ဒီနှစ် အကုန်မှ တစ်ကိုယ်တော် အခွေကို စလုပ်ဖြစ်မယ့် ထွန်းအိန္ဒြာဗိုလ်


သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗို အနေနဲ့ ငယ်ငယ်တုန်းက အနုပညာကို တကယ် ရူးသွပ်ပြီး လုပ်ခဲ့ရတဲ့ အလုပ်တွေ အများကြီးရှိခဲ့သလို အားနာပြီး လုပ်ခဲ့ရတဲ့ အလုပ်တွေလည်း ရှိခဲ့တယ်လို့ ပြောပါ တယ်။

”လောလောဆယ် ဒီရက်ပိုင်းတွေမှာတော့ ကိုယ်တကယ် စိတ်ဝင်စားတဲ့၊ တကယ် လုပ်ချင်တဲ့ အလုပ်မှန်သမျှ ဘယ်အလုပ်ပဲ ဖြစ်ဖြစ်ပါ။ အနုပညာပဲ ဖြစ်ဖြစ်၊ လူမှုရေးပဲ ဖြစ်ဖြစ် စိတ်ဝင်စားမှ လုပ်တော့မယ်။ ဟိုးအရင် ငယ်ရွယ်တဲ့ အချိန်တုန်းကဆို တကယ်ရူးသွပ်ပြီး လုပ်ခဲ့တဲ့ အလုပ်တွေ ရှိခဲ့သလို၊ အားနာပြီး လုပ်ခဲ့ရတဲ့ အလုပ်တွေလည်း အများကြီး ရှိခဲ့တယ်။ အခုအချိန်မှာ အသက် နည်းနည်း ရလာတော့ အဲဒီလိုမျိုးတွေကို သိပ် စိတ် မရှည်ချင်တော့ဘူး။ တကယ် စိတ်ဝင်စားရင်တော့ ဘယ်အလုပ်မဆို လုပ်ဖြစ်မှာပါ။ ထွန်းအိန္ဒြာဗိုရဲ့ အနုပညာ သက်တမ်း ၂၂နှစ် အတွင်းမှာ အသက်အရွယ် ကွာဟသွားလို့ အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ခံယူ ချက်တွေ ပြောင်းလဲသွားတာက လွဲပြီး အနုပညာအလုပ် တွေက ပြောပလောက်အောင် သိပ်တော့ ထူးဆန်းတာမျိုး မရှိခဲ့ပါဘူး” လို့လည်း ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက်နေ့မှာ အဲလက်စ်၊ Rဇာနည်တိုနဲ့ အတူ သီဆိုမယ့် TRIO Show နဲ့ ပတ်သက်ပြီးလည်း ထွန်းအိန္ဒြာဗိုက..

”ဒီ Show ပွဲကို မြိုင်မြိုင် ဆိုင်ဆိုင်နဲ့ ပိုပြီးတော့ ပျော်စရာ ကောင်းအောင် ဆိုကြမှာပါ။ အချိန်မလောက်ရင် Solo တွေကို ဖြုတ်ပြီး အတွဲကို ဦးစားပေးဆိုမယ်။ ရင်ခုန်စရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် စိတ် ပါဝင်စားပြီး လုပ်တဲ့ပွဲ ဖြစ်တဲ့အတွက် တအား ပျော်စရာကောင်းမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ ထွန်းအိန္ဒြာဗိုက လင်းလင်း၊ ချစ်သုဝေတို့နဲ့ ဖေဖော်ဝါရီ ၁ဝ ရက် နေ့မှာ သြစတြေးလျကို တစ်လ ကြာ ဖျော်ဖြေရေး သွားမှာ ဖြစ်ပြီး ပြန်လာရင် ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ် ရိုက်ကူးတဲ့ မြန်မာ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီနှစ်ကုန်မှ တစ်ကိုယ်တော် အခွေကို စလုပ်တော့မှာ ဖြစ်ပြီး နောက်နှစ်မှာ အချောသပ် ထွက်နိုင်ဖို့နဲ့ ကြိုးစားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဆက်လက်ပြီးလည်း ဖေဖော်ဝါရီ ၈ရက်နေ့ အမေစု ပညာရေး ကွန်ရက် အတွက် လင်းလင်း ဦးဆောင်ပြီး လုပ်မယ့် ရန်ပုံငွေပွဲမှာ အဆိုတော် ခုနစ်ယောက်နဲ့ ရှိုးဆိုဖို့ ရှိကြောင်းလည်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

Mဘွယ်

အုပ်စုဖွဲ့မုဒိမ်းကျင့်ရန် တရားရုံးအမိန့်ချအပေါ် အိန္ဒိယ နိုင်ငံရေးသမားများ ပြစ်တင်ရှုတ်ချ


အိန္ဒိယအရှေ့ပိုင်း အနောက်ဘင်ဂေါပြည်နယ်က ရွာတရွာမှာ မိန်းကလေးတယောက်ကို တခြားရပ်ရွာက ယောက်ျားတယောက်နဲ့ ချစ်ကြိုက်မှုအတွက် ပြစ်ဒဏ်အနေနဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ဖို့ ကန်ဂါရူတရားရုံးက အမိန့်ချ စီရင်ခဲ့မှုကို အိန္ဒိယနိုင်ငံရေးသမားတွေက ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။

အသက် ၂၀ ပြည့်ခါစ အမျိုးသမီးတယောက်ကို သူရွာက ယောက်ျား ၁၂ ယောက်ပါတဲ့အုပ်စုက ဇန်န၀ါရီ ၂၂ ရက်က မုဒိမ်းကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

စာလီရှိဆာဘာလို့ခေါ်ပြီး သူတို့ကိုယ်သူတို့ တရားစီရင်တဲ့ ၀န်ဆောင်မှုပေးတဲ့ အုပ်စုက ခုလို အမိန့်ပေးခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။

အိန္ဒိယရဲ့ လက်ရှိ အာဏာရကွန်ဂရက်ပါတီက အနောက်ဘန်ဂေါပြည်နယ်ရဲ့ ဥက္ကဋ္ဌ ပရာဒိ ဘာတာချာယာကတော့ အနောက်ဘန်ဂေါပြည်နယ်ကို အုပ်ချုပ်နေတဲ့ တရိနာမူး ကွန်ဂရက်ပါတီနဲ့ ၀န်ကြီးချုပ် မာမာတာ ဘာနာဂျီးတို့ကို ဒီဖြစ်ရပ်အပေါ် မသိကျိုးကျွံပြုမှုအတွက် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ယောက်ျားအုပ်စုက ထပ်ပြန်တလဲလဲ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောအပြီး မိန်းကလေးကတော့ ဆေးရုံတင်ပို့ စစ်ဆေးမှု ခံယူနေပါတယ်။

မိန်းကလေးရဲ့မိသားစုက တရားဝင် တိုင်ကြားအပြီး ရဲတွေက လူအတော်များများကို ဖမ်းဆီးခဲ့ပါတယ်။

ခုလို မုဒိမ်းမှုကို ထောက်ခံအားပေးခဲ့မှုအတွက် တရွာလုံးကို အရေးယူဖို့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေက တောင်းဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတွင်း အုပ်စုလိုက် မုဒိမ်းကျင့်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလအတွင်း မောင်းနေဆဲ ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူတယောက် မုဒိမ်းကျင့် သတ်ဖြတ်ခံရပြီးတဲ့နောက် လူထု အာရုံစိုက်မှု ရခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရစာရင်းအင်းဗျူရိုက စစ်တမ်းအရ နိုင်ငံတွင်း မိနစ် ၂၀ တိုင်း မုဒိမ်းမှု ဖြစ်ပွားနေပြီး မုဒိမ်းမှု ၁၀ မှုမှာ ၄ မှုသာ တိုင်ကြားလေ့ရှိတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြ ထား ပါတယ်။

DVB Burmese

ကုလငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန်မာစစ်တပ် ပူးပေါင်းဆောင်ရွက်မည်


မြန်မာ့တပ်မတော် အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံတဲ့အကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီယားနဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ မြန်မာ စစ်တပ်အကြီးအကဲက ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာမှာ တာဝန်သိတဲ့ နိုင်ငံအနေနဲ့ တာဝန်ထမ်းဆောင်လိုတဲ့အကြောင်း ငြိမ်းချမ်းရေးကိုလည်း လိုလားတဲ့အကြောင်းနဲ့ ပြည်သူလူထုရဲ့ လူမှုဘ၀လုံခြုံရေးအတွက် ကုလမသဂ္ဂ အဖွဲ့အစည်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သ တင်းစာတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ ဘယ်လို ပူးပေါင်းပါဝင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတကာက စစ်သည်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို ပြည်တွင်းစစ်နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းပြည်တွေကို စေလွှတ်ထားတာ ဖြစ်ပါတယ်။

DVB Burmese

မြန်မာစစ်အရာရှိတွေကို ဗြိတိန်သင်တန်းပေး


နေပြည်တော်က သင်တန်းမှာ မြန်မာစစ်အရာရှိ ၂၂ ဦးတက်
နေပြည်တော်မှာ မြန်မာစစ်အရာရှိတွေကို ဗြိတိန်ကနေ ၁၁ ရက်ကြာ သင်တန်းပေးခဲ့ပါတယ်။

ဗြိတိန်က စစ်တပ်အရာရှိတွေ၊ ပညာရှင်တွေ ပေးခဲ့တဲ့ သင်တန်းမှာ မြန်မာ့တပ်မတော်ဘက်ကဆိုရင် ဗိုလ်မှူးကြီး နဲ့ ဒုဗိုလ်မှူးကြီး ၂၂ ဦး တက်ရောက်ခဲ့ကြပါတယ်။

ဗြိတိန်
စစ်အရာရှိတွေ တက်တဲ့သင်တန်းဆိုပေမယ့် စစ်ပညာကို ပို့ချတာ မဟုတ်ပဲ လူ့အခွင့်အရေး၊ စစ်တပ်နဲ့ လူထုကြား ဆက်ဆံမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု စတာတွေကို ပို့ချခဲ့တာ ဖြစ်ပါ တယ်။

အရင်နှစ်ပေါင်းများစွာအတွင်း မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာ အလယ်မှာ ဝေဖန်ခံခဲ့ရပါတယ်။

ဒီလို သင်တန်းပေးလို့ တကယ်ရော အကျိုးရှိပါ့မလားဆိုပြီး ဗြိတိန်အပေါ်လည်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဗြိတိန် စစ်သံမှူး တိုနီ စတန်းကက ဘီဘီစီကို ပြောရာမှာ ''ကျွန်တော်တို့အနေနဲ့ နားလည်ထားတာကတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ အသွင်ပြောင်းလာမှုကို အထောက်အကူပေးနိုင်ဖို့ပါ။ ဥပေဒနဲ့အညီ တာဝန်ခံမှုရှိတဲ့ စစ်တပ်တစ်ခုဖြစ်ဖို့၊ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်တဲ့ စစ်တပ်တစ်ခုဖြစ်လာဖို့ပါ။ ဒီအတွက် ထိတွေ့ဆက်ဆံ စကားပြောဖို့ လိုပါတယ်'' လို့ ပြောပါတယ်။

တခါ သင်တန်းဆင်းပွဲမှာ ကြီး ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ပြောရာမှာတော့ ''နိဂုံးချုပ်အနေနဲ့ ကျွန်တော် ပြောလိုတာကတော့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးတဲ့ ၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခု တည်ဆောက်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ် ''လို့ ဆိုပါတယ်။

အရပ်သား အစိုးရဆီက အမိန့်ကို လိုက်နာမှာထက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မယ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီအကြောင်း ပြောတာတွေကို ကြည့်ရင် တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ ဆက်ပြီးတော့ အရေးပါနေဦးမယ် ဆိုတာကလည်း ထင်ရှားနေပါတယ်။

BBC

လေဆိပ် ၁၄ ခု ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် သံတွဲနှင့် ကျောက်ဖြူလေဆိပ်ပါဝင်


လာမည့် ဘဏ္ဍာနှစ် ၂၀၁၄- ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ လေဆိပ် ၁၄ခု၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ရာ ထိုအထဲတွင် ရခိုင်ပြည်နယ်မှ သံတွဲနှင့် ကျောက်ဖြူ လေဆိပ်တို့ ပါဝင်သည်။

၎င်းဖွံ့ဖြိုးရေး လုပ်ငန်းကို နိုင်ငံတော် အစိုးရ ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ပြုလုပ်သွားမည်ဟု ၎င်းဝန်ကြီးဌာ၏ ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောသည်။

ကျောက်ဖြူနှင့် သံတွဲလေဆိပ်နှင့် အတူ အခြားပါဝင်သော လေဆိပ်များမှာ ဟဲဟိုး(ရှမ်း)၊ နေပြည်တော်၊ မြစ်ကြီးနား (ကချင်)၊ ကိုကိုးကျွန်း (ဧရာဝတီ)၊ ကလေး (စစ်ကိုင်း)၊ တာချီလိတ် (ရှမ်း)၊ နောင်မွန်း (ရှမ်း)၊ မိုင်းဆတ် (ရှမ်း)၊ လွိုင်ကော်(ကယား)၊ ပူတာအို (ကချင်)၊ ဟုမ္မလင်း (စစ်ကိုင်း)၊ နှင့် မြိတ် (တနင်္သာရီ) တို့ ဖြစ်ကြသည်။

Narinjara

Auto World Journal ( Vol-3, No-5 )

အကျယ်ချဲ့ကြည့်ရန်





လယ်ယာမြေဥပဒေ ထိရောက်မှု နည်းပါး


လက်ရှိ ပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေဟာ မြေယာတွေ ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေ အတွက် အကျိုးသက်ရောက်မှု နည်းနေသလို ဥပဒေအရ ဆောင်ရွက်ရာမှာလည်း အခက်တွေ့မှုတွေ ရှိနေပါတယ်။

၂၀၁၂ လယ်ယာမြေဥပဒေကို အစိုးရက တရားဝင်ပြဌာန်းပြီးတဲ့နောက်မှာ ဥပဒေအတိုင်း ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေ ရှိနေတယ် လယ်ယာမြေ ပိုင်ဆိုင်ဆိုင်မှုနဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ်ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက အခက်အခဲကို ခုလို ပြောပါတယ်။

“၂၀၁၂ လယ်ယာမြေဥပဒေရဲ့ အဓိကကတော့ အရင်တုန်းက လယ်ယာမြေပြဿနာတွေ ဖြစ်တယ်။ ဖြေရှင်းဖို့ အခက်အခဲတွေ ဖြစ်နေတာကတော့ လယ်ယာမြေ ပိုင်ဆိုင်မှု စာရင်းဇယား မှတ်တမ်းမှတ်ရာတွေ သေချာ မရှိခဲ့ဘူး။ မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အပ်ဒိတ် မဖြစ်ဘူး။ အစိုးရက ပြန်ပေးစေဖို့ အမိန့် ချမှတ်လိုက်တဲ့အခါမှာ ပြန်ပေးဖို့အတွက် ဘယ်သူကို ပြန်ပေးရမလဲလို့ ပိုင်ဆိုင်မှု ရှာတဲ့အခါကျတော့ တိုင်တဲ့လူနဲ့ စာရင်းမှာ ရှိနေတဲ့လူ တလွဲစီ ဖြစ်နေတယ်။”

ရန်ကုန်တိုင်း လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ဒီ လယ်ယာမြေဥပဒေဟာ လယ်သမားတွေရဲ့ ဆုံးရှုံးမှုတွေကို မဖြေရှင်း နိုင်သလို အကျိုးခံစားခွင့်တွေ မရရှိဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

“တကယ် ဥပဒေဆိုရင် အကောင်အထည် ဖော်ဖို့ တာဝန်ရှိသလို အကောင်အထည် ပေါ်လာတဲ့အပေါ် မူတည်ပြီးတော့ အကျိုးခံစားခွင့် ရှိရမယ်။ အဲတော့ လယ်သမားတွေ အကျိုးခံစားခွင့် ရှိဖို့ ရေးဆွဲထားတယ်ဆိုရင် လယ်သမားတွေက အကျိုးခံစားခွင့် ရှိကို ရှိရမှာ ဖြစ်တယ်။ ဒါပေမယ့် ခုထိတော့ ဘာမှဖြစ်မလာသေးဘူး။”

ဒီလို အခက်အခဲတွေနဲ့ ပတ်သက်ပြီး လယ်ယာမြေနဲ့ အခြားမြေများ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မတီအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ဖော်ထုတ်တဲ့အခါမှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးမယူဘူးလို့ ဦးအောင်သိန်းလင်းက ထောက်ပြပါတယ်။

“ကုမ္ပဏီတွေရဲ့ လန ၃၉ မကျသေးတဲ့ လယ်မြေတွေကို ခြံတွေခတ်၊ ခြံတွေခတ်ပြီးတော့မှ လယ်ယာမြေဥပဒေတွေကို ချိုးဖောက်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ ဘယ်လို အရေးယူမှာလည်း ကျနော်မေးဖူးတယ်။ အဲဒီတော့ ဒုဝန်ကြီးဦးအုန်းသန်းကနေပြီးတော့မှ တိုင်းဒေသကြီးအစိုးရနဲ့မှ ညှိနှိုင်းပြီးတော့မှ အရေးယူပါမယ်လို့ ပြောခဲ့တယ်။ တကယ်တမ်း ကျတော့ ဘာမှ အရေးမယူဘူး။”

ဒီလို အခြေအနေတွေ အပြင် လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေအကြား ကာလ ကြာမြင့်စွာ ဖြစ်ပွားနေတဲ့ တရားရုံးဆိုင်ရာ ပြဿနာတွေကို အမြန်ပြီးပြတ်အောင် ဘယ်လို ဆောင်ရွက်မယ်ဆိုတာကို တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက ဇန်န၀ါရီလ ၂၂ ရက်နေ့က ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းရာမှာ တရားလွှတ်တော်ချုပ်ရုံးက တရားသူကြီး ဦးမြင့်အောင်ကို ဖြေကြားခဲ့ပါတယ်။

ဒီလို ဖြေကြားမှုနဲ့ ပတ်သက်ပြီး လယ်ယာမြေ စုံစမ်းစစ်ရေးကော်မတီက တာဝန်ရှိသူ အချို့ကတော့ ကျေနပ်အားရမှု မရှိပါဘူး။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ ၀င်ရောက်လာတဲ့ တိုင်ကြားစာတွေထဲမှာ လယ်ယာမြေ သိမ်းဆည်းခံရမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေအများဆုံး ဖြစ်ပါတယ်။

ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်က မြေသိမ်းရာမှာလည်း သိမ်းခံရသူရဲ့ လူနေမှုဘ၀ကို ကောင်းအောင် ကာကွယ်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က “ထွန်ယက်လုပ်ကိုင် စားသောက်နေတဲ့ လယ်သမားတယောက် ယာသမားတယောက်အတွက်ကို အကာအကွယ် ပေးဖို့ လိုပါတယ်။ အကာအကွယ်ပေးတယ်ဆိုတဲ့နေရာမှာ သူ့ရဲ့ လူမှုရေး၊ စီးပွားရေး၊ လူမှုဘ၀ ရပ်တည်ရေး ဒါတွေကို ပိုမိုပြီး ကောင်းမွန်တဲ့ အခြေအနေမျိုးကို ရောက်အောင် အကာအကွယ်ပေးဖို့ လိုပါတယ်။ ဒီလိုအခြေအနေမျိုး မရဘူးဆိုရင်တော့ သူ့ရဲ့ အခြေခံ ရပိုင်ခွင့်တွေ နစ်နာထိခိုက်မှု ရှိတယ်လို့ ကျနော်တို့ ဒီလို သုံးသပ်ပါတယ်”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း အုပ်ချုပ်ခဲ့တဲ့ န၀တ၊ နအဖ စစ်အစိုးရဟာ နိုင်ငံ တ၀န်းက လယ်ယာမြေ ဧကပေါင်းထောင်ပေါင်းများစွာကို သိမ်းဆည်းခဲ့သလို ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်တွေ ချထားပေးတဲ့အတွက် လယ်သမားတွေ လယ်မဲ့ယာမဲ့ဘ၀ရောက်ခဲ့ကြပြီး သူတို့ လယ်မြေတွေ ပြန်ရရေး ကြိုးပမ်း တောင်းဆိုနေကြပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်



ရန်ကုန်၊ ဇန်န၀ါရီ ၂၂

ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့် ရရှိရန် အစုငွေ ထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈)သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

