စာချုပ်ချုပ်ဆိုပြီးမှသာ Miss Tourism Internationalပြိုင်ပွဲကို စေလွှတ်မည်ဟု မလှနုထွန်းကဆို



မလေးရှားနိုင်ငံတွင် ဒီဇင်ဘာလကုန်၌ ကျင်းပမည့် Miss Tourism International ပွဲ အတွက် Style Plus H မှ မြန်မာကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းအလှမယ်ကို စာချုပ်ဖြင့် စတင် လုပ်ကိုင် သွားမည် ဖြစ်သည်ဟု   National Director ဖြစ်သူ မလှနုထွန်းက မဇ္ဈိမကို ပြောသည်။

" မလေးရှားရောက် မြန်မာတွေ အားပေးဖို့ အတွက် လှနု ဒီပွဲကို လက်ခံ လိုက်တာပါ။ ဒီတစ်ခေါက် တော့ ကော်ပတ်ရုပ်လေးလို လှတဲ့ ကောင်မလေးကို လှနုရွေးချယ် သွားဖို့ စီစဉ် ထားပါတယ်။ ဒီတစ်ခေါက် အလှမယ်ကို လှနု စာချုပ်နဲ့ လုပ်ကိုင်သွားမှာပါ " ဟု ၎င်းက ပြောသည်။

Style Plus H မှ စေလွှတ်ခဲ့သည့် Miss Asia Pacific World ပြိုင်ပွဲတွင် Miss Asia Pacific World 2014 ဆု ရရှိခဲ့ သည့် မေမြတ်နိုးနှင့် မလှနုထွန်းတို့ကြား စာချုပ် စာတမ်းဖြင့် လုပ်ကိုင်ခြင်း မရှိခဲ့ခြင်းကြောင့် ပြဿ     နာ အနည်းငယ် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြောင်းအရာများကြောင့် ယခု Miss Tourism International ပွဲ အတွက် ရွေးချယ်မည့် အလှမယ်ကို စာချုပ်စာတမ်းဖြင့် ချုပ်ဆိုကာ လုပ်ကိုင်သွားမည် ဖြစ်သည်။ Miss Tourism International ပွဲ အတွက် ရွေးချယ် ခံရသူသည် Organization မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက် ရမည် ဖြစ်ပြီး သုံးနှစ် စာချုပ်ဖြင့် လုပ်ကိုင် ရမည် ဖြစ်သည်။

ယင်းပွဲစဉ်အတွက် လူရွေးချယ်မှုကို မိုးတွင်း အကုန်ပိုင်း၌ စတင် ပြုလုပ်ရန် စီစဉ်ထားပြီး Style Plus H က သဘောကျသည့် သူကိုတွေ့ရှိပါက အလှမယ် ဂျူးစံသာ နှင့်အတူ တစ်ခါတည်း လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ် သွားမည် ဖြစ်သည်။

Miss Tourism International တွင် ပါဝင်ယှဉ်ပြိုင် ကြမည့် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင် များသည် အရပ် ၅ပေ ၆လက်မ ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၅ကြား အိမ်ထောင် မပြုဖူးသူ ဖြစ်ရမည့် အပြင် ကျန်းမာရေး ကောင်းမွန်သည့် သူကို လည်းStyle Plus H တွင် မိတ်ဆွေများ အားလုံး အကြံဥာဏ်များနှင့် အတူ ရွေးချယ် သွားမည် ဖြစ်သည်။

"ကျန်းမာရေးကောင်းတဲ့သူမှ အစ်မတို့လေ့ကျင့်ပေးတာကို လိုက်လုပ် နိုင်မှာပါ။ Miss တစ်ယောက် ရှိသင့် ရှိထိုက်တဲ့ အရာတွေ အားလုံးကို သင်ကြားပေး သွားမှာပါ"ဟု မလှနုထွန်းက ထပ်မံ ပြောသည်။

Miss Tourism International ပွဲ ကို မလေးရှားနိုင်ငံတွင် ၁၉၉၄ခုနှစ် ကတည်းက ကျင်းပ ပြုလုပ်ခဲ့ပြီး ၂ဝ၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှ  စတင်ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံတကာမှ အလှမယ် ၄၅ယောက်နှင့် အထက် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြပြီး ၂ဝ၁၃ခုနှစ် မလေးရှား နိုင်ငံ၌ကျင်းပ ပြုလုပ်ခဲ့သည့် Miss Tourism International 2013 ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှ Angeli Dione Gomez က အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

Miss Tourism International ပြိုင်ပွဲ ဝင်မည့် အလှမယ် သည် အင်္ဂလိပ် စာတတ်ကျွမ်းပြီး ခရီးသွားနှင့် ပတ်သက်သည်များကို သိရှိထားရမည် ဖြစ်ခြင်းကြောင့် ယင်းအချက်များနှင့် ကိုက်ညီသည့်သူကို သာအဓိက ထား ရွေးချယ်သွားမည် ဖြစ်သည်။

Miss Tourism International ပြိုင်ပွဲသည် ခရီးသွားနှင့် ဆိုင်သည့် ပြိုင်ပွဲ ဖြစ်ရာ ခရီးသွားနှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိနိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ထံသို့ National Director မလှနုထွန်းတို့ ဘက်မှ အကူအညီ တောင်းသွား မည် ဖြစ်သည်။

mizzima

လှုံ့ဆော်သူများ အရေးယူမခံရသေးပါ


မန္တလေးမြို့တွင် ဇူလိုင် ၃ ရက်က လူစုလူဝေးဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ − အီးပီအေ)
‘‘မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီးအစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေး ပြောကြားလိုပါတယ်’’

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိတ္ထီလာပဋိပက္ခအပြီး ၂၀၁၃ မတ်လ ၂၈ ရက်က ပြည်သူလူထုသို့ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆူပူစေရန်လှုံ့ဆော်မှုများကို ထိရောက်စွာအရေးယူမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်းစတင်ကာ ဘာသာရေး၊ လူမျိုးရေး အခြေခံသည့် ရုန်းရင်းဆန်ခတ်များ၊ ပဋိပက္ခများ ဆယ်ခုထက်မနည်း ဆက်လက်ဖြစ်ပွားခဲ့သည်။ ပဋိပက္ခများဖြစ်ပွားစေသည့် အမုန်းစကားများမှာလည်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာများ၊ ပြည်သူများကြားတွင် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။

လတ်တလောဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခမတိုင်မီ ဆူပူစေရန် လှုံ့ဆော်မှုများ၊ ကောလာဟလများ ဖြန့်ချိမှုများမှာလည်း ယမန်နှစ်အတွင်းက တိုင်းဒေသကြီးတစ်ခုလုံး ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ လှုံ့ဆော်မှုများကို အကြိမ်ကြိမ်ကျော်လွှားနိုင်ခဲ့သော မန္တလေးမြို့တွင် အားလုံးသိပြီးသည့်အတိုင်း ဇူလိုင် ၁ ရက်မှာတော့ လူမှုရေး၊ ဘာသာရေး အသွင်ဆောင်သည့် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုကြောင့်ပင် ပဋိပက္ခများဖြစ်ပွားစေသည့် အမုန်းစကားလှုံ့ဆော်နေမှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသင့်ပြီဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အင်တာနက်စာမျက်နှာများမှတစ်ဆင့် အမုန်းစကားများ ဖြန့်ဝေနေမှုများနှင့်ပတ်သက်၍ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ‘‘ဒါတွေကို အရေးမယူတာဟာ အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုအတွက် ကိုင်တွယ်တာ အားနည်းတဲ့ အချက်တွေထဲကတစ်ခုပဲ’’ဟု ပြောသည်။

ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များကို ကြည့်ပါက ဘာသာနှစ်ခုကြား ဒေါသထွက်စေမည့် အရေးအသား၊ အွန်လိုင်းဝါဒဖြန့်ချိလှုပ်ရှားမှုများကို ဗုဒ္ဓဘာသာဝင်အမည်ခံ လှုံ့ဆော်သူများရော အစ္စလာမ်ဘာသာဝင်အမည်ခံ လှုံ့ဆော်သူများပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်ကို မြင်တွေ့နိုင်သည်။

ထိုသို့ ပြုလုပ်သူများတွင် နိုင်ငံရေးပါတီဥက္ကဋ္ဌမှစကာ ဖေ့စ်ဘွတ်ခ်မှစကာ အမည်မဖော်၊ ဓာတ်ပုံမမှန်သူများအထိ ပါဝင်သည်။

ယင်းကဲ့သို့ အမုန်းစကား လှုံ့ဆော်နေသူများကို တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်သည့် နည်းလမ်းများလည်းရှိကြောင်း ဥပဒေပညာရှင်များက ထောက်ပြပြောဆိုသည်။

‘‘ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေကို ဒုက္ခပေးခဲ့တဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ (၅/ည)နဲ့လည်း ဆွဲလို့ရတယ်။ နောက်တစ်ချက်က ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ်ဥပဒေပါ အချက်တွေနဲ့လည်း ဆွဲလို့ရတယ်’’ဟု ဥပဒေပညာရှင် ဦးရောဘတ်စန်းအောင်ကပြောသည်။

ပဋိပက္ခဖြစ်စဉ်များတွင် အမုန်းစကားများ၊ ကောလာဟလထုတ်လွှင့်သူများ ရှိသကဲ့သို့ ယင်းကောလာဟလများကို တိုက်ဖျက်၍ သတင်းအမှန်ကို ထုတ်လွှင့်ခဲ့သော ပြည်သူများကိုလည်း မန္တလေးပဋိပက္ခအတွင်း တွေ့ရသည်။

နိုင်ငံတော်သမ္မတရုံးက ဆူပူရမ်းကားလိုသူများ၏ လှုပ်ရှားမှုများကို အချိန်မီသတင်းပေးဆက်သွယ်သော မန္တလေးမြို့သူမြို့သားများ၏ တာဝန်ကျေပွန်မှုကို အသိအမှတ်ပြု ကျေးဇူးတင်ပြီး ကောလာဟလများကို မိမိတို့အသိစိတ်ဓာတ်ဖြင့် တိုက်ဖျက်၍ သတင်းမှန်ထုတ်ပြန်ပေးခဲ့သော မန္တလေးသူ၊ မန္တလေးသားများ၊ တာဝန်သိ လူမှုကွန်ရက်အသုံးပြုသူများ၊ မီဒီယာများ၏ ပူးပေါင်းပါဝင်မှုကို ယခုဖြစ်စဉ်တွင် အထင်အရှား မြင်တွေ့ခဲ့ရကြောင်း ဇူလိုင် ၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအပြီး ဆက်တိုက်ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်သည့် အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများ၊ လှုံ့ဆော်သူများရှိနေသည်ဟု အစိုးရတာဝန်ရှိသူများ၊ စောင့်ကြည့်လေ့လာသူများက အစဉ်တစိုက် ထောက်ပြပြောဆိုခဲ့ကြသည်။

ယင်းကြောင့်ပင် ပဋိပက္ခများကြောင့် မည်သူတွေ အကျိုးကျေးဇူးရရှိသလဲ ဆိုသည်မှာလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်လာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ဘာသာရေးကို အသုံးပြုကာ နိုင်ငံရေးလုပ်နေကြောင်း ဇူလိုင် ၄ ရက်က ပြောကြားသည်။

