Fashion Style of ဝင့်ဒါလီ







မြန်မာဝန်ထမ်းများ မကြာမီခန့်အပ်ပြီး သင်တန်းပေးမည်ဟု Telenor ဆို


Telenor မှ လာမည့်သြဂုတ်မှ စတင်ပြီး မြန်မာများအားအလုပ်ခန့်ကာ သင်တန်းပို့ချပေးမည်ဟု Telenor-Myanmar မှ အမှုဆောင် အရာရှိချုပ် Mr. PetterFurberg က ပြောသည်။

''ကုမ္ပဏီရဲ့ ဝန်ထမ်းလိုအပ်ချက် အပေါ်မူတည်ပြီး ဝန်ထမ်းတွေ ခန့် အပ်သွားမှာပါ။ ဝန်ထမ်းခန့်တဲ့အပိုင်း မှာလည်း လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာတွေအပြင် နိုင်ငံခြားမှာရှိနေတဲ့
မြန်မာနိုင်ငံသား နည်းပညာရှင်တွေကိုပါ ခန့်အပ်ဖို့ အဆင်သင့်ရှိပါတယ်'' ဟု ၎င်းကပြောသည်။

သင်တန်းများပို့ချခြင်းကို လက်ရှိ Telenor ကုမ္ပဏီမှ ကျွမ်းကျင်နည်းပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ယင်းသို့ ပြုလုပ်ခြင်းမှာ နောက်ပိုင်းကာလတွင် Telenor-Myanmar အား မြန်မာနိုင်ငံသားများ အများစုပါဝင်ရန် ဆောင်ရွက်ခြင်း ဖြစ်
ကြောင်း ၎င်းကဆက်လက် ပြောသည်။

''ဖုန်းရောင်းချမှုကိုတော့ လိုင်စင်ရပြီးမှ ဆောင်ရွက်ရမှာပါ။ လက်ရှိတော့ လုပ်သားခေါ်ယူမှုနဲ့ နက်ဝပ်တည်ဆောက်မှုတွေကို လုပ်ကိုင်ဖို့ စီစဉ်နေပါတယ်'' ဟု ၎င်းက ဆက်ပြောသည်။

ဖုန်းရောင်းမှုကို လိုင်စင်ရရှိပြီး ရှစ်လအတွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဖုန်းအသုံးပြုခွင့်ရရှိမည်
ဖြစ်ကြောင်း၊ ဖုန်းပြောဆိုခအား ၁ မိနစ် ၂၅ ကျပ်နှုန်းအောက်ထားရှိပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အင်တာနက်စနစ်ကို 2G, 3G စနစ် နှစ်မျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆင်းကတ်ရောင်းချရာတွင် အင်တာနက် စနစ်တစ်ပါတည်း ပါဝင်မည်ဖြစ်ကြောင်း
အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

တစ်နိုင်ငံလုံးတွင် ဆင်းကတ် ရောင်းချသည့် ဆိုင်ပေါင်း ခုနစ်သောင်း ဝန်းကျင်ထားရှိမည်ဖြစ်ပြီး ကိုယ်စား လှယ်ဆိုင်ပေါင်း ၁ဝ သိန်းဝန်းကျင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် တိမ်းမှောက်၍ ၅ ဦးဒဏ်ရာရ


နေပြည်တော်၊ ဇူလိုင် ၂၄

၂၃-၇-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းနယ်မြေအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁/၆-၇)ကြား၊ မန္တလေးမှရန်ကုန်သို့ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဦးဝင်းကြည်ထွန်း(၄၂)နှစ် မောင်းနှင်လာသည့် ၄ဃ/xxxx ဟိုင်းလပ်ဆပ်ခဲရောင်ယာဉ်မှာ ယာဉ်မောင်းဖြစ်သူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိတိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်ကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ နှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ ယာဉ်ပေါ်ပါ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဒေါ်အေးအေးသိန်း(၃၈)နှစ်ပါ ၅ ဦးတွင် ၀ဲဘက်ပခုံးအောင့်၊ ၀ဲနံရိုးအောင့်၊ ဦးခေါင်း ထိပ်ပွန်းပဲ့၊ ယာလက်ပြင်နာကျင်၊ ယာလက်ကျိုး၊ ယာခြေသလုံးပွန်းပဲ့၊ ယာလက်ဖျံပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် လှည်းကူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ဦးဝင်းကြည်ထွန်းအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ရန်ကုန်မြို့ ပတ်ရထားပေါ်မှာ လူတစ်ဦး လဲကျသေဆုံး သားဟုယူဆရတဲ့ တစ်နှစ်ခွဲအရွယ် ကလေးငယ် ကျန်ရှိ


ရန်ကုန်၊ ဇူလိုင် ၁၉ - သီလဝါမှ ရန်ကုန်ကို ပြေးဆွဲတဲ့ ရထားပေါ်မှာ အသက် ၅၀ နှစ်ခန့်ရှိ အမည်မသိ၊ နေရပ်လိပ်စာမသိ လူတစ်ယောက် သွေးအန်မေ့လဲကာ ဆေးရုံကို ပို့စဉ် လမ်းမှာ သေဆုံးသွားပါတယ်။ သူနဲ့ အတူ သားဟုယူဆရတဲ့ တစ်နှစ်ခွဲအရွယ်ခန့် ကလေးငယ် (ယောကျာ်းလေး)တစ်ယောက်လည်း ပါလာတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ဇူလိုင် ၁၉ ရက်နေ့က သီလဝါမှ ရန်ကုန်ကို ညနေ ၃း၄၀ နာရီ ထွက်တဲ့ မြို့ပတ်ရထားပေါ်မှာ ကလေးငယ်နဲ့အတူ စီးလာတာပါ။ သန်လျင် အုတ်ဖိုစု ဘူတာရောက်ခါနီး ညနေ ၅းဝ၀ နာရီ ဝန်းကျင်မှာ သွေးအန်ပြီး မေ့လဲကျသွားပါတယ်။ ဒါကြောင့် ဂတ်ဗိုလ်နဲ့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရာ လမ်းမှာတင် သေဆုံးသွားပါတယ်။ သန်လျင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက သေမှုသေခင်း အမှတ်စဉ် ၂၆/၂၀၁၃ နဲ့ အမှုဖွင့်ထားပါတယ်။ သေဆုံးသူနဲ့အတူ ပါလာတဲ့ ကလေးငယ်ကိုတော့ သန်လျင်မြို့နယ် ရဲစခန်းက ယာယီ စောင့်ရှောက်ထားပါတယ်။

သန်လျင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ကလေးက သူ့နာမည်လဲ သူမသိဘူး၊ သေတဲ့သူကို အဖေလို့တော့ ခေါ်တယ်၊ သူ့အဖေသေတော့လဲ သူသိတယ်၊ ငိုလဲ ငိုတယ်၊ ဒါပေမဲ့ သူနေတဲ့နေရာရော၊ အဖေ အမေနာမည်ရော၊ မောင်နှမတွေ နာမည်ရော သူမသိဘူး၊ သူ့ကို ခုတော့ စခန်းမှာ စောင့်ရှောက်ထားပြီး သူ့မိသားစုကို ရှာဖွေပေးနေပါတယ်၊ ကလေးရဲ့ ပြောစကားအရ တာဝဘက်ကလို့တော့ ခန့်မှန်းရတယ်”လို့ ပြောပါတယ်။

သေဆုံးသူဟာ အင်္ကျီအနီကွက်၊ ပုဆိုးအနီကွက်စိပ် ဝတ်ဆင်ထားပါတယ်။ ကလေးငယ်ကတော့ အင်္ကျီအစိမ်းရောင်နဲ့ ဘောင်းဘီအနီရောင်ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။

မေဦးကြင်နာနိုင် - Kumudra

ပြန်လွှတ်လေ့ရှိသောငါးရွေးကြီးများ ဈေးကောင်းရ၍ ဖမ်းရောင်း


ဟင်္သာတ၊ ဇူလိုင် ၂၃

ရေဘုရင်ဟု ရေလုပ်သားများက သတ်မှတ်ပြီး ဖမ်းမိပါက ပြန်လွှတ်လေ့ရှိသော ငါးရွေးငါးကြီးများကို ပြည်ပပို့ကုန်အဖြစ် ဈေးကောင်းရသောကြောင့် ဖမ်းဆီးရောင်းချ ကြကြောင်း ဟင်္သာတခရိုင် အတွင်းရှိ ရေလုပ်သားများနှင့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ဟင်္သာတခရိုင် တစ်ခုလုံးရှိ ငါးဒိုင်များသို့ တစ်နှစ်လျှင် ငါးရွေးငါးကြီးများ အကောင်ရေ ၁၂၀ ကျော် ဝင်ရောက်မှုရှိပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရန် မြဝတီနယ်စပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ တင်ပို့ရန် မူဆယ်မြို့ တို့မှ ဝယ်ယူခြင်း ဖြစ်ကြောင်း ငါးဒိုင်လုပ်ငန်းရှင် များက ပြောဆိုသည်။

