ကျမချစ်တဲ့ ပန်းဆိုးတန်းလမ်းမကြီး


ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က ကိုလိုနီခေတ်အဆောက်အအုံကြီးကို လမ်းသွားလမ်းလာများနောက်မှာ ခံ့ထည်စွာတွေ့ရစဉ်။ ကိုတိတ်/မြန်မာတိုင်း(မ်)

အထက်တန်း ကျောင်းသူဘ၀က ကျူရှင်တက်ဖို့အတွက် နေ့တိုင်းနီးပါးလောက် ပန်းဆိုးတန်း
လမ်းမကြီးကို ဖြတ်ပြီးသွားရတယ်။

ဖြတ်သွားတိုင်းလည်း မြို့လယ်ကောင်ကို လူကြီးတွေလိုမျိုး 'ငါလည်းလာရတယ်၊ ငါလည်း
အရာဝင်တယ်'ဆိုတဲ့ အတွေးနဲ့ လူက မြောက်ကြွပြီး အမြဲလိုပျော်ရွှင်ခဲ့တယ်။

အဲဒီမြို့လယ် လမ်းမကြီးကနေ ရရှိတဲ့ အငွေ့အသက်တွေနဲ့ လှုပ်ရှားမှုပုံရိပ် တွေကိုလည်းပဲ
ဘယ်တော့မှ ရိုးအီတယ် မရှိခဲ့ဘူး။

အလယ်ဘလောက် တရားရုံးချုပ်ကြီးဘေးက မြို့ နယ်စာတိုက် အဆောက်အအုံထဲမှာနေတဲ့
သူငယ်ချင်းမတစ်ယောက်ကိုဆိုရင် ကိုယ့်မှာ အားကျလို့ကိုမဆုံးနိုင်ဘူး။

သူ့အမေက စာတိုက်မှူးမို့လို့ အဲဒီမှာနေရတာဆိုတော့ ကိုယ့်မိဘတွေလည်း ဒီလမ်းထဲမှာ နေစရာ
ရှိရင်ကောင်းမှာပဲလို့လည်း မကြာခဏ တွေးမိခဲ့ဖူးတယ်။

အဲဒီ စာတိုက်လေးကလည်း လေးထောင့်ဆန်ဆန် ငါးထပ်တိုက်ရဲ့ ညာဘက် ခြမ်းအောက်ဆုံးထပ်
မှာ ဖွင့်ထားတာပါ။

ထင်ရှူးပုံးကြီး ထောင်ထားသလိုမျိုး ဒီဇိုင်းဖြစ်ပေမယ့် ကိုယ့်မျက်စိထဲမှာတော့ တော်တော်လေးကို
နေချင်စရာ လေးဖြစ်ခဲ့တာပါ။

ကျူရှင်သွားဖို့ အိမ်ကနေ ဘတ်စ်ကားစီးလာရင် ပန်းဆိုးတန်း မှတ်တိုင်မှာဆင်း၊ အဲဒီ မှတ်တိုင်မှာ
ရောင်းတဲ့ 'ရွှေလှေခါး' မုန့်ဟင်းခါးဆိုင်မှာ အချဉ် နိုင်နိုင်၊ ငရုတ်သီးများများနဲ့ မုန့်ဟင်းခါးတစ်ပွဲစား။

အဲဒီဆိုင်က ဟိုတုန်းကတော့ ကိုလိုနီခေတ်တိုက်ကြီးရဲ့လှေကား ခြေရင်းမှာ ဖွင့်ထားတာပေါ့။

ခုတော့ သူ့နေရာမှာ ရုပ်ဆိုးဆိုးခေတ်ပေါ် တိုက်သစ်ကြီး ဖြစ်သွားပြီ။ တစ်ခါတစ်လေ ရွှေလှေခါးမှာ
မစားချင်ရင်တော့ သူငယ်ချင်းမကို သူ့အိမ်မှာ အရင်ဝင်ခေါ်ပြီး မေစင်တာနဲ့ မျက်နှာချင်းဆိုင်
ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်က ကုန်သွယ်ရေးရုံးကြီး (မီးလောင်သွားလို့ ၀င်းခတ်ပြီး
နှစ်ပေါင်းများစွာ ဒီအတိုင်းပစ်ထားရာကနေ ခုတော့ တိုက်မြင့်ကြီးဆောက်နေတာ တွေ့ရပါတယ်)
အောက်မှာ ဖွင့်ထားတဲ့ တင်တင်အေး မုန့်ဟင်းခါးဆိုင်မှာ သွားစားကြတယ်။

ပြီးတော့မှ ကျူရှင်သွားကြ၊ ကျူရှင်က ပြန်ရင်တော့ အမေ့အိမ် စာအုပ်ဆိုင်ထဲမှာ ၀င်မွှေကြတယ်။

ညနေဘက်တွေဆိုရင်တော့ လမ်းဘေး စာအုပ်ဆိုင်တွေမှာ ၀င်တိုးကြတယ်။

ဝယ်ဖြစ်တာကတော့ စာစီစာကုံး စာအုပ်တွေပဲများပါတယ်။

အဲဒီအချိန်တုန်းက စာဖတ်ဝါသနာပါတယ်ဆိုပေမယ့် လူအထင်ကြီးခံချင်တဲ့ ရည်ရွယ်ရင်းက
ခပ်များများဆိုတာ ၀န်ခံရပါမယ်။

ကျွန်မတို့ သူငယ်ချင်းတစ်သိုက် လူအထင်ကြီးခံရအောင် လုပ်ကြတာ နောက်တစ်ခု ရှိပါသေး
တယ်။

အဲဒါကတော့ ကျူရှင်ပြေးပြီး ပန်းဆိုးတန်း ပန်းချီပြခန်းထဲမှာ ဟိုကြည့်ဒီကြည့် လုပ်ကြတာပါ။

ပန်းချီအကြောင်း သိသလို ဂိုက်တွေဖမ်းပြီး ဟိုဒီလျှောက်ပြောတဲ့ ကိုယ်တွေရဲ့ ဟန်ပန်ကို ခုချိန်မှာ
ပြန်တွေးကြည့်မိတော့ ငယ်ဘ၀ အမှတ်တရတွေက လက်ရှိဘ၀အမောတွေကို တဒင်္ဂတော့
မေ့သွားစေတာ အမှန်ပါပဲ။

တစ်ခါ ကျူရှင်ပြေးကြတာ အဲဒီ လမ်းမပေါ်မှာပဲ ဆရာနဲ့တည့်တည့်တိုးလို့ ကောင်းကောင်းကြီး
အဆဲခံလိုက်ရပါရောလား။

တကယ်တော့ ပန်းဆိုးတန်းလမ်းမကြီးနဲ့ ကျွန်မကြားမှာ အမှတ်တရတွေမှ အများကြီးပါ။

ကျွန်မချစ်တဲ့ ငယ်သူငယ်ချင်းတွေနဲ့ အဲဒီလမ်းမကြီးပေါ်မှာ ထောင်းထောင်းကြေအောင် လျှောက်ခဲ့
ဖူးတယ်။

အဖေရယ်၊ အမေရယ်နဲ့ ကျွန်မတို့ ညနေပိုင်း မြို့ထဲလာရင် ကာစတန်ရုံးရှေ့ ကမ်းနားလမ်းကနေ
ဘတ်စ်ကားစီးပြီး အိမ်ပြန်ရတာဆိုတော့ အဲဒီ ပန်းဆိုးတန်းလမ်းတစ်လျှောက်မှာ ကျွန်မတို့မိသားစု
ခြေရာတွေ ထပ်ခဲ့တာများပေါ့။

အမှတ်ရဆုံးကတော့ အောက်ဘလောက်က ဆိပ်ကမ်းရုံးကြီးနားမှာ စမူဆာသုပ်စားရတာပဲ။

အဲဒီအချိန်တုန်းက တစ်ပွဲစားပြီးလို့ နောက်တစ်ပွဲ ထပ်စားချင်ပေမယ့် စည်းကမ်းကြီးတဲ့ အမေက
ထပ်မကျွေးတော့လို့ တသသဖြစ်ခဲ့ရတဲ့ စမူဆာသုပ်။

ခုများတော့ ဘယ်လောက် ကောင်းတဲ့ဆိုင်မှာ ပဲစားစား အဲဒီတုန်းက အရသာကို ပြန်မရနိုင်တော့
ပါဘူး။

ခုတော့ အမေလည်း မရှိတော့ဘူး။ ငယ်ပေါင်းသူငယ်ချင်းတွေထဲက တချို့ ဆို ဘယ်လိုမှ
အဆက်အသွယ်မရတော့ဘူး။

ကျွန်မသဘောကျခဲ့တဲ့ အဲဒီလမ်းပေါ်က အဆောက်အအုံတွေကလည်း တဖြုတ်ဖြုတ်နဲ့
ပျောက်ကွယ်သွားကြတယ်။

ဒါပေမဲ့ ကျွန်မ အမေ့ကို အမြဲတမ်းပဲ ချစ်နေသလိုမျိုး ဒီလမ်းကြီးကို ကျွန်မချစ်နေ၊ သဘောကျနေ
ဆဲပဲ။

မိဘကျေးဇူးဆိုတာ ကောင်းကောင်းမသိတတ်ခင် အချိန်တုန်းက အမေကို အမေမို့လို့ ချစ်ခဲ့ရပြီး
အရွယ်ရောက်လို့ မိဘကျေးဇူးကို နားလည်ချိန်မှာ အမေ့ကို ပိုပြီးမြတ်နိုးလို့ ချစ်ခဲ့ရသလိုမျိုး
ဒီလမ်းကြီးကိုလည်း သူ့ရဲ့အတိတ်တွေ၊ သမိုင်းကြောင်းတွေကို မသိဘဲ ငယ်ဘ၀အချိန်တွေမှာ
ရိုးရိုးလေးသဘောကျခဲ့ပြီး ခုချိန် အတိုင်းအတာတစ်ခုထိ အသက်အရွယ်ရလာချိန်၊ အထိုက်
အလျောက် ဗဟုသုတတိုးလာလို့ သူ့အကြောင်း ထဲထဲဝင်ဝင် သိလာချိန်မှာ သူ့အပေါ် ကျွန်မရဲ့
နှစ်ခြိုက်မှုက တိုးလို့များလာသလို တန်ဖိုးလည်းထားတတ် လာခဲ့ပါပြီ။

ထိထိရောက်ရောက် ပြောရမယ်ဆိုရင် ကိုယ့်မွေးရပ်မြေမှာ ဒီလိုလမ်းမ ကြီးရှိလို့ ကျွန်မဂုဏ်ယူ
တတ်လာခဲ့တယ်။

ပြင်သစ်တွေ သူတို့ရဲ့ လမ်းမကြီးကို သဘောကျသလိုမျိုး ကျွန်မလည်း ပန်းဆိုးတန်းလမ်းမကြီးကို
သိပ်ချစ်မြတ်နိုးပါတယ်။

သူ့ပေါ်က အဆောက်အအုံ တစ်ခုစီတိုင်းရဲ့ သမိုင်းကြောင်းတွေကို သိရှိလာတဲ့အခါမှာ
ဒီအဆောက်အအုံတွေ ဆုံးရှုံးသွားတိုင်း ကျွန်မ သိပ်ရင်နာရပါတယ်။

သူတို့တွေဟာ ရန်ကုန်မြို့ရဲ့ သမိုင်း၊ မြန်မာလူမျိုးတွေရဲ့ သမိုင်း၊ မြန်မာပြည်ကြီးရဲ့ သမိုင်းတွေကို
ပြန်ပြီး ပြောပြပေးနေသူတွေ မဟုတ်ပါလား။
Myanmar Times

မြိတ်မြို့တွင် (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား၊ သ၀ဏ်လွှာ ဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ


(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို မြိတ်ခရိုင် မြိတ်မြို့ မြို့မအားကစားကွင်း တွင် ဇန်န၀ါရီလ (၄)ရက် နံနက်(၄း၂၀)နာရီက ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့်ဌာန ဆိုင်ရာများ တက်ရောက် ခဲ့ကြပြီး အလံတင် အဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်ထူပြီး အလေးပြုခဲ့ကြသည်။

ယင်းနောက်(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ဖတ်ပွဲကို နံနက်(၇) နာရီတွင်ဆက်လက် ကျင်းပရာ နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော သ၀ဏ်လွှာအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ဖတ်ကြားသည်။

ဆက်လက်၍(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊နိုင်ငံရေး ပါတီများ၊ ရပ်မိရပ်ဖများ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ

ရတနာပုံနေ့စဉ်သတင်းစာ (၅-၁-၂၀၁၄) တနင်္ဂနွေနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ပြည်မြန်မာဂျာနယ် အမှတ်(၉၀၃)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အိန္ဒိယ မြန်မာနယ်စပ် ပူးတွဲတိုင်းတာမည်


အိန္ဒိယ-မြန်မာနယ်စပ်  အငြင်းပွားမှုနဲ့ ပတ်သက် ပြီး နှစ်နိုင်ငံအစိုးရ ကိုယ်စားလှယ်တွေပူးပေါင်းပြီး ဇန်န၀ါရီလ ၆ ရက်နေ့ကစတင်ကာ နယ်နိမိတ် တိုင်းတာမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

အဲဒီ နယ်နိမိတ်တိုင်းတာရေးလုပ်ငန်းမှာ မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးရာ ညွန်ကြားရေးမှူးနဲ့ မြေတိုင်းညွန်မှူးတို့ပါဝင်မယ်လို့ တမူးခရိုင်အုပ်ချူပ်ရေးမှူး ဦးကျော်ဇောလင်းက RFA ကိုပြောပါတယ်။

"အခုဖြစ်နေတဲ့ပြသနာကို နှစ်နိုင်ငံ Join တိုင်းမှာ ၆ ရက်နေ့မှာ တိုင်းမှာပါခင်ဗျာ နိုင်ငံခြားရေးရာ ညွန်မှူး၊ မြေတိုင်းကညွန်မှူး၊ ကကကြီးက တစ်ယောက် နောက် ကျနော်ပါမယ်"

အိန္ဒိယအစိုးရဘက်ကတော့ စစ်သံမူးနဲ့ မြေစာရင်းအရာရှိတွေ ပါဝင်ကြမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကစပြီး အိန္ဒိယအစိုးရဘက်က အိန္ဒိယ-မြန်မာနယ်စပ်မှာ စစ်ဆေးရေးဂိတ်တစ်ခုထားရှိဖို့ မြေထိုးစက်တွေသုံးပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ရာကနေ နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှု ပေါ်ပေါက်ခဲ့ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် နယ်နိမိတ်ကျောက်တိုင်အမှတ် ၇၇ နဲ့ ၇၉ အကြားမှာ အိန္ဒိယဖက်က အဲဒီလိုလုပ်ဆောင်နေတာကို ချက်ချင်းရပ်တန့်ဖို့ မြန်မာအာဏာပိုင်တွေက ကန့်ကွက်ခဲ့ပေမယ့် အိန္ဒိယက လက်မခံခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တမူး၊ ကလေးနဲ့ မင်းကင်းမြို့တွေမှာ အိန္ဒိယအစိုးရကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဘက်က လုပ်ငန်းတွေဆိုင်းငံ့ထားခဲ့ကာ အခုလို နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေ ညှိနိုင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။
RFA Burmese

