မြန်မာပြည်တွင် စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း





မြန်မာပြည်မှာ Entrepreneur တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ ကို တင်ပြပေးလိုက် ရပါတယ်။

ကူညီထောက်ပံ့မည့်သူ မရှိခြင်း

ကူညီထောက်ပံ့တယ်ဆိုတာ Entrepreneur များအတွက် မရှိမဖြစ်လို အပ်ပါတယ်။ တစ်နည်းပြောရင် ရင်းနှီးမြှုပ်နှံသူလို့လည်း နားလည်နိုင် ပါတယ်။ နိုင်ငံတကာမှာဆိုရင် Product တစ်ခုကောင်းကောင်း ထုတ်ဖို့ ရေး ဆွဲထားတဲ့ Project ကို ထုတ်ပြပြီး Private Investor ကိုပြရင်ပြမယ်။ သူမှမရလည်း အစိုးရ ဘဏ်တွေဆီ တိုက်ရိုက်သွားပြီး ရှင်းပြတဲ့အခါ အကြောင်းအချက်ခိုင်လုံ ရင် ငွေထုတ်ချေး ပါတယ်။ မြန်မာပြည်မှာလည်း မချေးဘူး မဟုတ်ဘူး။ ချေးပါတယ်။ အစိုးရဘဏ်မှ ငွေတိုးနဲ့ချေးနိုင်ပေမယ့် အဲ့ဒီလို ချေးနိုင်ဖို့ အတွက် အိမ်ဂရန် အပေါင်ထားတာတို့၊ ဟိုလူကပ်၊ ဒီလူကပ် လုပ်ရတာတို့၊ လမ်းကြောင်းရှာရတာတို့ အစရှိသဖြင့် အခက်အခဲ များစွာကြောင့် ကိုယ်တိုင်လည်း အရင်းမထုတ်နိုင်၊ အရင်းထုတ်နိုင် သူကိုလည်း ရှာမတွေ့ ၊ ဘယ်ကနေမှ လည်း ငွေချေး မရနဲ့ နောက်ဆုံးတော့ ဘာမှမလုပ်တော့ပဲ နေလိုက်ကြ ပါတယ်။


အကြံတူ နောက်လူ အသာစောင့်ခြင်း

ရန်ကုန်မှာဆိုရင်ပေါ့။ ရပ်ကွက်တစ်ခုထဲမှာပဲ တစ်ယောက် အင်တာနက် ဆိုင်ဖွင့်တယ်။ တစ်နာရီ ၄၀၀ ကျပ်။ ဆိုင် အင်မတန် ဝင်ငွေကောင်း တာတွေ့တောင် နောက်လူကလည်း မနီးမနားနေရာမှာ အင်တာနက်ဆိုင် လိုက်ဖွင့် တစ်နာရီ ၃၀၀ ကျပ်၊ အဲယားကွန်းအေးအေးဆက်ဆက်လေး လည်း ရှိတော့ ၃၀၀ တန်ဆိုင်ကို သွားကြလေရော။ Web Service ကုမ္မဏီတစ်ခု ဝဘ်ဆိုဒ် တစ်ခုကို ၁၀ သိန်းနဲ့လုပ်တယ်။ အရောင်း အဝယ်ဖြစ်၊ အောင်မြင်တာတွေ့တော့ Website တစ်ခု ၅ သိန်းနဲ့ အခြားသော ဝန်ဆောင်မှုပါ တွဲပေးလိုက်တယ်။ နယ်မြို့ လေးမှာ ဘိလိယက်ခုံဖွင့်တော့ လူလာများပြီး အောင်မြင်တယ်။ နောက်လူက အဲ့ဆိုင်လူစည်တာကြည့်ပြီး အဲယားကွန်းခန်း ဘိလိယက်ခုံဆိုပြီးတော့ ဖွင့်၊ အေးတဲ့နေရာကို လူပိုသွား။ ရွှေဇလပ် အမည်နဲ့ နေကြာစိ ထုတ်။ နောက်ကုမ္မဏီတစ်ခုက ငွေဇလပ် သို့မဟုတ်ရွှေဇလယ် အမည်နဲ့ နေကြာစိ ထုတ်။ အသံတူ ကြောင်းကွဲ လုပ်ပြီး ဈေးလည်း သက်သက်သာသာ လုပ်တော့ သူ ပိုအောင်မြင်တာပေါ့။


နောက်ဆုံးတော့ အကြံတူပေမယ့် နောက်လူက သာသာလို့ သွားပါတယ်။ သာရခြင်း အကြောင်းက ကနဦး တီထွင်ကြံစသူဟာ အိုင်ဒီယာ ဆက်မထုတ်နိုင်ခြင်း နဲ့ Investment ထပ်မထုတ်နိုင်ခြင်း နှစ်ခုပါ။ Idea ထပ်မထွက်တာကတော့ ကိုယ့်အပြစ်မို့ ပြောစရာမရှိပေမယ့် ၁၀ ယောက်စာ Customer အတွက်ပဲ ဝန်ဆောင်မှု ပေးနိုင်သူဟာ အယောက် ၁၀၀ အတွက် မစွမ်းသာသေးပါဘူး။ ဒီတော့ စွမ်းသာတဲ့ လုပ်ငန်းစုတစ်ဖွဲ့က ဆင်တူတွေ လိုက်လုပ်တော့ စွန့်ဦးတီထွင်သူဆိုတာ ပျောက်ခြင်း မလှပျောက်ကုန်၊မွဲကုန် ကြ ပါတယ်။


ခိုင်မာသင့်လျော်သော နည်းဥပဒေ မရှိခြင်း

လုပ်တုန်းကတော့ အဖွဲ့နဲ့ သေချာ တိုင်ပင်ပြီး လုပ်ကြတယ်။ စိတ်ဝမ်းလည်း ကွဲကြရော၊ ပြဲကြရော လူတစ်လူ ငါတစ်မင်းဖြစ်တဲ့အခါ ငွေကြေး အရှုပ် အရှင်းတွေ၊ ထုတ်ကုန်အရှုပ်အရှင်းတွေ၊ အမည်အရှုပ်အရှင်းတွေ အားလုံး ရှင်းရတော့မယ်။ နည်းပဒေများစွာ ရှိပေမယ့် ငွေများသူဘက်က အမြဲနိုင် တဲ့ခေတ်ကို မကျော်လွှားနိုင်သေးတော့ စွန့်ဦးတီထွင်ဖို့ရာ ခက်ခဲ နေ ပါသေးတယ်။ မူပိုင်ခွင့် ပြဿနာ က အကြံတူခြင်း၊ ထောက်ပံ့သူ ရှိမရှိ ပြဿနာအပြင် နည်းဥပဒေ ခေါင်းစဉ်အောက်မှာလည်း အကြုံးဝင်ပါတယ်။ စာရေးဆရာ တစ်ယောက် သူ ကလောင်ထက်လို့ စာအုပ်ထုတ်မယ်ဆိုရင်တောင် အုပ်ရေ ၂၀၀၀ အတွက် သိန်း ၂၀။ ဒါကိုမတတ်နိုင်တော့ ထုတ်ဝေသူရှာ၊ ဒီလိုနဲ့ ဟိုရှာဒီရှာလုပ်ရင်း စာအုပ်သာ ထွက်သွားပေမယ့် အိင်္ကျီသစ်တစ်ထည် မရလိုက်ဘူး။ ထုတ်ကုန်ကောင်းကောင်း ရှိလို့ ကုမ္မဏီထောင်ချင်ပြီ မီဒီယာလား၊ ထုတ်ကုန်သွင်းကုန်လား၊ အစုအဖွဲ့လား ကုမ္မဏီမှတ်ပုံတင်ကြေး၊ အမည်ကြေး၊ ခွင့်ပြုချက်အမိန့် တစ်ဆင့်ပြီးတစ်ဆင့် ကုန်ကျစရိတ်ကလည်း များတော့ စွန့်ဦးတီထွင်သူတို့ ခေါင်းအစားမခံပဲ ထမင်းပဲ ဆက်စားကြ ပါတော့တယ်။ အစိုးရက Entrepreneur များကို မြေတောင်မြောက်ပေးတဲ့ ဥပဒေမျိုးတွေ ချမှတ် ပေးဖို့ လိုအပ်နေပါပြီ။


ပူးပေါင်းလုပ်ကိုင်မှု မရှိခြင်း

သိပ်အဝေးကြီး ရှာတွေးနေစရာ မလိုပါဘူး။ အနီးအနား တိုင်ပြည်များ ကိုပဲ လေ့လာ ကြည့်နိုင်ပါတယ်။ Product တစ်ခုရဖို့အတွက် Unplug မဟုတ်တော့ပဲ Team Work ကောင်းကောင်း တစ်ခု Build လုပ်လို့ ပူးပေါင်း ဆောင်ရွက် သွားကြပါတယ်။ ငွေရှိရင် လုပ်ငန်းတစ်ခုစမယ်။ လိုအပ်တဲ့လူတွေကို ပိုက်ဆံပေးခန့်မယ်ဆိုတဲ့ ငွေရှိသူအချို့ ကြောင့် သူတို့ ကိုယ်တိုင်လည်း Entrepreneur ဖြစ်မသွားသလို သူတို့လက်အောက်မှာ လုပ်တဲ့ သူတွေကလည်း Entrepreneur ဖြစ်မသွားပါဘူး။ လုပ်ငန်းရှင်နဲ့ လုပ်သား ဆက်ဆံရေး level တစ်ခုသာ ဖြစ်သွားပြီး စိတ်ဝမ်းကွဲမှု များကြောင့် စွန့်ဦးတီထွင်မှုတွေ ပျောက်ဆုံး သွားပါတယ်။ အလုပ် တစ်ခုကို ရပြီဆိုရင်လည်း အဖွဲ့လိုက် ဝိုင်းလုပ်တာထပ် တစ်ယောက်တည်း လက်စွမ်းပြမယ်ဆိုတဲ့ အတွေးရှိသူ များကလည်း ခရီးပန်းတိုင်တစ်ခု ကို တော်တော်နဲ့ မရောက်ပါဘူး။ စည်းစည်းလုံးလုံး ပူးပေါင်း လုပ်ကိုင်မှု မရှိခြင်း ကလည်း Entrepreneur များကို ပျောက်ကွယ် စေပါတယ်။


စွန့်စားလိုစိတ် မရှိခြင်း

ဒါကတော့ ကာယကံရှင်ကိုပဲ အပြစ်တင်လို့ မရပါဘူး။ မြန်မာပြည်မှာ က တော်ရုံငွေမရှိတဲ့အခြေအနေကနေ ချေးငွေယူလို့ စီးပွားဖြစ်အောင် ဖန်တီးမယ်ဆိုရင်တောင် အောင်မြင်ဖို့၊ ကျရှုံးဖို့က ၅၀:၅၀ ပါ။ အောင်မြင်ပြီး သား ကွန်ရက်တစ်ခုက အောင်မြင်ဖို့ ရည်ရွယ်ပြီး အခုမှ စတဲ့ Starter တွေ ကို သူတို့ Network ထဲ ပေးဝင်လိုစိတ် မရှိပါဘူး။ (အားလုံးကိုမဆိုလိုပါ) ဒီတော့ ကြိုးစားပန်းစားသာ မလုပ်ကိုင်ရင် ကြိမ်းသေ ကျရှုံးမှာပါ။ သို့ပေမယ့် ဒီနေရာမှာ ဘုရင့်နောင်ဖောင်နောက်ပြန်မလှည့် ကြိုးစားသူ အချို့ ကတော့ အောင်မြင် ပါတယ်။ အဓိကကတော့ စွန့်စား (Adventure) ချင်တဲ့ စိတ်ဓာတ်တစ်ခု ရှိနေဖို့ ဖြစ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်စိတ်ကြီုးစိုးနေသေး ရင်တော့ ဘယ်တော့မှ လုပ်ငန်းရှင် ဖြစ်မလာပါဘူး။ အကြောင်းပြချက် တစ်ခုချင်းစီကို ဖတ်လို့ အားငယ်၊ စိတ်ပျက်နေမယ့်အစား တကယ် အောင်မြင်သော Entrepreneur ဖြစ်လိုသူ တစ်ယောက်က ဒီဘောင်အတွင်းကနေ ဘယ်လိုဖောက်ထွက်ကြိုးစားရမယ်ဆိုတာကို စဉ်းစားနေပါပြီ။

Entrepreneur များ မပေါ်ထွန်းအောင် တားဆီးတဲ့ အချက်များစွာ ရှိနေတာကို အုပ်ချုပ်ရေး နဲ့ ဥပဒေ ပြုရေးတို့က ပြင်ဆင်သတ်မှတ်ပေး မယ်၊ အတားအဆီး၊ အခက်အခဲ၊ ပြဿနာများကို ဖြေရှင်းပေးမယ်၊ ပြီးတော့ Entrepreneur များကလည်း စွမ်းစွမ်းတမံ ကြိုးစားမယ် ဆိုရင် မြန်မာပြည်ရဲ့  ရွှေရောင်လင်းလက်တဲ့ အနာဂတ်က တကယ်မဝေးတော့ပါဘူး။
အောင်ခမ်း ( TSJ team )

မအိပ်ဘဲနေခြင်းက မစားဘဲနေတာထက် ပိုသေဆုံးနိုင်


လူတစ်ယောက်ဟာ အစားလုံးဝ မစားပဲ ရေသောက်ပြီးနေရင် ပျှမ်းမျှ အားဖြင့် ၁လ မှ ၂ ကြား အသက်ရှင်နိုင် တယ်လို့ လေ့လာတွေ့ရှိချက် များက ဆိုပါတယ်။ သို့ပေမယ့် လူတစ်ယောက်ဟာ ရက်ပိုင်းအတွင်းသာ မအိပ်ပဲ နေရင် သေနိုင်ကြောင်း သိရပါတယ်။

ဂင်းနစ်စံချိန်များအရ လူတစ်ယောက် မအိပ်ပဲ အနေနိုင်ဆုံးက ၂၆၄ နာရီပဲ ရှိပါတယ်။ သို့ပေမယ့် ယင်းစံချိန်တင်ပြီး သူ့ရဲ့  စိတ်ရော၊ ကိုယ်ပါ သာမန်လို မဟုတ်ပဲ ကျန်းမာရေးချို့ ယွင်းချက်ပေါင်း များစွာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အိပ်စက် အနားယူမှုက လူတစ်ယောက်အသက်ရှင်ဖို့အတွက် အရေးကြီးဆုံးထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အစားမစားပေမယ့် ရေချည်းသောက်ပြီးနေတော့ ရက်ပိုင်းလောက်အတွင်း ထူးထူးခြားခြားပြောင်းလဲမှု မရှိပါဘူး။ သို့ပေမယ့် ဒါက တစ်ဦးချင်းစီရဲ့  အာဟာရ၊ ကျန်းမာရေး အခြေအနေ၊ ကိုယ်ခံစွမ်းအားများ နဲ့လည်း သက်ဆိုင် ပါသေးတယ်။ သို့ပေမယ့် မိပ်ပဲနေရင်တော့ ဘယ်လောက်ပဲ ကျန်းမာရေး ကျန်းမာရေး ဘယ်လောက်ပဲ ကောင်းကောင်း ဆိုးရွားတဲ့ ကျန်းမာရေး ရလဒ်များသာ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

From : .... New Myanmar News

လမ်းဘေးကားပါကင်များပေါ်ကဈေးသည်များကိုစတင်အရေးယူ


ရန်ကုန်မြို့တွင်းရှိ လမ်းဘေးကားပါင်များပေါ်တွင် ရောင်းချလျက်ရှိသော လမ်းဘေးဈေးသည်များကို အချိန်အကန့်အသတ်မရှိ ရောင်းချခွင့် မပြုတော့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး
ကော်မတီက ထုတ်ပြန်ထားခဲ့ပြီးနောက် စတင်ကာ အရေးယူမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ကျောက်တံမြို့နယ်အတွင်းရှိ အနော်ရထာလမ်းမဘေးတွင် ရောင်းချလျက်ရှိသော လမ်းဘေး ဈေးသည်များအားယနေ့မှ စတင်ကာ လိုက်လံအသိပေးထားကြောင်း၊ ဆက်လက်၍ ရောင်းချခြင်းများကို ပြုလုပ်နေပါက စည်ပင်သာယာရေး ကော်မတီ၏ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီဥပဒေကို ၂၀၀၄ ခုနှစ် ကတည်းက ထုတ်ပြန်ခဲ့တာပါ။ တကယ်အရေးမယူ ဖြစ်သေးတာပါ။ ခုကလမ်းတွေ ဘယ်လိုမှ ရှင်းမရလို့ ထုတ်ပြန်ထားတဲ့ အမိန့်ကြေငြာစာက အမှတ် ၁၁/၃၉ ပါ။ အချိန်ကတော့ကန့်သတ်ချက်မရှိပါဘူး”ဟု အထက်ပါပုဂ္ဂိုက ပြောသည်။
အနော်ရထာလမ်းမပေါ်တွင် ကုန်စိမ်းရောင်းချလျက်ရှိသော မသန်းမေကလည်း “ကျွန်မတို့က ဒီနေရာမှာဘဲ အရောင်းအ၀ယ်က လုပ်လို့ဖြစ်တာပါ။ တခြားမှာလည်း ရောင်းလို့ အဆင်မပြေတာတွေ ရှိပါတယ်။
ဝယ်သူရှိတဲ့ နေရာမှာဘဲ လိုက်ရောင်းရတာပါ”ဟု ၎င်း၏ ဆန္ဒကို ပြောသည်။
ကျောက်တံတားမြို့နယ် အတွင်းရှိ ၃၈လမ်းနှင့် အနော်ရထာလမ်းမပေါ်တွင် ညနေ ၃ နာရီ နောက်ပိုင်း ဈေးသည်များ အထူးစည်ကားချိန်တွင် လူသွားလမ်းများ မရှိတော့ဘဲဈေးသည်များ ပြည့်ကျပ်နေသဖြင့် ကားလမ်းမပေါ်တွင် ခရီးသွားပြည်သူများ ဆင်း၍သွားရကြောင်း သိရသည်။
မြန်မာ့ခေတ်