ပဋိပက္ခများသည် ၂၀၁၅ ရွေးကောက်ပွဲနီးလာချိန်တွင် ဆက်တိုက်ဖြစ်ပွားနေခြင်းမှာ သွေးရိုးသားရိုးလားဆိုသည်မှာ ပြောရခက်ပြီး မမြင်နိုင်သည့် အကြောင်းအရာများ ရှိနိုင်ကြောင်း ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောဝင်းထွန်းကသုံးသပ်သည်။

‘‘အစိုးရအနေနဲ့ အာဏာကို ဗဟိုပြုတဲ့ အစိုးရဖြစ်ရင် ဒါကိုဖက်တွယ်ဖို့ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားရင် ထိရောက်စွာ အရေးယူဖို့ ပျက်ကွက်တာကို သမိုင်းတစ်လျှောက်မှာ မြင်တွေ့ခဲ့ရပါတယ်’’

၂၀၁၃ စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ သင့်မြတ်စွာနေထိုင်ရေး ဆွေးနွေပွဲ၌ မလေးရှားနိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာချန်ဒရာမူဇာဖာက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအနက် ရခိုင်အရေးမှာ ကွဲပြားသည့် အခြေအနေရှိပြီး ကျူးကျော်ဝင်ရောက်၍ တိုင်းရင်းသားအဖြစ် တောင်းဆိုနေသူများကြောင့် ဖြစ်ပွားနေရခြင်းဟုလည်း စောင့်ကြည့်လေ့လာသူ ပညာရှင်အချို့နှင့် ရခိုင်အမျိုးသားအင်အားစုများကပြောသည်။

ရခိုင်ပဋိပက္ခနောက်ပိုင်း မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(မြောက်)၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်သည့် အကြမ်းဖက်မှုများကြောင့် လူဦးရေ ၄၆ ဦးခန့် သေဆုံးခဲ့ပြီး ၇၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ နေအိမ်၊ ဘာသာရေး အဆောက်အအုံ၊ ဆိုင်ခန်းများအပါအ၀င် အဆောက်အအုံ ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

‘‘မြန်မာနိုင်ငံအတွက် ရွေးချယ်စရာနှစ်လမ်းရှိပါတယ်။ တစ်လမ်းက ပဋိပက္ခနဲ့ဆင်းရဲခြင်း၊ နောက်တစ်လမ်းက ငြိမ်းအေးမှုနဲ့ တိုးတက်ခြင်းဆီသွားတဲ့လမ်းပါ’’ဟု ဗုဒ္ဓ၀ိပဿနာပြန့်ပွားရေးများကို အနောက်နိုင်ငံများတွင် လုပ်ဆောင်နေသော အမေရိကန်နိုင်ငံသား ဒေါက်တာဂျက်ကွန်းဖီးလ်က ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် တိုင်းပြည်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရခြင်းထက် ဒေသတစ်ခုပြီး တစ်ခုတွင် ပေါ်ပေါက်နေသော ပဋိပက္ခများကို ဖြေရှင်းနေရကာ ရှေ့မဆက်နိုင်ဖြစ်နေသည်။

‘‘အကြမ်းဖက်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူများနဲ့ ပဋိပက္ခဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တဲ့သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးခံရမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်းလည်း ထပ်လောင်းပြောကြားအပ်ပါတယ်’’ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က မန္တလေးပဋိပက္ခအပြီး ဇူလိုင် ၇ ရက်တွင် ပြောပြန်သည်။

လတ်တလော ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သမ္မတကဆိုသည်။ သို့သော် မည်သည့်အဖွဲ့အစည်းက လုပ်နေကြောင်းကိုမူ ပြောဆိုခြင်းမရှိပေ။

‘‘လက်ရှိမန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံရဲ့ အခြားမည်သည့်နေရာဒေသမှာမှ ထပ်မံမဖြစ်ပွားဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမယ့် သွေးထိုးလှုံ့ဆော်မှုတွေကိုလည်း တရားဥပဒေနဲ့အညီ ပြတ်သားစွာ အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်သူအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်’’ဟု သမ္မတကဆိုပါသည်။

သို့သော် အမုန်းပွားစေသော ပြောဆိုမှုများ၊ အန္တရာယ်များသော ပြောဆိုရေးသားမှုများ၊ လှုံ့ဆော်သူများ၊ ပဋိပက္ခများတွင် ပါဝင်သူများကို အစိုးရက ထိရောက်စွာ အရေးယူမှုမရှိ၍ ပြည်သူအများစုကတော့ အစိုးရအပေါ် ယုံကြည်မှု နည်းနေသည်။

‘‘ဒီအာဏာပိုင်အဖွဲ့အစည်းဟာ ပြည်သူလူထုက ရွေးကောက်ထားတဲ့ အဖွဲ့အစည်းဖြစ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘက်မလိုက်ဘဲ ချက်ချင်းအရေးယူပေးဖို့ လိုအပ်တယ်။ အကြမ်းဖက်မှုကို ဖြစ်ပွားစေတဲ့ စကားတွေ၊ အသုံးအနှုန်းတွေ၊ ဖြစ်ရပ်တွေဖြစ်ရင် ချက်ချင်းအချိန်မဆိုင်းဘဲ အရေးယူပေးဖို့ ပြောချင်ပါတယ်’’ဟု စာရေးဆရာဆူးငှက်က ပြောသည်။

ကမာရွတ်မြို့နယ်မှ အထည်ဆိုင်ပိုင်ရှင် ဦးဖုန်းက ‘‘ပဋိပက္ခဖြစ်တဲ့နေရာတွေက လူမြင်ကွင်းတွေမှာဖြစ်ပြီး တရားခံတွေကို ဖမ်းလို့မမိတာတွေက ပိုပြီးဆိုးရွားစေတာပေါ့။ ဒီလိုတရားခံတွေကို ဖမ်းလို့မရဘူးဆိုတာတွေက အားနည်းချက်တစ်ရပ်လို့ ထင်တယ်’’ဟု ပြောသည်။        ။

7day daily

အိမ်မွေးတိရိစ္ဆာန်တွေ ကျွေးတဲ့ အစားအစာတွေ တစ်လ စားသုံးမယ့်သူ


အေသင်အောင်

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် မှာနေထိုင်တဲ့ အမျိုးသမီးဟာ အိမ်မွေးတိရိစ္ဆာန်တွေ ကျွေးမယ့် အစားအစာတွေကို တစ်လတိတိ စားသုံး သွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ဒီအမျိုးသမီးရဲ့အမည်က ဒိုရိုတီဟန့်တားဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ ကြောင်တို့ စားသုံးတဲ့ အစားအစာဟာ လူသားတွေ စားသုံးတဲ့ အစားအစာလို အာဟာရနဲ့ အရသာရှိတာကို ပြသလိုတာမို့ အခုလို ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဟန့်တားဟာ အိမ်မွေးတိရိစ္ဆာန်တွေ ရောင်းချတဲ့ ပိုင်ရှင်ဖြစ်ပြီး သူ့ရဲ့ဆိုင်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တိရိစ္ဆာန်အစာတွေကိုသာ ရောင်းချကြောင်း သက်သေပြလိုတာမို့ တိရိစ္ဆာန်တွေ ကျွေး တဲ့ အစားအစာကို ရက် (၃၀) စားဖို့ စီစဉ်ခဲ့ပါတယ်။ ဟန့်တားဟာ သူ့ရဲ့အစီအစဉ်ကို ပြီးခဲ့တဲ့ ဇွန်လ (၁၉)ရက် မှာ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဟန့်တားဟာ တိရိစ္ဆာန်တွေကို ကျွေးမွေးတဲ့ အစားအစာတွေကို ရောင်းချရာမှာ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် အချက်ကို အဓိကထားလေ့ရှိပါတယ်။ ဟန့်တားက သူ့ရဲ့ အပြုအမူဟာ ရူးသွပ်စရာလို့ ထင်မှတ်စရာ ဖြစ်ပေမယ့် တိရိစ္ဆာန်တွေစားတဲ့ အစားအစာနဲ့ လူသားတွေစားတဲ့ အစားအစာကို အတူတူ သတ်မှတ်ထားတာမို့ ပြဿနာမရှိကြောင်း ဆိုခဲ့ပါတယ်။

Credit: messenger

မိုးရာသီနဲ့ ဒူးရင်းသီး ( စားခြင်း အကျိုးကျေးဇူး )



အနံပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး ကပါလို့ မကြိုက်သူ
အများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက်သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်းချလျက်ရှိပါတယ်။

ဒူးရင်းသီးဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေမှာ ကြွယ်ဝပါတယ်။ ဒူးရင်းသီး တစ်လုံးကို ၆၀၂ ဂရမ်လောက်ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်းရှိပါတယ်။ ထိုထဲမှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံးနဲ့ ဗီတာမင် B6 တို့ အများဆုံးပါဝင်ပါတယ်။ ထိုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံမူအားကို မြင့်တက်ပေးပြီး ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ အသီးဟာ နူးညံလှပြီး အစားခြေလွယ်အောင်ကူညီပေးတဲ့ Fructose ကဲ့သို့ သကြားဓာတ်တွေပါဝင်တဲ့အတွက် အစားခြေမူကို လွယ်ကူစေပြီး ခွန်အားကို ဖြည့်တင်းပေးတဲ့နေရာမှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင်ပါတယ်။

ပိန်တဲ့ သူများကိုလည်း ၀စေနိင်တဲ့ အာဟာရတွေပါဝင်ပြီး ပြည့်ဝလွယ်တဲ့ မကောင်းတဲ့ ကိုယ်လက်စထောတွေမပါဝင်တဲ့ အတွက် စားသင့်တဲ့ အသီးတစ်သီး ဖြစ်ပါတယ်။

Ref: nutrition-and-you

အောင်ဟိန်း (ရိုးရာလေး)

FaceBook ရေးသားချက်များကို ၂၄ နာရီ စောင့်ကြည့်မည်



အင်တာနက်လူမှုရေးစာမျက်နှာ ဖေ့စ်ဘွတ် (FaceBook) ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက်ရေးသား မှုတွေ လျော့နည်းသွားအောင် ဖေ့စ်ဘွတ်တာဝန်ရှိသူတွေ က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရေးသားချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ အဓိကရုဏ်းတွေ ဖြစ်နေ ချိန်မှာ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတွေ ဟာ ဖေ့စ်ဘွတ်ကုမ္ပဏီဌာနချုပ်က ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ၀ါရှင်တန်၊ အိုင်ယာလန်၊ စင်္ကာပူမှာရှိကြတဲ့ ဖေ့စ်ဘွတ် တာဝန်ရှိသူ (၃) ယောက် ကို မြန်မာနိုင်ငံအတွက် တာဝန် ပေးထားတယ်လို့ သိရ ပါတယ်။

