မြစ်ကြီးနားခရိုင် တိုက်ပွဲများကြောင့် လမ်းကြောင်းတချို့ပိတ်



ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ပယင်းမှော်ရွာတွေဖက် မှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့ တာကြောင့် တနိုင်းမြို့ဖက်ကို ထွက်ပြေးတိမ်းရှောင် လာကြတဲ့ ဒေသခံတွေဟာ များပြားလာသလို  ပယင်းမှော်ကျေးရွာတွေဖက်ကိုသွားလာတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

ဒီနေ့ကစပြီး တနိုင်းမြို့ကနေ ပယင်းမှော်ရွာတွေဆီ သွားမယ့်သူအားလုံးကို အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံး က သွားခွင့်မပေးဘူးလို့ တနိုင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီကနေ ကုန်ပစ္စည်းတွေ သယ်လို့မရတော့ဘူး၊ ပယင်းမှော်တက်မယ့်လူတွေ ကုန်ပစ္စည်းနဲ့ သွားမယ့်ဟာတွေ လက်မခံတော့တာပေါ့၊ ဟိုဘက်ရော ဒီဘက်ရော နှစ်ဖက်စလုံးက ဆင်းခိုင်းတယ်ဗျာ၊ ကုန်သည်တွေရော အလုပ်သမားတွေရော လောပန်းတွေရော အားလုံးတနိုင်း မှာပဲ ရောက်လာကြတယ်၊ သွားခွင့်မပြုတော့ဘူးဆိုတော့ တနိုင်း မှာပဲ သောင်တင်နေခဲ့တာပေါ့ဗျာ၊ တည်းစရာတည်းခိုခန်းတွေက ပြည့်နေတယ်ဆိုတော့ တချို့တွေ လမ်းဘေးအိပ်ရတာရှိတယ်၊ ဘုရားကျောင်းတွေ၊ တချို့ဘုန်းကြီးကျောင်းတွေ၊ တချို့မနောကွင်းတွေမှာပေါ့ ဒါမျိုးတွေနေနေရတယ်"

မြစ်ကြီးနားခရိုင်၊ တနိုင်းအခြေစိုက်  အစိုးရတပ် ခလရ ၈၆ နဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တပ်တွေအကြား ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

တနိုင်းမြို့ ရဲစခန်းမှူး ဒုရဲမှူး ဦးမိုးဇော်က တနိုင်းမြို့အခြေအနေနဲ့ ပတ်သက်ပြီး ဒီနေ့ အပစ်အခတ်မရှိတော့ဘူးလို့ အခုလို ပြောပါတယ်။

"တနိုင်းမြို့က အေးအေးချမ်းချမ်းပါ၊ ဒီမှာပဲ သူတို့နေပါတယ်၊ ဒီကအုပ်ချုပ်ရေးအဖွဲ့တွေက ကားတွေစီစဉ်ပေးပါတယ်၊ ပြီးရင် ပြန်ကြပါလိမ့်မယ်၊ တိုက်ပွဲလည်းမဖြစ်ပါဘူး"

ဇီးဖြူကုန်း၊ ညောင်ပင်ကုန်း၊ ချမ်းသာမှော်၊ အောင်ဘာမှော် ပယင်းမှော် စတဲ့ရွာတွေဟာ တနိုင်းမြို့ အနောက်တောင်ဘက် မိုင် ၂၀ အကွာမှာ တည်ရှိပြီး မြန်မာပြည်အနှံ့က လာရောက်လုပ်ကိုင်နေသူတွေ သောင်းနဲ့ချီရှိတယ်လို့ သိရပါတယ်။

အခုဆိုရင် အဲ့ဒီမှော်ရွာတွေဘက်က ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ တနိုင်းမြို့ပေါ်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ၊ နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်တွေနဲ့ တနိုင်းမြို့ မနောကွင်းမှာ ယာယီခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

RFA Burmese

သမီးကလေးကျေးရွားသားတွေနေဖို့ ကျောက်ခက်ရွာမှာ အိမ်ဆောက်ဖို့ပြင်


မြ၀တီမြို့ ကျောက်ခက်ရွာကို ရောက်လာတဲ့ သမီးကလေးကျေးရွာက ဒုက္ခသည်တွေအတွက် ဒီကေဘီအေက နေအိမ်တွေ ဆောက်လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။

သမီးကလေးကျေးရွာသား ၂၀၁ ယောက်ဟာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းမှာ မြ၀တီမြို့ သမဂ္ဂသုခသီရိမြိုင် ဘေးမဲ့ကျောင်းကနေ ဒီကေဘီအေ ထိန်းချုပ်နယ်မြေကျောက်ခက်ကို ထွက်လာပြီး နေ့လည်ပိုင်းမှာ မြ၀တီမြို့နဲ့ ဆုံဆည်းမြိုင်ကြားမှာရှိတဲ့ ကျောက်ခက်ရွာကို ရောက်လာခဲ့ကြပါတယ်။

ကျောက်ခက်ရွာ ဘုန်ကြီးကျောင်းမှာ ကျေးရွာသားတွေကို ၃ ရက်လောက် အနားပေးထားပြီးရင် နေထိုင်ဖို့ နေအိမ်တွေကို ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဒီကေဘီအေက ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။

“ဘုန်းကြီးကျောင်းထဲမှာ ယာယီတဲလေးထိုးပြီးတော့ အိမ်ဆောက်ရင်းနဲ့ နေပေါ့။ ဖြစ်နိုင်မယ်ဆိုလို့ ရှိရင် ဒီလိုပဲနေပြီး အိမ်တွေ အရင်ဆောက်ပေါ့။ သူတို့နားရင် ၁ ရက် ၂ ရက် ၃ ရက် အများဆုံး နားပေါ့။ လောလောဆယ်တော့ လိုအပ်တဲ့ လွှတွေ ဓါးတွေ တော့ လုပ်ထားပြီးပြီပေါ့။ မြေနေရာက မနက်ဖြန် စပြီး ရိုက်မယ်။”

ဒုက္ခသည်တွေကတော့ သူတို့ကို အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီးနေရာပေးတဲ့ အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြောထားပေမယ့် ဘဝကို အသစ်ကနေ ပြန်စရတဲ့အတွက် အခက်အခက်တွေရှိတယ်လို့ ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်ဌေးက ပြောပါတယ်။

“နေတယ်ဆိုတာက အဆင်ပြေတယ် မဟုတ်ဘူးပေါ့။ ကိုယ့်ဆီမှာထက်စာရင် အလုပ်တော့ မပြတ်ဘူးပေါ့။ မပျင်းရင်တော့ စားရမှာပေါ့။ ပျင်းတဲ့သူကတော့ မစားရဘူးပေါ့။ ”

ကျောက်ခက်ကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကတည်း စတင်ပြောင်းရွေ့လာခဲ့တာပါ။ ဒါပေမယ့် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နယ်စပ် ဒုံသမိ တံတားအရောက်မှာ အာဏာပိုင်တွေရဲ့ တာဆီးခြင်းကို ခံခဲရပါသေးတယ်။ နောက်ပိုင်းမှာ ဒီကေဘီအေ ခေါ်ဆောင်ရာ နောက်ကို ခရီးဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်အတွင်းက သမီးကလေး၊ အုတ်ဖို၊ အင်းပုတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင် စတဲ့ကျေး ရွာတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက တပ်ပိုင်မြေဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့အတွက် အိုးမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။

အခုတော့ ဒီကေဘီအေရဲ့ အကူအညီနဲ့ ကရင်ပြည်နယ် ကျောက်ခက်ကျေးရွာကို ရောက်လာကြပြီး မိုးမစခင်မှာ လုံခြုံတဲ့ အမိုးအကာအောက်နေထိုင်နိုင်ကြမယ်လို့ မျှော်လင့်နေကြ ပါတယ်။

DVB

မလေးလေယာဉ် Black Box အချက်ပေးသံဟုတ် မဟုတ်မသိရသေး



တရုတ် ကင်းလှည့်ရေယာဉ် Haixun 01 က ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 အား ရှာဖွေနေစဉ်။ (ဧပြီ ၅၊ ၂၀၁၄)


တရုတ်သင်္ဘောတစင်းက စနေနေ့ညပိုင်းတုန်းက Electronic signal ကို ၂ ကြိမ် ကြားခဲ့ရတာဟာ အားတက်စရာဖြစ်ပေမဲ့ အတိအကျ ဘာမှ အဖြေမသိရသေးဘူးလို့ မလေးရှားလေကြောင်းလိုင်း လေယာဉ်အမှတ် MH370 ကို လိုက်ရှာနေတဲ့နိုင်ငံစုံအဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။

တရုတ်သင်္ဘောက ရတဲ့ Signal တွေဟာ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black Box က ထုတ်လွှတ်နိုင်မယ့်Signal ကြိမ်နှုန်းနဲ့ သွားတူနေပေမဲ့ ဒီ Signal ဟာ ပျောက်နေတဲ့ မလေးရှားလေယာဉ်ဆီက ဟုတ် မဟုတ်ဆိုတာကို အခုအချိန်မှာ တာဝန်ရှိသူတွေ မပြောနိုင်သေးဘူးလို့ လေယာဉ်ပူးပေါင်းရှာဖွေရေး
နိုင်ငံစုံညှိနှိုင်းရေးမှူးချုပ် Angus Houston က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

Black Box က ထုတ်လွှတ်တဲ့ Signal ကို ဖမ်းယူနိုင်မဲ့ အဆင့်မြင့်ကိရိယာတပ် Australia သင်္ဘော ၂ စင်းလဲ Signal သံကြားရတဲ့ နေရာဆီသွားနေပြီး တရုတ်သင်္ဘောကြားရတဲ့အသံကို သုံးသပ်မှာဖြစ်တယ်လို့ Mr. Houston က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Signal သံတွေကြားရတယ်ဆိုတာက သိပ်ကိုအားတက်စရာဖြစ်ပြီး အရေးကြီးတဲ့ သဲလွန်စဖြစ်ပေမဲ့ သတိနဲ့ကိုင်တွယ်ဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။
အင်မတန်ကြီးမားတဲ့သမုဒ္ဒရာထဲက အင်မတန်ကျယ်ပြန့်တဲ့နေရာမှာ ရှာဖွေရေးကို လုပ်နေရတာပါလို့ Australia လေကြောင်းအကြီးအကဲဟောင်းလည်း ဖြစ်တဲ့
နိုင်ငံစုံညှိနှိုင်းရေးမှူးချုပ် Angus Houston ပြောသွားတာဖြစ်ပါတယ်။

ရှာဖွေရေးလုပ်နေကြသူတွေရဲ့ မျှော်လင့်ချက်တွေ တက်လာပေမဲ့ ပျောက်သွားတဲ့ လေယာဉ် Blac Box ကလာတဲ့ Signal ဟုတ်သလားဆိုတာ မသေချာသေးဘူးဆိုတာကို Australia ဝန်ကြီးချုပ် Tony Abbott ကလည်း ဒီကနေ့မှာပဲ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံ Kuala Lumpur ကနေ တရုတ်နိုင်ငံ Beijing မြို့ဆီကို အသွားပျောက်သွားခဲ့တာ တလပြည့်တော့မှာဖြစ်ပါတယ်။ Black Box ရဲ့ Battery
ရက်ပိုင်းအတွင်းမှာကုန်သွားတော့မယ်လို့ ခန့်မှန်းရတဲ့အတွက် လေယာဉ်ရှာဖွေရေးကို တိုးမြှင့်လုပ်နေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရည်းစားဟောင်းရဲ့ ကျောပြင်မှာ မစင်ပုံ tattoo ဆွဲသူ တရားစွဲခံရ




ထူးထူးဆန်းဆန်း သတင်း တစ်ခုပါပဲ။ တက်တူးဆရာ Ryan Fitzgerald ဟာ တစ်နေ့မှာတော့ သူ့ကောင်မလေး အမြဲပူဆာနေတဲ့ Narnia ရုပ်ရှင်ထဲက အခန်းတစ်ခန်းမှာပါတဲ့ ခြင်္သေ့ရုပ်ကြီးကို ရေးဆွဲပေးဖို့ သဘောတူလိုက်ပါတယ်။

Narnia ရုပ်ရှင် cover ပုံ

တက်တူး မဆွဲပေးခင်မှာ သူမကို အရက်အနည်းငယ်တိုက်လိုက်ပါသေးတယ်။ ၎င်းနောက် တက်တူးဆွဲလိုကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။ လက်မှတ်ထိုးပြီးနောက် သူမ မှောက်လျက်အနေအထားဖြင့် ရှိနေခဲ့ပြီး သူမရဲ့ ကျောပြင်မှာ ဘာပုံဆွဲနေတယ်ဆိုတာကိုတော့ တက်တူးမပြီးခင်အထိ မသိခဲ့ရပါဘူး။ တက်တူးဆွဲပြီးတဲ့အခါမှ ရွံရှာဖွယ်ရာ မစင်ပုံကြီး သူမကျောပြင်မှာတွေ့လိုက်ရတဲ့အခါ အလွန်ဒေါသထွက်ပြီး တရားစွဲခဲ့တာပါ။

တက်တူး ပညာရှင် ရိုင်ယန်ဟာ သူ့ရဲ့ရည်းစားဟာ ၎င်းအခင်ဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်နေတာကို သိလိုက်ရတဲ့အခါ Narnia ရုပ်ရှင်ထဲမှ ခြင်္သေ့ရုပ်ပုံဆွဲပေးမည်ဆိုပြီး မစင်ပုံကြီးဆွဲကာ လက်စားခြေလိုက်တာဖြစ်ပါတယ်။ ထိုလက်စားခြေမှုကြောင့် တရားရုံးမှာ ဒေါ်လာတစ်သိန်း ($100,000) ပေးလျော်ခဲ့ရပါတယ်။

Myanmar CNN (www.myanmarcnn.com)

မြောက်ကိုရီးယား ဒုံးရန်ကာကွယ်ဖို့ အမေရိကန်စစ်သင်္ဘောတွေ စေလွှတ်မည်


အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး Chuck Hagel (ဝဲ) နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး Itsunori Onodera (ယာ)

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်လုပ်ရပ်တွေကို တန်ပြန်နိုင်ဖို့အတွက် ဒုံးလက်နက်ရန်ကာကွယ်ရေး စစ်သင်္ဘော ၂ စင်းကို ဂျပန်ကို ပို့ဖို့
အမေရိကန်အစိုးရက စီစဉ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး Missile ဒုံးပစ်လွှတ်မှုအပါအဝင် မြောက်ကိုရီးယားအစိုးရရဲ့ ရန်စတဲ့လုပ်ရပ်နဲ့
မတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့ လုပ်ရပ်တွေကို တုံ့ပြန်နိုင်ဖို့အတွက် အမေရိကန်က ပဲ့ထိန်းထပ်ဒုံးခွင်းစနစ်တပ်ဆင်ထားတဲ့ အီးဂျစ် စ် (AEGIS)
စစ်သင်္ဘော နောက်ထပ် ၂ စင်းကို 2017 ခုနှစ်မတိုင်ခင် ဂျပန်မှာထားရှိဖို့ စီစဉ်နေပါတယ်လို့ ကာကွယ်ရေးဝန်ကြီး Hagel ပြောခဲ့တာပါ၊

ဂျပန်ကာကွယ်ရေးဝန်ကြီး Itsunori Onodera နဲ့ Tokyo မြို့တော်မှာ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပြီးနောက် ခုလို ကြေညာခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားက ဒုံးကျည် ပြစ်လွှတ်မှုတွေ Nuclear စမ်းသပ်မှုတွေကို အဆက်မပြတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ တင်းမာမှုတွေတိုးအောင်
လုပ်နေချိန်မှာပဲ ခုလို အမေရိကန်က ဂျပန်မှာနောက်ထပ် စစ်သင်္ဘော ၂ စင်းထားရှိဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ခရီးဆက်သွားမဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက တရုတ်နိုင်ငံအနေနဲ့လဲ ဒေသတွင်းဆက်ဆံရေးနဲ့ ပိုင်နက်အငြင်းပွားမှုတွေအတွက် သူ့ရဲ့အင်အားကို တာဝန်သိသိ အသုံးပြုဖို့ တိုက်တွန်းပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဟာ အာရှ Pacific
နိုင်ငံတွေဆီကို ၁၀ ရက်ကြာခရီးထွက်နေပြီး ဒေသတွင်းမှာ အပြန်အလှန် သဘောတူထားတဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူချက်တွေအတိုင်း
အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ကိုင်စွဲထားတယ်ဆိုတာကို ထပ်ပြီး အာမခံချက်ပေးနေပါတယ်။

VOA

ပြင်သစ်ဂြိုဟ်တုဓါတ်ပုံမှာ အိန္ဒိယသမုဒ္ဒရာတွင်း မျောနေတဲ့ပစ္စည်းများတွေ့


သီတင်း ၃ ပတ်ကြာ ပျောက်နေဆဲ မလေးရှားလေကြောင်းလိုင်း MH370 ကို ရှာဖွေနေတဲ့ ဧရိယာအကျယ်အဝန်းပြ မြေပုံ။


အိန္ဒိယသမုဒ္ဒရာ တောင်ဘက်အခြမ်းမှာ ရေပေါ် ပေါ်နေတဲ့ အရာဝတ္ထုတွေကိုမြင်ရတဲ့ ဂြိုဟ်တုဓါတ်ပုံတွေကို ပြင်သစ်နိုင်ငံကနေ ရရှိတယ်လို့
မလေးရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ပြင်သစ်ဂြိုဟ်တုက တွေ့တဲ့အရာတွေဟာ သစ်သားနဲ့လုပ်ထားတဲ့ အပြားတခုအပါအဝင် အပိုင်းအစတွေကို အရပ်ဘက်လေယာဉ်တခုပေါ်ကနေ စနေနေ့က တွေ့ရှိတဲ့နေရာမှာပဲ ဖြစ်ပါတယ်။

Australia နဲ့ တရုတ်ဂြိုဟ်တုတွေကနေ ရေပေါ်မျောနေတဲ့ အရာဝတ္ထကြီးတွေကို တွေ့ထားတဲ့နေရာနဲ့လည်း သိပ်မဝေးဘူးလို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန် အသိပေးခဲ့တာပါ။

မလေးရှားကနေ တရုတ်နိုင်ငံအသွား မလေးရှားလေကြောင်းလိုင်းလေယာဉ် ပျောက်သွားတာ အခုဆိုရင် သီတင်း ၃ ပတ်ထဲ ဝင်ရောက်လာပါပြီ။ ရေပေါ်မှာ ပေါ်နေတဲ့ အပိုင်းအစတွေ တွေ့ရှိထားရာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ဒီကနေ့မှာလဲ အာရုံစိုက်ပြီး ရှာဖွေနေကြပါတယ်။