ပညာရေးပြုပြင်ပြောင်းလဲမှု ဆန္ဒပြသည့် မက္ကဆီကိုကျောင်းဆရာ များနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်



ပညာရေးပြုပြင်ပြောင်းလဲမှုကို ကန့်ကွက် ဆန္ဒပြတောင်းဆို နေကြသော မက္ကဆီကိုဆရာ၊ ဆရာမများကို ရဲတပ်ဖွဲ့က တားဆီးရန် ကြိုးစားခဲ့ကြရာမှ နှစ်ဖက် အပြန်အလှန် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ယင်းသို့ ဆရာ၊ ဆရာမများသပိတ် ကြောင့် မြို့တော် မက္ကဆီကိုစီးတီး တွင် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ခဲ့သည်ဟု ယင်းသတင်းက ဆိုသည်။
မက္ကဆီကိုသမ္မတ အင်းနရစ်ပီနာနီတိုက ပြုပြင်ပြောင်းလဲရေး စီမံချက်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးနောက် ဖော်ပြပါ ဆန္ဒပြပွဲများ နိုင်ငံလုံးအနှံ့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပေသည်။

ပညာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ဆရာ၊ ဆရာမ သမဂ္ဂများက ဆန့်ကျင်ကန့်ကွက်ကြပြီး လပေါင်းများစွာ အလိုကတည်းက ဆန္ဒပြပွဲများ ဆင်နွှဲနေကြခြင်း ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှု များတွင် ဆရာ များအား စာသင်ခန်း စွမ်းဆောင်ရည် ဆက်စပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းလည်း ပါဝင်သည်။

မက္ကဆီကို ဆရာသမဂ္ဂများသည် အကျင့်ပျက် ခြစားမှုများ ရှိနေကြောင်းနှင့် အလုပ်နေရာ ခွဲဝေမှုကို လက်ဝါးကြီး အုပ်ထားကြောင်း ဝေဖန်သူများက ထောက်ပြထားကြသည်။

ဆန္ဒပြ ကျောင်းဆရာ၊ ဆရာမ များက လေဆိပ်ကို ချီတက်သွားစဉ် ရဲတပ်ဖွဲ့ဝင်များက လမ်းမှ ပိတ်ထားသောကြောင့် ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခများ ဖြစ်ပွားခြင်း ဖြစ်ပေသည်။ ပညာရေးဝန်ထမ်း များသည် သမ္မတအိမ်တော်အထိ ချီတက် ဆန္ဒပြကြပြီး ရုံးအရာရှိများ ကသာ လက်ခံတွေ့ဆုံခဲ့သည်။ ထို့ကြောင့် ဒေါသထွက်လာသော ဆန္ဒပြဝန်ထမ်းများက အဓိကလမ်းမကြီး နှစ်ခုကို ပိတ်ပြီး ဆန္ဒပြ ခဲ့သောကြောင့် မော်တော်ယာဉ်များ သွားလာမှု ပိတ်ဆို့ကုန်ပြီး ရဲများက လာရောက်လူစုခွဲရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

ဆရာ၊ ဆရာမအလုပ်ကို ဆရာများ သမဂ္ဂက ထိန်းချုပ်ထားပြီး အရည်အချင်း မရှိသော ဝန်ထမ်းများကို ရာထူးတိုးပေး ခြင်းများနှင့် အကျင့်ပျက်မှုများ ရှိနေကြောင်း အစိုးရက ပြောဆိုထားသည်။
The Voice Weekly

ဧရာဝတီမြစ်ရေမြင့်တက် မန္တလေးမြို့မှာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိ


ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနေပြီး မြို့ပတ်ကမ်းနားလမ်းတစ်လျှောက်နေရာအချို့ကို သဲအိတ်တွေကာရံချထားတာ၊ ရေကင်းလုံခြုံရေးချထာ.တာတွေ ယခုလ ၁၂ ရက်ကစပြီးပြုလုပ်နေရပါတယ်။
အောင်မြေသာစံမြို့နယ်အတွင်း ၂၂ လမ်း ကနေ မြောက်ဘက် ညောင်ကွဲရပ်ကွက် အထိ မြို့ပတ်ကမ်းနားလမ်းတစ်လျှောက် ရေစိမ့်ဝင်နိုင်တဲ့နေရာတွေကို မန္တလေး စည်ပင်က သဲအိတ်တွေ လိုက်လံချထားပေးနေတာဖြစ်ပါတယ်။
မြို့ပတ်ကမ်းနားလမ်းဟာ ဖို့မြေပေါ်မှာ ဖောက်လုပ်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၇ နှစ်ခန့်က ရေများပြီး ဖောက်လုပ်ဆဲလမ်းရေတိုက်စားတာခံခဲ့ရဘူးပါတယ်။
The Modern News Journal

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သားအိမ်ကင်ဆာဖြစ်ပွားမှုအန္တရာယ် လျှော့ချနိုင်


သားအိမ်ကင်ဆာဖြစ်ပွား မှုအန္တရာယ်ကို လေ့ကျင့်ခန်းလုပ် ခြင်း၊ အစားအစာရွေးချယ်စား သုံးခြင်းနှင့် ကော်ဖီသောက်သုံး ခြင်းတို့ဖြင့် လျှော့ချနိုင်ကြောင်း သုတေသနတစ်ခုတွင် ဖော်ပြထား သည်။
ယူကေတွင် တစ်နှစ်လျှင် သားအိမ်ကင်ဆာဖြစ်ပွားမှုအ ရေအတွက်အားလုံး၏ထက်ဝက် ခန့် ၃၇၀ဝကို သွယ်လျတက်ကြွ အောင်နေထိုင်ခြင်းဖြင့် တားဆီး နိုင်ကြောင်း အချက်အလက်များ ကို သုံးသပ်ရာမှ တွေ့ရှိခဲ့သည်။ အမျိုးသမီးများသည် နေ့စဉ်ကာ ယလေ့ကျင့်ခန်းအနည်းဆုံး မိနစ် ၃ဝကြာပြုလုပ်ခြင်း၊ ကျန်းမာရေး နှင့်ညီညွတ်သောကိုယ်အလေး ချိန်ကိုထိန်းသိမ်းခြင်းဖြင့် သား အိမ်ကင်ဆာဖြစ်ပွားမှုအန္တရာယ် ကိုလျှော့ချနိုင်သည်ဟု လန်ဒန် ရှိ Imperial College မှ သုတေ သီများက ပြောကြားခဲ့သည်။

ကော်ဖီသည်လည်း အဆို ပါ ကင်ဆာအန္တရာယ်ကို လျှော့ ချနိုင်သည်ဟု World Cancer Research Fund အဖွဲ့က အစီ ရင်ခံခဲ့သည်။ သို့သော်လည်း ကော် ဖီသောက်ခြင်းက ရောဂါကိုကာ ကွယ်နိုင်သည်ဟု ထောက်ခံချက် ပေးရန်အထိ လုံလောက်သောအ ထောက်အထားမရှိသေးဟု ကျွမ်း ကျင်သူများက ပြောကြားခဲ့သည်။
သားအိမ်အနားစွန်းကင် ဆာသည် ယူကေ၌ အမျိုးသမီး များတွင်ဖြစ်ပွားသော ကင်ဆာ အားလုံးတွင် စတုတ္ထမြောက်အ ဖြစ်များဆုံးဖြစ်သည်။
၂၀၀ရ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင် ရာလေ့လာမှုတွင် Imperial College မှ သုတေသီများသည် အ ချက်အလက်များစုစည်း၍ အဆို ပါကင်ဆာဆိုင်ရာသုတေသန ကို သုံးသပ်ခဲ့ကြပြီး အစားအစာ၊ ကာယလှုပ်ရှားမှုနှင့် ကိုယ်အလေး ချိန်တို့နှင့် ဆက်စပ်ကြည့်ခဲ့သည်။ အမျိုးသမီးများသည် တစ်နေ့ လျှင် ၃၈ မိနစ်ခန့် သွက်လက် တက်ကြွစွာ ကိုယ်လက်လှုပ်ရှား ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ က သားအိမ်ကင်ဆာရောဂါ ၃၇၀၀ ကို ကြိုတင်ကာကွယ်နိုင် ကြောင်း လေ့လာမှုက အထောက် အထားများတွေ့ရှိခဲ့သည်။
ယူကေတွင် အမျိုးသမီးများ ၏ ၅၆ ရာခိုင်နှုန်းက တစ်ပတ် လျှင် ငါးရက်၊ တစ်နေ့လျှင် ကိုယ် လက်လှုပ်ရှားမှုအနည်းဆုံးမိနစ် ၃ဝလုပ်ရန် ထောက်ခံညွှန်ကြား ချက်များကို လိုက်နာပြီး ၃၉ရာ ခိုင်နှုန်းသာ ကျန်းမာရေးနှင့်ညီ ညွတ်သောကိုယ်အလေးချိန်ရှိ ကြသည်။ ''ရှင့်မှာ ကာယပိုင်းသွက် လက်တက်ကြွပြီး ကိုယ်အလေး ချိန်လဲ မပိုဘူးဆိုရင် သားအိမ် ကင်ဆာအန္တရာယ်ကို လျှော့ချနိုင် ပြီး အထွေထွေကျန်းမာရေးလဲ တိုးတက်နိုင်ပါတယ်''ဟု ဦးဆောင် စာတမ်းရေးသားသူ ထရေဇာနို ရက်က ဘီဘီစီသို့ ပြောကြားခဲ့ သည်။
Yangon Media Group

တန်ဘိုးကျပ်(၂၃၇)သိန်းရှိ လက်ဝတ်ရတနာများခိုးယူခံရမှုမှ တရားခံအား ဖေါ်ထုတ်ဖမ်းဆီးရမိ



၎.၉.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင်တာမွေမြို့နယ်နေဒေါ်ညိုသည်
၎င်းပိုင်ရွှေဆွဲကြိုးအလေးချိန်(၅)ကျပ်သား(၁)ကုံး၊တန်ဘိုးကျပ်(၃၄)သိန်း
ရွှေပုလဲအားစိန်ကွပ်ထားသောဆွဲသီး(၁)ခု၊တန်ဘိုး (၃)သိန်း နှင့်
ကျောက်စိမ်းဘယက်(၁)ကုံး၊ တန်ဘိုးကျပ်သိန်း(၂၀၀)၊ စုစုပေါင်းတန်ဘိုး
ငွေကျပ်(၂၃၇) သိန်းတို့အား အိပ်ယာဘေးတွင် အမြဲထားလေ့ရှိသော စလင်းဘတ်အိတ်အတွင်း၌ထည့်ထားခဲ့ပါသည်။

၈.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင် ဒေါ်ညိုသည် မိတ်ဆွေအလှူသို့
သွားရန်အတွက် စလင်းဘတ် အိတ်အတွင်းမှ လက်ဝတ်ရတနာများအား
ကြည့်ရှု့ရာပျောက်ဆုံး နေကြောင်းသိရှိရသဖြင့် ၉.၉.၂၀၁၃ ရက်နေ့တွင် သားဖြစ်သူမှတရားလိုပြုလုပ်ကာစုံစမ်းအရေးယူပေးပါရန် တိုင်တန်းသဖြင့် တာမွေမြို့မရဲစခန်း (ပ)၃၉၁/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် အမှုနှင့်ပတ်သက်၍
စုံစမ်းဆောင်ရွက်ခဲ့ရာ အဆိုပါနေအိမ်သို့ ၀င်/ထွက်သွားလာဘူးသည့် ခန့်ဇော်ဦး(ခ)ကိုခန့်၊ (ဘ)ဦးအေးလွင်၊ ဝေဘာဂီမြို့သစ်၊
မြောက်ဥက္ကလာပမြို့နယ်နေသူမှာ မန္တလေးမြို့သို့ သွားရောက်ကာ
ငွေကြေးများ သုံးဖြုန်းနေကြောင်း မသင်္ကာဖွယ်သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်မြေရဲစခန်းနှင့် ချိတ်ဆက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၀.၉.၂၀၁၃ရက်နေ့ ၁၉၀၀အချိန်တွင် မန္တလေးမြို့၊ တိမ်ဖြူဟိုတယ်၌ ခန့်ဇော်ဦး(ခ)ကိုခန့်အား သူငယ်ချင်းများ
နှင့်အတူ ရောက်ရှိတည်းခိုနေထိုင်စဉ် သက်သေခံပစ္စည်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အမှုမှတရားခံ ခန့်ဇော်ဦး(ခ)ကိုခန့်အား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်မြေရဲစခန်းမှ လွှဲပြောင်းခေါ်ယူ၍ စစ်ဆေးခဲ့ရာ ၄င်းသည် ၃.၉.၂၀၁၃ရက်နေ့တွင် ဖခင်၊ မိခင်၊ အစ်မဖြစ်သူတို့ နှင့်အတူ ခင်မင်ရင်းနှီးသည့် အခင်းဖြစ်နေအိမ်သို့ သွားရောက်တည်းခိုနေထိုင်စဉ် ၅.၉.၂၀၁၃ရက်နေ့ ၁၁၀၀အချိန်ခန့်တွင် အိမ်ရှင်ဒေါ်ညို၏ အိပ်ယာ
ဘေးစလင်းဘတ်အိတ်အတွင်းမှ ရွှေထည်ပစ္စည်း များကို ခိုးယူခဲ့ပြီး ပစ္စည်းအချို့အားရောင်းချကာ မန္တလေးမြို့သို့တိမ်းရှောင်နေခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် အမှုမှသက်သေခံပစ္စည်းများအား
ပြန်လည်သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ယောင်္ကျားလေးများနှစ်သက်စဖွယ် ရင်သားတင်းတင်းလေးများပိုင်ဆိုင်နိုင်ဖို့ (For Girl)


ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ
၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း
ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။

၂။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၃။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။

၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ -

၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း
ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာရင်သား ပြည့်တင်းလာပေမယ့် နို့သီး ခေါင်းကတော့
 အောက်ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ
ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ သဘာဝကရတဲ့ ဆေး
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း
သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။
By မြ၀တီ

ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး နာရေးသတင်း အင်တာနက်ပျံ့နှံ့


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး ကွယ်လွန်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့၌ အင်တာနက်နှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ထိုကဲ့သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နာရေးသတင်း ထွက်ပေါ်မှုကြောင့် ယခင်အစိုးရ လက်ထက်တွင် ဦးမောင်အေးကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ နေခဲ့ကြရသည့် တပ်အရာရှိကြီး/ငယ်များ၊ ဦးမောင်အေးနှင့် အဆင်မပြေသော စီးပွားရေး ခရိုနီများ အတွင်း စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် အလျင်အမြန် ပျံ့နှံ့ ပြောကြားခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင် တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ““ရန်ကုန်မြို့မှာ ရှိပါတယ်၊ ကျန်းမာရေးက စင်ကာပူက ပြန်လာတဲ့ အတိုင်းပါပဲ။ အဘအေး ဆုံးပြီဆိုလို့ ဖုန်းဆက်မေးကြတာ အများအပြား ရှိပါတယ်။ မဟုတ်ပါဘူး။ လူကြီးက အသက်အရွယ်နဲ့ ကျန်းမာရေး မကောင်းတော့ … ဒီလိုပဲ ထင်တတ် ကြပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

လွန်ခဲ့သည့် သီတင်းတစ်ပတ်ကလည်း ရောဂါသည်း၍ ဦးမောင်အေးအား စင်ကာပူသို့ ဆေးကုရန် ပို့ဆောင်လိုက်ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ရာ “အဘအေးသွားတာ မဟုတ်ပါဘူး၊ အန်တီ ဒေါ်မြမြစန်း (ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ဇနီး) သွားတာပါ၊ အခု ရန်ကုန် ပြန်ရောက်နေပါတယ်”ဟု ဦးမောင်အေး၏ မိသားစုဝင်က မြန်မာသံတော်ဆင့်သို့ ရှင်းလင်း ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးသည် စစ်အစိုးရ သက်တမ်းတစ်လျှောက် တပ်မတော် အရာရှိများအားလုံး ကြောက်ရွံ့ ခဲ့ကြရပြီး၊ DSA အပတ်စဉ် (၁) ဆင်းဖြစ်၍ DSA ဆင်း အရာရှိများကို ရာထူးတိုးမြှင့်ခြင်း၊ နေရာ ကောင်းများပေးခြင်း၊ ၎င်းတို့အပေါ် သည်းခံ ခွင့်လွှတ်တတ်ခြင်းများရှိ ၍ DSA ဆင်း အရာရှိကြီးများ အားလုံးလိုလို ကြောက်ရွံ့ ရိုသေခြင်း ခံခဲ့ရကြောင်း တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးက မြန်မာသံတော် ဆင့်သို့ပြောသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးနှင့် နိုင်ငံရေးအရ အဆင်မပြေဟု သတင်း ထွက်ပေါ်နေသော ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သြဇာ ပိုမိုကြီးမားလာကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူ၍ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ခေါင်းဆောင် နေရာယူရန် သတင်းများ ထွက်ပေါ် ခဲ့သော်လည်း ဦးမောင်အေးသည် ယခင် လမ်းစဉ်ပါတီအစိုးရ ဒုတိယ ခေါင်းဆောင် (သမ္မတ-ငြိမ်း) ဗိုလ်ချုပ်ကြီး စန်းယုက လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်းကို သြဇာခံ၍ နောက်ဆုံး အတူတူ နုတ်ထွက်သည်အထိ တာဝန်ထမ်း ဆောင်သကဲ့သို့ နေထိုင်သွားခဲ့သည်။ နယကအစိုးရမှ အစိုးရသစ်နှင့် ပြည်ထောင်စုလွှတ်တော်သို့ အာဏာ လွှဲပြောင်းပြီးနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ တာဝန်များမှ အငြိမ်းစားယူခဲ့သည်။