လက်ရှိနေရာကို မကျေနပ်ဘူးဟု ရွှေမှုန်ရတီပြော


အနု ပညာ ခရီးလမ်း မှာ ပရိသတ် လိုချင် နေတဲ့ ပုံစံ တွေ ထိ ရောက် အောင် လုပ် ပြ သွား ချင် သည့် သရုပ် ဆောင် ရွှေမှုံ ရတီ ဟာ လက်ရှိ အနေ အထား ကို ကျေ နပ် မှု မရှိ သေး ဘူး လို့ ထုတ် ဖော် ပြော ပါ တယ်။

အလုပ် အားလုံးကိုကြိုးစားပြီးတော့ လုပ်ပါ တယ်။ ဘယ်အရာမှ အဆင် မပြေတာ မရှိ ဘူး ပါဘူး။ တစ်ခု တည်း၊ တစ်သမတ် တည်းမသွားပါဘူး။ ဒါပေမဲ့ လက်ရှိရောက် နေတဲ့နေရာကို ကျေနပ် မှုမရ သေးပါဘူး။ ဘယ် လို ပြောရမလဲ၊ကိုယ်ရရှိနေတဲ့ပညာ လေးက ဘာမှ မရှိသေးဘူး။ ပညာပေါ့ နော်။ ပညာက ၀မ်းစာအပြည့်မပြော နဲ့၊ တစ်ဝက်တောင်မပြည့် သေးတဲ့ သူတစ်ယောက်ပါ။ ကိုယ်ကပညာ တွေ အများကြီး လိုအပ်နေတဲ့ သူ၊ အများ ကြီး သင်ယူဖို့ လို အပ်နေတဲ့သူတစ်ယောက် ပါ။ ကားရိုက်ရင်းနဲ့ပဲ ဆရာ တွေ ဆီက သင်ယူ ရပါတယ်။ ဇာတ် ရုပ် အားလုံးကို လုပ် ချင်နေတယ်။ အသစ် တစ်ယောက်အနေနဲ့ ဆိုတော့ မစုံသေး တာ အများကြီး ရှိပါတယ်။ နယ်ပွဲတွေသွားရင် တော့ သီချင်းဆိုပြတယ်။ အဆိုတော်မဟုတ် တော့ နည်းနည်းပါးပါးပဲရပါတယ်။ ဇာတ်ကား ထဲမှာဆိုရင် ကာရိုက်တာနဲ့ လိုက်အောင်ပဲ ၀တ်ဖြစ်တယ်။ ကာရိုက်တာ ဆိုတာကလည်း ဒီလူတန်းစားက ဘယ် လို ၀တ်တယ်။ ဟို လူတန်းစားက ဘယ်လိုဝတ်တယ်ဆိုတာမျိုး ပေါ့။ ဖက်ရှင်ကို အရမ်း ဆန်း တာ မ၀တ်ဖြစ် ပါ ဘူး။ ဖက်ရှင်နဲ့ပတ်သက်ပြီး၊ သင်ယူစရာရှိပါ တယ်။ အရည်အချင်း နည်း နည်းလို ပါ သေး တယ်။ အဲဒီ အတွက် လည်း လေ့လာပါတယ်”” လို့ ရွှေမှုံရတီ က ပြောပါတယ်။ ရွှေမှုံရတီ အနေနဲ့ တက္ကသိုလ် ၀င်ခွင့် စာမေးပွဲ ဖြေဆို ဖို့ ရှိ တာ ကြောင့် ၂၀၁၄ ခုနှစ် ဇန်န ၀ါရီလ၊ ဖေဖော် ၀ါရီလ၊ မတ်လ အထိ တစ်လမှာ တစ်ကား နှုန်းနဲ့ သာ ကားရိုက် လျှော့ ရိုက် သွားမှာဖြစ် တယ်။
Messenger

မြိတ်မြို့တွင် (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ စံပြမိခင် / ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ


(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲကိုဇန်န၀ါရီလ(၄)ရက် နံနက်(၉)နာရီ က မြိတ်မြို့မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။

ထိုနောက်မြိတ် ပြည်သူ့ဆေးရုံကြီးမှ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုးကျော်အောင်က ကိုယ်ဝန်ဆောင် မိခင်များ၊ မွေးကင်းစ ကလေးများ၏ကျန်းမာရေး စောင့်ရှောက်မှုနှင့်မိခင်နို့်တိုက်ကျွေးမှု အရေးပါပုံ များကို အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်/ ကလေးပြိုင်ပွဲတွင် စံပြမိခင် ဆုရရှိသူနှင့် စံပြကလေး ဆုရရှိသူအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ကလေးပြိုင်ပွဲ မွေးစမှ(၆)လ၊(၆)လမှ (၁)နှစ်၊(၁)နှစ် (၆)လမှ(၂)နှစ် တို့တွင်ဆုရရှိသူများအား မြိတ်ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့  ဥက္ကဌဒေါ်ဖြူဖြူဝင်းနှင့် တာဝန် ရှိသူများက လည်းကောင်း ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြ သည်။

ထိုနောက်စေတနာရှင် အလှူရှင်များက (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်/ ကလေး ပြိုင်ပွဲတွင် ဆုရရှိသော ကလေးများနှင့် အမွှာကလေးငယ်များကို လက်ဆောင် ပစ္စည်းများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ

တောင်ဆူဒန်တွင်း ကုလဝန်ထမ်းများ ထွက်ခွာ


တောင်ဆူဒန်အရေး ဆွေးနွေး။
ပဋိပက္ခတွေဖြစ်နေတဲ့ အာဖရိကဒေသ တောင်ဆူဒန်နိုင်ငံမှာ အမေရိကန်က သူ့ရဲ့ ၀န်ထမ်းတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေသလို၊ လူတွေ သေကြေနေရတဲ့ သီတင်းပတ်နဲ့ချီ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ တောင်ဆူဒန် အစိုးရဘက်က ကိုယ်စားလှယ်တွေ နဲ့ အစိုးရကို ဖြုတ်ချဖို့ကြိုးစားတဲ့ သူပုန်အဖွဲ့တွေဘက်က ကိုယ်စားလှယ်တွေဟာ ဒေသတွင်း စေ့စပ်ညှိနှိုင်းသူတွေနဲ့အတူ အီသီယိုးပီးယားနိုင်ငံ မြို့တော်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနေကြ တာဖြစ်ပါတယ်။

အရှေ့အာဖရိက ဒေသတွင်းနိုင်ငံများအဖွဲ့ IGAD က စေ့စပ် ညှိနှိုင်းရေးမှူးတွေကတော့ ဆူဒန်မှာ အပစ်အခတ် ရပ်စဲပြီး ပြည်တွင်းစစ် အဆုံးသတ်နိုင်အောင် ကြားဝင် စေ့စပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြ ပါတယ်။ တောင်ဆူဒန် သမ္မတ Salva Kiir နဲ့ ဒုသမ္မတဟောင်း Riek Machar တို့ရဲ့ တပ်ဖွဲ့တွေကြားက တိုက်ခိုက်မှုတွင်း လူပေါင်း ၁ ထောင်ကျော် သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဆွေးနွေးပွဲ စတင်နေချိန်မှာကိုပဲ တိုက်ခိုက်မှုတွေက ဆက်လက်ဖြစ်ပွားနေတာပါ။ အစိုးရတပ်ဖွဲ့တွေဟာ ဂျူဘားမြို့ကနေ ၁၂၄ မိုင်အကွာ၊ သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ Jonglei ပြည်နယ် မြို့တော် Bor ကို သိမ်းယူဖို့ ကြိုးစားနေကြပေမဲ့၊  သူပုန်အဖွဲ့တွေကလည်း သူတို့အနေနဲ့ Bor ကနေ ဂျူးဘားကို သိမ်းယူဖို့ ပြင်ဆင်ထားတဲ့ အကြောင်း ပြောပါတယ်။ သောကြာနေ့ တုန်း ကတော့ ဂျူဘားမြို့မှာရှိတဲ့ အမေရိကန်သံရုံးက လုံခြုံရေးအခြေအနေ ပိုဆိုးလာနေတာကြောင့် သူ့ရဲ့ ၀န်ထမ်းတွေကို ဘေးလွတ် ရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ အမိန့်ထုတ်ထားပါတယ်။
VOA Burmese News

နိုက်ကလပ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေပြီး တွေ့ရှိပါက အဆိုပါနိုက်ကလပ်ကို ရာသက်ပန် ပိတ်သိမ်းမည်


ဇန်န၀ါရီ ၂ ရက်က နိုက်ကလပ်အများစု ဖွင့်လှစ်တည်ရှိနေသော မင်္ဂလာဈေးဝင်းအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဖွင့်လှစ်လျက်ရှိသည့် နိုက်ကလပ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူသွား မည့် အပြင် အဆိုပါ နိုက်ကလပ်ကိုလည်း ရာသက်ပန် ပိတ်သိမ်းသွားသည် အထိအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးမြင့်အေး က ဇန်န၀ါရီ ၄ ရက် နံနက်ပိုင်းက ပြောကြားသည်။
ယင်းကဲ့သို့ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ရဲတပ်ဖွဲ့အနေဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။

“ကလပ်တွေမှာ ရန်ပွဲတွေဖြစ်ပွားခဲ့ရင်တော့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်နေတယ်။ ဥပမာ-ဆိုင်ကို ယာယီပိတ်သိမ်းပြီး အရေးယူနေတယ်။ဒါပေမဲ့ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲတယ်လို့ စစ်ဆေးတွေ့ရှိရင်တော့ ဘယ်နိုက်ကလပ်တွေပဲ ဖြစ်ဖြစ် ရာသက်ပန် ပိတ်သိမ်းပြီး အရေးယူသွားမယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့လည်း နေရာအားလုံးမှာ စောင့်ကြည့်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းနိုက်ကလပ် အများစုတည်ရှိနေသည့် အရှေ့ပိုင်းခရိုင်မှ တာဝန်ရှိသူ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးမှု ၂၈၆ မှုကို ဖော်ထုတ် အရေးယူနိုင်ခဲ့သော်လည်း ယခုအချိန်ထိ ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါးနှင့် စပ်ဆက်သည့်ပစ္စည်းများ အလွယ်တကူဝယ်ယူ၍ ရရှိနေကြောင်း စုံစမ်းသိရှိရ သည်။
eleven media group

သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ကေအန်ယူအဖွဲ့တွေ့ဆုံ

သမ္မတနှင့်ကေအန်ယူအဖွဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဦးရဲထွဋ်)

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တိုနဲ့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ကေအန်ယူက ပြောပါတယ်။

နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်က တွေ့ဆုံခဲ့တာဖြစ်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်လို့ ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

“သမ္မတနဲ့ တွေ့တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စကိုလည်း တင်ပြဆွေးနွေးတယ်။ တိုင်းရင်းသားတွေဘက်က ကြိုးစားဆောင်ရွက်မှုတွေ၊ လာမယ့် ဖေဖော်ဝါရီအတွင်းမှာ တိုင်းရင်းသား ညီလာခံတခု ထပ်ပြီး ခေါ်မယ်၊ ဘားအံမှာလည်း တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဖော်ရေး ကော်မတီ တွေ့ဆုံ မယ့် အခြေ အနေတွေ ဆွေးနွေး သွားတယ်” လို့ ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဒီနေ့ န့လယ် ၂ နာရီလောက် နေပြည်တော်မှာ တွေ့ဆုံခဲ့ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စမှာ တိုင်းရင်းသားတွေဘက်က ကြိုးစားဆောင်ရွက်နေတာတွေကို ကျနော်တို့ဘက်က ဆွေးနွေးတယ်။ သူကလည်း ငြိမ်းချမ်းရေးဆိုတာ တကယ်လိုအပ်တယ်၊ သူအနေနဲ့ နောက်မဆုတ်တမ်းသွားရမှာပဲ၊ နိုင်ငံတော် ငြိမ်းချမ်းမှု ရှိမှာပဲ ဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီး ပြောတယ်။”

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အပေါ်လည်း ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

“နားလည်မှုလည်း ပိုရှိလာတယ်။ ပွင့်ပွင့်လင်းလင်းလည်း သူ့အမြင်၊ ကိုယ့်အမြင် တင်ပြနိုင်လာတယ်။ တွေ့ဆုံမှုရှိလေ အမြင်တွေ၊ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ ပိုရလာတာပေါ့။ လွန်ခဲ့တဲ့ အချိန်တွေထက်စာရင်တော့ အပစ်မရပ်ခင်နဲ့ အပစ်ရပ်ပြီးနောက် ရှေ့ဆက်သွားဖို့က ပိုပြီး နီးစပ်သွားတာပေါ့။ ငြိမ်းချမ်းရေးဆိုတာကလည်း တရားမျှတမှုအပေါ် အခြေခံတယ်။ လိုအပ်မှု ရှိတာက တည်ဆောက်ယူရမှာပေါ့၊ အသေအချာ စဉ်းစားဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။”

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေကတော့ ကေအန်ယူအဖွဲ့ဟာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လေးကြိမ်ဆီ တွေ့ဆုံခွင့်ရတာဟာ တိုင်းရင်းသားအဖွဲ့တွေထဲမှာ တဖွဲ့တည်းရှိသေးတယ်လို့ ပြောပါတယ်။

“ကေအန်ယူနဲ့အစိုးရ တွေ့တာ လေးကြိမ်ရှိပြီ။ ၂၀၀၇ ခုနှစ်ကတကြိမ်၊ ၂၀၁၃ ခုနှစ်မှာ ၂ ကြိမ်၊ ၂၀၁၄ မှာ ပထမဆုံးအကြိမ်တွေ့တာ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ သမ္မတနဲ့ ၄ ကြိမ်တွေ့တယ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ၄ ကြိမ်တွေ့တာ ဒီတဖွဲ့ရှိတယ်။”

ဒီနေ့ တွေ့ဆုံပွဲမှာ အစိုးရဘက်က သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုဝန်ကြီး ဦးရဲထွဋ်၊ ငြိမ်းချမ်းရေး စင်တာက အကြံပေးတွေလည်း ပါဝင်ပါတယ်။

