၂ လအတွင်း Samsung မိုဘိုင်း ဝင်ငွေ စံချိန်တင်




Samsung Mobile Division ရဲ့  ပြီးခဲ့တဲ့ ရက် ၉၀ စာ ဝင်ငွေဟာ HTC ကိုကျော်ဖြတ်ဖို့ ကမ္ဘာ့ စံချိန်တင် သွားပါတယ်။

၂ လအတွင်း Operating Profit ကို အမေရိကန်ဒေါ်လာ ၉.၄ ဘီလျံ ရရှိခဲ့ပြီး ယမန်နှစ် အချိန်ထပ် ၁ ဘီလျံတောင် ပိုခဲ့တဲ့ အကျိုးအမြတ် ဖြစ် ပါတယ်။ ဒီမှာထူးခြားချက်က လက်ရှိရတဲ့ ဝင်ငွေအတွက် အဓိက ရှာပေးတာက Samsung Galaxy S4, Note 3 တို့လို အမြင့်ဟန်း ဆက်တွေ မဟုတ်ပဲ ဈေးသက်သာ ဟန်းဆက်တွေ ဖြစ်နေခြင်း ဖြစ် ပါတယ်။ Samsung ဟာ Galaxy စီးရီးထဲက ပဲ ဈေးသက်သာ စမတ်ဖုန်း အပြင် စီးရီးပြင်ပက ခေါက်ဖုံး တို့လို ဈေးသက်သာ ဖုန်းတို့ကိုလည်း ထုတ်လုပ်ဖြန့်ချိခဲ့ခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် အကျိုးအမြတ် အတွက် Samsung Galaxy S4 လည်း တစ်ဘက်တစ်လမ်းမှ ပါဝင်ခဲ့ပါတယ်။ လက်ရှိ Samsung Galaxy Note 3 ကလည်း ကမ္ဘာ့ လူ့စိတ်ဝင်စားမှု အများဆုံး စာရင်းထဲ ပါဝင်ပြီး ရောင်းအား သွက်လျက် ရှိပါတယ်။ မြန်မာပြည်မှာ ကျပ်ငွေ ၇ သိန်းဝန်းကျင် နဲ့ ရောင်းထွက်နေပါတယ်။ ဖုန်းဆိုင် အချို့ မှာ ၆၈၀,၀၀၀ ကျပ်နဲ့ လည်း ရောင်းချပေးနေကြောင်းလည်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)
TechSpace Journal

ပြိုင်ပွဲဝင်တိုင်းကို အပြုသဘောဆောင်တဲ့ အားပေးမှုမျိုးနဲ့ပဲ အားပေးဖို့ တိုက်တွန်း တဲ့ ရေဗက္ကာဝင်း


ရေဗက္ကာဝင်းက လတ်တလော မှာတော့ ကျောင်းတစ်ဖက်အပြင် စီးပွားရေးတစ်ဖက်နဲ့ ဖြစ်တာကြောင့် အနုပညာဘက်ကို သိပ်မလှည့်ဖြစ် သေးဘဲ တစ်ကိုယ်တော်အခွေ ထွက် မယ့်အစီအစဉ်တော့ ရှိသေးကြောင်း ပြောပါတယ်။
“အခုကျောင်းက စာတမ်းပြုစု နေတာတစ်ဖက်ဆိုတော့ အခွေဘက် ကို မလှည့်နိုင်ဘူးဖြစ်နေတယ်။ စာတမ်းပြုစုတာ ပြီးသွားရင်တော့ အခွေဘက်လှည့်ဖြစ်မှာပါ။ စီးပွား ရေးကတော့ အမျိုးသားနဲ့အတူ ဆေးဝါးလုပ်ငန်းလုပ်နေပါတယ်။ အိပ်မက်ဆုံရာမှာတော့ ဒိုင်မလုပ်ဖြစ် တော့ပါဘူး” လို့ ဆိုလာတဲ့ ရေဗက္ကာ ဝင်းကို အိပ်မက်ဆုံ ရာမှာ ဒိုင်လုပ် ခြင်းကနေ ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့လဲဆိုတော့..
“အဘက်ဘက် ကစဉ်းစားပြီး ရွေးချယ်ပေးရတာမျိုးလေးတွေ ရှိပါ တယ်” လို့ ရေဗက္ကာဝင်းကပြောပါ တယ်။ ဒီလိုဒိုင်လုပ်ခြင်းကနေကော ကိုယ့်ရဲ့စွမ်းရည်တွေကိုလည်း ပိုပြီး တိုးတက်စေပါတယ်ဆိုတဲ့ ရေဗက္ကာ ဝင်းက သူများဆိုတာကို သေချာ နား ထောင်ရင်းနဲ့ ကိုယ့်ရဲ့အား နည်း ချက်ကိုလည်း ပြန်မြင်ရတယ်လို့ လည်း ဆိုပါတယ်။ အိပ်မက်ဆုံရာ ပြိုင်ပွဲဝင် တွေအပေါ်မှာလည်း ဝေဖန်သံတွေရှိကြတဲ့အတွက် အဲဒီ အပေါ်မှာလည်း ရေဗက္ကာဝင်းက “အဓိကကတော့လေ ပြိုင်ပွဲဝင် တွေ ပဲဖြစ်ဖြစ်၊ တခြား အနုပညာရှင် တွေပဲဖြစ်ဖြစ်၊ အားကစားသမားပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာ မဆို လုပ်နေတဲ့သူတွေအပေါ်မှာ ဘာမှ မလုပ် တဲ့သူတွေက ဝေဖန်တာထက် စာရင်လုပ်နေတဲ့ သူတွေကို အားပေးဖို့၊ တိုက်တွန်းဖို့ ပိုပြီးဖြစ် စေချင်ပါတယ်။ ဘောလုံးပွဲတစ်ပွဲကို ကြည့်ကြ မယ်ဆိုရင်လည်းကန်နေတဲ့သူကို ဆဲ ဆိုအပြစ်တင်နေမယ့် အစား အားပေးပြီး ပို ကောင်း အောင် လုပ်သင့်တယ်။ ပြိုင်ပွဲဝင်တွေဆိုလည်း ဒီအတိုင်းပါပဲ။ သူတို့ လည်း သူတို့ကြိုးစားမှုနဲ့ တက်လာရတာပဲလေ။ ဘေး ကနေ မကောင်းဝိုင်းပြောတာ မျိုးတော့ လျှော့စေချင်ပါ တယ်။ ဘာဖြစ်လို့ဆို မကောင်း ပြောရုံနဲ့ ကောင်းသွား မှာ မဟုတ်ပါဘူး။ ကောင်းတဲ့ဘက် ကိုပဲ ဦးတည်ပြီး ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်။ ဒါက ပြိုင်ပွဲဝင် တွေရော၊ နောက်ပြီး ဆီးဂိမ်းမှာ ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေ အကုန်လုံးကိုရော စိတ်ဓာတ်မြှင့် တင်တဲ့အနေနဲ့ အား ပေးကြပါ” လို့ ရေဗက္ကဝင်းက ဆီးဂိမ်း ပြိုင် ပွဲအားပေး မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။
ရေဗက္ကဝင်းရဲ့ အနုပညာလှုပ်ရှား မှုအနေနဲ့ကတော့ ဒီကြားထဲမှာ စီးပွား ရေးနဲ့အလုပ်ရှုပ်နေတာကြောင့် အခွေ ကိုလည်း ကြိုးစားလုပ်နေပါတယ် လို့လည်း ပြောပါ တယ်။
  ရဲရဲ
popularmyanmar

ရခိုင်ပဋိပက္ခကို သံသယရှိဟု သမ္မတပြောကြား



ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေဟာ မိမိရဲ့ခရီးစဉ်နဲ့ အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ သံတွဲမြို့ အဏ္ဏဝါရိပ်သာမှာ ရခိုင်တိုင်းရင်းသားနဲ့ ကမန်တိုင်းရင်းသား ဒေသခံခေါင်းဆောင်တွေကို ကြာသပတေးနေ့ မနက်ပိုင်းက တွေ့ဆုံရာ မှာ နိုင်ငံတော်သမ္မတက အခုလိုပြောကြားခဲ့တာပါ။

မိမိအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းနေပြီလို့ ယုံကြည်ပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို လေ့လာအကူ အညီပေးနိုင်ဖို့ လာရောက်ခဲ့ပေမဲ့၊ မိမိရောက်ရှိနေချိန်မှာ သံတွဲမြို့နယ်အတွင်း သာမန်အငြင်းပွားမှုတစ်ခုကနေ ပဋိပက္ခတချို့ ပေါ်ပေါက်ခဲ့တာဟာ မိမိခရီးစဉ်နဲ့ အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့တောင် သံသယဖြစ်စရာ အကြောင်းတွေရှိကြောင်း၊ မိမိတို့ရရှိထားတဲ့ အထောက်အထားတွေအရ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သူတွေဟာ ပြင်ပကျေးရွာတွေက လာရောက်သူတွေဖြစ်တယ်လို့ သိရကြောင်း၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆ဝ ကျော် လက်နက်ကိုင် တိုက်ခိုက်နေခဲ့ကြရာမှာ မည်သူကမျှအနိုင်မရပဲ တိုင်းပြည်တခုလုံး နစ်နာဆုံးရှုံးခဲ့ရကြောင်း၊ ဒါကြောင့် အခုအခါ နိုင်ငံရေးနည်းနဲ့ စေ့စပ်ဆွေးနွေးအဖြေရှာဖို့ အားလုံးကြိုးပမ်းဆောင်ရွက်နေကြတဲ့အချိန်မျိုးမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်ဖြစ်အောင် အကြမ်းဖက်ကျူးလွန်မှုတွေ၊ ပြည်သူတွေအချင်းချင်း အပြန်အလှန်စိုးရိမ်နေရတဲ့ အခြေအနေတွေကို မိမိလက်မခံနိုင်ကြောင်းဖြင့်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် နိုင်ငံတကာက အသိအမှတ်ပြု ချီးကျူးနေချိန်မှာ အခုလိုပဋိပက္ခတွေကြောင့် နိုင်ငံနဲ့လူမျိုးအတွက် မျက်နှာပျက်စရာတွေဖြစ်ခဲ့ရကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ နည်းလမ်းအားလုံးကိုအသုံးပြုပြီး၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ တရားဥပဒေအတိုင်း တိတိကျကျ အရေးယူသွားမှာဖြစ်ကြောင်း၊ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကျဆင်းခဲ့ရသလို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရမယ့် ငွေကြေးအရင်းအမြစ်တွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံတော်က သုံးစွဲလိုက်ရတဲ့အတွက် သက်ဆိုင်ရာဒေသအနေနဲ့လည်း နစ်နာရကြောင်းစသဖြင့် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။
RFA Burmese


ဒေါ်လာ ၁၁ ဘီလျံကိစ္စ အစိုးရ ရှင်းလင်းမှု ရှုပ်ထွေးနေဆဲဟု အမတ်များပြော


အစိုးရ တာဝန်ရှိသူများက ပြည်ပတွင် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံကို အပ်နှံထားသည် ဆိုသော သတင်း နှင့် စပ်လျဉ်းပြီး ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် လာရောက်ရှင်းလင်း ပြောဆိုခဲ့ သော်လည်း အစိုးရ၏ ရှင်းလင်းချက် သည် လိုရင်း မရောက်ဘဲ ရှုပ်ထွေးနေဆဲဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ဘဏ္ဍာရေး ၀န်ကြီး ဦးဝင်းရှိန် နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့က ပြည်ပတွင် ငွေစာရင်း ၅ ခုဖြင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ ဆိုသော သတင်းသည် လုံးဝ မဟုတ်မှန် သော သတင်း တရပ်ဖြစ်ကြောင်း၊ နိုင်ငံခြားဘဏ်များတွင် နိုင်ငံခြားအရံငွေ ၇ ဒသမ ၆ ဘီလျံရှိကြောင်း ၊ ဒေါ်လာ ၁၁ ဘီလျံနှင့် လုံးဝ ဆက်စပ်မှု မရှိသကဲ့သို့ ယင်းကိစ္စကိုလည်း မသိကြောင်း လွှတ်တော်တွင် ရှင်းလင်းပြောဆိုသည်။

“ တခြားဘဏ်များမှာ ဖွင့်လှစ်ထားတဲ့ ငွေစာရင်းတွေ ရှိတာကြောင့် ကြွေးလျှော် မပေးနိုင်ဟု ပြောဆိုမှု လုံးဝ မရှိခဲ့ကြောင်း ကျနော်အနေနဲ့ ခိုင်ခိုင်မာမာ တင်ပြလိုပါတယ်။ အာရှ ဖွံ့ဖြိုးရေး ဘဏ် နဲ့ ကမ္ဘာ့ဘဏ် တို့က ၎င်းတို့ရဲ့ အဖွဲ့အစည်းဆိုင်ရာ စည်းကမ်းချက်များအရ ရရန်ရှိတဲ့ ကြွေးမြီ တွေကို လျှော်ပစ်ခဲ့ခြင်း အစဉ်အလာ မရှိခဲ့ပါဘူး။ သူတို့ ထည့်သွင်း စဉ်းစားနိုင်တာကတော့ အထူးသက်သာခွင့်ရှိတဲ့ ဆင်းရဲ နွမ်းပါးတဲ့ နိုင်ငံတွေကို လျော့ပေါ့ စဉ်းစား ပေးတဲ့ နည်းလမ်းပဲ ရှိပါတယ်”ဟု ဦးဝင်းရှိန်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဒေါ်လာ ၁၁ ဘီလျံနှင့်ဆက်စပ်၍ အစိုးရ၏ ရှင်းလင်းချက်သည် ရှုပ်ထွေးနေပြီး ရေရာ တိကျ သော သတင်းအချက်အလက် မပေးနိုင်ကြောင်း၊ ၁၁ ဘီလျံ ပြဿနာမှာ မပြီးဆုံးသေးဟု လွှတ်တော်ကိုယ်စားလှယ်များ က ဆိုကြသည်။

ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဒေါ်လာ ၁၁ ဘီလျံ နှင့် ပတ်သက်၍ အစိုးရက ရှင်းလင်းရာတွင် ကမ္ဘာ့ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်နေသော အကြောင်းအရာ များသာ ဖြစ်ပြီး ဘဏ်ငွေစာရင်း ၅ ခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိ၊ မရှိ ကိုမူ မရှင်းပြဘဲ မသိဟုသာ ပြောဆိုကြောင်း၊ ဒေါ်လာ ၁၁ ဘီလျံ ပြဿနာသည် မပြီးဆုံးသေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

“အစိုးရက မသိချင်တာတွေ လာပြောသလိုဖြစ်နေတယ်။ သူတို့ကြွေး ပြန်ဆပ်မယ့် နည်းလမ်းတွေကို ရှင်းပြတယ်။ မဆိုင်တာ တွေချည်းပဲ။ ပြည်သူတွေ တကယ်သိချင်တဲ့ ကိစ္စကျတော့ ပြောမသွားဘူး။ အစိုးရနဲ့ ပုဂ္ဂလိကဘဏ်တွေ ပေါင်းရင် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ရှိတာကိုပဲ အထပ်ထပ်ပြောတယ်။ ပြဿနာက အခုချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးဘူး” ဟု ဦးရဲထွန်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတွင် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ နိုင်ငံခြား အရံငွေ ရှိနေခြင်းကို ယခုအချိန်မှ ထုတ်ဖော်ပြောဆိုမှုအပေါ် မေးခွန်းခွန်းထုတ်လိုပြီး ပြည်သူများ စိတ်ဝင်တစား သိချင်နေသော ဒေါ်လာ ၁၁ ဘီလျံ ကိစ္စမရှင်းလင်းဘဲ အစိုးရတွင် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ရှိနေသည် ကိုသာ ရှင်းလင်းနေမှု အပေါ် နားမလည်ကြောင်း ပြောသည်။

“ဒီ ၁၁ ဘီလျံနဲ့ ပတ်သက်ပြီးတော့ အစိုးရက အမျိုးမျိုးပြောနေတယ်။ ဘဏ္ဍာရေး ၀န်ကြီးက ဒေါ်လာ ၇ ဒသမ ၂ ဘီလျံ ရှိတယ် ပြောတယ် ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် တယောက်က ဒေါ်လာ ၇ ဘီလျံ လောက်ရှိမယ်တဲ့။ ပြန်ကြားရေး ဒုတိယ၀န်ကြီးကတော့ အစိုးရမှာ နိုင်ငံခြားငွေစာရင်း အကောင့် မရှိပါဘူးတဲ့။ ဆိုတာ့ ပြည်သူတွေက မျက်စိလည် ကုန်ပြီ။ အဲဒါကို ရှင်းစေချင်တာကို ၁၁ ဘီလျံက သူတို့နဲ့ မဆက်စပ်ဘူး။ သူတို့သိတာ ၇ဒသမ ၆ ဘီလျံ ရှိတယ်ပဲ ပြောနေတယ်”ဟု ဦးဝင်းမြင့်က ဆိုသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဒေါ်လာ ၁၁ ဘီလျံသည် အစိုးရနှင့် မသက်ဆိုင်ဘဲ မသိရှိဟု ပြောဆိုနေခြင်းသည် ၁၁ ဘီလျံ အမှန်တကယ် ရှိ၊ မရှိ အစိုးရကိုယ်တိုင်ပင်လျှင် အမှန်တကယ် မသိရှိ ဟု ၀န်ခံရာရောက်ကြောင်း ရှင်းပြသည်။

“အစိုးရက ဒေါ်လာ ၁၁ ဘီလျံကိစ္စ မသိဘူး ဆိုတဲ့ အကြောင်းလာရှင်းတာ။ အစိုးရ ပိုင်တဲ့ဟာကတော့ ၇ ဒသမ ၆ ဘီလီယံ ရှိတယ်ပြောတယ်။ ၁၁ ဘီလျံက သူတို့ပိုက်ဆံ မဟုတ်ဘူးလို့ ပြောပေမယ့် ၁၁ ဘီလီယံ ရှိတယ် ၊ မရှိဘူး ဆိုတာကို သူတို့ မပြောနိုင်ဘူး။ ပြည်သူတွေ သိချင်တာက ၁၁ ဘီလျံ ဘယ်သူပိုင်သလဲ သိချင်တာ။ တကယ်လို့ ဒီပိုက်ဆံတွေကို ပုဂ္ဂလိက သူဌေးတွေ သွားအပ်ထားတာဆိုရင် အခုမှချမ်းသာ လာတဲ့ ခေတ်ပေါ် သူဌေးတွေ ဖြစ်မယ်။ အခုဘဏ်စနစ်ကို ခေတ်ပေါ်သူတွေပဲ သုံးတာ။ တခြားသူဌေးတွေက ဘဏ်စနစ်ကို မသုံးဘူး။ မျိုးရိုးစဉ်ဆက် ချမ်းသာ လာတဲ့ သူတွေ မဖြစ်နိုင်ဘူး´´ ဟု ဦးလှဆွေက ဆိုသည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ နိုင်ငံခြားဘဏ်များတွင် ငွေအပ်နှံထားရာ၌ ဗဟိုဘဏ်၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှုဘဏ် (MFTB)၊ မြန်မာ့ ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြုပ်နှံရေး ဘဏ် (MICB)၊ ဗဟိုဘဏ် အနေဖြင့် ငွေအပ်နှံထားခြင်း ဖြစ်ပြီး ပုဂ္ဂလိကဘဏ် များက လည်း နိုင်ငံခြားဘဏ်များတွင် ငွေစာရင်းဖွင့်ပြီး အပ်နှံထားကြောင်း၊ စုစုပေါင်း အပ်နှံထားမှု ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ရှိကြောင်း သိရှိရသည်။