ယခုအခါ ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေးသည် ၇၅ နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေသည် ၈၄ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ၎င်းတို့နှင့် ရင်းနှီးသူ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ခန္ဓာကိုယ်ကို အိတ်ထဲထည့် ကြိုးနှင့်တုပ်၍ ရေကူး


အသက် ၅၉နှစ်အရွယ်ရှိ ဘူဂေးရီးယားအမျိုးသားတစ်ဦး သည် အကျယ် နှစ်ကီလိုမီတာ (၁ဒသမ၂၅မိုင်)ရှိသော ရေကန် အား အိတ်တစ်လုံးထဲ၌အလုံပိတ် ချည်နှောင်ကာ Guinness ကမ္ဘာ့ စံချိန်စာအုပ်၌ မှတ်တမ်းဝင်ရန် ဖြတ်ကူးခဲ့ကြောင်း သိရသည်။

ရေစိမ့်ဝင်သည့်အိတ်ဖြင့် သူ၏ခန္ဓာကိုယ်နှင့် ခြေလက်များ ကိုပါထည့်၍ ချည်နှောင်ထားခဲ့ သည်။ ဂျိန်းပက်ကော့ဗ်သည် လင်း ပိုင်တစ်ကောင်ပမာ ၎င်း၏ကျော ဖြင့် ရေကူးသွားခဲ့သည်။ မက်စီ ဒိုနီးယားတောင်ပိုင်းရှိ အိုရစ် (Ohrid)ရေကန်ကို ဖြတ်ကူးခဲ့ခြင်း ဖြစ်ကြောင်း၊ ဤရေအိုင်ဖြတ်ကူး ခြင်းကို စည်းရုံးခဲ့သူတစ်ဦးဖြစ် သော ဆာဆိုတိုကော့ဗ်က AFP ပြော ခဲ့သည်။

ဖြတ်ကူးချိန်မှာ နှစ်နာရီနှင့် ၅၅မိနစ်ကြာခဲ့ကြောင်း၊ ပျမ်းမျှ ရေကူးနှုန်းမှာ တစ်နာရီလျှင် သုည ဒသမရကီလိုမီတာနှုန်းဖြစ်ကြောင်း တိုကော့ဗ်က AFP ကိုပြောပြခဲ့ သည်။ ဤရေကူးသောနေရာသို့ Guinness ကမ္ဘာ့စံချိန်စာအုပ်မှ ကိုယ်စားလှယ်တစ်ဦးမှ မတက် ရောက်ခဲ့ဟုဆိုသည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် သမားရိုးကျ မဟုတ်သော ကိစ္စရပ်အတွက် စံချိန်ချိုးရန်လုပ်ဆောင်မှုတွင် လို အပ်သူများကို အားလုံးတွေ့ဆုံပြီး ဖြစ်သည်ဟု စည်းရုံးလှုံ့ဆော်သူ များကဆိုသည်။
Yangon Media Group

ကမာရွတ်မြို့နယ်တွင် တစ်ညတည်း၌ ယာဉ်အစီး ၄၀ ကျော် ဘီးတာယာများ ထိုးဖောက်ခံရ


ရန်ကုန်မြို့တော် ကမာရွတ်မြို့နယ် အမှတ် (၈) နှင့် အမှတ် (၃) ရပ်ကွက်တို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်စောစောပိုင်းက လမ်းပေါ်ရပ်နားထားသည့် ယာဉ်အစီးရေ ၄၀ ခန့် ၏ ဘီးတာယာများကို ချွန်ထက်သည့်အရာဖြင့် ထိုးဖောက်ခံမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါယာဉ်ပိုင်ရှင် များက ပြောကြားသည်။

ကမာရွတ်မြို့နယ် အမှတ် (၈) နှင့် အမှတ် (၃)အတွင်းရှိ လှည်းတန်းလမ်း၊ မင်္ဂလာလမ်း၊ ရတနာလမ်းနှင့် မဟာဆိုရှယ်လမ်း၊ ခေမာလမ်း၊ မာလာလမ်း၊ စေတနာလမ်း၊ အဝေရာလမ်း၊ ဘောဂလမ်းနှင့် ဦးထွန်းလင်းခြံလမ်း တို့တွင် ညအိပ်ရပ်နား ထားသည့် အိမ်စီးယာဉ်များနှင့် အငှားယာဉ် အစီး ၄၀ ခန့်တို့၏ ဘီးတာယာများ ထိုးဖောက် ခံရသော်လည်း အခြားပစ္စည်းများ ပျောက်ဆုံးခြင်း မရှိခဲ့ကြောင်း အမှတ် (၈) ရပ်ကွက်တွင် နေထိုင်သူ ယာဉ်ပိုင်ရှင် မျာ က The Voice သို့ပြောကြား သည်။

"(၈) ရပ်ကွက်ထဲက လမ်းအားလုံး နီးပါးပဲ။ ကားကောင်း၊ ကားသေးတွေကို ရွေးလုပ်သွားတယ်။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ လုပ်သွားတာ။ ဒီလောက်ကားအများကြီးကို တစ်ချိန်တည်း လုပ်သွားတယ် ဆိုတော့ အုပ်စုလိုက် ဖြစ်နိုင်တယ်။ စကေဘာလိုမျိုး အချွန်နဲ့ ထိုးသွားတာပါ" ဟု အငှားယာဉ်ဘီးတာယာ ထိုးဖောက်ခံခဲ့ရသူ ယာဉ်မောင်းဦးခင်ဇော် က ပြောကြားသည်။

အဆိုပါ နံနက်အစောပိုင်း၌ လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးရွာသွန်းချိန်တွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်ကို အခွင့်ကောင်းယူကာ တာယာများကို ထိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကွက် နေထိုင်သူများက တစ်ညီတညွတ်တည်း ပြောကြားသည်။

ယာဉ်အချို့တွင် အချက်ပေးကိရိယာများ တပ်ဆင်ထားသော်လည်း ယာဉ်၏ သံထည် အစိတ်အပိုင်းနှင့် ယာဉ်တုန်ခါအောင် ထိကိုင်မှသာ အချက်ပေးအသံ မြည်နိုင်ခြင်းဖြစ်ပြီး ရော်ဘာသား ကားဘီး တာယာကိုထိရုံဖြင့် အချက်ပေးအသံ မမြည်နိုင်ကြောင်း အဝေရာလမ်း (အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (စ.စ.စ) ရုံးဝင်းရှေ့) တွင် ရပ်နားထားပြီး ဘီးနှစ်လုံးထိုးဖောက် ခံခဲ့ရသည့် တက္ကစီယာဉ်မောင်းဖြစ်သူ ဦးခင်ဇော်က ဆိုသည်။

"ရှူးခနဲ လေထွက်တဲ့အသံ၊ ကားဘီးကို ထိုးလိုက်တဲ့အသံတွေကို တစ်ချို့ ကြားတဲ့သူ ကြားကြပေမဲ့ ဘီးပေါက်သံ၊ ခဲလုံး ပြုတ်ကျသံလို့ပဲ ထင်နေကြတာ" ဟု ကားဘီး ဖောက်ခံရသူ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

အသက် ၁၈ နှစ် အရွယ်ရှိ တီရှပ်အနက်ရောင် ဝတ်ဆင်ထားသူတစ်ဦးက တာယာများကို ကိုင်နေကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တာယာဖောက်ခံရသူ ယာဉ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

တာယာများ ထိုးဖောက်ခံရမှုသည် ရမ်းကားမှုသာဖြစ်ပြီး ကမာရွတ်မြို့နယ် တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ဦးဇော်ဝင်း က ဆိုသည်။
"ပြန်ဖာလို့ မရအောင် ဘီးတစ်ဘီး မှာ ခုနစ်ချက် အဖောက်ခံလိုက်ရတော့ တာယာအသစ် လဲလိုက်ရတယ်။ တာယာဆိုင်မှာ ဘီးလာဖာတဲ့သူတွေ တန်းစီနေတာပဲ။ လုံခြုံရေးဘက်ကလည်း ရှိတဲ့ အင်အားနဲ့ အလှည့်ကျ ကင်းလှည့်နေတာပဲ။ နောက်ထပ် မဖြစ်ဖို့တော့ ဆောင်ရွက်ပေးစေချင် တယ်" ဟု မာလာလမ်းသွယ်တွင် ရပ်နားထားသည့် CAMMY ယာဉ်နှင့် Caldina အိမ်စီးယာဉ်နှစ်စီးလုံး ဘီးဖောက်ခံ ခဲ့ရသူ ယာဉ်ပိုင်ရှင်ဦးတင်စိုးက ပြောကြားသည်။

တာယာ ထိုးဖောက်ခံရသည့် ယာဉ်စီးရေ ၄၀ ကျော်ခန့်ရှိသည်ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသော်လည်း ကမာရွတ်မြို့နယ် (၈) ရပ်ကွက်ရှိ မင်္ဂလာလမ်းနှင့် မာလာလမ်း နှစ်လမ်းမှ ယာဉ် ၂၅ စီးခန့်သာ ထိုးဖောက်ခံရကြောင်း၊ ယာဉ်ပိုင်ရှင်များက အမှုဖွင့် ထားခြင်း မရှိသော်လည်း တာယာ ထိုးဖောက်သူကို စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ကမာရွတ်မြို့နယ်တွင် ယာဉ်စီးရေ ၂၀ ဝန်းကျင်၏ ကားတွင်း နောက်ကြည့်မှန်များ၊ ကား အမှတ်တံဆိပ်များနှင့် အခြားပစ္စည်းများကို တစ်ချိန်တည်း၊ တစ်ညတည်း ခိုးယူခံခဲ့ရကြောင်း ယင်းရပ်ကွက်ရှိ ယာဉ်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

(အောင်မျိုးထက်)
The Voice

Apple ၏ ပထမဦးဆုံး တရားဝင် အရောင်းဆိုင်ဖြစ်သည့် mDrive စတိုး စက်တင်ဘာ ၂၈ ရက်တွင် ဖွင့်လှစ်မည်



မြန်မာနိုင်ငံတွင် Apple ၏ ပထမဦးဆုံး တရားဝင် Authorized Reseller ဖြစ်သည့် mDrive အရောင်းဆိုင်ကို စက်တင်ဘာလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း mDrive ပိုင်ရှင် ဦးမြတ်ထူး၏ ပြောကြားချက်အရ သတင်းရရှိသည်။

အဆိုပါဆိုင်ကို Junction Mawtin ပထမထပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး Apple Authorized Reseller စနစ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကာ Apple မှ တရားဝင် ခွင့်ပြုထားသော ဆိုင်ခန်းဒီဇိုင်း အပြင်အဆင်များဖြင့် ခင်းကျင်းရောင်းချမည် ဖြစ်ကြောင်း သိရသည်။

Apple သည် ၎င်း၏ ပစ္စည်းများ ရောင်းချရာတွင် Apple မှ ကိုယ်တိုင် တိုက်ရိုက်ရောင်းချသည့် Apple Official Store အပြင် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် Apple Authorized Reseller(AAR)၊ Apple Premium Reseller (APR) များ ခန့်အပ် ရောင်းချခြင်းဖြစ်သည်။ Apple Official Store များကို အာရှဒေသတွင် တိုကျို၊ ဘေဂျင်း၊ ဟောင်ကောင်မြို့များတွင် ဖွင့်လှစ်ထားပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် AAR နှင့် APR အရောင်းဆိုင်များသာရှိကာ ယခုမြန်မာနိုင်ငံတွင် AAR စနစ်ဖြင့် ပထမဦးဆုံး တရားဝင် အရောင်းဆိုင် ဖွင့်လှစ်မည်ဖြစ်သည်။

Apple သည် မြန်မာနိုင်ငံတွင် APR စနစ်ဖြင့် တရားဝင် အရောင်းဆိုင် ဖွင့်လှစ်ခွင့် မပေးသေးဘဲ AAR စနစ်ဖြင့်သာ အရောင်း ကိုယ်စားလှယ် ပေးအပ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် AAR စနစ်ဖြင့် ပထမဦးဆုံး ဖွင့်လှစ်မည့် အရောင်းဆိုင်တွင် Apple မှ တိုက်ရိုက်ပေးပို့သော ကုန်ပစ္စည်းများကိုသာ ရောင်းချမည်ဖြစ်ပြီး ကုန်ပစ္စည်းများနှင့် ဆက်စပ်သည့် လေ့ကျင့်သင်ကြားမှု ဆိုင်ရာများ ကိုလည်း ပြုလုပ်ပေးသွားမည်ဟု သိရသည်။ mDrive တွင် iPhone နှင့် iPad မှလွဲ၍ ကျန် Apple ကုန်ပစ္စည်းများကို စတင်ရောင်းချ သွားမည်ဖြစ်သည်။ Apple တွင် Mac Team နှင့် iPhone Team ဟူ၍ လိုင်းနှစ်လိုင်း ခွဲထားပြီး လက်ရှိမြန်မာနိုင်ငံတွင် iPhone တရားဝင် ရောင်းချရန်အတွက် iPhone Team မှ လေ့လာမှုများ ပြုလုပ်နေပြီးနောက် ခွင့်ပြုချက်ရရှိသည်နှင့် iPhone နှင့် iPad များကိုပါ ရောင်းချသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

ထို့ပြင် mDrive သည် iTune Gift Card များကို ရောင်းချပေးသွားမည်ဖြစ်ပြီး အသုံးပြုပုံ၊ Credit Card မလိုဘဲ App Store မှ Application ရယူပုံနှင့် App Store Account ဖွင့်နည်းတို့ကို အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရောင်းချနေသော Apple ကုန်ပစ္စည်းများကို စင်ကာပူ၊ ထိုင်းကဲ့သို့ နိုင်ငံများတစ်ဆင့် မှောင်ခိုစနစ်ဖြင့် တင်သွင်းနေကြခြင်းဖြစ်ပြီး ယခုမြန်မာနိုင်ငံတွင် Apple ၏ တရားဝင် AAR အရောင်းဆိုင်တစ်ဆိုင် စတင်ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံမှ Apple AAR ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (Photo:stellify.net)

Eleven Media Group


ပညာရေးဝန်ထမ်းများ ရိုင်းပျစွာ ဆက်ဆံခံရမှုကြောင့် ထွက်စာတင်မည်ဟုဆို


နေပြည်တော်-ပျဉ်းနားမြို့ အရှေ့ခြမ်း တောင်ပေါ်ကျေးရွာ ဘိုမကျေးရွာအုပ်စု (ဘိုမအောက်ရွာ)၊ အမှတ် (၁၄၀) မူလတန်းကျောင်းမှ ပညာရေး ၀န်ထမ်း များအား နှောင့်ယှက်စော်ကားခြင်း၊ ရိုင်းပျစွာ ပြောဆိုခြင်း၊ အသရေပျက်အောင် ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့သည်။

ကျေးရွာအုပ်ချုပ်သူ လူကြီးများရှေ့၌ပင် လေးစားမှု၊ ရိုသေကိုင်းရှိုင်းမှု မရှိဘဲ တာဝန်ခံ ကျောင်းအုပ်ကြီးနှင့်တကွ ပညာရေးဝန်ထမ်း ဆရာများကိုပင် ခြိမ်းခြောက် ပြောဆိုမှုများအား သက်ဆိုင်ရာများသို့ တင်ပြ တိုင်ကြား ထားပါသော်လည်း ထိရောက်စွာ အရေးယူမှု မရှိခဲ့သည့်အပြင် မြို့နယ်ပညာရေးမှူးကလည်း ကျောင်းသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် သို့မဟုတ် ထွက်စာတင်ဟု ပြောကြားခဲ့၍ … အဆိုပါ ဆရာ/ ဆရာမများ တောင်ပေါ်ဒေသရှိ မိမိတို့ စာသင်ကျောင်းသို့ သွားရောက် တာဝန် ထမ်းဆောင်မှုများ မရှိခဲ့ကြောင်း သိရှိရသည်။

ဘိုမအောက် ကျေးရွာနေ မောင်အောင်သူမှာ ဆရာ/ဆရာမ များ တည်းခိုသော နေအိမ် အိမ်ရှင်၏ တူအရင်းဟု အကြောင်းပြကာ ဆရာမများအား အတင်းရောနှော ၀င်ရောက်စကားပြောဆိုခြင်း၊ ကာယိနြေ္ဒ ပျက်ပြားအောင် နှောင့်ယှက်ခြင်းများ မကြာခဏ လုပ်လေ့ရှိကြောင်း၊ တာဝန်ခံ ကျောင်းအုပ်က ဆိတ်ဖူးတောင် ကျေးရွာသို့ အစည်းအဝေး သွားရောက်စဉ် မွန်းလွဲ (၁) နာရီခန့်တွင် ဆရာမများ စာသင်ရာ မူလတန်းကျောင်းပေါ်သို့ တက်ရောက်လာပြီး ဆရာမများ စာသင်မှု ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ စာသင်ကျောင်းသား ကလေးငယ်များအား ငိုအောင် စခြင်းများ ပြုလုပ်ခဲ့သည့်အပြင် တာဝန်ခံကျောင်းအုပ်အား ရိုင်းစိုင်းစွာ ပြောဆိုခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားထားသော်လည်း အပြစ်ပေး အရေးယူခြင်း မရှိသည့်အပြင် နှောင့်ယှက် စော်ကားသူကိုယ်တိုင် ၀န်ခံကတိ ပြုခဲ့ခြင်းမရှိသောကြောင့် မိမိတို့ ယခုအချိန်ထိ ပညာ သင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းသို့ သွားရောက်ခဲ့ခြင်းမရှိပါကြောင်း တာဝန်ခံကျောင်းအုပ်ကြီး ဦးထွန်းထွန်းနိုင်က ပြောကြားခဲ့သည်။