အမေရိကန် ဖေ့ဘုတ်စ်ကုမ္ပဏီနဲ့ အစိုးရတို့ သဘောတူညီချက်အရ လုပ်ငန်းစဉ် ၃ရပ်ချမှတ်ထား ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"သဘောတူညီချက်ပေါ့နော် ရေတိုရယ်၊ အလယ်အလတ်ရယ် နောက် ရေရှည်ရယ် လုပ်ဆောင်သွားမယ်လို့ ပူးပေါင်းဆောင်ရွက်သွားမဲ့ဟာ လုပ်ငန်းစဉ် ၃ ရပ်ပေါ်ထွက်လာပါတယ်၊ ထွက်လာတော့ ရေတိုအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံက User တွေသုံးနေတဲ့ ဖေ့စ်ဘွတ်မှာ သွေးထိုးလှုံ့ဆော်မှုတွေ လျော့ကျ သွားအောင် ဖေ့စ်ဘွတ်ရဲ့ စည်းမျဉ်းစည်းကမ်းမူဝါဒနဲ့ အညီပေါ့လေ တည်းဖြတ်တာတွေ၊ ကန့်သတ်တာတွေ ဒါမျိုးတွေလုပ်ဖို့ ဆွေးနွေးပါတယ် နောက်ဖေ့စ်ဘွတ်ရဲ့ သဘောအရ သူတို့မှာက သု့ရဲ့ ပေါ်လစီကတော့ အကောင့်အတုတွေပေါ့နော် နာမည်ဝှတ်တွေနဲ့ သုံးတာတာ သူတို့က ခွင့်မပြုဘူးနော် အဲ့ဒါမျိုးနဲ့ သူတို့ မူဝါဒနဲ့ညီတယ်၊ ကျနော်တို့နဲ့ လိုလားချက်နဲ့ ကိုက်ညီတဲ့ဟာတွေကို ဆွေးနွေးပြီး အဲ့ဒါမျိုးတွေနဲ့ သူတို့ဘက် ကလည်း ကူညီလုပ်ဆောင်ပေးသွားမယ်"

ဒါ့အပြင် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုရှိကြဖို့ အတွက် ပညာပေးဆွေးနွေးပွဲတွေကိုလည်း ဖေ့စ်ဘွတ်တာဝန်ရှိသူတွေဟာ မကြာခင်မှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ဖေ့စ်ဘွတ်အပြင် နောက်ထပ် ကမ္ဘာကျော်အိုင်တီ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဂူဂယ်လ် (Google) ကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။


ဦးဇော်ဌေးနှင့် ဆက်သွယ်မေးမြန်းချက်

RFA

ပညာရှာ၊ အလုပ်ရှာသူတို့ အတွက် မှတ်သားဖွယ် အိုင်းစတိုင်း အဆို ၂ ခု



အိုင်းစတိုင်း အဆို - ၁

အိုင်းစတိုင်းက ပြောခဲ့တယ်... စဉ်းစားတွေးခေါ်ခြင်းက ပညာ သင်ကြားခြင်းထက် ပိုအရေးကြီးပါတယ်တဲ့။ ပညာ ကတော့သင်လိုက်တယ်။ လက်တွေလဲ အသုံးချ ပါတယ်။ သို့ပေမယ့် တွေးခေါ်စဉ်ခြင်ခြင်း၊ ဖြစ်သင့် မဖြစ်သင့်ကို စဉ်းစား ဆင်ခြင်ခြင်း မရှိပဲ စာအုပ်ကြီး အတိုင်း လုပ်နေရင် အလကား ပါပဲ။ ဒါကြောင့်မို့ Sense of imagination ကို မြင့်သထက် မြင့်နိုင်ကြဖို့ လိုအပ် ပါတယ်။

အိုင်းစတိုင်း အဆို - ၂

အဲလ်ဘတ် ဆိုင်းစတိုင်းက ပြောခဲ့ ပါတယ်။ လုပ်ဆောင်ချက် တစ်ခုကို မပြင်ပဲ ဆက်တိုက် လုပ်နေပြီး ကွဲပြားထူးခြားတဲ့ ရလဒ်ကို လိုချင်နေရခြင်းဟာ ရူးသွပ်မှု တစ်ခု ပါပဲတဲ့။

ဟုတ်ပါတယ် ရိုးရာလေး ချစ်ပရိတ်သတ်တို့။ မိမိရဲ့ လုပ်ငန်းခွင် အရည်အချင်း တိုးတက်မှု၊ ကြိုးစားမှု၊ အလုပ်ရှာဖွေရာမှာ စူးစိုက်အားထုတ်မှု၊ ပြင်ဆင်မှုတို့က မပြောင်းလဲသေးပဲနဲ့ ပိုမို ကောင်းမွန်တဲ့ အခွင့် အရေးကို မျော်လင့်နေခြင်းဟာ ရူးသွပ်မှု တစ်ခုပါပဲ။

တစ်နေ့ပြီး တစ်နေ့ မိမိရဲ့ အရည်အချင်း နဲ့ လုပ်ဆောင်ချက်များ တိုးတက်လာဖို့ ရိုးရာလေးမှ မှ ဆန္ဒပြု အကြံပေး လိုက်ရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

ကံဦးကျောင်းတိုက် ဆရာတော်ကို သံဃနာယက နှင်ထုတ်သဖြင့် ဒေသခံပြည်သူများ ဆန္ဒပြမည်


ဒလမြို့ ကံဦးကျောင်းတိုက်ဆရာတော်ကို ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ကျောင်းမှနှင်ထုတ်မှုကြောင့် ရပ်ကွက်နေ ပြည်သူ ၂၀၀ ခန့်က ဆရာတော် ထွက်မသွားရန် ကျောင်းကို ပိတ်ဆို့ထားပြီး ဇူလိုင် ၉ ရက်တွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဒလမြို့ ပြည်သူများက တိုင်းသံဃနာယကအဖွဲ့ကို ကန့်ကွက်ဆန္ဒပြသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒလမြို့၊ ဆာပါချောင်းစု ရပ်ကွက် ကံဦးကျောင်း ဆရာaတာ်ဦးကုသလကို ကျောင်းပြု ပြင်တည်ဆောက်မှုနှင့် ပတ်သက်ပြီး တိုင်းသံဃနာယက အဖွဲ့က ကျောင်းတိုက်မှ ဇူလိုင် ၆ ရက်တွင် နောက်ဆုံးထွက်သွားပေးရန် ဇူလိုင် ၃ ရက်က အမိန့်ချခဲ့သည်။

ဇူလိုင် ၆ ရက်တွင် ဒလမြို့ ရှိ ရာနှင့်ချီသောပြည်သူများက ဆရာတော် ထွက်မသွားရန်ကျောင်းတိုက်ကို ပိတ်ဆို့တားဆီးခဲ့သောကြောင့် ရဲတပ်ဖွဲ့က လုံခြုံရေးယူထားခဲ့ရသည်။ နောက်ရက်များတွင်လည်း ပြည် သူ ၂၀၀ ခန့်က ဆရာတော် ထွက်မသွားရန် ကျောင်းတိုက် ကို တားဆီးပိတ်ဆို့မှုများ ဆက်လက်လုပ်ပြုလုပ်နေခြင်း ဖြစ်သည်။

‘‘ဦးပဉ္စင်းက ထွက်သွားပေးပါမယ်လို့ မဟနကို ကတိပေးခဲ့ပြီးသားပါ။ ဒါပေမဲ့ မြို့ပြည်သူaတွက ဘယ်လိုမှ ထွက်မသွားခိုင်းဘူး။ ဦးပဉ္စင်း အောက်ကိုဆင်းလို့မရဘဲဖြစ်နေတယ်။ ဦးပဉ္စင်းက ထွက်မသွားချင်လို့ အကာအကွယ်ယူထားတာ မဟုတ်ပါဘူးဆိုတာ ပြောချင်ပါတယ်’’ဟု ကံ ဦးကျောင်းတိုက်ဆရာတော် ဦးကုသလကမိန့်သည်။

ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားခြင်းကြောင့် ဒလမြို့ ပြည်သူများသည် တိုင်းသံဃနာယကအဖွဲ့ကို ဇူလိုင် ၉ ရက်တွင် ဒလမြို့၌ ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးကုသလ၏ ဒကာဖြစ်သူ ကိုကျော်ကျော်ခိုင်က ပြောကြားသည်။

‘‘ခွင်ြ့ပုစာလည်း ကျပြီးပါပြီ။ လူဦးရေ သုံးရာပဲရတယ်။ ဒါပေမဲ့ ပါဝင်မယ့်သူတွေက အရမ်းများနေလို့ တိုင်ပင်နေကြပါတယ်။ မနက်ဖြန် ဆန္ဒပြသွားမှာပါ’’ ဟု ၎င်းက ပြောကြားသည်။

7day daily

ခွေးလေးတွေအတွက် အလွယ်တကူ မစင်စွန့်နိုင်မယ့်အိမ်သာ




ခွေးချစ်သူတွေက သူတို့ရဲ့ ခွေးလေးကို မနက် စောစော အချိန်တွေ၊ ညနေစောင်း အချိန်တွေမှာ သူတို့တွေနဲ့ ခြေဆင်း လက်ဆင်း အတူလမ်းလျှောက် ထွက်စေပါတယ်။ အဲ့ဒါက တစ်နေ့လုံးအိမ်မှာပဲ အမြဲနေနေရတဲ့ ခွေးလေးတွေအတွက် လူတွေလိုပဲ အညောင်းပြေ အညာပြေ လေကောင်းလေသန့်လည်းရှုရင်း ဂုတ်မှာကြိုးချည်ပြီး တော့ လမ်းလျှောက်ထွက်ပေးတဲ့သဘောပါ။ အဲ့ဒါကိုလည်း သူတို့လေးတွေ ကိုယ်တိုင်က နှစ်သက်ကြပါတယ်။

လျှောက်ရာလမ်းတလျှောက်မှာလည်း သူတို့သဘာဝအတိုင်း အနံ့ခံတယ်။ ဟိုတိုး ဒီတိုးလုပ်တတ်တယ်။ ဒါ့အပြင် အပေါ့အလေးတွေလည်း စွန့်တတ်ကြပါသေးတယ်။ ပြဿနာက အဲ့မှာ စတာပါပဲ။ ခွေးလေးက အမွှေးစုတ်ဖွားကလေးနဲ့ ချစ်ဖို့ ကောင်း နေတာကို ဒီလိုလူမြင်ကွင်းမှာ အပေါ့အလေးစွန့်တော့ တော်တော်လေးကို အကျည်း တန်သွားပြီး ပတ်ဝန်းကျင်ကိုလည်း ညစ်ပတ်စေတာပေါ့။


ဒါ့ကြောင့်မို့လို့ ဒီလို စိတ်ပျက်စရာကောင်းတဲ့ မြင်ကွင်းနဲ့ပတ်ဝန်းကျင် ညစ်ပေခြင်း သက်သာအောင်လို့ ဆိုပြီး ခွေးလေးတွေအတွက်လည်း အိမ်သာ(အပေါ့) စွန်တဲ့နေရာ တစ်ခုကို စပိန်နိုင်ငံက ဖန်တီးပြုလုပ်ပေးခဲ့ပါတယ်။ အန်းရစ်ဂျီရော်နာ ဆိုသူက တီထွင်ဖန်တီးပေးထားပြီး သတ္တုအချောင်း ငုတ်တံတစ်တံမှာ ဇကာကွက်ဖောက် ထား တဲ့ အောက်ခြေသတ္တုအပြားကို အောက်ခံပေးထားတဲ့ အရာတစ်ခုပါ။ ဒီလို အပေါ့စွန့် နိုင်တဲ့အရာကို  El Vendrell အဖွဲ့အစည်းကနေ အများပြည်သူအသုံးပြုတဲ့ လမ်းမ တွေမှာ စိုက်ထူပေးကာ ဒါနပြုလှူဒါန်းထားတာဖြစ်ပါတယ်။

ခွေးလေးတွေက အပေါ့သွားချင်တဲ့ အချိန်ကျရင် အဲ့ဒီငုတ်တံကို သေးပန်းလိုက်ကာ အဲ့ဒီမှ တဆင့် အောက်ခြေဇကာကွက်ထဲကို လျှောစီးသွားမှာဖြစ်ပါတယ်။ မစင်စွန့်ပြီး သွားရင် လည်း ရေငုတ်ပိုက်ကလေးကို တွန်းလိုက်တာနဲ့ ရေတွေပန်းထွက် ပြီးတော့ ခွေးကလေးတွေကို သန့်စင်ဆေးကြောပေးနိုင်ပါတယ်။ အတွင်းမှာရှိတဲ့ စက်အစိတ် အပိုင်းက သူ့အလိုလိုသန့်ရှင်းစေကာ ပတ်ဝန်းကျင်ညစ်ညမ်းစေခြင်းမှ ကာကွယ်ပေး စေနိုင်ပါတယ်။

