ဦးအောင်မင်းရဲ့ငြိမ်းချမ်းရေးကားပါမစ်ကြောင့်ဌာနအချင်းချင်းဝေစု မတည့်ဖြစ်နေ


5.12.13

ငြိမ်းချမ်းရေးနဲ့ကားပါမစ်ကိစ္စဘားအံကညနရုံးတွးင်စာရင်းစစ်ကန့်ကွက်
ချက်ကြောင့်ပျက်သနာအချို့ဘယ်လိုဖုန်းရမည်မသိဖြစ်နေပါသည်။

စာရင်းစစ်ကလည်းကားဘယ်ကနေ၀င်လာလဲဘယ်မှာလည်းကာစတန်ထောက်ခံစာတောင်းနေကာစတန်ကလည်းကျွန်တော့်ဆီဘယ်ကားမှလာပြီးလက်မှတ်လာမယူဆိုပြီးပြသနာတက်တော့ကညနကဗိုလ်သင်တန်းအပါတ်စဉ်(၁၀၁)ကာစတန်ကဗိုလ်သင်တန်းအပါတ်စဉ်(၉၇)ဆိုတော့မင်းကငါဆီကနေဘာလို့ခွင့်မတောင်းတာလဲဆိုပြီးကြီးနိုင်ငယ်ညှင်းဖိတော့ ကညနကလည်းအကိုကြီးရယ်သမ္မတရုံးကနေပြီးငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ်ရှိမော်တော်ယာဉ်များကိုတရားဝင်အခွန်မဲ့လိုင်စင်ပြုလုပ်ပေးရန်ဆိုပြီးညွှန်ကြားလာလို့ပါတဲ့။

ခက်နေတာကစာရင်းစစ်ကိုလည်းမပေးနိုင်ကြတော့မော်တော်ယာဉ်လိုင်စင်ကလည်းအခမဲ့စာရင်းစစ်ကလည်းသူကိုမဂါတော့ဟိုကြပ်ဒီကြပ်လုပ်အောက်ကဌာနတွေကလည်းခောတ်အခြေအနေအရမပေးနိုင်ဖြစ်နေပြန်ကဲမြန်မာနိုင်ငံမှာတရားရေးတခုတည်းမဟုတ်တော့ဘူးဗျို့စာရင်းစစ်ပါစည်းကမ်းဖေါက်နေလို့နိုင်ငံဘဏ္ဍာတွေလေလွင့်နေတာ သနားပါတယ်ဦးအောင်မင်းရေ

ခင်ဗျားရဲ့ငြိမ်းချမ်းရေးကားပါမစ်ကြောင့်ဌာနအချင်းချင်းအဝေ
မတည့်တော့ဘူးဗျို့


သံလွင်တံတားတွင်ရန်ကုန်သို့သယ်ဆောင်မည့်ကားပါမစ်ယာဉ်များ
သူရိယနေ၀န်း

Viber မှပိုက်ဆံပေးဝယ်ရသော Sticker တွေကို Hack ယူနည်း


Viber မှပိုက်ဆံပေးဝယ်ရသော sticker များကို vpn unlimited apk နဲ့ freedom apk သုံးပြီး sticker များကိုယူရအောင်။ Root ရှိဖို့တော့လိုပါလိမ့်မယ်။
ပထမဆုံး- vpn လေးကို install လုပ်ပါ။
♣Vpn Unlimited Apk အားဒေါင်းယူရန်♣

https://copy.com/3qAQzHLBCCE6


ပြီးရင်ဖွင့်ပေးပါ။app ရဲ့ အပေါ်ထောင့်နားလေးမှာ starting ဆိုပြီး auto ချိတ်ဆက်နေပါလိမ်မယ်။ချိတ်လို့ရသွားရင် noti မှာ icon ပုံလေးပေါ်လာရင်ချိတ်လို့ရသွားပါပြီ။ပြီးရင် setting >> app manager ထဲက playstore ကို force stop နဲ့ data clear လုပ်ပေးလိုက်ပါ။ပြီးရင်တော့ playstore ကိုပြန်ဖွင့်လိုက်ပါ။ access တောင်းရင် access လုပ်ပေးလိုက်ပါ။
ဒုတိယ-freedom လေးကို install လုပ်ပါ။
♣freedom apk အားဒေါင်းယူရန်♣

https://copy.com/KZMlMllINoxu

root access တောင်းရင် access ပေးလိုက်ပါ။အကုန်ပြီးရင်တော့ viber ထဲဝင်ပြီး sticker downloaded ဆွဲလို့ရပါပြီ။ downloaded ဆွဲရင် box တခုကျလာပါလိမ်မယ် ok နှိပ်လိုက်ပါ။ပြီးရင်နောက် box တခုက buy ကိုနှိပ်ပါ။ပြီးရင်တော့ရင် downloaded ကိုနှိပ်ပီး downloaded လုပ်လို့ရပါပြီ။

အဆင်ပြေပါစေ။

credit to:ကိုဇော်သွင် နည်းပညာ

TEXT MESSAGE ပို့ခြင်းက ဥာဏ်ကောင်းစေ


ပေါက်ပေါက် ရှာရှာ လေ့လာ တွေ့ရှိမှု များထဲက တစ်ခုပါပဲ။ ယင်းကတော့ ဖုန်းနဲ့ Message ရိုက် ပို့ခြင်းဟာ ဥာဏ်ကောင်း စေတယ် ဆိုတဲ့ အချက်ပဲ ဖြစ် ပါတယ်။ အဖြစ်က ဒီလိုပါ။

Text Message (SMS) ရည်ရွယ်ချက်က စာတိုတိုနဲ့ လိုရင်း ရောက်အောင် ရေးလို့ ပို့ရတာ ဖြစ်ပါတယ်။ စာလုံး Character အလုံး ၁၆၀ ထပ်မပိုရဘူးလို့ ဆိုထားပေမယ့် တော်တော်များများ ကတော့ စာလုံး နည်းနည်းနဲ့ ရောက်အောင်ရေးလို့ ပို့ပါတယ်။

ဒါကြောင့် အင်္ဂလိပ် အတိုကောက်သုံးတာမျိုး၊ အလွယ်ဆုံး ဝါကျဖွဲ့လိုက်တာ မျိုး၊ အဓိပ္ပါယ်ချက်ချင်း သိစေနိုင်မယ့် စာတိုတို ဖြစ်အောင် ရေးစပ်တာမျိုး အစရှိသဖြင့် ဦးနှောက်စားစေပြီး ဥာဏ်ကို အသုံးချစေပါတယ်။ အင်္ဂလိပ် သဒ္ဒါ တည်ဆောက်မှု အတတ်နိုင်ဆုံးမှန်အောင်ကြိုးစားမှုလည် ရှိသလို အချို့ ကျတော့လည်း အဆင်ပြေတဲ့ အသံထွက်နဲ့ တစ်ဖက်နားလည်အောင် ကြိုးစား ရေးသား ပါတယ်။ အင်္ဂလိပ်စာနဲ့ ရိုက်တာက ပိုကောင်းပြီး အင်္ဂလိပ် စာ ဝါကျ ဖွဲ့မှုကိုလည်း ပိုမိုတိုးတက်စေပါတယ်။ သို့ပေမယ့် အခြား ဘာသာ သို့မဟုတ် ကိုယ်အဆင်ပြေတဲ့ နည်း လမ်းနဲ့ ရေးသားပေးပို့ခြင်းက လည်း ဥာဏ်သုံးရတဲ့အတွက် ဦးနှောက် ကို အလုပ်လုပ်စေပါတယ်။

ဒါကြောင့် SMS ပို့ခြင်းဟာ ဥာဏ်ကိုကောင်းစေပြီး IQ လယ်ဗယ် မြင့်စေ တယ်လို့ လေ့လာချက်များက ဆိုထားကြောင်း သိရပါတယ်။

Ref: techblog
Aung Kham (TSJ team)
TechSpace Journal

အောင်မြင်မှု ပန်းတိုင် ရောက်ဖို့ ကြိုးစားနေသူ ခင်ရူပ


အနုပညာ ခံယူချက်တွေ ပြည့်ဝဖို့ ရှေ့ဆက် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ မော်ဒယ် ခင်ရူပ နဲ့ တွေ့ဆုံခိုက် မှာ ခန္ဓာကိုယ် ထိန်းသိမ်းမှု နဲ့ ပတ်သက်ပြီး သူ့ရဲ့ လျှို့ဝှက်ချက် ကို မေးကြည့်တော့..

“ခင်ရူပက အစားအသောက် နဲ့ပဲ ထိန်းတာ များတယ်။ အဆီ အစိမ့်တွေ အစား အသီးအရွက်ကို ပိုစားတယ်။ ကိုယ် လက် လှုပ်ရှားမှု ကို အချိန်ပြည့် မလုပ်နိုင်တဲ့ အ တွက်ကြောင့် ဒီအစား အသောက် နဲ့ပဲ ထိန်းတယ်။ တခြား လျှို့ဝှက်ချက်တွေ မရှိပါဘူး” လို့ ပြောပြခဲ့ပါတယ်။ ခင်ရူပ အနေ နဲ့ ဒီမော်ဒယ်လောက တစ်ခု ကိုပဲ ရွေးချယ် လုပ်ဖြစ်သွား မှာလားလို့ မေးကြည့်တော့ “သူများနိုင်ငံမှာ ဆို မော်ဒယ်လိုင်း တစ်လိုင်းတည်း နဲ့ ရပ်တည်လို့ ရတဲ့ အနေအထား ရှိတယ်။ ဒီမှာလည်း အဲဒီလို ရှိစေ ချင်တယ်။ ဒီမှာ မော်ဒယ် ကိုပဲ ဝါသနာ ပါတဲ့ လူရှိတယ်။

အဲဒီလို သီးသန့် မော်ဒယ်လိုင်း နဲ့ သက်မွေး ဝမ်းကျောင်းလို့ ရရင်တော့ ကောင်းတယ်လို့ ပြောပြ ခဲ့ပါတယ်။ ခင်ရူပ အခု မော်ဒယ်လောက မှာ စူပါမော်ဒယ် ဆိုတဲ့ ခေါင်းစီးအောက် ရပ်နေပြီ လားလို့ မေးကြည့်တော့ “လူဆိုတာ ဝါသနာ ပါရာကိုပဲ ရွေးချယ် လုပ်ဆောင် တတ်ကြ တယ်။ ညီမရောပဲ။ ကိုယ့်ကိုယ် ကိုယ် အောင်မြင်လား မေးရင် မပြောတတ်ဘူး။

ဒါက ပရိသတ်တွေ သတ်မှတ်ပေး မှရတာပါ။ ပရိသတ် ကို မေးကြည့်ရင်တော့ ပိုပြီး အဖြေ မှန်လိမ့်မယ်” လို့ ပြောပြခဲ့ပါတယ်။ မော်ဒယ် တစ်ယောက် အတွက် အဝတ်အစား၊ ဖက်ရှင်၊ ဒီဇိုင်းက သိပ် အရေးကြီးတယ်။ လက်ရှိ နိုင်ငံခြားက model တွေနဲ့ တို့နိုင်ငံ က မော်ဒယ် ကွာခြားမှုက အဲဒီ ဖက်ရှင် အပိုင်းလို့ ပြောရင်တောင် ရတယ်လို့ ပြောပြခဲ့ပါတယ်။ အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ကြိုးစားနေတဲ့ ညီမရဲ့ ဘဝနဲ့ ချစ်ရေး ချစ်ရာကော ထူးခြားမှု ရှိလာပြီလားလို့ မေးကြည့်တော့..

“ခင်ရူပရဲ့ အချစ်ရေးကတော့ အေးဆေးပါပဲ”လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular Myanmar News Journal

အိပ်ဖန်စောင့် သီးခြားခန့်အပ်ထားသည့် ဂျက်စတင်ဘီဘာ


ကနေဒါ Popဂီတစတား ကြယ်ပွင့်သည် တစ်စထက်တစ်စ နာမည်ကျော်လာသည်နှင့်အမျှ အရာရာအပေါ် ယုံကြည်မှု လျော့နည်းလာနေကြောင်း မိတ်ဆွေများက ဆိုသည်

ဂျက်စတင်ဘီဘာသည် ညအိပ်ချိန်တွင် ၎င်းအတွက် တသီးတခြား စောင့်ကြည့်ရမည့် အိပ်ဖန်စောင့်မျိုး ခန့်အပ်ထားကြောင်း သိရှိရသည်။ ကနေဒါ Popဂီတစတား ကြယ်ပွင့်သည် တစ်စထက်တစ်စ နာမည်ကျော်လာသည်နှင့်အမျှ အရာရာအပေါ် ယုံကြည်မှု လျော့နည်းလာနေကြောင်း မိတ်ဆွေများက ဆိုသည်။ အထူးသဖြင့် ပရိသတ်များက ၎င်းအိပ်ပျော်နေချိန်တွင် အိပ်ခန်းအတွင်း ကျူးကျော်ဝင်ရောက်လာမည်ကို စိုးရိမ်သော စိတ်မျိုး ဂျက်စတင်တွင် စွဲကပ်လာကြောင်း ရင်းနှီးသူများက ပြောကြားခဲ့သည်။ ထို့ကြောင့် အသက်(၁၉)နှစ်ရှိ ဂျက်စတင်က ၎င်းအိပ်စက်ချိန်တွင် နိုးကြားစွာ စောင့်ကြပ်မည့် ဧရာမ လူထွားကြီးများကို သီးခြား ငှားရမ်းထားခြင်းဟု ဆိုသည်။

ဂျက်စတင်တွင် သက်တော်စောင့်များ ရှိနေသည့်အပြင် အပိုဆောင်း နှစ်ဦးက ၎င်းအိပ်စက်ချိန်တွင် နိုးနိုးကြားကြား အလှည့်ကျစောင့်မည့် တာဝန်ကို သီးခြားယူထားရကြောင်း သိရှိရသည်။ ဂျက်စတင်နှင့် နီးစပ်သူ တစ်ဦးက "သူဟာ ပရိသတ်တွေ အခန်းထဲ ဖောက်ဝင်လာမှာမျိုးကို တော်တော်စိုးရိမ်ပါတယ်။ ဂျက်စတင်က အရာရာကို ယုံမှားသံသယ များနေသလိုပါပဲ။ သူ့စိတ်ထဲမှာ ညဆိုရင် အသံဗလံတွေ ကြားနေသလိုလို ထင်မှားနေပါတယ်။ ဒါကြောင့် သူ့အခန်းထဲမှာ တစ်ယောက် အခန်းပြင်မှာတစ်ယောက် လုံခြုံရေးတွေ ထပ်ချထားပါတယ်။ သူတို့က ဂျက်စတင် အိပ်နေချိန်မှာ တောက်လျှောက် စောင့်ကြပ်ပေးရတာပါ"ဟု ပြောကြားသွားသည်။ ထိုသူကပင် ဆက်လက်၍ "အဲဒီလို အစောင့်တွေ အားလုံးဟာ တုတ်တုတ်ခိုင်ခိုင် ဧရာမကြီးတွေပါ။ အရပ်(၆)ပေ၊ (၅)လက်မလောက် အနည်းဆုံးမြင့်တယ်။ ကိုယ်အလေးချိန် ပေါင်(၂၅၀) ဝန်းကျင်လောက် ရှိတယ်။ ဘီဘာက သူ့ကို ကာကွယ်ဖို့ ဘီလူးစစ်တပ်ကြီးတစ်ခု အစောင့်ချထားချင်တာပါ"ဟုလည်း မှတ်ချက်ပြုသွားသည်။
Planet Myanmar Network

ကိုယ်ပိုင်ပြတိုက်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေသည့် ရော်နယ်လ်ဒို


ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်ကြယ်ပွင့်သည် မာဒီရာကျွန်းပေါ်တွင် ၎င်းနှင့် ဆက်နွယ်သည့် ပြတိုက်ကို တည်ဆောက်ရန် နောက်ဆုံးအဆင့် အပြီးသတ်နေပြီ ဖြစ်သည်

ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ကိုယ်ပိုင် ပြတိုက်တစ်ခုကို တည်ဆောက်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်ကြယ်ပွင့်သည် မာဒီရာကျွန်းပေါ်တွင် ၎င်းနှင့် ဆက်နွယ်သည့် ပြတိုက်ကို တည်ဆောက်ရန် နောက်ဆုံးအဆင့် အပြီးသတ်နေပြီ ဖြစ်သည်။ အဆိုပါကျွန်း၏ မြို့တော် ဖန်ချယ်လ်တွင် ဒီဇင်ဘာလ (၁၅)ရက်နေ့၌ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒိုက ယင်းပြတိုက်ကို ဖွင့်လှစ်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားသည် အိုလံပစ်ဒီ ဇာတီဗာ အသင်းနှင့် ကိုပါဒယ်လ်ရေး ပွဲစဉ်တွင် ကစားခွင့် မရှိဘဲ ပွဲပယ်ခံထားရသည်။

ထို့ကြောင့် ရီးယဲလ်နည်းပြ ကာလိုအန်ဆလော့တီက ၎င်းကို ဆောင်းရာသီနားရက် မတိုင်ခင် ရက်အနည်းငယ် ကြိုတင် အနားပေးထားရာ မွေးရပ်မြေရှိ ပြတိုက်ဖွင့်လှစ်မည့် ကိစ္စအတွက် ပိုမိုအချိန်ပေးနိုင်မည် ဖြစ်သည်။ ရော်နယ်လ်ဒိုသည် ပေါင်ဒဏ်ရာ ရရှိထားသော်လည်း လတ်တလောတွင် တစ်စထက်စတစ်စ သက်သာပျောက်ကင်းလာခဲ့သည်။ မကြာသေးမီက စပိန်လာလီဂါ၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိထားသည့် ရော်နယ်လ်ဒိုသည် မာဒီရာသို့ပြန်ကာ နာလန်ထ အစီအစဉ်များဖြင့် အနားယူနေသည်။

ရော်နယ်လ်ဒိုသည် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် အိုစာဆူနာနှင့် ကစားမည့် လာလီဂါ ပွဲစဉ်၌ ပါဝင်ရန် စီစဉ်ထားပြီး ထိုပွဲပြီးသည်နှင့် ဖန်ချယ်လ်သို့ အလျင်အမြန် သွားရောက်မည် ဖြစ်သည်။ အဆိုပါ ပြတိုက်တွင် ၎င်းရရှိခဲ့သည့် အောင်မြင်မှုများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ထားရှိမည်ဟု သိရသည်။ အဆိုပါ ဆုများတွင် (၂၀၀၈)ခုနှစ်က မန်ချက်စတာ ယူနိုက်တက်တွင် ကစားနေစဉ် ရရှိခဲ့သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ထည့်သွင်းပြသထားမည်ဟု သတင်းများက ဖော်ပြသွားသည်။
Planet Myanmar Network

စေတနာ ထားတတ်ပုံ


လူတစ်ယောက်ဆီကို သေမင်းရောက်လာပီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"

ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။

ဒီတော့ သေမင်းက "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။

ဒါကြောင့် လူသားက သေမင်းကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။

"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"

ဒါနဲ့ သေမင်းကလည်း ထိုင်ခုံမှာထိုင်ပြီး လူသား ကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။  အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ သေမင်းဟာ အိပ်ပျော်သွားပါတယ်။

ဒါနဲ့ လူသားက သေမင်းရဲ့  စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာ ပြန်ထည့်ရေးလိုက် ပါတယ်။

နောက်တော့ သေမင်းက အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေဟာ ကျနော့အပေါ် အင်မတန်ကောင်းမွန်တဲ့ လူသားပဲ။ ဒါကြောင့် စာရင်းကို အောက်ကနေပဲ စကောက်ပါတော့မယ်"
.
Ref:everyjoke
Yoyarlay

လူကျပ်တဲ့ ဘတ်စ်ကားပေါ်က ထောက်လှမ်းရေး ကိစ္စဟာ အမျိုးသမီး တွေအတွက် စိတ်အနှောင့် အယှက် ဖြစ်စရာ ကြီး မားတဲ့ ပြဿနာ တစ်ခုဖြစ်ပြီး ဒီကိစ္စက စိတ်ကျန်းမာရေး ချို့တဲ့လို့ ဖြစ်တဲ့ စိတ်ရောဂါ တစ်မျိုးပါ


