကလည်း ကန့်ကွက် သည်။

“ကျနော်က ကန့်ကွက်တယ် ဆိုတာထက် ထောက်ပြတာပါ၊ ဒီ ဥပဒေက ၅၉ နှစ် ရှိနေပြီ၊ ခေတ်မမီတော့ဘူး၊ ဒါကို ပြင်ဆင်ပြီး မှ ပြဌာန်းပေးဖို့ လိုအပ်နေပါတယ်၊ ပြင်ဆင်စရာတွေကို ပြင်ဆင်ပြီးရင် လာမယ့်လွှတ်တော် အစည်းအဝေးတွေမှာ ကျနော် ပြန်တင်မှာပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဧရာဝတီ ကို ပြောသည်။

၁၉၅၄ ခုနှစ် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေသည် မြန်မာအမျိုးသမီးများအတွက် ထူးခြားသည့် အကျိုးခံစားခွင့်မရှိကြောင်း၊ အရွယ်မရောက်သည့် ကလေးသူငယ်ကို သတ်မှတ်ရာတွင်လည်း ၁၄ နှစ်ဟုသာ ပါရှိကြောင်း၊ လက်ရှိ ဥပဒေများတွင် ကလေးသူငယ်ကို ၁၆ နှစ်အောက်ဟု သတ်မှတ်ထားကြောင်း၊ ပြဿနာ တခုခုဖြစ်ပါကလည်း သတ်မှတ်ထားသည့် ဒဏ်ငွေမှာ ကျပ် ၅၀၀ ဟုသာ ပါရှိ၍ ထိုအရာများကို ပြင်ဆင်ပြီးမှသာ ဥပဒေ သစ် ပြဌာန်းသင့်၍ ကန့်ကွက်၊ ထောက်ပြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အများပြည်သူများအကြား အမြင်မတူမှု အငြင်းပွားမှု အများအပြား ဖြစ်ပေါ်ခဲ့သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး ဥပဒေကြမ်း(မျိုးစောင့် ဥပဒေ) တခုကိုလည်း လွှတ်တော်၌ တင်သွင်းမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ထိုမျိုးစောင့် ဥပဒေ မပေါ်မီ ကပင် “အမျိုးဘာသာ သာသနာဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး စာတမ်း” တခုကို အများ ပြည်သူ ကြည်ညိုလေးစားသည့် ဆရာတော်၊ သံဃာတော်အပါး ၁၀၀ ကျော်တို့က ဆွေးနွေး လက်မှတ်ထိုး၍ ပြည်သူ့ လွှတ် တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ ပေးပို့ခဲ့ကြောင်း၊ ထိုစာတမ်း မိတ္တူကို ရရှိထားပြီး ဖြစ်၍ ဆရာတော်ကြီးများ၏ ဆန္ဒသဘော ထားအတိုင်း လွှတ်တော်၌ တင်သွင်းသွားမည် ဖြစ်ကြောင်းလည်း ဦးသိန်းညွန့်က ပြောသည်။

၎င်းက ဆက်လက်ပြီး“ဒီဥပဒေကြမ်းကို ပြင်ဆင် တင်သွင်းတဲ့ အခါမှာလည်း လူ့အခွင့်အရေးသမားတွေ ပြောလို့မရအောင်၊ ဆရာတော်၊ သံဃာတော်ကြီးများရဲ့ အမျိုးဘာသာ သာသနာ ကာကွယ်ဖို့ ဆိုတာကိုလည်း ဥပဒေဘောင် အတွင်းက ဖြစ် အောင်၊ အားလုံးကလည်း လက်ခံနိုင်အောင် ပြင်ဆင်ပြီးတော့ ၉ ကြိမ် သို့မဟုတ် ၁၀ ကြိမ်မြောက် အစည်းအဝေးမှာ တင်သွားဖို့ ရှိတယ်”ဟုလည်း ပြောဆိုသည်။

ဧရာဝတီ

ရွှေဈေးထက်ကြီးတဲ့ ခွေးဈေး




ဆင်းရဲတဲ့လူတွေအတွက် ကုန်းကောက်စရာမရှိလောက်အောင် မွဲနေရတဲ့ ဟောဒီခေတ်ကြီးမှာ ထားစရာမရှိလောက်အောင် ချမ်းသာနေတဲ့လူတွေကလဲ တပုံတပင်။ ပြီးခဲ့တဲ့နှစ်ဦးပိုင်းက တစ်ကမ္ဘာလုံးစီးပွါးရေးကပ်ဆိုက်ပြီး ကုမ္ပဏီကြီးတွေအတော်များများနဲ့ ဘဏ်တစ်ချို့ဒေ၀ါလီခံလိုက်ရပေမဲ့ လုပ်ငန်းရှင်ကြီးတွေအတွက် အသက်ရှုပိတ်မသွားခဲ့။ တကယ့်တကယ် အထိအရှခံလိုက်ရသူတွေကတော့ သက်ဆိုင်ရာကုမ္ပဏီဝန်ထမ်းတွေနဲ့ ဘဏ်ဝန်ထမ်းတွေပါပဲ။ အလုပ်ပြုတ်၊ အိမ်ပြန်၊ ထမင်းတစ်နပ်မှန်ဖို့အရေး ရရာအလုပ်ရှာလုပ်။ စီးပွါးရေးအကြပ်အတည်းဖြစ်လဲ တကယ်ခံရတာက လူဆင်းရဲတွေ၊ နိုင်ငံရေးကပ်ဆိုက်လဲ ဆင်းရဲသားတွေပဲ မွဲတွင်းနစ်။ အဖြစ်ကတော့ မနှစ်သက်စရာ။ ဘယ်သူ့ကို အပြစ်တင်ရပါ့။ ဖန်ဆင်းရှင်ကိုလား? ကိုယ့်ကိုယ်ကိုလား?

တရုတ်နိုင်ငံမြောက်ပိုင်း Shaanxi ပြည်နယ်ရဲ့ မြို့တော် Xi'an လေဆိပ်မှာ အနက်ရောင် မာစီဒီးကားအစီး (၃၀)နဲ့ အလံနီတွေ ဝှေ့ရမ်းကြိုဆိုနေကြတဲ့ လူအုပ်ကြီးကြောင့် လေဆိပ်ကြီးတစ်ခုလုံး အုပ်အုပ်ကျက်ကျက် ဖြစ်နေခဲ့ပါတယ်။ ဒီလောက်တန်ဖိုးကြီးမားတဲ့ ကားအစီးပေါင်းသုံးဆယ်နဲ့ ဒီလူတွေ ဘယ်နိုင်ငံက ကြွလာတဲ့ မင်းဧကရာဇ်ကိုများ ကြိုဆိုနေကြပါလိမ့်။ အိုဗားမားလာမှာလား၊ ဂေါ်ဒင်ဘရောင်းလား၊ ဒါမှမဟုတ်၊ တရုတ်သမ္မတကြီးလား။ မဟုတ်ပါ။ ဒီလူတွေ ဒီကားတွေ ကြိုဆိုနေတဲ့သူကတော့ Wang (Surname) လို့ခေါ်တဲ့ တရုတ်သန်းကြွယ်သူဋ္ဌေးမလေးတစ်ယောက်နဲ့ သူမရဲ့ဝယ်ပြီးကာစ အချစ်တော်ခွေးကြီးတစ်ကောင်ပါ။

သူဋ္ဌေးမလေး ၀မ်ဟာ သူ့အိမ်မှာ မွေးဖို့ ခွေးတစ်ကောင်ကို ကာလအတော်ကြာကြာရှာနေခဲ့ပါတယ်။ ခွေးတွေအများကြီးရှိနေပေမဲ့ သူမစိတ်ကြိုက်မတွေ့သေးတဲ့အတွက် မ၀ယ်ဖြစ်ခဲ့ပါဘူး တဲ့။ အခုတော့ သူ့မရင်ထဲ ကြာမြင့်စွာခိုတည်နေတဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိုက်ရလို့ အရမ်းပျော်နေပါတယ်။ သူမလိုချင်တဲ့ခွေးအမျိုးအစားကိုရဖို့အတွက် သူနေတဲ့နေရာနဲ့ အင်မတန်အလှမ်းကွာတဲ့ တရုတ်ပြည်အနောက်မြောက်ပိုင်းက Qinghai ပြည်နယ်အထိသွားခဲ့ရပါတယ်။ အဲဒီပြည်နယ်ဟာ တိဘက်လူမျိုးအများစု နေထိုင်ပြီး တိဘက်ခွေးအမျိုးအစားများစွာကိုလဲ မွေးမြူတယ်လို့ ဆိုပါတယ်။

ကင်ဟိုင်းပြည်နယ်က သူမဘာကို ၀ယ်ခဲ့သလဲ? Mastiff အမျိုးအစား အနက်ရောင် တိဘက်ခွေးကြီးတစ်ကောင်ကို စိတ်ကြိုက်ဈေးပေးပြီးဝယ်ခဲ့ပါတယ်။ တန်ဖိုးကိုလဲ ကြည့်ပါဦး။ တရုတ်ယွမ်ငွေ လေးသန်း တဲ့။ ဒေါ်လာနဲ့တွက်ရင်တောင် ခြောက်သိန်းကျော်ရှိပါတယ်။ ဒီလောက်များပြားလှတဲ့ငွေတွေကို သုံးပြီး ဒီခွေးကိုဝယ်ရတာဟာ ခွေးတန်ဖိုးက ဒီလောက်တောင် ကြီးနေလို့လား လို့မေးစရာရှိပါတယ်။ ကြီးမယ်မထင်ပါ။ အတော်အတန် တန်ကြေးတော့ရှိကောင်းရှိမှာပါ။ တစ်ခုသေချာတာကတော့ အရင်က ဒီလောက်ဈေးမရှိခဲ့တဲ့ ဒီခွေးအမျိုးအစားတွေဟာ သူဋ္ဌေးမ၀မ် ၀ယ်ပြီးနောက်ပိုင်းမှာတော့ ဈေးတက်သွားမှာ ဧကန်ပါပဲ။ ဒါကလဲ စီးပွါးရေးလောကမှာ ဖြစ်မြဲကိုးဗျာ့။ လိုချင်သူပေါရင် ပစ္စည်းဟာ ဈေးကွက်မှာ နေရာရမြဲပဲ မဟုတ်လား။ အခုလဲ တိဘက် Mastiff ခွေးတွေ ဈေးကွက်ထဲ ၀င်လာခဲ့ပါပြီ။ လိုချင်ရင်တော့ ပိုက်ဆံသာများများ ရှာထားပေတော့။

အချို့လူတွေက ငွေကို စားဖို့ သုံးတယ်။ အချို့ကတော့ ကြွားဖို့ သုံးတယ်။ တစ်ချို့ကျတော့ ထားဖို့နေရာမရှိလို့ သုံးပစ်တယ်။ အချို့လူတွေ ကျပြန်တော့ ဆန္ဒတစ်ခုပြည့်ဝရေး အလေးပေးပြီး သုံးစွဲကြတယ်။ ဒေါ်လာခြောက်သိန်းတန်ဖိုးမရှိတဲ့ ခွေးတစ်ကောင်ကို ဒေါ်လာခြောက်သိန်းပေးပြီး ၀ယ်လိုက်တဲ့အပေါ်မှာ သင်ဘယ်လို စဉ်းစားမိသလဲ။ အမြင်ချင်းတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားမှုရှိမှာပါ။ “ရွှေမှာ တန်ဖိုးရှိတယ်၊ ဒီတိဘက်မာစ်တစ်ဖ်ခွေးမှာ ဘာတန်ဖိုးမှမရှိဘူး” လို့ အချို့လူတွေက ဆိုပေမဲ့ သူဋ္ဌေးမလေး ၀မ်အတွက်တော့ သူ့ဆန္ဒတစ်ခုပြည့်ဝရေးအတွက် သူသုံးခဲ့တဲ့ငွေကို သုံးသင့်တဲ့နေရာမှာ သုံးလိုက်တယ်လို့ ယူဆကောင်း ယူဆနေမယ်ထင်ပါရဲ့။ သုံးနိုင်ဖြုန်းနိုင်ပါပေရဲ့ လို့တောင် ချီးကြူးရမလိုလို။ အော် ရှိသူတွေကလဲ ရှိကြပါ့၊ မွဲသူတွေကျပြန်တော့လဲ ဒီလိုခွေးမျိုးကို ဒီဈေးပေးပြီး ၀ယ်ဖို့မပြောနဲ့ အိမ်က ကလေးဆော့ဖို့ ပလပ်စတင့်ခွေးရုပ်တောင် အနိုင်နိုင်။ အော် လောက--လောက။ သြချလောက်ပါပေရဲ့ဗျား။

Myawady News

မြန်မာ ၃၄ ဦး ထိုင်းလူပွဲစားနဲ့ အတူ အဖမ်းခံရ




ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ဖို့ လူကုန်ကူးတဲ့ လူပွဲစားတွေက တဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ အမျိုးသမီး ၁၅ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၄ ဦးကို ထိုင်းနိုင်ငံ တပ်ခ်ခရိုင် ကန်ဖယ်ဖစ်ခ်ျမြို့ အနီးမှာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက မနေ့ညက ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကနေပြီး ဘန်ကောက်မြို့ အနီးက အယုဒယမြို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုပြီး ထိုင်းလူမျိုးတစ်ဦးက လူ ၁၃ ဦးသာ စီးနင်းနိုင်တဲ့ အလုံပိတ်ကားတစ်စီးနဲ့ခေါ်လာချိန်မှာ အခုလိုဖမ်းဆီးရမိခဲ့တာလို့ ဖမ်းဆီးမှုမှာပါဝင်ခဲ့တဲ့ ထိုင်းရဲအရာရှိက အခုလို ပြောပါတယ်။

" အားလုံး ၃၄ ယောက် ဖမ်းဆီးရမိတာပါ၊ အမျိုးသမီး ၁၅ ယောက်နဲ့ အမျိုသား ၂၀ ယောက်ဖြစ်ပြီး၊ သူတို့ကိုခေါ်လာတဲ့ ထိုင်းအမျိုးသား တစ်ယောက်ပါဆိုရင် စုစုပေါင်း ၃၅ ယောက် ဖြစ်ပါတယ်၊ ဘန်ကောက်ကို ထွက်ခွာလာတဲ့သူတို့ကို တပ်ခ်ခရိုင်အတွင်း ဖမ်းဆီးရမိတာဖြစ်တယ်”

အဲဒီမြန်မာနိုင်ငံသားတွေဟာ အယုဒယမြို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ထိုင်းလူပွဲစားကို တစ်ယောက် ထိုင်းဘတ်ငွေ ၁၄၀၀၀ (တစ်သောင်းလေးထောင်) စီ ပေးခဲ့ကြရတယ်လို့လည်း သိရပါတယ်။

သူတို့ကို ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ကနေတဆင့် မြန်မာနိုင်ငံကို ပြန်ပို့သွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
Credit: RFA Burmese

အစဉ်အလာကို ကျော်နိုင်ဖွယ် မရှိသေးသည့် နွေလျှပ်စစ်မီး




ဖြတ်ခနဲ ရုတ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ အော်ကြလိုက်သည်။ လူကြီးအချို့က မကျေမနပ် မြည်တွန် တောက်တီးကုန်ကြသည်။ လက်ဖက်ရည်ဆိုင် တစ်ခုလုံး တီးတိုးတီးတိုး စကားသံများသာ ထွက်ပေါ်နေသည်။

မိုးရာသီ မကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့ ရှိသည်။ လိုင်းပြဿနာများ အပါအဝင် အမျိုးမျိုးသော အကြောင်းများကြောင့် မကြာခဏ မီးပျက်တတ်ကြောင်း ဗဟန်းမြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဘောလုံးပွဲရှိတဲ့ ရက်တွေဆို မကြာခဏ ပျက်တတ်တယ်။ အခုမိုးတွင်းကြီးတောင်မှ မိုးရွာရင်လည်း ပျက်တယ်။ မလာရင်လည်း ပျက်ချင် ထပျက်တာပဲ” ဟု မြောက်ဥက္ကလာပမြို့နယ် ဆုံစည်းရာ လက်ဖက်ရည်ဆိုင် လုပ်ငန်းရှင် ဦးထူးက ဆိုသည်။

ရန်ကုန်မြို့ အပါအဝင် မြို့တော်တော်များများတွင် လက်ဖက်ရည်ဆိုင် အများစုသည် နိုင်ငံတကာ ဘောလုံးပွဲများ၊ နေ့စဉ်ထွက် မြန်မာဇာတ်ကားများသာမက တစ်နေကုန် ထုတ်လွှင့်ပေးနေသော Skynet၊ 5 Movies နှင့် Myawady Digital တို့မှ ရုပ်ရှင်ကားများကိုလည်း တစ်နေကုန် ဖွင့်လှစ် ပြသကြလေ့ ရှိသည်။ ထို့ကြောင့် မီးမလာပါက သူတို့၏ ဝင်ငွေ ထိခိုက်လေ့ရှိသည်။

“ကျွန်တော်တို့ ဆီမှာကတော့ လက်ဖက်ရည်ဆိုင်ဆိုတာ ကိုယ့်ဆိုင်လူဝင်အောင် ဘောလုံးပွဲလည်း ပြတယ်။ မြန်မာကားလည်း ပြရတယ်။ တစ်နေကုန်လည်း Skynet တို့၊ 5 Movies တို့ကနေလာတဲ့ ရုပ်ရှင်တွေလည်း ပြနေရတယ်။ မီးမလာရင် အဆင်မပြေဘူး။ ဆီဖိုးနဲ့တင်သေပြီ” ဟု ကိုထူးက ဆိုသည်။

လက်ရှိရန်ကုန်

လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ရှိနေသော်လည်း စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်း အများစု တည်ရှိပြီး အဓိက စက်မှုမြို့တော်ကြီး ဖြစ်သော ရန်ကုန်မြို့ကို တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ပမာဏ ၈၂၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောကြားသည်။
“ထုတ်လုပ်နေတာ။ သုံးစွဲမှုပမာဏလည်း ခန့်မှန်းခြေ အဲဒီပမာဏလောက်ပါပဲ” ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်းက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားကို မိုးရာသီတွင် လုံလောက်စွာ ပေးနိုင်သော်လည်း နွေရာသီတွင်မူ အခက်အခဲများ ရှိနေသေးကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်ဓာတ်အား အသုံးပြုရာတွင် ဓာတ်အားဆုံးရှုံးမှု နည်းပါးစေရန် ရန်ကုန်မြို့ရှိ ခရိုင်အလိုက် တတ်နိုင်သရွေ့ ပြုပြင်မှုများ ဆောင်ရွက်နေပြီး တောင်ပိုင်းခရိုင်တွင် နေရာအတော်များများ မီတာများလဲလှယ် တပ်ဆင်ပြီးဖြစ်ကာ ယခင်ကထက် ဓာတ်အား ဆုံးရှုံးမှု နည်းပါးလာကြောင်း ဦးရန်လင်းက ဆိုသည်။

သို့သော်လည်း ယခုနှစ် မိုးရာသီတွင်ပင် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေခဲ့ရကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးထူးက ဆိုသည်။

ဘာကြောင့်မလာသလဲ

လက်ရှိ ရန်ကုန်မြို့တော်အား ဖြန့်ဝေနေသော လျှပ်စစ်ဓာတ်အား ပမာဏမှာ မိုးရာသီ ဖြစ်သောကြောင့် လုံလောက်မှုရှိပြီး တစ်ခါတစ်ရံ မီးပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းမှာ ဓာတ်အားလိုင်း ချို့ယွင်းမှုများကြောင့်သာ ဖြစ်ပြီး ရပ်ကွက်အလိုက် ခဏတာ ပြတ်တောက်ခြင်းမျိုးသာ ရှိတော့ ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မီးပြတ်တယ် ဆိုတာကလည်း မိုးတွင်းကာလမှာ လိုင်းတွေက သစ်ပင်နဲ့ ငြိတာတို့ဘာတို့ ရုံးပိတ်ရက်မှာ သစ်ပင်ခုတ်ရတာတို့ကို ပြင်ဆင်တာပေါ့လေ။ တချို့ကာလလေးတွေမှာ ရပ်ကွက်ကို မီးပိတ်ပြီး အလုပ်လုပ်ရ တာလေးတွေ ရှိတယ်” ဟု ဦးရန်လင်းက ဆိုသည်။

စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်း အများစု တည်ရှိပြီး အဓိက စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို တစ်နေ့လျှင် လျှပ်စစ်ဓာတ်အားပမာဏ အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရန် ရေအားလျှပ်စစ်ကို အားကိုးနေရဆဲဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံကိန်းဌာနမှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ရေအရင်းအမြစ် ပေါကြွယ်ဝသော်လည်း ရေအားလျှပ်စစ် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအများစုမှာ တည်ဆောက်ဆဲ ဖြစ်နေကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေအားလျှပ်စစ်ကိုသာ အားကိုးနေရ သောကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရာတွင် အခက်အခဲများ ရှိနေကြောင်းလည်း ၎င်းကဆိုသည်။
“ဂက်စ်တာဘိုင်တွေကနေ ပြီးခဲ့တဲ့နှစ် နွေကဆိုရင် ၄၅၀ မဂ္ဂါဝပ်လောက် ထုတ်ပေးနိုင်တယ်။ အဲဒီလောက် ထုတ်ပေးနိုင်တာတောင်မှ မီလုမီရုံလေးပဲ ရှိတယ်” ဟု ဦးအောင်မျိုးဝင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး

မြို့ကြီးများရှိ ပြည်သူများက လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ဝေဖန်မှုများ ရှိနေသော်လည်း တကယ်တမ်းတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရှိသေးကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

နှစ် ၃၀ စီမံကိန်းအဖြစ် ရေးဆွဲထားသော အမျိုးသား စွမ်းအင် စီမံကိန်းအရ အဆိုပါ စီမံကိန်း ပြီးဆုံးမည့် ၂၀၃၀-၃၁ ခုနှစ်တွင်ပင်လျှင် မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့လည်း လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ အခက်အခဲတွေ အများကြီးပဲ။ လူ၊ အရင်းအနှီး၊ နည်းပညာ၊ အချိန်စတာတွေ အကုန်ရှိရမှာ ပြီးရင် ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင်လည်း လုပ်ရ တယ်။ အကုန်အဆင်ပြေအောင် လိုက်လုပ်နေရတာ။ ဒါကြောင့်လည်း ပြည်ပက ကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်နေတာ” ဟု အဆိုပါ အရာရှိက ပြောကြားသည်။

နှစ် ၃၀ အမျိုးသားစွမ်းအင် စီမံကိန်းအရ အဆိုပါ စီမံကိန်း ပြီးဆုံးမည့် ၂၀၃၀-၃၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် နှစ်သောင်းကျော် တပ်ဆင် ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် မဂ္ဂါဝပ် ငါးထောင်ကျော် တပ်ဆင်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထား သည်။

အချို့ဒေသများတွင် ပုဂ္ဂလိကက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသော်လည်း လျှပ်စစ် တစ်ယူနစ် ဈေးနှုန်းမှာ ကျပ် ၆၀၀ နီးနီး အထိရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ အဓိကပို့ကုန် သဘာဝဓာတ်ငွေ့ ထွက်ရှိရာ ရခိုင်နှင့် တနင်္သာရီဒေသများတွင် ထိုသို့အများဆုံး ကြုံနေရသဖြင့် ဒေသခံများ ဝေဖန်လျက် ရှိသည်။

ရခိုင်တွင် သဘာဝဓာတ်ငွေ့ ခွဲဝေ သုံးစွဲခွင့်ရရေး လက်မှတ် ကောက်ယူလျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကလည်း ဒေသတွင်းထွက် ရဲတံခွန် စီမံကိန်းမှ ရရှိသော ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းတိုင်းမှ ခံစားခွင့်ရရေး တင်ပြမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

စက်မှုဇုန်များ၏ လျှပ်စစ်မီး မျှော်လင့်ချက်

လက်ရှိအချိန်တွင် အိမ်ထောင်စုများ သာမက လျှပ်စစ်ဓာတ်အားပမာဏ အများအပြား သုံးစွဲသော စက်မှုဇုန်များ အတွက်လည်း လျှပ်စစ်ဓာတ် အားလုံလောက်စွာ ရရှိရန် စီစဉ်နေပြီး စက်မှုဇုန် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီများ လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ဆိုသည်။

ရန်ကုန်မြို့တွင် စက်မှုဇုန် ၁၅ ခု ရှိပြီး ရန်ကုန် စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန် နှစ်ခုကို ပုဂ္ဂလိက ဓာတ်အားရရှိရန် စီစဉ်ထားပြီး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများနှင့် စက်မှုဇုန် ကော်မတီများ ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စက်မှုဇုန်တွေမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကတော့ ဒီဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမယ့ှ်ု Industry ပေါ်မှာ မူတည်တယ်။ အထည်ချုပ်လောက်၊ ကား တပ်ဆင်တာ လောက်ဆိုရင် ပါဝါသိပ်မလိုဘူး။ ဆောက်မယ့် စက်ရုံတွေက ဘိလပ်မြေ စက်ရုံတွေ၊ Chemical Complex တွေ ဖြစ်နေရင် သူတို့က ပါဝါအများကြီး လိုသွားပြီ။ လက်ရှိ သိရသလောက်တော့ အဲဒီလိုဟာမျိုးကြီးတွေ မလာသေးဘူး။ ပုံမှန် ရိုးရိုးစက်ရုံတွေ လောက်ဆိုရင် စက်မှုဇုန်တစ်ခုကို မဂ္ဂါဝပ် ၃၀၀၊ ၄၀၀ လောက်ပဲ လိုပါလိမ့်မယ်” ဟု Barons Machinery & Engineering မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အိဖြူစင်ဌေးက ဆိုသည်။

လျှပ်စစ်ဓာတ်အား ရရှိမှုသည် စက်မှုဇုန်များအတွက် အသက်ပင် ဖြစ်သည်။ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် လက်တွန့်နေပြီး မြန်မာ့စီးပွားရေးတွင် ထိခိုက်မှုများ ရှိကြောင်း နိုင်ငံတကာနှင့် ပြည်တွင်း စာတမ်းပေါင်းများစွာက ဖော်ပြခဲ့ကြသည်။ စက်ရုံအများစု လိုအပ်သော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ မပေး နိုင်ခဲ့သောကြောင့် ပြီးခဲ့သော နှစ်များအတွင်း စက်ရုံများ ဒုက္ခရောက်ခဲ့ရသည်။
“ဖိလစ်ပိုင်မှာ အထည်ချုပ်စက်ရုံ ဖွင့်ဖူးတယ်။ ဟိုမှာက ဒီမှာထက် ကုန်ကျစရိတ် သက်သာတယ်။ လျှပ်စစ်ဓာတ်အား မှန်မှန်မရရင်တော့ ဒီကထုတ်ကုန်တွေက ဈေးကြီးနေဦးမှာပဲ။ လျှပ်စစ်အတွက် အပိုကုန်ကျစရိတ်တွေ ရှိနေတော့ တခြားဟာတွေမှာ ကုန်ကျစရိတ်တွေ လျှော့ချရတယ်။ အဲဒီတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတာပေါ့” ဟု ရွှေပေါက်ကံ စက်မှုဇုန်မှ နိုင်ငံခြားသား အထည်ချုပ်စက်ရုံ ပိုင်ရှင်တစ်ဦးက မှတ်ချက်ပေးသည်။
အစိုးရက တိကျသော မူဝါဒတစ်ခု ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်နေပြီး ရေရှည်တွင် လက်ရှိအတိုင်း သွားပါက အားလုံး နစ်နာနိုင်ကြောင်း ၎င်းကဆိုသည်။

“ပြဿနာက အစိုးရက ဘာကိုဦးစားပေးမလဲ ဆိုတာပဲ။ ရှိတဲ့ပါဝါက နည်းနည်းလေး၊ လူတွေကို ဦးစားပေးမလား စက်မှုဇုန်တွေကို ပေးမလားဆိုတာ Political Decision နဲ့ ဆိုင်မယ် ထင်ပါတယ်” ဟု ဒေါ်အိဖြူစင်ဌေးက ဆိုသည်။

အရှေ့တောင်အာရှတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှု ထိပ်တန်း နိုင်ငံများတွင် ပါဝင်သော်လည်း လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံး နိုင်ငံဖြစ်သော မြန်မာမှာ ယင်းအတွက် လမ်းကမှိန်ဆဲ ဖြစ်သည်။

ဒီနွေရော မီးမှန်မှာလား

နိုင်ငံတကာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချမှုကို ရေရှည် အကျိုးစီးပွားအတွက် သေချာစနစ်တကျ စဉ်းစား ဆောင်ရွက်လေ့ ရှိသည်။ လျှပ်စစ်ဓာတ်အား မည်မျှ ရရှိအောင် ဆောင်ရွက်နိုင်သည် ဟူသည်မှာ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် တိုက်ရိုက် သက်ဆိုင်နေ သကဲ့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မှုခင်းများနှင့်ပါ သက်ဆိုင်နေသည်။

“လျှပ်စစ်ဓာတ်အားကို ပြည်သူကို ရောင်းလိုက်တယ်။ ပြည်သူဆီက ပိုက်ဆံ ပြန်ရလိုက်တယ် ဆိုတာလောက် စဉ်းစားရင်တော့ မရဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ လျှပ်စစ်ပိုရတဲ့အတွက် ဝင်လာတဲ့ Industry တွေ အဲဒါတွေကနေ သုံးတဲ့အခါမှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ များလာမယ်။ လူတွေကို အလုပ်ခန့်မယ်။ တစ်ဦးချင်းဝင်ငွေ တိုးမယ်။ ဒါတွေက တစ်ဆင့်ခံ အကျိုးအမြတ်တွေ။ အဲဒီလို အဆင့်ဆင့် စဉ်းစားရမယ်” ဟု ဒေါ်အိဖြူစင်ဌေးက ဆိုသည်။

လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းကို ပုဂ္ဂလိက ကဏ္ဍသို့ အလျင်အမြန် လွဲအပ်သင့်နေပြီး အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း ပြည်တွင်းရှိ လျှပ်စစ်လုပ်ငန်းနှင့် နီးစပ်သူများက အကြံပြုကြ သည်။

နိုင်ငံတကာမှာကဲ့သို့ အစိုးရက Transmission ပိုင်းမှလွဲ၍ အခြားကဏ္ဍများကို ပုဂ္ဂလိကသို့ လွဲပြောင်း၍ အပြိုင်အဆိုင် လုပ်ကိုင်စေခြင်းဖြင့် ဝန်ဆောင်ခကိုပါ လျော့ကျစေရန် ဆောင်ရွက်သင့်ကြောင်း ဒေါ်အိဖြူစင်ဌေးက ဆိုသည်။

သို့သော် ယခုနှစ် နွေရာသီတွင် ယခင်နှစ် နွေရာသီများထက် လျှပ်စစ်ဓာတ်အားပိုမို တိုးတက်ရရှိမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများက တညီတညွတ်တည်း ပြောကြားကြ သည်။
သို့သော်လည်း ရေအားလျှပ်စစ်မှ အဓိက ထုတ်လုပ်နေရခြင်း ဖြစ်သောကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပုံမှန်ရမည်ဟု ကတိမပေးနိုင်သေးကြာင်း ဦးအောင်မျိုးဝင်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ စက်ရုံအလုပ်ရုံ ပိုင်ရှင်များနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ ကဲ့သို့ပင် ဦးထူးတို့ ကဲ့သို့သော ရပ်ကွက်က လေးများအတွင်းက လက်ဖက်ရည်ဆိုင် ပိုင်ရှင်များကလည်း လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရန် မျှော်လင့်နေသည်။
“နေ့ခင်းနေ့လည် မီးမလာတာ ပြဿနာ သိပ်မရှိဘူးဗျ။ ညပိုင်းလေးလာရင် တော်ပြီ။ ဒီအချိန်မှာပဲ ပိုက်ဆံလေးရှာရတာ။ မီးမလာရင် ဆီဖိုးက သိပ်ကုန်တာဗျ” ဟု ဦးထူးက ဆိုသည်။

နိုင်ငံတကာ ဘောလုံးပွဲများ ကျင်းပလေ့ရှိသော စနေနှင့် တနင်္ဂနွေရက်များသည် လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များအတွက် လူဝင်အများဆုံး အချိန်ဖြစ်နေသောကြောင့် သူ့ဆိုင်ကိုယ့်ဆိုင် အပြိုင်ကြဲနေရသော စီးပွားရေး သဘောအရ မီးမလာသောအခါ မီးစက်ဖြင့် လုပ်ငန်း လုပ်ကိုင်ကြရပြန်သည်။
“နွေသာဆိုရင် ကျွန်တော်တို့ တော်တော် ဒုက္ခရောက်တယ်။ ဒါကလည်း ဒီတစ်နှစ်ထဲမှ မဟုတ်တာ နှစ်တိုင်း ဖြစ်နေခဲ့တာပဲ။ ဒီနှစ်တော့ အရင်နှစ်တွေကထက် ပိုအဆင်ပြေမလား မျှော်လင့်မိတယ်” ဟု ဦးထူးက ဆိုလိုက်သည်။

(ရဲဇွန်အောင်)
The Voice Weekly

တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်းလုံခြုံမှုနှင့် အနာဂတ် မြန်မာပြည်




၂၀၁၃ ခုနှစ် ဇူလိုင်လ ဟောင်ကောင်လေဆိပ် တစ်နေရာ [A]....။

ဥရောပခရီးကအပြန် ခရီးတစ်ထောက် ရောက်နေတဲ့ ပြည်မကြီးက တရုတ်လူမျိုး အယောက်လေးဆယ်ပါတဲ့ အဖွဲ့။ ဝယ်ခြမ်းခဲ့တဲ့ ပိုးသားပဝါတွေ၊ ဆွစ်နာရီတွေ၊ နာမည်ကြီး လူးဝစ်ဗီတန် (Louis Vuitton) အိတ်တွေ အပြည့်နဲ့ပေါ့။ အဲ ... နောက်ထပ် ထူးခြားတာတစ်ခုက ကလေးနို့မှုန့်တွေ အပြည့်အသိပ် သယ်လာတာပါပဲ။
သူတို့ထဲက တစ်ယောက်က ‘ဂျာမနီက ကုန်တိုက်ကြီးတွေမှာ တက်သုတ်ရိုက်ပြီး ဝယ်ခဲ့ရတာဗျ။ တစ်ယောက်ကို နို့မှုန့်ဘူး ဒါဇင်ဝက် လောက်တော့ အိတ်ထဲထည့် သယ်နိုင်ခဲ့တယ်’ လို့ ပြောတယ်။ တရုတ် အမျိုးသမီး တစ်ယောက်ကလည်း “အခုထက် သယ်ရတာ လွယ်လို့ကတော့ အများကြီး ဝယ်ခဲ့ချင်တာပေါ့ရှင်။ အဲဒီမှာက ကောင်းလည်းကောင်း၊ ဈေးလည်းချိုတယ်ရှင့်” လို့ ဆိုတယ်။ သူမက နို့မှုန့်နှစ်ဘူးပဲ ဝယ်ခဲ့တာလေ။

တရုတ်လူမျိုးတွေဟာ ကလေးနို့မှုန့်တွေကို တရုတ်ပြည်မကြီး အပြင်ဘက် ဘယ်နေရာကပဲ ဖြစ်ဖြစ် ရသလောက် ဝယ်နေကြတော့ နယ်သာလန်၊ နယူးဇီလန်တို့ အပါအဝင် အနည်းဆုံး နိုင်ငံခြောက် နိုင်ငံမှာ နှို့မှုန့် ပြတ်လပ်မှုတောင် ဖြစ်ခဲ့ရတယ်။ ဒီပြတ်လပ်မှုဟာ တရုတ်တွေရဲ့ စားသုံးမှုပုံစံနဲ့ အစားအသောက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံစိတ်ချရမှု (Food and Environmental Safety) အပေါ် ရေချိန် မြင့်တက်လာတဲ့ စိုးရိမ်မှုကို မြင်သာစေပါတယ်။

အကျိုးဆက်အနေနဲ့ ဗြိတိန်နိုင်ငံက တချို့ဆိုင်တွေဆိုရင် လူတစ်ယောက်ကို နှို့မှုန့်နှစ်ဘူးပဲ ဝယ်ခွင့်ရှိတယ်လို့ သတ်မှတ်လိုက်သတဲ့။ ဟောင်ကောင်နိုင်ငံ အကောက်ခွန် အရာရှိ တွေကလည်း လူတစ်ယောက်ကို နို့မှုန့်နှစ်ဘူး သို့မဟုတ် နို့မှုန့်အလေးချိန် လေးပေါင်အထိပဲ သူ့နိုင်ငံထဲကနေ သယ်ယူထွက်ခွာခွင့် ချမှတ်လိုက်တယ်။ ဖောက်ဖျက်ရင် ဒဏ်ငွေ ၆၅၀၀ ဒေါ်လာနဲ့ အတူ ထောင်ဒဏ် ၂ နှစ်ထိတောင် ကျခံရနိုင်တယ် ဆိုတာမျိုးအထိ ဖြစ်သွားခဲ့တယ်။ ၂၀၁၂ ဧပြီလမှာ နှစ်ရက် စီမံကိန်းနဲ့ ရှာဖွေ ဖမ်းဆီးလိုက်တာ နို့မှုန့်ပေါင် ၂၀၀ လောက်နဲ့ လူဆယ်ယောက်လောက်ကို ဖမ်းမိခဲ့တယ်။

နို့မှုန့်ခြေရာ

တရုတ်လူမျိုးတွေ ပြည်ပက နို့မှုန့်တွေကို ဘာကြောင့် အငမ်းမရ ဝယ်ယူနေကြသလဲ ဆိုတာကို ခြေရာကောက်ဖို့ဆိုရင် ၂၀၀၈ ခုနှစ်ကို ပြန်သွားရပါမယ်။ တရုတ်ပြည်ထုတ် နို့မှုန့်တွေထဲမှာ မယ်လမင်း ဓာတ်တွေတွေ့ရပြီး ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ပျက်စီး ခြင်းများကြောင့် ကလေးခြောက်ယောက် အသက်ဆုံးရှုံးခဲ့ရ၊ ကလေးငယ်ပေါင်း ၅၄,၀၀၀ ခန့်ကို ဆေးရုံတင်ခဲ့ရတဲ့ ၂၀၀၈ ခုနှစ်ပေါ့။ [B] အဆိုပါ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ ဂန်စူပြည်နယ် (Gansu) က ကလေး ၁၆ ယောက် ကျောက်ကပ်မှာ ကျောက်တည်တဲ့အတွက် ဆေးစစ်ရာက နို့မှုန့် ပြဿနာရဲ့မီးခိုး စတင်ထွက်ခဲ့တယ်။

အဲဒီ ၂၀၀၈ ခုနှစ် တရုတ်နို့မှုန့်ကိစ္စကို စားသောက်ကုန် ဘေးကင်းလုံခြုံမှု (Food Safety) ဆိုင်ရာ အကြီးဆုံး ပြဿနာတွေထဲက တစ်ခုလို့တောင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ရည်ညွှန်း ပြောဆိုလာခဲ့ရတယ်။ လအနည်းငယ်အကြာ ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ကြက်ဥနဲ့ အခြား စားသောက်ကုန် တွေမှာလည်း မယ်လမင်းတွေ ထပ်မံတွေ့ရှိခဲ့တယ်။

