Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ (by using HTML5 and CSS3)


အရင် တစ်ခေါက်က html5, css3 နဲ့ website ရေးနည်း သင်ခန်းစာ ကို ကြည့်ဖြစ်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက် သင်ခန်းစာမှာတော့ main menu ရေးပုံကို သင်ပြပေးထားပါတယ်။ Singapore Web Design ဆိုက်ကို နမူနာ ထားပြီးတော့ ရေးနည်း သင်ပေးထားတာပါ။ အခက်အခဲရှိရင်တော့ comment ရေးခဲ့ပါ။ အရင်တစ်ခေါက်က video ကြည့်ပြီး တစ်ချို့လည်း feed back လေးတွေပေးကြတယ်၊ အသံက သိပ်မရှင်းဘူးတို့၊ code တွေကို သိပ်မမြင်ရဘူးတို့ပေါ့ဗျာ၊ ပြီးတော့ စကားပြောတာ ပြောချင်သလိုမပြောချင်သလို ဖြစ်နေတယ်တဲ့ :D အဲဒါတွေအားလုံးက video ကို download လုပ်ရင် မကြာအောင်လို့ အတတ်နိုင်ဆုံးအချိန်ကို ချုံ့တဲ့ သဘောပါ၊ video minutes တွေ မကြာအောင်၊ မများအောင်၊ စကားကို မြန်မြန်ပြောရပါတယ်။ အဲဒါကြောင့် စကားက ပြောချင်သလို မပြောချင်သလို ဖြစ်နေနိုင်ပါတယ်။ နားမလည်လိုက်ရင် ပြန်ရစ်ပြီး နားထောင်ပေးပါ။ အသံသိပ်မရှင်းလိုက်တာမျိုးဆိုရင် ပြန်ပြန်ရစ်ပြီး နားထောင်ပါ၊ နားလည်သွားပါလိမ့်မယ်။ code တွေကို သေချာမမြင်ရတာမျိုးဆိုရင်တော့ video ကို full screen ချဲ့ပြီးကြည့်ပါ၊ ဒါဆိုရင် အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်က download လုပ်ပြီးသွားရင်လည်း download လုပ်ရတာ အခက်အခဲရှိတဲ့သူတွေကို မျှဝေပေးပေါ့ဗျာ။ သူများကို ပေးကမ်းတဲ့အလုပ်က မြင့်မြတ်သူတွေမှ လုပ်နိုင်တာတဲ့ဗျ။


Myanmar IT မှ ကူးယူဖော်ပြပါသည်

ရေကူးဝတ်စုံဝတ်ပြီး လူတစ်ထောင်ကျော်စကိတ်စီးပြ


ရုရှားနိုင်ငံ ကူဇ်ဘက်စ်ဒေသ ဇယ်လ်ရိုနာယာတောင် တွင် ထောင်နှင့်ချီသောလူထုကြီးက ရေကူးဝတ်စုံ များဖြင့် ဧပြီလ၂၀ ရက်နေ့တွင် စုပေါင်းစကိတ်စီးပြခဲ့ကြသည်။ ၎င်းတို့သည် ရေကူးဝတ်စုံဖြင့် လူအများဆုံး စကိတ်စီးပြသည့် ဂင်းနက်စ် စံချိန်တင်ရန် ရည်ရွယ်ထားခဲ့ကြောင်း ထိုစကိတ်စီးပြသည့် အဖွဲ့၏ခေါင်း ဆောင်တစ်ဦး ဖြစ်သူ ကွန်စတန်တင်ကုတ်ရှ်ကင် က အာအိုင်အေနိုဗိုစတီ သတင်းဌာနသို့ ပြောကြားသွား ခဲ့သည်။ အစောပိုင်းတွင် ထိုစကိတ်အဖွဲ့သည် စုပေါင်းစကိတ်စီးရန်လူ ၅၀၀ ခန့်သာ ရောက်ရှိလာ သည်ဟုခန့်မှန်းခဲ့ကြသော်လည်း အဖွဲ့ဝင် ၁၀၀၀ ကျော်အထိ ပါဝင်ဆင်နွှဲခဲ့သောကြောင့် ၀မ်းသာဂုဏ်ယူမိ ကြောင်း ကုတ်ရှ်ကင်က ဆက်လက်ပြောကြားသွားခဲ့သည်။ ယခင် ဂင်းနစ်စံချိန်ဟောင်းကို ကနေဒါနိုင်ငံ တွင် ရေကူးစကိတ်သမား ၂၅၀ ကျော်တို့က ရေကူးဝတ်စုံများဖြင့် စုပေါင်းစကိတ်စီးပြခဲ့ပြီး စံချိန်တင်ခဲ့ ကြောင်း သိရသည်။


By ပြည်မြန်မာ

လေဆိပ်တင်ဒါ ကြေညာပြီးနောက် ပဲခူးမြေဈေး တဟုန်ထိုးတက်


မြန်မာနိုင်ငံ၏ အကြီးဆုံးသော လေဆိပ်တခုဖြစ်လာမည့် ပဲခူးမြို့ ဟံသာဝတီလေဆိပ်စီမံကိန်း တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီ အမည်စာရင်းကို အစိုးရက ထုတ်ပြန်ကြေညာပြီးနောက် ပဲခူးမြို့နယ် တ၀ိုက် မြေဈေးနှုန်းများ ငွေကျပ် သိန်းထောင် သောင်းချီ ရုတ်တရက် တဟုန်ထိုး မြင့်တက် သွားကြောင်း သတင်းရရှိသည်။

မြန်မာအစိုးရက ဟံသာဝတီ လေဆိပ် တည်ဆောက်ရေး စီမံကိန်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့် တင်ရေး စီမံကိန်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်း များကို လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီများ စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဟံသာဝတီ လေဆိပ် စီမံကိန်း အတွက် တောင်ကိုရီးယားနိုင်ငံမှ အင်ချွန်း အပြည်ပြည် ဆိုင်ရာ လေဆိပ်ကော်ပိုရေးရှင်းက လုပ်ကိုင်ခွင့်ရရှိကြောင်း သိရှိရသည်။

ပဲခူးမြို့တွင် တည်ဆောက်မည့် ဟံသာဝတီလေဆိပ် စီမံကိန်းကြောင့် ပဲခူးမြို့ တဝိုက်မှာရှိတဲ့ မြေဈေးတွေ က ယခုရက်ပိုင်း အတွင်း အဆပေါင်းများစွာ ထိုးတက်သွားပြီး မြေကွက် အရောင်းအ၀ယ်များ အလွန်သွက် နေကြောင်း ပဲခူးမြို့အခြေစိုက် အိမ်ခြံမြေ ၀ယ်ရောင်း အကျိုးဆောင်များထံမှ သိရှိရသည်။

“ဒီစီမံကိန်းသတင်းကြောင့် မြေဈေးတွေ တက်လာတယ်။ လေဆိပ် စီမံကိန်း တင်ဒါ ကြေညာပြီးတော့ အခုတော့ တပတ် မပြည့်သေးဘူး မြေကွက် အရောင်းအ၀ယ်တော်တော်သွက်လာတယ်။ ဈေးလည်း အရင်ကထက် ပိုမြင့်လာတယ်။

ဈေးမြင့်လာပေမယ့် ဝယ်မယ့်သူတွေက အဆင်သင့်ပဲရှိနေတယ်”ဟု ပဲခူးမြို့၊ ရှင်စောပု ရပ်ကွက်မှ အိမ်ခြံမြေ အကျိုးဆောင် တဦးက ဧရာဝတီသို့ပြော
သည်။

ယခင်က ပဲခူးမြို့ဝန်းကျင်ရှိ လယ်မြေ ဈေးနှုန်းများသည် တဧကလျှင် ငွေကျပ် ၅ သိန်း၊ ၆ သိန်း ဝန်းကျင် သာရှိပြီး ဟံသာဝတီ လေဆိပ် စီမံကိန်းကြောင့် ပဲခူးပတ်ဝန်းကျင်ရှိ လယ်မြေ တဧက လျှင် ငွေကျပ် သိန်း ၂၀၀ မှ သိန်း ၅၀၀ အထိ ဈေးပေါက်လာကြောင်း၊ ဟံသာဝတီ စီမံကိန်း အနီးရှိ မြေကွက်များသည် အဓိကအားဖြင့် စက်မှုဇုန်မြေ၊ စိုက်ပျိုးရေးဇုန်မြေ၊ ဥယဉ်ခြံမြေ များဖြစ်ပြီး မြေတဧကလျှင် ကျပ်သိန်း ၈၀၀ ပေါက်ဈေး ရှိနေကြောင်း သိရှိရသည်။

“စက်မှုဇုန်မြေကို အစိုးရက ချပေးတုန်းက တဧကကို သိန်း ၄၀၀ ။ စိုက်ပျိုးရေးဇုန်မြေဆို အစိုးရချပေးတုန်း က တဧက ကို ၁၀ သိန်းပဲ ပေးရတာ။ ဒီမြေတွေက စီမံကိန်းစရင် နှစ် ၃၀ ဂရန် လုပ်ပြီး ဟိုတယ်ဇုန်လုပ်မှာ။ ဥယဉ်ခြံမြေက ပိုရောင်းရတယ်။ ပြီးရင် နှစ် ၃၀ ဂရန်မြေတွေကတော့ ဒုတိယ အရောင်းရဆုံးပဲ”ဟု ရန်ကုန်မြို့အခြေစိုက် မြန်မာ့ဓနအောင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးကျော်က ဧရာဝတီသို့ ပြောသည်။

ဟံသာဝတီ လေဆိပ်စီမံကိန်း အနီးရှိ မြေကွက်များကို စီးပွားရေးသမား များက အများဆုံးဝယ်ယူ ရင်းနှီးမြုပ်နှံကြပြီး စီမံကိန်း၏ အချက်အချာ နေရာတခုဖြစ်လာမည့် ပဲခူးမြို့တွင်းတွင်လည်း အိမ်ခြံမြေ၀ယ်ယူသူ များပြားကြောင်း၊ မြေကွက်ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်ရခြင်းမှာ ဈေးကစား မှုကြောင့်ဖြစ်သည်ဟု သိရှိရသည်။

“အရင်က လေဆိပ်စီမံကိန်း လုပ်မယ့်နေရာနားမှာရှိတဲ့ မြေတွေကို ညောင်ရင်းရွာက လယ်သမားတွေပဲ အဓိက ပိုင်တာ။ စီမံကိန်းလုပ်မယ် ဆိုတဲ့ သတင်းတွေ ထွက်လာခါစမှာ ဝယ်ရောင်းသမားတွေက လယ်သ မားတွေဆီက ဈေးကောင်းပေးပြီး ဝယ်ကြတယ်။ သူတို့က အခုခေတ်အခေါ်အဝေါ်နဲ့ဆိုရင် ဥထားတယ် ပေါ့။ အခုချိန်လောက်ကြတော့ ဈေးကို အဆမတန် မြှင့်ပြီး ပြန်ရောင်းထုတ်ကြတယ်”ဟု ပဲခူးမြို့အခြေစိုက် ဇာခြည် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးမြင့်စိုးက ပြောသည်။

ပဲခူးမြို့တွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းသည် ရန်ကုန်မြို့ အိမ်ခြံမြေဈေးနှုန်းကဲ့သို့ သိန်းထောင်သောင်းချီ ဈေး ပေါက်လာပြီး အရောင်းအ၀ယ် ပုံမှန်ဖြစ်နေကြောင်း၊ ပဲခူးအိမ်ခြံမြေဈေးကွက်သည် အိမ်ခြံမြေရင်း နှီးမြုပ်နှံ ဈေးကစားသူများအတွက် ဈေးကွက်သစ်ကြီးတခုသဖွယ်ဖြစ်လာသည်ဟု သိရှိရသည်။

“မြို့ထဲမရောက်ခင် ဘုရားကြီးနားက နေရာဆို မျက်နှာပွင့် ပေ ၂၀၀၊ အနောက် ပေ ၁၀၀ ကို ဒီရက်ပိုင်း အတွင်းပဲ သိန်း ၄၇၀၀ နဲ့ ရောင်းထွက် သွားတယ်။ ပဲခူးဘုရားကြီးလမ်းမှာဆို သိန်း ၁၈၀၀၀ ကျော်အထိ ခေါ်နေကြတယ်။ အဓိကကတော့ ဟံသာဝတီ လေဆိပ် စီမံကိန်း အကြောင်းပြချက်နဲ့ပေါ့။ အရင်က အဲဒီလိုမဟုတ်ဘူး”ဟု ဦးမြင့်စိုးက ရှင်းပြသည်။

ဟံသာဝတီလေဆိပ် စီမံကိန်းတည်ဆောက်မည့် မြေကွက်သည် ဧက ၉၀၀၀ ကျယ်ဝန်းပြီး စီမံကိန်းဒေသ တွင် နေထိုင်သည့် ဒေသခံများကို ရွှေ့ပြောင်းပြန်လည်နေရာချထားမှုများ အစိုးရက လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဟံသာဝတီ လေဆိပ် စီမံကိန်းတင်ဒါရရှိထားသည့် ကိုရီးယားအင်ချွန်းကုမ္ပဏီနှင့် ယခုလအတွင်း ကန်ထရိုက်စာချုပ် ချုပ်ဆိုရေး ညှိုနှိုင်းမှုများ ဆောင်ရွက်ရန်ရှိကြောင်း ဧရာဝတီသတင်းဌာနသို့ ထုတ်ဖော် ပြောဆိုသည်။

ဧရာဝတီ

ကျန်းမာရေးအတွက် ပဲပင်ပေါက်


ပဲရဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ အညှောက်ပေါက်သွားတဲ့အခါမှာ အမြင့်ဆုံးဖြစ်သွားပါတယ်။ ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ အမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်(အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲပ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့် ပဲပင်ပေါက်ရဲ့ အကျိုးကျေးဇူးကို သိနိုင်အောင် လေ့လာသူတွေက လေ့လာ ဖော်ပြထားပါတယ်။

သွေးအားနည်းရောဂါကို သက်သာစေခြင်း

ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ် စုပ်ယူမှုကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။

နှလုံးသွေးကြောများကို ကျန်းမာစေခြင်း

အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီကု မှီဝမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဝမ်းမှန်မှန်သွားစေခြင်း

ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။

ဆံပင်နှင့် လက်သည်း ကို ကျန်းမာစေခြင်း

အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာ ကြောင့်ဖြစ်တတ်ပါတယ်။ ပဲပင်ပေါက်မှာ ဒီအာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင် သားနဲ့ လက်သည်း၊ ခြေသည်းပြဿနာတို့ မဖြစ်အောင် ကာကွယ် နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။

အသည်းကိုကျန်းမာစေခြင်း

ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်း ထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

သွေးဆုံးချိန် ဝေဒနာများကို သက်သာစေခြင်း

ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။

အရေပြားကို အိုမင်းမှု တားပေးသော အစွမ်းရှိခြင်း

ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာ အရေပြား တည်ဆောက်မှု မှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ် အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှုနှင့် မောပန်းမှုကို လျော့ကျစေခြင်း

ပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓါတ်တွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာ တွေကို သက်သာလျော့ပါး စေပါတယ်။

ကြယ်စင်

Good Health News

၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် တပ်မတော်သား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိ


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေး ဂိတ်တွင် သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က လားရှိုး-ရန်ကုန်သို့ ထွက်ခွာမည့် ရွှေလီဦး မော်တော်ယာဉ်ကို စစ်ဆေးရာ တပ်မတော်သား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ မှန်လုံယာဉ် ဝမ်းဗိုက်အတွင်းရှိ ပစ္စည်းများကို အကောက်ခွန် ဦးစီးဌာနက စစ်ဆေးရာ ပီနံအိတ်ဖြင့် စွပ်ထားသော ယင်းတပ်မတော်သား၏ အိတ်တစ်လုံး အတွင်းမှ တစ်ပြားလျှင် ၀ ဒသမ ၁ ဂရမ်ရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပြားစီ ပါဝင်သည့် အထုပ် ၁၀၀၊ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား နှစ်သိန်း၊ အလေးချိန် ၂၀ ကီလိုဂရမ် သိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါရုံး စာရင်းများအရ သိရသည်။