၁၉၈၈ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် Paris Club နိုင်ငံများသို့ ပေးဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင်ကျော် (၈၄၀၈ ဒသမ ၃၄) ရှိခဲ့ပြီး ဂျပန်နိုင်ငံအား သန်းပေါင်း ၆ ထောင် အထိ အများဆုံး ပေးဆပ်ရမည် ဖြစ်ကြောင်း၊ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ဒေါ်လာ သန်းပေါင်း ၂ ထောင်ကျော် (၂၆၁၄ ဒသမ ၉၅၀) ရှိကာ တရုတ်နိုင်ငံသို့ သန်းပေါင်း ၂၁၀၀ ကျော်ပေးဆပ်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
irrawaddy

သံတွဲမီးရှို့မှု ဆက်ဖြစ်၊ လူအချို့ကို ထပ်မံထိန်းသိမ်း


ညမထွက်ရထုတ်ပြန်ထားတဲ့ သံတွဲမြို့နယ်မှာ မီးရှို့မှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးနေတဲ့ကြားက အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက မီးရှို့မှုတချို့ ထပ်မံဖြစ်ပွားခဲ့သလို လူတချို့ကိုလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။

မေန့က ညေနပိုင်း ၆ နာရီကျော်လောက်မှာ ဗောဓိကုန်းအရပ်ဖြစ်တဲ့ ငါးရပ်ကွက်၊ ခြောက်ရပ်ကွက်က မွတ်စလင်အိမ်တွေကို ခဲနဲ့ပစ်တယ်၊ အစ္စလာမ်တွေအိမ်မှာ ငှားနေတဲ့ ဗုဒ္ဓဘာသာတွေကို ဖယ်ခိုင်းပြီး ညကျရင် ဘာကြောင့်ဖယ်ခိုင်းတယ်ဆိုတာကို သိလိမ့်မယ်လို့ ပြောတယ်လို့ဆိုပါတယ်။ ရဲကို သတင်းပို့တဲ့အခါ သေနတ် ဆယ်ချက်ပစ်ဖောက်သတိပေးလို့ လူစုကွဲသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးဖြစ်တဲ့ ကိုဝင်းနိုင်က “သံတွဲမြို့ရဲ့ခြောက်မိုင်ခန့်အကွာမှာ ကျောက်ဆိပ်ဆိုတဲ့ ရွာလေးရှိတယ်။ အဲဒီ ကျောက်ဆိပ်ရွာမှာ အစ္စလာမ်ဘာသာဝင် မိသားစု သုံးစု ရှိတယ်။ အိမ်သုံးလုံးပေါ့ခင်ဗျ။ အဲဒီအိမ်သုံးလုံး ရှိတဲ့အထဲက နှစ်လုံး မီးလောင်ခံထားရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ညသန်းခေါင်မတိုင်ခင် သံတွဲမြို့ရဲ့ မြောက်ဘက် ခြောက်မိုင်လောက်အကွာက ကျောက်ဆိပ်ရွာမှာ နေထိုင်တဲ့ မွတ်စလင်အိမ်သုံးလုံးကိုမေနဖို့ ကြိုတင်သတိပေးပြီး ည၁၁ နာရီလောက်မှာတော့ ၂ လုံးကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ သံတွဲခရိုင်ရဲမှူးကြီးက “မီးလောင်မှုက ချင်းမော်အုပ်စု ကျောက်ဆိပ်မှာခင်ဗျ။ ကျေန်ာတို့ဆီ သတင်းပို့တာက ၂ လုံးပါခင်ဗျ။ ရွာအစပ်မှာ ရှိတဲ့ ချောင်းကမ်းနားမှာ ခင်ဗျ” လို့ ပြောပါတယ်။

မီးရှို့မှုတွေနဲ့ ဆက်စပ်ဖမ်းဆီးထားသူခြောက်ဦးကို ရုံးတင်ရမန်ယူပြီး သံတွဲထောင်ကို ပို့ဆောင်ခဲ့တာနဲ့ နောက်ထပ်မြို့ပေါ်က နှစ်ဦးကို ဖမ်းဆီးတယ်ဆိုတာကိုလည်း ခရိုင်ရဲမှူးကြီးက အတည်ပြုပါတယ်။

ဒါ့အြပင် အုပ်ချုပ်ရေးပိုင်းက ကယ်ဆယ်ထောက်ပံ့ရေးအလုပ်တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ကျေန်ာသိသေလာက်တော့ ထောက်ပံ့ရေး ကယ်ဆယ်ရေး ပစ္စည်းတွေပးတယ်။ ပေါက်တောဖက်ဆိုရင် ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ဆောင်ရွက်လျက်ရှိတယ်ဆိုတာ သိရပါတယ်။”

ဒေသခံတဦးရဲ့အဆိုအရ သန်းခေါင်ကျော်ချိန်မှာ ငပလီကမ်းခြေအနီးက မြင်းသာရွာက အိမ်တလုံးကို မီးတင်ရှို့ခဲ့ပေမယ့် ၀ိုင်းငြိမ်းသတ်လို့ မေလာင်ကျွမ်းဘူးလို့ ပြောပြပါတယ်။

ဒီမီးလောင်မှုတွဟာ သံတွဲမီးရှို့မှုအေပါ် သက်ဆိုင်ရာက အေရးယူ ကိုင်တွယ်နေတဲ့ ကြားက ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြို့ဧရိယာတွင်း ကျေးရွာအုပ်စုသုံးစုက ရွာခြောက်ရွာမှာ မီးရှို့မှုကြောင့်   အိမ်ခြေ ၇၀ လောက်နဲ့ ဗလီနှစ်လုံး မီးလောင်ခဲ့သလို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌ အပါအ၀င် ၆ ဦးကို ဖမ်းဆီးခဲ့ပြီး မေန့ညေနပိုင်းကေတာ့ ရမန်ယူပြီး သံတွဲထောင်ကို ပို့ ဆောင်ထားပါတယ်။
burmese.dvb

တာဝါတိုင်များ မျှသုံးရေး Ooredoo က Telenor နှင့် ညှိနှိုင်း


                                                   ကာတာနိုင်ငံ ဒိုဟာမြို့ရှိ Ooredoo ကုမ္ပဏီ ရုံးချုပ် (ဓာတ်ပုံ / ရိုက်တာ)
မြန်မာနိုင်ငံတွင် မိုဘိုင်း တယ်လီဖုန်း လုပ်ငန်းလိုင်စင် ရရှိထားသော Ooredoo ကုမ္ပဏီက ဆက်သွယ်ရေး တာဝါတိုင်များကို ၎င်းနှင့်အတူ လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံမှ Telenor ကုမ္ပဏီနှင့် မျှဝေသုံးစွဲနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကာတာအခြေစိုက် အဆိုပါ ကုမ္ပဏီ၏ ထိပ်တန်း အမှုဆောင်အရာရှိ တဦးက ပြောသည်။

ယခုနှစ် ဇွန်လအတွင်းတွင် နိုင်ငံခြားကုမ္ပဏီ ၂ခုကို ပထမဆုံးအကြိမ်အဖြစ် မြန်မာအစိုးရက မိုဘိုင်းတယ်လီဖုန်းလိုင်စင် ချထားပေးခဲ့သည်။ ထိုလိုင်စင်အတွက် ကုမ္ပဏီနှင့် လုပ်ငန်းစု ၉၀ ကျော် အဆိုပြု လျှောက်ထားခဲ့သည့် အထဲမှ Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ Ooredoo ကုမ္ပဏီက လိုင်စင် သက်တမ်း ၁၅ နှစ် အတွင်း အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ကျသုံးစွဲသွားမည်ဟု ကြေညာခဲ့သည်။

“အကုန်လုံးကို အခြေခံကစပြီး လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ရက်ကို Telenor နဲ့ တွဲဖက်ပြီး တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်” ဟု အောက်တိုဘာ ၂ ရက်နေ့က ဒူဘိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Ooredoo ၏ ဈေးကွက်ဗျူဟာ အရာရှိချုပ် Jeremy Sell က ပြောသည်။

“ဒါမျိုးတခါမှ မလုပ်ဖူးပါဘူး။ ကျနော်တို့က အခြေခံက စရမယ့် ကွန်ရက်နှစ်ခုကို တည်ထောင်နေရပါတယ်။ ဒါကြောင့် ကွန်ကရစ်နဲ့လုပ်တဲ့၊ သံမဏိနဲ့ လုပ်တဲ့ ဘယ်အရာကိုမဆို မျှဝေသုံးချင်ပါတယ်။ အဲဒီမှာ တာဝါတိုင်တွေမရှိတဲ့ အတွက် ခွဲဝေ မသုံးနိုင်ဘူးဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

ထိုသို့မျှဝေ သုံးစွဲခြင်းအားဖြင့် ကာတာ အစိုးရက ရှယ်ယာအများစု ပိုင်ဆိုင်ထားသော Ooredoo ကုမ္ပဏီအတွက် အတော်အသင့် ကုန်ကျစားရိတ် ခြွေတာနိုင်လိမ့်မည်ဟုလည်း Sell က ပြောသည်။

Telenor မှ ပြောရေးဆိုခွင့်ရှိသူ တဦးထံသို့ မှတ်ချက်ပေးရန် ဆက်သွယ်မေးမြန်းခဲ့သော ဖုန်းခေါ်ဆိုမှုများနှင့် အီးမေးလ်များကို ပြန်ကြားခြင်း မရှိပါ။

အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ကုမ္ပဏီ နှစ်ခုဖြစ်သော ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့က ယခင်ကတည်းက မိုဘိုင်းတယ်လီဖုန်း လုပ်ငန်းလိုင်စင် ရရှိထားပြီး ဖြစ်သည်။ ရတနာပုံ တယ်လီပို့သည် မူလက အင်တာနက်ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းတခုဖြစ်ပြီး ဆက်သွယ်ရေး ၀န်ကြီးဌာန လက်အောက်ခံ ဌာနတခုဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ကြီးကြပ်သူ အဖြစ်နှင့်ရော အော်ပရေတာ အဖြစ်ပါ ဆောင်ရွက်ခဲ့သည်။

၎င်းတို့သည် ဆက်သွယ်ရေး ကဏ္ဍတွင် အနည်းငယ် ခရီးတွင်နေခဲ့ပြီဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ရာခိုင်နှုန်းသာ မိုဘိုင်းတယ်လီဖုန်း သုံးစွဲနိုင်သေးသည်။ အီရစ်ထရီးယား၊ ဆိုမာလီယာ နှင့် မြောက်ကိုရီးယား တို့သာ လူဦးရေနှင့် မိုဘိုင်းဖုန်း သုံးစွဲနှုန်းတွင် မြန်မာနိုင်ငံ၏ နောက်ဖက်တွင်ရှိနေသည်။ လူဦးရေ သန်း ၆၀ မျှရှိသော မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲနိုင်မှုမှာ လူဦးရေ၏ ၁ ရာခိုင်နှုန်းသာ ရှိသည်ဟု International Telecommunication Union ၏ အဆိုအရ သိရသည်။

Ooredoo ကုမ္ပဏီ အနေဖြင့် Telenor နှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေပြီး ပြည်တွင်း အော်ပရေတာ နှစ်ခု နှင့်လည်း အလုပ်လုပ်ရန်ရှိသည် ဟု Sell က ဆိုသည်။

“ဒါမှ ကျနော်တို့ တည်ဆောက်မှု တခုလုံးရဲ့ ကုန်ကျစားရိတ်တွေကို လျှော့ချနိုင်ပါလိမ့်မယ်” ဟု သူကပြောသည်။

ရင်းနှီးမြှုပ်နှံမှု ကုန်ကျစားရိတ် လျှော့ချလိုက်နိုင်လျှင် မြန်မာနိုင်ငံတွင် ကြီးမားသည့် အခက်အခဲ တခုကဲ့သို့ ဖြစ်နေသော ကျေးလက်ဒေသများဆီသို့ ကွန်ရက် ဖြန့်ကျက်ရေးတွင်လည်း အကျိုးရှိလာမည် ဖြစ်သည်။

“အင်္ဂလိပ်စကား ပြောတတ်တဲ့သူ မရှိဘူး။ သံမဏိဘောင်တွေလည်း ရနိုင်ဖို့ မလွယ်ဘူး။ ၀န်ချီစက်လည်း အလုံအလောက် မရှိဘူး။ မြန်မာနိုင်ငံကို သစ်တောတွေက လွှမ်းထားတယ်။ လမ်းတွေက ရေလွှမ်းတတ်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ က ထိုင်း နိုင်ငံရဲ့ အခြေအနေ မျိုးလိုပဲ။ လှပပြီး သန့်ရှင်းတဲ့ နေရာပါ။ ဒါပေမယ့် တိုင်းပြည်က မဖွံ့ဖြိုးသေးဘူး” ဟု Jeremy Sell က ပြောသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများတွင် ရုံးခန်းများ ဖွင့်လှစ်ထားသည့် VDB Loi ဥပဒေ အကျိုးဆောင်လုပ်ငန်းမှ Edwin Vanderbruggen က နိုင်ငံခြား အော်ပရေတာများသည် တာဝါတိုင်များ တည်ဆောက်ရန် မြေနေရာ ရရှိရေးတွင် ဥပဒေပိုင်း ရှုပ်ထွေးမှုများ နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ပြောသည်။

“တပတ်မှာ မြေငှားစာချုပ် ၆၀ လောက် လက်မှတ်ထိုးမယ်လို့ မှန်းကြည့်လိုက်ပါ။ တခါတလေ အဲဒီနေရာတွေက မြေယာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စာရွက်စာတမ်း အထောက်အထား ဘာမှ မရှိဘူး။ တခုချင်းစီအတွက် ၀န်ကြီးဌာန အမျိုးမျိုးကနေ ထောက်ခံချက်တွေယူရမယ်။ ဒီ လုပ်ထုံးလုပ်နည်း အတိုင်းဆိုရင် ဧ၀ရတ်တောင်ထိပ်မှာ ဖုန်းကွန်ရက် သွားပြီး တည်ဆောက်ရတာနဲ့ တူတူပဲ ဖြစ်လိမ့်မယ်” ဟု Vanderbruggen က ဆိုသည်။

၂၀၁၁ ခုနှစ်တွင် ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေး ပြီးဆုံးသွားခဲ့ကာ အရပ်သားအမည်ခံ အစိုးရ တက်လာပြီးနောက် တံခါးပိတ် ၀ါဒကို စွန့်လွှတ်၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့သည်။

“ကျနော်တို့က 3G ကွန်ရက် ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါဟာ လူသန်း ၆၀ အတွက် အင်တာနက်ပေါ်ကို အမြဲတမ်း သွားနိုင်ဖို့ ပထမဆုံး အခွင့်အရေး ဖြစ်လာပါလိမ့်မယ်။ အခုချိန်အထိတော့ သူတို့က ပြည်သူအကုန်လုံးကို တကမ္ဘာလုံးနဲ့ ဆက်သွယ်ခွင့်ရအောင် လုပ်ပေးဖို့ အတွက် အခုထိတော့ ခွင့်ပြုထားပါတယ်” ဟု Sell ကပြောသည်။

စက်တင်ဘာလ ၂၀ ရက်နေ့အထိ ၅ လတာကာလ အတွင်း အစိုးရက ခွင်ြ့ပုပေးခဲ့သော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် ၂၀၁၂ ခုနှစ်ထက် များသည်။

“ကျနော်တို့၊ Telenor နဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြသူတွေဟာ တနေရာတည်းမှာပဲ ငွေကြေး အမြောက်အများ ပုံပြီး မသုံးချင်ကြပါဘူး။ ဘယ်လိုဖြစ်လာမယ် ဆိုတာကို အနည်းငယ်တော့ သတိထားနေရတုန်းပါပဲ” ဟုလည်း Jeremy Sell က ဆိုသည်။
irrawaddy

လင်ယောက်ျားသေဆုံးသွားသည့် အမျိုးသမီးများကို သမ္မတ ထောက်ပံ့မည်


အမျိုးသား အိမ်ထောင်ဦးစီးသေဆုံးသွားပြီးနောက် မိသားစုကို ဦးဆောင်နေရသော အမျိုးသမီးများကို သမ္မတ ဦးသိန်းစိန်က ထောက်ပံကြေးပေးသွားရန် စီစဉ်နေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှက မဇ္ဈိမကို့ ပြောကြားသည်။

နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအား တရားဝင်ကြေညာခဲ့သည့် ပွဲအပြီးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

“ဒါကိုလုပ်ဖို့ မူဝါဒကို တင်ထားပြီးပါပြီ၊ လူဦးရေ စစ်တမ်းတွေ ကောက်ယူဖို့လိုနေသေးလို့ တရားဝင် မပြောခဲ့တာပါ။ သမ္မတကြီးကလည်း တစ်ဦးတည်းရုန်းကန်နေရတဲ့ မုဆိုးမတွေကို သနားတာကြောင့် ထောက်ပံ့ ပေးဖို့လုပ်တာပါ” ဟု ဒုတိယညွန်ကြားရေးမှူးချူပ် ဦးအောင်ထွန်းခိုင်က ပြောသည်။

ထောက်ပံ့ကြေးများအား နှစ်စဉ်ပေးသွားမည်ဖြစ်ပြီး လူဦးရေစာရင်းများကို ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိသောအချက်များမှ အသုံးပြုမည်ဖြစ်သည်။

ထို့အတူ ၂၀၀၉ ခုနှစ်မှ စတင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းပြီး အမျိုးသမီး အိမ်ထောင်ဦးစီးများကို အနိမ့်ဆုံး ကျပ်ငွေ တစ်သိန်းနှစ်သောင်းခန့်မှစ၍ ထောက်ပံ့ကြေး ပေးနေသော စီမံကိန်းလည်း ရှိနေသည်။

အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးမြှင့်တင်ရန်အတွက် ယနေ့ကြေညာခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်းနှင့်အတူ ပူးပေါင်းလုပ် ဆောင်ကြမည်ဖြစ်သည်။

ထိုမဟာဗျူဟာ စီမံကိန်းသည် ၂၀၁၃ မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်တာ ပြုလုပ်မည့် စီမံကိန်းတခုဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်မှ စတင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊မတန်းတူညီမျှရေး ကွန်ရက်တို့မှ နည်းပညာပိုင်းဆိုင်ရာ ကူညီမှုများဖြင့် ပြည်တွင်းပြည်ပမှ အင်ဂျီအိုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့ ကွန်ရက်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအပါဝင် အဖွဲ့အစည်းပေါင်း ၅၀ကျော်တို့က ပူးပေါင်း ရေးဆွဲခဲ့ကြသည်။

မဟာဗျူဟာသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) ပါ အခြေခံမူများ နှင့် ဘေဂျင်းလုပ်ငန်း စီမံချက်များပါ အဓိကလုပ်ငန်းနယ်ပယ် ၁၂ချက်ကို အဓိက ရေးဆွဲထားသည်။

မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ၁၉၉၇ ခုနှစ်မှာ သဘောတူလတ်မှတ်ရေးထို ထားသော အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်ကလည်း အမျိုးသမီးရေးရာ ကိစ္စရပ်များအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များအား ထိုကော်မတီမှ ချမှတ်ပေးလေ့ရှိပြီး ယခု မဟာဗျူဟာကိုလည်း အမျိုးသမီး
ရေးရာ ကော်မတီ၏ အဓိကဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာန များ၊ အဖွဲ့စည်းများက ပြုလုပ်ခဲ့ခြင်းကြောင့်ဟု အဆိုပါပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီစီမံကိန်းကို ရေးဆွဲပြဋ္ဌာန်းတဲ့အတွက် စီဒေါစာချုပ်ရဲ့ အဓိကမူဝါဒ သုံးခုဖြစ်တဲ့ တန်းတူညီမျှမှုရှိခြင်း၊ ခွဲခြားဆက်ခံမှု မရှိခြင်းနဲ့ နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားနဲ့ ဘေဂျင်းကြေညာစာတမ်းက ချမှတ်ထားတဲ့ လုပ်ငန်းဧရိယာ ၁၂ ရပ်ကို အမျိုးသမီးရေးရာက အလေးထားဆောင်ရွက်ခြင်းရဲ့ သက်သေပါ” ဟု ၎င်း ကဆိုသည်။

ထို့အတူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်ကလည်း စာချုပ်ပါအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် အမျိုးသမီးများ အားအပြည့်အ၀ ကာကွယ်ပေးနိုင်ရန် စာချုပ်စံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်သော ဥပဒေ တစ်ရပ် ပေါ်ပေါက် လာရန်လိုအပ်နေခြင်းကြောင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ဆောင့်ရှောက်ရေး ဥပဒေမူကြမ်း (Anti Violence Against Women Law) ကို စတင်ရေးဆွဲနေပြီဟု အသိပေး ပြောကြားခဲ့သည်။
ကြယ်ပြာ
Mizzima - News in Burmese

အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်းတွင် အောက်တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများ လုယက်ကာ ထွက်ပြေး ခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ လုယက်ခံရသူ အငှားယာဉ်မောင်းသည် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ် အရွယ်ရှိ ဦးအောင်ဇော်ဦး ဖြစ်ပြီး ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ် ဘက်သို့ မောင်းနှင်လာစဉ် ဘီအိုစီ မှတ်တိုင်အနီး၌ လူငယ်လေးဦးက ဗဟန်းမြို့နယ် ဖိုးစိန်လမ်းသို့ ငှားရမ်းခဲ့ပြီး နတ်မောက်လမ်းသွယ် (၁) လမ်းသို့ ပို့ဆောင်ခိုင်းရာမှ ယင်းလမ်းအရောက်တွင် ကားနောက်ခန်းတွင် ထိုင်နေသူ လူငယ်သုံးဦးက ယာဉ်မောင်း ဖြစ်သူ၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ စကေဘာဖြင့် လည်ပင်းကို ထောက်ပြီး၊ အော်ရင် သတ်ပစ်မယ်ဟုပြောကာ၊ ရှေ့ခန်းတွင် ထိုင်နေသူက ယာဉ်မောင်း၏ အင်္ကျီအိတ်ကပ် အတွင်းမှ ငွေကျပ်နှစ်သောင်း ကျပ်ကိုလုယူကာ ထွက်ပြေးခဲ့ကြောင်း လုယက်ခံရသူ တစ်ဦး၏ တိုင်ကြားချက်အရ သိရှိရသည်။

အဆိုပါ လုယက်ခံရမှု သတင်းရရှိသောကြောင့် နယ်ထိန်းအဖွဲ့ တာဝန်မှူး အဖွဲ့တို့က လမ်းများကို ပိတ်ဆို့ရှာဖွေခဲ့ရာ ဗဟန်းမြို့နယ် ကန်တော်ကြီး ပတ်လမ်းနှင့် ဖိုးစိန်လမ်းထောင့်တွင် အဆိုပါလူငယ် လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါလူငယ် လေးဦးမှာ အသက် ၁၇ နှစ်မှ ၂၀ ခန့်ရှိသော လူငယ်များဖြစ်ကာ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ်တွင် နေထိုင်သူတစ်ဦး၊ တာမွေမြို့နယ်တွင် နေထိုင်သူနှစ်ဦးနှင့် ဝါးခယ်မမြို့နယ်တွင် နေထိုင်သူတစ်ဦးတို့ ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

“ညဘက်ဆို တက္ကစီငှားကြေး ပိုရတယ် ဆိုပေမယ့် အခုခေတ်လူငယ် အများစုက ညဘက်ဆို မူးရူးနေကြတော့ ငှားတဲ့လူရဲ့ ပုံသဏ္ဌာန်ကို အရင်ကြည့်ပြီးမှ လိုက်ရဲတာ။ ပိုက်ဆံရတိုင်းသာ လိုက်မယ်ဆိုရင် အငှားယာဉ်မောင်းတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု ရန်ကုန်မြို့အတွင်း အငှားယာဉ်မောင်း သက်တမ်းခုနစ်နှစ်ခန့်ရှိသူ ပုဇွန်တောင်မြို့နယ် ညောင်တန်းအိမ်ရာနေ ဦးကျော်ကြီးက ပြောဆိုသည်။

အဆိုပါ လုယက်သူများဖြစ်သော ကိုမင်းသက်ငြိမ်း၊ မိုးထက်ဟိန်း၊ ဟိန်းထက်အောင်၊ ကျော်ရဲအောင်တို့ကို (ပ) ၃၈၆/၁၃၊ ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၄ ရက် ည ၁၀ နာရီခန့်က လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်းလမ်းရှိ (၅) ထိပ်မှတ် တိုင်အနီးတွင် ပရိုဘောက် (စ်) အငှားယာဉ် လမ်းဘေးမြောင်းထဲ ထိုးကျရာမှ ယာဉ်လုယက်ခဲ့သူ အမျိုးသားသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

ရခိုင် တစ်ပြည်နယ်လုံး လျှပ်စစ်မီးပေးရန် စီစဉ်ထားဟု နိုင်ငံတော် သမ္မတ ပြောကြား



 ကျောက်ဖြူမြို့တွင် မဂ္ဂါဝပ် ၅၀ စက်သစ်တစ်လုံး တပ်ဆင်ကာ ရခိုင် တစ်ပြည်လုံးကို လျှပ်စစ်မီးပေးနိုင် ရန်စီစဉ်ထားသည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ ကြောင်း စစ်တွေမြို့မိမြို့ဖများ ကပြောသည်။

အောက်တိုဘာ၂ ရက် နံနက် ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးရှိ လွှတ်တော်ခန်းမ၌ နိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့် ရခိုင် ပြည်နယ် အစိုးရအဖွဲ့အပါအဝင် စစ်တွေမြို့မိမြို့ဖများနှင့် တွေ့ ဆုံပွဲတွင် သမ္မတဦးသိန်းစိန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ သုံးစွဲနိုင်ရေး အတွက် မဟာဓာတ် အားလိုင်းဖြင့် ချိတ်ဆက်သွယ်တန်း လျက်ရှိသော် လည်း များမကြာမီ အချိန်အတွင်းတွင် ကျောက်ဖြူ မြို့၌ မဂ္ဂါဝပ်၅၀ စက်သစ် တစ် လုံး တပ်ဆင်၍ ယင်းစက်ဖြင့် ရခိုင် ပြည်နယ် ၁ရမြို့နယ်သို့ လျှပ်စစ် ဓာတ်အားသွယ်တန်းပေးသွားမည် ဖြစ်ပြီး ပိုလျှံသည့်လျှပ်စစ်ဓာတ် အားများကိုသာ ပြည်မဘက်သို့ ခွဲဝေပေးသွားမည်ဟု နိုင်ငံတော် သမ္မတ က ပြောကြားခဲ့ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသာပွင့်က ပြန် လည်ပြောသည်။

သို့သော် ကျောက်ဖြူတွင် တပ်ဆင်မည့်အဆိုပါ မဂ္ဂါဝပ် ၅၀ စက်သစ်ကို မည်သည့်အချိန်တွင် တပ်ဆင်၍ လုပ်ငန်းများစတင် ဆောင်ရွက်မည် ဆိုသည်ကို သမ္မတ က ရှင်းလင်းပြောကြားမှုမရှိခဲ့ ကြောင်း၊ ယင်းအပြင် အဆိုပါတွေ့ ဆုံပွဲသို့ တက်ရောက်လာသူများ အနေဖြင့်လည်း မည်သည့်အ ကြောင်းအရာများကိုမျှ သမ္မတ ထံတင်ပြဆွေးနွေးခွင့် မရရှိခဲ့ကြ ကြောင်း ယင်းတွေ့ဆုံပွဲသို့တက် ရောက်ခဲ့သူများ၏ပြောပြချက် အရ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်ဓာတ်အားရရှိ စေရန်အတွက် မဟာဓာတ်အား လိုင်းများကို ပြည်-ဥသျှစ်ပင်မှ တစ်လိုင်းနှင့် မင်းဘူး-အမ်းမှတစ် လိုင်းတို့ဖြင့် ချိတ်ဆက်သွယ်တန်း လျက်ရှိပြီး ယင်းသို့ သွယ်တန်းမှု မှာ ၂၀၁၄ခုနှစ်အကုန်တွင် ပြီးဆုံး မည်ဖြစ်ကြောင်း၊ ယင်းသို့ သွယ် တန်းပြီးပါက ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ပြည် ထောင် စုဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့ရုံး၌ စက်တင် ဘာ ၂၈ရက်ကပြုလုပ်သော သ တင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားထားသည်။
မာန်ယုကျော် (ရွှေဝမြေ)
Yangon Media Group

တရားပွဲကျင်းပခွင့် ဖြေလျှော့ပေးစေလို



အယ်ဒီတာခင်ဗျား

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် ဓမ္မကထိက ဆရာတော် သံဃာတော်များက ရပ်ကွက်အတွင်း တရားပွဲများ ဟောကြားခွင့်၊ တရားပွဲ ပြုလုပ်ခွင့်ကို အရင်အစိုးရလက်ထက်ကအတိုင်းပဲ အဆင့်ဆင့်သော အဆင့်ဆင့်ကို တင်ပြပြီး ခွင့်ပြုချက်တောင်းခံနေရဆဲ ဖြစ်နေတာကို တင်ပြချင်လို့ပါ။

ကျွန်တော်တို့ ရပ်ကွက်တွေမှာ တရားပွဲကျင်းပခဲ့တာ လည်း နှစ်ပေါင်းများစွာကြာခဲ့ပြီး ဖြစ်သလို တရားပွဲကြောင့်လည်း တစ်ကြိမ်တစ်ခါမှ ပြဿနာဖြစ်ခဲ့ဖူးတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ဗျာ..အစိုးရတွေ ပြောင်းသွားပြီ။ တရားပွဲတွေကိုလည်း လွတ်လပ်စွာ ကျင်းပခွင့်ရနေကြပြီလို့ ထင်ရပေမယ့် အခုအချိန်အထိလည်း ဟိုတုန်းကလိုပဲ ရပ်/ကျေး၊ မြို့နယ်၊ ရဲစခန်း၊ သံဃနာယကအဖွဲ့စတာတွေကို တရားပွဲကျင်းပခွင့်ပြုဖို့ အဆင့်ဆင့် တင်ပြ နေရဆဲပါပဲ။

ပိုဆိုးတာကတရားပွဲလုပ်မယ့်နေရာကို မြေပုံဆွဲပြပြီး လျှောက်ထားနေရဆဲ ဖြစ်တာပါပဲ။ ဟောပြောမယ့် ဆရာတော်တွေရဲ့ ကိုယ်ရေး မှတ်တမ်းအကျဉ်းကို တင်ပြနေရတာကလည်း အရုပ်ဆိုးလှပါတယ်။ တရားဟောတဲ့ ပုဂ္ဂိုလ်ဘယ်နှ ပါးရှိတယ်။ ဘယ်ဆရာတော်တွေ ဘယ်လို ဟောတယ်ဆိုတာလည်း အဖွဲ့အစည်းတွေ သိပြီးနေတာပဲဗျာ။

အခုတော့ အရင်နှစ်က ဟောခဲ့တဲ့ ဆရာတော်ဆိုလည်း ဒီနှစ်ဟောရင် ဒီနှစ် ကိုယ် ရေးမှတ်တမ်းတောင်းနေတာတို့၊ တာဝန်ယူပါကြောင်း ခံဝန်ကတိတွေထိုးပြီး လျှောက်နေရတာတို့ကို မလုပ်သင့်တော့ဘူးလို့ တင်ပြချင်တာပါ။ စင်တင် ဘီယာဆိုင်မှာ အချိန်မတော် သန်းခေါင်သန်းလွှဲအထိ သီချင်းဆိုခွင့်၊ ပျော်ခွင့်ပါးခွင့် ပေးနေတဲ့ခေတ်ကြီးမှာ နိဗ္ဗာန်ရောက်ကြောင်း ဟောတဲ့တရားပွဲ ကျင်းပခွင့်ကိုတော့ လွယ်လွယ်ကူကုနဲ့ ခွင့်ပြုချက်ရနိုင်အောင် ဖြေလျှော့ပေးဖို့ တင်ပြလိုက်ပါရစေ။

ဝေဠုဝန်သားများ
Popular Myanmar News Journal
(အယ်ဒီတာထံ ပေးစာ)

ဆီလီကွန်တောင်ကြားက Facebook အိမ်ရာ




Facebook မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများအတွက် အိမ်ရာ တစ်ခုကို ဇူကာဘတ်က တည်ဆောက်ပေး တော့မှာ ဖြစ်ပါတယ်။

ဒီအတွက် အတည်ပြုချက်ကိုရရှိပြီး ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုနဲ့ စတင်နေပါပြီ။ Zuckland သို့မဟုတ် Facebookville လို့ အမည်ပြောင် ပေးထားတဲ့ ယင်းအိမ်ရာက ဆီလီကွန်ဗယ်လီက ဝန်ထမ်း အားလုံး အတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ စီမံကိန်းက ၁၀ ရာခိုင်နှုန်းသော ဝန်ထမ်းအတွက် နေထိုင် ဖို့အတွက်ပဲ အဆင်ပြေအုံး မယ်လို့ ဆိုပါတယ်။ စတုရန်းပေပေါင်း ၆သိန်း၃သောင်း အကျယ်ရှိ တဲ့ မြေနေရာမှာ တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ပြီး ယူနစ် ၁၅ ခု ခွဲခြားပေးထားမှာ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ စားသောက်ဆိုင်၊ ရှော့ပင် စင်တာ၊ စက်ဘီးပြင်ဆိုင်၊ အားကစားခန်းမ၊ ရေကူးကန်၊ ကျန်းမာရေး ဆေးပေးခန်း အစရှိသဖြင့် Facility စုံစုံ လင်လင်နဲ့ ဖန်တီးထားပေးမယ့် အိမ်ရာ ဖြစ်ပါတယ်။

အိမ်ရာ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၁၂၀ ပါ။ ဒါတောင် Facebook က တန်ဖိုးနည်း အိမ်ရာ စီမံကိန်းလို့ အမည်ပေးထားပါတယ်။ ဝန်ထမ်းများ အတွက် ထောက်ပံ့မှု အပြည့်အဝပေးနိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ မိသားစု ရှိသူများအတွက်လည်း အခန်းကျယ် ပေးမှာပါ။ လုပ်ခလစာ၊ ပင်စင်လစာ အပြင်၊ နေစရာ၊ စားစရာ အပြည့် ထောက်ပံ့ပေးပြီး ကမ္ဘာ့ အလုပ်လုပ်ချင်စရာ အကောင်းဆုံး ကုမ္မဏီစာရင်းထဲ ဝင်ဖို့ ကြိုးစားနေ ပုံ ပေါက် ပါတယ်။ လက်ရှိ နံပါတ်တစ် ယူထားတာက Google ပါ။ ပြီးရင်သူ့ လက်အောက် Youtube ဖြစ်ပါတယ်။ Facebook ကလည်း တဖြည်းဖြည်း တက်လာပါပြီ။

အိမ်ရာစီမံကိန်းကို Facebook ကုမ္မဏီတစ်ခုတည်းက အကုန်ကျခံထားခြင်း မဟုတ်ပဲ အခြား ကုမ္မဏီ တစ်ခုနဲ့ အပြန်အလှန်အကျိုးပြု ရှယ်ယာဖြင့် တည်ဆောက်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)
TechSpace Journal

ကမာရွတ် အင်းစိန်လမ်းမဘေးက အနှိပ်ခန်း ရဲဝင်ဖမ်း

ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် အင်းစိန်လမ်းမဘေးမှ အမှတ် ၁၄၄ မြေညီထပ်တွင်ရှိသည့် “Relax” အမည်ရှိ အနှိပ်ခန်းကို အောက်တိုဘာ ၂ရက်ညတွင် ရဲက အသွင်ယူသက်သေများ ကြိုတင်စေလွှတ်ပြီးနောက် ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အနှိပ်ခန်းကို တရားမ၀င်လုပ်ဆောင်နေကြောင်း ကြိုတင်သတင်းရရှိထားချက်အရ တိုင်းအဆင့်ရှိ ရဲတပ်ဖွဲ့ များက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ အနှိပ်ခန်းကို ၀င်မဖမ်းခင်တွင် ဦးရဲမြင့် စိုး(၂၆)နှစ် လှိုင်မြို့နယ်နေသူနှင့် ဦးအောင်နိုင်(၄၂)နှစ်၊ ကြည်မြင့်တိုင်မြို့နယ်နေသူတို့ နှစ်ဦးကို ကြိုတင် စေလွှတ်ခဲ့သည်။

ထို့နောက် ည ၁၀ နာရီ ၂၀မိနစ်တွင် တိုင်းရဲတပ်ဖွဲ့က မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး အဆိုပါ အနှိပ်ခန်းအတွင်းသို့ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြသည်။ ထို့ကြောင့် အနှိပ်ခန်းဆိုင်တာဝန်ခံ မန်နေဂျာဖြစ်သူ အောင်အောင် (၂၆) နှစ်ကို ကောင်တာတွင် ထိုင်လျက်ပင်တွေ့ရှိ ဖမ်းဆီးခဲ့သည်ဟု ဆိုထားသည်။

ထို့အပြင် ဆိုင်အပေါ်ထပ်အနှိပ်ခန်းတွင် အသွင်ယူသက်သေ ဦးအောင်နိုင်အား အနှိပ်သမ စနိုး(ခ) တင်ဇာဝင်း (၁၈) ဖြင့် လည်းကောင်း၊ ဦးရဲမြင့်စိုးကို အနှိပ်သမ ရတီ(ခ)ကြည်ကြည်မြင့် (၃၇) နှစ်ဖြင့် လည်းကောင်း နှိပ်ပေးနေစဉ် အတွင်း ဖမ်းဆီးရမိခဲ့သည်။

