တာဝန် ယူတတ်သူတို့ရဲ့လေးစား အတုယူ ဖွယ်ရာ


တောင်ကိုရီးယား ဖယ်ရီသင်္ဘောနစ်မြုပ်နေစဉ်၊ ဓာတ်ပုံ- ရိုက်တာ

အွန်လိုင်း ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်တဲ့ အလွန် ၀မ်းနည်းကြေကွဲဖွယ် တောင်ကိုရီးယားက ကူးတို့ သင်္ဘော မှောက်ပြီး ပင်လယ်ထဲ နစ်မြုပ် သွားတဲ့ သတင်းနောက်ဆက်တွဲတွေထဲမှာ အလွန်စိတ်ဝင်စား
လေးစား အတုယူဖွယ်တွေ ဆက်တိုက်ဖြစ်ပေါ် ခဲ့ပါတယ်။


မြန်မာနိုင်ငံအတွက် အထူးခြားဆုံး သတင်းဖြစ်မယ်ထင်တာကတော့ လူ အနည်းဆုံး ၃၀၀ ကျော် သေ ဆုံးတာ၊ ဒါမှ မဟုတ် ပျောက်ဆုံးတဲ့ သင်္ဘောမှောက်တဲ့ ကိစ္စ တောင်ကိုးရီးယားအစိုးရရဲ့ တုံ့ပြန်မှု ကို
တောင်ကိုရီးယား နိုင်ငံသား တွေ က အတော်မကျေမနပ်ဖြစ်နေတောတွေ ပေါ်ထွက်ခဲ့ပြီး ၀န်ကြီးချုပ် ဖြစ်တဲ့ မစ္စတာ ချန်ဟွန်ဝွန်း က မနေ့တုန်းက ရာထူးက နုတ်ထွက်တဲ့အကြောင်း နိုင်ငံပိုင် ရုပ်/သံက ပြော သွားပါတယ်။

“အစိုးရအဖွဲ့မှာ ကျနော် ဆက်ရှိနေသေးမယ်ဆိုရင် ကျနော့်ကြောင့် အစိုးရအဖွဲ့ဟာ ၀န်ထုပ်ဝန်ပိုး
ဖြစ်နေမယ်” လို့ သူက ရဲရဲ ရင့်ရင့် ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာလည်း သမ္မတဆီကို သူက နုတ်ထွက်စာတင်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းတွေ က ဖော် ပြကြပါတယ်။

ဧပြီလ ၁၆ ရက်နေ့က တောင်ကိုရီးယား ကျောင်းသားတွေနဲ့ ဆရာတွေ ရာနဲ့ချီတင်ဆောင်သွားတဲ့ တန်ချိန် ၇ ထောင် လောက်ရှိတဲ့ ကူးတို့ သင်္ဘောဟာ အပန်းဖြေစခန်းတွေနဲ့ နာမည်ကြီးပြီး အလွန်လှပတဲ့ ဂျီဂျူးကျွန်း ကို သွားနေခိုက် တိမ်းမှောက်ပြီး ၂ နာရီ အကြာ နစ်မြုပ်သွားလို့ သင်္ဘောပေါ် လူပေါင်း ၃၀၀ လောက် ပါ သွားခဲ့ရပါတယ်။

သင်္ဘောနစ်မြုပ်နေချိန်မှာလည်း ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ တောင်ကိုရီးယား ကယ်ဆယ်ရေးအဖွဲ့တွေက အားသွန်ခွန် စိုက် ကြိုးစားကယ်ဆယ်ခဲ့ကြပါတယ်။ အခုထိလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ မပြီးသေး ဘူး လို့ ပြောရမှာပါ။

ဒါကြောင့် တောင်ကိုရီးယား ၀န်ကြီးချုပ် ချန်ဟွန်ဝန်းဟာ ကျောင်းသားအများစု သေဆုံး ( ပျောက်ဆုံး) ခဲ့ရတဲ့အဖြစ် ဆိုး အပေါ် အတော်စိတ်မကောင်းဖြစ်စွာနဲ့ အခင်းဖြစ်ကတည်းက အကြီးအကဲတဦးအနေနဲ့ ရာထူးကနုတ်ထွက်ချင်ခဲ့ တဲ့အကြောင်းလည်း ပြောပြီး တဖက်က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင် မှုတွေကိုလည်း ရာထူးက နုတ်ထွက် ခွင့် မရမီ လုပ်ဆောင်သွားချင်တယ်လို့လည်း ပြောပါတယ်။

တာဝန်ယူမှုရှိတတ်တဲ့ တောင်ကိုရီးယား ၀န်ကြီးချုပ်ရဲ့ လေးစားဖွယ်ရာပါ။ ( မြန်မာနိုင်ငံမှာ ဒါမျိုး အိပ်မက် ပင် မမက်နိုင်သေးပါ)

တောင်ကိုရီးယားသမ္မတကတော့ ကယ်ဆယ်ရေး ကိစ္စတွေ မပြီးသတ်သေးတဲ့အတွက် သူ့ရဲ့ နုတ်ထွက်စာ ကို လက်ခံခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

 ဧပြီလ ၁၈ ရက်နေ့က သစ်ပင်တပင်မှာ သင်္ဘောပေါ် ကျောင်းသားတွေနဲ့ အတူ ပါသွားခဲ့ပြီး ကယ်ဆယ်ခံ ခဲ့ရတဲ့ ဒုတိယကျောင်းအုပ်ကြီးရဲ သူ့ကိုယ်သူ ခါးပတ်နဲ့ ဇွဲကြိုးချ သတ်သေထားတဲ့ အလောင်း ကို ရဲတွေ က တွေ့ခဲ့ရပါတယ်တဲ့။

တိမ်းမှောက်နစ်မြုပ်သွားတဲ့ သင်္ဘောပေါ် စီးနင်းလိုက်ပါသွားကြတဲ့ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေနဲ့ အတူ မိမိကိုယ် သေကြောင်း ကြံသွားတဲ့ ဒုတိယ ကျောင်းအုပ်ကြီး မစ္စတာ ခန်မင်ဂျူ လည်း အပါအ၀င်ပါဘဲ။

တကယ်တော့ သူဟာ သင်္ဘော နစ်မြုပ်နေစဉ်မှာ အခြား ကျောင်းသား၊ ကျောင်းသူတွေနဲ့ အတူ ပိတ် မိနေ ခဲ့ချိန် ကယ်ဆယ်ရေး အဖွဲ့တွေက သူနဲ့ အခြား ကျောင်းသား ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့လို့ အသက်ရှင် ခဲ့ သူ လည်းဖြစ်ပါတယ်။

 သူဟာ မသေဆုံးခင်က သင်္ဘောနစ်မြုပ်ချိန်က အခြေအနေတွေနဲ့ပတ်သက်ပြီး သူ့မိတ်ဆွေတွေကို သတင်း ပို့ပေးခဲ့ပါသေးတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။

ဒါပေမယ့် သူဟာ ကယ်ဆယ်ခံခဲ့ရလို့ အသက်ရှင်ခွင့် ရခဲ့ပေမယ့် အခုလို သူ့ကိုယ်သူ အဆုံး စီရင်သွား တာကတော့ သူ့ ကျောင်း သားတွေသေဆုံးသွားရတာအပေါ် အလွန်ဝမ်းနည်းလို့ဖြစ်ပါတယ်တဲ့။

သင်္ဘောပေါ် ပါသွားပြီး သေဆုံး ( ပျောက်ဆုံး) သွားရတဲ့ သူ့ကျောင်းသားတွေအတွက် အတော်ကြေကွဲ ခံစားရတဲ့ အကြောင်း ရေးသား ထားတဲ့ စာကိုလည်း သူ့ရဲ့ ပိုက်ဆံအိတ်ထဲက မှတ်တမ်းတခု မှာ ရေး ထားခဲ့တာကို ရဲတွေက တွေ့ခဲ့ရတယ်။

ဒီအပြင် ကျောင်းသား ကျောင်းသူတွေနဲ့ သင်္ဘောဝန်ထမ်းတွေထဲက ခေါင်းဆောင် စိတ်ဓာတ်ရှိသူတွေ ကလည်း ကျောင်းသားငယ်တွေကို အသက်ကယ် အ၀တ် ရရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အသက်ပေးပြီး လုပ်ဆောင် သွားတာတွေလည်း သတင်းတွေမှာ ဖတ်ရတယ်။

တာဝန်မဲ့တယ်လို့ ယူဆခံထားရတဲ့ အသက်ရှင်ပြီး လွတ်မြောက်လာတဲ့ သင်္ဘော ကပ္ပတိန်နဲ့ ၀န်ထမ်း တချို့ကိုတော့ အစိုးရက အရေးယူထားပါပြီ။

ဒီမှာ အဓိက သတိထားမိလိုက်တာက တောင်ကိုးရီးယားခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်နဲ့ တာဝန်ယူမှု ပါဘဲ။ ဒီလို စိတ်ဓာတ်နဲ့ တာဝန်ယူမှုတွေကပဲ တောင်ကိုရီးယားကို အခုလို ခေတ်မီ ဖွံ့ဖြိုးတိုးတက် တဲ့
နိုင်ငံကြီးအဖြစ် မောင်းနှင် နေတာလားဆိုတာ လေးစားအတုယူဖွယ် ဖြစ်ရပါတယ်။

လင်းသန့်
Irrawaddy

အိုဘားမား၏ ရှင်းလင်းပြောကြားချက် အပြည့်အစုံ (မူရင်း)


သမတ အိုဘားမား မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ခန်းမတွင် အာဆီယံ လူငယ်ခေါင်းဆောင်များကို မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ – Reuters)

 “အခုဆိုရင် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီး ဖိနှိပ်ခဲ့တဲ့အစိုးရကနေ အသွင်ကူးပြောင်းနေပြီ ဖြစ် ပါတယ်။ မြန်မာနိုင်ငံဟာ အရာအားလုံးကို ဖွင့်လှစ်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံကို ပို၍ပို၍ ဒီမိုကရက်တစ်နိုင်ငံဖြစ်အောင် ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံဟာ လွန်စွာမှပင် ရဲရင့်လှတဲ့ လုပ်ငန်းစဉ်ကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။”


“ဒါပေမယ့်လည်း ဒီမိုကရေစီဖော်ဆောင်ရေးရဲ့ အန္တရာယ်ဟာ အခုအခါမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မတူညီတဲ့ လူမျိုးစုတွေ၊ မတူညီတဲ့ကိုးကွယ်မှုတွေအတွင်းမှာပဲ ရှိနေပါတယ်။ တရားမျှတမှု၊ တရား ဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ ဒါတွေကို စုစည်းတည်ဆောက်ထားတဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ဘာသာရေး အမှတ်သရုပ်တွေကို နိုင်ငံရေးသွတ်သွင်းမယ်၊ ဒါမှမဟုတ် လူမျိုးရေးအမှတ်သရုပ်တွေ ကို နိုင်ငံရေးသွတ် သွင်းကြမယ် ဆိုရင် မြန်မာနိုင်ငံကို လမ်းကြောင်းအမှားပေါ် ဆွဲချသွားစေနိုင်တဲ့ ပဋိပက္ခတွေကို ကျွန်တော် တို့ စမြင်နေရပါပြီ။”

 “ဒါဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲ မဟုတ်ပါဘူး။ ဒီ မလေးရှားနိုင်ငံဟာဆိုရင် မူဆလင် လူများစု နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူဆလင် မဟုတ်တဲ့သူတွေ ခွဲခြားခံနေရတာတွေ၊ မူဆလင်မဟုတ်သူတွေကို ရန်ပြုခြင်း ခံခဲ့ရတာတွေ ရှိနေပါတယ်။”

 “ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် သမိုင်းနဲ့ချီတဲ့ လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပြည်တွင်းစစ်ပွဲကြီး ဆင်နွှဲခဲ့ရပါတယ်။ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွေ ဆင်နွှဲခဲ့ရပါတယ်။အာဖရိကန်နွယ်ဖွားသမ္မတတစ်ယောက် အဖြစ် ခင်ဗျားတို့ရှေ့မှာ ရပ်လာနိုင်တဲ့ ယနေ့ အထိ မျိုးဆက် အဆက်ဆက် တိုက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီအလုပ်က မပြီးသေးပါဘူး။ အမေရိကန်ပြည်ထောင်စုမှာကိုပဲ ခွဲခြားဆက်ဆံမှုတွေ၊ မမျှတမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ ရှိနေတုန်းပါပဲ။ ဒါတွေကို ကျွန်တော်တို့ တိုက်ဖျက်နေရတုန်းပါပဲ။”

အထက်ပါ ပြောကြားချက်မှာ အမေရိကန်သမ္မတအိုဘားမား၏ မလေးရှားရောက်ရှိစဉ် Town Hall Meeting ၌ အာဆီယံလူငယ်များနှင့်တွေ့ဆုံရာတွင် အမေးအဖြေကဏ္ဍ၌ ရှင်းလင်းပြောကြားချက် ဖြစ်သည်

ပြောကြားချက်တစ်ခုလုံးကို လေ့လာကြည့်လျှင် ပဋိပက္ခများကို ခြုံငုံ၍ နှိုင်းယှဉ်သုံးသပ် ပြောကြား သွားခြင်း ဖြစ်ကြောင်း တွေ့ရှိရသလို မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်သူများ လက်မခံသော လူမျိုး အမည်ကို ထည့်သွင်းပြောကြားသွားခြင်း မရှိသည်ကိုလည်း တွေ့ရှိရသည်။

အလားတူ အမေရိကန်သမိုင်း၌ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသော ပြည်တွင်းစစ်၊ အသားအရောင် ခွဲခြားရေးပဋိပက္ခ စသည်တို့ကို မျိုးဆက်နှင့်ချီ၍ ဆောင်ရွက်ခဲ့ရပုံကိုလည်း ထည့်သွင်းပြောကြားသွား ခဲ့ကြောင်း တွေ့ရှိရသည်။

[အမေရိကန်သမိုင်းတွင် အသားအရောင် ခွဲခြားမှု မည်မျှ ပြင်းထန်ခဲ့သနည်း ဆိုလျှင် လူမည်းများကို ပစ်မှတ်ထား၍ လူသတ်၊ ဗုံးခွဲ၊ အကြမ်းဖက်တိုက်ခိုက်ခဲ့သော ကေသုံးလုံးဂိုဏ်း၊ ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိပြီးနောက် အသက် ပေးခဲ့ရသော မာတင်လူသာကင်း၊ လူမည်းများမဲပေးခွင့်၊ အမျိုးသမီးများ မဲပေးခွင့် စသည်အားဖြင့် နှစ်ပေါင်းများစွာ ပြင်းထန်လှသော ခွဲခြားဆက်ဆံမှုများ ရှိခဲ့သည်။]

ဘင်္ဂလီပြဿ နာနှင့် ပြည်တွင်းနေဘာသာခြားများ ကိစ္စကိုလည်း အရောရောအထွေးထွေး ရှုမြင်ထားပုံ ရကြောင်းလည်း တွေ့ရှိရသည်။

ထိုသို့ ရောထွးရှုမြင်စေရန်လည်း မီဒီယာများနှင့် တက်ကြွလှုပ်ရှားသူများ၏ အားက ကောင်း လှကြောင်း
တွေ့ရှိနိုင်သည်။

အိုင်ယာလန်တစ်နိုင်ငံတည်းတွင်ပင်လျှင် ပဋိပက္ခ ဖြစ်ပွားခြင်း မရှိသော အခြမ်းမှာ ဖွံ့ဖြိုးတိုးတက်ပြီး ပဋိပက္ခ ဖြစ်ပွားသည့်ဘက်ခြမ်းမှာ နောက်ကျကျန်ရစ်ခဲ့ကြောင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆက်အစပ်ကို ရှင်းလင်း ပြောကြားသွားသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြုံတွေ့လာရသော စိန်ခေါ်မှုများကို ယထာဘူတကျကျ ရှင်းလင်း ပြောကြားသွားခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

သို့သော် လက်ရှိ မီဒီယာအချို့က လိုသည့်အပိုင်းကိုသာ ဆွဲယူကောက်နှုတ်၍ ရေးသားဖော်ပြနေခြင်းသည် မီဒီယာအတတ်ဟု ဆိုနိုင်ပါကြောင်း မူရင်းပြောကြားချက် အပြည့်အစုံအား သိရှိနိုင်ပါရန် ဖော်ပြ လိုက်ရ ပါသည်။

Remarks by President Obama at Young Southeast Asian Leaders Initiative Town Hall

[University of Malaya, Kuala Lumpur, Malaysia]

MS. WOO: Thank you, Mr. President. We now have a question from the social media, which we’ve been collecting over the week.

PRESIDENT OBAMA: Okay.

Q The question comes from our friend from Burma, from Myanmar. And he asks: To Mr. President, what would be your own key words or encouragement for each of us leaders of our next generation while we are cooperating with numerous diversities such as different races, languages, beliefs and cultures not only in Myanmar, but also across ASEAN? Thank you.

PRESIDENT OBAMA: Well, it’s a great question. If you look at the biggest source of conflict and war and hardship around the world, one of the most if not the most important reasons is people treating those who are not like them differently. So in Myanmar right now, they’re going through a transition after decades of repressive government, they’re trying to open things up and make the country more democratic. And that’s a very courageous process that they’re going through.

But the danger, now that they’re democratizing is that there are different ethnic groups and different religions inside of Myanmar, and if people start organizing politically around their religious identity or around their ethnic identity as opposed to organizing around principles of justice and rule of law and democracy, then you can actually start seeing conflicts inside those countries that could move Myanmar in a very bad direction — particularly, if you’ve got a Muslim minority inside of Myanmar right now that the broader population has historically looked down upon and whose rights are not fully being protected.

Now, that’s not unique to Myanmar. Here in Malaysia, this is a majority Muslim country. But then, there are times where those who are non-Muslims find themselves perhaps being disadvantaged or experiencing hostility. In the United States, obviously historically the biggest conflicts arose around race. And we had to fight a civil war and we had to have a civil rights movement over the course of generations until I could stand before you as a President of African descent. (Applause.)