၎င်းက ““ကျွန်တော်တို့က အမှတ်(၅) ရှင်စောပုလမ်း၊ စမ်းချောင်းမှာ နေတာပါ။ ကျွန်တော်တို့ တိုက်ခန်းကို ဒေါ်ဆွေဆွေအုန်းတို့က ငှားနေပါတယ်။ ဒီ ၂၀၁၄ မတ်လကျမှ စာချုပ် ပြည့်ပါမယ်။ တိုက်ခန်း ငှားရမ်းခက တစ်လကို လေးသိန်းပါ။ စာချုပ်မှာ တစ်နှစ်ချုပ်ပေမယ့် လစာကိုတော့ ၆လ တစ်ခါ ရှင်းပါတယ်။ သူက လုပ်ငန်း ကြီး လုပ်ကိုင်တော့ ရှယ်ယာတွေ ထည့်ဝင်ကြတာပေါ့။ Cupid ပရိဘောဂပစ္စည်း ထုတ်တာပေါ့နော်။ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်(၂)၊ ဦးဘိုးလှိုင်လမ်းမှာလည်း သူ့စက်ရုံ ရှိတယ်လို့ သိရတယ်။ ကျွန်တော် တို့နဲ့ ခင်နေတာလည်း အတော်ကြာပါပြီ။ အစုထည့်ဝင်ငွေအတွက် တစ်လကို ကျပ်(၄၄) သိန်း ကျွန်တော်တို့က ရတယ်။ ပထမတော့ အမြတ်ငွေကို မှန်မှန်ပေးတယ်။ နောက်တော့ လုပ်ငန်းရှုံးလို့ဆိုပြီး ငါးသိန်းပေးလိုက်၊ ငါးသိန်းပေးလိုက် တစ်ခါတလေ သိန်း(၅၀)ပေးနဲ့ လစဉ်ရှင်းရမယ့် ငွေကြေးက အမြဲတမ်း ကျန်တယ်။ ခုပြီးသွားတဲ့ ဒီဇင်ဘာဆိုရင် ငွေ(၇)သိန်းပဲ ရသေးတယ်””ဟု ပြောသည်။

၎င်းကဆက်၍ ““ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း အမှတ်(၈) ဆိုရင်လည်း တစ်ခန်း ရောင်းပြီးသားကို နောက်လူထပ်ရောင်းနဲ့ ပြဿနာတွေ ကြားနေရတယ်။ ကျွန်တော် ငှားထားတဲ့ အခန်းကိုလည်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ကျွန်တော့်ဦးလေးတွေ အဒေါ်တွေဆိုရင် ၀န်ထမ်းလစာ ရတဲ့ငွေကို စုဆောင်းပြီး ထည့်ထားတာ ခုတော့ သူဘယ်လို ရှင်းမလဲ။ ကျွန်တော်တို့ ရမယ့် ငွေကြေးအတွက် ရှိတာကုန် သွားမှာမို့ တရားလည်း မစွဲနိုင်တော့ပါဘူး။ တချို့ဆို လူကို ယုံကြည်မှုနဲ့ စာချုပ်တောင် မချုပ်ဘဲ အလွတ် ပေးကြတာတွေ ရှိတယ်။ ခုလိုအရေးယူ ခံရတယ် ဆိုတော့လည်း စိတ်မကောင်းပါဘူး။ သူ့ကိုတွေ့ရင် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလောက်ငွေတွေ အများကြီး ဘာတွေ သုံးလိုက်တာလဲ ဆိုတာပါပဲ””ဟု ပြောသည်။

အဆိုပါ ဒေါ်ဆွေဆွေအုန်းထံတွင် အစုရှယ်ယာ ထည့်ဝင်ကြသည့် လူတန်းစားများမှာ တရားရုံးချုပ်(ငြိမ်း) တရားသူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများ ပါဝင်ပြီး နာမည်ကြီး အဆိုတော် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစုထည့်ဝင်ခြင်း မဟုတ်ပါဟု ငြင်းဆိုသည်။ ထိုသူမှာ ထွန်းထွန်း (Example) ဖြစ်သည်။

သိန်းပေါင်း (၆၃၀၀) အစု ထည့်ဝင်သူ (အမည်မဖော်လိုသူ) ကလည်း ““ကျွန်မ ဖခင်နဲ့မိခင်က နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတာ၊ ဒေါ်ဆွေဆွေအုန်းကို ယုံကြည်ပြီး ရှယ်ယာ ထည့်ပါတယ်။ တစ်ခါတည်း ဆုံးရော။ သူနဲ့ ရန်ဖြစ်ရတာလည်း အတော်မောနေပြီ၊ အမှုလည်း ဆက်မလုပ် ချင်တော့ပါဘူး။ အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ သိပ်လည်း မရင်းနှီးဘဲ ဒီလောက် ငွေကြေးတွေ ထည့်ဝင်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့ မဆုံးဘူး။ သြော် ငါးထမင်းချဉ်တော့ မကြာခဏ လာပို့တယ် ””ဟု ပြောသည်။

မှတ်ချက်။ (အဆိုပါသူအား ဂုဏ်သိက္ခာအရ အမည် မဖော်ပြသော်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း နိုင်သည်။)

ပတ်ဝန်းကျင်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်း သိန်း (၁၀၀၀) ပါဝင်သည်ဟု သတင်းကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အ၀င်ဖုန်း ပိတ်ထားသည်ဟု ဖြေကြားသည်။

တရားလို (အမည်မဖော်လိုသူ) ကျွန်းပါကေးတုံးပေါင်း (၃၅၁၀၀)တန်ဖိုးငွေကျပ် သိန်း (၃၀၀) အတွက် အမှုဖွင့် ထားသူကလည်း ရှယ်ယာငွေ ကျပ်သိန်း(၂၀၀၀) ထည့်ထားသည့် အမှုအတွက် မည်သို့မျှ ဒေါ်ဆွေဆွေအုန်းနှင့် မရင်ဆိုင်ရသေးကြောင်း၊ ယင်းသိန်း ၂၀၀၀ သည် ဆွေမျိုးများ၏ ၀ိုင်းဝန်း ထည့်ဝင်ငွေများ ဖြစ်ပြီး ၄င်းက တာဝန်ခံ ထားသဖြင့် စိုက်ရှင်းရမည် ဖြစ်၍ ခေါင်းခဲလျက် ရှိကြောင်း ပြောကြားသည်။

““ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဆိုတာက မည်သူမဆို ရာဇ၀တ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် အဲဒီလူကို သုံးနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမယ်တဲ့။ နောက်ပြီး အာမခံ မပေးနိုင်ဘူး။ ကျေအေးခွင့် မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်””ဟု တရားရုံးချုပ် လ/ထ ညွှန်ကြားရေးမှူး (ငြိမ်း) တရားလွှတ်တော် ရှေ့နေ ဦးသောင်းမြင့်က ပြောသည်။

အဆိုပါ အစုရှယ်ယာရှင် အချို့ထံ ဒေါ်ဆွေဆွေအုန်းက ငါးထမင်းချဉ် ပေးပို့လေ့ ရှိသည်ဟုလည်း သိရပြီး ၂၂-၁-၂၀၁၄ တွင် အစုရှယ်ယာရှင်များကို ဒေါ်ဆွေဆွေအုန်းက တွေ့ဆုံ ညှိနှိုင်းမည်ဟု အကြောင်းကြား ထားသော် လည်း ၂၁-၁-၂၀၁၄ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပုဒ်မ ၄၀၆ ဖြင့် အရေးယူ ခံထားရသဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် မသိကြောင်း အခုရှယ်ယာရှင် ကိုဖြိုးမင်းသိန်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်ဆွေဆွေအုန်း၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ထံ ဆက်သွယ် မေးမြန်းရာ ““မိသားစု သော်လည်းကောင်း၊ ဆွေမျိုး များမှသော်လည်းကောင်း အမှုကိစ္စနှင့် ပတ်သက်၍ အမှုသည်၏ ညွှန်ကြားချက်အရ ပြောဆိုမည် ဖြစ်သော်လည်း ညွှန်ကြားချက်နှင့် သွေဖည်သော မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအား ပြောကြားခွင့် မရှိပါ။ အခြား လိုအပ်တာ မှန်သမျှ လုံးဝ ကူညီမည်”” ဟုပြောသည်။

စိန်မျက်ခုံး

Myanmartandawsint Newspaper

သာသနာရေးဝန်ကြီးဌာနကို စစ်ဆေးနေခြင်းအား ပြည်ထဲရေးရုံးချုပ်မှ မသိရှိ


ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ဇနီး ဒေါ်မြမြစန်း၊ ဒုသမ္မတ(၁)ငြိမ်း သီဟသူရ ဦးတင်အောင်မြင့်ဦး၏ဇနီး ဒေါ်ခင်စောနှင်း၊ ဒုတိယဗိုလ်ချုပ်ကြီးများ ဖြစ်ကြသော ဦးခင်မောင်သန်း၊ ဦးအောင်ထွေး၊ ဦးရဲမြင့်တို့ကို (၂၁၊ ၁၊ ၂၀၁၄)တွင် တွေ့ရစဉ်။

သာသနာရေးဝန်ကြီးဌာနကို စစ်ဆေးနေခြင်းအား ပြည်ထဲရေးရုံးချုပ်မှ မသိရှိ အစိုးရသစ်လက်ထက် ပထမဆုံး အတိုင်ခံရသော ၀န်ကြီးကိုယ်တိုင် တောင်းဆိုမှုဖြင့် သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးအား တာဝန်ပေး၍ သာသနာရေး ၀န်ကြီးဌာနကို စစ်ဆေးနေခြင်းအား ပြည်ထဲရေးရုံးချုပ်မှ မသိရှိကြောင်း ဖြေကြား

    ““လူမွှေယောက်ျား၊ မင်းစေများ၊ ပြည်သူ့မီးပွား””ဆိုတာ ရှိပါသည်ဘုရား။ ရှေးမင်းများ လက်ထက်က ထိုပြည်သူ့မီးပွားများကို ထိရောက်စွာ အရေးယူခဲ့သည့် သာဓကတွေလည်း အထင်အရှား ရှိပါသည်ဘုရား။ တပည့်တော်သည် သာသနာရေး ၀န်ကြီးဌာနရှိ ၀န်ထမ်းများကို ပြည်သူ့မီးပွားများ မဖြစ်အောင် ကြပ်မတ်၍ ဆွဲတင်ပြုပြင်သွားမည် ဖြစ်ပါသည်ဘုရား။ အမုန်းခံ၍လည်း ဆောင်ရွက် သွားမည် . . .



ရန်ကုန်၊ ဇန်န၀ါရီ ၂၂

သာသနာရေး ၀န်ကြီးဌာနကို ညွှန်မှူး ၀န်ထမ်းတစ်ဦး၏ တိုင်ကြားချက်အရ ဘတ်ဂျက်များနှင့် အခြားသော ကိစ္စများကို သမ္မတရုံး ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးဝန်ကြီးက ဦးဆောင် စစ်ဆေးနေခြင်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဌာန (နေပြည်တော်)သို့ ဆက်သွယ်ခဲ့ရာ ၄င်းတို့အနေဖြင့် မသိရှိကြောင်း၊ ရဲချုပ်ရုံးသို့ ဆက်သွယ်ရန် ဖြေကြားခဲ့သည်။

ထို့နောက် ရဲချုပ်ရုံးသို့ ဆက်သွယ်ခဲ့ရာ ၄င်းတို့အနေဖြင့် ကိုင်တွယ်ခြင်း မဟုတ်သည့်အတွက် ပြည်ထဲရေးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့သည်။ သို့သော် ပြည်ထဲရေးဌာနက ရဲချုပ်ရုံးသို့သာ ထပ်မံ လွှဲပြောင်း ပေးခဲ့သည်။

သို့သော်လည်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မိမိတို့ဌာနကို စစ်ဆေး နေခြင်းမှာ ပြည်ထောင်စုဝန်ကြီးကို ပြည်နယ်သာသနာရေး ညွှန်ကြားရေးမှူးက ပြန်လည်၍ တိုင်ကြား ခြင်းကြောင့် ၄င်းတိုင်ကြားစာကို သမ္မတ ဦးသိန်းစိန်ထံ မရောက်မီ မိမိကိုယ်တိုင်ပင် သမ္မတကိုတွေ့ဆုံ၍ ဌာနကို စစ်ဆေးပေးရန် တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၂၀ ရက်က ရန်ကုန်မြို့တွင်  ကျင်းပခဲ့သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ အထူးအစည်းအဝေးတွင် ဆရာတော်ကြီးများကို လျှောက်ထားချက်၌ ထည့်သွင်းတင်ပြ လျှောက်ထားခဲ့သည်။

သာသနာရေး ၀န်ကြီးဌာနကို ဦးဆန်းဆင့် ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်တာဝန်ယူစဉ်မှစ၍ သာသနာရေး ဌာနသည် နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ ဆရာတော်ကြီးများ လက်အောက်တွင်ရှိကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူ၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ယခု သာသနာရေး ၀န်ကြီးဌာနကို အစိုးရ ပြည်ထဲရေး ၀န်ကြီးဌာနမှ ၀င်ရောက် စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံမှ မိန့်ကြားချက် တစ်စုံတစ်ရာမသိရှိရဘဲ ၀န်ကြီး၏ လျှောက်ထားချက်ကို Sky Net ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ခဲ့သည်။

သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများကို လျှောက်ထားရာတွင် “ယနေ့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးကို ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော်)၊ အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရ)၊ တရားစီရင်ရေးမဏ္ဍိုင်၊ စာနယ်ဇင်း မီဒီယာမဏ္ဍိုင်၊ ပြည်သူလူထုမဏ္ဍိုင်ဟု မဏ္ဍိုင် ကြီးငါးရပ်ဖြင့် တက်ညီလက်ညီ ချီတက်နေချိန် ဖြစ်ပါသည် ဘုရား။              

ယနေ့မျက်မှောက်ခေတ် ကာလတွင် လူမျိုးရေး၊ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှုများ၊ လူမျိုးရေး၊ ဘာသာရေးကို စီးပွားရေးအတွက် အသုံးချမှုများတို့ကြောင့် လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြု၍ ပဋိပက္ခများ အနှံ့အပြား ဖြစ်ပွားလျက် ရှိပါသည်ဘုရား။ ထိုဖြစ်ပေါ်လာမှုကို အကြောင်းပြု၍ မုန်းတီးခြင်း၊ စိတ်ဝမ်း ကွဲပြားခြင်း သာမက ခိုက်ရန် ဒေါသဖြစ်ပွားကြ၍ အကြမ်းဖက်မီးရှို့၊ သတ်ဖြတ်သည်အထိ ဖြစ်ပေါ် ခဲ့ပါသည်ဘုရား။ ထိုသို့ဖြစ်ပေါ်မှုများကို သံဃာတော် အရှင်သူမြတ်တို့ ကိုယ်တိုင် အသက်နှင့် ခန္ဓာကိုပင် မငဲ့ကွက်ဘဲ ဘာသာမရွေး၊ လူမျိုးမရွေး၊ အစားအစာနှင့် နေရာထိုင်ခင်းများပေး၍ ကယ်မထိန်းသိမ်း စောင့်ရှောက် တော်မူခဲ့ကြသည် ဘုရား။

မှားယွင်းမှုတွေ၊ ချို့ယွင်းမှုတွေ များပြားလာမည်ဆိုလျှင် ထိုချို့ယွင်းချက် အားနည်းချက်များသည် မိမိဘက်က အဆင့်ဆင့် မစိစစ်ဘဲ တစ်ဖက်သတ် ဆုံးဖြတ်လိုက်လို့ မှန်ကန်သူဘက်က နစ်နာသွားသောအခါ သာသနာရေး ၀န်ကြီးဌာနနှင့် သံဃနာယက အဖွဲ့တို့အပေါ် ရိုက်ခတ်လာမည် ဖြစ်ပါသည် ဘုရား။ အဂတိတရား လိုက်စား သည်၊ မမှန်မကန် ဆုံးဖြတ်သည်၊ မရိုးမသား ဆောင်ရွက်သည်၊ မပွင့်မလင်း ဆောင်ရွက်သည် စသည်ဖြင့် အကြည်ညိုကင်းမှုတွေ၊ ဂုဏ်သိက္ခာထိခိုက် ကျဆင်းမှုတွေ ဖြစ်လာနိုင်ပါသည်ဘုရား။ အချို့အမှု ကိစ္စများ၌ အဖွဲ့အစည်းများစွာ ပါဝင် ဆောင်ရွက် လာသည့်အတွက် ဆုံးဖြတ်ချက်များ ပိုမိုမှန်ကန်စွာ ချမှတ်ရန်၊ ပွင့်လင်းမြင်သာမှု ရှိရန် အလွန်ပင် အရေးကြီးလာသည်ကို တွေ့ရှိရပါသည်ဘုရား။

သာဓကအနေဖြင့် တပည့်တော်ဝန်ကြီးအပေါ် သာသနာရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက တိုင်ကြားမှုနှင့် စပ်လျဉ်း၍ တပည့်တော် ကိုယ်တိုင် သမ္မတကြီးထံ တင်ပြရာ သမ္မတကြီးက ဌာနတွင်းကိစ္စဖြစ်၍ မိမိဝန်ကြီးဌာနအတွင်းသာ ဖြေရှင်း ဆောင်ရွက်ရန် (၂)ကြိမ်တိုင်တိုင် ညွှန်ကြားသော်လည်း တပည့်တော်သည် လွတ်လွတ်ကင်းကင်း ဖြူစင်သူ တစ်ဦးဖြစ်ပြီး မမျှမတဖြစ်မည်စိုး၍သီးခြားအဖွဲ့များဖြင့် စစ်ဆေးပေးပါရန် တင်ပြမှုအရ ထိုတိုင်ကြားမှု ကိစ္စကို စုံစမ်းစစ်ဆေးလျက်ရှိရာ ထိုဆောင်ရွက်မှုသည် ထင်သာမြင်သာဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ် ပါသည်ဘုရား။ ၎င်းအပြင် အမှန်နှင့်အမှား၊ ဓမ္မနှင့်အဓမ္မကို သိသာ ထင်ရှားစေခြင်း၊ ပြည်သူအကျိုး၊ သာသနာအကျိုး ဆောင်ရွက်နေ ခြင်းဖြစ်တယ်ဆိုတာကို ရဟန်း သံဃာတော်များနှင့် ဘာသာဝင် များ၏ မှတ်ကျောက်အတင်ခံလိုခြင်းကြောင့် ဖြစ်ပါသည်ဘုရား။

ပြည်သူ့ဝန်ထမ်းဆိုသည်မှာ အောက်ခြေကို အလေးထားရပါမည်။ ပြည်သူကို အလေးထားရပါမည်။ အရာရှိတွေ အဆင်ပြေသော်လည်း အောက်ခြေ၀န်ထမ်းများမှာမူ အဆင်မပြေရှာကြပါ။ ၀န်ကြီးဌာန၀န်ထမ်းများ ဆန္ဒဖော် ထုတ်ပွဲ (ဒါဘာ)တွင် တာဝန်ရှိ ၀န်ထမ်းက တာဝန်မရှိသလို ပြောဆိုခြင်း၊ အကျင့်စရိုက်ဟောင်း အတိုင်း မပြုပြင်ခြင်း တို့ကြောင့် တပည့်တော်သည် ၀န်ကြီးဌာနအတွင်း ကောင်းအောင် ပြုပြင်လျက် ရှိပါသည်ဘုရား။ မဃဒေ၀လင်္ကာတွင် ““လူမွှေယောက်ျား၊ မင်းစေများ၊ ပြည်သူ့မီးပွား””ဆိုတာ ရှိပါသည် ဘုရား။ ရှေးမင်းများ လက်ထက်က ထိုပြည်သူ့မီးပွားများကို ထိရောက်စွာ အရေးယူခဲ့သည့် သာဓကတွေလည်း အထင်အရှား ရှိပါသည်ဘုရား။ တပည့်တော်သည် သာသနာရေး ၀န်ကြီးဌာနရှိ ၀န်ထမ်းများကို ပြည်သူ့မီးပွားများ မဖြစ်အောင် ကြပ်မတ်၍ ဆွဲတင်ပြုပြင် သွားမည်ဖြစ် ပါသည်ဘုရား။ အမုန်းခံ၍လည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည် ဘုရား။

ထို့ပြင် သံဃာတော်များ အတွင်းတွင်လည်း အဖွဲ့အစည်း အသီးသီး ပေါ်ပေါက်လာပြီး လက်ရှိ သံဃာ့ အဖွဲ့အစည်းများနှင့် အပြိုင်သဖွယ် ဆောင်ရွက်နေမှုများ ဖြစ်ပေါ်နေပြီ ဖြစ်ပါသည် ဘုရား။ အင်တာနက်၊ မီဒီယာများတွင် သံဃာအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် သွေးခွဲဆောင်ရွက် နေတာရှိသလို သာသနာရေး ၀န်ကြီးအနေဖြင့်လည်း အခြား ဘာသာဝင်များ၏ ဘာသာရေး အခမ်းအနားများသို့ တက်ရောက်ပြီး ၎င်းတို့ ကိုးကွယ်ရာ ဘုရားသခင်၏ အဆိုအမိန့်များဖြစ်သော မေတ္တာတရားထားဖို့၊ မကောင်းမှုကို မပြုလုပ်ဖို့၊ ကောင်းမှုကို ပြုလုပ်ကြဖို့၊ အမှာစကား ပြောကြားသည်ကိုပင် အင်တာနက်နှင့် မီဒီယာအချို့က သာသနာရေး ၀န်ကြီးနှင့် သံဃာတော်များအကြား စိတ်ဝမ်းကွဲပြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာကိုလည်း တွေ့မြင်နေရ ပါသည်ဘုရား။

တပည့်တော် ဖြည့်စွက်လျှောက်ထား လိုသည်မှာ ဤဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို နိုင်နိုင်နင်းနင်း ပြည့်ပြည့်စုံစုံ ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ပါ့မလားလို့ ဆရာတော်ကြီး အချို့က စိုးရိမ်တယ်ဆိုတာ ကြားသိရ ပါတယ် ဘုရား။