နောက် ၂ နှစ်အကြာ၂၀၁၀ ဇူလိုင်လမှာလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်မြောက်ဘက်က ပြည်နယ်တစ်ခုမှာ နို့ထွက်ပစ္စည်း ကုန်ကြမ်း ၆၄ တန်ကို စစ်ဆေးခဲ့ရာမှာ အဆိပ်ဖြစ်စေတဲ့ ဓာတု ပစ္စည်းများနဲ့ မယ်လမင်းဓာတ်များ သတ်မှတ်ထားတဲ့ ပမာဏထက် အဆ ၅၀၀ ကျော် တွေ့ရှိခဲ့တဲ့အတွက် တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ [C]

တရုတ်နို့မှုန့် ပြဿနာကို စတင်အနံ့ခံနိုင်ခဲ့ပြီး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ ကျန်းဝေစူး (Jiang Weisuo) ဆိုသူ ၂၀၁၂ နိုဝင်ဘာလမှာ သူ့ဇနီးဖြစ်သူက ဓားနဲ့ထိုးလို့ပဲ သေရသလိုလို၊ လူငှားပြီး အသတ်ခံရသလိုလို ဖြစ်ခဲ့တဲ့ သတင်းဟာလည်း တရုတ်ပြည်သူတွေ အနေနဲ့ သူတို့ဆီက စားသောက်ကုန်တွေရဲ့ ယုံကြည်စိတ်ချရမှု အပေါ် ပိုပြီး သံသယတွေ ပွားစေခဲ့ပါတယ်။ [D]

တရုတ်အစိုးရ၏ တာဝန်ယူမှု

၂၀၀၈ နို့မှုန့် ပြဿနာအပေါ် တရုတ်နိုင်ငံ အစိုးရဘက်ပိုင်းက တာဝန်ယူမှုကို ကြည့်ရင်လည်း အားရစရာ သိပ်မရှိလှပါဘူး။

တကယ်တော့ နို့မှုန့်မှာ မယ်လမင်းဓာတ် ပါတဲ့ကိစ္စဟာ ဆန်လု (Sanlu) ကုမ္ပဏီက စတင်ခဲ့တာပါ။ ဆန်လုရဲ့ ၄၃ ရာခိုင်နှုန်းကို နယူးဇီလန်က ဖွန့်တာရာ (Fonterra) ကုမ္ပဏီက ပိုင်ဆိုင်ပြီး မယ်လမင်းဓာတ် တွေ့တဲ့အကြောင်း ၂၀၀၈ ခုနှစ် သြဂုတ်လ ၂ ရက် (ပြည်သူတွေ မသိခင် တစ်လအလို) မှာ ဖွန့်တာရာက သိခဲ့ပြီး ရောင်းပြီးပစ္စည်းအားလုံး ပြန်သိမ်းဖို့ တွန်းအား ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၀၀၈ ခုနှစ်ဟာ အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် တရုတ်ပြည်က လက်ခံကျင်းပနေချိန် ဖြစ်နေတယ်။ အိုလံပစ်ပွဲတော် လက်ခံကျင်းပခွင့် ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းဆောင်နိုင်မှုကို မသိမသာ လှစ်ပြလို့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်လေတော့ တရုတ်အစိုးရ ကလည်း နို့မှုန့်ကိစ္စကြီးဟာ အိုလံပစ်အတွက် ဆူးညောင့် ခလုတ်တစ်ခု ဖြစ်လာမှာကို စိုးရိမ်တကြီး ဖြစ် လာတယ်။

ဒီတော့ တရုတ်အစိုးရက တရုတ် သတင်းသမားများကို နို့မှုန့်ကိစ္စအတွက် အကျယ်အကျယ် မငြိမ်းဖွယ် မလုပ်ဖို့၊ သိုသိုသိပ်သိပ် လုပ်ကြဖို့ ညွှန်ကြားခဲ့တယ်လို့ နောက်ပိုင်းမှာ သတင်းတွေ ထွက်ခဲ့ပါတယ်။ တရုတ် သတင်းစာများကို နို့မှုန့်ကိစ္စနဲ့ ပတ်သက်ပြီး အဆိုးဘက်ကို မရေးဖို့၊ နိုင်ငံပိုင် သတင်းစာ စင်ဟွာရဲ့သတင်းအတိုင်းပဲ တစ်သဝေမတိမ်းရေးဖို့ ပြောကြားခဲ့ပါတယ်။ စီစီတီဗီ (CCTV) သတင်းဌာန ဆိုရင် နို့မှုန့်အကြောင်း မဟုတ်ဘဲ မကြာမီ အာကာသခရီး စတင်တော့မယ့် အာကာသယာဉ် ရှန်းဂျိုး အမှတ် ၇ (Shenzhou 7) အကြောင်းကိုပဲ အသားပေးပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီလို ဖုံးကွယ်မှုတွေ၊ နှေးကွေးတဲ့ တုံ့ပြန်မှုတွေကို ထိုစဉ်က နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဟယ်လန်ကလပ် (Halen Clark) အပါအဝင် အနောက်နိုင်ငံ သတင်းစာတိုက် များကလည်း အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။
နောက်ဆုံးတော့လည်း ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ ဆန်လုကုမ္ပဏီဟာ လူသိရှင်ကြား အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ၏ ယုံကြည်မှု

၂၀၀၈ နို့မှုန့် ပြဿနာရဲ့ အကျိုးဆက်ကတော့ နိုင်ငံ ၂၅ နိုင်ငံက တရုတ်နို့မှုန့် အပါအဝင် အခြား နို့ထွက်ပစ္စည်းများကို တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်း ပါပဲ။ မြန်မာပြည်ကလည်း တရုတ်နို့မှုန့် ၁၆ တန်ကို ဖျက်ဆီးခဲ့ပြီး တရုတ်နို့မှုန့် ကိုးမျိုးကိုလည်း တင်သွင်းခွင့် ပိတ်ခဲ့ပါတယ်။ [E]
အိန္ဒိယနိုင်ငံကတော့ တရုတ်နိုင်ငံထုတ် နို့ထွက်ပစ္စည်း တင်သွင်းခွင့်ကို ၂၀၁၃ ဇွန်လ ၂၃ မှ နောက်ထပ်တစ်နှစ် ထပ်မံပိတ်ပင်လိုက်ကြောင်း သိပ်မကြာသေးခင်က ပြောကြားသွားတယ်။ [F]

ယုံကြည်မှုဆိုတာ အလွယ်တကူနဲ့ ပြန်လည် ဆောက်တည်လို့ ရတာမျိုးမှ မဟုတ်တာ။ အထူးသဖြင့် နိုင်ငံနဲ့ချီပြီး အဆိုးအကောင်း ထိခိုက်နိုင်တာမျိုးဆိုရင် ပိုပြီးတောင် အချိန်ကြာကြာ ယူရမှာပါပဲ။

တရုတ်ပညာရှင်တစ်ဦး၏ အမြင်

ကမ္ဘာကြီးရဲ့ ဆူပါပါဝါ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကနေ တရုတ်နိုင်ငံများ ဖြစ်လာပြီလား ဆိုတဲ့ မေးခွန်းအတွက် တရုတ်နိုင်ငံ ဘေဂျင်းမြို့ ချင်းဟွာ (Tsinghua) တက္ကသိုလ်က နိုင်ငံတကာ လေ့လာရေး ပါမောက္ခ ဆွန်ဂျူရာ (Sun Zhe) က သူ့ရဲ့အမြင်ကို အခုလို ပြောကြားခဲ့ပါတယ်။ [G]
“ပါဝါတန်ခိုး ရွေ့လျားမှု (Power Shifting) အတွက် ပညာရှင်တွေ အများကြီး ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီသဘောတရားကို သတိကြီးကြီး ထားရပါလိမ့်မယ်။ ဥပမာ ဆိုရရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ ပါဝါတန်ခိုးတွေ ရွေ့နေတယ်လို့ သူတို့က ပြောကြတယ်။ သို့သော်ငြားလည်း ဖွံ့ဖြိုးဆဲတွေဟာ ဖွံ့ဖြိုးပြီးတွေကို နိုင်ငံရေး လွှမ်းမိုးမှုအပိုင်းမှာ ယှဉ်နိုင်ပါ့မလား။

အခုဆိုရင် နိုင်ငံတစ်ခုမှ တစ်ခုသို့ ပါဝါတန်ခိုး ရွေ့လျားမှုကို ကျွန်တော်တို့ ပြောခဲ့ကြတယ်၊ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးရာ မူဝါဒရဲ့ အကျိုးသက်ရောက်မှု ကိုတော့ လျစ်လျူရှုထားခဲ့တယ်။ ဥပမာ - တရုတ်ကိုပဲကြည့် ... သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ စားသောက်ကုန် ဘေးကင်းလုံခြုံမှုကို ကိုင်တွယ် ဖြေရှင်းတဲ့အပေါ် မူတည်ပြီး ကမ္ဘာက တရုတ်ပြည်ကို ဘယ်လိုမြင်သလဲဆိုတာ ဆုံးဖြတ်ပေးသွားမှာပါပဲ”

စားသောက်ကုန် ဘေးကင်းလုံခြုံမှုဟာ အဲဒီလောက်တောင် အရေးကြီးနေတယ်လို့ အနှီပါမောက္ခက ဆိုသွားပါတယ်။ ဒီနေရာမှာ ထူးဆန်းတာက တရုတ်နိုင်ငံကို ဖွံ့ဖြိုးဆဲလို့ ယူဆတာပါပဲ။
အတိတ်က ဖြစ်ရပ်များအပေါ် သင်ခန်းစာယူမှု တရုတ်ပြည်ဟာ ၂၀၀၈ ခုနှစ် အဖြစ်အပျက်ကို သင်ခန်းစာယူခဲ့ပုံ မပေါ်ပါဘူး။ ထိုအချက်ကို သိသာပေါ်လွင်အောင် ကိန်းဂဏန်းများဖြင့် တင်ပြခွင့်ပြုပါ။ [H]

ရှန်ဟိုင်း ဂျိအားတွန်း (Shanghai Jiao Tong) တက္ကသိုလ်က စားသောက်ကုန် ဘေးကင်းလုံခြုံမှု အပေါ် ပြည်သူလူထုရဲ့ အထင်အမြင်တွေကို မှတ်တမ်း တင်ခဲ့ပါတယ်။ အဲဒီအချက်အလက်များအရ စားသောက်ကုန် ဘေးကင်း လုံခြုံမှုအတွက် နာမည်ဆိုး အတပ်ခံခဲ့ရတဲ့ တစ်ဦးပိုင် ကုမ္ပဏီတွေဟာ ၂၀၁၁ ခုနှစ်မှာ ၄၃ ဒသမ ၁ ရာခိုင်နှုန်းကနေ ၂၀၁၂ ခုနှစ် အရောက်မှာတော့ ၅၃ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်လာပါတယ်။

၂၀၁၂ ဖေဖော်ဝါရီလတုန်းက ကောက်ညှင်းဖက်ထုပ် ထဲမှာ အနာကပ် ပလတ်စတာတစ်ခု တွေ့တဲ့အတွက် ရေခဲရိုက် ဖက်ထုပ် ကုမ္ပဏီတစ်ခုလည်း စားသုံးသူတွေရဲ့ ယုံကြည်မှု အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်။

၂၀၁၂ ဒီဇင်ဘာမှာ ရှန်ဟိုင်း စားသောက်ကုန် ဘေးကင်းလုံခြုံမှုဆိုင်ရာ အရာရှိတွေက ကမ္ဘာကျော် ကေအက်ဖ်စီ (KFC) ကြက်ကြော်အတွက် ၂၀၁၀ မှ ၂၀၁၁ အတွင်း ကုန်ကြမ်းသွင်းခဲ့တဲ့ ကုမ္ပဏီ တစ်ခုကို စစ်ဆေးရာမှာ ပဋိဇီဝ ပစ္စည်းတွေ အများကြီး သုံးစွဲထားတာကို တွေ့ရပါတယ်။ ဒီကိစ္စကြောင့် တရုတ်ပြည်သူတွေလည်း အတော့်ကို ယမ်းပုံမီးကျ ဖြစ်ခဲ့ရတယ်။

ဒါကြောင့်လည်း စားသောက်ကုန် ဘေးကင်းလုံခြုံမှုအတွက် တင်းကျပ်တဲ့ စီမံခန့်ခွဲမှုနဲ့ ပိုမိုပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လိုအပ်နေတယ်လို့ တရုတ် ဒုတိယဝန်ကြီးချုပ်က ၂၀၁၃ စက်တင်ဘာ ၁၁ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ရတယ်။ [I]

အမေရိကန်၏ စိုးရိမ်မှု

အမေရိကန်ပြည်ထောင်စုက ကြက်တွေကို တရုတ်ပြည်တင်ပို့၊ တရုတ်ပြည်မှာ ခုတ်ထစ်လှီးဖြတ် ကိုင်တွယ်ပြီး အမေရိကန်နိုင်ငံကို ပြန်လည် ပို့ခွင့်ကို အိုဘားမား အစိုးရအဖွဲ့က ခွင့်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေ အများကြီး ရှိနေတဲ့အကြောင်း ၂၀၁၃ စက်တင်ဘာ ၂၇ ရက်နေ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ‘အမေရိကန်နိုင်ငံရဲ့ စားသောက်ကုန် လုံခြုံဘေးကင်းမှု သတ်မှတ်ချက်တွေကို သူတို့ (တရုတ်တွေ) လိုက်နာရဲ့လား ဆိုတာကို အမေရိကန်က စားသုံးသူတွေ သိခွင့်ရှိတယ်’ လို့ အမေရိကန် စိုက်ပျိုးရေးဌာနကလည်း သူတို့ရဲ့ ပူပန်မှုကို ထုတ်ဖော်ခဲ့တယ်။ [J]
တော်တော်အလုပ်ရှုပ်တဲ့ အမေရိကန်တွေလို့ ဝေဖန်မယ်ဆိုလည်း ဝေဖန်ချင်စရာပါပဲ။

မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုနှင့် ပြင်ဆင်မှု

ကျွန်တော်တို့ မြန်မာပြည်မှာ ကလေးတွေစားတဲ့ ချိုချဉ်၊ လေထိုးထားတဲ့ အာလူးကြော် ထုပ်တွေက အစ ဆန်ကြာဆံ၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ်နဲ့ ဆိုးဆေး အလယ်၊ စားအုန်းဆီနဲ့ စံချိန်မမီ ဆေးဝါးများအဆုံး တရုတ်ပစ္စည်းကိုပဲ အားထားနေကြရတာ အားလုံးအသိပါပဲ။ တရုတ်နိုင်ငံ ထုတ် စားသောက်ကုန်များဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု အများကြီး ရှိနေတဲ့အတွက် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ပါမှ တော်ကာကျပါမယ်။

အခုအချိန်ထိ မြန်မာပြည်ကို တင်သွင်းတဲ့ တရုတ် စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးချက်၊ တွေ့ရှိချက်၊ ကျန်းမာရေးနှင့် မကိုက်ညီတဲ့ ကုန်ပစ္စည်း အမျိုးအမည်ကို အများပြည်သူသိအောင် ထုတ်ပြန် ကြေညာချက်တွေ လောက်လောက်လားလား မရှိသေးဘူးလို့ ကျွန်တော် မြင်မိတယ်။

ဒါပေမဲ့ ၂၀၁၃ မတ်လ ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ကျန်းမာရေးဦးစီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှာ ဝန်ထမ်း ၁၁၄ ဦးသာ ရှိတဲ့အတွက် အရှိန်အဟုန် မြှင့်နိုင်အောင် ဝန်ထမ်း ၆၀၀ ကျော် ပါဝင်တဲ့ သီးခြားဦးစီးဌာန အဆင့်တိုးမြှင့်၍ တိုးချဲ့ဖို့ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသွားတာကိုတော့ ဖတ်လိုက်ရတယ်။ [K]

အဲဒီ ဖြေကြားချက်နှင့် သက်သက်ပြီး မေးခွန်းရှင် မြောက်ဥက္ကလာပ မဲဆန္ဒနယ် ဒေါက်တာသန်းဝင်းက “ပြည်သူကို အန္တရာယ် ဖြစ်စေတဲ့ အစားအသောက် ဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ ကျယ်ပြန့်စွာ ရောက်နေပြီး အရေးယူမှု ထိရောက်ခြင်း မရှိသေးဘူး ဆိုတာကို တွေ့နိုင်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲမှာ တားမြစ်ဆိုးဆေးများ ပါဝင်တဲ့ အစားအသောက်၊ သီးနှံ၊ ဟင်းသီးဟင်းရွက်၊ စံချိန်မမီဆေးဝါး၊ အသင့်စားသုံးနိုင်တဲ့ သရေစာတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာ တွေကို ထိရောက်စွာ တားမြစ်၊ အရေးယူ ပိတ်ပင်မှုများ ပြုလုပ်ဖို့ အများကြီး လိုအပ်နေသေးပါတယ်။ ဒဏ်ငွေတစ်ခုတည်းနဲ့ မလုံလောက်ဘဲ ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ် အရေးယူသင့်ပါတယ်” စသဖြင့် ပြောပြတယ်။

ဒေါက်တာသန်းဝင်း၏ မေးခွန်းနှင့် စပ်လျဉ်း၍ လသာ မဲဆန္ဒနယ်မှ ဦးကြည်မြင့်က “အစားအသောက် တွေမှာ ပါဝင်တဲ့ ဆိုးဆေး၊ ဓာတုကုန်ကြမ်း ပါဝင်မှုအပေါ် ထိန်းချုပ်ဖို့ အမှန်ပဲ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သတင်းထုတ်ပြန်မှုတွေ ရှိပေမယ့် ထုတ်လုပ်သူရော၊ စားသုံးသူပါ ဂရုပြုလိုက်နာမှု နည်းနေပါသေးတယ်။ အခု မေးသွားတဲ့ မေးခွန်းအပေါ် ပြန်လည် ဖြေကြားမှုကလည်း ပြည်သူတွေအတွက် အကျိုးရှိစေမှာပါ။ အစားအသောက်တွေမှာ ပါဝင်တဲ့ အန္တရာယ် ဖြစ်စေတဲ့ ဓာတုကုန်ကြမ်းနဲ့ ဆိုးဆေးတွေကို ပြည်သူတွေက ကျန်းမာရေး အသိရှိရပါမယ်။ ဒါမှလည်း သုံးစွဲတဲ့အခါ ရှောင်ရှားနိုင်ပါမယ်” လို့ သူ့အမြင်ကို ပြောသွားခဲ့ပါတယ်။

၂၀၁၃ ဇူလိုင် ၃၀ က သတင်းတစ်ပုဒ်မှာလည်း မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက မူဆယ်၊ မြဝတီနဲ့ တမူးမြို့တွေမှာ ရုံးခွဲများ ဖွင့်လှစ်ပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယက တင်ပို့လာတဲ့ စားသောက်ကုန်တွေ စစ်ဆေးမယ်လို့ ဖော်ပြထားပါတယ်။ ကြိုဆိုစရာ သတင်းကောင်းတစ်ခုပါ။ [L]

နိဂုံးချုပ် ရရင်တော့ မြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) တို့အနေနဲ့ တရုတ်က တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ နှိုးဆော်ခြင်း၊ အကောင်အထည် ဖော်ခြင်းများ လိုအပ်ပြီး စတုတ္တမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်း သမားများကလည်း တရုတ်နိုင်ငံထုတ် ဘေးမကင်းတဲ့ စားသောက်ကုန်များ အကြောင်း အများပြည်သူတွေကို ထပ်တလဲလဲ သတိပေးနေ သင့်ပါကြောင်း မေတ္တာရပ်ခံ လိုက်ပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း အင်မတန် မြင့်တက်နေသော မြန်မာပြည်သူပြည်သား တစ်ဦး တစ်ယောက်ချင်း အနေဖြင့်လည်း တရုတ်နိုင်ငံထုတ် ဘေးဥပဒ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်များကို တတ်နိုင်သလောက် ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုချမ်း (ပျဉ်းမနား)
၁၃၇၅ ခု၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်နေ့
(၂၉ စက်တင်ဘာ ၂၀၁၃)
The Voice Weekly