အဆိုပါ တပ်သားသည် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး (၆၂၆) တပ်မှ တပ်ကြပ်ကြီး လှရွှေ၏ ဇနီးနှင့် ဇနီး၏ အစ်ကိုတို့က လားရှိုး ညဈေးတန်းသို့ ခေါ်ဆောင်ပြီး အထက်ပါ ဖမ်းဆီး ရမိသော ပစ္စည်းများကို ရန်ကုန်မြို့တော်သို့ ပို့ဆောင်ပေးရန် ပို့ခ အနေနှင့် ရှစ်သိန်းကျပ် ပေးမည်ဟု ပြောဆို လက်ခံခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးရှိ မှုခင်း မှတ်တမ်းများအရ သိရသည်။

ယင်းပစ္စည်းများကို ရန်ကုန်မြို့တော်သို့ အရောက်တွင် ကိုရှည်ဆိုသူ တပ်ကြပ်၏ မိန်းမဖြစ်သူ၏ အစ်ကိုက စောင့်ယူမည်ဖြစ်ကြောင်း ထွက်ဆိုခဲ့ သဖြင့် စိတ်ကြွ ရူးသွပ်ဆေးဝါးများ သယ်ဆောင်လာသူ တပ်သားနှင့် သယ်ဆောင်ခိုင်းသူ နှစ်ဦး စုစုပေါင်း သုံးဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ မူးယစ် (ပ) ၅/၂၀၁၃ မူး/စိတ် ပုဒ်မ ၁၅၆၁၉ (က)/၂၁ အရ ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ယင်း ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်
ွှ့The Voice

ကော်ဖီသောက်သုံးသူများတွင် ကိုယ့်ကိုကိုယ်သတ်သေနှုန်း ထက်ဝက်ကျဆင်း



အမျိုးသားများရော အမျိုးသမီးများပါ မိမိကိုယ်ကို သတ်သေမှု (suicide)နှုန်း ကျဆင်းစေခြင်းကို ကော်ဖီမှာ တွေ့ရှိခဲ့ကြောင်း ဟားဗတ်တက္ကသိုလ်မှ သုတေသနတစ် ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအကြီးစားသုံးခုကရတဲ့ အချက်
အလက်တွေကို သုံးသပ်ပြီးနောက်မှာ ဟားဗတ်ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်ဟာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကဖင်းဓာတ်ပါဝင်နေတဲ့ ကော်ဖီကို တစ်နေ့ကို နှစ်ခွက်ကနေ သုံးခွက်
သောက်သုံးပေးသူတွေဟာ ကော်ဖီ မသောက်သုံးသူတွေထက်စာရင် suicide လုပ်တဲ့နှုန်း ၅၀%လျော့နည်း တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံသား နှစ်သိန်းကျော်ကို ၁၆နှစ်ကြာ စစ်တမ်းကောက်ယူ
ထားတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီး အခုလိုရလဒ်ကို ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလေ့လာမှုဟာ ကော်ဖီသောက်သုံးသူတွေမှာ suicide လုပ်တဲ့ နှုန်းလျော့
နည်းတယ်လို့ပဲ ဆိုလိုတာဖြစ်ပြီး ကော်ဖီမ သောက်ရင် မိမိကိုယ်ကို သတ်သေနိုင်ချေများ တယ်လို့ ဆိုလိုတာမဟုတ်ကြောင်းကိုလည်း ဟားဗတ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ သုတေသီတွေက ပြော ကြားထားပါတယ်။

အမျိုးသမီးတွေမှာ ကော်ဖီ သောက်သုံးသူများဟာ မသောက်သူများထက် စိတ်ကျဝေဒနာဖြစ်ပွားမှုနှုန်း ၁၅% လျော့ကျတယ်ဆိုတာကိုလည်း အခုလေ့လာမှုမှာ တွေ့ရှိခဲ့ ပါတယ်။ လေ့လာမှုမှာ ကဖင်းဓာတ်ပါဝင်တဲ့
ကော်ဖီကို အထူးပြုလေ့လာခဲ့ပြီး ကဖင်းဓာတ်က suicideအပေါ်ကို သက်ရောက်မှုရှိမရှိကို ဆက်လက်လေ့လာနေပါတယ်။

အခုသုတေသနကို World Journal of Biological Psychiatry မှ ဖော်ပြထားတာ ဖြစ်ပါတယ်။

*** ကျောက်ကပ်မကောင်းသူများကတော့ ကော်ဖီမသောက်သင့်ပါဘူး***

တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရ ပါတယ်။

credit:saitkypyawyar

ရန်ကုန်-မန္တလေးလမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး




မြဝတီ - တောင်ငူပြေးဆွဲသည့် ရွှေနတ်တောင် ခရီးသည်တင်ယာဉ်သည် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၁၆၂/၆ နှင့် ၁၆၂/၇ ကြား
တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲကျေးရွာအုပ်စုတွင် သြဂုတ်လ ၁၄ ရက် နံနက် ၇ နာရီ ၄၅မိနစ်က အရှိန်လွန် တိမ်းမှောက်ခဲ့ရာ လူတစ်ဦးသေ
ဆုံးပြီး လူငါးဦးဒဏ်ရာ ပြင်းထန်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြော
ကြားသည်။

ဖူဆိုအမျိုးအစား ခရီးသည်တင်ယာဉ်သည် မြဝတီမြို့မှ သြဂုတ်လ ၁၃ ရက် နေ့နံနက် ၉ နာရီခန့်တွင် ခရီးသည် ၁၀ ဦးခန့် တင်ဆောင်ကာ
တောင်ငူမြို့သို့ ထွက်ခွာလာပြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ အင်ဒိုင်းကျေးရွာ ဆောက်လုပ်ရေး တံတားခုံးတွင် အရှိန်လွန်ကာ ယာဉ်ကို မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်ခြမ်း သစ်ပင်ကို ဝင်တိုက်ရာမှ လမ်းဘေးတွင် ပက်လက်တိမ်းမှောက်ခဲ့ကြောင်း ကျွဲပွဲမြို့ရဲစခန်း၏ ကနဦး စစ်ဆေးချက်
များအရ စုံစမ်းသိရှိရသည်။

ခရီးသည်ယာဉ် တိမ်းမှောက်မှုကြောင့် အသက် ၃၀ အရွယ် ယာဉ်အကူ မျိုးမင်းဇော်သည် ယာဉ်အောက်တွင် ညပ်မိကာ သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦး အပါအဝင် ငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသဖြင့် အုတ်တွင်းဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း ယာဉ်တိမ်းမှောက်မှုကို ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် အုတ်တွင်းမြို့နယ် မီးသတ်အရာရှိတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားချိန်တွင် ယာဉ်မောင်းသူ မောင်းနှင်ခြင်းမဟုတ်ဘဲ ယာဉ်လိုင်းပိုင်ရှင်၏ သားဖြစ်သူ အသက် ၂၂ နှစ်အရွယ် မင်းသိန်းကျော်က မောင်းနှင်ခြင်း ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကားမှောက်တဲ့အချိန်မှာ ယာဉ်အကူက ကားအောက်မှာ ပိပြီးသေနေပြီ။ ကျန်တဲ့လူတွေထဲမှာ အချို့ကို ပေါက်ပြားနဲ့မြေကိုတူးပြီး ဖော်ထုတ်ပေးခဲ့ရ တယ်။ လူနာတွေနဲ့ ခရီးသည်တွေကို အုတ်တွင်းမြို့နယ် အုပ်ချုပ်ရေး
မှူးကားနဲ့ ၉ နာရီလောက်မှာ တင်ခေါ်သွားတယ်” ဟု ယာဉ်တိမ်းမှောက်
မှုကြောင့် ဒဏ်ရာရသူများကို သွားရောက် ကူညီဆောင်ရွက်ပေးသူ အင်ဒိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက ပြောကြားသည်။

ခရီးသည်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင်သူ မင်းသိန်းကျော်ကို ယာဉ် (ပ) ၁၁/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၀၄ (က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကျွဲပွဲမြို့ရဲစခန်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

The Voice Weekly

ထူးထူးခြားခြားရေအောက်တွင် လက်ထပ်ခွင့်တောင်းသူ


အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ် လန့်ခ်ျဘာ့ဂ် မြို့မှ ဂျက်ဆီကာ ဖော်ဘီစ် ဆိုသော အမျိုးသမီးငယ် လေးသည် သူမ ချစ်သူ၏ လက်ထပ်ခွင့် တောင်း နည်းကြောင့် စိတ်လှုပ်ရှား အံ့သြရကြောင်း သိရသည်။

ဂျက်ဆီကာ၏ ချစ်သူသည် သူမထက် နှစ်နှစ်နီးပါး အသက်ကြီးသည့် အသက် ၂၃ နှစ်အရွယ် ဂျိုးဇက်ဟောက်စ် ဆိုသူဖြစ်ပြီး ၎င်းက ဂျက်ဆီကာအား ကာရစ်ဘီယံ ပင်လယ်ရေအောက် ကြမ်းပြင်တွင် ရေငုပ်ရင်း လက်ထပ်ခွင့် တောင်းခံခဲ့သည်။

ဂျိုးဇက်သည် ဂျက်ဆီကာနှင့် အတူ ရေငုပ်ရင်း ပင်လယ် ကြမ်းပြင်အောက် တစ်နေရာတွင် ဒူးထောက်ကာ လက်ဟန်ခြေဟန် ပြ၍ ဂျက်ဆီကာ၏ လက်ကိုတောင်း ပြီး စေ့စပ်လက်စွပ် စွပ်ပေးခဲ့သည်။

ထို့နောက် ရေစိုခံ ပင်လယ်ကြမ်းပြင် မြေပုံကို ဂျက်ဆီကာအား ပြသခဲ့သည်။ မြေပုံ၏ အောက်ခြေနားတွင် ““ကိုယ့်ကို လက်ထပ် နိုင်မလား”” ဟု ရေးသား ထားခဲ့သည်။ သို့ရာတွင်၊ စေ့စပ်လက်စွပ်၊ ပျောက်မည် စိုးသဖြင့် ဂျိုးဇက်က သူ၏ရေကူး ၀တ်စုံတွင် ပိုးမျှင်ဖြင့် ချည်နှောင် ထားခဲ့သည်။

ရေငုပ်ရာမှ ပြန်လည် တက်ရောက်ပြီး မိမိလက်ကို ကြည့်မှသာလျှင် စေ့စပ် လက်စွပ်မှန်း သိခဲ့ရကြောင်း၊ ဂျိုးဇက်၏ အပြု အမူသည် မိမိအတွက် တစ်သက် မမေ့စရာ ရင်ခုန် စိတ်လှုပ်ရှား ရသော အဖြစ်အပျက်ပင် ဖြစ်ကြောင်း ဂျက်ဆီကာက သူမ၏ ရင်ခုန်သံကို ပြန်လည် ပြောကြားခဲ့သည်။ ထူးခြားစွာ စေ့စပ်ခဲ့သည့် ဂျိုးဇက်တို့ စုံတွဲသည် ဂျက်ဆီကာ ကျောင်းမပြီး သေးသည့်အတွက် လက်ထပ်မည့် ရက်ကို မသတ်မှတ် ရသေးကြောင်း သိရသည်။

By မြ၀တီ

Facebook အကြောင်း သိကောင်းစရာ.


၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ ဆိုတာ ကြည့်နိုင်မှာပါ။

၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်းအရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက Privacy Setting ကို ပြောင်းမှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။

၃။ သင့်သူငယ်ချင်းတွေ တင်သမျှအားလုံးကို သင်မြင်ရမှာ မဟုတ်သလို သင်တင်သမျှ အရာတိုင်းကိုလည်း သင့်သူငယ်ချင်း လက်တစ်ဆုပ်ကသာ မြင်ရလိမ့်မယ်။ Facebook က အသုံးပြုသူတွေကို အွန်လိုင်းမှာ ကြာကြာ ရှိစေချင်တဲ့အတွက် Like အများကြီး ရထားတဲ့၊ အများဆုံး share ထားတဲ့၊ comment အများကြီး ရှိတဲ့ post တွေကို သင်အရင်မြင်ရအောင် အပေါ်ကို ရွှေ့ပေးထားပါတယ်။

၎။ သင် Facebook ထဲကို ဝင်ထားတုန်းဆို ကျွန်တော်တို့က သင် ဘာလုပ်နေသလဲ လိုက်ကြည့်ထားတယ်။ Facebook ရဲ့ Like ဒါမှမဟုတ် Share ခလုတ်ရှိတဲ့ Website တွေကို သင်ဝင်ကြည့်တိုင်း Facebook က မှတ်တမ်းတင် သိမ်းဆည်းထားတယ်။

၅။ သင်တင်တဲ့ post တွေကို Public က ကြည့်လို့ရအောင် လုပ်ထားရင် လူတိုင်းက သင် ဘယ်ရောက်နေသလဲ သိနိုင်ပါတယ်။ မတော်တဆများ သင့်အိမ်ကိုဝင်ဖို့ ချောင်းနေတဲ့ သူခိုးက သင်ခရီးသွားနေတာ သိသွားရင်တော့ …

၆။ ဘွဲ့ရတာတို့၊ စေ့စပ်တာတို့၊ လက်ထပ်တာတို့၊ ကလေးမွေးတာတို့လို သတင်းထူးတွေ တင်ဦးမှာလား။ Facebook က သိပါလိမ့်မယ်။ သိရုံတင် မဟုတ်ဘဲ သင့်သူငယ်ချင်းတွေ အွန်လိုင်းတက်ပြီး Facebook ထဲကို ဝင်လာတဲ့ အချိန်အထိ မြင်ရအောင် တင်ထားပေးပါလိမ့်မယ်။

၇။ Facebook က သင့်အကြောင်း များများသိလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ ဥပမာ – သင်က Giordano တံဆိပ် ကြိုက်တယ်ဆိုရင် Facebook က Giordano မှာ ဈေးဝယ်လို့ရတဲ့ ကူပွန်ကို သင်မြင်ရအောင် ပြပေးတဲ့အခါ သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။

၈။ သင် သတိတရရှိတဲ့ သူငယ်ချင်းတွေရဲ့ post တွေ သိပ်မတွေ့ဘဲ သိပ်မသိတဲ့သူတွေဆီက post တွေပဲ များနေသလား။ သင်ရဲ့ newsfeed ကို Mostrecent ကနေ Top News ကို ပြောင်းလိုက်ပါ။ ပြီးရင် သင်အမြဲ မြင်ချင်၊ တွေ့ချင်တဲ့ သူငယ်ချင်းတွေကို Closefriends ထဲကို ထည့်ပြီး၊ သင်မမြင်ချင်တဲ့ သူတွေဆိုရင်တော့ subscibe လုပ်ထားတာ ဖြုတ်လိုက်ပါ။

၉။ Facebook က နေရာလပ်တွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းပါတယ်။ ကြော်ငြာကုမ္ပဏီတွေက သူတို့ ပစ်မှတ်ထားတဲ့ ဒေသ၊ လုပ်ငန်း၊ အသက်အရွယ်နဲ့ ပညာ အဆင့်အတန်းတွေကို Facebook ကို ပြောပြတဲ့အခါ Facebook က အချက်အလက်တွေနဲ့ ကိုက်ညီသူတွေ ကြော်ငြာတွေကို မြင်ရအောင် ဆောင်ရွက်ပေးပါတယ်။

၁၀။ သင်တင်တဲ့ post ကို သင့်သူငယ်ချင်း အားလုံး မြင်ရအောင် လုပ်ချင်ပါသလား။ Post တစ်ခုအတွက် ခုနစ် ဒေါ်လာကနေ ဆယ်ဒေါ်လာလောက်ထိ ပေးရင် သင့်သူငယ်ချင်းတိုင်းရဲ့ Top News မှာ သင်တင်ထားတဲ့ post ပေါ်အောင် Facebook က လုပ်ပေးပါလိမ့်မယ်။

၁၁။ အသုံးပြုသူ တော်တော်များများက Timeline ကို သဘောမကျကြပါဘူး။ ဒါပေမဲ့ ဒါကို မကြာခင် ပြောင်းလဲမယ့် အလားအလာတော့လည်း မမြင်မိဘူး။ Timeline က အသုံးပြုသူအချင်းချင်း ဝေမျှရာမှာ ထိရောက်ပြီး အမြင်ဆန်းပါတယ်။ ကုမ္ပဏီတွေကလဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မြင်သာထင်သာ ကြော်ငြာလို့ရလို့ သဘောကျကြတယ်လေ။