တပည့်တော်နှင့်… ယခု အကြံပေးပုဂ္ဂိုလ်ဖြစ်နေသော ဦးအံ့မောင်သည် ယင်းအခမ်းအနားတွင် သာသနာရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်အဖြစ် အတူတူတာဝန် ထမ်းဆောင်ခဲ့ဖူးသည့် အတွေ့အကြုံ ရှိပါသည်ဘုရား။ သို့ဖြစ်ပါ၍ သာသနာ သမိုင်းမှတ်တိုင်တစ်ရပ် ထွန်းပေါက်လာသည်အထိ ကြိုးစားဆောင်ရွက် သွားမည် ဖြစ်ပါသည်ဘုရား”” ဟူ၍ ထည့်သွင်း လျှောက်ထားခဲ့သည်။

အစိုးရသစ် လက်ထက်တွင် ဌာနတွင်း ၀န်ထမ်းက ၀န်ကြီးကို ပြန်လည်တိုင်ကြား၍ အတိုင်ခံရသော ၀န်ကြီးကိုယ်တိုင်က မိမိနှင့်ဌာနကို စစ်ဆေးရန် သမ္မတကြီးအား တင်ပြ တောင်းဆိုခြင်း ဖြစ်ရပ်မှာ ပထမဆုံးဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့ ၀င်မည်သည့် ၀န်ကြီးကမျှ မိမိတို့ကို အဖွဲ့ဖွဲ့၍ စစ်ဆေးနိုင်ကြောင်း မှတ်ကျောက်တင် တင်ပြတောင်းဆိုနိုင်ခြင်း မရှိသေး၊ သမ္မတရုံး၏ ညွှန်ကြားမှုဖြင့် ပြည်ထဲရေးဝန်ကြီး ဦးဆောင် စစ်ဆေးနေသည့် ရလဒ်မှာလည်း မည်သို့ ဖြစ်လာမည်ကို သာသနာရေးနှင့် နိုင်ငံရေး ဆက်စပ် ပတ်သက်ရာ အသိုင်းအ၀ိုင်းများက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။


နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အထူးအစည်းအဝေးသို့ ကြွရောက်သည့် ဆရာတော်ကြီးများအား ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ယခင်စစ်အစိုးရ (နယက) အကြီးအကဲဟောင်းများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း)+ ဒေါ်မြမြစန်း၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ဇနီးဒေါ်ခင်သန်း နွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး တင်လှ (ငြိမ်း)+ဒေါ်ခင်ဝင်းကြည်၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ငြိမ်း)+ ဒေါ်ခင်စောနှင်း၊ ဗိုလ်ချုပ် ကြီးစိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွဲ့၊ ဒုတိယ ဗိုလ်ချုပ်ကြီးခင်မောင်သန်း (ငြိမ်း)+ ဒေါ်မာလာတင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘို၏ဇနီး  ဒေါ်ခင်လေးမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး (ငြိမ်း)+ ဒေါ်ခင်နှင်းဝေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (ငြိမ်း)+ ဒေါက်တာ ဒေါ်တင်လင်းမြင့် နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း(ငြိမ်း)+ ဒေါ်ခင်စန်းရီ မိသားစုများက လာရောက်၍ သမ္မတ၏ ညွှန်ကြားချက်အရ ပြည်ထဲရေး ၀န်ကြီးဌာနမှ စစ်ဆေး လျက်ရှိသော သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့်အတူ လုပ်ဖော် ကိုင်ဘက်များ စုပေါင်းကာ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

Myanmartandawsint Newspaper

ဧရာဝတီ လယ်သမား ၄၀၀ ကျော် တရားစွဲခံထားရ


ဧရာဝတီတိုင်းထဲက လယ်သမား ၄၀၀ ကျော် လယ်မြေအမှုတွေနဲ့ တရားစွဲ ခံနေရပြီး မော်လမြိုင်ကျွန်း မြို့နယ်မှာ အများဆုံး ဖြစ်ပွားနေတယ်လို့ တောင်သူလယ်သမားများနဲ့ မြေယာ လုပ်သားများသမဂ္ဂက ဦးအောင်မိုးဝင်းက ပြောပါတယ်။

လယ်ယာမြေမှတ်ပုံတင်ဖို့ သတ်မှတ်ထားတဲ့ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီး ၃ လလောက် အတွင်း အခုလို လယ်သမားတွေ ရာနဲ့ချီ အမှုရင်ဆိုင်နေကြရတာဖြစ်ပြီး တရားစွဲခံရပုံကို သူပြောပြတာက “လယ်သမားတွေက ငွေကြေးမတက်နိုင်တဲ့အခါကြတော့ လုပ်ငန်းရှင်တွေဆီက ငွေကြေးတွေ ယူရတယ်။ အဲဒီ ငွေကြေး အပေးအယူ ကိစ္စတွေ ရှိတယ်။ လယ်ယာမြေ မှတ်ပုံတင်ခါနီးကြတော့ လုပ်ငန်းရှင်တွေကနေပြီး မြေစာရင်းတွေနဲ့ ပေါင်းတယ်၊ နောက် တရားရုံးတွေနဲ့ ပေါင်းတယ်။ ဒီဟာက အမှန်တကယ်ကတော့ ငွေကြေးအပေးအယူနဲ့ ပတ်သက်လို့ရှိရင် တရားမလမ်းကြောင်းနဲ့ ငွေရလိုမှုနဲ့သာလျှင် အမှုတရားစွဲပြီး တောင်းသင့် တယ်။ ဒါပေမယ့် တော်တော်များများဖြစ်နေတာ အဲလိုမဟုတ်ဘူး။ အသားလေး ငွေကို ထိုးပေးလိုက်ပြီးတော့ အဲဒီမှာ စပါးဈေးတို့ တင်းတိုးတို့ အဲဒီလို ပြန်ပြီး မဆပ်နိုင်တဲ့ ပုံစံမျိုးတွေ လုပ်တယ်။ နောက်တချို့ဆိုရင် လက်မှတ်ကို စာရွက်ဗြောင်မှာ ထိုးခိုင်းတယ်။ လယ်သမားတွေက အလုပ်ချိန်ကြလာပြီဆိုရင် သူရဲ့ ယုံကြည်မှုအရ ထိုးပေးလိုက်တာပဲ။ ပြီးတော့ စာရွက်ဗြောင်မှာ ရေးချင်ရာရေးလိုက်တာပဲ။ ရေးချင်တာရေးပြီး အာဏာပိုင်နဲ့ ပေါင်းပြီး အခုလို လယ်ယာမြေတွေ မှတ်ပုံတင်ရမယ့်အချိန်မှာ သူကဘာလုပ်လဲဆိုတော့ ဥပမာ ဦး ၅၀ ကို သူကိုင်ထားပြီး ၂ ယောက် ၃ ယောက်လောက်ကို တရားရုံးနဲ့ပေါင်း ငွေပေးပြီးတော့ တရားစွဲပြီး အတင်း ထောင်ချလိုက်တယ်။ အဲဒီလို ချရင်းနဲ့ လယ်သမားကို ကြောက်အောင် လုပ်လိုက်ပြီး နောက်လူတွေဆီက လယ်တွေ သိမ်းလိုက်တယ်။ အဓိကဖြစ်တဲ့ ပြဿနာက အဲဒါပဲ။” တောင်သူလယ်သမားများနဲ့ မြေယာလုပ်သားများသမဂ္ဂက ဦးအောင်မိုးဝင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

နောက်တမျိုးက အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ပေးမယ်ဆိုတဲ့ သတင်းကြားပြီး လယ်မြေ ပြန်မရသေးတော့ အဲ့ဒီ လယ်တွေမှာ ၀င်ရောက်ထွန်ယက်စိုက်ပျိုးလို့ တရားစွဲခံကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက် စိုက်ပျိုးမှု၊ ပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲ ခံနေရတာဖြစ်ပြီး လယ်သမား ၇၀ လောက်လည်း ထောင်ဒဏ်ကျခံခဲ့ရပါတယ်။

လယ်သမားတွေ တရားစွဲခံနေရတာနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားကွန်ရက် တာဝန်ခံ တွေနဲ့ တိုင်းအစိုးရ တာဝန်ရှိသူတွေ ၃ ကြိမ်ထက်မနဲ တွေ့ဆုံဆွေးနွေးကြပြီး ဖြစ်ပေမယ့် အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် ဖြေရှင်းမပေးနိုင်သေးပါဘူး။

ဇန်န၀ါရီ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်ထဲ လယ်သမားတွေကို ကုမ္ပဏီတွေက တရားစွဲနေတဲ့ ကိစ္စ၊ လယ်မြေအမှုတွေ တရားရုံးမှာ ကြန့်ကြာနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေးခွန်း မေးမြန်းခဲ့ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးမြင့်အောင် လာရောက်ဖြေကြားသွားပုံနဲ့ လယ်မြေ စုံစမ်း စစ်ဆေးရေးကော်မရှင်အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးအောင်သိန်းလင်း က “ပုဒ်မ ၄၂၇ ကတော့ တရားရုံးကို တိုက်ရိုက်လျှောက်ရတယ်။ ပုဒ်မ ၄၄၇ က ရဲအရေးပိုင်တဲ့အမှု လို့ပြောတယ်။ နောက်တခုကတော့ ပုဒ်မတွေကို အလွယ်တကူ လုပ်နေတယ်၊ နောက်တခုက တရားရုံးတွေက ပုဒ်မ ၂ နဲ့ ပတ်သက်ပြီး အတည်ပြုတဲ့အခါမှာ တအားကြာတယ်။ ဒါတွေကို စိစစ်ပေးဖို့ ပြောတယ်။ သူတို့ ဘာမှ ပြောမသွားဘူး။ အောက်ခြေမှာ ကြာသင့်ကြာထိုက်တာထက် ပိုကြာနေတဲ့ ကိစ္စတွေကို လေ့လာပြီးတော့မှ အထောက်အထားအချက်အလက်နဲ့ ပြန်တင်ရမှာ ပေါ့ဗျာ။ ကျနော်တို့က လာပြီးတိုင်ကြတာကို ကြားနေတာကိုး။ သေသေချာချာ အောက်ခြေ စုံစမ်းပြီးတော့မှ တရားလွှတ်တော်ချုပ်ကို တင်မယ်လို့ စဉ်းစားထားပါတယ်”လို့ ပြောပါတယ်။

လယ်မြေတွေ အသိမ်းခံရတဲ့အပြင် တရားစွဲဆို ထောင်ချခံနေရတဲ့ လယ်သမားတွေအရေး အတွက် တောင်သူလယ်သမားကွန်ရက်တွေ စုပေါင်းပြီး အဖြစ်များတဲ့ မော်လမြိုင်ကျွန်းမှာ စခန်းချ ဖြေရှင်း လုပ်ကိုင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

မြန်မာသံတော်ဆင့် အတွဲ(၂) အမှတ်(၄၆)

အကျယ်ချဲ့ကြည့်ရန်





၂၄-၁-၂၀၁၄ နေ့ထုတ် - မဇ္စျိမ သတင်းစာ

အကျယ်ချဲ့ကြည့်ရန်





ရတနာပုံနေ့စဉ်သတင်းစာ (၂၄-၁-၂၀၁၄) သောကြာနေ့

အကျယ်ချဲ့ကြည့်ရန်





မြ၀တီနေ့စဉ်သတင်းစာ (၂၄-၁-၂၀၁၄) သောကြာနေ့

အကျယ်ချဲ့ကြည့်ရန်





မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် မှတ်ပုံတင် မထားသော မြန်မာဆေးဝါးများ ဖမ်းပြီ


လိင် အားတိုးဆေးများ အပါအ၀င် မှတ်ပုံတင် မထားသော မြန်မာဆေးဝါးများ
တင်သွင်းနေသည့် မြန်မာဆင်ဒီကိတ်အဖွဲ့ကိုဘန်စာနှင့် ပါဆီယံဆစ် ပူထရာမှစတို ၅ ခုတွင်
၁၀ တန်မျှ အလေးချိန်ရှိသည့် မြန်မာဆေးဝါးများ ဖမ်းဆီးမိခဲ့ကြောင်း ...

ထိုဆေးဝါးများသည် မလေးငွေ အာအမ် ၂.၁ သန်းကျော်ရှိကြောင်း အဖျားပြတ်ဆေး
ကိုယ်ဝန်တားဆေး အကိုက်အခဲပျောက်ဆေး စသည့်ဆေးများ အပါအ၀င် မြန်မာနိုင်ငံလုပ်
ဆေးဝါးများဖြစ်ကြောင်း မလေးရှားနိုင်ငံထုပ် စတားသတင်းစာတွင် ဖော်ပြထားပါသည်။

(၂၄-၁-၂၀၁၄ စကားသတင်းစာ)

Credit to: Thet Swe
Free Online Radio Media (Malaysia)

အဝတ်ဗလာ ကိုယ်ထည် (naked body) ပေါ်မှာ တည်ခင်း ဧည့်ခံတဲ့ Body Sushi


ဂျပန် နိုင်ငံမှာ ဗလာကျင်း လူခန္ဓာကိုယ် (naked body) ပေါ်မှာ တည်ခင်း ဧည့်ခံတဲ့ Body Sushi ဆူရှီဆိုင်တွေ ရှိပါတယ်။ အမျိုးသမီး ခန္ဓာကိုယ် ပေါ်မှာ ဆိုရင် Nyotaimori လို့ခေါ်ပြီး အမျိုးသား ပေါ်မှာ ဆိုရင် Nantaimori လို့ခေါ်ပါတယ်။ သက်ရှိ ဆူရှီဗန်းကို ပြင်ဆင်တဲ့ အခါ အဲ့မော်ဒယ်က အချိန်ကြာကြာ မလှုပ်မယှက် လဲလျောင်း နိုင်အောင် လေ့ကျင့် ရတဲ့အပြင် ဆူရှီရဲ့ အေးစက်တဲ့ အထိအတွေ့ကို ကျင့်သား ရအောင် လေ့ကျင့် ရပါတယ်။ မော်ဒယ်ကို အနံ့အသက် မရှိတဲ့ ဆပ်ပြာနဲ့ ရေချိုး သန့်စင်ပြီးမှ ဆူရှီကို တည်ခင်း ပါတယ်။ တချို့ နိုင်ငံမှာတော့ သန့်ရှင်းမှု ကျန်းမာရေး ဥပဒေ အရ လူခန္ဓာကိုယ် ပေါ်မှာ ပလတ်စတစ် ဒါမှမဟုတ် တစ်ခုခု ခံဖို့ လိုပါတယ်။ ဒါပေမယ့် ဒီလို စတန့်ထွင်တဲ့ body sushi တွေကို နိုင်ငံတော်တော် များများက ကျန်းမာရေး အရ၊ ယဉ်ကျေးမှု အရ လက်မခံဘဲ ပိတ်ပင် ထားပါတယ်။ ဂျပန် ရိုးရာ ဓလေ့ထုံးစံ တစ်ခု ဖြစ်ပေမယ့် အများစုက မကြိုက် နှစ်သက် ကြဘဲ Tokyo, Kyoto နဲ့ Osaka မြို့တွေ လောက်မှာပဲ Body Sushi ဆိုင်တွေ ရှိပါတယ်။

[source: wiki, image from imgur]
Myanmar Youth Media Club

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို အစ္စလမ်ဘာသာသို့အဓမ္မစည်းရုံး သိမ်းသွင်းခြင်းမပြုရန် သဘောတူညီမှုရ


24-1-2014

ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်တို့ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန်အတွက် ၉၆၉ ဆရာတော် ဦးဝီရသူ (မစိုးရိမ်) နှင့်ငြိမ်းချမ်းရေးနှင့်သံတမန်ကွန်ယက်မှ အစ္စလမ်ဘာသာဝင်အချို့တို့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ဇန်န၀ါရီလ(၂၃)ရက်နေ့ကသဘော တူညီချက် အချို့ရယူခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဗုဒ္ဓဘာသာအမျိုးသမီးများကို အစ္စလမ်ဘာသာသို့အဓမ္မစည်းရုံးသိမ်းသွင်းခြင်း မပြုရန်၊ ဗုဒ္ဓ ဘာသာကွယ်ပျောက်မည့်ပြည်သိမ်းစီမံကိန်းလုပ်ဆောင်မှုများကို ရပ်တန့်ရန်အတွက် ဆရာတော်ဦးဝီရသူမှ မိန့်ကြားခဲ့ပြီး ငြိမ်းချမ်းရေးနှင့်သံတမန်ကွန်ယက်မှလည်းပဋိပက္ခဖြစ်သည့်အချိန်များတွင် ဗလီကျောင်းများကိုမီးရှိုဖျက်စီးခြင်းမပြုရန်နှင့် အဆိုပါ ကိစ္စရပ်များအားပူးပေါင်းဖော်ထုတ်အရေးယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှစ်ဘက်သဘောတူခဲ့ခြင်းဖြစ်သည်။

“သူတို့က သူတို့ယုံကြည်ကိုးကွယ်လို့ ဘာသာကူးပြောင်းသွားတာ ဆိုဘုန်းကြီးတို့အနေနှဲ့ပြောစရာ မရှိဘူး။ ဒါပေမယ့် အတင်းအဓ္ဓမ သိမ်းသွင်းစီးရုံးတာကို ဘုန်းကြီးတို့အနေနဲ့ ရှုံ့ချတယ်။ပြည်သိမ်း စီမံကိန်းဆိုတာ တကယ်မရှိပါဘူးဆိုတာကို အစ္စလမ်သာသနာရေး အဖွဲအစည်းတွေကလည်း ဖြေရှင်းသင့်တယ်။” ဟု ဆရာတော် ဦးဝီရသူကမိန့်ကြားခဲ့သည်။

ဘာသာဝင် နှစ်ခုကြား အတူငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တိုင်းလုံးကျွတ်ညီလာခံ တစ်ရပ်ပြုလုပ်သွားရန်အစီစဉ်ရှိပြီး အစ္စလာမ်ဘာသာရေးအဖွဲ ၅ ခုကိုပါ
ဖိတ်ကြားသွားမည်ဟု ဆရာတော်မှ ဆက်လက်မိန့်ကြားခဲ့သည်။

ပဋိပက္ခများဖြစ်ပွားရာတွင် အခြေခံလူတန်းစားများ၏ အသက် အိုးအိမ်များနှင့်ဗလီများသာ ဆုံးရှုံးပျက်စီးရသည် ဖြစ်၍ အဆိုပါ အဖြစ်အပျက်မျိုးမဖြစ်စေရန်ဆရာတော်ဦးဝီရသူ ဦးဆောင်သည့် ၉၆၉ အဖွဲ့များမှ ထိန်းသိမ်းပေးရန်ငြိမ်းချမ်း ရေးနှင့်သံတမန်ကွန်ယက်မှလည်း ပြန်လည်တောင်းဆိုခဲ့သည်။

“ အစွန်းရောက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီးတော့ ဆရာတော်အနေနဲ့နည်းနည်းသည်းခံပေး ပါ၊ အဲ့ဒီနှစ်ပေါင်း ၆၀လုံးအရိုးစွဲနေပြီဖြစ်လို့အဲ့ဒါကို ပြင်ဖို့အတွက်က အချိန်ယူရ ဦးမှာဖြစ်ပါတယ်” ဟုငြိမ်းချမ်းရေးနှင့်သံတမန် ကွန်ယက်အဖွဲ့ဝင် ဦးတင်ဝင်းက ပြောသည်။

မျိုးဆက်သစ်လူငယ်များ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီး သံသယကင်းရှင်းစွာအယူသည်းအစွန်း ရောက်နေမှုများကို မြန်မာ-အစ္စလာမ်ဘာဘာဝင်များအကြားနှစ်ဘက်ရှင်းလင်းတင်ပြနိုင်ရေးအတွက် နှစ်ဘက်စလုံးမှဆက်လက်ကြိုးစားသွားမည်ဟုပြောကြားကာ နှစ်ဘက်အဖွဲ့အစည်းမှ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုမှာ ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး၊ ပထမအကြိမ်မှာ၂၀၁၃ခုနှစ် မေလပိုင်းက တွေ့ဆုံကာ နှစ်ဘက်ဘာသာ ရေးခေါင်းဆောင်များမှပဋိပက္ခမဖြစ်ပွားစေရေး ညှိနှိုင်းခဲ့ကြသေးသည်။

တွေ့ဆုံမှုကို ဇန်န၀ါရီလ(၂၃)ရက်နေ့က ရန်ကုန်သင်္ကန်းကျွန်းမြို့နယ် ငါးကျမ်းပျံ(ထားဝယ်) သာသနာ့ရိပ်သာ၌ မွန်းလွဲ(၁)နာရီမှ ညနေ(၄)၀န်းကျင်အထိပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်များနှင့် ကွန်ယက်အဖွဲ့ဝင်များသတင်းထောက်များတတ်ရောက် ခဲ့ကြသည်။

BY မိုးမြင့်ကျော်(မြစ်မခ)
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ - မ.ဘ.သ