Ladies, Beware of Frotteurism! မိန်းကလေး များအတွက် အန္တရာယ် ရှိတဲ့ စိတ်ပိုင်း ဆိုင်ရာ ပြဿနာ ရှိသူတွေ ကတော့ frotteurism လို့ ခေါ်တဲ့ မသိတဲ့ ဆန့်ကျင်ဖက် လိင်ကို ထိတွေ့ ပွတ်သတ် မှုပြုပြီး သာယာမှု ရယူတဲ့ သူတွေပါပဲ။ ဒါဟာ နှာဘူးထ ရုံသာမကပဲ စိတ်ကျန်းမာ ရေး ဆိုင်ရာ ပြဿနာ ဆိုတာ သိသူ နည်းလှ ပါတယ်။ ဒါပေမဲ့ ဒီလို လူမျိုးနဲ့ ပတ်သက်ပြီး မကြုံ ဖူးရင် တောင်မှ ကြားဖူး ပါလိမ့်မယ်။ ရိုးသား စွာဝန်ခံ ရရင် ကျွန်မ အနေနဲ့ ကတော့ စိတ်ပျက် လှပါတယ်။ အင်းလေ ရှင်တို့လဲ သိပါတယ်။

Frotteurism ဆိုတာ လူတစ်ယောက်က လိင်ပိုင်းဆိုင်ရာ သာယာမှုကို သူ့ရဲ့ လိင်အင်္ဂါနဲ့ တခြား တစ်ယောက်နဲ့ ထိတွေ့ ပွတ်တိုက် ပြီးမှ သာ ယာ ပြီးမြောက်မှုကို ရရှိတဲ့ စိတ်ပိုင်း ဆိုင်ရာ စံလွဲမှု ပြဿနာ တစ်ရပ်ပါ။ အထူး သဖြင့် လူအုပ် ကြားထဲမှာ အကျူး လွန်ခံရသူရဲ့ အလိုဆန္ဓ မပါ ဘဲနဲ့ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘာကို ရည်ညွှန်း သလဲ သတိပြု မိမှာပါ။ မြန်မာပြည်မှာ ဆိုရင်တော့ ဘတ်စ်ကား ပေါ်မှာ ထောက်လှမ်းရေး လုပ်တယ်လို့ အရပ် စကားနဲ့ ပြောကြ ပါတယ်။ ဒါက paraphilia လို့ခေါ်တဲ့ မူမမှန် လိင်စိတ် ရောဂါ ထဲမှာပါဝင် ပါတယ်။  ဒီစိတ် ရောဂါ စုဟာ လိင် စိတ် မြင့်မား တက်ကြွ မှုကို ပုံမှန် အခြေ အနေမှာ မဟုတ်ဘဲ တစ်ဖက်သား (သို့မဟုတ်) ကိုယ်တိုင် အရှက်ကွဲခံ၊ နစ်နာ ထိခိုက်အောင် လုပ်ပြီး ရယူ တတ်တဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။ ဒီထိခိုက်ခံ ရသူ တစ်ဖက်သား ကတော့ သိတောင်မှ မသိလိုက် တာမျိုးလည်း ဖြစ်နိုင် ပါတယ်။ စိတ်ရောဂါ သယ်ဆောင် ထားသူတွေက ကလေးတွေ၊ အသက် ငယ်ရွယ် သူတွေ၊ မိန်းမသား တွေကို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက် လေ့ရှိ ပါတယ်။ ဒီလူတွေကို Frottage လို့ခေါ်ပါတယ်။ ဒီ Frottage တွေဟာ ဘတ်စ်ကား၊ လူစည်ကား ကျပ်သိပ်တဲ့ နေရာတွေ ဥပမာ ဈေးဝယ် စင်တာ၊ ရှော့ပင်း မောလ်၊ ဓါတ်လှေ ကားတွေ၊ လူသွား လမ်းကျဉ်း လေးတွေ၊ အများ ပြည်သူသုံး ယာဉ်ရထား တွေမှာ လှုပ်ရှား လေ့ရှိပါ တယ်။ ဒီ Frottage တွေရဲ့ ပစ်မှတ်တွေ ကတော့ တခြား တစ်ယောက်ရဲ့ ပေါင်နဲ့ တင်ပါး ပိုင်းတွေကို လိင်အင်္ဂါနဲ့ ထိတွေ့ ပွတ်သတ် ခြင်းဖြစ် ပါတယ်။ တခြား နည်းလမ်း တစ်မျိုး ကတော့ သူတို့ရဲ့ လက်တွေနဲ့ တစ်ပါးသူရဲ့ လိင်အင်္ဂါ ရင်သား စတာ တွေကို ပွတ်သတ် အာသာဖြေ ပါ တယ်။ ဒါက ခံရသူ သားကောင် အတွက် စိတ်ဆင်းရဲ စရာ၊ စိတ်ဒုက္ခ ရောက်စရာ အခြေအနေပါ။

ဒီအကျင့်ဟာ ဆယ်ကျော်သက် အရွယ်မှာ အရွယ် ရောက်မှု ဖြစ်စဉ်နဲ့ အတူ တစ်ပါးသူ မသိအောင် ပွတ်သတ် ပေးပြီး နိုးကြွမှု ဖြစ်လာအောင် လုပ်လို့ရတယ် ဆိုတာ သိရှိသွား ရာမှ စတင် ဖြစ်ပေါ် လာပါတယ်။ ဒီရောဂါ ခံစားရသူ အများစုက ယောက်ျားတွေ ဖြစ်ပြီး မိန်းမတွေက သား ကောင်တွေ ဖြစ်ရလေ့ ရှိပါတယ်။ ဒီအကျင့် ကိုစတင် သူတွေက သူတို့ဟာ သူတို့ သားကောင်ရဲ့ အာရုံစိုက်မှုကို ထိတွေ့စဉ် အတောအတွင်း မှာ ခံစား ရလို့ သာယာမှု ဖြစ်ပေါ် ပါတယ်။ ဒါပေမဲ့ မထိတွေ့ လိုက်ရဘူး ဆိုတာနဲ့ စုံစမ်း စစ်ဆေးမှု ခံရမယ့် အန္တရာယ်ကို သူက သတိရပြီး ထွက် ပြေးဖို့ ကြိုးစား ပါတယ်။ ဒီကိစ္စဟာ ကျပ်ပိတ်သိတ် နေတဲ့ ဘတ်စ်ကား ပေါ်မှာ မြေအောက်ရထား ပေါ်မှာ ဖြစ်ပွား လေ့ရှိပါတယ်။ သတိထား ပြီးကြည့်မယ် ဆိုရင် အဲ့ဒီ လူမျိုးဟာ အဲ့ဒီလို နေရာ အခြေအနေနဲ့ ကြုံလာတဲ့ အခါတိုင်း အဲ့ဒီလို လုပ်ချင်တဲ့ စိတ်ပေါ်နေပြီး နေ့စဉ် လုပ်ဆောင် ဖွယ်ကိစ္စ တွေကိုပါ လွှမ်းမိုး လာပါတယ်။ ဒီလို အခြေ အနေကို တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေလို့ မဖြစ်နိုင်တဲ့ ကျပ်ပိတ် ညှပ် နေတဲ့ ဂျပန်က မြေအောက် ရထားတွေမှာ ခဏခဏ တွေ့မြင်ရလေ့ ရှိပါတယ်။ မြန်မာပြည် မှာလဲ ဘတ်စ်ကား ကျပ်တာကို အခွင့်ကောင်း ယူပြီး လှုပ်ရှား ကြတယ်လို့ အခုတလော ကြားလာ နေရပါတယ်။ ဂျပန် မှာတော့ ပို့ဆောင်ရေး ကုမ္ပဏီ တွေနဲ့ လူနေ ကျပ်ပိတ် ထူထပ်တဲ့ နေရာတွေ မှာ သတိထား ကာကွယ်ဖို့ ကြိုးစား နေကြ ပါတယ်။ တချို့ ပို့ဆောင်ရေး ကုမ္ပဏီ တွေက အမျိုးသမီး သီးသန့် ကားတွေကို စတင် မိတ်ဆက် ပြေးဆွဲ ပါတယ်။

စင်ကာပူ နိုင်ငံလို အမျိုး သမီးတွေ အတွက် တင်းကြပ်တဲ့ ဥပဒေ ရှိတဲ့ နေရာတွေ မှာတောင် တစ်ခါတစ်လေ ဖြစ်ပွား မှုတွေ ရှိတာကြောင့် နှစ် သစ် ကြိုဆိုပွဲလို လူပေါင်းစုံ၊ လူမျိုးစုံ လာတဲ့ နေရာ တွေမှာ ကြီးမားတဲ့ ဆိုင်းဘုတ် ကြီးတွေ ထောင်လို့ အမျိုး သမီးတွေကို သတိ ထားစေ ဖို့နဲ့ အတူ သူတို့ နိုင်ငံရဲ့ ပြစ်ဒဏ် တွေကို ဖော်ပြ ထားပါတယ်။ မြန်မာ ပြည်မှာလဲ အမျိုး သမီး အခွင့်အရေး အရေးထားသူ တွေက ၀ီစီတွေ ဝေလို့ မိန်းကလေးတွေကို သတိပေး နှိုးဆော်မှု လုပ်ခဲ့တာ၊ အမျိုးသမီး သီးသန့် ယာဉ်လိုင်းတွေကို ပြေးဆွဲဖို့ ကြိုးစား ခဲ့ပေမယ်လည်း လူဦးရေနဲ့ ပို့ ဆောင် ရေးဟာ မမျှတ တာမို့ သိသိသာသာ မအောင်မြင် ခဲ့ပါဘူး။ ဒီ frotteurism ဆိုတဲ့ စိတ်ရောဂါ ပြဿနာ ရှိသူတွေဟာ သူတို့ စိတ်မှာ ပြ ဿနာ ဖြစ်နေတာ စိတ်ဝေဒနာ တစ်မျိုး ဆိုတာ မသိတဲ့ ဒါမှမဟုတ် လက်မခံ နိုင်တဲ့ အတွက် စိတ်ရောဂါကု ဆရာဝန်၊ စိတ်ပိုင်း ဆိုင်ရာ ဆွေး နွေး တိုင်ပင်သူ တွေလို professional တွေရဲ့ အကူအညီကို ယူလေ့ မရှိပါဘူး။ သူတို့မှ  မဟုတ် ပါဘူး။ ပြည်သူလူထု အတွင်းမှာလဲ ဒါဟာ စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့လို့ ဖြစ်တဲ့ အမူအကျင့် ပြဿနာ တစ်မျိုးပဲ ဆိုတာ သိရှိသူ နည်းလှပါတယ်။ တချို့နိုင်ငံ တွေမှာ ဒီလူမျိုး တွေက အတိုင်ခံ ရလို့ တရားခံ အဖြစ် ရောက်လာ တဲ့အခါ တရားရုံးရဲ့ ညွှန်ကြားမှုနဲ့ စိတ်ရောဂါ ကုသရေး ဆေးရုံတွေကို လွှဲပေးလေ့ ရှိပါ တယ်။

ရောဂါ နာမည်တပ်ဖို့ အတွက်ကို ဒီအကျင့် ရှိသူကို စိတ်ရောဂါကု ဆရာဝန် တွေလို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေး တိုင်ပင်သူ တွေလို profes sional တွေက အင်တာဗျူး လုပ်ရပါတယ်။ သူတို့မှာ ဒီလို သူတစ်ပါးကို ထိတွေ့ရမှ ကျေနပ်မှု ရတယ် ဆိုတာကို သတိပြု မိအောင် ဖော်ထုတ် ရပါတယ်။ ဒါမှ စစ်ချက် ရယူနိုင် မှာမို့ပါ။ ဒီစိတ်ပိုင်း ဆိုင်ရာ ပြဿနာကို ရောဂါအမည် တပ်ပြီး တာတောင် ဘာလို့ ဒီလို ဖြစ်တာလဲ ဆိုတာက အကြောင်း အရင်းကို ဖော်ထုတ် နိုင်ဖို့ ခဲယဉ်း ပါတယ်။ တချို့ အခြေအနေ တွေမှာ ဝေဒနာရှင် ကိုသာမက ကျူးလွန်ခံရသူ သားကောင်နဲ့ ဘေးနားက မျက်မြင် သက်သေ တွေကို အင်တာဗျူး ရလေ့ ရှိပါတယ်။ ကုသမှု ကတော့ ဒီစိတ်ပိုင်း ဆိုင်ရာ ပြဿနာ လူနာဆီမှာ ဘာကြောင့် ဖြစ်လာတဲ့ ဆိုတဲ့ အကြောင်း အရင်းကို အဖြေရှာလို့ ဖော်ထုတ်ရင်း အပြုအမှုကို ထိန်းသိမ်းဖို့ စိတ်ပိုင်း ဆိုင်ရာ ကုသမှု တွေကို ပေးပါတယ်။ frotteur လူနာ အနေနဲ့ ဒီလို စိတ်ခံစားမှု ဖြစ်ပေါ်စေ နိုင်တဲ့ အခြေအနေ မျိုးမှာ ကိုယ့်အတွင်းပိုင်း စိတ်တုံ့ပြန်မှု impulse ကိုထိန်းသိမ်းပြီး တခြား သူ တစ်ယောက်ကို ထိတွေ့ တဲ့အခါ သာယာစိတ် ပေါ်လာ တာကို ထိန်းချုပ်လို့ ရအောင် သင်ကြား ပေးပါတယ်။ Medroxyprogestr one လို့ခေါ်တဲ့ ဟော်မုန်းကို လိုအပ်သူ တွေမှာ ပေးလေ့ရှိ ပါတယ်။

ဒီဘတ်စကား ပေါ်က ထောက်လှမ်းရေး ကိစ္စက ရာဇ၀တ်မှုလို ဆုံးဖြတ် ကြပေမယ့် အမှုကြီး ထဲမှာ မပါလို့  တချို့ နိုင်ငံတွေမှာ ပြစ်ဒဏ်က သေးငယ် ပါတယ်။ မြန်မာပြည် မှာတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၉မှာ "မည်သူမဆို မိန်းမ တစ်ဦး၏ ကာယ အိနြေ္ဒကို စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်း ပြုသည်တွင် သို့တည်း မဟုတ် အသံပြု သည်တွင်၊ သို့တည်းမဟုတ် ကိုယ်အမူအရာ ပြသည်တွင်၊ သို့မဟုတ် အမျိုးသမီး များ အား အရာဝတ္ထု တစ်ခုခု ပြသသည်တွင် ပြောဆိုသော စကားကို ဖြစ်စေ၊ ပြုသော အသံကို ဖြစ်စေ၊ ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင် သို့ မဟုတ် ပြုသော ကိုယ်အမူ အရာကို ဖြစ်စေ၊ ပြသော အရာဝတ္ထုကို ဖြစ်စေ၊ ထိုမိန်းမအား ကြံရွယ်လျှင် သို့တည်း မဟုတ် ထိုမိန်းမ၏ ဆိတ် ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို ၁နှစ်ထိ အလုပ်နှင့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ် ရမည်။" လို့ပါရှိ ပါတယ်။ ဒါပေမဲ့ ဒီ frotteurs ကိုအရေးယူ ဖို့က မလွယ်ကူ ပါဘူး။ သာမန် အားဖြင့် မျက်မြင် သက်သေ မရှိတာမို့ မတော်တဆ ထိမိ တာပါလို့ ဖြေရှင်းချက် ပေးကြလေ့ ရှိပြီး အမျိုးသမီးက ရှက်တာကြောင့် တိုင်ကြားမှု မလုပ်တာ ကြောင့်လည်း ပါပါတယ်။ ဒါကြောင့်လည်း ဒီလူတွေ ဒီ လို အတင့်ရဲ လာကြ တာပါပဲ။ ဟိုအရင်က မြန်မာ နိုင်ငံမှာ ဒီလိုကိစ္စမျိုး ဖြစ်တယ်လို့ အမျိုးသမီးက တခြားလူ တွေကို ချက်ခြင်း ပြောခဲ့ရင် လူ ထုရဲ့ အကူအညီနဲ့ အရေးယူ မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ လူတိုင်းက ကိုယ့်ပြဿနာနဲ့ ကိုယ်မို့လို့ အလုပ်ရှုပ် မခံချင် ကြလို့ သိပ်ဂ ရုမစိုက် တော့ပါဘူး။ ဟုတ်ကဲ့။ ဒါကြောင့် ကျွန်မ ကတော့ ကိုယ့်ကိုကိုယ် ကာကွယ်ပါ။ ခုခံ တိုက်ခိုက်ပါလို့ ပြောချင် ပါတယ်။ တကယ်လို့များ ကိုယ်က သတိပြု မိသွား တာကို သူသိတာတောင် သူ့လုပ်ရပ်ကို မရပ်ဘဲ ရှိနေမယ် ဆိုရင် သူ့ကို နာကျင်အောင် လုပ်လိုက်ပါ လို့အကြံ ပေး ချင်ပါတယ်။ မုဒိမ်း အကျင့်ခံရမှ မိန်းကလေး တစ်ယောက်ကို ထိခိုက် စေတာ မဟုတ်ပါဘူး။ အလို မတူဘဲ ကာယ အိနြေ္ဒကို ပျက်ပြား စေခြင်း ကလည်း ထိခိုက် စေပါတယ်။ ဘယ်လောက် စိတ်အနှောင့် အယှက် ဖြစ်ရတယ် ဆိုတာကို မိန်းမသားချင်းပဲ သိတယ် မဟုတ် ပါလား။

Myanmar Youth Media Club

မိုးအောင်ရင်ရဲ့ ဂျပန် အချစ်ခရီးစဉ်


မိုးအောင်ရင်က ဂျပန် နိုင်ငံ မှာရှိတဲ့ အဒေါ်ဖြစ်သူထံ နှစ် ပတ်ကြာ အလည်အပတ်သွား ရောက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက် နေ့ မနက် ၉ နာရီက ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ် ကိုပြန် လည်ရောက်ရှိ ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ အဒေါ်နဲ့လည်း တွေ့ခဲ့သလို အလုပ်ကိစ္စနဲ့ ဂျပန် မှာ ရောက်ရှိနေတဲ့ ချစ်သူနဲ့ လည်း လည်ပတ်ခဲ့ တာကြောင့် အချစ်ခရီးစဉ်လေးဖြစ် ခဲ့တယ် လို့လည်း မိုးအောင်ရင်က ပြော ပါတယ်။ “Disney Land တို့၊ ဖူဂျီတောင်တို့ကို သွားလည်ခဲ့ တယ်။ အလုပ်ကိစ္စ ရှိတော့ သူနဲ့ လည်း သိပ်မတွေ့လိုက် ရဘူး။ ရတဲ့အချိန်မှာပဲလျှောက်လည် တာပေါ့။ ဖူဂျီတောင်ကို ညနေ ၄နာရီလောက်မှ ရောက်တယ်။ တအားအေးတော့ ဓာတ်ပုံတောင် ကောင်းကောင်း မရိုက်ခဲ့ ရဘူး။
ဒီခရီးစဉ်ရဲ့အကြီး ကျယ်ဆုံး အမှတ်တ ရကတော့ လျှာဖောက်လာခဲ့ တယ်။ကောင်မလေးနဲ့ ဆင်တူ ဖောက်ခဲ့တာ။နောက်ပြီး သူတို့ ရဲ့ ရိုးရာပုံစံဆာမူရိုင်း လိုဝတ်ခဲ့ တယ်။” လို့ ဂျပန် ခရီးစဉ်ရဲ့ အမှတ်တရတွေကို ပြန်လည်ပြောပြ ခဲ့ပြီး၊ ဒီခရီးစဉ် ကတအား ပျော်စရာ ကောင်းခဲ့ကြောင်း မိုးအောင်ရင် ကပြောပါတယ်။