ကေအန်ယူဘက်က ဥက္ကဋ္ဌ မူတူးစေးဖိုး၊  အထွေအထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း၊ ကာကွယ်ရးဌာန ၀ာာဝန်ခံ ပဒို စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊  တပ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေပါဝင်ပါတယ်။

ဇန်န၀ါရီ ၄ ရက်နေ့ကလည်း ကေအန်ယူ အဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ၀န်ကြီးဦးအောင်မင်းတို့နဲ့  တွေ့ဆုံခဲ့ပါတယ်။

အခု ခရီးစဉ်အပြီးမှာ ကေအန်ယူ ထိန်းချုပ်ရာ ဘားအံခရိုင်အတွင်းက လောခီးလာမှာ ဒုတိယ အကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကို ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
DVB Burmese

Google မှာအရှာများဆုံးစာလုံးက Sex မဟုတ် Facebook ပါ


၂၀၁၃ ခုနှစ် တွင် အင်တာနက် ရှာဖွေရေး ၀န်ဆောင်မှုဖြစ်သော ဂူဂဲ၌ Facebook ဟူသော စကားလုံး ကို ရှာဖွေမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

Facebook သည် ဂူဂဲ၏ You Tube ကိုပင် ကျော်တက်ကာ လူရှာ အများဆုံး ပထမ နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ YouTube သည် ဒုတိယ လူရှာ အများ ဆုံးဖြစ်ပြီး SEX ဆို သော စာလုံးကား ရှာဖွေခံရမှု တတိယ အများဆုံး နေရာတွင် ရပ်တည် လျက်ရှိသည်။

အွန်လိုင်း ဈေးဝယ် ၀က်ဘ် ဆိုက်များ ဖြစ်သော eBay ၊ Amazion ၊ Argos တို့သည် လည်း ကမ္ဘာ တစ်ဝန်း ရှာဖွေခံရမှု အများဆုံး ထိပ်ဆုံး ဆယ်လုံး ထဲတွင် ပါဝင်ကြ သည်။

လူမှု ကွန်ရက်များ၊ အွန် လိုင်းဈေးဝယ် ၀က်ဘ်ဆိုက် များပြီး လျှင် သတင်း ၀က်ဘ်ဆိုက် များထဲ၌ ဘီဘီစီနှင့် ဒေးလီးမေး တို့သည် လူရှာ အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။

သိချင်၍ What is (ဘာလဲ) ဟူသော စကားလုံး နှင့် တွဲမေးသော မေးခွန်းများ ထဲတွင်လည်း ဖေ့စ်ဘွတ်ခ် ဆိုတာ ဘာလဲ ဟူသော မေးခွန်းသည် လူအများဆုံး မေးမြန်း သော မေးခွန်းဖြစ် ကြောင်း တွေ့ခဲ့ရ သည်။ What is Love (အချစ်ဆို တာ ဘာလဲ) ဟူသော စကားလုံး သည် ဒုတိယ လူရှာ အများဆုံး စကားလုံး ဖြစ်ခဲ့ကြောင်း လည်း သိရသည်။

မိတ်ဆွေများ နဲ့ ဆက်သွယ် ရေး၊ ဂိမ်း ကစားရေး၊ ဈေးဝယ် ထွက်ရေး၊ ဓာတ်ပုံများ ဗီဒီယိုများ ရှယ်ယာ လုပ်ရေး၊ သတင်း အချက် အလက် ဝေမျှရေးစသည့် ကိစ္စများ အတွက် ကမ္ဘာ့လူသား အများစုကြီး သည် ဖေ့စ်ဘွတ်ခ် ကို ပိုမိုအားကိုး သထက် အားကိုးလာ နေကြောင်းကို လူရှာ အများဆုံး အဖြစ် စံချိန်တင် ခဲ့ခြင်းက ထောက်ပြ လျက်ရှိသည်။
By Messenger

ဖွဲ့စည်းပုံပြင်ဖို့ ပခုက္ကူမှာ တစ်ကိုယ်တော် ဆန္ဒပြ


ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတနဲ့ ဒုတိယသမ္မတအရည်အချင်း သတ်မှတ်ချက်တွေထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကို ဆန့်ကျင်တဲ့ တစ်ကိုယ်တော်ဆန္ဒပြပွဲတစ်ခု ပခုက္ကူမြို့မှာ မနေ့ကဖြစ်ပေါ်ခဲ့ပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြသူဟာ ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက်နေ ဦးကျောက်ဆိုသူဖြစ်ပြီး၊ ပခုက္ကူမြို့ လူစည်ကားရာလမ်းမကြီးတွေအနှံ့ လမ်းလျှောက်ဆန္ဒပြခဲ့တယ်လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ ကိုသန်းနိုင်က RFA ကို ပြောပါတယ်။

"ဦးကျောက် အမှတ် ၁၁ ရပ်ကွက်ထဲမှာနေတယ်၊ NLD ပါတီဝင်ပါပဲ၊ မနေ့ကသူတို့ NLD ရုံးထဲမှာပဲ လွတ်လပ်ရေးနေ့ အခမ်းအနားလေး တစ်ခုလုပ်တော့ ကျနော်တို့ကိုလည်း သူတို့ကဖိတ်တဲ့အတွက် ကျနော်တို့က အခမ်းအနားကို သွားတက်လိုက်တာ၊ အဲဒီအချိန်မှာပဲ သီတာလမ်းနဲ့ မြို့မလမ်းရဲ့ထောင့်မှာ ဆန္ဒပြနေတယ်ဆိုပြီး ကျနော်တို့ဆီဖုန်းဝင်လာတာနဲ့ ကျနော်နဲ့ ၈ပူးအုပ်စုက အဲဒီကိုသွားလိုက်ရတာပေါ့၊ သူကလည်း ခွင့်ပြုချက်ဘာညာ တင်မထားဘူးလို့ ဟိုရောက်တော့ သိလိုက်တဲ့အချိန်ကျတော့ ကျနော်တို့ကတောက်လျှောက် သူ့ဘေးကနေပြီးတော့ ရံပြီးနေလိုက်မိတယ်"

ဦးကျောက်ကို ဆန္ဒပြနေတုန်း ရဲစခန်းရှေ့အရောက်မှာ ရဲတပ်သားတစ်ဦးက စခန်းထဲလိုက်ခဲ့ဖို့ ခေါ်ပေမယ့် လိုက်မသွားပဲသူ့ဆန္ဒအတိုင်း ခရီးဆုံးတဲ့အထိ လျှောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ညအထိတော့ ဦးကျောက်ကို တစုံတရာ အရေးယူမှုမရှိဘူးလို့ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ မနေ့ကလွတ်လပ်ရေးနေ့မှာ မြိတ်မြို့ ၈၈ မျိုးဆက်အဖွဲ့အပါအဝင် တက်ကြွလှုပ်ရှားသူတချို့က ပုဒ်မ ၁၈ ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်မှု၊ ပုဒ်မ ၅၀၅ (ခ) ဆူပူအောင်လှုံဆော်မှု စတဲ့ဥပဒေတွေဖျက်သိမ်းဖို့နဲ့ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့ခွင့်ရဖို့၊ စည်းရုံးဟောပြောခွင့်ရဖို့တို့အတွက် ပေါ်တော်မူစေတီမှာ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့အနေနဲ့ တရားဝင်ဆန္ဒပြခွင့်တင်ခဲ့ပေမယ့် နှစ်ကြိမ်တိုင်တိုင်ပယ်ချခံခဲ့ရပြီးတဲ့နောက် ခွင့်ပြုချက်မလျှောက်တော့ဘဲ ဆန္ဒပြခဲ့တာလို့သိရပါသည်။

မြိတ်မြို့ဆန္ဒပြသူတွေက မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ဖို့နဲ့ ပြည်သူလူထုမလိုလားတဲ့ ဥပဒေတွေ အမြန်ပယ်ဖျက်စေလိုကြောင်း၊ တစ်နိုင်ငံလုံး ဒီမိုကရေစီအမြန်ရစေလိုကြောင်း ဆုတောင်းပြီး၊  ဆီမီးထွန်းတာ၊ ဗူဖောင်းတွေ လွှတ်တင်တာတို့ ပြုလုပ်ခဲ့ကြပါတယ်။
RFA Burmese

နယ်စပ်က ကရင်ရိုးရာနှစ်သစ်ကူးပွဲ

ကရင်ရိုးရာနှစ်သစ်ကူးအခမ်းအနားကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုးကျေးရွာတွင်   အင်္ဂါနေ့ညက စည်ကား သိုက်မြိုက်စွာကျင်းပခဲ့သည်။

အခမ်းအနားတွင် ကရင်ရိုးရာဒုံးယိမ်းအကများ ယှဉ်ပြိုင်ခြင်းအစီအစဉ်ကို ညလုံးပေါက်ကျင်းပခဲ့ပြီး နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် အခိုက်အတန့်ဖြစ်သည့်  ည(၁၂)အချိန်တိတိတွင် မီးရှုးမီးပန်းများ ပစ်ဖောက်ပြီး နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုခဲ့ကြသည်။










 (ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
ဧရာဝတီ သတင်း

New Light of Myanmar သတင်းစာ (၅-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြန်မာ့အလင်း သတင်းစာ (၅-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်မည်


ကျေးလက်ဒေသဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်ရန် နေပြည်တော်ကောင်စီနယ်မြေအပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကျေးရွာပေါင်း တစ်ထောင်ကျော်အား တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော် လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှစ၍ ကျေးရွာပေါင်း ၁၀၉၆ ရွာအတွက် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး အဓိကလုပ်ဆောင်သွားမည်ဖြစ်ပြီး အခြားလိုအပ်သည်များကိုလည်း ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကပြောသည်။
““အရင်တုန်းက စံပြရွာဆိုတာ ဆိုင်းဘုတ်တပ်တာ။ စံပြရွာဆိုတာ မတိုးတက်ဘူး။ အခုက တကယ်လုပ်မှာ တိုးတက်အောင် တကယ်လုပ်မှာ””ဟုပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကဆိုသည်။အဆိုပါကျေးရွာများအား ဆင်းရဲမှုကိုအခြေခံပြီး ကမ္ဘာ့ဘဏ်မှရွေးချယ်သော နည်းစနစ်အတိုင်း ရွေးချယ်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး ပထမဦးစားပေးအဖြစ် ရွေးချယ်ထားသော ကျေးရွာများမှာ နေပြည်တော်မှ ၁၀ ရွာ၊ ကချင်ပြည်နယ်မှ ၃၄ ရွာ၊ ကယားပြည်နယ်မှ ၁၀ ရွာ၊ ကရင်ပြည်နယ်မှ ၃၅ ရွာ၊ ချင်းပြည်နယ်မှ ၂၉ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၀၁ ရွာ၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂၁ ရွာ၊ ပဲခူးတိုင်းဒေသကြီးမှ ၁၀၉ ရွာ၊ မကွေးတိုင်းဒေသကြီးမှ ၈၁ ရွာ၊ မန္တလေးတိုင်းဒေသကြီးမှ ၇၈ ရွာ၊ မွန်ပြည်နယ်မှ ၂၀ ရွာ၊ ရခိုင်ပြည်နယ်မှ ၆၅ ရွာ၊ ရန်ကုန်တိုင်းဒေသကြီးမှ ၃၅ ရွာ၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၁ ရွာနှင့် ရှမ်းပြည်နယ်မှ ၂၆၁ ရွာတို့ဖြစ်သည်။

အဆိုပါကျေးလက်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းအတွက် နိုင်ငံတကာအလှူရှင်များက ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအောင်မြင်ပါက ကျန်ရှိသောကျေးရွာများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း  ခြောက်သောင်းကျော် ရှိသည်။

7 Day Daily

ဘိုထိုင်အိမ်သာတောင်ကျိုးကျရတဲ့ ကမ္ဘာ့တင်ပါးအကြီးဆုံးအမျိုးသမီး


အမေ ရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာနေထိုင် တဲ့ အသက်(၃၃)နှစ် အရွယ် ရှိ ဆာရာမက် ဆေးဟာ ကမ္ဘာ့  အကြီးဆုံး တင်ပါးပိုင်ရှင်ထဲ မှာ တစ်ဦးအပါအ၀င်အဖြစ် သတ်မှတ်ခံ ထား ရပါတယ်။ ဆာရာမက် ဆေး ရဲ့ တင် ပါးဟာ ခုနစ်ပေ ၀န်းကျင်အထိ ရှိပါတယ်။ ကလေး နှစ်ယောက် မိခင် ဆာရာမက်ဆေးဟာ သူ့ရဲ့ ကြီးမားလှတဲ့ တင်ပါးကြီးအပေါ် အလွန်ဂုဏ် ယူလေ့ရှိတယ်လို့သိရပါတယ်။ သူ့ရဲ့ခန္ဓာ ကိုယ် အလေး ချိန် က အလွန် ၀ဖြိုး နေတာ မို့ အ၀တ်အစားဖိုးအတွက် တစ်လကို ပေါင် (၇၅၀) နီးပါး အသုံးပြုနေရတယ်လို့ သိရပါတယ်။ သူ ဟာ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချဖို့ ကြိုး စားနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ တင်ပါး ကြီး ဟာ အလွန်ကြီး မား လွန်း တာမို့ အ၀တ်အစား ၀ယ်ယူရာမှာ များစွာအခက်တွေ့လေ့ရှိတယ် လို့ ဆိုပါတယ်လို့ သိရပါတယ်။

သူ့ရဲ့ တင်ပါးဟာ ဘယ်လောက်အထိ ကြီးသလဲ ဆိုရင် တစ် နေ့မှာ ရုပ်ရှင်ရုံ ကိုအသွား အိမ်သာဝင် တက်စဉ် အိမ်သာထိုင်ခုံပြိုကျမှု ဖြစ်ခဲ့တယ်လို့တောင် သိရပါတယ်။ ဆာရာမက် ဆေး က ကျွန်မမှာ ဒီတင်ပါးနဲ့ ပတ်သက်ပြီး ခံစားချက်နှစ်မျိုး ရရှိနေပါတယ်။ အဲဒါက တော့ အဆိုးနဲ့ အကောင်း နှစ်ခုဖြစ်ပါတယ်။ အချို့အချိန် တွေမှာ ဒီတင်ပါးကြီးနဲ့ ပတ်သက် ပြီး စိတ်အနှောင့်အယှက်ပြဿနာတွေ ကြုံ တွေ့ ခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိ အ ချိန်မှာ တော့ ဒီတင်ပါးနဲ့ ပတ်သက်ပြီး ဂုဏ်ယူ မိပါ တယ်။ ကျွန်မရဲ့ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်ဖို့ ကြိုးစား နေပါတယ်။ ကျွန်မရဲ့ တင်ပါးဟာ အတုမဟုတ်ပါဘူး။ အချို့က ကျွန်မရဲ့တင်ပါးအပေါ် ယုံကြည်မှု မ ရှိကြပါ ဘူး””လို့ ပြောကြား သွား ခဲ့ပါတယ်။
By Messenger

