မှတ်ကရော ...


အာဏာရှင် ခေတ်ကဖြစ်သည်။ တောရွာမ အဘွားအို သည် အာဏာရှင် ဦးသန်းရွှေ ၏ လုပ်ရပ်များကို အလွန်မုန်းသည်။ ထိုကြောင့် သူ တစ်ခုခုအဆင်မပြေဖြစ်တိုင်း

``သန်းရွှေ သေပါစေ´´ဟုေ၇ရွတ်တတ်သည်။ ထိုရေရွတ်သံကြားပြီး သူမွေူးထားသော ကြက်တူေ၇ွးက သံယောင်လိုက်ကာ ``သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´´ဟု အားတိုင်းေ၇ရွတ်နေတတ်သည်။

တရက်မှာတော့ ဦး သန်းရွှေ နှင့် စစ်သားများ ၄င်းရွာသို့ ချီတက်လာ၏။ စစ်တပ်ကြီးကိုမြင်သည်နှင့် ကြက်တူေ၇ွးက သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ ဟုထအော်သည်။စစ်တပ်ကြီးရပ်သွားပြီးး ဗိုလ်တစ်ဦး အိမ်ထဲဝင်လာကာ

``အဘွားကြီး ဒါခင်ဗျား ကြက်တူေ၇ွးလား?´´

``ဟုတ်ပါတယ် ဗိုလ်ကြီးရယ် နောင်မဖြစ်စေရပါဘူး အမေ တောင်းပန်ပါတယ်…´´

``အေး မနက်ဖြန် လာစစ်မယ်၊ မနက်ဖန်မှာ အဲဒီသောက်ကြက်တူရွေး အဲဒီစကားပြောရင် ခင်ဗျားကြီးရော အဲဒီကြက်တူရွေးကော နုတ်နုတ်ဆင်းပစ်မယ်…´´

စစ်တပ်သည် ပြောပြီး ဆက်လက်ချီတက်သွားသည်။ ကြံရာမရသည့်သနားစရာ အမယ်အိုက ရွာဘုန်းကြီးထံပြေးပြီး အကူအညီတောင်းသည်။ ရွာဘုန်းကြီးက သူမွေးထားသော ကြက်တူရွေးနှင့်လဲထားရန် အကြံပေးသည်။ အဘွားအိုက ကြက်တူေ၇ွးချင်းလဲထားမှာ စိတ်ချ လက်ချ နေနိုင်တော့သည်။

နာဇီတပ်နောက်တနေ့တွင်ပြန်ေ၇ာက်လာသည်။ စစ်သားများက အဘွားအို၏ အိမ်သို့ ၀င်ပြီး ကြက်တူရွေးအခြေအနေ ကို ကြည့်သည်။ ယနေ့ ကြက်တူရွေးက တဆိတ် အိနြေ္ဒရလွန်းနေသည် ။ စစ်သားများက ဆွပေးကြသည်။

``ဟေ့ကောင်ကြီး ပြောဦးလေကွာ၊ သန်းရွှေ ဘာဖြစ်တယ်ဆိုလား´´
ကြက်တူရွေးက ငဲ့စောင်းတောင်မကြည့်။

``ဟေ့ကြက်တူေ၇ွး ပြောဦးလေ၊ သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´

ထိုသို့မှ ကြက်တူေ၇ွးက မျက်လွှာချကာအိနြေ္ဒနှင့် ခပ်အေးအေးပြောသည်။

``တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ချစ်သား….´´

Credit - Original Writer

အဲမှာ စတွေ့ တာပဲလေ. ..


အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးမှုးထံသို့ အဖွဲ့ဝင်တစ်ယောက်၏ဇနီးရောက်လာပြီး ၄င်း၏ယောင်္ကျားဖောက်ပြန်
နေကြောင်း လာရောက်တိုင်ကြားသည်။

“ဖြစ်နိုင်ပါ့မလားဗျာ။ ကျွန်တော်သိရသလောက် ခင်ဗျားယောင်္ကျားဟာ လူရိုးတစ်ယောက်ပါ”
“အထောက်အထားရှိလို့ ကျွန်မစွပ်စွဲတာပါ” ဟုဆို၍ သူမယောင်္ကျားထံမှ ရရှိထားသော အမျိုးသမီးအတွင်းခံ
ဘောင်းဘီတစ်ထည်ကိုထုတ်ပြသည်။

“ဒါဆိုလည်း အဲဒီဘောင်းဘီထားခဲ့ဗျာ။ သူ့ကိုခေါ်ပြီးမေးကြည့်ပေးမယ်”
ထိုသို့ ကတိပေးပြီးနောက် အတွင်းရေးမှုးသည် ဘောင်းဘီထုပ်ကို အံဆွဲထဲထည့်ထားလိုက်သည်။
ထို့နောက် ကော်မတီဝင်များ လာရောက်မည်ဟု သတင်းရသဖြင့် ၄င်းအထုပ်ကို လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။ ထိုနေ့က အစည်းအဝေးများဖြင့် ပင်ပန်းခဲ့သောအတွင်းရေးမှုးသည် ၄င်းလက်ဆွဲအိတ်ကိုဆွဲ၍
အိမ်ပြန်လေသည်။ အိမ်သို့ရောက်သောအခါ သားဖြစ်သူက ရုပ်ရှင်သွားကြည့်ပါရစေဟု ပူစာလေသည်။
“ဖေဖေ့လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံရှိတယ်။ မင်းအမေကို ယူခိုင်းလိုက်”
အတွင်းရေးမှုး၏မိန်းမသည် သားအတွက် ပိုက်ဆံယူရန် အတွင်းရေးမှုး၏လက်ဆွဲအိတ်ကို ဖွင့်လိုက်လေသည်။
အိတ်အတွင်းမှ အထုပ်တစ်ထုပ်ကိုတွေ့၍ ဖွင့်ကြည့်ရာ အတွင်းခံဘောင်းဘီဖြစ်နေသည်ကိုတွေ့ရလေသည်။
အတွင်းရေးမှုး၏ဇနီးသည် ၀မ်းသာအားရလေသံဖြင့်

“ကျွန်မအတွင်းခံဘောင်းဘီပျောက်လို့လိုက်ရှာနေတာ အခုမှပဲ တွေ့တော့တယ်။
ရှင်က လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူယူသွားနေတာကိုး”

Credit - Original Writer

ယောက်ျား Vs မိန်းမ


နေ့လည်စာ ထွက်စားခြင်း

Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။ ( ကျနော့်ကိုတော့ နာမည်ပြောင် လီမင်ဟို လို့ ခေါ်ကြတယ်ဗျ )
Female- သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။ ( တခါတလေ ဆို သဲ တို့ ချစ်တို့ တောင် ခေါ်သေးတယ် )

ပိုက်ဆံရှင်းချိန်
ကျား - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
မ - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ပစ္စည်းဝယ်ခြင်း
ကျား - လိုအပ်လာရင် ၅၀၀ တန်ပစ္စည်းကိုလည်း ၁၀၀၀ ပေးဝယ်တယ်။
မ - မလိုအပ်သော်လည်းပဲ ၁၀၀၀ တန်ပစ္စည်းကို ၅၀၀ ရရင် ဝယ်ထားလိုက်တယ်။

ရေချိုးခန်း
ကျား - သွားတိုက်တံ၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ အဲဒီ(၅)မျိုးလောက်ပဲရှိတတ်သည်။
မ - အနည်းဆုံး (၁၀)မျိုးနှင့်အထက်ရှိတတ်သည်။ အချို့ပစ္စည်းများမှာ ယောက်ျားလေးများ မသိသော ပစ္စည်းများ ဖြစ်နေတတ်သည်။ ( Cosmetic တွေ က အများသားကိုး )

အချစ်
ကျား - လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမတွေအများကြီးဆီက။
မ - လိုချင်တာအများကြီး ဒါပေမယ့် ယောက်ျား တစ်ယောက်တည်းဆီက။

လက်ထပ်ခြင်း
ကျား - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။
မ - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။

အဝတ်အစား ကောင်းကောင်းဝတ်ခြင်း
ကျား - မင်္ဂလာဆောင်သွားချိန်နှင့် အသုဘလိုက်ပို့ချိန်မှာသာ ဝတ်သည်။
မ - ဈေးဝယ်ထွက်ချိန်၊ အမှိုက်သွန်ချိန်၊ ဖုန်းပြောချိန်၊ သစ်ပင်ရေလောင်းချိန်၊ စာတိုက်ပုံးထဲမှာ စာသွားယူချိန်၊ စာအုပ်ဖတ်ချိန်၊ ဖေ့ဘုတ်ပေါ် ဓာတ်ပုံတင်ချိန် ၊ မည်သည့် ပွဲလမ်းသဘင်မဆိုတက်ချိန်

ကလေးများ
ကျား - အိမ်မှာ ကလေးတစ်ယောက် မရှိချိန်မှပဲ ဖခင်ဖြစ်သူက သတိထားမိတယ်။
မ - မိခင်ဖြစ်သူက ကလေးအပြင်၊ ကလေးရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသင်ခန်းစာတွေ၊ ကြိုက်တတ်တဲ့အစားတွေ၊ ဆေးခန်းရက်ချိန်းတွေကအစ မှတ်မိတယ်။

စကားများခြင်း
စကားများတိုင်း မိန်းမဖြစ်သူရဲ့ စကားနဲ့ပဲ အဆုံးသတ်တယ်။ အကယ်၍ ယောက်ျားဖြစ်သူက ထပ်ပြောမိရင် အဲဒါက နောက်ပြဿနာတစ်ခုရဲ့ အစဖြစ်သွားရော။

နေ့စဉ်ကိစ္စ
ယောက်ျားတစ်ယောက် ကအပြစ်တစ်ခုလုပ်မိရင် မေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ တူညီတဲ့ကိစ္စတစ်ခုကို မှတ်မိဖို့ လူနှစ်ယောက်မလိုဘူး။ မိန်းမက အမြဲမှတ်မိနေတော့ မလိုတော့ဘူးလေ။

Credit - Original Writer

အချဉ်လေးနဲ့ကျတော့ အရသာရှိတာပေါ့စ်


ဖုန်စုပ်စက် အရောင်း/မာကတ်တင်း တစ်ဦးဟာ အိမ်တစ်အိမ်ရဲ့  တံခါး ပေါက်ကို သွားခေါက်ပါတယ်။
အိမ်ရှင်မ အမျိုးသမီးက တံခါးပေါက်ဖွင့်ပေးရုံပဲ ရှိသေးတယ်။ အရောင်း အမျိုးသားက အိမ်ထဲ တန်းဝင်လာပြီး ဧည့်ခန်း အလယ်တည့်တည့်မှာပဲ အသင့်ပါလာတဲ့ နွားချေးထုပ် ကို ဖြေလို့ သွန်ချ လိုက်ပါတယ်။ ပြီးတော့ အောက်ပါအတိုင်း စကားဆိုပါတယ်။

အရောင်းဝန်ထမ်း - အစ်မကြီး မျက်စိရှေ့ မှာ မြင်နေရတဲ့ ဒီနွားချေးကို ဒီဖုန်စုပ်စက်နဲ့ ၃ မိနစ်အတွင်း ကျနော်ရှင်းမယ်။ မရှင်းနိုင်ရင်၊ မပြောင်ရင် ကျန်တဲ့နွားချေးကော၊ ရှင်းပြီးသားကော ကျနော်အကုန်စားမယ်။