Popular Myanmar News Journal

ကျန်းမာ လှပစေရန် မီးဖိုချောင်တွင် ရှိသင့်သော အရာကိုးမျိုး


မီးဖိုချောင်ဆိုတာ အိမ်တစ်အိမ်ရဲ့ နှလုံးသားတစ်ခုလို့ ပြောလို့ ရပါတယ်။ မီးဖိုချောင်ထဲက အစားအစာတွေကြောင့် သင့်ကို ပိုပြီး ကျန်းမာလှပစေ သလိုပဲ အ ခန့်မသင့်ရင် ကိုယ်အလေးချိန် တိုးလာပြီး ကျန်းမာရေးလည်း ချူချာတတ် ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ဆေးဖက်ဝင် မီးဖို ချောင်လေးတစ်ခု ဖြစ်စေဖို့ ဖန်တီးပေးရ မှာပါ။ ဒီအတွက် သိပ်ပြီး ခေါင်းမစားပါနဲ့။ ဖော်ပြပါ အချက်တွေကို လေ့လာကြည့် လိုက်ပါ။
၁။ ဝယ်ပြီး မစားမိ မဖြစ်ရလေအောင်
သင့်ရေခဲသေတ္တာ ထဲမှာ အစိမ်းစား ရတဲ့အသီးအနှံ တွေကို ရေစင်အောင် ဆေးကြောပြီးမှ ထည့်ထားပါ။ နာနတ် သီး၊ ကီဝီသီးနဲ့ အခွံခွာစားရတဲ့ အသီး တွေကို အသင့်ခွာပြီး လှီးကာ ထည့်ထား ပါ။ ရေခဲသေတ္တာ ထဲကို ထည့်ချိန်မှာ သင့် မျက်စိရှေ့ အလွယ်တကူ မြင်သာတဲ့နေ ရာမှာထည့်ထား တာကြောင့် ရေခဲသတ္တာ ဖွင့်လိုက်ချိန်မှာ အသီးအနှံတွေကို အ လွယ်တကူ စားမိစေ ပါလိမ့်မယ်။
၂။ အသုပ်များကို ခွက်ကြီးကြီးဖြင့် ပြင်ဆင်ပါ
ဟင်းရွက် သုပ်တွေက ကျန်းမာရေး နဲ့ ညီညွတ်တယ်ဆိုတာ သင်သိပါရဲ့လား။ ဟင်းရွက်သုပ်တွေကို ညစာစားတိုင်း ပါဝင်အောင် စားပေးပါ။ တခြားအသားငါး တွေကို ညပိုင်းအချိန်မှာ ပိုစားမယ့်အစား ကျန်းမာလှပစေရန်မီးဖိုချောင်တွင် ရှိသင့်သော အရာကိုးမျိုး ဟင်းရွက်သုပ်တွေကို ပိုစားပေးတာက ခန္ဓာကိုယ်မှာ အဆီပိုကင်းစေပါလိမ့်မယ်။ ဟင်းရွက်သုပ်တွေကို ခွက်ကြီးကြီးထဲမှာ ထညြ့်ပီး များများသပု စ်ားပါ။ ထမင်း မစား ခင် ဟင်းရွက်သုပ်ကို မိသားစုလက်စုံစား တာက ပျော်စရာလည်းကောင်းပါတယ်။
၃။ အတိုင်းအတာပစ္စည်းများ ရှိပါစေ
ဆီဖြစ်စေ၊ အသားငါးဖြစ်စေ၊ ရေ ဖြစ်စေ တိုင်းတာတွက်ချက်ပြီး ချက်ပြုတ် နိုင်ဖို့အတွက် တိုင်းတာရတဲ့ ပစ္စည်းတွေ ဖြစ်တဲ့ ဇွန်းနဲ့ ခွက်တွေကို အလွယ်တကူ ယူသုံးလို့ရအောင် မြင်သာတဲ့နေရာမှာ ထားပါ။ အထူးသဖြင့် ကိုယ်အလေးချိန် ကျအောင် လေ့ကျင့်စားသောက်နေသူ တွေအနေနဲ့ လိုအပ်တဲ့ ပမာဏကို မျှတ အောင်စားနိုင်ဖို့အတွက် အတိုင်းအတာ ပမာဏက အရမ်းကို အရေးပါပါတယ်။
၎။ သရေစာကို ကြိုတင်ဝယ်ထားပါ
သင်က အပြင်သရေစာစားရတာ ကို ကြိုက်တတ်သူဖြစ်ရင် ဈေးဝယ်ထွက် ချိန်မှာ အသင့်ထုပ်ပိုးထားတဲ့ သရေစာ မုန့်ထုပ်တွေထဲက အစေ့အဆန်၊ ပြောင်း ဖူးပေါက်ပေါက်၊ ချိစ်ကိတ်နဲ့ အသီး ခြောက်တွေကို ကယ်လိုရီပါဝင်မှု ဘယ် လောက်ရှိသလဲဆိုပြီး အညွှန်းကို ဖတ်ပါ။ ကယ်လိုရီ ၁၅၀ အောက်သာ ပါဝင်တဲ့ သရေစာမုန့်တွေကို ဝယ်ထားပြီး သင် စားချင်တဲ့အချိန်မှာ ယူစားပေးတာ ကြောင့် မလိုအပ်ဘဲ ကယ်လိုရီပိုမိုရရှိမှု ကို ကာကွယ်ရာရောက်ပါတယ်။
၅။ မတည့်စာများ ဝေးဝေးရှိပါစေ
ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့ ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေ၊ ဆီကြော် မုန့်တွေနဲ့ အချိုလွန်ကဲတဲ့အစားအစာ တွေကို သင့်မီးဖိုချောင်ထဲမှာ ဘယ်တော့ မှမထားပါနဲ့။ ကလေးငယ်ရှိတဲ့အိမ်တွေ မှာဆိုရင်လည်း ရေခဲမုန့်လိုမျိုးနဲ့ ဆီကြော် မုန့်တွေကို ဆောင်မထားပါနဲ့။ ကိုယ်တိုင် ပြုလုပ်ရတဲ့ အသီးဖျော်ရည်နဲ့ အသီးအနှံ တွေကိုသာ လတ်ဆတ်အောင် ပြုပြင်ပြီး ကျွေးပါ။
၆။ ပန်းကန်သေးသေးသုံးပါ
ထမင်းစားချိန်မှာ ပန်းကန်သေး သေးကို သုံးပြီး စားတာကြောင့် အစာ အများကြီးမစား မိစေတော့ပါဘူး။ ၇။ များများဝယ်သင့်သော အရာများ သင့်မီးဖိုချောင်ထဲမှာ အများဆုံးရှိ သင့်တာကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါပဲ။ ဝယ်လာပြီးချိန်မှာ ရေကို ပြောင်စင်အောင် ဆေးကြောပြီး သိမ်းထားလိုက်ပါ။ နောက်ထပ်ရှိသင့် တာတွေကတော့ ဒိန်ချဉ်၊ ပါစတာ၊ ဟင်း ချိုချက်ဖို့ အသားမှုန့်၊ နှမ်းဆီ ဒါမှမဟုတ် ဟင်းရွက်ဆီ၊ ပင်လယ်ဆားနဲ့ အညို ရောင် ပေါင်မုန့်တွေပဲဖြစ်ပါတယ်
၈။ ဟင်းရည်ချက်နိုင်သော အရာများ
သင်စားတဲ့အချိန်တိုင်းမှာ ဟင်းရည် တစ်မျိုးပါဝင်သင့်ပါတယ်။ မနက်စာဖြစ် စေ၊ ညစာဖြစ်စေ ဟင်းရည်တစ်မျိုးတော့ ပါဝင်အောင်သုံးဆောင်ပါ။ ဒါကြောင့် ဟင်းရည်အဖြစ် အလွယ်တကူဖန်တီးနိုင် မယ့် အရွက်တွေကို သင့်ရေခဲသေတ္တာထဲ မှာ ဆောင်ထားပါ။
၉။ တစ်ခါတစ်ရံသုံးသင့်သော အရာများ
မီးဖိုချောင်ထဲမှာ ချိစ်၊ ထောပတ်နဲ့ ယိုမျိုးစုံတွေကို အလွယ်တကူမြင်နိုင်တဲ့ အကန့်လေးတွေထဲမှာ သိမ်းထားပါ။ တစ်ခါတလေစားတာက ပြဿနာမဟုတ် ပေမယ့် အမြဲတမ်းဆိုရင်တော့ မကောင်း ပါဘူး။ သင်ထိုင်လေ့ ရှိတဲ့ ဧည့်ခန်းထဲမှာ လည်း အစားအစာတွေကို မထားပါနဲ့။ အလွယ်တကူ ယူစားမိပြီး ကိုယ်အလေး ချိန်တက်လာနိုင် ပါတယ်။

Good Health

ခေါင်းဆောင်ကြီးများနှင့် လမ်းလျှောက်ခြင်း


မှတ်မှတ်ရရ ကျွန်တော်ကျောင်း တက်ခါစ၊ အဖေ့ရဲ့ လမ်းညွှန်သြ ဝါဒ စကားက လမ်းလျှောက်တဲ့ အခါ မြန်မြန်သွက်သွက် လျှောက်ပါတဲ့။ လေးအီဖင့်နွှဲပြီး လျှောက်ရင် မင်းဘယ် တော့မှ ခေါင်းဆောင်ဖြစ်မှာ မဟုတ်ဘူး တဲ့။ ကဲ ကိုယ်လည်း ဘာမှတော့ မသိ ဘူးပေါ့ဗျာ။ လျှောက်ဆိုတော့လည်း လျှောက်ပေါ့။

အဖေပဲ၊ မဟုတ်တာတော့ ဘယ်သင်ပါ့မလဲ၊ ဒါပေမဲ့လည်း လမ်း လျှောက် အနှေးအမြန်နဲ့ ခေါင်းဆောင် ဖြစ်တာနဲ့ကျတော့ အချိတ်အဆက်က တယ်ဝေး သားကိုးဗျ။ ကိုယ်လည်းမမီဘူး လေ၊ စိတ်ထဲတော့ တစ်မျိုးပေါ။ ဒါပေမဲ့ လို့လည်း မြန်ဆိုတော့လည်းမြန်ရတာပေါ့။ အဲနောက်သုံးလေးနှစ်လောက် ကြာတော့မှ အဖေ့ကို အထွန့်တက်စရာ အကွက်ကတွေ့တော့တာ၊ မြန်မာ့ရုပ် မြင်သံကြားက သတင်းကြေညာနေ တာ တွေကို ပြလိုက် တယ်လေ။ ကြည့်ပါဦး ဗျာ။ မြန်မာပြည်မှာ ဒီထက်ကြီးတဲ့ခေါင်း ဆောင်ရှိဦးမလား။ အောင်မလေး လမ်း လျှောက်နေလိုက်တာများ တစ်လှမ်းစီ၊ တစ်လှမ်းစီလှမ်းနေတာ တရားမှတ်နေ သလားတောင် အောက်မေ့ရတယ်ဗျာ၊ ပြုံးပြုံးကြီးဖြီးပြီး တောင်ကြည့် လိုက် မြောက်ကြည့် လိုက် လျှောက်နှုတ်ဆက် နေလို့မှသာ အော်-ဒါ-ပဲပေးပြီး ပွဲခံနေ တာ ပါလားဆိုတာ သိရတာ။
နောက် တော်ပါး က ခေါင်းဆောင်ကြီးစဉ်ငယ် လိုက် အပေါင်းကလည်း ထိုနည်းလည်း ကောင်းပဲလေ။ ဆရာကြီးကို ကျော်တက် လို့မှ မရတာ၊ သူတို့ကျမှ ပိုဆိုးတာက ကိုယ့် ခြေလှမ်းကိုယ် မပိုင်ဘူးလေ။ ရှေ့ ကို ချောင်းပြီးတော့ သူလုပ်သမျှ လိုက် ကရ တာကိုး။ တစ်ခါတလေများ ရှေ့ တိုး နောက်ဆုတ်ကြား တိုင်ပင်မှားသွား ရင် ယိုင်ထိုးတောင် ကျသွားသေးတာ ဗျာ။
”ကဲ အဲဒါမြန်မာပြည်ရဲ့ ခေါင်း ဆောင်တစ်ပြွတ်လိုက်ကြီး အဖေရာ၊ အဖေ ပြောခဲ့တာက အကုန်အလွဲကြီး လွဲပြီပေါ့ အဖေရ၊ ကျွန်တော့်မှာ မှတ် လိုက်ရတာ အဖေရာ”၊ ဟဲဟဲ ကိုယ့် ဘက်က အပိုင် ဆိုတော့ နည်းနည်းပိုပို သာသာလေး ပေါ့။ အဖေက ခေါင်းလေး တညိမ့်ညိမ့်နဲ့ စကားလုံးရွေးရင်း ဝူးခနဲ လေပူတစ်ချက် ကတော့ ဘယ်သူ့အ တွက် ထုတ်လိုက်တယ်မသိ၊ ကျွန်တော့် ကို ပြန်ရှင်းပေးတဲ့ စကားကတော့၊
”အရင်တုန်းက ငါ မင်းကို ပြော ခဲ့တဲ့ ဟာကလည်း မမှားဘူးကွ၊ ဒါပေမဲ့ အဲဒီတုန်းက မင်းက တစ်တန်းလေကွာ၊ တစ်တန်းကို လေးတန်းစာ သွားပေးလို့ ဘယ်ရပါ့မလဲ။ တစ်တန်းနဲ့တန် သ လောက်ပြောရတာပေါ့ကွာ။ ကဲအခု မင်းက လေးတန်းရောက်ပြီဆိုတော့ .. ဆက်တက်ပြီပေါ့။
သေသေချာချာ မှတ်၊ ခေါင်းဆောင် ဆိုတဲ့ နေ ရာ မှာ ခေါင်း ဆောင်နှစ်မျိုးရှိတယ်ကွ၊ အလွယ်ဆုံး ပြောရရင် ကောင်းတဲ့ ခေါင်းဆောင်နဲ့ မကောင်းတဲ့ ခေါင်းဆောင်ပဲ၊ ကောင်း တဲ့ ခေါင်းဆောင်က လူကောင်းတွေ ကို ခေါင်းဆောင်တယ်၊ မကောင်းတဲ့ခေါင်း ဆောင်က လူဆိုးလူမိုက်တွေကို ခေါင်း ဆောင်တယ်၊ ခေါင်းဆောင်ကောင်းတို့ ရဲ့ အရည်အချင်းတွေထဲမှာ လမ်း လျှော က်မြန်ခြင်းဟာ အချက်တစ်ချက် အနေနဲ့ပါလို့ မင်းကို မြန်တဲ့ အလေ့ အထဖြစ်အောင် ကျင့်ခိုင်းရတာ၊ အေး- ဒါပေမဲ့ လမ်းလျှောက်မြန် တိုင်း ခေါင်း ဆောင်ေ ကာင်း ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်၊ အေး-နှေးခြင်း အကြောင်းကတော့မင်းဟာမင်းဆက်တွေး တောပေါ့ကွာ၊ နောက်တဖြည်းဖြည်း ကိုယ့်ဟာကိုယ် သိလာဦး မှာပါ။ ကောင်းတဲ့ဟာ ကိုရွေးပေါ့”တဲ့။
 အဖေ့ရဲ့ ဖြေရှင်းချက်ကတော့ အဲ ဒါလေးပါပဲ။ အဲ ကျွန်တော့်ရဲ့ ဆုံးဖြတ် ချက်ကလည်း အဖေ့စကား မဆုံးခင်မှာ ကို ပြတ်သားပြီးသားပါပဲ။ ကျွန်တော် အတိအကျကို လမ်းအမြန်လျှောက်တော့ မှာပါ။ အဲဒီနေ့ကစပြီး ကျွန်တော် စနစ် တကျ လမ်းအမြန် လျှောက်ဖြစ်ခဲ့ ပါတယ်။ ရည်ရွယ်ချက်ရှိရှိပဲ အသေ အချာ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ အလေ့အကျင့်ကနေ အလေ့အထပင် ဖြစ်ခဲ့သည့်တိုင် ကျွန်တော့်ထံ မြဲမြံ နိုင်ခဲ့ပါပြီ။
လမ်းလျှောက်တိုင်းမှာလည်း မြန်မှန်းမသိဘဲ လျှောက်ဖြစ် နေကာ၊ လျှောက်မှန်း မသိဘဲနှင့်လည်း မြန်၍ သာ နေပါတော့တယ်။ ထို့နောက် အဖေပြောခဲ့တဲ့ အတိုင်းလည်း လျင် မြန်ဖျတ်လတ်စွာ လှုပ်ရှားသွားလာခြင်း ၏ သဘောသဘာဝနှင့် အနှစ်သာရ တို့ ကို ပို၍ပို၍သိမြင်လာခဲ့ရပါတယ်။
သာမန်အားဖြင့် အလုပ်တစ်ခုကို လျင် မြန်စွာ ပြီးမြောက်စေနိုင်တဲ့ ရုပ်ပိုင်း ဆိုင်ရာမျိုး၌သာမက၊ ထိုအလေ့အထနှင့် တစ်ဆက်တည်း ပတ်သက်ဆက်နွှယ် လျက်ရှိတဲ့ စိတ်ပိုင်းဆိုင်ရာများမှာပါ ညီညွတ်မျှတတဲ့ ပြောင်းလဲမှုကို ဖြစ်စေ လျက် ၎င်းတို့နှစ်ခု အပြန်အလှန် ထိန်း ကျောင်း မြှင့်တင်ခြင်းဖြင့် ပင်လည်း ခေါင်းဆောင်ကောင်းတို့၏ အရည်အ သွေးများသို့တိုင် တစ်ဆင့်စီ တစ်ဆင့်စီ မွေးမြူပေးနေခြင်းမျိုး ဖြစ်ရာ ငယ်သူအ ပေါင်းအား ခေါင်းဆောင် ကောင်း များ ဖြစ်စေကြောင်းနှင့် ခေါင်းဆောင်ကောင်း ကို ရွေးချယ်နိုင်တတ်စေကြောင်းတို့ အား ရှုထောင့်တစ်နေရာမှ အချက်အ လက်တစ်ခုအဖြစ် မျှဝေလိုက်ရခြင်း ဖြစ် ပါသည် ခင်ဗျား။ အောက်ပါတိုင်းပြည်ခေါင်းဆောင်ကြီးများ၏ ခြေလှမ်းများကို ကြည့်၍ ခေါင်းဆောင်ကောင်းနှင့် ခေါင်းဆောင်ဆိုးအား အလွယ်တကူ ရွေးချယ်နိုင်ကြ မည်ဖြစ် ပါကြောင်း။
 - အမေရိကန်သမ္မတ ဘားရက်အိုဘားမား
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း
- ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
- မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း
- တရုတ်သမ္မတ ရှီကျင်းပင်
- မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်
- အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ

Popular Myanmar News Journal

ဦးခင်ညွှန့်နဲ့ စစ်ထောက်လှမ်းရေးတွေကိစ္စနှင့် ဒိတ်လိုင်း ဧရာဝတီ ( ရုပ်/သံ)


ဒီတပါတ် Dateline Irrawaddy အစီအစဉ်မှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေးသမားတွေ တက်ကြွ လုပ်ရှား သူတွေ ကျောင်းသားလူငယ်တွေကို ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေး အဖွဲ့တွေ က ဘယ်လိုဖမ်းဆီး အရေးယူ၊ ညှင်းပန်းနှိပ်စက်ထောင်ချမှုတွေ ပြုလုပ်ခဲ့သလဲဆိုတာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုး နှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ဒေါ်နှင်းနှင်းမွှေး တို့က (ပထမပိုင်း) ဆွေးနွေးတင်ပြ ထားပါတယ်။



ဧရာဝတီ Myanmar News

သတိရှိပါမတော်တဆမှုတွင် ပရုတ်ဆီလိမ်းရုံဖြင့် သင့်အသက် ပြန်မရပါ


အင်းစိန်မြို့နယ်ရှိ ရပ်ကွက်တစ်ခု၏ လမ်းထဲတွင် ရုတ်တရက် လူများစုပြုံ ရောက်လာသည်။ ”ဟာ .. ဖြစ်မှဖြစ်ရလေ”၊  ”ဘယ် လိုဖြစ်တာလဲ”၊ ”မြန်မြန်ဆွဲထုတ်မှ ဖြစ် မယ်”၊ ”ငယ်ငယ်လေးပဲရှိသေးတယ်”ဆို သော အာမေဋိတ်နှင့် မေးခွန်းတွေက လူ အယောက် ၂ဝ ခန့် ရှိသော နေရာမှပေါ် ထွက်လာခြင်းဖြစ်သည်။ သူလည်း ဈေးရောင်းလက်စကိုထား ခဲ့ကာ ထိုနေရာသို့ ပြေးသွားခဲ့သည်ဟု အသီးအနှံရောင်းချသည့် ဒေါ်သန်းသန်း က ပြန်ပြောင်းပြောကြားသည်။ ဘာဖြစ် တာလဲလို့ သူမေးကြည့်တော့ ကလေးတစ် ယောက်ကို ကားဘီးနဲ့ကြိတ်မိသွားလို့ဆို သည့် အသံကလူအုပ်ထဲက ပြောခြင်းဖြစ် သည်။ သို့နှင့် သူလည်း လူအုပ်ထဲကို တိုး ဝှေ့ကြည့်ရာ ကားဘီးအောက်ရောက်နေ သော အသက် ၁ဝ နှစ်အရွယ်ကောင်လေး တစ်ဦး။ လူအုပ်ထဲရှိ အမျိုးသားတစ်ဦးက ”ကလေးက သူ့သူငယ်ချင်းတွေနဲ့ ဂေါ်လီ လုံးလှိမ့်တမ်း ကစားနေကြတာ။ အဲဒီနား မှာပဲ ကားကလည်း နောက်ဆုတ်နေတာ။ ကလေးရဲ့ဂေါ်လီလုံးက ကားဘက်နားကို ရောက်သွားလို့ ငုံ့ကောက်နေတဲ့အချိန် ကားက လည်း နောက်ဆုတ်လိုက်တော့ ကားနောက်ဘီးနဲ့ ကြိတ်မိသွားတာပဲ”ဟု ပြောရင်း ကလေးကို ဆွဲထုတ်ကြသည်။ ကလေးမိဘတွေက ဆေးရုံပို့ဖို့ ခေါ်သွား မှပင် သူလည်း မိမိဈေးဆိုင်သို့ ပြန်ရောက် ရှိလာသည်ဟု ၎င်းကဆိုသည်။