But of course, the job is not done. There is still discrimination and prejudice and ethnic conflict inside the United States that we have to be vigilant against.

So my point is all of us have within us biases and prejudices of people who are not like us or were not raised in the same faith or come from a different ethnic background. But the world is shrinking. It’s getting smaller. You could think that way when we were all living separately in villages and tribes, and we didn’t have contact with each other. We now have the Internet and smart phones, and our cultures are all colliding. The world has gotten smaller and no country is going to succeed if part of its population is put on the sidelines because they’re discriminated against.

Malaysia won’t succeed if non-Muslims don’t have opportunity. (Applause.)

Myanmar won’t succeed if the Muslim population is oppressed. No society is going to succeed if half your population — meaning women — aren’t getting the same education and employment opportunities as men.

(Applause.)

So I think the key point for all of you, especially as young people, is you should embrace your culture. You should be proud of who you are and your background. And you should appreciate the differences in language and food. And how you worship God is going to be different, and those are things that you should be proud of. But it shouldn’t be a tool to look down on somebody else. It shouldn’t be a reason to discriminate.

And you have to make sure that you are speaking out against that in your daily life, and as you emerge as leaders you should be on the side of politics that brings people together rather than drives them apart. (Applause.)

That is the most important thing for this generation. And part of the way to do that is to be able to stand in other people’s shoes, see through their eyes. Almost every religion has within it the basic principle that I, as a Christian, understand from the teachings of Jesus. Do unto others as you would have them do unto you. Treat people the way you want to be treated. And if you’re not doing that and if society is not respecting that basic principle, then we’re going backwards instead of going forward.

And this is true all around the world. And sometimes, it’s among groups that those of us on the outside, we look — they look exactly the same. In Northern Ireland, there has been a raging conflict — although they have finally come to arrive at peace — because half or a portion of the population is Catholic, a portion is Protestant. From the outside, you look — why are they arguing? They’re both Irish. They speak the same language. It seems as if they’d have nothing to argue about. But that’s been a part of Ireland that has been held back and is poor and less developed than the part of Ireland that didn’t have that conflict.

In Africa, you go to countries — my father’s country of Kenya, where oftentimes you’ve seen tribal conflicts from the outside you’d think, what are they arguing about? This is a country that has huge potential. They should be growing, but instead they spend all their time arguing and organizing politically only around tribe and around ethnicity. And then, when one gets on top, they’re suspicious and they’re worried that the other might take advantage of them. And when power shifts, then it’s payback. And we see that in society after society. The most important thing young people can do is break out of that mindset.

When I was in Korea, I had a chance to — or in Tokyo rather — I had a chance to see an exhibit with an astronaut, a Japanese astronaut who was at the International Space Station and it was looking at the entire globe and they’re tracking now changing weather patterns in part because it gives us the ability to respond to disasters quicker. And when you see astronauts from Japan or from the United States or from Russia or others working together, and they’re looking down at this planet from a distance you realize we’re all on this little rock in the middle of space and the differences that seem so important to us from a distance dissolve into nothing.

And so, we have to have that same perspective — respecting everybody, treating everybody equally under the law. That has to be a principle that all of you uphold. Great question. (Applause.) Let me call on the — I’m going to go boy, girl, boy, girl so that everybody gets a fair chance. Let’s see, hold on. This gentleman right here, right there with the glasses. (Applause.) There you go.

 [Source : http://www.whitehouse.gov/the-press-office/2014/04/27/remarks-president-obama-young-southeast-asian-leaders-initiative-town-ha]

Irrawaddy

သင့်ကလေးကို ကလိထိုးပေးခြင်းဖြင့် စကားသင်ယူဖို့ ကူညီပေးနိုင်


အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေးရာ ရောက်ပါတယ်။

ကလေးထိန်းသူရဲ့ အထိအတွေ့နဲ့ ဆက်တိုက်စကားပြောဆိုမှုထဲကနေ စကားလုံးတွေကို ရှာတွေ့ဖို့ ကူညီပေးနိုင်တယ်လို့ Purdue တက္ကသိုလ်ရဲ့ သုတေသနသစ်က သက်သေပြလိုက်ပါတယ်။

“ကလေးငယ်တွေဟာ သူတို့ကြားလိုက်တာနဲ့ သူတို့ ဆက်စပ်မှုရှိတယ်ဆိုရင် ထိတွေ့မှုတွေ ပြုလုပ်တတ်တယ်ဆိုတာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါ့ကြောင့်လဲ သူ့တို့ရဲ့ စကားသင်ယူမှုကို အထိအတွေ့တွေက သက်ရောက်မှုရှိစေတာပါ။” လို့ သုတေသနရပ်ကို ဦးဆောင်ခဲ့သူ စကားအတတ်ပညာ၊ အကြား နဲ့ ဘာသာစကား တွဲဖက်ပါမောက္ခ Amada Seidl က ပြောခဲ့ပါတယ်။

Ref:dailymail.co.uk

Trent Myanmar

မြေနီကုန်းခုံးကျော်တံတား ကျပ် ၁၆ ဘီလီယံကျော် အသုံးပြုရန်စီစဉ်



Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၆

မင်းဟိန်းထက် ၊ ရန်ကုန်၊ ဧပြီ ၂၅

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ် ရန်ကုန်တိုင်းဒေသကြီး၏ အထူးစီမံကိန်း လုပ်ငန်းအဖြစ် မြေနီကုန်းခုံးကျော်တံတား ကို ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလီယံအ သုံးပြုကာတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွား ရေးဝန်ကြီး ဦးသန်းမြင့်ကပြောသည်။

ဧပြီ ၂၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမ အကြိမ် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''မြေနီကုန်းလမ်းဆုံမှာ ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေလို့ ခုံးကျော် တံတား တည်ဆောက်ရန် ရည်မှန်းထားပါ တယ်''ဟု ဝန်ကြီးဦးသန်းမြင့်က ပြောသည်။

အဆိုပါ မြေနီကုန်းခုံးကျော်တံ တားအပြင် ဘုရင့်နောင်တံတားစီမံကိန်း(၂) ကို ယခုနှစ်အတွင်း အပြီးသတ်တည်ဆောက် သွားမည်ဟု ယင်းက ဆက်ပြောသည်။

ထို့ပြင် ဒေါပုံနှင့် သင်္ဃန်းကျွန်း မြို့နယ်ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်း ကူးတံတားတည်ဆောက်ရန် ငွေကျပ် ၉ ဒသမ ၂၈၂ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

''ဒီကိစ္စကို တိုင်းဒေသကြီးက စီ စဉ်နေတာပါ။ စည်ပင်ကိုပြောထားတာ မရှိ သေးပါဘူး။ ဆောက်ဖြစ်မယ်ဆိုရင် ပြည် လမ်းပေါ်မှာပဲ ဆောက်သွားမှာပါ''ဟု ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မ တီ လမ်းနှင့်တံတား(အင်ဂျင်နီယာ)ဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။

အဆိုပါ မြေနီကုန်း ခုံးကျော်တံ တား တည်ဆောက်မည်ဆိုပါက ခုံးကျော် တံတား တည်ဆောက်ဆဲကာလတွင် မြေနီ ကုန်းအနီးတစ်ဝိုက် ယခုထက် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အငှား ယာဉ်မောင်းနှင်သူတစ်ဦးက ဆိုသည်။

''လှည်းတန်းတံတား ကျော်လာ တာနဲ့ ဟံသာဝတီအဝိုင်းမတိုင်မီကတည်း က ပိတ်နေပြီ။ မြေနီကုန်းရောက်ဖို့ကို ၁၅ မိနစ်လောက် စောင့်ရတယ်။ မြေနီကုန်းမှာ တံတားစဆောက်ရင် ပြည်လမ်းကြီးလဲပိတ် ရွှေဂုံတိုင်ဘက်နဲ့ ဗားဂရာတစ်ကြောပါ ပိတ် ကုန်မှာ''ဟု ယင်းက ဆက်ပြောသည်။

Yangon Media Group

အကောင်းဆုံးယတြာ



၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာ
အ ကောင်းဆုံးယတြာ

၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ
အန္တရာယ်ကင်းဖို့ အတွက် အ ကောင်းဆုံးယတြာ

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ
အ ကောင်းဆုံးယတြာ

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာ အ ကောင်းဆုံးယတြာ

၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးအောင်ကံ ကံရဲ့
အကျိုးကိုလက်ခံနိုင်အောင် ကြိုးစားတာ အ ကောင်းဆုံးယတြာ

၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ
ကြီးပွားရာ ကြီးပွားကြောင်း အတွက် အ ကောင်းဆုံးယတြာ

၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ
အသိအလိမ္မာတိုး တက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကိုအထူးတလည်
ဆည်းကပ်ကိုးကွယ်တာသည် ကံကောင်းတွေ
ရောက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၉။ တစ်စုံတစ် ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင်
တစ်ဦးအဖြစ် မ မေ့အပ်တာ အ ကောင်းဆုံးယတြာ

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး
တာဝန်ကျေပွန်စွာ လုပ်တာ အ ကောင်းဆုံးယတြာ

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့
ဆိုဆုံးမမှုကို လိုက်နာတာ အ ကောင်းဆုံးယတြာ

၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမ တောင့်တ မလိုချင် တာ
စိတ် ချမ်း သာစေဖို့အတွက် အ ကောင်းဆုံးယတြာ

၁၃။ တတ်နိုင် သ လောက်စုဆောင်းသွားတာဟာ
အနာဂတ်ခရီးအတွက် အ ကောင်းဆုံးယတြာ

၁၄။ ဘဝအ ရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကို
ကြံ့ကြံ့ခံနိုင် အောင်သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်အ ကောင်းဆုံးယတြာ

၁၅။ စီးပွားဖြစ်တဲ့အခါအောက်ခြေမလွတ်အောင်
သတိတရားနဲ့နေထိုင် တာ အ ကောင်းဆုံးယတြာ

၁၆။ ငယ်စဉ်အခါ ပညာသင် ချိန်မှာပညာတတ်ရေးတစ်ခုတည်းကို
ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ
နောင် ရေးအတွက် အ ကောင်းဆုံး ယတြာ

၁၇။ အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့တန်းတင်ပြီး
အမိအရဆုပ်ကိုင် လိုက်ခြင်းဟာအောင်မြင်ကြီးပွားဖို့အတွက်
အ ကောင်းဆုံးယတြာ

၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာမ ပြောတာ နောင်
မှနောင် တ ရ တယ်ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့
အတွက်အ ကောင်းဆုံးယတြာ

၁၉။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီး
အရမ်းမဲ့မသုံးစွဲတာဟာနောင် စိတ်ဆင်းရဲစရာ
မကြုံဖို့အတွက်အ ကောင်းဆုံးယတြာ

၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ
နောင် အခါပြဿနာအရှုပ်အရှင်းနဲ့ ရင်
မဆိုင်ရဖို့အတွက်အ ကောင်းဆုံးယတြာ

၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတကြည့်တာ စဉ်းစားတာ
လုပ်ကိုင် တာသည်ရေရှည်လက်တွဲဖို့အတွက်အ ကောင်းဆုံးယတြာ

၂၂။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာအသက် ရှည်ဖို့အတွက်
အ ကောင်း ဆုံးယတြာ

၂၃။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှဝေဖန်သုံးသပ်တာဟာ
ရှေ့လျှောက်ရမယ့်ဘဝခရီးမှာပန်းခင်းလမ်းဖြစ်ဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၄။ ဒေါသကိုအပြင် မထွက်အောင်ထိန်းနိုင် တာဟာ
အစစအရာရာ ပြဿနာနည်းပါးစေဖို့အတွက်အ ကောင်းဆုံးယတြာ

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကိုဆင်ခြင်
သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာ ရှေ့ခရီး ချောမောဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲမပူဆွေး အနာဂတ်အ ရေးကိုလှမ်း
မျှော်ပြီးလည်းမပူပန် ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီးလုပ်သင့်လုပ်
ထိုက်တာတွေကိုလုပ်ကိုင် သွားတာဟာတိုးတက်ဖို့အတွက်အ ကောင်း
ဆုံးယတြာ

၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကိုဆက်ခြင်းဟာ
အ ကောင်းဆုံးယတြာ

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အပျော်အပါး လိုက်စားမှု
မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင် ရှားတာဟာ
အသက် ရှည် ကျန်းမာစေ ဖို့အတွက်အ ကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်က လေးတွေနဲ့အညီကျင့်ကြံနေထိုင်
သွားကြမယ်ဆိုရင်တော့ယတြာဆိုတာအထူးချေစရာမလိုပါဘူး
လို့ပြောချင် ပါတယ် သူငယ်ချင်းတို့

ဒါ့ကြောင့်—-

”အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့”

ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ

မှတ်တိုင်၌ ခရီးသည်များနှင့် ယာဉ်နောက်လိုက်တို့ စကားများစဉ် ယာဉ်နောက်လိုက်များမှ ရိုက်နှက်ခဲ့သဖြင့် ခရီးသည်များဒဏ်ရာရ





ရန်ကုန်၊ ဧပြီ ၂၈

၂၇.၄.၂၀၁၄ရက်နေ့ ၂၀၃၀အချိန်တွင် ရွှေပြည်သာမြို့နယ်နေ ဇေယျာမျိုး (၃၂)နှစ်မှ ၎င်းသည် သူငယ်ချင်းများဖြစ်ကြသော မျိုးမြင့်ကျော်၊ မင်းသက်ပိုင်
တို့နှင့်အတူ ရေခဲမုန့်ရောင်းပြီး နေအိမ်သို့ပြန်ရန်အတွက် အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ ဆင်မင်းဈေးကားမှတ်တိုင်တွင် ဘတ်စ်ကားစောင့်နေစဉ် ယာဉ် အမှတ် ၅ဂ/---၊ အဓိပတိအပြာရောင်ခရီးသည်တင်ယာဉ်မှာ မှတ်တိုင်
သို့ရောက်ရှိလာခဲ့ကြောင်း၊ မျိုးမြင့်ကျော်မှ ကားဘယ်အထိရောက်လဲဟု
မေးရာမှစတင်ကာ ယာဉ်နောက်လိုက်နှင့်စကားများခဲ့ကြောင်း၊ ထိုသို့စကား
များစဉ် ယာဉ်နောက်လိုက်(၃)ဦး(စုံစမ်းဆဲ)တို့မှ မင်းဘာကောင်လဲဟု
ပြောဆိုကာ ယာဉ်ပေါ်မှ တုတ်များဖြင့်ရိုက်ခဲ့သဖြင့် မျိုးမြင့်ကျော်တွင် ၀ဲ၊ ယာ
ချိုစောင်းတို့၌ (၂)လက်မခန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်စီ၊ ၀ဲနဖူးနှင့် ၀ဲမျက်ခမ်း
တို့တွင်ပွန်းပဲ့ဒဏ်ရာနှင့် မင်းသက်ပိုင်တွင် နဖူးထိပ်၌(၂)လက်မခန့်ပေါက်ပြဲ
ဒဏ်ရာ(၁)ချက်၊ ၀ဲတံတောင်နှင့် ယာရင်အုံတွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသ
ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ဒဏ်ရာများရရှိအောင်ပြုလုပ်သူ အဓိပတိ အပြာရောင်ခရီးသည်တင်ယာဉ်၏ ယာဉ်နောက်လိုက်(၃)ဦးအား အရေးယူ
ပေးပါရန် တိုင်တန်းလာပါသည်။

တိုင်တန်းချက်အရ အလုံမြို့မရဲစခန်း(ပ)၉၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၉၄/၃၂၅/
၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ ယာဉ်နောက်လိုက်များကို ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပျိုတိုင်းကြိုက်သော အမျိုးသားတို့ ပုံစံ



How to be a guy every girl wants အမည်နဲ့ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတဲ့ ဆောင်းပါးထဲမှ အချက်အချို့ ကို အခြေခံလို့ ဆီလျော်သလို ပြန်လည်ရေးသား မျှဝေခြင်း ဖြစ်ပါတယ်။

1. Be Confident

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်လို့ ပြောပါတယ်။ မိန်းကလေး တို့ လိုချင်တာဟာ အရာရာ ပြီးပြည့်စုံနေတဲ့ သူမဟုတ်ပါဘူး။ (ထင်တာပဲ :D) ယုံကြည်ချက် အပြည့်အဝနဲ့ ရိုးသားကြိုးစားနေသူများ ဖြစ် ပါတယ်။ ပြိုင်ကား မစီးနိုင်ပေမယ့် ဘတ်စ်ကားမှာ သက်ကြီး ကို နေရာပေးတာမျိုး၊ အခြားဘယ်သူတွေနဲ့ပဲ ယှဉ်ယှဉ် ရင်ကော့ ခေါင်းမော့လို့ တန်းတူ ပြောဆို ဆက်ဆံ လုပ်ကိုင်နေသူမျိုး တို့ ဖြစ်ပါတယ်။ သူဌေးမို့ကြောက်သူ၊ ဆင်းရဲသူမို့ နိမ်ချင်သူမျိုး မဟုတ်ဘူးနော်။ အားလုံးကို သတ္တိရှိရှိ ပြောဆို ရင်ဆိုင်နိုင်သူမျိုး ဖြစ် ပါတယ်။ (စပယ်ယာနဲ့တော့ ရန်မဖြစ်နဲ့ပေါ့။ ရုပ်ပေါက်တယ် :D)

2. Be Patience

ဟုတ်ပါတယ် စိတ်ရှည်ဖို့လိုအပ်ပါတယ်။ Remember, she's only a girl တဲ့။ မိန်းကလေးကို မိန်းကလေးလို့ပဲ မြင်ပါလို့ဆိုပါတယ်။ စကားများ ချင်များမယ်။ အတင်းပြောချင်ပြောမယ်။ ပစိပစပ်နိုင်ချင် နိုင်မယ်။ ဒါကို အရေးတယူလုပ်လို့ အချက်ကျ လိုက်ပြောနေတဲ့ အမျိုးသားမျိုး၊ အချက်ကျ တုန့်ပြန်တတ်တဲ့ အမျိုသားမျိုးတို့ကို အမျိုးသမီးတို့ မကြိုက်ဘူးလို့ ဆိုပါတယ်။