ရေးမြို့ ကလော့ရွာလယ်ရှိ စေတီ စိန်ဖူးတော်မြေခအောင် ဖျက်ဆီးမှု ခံခဲ့ရ



သာသနာ့နယ်မြေ ကျူးကျော်ကိစ္စ အကြောင်းပြု၍ မသမာသူများက ရွာ လယ်ရှိ သာသနာ ၂၅ဝဝ စေတီ စိန်ဖူး တော်မြေခအောင် ဖျက်ဆီးမှု မွန်ပြည် နယ် ရေးမြို့ ကလော့ကျေးရွာ၌ ဖြစ်ပွား ခဲ့သည်။
”ဘုရားရဲ့စိန်ဖူးတော်ကို ကြိုးနဲ့ဆွဲ ထားတဲ့ပုံစံ။ ပြီးတော့ ဘုရားရဲ့ ခြံစည်း ရိုးတိုင်တွေအပေါ်မှာ ထိုင်းကလာတဲ့ မီး လုံးအဝိုင်းကြီးတွေ အလှဆင်ထား တယ်။ အလုံး ၄ဝ ကျော်ပေါ့။ သူတို့ ရိုက်ခွဲထားတယ်။ ပြီးတဲ့အခါကျတော့ ဘုရားသုံးဖို့အတွက် ရေပေါ့နော်။ သောက် တော်ရေအတွက်ပိုက် သူတို့ဆင်ထား တယ်။ ပိုက်တွေ မြေမြှုပ် ထားတာကို လည်း သူတို့ပေါက်တူးနဲ့ ပေါက်ထား တယ်။ ပေါက်တူး တစ်လက်ကျန်ခဲ့ တယ်”ဟု ရေးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ပြော သည်။
ယင်းကဲ့သို့ သာသနိက စေတီ အ ဆောက်အအုံ အဖျက်အဆီးခံရမှုမှာ ဘုရားဝတ္တကမြေကို ခေတ်အဆက်ဆက် ခြံစည်းရိုးကာရံထားခြင်းမရှိ၍ မသမာ သူများက ကျူးကျော်နေထိုင် ရောင်းချမှု ပြုခဲ့ခြင်းကြောင့် သံဃာ့နာယကအဖွဲ့ ဝင်ဆရာတော်ကြီးများ၏ သြဝါဒကိုခံ ယူပြီး ဒါယကာ၊ ဒါယိကာမများက ခြံ စည်းရိုးကာရံခြင်းလုပ် ငန်းဆောင်ရွက်မှု ပြုလုပ်နေသည့်အချိန် ကာလအတွင်း မှာပင် ဖျက်ဆီးခြင်းခံရကြောင်း ဒေါ်မိ မြင့်သန်းက ပြောသည်။
”ဖြစ်တဲ့အချိန်က ညသန်းခေါင် ကျော်။ဘုန်းကြီးတွေလည်း မသိဘူး။ ရွာ ကလူတွေလည်း မသိသေးဘူး။ ကျေးရွာ အုပ်ချုပ်ရေးမှူးက မြို့နယ်ကို ဘယ်သူမှ မသိခင် အရင်သတင်းပို့လိုက်တယ်။ ဘုရားဆွမ်းတော်တင်တဲ့သူတွေ မသိခင် သတင်းပို့ထားပြီးပြီ။ တချို့လူတွေက ဘယ်သူလုပ်သလဲဆိုတာ မြင်တယ်။ တစ် ယောက်တည်း လုပ်တာတော့ မဟုတ် ဘူး။ အုပ်စုလိုက်လုပ်တယ်။ ဆိုင် ကယ်နဲ့သုံးလေးဦး လှည့်လည်ပြီးတော့ ကင်းလှည့်တာက တစ်ဖွဲ့၊ နောက်ပြီး တော့ ဘုရားကိုရော PVC ပိုက်ကိုရော ပေါက်တူးနဲ့ ပေါက်တာရော မီးလုံးကို ရိုက်ခွဲတာရော၊ ဘုရားရဲ့ စိန်ဖူးတော် ကို ဆွဲနေတာရော အုပ်စုလိုက်ဖြစ်နေ တယ်”ဟု အခင်းဖြစ်ပွားသည့် အချိန် တွင် အသံကြားမြင်လိုက်ရသည့် ဒေသ ခံ၏ ပြန်လည်ပြောပြချက်ကို ၄င်းက ထပ်မံပြောသည်။
ယင်းသို့ ဖျက်ဆီးခြင်းကို လူတစ် ဦး တစ်ယောက်တည်းက မည်သို့မျှ ဆောင်ရွက်နိုင်သည့် အခြေအနေမဖြစ် နိုင်ကြောင်း၊ စေတီဝတ္တကမြေကို ခြံ စည်းရိုးခတ်နေစဉ် အချိန်ကာလအ တွင်း ဖြစ်ပျက်ခဲ့သည့်အတွက် ရည်ရွယ် ချက်ရှိရှိဆောင်ရွက်မှုမှာ ထင်ရှားနေ ကြောင်း ၄င်းက ဆက်ပြောသည်။
ဒေသခံ ကျေးရွာသားတစ်ဦးကို အောက်တိုဘာ ၈ ရက်နေ့က ဆက် သွယ်မေးမြန်းရာ ”မမိသေးဘူးဗျာ။ သူတို့လည်း အလုပ်လုပ်ရင်း ကွင်းဆက် တွေ ဘာတွေ ရှာမိတာပေါ့။ ကျွန်တော် တို့ရွာကျတော့ တခြားရွာတွေလိုမျိုး မွတ်ဆလင်တွေ ဘာတွေ လူမျိုးကွဲတွေ မရှိဘူး။ မွန်တွေပဲ ရှိတယ်။ အခုဖြစ်တဲ့ ပုံက ဘုန်းကြီးတွေလည်း စိတ်မကောင်း၊ ဘယ်သူမှ စိတ်မကောင်း ကြဘူးလေ။ တစ်နယ်လုံးပဲ။ အခုထိ အကောင်အ ထည်မဖော်နိုင်ဘူးဆိုရင် နည်းနည်း အားနည်းချက်တော့ ရှိတာပေါ့”ဟု ရှင်း ပြသည်။
ယင်းဖြစ်စဉ်အတွက် ကျေးရွာတွင် နေထိုင်သည့် စိတ်ကျန်းမာရေး ချို့တဲ့သူ တစ်ဦးကို အာဏာပိုင်များက ၃ ရက် တာ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမှု ပြုခဲ့ ပြီးနောက်   ပြန်လည်လွတ်မြောက်လာပြီး ကျေးရွာသို့ ရောက်ရှိပြီးနောက်တစ်နေ့ တွင် ၄င်းစိတ်ကျန်းမာရေး ချို့တဲ့သူ သည် လည်မျိုကို ဓားဖြင့်လှီးဖြတ်ခံရ သည့်အတွက် ရန်ကုန်ြ ပည်သူ့ဆေးရုံကြီး တွင် တက်ရောက်ဆေးကုသခံခဲ့ရ ကြောင်း ဒေါ်မိမြင့်သန်းက ပြောသည်။
အဆိုပါ ဖြစ်ရပ်အတွက် ကျေးရွာ သံဃာ့နာယကအဖွဲ့မှ ဆရာတော်များ က သက်ဆိုင်ရာ သံဃာ့ အဖွဲ့အစည်း များနှင့် အာဏာပိုင်များကို တိုင်ကြားမှု ပြုလုပ်ခဲ့သော် လည်း ၄ လ ကျော်ကြာ သည်အထိ တရားခံများကို အရေးယူ နိုင်ခြင်းမရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။
”အာဏာပိုင်တွေကို ပြည်သူတွေ က ယုံကြည်မှု လျော့လာတာ မဟုတ် ဘူး။ ယုံကို မယုံကြည်တော့တာ။ မဆိုင် တဲ့သူကို ဖမ်းတယ်ဆိုပြီးတော့။ ပြီးတော့ အုပ်စုလိုက်မှ လုပ်နိုင်မယ့်ဟာကို အရူး တစ်ယောက်တည်းကိုပဲ ဖမ်းတယ်ဆို တာ ဒါမဖြစ်နိုင်ဘူးပေါ့။ သူတစ်ယောက် တည်းနဲ့ တရားဥပဒေစိုးမိုးမှုကို မရှိဘူး။ အရင်တုန်းက ကျွန်မ တို့ နိုင်ငံက စစ် အာဏာရှင်တောင်မှ အဲဒီလောက်ရက် စက်ကြမ်းကြုတ်မှု မရှိခဲ့ဘူး။ အခု ဒီမို ကရေစီနိုင်ငံရောက်မှ လူထုတွေက အ ရမ်းထိတ်လန့်ပြီးတော့ ဘာဒီမိုကရေစီ လဲ ဒီမိုကရေစီကိုလည်း မယုံကြည် တော့ဘူး”ဟု ၄င်းက ပြောသည်။
ထိုလုပ်ရပ်သည် ပြည်သူတစ်ရပ် လုံးကို စော်ကားသည့် လုပ်ရပ်ဖြစ်ပြီး ဗုဒ္ဓဘာသာမွန်လူမျိုးတို့အကြား အလွန် ရှက်စရာကောင်းသည့် လုပ်ရပ်ဖြစ် ကြောင်း၊ တရားဥ ပဒေစိုးမိုးရေးအတွက် မေးခွန်းထုတ်စရာဖြစ်နေပြီး အာဏာပိုင် များအပေါ် ယုံကြည်မှုကျဆင်းနေ ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေး ဝန်ကြီး ဌာနတို့ကို တိုင်ကြားမှု ပြုလုပ်ခဲ့သော် လည်း ပြန်ကြားစာ မရသေးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် မေးမြန်းမှုကို မွန်ပြည်နယ် အစိုးရအဖွဲ့ က ပြန်လည် ပြန်ကြားခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးမည်ဟု အကြောင်းကြားစာ ရရှိထား ကြောင်း၎င်းက ပြောသည်။
ရေးမြို့နယ် ကလော့ကျေးရွာတွင် ယခုနှစ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှု မကျေလည်ခြင်းကိစ္စ၊ မွန်ဒေ သလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ အိမ်ကို   သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံ ရမှုဖြစ်ပွားခြင်း၊ အငြင်းပွားဖွယ် မြေကို ရောင်းပြီး မီးသတ်ကား ဝယ်ယူထားမှု၊ စေတီအဖျက်ဆီးခံရမှု၊ စိတ်ကျန်းမာရေး ချို့တဲ့သူကို လည်မျိုဓားဖြင့် အလှီးခံရမှု တို့ ဖြစ်ပွားခဲ့ကြောင်း ¤င်းက ပြော သည်။
စိုင်းနောင်
popularmyanmar

ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများနှင့် ချုပ်ဆိုသည့်စာချုပ်များ ပြန်ပြင်ချုပ်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနဆို



တပ်မတော်အစိုးရ လက်ထက် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရွှေသံလွင်၊ Forever Group စသည့် ပုဂ္ဂလိက ရုပ်သံကုမ္ပဏီ များအကြား ချုပ်ဆိုထားသည့် သဘောတူစာချုပ် များကို ပြန်လည်သုံးသပ် စိစစ်၍ ပြင်ဆင်ချုပ်ဆိုမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေး မှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

အောက်တိုဘာလ ၈ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ယခင်က တစ်ကြိမ်တစ်ခါမျှ ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများကို ရုပ်သံထုတ်လွှင့်ခွင့် မပြုခဲ့ဖူး သည့်အတွက် စာချုပ်ချုပ်ဆိုရာတွင် လိုအပ်ချက်များ ရှိနိုင်ပြီး ယင်းအချက်များကို ရုပ်သံလွှင့် အုပ်ချုပ်မှုအဖွဲ့ Broadcast Governing Body ၊ BGB က ပြန်လည် သုံးသပ်နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

"စာချုပ်တွေ ပြန်ပြီးသုံးသပ်နေတာ။ ၂၀၁၃ ခုနှစ်အတွင်းမှာ ဒါနဲ့ပတ်သက်တဲ့ သုံးသပ်ချက် ထွက်မှာပါ" ဟု ဦးတင့်ဆွေက ဆိုသည်။ သို့သော် မည်သည့်အချိန်တွင် စာချုပ်ပြင်ဆင် ချုပ်ဆိုမည် ဆိုသည့် မေးခွန်းကိုမူ အတိအကျ ဖြေကြားခြင်း မရှိပေ။

ပြန်ကြားရေးဝန်ကြီးဌာနက စာချုပ် ပြင်ဆင်ချုပ်ဆိုရန် ပြောဆိုမှုနှင့် ပတ်သက်ပြီး မသိရှိရသေးဘဲ အကယ်၍ ယင်းသို့ ဆောင်ရွက်မည်ဆိုပါက ဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေသံလွင်ကုမ္ပဏီ (Skynet ရုပ်သံ) မှ အထွေထွေမန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။
"ကျွန်တော်တို့ အဲဒါတွေတစ်ခုမှ မသိသေးဘူး" ဟု ၄င်းကဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက ချုပ်ဆိုထားသည့် စာချုပ်များအရ Forever Group ကုမ္ပဏီကို ၂၀၀၄ ခုနှစ်မှစတင်ကာ လုပ်ပိုင်ခွင့် ၁၂ နှစ် ခွင့်ပြုထားပြီး ၂၀၁၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း၊ ရွှေသံလွင် ကုမ္ပဏီကိုမူ ၂၀၁၀ ပြည့်နှစ်မှ စတင်စာချုပ်ကာ နှစ်ပေါင်း ၃၃ နှစ် လုပ်ကိုင်ခွင့်ပြုထားပြီး ပထမ သုံးနှစ်တွင် အခွန်အခနှင့် အကျိုးအမြတ် လုံးဝ ပေးဆောင်ရန်မလိုကြောင်း ဦးတင့်ဆွေက ရှင်းပြသည်။
ထို့ပြင် FM အသံလွှင့်ကုမ္ပဏီများနှင့် ချုပ်ဆိုသည့် စာချုပ်များအရ လုပ်ကိုင်ခွင့် နှစ်ပေါင်း ၃၀ နှင့်အထက် အသီးသီး ခွင့်ပြုထားကြောင်း ၄င်းက ဆက်လက်ပြောကြား သည်။

ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရုပ်သံကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်ခြင်းမှာ ၁၉၈၉ ခုနှစ်တွင် ပြဋ္ဌာန်းသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ၊ ၁၉၉၆ ခုနှစ်တွင် ပြဋ္ဌာန်းသည့် ရုပ်မြင်သံကြားနှင့် ရေဒီယိုဥပဒေ တို့နှင့်အညီ ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ရှင်းပြသည်။

Forever Group ကုမ္ပဏီက စာချုပ်ပါ သတ်မှတ်ချက်အတိုင်း ၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ ငွေကျပ် ၁၀,၈၆၉ သန်းကို နိုင်ငံတော်ငွေစာရင်းသို့ ပေးသွင်းခဲ့ပြီး ရွှေသံလွှင် ကုမ္ပဏီမှာမူ ခွင့်ပြုကင်းလွတ်ခွင့် ဇူလိုင်လတွင် ပြည့်မြောက်ပြီ ဖြစ်၍ စတင် ငွေပေးသွင်းရန် တွက်ချက်မှုများ ပြုလုပ်နေကြောင်း ဦးတင့်ဆွေက ပြောကြားသည်။

The Voice Weekly

စက်ရုံဝင်းအတွင်း ၀င်ရောက်မီးရှို့သူအားအရေးယူ



၉.၁၀.၂၀၁၃ရက်နေ့ ၀၉၁၅အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ကုန်းတလဘောင်ကျေးရွာ၊ အမှတ် (၃)လမ်းမဘေးရှိ တိုက်ဂါးဘီယာ
စက်ရုံဝင်းအတွင်း၌ မီးရှို့မှုဖြစ်ပွားကြောင်း သတင်းအရ ထောက်ကြန့်
နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ထောက်ကြန့်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၎င်းနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ရွာသာကြီးစိတ်ရောဂါဆေးရုံ ပြင်ပလူနာဌာနတွင် ဆေးကုသနေသော စိတ်ဝေဒနာရှင် ဇော်မင်းထွန်း၊ (ဘ)ဦးကျော်လွင်၊ ကိုးလုံးကွင်းရပ်ကွက်၊
မှော်ဘီမြို့နယ်နေသူမှ စီးနင်းလာသော KENBO 110 အမျိုးအစား နံပါတ်မပါလိုင်စင်မဲ့ဆိုင်ကယ်အားစက်ရုံဝင်ပေါက်ဂိတ်၊မောင်းတံအောက်မှ
ဖြတ်၍စီးနင်းဝင်ရောက်ကာစက်ရုံအနောက်ဘက်ဘီယာဗူးခွံများထားသော ဂိုဒေါင်အ၀တွင် ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်အားဖြုတ်၍ အသင့်
ပါလာသော ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ခဲ့မှုကြောင့် ဆိုင်ကယ်၏ရှေ့ကာဗာ၊ ထိုင်ခုံကူရှင်နှင့် ၀ါယာကြိုးများ မီးလောင်ကျွမ်းကာ တန်ဘိုး
ငွေကျပ်(၃၀၀၀၀)ဆုံးရှုံးခဲ့ပြီး စက်ရုံဝန်ထမ်းများမှ ၀ိုင်းဝင်းငြိမ်းသတ်ခဲ့၍
၀၉၁၈အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ဘီယာဗူးခွံ (၅၃၄၆)ဗူးဆံ့ထည့်သည့် ကန်(၄)ကန်မှာ မီးသတ်ဆေးဗူးအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်
အမှုန့်များ၏ ထိတွေ့မှုကြောင့် အမေရိကန်ဒေါ်လာ ၁၆၈၀ တန်ဘိုးရှိ ဘီယာဗူးခွံများပျက်စီးသွားသဖြင့် စက်ရုံရှိပစ္စည်းသိုလှောင်ထားရှိ
ရာနေရာအား ဖျက်ဆီးရန်အကြံဖြင့် မီးရှို့ခဲ့သူ ဇော်မင်းထွန်းအား အရေးယူပေးပါရန် စက်ရုံလုံခြုံရေးတာဝန်ခံမှ တိုင်ကြားသဖြင့်
ထောက်ကြန့်နယ်မြေ ရဲစခန်း(ပ)၃၇၀/၂၀၁၃၊ ပုဒ်မ ၄၃၆ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မြန်မာနိုင်ငံသားများ Master Card သုံးနိုင်ပြီ


Visa Card နှင့် Master Card ကိုင်ဆောင်ထားသော မြန်မာအမျိုးသမီးငယ်တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံပေါင်း ၂၁၀ ကျော်တွင် သယ်ဆောင် အသုံးပြုနိုင်သည့် အွန်လိုင်းငွေပေးချေမှုစနစ် Easi Travel Master Card ကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်း ပုဂ္ဂလိက ဘဏ်တခုဖြစ်သော သမ၀ါယမဘဏ်(CB Bank) နှင့် Master Card တို့ ပူးပေါင်း၍ ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော် ရှိ ATM ငွေထုတ်စက်များ တွင် ငွေသားထုတ်ယူနိုင်ပြီး ဈေးဝယ်စင်တာများ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ် အခန်းဌားရမ်းခြင်းများ အပါအဝင် နေရာအများစုတွင် လက်ခံ အသုံးပြုနေသော အွန်လိုင်း ငွေပေးချေမှုစနစ် Master Card ကို မြန်မာနိုင်ငံသားများ အတွက် ပထမဆုံး စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ အနေဖြင့် CB ဘဏ်တွင် Master Card ပြုလုပ်ပြီး ကမ္ဘာ့နိုင်ငံအများအပြားသို့ သယ်ဆောင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း CBဘဏ် ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ဧရာဝတီသို့ပြောသည်။