အိမ်ရှင်မ - အင်း. အချဉ်ရည် ယူဦးမလား.။

အရောင်းဝန်ထမ်း - ဘာဖြစ်လို့လဲ အစ်မကြီးရဲ့  ။

အိမ်ရှင်မ - ကျမအိမ်မှာ အခုချိန်ထိ မီးမလာတာ ၂ ရက်ရှိပြီ။

cr >> original writer

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့သူ


ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင် ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်း ကို ပြောချင်ပါ တယ်။သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်းသူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက် တယ်။သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ…ဘယ်လိုလဲ သင့်မှာရော “ဒူးမထောက် လက်မမြှောက်တဲ့စိတ်” ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်လိုက်ပါဦးလား။

~~~~~~~~~~ဆာလာအိတ်~~~~~~~~~~

သစ်ထုတ်လုပ်မှုလျှော့ချလျှင် သစ်ဆွဲဆင်များ ဒုက္ခရောက်ဖွယ်ရှိ


မြန်မာနိုင်ငံက သစ်ထုတ်လုပ်မှုကို လာမည့်နှစ်မှစ၍ တန်ချိန် ရှစ်သောင်းခန့်အထိ လျှော့ချလိုက်မည်ဖြစ်သည့်အတွက် သစ်ထုတ်လုပ်ရေးတွင် အဓိကအသုံးပြုနေသော ဆင်များအနေဖြင့် အလုပ်လက်မဲ့ဖြစ်ကာ ဒုက္ခရောက်နိုင်ဖွယ်ရှိကြောင်း အယ်လ်ဂျာဇီးယား ရုပ်သံသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသစ်ထုတ်လုပ်မှုကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်သည့်အနေဖြင့် လာမည့်   ၂၀၁၄ ခုနှစ်   ဧပြီလမှစ၍ သစ်အလုံးလိုက်တင်ပို့မှုနှင့် သစ်ထုတ်လုပ်မှုကို လျှော့ချသွားမည်ဟု မြန်မာအစိုးရက ကြေညာထားသည်။

လက်ရှိ မြန်မာ့သစ်ထုတ်လုပ်ရေးတွင် ဆင်ကောင်ရေ ၅၀၀၀ ခန့်ကို အသုံးပြုနေပြီး ဆင်များသည် စက်ကိရိယာများထက် သစ်တောပျက်စီးမှုနည်းပါးစေသည်။ ဆင်ကောင်ရေ ထက်ဝက်ကျော်ကျော်လောက်ကို အစိုးရ၏ မြန်မာ့သစ်လုပ်ငန်းက ပိုင်ဆိုင်ပြီး ကျန်ဆင်များကို ပုဂ္ဂလိက ဆင်ပိုင်ရှင်များက အစိုးရထံ  ငှားရမ်းထားခြင်းဖြစ်ပါသည်။

အစိုးရထံတွင် သစ်ဆွဲလုပ်ငန်းများကို ဆင်ကောင်ရေ ၂၀ ဖြင့် လုပ်ကိုင်နေသော ဆင်သမားတစ်ဦးက သစ်လုပ်ငန်းများ လျှော့ချသည့်အတွက် သစ်ဆွဲဆင်များ အလုပ်မရှိလျှင် သူပိုင်ဆင်များကို ရောင်းချမည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနအား ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဆင်များ၏ အခြေအနေမှာ ယခင်ကကဲ့သို့ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်သူမရှိဘဲ ဒုက္ခရောက်သွားနိုင်စရာရှိသည်ဟု ဆင်ပိုင်ရှင်များနှင့် သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက် ရေးသမားများက ပြောကြားသည်။

မြန်မာနိုင်ငံသည် အာရှတွင် ဆင်ကောင်ရေအများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက ဆင်ကို သစ်ထုတ်လုပ်ငန်းတွင် အသုံးပြုခိုင်းစေသည့် နိုင်ငံဖြစ်ပါသည်။

7DAY DAILY

ရန်ကုန်တွင် တစ်ရက်တည်း လူငါးဦး ရေနစ်သေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်မြို့တော်တွင် နိုဝင်ဘာလ ၂ ရက်နေ့ တစ်ရက်တည်းတွင် ရေနစ်သေဆုံးမှုပေါင်း ငါးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ်၊ ၁၇ ရပ်ကွက်၊ ဂန္ထဝင်လမ်းတွင် နေထိုင်သူ ဦးဝင်းမြင့်စိုး ဆိုသူသည် ယင်းလမ်းရှိ အကျယ်လေးပေ၊ အနက်နှစ်ပေရှိ ရေမြောင်းထဲတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က သေဆုံးခဲ့ကြောင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် နံနက် ၉ နာရီခန့်က ဦးထွန်းလင်းမြတ် (ခ) ကြက်ဖကြီး (ခ) ဆံရှည် ဆိုသူမှာ ဝေဘာဂီမြို့သစ် ၄ ရပ်ကွက် မလိခလမ်း အတွင်းရှိ လမ်းဘေးရေအိုင် အတွင်းတွင် သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးစလုံး အရက်သောက်သုံး ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကျန်ရေနစ် သေဆုံးမှုမှာ ပြည်လမ်းရှိ အင်းလျားကန်ထဲတွင် နံနက် ၁၁ နာရီ ဝန်းကျင်က အသက် ၅၅ နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသေဆုံးနေသည်ကို တံတားဖြူ မှတ်တိုင်အနီး ကန်ဘောင်ပေါ် ရောက်ရှိနေသူ များက တွေ့မြင်ခဲ့ကြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စတုတ္ထမြောက် ဖြစ်စဉ်သည် တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာ ဦးမောင်ဇော် အုတ်ကွင်းတွင် နေထိုင်သူ အသက် ၁၀ နှစ်အရွယ် မောင်စန်းမောင်မောင် နံနက် ၁၀ နာရီကျော်က အုတ်တူးသည့် ကျင်းဟောင်းရှိ ရေကန်ဘေးတွင် ငါးမျှားနေစဉ် ရေကန် အတွင်းသို့ ပြုတ်ကျ သေဆုံးခဲ့မှု ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ငါးယောက်မြောက် ရေနစ် သေဆုံးမှုမှာ ရွာမအနောက်ရပ်ကွက် ‘အောင်ဖြိုးကျော်’ သဲကွင်း အလုပ်သမား တန်းလျားတွင် နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ က ဖြစ်ပွားခဲ့ပြီး အသက်လေးနှစ်အရွယ် မစိမ့်စိမ့်သူသည် မိခင်ဖြစ်သူ ဈေးဝယ်သွားစဉ် နေအိမ်အနောက်ဘက် ပေ ၂၀ ခန့်အကွာရှိ လှိုင်မြစ်လက်တက် ချောင်းအတွင်း ရေနစ်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများတွင် မြန်မာလုပ်သား ၇၅ ရာခိုင်နှုန်း အသုံးပြုမည်ဟုဆို


နေပြည်တော်၊ နိုဝင်ဘာ ၃
ပြည်ပကုမ္ပဏီများကို အသစ်လုပ်ကိုင်ခွင့် ပြုထားသော နတ်မောက်မြို့နယ် အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် မြန်မာလုပ်သား ၇၅ ရာခိုင်နှုန်း အသုံးပြုရန် အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များကို တင်ဒါ အောင်မြင်ထားသည့် ကုမ္ပဏီများနှင့် သဘောတူညီမှု ရရှိထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

ယင်းဒေသရှိ တူးဖော်ရေး လုပ်ငန်းများကို ပြည်ပကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာနတို့က အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်သည့် ပထမ ၂ နှစ်တွင် ကျွမ်းကျင် မြန်မာနိုင်ငံသား၂၅ ရာခိုင်နှုန်း၊ ဒုတိယ ၂ နှစ်တွင် ၅၀ ရာခိုင်နှုန်းနှင့် တတိယ ၂ နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်အပ် လုပ်ကိုင်ခွင့်ပြုရန် သဘောတူညီမှု ပြုလုပ်ထားကြောင်း ၎င်းက ရှင်းပြသည်။

ဒေသတွင်း လုပ်ကွက်များသည် စီးပွားဖြစ် လုပ်ငန်းများ ဖြစ်သောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ ပြည်တွင်းရှိ လုပ်သားများကို ကျွမ်းကျင်သင်တန်းများ၊ လက်တွေ့လုပ်ငန်းများ စီစဉ်ဆောင်ရွက် ပေးနေကြောင်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် BOC တူးဖော်ခဲ့သည့် နတ်မောက်မြို့ အနောက်ဘက် ဝက်ချုပ်ကျေးရွာရှိ တွင်းအမှတ် (၄) မှ ဓာတ်ငွေ့ (၀ ဒသမ ၂) ကုဗပေသန်း ရရှိသော နေရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးတွင်းများ ပြုလုပ်နေပြီ ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နတ်မောက်မြို့ရှိ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သုံးခုကို ၂၀၁၃ ခုနှစ်အတွင်းတွင် ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီနှင့် မလေးရှားအခြေစိုက် Carigali Myanmar ILC ကို စွမ်းအင်ဝန်ကြီးဌာနက လုပ်ပိုင်ခွင့် ပြုထားသည်။

မကွေးတိုင်း နတ်မောက်မြို့နယ်ရှိ ကုန်းတွင်း လုပ်ကွက်များဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ပြည်ပကုမ္ပဏီများမှ ဝင်ရောက် လုပ်ကိုင်ခြင်းတွင် ယမန်နှစ်က ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် ပဋိပက္ခကဲ့သို့ ဖြစ်ပွားစေနိုင်ကြောင်း နတ်မောက် မဲဆန္ဒနယ်မှ ဦးအောင်ကျော်စိုးက ဆိုသည်။

The Voice Weekly

ရှေးဟောင်းနယ်မြေအတွင်း အဆောက်အအုံ ဆောက်သူ အရေးယူမည်


ရန်ကုန်၊ နိုဝင်ဘာ ၃

news_shnmatasao_tzo မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသများဖြစ်သော ပုဂံ၊ သရေခေတ္တရာ၊ မြောက်ဦး ရှေးဟောင်း နယ်မြေများအတွင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်သူများကို အရေးယူသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက နိုဝင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းကန့် သတ်ဇုန်များအတွင်း အဆောက်အအုံ ဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ ခြံစည်းရိုး ခတ်ခြင်းများ ပြုလုပ်ပါက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အရ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနက ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများရှိရာ နေရာ (Monument Zone) နှင့် ရှေးဟောင်းနယ်မြေ (Ancient Site Zone) များကို သတ်မှတ်ထားပြီး ဇုန်နှစ်ခုလုံးနှင့် ပေ ၉၀ အကွာတွင် အဆောက်အအုံ ဆောက်လုပ်ခွင့် မရှိကြောင်း မြောက်ဦးမြို့နယ်မှ ရှေးဟောင်း သုတေသန ပညာရှင် ဦးကျော်ထွန်းအောင်က ပြောကြားသည်။

ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေအဖွဲ့ (Global Heritage Fund) က အာရှတိုက်တွင် ပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နေရာအဖြစ် ထုတ်ပြန်ထားသော မြောက်ဦးမြို့ရှိ ရှစ်သောင်း ပုထိုးတော်ကြီး အနီးတွင် သြဂုတ်လဆန်းက နေအိမ်အလုံး ၂၀ခန့် ဆောက်လုပ်ခဲ့ခြင်းကို ဒေသခံများနှင့် သက်ဆိုင်ရာက ပူးပေါင်း ကြိုးပမ်း တားမြစ်နိုင်ခဲ့၍ ရပ်ဆိုင်းခဲ့ကြောင်း မြောက်ဦး နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဂံ၊ သရေခေတ္တရာ၊ မြောက်ဦး ကန့်သတ်ဇုန်များအတွင်း ခြံများတိုးချဲ့ ကာရံခြင်း၊ အဆောက်အအုံများ တိုးချဲ့ခြင်း၊ အသစ်တည်ဆောက်ခြင်းနှင့် အုတ်ဖုတ်ခြင်းများ ဆောင်ရွက်နေခြင်းကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးလျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေနှင့် ပတ်သက်သော နည်းဥပဒေများကို ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်း ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၆ ခုကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly

၂၀၁၄ ခုနှစ်တွင် AIDS လူနာ ခုနစ်သောင်းခွဲကျော် ART ဆေးရမည်


ရန်ကုန်၊ နိုဝင်ဘာ ၃

ကမ္ဘာ့ရန်ပုံငွေ အဖွဲ့၏ ရန်ပုံငွေသစ် စီမံချက်ကြောင့် အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းက လာမည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း HIV/AIDS ဝေဒနာရှင် ၇၆,၆၆၈ ဦးထိ ART ဆေး တိုးမြှင့် ထောက်ပံ့သွားရန် ရှိကြောင်း အဆိုပါ စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ တိုးမြှင့် ထောက်ပံ့ပေးမည့် အစီအစဉ်ကြောင့် ART ဆေး လိုအပ်သူများ၏ ၆၁ ရာခိုင်နှုန်းခန့် ဆေးရရှိနိုင်တော့မည် ဖြစ်ပြီး ယခုနှစ်ထက် HIV/AIDS လူနာသစ် တစ်သောင်းကျော်ခန့် ART ဆေးတိုးရမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