ယင်းကျောင်းမှ တာဝန်ခံ ဆရာမေ ဒ်ါအေးသီတာကျော်က “သမီးတို့ကို ၁၃-၈-၂၀၁၃ နေ့မှာ ကျောင်းပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ပြောပေမယ့် သမီး ကတော့ တောင်ပေါ်ဒေသမှာ ပြန်လည် တာဝန်ထမ်းဆောင်ခြင်း မပြုတော့ပါဘူး။ အခြားကျောင်းတွေကို ပြောင်းမပေးရင် ဆရာမဘ၀ မလုပ်တော့ ပါဘူး”ဟု ပြောကြား ခဲ့သည်။

မိုးယဉ်ညို(နေပြည်တော်)

Myanmartandawsint Newspaper

ဖိလစ်ပိုင်ကို ဂိုးပြတ်သွင်းကာဂျပန်အမျိုးသမီးအသင်း တာထွက်လှ

ဖိလစ် ပိုင် ၁-၄ ဂျပန် ၂၀၁၃အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲ အုပ်စုပွဲစဉ်များ၏ ပွဲစဉ်တစ် ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော ဖိလစ်ပိုင်အသင်းနှင့် ဂျပန်အသင်း တို့၏ပွဲစဉ်တွင် ဂျပန်အသင်းက ဖိလစ်ပိုင်အသင်း အား ၄-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်သည် ဖိလစ်ပိုင် အသင်းအတွက် ဒုတိယပွဲစဉ်ဖြစ် သော်လည်း ဂျပန်အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်ဖြစ်ခဲ့သည်။ ဂျပန် အသင်းသည် ပွဲစသည်နှင့် ဖိလစ် ပိုင်အသင်းဘက်သို့ တိုက်စစ်ဖွင့် ကစားခဲ့ပြီး ဖိလစ်ပိုင်အသင်းမှာမူ အင်ဒိုနီးရှားနှင့်ပွဲက ခြေစွမ်းကိုရ ရှိခဲ့ခြင်းမရှိပေ။ ယင်းပွဲစဉ်တွင် ဂျပန်အသင်း၏ခြေစွမ်းသည် အ ကောင်းမွန်ဆုံးပုံစံတွင်ရှိနေခဲ့ပြီး ဦးဆောင်ဂိုးအား ပွဲချိန်လေးမိနစ် မှာပင်ရရှိခဲ့သည်။ ထိုဂိုးအား ကွင်း လယ်ကစားသမားမာရီကိုက ညာ တောင်ပံမှပေးပို့သည့် ဘောလုံး အား ရင်ဘတ်နှင့်ထိန်း၍ မြေမကျ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့အ ပြင် ဒုတိယဂိုးကိုလည်း ပွဲချိန် ၂၁ မိနစ်တွင် ဟာယူကာ၏ ဖြတ်တင် ဘောကို မာယူကီက ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။

ဂျပန် အသင်းသည် ပထမပိုင်းပွဲချိန်တစ် လျှောက် ဖိလစ်ပိုင်အသင်းအား ဖိအားပေးကစားနိုင်ခဲ့ပြီး တတိယ ဂိုးအား ပွဲချိန် ၄၅မိနစ်တွင်ရရှိခဲ့ ခြင်းဖြစ်သည်။ ထိုဂိုးအား မာယူ ကီက ဂိုးသမားကို ကျော်သွင်းယူ ရာ ဆက်ဆူကီကခေါင်း တိုက်သွင်း ယူခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းပြန်လည်စတင် ချိန်တွင် ဖိလစ်ပိုင်အသင်းသည် အပြန်အလှန်ဖိအားပေးကစား နိုင်ခဲ့သော်လည်း ဂျပန်နောက် တန်းကို ကျော်လွန်နိုင်ခဲ့ခြင်းမရှိဘဲ ဂျပန်အသင်းကသာ စတုတ္ထဂိုးရ ရှိသွားခဲ့သည်။ ထိုဂိုးကိုတော့ ဟာ ယူကာက ဧရိယာအပြင်မှ ရှေ့တက် လာတဲ့ဂိုးသမားကိုကျော်ပြီး သွင်း ယူသွားခဲ့တာပါ။ ဖိလစ်ပိုင်အသင်း အတွက် နှစ်သိမ့်ဂိုးကိုတော့ နောက် ခံလူကွတ်က ပွဲချိန် ၈၅မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
Yangon Media Group

မြ၀တီနယ်စပ်မှ ၀င်လာသူ နိုင်ငံခြားသားခရီးသည်များအား GSM ဆင်းမ်ကတ် ၁၅၀၀ ကျပ်ဖြင့်ရောင်းချပေး

မြ၀တီအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ပေါက်မှတဆင့် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာသော နိုင်ငံခြားသား ခရီးသည်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

" ဟိုဘက်ကနေ၀င်လာတဲ့ နိုင်ငံခြားခရီးသည်တွေကို ဒီက GSM ဆင်းမ်ကတ်ကို မူရင်းဈေး ၁၅၀၀ ကျပ်နဲ့ရောင်းပေးနေတာ အခုဆို ကတ် ၆၀ ကျော်ရှိသွားပြီ "ဟု မြ၀တီချစ်ကြည်ရေးတံတားအဖွဲ့ခေါင်းဆောင် လ၀က ဦးစီးမှုး ဦးစိုင်းမြင့်အောင်က ပြောသည်။

နိုင်ငံခြားသားခရီးသည်များအတွက် ၁၅၀၀ GSMဆင်းမ်ကတ်များကို မြ၀တီ နယ်စပ်ဂိတ်ပေါက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချပေးခြင်းဖြစ်ပြီး အခြားနယ်စပ်ဂိတ်ပေါက် ၃ ခုတွင် ရောင်းချပေးခြင်းရှိ မရှိကိုမှု မသိရသေးပေ။
Popular Myanmar News Journal

အတုယူ အားကျဖွယ် ကောင်းသည့် အဘူဒါဘီမြို့မှ အိမ်ရှေ့စံ မင်းသားကြီး၏ လူမှုဝန်ထမ်း စိတ်ထား




အဘူဒါဘီ မြို့တွင် မကြုံစဖူး အံ့သြ မှင်တက်ဖွယ် ကောင်းသော မြင်ကွင်း တစ်ခုကို ၎င်းမြို့ရှိ ပြည်သူများက မြင်တွေ့ ခဲ့ရသည်။ ထိုကဲ့သို့သော မြင်ကွင်း မျိုးကို နောက်ထပ် တွေ့မြင်ရမည့် အလားအလာ ရှိနိုင်ဖွယ် မရှိ တော့ကြောင်း အဘူဒါဘီ မြို့ရှိ ပြည်သူများက ပြောကြားထားသည်။ အဆိုပါ မြင်ကွင်းမှာ အဘူဒါဘီမြို့မှ အိမ်ရှေ့စံ မင်းသားကြီး တစ်ဦးဖြစ်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) လက်နက်ကိုင် တပ်ဖွဲ့၏ ဒုတိယ စစ်သေနာ ပတိချုပ် လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရှိတ်ခ်မိုဟာမက် ဘင်ဇာယစ်ဒ် အယ်လ်နာယန်က မာန်မာနကို နှိမ့်ချ၍ ပြည်သူ များအပေါ် ကြီးမားသော ချစ်ခြင်းမေတ္တာ ကို ပြသနေသည့် မြင်ကွင်း တစ်ခု ပင်ဖြစ်သည်။ အိမ်ရှေ့စံ မင်းသားကြီးသည် ၎င်း၏ လက်ထောက်နှင့် အတူ ကားတစ်စင်းနှင့် အဘူဒါဘီ မြို့၌ သွားလာနေစဉ် ကျောင်းတစ်ကျောင်း၏ အပြင်ဘက်တွင် ဘေးပတ်ဝန်းကျင်ကို လှည့်လည် ရှာဖွေပြီး လမ်းပျောက် နေ ပုံရသည့် ကျောင်းသူ မိန်းကလေး တစ်ဦးကို တွေ့မြင်ခဲ့သည်။ ထို့နောက် အိမ်ရှေ့စံ မင်းသားသည် သူ၏ကားကို ယာဉ်ရပ်နားရာ နေရာတွင် ရပ်တန့်၍ သူ၏ လက်ထောက်နှင့် အတူ ထိုကျောင်းသူ လေး ထံသို့ သွားရောက်ကာ လမ်းပျောက်နေခြင်း ဟုတ်၊ မဟုတ် မေးမြန်းပြီး အကယ်၍ လမ်းပျောက်နေ သည် ဆိုပါက သူမအိမ်သို့ လိုက်လံ ပို့ဆောင် ပေးမည်ဟု ပြောဆိုခဲ့သည်။ သို့သော် ကျောင်းသူလေးက သူမသည် လမ်းပျောက်နေခြင်း မဟုတ်ကြောင်း၊ သူမ၏ ဖခင် လာခေါ်မည် ကို စောင့်မျှော်နေခြင်း ဖြစ်ကြောင်း အိမ်ရှေ့စံ မင်းသားနှင့် ၎င်း၏ လက်ထောက်ကို ပြန်လည် ပြောကြားခဲ့သည်။ ထို့အပြင် အိမ်ရှေ့စံ မင်းသား၏ ကမ်း လှမ်း ချက်ကို ငြင်းဆိုရသည့် အကြောင်းအရင်းမှာ သူစိမ်းများနှင့် စကားပြောဆိုခြင်း မပြုရန် သူမ၏ ဖခင်က မှာကြား ထားခြင်းကြောင့် ဖြစ်သည်ဟု သူမ က တုံ့ပြန်ပြောဆို ခဲ့သည်။

ထိုအခါ မင်းသားကြီးမှာ သူစိမ်း မဟုတ်ကြောင်း၊ အိမ်ရှေ့စံ မင်းသားတစ်ဦး ဖြစ်ကြောင်း ၎င်း၏ လက်ထောက် ဖြစ်သူက ထိုကျောင်းသူလေးကို ပြောဆို ခဲ့ရာ ထိုပုဂ္ဂိုလ်မှာ အိမ်ရှေ့စံ မင်းသား ဖြစ်သည်ကို သိနေသော်လည်း သူစိမ်းများနှင့် စကားပြောဆိုခြင်း မပြုရန် ဖခင် ဖြစ်သူက သင်ကြားထားကြော င်း ကျောင်းသူ မိန်းကလေးက ပြန်လည် ဖြေဆိုခဲ့သည်။ ကျောင်းသူ မိန်းကလေး၏ စကားကို ကြားလိုက်ရသော အခါတွင် အိမ်ရှေ့စံ မင်းသား၏ မျက်နှာ သည် ပြုံးရယ် သွားခဲ့ပြီး သူမ၏ ဖခင် သူမကို လာခေါ်သည့် အချိန်ထိ တိုင်အောင် သူမ၏ ဘေးတွင် ထိုင်၍ စောင့်ပေးရန် အိမ်ရှေ့စံ မင်းသားက ဆုံးဖြတ် ချက် ချခဲ့သည်။ ထိုကဲ့သို့ အိမ်ရှေ့စံ မင်းသား က ကျောင်းသူလေး ဘေးတွင်ထိုင်၍ ဖခင် လာအကြိုကို ကူ၍ စောင့်ပေးနေသည့် မြင်ကွင်းကို ထိုကျောင်း မှ ကျောင်းဆရာ တစ်ဦးက အမှတ်တရ ဓာတ်ပုံ ရိုက်ယူခဲ့သည်။ အိမ်ရှေ့စံ မင်းသားတစ်ဦး ဖြစ်ပြီး ဒုတိယ စစ်သေနာ ပတိချုပ် တစ်ဦးလည်း ဖြစ်သူ ရှိတ်ခ်မိုဟာမက် ဘင်ဇာယစ်ဒ်ကို လူမှုဝန်ထမ်းစိတ် အပြည့်ရှိသူဟု ပြည်သူ အများအပြားက ချီးကျူး ဂုဏ်ပြု ခဲ့ကြသည်ဟု သိရသည်။ ရာထူး၊ ဂုဏ်သိ က္ခာ ကြီးမားသော်လည်း မာန်မာနကို နှိမ့်ချ၍ ပြည်သူများ အပေါ် မေတ္တာ စေတနာ အပြည့်နှင့် ကူညီခဲ့သည့် အိမ်ရှေ့စံ မင်းသား၏ လူမှုဝန်ထမ်း စိတ်ထားသည် ချီးကျူး ဂုဏ်ပြုဖွယ် ကောင်းသလို အတုယူ အားကျဖို့လည်း ကောင်းလှပေသည်။ ။
မြ၀တီ


အောင်မြင်သော စွန့်ဦးစီးပွားပညာရှင်များရဲ့ အရည်အချင်း ၅ ရပ်


စာရေးဆရာ Stephen key ဟာ လက်ရှိ ကမ္ဘာမှာအောင်မြင်နေတဲ့ စွန့်ဦးစီးပွားပညာရှင်များ (Entrepreneurs) များကို ပညာသင်ကြားပေး ခဲ့သူ ဖြစ်ပါတယ်။ သူ့အတွေ့အကြုံရ အောင်မြင်သော စွန့်ဦးတီထွင် စီပွားရေးလုပ်ငန်းရှင် များမှာ ရှိတတ်တဲ့ အရည်အချင်း ၅ မျိုးကို ဆောင်း ပါး ရေးသားထားပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ ကြိုးစားနေတဲ့ Entrepreneur များအတွက် အကျိုးရှိမယ့် Entrepreneur များရဲ့  အရည်အချင်း ၅ ရပ် ဆောင်းပါးလေးကို ဆီလျော် သလို ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။


၁။ မယိုင်လဲသော စိတ်အားထက်သန်မှု

အောင်မြင်တဲ့ Entrepreneur များရဲ့  Passion လို့ခေါ်တဲ့ စိတ်အားထက် သန် ပြင်းပြမှု/ ဇော ဟာ ဘယ်လိုအကြောင်းမျိုးနဲ့မှ မယိုင်လဲပါဘူ။ ဘယ်နေရာမှာ စိတ်အား ထက်သန်လဲ (Find your Passion) ဆိုပြီး ပြောတော့သာ လွယ်ပါတယ်။ တကယ်တန်း အခက်သား။ တွေ့ပါပြီတဲ့။ အဲ့ဒီ Passion မှာ ကတိသေစ္စာနဲ့ စူးစိုက်နှစ်မြှုပ်မှုက တည်ကြည်နေဖို့ လိုပါသေးတယ်။ အချို့ က ဝါသနာတော့ ပါတယ်။ အကြောင်းအမျိုး မျိုးကြောင့် အခြား အဆင်ပြေရာ တစ်ခုအပေါ် ပြောင်းလဲပြီး စူးစိုက်နှစ်မြှုစ် လိုက်ရ တယ်ဆိုရင်တော့ Entrepreneur တစ်ယောက် ဖြစ် မလာ နိုင်ပါဘူး။ စိတ်နှစ်ခွ ဖြစ်နေတယ်။ သို့တည်းမဟုတ် ကောက်ရိုးမီးလို ခဏတာ ထလောင်တဲ့ စိတ် - ဘယ်ဟာကို ရွေးလို့ရွေးရမှန်း မသိတာ ဆိုရင်လည်း အချိန်ကာလတ တစ်ခုလောက်ယူပြီး လေ့လာ၊ရှာဖွေဖို့ လိုအပ်နေပါသေး တယ်။


၂။ လေ့လာလိုချင်စိတ်များသူ

လူအောက်ကျို့ လို့ မသေဘူးဆိုသလိုပဲပေါ့။ Entrepreneur တစ်ယောက် ဟာ ပတ်ဝန်းကျင်ကနေ သင်ယူလို့ ရတာ အကုန်သင်ယူတယ်။ ပတ်ဝန်းကျင် ကနေ ကောင်းတဲ့ အမူအကျင့်လေးတွေ တွေ့ရင် ကိုယ့်ဆီက အကျင့်ဆိုးကို ပယ်ဖျက်လို့ ခံယူ တတ်တဲ့ သဘာဝလေး ရှိပါတယ်။ အဲဒါကို ရေမြှုပ်နဲ့ ဥပမာ ပေးထားပြီး ပတ်ဝန်းကျင်က ကောင်းတဲ့ အမူအကျင့်နဲ့ ပညာရပ်များကို ရရင်ရသလောက် ဆုပ်ယူဖို့ တိုက်တွန်း ထားပါတယ်။