“ပြည်ပနိုင်ငံ သွားမယ့် မြန်မာတွေအနေနဲ့ Master Card သုံးစွဲချင်တယ်ဆိုရင် လျှောက်လို့ရပြီ၊ မန္တလေး အပါအဝင် နယ် မြို့တွေ မှာလည်း ကတ်တွေ လျှောက်လို့ရအောင် လုပ်ဖို့ရှိတယ်၊ လောလောဆယ်တော့ နယ်ကလူတွေက ရန်ကုန် မှာ လာလျှောက်ရမယ်။ ကတ်လျှောက်ပြီး ၄ ရက် လောက် စောင့်ပြီးတာနဲ့ Master Card ထုတ်ယူ သုံးလို့ရပြီ”ဟု ဦးဖေမြင့် က ရှင်းပြသည်။

မြန်မာနိုင်ငံသား များအနေဖြင့် Master Card ပြုလုပ်ရာတွင် ကတ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ထည့်သွင်း ထားနိုင်ပြီး မြန်မာငွေဖြင့် ငွေသားထည့်သွင်းမည်ဆိုပါက မြန်မာငွေနှင့်အမေရိကန်ဒေါ်လာ ပေါက်ဈေး ပေါ် မူတည် တွက်ချက် ရရှိလာသော ဒေါ်လာငွေတန်ဖိုးကို Master Card တွင် ထည့်သွင်းပေးထားမည်ဖြစ်ကြောင်း၊ Master Card အသုံးပြု နိုင်သော ပြည်ပနိုင်ငံများတွင် ယင်းကတ် ဖြင့် ငွေထုတ် သုံးမည်ဆိုပါက ငွေတခါ ထုတ်တိုင်း ဝန်ဆောင်ခ ၃ ဒေါ်လာ ပေးရမည် ဖြစ်ပြီး ကတ် ပျက်စီးခြင်းနှင့် ပျောက်ဆုံးခြင်း တို့အတွက် လျှောက်ထားပါက ဝန်ဆောင်ခ မြန်မာငွေ ကျပ် ၁၀၀၀၀ ပေး၍ ကတ် အသစ် ပြန်လျှောက်ရမည်ဟု သိရှိရသည်။

လတ်တလော Master Card အသုံးပြုရန် လျှောက်ထားသော မြန်မာနိုင်ငံသားအရေအတွက် ၅၀၀ကျော် ရှိပြီး ကတ် လျှောက်လိုသူ များအနေဖြင့် သမဝါယမဘဏ်ရုံးချုပ်နှင့် သတ်မှတ်နေရာ များတွင် ဝန်ဆောင်ခ ကျပ်ငွေ ၈၀၀၀ပေး၍ စတင် လျှောက်ထား နိုင်ကြောင်း၊ နိုင်ငံခြားသို့ ချက်ချင်း ထွက်ခွာမည့်သူများအနေဖြင့် အွန်လိုင်းဖြင့်လည်း လျှောက်ထား နိုင်ကြောင်း သိရသည်။

CB ဘဏ်အနေဖြင့် Master Card ၀န်ဆောင်မှုအပြင် မြန်မာနိုင်ငံသားများ Visa Card အသုံးပြုနိုင်ရေးကိုပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

MasterCard ၏ အရှေ့တောင် အာရှဆိုင်ရာ ဥက္ကဋ္ဌ ဖြစ်သူ Mr Matthew Driver က “အရင်က အပျော်ခရီးသွားတာ ပဲဖြစ်ဖြစ်၊ စီးပွားရေးအရ ခရီးသွားတာပဲဖြစ်ဖြစ် ငွေသားတွေ အများကြီးယူသွားဖို့လိုအပ်တဲ့ မြန်မာနိုင်ငံသားတွေအတွက်
Master Card က ရွေးချယ်စရာနည်းလမ်း တခုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သူတို့တွေကို လုံခြုံစိတ်ချရတဲ့ ငွေပေးချေ မှုစနစ်ကို ပြည်ပနိုင်ငံတွေမှာ အသုံးပြုနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုကြောင်း CB ဘဏ်၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

ကမ္ဘာလှည့်ခရီးသည်များအပါအ၀င် နိုင်ငံခြားသားဧည့်သည်များအတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ ATMငွေထုတ် စက်များတွင် Master Card နှင့် Visa Card ဖြင့် ငွေသားထုတ်ယူနိုင်သည့် စနစ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ သည်။

ဧရာဝတီ

ငပလီကမ်းခြေတွင် ညမထွက်ရအမိန့် ရုပ်သိမ်း



နိုင်ငံခြားသား ခရီးသည်များစွာ လာရောက်လေ့ရှိသည့် ကမ္ဘာသိ ကမ်းခြေတစ်ခုဖြစ်သော ရခိုင်ပြည်နယ် သံတွဲမြို့တွင် တည်ရှိသည့် ငပလီကမ်းခြေတွင် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောကြားသည်။

ငပလီကမ်းခြေ အနေအထားသည် လုံခြုံရေးအခြေအနေအရ ကောင်းမွန်ပြီး ပဋိပက္ခ ဖြစ်ပွားနိုင်ခြေ မရှိသဖြင့် ယင်းသို့ ရုပ်သိမ်းခြင်းဖြစ်ကြောင်း၊ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းလိုက်သဖြင့် ခရီးသွား လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်း များတွင် ပိုမိုအကျိုးဖြစ် ထွန်းစေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများ ပြင်းထန်လာသဖြင့် အောက်တိုဘာလ ၁ ရက်နေ့တွင် ငပလီ အပါအဝင် သံတွဲမြို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ကို ထုတ်ပြန်ခဲ့သည်။

ပဋိပက္ခများ တည်ငြိမ်နေပြီ ဖြစ်သော်လည်း လုံခြုံရေး အခြေအနေအရ သံတွဲမြို့ပေါ်တွင် ပုဒ်မ ၁၄၄ကို ရုပ်သိမ်း၍ မဖြစ်နိုင်သေးကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်များက ပြောဆိုကြသည်။

ငပလီကမ်းခြေတွင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းလိုက်သဖြင့် ခရီးသည် များအတွက် အဆင်ပြေသွားမည် ဖြစ်ကြောင်း၊ ငပလီကမ်းခြေ ပတ်ဝန်းကျင်တွင် ဘာသာခြားများ နေထိုင်ခြင်း မရှိသဖြင့် ပဋိပက္ခများ ဖြစ်ပွားမည်ကို မစိုးရိမ်ကြောင်း သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောကြားသည်။

သံတွဲမြို့နယ်တွင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူငါးဦး သေဆုံးကာ နှစ်ဦးမှာ ပျောက်ဆုံးနေပြီး လေးဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ လူပေါင်း ၅၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင် များထံမှ သိရှိရသည်။

The Voice Weekly

၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဘွဲ့လက်မှတ်များ အာဆီယံ အသိအမှတ်ပြုမည်


ပညာရေးဝန်ကြီးဌာန၏ အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ပထမငါးနှစ် စီမံကိန်း အကုန် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မြန်မာနိုင်ငံတွင်းက တက္ကသိုလ်များ၏ ဘွဲ့လက်မှတ်များသည် အာဆီယံဒေသတွင်း အသိအမှတ် ပြုနိုင်ရန် စီစဉ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောကြားသည်။

အဆိုပါနှစ်တို ငါးနှစ်စီမံကိန်း ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ထားပြီး ယင်းစီမံကိန်းသည် ပညာရေးဝန်ကြီးဌာန၏ အနှစ် ၃၀ နှစ်ရှည်စီမံကိန်း၏ ရေတိုစီမံကိန်း တစ်ခု ဖြစ်သည်။
"တက္ကသိုလ်ဆိုလည်း နိုင်ငံတကာ အသိအမှတ်ပြုဖို့။ ဘွဲ့ဆိုလည်း နိုင်ငံတကာ အသိအမှတ်ပြုဖို့ပါ" ဟု ၄င်းက ထပ်လောင်း ပြောဆိုသည်။

ယင်းအပြင် ပညာရေးဝန်ကြီးဌာနက Quality Assurance စနစ် တည်ထောင်ပြီး နိုင်ငံတကာ တက္ကသိုလ်များ၊ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းများ တိုးချဲ့ရေး၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်၊ ဥပဒေ ဘာသာရပ်၊ စီးပွားရေးဘာသာရပ် သင်ကြားမှု မြှင့်တင်ရေးအပြင် တက္ကသိုလ် ဝင်ခွင့်စနစ် ပြောင်းလဲရေး တို့အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဌေး တင်သွင်းသော ပညာရေးဆိုင်ရာ မူဝါဒ စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ဘွဲ့ကြိုတန်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များအတွက် နိုင်ငံတကာ တက္ကသိုလ်များတွင် သွားရောက် ပညာသင်ကြား လိုသော်လည်း တက္ကသိုလ်များ၏ အရည်အသွေး အကဲဖြတ်ပုံ ခြင်းကွဲပြားမှုကြောင့် ကျောင်းဝင်ခွင့် အတွက် ခက်ခဲနေကြောင်း၊ လက်ရှိပညာ ရေးမူဝါဒများ ရေးဆွဲရာတွင် အဆိုပါ အချက်များ ထည့်သွင်းသင့်ကြောင်း မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါ်ခင်ဆွေမြင့်က ပြောကြားသည်။

"ဒီအတိုင်း တင်လိုက်တော့ တက္ကသိုလ်က လက်ခံပေးတယ်။ ဘွဲ့လက်မှတ်ကို ဘာသာပြန် တင်ပေးစရာတောင် မလိုဘူး" ဟု ဖိလစ်ပိုင်နိုင်ငံ Ateneo De Manila University တွင် သင်ကြားနေသူ ကျောင်းသားတစ်ဦးက The Voice သို့ပြောဆိုသည်။

အာဆီယံဒေသတွင်း တက္ကသိုလ်များ ကွန်ရက်ဝင် တက္ကသိုလ်များတွင် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့ ပါဝင်သည်။

The Voice Weekly

အနှစ်ငါးရာကျော်ပျောက်ဆုံးနေခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ ပန်းချီကားတစ်ချပ်


နာမည်ကျော်ပန်းချီဆရာကြီးလီိယိုနာဒိုဒါဗင်စီရဲ့  ပန်းချီကားတစ်ချပ်ပျောက်ဆုံးသွားမှုဟာ အနုပညာလော ကအတွက်အနှစ်ငါးရာလောက်ဆန်းကျယ်မှုကြီး တခုဖြစ်ခဲ့ပါတယ်။
ခုတော့ ဒီပန်းချီကားကို ဆွစ်ဘဏ်ရဲ့ မြေအောက်ခန်းထဲမှာ ပုဂ္ဂလိကပိုင်ပစ္စည်းအဖြစ် ပြန်လည်တွေ့ ရှိခဲ့ပါပြီ။ဒီပန်းချီကားကိုပိုင်ဆိုင်တဲ့ အီတလီလူမျိုးကတော့ သူ့ အကြောင်းကို မဖော်ပြစေလိုပါဘူး။


ဆွစ်ဘဏ်ရဲ့ မြေအောက်ခန်းမှာထိန်းသိမ်းထားတဲ့ အစ်ဇဘယ်လာရဲ့ ပန်းချီကား

အီတလီ မှူးမတ်မျိုးရိုး ကဆင်းသက် လာတဲ့ လျှို့ ဝှက်တဲ့အပြုံးနဲ့ မေးစေ့ ၀ိုင်းဝိုင်းပိုင်ရှင် အစ်ဇဘယ်လာ ရဲ့ ပုံကို အဲဒီကာလက နာမည်ကျော် ပန်းချီဆရာတွေတိုင်း ကပန်းချီဆွဲချင်ခဲ့ကြပါ တယ်။ အဲဒီပန်းချီ ဆရာတွေထဲမှာ ဒါဗင်ချီဟာလည်း တစ်ယောက်အပါအ၀င်ဖြစ်ခဲ့ပါတယ်။

ဒီအမျိုးသမီးရဲ့ ပုံတူကိုပဲ ခဲနဲ့ ကောက်ကြောင်းခြစ်ထားတဲ့ပုံကို၁၄၉၉ ခုနှစ်ကရေးဆွဲခဲ့ပြီး လုဗ်ပြတိုက် မှာချိတ်ဆွဲထားပါတယ်။အဲဒီ ခဲခြစ်ပုံကို အစ်ဇဘယ်လာရဲ့ မိတ်ဆွေများ ကအထူးချီးမွမ်းခဲ့ကြပြီး အစ်ဇဘယ်လာက အပြီးသတ်ဆွဲဖို့  ပြောခဲ့တယ်လို့ ဆိုပါတယ်။
အနုပညာသမိုင်းပညာရှင်တွေကြားထဲမှာတော့ ဒီပုံကို အပြီးသတ်ဆွဲခဲ့လား၊မဆွဲခဲ့ဘူးလားဆိုတာ ၀ိဝါဒကွဲပြားကြပါတယ်။ဒီပန်းချီကားဆွဲပြီးမကြာခင်မှာ ဒါဗင်စီဟာ The Battle of Anghiariဆိုတဲ့ ပန်းချီကားကိုဆွဲပါတယ်။၁၅၀၃ ခုနှစ်မှာတော့ နာမည်ကျော်မိုနာလီဇာပန်းချီကားကြီးကိုစတင်ဆွဲပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခကားလို့ စ်က"ဒီပန်းချီကားဟာ လီယိုနာဒိုဆွဲခဲ့တဲ့ ပန်းချီကားဆိုတာသံသယဖြစ်ဖွယ်မရှိပါဘူး။ အထူးသဖြင့်တော့အမျိုးသမီးရဲ့ မျက်နှာဆွဲသားချက်တွေ ကိုကြည့်ပြီး ဒီပန်းချီကားဟာ လီယိုနာဒိုရဲ့ လက်ရာဖြစ်ကြောင်းကျနော် သုံးသပ်နိုင်ပါတယ်။" လို့ ပြောပါတယ်။

ကာဘွန်နည်းနဲ့ စစ်ဆေးကြည့်မှုက ၉၅ ရာခိုင်နှုန်း ရီနေးဆန်းခေတ်က ဆွဲခဲ့တဲ့ ပန်းချီဖြစ်ကြောင်းပြ သနေ ပါတယ်။သိပံနည်းကျစမ်းသပ်မှုတွေကနေကင်းဘတ်စဟာဒါဗင်စီသုံးနေကျကင်းဗတ်စဖြစ်ကြောင်း သိရပါတယ်။။ဒီအမျိုးသမီးရဲ့  ရွှေသဖူအပါအ၀င် လက်ဝတ်တန်ဆာတွေဟာ သူ့ ရဲ့ လက်ထောက် ပန်းချီဆရာရေးဆွဲခဲ့တာလားဆိုတာကိုတော့နောက်ထပ်စမ်းသပ်မှုတွေကနေ ရှင်းရှင်းလင်းလင်းသိလာရပါလိမ့်မယ်။ the melting pot 4 U
(ကူးယူဖော်ပြပါက the melting pot 4 U မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်။)

မန္တလေး က သုံးလောင်းပြိုင်လူသတ်မှု့ တရားခံလို့ယူဆရသူ နှစ်ဦးကို မန္တလေး ရဲတပ်ဖွဲ့ဝင်တွေ ဖေါ်ထုတ်နိုင်ပါပြီ




သွေးအေးလူသတ်သမား .. ရက်စက်တဲ့လူသတ်သမားကတော့ အသက် ၁၉နှစ်ဝန်းကျင်သာရှိသေးတဲ့ လူငယ်နှစ်ယောက်ပါပဲ ...

သတ်တဲ့သူဟာ မူခင်းဖြစ်ပွားရာ ကုမ္မဏီမှ ဝန်ထမ်းတစ်ဦးပါဝင်ပက်သက်နေပါတယ် .... အဆိုပါ ကုမ္မဏီမှာ အလုပ်ဝင်လုပ်တာ တစ်လ ဝန်းကျင်သာရှိသေးတယ်တဲ့သူတစ်ယောက်ပါ .. အဓိကသတ်ရတဲ့အကြောင်းအရင်းကတော့ ရန်ငြိုးရန်စ ကြောင့်မဟုတ်ပဲ မတော်လောဘ နဲ့ လိုချင်တပ်မက်မိတဲ့ ငွေကြေးကြောင့်ပါပဲတဲ့ .. သတ်ပုံ သတ်နည်းကလည်း ကျောချမ်းစရာပါ ..
ကုမ္မဏီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်နေထိုင်ခဲ့သူ အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးတင်လှိုင်ဆိုတဲ့ အဘ ကို အဝတ်နဲ့ခေါင်းအုပ်ပြီး အုတ်ခဲနဲ့ထုရိုက်သတ်ခဲ့ပါတယ် .. အဲဒီနောက်မှာ မသေမှာစိုးလို့ ဆိုပြီး အနီးအနားမှာတွေ့တဲ့ ဘက်ထရီအိုးထဲက အက်စစ်ကို ဆေးထိုးအပ်နဲ့စုပ်ယူပြီး အဆုပ်ထဲကို ထိုးထဲ့ခဲ့သတဲ့...

နောက်ထပ် အိပ်နေတဲ့အစောင့်ကို ပါးစပ်ထဲ ပုဆိုးထိုးထဲ့ပြီး အုတ်ခဲနဲ့ထုသတ်ပါသတဲ့ ... အဲဒီအချိန် ပထမဆုံးအသတ်ခံရတဲ့ လုံခြုံရေးဝန်ထမ်းအဘရဲ့ ဇနီးနိုးလာလို့ အဲဒီအမျိုးသမီးကိုလည်း တိုင်နဲ့ခေါင်းနဲ့ဆောင့်တိုက်ပီး သတ်ပစ်ခဲ့သတဲ့ဗျာ ....အဆိုပါအမျိုးသမီးဟာ ကုမ္မဏီဝန်ထမ်းထဲမှ မဟုတ်ပဲ လခထုတ်ရက်မလို့ သူမရဲ့လင်ယောက်ကျား လုံခြုံရေးဝန်ထမ်းဆီမှ လခလာယူရင်း အိမ်အပြန်မိုးချုပ်လို့ အဆိုပါကုမ္မဏီမှာပဲ ညအိပ်ရာကနေ အသတ်ခံခဲ့ခြင်းဖြစ်ပါသတဲ့ .................