ချင်းပြည်နယ် ဖလမ်းခရိုင်တွင် ဘိန်းခင်းဧက ၆၀၀ ကျော် ဖျက်ဆီး


ချင်းပြည်နယ် ဖလမ်းခရိုင် အတွင်းမှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၂၄ ရက်အထိ ဘိန်းခင်း ဧက ၆၀၀ ကျော် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ထွန်းဇံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ၃ ဖွဲ့က ထွန်းဇံမြို့နယ်နဲ့ ကျီးခါးမြို့နယ်ခွဲအတွင်းရှိ ဘိန်းစိုက်ခင်း ၆၇၂ ဒဿမ ၈၆ ဧကကို သွားရောက်ဖျက်ဆီးခဲ့တာလို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 ဒါ့အပြင် ချင်းပြည်နယ်အတွင်း ၂၀၁၃ ခုနှစ်အတွင်း ဒီဇင်ဘာ ၇ ရက်နေ့အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၂၃ မှုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ၁၉၉၉ ခုနှစ်ကနေ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ချမှတ်ထားပေမယ့်  လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အောင်မြင်မှုမရသေးတဲ့အတွက် လာမယ့် ၂၀၁၉ ခုနှစ်အထိ နောက်ထပ် ၅ နှစ် တိုးချဲ့သတ်မှတ်ထားတယ်လို့ အစိုးရထိပ်တန်း အရာရှိတဦးက နိုင်ငံတကာ ကွန်ဖရင့်တခုမှာ ပြောကြားခဲ့ဖူးပါတယ်။
DVB Burmese

မြန်မာ ယူ ၂၂ က ထိုင်းကလပ် မြောက်တောင်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ  ဇန်န၀ါရီ ၄ ရက်နေ့က ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲစဉ်မှာ  မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်းက ထိုင်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မြောင်တောင် အသင်းကို ၃ ဂိုး – ၂ဂိုးနဲ့ အနိုင်ရ သွားခဲ့ပါတယ်။

၁မြန်မာယူ  ၂၂ အသင်းဟာ အာရှဖလား ယူ ၂၂ ပြိုင်ပွဲ ၀င်ဖို့အတွက် လေ့ကျင့် ပြင်ဆင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ခြေစမ်းပွဲကို မိနစ် ၄၀ သုံးပိုင်းခွဲ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအတွက် ဦးဆောင်ဂိုးကို အောင်သူ၊ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ရန်နိုင်ထွေးက သွင်းယူခဲ့တာပါ။

ဒုတိယ ခြေစမ်းပွဲအဖြစ် ထိုင်း လက်ရွေးစင် ယူ ၂၀ အသင်းနဲ့ ဇန်န၀ါရီ ၆ ရက်နေ့မှာ ထပ်မံ ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းဟာ အာရှ ယူ ၂၂ ပြိုင်ပွဲ ၀င်ဖိုအတွက် အိုမန်နိုင်ငံကို ဇန်န၀ါရီ ၉  ရက်နေ့ သွားရောက်ဦးမှာ ဖြစ်ပါတယ်။

အုပ်စု (အေ) မှာ ပါဝင်တဲ့ မြန်မာအသင်းဟာ အိမ်ရှင် အိုမန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
DVB Burmese

အီရတ်မှာ ဖာလူဂျာ ကို အယ်လ်ခိုင်းဒါး နွယ်တဲ့ အဖွဲ့တွေသိမ်းထား


ဖာလူဂျာမှာ အစိုးရ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေ ကိုမြင်ရ

အီရတ် နိုင်ငံမှာ ဘဂ္ဂဒက် အနောက်ဖက် က အချက်အချာ ကျတဲ့ ဖာလူဂျာမြို့ ကို ဆွန်နီ စစ်သွေးကြွ အုပ်စု တခု နဲ့ လူမျိုးစု လက်နက်ကိုင် တွေက သိမ်းထား ပြီလို့ လုံခြုံရေး ဆိုင်ရာ သတင်း ရပ်ကွက်က ဘီဘီစီကို ပြောပါတယ်။

ဖာလူဂျာမြို့ တောင်ပိုင်းကို အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ် နေတဲ့ ဆွန်နီ လက်နက်ကိုင် အဖွဲ့ တခုက သိမ်းယူ ထားပြီး မြို့ရဲ့ ကျန်တဲ့ အပိုင်း တွေကိုတော့ အယ်လ်ခိုင်းဒါး နဲ့ မဟာမိတ် ဖြစ်တဲ့ လူမျိုးစု လက်နက်ကိုင် တွေက ထိန်းချုပ် ထားတယ်လို့ အဲဒီမှာ ရှိနေတဲ့ အီရတ် သတင်းထောက် တဦးက ပြောပါတယ်။

တနင်္လာနေ့ တုန်းက ရာမာဒီ မြို့မှာ ရှိတဲ့ ဆွန်နီ အာရပ် တွေရဲ့ သပိတ်စခန်းကို အစိုးရက ဝင်ဖြိုခွင်း ခဲ့ရာကနေ တိုက်ပွဲတွေ စဖြစ်ခဲ့ တာပါ။

ဆွန်နီတွေ ဖြစ်ကြတဲ့ ဒေသခံ အာရပ်တွေက ဝန်ကြီးချုပ် နူရီ အယ်လ် မာလီကီ ဦးဆောင်တဲ့ ရှီးယား အစိုးရဟာ သူတို့ အပေါ် ခွဲခြား ဆက်ဆံတယ်လို့ မြင်နေ ကြပါတယ်။

လူနည်းစု ဖြစ်တဲ့ သူတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ တွေ သုံးပြီး ဖိနှိပ် နေတယ် လို့လည်း ဆွန်နီ တွေက ပြောကြ ပါတယ်။

မကြာသေးခင် ရက်တွေ အတွင်း ဖာလူဂျာနဲ့ ရာမာဒီ မြို့တွေ တဝိုက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို ကြည့်ရင် အစိုးရ တပ်တွေက တဖက်၊ အယ်လ်ခိုင်းဒါး နဲ့ ဆက်နွယ် နေတဲ့ အီရတ်နဲ့ ဆီးရီးယား အစ္စလာမ္မစ် အဖွဲ့ ဆိုတဲ့ ISIS နဲ့ ဆွန်နီ လူမျိုးစု တွေက တဖက် တိုက်ခိုက် နေကြ တာပါ။

မစ္စတာ မာလီကီက အန်ဘာ ပြည်နယ်မှာ ရှိတဲ့ အစိုးရ စစ်တပ် တွေကို ရုပ်သိမ်းပြီး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးကို အစားထိုးဖို့ အင်္ဂါနေ့ တုန်းက သဘောတူခဲ့ ပေမယ့်၊ အစိုးရ စစ်တပ်တွေ ထွက်သွားတာ နဲ့ လက်နက်ကိုင် စစ်သွေးကြွတွေက မြို့တွေကို ဝင်ပြီး ရဲစခန်း တွေကိုစီးနင်း၊ အကျဉ်းသား တွေကို လွှတ်ပေးပြီး လက်နက် တွေကိုလည်း သိမ်းယူ ခဲ့ကြ ပါ တယ်။

ဒါနဲ့ဘဲ အီရတ်ဝန်ကြီးချုပ်က သူ့တပ်တွေကို နောက်နေ့မှာဘဲ ပြန်ပြီး စေလွှတ်ခဲ့ ပါတယ်။

မကြာသေး ခင်လတွေ အတွင်း အီရတ်နိုင်ငံ အနှံ့အပြားမှာ ဆွန်နီ မူဆလင်တွေရဲ့ တိုက်ခိုက်မှုတွေ ပိုများလာ သလို၊ ရှီယာတွေ ဖက်ကလည်း အသေအကြေ ပြန်ပြီး လက်စားခြေ မှုတွေ ဖြစ်လာ တာကြောင့် လူမျိုးရေး အုပ်စု တွေကို အခြေခံတဲ့ ပြည်တွင်း စစ်မီး တကျော့ပြန် တောက်လောင် လာမှာကို စိုးရိမ် နေရ ပါတယ်။


ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲတွေမှာ တပ်မတော် အရာရှိတွေကို ခန့်အပ်


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ တွေမှာ တာဝန်ထမ်းနိုင်ဖို့ စစ်ဘက်ဆိုင်ရာ အရာရှိ ၆၁ ဦးကို ခန့်အပ် လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၀န်ထမ်း အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးကနေ ဗိုလ်မှူး အဆင့် ၅၈ ယောက်ကို လက်ထောက် ညွန်ကြားရေးမှုး တာဝန်ပေးပြီး ဗိုလ်ကြီး အဆင့် သုံးယောက်ကိုတော့ ဦးစီးအရာရှိ အဖြစ် ဒီဇင်ဘာလဆန်းက စပြီး ခန့်လိုက်တဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြော်ငြာစာ အမှတ် ၄၇/ ၂၀၁၃ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ရှင်းပြရာမှာတော့ ခန့်တာက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းတွေ အဖြစ်ခန့်လိုက်တာ ဖြစ်တယ် ၊ ခုလို လူအင်အား တိုးလာတဲ့ အတွက် လုပ်ရကိုင်ရ အဆင်ပြေသွားမယ်လို့ ယူဆရပေမယ့် ဒီလို တပ်အရာရှိတွေနဲ့ လူအင်အား တိုးပေးရမယ်လို့ သူ့အနေနဲ့ မဆိုလိုဘူးလို့ ပြောပါတယ်။

အခုလို စစ်တပ်က အရာရှိတွေကို ရွေးကောက်ပွဲကော်မရှင်မှာ ခန့်လိုက်တာနဲ့ ပတ်သက်ပြီး အင်အားအကြီးဆုံး အတိုက်ခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်း ကတော့ ကော်မရှင်မှာ ကိုယ်ပိုင် ဝန်ထမ်းနည်းလို့ အရင်က ငှားရမ်း ခန့်ထားရတာတွေ ရှိဖူးတာကြောင့် သူတို့က ကိုယ်ပိုင် ၀န်ထမ်းခန့်ဖို့ တိုက်တွန်းခဲ့ဖူးကြောင်း ၊ အခုတော့ ကော်မရှင်မှာ ကိုယ်ပိုင်ဝန်ထမ်း ရသွားတာ ဖြစ်တဲ့ အတွက် ဒါကို ကြိုဆိုကြောင်း ပြောပါတယ်။

တပ်မသားတွေကို ခန့်တာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိဘူး ၊ ဒါဟာ နိုင်ငံတော် သမ္မတနဲ့ ကာချုပ်တို့ သဘောထားပေါ်မှာ မူတည်တယ်လို့ ထင်ကြောင်း ၊ ဘာကြောင့်မို့ ကော်မရှင်က စစ်တပ် အရာရှိတွေကို ယူတာလဲ ၊ ကာကွယ်ရေး ဦးစီးဌာနက ဘာကြောင့် ပို့တာလဲ ဆိုတာတော့ မသိဘူးလို့ သူက ဆိုပါတယ်။

အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲရုံးတွေ အတွက် ခန့်လိုက်တဲ့ စစ်တပ်အရာရှိတွေဟာ အရပ်သား အဖြစ် ပြောင်းပြီး တာဝန်ထမ်းမှာလား လက်ရှိစစ်တပ် တာဝန်တွေနဲ့ ပူးတွဲယူမှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။


ဒီမိုကရေစီနှင့်မညီသည့် ဥပဒေများ ပယ်ဖျက်ပေးရေး ၈၈ ပွင့်လင်း ဆန္ဒပြ








မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေအများအပြား ဖမ်းဆီးတရားစွဲဆို ထောင်ချရလေ့ရှိတဲ့ ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ချိုးဖောက်မှု အပါဝင် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ မတရားတဲ့ ဥပဒေများ ပယ်ဖျက်၊ ပြင်ဆင်ရေး၊ ဥပဒေနှင့် မလျော်ညီတဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရပ်တန့်ရေးအတွက် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ဆန္ဒပြနေကြပါတယ်။

တရားဝင် ပထမဆုံးအကြိမ် ဆန္ဒပြတာဖြစ်ပြီး လူ ၂၀၀ သာ ခွင့်ပြုချက်ရရှိတယ်လို့ဆိုပါတယ်။ ဒီနေ့ ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ဦးဆောင်သူ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကျော်ကျော်ထွေးခေါ် ဦးမာကီးကို ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဘာကြောင့် ဆန္ဒပြကြတာလဲ။ ဆန္ဒပြခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ။ ။ “အဓိက ရည်ရွယ်ချက်ကတော့ ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့တင် မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေက စစ်အစိုးရလက်ထက်မှာ မြစ်ဖျားခံခဲ့တယ်။ စစ်အစိုးရလက်ထက်မှာ သူတို့ အာဏာတည်မြဲဖို့ သူတို့ လိုသလိုဆွဲထားတဲ့ပုဒ်မတွေဟာ ဒီဘက် အစိုးရလက်ထက်မှာ မရှိသင့်တော့ဘူး။ အဲဒါကို ပြည်သူတွေ သိစေချင်လို့ ကျနော်တို့ ဆန္ဒ ပြရခြင်းဖြစ်ပါတယ်။”

“နောက်ပြီး တည်ဆဲ ဥပဒေတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေဟာ လိုသလို အသုံးချပြီးတော့ နိုင်ငံရေးလှုပ်ရှားသူတွေ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အရေးယူတာ၊ ဖိနှိပ်တာ၊ ထောင်ချတာတွေကို ရပ်တန်းကရပ်အောင် ပြည်သူတွေသိအောင်၊ သက်ဆိုင်ရာ လူတွေသိအောင် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်။”

မေး။ ။ ပုဒ်မ ၁၈ အပြင် နိုင်ငံရေးလှုပ်ရှားသူတွေကို ဖိနှိပ်နေတဲ့ မတရားတဲ့ ဥပဒေတွေထဲမှာ ဘယ်ဟာတွေကို ပယ်ဖျက်သင့်တယ်၊ ဘယ်ဟာတွေကို ပြင်သင့်တယ်လို့ ထင်လဲ။