အဲဒီနေရာဘက်ကို စနေနေ့က သွားရှာတဲ့ New Zealand စစ်လေယာဉ် တစင်းကတော့ ရေညှိတွေကိုပဲ တွေ့ခဲ့ပါတယ်။

အခုလို ဂြိုဟ်တုဓါတ်ပုံတွေ ထပ်ရလာတာဟာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ကို ရှာတွေ့နိုင်ရေးအတွက် မျှော်လင့်ချက်တွေ ပို တိုးစေတယ်လို့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott က ဒီကနေ့ ပြောလိုက်ပါတယ်။

Australia နိုင်ငံ၊ Perth မြို့ရဲ့ အနောက်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲမှာ လေယာဉ်ပျောက်ရှာဖွေရေးကို Australia က နိုင်ငံစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်ရှင်။

VOA

ရော်နယ်ဒို ဂိုးကြောင့် သတိပြန်လည်လာတဲ့ ကလေး




အသက်(၁၄)နှစ်အရွယ် ပိုလန်နိုင်ငံသား ကလေးငယ်တစ်ဦးဟာ စက်ဘီး မတော်တဆမှုကြောင့် (၃)လကြာ အတိတ်မေ့ရောဂါ ခံစားခဲ့ရပြီး “ ရော်နယ်ဒို ဂိုးသွင်းလိုက်ပြီ”ဆိုတဲ့ ပွဲကြေညာသူရဲ့ အသံကြောင့် သတိပြန်ရခဲ့ပါတယ်။ ဒေးဗစ်ဟာ ရီးရဲလ်နဲ့ ရော်နယ်ဒိုရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ဆွီဒင်နဲ့ ပေါ်တူဂီတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ခြေစစ်ပွဲမတိုင်မီ စက်ဘီး မတော်တဆမှုကြောင့် အတိတ်မေ့ခဲ့တာပါ။

ဒေးဗစ်သတိပြန်လည်လာဖို့ သူ့မိဘတွေက ကုထုံးသစ်တွေနဲ့ ကုသတဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဒီဆေးရုံက ပါရဂူတွေဟာ ရီးရဲလ်၊ ပေါ်တူဂီအသင်း ပွဲစဉ်တွေ ရှိတဲ့အခါ ဒေးဗစ်ကို နားကြပ်တပ်ဆင်ပြီး အစီအစဉ် ကြေညာသူရဲ့အသံ နားထောင်စေခဲ့ပါတယ်။ ပေါ်တူဂီနဲ့ ဆွီဒင်တို့ ကစားခဲ့တဲ့ ရှုံးထွက်အဆင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့မှာ ရော်နယ်ဒို ဂိုးသွင်းနိုင်ခဲ့ပြီး အစီအစဉ် ကြေညာသူက ဒီအကြောင်း ပြောလိုက်ချိန်မှာ ဒေးဗစ် သတိပြန်လည် လာခဲ့တာဖြစ်ပါတယ်။

YoYarLay

အခြစ်ကြီးသူကြီးအတွက် ကဗျာတစ်ပုဒ်-ကျော်သူ



အခြစ်ကြီးသူကြီးအတွက် ကဗျာတစ်ပုဒ်
၅.၄.၂ဝ၁၄ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ကျွန်တော်၏ သူငယ်ချင်းဖြစ်သူ ပန်းချီ မင်းကျော်ခိုင်၏ “ကျွန်တော်ခြစ်တဲ့ ပြည်သူ့ဘက်တော်သားများ (My Scratches Of Unconditional Pepole Heroes)” ဟူသော Scratche ကောက်ကြောင်းပန်းချီပြပွဲအား ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ ပန်းဆိုးတန်းလမ်း(အောက်)ရှိ လောကနတ်ပန်းချီပြခန်း၌ ကျင်းပခဲ့သည်။ ပန်းချီမင်းကျော်ခိုင် သည် ငယ်စဉ်က ပန်းချီဆရာကြီး ဦးသန်းလွင်၊ ဦးမောင်မောင်သိန်း၊ ဦးသိန်းဟန်နှင့် ဦးလွန်းကြွယ် တို့ထံ တွင် ပန်းချီပညာရပ်အား ဆည်းပူးလေ့လာ သင်ယူခဲ့သူဖြစ်သည်။ ၈၈ အရေးအခင်းမှအစပြု၍ အာဏာရှင် စစ်အစိုးရ၏ ဖိနှိပ်မှု၊ နှိပ်စက်မှုများကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဘဝကို ရုန်းကန်လှုပ်ရှား ရပ်တည် ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ သူသည် အလုပ်များ မအားလပ်သည့်ကြားမှ သူတတ်စွမ်းသော ပန်းချီ ပညာ ရပ်ဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ရသော ပုဂ္ဂိုလ်များ၊ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့် လွှတ်၊ စွန့်စား၊ ပေးဆပ်နေကြသော သူရဲကောင်းများနှင့် ပြည်သူလူထုအတွက် အနစ်နာခံ၍ အတ္တများကို ဖြုတ်၍ ပရဟိတစိတ်ဓာတ်တို့ဖြင့် အနစ်နာခံ ပေးဆပ်နေသူများအား ဂုဏ်ပြု၊ အသိမှတ်ပြုသည့် အနေဖြင့် ထိုကဲ့သို့သော နိုင်ငံရေး၊ အနုပညာ၊ ကျောင်းသား၊ စာပေ၊ ဂီတ အစရှိသည့် နယ်ပယ်အသီးသီးတို့မှ ပုဂ္ဂိုလ် များ၏ ရုပ်ပုံလွှာ ပန်းချီကားများအား ရေးဆွဲ၍ ပြည်သူလူထုအား ပြသရောင်းချ၍ ရောင်းရငွေများအား ဖခင် - ဦးတင်ရွှေ၊ မိခင် - ဒေါ်သန်းစိန်တို့အား ဦးစွာကန်တော့၍ မိခင်ဖခင်တို့၏ ဆန္ဒအရ ထိုငွေများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆောက်လုပ်ရန်အတွက် လှူဒါန်းမည်ဟု သိရှိရသည်။ ယင်းအခမ်းအနား သို့ ပန်းချီမင်းကျော်ခိုင်၏ ဖခင် ဦးတင်ရွှေ၊ မိခင် ဒေါ်သန်းစိန်၊ ဦးဝင်းထိန် (NLD)၊ ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုနေဝင်း၊ ကိုသားထွေးနှင့် ပန်းရဲ့လမ်း အဖွဲ့သားများ၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာကြီး ဦးဝင်း ဖေ၊ စည်သူမောင်၊ ကိုမင်းသိုက်၊ ၈၈ အရေးအခင်းတွင် ကျဆုံးခဲ့သော အာဇာနည်ကျောင်းသူ မဝင်းမော် ၏မိခင်၊ ဖခင်နှင့် မင်းကျော်ခိုင်အား ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသော နိုင်ငံရေး၊ စာပေ၊ ဂီတပညာရှင် များ၊ ပန်းချီပညာရှင်များ၊ မိတ်သင်္ဂဟများနှင့် ဧည့်ပရိသတ်များဖြင့် စည်ကားသိုက်မြိုက်စွာ လာရောက်၍ အားပေးချီးမြှင့်ကြသည်ကို ကျွန်တော်ရောက်ရှိနေစဉ် ဝမ်းသာအားရစွာ တွေ့မြင်ခဲ့ရသည်။

သူငယ်ချင်းဖြစ်သူ မင်းကျော်ခိုင်သည် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ကျွန်တော်ရေးဆွဲထားသော ပန်းချီ ကားများအား မြန်မာပြည်တွင် ပြသခွင့် အပိတ်ခံထားရသည့်အချိန်၌ သူနေထိုင်သည့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် KYAW THU FIRST BREAK OUT ဟူ၍ ပန်းချီပြပွဲ ပြုလုပ်ပေးခဲ့သည်။ ယခုသူ၏ ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ကျွန်တော့်အား ဖွင့်ပွဲအမှာစကား ပြောကြားရန် ပြန်လည်တောင်းဆို လာ သည့်အတွက် ကျွန်တော်သူ၏ ဖိတ်စာရလျှင်ရခြင်း ကဗျာတစ်ပုဒ် ရေးချမိခဲ့သည်။ ထိုကဗျာအား ပန်းချီပြပွဲ ဖွင့်ပွဲပြုလုပ်သည့် နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လွတ်လပ်ငြိမ်းချမ်း “ပန်းရဲ့လမ်း” အဖွဲ့နှင့်အတူ ပြပွဲသို့ လာရောက်ကြသော ဧည့်ပရိတ်သတ်များအား ရွတ်ဖတ်ဂုဏ်ပြုခဲ့ပါတော့သည်။ ယင်းကဗျာ ရွတ်ဖတ်နေစဉ် ကျွန်တော်နားတွင် "ကျွန်တော်ခြစ်ခဲ့တဲ့ ပြည်သူ့ဘက်တော်သားများအားလုံး ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ခံယူချက်တွေ မပြောင်းလဲဘဲ ပြည်သူအပေါ် သစ္စာမဖောက်တာဘဲ မြင်ချင်ပါတယ်" ဟူသော အမေရိကန် နိုင်ငံနေ အဝေးရောက် သူငယ်ချင်း မင်းကျော်ခိုင်၏ မှာကြားချက် ပြောစကားများသည် ပဲ့တင်ထပ်လျှက် ရှိပါတော့သည်။ ကျွန်တော်၏ ကဗျာမှာ "အခြစ်ကြီးသူတို့အကြောင်း" ဟု အမည်တပ်ထားခဲ့သည်။

အခြစ်ကြီးသူတို့အကြောင်း

ရေနည်းချောင်းထဲမှာ အနှစ်ခံခဲ့ရသူတွေ
ပေတစ်ရာပေါ်မှာ အပစ်ခံခဲ့ရသူတွေ
ပြောင်းလဲ လှည့်ဖြားနေတဲ့ ခေတ်စနစ်တွေထဲမှာ
ဘဝပေါင်းများစွာ ပစ်ခြွေချခြင်း ခံခဲ့ရတဲ့သူတွေအတွက်
အချစ်စစ်၊ အချစ်မှန်တို့နဲ့ ပေးဆပ်ကူညီ ကယ်တင်ခဲ့တဲ့
သူရဲကောင်းအစစ်တွေ အများကြီးပါ သူငယ်ချင်း ….

တစ်ချို့က … ဖူးငုံပွင့်လာကြပြီ။
တစ်ချို့က … ပွင့်အာနေကြပြီ။
တစ်ချို့က … နွမ်းဖတ်လာကြပြီ။
တစ်ချို့ကတော့ … ကြွေလွင့်သွားရှာခဲ့ကြပြီ။
သူတို့ … သူတို့ကို မှတ်တိုင်ထူ ဂုဏ်ပြုရေးခြစ်လိုက်တဲ့
အမေရိကားက … မင်းကျော်ခိုင်
နယူးယောက်က … မင်းကျော်ခိုင်
ဘရွတ်ကလင်းက … မင်းကျော်ခိုင်
ငါ့ရဲ့ သူငယ်ချင်း … မင်းကျော်ခိုင်

မင်းကျော်ခိုင်ရေ …
မင်းခြစ်ခဲ့တဲ့ သူတွေကလည်း တိုင်းပြည်ကို ချစ်နေဆဲပါ။
မင်းခြစ်ထိုက်အောင်လည်း နိုင်ငံကို ပေးဆပ်နေဆဲပါ။
မင်းခြစ်ရကျိုးနပ်အောင်လည်း ပြည်သူကို ကူညီနေဆဲပါ။
မင်းခြစ်ချင်အောင်လည်း လူထုကို အနစ်နာခံ ဖေးမနေဆဲပါ။

အရေးကြီးတာက … စစ်မဖြစ်တဲ့ တိုင်းပြည်ဖြစ်ဖို့
ငါတို့ ကြိုးစားနေဆဲပါ။
အနှစ်သာရပြည့်ဝတဲ့ တိုင်းပြည်ဖြစ်ဖို့
ငါတို့ စွမ်းဆောင်နေဆဲ။
အပြစ်ဗလပွရှိတဲ့ စစ်အာဏာရှင်တွေကိုလည်း
မင်းခြစ်ပေးလိုက်ပါဦး သူငယ်ချင်း။

ဒါ (သူတို့အတွက်)
ကိုယ့်သမိုင်း ကိုယ်ရေးရမယ့် ဘဝတွေပါ။
ကိုယ့်လိပ်ပြာ ကိုယ်လုံမှ နောင်တဆိုတာ မရှိရမယ့် ဘဝတွေပါ။
နောင်တဆိုတာ မရှိစေချင်တဲ့ မင်းရဲ့ (ပုဂ္ဂလိက ပရဟိတ) စေတနာနဲ့ ရဲရဲကြီးခြစ်ပေးလိုက်ပါ။

ဒါမှ သူတို့တွေ .. ပြဒါးသုတ်ထားတဲ့မှန်ကို ကြည့်ရှုကြသလို
သူတို့တွေ .. ကြည့်မှန်ကို ကြည့်ရှုကြသလို ကိုယ့်မျက်နှာ ကိုယ်ပြန်မြင်နိုင်ကြပြီး အနှစ်ခံခဲ့ရတဲ့ ပြည်သူတွေ အရိုးမတွန်ခင်လေးမှာ သူတို့တွေ “ပြန်လည်ပေးဆပ်ကြပါစို့” ဆိုတဲ့ အသိတရားလေးရပြီး သူတို့ရဲ့ နှလုံးသားထဲ စာနာစိတ်ကလေး မွေးဖွားလာနိုင်အောင် အချိန်မီ မင်းရဲရဲကြီး ဆွဲခြစ်ပြလိုက်စမ်းပါ သူငယ်ချင်း မင်းကျော်ခိုင်ရေ …. ။

မင်းခြစ်တာခံခဲ့ရတဲ့ … မင်းကိုလည်း ပြန်ချစ်တဲ့
ကျော်သူ
ထို့ကြောင့် တိုင်းပြည်ကိုချစ်သော မင်းကျော်ခိုင်၊ ပြည်သူကိုချစ်သော မင်းကျော်ခိုင်၊ ပန်းချီကိုချစ် သော မင်းကျော်ခိုင်၊ အာဏာရှင်ကို ရွံမုန်းသော မင်းကျော်ခိုင်၏ ဆန္ဒအတိုင်း မင်းကျော်ခိုင် ခြစ်ခဲ့သော ပြည်သူဘက်တော်သားများနှင့် မင်းကျော်ခိုင် ထပ်မံ၍ ခြစ်မည်ဖြစ်သော ပြည်သူ့ဘက်တော်သားများသည် အစဉ်ထာဝရ တိုင်းပြည်၊ လူမျိုး၊ ပြည်သူလူထုတို့အပေါ် ချစ်ခင်မြတ်နိုး တန်ဖိုးထားသော မိမိတို့၏ ခံယူ ချက်၊ ရည်မှန်းချက်ပန်းတိုင်ကို မရောက်မချင်း “သစ္စာမဖောက်ကြေး” သံဓိဌာန်ချမှတ်ထားရန် တိုက်တွန်း နှိုးဆော် လိုက်ရပါတော့သည်။

Dawnmanhon

အသုံးများတဲ့..စကားအတိုလေးများ



ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Come clean!
အမှန် အတိုင်းပြောစမ်း။

(2) Cool your heels!
စိတ်ကိုလျှော့ပါ။

(3) Get on with it!
လုပ်စရာ ရှိတာလုပ်။

(4) Hang in there!
အလျှော့မပေးနဲ့။

(5) Hit the trail!
ကဲ..သွားလိုက်ကြစို့။

(6) Keep track!
ခေတ်နဲ့ မျက်ခြေ မပြတ်စေနဲ့။

(7) Kick up your heels!
ပျော်အောင်နေ။

(8) No money,no honey!
ငွေရှိရင်ရမယ်။မရှိရင် မရဘူး။

(9) On your honour!
ပြောတဲ့စကား တည်ပါစေ။

(10) Play it safe!
သတိနဲ့ နေပါ။

(11) Save your breath!
လေကုန်ခံ ပြောမနေနဲ့..။

(12) Say your piece!
စိတ်ထဲရှိတဲ့အတိုင်း ပြောပါ။

(13) Step on the gas!
မြန်မြန်လုပ်။

(14) Take for granted!
ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့။

(15) This is gonna fly!
ဒါ...အောင်မြင်မှာပါကွာ။ ။

အင်္ဂလိပ်ဘာသာ လေ့လာစရာ

ပုသိမ် ခလရ ၃၈ တပ်ပိုင်မြေအတွင်း ကျူးကျော်သည်ဟုဆိုကာ အငြိမ်းစား တပ်မိသားစုများအား ပုဒ်မ ၄၄၇ ဖြင့် တရားစွဲ



(ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခိုင်းသည့် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဖြတ်ခဲ့ရသော စစ်သည်တစ်ဦး၏နေအိမ်အား တွေ့ရစဉ်)

ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်းရွာတွင်နေထိုင်သည့် အငြိမ်းစား တပ်မိသားစု(၅)စုနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ မိသားစု(၁)စု အား အမှတ် ၃၈ ခြေလျင်တပ်ရင်းပိုင်မြေ အတွင်း ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်တရားစွဲထားကြောင်း သိရသည်။
“အဘွားက ဒီမြေမှာမွေးပြီး ဒီမြေမှာပဲ ကြီးခဲ့တာပါ။ အဘွားခင်ပွန်း ရှိတုန်းကတော့ စိုက်ပျိုးစားသောက်ခဲ့တယ်။ နောက် အမျိုးတွေကို လုပ်ကိုင်ခိုင်းတယ်။ ခုတော့ ရောင်းသင့်တာရောင်းပြီး ကျန်တဲ့မြေလေးမှာ စိုက်ပျိုးစားနေတာ ခုတပ်ပိုင်မြေဆိုပြီးသိမ်းတော့ နေစရာတောင် နေရာမရှိတော့ဘူး။ စိုက်ပျိုးတုန်းကလည်း မြေစာရင်းမှာ ဥယာဉ်မြေအဖြစ် အခွန်ဆောင်ပြီး စိုက်ပျိုးခဲ့တာပါ။ တစ်ရွာလုံးကလည်း ဥယာဉ်မြေပါပဲ” ဟု ကွယ်လွန်သူ အငြိမ်းစား စစ်မှုထမ်းဟောင်း၏ဇနီးဖြစ်သူ အသက် ၈၅ နှစ်အရွယ်ရှိ ဒေါ်အေးသွဲ့က ပြောကြားသည်။