အနှိပ်ခန်းအတွင်းမှလည်း သက်သေခံ စာရွက်စာတမ်းများ၊ မွေ့ယာများနှင့်အတူ အနှိပ်ခန်းလုပ်ငန်းမှ ရရှိငွေ (၃၅၀၀၀) ကျပ်တို့ကို ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ဆိုင်တာဝန်ခံအပါအ၀င် အနှိပ်သမပေါင်း (၁၇) ဦး ကိုပါ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုထားသည်။

၎င်းတို့အား တရားမ၀င်အနှိပ်ခန်း ဖွင့်လှစ်ဆောင်ရွက်နေမှုကြောင့် ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြစ်မှုပုဒ်မ ၁၈၈ အရတရားရုံးသို့ ဦးတိုက်လျှောက်ထားရန် စီစဉ်နေသည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိခဲ့သည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဟောင်းအတွင်း ပုပ်ပွနေသည့် လူသေအလောင်း တွေ့ရှိ

မြောက်ဥက္ကလာပမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဟောင်းအတွင်းမှ ပုပ်ပွနေသည့် လူသေအလောင်း တစ်လောင်းကို အောက်တိုဘာလ ၂ ရက် ညက တွေ့ရှိခဲ့ကြသည်။

ယင်းနေ့ ည ၁၀နာရီခွဲအချိန်က (င) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးဘေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရုံးဟောင်း) အဆောက်အအုံ ငါးခန်းတွဲ၏ သုံးခန်းမြောက်တွင် လူတစ်ဦးသေဆုံးနေကြောင်း ကိုအာင်ထွန်း (၃၈)နှစ် (အိမ်မရှိ)က လာရောက်အကြောင်းကြားခဲ့သည်ဟု မြို့နယ်ရဲစခန်းက အတည်ပြုထားသည်။

ထိုသတင်းကြောင့် သွားရောက်စစ်ဆေးကြည့်ရာတွင် အမည်မသိ၊ အသက် (၅၃)နှစ်ခန့် အမျိုးသားတစ်ဦး၏ အလောင်းကို ပုပ်ပွပြီး လောက်များထွက်ကာ ပက်လက်အနေအထားဖြင့် တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် စုံစမ်းရာတွင် အဆိုပါရုံးဟောင်းသည် ချုံနွယ်များဖြင့် ပိတ်ဖုံးနေပြီး မီးမရှိသည့် အဆောက်အအုံဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။ ယင်းနေ့ည ၁၀ နာရီအချိန်တွင် ကိုအောင်ထွန်းကအခန်းအတွင်းသို့ ညအိပ်ရန် ၀င်ရောက်စဉ် အပုပ်နံ့ရရှိသဖြင့် မီးခြစ်ဖြင့် ထွန်းကြည့်ရာမှ အလောင်းကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ အကြောင်းကြားခြင်းဖြစ်သည်ကို သိရှိရသည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် အလောင်းကိုစစ်ဆေးရန် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ရာပီအာရ် ၂၀ ဖြင့် လက်ခံထားရှိသည်ဟု သိရသည်။ ယင်းသေဆုံးမှုကို သွေးရိုးသားရိုးသေဆုံးခဲ့ခြင်း ဟုတ်မဟုတ်မြို့နယ်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃၇/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

သံဖြူဇရပ်တွင် အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ဆွမ်းဆန်စိမ်းလောင်းလှူ


ရန်ကုန် ၊ အောက်တိုဘာ ၃။ ။ မွန် ပြည်နယ် သံဖြူဇရပ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ က ပရဟိတ ဆွမ်းလောင်းအသင်းမှ သံဃာ တော် များ ကို အပတ်စဉ်လောင်း လှူသည့် ဆွမ်းဆန်စိမ်းလောင်းပွဲ အတွက် ဆန်အိတ် များ လှူဒါန်းခဲ့ သည့်အပြင် သံဃာတော်များကိုပါ ကိုယ်တိုင်ကိုယ် ကျ ဆွမ်းလောင်း လှူခဲ့ကြကြောင်း ပရဟိတဆွမ်း လောင်း အသင်းဥက္ကဋ္ဌက ရန်ကုန် တိုင်းမ်သတင်းစာသို့ ပြောသည်။

''မနေ့က မွန်းလွဲ ၁နာရီမှာ သံဖြူဇရပ်မြို့နယ်က အစ္စလာမ် ရပ်မိရပ်ဖတွေက ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ဆန်ငါးတင်း ကို လာရောက် လှူဒါန်းသွားပါ တယ်''ဟု သံဖြူဇရပ်မြို့နယ် ပရ ဟိတ ဆွမ်းလောင်းအသင်းဥက္ကဋ္ဌ ဦးညွန့်ကြည်က ပြောသည်။

သံဖြူဇရပ်မြို့နယ် အစ္စ လာမ်ကောင်စီ အတွင်းရေးမှူး ဦးဟာမက်က ''ဒီမြို့မှာရှိတဲ့ ဘာ သာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအ တွက် ရည်ရွယ်ပြီး လှူဒါန်းတာပါ။ ဘာသာအချင်းချင်း လေးစားမှုနဲ့ ကိုယ်တိုင်ကိုယ်ကျလဲ ဆွမ်းလောင်း ကြပါတယ်။ ကျွန်တော်တို့မြို့မှာ ကိုးကွယ်မှုမတူတဲ့လူတွေက အ ချင်းချင်း ယုံကြည်မှုတည်ဆောက် နိုင်ကြတဲ့အတွက် တခြားမြို့တွေ မှာ ဖြစ်နေသလို အကြမ်းဖက်မှု တွေ မဖြစ်နိုင်ပါဘူး''ဟု ပြောသည်။
''အစ္စလာမ်ဘာသာဝင်တွေ ကိုယ်တိုင် ဆွမ်းလောင်းလှူနေ တာကို တွေ့ရပါတယ်။ ကျွန်မတို့ မြို့မှာ ဒီလိုငြိမ်းချမ်းစွာနေကြ တာ တွေ့ရတော့ လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်''ဟု မဝင်းဝင်းဌေး က ပြောသည်။

သံဖြူဇရပ်မြို့နယ်ရှိ အစ္စ လာမ်ဘာသာဝင်များသည် သံဃာ့ ဆေးရုံ၊ နာရေးကူညီမှုအသင်း များနှင့် လူမှုရေးအဖွဲ့အစည်းများကို ပါ လှူဒါန်းကြောင်း သိရသည်။
ငယ်ထွေး(ကလေး)
Yangon Media Group

လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီးသေဆုံး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်သော တပ်မတော်(လေ)မှ ဗိုလ်မှူး ဟိန်းထက်အောင် မောင်းနှင်သည့် ဟိုင်းလတ် ဆပ်(ဖ်)ကားသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ပဲခူးအပိုင်) မိုင်တိုင် ၅၀ အနီး တိမ်းမှောက်ခဲ့ရာ အရှိန်ပြင်းထန်၍ ကား မှန်တံခါးများ ပွင့်ထွက်ပြီး ယာဉ်ပေါ်အတူ လိုက်ပါလာသော ဖခင်ဖြစ်သူ ဦးသန်းအေး အသက်(၆၃)နှစ်၊ မိခင် ဒေါ်မေစီလှ အသက် (၅၈) နှစ်နှင့် ဇနီးသည် မကေသီခိုင် အသက် (၂၄) နှစ်တို့ ၎င်းနေ့တွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ပဲခူး၊ ဘောနက်ကြီး၊ အမြန်လမ်း ရဲစခန်းက (ပ) ၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ အရ အရေးယူထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဗိုလ်မှူးဟိန်းထက်အောင် အနေဖြင့် ကျန်းမာရေး မကောင်းသော ဖခင်ဦးသန်းအေးကို ရန်ကုန်မြို့ ဆေးရုံမှ နေပြည်တော် ဆေးရုံကြီးသို့ သွားရောက် တင်ပို့ ကုသနိုင်ရန်အတွက် မိသားစုနှင့်အတူ ကိုယ်တိုင် လိုက်ပါ ပို့ဆောင်စဉ် ထိုကဲ့သို့ အခင်းဖြစ်ပွားကြောင်း၊ အတူပါလာသော ၎င်း၏ ကိုးလသားအရွယ် သားတစ်ဦးမှာ.. ကံကောင်း ထောက်မပြီး လမ်းဘေးရှိ မြက်ပင်များအပေါ်သို့ ကျရောက်ကာ အသက်ရှင် ခဲ့ကြောင်း၊ ၎င်းဗိုလ်မှူးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ရန်ကုန် စစ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူ လျက်ရှိကြောင်း အောက်တိုဘာ ၁ ရက်နေ့တွင် ကွယ်လွန်သူများကို လိုက်ပါ ပို့ဆောင်ရာ၌ ပါဝင်ခဲ့သူ (ဦးသန်းအေး) ၏ မိတ်ဆွေများက မြန်မာသံတော်ဆင့်သို့ ပြောသည်။

(ဦးသန်းအေး) သည် ကျိုက်လတ်မြို့နယ် အသင်း တွဲဖက်အတွင်းရေးမှူး (၂) ဖြစ်ပြီး ရန်ကုန်မြို့တွင် အခြေချ နေထိုင်ခဲ့ကာ လွန်ခဲ့သောနှစ်က သားဖြစ်သူ ဗိုလ်မှူး ဟိန်းထက်အောင်နှင့် မကေသီခိုင်တို့၏ မင်္ဂလာပွဲကို ပုသိမ်မြို့တွင် မိတ်ဆွေများနှင့်အတူ သွားရောက်ကျင်းပ ပေးခဲ့ကြောင်း၊ (ဦးသန်းအေး)သည် ရန်ကုန်မြို့တွင် သတင်းစာနှင့် ဂျာနယ် ဖြန့်ချိရောင်းချခြင်းဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့ပြီး မိတ်ဆွေ အပေါင်းအသင်း လွန်စွာများပြား၍ ၎င်းတို့၏ ဈာပနကို လာရောက်ကြသော သူများမှာ ကြက်ပျံမကျ ဖြစ်ပြီး မကြာသေးမီက စာရေးဆရာများ ကွယ်လွန်စဉ်ကဲ့သို့ ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့မှပင် လာရောက် ပို့ဆောင် ခဲ့သောကြောင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်။ နောက်ဆုံးရရှိ သော သတင်းများအရ ဖခင်မိခင်နှင့် ဇနီးသည်တို့၏ ဈာပနသို့ မလာရောက်နိုင်ခဲ့သော ဗိုလ်မှူး ဟိန်းထက်အောင် အနေဖြင့် စစ်ဆေးရုံကြီးတွင် သတိပြန်လည် ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

____________________________________
Reference and Credit to -တာတေ

Myanmartandawsint Newspaper


မိမိအစီအစဉ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည့် ကားနံပါတ်ပြားဖြင့် မောင်းနှင်မှုများကို လိုင်စင်တစ်နှစ် ပိတ်သည်အထိ အရေးယူသွားမည်




မိမိအစီအစဉ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည့် ကားနံပါတ်ပြားများဖြင့် မောင်းနှင်သွားလာ မှုများကို စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင်ကို တစ်နှစ်ပိတ်သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သတင်းရရှိပါသည်။

မော်တော်ယာဉ် မောင်းနှင်သူများ အနေဖြင့် က.ည.န မှ တရားဝင် ထုတ်ပေးထားသည့် ယာဉ်နံပါတ်ပြားများကိုသာ တပ်ဆင်မောင်းနှင်ရမည် ဖြစ်သော်လည်း ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ မိမိအစီအစဉ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည့် ကားနံပါတ်များကို တပ်ဆင်ကာ သွားလာမှုများ ရှိနေကြောင်း သိရသည်။

ဒီဇိုင်းပြုလုပ်ထားသည့် ကားနံပါတ်ပြားများဖြင့် မောင်းနှင်သွားလာမှုများနှင့် ပတ်သက်၍ ''ဒီလို ဒီဇိုင်းတွေ ပြုလုပ်ပြီးတော့ မောင်းနှင်သွားလာ နေတာက တရားမ၀င်ပါဘူး။ ဒါကြောင့် စစ်ဆေးသွားမယ်။ တွေ့လို့ရှိရင်တော့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို တင်ပြပြီးတော့ ယာဉ်မောင်းကို ခြောက်လကနေ တစ်နှစ်အထိ လိုင်စင်ပိတ်သိမ်း သွားမယ်'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေး၏ ပြောကြားချက်အရ သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ စည်းကမ်းချိုးဖေါက်သည့် ယာဉ်အစီးရေ ၁၉၆၁၄၇ ကို အရေးယူခဲ့ကြောင်း ယာဉ်ထိန်း ဒုတပ်ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

နံပါတ်ပြားတွင် ဒီဇိုင်းပြုလုပ် မောင်းနှင်နေသည့် မော်တော်ယာဉ် တစ်စီးအား ရန်ကုန်မြို့တွင်း၌ တွေ့ရစဉ်
Eleven Media Group

အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်စေရန် စက်ပစ္စည်းအသစ်များ တိုးချဲ့တပ်ဆင်မည့်အချိန်တွင် လိုင်းယာယီပြတ်တောက်မည်


အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်စေရန် စက်ပစ္စည်းအသစ်များ တိုးချဲ့တပ်ဆင်မည့်အချိန်တွင် အဆိုပါ #ISP (Internet Service Provider) များနှင့် ချိတ်ဆက်ထားသော လိုင်းအချို့ ယာယီပြတ်တောက် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်စေရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ISP Network နှင့် ချိတ်ဆက်ထားသော Point Of Presence (POP) အသစ်များ တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ရာ ယင်းအချိန်တွင် လိုင်းအချို့ယာယီပြတ်တောက်မည်ဖြစ်သည်။

POP အသစ်များ တပ်ဆင်ရာတွင် ယခင်တပ်ဆင်ထားသော စက်ပစ္စည်းများနှင့် ချိတ်ဆက်ကာ တွဲဖက် အသုံးပြုမည်ဖြစ်ပြီး ယင်းသို့အသုံးပြုနိုင်ပါက အင်တာနက်လိုင်းများပိုမို ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက ပြောသည်။

ဦးရဲနိုင်မိုးက “အရင် ISP နေရာမှာ စက်ပစ္စည်းအသစ်တွေ တိုးချဲ့တပ်ဆင်မှာပါ။ အရင်တုန်းက တပ်ဆင်ပြီးထားတဲ့ စက်ပစ္စည်း တစ်ခုတည်းမှာပဲ သုံးနေတာ။ အခုအသစ်တွေ တပ်ဆင်လိုက်ရင် ပြတ်တောက်မှု လည်း လျော့နည်းလာမယ်။ အင်တာနက်လိုင်းလည်း ပိုပြီးမြန်အောင်လုပ်နေတာပါ”ဟု အောက်တိုဘာ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

စက်ပစ္စည်းသစ်များ တပ်ဆင်ခြင်းလုပ်ကိုင်နေစဉ်တွင် အင်တာနက်သုံးစွဲနိုင်မှုများ ခေတ္တပြတ်တောက်မည်ဟုလည်း ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားပြီး ပြတ်တောက်မည့်အချိန်များမှ အောက်တိုဘာ ၅ ရက်တွင် နံနက် ၂ နာရီမှစတင်ကာ ၁၅ မိနစ်ခန့်အထိ ဟံသာဝတီ POP နက်ဝပ်များ၊ အောက်တိုဘာ ၈ ရက်တွင် နံနက် ၂ နာရီ ၁၅ မိနစ်မှ စတင်ကာ ၁၅ မိနစ်ခန့်အထိ မိုဘိုင်း POP၊ မရမ်းကုန်း POP နှင့် မောင်ထော်လေး POP၊ အောက်တိုဘာ ၉ ရက်တွင် နံနက် ၂ နာရီမှ ၁၅ မိနစ်အတွင်း #MICT POP နက်ခ်ဝပ်များ ပြတ်တောက်မည်ဖြစ်သည်။

အဆိုပါအင်တာနက် နက်ခ်ဝပ်စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ချိတ်ဆက်ခြင်း စီမံကိန်းကို မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ #NTT Communication တို့ပူး ပေါင်းဆောင်ရွက်ခြင်း
ဖြစ်သည်။

ISP Network နှင့် ချိတ်ဆက်ထားသော POP များတွင် မောင်ထော်လေး POP မှာ အဓိကဖြစ်ပြီး ရန်ကုန်မြို့တွင်း ဧရိယာများကို မောင်ထော်လေး POP မှတစ်ဆင့်ချိတ်ဆက်ထားခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် ဟံသာဝတီ POP နှင့် MICT တို့သို့ ချိတ်ဆက်ခြင်းဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာ ဌာနမှ သိရသည်။
Mizzima - News in Burmese

ခါးသေးစေမည့်နည်းလမ်းများ


စားသမျှ စောင့်ကြည့်ပါ

အစာစားတဲ့ အခါမှာ စည်းကမ်းတော့  ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။ တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။


အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။

ခါးလှည့်ကွင်း သုံးပါ

ခါးလှည့်ကွင်းကို သုံးပြီး လေ့ကျင့်ခန်းလုပ်တာက ခါးနဲ့ ဝမ်းဗိုက်က အဆီတွေကို လျော့ပါးစေပါတယ်။ ရေကူးတာကလည်း ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို သန်စွမ်း ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းပါ။ ကခုန်တဲ့ လှုပ်ရှားမှုကလည်း ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အဆီတွေကို လျော့ကျစေပါတယ်။

ရေဓာတ် ဖြည့်တင်းပါ

ရေသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ရေသောက်များတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို လျော့ကျစေပြီး အစာကြေစေပါတယ်။ ဒါ့အပြင် ရေကို များများသောက်တာကြောင့် ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေပါတယ်။ အရက်နဲ့ အချိုရည်အစား သစ်သီးဖျော်ရည်တွေကို သောက်ပါ။ ကော်ဖီအစား သံပရာရည်ကို ရွေးပါ။

လေ့ကျင့်ခန်း လုပ်ပါ

ခါးသေးသွယ်စေမယ့် အဓိက လေ့ကျင့်ခန်းက ထိုင်ထ လေ့ကျင့်ခန်း၊ ယောဂ လေ့ကျင့်ခန်း၊ အိပ်ထမတင် လေ့ကျင့်ခန်း စတာတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက သင့်ဘဝတစ်လျှောက်လုံး ကျန်းမာနေစေဖို့အတွက် ပုံမှန် လုပ်ပေးသင့်တဲ့ အလေ့အထတစ်ရပ် ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေအပြင် နောက်ထပ် လုပ်သင့်တဲ့ လေ့ကျင့်ခန်းကတော့ အလေးမတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ဝမ်းဗိုက် ကြွက်သားတွေကိုပါ သန်စွမ်းစေပါတယ်။

စိတ်အား မြှင့်တင်ပါ

လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အားကစား ဝတ်စုံအသစ်တွေကို ဝယ်တာ၊ ခါးအလှ ပေါ်လွင်စေမယ့် ဝတ်စုံတွေ ဝယ်တာတွေကို လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်တာကြောင့် ခါးသေး သွယ်လျအောင် ကြိုးစားချင်စိတ် အပြည့်အဝ ရှိလာပါလိမ့်မယ်။Reader's comment: "  အစာစားတဲ့ အခါမှာ စည်းကမ်းတော့ ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။

တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။ အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။"

                                                                                                 ကြယ်စင်
                                                                                                 Good Health


မိုင်လေဆိုင်းရပ် ရူးရှာပြီလား ??