3. Compliment her

Girls love compliments တဲ့။ သူတို့ကို ချီးမွမ်းတာ ကြိုက်တတ်ကြပါတယ်။ ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ သူ့ကို ရုပ်လှတာလေးပဲ ဖြစ်ဖြစ်၊ စကားပြောကောင်းတာလေးပဲ ဖြစ်ဖြစ် ချီးမွမ်းပေးလိုက်လို့ အပန်းမကြီးဘူးလေ။ ဒါဆိုရင်လည်း မိန်းကလေးက ယင်းကောင်လေးကို နှစ်သက်လာမှာပါ။

4. Try out her favourite

အကြိုက်လိုက်သူအောင် ညှိရမယ်လို့ ဆိုလိုပါတယ်။ ဒါကလည်း အများအားဖြင့်တော့ မှန်နိုင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ ကြိုက်တဲ့ အစားအစာ တူတာမျိုး၊ အရောင်ကြိုက်တူတာမျိုး၊ သီချင်းကြိုက် တူတာမျိုး တို့က ကောင်းတယ်လို့ ဆိုပါတယ်။ လွယ်လွယ် စဉ်းစားကြည့်တော့ တီဗီကြည့်တဲ့အခါ ချယ်နယ် တစ်ခုတည်းကိုပဲ နှစ်ယောက်အကြိုက်တူလို့ ကြည့်တာ အကောင်းဆုံးပဲလေ။ အကြိုက်တူပြီဆိုရင်လည်း မိန်းကလေးများ နှစ်သက်တယ်ဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။

5. Be funny

ဒါကတော့ အားလုံး လက်ခံမှာပါ။ မိန်းကလေးများက သူတို့ကို ပျော်အောင်၊ ရယ်နေအောင် လုပ်ပေးတတ်သူကို သဘောကျ နှစ်သက်တာ အမှန်ပါပဲ။ သို့ပေမယ့် ကိုယ့်ကိုယ်ကို လူရွှင်တော်၊ လူပေါကြီးတော့ မဖြစ်မခံနဲ့ပေါ့။ လူပေါဖြစ်နေရင်လည်း အမျိုးသမီး နှစ်သက်သဘောကျဖို့ Chance နည်း ပါတယ်။ ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တယ်ဆိုတာလေး ကို ပြသနိုင်ရင် ရပါပြီ။

6. Share things with her

မျှဝေပါတဲ့။ မုန့်ခေါ်ကျွေးတာမျိုး၊ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းလေး ပေးလိုက်တာမျိုး၊ သူကြိုက်တဲ့ သီချင်းဖွင့်ပေးတာမျိုး၊ ကူး ပေးတာမျိုး၊ စာအုပ်ရှိလည်း ငှားလိုက်တာမျိုး၊ စာရှင်းပြတာမျိုး။ အဲ့လို Share လုပ်ပေးနေတာကိုက အမျိုးသမီးကို နှစ်သက်တာပါ။ (ဘဏ်စာအုပ်ကတော့ နောက်မှ Share ပေါ့. kidding)

7. Tell her things.

မိမိမှာ ရှိတဲ့ လျှို့ ဝှက်ချက်ကိုပြောပြပါ။ လျှို့ ဝှက်ချက်ဆိုလို့ မီးခေတ်သေတ္တာ နံပါတ်တို့ ၊ APM ကဒ် Password တို့ မဟုတ်သေး ဘူးလေ။ အခြားလူတွေ မသိသေးပဲ သူမတစ်ယောက်တည်း ကိုပဲ ပေးသိ ပါတယ်ဆိုတဲ့ အကြောင်းအရာ မျိုးလေးပဲ ပြောဖို့ ပါ။ ပြီးတော့ ဒါကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့ သဘောနဲ့ သူနားလည်အောင်ပြောပြရပါမယ်။ ဒါဆိုရင် မိန်းကလေးက ယင်းကောင်လေးအပေါ် ပိုယုံကြည်လာပြီး "ငါဟာ သူရင်ဖွင့်စရာလူ တစ်ယောက်ပါလား" လို့ ထင်မြင်လို့ ပျော်ကောင်းပျော်ပါလိမ့်မယ်။

8.Listen her things

မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို နှစ်သက်ရင် သူ့အကြောင်းတွေရင်ဖွင့်တတ်ပါတယ်။ မပြောပဲနဲ့တော့ ဇွတ်အတင်း သွားမမေးရဘူးလေ။ ဒါဆိုရင် ပိုလို့တောင် အမြင်ကပ်သွားနိုင်ပါတယ်။ သူရင်ဖွင့်လာရင်လည်း ရင်ဖွင့်သမျှကို ရင်ထဲမှာပဲ သိမ်းထားပါ။ ဘယ်သူမှထုတ်မပြောပါနဲ့။ အဲ့လို ထုတ်မပြော ပါဘူးဆိုတာကိုလည်း သူသိအောင် ကိုယ်က နေပြရမယ်။ စိတ်ဝင်စားပြရမယ်။ ပြန်ပြီးတော့ ဆွေးနွေးပေးရမယ်။ ဒါဆို သူ့အပေါ် နားလည်ပေးနိုင်တဲ့ သူပါလား ဆိုပြီး မိန်းကလေးက ယင်းကောင်လေး အပေါ် ပိုလို့ ယုံကြည်လာစေ ပါတယ်။

9. Be Real

အရေးအကြီးဆုံး အချက်ပါပဲ။ အထက်က ပြောခဲ့တဲ့ အတိုင်း ငါ ဒီလို သွားလုပ်လိုက်မယ်လို့ သွားမလုပ်လိုက်ပါနဲ့။ နေဝင်ပြီး နေထွက်သလို အမှန်တရား ကလည်း ဖုန်းကွယ်လို့ မရဘူးလေ။ သူအထင်ကြီး ပါစေတော့ ဆိုပြီး တစ်ချက်ပြီးတစ်ချက် ဟန်ဆောင်ပြီး ချည်းကပ်ရင်၊ သရုပ်ဆောင်ရင် တစ်နေ့တော့ ပေါ်မှာပဲ။ ပိုလို့တောင် အထင်သေး သွားနိုင်ပါတယ်။ ဒီတော့ ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေး မဟုတ်သူများနဲ့ ပြောဆို ဆက်ဆံတဲ့အခါ Tell her things နဲ့ Try out her favourite ကို ချန်ထားပါ။ ကိုယ့်အကြောင်း ပြောပြတာတို့။ သူ့အကြိုက်လိုက်လျော တာတို့က ကိုယ်ချစ်တဲ့သူဆီမှာပဲ လုပ်သင့်တာလေ။ ဒါကို မိန်းကလေး တိုင်းမှာ လိုက်လုပ်နေရင် အဲ့လူ မရိုးတော့တာ အမှန်ပဲ။ (သတိထားကြနော်)။

အားလုံး ဗဟုသုတတိုးနိုင်ကြပါစေ။ --

Credit-အောင်ခမ်း ( ရိုးရာလေး )


ရဲတိုက် ရဲ့ ဇာတ်ကားတွေ ကို ဈေးနှိမ်ဝယ်ယူ လျက်ရှိနေ




သရုပ်ဆောင် ရဲတိုက်ရဲ့ ဗီဒီယို ဇာတ်ကားတွေကို အတွေးအခေါ် ပါတဲ့အတွက် နားမလည်ဘူး ဆိုပြီး ဈေးနှိမ် ဝယ်ယူနေကြတာမို့ အရှုံးခံကာ ဈေးကွက် အ တွင်း ဖြန့် ချိရောင်း ချနေရကြောင်း ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော်က ဖွင့်ဟပြောပြသည်။

“မင်းသားသစ်ဆိုပြီးတော့ နယ်ဈေးကွက်တွေ ကလည်း ဈေးနှိမ်ပြီးတော့ ဝယ်ကြ တယ်။ ကျွန်တော်တို့ ထုတ်လုပ်ရေး ကလည်း ကိုယ်တင်ပြချင် တာတွေကို ပြတာဖြစ်တဲ့ အတွက် အရှုံးခံ ပြီးတော့ပဲ ဇာတ်ကားတွေ ကို ဖြန့်ခဲ့တယ်။ နယ်ဈေးကွက် မှာလည်း အနှိမ်ခံရတယ်။ ဇာတ်ကားတွေက အတွေးအခေါ် ပါတဲ့ အတွက် နားမလည်ဘူး ဆိုပြီး တော့ ဈေးနှိမ်ပြီး ဝယ် တယ်။ အဲဒီတော့ အရှုံးခံပြီး ရောင်းရတယ်။ ရဲတိုက်လည်း သရုပ်ဆောင် ခ ကောင်းကောင်း မရရှာပါဘူး။ အပြင် ထုတ်လုပ်ရေး နဲ့ ရိုက်မှသာ ပိုက်ဆံလေး ဘာလေးရတယ်။ ရတဲ့ ပိုက်ဆံလေးတွေ ကိုလည်း သူက လှူချင် တန်းချင်၊ ပေးချင် ကမ်းချင်တဲ့ ဆန္ဒကများတော့ တွေ့တဲ့နေရာမှာ တွေ့ သလို လှူဒါန်းတယ်။ တခြား မင်းသားတွေလိုမျိုး ပိုက်ဆံ ကောင်းကောင်း မရပါဘူး။ သူ့ရဲ့နှလုံးသား က နူးညံ့တယ်။ ထိခိုက်ကြေကွဲ လွယ်တယ်။ သူက အဲဒီလို လူမျိုးပါ”လို့ ဦးမျိုးဇော်က ရှင်းပြသည်။

ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေး အနေဖြင့် လက်ရှိအချိန် အထိ သရုပ်ဆောင် ရဲတိုက်နှင့် ဇာတ်ကားပေါင်း ၄၆ ကားအထိ ရိုက်ကူး ပြီးစီးခဲ့ပြီး “နတ္ထိ ဟင်းလင်းပြင်” ဆိုသည့် ဇာတ်ကား ကို ရန်ကုန် ဈေးကွက် အတွင်း ဖြန့်ချိရန် ကျန်ရှိနေကြောင်း၊ ရဲတိုက် အမှုတွေ အားလုံး ရင်ဆိုင်ပြီး နောက်ပိုင်း မှာလည်း ရဲတိုက်နှင့် ပြန်လည် လက်တွဲပြီး ရုပ်ရှင် ဇာတ်ကားကြီးများ ရိုက်ကူး ထုတ် လုပ် သွားမှာဖြစ်ကြောင်း ဆာတိုရီ ထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော် က ပြောပြသည်။

ထက်လူလူ

 Popular Journal

ဘေးမသန်းပဲ အေးချမ်းတဲ့ အလှပိုင်ရှင်ဖြစ်ဖို့ဆိုရင်



28.4.2014

ပူပြင်းလှတဲ့ နွေရာသီမှာ အေးမြတဲ့ အလှပိုင်ရှင်လေးဖြစ်ဖို့ ဘယ်လို ပြင်ဆင်ရမယ်ဆိုတာ ပျိုမေတိုင်း သိရှိလိုကြပါတယ်။ ဟုတ်ပါတယ်။
မြန်မာ့ရေမြေမှာတော့ မြန်မာအမျိုးသမီးလေး တွေ အေးမြတဲ့အလှပိုင်ရှင်လေးဖြစ်ဖို့ဆိုရင် သနပ်ခါးပါးကွက်လေးနဲ့ အလှဆင်နိုင်မှာဖြစ် ပါတယ်။

သနပ်ခါး လိမ်းခြယ်တဲ့နေရာမှာ တချို့တွေက သဘာဝ သနပ်ခါးကို သန့်စင်တဲ့ ရေကျဲကျဲနဲ့ သွေးပြီး လိမ်းခြယ်ကြသလို အချို့တွေကျတော့ လည်း အသင့်လိမ်းခြယ် နိုင်တဲ့ သနပ်ခါးတုံးလေး တွေကို ခပ်ပျစ်ပျစ်လေးလိမ်းခြယ်ကြတယ်။

လှပစေမယ့် သနပ်ခါးပါးကွက်

သနပ်ခါးလိမ်းတဲ့အခါ အချို့တွေက တော့ ရိုးရိုးအသားအရေလှအောင် မျက်နှာ တစ်ပြင်လုံးကို လိမ်းလိုက်ပေမယ့် အလှအပကို စိတ်ဝင်စားတဲ့ ပျိုမေတွေအတွက်တော့ ပါးကွက် လှလှလေးတွေနဲ့ အလှဆင်နိုင်မှာဖြစ်ပါတယ်။

''ကျွန်မငယ်ငယ်တုန်းက ပါးကွက် မျိုးစုံကို အဖေနဲ့အမေက ကွက်ပေးခဲ့ပါတယ်။ မှတ်မိသလောက်ကတော့ သစ်ရွက်ပုံလေးတွေ၊ စက်ဝိုင်းပုံလေးတွေ၊ လေးထောင့်ကွက်၊ အဝိုင်း ကွက်နဲ့ အသည်းပုံကွက်လေးတွေ ကွက်ပေးပါ တယ်''လို့ မန္တလေးမှာနေထိုင်ခဲ့သောအမျိုးသမီး ငယ်လေးတစ်ဦးက ပြောပြသည်။

ပါးကွက်ပုံလေးတွေ ဖော်ကြမယ်

ပါးကွက် လေးထောင့်လေးတွေ၊ အဝိုင်းပုံတွေကိုတော့ လူတိုင်း ပုံဖော်တတ်ကြ ပေမယ့် အသည်းပုံ၊ စက် ဝိုင်းအကွင်းကွင်းပုံ၊ သစ် ရွက်ပုံလေးတွေကို ပုံဖော်အလှဆင်ဖို့ နည်းနည်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။
သစ်ရွက်ပုံသနပ်ခါးပါးကွက်ကို ပုံ ဖော်ချင်ရင်တော့ နည်းလမ်းနှစ်မျိုးရှိပါတယ်။ ပထမနည်းလမ်းက သစ်ရွက်တစ်ရွက်ကို ခူးပြီး သစ်ရွက်ပေါ်မှာ သနပ်ခါးတွေ ဖုံးအုပ်လိုက်ပါ။ သနပ်ခါးဖုံးထားတဲ့ သစ်ရွက်ကို မျက်နှာပေါ်မှာကပ် ပြီး ခွာလိုက်တာနဲ့ သစ်ရွက်ပုံပါး ကွက်လေး ရရှိမှာဖြစ်ပါတယ်။

အချို့တွေကျတော့ လက်နဲ့သစ်ရွက်ပုံဆွဲပြီး တုတ်တံလေး(စုတ်တံလေး)နဲ့ သစ်ရွက် သစ်ခက်တွေကို ရေးဆွဲကြတာမျိုး လည်း ရှိပါတယ်။
အသည်းပုံ သနပ်ခါးပါး ကွက်လေးရရှိဖို့ နှုတ်ခမ်းနီဆိုးဆေး အဖုံးလေးတစ်ခု လိုအပ်ပါတယ်။ အဲဒီအဖုံး လေးကို သနပ်ခါးအနှစ်ရည်တို့ပြီး မျက်နှာ ပြင်ပေါ် အဝိုင်းလေးနှစ်ဝိုင်းဖြစ်အောင်လုပ်လိုက် ပြီး အဝိုင်းရဲ့အောက်ခြေကိုဖျက်ပြီး အသည်းပုံ အောက်ခြေအချွန်ပုံစံလေးကို တုတ်ချောင်း(သို့ မဟုတ်) စုတ်တံနဲ့ရေးဆွဲနိုင်မှာဖြစ်ပါတယ်။

ငယ်ရွယ်တဲ့ မီးမီးလေးတွေအတွက် ကတော့ နှုတ်ခမ်းနီဆိုးဆေး အဖုံးလေးတွေနဲ့ အဝိုင်းအဝိုင်းပါးကွက်ပုံစံလေးတွေ ပြုလုပ်ပေး နိုင်မှာဖြစ်ပါတယ်။

သနပ်ခါးရဲ့အကျိုးကျေးဇူးများ

မြန်မာနိုင်ငံမှာ ပေါက်ရောက်နေတဲ့ သနပ်ခါးပင်တွေရဲ့ အရွက်၊ ပင်စည်၊ အခေါက်၊ အမြစ်တွေမှာ အေးမြပြီး ဆေးဖက်ဝင်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ကြောင်း သိရပါ တယ်။

''သနပ်ခါးဆိုတာ နေလောင်ဒဏ်ကို ကာကွယ်ပေးတယ်။ ကျွန်တော်တို့ထုတ် ထားတဲ့ သနပ်ခါးကတော့ အသားအရေတွန့်တာတွေပါ ကာကွယ်ပေး နိုင်ပါတယ်''ဟု တောင်ကြီးမောက် မယ်သနပ်ခါးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

သနပ်ခါးလိမ်းခြယ်ပါက

(၁) သင်းပျံ့တဲ့ရနံ့ကြောင့် စိတ် ကြည်လင်စေမှာ ဖြစ်ပါတယ်။

(၂) ရေ နဲ့သွေးပြီးလိမ်းခြယ်ရတဲ့အတွက် အေးမြမှုကို ရရှိစေမှာဖြစ်ပါတယ်။

(၃) နေရောင်ခြည်ဒဏ် ကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

(၄) ဝက်ခြံများကို ပျောက်ကင်းစေနိုင်မှာဖြစ်ပါတယ်။

(၅) အသားအရေ ချောမွတ်စိုပြည်စေမှာဖြစ်ပါ တယ်။

(၆) မှိုစွဲနာကိုကင်းစင်စေမှာဖြစ်ပါတယ် လို့ သနပ်ခါးရဲ့လျှို့ဝှက်ချက်အကြောင်းကို သိရ ပါတယ်။