အကယ်၍မိမိတို့ရဲ့ ခွေးကလေးတွေက ဒီငုတ်တိုင်တွေမှာ မစင်စွန့် သေးပန်းပြီးသွား ရင်တော့ ခွေးလေးတွေကို ကိုယ်တိုင်ရေဆေးကာ သန့်ရှင်းရေး တွေပြုလုပ် ပေးရမှာပါ။ တီထွင်ဖန်တီးတဲ့သူနဲ့ ဒါနပြုလှူဒါန်းတဲ့အဖွဲ့အစည်းက ခွေးလေးတွေရဲ့ သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းစေဖို့ကို အဓိကရည်ရွယ်ပြီး ဖန်တီးထားတာကြောင့် ဒီလိုမျိုး ခွေး လေးတွေရဲ့ သန့်ရှင်းရေးလုပ်ဖို့ ပျက်ကွက်ခဲ့ မယ်ဆိုရင်တော့ ဒေါ်လာ ၁ ထောင် နီးပါး ဒဏ်ကြေးရိုက်သွားမှာလည်းဖြစ်ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ထိုင်းမီဒီယာနှင့် ခရီးသွားလုပ်ငန်းရှင်များရွေးချယ်သည့် Miss Myanmar Thailand ဆု သျှားထွဋ်အိန္ဒြာရရှိ



မယ်စကြဝဠာ (မြန်မာ)၂၀၁၄ ပြိုင်ပွဲဝင်များ၏ ဖူးခက်ခရီးစဉ်တွင် ရွေးချယ်ချီးမြှင့်သည့် Miss Myanmar Thailand 2014 ဆုကို ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာက ရရှိခဲ့သည်။

ယင်းပြိုင်ပွဲကို ဇူလိုင် ၈ ရက်ညက Phuket Orchid Resort ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆုကို ထိုင်းနိုင်ငံရှိ မီဒီယာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများက ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အခြားတိုင်တယ်ဆုများလည်းချီးမြှင့်ခဲ့ရာ 1st Runner Up ဆုကို ဆွီတီကို၊ 2nd Runner Up ဆုကို ဇွန်သံစဉ်၊ 3rd Runner Up ဆုကို ယွန်းမှီမှီကျော်နှင့် 4th Runner Up ဆုကို အိမ့်မြတ်နိုးတို့ ရရှိခဲ့ကြသည်။

မယ်စကြဝဠာ(မြန်မာ)၂၀၁၄ ပြိုင်ပွဲဝင်များသည် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေသို့ ပြိုင်ပွဲဝင်အကြိုလေ့ကျင့်သည့် အစီအစဉ်အပါအဝင် လေ့လာရေးခရီးစဉ် အဖြစ် ဇူလိုင် ၄ ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၉ ရက်ညတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။



7daydaily

မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၃ ဦး ဖမ်းဆီးခံရ


 အပတ်စဉ်ထုတ် "Bi မွန်းတည့်နေ" ဂျာနယ်က အယ်ဒီတာ ၃ ဦးကို ရဲသတင်း အထူးတပ်ဖွဲ့က ဒီနေ့မနက်အစောပိုင်းက သူတို့ရဲ့နေအိမ်တွေကနေ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

တာဝန်ခံ အယ်ဒီတာနဲ့ အယ်ဒီတာ ၂ ဦးကို ပန်းဆိုးတန်း ရဲသတင်း အထူးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား တာဖြစ်ကြောင်း မွန်းတည့်နေဂျာနယ် သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က ပြောပါတယ်။

"ဒီနေ့မနက် ၁၂ နာရီ ၁၅ ကနေစပြီးတော့ အယ်ဒီတာ ၃ ယောက်မှာ ၁ ယောက် ကိုရဲမင်းအောင် ဆိုတဲ့တစ်ယောက်ကို ၁၂ နာရီ ၁၅ မှာ စပြီးတော့ဖမ်းသွားတယ်၊ ပန်းဆိုးတန်း ရဲသတင်းအထူးတပ်ဖွဲ့ရုံးကို ခေါ်သွားတယ်၊ ၂ နာရီကျော်မှာ နောက်ထပ်တစ်ယောက် ကိုဝင်းတင် ဆိုတဲ့တစ်ယောက်ကို ခေါ်သွားတယ်၊ ၄ နာရီ ထိုးခါနီးမှာ တာဝန်ခံအယ်ဒီတာ အယ်ဒီတာချုပ် ကိုအောင်သန့် ကိုခေါ်သွားတယ်၊ ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် Bi မွန်းတည့်နေမှာပါတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ မေးချင်တယ်ဆိုပြီး ခေါ်သွားတာ"

ဒီကနေ့ နေ့လည်ပိုင်းက ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွမ်ပတ်လမ်းမှာရှိတဲ့ မွန်းတည့်နေ ဂျာနယ်တိုက်က ကွန်ပျူတာသုံးလုံးနဲ့ အင်တာနက်ချိတ်တဲ့ စက်တွေကိုပါ လာရောက်သိမ်းဆည်းသွားတယ်လို့ သိရပါ တယ်။

မနေ့ကထုတ်တဲ့ မွန်းတည့်နေဂျာနယ်မှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” ဆိုပြီး သတင်းရေးသားဖော်ပြခဲ့ပါတယ်။

မနေ့က ထုတ်ဝေတဲ့ဂျာနယ်ဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ဝေရမှာဖြစ်ပြီး အဲဒီသတင်းဟာ ဖတ်ရှုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီး နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းနဲ့ အများပြည်သူအကျိုးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင်တချို့ဟာ မနေ့က မြို့တော်ခန်းမရှေ့မှာ ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြခဲ့ကြသလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မွန်းတည့်နေဂျာနယ် ထုတ်ဝေချိန်မှာ အဲဒီဆန္ဒပြပွဲ မဖြစ်သေးဘူးလို့လည်း သိရပါတယ်။

RFA Burmese



အာဇာနည် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းရဲ့ ၀မ်းနည်းကြေကွဲဖွယ်ရာ ဟော်နန်း




ဓါတ်ပုံ - မိုင်းပွန်ဟော်နန်းရဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်းပုံ

 မိုင်းပွန် ဟော်နန်းအတွင်း ရောက်သွားတော့ ပိုင်ရှင်မဲ့နေတဲ့ အိမ်အိုအိမ်ပျက် တစ်လုံးထဲ ရောက်သွား ရသလို ခံစားမိတယ်။ မိုးတွေ ကလည်းသဲသဲမဲမဲ ရွာနေတော့ မိုးယိုတဲ့ နေရာကယို။ ပြိုကျတဲ့နေရာက ပြိုနဲ့လေ။ စောင့် ရှောက်သူ ကလည်းမရှိ။ မိမိတို့ရောက်သွားတဲ့အချိန်မှာ လူရှာကြည့်တာတစ်ယောက်မှ မတွေ့ဘူး။ ကြမ်းခင်း တွေကလည်း ဆွေးမြေ့ယိုယွင်းပျက်စီးလို့ပေါ့။

နယ်ချဲ့ကိုလိုနီတွေကိုတိုက်ထုတ်ခဲ့တဲ့ စော်ဘွားကြီး စ၀်ခွန်ထီး စံမြန်းခဲ့တဲ့ေ ဟ်ာနန်း။ လွတ်လပ်တဲ့ ပြည်ထောင် စု မြန်မာနိုင်ငံတော် ဖြစ်လာအောင်ြ ကိုးစားနေရင်း အသက်စတေးခံလိုက်ရတဲ့ အာဇာနည် ခေါင်းဆောင်ကြီး စ၀်စံထွန်းတို့စံမြန်းခဲ့တဲ့ဟော်နန်း။

အခုတော့ ကြည့်ကြပါဦး။ ဟော်နန်းရဲ့ ပရိဝုဏ်ဆိုရင်လည်း ၀င်တဲ့လမ်းလောက်ပဲ ကျန်တော့တယ်။ တကယ့်ကို ရင်နင့်ကြေကွဲစရာပါပဲ။ မန္တလေးက ဟိုမြနန်းစံကျော်ရွှေနန်းတော်ဆိုတာနဲ့ ကွာပါ့။ ပဲခူးက ကမ္ဘောဇသာ ဒီနန်း တော်နဲ့ကွာပါ့။ ရွှေဘိုက ရတနာသိင်္ဃနန်းတော်နဲ့ကွာပါ့။ ပုဂံက မောင်အနော်ရထာတို့ရဲ့ နန်းတော်နဲ့ကွာပါ့။ နေပြည်တော်မှာရှိတဲ့ နန်းတော်တွေနဲ့ကွာပါ့။ ရန်ကုန်မှာရှိတဲ့ အမျိုးသားပြတိုက်ကြီးနဲ့ကွာပါ့။ ဗိုလ်ချုပ်ပြတိုက် ဆိုတဲ့ဟာတွေနဲ့ကွာပါ့။

မရှိတော့တဲ့ နန်းတော်တွေကြတော့ ဖော်တယ်။ပြန်လုပ်တယ်။ လုပ်ထားတာ လိုတာ ထက် ကိုပိုလို့။ လုပ်ပြီး လို့ရှိရင် ဟိုနာမည်ပေး ဒီနာမည်ပေးနဲ့။ အမွှမ်းတင် လိုက်ကြတာ။နဂိုကတည်းက ရှိနေတဲ့ သျှမ်းစော်ဘွားတွေ ရဲ့ဟော်နန်းတွေကျတော့ ဟိုအကြောင်းပြ ဒီကြောင်းပြပြီးဖျက်တယ်။

အထင်ရှားဆုံးကတော့ မိမိကိုယ်တိုင်မြင်တွေ့ခဲ့တဲ့မိုင်းရယ်စော်ဘွားရဲ့ဟော်နန်းကိုဖြိုချ ဖျက်ဆီး ပစ်တယ်။ ဖြိုချလို့ရလာတဲ့ အုတ်ကျိုးအုတ်ပဲ့တွေကိုလမ်းပြန်ခင်းတယ်။ ကျိုင်းတုံဟော်နန်းလည်း မိုင်းနဲ့ဖြိုချ ဖျက်ဆီးခံရ တယ်။ ပြုပြင်ပေးမယ် ထိန်းသိမ်းပေးမယ်ဆိုတာ ဝေလာဝေးပေါ့။ မိုးနဲဟော်နန်း ရုံးဖြစ်နေပြီ။ နမ့်ဆန်ဟော်နန်း ဆေးရုံဖြစ်နေပြီ။သီပေါဟော်နန်းဟောင်းနေရာ သိမ်းပြီး ရုံးတွေပြန်လုပ်တယ်။ နယ်ချဲ့တော်လှန် ရေးခေါင်း ဆောင်ကြီးဖြစ်တဲ့ ၀န်းသိုစော်ဘွားကြီး စ၀်အောင်မြတ်ရဲ့ အုတ်ဂူတော်ကို လူမသိသူမသိအောင် လုပ်ပစ်လိုက် တယ်။