သူသည် ယာဉ်မတော်တဆမှု ဖြစ် သည့်နေရာနှင့် ပေ ၅ဝ အကွာအဝေးတွင် ရှိသည့် ဈေးဆိုင်တွင်ဈေးရောင်းနေခြင်း ဖြစ်သည်။ ယင်းမတော်တဆမှုဖြစ်စဉ် သည် နိုဝင် ဘာ ၃ဝရက်က အင်းစိန်မြို့ နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

”ဒီနေ့ထိတော့ အဲဒီကလေးသတင်း  ဘာမှမကြားရသေးဘူး။ ဆေးရုံတင်ထား တုန်းပဲ။ အဲဒီကလေးက သူတို့အိမ်ရှေ့ နားက ကွင်းပြင်မှာဆော့နေကြရင်း ဖြစ် သွား တာတော့ စိတ်မကောင်းဘူး”ဟု ဒေါ်သန်းသန်းက လေးလံသည့် သက် ပြင်းချကာပြောသည်။ ကားများဖြင့် ရှုပ်ထွေးလှသည့် လမ်းမ ကြီးများတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ် သည့် အတွက် ပို၍ပင်ယူကြုံးမရဖြစ်နေကြသည် ဟု ထိုစဉ်က မြင်ကွင်းအရ သူကပြော သည်။ ”ရပ်ကွက်ထဲမှာက ဆိုင်ကယ်တွေ အရမ်းများတော့ ဆိုင်ကယ်တိုက် မှာ ပဲ ကြောက်နေရတယ်။ အခုက ကားက လည်း နောက်က လွတ်တာပဲဆိုပြီး ဆုတ် လိုက်တော့ဖြစ်သွားတာ”ဟု ဈေးရောင်း ရင်းဆိုသည်။

”အဲဒီကားသမား ဘာဖြစ်မလဲတော့ မသိဘူး။ လူကြီးတွေလာပြီးတော့ စစ် ဆေးသွားတာတော့တွေ့တယ်။ ကျွန်မ အထင်တော့ ကလေးကလည်း သူ့ဂေါ်လီ လုံး ကားေ အာက်ဘက် ရောက်မှာစိုးတဲ့ စိတ်နဲ့။ ကားသမားကလည်း လူရှင်းနေတာပဲဆိုပြီး နောက်ဆုတ်လိုက်လို့ ဖြစ် သွားတာလို့ထင် တယ်”ဟု ဒေါ်သန်း သန်း ဈေးဆိုင် တွင် ဈေး လာဝယ်သည့် အသက် ၄ဝ ကျော်အမျိုးသားတစ်ဦးကပြောသည်။

ယာဉ်တိုက်မှုကြောင့် တစ်မိနစ်လျှင် ၁၂ ဦးသေဆုံးပြီး ကလေးငယ်များမှာ သုံး မိနစ်လျှင်တစ်ဦး သေဆုံးနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုသည် အခြား သော နာမကျန်းရောဂါများထက် ပိုများ ပြီး သေဆုံးမှုတွင် ဒုတိယနေရာရှိသည်။ ကမ္ဘာပေါ်တွင် ယာဉ်စီးရေ တစ် သိန်းလျှင် တစ်နှစ်ပျမ်းမျှလူသေနှုန်းမှာ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်နှင့် အင်ဒို နီးရှားတို့၌ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသည် ပဉ္စမနေရာတွင်ရှိသည်။ခရီးသည်တင် အထူးယာဉ် လိုင်းမှ စပယ်ယာတစ်ဦးက”ယာဉ်တိုက်မှုတွေ က နေ့တိုင်းလိုလို တွေ့နေရတာပဲ။ တစ်နေ ရာမဟုတ် တစ်နေရာမှာ တိုက်နေကြတာ ပဲ။ ကျွန်တော်တို့ စပယ်ယာတွေက လမ်း ပေါ်မှာပဲတစ်နေကုန် အချိန်ပြည့်ရှိနေ တော့ ယာဉ်တိုက်မှုမဖြစ်ဖို့ကိုပဲဆုတောင်း နေရတယ်”ဟု ဆိုသည်။ ယာဉ်မတော်တဆမှု လျော့ကျစေ ရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် လမ်းအသုံးပြုကြသည့် ယာဉ်နှင့် လူအများ စည်းကမ်းလိုက်နာရမည်ဖြစ် သည်လူတစ်ဦးတစ်ယောက် စည်းကမ်း လိုက်နာရုံနှင့် ယာဉ်မတော် တဆမှု လျော့ ကျမည်မဟုတ်ဘဲ လူတိုင်းသည်ပင်လျှင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိပြီး လိုက်နာဆောင်ရွက်ရမည်ဖြစ် သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလ ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ယာဉ်နှင့်ယာဉ်ချင်း တိုက် မှု ၈ဝ၊ ယာဉ်မှလူ ၇၅ မှု၊ ယာဉ်မှ ဆိုက်ကား ၈ မှု၊ ယာဉ်မှ စက်ဘီး ၁၂ မှု၊ ယာဉ် မှအရာဝတ္ထု ၂၅ မှု၊ စက်ဘီးမှ လူ ၁ မှုနှင့် ယာဉ်တိမ်းမှောက်မှု ၁၃ မှု ရှိကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူး (ရန်ကုန်) မှသိရသည်။ လမ်းပေါ် တွင် စည်းကမ်းဖောက်ဖျက် သောယာဉ်များကို နေ့စဉ်တွေ့နေရကြောင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ ယာဉ်နှစ် ထပ်မရပ်ရသည့်နေရာ၌ ရပ်ခြင်းစသည့် တစ်နည်း မဟုတ်တစ်နည်းဖြင့် စည်းကမ်း ဖောက်ဖျက်သည့်ယာဉ်များကို စစ်ဆေး တွေ့ရှိကြောင်း ယာဉ်စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆ ဖြစ်ပွားမှုနှင့် ယာဉ်ကြောကျပ်မှုများတွင် ယာဉ်မောင်းမကျွမ်းကျင်ခြင်းတို့ကြောင့် အဓိကဖြစ်ပြီး လမ်းဖြတ်ကူးသူများ၏ပေါ့ ဆမှုကြောင့် လည်းဖြစ်နိုင်သည်ဟု ဝါရင့် ယာဉ်မောင်း လုပ်သက်ရှိသူများက သုံး သပ်သည်။ ယာဉ်မောင်းလုပ်သက် ၁၆ နှစ်ရှိသူ ဦးလေးမင်းက ”မြန်မာနိုင်ငံက လိုင်းကား အကုန်လုံး က တစ်စီးနဲ့တစ်စီးလုယက် ကျော်တက်ပြီး မောင်းနေရတာ။ အဲဒီလို လိုင်းကားတွေ စည်းကမ်းဖောက်ပြီး လု ယက်ကျော်တက်ပြီး မောင်းစားနေရတာ လေ”ဟု ဆိုသည်။

ယခင်က မိမိနေအိမ်မှ လုပ်ငန်းခွင် သို့ ရောက်ရှိရန် ကြာမြင့်သည့်အချိန် ထက် တစ်နာရီဝန်းကျင်ပိုမို ကြာမြင့်လာ သည်မှာ မှတ်တိုင်စိပ်သည်အထိ ယာဉ် ကြော ကျပ်ေ နခြင်းနှင့် သတ်မှတ်ယာဉ် ကြောအတိုင်း မောင်းနှင်မှုမရှိခြင်းကြောင့် ဖြစ်သည်ဟု နေ့စဉ်ခရီးသွားများကဆိုသည်။ ”လိုင်းကားတွေက မှတ်တိုင်မှာ အတိ အကျမရပ် ဘူး။ မှတ်တိုင်မှာအကြာကြီးရပ် ထားတော့ နောက်ကားတွေက လမ်းပိတ် တာပေါ့။ ကားပြိုင်လာရင်လည်း လမ်းအ လယ်မှာ လူတင်လူချလုပ်တယ်”ဟု တာ မွေမြို့နယ်မှ မယဉ်နွယ်က ပြောသည်။

ယာဉ်မောင်းများအနေဖြင့် ယာဉ် စည်းကမ်းများကို လိုက်နာသကဲ့သို့ လမ်း အသုံးပြုသူများအနေဖြင့်လည်း လမ်း စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ သို့သော် လည်း မိမိသွားလိုသော ခရီးကို မြန်မြန်ရောက်လိုသည့် စိတ်ကိုသာ အာရုံ စိုက်သွားလာနေကြရာ သူလည်းမမှန် ကိုယ်လည်းမှား အခြေအနေပင်ဖြစ် သည်။ခရီး သည် များနှင့် ယာဉ်မောင်းများ ၏ ပေါ့ဆမှုများကြောင့် ယာဉ်မတော် တဆမှုများမှာ တစ်နှစ်ထက်တစ်နှစ်ပိုများ လာပြီး ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ် ယာဉ်မတော် တဆ မှုကြောင့် လူပေါင်း ၂ ဒသမ ၃သန်း သေဆုံးနေခြင်း၌ မဖွံ့ဖြိုး သေးသောနိုင်ငံများတွင် ၉ဝ ရာခိုင်နှုန်း အထိဖြစ်ပွားကြောင်း ယာဉ်ထိန်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးကျော်ေ ထွးက ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီး သည်တင် ယာဉ်မတော်တဆဖြစ်ပွားမှု သည် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ ၂၁၇ မှုဖြစ်ပွားပြီး ၇၃ ဦးသေဆုံး ကာ ၇၁၉ဦးဒဏ် ရာရရှိခဲ့ကြောင်း မထသ (ဗဟို)ထုတ်ပြန်ချက်အရ သိရသည်။ ယာဉ်မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းများတွင် ယာဉ်စက်ချို့ ယွင်းခြင်း၊ လမ်းမကောင်းခြင်း၊ မဆင် မခြင်မောင်းခြင်း၊ လမ်းကူးသူပေါ့ဆခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ ယာဉ်မောင်း မကျွမ်းကျင်ခြင်း၊ ခရီးသည်ပေါ့ဆခြင်း၊ အနှေးယာဉ်ကြောင့်ဖြစ်ပွားမှု၊ ယာဉ် မောင်း လိုင်စင်မရှိမှု၊ စည်းကမ်းချိုးဖောက် မှု၊ အရက်သောက် မောင်းနှင်မှုနှင့် အရှိန် ပြင်းမောင်းနှင်မှုတို့ကြောင့်ဖြစ်သည်။

၁၂၄ ယာဉ်လိုင်းမှ ယာဉ်မောင်း လုပ်သက် ၁ဝ နှစ်ရှိသူဦးသန်းဝင်းက ”ယာဉ်ကြောကျပ်တော့ အချိန်ကကြာသွား တယ်။ ရတဲ့အချိန်မှာ အရှိန်ပြင်းမောင်း တယ်လေ။ ဒီလိုမှ မမောင်းရင် ခေါက် ရေမရဘူး”ဟု အရှိန်ပြင်းမောင်းနှင်ရခြင်း အခြေအနေကို ပြောကြားသည်။ ခရီးသည်တင်ယာဉ်များ လမ်း၏ ညာဘက်တွင် မောင်းနှင် ရမည်ဆိုသော် လည်း အိမ်စီးကားနှင့် တက္ကစီကားများ ဝင်ရောက်မောင်းနှင်ခြင်းကြောင့် မိမိ လမ်းကြောင်း မဟုတ်သည့် ယာဉ်ကြော ကိုကျော်တက်မောင်းနှင်ရကြောင်း သိရ သည်။ ဦးသန်းဝင်းက ”လိုင်းကားရဲ့ လမ်း ကြောက ကျပ်လို့အပေါ်ကြောက တင် မောင်းရင် ယာဉ်မောင်းကျော်တက်ဆိုပြီး ဖမ်းတယ်၊ ဖမ်းရင်လည်း မတတ်နိုင်ဘူး လစ်ရင် လစ် သလို မောင်းရတော့တာပဲ။ ဒီဥပဒေကြီးထုတ်ထားတာ ဘာလို့အပေါ် တက်မောင်းမှာလဲ။ မဖြစ်သာလို့ မောင်း နေရတာ”ဟု ဆိုသည်။ မိမိယာဉ်ကြော အ တိုင်း ပြေး ဆွဲ မည် ဆိုပါက တစ်နေ့တာအတွက် သတ်မှတ် ထားသည့်ေ ခါက်ရေ လျော့ကျလာနိုင် ကြောင်း ပြေးဆွဲမှု ခေါက်ရေလျော့ကျ လာသည်နှင့် ဝင်ငွေ ရရှိမှု နည်း လာ ပါက ယာဉ်ပိုင်ရှင်မှ ငြိုငြင်မှုရှိကြောင်း၊ ယင်း ကြောင့် မိမိတို့ စားဝတ်နေရေးကိုပါ ထိ ခိုက်လာမည်ဖြစ် သည်။

”အရေးကြီးတာက ကျွန်တော်တို့ရဲ့ စားဝတ်နေရေးပဲ။ ကျွန်တော်တို့မှာ ကိုယ် ပိုင်ကားမရှိဘူး။ ဒီအခု သတ်မှတ်ထားတဲ့ စည်းကမ်းကိုလိုက်နာမလား၊ Owner စကားကို လိုက်နာမလား၊ ဥပဒေစည်းကမ်း ကို မလိုက်နာတာမဟုတ်ဘူး။ သူဌေးက ကျေနပ်မှ ကျွန်တော်တို့က ကားမောင်းရ တာအဆင်ပြေမှာ”ဟု ဦးသန်းဝင်းက ဥပဒေ စည်းကမ်းထက် စာဝတ်နေရေးက ပိုမိုအရေးကြီးခြင်းကြောင့် ယာဉ်/လမ်း စည်းကမ်းမလိုက်နာမှုများရှိသည်ကို ပြော သည်။ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချ မှတ်ထား သည့်အပေါ် ခရီးသည်တင်ယာဉ်များ လိုက်နာမှုအားနည်းသည်ကိုသာ မြင် ကြပြီး အိမ်စီးယာဉ်နှင့် တက္ကစီယာဉ်များ ၏ စည်းကမ်းဖောက်မှုကို မမြင်ကြကြောင်း ခရီး သည်တင်ယာဉ်မောင်းများက ပြောသည်။ ယာဉ်မောင်းလုပ်သက် ၁ဝ နှစ် ဝန်း ကျင်ရှိသည့် ကိုဘိုမြင့်က ”စည်းကမ်းတကျ မောင်းနေရင်တော့ အရင်ဦးဆုံး ခရီးသည် မရရင် စပယ်ယာက ငြိုငြင် မယ်။ အဲဒီတော့ကျွန်တော်တို့ကို မမောင်း ခိုင်းချင်တော့ဘူး။ ညကျရင် Owner  နဲ့ ရှင်းရမယ်။ အဲဒီအခါ အသက်မွေး ဝမ်း ကျောင်း အလုပ် ကိုထိခိုက်တယ်”ဟု ယာဉ် စည်းကမ်းလမ်းစည်းကမ်း မလိုက်နာရ ခြင်း အကြောင်းရင်းတစ်ခုကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင်ယာဉ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ လအထိ မှတ်တိုင် မရောက်ရပ်မှု ၁ဝ၃၂ မှု၊ ဝတ်စုံမဝတ်မှု ၉၄၇ မှု၊ ယာဉ်စီးခ နှုန်းထားမပါမှု ၆၄၈ မှု၊ တံခါးဖွင့် မောင်း ၅၅ဝ မှု၊ လိုင်စင်/လိုက်ခွင့်မပါမှု ၃၂၂ မှု၊ မှတ်တိုင်မရောက်မီခရီးသည် တင်/ချ မှု ၂၇၇ မှု၊ စစ်ဆေးစဉ် ကားမရပ်မှု ၁ဝ၈ မှုနှင့် အခြားသောစည်းကမ်းဖောက်ဖျက် မှု စုစုပေါင်း ၆ဝ၅၁ မှုရှိခဲ့ကြောင်း မထသ (ဗဟို) စည်းကမ်းထိန်းသိမ်းရေးဌာနမှ သိရသည်။ ယာဉ်လိုင်းများ၏ စည်းကမ်းဖောက် ဖျက်သော ယာဉ်လုပ်သားများကို ၂ဝ၁၁ ခုနှစ်တွင် ၂၃၃ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၄၁ဝ ဦးနှင့် ၂ဝ၁၃ ခုနှစ်အောက်တိုဘာလ အထိ ၂ဝ၇ ဦးထုတ်ပယ်ခဲ့သည်။

ခရီးသည်တင် ယာဉ်များကြောင့် သေဆုံးသူများ၏ အသက်အုပ်စုနှိုင်း ယှဉ်ပါက အသက် ၁၉ နှစ်မှ ၄၅ နှစ်အ တွင်း အများဆုံးဖြစ်ပြီး ဒုတိယအများဆုံး မှာ ၄၆ နှစ်မှ ၆ဝ နှစ် အထိဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားသော ယာဉ်မောင်း များ၏ အသက်အုပ်စု နှိုင်းယှဉ်ပါက ၂၅ နှစ်မှ ၄၅ နှစ်အတွင်း အများဆုံးဖြစ်ပြီး ၄၅ နှစ်မှ ၆ဝ နှစ် အတွင်း ဒုတိယအများဆုံး ရှိကြောင်း  သိရသည်။ ယာဉ်မောင်းအများစု ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း မလိုက်နာဘဲ စည်း ကမ်းမဲ့မောင်းနှင်ကြခြင်းသည် ဥပဒေ သက်ရောက်မှု နည်းပါးခြင်းကြောင့်ဟု ယူဆရပြီး ၎င်းသည် နိုင်ငံတော်၏ အထွေထွေစီးပွားရေး ကျပ်တည်းလာ ခြင်းမှ ဖြစ်လာသည်ဟု ယူဆကြောင်း လမ်းမတော် ၂ လွှတ်ေ တ်ာကိုယ်စား လှယ်ဦးစိုးဝင်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးစိုး ဝင်းက ”တည့်ကြော၊ ကွေ့ကြော၊ အမျိုး မျိုးပြောင်း၊ ခေါင်းထိုးဝင်၊ လက်ကလေး ပြပြီး မောင်းသူအချင်းချင်းနားလည်မှုယူ ဒါတွေက ယာဉ်လောကမှာ ဥပဒေကဲ့သို့ တည်နေတယ်။ ဒါတွေလည်း ပြုပြင်ရ မယ်”ဟု ယာဉ်ကြောကျပ်ပြီး စည်းကမ်းမဲ့ မောင်းနှင်သူများ၏ စရိုက်လက္ခဏာများ ကို တစေ့ တစောင်းပြောသည်။လမ်းအသုံးပြုသူတိုင်း ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်အတွက် ကျောင်းစာများ၏ သင်ရိုးများတွင် သင် ခန်းစာအနေဖြင့် ထည့် သွင်း သင့်ကြောင်း ၎င်းက သုံးသပ်သည်။

ခရီးသည်တင် ယာဉ်မောင်းများက အိမ်စီးယာဉ်နှင့် တက္ကစီယာဉ်များ စည်း ကမ်းမလိုက်နာခြင်းကြောင့် ယာဉ်ကြော ကျပ်ခြင်းဖြစ်ပြီး ယင်းယာဉ်များကြောင့် မိမိတို့စား ဝတ်နေရေးအတွက် ဝင်ငွေ လျော့ကျမခံလိုခြင်းကြောင့် စည်းကမ်း ဖောက်ဖျက်မောင်းနှင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဘတ်စ်ယာဉ်မောင်းဦးလေးမင်းက