ပုဂံဗိုလ်ချိုမှ စခဲ့တဲ့ သူ့ကျွန်မခံတဲ့ စိတ်ဓါတ်


၁၈၈၅ ခုနှစ် နိုဝင်ဘာလမှာ သီပေါမင်းတရား ပါတော်မူပြီးနောက် သူ့ ကျွန်မခံ စိတ်ဓာတ်နဲ့ မြန်မာမျိုးချစ် သူရဲ ကောင်းများဟာ နယ်ချဲ့ တို့ကို ရရာလက် နက်စွဲကိုင် လို့ တော်လှန်တိုက်ခိုက်ခဲ့ကြ တယ်။ အင်္ဂလိပ် -မြန်မာ တတိယ စစ်ပွဲမှာ မြန်မာ ဘုရင် တပ်မတော် သားပေါင်း ၂၅၆၃၉ ဦး ရှိခဲ့တယ်လို့ မှတ်တမ်းတင် ကြတယ်။  အတွင်း ၆ စု သေနတ်စွဲ အမှုထမ်း ၃၃၂၇ ဦး၊ စုသေး သေနတ်အမှု ထမ်း ၄၅၃၈ ဦး၊ အမြောက် အမှုထမ်း ၇၉၅ ဦးရှိခဲ့တယ်။ မြင်းစု အမှုထမ်း ၅၁၁၈ ဦး၊ ရှေ့ဝင်း နောက်ဝင်း အမှုထမ်း ၁၅၈၂ ဦး၊ ရေတပ်လှေသင်း အမှုထမ်း ၆၂၃၈ ဦးရှိခဲ့ပါတယ်။
နန်းတွင်း မှူးမတ်တွေ သဘောကွဲ လွဲနေပြီး စည်းလုံး ညီညွတ်ရေး ပျက်ပြား နေတာကို နယ်ချဲ့က အတတ်သိနေတယ်။ ဧရာဝတီမြစ်ကြောင်း အတိုင်း လက်နက် အင် အားကောင်းကောင်း စစ်သားအ ပြည့် သင်္ဘော ၅၂ စင်းနဲ့ ချီတက်သိမ်း ပိုက်ခဲ့တာပါ။ ကြည်းကြောင်း၊ ရေကြောင်း ညှပ်ပြီး တိုက်ကြမယ်။ ကင်းဝန်မင်းကြီး က နယ်ချဲ့ စစ်ပရိယာယ်ကို နားမလည် ဖြစ်ပြီး လက်နက်ချ ခိုင်းလိုက်တယ်။ ပြည်သိမ်း ဗိုလ်ချုပ်ဂျင်နရယ် ပရင်ဒါ ဂတ် မြန်မာတပ်တွေ ရဲ့ လက်နက်တွေကို ကုန်စင်အောင် မသိမ်းနိုင် လို့ နောင်အ ခါ အပြစ်တင်ခံရတယ်။
သူ့ကျွန်မခံ မြန်မာ မျိုးချစ်တွေကို ၁ဝ နှစ်ခန့် နှိမ်နင်းရတဲ့ စစ်စရိတ်က သီပေါမင်းကို ဖမ်းဆီးဖို့ စစ်ဆင်ရေး အသုံးစရိတ်ထက် ပိုနေလို့ပဲ။ မြင်စိုင်းမင်း သား၊ မင်းကြီးရွှေ လရောင်၊ စကြာမင်း သား၊ ပုဂံဗိုလ်ချို၊ ရှိမ်းမကားဗိုလ်ရိုင်၊ ထိပ်တင်စောရန်နိုင်၊ ထိပ်တင်စောရန် ပိုင်၊ ရွှေချိုးဖြူမင်းသား၊ မင်းဘူးဗိုလ် ဥတ္တမ၊ ဗိုလ်ဆွန်ပက်၊ ဝန်းသိုစော် ဘွား ဦးအောင်မြတ် စသဖြင့် မြန်မာမျိုးချစ် တွေအကြောင်းကို သခင်နု (နောင်-ဝန်ကြီး ချုပ်)က စုစည်းလို့ အာဇာနည် ဆိုတဲ့ စာ အုပ်တစ်အုပ် ရေးသားပြီးဂုဏ်ပြုခဲ့တယ်။ နယ်ချဲ့တွေ အမြင်က အဲဒီမျိုးချစ်တွေကို သူတို့ သိမ်းပိုက်ပြီးတဲ့ ကိုလိုနီနယ်မြေ တွေ မငြိမ် မသက်ဖြစ်အောင် လုပ်တဲ့  သူခိုးဓားပြ သဖွယ်သာ သဘောထားခဲ့ တယ်။ ဘုရင့် တပ်မတော်ရဲ့ လက်ကျန် လက်နက်တွေနဲ့ တိုက်ခိုက်နေလို့ အိန္ဒိ ယပြည်က စစ်တပ်တွေကို ခေါ်ယူနှိမ် နင်းခဲ့ရတယ်။
ဗိုလ်ချိုသမိုင်းက အထူးခြားဆုံး
အင်္ဂလိပ်ကို လူအင်အား၊ လက် နက်အင်အား အများဆုံးသုံးလို့ အင်္ဂလိပ် ကို ဒုက္ခ အပေးဆုံး ပုဂ္ဂိုလ်မှာ ပုဂံမြို့နယ် တစ်ဝိုက် ငသရောက် နယ်တလွှား ပုန် ကန်နေတဲ့ ဗိုလ်ချို နဲ့ သားနှစ်ဦး အဖွဲ့ဖြစ် တယ်။ ပုန်ကန်မှု အစောဆုံးပြုလုပ်ပြီး နောက်ဆုံးမှ ဖမ်းဆီးနိုင်ခဲ့တယ်။ ဗိုလ်ချို တို့သားအဖကို ဖမ်းဆီး အဆုံးစီရင်နိုင်ပြီး မှ မြန်မာခေတ် ဦးတော်လှန်ရေးကြီး တစ် ရပ်ပြီး ဆုံးတယ်လို့ ဆိုရမှာဖြစ်တယ်။
ဗိုလ်ချိုဟာ ပုဂံမြို့ဝန် ဦးညိုရဲ့ ဝန် စာရေး တစ်ဦးဖြစ်လို့ စစ်မှုရေးရာ နား လည် တတ်ကျွမ်းတယ်။ မင်းမှုထမ်း မျိုးရိုးဖြစ်တယ်။ လူသူစုဆောင်း၊ လက်နက် အင် အားကောင်းကောင်း နဲ့ နယ်ချဲ့ကို ဒုက္ခအပေးနိုင်ဆုံးဖြစ်ခဲ့တယ်။ ဗိုလ်ချိုရဲ့ ညောင်ဦး ကမ်းပါးတိုက်ပွဲမှာ အင်္ဂလိပ် တို့ အရှက်ရတဲ့ အပြင် ဗိုလ်ချိုရဲ့ နောက် လိုက် အင်အား ကို အင်္ဂလိပ်က အကဲ ခတ်မိတယ်။ ပုဂံစစ်ဒေသမှူး မေဂျာအဲ ယားနဲ့ မြင်းခြံခရိုင် အရေးပိုင် ကပ္ပတိန် ကောလင်းတို့ ခေါင်းချင်းဆိုင် ကြရတယ်။ ပုဂံဗိုလ်ချို တို့အဖွဲ့ဟာ သေနတ်ကိုင်သူ တွေများတော့ စစ်အင်အား အပြင် စစ် ပရိယာယ်ဝေဝုစ်တွေပါ သုံးပြီး နှိမ်နင်းရ တော့တယ်။
ဗိုလ်ချိုနဲ့ ပတ်သက်တဲ့ ဆွေမျိုးတွေ ကို ခေါ်ယူစစ်ဆေး ဒုက္ခပေးလာကြ တယ်။ အရင်းအချာတွေ က ပုဂံတစ်ဝိုက် မနေထိုင်ရဲကြဘဲ ရှောင်တိမ်း နေကြရ တယ်။ ပုဂံဗိုလ်ချို အတ္ထုပ္ပတ္တိ ကို စာရေး ဆရာကြီး တစ်ဦးက ရေးသား ထုတ်ဝေဖူး ပါတယ်။ ပုဂံဒေသ တစ်ဝိုက် ဗိုလ်ချိုနဲ့ ဆွေမျိုးတော်စပ် သူများထံက ရရှိတဲ့အ ချက်တွေကို မူတည်ပြီး ၁၉၉၅ ခုနှစ်က ထုတ်ဝေခဲ့တယ်။ တတိယ အကြိမ် မြောက် ထပ်မံရိုက်နှိပ်ရပါတယ်။
အဲဒီစာအုပ်မှာ ဗိုလ်ချိုရဲ့ ဇနီးဖြစ် သူက အောက်ပြည်အောက်ရွာ ခရမ်းသုံး ခွကို ရှောင်တိမ်းဇာတ်မြှုပ်သွားတာ လည်းရေးခဲ့ပါတယ်။
ဗိုလ်ချိုနဲ့ သက်ဆိုင်သူတွေ ပေါ်လာ
ဗိုလ်ချိုရဲ့ ဇနီးဘက်မှ ဆွေမျိုးတစ်ဦးက ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူးကြီး သန်းစိန် (ပခုက္ကူ) ဖြစ်ခဲ့ပြီး ၄င်း၏ သမက်ဖြစ်သူ အရေပြား အထူးကုဆရာ ဝန် ကြီး ဒေါက်တာ ကံဦးက ဗိုလ်ချိုဇနီး မှာ ပခုက္ကူဘက် သို့ တိမ်းရှောင်သွားခဲ့ တာဖြစ်ပြီး အင်္ဂလိပ် ပိုင်နက် ခရမ်းသုံးခွ ဘက်သို့ တိမ်းရှောင်တာ မဟုတ်ကြောင်း မူရင်း စာရေး ဆရာအား ခေါ်ယူဆွေးနွေး ခဲ့တယ်လို့ ရင်းနှီးမှု အရ ကျွန်တော့်အား ရှင်းပြပါတယ်။
ပုဂံမှ ပုခန်းကြီးကို သွားရာ ဧရာဝ တီမြစ်ကမ်း မြင်သာရွာ ကို ဗိုလ်ချိုဇနီးနဲ့ သမီးများ လျှို့ဝှက် ထွက်လာကြတယ်။ မြင်သာဟာ ဧရာဝတီမြစ် ရဲ့ အနောက် ဘက်ကမ်းဖြစ် လို့ ပုဂံဒေသနဲ့ အဲဒီတုန်း က အဆက်အသွယ် မရှိပါဘူး။ ပုခန်းမြို့ ကို ကူးရာ”ပခန်းကူး” မြစ်ဆိပ်ဆိုပြီး အင်္ဂလိပ် ကိုလိုနီခေတ်ဟောင်း မှာ စည် ကားပြီး ပုခန်းကူးမှ ပခုက္ကူမြို့ ရယ်လို့ဖြစ် လာပါတယ်။ မြင်သာရွာဟာ ပခုက္ကူနဲ့ ဆက်စပ်နေတဲ့ ရပ်ကွက် တစ်ခုဖြစ်လာ ပါတယ်။
ဗိုလ်မှူးကြီး သန်းစိန်ဟာ ပခုက္ကူမှာ ဆွေမျိုးများ နဲ့တွေ့ဆုံမေးမြန်းတတ်ပြီး ပုဂံ ဗိုလ်ချိုရဲ့ အဆက် အနွှယ်တွေကို စုံ စမ်းခဲ့တယ်။ ဆွေစဉ်ဇယား  Family Tree ကို ၁၉၈၃ ခုနှစ် က သမက်ဖြစ်သူ ဒေါက်တာ ကံဦးကို ရေးမှတ်စေပါတယ်။ မှတ်တမ်းအရ ပခုက္ကူမြို့ဖြစ်လာမယ့် ပုဂံတစ်ဖက်ကမ်း မြင်သာရွာကို ဗိုလ်ချို ၏ ဇနီးဖြစ်သူဟာ မယ်လှဘူး၊ မယ် လယ်ရောက် သမီး နှစ်ဦး နဲ့ တိမ်းရှောင် လာရပါတယ်။ သားကြီးနှစ်ဦး ကတော့ ဗိုလ်ချို နဲ့ နယ်ချဲ့တော်လှန်ရေး လုပ်နေ တဲ့ အချိန်ဖြစ်ပါတယ်။
သမီး မယ်လယ်ရောက်က ပခုက္ကူ မှာ ဦးထွန်းလှနဲ့ အိမ်ထောင်ကျပြီး ဒေါ် ဖွားမြင့်၊ ဒေါ်အေးတင့် တို့ကို မွေးဖွားခဲ့ ပါတယ်။ ဒေါ်ဖွားမြင့် က ကျောင်းဆရာ ဦးဘရေးနဲ့ လက်ထပ် ပြီး မောင်သန်းစိန် ကို မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ် မှူးကြီး သန်းစိန်ဟာ ပုဂံဗိုလ်ချိုရဲ့ မြစ် တော်စပ်နေပါတယ်။ သူရဲကောင်းမျိုး နွယ်များဖြစ်လို့ ကွယ်လွန် ခဲ့ရင် နဖူးကို ရွှေချပြီးမှ သင်္ဂြိုဟ် ရတဲ့ထုံးစံရှိပါတယ်။ ၂ဝ၁၃ ဒီဇင်ဘာလ အတွင်းက ဗိုလ်မှူး ကြီး သန်းစိန်ရဲ့ သမီးအငယ်ဆုံး ကွယ် လွန်ရာ နဖူး ကိုရွှေချခဲ့တဲ့ ထုံးစံကို မ ပျက်မကွက် လုပ်ခဲ့ပါတယ်။
ကုန်းဘောင်ခေတ် ထီးနန်း အရှုပ် အထွေးကြောင့် ဘကြီးတော်၊ သာယာဝ တီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်း လက်ထက် တွေမှာ အင်္ဂလိပ် ပိုင်နက် အောက်ပြည် ဧရာ ဝတီတိုင်း၊ ပဲခူးတိုင်းဘက်တွေကို မင်းမျိုးမင်းနွယ်တွေ ရှောင်တိမ်းလေ့ရှိ ကြပါတယ်။ သမ္မတဟောင်း ဒေါက်တာ ဘဦး အဆက်အနွှယ် ပန်းတောင်းမင်း သမီး၊ ဟင်္သာတ မင်းသမီး တို့ဟာ နန်းမတော်မယ်နု ရန်ကြောင့် ပုသိမ်မြို့အထိတိမ်း ရှောင်ခဲ့ရတယ်။ မင်းတုန်းမင်းခေတ် မြင်ကွန်း -မြင်းခုန်တိုင် အရေးမှာ ဧရာဝတီ တိုင်းကို ရှောင်တိမ်း အခြေစိုက် တဲ့မင်းမျိုး မင်းနွယ် အများဆုံးဖြစ်ခဲ့ပါတယ်။ ရဟန်း ပြုပြီး နေထိုင်ကြတာ များပါတယ်။
တစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက် ရောက်ပြီး အောက်မြန်မာပြည်ဟာ အင်္ဂလိပ် အာဏာစက် ခိုင်နေပြီဖြစ်လို့ ပုဂံဗိုလ်ချို အဆက် အနွှယ်တွေဟာ တိမ်း ရှောင်စရာ အကြောင်း မမြင်ပါ။ ပခုက္ကူ ပုံတောင်ပုံညာ၊ မင်းတပ်၊ ချင်းတောင်ဒေ သဘက်၊ ရှမ်းနဲ့ ကချင်ဒေသဘက် ကိုသာ တိမ်းရှောင်ဖို့ ကြံဆတတ်တာပဲ။ ပခုက္ကူ ဟာ မြို့ကြီး အဆင့်တောင် ဖြစ်ထွန်း မလာသေးပါ။
ဒေါ်ဖွားမြင့်ရဲ့ သားစဉ်မြေးဆက် များယခုတိုင် ပခုက္ကူမြင်သာမှာ နေထိုင် လျက်ရှိပြီး ဗိုလ်မှူးကြီး သန်းစိန်နဲ့ သမက် ဒေါက်တာ ကံဦးတို့ မကြာခဏ သွား ရောက်တွေ့ ဆုံကြပါတယ်။ ဗိုလ်မှူးကြီး သန်းစိန်နှုတ်ဖြင့် ပြောပြချက်တွေက ဒေါက်တာ ကံဦးက မိသားစု အစဉ်အဆက် သမိုင်းကို ရေးမှတ် ခဲ့ခြင်းသာဖြစ်တယ်။ ဝါကြွားခြင်းဖြစ် မည် စိုးလို့ ဗိုလ်မှူးကြီး တစ်သက် မည်သူ့ကိုမှ ပြောပြခြင်း မရှိဘဲ မိသားစု မှတ်တမ်းသာ ဖြစ်ခဲ့တယ်။ မှားယွင်းရေးသားချက် တွေ ပေါ်လာရင်တော့ အမှန် ကိုရောက်အောင် ပြင်ဆင် ကြစေလို တယ်လို့ ဒေါက်တာ ကံဦးကပြောပြပါတယ်။
ပုဂံမှာ ရှိတဲ့ ဆွေမျိုးတွေ က အဖျား အနားသာဖြစ်ပြီး ပခုက္ကူက ဆွေမျိုး တွေက ဗိုလ်ချိုနဲ့ သွေးသား ပိုနီးတယ်လို့ ဆိုလိုပါတယ်။ ၁၂၅ နှစ်က သမိုင်း ကြောင်းတွေ ပဲ ဖြစ်ပါတယ်။
သူရဲကောင်းတို့ရဲ့ တရုတ်ဖြူ စစ်ဆင်ရေး
ဒေါက်တာကံဦး ထံမှာရှိတဲ့ ဓာတ်ပုံ တစ်ပုံကိုလည်း တစ်ဆက် တည်းဖော်ပြ လိုပါသေးတယ်။ ၁၉၅ဝ- ၅၄ ခုအတွင်း ကေအမ်တီ (တရုတ်ဖြူ) စစ်ဆင်ရေးကြီး တွေကို ဆင်နွှဲစဉ် က ရှေ့တန်း တစ်နေရာ မှာ ရိုက်ကူးထားတဲ့ သမိုင်းဝင် ရှားပါး ဓာတ်ပုံတစ်ပုံပါပဲ။ စစ်ဆင်ရေးမှာ နာမည်ကြီးခဲ့တဲ့ တပ်မှူးကြီး ၃ ဦးပုံပါ။ လူ မျိုးခြား ပြည်ပ စစ်တပ် တစ်ခု အင်အား ကြီးမားစွာနဲ့ ၁၉၅ဝ ခုမှာ ပြည်ထောင်စု နယ်မြေ အတွင်း ဝင်ရောက်လာပါတယ်။ အင်အား ၁၅ဝဝဝ ဖြစ်လာတဲ့ တရုတ်ဖြူ တွေကို ကုလ သမဂ္ဂအထိ သံတမန်နည်း လမ်းအရ ထွက်ခွာဖို့ ညှိနှိုင်းလို့ မရလို့ တွန်းလှန်ကြရတဲ့ ဘုရင့်နောင်၊ ရန်ကြီး အောင်၊ မဲခေါင် စစ်ဆင်ရေးကြီး များနဲ့ မြန်မာက ဆင်နွှဲခဲ့ကြတဲ့ သမိုင်း ကလည်း ရှိပါတယ်။ ပြည်ပ ကျူးကျော်စစ်ကို တွန်း လှန်ကြရတဲ့ သူရဲကောင်း စိတ်ဓာတ်ကို ချီးကျူးကြရမယ်။ ဗိုလ်မှူးချုပ် ကျော်ဇော၊ ဗိုလ်မှူးကြီး သန်းစိန်နဲ့ ဗိုလ်ချုပ်ကြီး တင် ဦး ဖြစ်လာကြသူတွေရဲ့ဓာတ်ပုံပါ။
လက်ယာယိမ်း ဝါဒီ တရုတ်သမ္မတ ချန်ကေရှိတ် ကို လူထုကြီးရဲ့ စားဝတ်နေ ရေးကို အထောက် အကူ မပြုလို့ မော်စီ တုန်းတို့ ဆင်းရဲသား ပစ္စည်းမဲ့တွေက တော်လှန်ရင်း ချန်ကေရှိတ် စစ်ရှုံးလို့ ဖော်မိုဆာကို ထွက်ပြေးရပါတယ်။ ချန် ကေရှိတ်ရဲ့တပ်တွေက အသစ်တစ်ဖန် စစ်ဆင်မယ် ဆိုပြီး ရှမ်းပြည်နယ်ထဲ ဝင် ရောက် တပ်စွဲကြတယ်။ လူသူ ရိက္ခာ ရရှိ ဖို့ ဒေသခံတွေထံမှ လုယက် သတ်ဖြတ် စားသောက် ဒုက္ခပေး လာကြပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ်မှာ မြန်မာ အစိုးရက ပထမ ဦးဆုံး အသိအမှတ် ပြုခဲ့ပါတယ်။ သူ့ရန်သူ တရုတ်ဖြူ တပ်တွေကို တိုက်ထုတ်ဖို့ စစ် ဆင်ရေးကြီးတွေ လုပ်ခဲ့ရပါတယ်။ တရုတ်ဖြူကို တိုက်ထုတ်ပေးတဲ့ အကျိုး ဟာ ၁၉၆ဝ ပြည့်နှစ်မှာ တရုတ်-မြန်မာ နယ်နိမိတ် စာချုပ် လက်မှတ် ရေးထိုးနိုင် တဲ့အထိ ခရီးရောက်ခဲ့ပါတယ်။
ဗိုလ်မှူုးချုပ် ကျော်ဇော
ဓာတ်ပုံထဲက  စစ်ဗိုလ်ကြီး သုံးဦး ပုံမှာ အလယ်လူက ဗိုလ်မှူုးချုပ်ဟောင်း ကျော်ဇော ဖြစ်ပါတယ်။ လက်ဝဲစွန်းက ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၊ လက်ျာ စွန်းက ဗိုလ်မှူးကြီး အငြိမ်းစား ဦးသန်းစိန် တို့ သုံးဦးရဲ့ဓာတ်ပုံပါပဲ။ အရပ်ဒေသ က ကျိုင်းတုံနယ် အတွင်းမှာ ဖြစ်ပါတယ်။
အဲဒီအချိန်က ဓာတ်ပုံ အရ အရေး ကြီးဆုံး ဗိုလ်မှူးချုပ် ကျော်ဇောဟာ မြောက်ပိုင်း တိုင်းမှူးဘဝ ရှေ့တန်းစစ်ဆင်ရေး ဒေသကို ကိုယ်တိုင်ကိုယ်ကျ ဦး စီးတိုက်ခိုက်နေ စဉ်က ဖြစ်ပါတယ်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောဟာ ဖက်ဆစ်တော်လှန်ရေး ကာလ ပဲခူးမြို့ စံပြ တပ်ရင်းမှူး တာဝန်ထမ်းစဉ် ဖဆပလ အဖွဲ့ ဝင်တွေ တော်လှန်ရေး အစည်းအ ဝေးကို ဂျပန်မသိအောင် တပ်ထဲမှာပင် လုပ်ပေးခဲ့တယ်။
လွတ်လပ်ရေး နဲ့အတူ ဖြစ်ပေါ်လာ တဲ့ ပြည်တွင်းစစ်မှာ တောင်ပိုင်း တိုင်းမှူး တာဝန်အရ အင်းစိန် တိုက်ပွဲမှာ နာမည် ရသူဖြစ်တယ်။ ဗိုလ်မှူးချုပ် ဘဝနဲ့အငြိမ်း စား ယူပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့တွေမှာ ပါဝင်ခဲ့ပြီး ပြည်တွင်း စစ်ရပ်စဲ ရေးအတွက် ကြိုးပမ်းခဲ့သူ ဖြစ်တယ်။ လွန် ခဲ့တဲ့နှစ်က ဗိုလ်မှူးချုပ် ကျော်ဇော ပြည်ပ မှာ ကွယ်လွန် ခဲ့တော့ တောတွင်း တစ်နေ ရာ တရုတ်ဖြူ စစ်ဆင်ရေးကာလက ရိုက် ကူးထားတဲ့ ဓာတ်ပုံနဲ့ အလွမ်းဖြေရမှာပဲ။
ဗိုလ်မှူးကြီး သန်းစိန်
ဗိုလ်မှူးကြီး သန်းစိန် နာမည်တူ နှစ်ဦးရှိတော့ ပခုက္ကူ သန်းစိန်၊ ရခိုင်သန်း စိန်ရယ်လို့ တပ်မတော် ထိပ်ပိုင်းမှာ ခွဲခြား ခေါ်ခဲ့ပါတယ်။ ပုဂံဗိုလ်ချို ရဲ့မြစ်တော်သူ သူ ရဲကောင်း မျိုးရိုးအနွယ် ပခုက္ကူမြို့ ဇာတိ ဗိုလ်မှူးကြီး သန်းစိန်ဟာ ဗထူးမြို့ တိုက်ခိုက်ရေး ကျောင်းအုပ်ကြီး အနေနဲ့ စတင် လူသိများခဲ့ပါတယ်။
ဗိုလ်မှူးကြီး သန်းစိန်ဟာ တရုတ်ဖြူ စစ်ဆင်ရေးတုန်းက မြောက်ပိုင်း တိုင်းစစ် ဌာနချုပ်ရဲ့ လက်အောက်ခံ တပ်မဟာ ၁ တပ် မင်းဖြစ်ခဲ့ပါတယ်။ အရင်တုန်းက တပ်မဟာ ဖွဲ့စည်းပုံ ရှိပြီး တပ်မဟာမှူး ကို တပ်မင်းလို့ ခေါ်တဲ့ဝေါဟာရ ရှိပါတယ်။ သောင်းကျန်းသူတွေ ကလည်း တပ်မဟာ ဖွဲ့စည်းပုံ ရှိပါတယ်။ အစိုးရ တပ်တွေက တပ်မဌာန ချုပ်တွေ ဖွဲ့စည်းပုံ အသစ်ပြောင်း ခဲ့ရာ တပ်မဟာ/ တပ်မင်း ဆိုတဲ့ဝေါဟာရ ပျောက်သွားပါတယ်။
ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ဖွင့် လှစ်ပြီးနောက် ဒုတိယမြောက် ကျောင်း အုပ်ကြီး အဖြစ် ဗိုလ်မှူးကြီး သန်းစိန်ဖြစ် လာပါတယ်။ နောင်အခါ စစ်ဦးစီးဗိုလ်မှူး ကြီး အဖြစ် စစ်ရုံးချုပ် ကို ပြောင်းရွှေ့လာ ပါတယ်။ ၁၉၆၂ ခုနှစ်မှာ တော်လှန် ရေးကောင်စီဝင် ပို့ဆောင် ဆက်သွယ် ရေး ဝန်ကြီးဖြစ်လာပါတယ်။ နိုင်ငံတော် ကောင်စီဝင် အဖြစ် ၁၉၇၄ ခုနှစ်မှာ ရွေးချယ် ခံရတယ်။ နောင်အခါ ပြည် သူ့ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူပြီး အငြိမ်းစား ယူခဲ့ပါ တယ်။
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး
ဓာတ်ပုံပါ လက်ဝဲဘက်က ပုဂ္ဂိုလ် မှာ သူရ ဦးတင်ဦးဖြစ်ပါတယ်။ အဲဒီ စစ် ဆင်ရေး ကာလမှာ အမှတ် ၁ ခြေလျင် တပ်ရင်းမှူး ဗိုလ်မှူး တင်ဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး တင်ဦးဟာ အသက်အငယ် ဆုံးနဲ့ ရာထူးကြီး များကို ထမ်းဆောင်ခဲ့ ရသူဖြစ်ပါတယ်။ တရုတ်ဖြူ စစ်ဆင်ရေး ကြောင့်ပဲ ရာထူး အဆင့်ဆင့် တက်လာ ခဲ့တယ် ဆိုရင်လည်း မမှား ပါဘူး။ စစ် ဆင်ရေး ကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါခဲ့ လို့ နေ့စွဲ အလိုက် တရုတ်ဖြူ စစ်ဆင်ရေး ကို ပြောပြနိုင်သူဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ကပဲ သောင်းကျန်းသူ နှိမ်နင်းရေး တပ်ရင်း ၁ ကိုဖွဲ့တယ်။ ဗိုလ်ချုပ် ကျဆုံးတော့ နောက်ထပ် ၂ ရင်းဖွဲ့တယ်။ နောင်အခါ သောင်းကျန်း သူ နှိမ်နင်းရေး တပ်တွေက ပြည်ထဲရေး ဝန်ကြီး အောက် မှာ ပြည်ထောင်စု စစ်ရဲတပ်တွေ ဖြစ် လာတယ်။ နောင်အခါ တပ်မတော် တပ်ရင်းတွေ ဖြစ်လာတယ်။
ကန္ဒီ စာချုပ်အရ ဗိုလ်ချုပ်အောင် ဆန်းဟာ အင်္ဂလိပ်တွေ ဖွဲ့ခဲ့တဲ့ Burma Army တိုင်းရင်းသား တပ်ရင်းတွေနဲ့ မျိုး ချစ်ဗမာ့ တပ်မတော် PBF တို့ အလုံး အရင်းမပျက် ပူးပေါင်း ကြလို့ ဗမာ့တပ် မတော် ဖြစ်လာပြန်တယ်။ အဲဒီတပ်တွေ ကို သေနတ်ကိုင် တပ်ရင်းတွေလို့ ခေါ် ခဲ့တယ်။ သေနတ်ကိုင် တပ်ရင်း (သနက) ၁၅ ရင်းအထိ လွတ်လပ်ရေး ရချိန်မှာ ဖြစ်လာတယ်။
အမှတ် ၁ ခြေလျင် တပ်ရင်းကို ဗိုလ်ချုပ်တို့ ကျဆုံးပြီး စတင်ဖွဲ့ခဲ့တယ်။ ပြည်တွင်း စစ်ကြောင့် အရေးပေါ် တိုက် ခိုက်ရေး တပ်ရင်း ၃၂ ရင်း အထိ ဖွဲ့ရ တယ်။ အဲဒီ တပ်ရင်းတွေကို နောင်အခါ ခြေလျင် တပ်ရင်း (ခလရ) နာမည်များ နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ တရုတ်ဖြူ စစ်ဆင် ရေးမှာ ခြေလျင် တပ်ရင်းတွေကို စတင် သုံးစွဲနိုင်ပြီ ဖြစ်တယ်။ တရုတ်ဖြူ စစ်ဆင် ရေးမှာ ခလရ (၁) ကအဓိက အနီးကပ် စစ်ဆင်ရေးတွေ လုပ်ရပါတယ်။
ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ခလရ(၁) ကမူလ ဖွဲ့စည်းထားတဲ့တပ်ပါပဲ။ ဗိုလ်ချုပ်ကြီး တင်ဦးဟာ တော်လှန်ရေး ကောင်စီခေတ် ၁၉၆၂-၇၄ မှာ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့တယ်။ တိုင်းမှူးတွေထဲမှာ အသက်အငယ်ဆုံး အထက်မြက်ဆုံး တပ်မတော် သားများ လေးစားကြည်ညိုမှု အရဆုံး လို့ အဆိုရှိတယ်။
၁၉၇၄ ခု အခြေခံ ဥပဒေ ပေါ် ပေါက်လာပြီး ဗိုလ်ချုပ်ကြီးသူရ တင်ဦး ဟာကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ် ရေးဝန်ကြီး တာဝန်ကိုပူးတွဲ ထမ်းဆောင် ရသူဖြစ်ခဲ့တယ်။ ၁၉၇၄ ဦးသန့် အရေး အခင်းကာလ အတွင်း ဦးသန့်အလောင်း ကို ရန်ကုန် တက္ကသိုလ် နယ်မြေသို့ ကျောင်းသားများ လုယူကြရာမှာ လမ်း တစ်လျှောက် မှာ ကျောင်း သားတွေက ဗိုလ်ချုပ်ကြီး တင်ဦး ကျန်းမာပါစေလို့ ကြွေးကြာ်ခဲ့ ကြတာလည်း ရှိပါတယ်။ ကျောင်းသား များလေးစားကြတဲ့ စစ် ခေါင်းဆောင်ဟောင်း တစ်ဦးလည်း ဖြစ် ပါတယ်။
အသက် ၉ဝ တန်း ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။
မိုးမြင့်ဝင်း(နည်းပညာ)