ယင်းအပြင် HIV/AIDS လူနာများအတွက် ၂၀၁၃ ခုနှစ်က ART ဆေးပေးသည့် ပြည်သူ့ဆေးရုံနှင့် အဖွဲ့အစည်းပေါင်း ၃၀ ခုရှိရာမှ လာမည့် ၂၀၁၄ ခုနှစ်တွင် ၆၄ ခုထိ တိုးသွားရန် ရှိကြောင်း အဆိုပါ စီမံကိန်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ယခင်က တစ်နေ့လျှင် ပျမ်းမျှအားဖြင့် နှစ်ကြိမ် သောက်သုံးရသော d4T Based ဆေးဝါး များကို ထောက်ပံ့ရာမှ ၂၀၁၄ ခုနှစ်တွင် နေ့စဉ် တစ်ကြိမ်သာ သောက်သုံးရသည့် TDF Based ဆေးဝါးများ ပိုသုံးစွဲမည် ဖြစ်ကြောင်း ဒေါက်တာထွန်းညွန့်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံက HIV/AIDS ဝေဒနာရှင်များအတွက် ၂၀၁၃ ခုနှစ်က စတင်ကာ ကမ္ဘာ့ ရန်ပုံငွေအဖွဲ့နှင့် ထောင်စုနှစ် ရည်မှန်ချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) ကသုံးနှစ်စီမံကိန်းများ စတင်ပြုလုပ်လျက် ရှိကြောင်း၊ 3MDG က မူးယစ်ဆေး စွဲနေသူများကြား HIV ပိုးကူးစက်မှု လျော့ကျစေရေးနှင့် AIDS ဝေဒနာရှင်များအတွက် ART ဆေး ပံ့ပိုးရေးကို သီးသန့် လုပ်ဆောင်နေကြောင်း အဆိုပါ ရန်ပုံငွေ အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းများ ထောက်ပံ့ပေးနေသော HIV/AIDS ဝေဒနာရှင်များသည် ၂၀၁၂ ခုနှစ်တွင် ၅၃,၇၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၆၀,၆၁၈ ဦးတို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးရန် နှစ်စဉ် လိုအပ်သူ ဦးရေသည် ၁၂၅,၀၀၀ ဝန်းကျင် ရှိကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းအရ သိရသည်။
The Voice Weekly

ယုဇနပလာဇာအနီး အုပ်စုလိုက် ရိုက်နှက်သူများကို ဖမ်းဆီးအရေးယူ


ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်မြို့ ယုဇနပလာဇာ အနီးတွင်ရှိသော MM (2) ဆေးဆိုင် ဝန်ထမ်းများကို ရိုက်နှက်ကာ ဆိုင်ကိုဖျက်ဆီးခဲ့သည်ဟု တိုင်ကြားခံရသူများကို ဖမ်းဆီးရမိထားပြီး လွတ်မြောက်နေသူ နှစ်ဦးကို စုံစမ်းလျက် ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲမျိုးဟိန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများမှာ တာမွေမြို့နယ်အတွင်း နေထိုင်သည့် ထက်မြက်နိုး (ဘ) ဦးမောင်မောင်ဆွေ၊ ကျော်ဒင်ဖြိုး (ဘ) ဦးကျော်ဦး၊ ဇော်မင်းထွေး (ဘ) ဦးစိုးနိုင်တို့ ဖြစ်ကာ ၎င်းတို့ကို အခင်းဖြစ်သည့် ညတွင်းချင်းပင် ဖမ်းဆီးရမိကြောင်း ရဲအုပ် ရဲမျိုးဟိန်းက ပြောကြားသည်။

၎င်းတို့ သုံးဦးနှင့် အခြားနှစ်ဦးတို့ အရက်သောက်ပြီး ပြန်လာစဉ် နိုဝင်ဘာလ ၁ ရက်နေ့ ည ၉ နာရီခွဲခန့်က MM (2) ဆေးဆိုင်ဝန်ထမ်း ဦးအောင်မင်းသက် တွန်းလာသည့် စက်ဘီးသည် လမ်းလျှောက် ပြန်လာသည့် ၎င်းတို့ငါးဦးမှ တစ်ဦးကို ပွတ်မိရာမှ စကားများကာ အဆိုပါ ငါးဦးက ထိုးကြိတ်ပြီး ထွက်သွားကြောင်း၊ ဦးအောင်မင်းသက်၏ အစ်ကိုဖြစ်သူ ဦးဝေမင်းဟန်က ဆေးဆိုင်သို့ ခေါ်ကာ ဆေးထည့်ပေးနေစဉ် သုံးဦး ဆိုင်သို့ ပြန်လာကာ ရိုက်နှက်ဖျက်ဆီးခြင်း ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူ၏ အဆိုအရ သိရသည်။

ရိုက်နှက် ခံရခြင်းကြောင့် ဦးဝေမင်းဟန်သည် ညာလက်ဖျံပွန်းပဲ့ ဒဏ်ရာနှင့် လက်ကောက်ဝတ် နာကျင်ဒဏ်ရာရရှိကာ ဦးအောင်မင်းသက်မှာ ညာလက်ဖျံ ပွန်းပဲ့ဒဏ်ရာ၊ နဖူးပေါက်ပြဲ ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အပြင်လူနာအဖြစ် ကုသနေကာ ဆေးဆိုင်မှာမူ ကျပ်ရှစ်သိန်းဖိုးခန့် ပျက်စီးသွားကြောင်း စခန်းမှူး ရဲအုပ်ရဲမျိုးဟိန်းက ဆိုသည်။
“တာမွေမြို့နယ်ထဲကပဲ။ သုံးယောက်က သူငယ်ချင်းတွေ၊ ကျန်တဲ့နှစ်ယောက်ကတော့ အရက်ဆိုင်မှာပဲ သိကြတယ် ပြောတယ်။ နာမည်တော့ မသိဘူး။ လူမြင်ရင်တော့ မှတ်မိတယ်လို့ တရားခံတွေက အစစ်ခံပါတယ်” ဟု ရဲအုပ် ရဲမျိုးဟိန်းက ပြောကြားသည်။

ရိုက်နှက်သူများ ယူဆောင်လာသော ဝါးတုတ်များမှာ အနီးပတ်ဝန်းကျင်ရှိ ဆိုင်များမှ ဖြုတ်ယူလာခြင်း ဖြစ်နိုင်ကြောင်း အခင်းဖြစ်ပွားရာ နေရာ၏အနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုင်ကြားခံရသူများကို ပုဒ်မ ၃၂၅ (နာကျင်စေမှု)၊ ပုဒ်မ ၄၄၀ (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၁၁၄ (ပူးပေါင်းဆောင်ရွက်မှု) တို့ဖြင့် အရေးယူထားကြောင်း တာမွေမြို့နယ် ရဲစခန်းထံမှ သိရသည်။
The Voice Weekly

လက်ပံတောင်းတောင်အနီး အင်ကြင်းတောင်ပေါ်တွင် သပိတ်စခန်းဖွင့်


မုံရွာ၊ နိုဝင်ဘာ ၃

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်းရှိ လယ်တီသိမ်တော်နှင့် စေတီကို မပျက်စီးစေရန်အတွက် လက်ပံတောင်းတောင်အနီး အင်ကြင်းတောင်တွင် နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှ စတင်၍ ထိုင်သပိတ်စခန်း ဖွင့်လှစ်၍ လယ်တီသိမ်နှင့် စေတီကို ဖူးမြော်ခွင့်ပေးရန် တောင်းဆိုလျက် ရှိကြောင်း ဆည်တည်းရွာ ဒေသခံ များက ပြောကြားသည်။
“လယ်တီသိမ်ကို ဖူးမြော်ဖို့ သွားရောက်တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက တားလို့ အခုလို သပိတ်စခန်း ဖွင့်တာပါ။ အစီအစဉ် မရှိပါဘူး။ သိမ်တော်နဲ့ စေတီကို သွားပြီး ဖူးခွင့်ရမယ်ဆိုရင် သပိတ်စခန်း ပြန်ပိတ်မှာပါ” ဟု ယင်းဆရာတော်က ဆက်လက်မိန့်ကြားသည်။

လက်ရှိ သပိတ်စခန်းဖွင့်၍ တောင်းဆိုနေသော အင်ကြင်းတောင်မှာ ဆည်တည်း ကျေးရွာအနီးတွင် တည်ရှိပြီး လက်ပံတောင်းတောင်နှင့် တစ်မိုင်ခန့် အကွာတွင် တည်ရှိကာ၊ သံဃာတော် ခြောက်ပါးနှင့် လက်ပံတောင်း ဒေသခံ ၁၅၀ ခန့် ထိုင်သပိတ်စခန်းတွင် ရှိကြောင်း ဆည်တည်းရွာတွင် နေထိုင်၍ လက်ပံတောင်းအရေး တက်ကြွစွာ လှုပ်ရှားနေသူတစ်ဦးက ဆိုသည်။

လယ်တီသိမ်ကို နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် အချိန်တွင် လက်ပံတောင်း ဒေသခံများနှင့် သံဃာတော်အချို့ သွားရောက် ဖူးမြော်ရန်အတွက် ဆည်တည်းရွာမှ ထွက်ခွာခဲ့ရာ ခွင့်ပြုချက် တောင်း ခံခဲ့ခြင်း မရှိသည့်အတွက် လက်ပံတောင်းတောင်၏ တောင်ဘက် တောင်ခြေရှိ ခြံစည်း ရိုးခတ်ထားသည့် နေရာတွင် လုံထိန်းရဲတပ်ဖွဲ့၏ တားဆီးခြင်း ခံခဲ့ရပြီးနောက် ယခုကဲ့သို့ သပိတ်စခန်းဖွင့်၍ တောင်းဆိုရခြင်း ဖြစ်ကြောင်း သံဃာတော်တစ်ပါးက မိန့်ကြားသည်။

လယ်တီသိမ်ကို သွားရောက် ကြည့်ရှုရခြင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ကြေးနီစီမံကိန်းမှ ခွဲခဲ့သည့် မိုင်းမှာ အင်အားပြင်းသည့်အတွက် သိမ်၏ ကြံ့ခိုင်မှု အခြေအနေကို တွေ့မြင်လို၍ သွားရောက်ရခြင်း ဖြစ်ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။

မန္တလေးမြို့မှ လက်ပံတောင်းဒေသရှိ လယ်တီသိမ်တော်သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုများ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ပြုလုပ်ခဲ့ရာ၊ ဆန္ဒထုတ်ဖော်သူများနှင့် ဖြေလျှော့ရေး အဖွဲ့တို့၏ ညှိနှိုင်း သဘောတူညီချက် ငါးချက်ကို သဘောတူညီမှု ရခဲ့ပြီး၊ လွှတ်တော်သို့ တင်ပြနေစဉ်နှင့် ဆရာတော်ဘုရားကြီးများ သံဃာတော်များ၏ ညွှန်ကြားချက်အတိုင်း ခံယူနေစဉ် အတွင်းမှာ သိမ်တော်နှင့် စေတီကို မည်သည့် အကြောင်းနှင့်မျှ မပျက်စီး မရွှေ့ပြောင်းဘဲ ပကတိအတိုင်း တည်ရှိစေရမည်ဟူသည့် အချက်နှင့် ဘုရားဖူး ပြည်သူများ ဖူးမြော် ဝင်ရောက်နိုင်ရန် ငါးယောက်ထက်မပို သုံးရက်အတွင်း ခွင့်ပြုမိန့် တောင်းခံရမည်ဟူသည့် သဘောတူညီချက်များ ပါဝင်ခဲ့သည်။
The Voice Weekly

ကမ္ဘာ့ဖလား ဖွင့်ပွဲတွင် မြန်မာရိုးရာခြင်းလုံး သရုပ်ပြရန် ဖိတ်ကြားခံရဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၃

ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ့ရိုးရာခြင်းလုံးကို သရုပ်ပြ ကစားပေးရန် ဖိတ်ခေါ်မည်ဟု ဖွင့်ပွဲ ကျင်းပရေး တာဝန်ယူထားသည့် Panorama အဖွဲ့က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ကို ဘရာဇီးနိုင်ငံက တရားဝင် ဖိတ်ကြားထားခြင်း မရှိသေးသော်လည်း ဖိတ်ကြားခဲ့ပါက လက်ခံသွားမည် ဖြစ်ကြောင်း၊ SEA Games ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လက်ရွေးစင် ကစားသမားများနှင့် သွားရောက် ဖျော်ဖြေရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့ရိုးရာခြင်းလုံး အနေဖြင့် ကမ္ဘာ့အဆင့်သို့ ထိုးဖောက်ရန် ပြင်ဆင်နေချိန်တွင် ယင်းသို့ သွားရောက်ဖျော်ဖြေခွင့် ရရှိခဲ့ခြင်းသည် တစ်ကမ္ဘာလုံးကို ပြသနိုင်မည့် အခွင့်အရေးကောင်း တစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ့ရိုးရာခြင်းလုံးကို ထည့်သွင်း ပြသရန် ဘရာဇီးရုပ်သံ တစ်ခုဖြစ်သည့် Global Net-work အဖွဲ့သည် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက် ခဲ့ကြောင်း၊ ခြင်းလုံး ထုတ်လုပ်ပုံမှစ၍ မြန်မာ့ရိုးရာ ခြင်းလုံးကစားပုံ အကြောင်းကို မန္တလေးမြို့တွင် တစ်ပတ်ခန့် လာရောက် ရိုက်ကူးခဲ့ပြီး ဝါဆို ခြင်းလုံးပွဲတော် ကျင်းပပုံကိုလည်း ရိုက်ကူးသွားကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ နည်းပြတစ်ဦးက ဖြည့်စွက် ပြောကြားသည်။

အကြိမ် (၂၀) မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဘရာဇီးနိုင်ငံက ဒုတိယအကြိမ် မြောက်အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပမည်ဖြစ်ရာ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ၊ ထိုင်း၊ ဂျာမနီ၊ အိုင်ယာလန်၊ ဘယ်ဂျီယံနိုင်ငံတို့မှ ရိုးရာအားကစားနည်းများကို ထည့်သွင်း ဖျော်ဖြေမည် ဖြစ်သည်။

မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ကို ၁၉၅၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်း အချိန်မှစ၍ ပြည်ပနိုင်ငံများတွင် သရုပ်ပြပွဲများ ကစားခဲ့ဖူးသည်။
The Voice Weekly

မန္တလေးတွင် စာပေစကားဝိုင်း ပြန်လည် ပြုလုပ်မည်


မန္တလေး၊ နိုဝင်ဘာ ၃

မန္တလေးမြို့တော်အခြေစိုက် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာများ စုစည်းကာ အလွှာစုံ ပါဝင်သော မန္တလေး စာပေစကားဝိုင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ တစ်လလျှင် နှစ်ကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ စကားဝိုင်း ဦးဆောင် စီစဉ်သူများထံမှ သိရှိရသည်။

မြန်မာစာပေလောကတွင် ရသစာပေ ဖြစ်ထွန်းမှုမှာ အားနည်းနေပြီး မန္တလေးစာပေ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ စီစဉ်ရခြင်း ဖြစ်ကြောင်း အဆိုပါ စကားဝိုင်း စီစဉ်သူတစ်ဦးဖြစ်သူ ရာပြည့်မန္တလေး စာအုပ်တိုက် လုပ်ငန်းရှင် ဦးပုညဆွေက The Voice သို့ ပြောကြားသည်။

မန္တလေး စာပေအသိုက်အဝန်းတွင် မျိုးဆက်သစ်လူငယ်နှင့် မျိုးဆက်ဟောင်းများ အကြားတွင် ပေါင်းကူးပေးနိုင်ရန်အတွက် မန္တလေး စာပေစကားဝိုင်းကို စီစဉ်ရခြင်း ဖြစ်ကြောင်း ယင်းဦးဆောင်သူများတွင် ပါဝင်သူတစ်ဦးဖြစ်သူ စာရေးဆရာ ညိုထွန်းလူက ပြောကြားသည်။

ယင်းအစီအစဉ်သည် ဂုဏ်ကျက်သရေရှိသည့် ကိစ္စဖြစ်သည့် အတွက် ထောက်ခံကြိုဆိုပါကြောင်း ကဗျာဆရာ မောင်နွေထက်က ပြောကြားသည်။

ပထမဆုံး ပြန်လည် ပြုလုပ်မည့် နိုဝင်ဘာလ ၁၀ ရက်နေ့ စာပေစကားဝိုင်းတွင် စာရေးဆရာ သိုက်ထွန်းသက်၏ ဈေးချိုသူ ဝတ္ထုတိုနှင့် ဆင်တူကြောင်းကွဲ ဒီဇိုင်းများ ဝတ္ထုတို နှစ်ပုဒ်ကို စတင် ဝေဖန်သုံးသပ် စကားဝိုင်း ပြုလုပ်မည် ဖြစ်ပြီး ဝတ္ထုတို၊ ကဗျာ၊ ကာတွန်းနှင့် ပတ်သက်၍ အလှည့်ကျ ဝေဖန်သုံးသပ် စကားဝိုင်း ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် စာရေးဆရာများ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