၁၂။ သင်တင်တဲ့ post တွေကို သင့်မြို့က လူတွေပဲ၊ သင့်ကျောင်းက လူတွေပဲ၊ သင့်အလုပ်က လူတွေပဲ စသဖြင့် လူတစ်စုပဲ မြင်အောင် လုပ်လို့ရပါတယ်။ သင်တင်တဲ့ post ကို သင့်သူဌေးက လွဲပြီး ကျန်တဲ့သူအားလုံး မြင်အောင်လဲ လုပ်လို့ ရပါတယ်။ အဲဒါတွေ အကုန်လုံးကို status update box ရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ မြားခလုတ်မှာ ပြောင်းလို့ ရပါတယ်။

၁၃။ နောက်တတ်၊ ပြောင်တတ်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် သူငယ်ချင်းရှေ့မှာတော့ သင့် Facebook ကို မဖွင့်ထားမိပါစေနဲ့။ တစ်ယောက်ယောက်ကများ သင့် Facebook ပေါ်မှာ ပြောင်ချော်ချော် status တွေ လျှောက်ရေးလို့ကတော့ သင့်ကို ကြောင်နေပြီလားလို့ ထင်သွားမှာပါပဲ။

၁၄။ သူငယ်ချင်း လက်ခံတာနဲ့ တခြား page တွေကို like လုပ်တဲ့အခါ သတိထားပါ။ သင်တွေ့သမျှသူတွေကို လက်ခံ၊ တွေ့သမျှ page ကို like လုပ်ထားရင်တော့ သင်စိတ်မဝင်စားတဲ့ အရာတွေလဲ အများကြီး သင်တွေ့နေရမှာပါ။ အဲဒီတော့ အချိန်ယူပြီး မမြင်ချင်တာတွေကို စစ်ထုတ်ပစ်ပါဦး။

၁၅။ Facebook Chat ထဲမှာ Offline လုပ်ပြီး သင် စကားမပြောချင်တဲ့ သူငယ်ချင်းတွေဆီကနေ ပုန်းနေလို့ရပါတယ်။ တကယ်လို့ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ပဲ စကားမပြောချင်ဘူး ဆိုရင်လည်း chat window ထဲက သူ့နာမည်ကို နှိပ်၊ ညာဘက်ထိပ်မှာရှိတဲ့ icon မှာ သူ့တစ်ယောက်ထဲကိုပဲ offline လုပ်ထားလို့ ရပါတယ်။

၁၆။ တချို့ အချက်အလက်တွေက Facebook ပေါ်မှာ ဖွက်ထားလို့ မရပါဘူး။ ဥပမာ – သင့်နာမည်၊ သင့် profile မှာ တင်ထားတဲ့ ဓာတ်ပုံ၊ သင်က အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာတွေပေါ့။ ဒီလို အချက်အလက်တွေကို လူတိုင်းက ကြည့်နိုင်ပါတယ်။

၁၇။ သင် သဘောကျတဲ့ Facebook page တွေမှာ လူတွေ နည်းသွားတယ်လို့ ထင်မိလား။ အဲဒါ profile အတုတွေနဲ့ page အတုတွေကို Facebook က လိုက်ဖျက်သိမ်းနေလို့ပါ။ တစ်ခါတလေမှာ လူတစ်ယောက်ထဲကပဲ accountတွေ အများကြီးနဲ့ သုံးနေတတ်တယ်လေ။ Facebook ရဲ့ အဆိုအရကတော့ profile အတုတွေက ၈၃ မီလီယံတောင် ရှိတယ်တဲ့။

၁၈။ သုံးရတာ ပိုမြန်ချင်တယ် ဆိုရင်တော့ ဒီနည်းကို သုံးပါ။ သင့်ဖုန်းနဲ့ Facebook ကို log in မလုပ်ခင် Wifi network တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ပါ။

၁၉။ သင် ကုမ္ပဏီတစ်ခုခုကို Like လုပ်တာပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုအကြောင်းကို comment ပေးတာပဲဖြစ်ဖြစ် သတိထားပါ။ သင်ဘာလုပ်လိုက်သလဲ ဆိုတာ သင့်သူငယ်ချင်းတွေဆီမှာ ပေါ်ပါတယ်။ သင့်လုပ်ရပ်ကို Facebook က ကြော်ငြာအနေနဲ့ အသုံးချကောင်း ချပါလိမ့်မယ်။

Ref & Credit to Smart Pro Journal
bluenavyblog

ဝန်ကြီးဌာနနှင့် ကုမ္ပဏီများ မတရား မြေသိမ်းဟု လွှတ်တော်ကော်မရှင် စုံစမ်းဖော်ထုတ်


စစ်တပ်ပိုင်မြေအဖြစ် ဆိုင်းဘုတ်တပ်ထားသည့် မြေယာတခုကို မြင်ရစဉ် (ဓာတ်ပုံ – နိုင်စွမ်း / ဧရာဝတီ)
စစ်အစိုးရ လက်ထက် ၀န်ကြီးဌာနများနှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် စီမံကိန်းများ အကြောင်းပြပြီး  မြေကွက်များကို လှည့်ဖြား သိမ်းယူ ရောင်းစားမှုများ အများအပြား တွေ့ရှိရကြောင်း ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်က စုံစမ်းဖော်ထုတ်  အစီရင်ခံလိုက်သည်။

လွှတ်တော် မြေယာ ကော်မရှင်က မြေယာသိမ်းဆည်းမှု များကို စုံစမ်းဖော်ထုတ်ထားသော အစီရင်ခံစာတရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ သြဂုတ်လ ၁၃ ရက်နေ့က တင်သွင်းလိုက်ပြီး ယင်းအစီရင်ခံစာတွင် ပုဂ္ဂလိကုမ္ပဏီများ သည် ၀န်ကြီးဌာနများနှင့် ပူးပေါင်းပြီး စီမံကိန်းအကြောင်းပြ မြေသိမ်းယူကြောင်း၊ သိမ်းယူထားသော မြေများပေါ်တွင် စီမံကိန်းများ လုပ်ဆောင်ခြင်း မရှိဘဲ ပြန်လည်ရောင်းစားမှုများရှိသည်ဟု လွှတ်တော်ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၃ တွင် ဖော်ပြထားသည်။

စစ်အစိုးရက စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီများသို့ မြေနေရာ ချထား ပေးရာတွင် တောင်သူလယ်သမားများ လက်ရှိ လုပ်ကိုင်နေသည့် လယ်မြေများ သိမ်းယူ ပါရှိသွားကြောင်း၊ နိုင်ငံတော် စီမံကိန်း ဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊ လေယာဉ်ကွင်းများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းကြောင်းနှင့် နိုင်ငံပိုင် စက်ရုံအလုပ်ရုံများ တည်ဆောက်ရေးအတွက် မြေယာသိမ်းဆည်းမှု အများအပြားရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရ ၀န်ကြီးဌာနများနှင့် ပူးပေါင်း မြေသိမ်းယူ ရောင်းစားသည့် ပုဂ္ဂလိက ကုမ္ပဏီများတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ မြန်မာ့ စီးပွားရေး နှင့် ဦးပိုင်လီမိတက်၊  အေရှားဝေါ ၊ ဒဂုံအင်တာနေရှင်နယ် ၊ SI Group ၊ Billion Group ၊ ရွှေသံလွင်၊ ထွန်းမြင့်အောင်၊ စူပါဝမ်း၊ အောင်ပြည့်ဖြိုး၊ မြန်မာနိုင် ၊ တော်ဝင် ၊ ရွှေပုလဲ ၊ Ever Green ၊ မြန်မာ့သြဘာ ၊ တောင်ပိုင်းရွှေရောင် အလင်းတန်း၊ အော့ချက်ဒ် ကုမ္ပဏီ၊ ဧရာရွှေဝါ ၊ လွင်နှင့်စွမ်း ကုမ္ပဏီ၊ MGS ကုမ္ပဏီ၊ ရွှေစီးပွားကုမ္ပဏီ၊ မီမီထွန်း ကုမ္ပဏီ ၊ ကေအန် ၊ ဂရိတ်ဝေါ ၊ စတီးစတုန်းကုမ္ပဏီ၊ ၀ါဝါ၀င်း ၊ ပန်းသပြေ ၊ ဖိုးလမင်း၊ မြန်မာဂိုးဒင်း ၊ ရွှေဝါရတနာ၊ ဇင်းဘောင် ၊ မြန်မာ့အောင်တံခွန် ၊ မြစိမ်းရောင် အပါအ၀င် ကုမ္ပဏီပေါင်းများစွာ ပါဝင် နေကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော်ကော်မရှင်က ပြည်သူများထံမှ မတရားသိမ်းယူထားသော မြေများကို  မူလပိုင်ရှင် ပြည်သူများထံ ပြန်လည်ပေးအပ်ရန် တိုက်တွန်းထားကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစုံစမ်းရေး ကော်မရှင် ဥက္ကဌ ဦးလှဆွေက ဧရာဝတီသို့ ပြောသည်။

”လွှတ်တော်က အတည်ပြုပါတယ်လို့ ပြောရင် ကတိက၀တ် ဖြစ်သွားတဲ့အတွက် အစိုးရက လိုက်ကိုလိုက်နာရမှာ။ ဒီက အကြံပြုချက်တွေ အားလုံးကို အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း အစိုးရက လုပ်ကိုလုပ်ပေးရမှာ။ လယ်မြေကိစ္စကို မဲခွဲ ဆုံးဖြတ်ရင် ကန့်ကွက်သူ ရှိမှာမဟုတ်ဘူး။ ဘယ်ကုမ္ပဏီက ဘယ်အချိန်မှာ ဘယ်လိုသိမ်းတာဆိုတာ အတိအကျ တိုင်တော့ ကျနော်တို့ကလည်း အသေးစိတ်စစ်တာ။ အဲတော့ ကုမ္ပဏီနာမည်တွေပါ ထည့်ပြောရတာပေါ့။ အစိုးရပိုင်းကလည်း ၀န်ကြီးဌာနပေါင်းစုံပါတယ်။ သူတို့ မြေသိမ်းထားတာတွေ ရှိတဲ့အတွက် သူတို့ ပြန်ပေး ရမယ်”ဟု ဦးလှဆွေက ပြောသည်။

ယခင် စစ်အစိုးရက ကြက်ဆူပင် စိုက်ပျိုးရေး စီမံကိန်းကြီးများ အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူများမြေများ သိမ်းယူခဲ့ကြောင်း၊ ယင်းမြေကွက်များသည် ပုဂ ကုမ္ပဏီကြီးများလက်သို့ ရောက်ရှိသွားပြီး ယင်းကုမ္ပဏီကြီးများကလည်း အမှန်တကယ် ၀င်ရောက် စိုက်ပျိုးခြင်း မရှိဘဲ ပြန်လည် ရောင်းစား ခြင်း၊  တောင်သူများကို သီးစားပြန်ချပေးခြင်းများ ပြုလုပ်မှုများ ရှိသည်ဟု ကော်မရှင်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပုဂ္ဂလိကကုမ္ပဏီတခုဖြစ်သော ရွှေသံလွင်ကုမ္ပဏီသည် ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ဒေသခံ တောင်သူများထံမှ စိုက်ပျိုးမြေပေါင်းများစွာ ရယူထားပြီး ကိုယ်တိုင်မလုပ်ကိုင်နိုင်သောကြောင့် တောင်သူများကို သီးစားပြန်ချထားကြောင်း၊ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် တောင်သူများကို နစ်နာကြေးလျော်ကြေးပေးသင့်သည်ဟု ကော်မရှင်က ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်တွင်လည်း ကုမ္ပဏီပေါင်း ၂၂ ခုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန် သိမ်းယူထားသော မြေဧရိယာ ဧကပေါင်း ၉၀၈၁၅ ပေါ်တွင် ၃၆၁၆၈ ဧကသာ လုပ်နိုင်ပြီး ကျန်မြေများကို သီးစားချထားခြင်း၊  တောင်သူများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း ကော်မရှင် ၏ အစီရင်ခံစာအရ သိရှိရသည်။

အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများပူပေါင်း  မြေသိမ်းယူမှုများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းဒေသကြီး တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီ

ပြိုင်ဘက်ကို နောက်ပြောင်ကာ ဘောင်းဘီဆွဲချွတ်ခဲ့သည့် ကစားသမား

 နောက်နောက်ပြောင်ပြောင် နေထိုင်တတ်သည့် ချက်စ်တာဖီးလ် တောင်ပံ ကစားသမား ဂယ်ရီရောဘတ်စ်တစ်ယောက် ပြိုင်ဘက်အသင်း ကစားသမားကို စနောက်ခဲ့သော်လည်း ဒိုင်လူကြီး သဘောကောင်းခဲ့၍ ပြစ်ဒဏ်နှင့် ကင်းလွတ်သွားသည်။ လိဂ်တူးပွဲစဉ်အဖြစ် ချက်စ်တာဖီးလ်နှင့် ချယ်လ်တန်ဟမ်တို့ ရင်ဆိုင် ကစားစဉ် ဒိုင်လူကြီး ရှေ့တည့်တည့်၌ ရောဘတ်စ်က ပြိုင်ဘက် အသင်းသားအား ဘောင်းဘီဆွဲချွတ်ခဲ့သည်။ ရောဘတ်စ်သည် ပြစ်ဒဏ်ဘောကို ကန်တင်ရန် ပြင်ဆင်နေချိန်တွင် ၎င်းရှေ့၌ ရှိနေသည့် ချယ်လ်တန်ဟမ် အသင်းသား ရက်ဆဲလ်ပန်၏ ဘောင်းဘီကို ဆွဲချွတ်လိုက်ခြင်း ဖြစ်သည်။ လီဗာပူးလ် လူငယ်ခြံပေါက် ကစားသမားဟောင်းသည် နောက်ပြောင် ကျီစယ်သည့် သဘောမျိုးဖြင့် ယင်းကဲ့သို့ ပြုမူခဲ့ဟန် ရှိသည်။



ပန်မှာလည်း အလွန်ရှက်ရွံ့သွားဟန် မရှိလှဘဲ ဒူးစပ်နားထိ ဆွဲချွတ်ခံထားရသည့် ဘောင်းဘီနှင့်ပင် ဒိုင်ဘက်လှည့်၍ စကားပြောလိုက်သေးသည်။ သာမန်အားဖြင့် ယင်းအပြုအမူသည် ပြိုင်ဘက် ကစားသမား တစ်ဦးကို တိုက်ခိုက် စော်ကားမှုအဖြစ် ယူဆကာ ပြင်းထန်သော ပြစ်ဒဏ်မျိုး ပေးနိုင်သော်လည်း ဒိုင်လူကြီး မိုက်ခ်ဘူးလ်က ရောဘတ်စ်၏ စိတ်ဆန္ဒသည် ဘဝတူ ကစားသမားချင်း နောက်ပြောင်မှု သက်သက်သာဖြစ်ကြောင်း နားလည်ဟန်ဖြင့် ရယ်မောနေရုံသာ ရှိခဲ့သည်။ ထိုအခြေအနေသည် ရောဘတ်စ်အတွက် ကံကောင်းမှုဟုလည်း ယူဆနိုင်သည်။ အဆိုပါ ပွဲစဉ်တွင် ချက်စ်တာဖီးလ်က (၂-၀)ဖြင့် အနိုင်ရပြီး ရောဘတ်စ်က ပထမဂိုးကို သွင်းယူသွားခဲ့ကြောင်းလည်း သိရှိရသည်။

planet

အာဆီယံတွင် ကားအစီးရေ အနည်းဆုံး မြန်မာ စီမံခန့်ခွဲမှု ညံ့ဖျင်း၍ ယာဉ်ကြောပိတ်ဒဏ် ခံစားနေရ


အာဆီယံတွင် ကားအစီးရေ အ နည်းဆုံးဖြစ်သော်လည်း သွားလာရေး စီမံခန့်ခွဲမှုစနစ် ညံ့ဖျင်းမှုကြောင့် မြန်မာ နိုင်ငံတွင် ယာဉ်ကြော ပိတ်ဆို့မှုဒဏ်ခံစား နေရခြင်ြး ဖစ်သည်ဟု မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းမှ ဒုဥက္ကဋ္ဌ ဦးအောင် မြင့်က ပြောသည်။