Popular Myanmar News Journal

အားကျခဲ့မိသော သူတို့ဆီက သွားလာရေး စနစ်


ကျွန်မ သြစတြေးလျနိုင်ငံကို ရောက် စဉ်က သူတို့ဆီက သယ်ယူ ပို့ဆောင်ရေး စနစ်ကို လေ့လာခဲ့ပါတယ်။ ရထား၊ ဓာတ်ရထား၊ ဘတ်စ်ကား၊ တက္ကစီ တို့နဲ့ လူအများ အလွယ်တကူ သွားလာနိုင် အောင် သက်သက် သာသာ ရှိအောင် စီမံ ထားတာကို တွေ့ရပါတယ်။ ဝန်ထမ်း ဆိုရင် ဝန်ထမ်း အလျောက်၊ သက်ကြီး ရွယ်အို ဆိုရင်လည်း သူ့အလိုက် ဈေးနှုန်း သက်သက်သာသာနဲ့ ကတ်တွေ ထုတ် ပေးထားတယ်။ အသက် ၇ဝ ကျော်သွား ရင် ရထား၊ ကား၊ ဓာတ်ရထား အခမဲ့ စီးခွင့်ရသွားပါတယ်။

ကျွန်မ တို့က မြေး ဆရာဝန်မလေး ရှိရာ Traralgen မြို့လေးမှာ တည်းခိုကြ ပါတယ်။ မဲလ်ဘုန်းကို ရထား နဲ့သွားရင် နှစ်နာရီကျော် ကြာပါတယ်။ မိုင် ၁ဝဝ လောက်ဝေး ပါတယ်။ သူတို့ရဲ့ ရထား စနစ်က အင်မတန် ချောမွေ့ ပါတယ်။ Mykie ဆိုတဲ့ စက်ကလေး မှာ (၁၄) ဒေါ်လာ ထည့်လိုက်ရင် ကတ်လေးရပါတယ်။ ဒီကတ်နဲ့ ရထား၊ ဓာတ် ရထား၊ ဘတ်စ် ကားကြိုက်ရာကို စီးလို့ရပါတယ်။ ငွေ နည်းနေရင် စက်ကပြပါတယ်။ ထပ်ထပ် ထည့်သွားရုံပါပဲ။ ရထား၊ ကားအဝင်အထွက်၊ အတက်အဆင်း မှာတော့ စက်မှာ ကတ်နဲ့ Touch and go ထိသွားရုံပါပဲ။ ရထား ကိုတော့ လူအများ အားကိုးကြ တယ်။ အချိန် ဇယားပြ ကတ်ပြားလေး တွေ ဘူတာရုံမှာ ရယူနိုင်လို့ ကိုယ်စီးချင် တဲ့ အချိန်အတိုင်း စီးသွားရပါတယ်။ အချိန် တိကျတယ်။ နောက်ကျမယ် ဆိုရင် ၅ မိနစ်ဖြစ်စေ (၂) မိနစ်ပဲ ဖြစ်စေ LED နဲ့ ကြေညာပါတယ်။ ကြားဘူတာတွေ မှာ ခဏပဲ ရပ်တာဖြစ်လို့ ဆင်းခါနီးမှာ တံခါးနားကို သွားနေရပြီး တံခါးပွင့်သွားတာနဲ့ ဆင်းသွားဖို့ပါပဲ။ မဲလ်ဘုန်းက Southern Cross ဘူတာရုံကြီးမှာ ဆင်းပြီး မြို့ထဲ မှာ လျှောက် လည်ကြပါတယ်။ Man Power လူအင်အား သိပ်မသုံးတဲ့ တိုင်းပြည်ဖြစ် လို့ ရထားမှာလည်း မောင်းသူတစ် ယောက်၊ လက်မှတ်စစ် တစ်ယောက်ပဲ ပါပါတယ်။ စားသောက်တွဲပါတဲ့ ရထား ဆိုရင် ရောင်းတဲ့ အမျိုးသမီး တစ်ယောက် ပဲ ပါပါတယ်။ ဘူတာရုံတွေမှာ သိချင်တာရှိရင် လမ်းညွှန်မြေပုံတွေကို ကြည့် ရပါတယ်။ မေးစရာ လူ မရှိပါဘူး။ ရထား စီးတဲ့အခါ Peak Hours အလုပ်သွား အလုပ်ပြန် အချိန်တွေမှာ လူများပါ တယ်။ အလုပ်ဆင်းပြီ ဆိုရင် အမည်း ရောင်ဝတ်စုံ နဲ့ အမျိုးသား အမျိုးသမီး တွေ သည်းသည်း လှုပ် ရောက်လာကြ တယ်။ ရထားတွေက ၅ မိနစ် တစ်စင်း ဆိုက်နေတော့ ခဏနေရင် လူရှင်းသွား တာပါပဲ။ ကြားချိန်တွေ မှာတော့ ရထား တွဲတွေ ချောင်နေပါတယ်။ တစ်တွဲမှာ မှ လူ ၁ဝ ယောက်လောက်ပါပဲ။ ဆိတ် ငြိမ်တွဲ ဆိုတာ ပါပါတယ်။ စကားကျယ် ကျယ် မပြောရ။ သီချင်း မဖွင့်ရ။ အစား အသောက် မစားရပါဘူး။ ဘယ်သူမှ ဝင်မထိုင်ကြလို့ ကျွန်မတို့လည်း ”ပျင်းစရာကြီး လူတွေရှိတဲ့တွဲမှာ သွားထိုင်မယ်” ပြောပြီး တွဲပြောင်း ထိုင်ကြပါတယ်။ အားလုံး အဆင်ပြေအောင် စီစဉ်ပေးထား ပါတယ်။ အလုပ် သွားလုပ်တဲ့ သူတွေက ဘူတာရုံ ကားပါကင်မှာ ကားတွေရပ် ထားခဲ့ပြီး ရထားနဲ့ သွားကြတယ်။ ညနေ အလုပ်က ပြန်လာမှအိမ်ကို ကား မောင်းပြီး ပြန်ကြပါတယ်။ Metro ဆိုတဲ့ မြို့ပတ် ရထားတွေကို စီးကြတာများပါ တယ်။ ကျွန်မတို့ တိုင်းပြည်မှာလည်း ရထားကို အားကိုးရတဲ့ခေတ် ကို ရောက် စေချင်လှပါတယ်။

ဘူတာရုံတွေ မှာလည်း လူများများ မထားပါဘူး။ လက်မှတ် ရောင်းတဲ့သူ ရှိပါတယ်။ အချိန်နီးမှ လာကြတော့ လူ ရှုပ်တာလည်း မတွေ့ရပါဘူး။ ဘာဈေး သည် မှလည်း မရှိပါဘူး။ ရေဘူးတို့ အချိုရည်တို့ သောက်ချင်ရင် စက်ထဲမှာ ၂ ဒေါ်လာခွဲ ထည့်လိုက်ရင် ထွက်လာ တာပါပဲ။ အပြင်ဘက်ထွက်လိုက် မှစား သောက်ဆိုင်တွေ ကို တွေ့ ရပါတယ်။ Hamburgers ၊ Pizza ၊ ချောကလက် သကြားလုံးဆိုင်၊ စာအုပ်ဆိုင်တွေ ရှိပါ တယ်။ အလကား လိုက်ဝေနေတဲ့ မြို့ တော် သတင်းစာတွေ လည်း ယူပြီး ဖတ် နိုင်ပါတယ်။

လေယာဉ်ကွင်းကို သွားဖို့ Skybus Airport Express ဘတ်စ်ကား အနီကြီး တွေရှိပါတယ်။ ၅ မိနစ် တစ်စင်း ထွက်ပါ တယ်။ ဘူတာကြီး ကနေ မိနစ် ၂ဝ ပဲ သွားရပါ တယ်။ ပစ္စည်း ထားစရာစင်တွေ ထားပေးပါတယ်။ ကိုယ့်ပစ္စည်း ကိုယ်သယ် ရပါတယ်။ စပယ်ယာ ဆိုတာ မရှိပါဘူး။ ဘတ်စ်ကားမောင်းတဲ့ သူက ကားမထွက် ခင် ဆင်းပြီး လက်မှတ် စစ်ပါတယ်။ လေယာဉ်ကွင်း ရောက်တော့လည်း ချိုချိုသာသာ လူတိုင်းကို နှုတ်ဆက် လိုက်ပါသေးတယ်။ လေယာဉ်ကွင်း ရောက်တော့ တွန်း လှည်းပေါ် ကို ပစ္စည်း တင်ပြီး ဝင်ရောက် သွားရုံပါပဲ။ ကျွန်မလို Wheel Chair ယူထားတဲ့ အသက်ကြီးတဲ့သူ တွေကိုတော့ ဂရုတစိုက် နဲ့လေယာဉ် အပေါက်ဝ အထိ တွန်း ပို့ပေးကြပါတယ်။ လေယာဉ်ပေါ် မှာလည်း ရှေ့ဆုံးမှာထား ပြီး လေယာဉ်မယ်၊ လေယာဉ်မောင် တွေ က ဘာလိုသေးလဲလို့ မကြာခဏ လာမေး ကြပါတယ်။

သူတို့ဆီ မှာ တက္ကစီ ခေါ်ရတာ လည်း လွယ်ကူပါတယ်။ အိမ်ကိုလည်း တယ်လီဖုန်း နဲ့ ခေါ်ယူလို့ရပါတယ်။ ၁ဝ မိနစ်လောက် အတွင်း မှာ ရောက်လာ တတ်ပါတယ်။ မီတာ နဲ့ သွားတာဖြစ်လို့ ဈေး စကား ပြောစရာလည်း မလိုတော့ပါဘူး။ On Call ခေါ်ယူတဲ့ အတွက်တော့ နည်းနည်း ပိုပေးရပါတယ်။ အဆင်ပြေ လွယ်ကူတဲ့ စနစ်ပါပဲ။ ကျွန်မ တို့ဆီမှာ လည်း တက္ကစီသမား တော်တော်များ များ Mobile ဖုန်းတွေကို ကိုင်နိုင် လာကြ ပါပြီ။ သူတို့ဆီက ဖုန်းနံပါတ် ယူထားပြီး ဖုန်းနဲ့ခေါ် လို့ရနေပါပြီ။

လူစီး များတဲ့ Tram ဓာတ်ရထား ပေါ်မှာ ကျွန်မတို့လို သက်ကြီး ရွယ်အို တွေနေရာ မရရင် နေရာထပေးကြပါ တယ်။ မသန်စွမ်းတဲ့ သူတွေ နဲ့ အသက် ကြီးတဲ့သူတွေ အတွက် နေရာ သတ်သတ် လည်း ထားပေးပါတယ်။ ကလေးတွေ တွဲလဲ တန်းလန်းနဲ့ မိခင်တွေကိုလည်း နေရာ ထ ပေးကြပါ တယ်။ တစ်ခါတလေ မှာ လက်တွန်း လှည်းထဲ က တစ်ယောက်၊ ချီထားတာ က တစ်ယောက်၊ ဘေးနားက လမ်းလျှောက် လိုက်လာတဲ့ တစ်ယောက် နဲ့လာကြတဲ့ မိခင်တွေလည်း တွေ့ရပါတယ်။ ကလေးတွေ နီးလှ ချည်လားလို့ စပ်စုကြည့်တော့ အစိုးရက ကလေး တစ်ယောက် မွေးရင် ဒေါ်လာ ၆ဝဝဝ ပေးပြီး နောက်ထပ်လည်း ကလေး အတွက် ရပိုင် ခွင့်တွေ ပေး ပါသေးတယ်။ ဒါကြောင့် ကလေးစရိတ် အများကြီး ရနေ တော့ မိခင်တွေက အလုပ် မလုပ်တော့ ဘဲ ကလေးတွေ နှစ်ယောက် သုံးယောက် ဆက်တိုက်မွေး ကြတာဖြစ် ပါတယ်။ သူ တို့ဆီမှာ လူဦးရေ နည်းပါတယ်။ မြေ လွတ်တွေလည်း အများကြီး ရှိပါတယ်။ နွားမွေးမြူရေး၊ သိုးမွေးမြူရေး၊ စိုက်ပျိုး ရေး လုပ်စရာမြေ ပေါ ပါတယ်။ လယ်သ မားတွေ လည်း အစိုးရဆီက ထောက်ပံ့ ကြေး ရတယ်လို့ သိရပါတယ်။

