ပုဂံယဉ်ကျေးမှုဒေသကို ကောင်းကင်မှ ရဟတ်ယာဉ်ဖြင့် လည်ပတ်စီးနင်းခွင့် ခရီးစဉ်သစ်လာမည်


ပုဂံယဉ်ကျေးမှုဒေသတွင် နိုင်ငံတကာ ခရီးသည်များကို လည်ပတ်လေ့လာမှု ပုံစံသစ်အဖြစ် ဒေသတစ်ဝိုက် ရဟတ်ယာဉ်ဖြင့် ကောင်းကင်မှ လေ့လာကြည့်ရှုသည့် အစီအစဉ်ကို ပြည်တွင်းကုမ္ပဏီ တစ်ခုက တင်ပြထားကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ၁၂-၇-၂၀၁၃ ရက်တွင် သိရသည်။ ယင်းကဲ့သို့ ပုဂံယဉ်ကျေးမှု ဒေသကို ကောင်းကင်မှ ရဟတ်ယာဉ်ဖြင့် စီးနင်းလေ့လာ ကြည့်ရှု့ခြင်း အစီအစဉ်မှာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်လာတော့မည် ဖြစ်ပြီး နိုင်ငံတကာ ခရီးသွားများကလည်း စိတ်ဝင်စားနေကြသည်ဟု သိရသည်။ ''ပြည်တွင်းကုမ္ပဏီ တစ်ခုက တင်ပြထားတာပါ။ ကုမ္ပဏီနာမည်ကိုတော့ ပြောလို့ မဖြစ်သေးလို့ပါ။ ပုဂံယဉ်ကျေးမှု ဒေသတစ်ခုလုံးကို ရဟတ်ယာဉ်နဲ့ ပျံသန်းပြီး ခရီးသည်ကို ပြသခွင့်အတွက် ဒီရက်ပိုင်းလေးကပဲ တင်ပြထားတာ''ဟု လေကြောင်း ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ခရီးသည်များကို ရဟတ်ယာဉ်ဖြင့် ပုဂံဒေသတစ်ဝိုက် လှည့်လည်ပြသခြင်းတွင် သင့်တင့်သော ဈေးနှုန်း တစ်ရပ် ကောက်ခံရယူ သွားမည့် ပုံစံမျိုးဖြစ်ပြီး လေကြောင်းညွှန်ကြားမှု ဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာနများက စိစစ်မှုပြုလုပ်နေသည်ဟု သိရသည်။ ''ဥပမာပြောရရင် Ballon Over Bagan လိုမျိုးပေါ့။ မိုးပျံပူးဖောင်းတော့ မဟုတ်တော့ဘဲ ရဟတ်ယာဉ်နဲ့ ဖြစ်သွားတာပေါ့''ဟု ဦးဝင်းဆွေထွန်းက ပြောကြားသည်။
Ballon Over Bagan တွင် နာမည်ကြီး ပြည်တွင်းလုပ်ငန်းစု FMI က ၀င်ရောက်ပြီး ရှယ်ယာထည့်ဝင် ရင်းနှီးမြှုပ်နှံထားကာ ခရီးသည် ဆွဲဆောင်ရေး အစီအစဉ်များကို တိုးမြင့်မည်ဟု ကြေငြာချက် ထုတ်ပြန်ထားဖူးသည်။ ''ရဟတ်ယာဉ် ပျံသန်းတာဆိုတော့ လုံခြုံစိတ်ချရမှုတွေ၊ လေကြောင်း လုံခြုံရေးတွေ အတွက် ညှိနှိုင်းစရာတွေ ရှိသေးတယ်။ ဒါ့ကြောင့် စီစစ်မှုတွေ လုပ်နေတာ''ဟု ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ပုဂံယဉ်ကျေးမှု ဒေသသည် နိုင်ငံတကာက စိတ်ဝင်စားသော ခရီးစဉ် တစ်ခု ဖြစ်ပြီး ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု့ခွင့် ရပါက နိုင်ငံတကာ ခရီးသည်များကြား ပို၍ ရေပန်းစားလာဖွယ် ရှိနေသည်ဟု သိရသည်။

ပုဂံယဉ်ကျေးမှုဒေသကို ကောင်းကင်မှ ရဟတ်ယာဉ်ဖြင့် လည်ပတ်စီးနင်းခွင့် ခရီးစဉ်သစ်လာမည်

ပုဂံယဉ်ကျေးမှုဒေသတွင် နိုင်ငံတကာ ခရီးသည်များကို လည်ပတ်လေ့လာမှု ပုံစံသစ်အဖြစ် ဒေသတစ်ဝိုက် ရဟတ်ယာဉ်ဖြင့် ကောင်းကင်မှ လေ့လာကြည့်ရှုသည့် အစီအစဉ်ကို ပြည်တွင်းကုမ္ပဏီ တစ်ခုက တင်ပြထားကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ၁၂-၇-၂၀၁၃ ရက်တွင် သိရသည်။ ယင်းကဲ့သို့ ပုဂံယဉ်ကျေးမှု ဒေသကို ကောင်းကင်မှ ရဟတ်ယာဉ်ဖြင့် စီးနင်းလေ့လာ ကြည့်ရှု့ခြင်း အစီအစဉ်မှာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်လာတော့မည် ဖြစ်ပြီး နိုင်ငံတကာ ခရီးသွားများကလည်း စိတ်ဝင်စားနေကြသည်ဟု သိရသည်။ ''ပြည်တွင်းကုမ္ပဏီ တစ်ခုက တင်ပြထားတာပါ။ ကုမ္ပဏီနာမည်ကိုတော့ ပြောလို့ မဖြစ်သေးလို့ပါ။ ပုဂံယဉ်ကျေးမှု ဒေသတစ်ခုလုံးကို ရဟတ်ယာဉ်နဲ့ ပျံသန်းပြီး ခရီးသည်ကို ပြသခွင့်အတွက် ဒီရက်ပိုင်းလေးကပဲ တင်ပြထားတာ''ဟု လေကြောင်း ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ခရီးသည်များကို ရဟတ်ယာဉ်ဖြင့် ပုဂံဒေသတစ်ဝိုက် လှည့်လည်ပြသခြင်းတွင် သင့်တင့်သော ဈေးနှုန်း တစ်ရပ် ကောက်ခံရယူ သွားမည့် ပုံစံမျိုးဖြစ်ပြီး လေကြောင်းညွှန်ကြားမှု ဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာနများက စိစစ်မှုပြုလုပ်နေသည်ဟု သိရသည်။ ''ဥပမာပြောရရင် Ballon Over Bagan လိုမျိုးပေါ့။ မိုးပျံပူးဖောင်းတော့ မဟုတ်တော့ဘဲ ရဟတ်ယာဉ်နဲ့ ဖြစ်သွားတာပေါ့''ဟု ဦးဝင်းဆွေထွန်းက ပြောကြားသည်။
Ballon Over Bagan တွင် နာမည်ကြီး ပြည်တွင်းလုပ်ငန်းစု FMI က ၀င်ရောက်ပြီး ရှယ်ယာထည့်ဝင် ရင်းနှီးမြှုပ်နှံထားကာ ခရီးသည် ဆွဲဆောင်ရေး အစီအစဉ်များကို တိုးမြင့်မည်ဟု ကြေငြာချက် ထုတ်ပြန်ထားဖူးသည်။ ''ရဟတ်ယာဉ် ပျံသန်းတာဆိုတော့ လုံခြုံစိတ်ချရမှုတွေ၊ လေကြောင်း လုံခြုံရေးတွေ အတွက် ညှိနှိုင်းစရာတွေ ရှိသေးတယ်။ ဒါ့ကြောင့် စီစစ်မှုတွေ လုပ်နေတာ''ဟု ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ပုဂံယဉ်ကျေးမှု ဒေသသည် နိုင်ငံတကာက စိတ်ဝင်စားသော ခရီးစဉ် တစ်ခု ဖြစ်ပြီး ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု့ခွင့် ရပါက နိုင်ငံတကာ ခရီးသည်များကြား ပို၍ ရေပန်းစားလာဖွယ် ရှိနေသည်ဟု သိရသည်။

ပေါက်တော ပိန္နဲချောင်းကျွန်းတွင် အရက်တုကြောင့် သုံးရက်အတွင်း လေးဦးသေ၊ အခြားနေထိုင် မကောင်းသူများ ရှိနေဆဲ


စစ်တွေ ဆိုင်တစ်ဆိုင်မှ ရောင်းလိုက်သည် ဆိုသော ဘီအီးအဆီကို စပ်သည့်အရက်ကို သောက် သုံးကြခြင်းကြောင့် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းမှ သေဆုံးသွားသူ အရေအတွက်မှာ ပြီးခဲ့သည့် သုံးရက်အတွင်း လေးဦးရှိသွားပြီဖြစ်ပြီး မူးဝေခြင်း နေထိုင်မကောင်းခြင်းဖြစ်သူ ဆယ့်ငါးဦးခန့် ရှိနေဆဲဖြစ်ကာ ၄င်းတို့အနက် လေးဦးခန့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ကြသည် ဟု ဆိုသည်။

ပိန္နဲချောင်းရွာမှ လှထွန်းအောင်ဆိုသူမှာ တစ်ရက်ကျော်ခန့်က အရက်သောက်မိခြင်းကြောင့် သေဆုံးသွားခဲ့ပြီး၊ ယင်းရွာမှ နောက်တစ်ဦး ယနေ့သေဆုံးခဲ့သဖြင့် အလောင်းကို ပေါက်တောမြို့ပေါ်သို့ စစ်ဆေးရန် ယူသွားခဲ့ကြသည် ဟု ဆိုသည်။

ထို ပိန္နဲချောင်းကျွန်း ကြက်သရေရွာမှ ဦးသံစိန်မှာ တစ်ရက်ကျော်က အရက်ကြောင့် သေဆုံးသွားခဲ့ပြီး ၄င်း၏ သားဖြစ်သူမှာ ဖခင်ဖြစ်သူ ထိုအရက်တုကြောင့်သေရမှန်းကို မသိသဖြင့် အဆိုပါအရက်ကို ထပ်သောက်မိပြီး ယမန်နေ့ညက စစ်တွေဆေးရုံတွင် သေဆုံးသွားခဲ့သည် ဟု ဆိုသည်။ ပူးတွဲပါ ဓါတ်ပုံမှာ ၄င်း၏ အလောင်းကို စစ်တွေမြို့ အာကျိပ်တော်ကုန်း သင်္ချိုင်းတွင် ယနေ့မွန်းလွဲပိုင်းက သင်္ဂြိုလ်နေကြ ပုံဖြစ်သည်။

ထိုကြက်သရေရွာမှ သေဆုံးသူများ သောက်မိကြသော အရက်ဆီကို ယင်းရွာမှ ဦးစံထွန်းဆိုသူက စစ်တွေမြို့ရွှေနဒီတိုက်တန်း အနောက်ဘက်မှ ဟိန်းဒုတ်မဆိုင် (ဟိန္ဒူမဆိုင်) မှ မှာယူခဲ့ခြင်းဖြစ်သည် ဟု ပြောဆိုမှုများ ထွက်ပေါ်နေသော်လည်း ယင်းအချက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို ပိန္နဲချောင်းကျွန်းပေါ်မှ ပိန္နဲချောင်းရွာ၊ ကြက်သရေရွာတို့အပြင် ကျောက်ကုတင်ရွာ၊ ရွှီပုတေရွာ အစရှိသည့်ရွာများတွင် ဤတစ်ရက်နှစ်ရက်အတွင်း အရက်တုကြောင့် နေထိုင်မကောင်းသူ အနည်းဆုံး ဆယ့်လေး ဆယ့်ငါးယောက်ခန့်ရှိကြရာ လေးငါးယောက်ခန့်မှာ စစ်တွေ ဆေးရုံကြီးသို့ လာရောက်ပြ သခဲ့ကြသည် ဟု ဆိုသည်။
todaymyanmar