တစ်လလျှင် ငါးရွေးငါးတစ်ကောင်မှ သုံးကောင်ခန့် အထိ ၄င်း၏ဒိုင်က ဝယ်ယူ ရရှိလေ့ ရှိကြောင်း ဟင်္သာတမြို့မှ ငါးဒိုင် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ငါးရွေးငါးကြီးများကို ငဝန်မြစ်နှင့် ဧရာဝတီမြစ်တို့တွင် တွေ့ရလေ့ရှိသည်ဟု ရေလုပ်သား ဦးဖိုးကြန်က ဆိုသည်။

ငါးရွေးငါး ဈေးကွက်မှာ ဟင်္သာတမြို့တွင် လက်ရှိပေါက်ဈေး တစ်ပိဿာ ငါးထောင် ကျပ်ဖြင့် ဝယ်ယူရပြီး ရန်ကုန်ဈေးနှင့် နယ်စပ် ဈေးမှာ ပုံသေမရှိဘဲ အလေးချိန် ငါးပိဿာမှ ပိဿာငါးဆယ်ကျော် အကောင်များမှာ ဈေးကွက် ဝင်ကြောင်း ငါးဒိုင်များထံမှ သိရသည်။

လွန်ခဲ့သည့်သုံးနှစ်က ဇလွန်မြို့နယ် ဧရာဝတီမြစ်ပြင် ပေါ်သို့ ပေ၂၀ ကျော်သည့် ငါးရွေးကြီး ပေါ်လာဖူးပြီး ရေလုပ်သားများက မဖမ်းဘဲ ထားခဲ့ကြောင်း ရေလုပ်ငန်းရှင် ဦးကျော်သူရက ပြောကြားသည်။
The Voice Weekly

အသက် ၃၀ အောက် ဝင်ငွေအများဆုံး အနုပညာရှင်စာရင်းတွင် လေဒီဂါဂါ ဦးဆောင်


Poker Faceစတား အဆိုတော်သည် တင်ပါးခွဲစိတ်မှု တစ်ခုကြောင့် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် အချို့ကို မဖြစ်မနေ ဖျက်သိမ်းခဲ့ရသည့်တိုင် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဂါဂါသည် ဒေါ်လာ သန်း(၈၀)မျှ ရရှိခဲ့သည်

တစ်နှစ်အတွင်း ဝင်ငွေအများဆုံး ရရှိခဲ့သည့် အသက်(၃၀)အောက် အနုပညာရှင် Celebrityများ စာရင်းတွင် လေဒီဂါဂါက ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။ Poker Faceစတား အဆိုတော်သည် တင်ပါးခွဲစိတ်မှု တစ်ခုကြောင့် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် အချို့ကို မဖြစ်မနေ ဖျက်သိမ်းခဲ့ရသည့်တိုင် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဂါဂါသည် ဒေါ်လာ သန်း(၈၀)မျှ ရရှိခဲ့သည်။ ထို့ကြောင့်လည်း သူမသည် အသက်(၃၀)အောက် နာမည်ကျော် Celebrityများအနက် ဝင်ငွေအကောင်းဆုံးအဖြစ် Forbes၏ စာရင်း၌ နံပါတ်(၁) ချိတ်ခဲ့ခြင်း ဖြစ်သည်။ ကနေဒါ လူငယ် Popဂီတကြယ်ပွင့် ဂျက်စတင် ဘီဘာအနေဖြင့် တေလာဆွစ်ဖ်ကို ကျော်တက်နိုင်ခဲ့သော်လည်း ဒုတိယသာ ရခဲ့သည်။

အသက်(၂၇)နှစ်ရှိ ဂါဂါသည် တင်ပါးခွဲစိတ်မှုကြောင့် အမေရိကန်တွင် ဖျော်ဖြေပွဲ အစီအစဉ် (၂၀)မျှကို ဖျက်သိမ်းခဲ့ရသည်။ သူမသည် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ARTPOP အမည်ရှိ အယ်လ်ဘမ်ကို ထုတ်ဝေမည်ဟုလည်း ကြေညာထားသည်။ Forbes၏ အသက်(၃၀)အောက် ဝင်ငွေအကောင်းဆုံး Celebrityများ စာရင်း၌ DJ၊ သီချင်းရေးဆရာနှင့် ပရိုဂျူဆာဖြစ်သူ ကယ်လ်ဗင်ဟားရစ်က စတုတ္ထချိတ်သည်။ ၎င်းသည် (၂၀၁၂)ခုနှစ်၊ ဇွန်လမှ (၂၀၁၃)ခုနှစ် ဇွန်လအတွင်း Showပေါင်း (၁၅၀)မျှတွင် ပါဝင်ခဲ့သည်။ ဘာဘေးဒိုးစ်ဖွား R&B အဆိုတော်မလေး ရီဟန်နာသည်လည်း ယခုစာရင်း၌ ထိပ်ဆုံး(၅)ဦးတွင် ပါဝင်နိုင်ခဲ့သည်။

အသက်(၃၀)အောက် ဝင်ငွေအကောင်းဆုံး Celebrityများအနက် ထိပ်ဆုံး(၁၀)ဦးနှင့် ၎င်းတို့၏ တစ်နှစ်အတွင်း ဝင်ငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ လေဒီဂါဂါ (ဒေါ်လာ ၈၀ သန်း)

၂။ ဂျက်စတင်ဘီဘာ (ဒေါ်လာ ၅၈ သန်း)

၃။ တေလာဆွစ်ဖ် (ဒေါ်လာ ၅၅ သန်း)

၎။ ကယ်လ်ဗင်ဟားရစ် (ဒေါ်လာ ၄၆ သန်း)

၅။ ရီဟန်နာ (ဒေါ်လာ ၄၃ သန်း)

၆။ ကေတီပယ်ရီ (ဒေါ်လာ ၃၉ သန်း)

၇။ အဒဲလ် (ဒေါ်လာ ၃၅ သန်း)

၈။ ဂျနီဖာလောရင့်စ် (ဒေါ်လာ ၂၆ သန်း)

၉။ ခရစ္စတန်စတီးဝပ် (ဒေါ်လာ ၂၂ သန်း)

၁၀။ တေလာလော့တ်နာ (ဒေါ်လာ ၂၂ သန်း)

Planet Myanmar Network

သင်အိပ်နေသည့် ခေါင်းအုံးလေးကို နေပူလှန်းပေးရန် လိုအပ်


မသိမသာရောဂါများကိုဖြစ်ပေါ်စေနိုင်သည့်အကြောင်းအရာပါ သင်နှင့်နီးစပ်နေပြီး အိပ်စက်သည့်အခါထိတွေ့ နေသည့် ခေါင်းအုံးဆိုတာ သတိမထားကြပါ ဒါကြောင့် သတိမထားမိခြင်း မဖြစ်မိစေရန်အတွက် အခုလို့ အသိပေးအပ်ပါသည် ။

လူတွေအားလုံးမည်သူမဆို အိပ်စက်သည့်အခါတွင် ခေါင်းအုံးဖြင့် အနားယူအိပ်စက်ကြပါတယ် အဲလို့ အိပ်စက်သည့်အခါတွင် လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ အဲဒီလို့ ဖြစ်ပေါ်ခြင်းကြောင့် ခေါင်းအုံးအဖုံးအပါ ခေါင်းအုံးကိုပါ ညစ်ညမ်းစေပြီးရက်ပေါင်းများစွာကြာသည့်အခါ ခေါင်းအုံးသည် အညစ်အကြေးစုလာ နေသောနေရာ ဖြစ်လာပါတော့သည်။

ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ ခေါင်းအုံးတွင် တွယ်ကပ်ဖြစ်သောလာသော ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါကူးစပ်ဖြစ်ပွားခြင်းလဲ ခံစားရနိုင်ပါသည် ။
အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။

ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။

အထူးသဖြင့်အအေးမိရောဂါနှင့်အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို အထူးသဖြင့် သန့် ရှင်းအောင်ဂရုတစိုက်လုပ်ဆောင်ပေးရန်လိုအပ်လာသဖြင့် နောက်တစ်ထည်လဲလည်သုံးစွဲပြီး သုံးစွဲပြီးသားကို လျှော်ဖွပ်သန့် စင်ပေးရပါတယ် ။

ခေါင်းအုံးကို အိပ်ခန်းတွင်းမှာ ထုတ်ယူပြီး လေသာ နေသာသောနေအခါတွင် နေပူလှန်းပေးရပါမည်။ သို့မှသာတွယ်ကပ်နေပြီး လူကိုဒုက္ခပေးသော ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားခြင်းဖြင့် ရောဂါဘယဖြစ်ပေါ်လာခြင်းကို ဝေးကွာသွားပါလိမ့်မည်။

အဲလိုမှ သင်သည်လုပ်ဆောင်ခြင်း မပြု့ လုပ်ပါက လူအညစ်အကြေးကြောင့် ကူးစပ် ဖြစ်ပွားနိုင်သော ရောဂါများ တိုးပွားရရှိနိုင်ပါသည် ။

ဒါကြောင့် သင်အိပ်နေသော ခေါင်းအုံးများကို မဖြစ်မနေ အနည်းဆုံး တစ်လတစ်ကြိမ်တော့ အပြင်ထုတ်နေပူလှန်းခြင်းလုပ်ဆောင်သင့်ပါကြောင့်တိုက်တွန်းပြောကြားရင်းအသက်ရာကျော် ရှည်ပါစေ ။

Mg Mandalay

ရေအောက်ကေဘယ်ဆက်ကြောင်း ချိုတ်ယွင်း၊ စင်ကာပူအခြေစိုက်အဖွဲ့နဲ့ ညှိနှိုင်းပြီး အမြန်ပြင်မယ်


အင်မတန်ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမပြောနဲ့၊ အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေလောက်ကို မမြန်ပဲ အလွန်နှေးတဲ့ မြန်မာ့အင်တာနက်ဟာ လူတွေအပြောမှာ လိပ်ကို ကြိုးတုတ်လွှတ်လိုက် သလိုပဲ လို့ ပြောစမှတ် ပြုကြပါတယ်။


ရေအောက် ဖိုက်ဘာ ဆက်ကြောင်းပြင်ဆင်နေပုံ၊ ဓာတ်ပုံ- thetechjournal.com

အခု မြန်မာ့ဆက်သွယ်ရေးက ပြည်သူတွေကို အသိပေးလိုက်တာကြောင့် ကြိုးတုတ်လွှတ်လိုက်တဲ့ လိပ် အပြေးနှုန်း ထက် ပိုနှေးရပါတော့မယ်။

ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်းမှာ ချို့ယွင်းမှု ဖြစ်ပွားခဲ့ လို့ နိုင်ငံတကာ တယ်လီဖုန်း ခေါ်ဆို မှုနဲ့ အင်တာနက် တွေကို မပြတ်တောက်ရုံသက်သက်ပဲ ထိမ်းပြီးချိတ်ဆက်ပေးထားတယ်တဲ့။

ဒီလိုမျိုး အင်တာနက် ပင်လယ်ရေအောက်ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းမှုကို ပြင်ဆင်ဖို့အတွက် ၁ လ
လောက် ကြာမယ်လို့ ခန့်မှန်းထားတယ်လို့လည်း မြန်မာ့ဆက်သွယ်ရေး ရဲ့ အသိပေးချက်မှာ ပြောထား တယ်။

ဒီတလတော့ နှေးသည်ထက် နှေးတဲ့ မြန်မာအင်တာနက် အမြန်နှုန်းကို မြန်မာပြည်က အင်တာနက် သုံးစွဲသူတွေ ထုံးစံ အတိုင်း စိတ်ရှည်သည်းခံတော်မူကြပါကုန်လေ။


ယနေ့ထုတ် ကြေးမုံသတင်းစာဖြတ်ပိုင်း

The Irrawaddy (Burmese Version)

ရဲတပ်ဖွဲ့ဝတ်စုံဖြင့် အယောင်ဆောင်သွားလာသူတစ်ဦးအား ဖမ်းဆီးရမိ


Browse › Home › မြန်မာ့သတင်း » ရဲတပ်ဖွဲ့ဝတ်စုံဖြင့် အယောင်ဆောင်သွားလာသူတစ်ဦးအား ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၂၄

၂၂-၇-၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ဘူတာလမ်းပေါ်တွင် လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ လှည့်ကင်း ဆောင်ရွက်နေစဉ် ဒုရဲအုပ် အဆင့်တံဆိပ်ပါ ရဲတပ်ဖွဲ့ဝတ်စုံဖြင့် သွားလာနေသူ တစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၅)နေ ရဲမြင့်ဦး(ခ)ကရီမွန်လာ(၂၀)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လားရှိုးနယ်မြေရဲစခန်း(ပ)၈၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

သမီးဖြစ်သူကို ရည်းစားကအဓမ္မကျင့်သည်ဟု အမှုဖွင့်လိုက်တဲ့ ဖခင်


၁၃ နှစ်အရွယ်သာရှိသေးသည့် သူ့သမီးငယ်ကိုရည်းစားဖြစ်သူက အဓမ္မကျင့်သည်ဟုစွပ်စွဲကာ ဖခင်ဖြစ် သူက တိုင်ကြားမှုတစ်ခုကို အင်းစိန်ရဲစခန်းက ဇူလိုင် ၂၂ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။

ဖခင်ဖြစ်သူသည် ထိုနေ့ညကအိမ်တွင် မအိပ်ဘဲမိသားစုပိုင် ကွမ်းယာဆိုင်တွင် အိပ်နေခဲ့ပြီး နံနက် ၃ နာရီ အချိန်ခန့်၌ မိသားစုဝင်တစ်ဦးက သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း ပြောသဖြင့် လိုက်လံရှာခဲ့ကြောင်း ရဲစခန်းကို အမှုဖွင့်စဉ်ထွက်ဆိုခဲ့သည်။

ထိုသို့လိုက်ရှာစဉ် နံနက် ၄ နာရီခန့်တွင် လမ်းကြားတစ်ခုအတွင်းမှ သမီးဖြစ်သူ ထွက်ပြေးလာသည်ကို တွေ့ရှိရသဖြင့် အိမ်သို့ခေါ်ဆောင်လာကာ မေးမြန်းခဲ့သည်ဟုလည်း တရားလိုက ရဲကိုထွက်ဆိုသည်။

သမီးဖြစ်သူက သူ့ရည်းစား အသက် ၁၉ နှစ် အရွယ်ကောင်လေးက သူငယ်ချင်း၏ နေအိမ်တွင် နှစ်ကြိမ်တိုင် သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု ပြန်ပြောပြကြောင်း ရဲဌာနတွင် ထွက်ချက်ပေးသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲခံရသူကို ရဲများက ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး တရားလို၏ တိုင်တန်းမှုကိုလည်း ရဲစခန်းက အမှုအမှတ် (ပ) ၇၉၆/၁၃ဖြင့် အမှုဖွင့်ထားသည်။

စွပ်စွဲခံရသည့် လူငယ်လေးကို တရားလိုက အသက်မပြည့်သေးသည့် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်သည်ဟု တိုင်တန်းသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ၃၇၆ ဖြင့် တရားစွဲဆိုမည်ဟုလည်း ရဲဌာနကထုတ် ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ပြည်သာယာမှာ မီးလောင်သေဆုံး



၂၄၊၇၊၁၃ရက်နေ့ နံနက်(၃)နာရီ(၄၅)မိနစ် အချိန်က စစ်ကိုင်းတိုင်း ဒေသကြီး ၊ကသာမြို့၊ ပြည်သာယာကျေးရွာ အတွင်းရှိ အိမ်တစ်အိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရပါသည်။

သေဆုံးခဲ့သူမှာ အသက်(၄၃)နှစ်ရှိ ဦးမြ၀င်း(ဘ)ဦးမြတ်ကျော် ဖြစ်ပြီး အရက်အမူး လွန်ရာမှ
ပေါ့ဆမီး လောင်ကျွမ်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက်တွင် ဖေါ်ပြထားပါသည်၊