အချုပ်ပြောရရင်တော့ နဂိုရှိနေခဲ့တဲ့တိုင်းရင်းသားတို့ရဲ့ယဉ်ကျေးမှု အမွေ အနှစ်တွေကို ဖျောက်ဖျက် ပစ်တယ်။ မရှိတော့တဲ့ အရာတွေကိုကြတော့ ပြန်လုပ်တယ်။ ဖြိုချဖျက်ဆီးခံလိုက်ရလို့ ပြိုလဲသွားတဲ့ အဆောက် အဦးတွေ ရဲ့မြည်ဟီးသံကတော့ တိုင်းရင်းသားတွေရဲ့ နှလုံး သားတွေထဲမှာ ကမ္ဘာတည်နေသေးသရွေ့ မြည်ဟီးနေမှာပါပဲလေ။

အားလုံးသောလူငယ်များ အလိမ်မခံကြရလေအောင် စစ်မှန်သောသမိုင်းကို လေ့လာနိုင်ကြပါစေ။

(မှတ်ချက်-သမိုင်းအမှန်ကို သိစေလိုသော စိတ်ဖြင့်သာ တင်ပြခြင်းဖြစ်ပါတယ်။မည်သူ့ကိုမျှတိုက်
ခိုက်လိုပြီး ရေးသား တင်ပြခြင်းမဟုတ်ပါ)

By- Sao Samlao

Panglong(Burmese)





အတိုအထွာနည်းလမ်းများ


မီးပူတိုက်စရာ မလိုပါ—
မီးပူတိုက်ရတာ ပျင်းရိသူတွေအတွက် နည်းလမ်းကောင်းတခု ပေးချင်ပါတယ်။ လျှော်ပြီးသားအဝတ်ကို
ရေထဲမှာ ၁၀-မိနစ်လောက်ကြာအောင် စိမ်ထားပါ။ ပြီးရင် ရေမညှစ်ဘဲ အင်္ကျီချိတ်မှာ လှမ်းထားလိုက်ပါ။ ဒီနည်းနဲ့ ခြောက်သွားတဲ့အင်္ကျီကို မီးပူတိုက်စရာမလိုဘဲ ဝတ်နိုင်ပါတယ်။

ငရုတ်သီး အမြဲလတ်ဆတ်နေရန်—
ပူပြင်းတဲ့ရာသီမှာ ငရုတ်သီးတွေကို နဂိုအတိုင်း လတ်လတ်ဆတ်ဆတ် ဖြစ်အောင် သိမ်းထားမယ်ဆိုရင်တော့ ဆီအနည်းငယ် အကုန်ခံရပါမယ်။ ငရုတ်သီးတွေကို ဆီထဲ ၅-မိနစ်လောက် စိမ်းထားပြီး ပြန်ဆယ်ယူ၊
နေရောင် အောက်မှာ ၅-မိနစ်လောက် ထားပြီးမှ သိမ်းလိုက်ပါ၊ အမြဲလတ်ဆတ်နေပါလိမ့်မည်။

လက်ဆော့ရာ ပျောက်လိုပါသလား—
ရေခဲသေတ္တာပေါ်မှာ ကျေးဇူးရှင်လေးတွေ လက်ဆော့ပြီး ဆွဲထားတဲ့ ဂန္ထဝင်မြောက် ရုပ်ပုံတွေကို အလွယ်တကူ ပျောက်စေချင်ပါသလား၊ သူတို့ခြစ်ထားတဲ့ ခဲတံ၊ ဘောပင် အရာတွေပေါ်မှာ သွားတိုက်ဆေး နည်းနည်းကို လူးပြီး အဝတ်သန့်သန့်လေးတခုနဲ့ သုတ်ပေးလိုက်ရုံပါပဲ။

ကော်ဇောပေါ်က အဖိရာ—
ကြီးမားလေးလံတဲ့ ပရိဘောဂတခုခု တင်ထားမိလို့ ချိုင့်ဝင်ပြီး အရာထင်နေတာကို နဂိုအတိုင်း ပြန်ဖြစ်ချင်ရင် ရေခဲတုံးလေးသာ တင်ထားလိုက်ပါ။ အဲဒီရေခဲတုံးလေး တဖြည်းဖြည်း အရည်ပျော်ပြီး ခြောက်သွားတဲ့အခါ ထင်နေတဲ့ အချိုင့်ရာလည်း ပျောက်သွားပါလိမ့်မယ်။

အဝတ်မှာ ဆံပင်ဆိုးဆေး စွန်းထင်ရင်—
ဆံပင်ဆိုးရင်း မတော်တဆ ကိုယ်နှစ်သက်တဲ့ အဝတ်အစားလေးပေါ် ဆိုးဆေးတွေစင်ပြီး ကွက်ကုန်ပါသလား၊ ဆံပင်ကိုဖျန်းတဲ့ Hair Spray ကို အဲဒီအစွန်းကွက်ပေါ် ဖျန်းလိုက်ပါ။ အစွန်းကွက်တွေ လျင်မြန်စွာပျောက်သွားပါလိမ့်မယ်။

Credit : သိသူဖော်စား အသုံးဝင်အချက်များ

စောထွန်းထွန်းအား ပေါက်ကွဲအက်(၃)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချ


၂၀၁၃ ခုနှစ်၊ အောက် တိုဘာ ၁၁ ရက်က တောင်ငူမြို့ တွင်ဖြစ်ပွားခဲ့သော ချမ်းမြေ့
တည်းခိုခန်း ဗုံးပေါက်ကွဲမှု၌ အဓိက  ပါဝင်ပတ်သက်ခဲ့သူ တရားခံစောထွန်းထွန်းအား
 ဇူလိုင် ၄ ရက်တွင် တောင်ငူခရိုင်


တရားရုံးက၁၉၈၀ ခုနှစ် ပေါက်ကွဲစေတတ် သော ၀တ္တုပစ္စည်းများ အက်ဥပဒေ(၃)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်တိတိ အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။

စောထွန်းထွန်းကို  ကရင် အမျိုးသားအစည်းအရုံး ကျောက် ကြီးမြို့နယ်ဆက်ဆံရေးရုံးခွဲမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယ ညွှန်ကြားရေးမှူး (မှုခင်း) ဒုတိယ ရဲမှူးကြီး စိန်ဝင်းခေါင်းဆောင် သော တောင်ငူခရိုင်ရဲတပ်ဖွဲ့သို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၀၁၃ ခု နှစ် အောက်တိုဘာ ၁၇ ရက်တွင် တောင်ငူခရိုင်တရားရုံး၊ ဒုတိယ ခရိုင်တရားသူကြီး (၂) ရုံး၌ ပုဒ်မ ၃၀၂ ဖြင့်  ရုံးတင်တရားစွဲဆို ခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန၏ အမိန့်ဖြင့် ရာကြီး အမှတ် ၅/၁၄ ပေါက်ကွဲအက် (၃) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စောထွန်းထွန်းအား တောင် ငူခရိုင်တရားရုံးက ပေါက်ကွဲအက် (၃) ပြစ်မှုပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ် ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင် လျက်ရှိသော ဖောက်ခွဲရေးတာ ၀န်ခံ စောတ၀ါး(ခ) တ၀ါး၊ တပ် ကုန်းရွာဟောင်း၊ ကျောက်ကြီးမြို့ နေသူအား ပြစ်မှုဆိုင်ရာကျင့်သုံး ဥပဒေ ၈၇/၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ထားသည်။

ယင်းဗုံးဖောက်ခွဲနှင့် ပတ် သက်၍ စောထွန်းထွန်းအား တရား စတင်စွဲဆိုကြိုတင်ဖြောင့်ချက်ယူ ရာ၌ မြို့နယ်တရားသူကြီးရှေ့ မှောက်တွင် ၀န်ခံထွက်ဆိုဖြောင့် ချက်ပေးခဲ့သော်လည်း တောင်ငူ ခရိုင်တရားရုံးတွင်  စွဲချက်တင်တရားစွဲဆိုရာ၌ အပြစ်မရှိဟု ငြင်းဆိုခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ ရဲအုပ်လှိုင်ကျော်ဦးကပြောသည်။

ထို့အပြင်စောထွန်းထွန်းမှာ လူသေမှုပြစ်မှုပုဒ်မ ၃၀၂/၃၂၄/ ၃၂၆ ဖြင့် ဆက်လက်တရားရင် ဆိုင်လျက်ရှိကြောင်း သတင်းရရှိ သည်။

အဆိုပါဗုံးပေါက်ကွဲမှုဖြစ် စဉ်ကြောင့် ချမ်းမြေ့တည်းခိုခန်း တွင် တည်းခိုနေသူ တောင်ငူဘူ တာ မီးရထားတပ်ခွဲ (၁၀)မှ တပ် သားနေမျိုးကျော်၊ ညောင်လေး ပင်မြို့၊ မြို့မ (၄) ရပ်ကွက်နေသူ မယုခိုင်တို့ သေဆုံးခဲ့ပြီး ညောင် လေးပင်မြို့မှ မငြိမ်းငြိမ်းအေးမှာ ဒဏ်ရာများရရှိခဲ့သည်။

7Day News Daliy


ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ ကြောင်ပေါက်လေး နာမည်ကြီးလာ



စိတ်ဆိုးနေတဲ့ မျက်နှာနဲ့ Grumpy Cat ကိုတော့ အတော် များများ သိကြ ပါတယ်။ ယခု ရက်ပိုင်းတင်ပဲ အင်တာနက်မှာ ရေပန်း စားလာ ပြန်တာ ကတော့ ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ ကြောင်လေး ဖြစ်ပါတယ်။ သူ့ကို အမည်တော့ မပေးရ သေးပါဘူး။ လောလောဆယ် ကတော့ သူ့ကို အလွယ် အားဖြင့် purrrmanently sad cat လို့ ခေါ် ပါတယ်။


ပိုင်ရှင်က Ashley Herring ဖြစ်ပြီး Imgur ဆိုတဲ့ ဆိုရှယ်ဆိုဒ် တစ်ခုမှာ တင်လိုက်တော့ ရက်ပိုင်း အတွင်းပဲ ကြည့်ရှုသူ လေးသိန်း နီးပါး ရှိသွား ပါတယ်။ ကြောင်ရဲ့ မျက်နှာအသွင်အပြင်က ဝမ်းနည်း နေသလို ပေါက်နေ ပေ မယ့် အမှန်တော သူက ဝမ်းနည်းနေတာ မဟုတ် ပါဘူး။  နဂိုမူလ ကိုက မျက်နှာထား ပုံစံက အဲ့ဒီလို ဖြစ်နေတာ ဖြစ်ပါတယ်။ ရီဝေဝေ မျက်လုံး၊ ငိုတော့မယ့် နှုတ်ခမ်း အနေအထား တို့ကြောင့် ချစ်စဖွယ် ပုံစံ တစ်မျိုး ပါပဲ။

သူ့ကို ပိုင်ရှင်ဟာ အကောင်းဆုံး ကျွေးမွေး ပြုစု ထားပြီး အင်မတန်လည်း ချစ်ကြောင်း ဆိုပါတယ်။ အိပ်နေချိန်တောင် စောင်ထဲထိ တိုးဝေ့ပြီး သခင့်ကို ပွတ်သီးပွတ်သပ် လာလုပ်လေ့ ရှိကြောင်း ဆိုပါတယ်။ ဂရုစိုက်မှုကို အင်မတန် ကြိုက်နှစ် သက်တဲ့ ကြောင်မလေး ဖြစ်ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (www.innewsmyanmar.com)

အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရင်သားဗလာနဲ့ပုံတွေကို အွန်လိုင်းကနေ ငွေနဲ့ ရောင်းချပြီး အပိုဝင်ငွေရှာ