၂၀၁၃ ခုနှစ် ဒီဇင်ဘာလလယ်ခန့်မှ စတင်၍ အဆိုပါမြေနေရာများအား ၃၈ တပ်ပိုင်မြေများဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းမြေယာများပေါ်တွင် တပ်ပိုင်မြေဆိုသည့် ကျောက်စာတိုင်များအား လာရောက်စိုက်ထူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရွာသစ်ကုန်းကျေးရွာသည် အမှတ် ၃၈ ခြေမြန်တပ်ရင်း၏ ရှေ့ကားလမ်းတစ်ဘက်တွင်ရှိပြီး၊ ကျေးရွာတွင် အိမ်ခြေ ၁၈၀ ခန့်ရှိရာမှ တပ်ပိုင်မြေအတွင်း ကျရောက်နေသည်ဆိုသည့် နေအိမ်သုံးလုံးနှင့် ဥယျာဉ်သုံးခု အတွင်းရှိ ခြံမြေအချို့နှင့် လယ်မြေများအား ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်း ဖြစ်သည်။
ဖယ်ရှားဖျက်သိမ်းခံရသည့် အားလုံးသည် ယခင်တပ်မတော်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူခဲ့သူများ၊ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်၍ တိုက်ပွဲကျခဲ့သူများ၏ မိသားစုများ၊ ရှေ့တန်းတွင် မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့သူ၏မိသားစုများနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်သည်မိသားစုများ ပါဝင်သည်။

“ကျန်ခဲ့တဲ့လ ၃၁ ရက်နေ့ နေလယ်ပိုင်း အမှတ် ၃၈ တပ်က အင်အားသုံးပြီး အိမ်တွေကို ဖျက်ဖို့လာတာပါ၊ သံတူရွင်းတွေ၊ ရဲတင်းတွေ၊ ဓားတွေ၊ လွှတွေ၊ အစုံနဲ့လာတာ အိမ်တွေကို စဖျက်နေတုန်း ဘာကြောင့်လဲ မသိဘူး၊ မဖျက်တော့ဘဲ သူတို့စိုက်ထားတဲ့ ကျောက်တိုင်တွေကို တစ်တိုင်နဲ့တစ်တိုင် ကြိုးတွေဆွဲပြီး ပြန်သွားတယ်၊ ကျွန်တော်တို့အိမ်တွေကို ဖျက်တာနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုသွားဖွင့်တယ်။ ရဲက မှတ်တမ်းပဲ ယူတားတယ် အမှုဖွင့်မပေးဘူး” ဟု ပုဒ်မ ၄၄၇ ဖြင့် တရားစွဲခံထားရသူ တပ်ကြပ် သိန်းလှအောင်က ပြောပြသည်။

“ကျွန်တော်တို့မှာ ဖျက်ရမယ်ဆိုရင် နေစရာလည်း မရှိပါဘူး။ ၀ယ်စရာလည်း ပိုက်ဆံမရှိပါဘူး။ ကျွန်တော်တို့ကို ဒုဗိုလ်မှူးကြီး သက်ထွန်းက ခေါ်တွေ့တုန်းက ပြောလိုက်တယ်။ ရှေ့နေငှားတိုင်ရင် ရှေ့နေကို စစ်တပ်အမိန့်နဲ့ ထောင်ချမယ်။ ယခုအစိုးရက စစ်တပ်၊ စစ်တပ်ကလည်း အစိုးရ၊ အုတ်နံရံကို ခေါင်းနဲ့တိုက်ရင် နင်တို့ပဲခေါင်းကွဲမယ်။ ငါ့ နာမည်သက်ထွန်း စမ်းကြည့်လို့ပြောလိုက်တယ်။ ကျွန်မတို့လည်း ကြောက်လို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဆီကို တိုင်ကြားစာတွေ ပို့ထားတယ်” ဟု ကွယ်လွန်သူ စစ်မှုထမ်းဟောင်းတစ်ဦး၏ ဇနီးက ပြောကြားသည်။

အဆိုပါ မိသားစုခြောက်ဦးအနက် ငါးဦးအား ပုသိမ်မြို့အမှတ်(၂) ရဲစခန်းတွင် ခလရ ၃၈ မှ တပ်ထောက်ဗိုလ်ကြီး ဘော်နီစိုး က တရားလိုလုပ်ကာ အမှတ်(၂) ရဲစခန်းမှ (ပ) ၅၃/၂၀၁၄၊ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုဖြင့် ဧပြီ ၃ ရက်က တရားစွဲဆိုထားပြီး အမှုစစ်အရာရှိ ဒုရဲအုပ် သိန်းမင်းဦးက တရားစွဲဆိုခံထားရသူများအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။


Eleven Media Group


လှည်းကူးဈေးအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အကြောင်း တစေ့တစောင်း



၎-၄-၂၀၁၄ ရက်နေ့တွင် ဒေါ်ခင်မာဝေသည် ပစ္စည်းများဝယ်ယူပြီး ဆိုင်၌ပစ္စည်းများချနေစဉ် တူဖြစ်သူ မိုးမင်းသိန်းမှာ ဆိုင်အတွင်းအလုပ်လုပ်နေခိုက် ဆိုင်နီးချင်း ဒေါ်ကြူကြူ၏သားများဖြစ်သည့် အလတ်ကောင်၊ အငယ်ကောင် ညီအစ်ကိုနှစ်ယောက်မှ ဆိုင်အတွင်းရောက်လာပြီး မိုးမင်းသိန်းအား နောက်မှနေ၍ ကတ်ကြေးဖြင့်ဝင်ရောက်ထိုးသဖြင့် မိုးမင်းသိန်းတွင် နောက်ကျောဒဏ်ရာရရှိခဲ့ကြောင်း၊ ၄င်းနောက် ဒေါ်ခင်မာဝေ၏သားဖြစ်သူ သက်ပိုင်ဦးမှာ ပစ္စည်းများထမ်းလာပြီး ဆိုင်သို့လာပို့စဉ် အလတ်ကောင်၊ အငယ်ကောင်တို့နှစ်ဦးမှ ဟိုမှာတစ်ယောက်လာပြီဟုပြောပြီး ကတ်ကြေးနှင့် ၀က်အူလှည့်ကိုင်ကာပြေးလာ၍ ကတ်ကြေးဖြင့်ထိုးသဖြင့် မျက်လုံးပေါက်ပြဲ (၆)ချက်ချုပ်ရသည့် ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးကြီး(ပဲခူးတိုင်းဒေသကြီး မှုခင်းသတင်းတာဝန်ခံ၊ MGA ပြန်ကြားရေးမှူး)မှ လှည်းကူရဲစခန်း၌ သတင်းရယူရာတွင် လှည်းကူးရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးမှ နိုင်ငံတော်လျှို့ဝှက်သတင်းဖြစ်တဲ့အတွက် မပေးလိုကြောင်းပြောခဲ့ရာ မျိုးကြီးမှ ယင်းပြစ်မှုသတင်းမှာ ၃၂၆/၃၂၄/၃၂၃ ပြစ်မှုဆိုင်ရာဖြစ်တဲ့အတွက် ပြည်သူလူထု ပွင့်လင်းမြင်သာစွာသိရှိဖို့လိုကြောင်း၊ ဒီကိစ္စသည် လူမျိုးရေး၊ ဘာသာရေးဖြစ်နေတဲ့အတွက် ပွင့်ပွင့် လင်းလင်းနှင့်ကိုင်တွယ်သင့်ကြောင်း ရှင်းပြမှသာ စခန်းမှူးမှ သတင်းယူခွင့်ပေးခဲ့ပါသည်။ ယင်းကဲ့သို့ ပွင့်လင်းမှုမရှိ၊ ထိန်ချန်မှုများရှိနေခဲ့ပါ က မလိုလားအပ်သောပြဿနာ ကြီးထွားနိုင်ကြောင်း သိသင့်ပေသည်။
တရားလို ဒေါ်ခင်မာဝေ တိုင်တန်းသည့်အမှုအား လှည်းကူးမြို့မရဲစခန်း (ပ)၁၅၃/၂၀၁၄ ပြစ်မှုပုဒ်မ၊ ၃၂၆/၃၂၄/၃၂၃ အရ အမှုဖွင့်အရေးယူခဲ့ပြီး တရားခံများဖြစ်သည့် ရန်အောင်ကိုကို၊ (၂၂)နှစ် (ဘ)ဦးကိုကိုနိုင်၊ မေဃ၀တီ(၆)လမ်း၊ ရိပ်သာရပ်ကွက်၊ လှည်းကူးမြို့၊ ချစ်မင်းကိုကို (၁၇)နှစ် (ဘ)ဦးကိုကိုနိုင်၊ မေဃ၀တီ(၆)လမ်း၊ ရိပ်သာရပ်ကွက်၊ လှည်းကူးမြို့နှင့် ညီညီမောင် (၂၇)နှစ် (ဘ)ဦးလှရွှေ၊ မေဃ၀တီ(၅)လမ်းတိုးချဲ့၊ ရိပ်သာရပ်ကွက်၊ လှည်းကူးမြို့တို့(၃)ဦးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ဇော်ထက်ကို (၂၁)နှစ် (ဘ)ဦးသံချောင်း(ခ)ဦးကိုကိုလေး၊ ရုံးဟောင်းလမ်း၊ ရိပ်သာ ရပ်ကွက်၊ လှည်းကူးမြို့နေသူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါ သည်။
တရားလို ဒေါ်ခင်မာဝေ၏ပြောပြချက်အရ လွန်ခဲ့သော(၂)ရက်ခန့်မှ ၄င်းတရားခံများဘက်မှ ရန်စခြင်းများရှိခဲ့သဖြင့် ဈေးလူကြီးများအား နှုတ်ဖြင့် အသိပေးအကြောင်းကြားထားရှိကြောင်း၊ မလိုလားအပ်သည့် ပြဿနာများ မပေါ်ပေါက်ရေး တိုင်ကြားထားကြောင်း။ ယခင်(၅)လပိုင်းမှလည်း ပြဿနာဖြစ်ခဲ့ဘူး၍ တစ်ဦးနှင့်တစ်ဦးညှိနှိုင်း၍ ဖြေရှင်းထားခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများဘက်မှ ၄င်းတို့နှင့်အမျိုးမကင်းသော ဟူစင် (အအေးနှင့်မုန့်မျိုးစုံဆိုင်)အတွင်း ၀င်ရောက်ခိုလှုံနေ၍ ဆိုင်ရှင် ဒေါ်ခင်ကြည် (၇၀)နှစ် (ဘ)ဦးအာလီ၊ (မွတ်စလင်)၏ဆိုင်အား လူတစ်စုမှ ခဲများဖြင့်ပစ်ပေါက်ဖြစ်ပွားခဲ့ရာ ပျက်စီးမှု ၄၅၆၀၀၀ိ/ကျပ်ခန့် ရှိခဲ့ပြီး အခင်းဖြစ်ပွားမှု အစပြုသူနှစ်ဦးဖြစ်သည့် ဌေးအောင် (၃၀)နှစ် (ဘ)ဦးအောင်၊ ဆိုက္ကားနင်း၊ ရုံးဟောင်းလမ်း၊ ရိပ်သာရပ်ကွက်၊ လှည်းကူးမြို့နှင့် နေမျိုးထွန်း (၂၄)နှစ် (ဘ)ဦးမှုံတို၊ အောင်မင်္ဂလာ (၃)လမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ လှည်းကူးမြို့တို့(၂)ဦးအား လှည်းကူးမြို့မရဲစခန်း (ပ)၁၅၄/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၄၄၀ ဖြင့် အရေးယူထား၍ ဒုရဲအုပ် သက်ဆွေငြိမ်းမှ စစ်ဆေးလျက်ရှိပါသည်။
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ လှည်းကူးဈေးအတွင်း ဆိုင်နီးချင်း ဈေးရောင်းသူများ အချင်းချင်းမကျေနပ်ရာမှ ပြဿနာဖြစ်ပွားရာတွင် လူမျိုးရေး၊ ဘာသာရေးများ ပတ်သက်ဆက်နွယ် ကာ ဖြစ်ပွားခဲ့ရပြီး အခင်းဖြစ်ပွားမှုအား ရဲစခန်းမှ တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားပြီးဖြစ်၍ ဥပဒေနှင့်အညီ အရေးယူခြင်းကိုသာ ဆက်လက်စောင့်ကြည့်သင့်ပါသည်။ အသေးအဖွဲကိစ္စမှစ၍ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သော လှုပ်ရှားမှုမဖြစ်သင့်သည့်အပြင် ယင်းဖြစ်စဉ်သည် အခြား နေရာများသို့ ပြန့်နှံသွားခဲ့ပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် လာနိုင်ပြီး ဥပဒေဘောင်အတွင်းနေထိုင်ကြသည့် ပြည်သူများ အတိတ်တလန့်မဖြစ်စေရေးအတွက် ဥပဒေအရအရေးယူသည်ကိုသာ ဆက်လက်စောင့်ကြည့်သင့်ပါကြောင်းနှင့် တာဝန်ရှိသူများမှ ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ သတင်းမှန်များသိရှိစေရေးအတွက် မီဒီယာနှင့်ပူးပေါင်းကာ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် သတင်းထုတ်ပြန်ပေးရန် အထူးလိုအပ်ပါကြောင်း အကြံပြုရေးသားအပ်ပါ သည်။
ယခု ၅-၄-၂၀၁၄ ရက်နေ့ ည(၈)နာရီအချိန်ထိ လှည်းကူးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်း လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
thant zin

ရထားကြိတ်ခံရ၍ ခြေလက် ပြတ်သွားသူကို ဘူတာရုံပိုင်က တရားစွဲ


Written by ဇော်ဇော်ထွေး
ရန်ကုန်(မဇ္ဈိမ)။ ။

မှော်ဘီမြို့နယ်တွင် မီးရထားလမ်းပေါ် အိပ်နေသူတစ်ဦး ရထားကြိတ်မိသဖြင့်
ခြေလက်များ ပြတ်ခဲ့ပြီး အဆိုပါအမျိုးသားကို မီးရထားဥပဒေဖြင့် အရေးယူရန်
ဧပြီ ၅ ရက်တွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရထားကြိတ်မှုမှာ ဧပြီ ၄ ရက် ည ၁၀ နာရီဝန်းကျင်က ဖူးကြီး၊ ဝါးနက်ချောင်း
ရထားလမ်း မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)အကြားတွင် ရထားသံလမ်းပေါ် အိပ်နေခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မှ ပုဂံသို့ မောင်းနှင်လာသည့် အမှတ် (၆၁) အဆန်ရထားက ကြိတ်မိခဲ့ခြင်း ဖြစ်သည်။

ရထားကြိတ်ခံရသူမှာ ဖူးကြီးကျေးရွာ ခရမ်းကုန်းပိုင်းနေ အောင်သက်
ဆိုသူဖြစ်ပြီး ရထားသံလမ်းပေါ်သို့ ခြေလက်များတင်လျက် အိပ်နေသည့်အတွက် ရထားမှ ကြိတ်မိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဝဲလက်မောင်း၊ ဝဲခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ပြီး ရထားမှာ မိနစ် (၄၀)ခန့်
ရပ်တန့်ခဲ့ပြီး ဒဏ်ရာ ရရှိသူကို တိုက်ကြီးဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်ဟု
ရဲတပ်ဖွဲ့က ဆိုသည်။

ထို့ပြင် ခြေလက်များ ပြတ်ခဲ့သည့် အောင်သက်ဆိုသူကို အရေးယူပေးရန်
ဖူးကြီးဘူတာ ရုံပိုင် ဦးမျိုးလှိုင်က တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကြောင့် ရဲစခန်းက (ပ) ၁၈၈/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး
မီးရထားအက်ဥပဒေပုဒ်မ ၁၂၆(င)ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

Mizzima Burmese

အချစ်မှာ စည်းမျဉ်းတွေ ရှိသင့်လား?