ထိုဖြစ်စဉ်အပေါ် ကသာရဲစခန်းမှ (ပ)/၂၃၆/၁၃အရ တိုင်ချက်ရေးသွင်းပြီး အိမ်ရှင် အသက်(၃၀)အရွယ်ရှိ ကျူရှင်ဆရာ ကျော်လင်းထိုက် (ဘ)ဦးတင်ထွန်းအား မီးပေါ့ဆမှုဖြစ်သည့် ပုဒ်မ ၂၈၅အရ အမှုဖွင့်ထားကြောင်း သိရှိရပါသည်၊

ရဲမှတ်တမ်း၏ ဖေါ်ပြချက်များမှာ သေဆုံးသူဦးမြ၀င်းမှာ ဒုက္ခိတတစ်ဦးဖြစ်ပြီး လူတွဲထူမှ ထနိုင်ကြောင်း၊(၂)ထပ်အိမ်၏ အပေါ်ထပ်တွင် နေထိုင်သူဖြစ်ကြောင်း မီးလောင်သေဆုံးချိန်တွင် အရက်
အလွန်အကျွံသောက်ထားကြောင်း၊ ဆေးလိပ်မီးပွား ကျရာမှ စောင်၊ ခြင်ထောင်၊ အိပ်ယာတို့ကို မီးစွဲပြီး (၃)နာရီ(၄၅)မိနစ်တွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်ရာသို့ မီးသတ်ယာဉ်(၃)စီး အကူရေဘောက်ဆာ(၂)စီးတို့ဖြင့် သွားရောက် ညိမ်းသတ်ခဲ့ရာ ရပ်ကွက်သူ ရပ်ကွက်သားများ၏
ပါဝင် ညိမ်းသတ်ခဲ့မှုကြောင့် ၄နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း နှင့် မီးလောင်မှုကြောင့် အိမ်တစ်လုံးမီးလောင်သွားခဲ့ပြီး ကာလတန်ဖိုး (ကာလတန်ဘိုး ၁၅၀၀၀၀)ကျပ်ဖြစ်ကြောင်း ဖေါ်ပြပါရှိပါသည်၊

ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ ဥပဒေအရ သေဆုံးသူကို တရားခံ လုပ်၍ မရသောကြောင့် အိမ်အောက်ထပ်တွင် နေသူ ယောက္ဖ တော်စပ်သည့် ကျော်လင်းထိုက် ကို တရားခံအဖြစ် အရေးယူထားရခြင်း ဖြစ်ကြောင်း သိရပါသည်၊

သတင်းရေးသူ၏ ရဲမှတ်တမ်းတွင် မပါရှိသေးသော စုံစမ်းသိရှိရမှုများမှာ ဦးမြ၀င်းသည် ဒုက္ခိတ မဟုတ်ဘဲ ကိုယ်ခန္ဓာဖေါယောင်၍ ကျန်းမာရေး မကောင်းသူသာ ဖြစ်ပါသည်၊

လွန်ခဲ့သည့် (၂)ရက်ခန့်ကမှ အိပ်ယာထဲ လဲခဲ့ပြီး (၂၃၊၇၊၁၃)ရက်နေ့ ညနေက အရက်ကို ဦးမြ၀င်းကိုယ်တိုင် ထွက်ဝယ်ခဲ့သေးကြောင်း၊ယခုမီးလောင်မှုတရားခံဟု အမှုဖွင့်ခံထားရသူ
(ယောက္ဖ)ကျော်လင်းထိုက်တို့ ဇနီးမောင်နှံတို့နှင့် အမွေမှု ဖြစ်လျှက် ရှိနေကြောင်း ၊ဦးမြ၀င်းက အိမ်အပေါ်ထပ်တွင် နေပြီး ကျော်လင်းထိုက်တို့ ဇနီးမောင်နှံတို့မှာ ထိုအိမ် အောက်ထပ်တွင်
နေထိုင်လျှက် ရှိခဲ့ကြကြောင်း သတင်းများ ရရှိခဲ့ပါသည်။

(ဟာဂျူလီ-ကသာ)

ဒဂုံတောင်မြို့နယ်တွင် အမျိုးသမီးအလောင်းနှင့် ကလေးအလောင်း တွေ့ရှိ


ရန်ကုန်၊ ဇူလိုင် ၂၄

၂၃.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ဒဂုံတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဒီဇင်ဘာအိမ်ယာမုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိကြောင်းသတင်းအရ သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့ကြပါသည်။

စစ်ဆေးစုံစမ်းချက်အရ သေဆုံးသူမှာ မအေးအေးအောင်၊ ၂၁နှစ်၊ အအေးခန်းစက်ရုံအလုပ်သမ၊ (ဘ)ဦးမြင့်အောင်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ကလေးမွေးဖွားထားသည့် လက္ခဏာရှိကာ ဘေးတွင်မွေးကင်းစ ယောက်ျားလေးတစ်ဦး အလောင်းကိုပါတွေ့ရှိရပြီး အလောင်းများမှာ ပုတ်ပွလျက်ရှိရသဖြင့် ဒဂုံတောင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃၃/၂၀၁၃)ဖြင့်ရေးဖွင့်၍ သေဆုံးရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးခဲ့ပါသည်။

အလောင်းများအား သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးခဲ့ရာ မှုခင်းဆရာဝန်ကြီးမှ နှုတ်ဖြင့် ထင်မြင်ချက်ပြောကြားရာတွင် သေဆုံးသူ မအေးအေးအောင်သည် လည်ပင်းယာဘက် အရိုက်ခံရသည့် ဒဏ်ရာနှင့် ဗိုက်တွင်အကန်ခံရ၍ သားအိမ်ပေါက်ပြီး ကလေးအပြင်ထွက်ကျကာ သေဆုံးခြင်း ဖြစ်ကြောင်း၊ ကလေးမှာ ဗိုက်ပေါက်အူထွက် သေဆုံးခြင်း ဖြစ်ကြောင်း၊ သေဆုံးချိန်မှာ ၄/၅ ရက်ခန့်ရှိပြီးဖြစ်ကြောင်း ပြောပြသိရှိရပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ မအေးအေးအောင်နှင့် ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံခဲ့သူ ပြည့်ဝအောင်(စုံစမ်းဆဲ) မှ ၁၉.၇.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် မအေးအေးအောင်အား လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ပျောက်ဆုံးနေကြောင်းတို့ကို စက်ရုံမှသက်သေများ၏ ထွက်ဆိုချက်များအရ သိရှိရသဖြင့် မအေးအေးအောင်နှင့် ၀မ်းဗိုက်အတွင်းရှိ ကလေးအားသေအောင်ပြုလုပ်သူ ပြည့်ဝအောင်(စုံစမ်းဆဲ) အားဒဂုံတောင်မြို့မရဲစခန်း (ပ)၆၀၂/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် ၁၉၅၀ အချိန် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဂျပန် မြှုပ်နှံထားခဲ့သည့် ရွှေ သုံးတန်ကို တွေ့ရှိပြီ


ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံ ထားခဲ့သည့် ရွှေသုံး တန်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က စတင်ရှာဖွေခဲ့ရာတွေ့ရှိပြီဟု ရှာဖွေရေး အဖွဲ့ထဲတွင် ပါဝင်သည့် ဘူမိဗေဒပညာရှင် ပါမောက္ခ ဟောင်း ဦးစိုးသိန်းက ပြောသည်။
''ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး တော့ ဆောင်ရွက်နေတာ''ဟု ၄င်းက ဆိုသည်။

ကော်မတီထဲတွင်ပါဝင်သော အဖွဲ့ဝင် အမည်များကို ၄င်းက ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်အတွင်း၌ ရှာဖွေနေသည်ဟု ၄င်းက ဆက်ပြောသည်။

''ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တူးဖော်မှု မှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိနေသေးတယ်''ဟု ပြော သည်။

ဂျပန်တို့အနေဖြင့် ဒုတိယကမ္ဘာစစ်ကာလ အတွင်းက မြန်မာနိုင်ငံမှ တိမ်းရှောင်ထွက်ခွာစဉ် မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များ၏ပြောကြား ချက်အရ သိရသည်။

အစိုးရသစ်ကာလအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက မြှုပ်နှံထား ခဲ့သော ကမ္ဘာစစ်လက်ကျန် ပစ္စည်းများကို ရှာဖွေနေမှုမှာ ဗြိတိသျှ စဖစ်ဖိုင်း ယားပြီးလျှင် ယခု ဂျပန်ရွှေသုံးတန်မှာ ဒုတိယ မြောက်ဖြစ်ကြောင်း သိရသည်။