ဆေးဖက်ဝင်တဲ့ မြန်မာ့သနပ်ခါး

သနပ်ခါးမှာ ငန်းမန်းကိုနိုင်စေသလို အပူနာ၊ အအေးနာနှစ်မျိုးစလုံး အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါဆေးမှာ သုံးပြီး အနာကြီးရောဂါသည်များအတွက် သနပ် ခါးရွက်ပြုတ်ကာ ရေချိုးချွေးအောင်းနိုင်ပါတယ်။ ငှက်ဖျားနာအတွက် အရွက်ကို ဆားခတ်သောက် နိုင်ပြီး အမြစ်ကို နနွင်းနဲ့သွေးလိမ်းပါက မီးယပ် ရောဂါသည်များ ပျောက်ကင်းနိုင်တယ်။ ကလေး ငယ်တွေ ချွဲကျပ်ရင် ကွမ်းရွက်စိမ်းရည်နဲ့တိုက် လို့ရတယ်လို့ သိရပါတယ်။

အလှအပအတွက်သာမက ကျန်း မာရေးအတွက်လည်း အထူးအသုံးဝင်တဲ့သနပ် ခါးကို ရှေးမြန်မာဘုရင်များလက်ထက်ကတည်း က အသုံးပြုကြပြီး ယနေ့ခေတ်မှာ အသင့်လိမ်း သနပ်ခါးတုံး၊ သနပ်ခါး အနှစ်၊ အရည်များကို တိုးချဲ့ထုတ်လုပ်လာကြပါတယ်။

ခေတ်မီအသင့်လိမ်းသနပ်ခါးများ

ဓာတုဗေဒလုံးဝမပါတဲ့ သစ်မြစ်သနပ် ခါးတုံးကို လိမ်းခြယ်အလှဆင်ရတာ ကြိုက်နှစ် သက်သူများရှိသလို အသင့်လိမ်းရလွယ်ကူပြီး ကံ့ကော်၊ ရှင်မတောင်၊ စံပယ်၊ ခရေ၊ သံပရာ စတဲ့ရနံ့ပါဝင်တဲ့ အသင့်သုံးသနပ်ခါးခဲများကို သုံးစွဲသူများစွာရှိကြပါတယ်။

ယင်းသနပ်ခါးဘူးများကို ဈေးနှုန်း ကျပ် ၁၅ဝဝကျော်၊ ၂ဝဝဝနီးပါးဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် ဈေး ကွက်အတွင်းမှာတော့ တောင်ကြီးမောက် မယ်၊ ရွှေပြည်နန်းနှင့် ရွှေဘိုမင်းသမီး သနပ်ခါးများကို လိမ်းခြယ်သူများပြား လှပါတယ်။

သို့ဖြစ်၍ မြန်မာ့ပျိုမေတွေအနေ နဲ့ မြင်သူတိုင်း ရင်မှာ အေးချမ်း တဲ့ အလှတရားများကို ပိုင်ဆိုင် နိုင်ကြစေဖို့ ယခုတစ်ပတ်အလှအပ ရေးရာ လမ်းညွှန်ကဏ္ဍမှလေ့လာ ဖော်ပြပေးလိုက်ပါတယ်။ ။

Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၆



ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု (အပိုင်း -၁ )




Angel on 2014-04-28 15:05    
လူသားတွေနဲ့ တိရစ္ဆာန်တွေ ကွာခြားတဲ့အဓိကအချက်ကတော့ လူသားတွေဟာ တီထွင်ဖန်တီးဥာဏ်ပိုမို မြင့်မားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့ သဘာဝလောကကြီးမှာ ကျွန်တော်တို့ လူသားတွေဟာ တီထွင်ဖန်တီးမှု၊စဉ်းစားဆင်ခြင်ဥာဏ်ရှိမှုတို့ နဲ့ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီး ဒီကမ္ဘာကြီးကို ကြီးစိုးနိုင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း လေးထောင့်ငါးရာ လောက်ကစတင် ဖြစ်တည်လာခဲ့ပြီး Homo Sapiens လို့ ခေါ်တဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းကျော် ၀န်းကျင်ကမှ စတင်ပြောင်းလဲဖြစ်တည်လာတယ်လို့ သိပ္ပံပညာရှင်တွေက ခန့် မှန်းထားပါတယ်။

လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု ကို ကြည့်ကြည့်ရအောင်။

၁၀။ ဘီး

ဘီစီ ၃၅၀၀ ခန့် မှာ ဘီး တွေကို စတင်မတီထွင်နိုင်သေးခင်က လူသားတွေဟာ ကုန်းလမ်းခရီးသယ်ယူ ပို့  ဆောင်ရေးမှာ ဘယ်လောက်ဝေးဝေး၊ ဘယ်လောက်များများ သယ်နိုင်သလဲဆိုတဲ့အပေါ် ဆိုးရွားစွာ  ကန့်  သတ်ခံထားရပါတယ်။ တစ်နည်းပြောရရင် ကုန်ပစ္စည်းအနည်းငယ်နဲ့ ခရီးတို လောက်ကိုပဲ လူသားတွေ သွားနိုင်ခဲ့ပါတယ်။ ဘီး တွေကို စတင်တီထွင်တွေ့ ရှိပြီးနောက်မှာတော့ ပိုမိုမြန်ဆန်တဲ့ သယ်ယူပို့ ဆောင်ရေး သာမက စိုက်ပျိုးရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ တစ်ရှိန်ထိုးတိုးတက်ခဲ့ပါတယ်။ ဝေးကွာလှတဲ့ ခရီးတွေကို လူအများ ပိုမိုမြန်ဆန်သက်သာစွာနဲ့ ရောက်ဖို့ အကောင်းဆုံးအထောက်အကူပြုခဲ့ပါတယ်။ ဒီဘက်ခေတ်အထိ ဘီး တွေဟာ ကျွန်တော်တို့ လူနေမှုပုံစံရဲ့ မရှိမဖြစ်အရေးအကြီးဆုံးအရာတစ်ခုအဖြစ် ရှိနေဆဲပါပဲ။


၉။ သံရိုက်ခြင်း

သံရိုက်တဲ့နည်းပညာသာ မရှိခဲ့ရင် လူ့ ယဉ်ကျေးမှုအဖွဲ့ အစည်းကြီး တစ်ခုလုံး ဖြစ်ပေါ်လာစရာမရှိပါဘူး။ ဒီ အဓိက ကျတဲ့ တီထွင်မှုကို နောက်ကြောင်းပြန်ကောက်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်၊ ရှေး ရောမခေတ်လောက်ကလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဖြစ်နိုင်တာကတော့ သံသတ္တုပစ္စည်းတွေကို ဖြတ်တောက်ပုံသွင်းတဲ့ အတတ်ပညာကိုတွေ့ ရှိပြီးမှ သံရိုက်ခြင်းနည်းပညာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ သစ်သားချောင်းတွေကို တစ်ခုနဲ့ တစ်ခု ခက်ခက်ခဲခဲ ဂျီသြမေတြီကျကျ တွဲဆက်ပြီးမှ ဆောက်လုပ်ခဲ့ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ မြန်ဆန်ထိရောက်မှုကို သံရိုက်ခြင်းနည်းပညာက အကောင်းဆုံး အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။

၈။ သံလိုက်အိမ်မြှောင်

ရှေးခေတ်ရေကြောင်းသွားလာသူတွေဟာ ကြယ်တွေကို အမှတ်အသားပြုသွားလာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက နေ့ ဘက်အချိန်တွေနဲ့ တိမ်ထူထပ်တဲ့ညဘက်တွေမှာ အလုပ်မလုပ်ပါဘူး။ ရေကြောင်းခရီး သွားလာခြင်းဟာ အန္တရာယ်အများဆုံးလုပ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

၉ ရာစုနဲ့ ၁၁ ရာစု ကြားမှာ  တရုတ်တွေက ပထမဆုံး သံလိုက်အိမ်မြှောင်ကို တီထွင်ခဲ့ပါတယ်။ သဘာဝအလျောက်သံလိုက်ဓာတ်ပါတဲ့ သံလိုက်ကျောက်ကို အသုံးပြုပြီး တီထွင်ခဲ့တာပါ။ တရုတ်တွေဟာ ဒီသံလိုက်ကျောက်ရဲ့ ဆွဲငင်သတ္တိကို သိရှိဖို့ ရာစုနှစ်များစွာ လေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။ (ပုံမှာ ဖော်ပြထားတာကတော့ ဟန်မင်းဆက်ခေတ်က တရုတ်သံလိုက်အိမ်မြှောင်ပုံစံတစ်ခု ဖြစ်ပါတယ်။ သံလိုက်ကျောက်တစ်တုံးကို ပုံစံသွင်း အရောင်တင်ပြီး တောင်အရပ်ကို အမြဲညွှန်ပြနေတဲ့ ဇွန်းပုံစံ ပြုလုပ်ထားတာပါ။ သိပ်မကြာခင်ပဲ ဒီနည်းပညာဟာ ရေကြောင်းဆက်သွယ်ရေးကနေပဲ ဥရောပနဲ့  အာရပ်လူမျိုးတွေဆီ ရောက်ရှိသွားခဲ့ပါတယ်။ သံလိုက်အိမ်မြှောင်ကြောင့် ရေကြောင်းခရီးသွားလာသူတွေဟာ ကုန်းမြေနဲ့ အလှမ်းကွာတဲ့ ပင်လယ်သမုဒ္ဒရာတွေဘက် ရွက်လွှင့်နိုင်ခဲ့ကြပြီး ပင်လယ်ရေကြောင်းကုန်သွယ်ရေး ကို တိုးတက်စေခဲ့သလို နယ်ပယ်ရှာဖွေရေးခေတ်ကိုလည်း အစပျိုးပေးခဲ့ပါတယ်။

၇။ ပုံနှိပ်စက်

သက္ကရာဇ် ၁၄၄၀ ၀န်းကျင်မှာ ဂျာမန်လူမျိုး Johannes Gutenberg က ပုံနှိပ်စက်ကို စတင်တီထွင်ခဲ့ပါတယ်။ သူ့ ရဲ့ သတ္တုကိုအရည်ကြိုပြီး စာလုံးပုံစံသွင်းပြီး စာရွက်မှာ ဖိနှိပ်ကာ ပုံနှိပ်တဲ့ နည်းပညာအသစ်က နှစ်ချီလများအချိန်ယူပြီး လက်နဲ့ ရေးခဲ့ရတဲ့ စာအုပ်တွေကို နိဂုံးချုပ်စေခဲ့ပြီး ဘာသာရေး၊နိုင်ငံရေး၊နည်းပညာ၊အနုပညာနယ်ပယ်အသီးသီးက စာအုပ်အမြောက်အများကို အချိန်အနည်းငယ်အတွင်း အမြောက်အများမိတ္တူ ပွားနိုင်ခဲ့ပါတယ်။ သက္ကရာဇ် ၁၅၀၀ ပြည့်နှစ်အရောက်မှာ အနောက်ဥရောပအတွင်း စာအုပ်စာစောင်ပေါင်း နှစ်သန်းကို ပုံနှိပ်ခဲ့နိုင်ပြီး နည်းပညာဗဟုသုတကို စာအုပ်တွေကနေ တဆင့် မြန်ဆန်စွာ ဖြန့် ဝေနိုင်ခဲ့ပါတယ်။

Gutenberg ရဲ့ ပထမဆုံး ပုံနှိပ်စက် ပုံစံတူ

၆။ အတွင်းပေါက်ကွဲအင်ဂျင် (Internal combustion engine)

ဆီနဲ့လေအရောကိုသွင်းပြီးမှ Spark Plug ကမီးပွင့်စေကာ combustion ဖြစ်စေတဲ့အင်ဂျင်မျိုးကို Spark Ignition Engine လို့ခေါ်တယ်။ အဲဒီလို လေညှစ်ဆီပန်း ဒါမှမဟုတ် ဆီလေအရောသွင်းပြီး spark plug ကနေ မီးပွင့်စေပြီး combustion ဖြစ်စေတဲ့ အင်ဂျင်တွေကို cylinder အတွင်းမှာ combustion ဖြစ်တဲ့အတွက် အတွင်းပေါက်ကွဲအင်ဂျင် (Internal Combustion or IC Engine)ဆိုပြီးခေါ်ဆိုပါတယ်။ ဒီအင်ဂျင်တွေဟာ စက်မှုခေတ်အစပိုင်းမှာ စတင်ပေါ်ထွက်ခဲ့ပြီး ရေယာဉ်သဘောင်္၊ မော်တော်ကားတွေကနေအစ လေယာဉ်ပျံ တွေ အပါအ၀င် နောက်ထပ် အမျိုးအမည်များပြားလှတဲ့ စက်ပစ္စည်းများစွာ တီထွင်ဖန်တီးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ပြင်သစ်-ဆွီဒင်လူမျိုး တီထွင်သူ Isaac de Rivaz ရဲ့ ၁၈၀၇ ခုနှစ်၊အတွင်းပေါက်ကွဲအင်ဂျင်သုံး ပထမဆုံး ကား

နောက်ထပ်ဖော်ပြပါမည်။

Ref: Wikipedia.org, livescience.com
Trend Myanmar

တက်ဖူးသူတိုင်း ခဏခဏ တက်ချင်သည့် ကမ္ဘာ့အကောင်းဆုံး အိမ်သာ ၁၀ ခု


ကမ္ဘာ့ အကောင်းဆုံး အိမ်သာ (၁၀)ခု အကြောင်းကို ဖော်ပြမယ်ဆိုရင် လှပသေသပ် တဲ့ ဒီဇိုင်းအပြင်အဆင်က အဓိကအချက်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ လူတွေနေ့စဉ် အသုံးပြု နေတဲ့ အိမ်သာကို သာမန်ထက် ပိုမိုစိတ်ဝင် စားအောင် ဆောက်လုပ်စေလိုတဲ့ ရည်ရွယ် ချက်နဲ့ ကမ္ဘာ့အကောင်းဆုံး အိမ်သာ (၁၀)ခု ကို ဒီဇိုင်း ၀က်ဘ်ဆိုက် တစ်ခု ဖြစ်တဲ့ Design Curial က အယ်ဒီတာ ဂျေမီမစ်ချဲလ်က ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။ကမ္ဘာ့ အကောင်း ဆုံး အိမ်သာ (၁၀)ခုဟာ သန့်ရှင်းသပ်ရပ်မှု ရှိတဲ့အပြင် ခေတ်မီတဲ့ ဒီဇိုင်းအပြင်အဆင်တွေ နဲ့ ဆောက်လုပ်ထားတာ တွေ့ရှိရပါတယ်။

အကောင်းဆုံး (၁၀)ခု စာရင်းမှာ တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန်၊ ပိုလန်၊ နယူးဇီလန်၊ အမေရိကန်၊ နော်ဝေ နဲ့ အင်္ဂလန်တို့က အိမ်သာ တွေ ပါဝင် ပြီး ဂျပန်က နှစ်ခုရွေးချယ်ခြင်း ခံခဲ့ ရပါတယ်။ ထိပ်ဆုံးနေရာမှာ ရွေးချယ်ခြင်းခံ ထားရတဲ့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ပန်းခြံအတွင်းက အိမ်သာဟာ သာယာတဲ့ သဘာဝအသံတွေကို ကြားရအောင် ဖန်တီးထား ပါတယ်။ ဂျပန်နိုင်ငံက အိမ်သာတွေဟာလည်း သဘာဝ အလင်းရောင်ရရှိအောင် ပြုလုပ်ထားပြီးသန့်ရှင်းသပ်ရပ်ခြင်း၊ ခေတ်မီဒီဇိုင်းနဲ့ ဆောက်လုပ်ထားခြင်း

တို့ကို ဦးစားပေး ဆောက် လုပ်ထားပါတယ်။ လန်ဒန်မြို့၊ ၀င်ဘလေကွင်း အနားမှာရှိ တဲ့ အိမ်သာက အဆင့် (၆)နေရာ မှာ ရပ်တည်နေပါတယ်။ ဂျေမီမစ်ချဲလ်က ကမ္ဘာ့ အကောင်းဆုံး အိမ်သာ (၁၀)ခုဟာ ခေတ်မီ ဒီဇိုင်းတွေနဲ့ တည်ဆောက် ထားတာ ဖြစ်ပါတယ်။ အဆောက်အဦဒီဇိုင်းတွေကို သာမန်လို တည်ဆောက် နေခြင်းဟာ အလွန် စိတ်ပျက်စရာ ကောင်းတာမို့ အိမ်သာ တွေတောင် အကောင်းဆုံး ပြုလုပ် ထားကြောင်း သိရှိစေဖို့ အခုလို ရွေးချယ် ခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ် ရွေးချယ်မှုတွေမှာ ကမ္ဘာ တစ်ဝန်း က လူတွေပါ ပါနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ် ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။

The Messenger


အမေရိကန်အပေါ် အနိုင်ယူနိုင်ရေး ပြင်ဆင်ထားရန် မြောက်ကိုရီးယား တပ်မတော်ကို ကင်ဂျုံအန်ညွှန်ကြား


ပြုံယမ်း၊ ဧပြီ ၂၇

အမေရိကန် ပြည်ထောင်စုကို ရင်ဆိုင် တိုက်ခိုက်ရပါက အနိုင်ရယူနိုင်ရေး ပြင်ဆင် စီစဉ်ထားရန် မြောက်ကိုရီးယား တပ်မတော်ကို ခေါင်းဆောင် ကင်ဂျုံအန်က ညွှန်ကြားလိုက်ကြောင်း Reuters သတင်းတွင်  ဖော်ပြထားသည်။