Part A

“အချစ်ဆိုတာက နှလုံးသားနဲ့အရင်းခံပြီးတော့မှပေါ်ပေါက်လာတာလေ၊ အဲဒါကြောင့် အချစ်မှာ ကျား၊မ လိင်ခွဲခြားသတ်မှတ်တယ်ဆိုတာမရှိသင့် ဘူးလို့ထင်တယ်”




Part B

"မျိုးချစ်တယ်ဆိုတာ လူတိုင်းက ကိုယ့်လူမျိုးကိုယ်ချစ်တာပဲ၊ ဆိုတော့ မျိုးချစ်စိတ်ဆိုတာ တွန်းအားပေးလိုက်ရင်လူတိုင်းက ငယ်ထိပ်တက်ဆောင့် တာပဲ"





DVB TV News

ဓာတ်ပုံရိုက်ကွင်းမှာ ဒေါ်လာ ၂၅၀၀ တန် ဘရာစီယာ အခိုးခံခဲ့ရတဲ့ Madonna


ပြီးခဲ့တဲ့အပါတ် New York မှာလုပ်တဲ့ ဓာတ်ပုံရိုက်ကူးမှုတစ်ခုမှာ Madonna ရဲ့တန်ဖိုးကြီးအတွင်းခံပစ္စည်းတစ်ခုပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ New York ရဲဌာနနဲ့ ဒီဇိုင်နာတစ်ရောက်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပေါ့ပ်ဂီတဘုရင်မဟာ သူမရဲ့ sexy အောက်ခံအ၀တ်အစားတွေနဲ့ L’uomo Vogue (Vogue မဂ္ဂဇင်းရဲ့ အီတလီ version) အတွက်ဓာတ်ပုံအရိုက်ခံခဲ့တာဖြစ်ပြီး ဒီဇိုင်နာ Deborah Marquit ရဲ့အဖွဲ့ဝင်တစ်ယောက်က အီတလီပိုးထည်နဲ့လုပ်တဲ့ ဒေါ်လာ ၂၅၄၅ တန် ဘရာဇီယာ၊ ၃၄၅ ဒေါ်လာ တန်အတွင်းခံဘောင်းဘီ နဲ့ ၅၁၅ ဒေါ်လာတန်အတွင်းခံအတိုအ၀တ်အစားတွေကို မတ်လ ၂၀ ရက်နေ့ညနေ ၄ နာရီကထိုင်ခုံတစ်ခုံရဲ့အောက်မှာသိမ်းဆည်းထားခဲ့တယ်လို့ ရဲကပြောပါတယ်။

ညသန်းခေါင်ကျော်ဓာတ်ပုံရိုက်ကူးမှုအပြီးမှာတော့ အဲဒီ့အဖွဲ့ကအလုပ်သမားတစ်ယာက်က အဲဒီ့အတွင်းခံတွေထည့်ထားတဲ့အိတ်ပျောက်ဆုံးသွားတာကို စတင်သတိထားမိကြောင်း ရဲကပြောပါတယ်။

“ဒါဟာ L’uomo မဂ္ဂဇင်းအတွက် Madonna ရဲ့ဓာတ်ပုံရိုက်ကူးမှုဖြစ်ပါလိမ့်မယ်။ တစ်ယောက်ယောက်က အဲဒီ့အတွင်းခံပစ္စည်းအိပ်ကိုရှာတွေ့ရင်ကောင်းပါလိမ့်မယ်။ Deborah ကသူမရဲ့ ပစ္စည်းတွေပြန်ရချင်မှာပါ” လို့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူက email ထဲမှာရေးခဲ့ပါတယ်။

Madonna ဟာအဲဒီ့ရိုက်ကူးမှုက ဓာတ်ပုံတွေကိုသူမရဲ့ Instagram account မှာတင်ခဲ့ပါတယ်။

Ref:dnainfo.com
Trend Myanmar

တပ်မတော် နှင့် သက်ဆိုင်သော သတင်းများ ကို ထုတ်ပြန် ပေးရန် ဗိုလ်ချုပ် ဂွမ်မော် တောင်းဆို


တပ်မတော် အနေဖြင့် တပ်မတော် နှင့် သက်ဆိုင် သော တိုင်းရင်းသား လက်နက် ကိုင်များ နှင့် ဖြစ်ပွား ခဲ့ သော တိုက်ပွဲ များ၊ တပ်မတော် ကိုင်တွယ် ရသော တချို့သော ပြဿနာ များကို ပြည်သူ လူထု သိရှိ စေရန် အတွက် သတင်း ထုတ်ပြန် ပေးရန် ယမန် နေ့က မြန်မာ့ ငြိမ်းချမ်းရေး စင်တာ တွင် ပြု လုပ် သော တစ်တိုင်း ပြည်လုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်း ဆွေးနွေး ပွဲသို့ တက်ရောက် လာသော တပ်မတော် ကိုယ်စားလှယ် များအား KIA ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ဂွမ်မော် က တောင်းဆို ခဲ့သည်။ စာဖတ် တဲ့သူ ကလည်း တချို့ သတင်း တွေကို၊ တိုက်ပွဲ သတင်းတွေ ကို၊ အခြားသော ပြဿနာ တွေကို၊ တစ်ဖက် ကလည်း ဒီ အခြေ အနေ တွေ ကို သိဖို့ လိုအပ်နေ သလို ဒီငြိမ်း ချမ်းရေး ဖြစ်စဉ် တွေကိုလည်း တပ်မ တော် ပိုင်း ကနေ သတင်းတွေ ပေး ပို့ ပေးပါ လို့မေတ္တာ ရပ်ခံ ပါတယ်။ ဒီကနေ့ ဆောင်ရွက် နေတဲ့ process ကို ပြည်သူလူထု နဲ့ တချို့ ခေါင်း ဆောင် တွေက ချပြ ဖို့လိုတယ် ဟု ဗိုလ်ချုပ် ဂွမ်မော် က တောင်းဆို ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ နှင့် တပ်မတော် တို့ အကြား ဖြစ်ပွား ခဲ့သော တိုက်ပွဲ များနှင့် ပတ်သက် ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များထံ သို့ ဆက်သွယ် မေးမြန်း သတင်း ရယူ နိုင်သော် လည်း ယင်း ဖြစ်စဉ် များ နှင့် ပတ်သက် ၍ တပ်မတော် ထံမှ သတင်း ရယူ နိုင်ရန် အလွန် ခက်ခဲ ကြောင်း ပြည်တွင်း သတင်းထောက် များ ထံမှ သိရသည်။

Messenger News Journal 

ဟိုင်းလတ်ယာဉ် နှင့် မြေသယ်ယာဉ် တိုက်မိ၊ ဟိုင်းလတ် ခေါင်မိုးပေါ်မှ ခရီးသည် (၂) ဦး သေ


မင်္ဂလာဒုံ မြို့နယ်၊ ဗိုလ်ရွေး မှတ်တိုင် အနီး တွင် ဧပြီလ (၄) ရက်နေ့ က မြေသယ်ယာဉ် တစ်စီး နှင့် ဟိုင်းလတ်ယာဉ် တစ်စီး တိုက်မိ ခဲ့ပြီး ဟိုင်းလတ်ယာဉ် ခေါင်မိုး ပေါ်တွင် လိုက်ပါ လာသူ ခရီး သည် (၂) ဦး အခင်း ဖြစ်နေရာ တွင်ပင် သေဆုံး ခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့  စု (၁၃) မင်္ဂလာဒုံမြို့နယ် မှ သိရသည်။

မြေသယ်ကားရဲ့ ဘက်မှန်နဲ့ ခေါင်မိုး ပေါ်ကလူ နှစ်ဦး ကို ရိုက်မိပြီး ဦးနှောက် ပွင့် သေသွားတာပါ ဟု မင်္ဂလာဒုံမြို့နယ် ယာဉ် ထိန်းရဲတပ်ဖွဲ့ စု(၁၃) မှ တာဝန် ရှိသူ တစ်ဦး က The Messenger သတင်းစာသို့ပြော သည်။ ရန်ကုန်စည်ပင်သာယာ နယ်နမိတ် အတွင်း ခရီးသည် တင်ဟိုင်းလတ်ယာဉ်များ ၀င်ရောက်ပြေးဆွဲခွင့်ကို မတ်လ (၃၁) ရက် နေ့တွင် ရပ်နားမည်ဟု ကြေညာထားသော် လည်း မတ်လ (၃၀) ရက်နှင့် (၃၁) နှစ်ရက် နေ့ များက ယာဉ်လုပ်သားများ ကန့်ကွက်ဆန္ဒ ပြခဲ့ကြသဖြင့် ဧပြီလ (၃၀) ရက်နေ့ထိထပ်မံ ပြေးဆွဲခွင့်ပြုခဲ့သည်။

ဧပြီလ (၄) ရက်နေ့၊ နံနက် (၄) နာရီ ၄၅ မိနစ် အချိန်ခန့် က ပြည်လမ်း အတိုင်း မင်္ဂလာဒုံမြို့နယ်မှ မြို့ တွင်း သို့ မောင်းနှင်လာ သော မြေသယ်ကား တစ်စီးမှာ ဗိုလ်ရွေးမှတ် တိုင်အနီးအရောက် အရှိန်လွန်ကာ တစ် ဖတ် ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာ ချင်းဆိုင် မှ မောင်းနှင် လာသော တိုက်ကြီး-ရန်ကုန် - သာယာဝတီ ယာဉ်လိုင်းမှ ဟိုင်းလတ် ယာဉ် တစ်စီးကို ၀င်တိုက်မိ၍ ယာဉ်ပေါ်ပါ လူနှစ်ဦး သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ ယင်းဖြစ်စဉ် ကြောင့် မြေသယ်ကား မောင်းသူအပေါ် အရေးယူပေးရန် ယာဉ်ထိန်းရဲ တပ် ဖွဲ့  စု (၁၃) မှ ဒုရဲအုပ်ကျော်မိုးက တိုင် တန်းခဲ့ပြီး၊ မင်္ဂလာဒုံမြို့မရဲ့စခန်း မှ ယာဉ်(ပ) ၄၃/၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၂၇၉/၂၀၂ ဖြင့် ဧပြီလ (၄) ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း နှင့် မြေသယ်ယာဉ် ယာဉ်မောင်းကို စစ်ဆေး နေ ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ သိရသည်။
Messenger News Journal

ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အတွက် အရှင်ဦးဝီရသူ ဆေးရုံ သို့ သွားရောက်အားပေး


ကျန်းမာရေး ချို့ယွင်းမှု ကြောင့် ရန်ကုန် ဆေးရုံကြီး တွင် ဆေးကုသ မှုခံယူ နေသော သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အမြန်ဆုံး ကျန်းမာ လာစေရန် အရှင် ဦးဝီရသူ မှ ဧပြီလ (၅) ရက် နေ့တွင် ဆေးရုံသို့ သွား ရောက်အားပေးခဲ့သည်။

ဦးဝင်းတင်ဟာ မြန်မာပြည်သူပြည် သားအားလုံးအတွက် အရေး ပါတယ်။ ဒီမိုက ရေစီမရမချင်း ဆရာ ကြီး ဦးဝင်းတင်ရှိနေဖို့ လို အပ်တယ်။ အမြန်ဆုံး ကျန်းမာလာပြီး နိုင်ငံရေး ဟောပြောမှုတွေ ဟောနိုင်ပြောဖို့ မျှော်လင့် ပါတယ်””ဟု အရှင်ဦးဝီရသူက မိန့်ကြားသည်။ အရှင်ဦးဝီရသူ မှ ဟံသာဝတီ ဦးဝင်းတင် ကျန်းမာ လာ စေရေးအတွက် အားပေးမှုများ ပြုလုပ် ခဲ့ကာ ဗောဇ္ဈင်္ဂသုတ် ကိုးခေါက် ရွတ် ဖတ်ခဲ့ပြီး ၀တ္ထုငွေ ကျပ်တစ် သိန်း ကိုလည်း ထောက်ပံ့ ပေးခဲ့ကြောင်း ဆရာတော် ထံမှ သိရ သည်။ ဟံသာဝတီ ဦးဝင်းတင် သည် မတ်လ (၁၂) ရက်နေ့က Green Cross ဆေးရုံတွင် တက်ရောက်ကုသခဲ့ပြီး၊ မသက် သာ ၍ ၀ိတိုရိယ ဆေးရုံသို့ ထပ်မံ ပြောင်းရွှေ့ကုသခဲ့သည်။ မတ်လ (၂၉)ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး သို့ ထပ်မံပြောင်းရွှေ့ကုသခဲ့ပြီး လက်ရှိ တွင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်အဆောင် တွင် ဆေးကုသလျက်ရှိသည်။

လက်ရှိတွင် ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန် လာနေပြီဖြစ်ပြီး အမြန်ဆုံး ပြန်လည်သက်သာ မည်ဟု မျှော်လင့်ကြောင်း ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ အား သွား ရောက်ကြည့်ရှုခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက ပြောသည်။ ဟံသာဝတီ ဦးဝင်းတင် ၏ ကျန်းမာရေး အမြန်ဆုံး သက် သာလာစေရန် ဧပြီလ (၄)ရက်နေ့ကလည်း မန္တလေးမြို့၌ အထက်မြန်မာပြည် စာပေ ပညာရှင်များက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ-AFP
Messenger News Journal 

အိန္ဒိယတွင် ရင်ဘတ် အပြင်ဘက်၌ နှလုံးတစ်ခု ပါရှိသည့် ကလေးငယ် တစ်ဦးမွေးဖွား


အိန္ဒိယနိုင်ငံ အွတ်တာပရာဒက်ရှ် ပြည်နယ်ရှိ အစိုးရဆေးရုံ တစ်ရုံတွင် ပရီရန်ကာပေါလ် အမည်ရှိ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ရင်ဘတ် အပြင်ဘက်တွင် နှလုံးတစ်ခု တွယ်ကပ် ပါရှိနေသည့် သားယောက်ျားလေး တစ်ဦးကို မွေးဖွားခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ယင်းကဲ့သို့ မွေးဖွားခြင်းသည် ကြုံတောင့် ကြုံခဲဖြစ်ရပ် ဖြစ်ပြီး မွေးဖွားသည့် ကလေးဦးရေ တစ်သန်းတွင် ရှစ်ဦးမျှသာ ဖြစ်လေ့ဖြစ်ထ ရှိကြောင်း၊ ထိုကလေးငယ်များမှာ အသက်ရှင်နှုန်း ၁ဝ ရာခိုင်နှုန်းသာ ရှိကြောင်း သို့မဟုတ် သုံးရက်အတွင်း အသက်ဆုံးပါး သွားနိုင်ကြောင်း၊ ထို့ကြောင့် ဆေးဝါးပစ္စည်း ကိရိယာ စုံစုံလင်လင်ဖြင့် ခွဲစိတ်ကုသရန် လိုအပ်ကြောင်း ဆူလ်တန်ပူရ ဆေးရုံမှ ဆရာဝန်များ က ပေါလ်၏ ခင်ပွန်းဖြစ်သူ နီယာဘေးအား ပြောကြား ခဲ့သည်။

သို့သော် နီယာဘေးသည် တစ်နေ့လျှင် စတာလင်ပေါင် သုံးပေါင်သာ ရရှိသည့် ဒေသတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ ပန်းရန်ဆရာ တစ်ဦးဖြစ်သောကြောင့် ဆေးကုသမှု စရိတ် မတတ်နို င်ကြောင်း၊ ထို့ကြောင့် အစိုးရ အဖွဲ့အစည်းများ၏ အကူအညီများ ရရှိစေရန် မျှော်လင့်လျက် ရှိကြောင်း၊ ယခုအခါတွင် ၄င်း၏ ကလေးငယ်အား ဆူလ်တန်ပူရ ဆေးရုံမှ ဒေရာဒန်မြို့ ရှိ ဆေးရုံ သို့ ပြောင်းရွှေ့ထားပြီး ဖြစ်သော်လည်း ခွဲစိတ်မှုကုန်ကျ စရိတ်ကို အတိအကျ မသိရှိသေးကြောင်း နီယာဘေးက ပြောကြားခဲ့သည်ဟု သိရသည်။

Myawady News 

ကျနော် သေလည်း အမေ အသက်ရှင်ရမယ်


တရုတ်ပြည် Hubei ပြည်နယ်က မိသားစု တစ်ခုမှာ ဖြစ်ပါတယ်။ အသက် ၇ နှစ်ပဲ ရှိသေးတဲ့ Xiaotian လို့ အမည်ရတဲ့ ကလေးငယ်ဟာ ဦးနှောက် ကင်ဆာကြောင့် သေဖို့ ၂ ရက် ၃ ရက်သာ လိုပါ တော့တယ်။

နောက်ထပ် ကံဆိုးတာ ကတော့ အသက် ၃၄ နှစ် အရွယ်ပဲ ရှိသေးတဲ့ အမေ ဖြစ်သူ ကလည်း ကျောက်ကပ် ကျောက်ရောဂါ ကြောင့် ကွယ်လွန်ရတော့မယ့်သူ ဖြစ်ပါတယ်။ သားဖြစ်သူက ကယ်လို့ မရတော့ ပေမယ့် အမေဖြစ်သူက ကျောက်ကပ် အစားထိုး နိုင်ရင် အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် သား ဖြစ်သူဟာ အမေ့ကို ကယ်လိုတဲ့ စိတ်ဆန္ဒ ရှိပြီး လှူဖို့ တောင်းဆိုးပါတယ်။ အဖွားဖြစ်သူကလည်း ခွင့်ပြုပါတယ်။ ဆရာဝန်ကော၊ အမေဖြစ်သူကော ဒီအတွက် မတောင်းဆို ပါဘူး။ ကျောက်ကပ် လှူသင့်တဲ့ အရွယ်လည်း မရောက်သေးလို့ ဖြစ်ပါတယ်။ သို့ပေမယ့် သေရဖို သေချာနေပြီးသား ဖြစ်တဲ့ ကလေးငယ်ဆီကနေ ရရှိတဲ့ ကျောက်ကပ်နဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လူ ၁ ယောက်၊ ၂ ယောက် အသက်ရှင်ရလဲ မနည်းဘူး ဆိုတာကို လက်ခံ လိုက်ကြ ပါတယ်။

ဒါကြောင့်မို အမေ ဖြစ်သူ ကို အပြင်၊ နောက်ထပ် လူနာ ၂ ဦးကိုပါ ကလေးငယ် ဟာ ကျောက်ကပ် လှူဒါန်းခဲ့ပြီး လူ ၃ ဦးရဲ့ အသက်ကို ကယ်ဆယ် လိုက်နိုင် ပါတယ်။ ရင်နာနာနဲ့ အသက်ဆက်ရှင်လိုက်ရသူ ကတော့ အမေ ဖြစ်ပါတယ်။ အသက်မဲ့နေတဲ့ သားငယ်လေးရဲ့ ဘေးမှာ ငိုကြွေးရုံက လွဲလို့ သူမတတ်နိုင် ပါဘူး။ ယင်းဖြစ်ရပ်ဟာ ကမ္ဘာမှာ ကျောက်ကပ် လှူဒါန်းမှု ရှားပါးတဲ့ အခြေအနေကို မီးမှောင်း ထိုးပြ ခဲ့ပြီး ယခု ရက်ပိုင်း လေးတင် ကျောက်ကပ် လှူဒါန်းသူ အရေအတွက် တိုးပွား စေခဲ့ ပါတယ်။ အသက်သေဆုံးပြီး လူတစ်ယောက် အနေနဲ့ သူ့ရဲ့ ကျောက်ကပ်ကို လှူဒါန်းလို့ လူ့အသက် ကယ်နိုင်တယ် ဆိုတာကို သိသူ နည်းပါတယ်။

Xiaotain က ကလေးငယ်ဟာ ကျောက်ကပ် လှူးဒါန်းမှုဟာ မွန်မြတ်တဲ့ ကုသိုလ် တစ်ခု ဖြစ်ကြောင်း သက်သေ ပြခဲ့ ပါတယ်။
.
Ref: cctv
အောင်ခမ်း (ရိုးရာလေး)


ယာဉ်လိုင်းဂိတ်တဲအား မီးရှို့သွားသူအပေါ် အရေးယူပေးရန် တိုင်တန်း


ရန်ကုန်၊ ဧပြီ ၆

၎.၄.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်
ကျေးရွာနေ အနောက်ပိုင်း ခရိုင်မထသဌာနခွဲ(၁)ကြီးကြပ်ရေးမှူး၊ ဦးမြင့်စိန်မှ ၎င်းသည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှောင်လမ်းဘေးရှိ ယာဉ်လိုင်း
အမှတ်(၂၃၆)ဒိုင်နာဂိတ်တွင် တာဝန်ထမ်းဆောင်ပြီး နေအိမ်သို့
ပြန်သွားခဲ့ ကြောင်း၊ ၅.၄.၂၀၁၄ ရက်နေ့ ၀၄၄၅ အချိန်တွင် ၎င်းကားဂိတ်ရှိ ဂိတ်တဲမှာ မီးလောင်ထားသည်ကိုကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ဂိတ်တဲနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရပြီး တန်ဖိုးငွေကျပ်(၅၅၀၀)ခန့်ဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်အားစုံစမ်းရာ ၄.၄.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်ခန့်က ဂိတ်တဲမီးလောင်ကျွမ်းခဲ့၍ ပတ်ဝန်းကျင်မှ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်ကို သိရှိရကြောင်းနှင့် ယင်းကဲ့သို့ မီးလောင်
ကျွမ်းအောင်ပြုလုပ်သူကို စုံစမ်းအရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၉၇/၂၀၁၄၊
ပြစ်မှုပုဒ်မ-၄၃၅ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါယာဉ်လိုင်းတွင် ယာဉ်နောက်လိုက်အဖြစ်လုပ်ကိုင်သူ သာဂိ
(စုံစမ်းဆဲ)မှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ကိုသိရှိရသဖြင့်ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လင်မယားစကားများစဉ် ဇနီးဖြစ်သူမှဓါးဖြင့်ခုတ်ခဲ့၍ ခင်ပွန်းဖြစ်သူဒဏ်ရာရ