စဖစ်ဖိုင်းယားရှာဖွေမှုကို တွေ့ရှိနေပြီ ဖြစ် ကြောင်း၊ စတင် တူးဖော်တော့မည်ဖြစ်ကြောင်း မီဒီယာများထံသို့ ပြောကြားခဲ့ကြသော်လည်း ယခုအချိန်အထိ ရှာဖွေနေဆဲဟုသာ ပြန်လည် ဖြေကြားနေကြသည်။

ယခုတစ်ခေါက်ဂျပန်ခေတ်ကမြှုပ်နှံခဲ့သော ရွှေသုံးတန်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင်ရှာဖွေ နေသည် ဟုသာပြောကြားပြီး အကျိုးအမြတ် ခွဲဝေမှုကိုမူ မပြောကြားသေးပေ။

မင်းသုအောင်

Popular Myanmar News Journal

ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ


ဒိုက်ဦး ၊ ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။

ကတုတ်ဘုရားကြီး ကျေးရွာရှိ ဘကြီးဖြစ်သူထံ အလည်လာသည့် စတုတ္ထ တန်း ကျောင်းသူ တစ်ဦးသည် အဘွား ဖြစ်သူက ဈေးဝယ်ခိုင်းရာ သုံးဖာလုံ ခန့် ဝေးသည့် ငါးဧက ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ အနီးရှိ ဈေးဆိုင်မှ မုန့်နှင့် ဆေးလိပ် ဝယ်ယူပြီး အပြန်တွင် လက်ခုတ်ကွင်း ကျေးရွာနေသူ အသက် ၂၈ နှစ် အရွယ် မင်းသူ (ခ) ကိုသူက အဓမ္မ ပြုကျင့်ကာ ယင်းမိန်းကလေးငယ် ဝတ်ဆင်ထားသည့် နားကပ်ကိုပါ ဖြုတ်ယူ ထွက်ပြေး ခဲ့ကြောင်း ကျေးရွာ နေထိုင်သူ တစ်ဦးက ရှင်းပြသည်။

ယင်းကဲ့သို့ အဓမ္မပြုခံရသူ မိန်းကလေးငယ်က ဘကြီးထံ ပြန်လာပြီး ငိုယိုကာ တိုင်ကြားသဖြင့် ၎င်း၏ ဘကြီးက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း၊ ကျေးရွာမှ တာဝန် ရှိသူများနှင့် ရပ်မိရပ်ဖများက ကလေးအပေါ် ကျူးလွန်ခဲ့သူဟု သံသယရှိသူကို ရှာဖွေရာ ၎င်း၏နေအိမ် တွင် မတွေ့ဘဲ တောင်ဘုရားကြီးရွာတွင် ဖမ်းမိခဲ့ကြောင်း လိုက်လံ ရှာဖွေသူ များထဲတွင် ပါဝင်သူ၊ ကတုတ် ဘုရားကြီးရွာမှ ဦးတင့်နိုင်က ပြောကြားသည်။

“သူ့ (ဦးမင်းသူ (ခ) ကိုသူ) ကို အိမ်မှာ မတွေ့ဘူး၊ အမျိုးသမီး တစ်ယောက် က ကားပေါ်မှာတွေ့တယ်လို့ သတင်းပေးလို့ လိုက်ကြတာ၊ မော်လမြိုင် သွားဖို့ ကား လက်မှတ်တောင် ဝယ်ထားပြီးပြီ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အဓမ္မမှုနှင့် ပတ်သက်၍ မင်းသူ (ခ) ကိုသူကို (ပ) ၁၇၄/၂၀၁၃၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထား ကြောင်း ဖောင်တော်သီ ရဲစခန်းထံမှ သိရသည်။

မိုးနေ
The Voice Weekly

ဗြိတိသျှ တော်ဝင် နန်းလျာ သားတော်လေး မွေးဖွားပြီး ဝီလီယမ် ၊ ကိတ်နဲ့ မွေးကင်းစ သားလေး ဆေးရုံက ထွက်ခွာ


မနေ့က သားရတနာလေး ဖွားမြင်ခဲ့တဲ့ ကင်းဘရစ်ဂ်ျ မြို့စားကတော် ကက်သရင်း မစ်ဒယ်လ်တန် ဟာ ဆေးရုံကနေ Kensington နန်းတော်ဆီကို ထွက်ခွာသွားပါပြီ။

ဆေးရုံရှေ့မှာ သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ မင်းသား ဝီလီယံ က သားလေးဟာ လူထွားလေး ဖြစ်ကြောင်း ၊ မိခင် ဖြစ်သူ ကိတ်နဲ့ တူကြောင်း ၊ သူတို့ အတွက်တော့ အထူးတလည် ဝမ်းမြောက် ဂုဏ်ယူ စရာ ပါဘဲလို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးကို နာမယ် မပေးရသေးဘူးလို့ ဝီလီယမ်က ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ကိတ်ကတော့ ဒီကလေးကို ရတာ သူတို့ အတွက်တော့ ဝမ်းသာစရာ ကောင်းတဲ့ စိတ်လှုပ်ရှားဖွယ်ပါဘဲလို့ သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

BBC News

ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် ဆက်ကြောင်းချို့ယွင်းမှုကြောင့် အင်တာနက်လိုင်းနှေးနိုင်

Author- ဒီအေ၀ိုင်
ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် ဆီမီဝီးသရီးဆက်ကြောင်းချို့ယွင်းမှုကြောင့် အရင် အမြန်နှုန်း 11.5 Gib ကနေ 5.5 Gib ကိုပဲအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ရေအောက်ကေဘယ်အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်။ဆီမီဝီးဆက်ကြောင်းပြတ်တောက်နေတဲ့အတွက် အရန်အင်တာနက် ဆက်ကြောင်းတွေဖြစ်တဲ့နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းနဲ့ ဂြိုလ်တုဆက်ကြောင်းတွေကိုထားရှိပါတယ်။ပြင်ဆင်နေတဲ့အတွက် အရင်လို ပုံမှန်အတိုင်းမြန်နှုန်းနဲ့သုံးနိုင်မှာမဟုတ်ဘဲလိုင်းအနည်းငယ်နှောင့်နှေးနိုင်တယ်”လို့ မြန်မာဆက်သွယ်ရေးလုပ်ငန်းကကျောင်းအုပ်ကြီး ဦးကျော်စိုးထံက ပြောပါတယ်။
ဆီမီးဝီးပြတ်တောက်မှုနဲ့ပတ်သက်ပြီးဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ-
၁။    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက်ထားသော ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃)ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို့ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။
၂။    ဤဆက်ကြောင်းမှဝန်ဆောင်မှုပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်းအဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားပါ သည်။
၃။    SEA-ME-WE 3 ဆက်ကြောင်း၏မြန်မာပြည်တွင်းလမ်းကြောင်းတစ်လျှောက်ဖြစ်သောဖျာပုံ၊ ကျုံကဒွန်းနှင့်ကုလားထိပ်ပင်လယ်ကမ်းစပ်အထိလိုက်လံစစ်ဆေးခဲ့ရာ ချို.ယွင်းမှုသည်ပင်လယ်အတွင်း (၁၃ ) ကီလိုမီတာခန်.တွင် ဖြစ်နိုင်ကြောင်းတိုင်းတာ တွေ.ရှိရပါသည်။
၎။    ဤချို.ယွင်းမှုအားစင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိမ်းသိမ်းရေးအဖွဲ.နှင့် ညှိနှိုင်းပြီးအမြန်ဆုံးပြုပြင်နိုင်ရန်ဆောင်ရွက်လျှက်ရှိပါသည်။ပြုပြင်ရန် ခန်.မှန်းကြာမြင့်ချိန်မှာ(၁) လခန့်ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်းအင်တာနက်အသုံးပြုမှုများနှောင့်နှေးနေမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။
                                                                                                              မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Modern News

Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ)


• Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ) တွဲသောက်ရင်
(ပါရာစီတမော) ခေါ်တဲ့ အကိုက်အခံပျောက်ဆေး၊ အဖျားကျဆေးထဲမှာ ၅ဝဝ မီလီဂရမ်ပါတာ များတယ်။ Coke/Pepsi ထဲမှာ (ကေဖင်း) ၅ဝ မီလီဂရမ်ပါတယ်။ Panadol Extra ထဲမှာ (ကေဖင်း) ၆၅ မီလီဂရမ်ပါတယ်။ ပုံမှန်ဆိုရင် (ပါရာစီတမော) ၂ ပြား = ၁ဝဝဝ မီလီဂရမ်နဲ့ (ကေဖင်း) ၅ဝ မီလီဂရမ်ပါတာကို တွဲသောက်တာနဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိပါ။ အစာအိမ်မှာတော့ အနေရခက်ပြီး ပျို့ချင်ချင်ဖြစ်နိုင်တယ်။