ကင်ဂျုံအန်သည် မြောက်ကိုရီးယား ဗဟိုစစ်ကော်မရှင် အစည်းအဝေးကို ဦးဆောင်နေပြီး ကိုရီးယား ပြည်သူ့ တပ်မတော် ဖွံ့ဖြိုး တိုးတက်ရေး အရေးကြီး တာဝန်များနှင့် လုပ်ဆောင်ရန် နည်းလမ်းများကို ချမှတ်ပေးနေကြောင်း ကိုရီးယား နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ပြည်ထောင်စုနှင့် ရင်ဆိုင်တိုက်ပွဲတွင် အောင်ပွဲများ တစ်ပွဲပြီးတစ်ပွဲ ရရှိလိုပြီး ပါတီ တပ်မတော် အစဉ်အလာနှင့် ဂုဏ်ယူဖွယ် သမိုင်းကြောင်းကိုလည်း ဆက်လက် ထိန်းသိမ်းလိုပါက တပ်မတော်၊ နိုင်ငံရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်ချက်များ တိုးမြှင့်ရန် လိုအပ်ကြောင်း ကင်က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၏ စစ်ရေးအင်အားကို သတိထားရန် အမေရိကန်သမ္မတ အိုဘားမားက မြောက်ကိုရီးယား နိုင်ငံကို သတိပေးလိုက်ပြီးနောက် ယခုကဲ့သို့သော ပြောကြားချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အခြားသော နိုင်ငံများအပေါ် ကိစ္စရပ်များ ဖိအားပေးနိုင်ရေး စစ်အင်အား အသုံးပြုမည် မဟုတ်သော်လည်း မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို တိုက်ခိုက်လာပါ စစ်အင်အား အသုံးပြု ကာကွယ်သွားမည်ဟု ဆိုးလ်မြို့တော်သို့ ရောက်ရှိနေသော သမ္မတအိုဘားမားက ပြီးခဲ့သည့် စနေနေ့တွင် ပြောကြားခဲ့သည်။

၁၉၅၀-၅၃ ခုနစ်တွင် ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲများ အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့်သာ ရပ်ဆိုင်းထားသဖြင့် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံမှာ စစ်ဖြစ်နေဆဲ အခြေအနေတွင်သာ ရှိသေးသည်။

ဆင်းရဲမွဲတေနေသော ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား နိုင်ငံကို မကြာခဏ ခြိမ်းခြောက် ပြောကြားလေ့ ရှိပြီး နျူကလီးယား စမ်းသပ်မှု အသစ်များ ထပ်မံလုပ်ဆောင်မည်ဟုလည်း ထုတ်ဖော် ပြောကြားထားသည်။

မြောက်ကိုရီးယား နိုင်ငံသည် ယခင်လည်း နျူကလီးယား စမ်းသပ်မှု သုံးကြိမ် လုပ်ဆောင်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂအဖွဲ့က အရေးယူ ပိတ်ဆို့ထားသည်။

မကြာသေးမီက ထွက်ပေါ်လာသည့် ဂြိုဟ်တု ဓာတ်ပုံများအရ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်မှုသစ်များ လုပ်ဆောင်ရန် စီစဉ်နေသည်ဟု သုံးသပ်ခဲ့သော်လည်း စမ်းသပ်မှုများ ချက်ချင်း လုပ်ဆောင်ရန် မဖြစ်နိုင်သေးကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။

ထို့အပြင် တစ်နိုင်ငံတည်း အထီးကျန်နေခြင်း သို့မဟုတ် ကျန်ကမ္ဘာ့ နိုင်ငံများနှင့် ပူးပေါင်းခြင်းစသည့် လမ်းကြောင်း နှစ်ရပ်ထဲမှ တစ်ခုကို မြောက်ကိုရီးယားနိုင်ငံ ရွေးချယ်ပိုင်ခွင့် ရှိကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။    

The Voice Weekly

အမေရိကန်ရေတပ် စစ်စခန်းကို ဗုံးခွဲတိုက်ခိုက်ဖို့ MH370 ရည်ရွယ်ခဲ့လေသလား



ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်းက MH370 လေယာဉ်ဟာ ပြန်ပေးဆွဲခံရပါ တယ်။ နောက် အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်း မှာ အခြေစိုက်ထားတဲ့ အမေရိကန် စစ်ဌာနချုပ်ကို ဗုံး အဖြစ် ပြန်လည်တိုက်ခိုက်ဖို့ ပြန်လည်ပျံသန်း လာခဲ့ပါ တယ်။ ဒါပေမဲ့ ပါကစ္စတန်မှာ ကွင်းဆင်းပြီး ဗုံးတွေတပ် ဆင်သယ်ဆောင်လာတဲ့ MH370 လေယာဉ်ဟာ ပစ် မှတ်ဆီရောက်အောင် မချဉ်းကပ်နိုင်ခဲ့ပါဘူး။

ဒါဟာ အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူ ပေါလ်ဟူဘဲလ်ရဲ့ နိဂုံးချုပ် သတင်းစကား ဖြစ်ခဲ့ပါတယ်။ သူက Globe နဲ့ အင်တာဗျူးမှာ ခရီးသည်၂၂၇ဦးနှင့် လေယာဉ်ဝန်ထမ်းတွေ လိုက်ပါလာတဲ့ MH370 ပျောက် ဆုံးရခြင်းရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို ရှင်းပြပါတယ်။ ဒီယာဂိုဂါစီယာမှာ အခြေစိုက်ထားတဲ့ အမေရိကန်ရေ တပ်က ¤င်းတို့ရဲ့ လေကြောင်း အော်ပရေးရှင်း အတွက် အရေးပါလှပုံကို ရှင်းပြပါတယ်။ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေက ဒီယာဂိုဂါစီယာကို အကြမ်းဖက် သံ သယရှိသူများကို အကျဉ်းချစစ်ဆေးနေရာအဖြစ် သတ် မှတ်ကြကြောင်းကိုလည်း ထည့်သွင်းပြောကြားပါတယ်။

နောက် ဗြိတိန်နဲ့ အမေရိကန်တပ်မတော် သားနဲ့ ကန်ထရိုက်တာများနေထိုင်ရာ အိမ်ခြေ၃ဝဝဝ ခန့်ရှိခြင်းကလည်း ၉/၁၁ဝေါထရိတ်စင်တာနှင့် ပင် တဂွန်တို့ကို တိုက်ခိုက်တာနဲ့ညီမျှတဲ့ ပစ်မှတ်တစ်ခုဖြစ် တယ်လို့ တွက်ချက်ပြပါတယ်။ ဇာတ်လမ်းကို ပိုပြီးပီပြင် စေတာကတော့ လေယာဉ်မှူး ဇာဟာရီအာမက်ရှာ ဟာရဲ့အိမ်က ပျံသန်းမှုလေ့ကျင့်ရေးကိရိယာပဲဖြစ်ပါ တယ်။ အဆိုများအရ လေယာဉ်မှူးဇာဟာရီရဲ့ ဆင်မြူ လေတာထဲမှာ ဒီယာဂိုဂါစီယာသို့ ပျံသန်းရေးအစီအစဉ် ပါရှိတယ်လို့ သိရပါတယ်။ သူဟာ အကြိမ်များစွာပျံ သန်းရေးအစီအစဉ်ကိုလေ့ကျင့်ခဲ့ပြီး ဒီယာဂိုဂါစီယာ ကျွန်းငယ်လေးဆီ ဗုံးများတင်ဆောင်လာတဲ့ MH370 နဲ့ ဆင်းသက်ဖောက်ခွဲဖို့ ကြံစည်ခဲ့ဖွယ်ရှိတယ်လို့ စုံစမ်း စစ်ဆေးသူများက ဆိုပါတယ်။

ဟူဘဲလ်က လေယာဉ်ပြန်ပေးဆွဲမှုမှာ အတွင်း လူတစ်ဦး ဒါမှမဟုတ် အခြားလေယာဉ်ဝန်ထမ်းများ လည်း ပါဝင်နိုင်ပြီး လေယာဉ်မှူးဇာဟာရီပူးပေါင်းပါ ဝင်မှုရှိနိုင်သလို မပါဝင်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက် မတ်လ ၈ရက် နံနက်၁၂နာရီ ၄၁ မိနစ်မှ ကွာလာလမ်ပူကထွက်ခွာခဲ့တဲ့ လေယာဉ်ဟာ ပါ ကစ္စတန်ကို ပျံသန်းခဲ့တယ်လို့ယူဆပါတယ်။ အကြောင်း က ယခုဇာတ်လမ်းအတွက် ပါကစ္စတန်က ဗဟိုချက်မ နေရာဖြစ်တာကြောင့်လို့ ဟူဘဲလ်က ဆိုပါတယ်။

ဟူဘဲလ်က အိန္ဒိယသမုဒ္ဒရာရှိ ဒီယာဂိုဂါစီယာအခြေစိုက်စစ်စခန်းကို တိုက်ခိုက်ဖို့အတွက် တာ လီဘန်နဲ့ အယ်လ်ခိုင်ဒါတို့အတွက်လည်း အဓိကပစ်မှတ် တစ်ခုဖြစ်တဲ့အကြောင်း ဆက်စပ်ရှင်းပြပါတယ်။

စုံစမ်းစစ်ဆေးသူများကလည်း မလေးရှား နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့ ဆွေ မျိုးသားချင်းတစ်ဦးကို မလေးရှားတရားရုံးက လိင်မှု ကိစ္စနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တဲ့အတွက် နာကြည်းနေခြင်း ကြောင့် အကြမ်းဖက်သမားများ အလွယ်တကူစည်းရုံး သိမ်းသွင်းနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ လေယာဉ် မှူး ဇာဟာရီရဲ့မိန်းမနဲ့ကလေးတွေက စုံစမ်းစစ်ဆေးသူ များကို ပြောပြရာမှာတော့ ပျံသန်းမှုခရီးစဉ်မစတင်မီ သူဟာ မလေးရှားနိုင်ငံခေါင်းဆောင်များကို အလွန် ဒေါသထွက်နေပြီး ဒီမိုကရေစီဆိတ်သုဉ်းပြီလို့ ရေးသား ထားတဲ့ တီရှပ်ကိုလည်း ဝတ်ဆင်ခဲ့တယ်လို့သိရပါတယ်။ နောက် ဇာဟာရီဟာ မိန်းမနဲ့ကလေးတွေကို အဆက် အဆံမရှိဘဲ သီတင်းပတ်ပေါင်းများစွာ ဆင်မြူလေတာ အခန်းထဲမှာသာ လော့ခ်ချနေခဲ့တယ်လို့ ဆိုပါတယ်။

ဇာဟာရီရဲ့မိသားစုက သူဟာ စိတ်ဓာတ်ကျ နေခဲ့တယ်လို့လည်း ပြောပြပါတယ်။ ဟူဘဲလ်က လေ ယာဉ်ပျောက်ဆုံးခြင်းအဖြစ်အပျက်မှာ တုံ့ပြန်အကြောင်း ကြားမှုမရရှိခြင်းက ဆဲလ်ဖုန်းတာဝါတိုင်များ အနီးအနား မရှိခြင်းအတွက်ဖြစ်ပြီး လေယာဉ်မှူးများက လေယာဉ် မောင်းနှင်ခန်းကို လော့ခ်ချထားပုံရတယ်လို့ဆိုပါတယ်။ နောက် ဇာဟာရီဟာ လေယာဉ်ကို အမြင့်ပေ ၄၅ဝဝဝ အထိ ပြန်တက်ပြီး ခရီးသည်တွေကို အောက်ဆီဂျင် ပြတ်လပ်ကာ အသက်သေဆုံးကြဖို့ ကြံစည်ခဲ့ဖွယ်ရှိ တယ်လို့ ယူဆပါတယ်။ ပါကစ္စတန်မှာ ကွင်းဆင်းခဲ့ပြီး နောက် အလောင်းများကိုပြန်ချခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း များ ပြန်လည်တပ်ဆင်တင်ဆောင်ကာ ဆီဖြည့်ပြီး ပြန် လည်ထွက်ခွာပျံသန်းခဲ့ပုံရတယ်လို့ စုံစမ်းစစ်ဆေးသူ များက ဆိုပါတယ်။ ဟူလ်ဘဲက ကြံစည်မှုအစီအစဉ် ဟာ လွဲချော်မှုရှိခဲ့ပြီး ကုန်တင်ခန်းထဲက လစ်သီယံဘက် ထရီခြောက်များနဲ့ ဓာတုဗုံးများပေါင်းစပ်ကာ ပေါက် ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ဘာကြောင့် MH370 ပျောက်ဆုံးပြီး နောက် အကြမ်းဖက်တိုက်ခိုက်မှုမ လုပ်နိုင်ခဲ့တဲ့အကြောင်း အရင်းဖြစ်ပြီး အလားတူ ထပ်မံကြံစည်ဖို့ ကြိုးစားလာ နိုင်ဖွယ်ရှိတယ်လို့ ဟူဘဲလ်က ဆိုပါတယ်။

Ref : BLOBE

Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၆

Yangon Media Group

ဂေါက်သီးရိုက်နေ၍ အဒေါ်ဖြစ်သူ၏ အသုဘကို မတက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမား


အမေရိကန် သမ္မတကြီး အိုဘားမားဟာ ဂေါက်သီးရိုက် ကစားနည်း ပြုလုပ် ခဲ့တာမို့ အဒေါ် ဖြစ်သူရဲ့ အသုဘ အခမ်းအနား မတက် ရောက် ဖြစ် ခဲ့ဘူးလို့ သိရပါတယ်။ အိုဘားမား ရဲ့ အဒေါ်ဖြစ်သူ အွန်ယန်ဂို ဟာ ရင်သားကင် ဆာရောဂါ နဲ့ ကွယ်လွန် သွားခဲ့ခြင်း ဖြစ်ပြီး၊ ပြီးခဲ့တဲ့ စနေက ဘော်စ တွန်မှာ အသုဘ အခမ်းအနား ပြုလုပ် ခဲ့ပေမယ့် အိုဘားမား ဟာ အိမ်ဖြူတော်က လုပ်ဖော်ကိုင်ဖက် တွေနဲ့ ဂေါက်သီးရိုက် နေလို့ မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အွန်ယန်ဂိုဟာ အိုဘားမားအဖေ ဘက်ကတော်တဲ့ အဒေါ်ဖြစ်ပြီး အိုဘားမား သမီး ဆာရှာ မွေးဖွားချိန်မှာ အနီးကပ်ပြုစု စောင့်ရှောက် ခဲ့သူ လည်း ဖြစ်ပါတယ်။ အဲဒီ တုန်းက အိုဘားမားဟာ လွှတ်တော်အမတ် တစ်ဦးအဖြစ်သာရှိခဲ့ပါတယ်။ အွန်ယန်ဂိုဟာ အသက် (၆၁)နှစ်အရွယ်မှာ ကွယ်လွန် သွား ခြင်းဖြစ်ပြီး၊ အသုဘအခမ်းအနားကို အိုဘား မားတက်ရောက်နိုင်ခြင်းမရှိပေမယ့် လိုအပ်တဲ့ အကူအညီတွေပေးခဲ့တယ်လို့ သိရပါတယ်။ အိုဘားမား ရဲ့ ဆွေမျိုးတွေဟာ ကင်ညာနိုင်ငံ မှာ နေထိုင်ကြာပြီး၊ အွန်ယန်ဂိုရဲ့ ရုပ်အလောင်း ကို ကင်ညာ နိုင်ငံကို ပြန်လည် သယ်ဆောင် သွားမှာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ပြောခွင့်ရ ပုဂ်္ဂိုလ်တစ်ဦးက သမ္မတကြီး မိသားစုရဲ့ နာရေး ဖြစ်တာမို့ မည်သည့်မှတ်ချက်မှ မပေးလို ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အိုဘားမားဟာ ၁၉၈၈ ကင်ညာနိုင်ငံ ကို သွားရောက် စဉ်မှာ အဒေါ်ဖြစ်သူကို ပထမဆုံး အကြိမ် တွေ့ခဲ့ဖူးတာ ဖြစ်ပါတယ်။ အိုဘားမား အမေရိကန် သမ္မတ ပထမသက် တမ်းမှာ အဒေါ်ဖြစ်သူဟာ တရားမ၀င် နေထိုင်မှုကြောင့် မီဒီယာ တွေက အသားပေး ရေးသား ဖော်ပြမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အိုဘားမား စနေနေ့တိုင်း အားလပ်ရက်ချိန်တွေမှာ ဂေါက် သီးရိုက်ကစားနည်းကို အမြဲတမ်းပြုလုပ်ခဲ့ပြီး၊ အဒေါ်ဖြစ်သူရဲ့ အသုဘအခမ်းအနားကို မတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိုဘားမားအဒေါ်ရဲ့ အသုဘ အခမ်းအနားကို အမေရိကန်ကို စီးပွားရေးကိစ်္စနဲ့ အလည်အ ပတ်ရောက်နေတဲ့ ကင်ညာဝန်ကြီးချုပ် ဟောင်း အိုဒင်ဂါ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

The Messenger News Journal

ရေတွင်းဟောင်းပြုပြင်ရန် အုတ်များကို ဖယ်ရှားစဉ် မြေပိသေဆုံး


ရေစကြို ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ထန်းဆယ်ပင်ရွာတွင်ရေတွင်းဟောင်းအား အသစ်ပြန်လည်ပြုပြင်ရန် အုတ်များကို ဖယ်ရှားနေစဉ် ရေတွင်းပတ်လည်မှ မြေသားများ ပြိုကျသဖြင့် မြေပိသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထန်းဆယ်ပင်ကျေးရွာ ရွာလယ်ရှိ လွန်ခဲ့သော နှစ် ၁၅၀ ခန့်က တည်ဆောက်ထားခဲ့သော အနက်ပေ ၂၀ ခန့်၊ အကျယ် ၅ ပေ ခန့်ရှိ အုတ်စီခွေရေတွင်းပျက် ကို ကျေးရွာပြည်သူများ အသုံးပြု ရန် ဘိလပ်ခွေ အသစ်ချပြန်လည် ပြုပြင်ရန်အတွက် ဦးစိုးမင်းချစ် (၄၃နှစ်)၊ ကိုသီဟန် (၁၈နှစ်)၊ ဒေါ်သင်းသင်းအေး(၃၁နှစ်)တို့သည် ဧပြီ ၁၉ ရက်မှစ၍ အုတ်များကို ဖယ်ရှားဆောင်ရွက်ရာ ဧပြီ ၂၁ ရက် တွင် ဦးစိုးမင်းချစ်က ရေတွင်း ဆင်း၍ အုတ်များဖယ်ရှား နေစဉ် အနက် ၁၈ ပေခန့် အရောက် မြေပြင်ရှိ ရေတွင်းပတ်လည်မှ မြေသားများ လှိုက်ပြီး ရုတ်တရက် ပြိုကျသဖြင့် ဦးစိုးမင်းချစ်မှာ အနက် ၁၂ ပေခန့်တွင် မြေပိသေဆုံးခဲ့သည်။