ရန်ကုန်၊ ဧပြီ ၆

၅.၄.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ မီးတိုင်ကုန်း
ကျေးရွာနေ ကိုအေးမင်းဦး၊ (၂၆)နှစ် သည် ဇနီးဖြစ်သူ စန်းယုတင်၊ (၂၄)နှစ် နှင့်အတူ နေအိမ်တွင်ထမင်းချက်နေစဉ် လင်မယား စကားများ
ရန်ဖြစ်ခဲ့ကြပါသည်။

ထိုသို့ စကားများပြီးနောက် ကိုအေးမင်းဦးမှ နေအိမ်ပေါ်သို့အတက်တွင် ဇနီးဖြစ်သူက ဓါးမဖြင့်ခုတ်ခဲ့၍ ဦးခေါင်းဝဲဘက်ရှေ့နှင့် နောက်တို့တွင်
ပြတ်ရှဒဏ်ရာ(၁)ချက်စီရရှိခဲ့သဖြင့် တိုက်ကြီးမြို့နယ်၊ ဥက္ကံတိုက်နယ်ဆေးရုံ
တွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓါးဖြင့်ခုတ်သူ ဇနီးဖြစ်သူ မစန်းယုတင်ကို အရေးယူ
ပေးရန် ကိုအေးမင်းဦးမှ တိုင်တန်းချက်အရ ဖိုးခေါင်နယ်မြေရဲစခန်း
(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

MH370 ရေဒါကိုရှောင်ကွင်းပျံသန်းခဲ့ဟု CNN ဆို


ကွာလာလမ်ပူ၊ ဧပြီ ၆
ပျောက်ဆုံးနေဆဲဖြစ်သော မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ်MH370 သည် မလေးရှားနိုင်ငံ၏ စစ်ဖက်ဆိုင်ရာရေဒါပေါ်မှ ပျောက်ဆုံးသွားခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံလေပိုင်နက်အတွင်း ပျံသန်းခဲ့သေးကြောင်း မလေးရှားမှ အမည်မဖော်သော အကြီးတန်းအရာရှိတစ်ဦးက ယနေ့ပြောကြားကြောင်း CNN သတင်းတစ်ရပ်အရသိရသည်။
အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်သည် ရေဒါကို တမင်တကာပင် ရှောင်ကွင်းပျံသန်းခဲ့ပုံရကြောင်း အဆိုပါအရာရှိကပြောကြားသည်။

(Xinhua)
Popular Myanmar News Journal

ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းအတွက် ပေးအပ်သည့် နစ်နာကြေးငွေ လယ်သမားများ လက်မခံ


တောင်ငူ၊ ဧပြီ ၅

ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းများတွင် လယ်မြေများအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တစ်ဧက ငွေကျပ် ၃၅၀,၀၀၀ နှုန်းဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ နစ်နာကြေး ပေးအပ်ခဲ့သောလည်း ဖြူးမြို့နယ်ရှိ လယ်သမားများနှင့် တောင်ငူမြို့နယ် အတွင်းရှိ လယ်သမားအချို့ နစ်နာကြေးငွေ လက်မခံခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားသည်။

အမြန်လမ်းစီမံကိန်း စတင် တည်ဆောက်သည့် ၂၀၀၄-၀၅ ခုနှစ်ခန့်ကတည်းက လယ်မြေတစ်ဧက ပေါက်ဈေးမှာ တောင်ငူမြို့နယ် အတွင်း ကျပ်လေးသိန်းခန့် အနည်းဆုံး ရှိနေသည့်အတွက် ယခုလက်ရှိ ပေးလျော်သော နစ်နာကြေး တစ်ဧက ကျပ်သုံသိန်းခွဲကို မယူနိုင်ကြောင်း တောင်ငူမြို့နယ်အတွင်း ဘိုကတော်ကျေးရွာမှ ဒေသခံတောင်သူများက ပြောကြားသည်။

ယမန်နှစ် ဒီဇင်ဘာလမှ စတင်ကာ ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များကို မြို့နယ်အတွင်းမှာ ရှိသော လယ်ယာမြေ ကာလပေါက်ဈေးအတိုင်း ပြန်လည် တင်ပြပေးရန် လယ်မြေနှင့် အခြားမြေယာများ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်က ညွှန်ကြားခဲ့သော်လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ကွင်းဆင်း ဆောင်ရွက်ပေးမှု မတူညီခြင်းကြောင့် လျော်ကြေးငွေ ရရှိမှု မတူညီခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စုံစမ်းလေ့လာရေး ကော်မတီအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ကျောက်တံခါးမှာ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေး ကောင်းတယ်။ ကျန်တဲ့ မြို့နယ်တချို့မှာ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်မှု နည်းတဲ့အပြင် ဒေသခံတောင်သူတွေရဲ့ အသံကို နားထောင်တာ မရှိတော့ အခုလိုမျိုး ပြဿနာတွေ ပေါ်ပေါက်လာတာပါ” ဟု ပဲခူးတိုင်းဒေသကြီး လယ်မြေနှင့် အခြားမြေယာများ စုံစမ်းလေ့လာဖော်ထုတ်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ပဲခူးခရိုင် ကျောက်တံခါး မြို့နယ်အတွင်း လယ်ယာမြေဧက ၇၁၅ ဒသမ ၀၈ ဧကအတွက် လယ်မြေ တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်းနှုန်း၊ ယာမြေ တစ်ဧကကို ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ဒေသခံတောင်သူ ၂၂၈ ဦးအား လျော်ကြေးငွေ စုစုပေါင်း ကျပ် ၇၉၃၂ ဒသမ ၃၂ သိန်းကို မတ်လ နောက်ဆုံးပတ်တွင် ပေးလျော်ခဲ့သော်လည်း ဖြူးမြို့နယ်၊ တောင်ငူမြို့နယ်နှင့် ရေတာရှည် မြို့နယ်တို့တွင် လယ်မြေအတွက် ငွေကျပ်လေးသိန်းနှင့် ယာမြေအတွက် သုံးသိန်းအထိသာ ပေးလျော်ခဲ့သည့် အတွက် မိမိတို့ ဒေသခံတောင်သူများ အနေနှင့် လျော်ကြေးငွေ မယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဖြူးမြို့နယ် ခင်တန်းကြီးကျေးရွာမှ ဦးအောင်မြင့်က ပြောကြားသည်။

“လယ်ယာမြေ လျော်ကြေးငွေ မတူညီတာနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေးသွားပါမယ်။ မရရင်တော့ လွှတ်တော်မှာ မေးခွန်းများ မေးမြန်းပြီး ဒေသခံတောင်သူတွေရဲ့ နစ်နာမှုများကို တင်ပြပေးသွားပါမယ်” ဟု ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်က ဆိုသည်။

တောင်ငူမြို့နယ်အတွင်းရှိ အမြန်လမ်းစီမံကိန်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့သော လယ်ယာမြေများ အတွက် မတ်လ ၃၀ ရက်နေ့တွင် ဒေသခံတောင်သူများအား တစ်ဧကလျှင် ငွေကျပ် သုံးသိန်းခွဲဖြင့် လျော်ကြေးငွေ ကျပ်တစ်ထောင့်သုံးရာ ငါးဆယ့်ခုနစ်သိန်းကို ထုတ်ပေးခဲ့ပြီး လက်ရှိတွင် တောင်သူ ၁၆ ဦးသာ ထုတ်ယူရန် ကျန်ရှိကြောင်း အမြန်လမ်း တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

The Voice Weekly

သမီးကလေးကျေးရွာသားတွေရှေ့ရေး ဒီကေဘီအေ တာဝန်ယူ


မူလရွာတွေကို စစ်တပ်က သိမ်းလိုက်လို့ နေထိုင်လုပ်ကိုင် စားသောက် စရာတွေပျောက်ဆုံးပြီး၊ ကရင်ပြည် နယ်ကျောက်ခက်ရွာကို ရောက်သွားတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေး၊ အင်းပတီး နဲ့ ဒေါ်ကာလီ ရွာ သားတွေကို ဘဝသစ်ပြန်လည်ထူထောင်ရေး အတွက်နေစရာ၊ အလုပ် အကိုင်နဲ့ ကလေးတွေရဲ့ ပညာရေးတွေကူညီမယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ဗိုလ်မှူးကြီး ဆန်းအောင်က RFA ကိုပြောပါတယ်။

လှည်းကူးမြို့နယ်ကနေ မြဝတီမြို့နယ် ကျောက်ခက်ရွာထိ တစ်ရက် နဲ့ရောက်မယ့်ခရီးကိုလေး ရက် လောက် ကျန့်ကြာ ခဲ့တဲ့အတွက် ရွာသားတွေ ထဲက သက်ကြီး ရွယ်အို တချို့ခရီး ပမ်းနေကြပေမယ့် ကျန်းမာရေးကောင်း မွန်နေကြပြီး၊ နယ်ပယ်သစ်မှာ အခြေချဖို့ အဆင်သင့်ဖြစ်နေကြ တယ် လို့ဆိုပါတယ်။

ဒီနေ့မနက်မှာတော့ နေအိမ်တွေဆောက်ဖို့ မြေညှိတာ၊ သစ်ဝါးခုတ် တာတွေစတင်တော့မှာဖြစ်ပြီး၊ အလုပ်အကိုင် အတွက်လဲ ရွာသားတွေကို ရှင်းလင်းပြောဆိုမယ်လို့ဆိုပါတယ်။

RFA Burmese

သမီးကလေးကျေးရွားသားတွေနေဖို့ ကျောက်ခက်ရွာမှာ အိမ်ဆောက်ဖို့ပြင်


မြ၀တီမြို့ ကျောက်ခက်ရွာကို ရောက်လာတဲ့ သမီးကလေးကျေးရွာက ဒုက္ခသည်တွေအတွက် ဒီကေဘီအေက နေအိမ်တွေ ဆောက်လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။

သမီးကလေးကျေးရွာသား ၂၀၁ ယောက်ဟာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းမှာ မြ၀တီမြို့ သမဂ္ဂသုခသီရိမြိုင် ဘေးမဲ့ကျောင်းကနေ ဒီကေဘီအေ ထိန်းချုပ်နယ်မြေကျောက်ခက်ကို ထွက်လာပြီး နေ့လည်ပိုင်းမှာ မြ၀တီမြို့နဲ့ ဆုံဆည်းမြိုင်ကြားမှာရှိတဲ့ ကျောက်ခက်ရွာကို ရောက်လာခဲ့ကြပါတယ်။

ကျောက်ခက်ရွာ ဘုန်ကြီးကျောင်းမှာ ကျေးရွာသားတွေကို ၃ ရက်လောက် အနားပေးထားပြီးရင် နေထိုင်ဖို့ နေအိမ်တွေကို ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဒီကေဘီအေက ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။

“ဘုန်းကြီးကျောင်းထဲမှာ ယာယီတဲလေးထိုးပြီးတော့ အိမ်ဆောက်ရင်းနဲ့ နေပေါ့။ ဖြစ်နိုင်မယ်ဆိုလို့ ရှိရင် ဒီလိုပဲနေပြီး အိမ်တွေ အရင်ဆောက်ပေါ့။ သူတို့နားရင် ၁ ရက် ၂ ရက် ၃ ရက် အများဆုံး နားပေါ့။ လောလောဆယ်တော့ လိုအပ်တဲ့ လွှတွေ ဓါးတွေ တော့ လုပ်ထားပြီးပြီပေါ့။ မြေနေရာက မနက်ဖြန် စပြီး ရိုက်မယ်။”

ဒုက္ခသည်တွေကတော့ သူတို့ကို အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီးနေရာပေးတဲ့ အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြောထားပေမယ့် ဘဝကို အသစ်ကနေ ပြန်စရတဲ့အတွက် အခက်အခက်တွေရှိတယ်လို့ ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်ဌေးက ပြောပါတယ်။

“နေတယ်ဆိုတာက အဆင်ပြေတယ် မဟုတ်ဘူးပေါ့။ ကိုယ့်ဆီမှာထက်စာရင် အလုပ်တော့ မပြတ်ဘူးပေါ့။ မပျင်းရင်တော့ စားရမှာပေါ့။ ပျင်းတဲ့သူကတော့ မစားရဘူးပေါ့။ ”

ကျောက်ခက်ကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကတည်း စတင်ပြောင်းရွေ့လာခဲ့တာပါ။ ဒါပေမယ့် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နယ်စပ် ဒုံသမိ တံတားအရောက်မှာ အာဏာပိုင်တွေရဲ့ တာဆီးခြင်းကို ခံခဲရပါသေးတယ်။ နောက်ပိုင်းမှာ ဒီကေဘီအေ ခေါ်ဆောင်ရာ နောက်ကို ခရီးဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်အတွင်းက သမီးကလေး၊ အုတ်ဖို၊ အင်းပုတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင် စတဲ့ကျေး ရွာတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက တပ်ပိုင်မြေဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့အတွက် အိုးမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။

အခုတော့ ဒီကေဘီအေရဲ့ အကူအညီနဲ့ ကရင်ပြည်နယ် ကျောက်ခက်ကျေးရွာကို ရောက်လာကြပြီး မိုးမစခင်မှာ လုံခြုံတဲ့ အမိုးအကာအောက်နေထိုင်နိုင်ကြမယ်လို့ မျှော်လင့်နေကြ ပါတယ်။

By ခွန်ဘသာ (ဒီဗွီဘီ)

လှည်းကူးပဋိပက္ခတွင် ပါဝင်သူ၊ လှုံ့ဆော်သူ ဆယ်ဦးကျော် ဖမ်းဆီး

လှည်းကူးပဋိပက္ခတွင်ပါဝင်သူများကို ရဲတပ်ဖွဲ့ဝင်များက ဧပြီ ၄ ရက်ညက ဖမ်းဆီးနေစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

လှည်းကူးမြို့ပဋိပက္ခတွင် ပါဝင်ခဲ့သူများ၊ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူများကို ရဲတပ်ဖွဲ့က ဧပြီ ၄ ရက် တစ်ညလုံး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၁၃ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ဧပြီ ၅ ရက်တွင် မြို့အခြေအနေ တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့မှာ ဘာမှပြဿနာမ ဖြစ်တော့ပါဘူး။ အားလုံးတည်ငြိမ်နေပါပြီ။ ဈေးလည်းပုံမှန်အတိုင်းပြန်ဖွင့်နေပါတယ်’’ ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးခင်မြင့်က ပြောသည်။

ဧပြီ ၄ ရက် ညနေ ၃ နာရီ ခန့်တွင် လှည်းကူးမြို့နယ် မြို့မ ဈေးအတွင်း အမိုးအကာကူရှင်ပြု လုပ်သည့် အရောင်းဆိုင်နှစ်ဆိုင် ဈေးအပြိုင်အဆိုင် ရောင်းချရာမှ စကားများပြီး ဘာသာခြားဆိုင်မှ လူငယ်သုံးဦးက အခြားဆိုင်ရှိ လူငယ်တစ်ဦးအား ကတ်ကြေးဖြင့် ထိုးခဲ့ရာ အမျိုးသားတစ်ဦး မျက်လုံးတွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းကို မကျေနပ်သော မြို့ခံအချို့က လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု စတင်ဖြစ်ပေါ်ခြင်း ဖြစ်သည်။

လှည်းကူးပဋိပက္ခ ပြဿနာ စတင်ဖြစ်ပွားရာတွင် ပါဝင်သူ ဘာသာခြားသုံးဦးအား ရဲတပ်ဖွဲ့ က ချက်ချင်းဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့သော်လည်း မြို့ခံလူ အချို့က ကျေနပ်မှုမရှိသောကြောင့် လူစုလူဝေးများဖြစ်ပေါ်ကာ မြို့လူထုက အကြမ်းဖက်မှု အသွင်ဆောင်လာခဲ့သည်။ ထို့နောက် ဗန်ဒါပင်လမ်းရှိ ကတ်ကြေးဖြင့်ထိုးသော လူငယ်၏ ဦးလေးပိုင် ဟူစင်အအေးနှင့် မုန့်မျိုးစုံဆိုင်ကို ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့သည်။

ထိုနေ့ညဦးပိုင်းအချိန်တွင် ဆူပူအကြမ်းဖက်ရန် ကြိုးစားနေ သော လူအုပ်ကြီးက ရဲတပ်ဖွဲ့များ ကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ လေးခွ တွင် သံလုံးများထည့်၍ ပစ်ပေါက် ခြင်းစသည်တို့ ပြုလုပ်ခဲ့သည်။ ထို့ နောက်ပိုင်းတွင် အဆိုပါ လူအုပ် ကြီးသည် ရဲကားများ၊ လမ်းဘေး ရှိ အိမ်များကို ဖျက်ဆီးခြင်း၊ ခဲ များဖြင့် ပစ်ပေါက်ခြင်းများ ပြု လုပ်လာသောကြောင့် ရဲတပ်ဖွဲ့  က ထိုလူအုပ်ကြီးကို လိုက်လံဖြိုခွင်းကာ ဖမ်းဆီးခဲ့သည်။ ထို သို့ဖြိုခွင်းဖမ်းဆီးမှု နှစ်ကြိမ်ပြု လုပ်ရာ ဆူပူအကြမ်းဖက်သူများ ဒဏ်ရာရရှိ၍ ဖမ်းဆီးခံခဲ့ရသူ အ နည်းဆုံးငါးဦးထက်မနည်း ရှိခဲ့ သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

ည ၁၀ နာရီခွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် အရေး ပေါ် ဒေသန္တရအမိန့်အဖြစ် ည ၆ နာရီမှ နံနက် ၆ နာရီထိ လူငါးဦးထက်စုဝေး၍ အပြင်မထွက်ရန် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်လိုက်သောကြောင့် ည ၁၁ နာရီအချိန်တွင် တည်ငြိမ်သွားခဲ့သည်။