အသက် ၄၅ နှစ်အရွယ်ရှိတဲ့  Debbie Delamar ဟာ သူမရဲ့  ပင်ကိုယ် ကြီးမားပြီးသား ၃၀HH အရွယ်အစားရှိတဲ့  ရင်သားနှစ်မွှာကို အလွန် ကိုကြီးမားတဲ့ ၃၀KK အရွယ်ထိ ပိုမို ကြီးမားလာအောင် ပေါင်ငွေ ၈၀၀၀ ခန့် သုံးစွဲ ခွဲစိတ်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံရဲ့ ဂုဏ်ယူဝင့်ကြွားနေတဲ့  အကြီးဆုံး ရင်သားပိုင်ရှင် ဖြစ်လာပါတယ်။သူမရဲ့ ရင်သားထဲကို ထည့်ထားတဲ့ အသားစဟာ အလေးချိန် ၇ ပေါင်ခန့် ရှိပြီး ဆီလီကွန်သတ္တုကတော့ ၅ ပိုင့်စာရှိပါတယ်။

တပ်မတော်သား၏ ဇနီးတစ်ဦးဖြစ်သူ Debbie Delamar ဟာ သူမရဲ့ လတ်တလော ရင်သားအသစ်ကြောင်း ပြောရာမှာ သူမမှာ နဂိုမူလ ၃၀DD အရွယ်ရှိ ကြီးမားတဲ့ ရင်သားပမာဏ ရှိပေမယ့်လည်း “ ကျွန်မကတော ကျွန်မရင်သားတွေကို ကြီးနိုင်သလောက်ကြီးကြီးပဲ လိုချင်ပါတယ်” လို့  ဆိုပါတယ်။အရပ် ၅ ပေခန့် သာရှိတဲ့ မစ္စ Delamar ဟာ သူမရဲ့ ရင်သားကို လက်ဖက်ရည် ပန်ကန်လုံး ၄ လုံးစာ ပမာဏ ထပ်ပေါင်းထည့်ပြီး ၃၀HH အရွယ်အစားထိရရှိအောင် လွန်ခဲ့သော ၆ နှစ်ခန့် က စတင်ခွဲစိတ်ခဲ့ပါတယ်။ဒါပေမယ့် သူမဟာ ဒါနဲ့ တင် မကျေနပ်နိုင်သေးတာကြောင့် နောက်ထပ် လက်ဖက်ရည်ပန်ကန်လုံး ၃လုံးစာပမာဏ ထပ်ပေါင်းထည့်ရင်း ၃၀KK အရွယ်အစားထိ ပိုမိုကြီးမားလာအောင် ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စစ်သားတစ်ယောက်ရဲ့ ဇနီးဖြစ်သူ သူမအတွက်တော့ ယင်းခွဲစိတ်မှုကို ခံယူပြီးကတည်းက ဘ၀က အစဉ်ချောမွေ့ နေခဲ့တာတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့  သူမဟာ သူမရဲ့ ရင်သားအရွယ်အစားကြီးမားတာကြောင့် လက်ခုပ်တောင်တီးဖို့ အဆင်မပြေတော့ပဲ သူမအလုပ်လုပ်ရတဲ့ ကားအစိတ်အပိုင်းတွေ တပ်ဆင်တဲ့ စက်ရုံမှာ စီတန်းတပ်ဆင်မှုတွေလုပ်တဲ့ အလုပ်သမားအစီအတန်း ကနေ ခပ်လှမ်းလှမ်းမှာ ထိုင်နေရတာ တွေကြောင့်ပါ။


“ ကျွန်မ ဘယ်နေရာသွားသွား လူတွေက ကျွန်မကို စူးစိုက်ကြည့်ကြတယ် ဒါပေမယ့် ကျွန်မ ကျေနပ်ပါတယ်။ ကျွန်မက ဒီလိုပြုပြင် ဖန်တီးလို့ ရတဲ့ အသွင်အပြင်ကို သဘောကျပြီး ကျွန်မကတော့  ကြီးနိုင်သလောက် ကြီးကြီးပဲလိုချင်ပါတယ်” လို့ သူမက သတင်းစာတစ်ခုကို ပြောပါတယ်။

“ ကျွန်မက သမားရိုးကျ စစ်မှုထမ်းရဲ့ ဇနီးသည်၊ မိခင်တစ်ယောက်မဟုတ်တာ ကျွန်မသိပါတယ်။ဒါပေမယ့် ကျွန်မက ဘယ်သူကိုမှ ထိခိုက်၊နစ်နာအောင် လုပ်နေတာမျိုးမဟုတ်ပါဘူး”

“ကျွန်မက ပြုပြင် ဖန်တီးလို့ ရတဲ့ အသွင်အပြင်ကို နှစ်သက်တာကြောင့် သက်သက်ရယ်ပါ။လူတစ်ချို့ က ရွှေရောင်သမ်းတဲ့ ဆံပင်တွေ ဒါမှမဟုတ် အနက်ရောင်ရှိတဲ့ ဆံပင်တွေကို သဘောကျသလိုပဲ ကျွန်မက ဖန်တီးပြုပြင်လို့ ရလာတဲ့ ရင်သားခပ်ကြီးကြီးတွေကို သဘောကျတယ်လေ။"

“ဗြိတိန်မှာ ရင်သားအကြီးဆုံး ဖြစ်လာဖို့ ဆိုတဲ့ ရည်ရွယ်ချက်တော့ ကျွန်မမှာ မရှိခဲ့ပါဘူး။ဒိလိုပဲ သူဟာသူ ဖြစ်သွားတာပါ” လို့ သူမက ဆက်ပြောပါတယ်။

“ အခုတော့ ကျွန်မက ဒီရင်သားတွေနဲ့ နေသားကျသွားတာကြောင့် ကျွန်မအတွက် သိပ်ပြီး အနေရအထိုင်ရ မခက်တော့ပါဘူး။ ဒါပေမယ့် ကျွန်မပထမဆုံး အနေရခက်တဲ့ ပြဿနာ စဖြစ်ခဲ့တာက ကျွန်မ သမီးတွေနဲ့  တေးဂီတဖျော်ဖြေပွဲတစ်ခုမှ ရောက်နေခဲ့တဲ့ အချိန်ပေါ့။ ကျွန်မ လက်ခုပ်တီးဖို့ လုပ်တော့ ကျွန်မ ဘယ်လိုမှ မတတ်နိုင်တော့တာ ရိပ်စားမိသွားတယ်” လို့  ဆိုပါတယ်။

သူမဟာ ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ အားပေးသူတွေကို သူမရဲ့ ရင်သားဗလာပုံတွေကို လူမှုကွန်ယက် ၀က်ဘ်ဆိုက်များကနေ တစ်ပုံကို ပေါင်ငွေ ၃၅ ပေါင်နဲ့ ရောင်းချပြီး အပိုဝင်ငွေရှာနေတယ်လို့ ဆိုပါတယ်။

မစ္စ Delamar ဟာ သူမရဲ့ လတ်တလော ကျော်ကြားလာမှု အကြောင်းပြောဆိုရမှာ “ ကျွန်မက လူတွေအာရုံစိုက်ခံရတာကို စိတ်မပူတော့ပါဘူး။ကျွန်မ အသားကျနေပါပြီ”

“ ကျွန်မဟာ အ၀တ်အစား မလုံ့ တစ်လုံနဲ့ အဖော်အချွတ် ပုံတွေရိုက်တဲ့  မော်ဒယ်တစ်ယောက်ဖြစ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး။ဒါပေမယ့် ကျွန်မကို အားပေးသူတွေက အွန်လိုင်းမှာ ရှာဖွေတွေ့ ရှိပြီးတဲ့ နောက်မှာ ဒီလိုလေးပဲ ဖြစ်သွားတာပါပဲ”

“ကျွန်မဆီလာတဲ့ တုန့် ပြန်မှုကတော့ ကွဲပြားပါတယ်။တစ်ခါတစ်ရံမှာ လူတွေက လျှောက်ကြည့်ကြမယ်။ပြီးရင် သူတို့ တွေ့ သွားတာကို ထပ်ပြီး ပြန်ကြည့်မယ်။”

“ ကျွန်မက တော့ ဆိုးရွားတဲ့  စံပြ မိခင်တစ်ဦးလို့ ကျွန်မကိုယ်ကျွန်မ မထင်ပါဘူး။ ကျွန်မတို့ က တာဝန်ယူတတ်တဲ့ စိတ်ရှိတဲ့  မိဘတွေပါ။ကျွန်မက အဖော်အချွတ်ဓာတ်ပုံ မော်ဒယ်တစ်ယောက် ဖြစ်လာဖို့  ဘယ်တော့မှ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ ဒီထက်တော့  ပိုပျော်ရွှင် ကျေနပ်ခဲ့ရမှာတော့ မဟုတ်ဘူးပေါ့။”လို့ သူက ပြောပါတယ်။

Ref:shockingtimes.co.uk

Trend Myanmar

ရခိုင်ပြည်နယ်တွင် ကမန်အတုများရှိနေသည်ဟု သံသယရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပြော



ရခိုင်ပြည်နယ်ရှိ ကမန်များတွင် အတုများရှိသည်ဟု သံသယရှိကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ဇူလိုင် ၄ ရက်တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံတိုင်းရင်းသားများ၊ လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကမန်ဆိုတာက တိုင်းရင်းသားထဲမှာပါတယ်။ ဒါပေမဲ့ ကမန်လက်မှတ်တုတွေနဲ့ ဘင်္ဂါလီတွေ ရှိနေတယ်ဆိုတာကို ကျွန်တော်သိရတယ်။ ရန်ကုန်ရုံးချုပ်က ဖိုင်တစ်ဖိုင်ကို ကျွန်တော် တောင်းကြည့်ခဲ့တယ်။ အဲဒီမှာအောက်မှာ ရခိုင်မွတ်စလင်လို့ ရေးထားတယ်။ ယနေ့တိုင်းရင်းသားတွေက လက်မခံဘူး။ ရခိုင်ဆိုတာ ဗုဒ္ဓဘာသာပဲ။ ဘင်္ဂါလီဆို ဘင်္ဂါလီပေါ့။ ဘာဖြစ်လို့ ရခိုင် မွတ်စလင်ဖြစ်တာလဲ။ ဒါကြောင့် အတုလား အစစ်လားဆိုတာ ချိန်ကိုက်ရင် အဖြေပေါ်မှာပါ။ ဒါကြောင့် တိုင်းရင်းသားတွေကို မေတ္တာရပ်ခံချင်တာက လဝက လုပ်တာမှန်သမျှ မကျေနပ်ရင် ကျွန်တော့်ကိုပြောပါ။ ကျွန်တော် စိစစ်ပေးမယ်။ မဟုတ်ဘဲ ခိုးဝင်နေတဲ့သူတွေဆိုရင်တော့ ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ဝန်ကြီးဌာနနဲ့ ကျွန်တော် ရှင်းပေးပါ့မယ်’’ ဟု ဦးမောင်မောင်အုန်းက ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ဒေသခံများက ဘင်္ဂါလီများကို မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်နေခြင်းထက် မွေးရာပါ နိုင်ငံသားမဟုတ်ဘဲ တစ်နည်းအားဖြင့် တိုင်းရင်းသား မဟုတ်သူများ၏ လက်ထဲတွင် ရရှိထားသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မည်သည့်လမ်းကြောင်းမှ ရရှိထားသည်ကို စိစစ်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံသား ဖြစ်သင့်သူများကိုလည်း ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ပေးစေလိုပြီး နိုင်ငံသားဖြစ်ခွင့်မရသူများကို ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုချမှတ်ကာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြို့ခံတစ်ဦးက ပြောသည်။