မန္တလေးမြို့တော်တွင် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာများ စသည်ဖြင့် အလွှာစုံ ပါဝင်သော မန္တလေးစာပေ စကားဝိုင်း ဖြစ်မြောက်ရေး အစည်းအဝေးကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီက မန္တလေးမြို့တော် ၈၀ လမ်းx ၈၁ လမ်းကြား၊ ၃၄ လမ်း ရာပြည့်မန္တလေး စာအုပ်တိုက်တွင် ကျင်းပခဲ့သည်။

မန္တလေးမြို့ စာပေအသိုက်အဝန်းတွင် စာပေစကားဝိုင်းများကို အစုအဖွဲ့အလိုက် ကျင်းပနေသော်လည်း မန္တလေး စာပေလောကနှင့် မြန်မာစာပေလောကကို ထင်ဟပ်သော မန္တလေး စာပေစကားဝိုင်း မကျင်းပဖြစ်သည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီ ဖြစ်ကြောင်း မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ၁၉၇၀ ပြည့်နှစ်က ပြုလုပ်ခဲ့သော ဓမ္မဗိမာန် စာပေဝိုင်း၊ ဟံသာဝတီစနေ စာပေ စကားဝိုင်းတို့မှာ မြန်မာစာပေလောကတွင် ထင်ရှားခဲ့သည်။
The Voice Weekly

အရပ်သားတစ်ဦးကို အမည်မသိ လက်နက်ကိုင်နှစ်ဦး သေနတ်ဒင်ဖြင့် ဝင်ရိုက်


မော်လမြိုင်၊ နိုဝင်ဘာ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉) လမ်းထိပ်တွင် အမည်မသိ လက်နက်ကိုင်နှစ်ဦးက ယင်းရပ်ကွက်နေ ဦးသင်းကိုကိုကို နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဦးသင်းကိုကို၏ ဇနီးဖြစ်သူ ဒေါ်ဇာခြည်က ပြောကြားသည်။

အဆိုပါ လက်နက်ကိုင် နှစ်ဦးသည် မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉) လမ်းထိပ်တွင် ဦးသင်းကိုကိုနှင့် ဦးကျော်ကိုကိုတို့ ညီအစ်ကိုနှစ်ဦး ထိုင်နေစဉ် သေနတ်ဖြင့် ခြိမ်းခြောက် ပစ်ခတ်ခဲ့ပြီး သေနတ်ဒင်ဖြင့် ထုသွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သင်းကိုကိုက လမ်းထိပ်မှာ ထွက်ထိုင်နေတာကို ဆိုင်ကယ်စီးပြီး သေနတ်ကိုင် ထားတဲ့သူတွေ ရောက်လာပြီး သူကို့ထိုးတယ် အဲဒါကို သူ့ညီကျော်ကိုကို လိုက်သွားတာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ခေါင်းကို သေနတ်ဒင်နဲ့ ထုသွားတယ်” ဟု ၎င်းတို့၏ ဖခင်ဖြစ်သူ ဦးသာစိန်က ဆိုသည်။

သေနတ်ဒင်ဖြင့် ရိုက်နှက်ခံရသည့် ဦးသင်းကိုကိုကို မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ထားရကြောင်း ဦးသာစိန်က ထပ်လောင်း ပြောကြားသည်။

အဆိုပါ လက်နက်ကိုင်နှစ်ဦး ပစ်ခတ်ခဲ့သည့် ကျည်ဆန် အခွန်နှစ်ခုကို မွန်ပြည်နယ် ရဲတပ်ဖွဲ့က ရရှိထားပြီး ယင်းကျည်ဆန်များကို စစ်ဆေးဆဲ ဖြစ်ကြောင်း အဆိုပါ လက်နက်ကိုင်များသည် မည်သူဖြစ်သည်ကို မသိရှိရသေးကြောင်း မော်လမြိုင် ဒိုင်းဝန်ကွင်း ရဲစခန်းမှ စခန်းမှူးအောင်ကျော်ထွေးက ဆက်လက်ရှင်းပြသည်။

အဆိုပါ လက်နက်ကိုင် နှစ်ဦးတွင် တစ်ဦးမှာ ဆံပင်အရှည်နှင့် ဖြစ်ပြီး ညအမှောင်တွင် ဖြစ်ခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် စိတ်လှုပ်ရှားမှုဖြစ်ကာ ၎င်းတို့၏ မျက်နှာကို သည်းသည်းကွဲကွဲ မမြင်ရကြောင်း ဦးကျော်ကိုကိုက ဆိုသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဦးသင်းကိုကိုသည် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့တွင်မှ ပါဝင်ဖူးခြင်း မရှိသည့် မြေနီကုန်း ရပ်ကွက်နေ သာမန်အရပ်သား ကျပန်း လုပ်ကိုင်သူတစ်ဦးသာ ဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ၎င်း၏ မိသားစုဝင်များက ဆိုသည်။
The Voice Weekly

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်းအားလုံး ပြင်ဆင်ပြီး လွှတ်တော်သို့ တင်ပြမည်ဟု NBF ဆို


ရန်ကုန်၊ နိုဝင်ဘာ ၃

တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်းအားလုံးကို ပြင်ဆင်ထားပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း NBF အဖွဲ့ဝင် ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဦးငယ်တီးက ပြောကြားသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ချက်များ အပြီးသတ်ရေးအတွက် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့များ၌ နေပြည်တော် ရတနာသိင်္ဃ ဟိုတယ်တွင် NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် ၅၁ ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။
“ဖက်ဒရယ်စနစ်နဲ့ မညီတဲ့ ပြင်ဆင်ချက်တွေ အခန်းတိုင်းမှာ ထည့်ထားပါတယ်။ ဘယ်နှချက်ဆိုတာ အတိအကျ မပြောနိုင်သေးဘူး” ဟု ၎င်းကရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖွဲ့ဝင် တိုင်းရင်းသားပါတီများ သုံးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပြီး ပြင်ဆင်ချက်များ များလွန်းနေသောကြောင့် ပြန်လည် သုံးသပ်ပြီး ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကာ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် ပြည်သူလူထုဆန္ဒ ကောက်ယူပြီး အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

အလားတူ အခြေခံဥပဒေ ပြင်ဆင်ရေးပိုင်းကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က စက်တင်ဘာလ ဒုတိယပတ်အတွင်း ရေးဆွဲထားပြီး အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် ဆွေးနွေးမည် ဖြစ်ကြောင်း SNDP မှသိရသည်။

ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ကို တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ကယန်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဖလုံ -စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ တအောင်း (ပလောင်) အမျိုးသား တိုးတက်ရေးပါတီ၊ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ်၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဝဒီမိုကရက်တစ်ပါတီ၊ ဝအမျိုးသား စည်းလုံး ညီညွတ်ရေးပါတီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုး တိုးတက်ရေးပါတီတို့ ပါဝင်သည်။
The Voice Weekly

ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံရသူများ ပြန်လွှတ်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြ


ရန်ကုန်၊ နိုဝင်ဘာ ၃

စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြုချက် မယူသည့်အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံရသူများ ပြန်လွှတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ဆေးရေး ကော်မတီက တင်ပြထားကြောင်း အဆိုပါ ကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။

ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခြင်း ခံထားရသော အကျဉ်း
သား ၂၀ ကျော် ရှိပြီး ၎င်းတို့ကို လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားကြောင်း ၎င်းက ရှင်းပြသည်။
“ဒီဇင်ဘာမှာ အကုန်လုံး လွှတ်ပေးမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား မှန်သမျှ ပါဖို့လိုတယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ အကျဉ်းသားများကို နိုင်ငံရေး အကျဉ်းသားများအဖြစ် စိစစ်နိုင်ရေး အောက်တိုဘာ ဒုတိယပတ်အတွင်း ပြုလုပ်ခဲ့သော လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျ ခံရသူများအပြင် ယင်းပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူ ၂၃၂ ဦးရှိပြီး ၎င်းတို့ အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ရေးအတွက် လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီတွင် ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးဘိုကြည်က ပြောကြားသည်။

အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ယခု နှစ်ကုန်တွင် အကြွင်းမဲ့ လွှတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားထားသော်လည်း အစိုးရသစ် လက်ထက် တွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးမှုများ ရှိနေသောကြောင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် မဖြစ်နိုင်သေးကြောင်း နိုင်ငံရေး လေ့လာသူများမှ သုံးသပ်ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၁၂ ကြိမ်လွှတ် ပေးခဲ့ကာ အကျဉ်းသား ၁၂၀၀ ကျော် လွတ်မြောက်ခဲ့ပြီး အကျဉ်းထောင်များအတွင်း ၂၀၀ ကျော် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
The Voice Weekly

ဗိုလ်ချု​ပ်ကြီးများ Gmail သုံးနေကြပြီလား


ခေါင်းစဉ်က ဗိုလ်ချု​ပ်ကြီးများ Gmail သုံးနေကြပြီလား ဖြစ်ပါတယ်။
သုံးနေကြပါပြီ တဲ့။

အိုင်တီသတင်းတွေ ဖော်ပြတတ်တဲ့ engadget.com သတင်းတပုဒ်မှာ အဲဒီလို သတင်းအစအန တွေ့ပါတယ်။

Google ရဲ့ ဥက္ကဋ္ဌ Eric Schmidt ကို ကိုးကားပြီး ရေးထားခြင်းပါ။
"ဝါရင့်ခေါင်းဆောင်တွေ အားလုံး Gmail အကောင့် ရှိနေကြပါပြီ" လို့ Google ဥက္ကဋ္ဌက ပြောပါတယ်။ ဟောင်ကောင်မှာလုပ်တဲ့ ဟောပြောပွဲတခုအတွင်း အဲဒီလို ပြောလိုက်တာပါ တဲ့။

မြန်မာပြည်အကြောင်း တခြား ထူးထူးထွေထွေ ရေးထားတာ မရှိပါ။

ဗိုလ်ချု​ပ်ကြီးများ Gmail သုံးနေကြပြီလား ဆိုတာကတော့ ဗိုလ်ချုပ်ကြီးများကို သွားမေးမှပဲ တိတိကျကျ သိနိုင်မယ် ထင်ပါတယ်။
အိုင်တီခေတ်ရောက်ပြီ ဆိုတော့လည်း ဗိုလ်ချုပ်ကြီးများမှာ Gmail အကောင့် တခုစီတော့ ရှိနေကြလိမ့်မယ်လို့ ယူဆရပါတယ်။ ပုံမှန် သုံးမသုံးဆိုတာကတော့ တကဏ္ဍ ဆိုပါစို့။

အခါအားလျော်စွာသုံးတဲ့ အဘတွေကတော့ ဦးအောင်ကြည်၊ ဦးအောင်မင်း၊ ဦးရဲထွဋ်တို့ဖြစ်ဖွယ်ရှိပါတယ်။
ဝါရင့်ခေါင်းဆောင်တွေ အားလုံး Gmail သုံးနေကြပြီလို့ Google ဥက္ကဋ္ဌက အဲဒီလို ပြောလိုက်ခြင်းက ဗိုလ်ချုပ်ကြီးတို့နဲ့ တွေ့ဆုံစဉ် သိခဲ့ရတာတွေကို ကိုးကားပြီး ပြောတာလည်း ဖြစ်နိုင်ပါတယ်။
 အပေါ်ပုံကတော့ ပြီးခဲ့တဲ့ မတ်လ Google ဥက္ကဋ္ဌရဲ့ မြန်မာပြည်လေ့လာရေးခရီးအတွင်း ရိုက်ထားတဲ့ပုံပါ။
သူ မြန်မာပြည် လာတုန်းကတော့ ...
အင်တာနက်ကြောင့် မြန်မာနိုင်ငံအခြေအနေတွေက နောက်ကြောင်းပြန်မလှည့်နိုင်တော့ဘူး၊ အင်တာနက် အဆင်ပြေသွားပြီ ဆိုတာနဲ့ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးလာပြီး  တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းလာမှာပဲ  လို့ ပြောပါတယ်။
အာရှရဲ့ စီးပွားရေး စားကျက်သစ်တခု ဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ မိုဘိုင်း နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ မြန်မြန် တိုးတက်ဖို့  လိုနေတယ်၊ မြန်မာပြည် ဈေးကွက်ထဲ ၀င်ပြီး  Andriod အသုံးပြုထားတဲ့  Google  စမတ်ဖုန်းတွေကနေ အမြတ်ငွေ ကြီးကြီးမားမား ရရှိနိုင်တယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။

ဆင်မ်ကတ်တွေ ဈေးချပြီး မိုဘိုင်းဖုန်း အသုံးပြုမှု အလျင်အမြန် တိုးတက်လာမယ့် မြန်မာပြည် ဖုန်းဈေးကွက်ကလည်း  Google အတွက် မက်မောစရာ ဖြစ်နေပါလိမ့်မယ်။
Irrawaddy

ကိုနေရွှေသွေးအောင်ကို ဦးသန်းရွှေက နေပြည်တော် ပြန်ခေါ်ထား


ဧရာဝတီ| November 4, 2013

ကိုနေရွှေသွေးအောင် (သရုပ်ဖော် – စိုင်းစိုးကြည် / ဧရာဝတီ)
သူရိယအလင်း ဂျာနယ်တိုက်ကို ဝင်ရောက်သိမ်းဆည်းမှုမှာ ပါတယ်ဆိုပြီး သတင်းထွက်ပြီးနောက် ကိုနေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ကို အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ရန်ကုန်ကနေ နေပြည်တော်ကို ပြန်လည် ခေါ်ယူထားလိုက်ပြီလို့ နေပြည်တော် သတင်းရပ်ကွက်ကနေ သိရပါတယ်။