သို့သော် ည ၁၂ နာရီတွင် လုံခြုံရေးယူထားသော ရဲအချို့ ပြန်သွားသောကြောင့် ဆူပူရန်လှုံ့ ဆော်သူ အမျိုးသား ၃၀ ခန့်သည် လမ်းမပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များအား လေးခွများဖြင့် ပစ်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို လိုက်လံဖမ်းဆီးရာ လေးဦး ဖမ်းဆီးနိုင်ခဲ့သည်။ လှည်းကူး ပဋိပက္ခဖြစ်စဉ်တွင် စုစုပေါင်း ဖမ်းဆီးရမိသူ ၁၃ ဦးထက်မနည်း ဖမ်းဆီးရမိသည်။

‘‘လူဦးရေ ဘယ်နှယောက် ဖမ်းမိတယ်ဆိုတာတော့ သေချာ မသိသေးပါဘူး။ ဖမ်းဆီးထားသူတော့ ရှိပါတယ်’’ ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရုံးမှဒုရဲမှူးကြီးမင်း အောင်က ပြောသည်။

ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ပြဿနာစတင်ဖြစ်ပွားသော လှည်းကူးမြို့ ဈေးကြီးပုံမှန်အတိုင်း အရောင်းအ၀ယ်ပြုလုပ်နေသည်ကို တွေ့ရသည်။

‘‘ဒီနေ့တော့ ဘာဖြစ်သံမှမကြားပါဘူး။ ရဲတပ်ဖွဲ့တွေက တော့ ဈေးကြီးနားတွေမှာ လုံခြုံ ရေးယူထားပါတယ်။ မြို့ထဲမှာ လည်း ပုံမှန်အတိုင်းဖြစ်နေပါတယ်’’ ဟု လှည်းကူးမြို့မှ ကိုကျော်သီဟက ပြောသည်။

ညပိုင်းတွင်လည်း ပုဒ်မ ၁၈၈ ကို ဆက်လက်ထုတ်ပြန်ထားပြီး အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။

Author: ငြိမ်းချမ်း
7Day Daily

ဟစ်တလာ က ဂျူးလူမျိုးကို လက်ထပ်ခဲ့တယ်ဆိုတာ သိရင် ၊ ဂျူးလူမျိုးတွေကို သတ်ပါ့မလား


အောင်ဟိန်းခိုင် ၊ ဧပြီ - ၆

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခါနီးကာလ ရုရှားတပ်များ ဂျာမနီ နိုင်ငံအတွင်းထိ ထိုးဖောက်ဝင်ရောက်လာချိန် ၊ တစ်ဖက်တွင်လည်း အမေရိကန် ပူးပေါင်းပါဝင်သော မဟာမိတ်တပ်များ တိုက်ခိုက်မှုကြောင့် ပထမ ကမ္ဘာစစ်တွင် အောင်ပွဲခံခဲ့သော ဂျာမနီ တို့ စစ်ရှုံးပြီးဘယ်လိုမှ ပြန်လည်ချေပ နိုင်ခြင်းမရှိတော့သည့်နောက်ဆုံး ဂျာမနီ ၏စစ် ဦးစီးချုပ် ဟစ်တလာနှင့် သူ၏ ဇနီး အီဗာဘရွန်းတို့ဟာ နာဇီတို့၏ စစ်ဦးချုပ်ရုံးအခြေစိုက်ရာ မြေအောက် ရုံးခန်းအတွင်းမှာပင် တစ်ဦးနှင့်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ချိန်၌ အီဗာဘရွန်းသည် ဟစ်တလာ၏ ဇနီးအ ဖြစ်နေထိုင်လာခဲ့သည်မှာ ၁၂ နှစ်ခန့်ရှိနေခဲ့ပြီဖြစ်သည်။ ၁၂နှစ်တိုင် အီဗာဘရွန်းသည်ဟစ်တလာ၏ ဇနီးသည်အဖြစ် နေထိုင်ခဲ့သော်လည်း သိပ္ပံပညာရှင်များမကြာသေးမီက တွေ့ရှိခဲ့သော အထောက်အထားများအရ ဟစ်တလာတို့ ဇနီးမောင်နှံ နှစ်ဦးကြား ကြီးမားသော ဖုံးကွယ်မှုများရှိနေခဲ့သည်။ ၎င်းအချက်မှာ အီဗာဘရွန်းသည် နာဇီခေါင်းဆောင် ဟစ်တလာ အလွန်မုန်းတီးသော ဂျူးလူမျိုးတစ်ဦးဖြစ်ခဲ့ဖွယ်ရှိနေခြင်းဖြစ်သည်။
စစ်ကြီးအတွင်း သန်းနှင့်ချီသော ဂျူးလူမျိုးများကို ရက်စက်စွာ မျိုးတုံးအောင်သတ်ဖြတ်ပစ်ခဲ့သော ဟစ်တလာ တစ်ယောက် သူ၏အမျိုးသမီး အီဗာဘရွန်း ဂျူးလူမျိုးဖြစ်ခဲ့သည်ကိုသိရှိခဲ့ပုံမရပေ။ အီဗရာဘရွန်း၏ မိခင်ဖြစ်သူသည် ဂျူးလူမျိုးမှ ဆင်းသက်လာသူ တစ်ဦးဖြစ်ဖွယ်ရှိကြောင်း ဧပြီလ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော သူမ ၏ ဆံပင်များကို DNA စစ်ဆေးရာမှပေါ်ပေါက်လာခြင်းဖြစ်သည်။ ဟစ်တလာ နှင့် အီဗရာဘရွန်း တစ်ဦးနှင့်တစ်ဦး စတင် တွေ့ရှိချိန်တွင် သူမအနေဖြင့် ဆယ်ကျော်သက်အရွယ်သာရှိနေခဲ့ပြီး ဟစ်တလာ၏ ထင်းရှူးတော စံအိမ်မှ အလွန် ဝေးကွာသော ဘတ်ဖို့ဒ် ဒေသတွင်ဖြစ်သည်။ သိပ္ပံပညာရှင်များက ဟစ်တလာ စစ်ဆင်ရးတစ်ခုပြုလုပ်စဉ် ခေတ္တ နေထိုင်ခဲ့သောအိမ်တွင်တွေ့ရှိခဲ့သော အီဗာဘရွန်အသုံးပြုခဲ့သည့် ဘီးမှ ဆံပင် နှင့် အမေရိကန် စစ်တပ် အရာရှိတစ်ဦးထံမှရရှိခဲ့သော ဆံပင် များကို DNA စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တွေ့ရှိခဲ့သော DNA များအရ အီဗရာဘရွန်၏ DNA အမျိုးအစားသည် haplogroup N1b1 နှင့် ဆက်နွယ်လျက်ရှိပြီး ၎င်းအမျိုးအစား သည် ကမ္ဘာ့ဂျူးလူမျိုးများ၏ ၈၀ ရာခိုင်နှုန်းဖြစ်သော အက်ကီနာဇီ ဂျူးလူမျိုးများ၏ DNA ဖြစ်သည်။ ဂျာမနီ နိုင်ငံအတွင်းရှိ အက်ကီနာဇီ ဂျူးလူမျိုးတို့သည် ၁၉ ရာစုအတွင်းအခြေအနေအကြောင်းကြောင်း ကြေင့် ကက်သလစ် ဘာသာဝင်များအဖြစ်သို့ပြောင်းလဲခဲ့ကြသည်။ အီဗရာ၏ ဆံပင် DNA စစ်ဆေးခြင်းကို သေဆုံး ပြီးသူများ၏ DNA များကိုစစ်ဆေးပြီး ထူးခြားချက်များကို တင်ပြလေ့ရှိသော Channel 4 တီဗီအစီအစဉ်က ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အစီအစဉ်တင်ဆက်သူ မက်ခ်အီဗင်က “DNA ရဲ့ရလဒ်က အလွန်အံ့သြဖို့ကောင်း ပါတယ် ၊ ဒီလိုရလဒ်မျိုးဖြစ်လာမယ်လို့ ကျွန်တော် အိပ်မက်တောင်မမက်ဖူးပါဘူး” ပြောကြားခဲ့သည်။ Channel 4 က DNA စစ်ဆေးခဲ့သော ဆံပင်များသည် အီဗာ ဘရွန်း၏ ဆံပင်ဖြစ်ကြေင်းနှင့်ပတ်သက်ပြီး ၎င်းအစီအစဉ်ကို စီိစဉ် ကြီးကြပ်သူက “ကျွန်တော်တို့မှာ ဆံပင်နှင့်ပတ်သက်ပြီး သက်သေပြဖို့ အီဗာဘရွန်၏ မိဘမျိုးရိုးဘက်မှ ဆင်းသက် လာသောသက်ရှိထင်ရှားအမျိုးသမီးနှစ်ဦး၏ DNA ကိုစစ်ဆးဖို့ ကမ်းလှမ်းခဲ့ပေမယ့် နှစ်ဦးလုံး ငြင်းဆန်ခဲ့ပါတယ် ၊ ငြင်းဆန်ရခြင်းအကြောင်းကလည်း အီဗာဘရွန်ကို ဂျူးလူမျိုးအဖြစ်သတ်မှတ်ဖို့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်ဟု” ပြောကြားခဲ့သည်။
ယခု DNA စစ်ဆေးသော ဘီးနှင့်ဆံပင် များကို ၁၉၄၅ ခုနှစ်တွင် အီဗရာဘရွန်း၏ နေအိမ်မှ ပစ္စည်းများကို စုဆောင်း ရယူခဲ့သည့် အမေရိကန် စစ်တပ်မှ အရာရှိ ကပ်ပတိန် ပေါဘဲလ် ထံမှရရှိခဲ့ခြင်းဖြစ်သည်။ ကပ်ပတိန် ပေါဘဲလ် ၏ သားဖြစ်သူ အလန်ဘဲလ် ၏ပြောကြားချက်အရ “ကျွန်တော်ငယ်ငယ်တုံးက အိမ်အောက်ထပ်မှာ သွားကစားရင် နာဇီ အမှတ်တရ ပစ္စည်းတွေ ထည့်ထားတဲ့ရွှေရောင် အ၀တ်အိတ်ကြီးတစ်လုံးကို တွေ့တွေ့ နေတာကို မှတ်မိတယ်၊ အဲ့ဒီအိတ်ထဲမှာ လူအရိုးခေါင်းတစ်ခုရယ်၊ နာဇီတွေ အသုံးပြုခဲ့တဲ့ လက်နက်အချို့ရယ်၊ E.B လို့ရေးထားတဲ့ အိတ် ငယ်လေးတစ်လုံးရယ်ကိုတွေ့တယ်၊ အဲ့ဒီအိတ်လေးကိုဖွင့်ကြည့်လိုက်တော့ မှန်တစ်ချပ်ရယ်၊ ဘီးတစ်ချောင်းရယ် တွေ့တယ်” ဟုသူ၏ ငယ်ဘ၀ အတွေ့အကြုံကိုပြောပြသည်။ ၁၉၇၀ ခုနှစ် သူ၏အဖေ သေဆုံးပြီးနောက် ၎င်း ဘီးနှင့် ဆံပင် ရှစ်ပင်ကို ရှေးဟောင်းပစ္စည်းထိန်းသိမ်းသူ ဂျွန်ရစ်ကနော့ ဆိုသူကို ပေါင်စတာလင် ၁၂၀၀ ဖြင့်ရောင်းချ ခဲ့သည်ဟု ဆိုသည်။
(ref: DM)
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

သင်္ကြန်ကာလ၌ အိတ်ဇောဖွင့်၊ သရုပ်ပျက် ဆိုင်ကယ်များ ဖမ်းဆီးမှု အရှိန်မြှင့်မည်


မုံရွာ၊ ဧပြီ ၅

သင်္ကြန်ကာလတွင် ဆိုင်ကယ်များဖြင့် လည်သည့် အလေ့အထ ရှိသော မုံရွာမြို့ပေါ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း အိတ်ဇောဖွင့်နှင့် သရုပ်ပျက် ဆိုင်ကယ်များကို အရှိန်မြှင့် ဖမ်းဆီးသွားမည် ဖြစ်ပြီး သင်္ကြန်ကာလ ပြီးမှသာလျှင် တရားရုံးတင်ပြီး တရားစွဲဆိုပြီးမှသာ ဆိုင်ကယ်များ ပြန်ထုတ်ပေးမည် ဖြစ်ကြောင်း မုံရွာမြို့နယ် ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“မနှစ်ကတော့ သင်္ကြန်ကာလ မတိုင်ခင်မှာပဲ ဖမ်းပါတယ်။ ဒီနှစ်တော့ သင်္ကြန်ကာလ အတွင်းမှာလဲ အိတ်ဇောဖွင့်တဲ့ ဆိုင်ကယ်တွေကို အဓိကထားပြီး ဖမ်းဆီးဖို့ ရှိပါတယ်။ သက်ဆိုင်ရာကလည်း စာတွေထုတ်ပြီး သတိပေးမှုတွေ ပြုလုပ်ထားပါပြီ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခင်နှစ် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင်လည်း အိတ်ဇောဖွင့်၊ ရှေ့နောက် နံပါတ်ပြားမပါ၊ သရုပ်ပျက် ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူခဲ့ပြီး အစီးရေ ၁၀၀ နီးပါးခန့် ဖမ်းဆီးရမိခဲ့ကာ သင်္ကြန်ကာလ ပြီးမှသာ ဆိုင်ကယ်များ ပြန်ထုတ်ပေးခဲ့ကြောင်း ယာဉ်ထိန်းရုံး မှတ်တမ်းများအရ သိရသည်။

၂၀၁၂ သင်္ကြန်တွင် မုံရွာမြို့ပေါ်၌ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၃၈ ဦး ဒဏ်ရာရှိခဲ့ကာ သေဆုံးမှု အများစုမှာ ဆိုင်ကယ်တိုက်မှုများကြောင့် ဖြစ်ပြီး၊ ဒဏ်ရာရရှိမှု များသည်လည်း ယာဉ်တိုက်မှုများကြောင့် အများဆုံး ဖြစ်ခဲ့ကြောင်း၊ ၂၀၁၃ သင်္ကြန်တွင် ယာဉ်တိုက်မှုများ လျော့နည်းခဲ့သဖြင့် လူငါးဦးခန့်သာ သေဆုံးခဲ့ကြောင်း မုံရွာအမှတ် (၁) ရဲစခန်းမှ မှတ်တမ်းများအရ သိရသည်။

The Voice Weekly

ရွှေမျောကြောင့် အိမ်သုံးလုံးပြိုကျခဲ့ပြီး သားအဖနှစ်ဦး အသက်ဆုံးရှုံးခဲ့မှု သမ္မတထံတိုင်ကြား


မုံရွာ၊ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာတွင် မတ်လ ၂၀ ရက်နေ့က ရွာမြေအနီး ရွှေမျော တိုက်ခြင်းများ ဆက်တိုက် လုပ်ကိုင်မှုကြောင့် ကမ်းပါးပြိုခဲ့ရာ အိမ်သုံးလုံး ပျက်စီးခဲ့ပြီး သားအဖနှစ်ဦး အသက်ဆုံးရှုံး ခဲ့ခြင်းကြောင့် ရွာခံအိမ်ထောင်ဦးစီး ၄၆ ဦး စုပေါင်း လက်မှတ်ရေးထိုး၍ သမ္မတထံ တိုင်ကြားခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။
“ရွာအနီးမှာ ရွှေမျောတွေ ဖောင်ဖွဲ့ပြီးရှာတာ ၂၄ ဖောင်ရှိတယ်။ အဲဒီနေ့က နေ့လယ်ခင်း၂ နာရီလောက်မှာ မျောထိုးနေရင်း မြေတွေပြိုကျပြီး ကမ်းပါးက အိမ်ထဲမှာနေတဲ့ သားဖနှစ်ဦး ပါသွားတာ။ မြေပိပြီး ဆုံးခဲ့တာ၊ ဒဏ်ရာရတဲ့ အဘွားအိုတစ်ဦးကိုတော့ ဟုမ္မလင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်းပဲ” ဟု ထိန်ကုန်းကျေးရွာတွင် နေထိုင်သော အမျိုးသားတစ်ဦးက ဆိုသည်။

ရွာမြေများအား ကျေးရွာရန်ပုံငွေဟု အမည်တပ်ကာ ရွှေမျောများ လုပ်ကိုင်ခွင့်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက လုပ်ကိုင်ခွင့် ပေးထားပြီး၊ ရွှေမျောဖောင် ၂၄ ဖောင်က ရွှေရှာဖွေခြင်းများ လုပ်ကိုင်ကြကြောင်း၊ လုပ်ကိုင်သည့် နေရာသည် လူနေအိမ်များ ဆက်စပ်သည့် နေရာများဖြစ်၍ ဒေသခံ ရွာသားများက ဆက်လက်လုပ်ကိုင်ခြင်း မပြုရန် ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်ထိ အဆင့်ဆင့် တိုင်ကြား ခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရကြောင်း သမ္မတထံ ပေးပို့သည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

လက်ရှိ ကမ်းပါးပြိုကျခဲ့သည့် ထိန်ကုန်းကျေးရွာ ဖရုံချောင်းအောင် သုခရပ်ကွက်တွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း ၅၀ ခန့်ရှိပြီး လူဦးရေ စုစုပေါင်း ၂၀၆ ဦးနေထိုင်ကြောင်း အိမ်ထောင်ဦးစီးများ လက်မှတ် ရေးထိုး၍ သမ္မတထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly 

မြောက်ကိုရီးယား ဒုံးကျည်မှန်သမျှ ပစ်ချရန် ဂျပန်အစိုးရ အမိန့်ထုတ်


တိုကျို၊ ဧပြီ ၅

မြောက်ကိုရီးယားနိုင်ငံက လာမည့် ရက်ပိုင်းအတွင်း ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်နိုင်ဖွယ် ရှိခြင်းကြောင့် မြောက်ကိုရီးယား ဒုံးကျည်မှန်သမျှကို ပစ်ချရန် ဂျပန်ပင်လယ်တွင်းရှိ ဖျက်သင်္ဘောများကို ဂျပန်အစိုးရအဖွဲ့က အမိန့်ပေးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“ကာကွယ်ရေးဝန်ကြီးက ဧပြီ ၃ ကနေ ၂၅ ရက်နေ့အတွင်း ပေါ်ပေါက်လာဖွယ် ရှိတဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေအတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်” ဟု သတင်းရင်းမြစ်များက ပြောကြားသည်။

မြောက်ကိုရီးယား ဒုံးကျည်များ ပစ်ချရေး အမိန့်ပေးထားသော်လည်း အမေရိကန်နိုင်ငံထုတ် ခေတ်မီ ပတ်ထရီရော့ ဒုံးခွင်းဒုံးများကိုမူ တပ်ဖြန့်ထားခြင်း မရှိကြောင်း ယင်းလက်နက်များမှာ နောက်ဆုံး ခံစစ်လက်နက်များ ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး အိုနိုဒီရာက ပြောကြားသည်။