သူတို့ဆီမှာ စက်ဘီး တော်တော်စီး ကြပါတယ်။ စက်ဘီး ငှားတဲ့နေရာတွေ ရှိပါတယ်။ လူငယ်တွေ တော်တော်များ များ စက်ဘီးစီး ကြတယ်။ ဘတ်စ်ကား ကြီးတွေရှေ့မှာ စက်ဘီး တင်စရာ နေရာ ရှိပါတယ်။ တင်ပြီး ယူသွားလို့လည်း ရပါတယ်။ စက်ဘီးစီး ဦးထုပ်ကိုတော့ ဆောင်းကို ဆောင်း ရပါတယ်။ ကျောင်း သားလေးတွေစက်ဘီး နဲ့ကျောင်း သွားကြ တယ်။ ရထားနဲ့လည်း ကျောင်းတက်ကြ တယ်။ ဘယ်မိဘ ကမှ လိုက်မပို့ကြပါ ဘူး။

မော်တော်ဆိုင်ကယ်တွေလည်း စီး ကြတယ်။ Harley Davidson ဆိုင်ကယ်ကြီးတွေက သားနားပြီး လှပလှလို့ သူတို့ စီးသွားရင် ငေးကြည့် ရပါတယ်။ Helmet အနီ၊ အမည်းတွေ ဆောင်းပြီး လက်အိတ် အပြည့်အစုံ နဲ့ကြည့်ရတာ တကယ်ဟီး ရိုးပါပဲ။ မင်းသား ဦးဝင်း ဦးစီးခဲ့တာလို့ ပြော ရပါသေးတယ်။

ပြီး Caravan နောက်တွဲယာဉ်တွေ ငှားကြတယ်။ Caravan ကွင်းတွေလည်း ရှိတယ်။ ကားနဲ့ ဆွဲသွားပြီး စတည်းချ အပန်းဖြေကြတယ်။ Caravan မှာ အိပ် ခန်း၊ မီးဖို၊ သန့်စင်ခန်း အကုန်ပါပါတယ်။ အားလပ်ရက် ဆိုရင် မိသားစု Caravan နဲ့ ခရီးထွက်ကြတယ်။

သူတို့ တိုင်းပြည်မှာ သွားရေးလာ ရေး၊ သယ်ယူပို့ဆောင်ရေး စနစ်က လူ တွေအတွက် အဆင်ပြေ သက်သာလှပါ လားလို့ အားကျမိ ခဲ့ကြောင်း ရေးပြလိုက် ရပါတယ်ရှင်။

ခင်စောတင့်
Popular Myanmar News Journal

မောစ့် အလွမ်းပြေ ပဒေသာကပွဲကြီးတွင် မောစ့်ပုံစံတူ ရွေးချယ်မည်


မော့စ် အလွမ်းပြေပဒေသာပွဲကြီးတွင် ဟာသ သရုပ်ဆောင် အကယ်ဒမီမော့စ်၏ အောင်မြင်ကျော်ကြားခဲ့သော ပြဇာတ်များကို ပြန်လည် ကပြ ပြသသွားမည့်အပြင် မော့စ်ပုံစံတူ ရွေးချယ်သည့် အစီအစဉ်ကိုပါ ထည့်သွင်း ပြုလုပ်သွားမည်ဟု ရန်ကုန် လူရွှင်တော် အသင်း၏ ဒု-ဥက္ကဋ္ဌ ခင်လှိုင်က ပြောသည်။

“ဒီတစ်နှစ်တည်းပဲ ကိုမော့စ် အလွမ်းပြေပွဲကို လုပ်သွားမှာ မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ကိုမော့စ်ရဲ့ ပုံရိပ်တွေကို ထင်ဟပ် နေစေဖို့ အတွက် ကိုမော့စ် ပွဲကို နှစ်တိုင်း လုပ်သွားဖို့ ကျွန်တော်တို့ ရန်ကုန် လူရွှင်တော် အသင်းကနေ တိုင်ပင် ထားပါတယ်။ ဒီနှစ်မှာ လည်း ကို မော့စ်ပွဲကို အထူးခြားဆုံး လုပ်ပေး သွားမှာပါ”ဟု ရန်ကုန် လူရွှင်တော် ဒုဥက္ကဋ္ဌ ခင်လှိုင်က ပြောပြသည်။

မော့စ် အလွမ်းပြေ ဟာသ ပဒေသာပွဲကြီးကို MRTV 4 ကနေပြီး တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး D-2 ဖက်ရှင်မှ Main စပွန်ဆာ အဖြစ် လုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

“ကိုမော့စ် အလွမ်းပြေ ပဒေသာကပွဲ အတွက် အသံတွေ၊ ကာလာ တွေ၊ မီးတွေ၊ ဇာတ်ခုံနဲ့ ဇာတ်ရုံတွေ အကုန်လုံးကို ကူညီပေးမှာ ကတော့ မင်းသားကို ဖိုးချစ်ပါ။ သူက အကုန်တာ ဝန်ယူပြီးတော့ ကူညီပေးပါတယ်။ သူတို့ တစ်ဖွဲ့လုံး လာကပါမယ်။ သူကလည်း နှစ်ပါးသွားဝင် ကပါမယ်”ဟု ရန်ကုန် လူရွှင်တော် အသင်း ဒုဥက္ကဋ္ဌ ဟာသ သရုပ်ဆောင် ခင်လှိုင် က ဖြည့်စွက် ပြောပြပေးခဲ့သည်။

မော့စ် အလွမ်းပြေ ပဒေသာကပွဲကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက် နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင် ၌ ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

“ဖခင်ဖြစ်သူ ဟာသပညာရှင် မော့စ်က သူ့ရဲ့ဘဝအတွက်နဲ့ သူ့ဘဝ တစ်လျှောက်လုံးမှာ သူရဲကောင်းကြီး တစ်ဦး အဖြစ် ရပ်တည်နေခဲ့ပြီး အခု သူမရှိတော့ တာဟာ သူ့ ဘဝ အတွက် သူရဲကောင်းကြီး တစ်ယောက် ဆုံးရှုံးသွား ရသလို ဖြစ်နေဆဲပါ”ဟု ထိုက်စံက ဆက်လက်ပြောလာပါသည်။

“ကြာလေ ကြာလေ အဖေ မရှိတော့တဲ့ တန်ဖိုးကို ပိုပိုပြီးတော့ သိ လာတယ်။ နားလည် လာတယ်။ ဘာ လိုလိုနဲ့ အဖေ ဆုံးသွားခဲ့တာ တစ်နှစ် ပြည့်တော့မယ် ။မိသားစု စုံစုံလင် လင် မရှိတော့ဘူးလေ။ ကျွန်တော် ရိုက် ထားတဲ့ ဇာတ်ကားတွေ ကိုလည်း အဖေ ကြည့်ခွင့် မရတော့ဘူး။ ခါတိုင်း အဖေ ရှိနေရင် ဘာလေးကို ဒီလို လုပ်လိုက်၊ ဟိုလိုလုပ်လိုက် ဆိုပြီးတော့ သွန်သင် ပြသနေကြဗျ” လို့ ထိုက်စံက ဖြည့်စွက် ပြောပြပါတယ်။

ရန်ကုန် လူရွှင်တော် အသင်းရဲ့ ဒု-ဥက္ကဋ္ဌ ဟာသသရုပ်ဆောင် ပညာရှင် ခင်လှိုင်ကတော့ ဟာသပညာရှင် မော့စ် နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ တွေ့ တိုင်း အတူရောက် ခဲ့ဖူးတဲ့ နေရာတွေ ကို ပြန်ရောက်တိုင်း အမြဲ လွမ်းဆွတ် သတိရနေတယ် လို့ပြောပါတယ်။

“အဲဒါအတွက် လည်း လူရွှင် တော် အသင်းကနေ ဦးဆောင်ပြီး တော့ ကိုမော့စ် တစ်နှစ်ပြည့် အလွမ်း ပြေဟာသ ပဒေသာကပွဲကြီး လုပ်ဖို့ လည်း စီစဉ် ထားပြီးနေပါပြီ။ အမှန် ဆိုရင် ဒီပွဲကြီးကို ကိုမော့စ် တစ်နှစ် ပြည့်မယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှာပဲ လုပ်မလို့ပါ။ ဒါပေမဲ့ ပွဲရက်တွေ က ကျပ်နေပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကို ပြည်သူ့ ရင်ပြင်မှာ လုပ်ပါမယ်။ စပွန်ဆာ ပေါ်မူတည်ပြီးတော့ Free show ဖြစ်ရင် ဖြစ်မယ်။ လက်မှတ်ရောင်းဖြစ် ရင်လည်း ရောင်းဖြစ်မယ်။ သိပ် မသေချာသေးပါဘူး” လို့ ဟာသပညာ ရှင် ခင်လှိုင် က ပြောပြပါတယ်။

လက်မှတ်နဲ့ ရောင်းချဖြစ်ခဲ့မယ် ဆိုခဲ့ရင်လည်း ရရှိလာမယ့် အမြတ်အစွန်း ငွေကြေး များကို လူရွှင်တော် သက်ကြီး တွေ အတွက် ပြန်လည် လှူဒါန်းမယ့် အပြင် လူရွှင်တော် သက်ကြီးရွာ အတွက် ကိုလည်း လှူဒါန်း သွားမှာဖြစ်တယ်လို့ ဟာသပညာရှင် ခင်လှိုင်က ဆက်လက် ပြောပြပေးခဲ့ပါတယ်။
Popular Myanmar News Journal

ရခိုင်အမျိုးသားပါတီ ပနှင့်ဒု ခေါင်းဆောင် ရွှေးချယ်


ALD နှင့် RNDP ပါတီနှစ်ခု ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီ (Arakan National Party) ကို ဦးဆောင်ရန် ပထမ ခေါင်းဆောင်နှင့် ဒုတိယ ခေါင်းဆောင်တို့ရွှေးချယ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ပါတီအား ယခုလ ၂၇ ရက်နေ့တွင် ရွှေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် ရှိနေရာ ထိုသို့ ပါတီ ခေါင်းဆောင် (၂) ဦးကို ရွှေးချယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပထမ ခေါင်းဆောင်မှာ ALD ဥက္ကဌ ဦးအေးသာအောင်အား ရွှေးချယ်ထားပြီး ဒုတိယ ခေါင်းဆောင်အဖြစ် RNDP ဥက္ကဌ ဒေါက်တာအေးမောင်အား ရွှေးချယ်ထားကြောင်း သိရသည်။

ပါတီ ပေါင်းစည်းပြီးနောက် (၇) လအကြာတွင် ပါတီညီလာခံကို ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းညီလာခံမှ ဥက္ကဌ အပါအ၀င် ပါတီ ဗဟိုကော်မီတီဝင်များကို ရွှေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
Narinjara နိရဉ္စရာ

လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှု အောက်ဆုံးအဆင့်ရောက်

Farmers scatter rice to clean it after collection from a field at Naypyitaw

ပြည်တွင်းမှာ ရှိနေတဲ့ လယ်ယာမြေ အငြင်းပွားမှုပြဿနာတွေ အပါအ၀င် လယ်ယာကဏ္ဍနဲ့ ပတ်သက်လို့ ပြဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိုလည်း စောင့်ကြည့် လေ့လာနေတာကြောင့် လယ်ယာကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံမှုက အခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေနဲ့ ယှဉ်ရင် အောက်ဆုံးအဆင့်မှာ ရှိနေတာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးရက်အထိ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံကျော် ရှိတဲ့အနက် လယ်ယာကဏ္ဍအပေါ် ရင်းနှီးမြုပ်နှံမှုက ကန်ဒေါ်လာ ၁၉၁ သန်းကျော်သာရှိလို့ ရင်းနှီးမြုပ်နှံမှု ပမာဏစုစုပေါင်းရဲ့ ၀ ဒဿမ ၄ ရာခိုင်နှုန်းဘဲ ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် လယ်ယာကဏ္ဍအပေါ် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုက အခြားကဏ္ဍတွေနဲ့ ယှဉ်ရင် အောက်ဆုံးအဆင့်မှာလည်း ရှိနေတာပါ။

ဒါဟာ ပြည်တွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လယ်ယာမြေ အငြင်းပွားမှုပြဿနာအပါအ၀င် ပြဌာန်းထားရှိတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေအပေါ် စောင့်ကြည့် လေ့လာနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေအနေနဲ့ စိတ်ချလုံခြုံတဲ့ ပတ်ဝန်းကျင် အခြေအနေကောင်း ရှိမှဘဲ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တဲ့အကြောင်းနဲ့ အစိုးရကလည်း ဒီအငြင်းပွားမှုပြဿနာကို နှောင့်နှေးကြန့်ကြာမှုမရှိအောင် ဖြေရှင်းပေးဖို့ လိုတဲ့အကြောင်း သူက အခုလိုပြောပါတယ်။

“လယ်ယာမြေသိမ်းဆည်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့တာတွေ လွှတ်တော် မှာလည်း ကော်မရှင်ရှိတာပဲ။ ဒီကော်မရှင်ရဲ့ အစီရင်ခံစာတွေလည်း တက်လာပြီဆိုတော့ ဖြေရှင်း သင့်တာတွေကို မြန်မြန်ထက်ထက် ဖြေရှင်းလိုက်မယ်ဆိုရင် ဒီဟာတွေက ရှင်းသွားမယ့် သဘောရှိပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနတခုချင်းအလိုက် သီးခြားဖွဲ့ပြီး ရှင်းလိုက်မယ်ဆိုရင် ပိုမြန်မလားလို့။”
အလားတူ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကလည်း ဒီလယ်ယာမြေ အငြင်းပွားမှုပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အစိုးရ တခုတည်းက မဟုတ်ဘဲ လွှတ်တော်၊ လယ်သမားနဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး တွေ့ဆုံဆွေးနွေးကြမှသာ ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီပြင် လက်ရှိ ပြဌာန်းထားရှိတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိသေးတာကြောင့် ရင်းနှီးမြုပ်နှံမှုက အားနည်းနေတာ ဖြစ်တဲ့အကြောင်း သူက အခုလိုပြောပါတယ်။
ဒေါက်တာစိုးထွန်းက “လက်ရှိအနေအထားက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဘယ်လောက် ရင်းနှီးမြှုပ်နှံလို့ ရမလဲ။ နောက်ပြီး ကိုယ်ရင်းနှီးမြှုပ်နှံထားတာတွေကို ပြည်ပကို သယ်လို့ ရ မရ အဲဒါကို မေးထားတာရှိတယ်။ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနဲ့ ညှိနှိုင်းနေတယ် ဒါတော့ မထုတ်ပြန်ရသေးဘူး။ ဒါတွေသိမှပဲ ရင်းနှီးမြှုပ်နှံသူအနေနဲ့ သူတို့ရဲ့ အကျိုးအမြတ်ရမှ သူတို့လည်း လုပ်ချင်တာပေါ့”လို့ ပြောပါတယ်။

မြန်မာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်က လယ်ယာလုပ်ငန်းခွင်နဲ့ ပတ်သက်လို့ အသက်မွေးဝမ်းကျောင်း ပြုနေတာ ဖြစ်ပြီး အများစုကလည်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်နိုင်မှသာ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှာ ဖြစ်တဲ့အကြောင်း ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က အခုလို ပြောပါတယ်။
“အဓိကတော့ ပေါ်လစီပေါ့နော်။ ကျနော်တို့ အမြဲတမ်းပြောနေတဲ့ ပေါ်လစီကို ကောင်းကောင်းမွန်မွန်ချနိုင်မှသာလျှင် ကျနော်တို့ရဲ့ တိုးတက်မှုကို ဖော်ဆောင်လို့ရမှာပါ။ ပေါ်လစီ မရှိပဲနဲ့ စိတ်ကူးရှိတာတွေ လျှောက်ပြီး ဆောင်ရွက်နေမယ်ဆိုရင် လက်တွေ့မှာ ကောင်းမွန်တဲ့ အခြေအနေကို ရောက်ချင်မှ ရောက်မှာပါ။”

ဒီ့နောက် ဗြိတိန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာ့လယ်ယာကဏ္ဍအပေါ် ရင်းနှီးမြုပ်နှံဖို့အတွက် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးသံတမန် မစ္စတာ ဂျိမ်းစ်တောင်းဆင်းက ကျနော်အနေနဲ့ မြန်မာနိုင်ငံကို ၆ ရက်ကြာ လာရောက် လည်ပတ်တာပါ။

ဒီအတွက် မြန်မာ့ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အခြေအနေမှန်တွေကို ပိုမို သိရှိနိုင်ဖို့အတွက် အစိုးရ အပါအ၀င် သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ဒီအပြင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီ တွေကိုလည်း ပေးသွားမှာဖြစ်တဲ့အကြောင်း ဇန်န၀ါရီလ ၂၃ ရက်နေ့က ဗြိတိသျှသံရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာဆိုရင်လည်း မြန်မာ့လယ်ယာကဏ္ဍအပေါ် ရင်းနှီးမြုပ်နှံဖို့အတွက် ဂျပန်၊ ထိုင်း၊ တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေက စိတ်ဝင်စားမှု ရှိနေတယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ ဂျပန်နိုင်ငံက မစ်ဆူရှီကော်ပိုရေးရှင်းကုမ္ပဏီတခုကဘဲ ဂျပန်မြန်မာ rice industry complex လုပ်ငန်းကြီးကို မြန်မာ့လယ်ယာ စီးပွားရေး အများပိုင်ကော်ပိုရေးရှင်းနဲ့ အကျိုးတူ တည်ထောင်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
DVB Burmese

ဦးဝီရသူ နှင့် အစ္စလမ် ဘာသာဝင်တချို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး တွေ့ဆုံပွဲ ပြုလုပ်


မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ (ဓာတ်ပုံ – ဧရာဝတီ)

၉၆၉ ဦးဆောင် ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန် ကွန်ရက်မှ အစ္စလမ် ဘာသာဝင်တချို့ တွေ့ဆုံ ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ ဆွေနွေးပွဲတရပ် ကျင်းပသည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဇန်န၀ါရီ ၂၃ ရက်က ကျင်းပခဲ့ခြင်း ဖြစ် သည်။

ဆွေးနွေးပွဲ၌ ဦးဝီရသူက မိမိအား ပြည်ပရောက် လူနည်းစု မွတ်စလင် တချို့က ဘာသာရေး လှုံ့ဆော်မှုများ၊ လူမျိုးရေး အဓိကရုဏ်း များ ပြုလုပ်ဖန်တီးနေကြောင်း စွပ်စွဲနေခြင်းများ ရှိကြောင်း၊ ထိုကဲ့သို့ ကိစ္စရပ်များတွင် ပါဝင် ပတ်သတ် ဆက်နွယ်ပြီး ပြုလုပ်ခဲ့ သည်များရှိပါက မိမိကိုယ်တိုင် သင်္ကန်းချွတ်၍ လူဝတ်လဲပေးမည်ဖြစ်ကြောင်း သတင်း မီဒီယာကို မိန့်ကြားသည်။

“လူနည်းစု မွတ်စလင်လူမျိုးတွေက ဆဲရေးတိုင်းထွာမှုတွေ၊ လူသတ်ပါတယ်ဆိုတဲ့ စွပ်စွဲမှုတွေ လုပ်နေတာ တွေ့ရတယ်။ အကယ်၍ များ သူတို့တွေပြောသလို အဲဒီလို လှုံ့ဆော်တဲ့ ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်ခဲ့တယ်ဆိုရင် ဦးပဉ္စင်းကိုယ်တိုင် လူထွက် ပေးလိုက်မယ်”ဟု ဦးဝီရသူ က မိန့်သည်။

ထို့အပြင် ၉၆၉ လှုပ်ရှားမှုများအပေါ် ဘာသာခြားများမှ လွဲမှားစွာ သံသယ ဖြစ်ပွားနေမှုများ ရှိကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းမှုကိုသာ အလေးထား ဟောပြောခြင်းများပြုလုပ်ကြောင်းလည်း မန္တလေး မစိုးရိမ်တိုက်သစ် ကျောင်းမှ ဆရာတော် ဦးဝီရသူက မိန့်ဆိုသည်။

“ပဲခူး၊ အုတ်ဖို၊ ကြို့ပင်ကောက်လို အရင်က ဘာသာရေး အဓိကရုဏ်းတွေ ကြီးကြီးမားမား ဖြစ်ခဲ့တဲ့နေရာတွေမှာ ဦးပဉ္စင်းတို့ ရောက် တော့ အေးအေးချမ်းချမ်း ဖြစ်နေပြီ၊ ဦးပဉ္စင်းတို့ ရောက်ခဲ့တဲ့ နေရာတွေမှာ ဘာသာရေးဆိုင်ရာ ပြဿနာမျိုးတွေ နောက် ထပ် မဖြစ်ဘူးလို့ ယုံကြည်တယ်”ဟု ဆရာတော် ဦးဝီရသူက ဆိုသည်။