ပုဂံယဉ်ကျေးမှုဒေသကို ကောင်းကင်မှ ရဟတ်ယာဉ်ဖြင့် လည်ပတ်စီးနင်းခွင့် ခရီးစဉ်သစ်လာမည်


ပုဂံယဉ်ကျေးမှုဒေသတွင် နိုင်ငံတကာ ခရီးသည်များကို လည်ပတ်လေ့လာမှု ပုံစံသစ်အဖြစ် ဒေသတစ်ဝိုက် ရဟတ်ယာဉ်ဖြင့် ကောင်းကင်မှ လေ့လာကြည့်ရှုသည့် အစီအစဉ်ကို ပြည်တွင်းကုမ္ပဏီ တစ်ခုက တင်ပြထားကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ၁၂-၇-၂၀၁၃ ရက်တွင် သိရသည်။ ယင်းကဲ့သို့ ပုဂံယဉ်ကျေးမှု ဒေသကို ကောင်းကင်မှ ရဟတ်ယာဉ်ဖြင့် စီးနင်းလေ့လာ ကြည့်ရှု့ခြင်း အစီအစဉ်မှာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်လာတော့မည် ဖြစ်ပြီး နိုင်ငံတကာ ခရီးသွားများကလည်း စိတ်ဝင်စားနေကြသည်ဟု သိရသည်။ ''ပြည်တွင်းကုမ္ပဏီ တစ်ခုက တင်ပြထားတာပါ။ ကုမ္ပဏီနာမည်ကိုတော့ ပြောလို့ မဖြစ်သေးလို့ပါ။ ပုဂံယဉ်ကျေးမှု ဒေသတစ်ခုလုံးကို ရဟတ်ယာဉ်နဲ့ ပျံသန်းပြီး ခရီးသည်ကို ပြသခွင့်အတွက် ဒီရက်ပိုင်းလေးကပဲ တင်ပြထားတာ''ဟု လေကြောင်း ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ခရီးသည်များကို ရဟတ်ယာဉ်ဖြင့် ပုဂံဒေသတစ်ဝိုက် လှည့်လည်ပြသခြင်းတွင် သင့်တင့်သော ဈေးနှုန်း တစ်ရပ် ကောက်ခံရယူ သွားမည့် ပုံစံမျိုးဖြစ်ပြီး လေကြောင်းညွှန်ကြားမှု ဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာနများက စိစစ်မှုပြုလုပ်နေသည်ဟု သိရသည်။ ''ဥပမာပြောရရင် Ballon Over Bagan လိုမျိုးပေါ့။ မိုးပျံပူးဖောင်းတော့ မဟုတ်တော့ဘဲ ရဟတ်ယာဉ်နဲ့ ဖြစ်သွားတာပေါ့''ဟု ဦးဝင်းဆွေထွန်းက ပြောကြားသည်။
Ballon Over Bagan တွင် နာမည်ကြီး ပြည်တွင်းလုပ်ငန်းစု FMI က ၀င်ရောက်ပြီး ရှယ်ယာထည့်ဝင် ရင်းနှီးမြှုပ်နှံထားကာ ခရီးသည် ဆွဲဆောင်ရေး အစီအစဉ်များကို တိုးမြင့်မည်ဟု ကြေငြာချက် ထုတ်ပြန်ထားဖူးသည်။ ''ရဟတ်ယာဉ် ပျံသန်းတာဆိုတော့ လုံခြုံစိတ်ချရမှုတွေ၊ လေကြောင်း လုံခြုံရေးတွေ အတွက် ညှိနှိုင်းစရာတွေ ရှိသေးတယ်။ ဒါ့ကြောင့် စီစစ်မှုတွေ လုပ်နေတာ''ဟု ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ပုဂံယဉ်ကျေးမှု ဒေသသည် နိုင်ငံတကာက စိတ်ဝင်စားသော ခရီးစဉ် တစ်ခု ဖြစ်ပြီး ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု့ခွင့် ရပါက နိုင်ငံတကာ ခရီးသည်များကြား ပို၍ ရေပန်းစားလာဖွယ် ရှိနေသည်ဟု သိရသည်။

ပြည်မြန်မာ

မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာ လေးထောင်ကျော် နေရပ် ပြန်ခေါ်မည်

မလေးရှားနိုင်ငံ၌ တရားမဝင် နေထိုင်မှုကြောင့် အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၄၀၀၀ ကျော်ကို နေရပ် ပြန်ခေါ်မည်ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရက မိန့်ကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ရန်အတွက် နယ်စပ်များမှ တရားမဝင် (အောက်လမ်းဖြင့်) သွားရောက်သဖြင့် အဖမ်းခံရသူများနှင့် ပတ်စ်ပို့၊ ဗီဇာ သက်တမ်း ကုန်ဆုံးခြင်းကြောင့် အဖမ်းခံရပြီး အကျဉ်းကျခံနေရသည့် မြန်မာ လုပ်သား လေးထောင်ကျော်အနက် ၁၇၀ ကျော်သည် ဇူလိုင်လ ၁၆ ရက်နေ့က သီတဂူ ဆရာတော် ဦးဆောင်သည့် သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ကွာလာလမ်ပူမှ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) စင်းလုံးငှား လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း MAI ထံမှ သိရှိရသည်။

ယင်းလူ ၁၇၀ ကျော်တွင် အမျိုးသမီး အချို့၊ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ် အချို့နှင့် ဒဏ်ရာ ရရှိထားသူများလည်း ပါဝင်သည်ကို တွေ့ရှိရသည်။

တရားမဝင် နေထိုင်မှုများကြောင့် မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသားများ အားလုံး လွတ်မြောက်နိုင်ရန် ဆောင်ရွက်နေပြီး ၎င်းတို့ကို ခေါ်ဆောင်ရန် စုစုပေါင်း အမေရိကန် ဒေါ်လာ ငါးသိန်းခန့် ကုန်ကျနိုင်ကြောင်း သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက The Voice သို့ မိန့်ကြားထားသည်။

“အခုတော့ ဒေါ်လာ နှစ်သိန်းလောက် ထပ်လိုသေးတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာ မလေးရှားနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလက တရားမဝင် ဝင်ရောက် ခဲ့ရာမှ မလေးရှားနိုင်ငံသို့ ရောက်ရှိသည့် နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင် တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးမြလင်းသည် ထောင် သုံးလနှင့် ကြိမ်ဒဏ် တစ်ချက် ပြစ်ဒဏ်ခံခဲ့ရကြောင်း အကျဉ်းထောင်က လွတ်မြောက်ပြီးနောက် ဒုက္ခသည် စခန်းတွင် နေထိုင်ခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူများအနက် တစ်ဦးဖြစ်သည့် ကရင် တိုင်းရင်းသား တစ်ဦးက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ တာဝန်ရှိသူများ အကျဉ်းထောင်ထဲသို့ လာရောက်ကာ မြန်မာနိုင်ငံသို့ အခမဲ့ ပြန်ခွင့်ရမည်ဟု ပြောဆိုကြောင်း၊ မြန်မာနိုင်ငံ လေဆိပ်ကို ရောက်ပါက လမ်းစရိတ် ထပ်မံပေးမည်ဆိုသဖြင့် နေအိမ်ကို ပိုက်ဆံ မမှာထားဘဲ ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာလေဆိပ် ရောက်သည့်အခါ လမ်းစရိတ် မပေးသဖြင့် နေရပ်ပြန်ရန် စရိတ်မရှိသောကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြောဆိုသည်။

“မလေးရှားကို ရောက်တဲ့နေ့ အဖမ်းခံရတယ်။ ၁၅ ရက် ထောင်ထဲမှာ နေခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရန်အတွက် လူတစ်ဦးလျှင် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနကို ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၄၀၀၊ လေဆိပ် အကောက်ခွန်ကို ၂၅ ဒေါ်လာ ပေးဆောင်ရပြီး လေယာဉ် စင်းလုံးငှား တစ်ကြိမ် ပျံသန်းမှုအတွက် ဒေါ်လာ ၄၀,၀၀၀ ကျသင့်မည် ဖြစ်သည်။
The Voice Weekly

မျိုးစောင့်ဥပဒေကို ပြည်ထောင်စု အဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာမှသာ စဉ်းစားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

မျိုးစောင့်ဥပဒေကို ပြည်ထောင်စုအဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာမှသာ စဉ်းစားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။မျိုးစောင့်ဥပဒေကို ပြည်ထောင်စုအဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာမှသာ စဉ်းစားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
လွှတ်တော်က ဥပဒေပြုရေး တာဝန်ပါ။ အမှန်မှာတော့ ဥပဒေပြုဖို့ဆိုရင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အစိုးရက ဥပဒေကြမ်း ပြုရတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ကို ဥပဒေကြမ်း တင်ပြရတာ ရှိပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဒါကိုဆွေးနွေးရတာ ရှိပါတယ် . . . . .
ဇူလိုင် ၁၈ ရက်က ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သော မြန်မာဂျာနယ်လစ် ကွန်ရက်အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ တွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"လွှတ်တော်က ဥပဒေပြုရေး တာဝန်ပါ။ အမှန်မှာတော့ ဥပဒေပြုဖို့ဆိုရင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အစိုးရက ဥပဒေကြမ်း ပြုရတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ကို ဥပဒေကြမ်း တင်ပြရတာ ရှိပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဒါကိုဆွေးနွေးရတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်မှာရှိတဲ့ လုပ်ထုံးလုပ်နည်းတွေအရ သက်ဆိုင်ရာက တင်ပြလာမယ်လို့ ဆိုရင်တော့ စဉ်းစားဆောင်ရွက် ပေးပါ့မယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည်ဖြေကြားသည်။
လက်ရှိအချိန်တွင် အဆိုပါ မျိုးစောင့်ဥပဒေ ဆိုသည်နှင့် ပတ်သက်၍ ထောက်ခံကြောင်း အများပြည်သူ၏ လက်မှတ်များကို စုဆောင်းနေပြီး တစ်နိုင်ငံလုံးတွင် လက်မှတ်ပေါင်းနှစ်သန်းကျော် စုဆောင်းရရှိနေပြီဟု သတင်းများ ထွက်ပေါ်နေကာ အဆိုပါ ဥပဒေကို လွှတ်တော်သို့ပါ တင်ပြမည်ဟု ပြောဆိုနေကြကြောင်းလည်း သိရသည်။

Eleven

ဆိုတေးသတိရလာချိန်မှာဇနီးမဟုတ်ကြောင်းငြင်းဆိုရင်မချိုချိုမှတရားစွဲဆိုမည်ဟုဆို

တေးသံရှင်ဆိုတေးရဲ့ဇနီးဖြစ်တယ်လို့ပြောဆိုသူထိုင်းနိုင်ငံမှမချိုချိုကဆိုတေးသတိရလာတဲ့အချိန်မှာသူ့ကိုဇနီးမဟုတ်ဘူးလို့ငြင်းဆိုရင်ဆိုတေးအားတရားစွဲဆိုသွားမယ်လို့သည်နေ့Myanmar Journalist Network မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
မချိုချိုနဲ့ဆိုတေးတို့ကပြီးခဲ့တဲ့ဇွန်လ၂၇ ရက်နေ့မြ၀တီမှာစတိတ်ရှိုးအတွက်သီဆိုဖို့ငှားရမ်းရာကစတင်တွေ့ဆုံပြီးဇူလိုင်လ၄ရက်နေ့
ဘန်ကောက်မှာအတူပေါင်းသင်းနေထိုင်ခဲ့ကြောင်းပြောပါတယ်။
မချိုချိုအနေနဲ့ဆိုတေးကိုဘန်ကောက်မှာဆေးကုသပေးဖို့ဆန္ဒရှိကြောင်းလည်းသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
သည်အကြောင်းအရာနဲ့ပတ်သက်ပြီးဆိုတေးရဲ့အဒေါ်ဖြစ်သူကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ `ဘာမှဖြေရှင်းဖို့မရှိပါဘူး။ဒီအမျိုးသမီး
ဘယ်ကပေါ်လာမှန်းမသိပါဘူး။ဆိုတေးပြန်ကောင်းလာမှပဲဒီကိစ္စသိရမှာပါ'လို့ပြောပါတယ်။

modern news journal

အထိုင်များသော အလုပ်ကြောင့် စောစော စီးစီး သေဆုံးစေနိုင်


တစ်ခါထိုင်ရင် သုံးလေး နာရီကျော် ကြာတဲ့ သူတွေကို လေ့လာခဲ့ရာ စောစော စီးစီး သေဆုံး နိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခု အရ သိရပါတယ်။
အမေရိကန် လေ့လာမှု အရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန် မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုးသားတွေ မှာတော့ အချိန် မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာ တွေ့ရှိ ရပါတယ်။ သြစတြေးလျ လေ့လာမှုအရ လူတွေက အထိုင်များ လေလေ၊ ဘ၀ သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကို တွေ့ရပါတယ်။