• 2 Paracetamol (ပါရာစီတမော) ၂ ပြားသောက်ရင်
ဘာမှမဖြစ်ပါ။

• 3 Paracetamol (ပါရာစီတမော) ၃ ပြားသောက်ရင်
Paracetamol 300 mg ကျန်းမာရေးကောင်းနေသူကို ဒုက္ခမပေးနိုင်ပါ။ ဆေးကို ပိုသောက်လို့ အနာသက်သာစွမ်းကို တိုးမရပါ။ များများသောက်လေ အသဲကိုထိခိုက်လေဖြစ်မယ်။

• 4 Paracetamols (ပါရာစီတမော) ၄ ပြားသောက်ရင်
သိမ်မထူးလှပါ။ များများသောက်လေ အသဲကိုထိခိုက်လေဖြစ်မယ်။

• Overdose of Acetaminophen / Paracetamols (ပါရာစီတမော) များသွားရင်
အသဲကိုထိခိုက်မယ်။ လူကြီး ကျန်းမာရေးမှန်နေသူတယောက် အများဆုံးသောက်သင့်တာက 1 gram (1000 mg) per dose တခါသောက် ၁ဝဝဝ မီလီဂရမ် နဲ့ 4 grams (4000 mg) per day တနေ့မှာ ၄ဝဝဝ မီလီဂရမ်။ Vicodin ထဲမှာ (ပါရာစီတမော) 750 mg ပါတာကိုသတိထားပါ။

• Aspirin and Coke (အက်စပရင်) နဲ့ (ကုတ်) တွဲသောက်ရင်
ဘာမှမဖြစ်ပါ။

• Ibuprofen (အိုင်ဘူပရိုဖင်) နဲ့ Coke (ကုတ်) တွဲသောက်ရင် ဘာမှမဖြစ်ပါ။

• 10 Paracetamol (ပါရာစီတမော) ၁ဝ သောက်ရင်
အသဲမကောင်းရင် သေစေတဲ့ဆီအထိ ဦးတည်နေမယ်။

• 2 800mg Ibuprofen (အိုင်ဘူပရိုဖင်) ၂ ပြားသောက်ရင်
မသေစေပါ။ အသဲကိုတော့ ထိခိုက်မယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၃

Alcohol and Coffee အရက်မူးတာကို ကော်ဖီကထူးစေသလား


ကော်ဖီသောက်လိုက်ရင် သောက်ထားတဲ့အရက်ရှိန် (မူးနေတာ) ပြေသွားမယ်လို့ယူဆချက်ဟာ နားထောင်ရင် အဟုတ်လို့ ထင်စရာပါ။ ဒါပေမဲ့ လေ့လာမှုတွေလုပ်ကြည့်တော့ အဲလိုမဟုတ်ပါ။

နှစ်အနည်းငယ်တုံးက မိတ်ဆွေတချို့နဲ့အတူ ကျမ ဇာတ်ရုံတခုကကပွဲမှာ အသုံးတော်ခံခဲ့ပါတယ်။ ကျမခင်ပွန်းက အရောက်နောက်ကျပါတယ်။ သူက ခရစ်မတ်နေ့လည်စာနဲ့ ကော်ဖီသောက်ပြီး မွန်းလဲနောက်ပိုင်းတခုလုံးမှာ ဝိုင်တွေ သောက်နေခဲ့တာပါ။ ကံကောင်းတာက ပြဇာတ်က ဟာသဖြစ်ပါတယ်။ ကျမယောက်ျားဟာ လိုတာထက်ပိုပြီး ရယ်မောနေလို့ သူနဲ့တွဲသရုပ်ဆောင်ရသူကတောင် အံ့သြနေကြရပါတယ်။

အားလပ်ချိန်မှာတော့ နောက်ကျိနေတာ သက်သာသွားအောင်ဆိုပြီး ကျမသူ့အတွက် ကော်ဖီ ဝယ်တိုက်ပါတယ်။ ပြဇာတ် ဒုတိယပိုင်းမှာ သူ အတော်ငြိမ်နေတာ တွေ့ရတယ်။ ဒါဖြစ်ရင် ကျမတွက်ထားသလို ကော်ဖီကနေ မျက်လှည့်ပြသလိုသတ္တိ တကယ်ရှိသတဲ့လား။

Sedative effects အရက်ဆိုတာ များလေလေ အိပ်ချင်စိတ်များလေလေဆိုတာ လူတိုင်း သိတဲ့အချက်ပါ။ ပဌမ ၁ နာရီခွဲအတွင်းမှာ သွေးထဲမှာ အရက်ပမာဏ များနေချိန်မယ် အရက်သောက်သူဟာ တက်ကြွနေပါတယ်။ ၂ နာရီ နောက်ပိုင်းမှာတော့ ၆ နာရီ အထိ အိပ်ချင်စိတ်ဟာ တိုးတိုးလာပါတယ်။

ကော်ဖီထဲမှာပါတဲ့ Caffeine (ကေဖင်း) ဓါတ်ကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ လူတွေကို တက်ကြွနေစေပါတယ်။ ဒီအချက်ကြောင့် ဘီယာတပိုင့်သောက်ပြီး ကော်ဖီတခွက်နဲ့ဖြေတာ သဘာဝကျပါတယ်။

စိတ်မကောင်းစရာ လာပါပြီ။ အရက်သုတေသနသမိုင်းမှာ ဓါတ်ခွဲခန်းတွေထဲ အရက်သောက်ထားသူတွေကို ကော်ဖီ တိုက်ပြီး စမ်းသပ်တဲ့အခါ အဖြေတွေက ဆန့်ကျင်တာတွေ ထွက်လာပါတယ်။ တချို့မှာ Alcohol အရက်ကြောင့် Reaction times ပြန်လည် တုန့်ပြန်နိုင်တဲ့ ကြားကာလအချိန်ဟာ ကော်ဖီကြောင့် တိုးလာပေမဲ့ တချို့ ဘာမှမထူးပါ။

၂ဝဝ၉ ခုနှစ်မှာ (အရက် + ကော်ဖီ) အစွမ်းကို ပိုပြီး အသေးစိတ်ထုတ်ပြန်လာနိုင်ပါတယ်။ ကြွက်တွေကို အရက် တိုက်ပါတယ်။ ဒိနောက်မှာ လူတွေဆို ၈ ခွက်နဲ့ညီတဲ့ ကော်ဖီကို တိုက်ပြန်ပါတယ်။ ကေဖင်းဝင်ပြီးတဲ့နောက်မှာ ကြွက်တွေဟာ ပိုပြီး တက်ကြွနေပုံရပေမဲ့ ဒီအကောင်တွေဟာ ကော်ဖီမသောက်ရတဲ့ကြွက်တွေထက် ဝင်္ကဘာထဲမှာ အခြေအနေဆိုးတာ တွေ့ရပါတယ်။

ဒါကြောင့် ကော်ဖီဟာ အရက်ကြောင့်ဖြစ်စေတဲ့ Tiredness မောပမ်းမှုကို တန်ပြန်နိုင်စွမ်း ရှိတယ်။ ဒါကြောင့် နေ့စာ၊ ညစာစားပြီးဆိုင်း ကော်ဖီနဲ့ အစာပိတ်တဲ့သဘောက မှန်ကန်ပါတယ်။ ဒါပေမဲ့ အရက်ကြောင့်ဖြစ်ရတဲ့ Cognitive deficits မှတ်သားမှု-ဥာဏ်ထုတ်မှုအစွမ်း နည်းပါးနေတာကိုတော့ ကော်ဖီကနေ ဖျောက်မပေးနိုင်ပါ။ Drunkenness feelings အရက်သမားခံစားမှုဆိုတာ အဲဒါပါ။