၃။ ဆရာကျချင်စိတ်

Desire to be Expert ကိုဆိုလိုတာပါ။ လုပ်ငန်းနယ်ပယ် တစ်ခုထဲမှာ အချိန်ကြာကြာလုပ်မိတဲ့ Entrepreneur တစ်ယောက်ဟာ ယင်း လုပ်ငန်းရဲ့  သမိုင်းကြောင်းအထိကိုပါ အတွင်းကျကျ လေ့လာတယ်။ အရာဝတ္ထု ပစ္စည်း တစ်ခု သို့မဟုတ် ပညာရပ် တစ်ခုကို စိတ်ဝင်စားပြီဆိုရင်လည်း ယင်း ပညာရပ်အပေါ် အတွင်းကျကျ လေ့လာချင်စိတ်၊ သိချင်စိတ် ပြင်းထန် တာဟာ Entrepreneur တစ်ယောက်ရဲ့  အမူအကျင့် တစ်ခု ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ဘယ်လိုဖြစ်လာမယ့် ဆိုတာကိုပါ တွက်ချက်ခန့်မှန်းပြီး ကိုယ့် Plan အတွက်လည်း အကောင်းဆုံး ရေးဆွဲ နိုင်ပါတယ်။ တော်ရုံ အပေါ်ယံလေးပဲ လေ့လာပြီး စွန့်ဦးတီထွင်မှု တစ်ခုပြုလုပ်မယ် ဆိုရင်တော့ မိုက်ရူးရဲမှု တစ်ခုပါပဲ။


၎။ ရှေ့ ရေး ကြည့်တတ်သူ

Entrepreneur တစ်ယောက်ဟာ လက်ရှိ အခြေအနေ လုပ်ဆောင်ချက်မှာပဲ အာရုံစိုက်နေလို့ မပြီးပါဘူး။ ရှေ့ ဆက် ပြီးတော့ ဘယ်လိုလုပ်ရမယ်၊ ဘယ် Target ကို ရောက်အောင်သွား ရမယ် အစရှိသဖြင့် Future Plan / Timeline က သေသေချာချာ ရှိနေဖို့လည်း လိုအပ်ပါသေးတယ်။


၅။ အဆက်မပြတ်သော အတွေးအခေါ်သစ်

ကိုယ့်ဆီမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေးအခေါ်အိုင်ဒီယာ တစ်ခု၊ Business Idea တစ်ခု ရှိရုံနဲ့ Entrepreneur တစ်ယောက်ဖြစ်ပြီလို့ လက်မ မထောင်နိုင်သေးပါဘူး။ တကယ်ထူးချွန်ပြီး အောင်မြင်တဲ့ Entreperneur တိုင်းမှာ Idea တွေတစ်ခုပြီးတစ်ခု အဆက်မပြတ် တည်ရှိနေတတ် ပါတယ်။ ဒီအိုင်ဒီယာမရရင် ဘယ်လို အိုင်ဒီယာနဲ့ Plan ကို သုံးမယ်။ ဘယ်လမ်းကြောင်းပြောင်းမယ်။ သို့တည်းမဟုတ် ဒီ စီမံကိန်းပြီးရင် နောက် ထပ် ဘယ် စီမံကိန်းနဲ့ ရှေ့ ဆက်မယ် အစရှိသဖြင့် ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ရှိနေတတ်ပါတယ်။ ဒီတော့ အရာကိစ္စ တစ်ခုထဲကိုပဲ Destination လို့ မသတ်မှတ်ရပါဘူး။ တစ်ခုပြီးတစ်ခု တွေးခေါ် ကြံစည် လုပ်ဆောင် နေရတာကို Life Style တစ်ခုလို့ သတ်မှတ်ထားခြင်းဟာ Entrepreneur ကောင်းတစ်ယောက်ရဲ့  အရည်အချင်း တစ်ခုပဲ ဖြစ်ပါတယ်။
.


Ref: Entrepreneur.com
အောင်ခမ်း ( TSJ team )


မြန်မာနိုင်ငံက လှေစီးရိုဟင်ဂျာ ၂ဝဝ ကျော် ထိုင်းတောင်ပိုင်းကို ရောက်ရှိ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ဆိုပြီး စက်လှေနဲ့ ထွက်လာကြတဲ့ ရိုဟင်ဂျာလူမျိုး ၂၁၉ ယောက်ကို စက်တင်ဘာ ၁၁ ရက်နေ့ မနေ့က မနက် ၁၁ နာရီခန့်က ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ စတွန်းခရိုင်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဒီရိုဟင်ဂျာလူမျိုးတွေဟာ စတွန်းခရိုင် ထုန့်ဝမြို့နယ်အတွင်းက ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်တဲ့ ဟတ်ဒ်လားဝိုင်ကျေးရွာကို ရောက်လာချိန်မှာ ဒေသခံပြည်သူတွေရဲ့ အကြောင်းကြားမှုကြောင့် နယ်မြေခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ်အရာရှိတစ်ဦးက RFA ကို ထိုင်းဘာသာနဲ့ အခုလို ပြောဆိုပါတယ်။

“ဟုတ်ပါတယ်၊ ရိုဟင်ဂျာလူမျိုး ၂၁၉ ယောက် လှေတွေနဲ့ ဝင်လာကြတာပါ။ သူတို့ဟာ စက်လှေသုံးစီးနဲ့ အတူတူခရီးထွက်လာကြတာ ပင်လယ်ပြင်မှာ လေပြင်းကြောင့် လှေတစ်စီးနဲ့တစ်စီးကွဲသွားကြပြီး ရှေ့ခရီးဆက်လို့မရတော့ဘဲ ထုန့်ဝမြို့နယ်၊ ခွန်ခလမ်းကျေးရွာအုပ်စု၊ ဟတ်လားဝိုင်းရွာကို လှေတစ်စီးရောက်လာတာဖြစ်တယ်၊ အခုတော့ တာဝန်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့တွေက အဲ့ဒီရိုဟင်ဂျာတွေကို လက်ခံထားပြီး အစိုးရတာဝန်ရှိသူတွေက ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်၊ သူတို့ကို ပြန်ပို့မှာပါ “

ဒီရိုဟင်ဂျာလူမျိုးတွေဟာ အသက် ၁၄ နှစ်ကနေ အသက် ၂၅ နှစ်ခန့် အရွယ်တွေဖြစ်ကြပြီး ကျန်းမာရေးချို့တဲ့ပြီး နာမကျန်ဖြစ်နေသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် ဘယ်အရပ်ဒေသကလာကြတယ်ဆိုတာ အတိအကျမသိရပေမဲ့ သူတို့အလုပ်သွားလုပ်ချင်တဲ့ မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက ပင်လယ်ပြင်အထိ ဆက်ပို့ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
RFA Burmese

စာမေးပွဲဖြေခွင့် ပိတ်ပင်ခံရတဲ့ ရတနာပုံနည်းပညာကျောင်းသားတွေ နေပြည်တော်ကို တိုင်ကြား





မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်မှာ ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး သမ္မတရုံးအပါအဝင် သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို တိုင်ကြားစာပေးပို့လိုက်ပါတယ်။

ဒီနှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ ဘာသာရပ်အလိုက် ကျောင်းတက်ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်း ပြည့်မီရမယ်ဆိုတဲ့ ပုံစံစနစ်သစ်ကို ပြန်လည်စစစ်သုံးသပ်ဖို့ တောင်းဆိုလိုကြောင်း ဘာသာရပ်နှစ်ခုမှာ ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ICT သတင်းအချက်အလကိ နည်းပညာဘာသာ ဒုတိယနှစ်ကျောင်းသူ မစုလှိုင်ဦးက ပြောပါတယ်။

“သမီးက Dbar ထိတဲ့စာရင်းထဲမှာပါပါတယ်၊ အဲဒါနဲ့ မိဘတွေကတဆင့် သက်ဆိုင်ရာကနေပြီးမှ သမီးဘယ်ဘာသာနဲ့ ထိမယ်ဆိုတာကို ကြည့်ခိုင်းတယ်ပေါ့နော်၊ ကိုးဘာသာရှိတဲ့နေရာမှာ ခုနှစ်ဘာသာပြည့်တယ်၊ ကျန်တဲ့ နှစ်ဘာသာက ၇၁ ရာခိုင်နှုန်းနဲ့ ထိနေပါတယ်၊ အဲဒီနှစ်ဘာသာကြောင့် တစ်နှစ်အောက်ခံရတယ်ဆိုတော့ သမီးအတွက် အရမ်းကိုနစ်နာပါတယ်၊ တခြားကျောင်းတွေကျင့်သုံးတဲ့ နည်းစနစ်အတိုင်း ကျင့်သုံးမယ်ဆိုရင် သမီးက လွတ်လွတ်ကျွတ်ကျွတ်ကြီး ဒီစာမေးပွဲကိုဖြေလို့ရမယ်လို့ ယုံကြည်ပါတယ်”

နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ကျောင်းခေါ်ချိန် စံနှုန်းတွေအတိုင်း ကျောင်းခေါ်ချိန်ကောက်ယူတဲ့ပုံစံကို ဒီနှစ်ကနေစပြီးတော့ ပြောင်းလဲကျင့်သုံးတာဖြစ်တယ်လို့ ရတနာပုံနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာအောင်ဝင်းက RFA ကိုပြောပါတယ်။

“ကျနော်တို့ နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးမှာဆိုလို့ရှိရင် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းကို တစ်ဘာသာချင်းစီကြည့်တယ်၊ ကြည့်ရတဲ့ရည်ရွယ်ချက်ကလည်း နိုင်ငံခြားတက္ကသိုလ်တွေဆီမှာဆိုလို့ရှိရင် credit point ကို ဘာသာရပ်တစ်ခုချင်းဆီပဲတွက်တယ်၊ အဲလိုတွက်တဲ့အတွက် ဘာသာရပ်တစ်ခုချင်းဆီမှာ အဲဒီ credit point မမီလို့ရှိရင် စာမေးပွဲဖြေဆိုခွင့် မရှိဘူးပေါ့နော်၊ အဲဒီလိုပဲ ကျနော်တို့ဆီမှာလည်း ဘာသာရပ်တစ်ခုချင်းဆီ ၇၅ ရာခိုင်နှုန်းမပြည့်ရင် ဘာသာရပ်ဖြေဆိုခွင့်မပြုပါဘူး”

ဒီနှစ်ပညာသင်နှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ ကျောင်းခေါ်ချိန်ကောက်ယူတဲ့ပုံစံ စနစ်သစ်အရ ကျောင်းသားကျောင်းသူ ၁၇၈ ယောက်ဟာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်တဲ့အတွက် စာမေးပွဲဖြေဆိုခွင့် မရခဲ့တာဖြစ်ပါတယ်။
RFA Burmese

မလေးရှားရောက် မြန်မာများအတွက် မြန်မာအစိုးရ တာဝန်ယူမည်



ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် မလေးရှားတွင် ရောက်ရှိနေအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနဝန်ကြီး ဦးမောင်မြင့်က မလေးရှားနိုင်ငံတွင်လာရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ လုံခြုံစိတ်ချမှုကိုတာဝန်ယူမည်ဖြစ်ကြောင် ကွာလာလမ်ပူတွင် လူမှုအဖွဲအစည်းများ နှင့်တွေ့ဆုံပွဲတွင် ပြောကြားသွားခဲ့သည် ။

ယနေ့ ပြုလုပ်နေသာ ops 6p တွင် အဖမ်းခံရသော နိုင်ငံသားပေါင်းစုံ ယနေ့အထိ ၈၀၀၀ ကျော်ရှိနေပြီး ထိုထဲတွင် တရားမဝင်နေထိုင်သူ စုစုပေါင်း ၂၁၀၀ ကျော် ရှိကြောင်း မလေးအစိုးရမှ ထုတ်ပြန်ကြော်ငြာထားသည် ။

အဆိုပါ အဖမ်းဆီးခံနိုင်ငံသားများထဲတွင် မြန်မာနိုင်ငံသား ၅၀၀ ကျော်ပါဝင်ပြီးဖြစ်ကြောင်းသိရသည် ။

ယနေ့အထိ OPS 6P စီမံချက်အားမလေးရှားအစိုးရမှ ဆက်တိုက် ဆောင်ရွက် ဖမ်းဆီးနေဆဲဖြစ်ပြီး မလေးရှားနိုင်ငံ နေရာတော်တော်များများတွင် ဖမ်းဆီးမှုများ နေ့ရက်မပြတ် ပြုလုပ်နေသည်ကို သိရသည် ။

အဆိုပါအဖမ်းခံမြန်မာနိုင်ငံသားများအား မြန်မာအစိုးရမှ မြန်မာနိုင်ငံသားဟုတ်မဟုတ် စီစစ်ပြီးသည်နှင့် မြန်မာနိုင်ငံသို့အရောက် ပြန်ပို့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးမှပြောကြားသွားသည် ။

ထို့အပြင် မြန်မာနိုင်ငံသားများအပေါ် လစာ ၊ အလုပ်ခွင်လုံခြုံမှု ၊ အလုပ်သမားအကျိုးခံစားခွင့်များအတွက် တာဝန်ယူ စီစစ် ဆောင်ရွက်ပေးမည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်သွားမည့်အကြောင်းသိရသည် ။

ထို့အပြင် မြန်မာနိုင်ငံသားများ မလေးရှားသို့နောက်ထပ်လာရောက်မှုအတွက် အလုပ်အကိုင် ၊ ခံစားခွင့် နှင့် အလုပ်ခွင်လုံခြုံမှုများ ရှိမှသာ စေလွတ်သွားမည်ဖြစ်ကြောင်း ၊ မြန်မာအမျိုးသမီးများ မလေးရှားသို့ စေလွတ်မည်ဆိုပါက သေချာစွာစီစစ်ပြီးမှသာ စေလွတ်တော့မည်ဖြစ်ကြောင်း ကိုပါ ဆက်လက်ပြောကြားသွားခဲ့သည် ။

ယနေ့ မြန်မာနိုင်ငံသားများကြားတွင် ကြားနေရသော 6P ပြန်လည် စီစဉ်မည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ မလေးရှားရောက် မြန်မာများမှ မလေးရှား အာဏာပိုင် အဖွဲ့အစည်းများ သို့စုံစမ်းရာတွင် အဖမ်းခံရသော သူများထဲမှ ပါမစ်ထုတ်ပေးရန် ရှိသော သူများ ၊ 6P တွင်ငွေပေးပြီး ပါမစ်ထွက်မလာသေးသောသူများကိုသာ ပါမစ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည် ။

လက်ရှိရှိနေသေးသော သူများကိုမူ ပါမစ်ထုတ်ပေးမည့်အစီအစဉ်မရှိသေးကြောင်း ၊ ထပ်မံပြီးတရားမဝင်နေထိုင်သူများ အား အခြားအစီအစဉ်များရှိပါက မလေးရှားအစိုးရမှ တရားဝင်ကြော်ငြာမှသာ ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည် ။

သို့ကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပါမစ်ဆောင်ရွက်ရန် ရှိပါက သေချာလေ့လာပြီးမှသာ ဆောင်ရွက်ရန်အထူးအရေးကြီးသည် ။

ယနေ့ OPS 6P နှင့် OPS CANTAS ခေါ် မလေးရှားရှိ တရားမဝင် လူမိုက်အဖွဲ့ဝင်များ ဖမ်းဆီးမှု ၂ ခုကို ၂၀၁၃ ကုန်သည်အထိ ဆက်တိုက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယနေ့အထိ တရားမဝင် အလုပ်သမား ၅၀၀၀ ကျော် ၊ ဂိုဏ် အဖွဲ့ဝင် ၁၂၀၀ ကျော်ကို ဖမ်းဆီးပြီး ယာယီ DETENTION CENTER များ ပြည့်နေသောကြောင့် နောက်ထပ် ယာယီ ထိမ်းသိမ်းရေး စခန်း ၁၀ ခုဆောက်ပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ ကြော်ငြာသွားခဲ့ပြီးဖြစ်သည် ။

အဖမ်းအဆီး မရပ်သလို ၊ ပါမစ်ထုတ်ပေးမည့်အစီအစဉ်လည်း မရှိပါ ။ ယခု စီမံချက်ပြီးမှသာ အခြားသော လုပ်ငန်းစဉ်များ နှင့်ဆောင်ရွက်ရန်ရှိသည်များကိုဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည် ။

မလေးရှားအစိုးရ အား မြန်မာအစိုးရမှ တရားမဝင်နေထိုင်သူများအား ပါမစ်ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သိရသည် ။ သို့သော် မည်သည့်နေ့ ၊ မည်သည့်အစီအစဉ် ဆိုသည်ကိုမူ အတိအကျ မသိရသေးပါ ။

မလေးရှားရောက် မြန်မာများ ယနေ့အဖမ်းအဆီး များကြားတွင် နေထိုင်လုပ်ကိုင်နေရသည်ကို မြန်မာအစိုးရ အနေဖြင့်သိရှိကြောင်း နှင့် ဆောင်ရွက်ရန်ကိစ္စများကို ဆောင်ရွက်မည်ဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများ သိရှိရန် ဆက်လက်ရေးသားပေးရပါသည် ။

အခြား အဖမ်းအဆီး နှင့် ထူးခြားသတင်းများကို ဆက်လက်တင်ဆက်ပေးပါမည် ။

မလေးရှားရောက် မြန်မာများ

အသက်(၁၂)နှစ်ရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူမှ အလိုမတူဘဲ သားယားအဖြစ်ပြုကျင့်


ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဖောင်တော်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း၌ သီးသီးခူးရအောင်ဟု ဖခင်ဖြစ်သူမှ အသက် (၁၂) နှစ်အရွယ် သမီးဖြစ်သူကို ပြောဆိုခေါ်ဆောင်ပြီး သီလရှင်ကျောင်း ဟောင်းကြီးပေါ်သို့ဆွဲတင်ကာ အလိုမ တူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ် တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

“ ပြဿနာဖြစ်ပွားခဲ့တဲ့တာက ဒီလ ၄ ရက်နေ့ ညနေ ၂ နာရီအချိန်လောက်မှာဖြစ်ပါတယ်..။ အမှုဖွင့် အရေးယူတာက ၁၀ ရက်နေ့ ညနေ ၂ နာရီအချိန်မှာပါ..” ဟု အဆိုပါ ဒေသခံ တစ်ဦးမှ ဆိုသည်။