မြန်မာနိုင်ငံ၌ လူဦးရေ ၁ဝဝဝ လျှင် ယာဉ်အစီးရေ ၄ဝ ခန့်သာရှိသေး ပြီး ယာဉ်အစီးရေနည်းပါးသည့် အာဆီ ယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော လာအိုနိုင်ငံတွင်မူ လူဦးရေ ၁ဝဝဝ လျှင် ယာဉ်အစီးရေ ၁၇ဝ ခန့် ရှိနေပြီ ဖြစ် ကြောင်း ၄င်းကပြောသည်။

”ကိုယ်ပိုင်ကား အများအပြား လို တယ်လို့ မပြောဘူး။ Public transport ကောင်းရင် ကိုယ်ပိုင်ကား သိပ်မလိုဘူး။ အခု Public transport က မကောင်း ဘူး။ လူတွေ အားကိုးရတဲ့ အခြေအနေ မရှိဘူး” ဟု ၄င်းက ပြောသည်။

ယာဉ်သွားလာရေး စီမံခန့်ခွဲမှု ကောင်းမွန်ရန်အတွက် ခရီးသည် ပို့ဆောင် ရေးစနစ်တွင် ဘတ်စ်ကားလိုင်းနှင့် မီး ရထားလိုင်းများ အဓိ ကမြှင့်တင်ရန် လို အပ်ကာ မြို့ ပတ်ကားလိုင်း၊ မြို့ပြင်ပြေး ယာဉ်လိုင်းများ ခွဲခြားဖော်ဆောင်သင့် ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု ရှိစေရန် တွန်းအားပေးသင့် သည်ဟု ၄င်းကပြောသည်။

”ကိုယ့်ရှေ့မှာ စည်းကမ်းဖောက် နေရင် ကြည့်နေတာမျိုးတွေ အချို့ေ နရာ မျိုးတွေမှာ ရှိတယ်။ ယာဉ်ထိန်းရဲတွေအ နေနဲ့ ဒါတွေကို အရေးယူ ဖို့လိုတယ်” ဟု ၄င်းက ဆက်ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် အတွက် မြို့လယ်ခေါင်တွင် ကားထား ရန် သီးသန့်အဆောက်အအုံများ တည် ဆောက်ရန်လိုပြီး ယင်းကို အစိုးရက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အကောင် အထည်ဖော်ပေးရန် လိုသည်ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့၌ ကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ပြေ လည်စေရန် ရန်ကုန်စည်ပင်မှ ပလက် ဖောင်းများ တိုးချဲ့၍ ယာဉ်ရပ်နား ရန် နေရာ များ ဖော်ေ ဆာင်ပေးခြင်းနှင့် အထပ်မြင့် အဆောက်အအုံများ တည် ဆောက်ပါက ကားရပ်နားရန် ပါကင်နေ ရာများ ထည့်သွင်းခိုင်းခြင်း များကို ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်စည်ပင်မှ အထပ်မြင့်အ ဆောက်အအုံတည်ဆောက်ပါက ကား ပါကင်ပြုလုပ်ရန် သတ်မှတ်ထားချက် မှာမူ စင်ကာပူနိုင်ငံ စံနှုန်းကို အခြေခံ၍ ယင်းနိုင်ငံ၏ အများဆုံးထားရှိရမည့် ပမာဏထက် ကျော်လွန်ကာ ၂ဝ ရာခိုင် နှုန်း အပိုထပ်ဆောင်းထားရှိရကြောင်း အထပ်မြင့်အဆောက်အအုံ စိစစ်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးရီဝင်းက ပြောသည်။

သို့သော် ကားပါကင်များကို လမ်း မများ၌ ပြုလုပ်မှုသည် ရေရှည်တွင် ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုဖြစ်ပွားလာ မည့် အနေအထားရှိကြောင်း ဦးအောင် မြင့်က ထပ်ေ လာင်းပြောသည်။

”အဲဒီကားတွေ ရှေ့တိုး၊ နောက် ဆုတ် လုပ်တာနဲ့ နောက်တစ်လမ်းပါ အနှောင့်အယှက်ဖြစ်တယ်” ဟု ၄င်းက ထောက်ပြပြောသည်။

စီးပွားကူးသန်းဝန်ကြီးဌာန၏ စာ ရင်းများအရ မြန်မာနိုင်ငံတွင် မော်တော် ယာဉ်အစီးရေ ၄ သိန်းရှိပြီး ဆိုင်ကယ် နှင့် ထော်လာဂျီ အစီးရေ ၃၇ သိန်းရှိ ကြောင်း သိရသည်။ တစ်နိုင်ငံလုံးရှိ မော် တော်ယာဉ် အစီးရေ၏ တစ်ဝက်ခန့်မှာ ရန်ကုန်မြို့တွင်တည်ရှိပြီး ယင်းမှာလည်း လုံလောက်သည့် အနေအထားမျိုးမဟုတ် သေးကြောင်း ဦးအောင်မြင့်က ပြော သည်။

ဝေမာထွန်း
Popular Myanmar News Journal

ဂျပန်တွေ မြှုပ်သွားတယ်လို့ ယူဆရတဲ့ ရွှေတွေတူးဖော်


ပဲခူးတိုင်း ဇီးကုန်းမြို့မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေ မြှုပ်သွားတယ်လို့ ယူဆရတဲ့ ရွှေတွေကို တူးဖော်နေပြီ ဖြစ်ပါတယ်။ ဦးရဲဝင့်သူ တင်ဆက်ထားပါတယ်။

DVB TV News

အရပ် ၇ ပေ ကျော်မြင့်တဲ့ ကိုဝင်းဇော်ဦးကို စင်္ကာပူမှာ ဆေးကု


အရပ် ၇ ပေ ကျော်မြင့်တဲ့ ကိုဝင်းဇော်ဦးကို ဆေးကုသဖို့အတွက် စင်္ကာပူနိုင်ငံကို ပို့ဆောင်လိုက်ပါပြီ။ ဦးစည်သူဇေ ယျ သတင်းပေးပို့ထားပါတယ်။

DVB TV News

လင်မယားချင်းစကားများစဉ် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အား ဓါတ်ဆီဖြင့်ပက် မီးရှို့

ရန်ကုန်၊ သြဂုတ် ၁၅

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မင်္ဂလာဒုံမြို့နယ်နေဒေါ်မြင့်မြင့်သည်
နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့
စကားများရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန်ခေါ်သဖြင့် ၎င်းတို့နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည်နေရာချထားရေးရပ်ကွက်ရှိနေအိမ်သို့ လိုက်သွားခဲ့ပါသည်။

နေအိမ်သို့ရောက်ရှိစဉ် သမီးဖြစ်သူမ၀င်းဝင်းဆွေအား အိမ်နီးချင်းများမှ
ဆေးလူးပေးနေသည်ကိုတွေ့ရ၍မြေမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူ သိန်းဝင်း(ခ)သံနိုင်(ဘ)ဦးခင်မောင်နှင့်စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဓါတ်ဆီနှင့်ပက်ကာ မီးရှို့ခဲ့၍ မျက်နှာဝဲဘက်ခြမ်း၊ ရင်ဘတ်၊ လက်နှစ်ဖက်နှင့်ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်း
ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။

ဒဏ်ရာရသူ မ၀င်းဝင်းဆွေအား မြောက်ဥက္ကလာပဆေးရုံတွင်
အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်တင်ပို့ကုသခဲ့ရသဖြင့် သိန်းဝင်း(ခ)သံနိုင်
အားအရေးယူပေးရန်ဒေါ်မြင့်မြင့်မှတိုင်ကြားခဲ့၍ မင်္ဂလာဒုံမြို့မရဲစခန်း
(ပ)၅၀၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

Facebook ကြောင့် သင်လုံခြုံရဲ့ လား


Facebook လို Social Media Site များက မိမိရဲ့  Personal အချက်အလက်များကို အလွယ်တကူ မြင်တွေ့ နိုင်တဲ့ နေရာတစ်ခုအဖြစ် ရပ်တည်လာပါတယ်။

တကယ်ပါ။ ကျနော့ အကောင့်ထဲမှာ အမျိုးသမီးတစ်ဦးရှိတယ်။ သိပ်မခင်ဘူး။ သူက ရှော့ပင်ထွက်တဲ့ အကြောင်းတွေ Status တင်တယ်။ အိမ်မှာပျင်းလိုက်တာ ဆိုပြီးတော့ တင်တယ်။ ပြီးတော့ သူအစားစားပြီ ဆိုရင် ဓာတ်ပုံအရင်ရိုက်ပြီးမှ အရမ်းကြိုက်၊ အရမ်းခိုက် ဆိုတဲ့ စာမျိုးနဲ့ တင်တယ်။ သူ့အိမ်ရှေ့ က ပေါက်နေတဲ့ ပန်းတွေက လှလို့ပါဆိုပြီး ဓာတ်ပုံရိုက်ပြီးတင်ရှာတယ်။ သူ အားပေးတဲ့ နိုင်ငံခေါင်းဆောင် တစ်ယောက် အကြောင်း ကိုတင်တယ်။ ပြီးတော့ အသဲကွဲ ကဗျာလေးတွေကို Page တွေကနေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် တင်တယ်။ အဲ့ဒီမှာ ကျနော် သူ့ အကြောင်းကို တော်တော်သိသွားပြီ။

နေတဲ့ မြို့ ၊ ရပ်ကွက် ကိုသိပြီ။ မွေးရပ်ဇာတိကို သိပြီ။ ကိုယ်ကလည်း ရန်ကုန်မှာ ခြေရာမထပ်ပေမယ့် တိုက်ဆိုင်လို့လား မသိ။ အဲ့ပန်းပင် ရှိတဲ့နေရာကို မှတ်မှတ်ရရသိ။ ပြီးတော့ သူကြိုက်တဲ့ အစားအစာကို သိသွားပြီ။ နောက်ပြီးတော့ သူရဲ့  နိုင်ငံရေး ရပ်တည်ချက်ကို သိသွားပြီ။ သူ အသဲကွဲတဲ့ ခံစားချက်မျိုးရှိတာ သိသွားပြီ။ ရှော့ပင်သွားရင် ဘယ်နေရာသွားတယ် သိသွားပြီ။ ဘယ်နေ့သွား တတ်တယ် သိသွားပြီ။ အဲဒါ စကား လုံးဝ မပြောရသေးဘူးနော်။ အကြောင်းအရာ အတော်များများ သိနေပြီ။ အကြောင်းက သိသလောက် နီးပါးရှိနေတဲ့ Social Media မှာ ကျနော်တို့လို စာရေးတဲ့ သူတွေက စကားပြောကောင်းတယ်လေ။ လွယ်လွယ်နဲ့ခင်သွားတာပေါ့။ နောက်တော့ သူ့ရဲ့ အချက်အလက်တွေ အတော်များများ သိတာမို့ လက်တည့်စမ်းပြီး အကောင့်လေးဘာလေး တွေး တိုးစမ်း Hack ကြည့်လိုက်တာ ညံ့လိုက်တဲ့ Security မေးခွန်း မွေးရပ်ဇာတိ ကို အင်္ဂလိပ်လိုရိုက်ပေးတာနဲ့ အကောင့်က လက်ထဲကို ရောက်ရော။ (နောက်တော့ ဆုံးမ သြဝါဒ ချွေပြီး ပြန်ပေးလိုက်ပါတယ်။)


ကဲ..။ ဒီက စာဖတ်သူတို့ရော်။ သင်တို့ Facebook အကောင့်တွေလုံခြုံပါရဲ့ လား။ ပိုပြီးလေးနက်တဲ့ မေးခွန်း မေးပါမယ်။ သင့်ဘဝ လုံခြုံပါရဲ့ လား။ အရေးအကြီးဆုံးအချက်တွေ ပြောပါမယ်။


နေရာဖော်ပြမှု (Location)

သိပ်အရေးကြီးတယ်။ သွားတတ်တဲ့နေရာတိုင်းကို အားလုံးကို သိစေချင်လို့ ရှဲလွန်းကြတော့ သိသူ၊မြင်သူက မြင်နေပြီ။ သင်တကယ် လုံခြုံပါရဲ့ လား။

ကိုယ်ရေးအချက်အလက် ဖော်ပြမှု (Personal Information)

အချက်အလက်တင်မကဘူး။ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကော၊ အိမ်တွေကော၊ လှတာရော၊မလှတာရော အားလုံး ပေါင်း ဖော်ပြနေတော့ သူ ဘယ်မှာနေတယ်။ ဘာလုပ်တယ်။ ဘက်ကလာတယ် အတော်များများက သိနေပြီ။


ခံစားချက် ဖော်ပြမှု (Feeling Status)

အချို့ က ဘော့စ်နဲ့ အဆင်မပြေတော့ဘူး။ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေတော့ဘူး။ ချက်ချင်းပဲ စိတ်မကျေနပ် တဲ့ စတေးတပ်တွေ တင်ကုန်ကြပါတယ်။ လူကဲခတ်တတ်သူများ သူက ဘာကိုစိတ်တိုတတ်တယ်။ သူက ဘယ်လို စိတ်နေစိတ်ထား ရှိတယ် အလွယ်တကူ ခန့်မှန်းနိုင်ပြီး သတင်းနှိုက်တဲ့နေရာမှာ အကွက်ချချ အသုံးပြု သွားနိုင်ပါတယ်။

ကဲ။ နေရာသိပြီ။ ကိုယ်ရေးအချက်အလက်သိပြီ။ သူ့ခံစားချက်သိပြီ။ ဘာလုပ်တော့မလဲ။ ကျနော်ကပဲ အရမ်း စူးစမ်းလေ့လာတတ်လို့လားမသိ စုံထောက်ဝင်စားပုံရပါတယ်။ (နောက်တာပါ) ။ ဆောင်ရန်လေးတွေ ပြော ပါမယ်။

Privacy သတ်မှတ်ပါ

ဒါက Facebook က အရေမရ အဖတ်မရပါဆိုပြီး ပေးထားတဲ့ Feature မဟုတ်ဘူးနော်။ Status တစ်ခု၊ Photo တစ်ခု တင်မယ်ဆိုရင်

တင်တဲ့အချိန် (Time)

တင်တဲ့နေရာ ( Location)

မြင်စေချင်တဲ့သူ (Public or No one or Any or Something)

ပါဝင်တဲ့ သူ ( People)

ဓာတ်ပုံ ရယူရန် အသုံးပြုသော ပစ္စည်း ( iPhone/HTC/ Nokia and so on)

အစရှိသဖြင့် ရွေးချယ်ပိုင်ခွင့် အားလုံး ပေးထားပါတယ်။ အဲဒါတွေ သတိကော ထားမိကြရဲ့ လား။ Privacy တစ်ခု ကိုယ်ကိုတောင် ချမှတ်စေချင်ပါတယ်။ ဥပမာ အပြင်သွားမယ့် အကြောင်းအရာလေး၊ ရှော့ပင်သွားမယ့် အကြောင်းအရာလေးတွေဆိုရင် ခင်ရာမင်ရာ သူငယ်ချင်းအရင်းတွေကိုပဲ သိစေတာမျိုး၊ ဓာတ်ပုံတွေ တင်ရင်လည်း မြင်စေချင်တဲ့ သူငယ်ချင်းတွေပဲ မြင်စေတာမျိုး၊ အချို့  လုပ်ငန်းနဲ့ ပက်သက်တဲ့ ပရိုမိုးရှင်းကို အကောင့်မှာ လုပ်တဲ့အခါကျ အားလုံးကိုမြင်စေဖို့ Public ပေးတာမျိုး အစရှိသဖြင့် ပြုလုပ်တတ်ဖို့ လိုအပ်ပါတယ်။