ဂျပန်ကာကွယ်ရေး ဝန်ကြီး အိုနိုဒီရာက မြောက်ကိုရီးယား ဒုံးကျည်များ ပစ်ချရေး အမိန့်ကို ကြာသပတေးနေ့ကတည်းက အမိန့်ပေးခဲ့သော်လည်း တစ်နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ဂျပန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ မထိခိုက်စေရန် အများပြည်သူများ သိအောင် ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း ဒေသခံ မီဒီယာများတွင် ဖော်ပြထားသည်။

သို့သော်လည်း ဘေဂျင်းမြို့တော်၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှာ မည်သည့် ရလဒ်မျှ မထွက်ပေါ်ဘဲ ရပ်ဆိုင်းသွားခဲ့သည်။

ထို့အပြင် အမေရိကန်သမ္မတ အိုဘားမားနှင့် တောင်ကိုရီးယားခေါင်းဆောင်၊ ဂျပန်ခေါင်းဆောင်များ သည်ဟိတ်မြို့၌ တွေ့ဆုံဆွေးနွေးနေသည့် အချိန်နှင့် ကိုက်၍လည်း မြောက်ကိုရီးယားနိုင်ငံက ရိုဒေါင် တာလတ်ပစ် ဒုံးကျည်တစ်စင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပစ်လွှတ်ခဲ့သည်။

အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၆၅၀ (မိုင် ၄၀၀) ပျံသန်းပြီးနောက် ပင်လယ်တွင်းသို့ စိုက်ဆင်းသွားခဲ့ပြီး သတ်မှတ်ထားသည့် အမြင့်ဆုံး အကွာအဝေး ဖြစ်သည့် ကီလိုမီတာ ၁၃၀၀ အထိ ရောက်ရှိနိုင်ခြင်း မရှိခဲ့ပေ။

ယင်းကဲ့သို့သော ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်မှုမှာ မြောက်ကိုရီးယားနိုင်ငံက အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကို အာခံကြောင်း ပြသသည့် သဘောဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ အနာဂတ် ဒုံးကျည်ပစ်ခတ်မှုများကို ပစ်ချနိုင်ရန် ဂျပန်ပင်လယ်တွင်း၌ ပစ်မှတ်အမျိုးမျိုးကို ထောက်လှမ်းနိုင်သော အဆင့်မြှင့်ရေဒါများ၊ ဒုံးကျည်များ တပ်ဆင်ထားသည့် အေးဂျစ်အမျိုးအစား ဖျက်သင်္ဘောများကို ဂျပန်အစိုးရက စေလွှတ်ထားသည်။

The Voice Weekly

ယာဉ်အိုယာဉ်ဟောင်းအပ် စလစ်နဲ့ ကားတင်သွင်းခွင့် ဖျက်သိမ်းမည်မဟုတ်


လက်ရှိ ပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံလဲလှယ်မှု စနစ်အရ သက်တမ်းရင့် မော်ဒယ်ကားများကို အပ်နှံပြီး မော်ဒယ်မြင့်ကားများ အစားပြန်လည် တင်သွင်းနေသော စနစ်ကို ဖျက်သိမ်းမှာ မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ လနှောင်းပိုင်းက ယာဉ်အိုဟောင်း အပ်နှံလဲလှယ်မှု စနစ်အရ မော်တော်ယာဉ် စလစ် စနစ်ကို ဖျက်သိမ်းမည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ကားအရောင်းအ၀ယ်လောကအတွင်းမှာပင် ဈေးမငြိမ်မှုများ ဖြစ်ပေါ်ခဲ့သလို၊ စလစ်ဈေးကွက်မှာရော အရောင်းအ၀ယ် ဈေးကွက်မှာပါ အတော်လေး အေးသွားခဲ့ပါတယ်။

အဆိုပါ စလစ်စနစ် ဖျက်သိမ်းမည့် သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း အတည်ပြု သတင်း ရယူရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနထံသို့ ဆက်သွယ်မေးမြန်းရာမှသာ တာဝန်ရှိသူ တစ်ဦးက ယာဉ်အို ယာဉ်ဟောင်း အပ်နှံစလစ် စနစ်ကို လက်ရှိမှာ ဖျက်သိမ်းမှာ မဟုတ်သေးကြောင်းနဲ့ ဖျက်သိမ်းရန် အစီအစဉ်လည်း မရှိသေးကြောင်း၊ အနီးစပ်ဆုံး အနေနဲ့ လာမယ့် ဘဏ္ဍာရေးနှစ်ရောက်သည်ထိအောင် စလစ် စနစ်ကို ဖျက်သိမ်းမှာ မဟုတ်သေးကြောင်း ပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာ အပ်နှံရန် ကျန်ရှိနေသေးတဲ့ အိုဟောင်း မော်တော်ယာဉ်နဲ့ အက္ခရာနိမ့် မော်တော်ယာဉ်များစွာ ရှိနေသေးပြီး နောက်ပိုင်း အပ်နှံရန် ကျန်ရှိတဲ့ မော်တော်ယာဉ် အရေအတွက် လျော့နည်းသွားမှသာ စလစ်စနစ်ကို ဖျက်သိမ်းသွားရန် ရှိနိုင်ကြောင်းနဲ့ လတ်တလောမှာ လုပ်ဆောင်နေတဲ့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံစနစ်ကို ဖျက်သိမ်းပြီး အက္ခရာစဉ်အတိုင်း လိုင်စင် ထုတ်ပေးတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ရာအတွက် အချိန်ပေးရဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (IA)
TechSpace Journal 

ဖိလစ်ပိုင်ရေတပ်မှ AW109 Helicopter များ



ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ရေတပ်ဆိုင်ဆိုင်ရာ အသုံးပြုနိုင်သော AW109 ရဟတ်ယာဉ် ၂ စီးထက်မနည်းအား လက်ခံရရှိခဲ့ပါသည်။ အဆိုပါရဟတ်ယာဉ်များသည် ၂၀၁၂ ခုနှစ်ကတည်း ကပင် မှာယူထားခြင်း ဖြစ်ပါသည်။ AW109 အနေဖြင့် ဖိလစ်ပိုင်တပ်မတော်တွင် ရေပန်းစားလျက်ရှိပြီး ၄င်းရဟတ်ယာဉ်တွင် ၁၂.၇ မမ (.၅၀ ကာလီဘာ) စက်သေနတ်လည်း တပ်ဆင်နိုင်ပါသည်။ ရဟတ်ယာဉ် အနေဖြင့် ဒုံးပျံ ၈ စင်းပစ်ခတ်နိုင်စွမ်းရှိပြီး AW109 ရဟတ်ယာဉ်များကို ရေတပ်နှင့်လေတပ်များအတွက် ၀ယ်ယူ ထားခြင်းဖြစ်ပြီး ရေတပ်အတွက် ၀ယ်ယူခမှာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၁ သန်းပေးရပြီး လေတပ်အတွက် ကုန်ကျငွေမှာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကုန်ကျပါသည်။ ရေတပ်နှင့်လေ တပ် နှစ်ခုပေါင်း AW109 ရဟတ်ယာဉ်များအနေဖြင့် စုစုပေါင်း ၁၃ စီးရှိပြီး ၂၀၁၅ ခုနှစ် အဆုံးပိုင်းတွင် လက်ခံရရှိ မည်ဖြစ်ပါသည်။

ဗြိတိန်နိုင်ငံမှလည်း AW109 ရဟတ်ယာဉ်များကို အခြားသော လုပ်ငန်းဆောင်တာများတွင် အသုံးပြုရန် ထုတ်လုပ်ခဲ့ကြသော်လည်း စစ်ဘက်သုံး AW109 ရဟတ်ယာဉ်များအနေဖြင့် ကင်းထောက်ခြင်း၊ ရှာဖွေခြင်းနှင့် ကယ်ဆယ်ခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ရှိတွင် AW109 ရဟတ်ယာဉ်ပေါင်း အစီး ၆၀၀ ခန့်အား နိုင်ငံပေါင်း ၅၀ ခန့်တွင် အသုံးပြုလျက်လည်း ရှိပေသည်။

ဖိလပ်ပိုင်နိုင်ငံ၏ ရဟတ်ယာဉ်အများစုသည် အမေရိကန်နိုင်ငံ၏ UH-1 အမျိုးအစားများကို ပြန်လည် ပြုပြင်မွမ်းမံထားခြင်းလည်းဖြစ်ပြီး ၄င်း UH-1 ရဟတ်ယာဉ်အစီးပေါင်း ၁၅၀ ကျော်အား ၁၉၆၉ ခုနှစ်ကတည်း ကပင် လက်ခံရရှိခဲ့သော်လည်း အများစုမှာ မတော်တဆမှုများကြောင့် ပျက်စီးခဲ့ရပြီး လက်ရှိတွင် အစီး ၄၅ ကျော်ခန့်သာ ကျန်သည်ဟု သိရှိရပါသည်။

UH-1 ရဟတ်ယာဉ်များသည် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရန်တွက် ကုန်ကျစရိတ်မြင့်မားပြီး ပျံသန်းချိန် ၁ နာရီလျှင် ဒေါ်လာ ၁ ထောင်ကျော်ခန့် ကုန်ကျပါသည်။ ထို့ကြောင့်လည်း အမေရိကန်တပ်မတော် အနေဖြင့် UH-1 များကို ၂၀၀၈ ခုနှစ်ကတည်းက အနားပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကွန်မြူနစ်နှင့်အစ္စလမ်မစ် ကဲ့သို့သော သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ရန်အတွက် UH-1 များကို အသုံးပြုလျက်ရှိပါသည်။

Ref:strategypage
WorldWide(BMSTU)
TechSpace Journal

လိင်စိတ်ကြွနေသော အမျိုးသမီးကြီးက ၉၁၁ ကိုဖုန်းဆက်ပြီး မြူဆွယ်


ဖလောရီဒါမှာ အသက် ၅၀ အရွယ်ရှိ Maria Montanez-Colon ဟာ ၉၁၁ ကို ဖုန်းဆက်ပြီး လိင်ကိစ္စမြူဆွယ်မှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

သူမဟာ အကြောင်းအရာတစ်ခုနဲ့ ၉၁၁ က ရဲတစ်ယောက်ကို ညာခေါ်ခဲ့ပြီး ရဲက အိမ်ရောက်လာတဲ့အခါမှာတော့ သူမနဲ့ လိင်ဆက်ဆံဖို့ မြူဆွယ်ခဲ့တာပါ။

၉၁၁ က ရဲသားရဲ့ ပြောပြချက်အရ ဆုံးသွားတဲ့ သူမယောက်ျားရဲ့ အမိုးဖွင့်ကားလေးကို မူးမူးနဲ့ သူမရဲ့သားကို မှားပြီးပေးလိုက်မိတဲ့အတွက် ကားကိုပြန်လိုချင်ပါတယ်ဆိုပြီး ဖုန်းဆက်ခဲ့တာပါ။ သူမရဲ့အိမ်ကို ရဲသားရောက်ရှိလာတဲ့အချိန်မှာတော့ သူမဟာ ၎င်းရဲသားကို ပွတ်သပ်မြူဆွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ရလဒ်အနေနဲ့ကတော့ ၎င်းအမျိုးသမီးကြီးအား ၉၁၁ စနစ်ကို အလွဲသုံးစားပြုလုပ်မှုဖြင့် ဖမ်းဆီးခဲ့ပါတယ်

Credit: Myanmar CNN (www.myanmarcnn.com)


လှည်းကူးမြို့မဈေးတွင် ခိုက်ရန်ဖြစ်ပွားခဲ့သူ သုံးဦးကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်း


ရန်ကုန်၊ ဧပြီ ၅

လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဆိုင်ချင်းကပ် ဈေးဆိုင်နှစ်ဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီခန့်က ဈေးရောင်းချသူ နှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ လူစုလူဝေးဖြင့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခထိ ဖြစ်ပွားခဲ့မှုတွင် အဆိုပါ ခိုက်ရန် ဖြစ်ပွားခဲ့မှု စတင်ခဲ့သော ဈေးဆိုင်မှ အမျိုးသားသုံးဦးကို ယင်းနေ့ ည ၆ နာရီခွဲခန့်က အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းကာ စစ်ဆေးလျက်ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။

လှည်းကူးမြို့မ ဈေးအောက်ထပ် အရှေ့ဘက်ခြမ်းရှိ အမိုးအကာ ရောင်းချသော ဆိုင်ခန်းမှ ဈေးရောင်းနေသော အစ္စလာမ် ဘာသာဝင် အမျိုးသားသုံးဦးနှင့် ဆိုင်ခန်းကပ်လျက်ရှိ ချစ်မိတ်ဆွေ နာရီအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ အသက် ၂၀ အရွယ်ရှိ ဗုဒ္ဓဘာသာဝင် ကိုသက်ပိုင်ဦးတို့ စကားများ ရန်ဖြစ်ရာမှ အသက် ၁၇ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသားက ကတ်ကြေးဖြင့် ကိုသက်ပိုင်ဦး၏ မျက်လုံးကို ထိုးကာ ဈေးအရှေ့ ကားလမ်းတစ်ဖက်ရှိ ဦးလေးနေအိမ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ အနီးအနားရှိသူများ စုဝေးရောက်ရှိခဲ့ပြီး အဆိုပါ နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ကာ ဘာသာရေးအသွင်ဆောင် ပဋိပက္ခအထိ ဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

လူစုလူဝေးဖြင့် နေအိမ်ကို ခဲများပစ်ပေါက် ဖြိုဖျက်နေစဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လာရောက်ကာ ထိန်းသိမ်းခဲ့ရာ ညနေ ၆ နာရီခွဲခန့်တွင် လူစုကွဲသွားခဲ့ပြီးနောက် ဆူပူမှုများ ထပ်မံ မဖြစ်ပွားစေရန် သက်ဆိုင်ရာက ယင်းနေ့ည ၉ နာရီတွင် ပုဒ်မ ၁၈၈ (ညမထွက်ရ အမိန့်) ကို လှည်းကူးမြို့နယ်တွင် ထုတ်ပြန်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ လူစုလူဝေးက ခဲများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ခဲများ ထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်က အဆိုပါ လူစုလူဝေးကြီး ကွဲသွားသော်လည်း လူ ၁၀၀ ခန့်က တုတ်၊ ခဲ၊ လေးခွများ ကိုင်ဆောင်ပြီး နေအိမ်များ၊ ဆိုင်ခန်းများနှင့် ဗလီကို ပစ်ပေါက်ကာ ပဲခူးလမ်းမကြီးရှိ မောင်းနှင်လာသော ယာဉ်များတွင် လိုက်ပါလာသည့် ခရီးသည်များကို ကိုးကွယ်သည့် ဘာသာများ စစ်ဆေးမေးမြန်း နေသောကြောင့် ရဲတပ်ဖွဲ့က အဆိုပါလူစုကို ဖြိုခွဲ ဖြေရှင်းပေးခဲ့ရကြောင်း ဈေးကြီးရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။

ရဲတပ်ဖွဲ့က လူစုခွဲ ဖြေရှင်းမှုကြောင့် ဒဏ်ရာရရှိသူ ဆယ်ဦးခန့်ရှိပြီး ခဲဖြင့် ပစ်ခတ်သူ နှစ်ဦးနှင့် ပုဒ်မ ၁၈၈ ထုတ်ပြန်ပြီးနောက် တုတ်၊ ခဲများ ကိုင်ဆောင်ပြီး ရန်ကုန်-ပဲခူး လမ်းမကြီးပေါ် သွားလာနေသူ လေးဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ ရဲမှူးခင်မြင့်က ပြောကြားသည်။

“မနေ့ည ၁၀ နာရီလောက်က ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်ပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ အပြင်ထွက်ခွင့် မပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာ အသိပေးပြီး ရဲတွေ နေရာအနှံ့ လုံခြုံရေး ယူထားတာကြောင့် လမ်းပေါ်ဘယ်သူမှ ထွက်မလာတော့ဘူး။ ဒီမနက်တော့ ရန်ကုန်-ပဲခူး လမ်းမကြီးဘေးက အစ္စလာမ် ဘာသာဝင်တွေရဲ့ ဈေးဆိုင်တွေ အားလုံး ပိတ်ထားတယ်” ဟု ယင်းမြို့မဈေးအနီး နေထိုင်သော အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။

ဘာသာရေးအသွင်ဆောင် ပဋိပက္ခထိ စတင်ဖြစ်ပွားစေခဲ့သော ဈေးဆိုင်နှစ်ဆိုင်၏ ဆိုင်ရှင်တို့မှာ လွန်ခဲ့သော တစ်လခန့်က စကားများ ရန်ဖြစ်ခဲ့သောကြောင့် ဈေးစည်ပင်က နောက်တစ်ကြိမ် ရန်ထပ်မံ ဖြစ်ပွားပါက တစ်လ ဆိုင်ခန်းပိတ်မည် ဖြစ်ကြောင်း ခေါ်ယူသတိပေး ခံထားရကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကတ်ကြေးက မျက်လုံးကို ထိုးမိလို့ မျက်စိထိခိုက်သွားတယ်။ တာမွေက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံမှာ ခြောက်ချက် ချုပ်ခဲ့ရတယ်။ ဒဏ်ရာက သက်သာလို့ မနက်က ဆေးရုံခွင့်ပြုချက်နဲ့ ပြန်ဆင်းလာပါပြီ။ ကတ်ကြေးနဲ့ ထိုးတဲ့သူ အပါအဝင် အဲဒီဈေးဆိုင်က အမျိုးသား သုံးဦးလုံးကို မနေ့ညက အင်းစိန်အကျဉ်းထောင်ဆီ ပို့ထားပြီး စစ်ဆေးနေတယ်” ဟု လှည်းကူးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“မနေ့ညက မြို့ထဲမှာ လူအုပ်စုလိုက် တုတ်တွေ၊ ခဲတွေ၊ လေးခွတွေ ကိုင်ပြီး သွားနေကျတာ မြင်လိုက်ရတော့ တော်တော်လေး လန့်သွားတယ်။ ရဲတွေက မြို့ထဲနေရာအနှံ့မှာ လုံခြုံရေး ယူပေးထားတာကြောင့် ဒီမနက် မြို့ထဲမှာ အရင်အတိုင်း အေးချမ်းသွားတယ် ဆိုပေမယ့် နောက်တစ်ကြိမ် ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်။ ဒီနေ့ဆို ယောက်ျားနဲ့ သားကို အပြင်ထွက်ရင် တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ အလုပ်မသွားခိုင်းဘူး” ဟု ဈေးကြီးရပ်ကွက်အနီး နေထိုင်သူ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသမီးကြီးက ပြောဆိုသည်။