ဒီလို ကိုနေရွှေသွေးအောင်ကို နေပြည်တော် ပြန်ခေါ်ထားလိုက်ရတာကတော့ သူရိယအလင်း ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် (CEO) ဦးမိုးဟိန်းဟာ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတဦး ဖြစ်တာကြောင့် နိုင်ငံရေးနယ်ပယ်ကလူတွေနဲ့ ပတ်သက်ရှုပ်ထွေးမှု ဖြစ်မှာ စိုးတာကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုများလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ညက ရန်ကုန်မြို့ရှိ သူရိယအလင်း ဂျာနယ်ရုံးခန်းကို လူတစုက ဝင်ရောက်ပြီး ကွန်ပြူတာနဲ့ ရုံးသုံးပစ္စည်းတချို့ ဝင်ရောက် သိမ်းဆည်းရာမှာ ကိုနေရွှေသွေးအောင် ပါဝင် ပတ်သက်ကြောင်း၊ ဂျာနယ်တိုက်ထဲကို ကိုနေရွှေသွေးအောင် ကိုယ်တိုင် မဝင်ရောက်ပေမယ့် ပစ္စည်းတွေ လာရောက် သိမ်းဆည်းသူတွေနဲ့အတူ ပါလာကြောင်း ဦးမိုးဟိန်းက ညစောင့်ဝန်ထမ်း ၂ ဦးကို ကိုးကားပြီး အောက်တိုဘာ ၁၉  ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အဲဒီ သူရိယအလင်း ဂျာနယ်တိုက် ကိစ္စနဲ့ ပတ်သက်ပြီး ကိုနေရွှေသွေးအောင်ဘက်က ပြန်လည် ရှင်းလင်းတာမျိုးမရှိသလို ဦးမိုးဟိန်းဘက်ကလည်း တရားစွဲဆို အမှုဖွင့်တာမျိုး မလုပ်ခဲ့ပါဘူး။

သူရိယအလင်း ဂျာနယ် ထုတ်ဝေသူ ဦးယုတင်ကိုယ်တိုင်က စက်ပစ္စည်းတွေ သိမ်းယူသွားတာလို့ သိရပြီး နောက်တရက်မှာပဲ သူရိယအလင်း ဂျာနယ် ထုတ်ဝေမှုကို ရပ်ဆိုင်းကြောင်း အစိုးရ သတင်းစာတွေထဲမှာ ကြေညာခဲ့ပါတယ်။

သူရိယအလင်း ဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပြီးနောက် သူရိယ နေဝန်း အမည်နဲ့ ဦးမိုးဟိန်းက ဆက်လက် ထုတ်ဝေတဲ့ ဂျာနယ်တွေမှာ ဦးမိုးဟိန်းနဲ့ ဦးမိုးသီးဇွန်၊ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး စသူတွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ခဲ့ပြီး အဲဒီဂျာနယ်ကနေ တဆင့် ကိုနေရွှေသွေးအောင်ကို ရည်ညွှန်းပြီး “ဒီလုပ်ရပ်ဟာ နာဇီ စိတ်ဓာတ်၊ ဖက်ဆစ်စိတ်ဓာတ်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်သွားတဲ့ လုပ်ရပ် ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။

မယ်စကြဝဠာ ပြိုင်ပွဲဝင် အလှမယ် မိုးစက်ဝိုင်ကို တက္ကသိုလ် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား မှာ ဆုဖလား ကိုင်ဆောင်ပေးဖို့ အကူအညီတောင်းခံခဲ့ရာကနေ လူအများ ဝေဖန်စရာမှုကို ခံရပြီးနောက် ကိုနေရွှေသွေးအောင်က ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ Universities Champions League ဖေ့စ်ဘုတ် လူမှုကွန်ရက်ကနေတဆင့် ရှင်းလင်းချက် ထုတ်ခဲ့တာပါ။

“ယခု ပရိသတ် ၂၀၀၀ ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှ တာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ ဖွင့်ပွဲတွင်ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့် အတူလာသည်၊ မိမိက ကားတံခါးနားသို့ ဆင်းကြိုသည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံး အသိပင် ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် မတ်လတုန်းက ယာဉ်ထိန်းရဲတဦးကို ကိုနေရွှေသွေးအောင်က ထိုးကြိတ်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း အဆိုပါ ရှင်းလင်းချက်မှာ တခါတည်း ဖော်ပြထားတာကို တွေ့ရပါတယ်။

ဖြစ်စဉ်အသေးစိတ်ကတော့ မတ်လ ၁၄ ရက်နေ့မှာ ကိုနေရွှေသွေးအောင် မောင်းနှင်လာတဲ့ကားကို တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်း မီးပွိုင့်မှာရှိတဲ့ ယာဉ်ထိန်းရဲတပ်သား စံသိန်းထွေးက လမ်းရှင်းပေးရာမှာ မီးနီနေတာကို မီးစိမ်းပေးခဲ့ပေမယ့် ပွိုင့်ဖြတ်စဉ်မှာ မီးဝါသွားတဲ့အတွက် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကို လက်သီးနဲ့ ထိုးခဲ့ကြောင်း၊ မကျေနပ်သေးဘဲ ညနေပိုင်းမှာ အိမ်ခေါ်ပြီး အနိုင်ကျင့်ခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ်မှာ တင်တဲ့ ဖြေရှင်းချက်မှာ “မည်သည့် ယာဉ်ထိန်းရဲကိုမှလည်း ထိုးကြိတ် အနိုင်ကျင့်ခြင်း မရှိရပါ (ယင်း ယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ။ ဘာသက်သေ အထောက်အထားမျှလည်း မရှိဘဲ မိမိကို အမြင်စောင်းနေသော ၎င်း၏ အထက်အရာရှိ၊ မီဒီယာအချို့နှင့် ပူးပေါင်းကာ မိမိကို နိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကို နိုင်ငံတော် သမ္မတ အပါအဝင် အစိုးရအဖွဲ့တခုလုံးသို့ စာပေးပို့၍ ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ လူကြီးများကလည်း ဤအဖြစ်အပျက်ကို နားလည် သဘောပေါက်ပါသည်)။ မီဒီယာအချို့ အနေဖြင့် မိမိကို စွပ်စွဲမှုများ မမှန်ကန်ကြောင်း သိရှိသောအခါ မည်သည့် ဖြေရှင်းချက်မျှလည်း မပေး၊ ၎င်းတို့၏ သတင်းမှားကိုလည်း တာဝန်ယူ ပြန်လည် ဖြေရှင်းပေးခြင်းမျိုးလည်း မပြုဘဲ မိမိကသာ တဘက်သတ် ပြည်သူလူထု၏ အထင်မြင်လွဲမှားမှုကို ခံခဲ့ရခြင်းဖြစ်ပါသည်” လို့ ရေးသားထားပါတယ်။

ဒါပေမယ့် ယာဉ်ထိန်းရဲတပ်သား စံသိန်းထွေးကတော့ သူအနိုင်ကျင့်ခံရတာ ဟုတ်မှန်ကြောင်း အဲဒီကိစ္စ ဖြစ်ပေါ်စဉ် ကာလဝန်းကျင်တုန်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ဖေ့စ်ဘုတ်ကတဆင့် ကိုနေရွှေသွေးအောင်ရဲ့ ရှင်းလင်းချက်မှာ “မိမိအနေဖြင့် ကောလာဟလများ ပြန့်နေသလို စင်ကာပူသို့ နေ့ချင်းပြန်လည်း ကျောင်းမတက်ဖူးပါ။ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာ ချိတ်ပါသည်)၊ မည်သည့် မူးယစ်ဆေးဝါးမျှလည်း မသုံးဘူးပါ (သင်္ကြန်နှင့် မွေးနေ့များတွင်ပင် မိမိ အရက်သေစာ သောက်စားခြင်း မပြုပါ)၊ ဝတ်မှုန်ရွှေရည်ကိုလည်း ခိုးမပြေးဖူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့် မိမိကို ဘဲကင်ဝယ်ပေးရသည် ဆိုမှာလည်း လုံးဝ မမှန်ပါ၊ မန်ချက်စတာ ယူနိုက်တက်ကိုလည်း မိမိ ဤဘဝတသက်လုံး ငွေစုလျှင်ပင် မဝယ်နိုင်ပါ” ဟု ဖော်ပြထားသည်။

အခုတလော ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ကိုနေရွှေသွေးအောင်ကို ဧရာဝတီက ဆက်သွယ်တဲ့အခါ ခရီးလွန်နေတဲ့အတွက် မတွေ့နိုင်သေးကြောင်း အကြောင်းပြန်ကြားခဲ့ပါတယ်။
Irrawaddy

အငှားယာဉ်ပေါ် ၌ဓါးရှည် (၁)ချောင်းတွေ့ရှိ၍ ယာဉ်မောင်းအားအရေးယူ


ရန်ကုန်၊ နိုဝင်ဘာ ၎

၃၁.၁၀.၂၀၁၃ရက်နေ့ ၂၃၃၀အချိန်တွင်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ဆယ်အိမ်မှူးများနှင့်ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့နယ်၊အမျိုးသားကဇာတ်ရုံရှေ့မြို့မကျောင်းလမ်းတွင်ယာဉ်စစ်ပိတ်ဆို့
ဆောင်ရွက်နေစဉ် မြောက်မှတောင်သို့ ယာဉ်မောင်း ဇော်ငြိမ်းအေး (ဘ)ဦးသန်းထွန်း၊ ဘောဂရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူ
မောင်းနှင်လာသော၇ဃ/---- ကိုရိုလာ အဖြူရောင်အငှားယာဉ်အား
စစ်ဆေးရာ ယာဉ်မောင်းထိုင်ခုံယာဘက်ဘေး၌ ဓါးအိမ်ပါဓါးရှည် (၁)ချောင်းအားတွေ့ရှိသိမ်းဆည်းရမိသဖြင့် ယာဉ်မောင်းဇော်ငြိမ်းအေးအား ဒဂုံမြို့မရဲစခန်း(ပ)၂၃၄/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

Teeth Grinding သွားကြိတ်ခြင်း


(၁) ဆရာရှင့် သမီးက ညဖတ်အိပ်ရင် အံသွားကြိတ်ပါတယ်။ အရမ်းရှက်သလို အနားကသူတွေကို အားနာရတယ်။ ငယ်ငယ်ကတည်းက ဖြစ်တာပါ။ အခု ၃၅ နှစ် ရှိပြီး အိမ်ထောင် ရှိပါပြီ။ သမီးဘာလုပ်ရမလဲဆရာ။
(၂) Doctor, I would like to know about Grinding Teeth. What is cause by? And how can I do for not grinding teeth when sleeping deeply in night time. How can I protect not for not to grinding teeth?

အိပ်နေတုံး နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် သိစိတ်နဲ့ဖြစ်ဖြစ် မသိစိတ်နဲ့ဖြစ်ဖြစ် သွားကြိတ်တာကို Teeth Grinding သွားကြိတ်ခြင်း လို့ခေါ်တယ်။ Bruxism လို့လဲ ဆေးစာမှာ ခေါ်တယ်။ ဘာလို့ဖြစ်သလဲဆိုတာ ဆရာဝန်တွေက တယောက်ယူဆတာကို နောက်တယောက်က သဘောတူချင်မှ တူကြတယ်။ စိတ်ဖိအားများတာ၊ အစားအသောက်၊ အိပ်တဲ့အနေအထား၊ စတာတွေဖြစ်နိုင်တယ်လို့ ယူဆတာကတော့များပါတယ်။

ကိုယ်ကျန်းမာရေးနဲ့ရော သွားကျန်းမာရေပါ ဆိုင်တယ်။ အကြောင်းရင်း အမျိုးမျိုး ဖြစ်နိုင်တယ်။ စိတ်ဖိအားကို အရင်ဆုံး သတ္တုချတယ်။ သွားဆရာဝန်ကတော့ သွားတွေ တခုနဲ့တခု အနေမကျလို့ ဖြစ်တာလို့ ပြောမယ်။ ကလေးတွေလဲ ၁၅-၃ဝ% ဖြစ်တာဘဲ။ အကျင့်လိုပါနေတာလဲရှိတယ်။ ငယ်သွားရှိတုံးအကျင့်ရှိတာ သိပ်စိုးရိမ်စရာ မလိုပါ။

Reflex တုံ့ပြန်မှု မဟုတ်ဘူး Habit အကျင့်လို့ ထောက်ပြတာ ရှိတယ်။ အိပ်ရေး မမှန်တာကြောင့်လဲ ဖြစ်ရတယ်။ အရက်၊ စိတ်မကျဆေးတွေကနေ ပိုဆိုးစေနိုင်တယ်။ နာတာရှည် ဖြစ်နေသူတွေမှာ သွားကိုလာ ထိခိုက်စေနိုင်တယ်။ ကလေးတွေမှာ အအေးမိတာ၊ ပိုးဝင်တာတွေကြောင့် ဆက်ဖြစ်နိုင်တယ်။

• ကုပေးရတာရဲ့ရည်ရွယ်ချက်က သွားတွေကို ထိခိုက်တာ နည်းစေဘို့ ဖြစ်တယ်။
• Mouth guards and splints ဆိုတာတွေ အသုံးခိုင်းတယ်။ ဒေါ်လာ ၂ဝ ကနေ ၁ဝဝဝ ပေးရသတဲ့။
• Taste-based biofeedback method ကုနည်းတမျိုးလဲရှိတယ်။ ပိတ်ထားတဲ့အိတ်လေးထဲမှာ မကြိုက်မဲ့အရသာ Hot sauce, Vinegar, Denatonium benzoate ထည့်ပေးထားလို့ သွားကြိတ်ရင် အိတ်ကပေါက်ထွက်ပြီး လူက သတိ ရှိလာစေဘို့ ရည်ရွယ်တာဖြစ်တယ်။
• Botulinum toxin (Botox) ဆေးထိုးနည်းလဲ သုံးတယ်။
• Caffeine ကေဖင်းတွေပါတဲ့ Colas ကိုလာ၊ Chocolate ချော့ကလက်နဲ့ Coffee ကော်ဖီလျော့ စားသောက်ပါ။
• Chewing gum ပီကေ ဝါးတာ ဆင်ခြင်ပါ။
• အရက် လျော့ပါ။
• စားစရာ မဟုတ်တာတွေ ဥပမာ ခဲတံကိုက်တဲ့အကျင့် ဖျောက်ပါ။ နေရင်း-ထိုင်ရင် သွားကြိတ်တဲ့ အကျင့် ပြောင်းပါ။
• Stress စိတ်ဖိအား များနေရင် လျော့ပါ။ ဖျောက်ပါ။
• သွားအထူးကု-ဆရာဝန်နဲ့ တိုင်ပင်ပါ။
• Dental Night Mouth Guard, NTI-tss splint ခေါ်တဲ့ ကရိယာသုံးခိုင်းတယ်။ လူတိုင်းအဆင်ပြေတာတော့ မဟုတ်ပြန်ဘူး။
• Uoga deep-breathing exercises ယောဂ လေ့ကျင့်ခန်းလုပ်ပါ။
• မျက်နှာမှာ ရေနွေးပူဆွတ်ထားတဲ့အဝတ် ကပ်ပေးပါ။
• ခေါင်းအုံးကို ခေါင်းနဲ့ လည်ပင်းနေရာအောက်ကမြှင့်ထားပြီး အိပ်ပါ။

Dr. Tint Swe

Miss Universe 2013 National Costume Show မှနိုင်ငံတကာအလှမယ်များ
















Miss Universe 2013 ပြိုင်ပွဲ National Costume Show မှမိုးစက်ဝိုင်







မန္တလေး လေဆိပ်တွင် အသေးစား မီးလောင်မှုဖြစ်


ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၁၃

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပထမထပ်ရှိ ESPACE CAFÉ & BAR ဆိုင်တွင် နိုဝင်ဘာ ၄ ရက်နေ့ မနက် ၀၀း ၁၅ နာရီ အချိန် ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ ၀ါယာရှော့ဖြစ်၍ မီး လောင်ကျွမ်းမှုတရပ်ဖြစ်ပွားခဲ့ပြီး မနက် ၀၂း၀၀ နာရီ မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း၊ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သိန်း ၃၅၀ ခန့် ဖြစ်ကြောင်း တံတားဦးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

Irrawaddy

Soft Hair ဆံပင်မကြမ်းအောင် ဘယ်လိုလုပ်မရမလဲ


ဆရာ့စာထဲမှာ ဆံပင်ကြမ်းတာကို ဘယ်လိုကုသရမယ်ဆိုတာ မပါလို့ပါဆရာ။ ကျွန်တော့်ဆံပင်က ခြောက်သွေ့ ကြမ်းတမ်းတဲ့ပုံစံမျိုးပါ။ အလှကုန်စာရေးတွေကတော့ တံဆိပ်တွေ အမျိုးမျိုးပြောင်းပေးနေပေမယ့် ထူးခြားမှု မရှိလှလို့ပါဆရာ။