၎င်း မိသားစုသည် ရွှေဘိုခရိုင်၊ ခင်မြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားမည့် ထိုနေ့ကဖခင်ဖြစ်သူ ကိုကျော်မိုး အသက်(၃၅) နှစ် ဘုန်းကြီးကျောင်း မီးစက်မောင်း လုပ်ကိုင်သူသည် ၎င်း၏ သမီးအရင်းဖြစ်သူ အသက်(၁၂)နှစ်အရွယ် မ.....(မခင်အေးမြင့်) ဆိုသူကို ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာဘက်သို့ နေကြာစေ့သွားဝယ်ရန် ပြောပြီး ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့ရာ၊ အချိန်(၁)နာရီကျော်ခန့် ကြာမြင့်ပြီးနောက် မိခင်ဖြစ် သူ ဒေါ်....(နှင်းနှင်းထွေး) ရှိရာ မီးဖိုချောင်အတွင်းသို့ သမီးဖြစ်သူ မ....ရောက်ရှိလာပြီး ဖင်ဖြစ်သူမှ အလိုမတူဘဲ သားမယား အဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ငိုယို၍ တိုင်တန်းပြောဆိုခဲ့သည်ဟု သက်ဆိုင်ရာ၏ မှတ်တမ်းများ၌ ယင်းကဲသို့ ဖော်ပြ ထားသည်။

အဆိုပါ ပြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားသတင်းအတည်ပြုချက်ရယူနိုင်ရန် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ “ ဖုန်းကတော့ ဦးကျော်စိုးရဲ့
ဖုန်းဖြစ်ပါတယ်။ ကျွန်တော်ခဏ ယူကိုင်ထားတာပါ။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အောက်ခြေ၀န်ထမ်းတွေဖြစ်တာကြောင့် မသိပါဘူး..” ဟု ၎င်း ၀န်ထမ်းဖြစ်သူမှ တုန့်ပြန် ပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ် လူမှုထောက်ကုပြု ကွန်ရက်အဖွဲ့ ၀င်တစ်ဦး၏ ပြောပြချက်များအရ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး မိခင်ဖြစ်သူဒေါ်နှင်းနှင်းထွေး အသက်(၃၃)နှစ်၊ ဘခင်အမည် ဦးစိုးမြင့် ဆိုသူမှ ကန့်ဘလူမြို့နယ်၊ ဇီးကုန်နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ၎င်းရဲစခန်းမှ (ပ)၂၁၅/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ပြီး ရဲစခန်းမှူး ရဲအုပ် ၀င်းမြင့် ဆိုသူမှ အမှုအား ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုဇေယျာမောင်
by Myanmar News Now

အသက် ၁၂ နှစ် သို့သော် စက်ရုပ် တီထွင်ပညာရှင်

ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့  အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ စက်ရုပ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ Agrawal လို့ အမည်ရတဲ့ ကလေးငယ်ပါ။

အသက် ၄ နှစ်သားအရွယ်ကို ဝဘ်ဆိုဒ်တွေကို စတင်ထိတွေ့မိပြီး ဘာလို့စာတွေမြင်နေရလဲလို့ သူ့အမေကို မေးပါတယ်။ ဒါနဲ့ HTML နဲ့ ရေးထားတာ ဖြစ်ကြောင်း ပြောတာမို့ သူဟာ HTML ကို ၄ နှစ်သားက စလို့ စတင် လေ့လာခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်မှာ ကိုယ်ပိုင်ဝဘ်ဆိုဒ်တစ်ခု တည်ထောင်သွားနိုင်ခဲ့ ပါတယ်။ သူ့ရဲ့  မိဘ ၂ ပါးလုံးက အင်ဂျင်နီယာတွေပါ။ သူ့အသက် ၉ နှစ်ပြည့်မွေးနေ့မှာ ဝေါကီတော်ကီလို စကားပြောလို့ရတဲ့ ရေဒီယို တစ်လုံး ကို လက်ဆောင်ရတော့ ဟာ့ဒ်ဝဲ ပစ္စည်းတွေကို စတင်စိတ်ဝင်စားပါတော့တယ်။ ဒါနဲ့ စက်ရုပ်တွေကို တီထွင်တဲ့အခါမှာ အခြေခံ အသုံးပြုတဲ့ Arduino လို့လို့ Mini Computer Controller ကို လေ့လာခွင့် ရရှိခဲ့ပြီး စိတ်ကြိုက် လေ့လာ ပါတော့တယ်။ အသက် ၁၀ နှစ်အရွယ်မှာ သူဟာ Hacker Dojo လို့ အမည်ရတဲ့ Creative Group ကို ချိတ်ဆက်ဝင်ရောက်ခဲ့ပါတယ်။ ဒီအတွက်လည်း Test အလုပ်ခံရပေမယ့် သူ့ရဲ့  အရည်အချင်းကြောင့် အဖွဲ့မှာ စိန်ခေါ်မှုတိုင်းကို အောင်နိုင်ပါတယ်။

ပညာသင်ကြားခွင့်လည်းရနေတော့ အဖွဲ့ကနေ သူဟာ ဟာ့ဒ်ဝဲပစ္စည်းများ လေ့လာခြင်း၊ စက်ရုပ်တီထွင်ခြင်းတို့ကို ပြုလုပ် ပါတယ်။ အသက် ၁၂ နှစ်သားအရွယ်ရောက်တော့ OLogic အမည်ရ ကုမ္မဏီသို့ သူ့အဖေ ပို့ပေးခဲပါတယ်။ Disney နဲ့ Apple ကုမ္မဏီတို့ လိုအပ်တဲ့ စက်ရုပ်နဲ့ ကိရိယာ တန်ဆာပလာများကို တီထွင်ရောင်းချပေးနေတဲ့ ကုမ္မဏီဖြစ်ပါတယ်။ ယင်းကုမ္မဏီမှာ နွေရာသီကျောင်းပိတ်ရင် ကလေးများ လေ့လာခွင့်ရအောင် Internship များခေါ်ပါတယ်။ Agrawal ဟာ အလုပ်သင် ဝင်ရောက်ခဲ့ပြီး ပစ္စည်းများကို စိတ်ကြိုက်လေ့လာခွင့်ရပါတယ်။

ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး စက်ပစ္စည်းများကို လေ့လာဖို့အတွက် ကုမ္မဏီက ပရောဂျက်ပေးပေမယ့် သူကိုယ်တိုင် စက်ရုပ်တစ်ကောင်ကို စိတ်ကြိုက်ဖန်တီးပါတယ်။ ယင်းစက်ရုပ်အတွက် လိုအပ်တဲ့ ပရိုဂရမ် (Firmware, software) နဲ့ ဟာ့ဒ်ဝဲများကို စိတ်ကြိုက်တပ်ဆင်လိုက်တော့ စေခိုင်းလို့ရတဲ့ ရုံးဝန်ထမ်း တစ်ဦး ဖြစ်လာပါတယ်။ လောလောဆယ်ကတော့ မုန့် နဲ့ ပစ္စည်း တိုလီမုတ်စ သယ်ဖို့အတွက်ပဲ စေခိုင်းလို့ရပါသေးတယ်။ သို့ပေမယ့် အဲ့ဒီလောက်လုပ်ခိုင်းလိုက်နိုင်တာတင် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

သူ့အနေနဲ့ ရှေ့ ဆက်ပြီးတော့ ဟင်းချက်နိုင်တဲ့ စက်ရုပ်ကို တီထွင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ သိန်းရှိမယ်လို့တောင် အင်တာဗျူးမှာ ခန့်မှန်းပေးသွားပါတယ်။ အလုပ်သင် လေ့လာ ကာလပြီးလို့ ကျောင်းပြန်ဖွင့်ရင် သူ့အိမ်မှာပဲ ဆက်လုပ်မှာ ဖြစ်ပါတယ်။ စတူဒီယို အသေးစား ပြုလုပ်ထားပြီး ပစ္စည်းအဟောင်းများနဲ့ စက်ရုပ်တွေ ဖန်တီးမှာ ဖြစ်ပါတယ်။ ကောလိပ်တက်တဲ့အခါ စက်ရုပ် ပညာ ရပ် သို့မဟုတ် ကွန်ပြူတာ ပရိုဂရမ် ပညာရပ် ၂ ခုထဲက တစ်ခုခုကို အထူးပြု လေ့လာသွားမယ်လို့ ဆိုပါတယ်။

Agrawal ဟာ အသက်ငယ်ပေမယ့် သူ့ရဲ့  ကြိုးစားဖန်တီးမှုကြောင့် နေ့ချင်းညချင်း လူသိများလာခဲ့ပါတယ်။ သူတီထွင်တဲ့ စက်ရုပ်အကြောင်းကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

http://youtu.be/cyUp39ZWP2Y

အောင်ခမ်း (TSJ team)

http://blog.techspace.com.mm/2013/09/blog-post_12.html

ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်



ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုး ဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှား သင့်ပါသည်။ယင်းအချက်လေးချက်မှာ-

၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရ ပါမည်

ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာ ကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရ ဓာတ်ကို ဆုံးရှုံး သွားစေ တတ်ပါသည်။

၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်

ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ်သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။

၃။ မကျက်တကျက် ပြူတ်ပြီး မသောက်သင့်

ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံး ပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှော တတ်ပါသည်။

၎။ဓာတ်ဘူးနဲ့ မတည့်

ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွား စေတတ်၍ ကျန်းမာရေးက အထူး ထိခိုက် စေပါသည်။

Shared by အာယု
Kayan Times

ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည်ရိုက်နှိပ်ရေးအဆို ဆွေးနွေးခွင့်မရ




ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ငွေစက္ကူတွေ ပြန်လည် ပုံနှိပ်ထုတ်ဝေရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဒီနေ့ဆွေးနွေးခဲ့ရာမှာ အစည်းအဝေးတက်ရောက်သူ ၁၂၃ ဦးအနက် ၂ ဦးပဲ ထောက်ခံတဲ့အတွက် ဆွေးနွေးခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံငွေစက္ကူ ပြန်လည်ထုတ်ဝေရေး အတွက် အမျိုးသားဒီမိုကရေစီသစ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး၊ ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့တာပါ။

လက်ရှိထုတ်ဝေနေတဲ့ ငွေစက္ကူတွေမှာ ပါတီတစ်ခုကို ကိုယ်စားပြုတဲ့ ခြင်္သေ့ပုံတံဆိပ်ကို ရိုက်နှိပ်ထားတာဟာ မသင့်တော်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းပုံ ကို ငွေစက္ကူတွေပေါ်မှာ ပြန်လည်ရိုက်နှိပ်သင့်ကြောင်း တင်သွင်းခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရဲ့ အဆိုဟာ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ရမယ့်ကိစ္စရပ်ဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပုတ်ခတ်ပြောဆိုတဲ့ သဘောဖြစ်နေတယ်လို့ ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်းပုံငွေစက္ကူ ပြန်လည် ပုံနှိပ်ထုတ်ဝေရေးအဆိုကို မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲမရရှိခဲ့တာကြောင့် ဆက်လက်ဆွေးနွေးခွင့် မရခဲ့တာဖြစ် ပါတယ်။
RFA

ရတနာပုံနည်းပညာတက္ကသိုလ် စာမေးပွဲစည်းကမ်းသစ် (ရုပ်/သံ)


ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာမှာရှိတဲ့ "ရတနာပုံ ဆိုက်ဘာစီးတီး" လို့ခေါ်တဲ့ နည်းပညာ တက္ကသိုလ်မှာ စာမေးပွဲဖြေဆိုခွင့် စည်းကမ်းအသစ် ချမှတ်လိုက်တာကြောင့် ကျောင်းသူကျောင်းသား ၃ဝဝ ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး ဒီကိစ္စကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုထားကြပါတယ်။
အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။

RFA

ဂျကာတာ မြို့လယ်၌ အင်ဒိုရဲ ပစ်သတ်ခံရ


ဂျကာတာမြို့လယ်၌ ယာဉ် တန်းတစ်ခုကို အစောင့်လိုက်ပေး နေသည့် ရဲတစ်ဦးအား မော် တော်ဆိုင်ကယ်စီးထားသော သေ နတ်သမားက ပစ်သတ်ခဲ့ရာ သေ ဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ မှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ သည်။ ဤဖြစ်ရပ်မှာ မြို့တော်မှ ရဲအရာရှိအား ပြောင်ပြောင်တင်း တင်းသတ်ဖြတ်ခဲ့သည့် နောက် ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ဆို သည်။
မကြာမီရက်သတ္တပတ် များမှစ၍ မြို့တော်အတွင်း စတုတ္ထအကြိမ်ပစ်သတ်ခံရခြင်း ဖြစ်သည်။ သို့ရာတွင်အဆင့်မြင့် ပုဂ္ဂိုလ်များကိုမူ သတ်ဖြတ်မှုမရှိ သေးဟုဆိုသည်။ သို့ရာတွင် ဂျ ကာတာမြို့လယ်၌ အင်အားကြီး သော ရဲရုံးချုပ်အား တိုက်ရိုက် တိုက်ခိုက်ခြင်းဟု ဆိုသည်။
အင်္ဂါနေ့က ပစ်ခတ်မှုမှာ လွန်ခဲ့သော ပစ်ခတ်မှုများနှင့် တူကြောင်း၊ ဤသတ်ဖြတ်မှု၌ အကြမ်းဖက်အုပ်စုတစ်စုတည်း က ကြိုးကိုင်ထားသည်ဟု ယူဆ ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
နောက်ဆုံးပစ်ခတ်မှုမှာ ဓာတ်လှေကားအစိတ်အပိုင်းများ သယ်ယူလာသည့် ထရပ်ကား ခြောက်စီးအား ယာဉ်အသွားအ လာများသည့်နေရာ၌ အစောင့် လိုက်ပါလာသည့် ရဲအားသေနတ် သမားမော်တော်ဆိုင်ကယ်လေး စီးက ပစ်သတ်သွားခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
အသတ်ခံရသူမှာ ဆူကာ ဒီဖြစ်ပြီး နံနက် ၁ဝနာရီ ၁၅မိ နစ်တွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးရှေ့ ၌ ပစ်သတ်ခံခဲ့ရသည်ဟုဆိုသည်။ ရဲမှာ ရင်ဘတ်နှင့်ဝမ်းဗိုက်အား သုံးချက်အပစ်ခံရ၍ ချက်ချင်း သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ပစ်ခတ်မှုပြီးလျှင် ပြီးချင်း ရဲတပ်ဖွဲ့က တရားခံအားအပူ တပြင်းလိုက်လံရှာဖွေခဲ့ရာ မော် တော်ဆိုင်ကယ်များကို ရပ်တန့် ရှာဖွေခဲ့ကြောင်း သိရသည်။
ဤပစ်ခတ်မှုမှာ ဂျကာတာ အနောက်ပိုင်း ကေဂါရန်ခရိုင် ၌ ရဲသုံးဦးသတ်ဖြတ်ခံရပြီးနောက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အ များဆုံးဖြစ်ပွားသည့် နေရာမှာ ဆူလာဝေဆီကျွန်းပိုဆိုမြို့၌ ဖြစ် ကြောင်း သိရသည်။
အင်ဒိုနီးရှားသည် အစ္စ လာမ္မစ်စစ်သွေးကြွအုပ်စုများ အား အနောက်နိုင်ငံဆန့်ကျင်ရေး ပြုလုပ်ခဲ့ပြီးနောက် နှိမ်နင်းခဲ့ရာ အတော်အတန်အောင်မြင်မှုရ နေခဲ့သည်ဟု ဆိုသည်။
Yangon Media Group

မလေးရှားတွင် မြန်မာများ နေထိုင်ခွင့်နှင့် အလုပ်ရရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

ပြီးခဲ့သည့် ဇွန်လဆန်းက မလေးရှားနိုင်ငံ၌ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသာများကို တွေ့ရစဉ် (ဓာတ်ပုံ – SIN CHEW DAILY / ASIA NEWS NETWORK)
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများ အတွက် တရားဝင် နေထိုင်ခွင့်နှင့် အလုပ်ရရှိရေး တို့အတွက် မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ လာမည့်နှစ်လအတွင်း အကောင်အထည် ဖော်သွားမည်ဟု သိရသည်။

ယနေ့ နေ့လယ် ၃ နာရီခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် VIP ဝင်ပေါက် အနီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မီဒီယာများသို့ အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

“တရားဝင် မှတ်ပုံတင်တွေ လုပ်ပေးနိုင်ဖို့အတွက် ကာယကံရှင်ရဲ့ လက်ဗွေရာ ၁၀ ချောင်း စလုံးယူမယ်၊ မျက်စိသူငယ်အိမ်ကို စစ်ပြီး မှတ်ပုံတင်ထားမယ်၊ တချို့က မြန်မာ မဟုတ်ဘဲနဲ့ လိမ်ပြောတာတွေ ရှိတယ်၊ အဲဒီမှတ်တမ်းတွေကို လဝက နဲ့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန တွေက မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စစ်ဆေးမယ်၊ အလုပ်အကိုင်ရဖို့အတွက် အလုပ်ရှင်၊ အလုပ်သမား တိုက်ရိုက်တွေ့ပြီး ခန့်တဲ့စနစ် လုပ်မယ်” ဟု ဝန်ကြီး ဦးအေးမြင့်က ရှင်းပြသည်။