7day daily

ဖေ့စ်ဘွတ်ခ်တွင် နာမည်ကြီးနေသည့် မတူကွဲပြားပါတီဥက္ကဋ္ဌကို စုံစမ်းစစ်ဆေးနေ



ဦးနေမျိုးဝေကိုတွေ့ရစဉ်
မတူကွဲပြားခြင်းနှင့် ငြိမ်း ချမ်းရေးပါတီဥက္ကဋ္ဌဦးနေမျိုးဝေ ကို ပြည်သူအချို့၏တိုင်ကြားမှု များရှိလာသဖြင့် စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြား သည်။

 တိုင်ကြားခံရသည့် အ ကြောင်းကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် စီစဉ်နေကြောင်း ဦးကိုကိုက ပြော သည်။

‘‘သူနဲ့ပတ်သက်ပြီး တိုင် ကြားတာရှိတယ်။ ရှိတယ်ဆိုတာ အခု မန္တလေးကိစ္စ မဟုတ်ဘူး။ တခြားကိစ္စရှိတယ်’’ဟု ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကို ကိုက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးနေမျိုးဝေထံ ဆက်သွယ်မေး မြန်းရာတွင် ၎င်းလုပ်ဆောင်နေ သည့်အမျိုးသားရေး၊ မွတ်စလင် အစွန်းရောက် တိုက်ဖျက်ရေး စသည်တို့ကို စိတ်ဝင်တစားမေး မြန်းခြင်းမရှိဘဲ တိုင်ကြားခံရသည့် ကိစ္စကိုသာ မေးမြန်းသည့်အ တွက် 7 Day Daily ၏ မေးမြန်းမှု ကို ဖြေကြားမည်မဟုတ်ကြောင်း တယ်လီဖုန်းမှတစ်ဆင့် ပြန်လည် ဖြေကြားခဲ့သည်။

 ဦးနေမျိုးဝေသည် လယ် သိမ်းခံတောင်သူလယ်သမားအရေး လိုက်လံဆောင်ရွက်ရာတွင် လူသိများသူတစ်ဦးဖြစ်သည်။ အထူးသဖြင့် လယ်သမားများနှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးခင်ရွှေတို့အကြား ဖြစ်ပွားခဲ့သည့် လယ်ယာမြေအငြင်းပွားမှု များတွင် လယ်သမားများဘက်မှ ဝင်ရောက်ရပ်တည်ခဲ့သူတစ်ဦး လည်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း သူ၏ အငြင်းပွားဖွယ်ရာ ဘာသာ ရေးဆိုင်ရာ ဟောပြောမှုများ၊ ဝေ ဖန်ချက်များကြောင့် ထောက်ခံမှု ရော၊ ကန့်ကွက်မှုများပါရရှိနေသူ လည်းဖြစ်သည်။

ဦးနေမျိုးဝေသည် အမျိုး ဘာသာ၊ သာသနာစောင့်ရှောက် ရေးဆိုသော ဟောပြောပွဲများကို မြို့အချို့တွင် လိုက်လံဟောပြော နေသူတစ်ဦးလည်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တွင် Nay Wai ဟု အမည်ပေးထားသော အကောင့်တွင် လူမျိုးရေး၊ ဘာသာရေးအတွက် အငြင်းပွား ဖွယ်ကောင်းသည့် အရေးအသား များ မကြာခဏရေးသားနေပြီး ယင်းစာများအောက်တွင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌနေမျိုးဝေဟု ရေးသားလေ့ရှိ သည်။ Nay Wai အကောင့်သည် ဇူလိုင် ၆ ရက်မှစတင်ပြီး ဖေ့စ် ဘွတ်ခ်တွင် ဝင်ရောက်ကြည့်ရှု၍ မရနိုင်သည့် အကောင့်တစ်ခုဖြစ် ခဲ့သည်။

အဆိုပါ Nay Wai အကောင့် တွင် ‘‘လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ရင် ဒေါ်စုကိုသတ်၊ ဘာသာရေးအဓိကရုဏ်း မဖြစ် စေချင်ရင် ကုရ်အာန်နဲ့ ရှရီအတ် ကိုပိတ်’’ဟုလည်း ရေးသားထား သည်။

ဦးနေမျိုးဝေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။

7day daily

မလေးရှားတွင် တရားမ၀င်လုပ်သားများ အောက်လမ်းမှ ပြန်ပို့ပေးရာ၌ နာမည်ကြီးသော ကိုတိုနီအသတ်ခံရ


ရန်ကုန် – မလေးရှားနိုင်ငံရှိ တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသော လုပ်ငန်းလုပ်ကိုင်နေသောကိုတိုနီသည် ဇူလိုင်၇ရက်က ပီနန်မြို့နယ်၊ဘတ်တာဝပ်မြို့တွင် အသတ်ခံရကြောင်း သတင်းရရှိသည်။

အသက် ၄၀ ကျော်အရွယ်ကိုတိုနီသည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်နေထိုင်ပြီး တရားမဝင်လာရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသောလုပ်ငန်းလုပ်ကိုင်ရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ပြီး ဇူလိုင်၇ရက်ညက မလေးရှားရင်းဂစ်ငွေ ၈၅၀၀၀ ရရန်ရှိသူထံမှအကြွေးတောင်းပြီး အပြန်တွင် အသတ်ခံရခြင်းဖြစ်ကာငွေအားလုံးကိုလည်း ယူဆောင်သွားကြသည်။

ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7day daily

အင်တာနက်မှ လှုံ့ဆော်မှုများ စုံစမ်းဖော်ထုတ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုပ်နိုင်စွမ်းမရှိ


ဟိန်းကိုစိုး| အင်္ဂါနေ့၊ ဇူလိုင်လ ၈ ရက်၊ ၂၀၁၄ ခုနှစ်

အင်တာနက်ကို အသုံးပြု၍ ပဋိပက္ခဖြစ်စေရေး လှုံ့ဆော်နေသည်များကို စုံစမ်းဖော်ထုတ်ရန် လုပ်ပိုင်ခွင့်မရှိ သကဲ့သို့ အဖွဲ့များ၊ အထောက်အကူပစ္စည်းများလည်း မရှိဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးချုပ် ၀င်းခေါင် က ဇူလိုင် ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့မှာ ပစ္စည်းနဲ့လုပ်ပိုင်ခွင့်တွေ အဲဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှမရှိပါဘူး။ အဓိကကတော့ တရားဥပဒေ စိုးမိုးရေးအတွက်ပဲ ဆောင်ရွက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သေချာသက်ဆိုင်တာတော့ ဆက်သွယ်ရေးပါပဲ။ ကျွန်တော်တို့က ဆိုက်ဘာ စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်မှာ မဟုတ်ပါဘူး။ အဖွဲ့လည်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လအစောပိုင်းက သတင်းစာနှင့် သတင်းဝက်ဘ်ဆိုက်အချို့ကို သတင်းအမှားများ၊ တစ်ပါးသူ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ ရေးသားသူ အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာတို့ကို အင်တာနက်မှတစ်ဆင့်ခြေရာခံ ဖမ်းဆီးနိုင်ရန် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ လေ့ကျင့်ခြင်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေသည်ဟု ဖော်ပြထားသော်လည်း ရဲမှူးချုပ် ၀င်းခေါင်ကမူ ထိုသို့ဆောင်ရွက်နေခြင်း မရှိဟု ငြင်းဆိုသည်။

မန္တလေးပဋိပက္ခများ မဖြစ်ပွားမီ၌ အင်တာနက်လူမှုကွန်ရက်တွင် လှုံ့ဆော်သည့် ရေးသားမှုများ တွေ့ခဲ့ရသေးသည်။ ယင်းရေးသားမှုများအပေါ် အခြေခံ၍ သွားရောက်ကြည့်ရှုခြင်း၊ တုံ့ပြန်မှုပြုခြင်းများကြောင့် မန္တလေးမြို့တွင် လေးရက်အတွင်း လူနှစ်ဦးသေဆုံးခဲ့ပြီး အပျက်အစီးများလည်းရှိခဲ့ကာ ပုဒ်မ ၁၄၄ ပင် ထုတ်ပြန်ထားရသည်။

စစ်အစိုးရလက်ထက် နာမည်ကျော်ခဲ့သည့် အီလက်ထရွန်းနစ်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄၊ ဖေ ဖော်ဝါရီ ၂၅ ရက်တွင် ပြစ်ဒဏ်များလျှော့ပေါ့၍ ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီးသော်လည်း ပဋိပက္ခစေရန် အင်တာနက်၌ ရေးသားလှုံ့ဆော်မှုများကို မည်သည့် ဌာနကမျှ အရေးယူခြင်း မရှိသေးပေ။ စစ်အစိုးရလက်ထက် အဆိပါဥပဒေဖြင့် ထောင် ၁၅ နှစ် ချခံခဲ့ရသူ ဘလော့ဂါ နေဘုန်းလတ်က “ထောက်လှမ်းရေးတွေ တော်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လုံးဝမလုပ်ဘူး၊ မျက်ကွယ်ပြုထားတယ်”ဟု ဆိုသည်။

သတင်းထောက်များပင် မရနိုင်သည့် ဓာတ်ပုံများကို အင်တာနက်တင်ခြင်းကိုလည်း မေးခွန်းထုတ်လိုသည်ဟု ၎င်းက ပြောသည်။ ပဋိပက္ခများစတင်ခဲ့သည့် ၂၀၁၂ခုနှစ် မေလအတွင်း ရခိုင်ပြည်နယ်၊ ကျောက်နီမော် ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် ပြစ်မှုတစ်ခု၏ ဓာတ်ပုံ အင်တာနက်ပေါ်ရောက်ခဲ့သည့်အပေါ် ဝေဖန်သူ အများအပြား ရှိခဲ့သည်။ မြို့တော်စစ်တွေမြို့၌ပင် တယ်လီဖုန်းလိုင်းမိရန် ခက်ခဲသည့်အခြေအနေတွင် ပြည်နယ်၏ အစွန်အဖျားတွင်ရှိသည့် အရပ်ဒေသမှ ဓာတ်ပုံတစ်ခု အင်တာနက်တွင် အလျင်အမြန်တက်လာခြင်းကို အံ့သြခဲ့ကြခြင်းဖြစ်သည်။

ဇူလိုင်၂ ရက် မန္တလေးဖြစ်စဉ်မတိုင်မီ တစ်ရက်အလိုတွင် ပဋိပက္ခစတင်မည့် နေရာ၊ ဖြစ်စဉ်များ၊ ထိခိုက်ဒဏ်ရာရသည့် ဓာတ်ပုံများကို လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် တင်ထားသူ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက လူမျိုးနှင့် ဘာသာစောင့်ရှောက်ရေး ဆောင်ရွက်နေခြင်းသာဟု ဇူလိုင် ၅ ရက်တွင် မဇ္ဈိမကို မိန့်သည်။