Photo Credit By - Lin Yar Ma
မန္တလေး သတင်း ပုံရိပ်များ

လမ်းမကြီးများဘေး ရပ်နားယာဉ်များ ထိရောက်စွာ အရေးယူမှု ကားပါကင်များအပြီးတွင် စမည်

စိုင်းဟန်

ရန် ကုန်မြို့တွင် ကားပါကင်များ စနစ် တကျဆောင်ရွက်ပြီးစီးပါက လမ်း မကြီးများဘေးတွင် ရပ်နား ထား သော မော်တော် ယာဉ် များအား ထိထိရောက်ရောက် အရေးယူ သွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာ ဝန်ရှိသူတစ်ဦး၏ပြောပြချက်အ ရသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့ခြင်းအကြောင်းအရင်း များစွာထဲမှ လမ်းမကြီးဘေးတွင် ကားများရပ်ထားခြင်းသည် အဓိ ကအချက်ဖြစ်သည့်အတွက် ကား ပါကင်များ လုပ်ဆောင်ပြီးစီးသည် အထိ စောင့်ဆိုင်းနေခြင်းဖြစ် ကြောင်း သိရသည်။

အမှတ်(၂)ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးသာဌေးက''အ ခုချိန်မှာ လမ်းမကြီးဘေး ညအိပ် ရပ်ထားတဲ့ကားတွေ ဥပဒေကြောင်း အရတော့ အရေးယူလို့ရပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ ကားတွေက များပြီး ကားပါကင်တွေက မလုံ လောက်သေးလို့ အရေးယူရင် ယာဉ်ပိုင်ရှင်တွေက ဘယ်မှာရပ် ရမလဲလို့မေးလာနိုင်တာကြောင့် ပါ။ သူတို့ကားသီးသန့်ရပ်ဖို့ နေ ရာလုံလုံလောက်လောက်ရှိလာ ပြီဆိုရင်တော့ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်''ဟု ပြောသည်။

ယင်းကဆက်လက်၍ လက် ရှိတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ကားပါ ကင်များတွင် ရပ်နားနိုင်ရေးအ တွက် စီစဉ်ဆောင်ရွက်နေမှုများ ရှိကြောင်း၊ ညအိပ်ရပ်နားသည့် ကားများ၏ အခွန်အခကြေးများ ကိုလည်း ရန်ကုန်မြို့တော်စည်ပင် သာယာမှ ကောက်ခံခြင်းဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် လမ်း ရှင်းခြင်းကိုသာ တာဝန်ယူဆောင် ရွက်ရကြောင်း သိရသည်။
''ရန်ကုန်တစ်မြို့လုံး ကား ပါကင်တွေတည်ဆောက်မှုကို ဆီး ဂိမ်းအမီ လုပ်သွားမှာပါ။

ရန်ကုန် မြို့တွင်းတည်ဆောက်မှုက တော် တော်ပြီးနေပြီဖြစ်ပါတယ်။ ပါကင် ထိုးတဲ့အခါမှာလဲ တက္ကစီနေရာ၊ ကိုယ်ပိုင်ယာဉ်နေရာဆိုပြီး သတ် မှတ်ရပ်ခိုင်းမှာဖြစ်တယ်။ တခြား နေရာတွေမှာရပ်ရင်တော့ ယာဉ် ထိန်းရဲက အရေးယူမှာဖြစ်ပါ တယ်''ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ လမ်းတံ တားဌာနမှ ဒုတိယဌာနမှူး ဦးမျိုး လွင်က ပြောသည်။

ယာဉ်ပိုင်ရှင် ဦးကျော်ရှိန်း က ''ရန်ကုန်မှာ ကားရပ်နားဝင်း လုပ်ထားတာ သိပ်မရှိသေးဘူး။ ကားပါကင်မပါတဲ့ တိုက်ခန်းတွေ မှာနေတဲ့သူတွေရဲ့ ကားတွေကို အဲဒီကားရပ်နားကွင်းတွေမှာထား လို့ရတယ်။ နောက်ပိုင်းဆောက် လာတဲ့တိုက်တွေမှာတော့ မြေ အောက်မှာ ကားပါကင်ပါလာတာ တွေပါတယ်''ဟု သုံးသပ်ပြော သည်။

ရန်ကုန်မြို့အတွင်း နေရာ အများအပြားတွင် ဆီးဂိမ်းအမီ ကားရပ်နားရန် ကားပါကင်များ တည်ဆောက်နေကြပြီး လက်ရှိ တွင် ကားရပ်နားရန်ထက် ကားပါ ကင်နေရာများတွင် လမ်းဘေးဈေး ဆိုင်များ ရောင်းချလျက်ရှိသည့် အတွက် ကားရပ်နားရန် အခက် အခဲရှိနေကြောင်းလည်း ယင်းက ဆက်လက်ပြောသည်။

Yangon Media Group

မြန်မာဘာသာစကား ထည့်သွင်းထားသော ဟန်းဆက်များ ထုတ်လုပ်နိုင်ရန်စီစဉ်ဟု Ooredoo ပြောကြား

မြန်မာနိုင်ငံအတွက်အသုံးပြုနိုင်ရန် မြန်မာဘာသာစကားထည့်သွင်းထားသော ဟန်းဆက်များထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ooredoo မှ Chief Operating Officer Mr. Chris Bannister က ပြောသည်။     ၄.၁၀.၂၀၁၃ ရက်နေ့တွင်ကျင်းပသော 2nd Into Myanmar Telecoms & IT Submmit 2013 တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျေးလက်ဒေသများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ အဆိုပါ ဟန်းဆက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။ “ကျေးလက်ဒေသမှာရှိတဲ့ လူအချို့အတွက် မြန်မာဘာသာစကားထည့်သွင်းထားတဲ့ ဟန်းဆက်တွေ ဈေးကွက်တွင်း ဆောင်ရွက်ဖို့လိုတယ်” ဟု ၎င်းကပြောသည်။ Ooredoo Myanmar အနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် အစီအစဉ်များ ရေးဆွဲလျက်ရှိသည်ဟု ဆိုသည်။       လက်ရှိကာလတွင် အော်ပရေတာလိုင်စင်ရရှိရန် စောင့်ဆိုင်းလျကရှိကြောင်း သိရသည်။ မိုဘိုင်းကွန်ရက်ကို တစ်နိုင်ငံလုံးဖြန့်ကြက်နိုင်ရန် ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့ဖူးပြီး 3G ကွန်ရက်ကို အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကွန်ရက်ပိုင်းဆိုင်ရာဆောင်ရွက်ချက်များကို အခြားအော်ပရေတာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ Ooredoo ကုမ္ပဏီမှာ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကတိုက်နှင့် အရှေ့တောင်အာရှဒေသများတွင် မိုဘိုင်းဖုန်းများ ကြိုးမဲ့အင်တာနက်စနစ်နှင့် ကြိုးလိုင်းအင်တာနက်စနစ်များကို ဖြန့်ချိရောင်းချပေးလျက်ရှိသော ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည်။       ထွန်းထွန်း

myanmarinternetjournal

ရန်ကုန် ဘူတာကြီးအား အထပ်မြင့် လူနေအိမ်ခန်းအဖြစ် အဆင့်မြှင့်ဆောက် လုပ် ရန် ကမ်းလှမ်းမှုများရှိ


 ရန်ကုန် ဘူတာကြီးအား အထပ်မြင့် လူနေ အိမ်ခန်း အဆောက်အအုံအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်ရန် လာရောက်ကမ်းလှမ်းမှုများ ရှိ ကြောင်း ရထားပို့ဆောင်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်း ဌေးက ''ရန်ကုန်ဘူတာကြီးကိုအ ထပ်မြင့် အဆောက်အအုံတွေ ဆောက်ပြီး အဆင့်မြှင့်တင်ဖို့လာ ရောက်ကမ်းလှမ်းတဲ့ ကုမ္ပဏီတွေ အများအပြားရှိပါတယ်။ ဒီဘူတာ ကြီး အဆင့်မြင့်အဆောက် အအုံ က comprehensive resident ဖြစ် လာမယ်။ ဒီကလူတွေက ရထား ကိုပဲ စီးပြီးသွားကြမယ်။ အဲ့ဒီအထိ ကို ရည်မှန်းထားကြပါတယ်''ဟု အထူးအဲကွန်းမြို့ပတ်ရထား ပြေး ဆွဲမည့် အစီအစဉ်နှင့်ပတ်သက် ပြီး စခန်းသာဧည့်ဂေဟာ၌ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် ရထားပို့ဆောင်ရေး ကဏ္ဍတွင် ပြည်သူများ အတွက် ငွေကြေးများ အရှုံးခံကာ ပြေးဆွဲပေးနေခြင်း ဖြစ်သည့်အတွက် အဆိုပါအရှုံး ကိုကာမိစေရန် မီးရထားပိုင်မြေ နေရာများနှင့် အဆောက်အအုံ များကို ပုဂ္ဂလိကကုမ္ပဏီများသို့ ငှားရမ်းလုပ်ကိုင်မှုများ ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ယင်းက ''တစ်နိုင်ငံလုံး ရထားခရီးစဉ်ပေါင်း ၄ဝဝခန့်ရှိ ပေမယ့် အမှန်တကယ် အကျိုးအ မြတ်ရှိတဲ့ခရီးစဉ်က ၁ဝခုတောင် မပြည့်ဘူး။ ဒီလိုအရှုံးခံပြီးပြေး ဆွဲ ပေးနေရတော့ မပြေးဘူးလားဆို တော့ မပြေးလို့မရဘူး။

ရထား ပြေးဆွဲခြင်း က နိုင်ငံတကာမှာလဲ အရှုံးခံပြီး ပြေးတယ်ဆိုတာသိရ တယ်။ အကြံပြုချက်တွေကို အ ကုန်လုံး မလုပ်နိုင်သေးပေ မယ့် နောက် ပိုင်းတော့ တဖြည်းဖြည်း လုပ် သွားမှာပါ''ဟု ပြောသည်။

ရန်ကုန်ဘူတာကြီးသည် ဧက၇ဝကျော် ကျယ်ဝန်းကြောင်း၊ လူနေအိမ်ရာ များ ဖြစ်လာပါက ရထားဘူတာများကို အဆင့်မြှင့် တင်ခြင်းက ရထားကိုဗဟိုပြုပြီး သွားလာသည့်စနစ်တစ်ခု ဖြစ်လာ မည်ဖြစ်ကြောင်း ယင်းက ပြော သည်။
Yangon Media Group
သော်ဇင်ထက်

ရာထူးမတိုးခြင်း နှင့် လစာ နည်းမှုကြောင့် ကျောင်းဆရာများ အလုပ်ထွက်မှုပိုများလာ

 အရာရှိ ရာထူးအဆင့်ကို အလွယ်တကူ မရရှိခြင်းနှင့် လစာနည်းပါးမှုများ ကြောင့် အမျိုးသားကျောင်းဆရာ များ အလုပ်ထွက်ကြခြင်းဖြစ် ကြောင်း အခြေခံပညာအသိုင်း အဝိုင်းမှ သိရသည်။ ယခင်က ဆရာ၊ ဆရာမ များအနေဖြင့် အသက် ၄၅နှစ်၊ ၅၀ နှစ်ခန့်ရှိလာပါမှ အရာရှိအဆင့် ကို ခံစားခွင့်ရှိခဲ့ကြောင်း SAT, ATEO, နှင့် အလယ်တန်းကျောင်း အုပ်များသည် လစာတန်းတူရရှိ ခဲ့ကြောင်း၊ အရာရှိအဆင့်ကို နှစ် တိုအတွင်း ခံစားခွင့် မရှိခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ပေါင်း တည်မြို့နယ်မှ အလယ်တန်း ကျောင်းအုပ် ဦးတင်ခိုင်ညွန့်က ''အလယ်တန်းကျောင်းအုပ်တွေ အနေနဲ့ အရာရှိအဆင့်ရဖို့မလွယ် ဘူး။ လစာကလဲ ကွာတယ်လေ။ အဲဒီတော့ အလုပ်ထွက်ကြတယ်။ ဒါက ရာနှုန်း ပြည့်မ ဟုတ်ပေမယ့် ဖြစ်နိုင်ခြေရှိပါတယ်''ဟု ပြောသည်။ အမျိုးသားကျောင်းဆရာ များအနေဖြင့် လစာနည်းပါးမှု၊ အရာရှိအဆင့်ရာထူးရရှိရန် ဆယ် စုနှစ်ခန့် စောင့်ဆိုင်းရသောကြောင့် အလုပ်ထွက်ကြပြီး အခွင့်အလမ်း ပိုမိုရရှိသည့်နေ ရာများ သို့ ပြောင်း ရွှေ့လုပ်ကိုင်လာကြကြောင်း၊ ယခု အခါ ပညာရေးကောလိပ်တွင် ဆရာ၊ ဆရာမ ခေါ်ယူရာတွင် အမျိုးသမီး ဆရာမလျှောက်ထား မှု များပြားသောကြောင့် အမျိုး သားကျောင်းဆရာများအတွက် ဝင်ခွင့်ရရှိရန် အခွင့် အရေး များ လာကြောင်း သိရသည်။

ပညာရေးစီမံကိန်းနှင့် လေ့ ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''အမျိုးသားကျောင်း ဆရာတွေ နည်းပါးလာတာ မှန် ပါတယ်။ အဲဒါကြောင့်လဲ ဝန်ကြီး ဌာနအနေနဲ့ လစာတိုးပေးတာတို့၊ ဆရာတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှု၊ နေရာထိုင်ခင်းပေးတာ တို့ လုပ်ပေးရင် ဆရာတွေအနေ နဲ့ ဒီအလုပ်ကို စိတ်ဝင်စားလာ မယ်လို့ ထင်တယ်။ ဒီကိစ္စကိုလဲ အစီအစဉ်လေးတွေဆွဲပြီး အ ကောင်အထည်ဖော်ဖို့တော့ ဆွေး နွေးနေပါပြီ''ဟု ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ဝေး လံခေါင်ဖျားဒေသများတွင် တာ ဝန်ထမ်းဆောင်ရန် ဆရာ၊ ဆရာ မများခေါ်ယူလျက်ရှိရာ အမျိုး သားကျောင်းဆရာများကို ဦးစား ပေးခေါ်ယူလျက်ရှိကြောင်း၊ လစာ နှစ်ဆ ခံစားခွင့်ရှိနေသော်လည်း လက်ရှိတွင် အမျိုးသားကျောင်း ဆရာ အရေအတွက်မှာ အမျိုး သမီး ကျောင်းဆရာမအရေအ တွက်ထက် သုံးပုံတစ်ပုံခန့်မျှသာ ရှိနေကြောင်း သိရသည်။

အထက(၂)ဒဂုံမှ ကျောင်း အုပ်ဆရာကြီး ဦးအေးသင်းက ပြောပြရာတွင် ''အရင်တုန်းက အ ထက်တန်းကျောင်းအုပ်တစ်ဦး အရာရှိအဆင့်ရဖို့ဆိုရင် နှစ် ၃၀ လောက်စောင့်ခဲ့ရတယ်။ အဲဒီ လောက် ဆယ်စုနှစ်အချိန်ကိုစောင့် ဆိုင်းပြီးမှ ပြန်တမ်းဝင်အရာရှိဆို တာဖြစ်တာ။ အမျိုးသားကျောင်း ဆရာတွေ အလုပ်ထွက်တယ်ဆို တာ လစာနည်းလို့လဲပါတယ်''ဟု ပြောသည်။ မြန်မာတွင် အခြေခံပညာ ဆရာ၊ ဆရာမပေါင်း နှစ်သိန်းရှစ် သောင်းကျော်ရှိသည်။
ချိုချိုသန်း

ဆိုကရေးတီး၏စကားတစ်ခွန်း (မှတ်သားဖွယ်ရာ)



တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”

အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။

မှတ်သားသင့်လို့ မျှဝေပါသည်။
ညိုလင်းထွဏ်း

အမျိုးသားများ စမတ်ကျစေရန် စားသင့်သော အရာများ



ယောကျာ်း ပီသ တဲ့ ပုံစံမျိုး နဲ့ စမတ်ကျ ကြည့် ကောင်းစေ ဖို့ရာ အတွက် လိုးရှင်းတွေ၊ အစိုဓာတ် ထိန်းခရင်မ် တွေ အသင့်အတင့် သုံးဖို့ လိုတာ မှန်ပေ မယ့် စားသောက် တဲ့ အစား အသောက် တွေ ကလည်း အရေး ပါ နေပါတယ်။ ဒါကြောင့် သင့် ကို အခု ထက် ပိုပြီး စမတ်ကျ ကြည့်ကောင်းေ နစေ ဖို့ အောက်ပါ ရိုးစင်း တဲ့ အစား အသောက် ဆိုင်ရာ စည်းကမ်း ကို သတိရ လိုက်ပါ။

ထိပ်ပြောင် ခြင်း ကင်းဝေး စေရန် ဥ အမျိုးမျိုး စားပါ

ထိပ်ပြောင် တာက မျိုးရိုး လိုက်နိုင် ခြေ များပေ မယ့် လုပ်ငန်းခွင် စိတ်ဖိစီးမှု များ တာနဲ့ ကျန်းမာရေး နဲ့ မညီညွတ် တဲ့ အမြန်စာ တွေ ကို စားတာနဲ့ လည်း ဆက်နွှယ်မှု ရှိပါတယ်။ အာဟာရ ဓာတ် ချို့တဲ့ တာက ဆံပင်ကျွတ် နှုန်းများ တာကြောင့် သင့် ဆံကေသာ ကျန်းမာရေး အတွက် ဥ အမျိုးမျိုး ကို စားပေး သင့်ပါ တယ်။ ဥ အမျိုးမျိုး မှာ ပါတဲ့ သံဓာတ် နဲ့ ပရိုတင်း ဓာတ် ဟာ ဆံပင် မကျွတ်အောင် ကာကွယ် ပေးပြီး ဗီတာ မင် ဘီ က စိတ် ဖိစီးမှု မဖြစ်အောင် ကူညီ ပံ့ပိုး ပေးနိုင် ပါတယ်။

မျက်စိနီ ခြင်း သက်သာ စေရန် ဟင်း နုနယ် ရွက် စားပါ

တစ်နေ့လုံး ကွန်ပျူတာ အသုံး များ တာ၊ တီဗီ ကြည့်တာ တွေ ကြောင့် ဖြစ်တတ် ပါတယ်။ မျက်စိ မှာ ဒဏ် သက်ရောက်မှု ကို လျော့ကျ စေဖို့ အစိမ်းရောင် ဟင်းသီး ဟင်းရွက် အထူး သဖြင့် ဟင်းနုနယ် ရွက် ကို စားပေးပါ။ ဟင်းနု နယ် ရွက် မှာ မျက်စိ ကို အကာ အကွယ် ပေးတဲ့ ကာရို တီးနွိုက်၊ လူတင် နဲ့ ဇီဇန်သင်း တို့ ပါဝင် တာကြောင့် မျက်သား ကြည်လင် စေပါ တယ်။ မျက်စိ ကျန်းမာစေ ဖို့ရာ အတွက် တစ်ပတ် မှာ အနည်းဆုံး သုံးကြိမ် စား ပေးပါ။

နှာခေါင်းနီ ခြင်း သက်သာ စေရန် ဘလူး ဘယ်ရီးသီး ဖျော်ရည် သောက်ပါ

အရက် အလွန် အမင်း သောက်တာ ကြောင့် နှာခေါင်း နီမြန်း နေတတ် ပါတယ်။ နှာခေါင်းနီ မြန်းမှု သက်သာ စေဖို့ ဘလူး ဘယ်ရီသီး ကို စားပေး ပါ။ ဘိုင် အိုဖလေ ဗိုးနွိုက် များစွာ ပါဝင်တဲ့ ဘလူး ဘယ်ရီသီး ဖျော်ရည် ကို သောက်တာ ကြောင့် သွေးကြော ကို ကျယ် စေ ပါတယ်။ ပရိုတင်း ဓာတ် ပါဝင်မှု များ တဲ့ ဘလူး ဘယ်ရီသီး ဖျော်ရည် ကို သောက်ပေး သင့် ပါတယ်။

အရေး အကြောင်း ဖြစ်ခြင်း လျော့ကျ စေရန် မာလကာ သီး စားပါ

အမျိုးသား တွေမှာ အရေးကြောင်း ဖြစ်မှု လျော့ကျ စေဖို့ ဗီတာမင်စီ များများ စားပေး သင့် ပါတယ်။ ဗီတာမင် စီ ပါတဲ့ မာလကာ သီး ကို စားတာ ကြောင့် အရေး ကြောင်း ကို တွန်းလှန် နိုင်ခြေ ရှိပါ တယ်။ မာလကာ သီး ဟာ လိမ္မော်သီး ထက် ဗီတာ မင်စီ ပါဝင်မှု ငါးဆ ရှိပြီး မကောင်း တဲ့ ဖရီးရယ် ဒီ ကယ်လ် ကို တွန်းလှန် နိုင်တဲ့ အစွမ်း ထက် အင်တီ အောက်ဆီး ဒင့် ပါဝင် ကာ အရွယ် မတိုင် ခင် အိုမင်းမှု မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ မာလကာ သီး ကို တစ်ပတ် မှာ သုံးကြိမ် ခန့် စားပေး သင့်ပါတယ်။

လေထု ညစ်ညမ်းမှု လျော့ကျ စေရန် ထောပတ်သီး စားပါ

လေထု ညစ်ညမ်း တဲ့ ဒဏ်ခံ ရရင် အရေပြား မှာ ဗီတာမင်အီး ကင်းစင် သွားပါတယ်။ ဗီတာမင်အီး ဟာ အသားအရေ ကို ချောမွေ့နူးညံ့ကာ ပျော့ပျောင်း စေပါတယ်။ ဗီတာမင် အီး ပါဝင်မှု များတဲ့ေ ထာ ပတ်သီး ကို စားတာ ကြောင့် အသားအရေ ကျန်းမာ လှပ အောင် ပြုပြင် နိုင်စွမ်း ရှိပါတယ် ။ ထောပတ် သီး မှာ ကောင်းတဲ့ အဆီ ဓာတ် ပါဝင်မှု မြင့်မား တာ ကြောင့် တစ်ပတ် မှာ အနည်းဆုံး တစ်ကြိမ် စားပေး သင့် ပါတယ်။

ကေအမ်
Good Health

သာကေတမြို့နယ် ၅ ကွေ့မှတ်တိုင်အနီး ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရ



တိမ်းမှောက်သွားသော ဒိုင်နာယာဉ်အား တွေ့ရစဉ်

သာကေတမြို့နယ်၌ ဒိုင်နာယာဉ် တစ်စီးသည် အရှိန်လွန်ကာ လူတစ်ဦးနှင့် ဆိုက်ကားဂိတ်ကို ၀င်ရောက်တိုက်မိ တိမ်းမှောက်မှုကြောင့် လူတစ်ဦး သေဆုံးကာ ယာဉ်ပေါ်ပါသူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီခန့်တွင် သာကေတမြို့နယ်၊ ၅ ကွေ့မှတ်တိုင် အနီးတွင် ယာဉ်မောင်းမောင်ထွန်း (စုံစမ်းဆဲ) မောင်းနှင်လာသော ၄၉ အစိမ်း ဒိုင်နာယာဉ်သည် (ဂ) ကွေ့ ကွေ့စဉ် အရှိန်လွန်ကာ ကားလမ်းဘေးတွင် ရပ်နေသော အမျိုးသားတစ်ဦးအား တိုက်မိပြီး ယာဉ်တိမ်းမှောက်သွားခဲ့ကာ ယင်းနေရာ အနီးရှိ ရပ်ထားသော ဆိုက်ကားပေါ်သို့လည်း ပိမိခဲ့ကြောင်း၊ ယာဉ်မောင်း ဦး...မှာ ယာဉ်အားထားကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

တိုက်မိတဲ့ တစ်ယောက်ကတော့ ဆေးရုံမှာပဲ ဆုံးသွားပါတယ်။ ဒဏ်ရာရရှိ တာကတော့ ကျား ၁၂ ဦးနဲ့ မလေးဦးပါ။ သူတို့ကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။ ယာဉ်မောင်းကိုတော့ ဖမ်းမမိ သေးပါဘူး . . . . .