အဆိုပါ အခင်းဖြစ်နေရာသို့ ရေစကြို မြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်၍ မြေပိနေသူအား အမြန်ဆုံး ဖော်နိုင်ရေးနှင့် ဆယ်ယူရရှိပါက ဆေးစာဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ သေမှုသေခင်းဖွင့် ဆောင်ရွက်မည့် အခြေအနေက ပြောပြသဖြင့် ကျေးရွာပြည်သူများကလည်း ဧပြီ ၂၂ ရက် နံနက်ထိ လုပ်အားဖြင့် ဆောင်ရွက်ခဲ့သည်။

ယခုကဲ့သို့ ရေတွင်းဟောင်းများကို ဖော်ရာတွင်ဖြစ်စေ၊ တွင်းချီးဆယ်ရာတွင်ဖြစ်စေ အောက်ဆီဂျင်ရှိ/မရှိ၊ မြေပြိုမှု အန္တရာယ် ရှိ/မရှိ သေချာစွာ စိစစ်သုံးသပ်ပြီးမှ ဆောင်ရွက်သင့်ကြောင်း ကျေးရွာမှ လူကြီးတစ်ဦးက ပြောပြသည်။

MOI Webportal Myanmar 

အပူလှိုင်းကြောင့် လူတွေ သေဆုံး


မြန်မာနိုင်ငံမှာ ​အပူလှိုင်းတွေ ​ဖြတ်သန်းနေတဲ့အတွက် ​အပူရှပ်မှုတွေဖြစ်ပြီး ​သေဆုံးမှုတွေလည်း ​ဖြစ်နေပါတယ်။

ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ အမိုးအကာမဲ့သွားလာခြင်းကြောင့် အရေးပြား ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာဆိုရင် ​ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်း ​အပူချိန် ​၄၂ ​ကနေ ​၄၄ ​ဒီဂရီ ​ဆဲလ်စီးရက်စ် ​အထိ ​မြင့်တက်ခဲ့ပြီး ​မန္တလေးမြို့မှာ ​တရက်တည်းအတွင်း ​အပူရှပ်လို့ ​သေဆုံးသူ ​၆ ​ဦးရှိခဲ့တယ်လို့ ​ဒေသတွင်း ​မီဒီယာတွေမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ​တချို့ဒေသမှာဆိုရင် ​မိုးရွာသွန်းရင် ​အအေးဓာတ် ​ရနိုင်ပေမယ့် ​လတ်တလောမှာ ​မိုးရွာသွန်းမှုတွေ ​နည်းပါးနေတယ်လို့လည်း ​ဆိုပါတယ်။

အပူလွန်ကဲမှုတွေကြောင့် ​ဒီနှစ်အတွင်း ​လျှပ်စစ်ပန်ကာတွေ၊ ​အဲယားကွန်းတွေရဲ့ ​ရောင်းအားတွေလည်း ​မြှင့်တက်နေပြီး ​ခါတိုင်းနှစ်တွေထက် ​သုံးဆ ​ပိုအရောင်းသွက်နေတယ်လို့ ​သိရပါတယ်။

ရန်ကုန်နဲ့ ​မန္တလေးမှာ ​UV ​ခရမ်းလွန်ရောင်ခြည်ရဲ့ ​အဆင့်တွေဟာလည်း ​ဧပြီလ ​ကတည်းက ​သာမာန်ထက် ​မြှင့်တက်နေတဲ့အတွက် ​နေမလောင်အောင် ​အကာအကွယ်တွေ ​ပြုလုပ်ကြဖို့ ​အိမ်ပြင်ထွက်ကစားတာတွေ ​မလုပ်ကြဖို့လည်း ​တိုက်တွန်းထားတဲ့အကြောင်း ​အေပီသတင်းမှာ ​ဖော်ပြထားပါတယ်။

ABC radio australia

ပုပ်ရဟန်းမင်းကြီးဟောင်း နှစ်ပါးကို သူတော်စင်အဖြစ် တင်မြောက်

ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး နှစ်ပါးကို သူတော်စင်အဖြစ် တင်မြောက်တဲ့ပွဲကို St Peter ရင်ပြင်မှာ လုပ်ခဲ့ (Credit: Reuters) 

ကက်သလစ်ဘာသာဝင်တွေကနေ ​ပုပ်ရဟန်းမင်းကြီးဟောင်း ​၂၃ ​ယောက်မြောက် ​ဂျွန်နဲ့ ​ဒုတိယမြောက် ​ဂျွန်ပေါလ်ကို ​သူတော်စင်အဖြစ် ​သတ်မှတ်လိုက်ပြီ ​ဖြစ်ပါတယ်။

ကွယ်လွန်သူ ​ပုပ်ရဟန်းမင်းကြီး ​နှစ်ပါးကို ​ပထမဆုံးအကြိမ် ​ပူးတွဲပြီး ​သူတော်စင်အဖြစ် ​သတ်မှတ်တဲ့ပွဲကို ​ပုပ်ရဟန်းမင်းကြီး ​ဖရန်းစစ်က ​ဦးဆောင်ကျင်းပတာဖြစ်ပြီး ​လူပေါင်း ​တစ်သန်းအထိ ​တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအခန်းအနားအတွင်း ​ဆရာတော်အပါး ​၈၀၀ ​ကျော်ပါဝင်ပြီး ​ရဟန်းအပါး ​၇၀၀ ​က ​ကြွရောက်လာသူတွေကို ​ကိုယ်တော်မြတ် ​ပွဲတော် ​ပေးခဲ့ပါတယ်။

သူတော်စင်အဖြစ် ​တင်မြောက်တဲ့အနေနဲ့ ​ပုပ်ရဟန်းမင်းကြီး ​ဂျွန်ပေါလ်ရဲ့ ​အသွေးနဲ့ ​ဂျွန်ရဲ့ ​အရေခွဲတွေကို ​ထည့်ထားတဲ့ ​ဗူးတွေကို ​ဘုရားစင်ရှေ့မှာ ​တင်ထားလိုက်ပါတယ်။

အဲဒီလို ​ကျင်းပတဲ့နေ့ကို ​အီတလီမီဒီယာတွေက ​ပုပ်ရဟန်းမင်းကြီး ​လေးပါးရဲ့ ​ပွဲနေ့လို့တောင် ​တင်စားခေါ်ဝေါ်ကြပါတယ်။

အကြောင်းရင်းကတော့ ​ကွယ်လွန်သူ ​ပုပ်ရဟန်းမင်းကြီး ​နှစ်ပါးကို ​သူတော်စင်​တင်မြောက်တဲ့အခမ်းအနားအတွင်း ​လက်ရှိ ​ပုပ်ရဟန်းမင်းကြီးနဲ့ ​မကြာခင်တုန်းက ​အနားယူသွားတဲ့ ​ပုပ်ရဟန်းမင်းကြီး ​Benedict ​တို့ကလည်း ​အဲဒီပွဲကို ​တက်ရောက်ကျင်းပတဲ့အတွက် ​ဖြစ်ပါတယ်။

ပိုလန်နိုင်ငံသားဖြစ်တဲ့ ​ပုပ်ရဟန်းမင်းကြီး ​ဒုတိယမြောက် ​ဂျွန်ပေါလ်ကို ​သူတော်စင်အဖြစ် ​တင်မြောက်တဲ့အတွက် ​ပိုလန်နိုင်ငံကလူတွေသာမက ​ဆစ်ဒနီ၊ ​ချီကာဂိုအစရှိတဲ့ ​ကမ္ဘာတလွှားက ​ပိုလန်နိုင်ငံသားတွေလည်း ​ရောမမြို့ကို ​သွားရောက်ပြီး ​ဂုဏ်ပြုဘုရားဖူးခဲ့ကြပါတယ်။

၁၉၆၃ ​ခုနှစ်တုန်းက ​ကွယ်လွန်သွားခဲ့တဲ့ ​ပုပ်ရဟန်းမင်းကြီး ​ဂျွန်ကို ​သူတော်စင်အဖြစ် ​သတ်မှတ်တဲ့အပေါ် ​ဝေဖန်မှုတွေ ​မလုပ်ကြပေမယ့် ​မကြာသေးခင်တုန်းကပဲ ​ကွယ်လွန်သွားခဲ့တဲ့ ​ပုပ်ရဟန်းမင်းကြီး ​ဂျွန်ပေါလ်ကို ​စောစီးစွာ ​သူတော်စင်အဖြစ် ​သတ်မှတ်လိုက်တဲ့အပေါ် ​ဝေဖန်မှုတွေ ​ထွက်ပေါ်ခဲ့ပါတယ်။

ABC radio australia

စားသုံးသူများအတွက် ပညာပေးအငြိမ့် ဖျော်ဖြေမည်


စားသုံးသူတွေအတွက် အန္တရာယ်ရှိတဲ့အစားအသောက်တွေ၊ မစားသုံးသင့်တဲ့ နယ်စပ်က တင်သွင်းတဲ့ အစားသောက်တွေကို သတိထားရှောင်ရှားနိုင်ရေးအတွက် ရည်ရွယ်ပြီး ပညာပေးအငြိမ့် ဖျော်ဖြေပွဲကို စားသုံးသူကာကွယ်ရေးအသင်းက အခမဲ့ ပြုလုပ်သွားမယ်လို့  အသင်းပြောရေးဆိုခွင့် ဦးဗအုပ်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“လက်ကမ်းစာစောင်တွေ၊ တီဗွီတွေနဲ့ အက်ဖ်အမ်တွေက ထုတ်ပြန်နေပေမဲ့ စားသုံးသူ တွေအနေနဲ့ သတိထားမိတာ ရှိသလို မထားမိတာလည်း ရှိတယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင် ပြက်လုံးနဲ့ တခန်းရပ်ပြဇာတ်တွေ ကို ရေးသွားမယ်။ စားသုံးသူတွေအတွက် ရည်ရွယ်ပြီးတော့ ပညာပေးပြက်လုံးတွေပဲ လုပ်သွားမှာပါ။”

စားသုံးသူ ပညာပေး အငြိမ့်ကို ပထမက ရန်ပုံငွေဖျော်ဖြေပွဲအတွက် လုပ်မှာဖြစ်ပေမယ့် စားသုံးသူတွေ အကုန်လုံး ပညာပေးလုပ်ငန်းတွေမှာ စိတ်ပါဝင်စားလာအောင် အခမဲ့ ဖျော်ဖြေပွဲ ပြုလုပ်တာလို့ သိရပါတယ်။

စားသုံးသူ ပညာပေးဖျော်ဖြေပွဲကို မေ ၁ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မှာ ဖြစ်ပြီး မင်းသမီး ဝါဆိုမိုးဦး၊ လူရွင်တော် ဝေဠုကျော်၊ ကျော်ထူး၊ လန်ဒန်၊ ဝက်မ၊ ငွေတောင် တို့က ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

DVB Burmese

အီရတ်တွင် ကားဗုံးကွဲ၊ ၉ ဦး သေဆုံး


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းက ရှီးယားမွတ်စလင်ရပ်ကွက်နားက ဈေးမှာ ကားဗုံး ၁ လုံး ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးတယ်လို့ ရဲတွေက ငြေ်ငံအတွင်း လွှတ်တော်ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက်အလိုမှာ ခုလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဆာဒါမြို့မှာ ဖြစ်တဲ့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦး ဒဏ်ရာရခဲ့ပြီး  ပေါက်ကွဲမှုကြောင့် ဈေးဆိုင်တချို့လည်း ထိခိုက်ခဲ့ပါတယ်။

နိုင်ငံအနောက်ပိုင်း အန်ဘာခရိုင်က အယ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အုပ်စုတွေကို နှင်ထုတ်ဖို့ တိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်ပြီး အကြမ်းဖက်မှုတွေကတော့ တိုးပွားနေဆဲပါ။

ဒါပေမယ့် အီရတ်ဒီမိုကရေစီအတွက် အဓိက စမ်းသပ်ချက်လို ဖြစ်နေတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဆက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

DVB Burmese

ပြည်မြို့တွင် ခွင့်ပြုချက်မရှိ ဆန္ဒပြမှုဖြင့် သတင်းထောက်တဦး တရားစွဲခံရ

ဧပြီ ၂၅ ရက်နေ့ ဆန္ဒပြပွဲအတွင်း သတင်းထောက် ဦးရေခဲ (မျက်မှန်) နှင့် ရဲအရာရှိ ဆွေးနွေးနေစဉ်

ပဲခူးတိုင်း ပြည်မြို့မှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့တဲ့ သတင်းထောက် ဦးရေခဲကို  ပြည်မြို့မ ရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က သတင်းထောက် ၂၀ လောက်နဲ့ ဒေသခံ စုပေါင်း ၁၀၀ လောက်က ဖမ်းဆီးတရားစွဲဆို ထောင် ဒဏ် ကျနေတဲ့ သတင်းထောက် တွေ ပြန် လွှတ်ပေးရေး၊ မီဒီယာလွတ်လပ် ခွင့်ရရှိရေးနဲ့ ပြည်သူပိုင် အဆောက်အဦနဲ့ ရုံးတွေမှာ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရေး တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြခွင့်ရဖို့ သတင်းထောက်တွေက ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့်  ခွင့်မပြုခဲ့တဲ့အတွက် အစီအစဉ်အတိုင်း ဆန္ဒပြခဲ့တာကြောင့် ဆန္ဒပြခေါင်းဆောင် ဦးရေခဲကို မြို့မစခန်းမှူး ဦးမျိုးမြင့်က တရားလို ပြုလုပ်ပြီး တရားစွဲဆိုတာလို့ ဆိုပါတယ်။

အခု ဧပြီ ၂၆ ရက်နေ့က တရားစွဲဆိုပြီး မဇ္ဈိမ ဂျာနယ်သတင်းထောက် ဦးရေခဲ ကိုယ်တိုင် လျှောက်လဲပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။

DVB Burmese

အာရှတွင် eCommerce ဈေးကွက်ဖန်တီးရန် Rocket Internet နှင့် Ooredoo ပူးပေါင်း


ကာတာဆက်သွယ်ရေး ကုမ္ပဏီ Ooredoo နှင့်စွန့်ဦးတီထွင်ကုမ္ပဏီ Rocket Internet တို့သည် အာရှတွင် အွန်လိုင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် ရန်ပူးပေါင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုသည် Asia Internet Holding ကိုပါကစ္စတန်၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် သြစတြေးလျနိုင်င်ငံများတွင် တည်ထောင်ရန် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီ၏လုပ်ငန်းများသည် အွန်လိုင်းတွင် ပစ္စည်းများရောင်းချခြင်းနှင့် ဈေးဝယ်ယူရန် ငွေပေးချေသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ Ooredoo သည် မိုဘိုင်းအခြေခံ အဆောက်အအုံများပေါ်တွင် လုပ်ကိုင်သွားမည်ဖြစ်ကာ Rocket အနေဖြင့် ၎င်း platform များတွင်သုံးစွဲသူများ စမတ်ဖုန်းသစ်ဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

Rocket ကုမ္ပဏီသည် ဖွံ့ဖြိုးဆဲနိုင်ငံမှ eCommerce နည်းဗျူဟာများကို လက်တွေ့ဆောင်ရွက်နေကာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၎င်းနည်းဗျူဟာများကို အသုံးချလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ လက်ရှိ Rocket ၏ အောင်မြင်စွာ လုပ်ကိုင်နေသည့် လုပ်ငန်းများတွင် Lamudi, Pricepanda နှင့် Easy Taxi အပြင်အခြား လုပ်ငန်းများစွာကိုလည်း အောင်မြင်စွာလုပ်ကိုင်နေသည်။

-စိုးထက်
Ref: TechInAsia
Internet Journal

အမေရိကန်သမ္မတ ဖိလစ်ပိုင်ကို ရောက်ရှိ


အမေရိကန်သမ္မတ ဘာရတ် အိုးဘားမားဟာ အာရှ ၄ နိုင်ငံခရီးစဉ်ရဲ့ နောက်ဆုံး ခရီးထောက်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ ရောက်ရှိနေပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်တို့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်အငြင်းပွားမှုကြောင့် တင်းမာမှု မြင့်တက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

သမ္မတအိုဘားမားဟာ မနီလာမြို့တော်မှာ ၂ ရက်တာ ရှိနေချိန်အတွင်းမှာ လုံခြုံရေးနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေး ဆွေးနွေးသွား မယ်လို့ ဖိလစ်ပိုင် အစိုးရဘက်က ပြောထား ပါတယ်။

ဖိလစ်ပိုင်စစ်စခန်းတွေမှာ အမေရိကန် ကြည်း၊ ရေနဲ့ လေတပ်အင်အားတွေ၊ စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေကို တိုးချဲ့သွားမယ့် သဘောတူညီချက်မှာ သမ္မတ အိုဘားမား လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်ကြားမှာ မဟာမိတ်သက်တမ်းဟာ သံမဏိ ရှည်ကြာနေခဲ့ပြီး ဖြစ်ပါတယ်။

အိုဘားမားဟာ ဖိလစ်ပိုင်မတိုင်ခင်မှာ  ဂျပန်၊ တောင်ကိုရီးယားနဲ့ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး အာရှဒေသတွင်းက မဟာမိတ်တွေနဲ့ စစ်ရေး၊ သံတမန်ရေး ဆက်ဆံရေး ခိုင်မြဲဖို့ အမေရိကန်ဘက်က အထူးအလေးထားတယ်ဆိုတာကို သက်သေပြဖို့ ရည်ရွယ်တယ်လို့ အမေရိကန်အရာရှိတယောက်က ပြောပါတယ်။