မလေးရောက် မြန်မာအလုပ်သမားများ တရားဝင်မှတ်ပုံတင်ခြင်းနှင့် အလုပ်အကိုင် တိုက်ရိုက် ရှာဖွေပေးခြင်းတို့ကို ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးတွင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြို့နှင့် အလှမ်းဝေးသော နေရာများတွင် လုပ်ကိုင်နေသူ များအတွက် ရွေ့လျားစနစ် (Mobile Team) များစီစဉ်ကာ စက်ရုံ၊ အလုပ်ရုံများတွင် ပြုလုပ်ပေးသွားမည်ဟု သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆက်လက်၍ “တရားမဝင်သွားနေပြီး အလုပ်လည်း မရနိုင်တဲ့ မြန်မာအလုပ်သမားတွေ ကိုတော့ မြန်မာနိုင်ငံကို ပြန်လွှတ်မယ်၊ အရင်ကတော့ ပြန်လွှတ်ရင် ဒဏ်ကြေးရိုက်ပေမယ့် အခုတော့ ဒီအတိုင်းပဲ ပြန်လွှတ်ပေးမှာပါ။ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကတော့ မလေးနိုင်ငံက ဥပဒေအတိုင်း အရေးယူဖို့ရှိမှာပါ” ဟု ပြောပြသည်။

မလေးရှားနိုင်ငံမှ တရားမဝင် နေထိုင်သူများ ဖမ်းဆီးရေး စီမံချက် အတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ အလုပ် သမားများ အများဆုံး ဖမ်းဆီးခံထားရပြီး မြန်မာလုပ်သား ၆၀၀ ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း၊ တချို့ မြန်မာလုပ်သား များမှာ ဖမ်းဆီးမှု စတင်ကတည်းက နယ်စပ်သို့ ထွက်ပြေးမှုများ ရှိကြောင်း၊ ယင်းသို့ ထွက်ပြေးသူများကို ဖမ်းဆီးမိပါက သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေအရ အရေးယူမည်ဟုသာ သိရကြောင်း ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော တရားဝင် မြန်မာအလုပ်သမား ၁ သိန်း ၄ သောင်းကျော်ရှိပြီး တရားမဝင် အလုပ်သမား ၁ သိန်း ၁ သောင်းကျော်ရှိကြောင်း၊ တခြား မြန်မာအလုပ်သမား ၈ ထောင် ကျော်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (NHCR) လက်မှတ် ကိုင်ဆောင်ထားကြကြောင်း ဝန်ကြီး၏ အဆိုအရ သိရသည်။

မလေးရောက် တရားမ၀င် နိုင်ငံခြားသားများကို ဖမ်းဆီးမှုများ လုပ်ဆောင်ရန် မလေးရှား အစိုးရက စီစဉ်မှုများကို ယခင်က အတိုက်အခံအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ NGO များက ကန့်ကွက်မှုများ ရှိခဲ့ကြောင်း၊ ယခု ဖမ်းဆီးမှုနှင့် ပတ်သက် ၍မူ မည်သည့် ပါတီ၊ အဖွဲ့အစည်းကမျှ ကန့်ကွက်မှု၊ ဝေဖန်ပြောဆိုမှု မရှိသည်မှာ ထူးခြားကြောင်း မလေးရှားရောက် မြန်မာ များက ပြောကြသည်။

မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကွာလာလမ်ပူရှိ မြန်မာသံရုံး အနေဖြင့် ထိထိရောက်ရောက် ကူညီပေးမှု မရှိကြောင်း၊ ပြီးခဲ့သည့် လအနည်းငယ်က ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ကူညီမှုများသည် လည်း ၎င်းတို့ နာမည်ကောင်းယူရန် အတွက်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မလေးရောက် မြန်မာများက ပြောဆိုကြသည်။
ဧရာဝတီ

မန္တလေးမြို့တွင် ဟန်းဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းရာ သိန်း၂၀၀ကျော်ဆုံးရှုံး

ယနေ့ မနက်နှစ်နာရီဆယ်မိနစ်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်(၄၁၅/N-2)မှ မျိုးမင်း(ဘ)ဦးမြင့်မောင်၏ သွပ်မိုးထရံကာ တစ်ထပ်နေအိမ်တွင် ဟန်းဖုန်းအားသွင်းရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ သိန်း၂၀၀ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
၎င်းမီးလောင်မှုကြောင့် နေအိမ်အနီးရှိ ပျဉ်ထောင်သွပ်မိုး နှစ်ထပ်နေအိမ်၁လုံး၊ နံကပ်နှစ်ထပ်တိုက် အပေါ်ခြမ်း၊ ၈ဈ /၅၈၂၀လိုက်ထရပ်အဖြူ တစ်စီး၊ ၇ယ/၇၀၃၀ပြိုင်ကား တစ်စီး၊ ဆိုင်ကယ်၂စီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၂၂၆.၅သိန်းဖိုး ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက်သိရသည်။
ယင်းမီးလောင်ရာသို့  မီးသတ်ယာဉ်၅၀စီး၊ မီးသတ်တပ်ဖွဲ့ဝင်၂၃၀ဦးတို့ဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ နာရီဝက်အတွင်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားခြင်းကို အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
လူလူ
update News

ရန်ကုန်မြို့တွင်း လမ်းပေါင်း ၂၆ လမ်းတွင် ယာဉ်မရပ်ရန် သတိပေး

ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပေါ်လာပြီး ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာသော ရန်ကုန်မြို့တော်တွင် ခြောက်လမ်းသွား လမ်းကြီးများ အပါအဝင် လမ်းပေါင်း ၂၆ လမ်းတွင် ယာဉ်မရပ်ရန် သတိပေး နှိုးဆော်ချက်ကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်လိုက်သည်။

ခရီးသည်တင်ယာဉ်များသည် အဆိုပါ လမ်း ၂၆ လမ်းရှိ မှတ်တိုင်များတွင် ခရီးသည်များကို ရပ်၊ ချ၊ တင်၊ ထွက်စနစ် ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်ယာဉ်မျှ ရပ်နားခြင်း မပြုကြရန် ယင်းနှိုးဆော်ချက်က ဆိုသည်။

ပြည်လမ်း၊ ဘုရင့်နောင်လမ်း၊ ဗဟိုလမ်း၊ လေးထောင့်ကန်လမ်း၊ သုဓမ္မာလမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကမ်းနားလမ်း၊ အင်းစိန်လမ်း၊ ဗညားဒလလမ်း၊ အရှေ့/အနောက် ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ သံသုမာလမ်း၊ ကုန်သည်လမ်း၊ အနော်ရထာလမ်း၊ အင်းလျားလမ်း၊ ဗားကရာလမ်း၊ လှည်းတန်းလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ မင်းနန္ဒာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဓမ္မစေတီလမ်း၊ သမိုင်းဘူတာရုံလမ်းနှင့် အောက်ပုဇွန်တောင်လမ်းတို့တွင် ယာဉ်များစည်းကမ်းမဲ့ ရပ်နားခြင်း မပြုဘဲ လိုက်နာဆောင်ရွက် ရမည် ဖြစ်ကြောင်း အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။

ယာဉ်ကြောရှုပ်ထွေးသည့် နေရာတွင် ဖြူနီကျားတားရန် လိုကြောင်း၊ ယာဉ်များစည်းကမ်းမဲ့ မရပ်နားစေရန် သက်ဆိုင်ရာမှ ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ ယခုထုတ်ပြန်ချက်တွင် မည်သို့ အရေးယူ ဆောင်ရွက်သွားမည် ဆိုသည့်ကိစ္စ မပါရှိကြောင်း အင်းစိန်မြို့မှ အဆိုပါလမ်း အချို့ကို ဖြတ်သန်းကာ မြို့ထဲသို့နေ့စဉ် ကားမောင်းနှင် သွားလာလေ့ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အခုဆို ယာဉ်မောင်းအားလုံးထဲက ၈၀ ရာခိုင်နှုန်းလောက်က ယာဉ်စည်းကမ်းလမ်းစည်းကမ်း မသိလို့ စည်းကမ်းဖောက်ကြတာများတယ်။ ယာဉ်မောင်းတွေကို အသိဉာဏ်ရှိအောင်၊ စည်းကမ်းသိအောင် ပညာပေးလုပ်ငန်းတွေ အများကြီးလုပ်ပေးဖို့ လိုတယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

ခရီးသည်တင် ယာဉ်များကိုလည်း လမ်းမများပေါ်တွင် ညအိပ်ရပ်နားခြင်း မပြုစေဘဲ နီးစပ်သည့် ယာဉ်ရပ်နားစခန်းများတွင် ညအိပ်ရပ်နားနိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ရန်လည်း သတိပေးချက်က ဆိုသည်။
The Voice Weekly

Wrecking Ball တွင် ဆိုင်းရက်စ်ကိုယ်လုံးတီးဖြစ်ရသည့် အကြောင်းရင်း


Wrecking Ball သီချင်းကို Youtube ပေါ်တင်လိုက်တာ စက်တင်ဘာလ ၉ ရက်နေ့ လေးတင်ပါ။ သို့ပေမယ့် ယနေ့ စက်တင်ဘာ ၁၂ မြန်မာစံတော်ချိန် ၆:၄၅ မှာ ကြည့်ရှုသူ ၅.၈ သန်းကျော်သွားပါပြီ။ ယင်း controversial video ကို အချို့  နိုင်ငံမှာဆိုရင် ပိတ်တောင်ပိတ်ပင်ထားပါတယ်။

Youtube မှာ လူကြည့်အများဆုံး MTV တစ်ခု စာရင်းဝင်လာအုံးမှာ ဖြစ် ပါတယ်။ Wrecking Ball သီချင်း လူကြည့်များရ ခြင်းက သီချင်းကောင်းတာ တစ်ခုတည်းတင်မဟုတ်တော့ပဲ အဝတ်အစားမပါတဲ့ MTV ဇာတ်ခန်း တစ်ချို့ ကြောင့်လည်း ဖြစ်ပါတယ်။ ဒီအတွက် သူ့ကို မေးမြန်းချက်ကို Miley Cyrus တစ်ယောက် ယခုလို ပြန်လည် ဖြေကြား ထားပါတယ်။

" ကျမ နံရံဖြိုတဲ့ တူကို နမ်းတယ်။ အဲဒါ နာကျင်မှုပေမယ့် အဲ့အချစ်ကို လိုချင် တပ်မက်နေဆဲဆိုတဲ့ အဓိပ္ပါယ်ကို ပြတယ်။ အချစ်ကြောင့် မိန်းကလေး တစ်ယောက် နာကျင်ခံစားရမှုက အပေါ်ယံ အရေပြားမှာ မြင်ရကောင်းမှ မြင် ရလိမ့်မယ်။ သို့ပေမယ့် အတွင်းက နာကျင်မှုကို ဘယ်သူမှ မသိဘူး။ ဒါကြောင့် အဝတ်မပါပဲ နာကျင်နေတဲ့ မိန်းကလေးတစ်ယောက်ကို မြင် သာ အောင် ဖော်ပြတယ်။ အနှစ်ချုပ်အားဖြင့် Wrecking Ball ဟာ အချစ်ကြောင့် စိတ်ပိုင်းဆိုင်ရာ အင်မတန် ထိခိုက်သွားတဲ့ မိန်းကလေး တစ်ယောက် အကြောင်းကို ဖော်ပြချင်တာပါ။ MTV မှာ ကျမမှာ အဝတ်မပါဘူး။ ဟုတ်တယ် ကျမ ဝမ်းနည်းကြေကွဲနေလို့ပဲ"

MTV Link - http://youtu.be/My2FRPA3Gf8
Ref: dymail
Aung Kham (International news for myanmar)

ကိုယ်ပိုင်ယာဉ် မသုံးရနေ့ သတ်မှတ်ထားခြင်း မရှိဟုဆို


ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ် နိမိတ်အတွင်းရှိ မြို့နယ်များတွင် စက်တင်ဘာလ ၂၂ ရက် နေ့၌ ကိုယ်ပိုင်ယာဉ် မသုံးရနေ့အဖြစ် သတ်မှတ်ထားသည်ဟု သတင်းများ ပျံ့နှံလျက် ရှိသော်လည်း စက်တင်ဘာလ ၁၀ ရက်နေ့အထိ တရားဝင် ညွှန်ကြားစာ မရောက်ရှိသေးကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) အကြီးတန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“အဲဒါနဲ့ ပတ်သက်ပြီး လှမ်းလှမ်းမေးနေကြတယ်။ ကျွန်တော်တို့ဆီကို ဒီနေ့ဒီအချိန်ထိ တရားဝင် အကြောင်းကြားစာတွေ လုံးဝမရောက်သေးဘူး။ တကယ်လုပ်မယ်ဆိုရင် ဒီကိစ္စက ကျွန်တော်တို့ဆီ ရောက်နေလောက်ပြီ။ ထပ်စုံစမ်းပြီး လုပ်ရင်လုပ်မယ်။ မလုပ်ရင်လည်း မလုပ်ဘူး ဆိုတာကို သတင်းထုတ်ပြန်ပေးပါ့မယ်” ဟု အဆိုပါ အရာရှိက ရှင်းပြသည်။

ရန်ကုန်မြို့တော်၏ ယာဉ်ကြော ပိတ်ဆို့မှုမှာ ကိုယ်ပိုင်ယာဉ် မသုံးစွဲရနေ့ လုပ်ရုံမျှဖြင့် ပြေလည်မှု ရရှိမည် မဟုတ်ကြောင်း၊ ယာဉ်ကြောပိတ်ဆိုမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများတွင် ခုံးကျော် တံတား စီမံကိန်းများ ဆောက်လုပ်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် ကြိုတင် ဆောင်ရွက်ထားမှု မရှိခြင်း၊ ယာဉ်ကြော ထူထပ်သော လမ်းဆုံများတွင် မီးပွိုင့်များ တပ်ဆင်ထားမှု မရှိခြင်း၊ ခရီးသည်တင်ယာဉ်များ မှတ်တိုင်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခြင်း၊ ပလက်ဖောင်းပေါ်တွင် လမ်းဘေးဈေးသယ် များကြောင့် ခြေလျင် လျှောက်သူများမှာ ကားလမ်းမပေါ်သို့ ဆင်းလျှောက်နေရခြင်းနှင့် ယာဉ်ကြော ထူထပ်သော လင့်ခ်လမ်းထောင့်နှင့် ဖိုးစိန် လမ်းထောင့်ကဲသို့ နေရာများတွင် မီးပွိုင့်များ တပ်ဆင်ပေးထားခြင်း မရှိခြင်းစသည့် အချက်များ ပါဝင်ကြောင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်မောင်းများနှင့် အငှားယာဉ်မောင်းများက ပြောကြားသည်။

“လမ်းချဲ့ပေးထားပေမယ့် မြောက်ဥက္ကလာအဝိုင်းမှာ၊ လမ်းဘေးဈေးသည်နဲ့ ဘတ်စ်ကားတွေက တစ်ဖက် နှစ်လမ်းစာလောက် ပိတ်နေတယ်။ ခြောက်လမ်းသွားက တစ်ဖက်တစ်လမ်းစီပဲ သွားလို့ရတယ်။ အရင်တုန်းက အဝိုင်းကနေ မြို့ထဲသွားရင် နာရီဝက်ဆိုတာ အလွန်ဆုံးပဲ။ အခုတော့ လှည်းတန်းကပဲသွားသွား ရွှေဂုံတိုင်ကသွားသွား တစ်နာရီကျော် ကြာတယ်။ မွန်းကျပ်တဲ့ လိုင်းကားပေါ်မှာ အချိန်တွေ ကုန်နေတာ၊ အလုပ်လုပ်ရတာထက် ကားစီးရတာက ပိုပင်ပန်းတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဆောက်လုပ်ရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ကိုယ်ပိုင်ယာဉ် မသုံးရနေ့ သတ်မှတ်မည် ဆိုပါက မဖြစ်မနေ အသုံးပြုရမည်သူများကို ခြွင်းချက်များ ခွင့်ပြုပေးရန် ထည့်သွင်း စဉ်းစားပေးရမည် ဖြစ်ကြာင်း၊ အစိုးရယာဉ် မသုံးစွဲရနေများ Dry Day တွင်ပင် ခွင့်ပြုပေးခဲ့ရသော ဌာနပိုင်ယာဉ်များ ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သော အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အဲဒီနေ့မှာ နေပြည်တော် အပါအဝင် တခြားနယ်တွေက ကိုယ်ပိုင်ကားနဲ့ ပြန်လာမယ့်သူတွေ ရှိသလို့ ဒီကသွားမယ့်သူတွေ ရှိတယ်။ သေချာစဉ်စားပြီးမှ လုပ်စေချင်တယ်။ ဖိနပ်နဲ့ မတော်လို့ ခြေထောက်ကို ခုတ်သလို့ ဖြစ်နေသလားလို့ပါ” ဟု ဆံပင် Export လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ပြောကြားသည်။
The Voice Weekly

ဆိုင်ကယ်နှစ်စီး တိုက်မှု ၄ ဦးသေဆုံး


တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျောင်းမြောင်းရပ်ကွက် (၁၆)မိုင်(၁)လုံအနီး၊ ယနေ့ညနေ(၃း၂၀)နာရီ (12-9-2013)ရက်နေ့တွင် ကိုကျော်စွာထိုက် အသက်(၂၀)နှစ်မောင်း သည့် ဆိုင်ကယ်နှင့် မမီးအေး မောင်းသည့် ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ (၅)ဦးတွင်(၄)ဦး သေဆုံးခဲ့ပါသည်။