အထိုင်များသူတို့အတွက် ဖြေရှင်းနည်း

အထိုင်များတဲ့ အလုပ်လုပ် ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။ ဖုန်းကို ရပ်ပြီးပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုးလုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့် အစား မကြာခဏ ရေသောက် လိုက်၊ အိမ်သာ သွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။

မြ၀တီ

ကိုရီးယား မမ ၏ ဖက်ရှင်အဆန်းကြောင့် ဒီဇိုင်းကိုပွဲတတ်သူတွေနဲ့ သတင်းထောက်တွေ မျက်လုံးပြူးစေခဲ့


ပြီးခဲ့တဲ့ သတင်းပတ်က တောင်ကိုရီးယားနိုင်ငံ Bucheon မှာကျင်းပခဲ့တဲ့ ကိုရီးယားနိုင်ငံတကာရုပ်ရှင်ဆုပေးပွဲ Puchon International Fantastic Film Festival ပွဲမှာပါ။ အဆိုပါပွဲမှာ အခြားနည်မည်ကျော်တွေထက် လူအများစိတ်ဝင်စားခံခဲ့ရတဲ့ တောင်ကိုရီးယားမော်ဒယ်လ်မင်းသမီးဖြစ်တဲ့ Yeo Min Jung ဝတ်လာတဲ့ Fashion ဒီဇိုင်းကိုပွဲတတ်သူတွေနဲ့ သတင်းထောက်တွေ မျက်လုံးပြူးစေခဲ့ပါ တယ်။ ကိုးရို့ကားရားနိုင်တဲ့ အဝတ်စားဒီဇိုင်းနှင့်ပွဲတက်လာတဲ့ လမ်းတစ်လျှောက် မှာလည်း မလုံတလုံဖုံးဖိကာ လူအများကြည့်ရှုရတဲ့ အထိပွဲဆူစေခဲ့ပါတယ်။ အဆိုပါမင်းသမီးဟာ တောင်ကိုရီးယားပြည်တွင်းမှာ လူသိနည်းမော်ဒယ်လ် မင်းသမီးဖြစ်ပြီး ယခုလိုပွဲတက်ဝတ်ဆင်လာတာဟာ တမင်နာမည်ကြီး အောင်များဖန်တီးလာတာလားလို့ အများကဝေဖန်နေကြပါတယ်။

မြ၀တီ

ကျွဲသူခိုး ၇ ဦးကို ကျွဲများနှင့် အတူ ပေါက်တောရဲက ဖမ်းဆီး


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီ ကျွန်းကျေးရွာအနီး ပင်လယ်ပြင်တွင် ကျွဲခိုးလာသူ ဘင်္ဂလီ ၇ ဦးကို ဒေသခံများ၏ အကူအညီဖြင့် ပေါက်တော ရဲက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

သူတို့ကို ဒေသခံများနှင့် ရဲတာဝန်ရှိသူများ ပူးပေါင်းပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ပေါက်တောရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဌေးက ဖမ်းဆီးရမိသော ကျွဲများမှာ ခိုးယူလာခြင်းကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ပြောသည်။

“ လှေတစ်စီးမှာ ကျွဲ ၄ကောင်နဲ့ ဘင်္ဂလီ ၇ ယောက်ပါ။ အခု ပေါက်တော ရဲစခန်းကို ရောက်ပါပြီ။ သူတို့ကို ငပြီကျွန်း ရွာမ ရွာသားတွေနဲ့ ကျွန်တော်တို့  ဘုတ် ၃-၄ စီးနဲ့ ၀ိုင်းဖမ်းကြပါတယ်။ ဖမ်းမိတဲ့အခါ ၀ယ်လာတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ လက်ထဲကို ရောက်လို့ စစ်ဆေးတဲ့အခါ ဟင်းခရိုကျေးရွာက ခိုးယူလာတာလို့ ပြောပါတယ်။ အခုတော့ ခိုးယူလာတာ ထင်ရှားသွားပါပြီ” ဟု ဒုရဲအုပ်က ဆိုသည်။



ယခု ဖမ်းဆီးရမိသော ကျွဲခိုးသူများသည်  အနောက်ရဲ ကယ်ဆယ်ရေး စခန်းတွင် လက်ရှိ နေထိုင်ကြသူများ ဖြစ်ကြသည်ဟု ပြောသည်။

ဖမ်းဆီးရမိသူ ၇ ဦးနှင့် အမည်နှင့် သူတို့၏ နေရင်ရင်းမှာ  ၁။ တေလာဟူဆောင်း (၂၇) နှစ် (ဖ)အဘူကာဆန် – အနောက်ရဲ မူဆလင်ရွာ၊ ၂။ ရော်ဘီ အာလောင် (၂၂)နှစ်၊ (ဖ) နူမာလာကိန်း – ရပ်ကွက် (၃) ပေါက်တော ၃။ ဆွေယော့ကာလောင် (၂၇ )နှစ်၊ (ဖ) မာမောက် ဆွေယော့- ငါးဝက်ချောင်း မူဆလင်ရွာ၊ ၄။ ရှော်နာယာ (၂၁)နှစ်၊ (ဖ) အာကိန်းမာလီ – ငါးဝက်ချောင်းရွာ၊ ၅။ အူစ်ပန်ဂူနီ (၃၀)နှစ်၊ (ဖ) ကာလိဂျာ- ငါးဝက်ချောင်း မူဆလင်ရွာ၊ ၆။ အဘူကာလောင် (၄၀)နှစ်၊ (ဖ) အာနီရင်းဂျာ- ကံပြင် မူဆလင်ရွာ၊ ၇။ ရော့ကာလောင် (၁၈)နှစ်၊ (ဖ) ရော်ကီး-  ငါးဝက်ချောင်း ဘီရွာတို့ ဖြစ်သည်။

ယခုအခါ ဖမ်းဆီးရမိသူများကို ကျွဲခိုးမှုဖြင့် တရားစွဲဆိုထားသည်ဟု ဒုရဲအုပ် ဦးသန်းဌေးက ပြောသည်။

“ ဟုတ်ပါတယ်။ အရေးယူဖို့ဆိုတာကတော့ ပုဒ်မ ၃၇၉ (တ) /၅၄ ခိုးမှုမသင်္ကာမှုနဲ့ လောလောဆယ်ဖမ်းပါ တယ်။ ဖမ်းလို့ပြီးမှ အခုအချိန်မှာ ဟင်းခရိုက ကျွဲပိုင်ရှင် ရောက်လာပါတယ်။ ဟင်းခရိုက ကျွဲပိုင်ရှင်က အဓိက တရားလို ဖြစ်သွားပါဖို့။ ဒါကြောင့် ပုဒ်မ ၃၇၉ (တ) အရ ကျွဲခိုးမှုနဲ့ တရားစွဲဆိုထားပါတယ်။”

လွန်ခဲ့သော လကလည်း ပေါက်တောမြို့နယ် ၀လမ်းနှင့် ၀လမ်းကုန်းကျေးရွာများမှ ကျွဲနွားကောင်ရေ ၃၀ ခန့် ပျောက်ဆုံးခဲ့သော်လည်း သက်ဆိုင်ရာမှ တရားခံများကို ယခုအချိန်ထိ ဖေါ်ထုတ်နိုင်ခြင်း မရှိဟုသိရသည်။

ယခုအခါ ပေါက်တောမြို့နယ် မင်းငူကျွန်းအတွင်းရှိ ၀လမ်း၊ တောလယ်၊ အုန်းတောနှင့် ဂြင်းချောင်းကျေးရွာ များတွင် ကျွဲနွားများ အလွန်တရာ ပျောက်ဆုံးမှုများရှိနေသဖြင့် ၎င်း ကျွဲနွားများ မပျောက်ရအောင် တားဆီးကာ ကွယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ လုပ်ဆောင်နေသည်ဟု စုံစမ်း သိရှိရသည်။

ပေါက်တောမြို့နယ် အနောက်ရဲ ကယ်ဆယ်ရေးစခန်းတွင် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက လုံခြုံရေး တာဝန်ယူထားသော်လည်း ယခုကဲ့သို့ ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီများက အပြင်ထွက်ပြီး ပတ်ဝန်းကျင် ကျေးရွာများကို သွားရောက်ကာ ကျွဲနွားများ ခိုးယူနေကြသည့်အပေါ် ဒေသခံများက သံသယဖြစ်နေကြ သည်ဟု သိရှိရသည်။

နိရဉ္စရာ- ၂၀ ဇူလိုင် ၂၀၁၃ -  မောင်ရမ္မာ

ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်


Browse › Home › မြန်မာ့သတင်း » ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်
(၂၀.၇.၂၀၁၃)နေ့ က မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့အနီး ၀င်းပြန်ကျေး ရွာတွင် ခရီးသည်တင် ဟိုင်းလတ်တစ်စီး တိမ်းမှောက်သွား ခဲ့သဖြင့် ကားအား ဆွဲထောင်ပေးရန် ကရိန်းယာဉ်လိုအပ်လျှက်ရှိရာ ဘီးလင်းမြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံးရှိ TE ကားကရိန်းအား သွားရောက် အကူညီတောင်းခံရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှ ကားထောင်ခ တစ်ခုထဲကို ကျပ်(၁)သိန်းပေးရမည် ဖြစ်ကြောင်း၊ ကားအား ရဲစခန်းသို့ ဆွဲပြီး ပို့ပေးရလျှင် နောက်ထပ် (၁)သိန်းပေးရမည် ဖြစ်ကြောင်းနှင့် ယခုကားတစ်စီးအား သွားဆွဲပေးခဲ့ရာ (၁)သိန်းခွဲရခဲ့ကြောင်း ပြောပါသည်။

ဟိုင်းလတ်ကားမှ ငွေမတပ်နိုင်သဖြင့် ၀င်းပြန်ကျေးရွာသို့ ပြန်ခဲ့ပြီး ရွာရှိပြည်သူများ၏ အကူအညီဖြင့် အဆိုပါကားအား ၀ိုင်းဝန်းကူညီပေးခဲ့ရာ ကားမှာ အဆင်ပြေသွား ခဲ့သည်။

ပြည်သူ့ဝန်ထမ်းတစ်ဦးမှာ ဒုက္ခရောက်နေသော ပြည်သူများကို ကူညီရန်တာဝန်ရှိပါသည်။ ငွေမျက်နှာတစ် ခုထဲကိုသာကြည့်သော ဘီးလင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာလို ၀န်ထမ်းမျိုး ခေတ်ပြောင်း စနစ်ပြောင်းတွင် မရှိတော့သင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Thant Zin

ကိုယ်အလေးချိန် လျှော့ချနိုင်သည့် ဒူဘိုင်းမြို့ခံများ ရွှေသားဆု ရရှိမည်


ပင်လယ်ကွေ့ ဒေသရှိ ချမ်းသာကြွယ်ဝသော အာရပ်နိုင်ငံတွင် အဝလွန်မှု တိုက်ဖျက်ရေး စီမံကိန်းတစ်ခုကို အစိုးရက ဖော်ဆောင်ရန် စီစဉ်ခဲ့ပြီး ယခုကမ်းလှမ်းချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်