”မြန်မာနိုင်ငံက ယာဉ်လိုင်းတွေက ယာဉ် မောင်း၊ ယာဉ်လုပ်သားတိုင်းဟာ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနားလည်ကြ တယ်။ သိကြတယ်။ ယာဉ်ကြောကျပ်လို့ ပိုက်ဆံ လိုချင်လို့ တစ်စီးနဲ့တစ်စီး ဖိုက်ပြီး မောင်းရင်သာမောင်းကြမှာ” ဟု ပြော သည်။၎င်းက ”အိမ်ကားတွေ၊ တက္ကစီတွေ က ယာဉ်စည်းကမ်း လမ်းစည်းကမ်းမှာ ဘယ် လိုမောင်း ရင် ဘယ်လိုဥပဒေရှိတယ် ဆိုတာ သိလားလို့ မေးကြည့်၊ သူတို့မှာ လိုင်စင်ရှိတာတစ်ခုပဲ”ဟု မြန်မာနိုင်ငံ၌ ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုတွင် အား နည်းချက် များရှိ သည်ကို ထိုကဲ့သို့ပြောသည်။ ကားလမ်းပိတ်သည်ကို အကြောင်းပြ ပြီး လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ သတ် မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင် ခြင်းနှင့် အရှိန်ဖြ င့်မောင်းနှင်ခြင်းတို့ ပိုမို တွေ့လာရကြောင်း ခရီးသည်များက ပြောသည်။

တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးမောင်မောင်အေးက ”အခုက လမ်း ပိတ်တာက တချို့ကားတွေဆို စည်းကမ်း ကိုမသိကြတော့ဘူး။ လိုင်းကားတွေရော၊ အချို့ တက္က စီတွေရော ခရီးသည်ရဖို့ပဲ ကြည့်တော့တယ်။ ကားမောင်းမကျွမ်း ကျင်တဲ့သူတွေများလာတာ ဒီနှစ်ထဲမှာ ပို တွေ့လာရတယ်”ဟု ပြောသည်။ ယာဉ်မတော်တဆမှု အဖြစ် အများ ဆုံးသော မြို့နယ်များမှာ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင် မြို့နယ်၊ မြောက်ဒဂုံ၊ တာမွေ၊ သင်္ဃန်း ကျွန်း၊ တောင်ဥက္ကလာပနှင့် မြောက် ဥက္ကလာ ပတို့တွင် အများဆုံးဖြစ်ပွား ကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် ယာဉ်များကို ယခင်က မော်တော်ယာဉ်ဥပဒေအရ အရေးယူ ပြီး ယခုအချိန်တွင် ကရိန်းဆွဲကာ အရေးယူမှု များ ပြု လုပ်ကြောင်း၊ လူကူးမျဉ်းကြားမှ မကူးသည့်ခရီးသွား ပြည်သူများကိုလည်း ပညာပေးမှုများပြုလုပ်ပေးကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှရဲ အုပ် ဇော်မျိုးထွန်းက ပြောသည်။ လူကူးမျဉ်းကြားပေါ်ရှိ ခရီးသည်နှင့် ယာဉ်များယာဉ်တိုက်မှု မရှိစေရန်အတွက် ယာဉ်များအနေဖြင့် အရှိန်လျှော့ပြီးေ မာင်း နှင် သ င့်ကြောင်း၊ ခရီးသည်အနေဖြင့် လမ်းကူးမည်ဆိုပါက ဘယ်ကြည့်၊ ညာ ကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်စနစ် ကျင့်သုံးကာ ယာဉ်များရှင်းလင်းမှ ဖြတ် ကူးသ င့်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မထသ(ဗဟို)မှ ဥက္ကဋ္ဌဦးလှအောင် က”စစ်ဆေးရေးအဖွဲ့တွေနဲ့ လမ်းပေါ်မှာ စစ်ဆေးရင်တွေ့ရတာကတော့ ယာဉ်/လမ်း စည်းကမ်းတကျမောင်းဖို့ ဒီနေ့လုပ်ပေးခဲ့ တယ်။ နောက်နေ့ အဲဒီနေရာသွားကြည့် အရင်အတိုင်းပဲ။ အဲဒီတော့ ပြုပြင်လိုတဲ့ စိတ်ပဲလိုတယ်”ဟု ပြောသည်။ ယာဉ်ကြောကျပ်သည့် လမ်းကြောင်း ကိုကြည့်ပါက လမ်းပြောင်းပြန်မောင်းပြီး ကျော်တက်သည့်ယာဉ်စီးရေ ၃ဝ တွင် ခရီးသည်တင်ယာဉ်စီးရေ ၅ စီးခန့်သာ ရှိကြောင်း မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြော သည်။ယာဉ်မောင်းလုပ်သက် ၂၅ နှစ်ခန့် ရှိပြီဖြစ်သည့် ဦးမြင့်စိုးက ”အိမ်စီးကား ရော၊ တက္ကစီရော ပိုက်ဆံရှိလို့ ကားဝယ် စီးတာ၊ စည်းကမ်းအရပြောမယ် ဆိုရင် တော့ သူတို့ဘာမှ နားမလည်ဘူး။ ကား ကျတော့လည်း ပိုက်ဆံရှိလို့ ဝယ်စီးလိုက် တယ်။ လိုင်စင်ကျတော့ အဝင်ပြတာ ပေါ့။ ဘယ်လောက်ပေး လိုက် ရင် နောက် နေ့ကျ လိုင်စင် လာယူ အဲဒါမျိုးတွေ”ဟု ပြောသည်။ ယခုနှစ် အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအလိုက်ယာဉ်တိုက်မှုမှာ ရန်ကုန် ၂၈၅ မှု၊ မန္တလေး ၁၇၅ မှု၊ ဧရာဝတီ ၁၁၂ မှု၊ ပဲခူး ၁၃၆ မှု၊ စစ်ကိုင်း ၁၂၄ မှု၊ မကွေး ၇၅မှုနှင့် ပြည်နယ်အလိုက် ယာဉ်တိုက်မှုမှာ မွန် ၆၃ မှု၊ ရခိုင် ၂၆ မှု၊ ကချင် ၁၈ မှု၊ ကရင် ၃၆ မှု၊ ရှမ်း ၈၇ မှု၊ ကယား ၈ မှုနှင့် ချင်း ၅ မှုဖြစ်ပွား ခဲ့သည်။

ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရန် ”တကယ် ပြုပြင်ဖို့လိုတာက Mind Set ပါ။ ကြီး ကြီးကျယ်ကျယ်မပြောချင်ပါဘူး။ နှမ်း တစ်လုံးတည်းနဲ့ ဆီမဖြစ်ပါဘူး”ဆိုတဲ့ စကားဟာ အားလုံးစုပေါင်းညီညာခြင်း ကို ရည်ညွှန်းတာ။ အဲဒါကို အယူအဆ တလွဲကောက်ပြီး ”ငါတစ်ယောက်တည်း ပြုပြင်လို့မရပါဘူးကွာ”ဆိုပြီး ”ဒီပုတ်ထဲက ဒီပဲ”တွေ လုပ်မနေနဲ့ကြပါနဲ့”ဟု လမ်းမ တော် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက တိုက်တွန်းပြောဆိုလိုက် သည်။

ထက်ထက်မိုးမြင့်၊ ရန်နိုင်၊ ဇေဝေယံ
Popular Myanmar News Journal

လူမှုရေး လုပ်သားများကို သီရိလင်္ကာစစ်တပ် သတ်ဖြတ်ခဲ့ဟုဆို


ကိုလံဘို၊ ဒီဇင်ဘာ ၎

သီရိလင်္ကာ ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် ၂၀၀၆ ခုနှစ် အတွင်းက လူမှုအကူအညီပေးရေး လုပ်သား ၁၇ ဦးကို သီရိလင်္ကာ စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ပြင်သစ် လူမှုကူညီရေး အဖွဲ့အစည်းက စွပ်စွဲ ပြောဆိုလိုက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုရန်လည်း တောင်းဆို လိုက်ကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။

ဆာလောင်မှု တိုက်ဖျက်ရေး ACF ဟု အမည်ပေးထားသည့် အဆိုပါ အဖွဲ့အစည်းသည် သီရိလင်္ကာ အစိုးရက စုံစမ်း စစ်ဆေးပေးမှုကို စောင့်ဆိုင်း နေခဲ့သော်လည်း ထွက်လာသည့် ရလဒ်မှာ အဓိပ္ပာယ် မရှိသဖြင့် အလားတူ နိုင်ငံတကာ စုံစမ်းမှုကို လိုအပ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မွတ္တားမြို့ရှိ အဆိုပါရုံးတွင် သီရိလင်္ကာ ဒေသခံ အဆိုပါ ရုံးဝန်ထမ်းများ ပစ်သတ်ခံခဲ့ရသည်။

သီရိလင်္ကာစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိက ACF ၏ စွပ်စွဲပြောဆိုချက် များကို ပယ်ချလိုက်ပြီး ယင်းအဖွဲ့အစည်းသည် သက်သေ အထောက်အထားကို တင်ပြသင့်ကြောင်း ပြောကြားခဲ့သည်။

အလုပ်သမားများကို တန်းစီပြီး ထိုင်ခိုင်းကာ ဦးခေါင်းများကို ပစ်ခတ် သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ပြင်သစ် NGO က စွပ်စွဲ ပြောကြားထားသည်။

ယင်းအဖြစ်အပျက် ဖြစ်ပွားခဲ့သည် ဆိုသည့်ကာလမှာ ၂၀၀၆ ခုနှစ်အတွင်း တမီလ်ကျား သူပုန်များနှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်နေစဉ် မွတ္တားမြို့ကို အစိုးရတပ်များ ဝင်သိမ်းစဉ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်းက သီရိလင်္ကာ နိုင်ငံတွင် ဓနသဟာယ နိုင်ငံများ အစည်းအဝေး ပြုလုပ်ခဲ့ရာ စစ်ရာဇ၀တ်မှု ဆိုင်ရာ ပြဿနာရပ်များက ဆွေးနွေးပွဲအပေါ် လွှမ်းမိုးခဲ့သည်။

အဆိုပါ ရာဇဝတ်မှုများအတွက် ပြည်တွင်း စုံစမ်းစစ်ဆေးမှုများက အလုပ်မဖြစ်ဘဲ မျက်မြင် သက်သေများကလည်း တိတ်ဆိတ် နေခဲ့သောကြောင့် ယခုကဲ့သို့ ထုတ်ဖော် ကြေညာရခြင်း ဖြစ်ကြောင်းလည်း ယင်းသတင်းက ဖော်ပြထားသည်။

သေဆုံးသွားသော ပြင်သစ် NGO ဝန်ထမ်းများမှာ တမီးလ် လူမျိုးများ ဖြစ်ကြကြောင်းလည်း အဆိုပါ အဖွဲ့အစည်းက အတည်ပြု ဖော်ပြထားသည်။

ကာလရှည် ကြာမြင့်ခဲ့ပြီဖြစ်သော သီရိလင်္ကာ တမီးလ် သူပုန်ထမှုကို အပြီးတိုင် နှိမ်နင်းခဲ့သည့် အဆိုပါစစ်ပွဲ အဆုံးပိုင်း ကာလများတွင် လူခုနစ်သောင်းခန့် သေဆုံးခဲ့ရသည်ဟု နိုင်ငံတကာက ခန့်မှန်းထားကြသည်။
The Voice Weekly

အသက်မပြည့်သူအား သက်ကြီးရွယ်အိုက အဓမ္မကျင့်ရန်ကြံ


နေပြည်တော်၊ ဒီဇင်ဘာ ၅

၎-၁၂-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် ပွင့်ဖြူမြို့နယ်၊ xxxxကျေးရွာနေ မxxxx(ခ)မxxxx (၁၅)နှစ်သည် မိဘများပိုင်သည့်ရွာအရှေ့ဘက်ယာတဲတွင် တူမများဖြစ်သည့် မxxxx(၄)နှစ်၊ မxxxx(၂)နှစ် တို့နှင့်အတူရှိနေစဉ် ရေပုတ်ကလေးရွာနေ ဦးကျော်ရင်(၇၀)နှစ်ရောက်ရှိလာပြီး ““ငရုပ်သီးဝယ်လိုကြောင်း”” ပြောသဖြင့် ငရုပ်ခင်းထဲသို့လိုက်လံခူးပေးခဲ့သည်။ ထိုသို့ငရုတ်သီးခူးနေစဉ် ဦးကျော်ရင်မှာ နောက်မှ လိုက်လာကာ မxxxxအားမျက်လုံးကိုအ၀တ်ဖြင့်စည်း၍ လူကိုတွန်းလှဲပြီး ဂျင်းဘောင်းဘီအားဆွဲချွတ်၍ သားမယားပြုကျင့်ရန်ကြံစဉ်ခဲ့သောကြောင့် ကလေးများမှအော်ဟစ်ကြရာ ဦးကျော်ရင်မှာထွက်ပြေးသွား ခဲ့သည်။ ထို့နောက် မxxxx(ခ)မxxxxမှ မိဘများပြန်ရောက်လာစဉ် အကြောင်းစုံပြောပြသဖြင့် ဦးကျော်ရင်အားအရေးယူပေးရန် တိုင်ကြားခဲ့သောကြောင့် ပွင့်ဖြူမြို့မရဲစခန်း(ပ)၈၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မွေးသာမွေး၍ မကျွေးနိုင်ရှာသူ မိခင် လေးမြွှာပူး ရင်းသွေးလေးများအတွက် နို့မှုန့် အလှူခံ


ရန်ကုန်။ ။ 'ကျွန်မတို့လင်မယား မစား ရရင်နေပါစေ ကလေးတွေ အတွက် နို့မှုန့်ဘူးလေး လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါ စကား ကို ညှိုးငယ်သောမျက်လုံး တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ် ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။

သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က ထူးထူးခြားခြား လေးမြွှာပူး ကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း ထွန်းနဲ့ နွေးနွေး) လေးမြွှာ ပူးမောင်နှမ တို့ ၏ မွေးသမိခင်ဖြစ်သည်။

မသီတာ သည် ၂၀၀၀ ပြည့်နှစ်တွင် တစ်ရွာ တည်းနေသူ ကိုမြင့်ထွေးနှင့် အိမ်ထောင် ကျခဲ့ပြီး နောက်တစ်နှစ်တွင် သားဦး အမြွှာညီအစ်ကိုနှစ်ဦး ကို မွေးဖွားခဲ့ သည်။ သို့သော် ထိုအမြွှာညီအစ်ကို မှာ ကံမကောင်းစွာပင် မီးတွင်းထဲမှာ အသက်ဆုံးရှုံးခဲ့ရသည်။

နောက်ပိုင်း တွင် ကိုမြင့်ထွေး တို့လင်မယားသည် သမီးမိန်းကလေးနှစ်ဦး ကို ရှေ့ဆင့် နောက်ဆင့် ထပ်မံမွေးဖွားခဲ့သည်။ ယခုအခါ သမီးကြီးမှာ အသက်ကိုး နှစ်အရွယ် တတိယတန်းကျောင်းသူ ဖြစ်ပြီး သမီးငယ်မှာ အသက်လေးနှစ် အရွယ် လူမမည်အရွယ်ကလေးငယ် တစ်ဦးဖြစ်သည်။

၂၀၁၃ မေ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မသီတာသည် သူမ ၏ လေး မြွှာပူး ရင်သွေးငယ်လေးဦးကို သထုံပြည်သူ့ဆေးရုံတွင် မွေးဖွားခဲ့ သည်။ ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေအရ ထိုနေ့ညနေပိုင်းတွင် ရန်ကုန် ဟယ်လ်ပင်ကလေး အထူးကု ဆေးရုံသို့ လွှဲပြောင်းဆေးကုသစေခဲ့ သည်။

''မွေးဖွားစကတော့ လူတွေစိတ် ဝင်စားလို့ ငွေကြေးနဲ့ အစားအစာတို့ လှူဒါန်းပေးကြတာ ရှိပါတယ်။ ခုတော့ လူတွေ လဲ မေ့မေ့ပျောက်ပျောက်ဖြစ် နေ လို့ ကျွန်တော်တို့မှာ ဒီကလေး လေး ဦးနဲ့ အတော် ဒုက္ခရောက်နေပါတယ်။ ပြီးတော့ ကလေးတွေရဲ့ နို့မှုန့်ဖိုးက လဲ အခုဆိုရင် တစ်ရက်ကို ကျပ် ၇၀၀၀ လောက် ကုန်နေတယ်။ ကျွန်တော် တို့မှာ စားဖို့အနိုင်နိုင် သူတို့နို့မှုန့်ဖိုး ကို ဘယ်လိုရှာရမှန်းလဲမသိတော့ဘူး။ ကလေးတွေက ခုနစ်လသားအရွယ် ဖြစ်လာပြီဆိုတော့ စားသောက်နှု န်း တွေက လဲ တစ်နေ့ထက်တစ်နေ့ တိုးတိုး နေပါတယ်။ တခြား ထမင်း နဲ့ဖြည့် စွက်စာတွေလဲ ထပ်ကျွေးနေရတော့ ကျွန်တော်တို့မှာ ဘယ်လိုမှ မတတ် နိုင်တော့ဘူး''ဟု ကိုမြင့်ထွေးက ပြောသည်။

ကလေးများအား အချိန်ပြည့် ထိန်းနေရ ၍ သူကိုယ်တိုင် အလုပ်မ လုပ်နိုင်ဖြစ် နေသောကြောင့် အိမ်တွင်း ရှိ မိသားစုဝင်ရှစ်ဦး၏ စားဝတ်နေရေး မှာ အလွန်ဒုက္ခရောက်လျက်ရှိနေ ကြောင်း ကိုမြင့်ထွေးက ဆက်ပြော သည်။ ''ကျွန်တော်က ရွာထဲမှာရှိတဲ့ ကျောက်မိုင်းမှာ နေ့စား အလုပ် လုပ် ပါတယ်။ မိန်းမကတော့ အုတ်ဖုတ် လုပ်ငန်းမှာ နေ့စားလုပ်ပါတယ်။ ခု တော့ နှစ်ဦးစလုံး ကလေးထိန်းနေရ လို့ ဘယ်သူမှ အလုပ်မလုပ်နိုင်ကြ တော့ဘူး။ ဒါကြောင့် ဝင်ငွေလဲတစ် ပြားမှ မရှိတော့ဘူး''ဟု ယင်းကဆက် ပြောသည်။

ကလေးငယ် များ ကျန်းမာရေး နှင့်ပတ်သက်ပြီး ဇင်းကျိုက်နှင့် ပေါင် မြို့နယ်ရှိ ဆရာဝန်၊ ကျန်းမာရေးဝန် ထမ်းများက အခမဲ့ ကုသပေးလျက် ရှိသော်လည်း လိုအပ်သည့် အာဟာ ရအတွက် မည်သည့်အထောက်အပံ့ မှ မရရှိပုံကို မသီတာက ယခုကဲ့ သို့ ပြောပြသည်။ ''ကလေးတွေမွေးခါစ အချိန်တုန်း က မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန် တစ်အိတ်နဲ့ ဆီတစ်ပုံး လာလှူပေး သွားခဲ့တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက ပိုက်ဆံ နှစ်သောင်းပေးခဲ့တယ်။ နောက် ပိုင်းတော့ တစ်ခေါက်မှ မလာ တော့ ဘူး။ ပေါင်မြို့မှာရှိတဲ့ စိတ္တသုခနာရေး ကူညီမှုအသင်းကတော့ နို့မှုန့် ငါးပါ ကင်ကို ငါးကြိမ်တိုင်တိုင် လာလှူပေး ခဲ့တယ်။ ပြီးတော့ ငွေကြေးတခိျု့ကို လည်းလှူခဲ့တယ်။ ဒါပေမဲ့ အခုကလေး တွေရဲ့ နို့မှုန်သောက်တဲ့ပမာဏက နှစ် ရက် ကို တစ်ဘူး နှုန်းဖြစ်နေတော့ ဘယ် လိုမှ မလောက်တော့ဘူး။ လက်ထဲ မှာလဲ ပိုက်ဆံမရှိတော့ ဒီကလေးတွေ ကို ဘယ်လိုဆက်ကျွေးမွေးရမှန်းလဲ မသိတော့ဘူး''ဟု ယင်းကပြောသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် အဆိုပါ လေးမြွှာ ပူးကလေးငယ်လေးဦး၏ ကျန်းမာရေး အတွက် လိုအပ်သည့် နို့မှုန့်ဘူးများ ကို ထောက်ပံ့ပေးစေလိုကြောင်းနှင့် ဖြစ်နိုင်ပါက UNICEF ကဲ့သို့ အဖွဲ့ များနှင့် ဆက်သွယ်ပေးပြီး သူတို့မိသား စု၏အခက်အခဲကို ကူညီပေးစေလို ကြောင်း ကိုမြင့်ထွေးက မေတ္တာရပ်ခံ ထားသည်။