၁။ နေ့တိုင်းခေါင်းလျှော်ရင် ဆံပင်ပိုကြမ်းတယ်။ ရေခပ်နွေးနွေးနဲ့ခေါင်းလျှော်ပါ။
၂။ ရေနွေး ၁ ခွက် + Calgon, 20-mule Borax ဇွန်းသေး ၂ ဇွန်း ရောပါ။ ခေါင်းကိုလိမ်းပါ။
၃။ ပုံမှန် Regular conditioner ကွန်ဒီရှင်နာဖြစ်ဖြစ် Salon-quality ကွန်ဒီရှင်နာဆိုင်သုံး ဖြစ်ဖြစ်သုံးပါ။
၎။ Anti-frizz hair oil ဆီလိမ်းပါ။
၅။ Blow dryers Flat irons တွေ မသုံးပါနဲ့။
၆။ Hairspray သုံးရင် မများစေနဲ့။
၇။ Dying ဆေးဆိုတာနဲ့ Highlighting အရောင်ရင့်သန်စေတာ မလုပ်ပါနဲ့။
၈။ Filter တခုဝယ်သုံးပါ။
၉။ ခေါင်းလျှော်ပြီးတိုင်း၊ ကွန်ဒီရှင်နာသုံးပြီးတိုင်း၊ ခေါင်းဖီးပြီးတိုင်း၊ Leave-in conditioner ဖြစ်ဖြစ် Dry shampoo ဖြစ်ဖြစ်သုံးပါ။
၁ဝ။ ကြက်ဥသုံးကြည့်ပါ။ တနာရီထားပါ။ နောက် ပြောင်စင်အောင်ဆေးလိုက်ပါ။ ညမအိပ်ခင် လိမ်းထားနိုင်တယ်။ မနက်မှဆေးပါ။
၁၁။ ဆီပူနဲ့ တပါတ်တခါလိမ်းပါ။ သဘာဝဆီ၊ Rosemary ဖြစ်ဖြစ် Lavender ဖြစ်ဖြစ် ဆီသုံးနိုင်တယ်။
၁၂။ Conditioner သုံးရင် ပြောင်စင်အောင်မဆေးဘဲထားပါ။ စိုနေတုံးမှာ ဆံပင်မဖီးပါနဲ့။
Dr. Tint Swe

ရဲစခန်းသို့ ခေါ်ရာ မလိုက်သောကြောင့် အမျိုးသမီးကိုရိုက်နှက်


ပဲခူး၊ နိုဝင်ဘာ ၃။
အောက်တိုဘာ ၂ရက်နေ့ နေ့လည်ပိုင်းတွင် ပဲခူးတိုင်း
ဒေသကြီး၊ကျောက်တံခါးမြို့နယ် ခင်ကြီးကျေးရွာနေ
ဒေါ်အေးရီသည်နေအိမ်၌ ရှိနေစဉ် အုပ်ချုပ်ရေးမှူးနှင့်
ရဲများရောက်လာပြီး ရိုက်နှက်ကြောင်း ဒေါ်အေးရီက
People Power သို့ ပြောကြားသည်။

ဒေါ်အေးရီမှာ အကြွေးသိန်း ၂၀ပေးစရာရှိသောကြောင့်
တရားရုံးတွင် တရားမမှုဖြင့် တရားစွဲဆိုခံထားရ သူဖြစ်ပြီး တရားရုံးသို့လာရောက်ရန် တရားရုံးမှတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူုးနှင့် ရဲများသွားရောက် ခေါ်ယူ
ခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ရဲစခန်းထံမှ သိရသည်။

“သူတို့က အဖမ်းမခံနိုင်ဘူးဆိုပြီး တုတ်နဲ့ရန်မူတာ ရဲတွေကရိုက်တာမဟုတ်ဘူး၊အခုလည်း အထက်ကို တိုင်ထားတယ်လို့ကြားတယ်။ ဥပဒေ အတိုင်းဆောင်ရွက်သွားမယ်”ဟု စခန်းမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထိုသို့ခေါ်ယူရာတွင် ဒေါ်အေးရီသမီးနှစ်ယောက်မှ ရဲများအား ရန်မူခဲ့ပြီး မလိုက်နိုင်ကြောင်းပြောသောကြောင့် ပြဿနာဖြစ်ပွားခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ရဲစခန်းမှ စခန်းမှူးဦးအောင်နိုင်ဦးက ပြောကြားသည်။

ကျွန်တော်တို့အဖွဲ့တွေက သွားခေါ်တာ ရိုက်နှက်တာမရှိပါဘူး။ အဲဒါဟာ မှားယွင်းတဲ့သတင်းပါဟု ကျောက်တံခါးရဲစခန်းမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လာရောက်ခေါ်ယူသူများနှင့်စကားများရာမှ ရဲကရိုက်နှက်ခြင်းဖြစ်ကြောင်း ဒေါ်အေးရီကပြောကြားသည်။

ရေးသားသူ - ကြည်ပြာ
တည်းဖြတ်သူ-နီတိုး
People Power

ဘိုးသူတော် ဦးနု စကားပုံများ


မတော်တာကို မမြည်း မစားနှင့်၊ အဖော်မပါလျှင် ခရီးမသွားနှင့်၊
မတော်တာကို မြည်းစားက ဘေးရလို့ ရောဂါ ပွားတတ်သည်။
အဖော်မပါပဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည်။

ခရီးကိုလည်း အပြင်း မသွားနှင့်၊ မီးကိုလည်း အကြွင်းမထားနှင့်၊
ခရီးကို အပြင်းသွားက မှားတတ်သည်။ မီးကို အကြွင်းထားက ပွားတတ်သည်။

သေရည်ကိုလည်း မသောက်နှင့်၊ ရေကြည်ကိုလည်း မနှောက်နှင့်၊
သောက်ရည်ကို သောက်က အပါယ်ဘုံသို့ ကျတတ်တသည်။
ရေကြည်ကို နှောက်က အနယ်အမှုန်တို့ ထတတ်သည်။

မြူသလို ပုံနှင့် ကလေးကို မစနှင့်၊ လူကို ယုံသဖြင့် အကြွေးကို မချနှင့်၊
မြူသလို ပုံနှင့် ကလေးကို စက ကလေး အမိုက်မို့ ဆဲတတ်သည်။
လူကို ယုံသဖြင့် အကြွေးကို ချက အရေး မစိုက်လို့ မွဲတတ်သည်။

အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား၊ တန်ခိုးနုပ်သူ ထမင်းဝလျှင် မကျီစားနှင့်၊
အမျိုးယုတ်သူ အဆင်းလှက စာဂတန်တတ်သည်။
တန်ခိုးနုပ်သူ ထမင်းဝက မာနထန်တတ်သည်။

ထင်တိုင်းလည်း နှိပ်၍ မဆိုနှင့်၊ ဝင်တိုင်းလည်း သိပ်၍ မမျိုနှင့်၊
ထင်တိုင်း နှိပ်၍ ဆိုက ရန်စွယ် ပွားတတ်သည်။
ဝင်တိုင်း သိပ်၍ မျိုက အန္တရာယ်များတတ်သည်။

အယုတ်တရားကို အလိုမရှိနှင့်၊ မဟုတ် စကားကို မဆိုဘိနှင့်၊
အယုတ်တရားကို အလိုရှိက ဘဂဝါ၏ စကားကို ပယ်ရာကျချေ၏။
မဟုတ်စကားကို ဆိုမိက သမာဓိတရားကို ကွယ်ပ ရလေ၏။

ဂေါဏ မံသံကိုလည်း မစားနှင့်၊ ကောဓခြံရံကိုလည်း မပွားနှင့်၊
ဂေါဏမံသံကို စားက အမိသဖွယ်ဖြစ်ပေသည်။
ကောဓခြံရံကို ပွားက အထိကရ အပါယ်နစ်ချေမည်။

အမျိုးမြတ်မှ အရိုးကြံရာသည်။ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည်။

ဗုဒ္ဓဆာယာကို တွယ်ရမည်။ ရုပ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကို တွယ်မှ အေးမြရာသည်။ ရုပ်လှတာကို ပယ်မှ ဘေးပကွာမည်။

အဟုတ်အမှန်ကိုလည်း သိမှ၊ အလုပ်အကြံလည်း ရှိမှ၊
အဟုတ်အမှန်ကို သိမှ သံသရာဘေးပ၍ အနေကျယ်ကြမည်။
အလုပ်အကြံ ရှိမှ ဆန်ရှာရေးလှ၍ အခြေတည်ကြမည်။
Shan News

ဆီးဂိမ်းပြိုင်ပွဲဝင် အားကစားသမားများကို ဒုဝန်ကြီးသတိပေး


ရန်ကုန်၊ နိုဝင်ဘာ ၃။

ဆီးဂိမ်းပြိုင်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့ချိန်တွင် ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် အစားအ သောက်၊
ကြံ့ခိုင်မှုနှင့် အနေအထိုင်များကို အစစအရာရာသတိကြီးစွာ
ထားရှိကြရန် လိုအပ်ကြောင်း အားကစား ၀န်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။

“ဆီးဂိမ်းပြိုင်ပွဲဝင်ကစားသမားတွေအနေနဲ့ လက်ရှိအချိန်မှာ မလိုအပ်ဘဲဒဏ်ရာရတာတို့ ဖျားနာတာ တွေဖြစ်နေရင်
အကုန်လုံးအတွက် နစ်နာမှုတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်းပြိုင်ပွဲဝင်အားကစားသမား တွေအနေနဲ့ သတိ
ကြီးစွာထားရှိဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသည်။

(၂၇)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာ ၁ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး အားကစား နည်း ၃၃မျိုးဖြင့်
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့တွင် ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

“ကစားသမားတွေ လက်ရှိအချိန်မှာမထင်မှတ်ဘဲ ဒဏ်ရာ
ရခဲ့မယ်ဆိုရင် တခြားကစားသမားတစ်ဦးနဲ့ အစားထိုးဖို့ အဆင်သင့်မဖြစ်နိုင်သလို တာဝန်ရှိသူတွေအတွက်လည်း စာရင်းရှုပ်စရာတွေ ဖြစ်လာမှာပါ”ဟု ၎င်းက ဆက်လက်
ပြောကြားသည်။

ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာကစားသမားများမှာ နေပြည်တော်၊ ရန်ကုန်၊ ငွေဆောင်တို့တွင် လေ့ကျင့်မှု များပြုလုပ်နေကြောင်း မိမိတို့မျှော်မှန်း ထားသည့် ရွှေတံဆိပ် ၁၀၀ကျော်ရရှိပြီး နိုင်ငံ
အလိုက်တွင် ပထမနေရာရရှိ ရေးအတွက် ကစားသမားများ အစွမ်းကုန်ကြိုးစားပေးလိုကြောင်း၊ ကစားသမားများ ဒဏ်ရာ မရရှိရေးမှာလည်း အရေးကြီးကြောင်း အားကစားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသောင်းထိုက်က နေပြည်တော် ရွှေ စခန်းတွင်
လေ့ကျင့်မှုများပြုလုပ်နေသော ကစားသမားများကို တွေ့ဆုံ
ပြောကြားသည်။

ရေးသားသူ - ဇော်ဇော်
တည်းဖြတ်သူ-နီတိုး
People power

မင်းကိုနိုင်ဟောပြောပွဲတွင် တက်ရောက်သူများ ကိုယ်ရေးအချက်အလက် စရဖ စုဆောင်း


ရန်ကုန်၊ နိုဝင်ဘာ ၎

ကယားပြည်နယ် လွိုင်ကော်မြို့ တွင်မြို့ခံ လူငယ်များ ဦးစီးကျင်းပသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဟောပြောပွဲတွင် တက်ရောက်လာသူများ ကိုယ်ရေးအချက်အလက်များကို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)မှ လိုက်လံစုဆောင်းမှု ပြုလုပ်နေကြောင်း ဟောပြောပွဲတက်လာသော ဒေသခံများထံမှ သိရသည်။

အဆိုပါ ဟောပြောပွဲနှင့် ပတ်သတ်သော အချက်အလက်များ စုဆောင်းသည့်အပြင် တက်ရောက်လာသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံမှုကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း ကိုယ်ရေးအချက်အလက်ပေးခဲ့ရသည့် လွိုင်ကော်မြို့ ဒေသခံ ကိုခွန်းအဘန်းက ပြောကြားသည်။

ယင်းဟောပြောပွဲ ဖြစ်မြောက်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကရင်နီပြည်လူငယ်များ သမဂ္ဂ (UKSY)နှင့် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) တို့၏ အဖွဲ့ဝင်များ ကိုယ်ရေးအချက် အလက်များ ပေး ရန် စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) က အောက်တိုဘာ၎ရက်နေ့မှာ လာရောက်ပြီး ပြောဆိုသွားခဲ့ ကြောင်း ၎င်းက ဆိုသည်။

“လူငယ်နဲ့ပညာရေး ဆိုတဲ့ခေါင်းစဉ်နဲ့ စာပေဟောပြောပွဲကို လူငယ်အသင်းအဖွဲ့တွေ လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက်မှာရှိတဲ့ ကက်သလစ်အသင်းတော် ဓမ္မာရုံ မှာ ပြုလုပ်ခဲ့ပြီးနောက်မှ အာဏာပိုင်တွေက လာရောက်တောင်းခံနေတာပါ ” ဟု ၎င်းကရှင်းပြသည်။

၈၈မျိုးဆက်ကျောင်းသားများဖြစ်သည့် ဦး မင်းကိုနိုင်၊ ဦးဂျင်မီ နှင့် ဘလော့ဂါ နေဘုန်းလတ် တို့က အောက်တိုဘာ၂၉ရက်နေ့တွင် ဟောပြောသွားပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာ ဆရာချစ်ဦးညို၊ ဆရာမောင်သာချို နှင့် ဆရာမ နုနုရည်(အင်းဝ) တို့ ဟောပြောသွားခဲ့သည်။

“ အာဏာပိုင်တွေက မြို့တော်ခန်းမ မှာ ပွဲလုပ်ဖို့ ငြင်းပယ်လိုက်ပြီး၊ ကက်သလစ်ဓမ္မာရုံမှာ ပြုလုပ်မှာကိုလည်း သာသနာ့နယ်မြေမှာ စာပေဟောပြောပွဲ ပြုလုပ်ခွင့်မပေးနိုင်ဘူးလို့ ပိတ်ပင်တားဆီးခဲ့ပါတယ်။ ဒါပေမယ့် လူငယ်တွေက အဲဒီ ကက်သလစ်ဓမ္မာရုံမှာ စာပေဟောပြောပွဲ ဖြစ်မြောက်အောင်ပြုလုပ်ခဲ့ကြပါတယ်” ဟု ကယန်းမျိုးဆက်သစ်လူငယ်အတွင်းရေးမှူးကို ခွန်းအသန်းကပြောကြားသည်။

UKSနှင့် KNGY တို့၏ ရုံးမှာလာပြီး ကိုယ်ရေးအချက်အလက်ဖြည့်ဖို့ ဖောင်ပုံစံစာရွက်တွေ ပါလာ ကြောင်း UKSY နှင့် KNGY က အချက်အလက်တွေဖြည့်ဖို့ ငြင်းဆန်ထားကြောင်း သိရသည်။
ရေးသားသူ-ဇေနွေထွန်း
တည်းဖြတ်သူ-နီတိုး
People power


၂၀၁၃ခုနှစ် အဝေးသင်ပညာရေး အောင်ချက်ရာခိုင်နှုန်း များလာနိုင်မည်


ရန်ကုန်၊ နိုဝင်ဘာ ၃။

၂၀၁၃ခုနှစ် အဝေးသင်ဖြေဆိုသော ပထမအသုတ်၊
ဒုတိယအသုတ်၊ တတိယအသုတ် ကျောင်းသား၊
ကျောင်းသူများမှာ စနစ်ဟောင်းအား နောက်ဆုံး သင် ကြားဖြေဆိုရခြင်း ဖြစ်သောကြောင့် အောင်ချက် ရာခိုင်နှုန်း
ယခင်နှစ်ထက် များလာနိုင်မည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်
ပထ၀ီဌာနမှ ဆရာမများက ပြောကြားသည်။

ယခင်နှစ်အဝေးသင်ပညာရေးစနစ်တွင် ပထမနှစ်နှင့် တတိယနှစ်များတွင် ဖြေဆိုသော ကျောင်းသား ကျောင်း
သူများ၏ အောင်ချက်ရာခိုင်နှုန်း မှာ ကျရှုံးခြင်းများစွာ
ရှိကြောင်း အဝေးသင်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူ များက ပြောကြားသည်။

“ပညာရေးစနစ်ပြောင်းမယ်ဆိုတာ သင်ကြားရေးပြောင်းလဲ
တော့ ဖြေဆိုမှုအပိုင်းမှာ အခက်အခဲတွေရှိ လာနိုင်တယ်။
သေချာစစ်ဆေးပြီး အောင် မှတ်ကျိန်းသေရမှပဲ အောင်သွား
မှာပါ”ဟု ဒဂုံတက္ကသိုလ်ပထ၀ီဝင်ဌာန မှ ဆရာမတစ်ဦးက
ပြောကြားသည်။

အဝေးသင်ပညာရေးစနစ် သင်ကြားဖြေဆိုနေသော
ကျောင်းသားကျောင်းသူများ သည် Assigment စာစဉ်တွင် အတန်းတင်စာမေးပွဲအတွက် အထောက်အကူပြုသော
ဘာသာရပ်များကို ကြို တင်ဖြေဆိုထားရပြီး အနီးကပ်