ထိုသေဆုံးသူများမှာ-
ဖိုးထော်ကလေး၊အသက်(21)နှစ်၊(အဘ)ဦးမြင့်သိန်း၊
ဥတ္တူကျေးရွာ။မဌေးရီ၊အသက်(58)နှစ်၊(အဘ)ဦးမြဝင်း၊
ပန်းတောရပ်ကွက်။။မမီးငယ်၊အသက်(33)နှစ်၊(အဘ)ဦးအောင်စိုး၊
ပန်းတောရပ်ကွက်။။မမီးအေး၊အသက်(43)နှစ်၊(အဘ)ဦးသန်းဌေး၊

ပန်းတောရပ်ကွက် တို့ဖြစ်ပါသည်။

ယာဉ်မောင်းကိုကျော်စွာထိုက်မှာ မြို့နယ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသပေးထားပါသည်။

Hein Zaw

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အစိုးရပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်း အထိ လျှော့မည်


အစိုးရကသာ ရာနှုန်းပြည့် ထိန်းချုပ်ထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ၂ နှစ်အတွင်း အစိုးရပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းထိ လျှော့ချမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။ နေပြည်တော်တွင် ပြုလုပ်သည့် Myanmar Connect 2013 အခမ်းအနား ဒုတိယနေ့ စက်တင်ဘာလ ၁၁ ရက်၌ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန် ကမ္ဘာ့ဘဏ်၏ အကူအညီ ရယူသွားမည်ဖြစ်ပြီး ပြည်ပကုမ္ပဏီများနှင့် လည်း ဆွေးနွေးနေကြောင်း ဦးသောင်းတင်က ပြောဆိုသည်။ လက်ရှိပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့က မြန်မာနိုင်ငံ၌ ပြည်ပမှ နည်းပညာနှင့် အရင်းအနှီးများ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ထားသည်။ The Voice Weekly

ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်အား စကေဘာဖြင့်ထိုးကာထွက်ပြေးတိမ်းရှောင် နေရာမှ ၎င်းကိုယ်တိုင်လာရောက်အဖမ်းခံ


၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊
တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ မောင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/----ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့်မောင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့သည်ကို ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၅၃၀အချိန်တွင် ပြန်လည်ရောက်ရှိလာပြီး အသင့်ယူဆောင် လာသော
စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက်သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သားလွင်မျိုးအောင်တွင် ၀ဲဘက်ခါးထိုးသွင်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးမှ ခင်မောင်ဌေးအား အရေးယူပေးရန်တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း
(ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက်
ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှ ခင်မောင်ဌေး(ဘ)ဦးမောင်မောင်၊(၇၁)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိစဉ် ၁၂.၉.၂၀၁၃ ရက်နေ့ ၁၁၀၀အချိန်
တွင် ၎င်းကိုယ်တိုင် ဒဂုံတောင်မြို့မရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတဆင့် တာမွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်
ခဲ့၍ အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

New Worth Myanmar web and mobile development မှ Android Developer ၃ ဦး ခေါ်ယူပါသည်။

Newworth Company မှ အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီသော ဝန်ထမ်းများကို ခေါ်ဆောင်လျှက်ရှိပါသည်။ လိုအပ်သော အရည်အချင်းများမှာ -

Key responsibilities for an Android Developer Java/ Android apps / OOP include developing and building apps for global brands. As part of a larger development team, you will be a key member of the team to build a portfolio of apps in the Android Market.

As an Android Developer Java/ Android apps / OOP, you will have the following skill set:
- Excellent Java skills with good knowledge of the Android SDK
- above one year experience in commercial and demonstrable experience in developing Android apps
- Good understanding of algorithms & algorithmic complexity analysis, and data structures
- Object-oriented programming / OOP
- Has a clear understanding of the technical delivery lifecycle

how to apply
Interest candidate may apply to our email ([email protected]) attached with your CV file before 30/Sept/2013
Note: describe your expected salary.
WEBSITE : Newworth Myanmar Web and Mobile Development


ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတ်ာတဲ့။




ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံး ဆရာတော်ကြီးများပင့်ပြီး အသံမဆဲ ပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက်တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။
ဇတ်လမ်းက ဒီမှာစတော့တာ
ပဋ္ဌာန်းပွဲ အပြီးရေစက်ချ အမျှဝေနေတုန်း တရားနာနေတဲ့ ရှေ့ဆုံးက
အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး လို့အော်လိုက်တဲ့အသံကြီးဟာ ကျယ်လွန်းအားကြီးလို့
မိုက်ကလိုဖုန်းကနေတဆင့် ဈေးတစ်ဈေးလုံးကြားလိုက်ရတယ်။ အမျိုးသမီးကြီးဟာ ယိမ်းယိမ်းယိုင်ယိုင်နဲ့ မျက်နှာအောက်ငုံပြီး ဖင်တရွတ်တိုက်ဆွဲပြီး
အပြင်ထွက်တဲ့ အပေါက်ဝဘက်ကို တရွေ့ရွေ့သွားတယ်။
တရားဟောနေတဲ့ ဆရာတော်က နင်ဘယ်သူတုန်း၊ ဒီဘက်ကိုလှည့်စမ်း ဆိုလည်း မျက်နှာကိုလုံးဝမပြတော့ဘူးတဲ့၊ အပေါက်ဝဘက်ကိုဘဲ သွားဖို့ကြိုးစားနေတယ်တဲ့။
ဆရာတော်က အသံမာမာနဲ့ဟိန်းဟောက်ပြောတော့မှ ဆရာတော်ဘက်ကိုလည့်လာ
တယ်တဲ့။မျက်နှာကိုတော့ လုံးဝမပြဘူးတဲ့။ဆရာတော်က နင်ဘယ်သူတုန်း၊
နင်ဘာဖြစ်နေတာတုန်းလို့မေးတော့မှ ဘလုံးဗထွေးလေသံနဲ့ ဈေးမှာနေတဲ့
သူရဲမပါ။သူတို့မှာနေစရာမရှိလို့နေစရာပေးပါ။ ဒီဈေးမှာသူတို့ခြောက်ယောက်
ရှိတယ်။သူတို့ကိုအုပ်ချုပ်တဲ့သူရဲကြီးက နေစရာမပေးလို့သွားစရာမရှိပါဘူး။
နေစရာပေးပါ၊ လူတွေကို ဘာမှမလုပ်ပါဘူးလို့ပြောတယ်တဲ့၊
ဆရာတော်က ဒါဆို အပေါ်ဆုံးထပ်ခုနှစ်လွှာမှာနေဆိုပြီး နေရာပေးလိုက်တယ်တဲ့။ ခုနှစ်လွှာကတော့ လူမနေပါဘူး၊ ပစ္စည်းတွေထားတဲ့ ဂိုတောင်တွေဘဲရှိတာပါ။
ကြားရတာ တမျိုးကြီးဘဲဗျာ ဒီခေတ်ကြီးထဲမှာ ဒီလိုတွေရှိနေတယ်ဆိုတာ
မယုံချင်ပေမယ့် အခုအဖြစ်အပျက်ကြီးက ဒီနေ့ဒါကယ်ဖြစ်တာဆိုတော့ ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး......။

From: Kokyaw Swarwin
Myawady News

သမီး ရေချိုးတာကို ဖုန်းနဲ့ ဗီဒီယို ခိုးရိုက်တဲ့ ပထွေး


စင်္ကာပူနိုင်ငံတွင် အသက်(၁၁)နှစ်အရွယ် မယားပါသမီး ရေချိုးနေတာကို လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ခိုးရိုက်ကူးထားခဲ့ကာ ထိုဖုန်းမှတဆင့် thumbdrive ထဲကို အသက်(၃၄)နှစ်အရွယ် ပထွေးတော်စပ်သူ ထိုအမျိုးသားက download လုပ်ခဲ့ပါတယ်။


တနေ့တွင် ၎င်း၏ဇနီးဖြစ်သူ (မိန်းကလေး၏မိခင်)က အကြောင်းကြောင်းဖြင့် ထို thumbdrive ကို ဖွင့်ကြည့် မိရာမှ ထိုထဲမှာရှိနေသည့် သမီးဖြစ်သူ၏ ရေချိုးခန်းမှတ်တမ်းကို တအံ့တသြ မြင်လိုက်ရ သည့် အတွက် တတ်သိနားလည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုသူ၏ အကြံပေးချက်အတိုင်း ယင်း အဖြစ်ကို ရဲတိုင် ခဲ့တာဖြစ်ကြောင်း သိရသည်။


၂၀၁၀ ခုနှစ် အောက်တိုဘာလက ကျူးလွန်ခဲ့သော ထိုပြစ်မှုအတွက် ပထွေးဖြစ်သူအား ထောင်သုံးလကျခံ စေရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။


From : .... New Myanmar News

ဒေသခံများကို ဖိလစ်ပိုင်မွတ်ဆလင်သူပုန်များ လူသားဒိုင်း အကာအကွယ်ယူ



ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပြင်းထန်သောတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရစစ်တပ်က သူပုန်များကို ရင်ဆိုင်ရန် နေရာယူထားစဉ် သူပုန်များက ဒေသခံ ၁၈၀ ကို လူသားဒိုင်းအဖြစ် ကာကွယ် အသုံးပြုထားကြောင်း အစိုးရအရာရှိများကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။

သူပုန်အင်အားစုများမှာ မိုရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး (MNLF) အဖွဲ့ ဖြစ်ပြီး မြို့တော်ဇမ်ဘိုအန်ဂါ၏ လမ်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖိလစ်ပိုင်ကမ်းတက် တပ်ဖွဲ့များက ပြန်လည်နှိမ်နင်းနေရသည်။

"ကျွန်တော်တို့ စိုးရိမ်ကြောက်လန့် မိပါတယ်။ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း ပြန်လုပ်နိုင်အောင် ဒီပြဿနာကြီး မြန်မြန်ပြီးသွားဖို့ လိုပါတယ်" ဟု ဒေသခံ တစ်ဦးဖြစ်သူ အက်ဒ်လာဂွါတန်က ဆိုသည်။
"မြို့ကိုတက်လာတဲ့ သူပုန်တွေကို တွေ့လိုက်ပါတယ်။ သူတို့ပုံက အသေခံပြီး တိုက်တော့မယ့်ပုံမျိုးပါ" ဟု ၄င်းဒေသခံက ပြန်လည်ပြောပြသည်။

ဖိလစ်ပိုင်ကမ်းတက်တပ်ဖွဲ့က မိုရိုသူပုန်ကိုးဦးကို တန်ပြန်စစ်ဆင်ရေးတွင် အသေဖမ်းမိခဲ့ကြောင်း ဖိလစ်ပိုင်ရေတပ် ပြောရေးဆိုခွင့်ရအရာရှိ ဗိုလ်မှူးကြီး ဂရီဂိုရီဖာဗစ်က AFP ကို ပြောကြားခဲ့သည်။

လူအင်အားနှစ်ရာနီးပါးရှိသော မိုရိုသူပုန်များကို ဖိလစ်ပိုင်အထူးတပ်ဖွဲ့ဝင် ၁၅၀၀ခန့်က ဝိုင်းထားပြီးဖြစ်ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်သူ ဗိုလ်မှူးကြီးရာမွန် ဇာဂါလာက အတည်ပြုပေးထားသည်။

သူပုန်များဘက်ကလည်း တန်ပြန်ခုခံရန် အဆင်သင့်ရှိပါကြောင်း မိုရိုသူပုန် ပြောခွင့်ရပုဂ္ဂိုလ်က ပြည်တွင်းသတင်း ရေဒီယိုတစ်ခုကို ဖြေကြားခဲ့သည်။

အာဏာပိုင်များအနေနှင့် သူပုန်များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားကြောင်း ပြည်ထဲရေးဝန်ကြီး ရိုဆက်က သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

ဒေသခံ ၁၈၀ ခန့်ကို သူပုန်များက ဓားစာခံများကို မနုဿဒိုင်းအဖြစ် ကာထားပြီး အစိုးရတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကို ကာကွယ်ထားသည် ဟုလည်း ၄င်းကဆိုသည်။

မိုရိုမွတ်ဆလင်သူပုန် များသည် ကက်သလစ်ဘာသာဝင် များသော ဖိလစ်ပိုင် နိုင်ငံတွင် တောင်ပိုင်းဒေသကို လွတ်လပ်ရေး ပေးရန်အတွက် ရည်ရွယ်ပြီး လက်နက်ကိုင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
The Voice Weekly

ရွှေမြင့်မိုရ် စတိုးဆိုင်တွင် ဈေးဝယ်ဟန်ဆောင်၍ ဆိုင်ရှင်ကို ဓားဖြင့်ထိုး

တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းမပေါ်ရှိ ရွှေမြင့်မိုရ် စတိုးဆိုင်တွင် မျက်နှာစိမ်း အမျိုးသားတစ်ဦးက ဈေးဝယ်ဟန်ဆောင်၍ အသက် ၅၀ အရွယ် ဆိုင်ရှင်အမျိုးသမီးကို ဓားထိုးထွက်ပြေးမှု စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဓားထိုးခံရသူ၏ မိသားစုဝင်များထံမှ သိရှိရသည်။

ဒေါ်မြင့်မြင့်ရှိန်နှင့် ဒေါ်ခိုင်သဇင်မျိုးတို့ ညီအစ်မနှစ်ဦး ဖွင့်လှစ်ထားသော ရွှေမြင့်မိုရ် စတိုးဆိုင်သို့ စက်တင်ဘာ ၁၀ ရက်နေ့ည ၉ နာရီခန့်က အသက် ၅၀ ခန့်အရွယ် မျက်နှာစိမ်း အမျိုးသားတစ်ဦးက ရောက်ရှိလာပြီး ကျွဲရိုင်း အချိုရည်နှစ်ဘူးနှင့် ကလေးကစားစရာအရုပ် ဝယ်ယူချင်သည်ဟု ပြောဆိုသောကြောင့် ဒေါ်ခိုင်သဇင်မျိုးက အရုပ်ထားသည့် အခန်းကို မီးဖွင့်ပေးမည်ဟုဆိုကာ ၎င်းက အခန်းတွင်းရှိ ကျွဲရိုင်း အချိုရည်ဘူးကို သွားယူစဉ် အရောင်းကောင်တာတွင် ထိုင်နေသူ ဒေါ်မြင့်မြင့်ရှိန်ကို ယူလာသော ဓားဖြင့်ထိုးခဲ့ကြောင်း ၎င်း၏ မိသားစုများထံမှ စုံစမ်းသိရှိရသည်။

“ဓားက ဘယ်လက်မောင်းကနေ ဂျိုင်းအောက်ကို ဝင်သွားတာ၊ ရင်ဘတ်ကနေ ပြန်ထွက်လာပြီး ရင်အုံကို ပြန်ဖောက်ဝင်သွားတယ်။ ဆရာဝန်တွေက အင်မတန် ကံကောင်းတယ်လို့ ပြောတယ်” ဟု ပြောကြောင်း ဓားဖြင့်အထိုးခံခဲ့ရသူ အသက် ၅၀ အရွယ် ဒေါ်မြင့်မြင့်ရှိန်က ၎င်းတွေ့ကြုံခဲ့ရပုံကို The Voice သို့ ပြန်လည် ပြောကြားသည်။

အဆိုပါ စတိုးဆိုင်ကို ည ၉ နာရီတိုင်း ဆိုင်ပိတ်လေ့ ရှိသော်လည်း တူဖြစ်သူမှာ အဆိုပါ အပေါ်ထပ်တွင် စာသင်ကြားနေသောကြောင့် ဆိုင်ဖွင့်ကာ စောင့်ဆိုင်းနေစဉ် ဓားထိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ထိုးသူက ဆိုင်နှင့် သုံးအိမ်ကျော် အကွာတွင် ရပ်နားထားသော အဖြူရောင် ဗင်ကာတစ်စီးပေါ်တက်ကာ ထွက်ပြေးခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ဓားထိုးမှုကို (ပ) ၃၃၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

တပ်မတော်နှင့် ကေအိုင်အေ ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲပြန်ဖြစ်

တိုက်ပွဲများ ရပ်တန့်ထားကာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေသည့် ကာလတွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း ဒေသခံများက The Voice သို့ ဆက်သွယ် ပြောကြားသည်။

ယင်းတိုက်ပွဲမှာ တပ်မတော် ခမရ ၅၀၀၅ နှင့် ကေအိုင်အေ တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ် နန်လင်းပါနှင့် မုန်ဒင်ကြား နန်ဖန်ချောင်းအနီးတွင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကေအိုင်အို ဘက်က ပြောကြားသည်။

“မနေ့ကတည်းက တိုက်ပွဲဖြစ်နေတာ။ သေနတ်သံတွေ ကြားရတယ်။ တစ်နေကုန်ပဲ။ ဒီနေ့လည်း ပစ်နေတုန်းပဲ” ဟု နန်လင်းပါ ဒုက္ခသည်စခန်းမှ သင်းအုပ်ဆရာ ဦးလဖိုင်လဂျာက ပြောကြားသည်။

ယင်းတိုက်ပွဲ အခြေအနေနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိ မရှိ ကိုမူ ကေအိုင်အေနှင့် တပ်မတော် နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို၏ Technical Team တို့သည် စက်တင်ဘာလအတွင်း တွေ့ဆုံဆွေနွေး ရန် နှစ်ဦးနှစ်ဖက်က ပြောဆိုထားသည်။

ပြီးခဲ့သည် ရက်သတ္တတစ်ပတ် အတွင်းကလည်း ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့ အနီးတွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကမူ တိုင်းရင်းသားများအားလုံး ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို မကြာမီ အချိန်အတွင်း ပြုလုပ်မည်ဟု ၎င်း၏ လစဉ်မိန့်ခွန်များတွင် ထည့်သွင်း ပြောဆိုထားသည်။
The Voice Weekly