"လမ်းက ကွန်ကရစ်လမ်းဆိုတော့ လမ်းကကောင်းတယ်လေ။ ကားတွေကလည်း အသကုန် မောင်းကြတာ။ ဒိုင်နာတွေဆိုရင် ပိုဆိုးတယ်။ အခုလည်း အမြန်မောင်းပြီးတော့ ကိုယ့်အရှိန်ကို ကိုယ်မထိန်းနိုင်ဘဲ တိုက်မိတိမ်းမှောက် သွားတာပါ" ဟု အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့သည့် သာကေတမြို့နယ်နေ ကိုမြင့်နိုင်က ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်ခံခဲ့ရသော ကို.....လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရပြီး ယာဉ်ပေါ်ပါ ဒဏ်ရာရရှိသူ ၁၇ ဦးမှာလည်း ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

"တိုက်မိတဲ့ တစ်ယောက်ကတော့ ဆေးရုံမှာပဲ ဆုံးသွားပါတယ်။ ဒဏ်ရာရရှိ တာကတော့ ကျား ၁၂ ဦးနဲ့ မလေးဦးပါ။ သူတို့ကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။ ယာဉ်မောင်းကိုတော့ ဖမ်းမမိ သေးပါဘူး" ဟု သာကေတ အမှတ် (၁) ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကို သာကေတ အမှတ် (၁) ရဲစခန်းက ယာဉ်မောင်းအား ယာဉ် (ပ) ၁၆/၁၃ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄(က)ဖြင့် အမှုဖွင့်ကာ ယာဉ်မောင်းအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

EMG


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် အသုံးပြုသူ မိဘပြည်သူများသို့ အသိပေးတင်ပြခြင်း


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် အသုံးပြုသူ မိဘပြည်သူများသို့ အသိပေးတင်ပြခြင်း
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက် အသုံးပြုသူ မိဘပြည်သူများ၏ အင်တာနက်ချိတ်ဆက်အသုံးပြုမှု မြန်ဆန်တည်ငြိမ်မှုရရှိစေရေး အတွက် ဆက်သွယ်မှု ကွန်ရက် တိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ စီမံကိန်းအရ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ISP နှင့် National Gateway များ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တပ်ဆင်ခြင်း လုပ်ငန်းများကို သတင်းအချက်အလက်နှင့် နည်းပညာဌာနနှင့် Communications တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နေပြည်တော်တွင် လက်ရှိ ရန်ကုန် ဟံသာဝတီ  ISP Network နှင့် ချိတ်ဆက်ထားသော နေပြည်တော် POP အား အသစ်တပ်ဆင်ပြီး ဖြစ်သော နေပြည်တော် New ISP Network အသစ် ပေါ်သို့ အောက်ဖော်ပြပါအချိန်တွင် ပြောင်းရွှေ့ချိတ်ဆက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါအချိန်တွင် ပြောင်းရွှေ့ချိတ်ဆက်မည့် နေပြည်တော် POP ဧရိယာ အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်အသုံးပြုနိုင်မှုများ ခေတ္တပြတ်တောက်မည် ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

ရက်စွဲ - ၁၁-၁-၂၀၁၃

အချိန် - နံနက် ၀၂:၀၀ နာရီမှ ၀၂:၁၅ နာရီအထိ

POP အမည် - နေပြည်တော် POP

ပြတ်တောက်ချိန် - ၁၅ မိနစ်


ပြန်ကြားရေးဝန်ကြီးဌာန website မှ



အာ ဆီယံ ဥက္ကဋ္ဌရာထူး လက်ခံယူမည့် သမ္မတ ဦးသိန်းစိန်၏ ပြည်ပ ခရီးစဉ်တွင် ဇနီးဖြစ်သူ ပထမဆုံးအကြိမ် အဖြစ်လိုက်ပါ



နိုင်ငံ တော်သမ္မတဦးသိန်းစိန်၏ အာ ဆီယံ ဥက္ကဋ္ဌရာထူးလွှဲပြောင်းရယူ မည့် အာဆီယံထိပ်သီးအစည်း အဝေးခရီးစဉ်တွင် သမ္မတ၏ ပြည်ပ ခရီးစဉ်များတစ်လျှောက် လိုက်ပါ ခြင်းမရှိခဲ့သော ဇနီးဖြစ်သူ ဒေါ်ခင် ခင်ဝင်းသည် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတော်သမ္မတ၏ အာ ဆီယံထိပ်သီးအစည်းအဝေး ခရီး စဉ်တွင် လိုက်ပါသွားကြောင်း သိရ သည်။

''သမ္မတကြီးဦးသိန်းစိန်က ဒီအစည်းအဝေးမှာ အာဆီယံ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံ  မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတ ကြီးဦးသိန်းစိန်ဇနီးဒေါ်ခင်ခင်ဝင်း က သမ္မတကြီးရဲ့ ပြည်ပခရီးစဉ် တွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် လိုက်ပါ သွား တာ ဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ ဦး ဆောင်သည့် ချစ်ကြည်ရေး ကိုယ် စားလှယ်အဖွဲ့သည် ဘရူနိုင်း ဒါ ရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန် မြို့၌ အောက်တိုဘာ ၉ရက်နှင့် ၁ဝရက်များတွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် အောက်တိုဘာ ၈ရက်က ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။

အာဆီယံထိပ်သီးအစည်း အဝေးသို့ အာဆီယံနိုင်ငံများအ ပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီး ယား၊ ရုရှား၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့ တက်ရောက်ကြမည်ဖြစ် ကြောင်း သိရသည်။

yangonmedia

မူဆလင်ကျေးရွာတွင် တစ်ဦးတည်းကျန်သော ထိုင်းဗုဒ္ဓဘာသာဝင်အဘွားအိုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးနေရ



အသက်၈ဝအရွယ်ရှိပြီဖြစ် သော ထိုင်းအဘွားအိုတစ်ဦး သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဘန်ဂါဒေါ့မူဆလင်ကျေးရွာတွင် တစ်ဦးတည်းကျန်ရှိသောဗုဒ္ဓဘာ သာဝင်တစ်ဦးဖြစ်ပြီး နေအိမ်ကို စွန့်ခွာရန် ငြင်းဆိုလျက်ရှိကာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးနေရသည်ဟု သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း မူဆ လင်ဘာသာဝင်အများစုနေထိုင် ရာ ကျေးလက်ဒေသများတွင် ၂၀၀၄ခုနှစ်မှစတင်ကာ ဘာသာ ရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူ နည်းစုဖြစ်သော ထိုင်းဗုဒ္ဓဘာ သာဝင်တို့သည် အိမ်နီးချင်းနာရာ သီဝပ်ပြည်နယ်ရှိ လုံခြုံရေးတင်း ကျပ်ထားသော ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

သို့သော် အဘွားအိုဂျော ပေါင်သော်ဝယ်လ်သည် မလေး မူဆလင်၁၂၀၀ဝခန့်နေထိုင်သော ဘန်ဂါဒေါ့တွင် တစ်ဦးတည်းဆက် လက်နေထိုင်ခဲ့ပြီး မကြာခဏတိုက် ခိုက်မှုများလည်း ခံနေရသည်ဟု သိရသည်။ အဘွားအိုဂျောပေါင် သော်ဝယ်လ်ကို မေးမြန်းရာတွင် ကြောက်ရွံ့မိသော်လည်း မိမိပိုင် မြေဖြစ်သောကြောင့် ပြောင်းရွှေ့ စရာအကြောင်းမရှိဟု ဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပက် ယန်နီ၊ ယာလာနှင့် နာရာသီဝက် ပြည်နယ်များတွင် ဆူပူအုံကြွမှု များကြောင့် လူပေါင်း ၅၁၇၀၀၀ ကျော်သတ်ဖြတ်ခံခဲ့ရပြီး ကိုးနှစ် တာစစ်ပွဲများကာလအတွင်း ထိုင်း ဗုဒ္ဓဘာသာဝင်လေးသိန်းခန့်သည် မူဆလင်ဘာသာဝင်များ၏ရန်မှ လွတ်ကင်းရန် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြသည်ဟု သိရသည်။

တိုင်းတာမှုများအရ အဆို ပါဒေသသုံးခုတွင် နေထိုင်ကြသော ထိုင်းဘာသာဝင်များမှာ ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ ၂၈၈၀၀၀ ခန့်ရှိပြီး ၂၀၀ဝပြည့်နှစ်တွင် ပြည် တွင်းစစ်ပွဲများမတိုင်မီနှင့်နှိုင်းယှဉ် လျှင် လူဦးရေရာခိုင်နှုန်း ၂ဝခန့် လျော့ကျလာခဲ့သည်ဟုသိရသည်။ ထိုင်းအဘွားအို ပေါင်သော်ဝယ်လ် က စောင့်ရှောက်ပေးသော ထိုင်း အစောင့်တပ်များကို ကျေးဇူးတင် လျက်ရှိပြီး အိမ်နီးချင်းမူဆလင် ဘာသာဝင်များသည် ယခင်ကလို အခေါ်အပြောမရှိတော့သည့်အ တွက် စိတ်မကောင်းဖြစ်နေသည် ဟု သိရသည်။
Yangon Media Group

လင်မယားချင်းစကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး


၈.၁၀.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာနေ ကိုစိုးဝင်း၊ (ဘ)ဦးလှငွေနှင့် ၎င်း၏ဇနီးဖြစ်သူ မသန်းသန်းကြည်၊ (ဘ)ဦးကြည်ဝင်းတို့သည် နေအိမ်တွင် စကားများရန်ဖြစ်ကြစဉ် မသန်းသန်းကြည်မှ ဓါးဖြင့်ထိုး၍ ကိုစိုးဝင်းတွင် ၀ဲရင်အုံထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် မသန်းသန်းကြည်အား အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှူးမှ တိုင်တန်းခဲ့၍ မှော်ဘီမြို့မရဲစခန်း(ပ)၅၈၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့်
အမှုဖွင့်ကာ သက်သေခံပစ္စည်းသိမ်းဆည်းပြီး တရားခံအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မူဆလင်ကျေးရွာတွင် တစ်ဦးတည်းကျန်သော ထိုင်းဗုဒ္ဓဘာသာဝင်အဘွားအိုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးနေရ



အသက်၈ဝအရွယ်ရှိပြီဖြစ် သော ထိုင်းအဘွားအိုတစ်ဦး သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဘန်ဂါဒေါ့မူဆလင်ကျေးရွာတွင် တစ်ဦးတည်းကျန်ရှိသောဗုဒ္ဓဘာ သာဝင်တစ်ဦးဖြစ်ပြီး နေအိမ်ကို စွန့်ခွာရန် ငြင်းဆိုလျက်ရှိကာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးနေရသည်ဟု သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း မူဆ လင်ဘာသာဝင်အများစုနေထိုင် ရာ ကျေးလက်ဒေသများတွင် ၂၀၀၄ခုနှစ်မှစတင်ကာ ဘာသာ ရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူ နည်းစုဖြစ်သော ထိုင်းဗုဒ္ဓဘာ သာဝင်တို့သည် အိမ်နီးချင်းနာရာ သီဝပ်ပြည်နယ်ရှိ လုံခြုံရေးတင်း ကျပ်ထားသော ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

သို့သော် အဘွားအိုဂျော ပေါင်သော်ဝယ်လ်သည် မလေး မူဆလင်၁၂၀၀ဝခန့်နေထိုင်သော ဘန်ဂါဒေါ့တွင် တစ်ဦးတည်းဆက် လက်နေထိုင်ခဲ့ပြီး မကြာခဏတိုက် ခိုက်မှုများလည်း ခံနေရသည်ဟု သိရသည်။ အဘွားအိုဂျောပေါင် သော်ဝယ်လ်ကို မေးမြန်းရာတွင် ကြောက်ရွံ့မိသော်လည်း မိမိပိုင် မြေဖြစ်သောကြောင့် ပြောင်းရွှေ့ စရာအကြောင်းမရှိဟု ဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပက် ယန်နီ၊ ယာလာနှင့် နာရာသီဝက် ပြည်နယ်များတွင် ဆူပူအုံကြွမှု များကြောင့် လူပေါင်း ၅၁၇၀၀၀ ကျော်သတ်ဖြတ်ခံခဲ့ရပြီး ကိုးနှစ် တာစစ်ပွဲများကာလအတွင်း ထိုင်း ဗုဒ္ဓဘာသာဝင်လေးသိန်းခန့်သည် မူဆလင်ဘာသာဝင်များ၏ရန်မှ လွတ်ကင်းရန် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြသည်ဟု သိရသည်။

တိုင်းတာမှုများအရ အဆို ပါဒေသသုံးခုတွင် နေထိုင်ကြသော ထိုင်းဘာသာဝင်များမှာ ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ ၂၈၈၀၀၀ ခန့်ရှိပြီး ၂၀၀ဝပြည့်နှစ်တွင် ပြည် တွင်းစစ်ပွဲများမတိုင်မီနှင့်နှိုင်းယှဉ် လျှင် လူဦးရေရာခိုင်နှုန်း ၂ဝခန့် လျော့ကျလာခဲ့သည်ဟုသိရသည်။ ထိုင်းအဘွားအို ပေါင်သော်ဝယ်လ် က စောင့်ရှောက်ပေးသော ထိုင်း အစောင့်တပ်များကို ကျေးဇူးတင် လျက်ရှိပြီး အိမ်နီးချင်းမူဆလင် ဘာသာဝင်များသည် ယခင်ကလို အခေါ်အပြောမရှိတော့သည့်အ တွက် စိတ်မကောင်းဖြစ်နေသည် ဟု သိရသည်။
Yangon Media Group

ရန်ကုန် လေဆိပ်တွင် သောင်တင်နေသည့် မလေးပြန် ၄၈ ဦးအား ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက လာရောက်ခေါ်ဆောင်

မလေး ရှားနိုင်ငံမှ အခမဲ့လေကြောင်း အစီအစဉ်ဖြင့်ပြန်လာသော မြန်မာ နိုင်ငံသား ၁၇၅ဦးအနက် ၄၈ဦး မှာ အကူအညီမဲ့နေသဖြင့် ၈၈ မျိုးဆက်ကျောင်းသား(ပွင့်လင်း လူု့အဖွဲ့အစည်းနှင့်ငြိမ်းချမ်းရေး) အဖွဲ့က လာရောက် ခေါ်ဆောင် သွားကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်မှာ အပြည် ပြည်ဆိုင် ရာလေကြောင်း လိုင်း (MAI)အစီအစဉ် လေယာဉ်ပျံဖြင့် မလေးရှားမှပြန်လာသူ ၁၇၅ဦး တွင် မလေးရှားနိုင်ငံ ထိန်းသိမ်း ရေးစခန်းငါးခုမှ ၈၁ဦးနှင့် အခြား ပြင်ပမှ ၉၄ဦးပါဝင်ပြီး လက်ရှိ တွင် ထိန်းသိမ်းရေးစခန်းမှပြန် လာသူထဲမှ အမျိုးသား ၄၈ဦးမှာ ယင်းကဲ့သို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သောင် တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး ညရနာရီခန့်တွင် ၈၈အဖွဲ့မှ အလုပ် သမားအရေးဆောင်ရွက်သူ ဒေါ် မာမာဦးနှင့် ရန်ကုန်တိုင်းဒေသ ကြီး အလုပ်သမားညွှန်ကြားမှုဦး စီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မို့မို့ သွင်တို့က ရောက်ရှိ လာကာနေ ထိုင်ရန် အခက်အခဲအတွက် ခေတ္တ ဖြေရှင်းရန် ၈၈အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ကြောင်းနှင့် အလုပ် သမားညွှန်ကြားမှုဦးစီးဌာနမှ အလုပ်သမား ၄၈ဦးအား တစ်ဦး လျှင် ကျပ်သုံးထောင်နှုန်းဖြင့် ကူ ညီပေးကြောင်း သိရသည်။

ဒေါ်မာမာဦးက''အခုဒီနေ့ ည သူတို့နေဖို့အတွက် ၈၈ရုံးမှာ ယာယီတည်းခိုဖို့စီစဉ်ထားပါ တယ်။ နောက်ပိုင်းသူတို့နေရာ ပြန်ရောက်ဖို့နဲ့ ကျန်တဲ့ကိစ္စတွေ ကိုတော့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ကျွန်မတို့၈၈ တို့ညှိနှိုင်း ဆွေးနွေး သွားမှာ ဖြစ်တယ်''ဟုပြောသည်။ မြန်မာလုပ်သား ၄၈ဦးမှာ အောက်တိုဘာ ၈ရက်တွင် မလေး ရှားရှိ သီတဂူအထောက်အကူ ပြုအဖွဲ့မှ ခေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှား နိုင်ငံရှိ မလက္ကာ ထိန်းသိမ်းရေးစခန်းမှ ပြန်လာသူ ဦးဇော်မိုးခိုင်က''မလေးကဒုက္ခ သည်စခန်းမှာ အော်ပါရဇီနဲ့အ ဖမ်းခံရတာ လေးလကျော်ရှိပါ ပြီ။ ဆရာတော်ကြီးဦးဆောင်တဲ့ အဖွဲ့က လာရောက်ခေါ်ဆောင် တဲ့အတွက် အခုလိုပြန် ရောက် လာတာဖြစ်တယ်။ ဒါပေမဲ့ အခု ကျွန်တော်အပါအဝင် သူငယ်ချင်း တွေလဲ လာကြိုမယ့်သူမရှိဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဒုက္ခရောက်နေရပါတယ်။ ဟိုမှာ နေရတော့လဲအဆင်မပြေ၊ ဒီ ရောက်တော့လဲ အဆင်မပြေဖြစ် နေပါတယ်''ဟု ပြော သည်။ ယင်းကျန်ရှိသော မလေး ရှားပြန်လုပ်သား ၄၈ဦးမှာ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် စသောဝေးလံသည့် ဒေသများသို့ ပြန်ရမည်ဖြစ်သည်။