ဖြေ။ ။ “ဥပမာ ပုဒ်မ ၅၀၅ တို့၊ ၅ ည တို့၊ ပုဒ်မ ၁၂၄ တို့၊ အဲဒါတွေက ကျနော်တို့ နိုင်ငံရေးသမားတွေကို အဓိက ဖမ်းဆီးတဲ့၊ ဖိနှိပ်တဲ့ အရေးယူတဲ့ ပုဒ်မတွေဖြစ်တယ်။ တချို့ပုဒ်မတွေ ဆိုရင် ရှိသင့် ရှိထိုက်တဲ့ ပုဒ်မတွေ ဖြစ်တယ်။ ဥပမာ ပုဒ်မ ၄၄၇ ပိုင်နက် ကျူးလွန်မှုတို့ဆို နိုင်ငံတိုင်းမှာလည်းရှိနေတယ်။ ရှိလည်းရှိသင့်တဲ့ ကိစ္စပဲ လို့ မြင်တယ်လေ။ ဒါပေမယ့် ဒီ ပုဒ်မတွေကို လယ်သမားတွေကို အရေးယူခဲ့တာရှိတယ်။ လယ်သမားတွေဟာ သူတို့ လယ်မြေကို သိမ်းခံထားရတယ်။ သိမ်းခံထားရတဲ့ လယ်မြေကို နှစ်ပေါင်းများစွာ ဘာမှ မလုပ်ပဲ ဒီအတိုင်း ပစ်ထားတဲ့ အခါမှာ သူတို့ လယ်မြေတွေ ပြန်ယူဖို့ သူတို့ အခွင့်အရေးအတွက် ကြိုးစားတဲ့ အခါမှာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ ဆိုခဲ့တယ်။ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးတဲ့ အထဲမှာ ဒီလယ်သမားတွေ ဆို ရာနဲ့ချီပြီးကျန်နေခဲ့တယ်။ ဧရာဝတီ တိုင်းတခုတည်းမှာပဲ လယ်သမားဦးရေ ၄၀၀၊ ၅၀၀ လောက် ထောင်ချခံ ထားရတာတွေရှိတယ်။ တချို့ဆို လုံးဝပြန်မလွှတ်ဘူး။ အဲဒီ့လို တည်ဆဲ ဥပဒေတွေ ကို လိုသလို အသုံးချပြီး နိုင်ငံရေးလှုပ်ရှားသူတွေ ဖိနှိပ်တာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေကို သက်ဆိုင်တဲ့ တာဝန်ရှိသူတွေသိအောင်၊ ပြည်သူတွေသိအောင် ထုတ်ဖော်တာပေါ့။”

မေး။ ။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုး ခွင့်ပြုချက်တောင်းပြီး ဆန္ဒပြတာပဲ။ မြန်မာနိုင်ငံမှာက လူတွေအမြောက်အမြား အဖမ်းခံရတယ်။ ဘယ်လိုမြင်လဲ။

ဖြေ။ ။ “ဆန္ဒပြခွင့်ကို ဒေသခံ မြို့နယ်အာဏာပိုင်တွေ လက်ထဲမှာထားတယ်။ လုံခြုံရေးအဖွဲ့ စခန်းမှူးတို့အဖွဲ့ လက်ထဲမှာထားတယ်။ သူတို့အနေနဲ့ ဆန္ဒပြပွဲတွေကြောင့် အလုပ်ရှုပ်မှာကို စိုးရိမ်တဲ့အတွက် ပယ်ချခဲ့တာတွေရှိတယ်။ အဲဒါကြောင့် မဖြစ်မနေ ဆန္ဒပြမယ့်သူတွေက ပြခွင့်မရှိဘဲ ဆန္ဒပြတယ်၊ အဲဒါကို ပုဒ်မ ၁၈ နဲ့ အရေးယူခံရတာတွေ များလာတာ ဖြစ်တယ်။”

မေး။ ။ ဘယ်လိုမျိုးဖြစ်သင့်လဲ၊ ပုဒ်မ ၁၈ က လုံးဝမရှိသင့်တော့ဘူးလို့ ယူဆလား။

ဖြေ။ ။ “လုံးဝမရှိတာထက်စာရင် နိုင်ငံတကာမှာလည်း ဒီလိုပဲ ဆန္ဒပြတယ်ဆိုရင် ခွင့်ပြုချက်ယူပြီးမှ ပြကြတာပါ။ ကျနော်တို့က ပုဒ်မ ၁၈ ကို ဖျက်သိမ်းမယ်ဆိုရင်လည်း တခြားဆက်နွှယ်တဲ့ ဥပဒေတခု ပြဋ္ဌာန်းသင့်တယ်။ ပုဒ်မ ၁၈ ကို ဆန္ဒပြခွင့်မပေးဘူးဆိုရင်လည်း မပေးတဲ့အကြောင်းအချက် ခိုင်ခိုင်လုံလုံနဲ့ တကယ်ကို ဆန္ဒပြပွဲက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနှောင့်အယှက်မရှိဘူးဆိုရင် မဖြစ်မနေပေးဖို့၊ ညှိနှိုင်းဆောင်ရွက်တဲ့ ဥပဒေလောက်ပဲ ရှိသင့်တယ်လို့ ထင်တယ်။”

မေး။ ။ အစိုးရဘက်က တခုတည်းမဟုတ်ဘဲ ဆန္ဒပြတဲ့ လူတွေဘက်ကရော လေးစားလိုက်နာဖို့ ဘာတွေ လိုအပ်တာလဲ။

ဖြေ။ ။ “ဥပဒေကို လေးစားလိုက်နာသင့်တာကတော့ နိုင်ငံသားတိုင်းပေါ့။ တာဝန်ရှိပုဂ္ဂိုလ်တွေအပါအ၀င် ပြည်သူပြည်သားအားလုံး ဥပဒေကို လေးစားလိုက်နာသင့်တယ်။ ဒါပေမယ့် ဥပဒေတွေက လေးစားလိုက်နာဖို့ သင့်တဲ့ ဥပဒေတွေဖြစ်ဖို့ လိုအပ်တယ်။ စည်းကမ်းဥပဒေဆိုတာက လိုက်နာဖို့လွယ်မှ တည်မြဲမယ်၊ ဖောက်ဖျက်တဲ့သူလည်း နည်းမှာပေါ့။ လိုက်နာဖို့ ခက်ခဲတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထားပြီး အဲဒီဥပဒေတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိက တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေက ရှေ့မှာ ဖောက်ဖျက် ကျူးလွန်ပြနေသရွေ့ သာမန်ပြည်သူတွေက ပိုပြီးတော့ ကျူးလွန်ဖို့ ဖြစ်လာမယ်။ အဲဒါကြောင့် နှစ်ဦးနှစ်ဖက် ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုတယ်။”
DVB Burmese

ကမ္ဘောဒီးယား ဆန္ဒပြစခန်း ရဲဝင်စီး၊ ဆန္ဒပြပွဲတွေ ပိတ်ပင်


ဆန္ဒပြသူတွေရဲ့ ယာယီတဲတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အလုပ်သမားတွေက ဖျက်ချနေကြစဉ်။ (ဇန်နဝါရီ ၄၊ ၂၀၁၄)

ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်အနီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေ အခြေစိုက်ထားတဲ့ စခန်းကို အာဏာပိုင် တွေက အတင်းဝင်ရောက်ဖြိုခွင်း လိုက်ပြီး ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ မလုပ်ကြဖို့ ပိတ်ပင်လိုက်ပါတယ်။

တုတ်တွေ၊ ဒိုင်းတွေ၊ အကာရံတွေ ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ ၀င်တွေဟာ ဖနွမ်းပင်မြို့တော်အနီး Freedom Park မှာ အခြေစိုက်ထားတဲ့ ဆန္ဒပြနေသူတွေရဲ့စခန်းကို ၀င်ရောက်လာရာမှာ ဆန္ဒပြသူတွေ ထွက်ပြေးခဲ့ကြရပါတယ်။

ဖနွမ်ပင်မြို့တော် အုပ်ချုပ်ရေးမှူးက မြို့တော်ရဲ့လမ်းမတွေပေါ်တက်ပြီး ဆန္ဒပြတာ၊ ပန်းခြံကို ဆန္ဒပြစခန်းအဖြစ် အသုံး ချတာတွေကို လုံခြုံရေးအရ ခွင့်မပြုနိုင်ဘူးလို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလိုအမိန့်ထုတ်ပြန် ကြေညာလိုက်မှုက တနင်္ဂနွေနေ့ကစပြီး သုံးရက် ဆက်တိုက် ဆန္ဒပြပွဲ ပြုလုပ်မယ်ဆိုပြီးတော့ ပြောဆိုထားသူတွေကို ဟန့်တားနိုင်ပါမလားဆိုတာကိုတော့ သံသယရှိနေကြပါတယ်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့က သပိတ်မှောက်ပွဲပြုလုပ်နေတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို ပစ်ခတ်နှိမ်နင်းမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ရတာပါ။ အဲဒီလို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် သပိတ်မှောက်ဆန္ဒပြနေသူ လေးဦး သေဆုံး သွားခဲ့ပါတယ်။
VOA Burmese News

ALP, ALD, RNDP ခေါင်းဆောင်တို့၏ ၂၀၁၄ ခုနှစ် နှစ်သစ်နုတ်ခွန်းဆက်စကား



Burmesenews narinjara

ကြောင်ပိုင်ဆိုင်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူး




ကြောင်မွေးခြင်းဖြင့်လည်း ကျန်းမာရေး အကျိုးကျေးဇူး ထူးများ ရရှိပါတယ်။

အဓိကကတော့ သွေးပေါင်ချိန် အတက်အကျ များမှုကို ကာကွယ် ပေး ပါတယ်။ ကြောင်ကို အစာကျွေးခြင်းဖြင့် မိမိမှာ ရှိတဲ့ စိတ်ဖိအား၊ စိတ်ကျရောဂါ ဝေဒနာများကို သက်သာ ပျောက် ကင်း စေပါတယ်။ ဒါ့အပြင် အခြားသော ဖျားနာ ရောဂါ အတော်များများကို လည်း ပျောက်ကင်းစေ ပါတယ်။

လက်ရှိ အမေရိကန်မှာ ၄၀ ရာခိုင်နှုန်းသော နေထိုင်သူများက ကြောင်မွေး ထားပါတယ်။ ဒါကြောင့် ကြောင်မွေးခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို အမေရိကန် ဆေးပညာရှင်များ ရှာဖွေဖော်ထုတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

Credit : medicfacts
မြ၀တီ

ဘွဲ့မရသော ထူးချွန် ကမ္ဘာကျော် ပုဂ္ဂိုလ်များ


Sunday, January 5, 2014

Ellen DeGeneres
အမေရိကန် အမျိုးသမီးထုကို လွှမ်းမိုးနိုင်ပြီး အောင်မြင်သော အိမ်ရှင်မ စကားဝိုင်း အစီအစဉ်ဖြင့် အမေရိကန်တွင် လူသိများ ကျော်ကြားခဲ့သူ ဖြစ်သည်။

New Orleans တက္ကသိုလ်တွင် တက်ရောက်ရန် ကျောင်းအပ်နှံခဲ့ပြီး ပထမ နှစ်ဝက်တွင်ပင် သူမအတွက် ကျောင်းတက်ရန် မလိုအပ်ဟူ၍ ကျောင်းထွက် ခဲ့သည်။

Thomas Edison
လျှပ်စစ်မီးသီးကို စတင် တီထွင်ခဲ့ပြီး အောင်မြင် ကျော်ကြားခဲ့သော Thomas Edison သည် အသက် ၁၂ နှစ်တွင် အလုပ်လုပ်ရန် ကျောင်းမှ ထွက်ခဲ့ပြီး တစ်သက်တာလုံး တီထွင်မှုများဖြင့်သာ အချိန်ကုန် စေခဲ့သည်။

Pablo Picasso
ငယ်စဉ်ဘဝ၌ ကံကောင်းထောက်မစွာပင် စပိန်နိုင်ငံ၏ နာမည်ကျော် အနုပညာကျောင်း ဖြစ်သော Royal Academy တွင် အလွန်ကောင်းမွန်သော အနုပညာ ဘာသာရပ်ကို သင်ကြားခွင့် ရရှိခဲ့သော်လည်း ကျောင်းမှထွက်ခဲ့သည်။ အောင်မြင်ကျော်ကြားသော ပန်းချီဆရာအဖြစ် ကမ္ဘာကျော် ပန်းချီကား များကို ရေးဆွဲခဲ့သည်။

James Cameron
ကမ္ဘာကျော် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာ အဖြစ် ကျော်ကြားသူ။ TITANIC နှင့် AVATAR ကဲ့သို့သော ဂန္ထဝင်မြောက် ရုပ်ရှင်ကားကြီးများကို ရိုက်ကူးခဲ့သည်။ ကာလီဖိုးနီးယား တက္ကသိုလ်တွင် ရူပဗေဒ အဓိကဖြင့် တက်ရောက်ခဲ့သော်လည်း ကျောင်းထွက်ကာ ထရပ်ကား မောင်းခဲ့ပြီး သူ့ရည်မှန်းချက် အတိုင်း ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာ ဖြစ်အောင် ကြိုးစားခဲ့သည်။

မြ၀တီ

မန္တလေးမြို့ ဌာနဆိုင်ရာဝန်ထမ်းများမှ ဂရန်အတုပြုလုပ်ခြင်း


မန္တလေးမြို့ရှိ မြေကွက်တစ်ခုပြဿနာအား မမော်မှ Myanmar CNN သို့ တိုင်ကြားလာပါသည်။ ဖြစ်စဉ်မှာ -

မန္တလေးမြို့ ဒ-၈/၁၀၃ မြေကွက်အား ဌာနဆိုင်ရာဝန်ထမ်းများသည် ပထမဦးစွာ မမော်လျှောက်ထားလာသည်ကို ဂရံအမှတ် ၂၅၂၅/၉၄-၉၅ ဖြင့်ပေးအပ်ခဲ့ပြီး နောင်တွင် ဂရုံအတုတစ်ခု ထပ်မံပြုလုပ်ကာ နောက်တစ်ဦးအား ထပ်မံရောင်းချခဲ့ရမှ ပြဿနာစတင်ဖြစ်ပွားကြောင်းသိရသည်။ ထိုသို့ပြဿနာဖြစ်ပွားသောအခါ ဌာနဆိုင်ရာဝန်ထမ်းများမှ မမော်၏ တရားဝင်လျှောက်ထားရယူခဲ့သော ဂရံကို အလွယ်တကူပင်ပယ်ဖျက်လိုက်ပါသည်။ မမော်မှ မကျေနပ်၍တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရာ ဒုတိယမြောက်ထုတ်ပေးခဲ့သော ဂရံအမှတ် ၃၉/၉၁,၉၂ မှာ ဂရံအတုဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာ သက်သေပြနိုင်သောကြောင့် အမှုနိုင်ခဲ့သော်လည်း မမော်၏ မူလဂရံကိုမူ ပြန်လည်ထုတ်ပေးခြင်းမရှိပဲ၊ မူလဂရံကိုပြန်လည်ရယူလိုပါက တရားရင်ဆိုင်ရမည်ဟုဆိုသောကြောင့် တရားရင်ဆိုင်ခဲ့ရာ ယခုဆိုလျှင် ၇ နှစ်ခန့်ကြာမြင့်ပြီဖြစ်ပါသော်လည်း ယနေ့တိုင် အမှုမှာ ပြီးပြတ်ခြင်းမရှိ ကြန့်ကြာနေသည်ဟုဆိုပါသည်။ အသေးစိတ်ကို အောက်ပါ ပေးပို့လာသော စာများတွင် ဖတ်ရှုနိုင်ပါသည်။