ဇီဝကမ္မ၊ ရောဂါဗေဒလိုပြောရရင် အရက်ကို ကိုယ်ခန္ဓာနေ ချက်လုပ်ပါတယ်။ ဒီအတွက် နေ့ရက်တွေ မနည်းမနော ယူပါမယ်။ ဒီအလုပ်အတွက် အသဲက (အင်ဇိုင်းမ်) ၂ မျိုးသုံးရပါတယ်။ Alcohol dehydrogenase (အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ်) နဲ့ Aldehyde dehydrogenase (အယ်လ်ဒီဟိုက် ဒီဟိုက်ဒရိုဂျင်နေ့စ်) တွေဖြစ်ပါတယ်။ အဆင့်တွေ အဆင့်တွေ အများကြီးအပြီးမှာ လွန်ခဲ့တဲ့ ရက်တွေတုံးက သောက်ထားတဲ့ အရက်ဟာ ရေနဲ့ Carbon dioxide (ကာဗွန်အောက်ဆိုက်) အဖြစ် ချွေးနဲ့ ဆီးထဲကနေ စွန့်ထုတ်ပါတယ်။

One unit of alcohol အရက်တယူနစ် (10 ml in UK = 10 grams [12.7 ml] in Australia) ကို (မက်တာဘော်လိုက်စ်) ချက်လုပ်ဘို့ရာ ၁ နာရီပျမ်းမျှ အချိန်ယူပါတယ်။ မျိုးဗီဇ၊ အစာစားထားမထား၊ အရက်ရာနှုန်းတွေအရ အနှေးအမြန် ကွာပါမယ်။ ကော်ဖီထဲမှာပါတဲ့ ကေဖင်းကနေ ဒီဖြစ်စဉ်ကို မြန်စေအောင် မလုပ်နိုင်ပါ။ နောက်ထပ် သုတေသနအရ (ကေဖင်း) များတာကနေ အရက်ကြောင့် မှတ်ဥာဏ်ကို သက်ရောက်တာကို တန်ပြန်နိုင်တယ်။ Dizziness မူးနောက် နေတာကိုတော့ မပြေစေဘူးလို့ သိရပါတယ်။

ကေဖင်းကြောင့် ပိုဆိုးတယ်လို့ ပြောသူတွေလဲ မနည်းပါ။ ၂ဝဝ၈ ခုနှစ်ထဲမှာ အမေရိကန် ကောလိပ်ကျောင်းသားတွေကို လေ့လာတဲ့အခါ Vodka နဲ့ Red Bull လို အရက်ထဲမှာ (အယ်လ်ကိုဟော + ကေဖင်း) ပါတာမို့ သောက်သူတွေဟာ ထိခိုက်ဒဏ်ရာရတာ ပိုများကြပြီး၊ လမ်းပေါ်မှာ မြန်နှုန်းသတ်မှတ်တာထက် ပိုမောင်းသူတွေကနေ လိုက်ချင်လိုက်ခဲ့လို့ ကားပေါ်တင်ရင်လိုက်ကြသူက ၂ ဆ မက များတာကို တွေ့ရတယ်။ ဒီအချက်ဟာ သောက်ထားတဲ့အရက် နည်းတာ များတာနဲ့ တိုက်ရိုက်အချိုးမကျပါ။

ဒီသတင်းပို့ချက်ကိုရေးသူ Claudia Hammond (ကလော်ဒီယာ) ဟာ စာရေးသူ၊ အသံလွှင့်သူ၊ စိတ်ပညာကထိက ဖြစ်ပါတယ်။ သူမဟာ Health Check on BBC World Service ဘီဘီစီ ကျန်းမာရေးစစ်ဆေးမှုဆိုတဲ့အစီအစဉ်ကို ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေသူ ဖြစ်ပါတယ်။

Does coffee really sober you up when drunk? http://www.bbc.com/future/story/20130611-does-coffee-sober-you-up/2

ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၃

အပျိုစင်ဘ၀ကို ရောင်းချခဲ့သော်လည်းဘရာဇီးမိန်းကလေး အပျိုစင်ဘ၀ကို ပိုင်ဆိုင်နေသေး


အွန်လိုင်းမှတစ်ဆင့် အပျိုစင်ဘ၀ ကို ရောင်းချခဲ့သည့် ၂၁ နှစ်အရွယ် ဘရာဇီးမိန်းကလေးသည် ယခုအချိန်ထိ အပျိုစင် ဘ၀ကို ပိုင်ဆိုင်လျက်ရှိနေသေး ကြောင်း ပြောကြားသွားခဲ့သည်။ ကတ်ထရီနာ မင်လီယိုရေနီသည် ၎င်း၏ အပျိုစင်ဘ၀ကို အွန်လိုင်းတွင် လေလံတင်ရောင်းချခဲ့ရာ ၅၃နှစ် အရွယ်ရှိ ဂျပန်လူမျိုး သန်းကြွယ် သူဌေး နတ်စုက ဒေါ်လာ ၇၈၀,၀၀၀ ဖြင့်ဝယ်ယူခဲ့သည်။  ကတ်ထရီနာသည် နတ်စုခေါ် ဂျက်စတင်ဆစ်ဆေးထံမှ စရံငွေ ၂၀ ရာခိုင်နှုန်း ရရှိခဲ့ပြီး သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့တွင် နှစ်ဦးသား တွေ့ဆုံခဲ့သည်။သို့သော် ဂျက်စတင်ဆစ်ဆေးသည် ကတ်ထရီနာနှင့် လိင်ဆက်ဆံခဲ့ခြင်း မရှိသည့်အပြင် ကျန်ငွေများကိုလည်း ပေးအပ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။ ကတ်ထရီနာသည် ဂျပန်သန်းကြွယ်သူဌေးနှင့် စာချုပ်ပျက်ပြယ်ခဲ့ပြီး ယခုအချိန်ထိ တိုင် အပျိုစင်ဖြစ်နေဆဲဖြစ်ကြောင်း သတင်းထောက်များကို  ပြောကြားသွားခဲ့သည်။

ပြည်မြန်မာ

ဗုံးခွဲသူကို လက်မတုံ့ပြန်ဟု ဦးဝီရသူ မိန့်ကြား


ဆရာတော် ဦးဝီရသူ၏တရားပွဲအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားစေရန်အတွက် လုပ်ကြံသောသူကိုသိရှိကြောင်း မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယက ဆရာတော်ဦးဝီရသူက ရန်ကုန် တိုင်းမ်သတင်းစာ သို့ မိန့်သည်။ ''ဒီကိစ္စကို ဘယ်သူလုပ်လဲ  ဆိုတာ အသိသာကြီးပါ။ အသံဖိုင် တွေ၊ ဗီဒီယိုဖိုင်တွေလဲ ရှိတယ်။ ဦးပဉ္ဇင်းရဲ့ဖေ့စ်ဘုတ်ခ်မှာ တင် ထားတယ်။ ပြည်သူတွေလက်ထဲ မှာလဲရှိတယ်။ သိပေမယ့် လက် စားချေ တုံ့ပြန်မှုလုပ်တာမျိုး၊ ဥ ပဒေမဲ့လုပ် ရပ်မျိုးတွေ လုပ်သွား မှာမဟုတ်ဘူး''ဟု ဆရာတော်က မိန့်သည်။

ဆရာတော်သည် ယခုလ ၂၁ရက်က မန္တလေး မဟာအောင် မြေမြို့နယ် ၃၆လမ်း၊ ၈၄* ၈၅ လမ်းကြားတွင် 'ဆွေမျိုးဆိုတာ များလေကောင်းလေ'တရားဟော နေစဉ် ည ၉နာရီခန့်တွင် မဏ္ဍပ် နောက်ကျောမှ ဗုံးပေါက်ကွဲမှုဖြစ် ပေါ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ် စဉ်ကြောင့် ကိုရင်တစ်ပါးနှင့် လူ လေးဦးဒဏ်ရာရရှိခဲ့ပြီး ယခုအ ချိန်တွင်၎င်းတို့လေးဦးသည်ဆေးရုံ တက်ကုသနေကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ဆရာတော်ဦးဝီရသူက ''ဦး ပဉ္ဇင်း ဒီလို လုပ်ကြံခံ ရလို့ ပြည်သူ တွေကမခံနိုင်လို့ ဥပဒေမဲ့တုံ့ပြန် မှုလုပ်ရပ်မျိုးတွေ လုံးဝမလုပ်ကြ ဖို့ပြောချင်တယ်။ ဒေါသပေါက် ကွဲပြီး မဆီမဆိုင်ကိစ္စတွေ မလုပ် ကြဖို့၊ ဥပဒေဘောင်ထဲကနေပဲ လုပ်ဆောင်ကြဖို့အတွက် တိုက် တွန်းချင် ပါတယ်''ဟု မိန့်သည်။

ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ အမှုဆောင်အဖွဲ့ဝင် ဦးစော ဂျေးရှေက ''ဆူပူမှုတစ်ခုကို လုပ် ကြံဖန်တီးနေတယ်လို့ ထင်ပါ တယ်။ တစ်ဖက်က အကောင်းတွေ ကို လုပ်ဆောင်နေတဲ့ အချိန်မှာ လိုက်ဖျက်ဆီးနေတဲ့ အဆိုးတွေ ရှိ တတ်တယ်။ ဒါကြောင့် အဖျက် အမှောင့်တွေ ဝင်မလာအောင် ဝိုင်းဝန်းကာကွယ်တားဆီးဖို့ လို နေပြီ''ဟု ပြောသည်။ အဂ္ဂမဟာဇောတိက ဘဒ္ဒန္တ ဇောတိကဆရာတော် ဘဒ္ဒန္တကော သလ္လက ''အခုလိုမျိုးတွေ ပြုလုပ် နေတာဟာ ရည်ရွယ်ချက် တစ်စုံ တစ်ရာတော့ရှိမယ်။ ယုံကြည်မှု ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းနေ ပြီး ခံယူချက်တစ်ခုနဲ့ လုပ်ဆောင် နေတဲ့သူကို ပစ်မှတ်ထားပြီး လုပ် တာက ရည်ရွယ်ချက် ကြီးကြီးမား မားကို ရှိရမယ်''ဟု မိန့်သည်။ ယင်းသို့ လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ ဆရာတော်၏အနီး တွင် လုံခြုံရေးများ တိုးမြှင့်ချထား ခြင်းမရှိကြောင်း၊ ယခင်လို သွား မြဲလာမြဲအတိုင်းသာ သွားလာနေ ကြောင်း၊ တရားပွဲများကိုလည်း ဖျက်သိမ်းခြင်းမရှိကြောင်း မိန့်သည်။

''လုံခြုံရေးတွေ ဘာတွေ ဘာမှ မလုပ်ထားပါဘူး။ ခါတိုင်း သွားနေကျ ပုံစံအတိုင်းပဲ။ လုပ် ကြံချင်ရင်လဲ လွယ်လွယ်နဲ့ လုပ် ကြံလို့ရပါတယ်။ တရားပွဲကတော့ ဦးပဉ္ဇင်းဘက်က ဖျက်တာမရှိပါ ဘူး။ ဒီနေ့ည မြင်းမူမှာ ဟောမယ့် တရားပွဲ ကိုတော့ သူတို့ဘက်က ဖျက်လိုက်တယ်။ ဘာကြောင့်လဲ တော့မသိဘူး''ဟု မိန့်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးဦးစိုးငြိမ်းက ''ဒီဖြစ် စဉ်ကို ကျွန်တော်တို့ မနေ့က ပုဒ်မ ၂၈၆ နဲ့ အမှုဖွင့် ထား ပါတယ်။ တရားခံကတော့ စုံစမ်းနေတုန်း ပါ''ဟု ရန်ကုန်တိုင်းမ်သတင်းစာ သို့ပြောသည်။

ဆက်လက်၍ ယင်းဖြစ်စဉ် သည် လုပ်ကြံမှုဟု အတိအကျ ပြောလို့မရကြောင်း၊ ပေါက်ကွဲမှု ဖြစ်သည့်နေရာနှင့် ဆရာတော် တရားဟောသည့် နေရာသည် ကိုက် ၂၀ ဝန်းကျင်ခန့်ကွာဝေး ကြောင်း၊ ပေါက်ကွဲမှုဖြစ်သည့် ကားသည်လည်း ဆရာတော်၏ ကားမဟုတ်ကြောင်း၊ ပေါက်ကွဲ မှု ဖြစ်သည့်အရာသည်လည်း စစ် သုံးဗုံး မဟုတ်ကြောင်း၊ အစအန များကို စစ်ဆေးခြင်းဖြင့် လက် လုပ်ဗုံးဟု ယူဆရကြောင်း၊ တရား ခံကို အမြန်ဆုံးဖမ်းဆီးရရှိနိုင်ရန် ဆောင်ရွက်နေသည်။

ရွှေရည်မဉ္ဇူ
့Yangon Media Group


မန္တလေးမြို့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူနှစ်ဦးကို စစ်ဆေးလျက်ရှိ

             မန္တလေးမြို့ရှိ ရတနာပုံ ဒိုင်းမွန်းပလာဇာတွင် CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)
မန္တလေးမြို့၊ ဇူလိုင် ၂၁ ရက်ညက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် ပြုလုပ်ခဲ့သော သဟပုညကာရီဘုံ ဆွမ်းလောင်းအသင်းမှ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရားပွဲကျင်းပခဲ့ရာ ငါးရက်မြောက်နေ့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူ နှစ်ဦးအား စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
"ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းကိုယူပြီး ခရိုင်ရဲမှူး ဦးစီးအဖွဲ့မှ စိစစ်ဆောင်ရွက်ခဲ့ရာ မသင်္ကာသူတွေကို စိစစ်တွေ့ရှိလို့ ဓာတ်ပုံမှတ်တမ်းများ ထုတ်ယူဆောင်ရွက်ခဲ့တယ်" ဟု ရဲမှူးဦးစိုးညိမ်းမှ ပြောကြားသည်။
"ဒီလို ဆောင်ရွက်ခဲ့ရာမှာ ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းအရ အခင်းဖြစ် ပတ်ဝန်းကျင်မှာ မသင်္ကာ သံသယဖြစ်ဖွယ် နှစ်ဦးကို ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ဆောင်ပြီး စစ်ဆေးနေပါတယ်။ CCTV ကင်မရာမှတ်တမ်းပါ မသင်္ကာသူတွေကိုလည်း တရားခံဖမ်းဆီး ရမိရေးအတွက် ဖော်ထုတ်စိစစ်ဆေးသွားမှာပါ" ဟု ရဲမှူးက ဆက်လက်ပြောကြားသည်။
ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းအရ အခင်းဖြစ် ပတ်ဝန်းကျင်မှာ မသင်္ကာ သံသယဖြစ်ဖွယ် နှစ်ဦးကို ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ဆောင်ပြီး စစ်ဆေးနေပါတယ် . . . . .
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အနီးတွင် နေထိုင်သူ တစ်ဦးက "ပေါက်ကွဲမှု မဖြစ်ပွားခင် ည ၉ နာရီ ကျော်ကျော်လောက်မှာ အင်္ကျီမပါ လူတစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ ကားအောက်ကို အရာဝတ္ထုတစ်ခု လှမ်းပစ်သွားတာကို တွေ့လိုက်ရတယ်။ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲဆိုတော့ လူများတယ်။ လူများတော့ မထင်မရှားဘဲ တွေ့လိုက်ရတာပါ။ ပေါက်ကွဲမှုက ဆရာတော်ဦး ၀ီရသူရဲ့ တရားပွဲမပြီးခင် ပေါက်ကွဲသွားတာ" ဟု ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာ ကိုရိုလာအဖြူရောင် ယာဉ်အနီးမှ ဗြောက်အိုးကွဲသံကဲ့သို့ အသံဖြစ်ပေါ်ခဲ့သည်။ ယာဉ်၏ နောက်ဘီးနှစ်ဘီး၊ ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ပြီး ကားဘော်ဒီ၊ ဆီတိုင်ကီများနှင့် အနီးရှိ လူငါးဦးတို့တွင် လက်လုပ်ဗုံးဟု ယူဆရသော သံကြွပ်စငယ်များ၏ ဒဏ်ရာများ ရရှိခဲ့သည်။
ပေါက်ကွဲမှုဖြစ်စဉ်အား မြို့မရဲစခန်း (မဟာအောင်မြေ) မှ (ပ) ၄၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၆ အမှုဖြစ်စဉ်သည် အခင်းဖြစ်ရှိလူများ သာမန်/ပြင်းထန်ဒဏ်ရာ ရရှိစေရန်နှင့် လူအများ၏ အသက်အန္တရာယ် ထိခိုက်စေရန် ရည်ရွယ်ပြုလုပ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြစ်မှုပုဒ်မ ၂၈၆/၃၃၇/၃၃၈/၃၀၇ တို့ ဖွင့်လှစ်ပြီး ခရိုင်ရဲမှူး ဦးစီးအမှုစစ် အဖွဲ့ဖြင့် ဖွဲ့စည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံ ဖမ်းမိရေးအတွက် မြို့ဝင်/မြို့ထွက်များတွင် မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Eleven