ထို့အပြင် ပြဿနာရပ်များအား ဥပဒေမဲ့ တုံ့ပြန်ခြင်းများ မပြုလုပ်သင့်ကြောင်းနှင့် ထိုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် ဘာသာရေး၊
လူမျိုးရေး ပြဿနာများကို ပိုမို ကြီးထွားလာနိုင်သည်ဟုလည်း ၎င်းက မိန့်သည်။

အဓိကရုဏ်း ဖြစ်စဉ်များသည် သာမန်ရာဇဝတ်မှုများမှ ကြီးထွားလာကာ ဖြစ်ပေါ်လာရခြင်းကြောင့် ဥပဒေနှင့်အညီ ဝိုင်းဝန်း ဆောင် ရွက်သင့်ကြောင်း ဦးဝီရသူက မိန့်ကြားသည်။

ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန် ကွန်ရက်မှ ဒိုင်းမွန်း ဦးရွှေကြည်ကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး အပြောင်းအလဲ ကာလတွင် ဘာသာရေး၊ လူမျိုးရေး ဂယက်ရိုက်ခတ်မှု ကြီးထွားသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားစေနိုင်ကြောင်း နှင့် ယဉ်ကျေးမှု ထိုးဖောက်မှုများကြောင့် ပြဿနာများ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ပြဿနာတွေကို ပြန်လည်ထောက်ဆကြည့်ရင် ပဋိပက္ခ ဖြစ်စဉ်တွေမှာ ဆင်းရဲသား အောက်ခြေ လူတန်းစားတွေပဲ ခံရတာများတယ်၊ ချမ်းသာပါတယ်ဆိုတဲ့လူတွေ ခရိုနီကြီးတွေက အဓိကရုဏ်းတွေဖြစ်ရင် သူတို့ဘာမှ မဖြစ်သလို အေးအေး ဆေးဆေး နေလို့ ရတယ်။ ကျနော်တို့တွေ ယဉ်ကျေးမှု ဖလှယ်ရေး Culture Exchange တွေလုပ်ကြရမယ်။ ဆရာတော့်မှာ အထောက် အထားတွေ ရှိတယ်။ ဆရာတော် ကယ်ခဲ့တဲ့ ဒုက္ခသည်ပေါင်း အများကြီးရှိတယ်။ လူမျိုးရေးမခွဲခြားဘဲ၊ ဘာသာရေးမခွဲခြားဘဲ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေ အများကြီးရှိပါတယ်”ဟု ဦးရွှေကြည်က ပြောသည်။

ဆရာတော် ဦးဝီရသူအနေဖြင့် ၉၆၉ လှုပ်ရှားမှုတွင် ဦးဆောင်ဆရာတော်တပါး ဖြစ်သည်နှင့်အညီ ဘာသာခြားလူမျိုးတို့၏ ၉၆၉ လှုပ် ရှားမှုအပေါ် လွဲမှားစွာ ထင်မြင်ယူဆချက်များအပေါ် လေ့လာသုံးသပ် သင့်ကြောင်း ဦးရွှေကြည်က ပြောကြားသွားသည်။

၉၆၉ လှုပ်ရှားမှုများကို ၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် ၌ လူမျိုးရေး ဘာသာရေး အခြေခံသည့် ပဋိပက္ခ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာပြည်အနှံ့ ပြုလုပ်လာခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က စည်းကမ်း ဥပဒေနှင့် မညီညွတ်ကြောင်း ထုတ်ပြန်ထားသည်။
Irrawaddy ဧရာဝတီ သတင်း

TUကျောင်းသားများ ဆန္ဒသဘောထားတင်ပြပွဲ ပြုလုပ်မည်။

ယခုရက်ပိုင်းအတွင်း ပညာရေးဝန်ကြီးဋ္ဌာန
နည်းပညာနှင့်သက်မွေးဆိုင်ရာလုပ်ငန်းအဖွဲ့မှ တင်ပြထားသော တစ်နှစ်လျှင်
တစ်နိုင်ငံလုံးတွင် ကျောင်းသား ၁၄၀၀သာBEပေးရန် အဆိုပြုချက်အပေါ် TU
ကျောင်းများမှ ကျောင်းအလိုက် ကန့်ကွက် ခြင်း ၊
ဆန္ဒခံယူလက်မှတ်များကောက်ခံခြင်း နှင့် ဇန်နဝါရီ၂၅ရက်နေ့ ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမ၌ အစည်းအဝေးတရပ်ပြုလုပ်ပြီး ဆန္ဒသဘောထားတင်ပြပွဲပြုလုပ်မည်ဟု
သတင်းရရှိပါသည်။
ပညာရေးဝန်ကြီးဋ္ဌာန နည်းပညာနှင့်သက်မွေးဆိုင်ရာလုပ်ငန်းအဖွဲ့မှ တင်ပြထားသော
တစ်နှစ်လျှင်  ကျောင်းသား ၁၄၀၀သာ BE ပေးရန် တင်ပြထားသည့်ပုံစံမှာ
အဆိုပြု ပုံစံ(၁)အရ COE ၂ကျောင်းမှသာ BEပေးရန်နှင့်
TU(၂၉)ကျောင်းလုံးတွင် BEလုံးဝမပေးရန်။
ပုံစံ(၂)အရ COE ၂ကျောင်းမှ BE ၇၀၀ နှင့် TU(၂၉ကျောင်း)မှ BE ၇၀၀၊
စုစုပေါင်း BE ၁၄၀၀သာပေးရန်နှင့် COEတွင် BEအတွက်၆နှစ်၊ TUများတွင်
BEအတွက်၇နှစ် သင်ကြားရန် အတွက် အဆိုပြုတင်ပြထားပါသည်။
အဆိုပါတင်ပြချက်များ အတည်ပြုခဲ့ပါက TUကျောင်းသားများ အားလုံးအတွက်
များစွာနစ်နာမှုများ ကြုံတွေ့လာမည် ဖြစ်သောကြောင့် အဆိုပါ
ပုံစံ(၂)ခုစလုံးကို ကန့်ကွက်မည်ကြောင်း၊ TU နှင့် COE တန်းတူ
ပညာသင်ကြားခွင့်နှင့် တန်းတူအထောက်အပံ့ အခွင့်အရေးများရရှိရန်
တောင်းဆိုသွားမည်ဖြစ်ကြောင်း၊
TUကျောင်းသားများ၏ ဆန္ဒခံယူကောက်ခံခြင်းကို မြန်မာတစ်နိုင်ငံလုံးရှိ
TUကျောင်းသားများသိရှိစေရန်နှင့် ပါဝင်ဆန္ဒခံယူ ကန့်ကွက်ခြင်းနှင့်
တောင်းဆိုခြင်းများပြုလုပ်မည်ဖြစ်ပြီး ၊ရန်ကုန်မြို့တွင်
ဇန်နဝါရီ၂၅ရက်နေ့ ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမ၌အစည်းအဝေးတရပ်ပြုလုပ်ပြီးဆန္ဒသဘောထားတင်ပြပွဲ
ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ko tun tun oo
Myanmar CNN မှ တင်ဆက်သည်။

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ရှိဓမ္မာရုံရပ်ကွက် မူလတန်းကျောင်းမြေနေရာအား မြို့ခံတရုတ်လူမျိုးများမှ သိမ်းယူ


တော်လှန်ရေးကောင်စီလက်ထက်မှပြည်သူပိုင်သိမ်းယူခဲ့သောတရုတ်ဘုံကျောင်းအား သမဝါယမအရောင်းဆိုင်အဖြစ် ဆက်လက်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းတွင်ပိတ်ခဲ့ပါသည်။ပါတီကောင်စီလက်ထက်တွင် ဓမ္မာရုံကျောင်းမြေနေရာချပေးခဲ့ရာ မြို့ပြင်လယ်ကွင်းထဲတွင်ဖြစ်နေသောကြောင့် လူကြီးများမှသမဆိုင်နေရာ အားကျောင်းဖွင့်လှစ်နိုင်ရန်အတွက် တရုတ်များအားမေးမြန်းခဲ့ရာမှ ၎င်းတို့၏သားသမီးများ လည်းမြန်မာကျောင်းမှာသာပညာသင် ကြားနေရသဖြင်ပြန်မယူတောပဲလှုဒန်းခဲ့ပါသည်။ယခုအချိန်တွင်မြင့်တက်လာသောမြေဈေးများနှင့် အတူပြန်လည်လိုချင်လာပြီးကျွဲပွဲမြို့ရှိ လွှတ်တော်ကိုယ်စားလှယ် အုတ်တွင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့ဖြင့်ညှိ ကာကျောင်းအဆောက်အဦးမြေနေရာမှအပ ကျန်သုံးပုံနှစ်ပုံခန့်ကိုပြန်သိမ်းယူခဲ့ရာ ကလေးများမှာမြေကျဉ်းကျဉ်းပေါ်တွင် ကစားစရာနေရာပင် မကျန်လောက်အောင်ကျပ်တည်းစွာ ပညာသင်ကြားနေရသည်။

ကျွဲပွဲသား မှ ပေးပို့လာသောသတင်းဖြစ်ပါသည်။
Myanmar CNN မှ တင်ဆက်သည်။

ခွဲခြားမှုတွေ ရပ်တန့်ပေးပါ ( ရုပ်/သံ)

 နို့ဘိုးစခန်းတွင် UNHCR အရာရှိတချို့လာစဉ် ခွဲခြားမှုတွေရပ်တန့်ပေးရေးဆန္ဒပြနေစဉ်

ထိုင်း မြန်မာနယ်စပ်က နို့ဖိုး ဒုက္ခသည်စခန်းမှာ ခွဲခြားဆက်ဆံမှုတွေ ရပ်တံ့ပေးဖို့အတွက် ဒုက္ခသည်တွေက စခန်းတွင်းမှာရှိတဲ့ UNHCR ရုံးကို ဆန္ဒထုတ်ဖေါ်တဲ့ ရုပ်သံဖြစ်ပါတယ်။

 ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ရှိ နို့ဘိုး ဒုက္ခသည်စခန်းတွင် လူ့အခွင့်အရေး ချိုးဖေါက်မှု များနဲ့ ခွဲခြား ဆက်ဆံမှုများ ရှိနေတယ်ဆိုတဲ့ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး UNHCR အား အဆိုပါလုပ်ရပ်များ ရပ်တန့်ပေးရေး ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ တာပါ။

“ကုလသမဂ္ဂ ပဋိဥာဉ်စာတမ်းကြီးမှာကိုယ်က လူသားအချင်းချင်း ခွဲခြားဆက်ဆံလို့မရဘူးဆိုတာကို ပြဋ္ဌာန်း ထားပါ လျှက်နဲ့ UNHCR ကိုယ်တိုင်ကနေ ဒီကနေ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီးခွဲခြားဆက်ဆံနေ တာတွေ့ ရတဲ့ အတွက် အဲဒီလိုခွဲခြားခြင်းတွေ ရပ်တန့်ပေးဖို့ ဆန္ဒပြတာဖြစ်ပါတယ်”ဟု ဆန္ဒပြသူ တဦးက ဧရာဝတီကိုပြောပါတယ်။

တတိယနိုင်ငံတွေမှာ မိသားစုဆွေမျိုးများရှိရင် UNHCR က တတိယနိုင်ငံအခြေချခွင့်ကိစ္စ မိသားစု ပြန် လည် ပေါင်း စည်းရေး အစီအစဉ်နဲ့ ဆောင်ရွက်ပေးနေပြီး တတိယနိုင်ငံတွေမှာ မိသားစုဆွေမျိုးများမရှိပါက တတိယနိုင်ငံအခြေ ချခွင့် ကူညီဆောင်ရွက်ပေးမှု မရှိကြောင်း၊ ဒုက္ခသည်အားလုံးအား တန်းတူညီမျှ ကူညီစောင့်ရှောက်ပေးရန် လိုကြောင်း UNHCR က အရာရှိတချို့ အဲဒီ ဒုက္ခသည် စခန်းကို လာရောက်တဲ့ အချိန်မှာ အခုလို ဆန္ဒဖော်ထုတ် တင်ပြခဲ့တာလို့ သူက ဆက်ပြောထားပါတယ်။





Irrawaddy ဧရာဝတီ သတင်း

မောင်တောကိစ္စ စုံစမ်းစစ်ဆေးပေးရန် ကုလသမဂ္ဂ တောင်းဆို

ဂူဂဲလ်မြေပုံမှာ တွေ့ရတဲ့ ဘူးသီးတောင်၊ မောင်တောဒေသ


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Valerie Amos က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဇန်နဝါရီလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။-

မကြာသေးခင်က မောင်တောဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆက်နွယ်မှုတွေကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ အခွင့်အရေးပိုင်းကိုလည်း လေးစားဖို့နဲ့ အဲဒီ အဖြစ်အပျက် ကိစ္စကို ကနဦး အမြန်ဆုံး စုံစမ်းဖော်ထုတ်မှုတွေ လုပ်ဆောင်ဖို့ မြန်မာအစိုးရကို တောင်းဆိုထားကြောင်း Valerie Amos က သူ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ထို့အပြင် အဆိုပါ ကြေညာချက်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောက အကြမ်းဖက် တိုက်ခိုက်မှုမှာ ရဲဝန်ထမ်း တဦးနဲ့ အရပ်သားတွေ သေဆုံး သွားခဲ့ရတဲ့ သတင်းပို့ချက်အရ အတော်ပဲ စိုးရိမ်ပူပန်မိတယ်လို့ ဂျနီဗာ အခြေစိုက် ကုလ အတွင်းရေးမှူးချုပ်ရဲ့ ညှိနှိုင်းရေးမှူးရဲ့ ကြေညာချက်က ဆိုပါတယ်။

မကြာသေးခင်က အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး တွေ လိုအပ်နေတာမို့ အဲဒီဒေသတွေကို လူသားချင်း စာနာထောက်ထားရေး အကူအညီပေးတဲ့ဝန်ထမ်းတွေကို ဝင်ရောက်ခွင့်ပေးဖို့နဲ့ လုံခြုံရေး ကိစ္စ တာဝန်ယူပေးဖို့၊ ဒီအပြင် နိုင်ငံသား အားလုံးကို ထိရောက်တဲ့ အကာ အကွယ်ပေးမှုတွေကို အလေးတယူလုပ်ဆောင်ဖို့ မြန်မာအစိုးရကို သူ့အနေနဲ့ တောင်းဆိုကြောင်းလည်း Valerie Amos က သူ့ကြေညာချက်မှာ ဖော်ပြပါတယ်။






 အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း

နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြလာတဲ့ နအဖ စစ်ခေါင်းဆောင်ဟောင်းများ

 ဇန်နဝါရီလ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ

အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး အပါအ၀င် တချိန် က နအဖ ထိပ်တန်းခေါင်းဆောင်ဟောင်းတွေရဲ့ အမည်နာမပါဝင်တဲ့ သတင်း တပုဒ်
နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။

ရန်ကုန်မြို့ ကမ္ဘာဘေး ကုန်းမြေရှိ မဟာပါသဏ လိုဏ်ဂူတော်ကြီးမှာ ကျင်းပတဲ့ သတ္တမအကြိမ် နိုင်ငံတော် ဗဟို သံ ဃာ့ ၀န်ဆောင်အဖွဲ့ အထူးအစည်းအဝေး ဒုတိယနေ့ကို ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းဖော်ပြချက်မှာ ထိုနေ့က သံဃာတော်များရဲ့ ဆွမ်းအလှူရှင်စာရင်းမှာ ထည့်သွင်းဖော်ပြလာပါ။

ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး အပါအ၀င် အဆိုပါ နအဖ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ ဇနီးသည်တွေကိုယ်တိုင် အဲဒီနေ့က သံဃာတော်များကို ဆွမ်းကပ် လှူပွဲမှာ တက်ရောက် တယ်၊ မတက်ရောက်ဘူးဆိုတာတော့ သတင်းစာက ဖော်ပြမထားပါဘူး။


လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းကတော့ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ ကျန်းမာရေး မကောင်းဖြစ်
နေ တယ်ဆို တဲ့သတင်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် အသေးစိပ်အခြေအနေတွေကိုတော့ မသိရပါဘူး။

အခုလို နအဖ စစ်ခေါင်းဆောင်တွေရဲ့ အမည်နာမတွေကို အခုလို နိုင်ငံပိုင်သတင်းစာရဲ့ သတင်းဖော်ပြ ချက်မှာ ပါဝင် လာတာဟာ ဒါက ပထမဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း

အရိပ်တခုအောက်၌ ခိုလှုံခြင်း

စင်ကာပူမှာ အလုပ်လုပ်နေသော ဖိလစ်ပိုင်မှ အိမ်အကူကို ၂၀၀၈ ခုနှစ်အတွင်း ဓာတ်ပုံမှတ်တမ်း တင်ခဲ့စဉ်က (ဓာတ်ပုံ – Reuters)


တခုသော ရုံးပိတ်ရက်က အင်တာနက် သတင်းများထဲမှ သတင်းတပုဒ်ကို ဖတ်ခဲ့ရသည်။ မြန်မာနိုင်ငံမှ အမျိုးသမီး အိမ်အကူ များ ဟောင်ကောင်တွင် သွားရောက်အလုပ်လုပ်ကိုင်ခွင့် ပြုမည့် သတင်းဖြစ်ပါသည်။ အိမ်အကူ တယောက်၏ တလအတွက် လစာကို မြန်မာငွေ လေးသိန်းခွဲ ၀န်းကျင်ပေးမည်ဟု ဆိုပါသည်။ ရရှိမည့် လစာက လက်ရှိ အိမ်အကူ လုပ်နေသူတွေ မပြောနှင့် ကျမတို့လို ရုံးဝန်ထမ်းပင် ထွက်လုပ်ချင် လောက်သည့် ပမာဏ ဖြစ်၏။ အိမ်အကူဆိုတော့ ထုံးစံအတိုင်း ထမင်းကျွေး၊ စားရိတ်ငြိမ်း ဖြစ်လိမ့်မည်။ အလုပ် လုပ်ကိုင်ခွင့် ရဖို့အတွက် ပို့ပေးသည့် ကုမ္ပဏီက တလ ဒေါ်လာ ၃၆၀ နှုန်းဖြင့် ခြောက်လ ဖြတ်ယူမည်ဟု ဆိုသည်။ လုပ်ငန်းတွင် အဆင်ပြေစေရန် အခြေခံ ဘာသာစကားကို နှစ်လ သင်တန်းပေး တက်ရောက် စေမည်တဲ့။

ဆိုတော့ …။ ထိုသတင်း မှန်ကန်ဖြစ်မြောက် ခဲ့လျှင် ပြည်ပသို့ အိမ်အကူဘ၀ဖြင့် သွားရောက် အလုပ်လုပ်လိုသူတွေ အမြောက်အမြား ထွက်ပေါ် လာတော့မည်။ ခြေနှစ်ဘက်၊ လက်နှစ်ဘက်နှင့် သန်စွမ်းကြသူတွေ အတွက် အခွင့်အရေး ထူးကြီးဟု ဆိုနိုင်လောက်၏။ အတန်းပညာ တတ်သည်ဖြစ်စေ၊ မတတ်သည် ဖြစ်စေ အလုပ်လုပ်သူတိုင်း မည်သူမဆို လစဉ် ပုံမှန်ဝင်ငွေ များသည်ထက် များချင်ကြသည်။ ဒီအတွက်ပင် ဆင်းရဲချမ်းသာ မရွေး ပြည်ပတွင် အလုပ်လုပ်ကြသည်။ ပျော်၍ သွားခြင်းကား မဟုတ်။ ငွေပို ရလို၍ သွားနေကြခြင်းသာ ဖြစ်၏။ ပြည်ပသို့ ငွေနှင့် ပညာအတွက် မဟုတ်လျှင် ခဏခေတ္တ အလည်အပတ် လောက်သာ သွားချင်သူ ရှိ၏။ မည်သူမျှ နှစ်ပေါင်းကြာရှည် မနေလိုကြ။ ထို့အတွက် ပြည်ပနိုင်ငံများ၌ အလုပ် သွားလုပ်ကြ သူများကို အပြစ်တင်စရာ မရှိ။ သနားကြင်နာစိတ်ဖြင့် ကြည့်ဖို့သာ ရှိပါ၏။ ငွေအတွက် အလုပ် လုပ်ရတာချင်း အတူတူ အိမ်အကူဘ၀ဖြင့် တိုင်းတပါး၌ အလုပ်လုပ်ကြရသည့် ဘ၀မှာ အတော် ဆိုးပေလိမ့်မည်။ ကျမက အိမ်အကူ ဆိုသည့် အမျိုးသမီး ကြီး၊ ငယ်များ၏ ဘ၀နှင့် ခံစားချက်တို့ကို အများထက် ပို၍ စိတ်ဝင်စားသူ ဖြစ်ရာ ထိုသတင်းကြားတော့ အလွန်ပင် စိတ်ဝင်စားခဲ့ရ၏။ စင်စစ် ဟောင်ကောင်တွင်သာ မဟုတ်။ တခြားသော ပြည်ပနိုင်ငံများသို့ အိမ်အကူဘ၀ဖြင့် လူမသိ သူမသိ ရောက်နေသော မိန်းကလေးများ အရင်ကတည်းက ရှိနှင့်ပြီးသား ဖြစ်၏။ အခုလို ထင်ထင်ရှားရှား တရားဝင် ကုမ္ပဏီများဖြင့် သွားရောက်ခဲ့သည့် အစီအစဉ်မဟုတ်။