ယင်းနှင့်ပတ်သက်၍ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးကို ရန်ကုန်တိုင်းမ်ဂျာ နယ်မှ ဆက်သွယ်မေးမြန်းရာ အဆိုပါ တာဝန် ရှိသူမှ ''ကျွန်တော်တို့ လူမှုဝန် ထမ်းဌာနအနေနဲ့ ဒုက0x081ခရောက် နေတဲ့ သူတွေကို အကူအညီပေးဖို့ တာဝန်ရှိ ပါတယ်။ အခုလို သုံးမြွှာပူးနဲ့အထက် မွေးဖွားတဲ့မိသားစုကို ကနဦး Initial Supporting အဖြစ် ငွေကျပ်ငါးသိန်း ထောက်ပံ့ဖို့ သတ်မှတ် ထားပါတယ်။ အဲဒီလေး မြွှာပူး ကလေးငယ် များကို မွေးဖွားပေးခဲ့တဲ့ မိဘများအနေနဲ့ လို အပ်တဲ့အကူအညီကိုရရှိဖို့ မွန်ပြည် နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဦးစီးဌာန ကို ဆက်သွယ်ပြီး အကူအညီတောင်း ခံဖို့ လမ်းညွှန်ချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လဲ မွန်ပြည်နယ်လူမှုဝန် ထမ်းဌာန ဦးစီးမှူးထံ ဖုန်းဆက်ပြီး အဲဒီ ကလေးတွေကို အကူအညီပေး ဖို့ အကြောင်းကြားပေးပါမယ်''ဟု ပြန် လည်ဖြေကြားခဲ့သည်။

မင်းညီ
Yangon Media Group

စိတ်ကောက်ပြီး အဆိပ်သောက်သေ


အိမ်မဲ၊ ဒီဇင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင်တွင် လင်ယောက်ျား နှင့် ရန်ဖြစ်စိတ်ကောက်ပြီး အမျိုးသမီးတစ်ဦး အဆိပ်သောက်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။

ဖြစ်စဉ်မှာ ယခုလ ၁ ရက်က အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင် သပေါင်းကျေးရွာအုပ်စု ကွင်းကြီးကွင်း၌ လယ်လုပ်နေထိုင်သူ မထက်ထက်နွယ် အသက်(၁၈နှစ်)သည် နေအိမ်၌ အဆိပ်သောက် သေဆုံးကြောင်း သတင်းကြားသိရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးက သရက်ကုန်း ရဲစခန်းသို့ သတင်းပို့ တိုင်ကြားခဲ့သည်။ ထို့ကြောင့် ရဲစခန်းမှတာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိကြောင်း တွေ့ရသည်။

အဆိုပါ အဆိပ်သောက်သူမှာ လင်ယောက်ျားဖြစ်သူနှင့် စိတ်ကောက်စကား များပြီး အိမ်ပေါ်တက်အဆိပ်သောက်၍သေဆုံးကြောင်း မေးမြန်းစုံစမ်းလေ့လာတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရဲဆေးစာဖြင့် လူသေအလောင်းအား သရက်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သေမှုသေခင်းအမှတ်စဉ် ၄/၂ဝ၁၃ ရေးဖွင့်၍ သရက်ကုန်းရဲစခန်းမှူးရဲအုပ်မြင့်စိုးက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သတင်းမင်းသား - The Union Daily

ထိုင်းမှ အစိုးရဆန့်ကျင်သူများကို လွှတ်တော်ဝန်းအတွင်း ၀င်ရောက်ခွင့် ပြုလိုက်သဖြင့် လမ်းမများ ပိတ်ဆို့ကန့်ကွက်မှုကို ရပ်ဆိုင်း


ဒီဇင်ဘာ ၄။

ထိုင်းနိုင်ငံမှ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများသည် လွှတ်တော်နှင့် ရဲဌာနချုပ်အဆောက်အဦရှေ့ရှိ လမ်းမများတွင် နှစ်ရက်တာ ပတ်ဆို့ကန့်ကွက်ပွဲများလုပ်ခဲ့ပြီးသည်နောက် နိုဝင်ဘာ ၃ရက်တွင် အစိုးရက အဆောက်အဦ ၀န်းအတွင်းသို့ ၀င်ရောက်ခွင့်ပြုလိုက်သည်။

ထို့အတွက် ကန့်ကွက်သူများကလည်း လမ်းများပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းပေးခဲ့သည်။

ရာပေါင်းများစွာသော ကန့်ကွက်သူများသည် ၀န်းခြံများအတွင်းသို့ ၀င်ရောက်ချိန်တွင် ကန့်ကွက်သူများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ အပြုံး
ကိုယ်စီနှင့် ရှိနေကြသည်။ အချို့ကန့်ကွက်သားက ရဲများကို ပွေ့ဖက်ခြင်း၊ အတူတွဲကာ ဓာတ်ပုံရိုက်ခြင်း၊ ပန်းစည်းပေးခြင်း၊ လက်ဆွဲနှုတ်ဆတ်ခြင်းများပင် ပြုလုပ်ခဲ့ကြသည်။

ကန့်ကွက်သူများသည် အစိုးရ၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ ဆူပှုလှုပ်ရှားခြင်း၊ ရန်လိုခြင်း တစ်စုံတရာ မပြုလုပ်ခဲ့ကြပေ။ လွန်ခဲ့သော နှစ်ရက်မူ ရဲများနှင့် ကွန့်ကွက်သူများအကြားတွင် သံဆူးကြိုးများ၊ အတားအဆီးများ ခြားထားခဲ့သလို ကန့်ကွက်သူများကလည်း ဒေါသတကြီး ပြုမူခဲ့ပြီး ရဲများကလည်း မျက်ရည်ယိုများနှင့် ပြန်ပစ်ခဲ့သည်။

ကန့်ကွက်သူများသည် နိုင်ငံပိုင် တယ်လီဖုန်းနှင့် အဝေးဆက်သွယ်ရေး
အေဂျင်စီနှင့် အထူးစုံးစမ်းစစ်ဆေးရေးဌာန အဆောက်အဦများကို ၀န်ရံပိတ်ဆို့ပြီးနောက်ပိုင်း ရဲဌာချုပ်နှင့် လွှတ်တော်တို့ကို ထပ်မံ သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

Ref; AFP
The Myanma Age

အသတ်ခံရသူ အမျိုးသမီးက အိပ်မက်ပေး အလောင်းနေရာ ပြခဲ့သည့် လူသတ်မှု အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေး


ရန်ကုန်၊ ဒီဇင်ဘာ ၎

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာအုပ်စုရှိ ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက အသက် ၂၃ နှစ်အရွယ် မချိုနွယ်ဝင်း (ခ) ကတုံးမသည် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားရာမှ နေအိမ် သို့ ပြန်မလာသဖြင့် ခင်ပွန်း ဖြစ်သူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူပျောက် တိုင်ချက်ဖွင့်ကာ ရှာဖွေနေခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် ပျောက်ဆုံးသူ အမျိုးသမီး လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံမှ အမျိုးသမီး အလုပ်သမားတစ်ဦးကို ၎င်း၏ အလောင်း ရှိသည့်နေရာ အိပ်မက် ပေးခဲ့သောကြောင့် သွားရောက် ရှာဖွေခဲ့ကြောင်း၊ ယင်းနေရာ၌ ပုပ်ပွကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် မချိုနွယ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

နေအိမ်မှ ဈေးဝယ်အသွား ကိုးရက်ကြာ ပျောက်ဆုံးနေခဲ့သော သေဆုံး ခဲ့သူ၏ ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင် ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက် ဝမ်းဗိုက်အောက်အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို လှည်းကူး ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးခဲ့ရာ ဆေးစာအရ မသေဆုံးမီ အဓမ္မကျင့် ခံခဲ့သည်ကို တွေ့ရှိရကြောင်း လူသတ်မှု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ရှိသည့် မယ်ဇလီကုန်း ကျေးရွာတွင် နေထိုင်သူ အချို့ထံမှ သိရှိရသည်။

သေဆုံးသူ အမျိုးသမီးသည် တစ်ခြံတည်း အလုပ်လုပ်ကိုင်သူ အလုပ်သမားများနှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း လွန်ခဲ့သော တစ်လခန့်က ခြံကပ်လျက်တွင် အလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးနှင့် ငွေကြေးကိစ္စ စကားများခဲ့ ဖူးကြောင်း ရဲသုခ စိုက်ပျိုးရေးခြံ အလုပ်သမားများထံမှ သိရှိခဲ့ရပြီး၊ ယင်းလူသတ်မှုနှင့် ဆက်နွှယ်နိုင်သဖြင့် မသင်္ကာ၍ ဖမ်းဆီးခဲ့သူ အမျိုးသားသုံးဦးမှာ အဆိုပါ ခြံကပ်လျက် စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်သူများ ဖြစ်ကြောင်း မဲဇလီကုန်း ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လူသတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း၏ အသေးစိတ် အချက်အလက်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျ ရဲအရာရှိက စစ်ဆေးဆဲ ကာလတွင် မဖြေပေးနိုင်ကြောင်း ပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့မ ရဲတပ်ဖွဲ့တို့က ပတ်ဝန်းကျင်ကို စုံစမ်းခဲ့ရာမှ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့ သုံးဦးကို သံသယ ရှိသောကြောင့် ခေါ်ယူ စစ်ဆေးရာမှ ၎င်းတို့က ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သော ပုဒ်မ ၃၀၂ အစား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ပြောင်းလဲ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

ခိုးမှုပြစ်ချက်ဟောင်းရှိသူ အမျိုးသမီး (၂)ဦးအား စစ်ဆေးရာမှ ခိုးမှုဟောင်း (၁)မှုပေါ်


ရန်ကုန်၊ ဒီဇင်ဘာ ၅

၂၆.၁၁.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် သာကေတမြို့နယ်၊ (၇)အနောက်
ရပ်ကွက်နေ ဒေါ်မူမူဟန်(ခ)ဒေါ်မေလှရှိန် (ဘ)ဦးလှရှိန်သည် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ကမာကြည်လမ်းရှိ ၎င်း၏
သားဖြစ်သူပိုင် “စွယ်စုံဝင်း”ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်သို့
ရောက်ရှိပြီး ၎င်း၏မိန်းမကိုင် လက်ကိုင်အိတ်အား ကောင်တာအနီး ရှိုးကေ့ဗီဒိုပေါ်တွင်တင်ထားကာ လက်ကိုင်ဖုန်းပြောပြီးနောက် လက်ကိုင်အိတ်အားကြည့်ရာ လက်ကိုင်အိတ်နှင့် အိတ်အတွင်း ထည့်ထားသော ငွေစက္ကူရောရာ (၇၅၀၀၀၀)ကျပ်နှင့်လက်ဝတ်ရတနာများ၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၀၂၉၃၀၀၀)မှာ ပျောက်ဆုံးနေ၍ ခိုးယူသူအား စုံစမ်းအရေးယူပေးရန် တိုင်တန်းသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်း
(ပ)၃၆၂/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ပြီး ပြစ်ဒဏ်ကျခံဘူးသူ မသန္တာဇော် (ဘ)ဦးခင်မောင်သိန်း၊ (၇၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ၀ါနု(ခ)မိငယ်(ခ)
ခင်မငယ်(ဘ)ဦးမြင့်အောင်၊(၆၉)ရပ်ကွက်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
နေသူတို့ (၂)ဦးအား ၂၈.၁၁.၂၀၁၃ ရက်နေ့ ၁၁၀၀အချိန်တွင်
ဖမ်းဆီးရမိပြီး အမှုဖြင့်ရီမန်ယူစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ ၂၀၁၀ခုနှစ်အတွင်းတွင် ၎င်းတို့ (၂)ဦးသည် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းမရှိ စတိုးဆိုင်တစ်ဆိုင်မှပစ္စည်းများ
ခိုးယူခဲ့သဖြင့်ထောင်ဒဏ်(၆)လ ပြစ်ဒဏ်ကျခံရဘူးကြောင်း၊ ၂၆.၁၁.၂၀၁၃ရက်နေ့တွင် ၁၀၀၀အချိန်ခန့်တွင် ၎င်းတို့ (၂)ဦးသည် စွယ်စုံဝင်းဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်သို့သွားရောက်ကာ ပစ္စည်းအနည်းငယ်ဝယ်ယူပြီး ရှိုးကေ့ပေါ်ရှိ လက်ကိုင်အိတ်အားယူဆောင်၍
ပြန်ထွက်လာခဲ့ကြောင်း၊ နေအိမ်တွင် အိတ်အတွင်း ပါရှိသောငွေကျပ် (၇)သိန်းကျော်အား တစ်ဝက်စီခွဲယူပြီး လက်ဝတ်ရတနာများအား
နေအိမ်တွင်သိမ်းထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းပြီး အခြားခိုးမှုများနှင့် တိုက်ဆိုင်စစ်ဆေးဖေါ်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ပီကယ် (chewing gum) ကိုတီထွင်ခဲ့သူ


Chewing Gum ကိုလူတိုင်း ၀ါးနေပေမယ့် ဘယ်သူက စီးပွားဖြစ် ရောင်းတန်း ၀င်အောင် လုပ်ခဲ့သလဲ ဆိုတာ သိတဲ့လူ နည်းပါတယ်။ ရှေးဂရိနဲ့ အီဂျစ် တွေမှာ ပီကေလို အရာမျိုးတွေ ၀ါးတတ်တဲ့ အလေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် လူတွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာ တာက Thomas Adams ကြောင့်ဖြစ်ပြီး ၁၉ရာစု နှစ်လောက်မှာ တီထွင် ခဲ့တာပါ။ သူက Mexican သမ္မတ Antonio López de Santa Anna က Mexican ဘက်က အပင် တစ်မျိုး ဖြစ်တဲ့ chicle ကိုဝါးနေ တတ်တာကို သတိထား မိပါတယ်။ ပထမတော့ အဲ့ chicle ကို တာယာတွေ၊ မိုးတွင်းစီး ဖိနပ် စတာတွေ ထုတ်ဖို့ ကြိုးစား ပေမယ့် မအောင်မြင် ခဲ့ပါဘူး။ နောက်တော့ အမျိုးမျိုး စမ်းသပ်ရင်းနဲ့ ဒီ chicle ကိုအချိုဓာတ်နဲ့ အရသာ ထည့်ပြီး စမ်းသပ် ရာကနေ အောင်မြင်သွား ခဲ့ပြီး "Adams New York No.1" လို့နာမည် ပေးခဲ့ပြီး ဒီကနေ့ လူတိုင်း ၀ါးနေကြတဲ့ ပီကေကို တီထွင် နိုင်ခဲ့ပါတယ်။
Myanmar Youth Media Club

မူးယစ်ဆေးဝါးကိစ္စအကြောင်း ပရိသတ်ကို ဖြေရှင်းလိုက်တဲ့ မင်းမော်ကွန်း


အခုတလော နာမည်ကြီး အနုပညာရှင်တွေ ရဲ့ ယခင် မူးယစ်ဆေးဝါး စစ်ဆေးချက် မှတ်တမ်းတွေ ထွက်လာတဲ့အပေါ် ဖေ့စ်ဘွတ်ခ် ရပ်ဝန်းမှာ ဟိုးဟိုးကျော်ခဲ့တဲ့အတွက် အနုပညာရှင်တွေအနေနဲ့လည်း ပရိသတ်ကို ပြောစရာစကားတွေ ရှိလာပါတယ်။

မှတ်တမ်းထဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်း ကတော့ သူနဲ့ပတ်သက်တဲ့ ခံစားချက်အကြောင်း sunday journal ကိုအခုလို ရှင်းပြခဲ့ပါတယ်။

@@``အဲဒီအထဲမှာမှ ကျွန်တော့်နာမည်ကို ထိပ်ဆုံးက တင်ထားကြတယ်။ သြော်.. အဲဒါမျိုးကျတော့ ကျွန်တော့ကို ထိပ်ဆုံးကနေ သတိရကြတဲ့အတွက် တော်တော်လေးကို ချစ်ဖို့ကောင်းကြတယ်ပေါ့။ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ဒီလို မူးယစ်ဆေးတွေ သုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာက တကယ်လုပ်ခဲ့တဲ့ လူတွေကတော့ ဘာမှ မဖြစ်လောက်ဘူး။ ဒါပေမယ့် မလုပ်တဲ့လူတွေ အတွက် အရမ်းကို ဒေါသထွက်ဖို့ကောင်းတယ်။ လူပဲဗျာ မှားတဲ့အချိန်တုန်းကလည်း မှားတာမျိုးတွေရှိခဲ့တာပေါ့။ အမြဲတမ်းချည်းတော့လည်း အားလုံးက မှားမနေကြဘူး။ အမြဲတမ်းမှန်နေတဲ့လူလည်းမရှိဘူးလေ။ တကယ်တော့ ကျွန်တော်တို့ အနုပညာရှင်တွေက သားကောင်တွေလိုဖြစ်နေတာ။ တခြားသူတွေရဲ့ မူးယစ်ဆေးဝါးနဲ့သော်လည်းကောင်း၊ တခြား ပယောဂတွေနဲ့သော်လည်းကောင်းမှိုင်းတိုက်တာကို ခံနေရတဲ့ သားကောင်တွေ ဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့လောကသားတွေကို တရားခံတွေလိုစွပ်စွဲပြီး ခေါင်းစဉ်တပ်လို့မရပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့ လောကမှာ မူးယစ်ဆေးဝါးကို စီးပွားဖြစ်ဖြန့်ဝေရောင်းချပြီး လူမျိုးဖျက်နေတဲ့လူတွေ တစ်ယောက်မှ မရှိဘူး။ မူးယစ်ဆေးက မရောင်းဘူး ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် အဲဒါကို မလွန်ဆန်နိုင်တဲ့ သူတွေသာ ၀ဋ်ကြွေးတစ်ခုလို ငြိတွယ်နေကြတာပါ။ ကျွန်တော်အနေနဲ့တော့ ၀ါးလုံးရှည်နဲ့ မရမ်းစေချင်ပါဘူးဗျာ ...ကျွန်တော်တို့က ပရိသတ်အတွက် အမြဲသစ္စာရှိပါတယ်။ ပရိသတ်တွေ အားပေးရကျိုးနပ်အောင်လည်း အမြဲကြိုးစားနေပါတယ်။ ကျွန်တော်ပြောချင်တာက အနုပညာရှင်တွေကလည်း လူသားတစ်ယောက်ဖြစ်လို့ အမှားနဲ့တော့ မကင်းနိုင်ကြပါဘူး ´´@@ လို့ sunday journal ကို ဒီဇင်ဘာ 4ရက်နေ့က ဖြေကြားခဲ့ပါတယ်။

သတင်း၊ ပိုင်နိုင်သူ
Sunday Journal

ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ ကျပ်ငွေ ၈၆၂၈ သိန်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကူညီလှူဒါန်း


ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ်ခဲ့သော မြန်မာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်နှင့် အဖွဲ့သည် ယခုလ ၃ ရက်နေ့က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျပ်ငွေ သိန်းပေါင်း ၈၆၂၈ သိန်း ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

တပ်မတော်(ကြည်း/ရေ/လေ) မိသားစုမှ ကျပ်သိန်း ၅၀၀၊ ကုမ္ပဏီ လီမိတက်များ ဖြစ်ကြသည့် ကမ္ဘောဇ၊ ထူးထရေးဒင်း၊ မက်စ်မြန်မာ၊ ဦးချစ်ခိုင် (ဧဒင်ကုမ္ပဏီလီမိတက်) ၊ ဦးကျော်ဟိန်း (ငြိမ်းအေး)နှင့် ဇေယျာထွန်း (အိုင်ဂျီအီး တို့က ကျပ်သိန်း ၁၀၀၀ စီ၊ ဒေါက်တာ နိုင်ထွဋ်အောင် (ဂိတ်ဝေးဂရု ကုမ္ပဏီလီမိတက်)က ကျပ် ၁၀၀၈ သိန်း၊ ဦးလှမျိုးနှင့်  ဦးစောငြိမ်း (အောင်မြင်သူအုပ်စု) ကုမ္ပဏီလီမိတက်နှင့် ဦးအောင်မျိုးမင်းဒင်တို့က ကျပ်သိန်း ၅၀၀ စီ လှူဒါန်းခဲ့ကြသည်ဟု သိရသည်။