“Wira Thu (၀ီရသူ) ဆိုတဲ့ ဖေ့စ်ဘွတ်က ဦးဇင်းတရားဝင်သုံးတဲ့ဟာပါ။ ဟိုတလောက မသုံးတော့ဘူးလို့ ကြေညာတယ်ဆိုတာက တခြားအဖွဲ့အစည်းတွေက တမင်သက်သက် မဟုတ်တာကို ပြောတာပါ။ အဲဒီတုန်းက အကောင့်ကလော့ခ်ကျသွားလို့ ပြန်လုပ်နေတဲ့အချိန် နှစ်ရက်လောက်အတွင်းမှာ ဒီလိုဖြစ်သွားတာပါ။ ဖေ့စ်ဘွတ်ပေါ်မှာ အဖြစ်အပျက်တွေကို နာမည်နဲ့ အတိအလင်းတွေ တင်တာကတော့ လူမျိုးနဲ့ အမျိုးဘာသာကို စောင့်ရှောက်ချင်တဲ့အတွက် အဲဒီလိုတွေ လုပ်နေတာပါ”ဟု မိန့်သည်။

ထို့အတူ အစ္စလာမ်ဘာသာဝင်အမည်များ ဖော်ပြထားသည့် အင်တာနက်လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာများကလည်း ဂျီဟတ် (ဘာသာရေးစစ်ပွဲဆင်နွှဲရန်) လှုံ့ဆော်ရေးသားမှုများ၊ ဓာတ်ပုံများ ဦးဝီရသူနှင့် ဗုဒ္ဓဘာသာ တက်ကြွသူတို့၏ ဖေ့စ်ဘွတ် စာမျက်နှာများတွင် မဖွယ်မရာဓာတ်ပုံများ၊ စာသားများ၊ စိန်ခေါ်ရေးသားမှုများလည်း ရှိနေသည်။

မန္တလေးတိုင်း၏ တာဝန်အရှိဆုံးပုဂိ္ဂုလ် ၀န်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင်ကပင် လှုံ့ဆော်သည့် ရေးသားမှုများကို အချိန်မီ ဖြေရှင်းခဲ့ရသည်ဟု မီဒီယာတို့ကို ပြောခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မန္တလေးဖြစ်စဉ် အချိန်အတွင်း တာဝန်သိ လူမှုကွန်ရက် အသုံးပြုသူများဖြစ်စေရေး ကူညီပံ့ပိုးပေးခဲ့သည့် အမေရိကန် အခြေစိုက် ဖေ့စ်ဘွတ်နှင့် ဆီလီကွန်ဗဲလီမှ သက်ဆိုင်သူများကို အသိအမှတ်ပြုသည်ဟု ၎င်း၏ ဖေ့စ်ဘွတ်စာ မျက်နှာတွင် ရေးသားထားသည်။ သမ္မတ ဦးသိန်းစိန်က လှုံ့ဆော်မှုများကို ပြင်းထန်စွာ အရေးယူမည်ဟု ဇူလိုင် ၇ ရက်က ထပ်မံ သတိပေးခဲ့သည်။

Mizzima Burmese

တွစ်တာ သိပ်သုံးလွန်းလေ အိမ်ထောင်ရေး ပြဿနာ ပိုများလေဟုဆို


ဝါရှင်တန်၊ ဇူလိုင် ၎

မြတ်ဆုကို

တွစ်တာ သိပ်သုံးသူများသည် အိမ်ထောင်ရေး၊ အချစ်ရေးမှာ ပြဿနာ ပိုကြုံရကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။

ယခင် စစ်တမ်းတစ်ရပ်ကလည်း ဖေ့စ်ဘွတ်ခ် များများသုံးလေ အိမ်ထောင်ရေး အချစ်ရေး ပြဿနာ ပိုတက်လေဟ ဖော်ပြခဲ့ပြန်ရာ ဆိုရှယ်မီဒီယာ အသုံးများလွန်းခြင်းသည် ဆက်ဆံရေးများကို ပျက်ယွင်းစေသလား မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်။ တွစ်တာ စစ်တမ်းကို ““ဆိုင်ဘာ စိတ်ပညာနှင့် အပြုအမူများ ဆိုင်ရာဂျာနယ်””တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ မစ်ဇူရီတက္ကသိုလ်မှ ပါရဂူ ဘွဲ့သင်တန်းသား ရပ်ဆဲကလေတန်က သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ သုတေသနအတွက် တွစ်တာသုံးသူ (၅၈၁) ဦးကို မေးမြန်းခဲ့သည်။ ထိုသူများ တွစ်တာသုံးနှုန်း၊ အိမ်ထောင်ရေး အချစ်ရေး ပြဿနာ ကြုံတွေ့ရနှုန်းများကို စစ်တမ်းကောက်သည်။ ထိုအခါ တွစ်တာကို အချိန်ကြာကြာ သုံးသူဖြစ်လေ လင်မယား အဆင်မပြေ၊ အိမ်ထောင်ပျက်၊ အိမ်ထောင်ကွဲ စသည့် အိမ်ထောင်ရေး အချစ်ရေးပိုင်း အဆင်မပြေမှုများ ပိုဖြစ်ပွားလေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

ဆိုရှယ် မီဒီယာများကို အသုံးလွန်ခြင်းကြောင့် လူမှုဘ၀ ထိခိုက်နိုင်ပုံကို ယခုစစ်တမ်းက စတင်မီးမောင်း ထိုးပြလိုက်ပြီ ဖြစ်ရာ ဆက်လက်ပြီး ကျယ်ကျယ် ပြန့်ပြန့် လေ့လာနိုင်အောင် အားထုတ်ကြရမည်ဖြစ်ကြောင်း ဂျာနယ် အယ်ဒီတာချုပ် ဘရန်ဒါဝိုက်ဒါဟိုးက မှတ်ချက် ပေးထားသည်။

Source: AFP

The messenger

လေဆင်နှာမောင်း တိုက်ခတ်နေစဉ် ရိုက်ကူးနိုင်ခဲ့သည့် ရှားရှားပါးပါး မင်္ဂလာ အလှဓာတ်ပုံများ

လက်ထပ်ပြီးစ စုံတွဲများအတွက် အမှတ်တရ မင်္ဂလာ အလှဓာတ်ပုံများကို ရှုခင်းကောင်းကောင်းဖြင့် ရွေးချယ်ရိုက်ကူးကြသည်မှာ အဆန်းမဟုတ်ချေ။ သို့သော်လည်း ကနေဒါနိုင်ငံမှ စုံတွဲတစ်တွဲ၏ ကျေးလက်ရှုခင်းနောက်ခံ မင်္ဂလာစုံတွဲ အလှဓာတ်ပုံများမှာမူ လေဆင်နှာမောင်း တစ်ခုကြောင့် သမားရိုးကျ အခြေအနေနှင့် များစွာ ခြားနားကွဲထွက်သွားခဲ့သည်။


ကနေဒါနိုင်ငံမှ စုံတွဲသည် ဓာတ်ပုံဆရာမ ကောလင်းနစ္စကာ၏ အကူအညီဖြင့် ဆက်စ်ကက်ချီဝန်ရှိ လယ်ကွင်းများအနီးမှ ဖြတ်သန်းသွားသည့် ကျောက်ခင်းလမ်းပေါ်တွင် သဘာဝကျကျ ရှုခင်းနောက်ခံ အလှဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ထိုအချိန်တွင်ပင် လေဆင်နှာမောင်းတစ်ခု စတင်စုဖွဲ့ ဖြစ်ပေါ်လာသည်ကို နစ္စကာက တွေ့ရှိခဲ့သည်။ အစပိုင်းက ရိုက်ကွင်းနေရာ ပြောင်းသင့် မပြောင်းသင့် ပြန်လည်စဉ်းစားခဲ့သော်လည်း ဓာတ်ပုံဆရာမ၏ တိုက်တွန်းမှုကြောင့် ယင်းစုံတွဲကလည်း လေဆင်နှာမောင်း တိုက်ခတ်နေသည့် နောက်ခံပုံရိပ်ဖြင့် မင်္ဂလာ အလှဓာတ်ပုံများ ရိုက်ကူးဖြစ်ခဲ့သည်။

ထို့နောက်တွင်မူ နစ္စကာက အဆိုပါ ဓာတ်ပုံများကို သူမ၏ Facebook ပေါ်တွင် လွှင့်တင်ခဲ့ပြီး “ဒီလိုနေ့မျိုး ကြုံဖို့ကို ကျွန်မ အိပ်မက်နေခဲ့တာပါ။ ဒီဓာတ်ပုံတွေကို ပြသဖို့ မစောင့်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ ကျွန်မဘဝမှာတော့ ဒါမျိုး တစ်ကြိမ်လောက်ပဲ ကြုံနိုင်မယ်ဆိုတာ သိပ်ကိုသေချာပါတယ်”ဟု ရေးသားခဲ့သည်။



ပြာလွင်သော ကောင်းကင်ယံ နောက်ခံတွင် ဖြူဖျော့ဖျော့ လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်နေသော ပုံရိပ်မှာ မင်္ဂလာစုံတွဲ အလှဓာတ်ပုံတွင် လိုက်ဖက်ညီစွာ ပေါင်းစပ် လှပနေခြင်း ဖြစ်သည်။ ဇူလိုင်(၅)ရက်က ယင်းဓာတ်ပုံများကို ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဆက်စ်ကက်ချီဝန်တွင် ထိုနေ့က လေဆင်နှာမောင်း နှစ်ခု ဖြစ်ပေါ်တိုက်ခတ်ခဲ့ပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်။

_Ref: Dailymail

7day daily

အွန်လိုင်းအသုံးပြုသူများကြောင့် ပဋိပက္ခများ ပိုမို မဖြစ်ပွားစေရန် မြန်မာအစိုးရနှင့် ဖေ့စ်ဘွတ် ပူးပေါင်း ဆောင်ရွက်မည်


တင်ဇာအောင်

ရန်ကုန်၊ မဇ္ဈိမ။ ။ အွန်လိုင်း အသုံးပြုသူများကြောင့် ပြည်တွင်းတွင် ပဋိပက္ခများ ပိုမို မပြင်းထန်စေရန် မြန်မာအစိုးရနှင့် နာမည်ကျော် လူမှုကွန်ရက် ဖေ့စ်ဘွတ်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သမ္မတရုံး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က စတင်ပြီး မန္တလေးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သမ္မတရုံးမှ တာဝန်ရှိသူများနှင့် ဖေ့စ်ဘွတ်က တာဝန်ရှိသူများ ဖုန်းဖြင့် (Conference Call) ပြုလုပ်ဆွေးနွေးကြပြီး ပြည်တွင်း ဖေ့စ်ဘွတ် အသုံးပြုသူများကို စောင့်ကြည့်သွားမည်ဖြစ်ကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ ဆွေးနွေးရာတွင် သွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်၍ မည်ကဲ့သို့ ကူညီနိုင်မည်ကို ဆွေးနွေးခဲ့သည်။

အဆိုပါ တာဝန်ရှိသူက “ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ ဘက်က စိုးရိမ်နေတဲ့ အခုဖြစ်နေတဲ့ Challenge (စိန်ခေါ်မှု) တွေကို ရှင်းပြတယ်။ သူတို့ကလည်း သူတို့ ကူညီနိုင်တာ ပြောတယ်။ သူတို့ရဲ့ ပေါ်လစီတွေ ရှင်းပြတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရတယ်" ဟု ဆိုသည်။

Conference Call ဖြင့် ဆွေးနွေးရာတွင် ၀ါရှင်တန် ဒီစီ၊ အိုင်ယာလန် နှင့် စင်ကာပူ ရုံးများမှ ဖေ့စ်ဘွတ် တာဝန်ရှိသူ တစ်ယောက်စီ၊ Sillicon Valley မှ တာဝန်ရှိသူ နှစ်ဦး ပါဝင်ပြီး သမ္မတရုံးက တာဝန်ရှိသူများ ပါဝင် ဆွေးနွေးကြသည်။


Mizzima Burmese