ရန်ကုန် ဘုရင့်နောင်တံတား အမှတ်(၂) ၇၅ရာခိုင်နှုန်း ကျော်ပြီးစီး


ရန်ကုန် ဇန်နဝါရီ ၅

ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးသို့ ကုန်စည် စီးဆင်းမှုနှင့် ကူးလူးဆက်ဆံ သွားလာမှုများ အဆင်ပြေ ချောမွေ့ လွယ်ကူစေရန် ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ အထူး စီမံကိန်းကြီး အဖွဲ့(၅)မှ တာဝန်ယူ တည်ဆောက်လျက် ရှိသော ရန်ကုန်မြို့ရှိ လှိုင်မြစ်ကို ဖြတ်သန်းကာ တည်ဆောက် နေသော ဘုရင့်နောင် တံတားအမှတ် (၂)စီမံကိန်းသည်၇၅ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း၊ အဆိုပါ တံတား တည်ဆောက်ရေး စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ စတင်၍ ပန္နက်တင်ကာ ယခင်ဘုရင့်နောင် တံတားအမှတ်(၁)နှင့် ယှဉ်တွဲလျက် မြစ်ညာဘက်မှ ပေ ၂ဝဝအကွာတွင် တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ ပင်မတံတားမှာ အုတ်မြစ်နှင့် အောက်ထည် Bored Pile နှင့် R.C.D ဖြစ်ပြီး အပေါ်ထည်မှာ သံမဏိ သံပေါင်တံတား အမျိုးအစား ဖြစ်သည်။ ချဉ်းကပ် တံတားမှာ အုတ်မြစ်နှင့် အောက်ထည်မှာ Bored Pile ဖြစ်ပြီး အပေါ်ထည်မှာ P.C Girder + RC Concrete အမျိုးအစားဖြစ်သည်။ ချဉ်းကပ် တံတား အရှည်မှာ မရမ်းကုန်းမြို့နယ် ဘက်ကမ်းမှ ၈၁၉ ဒသမ ၃၆၄ ပေဖြစ်ပြီး လှိုင်သာယာ ဘက်ကမ်းမှ ၁၆၅၇ဒသမ ၁၃၄ ပေရှည်သည်။ ပင်မ တံတား အရှည်မှာ ၁၆၂၈ ဒသမ ဝ၃ ပေဖြစ်ပြီး စုစုပေါင်း တံတားအရှည်မှာ ၄၁ဝ၄ ဒသမ ၅၃ပေ ရှိသည်။

လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၆ ပေရှိပြီး ၄၈ ပေကျယ်ကာ ကားလမ်းအကျယ်လေးလမ်းသွားဖြစ်သည်။ မော်တော်ယာဉ်တစ်စီးချင်း အလိုက် ၇၅ တန်ထိ တင်ဆောင် နိုင်ပြီး ဖြတ်သန်းသွား လာနိုင်သည်။ ယခုအခါ တွင် လူအင်အား၊ စက်အင်အား တို့ဖြင့် နေ့ ညမပြတ် အင်အား အပြည့်အဝသုံးကာ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ပထမပတ်ထိ ၇၅ ရာခိုင်နှုန်း ခန့်ပြီးစီး နေပြီဖြစ်၍ လာမည့် ဇူလိုင်လတွင် အပြီး တည်ဆောက်သွားရန် သတ်မှတ် ကာလအဖြစ် သတ်မှတ်ထားကြောင်း တာဝန်ရှိ သူများထံမှ သိရသည်။

လှိုင်သာယာဘက် ကမ်းနှင့် မရမ်းကုန်း ဘက်အခြမ်းတို့ တစ်ဆက်တစ်စပ်တည်း ဆက်သွယ်နိုင်ရန် အတွက် ရေလယ်တိုင်များ တည်ဆောက်ပြီးစီးပြီ ဖြစ်ရာ ရေလမ်း ကြောင်း ပိတ်ဆို့ ဆောင်ရွက်မှု အပေါ် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၇ရက်တွင် ဘုရင့်နောင် တံတားအမှတ်(၂) စီမံကိန်းရှင်း လင်းဆောင်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)
ဧရာဝတီ သတင်း

ဥာဏ်ထိုင်းစေသည့် ဘဝနေထိုင်မှုပုံစံ




ဥာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှု ပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ် ဖော်ပြထားပါတယ်။

၁။ မနက်စာ မစားခြင်း

မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။

၂။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။

၃။ သကြားဓာတ် အများအပြား စားသုံးခြင်း

သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။ အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ့  အချိုစာသုံးမှုက ကလေးတွေနဲ့ သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။

၎။ လေမသန့်ခြင်း

ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ပေါင်း စုံနေပြီး လေကောင်းလေသန့် ရှုရှိုက်ရမှု နည်းရင် လည်း အောက်ဆီ ဂျင်ရရှိမှုနှုန်းနည်းတဲ့အတွက် ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။

၅။ အအိပ်လွန်ခြင်း

ိအိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဥာဏ်ထိုင်းစေပါတယ်။

၆။ အိပ်ချိန်နည်းခြင်း

သူကလည်း ထိုနည်းတူစွာပဲ။ သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏ မအိပ်ပဲ နေသူဟာ ဦးနှောက်သွေးဆီးမှု နှေးကွေးမှု ဥာဏ် ထိုင်း စေပါတယ်။

၇။ အိပ်နေစဉ် ခေါင်းခြုံခြင်း

ခေါင်းခြုံပြီးအိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။

၈။ ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း

ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတန်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေ မယ့် အမူအကျင့်တွေပါ။

၉။ တွေးခေါ်မှုနည်းခြင်း

တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။ ယင်း သို့ နည်းပါးခြင်းကြောင့် ဥာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဥာဏ်သာ ထိုင်းလာစေတတ်ပါတယ်။

၁၀။ စကားနည်းခြင်း

ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊ ကျဘန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက် ကို ကောင်း စေပါတယ်။ သို့ပေမယ့် ယင်းကဲ့သို့ မလုပ်ရင်တော့ ကြိမ်းသေ ဥာဏ်ထိုင်းစေပါတယ်။
-
Ref: medic-facts

Yoyarlay

ဖုန်းတစ်လုံး ရေထဲ ကျသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ



ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။

ပါဝါမဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါလုံးဝမဖွင့်မိဖို့ အရေးကြီး
ပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့်
ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါတယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့
ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစို
ဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင်အဆင်ပြေပါသေးတယ်။

တရုတ်မှသွင်းသော ကန့်မည်း ကွန်တိန်နာ အတွင်း သဲများသာတွေ့

ရန်ကုန်၊ ဇန်နဝါရီ ၎

တရုတ်နိုင်ငံမှ တင်သွင်းလာသော ကန့်မည်း (Black Sulphur) ကွန်တိန်နာတွင် သဲများသာ ပါဝင်ကြောင်း ထီးတန်းဆိပ်ကမ်းတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရှိထားကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

အဆိုပါပစ္စည်းအမည် လွဲပါလာသော ကွန်တိန်နာကို လက်ရှိတွင် ဓာတ်ပုံရိုက်၊ မှတ်တမ်းယူကာ အကောက်ခွန် ဦးစီးဌာနက ထိန်းသိမ်းထားကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
"ဒီလိုပစ္စည်းအမည် လွဲတဲ့အခါမှာ ကိုယ့်ဘက်က ဆုံးရှုံးမှု မရှိအောင် ဘယ်လို လုပ်ရမလဲ ဆိုတာက တင်ပို့တဲ့ ပြည်ပကုမ္ပဏီနဲ့ တင်သွင်းတဲ့ပြည်တွင်း ကုမ္ပဏီကြားမှာ ဘယ်လိုသဘော တူထားသလဲဆို တာအပေါ် မူတည်တယ်" ဟု ၄င်းကဆိုသည်။

ပြည်ပမှ ကုန်ပစ္စည်းများ မှာယူ တင်သွင်းသည့်အခါ ပစ္စည်းအမည်လွဲခြင်း၊ ပမာဏ လျော့ခြင်းနှင့် ပစ္စည်းမပါ လာခြင်းတို့ ဖြစ်လေ့ရှိပြီး ယင်းသို့ဖြစ်ရာတွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကွန်တိန်နာများတွင် အဖြစ်များကြောင်း အကောက်ခွန်အေးဂျင့် တစ်ဦးက ဆိုသည်။
"ဒီလိုမျိုး ဖြစ်ရတာက LC (Letter ofCredit) နဲ့ မလုပ်လို့ ဖြစ်ရတာ။ LC Payment System က အကောင်းဆုံးပဲ။ ဒါပေမဲ့ဒီမှာက LC နဲ့လုပ်တဲ့အခါ အမျိုးမျိုး ရစ်ကြလွန်းလို့ ကုန်သည်တွေက မခံနိုင်ဘဲ TT (Telegraphic Transfer) ကို တောင်းဆိုပြီး လွယ်သလို လုပ်ကြရင်း အခုလိုဖြစ်ရတာ" ဟု ၄င်းက ဆိုသည်။

ပြည်ပနိုင်ငံမှ ကုန်ပစ္စည်း မှာယူသည့် အခါ LC စနစ်နှင့်ပြုလုပ်ပါက ပစ္စည်း အမယ်လွဲမှား မှုရှိလျှင်လည်း ငွေ ကြိုတင် မပေးထားသည့်အတွက် တစ်ဖက်ကုမ္ပဏီ နှင့် ဖြေရှင်းရန် လွယ်ကူသော်လည်း TT စနစ်မှာမူ ငွေကြိုတင်ပေးထားရသည့် အတွက် ပစ္စည်းအမယ် လွဲမှားသည့်အခါ ပြည်တွင်းလုပ်ငန်းရှင် များသာမက အကောက်ခွန်အေးဂျင့် များပါ ထိခိုက်စေကြောင်း ၄င်းက ဆိုသည်။

ကုန်ပစ္စည်းအမယ် လွဲမှားနေပါက ယင်းသို့ လွဲမှားကြောင်း သက်သေ အထောက်အထား နှင့်တကွ သက်ဆိုင်ရာ နိုင်ငံသံရုံးသို့ သွားရောက်ကာ အဆိုပါကုမ္ပဏီနှင့် ဆက်သွယ်၍ နှစ်ဖက်ကုမ္ပဏီ ချင်း ပြဿနာကို ဖြေရှင်းရမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

"ဒီလို ပစ္စည်းလွဲလာပြီ ဆိုရင် ကျွန်တော်တို့က မိအေးနှစ်ခါနာ ဖြစ်နေပြီ။ အစိုးရအနေနဲ့ တစ်ခုခု တောင်းဆိုဖို့လို အပ်တယ်။ LC က ကောင်းပေမယ့် ဒီမှာက အလုပ်လုပ်ရတာ ပိုလွယ်တဲ့ TT ကိုပဲ သုံးကြတယ်" ဟု ဝါရင့် အကောက်ခွန်အေးဂျင့် တစ်ဦးက ဆိုသည်။

The Voice Weekly Myanmar

ပုဒ်မ ၁၈ဖျက်သိမ်းရေး သရုပ်ဖော် ဆန္ဒပြရာတွင် ဦးဝင်းတင် ပါဝင်မည်


မဇ္ဈိမသတင်းဌာန။ ။ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများ ပထမဆုံးဦးဆောင် ဆန္ဒထုတ်ဖော်မည့်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယကဖြစ်သူ ဦးဝင်းတင်ပါ ပါဝင်သရုပ်ပြမည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုအံ့ဘွယ်ကျော်က မဇ္ဈိမကိုပြောသည်။

ခွင့်ပြုချက်မယူဘဲ ဆန္ဒပြသည့် ပုဒ်မ ၁၈ အပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီဘဲ ပြည်သူလူထုအပေါ် ကန့်သတ်ချုပ်ချယ်သကဲ့သို့
ဖြစ်နေသည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေးစသည့် ၈၈မျိုးဆက်ကျောင်းသားများ ဦးဆောင်ပြီး ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဧမာနွေ လဘုရားကျောင်းရှေ့တွင် ဆန္ဒထုတ်ဖေါ်မည် ဖြစ်သည်။

ယင်းပုဒ်မများနှင့် ပတ်သက်ပြီး ကန့်ကွက်မှုများအား ဇန်နဝါရီ (၄) ရက် (လွတ်လပ်ရေးနေ့) ကလည်း မြိတ်မြို့တွင် ဆန္ဒထုတ်ဖေါ်မှုများ
ပြုလုပ်ခဲ့သေးသည်။

Mizzima Burmese

မန္တလေးသတင်းထောက်များ ဆန္ဒပြခွင့် ပယ်ချ




ရန်ကုန်၊ ဇန်န၀ါရီ ၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက်ကို ထောင်ဒဏ်ချမှတ်ခဲ့မှုအပေါ် လက်မခံ ကန့် ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခွင်ကို မန္တလေးတိုင်းဒေသကြီး
aအာင်မြေသာစံ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြင်းပယ်ခဲ့ကြောင်း မန္တလေးခေတ်သတင်း ဂျာနယ်မှ အယ်ဒီတာချုပ် ဦးမင်းဒင်က
ပြောကြားသည်။

ရန်ကုန်မြို့ အခြေစိုက် မြန်မာဂျာနယ်လစ်ကွန်ယက်၏ ဆန္ဒ
ထုတ်ဖော်ခွင့် မြို့နယ် ၅မြို့နယ်က ခွင့်ပြုပေးခဲ့သော်လည်း
မန္တလေးတွင် ခွင့်ပြုခြင်း မရှိဟု ဆန္ဒပြပွဲစီစဉ်သူများက
ပြောကြားသည်။