ဘာပဲလုပ်လုပ် Staus မတင်၊ Update မတင်ရင်လည်း Facebook ဆိုတာ သုံးရတာ စိတ်ကျေနပ်မှု ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ Facebook က တင်စေချင်လို့ကို ယင်း UI ကို ပေးထားတာပါ။ သို့ပေမယ့် မိမိရဲ့  ကိုယ်ရေးအချက်အလက်နဲ့ စိတ်ခံစားချက်များကို လုံခြုံမှု ရှိအောင်တော့ ယခုလို Only Friend, Friend of Friend, Tag Location, Edit Time အစရှိသဖြင့် Feature ကို အစုံအလင် ပေးထားခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Facebook ကို လုံလုံခြုံခြုံ အသုံးပြုနိုင်စေဖို့ Privacy Setting, Account Setting ကို အားတိုင်း ဝတ်ဖတ်ပါ။ ဝင်ပြင်ချင်ရာ ပြင်ပါ။ စာဖတ်မပျင်းပါနဲ့။ မိမိ အကောင့် လုံခြုံရေးက မိမိ အသက်လုံခြုံရေးနဲ့ သိပ်မကွာခြားတော့ပါဘူး။ ယနေ့မှာ Social Media ကိုအခြေခံပြီး ဖြစ်ပေါ်တဲ့ Crime တွေ အင်မတန် များပြား လာပါပြီ။ လူတိုင်း Facebook Personal Account ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အကြံပေး တိုက်တွန်း လိုက်ရပါတယ်။
.
အောင်ခမ်း (TSJ team)

ဟောင်ကောင်တွင် ပြင်းထန်သော မုန်တိုင်းတိုက်ခတ်၊ တရုတ်ပြည်သို့လည်းဦးတည်နေ


AFP

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် တိုက်ခတ်ခဲ့ပြီး လူခြောက်ဦးသေဆုံးခဲ့ရသည့် ယူတော်မုန်တိုင်းသည် ဟောင်ကောင်သို့ ၀င်ရောက်တိုက်ခတ်လာသောကြောင့် ကျောင်းများ၊ ဈေးများနှင့် လေယာဉ်ပျံသန်းမှုခ ရီးစဉ်များကို ရပ်နားခဲ့ရကြောင်း သြဂုတ် ၁၄ ရက်က အေအက်ဖ်ပီသတင်းဌာနတွင် ဖော်ပြထားသည်။

တစ်နာရီ ၆၂ မိုင်လေတိုက်နှုန်းဖြင့် တိုက်ခတ်နေသော ယင်းမုန်တိုင်းကြောင့် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်နေသောကြောင့် အဆင့်ရှစ်ဖြစ်သော အရေးပေါ်အခြေအနေ ကြေညာထားရသည်။

လေယာဉ်ခရီးစဉ် ၁၀၀ ကျော်ပယ်ဖျက်ခဲ့ရပြီး၊ ခရီးစဉ် ၁၇၄ ခုလည်းနှောင့်နှေးခဲ့ရသည်။ တရုတ်နှင့်အ သွားအလာပြုလုပ်နေသော ရေကြောင်းခရီးစဉ်များကိုလည်း ပယ်ဖျက်ခဲ့ရသောကြောင့်၊ လူပေါင်းများစွာ သင်္ဘောဆိပ်များတွင် ပိတ်မိနေသည်။

ယင်းမုန်တိုင်းသည် တရုတ်ပြည်၊ ကွန်တုံပြည်နယ်သို့လည်း ဦးတည်နေသောကြောင့်၊ တရုတ်အစိုးရက ယာယီစခန်း ၁၇ ခုဖွင့်လှစ်ပေးထားသည်။

မုန်တိုင်းသည် လွန်ခဲ့သောနှစ်ရက်ခန့်က ဖိလစ်ပိုင်တွင် တိုက်ခတ်ခဲ့သောကြောင့် နေရာအနှံ့ မိုးသည်းထန် စွာ ရွာသွန်းခဲ့ပြီး၊ စိုက်ခင်းများပျက်စီးခဲ့ရသည်။ ငါးဖမ်းသမား ၂၃ ဦးထက်မနည်းမှာလည်း ပျောက်ဆုံးနေသည်။

ထို့အပြင် ခရီးသည်ပေါင်း ၈၀၀၀ ကျော်မှာလည်း ပိတ်မိနေပြီး ကုန်တင်ကားများမှာလည်း ကမ်းခြေတွင် ရပ်နားထားရသည်။
Mizzima - News in Burmese

အဝလွန် ကိုယ်ဝန်ဆောင်မှ မွေးသော ကလေးများ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများ


အက်ဒင်းဘတ်၊ သြဂုတ် ၁၄

ဗြိတိန် ဆေးပညာ ဂျာနယ်တွင် ဖော်ပြချက်အရ အဝလွန်နှင့် ဝသော ကိုယ်ဝန်ဆောင်များမှ မွေးဖွားသောကလေးများသည် နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဝလွန်နှင့် ဝသော ကိုယ်ဝန်ဆောင်များမှ မွေးဖွားသော ကလေးများသည် အသက် ၅၅ နှစ် မတိုင်မီ သေဆုံးနိုင်ခြေမှာ ၃၅ ရာခိုင်နှုန်း ပိုများကြောင်း စကော့တလန် သုတေသီများ၏ တွေ့ရှိချက်အရ သိရသည်။

သို့သော် ၎င်းတို့၏ မျိုးဗီဇ ဆက်သွယ်ချက်၊ မိခင် ဝမ်းတွင်းရှိ လွှမ်းမိုးခံရသည့် အခြေအနေနှင့် မွေးဖွားပြီး နောက်ပိုင်း ဘဝ နေထိုင် စားသောက်ပုံတို့၏ အဆက်အစပ်ကိုမူ မသိရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

သို့သော် ၎င်းတို့၏ ယခု တွေ့ရှိချက်သည် အရေးကြီးသော ပြည်သူ့ ကျန်းမာရေး ပြဿနာ ဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။

ဗြိတိန်၌ ဆေးရုံတွင် ပြသသော ကိုယ်ဝန်ဆောင် မိခင် ငါးဦးတွင် တစ်ဦးမှာ အဝလွန်လျက် ရှိသည်။

ဗြိတိန် သုတေသီတို့၏ လေ့လာချက်အရ အမျိုးသမီး ၂၈,၅၄၀ ဦး၏ ကိုယ်ဝန်ဆောင်စဉ် ပထမဆုံး ဆေးစစ်ချက် မှတ်တမ်းများ ရှိပြီး ၎င်းတို့မှ မွေးဖွားသော သားသမီး ၃၇,၇၀၉ ဦးမှာ ယခုအခါ အသက် ၃၄ နှစ် နှင့် ၆၁ နှစ်အရွယ် ရှိနေပြီ ဖြစ်သည်။

အဆိုပါ ကိုယ်ဝန်ဆောင် မိခင်များထဲမှ ငါးဦးတွင် တစ်ဦး၏ ကိုယ်အလေးချိန် ညွှန်ကိန်း(Body Mass Index -BMI) မှာ ၂၅ မှ ၂၉ ဒသမ ၉ရှိရာ ဝသောသူများဟု သတ်မှတ်နိုင်ပြီး ၎င်းတို့ထဲမှ ၄ ရာခိုင်နှုန်း မှာ BMI ညွှန်ကိန်း ၃၀ အထက် ရှိ၍ အဝလွန်သူများ ဖြစ်ကြသည်။

ထို့ပြင် အဝလွန်သော ကိုယ်ဝန်ဆောင် မိခင်များမှ မွေးဖွားသူများသည် ကိုယ်အလေးချိန် ပုံမှန်ရှိသူများမှ မွေးဖွားသူများထက် အချိန်မတိုင်မီ သေဆုံးမှုနှုန်းမှာ ၃၅ ရာခိုင်နှုန်း ပိုမိုပြီး နှလုံးရောဂါ၊ လေသင် တုန်းဖြတ် ရောဂါနှင့် ရင်ခေါင်း စူးအောင့်ခြင်း ဝေဒနာများဖြင့် ဆေးရုံ တက်ရမှု နှုန်းမှာ ၄၂ ရာခိုင်နှုန်း ပိုများသည်။

ယခု တွေ့ရှိချက်အရ ကိုယ်ဝန်ဆောင် မိခင်များ အနေနှင့် ကိုယ်ဝန်ဆောင်စဉ် ကျန်းမာသော ကိုယ်အလေးချိန် ရှိနေရန်၊ ချင့်ချိန် စားသုံးရန်နှင့် ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ရန် လိုအပ်ကြောင်း ယခုသုတေသနကို ဦးဆောင်ခဲ့သည့် Edinburgh တက္ကသိုလ်မှ ပါမောက္ခ ရေဘက်ကာရေး နောလ်က ပြောကြားသည်။

ယခင် လေ့လာချက်များအရ ကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်းနှင့် အစာ စားချင်စိတ်ကို ထိန်းချုပ်ခြင်း နှင့် ကိုယ်ခန္ဓာ ဇီဝဖြစ်စဉ်တို့တွင် အဆက်အစပ် ရှိသည်ဟု တွေ့ရှိထားသည်။
The Voice Weekly

Facebook တွင် ဓာတ်ပုံများ အလွန်အကျွံ လွှင့်တင်မှုက ရင်းနှီးမှု ပျက်ပြားစေနိုင်


Facebook ကဲ့သို့ လူမှုဆက်သွယ်ရေးကွန်ရက်ပေါ်တွင် မျှဝေမှု (sharing) ပြုလုပ်ခြင်းက ပိုမိုခင်မင်ရင်းနှီးသည့် ဆက်ဆံရေးကို ရရှိနိုင်သည့် နည်လမ်းကောင်းဖြစ်သော်လည်း ထိုသို့မျှဝေမှုကပင် ခင်မင်ရင်းနှီးမှုကို ပျက်ပြားစေနိုင်သည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်နေကြောင်း သုတေသီများက သတိပေးထား

Facebook တွင် ဓာတ်ပုံများ အလွန်အကျွံ လွှင့်တင်မှုက ရင်းနှီးမှု ပျက်ပြားစေနိုင်
Facebook တွင် ဓာတ်ပုံမျှဝေမှု (photo sharing) က သူငယ်ချင်းများကို အလျင်အမြန် ဆုံးရှုံးရစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုသည်။ Facebook တွင် ဓာတ်ပုံများ ထပ်တလဲလဲ တင်လေ့ရှိသူများမှာ ၎င်းတို့၏ Timeline ကို ကြည့်ရှုသူများနှင့် ကိုယ့်ကိုယ်ကိုယ် စိမ်းကားကင်းကွာသွားစေရန် လုပ်ဆောင်နေသလိုပင်ဖြစ်ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ဓာတ်ပုံများကို Facebook တွင် ထပ်ကာထပ်ကာ တင်လေ့ရှိသူများ အနေဖြင့် ၎င်းတို့ကို နားလည်မပေးနိုင်သော သူငယ်ချင်းများ၊ ဆွေမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး ထိခိုက်စေနိုင်သည်ဟု သိရသည်။

တွေ့ဆုံပွဲ၊ စားသောက်ပွဲ ဓာတ်ပုံများကို Facebook အလွန်အကျွံ တင်လေ့ရှိသည့်သူတို့မှာ ၎င်းတို့အား လုပ်ဖော်ကိုင်ဖက်များက ယုံကြည်မှု၊ ခင်မင်ရင်းနှီးမှုကို လျော့ကျသွားစေနိုင်သည်။ ထိုနည်းတူပင် ယုံကြည်ရသည့် သူငယ်ချင်းများကြားတွင်လည်း ဓာတ်ပုံများ မဆင်မခြင် တင်မှုကြောင့် ခင်မင်ရင်းနှီးမှု အနေအထားကို လျော့ပါးစေနိုင်သည့် ဆိုးကျိုးသက်ရောက်နိုင်ကြောင်း သိရသည်။ ဘာမင်ဂမ်တက္ကသိုလ်က Facebook အသုံးပြုသူ ၅၀၀ ကျော်ကို ဆန်းစစ်လေ့လာမှုအရ ဓာတ်ပုံအရေအတွက်နှင့် ဓာတ်ပုံများ၏ အကြောင်းအရာတို့က ခင်မင်ရင်နှီးသူတို့အကြား ဆက်ဆံရေးအခြေအနေကို သက်ရောက်မှုရှိနေကြောင်း တွေ့ရှိရသည်။

"ကျွန်တော်တို့ရဲ့ သုတေသနအရ Facebook မှာ ဓာတ်ပုံတွေ ခဏခဏ အလွန်အကျွံ လွှင့်တင်လေ့သူတွေ အနေနဲ့ တစ်ကယ့်လက်တွေ့ဘဝမှာ လူမှုဆက်ဆံရေးတွေ ပျက်ပြားစေနိုင်တဲ့ ဆိုးကျိုးရှိနေပါတယ်"ဟု ဘာမင်ဂမ်တက္ကသိုလ်မှ ဒေါက်တာ ဒေးဗစ်ဟော့ဂ်တန်က ပြောကြားသည်။ Facebook တွင် မိသားစုဓာတ်ပုံများ ပိုမိုတင်သူအနေဖြင့် လူမှုဆက်သွယ်ရေးကွန်ရက်တွင် အားပေးမှုရနိုင်ကြောင်း ဘာမင်ဂမ်တက္ကသိုလ် သုတေသနက ဆိုသည်။ သို့သော် သူငယ်ချင်းဓာတ်ပုံများကို ပို၍တင်လေ့ရှိသူများမှာမူ ရင်းနှီးမှု ပျက်ပြားစေနို်င်သည့် အကျိုးဆက်ကို ကြုံရနိုင်ကြောင်း သိရသည်။

ထို့အတူ ကုန်အမှတ်တံဆိပ်ကို လူသိများစေရန် ကြော်ငြာသည့် လုပ်ငန်းများအနေဖြင့်လည်း မိမိ၏ Facebook Page ပရိသတ်ကို ဓာတ်ပုံများတင်ရန် တိုက်တွန်းခြင်းက အဆိုပါလုပ်ငန်းနှင့် ပရိသတ်အကြား ဆက်ဆံရေးကို ပျက်ပြားစေနိုင်ကြောင်းလည်း အကြံပြုထားသည်။ Facebook ကဲ့သို့ လူမှုဆက်သွယ်ရေးကွန်ရက်ပေါ်တွင် မျှဝေမှု (sharing) ပြုလုပ်ခြင်းက ပိုမိုခင်မင်ရင်းနှီးသည့် ဆက်ဆံရေးကို ရရှိနိုင်သည့် နည်လမ်းကောင်းဖြစ်သော်လည်း ထိုသို့မျှဝေမှုကပင် ခင်မင်ရင်းနှီးမှုကို ပျက်ပြားစေနိုင်သည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်နေကြောင်း သုတေသီများက သတိပေးထားသည်။
Planet Myanmar Network

ချစ်သူနှင့် ထာဝရ လက်တွဲခွင့်ရပြီး ပျော်ရွှင်နေသည့် လီဗြောင်ဟွန်း


ချစ်သူနှင့် လက်ထပ် ထိမ်းမြားခွင့် ရခဲ့ခြင်းအတွက် အလွန် ပျော်ရွှင်မိကြောင်း တောင်ကိုရီးယား ရုပ်ရှင်မင်းသား လီဗြောင်ဟွန်းက ဝန်ခံ ပြောကြားလိုက်သည်။ တောင်ကိုရီးယား ရုပ်ရှင်လောက၏ ဦးဆောင် မင်းသားအဖြစ် လူသိများပြီး ဟောလီးဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့သူ လီသည် ကာလရှည်ကြာ တွဲခဲ့သည့် ချစ်သူ လီမင်ဂျွန်းနှင့် စနေနေ့က လက်ထပ်ခဲ့ကြသည်။ ဆိုးလ်တွင် ကျင်းပခဲ့သော မင်္ဂလာပွဲသည် တောင်ကိုရီးယား ရုပ်ရှင်လောက၏ အလင်းလက်ဆုံး ကြယ်နှစ်ပွင့် ပေါင်းဖက်မှုလည်း ဖြစ်လာခဲ့သည်။ အသက်(၄၃)နှစ်ရှိ မင်းသားက ၎င်း၏ ချစ်သူနှင့် လက်ထပ်ခဲ့ရမှုအပေါ် "ကျွန်တော့်အတွက်တော့ အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ"ဟု မီဒီယာများထံ ပျော်ပျော်ရွှင်ရွှင် မှတ်ချက်ပေးခဲ့သည်။
မင်းသမီး လီကလည်း "မှတ်မှတ်ရရ ကျွန်မတို့ မင်္ဂလာပွဲနေ့ မနက်ပိုင်းမှာ လျှပ်စီးတွေလက်ပြီး မိုးတွေလည်း ခြိမ်းတယ်။ ကိုရီးယား ရှေးရိုး စကားပုံတွေအရ လက်ထပ်ပြီးစ မင်္ဂလာ စုံတွဲတွေအတွက် လျှပ်စီးနဲ့ မိုးခြိမ်းမှုတွေက ကောင်းမွန်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် အတူတကွ အကောင်းဆုံး ရှေ့ဆက်သွားချင်ပါတယ်"ဟု ဖွင့်ဟခဲ့သည်။ G.I. Joe ဇာတ်ကားနှစ်ခုတွင် သရုပ်ဆောင်ခဲ့သလို Iris ဇာတ်လမ်းတွဲများကြောင့် နာမည်ကျော်ခဲ့သော လီသည် မကြာသေးမီက ရုံတင်ခဲ့သည့် Red 2တွင်လည်း မင်းသား ဘရုစ်ဝီလီနှင့်အတူ အပြိုင်ကြဲထားခဲ့သည်။