DVB Burmese

မိမိကိုယ်ကို သေကြောင်းကြံစည်သူကို အမှုဖွင့်အရေးယူ


ရန်ကုန်၊ ဧပြီ ၂၈

၂၇.၄.၂၀၁၄ ရက်နေ့ ၀၅၃၀အချိန် သုံးခွမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး အဆိပ် သောက်ကာ သုံးခွပြည်သူ့ဆေးရုံသို့ လာရောက်
ဆေးကုသနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ အဆိပ်သောက်
သူမှာ မအေးသန်း (၂၁)နှစ်၊ (ဘ)ဦးဗေဒါ၊ ကတုံးပေါ်ကျေးရွာ၊ သုံးခွမြို့နယ်
နေသူဖြစ်ပြီး သုံးခွပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်
ဆေးကုသမှုခံယူနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ ၎င်းသည် မိသားစုနှင့်အိမ်ခွဲနေထိုင်ရန် ခင်ပွန်းဖြစ်သူနှင့် ပြောဆိုဆွေးနွေးကြစဉ် စကားများရန်ဖြစ်ခဲ့ပြီး ၀၂၀၀အချိန်
ခန့်တွင် ပဲပင်ဖျန်းသည့်ပိုးသတ်ဆေးရည်ကို သောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်သူ မအေးသန်းအား သုံးခွမြို့မ
ရဲစခန်း (ပ)၁၅၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

နေတိုး၏ အိမ်ထောင်ဖက်ရွေးချယ်မှုအပေါ်ကြည်ဖြူစွာလက်ခံမည်ဟု မိခင် ဒေါ်သန်းမြိုင်ပြောကြား


နေတိုးရဲ့ အနုပညာအလုပ်တွေကို နောက်ကနေအမြဲပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်က ဇာတ်ကားတွေအတွက် ဝတ္ထုတွေဖတ်ပြီး သားဖြစ်သူကို ပြောပြလေ့ရှိပါတယ်။ သားဖြစ်သူ ငိုတဲ့ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်တဲ့အခါ ကိုယ်တိုင် မျက်ရည်ကျမိတယ်လို့ ပြောပြတာ ကြောင့်

" ဇာတ်ကားတွေရိုက်တဲ့အခါ ငိုတဲ့အခန်းတွေရိုက်ရင် ရိုက် ကွင်းနားမှာမနေတော့ဘူး။ အဝေးမှာပဲ သွားနေတော့တယ်။ သူငိုရင် ကိုယ်ပါလိုက်ငိုချင်တော့တာ။ ကားရိုက်အတွက် ဇာတ်တွေကိုဖတ်ပြီး ဘယ်
လိုမျိုးဆိုတာ ပြောပြပေးတယ်။ အလုပ်များတော့ ဘေးကနေ သူ့ကို ဝတ္ထုတွေဖတ်ပေးရတာပေါ့။ သူ့ကိုပရိသတ်တွေပို့ထားတဲ့ ဝတ္ထုတွေလည်း ဝိုင်းပြီးဖတ်ပေးနေတယ်။ အခု သူဝယ်လာတဲ့ ကင်မရာတွေနဲ့ ရိုက်တော့ အဲဒီစက်တွေကိုလည်း ရိုက်ပြီး ပြန်လုပ်နေရတာ။ ကားရိုက်လိုက်၊ ဒါတွေလုပ်လိုက်နဲ့ဆိုတော့ သူ့မှာ အချိန်ကမရှိဘူးဖြစ်နေတာလေ" လို့ ပြောပြပါတယ်။

၂ဝ၁၄ မှာ နေတိုးရဲ့ မင်္ဂလာသတင်းကြားရ တော့မလားဆိုတဲ့ လတ်တလောသတင်းတွေ ကြောင့် နေတိုးရဲ့မိခင်ဒေါ်သန်းမြိုင်
ကိုမေးကြည့်ဖြစ်တော့ "

အိမ်ထောင်ပြုတာက သူဆန္ဒရှိတဲ့သူဆိုရင် အရီးတို့က ကြည်ဖြူစွာ လက်ခံမှာပါပဲ။ အရီးတို့ကတော့ ဘယ်အချိန်ယူရ မယ်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ သူလည်း ကလေးမှမဟုတ် တော့တာ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်တတ်တဲ့ အရွယ်လည်းရောက် နေပြီပဲ။ အခုအချိန်မှာတော့ အနု ပညာအလုပ်တွေပဲ လုပ်နေတော့ ယူမယ့်သူရှိရင်တောင် မယူနိုင်သေးပါဘူး" လို့ ပြောပြခဲ့ပါတယ်။

Popular Journal

ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်ခတ်၍လူနေအိမ် တစ်ရာခန့်ပျက်


ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့နယ် ခြင်းဘို့အုပ်စုတွင် ဧပြီလ(၂၇)ရက်နေ့ကရုတ်တရက်မိုးရွာသွန်း ရာမှ လေပြင်းမုန်းတိုင်း ပြင်းထန်စွာတိုက်ခတ်ခဲ့၍
ယင်းအုပ်စုအတွင်းရှိဆိပ်သာဘုန်တော်ကြီးကျောင်းနှင့် ကျေးရွာ (၈)ရွာမှလူနေအိမ် တစ်ရာခန့် ပျက်စီး ခဲ့ကြောင်းဒေသခံအုပ်ချုပ်ရေးမှူးထံမှသိရသည်။

ခြင်ဘို့အုပ်စုတွင် ကျေးရွာပေါင်း(၁၃)ရွာရှိသည့် အနက်မှကြွက်ကျွန်းကျေးရွာ၊ ကျွန်းဦးကျေးရွာ၊ ကျွန်းထိပ် ကျေးရွာ၊ဆိပ်သာကျေးရွာ၊ ပေါက်တောကျေးရွာ၊ ပေါက်ကုန်းကျေးရွာနှင့်သဲရိုးကျေးရွာတို့မှ လူနေအိမ်များမှာ ရုတ်တရက်လေပြင်းမုန်တိုင်း
တိုက်ခတ်မှုကြောင့် ပြိုကျပျက်ခဲ့ရခြင်း ဖြစ်သည်။

“မနေ့ကညနေ၄နာရီလောက်မှာမိုးအုံ့လာတယ်။နောက်မိုးသီးကြွေတယ်မိုးရွာတယ်။နောက်ပိုင်းလေတိုက်လာ
တယ်။လေတိုက်ချိန်ကလည်း၁၅မိနစ်လောက်ပဲရှိမယ်။လေဆင်နမောင်းပုံစံမျိုးပါ။တော်တော်ပြင်းပါတယ်။
သစ်ပင်ကြီးတွေလည်းလဲကုန်ပါတယ်။အိမ်တွေလဲပြိုကုန်ပါတယ်။”ဟုကြွက်ကျွန်းကျေးရွာဒေသခံ ဦးမြင်ထွန်း ကပြောသည်။

လေပြင်းတိုက်ခတ်ပြီးနောက်သက်ဆိုင်ရာကလေဘေးသင့်ပြည်သူများကို ကူညီရန် စာရင်းပြုစုမှုအရ ပြိုကျပျက်စီးသွားသည့် အိမ်ခြေပေါင်း(၄၇)အိမ်။ အမိုးလန်အိမ်ခြေပေါင်း(၅၀)၀န်းကျင်ခန့်ရှိကြောင်း၊ယင်းအပြင် ဆိပ်သာဘုန်တော်ကြီးကျောင်းမှ နတ်
လမ်း၊သိမ်အမိုး၊ဘုရားတန်ဆောင်းအမိုးများပျက်စီးကြကာ ဘုန်ကြီးကျောင်းမှာ ယိုင်သွားကြောင်း သိရသည်။

ကိုရန်နိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

လှိုင်မြို့နယ်၌ အုတ်နံရံအနီးတွင်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှ ဘုန်းကြီးကျောင်းဆောင်ပေါ်သို့ပိမိသဖြင့် သံဃာ(၁)ပါး ပျံတော်မူ၊ (၁)ပါးဒဏ်ရာရ


ရန်ကုန်၊ ဧပြီ ၂၈

၂၈.၄.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း၊ ဇေယျမင်္ဂလကျောင်းတိုက်ဝင်းနှင့်ကပ်လျက်ရှိ စက်မှုဝန်ကြီးဌာနပိုင် လွယ်ဟိန်းကုမ္ပဏီမှငှားရမ်းထားသော ဘီစကွတ်
စက်ရုံခွဲ(၂)၀င်းအတွင်းမှ နှစ်ပေါင်း(၆၀)ခန့်သက်တမ်းရှိ အဆောက်အဦ
အုတ်နံရံအနီး၌ကပ်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှအစပြုပြီး အုတ်နံရံ အလျား(၁၂၀)ပေ၊ အမြင့်(၂၅)ပေခန့်မှာပြိုကျခဲ့ပါသည်။

ထိုသို့အုတ်နံရံပြိုကျခဲ့သဖြင့် ဇေယျမင်္ဂလကျောင်းတိုက်ဝင်းအတွင်းရှိ
သံဃာများသီတင်းသုံးနေထိုင်သော အလျား(၉၀)ပေ၊ အနံ(၃၀)၊ အမြင့်
(၁၅)ပေခန့်ရှိ သွပ်မိုး၊ အုတ်ကာ (၁)ထပ်အဆောင်ပေါ်သို့ပိမိခဲ့ရာ
ကျောင်းဆောင်အတွင်း၌ ကျိန်းစက်နေသော အရှင်စန္ဒောဘာသ သက်တော်(၅၀)နှစ်၊ ၀ါတော်(၇)၀ါမှာ အုတ်နံရံပိ၍ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ပြီး အရှင်ခေမာသီရိ သက်တော်(၄၀)နှစ်၊ ၀ါတော်(၇)၀ါတွင် တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပါသည်။

ယင်းကဲ့သို့ အုတ်နံရံပြိုကျခဲ့ရာမှ အရှင်စန္ဒောဘာသ ပျံလွန်တော်မူခြင်းနှင့်
ပတ်သက်၍ လှိုင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၄)ဖြင့်
ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကျောက်တန်းမြို့နယ်၌ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်


ရန်ကုန်၊ ဧပြီ ၂၈

၂၇.၄.၂၀၁၄ရက်နေ့ ၁၃၄၀အချိန် ကျောက်တန်းမြို့နယ်၊ ချောင်းစောက်
ကျေးရွာ၊ ပရိယတ္တိဘူမိ ဘုန်းတော်ကြီးကျောင်းရှိ သွပ်မိုး၊ ပျဉ်ကာ
ကျောင်းဆောင်အပေါ်ထပ်တွင် ဂေါပကအဖွဲ့ဝင် ဦးလှိုင်ကြူ (၆၀)နှစ်၊
ချောင်းစောက်ကျေးရွာ၊ ကျောက်တန်းမြို့နယ်နေသူမှ ကော်ဇောပေါ်၌
ခြင်ဆေးခွေထွန်းထားခဲ့ ရာ ခြင်ဆေးခွေမီးမှ ကော်ဇောပေါ်သို့ကျပြီး မီးစတင်လောင်းကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်
ရှိပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၁၄၂၀အချိန်တွင်မီးငြိမ်းသွားခဲ့
ပါသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာကျောင်းဆောင်(၁)ဆောင် တန်းဖိုး
ငွေကျပ်(၁၃)သိန်းခန့် ဆုံးရှုံးသွား ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ မီးပေါ့ဆစွာသုံးစွဲသူ ဦးလှိုင်ကြူအား ကျောက်တန်းမြို့မရဲစခန်း
(ပ)၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မြင်းမူတွင် လူနာတင်ယာဉ်တိမ်းမှောက်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ကိုတိုးကြီး

မြင်းမူ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ- မန္တလေးကားလမ်း မိုင်တိုင် ၅၇၊ ဘိုးမင်းကြီးကင်း၊ ဂွေးပင်တောကျေးရွာအနီးတွင် ဧပြီလ ၂၇ရက် နံနက်ပိုင်းက လူနာတင်ယာဉ်တစ်စင်း တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။

အဆိုပါ တိမ်းမှောက်ခဲ့သည့် ပခုက္ကူမြို့ သုခကာရီ လူမှုကူညီရေးအသင်း စာတမ်းပါ လူနာတင်ယာဉ်သည် ယာဉ်တိမ်းမှောက်သည့်နေ့က မန္တလေးဆေးရုံသို့ အရေးပေါ်လူနာ တစ်ဦးကို သွားပို့ပေးပြီး အပြန်တွင် ကားရှေ့ဘီးပေါက်ပြီး လမ်းဘေးချောက်ထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုလူနာတင်ယာဉ် HiAce Super Custom အမျိုးအစားဖြစ်ပြီး ကားနံပါတ်မပါဟုလည်း အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးသန်းရှိန်သည် နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်၌ လိုက်ပါလာသူ ဦးဥာဏ်လွင်ဆိုသူမှာ ယာဘက်နံရိုးများ ထိခိုက်သွားသဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိဟု မှုခင်းဆေးစာဌာနရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ လူနာတင်ယာဉ် တိမ်းမှောက်ခဲ့ခြင်းကို မြင်းမူမြို့မ ရဲစခန်းက ယာဉ်(ပ) ၂၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄(က)အရ အမှုဖွင့်ထားသည်။

လွန်ခဲ့သော ရှစ်လခန့်ကလည်း အဆိုပါ မြင်းမူမြို့နယ် မုံရွာ - မန္တလေး ကားလမ်းကြီးပေါ် တွင် မန္တလေးဘက်မှ မောင်းနင်လာသည့် လူနာတင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့သည့်အတွက် လူတစ်ဦးသေဆုံးပြီး၊ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

Mizzima Burmese

မျောက်လို့ လှောင်ပြောင်ပြီး ပရိသတ် ပစ်ပေါက်လိုက်တဲ့ ဌက်ပျောသီးကို ကောက်စားလိုက်တဲ့ Daniel Alves (ရုပ်/သံ)


မနေ့ ညက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ဗီလာရီးယဲလ်တို့ ပွဲစဉ်မှာ ပရိတ်သတ်တစ်ယောက်က ဘာစီလိုနာအသင်း နောက်ခံလူ Daniel Alves ကို လူမျိုးရေးခွဲခြားလှောင်ပြောင်တဲ့အနေနဲ့ ဌက်ပျောသီးတစ်လုံးနဲ့  ပစ်ပေါက်ခဲ့ပါတယ်။

ထောင့်ကန်ဘောကန်တင်ဖို့ လုပ်နေတဲ့ Daniel Alves ရဲ့ ဒီအပြုအမူကို တုံ့ ပြန်ခဲ့ပုံက ပရိတ်သတ်အကုန်လုံးကို အံ့အားသင့်စေခဲ့ပါတယ်။ Daniel Alves ဟာ ပရိတ်သတ်ပစ်ပေါက်လိုက်တဲ့ ဌက်ပျောသီးကို ကောက်၊ အခွံခွာပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်တာပါ။ ဌက်ပျောသီးဝါးနေရင်းနဲ့ ပဲ Alves ဟာ ထောင့်ကန်ဘောကို ကန်တင်ခဲ့ပါတယ်။



ဘောလုံးလောကမှာ အာဖရိက ကစားသမားတွေအပြင် ဘရာဇီး၊အာဂျင်တီးနားကစားသမားတွေဟာ အသားအရောင်ခွဲခြားမှု၊ မျောက်လို့ အခေါ်ခံရမှု စတဲ့ လူမျိုးရေးခွဲခြားမှုတွေ ကွင်းအတွင်း မကြာခဏ ကြုံတွေ့  ရလေ့ရှိပြီး Daniel Alves ရဲ့ ပညာသားပါပါတုံ့ ပြန်ခဲ့မှုက ဘောလုံးလောကမှာ အမှတ်ရစရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၂-၃ ဂိုးနဲ့ ဗီလာရီးယဲလ်ကို အနိုင်ရရှိခဲ့ပြီး ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ Daniel Alves က အထက်ပါဖြစ်ရပ်ကို အခုလို မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

“ ကျွန်တော့်ကို ဌက်ပျောသီးနဲ့ ပစ်ပေါက်လိုက်တာ ဘယ်သူမှန်းမသိပေမယ့် အဲ့လူကို ကျေးဇူးတင်ချင်ပါတယ်။ အသင်းဂိုးရဖို့ အတွက် ဖြတ်တင်ဘောနှစ်လုံးကို ကျွန်တော်စွမ်းဆောင်နိုင်အောင် အဲဒီ့ဌက်ပျောသီးက စွမ်းအား တွေပေးခဲ့တယ်ဗျ”

Ref: Dailymail.co.uk
Trend Myanmar


ကလေးငယ်ငယ်လေး ကို ဆေးလိပ်တိုက်နေတဲ့ ကလေးအဖေရဲ့ ဗီဒီယို လူကြည့်များ၍ ဝေဖန်မှုများစွာခံနေရ (ရုပ်/သံ)


ရုရှားနိုင်ငံက ဖခင်တစ်ဦးဟာ ကလေး ငယ်ကို ဆေးလိပ် တိုက်ခဲ့တာမို့ ဝေဖန်ခံနေရ တယ်လို့ သိရပါတယ်။ ဗီဒီယို ၀က်ဘက်ဆိုက် တစ်ခုဖြစ် တဲ့ Liveleak မှာ ဖခင်ဖြစ်သူက ကလေးငယ်ကို ဆေးလိပ်မီးညှိပေးခြင်း၊ ကလေးငယ်နဲ့ အပြန်အလှန် ဆေးလိပ်သောက်ခဲ့ခြင်း စတာတွေ ပါဝင်တဲ့ ဗီဒီယို ဖိုင်တစ်ခုကို လွှင့်တင် ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ထဲမှာ ကလေးငယ်ဟာ အလွန် ငယ်ရွယ်ပြီး ဖခင်ဖြစ်သူနဲ့ ဆေးလိပ်ကို အတူ သောက်သုံးခဲ့ပါတယ်။ ဖခင်ဖြစ် သူနဲ့ ကလေးငယ်တို့ဟာ အင်္ကျီဝတ် ဆင်ထားခြင်းမရှိဘဲ အပေါ်ပိုင်းဗလာကျင်းနဲ့ ဆေးလိပ်သောက်သုံးခဲ့တာဖြစ်ပါတယ်။