ယင်းပြင် စီးပွားရေး ဦးပိုင် လီမိတက်မှ ဘီလပ်မြေအိတ် ၃၀၀၀၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ဘိလပ်မြေအိတ် ၂၀၀၀၊ စုစုပေါင်း အိတ် ၅၀၀၀ ကို ကူညီလှူဒါန်းခဲ့ပြီး ၎င်းအကူအညီများကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က လက်ခံယူခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင် ကူညီခွင့်ရှိသည့် အတွက် ကျေးဇူးတင်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်မှ ပြောကြားခဲ့သည်ဟု ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။
narinjara burmese news

ပွင့်လင်းရာသီ အိမ်၊ ခြံ၊ မြေ ဈေးကွက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းကျ


ရန်ကုန်၊ ဒီဇင်ဘာ ၎

စံနှုန်းသတ်မှတ်အပြီး အောက်တိုဘာလမှ စ၍ သုံးလဆက်တိုက် အရောင်းအဝယ် အေးစက်သွားသော အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ယခုနှစ် ပွင့်လင်းရာသီ ရောက်သော်လည်း ယခင်နှစ်ကထက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းအဝယ် ကျဆင်းနေဆဲ ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းမှ သိရသည်။

လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက် တစ်ခုလုံးမှာ အရောင်းအဝယ် မရှိသလောက် နီးပါး ဖြစ်နေကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။

အိမ်ငှား ဈေးကွက်များသာ နေရာယူနေမှုနှင့် မြို့တွင်း၊ မြို့ပြင် အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက် များကြောင့် အရောင်းအဝယ် ဈေးကွက် ကျဆင်းလာခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးမင်းအောင်က ပြောဆိုသည်။
“လူတွေရဲ့ လောဘကြောင့် ဈေးနှုန်းတွေက မကျပေမယ့် အရောင်းအဝယ်တွေကတော့ ကျသွားတယ်။ ဒီနှစ်က အငှား ပိုသွက်တယ်။ ငှားမယ့်လူသာ ရှိပြီး အိမ်မရှိဘူး။ နေရာတိုင်းမှာ ကန်ထရိုက်တိုက်တွေ ဆောက်ကြတဲ့အတွက် အငှားပို ကောင်းလာတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အရောင်းအဝယ် ပြန်ကောင်း လာနိုင်ခြေ မရှိသေးကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သုံးသပ်သည်။
The Voice Weekly

တွံတေးမြို့တွင် မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၅

၅.၁၂.၂၀၁၃ရက်နေ့ ၀၄၀၅အချိန် တွံ့တေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက် ၊ရွှေဆံတော် (၁၁)လမ်းတွင် မီးလောင်မှုဖြစ်ပွားကာ လူတစ်ဦးသေဆုံးကြောင်း သတင်းအရသွားရောက်ရာ သေဆုံးသူမှာ ဦးတက်(ခ)ဦးတိုးမြင့်၊(၆၈)နှစ်၊ (ဘ)ဦးကျော်စိန်သည် ခန္ဓာကိုယ်အနှံ့ မီးလောင်းဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး ၎င်းသည် လေဖြတ်ဝေဒနာခံစား နေရသူတစ်ဦးဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍စစ်ဆေးခဲ့ရာသေဆုံးသူသည် ၀၄၀၀အချိန်ခန့်က ဓနိမိုး၊ ဓနိကာ၊ ၀ါးကြမ်းခင်းတဲတွင် တစ်ဦးတည်း အိပ်နေစဉ် ၎င်းတဲအတွင်းမှ အော်သံများကြားရ၍ ပတ်ဝန်းကျင် နေသူများမှထကြည့်စဉ် မီးလောင်နေသည်ကိုတွေ့ရသဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၄၁၀အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ဆေးလိပ်မီးမှတစ်ဆင့် စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ မီးပေါ့ဆစွာသုံးစွဲသူအား တွံတေးမြို့မရဲစခန်း (ပ)၄၃၂/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၀၄ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ရန်ကုန်နည်းပညာတက္ကသိုလ်သို့ နိုင်ငံတကာကုမ္ပဏီများ အလုပ်အကိုင် ကမ်းလှမ်း


ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင် ရရှိရေးအတွက် ဂျပန်နှင့် ဗြိတိန် အပါအဝင် နိုင်ငံတကာ အင်ဂျင်နီယာ ကုမ္ပဏီများ လာရောက် ကမ်းလှမ်းနေကြောင်း ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီလှငယ်က ပြောကြားသည်။

ယင်းသို့ ကမ်းလှမ်းမှုများ ရှိကြောင်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပသော ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗိသုကာ အင်ဂျင်နီယာ ဘာသာရပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန် နည်းပညာ တက္ကသိုလ်က ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ အတွက် သင်ကြားရေး အထောက်အကူများ အပြင် ဘာသာရပ်အလိုက် ဘွဲ့ရရှိပြီးပါက အလုပ်အကိုင် ပေးရန်အတွက်ပါ သဘောတူညီထားပြီး ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်က The Voice သို့ပြောကြားသည်။
"အင်္ဂလန်ကတော့ ချိတ်ဆက်ဖို့ ဆွေးနွေးနေတုန်းပဲ။ သဘောတူညီချက် မရသေးဘူး" ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

အလားတူ ရေနံအင်ဂျင်နီယာ ဘာသာရပ်နှင့် ပြီးဆုံးထားသူများ အတွက် အီတလီ နိုင်ငံတကာကုမ္ပဏီ များက ပညာသင်ဆု အပါအဝင် အလုပ်အကိုင် အခွင့်အလမ်း များပါ ရှာဖွေပေးသွားရန် ကမ်းလှမ်းထားကြောင်း ရန်ကုန် နည်းပညာတက္ကသိုလ် ရေနံအင်ဂျင်နီယာဌာန ဒုတိယ ပါမောက္ခ ဌာနမှူးက ပြောဆိုသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းဝင်ခွင့် ၃၀၀ ဦးနှင့် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယခုပညာသင်နှစ် တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၃၀၄ ဦး တိုးလက်ခံခဲ့ကြောင်း၊ အဆိုပါ တက္ကသိုလ်ဝင်ခွင့် အမှတ်မှာ ဆေးတက္ကသိုလ် ဝင်ခွင့်ထက် မြင့်မားခဲ့ပြီး အမြင့်ဆုံး ဝင်ခွင့်ရမှတ်မှာ ၅၅၃ မှတ်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်များ၏ အင်ဂျင်နီယာ ဘွဲ့ကြိုတန်း ပညာသင်နှစ် ကာလမှာ ခြောက်နှစ်ဖြစ်ပြီး မဟာဘွဲ့ ဆက်လက် သင်ကြားလိုပါက ၂ နှစ် ထပ်မံတက်ရောက်ရမည် ဖြစ်သည်။
The Voice Weekly

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဒေါ်လာ သန်း ၃၀ သုံးစွဲမည်


ရန်ကုန်၊ ဒီဇင်ဘာ ၃

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ယှဉ်ပြိုင်မှုရှိပြီး စနစ်ကျသော နိုင်ငံတကာ အဆင့်မီ ဆက်သွယ်ရေးကဏ္ဍ အဖြစ် ပြုပြင်ပြောင်းလဲရန် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး သုံးစွဲမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာသည်။

ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံကိန်း (မူကြမ်း)ကို ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ထုတ်ပြန် ကြေညာထားပြီး ကျေးလက်ဒေသ များသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးချဲ့ရန်နှင့် e-Government စနစ် ဖွံ့ဖြိုးရန် ရည်ရွယ်ထားကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

"နိုင်ငံတစ်ဝန်းလုံးမှာ အင်တာနက်နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပိုကောင်း လာပြီးတော့ ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်အောင် လို့ပါ။ နောက်ပိုင်းမှာ ပုဂ္ဂလိက IT ကုမ္ပဏီတွေကိုပါ ပူးပေါင်းပါဝင်ခွင့် ပေးသွားမှာပါ" ဟု ယင်းဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ဆိုသည်။

အလုံးစုံသော စီမံကိန်း ရင်းနှီးမြှုပ်နှံမှုများကို ရန်ကုန်၊ နေပြည်တော်နှင့် ပတ်ဝန်းကျင် ဒေသများတွင် အကောင်အထည် ဖော်မည် ဖြစ်ပြီး ကျေးလက်ဒေသ များကိုလည်း တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

"e-Government စနစ်ရော၊ ကျေးလက်ဒေသမှာ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ လောလောဆယ် ဆက်သွယ်ရေး နည်းဥပဒေတောင် မထွက်သေးလို့ အော်ပရေတာတွေ လိုင်စင် စောင့်နေရတုန်းလေ။ ဒီဟာတွေ ကရော ဘယ်လောက် ကြာဦးမလဲ" ဟု ပြည်တွင်းရှိ IT လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် e-Government စနစ် အကောင်အထည်ဖော်ရေး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ပူးတွဲ အကောင်အထည် ဖော်လျက် ရှိသည်။
The Voice Weekly

မိုးဇေညိမ်း ဘာလဲ ဘယ်လဲ


December 4, 2013

၂၀၀၈ ခုနှစ်တုန်းက အနုပညာရှင်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရန်ကုန်မူးယစ်အထူးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖွင့်ထုတ်ဖော်ပြခဲ့တာကြောင့် လူအများ စိတ်ဝင်တစား ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး “ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်”တဲ့ မိုးဇေညိမ်း ဆိုတဲ့ အကောင့်ပိုင်ရှင်ကို ဧရာဝတီသတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ “ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကို ယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့”လို့ မိုးဇေညိမ်းက ဆိုပါတယ်။

မေး။ ။ ဘာကြောင့် ဒီသတင်းတွေကို ဖွင့်ချဖြစ်တာလဲ။

ဖြေ။ ။ ဒီဖိုင်တွေကို ကျနော်သိမ်းဆည်းထားခဲ့တာ နှစ်နဲ့ချီကြာခဲ့ပါပြီ။ အရင်တုန်းကတည်းက ဘာလို့ မထုတ်ဖော်ရသလဲ ဆိုတာကို ပြောရရင် ဖိုင်တွေ လက်ဝယ်ရှိစဉ်ကတည်းက ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေကို ပေးပို့တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေရှိခဲ့ပေမယ့် စာရွက်စာတမ်းနှင့် ပတ်သက်နေသူများရဲ့ လုံခြုံရေးအနေအထား စိတ်မချရမှုကြောင့် သိမ်းဆည်းထားခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီစာရွက်စာတမ်းနဲ့ ပတ်သက်နေသူတွေဟာ တစုံတရာ လုံခြုံမှုရှိနေပြီဖြစ်တဲ့အတွက် ထုတ်ဖော်တင်ပြရခြင်းဖြစ်ပါတယ်။

မေး။ ။ ဒီလိုမျိုး ဖွင့်ချဖော်ထုတ်မှုတွေ ထပ်ပြီး တင်ဖို့ ရှိမလား။

ဖြေ။ ။ အတွင်းရေး သတင်းတွေ၊ အချက်အလက်တွေနဲ့ပတ်သတ်ပြီး ကျနော်ဖော်ထုတ်ခဲ့တာ ခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး ကျနော့် ရဲ့ Facebook အကောင့်မှာ Post တွေ အပိုင်းလိုက် ခွဲတင်ခဲ့တာတွေရှိသလို သတင်းဝက်ဆိုက်တစ်ခုမှာလည်း ဆောင်းပါးရှည်တချို့ ရေးသားခဲ့ပါတယ်။ မြန်မာပြည်ကို မတရားအုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်တွေက သူတို့ရဲ့ဥပဒေမဲ့ လုပ်ရပ်တွေကို အများပြည်သူတွေမသိရအောင် ထိန်ချန်လျှို့ဝှက်ထားတဲ့ကိစ္စတွေကို ဦးစားပေးဖော်ထုတ်ပါတယ်။ နောက်ပြီးပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ယူဆရတဲ့အခြေအနေတွေကို အပြုသဘောနဲ့ ဖော်ထုတ်တာလည်း ဖြစ်ပါတယ်။ ကျနော် ရှေ့ဆက်ပြီး ဖွင့်ချဖို့ စဉ်းစားထားတာတွေ ရှိပါသေးတယ်။

မေး။ ။ ကိုမိုးဇေညိမ်းဆိုတာ တပ်မတော်သားဟောင်း တဦးဖြစ်ပြီး ကိစ္စတခုကြောင့် အရပ်ဘက် ဌာနတခုကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ရေးသားထားတာ တွေ့ရပါတယ် အဲဒီအပေါ်မှာကော ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်နဲ့ ပတ်သက်ပြီး မိုးဇေညိမ်း ဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင်း ရေးနေ ပြောနေကြတာတွေ တွေ့ရပါတယ်။ အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး အမှား အမှန် တစုံတရာ မပြောလိုပါဘူး။ ကျနော် တချိန်က လက်နက်ကိုင် အဖွဲ့အစည်းတခုနဲ့ ပတ်သက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော် ဆက်လက် လုပ်ကိုင်မယ်ဆိုရင် လုပ်ကိုင်ခွင့်ရှိပေမယ့် ကျနော် သဘောဆန္ဒအလျောက် လုပ်ငန်းခွင်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ကျနော်နဲ့ပတ်သက်ခဲ့ဖူးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းမှာ ရှိနေစဉ် ကာလအတွင်း ရုံးလုပ်ငန်းဆိုင်ရာ စည်းကမ်းတွေမှာ ဖောက်ဖျက်ခဲ့ခြင်း၊ အရေးယူခံရတဲ့ ကိစ္စမျိုးတွေ မရှိခဲ့ပါဘူး။ ဒါ့ကြောင့်မို့ စစ်ဗိုလ်ချုပ်တွေအပါအ၀င် အထက်လူကြီးတွေနဲ့ ပုဂ္ဂိုလ်ရေးအရ တစုံတရာ မကျေမနပ်ဖြစ်စရာတွေ မရှိခဲ့ပါဘူး။

ကျနော် အခုလို အတွင်းရေး သတင်းတွေကို ထုတ်ဖော်နေတာဟာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်မဟုတ်ပဲ ဥပဒေကို လိုသလိုအသုံးပြုခဲ့တဲ့ အာဏာရှင်တွေရဲ့အကြောင်း တစိတ်တဒေသကို ဖော်ထုတ်တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော့်ရဲ့ပုဂ္ဂိုလ်ရေးခံစားချက်မပါပါဘူး။

မေး။ ။ ဒီဖိုင်တွေကို ဘယ်လို ရခဲ့တာလဲ။

ဖြေ။ ။ မိုးဇေညိမ်း ဆိုတာက လူတယောက်ပါပဲ။ သို့ပေမယ့် ဒီလိုကိစ္စတွေ၊ အတွင်းရေးတွေကို ဖော်ထုတ်တဲ့နေရာမှာ လုပ်ကိုင်ဆောင်ရွက်နေတာဟာ ကျနော် တယောက်တည်းတော့ မဟုတ်ပါဘူး။ ကျနော့်မှာ အဖွဲတခုရှိပါတယ်။ မိုးဇေညိမ်း ဟာ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အမည်နာမတစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ ဒီလို အချက်အလက်တွေကိုလည်း ကျနော်တို့အဖွဲ့က စုဆောင်းနေတာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုရခဲ့လဲဆိုတာကိုတော့ ကျနော် အသေးစိတ်ပြောနိုင်မှာမဟုတ်ပါဘူး။

မေး။ ။ ဒီပို့စ်မှာ ဖော်ပြခံခဲ့ရတဲ့ အနုပညာရှင်တွေ၊ တပ်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေက ကိုမိုးဇေညိမ်းကို ဆက်သွယ်ပြောဆိုတာမျိုးရှိလား။

ဖြေ။ ။ ရှိပါတယ်။ ဟိုအရင်က တင်ပြခဲ့တာတွေမှာရော ခု တင်ပြချက်တွေမှာပါ ကျနော့်ဆီ ဆက်သွယ်ပြီး ဆက်မဖော်ပြဖို့ မေတ္တာရပ်ခံလာသူတွေ ရှိပါတယ်။ (မိုးဇေညိမ်းက ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်လို့ ဖေ့ဘွတ်အကောင့်က ကြေညာထားပါတယ်။)

မေး။ ။ အခုလို ဖော်ပြခဲ့ရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။

ဖြေ။ ။ ကျနော် ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကိုယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ ဥပဒေနဲ့ညိစွန်းတဲ့ကိစ္စတွေ ပြုလုပ်ခဲ့သူတွေကို ဆန္ဒကတိ၊ ဘယာကတိတွေလိုက်စားပြီး အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေကိုဖော်ထုတ်တာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အုပ်စိုးခဲ့တဲ့ မြန်မာပြည်မှာ ဒါမျိုးကိစ္စတွေ ရှိခဲ့တယ်ဆိုတာကို ရပ်ကွက်အတင်း မဟုတ်ပဲ သက်သေအထောက်အထားတွေနဲ့ ထုတ်ပြတာပါ။ ဒါတွေဟာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်းမှာ အာဏာအလွဲသုံးစားပြုမှုတွေ အမျိုးမျိုးထဲက အနည်းအကျဉ်းလောက်ပဲ ရှိပါဦးမယ်။

မေး။ ။ ဒီလို ပို့စ်တွေတင်ခဲ့တဲ့အတွက် ဖေ့ဘုတ်စာမျက်နှာ၊ ဂျီမေးလ် စသည်ဖြင့် တိုက်ခိုက်ခံရတာမျိုး ရှိလား။

ဖြေ။ ။ ဂျီမေလ်းကိုတော့ အတိုက်မခံရဖူးပါဘူး။ ဒါပေမယ့် ကျနော်ရဲ့ဖေ့စ်ဘုတ်အကောင့်တွေနဲ့ ပေ့ခ်ျ(Page) တွေ ကတော့ မကြာခဏ အတိုက်ခံရပါတယ်။ တလောက လက်ရှိသုံးနေတဲ့ အကောင့်ကို လုံးဝ ၀င်မရတော့လို့ ဖေ့စ်ဘုတ်ဆီကို Request လုပ်ပြီး ပြန်ယူခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက အရန်အဖြစ် ဖွင့်ထားခဲ့တဲ့ Moe Zay Nyein နာမည်နဲ့ Account တစ်ခုလည်း မနေ့ကပဲ ၀င်မရတော့ပါဘူး။ Report တွေကြောင့် ထင်ပါတယ်။နည်းပညာနဲ့တိုက်ခိုက်တာတွေရှိနေသလို ကျနော့်ဆီကိုလည်း နည်းအမျိုးမျိုးသုံးပြီး ချဉ်းကပ်လာနေသူတွေ ရှိနေပါတယ်။

အရင်ကရော၊ အခုမှာပါ အာဏာကို အကာအကွယ်ယူပြီး ဥပဒေချိုးဖောက်တာတွေနဲ့ပတ်သတ်တဲ့ ဖြစ်စဉ်တွေ၊ လုပ်ဆောင်မှုတွေကို ဆက်လက်ဖော်ထုတ်ဖို့ ရှိပါသေးတယ်။ ဒါပေမယ့် အဖွဲ့မှာ ပါဝင်နေသူတွေရဲ့ လုံခြုံရေးအခြေအနေကို ထိပါးလာနိုင်တာမို့ သတိကြီးကြီးထား လုပ်ကိုင်နေရပါတယ်။ ။


မိုးဇေညိမ်း၏ ဖေ့ဘွတ်စာမျက်နှာ www.facebook.com/moe.zaynyein
ဧရာဝတီ Myanmar News

၁၀ရာနှုန်းသာ အကျိုးခံစားခွင့် ရှိသည့် အစိုးရ၏ ကားပါမစ် ထောက်ပံ့ရေးအစီစဉ်

ဗိုလ်မှူးချုပ် ဒေါက်တာ တိမိုတေ(Ti Mo Thy) ဓါတ်ပုံ - ( PNA)

Wednesday, 04 December 2013 12:01

အပစ်အခတ် ရပ်စဲရေး အဖွဲ့အစည်းများ အတွက် အစိုးရမှ ထောက်ပံ့သော ကားပါမစ် အစီစဉ်သည် တရားဝင် အခွန်လွတ်သော စနစ် ဖြစ်စေလိုကြောင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကရင့်ငြိမ်းချမ်းရေး ကောင်စီ(KNLA/PC) မှ ဗိုလ်မှူးချုပ် ဒေါက်တာ တိမိုတေ (Ti Mo Thy) မှ ဆိုပါသည်။