Planet

ဘေဂျင်းရှိ အထပ်မြင့်တိုက်ပေါ်မှ တောင်ပေါ်နန်းတော်ကို ဖြိုချရန် စီစဉ်


အထပ်မြင့် တိုက်တစ်လုံး၏ ခေါင်မိုးပေါ်တွင် တောင်ပေါ်စံနန်းတစ်ခု တည်ဆောက်ထားသည့် တရုတ်နိုင်ငံသား တစ်ဦး အနေဖြင့် ၎င်း၏ လက်ရာကို ပြန်လည် ဖျက်သိမ်းရရန် နီးစပ်နေကြောင်း သိရှိရသည်။ ဘေဂျင်းတွင် နေထိုင်ပြီး မီဒီယာများက ပရော်ဖက်ဆာဇန်ဟုသာ အမည်ဖော်ပြသူ တစ်ဦးသည် အထပ်မြင့် တိုက်တစ်လုံး၏ အမိုးပေါ်တွင် (၂)ထပ်အမြင့်ရှိ တောင်ပုံသဏ္ဍန် ဗိမာန် အဆောက်အအုံ တစ်ခုကို တိုးမြှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စိတ်ကူးကောင်းသော ဇန်သည် အဆိုပါ တည်ဆောက်မှုကို တောင်စောင်းတစ်ခုသဖွယ် ပုံသဏ္ဍန်ချ ဖန်တီးထားသည်။ Beijing Morning Post သတင်းစာက မြို့လယ်တွင် တည်ဆောက်ထားသော ဗိသုကာ လက်ရာကို တောင်ပေါ်စံနန်း တစ်ခုသဖွယ် ညွှန်းဆိုခဲ့သည်။
ဇန်သည် (၂၀၀၇)ခုနှစ်က အဆောက်အအုံ၏ အပေါ်ဆုံးအဆင့် (၂၆)ထပ်ကို ဝယ်ယူခဲ့ပြီးနောက် အမိုးပေါ်တွင် ယင်းတည်ဆောက်မှုကို စတင်ခဲ့သည်။ (၆)နှစ် ကြာမြင့်ခဲ့ပြီးနောက် ကျောက်ဆောင်ဥယျာဉ် တစ်ခုသဖွယ် ရုပ်လုံးပေါ် လှပလာသော နေရာသည် ယခုအခါ ဖျက်သိမ်းခံရရန် နီးစပ်နေပြီ ဖြစ်သည်။ ကျောက်ချွန်းများ၊ ခြုံနွယ်များဖြင့် သဘာဝဆန်ဆန် ဖန်တီးထားသော အဆောက်အအုံသည် လုံခြုံရေး စံနှုန်းများနှင့် မညီဘဲ ဖြစ်နေကြောင်း သိရသည်။ အောက်ထပ်တွင် နေထိုင်သူများက ထုရိုက်သံများ ဆူညံကြောင်း တိုင်ကြားခဲ့သလို တိုက်ခန်းအချို့တွင် အမိုးအက်မှုများ၊ ရေစိမ့်မှုများပါ ဖြစ်ပေါ်လာသည်။ အချို့သည်လည်း တိုက်ခန်းများမှ ပြောင်းရွှေ့သွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဘေဂျင်း မြို့ခံတစ်ဦးက "သေချာတာကတော့ တရားဝင် ခွင့်ပြုချက် မရဘဲ ဆောက်လုပ်ခဲ့တယ် ဆိုတာပဲလေ"ဟု ဆိုသည်။ ဘေဂျင်း မြူနီစီပယ် အဖွဲ့အနေဖြင့် အဆောက်အအုံထိပ်တွင် တည်ရှိနေသော နေရာကို မည်သို့မည်ပုံ ဖြိုချရမည်ကို စဉ်းစားမရ ဖြစ်နေဆဲဟု သိရသည်။ ဗြိတိန်မှ အိမ်ရာဆောက်လုပ်မှု ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ပေါလ်ဂါရတ်က ဘေဂျင်း အာဏာပိုင်များ အနေဖြင့် ယင်းကို ဖျက်ဆီးသင့်ကြောင်း ထောက်ခံခဲ့သည်။ "မြင်သာတဲ့ စိုးရိမ်စရာ အချက်ကို အရင်ဆုံး ကြည့်ရအောင်။ အောက်ထပ်မှာ နေသူတွေဟာ သူတို့ရဲ့ အထက်မှာ ဝန်အားအပိုကြီး တင်ထားရပါတယ်။ တခြား သက်ရောက်မှုတွေလည်း ရှိသေးတယ်။ နောက်တစ်ချက်က တန်ချိန် အများကြီးရှိတဲ့ ကျောက်စိုင်ခဲတွေကို ချိတ်ဆက်မှု နည်းနည်းလေးနဲ့ အမြင့်ကြီးမှာ တင်ထားတာ စိုးရိမ်စရာပဲလေ"ဟု ပေါလ်က ရှင်းပြသွားသည်။

Planet

ကမ္ဘာလှည့် ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီးသင်္ဘော MS.Super Star Libra သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိ

MS. Super Star Libra အပျော်စီး သင်္ဘောအား သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နား ထားသည်ကို သြဂုတ် ၁၄ ရက်က တွေ့ရစဉ်

ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘောသည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဟောင်ကောင်အခြေစိုက် Star Cruises (HK) Limited မှ MS. Super Star Libra အပျော်စီးသင်္ဘော လာရောက်သည့် ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ပံ့ပိုးမှုဖြင့် Myanmar Voyages International Tourism Co.ltd က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော MS. Super Star Libra တွင် ခရီးသည် ၉၆၀၊ သင်္ဘောဝန်ထမ်း ၉၁၄ ဦး လိုက်ပါလာပြီး ခရီးသည် အများစုမှာ မလေးရှား (တရုတ်) လူမျိုးများ ဖြစ်ကြသည်။ အဆိုပါ အပျော်စီး သင်္ဘောသည် ယင်းနေ့ညနေ ၆ နာရီတွင် မြန်မာနိုင်ငံမှ ခရီးသည် ၁၅ ဦးအား တင်ဆောင်လျက် ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။
"ကုန်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ရေလမ်းနဲ့ပဲဖြစ်ဖြစ် ခရီးသွားလာခြင်းဟာ အတွေးအမြင်သစ်၊ အတွေ့အကြုံသစ်နဲ့ ဗဟုသုတ အသစ်တွေကို ရရှိစေပါတယ်။ ကျွန်တော်တို့ Myanmar Voyages အနေနဲ့ အမေရိကန်၊ ဥရောပ စတဲ့နိုင်ငံတွေက မြန်မာနိုင်ငံကို လာရောက်တဲ့ အပျော်စီးသင်္ဘော ခရီးစဉ်တွေကို စီစဉ်ခဲ့ပြီး ဖြစ်ပါတယ်" ဟု Myanmar Voyages မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။
MS. Super Star Libra အပျော်စီးသင်္ဘောတွင် လိုက်ပါလာသော ကမ္ဘာလှည့် ခရီးသည်များသည် သြဂုတ် ၁၄ ရက်တွင် ရွှေတိဂုံဘုရား၊ ရန်ကုန်မြို့တွင်း၊ သန်လျင်မြို့နှင့် သန်လျင်ဈေး၊ တိုင်းရင်းသားကျေးရွာ စသည့်နေရာများသို့ တစ်နေ့တာ သွားရောက်လည်ပတ် ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်း သိသာထင်ရှားသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ ကာလမှ စတင်ကာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေ တိုးတက်လာခဲ့သည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်မှ သာမက ရေလမ်းခရီးဖြင့်ပါ လာရောက်ခြင်းများ ရှိလာခဲ့သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က အမေရိကန် ခရီးသွားအများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V Azamar နှင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ဗြိတိန်လူမျိုး ခရီးသည်အများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V  Minerva ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

Eleven Media

သေနတ်ပြခြိမ်းခြောက်ခဲ့သည်ဟု တိုင်ကြားခံရသည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရံတော် ဗိုလ်မှူးချုပ်အမှုကို စတင်စစ်ဆေး



တောင် သူလယ်သမားများကို သေနတ် ပြကာ ခြိမ်းခြောက်ခဲ့သည်ဟု တိုင် ကြားခံရသည့် အငြိမ်းစားဗိုလ် ချုပ်မှူးကြီး၏ ကိုယ်ရံတော်ဗိုလ် မှူးချုပ်တစ်ဦးဖြစ်သူ၏အမှုကို လယ်ဝေးရဲစခန်းက ဩဂုတ် ၁၂ ရက် မှ စတင်ကာ စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် လက်ရှိအချိန်၌ အဓိကတိုင်ကြား ခြင်းခံရသော ဗိုလ်မှူးချုပ်စိုးရှိန်၏ တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်းကို စစ်ဆေးနေခြင်းဖြစ်ကာ ဇူလိုင် ၆ရက်နေ့က လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု အင်း တိုင်သာရွာရှိ ကိုအောင်သန်းဦး ၏လယ်မြေသို့သွားရောက်ကာ ဗိုလ်မှူးချုပ်စိုးရှိန်က လယ်သမား များကိုသေနတ်ပြပြီး

''ငါ့လယ် မြေကိုဝင်လုပ်ရင် ပစ်သတ်မယ်'' ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ နောက် ၄င်း၏တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်း ကတောင်သူ မခင် တင့်၏ လယ်ကို ရောက်လာပြီး မခင်တင့်၏ရင်ဘတ်ကိုဆွဲကာ လက်သီးဖြင့်ထိုး ရန်ကြံစည်ခဲ့သော ကြောင့် ကာယကံရှင်နှစ်ဦးက သက်သေများနှင့်အတူ

လယ် ဝေး ရဲစခန်းသို့ စာရေးကာတိုင်ကြား ခဲ့ကြောင်း မှုခင်းအထူးရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာ ရှိ တစ်ဦးက ရန် ကုန်တိုင်းသတင်းစာသို့ ထုတ် ဖော်ပြောကြားလိုက် သိရသည်။

ယင်းအမှုကို လယ်ဝေးရဲစ ခန်းကလက် ခံစစ်ဆေးပေးလျှက် ရှိကြောင်းသိရသည်။ ယင်းကဲ့သို့ တိုင်ကြား မှုကိုစစ်ဆေးခြင်းနှင့် ပက်သက်ပြီး နေပြည်တော်မှုခင်း အထူး ရဲတပ်ဖွဲ့မှတာဝန်ရှိသူက ''လက်ရှိဦးစိုးရှိန်ရဲ့တပည့်ကိုစစ် တယ်။ နောက်ကျမှ ဦးစိုးရှိန်ကို ခေါ်စစ် မှာ။

လယ်ဝေးမြို့နယ်ရဲ တပ်ဖွဲ့မှ စခန်းမှူးကအသေးစိတ် စုံစမ်းတင်ပြနေပါတယ်။ သူကို တော့မြို့နယ်မှူးက တာဝန်ပေး ပြီးစစ်ခိုင်းတာ။

တင်ပြလာတာ တွေနဲ့ပတ်သက်ပြီးတော့မှ ရဲချုပ် ရုံးကစစ်တာ။ အသေးစိတ် တော့ စစ်နေတယ်။ဒီအမှုမှာပါဝင်ပတ် သက်တဲ့သူတိုင်းကိုစစ်မှာပါ''ဟုပြောသည်။

ယခင်ကလည်းဗိုလ်မှူးစိုးရှိန်နှင့်တပည့်များသည် ယင်းကဲ့သို့လယ်မြေများကို ၄င်းတို့ပိုင်ဆိုင်သည်ဟုဆိုကာ ယခုကဲ့သို့ ပင်တောင်သူများကို ခြိမ်းခြောက် မှုများပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။ ယင်းနှင့်ပတ် သက်၍ တရားလွှတ်တော်ရှေ့နေ ဦးမြင့်ကြိုင် က''ဖြစ်နိုင်ရင်ဒီလို အနိုင်ကျင့်ခံရတဲ့တောင်သူတွေ စုပြီး ဆန္ဒတောင်ဖော်ထုတ်သင့် တယ်။

ဒါမတရားမှုပဲ။ နိုင်ငံတော် အစိုးရအနေ နဲ့ဥပဒေနဲ့ အညီ ဆောင်ရွက်ပေး ဖို့ပဲ တောင်းဆိုချင် ပါတယ်''ဟု ပြောသည်။အဆို ပါအမှု၏ ထူးခြားဖြစ်စဉ်များကို ရဲချုပ်ရုံးသို့ အစီရင်ခံစာတင်ရ ကြောင်း လည်းသိရသည်။

တိုင်းတန်း သူများနှင့် တိုင် ကြားခံရသူများအား ရန်ကုန်တိုင်းမ် နေ့စဉ် မှ ဖောင်ပိတ်ချိန်အမှီဆက် သွယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

ကျော်မြတ်ဇံ
Yangon Media Group

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ် . . . . .

သြဂုတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ပထွက်ခွာသည့် ခရီးသည်များနှင့် အိတ်များကို Main X-ray စက်ဖြင့် စစ်ဆေးရှာဖွေနေစဉ် အမ်အေအိုင် လေကြောင်း လိုင်းဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လိုက်ပါစီးနင်းမည့် ခရီးသည် တစ်ဦးဖြစ်သူ Ms.Gomes Suraphanapa (၂၃) နှစ် ကိုင်ဆောင်သော လက်ဆွဲပစ္စည်းအ၀ါနှင့် အနီကြား စိန်ဂေဟာတံဆိပ်ပါ ဈေးဝယ်အိတ်အတွင်း ထိုင်းစာတန်းပါ ကြွတ်ကြွတ်အိတ် အဖြူရောင်ထဲတွင် PMC.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ AP. 04.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ WW.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ RP.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ S&B. 38 Special ကြေးထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးထိ ဖြတ်ထားသည့် စတီးကျည်ဆန် တစ်တောင့်၊ R.P 45 Auto ကြေးထိပ်ဖူးပါ ကြေးကျည်ခွံ နှစ်တောင့်၊ စုစုပေါင်း ကျည်ကိုးတောင့်တို့အား စစ်ဆေးတွေ့ရှိခဲ့၍ ၎င်းထံမှ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

"ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ်" ဟု သြဂုတ် ၁၄ ရက် နံနက်ပိုင်းက မင်္ဂလာဒုံ မြို့မရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးအောင်သိမ်းဝင်းက ပြောကြားသည်။
ထိုသို့ လက်နက်ခဲယမ်းများ တရားမ၀င် လက်ဝယ်တွေ့ရှိသူ Ms.Gomes Suraphanapa အား မင်္ဂလာဒုံ ရဲစခန်းက (ပ)၅၀၅/၁၃ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်ပြီး ၎င်းအားဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

လုယက်မှုများလာသဖြင့် ပုဂံ၊ ညောင်ဦးတွင် အမျိုးသမီး Tourism Police ၃၀ ကျော် ထပ်တိုးချ



မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်သော ပုဂံ၊ ညောင်ဦး ဒေသတွင် လုယက်မှု များလာသဖြင့် နိုင်ငံခြား ခရီးသွားများ၏ လုံခြုံရေးအတွက် ယခု သြဂုတ်လဆန်းပိုင်းခန့်အထိ အမျိုးသမီး Tourism Police ၃၂ ဦးကို ထပ်တိုးတာဝန်ချ ထားပေးကြောင်း ပုဂံဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