UAEနိုင်ငံ၊ ဒူဘိုင်းမြို့တော် အုပ်ချုပ်ရေးအဖွဲ့သည် မြို့ခံလူထုအား ကိုယ်အလေးချိန် သိသိသာသာ လျှော့ချနိုင်ပါက ရွှေသားဖြင့် ဆုချသွားမည်ဟု မက်လုံးပေး ကြေညာလိုက်သည်။ ပင်လယ်ကွေ့ ဒေသရှိ ချမ်းသာကြွယ်ဝသော အာရပ်နိုင်ငံတွင် အဝလွန်မှု တိုက်ဖျက်ရေး စီမံကိန်းတစ်ခုကို အစိုးရက ဖော်ဆောင်ရန် စီစဉ်ခဲ့ပြီး ယခုကမ်းလှမ်းချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ရက်(၃၀)အတွင်း ကိုယ်အလေးချိန် သိသိသာသာ လျှော့ချနိုင်ရေး စိန်ခေါ်မှုသည် သောကြာနေ့က စတင်အကျုံးဝင်ခဲ့ပြီး အစ္စလာမ် ဘာသာ၏ မြင့်မြတ်သော ရာမာဒန် ဥပုသ်လနှင့်လည်း အချိန် တိုက်ဆိုင်နေသည်။ ယင်းဥပုသ်လအတွင်း အစ္စလာမ် ဘာသာဝင်တို့သည် နေရောင်ကျရောက်နေသော နေ့ပိုင်းကာလတွင် အစာစားခြင်း၊ ရေသောက်ခြင်းတို့အား ရှောင်ကြဉ်သည့် အလေ့အထကို ကျင့်ကြံကြသည်။

ဒူဘိုင်းတွင် အဝလွန်သည့် ကိစ္စသည် ပြဿနာ တစ်ခုသဖွယ် ကြီးမားကျယ်ပြန့်လာပြီးနောက် အစိုးရက ကူးစက်ရောဂါ တစ်ခုဟုပင် တင်စား သတိပေးခဲ့သည်။ သောကြာနေ့တွင် ယခုစိန်ခေါ်မှုအတွက် မှတ်ပုံတင်သူ ဒူဘိုင်း ဒေသခံတိုင်းသည် ဩဂုတ်လ (၁၆)ရက်နေ့၌ ကိုယ်အလေးချိန် ပြန်လည်တိုင်းတာပြီး ကိုယ်အလေးချိန် တစ်ကီလိုဂရမ် လျော့ကျတိုင်း ရွှေသား (၁)ဂရမ် လက်ဆောင်ရမည် ဖြစ်သည်။ ယင်းသည် ပေါက်ဈေးအားဖြင့် (၄၂)ဒေါ်လာမျှ ရှိနေသည်။ ဒူဘိုင်း အာဏာပိုင်များက "သင့်ကိုယ်အလေးချိန်အတွင် ရွှေသား"ဆိုသော အမည်ဖြင့် ယခု အစီအစဉ်ကို ကြေညာခဲ့သည်။

ကိုယ်အလေးချိန် အများဆုံး လျှော့ချနိုင်သူ (၃)ဦးကို ဒေါ်လာ (၅၄၀၀) တန်ဖိုးရှိသည့် ရွှေဒင်္ဂါးများ သီးခြား ချီးမြှင့်မည်ဟု ဆိုသည်။ သို့သော်လည်း ယခုအစီအစဉ်တွင် ပါဝင်သူတိုင်းသည် အနည်းဆုံး ကိုယ်အလေးချိန် (၂)ကီလိုဂရမ် [(၄.၄)ပေါင်] လျော့ကျမှ စစ်ဆေးမှု အောင်မြင်သည့် စာရင်းတွင် အကျုံးဝင် ထည့်သွင်းမည် ဖြစ်သည်။ "သတ်မှတ်ချက်တွေတော့ ရှိတယ်။ ပြိုင်ပွဲဝင်တွေဟာ သတ်မှတ်နည်းလမ်းတွေအတိုင်း အစားအသောက် လျှော့ချဖို့ လိုပါတယ်။ ကျန်းမာရေးအတွက် မသင့်တော်တဲ့ နည်းလမ်းတွေကို အသုံးပြုတာမျိုးကို တားမြစ်ထားတယ်"ဟု ဒူဘိုင်း မြူနီစီပယ်အဖွဲ့က ကြေညာသည်။

ဒူဘိုင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက UAE နိုင်ငံတွင်ရော၊ အနီးဝန်းကျင် အာရပ်နိုင်ငံ အချို့တွင်ပါ အဝလွန်မှု တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံ လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။ ဒူဘိုင်းတွင် အဝလွန်မှုသည် တစ်စထက်တစ်စ ကြီးထွားလာနေပြီး အထူးသဖြင့် ကလေးများပါ ကိုယ်အလေးချိန် လွန်ကဲနေခြင်းအပေါ် တာဝန်ရှိသူများက စိုးရိမ်နေကြသည်။

Planet Myanmar Network

သန်လျင်မြို့နယ်တွင် လူသတ်မှုဖြစ်


ရန်ကုန်၊ ဇူလိုင် ၂၀

၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာနေ ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက် အဖြစ်အလုပ် လုပ်ကိုင်ပြီး နေအိမ်သို့ ပြန်လာစဉ် အိမ်နီးချင်း ဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူ မဥမ္မာဝင်း၏ ပထမ အိမ်ထောင် အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း
ပြောပြချက်အရ ၎င်း၏ ယာဉ်မောင်းဖြစ်သူ ဦးလှဌေးနှင့် (၆)လမ်းဆုံ ရဲကင်းတာဝန်ကျ ရဲတပ်ကြပ်ကြီး ဌေးဝင်းတို့အား အကြောင်းကြားခေါ်ယူကာ နေအိမ်သို့သွားရောက် ကြည့်ရှုရာ နေအိမ်တွင် ဇနီးဖြစ်သူ မဥမ္မာဝင်းမှာ ၀ဲ/ယာ လည်ပင်း၊ ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်း ခဲ့သောကြောင့် သန်လျင်မြို့မရဲစခန်း (ပ) ၆၆၇/၂၀၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းရာ မဥမ္မာဝင်း၏ မထမအိမ်ထောင်ဖြစ်သူ အောင်ကျော်ဝင်း၊ (၃၂)နှစ်၊ (ဘ)ဦးသန်းမောင်၊ (၉)ရပ်ကွက်၊ သုံးခွမြို့နယ်နေသူမှ မဥမ္မာဝင်းအားလာရောက်ခေါ်ဆောင်ရာ
မရသဖြင့် ဓါးဦးချွန်၊ သံချွန်တို့ဖြင့် ထိုးခဲ့၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံအောင်ကျော်ဝင်းအား ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်းသတင်း ရရှိပါသည်။

Yangon Police

ကားနောက်ကြည့်မှန်ခိုးသူညီညီအောင်အား လုံခြုံရေးတပ်ခွဲမှ ဖမ်းဆီးစစ်ဆေးရာ ကားနောက်ကြည့်မှန်ခိုးမှု (၁၂)မှုဖေါ်ထုတ်နိုင်


ရန်ကုန်၊ ဇူလိုင် ၂၀

၎.၆.၂၀၁၃ရက်နေ့ ၂၁၀၀အချိန် အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင် လမ်းနေ ဒေါ်ဌေးဌေကြွယ်မှ ကုမ္ပဏီရှေ့တွင်ရပ်ထားသော ယာဉ်အမှတ် ၄င/----- KLUGER ယာဉ်၏ နောက်ကြည့်မှန် (တန်ဘိုး၅၀၀၀၀ကျပ်) မှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် အလုံမြို့မရဲစခန်းသို့
တိုင်ကြားခဲ့ရာ (ပ)၁၂၇/၂၀၁၃၊ ပုဒ်မ ၃၇၉ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေး ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် မသင်္ကာသတင်းရရှိသူ ညီညီအောင်(ခ)ကျားကြီး၊ (ဘ)ဦးမြဟန်အား ၁၅.၇.၂၀၁၃ရက်နေ့တွင် သီရိမင်္ဂလာဈေးသစ်အနီး၌တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေးခဲ့ရာ အဆိုပါအမှုအား ၄င်းမှခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သိမ်းဆည်းရမိခဲ့ပါသည်။

ညီညီအောင်(ခ)ကျားကြီးအားအခြားခိုးမှုများပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့ရာ ၄င်းသည် ကားနောက်ကြည့်မှန်ခိုးမှုများ
ဖြစ်သော တာမွေမြို့နယ်အတွင်းမှ (၂)မှု၊ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းမှ(၁)မှု၊ ရန်ကင်းမြို့နယ်အတွင်းမှ(၁)မှု၊ ဗိုလ်တထောင် မြို့နယ်အတွင်းမှ(၁)မှု၊ အလုံမြို့နယ် အတွင်းမှ(၁)မှု၊ ဒဂုံမြို့နယ်အတွင်းမှ(၁)မှု၊ ပန်းဘဲတန်းမြို့နယ်အတွင်းမှ(၁)မှု၊ စမ်းချောင်းမြို့နယ် အတွင်းမှ(၁)မှု၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းမှ
(၁)မှု၊ လှိုင်မြို့နယ်အတွင်းမှ(၁)မှု၊မရမ်းကုန်းမြို့နယ်အတွင်းမှ(၁)မှု၊ စုစုပေါင်းကားနောက်ကြည့်မှန်ခိုးမှု (၁၂)မှုအားထပ်မံ
ဖေါ်ထုတ်နိုင်ခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

့Yangon Police

မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွား

အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ခေမာသီ လမ်းဆုံအကြား ဇူလိုင် ၁၈ ရက် ည ၉ နာရီကျော်က ယာဉ်ကြောပိတ်ဆို့ နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြောက်ဥက္ကလာပမြို့နယ် ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆိုးရွားသည့် ယာဉ်ကြော ပိတ်ဆို့မှုမှာ ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီ မှ စတင်ဖြစ်ပွားရခြင်း ဖြစ်ပြီး ည ၁၀ နာရီကျော်မှ ပြန်လည်ရှင်းလင်း နိုင်ခဲ့သည်။ ထိုကဲ့သို့ ဖြစ်ပွားရခြင်းမှာ အောင်မင်္ဂလာ အဝေးပြေးဝင်းထိပ်ရှိ ယာဉ်အ၀င်အထွက်လိုင်းများ ရှုပ်ထွေးမှု ဖြစ်ပွားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မင်္ဂလာ အဝေးပြေးဝင်းထိပ်တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်နေသူ ကိုအောင်သူက ''မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ကားနဲ့ အဝေးပြေးကားတို့ တစ်ဖက်နဲ့တစ်ဖက် မလျှော့လို့ စဖြစ်တာပါ'' ဟု ဆိုသည်။
ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းမှ ယာဉ်လိုင်းများ ထွက်ရှိမှုအချိန် နှစ်နာရီကျော်ကြာ နှောင့်နှေးခဲ့ပြီး မြို့တွင်းပြေးဆွဲနေသော ယာဉ်လိုင်းများမှ ခရီးသည်များ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်။
မြတ်မန္တလာထွန်း အဝေးပြေးယာဉ်လိုင်းမှ ဂိတ်မှူးဖြစ်သူ ကိုလွင်ဦးက ''အဓိကဖြစ်တဲ့ အောင်မင်္ဂလာ အဝေးပြေးဝင်း အ၀င်၊ အထွက် ကားစနစ်တွေက ဒီယာဉ်ကြော ပိတ်ဆို့မှုတွေကို ပိုဖြစ်စေတယ်။ အခု သူတို့ ကားအ၀င်အထွက် လုပ်လိုက်တဲ့ စနစ်က အတွင်းမှာပဲ အဆင်ပြေတယ်။ အပြင်ကား အ၀င်၊ အထွက်တွေမှာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကြောင့် တာဝန်ရှိသူတွေ အနေနဲ့ ကားစနစ်ကို ပြန်လည်ပြင်ဆင် ပေးစေချင်တယ်'' ဟု ဆိုသည်။
၎င်းအပြင် အောင်မင်္ဂလာ အဝေးပြေးဝင်းထိပ်ရှိ အမှတ် (၃) လမ်းမကြီးပေါ်တွင် ယာဉ်ရှင်းလင်း ပေးနေသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ ယာဉ်ရှင်းလင်းပေးမှုမှာ လိုအပ်နေကြောင်း၊ သင့်တော်မည့် သူများကို အစားထိုး တာဝန်ပေးရန် လိုအပ်ကြောင်း အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူများက ပြောကြားသည်။
စည်းစိမ်ရှင် ယာဉ်လိုင်းမှ ဂိတ်မှူးဖြစ်သူက ''အဓိကကျတဲ့ အချက်က လမ်းမပေါ်မှာ ထွက်လာတဲ့ကားတွေကို ရှင်းလင်းတဲ့ သူတွေက အရေးကြီးတယ်။ ဒါပေမဲ့ အခုလုပ်ဆောင်နေတဲ့ သူတွေက ပေါ့ဆနေတယ်။ ကားမောင်းတဲ့ သူတွေကတော့ ခေါင်းရရင် ခေါင်းထိုးမယ်၊ လွတ်ရင်ဝင်မယ်။ အဲဒါကို ထိန်းညှိပေးနိုင်မယ့် သူတွေကိုသာ ဒီမှာ ထားစေချင်တယ်'' ဟု ဆိုသည်။