တရားရေး မဏ္ဏိုင်တွင်လွတ်လပ်စွာစီရင်နေခြင်း၊ တရားသူကြီး ဆုံးဖြတ်ချက်အား မကျေနပ်ပါက အယူခံတက်နိုင်ခြင်း၊ တရား
စီရင်မှု မှားယွင်း မှုကို သက်ဆိုင်ရာမှ ပြစ်ဒဏ်ချမှတ်ခြင်းများ
ပြုလုပ်နေခြင်းနှင့် ယာဉ်ကြောရှုပ်ထွေးသည့် လမ်းကြောင်း
ရွေးချယ်ထားခြင်းတို့ကို အကြောင်းပြချက်ပေး ရဲက ငြင်းပယ် ခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းဒင်က ဆိုသည်။

ဇန်န၀ါရီလ ၇ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် အင်အား ၂၀၀
ဝန်းကျင်ခန့် ၂၆လမ်းနှင့် ၆၆လမ်းထောင့်မှစတင်ကာ မန္တလေး ကျုံးတောင်ဘက်သို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ရန် ဇန်န၀ါရီလ ၁ရက်နေ့က စာတင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်
ပြောကြားသည်။

သတင်းထောက်များ တင်ပြထားသည့်လမ်းက ဗဟိုလမ်းမ
ကြီးက အဓိကလမ်းကြီးဖြစ်နေပြီး ယာဉ်ကြောရှုပ်ထွေး၍
ခွင့်ပြုမိန့်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ကန့်ကွက်
ခြင်းဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လမ်းကြောင်းပြင်ဆင်ပြီး တင်ရင် ထွေအုပ်ကို ပြန်တင်ပေး
သွားမယ်” ဟု ၎င်းက ဆိုသည်။

Eleven Media Group မှ သတင်းထောက် မခိုင်(ခ) နော်ခိုင်
ခိုင်အေးချိုအား သတင်းရယူမှုနှင့်ပတ်သက်၍ အိမ်ကျော်နင်းမှု
အပါအ၀င် ပုဒ်မ သုံး ခုဖြင့် လွိုင်ကော် မြို့နယ်တရားသူကြီးရုံးမှ ဒုမြို့နယ်တရားသူကြီးက ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့က
ထောင်ဒဏ်ချမှတ်ခဲ့မှုအပေါ် ရန်ကုန် နှင့် မန္တလေးမှ သတင်း
သမားများ စီစဉ်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့ သတင်းသမားများသည် ဇန်န၀ါရီလ ၇ ရက်နေ့
နံနက် ၉နာရီ တွင် မဟာဗန္ဓုလပန်းခြံရှေ့တွင် တာမွေမြို့နယ်
Eleven Media Group ရုံးအထိ မြို့နယ် ၅မြို့နယ် ဖြတ်သန်း၍ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်။

သက်သက်မိုးသူ
People power

မီးဖွားသူ အနွေးဓာတ်ရရှိရန် မီးသွေးမီးဖို ထားရှိခဲ့ရာမှ လူသုံးဦး သတိလစ်ပြီး လူတစ်ဦးသေဆုံး


သတင်း၊ ကိုတိုးကြီး
ဇန္န၀ါရီ ၃
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခိုပဲဝရပ်ကွက်တွင် မီးဖွားသူ အနွေဓာတ်ရရှိရန် အခန်းအတွင်း မီးသွေးမီးဖို ထား ရှိခဲ့ရာမှ လူသုံးဦး သတိလစ်မေ့မျှောနေခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ရသည့်အတွက် ဟုမ္မလင်းမြို့မရဲစခန်းက ယခုလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်က သေမှုသေခင်းရေးဖွင့်၍ စီစစ်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဟုမ္မလင်းမြို့၊ ခိုပဲဝ ရပ်ကွက်နေ ဦးကျော်သောင်း၏ သမီး မစုလှိုင် ဆိုသူသည် ဒီဇင်ဘာ ၂၉ ရက်နေ့က အာရ်စီ တစ်ထပ် တိုက်တန်း အခန်းအကျယ် (၁၀)ပေပတ်လည်၊ အမြင့် (၁၄)ပေရှိ၊ နေအိမ်တိုက်ခန်းအတွင်း၌ မီးဖွားခဲ့ရာ မိခင်ဖြစ်သူ ဒေါ်တင်မြနှင့် သမီးဖြစ်သူ မနွေးသီရိထွန်း ဆိုသူတို့က မီးဖွားသူအား ကူညီစောင့်ရှောက်ရန် အဆိုပါ တိုက်ခန်းအတွင်းရှိနေ စဉ် မီးဖွားသူ အနွေးဓာတ်ရရှိရန် မီးသွေးမီးဖိုအား မွှေးထားခဲ့ခြင်းဖြစ်ကြောင်း သေဆုံး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ထို့နောက် ယခုလ ၂ ရက်နေ့ မနက် ၁၀ နာရီက ဖခင်ဖြစ်သူ ဦးကျော်သောင်းမှ နေအိမ်တိုက်ခန်း တံခါးအား ဆွဲဖွင့်ကြည့်ခဲ့ ရာ မီးဖွားသူ၏ တိုက်ခန်းအတွင်းရှိ လူသုံးဦးမှာ သတိလစ်မေ့မျှောနေသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသနိုင်ရန် အချိန်မီပို့ဆောင်ပေးခဲ့ရာ ဒေါ်တင်မြ အသက်(၆၅)နှစ်ဆိုသူမှာ သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း သေမှုသေခင်းဆိုင်ရာ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြား သည်။
ထို့ကြောင့် အဆိုပါ လူသေဆုံးရခြင်းအား ဟုမ္မလင်းမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/ ၂၀၁၄ အရ အမှုရေးဖွင့်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဟာဂျူလီ ကသာ

အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ အချိန်နည်းနည်းပေးပြီးဖတ်ပေးပါ။ သဘောတူတယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှယ်ပေးစေချင်ပါတယ်။


========================================

" မင်းနိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..? ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…အချိန်မရှိရင်တော့ မင်းသဘောပဲ…
တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး မင်းပြောတယ်…တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့ မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့ မင်းပြောတယ်…
မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး…မင်းကရော ဘာတစ်ခုလုပ်လဲ…?
ကောင်းပြီ..မင်းစင်ကာပူကိုရောက်တဲ့အခါကျတော့...
စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ မင်းပေးတယ်…
အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား..
ဝါရှင်တန်မှာ တစ်နာရီ ၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား…
မောင်းမိလို့ ရဲလာဖမ်းရင် ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို မင်းပြောရဲလား….
အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား အုန်းခွံတွေကို တွေ့ကရာမင်းလျှောက်ပစ်ရဲလား….
တိုကျိုကလမ်းတွေပေါ်မှာ မင်းကွမ်းတံတွေးလျှောက်ထွေးရဲလား….
ဒါတွေက မင်းကိုမေးနေတာ….
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီး ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကိုမလေးစား စည်းကမ်းပျက်တတ်တဲ့ မင်းကိုပဲ မေးနေတာ…..
အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့ စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့ မင်းလိုလူတွေကို မေးနေတာ….
တခြားတိုင်းတပါးမှာ စည်းကမ်းလိုက်နာလေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေးရပ်နိုင်ငံမှကျတော့ ဘာလို့ ပုံစံအတူတူမလုပ်နိုင်ရတာလဲ….
အင်တာဗျူးတစ်ခုမှာ အငြိမ်းစားဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွားလဲသိလား…
လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်…
ပြီးတာ့ အဲ့လူတွေကပဲ တစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူအဖွဲ့အစည်းတွေ ညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်…
တာဝန်ရှိသူတွကို သူတို့ကဘယ်လိုလုပ်ပေးစေချင်တာလဲ…
သူတို့ခွေးတွေနောက်ကနေ တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ အညစ်အပတ်တွေကို တကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား…..
အမေရိကားမှာကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲ…
ဒီ အိန္ဒိယကလူတွေ အဲ့လိုလုပ်လား..?
တို့လူတွေကကျတော့ မဲပေးပွဲသွား…မဲလေးပေးပြီး..ဖြစ်သမျှ အကုန်ကို တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ…..
ကိုယ်ကိုယ်တိုင်ကဘာတာဝန်မှမရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီး ခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ ထိုင်မျှော်လင့်နေကြတယ်….ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည….
အမှိုက်လေးတွေ ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို ထိုင်စောင့်နေကြတယ်…အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်ဖို့တော့ မသိချင်ယောင်ဆောင်ထားတယ်…..
ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို ကျကျနနဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး…
အိန္ဒိယအဲလိုင်းတွေမှာ အကောင်းဆုံးအစားအသောက်တွေ ရေအိမ်တွေရှိစေချင်ကြတယ်..
ဒါပေမဲ့ လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး….
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ….
ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…
အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှားလည်ပတ်နေတာလဲ….
ကိုယ့်အိမ် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြားအဖွဲ့အစည်းတွေနဲ့ အစိုးရ အကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား….
ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်း လက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်ရမယ့်အချိန်ကျတော့
အားလုံးက ကိုယ့်မိသားစုလေးနဲ့အတူတူ စိတ်ချလုံခြုံတဲ့အိမ်လေးထဲအတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ…
သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး အာလုံးကိုနေရာတကျပြန်ဖြစ်သွားအောင် လှဲကျင်းရှင်းလင်းပြောင်းလဲပေးသွားလိမ့်မယ်လို့ မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့……
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက တခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲသွားလိမ့်မယ်….
ဘာနဲ့တူလဲဆိုတော့ အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့ သူရဲဘောလေးတွေလိုပဲ…သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့ အမေရိကားရဲ့ ဂုဏ်သရေတော်အောက်မှာနေပူစာလှုံခွင့်တောင်းခံကြပြီး အမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွန်းခန်းဖွင့်နေကြလိမ့်မယ်…..
အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင် အင်္ဂလန်ကိုဆက်ပြေးကြ…
အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင် ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး...
ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့ လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ….
ကိုယ့်နိုင်ငံရဲ့ စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး မစဉ်းစားချင်ကြဘူး…
အကောင်းအဆိုး ပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့ အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်……
၃၅ ယောက်မြောက် အမေရိကန်သမ္မတ J F Kennedy က သူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်မယ်….
“DO NOT ASK WHAT YOUR COUTRY DO FOR YOU..
ASK WHAT YOU CAN DO FOR YOUR COUNTRY..”
တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား..
တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ….တဲ့……။ "

credit: Aye Sad

မြန်မာ့ ဖွဲ့စည်းပုံပြင်ရေး ထောက်ခံမှုတိုးလာ


ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် အတော်လေး အတားအဆီးဖြစ်စေတဲ့ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ အမီ ပြင်ဆင်နိုင် မယ့် လက္ခဏာတွေ အခုချိန်မှာ တွေ့နေရပါတယ်။   နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရစေမယ့် အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး  ဗွီအိုအေ သတင်းထောက် Gabrielle Paluch က စုစည်းထားတာကို မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ  အရွေးခံနိုင်ခွင့်အတွက် အခြေခံ ဥပဒေမှာ မဖြစ်မနေ ပြင်ဆင်ရမယ့် အချက်တွေကို လွှတ်တော်က တွန်းအားပေး လုပ်ဆောင်ရမယ့် နောက်ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းပတ်မှာတော့ အဓိကကျတဲ့ နိုင်ငံရေး သမားတွေဆီက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း သူတို့က ဘယ်အချက်တွေကို ပြင်ဆင် တာကို ထောက်ခံသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) မှာ  သမ္မတ အဖြစ် ၀င်ရောက် အရွေးခံမယ့်သူရဲ့ အိမ်ထောင်ဘက်၊ သားသမီးတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဘက်တွေဟာ နိုင်ငံခြားသား ခံယူထားသူတွေ မဖြစ်ရဘူးဆိုတဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့် တားဆီးထားတဲ့ အချက်ပါ။  ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသား Michael Aris ကို လက်ထပ်ခဲ့သူ ဖြစ်သလို သူ့သား နှစ်ဦး ဟာလည်း မြန်မာနိုင်ငံသား မဟုတ်ကြပါဘူး။  သမ္မတလောင်း ဖြစ်ခွင့်အတွက် နောက်လိုအပ်ချက် တခုကတော့ စစ်ရေးအတွေ့အကြုံ ရှိဖို့ဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ စစ်တပ်ထဲ အမျိုးသမီး စစ်မှုထမ်းခွင့်ကို ဒီမတိုင်ခင်ကအထိ ပိတ်ပင်ထားတာပါ။

နောက်ထပ် သမ္မတ သက်တမ်း အရွေးမခံတော့ဘူးလို့ ပြောဆိုထားတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေး ထောက်ခံတဲ့ အကြောင်း  ကြာသပတေးနေ့က နိုင်ငံပိုင် သတင်းမီဒီယာ ကနေ ပြောဆို ခဲ့ပါတယ်။ မြန်မာပြည်သူ အများအပြားကတော့ အရင် စစ်အစိုးရကို ဆန့်ကျင် တွန်းလှန်ခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်သာသမ္မတ ဖြစ်ခဲ့ရင်တော့ နိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေး အတွက် အောင်မြင်မှု အတိုင်းအတာ တခုဖြစ်လိမ့်မယ်လို့ ယုံကြည်ထားကြတာပါ။

သောကြာနေ့တုန်းကလည်း ရန်ကုန်မြို့လယ်မှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူ ၃၀ လောက်မှာ မမွှေးလည်း ပါဝင်ခဲ့ပါတယ်။

"ကျမတို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ပြည့်နှစ် ကတည်းက ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ တင်ထားတာပါ။ အခုထိ သမ္မတ မဖြစ်သေးဘူးလေ။ ၂၀၀၈ဖွဲ့စည်းပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးကို တင်းကျပ်နေတယ်လို့ထင်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့က လုံးဝ မကိုက်ညီဘူး။ ၅၉(စ)နဲ့ (ဃ) ပြင်ချင်တယ်ပေါ့။ တကယ်တော့ အန်တီတို့ ကပြင်ချင်တာက စာအုပ်တအုပ်လုံးပါ။ "

တနလာင်္နေ့တုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ  အခြေခံ ဥပဒေထဲက အချက် ၅၁ ချက် ကို ပြင်ဆင်ရေး မဲခွဲ ဆုံးဖြတ်ဖို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီအချက်တွေထဲမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုနိုင်ဖို့ ပြင်ဆင်မယ့် အချက်တွေလည်း ပါဝင်ခဲ့ပါတယ်။