ယင်းဒေသတွင် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကာ Tourism Police ၃၀ ဦးခန့် ထားရှိခဲ့ရာမှ ပုဂံဧရိယာသည် ကျယ်လွန်းသည့်အတွက်ကြောင့် နိုင်ငံခြားဧည့်သည် များ၏ ပစ္စည်း လုယက်မှုများ ယခုနှစ်ပိုင်းတွင် မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် Tourism Police အင်အားများကို ယခုကဲ့သို့ တိုးချဲ့ထားခြင်းဖြစ်ပြီး ထပ်တိုးအရေအတွက်နှင့် ဆိုပါက လက်ရှိတွင် စုစုပေါင်း Tourism Police ၆၂ ဦး ရှိကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

"ယောက်ျားလေးဦးရေက ၃၀၊ အခု မိန်းကလေး ၃၂ယောက်ကို ထပ်အင်အား ဖြည့်လိုက်တာပါ။ မိန်းကလေးအင်အား တိုးလိုက်တာက နိုင်ငံခြားသူ အလုခံရတာတွေ များလာတယ်။ မိန်းကလေးတွေအချင်းချင်း ဆိုတော့ ပိုပြီးအဆင်ပြေတယ်။ မျှပြီး ကူနိုင်တာပေါ့" ဟု ဦးဇော်ဝင်းချိုက ဆိုသည်။

အဆိုပါ Tourism Police များ သည် နေ့စဉ် ည၁၀နာရီအထိ လှည့်ကင်း များလှည့်လည် ဆောင်ရွက်ခြင်း၊ မြို့မိမြို့ဖများ၊ ခရိုင်မြို့နယ် တာဝန်ရှိသူများ၊ ခရီးသွား လုပ်ငန်းရှင် များနှင့် ခရီးသည်ကြိုပို့ ဆောင်ရွက် နေသည့် မြင်းလှည်းမောင်းသူများနှင့် လုယက်မှု မဖြစ်ပွားစေရန် ဝိုင်းဝန်း ဆောင်ရွက်နေကြောင်း ၄င်းကထပ်မံပြောကြားသည်။

အဆိုပါဒေသတွင် နိုင်ငံခြား ဧည့်သည်များ၏ ပစ္စည်းအလုခံရခြင်းမှာ လူမရှိသည့် နေရာများတွင် စက်ဘီးဖြင့် တစ်ဦးတည်းသွားလာခြင်း၊ လမ်းပျောက်နေခြင်း တို့ကြောင့် ၄င်းတို့၏ ပစ္စည်းများ လုယက်ခံရခြင်း ဖြစ်ကြောင်း ပုဂံမြို့တွင် နှစ် ၃၀ကြာ မြင်းလှည်းမောင်းသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်း သြဂုတ်လအထိ ပုဂံဒေသတွင် နိုင်ငံခြားသား လုယက်ခံရမှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး နှစ်မှုကို တရားခံ ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ကာ ကျန်ငါးမှုကို အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ပုဂံ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချို က ပြောကြားသည်။

ညောင်ဦးမြို့နယ် အနော်ရထာလမ်းမကြီး တောင်ဘက်အနီးရှိ ဆူးလေကုန်းဘုရား အနီးတွင် သြဂုတ်လ ၃ရက်နေ့ ညနေ ၆နာရီ ၅၀မိနစ်ခန့်က ပြင်သစ် နိုင်ငံသူတစ်ဦး၏ ခါးပတ်အိတ်ကို ဆွဲယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice

မချမ်းသာချင်ဘူးလား



မချမ်းသာချင်ဘူးလား။ ထိုစကားကို ဘဝတစ်လျှောက် အကြိမ်ဖန်များစွာ ကြားခဲ့ဖူး၏။ ထိုစကားကို အခြားသူ တစ်ဦး တစ်ယောက်အား ပြောဖူးပါသလား။ စဉ်းစားကြသည့်အခါ မပြောဖူးခဲ့တာတော့ သေချာပေသည်။ ဘာကြောင့်လဲဆိုတာ့ ချမ်းသာခြင်းကို မိမိကိုယ်တိုင် သေချာစွာ နားမလည်သော ကြောင့် ဖြစ်သည်။ မချမ်းသာချင်ဘူးလား ဆိုသည့် စကား၏ အဓိပ္ပာယ်ကို အခြားနည်းဖြင့် ကြည့်သည့် အခါ မချမ်းသာချင်ဘူးလား ဆိုတာ ဆင်းရဲချင်လို့လား ဟူသည့် အဓိပ္ပာယ်လည်း ရသည်။ သို့သော်လည်း တကယ် ဆိုလိုရင်းက သူဌေး မဖြစ်ချင်ဘူးလား၊ ပိုက်ဆံတွေ မရှိချင်ဘူးလား၊ စည်းစိမ် ဥစ္စာ၊ အခြွေအရံ၊ တိုက်၊ ကား၊ ရွှေငွေ ရတနာတွေ မရှိချင်ဘူးလား ဟူသည့် ဆိုလိုရင်း ဖြစ်ပါသည်။

စင်ကာပူမှာ အလုပ် လုပ်စဉ်က တစ်ညနေမှာ ဂျူနီယာ ဆူပါ ဗိုက်ဇာလေး တစ်ယောက်က မိမိကို အိမ် တစ်အိမ်သို့ ခေါ်သွားဖူး၏။ ထိုအိမ်မှာ ကြိုးကြာ မောင်နှံ (Double Crane) ကုမ္ပဏီမှာ လုပ်နေပြီး သူတို့မေးသည့် Diamond အဆင့် ရောက်သွားသော လူငယ်တစ်ယောက် အိမ်ပဲ ဖြစ်သည်။ အယ်ကျူးနီ ဘူတာနားမှာရှိသော သူ့တိုက်ခန်းဟာ အထပ် ဘယ်နှထပ်မြောက်မှာရှိမှန်း မမှတ်မိတော့ ပေမယ့် သူ့အခန်းထဲမှာရှိသည့် သူတို့ ဇနီးမောင်နှံ ပုံတူ ပန်းချီကားလေးကိုတော့ သဘောကျမိ၏။ မိမိ ဂျူနီယာကလည်း ထိုဆေး ဖြန့်ချိရေးလုပ်ငန်းမှာ ဝင်လုပ်ဖို့ ခေါ်သွားခြင်း ဖြစ်သည်။ သူ့ကို အားနာ ၍သာ လိုက်သွားရပေမယ့် ထိုလုပ်ငန်းကို အစောကြီးကတည်းက ဆန္ဒမရှိပါဟု ပြောပြီးသား ဖြစ်ပါသည်။

“ဆရာရယ်၊ သူ့လို Diamond အဆင့်ရောက်ရင် ကိုရီးယားတို့၊ အီတလီတို့ အစရှိတဲ့ နိုင်ငံတွေက Double Crane အဖွဲ့ဝင်တွေ တွေ့ဆုံပွဲတွေကို စရိတ်ငြိမ်း သွားရမှာ။ လစဉ် ဘာမှ မလုပ်ပေမယ့် ဒေါ်လာ လေးသောင်းလောက် ရနေမှာ။ ဒီလုပ်ငန်းက တကယ်လုပ်ရင် တကယ် ဖြစ်တယ်လို့ သက်သေပြနေတာပါ။ စင်ကာပူမှာ အလုပ် လုပ်ရင်း ခရီးသွားဟန်လွှဲ ဝင်လုပ်တာတောင် Vice Manager တွေဖြစ်တာ အများကြီး။ ဆရာ့ကို လုပ်စေချင်လို့”

သူ့ကို သဘောပေါက်ပေမယ့် သူက မိမိအပေါ် သဘော မပေါက်ခဲ့။

“ငါ ငွေလိုချင်ရင် အစောကြီးကတည်းက ရတယ်ကွာ။ စင်ကာပူ အလုပ် လာလုပ်ဖို့တောင် မလိုဘူး။ မိုင်းရှူးတောင်ကြီးပေါ်မှာ ကျောက်တွေ ထွက်တုန်းက ခိုးတွင်းသမားတွေ များလွန်းလို့ တောင်ပေါ် တက်တဲ့ နေရာမှာ ငါ့လက်မှတ် ထိုးထားတဲ့ စာပါမှ လမ်းက ကင်းတွေက တက်ခွင့်ပေးတာ။ လူတွေကို သိန်းနဲ့ချီပဲ။ ငါ လူတစ်ယောက်ကို တစ်ထောင်စီပဲ ယူဦး၊ အခုအခါ ငါ အေးအေးဆေးဆေး နေလို့ရပြီ။ ဒါပေမဲ့ ငါ့ကို ယုံကြည်လို့ အထက်က ပေးထားတဲ့ တာဝန်နဲ့ အသက်ကို ဖက်နဲ့ ထုပ်လာရတဲ့ လူတွေ ဆီက ငွေကို အလွဲသုံးစား လုပ်ဖို့၊ ယူဖို့ ဆိုတာ ငါလိပ်ပြာ မသန့်ဘူး။ အခုလည်း ငါ ဘာမှမသိတဲ့ ဆေးတွေကို ငါ့ကို ယုံကြည်တဲ့ လူတွေဆီ ဈေးကြီးကြီးနဲ့ လိုက်ရောင်းပြီး ငါ သူဌေးဖြစ်ရမယ် ဆိုရင်တော့ ငါမချမ်းသာတာပဲ ကောင်းမယ်နဲ့ တူတယ်။ ငါသေရင် လိပ်ပြာသန့်သန့်ပဲ သေချင်တယ်” ဆိုသည့် စကားကို ရုပ်ရှင်ဆန်ပေမယ့် ပြောဖြစ်ခဲ့ပါသည်။

ဘာပဲဖြစ်ဖြစ် ဂျူနီယာက အတော် ဇွဲကောင်းတော့လည်း သူ့ကို အားနာပြီး ထိုအိမ်ကိုပါသွားခဲ့ပါသည်။ ဟိုရောက်တော့ ချမ်းသာချင်သူတွေ များလိုက်တာ။ လူကြီးကော လူငယ်ကော သူ့အိမ်မှာ ရောက်နေ ကြ၏။ ထိုလူငယ်လေး Diamond ဖြစ်နေသည်ကို မုဒိတာပွားမိပေမယ့် ဒါဟာ မိမိနှင့် ပတ်သက်မည့် အလုပ် မဟုတ်။ ဒီမှာတင်ပဲ ထိုလူငယ်က စာရွက် အလွတ်တစ်ခု ချပေးပြီး လာမယ့် ဆယ်နှစ်မှာ ဘာဖြစ်ချင်တယ် ဆိုတဲ့ အချက် တစ်ရာ ချရေးပါဟု ဆိုပါသည်။

ဒါကတော့ အတော်ပဲ ရယ်စရာ ကောင်းသွား၏။ ဒါမျိုးတွေဟာ မိမိ ငယ်ငယ်က ဖတ်ဖူးသော ဒေးကာနတ်ဂျီတို့၊ ဆရာကြီး ပီမိုးနင်းတို့၊ အောင်ဝင်း (စိတ်ပညာ)တို့ စာအုပ်တွေမှာ ပါပြီးသား။ “ရပါတယ်ကွာ၊ ဦး ဘာမှ မဖြစ်ချင်ပါဘူး။ ကိုယ် မယုံကြည်တာနဲ့ ဖြစ်ရမယ်ဆို ပိုလို့တောင် မဖြစ်ချင်ပါဘူး” ဟု ပြောမည် လုပ်ပြီးမှ မပြောဖြစ်တော့ပါ။ ပြီးတော့ သူလုပ်နေသည့် လုပ်ငန်းကြီးကို သူအောင်မြင်နေရုံနှင့် ကိုယ်က ယုံကြည်ပေးရမည်ဆိုတာ အဓိပ္ပာယ်မှ မရှိတာ။ ကိုယ်မယုံကြည်သော ကြောင့် သူယုံကြည်နေသော လုပ်ငန်းကိုလည်း စော်ကားရန် မရှိပါ။ သူတို့ရဲ့ အဓိက ပန်းတိုင်က ငွေ၊ ကိုယ့်ရဲ့ အလိုလားဆုံး ဆန္ဒက လူတွေရဲ့ ကျန်းမာရေး။ ကိုယ်လိုချင်တာက လူတွေရဲ့ တကယ့် ကျန်းမာရေးကို ကူညီချင်သည်ဆိုလျှင် ရိုးရိုးရှင်းရှင်းနှင့် များများဖြန့်၊ နည်းနည်း အမြတ်ယူ။ သူတို့ ကျင့်သုံးနေတာက ရှုပ်ရှုပ်ထွေးထွေး ဖြန့်၊ များများ အမြတ်ယူ။ ထားပါတော့ ဒါက စင်ကာပူက အကြောင်းလေး တစ်ခုပါ။ ဒါမျိုးတွေ လွန်ခဲ့သည့် ဆယ့်ငါးနှစ်လောက်ကပဲ ရှိုင်းဟုတ်က မိတ်ဆွေတွေ လာစည်းရုံးပေမယ့် မိမိ မလုပ်ခဲ့ဘူး မဟုတ်လား။ သူတို့အလုပ် သူတို့လုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ် ပါပဲ။ ဒီဆေးစားလို့ သေတော့မယ့် ကြောင်လေး။ ပြန်ရှင်လာလား။ မဟုတ်ဘူး။ သက်သောင့်သက်သာ နဲ့ သေသွားတယ် ဆိုတာကတော့ ကြောင်စကားပြော သင်တန်းတက်ပြီး သေတော့မယ့် ကြောင်ကို မေးမှ ရမည် ဖြစ်၏။

ထားပါ။ မိမိ ပြောချင်တာ မချမ်းသာချင်ဘူးလား ဆိုသည့်ကိစ္စ။ ချမ်းသာချင်တာပေါ့။ လူတိုင်း ချမ်းသာ ချင်တာ။ မချမ်းသာချင်သူ ဘယ်ရှိမှာလဲ။ ပုထုဇဉ်တွေ ပုထုဇဉ်လို ချမ်းသာချင်ပြီး သူတော်စင်တွေ တောင် သူတော်စင်တွေလို ချမ်းသာချင်တာ။ ဒါပေမဲ့ ချမ်းသာပုံ ချမ်းသာနည်း ရွေးချယ်ရာမှာတော့ လိုအပ်မည် ဖြစ်ပါသည်။ ခေတ်အဆက်ဆက်မှာ အချို့လူတွေရဲ့ ချမ်းသာအောင် လုပ်ပုံဟာ မရိုးသား ခဲ့ပေမယ့် ဒီခေတ်မှာတော့ ပိုဆိုးလာသည်ဟု ထင်ပါသည်။ ရုပ်ဝတ္ထု ပစ္စည်းတွေ ပေါများသလောက် လူတွေ၏ အတ္တကလည်း ကြီးလာလိုက်တာ။ ချမ်းသာမည်ဆိုလျှင် နာမည်ကော၊ ဂုဏ်သိက္ခာကော၊ အရှက်ကော ဘာမျှ မရှိတော့ဘဲ ချမ်းသာခြင်း လမ်းကိုပဲ ရွေးချယ်နေသည့် လူတွေကို အံ့သြဖွယ်ရာ တွေ့လာရသည်။

စင်ကာပူမှာ သူတို့လူမျိုး မဟုတ်သည့်တိုင် အလုပ်ကြမ်းသမား တစ်ယောက်၏ အခြေခံ လစာဟာ စင်ကာပူ ဒေါ်လာ ၄၅၀ ရှိသည်။ ဒါတောင် နေဖို့ အိမ်ပေးထားခဲ့သည်။ အိုဗာတိုင် ပါလို့ကတော့ ၇၀၀ နှင့် ၁၀၀၀ နီးပါး။ စားသောက်စရိတ်ကလည်း ဒေါ်လာ တစ်ရာဆိုလျှင် လူတစ်ယောက် ဗိုက်ရိုက်ပြီး စားနိုင်သေး။ ဒီမှာတော့ စရိတ်တွေဟာ စင်ကာပူထက်တောင် ကြီးနေပြီး လုပ်ခတွေက စင်ကာပူထက် များစွာ နိမ့်ကျလွန်းပါသည်။ လူတစ်ယောက် လစာ ခြောက်သောင်း တစ်သိန်းဆိုတာ စင်ကာပူ ဒေါ်လာ ၁၀၀ နှင့် ၁၅၀ လောက်သာ ရှိ၏။ စက်ချုပ် လုပ်ငန်း၊ သံရည်ကျို လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း ဆိုပြီး နိုင်ငံခြား ကုမ္ပဏီတွေ လာလုပ်နေကြပေမယ့် ကြားပွဲစားနှင့် အစိုးရကြား ကိုယ့်နိုင်ငံက လုပ်အား အရင်းအမြစ်တွေသာ ဝက်ဆီထုတ်သလို ထုတ်ခံနေကြရတာ ဖြစ်သည်။