Hannah Montana မှာ ချစ်စရာကောင်းတဲ့ လူငယ်အသွင်
ကောင်မလေး Miley Cyrus ကို သတိထားမိကြမှာပေါ့။

The Climb သီချင်းလေးကို ဆွဲငင်ငင်နဲ့ အားမာန်အပြည့် သီဆိုခဲ့သူလေး
ကတော့ အရိုင်းမလေး စာရင်းဝင်သွားပြီလို့ ဆိုပါတယ်။

အခုဆိုရင် မနေ့ ကမှ လတ်လတ်လောလော ရိုက်ထားတဲ့ ကြောက်ခမန်းလိလိ
အ၀တ်အစား ကပ်တယ်လို့ ဆိုရုံတမယ်.. ၀တ်ဆင်ထားတဲ့ ဒီဇိုင်းနဲ့ 
Hannah Montana မလေးရဲ့ ပုံများဟာ အွန်လိုင်းပေါ် ရောက်ရှိလို့  လာခဲ့ပါပြီ။
ဓာတ်ပုံဆရာနဲ့ သူသာ နှစ်ဦးထဲ ရှိချိန် ရိုက်ထားတယ်လို့ ဆိုပါတယ်။

အများပြည်သူ ကြည့်ရှု့ ဖို့ မသင့်တော်တဲ့ ပုံများလည်း ဖြစ်တာမို့  အသင့်တော်ဆုံး ပုံ တစ်ပုံကို သာ နမူနာ ပြလိုက်ရပါတယ်။

လေ့လာလိုသူများကိုလည်း အောက်ပါလင့်မှာ သွားရောက် လေ့လာနိုင်ပါတယ်။

http://globalgrind.com/2013/10/03/miley-cyrus-naked-nude-nip-slip-nipples-terry-richardson-photoshoot-nsfw-photos/

ကိုကိုဖရက်ဒီ ( MM Social Sky )

သံတွဲ အကြမ်းဖက်မှု အချိန်ကိုက် လုပ်ဆောင်ခြင်းဟု သမ္မတပြော


ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်ကို အချိန်ကိုက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သံသယ ဖြစ်မိကြောင်း အောက်တိုဘာလ ၃ ရက်နေ့ ည ၈နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနများမှ တစ်ဆင့် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်ကို ထုတ်ပြန် ကြေညာသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း နေပြီဟု ယုံကြည်၍ ရခိုင်ပြည်နယ်၏ ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လေ့လာရန်၊ ပြည်ထောင်စု အစိုးရအနေနှင့် ကူညီသင့် သည်များကို အကူအညီပေးရန် လာရောက်သည့် ခရီးစဉ်တွင် သာမန်အငြင်းပွားမှု တစ်ခုမှ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကြောင်း၊ ၎င်းလာချိန်တွင် အချိန်ကိုက် လုပ်ဆောင်ခြင်းဟု သံသယဖြစ်စရာ ရှိကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုသည်ဟု ယင်းကြေညာချက်တွင် ပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက သံတွဲမြို့ရှိ ရခိုင်၊ ကမန်တိုင်းရင်းသား မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ရခိုင်နှင့် ကမန် တိုင်းရင်းသားများသည် နှစ်ပေါင်းများစွာ အေးချမ်းစွာ အတူနေထိုင်ခဲ့သူများ ဖြစ်ပြီး ဘေးပယောဂကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ပြဿနာများကို အကြမ်းဖက် မှုဖြင့် ဖြေရှင်း၍ မရနိုင်သဖြင့် ဆွေးနွေးမှုများဖြင့်သာ အဖြေရှာရန် လိုအပ်ကြောင်း သမ္မတက ဆိုသည်။

ပဋိပက္ခများတွင် အခြေခံဥပဒေက ပေးထားသည့် လုပ်ပိုင်ခွင့်များကို အသုံးပြုကာ တရားဥပဒေ စိုးမိုးရေးကို မဖြစ်ဖြစ်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆက်လက် ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်သို့ အောက်တိုဘာလ တစ်ရက်နေ့မှ သုံးရက်နေ့ထိ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲမြို့များသို့ ရောက်ရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ ဒေသခံ ၁၁ ဦးကို ဖမ်းဆီးထားပြီး ယနေ့ (အောက်တိုဘာလ ၃ ရက်) ညပိုင်းတွင် ဒေသခံများကို ထပ်မံ ဖမ်းဆီးနေကြောင်း သံတွဲမြို့ခံများက ပြောကြားသည်။
“အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ဝင်တွေကို လိုက်ဖမ်းနေလို့ နောက်မှ ဖုန်းဆက်ပါ” ဟု အဆိုပါ အဖွဲ့မှ ဦးမြင့်မိုးက အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီတွင် ဖြေကြားသည်။

ရွှေလှေကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ အကြမ်းဖက်မှုတွင် အနီးအနားမှ ဆင်ခေါင်း၊ ညောင်ခြေထောက်၊ အိမ်တန်းကြီး ကျေးရွာတို့မှ ဒေသခံ အချို့က အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီနှင့် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်နာရီတို့တွင် ဝင်ရောက် မီးရှို့ခဲ့မှုကြောင့် နေအိမ် စုစုပေါင်း ၅၀ ကျော် မီးရှို့ခံခဲ့ရပြီး လူငါးဦး သေဆုံးခဲ့ကြောင်း ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် အဖွဲ့၏ ကနဦး စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံ MRTV မှတစ်ဆင့် အောက်တိုဘာလ ၃ ရက်နေ့ ည ၈နာရီတွင် ကြေညာသည်။

ကမန်တိုင်းရင်းသားများသည် ရခိုင် တိုင်းရင်းသားများနှင့် နှစ်ပေါင်း ကြာရှည်စွာ အတူတကွ နေထိုင်ခဲ့ပြီး ပြဿနာ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့သော်လည်း ဆင်ခေါင်း၊ ညောင်ခြေထောက်၊ အိမ်တန်းကြီး ကျေးရွာများသို့ ပြောင်းရွှေ့လာသည့် ပျံကျ လုပ်သားများကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

သဗြုချိုင်ကျေးရွာ အပါအဝင် ကျေးရွာများ၌ အကြမ်းဖက်မှုတွင် ကြိုတင်၍ သာသနာ့အလံ လွှင့်ထူထားသည့် နေအိမ်များမှာ ဖျက်ဆီးမှုမှ လွတ်မြောက်ခဲ့ကြောင်း၊ အဆိုပါ သာသနာ့ အလံကိစ္စနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော် ဗုဒ္ဓ ဘာသာနေ့တွင် ဗီနိုင်းများဖြင့် ရပ်ကွက် ကျေးရွာများတွင် ချိတ်ဆက်ခြင်း၊ သာသနာ့ အလံများကို လမ်းများ၊ အိမ်များတွင် လွှင့်ထူမှု ရှိခဲ့ပြီးနောက် အလံများအား အကြမ်းဖက်မှုများတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ကွဲပြားစေရန် အသုံးပြုခဲ့ကြောင်း၊ ဒေသခံများ အနေနှင့် အကြမ်းဖက်ခံရမှုတွင် မပါဝင်ရန် အလံငယ်များ ဝယ်ယူခဲ့ခြင်း၊ အကြမ်းဖက်မှု ပြုလုပ်စဉ် အလံများကို ကြိုတင် လွှင့်ထူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
The Voice

အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ


အသက် ၁၀၀ နေဖို့ဆိုတာထက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာ မာ နေနိုင်ဖို့အတွက် ပုံမှန် စားသုံးနေရမယ့် အစားအစာများ ဖြစ်ပြီး အောက် ပါ အတိုင်း ဖော်ပြလိုက်ရပါတယ်။

Don't skimp on vegetables

အသီးအရွက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ တစ်ရက်ကို အသီးနဲ့ အရွက် ငါးမျိုးလောက် စားသင့်တယ်လို့ တိုက်တွန်းပါတယ်။ ငါးမျိုးဆိုတာထက် အစိမ်းရောင် ဟင်းသီး၊ဟင်းရွက်ကို များများစားဖို့ ဆိုလိုရင်း ဖြစ်ပြီး အသည်း၊ နှလုံး၊ ကင်ဆာနဲ့ ဆက်စပ်ရောဂါများ မဖြစ်အောင် အဓိက ကာကွယ် တားဆီးပေးတဲ့ အစားအစာ ဖြစ်ပါတယ်။

Eat yogurt

အဆီထုတ်ပြီး ဒိန်ချဉ် ကို နေ့စဉ် သောက်သုံးခြင်းဖြင့် ကိုယ်ခံအား ကောင်း စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြား ရောဂါ ဘယများ မဝင်ရောက်နိုင်သလို အဆီချရန် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

Have fish for dinner

တစ်ပတ်ကို ငါးဟင်းလျာ ၂ ကြိမ်မှ ၃ ကြိမ်လောက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ ငါးဆီများတဲ့ ဆောလမွန်ငါးတို့လိုက အိုမီဂါ-၃ fatty အက်ဆစ် ပါတဲ့အတွက် ကျန်းမာရေးအတွက် ပိုမို ထိရောက်ပြီး ရောင် ရမ်းခြင်းကို ဖြစ်စေတဲ့ ရောဂါအားလုံးကို လျော့ချပေးပါတယ်။

Go nuts

အခွံမာသီးများ ပုံမှန်စားသုံးရမှာ ဖြစ်ပါတယ်။ အခွံမာသီးဆိုလို့ သစ်ကြားသီး၊ ဆိမ့်သော အစိမ်းရောင် အသီးကို ပုံမှန် စားသုံးခြင်းဖြင့် နှလုံးနဲ့ ဆက်စပ် ရောဂါများကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

Focus on fiber

ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာကို တစ်ရက် ၂၅ ဂရမ်လောက် စားရမယ်လို့ ဆိုပါတယ်။ ယင်းဓာတ်က နေ့စဉ်စားသုံးနေတဲ့ အသီး၊ အရွက်၊ ဆန်၊ ဂျုံ တို့မှာလည်း ပါဝင်နေတဲ့အတွက် တကူးတက ရှာစားနေရန် မလိုအပ်ပါဘူး။
high-fiber အစားအစာများကို မည်သည့်ရောဂါ အမျိုး မျိုးကြောင့် မဆို သေဆုံး ရမည့် အန္တရာယ်ကို လျော့ချပေး တယ်လို့ဆိုပါတယ်။
----------
----------
----------
တန်ဆေးလွန်ဘေးဆိုသလို အမေရိကန် USDA မှ ပရော်ဖက်ဆာ တစ်ဦးက 'Eat food, not too much,' လို့ ဆိုထားပါတယ်။ အစားအသောက်ကို ပုံမှန်စားသောက်ခြင်းကသာ အသက်ရှည်စေတယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် အသက်ရှည်ရန်၊ ကျန်းမာစေရန် နေ့စဉ် ပုံမှန်လေး စားသုံး ရမယ့် အစားအစာများကို ယခုလို ဖော်ပြပေးလိုက် ရပါတယ်။
--
Ref: foxheaths
The Webshop

ခေါင်းနှစ်လုံးနှင့် စပါးကြီးမြွေ




ခေါင်းနှစ်လုံးတဲ့ ပုံမှာမြင်တွေ့ရသော စပယ်ကြီးမြွေဟာ ဂျာမနီနိုင်ငံတောင် ပိုင်း Villingen-Schwenningen ရွာက ဖြစ်ပါတယ်။

Ball Phyton/ royal python (တော်ဝင်စပယ်ကြီး) အမည်ရ မြွေဖြစ်ပြီး အာဖရိကမှာ အတွေ့များတဲ့ မြွေလို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လက ပြသခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက တစ်နှစ်သား ဝန်းကျင်ပဲ ရှိပါသေးတယ်။ ၂၀ လက်မအရှည်ထိ ရှိခဲ့ပြီး ၄ ပေအထိ ကြီးပြင်းနိုင်တဲ့ မြွေမျိုးဖြစ်ပါတယ်။ ခေါင်းနှစ်လုံးနဲ့ မြွေတွေ့ရှိတာ ယင်း စပယ်ကြီးဟာ ဒုတိယမြောက် စပယ်ကြီးမြွေသာ ဖြစ်ပါတယ်။
--
Ref: dailymail
Aung Kham ( ရိုးရာလေး)

လှိုင်သာယာ ဘုရင့်နောင်တံတားမှာ ဘာတွေ ဖြစ်နေလဲ?


လှိုင်သာယာဘုရင့်နောင်တံတား၌ ယာဉ်စည်းကမ်းမလိုက်နာမှုများ ပိုမိုဆိုးလာ ဆိုတဲ့ ပေးစာတစောင် ဧရာဝတီက လက်ခံရရှိထားပါတယ်။ ဘုရင့်နောင်တံတားမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သိနိုင်ဖို့ အပြည့်အစုံကို ပြန် လည် တင်ပြပေးလိုက်ပါတယ်။
ဘုရင့်နောင်တံတားတစ်လျောက် အထူးသဖြင့် လှိုင်သာယာမှ ဘုရင့်နောင်လမ်းဆုံသို့ မောင်းသော ယာဉ်မောင်းများသည် တစ်နေ့ တခြား ပို၍ပို၍ ဆိုးရွားစွာစည်းကမ်းမဲ့အတင့်ရဲလာကြသည်။

အထူးသဖြင့် DYNA လိုင်းကားများနှင့် တရားမဝင်ပြေးဆွဲ၍ ဥပဒေမဲ့စွာ စီးပွားရှာလျက်ရှိသော ပုဂ္ဂလိက ယာဉ် Town Ace များသည် တံတားပေါ်တွင် ယာဉ်တစ်ဖက်လမ်းမှ ပြောင်းပြန်နှစ်ထပ်၊ သုံးထပ်အထိ
ကျော်တက်ကာ ထင်တိုင်းကြဲနေပါသည်။

ဤစည်းကမ်းမဲ့ယာဉ်များသည် တံတားသို့မရောက်ခင်၌ပင် ပြောင်းပြန်ကျော်တက်ကာ ယာဉ်နောက် လိုက်(စပယ်ယာ)သည် စည်းကမ်းအတိုင်း စနစ်တကျသွားနေသောယာဉ်များ အရှေ့တွင် ရပ်၍ အတင်းကာ ထားပြီး ကြားဖြတ်ဝင်ကြပါသည်။

ထိုကြောင့်လည်း ယာဉ်တိုက်မှုအသေးစားများ၊ စကားများမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ နေ့စဉ်ဖြစ်ပွား လျက်ရှိသည်ကိုမြင်တွေ့နေရပါသည်။

ထိုတင်မကပဲ ဤလိုင်စင်မဲ့ ပုဂ္ဂလိကယာဉ် Townace လိုင်းကား များသည် အလွန်ကားကျပ်သော ဘုရင့်နောင် လမ်းဆုံထောင့်ရှိ " ဤနေရာသည်ကားမှတ်တိုင်မဟုတ်ပါ" ဆိုင်းဘုတ်ရှေ့တွင် ပိတ်ရပ်ကာ ခရီးသည်အတင်အချလုပ်သောကြောင့် နောက်ရှိအခြားကားများက ကျော်တက်ရန်မလွတ်သဖြင့် ရပ်စောင့် ရသောကြောင့် မလိုအပ်ပဲယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားစေပါသည်။
ရာထောင်ချီသော မော်တော်ဆိုင်ကယ်များကလဲ မောင်းနှင်စီးနင်းခွင့်မရှိသော်လဲ ဤတံတားတလျောက် စည်းကမ်းမဲ့စွာ အရှိန်ပြင်းပြင်းဖြင် ကားကြိုကားကြားတွင် တဝီဝီမောင်းနေကြပါသည်။
ထိုကြောင့်လဲ ဘုရင့်နောင်တံတားနှင့်လမ်းဆုံတဝိုက်တွင် ဆိုင်ကယ် accident များဖြစ်ပွားပြီး နာမည်ကျော် အဆိုတော်တစ်ယောက်ပင် အသက်ဆုံးရှုံးခဲ့ရသော သာဓကလည်းရှိခဲ့ပါသည်။

ယာဉ်ကြောပိတ်ဆို့မှုများ၏ အဓိကအကြောင်းရင်းမှာ စည်းကမ်းမဲ့စွာမောင်းနှင်ကြခြင်းအပြင် လမ်း အင်မတန် ဆိုးသောကြောင့် ကားများအရှိန်လျော့ကာ တလိမ့်ချင်းလိမ့်၍ မောင်းရသောကြောင့်လဲ ဖြစ်ပါ သည်။
တာဝန်ရှိသူများအားလုံး (စည်ပင် အပါအဝင်) ဤလမ်းကိုစမ်းမောင်းကြည့်စေချင်ပါသည်။ အထက်ပါ အချက် များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြုပြင်ပေးမည်ဆိုပါက ပြည်သူများ အတိုင်းထက် အလွန် ကျေးဇူး တင်မိမှာ အမှန်ပင်။

သို့သော် တနေ့တခြားဆိုးရွားလာသော အခြေအနေကို မည်သည့်သက်ဆိုင်ရာကမှ တာဝန်ယူ ထိန်းသိမ်းခြင်းမရှိပါ။

လှိုင်သာယာမှ ဘုရင့်နောင်တံတားတလျောက် ယာဉ်ထိန်းတစ်ယောက်မှ မတွေ့ရပါ။ ပါရမီလမ်းဆုံ
ရောက်မှသာ ယာဉ်ထိန်းလေးငါးဦးခန့် ကားတစ်စီးဖြင့်မတ်တပ်ရပ်ကာ မီးပွိုင့်မှ ဖြတ်လာသော ကားများ ကို စောင့်ကြည့်နေကြသည်ကိုတွေ့ရပါသည်။

ဤနေရာတွင်ရပ်ကြည့်နေမည့်အစား လှိုင်သာယာမှ ဘုရင့်နောင်တံတားအတက်တဝိုက်တွင် ဝင်ထိန်းပေး လျှင် ကောင်းမည်ဟု တွေးမိပါသည်။ ဓါတ်ပုံအချို့ကို သက်သေအဖြစ်တင်ပေးထားပါသည်။
irrawaddy

မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အချက် ၁၂ ချက်


၁)  တစ်ခုခုမှားနေပြီလို့ ခံစားရရင် ထပ်မလုပ်ပါနဲ့ တော့။
အဲ့ဒီအရာကို လုပ်လိုက်လို့ စိတ်ထဲမှာ နေရတာ အဆင်မပြေဖြစ်နေရင်၊
စိတ်မချမ်းသာတော့ ရင် ထပ်မလုပ်ပါနဲ့ တော့။ မိမိ စိတ်ပင်ပန်းမှုပဲ ရှိပါလိမ့်မယ်။
၂)  ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ တိတိကျကျရှိပါစေ။
ဦးတည်ချက် တစ်ခုခု ထားပြီး နေ့ ရက်တွေကို ရှင်သန်ပါ ။ ရည်ရွယ်ချက် မရှိဘဲ မျောနေတာမျိုးမလုပ်ပါနဲ့ ။
တိကျတဲ့ ဦးတည်ချက် တစ်ခုရသွားပြီဆိုရင် အဲ့ဒါကိုပဲ တစိုက်မတ်မတ် ဖန်တီးပါ။
၃)  ကိုယ့်ကိုယ် သိမ်ငယ်စိတ်မမွေးပါနဲ့။
သူများနဲ့ မနှိုင်းပါနဲ့  ။ သူကသူ ကိုယ်ကကိုယ်ဖြစ်ပါတယ်။ ကိုယ့်မှာလည်း ကိုယ့်အားသာချက်ဆိုတာရှိပါတယ်။မိမိပြိုင်ဘက်တစ်ယောက်ယောက် က ငွေရှာတဲ့နေရာမှာ တော်ရင်တော်နေလိမ့်မယ် ။ အဲ့ဒီအစား ကိုယ်က ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ ဘက် တော်တဲ့သူ တစ်ယောက်  ဖြစ်နိုင်သေးတာပဲ ။မမျှမတ နဲ့  ရှင်သန်ရတဲ့ ဘ၀ဟာ အောင်မြင်တဲ့ အချိန်မှာ ချိုမြိန်မှု ကို ပေးစွမ်းနိုင်ပါတယ်။

၎)  ကိုယ့်အတွင်း စိတ်ကို ယုံကြည်မှု ရှိပါ။
လူတိုင်းဟာ စိတ်ကို ဆောင်ပြီး လှုပ်ရှားသွားရနေရတာပဲ ဖြစ်ပါတယ်။ မိမိ အတွင်းစိတ်က စကားသံတွေကို နားထောင်ပါ။
စိတ်ကို လွတ်လပ်စွာတွေးတောခွင့် ပေးလိုက်ပါ။ စိတ်ကူးနဲ့ ကောင်းမွန်တဲ့ အရာတွေ ဖန်တီးပါ ။ ကိုယ့်ကိုယ်ကို ယုံပါ။
၅)  ကိုယ့်ကိုယ်ကို မကောင်းတာတွေ မပြောပါနဲ့ ။
သေချာပါတယ်။ ငါက ဘယ်လိုဆိုးနေတာ ။ ဘယ်လို မကောင်းတာ ။ ဘယ်လို ညံ့တာလို့ သူများကို ပြောမိလိုက်တာနဲ့  သင်ကိုယ်တိုင်တ၀က် ရှုံးနိမ့်သွားပြီ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ပါစေနဲ့  ။ ကိုယ့်ရဲ့  ကောင်းတဲ့ အချက်တွေ အမူအကျင့်လေးတွေကို ပြောဆိုပြီး စိတ်ဓာတ်ကို မြင့်တင်ပါ။
(၆) အိပ်မက်တွေကို အလျော့မပေးလိုက်ပါနဲ့ ။
လူတိုင်း လူတိုင်း အိပ်မက် ကိုယ်စီရှိကြပါတယ်။ အိပ်မက်တွေလည်း မက်ကြပါတယ်။ မိမိရဲ့ လှပတဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နေတုန်းမှာဖြစ်နိုင်ပါ့မလား ဆိုပြီး အလျော့ပေးတာတွေ ရှိတက်ပါတယ်။ အလျော့မပေးပါနဲ့ ။ အိပ်မက်အဖြစ် ရှိလာကတည်းက မိမိစိတ်ကို အကောင်အထည်ဖော်စေဖို့ စွမ်းအားတွေ ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိပ်မက်တွေကို မက်ပါ ။ အကောင်အထည်ဖော်ပါ ။ လက်တွေ့ ကျကျ ဖန်တီး ပါ။
(၇) No ဆိုပြီး ငြင်းဖို့ မကြောက်ပါနဲ့ ။
အားနာတာတွေ ။ ဘာတွေကြောင့် မဖြစ်နိုင်တာကို လက်ခံဖို့ ဖြစ်လာတယ်ဆိုရင် No ဆိုပြီး ငြင်းဖို့ မမေ့ပါနဲ့ ။ မိမိ ကိုယ်ကိုယ် မိမိအသိဆုံးဖြစ်ပါတယ်။ဘယ်အချိန်မှာ ငြင်းရမလဲ ဆိုတာ ကိုယ်လုပ်နိုင် မလုပ်နိုင်ဆိုတဲ့ အပေါ်မူတည်ပြီး NO တစ်ခွန်းကို အားမနားစတမ်း သုံးလိုက်ပါ။
(၈) Yes ဆိုပြီး ပြောဖို့  မ၀ံ့မရဲ မဖြစ်ပါနဲ့ ။
မိမိအရည်အချင်း အပေါ်ယုံကြည့်မှုနဲ့  ဖြစ်ပေါ်လာတဲ့ အခွင့်အရေးတွေကို Yes ဆိုပြီး လက်ခံပေးပါ ။ ဖြစ်နိုင်ပါ့မလား ။ လုပ်နိုင်ပါ့မလား ဆိုပြီး မ၀ံ့မရဲ ဖြစ်နေတာတွေ ရပ်လိုက်ပါတော့ ။ ကိုယ်နဲ့ ထိုက်တန်လို့ ရောက်ရှိလာတဲ့ အခွင့်အရေးအတွက် YES တစ်ခွန်းထဲ ပြောပြီး ကြိုဆိုလိုက်ပါ။
(၉) ကိုယ့်ကိုယ်ကို သနားပါ။
မိမိ ကိုယ်နဲ့ မလိုက်အောင် ၊ ၀န်နဲ့ မမျှအောင် ဦးနှောက် နဲ့ ခန္ဓာကိုယ်ကို ခိုင်းစေနေတာတွေ ရှိရင် တစ်ချက်လောက် ကိုယ့်ကိုယ် သတိထားကြည့်ပါ။ စိတ်ချမ်းသာမှု ကိုယ်ကျန်းမာမှု ဆိုတာ ၀ယ်လို့ မရနိုင်ပါဘူး။
(၁၀) ထိန်းချုပ်မှုတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။
လူတစ်ယောက်ဟာ စိတ်ဖိဆီးမှု ၊ ထိန်းချုပ်မှုတွေ အရမ်းများလာပြီဆိုရင် ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ တစ်နေနေရာမှာ အချိန်မရွေး ပေါက်ကွဲနိုင်ပါတယ်။ အပန်းဖြေပါ ။ စိတ်ဖီးဆီးမှုတွေ ဖြစ်လာရင် စိတ်ဖီးဆီးမှုလျော့ကျစေတဲ့ နည်းတွေ မိမိကိုယ်တိုင် သိပါလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင် တင်းကြပ်နေတဲ့ စိတ်တွေကို လွတ်လပ်ခွင့်ပေးထားလိုက်ပါ။
(၁၁ ) စိတ်ညစ်စရာတွေ နဲ့ ဝေးဝေးနေပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့  အရမ်းစဉ်းစားရလို့  ၊ ဦးနှောက်ကို အလုပ်တွေ မတရားခိုင်းလို့  ဆံပင်တွေတောင် ဖြူလာပြီဆိုတာ သင်သတိထားမိရဲ့ လား ။ဒီကြားထဲ ဘာမဟုတ်တဲ့ စိတ်ညစ်စရာတွေက  ကပ်ပါလာသေး ။ နည်းလမ်းနှစ်ခုပဲ ရှိပါတယ်။ သိမ်းထားပြီး စိတ်ညစ်ခံမှာလား..ထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးနေမလား ။ အဖြေက သင့်မှာပဲ ရှိပါတယ်။
(၁၂) ချစ်တတ်ပါ။
သမီးရည်းစား အချစ်တွေမှ ချစ်တက်တာလို့ မခေါ်ဆိုပါဘူး။ တိရိစ္ဆာန် အကောင်ပလောင်လေးတွေ မွေးပြီး ချစ်တတ်တာမျိုး ။ ကလေး ပူတူတူလေးတွေကို ချစ်တတ်တာမျိုး ။ အရာရာကို ချစ်တဲ့ မျက်စိနဲ့ ကြည့်တတ်ရင် သင်နေတဲ့ လောကကြီးက သာယာမှု ပေးတယ် ဆိုတာ တွေ့ ပါလိမ့်မယ်။
မိမိကိုယ်ကိုယ် ဂရုမစိုက်ရင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ပါဘူး
Credit: Lynntazaung
searchmyanmar

ခင်လပြည့်ဇော်သည် Miss PERSONALITY ဆုနှင့်အတူပြန်လာမည်


Miss Tourism Queen International2013ပြိုင်ပွဲဝင်
ဲမြန်မာနိုင်ငံကိုယ်စားပြုအလှမယ်ခင်လပြည့်ဇော်သည်
Miss PERSONALITY ဆုကိုဆွတ်ခူးရရှိခဲ့ပြီးအောက်တို
ဘာ ၅ ရက်နေ့ မြန်မာစံတော်ချိန် နေ့ လည်
၁နာရီ ၅၅ မိနစ်အချိန်တွင် China Eastern Airline ဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်၇ာလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။
“အချိန်နှင့်တစ်ပြေးညီ အားပေးခဲ့ ပါသော ပရိတ်သတ်များ
Miss Tourism Queen International စာမျက်နှာတွင် Like ပေးခဲ့ သော ပရိတ်သတ်များချီးကျူးအားပေးခဲ့ သောပရိတ်သတ်များ
ဝေဖန်ပြစ်တင်ခြင်းဖြင့်အားပေးခဲ့ သော ပရိတ်သတ်များ
အကြောင်းအမျိုးမျိုးကြောင့်အားမပေးဖြစ်ခဲ့ သောပရိတ်သတ်များ
အကြောင်းအမျိုးမျိုးဖြင့် အားပေးခဲ့ ကြသောပရိတ်သတ်များအား.
အထူးပင်ကျေးဇူးတင်၇ှိပါကြောင်း.”လည်းအဆိုပါ
Miss Tourism Queen International2013ပြိုင်ပွဲဝင်
ဲမြန်မာနိုင်ငံကိုယ်စားပြုအလှမယ်ခင်လပြည့်ဇော်၏
ဆရာဖြစ်သူဦးဂျွန်လွင်ကသူ၏John Lwin ဖေ့ဘုတ်မှာကျေးဇူးစကားဆိုထားပါသည်။
Popular Journal

တတိယအရွယ်၏ အထီးကျန်နေ့ရက်များ




Written by တင်ယုနွယ်

သက်ကြီးမိဘအိမ်ကို သားသမီးတွေက တစ်ပတ်တစ်ခါပြန်ပြီး တွေ့ရမယ်။ မတွေ့ရင် အရေးယူခံရမယ်ဆိုပြီး ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေ ထုတ်ပြန်လိုက်ရတာကတော့ သက်ကြီးမိဘတွေကို သားသမီးတွေက အိမ်မှာပစ်ထားပြီး လာရောက် တွေ့ဆုံမှု မရှိတာတွေ ပိုမိုများပြား လာတဲ့အတွက် အစိုးရက ဥပဒေထုတ်ပြီး လာရောက်တွေ့ဆုံဖို့ စီစဉ်ရပါတော့တယ်။ ဒီဥပဒေ ထုတ်ပြန်လိုက်တဲ့ နိုင်ငံကတော့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာပါ။ ဒီလိုမျိုး ဥပဒေထုတ်ရတာ ဘာကြောင့်ပါလဲ။ ဥပဒေထုတ်ပြီး ဆောင်ရွက်နေရပြီ ဆိုရင်တော့ အခြေအနေ ဆိုးရွားလို့ ထုတ်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါဟာ ပြောင်းလဲလာတဲ့ လူနေမှု ပုံစံတွေနဲ့ရေကြည်ရာ မြက်နုရာကို ရှာဖွေလာရမှု တွေကြောင့်က အစပြုလို့ နေပါတယ်။ အရင်ကတော့ သက်ကြီး ဘိုးဘွားတွေကို မိမိတို့ နေအိမ်မှာ တခမ်းတနား၊ တလေးတစား ထားရှိပြီး ပြုစုစောင့်ရှောက်ဖို့ အချိန်နဲ့ စားဝတ်နေရေးအတွက် ပူပင်မှုမရှိဘဲ နေနိုင်ခဲ့ကြပါတယ်။ အရင်လို အိမ်ထောင်ဦးစီး တစ်ဦးတည်း ရှာဖွေမှုနဲ့ မလုံလောက်တဲ့အခါ အခုအခါ မိသားစုရှိ အရွယ်ရောက်သူတွေ လူကုန်အိမ်ပြင်ထွက် အလုပ်လုပ် ကြလာရပါပြီ။

ဒါ့အပြင် ခံယူချက်တွေကလည်း အရင်လို မဟုတ်တော့ဘဲ ကွာလာပါတယ်။ အရင်က သက်ကြီးစကားကို မြေ၀ယ်မကျ နာခံကြရပြီး အခုအခါမှာတော့ နည်းပညာ အကူအညီတွေ ရှိလာတာကြောင့် သက်ကြီးတွေရဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေကို မှီခိုလိုစိတ် မရှိကြတော့ဘဲ မိမိတို့ဘာသာ ရပ်တည်နေနိုင်မှုတွေ ရှိလာပါတယ်။ ဒီအခါ သက်ကြီးတွေကို ဂရုမပြုနိုင်သလို လျစ်လျူရှု အရာမထင်သလို တွေနဲ့ ဆက်ဆံလာကြပါတယ်။ ဒါကြောင့် နေအိမ်တွေမှာ ဘိုးဘွားတွေဟာ အချင်းချင်း အမှီသဟဲပြု နေထိုင်ကြရသလို တစ်ဦးတည်း ကျန်ရစ်ပြီး နေထိုင်ကြရမှုတွေလည်း ရှိပါတယ်။

အရင်ကလို မြန်မာ့ဓလေ့မှာ ဒေါင်းလန်းကြီးလို့ခေါ်တဲ့ စကောဝိုင်း အကြီးထဲမှာ ဘိုးဘွား၊ မိဘနဲ့ သားသမီး မိသားစု စုံစုံလင်လင် ၀ိုင်းဖွဲ့စားသောက်ပြီး နွေးနွေးထွေးထွေး ရယ်မောပျော်ရွှင် ထမင်းမစား နိုင်တော့ပါဘူး။ အလုပ်လုပ်နေတဲ့ သူကလည်း အလုပ်မှာ၊ ကျောင်းပြီးကျူရှင် ပြေးတက်နေရတဲ့ ကျောင်းသားတွေကလည်း ကျောင်းနဲ့ ကျူရှင်တွေမှာပဲ ထမင်းစားချိန်ကို ကုန်ဆုံးကြရပါတယ်။ အလုပ်လုပ်ရတဲ့ နေရာ၊ ကျူရှင်တွေ၊ ကျောင်းတွေ၊ သင်တန်းတွေဟာ မိမိတို့ရဲ့ ဒုတိယအိမ် ဖြစ်လာပါတယ်။ ဒီအခါ ကျန်ရစ်ခဲ့တဲ့ သက်ကြီးဘိုးဘွားတွေဟာ ကိုယ့်ဝေယျာဝစ္စ ကိုယ်လုပ်ပြီး အထီးကျန်စွာ ကျန်ရှိတဲ့ ဘ၀တွေကို ဖြတ်သန်းနေရပါပြီ။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်း Organization for Economic Co-operation and Development (OECD) ရဲ့ ထုတ်ပြန်မှုအရ အသက်အရွယ် အုပ်စုလိုက် အချိုးအစားမှာ မြန်မာနိုင်ငံဟာ အခြားအိမ်နီးချင်း နိုင်ငံတွေထက် သက်ကြီးရွယ်အိုအုပ်စု ပိုမိုကြီးထွားလာနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ လူဦးရေ ၅၉ သန်းရှိတဲ့ မြန်မာနိုင်ငံဟာ အသက်အရွယ် အုပ်စုအလိုက် လူဦးရေ အချိုးအစား ဖွဲ့စည်းပုံမှာ ၂၀၀၀ ပြည့်လွန်နှစ်တွေ အတွင်းမှာ တရုတ်ရဲ့ ဖွဲ့စည်းပုံနဲ့ ဆင်တူနေတယ်လို့လည်း ဆိုထားပါတယ်။ နောက်နှစ်ပေါင်း (၂၀)အတွင်း မြန်မာနိုင်ငံရဲ့ လူငယ်အုပ်စုဟာ စတင်အိုမင်းလာမှာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

စစ်တမ်းအချို့ရဲ့ ခန့်မှန်းမှုတွေမှာလည်း မြန်မာ့လူဦးရေမှာ သက်ကြီးရွယ်အို ပါဝင်နှုန်းဟာ ၂၀၁၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဆို လက်ရှိမြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ ခန့်မှာ ၁၀ ရာခိုင်နှုန်း ရှိလာမယ်ဆိုရင် နောက်နှစ်နှစ်မှာ သက်ကြီးရွယ်အို ပါဝင်နှုန်း ခြောက်သန်းရှိလာမှာ ဖြစ်ပါတယ်။

တကယ်တော့ ဘိုးဘွားတွေဟာ အသက်အရွယ် ကြီးလာပြီ ဆိုတာကြောင့် ရုပ်ပိုင်းဆိုင်ရာမှာတော့ သိသိသာသာ ပြောင်းလဲလာပါပြီ။ ခန္ဓာကိုယ်ရှိ အရိုး၊ အကြော စတာတွေမှာ လူငယ်တွေလို မဟုတ်တော့တာကြောင့် သွား၊ လာမှုတွေ မမြန်ဆန်နိုင်တော့ပါ။ ဒီအတိုင်းပဲ စိတ်ပိုင်းဆိုင်ရာလည်း အနည်းနဲ့အများ ၀မ်းနည်းမှု၊ အားငယ်မှုတွေ ရှိလာပါပြီ။ ဒီအချိန်မှာ ၀ိုင်းဝန်းဂရုစိုက် ဖေးမစောင့်ရှောက်သူ မရှိတဲ့အခါ အထီးကျန်ဆန်ဆန် နေရပါတယ်။ အသက်အရွယ် ကြီးလာတဲ့ ဘိုးဘွားတွေဟာ မွေးကင်းစ ကလေးတွေ စောင့်ရှောက်သလို ထမင်းစားချိန်၊ ရေချိုးချိန်၊ စကားပြောပေးချိန်၊ မိသားစုရဲ့ နွေးထွေးမှုတွေနဲ့ ဆက်ဆံမှုကို လိုလားပါတယ်။ ဒါပေမဲ့ တစ်အိမ်တည်း အတူရှိနေတဲ့ မိသားစုတွေဟာ အကြောင်း အမျိုးမျိုးနဲ့ အပြင်တွေထွက်ပြီး လှုပ်ရှားရုန်းကန် နေကြရချိန်မှာ ဘိုးဘွားတွေလည်း မတတ်သာဘဲ အဖော်မရှိ နေကြရပါတယ်။