အခုတော့ သူတို့ ထင်ထင်ပေါ်ပေါ် သွားကြရှာတော့မည်။ သူတို့ ဘယ်အိမ်တွေကို သွားမှာပါလိမ့်။ အဆင်မှ ပြေနိုင်ပါ့မလား။ တစုံတရာ ပြဿနာဖြစ်၊ အတိဒုက္ခ ရောက်ခဲ့ပါသော် ဘယ်အဖွဲ့အစည်းက ကူညီမှာလဲ၊ ဘယ်ကိုသွားရောက် တိုင်းတန်း ရမှာတဲ့လဲ။ ကူညီလိုသူများ ရှိသည့်နေရာသို့ သွားနိုင်စွမ်းသည့် အရည်အချင်းရော သူတို့မှာ ရှိကြမှာလား။ သူတို့ဘ၀ကို ဘယ်သူတွေက ဘယ်အတိုင်းအတာအထိ အာမခံချက်ပေး၍ ကာကွယ် စောင့်ရှောက်ကြမှာတဲ့လဲ။

လဲ … လဲ … လဲ။ ကျမတယောက်တည်း မေးခွန်းများစွာ မေးလိုက် ဖြေလိုက် လုပ်ရင်း တွေးမဆုံးအောင် ဖြစ်နေမိခဲ့သည်။ မိမိ သွေးသားရင်းချာ မဟုတ်သော သူစိမ်း မိသားစု၏ အရိပ်ကို ခိုလှုံရင်း အလုပ်လုပ်ကိုင်နေကြသော အိမ်အကူ အမျိုးသမီးများ၏ ခံစားချက်နှင့် ဘ၀များကို ကျမ နှစ်ပေါင်းများစွာ လေ့လာကြည့်ခဲ့ဖူးသည်။ သူတို့ ရင်ဖွင့်စကားတွေကို ကျမနှလုံးသားဖြင့် ကြိမ်ဖန်များစွာ လှိုက်လှိုက်လှဲလှဲ ကြားနာဖူးခဲ့သည်။

နိုင်ငံခြား တိုင်းတပါးသား မိသားစု၏ အရိပ်ကို မပြောပါနှင့်ဦး။ မေတ္တာကြီးမား လှပါသည်ဆိုသော မြန်မာ ဗုဒ္ဓဘာသာ မိသားစု များ၏ အရိပ်အောက်တွင်ပင် သူတို့ဘ၀ မငြိမ်းချမ်းနိုင်ကြ။ အရိပ်ဆိုရာတွင် ဘုရားရိပ်၊ တရားရိပ်၊ မိဘရိပ်၊ မိသားစုဝင် သွေးသား တို့၏ အရိပ်ထက် အေးမြသော အရိပ်ကား မရှိ။ လူမှန်သမျှ အေးမြသော အရိပ်အောက်၌သာ ခိုလှုံချင်ကြသော်လည်း အကြောင်းကံ မကောင်းသူတို့မှာ သူစိမ်း တရံဆံတို့၏ အရိပ်တွင် ခိုလှုံနေကြရ၏။ သူတို့ကား တပါးသော မိသားစု အတွင်း အကြောင်း အမျိုးမျိုးဖြင့် အလုပ်လုပ်ကိုင်ကြရသည့် အိမ်အကူများ ဖြစ်လေသည်။

မေတ္တာတရား လက်ကိုင်ထားလျှက် ပါးရည်နပ်ရည်ရှိသော မိသားစုအတွင်း ရောက်ရှိသွားသော အိမ်အကူ တယောက်၏ ဘ၀ သည်ပင် ပျော်ရွှင်ဖွယ် နေ့ရက်တို့ ရှိခဲလှ၏။ အိမ်အကူ တယောက်၏ အလုပ်လုပ်ချိန်သည် ပြင်ပအလုပ်သမား တယောက် ကဲ့သို့ အတိအကျ မရှိ။ ပုံမှန်အားဖြင့် အိမ်အကူ မှန်လျှင် မနက် ငါးနာရီ ၀န်းကျင်မှ ည ဆယ်နာရီ ကျော်သည်အထိ အိမ်ရှင် မိသားစုအတွက် အချိန်နှင့် လုပ်အားတို့ကို ပေးဆပ်ရ လေသည်။ အနည်းငယ် စာနာတရား ရှိသူတွေက အိမ်အကူများ အပေါ် ၀ိုင်းလုပ် ၀ိုင်းစားဟု သတ်မှတ်ထားလျှက် ၀ိုင်းလုပ်ခွင့် ပေးကာ ၀ိုင်းစားခွင့် ပေးခဲလှ၏။ အိမ်အကူတယောက်၏ အလုပ်ချိန်ကို အိမ်ရှင် မိသားစုက ဆယ်နာရီအထက်သာ ယူလေ့ရှိကြသည်။

ဆယ်နာရီ နောက်ပိုင်း အချိန်များအတွက်လည်း သဒ္ဓါကြေးလေး သော်မှ အပိုဆောင်း မပေးချင်ကြ။ နားရက်ဟူ၍ တပတ် တရက် မပြောနှင့် တလကုန်သော်မှ နေ့တ၀က် လောက်ပင် လစာမဲ့ နားခွင့် မပေးတတ်ကြ။ နေစရာပေး၊ ထမင်းကျွေး စရိတ်ငြိမ်း ဟူသော အခွင့်အရေးထူးကြီး သည်ပင် များလွန်းလှပြီဟု နှစ်ဦးနှစ်ဘက် အောက်မေ့နေကြရ လေသည်။ အိမ်ရှင် မိသားစုများ၏ မျက်နှာများကို ကြည့်၍ တအိမ်လုံး စားသောက်ပြီးမှ စားခွင့်ရသည့် ထမင်းတနပ်စီ အတွက်ပင် အိမ်အကူများက ကျေးဇူးတင်နေရ၏။ မိုးလင်းကမိုးချုပ် ခြေရောလက်ပါ လှုပ်ရှားနေရသည့် အိမ်အကူ အမျိုးသမီးများ၏ မကောင်းကြောင်းကိုသာ အိမ်ကြီးရှင်များက မြိန်ရည်ရှက်ရည် ပြောဆိုလေ့ ရှိကြသည်။ စရိတ်ငြိမ်း ဟူသော လှလှပပ ခေါင်းစဉ်တခု အောက်ဝယ် အိမ်အကူ အမျိုးသမီးများသည် ခံစားချက် မှန်သမျှကို သိုဝှက် သိမ်းဆည်းလျှက် သူစိမ်းတရံဆံ များ၏ ဆန္ဒနှင့် အဆင်ပြေ ကိုက်ညီအောင် အရာရာကို သည်းခံနေကြရသည်သာ ဖြစ်၏။

သူတို့ ဘာကိုမှ တောင့်တလိုချင်၍ မရ။ ရင်ထဲရှိသည့်အတိုင်း အမှန်တရားကို ဖော်ထုတ်ပြောဆိုခွင့် မရှိ။ မိသားစုဝင်တိုင်း၏ ဆန္ဒနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်တတ်သည့် အတတ်ပညာကို သူတို့ တတ်မြောက် ထားရသေး၏။ နေမကောင်း လျှင်ပင် နေကောင်းဟန် ဆောင်၍ တာဝန်ကျေအောင် လှုပ်ရှား လုပ်ကိုင်နေရ၏။ နေမကောင်းလွန်း သဖြင့် ဘုန်းခနဲ လဲကျ ခါမှသာ လဲလျောင်း နားနေခွင့်အတွက် ကြည်ဖြူနိုင်ကြ၏။ ရက်အတော်ကြာ နေမကောင်း ဖြစ်နေလျှင်မူ ရွာပြန်၍သာ နားလိုက် ပေတော့။ ရှေးယခင်က ကျမတို့ မြန်မာလူမျိုးများသည် ဘုရား၊ ကျောင်းကန်ဇရပ်၊ တန်ဆောင်းများ ဆောက်လုပ်ပေးခြင်း၊ သစ်ပင်များ စိုက်ပျိုး၍ အလှူပေးခြင်းတို့ကို မွန်မြတ်သော ကုသိုလ်အလုပ် တခုအဖြစ် လုပ်ဆောင်လေ့ ရှိခဲ့သည်။ မြန်မာစရိုက်၏ ဓလေ့သည် လူအများကို နေစရာ အရိပ် ပေးရခြင်းအပေါ် ပျော်မွေ့နှစ်သက် ဂုဏ်ယူတတ်သည့် သဘောရှိ၏။ မေတ္တာတရား အားကောင်းသော ရှေးမြန်မာများက လူတဦးချင်းစီ အတွက်ဖြစ်စေ၊ လူအများ အတွက်ဖြစ်စေ စေတနာ သက်သက်ဖြင့် အရိပ်များ ပေးဝေလေ့ ရှိခဲ့ပါသည်။ ယနေ့ခေတ်တွင်လည်း အရိပ်ပေးလိုကြသည့် စေတနာရှင် များစွာရှိပါသေးသည်။

သို့သော် အရိပ်တခု၏ အောက်ဝယ် ခိုလှုံလာကြ သူများအပေါ် တန်ရာတန်ကြေးထက် ပိုလိုချင်ကြသော ဓနရှင်များ ဖြစ်လာ ကြသည်ကမူ ၀မ်းနည်းဖွယ် ကောင်းလှပေ၏။ အရိပ်တခု ပေးရာဝယ် သူ့ဘက်က အဆင်ပြေဖို့ထက် ကိုယ့်ဘက်က အဆင်ပြေဖို့သာ ရည်မှန်းသော စောင့်ရှောက် ပေးဝေခြင်းမျိုး မဖြစ်သင့်။

တလောဆီက ကျမ၏ တူမ ၀မ်းကွဲလေးတယောက်ကို ရန်ကုန်မြို့ရှိ နာမည်ကြီး ကုမ္ပဏီတခုတွင် နေစရာပေး တလ အခြေခံ လစာငွေ ငါးသောင်းဖြင့် အလုပ်တခု သွင်းပေးခဲ့သည်။ နယ်ကဖြစ်၍ နေစရာပေးသည့် အလုပ်ကိုသာ ရွေးချယ်ခွင့် ရပါသည်။ အလုပ်ချိန်ကို မနက် ၉ နာရီမှ ညနေ ၅ နာရီဟု ကျမတို့ သိရှိထားခဲ့၏။ တပတ်လျှင် တရက်နားခွင့်ရှိသည် ဆိုပါသည်။ သို့သော် ဘယ်နေ့ ဘယ်ရက်ဟု ရေရေရာရာ မရှိဘဲ အလျှဉ်းသင့်သလို အလုပ်ဆင်းနေရသည်မှာ ၆ လ ကျော်သွားခဲ့သည် အထိ တိတိကျကျ နားရက်မရခဲ့။ ကျောတနေရာစာ ပေးထားသဖြင့် နေ့စဉ် အိမ်ပြန်သူတွေလို ညနေ ၅ နာရီ အတိအကျ ပြန်ခွင့်မရ။ ၆ နာရီနှင့် ၇ နာရီကြားမှာသာ အဆောင်ပြန်ခွင့် ရ၏။ အလုပ်ဆင်းချိန် ၅ နာရီ မဟုတ်လားဟု မည်သူမျှ ပြန်မမေးရဲ။ တခါတရံ ညရေးညတာ  အလုပ်ကိစ္စပေါ်၍ ခေါ်ခိုင်းလျှင်ပင် အလုပ်ဆင်းပေး ရသေး၏။ တလတခါ ဆွေးမျိုးသားချင်း များထံ သွားရန် အပြင်ထွက် အပ်လို၍ ညနေအလုပ် ပုံမှန်ဆင်းချိန် သွားလိုသော် မကြည်မဖြူ ဖြစ်ကြ လေသည်တဲ့။

အလုပ်ရှင် သူဌေးများသည် ကျောတနေရာစာ နေရာနှင့် အရိပ်ပေးထားသည့်အတွက် ၀န်ထမ်းများက ကျေးဇူးတရားကို ထောက်ထားရသည့် သဘောဖြစ်၏။ ထိုအလုပ်ရှင်များကား လုပ်သား၏ အချိန်ကို မတရားသဖြင့် ခိုးယူသူများဟုသာ ကျမ သတ်မှတ်မိသည်။ သို့သော် ထိုသို့သော လုပ်ငန်းခွင်မျိုး အမြောက်အမြား ရှိနေလေသည်။ စင်စစ် လူတဦး တယောက်၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ဘယ်လိုကျေးဇူးတရားမျိုး နှင့်မှ ထိန်းချုပ် အပိုင်စီးခြင်းမျိုး မဖြစ်သင့်။ ဆိုက်ကားသမား ဖြစ်စေ၊ ပဲပြုတ်သည် ဖြစ်စေ၊ ဌာနဆိုင်ရာ အရာရှိကြီး ဖြစ်စေ၊ ဘီလျံနာ သူဌေးကြီး ဖြစ်စေ ကိုယ်ပိုင် လွတ်လပ်ချိန်နှင့် အနားယူမှု တို့ကို မဖြစ်မနေ လိုအပ်လျှက် ရှိကြောင်း လူတိုင်း သိနားလည်သင့်၏။

တခါတရံ မဟုတ်သော ပေးဆပ်မှုမျိုးဖြင့် လုပ်သားက အလုပ်ရှင်၏ ဆန္ဒကို ဖြည့်ဆည်းပေး နေရလျှက် တခါတရံမျှသော လုပ်သား၏ ဆန္ဒကို အလုပ်ရှင်က ဖြည့်ဆည်းမပေးလိုခြင်း၌ မည်သူ့ကို အပြစ်တင်ဆို သင့်ပါသနည်း။ ဘွဲ့ရ ခေတ် ပညာတတ်ဟု ခေါ်သည့် အလုပ်သမားတို့ အပေါ်ပင် ဤသို့ဤပုံ ဂုတ်သွေးစုပ် အမြတ်ထုတ် ချင်ကြသော လုပ်ငန်းရှင်များ ပေါပေါများများ ရှိနေလေရာ ပညာမဲ့၊ အသိုင်းအ၀ိုင်းမဲ့ အိမ်အကူ အမျိုးသမီးများအပေါ် ကိုယ်ချင်းစာ တရားတို့ဖြင့် အရိပ် ပေးထားသူတို့မှာ လူတသန်းတွင် တယောက်ရှိဖို့ ခဲယဉ်းလှပေသည်။

လူအများစုက အိမ်အကူများအပေါ် ပိုက်ဆံပေး၍ ခိုင်းသည်။ တန်ရာတန်ကြေး ပေးထားသည်။ အလှကြည့်ဖို့ ခေါ်ထားခြင်း မဟုတ်ဟုသာ ခံယူ ကျင့်သုံးကြလေသည်။ ထိုကဲ့သို့ အိမ်ရှင်မျိုး၏ အရိပ်အောက်ဝယ် သူတို့ကြာကြာ မခိုလှုံနိုင်ကြ။ ကိုယ်ချင်းစာ တရားနှင့် မေတ္တာတရားကို ထိုင်သင့်သလို အလျှော့အတင်း ညီညီထားနိုင်သော အခါမျိုး၌သာ သူတို့ ရက်ပေါင်းကြာရှည် ခိုလှုံနိုင် ကြမည်ဖြစ်၏။

တချို့သော အမျိုးသမီးများကမူ မိသားစု စားဝတ်နေရေးအတွက် ဆပ်၍မကုန်နိုင်သော ကြွေးမြီ ကိစ္စများကြောင့် ၀ဋ်ကြွေးတခုကို ခံနေရသကဲ့သို့ သူစိမ်းများ၏ အရိပ်ကို ပူလောင်ပြင်းပြစွာ ခိုလှုံနေရ တတ်လေသည်။ ရက်စက် ကြမ်းကြုတ်သော အိမ်ရှင်များ၏ အရိပ်အောက်ဝယ် ဒဏ်ရာ အနာတရများဖြင့် ကြွေးဟောင်း ဆပ်နေရသော အိမ်အကူ များလည်း ရှိသေးသည်။

နားရက်မရှိသော အိမ်အကူ လုပ်သားများ၏ နိစ္စဒူဝ အလုပ်တို့ကို အိမ်ရှင်များက မျက်စိအောက်၌ မြင်တွေ့နေလျှက်ကပင် မသိကျိုးကျွံ ပြုတတ်ကြ၏။ သူတို့၏ ခဏတာ ပျော်ရွှင်မှုအတွက်ပင် အိမ်ရှင်မိသားစုက အချိန်အနည်းငယ် ပေး၍ ဖန်တီး မပေးလိုကြ။ သို့သော် သူတို့သည် မြန်မာပြည်၏ အရိပ်ခိုခွင့် ရနေရသောကြောင့် နှစ်ဦးနှစ်ဘက် အဆင်မပြေ၍ အလုပ် ဆက် မလုပ်လိုသော် အခွင့်အရေးများစွာ ရပေသေးသည်။ ယုတ်စွအဆုံး လူမသူတော် တဦးဦး၏ အရိပ်အောက် ရောက်သွား စေကာမူ ကိုယ်စွမ်း ကိုယ်စဖြင့် ထွက်ပြေး လွတ်မြောက်နိုင်ပါ လိမ့်မည်။ သူတို့ ကျွမ်းဝင်ရင်းနှီးသော အမိမြန်မာပြည်၏ အရိပ်ကပင် သူတို့အတွက် ကောက်ရိုးတမျှင်မျှသော အင်အားနှင့်ဖြစ်စေ အေးမြစေပါလိမ့်မည်။ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ အကျင့် စရိုက် မတူကွဲပြား ခြားနားသော သူစိမ်း မိသားစုများအကြား ရောက်ရှိပြီးမှ တစုံတရာ အခက်အခဲ ကြုံတွေ့ခဲ့သော် သူတို့ ဘယ်ဆီ ထွက်ပြေးရမည်နည်း။ ကျမက အိမ်အကူ အမျိုးသမီးငယ်များ၏ ဘ၀ကို စာနာသနားမှုတို့ဖြင့် အစိုးရိမ် ပိုနေမိသူ လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

စင်စစ် သူတို့သည် တိုင်းတပါးမှ သွေးသား မတော်စပ်သော သူစိမ်းတရံဆံ များ၏ အရိပ်အောက်ဝယ် ကိုယ့်အား ကိုယ်ကိုး အလုပ်လုပ်လို သူများ ဖြစ်၍ သတ္တိကောင်းသူ၊ ရဲရင့်သူတို့လည်း ဖြစ်နိုင်ပါသည်။ သို့ပေလျှက် ကျမကတော့ဖြင့် သူတို့၏ အနာဂတ်ကို ပူပင်စွာ တွေးတောကြည့်နေမိမြဲ။ ဘ၀ပေး အခြေအနေ မကောင်းသဖြင့် ပညာတတ် မဖြစ်ခဲ့ပါသော်လည်း္ကဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော ပညာတတ် အမျိုးသမီး တယောက်ကဲ့သို့ လိမ္မာယဉ်ကျေးသော၊ စာကောင်းပေကောင်းများကို ဖတ်တတ်သော အိမ်အကူ အမျိုးသမီးငယ်များစွာကို ကျမ တွေ့ခဲ့ဖူးသည်ပဲ။

ဘာပဲဖြစ်ဖြစ် သူတို့၏ ပင်ပန်းဆင်းရဲလှသော ဘ၀၊ ခံစားချက်မဲ့သူ တယောက်ပမာ အရာရာကို သိုဝှက်သည်းခံ နေရသော ဘ၀၊ လူမမြင်ကွယ်ရာ ညအမှောင်ထဲ ရောက်မှ ငိုရှိုက်ခွင့်ရသော ဘ၀၊ သူတို့၏ မလှမပ ဘ၀လေးတွေ ပိုမိုလှပ တောက်ပြောင် လာမည်ဆိုလျှင် ရေကြည်ရာ မြက်နုရာသို့ ရှာဖွေသွားရောက်ရ မည်ဆိုတာ ကျမ လက်ခံ နားလည်နိုင်ပါသည်။ သို့ပါသော်လည်း ပွင့်လင်းလွတ်လပ် လာပြီဖြစ်သော ကျမတို့ အမိမြန်မာပြည်၏ အရိပ်ကို အခိုက်အတန့် ကာလတခုမျှ စွန့်ခွာလျှက် နိုင်ငံရပ်ခြားသို့ အမျိုးသမီး အိမ်အကူများ တရားဝင် ပို့ဆောင်ပေးခွင့်ရသူ အကျိုးဆောင်များ အနေနှင့် သူတို့၏ အနာဂတ် ဘ၀အတွက် မိမိတို့ ရင်နှစ်သည်းချာ သားသမီးများသဖွယ် သဘောထားကာ၊ ဆွေမျိုးသားချင်ပမာ ရှုမြင် ခံစား၍ ဘက် ပေါင်းစုံမှ ကြိုတင် သုံးသပ်မှု မှန်ကန်စွာ သူတို့ဘ၀ သူတို့အလှများ မပျက်စီးစေဘဲ လုံခြုံစိတ်ချရသော အရိပ်တခု အောက်၌ နွေးထွေးအေးမြ နေစေရန် မေတ္တာရှေ့ထား၍ အကျိုးဆောင်ပေး နိုင်ကြပါစေဟု ဆုတောင်းရင်း …။     ။

Irrawaddy ဧရာဝတီ သတင်း