ဒါကလည်း ကိုယ့်လူမျိုးကို ကိုယ်ကာကွယ် စောင့်ရှောက်မှု မရှိလို့ ဖြစ်ရတာ။ ပြီးတော့ မြန်မာတွေဟာ ကိုယ့်အမျိုးသားချင်းဆို အသားကုန် နှိပ်ကွပ်ပြီး တိုင်းတစ်ပါးသားဆို အသေကြောက်တဲ့ ရောဂါက အရိုးစွဲသလို ဖြစ်နေခဲ့ပါပြီ။ သူများဆိုလျှင် ‘ရက်စ်ဆား၊ အိုကေဆား၊ နိုးပရော်ဗလင်ဆား’ နှင့် ကိုယ့်ကိုယ်ကိုယ် ဆားငန်သီး ဖြစ်မှန်းမသိ ဖြစ်ပြီး ကိုယ့်လူမျိုးအပေါ်တော့ ကာကွယ်လိုစိတ် မရှိတော့ပါ။

မချမ်းသာချင်ဘူးလား။ ချမ်းသာချင်ပါသည်။ ချမ်းသာချင်လို့ပဲ လယ်တွေ သိမ်းကြသည်။ ယာတွေ သိမ်းကြသည်။ ကုမ္ပဏီတွေ ခေါ်သွင်းလာပြီး ကိုယ့်လူမျိုးတွေကို သူတောင်းစားသာသာ လစာတွေနှင့် အလုပ် လုပ်ခိုင်းသည်။ နိုင်ငံတကာကို ထွက်ပြီး စီးပွားရေးမျက်စိ ပွင့်လာသည့် ခေတ်သူဌေးတွေ၏ အမျိုးသား စိတ်ဓာတ်နှင့် စီးပွားရေး အမြင်ကျယ်မှုက ကိုယ့်လူမျိုးအပေါ် ကုပ်သွေးစုပ်ဖို့ပဲ ဖြစ်ပါသည်။ ဘယ်နေရာကြည့်ကြည့် ဆိုင်းဘုတ်အနီတွေ ထောင်ပြီး ဘယ်သူ့ ပိုင်မြေ၊ ဘယ်ဝါ့ ပိုင်မြေဆိုတာ သည်ခေတ်၏ ဖြတ်လမ်း စီးပွားရေးစနစ်သစ် ဖြစ်၏။ လယ်တွေ သိမ်းလျှင်လည်း စက်မှုလယ်ယာ ဖြစ်အောင် လုပ်ဖို့၊ ပြည်သူတွေအတွက် ဆန်ဈေးကျအောင် လုပ်ဖို့တော့ လို၏။ ထွက်လာသည့်ဆန် ပြည်ပကို ရောင်းဖို့၊ ဒါမှမဟုတ် မြေကွက်တွေ ပြန်ရောင်းစားဖို့ လယ်တွေ၊ ယာတွေ သိမ်းသည် ဆိုလျှင်တော့ ဒါဟာ အတော့်ကို အောက်တန်းကျသည့် လုပ်ရပ် ဖြစ်၏။ ကိုယ့်နိုင်ငံမှာ ဘိလပ်မြေ စက်ရုံတွေ ဆောက်ပြီးကတည်းက ဘိလပ်မြေဈေးတွေ ကြီးလာခဲ့သည်။ အင်းတွေ လေလံဆွဲသည်၊ ငါးတွေ ပြည်ပကို ထွက်သည်။ မီတာခတွေ အဆမတန် တက်ပြီး မီးစက်တွေ မောင်းနေရသေးသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ်ပိုင်ခွင့်ရပြီ ဆိုလျှင်ပဲ အဆမတန် အမြတ်ထုတ်ဖို့သာ စဉ်းစားကြတော့ သည်။ အကျိုးအမြတ်အတွက်သာ ကြည့်ပြီး အစိုးရကို အခွန်ဆောင်ဖို့တော့ လက်တစ်လုံးခြား။ ရာသီဥတု ပူနွေးလာပေမယ့် သစ်ပင်တွေက ခုတ်လို့ ကောင်းဆဲ။ သစ်တစ်ပင် မစိုက်ပေမယ့် သစ်ပင်တွေကိုတော့ ဖျက်ဆီးပစ်ကြ၏။ ကျောက်စိမ်း၊ ကျောက်မျက်၊ သတ္တု၊ အင်းကြင်းကျောက် (Fossil Wood) ငွေရလျှင် အကုန်ရောင်းသည်။ ကျွဲ နွား မှောင်ခို၊ ငါးရှဥ့် ဈေးကောင်းရသည့် တရုတ်ပြည်။ ဘာလုပ်ငန်းရှင်ကြီးများ အသင်း၊ ညာ လုပ်ငန်းရှင်ကြီးများအသင်း ဆိုတာသာ ရှိ၏။ နိုင်ငံသားများ သက်သာ ချောင်ချိရေး အသင်းဆိုတာ မရှိပါ။ ဆရာဝန်တဲ့၊ ပါရဂူတဲ့၊ အထူးကုဆေးခန်း တဲ့။ လူတွေ အသက်ထက် ငွေအတွက်ကိုပဲ ကြည့်သော ဆရာဝန်၊ ပါရဂူ၊ အထူးကုဆေးခန်းတွေသာ များလာခဲ့သည်။ ဒီငွေတွေဟာ သူတို့ရဲ့ အသက်ကို တစ်သက်လုံး အာမခံချက် ပေးနိုင်လိမ့်မည်ဟု ထင်ထားပုံ ရပါသည်။ အဆောက်အအုံတွေ၊ ကိရိယာတွေသာ သစ်လာပြီး လူတွေရဲ့ စိတ်တွေ ကတော့ ညစ်ထေး ဟောင်းနွမ်းသွားလိုက်တာ။

မချမ်းသာချင်ဘူးလား။ ချမ်းသာချင်ပါသည်။ ကိုယ်တစ်ယောက်တည်း လကမ္ဘာ တက်နေပြီး ကိုယ့် အမျိုးသားတွေ မြောင်းထဲ ရောက်နေသည့် ချမ်းသာခြင်းမျိုးတော့ မဖြစ်ဖို့ လို၏။

(နေသစ်နီ)

နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ တမူးတွင် စစ်ဆေးခံရ


စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တွင် သြဂုတ်လ ၁၂ ရက်နေ့ညက နိဗ္ဗာန်လမ်း နာမှုကူညီသူများ အသင်းက ပြုလုပ်သည့် ဟောပြောပွဲသို့ လာရောက်သော ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ နှင့်အဖွဲ့ကို အဆိုပါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) က လာရောက်စစ်ဆေးခဲ့ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။

"ဟောပြောပွဲမှာတော့ အဆင်ပြေတယ်။ ရွှေဥက္ကာ တည်းခိုခန်းမှာ တည်းဖို့စီစဉ်တော့ လဝကဘက်က လာပြီးမေးတယ်။ နောက်ပြီး သူနဲ့ပါလာတဲ့ အမျိုးသမီး နှစ်ယောက်မှာ မှတ်ပုံတင် ပါမလာတာကို အကြောင်းပြုပြီး တည်းခိုခွင့် မပြုနိုင်ဘူးလို့ ပြောတယ်။ နေရပ်လိပ်စာတွေ မေးတော့ ဦးကျော်သူက ရန်ကုန်လို့ ဖြေတယ်။ ရန်ကုန်ဆို ဘယ်မြို့နယ်လဲ ပြန်မေးတော့ ဦးကျော်သူက ရေဝေးလို့ ရေးလိုက်ကွာ။ အသုဘကိစ္စတွေ ဆောင်ရွက်နေတာ ရေဝေးမှာပဲ နေရတာလို့ ပြန်ဖြေတယ်" ဟု နိဗ္ဗာန်လမ်း နာမှုကူညီရေးအသင်းမှ ဦးဇော်မိုးကဆိုသည်။

ဦးကျော်သူနှင့်အဖွဲ့သည် ကလေးမြို့အခြေစိုက် ကာယကံမေတ္တာ လူမှုကူညီသူများအသင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် ဟောပြောပွဲသို့ လာရောက် ဟောပြောရန် သြဂုတ်လ ၁၁ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး နောက်တစ်ရက်တွင် တမူးမြို့ နိဗ္ဗာန်လမ်း နာမှုကူညီသူများ အသင်း၏ ဖိတ်ကြားချက်ကြောင့် တမူးမြို့ မြို့မ ဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဟောပြောပွဲသို့ ပရိသတ် ငါးထောင်ခန့် တက်ရောက်ကြောင်း၊ ပရိုဂျက်တာ သုံးလုံးဖြင့် အတွင်းအပြင် ပြသပေးထားရကြောင်း ပွဲစီစဉ်သူတစ်ဦး ဖြစ်သော ဦးခင်မောင်ဆွေက ပြောကြား သည်။

"ဒီလိုဖြစ်ခဲ့တာ တမူးမြို့သူမြို့သား တွေ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့က နိုင်ငံအနှံ့ သွားနေတာ။ အိပ်လို့မရတဲ့မြို့ မရှိဘူးလို့ ပြောတယ်။ ကိုယ့်မြို့မှာမှ ဒီလိုဖြစ်သွားတဲ့အတွက် ဦးကျော်သူနဲ့အဖွဲ့ကို အားနာမိပါတယ်" ဟု တမူးလူငယ်ကွန်ရက် မှ ဦးယဉ်ကိုဦးက ပြောဆိုသည်။

ဟောပြောပွဲ ပြုလုပ်မည့်အကြောင်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ထံသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း၊ ယခုကဲ့သို့ ဦးကျော်သူနှင့်အဖွဲ့ကို စစ်ဆေးမေးမြန်းမှု များအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့၊ SB စသော အဖွဲ့များက ကူညီပေးမှုကြောင့် တည်းခိုခွင့် ရရှိခဲ့သော်လည်း ဦးကျော်သူနှင့် အဖွဲ့က တည်းခိုလိုခြင်းမရှိသဖြင့် ကလေးမြို့သို့ ညတွင်းချင်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း အဆိုပါ နိဗ္ဗာန်လမ်း နာမှုကူညီရေး အသင်းထံမှ သိရသည်။
"တမူးမြို့ပေါ်မှာ တစ်ဖက်နိုင်ငံသား ဖြစ်တဲ့ ကသည်းလူမျိုးတွေကျတော့ မှတ်ပုံတင် ရှိတဲ့သူရော၊ မရှိတဲ့သူရော လှုပ်ရှားသွားလာနေကြတယ်။ မှတ်ပုံတင်ဆိုတာလည်း တရားဝင်လုပ်ထားကြတာ မဟုတ်ဘူး။ ဒီလို သူများနိုင်ငံသားတွေကျတော့ လွတ်လပ်စွာ သွားလာနေကြပြီး ကိုယ့်နိုင်ငံ သားတွေကိုကျတော့ မှတ်ပုံတင်မပါလို့ တည်းခိုခွင့်မပြုဘူး ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ" ဟု ဦးမိုးဇော်ကဆိုသည်။

အဆိုပါစစ်ဆေးခဲ့မှုနှင့် ပတ်သက်၍ တမူးမြို့နယ် လဝကဦးစီးအရာရှိ ဦးအောင်ကျော်ဦးကို The Voice က ဆက်သွယ်မေးမြန်းရာ ဦးကျော်သူနှင့်အဖွဲ့ကို ရွှေဥက္ကာတည်းခိုခန်းတွင် သွားရောက် စစ်ဆေးခဲ့သော်လည်း တည်းခိုခွင့်မပြုဟု မပြောကြားခဲ့ကြောင်း၊ နိုင်ငံသား များအနေနှင့် မိမိနိုင်ငံအတွင်း မည်သည့် နေရာတွင်မဆို တည်းခိုနိုင်သည်ဟု ၄င်းက ပြန်လည်ဖြေကြားသည်။

ဟောပြောပွဲတွင် ဦးကျော်သူက ဗြဟ္မစိုရ်၏ခြေလှမ်းများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး မန္တလေးဗြဟ္မစိုရ်နာရေး ကူညီမှုအသင်း ဆရာတော် ဘဒ္ဒန္တနေမိန္ဒနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မူဝါဒ ရေးရာ အကြံပေးစာရေးဆရာ အလင်းဆက် (IR) တို့က အားဖြည့်ကူညီခဲ့ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ သိရသည်။

The Voice

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ သတင်းထုတ်ပြန်ကြေညာချက်


၁။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် ၂၀၁၃ခုနှစ် သြဂုတ်လ (၁၃)ရက်၊ အင်္ဂါနေ့က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ၊ ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီသစ်ပါတီမှ ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။

၂။ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရာတွင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံသားတို့၏ သတင်းသိခွင့်ကို ဖြည့်ဆည်းပေးရန်အပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအကျိုးအလို့ငှာ ကောင်စီက ရေးဆွဲထားသည့် သတင်း မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး မှတစ်ဆင့် လွှတ်တော် သို့တင်သွင်းမည့်လုပ်ငန်းစဉ်များ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက
ကောင်စီ၏ ပြင်ဆင်အကြံပြုချက်များမပါဝင်ဘဲ ရေးဆွဲထားပြီး
ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ကောင်စီကသဘောမတူ၊ကန့်ကွက်
၊ ပြင်ဆင်ထားသည့်အချက်များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်
ကောင်စီအကြား အထက်ပါ ဥပဒေနှစ်ခုအပေါ် အမြင်မတူ ကွဲပြားချက်များ၊ နှစ်ဖက်သဘောတူထားခဲ့သည့် ကတိကဝတ်များ၊ နှစ်ဖက် အချေအတင်ဖြစ်ပွားခဲ့သည်များနှင့် ကောင်စီက မကြာမီတင်သွင်းမည့် သတင်းမီဒီယာဥပဒေအပေါ် ထောက်ခံဆွေးနွေးပေးရန် စသည့်အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

၃။ ထိုသို့ အပြန်အလှန် ဆွေးနွေးရာတွင် ကောင်စီက မကြာမီ လွှတ်တော်သို့ တင်သွင်းမည့် သတင်းမီဒီယာဥပဒေသည် အမှန်တကယ် နိုင်ငံတော်နှင့်
နိုင်ငံသားများအကျိုးကိုရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲများ မထားဘဲ မည်သည့်ပါတီ၊ လွှတ်တော် ကိုယ်စားလှယ်က တင်သွင်းသည့်ဥပဒေဖြစ်စေ ထောက်ခံဆွေးနွေး
သွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။

၎။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မည်သည့်အရေးကိစ္စမဆို၊ မည်သည့် ဥပဒေမဆို ပြည်သူလူထုအကျိုးရှိမည်ဆိုပါက ထောက်ခံဆွေးနွေးမည်ဖြစ်
ကြောင်း လွှတ်တော်နှစ်ရပ်လုံးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် လွှတ်တော် ကိုယ်စားများကိုလည်း ပါတီ၏ ဦးတည်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ပါက လွတ်လပ်စွာဆန္ဒမဲပေးပိုင်ခွင့်ပြုထား
ကြောင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူလူထုအကျိုး
ကာကွယ်စောင့်ရှောက်မည့်ဥပဒေမျိုးဖြစ်ပါက ထောက်ခံဆွေးနွေးကြ
မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၅။ ကောင်စီကရေးဆွဲထာသည့် သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပေးမည်ဟု ကမ်းလှမ်းလာသည့် အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ၊သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၊ ယင်းပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် တွေ့ဆုံကာ လာမည့် တနင်္လာနေ့ (၁၉-၈-၂၀၁၃)တွင် အမျိုးသားလွှတ်တော်မှတစ်ဆင့် တင်သွင်းရန် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြပါသည်။

၆။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့နှင့် လည်း တွေ့ဆုံခွင့်တောင်းခံကာ သတင်းမီဒီယာ ဥပဒေ ကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးသွားရန် ရှိပါသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)