ဗြိတိန်အမျိုးသမီး၏ ဦးခေါင်းထဲတွင် အသားစား ပိုးလောက်များ ရောက်ရှိနေ

အသက်(၂၇)နှစ်ရှိ ရိုချဲလ်ဟားရစ်သည် ယခုနှစ်အတွင်း ချစ်သူနှင့်အတူ ပီရူးနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ သူမသည် တောင်အမေရိကတိုက်ရှိ နိုင်ငံတွင် လည်ပတ်ခဲ့ပြီးနောက် နေရပ်သို့ ပြန်လာစဉ် လေယာဉ်ပေါ်တွင် ကတည်းက ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရ

ဗြိတိန်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် အားလပ်ရက် အလည်အပတ် ခရီးမှအပြန် ခေါင်းကိုက်မှုကို စစ်ဆေးရာ ဦးခေါင်းထဲ ရောက်နေသည့် အသားစား ပိုးလောက်များကို ခြောက်ခြားဖွယ်ရာ တွေ့မြင်ခဲ့ရသည်။ အသက်(၂၇)နှစ်ရှိ ရိုချဲလ်ဟားရစ်သည် ယခုနှစ်အတွင်း ချစ်သူနှင့်အတူ ပီရူးနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ သူမသည် တောင်အမေရိကတိုက်ရှိ နိုင်ငံတွင် လည်ပတ်ခဲ့ပြီးနောက် နေရပ်သို့ ပြန်လာစဉ် လေယာဉ်ပေါ်တွင် ကတည်းက ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရသည်။ ထို့အပြင် သူမ၏ မျက်နှာတွင် နာကျင်မှုအချို့ ရှိခဲ့ပြန်သလို နားထဲတွင် ဆူဆူညံညံ အသံများ ကြားနေရသည်။ ထို့နောက် နားထဲမှ အရည်အချို့ပါ စိမ့်ထွက်ခဲ့သည့်နောက် ရိုချဲလ်သည် ဆရာဝန်များနှင့် တိုင်ပင်ရန် ဆုံးဖြတ်ခဲ့သည်။

အစောပိုင်းက ဆရာဝန်များသည် ရိုချဲလ်တွင် အသေးစား နားတွင်း ပိုးမွှားဝင်ရောက်မှု တစ်ခုခု ဖြစ်နေသည်ဟုသာ ယူဆခဲ့သည်။ သို့သော်လည်း စစ်ဆေးမှုများ ပြုလုပ်အပြီးတွင်မူ အသားစား လောက်ကောင်များ သူမ၏ နားထဲတွင် ရှိနေသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ရသည်။ ဖြစ်ပုံမှာ ပီရူးတွင် ရှင်သန်နေထိုင်လေ့ရှိသည့် Screw Worm Fly ခေါ် ယင်ကောင် တစ်မျိုးသည် ရိုချဲလ်၏ နားတွင် ဥများ ဥချခဲ့ပြီး ယင်းတို့မှ ပေါက်ဖွားလာသည့် လောက်ကောင်များသည် သူမ၏ နားထဲတွင် ကမ္ဘာသစ်တစ်ခု တည်ထောင်ရန် တပ်ဖွဲ့တစ်ခု စုစည်းနေခြင်းဟု သိရသည်။ ရိုချဲလ်၏ နားပြွန်ထဲတွင် (၁၂)မီလီမီတာမျှ အနက်ရှိသည့် တွင်းငယ်တစ်ခုကို ယင်းတို့က လှိုက်စား တူးဖော်ထားသည်။

ရိုချဲလ်အတွက် ကံကောင်းခဲ့သည်မှာ အဆိုပါ ပိုးမွှားများသည် အဓိက သွေးကြောကြီးများကို မထိပါးသေးသလို ဦးနှောက်နှင့်လည်း ဝေးကွာနေဆဲ ဖြစ်နေခြင်းဟု ဆိုသည်။ ဒါဘီအရပ်တွင် နေထိုင်သော အမျိုးသမီးကို ဆရာဝန်များက ခွဲစိတ်ကုသမှု ပြုလုပ်ကာ ယင်းပိုးလောက်များကို ဖယ်ရှားပေးခဲ့ပြီးနောက် ယခုအခါ ရိုချဲလ်သည် အပြည့်အဝ သက်သာ ကောင်းမွန်လာနေပြီဟု သိရသည်။ ရိုချဲလ်၏ သဘောတူညီမှုအရ သူမ၏ ဝေဒနာ ဖြစ်စဉ်ကို မှတ်တမ်းတင်ကာ Discovery Channelအတွက် "Bugs၊ Bites and Parasites"ဆိုသော အမည်ဖြင့် ရိုက်ကူးထားခဲ့သည်။

ယင်းသို့သော သက်ရောက်မှုတွင် လူနာအနေဖြင့် အတိအကျ ကြိုတင် မှန်းဆ၍ မရသော ဝေဒနာ လက္ခဏာများ ပြသတတ်ကြောင်း ပညာရှင်များက ဆိုသည်။ တော်ဝင်ဒါဘီ ဆေးရုံမှ သုတေသီများသည် အစောပိုင်းက သာမန် ပြဿနာဟုသာ ထင်ခဲ့သော်လည်း ရိုချဲလ်၏ နားတွင်းပြွန်တွင် အပေါက်ငယ် တစ်ခုကို တွေ့ရှိရာမှ မျက်လုံးပြူးလောက်စရာ အခြေအနေကို ကြုံလာရခြင်း ဖြစ်သည်။ "ကျွန်မအမေက ဆရာဝန်ကို ဘာမြင်လဲလို့ မေးတယ်။ ဆရာဝန်က ပြောသင့် မပြောသင့် ချင့်ချိန်နေတော့ အမေက ပြောပြဖို့ တိုက်တွန်းတယ်။ ဒီတော့ နားထဲမှာ လောက်တွေ ရှိနေတယ်လို့ ကျွန်မကို ဆရာဝန်က ပြောပါတယ်။ ကျွန်မ ချက်ချင်းပဲ ငိုလိုက်မိတယ်"ဟု ရိုချဲလ်က သူမ၏ အတွေ့အကြုံကို ရှင်းပြခဲ့သည်။

ဆရာဝန်များက အပြင်ဘက်မှနေ၍ ပိုးလောက်များကို ရယူရန် ကြိုးစားသော်လည်း ဆေးဝါး ထောက်ပံ့မှုက လောက်များကို ဦးနှောက်ဘက် ပိုမို တိုးဝင်သွားမည်ကို စိုးရိမ်ခဲ့ရသည်။ "ကျွန်မ သိပ်ကြောက်ခဲ့တယ်။ ကျွန်မရဲ့ ဦးနှောက်ထဲသာ သူတို့ ရောက်သွားရင် ဘယ်လိုလုပ်မလဲ။ တကယ့်ကို ဆိုးရွားလွန်းတဲ့ အခြေအနေပဲလေ"ဟု ရိုချဲလ်က ဆိုသည်။ နောက်ဆုံးတွင် ဆရာဝန်များက အရေးပေါ် ဦးနှောက် Scanဖတ်မှု ပြုလုပ်ပြီးနောက် သူမ၏ ကျန်းမာရေးကို စစ်ဆေးစေခဲ့သည်။ သို့သော်လည်း သတင်းကောင်းအဖြစ် လောက်ကောင်များ၏ ဦးနှောက်ကို ထိရောက်တိုက်ခိုက်မှု မရှိသေးကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် နားစည်၊ မျက်နှာ အာရုံကြော ဆဲလ်များနှင့် အဓိက သွေးကြောများကိုပါ ဆိုးကျိုးသက်ရောက် မနေချေ။ မည်သို့ပင်ဖြစ်စေ နားပြွန်လမ်းကြောင်းတွင် အနက်(၁၂)မီလီမီတာစာမျှ အသားကို လောက်များက စားသောက်ထားပြီး ဖြစ်နေသည်ကို ဆရာဝန်များ ဖော်ထုတ် တွေ့ရှိခဲ့သည်။

ဆရာဝန်များသည် နားထဲသို့ သံလွင်ဆီ လောင်းထည့်ကာ ယင်းအဖျက်ပိုးမွှားများကို တိုက်ဖျက်ရန် ကြိုးစားခဲ့သည်။ "တစ်ညလုံး စောင့်ခဲ့ရတယ်။ ကျွန်မဘဝမှာ အရှည်ကြာဆုံး နာရီတချို့ပဲ"ဟု ရိုချဲလ်က ဖွင့်ဟခဲ့သည်။ "အဲဒီကောင်တွေကို ကျွန်မကိုယ်ထဲက မြန်မြန် ထွက်သွားစေချင်တယ်။ ခုချိန်မှာ ကျွန်မခေါင်းထဲက အသံတွေ မြည်နေတဲ့ ခံစားချက်ဟာ ဘာကြောင့်လဲ သိနေပြီလေ။ ပိုဆိုးလာသလို တွေးမိတယ်"ဟုလည်း သူမက ဆိုသည်။ နောက်တစ်နေ့တွင် ဆရာဝန်များက သူမ၏ နားကို စစ်ဆေးရာ လောက်ကောင်များသည် သန်သန်မာမာပင် ဆက်လက် ရှင်သန်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းတို့အနက် (၂)ကောင်ကို ဖယ်ထုတ်နိုင်သော်လည်း ထပ်၍ ကျန်နေမည်ကို ဆရာဝန်များက စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ခွဲစိတ် ဆရာဝန်များက နားလမ်းကြောင်းထဲ မှန်ပြောင်းငယ် ထည့်သွင်းပြီး စစ်ဆေးရာ တုန်လှုပ်လောက်စရာ မြင်ကွင်းနှင့် ကြုံခဲ့ရသည်။