ကလေးငယ် ဟာ ဆေးလိပ်သောက်ချိန် မှာ ရယ်မောနေပြီး ဖခင်ဖြစ်သူက ဆေးလိပ် ကို ပြန်ယူလိုက်တဲ့အချိန်မှာ ငိုကြွေးနေခဲ့ပါ တယ်။ ဒီလို ဆေးလိပ်သောက်သုံးမှုကို အမျိုးသမီးတစ်ဦး က ရယ်မောနေတဲ့ အသံကြားခဲ့ ရကြောင်း သိရပါတယ်။ ဗီဒီယိုဖိုင်ကြည့်လိုက် ရသူတွေကတော့ ရယ်မော နေတဲ့ အမျိုးသမီး ဟာ ကလေးငယ်ရဲ့ မိခင်ဖြစ်နိုင်တယ်လို့ မှတ် ချက်ပြုခဲ့ပါတယ်။ ဗီဒီယိုဖိုင် ရဲ့အောက်မှာ ဝေဖန်မှတ်ချက်မျိုးစုံပေးခဲ့ကြပြီး လူတစ်ဦးက ဒါဟာ ကလေးသူငယ်အပေါ် ရိုင်းပျစော် ကားမှုတွေသာ ဖြစ်ပါတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ပြင်းပြင်း ထန်ထန် အရေးယူ သင့်ပါတယ် လို့ ရေးသားခဲ့ပါတယ်။








The Messenger

အကောင်းဆုံး အသင်းက အနိုင် ရခဲ့ခြင်းဟု မော်ရင်ဟို ကြွေးကြော်


အန်းဖီးလ်တွင် ရင်ဆိုင်သည့် နှစ်သင်းအနက် အကောင်းဆုံးအသင်းက အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားခဲ့သည်။

ချယ်လ်ဆီးသည် အရန် ကစားသမား အများအပြားကို အသုံးပြု ပွဲထွက်လာပြီးနောက် အဝေးကွင်းတွင် လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးလ်ကို ခံစစ်အားပြု တန်ပြန်တိုက်စစ် ကစားပြီး (၂-၀)ဖြင့် အနိုင်ရခဲ့သည်။ စတီဗင်ဂျရတ်၏ အမှားမှတစ်ဆင့် ဒမ်ဘာဘားက ဦးဆောင်ဂိုး သွင်းယူပြီး ပွဲပြီးခါနီးတွင် လီဗာပူးလ် တစ်သင်းလုံး စုပြုံတက်ဖိနေရာမှာ ဖာနန်ဒိုတောရက်စ် လွတ်ထွက်သွားပြီး ခင်းပေးသည်ကို ဝီလျံက အသာအယာ ပိတ်သွင်းပြီး ချယ်လ်ဆီးတို့ အနိုင်(၃)မှတ် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုပွဲတွင် လီဗာပူးလ်က တစ်ဖက်သတ် ဖိကစားခဲ့သော်လည်း ချယ်လ်ဆီးခံစစ်ကို ကျော်ဖြတ်နိုင်ရန်မူ အကောင်းဆုံး အနေအထားမျိုးသို့ မရောက်ရှိခဲ့ချေ။

“အကောင်းဆုံး အသင်းက နိုင်သွား တာပဲလေ။ ဒါက ကျွန်တော့်အမြင်ကို ပြောတာပါ”ဟု မော်ရင်ဟိုက ဆိုသည်။ ယခုပွဲနှင့် ပတ်သက်ပြီး လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ချယ်လ်ဆီးသည် ခံစစ်ကို အလွန်အကျွံ အားပြုကြောင်း ဝေဖန်ခဲ့သလို မီဒီယာများက ယင်းကစားဟန်နှင့် ပတ်သက်ပြီး မေးမြန်းသည့်အခါ ပေါ်တူဂီသား မန်နေဂျာက “ခံစစ်ကစားပုံ ဟုတ်လား။ မီဒီယာတွေက ခံစစ်ကစားတယ် ဆိုတဲ့အပေါ် ဘယ်လိုမှတ်ယူသလဲ ဆိုတာကို ကျွန်တော် နည်းနည်း ခေါင်းရှုပ်သွားပြီ။ အသင်းတစ်သင်းက ခံစစ်တော့ ကစားပါရဲ့။ နှစ်ဂိုး၊ သုံးဂိုးလောက် ပေးလိုက်ရပြီး ရုပ်ပျက်ဆင်းပျက် ရှုံးသွားတယ်ဆိုရင် ဒါကို ခံစစ်ကစားပုံလို့ လူတွေယူဆမှာတဲ့လား”ဟု တန်ပြန်မေးခွန်းထုတ်ခဲ့သည်။

၎င်းက “လီဗာပူးလ်ဟာ လေထဲကို ဘောလုံးတွေစပြီး ရိုက်တင်နေချိန်မှာ မာ့ခ်ရှဝါဇာ၊ ဂယ်ရီကာဟေးလ်နဲ့ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့က ငါးတွေကို ရေထဲလွှတ်ပေးလိုက်သလို အကြိုက်ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကစားပုံမျိုးကို ထိန်းဖို့က သူတို့အတွက် သိပ်ကိုလွယ်နေလို့ပါ။ ချယ်လ်ဆီးဟာ ထက်ထက်မြက်မြက် ကစားနိုင်ခဲ့တယ်။ အသင်းသားတိုင်း အပျံစားပါပဲ။ ဘာအမှားမှ မရှိခဲ့ဘူး။ ကျွန်တော့် ကစားသမားတွေဟာ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ပြခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ အသိအမှတ်ပြု ခံချင်နေတာ မဟုတ်ပါဘူး။ ကစားသမားတွေ အတွက်ပဲ ကျွန်တော်ပျော်မိတယ်။ သူတို့ရဲ့ အားထုတ်မှုကို ကျွန်တော် ဘယ်လောက် ကျေနပ်နေသလဲ ဆိုတာကို သူတို့သိတယ်လေ။ ဒါဟာ ကျွန်တော့်ဆီက သူတို့ လိုအပ်နေတဲ့ အရာလည်း ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

မီဒီယာများက ချယ်လ်ဆီးသည် လီဗာပူးလ်ကို အချိန်ဆွဲပြီး အနှောင့်အယှက်ပေး ကစားသွားခြင်းအပေါ် မေးမြန်းခဲ့ရာ မော်ရင်ဟိုက “အချိန်ဆွဲသတဲ့လား။ အဲဒါက ဘာကိုပြောတာလဲ။ တစ်ရာသီလုံး ကျွန်တော်တို့ ပွဲတွေ အများကြီး ကစားခဲ့တုန်းက ခင်ဗျားတို့ ဒါမျိုးတစ်ခါမှ မပြောဖူးဘူးနော်”ဟု တုံ့ပြန်သွားသည်။

Ref:Dailymail
Soccer Myanmar

ဘတ်စ်ကားနှစ်စင်း ပါကင်ထိုးထားသည့် ကစားကွက်ဖြင့် ချယ်လ်ဆီး ကစားခဲ့ကြောင်း ရော့ဂျာဝေဖန်


အန်းဖီးလ်ကွင်းထဲတွင် ချယ်လ်ဆီးအသင်းက ဘတ်စ်ကားနှစ်စင်း ပါကင်လာထိုးသွားကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက အငေါ်တူး ပြောကြားခဲ့သည်။

လီဗာပူးလ်သည် အိမ်ကွင်းတွင် ဧည့်ခံရသည့်တိုင် ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟို၏ ခံစစ်အထိုင်ချပြီး အမှားစောင့်ကစားသည့် ဗျူဟာကို ချိုးဖျက်ရန် အဖြေရှာမတွေ့ဘဲ (၂-၀)ဖြင့် အရေးနိမ့်သွားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဆန်းဒါးလန်းကို အံ့ဩဖွယ်ရာ အရေးနိမ့်ခဲ့သည့်တိုင် ချယ်လ်ဆီးသည် ယခုပွဲတွင်မူ ၎င်းတို့၏ နာမည်ကျော် ခံစစ်သိပ်သည်းမှု စွမ်းဆောင်ရည်ကို အမှားအယွင်းမရှိ ပြသပြီး အိမ်ရှင်ကို ဒုက္ခပေးသွားခဲ့သည်။ ဥရောပ ဘောလုံးလောကတွင် ခံစစ်ပိတ်ကစားသည့် နည်းဗျူဟာကို ဘတ်စ်ကား ထိုးရပ်ထားသည်ဟု ညွှန်းဆိုလေ့ရှိရာ ရော့ဂျာက ချယ်လ်ဆီးတို့သည် ဘတ်စ်ကားနှစ်စင်း ဝင်ထိုးရပ်သွားကြောင်း ခိုင်းနှိုင်းသွားခဲ့သည်။

“ကျွန်တော်တို့ ဘယ်လိုမှ ထိုးဖောက်လို့ မရဘူး။ ပြောရမယ်ဆိုရင် သူတို့က ဘတ်စ်ကားနှစ်စင်းလောက် ပါကင်ထိုးထားသလိုပဲ။ တစ်စင်းတောင် မဟုတ်ဘူးနော်”ဟု ရော့ဂျာက သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းက “မော်ရင်ဟို အနေနဲ့တော့ ဒီနည်းလမ်းမျိုးကို လုပ်ဆောင်ရတာ ပျော်ရွှင်နေပါမယ်။ ပြောရမယ်ဆိုရင် မှတ်တမ်းအရ ဒါဟာ အလုပ်ဖြစ်တယ် ဆိုတာကို မော်ရင်ဟိုက သူ့CVကို ကျွန်တော့်ရှေ့ ချပြသွားတာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ဒီပုံစံမျိုး ကစားတာဟာ ကျွန်တော့်နည်းလမ်းတော့ မဟုတ်ဘူးလေ။ ကျွန်တော်ကတော့ ပွဲကစားရင် နောက်ထိုင်နေတာထက် ရှေ့တိုးတာမျိုးကို ပိုကြိုက်တယ်။ ပွဲကို စိုးမိုးပြီး ကစားသမားတွေက သူတို့အရည်အသွေးတွေကို ထုတ်ပြခွင့် ရတာမျိုးဖြစ်အောင် ကြိုးစားတယ်။ ကျွန်တော်တို့ရဲ့ ကစားဟန်ဟာ တိုက်စစ်ကို အခြေပြုပြီး ဖန်တီးမှု အရည်အသွေးတွေနဲ့ ပြိုင်ဘက်ကို ဟန့်တားတာမျိုးပါ”ဟုလည်း ဆိုသည်။

မြောက်အိုင်ယာလန်သား မန်နေဂျာက “ချယ်လ်ဆီးက ဒီပွဲကို ခံစစ်အားပြု ပုံစံနဲ့ ချဉ်းကပ်ခဲ့တယ်။ ကျွန်တော်တို့ လုပ်ဆောင်ပုံနဲ့တော့ ဟိုဘက်ဒီဘက် ဝင်ရိုးစွန်းချင်း ခြားနေသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် တိုက်စစ်အားပြုတဲ့ အတွေးအမြင်နဲ့ ဖွင့်ကစားတဲ့ ပုံစံတွေက ရေရှည်ရလဒ်တွေမှာ ကျွန်တော်တို့အတွက် ကောင်းကျိုးဖြစ်စေဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ ကိုယ့်(၁၈)ကိုက် စည်းထဲမှာ ကစားသမား (၁၀)ယောက်လောက် ပြုံထည့်ထားဖို့ ဆိုတာက နည်းပြတစ်ယောက်အတွက် မခက်ခဲလှဘူးလေ။ တကယ်တမ်းက တစ်ဖက်ကို ထိုးဖောက်နေပြီး ပြိုင်ဘက်က ကောင်းကောင်း ခုခံနေတယ်ဆိုတဲ့ အခြေအနေမျိုးကသာ ခက်ခဲလေ့ရှိတာပါ။ ကျွန်တော်တို့က ပွဲတစ်ပွဲကို အနိုင်ရဖို့ ကြိုးစားခဲ့တဲ့ အသင်းပါ။ ပွဲစကတည်းက ချယ်လ်ဆီးက (၆)ယောက်လောက် နောက်တန်းမှာ ထားကစားတဲ့အခါ အခြေအနေက တကယ့်ကို ခက်ခဲနေခဲ့ပါတယ်။ သူတို့ကို ဖြိုဖျက်ဖို့ အကျပ်ရိုက်ခဲ့တာ အမှန်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပြာယာခတ်နေလို့ မဟုတ်ပါဘူး။ အဓိကက နောက်ဆုံးအဆုံးသတ် ပေးပို့တဲ့ ဘောလုံးတွေမှာ အားနည်းခဲ့တာပါ။ ကံကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီရလဒ်ကြောင့် ကျွန်တော်တို့ စိတ်ပျက်ခဲ့ရတာ အမှန်ပါပဲ”ဟုလည်း ပြောကြားသွားသည်။
Ref: goal
Soccer Myanmar

လီဗာပူးလ် ရှုံးပွဲအပြီး အန်းဖီးလ်ကွင်း အပြင်ဘက်၌ နှစ်ဖက် ပရိသတ်များ ရန်ပွဲဖြစ်ပွား


ပြီးခဲ့သည့် သီတင်းပတ် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် အန်းဖီးလ်တွင် လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ တွေ့ဆုံခဲ့ပြီးနောက် ပွဲပြီးချိန်၌ နှစ်သင်း ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးသည် ယခုရာသီ ချန်ပီယံဆု အတွက် အဓိက ရေပန်းစားနေသည့် လီဗာပူးလ်ကို အရန် ကစားသမား အများစုဖြင့် ပွဲထုတ် ရင်ဆိုင်ခဲ့သည့်တိုင် (၂-၀)ဖြင့် အနိုင် ရရှိအောင် စွမ်းဆောင်ပြခဲ့ပြီးနောက် လီဗာပူးလ်၏ ချန်ပီယံ မျှော်လင့်ချက်ကို ကျဉ်းထဲကျပ်ထဲ ရောက်သွားစေ ခဲ့သည်။ ထိုပွဲတွင် လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏ ခြေချော် လဲကျမှု အမှားမှ တစ်ဆင့် ချယ်လ်ဆီး တိုက်စစ်မှူး ဒမ်ဘာဘားက အဖွင့်ဂိုးကို သွင်းယူခဲ့သည်။ ကွင်းပြင်သို့ ထွက်ခွာလာချိန်၌ ချယ်လ်ဆီး ပရိသတ်များက ဂျရတ် အကြောင်း သီချင်းလုပ်ဆိုနေသဖြင့် လီဗာပူးလ် ပရိသတ်များနှင့် ပြဿနာ တက်ကြခြင်း ဖြစ်သည်။

Daily Mail သတင်းဌာနက အပြန်အလှန် လုံးထွေး ထိုးကြိတ်နေသည့် နှစ်ဖက်အသင်း ပရိသတ်များ၏ ဓာတ်ပုံကို ဖော်ပြခဲ့သည်။ ရုပ်ပျက်ဆင်းပျက် နိုင်လှသော ဓာတ်ပုံများတွင် လူတစ်ဦးက အခြား တစ်ဦးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်နေသည်ကို တွေ့ရသလို မြင်းစီးရဲတပ်ဖွဲ့များက အခြေအနေကို ကြားဝင် ထိန်းသိမ်း ခဲ့ရသည်ကိုလည်း မြင်နိုင်မည် ဖြစ်သည်။ ထို့အပြင် အပြန်အလှန် အော်ဟစ်နေသည့် ပရိသတ်များကြားတွင် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်တန်းစီကာ စည်းခြား ထားသည့် မြင်ကွင်းကိုလည်း တွေ့ရှိရသည်။

လီဗာပူးလ် အသင်း ချယ်လ်ဆီးကို အရေးနိမ့်ချိန်တွင် မန်ချက်စတာစီးတီးက အီဒင်ဂျက်ကို၊ ယာယာတိုရေးတို့၏ ဂိုးများဖြင့် ခရစ္စတယ်လ် ပဲလေ့စ်ကို (၂)ဂိုးပြတ် အနိုင်ရခဲ့သည့်နောက် ချန်ပီယံပြေးလမ်းပေါ်တွင် လီဗာပူးလ်ထက် အတန်ငယ် အသာစီး အနေအထားမျိုးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
Ref:Dailymail
Soccer Myanmar

ယူနတီဂျာနယ်သတင်းထောက်များကို ၈ ကြိမ်မြောက် ရုံးထုတ်

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ -  Robert San Aung's) 

နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေ ဒီကနေ့ မနက်ပိုင်းကနေ စပြီး ပခုက္ကူမြို့တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထွက် စစ်ဆေးခံနေရကြောင်း ယူနတီဂျာနယ်သတင်းထောက် ဦးရာဇာဦးရဲ့ အမျိုးသမီး ဒေါ်သိဂီ င်္ထွန်းက ပြောပါတယ်။

မျက်မြင်သက်သေ ၄ ဦးကို စစ်ဆေးမှာ ဖြစ်တဲ့အတွက် ညနေပိုင်းအထိ ကြာနိုင်ပြီး ရန်ကုန်က ရှေ့နေတွေတော့ အခုတကြိမ် သွားရောက်ခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ် အနီး တည်ဆောက်ထားတဲ့ ဓာတုစက်ရုံအကြောင်း ရေး သား ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ်ရဲ့ နယ်ခံသတင်းထောက် အပါအ၀င် အမှုဆောင် အယ်ဒီတာချုပ်၊ အကြီးတန်းသတင်းထောက် ၂ ဦးနဲ့ သတင်းထောက် ၁ ဦးကို အခုနှစ် ဖေဖော်ဝါရီ လကတည်းက ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

DVB Burmese