စိုင်းဟန်
Yangon Media Group

လက်ဗွေဖတ်စနစ်ပါဝင်သည့် HTC One Max ကို အောက်တိုဘာ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်


အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည့် ဓာတ်ပုံများအရ ၅.၉ လက်မအရွယ် HTC One Max တွင် လက်ဗွေဖတ်စနစ် (fingerprint scanner) ပါဝင်လာပြီး ၎င်းကို အောက်တိုဘာလ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည် ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။     ဇူလိုင်လကတည်းက ကောလာဟလ သတင်းများအနေဖြင့် ထွက်ပေါ်ခဲ့သည့် HTC One Max သည် သတင်းဖော်ပြပါ ၄.၇ လက်မ HTC One ၏ဒီဇိုင်းနှင့် တူညီပြီး ၎င်းကို စက်တင်ဘာလတွင် မိတ်ဆက်ရန် မူလက သတ်မှတ်ခဲ့သော်လည်း ပွဲထုတ်မိတ်ဆက်မည့် အစီအစဉ်ကို အောက်တိုဘာလသို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။     သို့သော်လည်း HTC One Max အား မိတ်ဆက်မည့်နေ့ကို Phone Arena နှင့် WSJ ၏ ရင်းမြစ်နှစ်ခုက အတည်ပြုခဲ့သည်။     ယခင်က ထွက်ပေါ်ခဲ့သည့် သတင်းများအရ HTC One Max တွင် ၅.၇ လက်မ Galaxy Note 3 ထက် အရွယ်ကြီးမားသည့် 1080p display ပါဝင်ပြီး ဘက်ထရီမှာ 3,300 mAh ဖြစ်ကြောင်း သိရသည်။ အသုံးပြုထားသည့် ပရိုဆက်ဆာနှင့် ပတ်သက်၍ သတင်းဖော်ပြမှုများ ကွဲပြားနေပြီး အချို့က 2.3GHz Snapdragon 800 ကို အသုံးပြုထားသည်ဟု ဖော်ပြထားသလို အချို့ကလည်း HTC One တွင် အသုံးပြုထားသည့် 1.7GHz 600 ကို အသုံးပြုထားကြောင်း ဖော်ပြထားသည်။ ကိုယ်ထည်တည်ဆောက်ပုံမှာ ကျစ်လစ်မာကျောသည့် HTC One ကဲ့သို့ မဟုတ်ဘဲ ဈေးသက်သာသည့် အလူမီနီယံနှင့် ပလတ်စတစ် ဒီဇိုင်းဖြင့် တည်ဆောက်ထားသောကြောင့် HTC One Max မှာ ယခုနှစ် အစောပိုင်းက မိတ်ဆက်ကြေညာပေးခဲ့သည့် One mini နှင့် ပိုမိုဆင်တူကြောင်း သိရသည်။ -နောင်နောင် Ref: The Verge
internet journal

အထီးလေးက အမကနေ ပြောင်းလာသူ၊ အမလေးက အထီးကနေ ပြောင်းလာသူ



ပုံထဲက အတွဲက သာမန်ကြည့်ရင်တော့ သာမန်အတွဲပါပဲ။ ဒါပေမယ့် သူတို့ဟာ သာမန်အတွဲမဟုတ်ပါဘူး၊ အထီးလေးက အမကနေ ပြောင်းလာသူ၊ အမလေးက အထီးကနေ ပြောင်းလာသူပေါ့။ လိင်ခွဲစိတ်ထားသူ နှစ်ဦး တနေ့ တော့ တွေ့မိရာကနေ ချစ်ကြိုက်ပြီး ချစ်သူတွေ ဖြစ်သွား တာပေါ့။

ယောင်္ကျားလေးအဖြစ် ခွဲစိတ်ထားသူကတော့ Andrew တဲ့။ သူမိန်းကလေး နာမည်က Emerald.

မိန်းကလေးအဖြစ် ခွဲစိတ်ထားသူကတော့ Katie Hills တဲ့။ သူ့ ယောင်္ကျားလေး ဘ၀ တုန်းက နာမည်ကတော့ Luke လို့ ခေါ်ပါသတဲ့။

အပြည့်အစုံဖတ်ချင်ရင်တော့ -- ( http://www.dailymail.co.uk/news/article-2374296/Transgender-teen-lovebirds-pose-swimsuit-shoot-having-gender-reassignment-surgery.html ) ဒီမှာ သွားဖတ်လိုက်ပါ။

သုတစွယ်စုံကျမ်း

ကမ္ဘာတလွှားက ဟန်ချက်ညီကျောက်တုံးများ











ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ နေစင်္ကြာဝဠာအတွင်းမှာ လှုပ်ရှားပြောင်းလဲမှု အများဆုံး ဂြိုလ်တစ်ခုရယ်လို့ ပြောလို့ရနိုင်အောင် တည်ငြိမ်မှုမရှိဘဲ အမြဲတမ်း ပြောင်းလဲနေတတ်ခဲ့ပါတယ်။ ထိုသို့ ပြောင်းလဲရခြင်းရဲ့ အကြောင်းတရားများမှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက မီးတောင်၊ လေမုန်တိုင်း၊ ရာသီဥတု၊ နေ၊ စသော သဘာဝတရားများ၏ ပြုပြင်ပြောင်းလဲမှု၊ တိုက်စားမှုတို့ကြောင့် မြေမျက်နှာပြင်မှာ ပုံသဏ္ဍာန် ခဲ့ရပါတယ်။ ၄င်းဖြစ်စဉ်များထဲမှ အချို့သော ကျောက်တုံးကျောက်ဆောင်များဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ကြံ့ကြံ့ခံရင်း ထူးဆန်းအံ့သြဖွယ် ဟန်ချက်ညီနေသော အနေအထားအဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတလွှားက ထင်ရှားကျော်ကြားတဲ့ ဟန်ချက်ညီ ကျောက်တုံးများအကြောင်း ဒီတစ်ပတ် ထူးထူးဆန်းဆန်း အကြောင်းအရာ အဖြစ် ဖော်ပြချင်ပါတယ်။

1. Balanced Rock Colorado

ပထမဦးဆုံး ဖော်ပြမဲ့ ကျောက်တုံးက ကော်လိုရာဒိုပြည်နယ်ရှိ The Garden of Gods ဥယျာဉ်ထဲမှာ တည်ရှိတဲ့ ကျောက်တုံးဖြစ်ပါတယ်။ သေးငယ်တဲ့ အောက်ခံကျောက်တုံးပေါ်မှာ ဟန်ချက်ညီစွာ တည်ရှိနေတာမို့ မြေငလျှင်များသာ လှုပ်ခဲ့ရင် စိုးရိမ်ရမဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒီကျောက်တုံးရှိရာနေရာဟာ လမ်းမကြီးရဲ့ ဘေးနားမှာ ဖြစ်တဲ့အပြင် လှပတဲ့ သဘာဝရှုခင်းများ ရှိတာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေအတွက် ဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခုထဲမှာ ပါသလို ၄င်းကျောက်တုံးကြီးဟာလည်း ဓာတ်ပုံအရိုက်ရဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။


2. Balancing Rock, Digby, Nova Scotia, Canada

ကနေဒါနိုင်ငံ Nova Scotia , Digbyက တံငါရွာလေးအနီးမှာ ရှိတဲ့ ဟန်ချက်ညီ ကျောက်တုံးကလည်း တမူထူးခြားပါတယ်။ ခဲတံချောင်းသဖွယ် ဒေါင်လိုက် ဖြစ်ပေါ်နေတဲ့ ၄င်း ကျောက်တုံး ဟာ ပင်လယ်ကမ်းစပ်က ကျောက်ဆောင်ကြီးတစ်ခုပေါ်မှာ တစ်ဝက်ခန့်သာ တင်နေပြီး အခြားတစ်ဖက်က လေထဲမှာရောက်နေတာကြောင့် ပြုတ်ကျတော့မည်ကဲ့သို့ အသည်းယားစဖွယ် ရှိနေတာ ဖြစ်ပါတယ်။ သို့သော်လည်း ခဲတံတစ်ချောင်းတော့ဖြင့် မဟုတ်ပါ။ တန်ချိန်များစွာ လေးလံလှသော ကျောက်တုံးကြီး တစ်တုံးသာဖြစ်ပြီး မည်သည့်အထောက်အပံ့မှ မရှိဘဲ သဘာဝဘေးရန်ကို ကြံ့ကြံ့ခံရင်း နှစ်ပေါင်းများစွာ မတ်မတ်ရပ်တည် နေနိုင်ခဲ့တာဟာလည်း ထူးခြားဆန်းကြယ်လို့နေပါတယ်။

3. Idol Rock, Brimham Moor, North Yorkshire, UK

အင်္ဂလန်နိုင်ငံ ယောခ့်ရှိုင်းယားနယ်ရဲ့ မြောက်ဖက် Brimham Moor ဒေသမှာ ဖြစ်ပေါ်တည်ရှိနေတဲ့ ကျောက်တုံးအကြောင်း ဆက်လက်ဖော်ပြရရင် ပိရမစ်ပုံ အောက်ခံ ကျောက်သားခပ်ချွန်ချွန်သေးသေးပေါ်မှာ တန်၂၀မျှ လေးလံကြီးမားလှတဲ့ ကျောက်ဆောင်ကြီး ဟန်ချက်ညီညီ တည်ရှိနေပုံကလည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်ပါတယ်။ ဒီလို ဆန်းကျယ်တဲ့ သဘာဝတရားကို တွေ့ရချိန်မှာ သင်ကိုယ်တိုင် အံ့သြမိမှာ သေချာလောက်အောင် ထူးခြား ဆန်းကျယ်လို့နေပါတယ်။

4. El Torcal de Antequera, Andalucia, Spain

ကျောက်တုံးမျှော်စင်လို့ ခေါ်ရလောက်အောင် အထပ်ထပ်သော ကျောက်သားတွေ တစ်ရစ်ပြီးတစ်ရစ် မြင့်တက်ကာ တည်ရှိနေတာ ဖြစ်ပါတယ်။ ၄င်းကဲ့သို့ ကျောက်သားများ အထပ်ထပ် မြင့်တက်နေခြင်းဟာ တစ်နေရာတည်းမှာ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ဘေးနားပတ်ဝန်းကျင်ရှိ ကျောက်သားများဟာလည်း ယခုကဲ့သလို့ပင် စီကာရီကာ မြင့်တက်နေတာ ဖြစ်ပါတယ်။

5. Kjeragbolten, Norway

အလွန်ကြီးမားတဲ့ ကျောက်တောင်ကြီး ၂ခုကြားမှာ အကျယ်အ၀န်း ၅မီတာခန့် ရှိတဲ့ ကျောက်တုံးကြီးဟာ
အောက်ကို ပြုတ်မကျဘဲ တည်ရှိနေတဲ့ ထူးထူးဆန်းဆန်း မြင်ကွင်းကိုလည်း နော်ဝေးနိုင်ငံမှာ တွေ့နိုင်ပါတယ်။ မြေပြင်ကနေ မီတာ တစ်ထောင်( ၃၂၈၀ပေခန့်) အမြင့်က ကျောက်ဆောင်ကြီး ၂ခုကြား ဟန်ချက်ညီညီ တည်ရှိနေတာ ဖြစ်ပါတယ်။ ၄င်း ကျောက်တုံးကြီးပေါ်မှာ မတ်တပ်ရပ်နိုင်သော်လည်း ရပ်နေစဉ်အတွင်းမှာတော့ အောက်က ချောက်ထဲကို ငုံ့မကြည့်မိဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် ကျောက်တောင်ကြီးအောက်က အသည်းယားဖွယ် နက်ရှိုင်းမှုကြီးက သင့်ကို အသည်းအူတုန်အောင် ထိတ်လန့်စေမှာ ဖြစ်ပါတယ်။

6. Peyro Clavado, Sidobre, France

ပြင်သစ်နိုင်ငံ Languedoc တွင်ရှိသော ပုံမှာ မြင်ရတဲ့ ကျောက်တုံးကြီးကို လက်သည်း ကျောက်တုံးကြီးလို့လည်း ခေါ်ဆိုကြပါတယ်။ ၄င်းကျောက်တုံးကြီးဟာလည်း အလွန်သေးငယ်တဲ့ အောက်ခံ ကျောက်တုံးငယ်လေးပေါ်မှာ ထူးထူးဆန်းဆန်း ရပ်တည်နေတာ ဖြစ်ပါတယ်။ တန်ချိန်ပေါင်း ၇၈၀တန် ရှိပြီး ဂရင်းနိုက် ကျောက်အမျိုးအစားဖြစ်တဲ့ ၄င်း ကျောက်တုံးရဲ့ သက်တမ်းဟာ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာရှိပြီလို့ သိရပါတယ်။

7. Mushroom Rocks, Kansas, USA

ကင်းဆပ်ပြည်နယ်တွင်ရှိသော မှိုပွင့် ကျောက်ဆောင်ကြီးဟာလည်း ကွင်းပြင်ကြီးအလယ်မှာ ထီးထီးကြီး တည်ရှိနေတာ ဖြစ်ပါတယ်။ မှိုပွင့်ကျောက်ဆောင်ဆိုတဲ့အတိုင်း မှိုပွင့် ပုံသဏ္ဍာန်ဖြစ်ပေါ်နေပြီးတော့ သဘာဝတရားရဲ့ထူးဆန်းစွာ ဖန်တီးချက်အဖြစ် ထင်ထင်ရှားရှားတွေ့မြင်ရတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။

8. Chiremba Balancing Rocks, Epworth, Zimbabwe

ဇင်ဘာဘွေနိုင်ငံရဲ့ မိုးလေ၀သ ကျောက်တုံးကြီးဟာလည်း လေနဲ့ သဘာဝရာသီဥတုတို့ဒဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဟန်ချက်ညီ ကျောက်တုံးကြီးဖြစ်ပါတယ်။ ၄င်းကျောက်ဆောင်ဟာ ဇင်ဘာဘွေရဲ့ အထင်ကရ အမှတ်အသား တစ်ခုဖြစ်ပြီးတော့ နိုင်ငံရဲ့ ငွေကြေးပေါ်မှာပါ ၄င်းကျောက်တုံးပုံကို ရိုက်နှိပ်ထုတ်ဝေ သုံးစွဲကြတာ တွေ့ရပါတယ်။

9. Mexican Hat Rock, Utah, USA

ရုတ်တရက်ကြည့်ရင် မက္ကဆီကန် ဦးထုပ်နဲ့ ဆင်ဆင်တူတာမို့ Mexican Hat လို့ အမည်ပေးထားတဲ့ ၄င်း ကျောက်အောင်ဟာ ယူတားပြည်နယ်က Monument Velly မှာ တည်ရှိတာဖြစ်ပါတယ်။ အကျယ် ၆၀ပေခန့်ရှိပြီး ၁၂ပေခန့်ထူထဲတဲ့ အနီရောင်ကျောက်ဆောင်ကြီးဟာလည်း ကမ္ဘာပေါ်က ဟန်ချက်ညီ ကျောက်ဆောင်များ အုပ်စုမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သို့သော်လည်း ပညာရှင်များ ခန့်မှန်းကြတာက ၄င်းကျောက်တုံးကြီးဟာ အနှေးနဲ့ အမြန်ဆိုသလိုဘဲ သိပ်မကြာခင်မှာ ပြိုကျပျက်စီးနိုင်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့် ၄င်းကျောက်တုံးကြီး ပြိုကျ ပျက်စီးမသွားခင်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကျောက်ဆောင်ကြီးကို သွားရောက်ကြည့်ရှုထားသင့်တယ်လို့ အကြံပေးကြပါတယ်။

ချော ( အစိမ်းရောင် လွင်ပြင် )

အမိန့်မချနိုင်သေးသည့် နေပြည်တော်အသင်းပြစ်ဒဏ်ကို အယူခံကော်မတီက ထပ်မံဆုံးဖြတ်မည်


 မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ် တွင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ အပေါ် ဩဂုတ် ၁၃ရက်က အမိန့် ချမှတ်ခဲ့ပြီး ယင်းနောက်တွင် နေ ပြည်တော်အသင်းက အယူခံဝင် ခဲ့ပြီး ယခုအခါ ယင်းအယူခံကို အယူခံကော်မတီက ဆုံးဖြတ်သွား မည်ဟု သိရသည်။  နေပြည်တော်အသင်း အ ယူခံကို မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ် အယူခံကော်မတီမှ ဆုံး ဖြတ်မည်ဖြစ်ကြောင်း စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦး ခင်မောင်ထွေးက အတည်ပြုသည်။

  မြန်မာနေရှင်နယ်လိဂ် ရာ သီပိတ်ပွဲစဉ်တွင် နေပြည်တော် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ နေပြည်တော် ဝဏ္ဏ သိဒ္ဓိကွင်းအတွင်း ခိုက်ရန်ဖြစ် ပွားမှုနှင့် ထိုင်ခုံများပျက်စီးခဲ့သည့် အပေါ် မြန်မာနေရှင်နယ်လိဂ်စည်း ကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ယင်း ပြစ်ဒဏ်များကို နေပြည်တော် အသင်းမှ ကျေနပ်မှုမရှိသဖြင့် စည်းကမ်းထိန်းသိမ်းရေးကော် မတီသို့ အယူခံဝင်ခဲ့ရာ ယင်းကိစ္စ ရပ်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ (သို့) အယူခံကော်မတီက ထပ်မံ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။  ယင်းနှင့်ပတ်သက်၍ စည်း ကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက ''အဲဒီ ကိစ္စရပ်နဲ့ပတ်သက်ပြီး စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ပြင် ဆင်ဖို့မရှိဘူး။ ပြင်ဆင်နိုင်တာက နှစ်ချက်ရှိတယ်။ အယူခံကော်မ တီနဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပါ''ဟု ၎င်းက ပြောသည်။

 အဆိုပါခိုက်ရန်ဖြစ်ပွားမှု နှင့် ကွင်းအတွင်း ထိုင်ခုံများပျက် စီးခဲ့သည့်အပေါ် မြန်မာနေရှင် နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဩဂုတ် ၁၃ရက်တွင် နေပြည်တော် ဘောလုံးအသင်း နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံး အသင်းတို့ကို ပြစ်ဒဏ်များချမှတ် ခဲ့ခြင်းဖြစ်သည်။  နေပြည်တော် ဘောလုံးအ သင်း စီမံမန်နေဂျာဦးဇော်ဝင်းက ''အသင်းက အယူခံတင်ထားတာ ကို စက်တင်ဘာ၂၈ရက်က ပြန် ပြီးအကြောင်းကြားပါတယ်။ အယူ ခံကော်မတီ (သို့) ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌဆီကို ပြန်တင်ရမယ် ဆိုလို့ အောက်တိုဘာ ရရက်က ထပ်ပြီးတင်ထားပါတယ်''ဟု ၎င်း က ပြောသည်။ ယင်းကိစ္စရပ်နှင့်ပတ်သက် ပြီး ဘောလုံးအဖွဲ့ချုပ်မီဒီယာဌာန သို့ ဆက်သွယ်မေးမြန်းသော်လည်း သိရှိခြင်းမရှိဟုဖြေကြားသည်။

Yangon Media Group