၁၀ရက်တွင် အတန်းတက်သောလက်မှတ်ဖြင့် စာမေးပွဲ
အတွက် အမှတ်ပေါင်း ပေးခြင်းများရှိကြောင်း ဒဂုံတက္ကသိုလ် ဆရာမများက ပြောကြားသည်။

“သင်ကြားရေးနှစ်တိုးတာ အဝေးသင်တွေတက်လာသူ
အတွက် အဆင်မပြေဘူး။ စာရမှအောင်တော့ မယ်ဆိုရင်
ကျောင်းသူကျောင်းသားတွေ အတွက် အများကြီး အခက်
အခဲရှိတယ်။ အခုတောင် ကျက်ပြီး ဖြေရတာ အလုပ်နဲ့သူတွေ အဆင်မပြေဘူး”ဟု ဒဂုံတက္ကသိုလ်အဝေးသင် ပထ၀ီဌာနမှ
မောင်သက်ပိုင်ဇော်က ပြောကြားသည်။

အဝေးသင်ပညာရေးစနစ်ဟောင်းတွင် သင်ကြားရသော
ပညာရေးနှစ်မှာ သုံးနှစ်ဖြစ်ပြီး စနစ်အသစ်တွင် သင်ကြား
ရေး ၁-နှစ် တိုးမြှင့်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ များ၏ အောင်ချက်ရာခိုင်နှုန်း တိုးမြှင့်မည်ဖြစ် သောကြောင့်
ကျောင်းသားကျောင်းသူများ၏ အောင်ချက်ရာခိုင်နှုန်း
လျော့သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၃ခုနှစ် အဝေးသင်ပညာရေးစနစ်တွင် ပထမ
အသုတ် သိပ္ပံဘာသာရပ်များဖြေဆိုပြီးချိန်တွင် ဒုတိယ
အသုတ် ၀ိဇ္ဇာဘာသာရပ်များမှ အောက်တိုဘာလအတွင်း၌ အနီးကပ်ကျောင်းတက်ပြီး အတန်းတင် စာမေးပွဲကိုဖြေဆို
ရပြီး တတိယအသုတ်များမှာ နိုဝင်ဘာလအတွင်း သင်ကြား
ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ရေးသားသူ -မေထက်မြင့်စိုး
တည်းဖြတ်သူ-နီတိုး
People Power

ကုမ္ပဏီတွေတောင် ပေးနေသေးတာ တိုင်းရင်းသားတွေကိုလည်း ပေးလိုက်ပါလား

ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နေချိန်တွင် တိုင်ရင်းသားနယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်ပေါ်နိုင်သည်ဟု သုံးသပ်နေကြသည်။ ၎င်းင်းအပေါ်အမြင်သဘောထားများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အရှင်စန္ဒာသီရိ (ဦးဇင်းပုရစ်) ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဦးဆောင်သံဃာ
အခုလက်ရှိအစိုးရကရော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကရော၊ ဒီမို ကရေစီလိုလားတဲ့သူတွေရော၊ ငြိမ်းချမ်း ရေးကို လိုလားတဲ့သူတွေကနေ တိုင်းပြည် မှာငြိမ်းချမ်းရေးရဖို့အတွက် ဆောင်ရွက် နေကြတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး မရှိတာက အဓိကက ပြည်တွင်းစစ် ကြောင့်ဖြစ်တယ်။ ပြည်တွင်းစစ်ကြီးဖြစ် နေတဲ့အခါမှာ တစ်လျှောက်လုံးငြိမ်းချမ်း ရေးရှိဖို့လိုအပ်တယ်။ ငြိမ်းချမ်းရေးရဖို့ လိုအပ်တယ်လို့ လုပ်နိုင်သလောက်လုပ်ခဲ့ ကြတယ်။ ဒီဘက်ခေတ်မှာတော့ ဒီနေ့ စစ်အုပ်ချုပ်ရေးကနေ သမ်္မတ ဦးသိန်းစိန် လက်ထက်ရောက်လာတယ်။ ဒီနေ့ဆိုရင် ဘာပဲဖြစ်ဖြစ် လပေါင်းသုံးဆယ်ကျော်ခဲ့ ပြီဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင် တဲ့အခါမှာ ယနေ့အချိန်ထိ ငြိမ်းချမ်းရေး ကို မရရှိသေးဘူး။ တိုင်းရင်းသားတွေက သူတို့ကိုယ်တိုင်လိုချင်တဲ့သူတို့ရဲ့ဘ၀နဲ့ ထင်ဟပ်တဲ့ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါပေမဲ့ပြောင်းပြန်ဖြစ်နေတယ်။ တိုင်းရင်း သာတွေရဲ့ လိုချင်တဲ့ပုံသဏ္ဌာန်ကို ထင် ဟပ်တဲ့ငြိမ်းချမ်းရေးကို မရဘူးဖြစ်နေ တယ်။ အဲဒီတော့ ငြိမ်းချမ်းရေးကိုဆောင် ရွက်တဲ့အခါမှာ သေချာတာကတော့ ဘက်နှစ်ဖက်ပြဿနာကိုပြေလည်အောင် ဖြေရှင်းတဲ့နည်းလမ်းတွေမဟုတ်လို့ဆိုတာ ကို ဦးဇင်းကတော့မြင်တယ်။ တိုင်းပြည် မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရဖို့ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတဲ့ အခါမှာ ဆွေးနွေးခြင်းရဲ့သဘောကိုနား လည်ဖို့လိုတယ်။ သဘောပေါက်ဖို့လို တယ်။ ဆွေးနွေးတဲ့အခါမှာ အပြန်အလှန် သူ့ဘက်ကိုယ့်ဘက်ကို အပေးအယူလုပ် ရတယ်ဆိုတာ ဆွေးနွေးခြင်းရဲ့သဘာဝ ပဲ။ အဲဒီလိုအပေးအယူလုပ်တဲ့အခါမှာ သမ္မတဦးသိန်းစိန်ဘက်ကလည်း ပေးသင့် ပေးထိုက်တာတွေ လျှော့သင့်လျှော့ထိုက် တာတွေကို လျှော့ပေးရမယ်။ ဒီလိုနှစ် ဖက်စလုံးက အပေးအယူမျှမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရမယ်။ နောက်တစ်ခုက သမ်္မတဦးသိန်းစိန်ဟာ အရပ်သားအစိုးရ ဖြစ်ပေမဲ့ ငြိမ်းချမ်းရေးကို ဖြေရှင်းတဲ့အခါ မှာ ဒီမိုကရေစီဆန်တဲ့ဖြေရှင်းနည်းမဟုတ် ဘူးလို့ ဦးဇင်းအနေနဲ့ မြင်ပါတယ်။ ဘာ ဖြစ်လို့လည်းဆိုတော့ အခုအချိန်ထိ သမ္မတက အရပ်ဝတ်ဝတ်နေပေမဲ့ စစ် မာန်အခုချိန်ထိ မကျသေးဘူးလို့မြင် တယ်။ တကယ်လို့ စစ်မာန်တွေကျမယ် ဆိုရင် ငြိမ်းချမ်းရေးဟာ အောင်မြင်နိုင် မယ့် အခြေအနေမှာရှိပါတယ်။ အခုဟာ စစ်မာန်မကျတဲ့အပေါ် ဒီတိုင်းပြည်မှာ သူကိုစွန့်ပယ်လို့မရသေးတဲ့အာဏာစွဲ စရိုက်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ ငြိမ်း ချမ်းရေးက ကြန့်ကြာနေတာဖြစ်တယ်။ အဓိကတိုင်းပြည်မှာ လိုအပ်နေတာက တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေပေးရမယ်။ လူမျိုးစုတိုင်း ရင်းသားတွေအပေါ်မှာ ပေးသင့်ပေး ထိုက်တဲ့လူမျိုးစုအခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေကို အပြည့်အ၀ပေး ရမယ်။ အဲလိုပေးမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်။ အဓိကကတော့ သမ္မတဦးသိန်းစိန်ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေရော၊ ဒီမိုကရေစီနည်းကြဖြေရှင်းကြ မှသာ ဦးဇင်းတို့ တိုင်းပြည်ရဲ့ အနာဂတ် မှာ ငြိမ်းချမ်းရေးဆိုတာ မျှော်လင့်လို့ရမှာ ဖြစ်တယ်။ လက်ရှိအခြေအနေအတိုင်း သွားနေမယ်ဆိုရင် အခုလိုငြိမ်းချမ်းရေး ကို ဆွေးနွေးလိုက်ပျက်ပျက်သွားလိုက်နဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ ဦးဇင်းတို့က အခုချိန်ထိ အမြောက်သံတွေကြားထဲမှာ ပဲ ငြိမ်းချမ်းရေးတွေလုပ်နေကြရတယ်။ အဲဒီတော့အမြောက်သံတွေရပ်စဲပြီးတော့ ငြိမ်းချမ်းရေးရပြီးအမြောက်သံတွေအစား ငြိမ်းချမ်းရေးခေါင်းလောင်းသံတွေ ဦးဇင်း တို့ကြားချင်တာ။ အခုကြားနေရတာက အမြောက်သံ၊ ဗုံးသံတွေဖြစ်နေတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဟာလက်ရှိအတိုင်း သွားနေမယ်ဆိုရင် ဦးဇင်းတို့မျှော်မှန်းတဲ့ တိုင်းပြည်နဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ ငြိမ်းချမ်းရေးဟာ အခုအခြေအနေ တိုင်းဆိုရင် မလွယ်ဘူး၊ မရရှိနိုင်ဘူး၊ ကြန့် ကြာနေဦးမှာဖြစ်တယ်။ အစိုးရနဲ့တိုင်းရင်း သားလက်နက်ကိုင်အင်အားစုတွေနဲ့ စစ် မှန်တဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင် ဒီမိုကရေစီ လိုလားတဲ့သူတွေရော၊ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေရော မိမိတို့လိုလားတဲ့ ငြိမ်းချမ်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလက်မှတ် တွေထိုးကြတယ်။ သဘောတူညီမှုစာချုပ် တွေချုပ်ကြတယ်။ အဲဒီမှာ စာချုပ်တွေ ချုပ်၊ လက်မှတ်တွေထိုးနေကြပေမဲ့ တိုင်း ပြည်မှာ နိုင်ငံရေးထဲမှာ စစ်တပ်ကပါနေ သ၍ စစ်မှန်တဲ့ငြိမ်းချမ်ရေးရဖို့မလွယ်ဘူး။ အခုတိုင်းပြည်မှာ အုပ်ချုပ်ရေးမှာရော၊ နိုင်ငံရေးမှာရော၊ စစ်တပ်ကပါဝင်ပတ် သက်နေတယ်။ ဒီလိုဆိုရင် ငြိမ်းချမ်းရေး က ဝေးကွာနေဦးမှာပဲ။ အဓိကကတော့ စစ်တပ်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊သမ်္မတ ပဲဖြစ်ဖြစ်၊ ၀န်ကြီးတွေပဲဖြစ်ဖြစ်၊ ဘယ်လို လူမျိုးပဲဖြစ်ဖြစ် တိုင်းပြည်အနာဂတ်ကို ရှေးရှုပြီးတော့ ပေးသင့်ပေးထိုက်တာတွေ ရသင့်ရထိုက်တာတွေရစေမယ်ဆိုရင် ငြိမ်းချမ်းရေးက ဖြစ်ထွန်းလာလိမ့်မယ်။ ဘက်တစ်ဖက်ထဲမှာ စာချုပ်ချုပ်တယ်။ တစ်ဖက်မှာ စစ်တပ်က နယ်မြေရှင်းလင်း ဆိုပြီးလုပ်တယ်။ အဲဒါကိုက အထက် အောက်အပြန်အလှန်ညီညွတ်မှုအားနည်း တဲ့သဘော၊ အပြန်အလှန်စီးဆင်းမှု၊လေး စားမှုအားနည်းမှုကို ပြတာပဲ။ အထက် အောက်အာဏာပါဝါတွေပြနေတဲ့သဘော ဆောင်နေတယ်။ အဲဒါဟာ တိုင်းပြည် အတွက် မကောင်းဘူးလို့ ပြောချင်တယ်။

ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)

ငြိမ်းချမ်းရးလုပ်တယ်ဆိုတာကောင်း ပါတယ်။ ငြိမ်းချမ်းရေးမဟုတ်ဘဲနဲ့ ဆူပူ ရေးလုပ်တာတော့ မကောင်းဘူး။ ငြိမ်း ချမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်မြင် သလောက်က ငြိမ်းချမ်းရေးကို ဆွေးနွေး နေကြတဲ့၊ လုပ်နေကြတဲ့ သူတွေက ငြိမ်း ချမ်းရေးကိုလိုချင်တယ်ဆိုတာ ကျွန်တော်  ထင်ထင်ရှားရှားတွေ့နေရပါတယ်။ အဲ ဒီလိုသူတို့က ငြိမ်းချမ်းရေးကို လိုချင်သလို တိုင်းပြည်မှာရှိတဲ့သူတွေအကုန်လုံးကလည်း ငြိမ်းချမ်းရေးလိုချင်ကြပါတယ်။ အဲဒါကို သဘောပေါက်ပြီ။ငြိမ်းချမ်းရေးကိုအောင် အောင်မြင်မြင်ဖြစ်စေချင်တယ်။ ငြိမ်းချမ်း ရေးဆိုတာအားလုံးကြိုက်ကြတာပဲလေ။ အခုငြိမ်းချမ်းရေးမှာ ခက်နေတာကဘာ လဲလို့ဆိုရင် ကိုယ့်စိတ်ကြိုက်ငြိမ်းချမ်းရေး လုပ်ချင်ကြတယ်။ ကိုယ့်စိတ်ကြိုက်မလုပ် ပါနဲ့။ အားလုံးစိတ်ကြိုက်ငြိမ်းချမ်းရေးလုပ် ချင်ကြတယ်။ ကိုယ့်စိတ်ကြိုက်မလုပ်ပါနဲ့။ အားလုံးစိတ်ကြိုက်လုပ်မယ်ဆိုရင်ကောင်း ပါတယ်။ ငြိမ်းချမ်းရေးမှာ အထူးသဖြင့် ကတော့ ဒီမိုကရေစီရှိနေရမယ်။ ဒီမိုက ရေစီရှိနေရင် အမြဲတမ်းဆွေးနွေးနိုင်မဲ့ အခွင့်အရေးရှိနေမယ်။ အဲဒီလိုဆိုလို့ရှိရင် သူ့စိတ်ကြိုက်ကိုယ့်စိတ်ကြိုက်တိုင်းပြည် တစ်ခုလုံးရဲ့အကျိုးစီးပွားကို မျှော်တွေးပြီး လုပ်ကြရင်အဖြေမှန်ရပါလိမ့်မယ်။ ငြိမ်း ချမ်းရေးဆိုတာ အားလုံးရဲ့သဘောတူညီ ချက်ယူရမယ်။ တစ်ဦးချင်းစီရဲ့အယူအဆ သဘောထားတွေကိုဆွေးနွေးတာကောင်း ပါတယ်။ အားလုံးရဲ့သဘောတူညီချက် ရမှာဖြစ်တယ်။

ကိုမိုးသီးဇွန်

ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်တွေက ထွက်ပေါ်လာတဲ့ရလဒ်တွေ ကို ကြည့်ချင်ပါတယ်။ မြင်ချင်တယ်။ ကျေးလက်နေပြည်သူတွေ အမြန်ဆုံး ခံစားစေချင်တယ်။ အဲဒီအတွက်ကိုမဟာ မိတ်တွေရော၊အစိုးရဘက်ကရော၊စဉ်းစား ကြဖို့ ထိထိရောက်ရောက်လုပ်ပေးကြဖို့ တိုက်တွန်းချင်တယ်။ အခုလောလော ဆယ်မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို အရင်ဆုံးလုပ် စေချင်တယ်။ ဒီဟာကို အမြန်ဆုံးဖြစ် အောင် အစိုးရကို တိုက်တွန်းချင်တယ်။ တိုင်းရင်းသားတွေဘက်ကအဓိကတောင်း ဆိုနေတာက သူတို့နယ်မြေထဲကိုဝင်လာ တဲ့အစိုးရတပ်တွေ ၀င်လာတဲ့ဟာကို ထွက်သွားပေးဖို့ တောင်းဆိုတယ်။ ဒါကို အစိုးရက စဉ်းစားသင့်တယ်လို့မြင်တယ်။ အခြားနိုင်ငံရေးအရ ကြီးမားတဲ့ပြဿနာ တွေကို ဆွေးနွေးရမယ်။ ဒီအသေးမွှား ကိစ္စတွေကို အစိုးရအနေနဲ့ တိုင်းရင်းသား ဒေသတွေကို ထိုးဖောက်နေတာကို ပြန် စဉ်းစားသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဒါကို အမြန်ဆုံးဆုတ်ခွာပေးဖို့ တောင်း ဆိုချင်ပါတယ်။တိုင်းရင်းသားအဖွဲ့အစည်း တွေအနေနဲ့ မလိုက်ရောစရာအကြောင်း မရှိဘူး။ တချို့စီးပွားရေးလုပ်ငန်းရှင်ခရိုနီ တွေကို ဒီအတိုင်းပေးနေတာ။ သူတို့ကို သစ်တောတစ်တောလုံးပေးလိုက်တာတို့ ရှိတာဘဲ။ ဘာလို့ တိုင်းရင်းသားတွေကို မပေးနိုင်ရမှာလဲ။ ပေးလိုက်ပါ။ ပေးလိုက် ရင်ဒီငွေတွေက သူတို့ဒေသတွေကို ဖွံ့ဖြိုး တိုးတက်ရေးကို အများကြီးလုပ်လာနိုင် မှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ တိုင်းရင်း သားတွေက သူတို့ရဲ့ သယံဇာတတွေကို စီမံခန့်ခွဲခွင့်ရရင် ဘယ်တိုက်တော့မလဲ။ ဒါကြောင့် ပေးသင့်တယ်လို့ ကျွန်တော် မြင်တယ်။ ဒီလိုခွဲဝေတဲ့အခါမှာနိုင်ငံတော် ကတစ်ဝက်ယူ၊ တိုင်းရင်းသားတွေကတစ် ၀က်ယူ အစရှိသဖြင့်ပေါ့။ ရာခိုင်နှုန်းတွေ အတွက် ဆွေးနွေးကြရမှာဖြစ်တဲ့အတွက် ခဲယဉ်းတဲ့ကိစ်္စမှ မဟုတ်တာ။ ဒီလိုခဲယဉ်း တာမဟုတ်ဘူးလို့ပြောရတာလည်း ဘာ မဟုတ်တဲ့ကုမ်္ပဏီတွေတောင် ပေးနေရ လို့ပြောတာဖြစ်ပါတယ်။