ဆရာဝန်များက လူးလွန့်နေသော လောက်ကောင်စုကြီးကို သနားစရာ အမျိုးသမီး၏ နားထဲတွင် တွေ့မြင်ခဲ့ရသည်။ အနည်းဆုံး အကောင်ကြီး (၈)ကောင်မျှသည် ရိုချဲလ်၏ နားထဲတွင် ပျော်ပါး ကျက်စားနေကြောင်း သိရှိလာပြီးနောက် ရိုချဲလ်ကို ခွဲစိတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အပြင်ရောက်နေသည့် လောက်ကောင်များကို ဓာတ်ခွဲစမ်းသပ်၍ မူရင်းမျိုးနွယ်ကို ခြေရာခံခဲ့ရာ ပီရူးရှိ ရွှံ့နွံများတွင် ကျက်စားတတ်သည့် Screw Worm Fly ယင်ကောင်များ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ နောက်ပိုင်းတွင်မူ ခွဲစိတ်မှု အောင်မြင်သလို ရိုချဲလ်၏ နားထဲမှ စက်ဆုပ်ဖွယ် ကပ်ပါးကောင်များကို အပြီးတိုင် ရှင်းထုတ်နိုင်ခဲ့သည်။ ယခုအခါ ရိုချဲလ်တွင် မည်သည့် ခေါင်းကိုက်မှု၊ နာကျင်မှု၊ ခေါင်းထဲမှ အသံမြည်မှုမျိုးမျှ မရှိတော့ချေ။ တစ်စထက်တစ်စ သက်သာပျော်ရွှင်လာသည့် ရိုချဲလ်က "ကျွန်မတော့ ပိုးကောင်တွေကို အရင်ကလောက် ရွံတတ်တော့မယ် မထင်ဘူး။ ကိုယ့်ခေါင်းထဲကို ဒီလိုကောင်မျိုး ရောက်ခဲ့တယ် ဆိုတာကို တွေးကြည့်လိုက်လေ"ဟု ပြောကြားသွားသည်။

Planet Myanmar Network

ဒေါ်လာ ၄၀၀ တန် ငါးမန်း မကိုက်မယ့် ဝတ်စုံ


သြစတြေးလျကုမ္ပဏီ တခုကနေ ငါးမန်းရန်က ကာကွယ်ပေးနိုင်တဲ့ ပထမဆုံး ဝတ်စုံကို ထုတ်လုပ်ရောင်းချလိုက်ပါပြီ။

ရေလွှာလျှောစီးသူတွေနဲ့ ရေငုပ်သူတွေကို ငါးမန် တိုက်ခိုက်မယ့် အန္တရယ်ကနေ အကာ အကွယ်ပေးအောင် ဒီဝတ်စုံ ဒီဇိုင်းထွင် ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။

ငါးမန်းတွေ ကနေ သူတို့ သားကောင်ကို ဘယ်လို ဘယ်ပုံ ရှုမြင်ကြတယ် ဆိုတဲ့ အချက်ကို သုတသနပြုပြီး ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

အမဲနဲ့ အဖြူ အဆင်းကျား ဝတ်စုံ ဒီဇိုင်းကတော့ ဒါဟာ စားလို့ မကောင်းတဲ့ အစာဆိုပြီး ငါးမန်းကို သိစေမှာဖြစ်ပြီး၊ နောက်ပုံစံ ကတော့ ငါးမန်း မတွေ့အောင် လုပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

မနှစ်တုန်းက ဆိုရင် ကမ္ဘာ့ တဝန်း ငါးမန်းကိုက်မှု ၈၀ လောက် ဖြစ်ပွားခဲ့ပါတယ်။ ဒီဝတ်စုံတွေကို ငါးမန်းကျးကြီး တွေနဲ့ အောင်မြင်စွာ စမ်းသပ် အသုံးပြု ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဝတ်စုံ တထည်ကို ဒေါ်လာ ၄၀ဝ လောက်ပေးရမယ်လို့လည်း သိရပါတယ်။

မမတို့ အတွက်.. အန္တရာယ်ရှိသော ကြက်တောင်ပံများ..


အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..

ကြက်တောင်ပံကြော်ကို နေ့ စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်
အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…

ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။

မကြာသေးမီက အမျိုးတမီး တယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး
ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…


အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...

သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ ပဲ ထင်ခဲ့တာပေါ့..

ဒါပေမယ့်.. သူထင်တာနဲ့ တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ်..

ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…
ဒုက္ခပါပဲနော်..
သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..

ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့..
ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်.. မေးခွန်းက သူမအတွက်တော်တော်ကိုထူးဆန်းနေတယ်....


ကြက်တောင်ပံကို နေ့ စဉ်ရက်ဆက်စားသလား .. တဲံ့...

သူမက.. စားပါတယ် လို့ ပဲဖြေတယ်.. စားလဲ စားတာကိုး..

သူမ ကြက်တောင်ပံကြော်အမြဲတမ်းစားနေကျဆိုတာ ဘယ်လိုသိပါသလဲလို့  တောင်အံ့သြတကြီးပြန်မေး မိသေးတယ်..

ကဲကြည့်.. ဘာကြောင့်သူဒီလိုရောဂါဖြစ်တာလဲ ..

ဒီနေ့ ခေတ်မှာ
့ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို Steroids ဟိုမုန်းတွေပါတဲ့ကြီးထွားဆေးတွေ သုံးလာကြပါတယ်.. .

Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့.တောင်ပံနဲ့ လည်ပင်းနေရာတွေမှာ
ပဲ အမြဲထိုးပေးလေ့ရှိတယ်..
ဒါကြောင့်. Steroids ဟိုမုန်းတွေအများဆုံးစုနေတဲ့နေရာကတော့တောင်ပံနဲ့ လည်ပင်းတွေမှာပါပဲ..
ဒီ Steroids ဟိုမုန်းတွေဟာ မြန်မြန်ကြီးထွားစေတတ်တဲ့သဘောကြောင့် ခန္ဒာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်လာတာပေါ့..

ဒါဟာဘာအတွက်လဲ..
တကယ်တော့ သူတို့ ရဲ့ လိုအပ်ချက်က .. ကြက်တွေမြန်မြန်ကြီးထွားလာစေဖို့ ပဲမဟုတ်လား… .
ဒါပေမယ့်.. အခု အမျိုးသမီးတွေကို တိုက်ရိုက် ထိခိုက်လာပါပြီ…


အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မ.ဟော်မုန်းတွေကိုပါ အန္တရာယ် ကျရောက်စေတဲ့အပြင်..

ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေတတ်တဲ့ ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်..

အမျိုးသမီးတို့ မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေ ရှိကြတာပေါ့နော်.. ဒါပေမယ့်..
အမျိုးသမီးကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို့ ရာ ပိုပြီိးအရေးကြီးပါတယ်..

ဒါကြောင့် မမတို့ုကို ဝေမျှလိုက်ပါတယ်နော်.. မမတို့ ခန္ဒာကိုယ် အလှမပျက်ရအောင် ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင် ကြက်တောင်ပံ ကို နေ့ စဉ်ရက်ဆက် စားသုံးခြင်းက နေ တတ်နိုင်သလောက် လျှော့စားကြပါလို့ ...

အခြား မမ .တွေ.. (မမ.ရှိသူတွေ) ဆီကိုလဲ ဒါကို လက်ဆင့်ကမ်းပေးကြပါဦးနော်
ခင်မင်စွာဖြင့်..
Ng_h0^^_y3!N
(Sharon How (Singapore Medical Association) ဧ။် Beware Chicken Wings ကိုဆီလျှော်အောင်ဘာသာပြန်သည်။)
Ref: http://www.sma.org.sg/

P.S.U.S, Canada နှင့် Europe မှာတော့ ဒါကိုသူတို့ နိုင်ငံတွေမှာ တရားမ၀င်ပါဘူးလို့ ငြင်းဆန်ထားပါတယ်..
တိရိစ္ဆာန်တွေကိုဆေးထိုးခြင်း အစာကျွေးခြင်းတွေမှာ ဒီလို ဟော်မုန်းတွေသုံးခွင့်မပြုဘူးလို့ ပြောပါတယ်..
ဒီထဲမှာ ထပ်တွေ့ ရတာက အမျိုးသားတယောက် ဟာ ကြက်လည်ပင်းနဲ့ ထမင်းကိုပဲ နှစ်နှစ်ခြိုက်ခြိုက် နှစ်အတော်ကြာ စားခဲ့ပြီးနောက့် သူ့ ရဲ့ရင်ဘတ်တွေဟာ ကြီးထွားလာတာပါတယ်တဲ့..
ရွှေမြန်မာဥယျာဉ်မှတဆင့်ဖော်ပြသည်။

လွှတ်တော်ထဲမှာ နှုတ်ဆိတ်မနေတော့မယ့် uniform များ



ရန်ကုန်မြို့၏ ဒုတိယမြောက် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းအား ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်တွင် စတင်တည်ဆောက်ပြီး အခန်းဈေးနှုန်းများ မသတ်မှတ်ရသေး

ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်တွင် စတင်တည်ဆောက်နေသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း ပုံစံငယ်အား တွေ့ရစဉ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်၍ အောင်မြင်တိုးတက် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်သည့် ရန်ကုန်မြို့၏ ဒုတိယမြောက် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအား ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်၊ ဗိုလ်မင်းaရာင်လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်တွင် စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ စီမံကိန်းအား ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းဟု အမည်ပေးထားပြီး စတင်တည်ဆောက်ရန် ပန္နက်တင်ခြင်းကို ဇူလိုင် ၁၀ ရက်တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှာ အကျယ်အ၀န်း ၁၁ ဒသမ ၇၂ ဧကပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး လေးခန်းတွဲ ရှစ်ထပ်တိုက် အိပ်ခန်းသုံးခန်းပါ အဆောက်အအုံ ငါးလုံးနှင့် လေးခန်းတွဲ ရှစ်ထပ်တိုက် အိပ်ခန်းသုံးခန်းပါ အဆောက်အအုံ အလုံး ၂၀ စုစုပေါင်း ၂၅ လုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊  အဆောက်အအုံများ တည်ဆောက်ရာတွင် လေ၀င်လေထွက် ကောင်းမွန်ခြင်းနှင့် အလင်းရောင် ရရှိခြင်းများကို ထားရှိဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ယင်းအိမ်ရာ စီမံကိန်းတွင် မော်တော်ယာဉ် အစီးရေ ၈၄၀ ခန့် ရပ်နားနိုင်သည့် ယာဉ်ရပ်နားရန် နေရာများပါ ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး အဆောက်အအုံ တစ်လုံးလျှင် ဓာတ်လှေကားနှစ်စင်းစီ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြင်ပဆောက်လုပ်ရေး လုပ်ငန်းများဖြင့် ပူးပေါင်း၍ တန်ဖိုးမျှတ အိမ်ရာစီမံကိန်း စုစုပေါင်းလေးခု အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ယခုနှစ် မတ်လအတွင်းက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်တွင် အခန်းပေါင်း ၄၀၀ ကျော် ပါဝင်သည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ပထမဆုံး အကောင်အထည် ဖော်ခဲ့ကြောင်း၊ ယင်းအိမ်ရာ စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်၍ Myanmar V Pile ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခု ဗိုလ်မင်းရောင် စီမံကိန်းမှာ ဒုတိယမြောက် စီမံကိန်းဖြစ်ပြီး တတိယမြောက်အဖြစ် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၆၂ ရပ်ကွက် ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ဧရာဝဏ် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို အကောင်အထည် ဖော်မည်ဖြစ်ပြီး စတုတ္ထမြောက် အနေဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၃၀ ရပ်ကွက်တွင် မင်းရဲကျော်စွာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများအား ပြီးစီးပါက အခန်းဈေးနှုန်းများအား မြေဖိုးမပါဘဲ တည်ဆောက်မှု ကုန်ကျစရိတ်များအတိုင်း ရောင်းချပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်သည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ပြောကြားထားသည်။
သို့အတွက် ယခုတည်ဆောက်နေသည့် အိမ်ရာစီမံကိန်း နှစ်ခု၏ အခန်းဈေးနှုန်းများကိုလည်း တွက်ချက်၍ မရသေးခြင်းကြောင့် မသတ်မှတ်ရသေးကြောင်းနှင့် ယင်းအခန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ယခုစည်ပင်မှ အကောင်အထည်ဖော်မည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှာ အခန်းဈေးနှုန်းများ မသတ်မှတ်ရသေးသော်လည်း ကျပ်သိန်း ၂၀၀၊ ၃၀၀ နှင့်အထက် ရှိနိုင်၍ သာမန်ပြည်သူများ ၀ယ်ယူရန် မလွယ်ကူကြောင်း သိရသည်။