The Voice Weekly

ကာ/ချုပ်၏ အပစ်အခတ်ရပ်စဲရေး မူဝါဒ ပြန်ညှိနှိုင်းရန် လိုအပ်ဟု NCCT ခေါင်းဆောင် ပြောကြား


ရန်ကုန်၊ ဧပြီ ၅

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒခြောက်ချက်ကို ပြန်လည် ညှိနှိုင်းရန် လိုအပ်ကြောင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒများကို တင်ပြလာခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“သူ့ဘက်က အဆိုပြုလာတဲ့ အချက်ပါ။ တကယ်တမ်း ဆွေးနွေးမယ်ဆိုရင် လက်ခံလို့ မရပါဘူး။ တစ်ဖက်သတ် ဖြစ်နေတယ်။ အားလုံးကို ပြန်ပြီးတော့ ညှိနှိုင်းသွားရမှာပါ” ဟု ဦးနိုင်ဟံသာက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒများမှာ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြောကြားသည်။
“ဒီမူဝါဒတွေကို တပ်မတော်ဘက်က လိုက်နာပြီးမှ ထာဝရငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟု ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် တည်ဆဲဥပဒေကို လက်ခံရမည် ဖြစ်သော်လည်း တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲထားခြင်းမှာ အဆင်မပြေနိုင်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။
“တိုင်းရင်းသားတွေဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတာ မဟုတ်တော့ အဲဒီဟာကို ညှိနှိုင်းရမယ်” ဟု ၎င်းကဆိုသည်။

နှစ်ရက်တိုင် ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်မှ ထိပ်တန်းအရာရှိများ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ထို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-k) တို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရသည်။

The Voice Weekly

သင်္ကြန်ကာလအတွင်း ရန်ကုန်လမ်းမအချို့ တစ်လမ်းမောင်း သတ်မှတ်


ရန်ကုန်၊ ဧပြီ ၅

မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့တော်ရှိ ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျစေရန် မြို့တွင်းလမ်းအချို့ကို တစ်လမ်းမောင်း ယာဉ်ကြောအဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းမှု ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗဟန်းမြို့နယ် ဆရာစံလမ်းမှ စက်မှု (၁) လမ်းဆုံ (ရန်ကင်းစင်တာ) ထိကို တစ်လမ်းမောင်း သတ်မှတ်ထားပြီး ကမ္ဘာအေးဘုရားလမ်းမပေါ် (ဟာမစ်တစ်မှတ်တိုင်) မှ ဝင်ရောက်ရမည် ဖြစ်ကြောင်း၊ ကျောက်တံတား မြို့နယ်ရှိ မဟာဗန္ဓုလလမ်းကို ပန်းဆိုးတန်းလမ်းမှ ဝင်ရောက်၍ ဆူးလေဘုရားထိ မောင်းနှင်ရန် သတ်မှတ်ထားအကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကန်တော်ကြီးပတ်လမ်းကို ဦးထောင်ဘိုအဝိုင်း၊ တိရစ္ဆာန်ဥယျာဉ်ဘက်မှ ကန်ရိပ်သာလမ်းသို့ ဝင်ရန် သတ်မှတ်ထားပြီး နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးဘုရားလမ်းသို့ ပြန်ထွက်ရန် သတ်မှတ်ထားကြောင်း၊ ကန်တော်ကြီးပတ်လမ်းသို့ ချဉ်းကပ်လမ်းများ ဖြစ်သည့် အထက်ပန်းဆိုးတန်းလမ်း၊ ဒေါ်သိန်းတင်မီးပွိုင့် စသည့် လမ်းများမှ ဝင်ရောက်လျှင်လည်း ညာဘက် ကွေ့မောင်းနှင်ရမည် ဖြစ်ပြီး ကန်တော်ကြီးပတ်လမ်း တစ်လျှောက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ယာဉ်မရပ်ရန်ု သတ်မှတ်ထားသည်။

ယင်းတစ်လမ်းမောင်း စနစ်သည် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မှ ဧပြီလ ၁၆ ရက် (အတက်နေ့) ထိ အကျုံးဝင်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လမ်းများတွင် မဏ္ဍပ်များပြီး ယာဉ်သွားလမ်း ကျဉ်းမြောင်းသဖြင့် ယင်းကဲ့သို့ ပြုလုပ်ပေးသည်မှာ သင့်လျော်ကြောင်း အနှစ်နှစ်ဆယ်ကျော် အငှားယာဉ်မောင်း လုပ်နေသည့် ဦးထွန်းထွန်းဝင်းက ဆိုသည်။
“ခရီးသည်တွေက မဏ္ဍပ်ရေသွားဆော့ဖို့ ကားငှားရင် အနီးဆုံးရောက်အောင် သွားချင်ကြတာ။ ခုလိုကြေညာထားတော့ ခရီးသည်တွေကို ပြန်ပြောရ အဆင်ပြေတာပေါ့” ဟု ၎င်းကဆိုသည်။

The Voice Weekly 

လှည်းကူး၌ ပုဒ်မ-၁၈၈ မရုပ်သိမ်းသေး လုံခြုံရေးအင်အား အပြည့်ချထားဆဲ


နန္ဒ၊ အောင်မြင်ရဲဇော်၊ ရန်ကုန်၊ ဧပြီ-၅

လှည်းကူးမြို့မဈေးတွင် ဧပြီ ၄ ရက်ညနေခင်း၌စတင်သော ခိုက်ရန်ဖြစ်ပွား မှုမှ ညပိုင်းအထိ ဆူပူမှုအချို့ဖြစ်ပွားခဲ့ရာ ပုဒ်မ-၁၈၈ထုတ်ပြန်ထိန်းသိမ်းခဲ့ ရပြီး ဧပြီ ၅ ရက်အထိ ပုဒ်မ-၁၈၈ ကို မရုပ်သိမ်းသေးဘဲ လုံခြုံရေးအင်အား အပြည့် သုံးစွဲထားကြောင်း သိရသည်။

" တည်ငြိမ်အေးချမ်းမှု အခြေအနေကိုကြည့်ပြီး ပုဒ်မ-၁၈၈ ဆက်ထား၊ မထားစဉ်းစားမယ် " ဟု လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်သို့ ပြောကြားခဲ့သည်။

ရဲအင်အားအပြည့်သုံးထားသောကြောင့် တည်ငြိမ်အေးချမ်းမှုရရှိခဲ့ပြီဟု ဆိုသော်လည်း လှည်းကူးမြို့မဈေးမှဆိုင်ခန်းများမှာ ဧပြီ ၅ ရက် နံနက်ပိုင်း ၌သာ ခေတ္တဖွင့်လှစ်ခဲ့ကြပြီး တစ်နေကုန် ပြန်လည်ပိတ်သိမ်းခဲ့ကြသည်။
" ကျွန်တော်တို့ကတော့ ဈေးပိတ်ဖို့ အမိန့်မထုတ်ထားပါဘူး။ ဆိုင်ရှင်တွေက စိုးရိမ်နေကြလို့ မဖွင့်ကြသေးတာဘဲ ဖြစ်မှာပါ " ဟု အထက်ပါပုဂ္ဂိုလ်က
ပြောဆိုသည်။

အခင်းဖြစ်ပွားရာ မြို့မဈေးပတ်ပတ်လည်၌ ၂၄ နာရီပတ်လုံး ရဲအင်အား ထူထပ်စွာလုံခြုံရေးတာဝန်ချထားသည်ကိုလည်း တွေ့ရှိရသည်။
" ရန်ဖြစ်တဲ့သုံးယောက်အပြင် လူစုလူဝေးနဲ့ဆူပူတဲ့လူတွေထဲက ငါးဦးထက် မနည်းထိန်းသိမ်းထားပါတယ် " ဟု လှည်းကူးမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။ အဆိုပါဆူပူမှုကြောင့် ဧပြီ ၅ ရက်တွင် လှည်းကူးမြို့ နယ်သို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးကိုယ်တိုင် လာရောက်ခဲ့ပြီး လုံခြုံရေးအတွက် စီမံမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဧပြီ ၄ ရက် ညနေပိုင်းက ဆိုင်နီးချင်းလူငယ်များ အကြားဖြစ်ပွားသော ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ အုပ်စုဖွဲ့ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများအား ခဲဖြင့်ပစ်ပေါက်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များပါ ထိခိုက်ဒဏ်ရာရရှိမှု များရှိခဲ့သည်။ အဆိုပါ ဆူပူမှုမှာ သန်းခေါင်စာရင်းကောက်ယူစဉ်ကာလ အတွင်း ပထမဆုံးဖြစ်ပေါ်ခဲ့သည့် ဆူပူမှုလည်း ဖြစ်သည်။ နေ့ဘက်၌ တည်ငြိမ်အေးချမ်းလျက်ရှိသော်လည်း ညဘက်တွင် အုပ်စုဖွဲ့ဆူပူသောင်း ကျန်းမှုများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

မဟာသန္တိသုခကျောင်းကိစ္စ တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိသေး တွေ့ဆုံခွင့်ရပါက ပြေလည်နိုင်ဟု လန်ဒန်ဆရာတော်မိန့်ကြား


နိုင်လင်း၊ ရန်ကုန်၊ ဧပြီ-၅

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော် ဦးပညာဝံသတို့ အကြား ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည့် တာမွေမြို့နယ် မဟာသန္တိသုခ
ကျောင်းတိုက်ကြီးအရေးတွင် နှစ်ဦးနှစ်ဖက်တွေ့ဆုံညှိနှိုင်းခွင့်ရမည်ဆိုပါက
ပြေလည်ရန် အဖြေတစ်ခု ရရှိနိုင်မည်ဖြစ်ပြီးယင်းကဲ့သို့တွေ့ဆုံညှိနှိုင်းခွင့် မရ၍သာ ယခုကဲ့သို့ ပြဿ နာကြီးထွား နေရခြင်းဖြစ်ကြောင်းနှင့် နောက် ဆုံးဖယ်ရှားပေးရန် အကြောင်းကြားထားသည့် မတ်၃၁ ရက်ကို ကျော်လွန်
၍ ဧပြီ ၅ ရက်ရောက်သည့်တိုင်တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိ သေး
ကြောင်း ပီနန်ဆရာတော်ကြီး၏တပည့် လန်ဒန် သာသနာ့ရံသီကျောင်း
တိုက် ဆရာတော် ဦးဥတ္တရက စံတော်ချိန်သို့ ဧပြီ ၅ ရက်၌ မိန့်ကြားသည်။

" ပြဿ နာဖြစ်လာတယ်ဆိုရင် တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာမှသာ အမှန် တရား ပေါ်မှာလေ။ အမှန်တရားပေါ်ဖို့အတွက်က တွေ့ဆုံဖို့လည်းလိုအပ် တာပဲ။ တွေ့ဆုံမခံလို့ ဒီပြဿ နာကြီးထွားနေတာ။တွေ့ဆုံလိုက်ရင် တစ်ဆင့်တော့ လျော့ကျသွားမှာပဲ။ မလျော့ကျရင်လည်း ဥပဒေအတိုင်း သွားရမှာပဲ။" အခုက ဥပဒေအတိုင်းသွားဖို့ဆိုတာက တွေ့ဆုံ နိုင်တဲ့ အခွင့်အရေးကို မရှိလို့ ဒီလို အငြင်းပွားပြီးတော့ ဖြစ်နိုင်မလား၊မဖြစ်နိုင်ဘူး လားဆိုတာ ဒါကိုပြောနေရတာ။လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံ ညှိနှိုင်းလိုက်ရင်
သူ့ဘက်က သဘောထား ကိုယ့်ဘက်က သဘောထားသိရင်အဖြေတစ်ခု
တော့ ထွက်လာမှာပဲ။ အဲ့ဒီအဖြေကို မူတည်ပြီးတော့မှ ဥပဒေအတိုင်းလုပ် သင့်ရင်လည်း လုပ်ရ မှာပေါ့။ဥပဒေအရမဟုတ်လို့ မြန်မာ့ထုံးတမ်းစဉ်လာ အရ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက် ကျေကျေ နပ်နပ် ခွင့်လွှတ်တောင်းပန်ပြီးတော့ လုပ်မယ်ဆိုရင်လည်း လုပ်လို့ရတာပဲ " ဟု ဆရာတော်က စံတော်ချိန်သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

မတ် ၃၁ ရက် နောက်ဆုံးထား၍ မဟာသန္တိသုခကျောင်းတိုက်ကြီးမှ ထွက်ခွာပေးရန် ပီနန်ဆရာတော်ကြီး ဦးပညာဝံသအား နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့က အကြောင်းကြား စာပေးပို့ထားသော်လည်း ပီနန်ဆရာတော်ကြီးနှင့် တပည့်သံဃာတော်များကမူ မည်သည့်အခြေ
အနေတွင်မဆို ကျောင်းတိုက်အတွင်းမှ တစ်ဖ၀ါးမျှ ထွက်ခွာမည်မဟုတ်ဟု မိန့်ကြားထားကာ နိုင်ငံရေးအင်းအားစု အချို့၊ အရပ်ဘက်လူမှုအဖွဲ့အစည်း
များအပါအ၀င် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ တို့က ဆရာတော်
အနေဖြင့် ထွက်ခွာရန်မလိုကြောင်း ထောက်ခံလျှောက် ထားပွဲတစ်ရပ်ကို မတ်၂၅ ရက်၌ ပြုလုပ်ခဲ့သည်။

ထို့ပြင် မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်က သမ္မတဦးသိန်းစိန်၏
နှုတ်ဖြင့်မှာကြားမှုအရ လာရောက် လျှောက်ထားသည်ဟုဆိုကာ ပြဿ နာပြေလည်စေရေးဆောင်ရွက်နေသည်ဖြစ်၍ ပီနန်ဆရာတော်ကြီး အား စိတ်အေးချမ်းသာစွာ သီတင်းသုံးရန် လာရောက်လျှောက်ထားခဲ့သော်လည်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကမူ သံဃမဟာ နာယက အဖွဲ့နှင့် ပီနန်ဆရာတော်ကြီး တို့၏ အငြင်းပွားမှုနှင့် ပတ်သက်၍ သမ္မတကြီးအနေဖြင့် ကြားဝင်ဆောင် ရွက်ပေးရန်မရှိဘဲ သွားရောက် လျှောက်ထားသူများက ၎င်းတို့၏ သဘော ထားကိုသာ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်ဟု ဧပြီ ၄ ရက်ထုတ် ဒီမိုကရေစီတူဒေးတွင် ဖော်ပြခဲ့သည်။

" သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက စေခိုင်းလို့ဆိုပြီးတော့ ငြိမ်းချမ်းရေး စင်တာက ဦးညိုအုန်းမြင့်တို့ လာတယ်လေ။ ဆရာတော်ကြီး အေးအေး ချမ်းချမ်း သီတင်းသုံးပါ၊ ပြဿ နာတွေ ပြေလည်ဖို့အတွက် တပည့်တော်တို့
နှစ်ဦးနှစ်ဖက် ဆောင်ရွက်နေတဲ့ကိစ္စတွေရှိနေပါသေးတယ်ဆိုပြီး ဒါကို စိတ်မပူပင်ဘဲနဲ့ အေးအေးဆေးဆေး သီတင်းသုံးပါလို့ လျှောက်တယ်။ ဆရာတော်ကြီးကတော့ သူ့ကျောင်းလေ။ သူတို့မသုံးခိုင်းလည်းသုံးမှာပဲ။
သုံးခိုင်းလည်းသုံးမှာပဲ။ တို့ကျောင်းဆိုတော့ သူများက လာလျှောက်လျှောက်၊ မလျှောက်လျှောက် တို့လုပ်စရာရှိတဲ့ သာသနာပြုလုပ်ငန်းတွေ ဆက်လုပ် မယ်လို့တို့အကြောင်းကြားပြီးသားပဲ။ လက်ခံခံ၊ မခံခံတို့လုပ်ရမယ့် ကိစ္စတွေ က တို့ကဏ္ဍပဲ။ အဲ့တော့ သာသနာပြု လုပ်ငန်းတွေ တို့ကဆက်လုပ်နေမှာပေါ့။
နှစ်ဦး နှစ်ဖက် ပြေလည်နိုင်အောင် နည်းလမ်းတွေ ရှာနေတယ်လို့တော့ ထင်တယ်။ နှစ်ဦးနှစ်ဖက် တွေ့ဆုံရှင်းလင်းလိုက်ပြီးတော့ ပိုင်ဆိုင်မှုအငြင်း ပွားတာနဲ့ သူ့ရဲ့အထောက်အထားနဲ့ ကိုယ့်ရဲ့အထောက်အထားနှစ်ခုကို
ပြေလည်အောင် ကျေကျေနပ်နပ်နဲ့ ဆွေးနွေးလိုက်ရင်တော့ အဖြေတစ်ခု ထွက်လာမယ်လို့ ထင်ပါတယ်။ အဲ့ဒီအတွက်ကိုလည်း လုပ်ဆောင်နေတယ် လို့ ဘုန်းဘုန်းမြင်ပါတယ် " ဟု ဆရာတော် ဦးဥတ္တရက ထပ်မံမိန့်ကြားသည်။

" သာသနာနဲ့ပတ်သက်လာရင် ဒီလိုကြီး အငြင်းပွားမှုဖြစ်နေတယ်ဆိုတာ သာသနာမှာ တော်တော် ရှက်စရာ ကောင်းပါတယ်။ သမိုင်းလည်း ကောင်း မှာ မဟုတ်ဘူး။ အမည်းစက်ကြီးလို ဖြစ်နေတယ်။ ဒါကြောင့်လည်း အစ်ကို တို့ကတော့ ပြေပြေလည်လည်နဲ့ သာသနာ့အကျိုး၊ ဘာသာအကျိုး၊ လူမျိုးဘာသာ သာသနာအကျိုးပေါ့လေ။ သေသေ ချာချာ သန့်သန့် ရှင်းရှင်းနဲ့ လုပ်စေချင်တယ်။ အားလုံးကို သံဃာလည်းသံဃာ အလျောက်၊ ဒါယကာ၊ ဒါယိကာမ လည်း ဒါယကာ၊ ဒါယိ ကာမအလျောက်ပေါ့ "ဟု ပီနန်ဆရာတော် ကြီး၏ ကပ္ပိယ ဖြစ်သူ ဦးသန့်က၎င်း၏ အမြင်ကိုဖွင့်ဟသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