၂၀၀၈ လူထု ဆန္ဒ ကောက်ယူပွဲနဲ့ အတည်ပြုခဲ့တဲ့ မြန်မာ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ကတော့ စစ်သား လွှတ်တော် အမတ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းက ထောက်ခံဖို့ လိုအပ်ပါတယ်။ ဒီ ၂၅ ရာခိုင်နှုန်းသော စစ်သား လွှတ်တော် အမတ်တွေက ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် အရွေးခံခွင့်အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ထောက်ခံမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အရင်တုန်းကတော့ စစ်သားလွှတ်တော် အမတ်တွေက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို မထောက်ခံကြဘူးဆိုပြီး မြန်မာ့ နိုင်ငံရေး သုံးသပ်သူ Richard Horsey က ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်က အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ထောက်ခံတာက လက္ခဏာကောင်း ဖြစ်ပေမယ့်လည်း သမ္မတ ဦးသိန်းစိန် အနေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အာမခံ မပေးနိုင်ပါဘူးလို့လည်း သူက ပြောပါတယ်။

"ကျနော်တို့မှာ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးမှာ ပါဝင်သူတွေ အားလုံးရဲ့ သဘောဆန္ဒ ကောက်ယူထားချက် ရှိပါတယ်။ ဒီထဲမှာဆိုရင် တချို့ အချက်တွေကတော့ အခြေခံ ဥပဒေပြင်ဆင်ရေးက လိုအပ်ပါတယ်။ ဒါပေမယ့် ဘယ်အချက်တွေကို ပြင်ဖို့ လိုအပ်သလဲဆိုတာနဲ့ အခြေခံ ဥပဒေအသစ်ဟာ ဘယ်လို ဖြစ်သင့်လဲ၊ ဘယ်အချိန်မှာ ပြင်သင့်လဲ ဆိုတဲ့ အချက်တွေကတော့ သိပ်ကို အလှမ်းဝေးနေသေးပါတယ်။ "

အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေထဲမှာ တရားသူကြီးချုပ်နဲ့ တရားရုံးချုပ် တရားသူကြီးတွေကို ဘယ်လို ရွေးချယ်ကြမလဲဆိုတာနဲ့ သူတို့ဟာ ဥပဒေ ရေးရာ အတွေ့အကြုံတွေ ရှိဖို့၊ မရှိဖို့ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒီအဆိုပြုချက်တွေထဲမှာ အစိုးရ စစ်တပ်နဲ့ အပစ်အခတ် ရပ်ဆဲရေး လုပ်ဆောင်နေကြတဲ့ တိုင်းရင်းသား အဖွဲ့တချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမိန့် အာမခံချက်ပေးဖို့လည်း ပါဝင်ပါတယ်။

သိင်္ဂီထိုက် (VOA Burmese News)

တရားဥပဒေစိုးမိုးရေးစင်တာများ မန္တလေးနှင့် ရှမ်းပြည်နယ်တွင် စတင်ဖွင့်လှစ်မည်


ရန်ကုန် ၊ ဇန်န၀ါရီ ၃ ။ ။ မြန်မာ နိုင်ငံတွင်း တရားဥပဒေစိုးမိုး မှုရှိရေး အထောက်အပံ့ဖြစ်စေ ရန်အတွက် တရားဥပဒေစိုး မိုးရေးစင်တာများ ကို မန္တလေး နှင့် ရှမ်းပြည်နယ်တွင် စတင်ဖွင့် လှစ်သွား မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များလေ့ လာဆန်းစစ် သုံးသပ်ရေး ကော် မရှင်အဖွဲ့ဝင် ဦးကျော်ဆန်းက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

အဆိုပါတရားဥပဒေစိုး မိုးရေးစင်တာများကို ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး တွင် ၂၀၁၄ခုနှစ်အတွင်း ဆက် လက်ဖွင့်လှစ်သွားနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်း ကို ဇန်နဝါရီ ၂ရက်က အင်း လျားလမ်းရှိ လွှတ်တော်ရုံးခွဲ တွင်ပြုလုပ်ခဲ့ကြောင်း ယင်းက ဆက်လက်ပြောသည်။
ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေး ချမ်းရေးကော် မတီ အတွင်း ရေးမှူးဦးဝင်းမြင့်က ''စင်တာ တွေဖွင့်ဖို့ဆိုတာ တရားဥပဒေ စိုးမိုးမှုကို အထောက်အပံ့ဖြစ်စေ ဖို့ပါ။ အခုမှလုပ်ငန်း ညှိနှိုင်းဆွေး နွေး တုန်းပဲရှိသေးတယ်။ သေ ချာတဲ့ဆုံးဖြတ်ချက်တွေ မချရ သေးပါ ဘူး''ဟုပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ် တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော် မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော်နှစ်ရပ် ၏ ကော်မတီ၊ ကော်မရှင်အသီးသီး မှ ကိုယ်စားလှယ်များ၊ ပြည် ထောင်စုတရားလွှတ်တော်ချုပ် ကိုယ်စား လှယ်များ၊ ပြည်ထောင် စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ် များ၊ ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များနှင့် UNDP မှကိုယ်စားလှယ်တို့ တက် ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နန်းသီတာဝင်း ၊ ဒီခေတ်နေ
Yangon Media Group

ကမ္ဘောဒီးယား ဆန္ဒပြစခန်း ရဲဝင်စီး၊ ဆန္ဒပြပွဲတွေ ပိတ်ပင်


ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်အနီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေ အခြေစိုက်ထားတဲ့ စခန်းကို အာဏာပိုင် တွေက အတင်းဝင်ရောက်ဖြိုခွင်း လိုက်ပြီး ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ မလုပ်ကြဖို့ ပိတ်ပင်လိုက်ပါတယ်။

တုတ်တွေ၊ ဒိုင်းတွေ၊ အကာရံတွေ ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ ၀င်တွေဟာ ဖနွမ်းပင်မြို့တော်အနီး Freedom Park မှာ အခြေစိုက်ထားတဲ့ ဆန္ဒပြနေသူတွေရဲ့စခန်းကို ၀င်ရောက်လာရာမှာ ဆန္ဒပြသူတွေ ထွက်ပြေးခဲ့ကြရပါတယ်။

ဖနွမ်ပင်မြို့တော် အုပ်ချုပ်ရေးမှူးက မြို့တော်ရဲ့လမ်းမတွေပေါ်တက်ပြီး ဆန္ဒပြတာ၊ ပန်းခြံကို ဆန္ဒပြစခန်းအဖြစ် အသုံး ချတာတွေကို လုံခြုံရေးအရ ခွင့်မပြုနိုင်ဘူးလို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလိုအမိန့်ထုတ်ပြန် ကြေညာလိုက်မှုက တနင်္ဂနွေနေ့ကစပြီး သုံးရက် ဆက်တိုက် ဆန္ဒပြပွဲ ပြုလုပ်မယ်ဆိုပြီးတော့ ပြောဆိုထားသူတွေကို ဟန့်တားနိုင်ပါမလားဆိုတာကိုတော့ သံသယရှိနေကြပါတယ်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့က သပိတ်မှောက်ပွဲပြုလုပ်နေတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို ပစ်ခတ်နှိမ်နင်းမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ရတာပါ။ အဲဒီလို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် သပိတ်မှောက်ဆန္ဒပြနေသူ လေးဦး သေဆုံး သွားခဲ့ပါတယ်။

VOA Burmese News

ဖွဲ့စည်းပုံပြင်ရေးမှာ အမျိုးသားရင်ကြားစေ့ရေးမူ မသွေဖည်ဟု ဒေါ်စုပြော


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပေမဲ့လည်း အမျိုးသားရင်ကြားစေ့ရေး၊ ညီညွတ်ရေးကို အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားကို NLD ဌာနချုပ်မှာ ကျင်းပချိန်အတွင်း အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၄ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်တဲ့ (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ဖို့ တပ်မတော်အပါအဝင် တနိုင်ငံလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။

“အဲဒီမူတွေက ဘာလဲဆိုတော့ အမျိုးသားရင်ကြားစေ့ရေး- အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့နိုင်ငံကို ညီညွတ်စေမယ့်ပုံစံမျိုးနဲ့သာ ကျမတို့တိုးတက်မှာဖြစ်မှာပါ။ နောက်ပြီးတော့လည်း ကျမတို့က စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးဆိုပြီး ပြောခဲ့ပါတယ်။ စစ်မှန်တဲ့ဒီမိုကရေစီဆိုတာ စညွင့်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ မတူပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ သူ့စည်းကမ်းနဲ့သူ ရှိပြီးသားပါ။ အပြင်ကနေချမှတ်ထားတဲ့ စည်းကမ်းဘောင်အတွင်းက ဒီမိုကရေစီမျိုး မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း ကျမတို့က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ဘူးလို့ ပြောတဲ့အခါ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အစကတည်းကနေပြီးတော့ အဖွဲ့အစည်းတစ်ခုက သတ်မှတ်ထားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ကျမတို့က စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီကို ပြည်သူလူထုရဲ့အခွင့်အရေးတွေကို အပြည့်အဝ အကာအကွယ်ပေးမယ့် ဒီမိုကရေစီမျိုးကို ဆိုလိုတာပါ။”

စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းစေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက အဓိကဖြစ်တယ်လို့ လွတ်လပ်ရေးအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျကပြောပါတယ်။

“တကယ်တော့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့အတွက်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အလေးအနက်ယုံကြည်လို့သာ ပြင်ဖို့ ပြောနေရတာကိုး။ နှစ်ပေါင်း (၆၀) ကျော်လောက် လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ ဆိုးမွေ၊ ပြည်တွင်းစစ် ဆိုးမွေကြီးကို ချုပ်ငြိမ်းဖို့ဆိုတာကလည်း ငြိမ်းချမ်းရေးရရှိမှ ဖြစ်မှာကိုး။ အားလုံးကတော့ ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်နေကြတယ်၊ သို့သော် အရင်ဦးဆုံးလုပ်ရမှာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရရှိအောင် လုပ်ရမှာပဲ။ အရင်ဦးဆုံးလုပ်ရမှာက ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်က လောလောဆယ် အဓိက အဟန့်အတားဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှ ဖြစ်မှာ။”

အစိုးရကကျင်းပတဲ့ လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနဲ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို နေပြည်တော်မှာလုပ်ခဲ့ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာထဲမှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက်ပူးပေါင်းနေထိုင်ရေး၊ တို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားတွေက ထိန်းသိမ်းကာကွယ်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့နဲ့ ဒီမိုကရေစီနိုင်ငံတည်ထောင်ရေး ဆိုတဲ့ အမျိုးသားဦးတည်ချက်လေးရပ်ကို အဓိကထားပြောဆိုသွားခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးစုံနဲ့ဖွဲ့စည်း တည်ဆောက်ထားတဲ့ ပြည်ထောင်စုစိတ်ဓာတ် အပြည့်နဲ့  ညီညွတ်ရေးဖော်ဆောင်နိုင်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အရေး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ကြိုးပမ်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်လပ်ရေးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

“ကျမတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားလူမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံပါ။ အဲဒီတော့ ကျမတို့တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြစ်ရေးဆိုတာကိုလည်း ကျမတို့ ဘယ်တော့မှ လက်မလွှတ်ပါဘူး။ ကျမတို့တိုင်းရင်းသားများ များပြားတဲ့အခါကျတော့ ညီညွတ်မှုကို ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့နေရာမှာတောင်မှ တော်တော်ညှိယူရမှာ ဖြစ်ပါတယ်။ အဲဒါလည်း ကျမတို့လက်ခံပါတယ်။ ဒါကို ကျမတို့အသိအမှတ်ပြုပါတယ်။ ရင်ဆိုင်ရမယ်။ ဒီစိန်ခေါ်မှုတွေကို ကျမတို့ ရင်ဆိုင်နိုင်ရမယ်၊ ကျော်လွှားနိုင်ရမယ်။ အဲဒါအတွက် အဓိကလိုအပ်တာဟာ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်ပန်းတိုင် တစ်ခုတော့ ရှိရမယ်။ အဲဒီတော့ ကျမတို့အားလုံးဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခုကို လိုလားတဲ့ အခြေခံစိတ်ဓာတ်ကတော့ ရှိရမယ်။”

လွတ်လပ်တဲ့နိုင်ငံမှာ နိုင်ငံသူနိုင်ငံသားတိုင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့ လွတ်လပ်ရေးကို တိုင်းရင်းသား လူမျိုးတိုင်း တန်းတူအခွင့်အရေးရနိုင်ဖို့က အရေးကြီးတယ်လို့လည်း ကိုမင်းဇေယျာက ထောက်ပြပြောဆိုခဲ့ပါတယ်။

“လွတ်လပ်ရေးဆိုတာက လူသားတိုင်း၊ လူသားတိုင်း ကိုယ့်ကံကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးခွင့်၊ နောက်ပြီးတော့ အခွင့်အရေးတွေ၊ အခွင့်အရေးတိုင်းကလည်း တန်းတူညီတူ ဖြစ်ခွင့်ပေါ့နော၊ ဒီအချက်အလက်တွေနဲ့ ပြည့်စုံမှပဲ စစ်မှန်တဲ့ လွတ်လပ်ရေးရတယ်လို့ သတ်မှတ်တာကိုး။ ကျနော်တို့ ဘိုးဘွားပြည်သူတွေက ကျွန်ဘဝကနေပြီးတော့ လွတ်လပ်ရေးရအောင်၊ သခင်ဘဝဖြစ်အောင် ကြိုးစားခဲ့တယ်ဆိုတာကလည်း ခုနကပြောတဲ့ လွတ်လပ်တဲ့အရသာတွေ လိုချင်လို့ လုပ်ခဲ့တာလေ။ အခုအချိန်မှာ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်က စစ်မှန်သော ပြည်ထောင်စုစနစ်ကြီးကို၊ စစ်မှန်သော ပြည်ထောင်စုနိုင်ငံကြီးကို ထူထောင်ဖို့ပေါ့ဗျာ။ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေဟာ ရိုးသားမှုကို အခြေခံပြီးတော့ ပွင့်လင်းမြင်သာမှုနဲ့လုပ်မယ်ဆိုရင်တော့ ကျနော်တို့တိုင်းရင်းသားတွေအကုန်လုံး လိုချင်တဲ့ တကယ့်စစ်မှန်တဲ့ လွတ်လပ်ရေးကို ရမယ်လို့ ယုံကြည်တယ်လေ။ အဲဒီအတွက်ကိုတော့ အာဏာရယူထားတဲ့လူတွေက စေတနာမှန်မှန်၊ ရိုးရိုးသားသားနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဖို့တော့ လိုတာပေါ့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ (၆၆) နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားပွဲမှာတော့ တိုင်းရင်းသား ပါတ်ီအချို့က သဝဏ်လွှာပေးပို့ခဲ့တာရှိပေမဲ့ ထင်ရှားတဲ့တိုင်းရင်းသားပါတီခေါင်းဆောင်တွေ တက်ရောက်တာကို မတွေ့ခဲ့ရပါဘူး။

မဆုမွန် (VOA Burmese News)