ကိုဌေးကြွယ် (၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းအဖွဲ့အစည်း)

အခုလိုင်ဇာဆွေးနွေးပွဲမှာ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးကို သဘော တူညီချက်ရတယ်လို့ သိရပါတယ်။ “၀”နဲ့ မိုင်းလားအဖွဲ့မပါသေးပါဘူး။ ဒါပေမဲ့လို့ မူအရ အားလုံးသဘောတူသွားပါပြီ။ ကျွန်တော်ဆိုလိုတာကတစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးနောက်ပိုင်းမှာ နိုင်ငံရေး အရဆက်လက်ဆွေးနွေးမှုတွေရှိမယ်ဆို တာကို တိုင်းရင်းသားတွေအားလုံးက ယုံ ကြည်တဲ့အတွက် ဒီသဘောတူညီချက်ကို ရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အစိုးရလက် ထက်မှာ အပစ်အခတ်ရပ်စဲရေးတွေလုပ် ခဲ့တယ်။ ဒီလိုအပစ်အခတ်ရပ်စဲရေးကို ၁၉၉၀ နောက်ပိုင်းမှာ လုပ်ခဲ့ကြတယ်။ ဒီလိုအပစ်အခတ်ရပ်စဲရေးတွေလုပ်ခဲ့ကြ ပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲအထိ မရောက် တဲ့အခါမှာ ပြန်ပြီးတော့တိုက်ပွဲပြန်ပြီး တော့ ဖြစ်ခဲ့ရတာတွေရှိတယ်။ အားလုံး ပါဝင်တဲ့တိုင်းရင်းသားအရေး အာမခံ ချက်ပေးနိုင်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေကို ဆက်လက်ပြီးဆွေးနွေး နိုင်မဲ့နိုင်ငံရေးအရေ ဆွေးနွေးမှုတွေသွား ရပါလိမ့်မယ်။ အဲဒါကလည်း တကယ်ကို တိုင်းပြည်ရဲ့အနာဂတ်အတွက်ကိုရည်ရွယ် ပြီးတော့ ကျွန်တော်တို့နိုင်ငံသားအားလုံး ဟာ နိုင်ငံအတွက်စုစည်းညီညွတ်မှုတွေ ရရှိနိုင်အောင်သွားရပါလိမ့်မယ်။ ဒီကိစ်္စ ရပ်တွေဟာ စားပွဲဝိုင်းပေါ်မှာ ဆက်ပြီး ဆွေးနွေးရမဲ့ကိစ်္စရပ်တွေဖြစ်ပါတယ်။ ဒီ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ မှာ တပ်တွေရှိပါတယ်။ ဒီတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရုံနဲ့ မပြီးသေးပါဘူး။ ဒီ တပ်ဖွဲ့တွေနဲ့ အခုလက်ရှိတပ်မတော်နဲ့ ဘယ်လိုပူးပေါင်းနိုင်မလဲ။ ပြည်ထောင်စု တပ်မတော်အဆင့်ထိ သွားနိုင်မလား။ ပြီးတော့ကျွန်တော်တို့ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်း ထားမှုတွေမှာ ဒေသဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်မှုတွေမှာ လယ်လောက်အတိုင်း အတာအထိ အာဏာခွဲဝေမှုပေးနိုင်မလဲ။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းမှု တွေကိုရော ဘယ်လောက်ထိ အချိုးချ နိုင်မလဲ။တကယ်ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ဆက်လက်ပြီးသွားမလဲဆိုတာ အများကြီးဆွေးနွေးရဦးမှာပါ။ ငြိမ်းချမ်း ရေးအတွက်တကယ်ဖြစ်ချင်တယ်ဆိုရင် အဓိကကတော့ ရိုးသားမှုနဲ့ ယုံကြည်မှုကို အခြေခံပြီးသွားရပါလိမ့်မယ်။ အနာဂတ် မျှော်မြင်ထားတဲ့အမျှော်အမြင်ကြီးမှုတွေ နဲ့ပေါင်းစည်းရပါလိမ့်မယ်။ အနာဂတ် မျှော်မြင်ထားတဲ့အမျှော်အမြင်ကြီးမှုတွေ နဲ့ ပေါင်းစည်းရပါလိမ့်မယ်။ အထူးသဖြင့် ယုံကြည်မှုမရှိဘူးဆိုရင် ဆက်လက်ပြီး တော့ ဘာမှလုပ်လို့မရပါဘူး။ ဒီကနေ့ ရရှိနေတဲ့အခြေအနေဟာ ဘယ်တုန်းက မရရှိခဲ့ဘူးတဲ့ အခြေအနေဖြစ်နေတယ်။ ဒီအခြေအနေကောင်းကို ဆက်လက်ပြီး တော့ သယ်ဆောင်သွားနိုင်ပါစေလို့ပြော ချင်တယ်။ အဲဒီအတွက်လည်း တတ်နိုင် တဲ့အပိုင်းကနေ ၀င်ရောက်ပြီးတော့ လုပ် ဆောင်သွားမယ်လို့ ပြောချင်ပါတယ်။



မျိုးကျော်
BY HOT NEWS

INGO နှင့် NGO များ ခွဲခြားဆက်ဆံသည်ဟုဆိုကာ ရခိုင်ဒေသခံများ ကန့်ကွက်


ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် INGO နှင့် NGO များသည် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုအကြား ခွဲခြားဆက်ဆံသည်ဟုဆိုကာ နိုဝင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့ ပြည်သူ့ဆေးရုံဝင်း အတွင်းတွင် မြို့ခံလူထု ၃၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း စစ်တွေ ဒေသခံများက ပြောကြားသည်။

နိုဝင်ဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဒဏ်ရာရရှိသည့် ဘင်္ဂါလီများကို INGO တစ်ခုက အမြန်ရေယာဉ်ဖြင့် ခေါ်ဆောင်ကာ စစ်တွေဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း လက်မောင်းတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် ရခိုင်အမျိုးသမီးကို ခေါ်ဆောင်ခြင်း မရှိသဖြင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း အဆိုပါ ဆန္ဒပြသူများထံမှ သိရှိရသည်။

ပေါက်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့မှု၊ INGO နှင့် NGO များက ပေးသည့် ဆေးများကို သောက်သုံး၍ စစ်တွေမြို့ ကျေးတော၊ ဗျိုင်းဖြူရွာ အပါအဝင် ကျေးရွာအချို့တွင် အမျိုးသမီးများ ကိုယ်ဝန်ပျက်ကျမှု၊ INGO နှင့် NGO များက စစ်တွေမြို့ပေါ်ရှိ အိမ်များ၊ ဂိုဒေါင်များကို ငှားရမ်းကာ ဘင်္ဂါလီများနှင့် ပူးပေါင်း၍ အဖျက်လုပ်ငန်းများ လုပ်နေမှုတို့ကို အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်သူလူထုကိုယ်စား စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ဦးဓမ္မဓဇက မိန့်ကြားသည်။

စစ်တွေမြို့တွင် မြို့ခံလူထု ၃၀၀ ဝန်းကျင်သည် နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တောင်းဆိုချက်များ ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ မိနစ်အနည်းငယ်ကြာ တောင်းဆိုခဲ့ကြကြောင်း စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ စစ်တွေမြို့ မြောက်ပိုင်း တာဝန်ခံလည်း ဖြစ်သည့် ဦးဓမ္မဓဇက ဆက်လက်မိန့်ကြားသည်။

INGO နှင့် NGO များကို ကန့်ကွက် ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်း က ပြောကြားသည်။

အလားတူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ပေါက်တော မြို့နယ်တွင်လည်း INGO နှင့် NGO များ ဝင်ထွက် သွားလာခြင်းများကို ကန့်ကွက်သည့်အပြင် ဒေသခံ မဟုတ်သည့် INGO နှင့် NGO များကို နှစ်ရက်အတွင်း ထွက်ခွာပေးရန်၊ INGO နှင့် NGO များ၏ အလှူငွေများကို လက်မခံရန် စသည့် အချက် ကိုးချက်ပါ ကြေညာချက် တစ်စောင်ကို နိုဝင်ဘာလ ၃ ရက်နေ့တွင် မြို့လူထုက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် INGO နှင့် NGO အဖွဲ့ပေါင်း ၅၀၀ ကျော် ရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ၁၉ ဖွဲ့ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ဒေသခံလူထုကမှု INGO နှင့် NGO အဖွဲ့ပေါင်း ၈၀ ခန့် ရှိသည်ဟု ပြောဆိုထားသည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်လို


တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီး CAIFC သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုသည်ဟု ဒီချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့တို့ ဘေကျင်းမြို့၊ ပြည်သူ့လွှတ်တော် ကွန်ဂရက် အဆောက်အအုံအတွင်းရှိ တိဗက် ခန်းမတွင် အောက်တိုဘာ ၂၉ရက်က တွေ့ဆုံစဉ် CAIFC ဥက္ကဋ္ဌ (ယခင် တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဟောင်း)Li Zhaoxing (လီဇောက်ရှင်း)က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်တွေ သွားရောက်နေတဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်မှုရှိနေ တယ်။ ဥရောပနိုင်ငံတွေအပေါ် ဒေါ်စုနဲ့ မြန်မာပြည်သူတွေ အာရုံစိုက်သွားမှာ သူတို့က စိုးရိမ်တယ်။ ဒေါ်စုကို တရုတ်ပြည်လာဖို့ သူတို့ဘက်က ကမ်းလှမ်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ် တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ တင်ပြသွားဖို့ရှိတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နောက်ပိုင်းမှာ ပြည်ပနိုင်ငံခရီးစဉ် ၁၀ ခု ထွက်ခဲ့ပြီး ၎င်းနိုင်ငံများထဲတွင် အမေရိကန်နိုင်ငံသို့ တစ်ကြိမ်၊ သြစတြေးလျ နိုင်ငံသို့ တစ်ကြိမ် နှင့် ဥရောပနိုင်ငံများသို့ နှစ်ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်လိုသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီး စွာဆက်ဆံရေးအဖွဲ့ကြီးအနေဖြင့် လာမည့် ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကို အချိန်မီပြင်ဆင် နိုင်ပါ့မလားဆိုသည့် အချက်ကိုလဲ စိုးရိမ်လျက်ရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် မေးခွန်း ထုတ်ခဲ့ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်၏ ပြန်လည်ပြောကြားချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီးနှင့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် အောက်တိုဘာလ၂၇ ရက်မှ နိုဝင်ဘာ၂ ရက်ထိ တစ်ပတ်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးရဲထွန်းခေါင်းဆောင်ကာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်အာရှရေးရာအထူးအရာရှိ (ယခင် တရုတ်ပြည်ဒုတိယ နိုင်ငံခြား ရေးဝန်ကြီးဟောင်း)မစ္စတာဝမ်ရင်ဖန်း၊ တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်ဥက္ကဋ္ဌနှင့် ပါမောက္ခများ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရည်ရွယ်နေသော ShineshineKaidiကုမ္ပဏီတို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးမြင့်စံ
Mizzima - News in Burmese

တိုင်းရင်းသားအဖွဲ့များနှင့် အပစ်ရပ်ရေး မြစ်ကြီးနားတွင် သုံးရက်ကြာဆွေးနွေး


မြစ်ကြီးနား၊ နိုဝင်ဘာလ ၄ရက်။

နိုဝင်ဘာလ ၄ရက်နေ့မှစတင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မဂျွယ်ခန်းမတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၃ဖွဲ့ နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီတို့ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ် လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၁၃ဖွဲ့ဖြစ်သည့် KIO မှ ဦးဆွမ်လွတ်ဂမ် အပါအဝင် KPC မှ ဗိုလ်မှူး စော မောင်မောင်၊ WNO ဦးတာ့မဟာ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)မှ ဦးခွန်မြင့်ထွန်း၊ ပလောင်(တအောင်း) ပြည်နယ်လွတ် မြောက် ရေးတပ်ဦး (PSLF)မှ ဦးတာ့အိုက်ဖုန်း၊ ALP မှ ဦးစိုင်သုခ၊ NMSP မှ ဦးနိုင်အောင်မင်း၊ RCSS မှ ဗိုလ်မှူးကြီး စိုးလှ၊ KNU မှ ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုး၊ ညီညွတ်သောတိုင်းရင်းသားဖက်ဒ ရယ်ကောင်စီ (UNFC)မှ ဦးနိုင်ဟံသာနှင့် ဦးခွန်အေဘယ်တွိဒ်၊ SSPP မှ ဦးစဝ်ခွန် ဆိုင်း၊ DKBA မှ ဒုတိယ စစ်ဦးစီးချုပ် စော မူရှေး၊ ANC မှ ဦးထွန်းဇော်နှင့် LDU မှ ဦးကြာခွန်ဆာတို့ တက်ရောက်ကြသည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာမူကြမ်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၇ဖွဲ့သည် အောက်တိုဘာလ ၃၀ရက် နေ့မှ စတင်၍ လိုင်ဇာမြို့ရှိ ကေအိုင်အိုဌာနချုပ်တွင် နိုဝင်
ဘာလ ၂ရက်နေ့အထိ လေးရက်ကြာ ဘုံသဘောတူညီချက် ၁၂ချက်အား သဘော တူ လက်မှတ်ရေးထိုးခဲ့ကြပြီး RCSS မှ အဆိုပါ ဘုံသဘောတူညီချက်အား ရှမ်းပြည်နယ်ရှိ အဖွဲ့အစည်းများနှင့်
ပြန်လည်တိုင်ပင်ညှိနှိုင်းမှု မပြုလုပ်ရသေးသည့်အတွက် လောလောဆယ်အချိန်တွင် ပါ ဝင်လက်မှတ်ရေးထိုးခြင်း မပြုလုပ်နိုင်သေးကြောင်း သိရသည်။

People power