အဆင်သင့်တုန်း အိမ်နီးနားရှိ အဘွားတစ်ဦးအကြောင်း ပြောပြလိုပါတယ်။ အဲဒီအဘွားရဲ့ သားသမီးတွေနဲ့ မြေးတွေဟာ ဘ၀တိုးတက်ဖို့ဆိုပြီး ပြည်ပနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် နေထိုင်ဖို့ ထွက်သွား ကြပါတယ်။ အသက် ၆၀ ကျော်ပြီဖြစ်တဲ့ အဘွားကိုတော့ အကြောင်းကြောင်းကြောင့် ရန်ကုန်မြို့လယ်ခေါင်မှာရှိတဲ့ တိုက်ခန်းထဲမှာ အဖော်မရှိဘဲ တစ်ယောက်တည်း အထီးကျန်စွာ ထားခဲ့ပါတယ်။ လစဉ်ငွေကြေး ထောက်ပံ့ပါတယ်။ အကောင်းစားဆေးတွေ ၀ယ်ပို့ပါတယ်။ ဒါပေမဲ့ အဘွားအိုဟာ အိမ်မှာစကားပြောဖော်၊ ပြုစုပေးဖော် မရှိဘဲ တစ်ဦးတည်း နေထိုင်ရတဲ့အတွက် ၀မ်းနည်းမှုတွေ ဖြစ်လာပါတယ်။ တစ်ချိန်က သားသမီးတွေရဲ့ ပျော်ရွှင်လှုပ်ရှားဟန်၊ ဆည်းလည်းသံလေးတွေကို ကြားချင်ရက်နဲ့ မကြားမိအောင် ချုပ်တည်းနေထိုင် ခဲ့ရတယ်။

နောက်တော့ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်အချို့အတွက် မီတာခဆောင်၊ ရေခွန်ဆောင်ပေးပြီး တောက်တိုမယ်ရ လိုက်လံဝယ်ခြမ်း ပေးပါတယ်။ သူအပြင် ထွက်မယ်ဆို အိမ်နီးနားချင်း အားလုံးကို လိုက်မေးပြီး ဘာလုပ်ပေးရမလဲ၊ ဘာလုပ်စရာတွေရှိလဲ မေးပြီးမှ အပြင်ထွက်ပါတယ်။ လမ်းထဲမှာ ရှိတဲ့သူတွေက အဘွားစားချင်တာ လုပ်ချင်တာတွေအတွက် တတ်နိုင်သလောက် ထောက်ပံ့ပါတယ်။ ဒါပေမဲ့ အဘွားက သူ့အတွက် ဒါတွေမလိုပါဘူးတဲ့။ သူလိုတာကဆိုပြီး ဘာမှဆက်မပြောဘဲ မျက်ရည်ဝိုင်းသွားပါတယ်။

တစ်နေ့ အဲဒီအဘွား နေထိုင်မကောင်း အတော်ဖြစ်ပြီး အိပ်ရာထဲ လဲပါတယ်။ သားသမီးတွေကတော့ ပြည်ပနိုင်ငံတွေကပဲ ငွေကြေးလှမ်းထောက်ပံ့ပြီး ဆွေမျိုးနီးစပ် အချို့က လာရောက်ပြုစုပါတယ်။ ဒါပေမဲ့ ရောဂါက နာတာရှည်ဖြစ်ပြီး လာရောက်ပြုစု သူတွေကလည်း အချိန်ပြည့် မပြုစုတာကြောင့် သက်သာမှုမရှိဘဲ ဆုံးသွားခဲ့ပါတယ်။ အိပ်ရာထဲမှာပဲ လှဲနေရတာကြောင့် ကျောမှာအနာတွေ ပေါက်တာကိုလည်း ဆုံးတဲ့အချိန်ကျမှ သိကြရပါတယ်။ နောက်ဆုံးအချိန်မှာ မိသားစုရင်းချာကင်းမဲ့ ငိုကြွေးသံ တိတ်ဆိတ်စွာနဲ့ တစိမ်းတွေရဲ့ အလယ်က ထွက်ခွာသွားခဲ့ ရပါတယ်။ အဘွားရဲ့ နာရေးကို အဝေးရောက် မိသားစု အနည်းငယ်သာ ရောက်လာကြပါတယ်။ ဒီလိုနဲ့ အဘွားဟာသူရဲ့ တတိယအရွယ်မှာ ပြုစုပေးမယ့် သူမရှိဘဲ အထီးကျန် ဖြတ်သန်းကာ ဘ၀ပြီးဆုံး သွားခဲ့ပါတယ်။

အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံမှာ သွားရောက်နေထိုင်ရမှု၊ ပြည်တွင်းရှိ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းလုပ်ကိုင် ရတာကြောင့် အခုလိုသက်ကြီး အဘွားတွေထဲမှာ တစ်ဦးတည်းကျန်ပြီး နေရတာ ဘယ်နှယောက် ရှိနေပါပြီလဲ။ ဘိုးဘွားရိပ်သာကို ရောက်ရှိခြင်း မရှိသလို ပြုစုစောင့်ရှောက်မှု မခံရဘဲ တစ်ဦးတည်း နေထိုင်ဖြတ်သန်းနေရတဲ့ တတိယအရွယ် သက်ကြီး ဘိုးဘွားတွေဟာ ပိုမိုများပြား လာနေပါတယ်။ ဒါကြောင့် မြန်မာ့လူနေမှုမှာ သက်ကြီးဘိုးဘွားတွေ အသက်ရှည်စွာ နေထိုင်မှုတွေ ရှိနေတာ ကောင်းမွန်ပေမယ့် တစ်ဖက်မှာတော့ ဘိုးဘွားတွေရဲ့ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ပြင်ဆင်ထားဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူငယ်၊ လူရွယ်အချို့ စုပေါင်းပြီး ခိုကိုးရာမဲ့ သက်ကြီးဘိုးဘွားတွေကို အိမ်တိုင်ရာရောက် သွားရောက်စောင့်ရှောက် ပေးမှုတွေကို တစ်နိုင်တစ်ပိုင် ပြုလုပ်လာတယ်လို့တော့ သိရပါတယ်။ ဒါပေမဲ့ သက်ကြီးဘိုးဘွား လူဦးရေ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် ၀န်နဲ့အားမမျှတဲ့ အနေအထားပါ။

ပြည်ပနိုင်ငံ အချို့မှာတော့ အစိုးရက ဘတ်ဂျက်ချပေးပြီး သက်ကြီးရွယ်အို အချင်းချင်း စကားပြော၊ ဆွေးနွေး၊ နားခိုနေနိုင်တဲ့ Day Care Center တွေ ဖွင့်လှစ်ပြီး စောင့်ရှောက်မှုတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။ Day Care Center ဖြစ်တာကြောင့် နံနက်သွား၊ ညပြန်ကာ သက်တူရွယ်တူ အချင်းချင်း ၀ါသနာပါရာ စုပေါင်းလှုပ်ရှား ကြမှုဟာ ကျန်ရှိတဲ့သူတို့ရဲ့ တစ်နေ့တာ အချိန်ကို အထီးကျန်မှု နည်းပါးစွာနဲ့ ဖြတ်သန်းခွင့်ရကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုရဲ့ နွေးထွေးမှုနဲ့တော့ တူညီမှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာတော့ ဒီလိုစင်တာမျိုးကို သက်ကြီး ဆရာဝန်များ အဖွဲ့က တည်ထောင်ထားတဲ့ Day Care Center ဖွင့်ထားတာကိုသာ ကြားဖူးပါတယ်။ ဒီလိုစင်တာတွေ များစွာထွက်ပေါ် လာဖို့လည်း မျှော်လင့်ပါတယ်။ တကယ်တော့ သူတို့တွေဟာ မိသားစုအတွက်၊ တိုင်းပြည်အတွက် တစ်ထောင့် တစ်နေရာက တာဝန်ယူခဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအရွယ် လူငယ်တွေနဲ့ တတ်နိုင်သူတွေက သက်ကြီး ဘိုးဘွားတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းတွေအတွက် ကြိုတင်စီမံမှုတွေ ပူးပေါင်း ပြုလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာ့ လူအဖွဲ့အစည်းအတွင်း အထီးကျန်၊ အဖော်မဲ့နေရတဲ့ တတိယ အရွယ်တွေရဲ့ ရှင်သန်မှုမှာ သိုက်သိုက်ဝန်းဝန်း နွေးနွေးထွေးထွေး နေထိုင်ဖြတ်သန်းနိုင်ဖို့ ဆန္ဒပြုရင်း။
Eleven Media Group

အမျိုးသမီး တန်းတူအခွင့်အရေးရရှိရေး ဆွေးနွေးပွဲကျင်းပ




အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကနေ မဟာဗျူဟာစီမံကိန်း စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်းပြီး၊ အဲဒီ ကော်မတီကနေ မြန်မာနိုင်ငံမှာကျင့်သုံးမယ့် ကျား-မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲနိုင်ဖို့အထိ ဆောင်ရွက်မယ်လို့သိရပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုပြဿနာကိုလည်း ထည်သွင်းဆွေးနွေးခဲ့တယ်လို့ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးကွန်ရက်အဖွဲ့က ဒေါ်မေစပယ်ဖြူကပြောပါတယ်။

“ဒီအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းထဲမှာ အဓိကလုပ်ငန်းနယ်ပယ် ၁၂ ရပ်ပါပါတယ်၊ အဲဒီအထဲမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုဆိုတာ အဓိကလုပ်ငန်းနယ်ပယ် ဧရိယာတစ်ခုအနေနဲ့ ပါဝင်ပါတယ်၊ အဲဒီလူကုန်ကူးမှုတို့ ဘာတို့ဟာလည်း အမျိုးသမီးတွေကို အကြမ်းဖက်မှု ပုံသဏ္ဍန်တွေအများကြီးထဲက တစ်ခုဖြစ်ပါတယ်၊ အမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ လူကုန်ကူးခံရမှုတွေကို ကျမတို့က ဒီမဟာဗျူဟာစီမံကိန်းထဲမှာ အဓိကဆောင်ရွက်ရမယ့် လုပ်ငန်းနယ်ပယ်ကြီးတစ်ရပ်အနေနဲ့ ကျမတို့ တရားဝင်ထည့်သွင်းပြီးတော့ ဦးစားပေးဆောင်ရွက်သွားမှာပါ”

ကျားမခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ပေမယ့်၊ လက်တွေ့အကောင်အထည်ဖော်ဖို့ အားနည်းနေသေးတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိုင်း၊ တရုတ်နိုင်ငံတွေနဲ့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးထားတဲ့အတွက် အမျိုးသမီးငယ်တွေကို အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရဲ့ အမျိုးသမီးရေးရာကော်မတီ တာဝန်ခံတွေဖြစ်တဲ့ မမီးမီးနဲ့  မနီလာသိန်း၊ ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်နဲ့ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူတွေ၊ ပြည်တွင်း၊ ပြည်ပအမျိုးသမီးရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

အစာ နှင့်ရောဂါ


ရောဂါထဲမှာ ကင်ဆာရောဂါ က ပထမ သေဆုံးသူများတဲ့ရောဂါ ဖြစ်ပြီး
သတိထားသင့်တာမို့ နေ့စဉ် အနေအထိုင်အစားအသောက်
အလေ့အကျင့် များဖြင့် တတ်နိင်သလောက်ကြိုတင်ကာကွယ်နိင်ပါတယ် ။ သဘာဝအစားအစာ စားသုံးရတာကျန်းမာရေးအတွက်အကောင်းဆုံးပါ ။
အဆင်ပြေ လွယ်ကူ ဈေး ချို တာမို့ စားသုံးသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ် ။
Credit: Stop Cancer
SearchMyanmar

ကယ်ရာမဲ့ဘဝမှ ကယ်တင်ရှင်ဖြစ်လာသူ



ထိုစကားကို ပြောလိုက်သူမှာ အမျိုးသမီးတစ်ယောက် ဖြစ်ပါသည်။ သူမ၏စကားတွေက ဒေါသသံတွေ လွှမ်းနေသဖြင့် ဒေါသသင့်သော စကားများဟု ဆိုနိုင်သည်။ တစ်နည်းဆိုရလျှင် သူမ၏ စကားတွေက တရားမျှတမှုကို တောင်းဆိုနေသည်။ မီဒီယာ၏ လစ်ဟာချက်များကို ထောက်ပြနေသည်။ လူ့ဘောင် အဖွဲ့အစည်း၏ စိတ်ပျက်စရာများကို ဖော်ထုတ်ပြသလို ဖြစ်နေသည်။
ထိုဒေါသ စကားများကို ပြောကြားသည့်သူမှာ ဆူနီသာခရစ်ရှနန် ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ခေတ် အစားဆုံး မုဒိမ်းကျင့်မှုကို ကိုယ်တွေ့ခံစားခဲ့ရသူ ဖြစ်သည်။ သူတို့လူ့ဘောင်တွင် မုဒိမ်းအကျင့်ခံရသူ တစ်ယောက်ကို အသိုင်းအဝိုင်းက ဖယ်ကြဉ်ထားလေ့ ရှိသဖြင့် ထိုဒုက္ခကို ခံစားရသော်လည်း ဘဝကို အရှုံးမပေးခဲ့သူ တစ်ယောက် ဖြစ်သည်။

သူမကို ယောက်ျားကြီးရှစ်ဦးက အဓမ္မ ဝိုင်းကျင့်စဉ်က အသက် ၁၅ နှစ်အရွယ်သာ ရှိသေးသည်။ အရွယ်နှင့်မမျှ အဓမ္မဒဏ်ကို ခံလိုက်ရသော်လည်း သူ့လိုဘဝမျိုး ရောက်သူများအတွက် ပြန်လည် ထူထောင်ရန် ခိုကိုးစရာ နေရာများ ဖန်တီးပေးသည်။ ဆင်းရဲခြင်းဒဏ်နှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် လူကုန်ကူးခြင်း ခံနေရသည့် အိန္ဒိယရှိ အမျိုးသမီးများ ဘဝကို လိုက်လံ ကယ်တင်ပေးခြင်း ပြုနေသည့် ရှားပါးသော အိန္ဒိယ အမျိုးသမီးတစ်ဦး ဖြစ်သည်။

ဆူနီသာ ခရစ်ရှနန်းကို ၁၉၇၂ ခုနှစ်တွင် ဘန်ဂါလိုတွင် မွေးဖွားခဲ့သည်။ အသက် ၁၅ နှစ်သမီး အရွယ်တွင် ယောက်ျားရှစ်ဦး၏ အဓမ္မကျင့်ခြင်းကို ခံရပြီးနောက် ကူကယ်ရာမဲ့နေသော အမျိုးသမီးများ ဘဝကို ကယ်တင်ရန် စိတ်ဓာတ်ခွန်အား ဖြစ်လာခဲ့သည်။ B.Sc.ဘွဲ့ကို (Environment Science) ဘာသာရပ်ဖြင့် ရအောင် ယူခဲ့သည်။ Ph.D ဘွဲ့ကိုလည်း (Social Work) ဖြင့် ရခဲ့သောကြောင့် ဒေါက်တာဆူနီသာခရစ်ရှနန်းဟူ၍လည်း လူသိများသည်။
နောက်ပိုင်းတွင် လူမှုရေး လှုပ်ရှားမှုများ၌ ဘဝကို နှစ်မြှုပ်ထားပြီး Prajwala ဆိုသည့် လူမှုရေး အဖွဲ့အစည်းတစ်ခုကို ထူထောင်ထားသည်။ သူမထူထောင်ထားသည့် အဖွဲ့သည် လူကုန်ကူးခြင်းမှ ကယ်တင်ခြင်း ခံလာရသူများနှင့် အခြေအနေမဲ့ အမျိုးသမီးလေးများ၏ ခိုကိုးစရာ နေရာဖြစ်လာသည်။

Prajwala အဖွဲ့သည် ဟိုက်ဒရာဘတ်မြို့တွင် HIV/ AIDS ဝေဒနာ ခံစားနေရသည့် ကလေးငယ် ပေါင်း ၅၀၀၀ ကျော်ကို ပညာသင်ကြားရေးအတွက် အကူအညီ ပေးနေသည့် နေရာဌာနကြီးလည်း ဖြစ်သည်။ ထို့ပြင် ‘ဒုတိယမျိုးဆက်’ ဟု အမည်ပေးထားသည့် စီမံချက်ဖြင့် ပြည့်တန်ဆာဘဝ ရောက်နေကြသည့် မိခင်များထံမှ ကလေးထောင်ပေါင်း များစွာကို ပြန်လည် ထူထောင်ရေးစခန်း ၁၇ ခုဖွင့်ပြီး ကယ်တင်ပေးနေသည်။ သူမလှုပ်ရှားမှု အားလုံးသည် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း NGO အနေဖြင့်သာ လှုပ်ရှားနေခြင်း ဖြစ်သည်။ ကလေးများကို ပညာသင်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလိုက်ခြင်းသည် သူတို့မိခင်များကို မကောင်းမှုဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေခြင်းကလည်း ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ပြီး ဗျူဟာမြောက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ခရစ်ရှနန်းတွင် လက်သမား၊ ဂဟေဆော်၊ ပုံနှိပ်၊ ပန်းရန်၊ အိမ်တွင်းမှု လုပ်ငန်းများကို သင်ကြားပေးနိုင်သည့် ဝန်ထမ်းပေါင်းများစွာကို ခေါ်ထားပြီး ကလေးများကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနေသည်။

သူမသည် ရာဂျေးရှ်တာ့ရှ်ရီဗာဆိုသည့် ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး ဆရာတစ်ဦးနှင့် လက်ထပ် ခဲ့သည်။ ခင်ပွန်းသည်နှင့်အတူ “Touchdriver-Ente" ဆိုသည့်ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ထိုဇာတ်ကားသည် လိင်ကျွန်ဘ၀ရောက်နေကြရသည့် အိန္ဒိယ အမျိုးသမီးတို့ဘဝကို ဖော်ကျူးထားသည့်ရုပ်ရှင် ဖြစ်သည်။

အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားတွင် လိင်ကျေးကျွန်အဖြစ် လုပ်ဆောင်နေရသော အမျိုးသမီးပေါင်း သုံးသန်းခန့် ရှိသည်။ အများစုမှာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ ဖြစ်နေသည်။

သူတို့ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားသည် စီးပွားရေးအရ မအောင်မြင်ခဲ့ပေ။ သို့သော် ဝေဖန် ဆွေးနွေးစရာ လှုပ်ခတ်သွားခဲ့သည်။ ကူရာကယ်ရာမဲ့နေသည့် အမျိုးသမီးများနှင့် ကလေးများဘဝကို မီးမောင်းထိုး ပြနိုင်သည်။ သူတို့က ကယ်တင်ရှင် သူရဲကောင်းများဖြင့် ရုပ်ရှင်ကို အများအကြိုက်လိုက်ပြီး မရိုက်နိုင်သောကြောင့် မအောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု ခရစ်ရှနန်းက ဆိုသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလက နယူးဒေလီတွင် ဆေးကျောင်းသူလေးတစ်ယောက်ကို ယောက်ျား လေးဦးက အဓမ္မဝိုင်းကျင့်ပြီး အသက်ပါ ဆုံးရှုံးစေခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