“ အစိုးရက အဖွဲ့အစည်းတွေကို ကားပါမစ် ပေးပြီး ထောက်ပံ့တယ် ဆိုတာက ကောင်းပါတယ်။ ကျေးဇူးလည်း တင်ပါ တယ်။ ဒါပေမဲ့ အစိုးရက အခွန် (၆၀)ရာနှုန်း၊ ငွေစိုက်သူ ကုန်သည်က (၃၀)ရာနှုန်းနဲ့ အမည်ခံတဲ့ အဖွဲ့အစည်းက (၁၀)ရာနှုန်း မျိုးပေးနေမှတော့ သိပ်ထူးမယ် မဟုတ်ဘူးလို့ ပြောချင် ပါတယ်။ ဖြစ်သင့်တာက အခွန်လွတ် ပေးရင်သင့် တော်မယ်လို့ အဆိုပြုချင် တာပါ။” ဟုဆိုပါ သည်။

အစိုးရသည် (KNLA/PC) အား (၂၀၀၇)ခုနှစ်က တကြိမ် နှင့် (၂၀၁၃) ခုနှစ် ဖေဖေါ်ဝါရီလ တွင်တကြိမ် နှစ်ကြိမ် ကားပါမစ် အစီးရေ (၈၀)ခန့် ပေးခဲ့ပါသည်။ ဤအထဲတွင် (KNLA/PC) အတွက် လက်တွေ့ ခံစားခွင့် ရှိသည်မှာ (၁၀)ရာနှုန်း ဖြစ်သည့် ကား(၈) စီးသာ ရရှိခဲ့သဖြင့် မြင်သာသည့် အခွင့်အရေး မဟုတ်ဘဲ အမည်ခံ သဘော လောက်သာ ထောက်ပံ့ ခဲ့သည်ဟု ဆိုရမည် ဖြစ်ပါသည်။

ဤသို့ကြောင့် အဖွဲ့အစည်း အား အမည်ခံ သဘောသာ ထောက်ပံ့ပေး သည်ဟု ဆိုနေခြင်း ဖြစ်ပါသည်။ အကယ်၍ အခွန်လွတ် ပေးပါက သင့်တော် မည်ဖြစ်ကြောင်း (KNLA/PC) မှ အဆိုပြုနေခြင်း ဖြစ်ပါသည်။ ဤနည်းသည် ယခုမှ စတင်ခဲ့ခြင်း မဟုတ်ဘဲ (၁၉၉၄) ခုနှစ် အပစ်အခတ် ရပ်စဲခဲ့စဉ် ကလည်း တိုင်းရင်းသား အဖွဲ့များအား ထောက်ပံ့ပေး ခဲ့သည့် နည်းဖြစ်ပါသည်။

ထို့အပြင် (KNLA/PC)သည် အစိုးရအား ကားပါမစ်အပြင် ဒေသဖွံ့ဖြိုးရေး အကူအညီများ ပေးသင့် ကြောင်းဆိုပါသည်။ (KNLA/PC) အတွက် ကားပါမစ်များသည် ကရင်အမျိုးသား ကျောင်းဆရာ များ၏လစာများ နှင့် စိုက်ပျိုး၊ မွေးမြူရေးသင် တန်းကျောင်းများ၏ စရိတ်အတွက်သာ ဖူလုံခဲ့သည် ဟုဆိုပါသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပေးမည်ဆိုပါက လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန် စေခြင်း၊ လယ်ယာမြေ စိုက်ပျိုးရေး စနစ်ဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ထုတ်ကုန် တိုးတက်သော လုပ်ငန်းများ အတွက် အကူအညီ ပေးသင့်ကြောင်း အဆိုပြုထားပါသည်။

အစိုးရသည် အပစ်ရပ်သော တိုင်းရင်းသား အဖွဲ့များအား အင်အားအပေါ် မူတည်ပြီး ၄င်းအချိုးနှင့် ညီမျှသော ကားပါမစ်များကို ပေးခဲ့ကြောင်း ဆိုပါသည်။ အကူအညီ ပေးရာတွင်လည်း အဖွဲ့အစည်းတိုင်း အား ကုမ္ပဏီဖွဲ့စေပြီး ကုမ္ပဏီ နည်းဥပဒေ အရဖြင့် အကူအညီ ပေးနေခြင်း ဖြစ်ကြောင်း တိုင်းရင်းသား အဖွဲ့အစည်းများ အတွက် အထူးအခွင့် အရေးပေးသည့် အနေဖြင့် အကူအညီ ပေးနေခြင်း မဟုတ်ကြောင်း ဆိုပါသည်။

ဤနေရာတွင်လည်း ကုမ္ပဏီအရ ပေးခြင်းထက် အဖွဲ့အစည်းနှင့် ဒေသဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီး ဖွံ့ဖြိုးရေး စီမံကိန်းများ ချပေးသင့်ကြောင်း အဆိုပြုခဲ့ပါသည်။ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီဖက်ကမူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲများ ကျင်းပပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူ ထားခဲ့ပါသည်။

သို့သော် သဘောတူ ထားသည့် အပစ်အခတ် ရပ်စဲရေး ကိစ္စ၊ နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများကို လျှစ်လျူရှု ခဲ့ပါသည်။ ဤသို့ကြောင့် (KNLA/PC) တောင်းဆိုသော ဒေသဖွံ့ဖြိုးရေး အကူအညီများ ရရှိနိုင်လိမ့်မည် မထင်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကလည်း သုံးသပ်ထား ပါသည်။

 ရွှေဟင်္သာ သတင်းဌာန

လယ်ဆည်ဝန်ကြီး လယ်သမားများကို စိုးရွံ့နေဟု တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဝေဖန်


ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၃ ခုနှစ်

လယ်/ဆည်ဝန်ကြီးဌာန၏ စိုးရိမ်မှုကြောင့် တောင်သူလယ်သမားအဖွဲ့များ ဖွဲ့စည်းခွင့်အတွက် အဟန့် အတားဖြစ်နေသည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း(ယာယီ)မှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို ပြောသည်။

ဒေါက်တာစိုးထွန်းဦးဆောင်သည့် တောင်သူလယ်သမားအသင်း ဖွဲ့စည်းခွင့်ကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ အတွင်း ဖွဲ့စည်းခွင့်ပြုခဲ့သော်လည်း ဖွဲ့စည်းခွင့်ရရှိပြီး နောက်တစ်နေ့တွင်ပင် ပြန်လည် ဖျက်သိမ်းခံခဲ့ရ ခြင်း ဖြစ်သည်။

“၀န်ကြီးဌာနက လယ်သမားတွေ စုမိမှာကို စိုးရိမ်ပူပန်တာက အဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို အဟန့်အတား ဖြစ်နေတယ်”ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနသို့ မေလမှစတင်ကာ ဖွဲ့စည်းခွင့်လျှောက်ထားခဲ့သော်လည်း ယနေ့တိုင် ဖွဲ့စည်း ခွင့်ပြုချက် မရရှိသေးခြင်းကို လွတ်လပ်သော တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က လည်း ဝေဖန်ပြောဆိုသည်။

“ကျွန်တော်တို့ကတော့ လယ်ယာမြေဥပဒေတွေထဲမှာ ပါတဲ့အတိုင်းဆို လယ်သမားတိုင်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိတယ်ဆိုလို့ ဖွဲ့စည်းခွင့် တင်ထားတယ်။ ဥပဒေနဲ့အညီ လုပ်တယ်။ ဥပဒေအတိုင်း လုပ်တာကို ပြဋ္ဌာန်းချက်အတိုင်း မချပေးတာတော့ ဘယ်သူတွေက မှားနေတာလဲဆိုတာ စဉ်းစားစရာပဲ”ဟု ပြော သည်။

ဥတ္တရသီရိမြို့နယ် လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးမင်းသူကလည်း “ဒီလိုရည်ရွယ်ချက်မျိုးနဲ့ တားတာဆိုရင်တော့ လုံးဝ လက်မခံဘူး။ လွတ်လပ်စွာအ သင်းဖွဲ့တာကို လုံးဝ တားဖို့မလိုဘူးလို့ ထင်တယ်”ဟု မဇ္ဈိမကို ပြောသည်။

နေပြည်တော်ကောင်စီအတွင်း လွန်ခဲ့သည် ၂၀၁၃ ဖေဖော်ဝါရီလမှ စတင်ကာ နိုဝင်ဘာလအထိ တောင်သူလယ်သမားအဖွဲ့ပေါင်း ၄၂ ဖွဲ့ လျှောက်ထားခဲ့သော်လည်း ဖွဲ့စည်းခွင့်နှစ်ဖွဲ့သာ ရရှိသေးသည်။

လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်းတွင် တောင်သူလယ်သမားအဖွဲ့အစည်းပေါင်း ၅၀ ခန့်နှင့် ပြင်ဦးလွင်တွင် ၁၆ ဖွဲ့တို့မှာ ဖွဲ့စည်းခွင့် တင်ပြတောင်းခံထားသည်။

တောင်သူလယ်သမားများ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်အတွက် ၀န်ကြီးဌာနမှ အဟန့်အတားတစ်ခု ဖြစ်နေသည်ဟု ယူဆချက်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေဆိုရန် အချိန်ရွှေ့ဆိုင်းထားသည်။

ဟိန်းကိုစိုး - Mizzima Burmese

ဘတ်စ်ကားပေါ်တွင် လူမတိုးစေမည့် ဝတ်စုံသစ်ကို စင်္ကာပူကျောင်းသူ တီထွင်


ရုတ်တရက်ကြည့်လျှင် ယင်းဝတ်စုံသည် ဆူးချွန်များစွာ ထိုးထိုးထောင်ထောင် ထွက်နေပြီး အနားကပ်လာသူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ထင်မှတ်စရာ ဖြစ်နေ

ဘတ်စ်ကားပေါ်တွင် လူမတိုးစေမည့် ဝတ်စုံသစ်ကို စင်္ကာပူကျောင်းသူ တီထွင်စင်္ကာပူနိုင်ငံ အမျိုးသား တက္ကသိုလ်မှ ဒီဇိုင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ကျောင်းသူကျောင်းသားများကို အများပြည်သူ ပို့ဆောင်ရေး ကဏ္ဍတွင် ကိုယ်ပိုင်နေရာတစ်ခု ဖန်တီးမည့် နည်းလမ်းများအတွက် ဉာဏ်ရည်စမ်းသပ် မေးခွန်းထုတ်ခဲ့သည်။ ယင်းတို့အနက် ကျောင်းသူလေး ဆီယူမင်ချန်က အထူးခြားဆုံး စိတ်ကူးကို ပုံဖော်လိုက်ကြောင်း သိရသည်။ မီချန်သည် ဘတ်စ်ကားများပေါ် တက်သွားသည့်အခါ အခြားသူများ အနားမကပ်နိုင်သည့် ဝတ်စုံတစ်ခုကို တီထွင်လိုက်ခြင်း ဖြစ်သည်။ ရုတ်တရက်ကြည့်လျှင် ယင်းဝတ်စုံသည် ဆူးချွန်များစွာ ထိုးထိုးထောင်ထောင် ထွက်နေပြီး အနားကပ်လာသူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ထင်မှတ်စရာ ဖြစ်နေသည်။

အမှန်အားဖြင့်မူ မီချန်၏ ဝတ်စုံသည် မည်သူ့ကိုမျှ ထိခိုက်စေမည် မဟုတ်ချေ။ သူမသည် သာမန် ကုန်မာဆိုင် တစ်ခုမှ ပလပ်စတစ် အစိတ်အပိုင်းများကို ဝယ်ယူပြီး ယင်းဝတ်စုံကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သူမအနီးအနားတွင် ရှိနေသူများ အနေဖြင့် ရုတ်တရက် တိုးကပ်မလာရဲသောကြောင့် မီချန်အနေဖြင့် ဘတ်စ်ကားစီးသည့်အခါ ကားကျပ်သည့်ဒုက္ခ ကင်းဝေးနေမည် ဖြစ်သည်။ Spike Awayဟု အမည်ပေးထားသည့် အဆိုပါ ပလပ်စတစ် ဝတ်စုံတွင် အသုံးပြုထားသည့် ဆူးချွန်များမှာ ပျော့ပြောင်းသည့် ပလပ်စတစ်ချောင်းများသာ ဖြစ်သည်။ ယင်းတို့သည် ကွေးနိုင်ဆန့်နိုင်ပြီး မည်သူ့ကိုမျှ ထိခိုက်အန္တရာယ် ပေးမည်မဟုတ်ဟု မီချန်က ရှင်းပြခဲ့သည်။

မီချန်သည် တက္ကသိုလ်တွင် ပြုလုပ်သည့် ဒီဇိုင်း အလုပ်ရုံ ဆွေးနွေးပွဲတွင် အဆိုပါ ဖန်တီးမှု လက်ရာကို ပြသခဲ့သည်။ ထိုအစီအစဉ်ကို ဂျာမန်သား အနုပညာမြောက် ပရိဘောဂလက်ရာများ ဖန်တီးသည့် ပညာရှင် ဝါနာအက်စ်လင်ဂါက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ခြောက်ခြားဖွယ် ပုံစံမျိုး ဖြစ်နေသည့် ယင်းဝတ်စုံကို တစ်ပိုင်းစီ ချိတ်ဆက်ရာတွင် ဝါယာကြိုးလေးများကို မီချန်က အသုံးပြုထားသည်။ ဝေဖန်သူများကမူ ယင်းဝတ်စုံမျိုး ဝတ်ဆင်ခြင်းသည် အများပြည်သူအတွက် စိတ်အနှောင့်အယှက် ဖြစ်စေကြောင်းနှင့် ဥပဒေအရ ခွင့်ပြုရန် သင့်မသင့် စီစစ်သင့်ကြောင်း ပြစ်တင်ပြောဆိုခဲ့ကြသည်။
Planet Myanmar Network

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ


ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ
အရက်ကို အားဖြည့်အချိုရည်များနှင့် ရော၍ သောက်သုံးခြင်းသည် အရက်ချည်းသက်သက် သောက်ခြင်းထက် အန္တရာယ် ပိုကြီးမားကြောင်း သုတေသီများက သတိပေးလိုက်သည်။ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့သည်။ အရက်ကို အားဖြည့်အချိုရည်နှင့် ရောစပ်သောက်သုံးခြင်းသည် အဘက်ဘက်မှ ဆိုးကျိုးသက်ရောက်နိုင်ပြီး အရက်စွဲလမ်းမှု ဖြစ်ပေါ်အောင် ပိုမို လှုံ့ဆော်ပေးကြောင်းလည်း သိရှိရသည်။

အားဖြည့်အချိုရည်၏ အာနိသင်ကြောင့် နိုးကြားနေသည့်အခါ အရက်ကို ပိုမို၍ များများစားစား သောက်ဖြစ်သွားပြီး ရိုင်းစိုင်းသော အပြုအမူမျိုး ကျူးလွန်မိရန် ဖြစ်နိုင်ခြေလည်း ပိုများလာလေ့ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ Jager Bombသည် လူငယ်များအကြား ရေပန်းစားသည့် ယမကာတစ်မျိုး ဖြစ်သော်လည်း လက်တွေ့တွင်မူ ရှောင်ကြဉ်သင့်သော အတွဲအဖက်မျိုးဟု မစ်ချီဂန်တက္ကသိုလ်၊ လူမှုရေး သုတေသန ဌာနမှ ဒေါက်တာ မီဂန်ပက်ထရစ်က မှတ်ချက်ပြုခဲ့သည်။

"ကောလိပ်ကျောင်းသားလေးတွေ အရက်ပိုစွဲလာတဲ့ အကြောင်းရင်းဟာ အားဖြည့်အချိုရည်တွေနဲ့ ရောစပ်ပြီး သောက်ကြလို့ ဆိုတာကို ကျွန်မတို့ တွေ့ရှိလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလို ရောစပ်တာဟာ အရက်သီးသန့် သောက်တာထက် အဆိပ်အတောက် ပိုများပါတယ်"ဟု ဒေါက်တာမီဂန်က ဆိုသည်။ ပင်ဆယ်လ်ဗေးနီးယား အစိုးရ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျနီဖာမက်စ်သည် အဆိုပါ လေ့လာမှုတွင် ဒေါက်တာမီဂန်နှင့် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်။

လူငယ်ကျောင်းသား (၆၅၂)ဦးကို အခြေခံ လေ့လာခဲ့သော သုတေသန ရလဒ်နှင့် စပ်လျဉ်းပြီး ဒေါက်တာဂျနီဖာက "ဒီလိုအရောအစပ်ဟာ အဆိပ်အတောက် ဖြစ်နိုင်ခြေ ပိုများတဲ့အပြင် အရက်များများ သောက်ဖြစ်အောင်လည်း လှုံ့ဆော်တတ်ပါတယ်။ အားဖြည့်အချိုရည်ရဲ့ အာနိသင်ကြောင့် နိုးကြားနေတဲ့အခါ အရက်ကို ပိုပြီး သောက်လေ့ရှိလာတယ်လေ။ အရက်အဝင်များတဲ့အခါ လူမှုရေး နယ်ပယ်မှာ လက်ခံဖို့ခက်တဲ့ အပြုအမူမျိုးတွေ ပိုလုပ်ဖြစ်လာတယ်"ဟု ရှင်းပြခဲ့သည်။ မကြာသေးမီကလည်း ဂျာမနီနိုင်ငံမှ သုတေသီ တစ်စုသည် အားဖြည့်အချိုရည်များ သောက်သုံးခြင်းကြောင့် နှလုံးခုန်နှုန်းကို နှေးကွေးသွားအောင် ပြောင်းလဲသက်ရောက်စေကြောင်း ဖော်ထုတ် တွေ့ရှိထားခဲ့သည်။
Planet Myanmar Network

ဇနီးဖြစ်သူအား သတ်ဖြတ်၍ ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်ကာ ရေခဲသေတ္တာအတွင်း ထည့်သွင်းခဲ့သည့် အမျိုးသားကို ရဲတပ်ဖွဲ့ဖမ်းဆီး


မွမ်ဘိုင်း ၊ ၅-၁၂-၂၀၁၃

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ တွင် ဇနီးဖြစ်သူကို သတ်ဖြတ်၍ ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်ကာ နေအိမ် အတွင်းရှိ ရေခဲသေတ္တာ အတွင်း ထည့်သွင်း ထားသည့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့ က ဒီဇင်ဘာ ၃ ရက်တွင် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် ဂီရစ်ရှ်ကို့တ် အမည်ရှိ အဆိုပါ အမျိုးသား သည် ၄င်း၏ ဇနီးဖြစ်သူ မာဒူဝမ်တီ ကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အား သုံးပိုင်း ဖြတ်တောက်ကာ နှစ်ပိုင်းကို ပလတ်စတစ် အိတ်နှင့် ပတ်၍ ရေခဲသေတ္တာ အတွင်း ထည့်သွင်းခဲ့ပြီး ကျန်တစ်ပိုင်း ကို မွမ်ဘိုင်းမြို့ ဆင်ခြေဖုံး ဘာယန်ဒါ အရပ်ရှိ ၄င်းတို့၏ အိပ်ခန်း အတွင်း ထားရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။ ကို့တ်သည် ၄င်း၏ ဇနီးဖြစ်သူကို သတ်ဖြတ် အပြီးတွင် အလောင်း ဖျောက်ဖျက် ပစ်ရန် အတွက် အခြားသူ တစ်ဦးထံ အကူအညီ တောင်းခံခဲ့ရာ ၄င်းက ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့ရာမှ ဒူဝမ်တီ ၏ ရုပ်အလောင်း ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကို့တ်သည် ၄င်း၏ ဘဏ်စာရင်းကို မကြာခဏ ပြောင်းလဲလေ့ ရှိပြီး ၄င်းနှင့် ဇနီးဖြစ်သူ အကြားတွင် ငွေကြေးကိစ္စ နှင့်စပ်လျဉ်း၍ မကြာခဏ စကားများလေ့ ရှိကြောင်း ရဲတပ်ဖွဲ့က ၄င်းတို့၏ စုံစမ်း သိရှိချက် များကို ထပ်လောင်း ပြောကြားခဲ့သည်။ ၄င်းတို့တွင် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးရှိပြီး ယင်း ကလေးငယ်မှာ လက်ရှိတွင် ကို့တ်၏ မိခင်ဖြစ်သူ နှင့်အတူ နေထိုင်လျက်ရှိသည်။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ကို့တ်ကို ရဲတပ်ဖွဲ့က စစ်ဆေးမေး မြန်းလျက်ရှိသည်ဟု သိရသည်။
မြ၀တီ