ဒုရဲအုပ်နဲ့ အဖွဲ့ အောင်မင်္ဂလာ ကားဝန်း အတွင်းမှာ ပြန်တန်ဆာခန်းများနဲ့ ဆိုင်ကယ်များအား ဖမ်းဆီးငွေတောင်း


ယနေ့  ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်း(၁)နာရီခွဲလောက်မှ စတင်ပြီး ရန်ကုန်မြို့ အောင်မင်္ဂလာကားဝန်း အတွင်းရှိ အနှိပ်ခန်းအမည်ဖြင့် ဖွင့်လှစ်ထားသော ပြည်တန်ဆာ အခန်းများသို့ ဒုရဲအုပ်ကျော်မင်းစိုးနှင့် တပ်သားသက်ပိုင်၊ တပ်သားမျိုးမင်းဦး တို့သည် တစ်ခန်းလျှင် ငွေ(၅၀၀၀၀)ကျပ်နူံးဖြင့် လိုက်လံတောင်းယူခဲ့ ကြောင်း သတင်းရရှိပါသည်။

ထိုအပြင် အဆိုပါ ဒုရဲအုပ်နှင့် အဖွဲ့ မှ နံနက်ပိုင်း(၅)နာရီခွဲလောက်တွင် အောင်မင်္ဂလာ ကားဝန်း ရှိ လိုင်းစင်မဲ့ ဆိုင်ကယ်(၇)စီးအား ဖမ်းဆီးကာ ရဲကင်းတွင် ခေါ်ဆောင်သွားပြီး တစ်စီးလျှင်(၃၀၀၀၀)ကျပ် ဒဏ်ငွေဆောင်ခိုင်းကာ ပြန်လွှတ်ခဲ့ ကြောင်းလည်း မျက်မြင်တွေ့ ရှိသူတွေ ပြောပြချက် အရ သိရပါသည်။

by Myanmar News Now 

iPhone 5S တွင် လက်ဗွေ စစ်ဆေး စနစ် ပါလာမည်


iPhone 5S မှာ အသစ်ပါလာမယ့် Patent တစ်ခုလို့ ဆိုပါတယ်။ ဘယ်ဖုန်းက မှ မစဉ်းစားသေးတဲ့ နည်းပညာပါ။ လက်ဗွေစနစ် - Fingerprint scanner ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဖုန်း လုံခြုံရေးစနစ်အတွက် လက်ဗွေ နဲ့ ပိတ်တာမျိုး၊ ကုမ္မဏီ၊ ရုံးတွေမှာ အဝင်အထွက်အတွက် အသုံးပြုတာမျိုးကို အခြားစက်ပစ္စည်းများ တကူးတက ဝယ်နေစရာ မလိုတော့ပါဘူး။ နောက်ပိုင်း ယင်း Finerprint Scanner နဲ့ Online banking စနစ်တွေမှာတောင် အသုံးပြုလို့ ရအောင် ဖန်တီးတယ်လို့ ခန့်မှန်းနေကြပါတယ်။

လက်တလော သိထားတဲ့ Fingerprint Scanner ကတော့ iPhone Security အတွက်သာ ဖြစ်ပါတယ်။ Feature စုံစုံလင်လင်နဲ့ iPhone 5S ကို စက်တင်ဘာလမှာ မြင်တွေ့နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုးယူသူအားဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဇူလိုင် ၂၀

၁၉.၇.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊(၇)ရပ်ကွက်၊ဆားလင်းဘုန်ကြီးကျောင်းဝင်း အတွင်း ရွှေမုဌောစေတီရှေ့တွင် ထားရှိသည့် အလှူခံပုံး၏မှန်အား ခဲနှင့်ထုခွဲ၍ အလှူငွေများအားခိုးယူနေကြောင်းသတင်းအရ ပုဇွန်တောင်ဈေးအနီးလုံခြုံရေးတာဝန် ထမ်းဆောင်နေသော ပုဇွန်တောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်စစ်ဆေး ဖမ်းဆီးရာ ကျောက်တန်းမြို့နယ်၊ (၁၃)ရပ်ကွက်နေ မငွေခိုင်နွယ်၊
(၂၉)နှစ်၊ (ဘ)ဦးသက်လွင်မှ အလှူငွေ(၁၄၄၀၀)ကျပ်အားခိုးယူကာ ၄င်း၏လွယ်အိတ်အတွင်း ထည့်ထားကြောင်းရှာဖွေတွေ့ရှိ
သိမ်းဆည်း ရမိသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း(ပ)၁၅၅/၂၀၁၃၊
ပုဒ်မ ၃၇၉/၂၉၅ဖြင့် အရေးယူ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြောင်းဖူးနှင့် နှလုံးရောဂါ


ပြောင်းဖူး စားသုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်သည်ဟု ကနေဒါ ဆေးသိပ္ပံ ပညာရှင်များ၏ သုတေသန ပြုချက်တွင် ဖော်ပြ ထားသည်။

ပြောင်းဖူးသည် ပူနွေး စိုစွတ်သော ရာသီဥတုတွင် ဖြစ်ထွန်းသော အသီးအနှံ တမျိုး ဖြစ်သည်။ ပြောင်းဖူးသည် ချိုသော အရာသာရှိသည့် အပြင် အနည်းငယ် ဖန်သော အရသာလည်း ရှိသည်။

ပြောင်းဖူးတွင် ဗီတာမင် ဘီ1၊ ဗီတာမင် ဘီ5၊ ဗီတာမင် စီ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ ပါဝင်သည်။ ထို့အပြင် အမိုင်နိုအက်ဆစ်နှင့် အသားဓာတ်များလည်း ပါဝင်သည်။

ပြောင်းဖူး ပုံမှန် စားသုံးပေးပါက နှလုံး သွေးကြောများကို သန်မာစေသည်။ နှလုံးသွေးကြော စီးဆင်းမှုကို အထောက်အကူ ပြုစေသည်။ ထို့အပြင် အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားမှု ကိုလည်း လျှော့ချနိုင်သည်ဟု အဆိုပါ သုတေသန ပြုချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပြောင်းဖူး စားသုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ် ပေးနိုင်ရုံ သာမက ကင်ဆာ ရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချ ပေးနိုင်သည်ဟု ကနေဒါ ဆေးသိပ္ပံ ပညာရှင် များက ပြောကြား ခဲ့သည်။

မင်းစောထက်

အမေ ကို သားဖြစ်သူမှ အဓမ္မပြုကျင့်မှု ဖြစ်ပွား


၁၈.၇.၂၀၁၃ ရက်နေ့ (၂၁၀၀) အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ၊  မြန်အောင်မြို့နယ် ၊ ဇလုပ်ကြီးအုပ်စု ၊ ပိန်းအင်းကျေးရွာနေ ၊ ဒေါ်---- (၅၆) နှစ် သားဖြစ်သူ ကျော်မင်းထိုက် (၂၂) နှစ် ၊ တို့သည် တစ်ရွာတည်းနေ ကျော်နိုင်မှ ဒုတ်နှင့်ပစ်၍ ဒဏ်ရာ ရရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် တိုင်ကြားပြီးနောက် အတူပြန်လာစဉ် ဦးသိန်းမြင့်၏ လယ်စောင့်တဲ အရောက် အရက်ပုလင်းကျန်ရစ်ခဲ့၍ လယ်စောင့်တဲအတွင်း သွားရောက်ယူမည်ဟု ပြော၍ မိခင်အား လယ်စောင့်တဲ့ အတွင်း ခေါ်သွားပြီးနောက် ကျော်မင်းထိုက်မှ ၄င်း၏ မိခင် ဒေါ်မစိန်အား သားမယားအဖြစ် အတင်းအဓမ္မ ပြုကျင့်မည်ပြုလုပ်စဉ် မိခင် ဒေါ်မစိန်မှ “ သားရယ် အမေလေ အဲသည်လို မလုပ်ရဘူး ” ဟု ပြောရာ ရုန်းရဲရုန်းကြည့် ရုန်းလျှင် ဓါးနှင့် ထိုးမည်ဟု ခြိမ်းခြောက် ပြောဆို၍ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မြန်အောင်မြို့နယ် ၊ ရွှေကျင်ရဲစခန်းတွင် (ပ) ၃၁ / ၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆  အရ အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရှိရပါသည်။

Myanmar News Now

၂၀၁၅ တွင် သမ္မတ မလုပ်ဟု ဦးသိန်းစိန်ပြော

သမ္မတဦးသိန်းစိန်နှင့် ဘီဘီစီ တွေ့ဆုံမေးမြန်းစဉ်။ ဓာတ်ပုံ - သတင်းစဉ်

၂၀၁၅ တွင်ပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲတွင် သမ္မတနေရာ ဝင် ရောက်ယှဉ်ပြိုင်သွားမည်ဟု သ တင်းထွက်ပေါ်နေသော နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ကျန်းမာ ရေးအရ ဝင်ရောက် ယှဉ်ပြိုင် မှာမ ဟုတ်ကြောင်းနှင့် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မိမိ၏ ပြိုင်ဘက်များ မဟုတ် ကြောင်း လန်ဒန်တွင်ပြုလုပ်ခဲ့ သော ဘီဘီစီရုပ်သံနှင့် တွေ့ဆုံမေး မြန်းခန်းတွင် အတိအလင်း ထုတ် ဖော်ပြော ကြားခဲ့ သည်။

သမ္မတ ဦးသိန်းစိန်က ၂၀၁၅ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ရန် မိမိ၏ကျန်း မာရေးနှင့် အသက်အရွယ်အရ သမ္မတဒုတိယသက်တမ်းအတွက် အစီအစဉ်မရှိကြောင်း၊ မိမိအနေ ဖြင့် ငြိမ်းချမ်းရေး၊ နိုင်ငံ၏စီးပွား ရေး ဖွံ့ဖြိုး တိုးတက်ရေး နှင့် လူငယ် များအတွက် ကောင်းမွန်သောအ နာဂတ်ဖန်တီးပေးနိုင်ရေးတို့အား စဉ်းစားပေးနေခြင်းကြောင့် သမ္မတ ဝင်ရွေးမည်ဟု အတိအလင်းထုတ်ဖော် ပြောကြားနေသော သူရဦးရွှေ မန်းနှင့် ဒေါ်အောင်ဆန်း စုကြည် တို့သည် မိမိ၏ပြိုင်ဘက်များ မ ဟုတ်ကြောင်း ဇူလိုင်၁၆ရက် မွန်း လွဲ၁၂နာရီခွဲက Pancras Renissance ဟိုတယ်တွင် ဘီဘီစီသတင်း ဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်း ခန်းတွင် ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ၂၀၁၅ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲတွင် လက် ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်တို့သည် သမ္မတဝင်ရောက် အရွေးခံမည်ဟု သတင်းများထွက် ပေါ်နေပြီး ကာယကံရှင်များကိုယ် တိုင်ကပင် သမ္မတလုပ်ချင်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ယင်းနှင့်ပတ်သက်၍ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက ''ကျွန်တော်က အစက တည်းက သမ္မတရဲ့ကျန်းမာရေး အရရော၊ စိတ်ရင်းစေတနာအရ ရော မူလကတည်းက နားချင်တာ လို့ သိရတယ်။ အစိုးရအနေနဲ့ လွတ် လွတ်လပ်လပ် လုပ်လာရတော့ တိုင်း ပြည်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာတွေ့ရတယ်။ အင်န် အယ်လ်ဒီကို လွှတ်တော်ထဲဝင်လို့ ရအောင်၊ မီဒီယာလွတ်လပ်ခွင့်ရ အောင်၊ အကျဉ်းသားတွေလွှတ် ပေးတာတွေကအစပေါ့။ အခုတော့ ပေါ်ပေါ်တင်တင်ပြောနေတဲ့ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့အကြားမှာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရ နားလည်မှုတစ်စုံတစ် ရာရှိနေတယ်လို့ထင်တယ်။ ပြည် ခိုင်ဖြိုးအနေနဲ့လဲ ပြည်သူလူထုရဲ့ ထောက်ခံမှုရအောင် ကြိုးစားကြ မှာပေါ့။ ဒေါ်စုတို့အနေနဲ့လဲ အ နိုင်ရခဲ့လဲ သူ သမ္မတလုပ်လို့မရ တောင် လွှတ်တော်ဥက္ကဋ္ဌလုပ်ပြီး တခြားတစ်ဦးဦးကို တင်လို့ရတာ ပဲလေ''ဟု သုံးသပ်ပြောသည်။