“ဘယ်လောက်ရှက်စရာ ကောင်းသလဲ။ ပြီးခဲ့ တဲ့နှစ် ဒီဇင်ဘာက တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ ကျင်းပ ခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ရတယ်။ ဒီနှစ်ထဲမှာလည်း အသက်လေးနှစ်သမီးလေးကို အဓမ္မကျင့်တာနဲ့ ကြုံခဲ့ ရသေးတယ်။ ကျွန်မ အဲဒီကလေး အသက်ပြန်ရှင်ဖို့ ကြိုးပမ်းပေးခဲ့တယ်” ဟု ယခုအခါ အသက် ၄၁ နှစ် အရွယ်ရှိနေပြီ ဖြစ်သော ခရစ်ရှနန်းက ပြောသည်။

အိန္ဒိယနိုင်ငံတွင် ၂၂ မိနစ်လျှင် မုဒိမ်းမှုတစ်မှုနှုန်း ဖြစ်ပွားနေသည်။ ၂၀၁၁ ခုနှစ်တွင် မုဒိမ်းမှု ဖြစ်ပွားသမျှ ၁၇ ရာခိုင်နှုန်းလောက်ကိုသာ ရုံးတင်နိုင်သည်။ ရုံးတင်သမျှ အမှုများ၏ ၂၅ ရာခိုင်နှုန်းခန့်ကိုသာ အပြစ်ပေးနိုင်သည်။
အိန္ဒိယအမျိုးသား ရာဇဝတ်မှု မှတ်တမ်းအဖွဲ့ (NCRB) ၏ ထုတ်ပြန်ချက်အရ ယမန်နှစ်အထိ အမျိုးသမီးများကို ကျူးလွန်ခဲ့သော အဓမ္မမှုပေါင်း ၂၄၄,၂၇၀ မှု ရှိကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်တွင် ၂၂၈,၆၅၀ မှု ရှိသည်ဆိုသဖြင့် ဖြစ်ပွားမှုနှုန်းမှ လျော့ကျသွားခြင်း မရှိသေးကြောင်း သိသာသည်။

အမျိုးသမီးများကို အတင်းအကျပ် ပြည့်တန်ဆာ လုပ်ခိုင်းခြင်း၊ လိင်ကျေးကျွန်ဘဝ ရောက်စေရန် အဓမ္မ ဇာတ်သွင်းခြင်း၊ အိမ်ထောင်သည်ဘဝ အဓမ္မကျင့်ခြင်း၊ အကြမ်းဖက် အဓမ္မကျင့်ခြင်းများသည် အထင်ရှားဆုံး ကျူးလွန်နေကြသည့် ပြစ်မှုများ ဖြစ်ကြသည်။

“ယောက်ျားတွေကို မြင့်မြတ်တယ်ဆိုပြီး ကိုးကွယ်ရမလို ဖြစ်နေတဲ့ လူ့ဘောင် အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေဟာ အနှိမ်ခံတွေဘဝနဲ့ နေကြရတယ်။ အမျိုးသမီးဆိုတာ အမျိုးသားတွေအတွက် စိတ်ကျေနပ်အောင် ဖျော်ဖြေပေးရတဲ့ ရုပ်ဝတ္ထုပစ္စည်း တစ်ခုလို ဖြစ်နေတယ်။ အဲဒီမြင့်မြတ်တယ်လို့ သတ်မှတ်ချက်တွေက ပြဿနာကို စတင်စေခဲ့တာပဲ။ လူတွေက အဲဒီလို ရက်စက်ယုတ်မာတာတွေ ဘာကြောင့် ဖြစ်လာရတယ် ဆိုတာကို ဆန်းစစ်ဖို့ထက်၊ မုဒိမ်းမှုတစ်ခု ဖြစ်လိုက်ပြီ ဆိုရင် ဘယ်ကောင်လဲ၊ အဲဒီကောင် ဘာလုပ်သလဲ ဆိုတာလောက်ပဲ ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြတယ်” ဟု ခရစ်ရှနန်းက ရှင်းပြသည်။

သူမအနေဖြင့် အသက် ၁၆ နှစ်သမီးလောက် ကတည်းက မခံချင်စိတ်များဖြင့် ကြိုးစားရုန်းကန်ကာ ဘဝကို ရပ်တည်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဘန်ဂါလို၌ မယ်စကြဝဠာပြိုင်ပွဲကို ကန့်ကွက်သဖြင့် အဖမ်းခံရသည်။ ထောင်ဒဏ် နှစ်လအချခံခဲ့ရသည်။ ထောင်ကလွတ်သောအခါ ဘန်ဂါလိုတွင် မနေတော့ဘဲ ဟိုင်ဒရာဘတ်သို့ ပြောင်းလာခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ဟိုင်ဒရာဘတ်ရှိ မီးအိမ်နီ ရပ်ကွက်ဟု လူသိများသည့် ပြည့်တန်ဆာ ရပ်ကွက်တစ်ခု ဖြစ်သော မာဘွတ်ကီမီဟန်ဒီ ရပ်ကွက်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။ ထိုရပ်ကွက်များတွင် နေထိုင်သည့် ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးသူများ အချို့လည်း ဖမ်းဆီးခံရပြီး အချို့လည်း အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကုန်သည်။
ထိုအချိန်တွင် ခရစ်ယန်ဘုန်းတော်ကြီး ဂျိုဆေဗက်တီကာတီလ်၏ အကူအညီဖြင့် ခရစ်ရှနန်းသည် ပြန်လည် ပြုပြင်ရေး ကျောင်းလေးတစ်ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများက မွေးဖွားလာသော သားသမီးများအတွက် ပညာရေးနှင့် နေထိုင်ရေးတို့ကို သူမက အကူအညီပေးကာ လူကုန်ကူးမှု မခံရရေး၊ သူတို့မိခင်များကဲ့သို့ ဘဝမပျက်ရေးအတွက် ဝိုင်းဝန်း ကူညီပေးခဲ့ခြင်း ဖြစ်သည်။
သူတို့က မိခင်များ၏ သောကကို ကူညီဖြေရှင်း ပေးခဲ့သဖြင့် အစပိုင်းတွင် နားမလည်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမကို အားကိုးမှုများ ပြုလာကြသည်။ ယင်းသည် Prajwala ဆိုသည့် ဂေဟာပေါ်ပေါက်လာစေမည့် အခြေခံ အကြောင်းတရား ဖြစ်သည်။

ယနေ့ Prajwala သည် အန်ဒရာပရာဒက်ရှ်၌ ဌာနခွဲပေါင်း ၁၇ ခုကို ဖွင့်လှစ်နိုင်သည်အထိ ကြီးကျယ် လာခဲ့သည်။ အထူးသဖြင့် ပြည့်တန်ဆာအဖြစ် အသက်မွေးနေရသူများ၏ သားသမီးများ ပညာရေးအတွက် ထိုဌာနများက တာဝန်ယူပေးနေသည်။ သူမ၏ ဒုတိယမျိုးဆက် ကယ်တင်စောင့်ရှောက်ရေး အစီအစဉ်ကြောင့် ကလေးပေါင်း ၅၀၀၀ ကျော်ကို ပညာတတ်တွေ ဖြစ်စေရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးများ အကြမ်းဖက်ခြင်း ခံရမှုပေါင်း ၂၅၀၀ ကျော်ကို သတင်း အချက်အလက်များ ရှာပေးခြင်း၊ သက်သေခံများ ဖော်ထုတ်ပေးခြင်း၊ ရဲတို့၏ ကြားဝင် စွက်ဖက်ကာ အမှုကို ချေဖျက်သည့်ဘေးမှ အကာအကွယ်ပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါ Prajwala တွင် အိန္ဒိယနိုင်ငံအတွင်း ဝန်ထမ်း ၈၀ ရှိပြီး၊ နိုင်ငံခြားတွင် တာဝန် ထမ်းဆောင်ပေးနေသူ ၂၅ ဦးရှိသည်။

လူမှုရေး အဖွဲ့အစည်းများ အနေဖြင့် ထူထောင်သည့် အခြားအဖွဲ့အစည်းများနှင့် မတူသည့်အချက်မှာ Prajwala သည် ပရောဂျက် လုပ်ငန်းတစ်ခု မဟုတ်ပေ။ သို့ဖြစ်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အကြမ်းဖက်မှုများ ကင်းစင်သည့် နေ့ရောက်မှသာ မိမိထူထောင်ထားသော အဖွဲ့အစည်းကို ရပ်ဆိုင်းမည်ဟု ခရစ်ရှနန်းက ဆိုသည်။

ယခုအခါ ပြန်လည် ထူထောင်ရေး အစီအစဉ်ဖြင့် ကယ်တင်ပေးပြီး ဘဝသစ်ကို စတင်စေခဲ့သော အမျိုးသမီးပေါင်း ၁၅၀၀ ခန့်ရှိပြီ ဖြစ်သည်။ သူတို့က ပြည့်တန်ဆာဘဝ ကျရောက်ရတော့မည့် အမျိုးသမီးများကို ကယ်တင်ပြီး ငွေကြေး ပုံမှန်ရသည့် သမာအာဇီဝ ကျကျ လုပ်ကိုင်စားသောက်နိုင်သော လုပ်ငန်းခွင်များအတွင်း သွင်းပေးနိုင်ခဲ့သည်။

ခရစ်ရှနန်းကို အထောက်အကူ အများဆုံးပေးခဲ့သူမှာ သူမ၏ ခင်ပွန်း ရာဂျေ့ရှ် ဖြစ်သည်။ နိုင်ငံတကာကို လှုပ်ခတ်စေခဲ့သော In the Name of Buddha ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာလည်း ဖြစ်သည်။ သူက Prajwala နှင့် ပတ်သက်သော ဇာတ်လမ်းတို ရုပ်ရှင်ကားလေးများကို ရိုက်ကူးပေးသည်။ သူရိုက်ကူးခဲ့သော Anamika (အမည်မသိ) ဆိုသည့် ရုပ်ရှင် ဇာတ်ကားကို အန်ဒရာပရာဒက်ရှ် ရဲကျောင်းနှင့် နိုင်ငံတော်ရဲတပ်ဖွဲ့ သင်တန်းများတွင် သင်ရိုးညွှန်းတမ်းတစ်ခု အနေဖြင့် ပြဋ္ဌာန်းရန် သတ်မှတ်ထားသည်။

Ref: http://www.thehindu.com/, http://www.aljazeera.com
thevoicemyanmar

လွှတ်တော်ကော်မတီ ရဲစခန်း၊ ထောင်နဲ့ ရုံးတွေပါ စစ်ဆေးမည်




ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ အရင်က တရားစီရင်ရေးဌာနတွေကိုပဲ လေ့လာခဲ့ရာကနေ မကြာခင်မှာ အုပ်ချုပ်ရေးရုံးတွေ အကျဉ်းဦးစီးဌာနရုံးတွေကိုပါ လေ့လာပြီး တွေ့ရှိချက်ကို အစိုးရဆီတင်ပြသွားမယ်လို့ သိရပါတယ်။

တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့  တရားစီရင်ရေးစနစ်အပြင် အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်တွေကိုပါ ထောက်ပြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းချက် သဝဏ်လွှာကို မနေ့က လွှတ်တော်ကနေတဆင့် ပေးပို့လိုက်တဲ့အတွက် ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် ပိုပြီးအဆင်ပြေသွားနိုင်ဖွယ်ရှိတယ်လို့  တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်က RFA ကိုပြောပါတယ်။

“ကျနော်တို့က လုပ်ရတာပိုပြီးတော့ အဆင်ပြေတာပေါ့နော်၊ ကျနော်တို့ကလည်း သမ္မတပြောသလို ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရ ဖြစ်စေချင်တဲ့အခါကျတော့ တတ်နိုင်သမျှ ဒီလိုဟာတွေဖြစ်နေတာကို ကျနော်တို့ကလည်း အကြံပြုပေးမှာပါ၊ ပြည်နယ်တိုင်းလှည့်ပြီးတော့ ကျနော်တို့ကော်မတီဥက္ကဌ ညွှန်ကြားထားသလိုပေါ့ဗျာ၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံးတွေရော၊ အကျဉ်းဌာနတွေရော၊ ရဲချုပ်တွေရော ကျနော်တို့လိုက်ပြီးတော့ ကြည့်ရှုလေ့လာမှာပါ၊ တွေ့ရှိချက်တွေကိုလည်း ခုနကသမ္မတအကြံပြုသလိုပဲ တင်ပေးလိုက်မှာပါ”

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ဒီကနေ့ခေတ် မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမှာ အရင်အစိုးရခေတ်ကလို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်လို့ မရတော့ကြောင်းနဲ့  အများပြည်သူ လိုလားလက်ခံနိုင်တဲ့ ဥပဒေတွေကို လွှတ်တော်က ရေးဆွဲပြဌာန်းသွားမှာဖြစ်တဲ့အကြောင်း ရန်ကုန်မြို့က လွှတ်တော်ရုံးမှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ သတင်းပတ်တွေတုန်းက ပြောဆိုထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက တရားစီရင်ရေးတွေမှာ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေရဲ့ စွက်ဖက်မှုတွေ တော်တော်များများရှိနေသေးတယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေ၊ ရှေ့နေတွေက ပြောဆိုနေကြပါတယ်။
RFA Burmese

ဖမ်းခံထားရသူများ အမြန်ဆုံးပြန်လည်မလွှတ်ပေးပါက ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးတော့မည်ဟု ဦးအေးမောင်ပြောကြား


၎၊ အောက်တိုဘာ

သံတွဲ။ ။ နေပြည်တော် အထူးတပ်ဖွဲ့ ဝင်များကိုယ်တိုင် လာရောက်ဖမ်းဆီးသွားသည့် သံတွဲမြို့  နယ်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ သံတွဲမြို့နယ်ဥက္ကဌအပါအ၀င် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မေးမြန်းရာရှိသည်များ စစ်ဆေးမေးမြန်းပြီး အချိန်တိုအတွင်း ပြန်လည်လွှတ်ပေးခြင်းမရှိပါက ရခိုင်တိုင်းရင်းသားများရှေ့ ရေးအတွက် အလေးအနက်စဉ်းစားရတော့မည် ဖြစ်ကြောင်း RNDP ဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင်က အတိအလင်း ပြောကြားလိုက်သည်။

အောက်တိုဘာလ ၃ရက်နေ့ တွင် အထူးတပ်ဖွဲ့ ဝင်များသည် သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးမောင်ပု (ခ) ဦးစောလိုင်၊ သံတွဲမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေးအသင်းမှ ဦးသိန်းဝင်းနှင့် ဦးသိန်းဇံနှင့် ကိုကျော်ကျော်၊ ကိုမြင့်မိုးအောင်၊ ကိုဝင်းကိုလေးတို့ ကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး မြို့ နယ်ရဲစခန်းတွင် ထားရှိစဉ်က ၄င်းတို့ အားပြန်လည်လွှတ်ပေးရေးအတွက် လူအုပ်ကြီးက ၀ိုင်းဝန်တောင်းဆိုသဖြင့် ယခုအခါ ကျောက်ဖြူမြို့  အကျဉ်းထောင်သို့ ပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
RNDP ဥက္ကဌချုပ်ဦးအေးမောင်သည် ရက္ခိုင့်လွတ်မြောက်ရေးတပ်မတော် ကျောထောက်နောက်ခံရှိသူဖြစ်ပြီး ငွေ၊ လက်နက်အင်အားအစရှိသည်တို့ ကို ထောက်ပံ့ပေးနေသူတစ်ဦးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင်နေထိုင်စဉ် ကတည်းက ရခိုင်အမျိုးသားရေးလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ခဲ့သည့် ဦးအေးမောင်၏ RNDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သံတွဲမြို့နယ် RNDP ပါတီ ဥက္ကဌကို ၂၄ နာရီအတွင်း ပြန်လည်မလွတ်ပေးပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု မြန်မာအစိုးရအား ရာဇသံပေးထားကြောင်း DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။

ရက္ခိုင့်လွတ်မြောက်ရေးတပ်မတော်
ရခိုင်-အိန္ဒိယနယ်စပ် မှ ဗိုလ်မှူး အဆင့်ရှိသူ ညိုမင်းခိုင်
က “ဗမာအစိုးရအနေနဲ့  ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား ကောင်းရာကောင်းကျိုးလုပ်နေတဲ့ နိုင်ငံရေးသမားတွေကို အမြန်ဆုံးပြန်လည် လွှတ်ပေးဖို့ တောင်းဆိုပါတယ်၊ ထောင်ဒဏ်များချမှတ်ခဲ့မယ်ဆိုရင် အပစ်အခတ်ရပ်ဆဲရေးစာချုပ်ကို ပြန်လည်သုံးသပ်ပြီး လွတ်လပ်သည့် အဖရခိုင်နိုင်ငံတော်အတွက် တိုက်ပွဲပြန်လည်ဝင်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားလိုက်သည်။
ဦးအေးမောင်ကလည်း “အစိုးရအနေနဲ့ ရခိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စကားကို သစ္စာရှိရပါမယ်၊
မဟုတ်ရင်တော့ ရခိုင်သားတို့ သမီးတို့ အနေနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရပါတော့မယ်၊ ရခိုင်တွေ နိုးကြားဖို့ လိုပါပြီ၊ ဘယ်သူ့ ကိုမှ အတိအကျယုံကြည်လို့ မရပါဘူး” ဟု ထပ်မံပြောကြားခဲ့သည်။

ရခိုင်လွတ်မြောက်ရေးတပ်မတော် (ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ) လူသစ်စုဆောင်းရေး ဖုန်းနံပါတ် ph: 0091-9810 947 122
Email::: [email protected]

ရက္ခိုင်ပြည်ကိုရက္ခိုင်သားလောက် ဇာသူလေ့မချစ်

ရက္ခိုင့်သွီး


ကာ/ချုပ်ကို မလေးဘုရင်မှ ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားဘုရင်က ဂုဏ်ထူးဆောင်ဘွဲ့တံဆိတ်ကို မလေးရှားတပ်မတော်၏ နှစ်(၈၀)မြောက်နေ့တွင် ပေးအပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနှင့် မလေးရှားတပ်မတော်တို့အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်မှုနှင့် တပ်မတော်နှစ်ခုကြား ချစ်ကြည်ရင်းနှီးမှု ပိုကောင်းအောင် စွမ်းဆောင်နိုင်သည်ဟုဆိုကာ ယခုကဲ့သို့ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားဘုရင်က ချီးမြှင့်ခဲ့သည့်ဆုသည် "Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces"ဘွဲ့တံဆိပ်ဖြစ်သည်။

ထိုဘွဲ့တံဆိပ်အား မြန်မာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် ဖိလစ်ပိုင်တပ်မတော်နှင့် ယူအေအီးတပ်မတော်မှ ဦးစီးချုပ်များကိုလည်း ချီးမြှင့်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
Mizzima - News in Burmese

မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်သူများအား ပုဒ်မ ၁၈ဖြင့်အရေးယူသွားမည်



မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်နေကြသော သူများအား ပုဒ်မ ၁၈ အရအရေးယူသွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ယနေ့ ပြုလုပ်သော သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ “မြေပိုင်ဆိုင်ကြောင်းမှန်ကန်ပါက အစိုးရအဖွဲ့ကို တင်ပြနိုင်ပါတယ်။ဒီအတိုင်းဆက်လက်လုပ်နေမယ်ဆိုရင်တော့ဥပဒေအရအရေးယူရမှာပါ´ဟု နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းပြောသည်။
Messenger News Journal