နိုင်ငံရေးလေ့လာသူတစ်ဦး က ''ဒီလိုဆုံးဖြတ်တာဟာ သူ့အ တွက် ကောင်းတယ်လို့မြင်တယ်။ သူ့ကျန်းမာရေးအရ ဒီလိုဆုံးဖြတ် တာကောင်းပါတယ်။ ဒါပေမဲ့ တိုင်း ပြည်အတွက် မကောင်းဘူးလို့လဲ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်က ရိုးသားပြီး တိုင်းပြည် အတွက် တကယ်လုပ်ပေးချင်တဲ့ သူ၊ တစ်ဖက်ကလဲ တိုင်းပြည်ကို တကယ်ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုး တက်အောင် လုပ်ပေးချင်တဲ့သူ ဆိုတော့ ဒီနှစ်ဦးပြိုင်တာ ဘယ် သူနိုင်နိုင် တိုင်းပြည်အတွက် စိတ် ပူစရာမရှိဘူးလို့မြင်တယ်''ဟု ပြော သည်။

Yangon Media Group

ဒေါ်အောင်ဆန်းစုကြည်အား ရန်သူလို ဆက်ဆံနေမည် ဆိုပါက မကောင်းသည့် သမိုင်းကြောင်းကို ပြန်ရောက် သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား


ဇူလိုင် ၁၈ ရက်က လွှတ်တော် အတွင်းရှိ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမတွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းကို တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)

ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့်အခါမျှ ရန်ဖြစ်မည် မဟုတ်ကြောင်းနှင့် ရန်သူကဲ့သို့သာ ဆက်ဆံနေမည် ဆိုပါက ယခင်ကကဲ့သို့ မကောင်းသည့် သမိုင်းကြောင်းကို ပြန်ရောက်သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိဆောင်၊ မီဒီယာခန်းမ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်မှ အဖွဲ့ဝင် သတင်းထောက်များ၊ အယ်ဒီတာများတို့ တွေ့ဆုံရာတွင် သူရဦးရွှေမန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
''သတင်းသမားတွေမေးရင် ရိုးရိုးပဲမေးပါ။ ရန်မတိုက်ပေးပါနဲ့။ ကျွန်တော်တို့ ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ်ပါဘူး'' ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလည်း...
တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ ရင်းနှီးကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုသည်မှာလည်း စာထဲတွင်သာ ရှိနေသေးပြီး လက်တွေ့ မရှိသေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်သည့်အခါတွင် ပါတီတစ်ခုနှင့်တစ်ခု ရန်သူလို သဘောထားပြီး ဆက်ဆံ ဆောင်ရွက်နေမည် ဆိုပါက ပြီးခဲ့သည့် အတိတ်ကာလ သမိုင်းကြောင်းကို ပြန်ရောက် သွားနိုင်သည်ဟု ထည့်သွင်း ပြောကြားသည်။


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)

''အရင်တုန်းက အင်မတန်မှ အင်အားကြီးပြီး စည်းလုံးညီညွတ်ခဲ့တာ ဖဆပလ ပါတီပါ။ အဲဒီနောက်ပိုင်း ပထစ ပေါ်လာတယ်။ နောက် ပမညတ ပေါ်လာတယ်။ အဲဒီတုန်းက ပါတီတစ်ခုနဲ့ တစ်ခုဟာ မိတ်ဖက် လုပ်ဖော်ကိုင်ဖက်လို သဘောမထားဘဲ ရန်သူလို သဘောထားပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီကစပြီး အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့တယ်။ ဒါကြောင့် ဒါတွေကို သင်ခန်းစာယူပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာတဲ့ အခါမှာ NLD ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ပြောရမယ်ဆိုရင် အဲဒီပါတီရဲ့ ခေါင်းဆောင် ဖြစ်သလို တစ်စိတ်တစ်ပိုင်းသော ပြည်သူလူထုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ ဒီပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ ဆက်ဆံတဲ့ အခါမှာ ရန်သူလို ဆက်ဆံနေမယ်ဆိုရင် မကောင်းတဲ့သမိုင်းကို ပြန်ရောက်သွားလိမ့်မယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလည်း ခေါင်းဆောင်များကို ကြည့်ပြီး ညီညွတ်လာမည် ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက် ပြောကြားသွားသည်။

ဗိုလ်ချုပ်က နာရင်းထတီးမယ့် လက်ရှိလူကြီးများ



အာဇာနည်နေ့ သြဥဆွဲချိန် တာမွေ ဈေး ရှေ့ မြင်ကွင်း



ထိုင်းဘုန်းကြီး ၀ီရပေါကို ဖမ်းရန် ထိုင်းအစိုးရက အမိန့် ထုတ်ပြန်


ထိုင်းအစိုးရက ထိုင်းဘုန်းကြီး ၀ီရပေါဆွပ်ဖိုကို အသက်မပြည့်သေး သူများအား အဓမ္မကျင့်မှု၊ လှူဒါန်းငွေများကို အလွဲသုံးစားမှုနှင့် အွန်လိုင်းမှ တစ်ဆင့် လိမ်လည် စည်းရုံးမှုများဖြင့် တရားစွဲ ထားခဲ့ပြီး ဖမ်းမိန့် ထုတ်ပြန် ကြေညာထား ကြောင်းသိရသည်။

21-7-2013 ရက်(တနင်္ဂနွေနေ့)ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာမှ


ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကပ်ပွဲ ဦးရွှေမန်းတက်ရောက်


အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီနေ့ပြုလုပ်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက မိသားစုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ဆွမ်းကပ်ပွဲဟာ အထူးခြားဆုံးဖြစ်သလို၊ ပဏ္ဍိတရာမရွှေတောင်ကုန်း ဆရာတော်ကြီးကလည်း ကိုယ်ကျိုးမကြည့်ပဲ ပူးပေါင်းဆောင်ရွက်ကြဖို့ တရားဒေသနာချီးမြှင့်တယ်လို့ အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက RFA ကို ပြောပါတယ်။

"သိပ်ထူးခြားတာ၊ ကျနော်တောင် အံ့သြသွားတယ်၊ ကျနော်က အလယ်ခေါင်က၊ ဘယ်ဘက်က ကိုရွှေမန်း၊ ညာဘက်က ဒေါ်အောင်ဆန်းစုကြည် တရားနာကြတယ်၊ အစအဆုံး ရေစက်ချတဲ့အထိပေါ့၊ ထမင်းစားဝိုင်းကျတော့ တစ်ဝိုင်းထဲပါပဲ၊ ကျနော်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သူရရွှေမန်းရယ်၊ နောက်သူရရွှေမန်းဇနီးရယ် အဲဒါအလှူတုန်းက၊ နောက်ပြီးတော့ ပဏ္ဍိတဆရာတော်ကြီးကတော့ ဒီနှစ်တရားဟောတာ ဒီလိုပဲပြေလည်အောင် လုပ်ကြတဲ့ကိစ္စတွေမှာကတော့ စေတနာအရင်းခံဖြစ်နဲ့ သွားကြတယ်ဆို ကောင်းတယ်ပေါ့နော်၊ တခါတလေကျတော့လည်း ကိုယ့်ရဲ့အကျိုးကို မျှော်ကိုးပြီးတော့ လုပ်ကြကိုင်ကြတာတွေလည်း ရှိတတ်တယ်ပေါ့၊ အဲဒါတွေကိုတော့ မဖြစ်စေချင်ဘူးပေါ့နော်၊ နိုင်ငံအတွက် အကျိုးကျေးဇူးကြည့်ပြီးတော့ လုပ်တဲ့သဘောမျိုးလုပ်တာတွေကို ဖြစ်စေချင်တဲ့သဘော အဲဒီလိုမိန့်တယ်၊ အတိုလေးပေါ့"

ဆွမ်းကပ်လှူပွဲကို သီတဂူဆရာတော် အရှင်ဥာဏိဿရ၊ အရှင်စန္ဒာဓိကနဲ့ ချမ်းမြေ့ဆရာတော်တို့ ကြွရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၈ နာရီလောက်မှာ နိုင်ငံတော်အစီအစဉ်နဲ့ အာဇာနည်ဗိမာန်မှာ သွားရောက်ဂါဝရပြုခဲ့ပြီးတဲ့နောက် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဆရာတော်ကြီးတွေကို ဆွမ်းကပ်တရားနားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့လယ်၊ ဆူးလေးမီးပွိုင့် အာဇာနည်နေ့ မနက်၁၀း၃၇နာရီ မြင်ကွင်း (ရုပ်/သံ)




သားအတွက် စည်းစိမ်ဥစ္စာအမွေမချန်သော ဂျက်ကီချန်း


ဂျက်ကီးချန်း အနေနဲ့ မီဒီယာများကို တရားဝင် ဖွင့်ဟပြောဆိုခဲ့ပြီး ဖြစ် ပါတယ်။ ယင်းကတော့ တစ်ချိန်ကျ သူပိုင်သမျှ စည်းစိမ်အားလုံးကို ပရဟိတ လုပ်ငန်းတွေထဲ အားလုံး ထည့်ဝင် လှူဒါန်း လိုက်ဖို့ ဖြစ်ပါတယ်။

အသက် ၅၈ နှစ်ဝန်းကျင် ရှိပြီ ဖြစ်တဲ့ ဂျက်ကီးချန်းမှာ အသက် ၃၀ အရွယ် ဂျေစီ ချန်း (Jaycee Chan) အမည်ရ သားတစ်ယောက် ရှိပါတယ်။ သူကလည်း လက်ရှိမှာ ဟောင်ကာင်မင်းသား တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ဖခင် လောက်တော့ နာမည်မရနိုင်သေးပါဘူး။ ပိုင်ဆိုင် သမျှအားလုံးကို လှူဒါန်းမယ် ဆိုတော့ သားအတွက် ဘာကျန်လဲလို့ မီဒီယာက မေးတဲ့ အခါ အောက်ပါ အတိုင်း ဖြေပါတယ်။

"သူ အရွယ်ရောက်ပြီပဲ။ ကိုယ်တိုင် ငွေရှာနိုင်ပါတယ်။ ကျွန်တော်ပေးတဲ့ အမွေနဲ့သာဆိုရင် ငွေဖြုန်းတာကလွဲလို့ ဘာမှ သိတော့မှာ မဟုတ်ဘူးလေ၊ ဘဝကသာ သူ့အတွက် အကောင်းဆုံး အမွေပါဗျာ"

ဒီတော့ ဂျက်ကီးချန်းအနေနဲ့ သားအတွက် ချန်ပေးတာ ဘာမှ မရှိဘူး ဆိုပေမယ့် သားကိုယ်တိုင်ကလည်း ကျေနပ်ပါတယ်။ ငွေကို ကိုယ်တိုင် ရှာသုံးတတ်အောင် ဂျက်ကီးချန်းတစ်ယောက် ကောင်းကောင်း သင်ပေး၊အမွေ ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။ သူ ယုံကြည်တဲ့ အတိုင်း အမြွေအားလုံးကို အလှူလုပ်မယ်ဆိုတော့ လေးစားအားကျ ထောက်ခံ သူများ ရှိသလို၊ သားအပေါ် ရက်စက်တယ်လို့ ပြောသူလည်း ရှိလာပြန်ပါတယ်။

သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ဂျက်ကီချန်းရဲ့  ဆုံးဖြတ်ချက်ကို အများစုက ကောင်းချီထောပနာ ပေးကြောင်း သိရပါတယ်။
---
Ref:gossip
International news for myanmar